Cover

အမှာ စာ

အမှန်ပြောရရင် ကျွန်မသည် “ ၂၀၀၀ ပြည့်လွန် ရန်ကုန်တက္ကသိုလ်” ဟူသော ခေါင်းစဉ် ဖြင့် စာတမ်းကြီးတစ်စောင် (အင်္ဂလိပ်ဘာသာဖြင့် ) ရေး သားရန် သုတေသနပြုခဲ့သည်မှာ ကြာခဲ့ပါ ပြီ။ သို့သော် ဤပရောဂျက်သည် အိပ်မက်အ ဖြစ်သာ ရှိနေခဲ့၏ ။ အကောင်အထည်ဖော်ရန် မစွမ်း ဆောင်နိုင်ခဲ့။

ဤအတောအတွင်း အလင်းသစ်စာပေက ဆရာမြသန်းတင့် ဘာသာပြန်သော “လွမ်းမော ရသည့် တက္ကသိုလ်နွေညများ ” စာအုပ်ကြီးကို ယူလာကာသူတို့ဆီက ဟားဗတ်တက္ကသိုလ်ရဲ့ ပုံရိပ် ကို ဒီလိုဖော်ထားတာမျိုး၊ ကျွန်တော် တို့ ရန်ကုန်တက္ကသိုလ်ရဲ့ ဆရာမ တို့ခေတ်က ပုံရိပ်ကိုလည်း ဖော်စေချင်တယ်။ ဆရာမ မှာ အချက်အလက်တွေ ရှိပြီးသား၊ ရသကိုနိုင်ပြီးသား၊ ရေး ဖို့ပဲ လိုတယ် ဘယ်လောက်ထူထူ ကျွန်တော် ထုတ်မယ်ဟုပြောလာပါသည်။ ကျွန်မသဘောတူပါသည်။

ဤသို့ဖြင့် လစဉ်တာဝန်ယူထားသော မဂ္ဂဇင်းဆောင်းပါးများ မှလွဲပြီး ကျန်အလုပ်အားလုံးကို ပစ်ချကာ ဤ၀တ္ထုကို ပရောဂျက်တစ်ခုအ ဖြစ် ရေး ခဲ့ပါသည်။ အေးချမ်းငြိမ်သက်သော တစ်နေရာ တွင် သုံးလတိုင်တိုင် ရေး သားရပါသည်။ အချက်အလက်အမှန်များ နှင့် အတူ မလွှဲမရှောင်သာသော နေရာများ တွင် “လွှဲပြောင်း” ရေး ရပါသည်။ ပြည့်စုံအောင် မထည့်နိုင်ခြင်းအတွက် ခွင့်လွှတ်ကြလိမ့် မည် ဟု လည်း မျှော်လင့်ပါသည်။

ဤစာအုပ် ဖြစ်ပေါ်လာခြင်းအတွက် “အလင်းသစ်” စာပေကို ဦစွာ ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုအပ်ပါသည်။ အချို့အချက်အလက်များ ကို သေချာအောင် မေးမြန်းရေသော အခါ ၀မ်း ပန်းတသာ ဖြည့်စွက်ပေးကြသော ကျောင်းနေဖက်သူငယ်ချင်းများ ကို ကျေးဇူးတင်ပါသည်။ အစစ စိတ်ချမ်းမြေ့မှု ရအောင် ပြုစုပေးကြသော City Star Hotel ၀န်ထမ်းများ ကိုလည်း ကျေးဇူးတင်ပါ သည်။ နောက်ပိုင်းမှ တာဝန်ယူပေးခဲ့သော “သား” ကိုလည်း ကျေးဇူးတင်ပါသည်။

လေးစားစွာ ဖြင့်

ရွှေကူမေနှင်း

၂၀၀၉ ခု၊ သြဂုတ်လ ၁၅ ရက်။

အခန်း (၁)

တစ်ခုသော ဇွန်ည

မီးရောင် က လင်းလင်းကျင်းကျင်းပင် ဖြစ်သည်။

လက်ဆွဲနှုတ်ဆက်ကြခြင်း ဖြစ်၏ ။

သို့သော်…..

အောင်ခိုင်နှင့် နှင်းနှင်းသည် လက်ချင်းဆွဲ၍ မမိကြ။

မီးရောင် အောက်မှာ လက်ချင်းတွဲ နေကြလေသည်။

တစ်ကိုယ်လုံး တုန်ယင်နေခြင်းက ပျော်လွန်းခြင်း၊ မယုံနိုင်ခြင်း၊ ထိတ်လန့်ခြင်းတို့ဖြင့် လှုပ်ရှားနေခြင်းအဓိပ္ပာယ်ကို ဖော်ပြနေလေသည်။

“ကြားလိုက်လားဟင်”

“ပါတယ်။ နှင်းနှင်းပါတယ်။ Bo 127 နှင်းခိုင်လွင်တဲ့”

“တကယ်နော်၊ အောင်ကော”

“အောင်လည်း ပါတယ်။ Bo 104 အောင်ခိုင်”

“ဝေး…. ဟေး…..ဟေး”

သူတို့နှစ် သီး အော်ဟစ်ရယ်မောလိုက်သံကြောင့် ခပ်ပြင်းပြင်းတိုက်ခတ်နေသော လေသံ ပင် လျော့သွားသလို ထင်ရသည်။ သွပ်ပြားခေါင်းမိုးပေါ်က တပေါက်ပေါက်ကျနေသော မိုးသံက လည်း သူတို့အပျော်ကို အားပေးသည့်အနေနှင့် ဝေါခနဲကျလာသည်။ မိုးသံလေသံကြားမှ အပျော် များ ။

၁၉၅၆ ခုနှစ် ။

တက္ကသိုလ်ဝင်စာမေးပွဲဆိုသည်မှာ အောင်မြင်ဖို့ ၆ ရာခိုင်နှုန်းသာရှိခဲ့၏ ။ ဒီ ၆ ရာခိုင်နှုန်းထဲ ပါဖို့ ဘယ်လွယ်ပါ့မလဲ။

နှင်းနှင်းတို့ရွှေကူမြို့လေးက အစိုးရအထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းကျောင်း သား ၃၀ လောက်သာရှိသဖြင့် စာစစ်ဌာနပင်မရှိ။ မိုင် ၅၀ ဝေးသော ဗန်းမော်မြို့စာစစ်ဌာနမှာ သွား ဖြေကြရသည်။ ဗန်းမော်က လူ ၁၀၀ ကျော်ပြီးမှ ရွှေကူ၊ မိုးမောက်က လူတွေ နံပါတ်ရ၏ ။ ထို့ကြောင့် နှင်းနှင်းခုံပါတ်သည် Bo 127 ဖြစ်သည်။ အောင်ခိုင်က Bo 104။

ဘွဲ့ရသည့်ဆရာများ သင်မှသာ တက္ကသိုလ်ဝင်တန်းအောင်မည် ဆိုလျှင် နှင်းနှင်းတို့ အောင် ဖို့လမ်းမရှိ။ နှင်းနှင်းတို့ကို သင်ပေးသော ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ဝင်းနီပင် အင်တာသာအောင် ပြီး ဆရာ ဖြစ်လက်မှတ်ရှိသည်။ ကျန်ဆရာများ ဖြစ်သော သင်္ချာဒေါ်စိန်တင်၊ မြန်မာစာနှင့် သမိုင်း ဦး အောင်သန်းတို့က ဟိုင်းယားဂရိတ်အောင်သူများ ဖြစ်လျက် ပထ၀ီသင်သော ဆရာဂျိုးဇက်ဆိုလျှင် နှင်းနှင်းတို့ နှင့် အတူ တက္ကသိုလ်ဝင်တန်းဝင်ဖြေသူ ဖြစ်၏ ။

၈ တန်းအောင်ပြီး ၉ တန်းနှင့် တက္ကသိုလ်ဝင်တန်း တစ်ပေါင်းတည်းတက်သော အခါ သိပ္ပံမ သင်ရချေ။ နှင်းနှင်း ၇ တန်းမှာ တုန်းက စကောလားရှစ်စာမေးပွဲဖြေရ၏ ။ သိပ္ပံဘာသာမှာ “ဦးဘိုဘို” စာအုပ်သင်ပေးခဲ့တာ မှန်သော်လည်း စာမေးပွဲမှာ နံပါတ် (၆) က တစ်ပုဒ်ပဲ သိသည်။ ကျန်မေးခွန်း များ ဘာမှန်းမသိ။ နောင်မှ သိရသည်မှာ ဦးဘိုးထိုဆိုပေမယ့် နှစ် အလိုက်ပြဋ္ဌာန်းချက်မတူ၍ ကျောင်းကသင်ပေးသော စာအုပ်က ထိုနှစ် ပြဋ္ဌာန်းစာအုပ်များ နှင့် လွဲနေကြောင်း သိရသည်။ သည် ကတည်းက နှင်းနှင်းက သိပ္ပံကို စိတ်နာ၏ ။ ၉ တန်းမှာ မသင်ရတော့သဖြင့် ၀မ်းသာ၏ ။ ၉ တန်းမှာ သိပ္ပံမရှိတော့ဟု မှတ်ထင်ခဲ့၏ ။ ဗန်းမော်မှာ စာမေးပွဲသွားဖြေတော့ သိပ္ပံများ တွေ သိပ္ပံဖြေကြမည် ဆိုမှ အံ့သြနေခဲ့သည်။ ကိုယ့်မြို့ကျောင်းမှာ သိပ္ပံသင်ပေးမည့်  ဆရာမ ရှိ၍ သိပ္ပံရွေးချယ်ပိုင်ခွင့်မရှိ ခြင်းကို သည်တော့မှ သိရ၏ ။ သည်တော့ နှင်းနှင်းတို့ဘာသာတွဲ သည် သမိုင်း၊ ပထ၀ီ၊ တခြား ဘာမျှမလို။

“အမေရေ… အောင်တယ်”

နှင်းနှင်းက မိုးသံများ ကို ကျော်လွန်အောင် အော်လိုက်၏ ။

အော်ရမည် လေ။

ယခု နှင်းနှင်းရောက်နေတာက ကိုကြီးထိန်တို့အိမ်မှာ ပဲရှိတာကိုး။ ဒါတောင် ကိုကြီးထိန် အပိုင်မဟုတ်။ ပြန်ကြားရေး ရေဒီယိုတဲ့။ ကိုကြီးထိန်က ပြန်ကြားရေး မှူးမို့ အိမ်မှာ ရထားခြင်းပါ။

တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ရေဒီယိုမှ ကြေညာပေးသည်။ သတင်းစာထဲမှာ ပါ ပေမယ့် သတင်းစာက နောက်ကျမည် ။ ကသာ သင်္ဘောလာမှ ပါလာမှာ ။ ရေဒီယိုမှာ က ညတွင်း ချင်း ကြားရ၏ ။ ဒါတောင်မှ မြန်မာပိုင်းအစီအစဉ်က ကြေညာခြင်းမဟုတ်။ အင်္ဂလိပ်ပိုင်းအစီအစဉ် ထဲမှာ မို့ ည ၉ နာရီကျော်မှလာသည်။ အင်္ဂလိပ်လိုပြောပြီး လွှင့်သည်။ နှင်းနှင်းတို့မှာ ရင်ခုန်ရသည့် အထဲ အင်္ဂလိပ်လိုပြောတာကို နားလည်အောင် နားစွင့်ရသေးသည်။ BHAMO စင်တာဆိုတော့ တုန်လိုက်သည့် ရင်။

“အမေရေ… အောင်တယ်”

နှင်းနှင်း ထအော်ပြန်သည်။

မိုးရေထဲ အမေပြေးလာ၏ ။

ကိုကြီးထိန်တို့အမေကလည်း အိပ်ရာမှ ထလာသည်။

“နှင်းခိုင်လွင် တော် တယ်ဟေ့” ဟု ဆိုသည်။

အောင်ခိုင်ရော….

အောင်ခိုင်က ဘယ်အချိန်က ပြေးဆင်းသွားသလဲမသိ။

အေးလေ။.. သူလည်း သူ့အမေကို ပြေးပြောချင်ရှာတာပေါ့။ သူတို့အိမ်က ရွာလယ်မှာ ။

ရေဒီယိုက အောင်စာရင်းတွေ ဆက်လာနေသည်။

ကိုကြီးထိန်က ရေဒီယိုကို ပိတ်လိုက်၏ ။

အမေသည် သားအငယ်ဆုံးကို ခါးထစ်ခွင်ချီခဲ့၏ ။ မောင်လေးက အိပ်ချင်မူးတူးနှင့် ကြောင် အမ်းအမ်း ဖြစ်လို့။

“ကဲ…. ဆယ်တန်းတော့ အောင်ပြီ”

ကိုကြီးထိန်က နှင်းနှင်းကို ပြုံး၍ ပြောသည်။

“မအိပ်မနေ စာကျက်ခဲ့ရကြိုးနပ်ပြီလေ။ နောက်ပြီး ဒီနှစ် ရွှေကူက အများ ကြီးအောင်တယ်။ ဆရာဂျိုးဇက်နာမည် လည်း ပါတယ်။ ဆရာမ ကြီးလည်း ၀မ်းသာနေမှာ ။ ဆရာမ ဒေါ်စိန်တင်တော့ ခုန်နေမှာ ပဲ။”

ဟုတ်သည်။ နှစ် တိုင်း ရွှေကူက ဆယ်တန်း နှစ် ယောက် ပဲ အောင်နေကျလေ။ သည်နှစ် ၁၀ ယောက် လောက်ရှိမည် ။ ဒေါ်စိန်တင်လည်း ဆရာမ ကြီးအိမ်က ရေဒီယိုမှာ ရှိနေမှာ သေချာ သည်။ ဆရာမ က သူ့တပည့်တွေ ဗန်းမော်မှာ စာမေးပွဲသွားဖြေတော့ စိတ်မချုလို့ မှာ ၍ မဆုံး။ စာ မေးပွဲဖြေသည့်နေ့မှာ ညောင်ရေအိုးပန်းတွေ လဲပြီးဆုတောင်း၍ မဆုံးဆိုပဲ။

“ဟော့… အောင်ခိုင့်အမေပါ ပါလာတယ်”

ကိုကြီးထိန်အမေက ရေနွေးကြမ်းအိုးကို ငှဲ့ရင်းကြိုသည်။

“အေးဟေ့… မိနှင်းလည်း အောင်တယ်ဆို”

“ဟုတ်ကဲ့ ကြီးကြီး”

“အေးကွယ်၊ ငါ့သား ကတော့ သစ်တောကျောင်းပို့ရမှာ ပါ”

“ဘာထူးလဲ။ မိနှင်းလည်း ဆရာမ အလုပ်လျှောက်ခိုင်းရမှာ လေ”

မုဆိုမ အမေနှစ် ယောက် သဘောတူညီနေကြလေသည်။

အောင်ခိုင်မျက်နှာကိုကြည့်တော့ ဘာမှထူးခြားမှု မပြ။

“အ၀င်းတို့တော့ ကောလိပ်သွားမှာ တဲ့”

နှင်းနှင်းအသံထဲမှာ ၀မ်းနည်းသံပါသွားတာကို မထိန်းနိုင်ခဲ့။

“သူတို့အဖေက သစ်ကုန်သည်ကိုးဟဲ့”

“မိန်ကလေးပဲကွယ် ဆယ်တန်းအောင်ရင် တော် ရောပေါ့။ ဆရာမ လေးလုပ်၊ ဣနြေ္ဒလည်း ရတယ်၊ အိုးမကွာ အိမ်မကွာ”

မိုးစဲသွားပြီ။

မောင်လေးတောင် ပြန်အိပ်ပျော်သွားပြီ။

ကိုကြီးထိန်တို့ကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြ၏ ။

အိမ်ပေါ် ချက်ချင်း မတက်ချင်သေး။

အိမ်ရှေ့က ကွပ်ပျစ်မှာ ထိုင်ချသည်။

အောင်ခိုင်လည်း သူ့အမေနှင့် လိုက်မသွား

နှင်းနှင်းဘေးမှာ လာထိုင်သည်။

“နင် ၀မ်းနည်းနေလာ နှင်းနှင်း”

“ဟင့်အင်း မနည်းပါဘူး”

“ပျော်စရာကြီးပါဟာ။ ငါတို့သူငယ်ချင်းတွေ ဒီအောင်ဖို့ခက်တဲ့ မက်ထရစ်ကို တစ်နှစ် တည်းနဲ့ အောင်တာ ပျော်ရမှာ ပေါ့”

“အောင်ဖို့ခက်လို့ မက်ထရစ်ကို “မက်တစ်လစ်” လို့ ပြောကြတာ။ ငါတို့ အောင်တာ ပျော်ရမှာ ပေါ့။ ဒါပေမဲ့ အောင်ခိုင်ရယ်”

“ငါသိတယ်၊ နင် ကောလိပ်သွားချင်တယ်ဟုတ်လား”

“အဲသလောက်လည်း မဟုတ်ပါဘူး။ ငါ့အဖေက ငါ လေးတန်းကတည်းက ဆုံးတာ။ အဖေ မရှိကတည်းက ငါ ဒီလောက်အထိ ကျောင်းနေရမယ်တောင် မထင်ဘူး။ ခုနစ်တန်းအောင်တုန်းက မတင်အုန်းတို့ မူလတန်းဆရာ ဖြစ်သင်တန်းသွားကြတာပေါ့ ငါ လိုက်ချင်တယ်။ အဲဒီ တုန်း ငါက အသက် ၁၆ နှစ် မပြည့်သေးလို့ ဆယ်တန်းဆက်နေ ဖြစ်တာ။ ငါ အလယ်တန်းဆရာ ဖြစ်ပဲ သွားရ မယ်ဆိုတာ ငါသိပြီးသားပါ”

နှင်းနှင်းက သက်ပြင်းချလိုက်သည်။

မိုးစင်သွားသည့်အခိုက် လခြမ်းလေးက အပြေးအလွှားထွက်လာ၏ ။ လရောင် အောက်မှာ အောင်ခိုင့်မျက်လုံးတွေ စူးရှနေကြသည်။ ခြံထောင့်မှ ဇွန်ပန်းဖူးတွေ ကလည်း မိုးစက်ဖြင့် ပွင့်အာ လာကြပြီ။ ညချမ်းသည် ချမ်းမြေ့ဖွယ်ကောင်း၏ ။

“ဌေးဝင်းတို့ အေးချို့တို့လည်း ရန်ကုန်တက္ကသိုလ်သွားဖို့ မှန်းထားကြတယ်”

“အောင်ခိုင်က တွေးတွေးဆဆဆိုသည်။”

“အောင်ခိုင်ရော ရန်ကုန်တက္ကသိုလ်သွားချင်လား”

“ရန်ကုန်တက္ကသိုလ်ဆိုတာ ငါတို့ဦးလေးစာအုပ်စင်ထဲက ဇ၀နရဲ့ “ကောလိပ်ကျောင်းသား” ဆိုတဲ့ စာအုပ်ကြီးပဲဖတ်ပြီး ငါ သိပ်စွဲလမ်းတာပေါ့။ အင်မတန် ပျော်စရာကောင်းတဲ့ ကျောင်းတော် ကြီး။ ဘွဲ့ရပြီးရင်လည်း မြို့အုပ်လောက်တော့ အသာလေး တန်း ဖြစ်တာ။ ဟိုမှာ ကျောင်းဆောင် နေရတဲ့ဘ၀ဆိုတာလည်း ပျော်စရာကြီးပဲ။ ဒါပေမဲ့ အဲဒါက နင်တို့၊ငါတို့လို မုဆိုးမသားသမီးတွေ အတွက် နေရာမဟုတ်ဘူးလေ”

အောင်ခိုင်ငြိမ်သွားသည်။

နှင်းနှင်း မျက်ရည်ဝဲလာပြီ။

အို့…. ဘာလို့ငိုရမှာ လဲ။ တက္ကသိုလ်ဝင်တန်းအောင်ဖို့ ဒီလောက်ခက်တာ။ ငါတို့ ဘာလို့ ၀မ်းနည်းရမှာ လဲ။

“အေးကွ။ တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်မ၀င်နိုင်တဲ့ နင်တို့ ငါတို့လိုပေါ့နော်”

နှင်းနှင်း ငိုသည်။

အောင်ခိုင်က ဘာမှမပြောတော့။

စာမေးပွဲအောင်လို့ ငိုရတာ တကယ်တော့ ဘယ်ကောင့်ပါ့မလဲ။ ဟုတ်တယ်။ ကျတာကမှ ဟုတ်ဦးမယ်။ မနွဲ့ဆို ဘယ်နှစ် နှစ် ရှိပြီလဲ ကျနေတာ။ သူ့အဖေ၊ အမေတွေ က သူတို့သမီးကို ကော လိပ်ပို့ချင်လို့ ခြင်ထောင်တွေ ချုပ်။

အ၀တ်အသစ်တွေ ချုပ်၊ တစ်နှစ် မှ မသွားရဘူး။ ဒီနှစ် လည်း မပါ ပြန်ဘူး။ ယောက်ျားပေးစားကြမှာ သေချာတယ်။ ကိုယ် ကတော့ နှစ် ချင်းပေါက်အောင်ရက်နဲ့ ဟင်း.. အဖေသာ မသေရင်….။

နှင်းနှင်းတို့ အဖေ့ကို သတိရ၏ ။

အဖေရှိလို့ ကတော့ နှင်းနှင်းတို့တက္ကသိုလ်ပို့မှာ သေချာပါသည်။ အဖေက ပညာရေး အား ပေးသည်။ သားသမီးတွေ အတွက် ဂုဏ်ယူသည်။ မမကြီး ၇ တန်းစကောလာရှစ်ရတော့ အဖေ ကြွားလိုက်တာတ့။ ခုတော့အဖေလည်း အမေ့ကို သားသမီး ခြောက်ယောက် နှင့် ထားခဲ့ပြီး လောကထဲက ထွက်သွားခဲ့သည်။ အဖေ့သားသမီးတွေ ထဲ နှင်းနှင်းဆိုတဲ့ စာကြိုးစားတဲ့ကောင် မလေးကို လာမကြည့်တော့ဘူးနော်။

ထိုညက ငို၍ ကောင်းလေခြင်း။

လကလည်း တဖြည်းဖြည်းလင်းလာသည်။

လရောင် အောက်မှာ သူငယ်ချင်းနှစ် ယောက် ဘာစကားမှ မပြောတော့ဘဲ အကြာကြီး ထိုင်နေကြခဲ့၏ ။

အောင်ခိုင်က တစ်ဦးတည်းသော သား၊ သူ့အမေက စက်ချုပ်သည်။ သားအမိနှစ် ယောက် မပူမပင် စားရသည်။

သို့သော် သူ့အမေ စက်ချုပ်ခသည် သူ့သားကို တက္ကသိုလ်ပို့ဖို့ အာမ မခံပေ။ အောင်ခိုင်က ပြင်ဦးလွင်က သစ်တောကျောင်းကို တက်ဖို့ ဆုံးဖြတ်ပြီးသား

“ငါပြန်တော့မယ်”

“အေးလေ”

“နင်လည်း အိမ်ပေါ်တက်တော့လေ”

“အေးပါ”

“အေးပါ လုပ်မနေနဲ့ အေးလာပြီ။ မနက်ကျ ဆရာမ ကြီးတို့ဆီ စောစောသွားရအောင်”

“အ၀င်းတို့လည်း လာကြမှာ နော်”

“အေးပေါ့ အောင်တဲ့လူတွေ အကုန်လာကြမှာ ။ မအောင်တဲ့လူတွေ တောင် လာဦးမယ်။ ဒါနဲ့ နင် အားမငယ်နဲ့။ စီစီထွန်း တစ်ယောက် လည်း ဆရာ ဖြစ်တက်မယ်ပြောတယ်။ နင်နဲ့ အဖော်ရတာ ပေါ့”

“အေးပါဟာ လောလောဆယ်တော့ ငါ ဘာမှမစဉ်းစားချင်သေးဘူး”

“ကဲ.. အိမ်ပေါ်တက်တော့”

“ငါ ဒီမှာ ထိုင်နေချင်သေးတယ်”

“ဘာလဲ။ တိုင်းရင်းမေမှာ ကဗျာလေးတစ်ပုဒ်၊ ၀တ္ထုလေး နှစ် ပုဒ်ပါတာနဲ့ စာရေး ဆရာမ ဖြစ် ပြီဆိုပြီး စိတ်ကူးယဉ်မလို့လား”

“မဟုတ်ပါဘူး။ အဲဒါတွေ က ရှစ်တန်းဖြေပြီး နွေတုန်းက ရေး ထားတာတွေ ပါ။ ငါ တကယ် ရေး မှာ က ဒေးဗစ်ကော့ပါးဖီးလို့…”

“လာလှချည်လား၊ ဟိုစာရေး ကြီးက ဆာဘွဲ့ရ ၀ါလ်တာစကော့”

“အေးလေ၊ ဆရာမ ကြီးသင်ပေးခဲ့တဲ့ အဲဒီ ဒေးဗစ်ကော့ပါးဖီးလ်လေးကို ငါအားကျတယ်။ မိဘမဲ့ ဘ၀မှာ သူအားငယ်ရတာ တွေ ကို ကိုယ်ချင်းစာတယ်။ ငါကြီးလာရင် အဲသလိုမျိုး စာတွေ ရေး မှာ ။ ဒါပေမဲ့ ငါက ကျောင်းဆရာမ ပဲ လုပ်ရမှာ ပါကွယ်။”

ပြောရင်း နှင်းနှင်းငိုချင်လာပြန်သည်။

အုပ်လုံးမသိမ်းရသေးသော နှင်းနှင်း၏ ဆံတောက်ဖားဖားကို အသာပင့်တင်ရင်း နှင်းနှင်း ငိုချင်နေပြန်ပြီ။

အဖေရေး .. သမီးဆံတောက်ဖားဖားကို ဆယ်တန်းအောင်ပြီးမှ သိမ်းမယ်လို့ ကြုံးဝါးခဲ့တာ။ အခု သမီးသိမ်းရတော့မယ်။ နက်ဖြန်ဆို သမီးအုပ်လုံးသိမ်းပြီ။ ဒါဟာ ဆရာမ လုပ်ဖို့တဲ့လား။ သမီး တက္ကသိုလ်ဆိုတဲ့ ကျောင်းကြီးကို စိတ်ကူးတောင် မယဉ်နိုင်ခဲ့ပါ့ဘူးနော်။ သြော်… အမေက နေ မကောင်းရှာဘူး။

မမလေးက ခြေထောက်မသန်ဘူး။ မောင်လေးနဲ့ ညီမလေးကို သမီး လုပ်ကျွေး ပါ့မယ်။ သမီးတက္ကသိုလ်ဆိုတာကို အိပ်မက်ထဲတောင် မမက်ခဲ့ပါဘူး အဖေရယ်။ ဒါပေမဲ့ သမီးအခု ငိုချင် နေတယ်။

“သမီး ထ…ထ…”

အမေလာခေါ်သည်။

“ကောလိပ်မသွားရလို့ ၀မ်းနည်းနေတာ ဒေါ်လေး”

“ဒေါ်လေး အားလုံးကြားပါတယ်။ ဘယ်တတ်နိုင်မလဲကွယ်။ ဖြစ်သမျှအကြောင်းပေါ့။ မင်း လည်း သစ်တောကျောင်းတက်မယ်ဆို။ တို့တွေ က မုဆိုးမတွေ ပဲ ဒါလောက် အောင်တာတောင် တော် လှပြီ။ သူများ တွေ ဆယ်တန်းတောင် မနေရဘူး။ ၇ တန်းနဲ့ စာရေး ၀င်လုပ်။ ဆရာမ ၀င်လုပ်၊ ဈေးရောင်းနေကြရတာ ။ ကိုယ့်အထက်ကို မကြည့်နဲ့။ ကိုယ့်အောက်ကို ကြည့်ရတယ်။ ကဲ့…. အောင်ခိုင်လည်းပြန်။ နင့်အမေ မျှော်နေမယ်။ မိနှင်းလည်း ထ။ အိမ်ပေါ်တက် အိပ်တော့။ နေမ ကောင်း ဖြစ်မယ်”

အမေ့စကားများ သည် ဇွန်ညမှာ ဝေ့၀ဲနေလေသည်။

သြော်…. ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်သော ည။

ဇွန်ည။

၁၉၅၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ ညပါ။

အခန်း (၂)

တို့အားလုံးရဲ့ တက္ကသိုလ်

နှင်းနှင်းခြေထောက်တွေ မြေမှကျရဲ့ လားမသိ။

အဓိပတိလမ်းမကြီး…

ဒါ… အဓိပတိလမ်းမကြီးပါပဲ။

အရှေ့တောင်အာရှမှာ အကောင်းဆုံးဟု သတ်မှတ်ခြင်းခံရသော ရန်ကုန်တက္ကသိုလ်ကြီး၏ အ၀င်မုခ်ဦး။ ဘွဲ့နှင်းသဘင်ခန်းမကြီးထံ ဦးတည်နေသော အထင်ကရ အဓိပတိလမ်းမကြီးလေ။

လမ်းကို အဝေးမျှော်လိုက်၊ အောက်ငုံ့လိုက်နှင့် လျှောက်ရ၏ ။

ဒါ …တကယ်ပဲ အဓိပတိလမ်းလား။

“အရင် ကတော့ ဒါကို ချစ်စဘာရုဒ်လို့ ခေါ်တာပေါ့”

ကိုသန်းအောင်က ဆရာကြီး ဖြစ်၏ ။

သူက ကျောင်းဆွေးလူဆွေးတက်နေသော ဘီအေ နောက်ဆုံးနှစ် ကျောင်းသားကြီးပဲ။ ဂရေစီ၏ ဦးလေး၊ နှင်းနှင်းနှင့် မူ ဆွေမျိုးမတော် ပါ။ ရွေကူသူအချင်းချင်း အဖော်လုပ်ရတာ မို့ ဖရက် ရှာလေးများ အ ဖြစ် ဂရေစီ့ဦးလေးကို ဆရာတင်ခဲ့ရခြင်း ဖြစ်၏ ။

ဂရေစီ ကတော့ထွေထွေးထူးထူး ခံစားနေပုံမရချေ။

သူက အစစအရာရာ ပြည့်စုံသည်။ ရွှေကူမြို့မှာ တစ်ဆိုင်တည်းရှိသော အပေါင်ဆိုင်သူဌေး ၏ သမီး။ မူလတန်းကတည်းက ဗန်းမော်ရှိ ကွန်ဗင့်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားထား သည်။ မက်ထရစ်အောင်တော့ ဦးလေးရှိသော ရန်ကုန်တက္ကသိုလ်သို့ ပို့သည်။ ရိုးရိုးလေးပဲ။

နှင်းနှင်းမှာ သာ….

သည်လို တက္ကသိုလ်ကြီးသို့ တက်ခွင့်ရလိမ့်မည် ဟု ဘယ်တုန်းကမှ စိတ်ကူးယဉ်ခွင့်မရှိခဲ့။ ၁၉၅၆ ခုမှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ကံဘဲ့မှာ ဆရာအတတ်သင်တက်ခဲ့ရ၏ ။

အဲသည်တုန်းကလေ…

ရန်ကုန်မှာ ကျောင်းလာတက်သည့် ကချင်ပြည်နယ်ကျောင်းသားများ သမဂ္ဂဟူ၍ ရှိသည်။ ရန်ကုန်တက္ကသိုလ်တင်မက အင်းစိန်ဂျီတီအိုင်၊ ကံဘဲ့ဆရာ ဖြစ်သင်၊ ပြီးတော့ သူနာပြုသင်တန်း စသဖြင့် ကချင်ပြည်နယ်က လာသူမှန်သမျှ စုစည်းထားသော သမဂ္ဂတည်း။

သည်မှာ တင် ဘုမသိဘမသိနှင့် နှင်းနှင်း တစ်ယောက် ရန်ကုန်တက္ကသိုလ်ကြီးထဲ မျက်စိသူ ငယ်နှင့် ရောက်သွားသည်။ အစည်းအဝေးကို ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားမသဂ္ဂအဆောက် အအုံမှာ ကျင်းပမည် တဲ့။ မြစ်ကြီးနားက ကျောင်းသားကြီးများ ဦးဆောင်ခေါ်ခဲ့ကြခြင်း ဖြစ်၏ ။

သြ…. ဒါ ရန်ကုန်တက္ကသိုလ်တဲ့လား။

ဝင်ပေါက်မှ ၀င်လိုက်ကတည်းက နှင်းနှင်းမျက်စိမမှိတ်မိ။

အ၀င်းတို့တက်နေတဲ့ ကျောင်းကြီးပေါ့။

အတွတ်၊ ကိုအေးချို၊ ကိုဌေးဝင်း မက်ထရစ် အတူအောင်တဲ့လူတွေ ဒီကျောင်းကြီးမှာ တက် နေကြတယ်။

ဖြူးဖြူးဖြောင်ဖြောင့် လမ်းမကြီး။

ဒါက အဓိပတိလမ်း၊ ထိပ်ကဟာ ဘွဲ့နှင်းသဘင်ခန်းမ။

မြစ်ကြီးနားက ကျောင်းသားကြီးက တောသူမှန်းသိသည်မို့ ရှင်းပြခဲ့လေသည်။

ဒါက တကသ အဆောက်အအုံ။

အ၀ါရင့်ရောင် နှစ် ထပ်တိုက်ကြီးပါ။

အောက်ထပ်မှာ က လက်ဖက်ရည်ဆိုင်၊ စာအုပ်ဆိုင်။

လူတွေ ရှုပ်ယှက်ခတ်လှုပ်ရှားနေကြသည်။

အစည်းအဝေးက အပေါ်ထပ်မှာ ။

လှေးကားကို တစ်ထစ်ချင်း ကွေ့၍ တက်ရ၏ ။

“ကောင်းပြီလေ။ အခု ဒီလှေကားတွေ ကို ဆရာ ဖြစ်သင်တန်းက ကောင်မလေးအ ဖြစ် တက်နေရတယ်။ တစ်နေ့မှာ … ဟုတ်တယ်။ တစ်နေ့မှာ တော့ ဟောဒီလှေကား ထစ်တွေ ကို တက္ကသိုလ်ကျောင်းသူတစ်ယေ.ာက်အ ဖြစ် ငါ လာနင်းမယ်”

ဘာမှ သေချာရေး ရာသည်တော့မဟုတ်။

သို့သော် နှင်းနှင်း သည်အတိုင်း မှတ်သားခဲ့သည်။

အစည်းအဝေးက ဘာတွေ ပြောသွားသည်ကို မမှတ်မိ။

ဥက္ကဋ္ဌအသစ်ရွေးတော့ ထောက်ခံလိုက်သည်။ သူများ လက်ခုပ်တီးတော့ တီးလိုက်သည်။ လူလည်း ဝေေ၀၀ါးဝါး။

လှေကားပြန်အဆင်းမှာ တော့…

“တစ်နေ့ကျရင် ဟောဒီလှေကားကို တက္ကသိုလ်ကျောင်းသူအ ဖြစ် ငါလာနင်းမယ်” ဟု ကြွေးကြော်ခဲ့လေသည်။

အဲဒါ ၁၉၅၆ ဇွန်လကပါ။

အခု ၁၉၅၉ ဇွန်လကပါ။

၃ နှစ် ဆိုတာ ဘာမျှမကြာလိုက်။

တစ်နှစ် သင်တန်း တက်သည်။

နှစ် နှစ် အလယ်တန်းဆရာမ လုပ်သည်။

သည်ကြားထဲ…

၁၉၅၆ မက်ထစ်ရစ်စာမေးပွဲမှာ နှင်းနှင်းအောင်မှတ်က ပထမအဆင့်ထဲပါခဲ့သည်။ တက္ကသိုလ် ပညာသင်ဆု (စကောလားရှစ်) ရခဲ့သည်။ ထိုအချိန်မှာ လူက တက္ကသိုလ်မှာ မရှိ။

သည်ကိစ္စအတွက် ကချင်ပြည်နယ် ပညာရေး ဌာနက လူကြီးများ စိတ်မကောင်း ဖြစ်ကြ သည်။ စာတော် သော ဆင်းရဲသည့်ကလေးမလေးကို ချီးမြှင့်လိုက်ကြသည်။ သို့နှင့် ၀တ္တရားဖြင့် ပညာသင်ခြင်းဟူသော မူတစ်ခုဖြင့် အလယ်တန်းပြ နှစ် နှစ် လုပ်ပြီးလျှင် ကောလိပ်သွားရမည် ဟု အခွင့်အရေး ပေးလေသည်။ လစာတစ်ဝက်၊ ရှားပါးစရိတ်အပြည့်ရမည် ။ နှစ် နှစ် ပဲထားမည် ။ အင် တာပြီးလျှင် ပြန်လာခဲ့။ အထက်တန်းပြရာထူး တိုးပေးမည် ။ အဲ.. တစ်နှစ် မှာ ကျလျှင်တော့ ဆက် မထား။ ပြန်လာပေတော့။ ရာထူးလည်း မပေး။ အလယ်တန်းဘဲ ဆက်လုပ် ။

“ကိုသန်းအောင်ရာ။ နှင်းနှင်းမှာ က အဲသလို အချုပ်အနှောင်ကြီးနဲ့ စာမေးပွဲက လုံးဝကျလို့ မ ဖြစ်ဘူး”

ကိုသန်းအောင်က ထုံးစံအတိုင်း ခေါင်းယမ်းရင်း…

“လွယ်ပါတယ်ဟု… အတ်စ် ယူ။ အောင်တယ်”

“ဂရေစီ ဆိုင်းရင့်စ်ယူမှာ ”

“သူ့ဟာသူ ယူချင်တာယူလေ။ သူဝါသနာပါတာ ယူနိုင်တာပဲ”

“နှင်းနှင်းရဲ့ ဆရာမ ဒေါ်ကြည်ကြည်က မှာ လိုက်တယ်။ တက္ကသိုလ်ကျရင် ယူချင်စရာဘာ သာတွေ အများ ကြီးတဲ့။ သူများ ယူတိုင်း မယောင်နဲ့တဲ့။ ကိုယ်က ပြန်လာပြီး အထက်တန်းပြဆရာ မ လုပ်ရမှာ ဆိုတော့ အထက်တန်းမှာ ကျောင်းသားတွေ ကို ပြန်သင်ရမယ့် ဘာသာရပ်ပဲ ယူတဲ့”

“အဲဒါဆိုရင် မြန်မာစာ၊ ပထ၀ီ၊ သမိုင်းဘာသာတွဲ ယူပေါ့”

“ဟုတ်ကဲ့။ အဲဒါ ယူမယ်လေ”

နှင်းနှင်းမှာ က ရွေးချယ်ခွင့်အများ ကြီးထဲ ကိုယ့်ဘ၀နှင့် လိုက်အောင် ညှိနေရ ရိုးနေပါပြီ လေ။ သို့နှင့် …

ဂရေစီက ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာတဲ့။

ပျူးဝါးဆိုင်းယင့်စ်ဟုခေါ်ကြသည်။

ရူပါဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒအတွဲ ကိုတော့ “ဘိုင်အို” တွဲ ဟုခေါ်ကြ၏ ။ ဘိုင်အိုတွဲယူသူများ က ဆေးကောလိပ်ကိုဝင်ရန် ပဏာမ နှစ် နှစ် နေရမည် ။ နှစ် နှစ် အောင်သော အမှတ်များ အဆင့်မီ လျှင် “အလစ်ဂျီဘယ်လ်” ဖြစ်သတဲ့။ သည်အခါ ဆေးကောလိပ်ဝင်နိုင်ပြီ။ သိပ်တော့ မသေချာ သေး။ ဆေးကောလိပ်မှာ စီနီယာဒုတိယနှစ် မအောင်လျှင် ရိုးရိုးဘီအက်စီတန်းပြန်လာမည် ။ ဆရာ ၀န်မ ဖြစ်နိုင်တော့ပြီ။ ဘာပဲ ဖြစ် ဖြစ် ဆရာဝန် ဖြစ်ဖို့ ကြိုးစားစရာအချိန်တွေ အများ ကြီးရနိုင်သည်။

နှင်းနှင်းလား။

ဝါသနာမပါပေါင်။

ဆရာဝန်ဆိုတာ ကုလားကြီးတွေ လုပ်တာ။

ပြီးတော့ နှင်းနှင်းက သွေးဆိုလျှင် မကြည့်ရဲ။

ကိုယ်ဝါသနာပါသော မြန်မာစာ၊ ပထ၀ီ၊ သမိုင်း၊ ၀ိဇ္ဇာတွဲ ပဲ လျှောက်လွှာထဲ ထည့်ရေး သည်။

ဘယ်သူ ဘာလျှောက်လျှောက် ၀ါသနာအရ လုပ်ကြတာချည်းမို့ ဘိုင်အိုယူသူဆိုပြီးလည်း အထင်မကြီး။ (သူက ပြုတ်ကျနိုင်သေးတာပဲ) မြန်မာစာယူသူ၊ ဗုဒ္ဓကျမ်းစာယူသူဆိုပြီးလည်း အထင်မသေးကြချေ။ မစ်ရှင်ကျောင်းက လာသူများ ကတော့ ပြင်သစ်စာတို့၊ အီကိုတို့ ယူကြ၏ ။ နှင်းနှင်းတို့ စတိတ်ကျောင်းသားများ ကာ ပြင်သစ် ဝေလာဝေး။ မယူမနေရ ဖြစ်သော အင်္ဂလိပ်စာကို ပင် မနည်းကြီးကျုံးရဦးမည် ။

မနေ့ကပင် အင်းဝစာအုပ်တိုက်ကို ကိုသန်းအောင်က ပို့ခဲ့ပြီးပြီ။ ပြဋ္ဌာန်းစာအုပ်တွေ ၀ယ်ကြ သည်။ အင်္ဂလိပ်စာအုပ်တွေ က မနည်းမှမနည်းပဲ။ ကျလို့ ကတော့ အိမ်ပြန်ရလိမ့်မည် ။ ရှက်ဖွယ်။

“ကဲ… ဒါပြီးရင် အဆောင်လျှောက်လွှာဘက် သွားရအောင်”

ကိုသန်းအောင်က ဆော်သြလိုက်သည်။

နှင်းနှင်းက လွယ်အိတ်ကလေးကို တင်းတင်းလွယ်ပြီး ကိုသန်းအောင်ကြည့်ရာသို့ လှမ်း ကြည့်၏ ။ သိပ္ပံအဆောက်အအုံကြီး၏ ညာဘက်ခြမ်းမှာ လူတွေ ကြိတ်ကြိတ်တိုးနေသည်။ အ ဆောင်လျှောက်လွှာတင်သူ အသစ်များ ရော၊ အဆောင်စာရင်းထွက်၍ လာကြည့်သူများ ရော၊ အများ အားဖြင့် နှင်းနှင်းတို့လို နယ်ကျောင်းသူ၊ ကျောင်းသားများ ဖြစ်သည်။ နယ်မှလာသူများ အဆောင်နေခွင့်လျှောက်ကြရတာ ဆိုပဲ။

သုံးယောက် သား တိုးတိုးဝှေ့ဝှေ့နှင့် လျှောက်လွှာပုံစံနှစ် ခုကို ၀ယ်ကြသည်။ အနီးအနားမှ ချထားပေးသော ခုံတန်းလျားမှာ ပုံစံဖြည့်ကြသည်။ မိန်းကလေးအဆောင်များ မှာ သီရိ၊ အင်းလျား၊ မာလာနှင့် ရတနာ ဖြစ်၏ ။ အ၀င်းတို့က သီရိမှာ နေရာရမည် ထင်သည်။ သို့သော် လူသစ်များ အား လုံး ရတနာမှာ နေရာချမည် ဟု တစ်ယောက် က ပြောနေတာကြားရ၏ ။ ရတနာဆိုတာ ဘယ်အနား မှန်းမသိ။ ကိစ္စမရှိပါ။ အခန်းဖော်အ ဖြစ် ဂရေစီအမျိုးအိမ်မှာ ခေတ္တတည်းခိုးနေရခြင်း ဖြစ်၏ ။ ရန်ကုန် မှာ နှင်းနှင်းဆွေမျိုးမရှိ။ အသိနတ္ထိ။

“နောက်ရက်တွေ ကျမှ ဒီမှာ စာရင်းကပ်တာလာကြည့်ရမယ်။ နင်တို့ ရတနာပဲ ရမှာ ပါ။ ရတနာက အဆောင်မှူး မမကြည်က သမိုင်းဌာနက လက်ထောက်ကထိကပဲ။ သဘောကောင်းပါ တယ်။ ကဲ…. ဆာပြီဟာ။ မုန့်ဆိုင်တန်း သွားရအောင်”

ကိုသန်းအောင်က စကားမဆုံးခင် ဖြုန်းဆို မိုးရွာချလာသည်။ ရန်ကုန်မိုးဆိုတာ ဒီလိုပဲဟု ကြားဖူးတာမှန်ပေစွ။ သည်းသည်းမဲမဲ အုံနှင်းကျင်းနှင့် ၀ုန်းဝုန်းဒိုင်းဒိုင်း ရွာလေသည်။

သိပ္ပံအဆောက်အအုံပေါ်တီကိုအောက်မှလူတွေ အဆောင်ထဲ တိုးဝင်လာကြ၏ ။ ပေါ်တီကို ရှေ့မှ ရေတမာပင်များ က မိုးရေထဲမှာ ယိမ်းထိုးနေကြသည်။

မိုးကို နှင်းနှင်းချစ်ပါသည်။ မိုးရွာလျှင် ပျော်ပါသည်။ ကောင်းကင်အမြင့်မှ ရေစက်တွေ အဆက်မပြတ်ကျလာတာကို ကြည့်ရတာ နေပူပြင်းပြင်းဒဏ်ထက် ပျော်စရာကောင်းသည်။ နေကို ဖွဲ့သော သီချင်းဟူ၍ မရှိ။ မိုးကိုဖွဲ့သော သီချင်းတွေ ပဲရှိသည်။ မိုးသည် လူ့မိတ်ဆွေပဲ။ မိုးရွာသဖြင့် နှင်းနှင်းတစ်ခါမှ စိတ်မပျက်ဖူးချေ။ အ၀တ်ရေစိုမှာ လည်း မပူပါ။ အေးမြသော အရသာကို နှင်းနှင်း ကြိုက်သည်။

သို့သော် လူတွေ က မိုးကိုကြောက်ကြပုံရ၏ ။ ဇွတ်တိုးဝင်နေကြသည်။ နှင်းနှင်းက အိတ်ကို မြဲမြဲလွယ်ရင်းထီးကို အဆင်သင့်ကိုင်ထား၏ ။ ကြက်ဆင်တံဆိပ် ဖဲထီးလေး။ အရိုးက နောက်ဆုံး ပေါ် အကောက်ကလေးနှင့် ။ သည်အကောက်ကလေးကို ထိပ်ဖက်ထားပြီး ကိုင်ရင်း လူကြားထဲ ညပ်ပါသွားလေသည်။

ဂရေစီက သူ့ဦးလေးခါးကို နောက်ကျနေဆွဲပြီး ပါသွား၏ ။ တပေါင်းပွဲမှာ ညဘက်ပွဲဈေး တန်းတိုးရတာ ကို သတိရမိသည်။ မိုးကလည်း ရွာ၍ ကောင်းတုန်း။ ကိုသန်းအောင်ကို မမြင်ရတော့ ချေ။ အဲဒါမှ ဒုက္ခ။ လူကွဲသွားလျှင် ဘယ့်နှယ်လုပ်ပါ့။

တစ်ခုထူးခြားသည်မှာ လူတွေ သာ ကျနေသည်။ ဘာသံမှ မကြားရခြင်းပါ။ ဟေးလားဝါး လားမရှိ၊ သြော်… ဒါ တက္ကသိုလ်နယ်မြေကိုး ပညာတတ်ကျောင်းတော် သားတွေ ကိုး။

ခဏအကြာမှာ တော့ နင်းနှင်းနားထဲမှာ “အား…အား..” ဟု အော်သံလိုလို ကြားရသည်။ ပထမ မသဲကွဲ။ နောက်တော့ ပိုပြီးကျယ်လာသည်။ ဘာမှန်းမသိ။ ဒါနဲ့နှင်းနှင်းထီးရိုးက လေးနေ သလိုလို တစ်ခုခုနဲ့ ငြိနေရော့လား။ ငုံ့ကြည့်ရသည်။

လား….လား… ဟုတ်ပါရဲ့ ။

နှင်းနှင်းထီးရိုးအကောက်လေးသည် ယောက်ျားလေး တစ်ယောက် ၏ ခါးပုံစတွင် ၀င်ငြိနေ လေသည်။ နှင်းနှင်းရှေ့တိုးတိုင်း ထိုလူက သူ့ပုဆိုးပြုတ်ကျမှာ စိုးပြီး ခါးပုံစံကို လက်တစ်ဖက်ဖြင့် ဆုပ်လျက် လိုက်ပါနေရ၏ ။ သူ့ခါးမှ ထီးအကွေးကိုလည်း သူဖြုတ်၍ မရ ဖြစ်နေလေသည်။

“ဟယ်”

နှင်းနှင်း ရယ်ချလိုက်သည့်အသံက အပြင်က မိုးသံကိုပင် ထိုးဖောက်သွားမည် ထင်၏ ။ ရယ် ချင်စိတ်ကို တားမရ။ တောင်းပန်ရကောင်းမှန်း သတိမရ။ ရယ်ချင်တာပဲရှိသည်။

သူကလည်း ပါးစပ်ကာ “အား… အား…” နှင့် အော်နေရင်းက မျက်နှာမှာ တော့ ရယ်ကြဲကြဲ ကြီးပါပဲ။ မျက်မှန်ထူထူထဲက မျက်လုံးကြီးတွေ က ပြူးလို့၊ နှုတ်ခမ်းမွှေးပေါက်စနများ က လှုပ်တုပ် လှုပ်တုပ်နှင့် ။

ခက်သည်မှာ နောက်ကလူတွေ က ဖိတိုးနေတော့ နှင်းနှင်းလည်း ရပ်၍ မရ။ ထီးကိုဖြုတ်၍ မရ။ သည်လိုနှင့် ထိုလူခမျာလည်း ခါးပုံစံကို ဆုပ်ရင်း နှင်းနှင်းထီးနောက် တရွတ်တိုက်ပါနေရရှာ လေသည်။

လူအနည်းငယ်ကျဲသွားသည့်နေရာရောက်မှ နှင်းနှင်းရပ်လိုက်၏ ။ ထီးကိုဖြုတ်မည် ပြုပြီး မျက်လုံးပြူးသွားသည်။ အယ်..သူ့ခါးပုံစကို ဘယ်ကိုင်လို့ ဖြစ်ပါ့မတုံး။

ရယ်တာကို အတောမသတ်နိုင်သေး။

သူကပင် ကြိုးစားပြီး ထီးကောက်ကို ဖြုတ်နေသည်။

ထီးလွတ်သွားတော့ သူက နှင်းနှင်းကို ရယ်ပြ၏ ။ အေးလေ.. ရယ်ပြရမှာ ပဲပေါ့။ ဒါ.. ရယ်စ ရာကြီးပဲ။ အဲ.. နှင်းနှင်းလည်း တောင်ပန်ဖို့လိုသည်ဟု ခုမှ သိရ၏ ။

“ဟီး ဟီး ဆောရီးနော်”

“အဟဲ …ကိစ္စမရှိပါဘူး”

သူကလည်း နှုတ်ခမ်းမွေးစကို သပ်ရင်းပြောသည်။

ဒါဆို ပြီးပြီပေါ့။

သို့သော် သူက နှင်းနှင်းလွယ်အိတ်ကို ဆွဲထားသည်။

“မိတ်ဆွေ ဖြစ်သွားပြီနော်”

အတော် နောက်တဲ့လူပဲ။ ဘာလို့မိတ်ဆွေ ဖြစ်ရမှာ လဲ။

ဒါပေမဲ့ နှင်းနှင်းမျက်နှာကလည်း ရယ်နေဆဲ။

ခေါင်းညိတ်ပြလိုက်ရသည်။

“ဘယ်အဆောင်ရလဲ”

“ခုမှ လျှောက်လွှာတင်တာ”

“ဟုတ်လား။ ကျွန်တော် က စာရင်း လာကြည့်တာ။ မန္တလေးဆောင်ရတယ်”

“ဟုတ်ကဲ့”

“ကျွန်တော့် နာမည် က သိုက်ထွန်း”

“သြော်”

“ဂျီရောလော်ဂျီ ဒုတိယနှစ် ”

“ဟင်း အင်း”

“ဒီက နာမည် ပြောဦးလေ”

“သွားတော့မှာ ”

“မလုပ်ပါနဲ့ နာမည် တော့ ပြောခဲ့ပါဦး”

“ဘာလုပ်ဖို့လဲ”

“မိတ်ဆွေ ဖြစ်သွားပြီလေ၊ မဟုတ်ဘူးဆိုရင် ကျွန်တော့်ကို ပုဆိုးဆွဲချွတ်ပါတယ်ဆိုပြီး ကျောင်းသားရေး ရာကို တိုင်မယ်”

နှစ် ယောက် သား အားရပါးရ ရယ် ဖြစ်ကြသည်။

“ရှင်သိပ်နောက်တာပဲနော်”

“နာမည် ”

“မပြောဘူး”

“တိုင်ပြောရမလား”

ရယ်ကြပြန်သည်။

“ဒီနှစ် မှ ရောက်တာနော် ဖရက်ရှာဆိုတော့ အကူအညီလိုမှာ ပေါ့…”

“ရှင်ဘယ်လိုလုပ်သိလဲ”

သူက ထီးကို လက်ညှိုးထိုးသည်။

“ဒီလို ထီးမျိုးဘယ်တက္ကသိုလ်ကျောင်းသူမှ မကိုင်ဘူး”

ကိုယ့်မြို့မှာ သာဆို သူ့ကို ထုပစ်မိလိမ့်မည် ။

ကြည့်စမ်း… ကိုယ့်ကို တောသူလို့ဆိုလိုက်တာပေါ့။

သူကျတော့ မြို့သားဟန်တစ်စက်မှ မရှိဘဲ ကိုယ့်ကိုပဲ လွယ်အိတ်ကြီးဘေး တစ်စောင်း လွယ်လို့။

“ကျွန်တော့်  သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးရဦးမယ်”

သူပြောမှ သူ့ဆီလျှောက်လာသူများ ကို ကြည့်မိသည်။

“ဒါက စိုးပိုင်၊ ဒီဘက်က ကိုအောင်နိုင်၊ နှစ် ယောက် လုံး အင်ဂျင်နီယာ ဒုတိယနှစ် ”

သူတို့နှစ် ယောက် ဦးညွတ်လည်ညွတ် ပြုံးပြကြသည်။

“အဲ..သူ့နာမည် တော့ ကျွန်တော် တောင် မသိရသေးဘူး”

ဟိုလူနှစ် ယောက် နားလည်စွာ ရယ်ပြကြ၏ ။ သည်လူကို လူနောက်ဟု သူတို့လက်ခံထားပုံ ပေါ်သည်။

“ဟေ့း… နှင်းခိုင်လွင်၊ ဘယ်ပျောက်သွားတာလဲ”

ကိုသန်းအောင် အဝေးကြီးက လှမ်းခေါ်နေလေသည်။

“ဟား… ဟုတ်ပြီ။ နှင်းခိုင်လွင် နှင်းခိုင်လွင်”

သိုက်ထွန်းဆိုသော လူသည် ခုန်ဆွခုန်ဆွလုပ်ကာ လက်ဖျောက်များ ပင်တီးလိုက်သေး သည်။ မုန်းဖို့ကောင်းလိုက်တာ။

နှင်းနှင်းက သူ့ကို မျက်စောင်းတစ်ချက်ထိုး ဖြစ်၏ ။

ကိုသန်းအောင်တို့များ လူကြားထဲ နာမည် အော်ခေါ်ရကောင်းလားဟု နောက်မှအပြစ်တင်ရ ဦးမည် ။ လောလောဆယ်တော့ သူတို့ရှေ့မှ အမြန်ထွက်မှ။ ဘာရယ်ကြောင့်တော့ မသိ။ မထွက်ခင် ဟိုလူ တစ်ယောက် ကို မော့ကြည့်မိခဲ့၏ ။ ကိုအောင်နိုင်ဆိုတဲ့လူ။ သူက နှင်းနှင်းကိုပြုံးပြီး တစ်စိမ့်စိမ့် ကြည့်နေဆဲ။ ပြန်ပြုံးမပြဘဲ နှင်းနှင်းတိုးထွက်ခဲ့၏ ။ အပြုံးရှင်၏ မျက်နှာက နှင်းနှင်းနှင့် အတူ ပါခဲ့ သည်ကိုမူ နောင်မှ တွေးမိလေသည်။

အခန်း (၃)

အမေ့သားများ

“အမေမြဲထမင်းဆိုင်”

ဆိုင်းဘုတ်တင်ထားခြင်းမရှိဘဲနှင့် သည်နာမကို “အင်းရွာ” မှာ လူတိုင်းသိကြလေသည်။

အင်းရွာဆိုသည်မှာ ကသာခရိုင် ကသာအောက်ဘက်ရှိ ဧရာဝတီမြစ်ရိုး သဘောင်္ဆိပ်ရွာ ကလေး ဖြစ်၏ ။ ကသာမှ သင်္ဘောစုန်လျှင် သုံးနာရီခန့်ကြာသည်။ ကသာမှ နံနက် ၇ နာရီတွင် ထွက်လာသော သဘောင်္များ အင်းရွာရောက်တော့ ၁၀ နာရီ။ သည်အချိန်သည် ခရီးသည်များ ထမင်းဆာသော အချိန် ဖြစ်၏ ။ မဆာလျှင်လည်း ထမင်းထုပ်တော့ ဆင်းဝယ်ရသည်။ ဘာ့ကြောင့် ဆို နောက်ဆိုက်မည့်  ဆိပ်ကမ်း “ထီးချိုင့်” က အတော် ဝေးသေး၍ ဖြစ်၏ ။ နောက်တစ်ခုမှာ ဤအင်း ရွာဆိပ်ကမ်းမှာ ထမင်းဟင်းနာမည် ကြီးသည်။ အထူးသဖြင့် “အမေမြဲထမင်းဆိုင်”။

အင်းရွာသည် ရှေးရှေးကတည်းက စတီးဘရားသားသစ်ဆိပ် ဖြစ်၏ ။ ဧရာဝတီအနောက် ဘက်ခြမ်းမှထွက်သော ကျွန်းသစ်နှင့် သစ်မာအားလုံးနီးပါး ဤအင်းရွာသစ်ဆိပို့ သယ်ကြသည်။ ရှေးက ဆင်ကြီးများ နှင့် ဤသစ်ဆိပ်မှာ သစ်လုံးချနေပုံသည် ခမ်းနားသော ပန်းချီကားတစ်ချပ် တည်း။

ယခုခေတ်မှာ ဆင်တွေ မရှိတော့ဟု မဆိုနိုင်စေကာမူ ဆင်ကို တစ်ကောင်စ နှစ် ကောင်စ သာ မြင်ရသည်။ ဂျီအမ်စီခေါ် သစ်တိုက်ကားကြီးတွေ စက်သံတဂျီဂျီဖြင့် သစ်ချနေကြသည်မှာ တစ်နေကုန်တစ်နေခမ်း ဖြစ်သည်။ မြစ်ရိုးထဲမှာ ကဖွဲ့နေဆဲသစ်ဖောင်များ ။ သူတိုပက ကိုယ့်အ ထိမ်းအမှတ်နှင့် ကိုယ် အလံတွေ လွှင့်ထူထားသည်။ သစ်ကုန်သည်ကြီးများ သည် ဖောင်ဖွဲ့ပြီးသည် နှင့် သက်ဆိုင်ရာမှ “မျှောစာ” များ ရယူပြီး ဖောင်များ ကို မန္တလေးသို့ စုန်ကြ၏ ။ တချို့က ဖောင်ဆွဲ မော်တော် များ ငှားနိုင်သည်။ ဦးတုတ်လို သူဌေးက မော်တော် ပိုင်ရှိသည်။ ကုန်သည် အလတ်စား လေးများ ကတော့ ရေစီးနှင့် ပဲ မျှောကြ၏ ။ တစ်နေ့နေ့တော့ မန္တလေးရောက်တာပဲ။ လှေကလေး တွေ ပဲ တွဲ ချည်ထားကြလေသည်။

သည်သစ်လုပ်သမားအများ စုက ကိုယ့်ထမင်းကိုယ်ချက်စားကြသော်လည်း ဟင်းကိုမူ အမေမြဲဆိုင်မှာ ၀ယ်ကြသည်။ အမေမြဲ ငါးခြောက်ဖုတ်သည် ချိုပြီး မွှေးနေဆဲ။ အမေမြဲ ငါးရံ့ဟင်း သည် ဘယ်တော့မဆို လတ်ဆတ်မြဲ။ အမေမြဲ ဆတ်သားခြောက်နှင့် အာလူးဟင်းက ဈေးနည်း နည်းကြီးပေမင့် ဆတ်သားစစ်သည်။ အမဲသားကို ဆတ်သားဟုလိမ်မရောင်း။ အမေမြဲဆိုင်မှာ အမဲ သား ဟင်းမရ၊ အမေမြဲ အမဲသားမချက်တာက မင်းကြီးမင်းလေးကိုးကွယ်၍ မဟုတ်။ နွားဆိုတာ လယ်သမားတွေ ရဲ့ ကျေးဇူးရှင်ဆိုပြီး နွားကိုလေးစားတာဟု အမေမြဲပြောလေ့ရှိ၏ ။ တကယ်တော့ လည်း အမေမြဲ့ ယခုမှသာ ထမင်းဆိုင်ရောင်းနေပေမင့် အမေမြဲမိဘများ က ရွှေဘိုဘက်မှ လယ် သမားကြီးများ ဖြစ်လေသည်။

“အမေ့ ဘိုးဘွားတွေ က အလောင်းမင်းတရားကြီးရဲ့ ကျေးတော် မျိုးတွေ တဲ့။ ဓားခုတ်လှံ ထိုးလည်း တော် ကြသတဲ့ကွယ့်။ အမေက မင်းတို့အဖေ မြတောင်သားနဲ့ အကြောင်းပါလို့ ဒီကို လွင့်ကျလာတာ။ မင်းတို့အဖေက သစ်မှသစ်၊ သစ်ကို ချစ်တာများ သစ်တိုသစ်စများ ဆိုရင် မီးခြစ် ဆံအစ သိမ်းတာကလား။ သစ်ဆိုတာ မြန်မာနိုင်ငံ ရွှေချောင်းတွေ တဲ့”

ထမင်းဆိုင် လူရှင်းပြီး ဧရာဝတီမြစ်ယံမှာ လသာပြီဆိုလျှင် အမေသည် ရှေးဟောင်းနှောင်း ဖြစ်များ ပြောချင်မြဲ ဖြစ်သည်။ သည်အကြောင်းများ ထဲတွင် “မင်းတို့အဖေ” ဆိုတာက မပါမ ဖြစ် ထင်ပါရဲ့ ။

“မင်းတို့အဖေက အင်းရွာသစ်ဆိပ်မှာ သစ်အုပ်ခေါ်တာပေါ့။ သစ်ဖောင်တွေ ထဲမှာ တံဆိပ် ရိုက်မထားတဲ့ သစ်ပါ၊ မပါ စစ်ရတာ ။ ဒီတော့ သိပ်မျက်နှာပွင့်သပေါ့။ ဆတ်သားဆိုတာ အစို အခြောက်မပြတ်ဘူး”

အမေက အရင်က မင်းမှု ထမ်းဘ၀ကို လွမ်းပုံရ၏ ။

ထမင်းဆိုင်ရောင်းသည်ဆိုသည်မှာ လည်း လောလောဆယ် ၀မ်းစာ ဖြစ်၏ ။ အမေ့မှာ အဖေ့ လက်ထက်ပွား အတွင်းပစ္စည်းလေးတွေ ရှိသည်။ သားတွေ ချည်း လေးယောက် မွေးထားသဖြင့် သမီး မိန်းကလေးကို ဆွဲကြိုးလက်ကောက်ဆင်မပေးရ၍ အမေ့မှာ ကြံဆစ်လက်ကောက်အကွင်း ဘယ်လောက်ရှိကြောင်း ဘယ်သူမှ မခန့်မှန်းတတ်ကြပေ။

သားတွေ ကို ငါးမူးသားဗြောင်လက်စွပ်များ တစ်ကွင်းစီ ဆင်ထားတာက လွဲပြီး အမေကိုယ် တိုင် ဘာမှထုတ်မ၀တ်ပေ။ နားက ပုလဲနားကပ်ကြီးကိုတော့ အမေနှစ်သက် ပုံရသည်။ သည်နား ကပ်ကို ဘယ်တော့မှမချွတ်။ ခန်းဝင်ပစ္စည်းဟု တစ်ခါတစ်လေပြောပြဖူးသည်။

“ဟဲ့… သားကြီး ငါ့မြေးနေကောင်းရဲ့ လား”

သစ်ဆိပ်မှာ အလုပ်သမားခေါင်းလုပ်သော ကိုအောင်ကြီးက အမေ့သားအကြီးဆုံး။ သူ့ အဖေလက်ငုတ် သစ်အလုပ်ကို ၀ါသနာပါသည်။ ခုနစ်တန်းအောင်ပြီးတကည်းက သူ့အဖေနှင့် အတူ တောတက်သည်။ သစ်စစ်သည်။ အဖေမဆုံးခင်မှာ ပင် ကုန်သည်ဦးတိုးထံတွင် အလုပ်သမား ခေါင်းအလုပ်ကို အဖေက အပ်ခဲ့ခြင်း ဖြစ်၏ ။ အိမ်ထောင်ကျပြီး ခုဆို သူ့သားလေးပင် ရွာကျောင်းမှာ ငါးတန်းတက်နေပြီ။ သူ့ဇနီးက မူလတန်းဆရာမ ။ အလိမ္မာချွေးမမို့ အမေမြဲစိတ်မပူရ။ ကိုအောင်ကြီး ကို နေ့လယ်ပိုင်း ထမင်းလာစားမှ ကြိုက်သည်။ အပြန်ဝင်ပြီး မြေးလေးတွေ အတွက် ဟင်းတစ်ခုခု ပေးရမှ ကျေနပ်သည်။ ဒါ အဘွားပီသသူ အမေပေါ့။

ကိုအောင်ကြီးအောက် ဒုတိယသား ကိုအောင်လတ် ကတော့ ရွာက သမ၀ါယမအသင်းမှာ အေးအေးဆေးဆေး စာရေး လုပ်သည်။ သူ့ကိုလည်း အမေကပင် ရွာထဲက ကွမ်းတောင်ကိုင် မယ် ထွေးနှင့် အိမ်ထောင်ချပေးခဲ့၏ ။ မယ်ထွေးက စက်ချုပ်တတ်သည်။ ကိုင်းထဲက ကိုင်းသမားတွေ ကို အထည်ရောင်းသည်။ သူတို့အတွက်လည်း ဘာမျှစိုးရိမ်ရန်မရှိ။

တတိယသား ကိုအောင်ပိုင်။

သူ့အတွက် အမေ အမြဲပူပင်နေရသည်။

ကသာမှာ အထက်တန်းကျောင်းတက်ဖို့ ပို့ပြီးကတည်းက သူတစ်မျိုး ဖြစ်လာသည်။ နိုင်ငံ ရေး စာအုပ်တွေ ဖတ်သည်။ နိုင်ငံရေး တရားပွဲတွေ သွားသည်။ လယ်ယာမြေကိစ္စတဲ့။ နိုင်ငံတော် သစ်များ ပြည်သူပိုင်လုပ်ရေး တဲ့။ ဓနရှင်ကုန်သည်များ အမြစ်ပြတ်ချေမှု န်းရေး တဲ့။

သူ့အတွက်ပဲ အမေအမြဲစိတ်ပူနေရသည်။

ရွာမှာ က ကွန်မြူနစ်ရန်ရှိသည်။ တောထဲမှာ လက်နက်ကိုင်တချို့သွားလာနေကြောင်း သစ် တောဌာနက တောခေါင်းကြီးက သတင်းပေးဖူးသည်။

ကွန်မြူနစ်ဆိုတာ ဘယ်လိုလူလဲ။ အမေ မသိချင်ပါ။

လက်နက်ကိုင်နေတယ်ဆိုတာတော့ အမေကြောက်သည်။ အမေတို့ တစ်ခေတ်လုံး လက် နက်ဆို၍ သစ်ဆိပ်ကို တစ်လတစ်ခါလာစစ်လေ့ရှိသော နယ်ပိုင်ကြီးခါးမှ ခြောက်လုံးပြူးသာ မြင်ဖူး သည်။ တောထဲမှာ ချေ၊ ဆတ်၊ ပစ်သွားကြသူများ က “တူမီး” သေနတ်လေးတွေ ကိုင်ကြတာပါ။

အခုလက်နက်ကိုင်သော င်းကျန်းသူဆိုသော ထိုကွန်မြူနစ်ဆိုသူများ ကို အမေ မစဉ်းစားရဲ။ ရွာထဲကို ကွန်မြူနစ်တွေ ၀င်မလို သတင်း ဖြစ်တိုင်း အမေ့ရှိစုမဲ့စုရွှေတွေ ကို စဥ့်အိုးထဲ ထည့်ညီ့း ဘုရားစင်အောက်က တိုင်ခြေမှာ မြှုပ်ရသည်။

ဒီလိုအန္တရာယ်ကြီးသော ကွန်မြူနစ်တွေ ကိုမှ သားတတိယကောင်အောင်ပိုင်က “သူရဲ ကောင်းတွေ ” တဲ့။ ဘုရား… ဘုရား..။ နင့်ကို မြို့ပိုပြီး ကျောင်းထားတာ ဒီလိုသူပုန်စိတ်တွေ ရဖို့ မဟုတ်ဘူးဟုဆိုလျှင်တော့ အောင်ပိုင်က ဘာမျှပြန်မပြောဘဲ ပြုံးနေတတ်သည်။

အောင်ပိုင်အတွက် စိတ်ပူရသမျှ အငယ်ဆုံး ကိုအောင်နိုင်လေးက လိမ္မာသည်။ ရွာမှာ အလယ်တန်းအောင်တော့ သူ့အစ်ကိုနောက် မြို့ကိုပို့ခဲ့၏ ။ အောင်နိုင်လေးက အမြဲပြုံးနေတတ် သည်။ စာပဲ ကြိုးစားသည်။ နွေရောက်လျှင် ရွာဘုန်းကြီးကျောင်းမှာ သင်္ကန်းဆီးမြဲ။ ဘုန်းကြီးအ ချစ်တော် ပေါ့။

အောင်ပိုင် ဆယ်တန်းရောက်တော့ ပထမနှစ် ကျသည်။ ကျပေမပေါ့။ နိုင်ငံရေး စာအုပ်တွေ ပဲ ဖတ်နေတာကိုးဟု အမေမဆူချင်ဘဲ ဆူရသည်။ သားနဲ့အတူ စာကျက်ပြီး ကိုကို့လို အောင်အောင် လုပ်မယ်ဟု အောင်နိုင်လေးက အာမခံသည်။ အောင်နိုင်လေး ဆယ်တန်းမှာ သူ့အစ်ကိုနှင့် အတန်း တူသွားလို့လားမသိ။ ထိုနှစ် မှာ ညီအစ်နှစ် ယောက် လုံး ဆယ်တန်းအောင်သွားကြသည်။ ရွာထဲမှ အမေမြဲ သတင်းကျော်သွား၏ ။ သားတွေ ကို အထိန်းတော် သူဟု။

ညီအစ်ကိုနှစ် ယောက် လုံးတစ်ပြိုင်နက် မန္တလေးတက္ကသိုလ်တက်ကြမည် ဆိုတော့ အကြီး ဆုံးသားက တားသေးသည်။ ဟိုကောင် အောင်ပိုင်ကိုတက္ကသိုလ်ပို့လျှင် မြင်းကို ချိုတပ်သလို ဖြစ် မည် တဲ့။ အမေက ရယ်နေခဲ့၏ ။ မြင်းဆိုတာ ချိုပါရင် ပိုကောင်းတာပေါ့။

အမေ့ထမင်းဆိုင်က အမြတ်နှင့် တော့ သားနှစ် ယောက် ကို တစ်ပြိုင်တည်း တက္ကသိုလ်ပို့ဖို့ ဘယ်တတ်နိုင်ပါ့မလဲ။ အမေသည် တပေါင်းလရောက်တိုင်း မန္တလေးသွားပြီး ကြံဆစ်လက်ကောက် များ ကို ထုခွဲလေသည်။ ကဆုန်လရောက်တော့ သားနှစ် ယောက် ကောလိပ်ကျောင်းသားကြီးတွေ အတွက် အ၀တ်သစ်၊ စာအုပ်သစ်များ အပြင် လက်ပတ်နာရီအသစ်ပြီးတော့ သူတို့အိတ်ကပ်ထဲ အကြွေမပြတ်ဖို့ အမေက ခပ်အေးအေးအမူအရာဖြင့် ထည့်ပေးနိုင်ခဲ့သည်ချည်း။

မန္တလေးတက္ကသိုလ်မှာ ညီအစ်ကိုနှစ် ယောက် လုံး စာမေးပွဲအောင်ကြသည်။ ကိုအောင်ပိုင် က အရင်လို နိုင်ငံရေး စကားတွေ မပြော။ စာအုပ်တစ်အုပ်နှင့် ချောင်ကုပ်နေတတ်သည်။ မျက်နှာ က တစ်စုံတစ်ရာကို မကျေမနပ်သလို မှု န်နေမြဲ။

ကိုအောင်နိုင် ကတော့ အမေ့နားကပ်သည်။ အမေ့ဆိုင်မှာ ကူပြီးရောင်းပေးသည်။ ထမင်း စားလာကြသူများ ကို ဧည့်ခံသည်။ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွှေရွှေမို့ အမေမြဲသားအားလုံးထဲမှာ ကိုအောင်နိုင်ကို လူချစလူခင်အများ ဆုံး။ တလောတုန်းကပင် ကုန်သည်ကြီးဦးတိုးဇနီး ရွာထဲမှာ တော့ ပွဲကတော် ဟု ခေါ်ကြသော ဒေါ်ခင်ရီက စကားရောဖောရောနှင့် ကိုအောင်နိုင်ကို သူ့သမီးနှင့် စေ့စပ်ဖို့ ပြောနေသေးသည်။ အမေက ဘာမျှမပြော။ အားနာစရာကြီး ဟုတ်လား။ ကိုအောင်နိုင်က ပိုပြီးအားနာတတ်သည်။ ရယ်၍ ပဲ နေသည်။ ထိုပွဲကတော် ကြီးသမီးဆိုတာက ရွာကျောင်းက အ လယ်တန်းပဲ အောင်သည်။ ရုပ်ကလေးက အချော။ မျက်နှာလေး ၀ိုင်းဝိုင်း။ မျက်တောင်လေး ကော့ကော့နှင့် ကိုအောင်နိုင် ငြင်းစရာဘာရှိလဲ။

အဲ…။

သည်နှစ် ကျောင်းကပြန်မှာ တော့…

ကျောင်းဆိုတာ မန္တလေးတက္ကသိုလ်မဟုတ်တော့ပေ။

၁၉၅၈ မှာ မန္တလေးတက္ကသိုလ်က ရန်ကုန်တက္ကသိုလ်လက်အောက်ခံဘ၀မှ ခွဲပြီး သီးခြား တက္ကသိုလ် ဖြစ်သည်။

ဒါကို ရန်ကုန်တက္ကသိုလ်ထွက်ပဲ ဖြစ်ချင်တယ်ဆိုပြီး ကျောင်းသားအများ အပြား ရန်ကုန် ပြောင်းကြ၏ ။ သည်အထဲမှာ ကိုအောင်ပိုင်နှင့် ကိုအောင်နိုင်လည်း ပါသည်။ ကိုအောင်နိုင် သည် သိပ္ပံဥပစာမှာ အမှတ်မီသဖြင့် အင်ဂျင်နီယာဘွဲ့အတွက် ဆက်တက်ရမည် ။ ကို အောင်ပိုင်ကမူ ဥပစာဝိဇ္ဇာမို့ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာ (က) ဆက်တက်ရမည် ။ ထိုဝိဇ္ဇာ (က) ထက် အရေး ကြီးသည်မှာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂကြီးရှိနေခြင်း၊ ကိုအောင်ပိုင်အဖို့ ရေငတ်တုန်း ရေတွင်းထဲကျသွားခဲ့ပြီ။

ကိုအောင်ပိုင်က မန္တလေးဆောင်မှာ အမြဲမရှိ။ တကသအဆောက်အအုံသည် သူ့အ ဆောင်။ ပြဋ္ဌာန်းစာအုပ်များ အစား နိုင်ငံရေး ဖတ်စာများ သည် သူ့စာမေးပွဲအတွက် အဓိက။

ကိုအောင်နိုင် ကတော့…..

ပြည်လမ်းက အင်ဂျင်နီယာမဟာဌာနမှာ …

လိမ္မာ၍ ကြိုးစားသော အင်ဂျင်နီယာလောင်း…

*

“ဘယ်လိုလဲ။ နှင်းခိုင်လွင်ဆိုတာ…”

အဆောင်ပြန်ရောက်ရောက်ချင်း သိုက်ထွန်းက ဆိုသည်။

စိုးပိုင်က မျက်နှာပေါ်က မျက်မှန်ကို ပင့်တင်ရင်း…

“တောသူအရိုးလေးပါဗျာ”

“အဲလို …မပြောနဲ့ဦး”

ကမန်းကတန်း လက်ကာသူက ကိုအောင်နိုင်။

မနက်က သူမြင်ခဲ့ရသော ကောင်မလေး။

အသားညိုညက်ညက်။ အရပ်အမောင်း သာမန်။ ကိုယ်လုံးကိုယ်ပေါက် တစ်တစ်ရစ်ရစ်။ ဒါ တွေ ဘာမှမထူးခြား။

ထူးခြားပုံက သူ ရယ်နေပုံပါ။

ထိန်းရသိမ်းရကောင်းမှန်းမသိ။

ရှက်ရရွံ့ရကောင်းမှန်းမသိ။

ပကတိရိုးစင်းသော လူသားတစ်ဦး။

သည်လိုရယ်ပုံမျိုး ကိုအောင်နိုင် တစ်ခါမျှမမြင်ဖူးခဲ့။ ဥပမာ ရွာက ကောင်မလေးတွေ ရေခပ် ဆင်းလျှင် ခွက်ထိုးခွက်လန်ရယ်တတ်ကြ၏ ။ ချစ်စရာတစ်စက်မှမရှိ။ ပြီးတော့ ပွဲကတော် ကြီးသမီး။ သူ့ကိုတွေ့ တိုင်း ပြုံးပြပုံက မြူဆွယ်သလိုလို။ မရိုးမသား။

မနက်က နှင်းခိုင်လွင်ရယ်ပုံ ကတော့…

ကိုအောင်နိုင် ကြည့်၍ မ၀ခဲ့။

အပြင်ကင်းစင်သော လခြမ်းကလေးကို မြင်ရသလိုပါပဲ။

လပြည့်ဝန်းကြီးလို ထည်ဝါခြင်းမရှိ။

မည်းမှော င်သော တိမ်လွှာလို အားငယ်စရာမကောင်း။

လခြမ်းလေးမှ လခြမ်းလေးပါ။

ရှိသမျှ အင်အားနှင့် အရှိအတိုင်း ဖွင့်လှစ်ပြသော အလှတစ်ပါး။

“ဒီလိုဗျ၊ ရိုးတယ်ဆိုတာ ဂုဏ်တစ်ခုပဲ”

ကိုအောင်နိုင်က စ၍ အဆိုတင်သည်။

“ရိုးလွန်းတော့ အတာပေါ့ဗျာ”

စိုးပိုင်က ကိုအောင်နိုင်ကို တမင်ဆန့်ကျင်ပြီး ပုတ်ချ၏ ။

“ဘာပဲ ဖြစ် ဖြစ် ကျုပ်တော့ နှင်းခိုင်လွင်ကို တွေ့ အောင်ရှာမယ်”

သိုက်ထွန်းက လက်သီးကို ခုံပေါ်ထုရင်း အော်သည်။

“ဘာလုပ်ချင်လို့တုန်း”

အထိတ်တလန့် ဖြစ်သွားသူက ကိုအောင်နိုင်။

“ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”

သက်ထွန်းက ကိုအောင်နိုင်ကို ဘုကြည့်ကြည့်၏ ။

“ခင်ဗျားနှင်းခိုင်လွင်ကို တွေ့ ရင် ဘာလုပ်မလို့လဲ”

“ကျုပ်ဟာကျုပ် ဘာလုပ်လုပ်ဗျာ”

“မဟုတ်သေးဘူးလေ”

“ဟုတ်ပါတယ်။ ဒီမှာ ကျုပ်ပုဆိုးကို သူ့ထီးနဲ့ ချိတ်ဆွဲတာ။ အဲဒါ အတိတ်နိမိတ်ဗျ”

“မတော် တဆပါဗျာ”

“နေပါဦး ခငှ်ေားက ဘာမနာလို ဖြစ်နေတာလဲ”

“ဟင်… ကျွန်တော် က မနာလို ဖြစ်နေတယ်လား”

ကိုအောင်နိုင် ငြိမ်သွားသည်။

သည်နှင်းခိုင်လွင်ဆိုသော ညိုညက်ညက် ပြုံးရွယ်ရွှင်ပျသည့် ဖရက်ရှာကောင်မလေးကို သိုက်ထွန်းနှင့် ခင်သွားမှာ မ ဖြစ်နိုင်ပါဘူး။

ကိုအောင်နိုင် မနာလိုတာ မ ဖြစ်နိုင်ပါဘူး။

ဒါပေမဲ့…

သိုက်ထွန်းကိုစိုး ရိမ်သည်။

သိုက်ထွန်းက မုံရွာသား အညာသားဆိုသော်လည်း ရိုးရိုးအအမဟုတ်။ လူလည် ပြီးတော့ ကျောင်းမှာ ဘယ်ကောင်မလေးကိုမှ ပိုး၍ မရသေးသဖြင့် မခံမရပ်နိုင် ဖြစ်နေသူ။

ရိုးသားဖြူစင်သော လခြမ်းလေးကို သိုက်ထွန်းဆိုသော တိမ်မည်းကြီးဖုံးအုပ်သွားမှာ ကို တော့ ကိုအောင်နိုင် စိုးရိမ်မိသည်။

“ရတနာမှာ သွားရှာရမယ်။ ဖရက်ရှာတွေ က ရတနာမှာ ချည်းပဲတဲ့”

သိုက်ထွန်းက မျက်လုံးကိုပြူးပြီး အတည်ပြု၏ ။

“ကျွန်တော် ပါ လိုက်မယ်”

ရုတ်တရက်ပြောလိုက်သော ကိုအောင်နိုင့်အသံကြောင့် သိုက်ထွန်းနှင့် စိုးပိုင်က ပြိုင်တူ ရယ်လိုက်ကြလေသည်။

“သြော်… ညီမလေးရယ် စိုးရိမ်မိတယ်”

တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္ထုခေါင်းစည်းကို စိုးပိုင်က ဇာတ်လိုက် ကိုမြင့်သူ၏ လေသံဖြင့် ရေရွတ်သည်။

ကိုအောင်နိုင် နည်းနည်း ရှက်သွား၏ ။

စိုးပိုင်ကို မကြည့်ဘဲပြောသည်။

“မင်းကလည်းကွာ….”

အခန်း (၄)

ဝါးခယ်မအုပ်စု

သင်္ဘော ဥသြဆွဲနေပြီ။

ဧရာဝတီဟု အရပ်ခေါ် ခေါ်ကြသော “ဗန္ဓက” သင်္ဘောကြီး ဦးခန်းမှာ ။

ဦးမြင့်သန်းက အဝေးသို့ငေးနေရာမှ သင်္ဘောဦးခန်းကို ပြန်ကြည့်လိုက်၏ ။

လှုပ်လှုပ်ရွရွ ကျောင်းသား၊ ကျောင်းသူများ ။

သူတို့အားလုံး တက်ကြွနေ၏ ။ လန်းလတ်နေကြ၏ ။

ယောက်ျားလေးတွေ ခြောက်ယောက် လောက်ရှိသည်။ မိန်းကလေးတွေ က ငါးယောက် ထင် ပါရဲ့ ။

သည်အထဲမှာ ကိုယ့်သမီးက အတက်ကြွဆုံး။

ကြည့်လေ။ ခင်စန်းမြင့်ကိုမြင်ရတာ ဘယ်တုန်းကနှင့် မှ မတူ။

ခင်စန်းမြင့်တက်ကြွပုံက ပေါ်လွင်လွန်းနေသည်။

သြော်… သူ့ခမျာ အခုမှ လိုအင်ဆန္ဒ ပြည့်ရှာပေသကိုး။

ဝါးခယ်မတစ်ကြောမှာ ရှေ့နေကြီးဦးမြင့်သန်းဆို မသိသူမရှိ။ သို့သော် ဦးမြင့်သန်း မချမ်း သာပေ။ ၀ါးခယ်မလို မြို့လေးမှာ ရှေ့နေလုပ်စားရဲခြင်းမှာ ဆောင်ရွက်ခများများ မရှိ။ အမှု က လည်း သိပ်ကြီးကြီးမှ မရှိဘဲ။ ဓားပြမှု ၊ ကြွေးရလိုမှု လေးတွေ ရှိသည်။ ဦးမြင့်သန်းက B.A, B.L မဟုတ်။ အမှု ကြီးမကိုင်ရ။ သည်တော့ မကြွယ်ဝတာမဆန်း။

ကိုယ့်တုန်းက B.A လေး ဖြစ်အောင် တက္ကသိုလ်မတက်ခဲ့ရသည်ကို ဦးမြင့်သန်း ကြေကွဲ သည်။ ထို့ကြောင့် သူမွေးခဲ့သော သားသမီးငါးယောက် လုံးကို ရန်ကုန်တက္ကသိုလ်ပို့ ဖြစ်အောင်ပို့ မည် ဟု ကြွေးကြော်ခဲ့သည်။

သားအကြီး ခင်မောင်မြင့်က စပြီး ဗွေဖောက်၏ ။ ဆယ်တန်းကို ဘယ်လိုမှ မအောင်။ အိမ်ထောင်ကျတော့ စာရေး လေးဘ၀။ သူ့ကို ဦးမြင့်သန်း အားမရချေ။ ဒုတိယသား တင်မောင်မြင့် ကျမှ လိမ္မာပြီး စာကြိုးစားသူ၊ ရည်မှန်းချက်ကြီးသူမို့ ဦးမြင့်သန်း စိတ်တိုင်းကျရှေ့နေ ဖြစ်လာခဲ့ သည်။ သူ လိမ္မာပေလို့ အလတ်ကောင် ဇင်မောင်မြင့်ကို အင်ဂျင်နီယာတန်းပို့နိုင်ခဲ့၏ ။ စတုတ္ထသမီး ကြီး ခင်စန်းမြင့် ကတော့ ကံဆိုးရှာသည်။ သူဆယ်တန်းအောင်တော့ ဇင်မောင်မြင့်နှင့် တစ်နှစ် တည်း။ သည်တော့ ယောက်ျားလေးကို ဦးစားပေးပြီး တက္ကသိုလ်ပို့ရ၏ ။ ခင်စန်းမြင့်က ၀ါးခယ်မ တစ်ဖက်ကန်းမှာ ဆရာမ လေးသွားလုပ်ရရှာသည်။ ဆွဲခန့်ပေါ့။ အဲ… အဲသည် ဆွဲခန့်ဆိုတာကြီးကို ဦးမြင့်သန်း သဘောမကျချေ။ တကယ်တော့ တွေ့ ကရာဆွဲပြီး ခန့်ခဲ့တာမှမဟုတ်ဘဲ။ သေသေချာ ချာ လျှောက်လွှာတင်။

အင်တာဗျူး ထိုင်၊ ပြိုင်ဘက်တွေ အများ ကြီးကြားမှ အမှတ်ကောင်းသဖြင့် သည်မိဘ ဆရာအသင်းက ခန့်သော အမြဲခန့်သော ဆရာမ ဖြစ်ရခြင်းပါ။ ယာယီဆရာမ ခေါ်ချင် ခေါ်ပေါ့။ သင်တန်းမဆင်းရသေးသဖြင့် အမြဲခန့်ခံရသူမဟုတ်။ သည်လို ယာယီဆရာမ အ ဖြစ် ခင်စန်းမြင့် သုံးနှစ် လုပ်ရသည်။

အခုနှစ် ဇင်မောင်မြင့် ဖိုင်နယ်ရောက်မှ ခင်စန်းမြင့်က ပထမနှစ် တက်ဖို့လုပ်ရရှာ၏ ။ အသက် ၃ နှစ် ကြီးသွားပြီ။

ဘာပဲ ဖြစ် ဖြစ် အခုတော့ သမီးကြီးက အသက်လည်းကြီး၊ ဆရာမ လည်း ဆရာမ မို့ ကျောင်း သူအုပ်စုမှာ အပျိုခေါင်း ဖြစ်နေပေါ့းကိုး။

“မိန်းမတွေ ခြေရင်းဘက်ထိုင်၊ ယောက်ျားလေးတွေ ကို ခေါင်းရင်းမျာထား။ အစ်ကို ကျော် ခင်မြင့် ထီးကလေးလှမ်းလိုက်စမ်းပါ။ ဖေဖေ.. သမီး တို့ကို စိတ်ချနော်။ ဒေါ်ကြီးမိုး ချက်ကျွေးတာ သည်းခံစားပါ ဖေဖေရယ်။ သမီးကြီး ကျောင်းပိတ်လို့ ပြန်လာမှ ဖေဖေ့ကို ငါးသလောက် ပေါင်းပေး ပါ့မယ်။”

ခင်စန်းမြင့်သည် တစ်မိုးလုံး ဖျောက်ဆိပ်။

သင်္ဘောဦးခန်းတစ်ခုလုံး သူ့အသံချည်း။

ဦးမြင့်သန်းက ခေါင်းညိတ်ရင်း ကြည်နူးနေရသည်။ သြော်…. သည်သမီး ခင်စန်းမြင့်ပြီး လျှင် အထွေးလေး ခင်နန်းမြင့်နှင့် နို့ညှာကောင် မောင်မောင်မြင့်တို့အလှည့် ရှိသေးသည်။ ဦးမြင့် သန်း တုတ်ကောက်ကို အားယူထောက်လိုက်၏ ။

“ဟော… ဆရာကြီး သမီးလိုက်ပို့တာလား”

မုန့်ထုပ်တွေ မနိုင်မနင်းနှင့် ဒေါ်သူဇာ။

သင်္ဘောဥသြဆွဲနေသဖြင့် ကတိုက်ကရိုက်အမူအရာနှင့် ။

“အေးဗျ”

ဒေါ်သူဇာက သူ၏ “အေးဗျ” ကို နားမထောင်အား။ သူ့သမီး မိဌေးဆီ အပြေးတစ်ပိုင်းသွား သည်။ သူ့ခမျာလည်း အလုပ်များ ရှာမည် ။ ၀ါးခယ်မမှာ နာမည် ကြီးသော “သစ္စာ” ဆေးပေါ့လိပ်ခုံ ပိုင်ရှင်ပဲ။ သူ့အလုပ်သမားတွေ နှင့် မအားမလပ်နိုင်။ သမီး ဖြစ်သူ ကောလိပ်တက်ဖို့ ငွေအထုပ်လိုက် သာ ထုတ်ပေးနိုင်သည်။ စောင်၊ ခြင်ထောင်ကအစ ဖိနပ်။ လက်သည်းညှပ်အဆုံး ၀ယ်ပေးဖို့ ချွေးမ ကို လွှဲထားခဲ့၏ ။ သင်္ဘောထွက်ခါနီး မှ သမီးစိတ်ကောက်မည် စိုး၍ မုန့်ထုတ်တွေ နှင့် လာနှုတ်ဆက်ရ လေသည်။

“ဌေးဌေး…. စိန်လက်စွပ်ကို အိမ်မှာ လို ရေချိုးခန်းထဲ ချွတ်မထားနဲ့ ကြားလော”

ဒေါ်သူဇာက သူ့သမီးကို အတွင်းကြိတ်မှာ ၏ ။ ဌေးဌေးက မျက်နှာကို စူတူတူလုပ်ပြီး..

“မေကြီးကလည်း …။ သူ့စိန်လက်စွပ်လေးများ ဖြစ်နေလိုက်တာ။ စိတ်မချရင် ချွတ်ယူ ထားလိုက်”

“အမလေး… မချွတ်ပါဘူးတော် ။ မယ်မင်းကြီးမ စိတ်တော့မကောက်ပါနဲ့။ အဲဒါပဲ ကြည့်… ခင်စန်းမြင့်ရေ။ နင့်ညီမကို ဆုံးမနော်။ အိမ်မှာ အငယ်ဆုံးဆိုပြီး မပြောရက် ဆိုရက် ဖူးဖူးမှု တ်ထား တာ။ အခုတော့ သူထင်တာ ကြဲတော့တာပဲ”

“ဟုတ်ကဲ့ ဒေါ်လေး။ မြင့် သူ့ကို အမြဲကြည့်ပါ့မယ်။ မပူပါနဲ့”

ခင်စန်းမြင့်အပြော ဌေးဌေးက လျှာထုတ်ပြလေသည်။

“ကြည့်စမ်း… ပြောလေကဲလေ။ ကောလိပ်ကျောင်းသူကြီးဆိုတာ အဲသလို ကလေး မဆန်ရဘူးဟဲ့”

ပြောရင်းဆိုရင်း ခင်စန်းမြင့်လက်ခေါက်က ဌေးဌေး ခေါင်းပေါ်ရောက်သည်။ ဌေးဌေး မျက် ရည်ဝိုင်းသွားပြီး ခပ်လှမ်းလှမ်းမှ မောင်သန်းတန်ကို လျမ်းကြည့်၏ ။ မောင်သိန်းတန် ပြုံးပြသည်။ ချစ်သူ၏ အပြုံးကို မြင်ရတော့လည်း ဌေးဌေး ကျေနပ်သွားသည်။ အမေကြီး ပြန်တော့လေဟု ချွဲ လိုက်၏ ။

သင်္ဘောလက်ရန်းမှာ မှီပြီး ငေးနေသော အထွေးကို ဒေါ်သူဇာ သတိပြုလိုက်မိသည်။ အထွေးမျက်နှာက ၀ိုင်းဝိုင်း၊ မျက်လုံးဝိုင်းဝိုင်းကြီးများ က ရွှန်းစိုလို့။ သို့သော် သည်မျက်လုံးတွေ က ၀မ်းနည်းအားငယ်မှု များ ပြည့်နေလေသည်။

“ဟဲ့… မထွေးလေး။ ဌေးဌေးနဲ့ တစ်ဆောင်တည်း ကျမှာ ပါဟယ်။ နင့်အဘွား နေကောင်း ရဲ့ လား။ လူကြီးဆိုတော့ ဘယ်လိုက်ပို့နိုင်မလဲ”

အထွေးက ခေါင်းညိတ်ပြ၏ ။ ခေါင်းညိတ်လိုက်စဉ် မျက်ရည်ပေါက်ကြီးတစ်ပေါက်က ပေါက် ခနဲ ပြေးဆင်းလာလေသည်။ အဘွားလည်း လိုက်မပို့နိုင်။ ဆိုင်ထွက်နေသော အစ်မကြီးလည်း လိုက်မပို့နိုင်။ ဌေးဌေးအမေ ဒေါ်သူဇာလို ခင်စန်းမြင့်အဖေ ဦးမြင့်သန်းလို အမေ။ အဖေရှိချင်စမ်း ပါဘိ။ အထွေးဘ၀က မွေးကတည်းက အမေ့ကိုလည်း မမြင်ဖူးခဲ့။ အဖေ့ကိုလည်း မမြင်ဖူးခဲ့။ ဒုတိ ယ ကမ္ဘာစစ်ကြီးသည် အထွေးကို မိမဲ့ဖမဲ့ဘ၀ဖြင့် အဘွားလက်ထဲ ထားခဲ့ပေသည်။

အစ်မကြီးနှင့် အဘွား၏ အားပေးမှု ကြောင့် အများ သူငါနှယ် တက္ကသိုလ်တက်ရတော့မည် ဆို သည့်တိုင် အားငယ်စိတ်သည် ထွေးခန္ဓာကိုယ်ထဲ သွေးကြောထဲတွင် အခြေကျကာ အမြစ်တွယ်နေ ခဲ့ပြီ ဖြစ်၏ ။

“ဟိုကျ သူငယ်ချင်းတွေ တိုင်တိုင်ပင်ပင် နေကြ။ ရည်စားတွေ ဘာတွေ မထားနဲ့ ကြားလား”

ဒေါ်သူဇာပြောမှ အထွေးရယ်ချင်သွားသည်။ လူကြီးတွေ သည် ဤ “ရည်းစားမထားနဲ့” ဟူ သော စကားကို ဘာ့ကြောင့် မ ဖြစ်မနေ ပြောနေကြလဲမသိ။ ရည်းစားမထားနဲ့ဆို၍ များ သူ့သမီး မိဌေးဌေး ရည်းစားထား ဖြစ်ခဲ့သလား မပြောတတ်။ မိဌေးဌေးသည် သူ့အမေရှေ့တော့လည်း ပိရိလို့ ပါလား။ မောင်သိန်းတန်ကို လှမ်းကြည့်တော့ ဖေမောင်ကို လက်သီးပြနေတာလည်း မြင်ရ၏ ။

ဖေမောင်ကလည်း တမှော င့်။

ကျောင်းမှာ ကတည်းက ဘယ်သူ့မှ အလွတ်မပေး။ သူစာမပေးဖူးသော မိန်းကလေးမရှိ တော့။ မရလည်း အရင်း၊ ရလည်း အမြတ်ဟု သဘောထားသည်။ မရတော့လည်း မျက်နှာမပျက်။ တဟဲဟဲနှင့် သူငယ်ချင်းလိုပဲဆက်၍ ခေါ်မည် ခိုင်လုပ်နေတတ်သည်။

သူက ယောက်ျားလေးအချင်းအချင်းကျ ချောက်တွန်းရမှ။ အခုလည်း ကြည့်။ ဌေးဌေး အမေကြီးရှေ့မှာ သိန်းတန်ကို ဌေးဌေးနှင့် ပတ်သက်ကြောင်း တိုင်မည် တကဲကဲလုပ်နေသည်။ မတိုင်မှန်းသိသော သိန်းတန်က ဖေမောင့်ကို လက်သီးနှင့် ပြ၏ ။ ဒါလောက်ဆို ဖေမောင်ကျေနပ် ပြီ။ တစ်ယောက် ယောက် ကို ဒီလောက်နှောင့်ယှက်ရလျှင် ဖေမောင် ပျော်ပြီ။ ဖေမောင် သနား၍ ဒုက္ခမပေးသော သူ တစ်ယောက် ပဲရှိသည်။ သူက မိမြကြည်။ သင်းကိုတော့ ဘာကြောင့် မှန်း မသိ။ ဖေမောင် သနားသည်။ မိမြကြည်က အမိအဖ စုံလင်စွာ နှင့် အစ်မတွေ နှင့် ခငွေကြေးအလုံအ လောက်နှင့် ပါပဲ။

ဒါပေမဲ့ သူ့ကိုမြင်တိုင်း သနားစဖွယ် ခံစားရမြဲ။ မိမမြကြည်ကို ရည်းစားစာလည်း မပေးဖူး ပေ။ မိမြကြည်ကို သူ့နှမအရင်းအချာလို ချစ်သည်။ မိမြကြည်ကို ထိလို့ ကတော့ ဖေမောင်တင်က နေရာမရွေးပဲ။ အရင်ဘ၀က “ဒန်းစီးမောင်နှမ” များ လားဟု သူတွေးမိလေသည်။ စာကြိုးစား၍ ခါး ကိုင်းနေသော မိမြကြည်ကို ပါမောက္ခကြီး ဖြစ်ပါစေဟု ဖေမောင် သဘောထားသည်။ တကယ်တော့ လည်း သူတို့သည် ၀ါးခယ်မတစ်ဖက်ကမ်း သော်ကရွာတစ်လျှောက်က လယ်တောများ ကို ပိုင်ဆိုင် သည့် အဘိုးအဘွားများ လက်ထက်ကတည်းက လယ်ကန်သင်းရိုးပေါ်မှာ လိုက်တမ်းပြေးတမ်းက စားခဲ့ကြသူများ ပဲ။

ဖေမောင်ပုစွန်လုံးနှိုက်၍ ရတိုင်း မိမြကြည်က ပလုံးလေးထဲ ထည့်လို့လေ။ ကန်သင်းရိုးမှာ မိမြကြည် ချော်လဲပြီ ခြေပွန်တိုင်လည်သွားစဉ်က ဖေမောင်က ကုန်းပိုးပြီး အိမ်လိုက်ပို့ရ၏ ။ အဘိုး အဘွားတွေ က အပြစ်မပြော။ ဖေမောင့်ကို ပခုံးဖက်ပြီး “မြလေး ဒါ နင့်အစ်ကိုအရင်းပဲ” ဟု ပြောခဲ့ သည်။ ဘ၀ရစေက်ဆိုတာ ဒါပဲ ဖြစ်မည် ။ မြကြည်ကလည်း ဘယ်သူ့ကိုမဆို ကြောက်တတ်သော် လည်း ဖေမောင့်ကျနိုင်စားသည်။

“ဖေမောင် ငါ့ကို စာအုပ်ဝယ်ပေး”၊ “ခဲတံချွန်ပေး”၊ “ခွင့်တိုင်စာယူသွားပေ…” အရေး မှန် သမျှ ဖေမောင်သည် ခြေမြန်တော် ။ ဒါကြောင့် ဘ၀ဟောင်းက ဒန်းစီးမောင်နှမဟု ဖေမောင် တွေးမိ ခြင်း ဖြစ်လေသည်။

သင်္ဘောဥကြနှစ် ဆင့်ဆွဲပြီ။

ကမ်းက ခွာတော့မည် ။

လိုက်ပို့သော လူကြီများ ခပ်သွက်သွက်ဆင်းသွားကြသည်။ ကမ်းပေါ်မှ လက်တရမ်းရမ်းပြ ကြသည်။ သြော်… စာမေးပွဲကျသော ရဲလွင် တစ်ယောက် လည်း ကမ်းပေါ်မှာ ကျန်ရစ်နေသားပဲ။ သူက အားကျဝမ်းနည်းကြေကွဲမဆုံးရှိမည် ။ ရှေ့နှစ် ပေါ့ကွာဟု အားတင်းထားပုံရသည်။

သင်္ဘောသည် ၀ါးခယ်မမြစ်ထဲ ခုတ်မောင်းနေ၏ ။

နေခြည်မျှင်မျှင်လေးက မြစ်ပြငမှာ လင်းလက်လို့။

ညရီဆည်းဆာကာ လွမ်းဖယ်။

ထွေးက လက်ကိုင်ပ၀ါနှင့် မျက်ရည်သုတ်ဆဲ။

သိန်းတန်က ဌေးဌေးနား လာထိုင်သည်။

ခင်စန်းမြင့်က သိန်းတန်ကို မျက်စောင်းထိုးရင်း ငါ့မှာ တာန်ဝရှိတယ်ဟု ခပ်တည်တည် ဟောက်လိုက်သည်။

*

“ငါတို့အားလုံး ထီးတန်းပဲဟေ့”

“ကောင်းတယ်၊ ၀ိဇ္ဇာက စာကျက်ရင် အောင်တာပဲ”

“ဆရာဝန်လုပ်ဖို့ လုံးဝ ၀ါသနာမပါဘူး”

“မမမြင့် ကတော့ ဆရာမ ပဲ ပြန်လုပ်မှာ ”

“ဌေးက လွယ်တဲ့ဟာပဲ ယူချင်တယ်”

“ထွေးကိုတော့ ဗုဒ္ဓကျမ်းစာယူရမယ်လို့ အဘွားက မှာ လိုက်လို့”

တစ်ယောက် တစ်မျိုးပြောရင်း ကျောင်းဝင်ခွင့်လျှောက်လွှာတင်ရန် လာကြ၏ ။

သိပ္ပံအဆောက်အအုံကြီးက ခမ်းနားလှသည်။

ရေတမာပင်တွေ ၀ိုင်းရံထားပုံက ဂန္ထ၀င်ဆန်နေသလိုလို။

မိုးရေစက်များ ကလည်း ရေတမာရွက်တွေ ကို ရေချိုးပေးနေသည်။ ရေချိုးပြီးခါစ အဓိပတိ လမ်းကလည်း ခမ်းနားစွာ သန့်ပြန့်နေ၏ ။ လမ်းဘေးအနိမ့်ထဲမှာ တော့ ခရမ်းရောင် ပွင့်လွှာများ ကကြိုးဆင်နေသည့် ကန်စွန်းပန်းများ ။

“တက္ကသိုလ်အဓိပတိလမ်းကြီးကို တက္ကသိုလ်ဘုန်းနိုင်ရဲ့ ညီမလေးရယ် စိုးရိမ်မိတယ် ဖတ် ရကတည်းက ရောက်ချင်နေတာ”

ခင်စန်းမြင့်က ရင်ကိုချီပြီးပြောသည်။

“ဘာလဲ နင်က ဆရာကိုမြင့်သူကို တွေ့ မယ်ထင်လို့လား”

ဖေမောင်က ရိုက်ချလေသည်။

“ကောင်စုတ် မတွေ့ ဘူးလို့ နင်ပြောနိုင်လား”

ဖေမောင် တဟားဟားရယ်သည်။

ထွေးက စဉ်းစဉ်းစားစားနှင့် ….

“ဟုတ်တယ်။ ထွေးလည်း ဆရာ့ကို တွေ့ ချင်တယ်”

“အေးဟဲ့။ မေရီကိုမြင်ရင်လည်း ငါ့ကိုလက်တို့ကြစမ်း”

ခင်စန်းမြင့်ပြောတော့ အားလုံးငြိမ်သွားသည်။

ဆရာဘုန်းနိုင်၏ “ညီမလေးရယ် စိုးရိမ်မိတယ်” သည် ၁၉၅၉ - ၆၀။ ရန်ကုန်တက္ကသိုလ် ရောက်ကျောင်းသူ၊ ကျောင်းသားများ အား ဖမ်းစားနိုင်လွန်းစွ။

ကားအပြာလေးတစ်စီး ဖြည်းဖြည်းချင်း ဖြတ်မောင်းသွား၏ ။ ကားမောင်းသူက လက်ပြသွား ရာ သိန်းတန်က ပြန်၍ လက်ပြန်လိုက်သည်။

“အဲဒါ ရှုမ၀ ဦးကျော်သား”

“ဟယ်… ဟုတ်လား။ တားလိုက်ရောပေါ့”

ခင်စန်းမြင့်အပြောကြောင့် ဌေးဌေးက ရှက်စနိုးလက်ကုတ်သည်။

“မမမြင့်ကြီးကလည်း …ဘာတွေ ပြောမှန်းမသိဘူး”

“ဟဲ့… ဒါမျိုးနဲ့ အသိ ဖြစ်ရ ကောင်းတာပေါ့။ ဟုတ်ဖူးလား မောင်သိန်းတန်”

“ဟုတ်ပါတယ်။ ကိုဆွေတင့်နဲ့ ကျွန်တော် နဲ့ အတန်းတူတယ်။ ဒီနှစ် အင်တာ (B) ပေါ့။ သူလည်း အို၊ ဘီယူတယ်လေ”

“နာမည် က ကိုဆွေတင့်တဲ့လား”

ခင်စန်းမြင့်လက်မောင်းကို ဌေးဌေးက လိမ်ဆွဲပြန်သည်။

“နေစမ်းပါ။ ကဲ… ဒါနဲ့ သိန်းတန် ဆက်ပြောပါဦး”

“သူက ရှုမ၀ ဦးကျော် သား အကြီးဆုံးသား။ သူဌေးလည်း သူဌေး ဆိုတော့ တက္ကသိုလ် တက်မယ့် နှစ် မှာ ကိုယ်တိုင်ကားမောင်းတက်နိုင်အောင် ခုနက ကားလေး ၀ယ်ပေးတာတဲ့”

“အပြာလေးနော် ချစ်စရာလေး”

“လူကလည်း ချစ်စရာကောင်းပါတယ်။ မွန်မွန်ရည်ရည်နဲ့။ အင်္ဂလိပ်စာလည်းတော် တယ် ဗျ။ အင်္ဂလိပ်ကျူတိုရီယယ်မှာ ကျွန်တော် သူ့ကို မေးရတာ ”

“ဘယ်ကျောင်းထွက်တဲ့လဲ”

“အင်္ဂလိပ်မက်သဒစ်စ်လေ”

“ဒါ့ကြောင့် ကိုး”

အားလုံးတိတ်သွားကြ၏ ။

ဘယ်လိုပဲ ဖြစ် ဖြစ် နယ်က အစိုးရကျောင်းတွေ မှာ တက်လာခဲ့ကြသူများ မှာ မစ်ရှင်ကျောင်း ထွက်များ လောက် အင်္ဂလိပ်စာမတတ်တာ ၀န်ခံကြရပါမည် ။ အရေး ၊ အဖတ်၊ အပြော အားလုံးမှာ အောင်မှတ်ရဖို့ ခဲယဉ်းပါဘိ။ တက္ကသိုလ်ဝင်တန်းမှာ တစ်နေကြသူများ ထဲတွင် အများ စုသည် အင်္ဂလိပ်စာကြောင့် ဖြစ်၏ ။ ပြဋ္ဌာန်းစာများ ကပဲ မြင့်နေသလား

“ဘွဲ့နှင်းသဘင်ခန်းမကြီးကို သေသေချာချာကြည့်။ ဟောင်းမနေဘူးလား”

မောင်သိန်းတင်က လမ်းလျှေုက်ခြင်းကို ခြေစုံရပ်လိုက်ပြီးပြောသည်။

“အေး…ဟုတ်ပါရဲ့ ။ ရေညှိတွေ တောင် တက်လို့”

“ဆေးသုတ်လိုက်ရင် ပိုလှသွားမှာ ပဲ”

“ဟုတ်ပြီ။ အဲဒါ သာမန်လူအမြင်နဲ့ အမှန်က တက္ကသိုလ်ဆိုတာ ဟောင်းလေ တန်ဖိုးရှိလေ။ ဟောင်းခြင်းသည် အိုမင်းရင့်ရော်ခြင်း။ အိုမင်းရင့်ရော်ခြင်းဟာ ၀ါကို ပြောတာ။ သက်တမ်းကို ပြ တာ။ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ဟာ မဟုတ်ဘူး။ ဒါကြောင့် ဒီခန်းမကြီးကို အပြင်ဘက်မှာ ဆေး မသုတ်ရဘူး။ အတွင်းထဲမှာ တော့ သစ်သစ်လွင်လွင် ဖြစ်အောင် ပြုပြင်လို့ရတယ်”

တက္ကသိုလ်သက် တစ်နှစ် သာကြီးသော မောင်သိန်းတန်ရှင်းပြမှု ကို ဖရက်ရှာများ က ခေါင်း တညိတ်ညိတ်နှင့် နားထောင်ကြရ၏ ။ တကယ်တော့ မောင်သိန်းတန်ဆိုသည်မှာ လည်း သာမန် ကျောင်းသားမဟုတ်။ အထက်တန်းကျောင်းမှာ ကတည်းက ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ။ အခု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) မှာ လည်း စည်းရုံးရေး မှူး ဖြစ်၏ ။ အရာရာကို နိုင်ငံရေး အမြင်ဖြင့် ကြည့်သူ။

“နေပါဦး။ နာမည် ကျော် သစ်ပုပ်ပင်ကြီးဆိုတာ”

“ဟုတ်တာပေါ့။ ဟောဟိုဘက်က ညာဘက်မှာ တွေ့ လား။ ဖြူဖြူမြင့်မြင့်ကြီးလေ”

“အေး… ဟုတ်ပါရဲ့ ။ သူက ထီးထီးမတ်မတ်ကြီး”

“ဘယ်သူနဲ့မှ မတူဘူး။ အသက်လည်း အကြီးဆုံး”

“ဘွဲ့နှင်းသဘင်ခန်းမနဲ့ ဘယ်သူကြီးလဲ”

“အဲဒါတော့ မပြောတတ်ဘူး။ သစ်ပင်ထဲမှာ တော့သူကအမြင့်ဆုံး။ အကြီးဆုံး။ ပြီးတော့ ကျောင်းသားတွေ အားလုံးက သူ့စကားကို နားထောင်ကြတယ်”

“ဘယ်လိုစကားပြောတာလဲ”

“ဖေဖော်ဝါရီလဆန်းလောက်ပေါ့။ ဇန်န၀ါရီအလယ်လောက်ကစပြီး သူက အရွက်ကြွေ တယ်၊ တခြား ဘယ်သူမှ မကြွေဘူး။ အဲသလို သူ အရွက်ကြွေပြရင် တစ်ပင်လုံး အရိုးချည်းပဲ ကျန်ရင် အဲဒါ မင်းတို့ စာကျက်ြ ကတော့လို့ ပြောတာမတ်လ စာမေးပွဲကြီးကို သတိပေးတာပေါ့”

လျှောက်လွှာတင်ဌာနကို သူတို့ရောက်တော့ လူရှင်းနေပြီ။

ကျောင်းဆောင်ဌာနလည်း တိုးတိုးဝှေ့ဝှေ့မရှိတော့ချေ။

လျှောက်လွှာပုံစံဖြည့်။ ငွေသွင်းပြီး ပြန်ထွက်လာစဉ်မှာ တော့ ခင်စန်းမြင့်တို့အနား လူစိမ်း တစ်ယောက် ကပ်လာသည်။ လက်ထဲက စာရွက်ကို ကမ်းသည်။ ‘D.S.O’ ဟုရေး ထား၏ ။

မောင်သိန်းတန်က ငွေသွင်းကောင်တာမှ ပြန်မလာသေးသဖြင့် ခင်စန်းမြင့်က စာရွက်ကေ လေးကိုဖတ်ရင်း ဘာလုပ်ရမှန်းမသိချေ။ ဟန်မပျက် စာအုပ်ကြားညှပ်ထားလိုက်၏ ။

အားလုံးပြီး၍ မာလာစားသောက်ဆိုင်တန်းဘက် လျှောက်တော့မှ ခင်စန်းမြင့်က စာရွက်ကို မောင်သိန်းတန်အား ကမ်းလိုက်သည်။ မောင်သိန်းတန်က စာရွက်ကို အသာလုံးချေလိုက်ပြီး…

“အစိုးရဘက်က ကျောင်းသားအဖွဲ့” ဟု ဆိုသည်။

“ဟင်… ဒါဖြင့် နင်တို့ကကော”

“ကျွန်တော် တို့က ကျောင်းသားအားလုံး ကိုယ်စားပဲလေ။ တပ်ဦးဆိုတာ တကယ့်ကျောင်း သားကိုယ်စားလှယ်”

“ငါတော့ သိပ်နားမလည်ဘူး”

“မမမြင့်ရာ.. မမမြင့်လည်း ဆရာမ လုပ်လာတာပဲ။ တိုင်းပြည်မှာ အခြေခံလူတန်းစားသား သမီးတွေ ဘယ်လောက်ဆင်းရဲနေလဲ။ မြင်တယ်မဟုတ်လား။ ဓနရှင်ရေပေါ်ဆီတွေ က စီးပွားရေး အစိုးရလက်ဝေခံလုပ်ပြီး တွင် ကျယ်နေရုံမကဘူး။ ဒီတက္ကသိုလ်ထဲမှာ ပါ အစိုးရကို သတင်းပေးဖို့ အစိုးရကောင်းကြောင်း ၀ါဒဖြန့်ဖို့ သူတို့ဘက်က ကျောင်းသားတွေ ထည့်ထားတယ်”

“ဖမ်းတတ်သလားဟင်”

မျက်လုံးပြူးပြူးနှင့် ထွေးက ၀င်မေးသည်။

“ဒီလောက်မစိုးရိမ်ပါနဲ့။ ပါလီမန်ဒီမိုကရေစီစနစ်မှာ အပြိုင်အဆိုင် မဲဆွယ်ခွင့် ရှိပါတယ်။ အေး… ငါအပြတ်ပြောထားမယ်။ စက်တင်ဘာထဲမှာ တကသရွေးကောက်ပွဲရှိတယ်။ အဲဒါ နင်တို့ ၀ိုင်းပြီး စည်းရုံးပေး။ တပ်ဦးကိုပဲ မဲပေးကြလို့”

ဌေးဌေးက မောင်သိန်းတန်ပြောသမျှ “အင်း… အင်း… ” နှင့် ထောက်ခံလေသည်။

“ဒါက ၀ိဇ္ဇာခန်းမ။ ဂျပ်ဆင်ဟောလို့ ခေါ်တယ်။ နင်တို့ ပထ၀ီအချိန်ကျရင် ဒီဘက်မှာ တက်ရလိမ့်မယ်။ အချိန်စာရင်းထွက်တော့ သေသေချာချာကြည့်။ တစ်ချိန်နဲ့ တစ်ချိန် ၁၀ မိနစ် ကွာထားတယ်။ အခန်းကူးဖို့၊ အဆောင်ကူးဖို့၊ အထက်တန်းကျောင်းမှာ တုန်းကလို ကျောင်းသား တွေ က အခန်းထဲမှာ တစ်နေကုန်ထိုင်နေရတာ မဟုတ်ဘူး။ သက်ဆိုင်ရာ ဘာသာရပ်သင်တဲ့ အခန်းကို ပြောင်းထိုင်ရတယ်။ အင်္ဂလိပ်စာဆိုရင် သိပ္ပံအဆောက်အအုံထဲမှာ ။ S1 တို့။ S3 တို့ တွေ့ ပါလိမ့်မယ်။ မြန်မာစာလည်း အဲဒီ မှာ ပဲ။ သမိုင်းကျ ပြေးပေတော့။ ဟိုးဘက်မှာ အဓိပတိ ဒေါက်တာလှမြင့်အိမ်နားမှာ လေ။ Social Science လို့ ခေါ်တယ်။ အတိုကောက် S.S ပေါ့။ အဲဒီ မှာ သင်လိမ့်မယ်”

“ဟဲ့…နင်ပြောနေတာတွေ က အင်တာ B က အချိန်တွေ ဟုတ်လား”

“အေး… ဟုတ်တယ်။ ငါ သင်ရမယ် ဟာတွေ ပြောတ။ နင်တို့ ကတော့ အကုန် ထီးတန်းပဲ။ ထီးတန်းဆိုတာ “ကောလိပ်ကြက်ချေတန်း” ပေါ့ဟာ။

မောင်သိန်းကို ဌေးဌေးက မနာအောင်ထုသည်။

ဖေမောင်က နာအောင် လက်သီးနှင့် ထိုးသည်။

“ကိုင်း …မုန့်ဟင်းခါးကြိုက်ရင် ဒီဆိုင် အကောင်းဆုံးပဲ။ ဒေါ်ကြီးရေ… ဒါ ကျွန်တော် တို့မြို့ က လူသစ်တွေ ။ အကြော်နဲ့ တစ်မတ်။ အလွတ် ပြား ၂၀ ပဲ။”

“ဆီချက်ဆိုရင်ကော”

“ဟောဟိုက နှစ် ဆိုင်လုံး ကောင်းတယ်။ တစ်ပွဲ ပြားငါးဆယ်။ ဘဲသားနဲ့။ အအေးသောက် ရင် ကိုရေခဲဆိုင်။ ကျောက်ကျော။ သံပရာရည်။ ဘာသောက်သောက် တစ်မတ်။ ရေခဲပလုတ် တုတ် ၁၀ ပြား”

သူတို့အားလုံး ပျော်ပါသည်။

ပိုက်ဆံအိတ်ထဲမှာ လည်း အလုံအလောက်ပါသည်။

တက္ကသိုလ်ဆိုတာ ပျော်စရာကြီးပါပဲ။



ဝန်ဇင်းချစ်သူများ ရွှေကူမေနှင်း ၏ “ ငါတို့ခေတ်က တက္ကသိုလ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စာပေလမ်း

လူမူ၊စီးပွား၊နိုင်ငံရေးနှင့် စာပေရေးရာ အတွေးအမြင်ဆောင်းပါးများစုစည်းမှု

အိုဘယ့်...ပုဂံ