
မိတ်ဆက်နိဒါန်း
စာရေး သူသည် ဒုဗိုလ်လေး ‘ကင်းဒစ်စ်ဖရော့စ်” နှင့် လွန်ခဲ့သော (၁၂) နှစ် က ပထမဆုံး တွေ့ ခဲ့ရပါသည်။ မြောက်ကာရိုလိုင်းနားပြည်နယ် “ဖို့ဒ်ဘရက်”၌ ဖြစ်၏ ။ နွေနှောင်းညနေခင်းလေး တစ်ခု ဖြစ်ကြောင်းမှတ်မိနေသည်။ ထိုစဉ်က ကျွန်မသည် ဒေသတွင်းသတင်းစာလေး ဖြစ်သည့် “ဖေးယက်ဗီးလ်အော့ဗ်ဆားဗား” တွင် စစ်သတင်းထောက် ဖြစ်၏ ။ အမှတ် (၈၂) လေတပ်ခွဲရှိ အမျိုး သမီးစစ်သည်များ အကြောင်း ရေး နေစဉ်ကာလလည်း ဖြစ်သည်။ လေယာဉ်ကွင်းများ ကို သိမ်းပိုက် ခြင်း၊ သံသယရှိသော နယ်မြေကို အနီးကပ်စောင့်ကြည့်ခြင်း၊ နောက်မှရောက်လာမည့် တပ်သား များ အတွက် လမ်းရှင်းပေးခြင်းတို့ ဖြစ်၏ ။ လေတပ်မတော် ၏ တပ်ခွဲ (၈၂) တွင် ထိုအချိန်က စစ်သည်လေထီးတပ်သာ ၁၅,၀၀၀ ရှိရာ အမျိုးသမီးလေထီးတပ်သာ အရေအတွက်မှာ သုံးရာခိုင် နှုန်းသာပါဝင်ပေသည်။
ဒုဗိုလ်လေးကင်းဒစ်စ်ဖရော့ကို အင်တာဗျူး လုပ်ရန် ကျွန်မတာဝန်ပေးခံရခြင်း ဖြစ်ပြီး အင်တာဗျူး ရသည့်အကြောင်းက သူမသည် တပ်တွင်း၌ နယ်ပယ်သစ်များ ထိုးဖောက်နိုင်ခြင်း ကြောင့် ဖြစ်၏ ။ ၈၂ တပ်ခွဲသမိုင်းတွင် ပထမဆုံးအကြိမ်အ ဖြစ် အမျိုးသမီးလေထီးစစ်သည်အား ခြေ လျှင်တပ်သို့ တာန၀်ပေးခြင်း ဖြစ်သည်။ ကင်းဒစ်စ်အား ၅၀၅ လေထီးတပ်မအတွက် ထောက်လှမ်း ရေး အရာရှိအ ဖြစ် မကြာသေးမီကမှ တာဝန်ပေးခဲ့ခြင်း ဖြစ်၏ ။ ဤတပ်မတွင် လူ ၄၀၀၀ ရှိသည့် အနက် ကင်းဒစစ်ကားတစ်ဦးတည်းသော အမျိုးသမီးစစ်သည် ဖြစ်လေသည်။
ထိုအချိန်က ကင်းဒစ်စစ်၏ ရုံးခန်းတွင် အင်တာဗျူး လုပ်ဆဲ။ ကျွန်မသည် ကင်းဒစစ်စ်ကို သတိထားကြည့်နေမိ၏ ။ ကင်းဒစ်စ်ကား အသက် ၂၄ နှစ် သာရှိသေးသည်။ ဆံပင်အနီနှင့် နှင်းဆီ သွေးပါးကလေးများ နှင့် ပျိုမျစ်လှ ဖြစ်၏ ။ စားပွဲတွင် ကိုယ်ကိုမတ်မတ်ထိုင်လျက် မျက်နှာအမူအရာ က စိတ်ပါဝင်စားမှု အပြည့်ရှိသည်။ ကင်းဒစ်စ်တွင် လုပ်ဆောင်စရာ တွေ ရှိနေသည်။ နဂါးတွေ သတ် ဖို့ရှိနေသည်။ သူလျှောက်ရာလမ်းတွင် ကားဆီရောက်ရှိလာသော လူပြိန်းတွေ အတွက် အချိန်မပေး နိုင်ချေ။ ကျွန်မက သူ့ကိုမေးခွန်းမေး ဖြစ်၏ ။
“တပ်မက တိုက်ပွဲထဲဝင်တဲ့အခါ ရှင့်ကိုခေါ်မသွားဘူးဆိုရင် ဘာ ဖြစ်မလဲ”
သူက မျက်လုံးပြာများ ဖြင့် ကျွန်မကို စိုက်ကြည့်၍ ဖြေသည်။
“ကျွန်မက စစ်ထွက်လာတာပါ။ သူတို့ ကျွန်မကို မလွှတ်ဘူးဆိုရင်လည်း ငရဲကစိတ်ဆိုးမှာ မဟုတ်ပါဘူး။ သူတို့က ကျွန်မကိုဒီနေရာဆီလွှတ်ဖို့ ယုံကြည်မှု အပြည့်အ၀ရှိတယ်။ ကျွန်မကလည်း ဒီကိုလာဖို့ ဆန္ဒရှိတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်”
အမှန်တော့ ကင်းဒစ်စ်၏ အရွယ်သည် ကျွန်မ အိမ်တံခါးဝသို့လာရောက်၍ ဘီစကစ်ကွတ် ကီးများ လာရောင်းတတ်သော အမျိုးသမီး တစ်ယောက် အရွယ် ဖြစ်၏ ။ သံခမောက်ဆောင်းထားရ သည့်အရွယ်မဟုတ်ပေ။ သို့သော် ကင်းဒစ်စ်၏ အသွင်ဟန်ပန်ကား ဆုံးဖြတ်ချက်ကို ချထားပြီး ကြောင်း ရှင်းလင်းသေချာလှ၏ ။
ကျွန်မက မှတ်စုစာအုပ်ထဲ၌ ရေး ခြစ်ပြီး မေးခွန်းတပ်မေးရသည်။
“ရှင့်ကို ဒီခြေလျင်တပ်မှာ မရှိသင့်ဘူးလို့ ထင်တဲ့လူတွေ ရှိနိုင်လား”
“ပြောရဲတဲ့လူရှိရင် ကျွန်မ စိန်ခေါ်တယ်။ လာလေ အပြေးပြိုင်ရအောင်”
ကင်းဒစ်စ်ကား မာရသွန်တာအဝေးပြေးသမားတစ်ဦး ဖြစ်၏ ။ ၈၂ တပ်ခွဲတွ် အပြေးကောင်း သူ ဖြစ်ရုံမက သေနတ်ပစ်လည်းတော် သူအ ဖြစ် အရေး ပါသူတည်း။
ကျွန်မတို့ နှုတ်ဆက်ပြီးထွက်လာသော အခါ သူ၏ “တုံးတိတိနိုင်ပုံ” ကို သဘောပေါက်ခဲ့၏ ။ စစ်မြေပြင်၌ အမျိုးသားများ စိတ်လှုပ်ရှားမှု မြင့်မားနေချိန် ဤကဲ့သို့ စိတ်ဓာတ်မျိုးက သူ့အတွက် အကျိုးပြုလိမ့်မည် ဟု ကျွန်မတွက်ဆမိပါသည်။
အော့ဗ်ဆားဗားသတင်းစာ တနင်္ဂနွေထုတ်တွင် ကင်းဒစ်စ်၏ ကိုယ် (ခေါင်းပိုင်းပု့) နှင့် သတင်း ပါလာသည်။ တနင်္လာနေ့ သူရုံးတက်သော အခါ တစ်စုံ တစ်ယောက် က သူ့ပုံကိုဖြတ်ယူပြီး သူ့ရုံးခန်းတံခါးတွင် တိပ်နှင့် ကပ်ထားသည်ကို မြင်ရလေသည်။ တပ်တွင်းရှိနေရာတိုင်းမှာ လည်း ထိုပုံကိုမြင်ကြရ၏ ။ ရည်ရွယ်ချက်တစ်စုံတစ်ရာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း သူသည် အာရုံစိုက်မငခံယူရရှိခဲ့တော့သည်။
နောက်ရက်သတ္တအနည်းငယ်ကြာသော အခါ ကင်းဒစ်စ်သည် သူ၏ လုပ်ဖော်ကိုင်ဖက်အရာ ရှိတစ်ဦးနှင့် လက်ထပ်ခဲ့၏ ။ ခြေလျင်တပ်မှ ဒုဗိုလ်လေးပင် ဖြစ်ပြီး “၀ီလ်အိုဘရိုင်ယန်” အမည် ရှိ သည်။ လက်ထပ်ပြီး တစ်နှစ် ပြည့်ပြီးနောက် နှစ် ရက်အကြာတွင် ပင်တဂွန်ဌာနချုပ်နှင့် ကုန်သည် ညီနောင် တိုက်နှစ် လုံးကို အကြမ်းဖက်သမားများ က လေယာဉ်ပြန်ပေးဆွဲပြီး တိုက်ခိုက်ခဲ့ကြသည်။ နောက် (၁၀) စုနှစ် တွင် အမေရိကန်တပ်မတော် သည် ကြိုတင်မကြေညာသော စစ်လမ်းကြောင်း သို့ ၀င်ခဲ့၏ ။
ကင်းဒစ်စ်နှင့် ကျွန်မသည် (၁၀) နှစ် တိုင်တိုင် တွေ့ ဆုံပြောဆိုခွင့်မရခဲ့ပေ။ ကျွန်မသည် စစ်တပ်အတွင်းမှ အမျိုးသမီးများ အကြောင်းစာအုပ်ရေး ရန် အကြောင်းအရာအ ဖြစ်အပျက်မှန်များ ကို ရှာနေခဲ့၏ ။ ဤအခါ စစ်ရေး ၌ ၀ါရင့်နေသော မိတ်ဆွေတစ်ဦးကဗိုလ်မှူးကင်းဒစ်စ်အိုဘရိုင်ယန် နှင့် တွေ့ ရန်အကြံပြုလေသည်။ သူကား ကင်းဒစ်စ်ပင် ဖြစ်သည်။ ကလေးနှစ် ယောက် မိခင် ဖြစ်နေ ပြီ။ အာဖဂန်နစ္စတန်သို့ ဒုတိယစင်ဆင်ရေး အတွက် သွားရောက်ရန် အသင့်ပြင်နေသူ ဖြစ်၏ ။
“တပ်ခွဲ ၈၂ မှာ တုန်းက ဟိုအရင်းတုန်းက ဖို့ဒ်ဘရက်မှာ ကျွန်မကို အင်တာဗျူး လုပ်ဖူးတယ် ဟုတ်လား။ မှတ်မိလား”
သူ့ကို ဆက်သွယ်သော အခါ သူက အထက်ပါအတိုင်း မေးလေသည်။
ကျွန်မ သူ့ကို ဘယ်မေ့နိုင်ပါ့မလဲ…
ကင်းဒစ်စ်ကား တပ်မတော် ထဲရှိ ကျွန်မလေးစားမှု အရှည်ကြာဆုံး အမျိုးသမီးနက် တစ်ဦး ဖြစ်၏ ။ ကျွန်မ သတင်းထောက်လုပ်ခဲ့ရသော သက်တမ်းတစ်လျှောက်လုံး သူတို့၏ လှုပ်ရှားမှု များ ကိုမြင်ခဲ့ရသည်။ အရှေ့အလယ်ပိုင်း၌ မိုးကာတဲတစ်ခုတည်းတွင် အိပ်ခဲ့ရသည်။ တောင်တရုတ် ပင် လယ်ထဲ၌ လှေကလေးတစ်စီးထဲ အတူစီးခဲ့ရသည်။ ကိုရီးယား၌ လည်း အတူခရီးသွားခဲ့ရ သည်။ ဗီယက်နမ်၏ မတ်စောက်သော တောင်တန်းတောကြီး၌ လည်း အတူခရီးနှင်ခဲ့ရသည်။
ကျွန်မတို့သည် မိမိတို့ အတွေ့ အကြုံများ ကို ဖလှယ်ခဲ့ကြ။ နံနက်စာမုန့်များ အတူစားခဲ့ကြ ၏ ။ သန့်စင်ခန်းသုံးစက္ကူများ ကိုလည်း ဝေမျှသုံးစွဲခဲ့ကြရလေသည်။
မကြာသေမီးကလည်း ကျွန်မမှာ တပ်မတော် သား၏ ဇနီးအ ဖြစ် တပ်ထဲ၌ နေထိုင်ရသဖြင့် စစ်သမီးများ ကို တာဝန်ချိန်ပြင်ပများ ၌ ဇနီးမယားအ ဖြစ်လည်းကောင်း၊ မိခင်များ အ ဖြစ်လည်း ကောင်း၊ လုပ်အားပေးများ အ ဖြစ်လည်းကောင်း၊ အိမ်နီးချင်းများ အ ဖြစ်လည်းကောင်း ဆုံတွေ့ ခဲ့ပါ သည်။ ဘုရားရှိခိုးကျောင်းများ ရှိ ထိုင်ခုံများ တွင် လည်း အတူထိုင်ခဲ့ရ၏ ။ ကစားကွင်းများ ၌ လည်း အတူဆင်နွှဲခဲ့ရ၏ ။
အောက်မေ့ဖွယ်အခမ်းအနားများ ၊ တပ်တွင်း၌ ထုံးတမ်းစဉ်လာအရပြုလုပ်ရသော ကပွဲများ တို့တွင် လည်း သူတို့နှင့် အတူ ပါဝင်ခဲ့ရသည်။ ၂၂ နှစ် လုံးလုံးမှာ လည်း ကျွန်မ၏ အစ်မ ဖြစ်သူ “မာရီ ယာ” က ဒုဗိုလ်ရာထူးမှ ဗိုလ်မှူးကြီးရာထူးအထိ တက်လှမ်းခဲ့ခြင်းကို ရင်းရင်းနှီးနှီးဖြင့် တွေ့ ခွင့်ရခဲ့ သည်။ ဒေသသုံးနေရာ၌ အစ်မ ဖြစ်သူ အိမ်နီးချင်းအ ဖြစ် ဆုံတွေ့ ခွင့်ရပြီး ယခုလောလောဆယ် တွင် လည်း ဗာဂျီးနီးယားပြည်နယ်၊ ဖို့ဒ်အီးယူစတစ်၌ သူက တပ်ရင်းမှူး ဖြစ်နေစဉ် ကျွန်မနှင့် ဆုံရ ပြန်သည်။
ဤအခါ ထိုအမျိုးသမီးစစ်မှု ထမ်းများ ၏ ဘ၀အမျိုးမျိုးကို နားလည်သဘောပေါက်ခဲ့ရသည်။ လုပ်ငန်းခွင်၌ လည်းကောင်း၊ ပုဂ္ဂလိကဘ၀များ ၌ လည်းကောင်း၊ ကိစ္စကြီးငယ်များ ၊ ၀မ်းနည်းကြေ ကွဲဖွယ်နှင့် ပျော်ပွဲရွှင်ဖွယ်များ ကို မြင်ရသော အခါ သူတို့၏ ခံယူချက်နှင့် သတ္တိကို လေးစားလာရပေ သည်။
ဤစာအုပ်ရေး ခြင်း၏ ရည်ရါယ်ချက်မှာ အမျိုးသမီးစစ်မှု ထမ်းများ၏ ဘ၀ပုံရိပ်အပြည့်အစုံ ကို ပေးရန် ဖြစ်ပါသည်။ အမျိုးသမီးစစ်မှု ထမ်းဟုဆိုရာ၌ အငယ်ဆုံးအဆင့်မှ ထိပ်ဆုံးအဆင့် ထိ ပါဝင်သည်။ အိမ်ထောင်ရေး ဘ၀၊ မိခင်ဘ၀တို့နှင့် တပ်မတော် သားဘ၀တို့မှာ ထူးခြားဆန်းကြယ် လှသည်မဟုတ်ပါ။
မိန်းမဘ၀ ကျားမခွဲခြားမှု စသော ကိုင်တွယ်ယှဉ်ပြိုင်ရန် ကိစ္စများ က တကယ် တမ်း ကိုယ်ခန္ဓာချင်းတိုက်ခိုက်ရသည့်အန္တရာယ်များ တွင် သိပ်အရေး မပါလှပေ။ သို့သော် စစ်သည် တော် အ ဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် ရွေးချယ်ထားသူ အမျိုးသမီးများ အဖို့ပင်လျှင် အရေး ပါး သာ ဆုံးဖြတ်ချက်ချရေး ၌ အထက်ပါအချက်များ က စိန်ခေါ်မှု များ ဖြစ်နေသည်။ ထိုအထက်ပါ အချက်များ သည် ဘ၀ပြောင်းလဲသွားနိုင်လောက်အောင် နောက်ဆက်တွဲ ပြဿနာများ ဖြစ်တတ် ပေသည်။ ထို ပြဿနာများ သည် စစ်မှု ထမ်းအမျိုးသမီးများ ၏ ပုဂ္ဂလိကဘ၀ကို မီးမောင်းထိုးရန် အရေး ကြီးပေသည်။ မြင်ကွင်းနောက်ကွယ်မှ သူတို့ဘ၀များ ၊ မလုံခြုံမှု များ အပါအ၀င် သူတို့ ဘ၀အခြေအနေကကို သိရှိသင့်သည်။ ဤသို့ဖြင့် သူတို့အတွက် စစ်မြေပြင်မှာ ရော၊ စစ်မြေပြင် အပမှာ ပါ သူတို့၏ သတ္တိကို အဓိပ္ပာယ်အသစ်ပေးနိုင်ကြပေလိမ့်မည် ။
စစ်မှု ထမ်းအမျိုးသမိးများ အနေနှင့် ပြဿနာများ စွာ ကို ကြာရှည်စွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြ ရ၏ ။ ယောက်ျားလေးများ ကလပ်အသင်းသို့ဝင်ခွင့်မရမှု ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု ၊ ချစ်သူ နှင့် ချိန်းတွေ့ ခွင့်၊လ လက်ထပ်ခွင့်၊ ကိုယ်ဝန်ဆောင်မှု ၊ ကလေးများ နှင့် ခွဲနေရခြင်း၊ ဘ၀ပန်းတိုင် နှင့် ပတ်သက်သော ပြဿနာများ ၊ အသက်မွေးဝမ်းကျောင်းကိစ္စနှင့် မိမိကိုယ်မိမိ ထိုက်တန်အောင် နေခြင်း စသဖြင့် များ ပြားလှသည်။ သို့သော် ယနေ့အချိန်ကား အထက်ပါကိစ္စများ အားလုံး ပြောင်း လဲသွားခဲ့ကြပြီ။ စစ်မှု ထမ်းအမျိုးသမီးများ သည် ယခင်လက်နက်ကိုင်တပ်များ နှင့် အနည်းငယ်မျှ ကိုသာ ကိုယ်စားပြုမှု ရှိတော့သည်။
တော် လှန်ရေး စစ်ပွဲကာလကတည်းက အမျိုးသမီးများ စစ်မှု ထမ်းလာခဲ့ကြစေကာမူ သူတို့ သည် တကယ်လုပ်ကိုင်တိုက်ခိုက်ရသော တာဝန်များ တွင် နှစ် ရာခိုင်နှုန်းထက်မပိုခဲ့ပေ။ ရာထူး အနေနှင့်လည်း ဒုတိယဗိုလ်မှူးကြီးအဆင့်ထက်ပို၍ မရခဲ့ချေ။
၁၉၆၇ ခုနှစ် ၌ ကွန်ဂရက်လွှတ်တော် က ဥပဒေပြုပြင်လိုက်သော အခါကျမှ ရာထူးကြီးများ ရဖို့ အခွင့်သာခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ် များ အတွင်း ရှိလုပ်ငန်းတစ်ဝက်သည် အမျိုးသမီးများ ပါဝင်ခွင့်မပြုခဲ့ချေ။ ၁၉၄၄ ခုနှစ် တွင် မှ ကာကွယ်ရေး ဌာနသည် တိုက်ရိုက်ဥပဒေဖြင့် အမျိုးသမီးများ အား တာဝန်ချခြင်း မူဝါဒဖြင့် အစားထိုးခဲ့၏ ။ ထိုမူဝါဒက……
“၀န်ထမ်းများ အားလုံး မည် သည့်ရာထူးအဆင့်၌ ဖြစ်စေ၊ အရည်အချင်းမီလျှင် တာဝန်ပေး ခြင်းကို ခံယူရန် အခွင့်အရေး ရှိသည်။ သို့သော် ဗိုလ်ချုပ်အဆင့်အောက်ဌာနများ သို့ စစ်မြေပြင်၌ တိုက်ရိုက်တိုက်ခိုက်ရမည့်  မူလတာဝန်ရှိသော အမျိုးသမီးများ ကို တာဝန်းပေးခြင်းမပြုရ”
စစ်တပ်၏ အလုပ်ကား စစ်မြေပြင်၌ ဖြစ်ရာ အမေရိကန်အစိုးရသည် ကျားမခွဲခြားအလုပ် ပေးခြင်းကို ဆောင်ရွက်ဆဲ ဖြစ်၏ ။ သို့သော် စစ်တပ်သည် အမျိုးသမီးများ အား အခြားနေရာ၌ မရ နိုင်သော အလုပ်မျိုးခန့်ထားခြင်းဖြင့် လူမှု ရေး ပြောင်းလဲမှု သမိုင်းကို ပြုလုပ်လျက်ရှိပေသည်။ ဤကိစ္စသည်အငြင်းပွားမှု မပါဘဲ ဖြစ်ပေါ်လာ ဖြစ်လာကာ မဟုတ်ပါ။ ၁၉၉၀ ပြည့်လွန်နှစ် များ အတွင်း အမျိုးသမီးများ နှင့်ပတ်သက်၍ လူထုအတွင်း ငြင်းခုံမှု များ ဖြစ်လာကာ ကွန်ဂရက်လွှတ် တော် ရှိ အမျိုးသမီးအမတ်များ ကလည်း တောင်းဆိုခဲ့ကြ၍ ဖြစ်၏ ။
စစ်တပ်မှ အမျိုးသားအရာရှိများ နှင့် ဥပဒေပြုသူတချို့က ကန့်ကွက်ခဲ့ကြသေးသည်။ အမျိုးသမီးများ အား တိုက်ခိုက်ေ၇းပြင်ပ၌ သာထားရန်၊ ငြင်းခုံကြခြင်းတွင် ပြဿနာအများ အပြားရှိ ၏ ။ ခွန်အားမရှိခြင်း၊ ခံနိုင်ရည်မရှိခြင်း၊ ကျားမရောနှော၍ ညှိနှိုင်းမှု မရှိခြင်း၊ ဌာနတွင်းတွယ်တာနီး ကပ်မှု ကိုခွဲပစ်ခြင်းနှင့် တိုက်ခိုက်ရေး စွမ်းရည် တုံ့ဆိုင်းနှောင့်နှေးခြင်း စသည်တို့ ဖြစ်၏ ။ ဥပဒေပြုသူ တို့က ဖမ်းမိလာသော အမျိုးသမီးစစ်သည်များ ၊ လေသူရဲများ ကို မည် သို့ ကုသမည် နည်းဟူသော ကိစ္စကိုပင် စဉ်းစားကြပြီိး ညနေပိုင်းသတင်းများ ၌ မည် သို့ဖော်ပြမည် ဆိုခြင်းကို လည်း ပြောဆိုကြေ လသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း အထက်ပါအ ဖြစ်အပျက် များ နှင့် ပတ်သက်ပြီး အများ အပြားဆွေးနွေးခဲ့ကြသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလရောက်သော အခါ ကွန်ဂရက်၏ အမိန့်ကို တစ်နှစ် မျှ ပြန်လှန်သုံး သပ်ပြီးနောက် အမျိုးသမီးများ အား စစ်မြေပြင်၌ တရားဝင်တာဝန်ချထားရန် ခွင့်ပြုခဲ့၏ ။ နှစ် ပေါင်း များ စွာ ကွင်းထဲ၌ ပြေးလွှားကစသားခဲ့သူအား အဖွဲ့သားဝတ်စုံပေးအပ်သည်နှင့် တူပေသည်။ ပြန် လည်သုံးသပ်မှု သည် အီရတ်နှင့် အာဖဂန်နစ္စတန်စစ်မြေပြင်များ ၌ တွေ့ ခဲ့ရသော အမှန်တရား များ ကို ဆုပ်ကိုင်ပြနိုင်ခဲ့၏ ။ စစ်မြေပြင်များ တွင် အမျိုးသမီးများ သည် ထောက်လှမ်းရေး တာဝန်များ ၊ အချက်ပြဆက်သွယ်ရေး တာဝန်များ ကို ထမ်းဆောင်ခဲ့ကြပြီး ဖြစ်၏ ။ မူအရ ထိုဌာနများ သို့ ရောက်ရှိခဲ့ကြရာက ထိုတာဝန်များ ကို ထမ်းဆောင်ခဲ့ကြခြင်းတည်း။
ယနေ့တွင် ကား အမျိုးသမီး ၁၉၄၀၀၀ တို့သည် တက်ကြွစွာ တာဝန်ထမ်းဆောင်နေကြ လေပြီ။ ၁ ဒသမ ၄ သန်းရှိသော စစ်သည်ဦးရေအနက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ အရင် အင်အားက ၈၀၀၀ ရှိပြီး အမျိုးသားလုံခြုံရေး တပ်တွင် ၆၅၀၀၀ ရှိသည်။ အမျိုးသမီး စစ်ပြန်ဦးရေ က ၁ဒသမ ၈ သန်းရှိနေပြီ။ ၉/၁၀ ကတည်းက အမျိုးသမီးများ သည် အီရတ်နှင့် အာဖဂန်နစ္စတန် သို့ သွားကြရာ ၂၅၀၀၀၀ ကျော်ရှိ၏ ။ စစ်တိုက်နေသော အင်အားတွင် အမျိုးသမီးများ က ၁၁ ရာခိုင် နှုန်းရှိနေလသည်။ အမျိုးသမီးစစ်သည်အများ အပြားသည် ပင်လယ်ရပ်ခြားသို့သွားရောက်ကာ တာဝန်ထမ်းနေကြပြီ။ ၎င်းတို့၏ အဖေများ ၊အဘိုးများ ထက်ပင် စစ်ထဲ၌ တိုက်ပွဲဝင်မျိုးဆက်များ ဖြစ် နေလေတော့သည်။
မွတ်စလင်နိုင်ငံများ အနေအထားတွင် ဒေသခံအမျိုးသမီးများ နှင့် အပြန်အလှန်ဆက်ဆံ ရာ၌ အမျိုးသမီးတပ်ဖွဲ့များ လိုအပ်နေသည်။ ထိုနေရာတွင် ယဉ်ကျေးမှု အရ ပြင်းထန်မှု ကိုလျှော့ပေါ့ ၍ ဆက်ဆံရန်လိုအပ်သဖြင့် အမျိုးသမီးစစ်သည်များ က ပို၍ အဆင်ပြေနိုင်သည်။ သို့သော် ဤရှေ့ တန်းစစ်မျက်နှာ၌ အမျိုးသမီးစစ်သည်များ က ထရပ်ကားမောင်းသူများ အ ဖြစ်လည်းကောင်း၊ ဆေးဝန် ထမ်းများ အ ဖြစ်လည်းကောင်း၊ ရဲအရာရှိများ အ ဖြစ်လည်းကောင်း၊ တာဝန်ယူကြရလေ သည်။ အန္တရာယ်နှင့် ပိုမိုနီးကပ်ကြသည်။ အီရတ်နှင့် အာဖဂန်နိုင်ငံတွင် အမျိုးသမီးစစ်သည် ၁၄၅ ဦး သေဆုံးခဲ့ရပြီး ၈၆၀ ကျော် ဒဏ်ရာရခဲ့သည်။
စစ်သည်အမျိုးသမီးများ ကို ဤကဲ့သို့ စာရင်းအရသာ တိုင်းတာ၍ လည်းမပြီးသေးချေ။ စစ်တပ်ဘ၀သည် သာမန်အလုပ်တစ်ခုမဟုတ်။ ဘ၀ခရီးတစ်ခု ဖြစ်၏ ။ ထိုဘ၀ထဲတွင် ပဋိပက္ခများ ကပြည့်နေတတ်သည်။ အထင်ရှားဆုံးပဋိပက္ခမှာ အမျိုးသားများ နှင့် ထူးချွန်သော အမျိုးသမီးများ ရာထူးရောထွေးမှု ဖြစ်၏ ။ စစ်တပ်ကို စိတ်ဝင်စားဖွယ်ကောင်းသော သက်မွေးလုပ်ငန်းအ ဖြစ် ရှုမြင် သော အမျိုးသမီးများ သည် အမြဲတမ်း ဖိနပ်ခံနေရ၏ ။ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်နိုင် သည်။ တိုက်ခိုက်နိုင်သည်။ ခေါင်းဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။ အများ ကမူ ထိုကဲ့သို့ မသိကြချေ။ ဤတွင် သာမန်အမျိုးသမီးများ ၏ ထုံးတမ်းစည်းမျဉ်းများ နှင့် တွဲ ကာ ပဋိပက္ခ ဖြစ်ရတော့ သည်။
ယခုစာအုပ်တွင် ကျွန်မသည် တက်ကြွသော တာဝန်ထမ်းဆောင်သူ မျိုးသမီး လေးဦး၏ ဘ၀များ ကို လေ့လာတင်ပြထားပါသည်။ သူတို့လေးဦးလုံးသည် ခေါင်းဆောင်များ ဖြစ်ကြ၏ ။ ထူး ခြားသော နှစ် အနည်းငယ်အတွင်း အစကနဦးကပင် ပြင်းပြန်းထန်ထန် ကြိုးစား၍ ရွေးချယ်မှု များ ၊ ပြောင်းလဲမှု များ ကြီးထွားမှု များ ကို ရရှိခဲ့ကြသူများ ဖြစ်သည်။
စစ်တပ်အတွင်း မိမိလုပ်တာလုပ်နိုင်ဖို့ လုပ်ကိုင်ရသည့်မှာ မလွယ်ကူပေ။ အမျိုးသမီး စစ်မှု ထမ်းများ သည် နောက်ခံလမ်းကြောင်းအမျိုးမျိုးမှ လာကြသူများ ဖြစ်သည်။ သူတို့သည် ရေတပ် စခန်းအတွေ့ အကြုံများ လေကြောင်းအတတ်သင်ကျောင်းမှ အတွေ့ အကြုံများ ၀က်စ်ပွိုင့်ကဲ့သို့ စစ်တက္ကသိုလ်အတွေ့ အကြုံများ ၊ ဘွဲ့လွန်စစ်ကျောင်းများ မှ အတွေ့ အကြုံများ ကိုရရှိခဲ့ကြပြီ ဖြစ်၏ ။ ဤအတွေ့ အကြုံများ ကား တိုက်ပွဲအောင်မြင်ရေး အတွက် အရည်အသွေးများ ပင် ဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံတင်သာမက နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ ပါ တာဝန်ထမ်းဆောင်ခဲ့ကြသဖြင့် ဤ အမျိုးသမီးများ ၏ ဇာတ်ကြောင်းများ မှာ အရေး ပါသော ကဏ္ဍများ ပါဝင်လာခဲ့သည်
ဤအမျိုးသမီးများ ကိုပုံကြမ်းမဟုတ်ဘဲ လူသားအစစ်စစ်များ အ ဖြစ် ပြည့်ပြည့်၀၀တင်ပြနိုင် ရန် ကျွန်မ၌ ခွန်အားစိုက်ပါသည်။ သူတို့ဇာတ်ကြောင်းတွင် လုပ်ငန်းအတွေ့ အကြုံများ ပုဂ္ဂလိက အတွေ့ အကြုံများ ကို ပြောပြရာ၌ မျက်လုံးများ မှတစ်ဆင့် အများ ဆုံးပြော ဖြစ်ခဲ့ကြ၏ ။ အချို့ကိစ္စ များ တွင် အရေး မကြီးသော ဇာတ်ဆောင်များ ၏ အမည် များ ကို ပြောင်းလဲခဲ့ရသည်။ ကျွန်မ၏ ရည်ရွယ်ချက်မှာ စာဖတ်သူများ အနေန့ ဤအမျိုးသမီးများ ကို ရင်းရင်းနှိးနှီး နားလည်သွားရန်နှင့် ဂုဏ်ပြုချီးကျူးနိုင်ရေး ဖြစ်ပါသည်။ ထို့ပြင် ယနေ့စစ်တပ်၌ အမျိုသမီး တစ်ယောက် အနေနှင့် အောင် မမြင်ရရန် မည် သည့်အရာက ရယူပေးကြောင်း သိရှိကြရန် ဖြစ်ပါသည်။
ကောင်းပါပြီ။
သို့ ဖြစ်လျှင် သူတို့ကား မည် သူတွေ နည်း။
၁။ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အင်ဂျလာဆလီနာ
အရပ် ၅ ပေ
အသက် ၅၄ နှစ် ၊ ရေတပ်က ဖြစ်သည်။
လုပ်သက် ၃၀ နှစ် ကျော်ခဲ့ပြီ ဖြစ်၏ ။
အင်ဂျလာသည် ရေတပ်တွင် စပိတ်ဘာသာစကားပြောသူ ပထမဆုံးအမျိုးသမီး ဗိုလ်ချုပ် ဖြစ်၏ ။ အမျိုးသားများ ချည်းရှိသော ဌာနတွင် တပ်မျူး ဖြစ်ခဲ့ပြီး တိုက်ခိုက်မှု များ စွာ ဖြင့် နောက်ဆုံး သူ့အရည်အသွေးက သူ့အား ထိပ်ဆုံးသို့ ပို့ဆောင်ခဲ့ခြင်းတည်း။
၂။ ဒုဗိုလ်ဘာဂင် အာစင်နာ့
အသက် ၂၂ နှစ် ။ အရာရှိ ဖြစ်ခါစ။
ကလေးမျက်နှာလေးပဲရှိသေးသည်။
လေယာဉ်ပျံမစီးဖူးသေးဘဲနှင့် လေယာဉ်မောင်းသင်ကျောင်းသွားချင်သူ။
ဗားမောက် စစ်တက္ကသိုလ်၌ လေးနှစ် ပညာသင်ခဲ့သည်။
ယခု အာဖဂန်နစ္စတန် ရှေ့တန်းစစ်မျက်နှာ၌ ရောက်နေသည်။
စစ်ရဲအ ဖြစ် အမှု ထမ်းရသည်။ သူ့လိုပင် စစ်အရာရှိ ဖြစ်အောင် ခင်ပွန်းနှင့် အတူ တာဝန်ထမ်း ဆောင်ခြေင်း ဖြစ်၏ ။
သူ၏ ထူးဆန်းသော ဇာတ်လမ်းကို ယခင်ကတည်းက ကျွန်မကြားခဲ့ဖူးသည်။
လက်ဖတင်နင် ဘာဂင်သည် ဂျော်ဂျီယာ၊ ဖို့ဒ်စတီးဝပ်၌ ကျွန်မခင်ပွန်း တပ်မှူးအ ဖြစ် အုပ်ချုပ်စဉ် ဘာဂင်က တပ်စုခေါင်းဆောင် ဖြစ်၏ ။ခင်ပွန်းပြောပြထားသဖြင့် ဘာဂင်ကို စကာပြော ဆွေးနွေးရန် အဆင်ပြေမည် မဟုတ်ဟု သိထားခဲ့သည်။ သူက အနည်းငယ် “မာ” သည်ဟု ထင်ရ၏ ။ ထိုသတင်းမှန်ကြောင်လည်း သိလာရသည်။
သို့သော် စစ်ပွဲတွင် တပ်စုမှူး တစ်ယောက် ၏ စိတ်ကူးနှင့် ဇာတ်လမ်းကို ကျွန်မနားထောင် ချင်သည်။ သူနှင့် စကားပြောရင်း သူ့ကိုနားလည်ခဲ့ရသည်။ ကျွန်မ၏ မဆုံးနိုင်သော မေးခွန်းများ ကို လည်း သူအလွယ်တကူ သဘောပေါက်သွား၏ ။
စစ်ရဲ့ အလုပ်ဆိုသည်မှာ ကမ္ဘာတစ်ခွင်တွင် အထူးအန္တရာယ်များ သော အလုပ် ဖြစ်သည်။ ဗိုလ်ဘာဂင်နှင့် တပ်သားတို့ကား အာဖဂန်နစ္စတန်၌ နေ့စဉ် ရင်ဆိုင်နေရသေးသည်။ ကျွန်မသည် သူ့ဇာတ်အကြောင်းကို အာဖဂန်ငရဲခန်းများ မှ ဝေးကွာလှသော ဗားမောက်စစ်တက္ကသိုလ်ကူ စတင် ရေး သားပါမည် ။
သင်တန်းသားဘ၀၊ အပြစ်ကင်းသော ငယ်စဉ်ကလေးဘ၀မှစကားစစ်ဇုန်နယ်မြေ၌ တာဝန် ယူရသော ခေါင်းဘ၀အထိ နက်နက်ရှိုင်းရှိုင်းတူးဖော်ခဲ့ပါသည်။
၃။ စစ်သင်တန်းနည်းပြ တပ်ကြအေမီစတုတ်လေး
အသက် ၂၅ နှစ် တိုက်ခိုက်မှု စွမ်းရည် ခါးပတ်နက်ရသူ။
အီရတ်၌ တိုက်ပွဲလှုပ်ရှားမှု ဖဲကြိုးဆုရသူ။
သူက သင်တန်းမှာ အော်ဟစ်အမိန့်ပေးဖို့ အိမ်မှအလုပ်ရှိရာ “ပဲရစ်ကျွန်း” သို့ ကားမောင်း လာရင်းကားထဲမှ စတီရီယိုသံကို လွှမ်းသွားအောင် လေ့ကျင့်နေသူ ဖြစ်၏ ။ သူက သင်တန်းသား သစ်များ ကို အော်ဟစ်လာအောင်လုပ်ရခြင်းတို့ နှစ်သက် ၏ ။ ထို့ကြောင့် မျက်တောင်တုများ တပ်၍ လက်ည်းအလှဆင်ပြီး နှုတ်ခမ်းနီဆိုးထားရင်းပင် အော်ဟစ်လေ့ကျင့်ခြင်း ဖြစ်၏ ။
သူ့သင်တန်းသားသစ်များ နှင့် တစ်ပတ်မှာ နာရီပေါင်း ၁၄၀ အချိန်ကုန်နေရာ၊ သူ့မှာ ကိုယ် ပိုင်ဘ၀အတွက် အချိန်မရှိချေ။ အိမ်ထောင်ပြုဖို့လည်း စိတ်မကူးတော့။
သူနှင့် ပထမအကြိမ်တွေ့ သော အခါ သူ လေသံရှရှနှင့် စကားပြောရာကျွန်မက လုံးဝနား မလည်နိုင်ပေ။
“အအေးမိထားလို့လား” ဟုမေးမိ၏ ။
“မဟုတ်ပါဘူး မမရယ်။တစ်နေကုန် အော်ဟစ်ခဲ့ရလို့ပါ”
ဤနည်းဖြင့် ကျွန်မတို့ စတင်ခဲ့ကြပါသည်။
ပဲရစ်ကျွန်းသို့ ကျွန်မသုတေသနပြုရန်ရောက်သွးသော အခါ သူ့ကိုနည်းပြအ ဖြစ် မွေးဖွားခဲ့ ခြင်းမဟုတ်မှတ်း သဘောပေါက်သွား၏ ။ ရေတပ်သားသင်တန်းနည်းပြတို့သည် မိမိဘာသာမွေးမြူ ရသူများ ဖြစ်သည်။ အမျိုးသမီးသင်တန်းနည်းပြများ က ပို၍ ပင် မွေးမြူရသူများ ဖြစ်၏ ။ တပ်ကြပ် စတုတ်လေးသည် ထရပ်ကားမောင်းသူဘ၀မှ သင်တန်းနည်းပြ ဖြစ်ရန် သူ့နည်းနှင့် သူ ကိုယ်ပိုင်ကြိုး စားခဲ့သူတည်း။ မီးခိုးရောင် ၀က်ဝံဦးထုပ်နှင့် မိန်းမကား မည် သူနည်။ သူ့ကိုရှာဖွေဖို့ ကျွန်မ ပ်ြငဆင်ခဲ့ပြီးပါပြီ။
၎။ ဗိုလ်မှူး ကင်ဒစ်စ်အိုဘရိုင်ယန်
ကင်ဒစ်စစ်အိုဘရိုင်ယန်ကို လွန်ခဲ့သည့် ၁၂ နှစ် က အင်တာဗျူး လုပ်ခဲ့ဖူးသည်။ ဦးနှောက် ကောင်းသူ၊ အသက် ၃၃ နှစ် အရွယ် ဆံပင်နီနီနှင့် ဖြစ်၏ ။ စီမံချက်ရုံးခန်း၌ သူ့လုပ်ဖော်ကိုင်ဖက်အ ရာရှိများ ထက် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည်။ စစ်မြေပြင်ကျတော့လည်း အားလုံးကိုကျော်ပြီး လှုပ်ရှားနို်င်သူ ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားလှသူပင်တည်း။ သို့သော် မိခင်တပ်ရင်း၌ ကားမည် ကဲ့သို့ရင်ဆိုင်ရမည် ဆိုခြင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း မရှိချေ။ အာဖဂန်နစ္စတန်ရှိ နေတိုး ဌာနချုပ်သို့သွားရောက်သော အခါ ကလေးငယ်နှစ် ဦးကို ချန်ထားခဲ့ရ၏ ။ အိမ်ထောင်ရေး က ဒုက္ခတွေ နှင့် ကျန်ရစ်သည်။
ကျွန်မသည် ကင်ဒစ်စ်အိုဘရိုင်ယန်အကြောင်းကို စိတ်ဝင်စား၏ ။ အကြောင်းမှာ သူသည် စစ်တပ်အတွင်းရှိ စစ်သည်အချင်းချင်း အိမ်ထောင်ပြုပြီး မိခင် ဖြစ်လာသူကြသော စစ်သည်အမျိုး သမီးများ ကို ကိုယ်စားပြု၍ ဖြစ်သည်။ သူသည်လေထဲမှာ ၀ဲလာသော ဘောလုံးများ အားလုံးကို ဘယ်လိုနိုင်နင်းအောင် လုပ်ပါလိမ့်။ စစ်သည်အမျိုးသမီး တစ်ယောက် အနေနဲ့ တကယ်တမ်းလုပ် နိုင်ပါ့ရဲ့ လား။ ဤစာအုပ်ရေး နေစဉ်အတွင်း သူအာဖဂန်နစ္စတန်သို့ ထွက်ခွာသော အခါ ကျွန်မတို့ အားလုံး မည် သူမျှ ကြိုတင်တွက်ဆမထားသော နည်းဖြင့် သူ့ဇာတ်ကြောင်း ဖြေချသွားခဲ့သည်။
သူတို့အားလုံး၏ ဇာတ်ကြောင်းများ ကလည်း စစ်သည်အမျိုးသမီးဆိုသည်မှာ ကွက်ကီးလှီး သော ဓားနှင့် တူကြောင်း ပြသနေကြသည်။ ဗိုလ်ချုပ်ဆယ်လီနာဆိုလျှင် ပုံပန်းကသေးသေးလေး ဖြစ်သော်လည်း အမျိုးသမီးဘတ်စကက်ဘောအသင်းကို ထူထောင်သူအသင်း ကပ္ပတိန် ဖြစ်လေ သည်။
ဗိုလ်ဘာဂင်ဆိုလျှင် အမိန့်ပေးရာ၌ မာကျော၏ ။ သို့သော် သူ့အလုပ်တာဝန်ကျရာသို့ သွား သော အခါ သူချစ်သော ပုံသွငထားသည့် တိရစ္ဆာန်အရုပ်ကလေးများ ကို ယူသွားလေ့ရှိသည်။ တပ်ကြပ်စတုတ်လေးဆိုလျှင် သူ့တပ်သားများ ကို ဟိန်းဟောက်တတ်သော်လည်း ထိုသို့ပြုလုပ် ခြင်းအတွက် အကောင်းမြင်ခံရအောင်လုပ်တတ်သည်။ ဗိုလ်မှူး အိုဘရိုင်ယန်သည် အာဖဂန်၌ ဗိုလ်ချုပ်ပက်ထရီးယပ်စ်ကို ညွှန်ကြားနိုင်စေကာမူ အခြေခံတပ်စခန်းအပြင်ဘက်ရှိ နေကြာပန်းများ ၏ အလှတွင် လည်း နစ်မျောနေတတ်ပေသည်။
ဤအမျိုးသမီးများ အကြောင်း လေ့လာမိလေလေ ပိုပြီး သိချင်လာလေလေ ဖြစ်ရ၏ ။ သူတို့ ၏ ဇာတ်ကြောင်းများ သည် အမေရိကန်မြေမှာ ရော ပြည်ပမှာ ပါ သူတို့ကိုယ်တွင်း၌ ချည်နှောင် ရစ် ပတ်ထားကြ၏ ။ ထို့ပြင် ဤအမျိုးသမီးစစ်သည်လေးဦးတို့သည် အမေရိကန်ရှိ အမျိုးသမီးစစ်သည် အားလုံး ယနေ့ရင်ဆိုင်နေရသော ပြဿနာများ ကို နမူနာပြထင်ဟပ်နေကြပေသည်။ အိမ်ထောင် ရေး ၊ သားသမီးရေး ၊ လုပ်ငန်းခွင်အရေး နှင့် ဘ၀ပန်းတိုင်ကိစ္စများ ပါဝင်သည်။ ဤစာအုပ် အတွင်းရှီ အကြောင်းအရာများ မှာ ပုဂ္ဂိုလ်တစ်ဦးစီ၏ မမေ့နိုင်စရာများ ဖြစ်၏ ။ သို့သော် ပုဂ္ဂိုလ်အားလုံးကို ကိုယ်စားပြုနေပေသည်။
သူတို့၏ ဇာတ်ကြောင်းများ မှာ မှတ်တမ်းမှတ်ရာအ ဖြစ် ၂၀၀၆ မှ ၂၀၁၁ အထိ ငါးနှစ် အတွင်း အ ဖြစ်အပျက်များ ဖြစ်သည်။ ထိုငါးနှစ် အတွင်း သမ္မတသက်တမ်းရွေးကောက်ပွဲတစ်ကြိမ် စီးပွားရေး ကျဆင်းမှု တစ်ခု။ ဘတ်ဂျက်ပြတ်ကောက်မှု တစ်ခု၊ စစ်ဇုန်နှစ် ခုသို့ စစ်တပ်ဖြန့်ကြက်ခြင်း တစ်ခုနှင့် အမေရိကန်ပြည်ထောင်စုလူထု၏ စစ်ပန်းအချိန်တစ်ချိန်တည်း ဖြစ်ပေ သည်။ ဤနှစ် များ အတောအတွင်း ….
အုပ်စုလိုက် အကြမ်းဖက်မှု ၊ အသေခံဗုံးခွဲမှု ၊ ထိပ်သီး၊ ထွက်ရပ်မဟာဗျူဟာ၊ အယ်လ်ခိုင်ဒါ တာလီဘန်၊ လေကြောင်းတိုက်ခိုမှု စသော ဝေါဟာရစကားလုံး အသုံးအနှုန်းများ သည် လူသိများ သော အနေအထားသို့ ရောက်ရှိလာခဲ့ကြ၏ ။
ဤရှုပ်ထွေးမှု များ နှင့် ဆန့်ကျင်ဘက်အ ဖြစ် အသက်အမျိုးမျိုး၊ရာထူးအမျိုးမျိုး၊ နောက်ခံအ အမျိုးမျိုး၊ အတွေ့ အကြုံအမျိုးမျိုးတို့သည် သူတို့ဘ၀၌ ပါဝင်ခဲ့ကြသည်။ သူတို့သည် အလုပ်ကြိုး စားကြ၏ ။ ရည်ရွယ်ချက်မြင့်မားကြ၏ ။ ဇွဲရှိကြ၏ ။ သူတို့လုပ်ငန်း၌ ထိပ်ဆုံးသို့တက်ရန် ကြိုးစားကြ ၏ ။ သို့သော် သူတို့၏ ပုဂ္ဂလိကဘ၀အတွင်းရှိ စိန်ခေါ်မှု များ ကို သူတို့ဆောင်ရွက်ချက်များ နှင့် ချင့် ချိန်ကြရလေသည်။
ဤကဲ့သို့ အမျိုးသမီးများ ပတ်လည်၌ ဖြစ်ပေါ်လာနေသော အရေး ကိစ္စများ ကို ရေတပ်၊ ကြည်းတပ်၊ ကာကွယ်ရေး ဌာနနှင့် ကွန်ဂရက်လွှတ်တော် ကလည်း မရေမရာလုပ်ပြီး ဖြေရှင်းမှု မပြု ကြချေ။ စစ်သည်အမျိုးသမီးများ ကိုယ်တိုင်ကသာ တစ်ဥိးချင်း၏ ရွေးချယ်မှု ဖြစ်၍ ဖြစ်လာသမျှ ကိုယ်တွင် ကြရသည်။ ရရှိသော ဆုလာဘ်ကားအထူးပင် ထူးခြားပါပေသည်။ သို့သော် အရင်းအနှီး ကလည်း ကြီးမာ၏ ။ အချို့ဆိုလျှင် အလုပ်ထွက်ဖို့ပင် စဉ်းစားမိကြသည်။ အများ အပြားကမူ ဆက်လက်လုပ်ကိုင်နေကြ၏ ။
ဒီလိုနေရတာ ထိုက်တန်ရဲ့ လား
ဘာတွေ အောင်မြင်လာသလဲ။
ဘာတွေ စတေးခဲ့ရသလဲ။
နောက် ဘာတွေ ဖြစ်ဦးမလဲ။
ကျန်မေးခွန်းများ ကို သူတို့သာဖြေနိုင်ပါလိမ့်မည် ။ မေးဖို့တော့ အချိန်တန်ပါပြီ။
တိုက်ဖွန်းရာသီ
ကင်းဒစ်စ်၊ ဒီဇင်ဘာ (၅)၊ ၂၀၀၇၊ စကိုးဖီးလ်တပ်တွင်း၊ ဟာဝိုင်ယီ
ဗိုလ်မှူးကင်းဒစ်စ်အိုဘရိုင်ယန်၏ မျက်လုံးများ ကျယ်လာကြသည်။ သူမ၏ ဆဲလ်ဖုန်းများ က မြည် လာ၍ ဖြစ်၏ ။ အခြားသော စစ်ဗိုလ်အရာရှိများ လိုပင် ညဥ့်အခါဖုန်းကို ဖွင့်ထားသည်။ ညဥ့် လယ်ဖုန်းများ လာနိုင်၍ ဖြစ်၏ ။ ယခုဖုန်းမှာ သူမ၏ ခင်ပွန်းထံမှ ဖြစ်လေသည်။
“ဟေ…. ဟန်နီ၊ ဘာ ဖြစ်လို့လဲ” ဟုနှုတ်ဆက်၏ ။
“ကိုယ်မယံနိုင်လို့ပါ၊ လေယာဉ်လွတ်သွားပြီ ယူနိုက်တက်အဲလိုင်းဟာ တို့ကို အကူအညီ မ ဖြစ်ဘူး။ အခု လေယာဉ်ကွင်းမှာ ဘာလုပ်ရမှန်းမသိဘူး”
ကင်းဒစ်စ်၏ ခင်ပွန်းက ဗိုလ်မှူးဝီလ်အိုဘရိုင်ယန် ဖြစ်၏ ။
ကင်းဒစ်စ်က သူ့ခင်ပွန်းဘယ်ရောက်နေကြောင်း ဘယ်အချိန်ရှိပြီး ဖြစ်ကြောင်း မသိရသေး။ နာရီကြည့်တော့ န့နက် ၅ နာရီသာရှိသေးသည်။ တစ်ညလုံးလေပြင်းတို်က်ခဲ့သည်။ မိုးကြိးခဲ့သည်။ နံရံနှင့် အမိုးကို အငြှိုးတကြီးရွာချခဲ့သည်။
ကင်းဒစ်စ်မျာက ကိုယ်ဝန် ခြောက်လရှိနေ၏ ။ ညက ကောင်းစွာ မအိပ်နိုင်ခဲ့။
“ရှင် အခု ဘယ်မှာ လဲ”
“ဒမ်ဗာမှာ လေယာဉ်မှူးထမ်း တစ်ယောက် အရေး တကြီးနေမကောင်း ဖြစ်တယ်လေ။ ဒါနဲ့ ဆန်ဖရန်စစ္စကိုမှာ အရေး ပေါ်ဆင်းလိုက်ရတယ်။ လေယာဉ်ထဲမှာ ၁၁ နာရီနေခဲ့ရတယ်။ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ ငါ အရမ်းကို…. …”
“၀ီလ်…အချစ် စိတ်လျှော့လိုက်ပါ။ တော် ကြကောင်းသွားမှာ ပါ။ ကိုယ့်မှာ သမီးလေးနဲ့ဆို တော့ သတိရပါဦး။ စိတ်ကိုငြိမ်အောင်ထားပါ။ အခု ဘာလုပ်နေတာလဲ”
ဝီလ် စိတ်တိုနေတိုင်း ကင်းဒစ်စ်က ဤသို့ချော့ရမြဲ ဖြစ်၏ ။
သူ့ကို ဘယ်လိုဖြေဖျောက်ရမလဲဟု တွေးရမြဲ ဖြစ်သည်။
ယခု ၀ိလ် အဆင်မပြေ ဖြစ်နေသည်။ ကင်းဒစ်စ်က ပင်လယ်ထဲရှိ ကျွန်းကလေးပေါ်မှ ဘာများ လုပ်ပေးနိုင်ပါမည် နည်း။
ကင်းဒစ်စ်သည်အမေရိကန်ပစိဖိတပ်မတော် မှ ထောက်လှမ်းရေး အရာရှိ ဖြစ်၏ ။ ယခု သူက ဂျပန်နှင့် ဟာဝိုင်ယီရှိ စစ်ရေး အရာရှိများ နှင့် ထောက်လှမ်းရေး အခြေအနေများ ကို ပြောပြရန်ရှိနေ သည်။ လွန်ခဲ့သည့် ၂၄ နာရီက အ ဖြစ်အပျက်များ နှင့် နောက် ၂၄ နာရီမှာ ဖြစ်နိုင်မည့် ကိစ္စများ ကို ရှင်းပြမည် ဖြစ်သည်။ သူ့လက်လောက်ကို အဆင်သင့် ဖြစ်နေသော ခင်ပွန်းသည်ကို စိတ်ရှည်ရှည် ပြောနိုင်ရန် အချိန်မရှိ။
လွန်ခဲ့သည့်ညက ၀ီလ်သည် တစ်နှစ် ခွဲသမီးလေး ကိတ်နှင့် အတူ ဟိုနိုလူလူမှ လေယာဉ်ီး သွားခဲ့သည်။ ကင်းဒစ်စ်မြို့ရှိ မိဘများ ထံ ခရစ္စမတ်အကြိုအားလုပ်ရက်အတွက် သွားရောက်ခြင်း ဖြစ်၏ ။ သူ့လက်ထောက်ကို အဆင်သင့် ဖြစ်၊ မ ဖြစ် စစ်ဆေးရဦးမည် ။ သူညွန်ကြားချက်များ က လည်း အကွက်ကျဖို့လိုသည်။ ဤအချိန်တွင် လေယာဉ်အဆင်မပြေ ဖြစ်နေသော ခင်ပွန်းသည်ကို စိတ်ရှည်ရှည်ပြောနိုင်ရန် အချိန်မရှိ။
စစ်တပ်အတွင်းနှစ် ဦးလုံး အမှု ထမ်းကြသော အိမ်ထောင်သည် အများ နည်းတူ အိုဘရိုင် ယန်စုံတွဲ သည်လည်း အိမ်ထောင်သက် ခုနစ်နှစ် အတွင်း တစ်ဝက်မျှကို ခွဲခွာခြင်းဖြင့် နေခဲ့ကြရ ၏ ။
ကင်းဒစ်စ်က မတ်တပ်ရပ်လိုက်သည်။
ဦးခေါင်းကိုပွတ်သည်။ သူ့ဆံပင်နီတွေ က ထိပ်မှာ ရှုပ်နေ၏ ။ ကင်းဒစ်စ်က ဆံပင်ကို အရှည်မထားရဟူသော စစ်စည်းကမ်းအရ မရှည်ရစေကာမူ အတတ်နိုင်ဆုံးလှအောင်ထားလေ့ရှိ သည်။ တကယ်တော့ ဆံကေသာဟူသည် မိန်းမတို့၏ သရဖူမဟုတ်ပါလား။
ဝီလ်က ညံ့ဖျင်းသော လေကြောင်းစီးရ၍ စိတ်တိုနေစဉ် ကင်းဒစ်စ်က ခန်းမမှော င်မှော င်ထဲ သို့ စမ်းလျှောက်နေရ၏ ။ သူတို့ စကိုးဖ်းလ်စစ်တန်းလျားက အပူပိုင်းသစ်တောနှင့် နာနတ်ခင်း အများ ဆုံးတွင် ရှိပြီး “၀ီကီကီ” ဟိုတယ်နှင့် အတော် လှမ်းသည်။ မြေညီထပ်မှာ နေရသဖြင့် တိတ် ဆိတ်ငြိမ်သက်မှု ရခြင်းကို ၀ီလ်နှင့် ကင်းဒစ်စ်က သဘောကျသည်။
ဤတပ်မှာ နေရသော လူအများ က ဝေးလံသည်ကို ညည်းညူလေ့ရှိကြ၏ ။ ၁၉၁၉- ၁၉၂ ခုနှစ် ခေတ်ကဆောက်ခဲ့သော တိုက်အိုကြီးကိုဖြတ်သွားရခြင်းကို အထူးသဖြင့် မကြိုက်ကြခြင်း ဖြစ် ၏ ။ ဤတိုက်ကြီးများ ထဲမှာ “From Here to Eternity” ဇာတ်ကားထဲ၌ တပ်ကြပ်အ ဖြစ် သရုပ် ဆောင်ခဲ့သော “ဘတ်လန်ကက်စတာ” က သူ့တပ်မှူး၏ ဇနီးအား နမ်းခဲ့သော အခန်းကိုရိုက်ခဲ့ သည်။ ဤစစ်တန်းလျားမှာ လူတိုင်းလိုလိုပင် ဤရုပ်ရှင်ကား (အဖြူအမည်းကား) ကို တစ်ကြိမ် တော့ အနည်းဆုံးကြည့်ဖူးကြလေသည်။
အိုဘရိုင်ယန်မောင်နှံကား ဤအရပ်၌ နေရသည်ကို စိတ်မပျက်ကြချေ။ သူတို့အဖို့ ဤ အဆောက်အအုံများ သည် ကျောင်းဟောင်း၏ စစ်နေအိမ်များ ဖြစ်နေကာ ဂျူနီယာအရာရှိ ဖြစ်ဖို့ မျှော်လင့်ချက်ပေးသော နေရာ ဖြစ်၏ ။ အိမ်နောက်ဖေး၌ ပေါ်တီကိုရှိ၏ ။ သူတို့က ဤနေရာ၌ တပ် မတော် ရာထူးများ ဖြင့် ရောက်လာကြသော လူများ နှင့် နေရခြင်းကိုလည်း ပျော်သည်။ ၀ီလ်က လမ်းကိုဖြတ်ကူးပြီး ရုံးတက်ရခြင်းကိုလည်း သဘောကျ၏ ။ ထိုဌာနချုပ်ကို ဂျပန်ကို တိုက်ခိုက်ခံခဲ့ရ သော သမိုင်းရှိသည်။
ဝီလ်က လေကြောင်းလိုင်းကို စိတ်တိုနေဆဲ။ ကင်းဒစ်စ်က မီးဖိုချောင်သို့ ရောက်သွား၏ ။ ကော်ဖိတစ်ခွက်အရင်ဆုံးလုပ်ရမည် ။ ကော်ဖီအမည်း ဖြစ်သည်။ ထိုဘက်ကော်ဖီကို အသက် ၁၆ နှစ် မွေးနေ့ပွဲမှာ ကော်ဖီဖျော်စက်လက်ဆောင်ရပြီးကတည်းက စွဲခဲ့ခြင်း ဖြစ်သည်။ ကိုယ်ဝန်ရှိစဉ် ကော်ဖီမသောက်ရဟုနားလည်သော်လည်း ၀က်စ်ပွိုင့်စ်တက္ကသိုလ်မှာ ညလုံးပေါက် စာကြည့်ခိုင်ခဲ့ သည်မှာ ကော်ဖီကြောင့် ဖြစ်၏ ။ သို့သော်မီးဖိုချောင်မှာ မှော င်မည်းနေသည်။ လျှပ်စစ်မရှိ။ သည်တော့ ကော်ဖီလည်း မရနိုင်တော့ချေ။
“ရှီးမှပဲ။ ဘာမှ လုပ်မရသေးဘ။ ကိတ်က ဆာနေပြီ အခုလျှောက်ပြေးနေတယ်”
အမှော င်ထဲတွင် ၀ီလ်၏ ဒေါသသံကိုကြားနေရသည်။
အမှန်က ကိတ်က လေယဉ်ထဲမှာ ၁၁ နာရီကြာနေခဲ့ရ၍ သာ ဖြစ်မည် ။ မီးဖိုချောင်စားပွဲမှာ ထိုင်ရင်း ၀ီလ်ကို ပြန်ပြောရ၏ ။
“၀ီလ် ကိတ်က ခွန်အားတွေ ထုတ်ပစ်ဖို့လိုတဲ့ကလေးလေးပဲ။ သူ့ကို ၀ိုင်းကြီး ပတ်ပတ် ပြေးခွင့်ပေးလိုက် ပါ။ အသက်၀၀ရှူပြီး စိတ်ကိုငြိမ်အောင်လုပ်ပါ။ ကောင်းသွားလိမ့်မယ်။ ရှင့်အနား မှာ လက်မှတ်ပြန်ဝယ်မယ့်သူရှိလား”
‘ဟေး ပြောမနေနဲ့ တန်းစီတဲ့အထဲမှာ ငါအရှေ့ဆုံးပဲ”
ဝီလ် တစ်ယောက် လက်မှတ်ရောင်းတာရှေ့မှာ ပစ္စည်းတွေ မနိုင်မနင်းနဲ့ တန်းစီနေပုံကို ကင်းဒစ်စ်မြင်ယောင်နေ၏ ။ ၀ီလ်က သူနှင့် မသိကျွန်းသူများ နှင့် ဆက်ဆံရလျှင် စိတ်မပျက်တတ် ချေ။ သူ့အဖွဲ့ထဲမှာ တော့ သူ့ပထမဆာဂျင်က သူ့ကို “စိတ်တိုတတ်သော ၀ီလ်” ဟုနာမည် ပေးထား ပြီး ဖြစ်သည်။
ကင်းဒစ်စ်ထံ ဒုတိယဖုန်းမြည် လာသည်။
ပစိဖိတ်တပ်မတော် ဗိုလ်မှူးထံမှ ဖြစ်။ ကင်းဒစ်စ်က နေ့လယ် ၁၂ နာရီမှာ “စစ်စင်တာ” သို့ သွားရောက်သတင်းပို့ရန်ရှိသည်။ ဂျင်နရေတာ များ က အဆင်ပြေကောင်းမွန်နေ၏ ။ ကွန်ပျူတာက ပျက်နေသည်ဟုဆိုသည်။ ဒုက္ခတော့ ကျကျနန ဖြစ်တော့မည် ။
ကင်းဒစ်စ်က ဧည့်ခန်းသို့ လျှောက်၏ ။
အခန်းတွင်းမှော င်နေရာမှ ဖြည်းဖြည်းချင်း လင်းလာသည်ကိုကင်းဒစ်စ်က ကြည့်နေသည်။ ယခုမှ ထင်ထင်ရှားရှားမြင်ရ၏ ။ ဟာဝိုင်ယီ အရုဏ်ဦးမှာ သဘာဝဘေးသင့်ခဲ့ပါပြီကော။
“အို ဘုရားသခင်”
ကင်းဒစ်စ်က အနောက်ဘက်ပြတင်းကိုကြည့်ရာ ပေါ်တီကို၏ ပလတ်စတစ်အမိုးက လွင့်စင်သွားပြီ။ နောက်ခြံဝင်းထဲရှိ စတိုခန်းအမိုးမှာ လည်း လန်သွားပြီး စစ်ဘက်ဆိုင်ရာ အသုံး အဆောင်များ အကုန်လွင့်စင်သွားပြီ။ ပန်းအိုးဖြင့် စိုက်ထားသော အပင်များ က ဘေးစောင်း လဲကျနေ၏ ။
လေမုန်တိုင်းက နံနက် (၃)နာရီမှာ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏ ။တစ်နာရီ မိုင် ၇၀ ဟုသိ ရ သည်။ ဤကျွန်းတွင် အပြင်းထန်ဆုံး လေတိုက်နှုန်း ဖြစ်၏ ။ မုန်တိုင်းက လျှပ်စစ်ကြိုးများ က ဖြိုလှဲ ပစ်ခဲ့သည်။ သစ်ပင်ကြီးများ ပြိုလဲကျသည်။ မိမိခေါင်မိုးများ ပျက်စီးကုန်ပြီ။ ရေလျှံမှု လည်း ဖြစ်နေ သည်။ အိုဘရိုင်ယန်တို့ အိမ်နီးချင်းအိမ်က ပို၍ ဆိုး၏ ။ အနီးရှိ ထိးသဖွယ် ဖြန့်ကြက်ထားသော သစ် ပင်က သူတို့အိမ်ခန်းပေါ်သို့ပိကျနေသည်။
ဤအချိန်မှာ ပင် ဖုန်းမြည် လာသည်။ ၀ီလ်ဆက်ခြင်းပင် ဖြစ်၏ ။ ကင်းဒစ်စ်က အသက်ပြင်း ပြင်းရှူလိုက်ပြီးမှ ဖုန်းကိုကိုင်သည်။
‘ကင်းဒစ်စ် ငါ ဒိမှာ အရမ်းဒုက္ခ ဖြစ်နေတယ်။ ငါက လေယာဉ်လက်မှတ်ရဖို့ အေးဂျင့်နဲ့ စကားပြောတုန်း ကိတ်က ဘေးကလမ်းလျှောက်တဲ့နေရာကို ပြေးဆင်းသွားတယ်။ ငါ ဒီလေယာဉ် ကွင်းမှာ ကိတ်နဲ့ နောက်ထပ် လေးနာရီစောင့်ရဦးမယ်။ ငါ မလုပ်နိုင်ဘူး။ မင်း ဒီကိုလာဖို့ လို တယ်”
ဝီလ်က ဒေါသတကြီးပြောနေ၏ ။
ကင်းဒစ်စ် စိတ်ထဲမှာ ကား “အေး အဲဒီ အလုပ်မျိုးကို ငါ နောက်နှစ် ကျရင် ကလေး နှစ် ယောာက်နဲ့ လုပ်ရမှာ ရှင်တာဝန်ကျတဲ့ကာလမှာ လေ” ဟု တွေးနေသည်။ သို့သော် ခင်ပွန်းကို လေပြည်ထိုးရ၏ ။
“ဟို… ကိစ္စမရှိပါဘူး ဟန်နီရယ်။ ပြီးရင် ရှင်ဘာလုပ်စရာရှိလဲ။ အစားကော စားပြီးပြီးလာ။ ကိတ်ရော ဆာနေပြီလား။ စားစရာရမယ့်နေရာတစ်ခုခု”
ကင်းဒစ်စ် စကားမဆုံးမီ ၀ီလ်ဖုန်းချသွားသည်။
ကင်းဒစ်စ်က မျက်မှန်ကိုဖြုတ်ပြီး မျက်လုံးကိုပွတ်လိုက်၏ ။
မနက်ကလည်း ၀ီလ်သည် အဆက်မပြတ် မကျေမနပ် ဖြစ်နေခဲ့သည်။ ကင်းဒစ်စ်က ၀ီလ်ဤသို့ ဖြစ်နေလျှင် အတတ်နိုင်ဆုံး ပြေလည်အောင်လုပ်၏ ။ ရန်ပွဲမစချင်၍ ဖြစ်သည်။ သူ့ခင် ပွန်းကို ပြန်ကောင်းစေချင်၍ ဖြစ်သည်။
မလွယ်ဘူး။ ဘယ်တော့မှ မလွယ်ဘူးဟု ကင်းဒစ်စ်တွေး၏ ။ ဒေါသပြင်းထန်မှု များ သည် အိမ်ထောင်ရေး ကို ကြေကွဲစေ၏ ။ ၀ီလ်၏ တပ်ဖွဲ့ကို အီရတ်သို့ တာဝန်ချသော အခါ သူ့ကိုတာဝန် မပေးသင့်ဘူးဟု သတ်မှတ်ခံခဲ့ရဆဲ ဖြစ်သည်။ အာဖဂန်နစ္စတန်မှာ ၁၂ လနေထိုင်ရမည် ဆိုခြင်းကို လျော့နည်းခဲ့၍ ဖြစ်၏ ။
ဤအခါ သူ့ကို ဟာဝိုင်ယီမှအပြင်လွှတ်ခြင်းထက် နောက်တန်းတွင် နေရစ်ရန် တောင်းဆို ခဲ့၏ ။ ဒါက သူ့အတွက်အဆင်ပြေမည် ။ သူက သူ့ဌာနမှာ ငါးနှစ် တာဝန်ထမ်းခဲ့သဖြင့် တပ်သားအား လုံးနှင့် သိကျွမ်းသည်။ သို့သော် ထိုအလုပ်အတွက် စေတနာ့ဝန်ထမ်းလုပ်ခြင်းဆိုသည်မှာ မိမိ ကိုယ်မိမိ ဓားနှင့် ထိုးခြင်း ဖြစ်၏ ။
အီရတ်နှင့် စစ်ပွဲကို ၂၀၀၃ ကစတင်ခဲ့ပြီး ၂၀၀၇ မှာ အပြင်းထန်ဆုံး ဖြစ်သည်။ သူ့တပ်မှ ပြင်းထန်စွာ ဒဏ်ရာရကြောင်း မိသားစုထံစာပို့ခြင်း ၁၃၆ ကြိမ်လုပ်ခဲ့ရ၏ ။ တပ်သား ၂၁ ဦးကျဆုံးခဲ့ ၏ ။ ၀ီလ်သည် ဈာပနများ ကို ဦးဆောင်ခဲ့ရသည်။ ကြေကွဲနေသော မိသားစာများ ကိုနှစ် သိမ့်ခဲ့ရ သည်။ မိမိတို့သားများ ၊ ခြေလက်ပြတ်သွားကြောင်း မိဘများ ထံသတင်းပို့ခဲ့ရသည်။ ဦးနှောက်ဒဏ် ရာထိမှု များ နှင့် ပြန်လာရသော မိတ်ဆွေများ ကိုလည်း မြင်ခဲ့ရသည်။ ခြေလက်ဆုံးရှုံးခြင်း၊ အသက် ဆုံးရှုံးခြင်းတစ်ခုတိုင်းကို ကင်းဒစ်စ်က သူ့ခင်ပွန်း၏ ဆုံးရှုံးမှု တစ်ပိုင်းတစ်စ ဖြစ်လာမည် ဟု မြင်ခဲ့ သည်။
ယခုမနက်ဖုန်းခေါ်မှု များ က ကင်းဒစ်စ်အား ဘ၀ပုံစံ ဘယ်လို ဖြစ်နေကြောင်း ပြနေသည်။ “ဒါတွေ ငါတို့ကို၊ ငါတို့ဘာ ဖြစ်လို့ လုပ်နေမိတာလဲ” ဟု စဉ်းစားသည်။ ဤမေးခွန်းကိုမေးသူမှာ ကင်းဒစ်စ်တို့စုံတွဲ သည် ပထမဦးဆုံးမဟုတ်ချေ။ ၀က်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တုန်းကလည်း အမျိုး သမီးနည်းပြဆရာ ဖြစ်သူ ‘ကေသီဒဲရစ်” က ပြောဖူး၏ ။
ရာထူးမြင့်သူများ ၏ အိမ်ထောင်ရေး မှာ နှစ် ဥိးလုံးအတွက် ခက်ခဲမှု များ ရှိသည်။ကလေးများ ကိစ္စရှိသည်။ နောက်တန်းမှာ တစ်စုံတစ်ရာကို ထားမှသာ ဖြစ်မည် ။ ဤသည်မှာ အိမ်ထောင်ရေး ဘ၀ ဖြစ်သည်ဟု ဆိုသည်။
ထိုနေ့အဖို့ ကင်းဒစ်စ်မျက်နှာ ပို၍ အိုစာနေလေသည်။ အမှန်မှာ သူသည် အသက် ၃၂ နှစ် သာရှိသေးသည်။ သူ့မျက်နှာက ၃၂ နှစ် ထက် ကျဆင်းနေလေ၏ ။ အိမ်ပြင်ပရှိ အပျက်အစီးများ ကို ငေးရင်း ဆောက်တည်ရာမရ။ ကိုးကွယ်ရာမရှိ ဖြစ်နေသည်။ ၀ီလ်ခံစားနေရခြင်းနှင့် အတူတူပင် ဖြစ်၏ ။ ကင်းဒစ်စ်က ၂၀၀၇ ကုန်အောင် စောင့်ဆိုင်းဖို့ စိတ်မရှည်တော့ပေ။
“မင်္ဂလာနံနက်ပါ”
ကင်းဒစ်စ်အိမ်သို့ ရောက်လာသော ကပ္ပတိန်လော်ရာဝူလစ်က နှုတ်ဆက်၏ ။
“ဘာ ဖြစ်လို့လဲ သူငယ်ချင်း ပင်ပန်းနေပုံရတယ်။ ဂျူတီတောင်မ၀င်ရသေးဘဲနဲ့”
“မောနင် လောရာ ကိုယ်က ညဥ့်နက်မှာ တာဝန်ဖုန်းတစ်ခုရတယ်။ လျှပ်စစ်လည်းပျက် သွားပြီ။ အပြင်က တမင်းစားသောက်ဆိုင်ကို ကြည့်ခဲ့ပြီးပြီလား မင်းကို ဖုန်းတွေ က မနှိုးခဲ့ဘူးထင် တယ်”
“ဟင့်အင်း… မုန်တိုင်းကလွဲပြီးတခြားဘာမှမသိဘူး။ ဘာ ဖြစ်လို့လဲ”
‘၀ီလ်ပေါ့။ သူက အဆင်မပြေ ဖြစ်နေတယ်။ ဒင်ဗာမှာ သော င်တင်နေတယ်။ သူ့လေယာဉ် က ပြန်လုပ်နေရလို့ သူ့မှာ ကိတ်ကလည်းရှိနေတယ်” ကင်းဒစ်စ်က တစ်ဝက်တစ် ပျက် ရပ်လိုက် ၏ ။
လော်ရာက ၀ီလ်ကို ကောင်းကောင်းနားလည်သည်။ ကလေး တစ်ယောက် နှင့် ဗျာများ နေ မည့်  ဒေါသကြီးသူ တစ်ဦးကိုမြင်ယောင်နိုင်ကြ၏ ။
သို့သော် ကင်းဒစ်စ်က မကူညီနိုင်။ မုန်းတိုင်းကြောင့် တစ်မျိုး၊ ၀ီလ်ကြောင့် တစ်မျိုး၊ စိတ်ညစ် နေရသည်။ ယခုတော့ လောလောဆယ် လော်ရာနှင့် နေရမည် ။ မိမိမှာ ကလေးမရှိ။ လင်ယောက်ျား တွေ မရှိ။ အေမီလိုပင် ခပ်ပျော်ပျော်နေဖို့ ဖြစ်၏ ။ လော်ရာက လွန်ခဲ့သည့် နှစ် ရက်ကမှ ဗားဂျီးနီးယား ကမ်းခြေမှာ လေယာဉ်ဖြင့် လာခဲ့သူ အရန်အရာရှိ ဖြစ်၏ ။
သို့သော် သူတို့နှစ် သီးသည် ရုပ်ရှင်ကြည့်ဖို့ အပြင်ထွက်စားသောက်ဖို့ စီစဉ်ခဲ့၏ ။ သူတို့ က လွန်ခဲသော ခြောက်နှစ် က စက်တင်ဘာ ၁၁ ရက်နောက်ပိုင်း စကိုးဖီးလ်သို့ ရောက်ခဲ့ကြခြင်း ဖြစ် သည်။
ဟာဝိုင်ယီတွင် အမှတ် ၂၅ တပ်သားသစ်များ ထဲက အများ စုသည် ရေနစ်ခဲ့ကြ၏ ။ ထို့ ကြောင့် သူတို့ရေကူးစစ်ဆေးမှု ယူကြရသည်။ သူတို့နှစ် ယောက် အဖို့ အထက်တန်းကျောင်းမှာ က တည်းက သူငယ်ချင်းများများ ရှိသော်လည်း ရင်းနှီးသူနည်း၏ ။ လော်ရာကား ထိုအနည်းစုထဲရှိ ရင်းနှီးသူ ဖြစ်လေသည်။
“မင်းနေကောင်းရဲ့ လား လော်ရာ”ကမေး၏ ။
‘အင်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီကနေ ဘာမှမလုပ်နိုင်ဘူး”
‘သူငယ်ချင်း တစ်ခါတစ်လေတို့ မလုပ်နိုင်တာတွေ ရှိတယ်လေ။ မင်း တော် ကြာ ကလေးနှစ် ယောက် ရတော့မယ်”
လော်ရာမှာ လည်း ကလေး တစ်ယောက် ရှိ၏ ။ ကင်းဒစ်စ်လိုပင် ကိုယ်ဝန်နှင့် ဖြစ်သည်။ လော်ရာကိုဝန်က အမွှာဟု သိရသည်။
‘ဒီလိုဝတ်စုံနဲ့ဆိုတော့ ကိုယ်က မသက်မသာ ဖြစ်နေပုံရသလား”
လော်ရာက သူငယ်ချင်းကို ရယ်အောင်လုပ်ခြင်း ဖြစ်၏ ။ လော်ရာက ကိုယ်ဝန် ၁၃ ပတ်ရှိ ပြီ။ နှစ် ပတ်အကူအညီလာရသေခရီးမို့ ၀ီလ်၏ အခန်းထဲမှ ယူနီဖောင်းကိုငှားဝတ်ခဲ့သည်။ ယောက်ျား ယူနီဖောင်းက ခြောက်ပေရှည်ပြီး ပေါင် ၂၀၀ အလေးချိန်ခန္ဓာကိုယ်ဝတ်သူ ဖြစ်သဖြင့် ၎င်းယူနီ ဖောင်းကို ငှားဝတ်ပြီး နှစ် ရက်မှာ ပင် မသက်မသာ ဖြစ်လာသည်။ ဗိုက်ထဲမှာ ကလေးနှစ် ယောက် နှင့် မို့ စစ်တပ်၏ ကြွေးကြော်သံတစ်ခု ဖြစ်သော “နာကျင်ခြင်းအတွ် ဂုဏ်ယူခြင်း” ကို ဥပေက္ခာပြုရတော့၏ ။
“လော်ရာရေ ကိုယ်က ၀ီလ်ရဲ့ ယူနီဖောင်းနဲ့ ကိုယ်ဝန်မွေးတဲ့အထိ ၀တ်သွားမယ်။ အောက်မေ့တာ။ ခုတော့သိပ် မဟန်ဘူး”
ကင်းဒစ်စ်က သူ့အပေါ်အင်္ကျီကိုမပြီးပြသည်။ ဘောင်းဘီကြယ်သီးများ က အသက်ရှူရ ခက်အောင် တင်းကျပ်နေလေသည်။
စစ်တပ်တွင် စစ်သားအချင်းချင်း လက်ထပ်ခဲ့သော စစ်သမီးများ အတွက် ကိုယ်ဝန်ဆောင် သော အခါ သီးသန့်ဝတ်စုံမရှိချေ။ စင်စစ်အမျိုးသမီးဝတ်စုံဟူ၍ လည်း သီးသန့်မထားခဲ့ပေ။ ယောက်ျား ၀တ်များ ကို အနည်းငယ်သေးပြီးချုပ်ပေးခဲ့ခြင်း ဖြစ်ရာ ကိုယ်ဝန်ဆောင်သော အခါ မိမိ ခင်ပွန်း၏ ၀တ်စုံများ ကို ယူဝတ်ခြင်းဖြင့် ပြေလည်အောင် လုပ်ခဲ့ကြရသည်။
နောက်ပိုင်းမှသာ ကိုယ်ဝန်ဆောင်စစ်ဝတ်စုံကို ဖန်တီးပေးခဲ့ခြင်း ဖြစ်၏ ။
“အေးကွယ် နက်ဖြန်တော့ ကိုယ်ဝန်ဆောင်ဘောင်းဘီတွေ ရောက်ပြီလားလို့ သွားမေး ကြည့်ရအောင်”
လော်ရာကဆိုသည်။ ကိုရီးယား၊ အလာစကား၊ ဟာဝိုင်ယီလိုနေရာမှာ ကိုယ်ဝန်ဆောင် ဘောင်းဘီရှာရသည်မှာ ဆော်ဒီအာရေဗျ၌ ဘီယာဝတ်ဖို့ ကြိုးစားရခြင်းနှင့် တူသည်။ စစ်ဝတ်စုံနှင့် အရောင်းဌာနတွင် ကိုယ်ဝန်ဆောင်ဝတ်စုံအော်ဒါမှာ ၍ စောင့်ဆိုင်းရသည်မှာ ကြာလေ့ရှိ၏ ။
မည် သို့ပင် ဖြစ်စေ စစ်မှု ထမ်းအမျိုးသမီးအများ စုကဲ့သို့ပင် ကိုယ်ဝန်ဆောင်ဝတ်စုံကို တန်နိုင် သမျှ မ၀တ်ဘဲနေသည်။ ကင်းဒစ်စစ်က ကိုယ်ဝန်ဆောင်ဝတ်စုံကို ကြည့်မကောင်းဟုမြင်၏ ။ ထို့ပြင် အင်္ကျီမှာ က ရင်ဘတ်မှာ အဆင်မပြေချေ။
သို့သော် ပထမကလေးကို ကိုယ်ဝန်ဆောင်စဉ်က ဟာဝိုင်ယီ စစ်ဆေးရုံ၌ အလှဆုံး မြင် ကွင်းတစ်ခုကိုမြင်ခဲ့ရ၏ ။ ၎င်းမှာ ‘အလွန့်အလွန့်ကြီးသော ကိုယ်ဝန်” ဖြစ်၏ ။ သူက အမျိုးသမီး ဒုတိယဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည်။ ကင်းဒစ်စ်မြင်ဖူးသမျှ အမျိုးသမီးစ်သည်ကိုယ်ဝန်ဆောင်များ မှာ အငယ်များ သာ ဖြစ်၏ ။ ယခုတော့ ဗိုလ်မှူးကြီးစင်စစ် ဖြစ်နေ၏ ။ ဗိုလ်မှူးကြီးသည် စစ်ဘက်ခေါင်းဆောင်တစ်ဦးအ ဖြစ် သူ့ကိုယ်သူ ယုံကြည်မှု အသွင်ရှိနေပြီး မိခင်ဘ၀၏ တောက်ပမှု ကျက်သ ရေကိုလည်း မြင်ရလေသည်။
“ငါလည်း အဲသလိုအမြင်ခံချင်တယ်”
ယခုတော့ ကင်းဒစ်စ်မျက်လုံးတွေ မို့ယောင်နေသည်။ အိပ်ရေး မ၀ဘဲ နံနက်စောစော ထရ ၍ ဖြစ်၏ ။ ၀ီလ်၏ ဘောင်းဘီကိုဝတ်ထားရသည်ကလည်း အသက်ရှူမ၀အောင် ကျပ်လှ၏ ။ ယောက်ျားစီးဖိနပ်ကို ၀တ်ရခြင်းကလည်း မသက်သာပေ။ အားကစားဖိနပ်စီးခြင်းကိုလည်း အား နည်းသူဟုယူဆပြီး စစ်သမီးအများ စုက ရှောင်ကြ၏ ။
ဖိနပ်ကြိုးချည်းပြီးသော အခ ဖုန်းမြည် ပြန်သည်။ ၀ီလ် ဖြစ်၏ ။
“အိုကေသွားပြီး အချစ်ရေ၊ လက်မှတ်လည်း လဲပြိးပြီ၊ နှစ် နာရီဆိုရင် လေယာဉ်စီးရမယ်။ မက္ကစီကို စားသောက်ဆိုင်တစ်ဆိုင်မှာ ကိတ်အတွက် ကြက်ဥစားလို့ရအောင် လုပ်ခိုင်းထားတယ်။ အဲဒီ မှာ ကလေးကစားကွင်းအကျယ်ကြီးလည်း ရှိတယ်။ အဲဒီ မှာ ကစားလို့ရတာ ပေါ့။ ပြီးတော့ ကိတ်ကို အရုပ်လည်း ၀ယ်ပေးလိုက်ပြီ”
“ကောင်းပါတယ် အဆင်ပြေသွားတာ ၀မ်းသာတယ်”
ကင်းဒစ်စ်သည် လေယာဉ်ကွင်း၌ ကိုင်လျက် အိုင်းရစ်အရပ်ပုလင်းအကြီးကို စုတ်ရင်း ပြန်လည်ငြိမ်သက်သွားသည့် ၀ီလ်ကို မြင်ယောင်လိုက်၏ ။
အမှတ် ၈၂ လေတပ်မှာ တုန်းက ဒုဗိုလ်ဘ၀ကိုပြန်သတိရ၏ ။ နှစ် ပတ်လည် အိမ်အပြန်စု ဝေးပွဲကို မေလမှာ လုပ်လေ့ရှိသည့်အတိုင်း တစ်နှစ် မှာ တော့ ကင်းဒစစ်ကို ၈၂ တပ်ရင်းမှူးက ပြောခဲ့ဖူးသည်။
“အရင် ကျွန်တော် တပ်ခွဲမှူးဘ၀တုန်းက ဒီမှာ အမျိုးသမီးမရှိဘူး”
ထိုတပ်ရင်းမှူး၏ လေသံက အမျိုးသမီးမရှိသင့်ဟု ဆိုလိုပုံရ၏ ။ ကင်းဒစ်စစ်က ပြန်ပြော လိုက်သည်။
“လားစားပါတယ်ဗိုလ်ချုပ် အခုတော့ ဒီတပ်ကဗိုလ်ချုပ်ရဲ့ တပ် မဟုတ်တော့ဘူး”
ထိုနေ့မှာ ကင်းဒစ်စစ်သည် သူ၏ တပ်ရင်းမှူနှင့် ယှဉ်ပြီး ၁၀ မိုင်ပြေးခဲ့ပြီးခါစ ဖြစ်၏ ။
သူအလုပ်မှာ ကျောထဲက အက်ကွဲလူမတတ် နာနေခဲ့သည်။ သို့သော် မကောင်းသော စိတ်ဖြင့် မှတ်ချက်ပေးရန် စိတ်မကူးခဲ့ပေ။
၈ နှစ် မျှကြာသော အခါ ထိုနေ့က ဆုံးဖြတ်ချက်အတိုင်းသာရှိနေဆဲ ဖြစ်သည်။ ဘာက ပြောင်း သွားပါသလဲ။ ကင်းဒစ်စ်သည်နိုင်ငံကို သစ္စာခံရုံမက မိသားစုတစ်စုကိုလည်း သစ္စာခံခဲ့ရပြီး ပြီ။ အခြားအမျိုးသမီးများ နည်းတူပင် နောက်ဘာ ဖြစ်လာမည် ဆိုခြင်းအတွက် ပြင်ဆင်ခြင်းဖြင့် အသင့် ဖြစ်နေရန်သာရှိပေသည်။
![]() အကျဉ်းစံ မိန်းမများ | ![]() စာပေလမ်း | ![]() ရွှေမင်းသမီး |