
ကြက်တွန်သံ
‘အောက် အီးအီး…အွတ်…’
ကြက်တွန်သံသည်လွမ်းလွမ်းဆွေးဆွေးနိုင်လှ၏ ။
အောက်အီးအီး…ဆိုသော နေရာတွင် ခပ်စိပ်စိပ်ထွက်လိုက်ပြီးအွတ်…ဆိုသော နေရာတွင် မူ…သံရှည်ဆွဲ ကာအရှိန်နှေးနှေးသွားပြီးမှရပ်သွားလေသည်။လွမ်းကျန်ရစ်ပေရော့…။
တကယ်တမ်းတွင် ကြက်ဆိုသော သတ္တ၀ါများ သည်အလွန်စည်းကမ်းရှိသော သက်ရှိများ ဖြစ်ကြသည် ဟုအသိအမှတ်ပြုကြရပါမည် ။ ဦးနှောက်ကြီးသော လူများ ပင် သူတို့ကိုမှီပြီးမှအချိန်ကို မှတ်ခဲ့ ကြရလေသည်။
ကြည့်ပါလော့…
ကြက်ဦးတွန်…တဲ့။သန်းခေါင်ကြက်တဲ့။လင်းကြက်တဲ့…။
သူ့ကာလသူ့အချိန်၊သူ့နာရီနှင့် သူအတိအကျပါ။ညဥ့်၉နာရီခန့်မှာ တွန်တော့ကြက်ဦးတွန်ချိန်။ သန်းခေါင်မှာ တစ်ခါတွန်တော့နာရီကိုထကြည့်ရန်မလို။ပြီးတော့မနက်အရုဏ်တက်ခါနီး မှာ လင်းကြက်။တတ်လည်းတတ်နိုင်ပေသည်။အာရုံခံစားမှု တစ်ခုတည်းနှင့် အချိန်ကိုပြောပြတတ်ပါပေသည်။
သူတို့ဘာအတွက်သည်လိုအသံပြုကြပါလိမ့်၊သူ့ကြက်တွေ ကိုနှိုးဆော်တာပဲဟု ငယ်ငယ်က စဉ်းစားခဲ့ဖူးသည်။ ငယ်ငယ်ကကျွန်မတို့အိမ်ဝင်းထဲတွင် ကြက်ခြံဟူ၍ သီးသီးသန့်သန့် မရှိခဲ့ ပေ။ ကျွန်မတို့သည် သူများ အိမ်ကကြက်မတစ်ကောင် ကျွန်မတို့ခြံထဲဝင်လာမှာ ကို အလွန်မုန်းခဲ့ကြ၏ ။ ခြံထဲမှာ က မုန်ညှင်းခင်း၊ နံနက်ခင်း၊ ရုံးပတီခင်း၊ ပဲစင်း၊ ခ၀ဲစင်စသဖြင့် မပြတ်စိုက်ထားသည်။ ကြက်မ တွေ ကအခင်းကို ကြိုက်ကြ၏ ။ မြေသြဇာများ မွနေသော စိုက်ခင်းထဲမှာ က တီကောင်တွေ ပေါသဖြင့် သူတို့အကြိုက် ဖြစ်သည်။ ခြေနှစ် ဖက်ဖြင့် ယက်ကာဘယ်ညာသုံးပြီး မြေသြဇာပင်တွေ ကို ယက်ပစ်ရာ၊ အပင်ပေါက်များ ၊ မျိုးစေ့များ ၊ အမြစ်များ အားလုံးပျက်စီးရတော့သည်။ထို့ကြောင့် ကျွန်မတို့သည် ကြက် ကိုမုန်းခဲ့သည်။
မောင်လေး ကတော့ကြက်လိုချင်ရှာ၏ ။
မောင်လေးသည်မီးဖိုချောင်ထဲရှိဆန်အိုးထဲမှ ဆန်စေ့လေးများ ကိုလက်တစ်ဆုပ်နှိုက်လာပြီး ဟိုဖက်ခြံက ကြက်တွေ ကိုကြဲပြတတ်သည်။ ကြက်ကလေးတွေ ပြေးလာပြီး အသီးသီး အစာ ကောက်ကြသော အခါမောင်လေးပျော်မဆုံးပြီ။ အမေက သူ့သားအထွေးဆုံးလေးကိုမဆူရက်။ သည်အခါမုန်ညင်းထဲ ကြက်တွေ မ၀င်နိုင်အောင် ၀ါးများ ဖြင့် စည်းရိုးကာရတော့၏ ။ မောင်လေး ကြက်ချစ်မှန်းသိသဖြင့် တောမှဦးကြီး တစ်ယောက် ကလည်း မြို့ကိုလာလည်စဉ် ကြက်ကလေးတစ်စုံ ယူလာပေးလေသည်။ ကြက်ဖလေးတစ်စုံယူလာပေးသည်။ ကြက်ဖလေးတစ်ကောင်နှင့် ကြက်မလေးတစ်ကောင်။ အတောင်ပင်မစုံကြရှာသေး။ အသားနီနီ အရေတွန့်တွန့်လေးတွေ ။ အမြီး ပေါက်နေတာက ကြက်မတဲ့။ အမြီးငုံးတိုက ကြက်ဖတဲ့။ ကြက်ဖက အမြီးရှည်တာဟုတ်လားဆိုတော့ ကြီးကောင်ဝင်မှစုံလာမှာ ဆိုပဲ။ မောင်လေးက ပျော်နေသည်။ သူ့ကြက်ကလေးတွေ ကိုခြေထောက်မှာ ကြိုးနှင့် ချည်ပြီး တိုင်မှာ ချည်ထား၏ ။ ဆန်စေ့၊ ဆန်ကွဲစေ့နှင့် ရေအုန်းမှု တ်ခွက်တစ်လုံးချပေး ထားသည်။
ခေါင်းရင်းအိမ်မှာ ကကြက်ဖလှလှကြီးရှိ၏ ။သူကစစ်တကောင်းမျိုးဆိုလား၊ ရွှေဒင်္ဂါးဆိုလား၊ ကြီးတာက အတော် ကြီးသည်။ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူပြီး အမောက်ကြီးက ဖရဲသီးစိပ်လို ရဲပြီး တောက်ပနေသည်။ လည်ပင်းမှာ လည်း နီရဲရဲအရေပြားကြီးတစ်ခုတွဲ ကျလို့။ အထူးခြားဆုံးက သူ့ အမြီးပါ။ အပေါ်သို့ ထောင်တက်ပြီး ကွေ့ဝိုက်သွယ်ဆင်းနေပုံမှာ မဟာဆန်လှသည်။ သူ့မျက်လုံးများ ကလည်း အနီရောင် ဖြစ်၏ ။ မျက်လုံးနီနီများ ကဌြိမ်မနေကြ။ ဟိုဟိုသည်သည်တစ်ဖျပ်ဖျပ်နှင့် ။ အသင့် အနေအထားရှိသည်။ တကယ်လည်းသူက သူ့ခြံမှာ ဗိုလ်ပဲလေ။ သူ့သြဇာအကုန်နားထောင်ကြရ သည်။ သူ့အုပ်စုထဲမှာ ကြက်ဖလေးတွေ ရှိသည်။ ကြက်မကြီးတွေ ရှိသည်။ ကလေးလေးတွေ လည်း အများ ကြီးပေါက်ထားသည်။ အားလုံးမဖိတ်မစင်အောင် ကာကွယ်ရမည့် တာဝန်မှာ သည် ကြက်ဖကြီး ၌ ရှိ၏ ။ ကြက်ဖကြီးမှာ နာမည် လည်းရှိသည်။ ‘ကံကောင်း’တဲ့။
ဘာကြောင့် ကံကောင်းဟုမှည့်သလဲမသိရ။ ကံကောင်းဆိုလျှင်တော့ ဒီကြက်ဖအဖြူကြီးကို ပြောမှန်း တစ်ရွာလုံးသိကြသည်။ ကံကောင်းကအသက်လည်းကြီးပြီ။ ၀ါလည်းကြီးပြီ။ အတွေ့  အကြုံလည်းရင့်သည်။ တစ်ရွာလုံးက ကြက်ဖတွေ နှင့်လည်းတိုက်ပြီးခဲ့ပြီ။ အနိုင်ရခဲ့ပြီးပြီ။ ပြောရလျှင် ကံကောင်းဆိုသည်မှာ ကျွန်မတို့ မြို့ကုန်းရပ်ကွက်တစ်ခုလုံးရဲ့ ကြက်ဘုရင်ပေါ့။
ကံကောင်းက ဥပဓိရုပ်လည်း သန့်ပြန့်သည်။ ခွန်အားလည်း ဖွံ့ဖြိုးသည်။ အသံကျတော့ ကော.. ကံကောင်းတွန်လိုက်လျှင် တစ်ရွာလုံးကပင်ကြားရလေသည်။ ပြီးတော့ ကံကောင်းတို့အိမ်က ရွာဦးမှာ ပါ။ ပထမဆုံးကံကောင်းကအောက်အီးအီးအွတ်…ဟု ဆွဲဆွဲငင်ငင်တွန်လိုက်ပြီးနောက်၊ အရှိန် မသေခင်တွင် ကျွန်မတို့ခြေရင်းအိမ်ရှိ ကုလားခြံထဲက ရစ်ကြက်ကြီးက လိုက်၍ တွန်သည်။ ရစ်ကြက် ကြီးကလည်း ခြေရင်းအိမ်ရှိ ကုလားခြံထဲက ရစ်ကြက်ကြီးကလိုက်၍ တွန်သည်။ ရစ်ကြက်ကြီး ကလည်းလှတာပါပဲ။ အဖြူနှင့် အမည်းအရစ်ရစ်နှင့် ။ လည်ဆံတဖားဖားနှင့်။ သူကလည်ဆန့်ပြီး… အောက်…အီးအီး…အွတ်ဆိုပြီး ခဏမှာ ပဲ၊ ရွာလယ်က ကြက်နီကြီးဆက်တွန်သည်။ သူ့အသံအရှိန် လျော့သည်နှင့် …နောက်တစ်ကောင်..ရွာမြီးရွာဖျားက သစ်ပင်ပေါ်အိပ်နေသော ကြက်များ အဆုံး အဆင့်ဆင့် တွန်ကြလေသည်။
သည်လို…ကြက်တွန်သံလွှမ်းခဲ့သော ကျွန်မတို့ ရွာကလေး….။
ပထမကြက်ဦးတွန်တော့ ကလေးအိပ်ကြပြီ။ အသက်ကြီးသူတွေ ခေါင်းချကြပြီ။ စာကျက် သံတွေ ငြိမ်သွားပြီ။ ဘုရားရှိခိုးသံတွေ မကြားရတော့ပြီ။ ရေဒီယိုတောင် မရှိသေးသော ကာလ။ ညဥ့်ဦး ယံများ သည် ပကတိငြိမ်းအေးတိတ်ဆိတ်လျက်။
သန်းခေါင်ကြက်ကိုတော့ ကျွန်မတို့ကလေးများ ကြားရလေ့မရှိပါ။ အိပ်၍ သိုးတုန်း။ အိပ်မက်၍ ကောင်းတုန်းကိုး။ ရွာဓလေ့၏ သန်းခေါင်ယံများ တွင် ကြက်တွန်သံမှအပ ဘာမျှမရှိခဲ့။ တစ်ခါတစ်ခါ တစ်ရေး နိုးထဟောင်တတ်သော အိမ်စောင့်ခွေးတချို့၏ အသံကိုသာကြားရမည် ။ သူခိုးသူဝှက်ကပ် လေ့မရှိသည်မို့ သူခိုးစောင့်ခွေးများ ၏ တပ်လှန့်သံမျိုးလည်းမရှိ။ ငှက်ဆိုးထိုးသံဆိုတာလည်း ပုံပြင် ထဲမှာ ပဲ ကြားဖူးတာပါ။ရွာညသည်ငြိမ်လွန်းစွ။
အဲအရှဏ်တက်ခါနီး လင်းကြက် ကတော့ ပျော်စရာ ဖြစ်သည်။ အိမ်ခေါင်းရင်းခေါင်မိုးပေါ်မှ ကံကောင်းကစပြီး တွန်လိုက်တာ ခြေရင်းအိမ်က ရစ်ကြက်၊ ရွာလယ်ကကြက်နီကြီး၊ ရွာမြီးရွာဖျားက ကြက်ကတုံးလေးများ အဆုံး တစ်ရွာလုံညံလို့ရယ်။
သည်အချိန်မျိုးမှာ တော့ ကျွန်မတို့အိမ်က နိုးနေတတ်ပါသည်။ အမေက လင်းကြက်တွန်သည် နှင့် အတူ အိပ်ရာမှထလေ့ရှိ၏ ။ မီးမွှေး၏ ။ ကောက်ညှင်းပေါင်းချင်ပေါင်းမည် ။ ကောက်ညှင်းကျည် တောက်ဖုတ်ချင်ဖုတ်မည် ။ သားသမီးတွေ စားဖို့ တစ်ခုခုတော့လုပ်မြဲ။ ဤအချိန်တွင် ကျွန်မတို့ကား အိပ်ရာထဲ ကွေး၍ ကောင်းဆဲ။ ကံကောင်းကြီးတွန်သံကို နားစွင့်ရင်း…ဘယ်မှန်းမသိလွမ်းဆဲ။
အပြင်မှာ နှင်းတွေ ဝေနေရော့မည် ။
မြစ်ပြင်ထက်မှာ လည်းမြူဝဲပျံနေမှာ သေချာသည်။
လေစိမ်းတွေ ကလည်းကြမ်းကြမ်းတမ်းတမ်းရှိရော့မည် ။
အိပ်လို့လည်းကောင်းလှသည်။
အမေအော်နှိုးတော့ မထချင်ဘဲ ထရဦးမည် ။ မအော်မချင်းတော့ ဇိမ်ဆွဲပြီးကွဲနေဦးမှာ ။ ကြက် တွန်သံတွေ ဝေး…ဝေး….သွားပြီ။ လူသံတွေ ပေါ်လာပြီး လောကသည် နိုးထလာပြီ။
သြော်…ပြောဖို့မေ့တော့မလို့။
ကျွန်မတို့အိမ်က ကြက်ကလေးအကြောင်းပါ။
ကြက်ဖလေးကပိန်ညှောင်သေး။ မောင်လေးအစားအကျွေးကောင်းလှသဖြင့် တဖြည်းဖြည်းဝ လာခဲ့၏ ။ ခေါင်းမှာ လည်း အမောက်ကလေးကြွတက်လာသည်။ ကြက်မလေးက ရင်အုပ်ထွားထွား လေး ဖြစ်လာစဉ် ကြက်ဖလေးသည် ဘယ်လိုစိတ်ပေါက်သွားသလဲမသိ။ သူ့နှမကို ရစ်ပတ်တော့၏ ။
ကျွန်မတို့ရယ်လိုက်ကြသည်မှာ ပတ်တုတ်၍ မရပေ။ အောင်မယ်ကောင်လေးက အတောင် တောင် မစုံသေးဘဲနဲ့ လူပျိုလုပ်တတ်နေပြီ၊ နောက်ပိုးတတ်နေပြီဟု တစ်ယောက် ကပြောစဉ်၊ ဟဲ့…အဲဒါသူနဲ့ နှမတော် တာဟုတ်လား။ ဘယ့်နှယ်မောင်နှမချင်း ဒီလိုမလုပ်ကောင်းဘူးလေဟု တစ် ယောက် ကပြောရော ၀ါးခနဲရယ်လိုက်ကြပြန်ရော။ မောင်နှမချင်းယူတယ်ဆိုတာ တိရစ္ဆာန်မို့လိုပေါ့။ တိရစ္ဆာန်ဆိုတာအိပ်စားကာမှ ဤသုံးဝပဲသိတာတဲ့ဟု တစ်ယောက် က လူတတ်လုပ်ပြပြန်လေသည်။
တစ်နေ့တော့
နံနက်အာရုဏ်တက်ခါနီး
‘အောက်…အီးအီး…အွတ်’
အွတ်ဆိုသော အသံရှိန်က အောင်မြင်ရှည်လျားစွာ တုန်ဟီးပျံနှံသွားသည်။ ခဏကြာလျှင် ရွာထဲကကြက်တွေ လိုက်ပြီး တွန်လိုက်ြ ကတော့မည် ။ ကံကောင်းကြီးရဲ့ အောက်အီးအီးအွတ် အသံသည်…ဟေး..ကြက်မျိုးနွယ်အပေါင်းတို့၊နိုးကြလော့၊ ထကြလော့တစ်နေ့တာ အသက်ရှင်ရေး အတွက်အစာရှာဖို့ အိပ် တန်းဆင်းကြကုန်လော့ဟုနှိုးဆော်ခြင်းပါပဲ။
‘အွတ်…အု….အု…အု’
အိပ်ရာထဲမှမထချင်သေး၍ ကွေးကောင်းနေကြသော ကျွန်မတို့မောင်နှမတွေ ဟယ်…ခနဲ ဖြစ် သွားကြရ၏ ။ ရုတ်တရက်စောင်က ဖယ်ပစ်မိကြသည်။ ဇာတ်ခနဲထထိုင်မိကြပါသည်။ မဲတူ…မဲတူဟု မောင်လေးကအော်သည်။ မဲတူဆိုတာ ကျွန်မတို့ကြက်ဖလူပျိုပေါက်လေးပေါ့။ သူ့မျက်နှာက မဲ့ခွက် ခွက်နှင့် မည်းမည်းသည်းသည်းမို့ “မဲတူ”ဟုမောင်လေးက နာမည် မှည့်ခဲ့တာပါ။ အခုအွတ်… အု…အု နှင့် ထစ် အထစ်အ ဖြစ်နေတာ မဲတူလေးပေါ့။ အိမ်နောက်ဖေးသရက်ပင်ပေါ်ကပေါ့။
မဲတူလေးတွန်မလို့လုပ်နေတာဟု မောင်လေးက၀မ်းသာအားရအော်သည်။ ဟုတ်တယ်။ မဲတူလေးတွန်နေတာ၊ ဟားဟားပီလည်းမပီဘူးဟေ့…ဟု တစ်ယောက် တစ်ပေါက်ပြောပြီး ရယ်ကြ သည်။
မဲတူက အွတ်…အု…အု လုပ်လိုက်ကျွန်မတို့က ရယ်လိုက်။
ခေါင်းရင်းခြံက ကံကောင်းကြီးကလည်း အောင်မြင်ခန့်ညားသော စစ်သူကြီးတစ်ဦး၏ မာန် အပြည့်ဖြင့် …တွန်နေဆဲ….။
မဲတူကအွတ်…အု….အုမှ မတက်သေး။
အစမှာ တော့ ဒီလိုပဲပေါ့။
အမေ့အသံ ဖြစ်ပါသည်။ အမေကမီးဖိုထဲက ကောက်ညှင်းပေါင်းပေါင်းနေရာမှာ ကျွန်မတို့ စကားဝိုင်း ထံလှမ်းဆွေးနွေးခြင်း ဖြစ်ပါသည်။
သြော်…အစမှာ တော့ ဒီလိုပဲတဲ့လား။
ကံကောင်းကြီးလိုတွန်တတ်ဖို့ဆိုတာ အတော် ကြီးလေ့ကျင့်ရဦးမှာ ပေါ့နော်။
မဲတူရေကြိုးစားကွ၊ တူတော့မယ်ဟု မောင်လေးက အားပေးသည်။
မဲတူကအု…အု…အု လုပ်နေသည်။
မကြာမီ…
လှပသော နံနက်ခင်းသည် တက်ကြွစွာ နိုးထကြပေတော့သည်။
အပျိုပေါက်နှင့် သဘောင်္ပင်
တစ်ခါတုန်းက…
ကျွန်မသည် ရန်ကုန်မြို့နှင့် မလှမ်းမကမ်းရွာတစ်ရွာတွင် နေထိုင်ခဲ့ဖူးပါသည်။ ရွာလေး နာမည် က “ရွက်လှတော”ဟုမှည့်ခဲ့သော်လည်းရွာသားများ ပါးစပ်ထဲမှာ ကား “ရလတော့”ဟုသာ ခေါ် ပြောခဲ့ကြ၏ ။ အဘယ်ကြောင့် ရွက်လှတောဟု မှည့်ခဲ့ကြသလဲမသိ။ ရွာပတ်ပတ်လည်မှာ မူ ရှား စောင်းလက်ပတ်ပင်များ ပေါသဖြင့် အညာဆန်နေလေသည်။
နံနက်စောစောတိုက်သော လေထဲတွင် ရွက်လှပန်းနံ့များ ရဖို့ဝေးစွ၊ နွားခြေးခြောက်မီးရှို့သော မီးခိုးနံ့များ သာ မွှန်နေတတ်၏ ။နွားချေးသည် ဤရွာ၏ အသပြာ ဖြစ်သည်။ နွားချေးကပေးသော မြေ သြဇာဖြင့် ရွာသားများ စိုက်ပျိုးကြ၍ ဖြစ်ပါသည်။
ကျွန်မအဒေါ်၏ ခြံထဲမှာ မူ စံပယ်ပန်းနံ့များ မွှေးတတ်၏ ။ စံပယ်ကိုဆယ့်နှစ် ရာသီပွင့်အောင် ပြုလုပ်၍ ညနေဆိုလျှင် စံပယ်ဖူးများ ခူးပြီး ဖောက်သည်လာယူလျှင် ပေးရသည်။ အဒေါ့်ယောက်ျား ဦးလေးသည်စံပယ်ပန်းများများ ပွင့်ဖို့သာမက သပြေငုတ်များ ကိုလည်းဖြတ်ရောင်းရန်ဖန်တီးတတ်၏ ။ သပြေပင်များ ကိုဘောင်ခတ်၍ ဓာတ်မြေသြဇာကျွေးခြင်း၊ စံပယ်ရုံများ ကို ဓာတ် မြေသြဇာကျွေးခြင်းများ ကို ဦးလေးကဂရုစိုက်တတ်ပါသည်။
ကျွန်မကား ဤရွာလေး၏ အလယ်တန်းကျောင်းသို့ တာဝန်ကျသဖြင့် အဒေါ့်အိမ်မှာ ခဏလာ နေရသူ ဖြစ်၏ ။ လုပ်သက်အတော် ရလျှင် မြို့သို့ ပြန်လျှောက်ရန် စိတ်ကူးထားပါသည်။ အိမ်သားများ များ မရှိသော အဒေါ့်ခြံတွင် နားအေးပါးအေးနေရခြင်းကိုတော့ ကျွန်မနှစ်သက် ပါသည်။ စံပယ်နံ့နှင့် သပြေနံ့က အလုပ်မှပြန်လာသော ကျွန်မကိုအမောပြေစေပါ၏ ။
ခြံထောင့်က ပိတောက်ပင်အောက်မှာ ပင်စည်ကိုဝိုင်း၍ ရိုက်ထားသော သစ်သား ကွပ်ပျစ်ရှိသည်။ ပိတောက်ပင်ကား နေပုံထိုင်ပုံပိရိသေသပ်သော အပျိုကြီးနှင့် တူပါသည်။ ပိတောက် သည် အပျိုကြီးများ လိုပင် ရှက်ကြောက်တတ်သည်ဟု ထင်ပါသည်။ အရွက်စိမ်းစိမ်းဖားဖားကြီးများ က ပင်စည်ကိုမမြင်ရအောင်ဖုံထား၏ ။
ကျောင်းအားသော ရက်များ တွင် ပိတောက်ပင်ရိပ်၌ တမေ့တမောထိုင်ရင်း စာဖတ်ရသည်ကို လည်း ကျွန်မသဘောကျပါသည်။ သည်ခြံရောက်မှ ကျွန်မ၏ ထာဝရအဖော်မှာ စာအုပ်များ ဖြစ်လာခဲ့ပါပြီ။
အဒေါ်ကား ကျွန်မအားအဖော်မလုပ်နိုင်ရှာပါ။ ဦးလေး၏ ခြံထွက်စံပယ်နှင့် သပြေမှရသော ငွေများ ကို စုဆောင်းခြင်း၊ တိုးပွားအောင်လုပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေလေ့ရှိသည်။ အဒေါ်က ခြံနီးမှလမ်းမကြီးဘေး ဈေးရောင်းထွက်ကြသော လက်သုပ်သည်များ ၊ ဓာတ်ဆီသည်များ ကို နေ့ပြန် တိုးပေးသည်။ တစ်ပတ်တစ်ခါရန်ကုန်တက်ပြီး အထည်စ အဆန်းအပြားလေးများ ၀ယ်ကာ လပေးနှင့် ရောင်းသည်။
အပျိုပေါက်ကလေးကား လမ်းတစ်ဘက်ရှိခြံမှ ဖြစ်သည်။ သူတို့ခြံက ဦးလေးလို သပြေတို့၊ စံပယ်တို့မစိုက်ပါ။ သူ့အမေက အသုပ်စုံရောင်းသည်။ သူ့အဖေကလက်သမားလုပ်သည်။ သူ့အဖေက လက် သမားလုပ်သည်။ သူ့အဖေ၏ ၀ါးပက်လက်ကုလားထိုင်များ ကားဤရွာထွက် ၀ါးပစ္စည်းများ တွင် အထင်ကရ ဖြစ်လေသည်။ ပြည်လမ်းမကြီးအတိုင်း အဝေးပြေးကားများ ဖြတ်သွားလျှင် သူ့အဖေ၏ ၀ါးပက်လက်ကုလားထိုင်များ ခင်းကျင်းထားပုံကို မြင်ပြီးကားရပ်၍ ၀ယ်တတ်ကြသည်။
အပျိုပေါက်ကလေးကား အမှန်ပြောရလျှင်အဖေပါသမီးတည်း။မိထွေး ဖြစ်သူမှာ ကြင်နာတတ် ပုံရသော်လည်း သိပ်နွေးထွေးပုံမရ။ အပျိုပေါက်ကလေးသည် အဖေပေးသော မုန့်ဖိုးများ ကို ကျွန်မ အဒေါ်ထံသွင်းတတ်၏ ။ နေ့သွင်းဟုသူတို့ခေါ်ပါသည်။ အဒေါ်ရောင်းသော အထည်စအဆန်းလေး များ ကို အပျိုပေါက်လေးကမလွတ်တမ်း ၀ယ်လေ့ရှိပြီး အမေမသိအောင်ခိုးဝယ်ရတာ ဟု ဆိုသည်။ အဖေပေးသော မုန့်ဖိုးများ ကို မုန့်မစားဘဲ အ၀တ်ဝယ်ခြင်းဟုသိရသည်။ အဒေါ်နှင့် ဖြစ် ဖြစ် အပျိုပေါက် ကလေးသည်ညနေတိုင်လျှင် အဒေါ်ထံလာ၏ ။ အဒေါ်နှင့် တိုးတိုးကျိတ်ကျိတ်လုပ်ပြီး တစ်ခါတစ်လေ မှာ ကျွန်မထိုင်သော ပိတောက်ပင်ခြေသို့ လာစကားပြောတတ်သည်။ သူကကျွန်မ၀တ်ထားသော ဘလောက်စ်ပုံဆန်းလျှင် ကိုင်ကြည့်ပြီးချီးကျူးတတ်သေးသည်။ မိန်းကလေးဆိုတာ လှချင်တာပဲလေ ဟုကျွန်မကမှတ်ချက်ချ၏ ။
မိုးရက်များ ရောက်လာသည်။
ရန်ကုန်တိုင်းမှာ မုတ်သုန်ပြင်းထန်လေ့ရှိသည့်အတိုင်း မစဲဘဲရွာသော မိုးကြောင့် လူတွေ ဖျားကြ နာကြသည်။ ဦးလေးပင်တုပ်ကွေးမိကာ အတော် အလုပ်ပျက်ခဲ့သည်။
မိုးရက်များ ကြောင့် ပင်ထင်ပါ၏ ။ အပျိုပေါက်ကလေးကားကျွန်မခြံသို့ ကူးမလာတာအတော် ကြာ သည်။ အဒေါ်က ကြွေးရစရာရှိသူပီပီသူ့တို့ခြံသို့ ကူးပြီးသွားကြည့်တော့ အပျိုပေါက်လေး သွေးအား နည်း ရောဂါ နှင့် အိပ်ရာထဲလဲနေသည် ဟုဆိုသည်။
ကောင်မလေးမိထွေးကပြောတယ်၊ ကလေးမက ဘာမှမစားဘူးဆိုပဲ။ သူ့အဖေလည်း မုန့်ဖိုး ပေးနေတာတဲ့၊ အဲဒါမုန့်မစားဘဲ အထည်တွေ ပဲဝယ်ဝတ်တာတဲ့။ လူဆိုတာ အ၀တ်ကအရေး ကြီးလား၊ အာဟာရက အရေး ကြီလားလို့ ပြောသတဲ့။ မိထွေးဆိုတော့ သူ့သွေးမဟုတ်တိုင်း အပြစ်တင်တာ ပေါ့လေဟု အဒေါ်ကပြောသည်။
လူဆိုတာ အ၀တ်ကအရေး ကြီးလား၊ အာဟာရက အရေး ကြီးလားဆိုသော မေးခွန်းကို ကျွန်မ စဉ်းစားပါသည်။ အပျိုပေါက်ကလေးအဖို့တော့ ၀တ်ချင်စားချင်သော အရွယ်မို့ အ၀တ်ကိုဦးစားပေး ရှာတာ ဟုခွင့်လွှတ်လိုက်ပါသည်။
ဆောင်းဦးရောက်လာသည်။
ခြံတိုင်းမှာ နှင်းတွေ ဝေနေပြီ။
စံပယ်နံ့တွေ အပြင် နှင်းဆီနံ့တွေ ပါကြိုင်နေသည်။ ဦးလေးသည် နှင်းဆီကိုင်းများ ပျိုးပြီး အပွင့်လှလှပွင့်အောင် အိုးထဲတွင် မြေသြဇာထည့်သည်။ နှင်းဆီအိုးတွေ ဈေးကောင်းရ၏ ။
ပန်းပွင့်လှဖို့ရာမှာ အာဟာရအရေး ကြီးတယ်ကွဲ့ဟု ဦးလေးကပြောနေသည်။ အဒေါ် ကတော့ နှင်းဆီအိုးတွေ မှ ငွေပိုရသဖြင့် ဦးလေးကို ပုဇွန်တုပ်ဆီပြန်ချက်ကျွေးလေသည်။
ခင်ဗျားသဘောင်္ပင်သီးလှချည်လားဟု စကားစပ်ပြီးပြောသမျှ အပျိုပေါက်လေး၏ ဖခင် ဖြစ်၏ ။ သူက အားလပ်လျှင်ဦးလေးနှင့် တိုင်းရေး ပြည်ရေး လာရောက်ဆွေးနွေးတတ်သည်။ တင်ပျဉ်ခွေ ကျကျ နနထိုင်လျက်ဆေးပေါ့လိပ်ကိုအားရပါးရဖွာရင်း၊စကားလုံးများများ ပြောတတ်သူ ဖြစ်၏ ။
ကျုပ်ခြံမှာ သင်္ဘောပင်လေးတွေ မိုးတွင်းကအလေ့ကျပေါက်နေလို့ မျိုးကောင်းမှာ ပဲဆိုပြီး ရေလောင်းပေးတယ်။ ခုထိမသီးဘူးဗျာဟုလည်းပြောသည်။ ဦးလေးက အသာအယာနေရာမှထပြီး နို့မှု န့်ဗူးအဟောင်းတစ်ဗူးယူသည်။ အပျိုပေါက်လေးအဖေလက်သို့ ကမ်းရင်း အဲဒါ သာကူစေ့ခေါ်သဗျ၊ အပွင့် အားကောင်းတယ်။အသီးလည်းအားပေးတယ်။ အဲဒါထည့်ကြည့်ဟုပေးလိုက် သည်။
ရက်အတော် ပင်မကြာပါ။
အပျိုပေါက်လေးအဖေ ရောက်လာပြီးဦးလေးကိုပြောသည်။ ခင်ဗျားပေးတဲ့မြေသြဇာမစွံပါဘူး။ ကျုပ် သင်္ဘောပင်သေသွားပြီဟုဆိုသည်။ ဦးလေးကမျက်ခုံးတွန့်ပြီးနေပါဦး၊ ဘယ်လိုထည့်လိုက် တာလဲ၊ ဘယ်လောက်ထည့်လဲမေးသော အခါ၊ ခင်ဗျားပေးတဲ့ ဗူးတစ်ဗူးအုံလိုက်တာပါပဲ၊ အပင်ရင်းမှာ ကပ်ပြီး အားလုံးကျွေးလိုက်တာပဲလေဟု ဖြေ၏ ။
ဦးလေးသည်နဖူးကို လက်ဖ၀ါးဖြင့် ရိုက်လိုက်ရင်းသေရောပေါ့ဗျာ၊ အေးလေကျုပ်ကလည်း မပြောမိဘဲကိုး၊ မြေသြဇာကျွေးတယ်ဆိုတာတော့ အပင်ရင်းနဲ့ခပ်ခွာခွာမှာ ဇွန်းကလေးနဲ့ကျွေးရတာ ။ နည်းနည်း လေးလေးထည့်ရတာ ။ များများ ထည့်ရင်သေတယ်ဆိုမှ အပျိုပေါက်အဖေလည်း ပါးစပ် အဟောင်းသား ဖြစ်သွားရှာပါသည်။
အာဟာရဆိုတာ လိုတာထက်ပိုကျွေးရင် သေတတ်တယ်ဆိုသော စကားကို ကျွန်မနားထဲ ကြားလာစဉ်၊ အ၀တ်ကအရေး ကြီးလား၊အာဟာရကအရေး ကြီးလားဆိုသော အသံကိုကြားယောင် လိုက်၏ ။ ထို့ပြင်အာဟာရမပြည့်လို့သွေးအား နည်းပြီလဲတာဆိုပဲ။
တော် ပါသေးသည် သင်္ဘောပင်လေးများ သေသွားကြသော်လည်း အပျိုပေါက်ကလေးကား၊ နာလန်ထနေပြီ ဖြစ်ပါသည်။ အဒေါ့်အနေဖြင့် အထည်ဝတ်သူဖောက်သည်တစ်ဦး လျော့သွားသော် လည်းအပျို ပေါက်လေးနေကောင်းလာသည်ကို ၀မ်းသာနေလေသည်။ နောက်တစ်ခါအဖေပေးသော မုန့်ဖိုးတွေ ကို မစားသောက်ဘဲ အထည်နေ့သွင်းနှင့် လာဝယ်လျှင်တော့ ကန့်ကွက်လိုက်ဦးမည် ဟု ဆရာမ ပီပီကျွန်မ တွေးလိုက်ပါသည်။
အပူနှင့် အအေး
နှင်းတွေ ကတဖျောက်ဖျောက်ကျနေသည်။ အိမ်ခေါင်မိုးတွေ စိုရွှဲနေလောက်ပြီ။ တံစက်မြိတ် မှနှင်းစက်များ မြေကြီးပေါ်ကျသံကို စည်းချက်မှန်မှန်ဖြင့် ကြားနေရ၏ ။ နှင်းစက်များ ကျသံမှအပ အခြား မည် သည့်အသံမျှမကြားရ။ ညဥ့်သည်တိတ်ဆိတ်လွန်းစွ။
လက်ဝဲသုန္ဒြအမတ်ကြီး ဦးမြတ်စံမဲဇာတောင်ခြေ ရတုရေး ဖွဲ့ခဲ့တာ ဒါမျိုးပဲ ဖြစ်မည် ။ ပွဲထဲ ဇာတ်ထဲမှာ လက်ဝဲသုန္ဒြကိုမြင်ဖူး၏ ။ အညာစောင်ကိုခြုံလို့။ မီးဖိုမှာ မီးလှုံလို့လက်ထဲမှာ ကညစ်တံနှင့် စာရေး သေးသည်။ ဆီးနှင်းပေါက်တို့မိုးလောက်ပြင်းထန်တဲ့။
ယခုလည်းကျွန်မမှာ ခိုက်ခိုက်တုန်၍ နေသည်။ ဒူးခေါင်းနှစ် ဖက်ကြား လက်ဖ၀ါးနှစ် ဖက်ပူးပြီး ညှပ်ထားရ၏ ။ သို့ တိုင်အောင် ကျောဘက်မှာ တော့အေးနေသည်။ တကယ်တော့လည်းကျေအေး၍ နိုးလာခဲ့ခြင်း ဖြစ်သည်။ ကျောအေးလျှင် ချောင်းဆိုးလာပြီး ပြန်အိပ်မရတော့။ ညဥ့်ဦးက ပျော်ရွှင်စွာ အိပ်တန်းဝင်ခဲ့ကြသော ငှက်ကလေးတွေ တောင် မနိုးတမ်းအိပ်နေကြဆဲ။ ကျွန်မ တစ်ယောက် သာချမ်းစီးသော ညဥ့်လယ်၌ နိုးနေခြင်းမှာ ကံဆိုးခြင်းတစ်မျိုးပါပဲ။
အအေးဓာတ်ကို အံတုနိုင်ဖို့ ခြုံစောင်ကိုဆွဲယူရသည်။ စောင်ကနှစ် ယောက် ခြုံ စစ်သက္ကလပ် စောင်ကြီး ဖြစ်၏ ။ ထိုစစ်စောင်ကြီးကား ဆယ်နှစ် သမီးပိန်ကပ်ကပ်ကလေးမလေးအတွက် အလွန် တရာလေးလံလှ၏ ။ အားစိုက်ဆွဲသော်လည်း ပါမလာချေ။ မိုးလင်းလျှင်တော့ အမေဖိုထားသည့် မီးဖိုး ဘေးပြေးပြီး ခြေဖ၀ါးတွေ ၊ လက်ဖ၀ါးကင်လိုက်လျှင်နွေးသွားမှာ ပါ။ လောလောဆယ်တော့ သက္ကလပ် စောင်ကြီးကို ဆွဲနေရလေသည်။
စောင်ကခါတိုင်းထက်လေးနေ၏ ။ သြော်….လက်စသက်တော့ ဟိုဘက်အဖျားစကို ညီိမလေး ကိုယ်လုံးကြီးနှင့် ဖိထားတာကိုး။ ကျွန်မတို့ညီအစ်မနှစ် ယောက် စောင်တစ်ထည်ကိုအတူတူခြုံရမြဲ ဖြစ်၏ ။ မမကြီးနှင့် မမလေးတို့ ကတော့ တစ်ယောက် တစ်ထည်စီရသည်။ ကျွန်မနှင့် ညီမလေးက နှစ် ယောက် ပေါင်းတစ်ထည်။ ညီမလေးက ကျွန်မထက်လေးနှစ် ငယ်၏ ။ သို့ သော် သူကထွားသည်။ ကြီးလာသော အခါ ကျွန်မနှင့် ရွယ်တူ ဖြစ်သွားသည်။ ယခုဆယ်နှစ် နှင့် ခြောက်နှစ် မှာ ပင် ကျွန်မသည် သူ့ကိုမနိုင်ချေ။ သူ့ကိုယ်လုံးနှင့် ဖိထားသော စောင်ကိုကိုယ့်ဖက်ပါလာအောင်ဆွဲ၍ မရပေ။ နောက်တော့ အကြံရပြီးသူ့ကို ဟိုဘက်ရွှေ့သွားအောင်တွန်းရ၏ ။သူနည်းနည်း ရွေ့သွားလေသည်။ လှုပ်တော့မလှုပ်။ သူကားအိပ်ပျော်နိုင်လွန်းစွ။
ကျွန်မကား နှင်းတွေ ပိန်းနေအောင်ကျနေသော နှင်းလွင်ပြင်ကြီးထဲရောက်နေလေသည်။ ရှေ့ မှာ လည်းနှင်း။ နောက်မှာ လည်းနှင်း။ ခေါင်းပေါ်မှာ လည်းနှင်း။ မျက်တောင်မွေးတွေ ပေါ်မှာ တောင် နှင်း စက်တွေ လာပြီးခိုတွဲ နေလေသည်။ ကမ်းမမြင်လမ်းမမြင် လွင်ပြင်ကြီးတွင် ကျွန်မသည်တောင်ပံကို ဖြန့်ကားလျက်မျောပါနေသည်။ လေကိုအားရပါးရရှူရင်း ပျော်သလိုလို ဖြစ်လာ၏ ။ သို့ သော် ရုတ်တရက် ချောက်ကမ်းပါးကြီးတစ်ခုကို မြင်လိုက်ရသည်။ ရှောင်၍ လည်းမရ။ ရှောင်ရန်အချိန်လည်း မရ။ နောက်ဆုံး ချောက်ကမ်းပါးကြီးထဲသို့ ခြေစုံပစ်ခုန်ချလိုက်ရ၏ ။
ရင်ထဲအေးခနဲတုန်သွားပြီး လန့်နိုးလာလေသည်။
မိုးလင်းနေပြီ။
ညီမလေးကား ငြိမ်သက်စွာ အိပ်ပြောနေဆဲ။
ညီမလေးနာမည် ကို ‘မအုံးခင်’ဟုအဖေကပေးခဲ့သည်။
အဖေ့နာမည် က ဦးစိန်၊အမေ့နာမည် က ဒေါ်စောရင် ဖြစ်၏ ။
ထိုခေတ်ကဓလေ့အတိုင်း သားသမီးများ ကို နေ့သင့်နံသင့် ကာရန်နှင့် မှည့်သည်။ အကြီးဆုံး သမီးကို တနင်္လာသမီးမို့ ‘မကြည်လှိုင်’ဟုမှည့်၏ ။ ဒုတိယသမီးမှာ ဗုဒ္ဓဟူး ဖြစ်သော်လည်း ကာရန် ဦးစားပေးပြီး ‘မကြည်လှိုင်’ဟုမှည့်သည်။ သားမွေးတော့ အင်္ဂါသားမို့ ‘မောင်စံဖေ’တဲ့။ နောက်သမီးကို ‘မစံမေ’တဲ့။ ဆုံးသွားသော တနင်္ဂနွေသမီးက‘မအုံးသင်’တဲ့။ ဒါနှင့်ပင် ညီမလေးကို ‘မအုံးခင်’ဟု မှည့်တာပါ။
ထိုမအုံးခင်လေးကိုနာမည် ပေးချိန်တွင် ကျွန်မအသက် ၄ နှစ် ရှိပါပြီ။ ထို ၄ နှစ် သမီးသည် ကိုယ့် ဘာသာအေးအေးမနေချေ။ သူ့ထက် ၄ နှစ် ငယ်သော ကလေးနီတာရဲလေးကို မနိုင်တနိုင်ချီ၏ ။ ပြီးတော့ ဘယ်သားသမီးမှ ပြန်မပြောရဲသော အဖေ့ကို ဆန့်ကျင်လိုက်သည်။ အဲဒီ မအုံးခင်ဆိုတဲ့ နာမည် ကြီး မကြိုက်ဘူး။ ခင်ခင်ပုလို့ခေါ်ပါတဲ့။ ဤသို့ဖြင့် ကျွန်မညီမလေးသည် မအုံးခင် ဖြစ်မလာဘဲ ခင်ခင်ပု ဖြစ်လာကာ ယခုအချိန်၌ ကချင်ပြည်နယ်၊ သစ်ထုတ်လုပ်ရေး ပြည်နယ်ရုံးကြီးတွင် လက် ထောက်မန်နေဂျာ ဒေါ်ခင်ပုဟူ၍ ဖြစ်နေလေသည်။ ထိုခင်ခင်ပုကားစ၍ အလုပ်ဝင်တော့ သစ်ထုတ် လုပ်ရေး မှာ အကူ စာရေး မလေးအ ဖြစ်ဝင်ခဲ့ပြီး အလုပ်လုပ်ရင်းစာမေးပွဲတွေ ဖြေ၊ ရာထူးတွေ တက်နောက်ဆုံးမန်နေဂျာ ဆိုတာအထိ။
ကျွန်မကားစ၀င်တော့ အလယ်တန်းဆရာမ ၊ ပြီးတော့ရန်ကုန်တက္ကသိုလ်တက်၊ နောက် အထက်တန်းပြ၊ အထက်တန်းကျောင်းအုပ်ခန့်တော့ ငြင်းဆန်၊ ရန်ကုန်မြန်မာ့အသံသို့ ပြောင်း၊ ဆင်းရဲ စွာ ရုန်းကန်၊ အငြိမ်းစားယူ၊ စာရေး ဆရာလုပ်၊ အယ်ဒီတာကြာကြာမလုပ်ချင်၊ ပြန်ထွက်၊ စာရေး ဆရာပဲလုပ်၊ ဆင်းရဲခြင်းကို ကျေနပ်စွာ ခံယူ။ တိုက်ပွဲတစ်ရာအောင်ပွဲ…မ ဖြစ်စလောက်။
ညီိမလေးနှင့် ကျွန်မ သည်လို ၀ရုန်းကန်ပုံချင်းကွဲပြားသော်လည်း လူချင်းရုပ်ဆင်သဖြင့် မကြာ ခဏလူမှားတတ်ကြ၏ ။
တစ်အိမ်တည်းအတူနေစဉ်ကပင် သူ့ကိုကျွန်မဟုထင်ပြီး ‘ဆရာမ ’ဟုခေါ်သူခေါ်။ ကျွန်မ ကိုသူဟုထင်ပြီး ‘သစ်ဝယ်ယူခွင့်’ လာညှိသူရှိခဲ့၏ ။ နောက်ပိုင်းကျတော့ခပ်၀၀မိန်းမကြီး ဖြစ်သွားပြီး၊ ကျွန်မကမူ သွယ်သွယ်လျလျလေးကျန်ခဲ့သည်။ လူမမှာြး ကတော့ပြီ။
ညီမလေးအကြောင်းတွေးလျှင် တစ်ခုသော နွေနေ့လယ်ကိုသတိရ၏ ။ ထိုနေ့ကားနေချစ်ချစ် တောက်ပူနေသည်။ကျောင်းပိတ်ရက်ရှည်ပိတ်ထားသဖြင့် ပျင်းစရာကောင်းလှ၏ ။ရွှေကူကခြေတန်ရှည် အိမ်ကြီးအောက်ထပ်မြေပြင်တွင် သင်ဖျာကိုခင်းကာ၊ကျောဆန့်၍ နေရ၏ ။ ညနေကလည်းရောက်ခဲပါ ဘိခြင်း၊ခေါင်တိုင်ထိပ်က တောက်တဲ့မြည် သော အခါမိုးလား၊လေလားဟု ရေတွက်တော့လည်းမိုးဟု အဖြေမရ။အေးလေဧပြီလဆန်းဆိုတော့ မိုးဘယ်လာဦးမလဲ၊ခေါင်းရင်းအိမ်ကကြက်ဖကြီးတော့ပျင်း ပျင်းနဲ့တစ်ချက်တွန်၏ ။ကျွန်မကခေါင်းမဖော်ဘဲ ကြက်ဖရေ…ငါတို့လည်းပျင်းတာပဲဟုပြောရင်း မှော က် အိပ်လိုက်သည်။
အတော် အိပ်ပျော်သွားခဲ့ပုံရ၏ ။ ကိုယ်ကိုလှုပ်နှိုးခံရတော့မှနိုးလာသည်။ ညီမလေးက အသံ မထွက်ဘဲလှုပ်နိုးနေခြင်းကိုး။ သူ့မျက်နှာကတစ်မျိုးကြီး။ သူကြောက်ရွံ့တုန်လှုပ်နေသည်။ မေးကြည့်တော့ အိမ်ရှေ့အိမ်ကသန်းမြင့်က သူ့ပိုလိုကားတွေ အနိုင်။ ကျင့်ရယူသွား၍ ဟုပြောသည်။ ‘ပိုလိုကား’ဆိုသည်မှာ ပိုလိုစီးကရက်ဗူးခွံများ ကို ခေါ်တာပါ။ ထိုဗူးခွံများ ကို မြေကြီးပေါ် ထောင်ပြီးကြေးကွင်းဖြင့် ပစ်ပြီး၊ ထိသမျှကို အနိုင်ရတာ ပါ။ အခုညီမလေး ပိုလိုကားတွေ ကိုသန်းမြင့်က အကြီးပီပီအနိုင်ယူသွားခဲ့တာကိုး။
ကျွန်မကလက်သီးလက်မောင်းတန်း၏ ။ သန်းမြင့်အိမ်ကပိုလိုကားတွေ ပြန်ယူရန် ဆုံးဖြတ်၏ ။ ယခုသန်းမြင့်လေးခွနှင့် ထွက်သွားကြောင်း ညီမလေးပြောတော့၊ သူ့အိမ်ကို ကျွန်မ၀င်သွားသည်။ သူတို့ခြံဝင်းက တညင်းပင်ရိပ်ကြီးရှိ၏ ။ နေ့ခင်းမှာ ပိုလိုကားပစ်ကြသည်။ ယခုအဲသည်မှာ ညီမလေး ပိုလိုကားကိုထားခဲ့နိုင်သည်။ခပ်လွယ်လွယ်ပြန်ယူ၍ ရနိုင်သည်။ကျွန်မကလိပ်ပြာသန့်စွာ ညီမလေးရှုံးခဲ့ သော ပိုလိုကားများ ကို ပြန်ရယူဖို့သွားစဉ် ညီမလေးကခပ်လှမ်းလှမ်းက လိုက်ခဲ့ရှာသား။
မကြာခင်သန်းမြင့်ပြန်ရောက်လာပြီး သူ့ပိုလိုကားတွေ ပြန်ပေးဖို့တောင်းဆိုလာသည်။ ကျွန်မ ကိုယ့်ပစ္စည်းကိုယ်ပြန်ယူကြောင်းနှင့် သူကကလေးကိုအနိုင်ကျင့်ကြောင်း စွပ်စွဲသော ခဏမှာ သူက ဘာမှမပြောဘဲ ကျွန်မကိုဝင်၍ နပန်းလုံးတော့၏ ။
နှစ် ယောက် သား ဘတစ်ပြန်ကျားတစ်ပြန်ပေါ့။ကျွန်မကား နပန်းလုံးခြင်း၌ ခေသူမဟုတ်။ ရပ်ကွက်ထဲက ကောင်လေးတော် တော် များများ နှင့် နပန်းလုံးဖူးသည်။ အတွေ့ အကြုံ့ရင့်ကျက်သည်။ ခက်သည်မှာ သန်းမြင့်ကလည်း အတွေ့ အကြုံအရာ၌ ကျွန်မထက် မလျော့နည်းချေ။ လူကသေးပေမယ့် ယောက်ျားအားမို့ ကျွန်မမှာ အတော် ခုခံနေရသည်။ ခံစစ်မို့သူ့ကိုနိုင်ဖို့ အတော် ခဲယဉ်းနေသည်။ အနီးအပါး၌ ကျွန်မတို့ကို ပွဲရပ်အောင်တားပေးမယ့် ဒိုင်လူကြီးလည်းမရှိ။ ကျွန်မတို့ နှစ် ယောက် မြေကြီးပေါ်မှာ တအီးအီးတအဲအဲနှင့် ။ သူလည်းမောနေပြီ။ ကိုယ်လည်း မောနေပြီ။ နပန်းပွဲကား အနိုင်အရှုံးမပေါ်သေး။
ဤတွင် ကျွန်မအကြံရသည်။ သည်ကောင်ကို ရိုးရိုးနည်းဖြင့် အနိုင်မရနိုင်။ ကောက်ကျစ်သော နည်းလမ်းတစ်ခုခုကို သုံးမှ ဖြစ်တော့မည် ။ သူကကျွန်မကိုယ်ပေါ်တက်ဖိထားဆဲ။ သူ့လက်ကကျွန်မ ပုခုံးကိုနှိပ်ထားဆဲ။ ကျွန်မက ဦးခေါင်းကိုဘေးစောင်းလိုက်ပြီး သူ့လက်ကောက်ဝတ်ကိုတအားဖိကိုက် ပစ်လိုက်သည်။ ကျွန်မသွားစွယ်များ သည် သူ့လက်ကောက်ဝတ်မှာ နစ်နေလေ၏ ။
သည်တော့မှသူလက်ကိုရုန်းကာ ကျွန်မကိုလွှတ်လိုက်သည်။ ဘာတစ်ခွန်းမှ မပြောတော့ဘဲ သူ့အိမ်ပြန်သွားလေသည်။(နောင်အပျို၊လူပျိုလေများ ဖြစ်လာသော အခါသူသည် ကျွန်မကိုရည်းစားစာ ပေးပြီးသူ့လက်ကောက်ဝတ်မှဒဏ်ရာအမာရွတ်အ၀ိုင်းလေးကိုပြရင်း ငယ်ငယ်တုန်းကခွေးကိုက်ခံရတာ လေဟု ရယ်စရာပြောသေးသည်။ယခုဤစာရေး ချိန်တွင် တော့ သူကွယ်လွန်တာဆယ်နှစ် ကြာခဲ့ပါပြီ။)
ယခုညီမလေးအကြောင်းဆက်ရပါမည် ။
သန်းမြင့်နှင့်ကျွန်မတို့ဖျန်ဖြေမည့် သူမရှိဘဲ နပန်းလုံးနေတုန်း ညီမလေးဘာလုပ်နေသနည်း။
သန်းမြင့်လက်ကောက်ဝတ်မှာ အနာရပြီးပြန်သွားတော့မှ ကျွန်မမှာ ချွေးသုတ်ရင်းညီမလေးကို သတိရလာပါသည်။ ညီမလေးဘယ်ရောက်နေပါလိမ့်။ ကျွန်မတို့အနီးအနား၌ ညီမလေးမရှိချေ။ အပေါ်ထပ်သို့ တက်ရသည်။ အပေါ်ထပ်မှာ ဘုရားခန်းနှင့် အိပ်ခန်းများ ရှိ၏ ။ ညီမလေးကား ဘုရား ခန်းမှာ မရှိ။ အိပ်ခန်းထဲမှာ များ လား။
အလို….
သက္ကလပ်စောင်အနက်ကြီးက လှုပ်လှုပ်လှုပ်လှုပ်နဲ့ပါလား။ ကျွန်မကစောင်ကို လက်တစ်ဖက် ဖြင့် ဆွဲဖယ်လိုက်သည်။ စောင်အောက်မှာ ညီမလေး တစ်ယောက် ချွေးတွေ ပြန်ပြီး ဆတ်ဆတ်တုန် လို့ရယ်။
ကျွန်မလည်းသူ့ကိုတွေ့ တော့ ဒေါသ ဖြစ်သွားသည်။ အမောမပြေရသည့်ကြားပိုပြီး မောသွားရ သည်။ ဟင်…နင်ကဒီမှာ လာပုန်းနေတယ်ဟုတ်လား၊ငါ့မှာ ဖြင့် နင့်ကြောင့် လည်းရန် ဖြစ်ရသေး၊ တကယ် ဆိုနင် ငါ့ဘက်ကလာကူပါလား၊ နှစ် ယောက် ဆိုနိုင်မှာ ပေါ့၊ ခုတော့ငါ့မှာ တစ်ယောက် တည်းသေလု ရော။ နှုတ်ကလည်းပြောလက်ကလည်းစောင်ကိုဆွဲခါတော့ သူ့မျက်နှာမှာ ချွေးနှင့် မျက်ရည်ရော နေပြီ။ ဆက်မပြောရက်တော့။
ကျွန်မတို့လူကြီး ဖြစ်ကြပြီ။
ညီအစ်မအရင်းတွေ ဖြစ်သော်လည်း လူချင်းသိပ်မတွေ့  ဖြစ်။သူက၀န်ထမ်းဘ၀နှင့် နယ်လျှောက် ပြောင်းနေခဲ့၏ ။ ကျွန်မကားရာထူးကြီးများးကို တစ်ခုပြီးတစ်ခုစွန့်ပစ်ရင်းနောက်ဆုံးလွတ်လပ်သော စာရေး ဆရာဘ၀မှာ မွေ့လျော်နေခဲ့လေသည်။
သူက ကျွန်မအခြေချရာရန်ကုန်သို့ အလည်အပတ်အ ဖြစ်ဘယ်တော့မှမလာပေ။ သူ့ဌာနမှ အစည်းအဝေးများ ၊ သင်တန်းများ နှင့် ကြုံမှသာ ရန်ကုန်ရောက်တတ်သည်။ သူလာလျှင်တော့ လှေကား မှာ ကတည်းကပင် မမေ…မမေ…ဟု အော်ခေါ်လေ့ရှိ၏ ။ ညီအစ်မနှစ် ယောက် ထိုင်ပြီး စကားတွေ ပြောကြ။ သူဝယ်လာလေ့ရှိသော ရှမ်းအစားအစာတွေ စားကြနှင့် ဘေးလူရေပက်မ၀င်ချေ။ ညီမလေး ကား ရယ်လိုက်၊ ပြောလိုက်နှင့် ကလေးဘ၀ကအတိုင်း ဘာမျှပြောင်းလဲမသွား။ ကျွန်မလည်း ဒေါတွေ မာန်တွေ နှင့် ငယ်ငယ်ကလိုပင်ဘာမျှမပြောင်းလဲသေး။မမေ…စိတ်ထဲမှာ ဘာမှမထားနဲ့၊ ရတနာ သုံးပါးပဲထားဟု သူကဆုံးမသေးသည်။ သည်အခါကျွန်မက ရေနွေးခွက်ကိုတွန်းပစ်ရင်းငါသိတယ်။ ငါကမတရားတာ ဘာမှမလုပ်ဘူး၊ မတရားတာမြင်ရင်လည်း ငါကမခံနိုင်ဘူး။ တကယ် တော့ငါကမှတရားအလုပ်လုပ်တာ ဟုအပေါ်စီးကပြောပစ်သည်။
သူကရန်ကုန်မှာ ရွှေတိဂုံဘုရားကြီးဖူးတာကလွဲပြီး ဘယ်မှမသွား။ အစည်းအဝေးပြီးတော့ လေယာဉ်လက်မှတ် သူ့ဘာသာဝယ်သည်။ အပြင်မှာ ကက်ဆက်လေးတစ်ခုဝယ်လာတာဟု ကျွန်မကို ပြော၏ ။ ဤတွင် ကျွန်မက မျက်မှန်ကိုပြေးယူ၏ ။ ကက်ဆက်ကိုစစ်ဆေးရန် ဖြစ်၏ ။ သူက ကက်ဆက် လေးကိုထုတ်ပေးရင်း သူ့သမီးသီလရှင်လေးဓိမ္မာစရိယတန်းတက်နေရာ ဆရာတော် တရားဟောလျှင် အသံဖမ်းထားပြီး ပြန်နားထောင်ဖို့ဟုပြောသည်။
ကျွန်မကကက်ဆက်ဗူးခွံကို အရင်ကြည့်၏ ။ သူကအပြင်ကဗူးနဲ့အထဲကဟာမတူဘူးဟု ဆို သည်။ စကတည်းကမဟုတ်တော့။အထဲကကက်ဆက်ခလုတ်များ ကို မျက်မှန်ဖြင့် ကြည့်သော အခါ Play, Stop နှင့် FF သုံးခုသာတွေ့ ခု၏ ။အသံသွင်းသော Record ခလုတ်မပါပေ။
အသံသွင်းချင်ရင် ဒီနှစ် ခုကိုတစ်ပြိုင်တည်းနှိပ်ပြောတာပဲဟု သူကပျော့ပျော့လေးပြောနေ သည်။ ကျွန်မဒေါသ ဖြစ်လိုက်သည်မှာ မပြောပါနှင့် တော့။ Playဆိုတာဖွင့်တာ။Stopဆိုတာရပ်တာ။ FF ဆိုတာ Fast Forward အမြန်ဖွင့်တာ။ဘယ်မှာ Recordခလုတ်ပါလို့လဲ။နင်ပညာတွေ သင်ထားပြီး ဒါလေးမှ မဖတ်တတ်ဘူးလား။ စာမတတ်တဲ့လူဆို ထားပါတော့။ ခုတော့ နင်အ,လို့ အလိမ်ခံရတာ စသဖြင့် ကျွန်မဒေါသတွေ မွှန်နေသည်။ လိမ်သည်ဆိုတာ အလိမ်ခံတဲ့လူရှိလို့လိမ်တာ။ ငါ့လို လူလာလိမ်ကြည့်ပါလား။ တစ်ခါမှအလိမ်မခံရဘူးဆိုပြီး ကျွန်မကက်ဆက်တွေ ၊ ရေဒီယိုတွေ ကိုထုတ်ပြလိုက်သည်။
လူကြီးကိုလိမ်ရလားဟု ဈေးရောင်းသူကိုလည်း ဒေါသ ဖြစ်၏ ။ ဓမ္မာစရိယတန်း၌ ဆရာ တော် ကြီး ဟောကြားသမျှခလုတ်နှိပ်လေးနှိပ်ပြီးအသံသွင်းယူထားချင်ရှာသည့် တူမသီလရှင်လေး ကိုသနားသည်။
ညီမလေးကကျွန်မကိုမော့ကြည့်ရင်း ဘောက်ချာပါပါတယ်။တစ်ခုခု ဖြစ်ရင်ပြန်လာခံပါတဲ့ဟု ပြောသေးသည်။ အဲဒါကပျက်ရင် အလကားပြင်ပေးမယ်ပြောတာ။အသံဖမ်းခလုတ်ပါတဲ့ဟာနဲ့ ပြန်လဲ ပေးမယ်လို့ပြောတာမဟုတ်ဘူးဟုအော်ရင်း ကျွန်မဒေါသတွေ လှိုင်းထလာပြန်သည်။
သူ ကတော့ဘာမှမ ဖြစ်သလိုပင်။ကက်ဆက်လေးကိုပိုက်ရင်း ကိစ္စမရှိပါဘူးလေ။ သီလရှင် အတွက် နောက်တစ်လုံးဝယ်ပေးတာပေါ့။ဒါလေးက ကျွန်မလိုချင်နေတာနဲ့အတော် ပဲ။ ကျွန်မက ဘာအသံမှမဖမ်းပါဘူး။ တရားခွေဖွင့်မှာ ။ အိမ်မှာ ရှိတာတွေ က ဆောင်းဘောက်တွေ နဲ့ နားငြီးစရာကြီး။ ကိုယ်ကဘယ်ချောင်လေး ဖြစ် ဖြစ် ခွေရင်း ကိုယ့်ကက်ဆက်လေးနဲ့ကိုယ်တရားနာချင်တာ အတော် ပဲဟု ပြောနေသည်။
ကျွန်မကားသူ့ကိုငယ်ငယ်တုန်းကလို ဆံပင်ကိုင်ဆောင့်ချင်နေဆဲ။ သူကကျွန်မကိုပြုံးကြည့်ရင်း မမေ…မပူနဲ့လေ။ဘာမှမ ဖြစ်ဘူးလေ၊ဒေါသမ ဖြစ်နဲ့လေ။ဘာမှမ ဖြစ်ဘူး။ ဘာမှမ ဖြစ်ဘူးဟုနှစ် သိမ့်နေ လေ၏ ။
ကျွန်မမှာ မောလွန်းသဖြင့် ဓာတ်ဗူးထဲမှရေနွေးကြမ်းကိုငှဲ့ပြီးမော့သောက်လိုက်သည်။ လျှာတွေ ပူလောင်၍ သွား၏ ။ ညီမလေးကား သူ့ကက်ဆက်လေးကို ကြောင်လေးတစ်ကောင်ပွေ့သလိုပွေ့ရင်း အေးချမ်းစွာ ပြုံးနေလေသည်။
အရွယ်
အိမ်မှာ လူရှင်းသွားပြီ ဖြစ်သည်။
ကျွန်မသည်သံဆွဲတံခါးကိုသော့ ခတ်လိုက်ပြီး သစ်သားတံခါးကြီးကိုပါ Lock ကျအောင် တွန်းပိတ်လိုက်၏ ။
ယခုဤတိုက်ခန်းကြီးထဲမှာ ကျွန်မ တစ်ယောက် တည်း ဖြစ်သွားပြီ။ မနက်မိုးမလင်းတလင်း ကတည်းကစပြီး ဆူညံရှုပ်ထွေးခဲ့သော ကလေးငိုသံများ ၊ ခဲတံလုသံများ ၊ ကော်ဖီဖျော်သံများ ၊ အီကြာ ကွေးညှပ်ဖို့ကတ်ကြေးရှာသံများ ၊ မီးပူကြိုးနှင့် ကလေးစက်ဘီးငြိပြီးလဲကျသံများ ၊ လွယ်အိတ်ထဲစာအုပ် ထည့်ရင်း ပျောက်ရှညီးညူသံများ ၊ မုန့်ဖိုးတောင်းသံများ ၊ ဖိနပ်တစ်ဖက်မှား၍ ပြန်ရှာသံများ ၊ အားလုံး အားလုံးသော အသံတို့သည် ‘ကျောင်းကားလာပြီ’ဟူသော အသံနှင့် အတူ ပြေးထွက်ပျောက်ကွယ် သွားခဲ့ကြလေပြီ။
ကျွန်မသည်ပြတင်းတံခါးပေါက်မှနေ၍ လေရှူရန်ခေါင်းပြုလိုက်ပါသည်။ ကောင်းကင်မှာ အုံ့မှိုင်း နေ၏ ။ မြောက်ဘက်ကလာသော ဆောင်းလေသည် ကြပ်တင်းနေသော ကျွန်မ၏ အဆုတ်များ ကို အားဖြည့်ပေးကြပါသည်။
ပြတင်းပေါက်ကို ကျောပေး၍ ချထားသော ဆက်တီပေါ်ထိုင်ချလိုက်၏ ။ လက်တစ်ကမ်းမှာ နံရံကပ်စာအုပ်ဗီရိုရှိ၏ ။ အဆင့်လေးတစ်ခုပေါ်၌ ကျွန်မအတွက်ကော်ဖီခွက်ရှိ၏ ။ အသာလှမ်းယူပြီး တစ်ငုံသောက်လိုက်သည်။ ခပ်နွေးနွေးနှင့် မွှေးပျံ့သော ကျွန်မအသည်းစွဲကော်ဖီစစ် အရသာကိုရ သည်။ ချမ်းသာစွ။
ကော်ဖီကိုဇိမ်ခံသောက်ရင်း မျက်စိကိုခဏမှိတ်ထားလိုက်သည်။ သည်နေ့ ၂၀ ရက်ဆိုတော့ တစ်လတာ Assignment အပ်ထည်များ အားလုံးပြီးသွားပြီ။ နောက်ပိုင်း ၁၀ ရက်သည် ကျွန်မအတွက် စာဖတ်ချိန်များ တည်း။
ဒီနေ့ဘာစာအုပ်ဖတ်ရပါ့မလဲ။
မဖတ်ရသေးသော စာအုပ်တွေ က တစ်ပုံတစ်ပင်ကြီး။ အလုပ်နှင့် ပက်သက်သော စာအုပ်အကိုး အကားများ ကိုဦးစားပေးဖတ်ခဲ့ရသဖြင့် စိတ်အေးလက်အေးဖတ်ရမည့်  စာအုပ်များ ကိုမဖတ်ရသေး။ အစားချွေတာပြီး ၀ယ်ခဲ့ရသော စာအုပ်များ ၊ လက်ဆောင်ရသော စာအုပ်များ ၊ စာဖတ်ခြင်းသည်အပန်း ဖြေခြင်း ဖြစ်၍ ဒီနေ့တော့ဘာမျှမလုပ်ဘဲ စာဖတ်မည် ဟုအားခဲထားခဲ့သည်။
ဘာဖတ်ရကောင်းမလဲ။ဘယ်ဟာစဖတ်မည် လဲ။
နံရံကပ်စင်ပေါ်မှာ က ဘာသာရပ်အလိုက်စာအုပ်တွေ ကို စီထားသည်။ အပေါ်ဆုံးမှာ ဘာသာ ရေး ၊ ပြီးလျှင် အင်္ဂလိပ်အနုစာပေ၊နောက်မြန်မာအနုစာပေ၊ သမိုင်းနှင့် ပထ၀ီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ၊ ဂီတ၊ ပြီးတော့ ကဗျာစာအုပ်များ ။
မဂ္ဂဇင်းတွေ ကိုတော့ အားလုံးမသိမ်းနိုင်။ အတွင်းသားကလိုချင်တာဖြတ်ပြီး ဒါကိုလည်း ဘာသာရပ်အလိုက်ဖိုင်တွဲ ထားရ၏ ။ ဖိုင်တွဲ တွေ က အိပ်ခန်းထဲမှာ ။
စိတ်ထဲမှာ ခပ်ထွေထွေရှိသဖြင့် ရယ်စရာစာအုပ်ဖတ်ရင်ကောင်းမှာ ပဲဟု စဉ်းစားသည်။ ရယ်စရာစာအုပ်တော့များများ မရှိပါ။ ငယ်ငယ်ကရယ်စရာရေး ဖူးသေးသည်။ ကျောင်းက ယောက်ျား လေးတွေ စသဖြင့် ရှက်ပြီးမရေး ဖြစ်တော့ပေ။ Satire ခေါ်သရော်စာတွေ တော့ အတော် ရေး ခဲ့သေး သည်။ နောက်တော့ ရေး ရတာ မလွတ်လပ်တော့သဖြင့် ဒါလည်းမကိုင်တာကြပြီ။ ခုနေခေတ်မီသော သရော်စာကောင်းကောင်းလေးဖတ်ချင်နေသည်။ ကလိထိုးသော စာမျိုးတော့မဖတ်ချင်။
စာအုပ်စင်ကိုငေးရင်း ‘ကောလိပ်ကျောင်းသား’ဆိုသည့် စာအုပ်ကြီးကိုမြင်၏ ။ ငယ်ငယ်က အသည်းစွဲခဲ့သော ၀တ္ထု။ ဆရာဇ၀န၏ မှတ်တိုင်တစ်ခု။အရင်က ပထမတွဲ ၊ ဒုတိယတွဲ ပြီး ခွဲထုတ်ခဲ့၏ ။ နောက်တော့ ပုဂံတိုက်ကနှစ် တွဲပေါင်းကိုတွဲ ပြီးထုတ်ခဲ့သည်။ ယခုကျွန်မမှာ ရှိသော အတွဲ က ပုဂံထုတ်အထူကြီး ဖြစ်လေသည်။
‘ကောလိပ်ကျောင်းသား’ကို ကိုယ်တိုင် ကောလိပ်မရောက်ခင်ကတည်းက အသေအလဲ ကြိုက်ခဲ့သည်။ မိုးတွေ များ ရွာလျှင်မိုးတွေ ကရွာ၊ မာတွေ ကရိုး၊ ကိုသိန်းဖေလူပျိုသိုး၊ ပြဲပေါ့ပုဆိုး ဟူသော ၀တ္ထုထဲမှာ ပါသည့် ကဗျာလေးကိုရွတ်မိရင်း ပြုံးမိခဲ့မြဲ ဖြစ်ပါသည်။ ဤ၀တ္ထုပါ သိန်းဖေက ကိုနေ၀င်းကို ရုပ်ရှင်မင်းသားဘ၀သို့ ပင်ပို့ဆောင်ပေးနိုင်သည်မဟုတ်ပါလား။ ကောလိပ်ဂျင်နေ၀င်း ဆိုသည်မှာ ကိုသိန်းဖေ ဖြစ်၍ သာ ပေါ်ထွန်းလာခြင်းပဲလေ။
ကျွန်မသည်ငယ်ငယ်ကစွဲလမ်းခဲ့သော ဤစာအုပ်ကြီးကိုပြန်မဖတ် ဖြစ်သည်မှာ မည် မျှကြာပြီ မသိ။ အိမ်ပြောင်းတိုင်း အမြတ်တနိုးသယ်ဆောင်နေခဲ့သော်လည်းအချို့စာအုပ်များ လို အထပ်ထပ် မဖတ် ဖြစ်ခဲ့။
ငယ်ငယ်ကများ သူငယ်ချင်းတွေ နှင့် လည်း တစ်လှည့်စီဖတ်ပြီးပြောကြသေးသည်။ အထူးသဖြင့် တက္ကသိုလ်တုန်းကပေါ့။ ငယ်ပေါင်းစာအုပ်ပါပဲ။
စာအုပ်ကြီးကိုကျွန်မလှမ်းယူလိုက်၏ ။
အတော် လေးနေပြီလား။ စာအုပ် ကတော့ပိုပြီးထူလာတာမ ဖြစ်နိုင်။ ကိုယ်အားနည်းသွားတာ များ လား။
ကိုသိန်းဖေ ရွှတ်နောက်သည့်အခန်းကိုရှာဖတ်သည်။
မတွေ့ သလိုလို ဖြစ်နေ၏ ။
ဆယ့်နှစ် ကောင်ထီဖွင့်သော အခန်းကိုတွေ့ သော် ဟော…တွေ့ ပြီတွေ့ ပြီဆိုပြီး အားရပါးရဖတ် သည်။ သူငယ်ချင်းတွေ နဲ့တုန်းက သည်အခန်းကို တ၀ါးဝါးတဟားဟားနှင့် ဖတ်ခဲ့တာလေ။
ဟော…ခက်ပြီ။
ကျွန်မမရယ်မိပါကလား။
ဘယ်လို ဖြစ်တာလဲ။
စာအုပ်ကြီးသည်ကျွန်မလက်ထဲမှာ လေးလံအေးစက်၍ နေ၏ ။ မျက်မှန်ကိုဖြုတ်ကာ စာအုပ်ကို ဆက်တီလက်တန်းပေါ်တင်ထားလိုက်သည်။
ဘာ ဖြစ်လို့မရယ်ချင်တာလဲ။
ကျွန်မဟာမရယ်တတ်တော့ဘူးလား။
အိုး…ဒီလိုကြီး မဟုတ်ပါဘူး။ ကျွန်မသူငယ်ချင်းများ နှင့် ထပ်ခါထပ်ခါ အားရပါးရ ရယ်နေဆဲပါ။ နေပါဦး။ တခြားလူတွေ ကောမရယ်ကြဘူးလား။
ရယ်ကြပါသည်။ အိမ်ကကလေးတွေ ရော၊ အိမ်ဖော်ကလေးမလေးရော ကာတွန်းဖတ်ရင်းရယ် လိုက်ကြ။ TV ကြည့်ရင်းရယ်လိုက်ကြ။ ‘အံမယ်လေးပလုပ်တုတ်’ဆိုတာကိုလည်းနှစ် နှစ် ခြိုက်ရယ် မဆုံး။ ကျွန်မမျက်မှန်အင်္ကျီကော်လံမှာ မျက်မှန်လိုက်ရှာနေတုံးကများ အတောမသတ်ရယ်လိုက်ကြ တာ။ ကဲနေတော့။
ဆက်တီမှထပြီး အိပ်ခန်းထဲဝင်ခဲ့၏ ။ အနောက်ဘက်နှင့် တောင်ဘက်ကိုလှည့်ထားသော ပြတင်း ပေါက်နှစ် ပေါက်မှလေအေးများ က ဆီးကြိုနေသည်။ သင်ဖျူးခင်းထားသော ကုတင်လေးပေါ်အသာလှဲ လိုက်၏ ။စောင်ပါးပါးလေးကိုရင်ဘတ်ပေါ်တင်ပြီး ခေါင်းအုံးအိအိလေးပေါ်ဇက်တင်ကာ စာဖတ်ရခြင်း ကို ကျွန်မဖြင့် LA သွားလည်ရတာ ထက်ပျော်ပါသည်။
ကုတင်ဘေးခေါင်းအုံးနားမှာ ဖတ်လက်စစာအုပ်ရှိသည်။ ဒဂုန်တာရာ၏ ‘ရုပ်ပုံလွှာ’၊ ဆရာမြ သန်းတင့်၏ ‘ပုံတော် ပုံညာသွားတောလား’၊ ဆရာသိန်းဖေမြင့်၏ ‘ကျော်ငြိမ်း’၊ ဆရာဦးသန်းဆွေ၏ ‘သမိုင်းဝင်ပုဂံစေတီပုထိုးများ ’၊ ဆရာတင်နိုင်တိုး၏ ‘မြင်ကွင်းမင်းသားကြီး၏ စွန့်စားခန်းများ ’၊ ပြီးတော့ ဦးလှမောင် ဘာသာပြန်အင်္ဂလိပ်လိုရေး သားထားသော ‘The Buddha Peerless Benefactor of Humanity’(ဒါကဦးရွှေအောင်၏ ‘အနှိုင်းမဲ့ဗုဒ္ဓ’ ကိုအင်္ဂလိပ်လိုပြန်ထားခြင်း)ဒါကို နိဒါန်းတစ်ခုနှင့် ပင် ဖတ်မ၀ ဖြစ်ခဲ့၍ ခေါင်းအုံးနားမှာ အမြဲရှိနေခြင်း ဖြစ်၏ ။
ကျွန်မသည် ပြတင်းပေါက်နားက စာရေး စားပွဲမှာ တကုပ်ကုပ်နှင့် အလုပ်ရှုပ်ပြီး လက်ကိုင်လာသော အခါခုတင်ပေါ်ကျောဆန့်ရင်း လက်လှမ်းမီရာစာအုပ်တစ်အုပ်ကိုဖွင့်ဖတ်မြဲ ဖြစ်၏ ။ စိတ်ညောင်းလက် ကိုက်နေတာတွေ ပြေသွားခဲ့လေသည်။
မွန်းကြပ်၍ အဖြေရှာမရသော လောကပြဿနာတွေ ကြားမှ ထွက်ပြေးလိုသော အခါတိုင်းမှာ လည်း ဆရာဒဂုန်တာရာခေါ်သွားသည့် ၁၉၃၆ခုနှစ် တက္ကသိုလ်ကြီးဆီလိုက်သွားသည်။ ဆရာမြသန်း တင့်ခေါ်ဆောင်ရာ ပုံတောင်ပုံညာတောင်တန်းများ ဆီ အလည်အပတ်သွားသည်။ ဆရာသိန်းဖေမြင့် နှင့် ဦးကျော်ငြိမ်းတို့ နိုင်ငံရေး အယူအဆငြင်းခုန်ကြသည်ကို နားထောင်သည်။ ဘယ်တော့မှမတင်းတိမ် နိုင်သော ပုဂံမြေကိုခိုဝင်သည်။ အများ က အပြစ်မြင်ခံရသော မြင်ကွန်းမင်းသားကြီး၏ နှလုံးသားပဲ့တင် သံကိုနားထောင်ကာ စာနာစိတ်တွေ ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ခါတော့ Benefactor of Humanity ဖြစ်အောင် Buddha က ဘာလုပ်ဆောင်သွားကြောင်းရှာဖွေမှတ်သားရင်း မျက်လုံးတွေ ညောင်းတော့ တစ်ရေး မှေးစက်ကာအင်အားသစ်နှင့် နိုးထတတ်လာသည်။
ခုတင်နှင့် မျက်နှာချင်းဆိုင်မှာ တော့ အ၀တ်ဗီရိုကြီးရှိပါသည်။ ဗီရိုတံခါးတစ်ချပ်ကို ကြည့်မှန် တပ်ခြင်းဖြင့် မှန်တင်ခုံသီးသန့်မလိုအောင် လုပ်ခဲ့၏ ။ တစ်ခါတစ်ရံ မှန်ထဲမှာ မြင်ရသော ကျွန်မ လဲလျောင်းနေပုံကိုကြည့်ရင်း မိမိကိုယ်မိမိပိုပိန်သွားသလား။နည်းနည်း ပြည့်လာသလားဟု အပျင်းပြေ အကဲခတ်ပါသည်။ ပေါင်ချိန်စက်ပေါ် မတက်တာကြာပြီ။ သူတကာ ကိုယ်အလေးချိန်ထိန်းရသော ပြဿနာကြီးနှင့် ရင်ဆိုင်နေစဉ် ကျွန်မကမူ သြယ္လ်…သြယ္လ် ဘာမွမပူရ။ ဒီတစ်ချက်ကို စိတ် အေးရ၏ ။နွားနို့တစ်ပိဿာ ၆၀၀ ကျပ် ဖြစ်လာတာကို ခပ်ကြိုက်ကြိုက်။
ဟော…ငါ့ခေါင်းအုံးပေါက်နေတယ်ထင်တယ်။
ကျွန်မနားထင်စမှာ ဖြူဖြူအမျှင်လေးများ ။ ခေါင်းအုံးထဲကဂွမ်းတွေ ထွက်လာတာ ဖြစ်မယ်။ ခေါင်းအုံးပြန်ချုပ်ဦးမှ။
သေချာအောင်မျက်နှာကို မှန်နားကပ်ကြည့်ရ၏ ။မှန်ကပဲနှင်းမှု န်တွေ ၊ ဖုန်မှု န့်တွေ ကပ်နေ သလားမသိ။ ကျွန်မရုပ်ပုံကခပ်ဝါးဝါး၊ မျက်မှန်ကိုယူပြီးတပ်ရကောင်းမလား။ ပျင်းသဖြင့် မျက်မှန်မယူဘဲ မှန်နားမျက်နှာကပ်နားရင်း နားထင်အစပ်ကဖြူဖြူအမျှင်လေးများ ကိုဆွဲခွာလိုက်သည်။
အယ်…ခွာလို့လည်းပါမလာပါလား။
သူတို့က…အမြစ်တွေ တွယ်လို့လေ…။
![]() ငါတို့ခေတ်က တက္ကသိုလ် | ![]() အိုဘယ့်...ပုဂံ | ![]() ဖွံ့ဖြိုးရေးအတွက် A - Z |