Cover

အခန်း(၁)

ရွှေကူမေနှင်း

ဖွံ့ဖြိုးရေး အတွက်

A - Z

Ability (စွမ်းဆောင်ရည်)

Ability ဆိုတဲ့ ဝေါဟာရကို အဘိဓာန်မှာ ဒီလိုဖွင့်ဆိုထားပါတယ်။

- A being able

- Power to do .

- Skill expertness . talent,

- Capacity, tendency

မြန်မာလိုတော့ “စွမ်းဆောင်ရည်” လို့ အတိုဆုံး ခေါ်ရမယ် ထင်ပါတယ်။ မိမိ လုပ်နိုင်စွမ်း သော ထုတည် ပမာဏ ၊ မိမိ လုပ်နိုင်သော အရည်အသွေး ၊မိမိ လုပ်နိုင်သော ကျွမ်းကျင်မှု ၊ စွမ်းပကားလို့ပဲ ဆိုကြပါစို့။

Able ဆိုတာက လုပ်နိုင်တာ ၊ Ability ဆိုတော့ လုပ်နိုင်တဲ့ ခွန်အား။

ဒီAbilityဆိုတဲ့ စွမ်းဆောင်ရည်ဟာ လူ့အဖွဲ့အစည်းအတွက် အလွန်အရေး ပါတဲ့ ကိစ္စပါ။ ဒီအရာသာ မပါရင် လူဆိုတာ လေးဖက် တွားဘဝက တက်လာစရာ မရှိပါဘူး။ လူမ ဖြစ်ခင် လူ့ဘဝထဲ လှမ်းစပြုတဲ့ ကာလကတည်းက ဒီစွမ်းဆောင်ရည်နဲ့ ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။

လူ တစ်ယောက် ဖြစ်တည်လာပုံကို ကြည့်ရင် ထင်ရှားပါသည်။ လူရယ်လို့ ပေါက်ဖွားဖို့၊ အမိရဲ့ မျိုးဥနဲ့ အဖရဲ့ မျိုးစေ့ တွေ့ ဆုံပြီး အောင်မြင်သွားတဲ့ အချိန်မှာ အဲဒီ ဗီဇလေးဟာ အပ်ချည်မျှင်လောက်ပဲ ရှိတာပါ။ အဲဒီ အပ်ချည်မျှင်လေးဟာ သေးပေမဲ့ သူ့မှာ သူ့ဘဝအတွက် အားလုံး ပါဝင်ပြီး ဖြစ်တယ်။ ဒါက အရိုး ဖြစ်ဖို့၊ ဒါက အသား ဖြစ်မယ့်ဟာ၊ ဒါ ကတော့ အသွေး၊ ဒါက ဆံပင် စသဖြင့် နောင် ဖြစ်လာမယ့် အရာတွေ ….. (Potential) တွေ ပါပြီးသားပါ။ အဲဒါတွေ က တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ် ကြီးထွားလာကြသည်။ ခက်မငါးဖြာဆိုတဲ့ သွေးလုံးလေး ဖြစ်လာပုံကို ပုံထဲမှာ ကြည့်ရင် ခြေနှစ် ဖက်၊ လက်နှစ် ဖက် နဲ့ဦးခေါင်း ဖြစ်မယ့်ပုံဆိုတာ မြင်သာပါပြီ။

အဲဒီ အရာလေးဟာ လူမ ဖြစ်သေးပါဘူး။ လူ ဖြစ်အောင် ဆက်ပြီး ကြိုးစားရပါတယ်။ တဖြည်းဖြည်းနဲ့ ခူကောင် ကွေးကွေးလေး သဏ္ဌာန်ပေါ်လာတယ်။ လေးလလောက်မှာ တော့ အတော် ပီပြင်လာပြီ။ မကြာခင် “နှလုံး” စပြီး ခုန်လာတော့ အသက်ဝင်လာပြီလို့ ဆိုကြတယ်။ ဒါပေမယ့် လူအ ဖြစ် အပြင်ထွက်နိုင်လောက်အောင် သူ့ကိုယ်သူ တည်ဆောက်ရတာ စုစုပေါင်းကိုးလ ကြာပါတယ်။ ကိုးလလွယ် ဆယ်လမွေး လို့ မြန်မာစကား ရှိပါတယ်။

ကိုးလကျော်လို့ လူ့အဂါင်္ရပ်တွေ ပြည့်စုံပြီဆိုပြီး အမိဝမ်းတွင်းကား ထွက်တော့ မလွယ်ပါဘူး။ မထွက်နိုင်လို့ ကလေးဆုံးတာ၊ အမေဆုံးတာ၊ ကလေးရော အမေရော ဆုံးတာ အများ ကြီးပါ။ ဆေးဝါးတွေ မပြည့်စုံခင် ရှေးတုန်းက ဆိုရင် မိဘတွေ ဟာ ကလေး ဆယ် ယောက် လောက် မွေး၊ ခုနှစ် ယောက် ပဲ အဖတ်တင်ကြတယ်။ မွေးခါစကလေး သေနှုန်း များ တယ်။ ဒါကိုကြည့်ရင် လူ့ဘဝဟာ ဖြစ်ထွန်းဖို့ ဘယ်လောက် တည်ဆောက်ရတယ်ဆိုတာ ထင်ရှားပါတယ်။

ကျန်းကျန်းမာမာနဲ့ အမေ့ဝမ်းက ကျွတ်လာပြီဆိုပြီး မပြီးသေးပါဘူး။ မွေးခါစမှာ ပျော့စိစိနဲ့ တချို့ဆို အသံတောင် မထွက်ဘူး ။သူ့ဦးခေါင်း သူမနိုင်ဘူး။ သုံးလအထိ လက်ဖဝါးခံပြီး ချီကြရတယ်။ လေးလလောက်ကျမှ လည်ပင်းလေး ခိုင်လာတယ်။ ဒါပေမယ့် ပက်လက်ပဲ။ ဘေးမစောင်းတတ်ဘူး။ ဘေးစောင်းဖို့ မှော က်တတ်ဖို့ ကြိုးစားရပြန်တယ်။ ကလေး တစ်ယောက် ဟာ ပက်လက်ကနေ မှော က်လျက် အနေအထား ရောက်အောင် အသေအလဲ ကြိုးစားရရှာတာပါ။ ကိုယ်လုံးက မှော က်သွားရင်တောင် လက်ပိနေလို့ လက်မထုတ်နိုင်လို့ လူးလူးလဲလဲ ဖြစ်နေတတ်သေး တယ်။

အဲဒီ နောက် ဝမ်းလျေားထိုးဖို့ ကြိုးစားရတယ်။ ငုတ်တုတ်ထိုင်ဖို့ ကြိုးစားရတယ်။ ခြောက်လကျမှ “ လူငုတ်တုတ်၊ သွားငုတ်တုတ်” တဲ့။ ထိုင်လည်းထိုင်တတ်ပြီ။ ရှေ့သွားလေးတွေ စပြီး ပေါက်ပြီ။ ဒါနဲ့လည်း မပြီးသေးပါဘူး။ လေးဖက်တွားဖို့ ၊မတ်တပ်ရပ်ဖို့ ၊လမ်းလျှောက်တတ်ဖို့ မကြာကြီး သင်ယူရပါတယ်။ တစ်နှစ် ကျော်မှ မတ်တပ်လေး စမ်းရပ်ရင်ပဲ လူကြီးတွေ က သူတို့ “ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့ “လို့ အားပေးရတယ်။ လမ်းလျှောက်နိုင်ဖို့ တန်းလေးတွေ လုပ်ပေးရတယ်။ သြော်….လူ့ဘဝ ဆိုတာ လမ်းလျှောက်နိုင်တဲ့အထိ အသေအလဲ ကြိုးစားခဲ့ရတာ ပဲကလား။ “လူ”ဆိုတာ မ ဖြစ်ခင်ကပင် ရုန်းကန်ခဲ့ရတာ ပါ။ ဒီတော့ လမ်းလျှောက်နိုင် ပြီဆိုတာ နည်းနည်း စွမ်းဆောင်ရည် မဟုတ်ဘူး။ သက်ရှိသတ္တဝါချင်း အတူတူ တွားသွားတဲ့အတွက် တက်မလာတဲ့ သတ္တဝါတွေ အများ ကြီးပဲ။ “လူ” ကတော့ မနေမနား ရုန်းကန်တယ်။ ဒါဟာ လူရဲ့ စွမ်းဆောင်ရည်ပါပဲ။ Abilityဆိုတာ ဒါပါပဲ။

ဒီလိုလူ ပီပီပြင်ပြင် ဖြစ်လာတဲ့အခါ ငြိမ်းရောလားဆိုတော့ မငြိမ်းပါဘူး။ စကားတတ်အောင် သင်ရသေးတယ်။ မံမံတို့၊ မာမာတို့ စသဖြင့် အလွယ်ဆုံးကစပြီး သင်ရတယ်။ အတော် ကြာပါတယ်။ တချို့ ကလေးတွေ အသက်နှစ် နှစ် ၊သုံးနှစ် အထိ စကားအစုံ မပြောတတ်ဘူး။

သုံးနှစ် ကျော်လို့ စကားလည်း ပြောတတ်ရော သွားရပါပြီ မူကြိုတဲ့။ ငါးနှစ် ကျတော့ မူလတန်းတဲ့။ ဆယ့်ခြောက်နှစ် လည်း မပြီးသေးပါဘူး။ ဘွဲ့ရတဲ့အထိ မနေမနား လုပ်ကြရတယ်။ ဒီလိုမလုပ်နဲ့လို့ မရပါဘူး။ ဒီလိုမလုပ်ရင် ကျန်တဲ့ ဒုတိယအရွယ်မှာ စီးပွားမရှာတတ်လို့ ဒုက္ခ ဖြစ်မှာ ။ ဒီတော့ လူဟာ မနားတမ်း စွမ်းဆောင်ရည် တည်ဆောက်ရသူပါ။

အမှန်တော့ လူကလည်း ဒီအတိုင်း မနေနိုင်ပါဘူး။ အမြဲတမ်း စဉ်းစားတွေးတော ကြံဆနေတတ်တယ်။ စိတ်ကူး နေတတ်တယ်။ အိုင်းစတိုင်းက ပြောဖူးပါတယ်။ Every success depends on imagination တဲ့။ အောင်မြင်မှု မှန်သမျှဟာ စိတ်ကူးပေါ် မူတည်တယ်။ မြက်ခင်းပေါ် လှဲအိပ်နေတဲ့လူက ကောင်းကင်ထဲ ပျံသန်းနေတဲ့ ငှက်တွေ ကို ကြည့်ပြီး ငါလည်း သူတို့လို ပျံတတ်ချင်လိုက်တာလို့ စိတ်မကူးခဲ့ရင် ဒီကနေ့ လေယာဉ်ပျံဆိုတာ ပေါ်လာမှာ မဟုတ်ဘူး။

ဒီတော့ စွမ်းဆောင်ရည်ကို တည်ဆောက်ရမှာ ပဲ။ တည်ဆောက်တဲ့အခါ အခက်အခဲ အတားအဆီးတွေ ရှိမှာ ပဲ။ ဘယ်လောက်ရှိရှိ ကျော်လွှားရမှာ ပဲ။ ကိုယ့်ခရီးမှာ တားဆီးတာတွေ ရှိရင် ဘယ်လိုကျော်မလဲ ဆိုတာ ဧရာဝတီက သင်ပေးထားပါတယ်။ မြန်မာပြည် မြောက်ဖျား “ခါကာဘိုရာဇီ” ရေခဲတောင်တွေ က စတင်စီးဆင်းလာတဲ့ ဧရာဝတီဟာ ပင်လယ်ထဲ မရောက်ခင် မြစ်ကျဉ်း ၄ ခုကို ဖြတ်ရတယ်။ ဒုတိယ မြစ်ကျဉ်းက အကျဉ်းဆုံးနဲ့ အလှဆုံးပါ။ မြစ်ညာကနေ စုန်ဆင်းကြည့်ရင် စင်းခမ်းအလွန်မှာ တောင်ကြီးတွေ မြင်နိုင်ပါတယ်။ အဝေးက ကြည့်ရင် လမ်းပိတ်နေပြီး သွားလို့မရတော့ဘူး ဆိုပြီး ပြန်လှည့်ချင် စရာပဲ။ ဒါပေမဲ့ ဧရာဝတီ ကတော့ ပြန်မလှည့်ပါဘူး။ သူ တိုးကြည့်တယ်။ “နတ်မျက်နှာတောင်” ဆိုတာ မုန့်စိမ်းပေါင်း ထက်ခြမ်းခွဲထား သလို မတ်မတ်ကြီး ။ ကျောက်သားဆိုင်ကြီး ။ အဲဒါ ခံနေတယ်။ ဒီအခါ ဧရာဝတီက ဘေးရှောင်ပြီး ရနိုင်သရွေ့ လမ်းကလေးနဲ့ စီးတယ်။ နောက် တစ်တောင်တွေ့  နောက်တစ်ကွေ့။ စုစုပေါင်း အဲဒီ မြစ်ကျဉ်းဟာ သုံးမိုင်တောင် ရှည်ပါတယ်။ အဲဒါကိုလည်း လွန်ရော ဖြုန်းဆို လွင်ပြင်ကြီးတွေ့ တော့ ဧရာဝတီလည်း အကျယ်ကြီး ဖြစ်သွားရော။

ဒီလို ဇွဲမလျော့တဲ့ စွမ်းဆောင်ရည်ကို နမူနာ ယူကြရမှာ ပါ။ စွမ်းဆောင်ရည်ဆိုတာ ခုလို ဇွဲနဲ့ တည်ဆောက်ရတာ မို့ ဇွဲလိုပါတယ်။ စွမ်းဆောင်ရည်ကို ဖျက်ဆီးတာလည်း ခံရတတ်တာပါပဲ။ ဥပမာ တာပိန်မြစ် ဆိုရင် တရုတ်ပြည်ကနေ မြစ်ဖျားခံလာပြီး မြန်မာ ပြည်ထဲရောက်တော့ ဧရာဝတီထဲ စီးဝင်တယ်။ ဒီမြစ်ကို အသုံးပြုပြီး နယ်စပ်ကုန်သွယ်ရေး ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ် ကတော့ မြစ်ဖျားမှာ ရေအားလျှပ်စစ် ဆိုပြီး တာပိန်(၁) တာပိန်(၂) ဆိုတဲ့ ဆည်တွေ ဆောက်တယ်။ လျှပ်စစ်မီးရပါတယ်။ ဒါပေမဲ့ တာပိန်မြစ်ဟာ သော င်တွေ ထွန်းပြီး ခါတိုင်း ဧရာဝတီထဲ စီးဝင်နေကျ ဖြစ်တဲ့ ဗန်းမော်မှာ မတွေ့ ရတော့ဘူး။ ကြားမှာ သော င်တွေ ဝင် ဖြစ်နေလို့ ဧရာဝတီကို တွေ့ ဖို့ နောက်ထပ် ကိုးမိုင်သွားရ တော့တယ်။ ဗန်းမော်သဘောင်္ဆိပ်လည်း နွေအခါ “ကန်း” သွားပြီး ။

လူတွေ ရဲ့ စွမ်းဆောင်ရည် ပျက်တဲ့အခါလည်း ဘဝတွေ ပျက်ကြရ တာပါပဲ။ စာရေး သူရဲ့ မိတ်ဆွေ ဂီတသမား ဇနီးမောင်နှံ ရှိပါတယ်။ ယောကျာ်းက တေးရေး ၊ မိန်းမက အဆိုတော် ။ အင်မတန် လိုက်ဖက်ပြီး အောင်မြင်ခဲ့တယ်။ သားလေး တစ်ယောက် ထွန်းကားတော့ ဂီတကိုပဲ သင်ပေးတာ ထူးချွန်တယ် ။ ဖခင်ဟာ သားလေးကို မြေတောင်မြှောက်ရင်း အားတက်ခဲ့တယ်။ ဒါပေမဲ့ သူ လေဖြတ်ခံရပြီး ဘာမှ မလုပ်နိုင် ဖြစ်သွား တဲ့အခါ မိသားစုကို သူ ဦးမဆောင် နိုင်တော့ဘူး။ သူ့နေရာမှာ သူ့မိန်မက ငွေရှာရတယ်။ နောက်သားက ငွေတွေ ရလာတယ်။ သူ့ကို လူတွေ က ဦးမတိုက်တော့ဘူး။ မိန်းမနဲ့ သားက မငြိုမငြင် ဆေးကုပေးပေမဲ့ သူ မပျော်တော့ဘူး။ နောက်ဆုံး မိန်းမနဲ့သားကို တောင် ငါ့ကို ဆေးကုနေရတာ ငါမခံဘူး ဆိုပြီး ရွာဘုန်းကြီး ကျောင်းမှာ သွားနေတော့တယ်။ သူတို့ မိသားစုဟာ ငွေတွေ ဝင်ပေမဲ့ မသေသေးခင်မှာ ရန်မ ဖြစ်ဘဲ ကွဲသွားခဲ့ကြတယ်။ တကယ်တော့ စွမ်းဆောင်ရည် ဆိုတာ ဇွဲနဲ့ တည်ဆောက်လို့ ရသလို လောကဓံအရ ပျက်တတ်တာပါပဲ ။ ဒါကို လက်ခံပြီး အသင့်အတင့် နှလုံးသွင်းနိုင်ရပါမယ်။ မသွင်းနိုင်ရင် ဘဝပျက်တာပါပဲ။

ဒီလို စွမ်းဆောင်ရည် တည်ဆောက်တဲ့ အခါ မိမိကြောင့် သူတစ်ပါးကို မထိခိုက်အောင်လည်း သတိထားရပါမယ်။ ဥပမာ ဗာဒံပင် တွေ ရဲ့ တည်ဆောက်ပုံကို ကြည့်ရင် ထင်ရှားပါတယ်။ ဗာဒံပင်ဟာ အခက်အလက် ဖြာတဲ့နေရာမှာ ထပ်မနေဘူး။ တစ်ခါ ဖြာပြီးရင် အလယ်ကနေ ပင်စည်တစ်ခု ထောင်တက်တယ်။ သုံးပေလောက် ရောက်မှ အခက်ဖြာတယ်။ ဒီအခါ အောက်က အကိုင်းတွေ နဲ့ လွတ်သွားတယ်။ သူလည်း လွတ်လွတ်လပ်လပ် ဖြာမယ်။ အောက်ကိုင်းတွေ လည်း လွတ်လွတ်ကျွတ်ကျွတ် ဆက်ပြီး ဖြာလို့ရတယ်။ ဒါမကောင်းပါလား ။

သမိုင်းမှာ စွမ်းဆောင်ရည် ပြောင်မြောက်တဲ့လူတွေ အများ ကြီး။ နိုင်တာ ရှိမယ်။ ရှုံးတာ ရှိမယ်။ စွမ်းဆောင်ရည် မပြလိုက်ရဘဲ နယ်မြေ အဆုံးခံခဲ့ရတဲ့ “သပြေတန်းခံတပ်”ရှိသလို၊ “ကောင်းတုံခံတပ်” လို စွမ်းဆောင်ရည် ပြည့်ဖြိုးလို့ တရုတ်မြန်မာ စစ်ပွဲမှာ အနိုင်ရခဲ့တဲ့ ဗလမင်းထင် လို ပုဂ္ဂိုလ်တွေ လည်း ရှိတာပါပဲ။ အနိုင်အရှုံး ဆိုတာလည်း မိမိ တစ်ဦးတည်း နဲ့ မလုပ်နိုင်တာ တွေ ရှိပါတယ်။

လူသားတွေ ရဲ့ စွမ်းဆောင်ရည်မှာ မြေအောက် ပိတ်မိနေတဲ့ မိုင်းလုပ်သား (၃၃) ဦးကို ရက်ပေါင်း (၉၆) ရက်ကြာ ကြိုးစားပြီးမှ တစ်ယောက် မကျန် ကယ်တင်နိုင်ခဲ့တဲ့ ချီလီ ကြေးနီသတ္တု တွင်း ပြိုကျတဲ့ ကိစ္စမျိုးဟာ မှတ်တမ်းဝင်ပါတယ်။

အားလုံး ကြိုးစားရင် Ability ဆိုတာ ဖွံ့ဖြိုးမြဲပါ။

•••

Awareness (သိမှု )

Awareness ဆိုတဲ့စကားက မြန်မာလို ရိုးရိုးလေးပြောရင် “သိမှု ”ပါပဲ။ Dectionary ကြည့်ရင်တော့ alertly observed လို့ ဆိုပါတယ်။ ကျကျနန လေ့လာဆည်းပူးပြီးမှ ရတဲ့ သိမှု ဖြစ်ပါတယ်။ ရိုးရိုးကြားတာ မြင်တာကိုတော့ knowledge ဗဟုသုတလို့ ပြောနိုင်ပါတယ်။ Awareness က သာမန်အသိ မဟုတ်ပါဘူး ။ လေ့လာဆန်းစစ်ပြီး မှ ရတဲ့အသိ ဖြစ်တယ်။ လူတွေ မှာ အဲဒီ အသိ မရှိလို့ ဒုက္ခ ဖြစ်ကြတယ်။ အသိရှိတဲ့အခါ ကျတော့ အကျိုး ဖြစ်ထွန်းတယ်။ ဒီတော့ လူတိုင်း သိမှု ရှိဖို့ လိုပါတယ်။

ဘာတွေ ဘယ်လို သိရမှာ လဲ လို့ စဉ်းစားတဲ့အခါ

- မိမိကိုယ်မိမိ သိဖို့လိုပါတယ်။

- နောက် မိမိ ပတ်ကျင်ကို သိဖို့ လိုပါတယ်။

- နောက်ဆုံး ကမ္ဘကြီးကို သိဖို့ ဖြစ်ပါတယ်။

မိမိကိုယ် မိမိ သိရမယ့်ဆိုတဲ့ နေရာမှာ မှားရင် မှားမှန်း သိရမယ်။ မှန်ရင်လည်း မှန်ကြောင်း သိရမယ်။ ကိုယ်ညံ့ရင် ညံ့ကြောင်း သိရမယ်။ ကိုယ်တော် ရင် တော် ကြောင်းသိရမယ်။ ညံ့ရင် ညံ့ကြောင်း သိမှ တော် အောင်လုပ်နိုင်မှာ ။ တော် ရင် တော် ကြောင်း သိမှ ပိုတော် အောင် လုပ်နိုင်မှာ ပါ။ ညံ့နေတာကို ညံ့ကြောင်း မသိဘဲ တော် တယ် ထင်နေရင်တော့ အဆိုးဆုံးပါပဲ ။

ကျွန်မဆိုရင် ကျွန်မကိုယ် ကျွန်မ သိပါတယ်။

ကျွန်မ အရုပ်ဆိုး တယ်ဆိုတာ ငယ်ငယ်တည်းက သိတယ်။ ကျွန်မတို့ မောင်နှမ (၆) ယောက် မှာ အရုပ်ဆိုးဆုံးလို့ နာမည် ရပါတယ်။ ဘာဆိုးသလဲဆိုတော့ နှာခေါင်းပြားတာပါ။ နှာခေါင်းပြားတာက အတော် ကြည့်ရဆိုးတယ်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ရင် မြင်ရတာ ပဲလေ။ နှာခေါင်းပြားတဲ့သူ ဆိုတာ ဘေးတိုက်ကြည့်ရင် အရမ်း ရုပ်ဆိုးတာ။ ရှေ့တည့်တည့်ဆိုရင်တော့ သိပ်မဆိုးပါဘူး ဟုတ်လား။ ဒါကို သိတဲ့အတွက် ကျွန်မဟာ ဘယ်တော့မှ ဘေးတိုက် အကြည့်မခံဘူး။ ဟောပြောပွဲတွေ မှာ ထုံးစံအတိုင်း ကိုယ်ဟောနေတုန်း သတင်းတောက်တွေ က ဓာတ်ပုံလာရိုက်တော့ ပရိသတ်ကို အနှောင့်အယှက် ဖြစ်မှာ စိုးလို့ ဘေးကနေ လာရိုက်လေ့ရှိကြတယ်။ ကျွန်မကို လာရိုက်ရင် ကျွန်မက ဘယ်လောက် အရေး တကြီး ဟောနေနေ၊ ခဏလေး တောင်းပန်ပြီး ဟောပြောမှု ကို ရပ်တယ်။ ခဏလေးနော် ကျွန်မ ဓာတ်ပုံအရိုက်ခံလိုက်ဦးမယ် ဆိုပြီး…… ဟောသလို အရိုက်ခံရတယ်။ လှသွားရော။ (ဒါကြောင့် ရွှေကူမေနှင်း ချောတယ်လို့ နာမည် ကြီးတာပေါ့) တက်ကယ်တော့ မောင်နှမထဲမှာ အရုပ်ဆိုးဆုံး နာမည် ရထားတာပါ။ အကယ်၍ ဘေးတိုက်ပုံကြီး ပါသွားလို့တော့ သွားပြီ။ ဒါကြောင့် ကျွန်မ တအား သတိထားရပါတယ်။ ဒါဟာ မိမိကိုယ် မိမိသိလို့ပါ။ ဒါက အသေးအဖွဲ့ ဆိုပါစို့။ နောက်တစ်ခုက မိမိ ပတ်ဝန်းကျင်ကို သိရမယ်။

၂၀၀၈ တုန်းက အရှိန်းပြင်းတဲ့ ဆိုင်ကလုန်မုန်တိုင်း နာဂစ် တိုက်ခတ်မှု ကြောင့် မြန်မာ နိုင်ငံမှာ လူနှစ် သိန်းကျော် သေဆုံးခဲ့ရတယ်။ မိုးလေဝသက သတိပေးပေမဲ့ အများ အားဖြင့် မသိခဲ့ကြဘူး။ ကြောက်ရမှန်းလည်း မသိကြဘူး။ ရောက်လာတော့ ပြေးမလွတ်တော့ဘူး။ ကြေကွဲစရာ အ ဖြစ်တွေ ကြုံခဲ့ရတာ ဒီနေ့အထိ ပြန်လည်ထူထောင် ရေး လုပ်ဖို့ မပြီးသေးပါ ဘူး။ လူတွေ သေရတာ ကိုတော့ ဘယ်လိုမှ ပြန်လည် အလျော်ပေးလို့ မရပါဘူး။ ဧရာဝတီတိုင်းမှာ မိဘမဲ့ ကလေးပေါင်း များ စွာ ရှိနေဆဲပါ။

ဟော….၂၀၁၀ မှာ ဂီရိဆိုတဲ့ မုန်တိုင်း တိုက်ပြန်တယ်။ အရင် နာဂစ်ထက် ပိုပြီး ပြင်းပါတယ်။ ဒါပေမဲ့ စုစုပေါင်း ၃၇ ယောက် ပဲ သေဆုံးတယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ရတာ က မုန်တိုင်းလာမယ်ဆို တဲ့အကြောင်း ကြိုတင် သိရှိပြီး အားလုံးသိအောင် လှည့်လည် သတိပေး ခဲ့လို့ပါပဲ။ ရှောင်ဖို့ အချိန်ရခဲ့လို့ပါပဲ။ ဒါကြောင့် သိမှု Awareness ဟာ ဘယ်လောက် အရေး ကြီးတယ်ဆိုတာ ထင်ရှားပါတယ်။

Awareness ရှိရင် ရန်သူကိုတောင် နိုင် နိုင်ပါတယ်။ ရာဇဝင်မှာ ကျွန်မတို့ သင်ခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ အင်းဝက ဟံသာဝတီကို အနိုင်ရသွားတဲ့အခါ မွန်သူရဲကောင်း “သမိန်ဗရမ်း” ကို သုံ့ပန်းအ ဖြစ် ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီ နောက် အင်းဝကို တရုတ်တပ်ကြီး ချီလာပါတယ်။ တရုတ်နဲ့ မြန်မာ စစ် ဖြစ်ရတော့မယ့် အချိန်မှာ စစ်သားတွေ အများ ကြီး မကျဆုံးရအောင် ဟိုဘက်ဒီဘက် ဗိုလ် တစ်ယောက် စီ ထွက်ပြီး စီးချင်းထိုး ဆုံးဖြတ်ဖို့ လုပ်ကြတယ်။ ကျရင် တစ်ယောက် ပဲ ကျမယ်ပေါ့။ အနိုင်အရှုံးကို ဒီနည်းနဲ့ပဲ ဆုံးဖြတ်ကြဖို့ပါပဲ။

တရုတ်ဘက်က “ဂါမဏိ” ဆိုတဲ့ စစ်သူကြီး ထွက်လာပါတယ်။ လူကောင်းထွားပြီး ကျားကျားလျားလျား နဲ့ မြင်ရရုံနဲ့ တုန်လောက်ပါတယ်။ အင်းဝဘက်က စဉ်းစားပုံက စစ်သူကြီးကို အနိုင်ထိုးဖို့ ဆိုရင် ဟံသာဝတီက ခေါ်လာတဲ့ “သမိန်ဗရမ်း” နဲ့ယှဉ်မှ ဖြစ်မယ်။ မွန်သူရဲကောင်း သမိန်ဗရမ်းကား ဆင်ရေး မြင်းရေး ၊ ဓားရေး လှံရေး အလွန် တော် သူမို့ပါ။ ဒါကြောင့် သမိန်ဗရမ်းနဲ့ ထိုးဖို့ စီစဉ်ကြတယ်။

နှစ် ဖက် ထိုြး ကတော့မယ် ဆိုတဲ့အခါ ကွင်းပြင်ကြီးထဲမှာ တစ်ဖက်က တရုတ်ဆင်တပ်၊ မြင်းတပ်တွေ ၊ အလံတွေ တလူလူပေါ့၊ တစ်ဖက်မှာ တော့ အင်းဝက မြန်မာတပ်သားတွေ ဆင်လုံး၊ မြင်းလုံးနဲ့ အလံတွေ နဲ့ ။ အားလုံးဟာ နှစ် ဖက်က ထွက်လာမယ့် ဗိုလ်နှစ် ယောက် ရဲ့ စီးချင်းထိုးပွဲကို စောင့်ကြည့်အားပေး နေကြပြီ။

ပထမ စစ်သူကြီး ဂါမဏိ ထွက်လာပြီး ဆင်းစီးလျက်က ဓားရေး လှံရေး အစွမ်းပြပါတယ်။ မွန်သူရဲကောင်း သမိန်ဗရမ်း ကတော့ ရန်သူရဲ့ အားနည်းချက်ကို မမှိတ်မသုန် လေ့လာတယ်။ သူဘယ်အချက်မှာ တော် သလဲ၊ ဘယ်အချက်မှာ ညံ့သလဲ။ ဒီမှာ တင် ဘာသွားတွေ့ လိုက်ရလဲ ဆိုတော့ ဂါမဏိ လှံရေး ပြရင်း လက်မြှောက်လိုက်တုန်း ညာဘက် ချိုင်းကြားမှာ စစ်ချပ်ဝတ်တန်ဆာ တွဲ စပ်ထားတဲ့နေရာ (အဆက်) မှာ ဟနေတာပါ။ အဲဒါ ရန်သူရဲ့ အားနည်းချက်ပဲ။ ဒါကို သမိန်ဗရမ်းသိ သွားတယ်။

စထိုးပြီး ။ ဂါမဏိက လူကောင်ကြီးတယ်။ ဓားရေး လှံရေး ကောင်းတယ်။ ဆင်းစီးကျွမ်းတယ်။ သူ့ဆင်ကလည်း စစ်ရေး ကျွမ်းတယ်။ သမိန်ဗရမ်းက ခံစစ်အ ဖြစ် ကာကွယ်ရုံပဲ လုပ်တယ်။ ရန်သူရဲ့ လှုပ်ရှားမှု ကို ဂရုတစိုက် ကြည့်ရင်း အခွင့်ကောင်းကို ချောင်းနေတယ်။ တစ်ချက်မှာ တော့ ဂါမဏိ ညာလက်အမြှောက် ချိုင်းပေါ်သွားတဲ့အခါ ဟနေတဲ့နေရာကို အောက်ဘက်ကနေ သမိန်ဗရမ်းက လှံနဲ့ ပင့်ထိုးလိုက်တာ ဂါမဏိ တစ်ခါတည်း ဆင်ပေါ်က ကျသွားတော့တာပါပဲ။ ဂါမဏိ ရှုံးသွားတယ်။

ဒါဟာ သမိန်ဗရမ်း ပို ခွန်အားကြီးလို့ မဟုတ်။ စစ်ရေး ပိုသာလို့ မဟုတ်။ ရန်သူရဲ့ အားနည်းချက်ကို သိတဲ့ သိမှု Awareness ကြောင့် ပါပဲ။

လူတွေ ဟာ မိမိကိုယ်မိမိ သိရမယ်။

ပတ်ဝန်းကျင်ကိုလည်း သိရမယ်။

မိမိဘာညံ့သလဲ ဆိုတာလည်း သိရမယ်။

မသိရင် သိအောင် လုပ်ရပါမယ်။

လူဆိုတာ အရာခပ်သိမ်း တော် မနေပါဘူး။ ဒါပေမဲ့ တစ်နေရာမှာ ညံ့တိုင်း အားလုံးညံ့တာ မဟုတ်ပါဘူး။ တစ်နေရာမှာ ညံ့ပေးမဲ့ တခြားနေရာမှာ တော် ချင်တော် နိုင်တာပဲ။ တစ်ခါက ကျွန်မ ဖတ်ဖူးတဲ့ ဝတ္တုလေး တစ်ပုဒ် သတိရမိတယ်။ ဝတ္တုနာမည် က wanted a miracle တဲ့။ မြန်မာလိုတော့ “စွမ်းရည်ထူး အလိုရှိသည်။” ကျွန်မ ဘာသာပြန်ခဲ့တဲ့ “နာရီ ဓားစာခံနှင့် နိုင်ငံတကာ ဝတ္တုတိုများ ” စာအုပ်မှာ ပါပါတယ်။

ဝတ္တုလေးက ဒီးလစ်ဆိုတဲ့ ကလေးမလေး အကြောင်းပါ။ မူလတန်းကျောင်းသူလေးပါ။ ကျေးလက်မြို့ လေးတစ်မြို့မှာ တဲ့။ ဒီးလစ်ဟာ အတန်းထဲမှာ ဂီတသင်ခန်းစာ သင်ချိန်မှာ သီချင်းအဆို ညံ့ဖျင်းနေတယ်။ စန္ဒရားဆရာမ ကအသံပြ။ အဆိုသင်တဲ့ ဆရာမ က သင်္ကေတ တုတ်ကလေးနဲ့ အချက်ပြ။ အတန်းသားတွေ က သံပြိုင်လိုက်ဆိုကြ။ ဒီနေရာမှာ သံပြိုင် အသံထဲ ဒီးလစ်အသံက “ကြောင်”နေတယ်။ ဆရာမ က သိတယ်။ တစ်ယောက် ကြောင်နေတယ် လို့ဆိုတယ်။ ပြန်ဆိုခိုင်းတယ်။ ဒီးလစ်လည်း သူ့ကို ပြောမှန်းသိပါတယ်။ ကြိုးစားပြီး ပြန်ဆိုတယ်။ ပိုပြီး အော်လိုက်တာ ပိုပြီး “ကြောင်” သွားပြန်ရော ။ ဒီးလစ်ကို တစ်ယောက် တည်း ဆိုခိုင်းတယ်။ ပိုဆိုးသွားတယ်။ ဆရာမ လည်း ဒေါသ ဖြစ်လာတယ်။ အတန်းထဲက လူတွေ လည်း ဒီးလစ်ကို လှမ်းကြည့်ကြတယ်။ ဒီးလစ် ရှက်တယ်။ ဒီးလစ် အရမ်းရှက်တယ်။ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျရပြီ။ ဘာမှလည်း မတတ်နိုင်ဘူး။ နောက်ဆုံး အချိန်စေ့တော့ အတန်းလွှတ်လိုက်တယ်။ ဒါပေမဲ့ ဆရာမ က ဒီးလစ်ကိုတော့ မပြန်ရဘူးတဲ့။ ဒဏ်ပေးတဲ့ အနေနဲ့ နာရီဝက် စာကူးရမယ်တဲ့။ ဒီးလစ် ဘာမှ မတတ်နိုင်ပါဘူး။

သူများ တွေ လွယ်အိတ်လွယ်ပြီး ပျော်ပျော်ပါးပါး အိမ်ပြန်ကြတဲ့ အချိန် ဒီးလစ် ကတော့ မျက်ရည်တွေ ကျရင်း စာကူးနေရတယ်။ စာကူးရတာ မပင်ပန်းပါဘူး။ ရှက်တာပါ။ ဒီးလစ် အရမ်းရှက်တယ်။ အားငယ်တယ်။

နာရီဝက် အချိန်စေ့တော့မှ ဆရာမ က ဒီးလစ်ကို ပြန်လွှတ်တယ်။ ဒီးလစ်ဟာ လွယ်အိတ်လေး လွယ်ရင်း ကျောင်းထဲက ထွက်ခဲ့တယ်။ ဒါပေမဲ့ ဒီးလစ် အိမ်မပြန်ဘူး။ ဒီးလစ် စိတ်ညစ်တယ်။ ဒီးလစ်သေချင် နေတယ်။ အိမ်မပြန်ဘဲ ရွာလွယ်က ချောင်းကူးတံတားလေး ဆီလျှောက်လာခဲ့တယ်။

အချိန်က ညနေ နေဝင်တော့မယ်။ ချောင်းရေလေးဟာ နေဝင်စ အလင်းရောင် အောက်မှာ မှိန်မှိန်လေးရယ်။ သဲ့သဲ့လေး အသံနဲ့ သာသာလေး စီးနေတဲ့ ချောင်းရေဟာ ကြည်လင်နေတယ်။ ရေအောက်က ငါးလေးတွေ ကိုတောင် မြင်နေရတယ်။ ငါလည်း ရေထဲခုန်ချလိုက်ရင် အေးမှာ ပဲ။ ငါးလေးတွေ လို ရေအောက်မှာ နေရရင် ဘယ်သူ့မှ ရှက်စရာ မလိုတော့ဘူး။ သေသွားလည်း အေးတာပဲလို့ ဒီးလစ်တွေးရင်း တံတားပေါ်ကနေ ချောင်းထဲ ခုန်ချချင်စိတ်တွေ ဖြစ်နေတယ်။

ညက မှော င်စပြု လာပြီ။ ဒီးလစ်က တံတားပေါ်မှာ ရပ်နေဆဲ။ ဒီအချိန်မှာ ပဲ တံတားပေါ်ကို လူ တစ်ယောက် ရောက်လာတယ်။ ရွာရဲ့ ဘုရားကျောင်းက ဓမ္မဆရာပါ။ ဒီးလစ်ကို မြင်တော့ ဓမ္မဆရာက ဒီးလစ် ဘာ ဖြစ်နေလဲလို့ ကြင်နာစွာ မေးတယ်။ ဒီးလစ်က ငိုတယ်။ ဓမ္မဆရာလည်း ကလေး စိတ် ပြောင်းသွား အောင်ဆိုပြီး ငါနဲ့ ဘုရားကျောင်းကို ခဏလိုက် ခဲ့စမ်းပါ၊ ဘုရားကျောင်းမှာ ခရစ်စမတ် ပွဲတော် အတွက် ပြင်ဆင်နေတာ ကူညီပါဦး၊ ခရစ်တော် ဖွားတော် မူခန်း သရုပ်ဖော်တာမှာ အရုပ်ကလေး မပြီးသေးလို့တဲ့။

ခရစ်တော် ဖွားတော် မူခန်းက တင်းကုပ်ထဲတွင် သိုးတွေ ရှိတယ်။ သိုးစားခွက် ရှိတယ်။ မယ်တော် က ခရစ်တော် “ဂျီးဇက်စ်” ကိုမွေးပြီး စားခွက်ထဲမှာ ထည့်ထားတာ။ မယ်တော် ပုံ ရှိရမယ်။ ကလေးလေးပုံ ရှိရမယ်။ ပြီးတော့ သိုးထိန်းပုံ၊ အဲဒါတွေ အားလုံးကို ရွှံ့နဲ့ ရုပ်ထုလေးတွေ လုပ်ရတာ ပါ။

ဓမ္မဆရာက ဒီးလစ်ကို ရွှံ့နဲ့ ရုပ်ထုလေးတွေ ဝိုင်းလုပ်ပေးဖို့ ပြောတယ်။ ဒီးလစ်လည်း ရုပ်ထုလေးတွေ ကို စိတ်ဝင်တစား လုပ်ပါတယ်။ အဲဒီ အရုပ်ကလေးတွေ သိပ်ကို အသက်ဝင် တာပဲတဲ့။ အားလုံးက အံ့သြကြတယ်။ ဓမ္မဆရာကလည်း ဒီးလစ် လက်ရာဆိုပြီး ဂုဏ်ယူတာပေါ့။

နောင်ဆယ်နှစ် ကြာတဲ့အခါ….

ဒီးလစ်လေးဟာ ကမ္ဘာကျော် ပန်းပုဆရာမ ကြီး ဖြစ်လာခဲ့ပါတယ်။ ဒီးလစ်ဟာ သီချင်းဆိုနေရာမှာ ညံ့ပေမဲ့ ပန်းပုလုပ်တဲ့နေရာမှာ အလွန် တော် ခဲ့ပါတယ်။ ဒီတော့ လူဆိုတာ တစ်ခုခုမှာ ညံ့ပေမဲ့ တခြား တစ်ခုခုမှာ တော် နိုင်ပါတယ်။ အရေး ကြီးတာက ကိုယ်ဘာညံ့သလဲ၊ ဘာတော် သလဲ ဆိုတာ သိဖို့ပါ။ မသိရင် သိအောင် လုပ်ဖို့ပါ။ Awareness ရှိဖို့ပါ။ လူတိုင်း လူတိုင်း Awareness ရှိရင် လူ့အဖွဲ့အစည်း တစ်ခုလုံး တိုးတက်ပါ လိမ့်မည် ။ တိုးတက်မှလည်း ဘဝဟာ အဓိပ္ပာယ် ရှိပါလိမ့်မယ်။

ကျွန်မတို့အားလုံး Awareness ရှိအောင် ကြိုးစားကြပါစို့။

•••

အခန်း(၂)

Brain (ဦးနှောက်)

Brain ဆိုတဲ့ ဝေါဟာရကို ကျောင်းသားကလေးငယ်တိုင်း သိကြပါတယ်။ မူရင်းအဓိပ္ပာယ်က သက်ရှိသတ္တဝါ တစ်ဦးရဲ့ “ဦးနှောက်”ပါ။ ကျောရိုး အကြောမကြီးရဲ့ ဆင့်ပွားအားရုံကြောများ စုဝေးတဲ့နေရာလို့ အဓိပ္ပာယ်အကျယ် ဖွင့်ဆိုထားပါတယ်။ ဒီအစိတ်အပိုင်းက “အာရုံစနစ်” ကိုဆောင်ရွက်ပြီး မောင်းနှင်အားကို ထိန်းပေးတယ်လို့လည်း သိရပါတယ်။

ဦးနှောက်ကို အညိုရောင် အကြောဆဲလ်များ နဲ့ အတွင်းသားမှာ အဖြူရောင် အကြောမျှင်များ ပါဝင်တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဦးနှောက်က သတ္တဝါတွေ ရဲ့ အပြုအမူ အားလုံးကို ထိန်းချုပ်ညွှန်ကြားတာ ဖြစ်တဲ့အတွက် ဦးနှောက် (Brain)ဆိုတဲ့ ဝေါဟာရကို ဆင့်ပွားအဓိပ္ပာယ် အနေနဲ့ “ဥာဏ်ပညာ”လို့ လည်း သုံးနှုန်းကြပြန်တယ်။ နောက်ထပ်ဆင့် ပွားပြီး ဘန်းစကားအ ဖြစ် “ဥာဏ်ကြီးသူ” လို့လည်း ခေါ်ဝေါ်သုံးနှုန်းကြ ပြန်တယ်။ ပညာကြီးတဲ့လူ၊ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်များ ကို Brain လို့ တိုက်ရိုက်ခေါ်ကြတာပါ။ နောက်တစ်ခါ ထပ်မံဆင့်ပွားပြီး သုံးနှုန်းပုံက အဖွဲ့အစည်းတစ်ခု၊ အသင်းတစ်ခု၊ အုပ်စုတစ်ခုမှာ အဓိက ပဲ့ကိုင်သူကို လည်း အဖွဲ့ရဲ့ Brain လို့ သုံးခြင်းပါပဲ။

တစ်ဆက်တည်းမှာ ပဲ လူမိုက်၊ လူအတွေ ကို ဦးနှောက်မရှိတဲ့လူ Brain lessလို့ ခေါ်ကြပါတယ်။ တရားဥပဒေအရ အရေး ကြီးတဲ့ အချက်တစ်ခုလည်း ရှိပါတယ်။ အဲဒါ ကတော့ လူ တစ်ယောက် “သေဆုံးပြီ”လို့ ဆေးပညာအရ သတ်မှတ်မယ်ဆိုရင် ဦးနှောက်ရဲ့ စနစ်တွေ အလုပ်မလုပ် တော့ဘဲ ရပ်သွားခြင်းကို ကြည့်ရတာ ပါ။ ဦးနှောက်မရပ်သေးရင် သေပြီလို့ မသတ်မှတ် နိုင်ပါဘူး။ ဒါကြောင့် တချို့ နှစ် ပေါင်းများ စွာ အိပ်ပျော်နေပြီး ပြန်နိုးလာတဲ့ အ ဖြစ်ဆန်းတွေ တွေ့ ကြရတာ ဖြစ်ပါတယ်။

စိတ်နဲ့ ပတ်သက်ပြီး ခွန်အားကြီးတဲ့ စွမ်းဆောင်မူကို Brain power လို့ ခေါ်ပြီး ဦးနှောက်ပျက်သွားတဲ့ စိတ်မနှံ့သူများ ကိုတော့ Brain Sick ဖြစ်နေတယ်လို့ ပြောကြပါသေးတယ်။ အခုခေတ်မှာ အထူးခေတ် စားနေတဲ့ အသုံးအနှုန်း တစ်ခုရှိပါတယ်။ အဲဒါ ကတော့ Brain Drain တဲ့။ နိုင်ငံတစ်ခုက ပညာတတ်တွေ ၊ အသက်မွေးဝမ်းကျောင်း ပညာရှင်တွေ တခြားနိုင်ငံကို အပြီးထွက်သွားတဲ့ ကိစ္စကို ပြောတာပါ။ Brain Drain ဖြစ်နေပြီဆိုတာ အတော် အသုံးများ ပါတယ်။ ဦးနှောက်ယိုစီးသွားခြင်း လို့ဆိုလိုတာပါ။ ဒီBrain Drain နဲ့ ပတ်သက်ပြီး အသံတွေ အတော် ဆူညံခဲ့တယ်။ ကိုယ့်တိုင်းပြည်က ပညာတက်တွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်မလာတာကို တိုင်းပြည်နစ်နာတယ်လို့ ယူဆသူတွေ များ ပါတယ်။ တိုင်းပြည်က ပညာသင်ပေးလိုက်တာကို တိုင်းပြည်ကို ပြန်ပြီး ကျေးဇူးမဆပ်ဘူးလို့ စွပ်စွဲကြတယ်။ နိုင်ငံခြား ထွက်သွားသူများ မှန်တယ် လို့ ယူဆသူများ ဘက်ကလည်း ကိုယ့်နိုင်ငံထဲမှာ ကိုယ့်ပညာနဲ့ ထိုက်တန်တဲ့ လစာ၊ အလုပ် မရလို့ ဆိုပြီး အကြောင်းပြတယ်။ ပြဿနာ ဘဲဥအစရှာ မရသလို ဖြစ်နေတယ်။

ဒီနောက်ပိုင်းမှာ တော့ ပါမောက္ခဆရာကြီး တစ်ယောက် က ဒါဟာ ပြဿနာ မဟုတ်ကြောင်း မဟုတ်ကြောင်း ၊ဘယ်နိုင်ငံမှာ မဆို ဒီလိုပဲ ပိုကောင်းတယ် ထင်တဲ့နေရာကို သွား အလုပ်လုပ်ကြ ကြောင်း သာဓကတွေ တင်ပြပြီး တကယ်က ဒါဟာ Brain Drain မဟုတ်။ Brain Gain ဦးနှောက် အမြတ်ရတာ လို့ အဖြေထုတ်ပါတယ်။ ဘယ်ဟာ ဘယ်လောက် မှန်သလဲ ဆိုတာ စိတ်ဝင်စားဖွယ် သမိုင်းတစ်ခုပါပဲ။

ဒီကြားထဲ Brain Storm ဆိုတာ ရှိလာပြန်တယ်။ ဒါက ချက်ချင်း စဉ်းစားပြီး စိတ်ကူးစိတ် သန်းရအောင် လုပ်တာကို ပြောတာပါ။ ဥပမာ အာဇာနည် နေ့အကြောင်း ရေး ရင် ဘယ်အချက် တွေ ပါရမလဲ ဆိုတာမျိုးပါ။ ချက်ချင်း စဉ်းစားပြီး ပေါ်လာတာတွေ ကို ချရေး ။ နောက်တော့မှ ခေါင်းစဉ်ငယ်တွေ အ ဖြစ် ပြန်ချဲ့ရေး ရမှာ ။

Brain Trust ဆိုတာလည်း ရှိပြန်ရော။ ဒါက ကျွမ်းကျင်သူ တစ်ခုက အုပ်ချုပ်ရေး တစ်ခုမှာ တရားဝင် မဟုတ်ဘဲ ညွှန်ကြားသူများ လို့ ဆိုပါတယ်။

Brain Wash ကိုတော့ အတော် များများ ကြားဖူးကြတယ်။ လူ တစ်ယောက် ရဲ့ မူလယုံကြည်မှု တွေ ၊ အမူအရာတွေ ၊ အယူအဆတွေ ကို ပြောင်းလဲသွားအောင် ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်လိုက်တာပါ။ ဒီလို အလုပ်ခံရတဲ့ လူဟာ အရင်ကလို မတွေးခေါ် တတ်တော့ဘူး။ အရင်ကလို မကျင့်သုံးတတ်ဘူး။ လုံးဝ ပြောင်းလဲသွားတယ်။ ဒါကို Brain Wash အလုပ်ခံရတယ်လို့ သုံးတာပါ။

ဒီလို Brain နဲ့ ပတ်သက်ပြီး ဆင့်ပွားအဓိပ္ပာယ်တွေ ထွက်ပေါ်လာတဲ့ အတွက် စကားဝေါဟာရ ကြွယ်ဝလာတာမှာ မြန်မာဝေါဟာရ တွေ မှာ လည်း ဒီ“ဘရိန်း”ဆိုတဲ့ ဝေါဟာရကို “ဦးနှောက်” လို့ မပြန်ဆိုတဲ့ မူလ အသံအတိုင်း “ဘရိန်း”လို့ပဲ သုံးလာကြတဲ့အတွက် “ဘရိန်း”ဆိုတဲ့ ဝေါဟာရဟာ မြန်မာစကား ဖြစ်နေပါပြီ။ (မော်တော် ကားတို့၊ တယ်လီဖုန်းတို့လို)

ဒီအခါ ဘရိန်းကောင်းတယ်၊ ဘရိန်းပြေးတယ်လို့ အကောင်းမြင်ဘက်က ပြောတာ ရှိသလို ၊ ဆိုးဝါးတဲ့အဓိပ္ပာယ်နဲ့ ဘရိန်းမကောင်းတော့ဘူး၊ ဘရိန်းချောင်နေပြီ (စကားလိမ်နဲ့ ဘရောင် ချိန်း) လို့တောင် ဘန်းစကားတွေ ပေါ်လာတယ်။

ဘယ်လိုပြောပြော ဘရိန်းဆိုတာ အလွန် စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲ။ တချို့က သိပ္ပံဘာသာရပ်မှာ ထူးချွန်တယ်။ တချို့က ဝိဇ္ဇာဘာသာရပ်မှာ ထူးချွန်တယ်။ ဒါကို science Brain Art Brain လို့ပြောကြတယ်။ ဝါသနာနဲ့ မဆိုင်ဘူး။ တချို့ဦနှောက်က သိပ္ပံကို မှတ်ထားမှု အားကောင်းတာမျိုးနဲ့ တချို့ ဦးနှောက်က ဝိဇ္ဇာကို ပိုပြီးမှတ်သားနိုင်တာ ကိုဆိုတာပါ။ တချို့က သချာင်္သိပ်တော် တယ်။ ကျက်စာမရဘူး။ တချို့က ကျက်စာကျက်ရင် မြန်တယ်။ သခ်ာၤလံုးဝ မႀကိဳက္ဘူး။ တချို့က သီချင်းစားသားတွေ အရမ်းရတယ်။ တချို့က သီချင်းစာသား အလွန်မေ့နတယ်။

ဒီနေရာမှာ ဦးနှောက်ရဲ့ အလုပ်တစ်ခု မလုပ်ပေးတာကို “မေ့” တယ်လို့ ပြောပါတယ်။ ကျောင်းသွားတာ လွယ်အိတ်မေ့ခဲ့လို့ ၊ လယ်တွန်သွားတာ နွားမေ့ကျန်ခဲ့လို့၊ ဈေးသွားတာ ငံပြာရည်ဝယ်ဖို့ မေ့သွားလို့၊ မျက်နှာသစ်တာ သွားတိုက်ဖို့ မေ့သွားလို့၊ လူတော့ မှတ်မိတယ် နာမည် မေ့နေတယ် စသဖြင့် မေ့တဲ့အရာတွေ အများ ကြီးပါ။ မေ့တတ်လို့လည်း “မေ့”ဆိုတဲ့ ဝေါဟာရ ပေါ်လာတာပဲလေ။ တချို့က အသက်ကြီးရင် မေ့တယ်လို့ ပြောတယ်။ ကလေးလေးတွေ စာကျက်ပြီး မေ့တာကျ ဘယ်လိုပြောမလဲ။ ကြီးတဲ့အရွယ်မှာ ဖြစ်တဲ့ အ ဖြစ်အပျက်တွေ ခဏနဲ့ မေ့ပြီး ငယ်စဉ်က အ ဖြစ်အပျက်တွေ ဘယ်တော့မှာ မမေ့တာ ဘာကြောင့် လဲ။

ဦးနှောက်ရဲ့ အလုပ်လုပ်ပုံက အတော် ထူးဆန်းပါတယ်။

အိမ်ခန်းထဲမှာ နေရာက မီးဖိုချောင်ဆီ တစ်ခုခုလုပ်ဖို့၊ ယူဖို့ သွားပြီး မီးဖိုချောင်ထဲ ရောက်ရော ဘာလုပ်ဖို့လာမှန်း မသိတော့ဘူး။ ဘာယူချင်လို့လာမှန်း စဉ်းစားမရဘူး။ အတော် စိတ်တိုဖို့ကောင်းတာ။ ဒါပေမဲ့ မပူပါနဲ့။ စောစောကအတိုင်း အိမ်ခန်းထဲ ပြန်သွားကြည့်ပါ။ အဲဒီ နေရာ ရောက်တာနဲ့ မီးဖိုချောင်ထဲ သွားဖို့ကိစ္စ ဘာဆိုတာ ဖြုန်းဆို သတိရလာရော။

ဒီအ ဖြစ်ဟာ တစ်ဦးတည်း မဟုတ်ဘူး။ လူတိုင်းနီးပါး ဒီလို ဖြစ်ကြပါတယ်။ ဒီတော့ ဦးနှောက်ဟာ အံ့သြစရာ မကောင်းပါလား။

သိပ္ပံပညာရှင် တွေ ကတော့ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက ဘာကို မှတ်တယ်။ ညာဘက်ခြမ်းက ဘယ်ဟာကို မှတ်တယ် စသဖြင့် ပြောကြပါရဲ့ ။ အားလုံးတော့ မတူကြဘူး။ ဦးနှောက်ဟာ အလုပ်တစ်ခုလုပ်ပြီး ရင် ဦးနှောက်ဆဲလ် တစ်ခု ပျက်သွားပြီး အဲဒီ ဆဲလ်အသစ် ပြန်မ ဖြစ်ဘူး လို့လည်း ဆိုကြတယ်။ အသားဆဲလ်တွေ က အသစ်ပြန်မွေးလို့ ရတယ်။ ဦးနှောက်ဆဲလ်က အသုံးပြုပြီး ပျက်သွားရင် အစားပြန်မ ဖြစ်ဘူးတဲ့။

ဒါဟာ အတော် အရေး ကြီးတဲ့ကိစ္စပါ။

ဒီအတိုင်းမှန်ရင် အင်မတန် အဖိုးတန်တဲ့ ဦနှောက်ဆဲလ်တွေ ကို ဘာမှ အရေး မပါတဲ့ ကိစ္စတွေ မှာ မသုံးဘဲနေဖို့ မကောင်းပါလား။ ကိုယ်နဲ့ တိုက်ရိုက် မပတ်သက်တဲ့ ကိစ္စတွေ မှာ မသုံးဘဲနေဖို့ မကောင်းပါလား။

သိပ္ပံပညာရှင်တွေ ကတော့ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက ဘာကိုမှတ်တယ်။ ညာဘက် ခြမ်းက ဘယ်ဘက်ခြမ်းက ဘာကိုမှတ်တယ်။ ညာဘက်ခြမ်းက ဘယ်ဟာကို မှတ်တယ် စသဖြင့် ပြောကြပါရဲ့ ။ အားလုံးတော့ မတူကြဘူး။ ဦးနှောက်ဟာ အလုပ်တစ်ခု လုပ်ပြီးရင် ဦးနှောက်ဆဲလ်တစ်ခု ပျက်သွားပြီး အဲဒီ ဆဲလ်အသစ် ပြန်မ ဖြစ်ဘူး လို့လည်း ဆိုကြတယ်။ အသားဆဲလဲတွေ က အသုံးပြုပြီး ပျက်သွားရင် အစားပြန်မ ဖြစ်ဘူးတဲ့

ဒါဟာ အတော် အရေး ကြီးတဲ့ကိစ္စပါ။

ဒီအတိုင်းမှန်ရင် အင်မတန် အဖိုးတန်တဲ့ ဦးနှောက်ဆဲလ်တွေ ကို ဘာမှ အရေး မပါတဲ့ ကိစ္စတွေ မှာ မသုံးဘဲနေဖို့ မကောင်းပါလား။ ကိုယ်နဲ့တိုက်ရိုက် မပတ်သက်တဲ့ ကိစ္စတွေ မှာ မသုံးဘဲနေဖို့ မကောင်းပါလား။ ကိုယ်နဲ့တိုက်ရိုက် မပတ်သက်တဲ့ ကိစ္စတွေ မှာ ဝင်မပါဖို့ ဝင်မစဉ်း စားဖို့ မသင့်ပါလား။ ဥပမာ ရထားချင်းတိုက်မိလို့တဲ့၊ လမ်းထိပ်မှာ ကားတိုက်မှု ဖြစ်လို့၊ ဟိုအိမ်မှာ လင်မယားရန် ဖြစ်လို့၊ အရက်မူးပြီး ရမ်းနေလို့ စတဲ့ ကိုယ်ကိစ္စမဟုတ်တာကို ရှောင်ဖို့ မကောင်းပါလား။

ဦးနှောက်ဟာ အလွန် အဖိုးတန်တဲ့ ကိစ္စကို မစဉ်းစားဘဲနေတာ မကောင်းပါလား။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်း ကတော့ ဦးနှောက်ဆိုတာ မသုံးရင် သံချေး တက်တယ်တဲ့။ ဦးနှောက်ကို အမြဲ သွေးပေးနေရမယ်တဲ့။ အသက် ၆၀ ကျော်ရင် အရင်က မလုပ်ဖူးတဲ့ အရာ၊ မသင်ဖူးတဲ့ပညာတွေ သင်ရမယ်တဲ့။ ဒါမှ ဦးနှောက် ထက်မြက်လာမှာ တဲ့။

အားလုံးဟာ လက်ခံ စဉ်းစားသင့်တဲ့ အချက်တွေ ပါပဲ။

သေချာတာတစ်ခုက တရားမှတ်နေတဲ့ ပုဂ္ဂိုလ်ဟာ အရင်က မေ့နေတဲ့ ရစရာ အကြွေးတစ်ခုကို သတိရလာတာမျိုး တရားထိုင်နေတဲ့ စာရေး ဆရာများ ဟာ တရားထိုင်ရင်း ရေး စရာ ဝတ္တု ဇာတ်လမ်းရလာ တာမျိုးပါ။ ဒါက တရားမှတ်နေတဲ့ အချိန်မှာ ဦးနှောက်ဟာ ကန်ရေပြင် လိုကြည်လင်ငြိမ်သက်နေလို့ အလင်းဓာတ်တွေ ၊ အကြံသစ် ဥာဏ်သစ်တွေ ၊ အကြံဟောင်းတွေ ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်ကို အနားပေးလိုက်တဲ့အတွက် ရလာတဲ့အကျိုး ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် လည်း ဦးနှောက်အပန်းဖြေဖို့ ခရီးထွက်တာမျိုး လိုအပ်တာပါ။ တချို့ ကုမ္ပဏီတွေ က “တစ်နှစ် လုံး ရက်ပျက်မရှိသူဆု”ဆိုပြီး ပေးကြတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ မှာ တော့ “တစ်နှစ် မှာ တစ်လ အားလပ်ရက် မယူမနေရ” ယူခိုင်ပါတယ်။ အားလပ်ရက်နားပြီးအခါ ဦးနှောက်ခွန်အား ပိုလာတယ်လို့ ယုံကြည်ခြင်းပါပဲ။

ဒီလို အရေး ကြီးတဲ့ ဦးနှောက်ကို သိပ်မပင်ပန်းစေဖို့ အရေး ကြီးတာမို့ အရာရာကို slow down လို့ သတိပေးပြီး မှန်မှန်လေး စဉ်းစားရင် မမှားနိုင်ဘူးလို့ ထင်ပါတယ်။ ဦးနှောက်ရဲ့ အလုပ်တချို့ကို မျက်လုံးကို ပေးထားမျိုး (ဥပမာ ကားသော့ ပါရဲ့ လား မစဉ်းစားရအောင် လက်ထဲက သော့ ကို မျက်လုံးနဲ့ ကြည့်ဖို့) စသဖြင့် လုပ်ကြည့်တာလည်း မဆိုးပါဘူး။

အားလုံး စဉ်းစားကြဖို့ပါ။

•••

Brand (အမှတ်တံဆိပ်)

အမှတ်တံဆိပ်ကို ကုန်ပစ္စည်းတွေ ၊ အမည် နာမတွေ အတွက်သာမက လူ တစ်ယောက် ရဲ့ အရည်အသွေးပါ သုံးစွဲကြပါတယ်။ ထင်ထင်ရှားရှား သုံးကြတာက ကုန်ပစ္စည်းနာမည် ဖြစ်လို့ Brand ဆိုရင် ပစ္စည်းလို့ ထင်တတ်ကြပါတယ်။

မှန်လည်းမှန်ပါတယ်။ ကုန်ထုတ်လုပ်သူများ ဟာ မိမိတို့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းနဲ့ မရောထွေးစေဖို့ သီးသန့် အမှတ်အသား လုပ်ခဲ့ကြတာ ရှေးကုန်စည်ကူးသန်းရေး ခေတ်ကတည်းကပါပဲ ။ အထူးသဖြင့် အင်္ဂလန်ပြည်၊ စက်မှု တော် လှန်ရေး ကာလမှာ ကုန်ပစ္စည်း ထုတ်လုပ်မှု ဟာ အိမ်တွင်းထုတ်လုပ် မှု ကနေ စက်ရုံထုတ်လုပ်မှု အထိ ဖြုန်းဆို ကူးပြောင်းခဲ့လို့ ထွက်လာတဲ့ ကုန်တွေ ကို ရောင်းချဖို့ နယ်မြေရှာလာကြရာက ကိုလိုနီစနစ် ပေါ်ပေါက်ခဲ့ရတယ်။ ဒီအခါ အရောင်းဈေးကွက်မှာ တခြားသူတွေ နဲ့ ယှဉ်ပြိုင်ရတယ်။ ဒီယှဉ်ပြိုင်မှု မှာ ထိပ်တန်းနေရာရဖို့က မိမိပစ္စည်းကို ကောင်းအောင်လုပ်ဖို့ အရေး ကြီးလာတယ်။ ကောင်းအောင်လည်း လုပ်ခဲ့ကြတယ်။ ဒါကြောင့် လည်း Made in England ဆိုတဲ့ စာတန်းနဲ့ ပစ္စည်း တံဆိပ်တွေ နာမည် ခိုင်ခံ့ခဲ့တယ်။ တစ်ခါသုံးဖူးတဲ့လူက နောက်ထပ်ဝယ်တဲ့ အပြင် အချင်းချင်း သတင်းပေးလို့ ဈေးကွက်ခိုင်မာ သွားခဲ့တယ်။ ဥပမာ အပ်ချုပ်စက်ဆိုရင် စင်းဂါး (Singer)၊ စက်ဘီးဆိုရင် ရာလေး (Raleingh)၊ အစားအသောက်ဆိုရင် လည်း ဟောလစ်စသဖြင့် တံဆိပ်ခိုင်မာ ခဲ့ဖူးပါတယ်။

တံဆိပ်ကလည်း အာမခံချက် ပေးနိုင်ကြပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ ဟာ သူတို့ပစ္စည်းကို ဘယ်တော့မှ အရည်အသွေး မလျော့စေပါဘူး။ ထုတ်လုပ်ပြီးတာနဲ့ ထုပ်ပိုးတဲ့အဆင့် မရောက်ခင် စစ်ဆေးကြတယ်။ ညံ့တာတွေ့ ရင် ပယ်ပစ်ကြတယ်။ ဒီအခါ ကောင်းမွန်တဲ့ အာမခံချက် ပေးနိုင်တဲ့ ပစ္စည်းတွေ ပဲ ဈေးကွက်ထဲ ဝင်လာခဲ့ကြတယ်။ ဒီတော့ စားသုံးသူတွေ ကလည်း တံဆိပ်ကို ကြည့်ပြီး စိတ်ချလက်ချ ဝယ်ကြပါတော့တယ်။

နောက်တော့ နာမည် ကြီး တံဆိပ်တွေ ဟာ လူတွေ ရဲ့ စိတ်မှာ စွဲနေတာနဲ့ပဲ ဆက်လက် အောင်မြင်သွားကြတာ တွေ့ ရတယ်။ ဥပမာ အမျိုး သမီးပုံနှစ် ပုံကို ယှဉ်ပြီး ဘယ်သူပိုလှသလဲလို့ မေးတဲ့အခါ ရမှတ်က ၅၀/၅၀ ဖြစ်နေတယ်။ နောက်တော့ ဒီပုံတွေ ကိုပဲ တစ်ယောက် ကို “ဂျနီဖာ” လို့နာမည် ပေးပြီး နောက် တစ်ယောက် ကိုတော့ “ဂျာထရု” လို့နာမည် ပေးလိုက်တယ်။ ဘယ်သူပိုလှသလဲ မေးတဲ့အခါ ဂျနီဖာက အမှတ် ၈၀ ဖြစ်သွားသတဲ့။ နာမည် အစွဲပါ။

တံဆိပ်တွေ ခိုင်မာအောင်မြင်လာရင် ကြာရှည်အောင် ကြိုးစားကြ ရပါတယ်။ Sony ဆိုတဲ့ တံဆိပ်နဲ့ လျှပ်စစ်ပစ္စည်း တွေ ဆိုရင် စိတ်ချလက်ချ ဝယ်ကြတယ် ဆိုပါစို့။ Sony ဆိုတာ ပေါ်ထွန်းလာဖို့ လွယ်လွယ်နဲ့ လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ အောက်ဆုံး အလုပ်သမားကနေ ထိပ်ဆုံးအရာ ရှိအထိ အသေးစိတ် ကြိုးစားခဲ့ရတာ ပါ။ အီလက်ထရောနစ် ပစ္စည်းတွေ မှာ အထူးသဖြင့် ၁၀ နှစ် ၊ ၁၅ နှစ် မပျက်တဲ့ တံဆိပ်တွေ ရှိတယ်။ ရုပ်မြင်သံကြား စက်၊ ကင်မရာတွေ လည်း ဒီအတိုင်းပါပဲ။ ဈေးဝယ်သူက ဈေးကြီးတာ ကို မကြောက်ပါဘူး။ ပစ္စည်းမှန်တာကို သဘောကျတယ်။ ဒီတော့ အတုအပ ရှိလာရင် ခွဲနိုင်အောင် လုပ်ကြရပြန်တယ်။ ဥပမာ အသားတံဆိပ်။

ပစ္စည်းတစ်ခု အောင်မြင်သွားရင် လုပ်ငန်းခွဲချင်ကြတာ ဓမ္မတာ ပါပဲ။ တွင် ကျယ်ချင်တယ်၊ ဈေးကွက်မှာ နေရာဦးချင်တယ်။ ဒီအခါ ဆိုင်ခွဲတွေ လုပ်ကြတယ်။ ဥပမာ ဓနုဖြူဒေါ်စောရီ၊ မြောင်းမြ ဒေါ်ချို ၊ YKKOကအစ City Mart အဆုံး နေရာဖြန့်ကျက်လေ့ ရှိကြတယ်။ စီးပွားရေး အရ ကောင်းပါတယ်။ ဒါပေမဲ့ နာမည် ကြီးလာလေလေ အရည်အသွေး ထိန်းဖို့လိုလေပါပဲ။ မိမိ ရရှိပြီးသား အမှတ်တံဆိပ်ရဲ့ တန်ဖိုးကို ရှင်သန်အောင် ကြိုးစားကြဖို့ အလွန် အရေး ကြီးပါတယ်။ လူ တစ်ယောက် ဟာ အကျင့်စာရိတ္တ အရာမှာ ရော လူမှု ရေး မှာ ပါ မြင့်မြတ်သူအ ဖြစ် ထင်ရှားလာရင် သူဟာ ဒီတံဆိပ်ကို ဆက်ပြီး ထိန်းရပါတော့တယ်။ သူသာမက သူ့မိသားစုပါ ဒီတံဆိပ်ကို ထိန်းကြရတယ်။ မြိုင်သာယာရွာက ကျောင်းအစ်မကြီး ဒေါ်ဘုမဆိုတာ မေတ္တာတရား ပြည့်ဝတယ်။ အလှူအတန်း ရက်ရောတယ်၊ ကူညီတတ်တယ်၊ ကရုဏာကြီးတယ် စသဖြင့် နာမည် ရလာရင် ဒေါ်ဘုမ လူကြားထဲ ဒေါသ ဖြစ်ပြလို့ မရတော့ဘူး။ စိတ်ဆိုးပြလို့ မ ဖြစ်တော့ဘူး။ သူ့တံဆိပ်ကို သူ ထိန်းရမှာ ကိုး။ ထို့အတူ သူ့သားသမီးတွေ ကပါ ဒေါ်ဘုမ သမီးဆိုရင် ယဉ်ကျေးလိမ္မာပြရမယ်။ သဘောထား ပြည့်ဝရမယ်။ လူချီးမွမ်းအောင် နေရတော့မယ်။

အဖေမျက်နှာ ၊ အမေ့မျက်နှာ ဆိုတာ ဒါပါပဲ။ ကိုယ့်မိဘက လူကောင်းသူကောင်း၊ နာမည် ကောင်း ရှိတဲ့သူဆိုရင် ကိုယ်က ဗွေဖောက်လို့ မ ဖြစ်တော့ဘူး၊ မျိုးရိုးဂုဏ် စောင့်ထိန်းရပါတယ်။ အဖေ့မျက်နှာ ထောက်ရတယ်။ ပတ်ဝန်းကျင်ကလည်း အဖေ့မျက်နှာကြောင့် ကိုယ့်ကို မစော်ကားရဲသလို ကိုယ်ကလည်း အဖေ့မျက်နှာ ကိုထောက်ပြီး မိုက်ရိုင်းလို့ မရပါဘူး။ ဒီနည်းနဲ့ အပြန်အလှန် ထိန်းသွားကြတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု ပါ။

အမှတ်တံဆိပ်ကို မိဘထံမှ ဆက်ခံရတာ ရှိသလို မိမိဘာသာ ထူထောင်ရ တာလည်းရှိပါ တယ်။ တချို့က အဖေစာရေး ဆရာဆိုပြီး ဘယ်သူ့သမီး ဘယ်သူ့သားဆိုပြီး ဝင်လာကြတယ်။ သူ့ဖခင်ရဲ့ အရောင် နဲ့ စိတ်ဝင်စားကြ ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် အရည်အသွေး မမီရင်တော့ သူ့အဖေရဲ့ တံဆိပ်က သူ့ကို မကယ်နိုင်ပါဘူး။

မြန်မာလူမျိုးတို့ရဲ့ သားသမီးဝတ္တရား ငါးပါးထဲမှာ “မွေခံထိုက်စေ” ဆိုတာ ပါပါတယ်။ မိဘရဲ့ အမွေကို ခံစားဖို့ ထိုက်တန်သူ ဖြစ်ရမယ်လို့ ဆိုတာပါ။ အမွေဆိုတာ မရွှေ့ပြောင်းနိုင်တဲ့ လယ်ယာခြံမြေ၊ အိမ်ခြေ တိုက်တာ ပါသလို ရွှေငွေရတနာတွေ ပါသလို၊ အမည် အမှတ်တံဆိပ် လည်းပါပါတယ်။

“ပန်းသာမျိုး” ဆိုရင် ခမ်းနားတယ် ဆိုတာမျိုး ကြားဖူးကြမှာ ပါ။ ဒါဟာ မိဘမျိုးရိုးရဲ့ အမှတ်တံဆိပ်ပါပဲ။ အမှတ်တံဆိပ်ဟာ မိမိကိုယ်တိုင် အပြင် သားစဉ်မြေးဆက်အထိ အကျိုးသက်ရောက် နိုင်ပါတယ်။ အများ အားဖြင့် အမှတ်တံဆိပ်ကို ကိုယ့်လက်ထက်ကျမှ ကိုယ့်ဘာသာ ထူထောင်ကြ ရပါတယ်။ မိဘလက်ထက်က ဆင်းရဲတယ်၊ ပညာမတတ်ဘူး။ မျက်နှာငယ်တယ်၊ ဒါပေမဲ့ ကိုယ့်ဘဝကို ကိုယ့်ဟာကိုယ် ရုန်းကန်လှုပ်ရှားပြီး ကိုယ်ပိုင်အမှတ် တံဆိပ် ထူထောင်နိုင်ပါတယ်။ မိဘထူထောင်ခဲ့တဲ့ အမှတ်တံဆိပ် မရှိပေမဲ့လည်း မိမိအားနဲ့ မိမိ ထူထောင်လို့ ရပါတယ်။ တချို့ဆိုရင် မိဘလက်ငုတ် လုပ်ငန်းတွေ ဆက်မလုပ်တတ်ဘူး။ ပျက်စီးသွားတယ်။ ဒါကသူ့မှာ အရည်အသွေး မမီလို့ပါ။ မိဘရဲ့ အမှတ်တံဆိပ်ကို တန်ဖိုးမထားနိုင် လောက်အောင် ညံ့ဖျင်းသွားတာ ဖြစ်နိုင်တယ်။ (မိဘလုပ်ငန်းကို ဝါသနာမပါတာ မျိုးတော့ ရှိပါတယ်)

ဘယ်လိုပဲ ဖြစ် ဖြစ် စီးပွားရေး ၊လူမှု ရေး ၊ နိုင်ငံရေး စတဲ့ လူ့အဖွဲ့အစည်းရဲ့ အခင်းအကျင်း တွေ ထဲမှာ လူဟာ မပတ်သက်ဘဲ နေလို့မရပါဘူး။ တစ်စုံတစ်ရာတော့ ပတ်သက်နေ ရတာ ပါပဲ။ ဒီအခါ မိမိမျိုးရိုးရဲ့ အမှတ်တံဆိပ်ကို မဆက်ခံနိုင်ရင်တောင် မဖျက်ဆီးဖို့ အရေး ကြီးပါတယ်။ ဥပမာ ဘုရားလူကြီး တစ်ယောက် ရဲ့ သားက အရပ်ထဲမှာ မူရူးပြီး ရမ်းကား နေတာမျိုး မ ဖြစ်ဖို့ပါ။ ဒီနည်းနဲ့ ထိန်းသွားဖို့ပါပဲ။

ဒီနေရာမှာ အမှတ်တံဆိပ်ဆိုတာ အကောင်းကိုချည်း ပြောတာ မဟုတ်ပါဘူး။ ဆိုးတဲ့ အမှတ်တံဆိပ်တွေ လည်း ရှိနေတယ်။ တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းတွေ ရှိသလို တိုင်းပြည်ကို ချောက်ထဲ တွန်းချခဲ့တဲ့ လူမိုက် လူရမ်းကားတွေ ရှိတယ်။ ဒီအခါ သူရဲကောင်းတွေ ရဲ့ သားမြေးတွေ ဟာ လူ့အဖွဲ့အစည်းမှာ အကြည်ညိုခံကြရပြီး လူရမ်းကားတွေ ရဲ့ သားမြေးတွေ ကို တော့ အဖွဲ့အစည်းထဲ အဝင်မခံချင်ကြပါဘူး။ သူ့ မိဘတွေ လိုပဲ အမုန်းခံကြပါတယ်။ ဒါဟာ အလွန်တရာ အရေး ကြီးပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ တံဆိပ်အမည်းကြီး ဖြစ်သွားရင် ကိုယ်တင်မက သားမြေးစဉ်ဆက် နာမည် ပျက်ခံ ရပါတယ်။ အမုန်းခံရမယ်။ နာလန်ထူဖို့ ခက်ပါတယ်။

ဒါကြောင့် မိဘရဲ့ ကောင်းသော တံဆိပ်ကို ရေရှည်ခံအောင် ထိန်းဖို့ လိုအပ်သလို မိမိလက်ထက်မှာ လည်း မိမိတံဆိပ်ကို ကောင်းအောင် ထူထောင်ကြရပါတယ်။ ဒါမှသာ နောက်သားစဉ်မြေးအဆက် အမှတ် တံဆိပ်ကောင်းတွေ ဖြစ်လာကြမှာ ပါ။

ဒီနေ့ စူပါမားကတ်မှာ တံဆိပ် အကောင်းတွေ မေးဝယ်နေကြတယ်။ တံဆိပ်အတုတွေ လည်းပေါများ လှပါတယ်။ တံဆိပ်အသစ်တွေ လည်း လှိမ့်ဝင်နေပါတယ်။ ဝယ်သူက စမ်းကြည့်ကြမှာ ပဲ ။ ကောင်းရင် ဆက်ဝယ်မယ်။ မကောင်းရင် ပယ်မယ်။ မိမိအလုပ်၏ အကျိုးကို မိမိ ခံစားရမှာ အမှန်ပါပဲ။

•••

အခန်း(၃)

Change (ပြောင်းလဲခြင်း)

Change ဆိုတဲ့ စကားရဲ့ ခွန်အားဟာ သမ္မတရားထူးကို တောင် ရရှိစေတယ်လို့ပြောရင် လွန်ရာ မကျပါဘူး။ ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတရွေးပွဲမှာ လူမည်း ဖြစ်တဲ့ “ဘားရက်အိုဘားမား” ဆိုတဲ့ အသက်လေးဆယ်ကျော် လူလတ်ပိုင်း တစ်ဦးဟာ သူရဲ့ မဲဆွယ်မှာ Change ဆိုတဲ့ စကားနဲ့ အနိုင်ရသွားခဲ့တာပါ။

Change ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ပြောင်းလဲပါ၊ ပြောင်းလဲ ခြင်း၊ အပြောင်းအလဲ လို့ ဆိုပါတယ်။ ပြောင်းလဲခြင်းဆိုတဲ့ သဘာဝ ဟာ ကမ္ဘာဦး အစကတည်းက ဖြစ်နေခဲ့တာပါ။ ပြောင်းလဲတာဟာ ကောင်းတာလည်း ရှိ၊ ဆိုးတာလည်းရှိ။ ပြောင်းလို့ရ တာလည်းရှိ၊ မရတာ လည်း ရှိ။ အရေး ကြီးတာက အဲဒီ အပြောင်းအလဲကို စနစ်တကျ ကိုင်တွယ်တတ်တဲ့ ဥာဏ်ပညာရှိဖို့ပါ။

အိုဘားမားက ဥာဏ်ကောင်းတဲ့အတွက် ပြောင်းလဲပစ်ပါမယ်လို့ ကတိပေးတာကို ဥာဏ်ကြွယ်တဲ့ အမေရိကန် ပြည်သူလူထုက ယုံကြည်ပြီး သမ္မတအ ဖြစ် ရွေးလိုက်တယ်။ ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်မလဲ ဆိုတာက သူ့အပိုင်း။ ဒီပြောင်းပါ့မယ့် ဆိုတဲ့ စကားဟာ သွားပုံကိုတော့ အလေးမထား လို့မရပါဘူး။ အဲဒီ မတိုင်ခင် သမ္မတဘုရှ်ရဲ့ ၈ နှစ် တာ လုပ်ပုံကိုင်ပုံတွေ ကို လူထုက မကြိုက်ဘူး။ မကြိုက်တော့ လူပြောင်းပစ်ချင်နေတယ် ။ ဒီအချက်ကို အိုဘားမားက “ကိုင်တွယ်” လိုက်တာပါ။

တကယ်တော့ Change လုပ်တယ်ဆိုတာ သင့်တော် အောင်ပြင် ခြင်း တစ်မျိုးပါပဲ။ “မင်း အပြုအမူတွေ ပြင်လိုက်စမ်း”၊ “မင်း အဝတ်သွားလဲ လိုက်ဦး”ဆိုတဲ့ တစ်ကိုယ်ရေ ကိုယ်ရေး ကိုယ်တာ အသေးအဖွဲ့ကအစ မူဝါဒ ပြောင်းလဲခြင်းဆိုတဲ့ ကမ္ဘာချီပြီး အရေး ကြီးတဲ့ ကိစ္စတွေ အထိ ရှိပါတယ်။ အရေး ကြီးတာက အဲသလို ပြောင်းလဲခြင်းကို လိုအပ်သလား ၊ မလိုအပ်ဘူးလား၊ ကောင်းမှာ လား၊ ဆိုးမှာ လား ဆိုတာကို ဝေဖန် သုံးသပ် ဆုံးဖြတ်တတ်ဖို့ပါပဲ။

မှန်ပါတယ်။ ပြောင်းလဲခြင်းဟာ အမြဲ လိုအပ်နေတာတော့ မဟုတ်ပါဘူး။ မလိုအပ်ဘဲ ပြောင်းလဲချင်နေရင်လည်း အကျိုးမရှိဘူး။ ဥပမာ အင်္ဂလန် နိုင်ငံရဲ့ တော် ဝင် မိသားစုဝင်များ ဟာ တစ်နေ့ကို ဝတ်စုံ (၅)မျိုး လဲရတယ်လို့ ဖတ်ဖူးပါတယ်။ မနက်စာ စားတဲ့အခါ ဝတ်ရတဲ့ ဝတ်စုံ၊ နေ့လည်စာ အတွက် ဝတ်စုံ၊ မွန်းလွဲ လက်ဖက်ရည် ပွဲမှာ ဝတ်ရတဲ့ ဝတ်စုံ၊ ညစာ ဒင်နာမှာ ဝတ်ရတဲ့ ဝတ်စုံ နောက်ဆုံး ညအိပ်ရာဝင် ဝတ်စုံပေါ့လေ။

ဒါဟာ ခန်းနားကြီးကျယ်အောင် တမင် တီထွင်ခဲ့တာလည်း ဖြစ်နိုင်တယ်။ မင်းဧကရာဇ်ဆိုပြီး သာမန်လူတွေ နဲ့ မတူအောင် တမင်စတန့် လုပ်တာလည်း ဖြစ်နိုင်တယ်။ သူတို့ ကတော့ ဒါဟာ အစဉ်အလာ Traditional ဆိုပြီး အလွန် အလေးအမြတ် ပြုကြတယ်။ ဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားရင်း ပြဿနာ ဖြစ်နိုင်တယ်။ အလိုက်အထိုက် နေရင် ချောင်မယ်။ ဒီကိစ္စမှာ Change ဟာ မလိုအပ်ဘူးလို့ သဘောထားကြတယ်။

ဒါပေမဲ့ နန်းတွင်းသူတွေ ဗလာထမီ၊ အနားတစ်ထောင်နဲ့ ဝတ်ခဲ့ကြတာကို ဒီကနေ့ခေတ် အပြေးအလွှား လှုပ်ရှားနေကြရတဲ့ မိန်းကလေးတွေ က အပြောင်းအလဲ မလုပ်လို့တော့ မရပေဘူး။ ထိုင်မသိမ်း ဝတ်စုံနဲ့ သွားလာလို့ မရနိုင်ဘူး။ သို့ သော် သတင်းထောက် ဖြစ်ပြီးဆိုပြီး ဘောင်းဘီပဲ ဝတ်တော့မယ်ဆိုတဲ့ ပြောင်းလဲခြင်း ကတော့ အမြဲ မှန်ကန်ပါ့မလား။ (မနေ့ တနေ့ကတောင် တိုင်းအဆင့် အစည်းအဝေးကြီးတစ်ခု တက်တဲ့ မိန်းမ တစ်ယောက် ၊ သူက သတင်းသမားဆိုပြီး ဘောင်းဘီရှည်ဝတ်သွားလို့ လူကြီးတွေ က ဝေဖန်လိုက်တယ်လို့ ကြမ်းကြားလေးကြားနဲ့ ကြားခဲ့ရ သေးတယ်) ဒါဟာ အတော် ဥာဏ်သုံးရမယ့် ကိစ္စပါ။ Change ကို မလိုအပ်ပဲ သုံးမိရင် အကျိုးထက် အပြစ်ရှိဖို့ ပိုများ ပါတယ်။

ဒါတွေ က မိမိကိုယ်တိုင် ပြောင်းလဲ လုပ်ကိုင်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ မိမိက လိုလားလို့ မဟုတ်ဘဲ တစ်ဖက်က ပြောင်းလဲလာတာကို လက်ခံချင်သည် ဖြစ်စေ၊ မခံချင်သည် ဖြစ်စေ၊ ခံကြရတဲ့ ကိစ္စတွေ လည်း အများ ကြီးပါ။ ဥပမာ climate change တဲ့။ (ရာသီဥတု ပြောင်းလဲခြင်း) ဒါက သဘာဝ အလျောက် ဖြစ်လာတာ။ ကိုယ့်ဟာကိုယ် နေရင်းရောက်လာတာ။ တွန်းထုတ်လို့ မရ။ လက်မခံလို့ မရ။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၀ တုန်းက ရန်ကုန် ရာသီဥတုဟာ အင်မတန် မျှတတာပါ။ ပျှမ်းမျှအပူချိန် 97’F ထက် ဘယ်တော့မှ မပိုပါဘူး ။ အခုတော့ 107 ‘F ဖြစ်နေတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ နှစ် ပေါင်း ၃၀ အတွင်း 13’F တိုးလာကြောင်း သတင်းများ က ဆိုပါတယ်။ ဒါဟာ ကမ္ဘာရာသီတု ပြောင်းလဲလာတာပါ။ ဒီလို ပြောင်းလဲလာတဲ့အတွက် ရေခဲပြင်တွေ အရည်ပျော်တယ်။ ပင်လယ် မျက်နှာပြင် မြင့်တက်လာတယ်။ ကျွန်းတွေ ပျောက်သွားတယ်။ စားပင်သီးပင်တွေ စိုက်မရ ဖြစ်တယ်။ ရေကြီးတယ်။ မိုးခေါင်တယ်။ မုန်းတိုင်းကျတယ်။ ငလျင်လှုပ်တယ် ။ မြေပြိုတယ် စသဖြင့် ဆိုးကျိုးတွေ အများ ကြီး ပေါ်လာတယ်။

ပေါ်လာမှ လူတွေ က မျက်လုံးပြူးသွားကြတာပါ။ ဒါတွေ ဟာ ကိုယ်လုပ်လို့ ဖြစ်လာတာလို့ သိသူလည်း နည်းတယ်။ သဘာဝ ဘေးဒဏ်ပဲလို့ လက်မှိုင်ချသူတောင် များ ပါတယ်။ ဥာဏ်ကြီးတဲ့ လူတွေ ကတော့ ဒါဟာ ဘာကြောင့် ဖြစ်လာတာလဲလို့ အဖြေရှာတဲ့အခါ သဘာဝ အရ မဟုတ်ဘဲ လူတွေ ရဲ့ လောဘကြောင့် ဆိုတာ သိလာရတယ်။ စက်ရုံ အလုပ်ရုံတွေ အများ ကြီး ဖြစ်လာ တဲ့အခါ စက်ရုံက ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ကောင်းကင်ပေါ်တက်၊ အာကာသထဲစုပြီး နေရောင် ကို ကာကွယ်ပေးတဲ့ ဒြပ်လွှာကြီးကို ပေါက်သွားစေခဲ့လို့ တစ်ကမ္ဘာလုံး ပူလာကြောင်း၊ လူ့အသုံးအဆောင်ပစ္စည်း ၊မော်တော် ကား၊ ပန်ကာ၊ လေအေးစက် ၊ ရေခဲသေတ္တာလို အသေးလေးတွေ ရဲ့ ထုတ်လုပ်မှု တွေ လည်း ပါဝင်နေကြောင်း၊ နောက်အရေး ကြီးတဲ့ တစ်ချက်က သစ်တောတွေ ကို လွင်တီးခေါင်မြစ်အောင် ခုတ်ပစ်ကြလို့ သစ်ပင်သစ်တောက ပေးတဲ့ အအေးဓာတ် မရတော့ဘဲ မိုးခေါင် ပူလောင်ခြင်း စသဖြင့် အဖြေတွေ ရလာကြ၏ ။

အဖြေရတဲ့အခါ ကုထုံးလုပ်ကြတယ်။ သဘာဝ ရင်း မြစ်တွေ ကို ထိန်းသိမ်းဖို့ ကြိုးပမ်းကြတယ်။ ပျက်သွားတဲ့ အရာ ပြန်ပြင်ရတာ ဆိုတော့ အတော် ခက်ခဲနေတယ်။ ကိုယ်ကျိုးစီးပွားရေး ရမယ်ဆိုရင် ဘယ်သူသေသေဆိုတဲ့ လောဘသားကောင်တွေ အားလုံးကို နှိပ်ကွပ်ဖို့လည်း ခက်တယ်။ ဥပဒေပြုဖို့တောင် ငွေရှင်ရဲ့ မျက်နှာကို ကြည့်နေရတဲ့ လွှတ်တော် အမတ် တွေ ကြောင့် အလုပ်မ ဖြစ်ဘူး။ ဒါဟာ climate change ဆိုတဲ့ ရာသီဥတု ပြောင်းလဲခြင်း တစ်ခုတည်းရဲ့ သက်ရောက်မှု တွေ ဘယ်လောက် ပြင်းထန်တယ်ဆိုတဲ့ သာဓကပါပဲ။

ကမ္ဘာနဲ့ ချီလာတဲ့ ပြောင်းလဲမှု ကို မဆိုပါနဲ့။ လူ တစ်ယောက် ရဲ့ စိတ်ကို ပြောင်းလဲအောင် လုပ်ဖို့တောင် ဘယ်လောက်ခက်လဲ။ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေတဲ့ အာဏာရှင် တစ်ယောက် မှားနေတယ်ဆိုရင် ဒါကို ပြောင်းလဲပစ်ဖို့ အားလုံးဝိုင်းကြိုးစားပေမဲ့ ပြောင်းလဲခြင်း ရချင်မှရတာ ပါ။ အလွန် ခိုင်မာနေတဲ့ ကျောက်ဆောင်ကို ပေါက်ဆိန်နဲ့ ခုတ်ရင် ပေါက်ဆိန်ပဲ ကျိုးတာပါ။ ဒီလို ချက်ချင်း ပြောင်းလဲလို့ မရတဲ့ကိစ္စတွေ လည်း ကမ္ဘာနဲ့ အဝှမ်း များ လှပါတယ်။

ဒါပေမဲ့ ပြောင်းလဲခြင်းကို ခံနိုင်ရည်ရှိအောင် လုပ်တဲ့နည်းတွေ လည်း ရှိပါတယ်။ သင်္ခါရလောက ဆိုတဲ့ အမြဲပြောင်းလဲနေတဲ့ သဘာဝ က ရှိနေတာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ဖို့လည်း လိုပါတယ်။ ဥပမာ ဆောင်းတွင်းမှာ အအေးပိုလာတတ်တယ် ဆိုရင် ရေနွေးနဲ့ ရေချိုးဖို့ ရေနွေးစက် တီထွင်ဖို့လိုတယ်။ နွေမှာ အပူချိန် မြင့်လာတယ် ဆိုရင် ချည်ထည်ဝတ်ဖို့ “ဖိအား” ကို မိမိဘက်က “ခုခံဖို့” ပြုလုပ်နိုင်ရင်တော့ ပြောင်လဲခြင်းကို မှု စရာ မရှိပါဘူး။

တချို့ မလိုအပ်ဘဲ ပြောင်းချင်နေကြတယ်။ ဥပမာ ကား ခဏခဏ အသစ်ဝယ်တာမျိုး။ ဒီလို မလိုအပ်ဘဲ change လုပ်နေတာမျိုး ကတော့ အားကုန်တာပဲ အဖက်တင်မှာ ပါ။

Change ဟာ လိုအပ်တယ်လို့ ယူဆထားသူများ အနေနဲ့ မိမိ change လုပ်တဲ့ အလုပ်ဟာ အကောင်းဘက်ကို ပြောင်းဖို့လည်း လိုပါတယ်။ change လုပ်တိုင်း ကောင်းတာ မဟုတ်လို့ပါပဲ၊ အကောင်းဘက်ကို ပြောင်းဖို့အတွက် အဟောင်းကို သံယောဇဉ်ဖြတ် နိုင်ဖို့လည်း အရေး ကြီးပါသေးတယ်။ တချို့က ဘယ်လောက်ဆိုးဆိုး အဟောင်းမိုပ သံဟောဇဉ်တွယ်ပြီး မပစ်ရက်ကြဘူး။ မကောင်းရင်တော့ ပြောင်းပစ်ဖို့ လိုပါတယ်။ ကောင်းမကောင်း သိအောင် အမှန်အတိုင်း ဆုံးဖြတ်တတ်ဖို့ ကတော့ အဓိက အရေး ကြီးဆုံးပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ တချို့လူတွေ ဟာ ပြောင်းလဲမှ ဖြစ်မယ်ဆိုတာကို မစဉ်းစားနိုင်ကြဘူး။ ဆက်ပြီး မှားနေတတ်ကြတယ်။ အမှားထဲမှာ ဇွတ်တွယ်ဖက် နစ်မျောနေကြတယ်။ ဒီတော့ အကောင်းဘက် ကို ပြောင်းဖို့ ဘယ်လိုမှ မလှမ်းနိုင်ြ ကတော့ဘူး။

တချို့ ကတော့ မကောင်းမှန်း သိပါတယ်။ သိပေမဲ့ မပြောင်းနိုင်ဘူး။ အဲဒါလည်း ဆိုးတာပါပဲ။ သိသိကြီးနဲ့ ပေပြီ ခံနေကြတာ။ ပြောင်းလဲဖို့အတွက် သူ့မှာ လုံလောက်တဲ့ ခွန်အား မရှိတာပါ။ အဲဒီ လိုလူမျိုး ကိုတော့ သနားစရာအ ဖြစ် ဥပေက္ခာ ပြုကြရမှာ ပဲ။ ဒါမှမဟုတ် ဘေးကနေ ကူညီရမှာ ပါပဲ။ လူ တစ်ယောက် ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိရင် မိတ်ဆွေကောင်းရဲ့ ဝတ္တရားအရ ခွန်အားပေးရပါမယ်။ ဒီနေရာမှာ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်း၊ ဆိုပြီး နှစ် မျိုးရှိတာမို့ မိမိနိုင်သလောက် ပေးဖို့ပါပဲ။

လောကမှာ Change လုပ်ဖို့ လိုအပ်နေတဲ့ အများ ပိုင်ကိစ္စ တွေ လည်း အများ ကြီး ရှိနေတယ်။ တချို့လည်း ကိုယ်နဲ့ မဆိုင်ဘူး ထင်ပြီး ရှောင်နေကြတယ်။ တချို့လည်း မနေနိုင်လို့ ဝင်ပြီး ကြိုးစားကြတယ်။ အောင်မြင်တာလည်း ရှိ၊ မအောင်မြင်တာလည်း ရှိ။

ဘယ်လို ဖြစ် ဖြစ်…..

လူ့လောကထဲမှာ လေရှုပြီး အသက်ရှင်နေကြတဲ့ လူသားမှန်ရင် လူ့လောကကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လောကရဲ့ အညစ်အကြေး၊ အကျည်းတန်တဲ့ အရာတွေ ကို ပြောင်းလဲပစ်ဖို့ တာဝန်ရှိပါတယ်။

ဘယ်အရာဟာ ပြောင်းလဲဖို့ ကောင်းတယ်။ ဘယ်အရာဟာဖြင့် ပြောင်းလဲဖို့ မကောင်းဘူး ဆိုတာကိုတော့ ဥာဏ်ပညာ၊ သတိ၊ ဝီရိယနဲ့ တိတိကျကျ ဝေဖန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီတော့…..

Change ကို အမြဲ သတိရသင့်ပါတယ်။

•••

Culture (ယဉ်ကျေးမှု )

Culture (ကာလ်ချာ) ဆိုတဲ့စကားကို မြန်မာလို “ယဉ်ကျေးမှု ” လို့ အဓိပ္ပာယ် ဖွင့်ဆိုကြပေမဲ့ ဒီစကားရဲ့ ဆင့်ကဲ အဓိပ္ပာယ်တွေ က အလွန်ကျယ်ပြန့်လှပါတယ်။ ဒီခေတ်မှာ တွင် တွင် ကျယ်ကျယ် သုံးနေကြတဲ့ စကားလည်း ဖြစ်ပါတယ်။ အဘိဓာန်မှာ တော့ ဒီလို ခွဲပြထားပါတယ်။

-production ,development or improvement of a particular plant, animal, commodity

-the growth of bacteria ,micro organism or other plant and animal cells in a specially prepared nourishing fluid or soil

-development ,improvement or refinement of the intellcet, emotions interests, maners and taste. The result of this , refined wayas of thinking. Talking and acting.

- development ,improvement of physical qualities by special training or care .(body culture, voice culture)

-the ideas, customs, skills, arts ….of a person or group ,that are transferred, communicated or passed along. Such ideas, customs ……of a particuar poople or group.

ဒီတော့ကာ culture လို့ပြောရင် ဆိုလိုရင်း အဓိပ္ပာယ်တွေ က အလွန် များ ပြားတဲ့အတွက် တွက်ဖက်သုံးတဲ့ စကားရပ်ကို မှီပြီး အဓိပ္ပာယ် ဖွင့်ရပါလိမ့်မယ်။ အခုဆိုရင် ကော်ဖီယဉ်ကျေးမှု ၊ မော်တော် ဆိုင်ကယ် ယဉ်ကျေးမှု ၊ မိုဘိုင်းဖုန်းယဉ်ကျေးမှု ဆိုတာတွေ အထိ သုံးနှုန်းနေကြပါပြီ။ ဆိုတာ ယဉ်ကျေးတာ ရိုင်းပြတာ မဟုတ်ပါဘူး။ ရိုင်းတာကိုကျတော့ uncivilized လို့သုံးတာပါ။ culture နဲ့ uncivilized ကိုခွဲခြားမြင်ဖို့ ဆရာတွေ အတန်တန် သတိပေးခဲ့ဖူးတာကို မှတ်မိနေပါတယ်။

အပင်တွေ တိုးပွားလာတာ၊ ပိုးတွေ တိုးပွားလာတာကို culture လို့ သုံးတာလည်း မှတ်မိရပါမယ်။ ဒီအဓိပ္ပာယ်ကိုယူပြီး ကော်ဖီ အသောက် များ လာတာ၊ ဆိုင်ကယ်အစီး များ လာတာ၊ မိုဘုန်းဖုန်း အသုံးများ လာတာ ကို culture လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ပိုပြီး အရေး ကြီးတာ ကတော့ ပညာရပ်ဆိုင်ရာမှာ တိုးတက်လာခြင်း၊ စိတ်ခံစားမှု နုနယ်လာခြင်း၊ နောက်ဆုံး အရသာခံမှု တိုးတက်လာခြင်းကို လည်း လို့ခေါ်တာပါ။

ဒါ့အပြင် စဉ်းစားပုံ စဉ်းစားနည်း တိုးတက်လာတာမျိုး၊ စကား အပြာအဆို သိမ်မွေ့လာတာမျိုး၊ နောက်ပြီး အပြုအမူ လုပ်ပုံကိုင်ပုံ သိမ်မွေ့တိုး တက်လာတာမျိုး ဟာလည်း culture ပါပဲ။ ဥပမာ စဥ်းစားပုံ စဉ်းစားနည်းကို ကြည့်ရအောင်။ ပြည်နယ်တစ်ခု ဒါမှမဟုတ် ခရိုင်တစ်ခု၊ မြို့နယ်တစ်ခုမှာ ဖြစ်တဲ့ပြဿနာ ။ စာပေဟောပြောပွဲ စီစဉ်ပြီးမှ ခွင့်ပြုမိန့်မရလို့ မလုပ် ဖြစ်တဲ့ကစ္စ ဆိုပါစို့။ ဒီကိစ္စကို စဉ်းစားတဲ့အခါ ဒီမိုကရက်တစ် ဖြစ်တဲ့ လူမျိုးက “ဒါဟာ ဘာကြောင့် လဲ၊ ဘယ်သူ့ကြောင့် လဲ၊ နယ်မြေကြောင့် လား၊ ဟောပြောမယ့် ပုဂ္ဂိုလ်ကြောင့်လား၊ ဒီလိုဆိုတော့ တိုင်းပြည် နစ်နာတယ်” စသဖြင့် အရှည်ကြီး စဉ်းစားတယ်။ မေးခွန်းထုတ်တယ်။ ဒါမ ဖြစ်သင့်ဘူးလို့ စောဒက တက်တယ်။ ဒါက သူစဉ်းစားတာ။ နောက် တစ်ဦးကျတော့ သူက ရှေးရိုးဆန်တယ်။ တရားသေဝါဒ သမား ဖြစ်တယ်။ အမိန့်နာခံသူ ဖြစ်တယ်။ ကြောက်ရွံ့တတ်သူ ဖြစ်တယ်။ ရှေ့မထွက်ရဲသူ ဖြစ်တယ်။ ခေတ်ကို ဦးမဆောင်နိုင်သူ ဖြစ်တယ်။ တစ်လုံးတည်း ပြောရရင် ကွန်ဆားဗေးတစ်ပေါ့။ အဲဒီ လူကျတော့ ဒီလို စဉ်းစားတယ်။ “ဟောပြောပွဲလုပ်ဖို့ ပွဲမိန့်ပိတ်တာ မှန်တာပေါ့။ ပြောတဲ့သူ လူတွေ က ဖောင်းတွေ ချည်းပဲ ။ နိုင်ငံရေး လှုံ့ဆော်တာချည်းပဲ။ ပရိသတ်ကို လက်ခုပ်တောင်းတာ၊ လူစွာ လုပ်တာ၊ ပိတ်တာ နည်းတောင်နေသေး၊ နောက် ဒီလူတွေ ကို မဖိတ်ကြဖို့ သတိထားရမယ်”

ဒီစဉ်းစားချက် နှစ် ခုကို ယှဉ်ကြည့်ရင် အရှေ့နဲ့အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို မြင်ရပါလိမ့်မယ်။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ ဆုံးဖြတ်လို့တော့ မရနိုင်ပါဘူး။ နှစ် ဖက်လုံးမှာ ပြောခွင့်တွေ ရှိတယ်။ သူ့စိတ်အခံနဲ့သူပဲ ။ သူ့စိတ်ကူးနဲ့ သူပဲ။ အဓိ ကတော့ သူ့ဖြတ်သန်းမှု နဲ့ ခံယူမှု အဲဒီ culture ချင်း မတူတာပါ။

ဒီတော့ ဒီလို culture ချင်း မတူတာမျိုးတွေ ကို နယ်ပယ်တိုင်းမှာ တွေ့ ရမှာ ပါပဲ။ မတူကောင်းလားလို့ အပြစ်တင်လို့လည်း မရပါဘူး။ ဒီနေ့အထိ လွဲမှားတဲ့ အယူဝါဒတွေ ၊ မှားယွင်းတဲ့ ကိုးကွယ်မှု တွေ ရှိနေသေးတာ ဟာ culture ပါပဲ။

ဥပမာ နက်ကန္နားပွဲ။ နတ်ဆိုတာ ဆုပ်ကိုင်သက်သေ မရှိပေဘူး။ နတ်ဝင်တယ်ဆိုတာ ပြုလုပ်ချက်တွေ ပဲ။ နတ်ပြောတာကို ယုံစရာ မဟုတ်ဘူးလို့ ဆန့်ကျင်သူတွေ အများ ကြီး ရှိနေပေမဲ့ တစ်နေရာ တစ်ဒေသ မှာ တော့ နတ်ဆိုင်းသံတွေ ရှိနေဆဲပဲ။ အဲဒါ ဘာကြောင့် လဲ ဆိုရင် နတ်ပွဲဟာ culture ဖြစ်နေလို့ပါပဲ။ ယုံသည် မယုံသည်က တစ်ပိုင်း၊ နတ်ပွဲနဲ့ နတ်ဆိုင်းကို culture အ ဖြစ် နှစ်သက် ခြင်းက တစ်ပိုင်းပါပဲ။

Culture ဟာ မပြောင်းဘူးလားဆိုတော့ ပြောင်းပါတယ်။ အမြဲတမ်း ဖြစ်ပေါ် တိုးတက်နေတာမို့ culture ရဲ့ ဖြစ်စဉ်ဟာလည်း ပြောင်းသွား မြဲပါပဲ။ အတင်းတားလို့ မရပါဘူး။

ဥပမာ မနက်စောစော တက်ရတဲ့ တက္ကသိုလ်တစ်ခု။ ဒီတက္ကသိုလ်က တောင်ကုန်းနားမှာ ရှိတယ်။ ရာသီဥတု က နေ့ခင်းအထိ နှင်းကျတယ်။ ဒီတစ်ခါ ဒီမှာ ကျောင်းတက်တဲ့ လူတွေ ဟာ လည်ပင်းမှာ မာဖလာ ပတ်တယ်။ သူလည်း ပတ်၊ ကိုယ်လည်းပတ်။ နောက်တော့ ဒီကျောင်းမှာ “မာဖလာ ယဉ်ကျေးမှု ” ပေါ်လာတော့တယ်။ နောက်တော့ ရာသီဥတုက ပူလာတယ်။ ကျောင်းဖယ်ရီကားတွေ က ပိုက်ဆံမကိုက်လို့ မပြေးတော့ဘူး။ ဒီအခါ ဆီသိပ်စားတဲ့ ဆိုင်ကယ်အငှား (ကယ်ရီ) တွေ က ကျောင်းသူ ကျောင်းသားတွေ ကို ပို့ကြတယ်။ ဝယ်နိုင်တဲ့မိဘက ဝယ်ပေးတယ်။ ဒါနဲ့ပဲ ကျောင်းသွားလမ်းလျှောက်လုံးမှာ ဆိုင်ကယ်တွေ ပြိုင်ပွဲလို ဖြစ်ပြီး “ဆိုင်ကယ်ယဉ်ကျေးမှု ”ပေါ်လာခဲ့တော့တယ်။ ဒီတော့ culture ဟာခေတ်ရဲ့ တောင်းဆိုချက်အရ လည်း ပြောင်းရမြဲ ဖြစ်တယ်။ စနစ်ရဲ့ စေခိုင်းချက်အရလည်း ပြောင်းရတယ်။ culture ကို အတင်းပိတ်ထားလို့ မရပါဘူး။

စဉ်းစားတွေးခေါ်တဲ့နေရာ၊ စကားပြောဆိုတဲ့ နေရာ၊ အဝတ်အစား၊ အစားအသောက်၊ အပြုအမူ အားလုံးဟာ ပတ်ဝန်းကျင်ကို လိုက်ပြီး ပြောင်းကြရပါတယ်။ လက်ဖက်ရည်ဆိုင်တွေ မှာ ယောကျာ်းလေးတွေ တင်မက မိန်းမတွေ ပါ ထိုင်ပြီး ဝိုင်းဖွဲ့စကား ပြောလာကြတာဟာ culture တစ်ရပ် ဖြစ်လာပါပြီ။ ဒီလို ဖြစ်လာတဲ့ အကြောင်းရင်းကို ရှာတဲ့အခါ အထပ်မြင့်တိုက်တွေ ပေါ်လာလို့ သူ့အခန်း ကိုယ့်အခန်း မသွားနိုင်ကြဘဲ လက်ဖက်ရည်ဆိုင်မှာ ပဲ ပြောကြဆိုကြ၊ ရောင်းကြဝယ်ကြ၊ အပျင်းဖြေကြနဲ့ “လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ” ဖြစ်လာတာဆိုရင် မမှားပါဘူး။

Culture ဟာ transfer ဖြစ်လာတယ်လို့ နံပါတ်(၅) အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ တွေ့ ရပါမယ်။ အလွန် မှန်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကိုရီးယား ရုပ်ရှင်တွေ စိတ်ဝင်တစား ကြည့်ကြတဲ့အတွက် ကိုရီးယား အစားအစာတွေ စားလာကြတယ်။ ကိုရီးယားလို ပေါင်ပေါ် ဒူးပေါ် ဝတ်လာကြတယ်။ (ကိုးရီးယားခေတ်ကား) ပြီးတော့ ကိုးရီးယား ကာရိုက်တာတစ်မျိုး ဖြစ်တဲ့ ” မိန်းကလေးက စပြီး ချစ်စကားပြောခြင်း” ကို အတုခိုးလာ ကြပါလေရော။ ဒါဟာ culture transfer ဖြစ်လာတာပဲ။

ပိုပြီး ထင်ရှားတာက ဒီကနေ့ အဲယားကွန်း လေအေးစက် လွှတ်ထားတဲ့ ဟိုတယ်ခန်းမကြီး တွေ မှာ ကျင်းပတဲ့ ဧည့်ခံပွဲတွေ ကို တက်လာကြတဲ့ မိန်းကလေးငယ်လေး အတော် များများ ဟာ အပေါ်ပိုင်းဗလာနဲ့ လာနေကြခြင်းပါပဲ။ အေးရတဲ့အထဲ မြင်ရသူတောင် ချမ်းတယ်။ သတိခမျာတော့ ချမ်းလည်းချမ်းပေါ့။ ပခုံးတွေ ၊လက်မောင်းတွေ ၊ ရင်အပေါ်ပိုင်းတွေ ။ ပြီးတော့ ပေါင်လယ် ပေါင်ရင်း၊ ဒူးအေထက် ပေါ်ချင်တာပေါ် ၊ ပေါ်လေ ခေတ်မီလေလို့ ခံစားကြပုံရတယ်။

ဒါဟာလည်း culture transfer ပါပဲ။ တီဗီမှာ နိုင်ငံခြားလိုင်းတွေ ဈေးမကြီးဘဲ ကြည့်လို့ ရနေပြီ။ အဲဒီ လိုင်းတွေ မှာ မော်ဒယ်လိုင်း၊ ဖက်ရှင်လိုင်းတွေ က ဖော်လိုက်ကြတာ အပြိုင်အဆိုင်။ ကိုရီးယားမော်ဒယ်ရွေးပွဲတစ်ခုဆိုရင်အပေါ်ပိုင်းလုံးဝအဝတ်မဝတ်ဘူး။အသာလေးလက်နဲ့ကာထားတယ်။အနောက်တိုင်းထက်ရဲရင့်တယ်ပေါ့။ အဲဒါတွေ ကြည့်ပြီး မြန်မာမလေးတွေ ရဲ့ မူလ culture ဖြစ်တဲ့ လုံလုံခြုံခြုံ ဝတ်စားမှု တွေ transfer ဖြစ်သွားတာပါပဲ။

တစ်ခုတော့ရှိရဲ့ ။ အဲဒါက လောကဓမ္မတာအရ ဘယ်ဟာမှ မမြဲခြင်း မှန်တာမို့ အခု ဖော်ကာ ရိုးသွားရင် တစ်ခုခုဆီ ပြောင်းကြမှာ ပါ။ (အပေါ်ပိုင်း လုံးဝမဝတ်တဲ့ဘက်များ သွားဦးမလား မသိ) မည် သို့ ပင်ဆိုစေ culture ရဲ့ သဘာဝ အတိုင်း အမြဲ တိုးတက်ပြောင်းလဲ နေမှာ မို့ ကောင်းတဲ့ ပြောင်းလဲမှု တွေ ဘက် များ လာအောင် ဆွဲဆောင်ကြရမှာ အားလုံးရဲ့ တာဝန်ပါ။

•••


ဝန်ဇင်းချစ်သူများ ရွှေကူမေနှင်း ၏ “ ဖွံ့ဖြိုးရေးအတွက် A - Z ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျွန်မကို ချစ်တဲ့သူများ

ကန္တာရ နှင်းဆီ

ဒီမိုကရေစီ စနစ်အမျိုးမျိုး