Cover

အခန်း (၁)

ဒီမိုကရေစီ

ဒီမိုကရေစီဆိုတာ ဝေါဟာရ၏ သက်တမ်းမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤဝေါဟာရ ကို အဓိပ္ပာယ်ဖွင့်ကြပုံ များ မှာ ကွဲလွဲနေကြဆဲ ဖြစ်သည်။ ဒီမိုကရေစီ (Democracy)၏ အဓိပ္ပာယ်မှာ ပြင်သစ်အားဖြင့် (Democratie) ဟူ၍ ဖြစ်၏ ။ ၎င်းမှ Democratia ဖြစ်လာသည်။ ဂျာမန်ဘာသာအရ

Demokratea = လူထု

Kratein =အုပ်ချုပ်သည်။

ပေါင်းလိုလျှင် လူထုကအုပ်ချုပ်သည်ဟု အဓိပ္ပာယ်ရပါသည်။ ဘုရင်စနစ်၊ ဧကရာဇ်စနစ်၊ ပဒေသရာဇ်စနစ်များ ကဲ့သို့ အာဏာကို လူတစ်ဦး သို့ မဟုတ် လူအချို့က ရယူထားခြင်းမျိုးမဟုတ် ဘဲ ပြည်သူလူထု ထံ အာဏာ အပ်နှင်းခြင်းမျိုး ဖြစ်၏ ။

ဤအဓိပ္ပာယ်အတွက် အီဗရာဟင်လင်ကွန်းက “of the people, By the people , for the people…” ဟုရှင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီးဖြစ်၏ ။ လူထုထဲမှ၊ လူထုကိုယ်တိုင်၊ လူထုအတွက် ဆောင်ရွက်ခြင်းတည်း။ အဘိဓာန်တွင် ဖွင့်ဆိုထားပုံမှာ -

(1) Govement in which the people hold the ruling power either directly or through elected representatives: rule by the ruled ;

(2) a country , state, with such government.

(3) Majority rule;

(4) The principle of rights,opportunity , and treatment or the practice of this principle.

(5) The common people,especially as the wilders of political power.

ဟူ၍ ဖြစ်ပါသည်။

ထို့ကြောင့် အနှစ် အားဖြင့် ပြောရလျှင် လူထုအတွင်းမှာ လူထုက လူထုအကျိုးအတွက် အုပ်ချုပ်ခြင်း ဖြစ်ရာ၊ လူထုကိုယ်တိုင်က အစိုးရ ဖြစ်၏ ။ လူထုအစိုးရ ဆိုရာတွင် လူထုအများ စုက တိုက်ရိုက် ဖြစ်စေ၊ လူထုကကိုယ်စားပြု ရွေးချယ်ထားသူ များ က ဖြစ်စေ အစိုးရဖွဲ့ခြင်း ဖြစ်၏ ။ သို့ ဖြစ်ရာ အုပ်ချုပ်ရေး အာဏာသည် လူထုထံမှာ သာ ရှိလေသည်။ လူထုသဘောအတိုင်း ဆုံးဖြတ်ရ လေသည်။ တနည်းအားဖြင့် ဆိုလျှင် အများ သဘောထားနှင့် ဆုံးဖြတ်ရခြင်း ဖြစ်သည်။ ထိုသို့ အများ စုက အုပ်ချုပ်ခြင်း (Majority rule) ပြုလုပ်ရာတွင် -

(၁) ရပိုင်ခွင့်တန်းတူညီမျှခြင်း (equality of rights)

(၂)အခွင်အရေး ညီမျှရမည် (equality of opportunity)

(၃) ဆက်ဆံရေး တန်းတူညီမျှရမည် (equality of treatment)

ဤအချက်(၃)ချက်ပါသော စည်းမျဉ်းကို ဒီမိုကရေစီ စည်းမျဉ်းဟု ခေါ်သည်။ အဆိုပါစည်း မျဉ်းနှင့် ကိုက်ညီသော အမူအကျင့်ကို၊ ဒီမိုကရေစီ ကျင့်စဉ် (Democratic practice)ဟုခေါ်သည်။

အတိုချုပ်ဆိုရလျှင် ပြည်သူလူထုက မဲပေးပြီး ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ် များ က အုပ်ချုပ်ခြင်း ဖြစ်၏ ။

ဤကဲ့သို့ ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သော အခါ၊ မည် သည့်အတိုင်း အတာအထိ ဒီမိုကရေစီ နည်းလမ်းကျ သနည်းဆိုသော မေးခွန်းရှိလာသည်။ အတိုးအလျော့ရှိလာသည်။ ဤ ပြည်သူလူထု အများ စုက ကြိုက်သော အလုပ်ကိုသာ လိုက်လျောလုပ်ကိုင် ခြင်းကို စံအ ဖြစ် တိုင်းတာနိုင်သည်။ လူထုသဘောလိုက်လေ စံ ဖြစ်လေဖြစ၏ ။

ဒီမိုကရေစီ စံအမြင့်ဆုံး ဖြစ်အောင် ပြည်သူ့ဆန္ဒ လိုက်လျောနိုင်ရန် အောက်ပါ အချက်များ လိုအပ်သည်။

(၁)အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊

(၂)လွတ်လပ်စွာ ပြောဆိုခွင်၊

(၃) လွတ်လပ်စွာ မဲပေးခွင့်၊

(၄)လွတ်လပ်စွာ အရွေးခံနိုင်ခွင့်၊

(၅) လတ်လပ်စွာ မဲဆွယ်ခွင့် ၊

(၆)သတင်းရရှိမှု လွတ်လပ်ခွင့်၊

(၇)လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပခွင့်။

အထက်ပါ စံနှုန်းများ နှင့် နီးကပ်အောင် ကျင့်သုံးကြသော အခါ ဒီမိုကရေစီ စနစ်များ အမျိုးမျိုး ဖြစ်လာကြသည်။ မိမိတို့နိုင်ငံ၊ မိမိတို့ယဉ်ကျေးမှု ၊ သမိုင်းအစဉ်အလာ စသဖြင့် ကွာခြားသည့်အလျောက် ဒီမိုကရေစီ ရေချိန်(စံချိန်) ကွာခြားရခြင်း ဖြစ်သည်။

မည် သို့ ဖြစ်စေ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ စနစ်ကို လိုက်နာကြရန် နမူနာယူဖို့အတွက် စဉ်းစားကြသော အခါ ၊ အဓိက နှစ် မျိုး တွေ့ ကြရ၏ ။

၎င်းတို့မှာ -

(၁)ဗြိတိသျှ ဒီမိုကရေစီ

(၂)အမေရိကန် ဒီမိုကရေစီ တို့ ဖြစ်သည်။

၎င်းနှစ် မျိုးအနက် နှစ်သက် ရာကို စံထား၍ ကျင့်သုံးကြသည်။ အောင်မြင်ခြင်းရှိ၊ မရှိကိုမူ အချက်(၃)ချက်ဖြင့် တိုင်းတာနိုင်၏ ။

(၁)အုပ်ချုပ်မှု မည် မျှခိုင်မာသနည်း ။

(၂)ရွေးကောက်ပွဲကို ပြည်သူတို့ဘယ်လောက်စိတ် ဝင်စားသနည်း ။

(၃) နိုင်ငံရေး ကိစ္စ အကြမ်းဖက်မှု မည် မျှကင်းသနည်း ဟူ၍ ဖြစ်သည်။

ဗြိတိသျှဒီမိုကရေစီ

ဗြိတိသျှ ဒီမိုကရေစီကို အင်္ဂလန် ဒီမိုကရေစီ စုခေါ်နိုင်ပြီး ဝက်စ်မင်းနစ်စတာ ဒီမိုကရေစီ ဟုလည်း ခေါ်တတ်ကြသည်။ ဝက်စ်မင်နစ်စတာ ဟုခေါ်ခြင်းမှာ ၊ လန်ဒန်မြို့တော် ရှိ ဝက်စ်မင်နစ်စတာ ခန်းမကြီး၌ ပြည့်သူ့လွှတ်တော် (House of Parliament) ကို ကျင်းပခြင်း ကြောင့် တည်း။ ဤဝက်စ်မင်နစ်စတာ ပုံစံသည် ဒီမိုကရေစီ စနစ်၏ မူလပုံစံ လည်း ဖြစ်၏ ။ လူအများ ကြိုက်သော ပုံစံလည်း ဖြစ်သည်။ သို့ သော် နိုင်ငံရေး ပညာရှင် ရစ်ချတ်ရို့စ်က အမေရိကန်တို့က ၎င်းတို့၏ ပုံစံ (သမ္မတစနစ်၊ ကွန်ဂရက်စနစ်၊ တရားရုံးချုပ် စနစ်)တို့ကို အများ က နှစ်သက် သုံးစွဲ သင့်သည်ဟု ယူဆကြကြောင်း ရေး သားခဲ့သည်။ အချို့ အမေရိကန် နိုင်ငံရေး သုတေသီတို့က ဗြိတိသျှပုံစံကို အထင်ကြီးကြသည်ဟု ဆိုသည်။

ဗြိတိသျှ ဝက်စ်မင်နစ်စတာ ပုံစံကို နှစ်သက် သူ အမေရိကန် နိုင်ငံရေး သမားတစ်ဦးကား အမေရိကန် သမ္မတ ဝုဒ်ရိုးဝီလ် ဆင် ဖြစ်၏ ။ ၎င်းက စောစောပိုင်းရေး သော ဆောင်းပါးများ ၌ အမေရိကန် ပုံစံသမ္မတ ဦးဆောင်သော စနစ်ကို ဗြိတိသျှပုံစံ ဝန်ကြီးချုပ် ဦးဆောင်သော စနစ်သို့ ပြောင်းလဲသင့်သည်ဟု ရေး သားခဲ့ဖူးလေသည်။ ကနေဒါ၊ သြစတေးရီးယား၊ နယူးဇီလန်နှင့် အာရှ အာဖရိကရှိ ဗြိတိသျှကိုလိုနီဟောင်းများ ကမူ၊ ဗြတိသျှပုံစံ အတိအကျ မဟုတ်ဘဲ၊ အချို့အဝက်ယူ၍ ကျင့်သုံးကြသည်။

ဗြိတိသျှ ဝက်စ်မင်စနစ်တာပုံစံ

၁။ ။ မဲအများ ဆုံးရသော ပါတီက ကက်ဘီနက်ဖွဲ့ခြင်း။

ရွေးကောက်ပွဲတွင် လွှတ်တော် ၌ အမတ်ဦးရေ အများ ဆုံး ရသော ပါတီသည် အစိုးရအဖွဲ့ (ကက်ဘီနက် ဝန်ကြီးအဖွဲ့) ဖွဲ့နိုင်သည်။

အမတ်ဦးရေ အများ ဆုံးဆိုရာ၌ အပြတ်အသက် မဟုတ်သော်လည်း မဲအရေအတွက် သာရုံသာလျှင်လည်း အစိုးရဖွဲ့နိုင်သည်။ ထိုသို့ ဖွဲ့စည်းသော ကက်ဘီနက်အဖွဲ့သည် အာဏာအရှိ ဆုံး ဖြစ်၏ ။

ဗြိတိသျှပါတီများ မှာ အဓိကပါတီကြီး နှစ် သာရှိ၏ ။ မဲပြန့်ခြင်းမရှိ။ ပါတီတစ်ခုခုက အသာရလျှင် အစိုးရဖွဲ့နိုင်သလောက် အင်အားရှိမြဲ ဖြစ်၏ ။ အခြားပါတီထက် မဲအနည်းငယ်သာ လျှင်ပင် အစိုးရအဖွဲ့ နိုင်သည်။ ထိုအစိုးရ မျိုးသည် အခြားအတိုက်အခံ ဖက်၌ လည်း ဦးရေမနည်း သော ကြောင့် သတိနှင့် ဆောင်ရွက်သည်။

၂။ ကက်ဘီနက်၏ လွှမ်းမိုးမှု ရှိခြင်း။

ဗြိတိသျှပုံစံသည် ပါလီမန် စီမိုကရေစီ ဖြစ်၏ ။ ပါလီမန်က ကက်ဘီနက်ကို မဲဖြင့် ဖြုတ်ချ နိုင်၏ ။ ဤတွင် သီဝရီအရ အောက်လွှတ်တော် (House of Porliament) သည် ကက်ဘီနက်ကို ထိန်းထားနိုင်သော အနေအထားရှိ၏ ။ သို့ သော် အာဏာရပါတီ၏ ခေါင်းဆောင်များ ကက်ဘီနက်တွင် ရှိနေသည်။ မဲအများ ဆုံး ရရှိခဲ့သော ပါတီ ဖြစ်နေသည်။ သို့ ဖြစ်၍ မိမိပါတီ အစိုးရကို ၊ အောက်လွှတ်တော် က မဲဖြင့် ဖြုတ်ချရန် မလွယ်ချေ။ အောက်လွှတ်တော် တွင် မိမိပါတီ အမတ်များ ဦးရေကများ ပြီးသား ဖြစ်၍ တည်း။ ထို့ကြောင့် ကက်ဘီနက်အစိုးရ အနေဖြင့် ဥပဒေများ အောင်မြင်စွာ ပြဌာန်းနိုင်သည်။ တစ်နည်းအားဖြင့် ပြောလျှင် ကက်ဘီနက် အစိုးရသည် အောက်လွှတ်တော် ကို လွှမ်းမိုးထားနိုင်ပေသည်။

၃။ မတူညီသော လွှတ်တော် နှစ် ရပ်ရှိခြင်း

ဗြိတိသျှ ပါလီမန်တွင် လွှတ်တော် နှစ် ရပ်ရှိသည်။ အောက်လွှတ်တော် နှင့် အထက်လွှတ်တော် ဖြစ်သည်။

အောက်လွတ်တော် ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည်။

အထက်လွတ်တော် ကား ရိုးရာမင်းစိုးရာဇာတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဥပဒေပြု အာဏာသည် အောက်လွှတ်တော် မှာ သာရှိ၏ ။

အထက်လွှတ်တော် သည် အောက်လွှတ်တော် က ပြဋ္ဌါန်းထားသော ဥပဒေတို့ကို မပယ်နိုင်ချေ။ နှေးကွေးအောင်သာ ပြုနိုင်သည်။ ငွေကြေး ဥပဒေများ ကို တစ်လမျှကြာအောင် ဆွဲနိုင်ပြီး အခြားဥပဒေများ ကို တစ်နှစ် အထိ အချိန်ဆွဲ ထားနိုင်သည်။ ထို့ကြောင့် ဝက်စမင်နစ်စ်တာသည် လွှတ်တော် နှစ် ရပ်ရှိသည် ဆိုစေကာမူ၊ တစ်ရပ်တည်း သဖွယ် ဖြစ်နေ၏ ။ အများ ပြည်သူက ရွေးထားသော အောက်လွှတ်တော် က ဥပဒေပြဋ္ဌါန်းပေးနိုင် သော ကြောင့် ၊အများ ဆန္ဒနှင့် နီးစပ်သည်။ ဒီမိုကရေစီ “စံ” နှင့် နီးစပ်ပေသည်။

၎။ ။ နှစ် ပါတီစနစ်ရှိနေခြင်း

ဗြိတိသျှ နိုင်ငံရေး လာကတွင် ၊ အဓိကပါတီကြီး နှစ် ခုသာရှိ၏ ။ ကွန်ဆားဗတစ်ပါတီနှင့် လေဘာပါတီ တို့ ဖြစ်သည်။ လစ်ဘရယ်ပါတီစသော ပါတီငယ်များ အနည်းငယ်ရှိသော်လည်း အင်အားမရှိပေ။ အစိုးရ ဖွဲ့နိုင်လောက်အောင် မကြီးမားပေ။

ယခုအချိန်ထိ ပါတီကြီးနှစ် ခုကသာ မဲအသာရပြီး အစိုးရဖွဲ့နိုင်ကြ၏ ။

လေဘာပါတီ (၁၉၄၅ မှ ၁၉၅၂)

(၁၉၆၄ မှ ၁၉၇၀)

(၁၉၇၄ မှ၁၉၇၉ )

ကွန်ဆားဗတစ်ပါတီ (၁၉၅၁ မှ ၁၉၆၄)

(၁၉၇၀ မှ ၁၉၇၄)

(၁၉၇၉ မှ. . .)

အထက်ပါအတိုင်း အဓိကပါတီ နှစ် ခုသာရှိသဖြင့် ၊ ပါတီဝင်များများ စုဆောင်းရရှိတတ်ပြီး ပရိသတ်ကွဲပြားမှု လျော့နည်းစေသည်။ လူထု စိတ်ဝင်စားမှု စုစည်းခိုင်မာစေသည်။ မူဝါဒနှင့် စိတ်ကူးစိတ်သန်း ကွဲလွဲခြင်း နည်းပါသည်။ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် လူထုအတွက် စဉ်းစားရ သက်သာစေသည်။ နောက်ဆုံး အကွဲကွဲပြားပြားနှင့် “မဲဆွယ်ခြင်း” “မဲပြန့်ခြင်း” မ ဖြစ်တော့ဘဲ နှစ် ဦးခြင်းသာ ပြိုင်ဖက်အ ဖြစ် အနိုင်ကြဲရန် ရှိတော့သည်။

၅။ ။ ကွဲပြားချက်တစ်ခုသာရှိခြင်း

ဗြိတိသျှ နိုင်ငံရေး တွင် ပါတီကြီးနှစ် ခု၏ ကွဲပြားချက်မှာ စီးပွားရေး နှင့် ပတ်သက်သော ဝါဒ ဖြစ်၏ ။ လက်ဝဲနှင့် လကျာ် ယိမ်းဝါဒများ ဖြစ်သည်။ လေဘာ ပါတီက လက်ဝဲယိမ်းသည်။ ကွန်ဆားဗတစ်က လကျာ်ယိမ်းသည်။ ဤတွင် လက်ဝဲယိမ်းသော လေဘာက အလုပ်သမား လူတန်းစား၏ မဲကို ရရှိလေ့ရှိပြီး ကွန်ဆားဗတစ်ကို လူလတ်တန်းစားတို့က ထောက်ခံကြ၏ ။

ဗြိတိန်တွင် ဘာသာယုံကြည်မှု နှင့် ပတ်သက်ပြီး ကက်သလစ်နှင့် ပရိုတက်စ်တင့် ကွဲပြားမှု ရှိ၏ ။ သို့ သော် ဘာသာကွဲပြားမှု သည် နိုင်ငံရေး အရ ရွေးကောက်ပွဲတွင် သြဇာမရှိချေ။ လူမျိုးရေး ကွဲပြားမှု ယခင်က ရှိခဲ့သော်လည်း ယခုအခါ ကြီးကြီးမားမား မရှိတော့။ စီးပွားရေး နှင့် ပတ်သက် သော မူဝါဒ၌ သာ လကျာ် လက်ဝဲ ကွဲခြင်းရှိ၏ ။ ထို့ကြောင့် ဗြိတိသျှပါလီမန် စနစ်တွင် ဒီမိုကရေစီရေး သည် များ စွာ ပူပန်ကြောင့် ကျဖွယ် မရှိဘဲ၊ အိနြေ္ဒရရ ခရီးနှင်နိုင်ခဲ့ခြင်းဟု ဆိုနိုင်သည်။ ထို့ပြင် ဤစနစ်ကို ကျင့်သုံးခဲ့သော ကာလရှည်သည်နှင့် အမျှ ဒီမိုကရေစီစည်းမျဉ်း များ ၊ ဒီမိုကရေစီ ကျင့်စဉ်များ ၊ ကျင့်ဝတ်နှင့် ကျင့်ထုံးများ ကို အဆက်ဆက် နားလည်သဘော ပေါက်သူ လူထုများ ဖြစ်ရာ ဒီမိုကရေစီရေး အတွက် အကြမ်းဖက်မှု များ ရှားပါးခဲ့သည်ဟု သိနိုင်သည်။

၆။ ။ မဲသာသူနိုင်စတမ်းစနစ်ရှိခြင်း

ဗြိတိသျှ အောက်လွှတ်တော် တွင် အမတ်နေရာ ၆၃၀ ရှိသည်။ ခရိုင်တစ်ခုမှာ အမတ် တစ်ယောက် ကျ ရွေးချယ်ရခြင်း ဖြစ်၏ ။ ရွေးကောက်ပွဲ မဲဆွယ်ပွဲများ ကို လွတ်လပ်စွာ ပြုလုပ်ခွင့်ရှိသည်။ ရွေးကောက်ပွဲစနစ်ကို အတိအကျ လိုက်နာရန်အတွက် ၊ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် ဆော်သြကြသည်။ (Free and fair ဖြစ်ရန်)

မဲပြားထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း များ အတွက် လုပ်နေကျ လုပ်ထုံးလုပ်နည်းများ ရှိသည်။ မဲရေတွက်ခြင်း ပြီးသော အခါ မဲအများ ဆုံးရသူသည် ရွေးကောက်ပွဲ၌ အနိုင်လူ ဖြစ်သည်။ မည် ရွေ့မည် မျှ ရရှိမည် ဟု သတ်မှတ်ချက်မရှိ။ မိမိပြိုင်ဘက်ရသော မဲထက်၊ မိမိကအမှတ်သာလျှင်၊ နည်းနည်း ကပ်၍ နိုင်နိုင်သည်။

၇။ ။ ဗဟိုအစိုးရ ဦးစီးစနစ်ရှိခြင်း

ဗြိတိန်တွင် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များ ထားရှိသည်။ သို့ သော် အဆိုပါ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ကို ဗဟိုအစိုးရက ခန့်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ အာဏာမှာ အာမခံချက်မရှိ။ အထူးသဖြင့် ငွေကြေးကိစ္စတွင် လွတ်လပ်မှု မရှိချေ။ ဗဟိုအစိုးရကို မှီခိုကြရသည်။ ရပ်ရွာဖွံ့ဖြိုးရေး ၊ ကျန်းမာရေး စသော ကိစ္စများ အတွက် ဗဟိုအစိုးရက ချပေးသော ငွေကြေးပမာဏနှင့် သုံးစွဲကြရခြင်းမျိုး ဖြစ်၏ ။ ထို့ကြောင့် ဒေသန္တရအစိုးရများ သည် စင်စစ်အားဖြင့် အစိုးရဝန်ထမ်း များ သဖွယ် ဖြစ်၏ ။ ရပ်ရွာမှ လူများ အကြိုက် ရွေးကောက်ပွဲ တင်မြှောက်ထားခြင်း မဟုတ်ရာ လူထုနှင့် မနီးကပ်ဟု ဆိုနိုင်ပေသည်။

၈။ ။ ရေး ဆွဲထားခြင်းမရှိသည့် အခြေခံဥပဒေကို ကျင့်သုံးခြင်း။

ဗြိတိန်တွင် စာရွက်ပေါ်၌ ဖြစ်စေ၊ စာအုပ်ထဲ၌ ဖြစ်စေ၊ အတိအလင်း ရေး သားပြဋ္ဌာန်းထား သော အခြေခံဥပဒေ (Constitution) မရှိချေ။ ဥပမာ

- အစိုးရအဖွဲ့၌ အဖွဲ့ဝင်မည် မျှရှိရမည် ။

- အခွင့်အာဏာလုပ်ပိုင်ခွင့် ဘာတွေ ရှိရမည် ။

- ပြည်သူလူထု အခွင့်အရေး က ဘာတွေ ဖြစ်သည်။ စသဖြင့် ဘာမျှရေး မထားပေ။

သို့ သော် ထိုကိစ္စများ အတွက် လုပ်ရိုးလုပ်စဉ်များ ရှိပြီး ဖြစ်၏ ။ အစဉ်အလာများ ရှိပြီး ဖြစ်၏ ။ ပါလီမန်သည် အဆိုပါထုံးထမ်းများ ၊ အစဉ်အလာများ ကို လိုက်နာလေသည်။ သို့ သော် ထိုဥပဒေကျင့်ထုံးများ ကို မ ဖြစ်မနေ လိုက်နာကျင့်သုံးရမည် ဟူ၍ လည်း ကြပ်မတ်ခြင်းမရှိပေ။

တစ်ခုရှိသည်မှာ အစဉ်အလာရ ရှိခဲ့သော ဥပဒေကို၊ ပါလီမန်က ပြင်နိုင်သည်။ တရားရုံးက ပါလီမန်ကို ပြန်လည်ဝေဖန် ခွင့်မရှိ။ သို့ ဖြစ်ရာ ပါလီမန်သည် အကြီးမားဆုံး လုပ်ပိုင်ခွင့်ကို ရရှိသူ ဖြစ်၏ ။ ပါလီမန်၏ အချုပ်အခြာ အာဏာသည် အများ ဆန္ဒ ဖြစ်၏ ။ အများ သဘောတူလျှင် ဖြစ်၏ ။ အများ သဘောတူလျှင် ဖြစ်၏ ။

ဤကား ဝက်စ်မင်နစ်စတာပုံစံတည်း။

၉။ ။ ကိုယ်စားပြု ဒီမိုကရေစီရှိခြင်း။

ပါလီမန်သည် ပြည်သူလူထုရွေးချယ်ခဲ့သော ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏ ။ ပြည်သူလူထုက ယုံကြည်စွာ ၊ မိမိကိုယ်စား လုပ်ပိုင်ခွင့် လွှဲအပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် “ကိုယ်စားပြု ဒီမိုကရေဒီမိုကရေစီ” ဟုဆိုနိုင်သည်။ တိုက်ရိုက်ဒီမိုကရေစီ မဟုတ်။ မိမိတို့ ဖြစ်လိုသော ဆန္ဒကို၊ အမတ်များ မှ တင်ပြနိုင်သည်။ အကြံပြုနိုင်သည်။ သို့ ဖြစ်ရာ ပြည်သူ့ဆန္ဒခံယူပွဲ (ရယ်ဖရယ်ဒမ်) ကိစ္စမျိုးသည် ဗြိတိန်၌ အစိမ်းသက်သက် ဖြစ်၏ ။ လွှတ်တော် အမတ် (ပါလီမန်အမတ်)များ ကသာ ဆုံးဖြတ်ချက်ပြုခြင်း၊ ဥပဒေပြင်ဆင်ခြင်း၊ သဘောထားထုတ်ပြန်ခြင်း စသော တိုင်းရေး ပြည်ရေး များ ကို ဆောင်ရွက်သည်။ ဆောင်ရွက်ရန် ရှိသမျှ လွှတ်တော် ကိုယ်စားလှယ် (လွှတ်တော် အမတ်) များ က လုပ်ဆောင်သွားကြသဖြင့် လုံးဝကိုယ်စားပြုသော ကိုယ်စားပြု ဒီမိုကရေစီဟု ဆိုရပေမည် ။

ဝက်စ်မင်နစ်စတာပုံစံကို သွေဖီခြင်း။

၁၉၇၀ မှစ၍ ဗြိတိသျှ နိုင်ငံရေး သည်၊ မူလဝက်စ်မင်နစ်စတာပုံစံမှ ထူးထူးခြားခြား ခွဲထွက်သွေဖီမှု များ ပေါ်လာသည်။ ၁၉၈၁ တွင် အမျိုးသမီးများ မဲပေးခွင့်ရခဲ့၏ ။ ဒီမိုကရေစီစံနှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် အများ ဆန္ဒ၊ အများ သဘောထားများ ပြောင်းလဲလာသည်နှင့် အတူ၊ အများ ဆန္ဒအရ ရွေးကောက်ခဲ့သော အမတ်များ သည်လည်း ပြောင်းလဲခဲ့ရခြင်း ဖြစ်၏ ။ ဒီမိုကရေစီသည် လူထုသဘောဆန္ဒကို လိုက်နာသော စနစ် ဖြစ်သည့် အားလျော်စွာ လူထုသဘောထားအမြင် ပြောင်းလဲလာသော အခါ အုပ်ချုပ်ရေး ပုံစံပြောင်းလဲခြင်း တည်း။ ထိုပြောင်းလဲမှု များ သည် ဝက်စ်မင်နစ်စတာ၏ အင်္ဂါရပ် (၉) ချက်လုံးပေါ်မှာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပေသည်။

၁။ ။ မဲအများ ဆုံးရသော ပါတီကက်ဘီနက်ဖွဲ့ခြင်း

ဗြတိသျှတို့ ထုံးစံမှာ အနိုင်ရပါတီက အစိုးရဖွဲ့၏ ။ အများ အားဖြင့် လည်း ပါတီတစ်ခုခုက အနိုင်ရခဲ့မြဲ ဖြစ်ရာ ထိုပါတီတည်းဖြင့် အစိုးရ ဖွဲ့နိုင်ခဲ့သည်သာ ဖြစ်၏ ။

သို့ သော် ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သော ကာလများ ရှိခဲ့၏ ။ (၁၉၁၈ မှ ၁၉၄၅) အထိကာလတွင် ဗြိတိန်တွင် ၌ ညွှန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ရသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ် ဖြစ်နေသော ကာလ (၁၉၄၀ မှ ၁၉၄၅) အတွင်း ဖြစ်သည်။

ထိုဒုတိယကမ္ဘာစစ် အတွင်းမှာ ဗြိတိသျှအစိုးရသည် ကွန်ဆားဗတစ်ပါတီ အုပ်ချုပ်ရနေသော ကာလ ဖြစ်၏ ။ လေဘာပါတီနှင့် လစ်ဘရယ်ပါတီက အစိုးရကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ရ၏ ။ အတိုက်အခံအပါတီအ ဖြစ်၊ ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ် ဝင်စတင်ချာချီ လက်အောက်၌ ပါဝင်ခဲ့ရခြင်း ဖြစ်သည်။

၁၉၇၄ တွင် လေဘာပါတီသည် မဲအများ ဆုံး မရသော်လည်း မဲအနည်းငယ်ပိုရသဖြင့် အစိုးရဖွဲ့ခွင့်ရခဲ့၏ ။ အစိုးရတည်တံ့ရေး သည် အခြားပါတီများ က စုပေါင်းပြီး မတိုက်ရန်လို၏ ။ လေဘာပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးသဖြင့် အသာမဲရရေး အတွက် လစ်ဘရယ်ပါတီမှ အမတ် ၁၃ ဦးကို အပေးအယူလုပ်ခဲ့ရ၏ ။ အပေးအယူကိစ္စ တွင် လစ်ဘရယ်က ဝန်ကြီးရာထူးမယူဘဲ လေဘာမှ အဆိုများ တင်လျှင် မတင်မီ လစ်ဘရယ်နှင့် တိုင်ပင်ရန် တောင်းဆိုခဲ့သည်။ ဤသဘောတူညီမှု သည် ကြာကြာမခံချေ။ လေဘာ- လစ်ဘရယ်သည် ၁၉၇၈ တွင် ပျက်ပြားသွားခဲ့၏ ။

ဤကဲ့သို့ မဟာမိတ်ဖွဲ့ခြင်းသည် နိုင်ငံရေး ၌ အလွန်တာသွားသည် ဟုထင်ရ၏ ။ သို့ သော် ပါတီတိုင်းသည် Self – interest ခေါ် ကိုယ်ကျိုးစီးပွား၊ အတ္တစီးပွားကို ဦးစားပေးစဉ်းစားကြ သည် ဖြစ်ရာ ရေရှည်ခံဖို့ ခဲယဉ်း၏ ။ အပေးအယူတွင် လည်း သာခြင်း၊ နာခြင်းများ ရှိသည်။ မမျှတခြင်း၊ အနိုင်ကျင့်ခြင်း ရှိသည်။ အဆိုးဆုံးကား ကတိကဝတ်ပျက်ခြင်း ဖြစ်၏ ။ ပြောထားသော ကတိစကား မတည်သော အခါ မိတ်ပျက်ရတော့သည်။ ထို့ပြင် ကြားလူမဲဆွယ်ခြင်းရှိသည်။ နိုင်ငံရေး အကွက် ချောင်းနေသူတွေ ရှိသည်။ တစ်ဦးချင်းဖဲ့ယူတတ်သေးသည်။ ထို့ကြောင့် ပါတီဝင် မှန်မှန်ကန်ကန် အင်အားအပြည့် မရှိပါက လွှတ်တော် တွင်း ယာယီမဟာ မိတ်ဆိုသူများ သည် ယနေ့မိတ်ဆွေ၊ နက်ဖန်ရန်သူ ဖြစ်သွားနိုင်သည်။ လေဘာ - လစ်ဘရယ်သည်လည်း နိုင်ငံရေး သဘာဝ ကို မလွန်ဆန်နိုင်ခဲ့ခြင်း ဖြစ်သည်။

* * * * *


အခန်း (၂)

၂။ ။ ကက်ဘီနက်၏ လွှမ်းမိုးမှု ရှိခြင်း။

ဗြိတိသျှအစိုးရသည် အစဉ်အလာအရ ပါလီမန်ကို လွှမ်းမိုးမြဲ ဖြစ်ခဲ့သည်။ ပါလီမန် အမတ်များ ခြင်းကြောင့် ကက်ဘီနက်ဖွဲ့ခဲ့ခြင်း ဖြစ်ရာ ကက်ဘီနက်သည် ပါလီမန်ရှိ မိမိပါတီမဲကို အသာရမြဲ ဖြစ်ခဲ့၏ ။ သို့ သော် ၁၉၇၀ နောက်ပိုင်းတွင် အစိုးရ၏ အဆိုတင်သွင်းမှု များ ထူးထူးခြားခြား ရှုံးနိမ့်လာခဲ့သည်။ ထုံးတမ်းစဉ်လာအရ ဥပဒေကြမ်းများ ရှုံးနိမ့်လျှင် အစိုးရအဖွဲ့ နှုတ်ထွက်ပေးရသည်။ သို့ မဟုတ် အောက်လွှတ်တော် ကို ဖျက်သိမ်း၍ ရွေးကောက်အသစ် ကျင်းပရသည်။ သို့ သော် နောက်ပိုင်းတွင် ဥပဒေကြမ်း အဆိုတင်သွင်းမှု များ လာသော်လည်း အစိုးရနှုတ်ထွက်ခြင်း မရှိဘဲနေသဖြင့် အစဉ်အလာ အယူအဆပျောက်သွားသည်။ ထိုသို့ နုတ်ထွက်မပေးလျှင် အယုံအကြည်မရှိအဆိုကို အတိုက်အခံ တို့ ကတင်သွင်းနိုင်သည်။ ၁၉၇၉ တွင် ထိုအယုံအကြည်မရှိ အဆိုကြောင့် ဂျိမ်းစ်ကယ်လ်ဟန်၏ လေဘာပါတီ အစိုးရကျဆုံးခဲ့သည်။

၃။ ။ မတူညီသော လွှတ်တော် နှစ် ရပ်ရှိခြင်း

အထက်လွှတ်တော် သည် အောက်လွှတ်တော် မှ လာသော ဥပဒေကြမ်းများ ကို တစ်နှစ် ကြာအောင် ဆိုင်းထားနိုင်သည်။ နောက်ပိုင်းတွင် အထက်လွှတ်တော် ၌ ဥပဒေကြမ်းကို တစ်နှစ် ဆိုင်းနိုင်ကြောင်း ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၉ တွင် ဖြစ်၏ ။ နောင်အခါ ကွန်ဆားဗတစ်ပါတီဝင်တို့ အထက်လွှတ်တော် သို့ ဝင်ကြရာ လေဘာပါတီ တက်လာလျှင် အထက်လွှတ်တော် က ခပ်တင်းတင်း ဆက်ဆံသည်။ အထက်လွှတ်တော် တွင် ကွန်ဆားဗတစ်များ ကြီးစိုးကြသည်။ ဤကိစ္စကို အောက်လွှတ်တော် က မကျေလည်ပေ။

၎။ ။ နှစ် ပါတီ စနစ်ရှိခြင်း

မူလကကွန်ဆားဗတစ်နှင့် လေဘာဟူ၍ ပါတီကြီးနှစ် ခုသာ တန်ခိုးကြီးခဲ့သည်။ ၁၉၅၀ နှင့် ၁၉၇၀ အတွင်း သြဇာကြီးခဲ့ကြသည်။ နှစ် ပါတီပေါင်း အမတ်ဦးရေ ၉၈% အထိရခဲ့ကြသည်။ နောက်ပိုင်းတွင် လစ်ဘရယ်ပါတီက တက်လာ၏ ။ ၁၉၈၀ နောက်ပိုင်းတွင် ဆိုရှယ်လစ်ဒီမိုကရက် တစ်ပါတီ ပေါ်လာသည်။ ၎င်းပါတီမှာ လေဘာမှ ထွက်သွားသူများ ပါတီသစ်ထောင်ကြခြင်း ဖြစ်၏ ။ ထိုပါတီသစ်နှင့် လစ်ဘရယ်ပေါင်းလိုက်လျှင် ဗြိတိသျှ အစိုးရထဲတွင် အင်အားကြီးသော အင်အားစုကြီး ဖြစ်လာပြီး ယခင်နှစ် ပါတီစနစ် ပျက်သွားနိုင်သည်။

၅။ ။ ကွဲပြားချက်တစ်ခုသာ ရှိခြင်း

ယခင်က နိုင်ငံရေး ကွဲပြားမှု သည် စီးပွားရေး လူတန်းစားကို အခြေခံခဲ့သည်။ အမှန်မှာ ယူနိုက်ကိန်းဒမ်းသည် လူမျိုးပေါင်းစုံနေထိုင် သော နိုင်ငံ ဖြစ်၏ ။ အထူးသဖြင့် စကော့တလန်နယ်တွင် လူမျိုးရေး စိတ်ဓာတ် ပိုမိုပြင်းထန်သည်။ ၁၉၇၄ ရွေးကောက်ပွဲ“စကော့တစ် ခ်ျနက်ရှင်နယ်ပါတီ”က မဲများ စွာ ရရှိပြီး အောက်လွှတ်တော် ၌ အမတ် ၁၁ နေရာရရှိခဲ့၏ ။ လစ်ဘရယ်ပါတီနီးပါး ရလာခြင်း ဖြစ်သည်။ စကော့တလန်လူမျိုးတို့သည် မျိုးရိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းကြသည်။ စကော့တစ်ခ်ျအ ဖြစ် ဂုဏ်ယူကြသည်။ နိုင်ငံရေး တွင် မိမိတို့ လူမျိုးကို မဲပေးရန် အားသန်သည်။ ဘာသာရေး ၊စီးပွားရေး မူဝါဒနှင့် မပတ်သက်ပေ။ သို့ သော် ဘာသာရေး အရ နိုင်ငံရေး ၊ ကွဲပြားမှု မရှိဟု မဆိုနိုင်ချေ။ မြောက်အိုင်ယာလန်မှာ ဆိုလျှင် ပရိုတက်စတင့်နှင့် ကက်သလစ်တို့ ကွဲပြားမှု အလွန်ပြင်းထန်သည်။ ထိုသို့ ဘာသာရေး ပြင်းထန်မှု က ပါတီနိုင်ငံရေး ကို ဂယက်ရိုက်လာသည်။ ယခင်ကဲ့သို့ ကွဲပြားမှု တစ်ချက်တည်း မဟုတ်တော့ချေ။

၆။ ။ မဲသာသူနိုင်စတမ်းစနစ်ရှိခြင်း။

အောက်လွှတ်တော် ရွေးကောက်ပွဲတွင် နယ်တစ်နယ်ကို တစ်နေရာ သတ်မှတ်ခဲ့၏ ။ နယ်များ တွင် လူဦးရေနည်းသော နယ်၊ များ သော နယ်ဟူ၍ ရှိရာ၊ လူဦးရေ များ သော်လည်း အမတ်တစ်နေရာသာ ရခြင်းသည် မဲများ ခြင်းကို အသိအမှတ် မပြုရာကျသည်။ ထို့ကြောင့် တစ်နယ် တစ်ယောက် စနစ်ပယ်ပြီး၊လူဦးရေအချိုးဖြင့် အမတ်နေရာ သတ်မှတ်ရန် လစ်ဘရယ်တို့က လိုလားသည်။ ကွန်ဆားဗတစ်နှင့် လေဘာက မူလစနစ်ကို ကြိုက်သည်။ ၁၉၇၆ ကာလတွင် မြောက်အိုင်ယာလန်နယ်၌ လူဦးရေအချိုးအလိုက် အမတ်နေရာပေးရန် ကွန်ဆားဗတစ် အစိုးရက ပြဋ္ဌာန်းပေးရ၏ ။ အကြောင်းမှာ ထိုနယ်တွင် ပရိုစတက်စတင့်နှင့် ကက်သလစ်တို့ ခိုက်ရန် ဖြစ်ပွားကြသဖြင့် ၊ လူဦရေ ခွဲပေးခြင်း ဖြစ်၏ ။ ၎င်းသတ်မှတ်ချက်ကို နောက်တက်လာသော လေဘာပါတီကလည်း ဆက်လက်ကျင့်သုံးသည်။ ဤသို့ ဖြင့် မူလစနစ်ကို သွေဖီခဲ့ကြခြင်း ဖြစ်လေသည်။

၇။ ။ ဗဟိုအစိုးရ ဦးစီးစနစ်ရှိခြင်း

ဗြိတိသျှအစိုးရသည် တကယ်တမ်း၌ ဗဟိုအစိုးရချုပ်ကိုင်မှု ကို အပြည့်အဝမရပေ။ အထူးသဖြင့် မြောက်ပိုင်းအိုင်ယာလန် ပြည်နယ် ဖြစ်၏ ။ အိုင်ယာလန် နယ်သားတို့သည်လည်း မိမိတို့ကို မိမိတို့ အိုင်းရစ်စ်များ ဟူ၍ သီးခြားဆန်ဆန် နေလေ့ရှိကြသည်။ သူတို့သည် အင်္ဂလိပ်ဟူဿ မခံယူ၊ အိုင်းရစ်စ်လူမျိုး ဟူ၍ အင်္ဂလန်မှ သီးခြား ကင်းကင်းနေလိုကြသည်။ မြောက်အိုင်ယာလန်တွင် သီးသန့် လွှတ်တော် ရှိသည်။ ပြည်နယ်အစိုးရ သီးသန့်ရှိသည်။ ပို၍ လွတ်လပ်သည်။ လန်ဒန်လက်အောက်ခံမဟုတ်ချေ။ ၁၉၇၂ ခုနှစ် ကျမှ လန်ဒန်က တိုက်ရိုက် အုပ်ချုပ်နိုင်ခဲ့ခြင်း ဖြစ်၏ ။ ထို့ပြင် စကော့တလန်ပြည်နယ်နှင့် ဝေးလ်ပြည်နယ်တို့ သည်လည်း မိမိတို့ စကော့တလန်လူမျိုး၊ ဝေးလ်ပြည်နယ်သားလူမျိုး စသဖြင့် သီးခြားဂုဏ်ဖြင့် နေခဲ့ကြပြီး အုပ်ချုပ်ရေး ကို လွတ်လပ်စွာ ရယူလိုကြသည်။ ဗဟိုအစိုးရ လက်အောက်မှ ရုန်းထွက်ရန် ဆန္ဒရှိကြသည်။

၈။ ။ ရေး ဆွဲထားခြင်းမရှိသည့် အခြေခံဥပဒေကို ကျင့်သုံးခြင်း။

ဗြိတိန်သည် ဥရောပစီးပွားရေး အဖွဲ့ သို့ ဝင်ခဲ့သည်။ ထိုအဖွဲ့သို့ ဝင်လျှင် အဖွဲ့၏ ဥပဒေများ ကို လိုက်နာရမည် ။ ဥရောပနိုင်ငံများ က ပြဋ္ဌာန်းထားသော ဥပဒေများ ရှိသည်။ ထိုဥပဒေ များ က စာအုပ်၌ ရေး ဆွဲထားသော ဥပဒေများ ဖြစ်ရာ ယခင်ကရေး ဆွဲခြင်းမရှိသော ဥပဒေကို ကျင့်သုံးခဲ့သော ဗြိတိန်သည် ဥရောပဘုံ ဈေးအဖွဲ့တွင် ကား ရေး ထားသော ဥပဒေနှင့် အညီ လိုက်နာရတော့သည်။ ၎င်းအဖွဲ့၏ ပြဋ္ဌာန်းချက်အချို့မှာ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ပြဋ္ဌာန်းချက် များ ထက်ပင် သာနေရတော့၏ ။

၉။ ။ ကိုယ်စားပြုဒီမိုကရေစီရှိခြင်း

အစဉ်အဆက် ကိုယ်စားပြုဒီမိုကရေစီကို ကျင့်သုံးလာခခဲ့ရာမှ ၁၉၇၀တွင် ဥရောပဘုံဈေးထဲဆက်နေရေး ၊ မနေရေး အတွက် စဉ်းစားရန် အခက်အခဲ ကြုံလာသည်။ ပြည်သူများ ကို ကိုယ်တိုင်ဆုံးဖြတ် စေချင်လာသည်။ အမှား ဖြစ်သွားလျှင် ပါလီမန်မှာ တာဝန် ဖြစ်မည် ။ ပြည်သူတွေ ၏ တိုက်ရိုက်အကျိုးစီးပွား ဖြစ်သဖြင့် မှားခြင်းမှန်ခြင်းကို ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်သင့်သည်ဟု ပါလီမန်က ယူဆသဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆုံးဖြတ် လိုက်လေသည်။ ထို့ကြောင့် ၁၉၇၅ တွင် ထူးထူးခြားခြား ပြည်သူဆန္ဒခံယူပွဲ (ရယ်ဖရယ်ဒမ်) ကျင်းပခဲ့၏ ။ ပြည်သူလူထုက ဥရောပဘုံဈေး အဖွဲ့တွင် ဆက်လက်နေခြင်က ပိုကောင်းကြောင်း မဲဆန္ဒပေးခဲ့ကြသည်။ ဤကား တိုက်ရိုက်ဒီမိုကရေစီတည်း။

ဗြိတိန်တွင် အစိုးရအဖွဲ့အပြင် အခြားအဖွဲ့များ လည်း ဖွဲ့စည်းထားကြရာ စီးပွားရေး အုပ်စု က အစိုးရကိုဆုံးဖြတ်ချက်များ အကြံပြုလာခြင်းရှိသည်။ အစိုးရကလည်း ထိုစီးပွားရေး အုပ်စုကို အလေးထားလာသည်။ ၁၉၇၄ ခုတွင် ကျောက်မီးသွေးတွင်းအလုပ်သမားများ သပိတ်မှော က်၍ ဆန္ဒပြကြသော အခါ ရွေးကောက်ပွဲအသစ် ကျင်းပခဲ့ရ၏ ။ ကွန်ဆားဗတစ် အစိုးရလည်း ပြုတ်ကျသွားခဲ့သည်။ ဤကား ကိုယ်စားပြု ဒီမိုကရေစီက အင်အားချို့တဲ့ခြင်းကို သာဓက ပြခဲ့ခြင်းတည်း။ဒီမိုကရေစီတွင် လူထုဆန္ဒကို မလွန်ဆန်နိုင်ကြောင်း သက်သေပင် ဖြစ်၏ ။ ငွေရှင်ကြေးရှင် အများ စုပါဝင်သော ကွန်ဆားဗတစ်ပါတီသည် အလုပ်သမားသပိတ်ကို မနှိမ်နင်းနိုင်ခဲ့ချေ။ လုပ်သားပြည်သူ အများ စုက အကြပ်ကိုင်ဆန္ဒပြလာသော အခါ မိမိတို့လုပ်ငန်း များ တွင် လုပ်သားများ ကျေနပ်မှု မရှိက မလုပ်နိုင်တော့ကြောင်း လက်ခံလာကြရသည်။ နောက်ဆုံး အစိုးရက ရွေးကောက်ပွဲအသစ်ကို ကျင်းပပေးခြင်းဖြင့် အလျှော့ပေးခဲ့ရတော့၏ ။ ဤတွင် ကိုယ်စားပြု ဒီမိုကရေစီလည်း မှေးမှိန်သွားရလေသည်။

ဝက်စ်မင်နစ်စတာ ဒီမိုကရေစီ (နယူးဇီလန်)

ကမ္ဘာ့ဒီမိုကရေစီ စနစ်အမျိုးမျိုးထဲတွင် ဝက်စ်မင်နစ်စတာ စနစ်ဟု ခေါ်ကြသော ဒီမိုကရေစီပုံစံသည် ဗြိတိသျှတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်၏ ။ လွှတ်တော် နှစ် ရပ်နှင့် ဝန်ကြီးချုပ်စနစ်၊ အောက်လွှတ်တော် တွင် အမတ်ဦးရေ အများ ဆုံးရသည့် ပါတီက အစိုးရဖွဲ့စတမ်း စသော အစဉ်အလာများ သည် ဝက်စ်မင်နစ်စတာ စနစ် ဖြစ်၏ ။ ဤစနစ်သည် ဗြိတိန်၌ စတင်ထွန်းကားလာခဲ့ရာ ၎င်းနမူနာကို အခြားနိုင်ငံများ က ယူခဲ့ကြလေသည်။ အထူးသဖြင့် (Common Wealth) ခေါ် ဗြိတိသျှ ဓနသဟာ နိုင်ငံများ ဖြစ်ကြသည့် ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန် တို့တွင် ကျင့်သုံးခဲ့ကြ၏ ။ သို့ သော် လုံးဝဥဿုံကား မဟုတ်ချေ။ မိမိတို့ဘာသာလေ့လာ သုံးသပ်ပြီး ကြိုက်သည့်အပိုင်းကို ယူကာ၊ မကြိုက်သည့်အပိုင်းကို ပယ်ချလျက် ဖြည့်ချင်သော အချက်များ ကို ဖြည့်စွက်ယူခဲ့ ကြခြင်း ဖြစ်၏ ။

ကနေဒါနှင့် သြစတေးလျတို့တွင် ဖယ်ဒရယ်လ် ခေါ်ပြည်ထောင်စု (ပြည်နယ်များ စုပေါင်း ထားခြင်း ) စနစ်ကို ဖြည့်စွက်ကြသည်။ နယူဇီလန်ကား ကနေဒါ၊ သြစတေးလျတို့ကဲ့သို့ မဟုတ်ချေ။ ဗြိတိန်၏ ဝက်စ်မင်နစ်စတာ စနစ်ကို အများ ဆုံးအတုယူကာ အပြည့်စုံဆုံး ဖြစ်အောင် ပြုလုပ်ခဲ့လေသည်။ ဝက်စ်မင်နစ်စတာ၏ အဓိကလက္ခဏာကြီး (၉) ရပ်ထဲတွင် ပိုမိုပြည့်စုံသော ဝက်စ်မင်နစ်စတာ အ ဖြစ် ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်၏ ။

၁။ ။ မဲအများ ဆုံး၏ ရသော ပါတီကကက်ဘီနက်ဖွဲ့ခြင်း

ပထမကမ္ဘာစစ်မ ဖြစ်မီ ၁၉၁၅ မှ စစ်ပြီးကာလ ၁၉၁၉ အထိ နယူဇီလန်နိုင်ငံတွင် အင်အားကြီးပါတီဟူ၍ မရှိချေ။ မဲဆန္ဒရှင်တို့သည် မည် သည့်ပါတီကို ပုံအောမဲပေးရမည် ဟူသော အားကိုးမှု မရှိဘဲ၊ သူတစ်ငါတစ်ဖုံ ယုံကြည်မှု ကွဲပြား နေကြရာ ပါတီတွေ များ ပြီး မဲပြန့်သွားခဲ့သည်။ ထို့ကြောင့် တစ်ပါတီအစိုးရ မ ဖြစ်ချေ။ ပါတီအများ စုပေါင်းပြီး အစိုးရဖွဲ့သော ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ရ၏ ။ နောက်ပိုင်း ၁၉၃၁ မှ ၁၉၃၅ အထိ လည်းပါတီများ အင်အားနည်း သဖြင့် ညွှန့်ပေါင်းအစိုးရ ဖြစ်ခဲ့သည်။ သို့ သော် ၁၉၃၅ မှစ၍ အာဏာရပါတီ ရရှိလာခဲ့၏ ။ ထိုစဉ်က နယူးဇီလန်တွင် လေဘာပါတီနှင့် နက်ရှင်နယ်လ်ပါတီတို့ အင်အားကြီးသည်။ လွှတ်တော် တွင် ထိုပါတီနှစ် ခုတို့ တစ်လှည့်စီအသားစီရရှိခဲ့ကြရာ မိမိပါတီဖြင့် ကက်သီးနက်ဖွဲ့နိုင်ကြသည်။

မြောက်အိုင်ယာလန်တွင် ဘာသာကွဲပြားမှု ပြင်းထန်သည်။ ပရိုတတ်စ်တင့်ဂိုဏ်းနှင့် ကက်သလစ်ဂိုဏ်းတို့ ဖြစ်၏ ။ မြောက်အိုင်ယာလန် လူမျိုးအများ စုက ပရိုတက်စ်စတင့်များ ဖြစ်ပြီး ကက်သလစ်များ ကအနည်းစု ဖြစ်၏ ။ ဤတွင် ရွေးကောက်ပွဲ၌ မဲများ ရာအနိုင်ရသည့်အခါ ပရိုတက်စတင့်များ အချင်းချင်း မဲပေးသဖြင့် ပရိုတက်စတင့်ဘာသာဝင် အစိုးရ ဖြစ်လာလေသည်။ ၁၉၂၁ မှ ၁၉၇၂ အထိ ပရိုတက်စတင့်တို့သာ ကြီးစိုးခဲ့ကြသည်။ ကြာသော်ကက်သလစ် လူနည်းစုက မကျေနပ်မှု များ ကို ဆန္ဒပြကြသည်။ ၁၉၆၀ ပြည့်လွန် နှစ် များ အတွင်း အိုင်ယာလန်ပြည်အတွင်း စစ် ဖြစ်ရခြင်းမှာ ဘာသာရေး ကွဲပြား မှု ကြောင့် ဖြစ်၏ ။ မိမိတို့ဘာသာဝင် လူနည်းစုကို ဖိနှိပ်သည်။ အခွင့်အရေး မပေးဘဲ ပရိုတက်စတင့် အချင်းချင်းကိုသာ မျက်နှာသာပေးသည်ဟု ကက်သလစ်များ က ခံစားကြသည်။ ဒီမိုကရေစီပိုင်ခွင့်အရ ဆန္ဒပြကြသည်။ ဆန္ဒပြမှု လူအုပ်ကြီး ဖြစ်သော အခါ အာဏာပိုင်အဖွဲ့ (ပရိုတက်စ်တင့်)က နှိမ်နင်းရသည်။ ဤနည်းဖြင့် ပြည်တွင်းစစ်အသွင် ဖြစ်သွားခဲ့ရတော့၏ ။ နောက်ဆုံး လန်ဒန်ရှိ ဗဟိုအစိုးရက စစ်တပ်များ စေလွှတ်ပြီး ထိန်းသိမ်းခဲ့ရသည် အထိ အခြေအနေ ဆိုးဝါးခဲ့လေသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် တိုင်းပြည်တစ်ပြည်တွင် လူမျိုးဘာသာ မတူသူများ ရောနှောနေထိုင် သော အခါ လူမျိုး သို့ မဟုတ် ဘာသာတစ်ခုက သိသိသာသာ အင်းအားကြီးနေလျှင် အလိုလို မဲများများ ရမည် ဖြစ်ရာ တကယ့်ဒီမိုကရေစီစနစ် မဟုတ်တော့ချေ။ လူမျိုးကြီးအုပ်ချုပ်သော အစိုးရ၊ တစ်နည်းအားဖြင့် တစ်ပါတီ အာဏာရှင်အသွင်သို့ ကူး ပြောင်းသွား တတ်၏ ။ အတိုက်အခံ လူနည်းစုက အမြဲလိုလို အရှုံးပေးနေရတတ်သည်။

* * * * *




ဝန်ဇင်းချစ်သူများ ရွှေကူမေနှင်း ၏ “ ဒီမိုကရေစီ စနစ်အမျိုးမျိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နိုင်ငံတကာ အမျိုးသမီးခေါင်းဆောင်များ

ကန္တာရ နှင်းဆီ

အဖေနဲ့ အမေ