
နိဒါန်း
မိုးတွေ သည်းထန်စွာ ရွာသည့်တစ်နေ့တွင် သူမ ရောက်လာခဲ့သည်။
မနှင်းဖြူ ရောက်လာသည့်အကြောင်းကို တစ်ရွာလုံးက သတိထားမိနေကြသည်။ ဤရွာမှာ ဧည့်သည်အရောက်အပေါက် နည်းသော နေရာ ဖြစ်၍ လည်း ရွာသူရွာသားများ က မနှင်းဖြူ ရောက်လာခြင်းကို အမှတ်ထင်ထင်ရှိနေရခြင်း ဖြစ်သည်။
ထို့ပြင် ဒေသခံလူများ နှင့် ပုံစံခြားနားနေပါသော မနှင်းဖြူဆိုသည့်သူငယ်မသားအမိ ရောက်လာပုံမှာ လည်း ထူးခြားနေသည် မဟုတ်ပါလား။
ထိုနေ့ က ခင်စမ်း နှင့် သူ့ အမေ ဒေါ်မြတို့  မြို့ ကိုသွားကြသည်။အောင်လံမြို့နှင့် ရွာမှာ အတော် အလှမ်းဝေးသည်မို့ နေ့စဉ် ကားမရှိပါချေ။ခေတ်ကာလအလျောက် တစ်ပတ်မှ နှစ် ကြိမ်သုံးကြိမ်ခန့်သာ မြို့နှင့် အဆက်အသွယ်ရပေသည်။ ခုလို မိုးသည်းထန်စွာ ရွာသော ကာလမျိုးဆိုပါက တစ်ပတ်တစ်ကြိမ်ပင် ကားက အနိုင်နိုင် ရောက်လေသည်။
အောင်လံမှာ ဆွေမျိုးများ အလှူရှိ၍ ခင်စမ်းတို့ မြို့ကို လာခဲ့ကြခြင်း ဖြစ်သည်။
အောင်လံမှကားမထွက်မီ မိုးက တဖွဲဖွဲသာ ကျသေးသည်။ တာလပတ်ကြီးနှင့် အလုံအုပ်မိုးထားသော လော်ရီကားကြီးအတွင်းမှာ လူက အပြည့်အသိပ်။ ခင်စမ်းသည် ခေါင်းကို တဘက်ကလေးနှင့် ပတ်ကာ ကားထောင့်တွင် ကျုံ့ကျုံ့လေး ထိုင်နေသည်။ ရသည့်နေရာလေးကို ကျပ်ကျပ်တည်းတည်းထိုင်ရင်း အပြင်ဘက်ကို ငေးမောနေမိသည်။
ထိုစဉ်မှာ ပင် အမျိုးသမီးတစ်ဦးသည် လက်တစ်ဖက်က ကလေးငယ်ကို ပိုက်၊ တစ်ဖက်က သံသေတ္တာတစ်လုံးကို မနိုင်မနင်းသယ်ကာ ကားရှိရာသို့ လာနေသည်ကို ခင်စမ်း တွေ့ ရပါ၏ ။
ကားနားအရောက်တွင် မောပန်းသွားဟန်ဖြင့် သံသေတ္တာကို မြေပေါ်သို့ ခပ်ဆတ်ဆတ် ချလိုက်သည်။ သူမလက်ထဲက ကလေး ကတော့ စူးစူးဝါးဝါး ငိုနေ၏ ။ သူမမှာ ရော ကလေးမှာ ပါ မိုးရေများ ရွှဲစိုနေသည်။
''ဒီကားက ဘယ်ကိုသွားမှာ လဲဟင်''
''သှဗလကို သွားမှာ ''
အနီးဆုံး ဖြစ်သည့် ခင်စမ်းကပင် သူမအမေးကို ပြန်ဖြေလိုက်ပါ၏ ။
''ရှင် သှဗလဆိုတာ ရွာလား''
''ဟုတ်တယ် သမ္ဘူလရွာလေ။ ရှင် မကြားဖူးဘူးလား''
ခင်စမ်းက သမ္ဘူလဆိုသည့်အမည် ကို ဒေသခေါ်သည့် အသံအတိုင်းပြောလိုက်ခြင်း ဖြစ်သည်။
''နေရာရှိသေးလား။ ကျွန်မလည်း လိုက်မယ်''
သူမက ပြောပြောဆိုဆို သေတ္တာကို ကားပေါ်တင်လိုက်သည်။ခင်စမ်းကပင် ဆီးယူကာ သူမကိုလည်း လက်တစ်ဖက်ကမ်းပေးရင်း ကားပေါ်ဆွဲတင်လိုက်ရ၏ ။
ကားက စက်နှိုး၍ ထွက်စပြုပေပြီ။သူမက သေတ္တာပေါ်မှာ ပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏ ။ကလေးက အငိုမတိတ်သေးချေ။
သူမက ကလေးကိုချော့ရင်း ခေါင်းတွင် ပတ်ထားသည့် ပဝါလေးကိုဖြုတ်ချလိုက်သည့်အခါ နဖူးတည့်တည့်မှ မှဲ့နက်ကြီးတစ်လုံးမှာ ထင်းခနဲပေါ်လာရလေ၏ ။
ခင်စမ်းနှင့် တကွ ကားတစ်စီးလုံးရှိ တောသူတောင်သားများ မှာ ထူးခြားသည့် သူမကို တအံ့တသြ ငေးကြည့်နေကြလေသည်။ကလေးအငိုတိတ်သွားသည့်အခါ သူမနှင့် ခင်စမ်း စကားပြော ဖြစ်ကြသည်။
သူမအမည် မှာ မနှင်းဖြူဟု သူ့ကိုယ်သူ မိတ်ဆက်၏ ။အသားညိုညို၊ ထောင်ထောင်မောင်းမောင်းနှင့် မို့ မနှင်းဖြူ ဆိုသည့်အမည် နှင့် တော့ မလိုက်ဖက်ချေ။
မိုးက သည်းထန်လာပေပြီ။ကားသည် နှေးသွား၏ ။
မိုးကြောင့် ပတ်ဝန်းကျင်ကလည်း မှော င်လာသည်။ရွှံ့နွံများ ကြားတွင် ရုန်းကန်သွားနေရခြင်းကြောင့် ကားက ယိုင်ထိုးနေပြန်သည်။
မနှင်းဖြူက ကြမ်းတမ်းသည့်ခရီးကို မှု ပုံမပေါ်ဘဲ သူမ အကြောင်းများ ကိုသာ ပြောပြလာခဲ့သည်။
''ကျွန်မက မုဆိုးမပါ။ လင်ယောက်ျားကလည်း မရှိတော့ ကိုယ့်ဟာ ကိုယ်ပဲ လုပ်ကိုင်စားရတယ်လေ။ ကျွန်မအလုပ် ကတော့ ရွာကလေးတွေ လှည့်ပြီးဈေးရောင်းတာပါပဲ။ မိတ်ကပ်၊ ပေါင်ဒါနဲ့ အဝတ်အထည်လေးတွေ ရောင်းပါတယ်။ ခုလည်း ညီမတို့ရွာကို အထည်ရောင်းဖို့ လိုက်လာတာ''
မနှင်းဖြူ ပြောပြသည့်အကြောင်းများ ကို တစ်ကားလုံးလည်း ကြားလိုက်ကြရသည်။ အားလုံးက ကရုဏာသက်သွားကြ၏ ။
ကားက တောထဲ တစ်စတစ်စ ဝင်လာ၍ ချမ်းစိမ့်စိမ့် ဖြစ်လာသည်။မနှင်းဖြူက သူ့ကလေးကို တဘက်တစ်ထည်နှင့် ထွေးပိုက်ကာ ''သမီးလေးလေ'' ဟု ခင်စမ်းဘက် လှည့်၍ ပြောလိုက်၏ ။
ခင်စမ်းက ''ကျွန်မ ခဏပေးထားပါလား'' ဆိုကာ ကလေးကိုတစ်လှည့် ယူချီလိုက်သည်။ သမီးလေးက ချစ်စရာလေး။မိုးခြိမ်းသံနှင့် အတူ လျှပ်စီးတစ်ချက် လက်လိုက်သော ကြောင့် တောလမ်းခရီးမှ သစ်ပင်များ ယိမ်းထိုးလှုပ်ရှားနေပုံကို မြင်လိုက်ရသည်။ ကားနောက်မှာ မိုးပက်လာ၍ လူများ အတွင်းသို့ စွတ်တိုးလာကြသည်။ နေရာကပိုကျပ်ညပ်သွားလေ၏ ။
''ကားကလည်း ကျပ်လိုက်တာတော် ။ နှေးလိုက်တာလည်း မပြောပါနဲ့တော့''
အဘွားကြီးတစ်ဦးက ညည်းညူလိုက်သည်။
''ဒီက ညီမတို့ရွာမှာ ထမင်းဆိုင်ရှိတယ်နော်''
မနှင်းဖြူက မေးလိုက်သည်။
''ဘယ်ရှိမှာ လဲ မိန်းကလေးရယ်''
ခင်စမ်းအမေဒေါ်မြက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
''ဟောတော့ ဒုက္ခပါပဲ။ ကျွန်မက ဆိုင်မှာ ပဲ ထမင်းဝယ်စားပြီးညအိပ်ခွင့်တောင်းမလို့။ ဒီလိုဆို .''
''မိန်းမရွယ် တစ်ယောက် တည်းနဲ့ကွယ်။ ကလေးကတစ်ဖက်နဲ့ ဒီလိုသာ သွားနေရင်ဖြင့် ကြောက်စရာ''
''ဒီလိုပဲ လုပ်ကိုင်စားနေရတာ အမေရဲ့ ''
''ကဲ .သှဗလ ရောက်ရင် ငါတို့ အိမ်မှာ ပဲနေ။ ငါတို့ကလည်းသားအမိနှစ် ယောက် တည်း။ မိန်းမတွေ ချည်းနေတာ''
''ဟုတ်သားပဲ အစ်မရဲ့ ''
''အားနာစရာတော့ ကောင်းနေပြီ''
''ဘယ်အားနာရမလဲ။ ဂလိုပဲ ကူညီရမယ့်ဟာ''
''ဟုတ်သဟေ့ .သူငယ်မ။ ညည်း အမြတို့ အိမ်တည်းတာအကောင်းဆုံးပဲ''
အဘိုးကြီး တစ်ယောက် က ဝင်၍ တိုက်တွန်းလိုက်ပြန်၏ ။မနှင်းဖြူကို ကားပေါ်မှလူအားလုံးက သနားစရာမိန်းကလေးဟုမှတ်ယူကြသည်။ ယခုမှ တွေ့ ဖူးသူပင် ဖြစ်သော်လည်း ရိုးသားသူများ ပီပီအနည်းငယ်မျှပင် သံသယမဝင်ကြချေ။
ခင်စမ်းကလည်း ဤအစ်မ သူတို့အိမ်လိုက်တည်းမည် ဆို၍ ဝမ်းသာသွားရသည်။ မနှင်းဖြူ၏ သမီးလေးကိုလည်း ခင်စမ်းက ချစ်နေမိလေပြီ။သို့ဖြင့် မနှင်းဖြူသည် ခင်စမ်းတို့အိမ်သို့ မိုးသည်းသည့်တစ်နေ့တွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။
မနှင်းဖြူသည် ခင်စမ်းတို့သားအမိဘဝအား တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားအောင် ဖန်တီးမည့် သူဟူ၍ ကား မည် သူမျှ မသိခဲ့ကြချေ။
***
ယခင် ကတော့ ခင်စမ်းတို့ရွာကို မိတ်ကပ်၊ ပေါင်ဒါ၊ လက်သည်းဆိုးဆေးမှအစ ထမီ၊ ပုဆိုး၊ ပဝါအဆုံး တန်ဖိုးနည်းပစ္စည်းလေးများ ကိုထန်းခေါက်ဖာနှစ် လုံးတွင် ထည့်ကာ ရှေ့တစ်လုံးနောက်တစ်လုံး ဆိုင်းကြိုးနှင့် ဆိုင်း၍ ထမ်းရောင်းသော နယ်လှည့်ဈေးသည်များ သာ ရောက်လာတတ်သည်။ ခင်စမ်းတို့က ထိုဈေးသည်များ ကို အထမ်းသည်ဟု ခေါ်၏ ။
မနှင်းဖြူ ကတော့ အထမ်းသည်များ နှင့် စာလျှင် အတော် ပင် အဆင့်မြင့်သော ဈေးသည်ပါပေ။ မနှင်းဖြူပစ္စည်းများ က အထမ်းသည်များ ထက်ပိုကောင်းပုံရသည်။ အရောင် စုံသည်၊ အဆင်အသွေးစုံသည်။ တောကြိုက်အရောင် တောက်တောက်ပပများ မို့ ဈေးဝယ်သူများ နှင့် ခင်စမ်းတို့ အိမ်ကလေးပြည့် သွားပါ၏ ။
''အမယ်လေးလေး .ဒီအတိုင်းဆို ကျုပ်အိမ်ပြိုမယ်။ လာကြပါတော် ။ ဟိုမန်ကျည်းပင်အောက်က ကွပ်ပျစ်ကလေးမှာ အေးအေးဆေးဆေးဝယ်ကြပါ''
ဒေါ်မြက ဈေးဝယ်သူများ ကို အပြင်သို့ နေရာရွှေ့ရန် ပြောယူရသည်။မနှင်းဖြူပစ္စည်းများ ထည့်ထားသော သံသေတ္တာကြီးကို ဝိုင်းမ,ရင်းအိမ်ရှေ့ကွပ်ပျစ်ပေါ် နေရာပြောင်းကြရ၏ ။
ဈေးဝယ်သူများ ကလည်း ပစ္စည်းဝယ်ချင်လွန်းလို့ချည်း မဟုတ်။စိတ်ဝင်စားစရာနည်းပါးသော တောဓလေ့ထုံးစံအတိုင်း အိမ်ခြေ ၇ဝ ခန့်သာရှိသော ရွာကလေးမှာ မနှင်းဖြူသည် အထူးအဆန်းသဖွယ် ဖြစ်နေသည်မို့အကြောင်းရှာ၍ လာကြည့်ကြသူများ လည်း ပါသည်။
မည် သို့ပင်ဆိုစေ မနှင်းဖြူ၏ ပစ္စည်းများ မှာ နှစ် ရက်အတွင်း ကုန်သွားလေ၏ ။
ခင်စမ်းမှာ မနှင်းဖြူရောက်လာကတည်းက ပျော်နေသည်။ ကောက်စိုက်အငှားပင် မလိုက်တော့။ တစ်နေ့ .တစ်နေ့ မနှင်းဖြူကို ဈေးကူရောင်း၊ကလေးထိန်းပေးနှင့် အချိန်ကုန်နေလေ၏ ။
မနှင်းဖြူကလည်း ထမင်းဖိုးဆိုကာ တစ်နေ့သုံးကျပ်နှင့် ခင်စမ်းဖို့ထမီအနီရဲရဲလေးတစ်ထည်၊ ဒေါ်မြဖို့ မွေးပွတဘက်ကြီးတစ်ထည် လက်ဆောင်ပေးထားရာ ကျေးဇူးတင်လို့ မဆုံးတော့ပေ။
မိုးကောင်းနေသဖြင့် မြို့မှ ကားရောက်မလာ။ မနှင်းဖြူ သမ္ဘူလရွာမှာ သော င်တင်နေသည်မှာ သုံးရက်ပင် ရှိသွားပြီ။
ဤသုံးရက်အတွင်းမှာ ပင် မနှင်းဖြူနှင့် ခင်စမ်းတို့ သားအမိ ရင်းနှီးလာသည်။ သံယောဇဉ် တွယ်လာသည်။
''မမရယ် .နောက်တစ်ခေါက်လည်း ခင်စမ်းတို့ရွာကို လာခဲ့ပါဦးနော်''
''ညီမရယ် .မမက အခုတောင် ပြန်ချင်တော့တာ မဟုတ်ဘူးကွယ့်''
''ဂလိုဆိုလည်း ငါတို့နဲ့ပဲ လုပ်ကိုင်စားနေပါလားအေ''
ဒေါ်မြက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရ ဖွာနေရင်းမှဝင်ပြောလိုက်သည်။
''ပြောသာ ပြောတာပါအေ။ ညည်းတို့လို မြို့ကြီးသူတွေ က တို့တောမှာ ပျော်မှာ မဟုတ်ပါဘူး''
''သြော် .အရီးမြရယ်။ လူဆိုတာ ပျော်ရာမှာ မနေရဘူး၊ တော် ရာမှာ သာ နေရတာ မဟုတ်လား။ ကျွန်မ အရီးတို့နဲ့ အတူနေချင်ပေမဲ့ နေလို့မ ဖြစ်သေးပါဘူးရှင်။ ကျွန်မရဲ့ ဘဝပေးအခြေအနေကိုက .''
မနှင်းဖြူ စကားပြောရင်း အသံလေးများ တိမ်ဝင်သွားလေသည်။
''လူဆိုတာ ကိုယ်ချစ်တဲ့လူတွေ နဲ့လည်း အတူနေချင်မှနေရတယ်။ကိုယ်ပျော်ရာအရပ်မှာ လည်း နေချင်မှနေရတာ ပါ။ ကျွန်မလေ အရီးမြတို့၊ညီမလေးခင်စမ်းတို့ရဲ့ ဆင်းရဲပေမဲ့ အေးချမ်းတဲ့ဘဝလေးကို အားကျမိပါတယ်။ ကျွန်မမှာ တော့ .''
စကားပြောရင်း ငိုရှိုက်သံလေးပါ ရိုက်ခတ်လာသည်မို့ ခင်စမ်းတို့သားအမိ အံ့အားသင့်သွားသည်။ ဒီအစ်မမှာ စိတ်ညစ်ညူးစရာအကြောင်းတစ်စုံတစ်ရာ ရှိနေပြီဆိုတာ ခင်စမ်း ရိပ်မိလိုက်သည်။
''စိတ်မကောင်းစရာ အကြောင်းတွေ နဲ့များ ကြုံခဲ့ရလို့လားမိန်းကလေးရယ်''
''ကမ္ဘာပေါ်မှာ ရှိသမျှ စိတ်ဆင်းရဲစရာအ ဖြစ်ဆိုးတွေ ဟာ ကျွန်မ တစ်ယောက် တည်းမှာ စုပြီး ဖြစ်နေသလားလို့တောင် ထင်မိပါတယ် အရီးရယ်''
''ဘာတွေ များ ဖြစ်ခဲ့လို့လဲကွယ်''
''မပြောပါရစေနဲ့အရီး။ အဟောင်းတွေ အသစ် ဖြစ်မှာ စိုးလို့ပါ''
မနှင်းဖြူက ပြောရင်း မျက်ရည်များ ကျလာသည်။
ခင်စမ်း မကြည့်ရက်တော့။ မနှင်းဖြူ ငိုနေသည်ကို ခင်စမ်း မကြည့်ရက်တော့ပါ၍ .
''စိတ်မကောင်းမ ဖြစ်ပါနဲ့ မမရယ်။ ခင်စမ်းက ဒီသမီးလေးကိုချစ်လွန်းလို့ ခင်စမ်းတို့နဲ့ အတူနေပါလို့ ပြောမိတာပါ''
''အေး .မမလည်း ဒါကိုပဲ စဉ်းစားနေတာပါကွယ်။ မမရဲ့ သမီးလေးကို ညီမတို့နဲ့ပဲ ထားခဲ့ရရင် ကောင်းမလားလို့''
''ရှင် .''
မနှင်းဖြူထံမှ မမျှော်လင့်သော စကားကြောင့် ခင်စမ်းတို့သားအမိအံ့သြရပြန်သည်။
''ဟုတ်တယ်။ မမလေ .နေရာတော် တော် များများ ကို ရောက်ခဲ့ပါပြီ။ ဟောဒီ သမီးလေးအတွက် အကောင်းဆုံးနေရာ သမီးလေးကို မေတ္တာငွေ့ ကောင်းကောင်းပေးနိုင်မယ့် အသိုင်းအဝိုင်းကို ရှာလို့ မတွေ့ နိုင်ခဲ့ပါဘူးကွယ်။ ဒီရွာကိုရောက်လာမှ၊ ညီမတို့သားအမိနဲ့တွေ့ မှ အရီးတို့ ညီမတို့စေတနာကို မြင်လာရတဲ့အပြင် မိန်းမသားနှစ် ယောက် တည်း ဖြစ်တဲ့ အရီးတို့သားအမိဟာ သမီးလေးအတွက် အကောင်းဆုံးအုပ်ထိန်းသူတွေ ဖြစ်လာလေမလားလို့''
''နေပါဦး မနှင်းဖြူရဲ့ ။ ကိုယ့်သားသမီးကို ဘာလို့ သူများ ပေးပစ်ဖို့စိတ်ကူးတယ်ဆိုတာ ပြောပြစမ်းပါဦး''
ဒေါ်မြက မေးလိုက်သည်။
''တကယ်တော့ ကျွန်မဟာ ဒီလိုရွာစဉ်လှည့်ဈေးရောင်းရလောက်အောင် ချို့ငဲ့သူ မဟုတ်ပါဘူး။ ကျွန်မမိဘတွေ ဟာ မြစ်ဝကျွန်းပေါ်ဘက်မှာ အတော် ကို ချမ်းသာတဲ့သူဌေးကြီးတွေ ပါ။ ဒီသမီးလေးဟာ ကျွန်မမိဘတွေ သဘောမတူတဲ့ ကျွန်မချစ်သူနဲ့ ရခဲ့တဲ့ကလေးပါ။ ကျွန်မချစ်သူဟာ ကျွန်မနဲ့တစ်နှစ် လောက်ပဲ ပေါင်းခဲ့ရပြီး သေဆုံးသွားခဲ့ရပါတယ်''
''အို .''
''ကျွန်မမိဘတွေ ဆီပြန်တော့ ဖေဖေက ဒီကလေးပါရင် အိမ်မှာ လက်မခံနိုင်ဘူး။ ဒီကလေးကို အပြီးအပိုင်စွန့်ပစ်ခဲ့မှသာ ကျွန်မကို ပြန်လက်ခံနိုင်မယ်တဲ့။ ပြီးတော့ သူတို့ပေးစားတဲ့ ယောက်ျားကိုယူရမယ်တဲ့''
''ဟောတော် ''
''ကျွန်မသမီးလေးကို ကျွန်မ သိပ်ချစ်ပါတယ်။ ဒါပေမဲ့ ရှေ့ရေး ကိုစဉ်းစားကြည့်တော့လည်း သမီးလေးနဲ့ မခွဲမခွာ အတူတူနေမယ်ဆိုရင် ကလေးရော၊ ကျွန်မပါ ဒုက္ခမျိုးစုံကြားမှာ အတော် ကြီးရုန်းကန်နေရမယ်။ ကျွန်မလည်း လူသား တစ်ယောက် ပဲ။ ပြီးတော့ ငယ်စဉ်ကတည်းက လိုလေသေးမရှိအောင် နေလာခဲ့သူမို့ ချမ်းသာပြည့်စုံတဲ့ဘဝကို မက်မောနေမိဆဲပါပဲ''
''ဒါပေါ့လေ''
မနှင်းဖြူက စကားကိုရပ်လိုက်သည်။ ခင်စမ်း ရင်ခွင်တွင် အိပ်ပျော်နေသော သမီးလေးကို ညင်သာစွာ ပြန်ယူလိုက်ရင်း .
''ကျွန်မ အိမ်ကိုပြန်ချင်တယ်။ ကျွန်မမိဘတွေ ဆုံးပါးသွားတဲ့အချိန်မှာ ဖြစ်စေ၊ အိမ်မှာ ကျွန်မ အာဏာတည်လာတဲ့အထိ အရေး ပါလာတဲ့အချိန်မှာ ဖြစ်စေ အဲဒီ လိုအခါမျိုးကျမှ ကျွန်မ သမီးလေးကို ပြန်ခေါ်ရင်အဆင်ပြေမလားလို့ .
''ကျွန်မ နေရာအနှံ့မှာ သမီးလေးအတွက် မွေးစားသူကို ရှာဖွေခဲ့ပါတယ်။ စိတ်ကြိုက်မတွေ့ ခဲ့ဘူး။ အရီးနဲ့ညီမလေးကို တွေ့ တော့ အရီးတို့ဟာဆင်းရဲပေမဲ့ ရိုးသားတယ်။ တစ်ဖက်သားအပေါ်မှာ စေတနာထားတတ်တယ်။ခင်စမ်းကလည်း သမီးလေးကို သိပ်ချစ်ပြီး သံယောဇဉ်တွယ်နေတာ တွေ့ ရတော့ သမီးအတွက် မိခင်ကောင်းကို တွေ့ ပြီလို့ထင်မိပါတယ်။ တကယ်လို့များ သမီးလေးကို အရီးတို့က လက်ခံမယ်ဆိုရင်လေ အခုလောလောဆယ်ကျွန်မမှာ ပါလာတဲ့ ငွေသုံးထောင်နဲ့အတူ အပ်ခဲ့ပါရစေလို့''
''သုံးထောင် .အမယ်လေး .သုံးထောင်''
ငွေသုံးထောင်ဟု ကြားလိုက်ရသည်ကိုပင် ဒေါ်မြက သူ့ရင်ဘတ်သူ ဖိရင်း အထူးအဆန်းအလား အံ့သြနေပါတော့၏ ။အမှန်တကယ်လည်း သုံးထောင်ဆိုသော ငွေပမာဏသည် သူတို့အတွက်တော့ အံ့သြစရာ၊ လိုချင်စရာ၊ မက်မောလောက်ဖွယ်ရာ မဟုတ်ပါလား။
သူတို့သားအမိ ကောက်စိုက်အငှားလိုက်သည်မှာ တစ်ရက်ကို တစ်ကျပ်ရသည်။ ဆန်တစ်တင်းလျှင် ၁၂ ကျပ်။ ရွှေတစ်ကျပ်သားကို ၁၅ဝကျပ် ပေါက်ဈေးရှိသော ဤလိုခေတ်မျိုးဝယ် သုံးထောင်ဆိုသော ငွေမှာ မက်မောလောက်စရာ ငွေအလုံးအခဲကြီးပင် ဖြစ်ပါတော့သတည်း။
***
ခင်စမ်းတို့တဲလေးမှာ လူစည်ရပြန်ပြီ။
ခေါင်းရင်းဘုရားစင်ရှေ့တွင် တော့ ရွာဦးကျောင်းဘုန်းကြီးက ခန့်ခန့်ထည်ထည်ကြီး ထိုင်နေ၏ ။
ရွာသူကြီးနှင့် ရွာမှလူကြီးသူမအချို့ကလည်း ဘုန်းကြီးဘေးတွင် ဝိုင်းထိုင်နေကြသည်။ သူတို့အားလုံး၏ အကြည့်များ သည် ဤရွာကို ထူးဆန်းစွာ ရောက်လာသည့် မနှင်းဖြူထံတွင် သာ ဝဲလျက်ရှိကြ၏ ။
သမီးလေးကို ထွေးပွေ့ရင်း ခပ်ယို့ယို့ ထိုင်နေရှာသည့် မနှင်းဖြူတွင် မျက်ရည်များ ဝဲလျက်ရှိသည်။
''ကလေးကိုမထားခဲ့ဘဲ မိဘတွေ နဲ့ အဆင်ပြေအောင် ကြိုးစားကြည့်ပါလားကွယ်''
သူကြီးက ဆိုသည်။
''မ ဖြစ်ပါဘူး ရှင်။ ကျွန်မအဖေရဲ့ စိတ်ကို ကျွန်မ သိတာပေါ့။ကျွန်မ အကြိမ်ကြိမ် စဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကိုချတာပါ။ နောက်ပြီးသမီးလေးကို တစ်သက်လုံး စွန့်ပစ်ထားခဲ့ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ကျွန်မ အဆင်ပြေတဲ့ တစ်နေ့ကျ ပြန်ခေါ်မယ်လို့ စဉ်းစားပြီးသားပါ။ တကယ်လို့များ သမီးနဲ့ ပြန်လည်ဆက်သွယ်ခွင့်မရခဲ့ဘဲ ကျွန်မများ ကွယ်လွန်သွားမယ်ဆိုရင်တော့ .''
မနှင်းဖြူက စကားကို ရပ်လိုက်သည်။ဘေးရှိ လက်ဆွဲအိတ်ကလေးကို ကောက်ယူလိုက်ပြီး .
''ကျွန်မသမီးလေး အသက် ၁၈ နှစ် ပြည့်တဲ့နေ့အထိ ကျွန်မဘက်က ဆက်သွယ်မလာခဲ့ဘူးဆိုရင် ကျွန်မ လူ့လောကမှာ မရှိတော့ဘူးလို့သာမှတ်လိုက်ပါ။ ကျွန်မ သမီးလေးကိုလည်း ချမ်းမြေ့ရိပ်မြုံ သုခဘုံလို့ခေါ်တဲ့ကျောင်းကုန်းမြို့က အဘိုးအဘွားတွေ ရဲ့ အိမ်ကို ပို့ပေးလိုက်ပါရှင်။ ဟောဒီမှာ ကျွန်မတို့ရဲ့ ကျောင်းကုန်းမြို့အိမ်ရဲ့ လိပ်စာအပြည့်အစုံ .။
''ဒါက မြစ်ကမ်းပါးမှာ ရှိတဲ့ ကျွန်မတို့ရဲ့  ချမ်းမြေ့ရိပ်မြုံ သုခုခဘုံဆိုတဲ့ အိမ်ကြီးပါ။ အဲဒီ အိမ်ကြီးမှာ ကျွန်မတို့ ညီအစ်မနှစ် ယောက် ရှိပါတယ်။ကျွန်မအစ်မ မနှင်းသူ ကတော့ ရိုးရိုးအေးအေးမို့ မိဘအလိုကျပဲ နေနေပါတယ်။ အစ်မ မနှင်းသူကိုတော့ သမီးလေးနဲ့ပတ်သက်သမျှတွေ အကုန်လုံးဖွင့်ပြောတိုင်ပင် ထားပါ့မယ်။ အဲ .တကယ်လို့ သမီးလေး ၁၈ နှစ် ပြည့်တဲ့အထိ ကျွန်မဘက်က ဆက်သွယ်မလာခဲ့ရင်သာ''
''နေပါဦးကွယ့် .မင်းရဲ့ သမီးလေးကို ပြန်ခေါ်တဲ့အချိန်မှာ မင်းမိဘတွေ က သဘောမတူဘူးဆိုရင်ကော''
''အဲဒီ အချိန်မှာ သူတို့တစ်တွေ ရှိချင်မှရှိတော့မှာ ပါ။ ရှိဦးမယ်ဆိုရင်လည်း ကျွန်မကို ခွင့်လွှတ်နိုင်တဲ့အချိန်မျိုး ရောက်နေလောက်ပြီလို့ ယုံကြည်ပါတယ်''
မနှင်းဖြူက စကားကိုခေတ္တ ရပ်ရင်း လက်ဆွဲအိတ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူနေပါသည်။ သူမလက်ထဲတွင် ဘူးလေးတစ်ခုပါလာ၏ ။
''ကျွန်မ အဓိကမှာ ချင်တာ ကတော့ သမီးလေးအတွက် အခု ပေးခဲ့မယ့် ပစ္စည်းလေးအတွက်ပါပဲ''
လူအားလုံးက ဘူးလေးထဲမှ ထွက်လာမည့် ပစ္စည်းအပေါ် အာရုံရောက်သွားကြပြန်သည်။
မနှင်းဖြူက ကတ်ထူဘူးအပြာလေး၏ အဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်တွင် တော့ .
''ဟယ်''
''လှလိုက်တာ''
''တော် တော် အဖိုးတန်မယ့် ဘယက်ကြီးပဲ''
''ဟုတ်ပဟယ်''
လူအားလုံးထံမှ အာမေဍိတ်သံများ ထွက်ပေါ်လာလောက်အောင်ပင်မနှင်းဖြူ လက်ထဲမှာ ပါလာသည့် ဘယက်ကြီးမှာ တဖိတ်ဖိတ် တလက်လက်တောက်ပနေပါတော့၏ ။
''ဒါဟာ နဝရတ်ကိုးသွယ်လို့ခေါ်တဲ့ အဖိုးတန် ကျောက်ကိုးမျိုးနဲ့စီခြယ်ထားတဲ့ ဘယက်ကြီးပါပဲ''
''အံ့သြလောက်အောင် လှတာပဲ။ မှန်းစမ်းဟဲ့ .ကိုင်ကြည့်ရအောင်''
သိက္ခာရှင်ဘုန်းကြီးပင် ဟန်မဆောင်နိုင်တော့ဘဲ မနှင်းဖြူ လက်ထဲက ဘယက်ကြီးကို တောင်းယူကြည့်နေပါတော့၏ ။
''အလို .ကောင်းလိုက်တဲ့ဟာကြီးကွယ်။ လက်ရာလည်း မြောက်ပါပေ့''
ဒေါ်မြမှာ ဘယက်ကြီးကိုကြည့်ရင်း မျက်လုံးများ တလက်လက်အရောင် တောက်လာ၏ ။ ဒါမျိုး တစ်ခါမျှ မမြင်ဖူးဘူး။ ဘယ်လောက်များ တန်ဖိုးရှိမယ့်ဟာကြီးပါလိမ့်။
''ကျွန်မဖေဖေ အင်္ဂလန်သွားတုန်းက လုပ်ခဲ့တဲ့ ဘယက်ကြီးပေါ့။ဒီလိုဘယက်မျိုးနှစ် ခုပဲ ရှိပါတယ်။ တစ်ခုက ကျွန်မအစ်မ မနှင်းသူဆီမှာ ပါ။ဘယက်ခွက်အလယ်က လူဦးခေါင်းပုံ ကတော့ ကျွန်မအဖေ ဦးသုခရဲ့ ပုံပါပ'ဲ'
''အေးလကွယ့်။ ဘယက်ခွက်မှာ လူခေါင်းကြီးပါလား။ အဲဒါ ညည်းအဖေ''
အားလုံးက ဘယက်ကြီးကို စိတ်ဝင်စားစွာ စိုက်ကြည့်နေကြသည်။ကိုယ်တိုင် ကိုင်တွယ်ကြည့်ချင်စိတ်များ ပေါ်နေကြ၏ ။
''သမီးလေး ၁၈ နှစ် ပြည့်လို့ ကျွန်မတို့ဆီ ရောက်လာတဲ့အခါ ဒီဘယက်ဟာ အကောင်းဆုံး သက်သေခံပစ္စည်း ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ ကျွန်မများ အဲဒီ အချိန်မှာ မရှိတော့ဘူးဆိုရင် ဒီဘယက်ပါလာတာနဲ့ပဲသမီးဟာ ချမ်းမြေ့ရိပ်မြုံသုခဘုံရဲ့ အဆက်အနွယ်ဆိုတာ သိသာနိုင်ပါလိမ့်မယ်။ဒါကြောင့် ဘယက်ကို အသက်နဲ့အမျှ ထိန်းသိမ်းစောင့်ရှောက်ထားပါလို့မှာ ခဲ့ပါရစေ အရီးမြနဲ့ ညီမလေးတို့ရယ်''
မနှင်းဖြူက ဘယက်ကို ဒေါ်မြလက်သို့ ကမ်းပေးရင်းမှ အလေးအနက် ပြောရှာသည်။ ဒေါ်မြက ဘယက်ကို တုန်တုန်ယင်ယင်နှင့် လှမ်းယူရင်း''စိတ်ချပါဟယ်'' ဟု ပြောလိုက်သည်။
မနှင်းဖြူက ခင်စမ်း ရင်ခွင်ထဲမှ သမီးလေးကို ခေါ်ယူလိုက်သည်။သမီးလေးကို ငုံ့၍ နမ်းရင်း ဝမ်းပန်းတနည်း ငိုချလိုက်ပါတော့၏ ။
''သြော် .နောက်ပြီး ခင်စမ်းတို့ကို အလေးအနက်ထားပြီး မှာ ခဲ့ချင်ပါတယ်။ သမီးလေးကို စာသင် ဖြစ်အောင် သင်ပေးပါကွယ်။ ကျောင်းထား ဖြစ်အောင်တော့ ထားပေးပါ ညီမရယ်''
''ဟုတ်ကဲ့''
''ဒါတော့ စိတ်ချဟေ့။ ကလေးမ အရွယ်သင့်လာတဲ့အခါကျ ဘုန်းကြီး ကိုယ်တိုင် ခေါ်သင်ပေးလိုက်ပါ့မယ်ကွယ်''
ဘုန်းကြီးက ဝင်ပြောသည်။ အတန်းကျောင်းများ မရှိသေးသော ခေတ်မို့ စာသင်လိုပါက ဘုန်းကြီးကျောင်းကိုသာ အားကိုးရလေသည်။မနှင်းဖြူက မျက်ရည်တစမ်းစမ်းနှင့် ဆက်၍ ငိုရှိုက်နေရှာသည်။အမေငိုလေတော့ သမီးလေးကပါ ဘာမသိညာမသိ ရော၍ ငိုလေသည်။
''ဟဲ့ .ဒါထက် ကလေးနာမည် က ဘယ်လိုတဲ့တုံး''
အဘိုးကြီး တစ်ယောက် က သတိတရ မေးလိုက်သည်။
''သမီးလေးအတွက် ကျွန်မ စိတ်ကြိုက်မှည့်ထားတဲ့ နာမည် လေးရှိပါတယ်''
မနှင်းဖြူက မျက်ရည်များ ကြားမှ အားယူရင်း .
''သမီးလေးအတွက် နာမည် ကတော့ ဖြူ-ဖွေး-ဖော့ ပါတဲ့ရှင်။ဖြူဖွေးဖော့လို့ ။ ကျွန်မသမီးလေးဟာ ဖြူဖွေးဖော့ ဆိုတဲ့နာမည် နဲ့ ပဲကြီးပြင်းလာပါစေရှင်''
ကြားရသူအားလုံးက သမီးလေး၏ ထူးခြားသော နာမည် လေးကိုနှစ် ခြိုက်သွားကြသည်။
အားလုံးသည် ဖြူဖွေးဖော့ဆိုသည့်နာမည် လေးကို စိတ်တွင်းမှ နှစ် ခြိုက်စွာ ရေရွက်ကြည့်နေမိကြ၏ ။
''ဖြူဖွေးဖော့ တဲ့''
''ဖြူဖွေးဖော့''
''ဖြူဖွေးဖော့''
***
(၁)
နှစ် ပေါင်းနှစ် ဆယ် ကြာသော အခါ . . .
မိန်းကလေးက အတော် ကိုလှပါသည်။
ကိုသက်ဆွေသည် မိန်းမလှလေးတွေ မြင်တိုင်း ငေးတတ်သည့်ယောက်ျား တစ်ယောက် တော့ မဟုတ်ပါ။ ဒီမိန်းကလေး ကတော့ ငေးကြည့်ချင်စရာကောင်းလောက်အောင်ကို လှလွန်းနေသည်မို့ ကိုသက်ဆွေ မပြတ်တမ်းငေးမောကြည့်မိခဲ့သည်။
မိန်းကလေးကို ဟင်္သာတဘူတာမှာ ကတည်းက ကိုသက်ဆွေ သတိထားမိခဲ့သည်။ သူမသည် ဘူတာထဲသို့ တစ်ယောက် တည်းပင် ဝင်လာခဲ့သည်။ရထားလက်မှတ်ဝယ်သည်။
ရထားပေါ်တက်အလာတွင် တော့ ကိုသက်ဆွေရှေ့ မျက်နှာချင်းဆိုင်ထိုင်ခုံမှာ အမှတ်မထင် လာထိုင်မိလျက်သား ဖြစ်နေပါ၏ ။ ရထားက အမြန်ရထားမဟုတ်သည်မို့ ထိုင်ခုံနံပါတ်မရှိ။ ကြုံရာခုံတွင် ထိုင်ရသည်။ မိမိ နှစ် သက်ရာခုံကို နေရာဦး၍ ထိုင်နိုင်လေသည်။
မိန်းကလေး သူ့ရှေ့ရောက်လာကတည်းက ကိုသက်ဆွေ ငေးကြည့်ချင်တိုင်း ကြည့်နေတော့သည်။
မိန်းကလေး ကတော့ ပတ်ဝန်းကျင်ကို သတိထားမိပုံပင် မပေါ်။ရထားထွက်ကတည်းက တစ်ယောက် တည်း တိတ်ဆိတ်စွာ တွေ တွေ ငေးငေးလေး လိုက်ပါလာရှာသည်။
မိန်းကလေးသည် ရထားရှေးရှု ခုတ်မောင်းရာဘက်သို့ မျက်နှာပြုထိုင်နေခြင်း ဖြစ်သည့်အတွက် ပြတင်းပေါက်မှ ကျော်ဝင်လာသော လေများ ကမိန်းကလေးကို တို့ထိကျီစယ်လျက်ရှိသည်။ လေပြင်းပြင်းတစ်ချက် ဝှေ့လိုက်တိုင်း မိန်းကလေး၏ ဆံပင်များ သည် မျက်နှာပေါ် တစ်စွန်းတစ်စ အုပ်၍ သွားတတ်၏ ။ ထိုအခါများ တွင် မိန်းကလေးသည် စိတ်ညစ်ညူးဟန်ဖြင့် ဆံပင်များ ကို ဖယ်ရှားပစ်တတ်လေသည်။
ရထားက နှေးကွေးစွာ ပင် ခပ်မှန်မှန် ခုတ်မောင်းနေ၏ ။
ဤဒေသသည် မိန်းကလေးအဖို့ အသစ်အဆန်း ဖြစ်နေသည်။မြစ်ဝကျွန်းပေါ်ဒေသသို့ ယခင်က တစ်ကြိမ်မျှ မရောက်ဖူးခဲ့ပေ။ မိန်းကလေးနေထိုင်ခဲ့ရာ မြေလတ်ဒေသနှင့် ကွာခြားသော ရှုခင်းများ က စိတ်ဝင်စားစရာပါပဲ။
သို့သော် မိန်းကလေးက ရှုခင်းသစ်များ အပေါ်မှာ စိတ်ပျော်မွေ့မနေနိုင်အား။ ယခုတိုင် သူမကို အနှောက်အယှက်ပေးနေသော အတွေးများ က ခြောက်လှန့်လျက်ရှိသည်။
ဒေသစိမ်းမှ မျက်နှာစိမ်းများ အလယ်သို့ သွားနေသော ဤခရီးကသူမအတွက် အဆင်မှပြေပါ့မလား။
မမျှော်လင့်သော ဖြစ်ရပ်များ သည် မိန်းကလေးဘဝတွင် ဖြစ်ခဲ့ရ၏ ။
''တကယ်တော့ အမေဟာ သမီးရဲ့ အမေအရင်း မဟုတ်ဘူး'' ဆိုသော စကားကို အမေ့နှုတ်မှပြောခဲ့စဉ်က မိန်းကလေး မယုံကြည်နိုင်ခဲ့ပေ။အံ့သြခဲ့ရသည်။ အမေသည် အလွန်တရာ မမာမကျန်း ဖြစ်နေချိန်တွင် ကျီစယ်သည့်စကားမျိုးတော့ မပြောတန်ရာ။
အမေသည် ထိုအချိန်မှစ၍ အိပ်ရာထဲလဲခဲ့သည်မှာ သေသည်အထိပင်။
ဤလောကတွင် သူမအတွက် အချစ်ဆုံး၊ အားအထားရဆုံးမှာ အမေသာ ဖြစ်သည်။ ဖြူဖွေးဖော့အတွက် မေမေဒေါ်ခင်စမ်းသည်သာ အားကိုးရာ၊ ချစ်ခင်ရာ မဟုတ်ပါလား။
အမေ့ထံမှ ဒီလိုစကားမျိုးကြားရတော့ ဖြူဖွေးဖော့ မယုံကြည်နိုင်ပေ။ သူ့အပေါ်မှာ ချစ်မြတ်နိုးစွာ ဂရုတစိုက်နဲ့ စေတနာထား ပြုစုယုယခဲ့သော အမေသည် အမေအရင်းသာ ဖြစ်ရပေမည် ။ မွေးစားအမေသည် မွေးစားသမီးအပေါ် ဤမျှချစ်ခင် စေတနာထားယုယမည် မဟုတ်ဟု ဖြူဖွေးဖော့ထင်သည်။
သို့သော် အ ဖြစ်မှန်များ ကတော့ ဖုံးကွယ်လို့မရခဲ့ချေ။ဒေါ်ခင်စမ်းသည် အိပ်ရာပေါ်လဲနေသည့် ကာလတစ်လျှောက် ဖြူဖွေးဖော့အား နောက်ကြောင်းပြန်ပြခဲ့သည်။
လွန်ခဲ့သည့်နှစ် ပေါင်းနှစ် ဆယ်နီးပါးခန့်က အောင်လံမြို့နယ်၊ သမ္ဘူလရွာသို့ မိုးသည်းထန်သည့် တစ်နေ့တွင် ရောက်လာခဲ့သည့် မနှင်းဖြူ အမည် ရှိမိန်းမ တစ်ယောက် ၏ ဇာတ်ကြောင်း။
ပြီးတော့ မနှင်းဖြူပေးထားခဲ့သည့် သမီးလေး ဖြူဖွေးဖော့။ဖြူဖွေးဖော့ မယုံချင်။
ဖြူဖွေးဖော့ လူမှန်းသိတတ်စကတည်းက ယုံမှတ်လာခဲ့သည်မှာ မေမေသည် ဒေါ်ခင်စမ်း၊ ဖေဖေသည် ဦးဘမောင်။
လွန်ခဲ့သည့်လေးနှစ် က သေဆုံးခဲ့ပြီး ဖြစ်သော ဖေဖေဦးဘမောင်ကိုလည်း အဖေအရင်းဟု ယုံကြည်စွာ ချစ်ခဲ့ရသည်ပင်။ ဖေဖေ ဖြူဖွေးဖော့ကိုချစ်ပုံကလည်း အခြားဖခင်များ ထက်ပင် ပိုဦးမည် ပင်။
ဒီလိုမိဘများ ရဲ့ ကြီးမားသော မေတ္တာများ ကြောင့် မေမေ ပြောခဲ့သော အကြောင်းများ ကို မယုံနိုင်ခဲ့ခြင်း ဖြစ်သည်။
''မေမေဟာ သမီးကိုမွေးစားခဲ့တယ် ဆိုပေမဲ့ တကယ့်သမီးအရင်းနဲ့မခြား ချစ်ခဲ့တယ်ဆိုတာတော့ ယုံပါကွယ်။ သမီးရဲ့ ဖေဖေဟာလည်း သမီးကိုမွေးစားခဲ့တယ်လို့တောင် သဘောမထားဘဲ သမီးအရင်းလေးလို ချစ်ခဲ့တာသမီးအသိပဲ မဟုတ်လား''
ဖြူဖွေးဖော့အဖို့တော့ ဤစကားများ သည် ခါးသီးလှပါသည်။
''ဟိုး .သမီးငယ်ငယ်က မေမေတို့ အောင်လံမြို့မှာ နေခဲ့တာကိုသမီး မှတ်မိတယ်နော်''
''မှတ်မိပါတယ် မေမေ''
''သမီးရဲ့ အမေအရင်း မနှင်းဖြူဟာ သမီးကို ငွေသုံးထောင်နဲ့အတူအပ်ထားခဲ့ပြီးနောက်ပိုင်းမှာ မေမေတို့ဟာ သမ္ဘူလရွာကနေ အောင်လံမြို့ပေါ်ကို ပြောင်းခဲ့ကြတယ်။ အဲဒီ တုန်းက သမီးရဲ့ အဘွားလည်း မသေသေးဘူး။အောင်လံမြို့ကိုရောက်မှ သမီးဖေဖေ ကိုဘမောင်နဲ့ မေမေတို့ အကြောင်းပါကြတာ''
''ကိုဘမောင်ကရော၊ မေမေကပါ သမီးကိုဝမ်းနဲ့ လွယ်မွေးရသလိုချစ်ခဲ့တယ်ဆိုတာ ယုံပါကွယ်။ ဒီအကြောင်းတွေ ကို မေမေ ပြန်မပြောချင်ပါဘူး။မ ဖြစ်သာလို့သာ ရင်နာနာနဲ့ပြောရတာ သမီး။ မေမေတို့ အောင်လံမြို့ကနေဒီမြို့ကို ပြောင်းလာတာ ဘာ ဖြစ်လို့လဲ သိလား။ သမီးလေးကို ချစ်လွန်းလို့ကွယ့်''
လက်ရှိ ဖြူဖွေးဖော့တို့ နေထိုင်နေသည့်မြို့ကလေးမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ ကံမ မြို့ကလေး ဖြစ်ပါသည်။
''ကိုဘမောင်နဲ့မေမေတို့မှာ သားသမီး မရနိုင်ခဲ့ဘူး။ ဒီတော့ မွေးစားထားတဲ့ သမီးလေးကိုပဲ ချစ်ခဲ့ရတာ ပေါ့ကွယ်။ သမီးလေးကို ချစ်လွန်းတော့မေမေတို့ဟာ တစ်ချိန်ချိန်မှာ သမီးရဲ့ အမေအရင်း မနှင်းဖြူလက်ထဲ ပြန်ထည့်လိုက်ရမှာ စိုးရိမ်လာတယ်။ သမီးကို အမေအရင်း လက်ထဲပြန်မပေးချင်တော့ဘူး။
''နောက်ပြီး အောင်လံမှာ နေရတာ က သမ္ဘူလနဲ့ အမြဲအဆက်အသွယ် ရှိနေတယ်ကွယ့်။ မနှင်းဖြူက တစ်ရွာလုံးရှေ့မှာ သမီးကို အပ်ခဲ့တာမဟုတ်လား။ဒီတော့ သမီးဟာ မေမေတို့ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာကိုအဲဒီ နယ်တစ်ဝိုက်က သိနေကြတာပေါ့။
''သမီးအရွယ်ရောက်လာတဲ့အခါ ဒီမိဘနှစ် ပါးဟာ အဖေရင်း အမေရင်း မဟုတ်ဘူးဆိုတာကို သမီးသိသွားမှာ ကြောက်လာခဲ့ကြတယ်။ သမီးလေး အချစ်လျော့သွားမှာ ကို စိုးရိမ်မိတာပေါ့ကွယ်။ ဒါနဲ့ပဲ သမီးရဲ့ အမေအရင်းက ပြန်ဆက်သွယ်ရင်လည်း မသိရအောင် မွေးစားမှန်းသိတဲ့ ပတ်ဝန်းကျင်ကလည်း ဝေးအောင်ဆိုပြီး ဟောဒီကံမမြို့ကို ပြောင်းလာခဲ့ကြတာပဲသမီး''
တန်ခိုးသာရှိလျှင် ဤ ဖြစ်ရပ်များ ကို ပြုပြင်ပစ်လိုက်ချင်သည်။ပြောင်းလဲပစ်လိုက်ချင်သည်။ ဖြူဖွေးဖော့တစ်သက်မှာ ဒီအကြောင်းတွေ သိရတာထက် စိတ်ဆင်းရဲတာ မရှိတော့။
''ခုတော့ မ ဖြစ်တော့ဘူး။ သမီးကို သမီးရဲ့ အမေအရင်းဆီ ပြန်ပို့မှ ဖြစ်တော့မယ်''
''အို .မသွားဘူး .မသွားဘူး''
''ဘယ် ဖြစ်မလဲသမီး။ မေမေ မရှိတဲ့နောက်ပိုင်းမှာ သမီး ဘယ်သူနဲ့နေမလဲ''
''အို .မေမေက ဘာလို့မရှိရမှာ လဲ''
''မေမေ့ဟာမေမေ သိတာပေါ့ သမီးရယ်။ ရောဂါ က ကျွမ်းလှပြီကော''
''ဟင့်အင်း .မေမေ မသေပါဘူး။ မသေပါဘူး''
''လောကမှာ ဖြစ်ချင်တိုင်း မ ဖြစ်ရပါဘူးကွယ်။ နားထောင်စမ်းသမီး။ သမီးကို ဒီအကြောင်းတွေ ဖွင့်မပြောခင်ကတည်းက မေမေအားလုံးစီစဉ်ခဲ့ပြီးပြီ။ သမီးအမေ မနှင်းဖြူဆီကို မေမေ စာရေး ဆက်သွယ်ခဲ့တယ်။သူပေးသွားတဲ့ လိပ်စာအတိုင်း သူ ရှိနေတုန်းပဲ''
''ဟင် .''
ကိုယ့်ကိုမွေးထုတ်ခဲ့တဲ့ အမေအရင်း တစ်ယောက် ဟာ တစ်နေရာမှာ တကယ် ရှိနေသေးတယ်ဆိုတာ သိလိုက်ရတော့ ဖြူဖွေးဖော့ တုန်လှုပ်သွားသည်။
''သူ .သူ .ဘယ်မှာ လဲဟင်''
''ဒီစာကိုဖတ်ကြည့် သမီး။ မနှင်းဖြူ ရေး လိုက်တဲ့စာတော့ မဟုတ်ဘူး။ မနှင်းဖြူရဲ့ ညွှန်ကြားချက်အရ သူ့ခင်ပွန်း ရေး လိုက်တဲ့စာ''
မေမေအိပ်ရာအောက်က ထုတ်ယူပေးတဲ့စာကို ဖြူဖွေးဖော့ အံ့သြတကြီး လှမ်းယူလိုက်သည်။ ဖွင့်ကြည့်လိုက်ရာ ရှေးဆန်သော လက်ရေး နှင့် စာတစ်စောင် ထွက်လာ၏ ။
ဒေါ်ခင်စမ်း ခင်ဗျာ
ဒေါ်ခင်စမ်း ပေးပို့လိုက်သည့်စာကို ကောင်းမွန်စွာ ပင် လက်ခံရရှိပါသည်။
ကျွန်တော် သည် မနှင်းဖြူ၏ ခင်ပွန်း ဘသော် ဖြစ်ပါသည်။ဤစာကို မနှင်းဖြူဆန္ဒအရ သူမကိုယ်စား ကျွန်တော် ကပင် ရေး သားပြန်ကြားလိုက်ပါသည်။
ဒေါ်ခင်စမ်းထံမှ ဆက်သွယ်လာလိမ့်မည့် ဟု မနှင်းဖြူ တစ်ယောက် လုံးဝ မမျှော်လင့်တော့ပါ။ အကြောင်းမှာ လွန်ခဲ့သည့်ငါးနှစ် လောက်က အောင်လံမြို့နယ်၊ သမ္ဘူလရွာသို့ စာရေး ဆက်သွယ်ကြည့်ရာ ဒေါ်ခင်စမ်းတို့ ၄င်းရွာမှ ပြောင်းရွှေ့သွားသည်မှာ ကြာပြီ ဖြစ်ကြောင်း သိရပါသည်။
ထို့ကြောင့် သူမ၏ သမီးလေးနှင့် ပတ်သက်၍ သိပ်မျှော်လင့်ချက် မထားတော့ကြောင်း မနှင်းဖြူက ပြောဖူးပါသည်။ဒေါ်ခင်စမ်းထံမှ စာကို ပြီးခဲ့သည့်အပတ်က ရမှသာ မနှင်းဖြူ တစ်ယောက် ဝမ်းသာအားရရှိနေပါ၏ ။ ဒေါ်ခင်စမ်းတို့ ကံမမြို့ ပြောင်းသွားကြောင်းကိုလည်း ထိုအခါမှ သိရပါသည်။
သမီးလေးဖြူဖွေးဖော့လည်း သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေသည်ဆို၍ ဝမ်းသာနေပါသည်။ သမီးလေးမှာ ဆယ်တန်းစာမေးပွဲကိုပင် ဖြေဆိုထားပြီဆို၍ ဤအခြေအနေ ရောက်အောင် ပြုစုခဲ့သည့်ဒေါ်ခင်စမ်း၏ ကျေးဇူးကိုကား စာဖြင့် ရေး ပြရန်ပင် မထိုက်တော့ပါ။ကျွန်တော် နှင့် မနှင်းဖြူလည်း လက်ထပ်ခဲ့ပြီးချိန်မှစ၍ သားသမီးတစ်ဦးမျှ မထွန်းကားခဲ့ပါ။ ဟိုယခင် မနှင်းဖြူ ဖြစ်ပျက်ခဲ့သမျှကိုလည်းသူမ ပြောပြထား၍ အားလုံးသိပြီးပါပြီ။ ကျွန်တော် အနေနှင့် လည်းခွင့်လွှတ်ပါသည်။
ထို့ကြောင့် ကျွန်တော် လည်း သမီးလေးဖြူဖွေးဖော့ကို မမြင်ခင်ကပင် ချစ်နေမိပါပြီ။ သမီး တစ်ယောက် ရတော့မည် ဟူ၍ ဝမ်းသာမိပါသည်။ မနှင်းဖြူကား ပြောဖွယ်ရာ မရှိတော့ပါ။
သို့သော် သမီးလေး၏ ဓာတ်ပုံလေးတစ်ပုံတော့ ဒေါ်ခင်စမ်းထည့်ပေးလိုက်ဖို့ ကောင်းပါသည်။ သတိမေ့လျော့သွားသည်ဟုပဲ ထင်ပါသည်။ မနှင်းဖြူ ကတော့ တဖျစ်တောက်တောက် ပြောမဆုံးတော့။
ကျွန်တော် တို့နှစ် ဦးစလုံးလည်း သမီးလေးဖြူဖွေးဖော့ကို တွေ့ ချင်လွန်း၍ လာလိုသော်လည်း ကျန်းမာရေး မကောင်းကြပါ။အိမ်မှာ လည်းလူခွဲမရှိပါ။ ဒေါ်ခင်စမ်း လာပို့နိုင်ပါက ပို့စေလိုပါသည်။စာပြန်ရေး ပါဦး။
လာမည် ဆိုပါက လမ်းစရိတ် တင်ပို့လိုက်ပါမည် ။သမီးလေးအား တွေ့ ချင်လှပြီ ဖြစ်၍ အမြန်လာစေလိုပါသည်။မနှင်းဖြူ တစ်ယောက် မကျန်းမာပြီး အတန်အားနည်းနေပါ၍ ကိုယ်တိုင်စာမရေး နိုင်သည်ကို ခွင့်လွှတ်စေလိုပါသည်။ဤစာရလျှင် အကျိုးအကြောင်း စာပြန်ပါဦးခင်ဗျား။
ဒေါ်ခင်စမ်း၏ မေတ္တာစေတနာအား လေးစားစွာ ဖြင့်
ဘသော်
ချမ်းမြေ့ရိပ်မြုံ သုခဘုံ
ကျောင်းကုန်းမြို့
ဧရာဝတီတိုင်း။
***
မီးရထားက မှန်မှန်ခုတ်မောင်းနေသည်။
လယ်ကွင်းများ ကို ဖြတ်၍ တိုက်လာသော လေက အေးမြနေ၏ ။ဖြူဖွေးဖော့က အနွေးထည်လေးကို ရင်ဘတ်စေ့ကာ ကြယ်သီးတပ်ထားလိုက်သည်။ ရထားပြတင်းမှ ကျော်မြင်နေရသော လယ်ကွင်းပြင်များ က အပြန့်အပြောကျယ်လှပါသည်။ စပါးပင်တို့ဖြင့် စိမ်းလန်းစိုပြည်နေသည်။ လေထဲမှာ ယိမ်းနွဲ့နေကြသည်။
ခပ်လှမ်းလှမ်းက လယ်ကွက်ထဲမှာ တော့ ကောက်စိုက်သမတစ်စုခမောက်ကိုယ်စီဆောင်းကာ ကောက်စိုက်နေသည်ကို မြင်ရ၏ ။ ဒီရှုခင်းများ ကိုမြင်တော့ ထွေပြားနေသော ဖြူဖွေးဖော့စိတ်များ ပြန်လည်လန်းဆန်းလာသည်။
မီးရထားထဲမှာ တော့ လူတွေ က များ ပြားလှချေ၏ ။ ပြည့်ကျပ်နေသည်။ အလယ်လမ်းမ ကြမ်းပြင်ပေါ်တွင် ပင် ထိုင်နေသူအချို့ရှိသည်။ ထိုင်ခုံလက်တန်းများ ပေါ်မှာ လည်း ကပ်ကပ်သပ်သပ် ထိုင်နေကြသေးသည်။ လမ်းပန်းဆက်သွယ်ရေး ခေါင်းပါးသော ဒေသ ဖြစ်ပုံရ၏ ။
ရထားသည် ဘူတာငယ်တစ်ခုမှာ ခေတ္တရပ်သည်။
ဘူတာအမည် ကို ဖတ်ကြည့်လိုက်တော့ 'နိဗ္ဗာန်'တဲ့။
ဖြူဖွေးဖော့ ယခုဦးတည်သွားနေသည် ကတော့ ကျောင်းကုန်းမြို့ကချမ်းမြေ့ရိပ်မြုံ သုခဘုံ ဆိုသည့်အိမ်ကြီးဆီသို့ ဖြစ်သည်။ ချမ်းမြေ့ရိပ်မြုံသုခဘုံသည် အမည် နှင့် လိုက်စွာ ချမ်းသာသုခကို ပေးစွမ်းနိုင်ပါမည် လား။မိခင်ရင်းဆိုသော မိခင်အသစ်ထံမှ မေမေဒေါ်ခင်စမ်းထက် ပိုသော မေတ္တာကို ရနိုင်ပါမည် လား။
ဒီလိုဆိုတော့ တမလွန်ဘဝက မေမေဒေါ်ခင်စမ်းကို ဖြူဖွေးဖော့သတိရပြန်ပါသည်။ ဒေါ်ခင်စမ်းသည် မွေးစားအမေ ဆိုသော်လည်း ဖြူဖွေးဖော့အပေါ် ချစ်သည့်အချစ် ကတော့ တုနှိုင်းရန်ပင် ခက်ခဲပါသည်။ အမေအသေစောသည်။ အမေ့အသက် လေးဆယ်ကျော်ပဲ ရှိသေးသည်။ အမေသာမသေခဲ့လျှင် ဖြူဖွေးဖော့ ဤခရီးကို လာစရာမလိုပါ။
ဖြူဖွေးဖော့ ဆယ်တန်းအောင်တာကိုတော့ မေမေ သိသွားရှာသည်။မေမေမဆုံးခင်မှာ ပင် အောင်စာရင်းတွေ ထွက်ခဲ့၏ ။ မေမေ အရမ်းဝမ်းသာရှာသည်။
''အဲဒါကြောင့် ပြောတာပေါ့။ သမီးအမေအရင်းဆီ ပြန်ပါ။ သမီးဒီမှာ ဆက်နေရင် စီးပွားရေး အခက်အခဲကြောင့် တက္ကသိုလ်ဆက်တက်ဖို့ ခဲယဉ်းသွားပြီ။ သမီးအမေ ဒေါ်နှင်းဖြူတို့က သိပ်ချမ်းသာတာတဲ့။ သမီးလေးပျော်မှာ ပါကွယ်။ သူတို့ကလည်း မျှော်နေကြရှာပြီ။
''မနှင်းဖြူကို သမီးမမြင်ဖူးသေးလို့သာပါကွယ်။ သမီးတွေ့ ရင် သိပ်ချစ်မှာ ။ သိပ်ခန့်ညားတဲ့ မိန်းမချောကြီးပေါ့။ အသား ကတော့ သိပ်မဖြူဘူး။သမီးလောက် မဖြူဘူး။ အသားညိုညို ထောင်ထောင်မောင်းမောင်းပဲ။ ကျက်သရေကလည်း ရှိပါ့။ အဲ .သူ့မှာ ထူးခြားတာက နဖူးကမှည့်ကြီးကွယ့်။မှဲ့နက်ကြီးတစ်လုံးဟာ နဖူးပေါ်မှာ တင်ထားသလိုကို ရှိနေတာ။ အဲဒါကိုကသူများ နဲ့မတူတဲ့ ဆွဲဆောင်မှု တစ်မျိုးပဲ။ မေမေနဲ့ လေးငါးရက်လောက်ပဲ အတူနေခဲ့ဖူးပေမဲ့ မမေ့နိုင်ပါဘူးကွယ်''
ထို့နောက်ပိုင်းရက်များ ဝယ် မေမေ့အခြေအနေမှာ ဆိုးဝါးလာခဲ့သည်။ ဆွေမျိုးသားချင်းမရှိသော ဖြူဖွေးဖော့အဖို့ အားငယ်စရာပင်။
ဒေါ်ခင်စမ်း ကွယ်လွန်ပြီးနောက် ဖြူဖွေးဖော့ မိခင်ရင်းထံသွားဖို့ဆုံးဖြတ်လိုက်ရသည်။ ဆွေမျိုးမရှိ တစ်ကောင်ကြွက် မိန်းကလေးမှာ အပျိုအရွယ်လေးလည်း ဖြစ်နေသေးသည်မို့ တစ်ယောက် တည်း နေဖို့ မသင့်တော် ချေ။
ပြီးတော့ မမြင်ဖူးသေးသည့်မိခင်ရင်းတွင် အခြားသားထောက်သမီးခံ မထွန်းကားဘူးဆိုတော့ သူမအတွက် ရင်အေးစရာပင်။
ဒီလိုနဲ့ပဲ ဒေါ်နှင်းဖြူရှိရာ ကျောင်းကုန်းမြို့သို့ စာရေး အကြောင်းကြားလိုက်ရာ အမြန်ဆုံးလာခဲ့ဖို့ အကြောင်းပြန်ခဲ့သည်။
မိခင်ရင်းဆိုသူကို အားကိုးစွာ ဖြင့် ဒီခရီးကို ဖြူဖွေးဖော့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကံမက အိမ်ကလေးကိုတော့ အိမ်နီးချင်းများ ကိုအပ်ကာ သော့ ပိတ်ထားခဲ့ရ၏ ။ နောက်မှ ရောင်းချဖို့ ဖြစ်စေ စီစဉ်ရတော့မည် ။
ဒေါ်ခင်စမ်းသည် ဖြူဖွေးဖော့အတွက် ဤအိမ်လေးတစ်လုံးမှလွဲ၍ ဘာအမွေအနှစ် မျှ မထားနိုင်ခဲ့ပါ။ ဖခင်ဦးဘမောင် ဆုံးပြီး မုဆိုးမဘဝဖြင့် ရုန်းကန်ခဲ့ရသော ဒေါ်ခင်စမ်းသည် ကွယ်လွန်ချိန်တွင် ငွေသား ၃၅ဝ သာကျန်ရစ်ပါ၏ ။
သို့သော် ဒေါ်ခင်စမ်း သစ္စာရှိခဲ့သည်။
မည် မျှငွေကြေးကျပ်တည်းပေစေ မနှင်းဖြူပေးခဲ့သည့် ဘယက်ကြီးကို ပေါင်နှံခြင်း၊ ရောင်းချခြင်း မပြုခဲ့ပါ။။
ဒေါ်ခင်စမ်း မဆုံးပါးမီ တစ်ပတ်ခန့်ကပင် ဖြူဖွေးဖော့အား ထိုဘယက်ကြီးကို ထုတ်ပေးခဲ့ပါသည်။ ဤဘယက်သည် ဖြူဖွေးဖော့အား ဒေါ်နှင်းဖြူ၏ သမီး ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်သည့် တစ်ခုတည်းသော သက်သေခံပစ္စည်း ဖြစ်သည်။
ဤဘယက်ကြီးကို ငယ်စဉ် နားထွင်းမင်္ဂလာပြုတုန်းက တစ်ကြိမ်သာ ဖြူဖွေးဖော့ ဝတ်ခဲ့ဖူးသည်။ သို့သော် အမှတ်မထင်သာရှိခဲ့၏ ။ ယခုမှဘယက်ပေါ်မှ လူဦးခေါင်းပုံမှာ မိမိအဘိုး ဦးသုခပုံဆိုတာ သိရတော့သည်။ချမ်းမြေ့ရိပ်မြုံသုခဘုံသို့ ရောက်သည့်အခါ ဤဘယက်ကို ပြရမည် ။ဒေါ်နှင်းဖြူကလည်း ဘယက်ကို တစ်ပါတည်းယူခဲ့ရန် စာထဲတွင် သတိပေးထား၏ ။
မေမေဒေါ်ခင်စမ်း ပေးခဲ့သည့်ပစ္စည်းတစ်ခု ရှိသေးသည်။ တစ်ထွာခန့် ရှိသည့် သစ်သားဘူးကလေး။ အလုံပိတ်ထားသော ဘူးကလေး ဖြစ်ပါသည်။ ဘူးကလေးကို ဖွင့်လိုလျှင် သစ်သားများ ကို အပြီးဖျက်ဆီးပြီးမှ ဖွင့်ရပေမည် ။
''ဒီဘူးကလေးပာာ သမီးအတွက် မေမေ့ရဲ့ တစ်ခုတည်းသော အမွေပဲ။ ဒီဘူးကလေးထဲမှာ ဘာပစ္စည်းပါတယ်ဆိုတာကိုတော့ မေမေ မပြောတော့ဘူး။ သမီးလည်း မသိချင်ပါနဲ့ဦး။ သမီး မေမေ့ကို ကတိတစ်ခုပေး''
''ဘာများ လဲ မေမေရယ်''
''ဒီဘူးကလေးကို မေမေ ခွင့်ပြုတဲ့အချိန်ကျမှ ဖွင့်ကြည့်မယ်ဆိုတဲ့ကတိလေ''
''ရှင် .''
''မေမေ သေပြီးတဲ့နောက်ပိုင်းလည်း သမီး ဒီဘူးလေးကို ဖွင့်မကြည့်နဲ့ဦး။ သမီး ဘွဲ့ရပြီးတဲ့အချိန်၊ အိမ်ထောင်ကျပြီးတဲ့အချိန်၊ ကုန်ကုန်ပြောရရင်ကွယ် သမီးဘဝလုံးဝအေးချမ်းငြိမ်သက်သွားတဲ့ အချိန်ကျမှ ဖွင့်ကြည့်ပါ့မယ်ဆိုတဲ့ ကတိပဲ''
'ဒီဘူးထဲမှာ ဘာများ ပါလို့လဲ မေမေရယ်''
''အဲဒါက လျှို့ဝှက်ချက်ပေါ့ကွယ်။ ဒီဘူးထဲမှာ ဘာပါတယ်ဆိုတာကိုလောလောဆယ် သမီး မသိစေချင်လို့ပေါ့။ ဒါ့ကြောင့် သမီးဘွဲ့ရလို့ အလုပ်တွေ ဘာတွေ လုပ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အချိန်ကျမှ ဒီဘူးလေးကို ဖွင့်စေချင်တာ''
''သမီး ကတိပေးပါတယ် မေမေရယ်''
''အေး .ကတိတည်ပေစေနော်။ အဲ .အဲ .ဒီဘူးလေးကို သမီးကိုမေမေက ပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း သမီး ဘယ်သူ့ကိုမျှအသိပေးမထားနဲ့။ ဘူးလေးကို ဖွင့်ကြည့်ဖို့အချိန်အခါကျရင်လည်း သမီး တစ်ယောက် တည်း ဘယ်သူမျှမရှိတဲ့နေရာမှာ ဖွင့်ကြည့်။ ယုတ်စွအဆုံးကွယ်အဲဒီ အချိန်မှာ သမီး အိမ်ထောင်ရက်သားကျနေပြီဆိုရင်တောင် သမီးရဲ့ အချစ်ဆုံးခင်ပွန်းကို မသိစေနဲ့ကွယ်''
''စိတ်ချပါ မေမေရယ်။ မေမေ့စကားကို သမီး အမြဲနားထောင်ခဲ့တာပဲဟာကို''
မေမေ့လုပ်ရပ်တွေ က ပပောဠိဆန်လှသည်။ ဖြူဖွေးဖော့ ကတော့မကျန်းမာသော မိခင်ကြီးစိတ်ချမ်းသာစေရန် ကတိတွေ အထပ်ထပ် ပေးခဲ့ပါသည်။ ဘူးနက်ကလေးကိုလည်း လုံလုံခြုံခြုံ သိမ်းဆည်းထားခဲ့သည်။ယခုလည်း ယင်းဘူးနက်ကလေးကို ကိုယ်နှင့် မကွာ ယူဆောင်လာခဲ့ပါသည်။
***
အတွေးထဲမှာ ချည်း နစ်မျောနေလို့ မ ဖြစ်သေး။ ဆင်းရမယ့် ဘူတာကျော်ပါသွားမှာ စိုးရသည်။ အသုတ် ဆိုတဲ့ဘူတာမှာ ဆင်းရမှာ တဲ့။ဖြူဖွေးဖော့က ဘေးက အဘွားကြီးကို ကြည့်လိုက်သည်။ အိပ်ငိုက်နေ၏ ။ မျက်နှာချင်းဆိုင်ခုံက အဒေါ်ကြီးကလည်း တစ်ဖက်လူနှင့် လှမ်းစကားပြောနေသည်။ မျက်နှာချင်းဆိုင်ခုံမှ လူရွယ်ကိုသာ မေးရပါတော့၏ ။
''အသုတ်ဘူတာကိုရောက်ဖို့ နီးပြီလားရှင်''
မိန်းကလေးက ရုတ်တရက် စကားပြောလိုက်၍ ကိုသက်ဆွေကြောင်သွားသည်။
''ပာုတ်ကဲ့ .အဲ .လိုပါသေးတယ် ခင်ဗျ။ နောက်တစ်နာရီလောက်ကြာမှ အသုတ်ကို ရောက်မှာ ''
စကားက အယောင်ယောင် အမှားမှား ဖြစ်သွားလိုက်သေးသည်။
သူမက 'သြော်' ဆိုကာ ပြတင်းပေါက်မှ အပြင်သို့ ဆက်၍ ငေးကြည့်နေပြန်၏ ။ကိုသက်ဆွေသည် သူစိတ်ဝင်စားမိသည့် မိန်းကလေးကစကားစပြောပါလျက် စကားဝိုင်းဆက်မ ဖြစ်လိုက်သည်ကို မချင့်မရဲ ဖြစ်သွားမိသည်။ခဏကြာတော့ .
''တံခါးလေး ပိတ်လို့ရမလားပာင်။ ကျွန်မ ချမ်းလို့ပါ''
''သြော် .ရပါတယ်ခင်ဗျာ။ ပိတ်ပါ''
ဖြူဖွေးဖော့က အပေါ်အံထဲသို့ထိုး၍ ပင့်တင်ထားသည့် ရထားပြတင်း တံခါးကို ထ၍ ပိတ်လိုက်သည်။
တံခါးပေါင်ကကျပ်နေပါ၍ တံခါးရွက်က တော် တော် နှင့် ကျမလာ။
''ပေး .ပေး .ကျွန်တော် လုပ်ပေးမယ်။ ရပါတယ်။ ထိုင် နေပါ''
ကိုသက်ဆွေက အမြင်မတော် ၍ ထပြီးကူညီပေးလိုက်သည်။ပြတင်းတံခါးမှာ အတော် ပင်ကျပ်နေပါ၍ လက်ဖြင့် ရိုက်ချရ၏ ။အပေါ်မှ လက်သီးနှင့် ထုပြီး ကျန်လက်တစ်ဖက်ဖြင့် အောက်သို့ ဆွဲချလိုက်သည့်အခါ .
''အား .''
တံခါးရွက်က အရှိန်ဖြင့် ကျလာပြီး ကိုသက်ဆွေ၏ ဘယ်ဘက်လက်ကို ပြတင်းပေါင်နှင့် ညပ်သွားစေပါတော့၏ ။
''ပောာ .တံခါးညပ်သွားတယ်။ မှန်း .ဘာ ဖြစ်သွားလဲဟင်''
ဖြူဖွေးဖော့က ကိုသက်ဆွေလက်ကို မဝံ့မရဲကိုင်ရင်း စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
''ပာယ် .ညိုသွားတယ်''
''ကိစ္စမရှိပါဘူး။ မနာပါဘူး''
''ကြည့်စမ်း .ဖြူ့ကြောင့် .ဖြူ့ကို တံခါးပိတ်ပေးလို့''
''မပာုတ်တာဗျာ''
''ပရုပ်ဆီလိမ်းထားနော်''
''ရပါတယ်''
''တော် ကြာ ရောင် လာမယ်''
ဖြူဖွေးဖော့က သူမ၏ စလင်းဘက်အိတ်ထဲမှ ပရုပ်ဆီဘူးကို ရှာယူလိုက်သည်။ ကိုသက်ဆွေလက်ကို အသာအယာ ပွတ်ပေးလိုက် ၏ ။
''ညီမက အသုတ်ကိုသွားမှာ လား။ ကိုယ်လည်း အသုတ်မှာ ဆင်းမှာ ''
ဒီတစ်ခါတော့ စကားဆက်မပြတ်အောင် ကိုသက်ဆွေကပင် စ၍ ရောလိုက်သည်။
''ပာုတ်လား .ဖြူက ဒီဘက်ပိုင်းကို မရောက်ဖူးဘူးလေ။ အသုတ်ကနေ ကားပြောင်းစီးရဦးမယ်လို့ ပြောပါတယ်။ ဟုတ်တယ် မဟုတ်လားပာင်။ကျောင်းကုန်းကို ကားတစ်ဆင့်စီးရဦးမှာ မဟုတ်လား''
''သြော် .ကျောင်းကုန်းကိုသွားမှာ လား။ ကိုယ်လည်း ကျောင်းကုန်း အထိသွားမှာ ''
ကိုသက်ဆွေက ဝမ်းသာအားရပြောလိုက်သည်။အသုတ်မှာ အိမ်ကကားလာကြိုနေမည် မို့ မိန်းကလေးကို ကျောင်းကုန်းရောက်သည်ထိ ကူညီနိုင်ပေတော့မည် ။
''သြော်.ခရီးချင်းတူနေပြီ။ ဝမ်းသာစရာပဲ။ ဖြူ့အတွက် အဖော်ရတာ ပေါ့ရှင်။ ဒီကအစ်ကိုက ကျောင်းကုန်းမှာ နေတာလားပာင်''
''ပာုတ်ပါတယ်။ အိမ်မှာ က ဈေးဆိုင်ရှိတယ်လေ။ ခုလည်း ပာင်္သာတကနေ ကုန်ဝယ်ပြီး ပြန်လာတာ''
ကိုသက်ဆွေက ကြမ်းပြင်ပေါ်မှ အထုပ်အပိုးများ ကို ညွှန်ပြရင်းပြောလိုက်သည်။
''ကျောင်းကုန်းမှာ နေတာဆိုတော့ ဖြူသွားမယ့်နေရာကိုများ သိမလား မသိဘူး''
''ဒီက ညီမက ဘယ်ကိုသွားမှာ လဲ''
''ချမ်းမြေ့ရိပ်မြုံ သုခဘုံတဲ့''
''ပာင်''
ကိုသက်ဆွေ အံ့သြသွားရသည်။ ဒီသူငယ်မ ချမ်းမြေ့ရိပ်မြုံနဲ့ ဘယ်လိုများ ပတ်သက်ပါလိမ့်။
''သိ .သိပါတယ်။ ချမ်းမြေ့ရိပ်မြုံကို သိပါတယ်။ ပာို .ဒီကညီမက .သြော် .ကိုယ့်နာမည် က သက်ဆွေပါ။ မှတ်ထားပါ''
''ပာုတ်ကဲ့ .ဖြူ့နာမည် အပြည့်အစုံက ဖြူဖွေးဖော့ပါ''
''ဗျာ .ဖြူ .ဖွေး .ဖော့''
''ဘာ .ဘာ ဖြစ်လို့လဲရှင်''
''ဘာမှမ ဖြစ်ပါဘူး။ ညီမနာမည် က ဆန်းလို့ အံ့သြသွားတာပါ''
မြတ်စွာ ဘုရား .ဒီကလေးမနာမည် က ဖြူဖွေးဖော့ဆိုပါလား။
သူသွားမှာ ကလည်း ချမ်းမြေ့ရိပ်မြုံအိမ်ကြီး။
ဒီအကြောင်းတွေ ကိုသာ ဖေဖေနဲ့ ညီမလေးသိရင် ဘယ်လိုများ နေကြမလဲ။ ဒီကမ္ဘာပေါ်မှာ ဖြူဖွေးဖော့ဆိုတဲ့နာမည် ရှင် ဘယ်နှယောက် တောင်ရှိနေပြီလဲ။ ကိုသက်ဆွေသည် ချမ်းမြေ့ရိပ်မြုံသုခဘုံအိမ်ကြီးနှင့် ပတ်သက်သည့်အကြောင်းများ ကို သိထားပြီး ဖြစ်ပါ၍ မိန်းကလေးအတွက် ရင်ထဲမှာ ခိုးလို့ခုလု ဖြစ်မိနေ၏ ။ယခုမှခင်မင်ခါစရှိသေး၍ သိလိုသော အကြောင်းများ ကို မေးလိုစိတ်အား မြိုသိပ်ပစ်လိုက်ရသည်။
နှစ် ယောက် စလုံး ကိုယ့်အတွေးနှင့် ကိုယ် ငြိမ်သက်သွားမိကြ၏ ။
''ပောာ .အသုတ်ကိုရောက်ဖို့နီးလာပြီ''
ကွင်းကြီးဆိုသည့်ဘူတာကိုကျော်အလာတွင် ကိုသက်ဆွေက သတိပေးလိုက် သည်။ ဖြူဖွေးဖော့မှာ သယ်စရာပစ္စည်း သိပ်မပါ။ ကိုသက်ဆွေကတော့ ပစ္စည်းတွေ များ သည်။
''နောက်တစ်ဆင့် ကူးရဦးမှာ ဆိုတော့ ပစ္စည်းတွေ အများ ကြီးနဲ့ကိုသက်ဆွေ ပင်ပန်းမှာ ပဲနော်''
''အိမ်က ကားလေးလာကြိုလိမ့်မယ်လေ။ ကိုယ့်ညီမလေး လာကြိုလိမ့်မယ်။ ဖြူဖွေးဖော့ကို ကိုယ့်ညီမနဲ့ မိတ်ဆက်ပေးမယ်။ ကိုယ်တို့ကားနဲ့ပဲကျောင်းကုန်းအထိ လိုက်ခဲ့ပေါ့''
''အားနာစရာ ကိုသက်ဆွေရယ်''
''လိုက်ခဲ့ပါ ဖြူဖွေးဖော့။ ရထားဆိုက်ရင် ပာိုဘက်ကားပေါ် အလုအယက် ပြေးတက်ရတာ ။ နေရာရဖို့ မလွယ်ဘူး။ ကားရှားတော့ တစ်ခါတလေအမိုးပေါ်ကတောင် စီးရတာ ။ ပောာ .ပြောရင်းဆိုရင်း အသုတ်ဘူတာဝင်လာပြီ''
ရထားက အရှိန်လျော့သွားသည်။ဖြူဖွေးဖော့ မတ်တပ်ထရပ်ပြီး ထမီကိုပြင်ဝတ်လိုက်သည်။
''ညီမလေးရေ .ကိုကို ဒီမှာ ပော့''
ကိုသက်ဆွေက ဘူတာဘက်သို့ လှမ်း၍ အော်ပြောလိုက်သည်။ ခဏအကြာတွင် မိန်းမငယ်တစ်ဦးသည် လူအုပ်ကြားထဲမှ တိုးဝှေ့ပြီး ကိုသက်ဆွေရှိရာတွဲ ဆီသို့ ရောက်လာသည်။
''အဲဒါ ကိုယ့်ညီမလေးပဲ။ ညီမလေးရေ . ဒါ ကိုကိုတို့ရဲ့ မိတ်ဆွေသစ်။ ကဲ .ကဲ .ကားပေါ်ရောက်တော့မှ မိတ်ဆက်ပေးတော့ မယ်။ပစ္စည်းတွေ ချရအောင်''
ကိုသက်ဆွေက ရထားပြတင်းပေါက်မှ ပစ္စည်းတွေ ကို ချပေးသည်။သူ့ညီမက အောက်မှလှမ်းယူ၏ ။ သူတို့ကို ကူညီရန် ဖြူဖွေးဖော့ အောက်ဆင်းခဲ့သည်။
ကိုသက်ဆွေ၏ ညီမမှာ ဖြူဖွေးဖော့ထက်တော့ အနည်းငယ် ကြီးပုံရပေသည်။ သူမက ဖြူဖွေးဖော့ကို ပြုံးပြလိုက်သည်။ ထိုအခါ သူမ၏ ညာဘက်ပါး၌ ပါးချိုင့်ကလေး ထင်းခနဲ ပေါ်သွားလေ၏ ။ ဒီအစ်မလေးကို မြင်မြင်ချင်းဖြူဖွေးဖော့ ချစ်သွားရလေပြီ။
***
ကျောင်းကုန်းကားဂိတ်က အသုတ်ဘူတာနှင့် ကပ်လျက်ပင်။ကိုသက်ဆွေ ပြောခဲ့သည့်အတိုင်းပါပဲ။ ကျောင်းကုန်းသို့ ခရီးဆက်မည့် သူများ က ရထားပေါ်မှ အပြေးဆင်းလာကြကာ ကားနေရာလုကြသည်။ခရီးသည်ကများများ ။ ကားကနည်းနေ၍ ချက်ချင်း ကားအားလုံး လူပြည့်သွားရသည်။ ယောက်ျားလေးတချို့က ကားခေါင်မိုးပေါ်ပင် ရောက်နေကြပြီ။
အကြောင်းမသိသော ဖြူဖွေးဖော့အဖို့ နောက်တစ်နာရီလောက်ကြာမှ ထွက်မည့် ကားကို ပျင်းအောင်စောင့်စီးရပေမည် ။ကိုသက်ဆွေတို့ မောင်နှမက သူတို့ကားနှင့် လိုက်ခဲ့ဖို့ ခေါ်သည်ကိုပင် ကျေးဇူးတင်ရပါတော့သည်။
ကိုသက်ဆွေတို့ကားလေးမှာ ဂျစ်ကားလေး ဖြစ်သည်။ အလုပ်သမားများ အကူအညီဖြင့် ကားပေါ်သို့ ခဏချင်းမှာ ပင် ပစ္စည်းများ တင်ပြီး ဖြစ်သွား၏ ။
''ကဲ .ညီမလေးရေ .ဟောဒီက ညီမကလည်း ကျောင်းကုန်းကိုသွားမှာ တဲ့ကွ။ တစ်ခါမှမရောက်ဖူးသေးဘူးတဲ့။ ကိုကိုတို့ ကားနဲ့ပဲ ခေါ်ခဲ့ရမှာ ''
''ဟုတ်ကဲ့ကိုကို။ ညီမလေးက မမတို့ကျောင်းကုန်းကို ဒါ ပထမဆုံးလာတာပေါ့။ ဟုတ်လား''
ကိုသက်ဆွေ၏ ညီမက ဖြူဖွေးဖော့လက်မောင်းလေးကို ရင်းနှီးစွာ ကိုင်ရင်းမှ ပြုံးပြုံးလေးနှင့် မေးရှာသည်။ သူမအပြုံးတွင် ပါးချိုင့်လေး တွဲ ပါနေသည်မှာ ချစ်စရာ။
''သူ ဘယ်အိမ်သွားမယ်ဆိုတာသာ ညီမလေးသိရင် အံ့သြသွားမှာ ပဲ''
''ဆိုပါဦး ကိုကို။ ဒီက ညီမလေးက ညီမတို့ အသိထဲက တစ်ယောက် ယောက် အိမ်ကိုသွားမှာ မို့လို့လား။ ဘယ်သူနဲ့များ အမျိုးတော် နေပါလိမ့်''
''ဖြူက ချမ်းမြေ့ရိပ်မြုံသုခဘုံဆိုတဲ့ အိမ်ကြီးကို သွားမှာ ပါမမ''
''အို''
ဖြူဖွေးဖော့က ကြားဝင်အဖြေပေးလိုက်သည့်အခါ ကိုသက်ဆွေ၏ ညီမလေးသည် တကယ်ပင်အံ့သြ သွားပါလေ၏ ။ ပါးစပ်ကလေး အဟောင်းသားဖြင့် ဖြူဖွေးဖော့ကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း -
''သူ .သူက .ချမ်းမြေ့ရိပ်မြုံ သုခဘုံကိုသွားမှာ ဟုတ်လား''
''ဟုတ်တယ်ဟေ့ .ဟုတ်တယ်။ သူ့နာမည် လေးရော သိချင်သေးသလား။ ဖြူဖွေးဖော့တဲ့ .ဖြူ ဖွေး ဖော့''
''အမယ်လေး .ဖြူဖွေးဖော့။ ဖြူဖွေးဖော့ ဟုတ်လား''
ကိုသက်ဆွေညီမလေးက အလန့်တကြားပင် ဖြူဖွေးဖော့အမည် ကိုရွတ်ဆိုလိုက်သည်။ အလွန်တရာ အံ့သြလွန်းသော အရိပ်အယောင်များ ကသူမ အမူအရာတွင် ထင်ဟပ်နေသည်။ ဖြူဖွေးဖော့အမည် ကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် သူမ လက်ထဲက ပိုက်ဆံအိတ်ကလေးပင် အောက်သို့လွတ်ကျသွားရပါလေသတည်း။
ဖြူဖွေးဖော့စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားရသည်။ဇဝေဇဝါစိတ်များ လည်း ဝင်လာရသည်။
ကိုသက်ဆွေညီမလေးက ပျက်နေသော မျက်နှာကို ပြန်ပြင်လိုက်ကာပိုက်ဆံအိတ်ကလေးကို ပြန်ကောက်လိုက်၏ ။
''ကိုယ့်ညီမလေး နာမည် လည်း မှတ်ထား။ ဖြူဖွေးဖော့ နာမည် နဲ့ခပ်ဆင်ဆင်ပဲ။ ခင်ဖြူဖြူ တဲ့''
''ဟုတ်ကဲ့ .တွေ့ ရတာ ဝမ်းသာပါတယ် မမခင်ဖြူဖြူ''
ခင်ဖြူဖြူ ကတော့ ဘာမှပြန်မပြောနိုင်တော့။ ဖြူဖွေးဖော့ လက်ဖဝါးများ ကိုသာ အသိအမှတ်ပြုသည့်အနေဖြင့် ဆုပ်နယ်နေမိတော့သည်။
''ကဲ .ကားပေါ်တက်ကြ ညီမတို့။ နောက်ကျနေမယ်''
ကိုသက်ဆွေ သတိပေးလိုက် မှ မိန်းကလေးနှစ် ဦး သတိဝင်လာကာကားပေါ်တက်ထိုင်လိုက်ကြသည်။
သုံးယောက် စလုံး ကားရှေ့ခန်းမှာ ပင် ကျပ်ကျပ်သပ်သပ် ထိုင်ရပါ၏ ။ ကားနောက်ခန်းက ပစ္စည်းများ ဖြင့် ပြည့်နေသည်။ကားကို ကိုသက်ဆွေက မောင်းကာ အသုတ်မြို့မှ ထွက်လာခဲ့ကြလေသည်။
***
ဒေသစိမ်း၏ ပတ်ဝန်းကျင်သစ်ကို ငေးကြည့်ရန်ပင် ဖြူဖွေးဖော့မေ့လျော့နေရပါသည်။
ဖြူဖွေးဖော့ရင်ဝယ် သိချင်လွန်းသော အကြောင်းများ မေးလိုက်ချင်သော မေးခွန်းများ ဖြင့် ဘောင်ဘင်ခတ်လျက်ရှိ၏ ။
သူမ ဘေးရှိမောင်နှမနှစ် ယောက် အပြုအမူများ ကြောင့် ဖြူဖွေးဖော့စိတ်ထဲတွင် ထင့်နေသည်။ သံသယအကြိတ်အခဲလေးများ ခိုဝင်နေရသည်။မီးရထားပေါ်တုန်းက ကိုသက်ဆွေအား ကျောင်းကုန်းမြို့က ချမ်းမြေ့ရိပ်မြုံသုခဘုံသို့ သွားမည် ဟုလည်းကောင်း၊ သူမ၏ အမည် ဖြူဖွေးဖော့ ဖြစ်ကြောင်းကိုလည်းကောင်း ပြောခဲ့စဉ်က ကိုသက်ဆွေသည် အထူးပင် အံ့သြနေခဲ့၏ ။
ခင်ဖြူဖြူနှင့် မိတ်ဆက်ပေးသည့်အခါတွင် တော့ ခင်ဖြူဖြူသည်လက်ထဲက ပိုက်ဆံအိတ်ကလေး လွတ်ကျသွားသည်အထိပင် အမူအရာပျက်သွားရပြန်၏ ။
ဒီမောင်နှမသည် လူမှု ရေး ခေါင်းပါးသော အရိုင်းအစိုင်းတွေ မဟုတ်လေမှန်းတော့ သူတို့၏ ရည်မွန်သော အမူရာများ က ဖော်ပြနေသည်ပင်။သို့ပါလျက် သူတို့သည် ဘာကြောင့် များ ဧည့်စိမ်းဖြူဖွေးဖော့ စိတ်အနှောင့်အယှက် ဖြစ်စေမည့် အပြုအမူတွေ ကို ပြုခဲ့ကြသည်မသိ။
သူမအမည် သည် ဖြူဖွေးဖော့ဆိုတာသိရရုံနှင့် ဘာများ ဣနြေ္ဒပျက်စရာ လိုသနည်း။
ဖြူဖွေးဖော့မှာ ကျောင်းကုန်းဆိုသည့်မြို့ကလေးကို မရောက်မီကပင်စိတ်ထဲမှာ အဖုအထစ်ကလေးများ နှင့် ကြုံနေရလေပြီ။
''ရှေ့လမ်းခွဲကနေသွားရင် ပုသိမ်ကို ရောက်တယ်လေ။ ဒီနေရာကိုသုံးခွ လို့ခေါ်တယ်''
ကိုသက်ဆွေ စကားက ဖြူဖွေးဖော့အတွေးများ ကို ဖြတ်တောက်ပစ်လိုက်သည်။ သူ ပြောသည့် လမ်းသုံးခွဆုံရာကို ကြည့်လိုက်ရာမြားသဏ္ဌာန် သစ်သားဆိုင်းဘုတ်ကလေးများ တွင် ရှေ့တည့်တည့်လမ်းသို့ညွှန်ထားသော ဆိုင်းဘုတ်၏ ကျောင်းကုန်းသို့ ဟူ၍ လည်းကောင်း၊ညာဘက်သို့ စွေ၍ ခွဲသွား သော လမ်းမကို ပုသိမ်သို့ ဟူ၍ လည်းကောင်းညွှန်ပြထားသည်ကို တွေ့ ရလေသည်။
ကိုသက်ဆွေက ကျောင်းကုန်းသို့ သွားသည့်လမ်းအတိုင်း ရှေ့တည့်တည့်သို့ ဆက်မောင်းသွားသည်။
ပတ်ဝန်းကျင်မှာ တော့ ရွာငယ်များ နှင့် လယ်ကွင်းများ ။
''မမက စကားပြောရင် ဖြူကလေ .ဖြူကလေလို့ ပြောနေ ကျကွယ့်။ဒီက ညီမလေးနာမည် က ဖြူဖွေးဖော့ဆိုတော့ မမက ဖွေးလို့ပဲ ခေါ်မယ်နော်''
ခင်ဖြူဖြူက ဖြူဖွေးဖော့ဘက်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
''ကိုကိုလည်း အဲဒီ လိုခေါ်တာလေးကို သဘောကျတယ်ကွ''
''မမဖြူနဲ့ကိုသက်ဆွေ ကြိုက်သလိုခေါ်ကြပါရှင်။ ဖြူ့ကို အဲ .ဖွေးကို အဲသလို ခေါ်တဲ့လူ တစ်ယောက် မှ မရှိသေးဘူး''
သုံးယောက် သား ပြိုင်တူရယ်လိုက်မိကြသည်။
''ဒီကားလမ်းကြီးဆုံးပေမယ့် ကျောင်းကုန်းကို မရောက်သေးဘူးဖွေးရဲ့ ''
''ဟုတ်တယ် ဖွေး။ ကားလမ်းဆုံးရင် ချောင်းတစ်ခု တွေ့ မယ်။ဒါးကချောင်း လို့ခေါ်တယ်။ အဲဒီ ချောင်းကို လှေကလေးနဲ့ ဖြတ်မှ ဟိုဘက်ကမ်းက ကျောင်းကုန်းမြို့ကိုရောက်မှာ ။ ဒီဘက်ကမ်းမှာ လည်း လူတွေ နေကြပါတယ်။ ချောင်းဟာ ကျောင်းကုန်းမြို့ကလေးကို အလယ်က ဖြတ်စီးနေတဲ့ပုံမျိုးပေါ့''
''အို .ဒါဆို ဖွေးက လှေစီးရဦးမှာ ပေါ့။ ဟင်း .ဒီ ခရီး ကိုလာရတာ မလွယ်ပါလား မမရယ်။ လေယာဉ်တစ်မျိုးပဲစီးစရာ ကျန်တော့တယ်''
ဖွေးက သူမ လာခဲ့ရသည့် ခရီးစဉ်ကို ပြောပြလိုက်သည်။ကံမမှ ပြည်သို့ မော်တော် ဖြင့် ဧရာဝတီမြစ်ကို ဖြတ်ခဲ့ရသည်။ပြည်မှာ တစ်ညအိပ်ပြီး လက်ပံတန်းသို့ မီးရထားဖြင့် ခရီးဆက်ခဲ့ရ၏ ။လက်ပံတန်းရောက်တော့ သာရဝေါရထားကို ပြောင်းစီးရသည်။ သာရဝေါမှတစ်ဆင့် ဧရာဝတီမြစ်ကိုပင်ဖြတ်ပြီး သင်္ဘောနှင့် ကူးလိုက်သည့်အခါဟင်္သာတမြို့သို့ ရောက်လေသည်။ ရွှေပြောင်ပြောင်ဆိပ်ကမ်းဟု ခေါ်သော ဟင်္သာတ ဆိပ်ကမ်းမှ ဘူတာရုံသို့ ဆိုက်ကားစီးရသေးသည်။ ဟင်္သာတကအသုတ်ကို ရထားနှင့် ။ အသုတ်ကနေ ကျောင်းကုန်းကို ယခုကားနှင့် ။ ကားလမ်းဆုံးလျှင် ကျောင်းကုန်းမြို့ရောက်ဖို့ ချောင်းကို ဖြတ်ကာ လှေစီးရဦးမည် ဆိုတော့ -
''ဟုတ်ပါရဲ့ ကွယ်။ ညီမလေးဖွေးလည်း ခရီးပန်းလိုက်တာနော်''
***
(၂)
ချမ်းမြေ့ရိပ်မြုံ သုခဘုံ
သစ်သားဆိုင်းဘုတ်ရှည်လေးက ယိုယွင်းပျက်စီးနေပေပြီ။ အနားဘောင်များ ကွဲအက်ကာ တစ်ဖက်သို့ စောင်း၍ နေ၏ ။ တစ်ချိန် ကတော့ လှပထည်ဝါခဲ့ပုံရလေသည်။
ဖြူဖွေးဖော့သည် ကျယ်ဝန်းသော ခြံကျယ်ကြီးအတွင်းရှိ အိမ်ကြီးဆီသို့ မျှော်ကြည့်လိုက်သည်။ လူတစ်ဦး တစ်ယောက် ၏ အရိပ်အယောင်ကိုမျှပင် မမြင်ရပေ။
ချမ်းမြေ့ရိပ်မြုံသုခဘုံအိမ်ကြီးမှာ လည်း အိမ်၏ အမည် ကို အမှတ်အသား ပြုထားသည့် ဆိုင်းဘုတ်ငယ်အတိုင်းပင် သစ်လွင်တောက်ပမှု များ ဆိတ်သုဉ်းနေပါသည်။
အုတ်စည်းရိုးတွင် နွယ်ပင်များ တက်နေသည်။ ရေညှိများ ဖုံးနေသည်။ ခြံထဲတွင် လည်း ချုံပင်များ ထူထူထဲထဲ ပေါက်ရောက်နေပါ၏ ။အိမ်ကြီးမှာ လည်း ပြုပြင်ထိန်းသိမ်းမှု ကင်းဝေးခဲ့၍ ထင်သည်။ ပုံပြင်ထဲက ရဲတိုက်အိုကြီးသဖွယ် ညို့မှိုင်းနွမ်းအိုနေသည်။
ဖြူဖွေးဖော့ ခဏကြာမျှရပ်နေပါသော်လည်း လူသူ အရိပ်အယောင်မမြင်ရသေးချေ။ တံခါးတွင် လည်း လူခေါ်အချက်ပေး ကိရိယာတစ်ခုမျှ တပ်ဆင်ထားသည်ကို မတွေ့ ရချေ။
လာခဲ့ပါမည် ဟု စာကြိုရေး ထားပါလျက် ဘာကြောင့် ကြိုဆိုမနေရပါသလဲ။
ကိုသက်ဆွေတို့ မောင်နှမက သူမကို ချမ်းမြေ့ရိပ်မြုံအိမ်ကြီးထိလိုက်မပို့ခဲ့ချေ။
တာဦးဆိပ်ကမ်းဟုခေါ်သည့် ဟိုဘက်ကမ်းကို ရောက်သည်နှင့် ကားပေါ်မှပစ္စည်းများ ကိုချကာ လှေပေါ်ပြောင်းတင်ရသည်။ လှေဖြင့် ဒီဘက်ကမ်းကို ကူးခဲ့ကြသည်။
လှေဆိပ်မှ တက်တက်ချင်း ကိုသက်ဆွေတို့အိမ်ကို ရောက်လေ၏ ။ကမ်းနားလမ်းပေါ်မှာ ပင် ကိုသက်ဆွေတို့ အိမ်ရှိ၏ ။ အိမ်ရှေ့မှာ အတန်ငယ် ကျန်ပြန့်သော ဈေးဆိုင်တစ်ဆိုင်ကို တွေ့ ရ၏ ။ ဆိုင်ကိုအလယ်မှကန့်၍ နှစ် ခြမ်းခြမ်းထားသည်။ တစ်ခြမ်းမှာ ကုန်မျိုးစုံ၊ ငါးပိ၊ ငါးခြောက်မှစ၍ ကလေးသရေစာမုန့်မျိုးစုံအထိ တင်ရောင်းသော ကုန်စုံဆိုင်ကြီး ဖြစ်၏ ။ တစ်ခြမ်းကိုတော့ ရှုမဝစာပေ ဆိုပြီး စာအုပ်အငှားဆိုင်ဖွင့်ထားလေသည်။ဆိုင်ကိုကြည့်ခြင်းဖြင့် ကိုသက်ဆွေတို့ စီးပွားရေး အခြေအနေကိုခန့်မှန်းနိုင်ခဲ့သည်။
''ဖွေး .မမတို့အိမ်မှာ ခဏဝင်ထိုင်ဦးနော်''
''မထိုင်တော့ပါဘူး မမဖြူ။ ဖွေး ချမ်းမြေ့ရိပ်မြုံကို ရောက်ချင်လှပါပြီ။ နောက်တော့မှ မမတို့ဆီ လာလည်ပါ့မယ်။ အိမ်သိသွားပြီပဲ''
''လာလည် ဖြစ်အောင် လည်လှည့်နော် ဖွေး''
ကိုသက်ဆွေက ဆိုက်ကားတစ်စီးခေါ်ပေးကာ ဖွေးကို ချမ်းမြေ့ရိပ်မြုံအိမ်ကြီးသို့ ပို့ခိုင်းလိုက်သည်။
ကမ်းနားလမ်းအတိုင်း ငါးမိနစ်ခန့် ဆိုက်ကားစီးလာသည့်အခါချမ်းမြေ့ရိပ်မြုံအိမ်ကြီးသို့ ရောက်ခဲ့လေ၏ ။ ချမ်းမြေ့ရိပ်မြုံကား အခြားလူနေအိမ်များ နှင့် ဝေးကွာစွာ သီးခြားတည်ရှိနေပါ၏ ။
ဆိုက်ကားသမားလေး ပြန်ထွက်သွားသည့်အခါ ဖြူဖွေးဖော့တစ်ယောက် တည်း ကျန်ရစ်ခဲ့လေသည်။
ခြံထဲမှာ လူမတွေ့ ရ။
အချိန်ကလည်း ညနေ ၆ နာရီရှိပြီ။ မှော င်စပျိုးနေပြီမို့ ဖြူဖွေးဖော့သည်းမခံနိုင်တော့ဘဲ ခြံတံခါးကို တွန်းကြည့်လိုက်၏ ။ တံခါးက အတွင်းမှပိတ်မထား၍ ဖြူဖွေးဖော့တွန်းလိုက်သည့်အခါ ကျွီခနဲ သံရှည်ဆွဲမြည် ရင်းပွင့်သွားလေသည်။
တံခါးကို အသာပြန်စေ့ရင်း အိမ်ကြီးရှိရာသို့ မဝံမရဲဆက်လျှောက်လာခဲ့သည်။
ခြံထဲမှာ သစ်ပင်မြင့်ကြီးများ အုပ်မိုးထားမှု ကြောင့် ပို၍ ပင် မှော င်နေသလို ထင်ရ၏ ။
''ဟိတ်''
သစ်ပင်အကွယ်မှ ရုတ်တရက် ထွက်ပေါ်လာသော လူ တစ်ယောက် ကို ဗြုန်းခနဲ တွေ့ လိုက်ရသည်။ အမှတ်တမဲ့မို့ ဖြူဖွေးဖော့ လန့်သွားရ၏ ။
''သြော် .မင်း''
သစ်ပင်အကွယ်မှထွက်လာသူက ဖြူဖွေးဖော့ကို မည် သူမည် ဝါဟုသိသွားဟန် တူလေသည်။ သူသည် အသက်ငါးဆယ်ထက် မနည်းရှိမည့် အဘိုးအိုတစ်ဦးပင် ဖြစ်ပါသည်။
''မင်း ရောက်လာပြီကိုး။ ဖြူဖွေးဖော့နော်''
''ဟုတ်ကဲ့''
အဘိုးကြီး၏ စကားကို ဖြူဖွေးဖော့က ခေါင်းညိတ်၍ အဖြေပေးလိုက်၏ ။
''ငါတို့လည်း မင်းကို မျှော်နေကြတယ်''
''ဟုတ်ကဲ့''
''ငါ ကတော့ မင်းရဲ့ အဖေပဲ''
''ရှင်''
ဖြူဖွေးဖော့၏ ရုတ်တရက်အံအားသင့်သွားပြီးမှ သူသည် ဒေါ်နှင်းဖြူ၏ ခင်ပွန်း ဦးဘသော် ဆိုသူ ဖြစ်ကြောင်း သိလိုက်ရ၏ ။
''ဝမ်းသာတယ်ကွယ်။ သမီးရောက်လာတာ သိပ်ဝမ်းသာတယ်ကွယ့်။ကဲ .ကဲ .လာ .သမီး။ အိမ်ထဲသွားရအောင်။ မနှင်းဖြူဆီကို သွားကြစို့''
အဘိုးအိုက အိမ်မကြီးထဲသို့ ဦးဆောင်၍ ခေါ်သွားလေ၏ ။အိမ်အတွင်းဘက်သို့ ရောက်လာသည်။
ဧည့်ခန်းထဲဝယ် လျှပ်စစ်မီးရောင် မှိန်မှိန်လေးသာ ထွန်းထားသည်ကို တွေ့ ရပါ၏ ။
***
နှစ် မိနစ်လောက် ကြာသည်အထိ ဒေါ်နှင်းဖြူ ရောက်မလာသေးချေ။ဖြူဖွေးဖော့ စိတ်ညစ်သွားသည်။
နှစ် ပေါင်းများ စွာ ကွဲကွာနေသည့် သမီးကို အသင့်ဆီး၍ ကြိုနေသင့်ပါလျက် ဒေါ်နှင်းဖြူမှာ တော် တော် နှင့် ပေါ်မလာချေ။
''မနှင်းဖြူရေ .ဟောဒီမှာ သမီးလေး ဖြူဖွေးဖော့ ရောက်လာပြီလေကွယ်''
ဦးဘသော်က အပေါ်ထပ်က ကြားလောက်သည်အထိ အသံကျယ်ကျယ်နှင့် နောက်တစ်ကြိမ် အော်ခေါ်လိုက်သည်။
ဖြူဖွေးဖော့ ဒေါ်နှင်းဖြူ ဆင်းအလာကို စောင့်ရင်း ဧည့်ခန်းကျယ်ကြီးကို အကဲခတ်ကြည့်လိုက်သည်။
ကျယ်ဝန်းသော ဧည့်ခန်းကြီးထဲဝယ် ၆ဝ အားမီးလုံးတစ်လုံးထဲကိုနံရံခပ်မြင့်မြင့်၌ ချိတ်ဆွဲထားရာ အလင်းရောင် က မှိန်ပျပျသာရှိနေ၏ ။ဧည့်ခန်းနံရံပေါ်မှာ တော့ ပန်းချီကားကြီးနှစ် ချပ်ကို ချိတ်ဆွဲထားလေသည်။ ပန်းချီကားတစ်ချပ်မှ ရှေးဆန်ဆန်အမျိုးသားကြီးပုံမှာ ဖြူဖွေးဖော့တွင် ရှိသည့် ဘယက်ခွက်ပေါ်မှပုံနှင့် တစ်ထေရာတည်း တူနေပါ၍ အဘိုးဦးသုခ၏ ပုံဆိုတာ သိလိုက်ရသည်။ ထိုပန်းချီကားနှင့် ယှဉ်လျက်မှ အမျိုးသမီးကြီးပုံမှာ ဦးသုခ၏ ဇနီး ဖြူဖွေးဖော့.အဘွား ဖြစ်သူပုံ ဖြစ်ရပေမည် ။
''ဟော .သူလာပြီ''
ဦးဘသော်၏ အသံကြောင့် ဖြူဖွေးဖော့အကြည့်များ က ကျွန်းလှေကားကြီးဆီ ရွေ့သွားရလေသည်။
အမျိုးသမီးကြီးတစ်ဦးသည် လှေကားပေါ်မှ တရွေ့ရွေ့ ဆင်းလာလျက် ရှိသည်။ သူမသည် အတော် ပင် အားနည်းနေပုံရ၏ ။ ခန္ဓာကိုယ်မှာ ပိန်လှီလွန်းလှသည်။ သွေးမရှိသလို ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ လက်ပြင်တစ်လျှောက်မှာ အကြောများ ထင်းလျက် ရှိတာကို အတိုင်းသား မြင်ရသည်။ဒေါ်နှင်းဖြူသည် ဖြူဖွေးဖော့ကို မမှိတ်မသုန် ကြည့်ရင်း လှေကားပေါ်မှ တစ်လှမ်းချင်း ဆင်းလာနေ၏ ။
ဖြူဖွေးဖော့မှာ ရင်ခုန်မြန်လာသည်။ သူဟာ ငါ့အမေ။ ငါ့ကို ဝမ်းနဲ့လွယ်မွေးထုတ်ထားတဲ့အမေ ဆိုသည့်အသိက ရင်ကို ချောက်လှန့်နေ၏ ။ဒေါ်နှင်းဖြူကို ထပဲကြိုရတော့မလို။ ပြေးပဲဖက်ရတော့မလို စိတ်ထဲမှာ ဂနာမငြိမ် ဖြစ်နေရသည်။
ထိုအတွင်းမှာ ပင် ဒေါ်နှင်းဖြူသည် ဖြူဖွေးဖော့အနီးသို့ တစ်စစရောက်ရှိလာသည်။ ဖြူဖွေးဖော့ရှေ့တွင် ရပ်လိုက်သည်။
''ညည်း .ရောက်လာပြီပေါ့''
ဒေါ်နှင်းဖြူ၏ သံပြတ်စကားကြောင့် ဖြူဖွေးဖော့ တွန့်ခနဲ ဖြစ်သွားသည်။
ဖြူဖွေးဖော့ ဘာမှပြန်မဖြေမိပေ။ ခေါင်းညိတ်ပြဖို့ပင် မေ့နေ၏ ။
''ဝမ်းမသာဘူးလား မနှင်းဖြူ။ မင်းရဲ့ သမီးလေး ရောက်လာပြီလေ။ကိုယ်တို့အိမ်ကြီး ပြန်ပြီး စိုစိုပြေပြေ ဖြစ်တော့မှာ ပေါ့ကွယ်။ ဝမ်းသာတယ်မဟုတ်လား ဟင်''
ဦးဘသော်က ဒေါ်နှင်းဖြူ လက်မောင်းကိုကိုင်လှုပ်ရင်း ပြောလိုက်သည်။ ဖြူဖွေးဖော့နှင့် အနီးဆုံးကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်စေလိုက်၏ ။
''ကလေးမ ရောက်လာတာကို ကျွန်မ မြင်ပါတယ် ကိုဘသော်''
''ဟေ''
''သူ အိမ်ရှေ့ ခြံဝမှာ လာရပ်ကတည်းက ကျွန်မ သေသေချာချာကြည့်နေတာ''
''သြ .သြ''
''ကျွန်မစိတ်ထဲမှာ ဒီမိန်းကလေးကို ကျွန်မ သမီးလို့ မထင်မိဘူး''
''ရှင်''
''ဟေ''
ဒေါ်နှင်းဖြူစကားကြောင့် ဖြူဖွေးဖော့ ကြက်သီးများ ထသွားရသည်။မျက်နှာတစ်ပြင်လုံး ထူပူသွားရ၏ ။
''ဘယ်လိုပြောလိုက်တာလဲ မနှင်းဖြူရယ်''
''ဟုတ်တယ် .ကျွန်မစိတ်ထဲမှာ ဒီကလေးမဟာ ကျွန်မသမီးအစစ် မဟုတ်ဘူးလို့ ထင်နေမိတယ်။ ကျွန်မ သူ့ကို ချစ်လို့ မရဘူး''
ဖြူဖွေးဖော့အသားတွေ တဆတ်ဆတ် တုန်လာသည်။လာလမ်းအတိုင်း ပြန်လှည့်ပြေးချင်စိတ်ပင် ပေါက်လာ၏ ။
''မနှင်းဖြူရေ .မင်းတော် တော် ခက်ပါလား။ ခုမှရောက်လာ တဲ့သမီးလေးစိတ်ဆင်းရဲအောင် မင်းမို့ ပြောရက်တယ်။ မင်း သမီးမဟုတ်ဘဲနဲ့ တခြား တစ်ယောက် က ဒီထိဟန်ဆောင်ပြီး လာရဲမှာ လား''
''မဟုတ်ပါဘူး။ ကျွန်မ စိတ်ထဲမှာ သူဟာ ကျွန်မသမီး မဟုတ်ဘူးလို့ ထင်နေတဲ့အထင်ကို ပြောမိတာပါ''
ဒေါ်နှင်းဖြူလေသံက ပြန်လည်ပျော့ ပြောင်းသွား ပြန်သည်။
''ကျွန်မ တောင်းပန်ပါတယ်။ ရှင့်ကိုလည်း တောင်းပန်ပါတယ်။ကလေးမကိုလည်း တောင်းပန်ပါတယ်။ အဲလေ .သမီးလေးကိုလည်းတောင်းပန်ပါတယ်ကွယ်''
''ခုတလော မင်းစိတ်ဟာ အမျိုးမျိုးပဲ မနှင်းဖြူ။ ကဲပါ . မင်းရဲ့ သမီး ဟုတ်မဟုတ်ကြည့်ရအောင် သူ့ဆီက နဝရတ်ကိုးသွယ် ဘယက်ကြီးကို တောင်းကြည့်တော့လေ။ ပြီးတော့ မင်းရဲ့ အစ်မ မနှင်းသူရဲ့ ဘယက်ကြီးနဲ့ တိုက်ကြည့်ပေါ့''
''တိုက်ကြည့်စရာ မလိုပါဘူးရှင်။ ကမ္ဘာပေါ်မှာ နှစ် ခုတည်းသာရှိတဲ့ ဒီဘယက်ကို ကျွန်မ အသေအချာ သိပါတယ်။ မှတ်မိပါတယ်''
ဖြူဖွေးဖော့က သူမ သေတ္တာလေးကို ဖွင့်လိုက်သည်။ မမျှော်လင့်သော ဖြစ်ရပ်များ နှင့် ကြုံရသည်မို့ သူမ လက်များ တုန်နေရပါ၏ ။သူမလက်ထဲတွင် ဘယက်ထည့်ထားသော ဘူးပြားကလေး ပါလာသည်။ ဖြူဖွေးဖော့က ဒေါ်နှင်းဖြူရှိရာသို့ ကမ်းပေးလိုက် ၏ ။
ဒေါ်နှင်းဖြူက ဘယက်ကို ထုတ်ယူလိုက်သည်။
နဝရတ်ကိုးသွယ်ဘယက်သည် မီးရောင် မှိန်မှိန်အောက်မှာ ပင်အရောင် မျိုးစုံလင်းလက်နေတော့၏ ။
''မှန်ပါတယ်။ ဒါဟာ ချမ်းမြေ့ရိပ်မြုံသုခဘုံ ပိုင် ဘယက်နှစ် ခုထဲကတစ်ခုပါပဲ။ သူဟာ ကျွန်မ သမီးလေးပါလေ''
ဒေါ်နှင်းဖြူအမူအရာများ က ပြောင်းလဲသွားပြန်သည်။ တင်းမာမှု များ လျော့နည်းသွားခဲ့သည်။ သို့သော် မိခင် တစ်ယောက် ၏ အကြင်နာမျက်ဝန်းများ ကိုတော့ မတွေ့ ရသေးပါချေ။
ထိုစဉ် အတွင်းခန်းမှ မိန်းကလေးတစ်ဦး ထွက်လာ၏ ။
''ဟဲ့ .နော်ထူး လာဦး''
ဒေါ်နှင်းဖြူက မိန်းကလေးကို လှမ်းခေါ်လိုက်သည်။ မိန်းကလေးက ဖြူဖွေးဖော့တို့အနီးမှာ လာရပ်၏ ။ အိမ်ဖော်တစ်ဦး ဖြစ်ပုံရသည်။
''သူဟာ ဖြူဖွေးဖော့ပဲ''
''သြော် .မဖြူဖွေးဖော့''
သူက ဖြူဖွေးဖော့အကြောင်း ကြားဖူးပြီး ဖြစ်ပုံရသည်။
''ကဲ .သမီးရေ။ နော်ထူးနဲ့ လိုက်သွားနော်။ မနက်ကျမှ တို့များ အေးအေးဆေးဆေး စကားပြောကြတာပေါ့ကွယ်။ ခုတော့ သမီးလည်းခရီးပန်းလာတယ်။ အနားယူလိုက်ပေဦး''
''ဟုတ် .ဟုတ်ကဲ့ မေ .မေမေ''
နော်ထူးက သူမသေတ္တာကို ဆွဲယူသွားရာ နော်ထူး နောက်သို့လိုက်ခဲ့သည်။ ကျွန်းလှေကားကြီးအတိုင်း အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ဖြူဖွေးဖော့အတွက် ပြင်ဆင်ထားသော အခန်းထဲသို့ ရောက်သည့်အခါ နော်ထူးက သေတ္တာကို ချပြီး ဖြူဖွေးဖော့ခါးကို ဖက်၍ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
''မမက သိပ်လှတာပဲ။ သိပ်ချစ်ဖို့ ကောင်းတာပဲ''
***
ညဥ့်သန်းခေါင်အချိန်တွင် ဖြူဖွေးဖော့ လန့်နိုးလာခဲ့သည်။ နိုးနိုးချင်းဘယ်ရောက်နေပါလိမ့်ဟု စဉ်းစားလိုက်မိ၏ ။ အိပ်ရာပြောင်းအိပ်လျှင် ဖြစ်လေ့ရှိသည့်အတိုင်း တစ်ရေး နိုးလာပြီး ဇဝေဇဝါ ဖြစ်နေမိသည်။
အိပ်စက ခရီးပန်းလာ၍ အိပ်ပျော်သွားသော်လည်း တစ်ရေး နိုးတွင် နေရာစိမ်းကြောင့် ပြန်အိပ်လို့ မရတော့။
ချမ်းမြေ့ရိပ်မြုံအိမ်ကြီး၏ အခန်းတစ်ခန်းထဲမှာ ရောက်ရှိနေသည့်အ ဖြစ်ကို သတိရလိုက်သည်။
အိပ်မပျော်သူတို့ ထုံးစံအတိုင်း ရောက်တတ်ရာရာများ ကို တွေးတောမိသည်။
ချမ်းမြေရိပ်မြုံသို့ ရောက်ရောက်ချင်းမှာ ပင် ဖြူဖွေးဖော့ စိတ်ပျက်ရသည်။ ဒေါ်နှင်းဖြူ၏ မဖွယ်ရာသော ဆီးကြိုမှု များ ကြောင့် ပင်။ဖြူဖွေးဖော့ ဒေါ်နှင်းဖြူ၏ အမူအရာများ ကို ပြန်လည်မြင်ယောင်လာမိ၏ ။
''ဟင် .မှဲ့ .မှဲ့ .မှဲ့လည်း မရှိပါလား''
ဖြူဖွေးဖော့သည် သတိတစ်ခုဝင်လာကာ အိပ်နေရာမှ ထထိုင်လိုက်မိသည်အထိ ထိတ်ခနဲ ဖြစ်သွားမိသည်။
''သမီးမေမေဟာ မနှင်းဖြူဆိုပေမယ့် အသားတော့ သိပ်မဖြူဘူး။အသားညိုညိုနဲ့ ထောင်ထောင်မောင်းမောင်းပဲ''
မေမေ ဒေါ်ခင်စမ်း မကွယ်လွန်ခင်ပြောခဲ့သော စကားများ ။ဖြူဖွေးဖော့ တွေ့ ခဲ့ရသော ဒေါ်နှင်းဖြူသည် အသားအလွန်ဖြူနေ၏ ။ခန္ဓာကိုယ်ကလည်း မထွားကြိုင်းပါချေ။ ပိန်သွားခြင်းမျိုး မဟုတ်ဘဲ နဂိုကပင်သေးသွယ်သော မိန်းမတစ်ဦး ဖြစ်ပုံရပေသည်။
မေမေဒေါ်ခင်စမ်း ပြောခဲ့သည်များ နှင့် အကွဲလွဲဆုံးအချက်မှာ -
''သူ့မှာ အထူးခြားဆုံး ကတော့ နဖူးက မှဲ့ကြီးပဲကွယ့်။ မှဲ့နက်ကြီးတစ်လုံးဟာ နဖူးတည့်တည့်ပေါ်မှာ တင်ထားသလိုကို ရှိနေတာ။ ဒါကကိုသူများ ထက် ထူးခြားတဲ့အချက်တစ်ခုပဲ။ မှဲ့ကြီးကြောင့် သူဟာ ပိုပြီး ကျက်သရေရှိနေသလိုပဲကွယ်''
ဖြူဖွေးဖော့နှင့် ညနေကဆုံခဲ့သည့် ဒေါ်နှင်းဖြူမျက်နှာပေါ်တွင် မှဲ့တစ်လုံးမှ ရှိမနေပါချေ။
''ဘယ်လိုလဲ''
ဖြူဖွေးဖော့သည် သံသယအတွေးများ ကြောင့် ပြန်၍ အိပ်မပျော်တော့ပေ။
***
ဖြူဖွေးဖော့ အိပ်ရာမှ နိုးလာသည့်အခါ အခန်းထဲမှာ နော်ထူးရောက်နေတာ တွေ့ ရ၏ ။ နော်ထူးက အခန်းပြတင်းပေါက်ကိုပင် ဖွင့်ထားပြီးပြီ။ နေရောင် ခြည်များ အခန်းထဲဝင်နေ၏ ။
စားပွဲပေါ်တွင် စားပွဲခင်းအသစ်စက်စက်ကို တွေ့ ရ၏ ။ စားပွဲတင်နာရီတစ်လုံး ချထားပေးသည်ကိုလည်း တွေ့ ရပါ၏ ။ ဒါတွေ ညက မရှိသေး။မှန်တင်ခုံအနီးတွင် လည်း ကျောက်ပြင်နှင့် သနပ်ခါးတုံးချထားပေးသည်။ဖြူဖွေးဖော့ အိပ်ရာပေါ်မှ ထလိုက်သည့်အခါ တံမြက်စည်း လှဲနေသော နော်ထူးက လှည့်ကြည့်သည်။
''ဟော .မမနိုးပြီ''
''အေးကွယ် .နည်းနည်း တောင် အိပ်ရာထနောက်ကျ သွားတယ်''
''ခရီးပန်းတာကိုး။ မျက်နှာသစ်ရင် ရေချိုးခန်းမှာ သွားသစ် မမ။ဒီအပေါ်ထပ်မှာ ပဲ ရေချိုးခန်းရှိတယ်။ တည့်တည့်လျှောက်သွားရင် နောက်ဘက်အကျဆုံးမှာ တွေ့ ရလိမ့်မယ်။ သွားတိုက်ဆေးနဲ့ သွားပွတ်တံလည်းအဆင်သင့် ရှိပါတယ်။ အိမ်သာလည်း တွဲ လျက်ပဲ''
''အေးကွယ် .မမ မျက်နှာသစ်လိုက်ဦးမယ်နော်''
''သြော် .မမ။ ဒေါ်ဒေါ်ဖြူက မမနိုးလာရင် လွှတ်လိုက်ပါတဲ့။အောက်တပ်ကထမင်းစားခန်းမှာ သူစောင့်နေမယ်တဲ့။ ကော်ဖီသောက်ဖို့လေ''
''မမ မျက်နှာသစ်ပြီးရင် သွားလိုက်ပါ့မယ်''
အိမ်ကြီးသည် အပြင်မှကြည့်တော့သာ ယိုယွင်းနေပြီ ထင်ရသော်လည်း အတွင်းမှာ တော့ ခိုင်ခန့်ထည်ဝါဆဲ ဖြစ်သည်။ အိမ်က ကြီးမားပြီးနေတဲ့လူက နည်းသည်မို့ အိမ်၏ တံခါးပေါက် တော် တော် များများ ကို ပိတ်ထားရသည်။ ထိုအခါ လေဝင်လေထွက် မမှန် ဖြစ်ပြီး အလင်းရောင် အားနည်းနေသည်။ အိမ်ကြီးမှာ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေရပါ၏ ။
မျက်နှာသစ်အပြီးတွင် ဖြူဖွေးဖော့ အောက်ထပ်သို့ ဆင်းခဲ့သည်။ထမင်းစားခန်းရှိမည် ထင်ရာဘက်သို့ မှန်းဆလျှောက်သွားရာထမင်းစားခန်းထဲသို့ပင် တန်းရောက် သွားပါ၏ ။ ဒေါ်နှင်းဖြူက အသင့်ထိုင်လျက် စောင့်ကြိုနေပေသည်။
''လာ .သမီး။ မေမေ စောင့်နေတာ''
''အားနာလိုက်တာ။ အိပ်ရာထ နောက်ကျသွားတယ်''
''ကဲ .ကော်ဖီနဲ့ လက်ဖက်ရည်တော့ သမီးကြိုက်ရာ ဖျော်သောက်ပေတော့။ ဟောဒီမှာ မုန့်ဟင်းခါး''
ဒေါ်နှင်းဖြူက မုန့်ဟင်းခါးကို သူကိုယ်တိုင် ပြင်ပေးနေသည်။ဒီလိုတော့လည်း ကြင်နာဟန်ပြရှာသား။
''ညက သမီးလေး ရောက်လာလာချင်း စိတ်ညစ်အောင်လုပ်မိတာခွင့်လွှတ်ပါကွယ်''
ဖြူဖွေးဖော့ ဘာမှပြန်မပြောတတ်အောင် ရှိသည်။
''ခုတလော မေမေ့ရဲ့ စိတ်တွေ ဟာ တစ်မျိုး ဖြစ်နေတယ်။ အိပ်မက်ဆိုးတွေ မက်တယ်။ ဂယောင်ချောက်ချားတွေ့  ကြုံရတယ်။ အလိုလိုနေရင်းစိတ်ညစ်ညူးနေမိတယ်။ ဒါတွေ ကြောင့် သမီးရောက်လာလာချင်း မဖွယ်မရာတွေ ပြောမိဆိုမိတာပါကွယ်။ အိပ်ရာထဲရောက်မှ တစ်ညလုံးတွေးပြီး စိတ်မကောင်း ဖြစ်ရတယ် သမီး''
ဖြူဖွေးဖော့သည် ညသန်းခေါင် တရေး နိုးစဉ်က တွေးခဲ့မိသော အတွေးများ ကို ပြန်၍ သတိရလိုက်သည်။ အမှန်ကိုသိချင်စိတ်များ က သူမရင်မှာ ပြင်းထန်စွာ ဖြစ်ပေါ်လာမိ၍ သိုဝှက်မထားချင်တော့ပေ။ မေးလိုက်မိတော့။
''သမီး တစ်ခု မေးပါရစေ။ ဒီမေးခွန်းအတွက် မေမေ့မှာ စိတ်အနှောင့်အယှက် ဖြစ်သွားမယ်ဆိုရင် ခွင့်လွှတ်ပါ''
''အလို .ဘာများ ပါလိမ့်ကွယ်''
''ဒီလိုပါ .သမီးရဲ့ မွေးစားမေမေဒေါ်ခင်စမ်းက ပြောခဲ့ပါတယ်။အဲ .အခု မေမေဒေါ်နှင်းဖြူနဲ့ ပတ်သက်လို့ပေါ့။ မေမေဟာ ဒေါ်ခင်စမ်းတို့ရွာမှာ ငါးရက်လောက် အတူနေခဲ့တယ် မဟုတ်လား။ ဒေါ်ခင်စမ်းကမေမေ့ရဲ့ ပုံပန်းသ္ဌဏာန်ကို ပြောပြခဲ့ပါတယ်''
''သိပြီ .သိပြီ .ရိပ်မိပြီ။ သမီး ဘာကိုမေးချင်တယ်ဆို တာမေမေ ရိပ်မိပါပြီကွယ်''
''ဟုတ်ကဲ့ .မေမေ ဒေါ်ခင်စမ်း ပြောခဲ့တဲ့အထဲမှာ မေမေဟာအသားညိုတယ်။ ခန္ဓာကိုယ်ထွားကြိုင်းတယ်တဲ့။ နောက်ပြီး မေမေ့ရဲ့ နဖူးမှာ မှဲ့ကြီးတစ်လုံး ပါတယ်တဲ့''
''ဟုတ်လား .သူက ဒီလိုပဲ ပြောခဲ့သလား။ ဟား .ဟား ဟား.ဟား''
ဒေါ်နှင်းဖြူက ဖြူဖွေးဖော့.မေးခွန်းကို ရယ်မောပစ်လိုက်သည်။
''အင်းလေ .ဒေါ်ခင်စမ်းအနေနဲ့ သူ့ကိုပဲ မနှင်းဖြူလို့ ထင်နေမှာ ပေါ့''
''ရှင်''
''သမီးကို ဒေါ်ခင်စမ်းတို့ဆီ လာပို့ခဲ့တာ မေမေမှ မဟုတ်ဘဲ''
''အို''
''သမီး နားရှုပ်သွားပြီလား။ မေမေလည်း ရုတ်တရက် သမီးကိုအကြောင်းစုံ ရှင်းမပြတတ်ဘူးကွယ်။ ဒါတွေ ဟာ ခင်မေဘလာရင်တော့ရှင်းသွားမှာ ပါ''
''ဘယ်သူ ခင်မေဘ''
''ဟုတ်တယ် .ခင်မေဘလေ။ သူက ဟိုဖက်ကမ်းမှာ နေတယ်ကွယ့်။ ခင်မေဘကလည်း သမီး ရောက်လာမှာ ကို မျှော်လင့်နေသူ တစ်ယောက် ပေါ့။ သမီး ချမ်းမြေ့ရိပ်မြုံကို ရောက်နေပြီဆိုတာသိရင် ချက်ချင်း ပြေးလာမှာ ပါကွယ်။ သူဟာ သမီးကို သိပ်ချစ်ရှာတယ်''
''သူ .သူက''
''ခုတော့ ဒါတွေ ကို မေ့ထားလိုက်ဦး သမီး။ မေဘ ရောက်လာလို့မေမေနဲ့ မေဘနှစ် ယောက် ပေါင်းပြီး ရှင်းပြလိုက်ရင် သမီး နားလည် သွားပါလိမ့်မယ်''
ဖြူဖွေးဖော့အတွက် မရှင်းလင်း။ ဇဝေဇဝါသာ။
''ကဲ .ကဲ .မုန့်စားလိုက်ဦး သမီး''
***
(၃)
ကျောင်းကုန်းမြို့ ၊ ကမ်းနားလမ်းရှိ ရှုမဝ စာအုပ်အငှားဆိုင်နောက်မှအိမ်ကလေးထဲတွင် ဖြစ်သည်။ သားအဖသုံးယောက် နံနက်စာစားရင်း စကားပြောနေကြသည်။
စကားကို အလျဉ်မပြတ်ပြောနေကြခြင်း မဟုတ်။ တစ်ယောက် ကတစ်ခုဝင်ပြောလိုက်။ သုံးယောက် သား စဉ်းစားလိုက်နှင့် ဘေးလူမြင်လျှင်ပျင်းစရာ စကားဝိုင်းတစ်ခုသာ ဖြစ်သည်။
ဖခင် ဖြစ်သူမှာ ညာဘက်ခြေထောက်တစ်ဖက် မရှိချေ။ စစ်ပွဲတစ်ပွဲတွင် စွန့်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် တပ်မှပင်စင်ယူထားသည့် အငြိမ်းစား စစ်ပြန်ကြီး တစ်ဦး ဖြစ်ပါ၏ ။ အမည် မှာ ဦီးအောင်ခက် ဖြစ်သည်။ တပ်ထဲတွင် တပ်ကြပ်ကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူး၏ ။
ဦးအောင်ခက်၏ သားနှင့် သမီးမှာ ကိုသက်ဆွေနှင့် ခင်ဖြူဖြူတို့ပင် ဖြစ်ပါသည်။
ဦးအောင်ခက်သည် ထမင်းစားနေသော်လည်း စားလို့ မဝင်။ သားနှင့် သမီးတို့ ယူလာသော သတင်းက သူ့ရင်ကို ပြည့်စေသည်။
မနေ့က သားနှင့် သမီးတို့ ခရီးကြုံ၍ သိကျွမ်းခဲ့ရသော ဖြူဖွေးဖော့ဆိုသည့် မိန်းကလေးနှင့် ပတ်သက်၍ ပဲ ဖြစ်သည်။ သားနှင့် သမီးဆီက ထိုမိန်းကလေး သတင်းကိုကြားရတော့ အံ့အားသင့်မိသည်။ စိုးရိမ်ပူပန်မှု လည်း ဖြစ်ရသည်။ ဒေါသလည်း ဖြစ်ရသည်။
''ဖြူ ဖွေး ဖော'့'
ဤအမည် က မိန်းကလေးဘယ်နှယောက် မှာ များ ရှိနေသလဲ။အမည် တူနေ၍ များ လား။
''ဖြူဖွေးဖော့ဆိုတာ နာမည် တူများ ဖြစ်နေမလား ငါ့သားရယ်''
''ဖြူဖွေးဖော့ဆိုတဲ့နာမည် ကို ဘယ်သူမဆိုမှည့်နိုင်တာမို့ တူတယ်ပဲထားပါဦး။ ချမ်းမြေ့ရိပ်မြုံနဲ့ ပတ်သက်တဲ့ ဖြူဖွေးဖော့ ကတော့ ဘယ်နှယောက် ရှိနေမှာ မို့လဲ ဖေဖေရယ်''
''ဒါဆို သားတို့တွေ့ ခဲ့တဲ့ မိန်းကလေးဟာ အလိမ်အညာမလေးပေါ့''
''ဘယ်လို ဖေဖေ''
''ရှင်းပါတယ် သားရဲ့ ။ ဒီကောင်မလေးဟာ ချမ်းမြေ့ရိပ်မြုံက ဒေါ်နှင်းဖြူရဲ့ သမီး အစစ်မဟုတ်ဘူး။ သူဟာ ဖြူဖွေးဖော့အ ဖြစ်နဲ့ အယောင်ဆောင်ပြီး ချမ်းမြေ့ရိပ်မြုံကို လာခဲ့တာပဲပေါ့။ ချမ်းမြေ့ရိပ်မြုံရဲ့ အမွေအနှစ် တွေ ကို ပိုင်ဆိုင်ချင်လို့ မနှင်းဖြူရဲ့ သမီးဖြူဖွေးဖော့ဟန်ဆောင်ပြီး လာခဲ့တာပဲ ဖြစ်မှာ ပေါ့''
''ဒီလိုတော့လည်း ဟုတ်ဟန်မတူပါဘူး ဖေဖေရယ်''
ခင်ဖြူဖြူက ဝင်ပြောလိုက်သည်။
''အဲဒီ ဖြူဖွေးဖော့ဆိုတဲ့ မိန်းကလေးဟာ ဖေဖေ ထင်သလို မိန်းမလည်၊ မိန်းမညာလေးတော့ ဟုတ်ဟန်မတူဘူးလို့ သမီးထင်တယ်။ သူ့အသွင်သဏ္ဌာန်ဟာ ရိုးသားတယ် ဖေဖေ''
''အို .လူလိမ်ဟာ ချိုပေါက်နေတာမှ မဟုတ်ဘဲကွယ်''
ဦးအောင်ခက်က ဤကိစ္စနှင့် ပတ်သက်၍ လုံးဝမခံမရပ်နိုင် ဖြစ်နေရပါသည်။ သို့သော် သားနှင့် သမီး ကတော့ ထိုမိန်းကလေးကို ခွင့်လွှတ်နေပြန်၏ ။အမှန်တော့ ဖြူဖွေးဖော့ဆိုသည့် ထိုမိန်းကလေးသည် မိမိတို့သားအဖသုံးယောက် စလုံး၏ ရန်သူပင် မဟုတ်ပါလား။
အထူးသဖြင့် သမီးလေးခင်ဖြူဖြူ၏ ရန်သူ။ယခုတော့ သမီးလေးခင်ဖြူဖြူကပင် ထိုမိန်းကလေးဘက်မှ ကာကွယ်ပြောနေပြန်သည်။
သမီးလေးခင်ဖြူဖြူကိုလည်း ဦးအောင်ခက် သနားရပါသည်။ အမှန်တော့ ခင်ဖြူဖြူသာလျှင် ချမ်းမြေ့ရိပ်မြုံသုခဘုံ၏ အရှင်သခင်မလေး ဖြစ်ရမည် မဟုတ်ပါလား။
ဦးအောင်ခက်သည် ခင်ဖြူဖြူလေးကို ငယ်စဉ်ကတည်းက မွေးစားခဲ့ခြင်း ဖြစ်ပါသည်။ ခင်ဖြူဖြူသည် ဦးအောင်ခက်၏ သမီးအရင်းမဟုတ်။ခင်ဖြူဖြူလေးဘဝက သနားစရာပင်။
ခင်ဖြူဖြူ၏ မိခင်ရင်းသည် ခင်ဖြူဖြူလေး မွေးကင်းစမှာ ပင် အခြားသူများ ကို ပေးပစ်ခဲ့သည်။
သို့သော် ယင်းမွေးစားမိဘများ သည် မမျှော်လင့်ဘဲ ရုတ်တရက်ကွယ်လွန်သွားခဲ့၏ ။ ထို့နောက် ခင်ဖြူဖြူလေးသည် ဦးအောင်ခက်တို့ထံရောက်လာရသည်။
ခင်ဖြူဖြူလေးအား ပထမမွေးစားခဲ့သည့်ပတ်ဝန်းကျင်မှ နီးစပ်သူများ ၏ ပြောပြချက်အရ ခင်ဖြူဖြူလေး၏ မိခင်ရင်းမှာ ဒေါ်နှင်းဖြူဆိုသူ ဖြစ်ကြောင်း၊ ထိုမနှင်းဖြူသည် ကျောင်းကုန်းမြို့မှ ချမ်းမြေ့ရိပ်မြုံသုခဘုံအိမ်ကြီးတွင် နေကြောင်း သိရှိခဲ့ရသည်။
နောက်ပြီး ခင်ဖြူဖြူအား သူမ၏ မိခင်ရင်း မနှင်းဖြူကိုယ်တိုင်ပေးထားခဲ့သည့် အမည် ရင်းရှိသေးသည်။
ဖြူဖွေးဖော့ပါတဲ့။
ဖြူဖွေးဖော့ဆိုသည့်အမည် မှာ ဆန်းလွန်း၊ ညွန့်လွန်း၊ ကောင်းလွန်းနေပါ၍ ခင်ဖြူဖြူဆိုသည့် နာမည် ရိုးရိုးလေးကို ပထမမွေးစားသူများ ကပြောင်းပစ်ခဲ့သည်ဟု သိရပါသည်။
ထိုကဲ့သို့ မရေမရာကြားသိထားရသည့် ဇာတ်လမ်းလေးကိုအကြောင်းပြု၍ ဦးအောင်ခက်သည် ဤမြို့သို့ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပါသည်။ သမီးလေးအား သူမ၏ မိခင်ရင်း၏ ပြည့်စုံချမ်းသာသော အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်စေလိုသော စေတနာနှင့် ပါ။
ဒီရောက်တော့ ချမ်းမြေ့ရိပ်မြုံသုခဘုံကို အစိမ်းသက်သက် ဝင်ရောက်ဖို့မှာ အခက်တွေ့ နေရသည်။
ဤအတောအတွင်းမှာ ပင် .
မနေ့က ဖြူဖွေးဖော့ဆိုသည့်အမည် ဖြင့် အခြားမိန်းကလေးတစ်ယောက် က ချမ်းမြေ့ရိပ်မြုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါ၏ ။ဦးအောင်ခက် သိခဲ့ရသည့်ဇာတ်ကြောင်းမှာ မှန်မှမှန်ပါလေစဟုသံသယ ဝင်လာရသည်။
တစ်နေရာရာမှာ တော့ အမှားအယွင်းတစ်ခုခုရှိနေလို့ပဲ။ ဖေဖေသိခဲ့ဖူးတဲ့အကြောင်းတွေ ဟာ မှားယွင်းပြီး ဟိုမိန်းကလေးဟာပဲ မနှင်းဖြူရဲ့ တကယ့်သမီးအရင်း ဖြစ်နေမလား။ ဒါမှမဟုတ် ဖေဖေ့အထင်အတိုင်း ဟိုမိန်းကလေးဟာ အကြောင်းစုံကိုသိလို့ မနှင်းဖြူရဲ့ သမီး အယောင်ဆောင်ပြီးချမ်းမြေ့ရိပ်မြုံရဲ့ အမွေအနှစ် တွေ ကို အပိုင်စီးဖို့ လာတာလား။ တစ်ခုခုတော့တစ်ခုခုပဲပေါ့ သားတို့ သမီးတို့ရယ်''
''ဒီအတွက် စိတ်အနှောင့်အယှက် မ ဖြစ်ပါနဲ့ ဖေဖေ။ သားလည်းတတ်နိုင်သလောက် စုံစမ်းကြည့်ပါဦးမယ်။ တစ်နေ့တော့ အမှန်တရားအတိုင်း ဖြစ်လာရမှာ ပေါ့ဖေဖေ''
***
![]() တစ္ဆေကပွဲ | ![]() ဒေါက်တာစိုးထိုက်နှင့် ထူးဆန်းသောဟင်းတစ်ခွက် | ![]() ရိုင်းတဲ့ တစ္ဆေ |