Cover

(၁)

လက်ထဲက လိမ္မော်ချို

မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်ကသူတွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ဒီလို ပြောပြသွားခဲ့ပါတယ်။

ကျွန်တော် ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ကျွန်တော် ၉ နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ်၊ ထောင်နဲ့မကွာလှဘူး။နေ့အချိန်မှာ ကျွန်တော်တို့ ၁၄ နာရီလောက် အလုပ်လုပ်ရတယ်။ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေလယ်တွေထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ ဘ၀မပြောင်းလဲခဲ့ပါဘူး။

တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲရှိတယ်။ အဲဒီ နေ့က ခရစ္စမတ်နေ့ပဲ။ အဲဒီ နေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီးတစ်လုံးစီ ရကြတယ်။ ခရစ္စမတ်မှာ ကျွန်တော်တို့အတွက် အစားအသောက်တွေ မရှိဘူး။ ကစားစရာအရုပ်မရှိဘူး။ ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီးတစ်လုံးပဲ ဖြစ်တယ်။တစ်နှစ်ပတ်လုံး အမှားမကျူးလွန်တဲ့သူ၊ ပြောသမျှစကားကိုနားထောင်ပြီးလိမ္မာတဲ့သူမှ လိမ္မော်သီးကိုရတယ်။ ဒါကြောင့် ခရစ္စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်လုံးစာရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။

ဒီလိုနဲ့ ခရစ္စမတ်ပွဲတော်ရက် ရောက်လာပြန်တယ်။ အဲဒီ ရက်ကကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့နေ့ပဲ။ ကလေးတွေအားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာ ခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲဒီ နှစ် နွေတုန်းက ကျောင်းကနေ ကျွန်တော် ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။

လိမ္မော်သီးရပြီး ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလျောင်းနေတယ်။ ကျွန်တော်အရမ်းဝမ်းနည်းမိတယ်။ အရမ်းလည်း ရှက်မိတယ်။ ရှိုက်သံတွေကိုမျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော်အသက်ရှင်နေတာ ဘာအဓိပ္ပာယ်မျှ မရှိခဲ့ဘူး ။

တစ်အောင့်ကြာတော့ ကျွန်တော့်အခန်းထဲကို ၀င်လာတဲ့ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့်ကိုယ်နဲ့ လုံးထွေးနေတဲ့စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်ကလေးတစ်ယောက် ခုတင်ရှေ့မှာ ရပ်နေတာကိုတွေ့လိုက်တယ်။ သူ့ ညာဘက်လက်မှာ ဆုပ်ကိုင်ထားတဲ့လိမ္မော်သီးကျွန်တော့်ကို ကမ်းပေးနေတယ်။ သူ့ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီးတစ်လုံး ပိုနေရတာ လဲ။ ကျွန်တော် နားမလည်ခဲ့ဘူး။ ၀ီလီကိုကြည့်လိုက်လိမ္မော်သီးကိုကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇ၀ါဖြစ်နေမိတယ်။

ဝီလီက လက်ကိုရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော်သဘောပေါက်သွားတော့တယ်။ ကျွန်တော်မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လျှံလို့လာပြန်တယ်။

ဝီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော်တယုတယယူလိုက်တယ်။နို့မဟုတ်ရင် လိမ္မော်သီးက အစိပ်စိပ်အမြွှာမြွှာကွဲကုန်လိပ့်မည်။ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်ကဒီခရစ္စမတ်မှာ ကျွန်တော့်ကိုလည်း လိမ္မော်သီတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီးတစ်စိတ်စီကိုယူပြီး လိမ္မော်သီးတစ်လုံးဖြစ်အောင် ပေါင်းလိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ္စမတ်လက်ဆောင်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှု ကို ကျွန်တော်ခံစားလိုက်ရလို့ပါ။

Cover

(၂)

စမ်းချောင်းလေးရဲ့ ခရီးစဉ်

ဟိုးအမြင့် တောင်ကုန်းပေါ်ကနေ စမ်းချောင်လေးတစ်စင်းတငြိမ့်ငြိမ့် စီးဆင်းလို့နေပါတယ်။ ချောင်းလေးက ရွာရိုးတွေဖြတ်၊ကွင်းပြင်ကိုဖြတ်၊ တောကြိုတောင်ကြားတွေကိုဖြတ်ရင်း နောက်ဆုံးသဲကန္တာရတစ်ခုကို ရောက်လာခဲ့တယ်။ ခြောက်သွေ့တဲ့ လွင်ပြင်ကျယ်ကြီးကိုကြည့်ပြီး စမ်းချောင်းလေးက “အင်း ဒီလောက်ခက်ခဲတဲ့လမ်းခရီးတွေကို ငါ ဖြတ်ကျာ်လာခဲ့ပြီးပြီ။ ဒီကန္တာရကိုလည်း ငါဖြတ်လို့ရမယ်ထင်တယ်” လို့ တွေးပြီး တဖြည်းဖြည်း စိမ့်ဝင်သွားတာကိုသူခံစားလိုက်မိတယ်။ ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။

“ဒါ ငါ့ရဲ့ ကံကြမ္မာလား၊ ရှေ့ဆက်လျှောက်လို့မရဘဲ ငါဟာဒီမှာ တင် ပြီးဆုံးသွားတော့မှာ လား၊ ဒီတစ်သက် အိပ်မက်ထဲကပင်လယ်ကြီးဆီ ငါ အရောက်မသွားနိုင်တော့ဘူးလား” လို့ သူ စိတ်ပျက်ညည်းညူမိတယ်။

အဲဒီ အချိန်မှာ “လေပြည်ကတောင် ဒီကန္တာရကို ဖြတ်နိုင်သေးတယ်။ စမ်းချောင်းလေးလည်း ဖြတ်နိုင်ရမယ်” ဆိုတဲ့ ကန္တာရဆီကပျံ့လွင့်လာတဲ့ ပဲ့တင်သံတစ်ခုကို သူ ကြားလိုက်တယ်။

“သူက လေဖြစ်လို့ဖြတ်နိုင်တာ... ငါက လေမှမဟုတ်တာ”မခံချင်စိတ်နဲ့ သူ ရေရွတ်မိတယ်။

“ငါမှ ငါဆိုတဲ့ အစွဲကို လက်ကိုင်ထားသရွေ့တော့ ဒီကန္တာရကိုဘယ်တော့မျှ ဖြတ်လို့ရမှာ မဟုတ်ဘူး။ ငါဆိုတဲ့ မာနတွေ၊ အတ္တတွေကိုစွန့်ပြီး ကိုယ့်ကိုယ်ကိုယ် ရေခိုးရေငွေ့အဖြစ်ပြောင်းပြီး လေပြည်နဲ့အတူလိုက်ပါသွားမယ်ဆိုရင် ကိုယ်လိုရာခရီးကို ရောက်မှာ ပဲ”ကန္တာရဆီကတိုးညင်းတဲ့အသံကို သူ ကြားလိုက်ပြန်တယ်။

“ကိုယ့်ပုံစံကိုစွန့်ပြီး လေထဲမှာ ပျော်ဝင်ရမယ်။ ဟုတ်လား၊ငါ မလုပ်နိုင်ဘူး” အဲဒီ စကားကြားတော့ လှိုင်းကြက်ခွပ်လေးတွေထသွားလောက်တဲ့အထိ သူ တုန်ခါမိတယ်။ ကိုယ့်နဂိုပုံစံကိုစွန့်ရမယ့်အတွေ့အကြုံမျိုး သူ့မှာ တစ်ခါမျှမရှိခဲ့ဖူးတော့ ဒီလို စွန့်လိုက်တာဟာကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာနဲ့တူတယ်လို့ သူထင်ခဲ့မိတယ်။

“ရေငွေ့တွေက လေပြည်နဲ့အတူ ကန္တာရကို ဖြတ်သွားမယ်။မြေပြင်ပေါ်ရောက်တာနဲ့ ရေငွေ့တွေကို ပြန်စုဖွဲ့စေမယ်။ အဲဒီ နောက်မိုးအဖြစ်နဲ့ရွာချလိုက်မယ်။ မိုးရေတွေက တစ်စုတစ်စည်းတည်းဖြစ်ပြီးချောင်းအသွင်နဲ့ စီးဆင်းမယ်” ကန္တာရဆီက စိတ်ရှည်လက်ရှည်နဲ့ရှင်းပြသံကို သူ ကြားလိုက်ပြန်တယ်။

“တကယ်ပဲလား။ ငါက နဂိုချောင်းအဖြစ်နဲ့ ပြန်စီးဆင်းနိုင်မလား။သံသယတစ်ဝက်နဲ့ သူ မေးပြန်တယ်”

“ဟုတ်တယ်လို့လည်း ပြောနိုင်တယ်။ မဟုတ်ဘူးလို့လည်းပြောနိုင်တယ်။ မင်းဟာ ချောင်းပဲဖြစ်ဖြစ်၊ မမြင်နိုင်တဲ့ ရေငွေ့ပဲဖြစ်ဖြစ်မင်းရဲ့ ပင်ကိုအတွင်းစိတ်က ဘယ်တော့မျှမပြောင်းခဲ့ဘူး။ ဒါပေမဲ့ မင်းရဲ့ ပင်ကိုစိတ်ထားဟာ ဘာလဲဆိုတာကို မင်းမသိခဲ့လို့ ငါဟာ ချောင်းဖြစ်တယ်ဆိုတဲ့အစွဲ မင်းမှာ ရှိနေခဲ့တယ်

အဲဒီ စကားကြားတော့ သူဟာ ချောင်းမဖြစ်ခင်တုန်းက ရေငွေ့အဖြစ်နဲ့ လေထဲမှာ ပျော်ဝင်ပြီး တောင်ခါးပန်းအရောက်မှာ မိုးအဖြစ်နဲ့ရွာချပြီး ချောင်းအသွင်နဲ့ စီးဆင်းခဲ့ရတဲ့ အဖြစ်တွေကို ရေးရေးလေးမြင်ယောင်လာမိတယ်။ နောက်ဆုံး သူဟာ ဆုံးဖြတ်ချက်ရဲရဲချပြီးလေပြည်ရဲ့ ရင်ခွင်ထဲ ပျော်ဝင်ပစ်လိုက်တယ်။ အဲဒီ နောက်လေပြည်ရဲ့ ခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့တယ်။

လူ့ဘ၀ လမ်းခရီးတစ်လျှောက်မှာ လည်း စမ်းချောင်းလေးလိုပဲအခက်အခဲ၊ အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ကိုယ်လိုရာပန်းတိုင်ကိုရောက်ကြရတယ်။ ရှေ့ကို ခရီးဆက်ဖို့ တစ်ခါတလေမှာ “ငါဆိုတဲ့အစွဲ၊ အတ္တ” တွေကို ဖယ်နိုင်တဲ့ ဉာဏ်နဲ့ သတ္တိတွေလိုတယ်။

ဒါမှမဟုတ် ...

“ငါ့ရဲ့ နဂိုစိတ်ထားက ဘာလဲ”

“ငါ တင်းတင်းဆုပ်ကိုင်ပြီး လက်မလွှတ်နိုင်တဲ့အရာက ဘာလဲ”

“ငါ တကယ်လိုနေတာ ဘာလဲ” လို့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်တယ်။ ဘ၀ပုံစံ၊ သဏ္ဌာန်တွေကတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့မရခဲ့ရင်ကိုယ့်ကို ပြောင်းလဲကြည့်မယ်။ ဒါပေမဲ့ နဂိုရှိရင်းစွဲ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့စိတ်ထားကို မပြောင်းလဲသရွေ့ ကိုယ်ဟာ ကိုယ်ပါပဲ။

(၃)

ခေါင်းဆောင်ကောင်းတစ်ဦး

ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်”ကို လာသင်ယူသည့် ကျောင်းသားများ ဖြင့် ပြည့်ကျပ်နေသည်။ဤကျောင်းသားများ သည် နောင် ၂ နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ဝင်ရောက်ကြမည့် MBA ကျောင်းသားများ ဖြစ်သည်။ ပထမဆုံးအချိန်မို့ဆရာအလာကို သူတို့ တက်ကြွစွာ စောင့်နေကြသည်။ ခဏအကြာတွင်ဧည့်သည်တော်နှစ်ဦးကို ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။

ဧည့်သည်တော်နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်း လူငယ်တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ စီးပွားရေးနယ်ပယ်တွင် လူသိများ သောနာမည်ကြီးပုဂ်္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ်မှာ ဆရာနှင့် မတိမ်းမယိမ်း ၆၀ ခန့်ရှိမည်။

ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည်ယခင်နှစ်က ဤကျောင်းမှ ကျောင်းပြီးသွားသော အဆင့်တစ်ရ MBAကျောင်းသားတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဆရာ၏ အထက်တန်း ကျောင်းနေဖက်သူငယ်ချင်း ဖြစ်သည်။ သူ၏ ပညာအရည်အချင်းမှာ အထက်တန်းအောင်ရုံမျှသာ ဖြစ်သည်။

ဆရာက ဤဧည့်သည်တော်နှစ်ဦးသည် “ခေါင်းဆောင်ကောင်းတစ်ဦး” ဟူသော ခေါင်းစဉ်ကို မိနစ် ၂၀ ကြာမျှ ဟောပြောကြမည်ဖြစ်ပြီးသူတို့ ဟောပြောသော ခြားနားချက်ကို ကျောင်းသားများ ကရေးမှတ်ရကြမည်ဟု ဆိုပါသည်။

ပထမဦးစွာ အဆင့်တစ်ရ ကျောင်းသားက မိနစ် ၂၀ အချိန်တိုတိုအတွင်း နာမည်ကြီးခေါင်းဆောင်ငါးဦးတို့၏ အတွေ့အကြုံနှင့်ဦးဆောင်ပုံများ ကို ပြောခဲ့သည်။ ထိုသူငါးဦးမှာ GE(General Electric) မှ Jack Welch, Intel မှ Andrew S.Grove,Peter F. Drucker နှင့် ထိုင်ဝမ်မှ နာမည်ကြီးနှစ်ဦးလည်း ပါဝင်သည်။ ထိုသူငါးဦး၏ ဦးဆောင်နည်းမှာ ခေါင်းဆောင်ကောင်းတစ်ဦးတွင်ရှိသင့်သည်ဟု ပြောကြားခဲ့သည်။

လူငယ်က ယုံကြည်မှု အပြည့်နှင့် ပြောဟောအပြီး မိုက်ကရိုဖုန်းကို နောက်လူအားကမ်းလိုက်သည်။ ထိုသူမှာ တစ်ချက်ပြုံးပြီး စကားစလိုက်သည်။

“ဒီ ခေါင်းဆောင်ကောင်းတစ်ဦးဆိုတဲ့ ခေါင်းစဉ်ကို ကျွန်တော်စကားတစ်ခွန်းတည်းနဲ့ပဲ အပြီးသတ်လိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုအချောင်ခိုတယ်ထင်မှာ စိုးလို့ ဒီစကားတစ်ခွန်းကို မိနစ် ၂၀ အသုံးပြုပြီးကျွန်တော် ပြောရတော့မယ်။ ဒီဦးဆောင်မှု ကို ရှုပ်ထွေးအောင်လုပ်ခဲ့မိတဲ့ကျွန်တော့်အဖြစ်လို နောင်တစ်ချိန်မှာ မကြုံကြစေဖို့မျှော်လင့်ပါတယ်”။

“ကျွန်တော့်လုပ်သက် အနှစ် ၄၀ လုံးလုံးမှာ ကျွန်တော်သိချင်တဲ့ ကိစ္စတစ်ခုကို မပြတ်လေ့လာခဲ့မိတယ်။ အဲဒါကတော့ ကျွန်တော့်ကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့လူတွေဟာ “ငွေ”ကြောင့်မဟုတ်ဘဲ “စိတ်”ကြောင့်လားဆိုတာပါပဲ။ အဲဒီ ကိစ္စကိုသိဖို့ အနှစ် ၄၀ လုံးလုံး ကျွန်တော်လေ့ကျင့်ခဲ့ရတယ်” (ဤနေရာတွင် “စိတ်” ကြောင့်ဆိုသည်မှာ စိတ်ပါလက်ပါ ဆိုလိုခြင်းဖြစ်ပြီး “ငွေ” ကြောင့်ဆိုသည်မှာ လခဖြစ်သည်။)“ငွေ” ကြောင့်ဆိုတာက လုပ်ရတာ လွယ်ပါတယ်။ စီမံခန့်ခွဲတဲ့ပညာရှိရင် လုံလောက်ပါပြီ။ ဒါပေမဲ့ “စိတ်” ကြောင့်ဆိုတာက ခက်တယ်။ဝန်ထမ်းတွေ ကိုယ့်ကို စိတ်ထဲကနေ လက်ခံလာဖို့လိုတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဆိုတာ အကျယ်တ၀င့်ပြောနေစရာမလိုဘူး။ “ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ဖို့ သင်ယူနေတာဟာ လူလုပ်တတ်ဖို့ သင်ယူနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ခုနခေါင်းစဉ်ကို ပြောချင်ပါတယ်”။

“ဒီခေါင်းစဉ်ကို ဘာမျှ နားမလည်တဲ့အဆင့်၊ ပထမရာထူး၊ဒုတိယရာထူး၊ တတိယရာထူးကနေ သူဌေးအထိ အဆင့် ၅ ခုခွဲပြီးကျွန်တော် ပြောချင်ပါတယ်။ လူလုပ်တတ်ဖို့အတွက် အဆင့်တစ်ဆင့်ချင်းကို ကျွန်တော် လေ့လာခဲ့တယ်။ အဆင့် ၅ ဆင့်တည်းကို နှစ် ၄၀လောက်ကျွန်တော် ဖြုန်းခဲ့ရတယ်။

ကျွန်တော် ကျောင်းပြီးစ ဘာမျှမသိနားမလည်တဲ့ အချိန်တုန်းကNo ဆိုတာကို နည်းနည်းပဲပြောပြီး Yes ဆိုတာကို မျာများ ပြောတတ်အောင်ကျင့်ခဲ့တယ်။ အလုပ်ကပေးတဲ့ ကိစ္စတွေ ဘယ်လောက်ပဲခက်ခဲပါစေ ကျွန်တော် No လို့ မပြောဘူး။ အဲဒီ ကိစ္စကို ကိုယ်တိုင်ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ ကျွန်တော် စဉ်းစားတယ်။ အဲဒီ လို လေ့ကျင့်တာကြာလာတော့ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း ကြီးပြင်းလာပြီလို့ခံစားမိတယ်။

“အဲဒီ လိုနဲ့ ရာထူးတက်ပြီး ပထမဆင့်ကိုရောက်တော့ နည်းနည်းပြောပြီး များများ နားထောင်တတ်အောင် လေ့ကျင့်ခဲ့တယ်။ နားထောင်နိုင်တဲ့အချိန်မှာ ကျွန်တော် နှုတ်မဟခဲ့ဘူး။ သူတို့ပြောတဲ့ စကားတွေထဲကဘယ်အရာဟာ အရေးကြီးသလဲဆိုတဲ့အချက်ကို ခွဲတတ်အောင် ကျွန်တော်လေ့ကျင့်ခဲ့တယ်။ လေ့ကျင့်တာကြာလာတော့ စကားပြောတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်ကိုပဲပြောတဲ့အသိကို ရလိုက်တယ်”။

“ရာထူး နောက်တစ်ဆင့်တက်တော့ ငါဆိုတာကို နည်းနိုင်သမျှနည်းပြီး သူဆိုတာကို များ နိုင်သမျှများ အောင်ကျင့်ခဲ့တယ်။ ဒါက သူတစ်ပါးအတွက် ပိုစဉ်းစားပေးပြီး ကိုယ့်အတွက် လျော့စဉ်းစားတာကို ပြောတာဖြစ်တယ်။ ဘာမဆို တစ်ဖက်လူရဲ့ ရှုထောင့်က ကြည့်ပေးတယ်။ လေ့ကျင့်တာကြာလာတော့ သဘောထားကြီးလာတယ်။ ရက်ရောတတ်လာတယ်”။

“နောက်တစ်ဆင့် ထပ်တက်တော့ အဟောင်းနည်းပြီး အသစ်ကိုများများ လက်ခံတတ်အောင် ကျင့်ခဲ့တယ်။ သဘောက ကျွန်တော်လုပ်လို့အောင်မြင်ခဲ့တဲ့ အရာတွေကို ထပ်တလဲလဲမလုပ်တော့ဘူး။ လုပ်ရင်အသစ်အဆန်းကို မစမ်းသပ်မိမှာ စိုးလို့ ဖြစ်တယ်။ လေ့ကျင့်တာကြာလာတော့ အသစ်တွေကို မပြတ်ထွင်နိုင်ခဲ့တယ်”။

“နောက်ဆုံး ကုမ္မဏီထောင်ပြီး ကိုယ်တိုင်သူဌေးလုပ်တော့သိတာကိုနည်းပြီး များများ ဖတ်တတ်အောင် ကျွန်တော် ကျင့်ခဲ့တယ်။ဘာမျှမသိနားမလည်တဲ့ အဆင့်ကနေ တစ်ဖန်ပြန်စဖို့ ကိုယ်တိုင်လေ့ကျင့်ခဲ့တယ်။ အချိန်ပေးပြီး စာပိုဖတ်ခဲ့တယ်။ စာဖတ်များ လာတော့ကိုယ် မသိနားမလည်တာ များ သေးကြောင်း ကိုယ့်ရဲ့ ဟာကွက်တွေကိုပြန်မြင်လာတယ်”

နောက်ဆုံးတွင် ဆရာက ကျောင်းသားများ အား အတွေ့အကြုံမရှိသူနှင့် ရှိသူကို ဟောပြောခိုင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရိုးရှင်းသောအဖြစ်တစ်ခုကို ကျောင်းသားများ ကိုယ်တိုင် ခံစားမိစေရန်နှင့်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ရန် ကြံစည်နေသူများ လူပီသဖို့အရင်ကြိုးစားသင့်ကြောင်း ပြောသွားခဲ့သည်။

မိမိကိုယ်တိုင်က လူမလုပ်တတ်ခဲ့ရင် လူတွေကို ဘယ်လိုဦးဆောင်မလဲ။ အသိပညာဆိုတာ လူပီသတာနဲ့ ဆက်နွယ်နေတယ်။



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ စမ်းချောင်းလေးရဲ့ ခရီးစဉ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျွန်မဖတ်ဖို့ (၂)

အမေ့လက်ရေးစာစုများ

မေတ္တာတို့ပေါင်းစုရာ