(၁)
မေမေ ... သားရှာနေတာ ကြာလှပြီ
၁၉၉၄ ခုနှစ် ၊ ဖေဖော်ဝါရီလ၊ ဂျာမဏီနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့Koblenz မြို့လေးက ရေခဲတွေ နဲ့ ဖုံးလွှမ်းထားဆဲ ဖြစ်တယ်။ မြို့လေးမှာ ရှိတဲ့ မိဘမဲ့ကျောင်းက Rhine မြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။
အဲဒီ နေ့မနက်က အသက် ၅ဝ ရှိပြီ ဖြစ်တဲ့ စစ္စတာထရီယာ တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့လုပ်တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက် ကလေးငိုသံကို သူ ကြားလိုက်မိတယ်။ အသံကြားရာဘက်ကို သူ လှည့်ကြည့်တော့ တံခါးဝနဲ့ မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင် ဆံပင်နဲ့ ကလေးငယ် တစ်ယောက် ကို တွေ့ လိုက်တယ်။စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derby လို့ အမည် ပေးခဲ့တယ်။
၇ နှစ် ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ ဒယ်ဘီ တစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာကြီးပြင်းလာခဲ့တယ်။ ဒယ်ဘီဟာ စိတ်သဘောထားကောင်းပေမယ့်စိတ်ကျနွမ်းလျတတ်တဲ့ အကျင့်ရှိတယ်။
နေသာတဲ့နေ့တွေ မှာ စစ္စတာတွေ က ကလေးတွေ ခေါ် ပြီးတောအုပ်အလွန် မြစ်ဘေးက မြက်ခင်းပြင်ဆီ သွားရောက်ဆော့ကစားတတ်ကြတယ်။ တောအုပ် မနီးမဝေးမှာ ရှိတဲ့ ရွာသားတွေ က မိဘမဲ့ကလေးတွေ ကို လက်ညှိုးထိုးပြီး သူတို့ကလေးကို 'အဲဒီ ကလေးတွေ ကမိဘ အစွန့်ပစ်ခံထားရတဲ့ ကလေးတွေ ၊ နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်' လို့ ပြောတတ်ကြတယ်။
အဲဒီ လိုစကားကြားတိုင်း ဒယ်ဘီ အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို 'စစ္စတာ . . . ကျွန်တော့်  မိဘတွေ ကဘာ ဖြစ် လို့ ကျွန်တော့် ကို မလိုချင်တာလဲ၊ ကျွန်တော် ကို သူတို့ မချစ်လို့လား' လို့ မေးတယ်။ ဒယ်ဘီ့အသံထဲမှာ သူ့အသက်နဲ့ မလိုက်တဲ့ ရှုပ်ထွေးမှု တွေ ပါနေတယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ 'ဘာ ဖြစ်လို့ဒီလို တွေးရသလဲ' လို့ ဆိုတယ်။
'ကျွန်တော် တို့က မိဘတွေ စွန့်ပစ်ထားတဲ့ ကလေးတွေ လို့လူတွေ က ပြောကြတယ်' ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီက ဆိုတယ်။
'သားရဲ့ မေမေကို စစ္စတာ မတွေ့ ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာ ယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့ မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကို စွန့်ပစ်ခဲ့ရတာ ကသူ့မှာ အခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ ဖြစ်မယ်'
စစ္စတာရဲ့ နှစ် သိမ့်စကားကို ဒယ်ဘီ ဘာမှ ပြန်မပြောတော့ဘူး။အဲဒီ ကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို့ ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhine မြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။အမေကို လွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့ အလွမ်းတွေ က မြစ်ရေတွေ နဲ့အတူစီးမျောသွားတယ်။
၂ဝဝ၃ ခုနှစ် မိခင်များ နေ့...
မိခင်များ နေ့ရဲ့ နွေးထွေး ကြည်နူးစရာ မြင်ကွင်းတွေ က အမေကိုပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့ စိတ်ကို ထိုးဆွနေတယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များ နေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်နေတယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေ ရဲ့ တုန့်ပြန်မှု ကို ဖော်ညွှန်းပြသနေတယ်။ ၆ နှစ် အရွယ် ကလေး တစ်ယောက် က ချွေးတစ်လုံးလုံးနဲ့အမေ့ကို မြက်ရိတ်ကူနေတယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေတဲ့ ရိုက်ကွက်တြွေဖစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး'ကျွန်တော် လည်း မိဘတွေ ကို ကူညီချင်လိုက်တာ၊ သူတို့ ဘယ်မှာ လဲ' လို့စစ္စတာကို မေးတယ်။
ဒယ်ဘီရဲ့ အမေးကို စစ္စတာ ပြန်မဖြေနိုင်ခဲ့။ နှစ် တွေ ကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့ သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီ ထွက်ပြေးခဲ့တယ်။ လမ်းမပေါ်မှာ အမေတွေ က အများ ကြီး၊ ဒါပေမဲ့ ဒယ်ဘီအတွက် အမေ တစ်ယောက် တောင်မပါ ခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေ ကိုကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုမိတယ်။
လအတန်ငယ်အကြာမှာ အသက် ၉ နှစ် ရှိပြီ ဖြစ်တဲ့ ဒယ်ဘီ တစ်ယောက် မိဘမဲ့ကျောင်းကခွာပြီး ကျောင်းနဲ့ မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတတ်ရတယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမ က သူတို့ကို ပုံပြင်တစ်ပုဒ် ပြောပြတယ်။
'ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ ဘုရင်ကြီးက Go (ချက်ထိုး)ကစားတာကို အရမ်းနှစသက် ခဲ့ပြီးကစားနည်းထီထွင်ခဲ့သူကို ဆုကြေးတွေ ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ထီထွင်ခဲ့သူက သူ့ကို ဆန်စေ့အနည်းငယ်ချီးမြှင့်ဖို့ ဘုရင့်ထံတောင်းဆိုခဲ့တယ်။ အဲဒီ လူက ဆန်စေ့တွေ ကို ချက်ခုံပထမအကွက်မှာ တစ်စေ့တင်လိုက်တယ်။ နောက်ဆုံးမှာ ဆန်အစေ့ပေါင်းများ စွာ ရခဲ့တယ်။ အဲဒီ ဆန်စေ့ပေါင်းတွေ က ကမ္ဘာဆန်စေ့ပေါင်းရဲ့ ၁ဝ ဆ ဖြစ်လာတယ်။ အဲဒီ အဆပေါင်းတွေ နဲ့ သူ့ကို ချီးမြှင့်ခဲ့တယ်'
ဆရာမ ပြောတဲ့ပုံပြင်ကို နားထောင်ပြီး ဒယ်ဘီရဲ့ မျက်လုံးတွေ အရောင် လက်သွားတယ်။ တကယ်လို့ လူ တစ်ယောက် ကို သူ ကူညီပြီးအဲဒီ လူကို နောက်ထပ် လူ ၁ဝ ယောက် ထပ်ကူညီခိုင်းမယ်။ ဒီလိုနည်းနဲ့မေတ္တာတွေ ကို လက်ဆင့်ကမ်းပြီး တစ်နေ့မှာ ကိုယ့်မိဘပါ အကူအညီခံရမယ်လို့ ဒယ်ဘီတွေးမိတယ်။ အဲဒီ နောက် လူ တစ်ယောက် ကို ကူညီပြီးတိုင်း ကျေးဇူးတင်စကားပြောခံရချိန်မှာ ဒယ်ဘီက 'တစ်ခြားလူ ၁ဝယောက် ကို ခင်ဗျားကူညီတာဟာ ကျွန်တော့် ကို ကျေးဇူးတင်ရာရောက်တယ်' လို့ ဆိုခဲ့တယ်။
အကူအညီခံရသူတွေ က ဒယ်ဘီရဲ့ စိတ်ရင်းစေတနာကို ခံစားခဲ့ရသလို ဒယ်ဘီရဲ့ ဒီလိုနည်းနဲ့ ဖြန့်ဝေလက်ဆင့်ကမ်းတဲ့ မေတ္တာတွေ ကသူတို့ရင်ကို ရိုက်ခတ်ခဲ့တယ်။ ဒယ်ဘီရဲ့ နည်းအတိုင်း လူ ၁ဝ ယောက် ကိုကူညီပြီး အကူအညီခံရသူတိုင်းကို နောက်ထပ် လူ ၁ဝ ယောက် စီထပ်ကူညီဖို့ သူတို့တောင်းဆိုကြတယ်။ အဲဒီ လိုနဲ့ မေတ္တာစက်ဝိုင်းတစ်ခုကမြို့လေးရဲ့ နေရာအနှံ့မှာ ပြန့်နှံ့ခဲ့တယ်။
ဂျာမနီက နာမည် ကြီး အစီအစဉ်တင်ဆက်သူ Rickကို ကူညီခဲ့မိမယ်လို့ ဒယ်ဘီ လုံးဝ ထင်မထားခဲ့မိဘူး။
Rick က အသက် ၅ဝ အရွယ်ရှိတဲ့ ဂျာမန်တီဗီလိုင်းက အစီအစဉ်တင်ဆက်သူ ဖြစ်တယ်။ သူရဲ့ ပြည့်ဝတဲ့ စင်ပေါ်အတွေ့ အကြုံ၊ဟာသဉာဏ် ကြောင့် ဂျာမန်တို့နှစသက် တဲ့ တင်ဆက်သူတစ်ဦး ဖြစ်ခဲ့တယ်။ သူဟာ နာမည် ကြီးသူတွေ ရဲ့ အပြင်ပန်းဟန်ဆောင်မှု ၊ကွယ်ဝှက်မှု တွေ ကို ထုတ်ဖော်ပြီး သူ့အစီအစဉ်မှာ တင်ဆက်တယ်။ လူတွေ ရဲ့ သရုပ်မှန်ကို မြင်ပေါင်းများ ခဲ့လို့ပဲလား၊ တီဗီလိုင်းတွေ ရဲ့ အပြိုင်အဆိုင်နဲ့စိတ်ဖိအား ကြောင့်လား၊ ၂ဝဝ၃ ခုနှစ် မှာ Rick တစ်ယောက် စိတ်ကျ ရောဂါ ခံစားခဲ့ရပြီး အလုပ်မှ ခဏရပ်နားခဲ့ရတယ်။ အောက်တိုဘာလမှာ Rick ဟာ ခွင့်တစ်နှစ် ယူပြီး ကိုယ်လက်လန်းဆန်း ကျန်းမာလာအောင်ခရီးထွက်ဖို့ စီစဉ် ခဲ့တယ်။
အဲဒီ နောက် Rick တစ်ယောက် ဒယ်ဘီနေတဲ့မြို့လေးကို ရောက်လာတယ်။ လှပတဲ့ Rhine မြစ်အလှက သူ့ကို ညှို့ငင်ဖမ်းစားထားတယ်။တစ်ညနေစောင်းမှာ မြစ်ကမ်းတစ်လျှောက် Rick လမ်းလျှောက်ထွက် လာတယ်။ တစ်နေရာအရောက်မှာ ရုတ်တရက် နှလုံး ရောဂါ ဖောက်ပြီးအိတ်ထဲက ဆေးမထုတ်နိုင်ခင်မှာ မြက်ခင်းပြင်ပေါ် သူ လဲကျသွားတယ်။အဲဒီ အချိန်မှာ မြစ်ကမ်းနဖူးပေါ် ငါးမျှားနေတဲ့ ဒယ်ဘီက မူးလဲသွားတဲ့Rick ကို မြင်ပြီး ဆေးရုံကို ဖုန်းဆက် အချိန်မီကယ်တင်နိုင်ခဲ့တယ်။
ရောဂါ သက်သာလာတဲ့ Rick က သူ့ကိုကယ်ခဲ့တဲ့ဒယ်ဘီလက်ကိုကိုင်ပြီး ကျေးဇူးတင်စကားပြောတယ်။
'လူလေး . . . မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်း မသိဘူးကွာ၊တကယ်လို့ မင်းငွေလိုရင် မင်းကိုငါ ငွေတွေ အများ ကြီးပေးနိုင်တယ်'
Rick အပြောကို ဒယ်ဘီခေါင်းခါပြီး 'တကယ်လို့ အကူအညီလိုအပ်တဲ့လူ ၁ဝ ယောက် ကို အန်ကယ်ကူညီနိုင်ရင် ကျွန်တော့် ကို ကျေးဇူးဆပ်ရာ ရောက်ပါတယ်' လို့ ပြောခဲ့တယ်။
'မင်း တကယ် ဘာမှမလိုဘူးလား' Rick အမေးကို ဒယ်ဘီပြုံးပြီး ခေါင်းခါပြလိုက်ပြန်တယ်။
ထူးဆန်းတဲ့ ဒယ်ဘီကြောင့် Rick အံ့သြသွားတယ်။ အဲဒီ မြို့ကမခွာခင် ဒယ်ဘီ့ကို ကားနဲ့ ကျောင်းအထိလိုက်ပို့ပြီး ဆက်သွယ်ဖို့လိပ်စာကိုသူ ချန်ခဲ့တယ်။ Rickထွက်ခွာခါနီး ဒယ်ဘီက 'လူ ၁ဝ ယောက် ကို တတ်နိုင်သလောက်ကူညီဖို့ မမေ့နဲ့နော်' လို့ ထပ်မှာ ပြန်တယ်။Rick တစ်ယောက် ဒယ်ဘီကို သေချာကြည့်နေတယ်။ ဒယ်ဘီ့ စိတ်ရင်းစေတနာတွေ က သူ့ဆီကူးစက်လာခဲ့တာကြောင့် ဒယ်ဘီ့ကို သူ တလေးတစား ခေါင်းညိတ်ပြလိုက်တယ်။
ဒီကာလအတောအတွင်းမှာ Rick ဟာ သူ့ဘဝမျှော်လင့်ချက်ကို ပြန်တွေ့ ခဲ့တယ်။ ဒယ်ဘီကြောင့် သူ့ဘဝ ပိုလှပလာတယ်။ ပေးခဲ့တဲ့ ကတိအတိုင်း လူ ၁ဝ ယောက် ကို စေတနာရှိရှိ သူ ကူညီခဲ့တယ်။ လူတွေ ကိုကူညီပြီးတိုင်း သူ့စိတ်တွေ လန်းဆန်းတက်ကြွလာတယ်လို့ သူ ခံစားမိတယ်။ အထူးသဖြင့် လူတွေ ဆီကနေ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့စကားတစ်ခွန်း ကြားရချိန်မှာ သူ့ဘဝ ပိုတန်ဖိုးရှိလာတယ်လို့ သူခံစားမိခဲ့တယ်။ နှစ် ဝက်လောက်ကျန်သေးတဲ့ သူ့ခွင့်ရက်တွေ ကို ဖျက်သိမ်းပြီး သူ အလုပ်ပြန်ဝင်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ က လူတွေ ကို ကူညီရင်း ပျော်ရွှင်နေတဲ့ ပြောင်းလဲလာတဲ့Rick ကို ကြည့်ပြီး အံ့သြကြတယ်။
လူတွေ ကိုပေးလိုက် တဲ့ အကူအညီ ၁ဝ ခုကRick ကို ထူးဆန်းမှု တွေ နဲ့ ပြောင်းလဲစေခဲ့တယ်။ သူရဲ့ စိတ်ကျ ရောဂါ လည်း တဖြည်းဖြည်းပျောက်ကင်းလာတယ်။ ၂ဝဝ၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်နေ့ညမှာ Rickရဲ့ အစီအစဉ်ကို စလွှင့်တယ်။Rick တစ်ယောက် ကင်မရာရှေ့မှာ ရပ်ပြီးတစ်နိုင်ငံလုံးကို သူ ကြုံတွေ့ ခဲ့တာတွေ ပြောပြနေတယ်။
'အရင်တုန်းက တခြားလူတွေ ရဲ့ အကြောင်းကို ကျွန်တော် အများ ကြီး ပြောခဲ့တယ်။ ဒီညမှာ တော့ ကျွန်တော့် အကြောင်းကို ကျွန်တော် ပြောပါမယ် . . .'
Rick ဟာ မျက်ရည်အဝဲသားနဲ့ သူ ကူညီခဲ့တဲ့ လုပ်ရပ်ကောင်း၁ဝ ခုကို နာရီဝက်အတွင်းမှာ ပြောခဲ့တယ်။ နောက်ဆုံးမှာ Rick ဟာဆို့နင့်တဲ့အသံနဲ့ 'ဒါတွေ ဟာ တကယ်ဆိုတာ မယုံတဲ့လူတွေ လည်း ရှိကြမယ်၊ ဒါပေမဲ့ ကိုယ့်မေတ္တာ၊ စေတနာတွေ ကို တစ်ဖက်သားအတွက်ပေးဆပ်လိုက်ချိန်မှာ ရလာတဲ့အပျော်တွေ က ကျွန်တော့် တစ်ကိုယ်လုံးထဲလှည့်ပတ်စီးဆင်းစေခဲ့တယ်။ လူ ၁ဝ ယောက် ကို ကူညီတာနဲ့ သင့်ဘဝကထူးဆန်းအံ့သြမှု တွေ နဲ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်' လို့ပြောခဲ့တယ်။
ဒီလိုနဲ့ Rick ရဲ့ အစီအစဉ်က ဂျာမနီတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားပြီး လူတွေ ရဲ့ စိတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လူတချို့ကRick ဆီ ဖုန်းဆက်ပြီး လူ ၁ဝ ယောက် ကို ကူညီပြီး လုပ်ရပ်ကောင်း ၁ဝ ခုကို သူတို့လုပ်ဖို့သဘောတူကြောင်း ပြောခဲ့တယ်။ တချို့က သူ့အစီအစဉ်မှာ ဒယ်ဘီကိုခေါ်ခဲ့ဖို့ တောင်းဆိုကြတယ်။ စိတ်စေတနာကောင်းတဲ့ ဒယ်ဘီကို သူတို့တွေ့ ချင်ခဲ့ကြတယ်။
၂ဝဝ၄ ခုနှစ် ၊ ဇန်နဝါရီလမှာ ဒယ်ဘီကိုRickရဲ့ အစီအစဉ်မှာ ဖိတ်ခေါ်ခဲ့တယ်။ ပရိသတ်တွေ က ဒယ်ဘီကို တအံ့တသြနဲ့ 'မင်းမှာ ဘာ ဖြစ်လို့ ဒီလို အတွေးတွေ ရှိခဲ့တာလဲ' လို့ မေးတော့ ဒယ်ဘီက မျက်နှာနီလေးနဲ့ နှုတ်ခမ်းကို တစ်ချက်ကိုင်ပြီး သူ့အတွေးတွေ ကို ပြောပြခဲ့တယ်။ကလေးငယ်တစ်ဦးမှာ မိခင်ကိုချစ်တဲ့စိတ်တွေ ဒီလောက် နက်နဲလိမ့်မယ်လို့ လူတွေ မထင်ခဲ့ကြဘူး။ တချို့ လူကြီးပိုင်းအရွယ်တွေ က တစ်နေကုန်တစ်နေခမ်း အလုပ်တွေ ရှုပ်ပြီး ကိုယ့်မိခင်ကို မေ့ထားတတ်ကြတယ်။ဒယ်ဘီရဲ့ အတွေးတွေ က လူတွေ ရဲ့ အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံးစိတ်တစ်နေရာကို ကိုင်လှုပ်နိုင်ခဲ့လို့ ပရိသတ်အများ ရဲ့ မျက်လုံးမှာ မျက်ရည်တွေ ဝေသီခဲ့ရတယ်။
Rick က ပိန်လှီလှတဲ့ ဒယ်ဘီရဲ့ ခန္ဓာကိုယ်ကို တင်းတင်း ပွေ့ဖက်ပြီး 'မင်း အမေတော့ မင်းကို အရမ်းချစ်မှာ ပဲ၊ မင်းအမေကို မင်း တစ်နေ့ တွေ့ မှာ ပါ' လို့ အားပေးစကား ဆိုခဲ့တယ်။
ဂျာမနီနိုင်ငံတစ်ခုလုံးကို လူတွေ ကို ကူညီတဲ့ 'လုပ်ရပ်ကောင်း ၁ဝ ခု' ဆိုတဲ့ လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့တယ်။ အရင်က ခက်ထန်တဲ့လူတချို့ရဲ့ မျက်နှာပေါ်မှာ တောင် နွေးထွေးတဲ့အပြုံးတွေ တွေ့  မြင်ကြပြီ ဖြစ်တယ်။ လူတွေ က သူတို့ကူညီခဲ့တဲ့ လူတွေ မှာ ဒယ်ဘီမိခင် ပါဝင်ဖို့မျှော်လင့်ခြဲ့ကတယ်။
ဒယ်ဘီရဲ့ ရုပ်ပုံနဲ့အသံကို ဂျာမနီနိုင်ငံရဲ့ လမ်းတိုင်းမှာ တွေ့  မြင်ရတယ်။ ဒယ်ဘီရဲ့ ပုံပြင်ကို လူတိုင်း ပြောစမှတ်ပြုခြဲ့ကတယ်။ တီဗီလိုင်းတွေ ကလည်း ဒယ်ဘီမိခင်ရှာပုံတော် မှာ ကူညီခြဲ့ကတယ်။ ဒါပေမဲ့ ဒယ်ဘီမိခင်က လူထင်ထွက်မပြခဲ့ပါဘူး။
၂ဝဝ၄ ခုနှစ် ၊ ဖေဖော်ဝါရီလမှာ စိတ်ရင်းစေတနာကောင်းတဲ့ဒယ်ဘီအပေါ် အကြောင်းမလှတဲ့ ကံတရားတစ်ခု ကျရောက်ခဲ့တယ်။ဒယ်ဘီနေတဲ့ကျောင်းက ကျောင်းသားအများ ဟာ ဆင်းရဲတဲ့မိသားစု၊ပတ်ဝန်းကျင်က ကြီးပြင်းလာသူတွေ ဖြစ်တယ်။ တချို့ကလေးတွေ ဟာငယ်ငယ်လေးကတည်းက ဒုစရိုက်အဖွဲ့တွေ ထဲ ပါဝင်ခဲ့သူတြွေဖစ်တယ်။ဒယ်ဘီကို လူသိများ လာပြီးနောက် ဒယ်ဘီမှာ ငွေကြေးတွေ ရှိလာနိုင်တယ်လို့ထင်ပြီး ဒယ်ဘီကို သူတို့ရဲ့ ပစ်မှတ်အ ဖြစ် ထားခဲ့တယ်။
၂ဝဝ၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ကျောင်းဆင်းချိန်အပြန်လမ်းမှာ ဒယ်ဘီကို ကျောင်းသားဆိုးတချို့ ဝိုင်းလုယက်ခြဲ့ကတယ်။ဒယ်ဘီကိုယ်ပေါ်မှာ သူတို့လိုချင်တဲ့ ငွေကိုမတွေ့ တော့ ဒေါသကြီးတဲ့လူငယ်တွေ က ဒယ်ဘီကို ဓားနဲ့ထိုးခြဲ့ကတယ်။
ဒယ်ဘီရဲ့ ဗိုက်နဲ့ နှလုံးအိမ်မှာ ဓားထိုးသွင်းခံရပြီး အကြီးအကျယ်ဒဏ်ရာရခဲ့တယ်။ သွေး အိုင်ထဲမှာ ၂ နာရီကျော် လဲလျောင်းနေခဲ့ရတဲ့ဒယ်ဘီကို ကင်းလှည့်ယာဉ်တွေ က ဆေးရုံကို ပို့ခဲ့ရတယ်။ မေ့မြောနေတဲ့ဒယ်ဘီဆီကနေ 'မေမေ . . . မေမေ . . . 'ဆိုတဲ့ ညည်းသံကို လူတွေ ကြားခဲ့ရတယ်။
တီဗီလိုင်းတွေ က ဒယ်ဘီရဲ့ အခြေအနေကို ၂၄ နာရီလုံး ထုတ်လွှင့်ခဲ့တယ်။ ဒယ်ဘီကို ဂရုစိုက်စိုးရိမ်ကြသူတွေ က ဒယ်ဘီကျန်းမာဖို့ဆုတောင်းကြတယ်။ တက္ကသိုလ်ကျောင်းသားတွေ စုပြီး အလက်ဇန္ဒားရင်ပြင်မှာ လက်ချင်းချိတ်ပြီး အသည်းပုံပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ ပါးစပ်မှာ လည်း 'မေမေ . . . မေမေ . . .' လို့ ရွတ်အော်ခဲ့ကြတယ်။ သူတို့ရဲ့ ရွတ်အော်သံကိုကြားတဲ့ လူတွေ က မျက်ရည်အဝဲသားနဲ့ အဲဒီ 'အသည်းပုံ'ထဲ ပါဝင်လာကြတယ်။ နောက်ဆုံးမှာ လူတွေ က တဖြည်းဖြည်းများ ပြားလာခဲ့ပြီး အသည်းပုံလည်း တဖြည်းဖြည်းကြီးမားလာခဲ့တယ်။
လူတွေ ကို ပိုထိခိုက်ဝမ်းနည်းစေခဲ့တာက ဒယ်ဘီဓားထိုးခံရပြီးနာရီပိုင်းနောက်မှာ အမျိုးသမီးရာပေါင်းများ စွာ က တီဗီလိုင်းဆီ ဖုန်းဆက်ကြပြီး သူတို့ဟာ ဒယ်ဘီရဲ့ မိခင်အ ဖြစ် သရုပ်ဆောင်ဖို့ သဘောတူကြောင်းပြောခဲ့တယ်။Rita က Munich တက္ကသိုလ်က ကျောင်းဆရာမ တစ်ဦး ဖြစ်တယ်။ ရီတာက ဆို့ဆို့နင့်နင့်နဲ့ 'ဒယ်ဘီဆိုတဲ့ လူလိမ္မာလေးရဲ့ မိခင်လုပ်ရမှာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူမိပါတယ်' လို့ ဆိုတယ်။
အသက် ၃၅ နှစ် ရှိတဲ့ Talina က ဖုန်းအကြိမ်ကြိမ်ဆက်ပြီး'ကျွန်မဟာ မိခင်မဲ့ ကလေးတစ်ဦးပါ။ အမေရဲ့ မေတ္တာကို ငယ်ငယ်လေးကတည်းက ကျွန်မ တောင့်တခဲ့ပါတယ်။ ဒါကြောင့် ဒယ်ဘီရဲ့ ခံစားချက်ကိုကျွန်မ နားလည်နိုင်ပါတယ်' လို့ ဆိုခဲ့တယ်။
Koblenz မြို့က Judy ဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့နှစ် တွေ မှာ သူ့သားလေးပျောက်ဆုံးခဲ့ရပြီး သားလေးကို ရှာဖွေနေဆဲသူက 'ကျွန်မသားလေးသာ ဒယ်ဘီလိုမျိုး အမေကို လွမ်းဆွတ်နေခဲ့ရင် ကျွန်မအရမ်းပျော်မိမှာ ပဲ၊ ဒယ်ဘီရဲ့ မိခင် ဖြစ်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒယ်ဘီကိုမိခင်မေတ္တာအစစ်အမှန်နဲ့ ကျွန်မ တစ်သက်လုံး ချစ်ပါ့မယ်' လို့ဆိုတယ်။
ထောင်သော င်းမကတဲ့ဖုန်းတွေ မှာ မိခင်အများ က သူတို့ရဲ့ စစ်မှန်တဲ့ အတွင်းစိတ်နဲ့ 'ဒယ်ဘီရဲ့ မိခင်' လုပ်နိုင်ဖို့ တောင်းဆိုခဲ့ကြတယ်။ဒါပေမဲ့ ဒယ်ဘီမှာ မိခင်တစ်ဦးပဲရှိနိုင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးကိုပဲရွေးပြီး ဒယ်ဘီရဲ့ မိခင်အ ဖြစ် ဒယ်ဘီကို ပြုစုစောင့်ရှောက်စေခဲ့တယ်။အရေး ကြီးဆုံးအချိန် ဖြစ်တာကြောင့် လူအများ စိစစ်ဆွေးနွေးပြီးနောက်ဒယ်ဘီနဲ့ တစ်မြို့ထဲနေတဲ့ Judy ကို ဒယ်ဘီရဲ့ မိခင်အ ဖြစ် သဘောတူလိုက်ကြတယ်။
၂ဝဝ၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မနက်ပိုင်းမှာ မေ့မြောနေရာက ဒယ်ဘီ နိုးလာခဲ့တယ်။ မျက်လုံးကိုဖွင့်လိုက်တာနဲ့ Lilyပန်းတစ်စည်းကိုင်ထားတဲ့ Judy ကို ကုတင်ဘေးမှာ ရပ်နေတာတွေ့ လိုက် တယ်။Judy က ဒယ်ဘီရဲ့ လက်ကိုကိုင်ပြီး 'ဒယ်ဘီ . . . မေမေ . . .မေမေ ဒီမှာ ပါ' လို့ဆိုတယ်။ နေရောင် ခြည်ကို တွေ့ သလိုမျိုး ဒယ်ဘီမျက်လုံးတွေ အရောင် လက်လာခဲ့တယ်။ အံ့သြသွားတဲ့ပုံစံနဲ့ 'တကယ်ပဲကျွန်တော့်  မေမေလားဟင်' လို့ မေးတယ်။
မျက်ရည်စက်လက်နဲ့ Judy ခေါင်းညိတ်ပြလိုက်တယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေ ကလည်း ဒယ်ဘီကို ဟုတ်မှန်ကြောင်း အပြုံးနဲ့ခေါင်းညိတ်ပြကြတယ်။ မျက်ရည်စီးကြောင်းနှစ် ကြောင်းက ဒယ်ဘီ့ပါးပြင်ပေါ် စီးကျလာခဲ့တယ်။
'မေမေ . . . သားရှာနေတာ ကြာလှပြီမေမေ၊ သားကို ထပ်ခွဲမသွားပါနဲ့နော် မေမေ . . . ထပ်ခွဲမ သွားပါနဲ့တော့'
'စိတ်ချပါသားရယ် . . . သားကို မေမေ ဘယ်တော့မှ ခွဲမသွားတော့ပါဘူး'
Judy ခေါင်းညိတ်ပြရင်း ရှိုက်ကြီးတငင်နဲ့ ပြောတယ်။ ဒယ်ဘီရဲ့ ဖြူရော်နေတဲ့မျက်နှာမှာ အပြုံးတွေ ဖူးပွင့်သွားခဲ့တယ်။ စကားတွေ အများ ကြီး သူ ထပ်ပြောချင်ပေမယ့် သူ့မှာ ပြောဖို့အင်အား မရှိခဲ့ဘူး။
အဲဒီ နေ့က ဒယ်ဘီရဲ့ လူ့ဘဝနောက်ဆုံးနေ့ ဖြစ်တယ်။Judy ရဲ့ လက်ကို လွတ်ထွက်သွားမှာ စိုးတဲ့အလား သူ တင်းတင်းဆုပ်ကိုင်ထားမိတယ်။ အမေ့မျက်နှာကိုကြည့်ဖို့ သူ မျက်လုံးတွေ တစ်ချက်မှ မမှိတ်ခဲ့ဘူး။အခန်းထဲမှာ ရှိတဲ့လူတွေ ရဲ့ ပါးပြင်မှာ မျက်ရည်တွေ မခြောက်ခမ်းခဲ့ဘူး။
၂ဝဝ၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ မနက် ၂ နာရီမှာ ဒယ်ဘီ တစ်ယောက် မျက်လုံးစုံမှိတ်ပြီး လူ့ဘဝထဲကနေ ထာဝရထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ Judy ရဲ့ လက်ကို သူ တင်းတင်း ဆုပ်ကိုင်ထားဆဲပါပဲ ..
http://www.duwenzhang.com
(၂)
အမေပေးတဲ့ လက်ဆောင်သုံးခု
ပထမဆုံးအကြိမ် နိုင်ငံခြားကို ခရီးထွက်တော့ ကျွန်မရဲ့ အဝတ်သေတ္တာကို အမေ ကူထည့်ပေးပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ စစ်ဆေးပြီးနောက် အမေက ကျွန်မကို ရွှံ့တွေ ထည့်ထားတဲ့ ဗူးလေးတစ်ဗူး ပေးတယ်။ရေစိမ်းမြေစိမ်း နိုင်ငံရပ်ခြားမှာ မဖျားမနာအောင် ကိုယ့်မွေးရပ်မြေ(မြန်မာပြည်)က မြေနဲ့ရေကို ယူသွားရတယ်လို့ အယူရှိလို့ အမေ ထည့်ပေးလိုက်တာ ဖြစ်တယ်။ အဲဒီ ရွှံ့ကို ကိုယ်ရောက်တဲ့နိုင်ငံမှာ နည်းနည်း စွန့်ပြီးကိုယ်မှာ နည်းနည်း ဆောင်ထားပေးရင် သူများ နိုင်ငံမှာ ကျန်းကျန်းမာမာနဲ့နေနိုင်တယ်လို့ ဆိုပါတယ်။
အမေထည့်ပေးတဲ့ မွေးရပ်မြေကရွှံ့ကြောင့် နိုင်ငံခြားမှာ နေခဲ့တဲ့ဆယ်နှစ် ကျော်အတွင်း သာမန် ဖြစ်နေကျ ခေါင်းမူးခေါင်းကိုက်တာကလွဲလို့ ကျွန်မ ကြီးကြီးကျယ်ကျယ် မဖျားဖူးပါဘူး။ မဖျားနာဖူးတဲ့အပြင်ဘယ်နိုင်ငံရောက်ရောက် ကျွန်မ ဘယ်မြေ၊ ဘယ်ရေ၊ ဘယ်ဘဝအခြေအနေက လာခဲ့တယ်ဆိုတာကိုလည်း မမေ့ခဲ့ပါဘူး။
ရွှံ့အပြင် မွေးပွစောင်တစ်ထည်ပါ ကျွန်မကို အမေ ထည့်ပေးပါတယ်။ နိုင်ငံခြားထွက်တာ စောင်ပါထည့်ပေးလို့ သူငယ်ချင်း ဆွေမျိုးတွေ က အမေ့ကို ရယ်ကြတယ်။ လေးလေးလံလံ ပစ္စည်းမို့ ကျွန်မလည်း မယူချင်ခဲ့ပါဘူး။ ဆွေမရှိ၊ မျိုးမရှိ သူများ နိုင်ငံမှာ ကျွန်မ အထီးကျန်၊ အပယ်ခံ၊အေးစက်တာတွေ ခံရမှာ စိုးလို့ အမေက သူ့ကိုယ်စား ထည့်ပေးလိုက် တာ ဖြစ်တယ်။ အထီးကျန်၊ အပယ်ခံတာတွေ မခံရအောင် လူတွေ နဲ့ပေါင်းသင်းတတ်ဖို့ ကျွန်မ သင်ယူခဲ့ပါတယ်။ လူမျိုးခြား၊ လူမျိုးတူတွေ နဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်။ နောက်တော့ သူငယ်ချင်း မိတ်ဆွေတွေ ရဲ့ ကူညီစောင့်ရှောက်မှု ၊ဖေးမမှု တွေ က အမေ့စောင်လိုပဲ ကျွန်မကို နွေးထွေးမှု တွေ ပေးခဲ့ပါတယ်။
ခါတိုင်း ကျွန်မတို့ အဝတ်အစားတွေ စုတ်ပြဲရင် အပ်ချုပ်သမအမေက ဖာထေးပေးတတ်ပါတယ်။ ကျွန်မ နိုင်ငံခြားထွက်တော့ အမေလိုက်ပါ မချုပ်ပေးနိုင်တဲ့အတွက် အပ်နဲ့ အပ်ချည်တစ်စုံကို အမေ ထည့်ပေးခဲ့တယ်။ အဝတ်အစား ပေါက်ပြဲရင် ကိုယ်တိုင်ပြန်ချုပ်လို့ရအောင်ပါ။အဝတ်အစား အစုတ်အပြတ်တွေ ကို ပြန်ချုပ်နိုင်တဲ့ အမေ့အပ်ချည်လိုပဲကျခဲ့တဲ့ စိတ်ဓာတ်တစ်ခုကိုလည်း ကျွန်မ ပြန်ဖာထေးနိုင်ပါတယ်။
အမေဆုံးတာ ၁ဝ နှစ် ကျော်ခဲ့ပါပြီ။ အမေပေးတဲ့ လက်ဆောင်သုံးခုကို ကျွန်မ မမေ့မပျောက် သိမ်းထားဆဲပါ။ လိုအပ်တဲ့အချိန်၊လိုအပ်တဲ့နေရာမှာ အဲဒီ လက်ဆောင် သုံးခုကို ကျွန်မ ထုတ်ယူ သုံးစွဲနေဦးမှာ ဖြစ်ပါတယ်။
(၃)
ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင်
သူ လေးနှစ် သား အရွယ်တုန်းက မတော် တဆ ခဲမှန်လို့ မျက်လုံးတစ်လုံး တိမ်စွဲခဲ့ရတယ်။ ခဲမှန်စက သွေးတွေ တရဟော ထွက်လို့ဆေးရုံတက်ခဲ့ပေမယ့်ဆရာဝန်က အကောင်း ပကတိ ဖြစ်အောင်ပြန်ကုလို့မရနိုင်တော့ဘူးဆိုပြီး ဆေးတချို့ပဲ ပေးတယ်။
ဒါကို အဖေက လက်မလျှော့ဘူး။ သူ့ကိုချီပိုးပြီး မြို့ပေါ်ကအကောင်းဆုံး မျက်စိ အထူးကုဆီသွားပြခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ ကုလို့မရတော့ဘူးဆိုတဲ့ စကားက အဖေ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ြပန်တယ်။ဝမ်းနည်းမှု ကိုမခံရပ်နိုင်တဲ့ အဆုံး အဖေ ငိုခဲ့တယ်။ ဘာကိုမှသေချာနားမလည်သေးတဲ့အရွယ်မို့အဖေ ဘာကြောင့် ငိုမှန်း သူ မသိခဲ့ဘူး။
သူ ခြောက်နှစ် အရွယ်ရောက်တော့ ညာမျက်လုံးက တစစဖြူလာတယ်။ 'အဖေ ... ဘာ ဖြစ်လို့ ကျွန်တော့မျက်လုံး တစ်လုံးကဖြူနေရတာ လဲ လို့ မေးတဲ့အမေးကို အဖေ ပြန်မဖြေနိုင်ခဲ့ဘူး ။ သားဘဝတစ်လျှောက်လုံး မျက်လုံးတစ်လုံးတည်း နဲ့ပဲ ပြီးဆုံးရတော့မယ်။ ဘာပဲလုပ်လုပ်တခြားလူတွေ ထက် ပိုခက်ခဲမယ်ဆိုတာ အဖေ သိခဲ့တယ်။
အဖေက လိပ်သည်း ကျောက်တင်ပို့ ရောင်းချတဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီ နှစ် က ကျောက်တွေ ကို ကားပေါ်တင်ရင်း မတော် တဆ ဝန်ချီစက်ြကိုးပြတ်သွားတယ်။ မြေပြင်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ ကျောက်တွေ ကနေ ကျောက်ခဲအသေးအမွှားတချို့က သေနတ်ထိပ်က ကျည်ဆံလိုပဲအဖေ့ဆီ ပြေးဝင်လာတယ်။ အဖေ ကာကွယ်ချိန် မရလိုက်ဘူး။ ကျောက်ခဲတချို့ အဖေ့မျက်လုံးကိုထိသွားတယ်။ ဒဏ်ရာသေးပေမယ့် ကုသဖို့ကို အဖေငြင်းဆန်ပြီး အလျှော်ပေးတဲ့ကုသခကိုပဲယူမယ်လို့ အဖေ တောင်းဆိုခဲ့တယ်။
ဘာကြောင့် လဲလို့ မေးတော့ အဲဒီ ကုသခနဲ့ သားကို မျက်လုံးတုတစ်ခုတပ်ဆင်ပေးချင်လို့ လို့ အဖေက ဆိုပါတယ်။ အဖေရဲ့ တောင်းဆိုချက်ကိုစစချင်းမှာ တစ်ဖက်က လက်မခံနိုင်ခဲ့ပေမယ့် အဖေရဲ့ တောင့်ခံမှု ကြောင့် နောက်ဆုံးမှာ ဝန်ခံချက်လက်မှတ်ရေး ထိုးပြီး လက်လျော့ခဲ့တယ်။ ကုလို့ရနိုင်ရက်နဲ့ မကုဘဲ ငြင်းခဲ့တဲ့ အဖေ့ကို လူတွေ က ရူးသွားပြီလို့ထင်ကြပေမယ့်အဖေက ဂရုမစိုက်ပါဘူး။
နှစ် ၂ဝ လွန်ပြီးတဲ့နောက် ကုမ္ပဏီ အသေးလေးတစ်ခု အဖေ ပိုင်လာတယ်။ လူတွေ က အဖေ့ကို 'မျက်တစ်လုံး ' လို့ ခေါ်ကြတယ်။ သား ကတော့ခန့်ခန့်ချောချောနဲ့ အကြောင်း မသိရင် မျက်စိတစ်ဖက် ကန်းနေမှန်းတောင်မသိနိုင်ပါဘူး။
သားရဲ့ မင်္ဂလာပွဲမှာ လူတွေ က သတို့သမီးကို 'မျက်လုံးတစ်လုံးပဲရှိတဲ့ သူကိုဘာ ဖြစ်လို့ ယူသလ'ဲ လို့မေးတော့ သတို့သမီးက 'မျက်လုံးတစ်လုံး ပဲရှိပေမယ့်သာမန်လူတွေ ထက်သူပိုရက်ရောက်တယ'် လို့ပြောပါတယ်။
သားရဲ့ မင်္ဂလာပွဲမှာ အဖေက အပျော်လွန်ြပီး မူးနေပါပြီ။ ကွယ်နေတဲ့မျက်လုံးကိုထိုးပြီး အဖေက 'ကျွန်တော် ဘာ ဖြစ်လို့ဒီမျက်လုံးကိုမကုခဲ့တာလဲသိလား၊ သားငယ်ငယ်က သူ့မျက်လုံးတစ်ဖက် ဘာကြောင့် ဖြူနေတာလဲလို့ကျွန်တော့် ကို မကြာခဏ မေးတယ်။ ကျွန်တော် ပြန်ဖြေဖို့ အဖြေမရှိဘူး ။ဒီမျက်လုံး ကြီးကန်းသွားမှသားကိုကျွန်တော် ပြန်ဖြေနိုင်တော့တယ်။ ဖေဖေရဲ့ မျက်လုံးလည်း ဖြူနေပါတယ်သား... ဒါ မျိုးရိုးကြောင့် ပါ' လို့။
မင်္ဂလာခန်းမတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားတယ်။
ဖခင်ဆိုတာ တောင်တစ်လုံး နဲ့တူတယ်။ တည်ကြည်ခန့်ညားကြီးမြင့်တယ်။ အခက်အခဲတွေ ကိုရှေ့ကနေ ကာကွယ်တားဆီးပေးတယ်။ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင် နဲ့ တူတယ်။ ရင်ထဲသူ့မေတ္တာကိုဖွင့်လှစ်မပြတတ်ဘူး ။
ဖခင်ဆိုတာ လက်တစ်စုံပါ။ အဲဒီ လက်တစ်စုံနဲ့ သားသမီးတွေ ကိုဖေးမပြီး နွေ၊ မိုး ၊ ဆောင်းအတူဖြတ်ကျော်ပါတယ်။
ဖခင်ဆိုတာ မျက်ရည်တစ်စက်။ အကြင်နာမေတ္တာတွေ နဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက် ဖြစ်တယ်။
![]() ရတနာများနှင့်ဆက်သွယ်ခြင်း | ![]() ကျေးဇူးပြုပြီး မေမေ့ကို ကြည့်ရှုစောင့်ရှောက်ပါ | ![]() လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး |