(၁)
အခန်း(၁)
ဘယ်သူမှမသိဘူး
မေမေပျောက်နေတာ တစ်ပတ်ရှိပြီ. . .
သင်တို့တစ်မိသားစုလုံး အစ်ကိုကြီးဟုန်းချော (Hyong-Cho) အိမ်မှာ စုဝေးနေကြတယ်။ လေးလေးနက်နက် ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှာ လူပျောက်ကြော်ငြာလုပ်ပြီး မေမေပျောက်ဆုံးခဲ့တဲ့နေရာတစ်ဝိုက်မှာ ဖြန့်ဝေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လူပျောက်ကြော်ငြာမူကြမ်း အရင်ရေး ဖို့ သင်တို့ ဆုံးဖြတ်ကြတယ်။ ဒါဟာရှေးအစဉ်အလာနည်းပေါ့။ အိမ်ကလူ ပျောက်သွားတယ်။ ပျောက်တဲ့သူက မေမေ ဖြစ်နေတယ်။ သင်တို့မှာ လုပ်နိုင်တာဆိုလို့ ဒီနည်းတွေ ပဲရှိခဲ့တယ်။ ပျောက်ဆုံးကြောင်း ရဲကို အကြောင်း ကြားမယ်၊ အရပ်လေးမျက်နှာရှာဖွေကြမယ်၊မေမေနဲ့ တူတဲ့လူကို တွေ့ ခဲ့ကြသလားလို့ လမ်းသွားလမ်းလာတွေ ကို မေးမယ်။ ဒါမှမဟုတ်အင်တာနက်အထည်ဆိုင် ဖွင့်ထားတဲ့မောင်လေးကနေတစ်ဆင့် မေမေပျောက်ဆုံးတဲ့အကြောင်းရင်းနဲ့ ပျောက်ဆုံးတဲ့နေရာရေး ပြီး မေမေ့ဓာတ်ပုံနဲ့အတူ အင်တာနက်ပေါ် တင်ခိုင်းမယ်။ မေမေနဲ့တူတဲ့လူကိုတွေ့ ရင် သင်တို့ကိုဆက်သွယ်ဖို့ပြောမယ်။မေမေသွားနိုင်မယ့်နေရာကို စဉ်းစားမိပေမယ့် ဒီမြို့မှာ မေမေ တစ်ယောက် တည်းသွားတတ်တဲ့နေရာ မရှိဘူးဆိုတာကို သင်လည်း သိတယ်။
'နင်က စာရေး ဆရာပဲ၊ လူပျောက်ကြော်ငာကို နင်ပဲရေး ပါ' လို့အစ်ကိုကသင့်ကိုအလုပ်ခန့်တယ်။ စာရေး ဆရာ... မလုပ်သင့်တာကိုလုပ်လို့ လူမိသွားသူလိုသင် ရှက်သွေးဖြာသွားတယ်။ သင့်ကလောင်အောက်က စာတစ်ကြောင်းတိုင်းဟာပျောက်ဆုံးနေတဲ့ မေမေ့ကို တွေ့ အောင်ရှာဖို့ တကယ်ကူညီနိုင်ပါ့မလား။
၁၉၃၈-ခုနှစ် ၊ ဇူလိုင်လ ၂၄ရက်နေ့၊ မေမေ့မွေးသက္ကရာဇ်ကို သင်ချရေး လိုက်တယ်။ မေမေ့ကို (၁၉၃၆-ခုနှစ် ) မှာ မွေးတယ်လို့ ဖေဖေကပြောတယ်။မှတ်ပုံတင်မှာ ရေး ထားတာက (၁၉၃၈) ဖွား။ တကယ်တမ်းမှာ တော့ (၁၉၃၆ခုနှစ် ) ဖွား ဖြစ်တယ်။ ဒီအ ဖြစ်ကို ပထမဆုံးအကြိမ် သင်သိတာ ဖြစ်တယ်။ အဲဒီ ခေတ်တုန်းကအဲဒီ လိုပဲ၊ မွေးလာတဲ့ ကလေးတော် တော် များများ က ရက်(၁ဝဝ)မပြည့်ခင်သေသွားတတ်ကြလို့ အသက် နှစ် နှစ် ၊ သုံးနှစ် ပြည့်မှ အိမ်ထောင်စုစာရင်းသွားပေးကြတယ်လို့ ဖေဖေကပြောတယ်။ ၃၈ ကို သင်က ၃၆ လို့ ပြောင်းရေး ချင်တယ်။အစ်ကိုကြီးက တရားဝင်ရုံးတင်ထားတဲ့ (၁၉၃၈) ခုနှစ် ကို ရေး တာ ပိုသင့်တော် မယ်လို့ဆိုတယ်။ 'ဒါက ကျွန်မတို့ကိုယ်တိုင် ရေး တဲ့ လူပျောက်ကြော်ငာ၊ အိမ်ထောင်စုစာရင်းရုံးမှမဟုတ်တာ၊ ဘာ ဖြစ်လို့ အမှန်အတိုင်းမရေး ဘဲ အိမ်ထောင်စုစာရင်းထဲကအတိုင်း ရေး ရသလဲ'လို့ သင် တွေးနေပေမယ့် မွေးခုနှစ် ကို သင် ပြန်ပြင်ရေး လိုက်တယ်။ (၃၆)ကို (၃၈)လို့ ပြန်ပြင်ရေး လိုက်တယ်။ တစ်ဆက်တည်းမှာ ပဲဇူလိုင်လ ၂၄-ရက်နေ့ကရော မေမေ့ရဲ့ မွေးလ၊ မွေးရက်အမှန်ပဲလားလို့ သင်တွေးလိုက်မိတယ်။
လွန်ခဲ့တဲ့နှစ် တွေ ကတည်းက သူ တစ်ယောက် တည်းအတွက် မွေးနေ့ပွဲမကျင်းပပေးနဲ့တော့လို့ မေမေက ပြောခဲ့တယ်။ ဖေဖေ့ရဲ့ မွေးနေ့က မေမေ့ထက်တစ်လစောတယ်။ အရင်က မွေးနေ့ ဒါမှမဟုတ် တခြားအထိမ်းအမှတ်နေ့ရောက်တိုင်းမြို့မှာ နေတဲ့သင်တို့ မောင်နှမတွေ အားလုံး ချောင်းအွတ် ( Chongup) က မေမေ့အိမ်ကိုပြန်ကြတယ်။ လူစုံတက်စုံဆိုရင် သွေးနီးသားချင်းတွေ ချည်းပဲ အယောက် (၂၂) ယောက် ရှိတယ်။ အိမ်မှာ မိသားစုတွေ နဲ့ ပျော်ပါးဆူညံတာကို မေမေနှစသက် တယ်။မိသားစုတွေ ဆုံကြမယ်ဆိုတိုင်း မေမေက ကင်ချီကြိုလုပ်ထားတတ်တယ်။ဈေးထဲကနေ အသားတွေ ဝယ်ထားတတ်တယ်။ ပြီးတော့ သွားတိုက်ဆေး၊သွားတိုက်တံ အပိုတွေ အသင့်ပြင်ဆင်ထားတတ်တယ်။ နှမ်းဆီ ကြိတ်ထားတတ်တယ်။ နှမ်းနဲ့ (Perulla)စေ့ကို လှော်ပြီး ကြိတ်ထားတတ်တယ်။ သင်တို့ပြန်တဲ့အခါ တစ်ယောက် တစ်ပုလင်း ထည့်ပေးနိုင်ဖို့ ဖြစ်တယ်။
မိသားစုတွေ့ ဆုံမယ့် ရက်ကို မေမေစောင့်နေတဲ့အတောအတွင်းမှာ ရွာကအိမ်နီးနားချင်းနဲ့တွေ့ လို့ပဲ ဖြစ် ဖြစ်၊ ဈေးထဲမှာ အသိနဲ့တိုးလို့ပဲ ဖြစ် ဖြစ် မေမေဟာပြုံးရယ်ပျော်ရွှင်နေတတ်တယ်။ ဂုဏ်ယူပီတိအပြောနဲ့ ပြောဆိုတတ်တယ်။ရာသီအလိုက်လုပ်ထားတဲ့ မက်မန်းအချိုရည်၊ စတော် ဘယ်ရီအချိုရည်တွေ ကိုမေမေက စတိုခန်းထဲမှာ ဖန်ပုလင်းမျိုးစုံနဲ့ ထည့်ထားတတ်တယ်။ မေမေ့ရဲ့ စဥ့်အိုးတွေ ထဲမှာ အားလုံးအတွက် ခွဲဝေပေးဖို့ အချဉ်တည်ထားတဲ့ ငါးပုတ်သင်၊ငါးပါးနီအနှစ် နဲ့ ခုံးကောင်တွေ အပြည့်ရှိတယ်။ ကြက်သွန်နီက ကျန်းမာရေး အတွက်ကောင်းတယ်လို့ တခြားသူတွေ ပြောတာကြားရင် မေမေဟာ ကြက်သွန်နီရည်လုပ်တယ်။ ဆောင်းရာသီမရောက်ခင် နွယ်ချိုနဲ့ရောစပ်ထားတဲ့ ဖရုံရည်တွေ လုပ်ပြီး မြို့က သားသမီးတွေ ဆီ မေမေပို့ပေး တတ်တယ်။ မေမေ့ရဲ့ အိမ်က အလုပ်ရုံနဲ့တူတယ်။ တစ်နှစ် ပတ်လုံး အပြင်မှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေ အတွက်ဟင်းနှစ် လုပ်တယ်။ ပဲနှစ် အချဉ် တည်တယ်။ ဆန်မှု န့်ကြိတ်တယ်။
အပြင်မှာ အလုပ်လုပ်နေတဲ့ သင်တို့ ချောင်းအွတ် (Chongup) ကိုပြန်လာတဲ့အကြိမ် တဖြည်းဖြည်းနည်းလာခဲ့တာ ဘယ်အချိန်ကတည်းကမှန်းမသိခဲ့ပါဘူး။ သင်တို့ဆီ ဖေဖေနဲ့မေမေလာတဲ့ အကြိမ်အရေအတွက် ပိုများ လာခဲ့တယ်။ဖေဖေနဲ့မေမေတို့ရဲ့ မွေးနေ့ကိုလည်း မြို့ထဲက စားသောက်ဆိုင်မှာ ပဲ ပြောင်းလဲကျင်းပလာခြဲ့ကတယ်။ ဒီလိုဆိုတော့လည်း ပိုလွယ်ကူအဆင်ပြေသွားတာ အမှန်ပါပဲ။နောက်တော့ မေမေက 'မေမေ့ရဲ့ မွေးနေ့ကို သားတို့သမီးတို့ရဲ့ ဖေဖေ့မွေးနေ့မှာ တစ်ခါတည်း အတူတူလုပ်လိုက်ပါ။ နွေရာသီမှာ ပူလွန်းတယ်။ နောက်ပြီး ဘိုးဘွားတွေ ကို နှစ် ကြိမ်ကန်တော့ရဦးမယ်။ ကန်တော့ဖို့ အချိန်နှစ် ရက်လောက်ယူရသေးတယ်။ မွေးနေ့လုပ်ဖို့ဘယ်အချိန်ရှိမလဲ' လို့ပြောတယ်။
မေမေ ဒီလိုပြောတာကို စစချင်းမှာ သင်တို့ ငြင်းဆန်ကြတယ်။ မေမေမြို့ကို မလာနိုင်သည့်တိုင် ရွာကို သင်တို့နှစ် ယောက် စ၊ သုံးယောက် စ ပြန်ပြီး မေမေ့အတွက် မွေးနေ့ပွဲကျင်းပပေးကြတယ်။ ဒီလိုနဲ့နှစ် တွေ ကြာလာတော့ ဖေဖေ့မွေးနေမှာ မေမေ့အတွက် မွေးနေ့လက်ဆောင်ကို တစ်ပါတည်း သင်တို့ပေးကြတယ်။ မေမေ့ရဲ့ မွေးနေ့က ဒီလိုနဲ့ပဲ ပြီးသွားခဲ့တယ်။ အိမ်ကမိသားစုဝင်အတွက် မေမေက ခြေအိတ်ဝယ်ပေးရတာ ကို နှစသက် တယ်။ နောက်တော့ မေမေဝယ်ထားတဲ့ ခြေအိတ်တွေ ယူမယ်သူမရှိခဲ့လို့ အဝတ်ဗီရို ထဲမှာ ခြေအိတ်တွေ များ သထက်များ လာခဲ့တော့တယ်။
အမည် - ဘတ်ဆိုနို (Park So-nyo)
မွေးသက္ကရာဇ် - ၁၉၃၈ခုနှစ် ၊ ဇူလိုင်လ ၂၄ ရက် ( အသက် ၆၉နှစ် )
ပုံပန်းသဏ္ဌာန် - ဆံပင်အတိုကောက်ထားတယ်၊ ဆံပင်ဖြူပိုများ တယ်၊ ပါးရိုးမောက်တယ်၊ မိုးပြာရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားတယ်။ အဖြူရောင် အနွေးထည် ဝတ်ထားတယ်။ သနပ်ခါးရောင် အတွန့်ပါတဲ့စကတ် ဝတ်ဆင်ထားတယ်။
ပျောက်ဆုံးတဲ့နေရာ - မြေအောက်ရထား ဆိုးလ်ဘူတာ
မေမေ့ရဲ့ ဘယ်ဓာတ်ပုံကို သုံးသင့်သလဲဆိုတဲ့နေရာမှာ သဘောထားတွေ ကွဲလွဲကြပြန်တယ်။ အနီးကပ်ဓာတ်ပုံကို သုံးသင့်တယ်လို့ အားလုံးသဘောတူကြသည့်တိုင် ဘယ်သူ့ဆီမှာ မှ မေမေ့ရဲ့ လတ်တလောဓာတ်ပုံ မရှိခဲ့ကြဘူး။ ဘယ်အချိန်ကစမှန်းမသိ ဓာတ်ပုံရိုက်ရမှာ ကို မေမေမုန်းလာခဲ့တာကို သင်သတိရလာမိတယ်။မိသားစုဓာတ်ပုံရိုက်ချိန်မှာ လည်း မေမေဟာ မသိမသာနဲ့ ရှောင်ထွက်သွားတတ်ခဲ့တယ်။ မိသားစုဓာတ်ပုံမှာ မေမေ တစ်ယောက် တည်းပဲ ပဲ့ကျန်နေတတ်တယ်။ဖေဖေအသက် (၇ဝ) ပြည့်မွေးနေ့ကမိသားစုဓာတ်ပုံမှာ မေမေ့ပုံပါတယ်။ ဒါက မေမေရဲ့ လောလောလတ်လတ်ပုံပဲ ဖြစ်တယ်။ အဲဒီ တုန်းက မေမေဟာ အပြာနုရောင် ကိုရီးယားရိုးရာဝတ်စုံကိုဝတ်ဆင်ထားတယ်။ အလှပြင်ဆိုင်သွားပြီး ဆံပင်ပြင်ခဲ့တယ်။အနီရောင် နှုတ်ခမ်းနီကိုဆိုးထားတယ်။ အသေးစိတ်ြပင်ဆင်ထားမှန်း သိသာပါတယ်။
ဓာတ်ပုံထဲက မေမေဟာ မပျောက်ဆုံးခင်က မေမေ့ရဲ့ ပုံရိပ်နဲ့ တခြားစီလို့မောင်လေးက ထင်တယ်။ ဓာတ်ပုံထဲက မေမေ့ပုံကို အကြီးချဲ့လိုက်ရင်လည်း လူတွေ ခွဲခြားသိမြင်နိုင်မှာ မဟုတ်ဘူးလို့ သူကပြောတယ်။ အင်တာနက်ပေါ် ဓာတ်ပုံတင်ပြီးတဲ့နောက် လူတွေ က မေမေ့ကို အရမ်းချောတယ်၊ သူ့ပုံကြည့်ရတာ အကူအညီမဲ့လမ်းပျောက်နေသူနဲ့ မတူဘူးလို့ တုန့်ပြန်ကြတယ်။ ဒီလိုနဲ့ မေမေ့ရဲ့ တခြားပုံတွေ ရှိမရှိ ရှာ ကြဖို့သင်တို့ ဆုံးဖြတ်ကြပြန်တယ်။
အစ်ကိုက သင့်ကို လူပျောက်ကြော်ငာမှာ စကားလုံးထပ်ထည့်ဖို့ပြောတယ်။အစ်ကို့ ကိုသင်စိုက်ြကည့်လိုက်တယ်။ လူတွေ ရဲ့ ရင်ကို လှုပ်ခတ်စေနိုင်မယ့် စကားလုံးတွေ သုံးဖို့ အစ်ကို က ပြောတယ်။
လူတွေ ရဲ့ ရင်ကိုလှုပ်ခတ်စေနိုင်မယ့်စကားလုံး ....'ကျေးဇူးပြု၍ ကျွန်မ တို့ရဲ့ မိခင်ကို ကူရှာပေးပါ'လို့ သင်ရေး လိုက်တယ်။ အစ်ကိုက ဒီလိုရေး တာဟာ သိပ်ရိုးလွန်းတယ်လို့ပြောတယ်။
'ကျွန်မတို့ရဲ့ မိခင်ကို ကူရှာပေးပါ'လို့ သင်ရေး တော့ 'မိခင်'ဆိုတဲ့ အသုံးအနှုန်း က သမားရိုးကျဆန်လွန်းတယ်။ 'မေမေ'လို့ ရေး ပါလို့ အစ်ကိုကပြောတယ်။'ကျွန်မတို့ရဲ့ မေမေကို ကူရှာပေးပါ'လို့ သင်ရေး တော့ ကလေးဆန်လွန်းတယ်လို့အစ်ကိုက ပြောပြန်တယ်။
'တကယ်လို့ ဒီလူကိုတွေ့ ခဲ့ရင်ကျေးဇူးပြု၍ ကျွန်မ တို့နဲ့အမြန်ဆက်သွယ်ပါ'လို့ သင်ရေး ပြီးတာနဲ့ အစ်ကို က ဒေါသတကြီး ထအော်တယ်။
'စာရေး ဆရာမို့ တော် တော့တယ်။ ဒီစာကြောင်းကလွဲပြီး တခြားစာကြောင်းတွေ နင်မရေး နိုင်တော့ဘူးလား'အစ်ကိုကြီးပြောတဲ့ တခြားလူရဲ့ ရင်ကိုကိုင်လှုပ်နိုင်တဲ့ စကားလုံးဆိုတာ ဘယ်လိုစကားလုံးမျိုးလဲဆိုတာကို သင်မတွေးတတ်အောင် ဖြစ်ရတယ်။
အစ်ကိုလတ်က 'တခြားလူရဲ့ ရင်ကိုကိုင်လှုပ်နိုင်တဲ့စကားလုံး ရေး မယ်လား၊ဆုချီးမြှင့်မယ်လို့ ရေး လိုက်ရင် လူတွေ ရဲ့ ရင်ကို ကိုင် လှုပ်နိုင်ပြီ'လို့ ပြောတယ်။ ဒီလိုနဲ့ 'ဆုလာဘ် ချီးမြှင့်မည် 'လို့ သင်ရေး လိုက်တော့ မရီး ဖြစ်သူက 'ဒါ ဘာအဓိပ္ပါယ်လဲ၊ဆုလာဘ်ဘယ်လောက်ချီးမြှင့်မယ်ဆိုမှ လူတွေ က သတိထားကြည့်မှာ ပေါ့'လို့ဆိုတယ်။
'ဒီလိုဆို ဘယ်လောက်ရေး မလဲ'
'ဝမ်ဆယ်သိန်း'
'နည်းလွန်းတယ်'
'ဝမ်သိန်းသုံးဆယ်'
'ဒါလည်း နည်းလွန်းမနေဘူးလား'
'ဒီလိုဆိုရင် ဝမ်သိန်း ငါးဆယ်ကွာ'
ဝမ်သိန်းငါးဆယ်ဆိုတာနဲ့ ဘယ်သူမှ အတွန့်မတက်ြ ကတော့ဘူး။ ဒါကြောင့် သင်က 'ဝမ်သိန်းငါးဆယ် ဆုချီးမြှင့်မည် 'လို့ ရေး လိုက်တယ်။ ရေး ပြီးတော့အဆုံးသတ် ပုဒ်မ ချလိုက်တယ်။ အစ်ကိုလတ်က 'ဆုငွေဝမ်သိန်း ငါးဆယ်' လို့ရေး ပါလို့တောင်းဆိုတယ်။ မောင်လေးက ဝမ်သိန်းငါးဆယ်ကို စာလုံးကြီးကြီးနဲ့ ရေး ဖို့ပြောတယ်။ အဲဒီ နောက် ကိုယ့်အိမ်သူ့အိမ်ြပန်ြပီး မေမေ့ဓာတ်ပုံရှာကြမယ်။ သင့်တော် တဲ့ဓာတ်ပုံတွေ့ ရင် သင့်ဆီ အီးမေးလ်ပို့ဖို့ သဘောတူကြတယ်။ လူပျောက်ကြော်ငြာအတွက်အကြောင်းအရာ ထပ်ထည့်ဖို့ နဲ့ ပုံနှိပ်ဖို့သင်တာဝန်ယူရပါတယ်။ မောင်လေးကဖြန့်ဝေဖို့ တာဝန်ယူပါတယ်။
'လူပျောက်ကြော်ငြာဖြန့်ဝေဖို့ လူ တစ်ယောက် ငှားနိုင်တာပဲ'လို့ သင်အကြံပေးစကားပြောပြီးပြီးချင်း၊ အစ်ကိုကြီးက တစ်ဆက်တည်း ဝင်ပြောတယ်။'ဒီကိစ္စကို ငါတို့ပဲလုပ်သင့်တယ်။ အလုပ်လုပ်ချိန် အလုပ်လုပ်ပြီး အားလပ်ချိန်ရှိတာနဲ့လုပ်မယ်။ ရုံးပိတ်ရက်တွေ မှာ တော့ အားလုံးလှုပ်ရှားကြမယ်။ '
'ဒီပုံစံနဲ့ဆိုဘယ်တော့မှမေမေ့ကိုရှာတွေ့ မှာ လဲ'လို့သင် ညည်းတွားတော့အစ်ကြိုကီးက 'လုပ်နိုင်တဲ့ အလုပ်ကိုလုပ်မယ့်သူရှိတယ်။ ကြော်ငာကို ငါတို့ကိုယ်တိုင်ဖြန့်ဝေတယ်ဆိုတာက ဘာမှမလုပ်ဘဲ ဒီအတိုင်း ငါတို့ ထိုင်နေလို့မှ မ ဖြစ်တာ'လို့ဝင်ပြောတယ်။
'ဘယ်အရာက လုပ်နိုင်တဲ့အလုပ်လဲ'
'သတင်းစာကြော်ငာ ထည့်တာလေ'
'သတင်းစာကြော်ငာက အားလုံးလုပ်နိုင်တဲ့အလုပ်လား'
'ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ်မလဲ၊ မနက်ဖြန်ကစ အလုပ်တွေ ချပြီးတစ်အိမ်တက်ဆင်း လိုက်လှည့်ရှာရမလား ၊ တကယ်လို့ ဒီလိုပုံစံနဲ့မေမေ့ကိုရှာတွေ့ နိုင်မယ်ဆိုရင် ငါ ချက်ချင်း လုပ်မယ်'
အစ်ကိုကြီးနဲ့ သင် ဆက်မငြင်းတော့ဘူး။ နင်က အစ်ကို၊ နင်ပြောသလိုလုပ်မယ်ဆိုတာကို သင် အကျင့်ပါနေလို့ ဖြစ်တယ်။ နှစ် တော် တော် များများ မှာ ဘာကိစ္စကြီးငယ်မဆို အစ်ကိုကြီးကိုပဲ လွှဲပေးတတ်တဲ့အကျင့်က ဒီလိုအခြေအနေမျိုးမှာ လည်း နှိုးထနေသေးကြောင်းကို သင်သတိပြုလိုက်မိတယ်။ ဖေဖေ့ကို အစ်ကိုကြီးအိမ်မှာ ထားခဲ့ပြီး သင်တို့ ကိုယ့်အိမ်ကိုယ်စီပြန်ခဲ့ကြတယ်။ လူစုမခွဲရင် ထပ်ငြင်းခုန်ကြလိမ့်မယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သင်တို့ ဒီလိုပဲ ငြင်းခုန်ခဲ့ကြတယ်။ လူတွေ အားလုံးစုံကြရင် မေမေ့ကို ဘယ်လိုရှာရမယ်လို့ ဆွေးနွေးတိုင်ပင်ကြရမယ့်အစား၊သင်တို့ ညီအစ်ကိုမောင်နှမတွေ က ဘယ်သူကဖြင့် မေမေ စိတ်မကောင်းအောင်ဘယ်လိုလုပ်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပဲ တူးဆွနေတော့တယ်။ ဒီလိုနဲ့ ချေဖျက်အသင်္ချေခဲ့တဲ့ အတိတ်ကအကြောင်းတွေ ပြန်လည်ဖောင်းပွပေါ်လာခဲ့တော့တယ်။နောက်ဆုံးမှာ အော်သူကအော်၊ ဆေးလိပ်သောက်သူကသောက်၊ တံခါးဆောင့်ပိတ်ပြီး ထွက်သွားသူလည်း ရှိခဲ့တယ်။ မေမေပျောက်တဲ့သတင်း ကြားကြားချင်းမှာ သင်ဒေါသတကြီးနဲ့ 'အိမ်မှာ မိသားစုဒီလောက်များ တာ မေမေတို့ကို ဘာ ဖြစ်လို့ ဆိုးလ်ဘူတာမှာ သွားမကြိုကြတာလဲ'လို့ အော်ခဲ့တယ်။
'နင်ကရော'
'ကျွန်မ. . . . . '
သင့်မှာ ပြောစရာစကား မရှိခဲ့တော့ဘူး။ မေမေပျောက်ပြီး လေးရက်နေ့မှဒီသတင်းကို သင်ကြားတာ ဖြစ်တယ်။ မေမေပျောက်ဆုံးတာကို သင်တို့အချင်းချင်း တစ်ယောက် ကို တစ်ယောက် အပြစ်တင်ကြတယ်။ လူတိုင်းရဲ့ နှလုံးသားက ဓားနဲ့မွှမ်းသလို ခံစားခြဲ့ကရတယ်။
အစ်ကိုကြီးကို နှုတ်ဆက်ပြီး မြေအောက်ရထားစီးပြီး သင်အိမ်ပြန်ခဲ့တယ်။ဒါပေမယ့် မေမေပျောက်ဆုံးသွားတဲ့ ဆိုးလ်ဘူတာမှာ သင်ဆင်းလိုက်တယ်။ မေမေပျောက်သွားတဲ့နေရာဆီ သင်လျှောက်သွားတယ်။ လူတော် တော် များများ က သင်နဲ့ပခုံးတိုက်ဖြတ်ကျော်သွားကြတယ်။ မေမေ့လက်ကို ဖေဖေလွှတ်လိုက်မိတဲ့ နေရာမှာ သင် ရပ်လိုက်တယ်။ အရှေ့အနောက်လူတော် တော် များများ က သင့်ကို ပခုံးတိုက်ြပီးဖြတ်ကျော်သွားကြတုန်းပဲ။ ဘယ်တစ်ဦး တစ်ယောက် ကမှ တောင်းပန်မသွားဘူး။မေမေ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေချိန်မှာ လည်း လူတွေ က ဒီလိုပဲ တိုက်သွားခဲ့ပုံရတယ်။
အဲဒီ နှစ် တုန်းက မေမေ့ကိုခွဲပြီး ဆိုးလ်မြို့ကို သင်သွားရမယ့် ရက်အနည်းငယ်အလိုမှာ မေမေဟာ သင့်လက်ကိုဆွဲပြီး ဈေးထဲက အထည်ဆိုင်ကိုသွားခဲ့တယ်။ရိုးရှင်းတဲ့ဂါဝန်တစ်ထည်ကို သင်ရွေးယူတော့ မေမေက ဇာအနားကွပ်ထားတဲ့စကတ်တစ်ထည် သင့်ကို ကမ်းပေးတယ်။
'ဒီတစ်ထည် ဘယ်လိုလဲ'
'ဟင့်အင်း . . . . ' သင်ြငင်းရင်း တွန်းထုတ်လိုက်တယ်။
'ဘာ ဖြစ်လို့လဲ ၊ စမ်းဝတ်ကြည့်ပါ'
အဲဒီ တုန်းက နုပျိုသေးတဲ့မေမေဟာ နားမလည်သလိုမျက်လုံးဝိုင်း နဲ့ သင့်ကိုပြန်ကြည့်တယ်။ ဇာပန်းကွပ်စကတ်နဲ့ မေမေ့ခေါင်းမှာ အမြဲပေါင်းထားတဲ့ပဝါကသိသာမြင်သာတဲ့ ခြားနားချက်တစ်ခု ဖြစ်ခဲ့တယ်။ ဘယ်လိုမှ မအပ်စပ်၊မတူညီတဲ့အရာနှစ် ခု ဖြစ်တယ်။
'ကလေးဆန်လွန်းတယ်'
'ဟုတ်လို့လား' မေမေက နှမြောသလိုလိုနဲ့ အဲဒီ စကတ်ကို ရှေ့နောက်လှည့်ပတ်ကြည့်နေခဲ့တယ်။ သင်အားနာမိပါတယ်။ မေမေ့ကို ကလေးဆန်တယ်လို့သင် မပြောသင့်ဘူး။ ဒါနဲ့ သင်က 'ဒါက မေမေဝတ်တတ်တဲ့ပုံစံမှ မဟုတ်တာ'လို့ဆိုတော့ မေမေက 'မဟုတ်ဘူး ၊ မေမေက ဒီလို ပုံစံကြိုက်တာ။ နှမြောစရာပဲ အခုမေမေဝတ်လို့မရတော့ဘူး 'လို့ ပြောတယ်။
လူ တစ်ယောက် နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ကို ဘယ်အထိလိုက်လံ ရှာဖွေနိုင်မလဲ၊ မေမေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ကရော။
မေမေပျောက်သွားတယ်ဆိုတဲ့ သတင်းကြားပြီးတဲ့နောက် သင့်စိတ်တွေ မငြိမ်းချမ်းခဲ့ဘူး။ မေ့လျော့ထားခဲ့တဲ့ အတိတ် က အ ဖြစ်အပျက်တွေ အားလုံး ပြန်လည်နှိုးထလာခဲ့တယ်။ အဆုံးမဲ့နောင်တတွေ အတိတ်ကနေတစ်ဖန်နိုးကြားလာခဲ့တယ်။
'အဲဒီ တုန်းက ဟိုအင်္ကျီလေး စမ်းဝတ်ြကည့်ခဲ့မိရင် အကောင်းသား'
ဘူတာရုံမှာ သင်ထိုင်ချလိုက်တယ်။ မေမေလည်း ဒီနေရာမှာ ကိုယ်ကိုကျုံ့ပြီး ထိုင်ချခဲ့သလား၊
အဲဒီ နေ့ကကိုယ်နှစသက် တဲ့ဂါဝန်ကိုသင်ဇွဲရှိရှိ ရွေးနေခဲ့တယ်။ အဲဒီ နောက်ရက်သိပ်မကြာခင်မှာ ဆိုးလ်ဘူတာကိုသင်ရောက်ခဲ့တယ်။ သင့်ကိုဆိုးလ်အရောက်လိုက်ပို့တဲ့မေမေဟာ လူအုပ်ကိုလှမ်းကြည့်နေတဲ့ အိမ်ကြီးတိုက်တာတွေ ကိုဖြိုဖျက်ပစ်နိုင်မယ့်အလား ယုံကြည်မှု ခြေလှမ်းတွေ နဲ့ ရှေ့ဆက်လှမ်းလို့နေခဲ့တယ်။မေမေဟာ သင့်လက်ကိုတင်းတင်းဆွဲလို့လူပင်လယ်ကြိုဖတ်၊ ရင်ြပင်ကိုကျြော်ဖတ်ြပီးနာရီစင်အောက်မှာ သင့်အစ်ကိုကြီးကို ရပ်စောင့်ခဲ့တယ်။ ဒါပေမယ့် ဒီကနေ့မှာ တော့မေမေဟာ လမ်းပျောက်နေခဲ့ပြီ။ ဘူတာထဲဝင်လာတဲ့ ရထားမီးရောင် ကို သင်တွေ့ လိုက်တယ်။ အပြေးအလွှားသွားနေသူတွေ က သင့်ကိုကြညြ့်ကတယ်။ ကြည့်ရတာ မြေပြင်ပေါ်ထိုင်နေတဲ့သင်က သူတို့ရဲ့ လမ်းကို ပိတ်ဆို့ထားသလိုပါပဲ။
ဆိုးလ်ဘူတာမှာ သင့်ဖေဖေလက်ကို သင့်မေမေလွှတ်လိုက်ချိန်မှာ သင်က တရုတ်ပြည်ရောက်နေတယ်။ သင်နဲ့ စာရေး ဆရာတချို့ ပီကင်းမြို့က စာအုပ်ခင်းကျင်းပြသပွဲမှာ ရောက်နေတယ်။ ပြန်စဉ်းစားကြည့်တော့ မြေအောက်ဘူတာမှာ မေမေပျောက်ဆုံးသွားတဲ့အချိန်က စာအုပ်ပြသပွဲတစ်နေရာမှာ သင်ရောက်နေပြီးတရုတ်လိုဘာသာပြန်ထားတဲ့ သင့်စာအုပ်ကို ကြည့်နေခဲ့တဲ့ အချိန် ဖြစ်တယ်။
'ဖေဖေက ဘာ ဖြစ်လို့ အငှားကားမစီးဘဲ မြေအောက်ရထားသွားစီးရတာလဲ၊ မြေအောက်ရထားသာ မစီးခဲ့ရင်. . .'
'ရထားဘူတာနဲ့ မြေအောက်ရထားဘူတာ ဆက်နေမှတော့ ဘာ ဖြစ်လို့အပြင်ထွက်ပြီး အငှားကားစီးဦးမလဲ'လို့ ဖေဖေကပြောတယ်။ အရာအားလုံး၊အထူးသဖြင့် မကောင်းတဲ့အရာဆိုရင် ဖြစ်ပျက်ပြီးမှ ဒီလိုမ ဖြစ်ခဲ့သင့်ပါဘူးလေဆိုပြီးနောင်တရကြတယ်။ အစ်ကိုလတ်အိမ်ကို ဖေဖေကိုယ့်ဘာသာကိုယ် ရှာတွေ့ နိုင်လိမ့်မယ်လို့ အားလုံးက ဘာကြောင့်ယြုံကည်နေကြတာလဲ၊ အရင်တုန်းက မြေအောက်ဘူတာ ဒါမှမဟုတ် ကားဂိတ်မှာ ဖေဖေတို့ကို သွားကြိုနေကျ။ ဒါဟာလည်း ဖြစ်ရိုး ဖြစ်စဉ်ပဲလေ။ ဖေဖေက ဒီမြို့ရဲ့ ဘယ်နေရာကိုသွားသွား သင်တို့ ညီအစ်ကိုမောင်နှမရဲ့ ကားကိုစီးရင်စီး မစီးရင် အငှားကားစီးတယ်။ အဲဒီ နေ့ကျမှ ဘာ ဖြစ်လို့မြေအောက်ရထားစီးဖို့ သတိရတာ ပါလိမ့်။
ဘူတာထဲဆိုက်လာတဲ့ မြေအောက်ရထားကို ဖေဖေနဲ့အတူ စီးကြည့်ချင်တယ်လို့ မေမေကပြောလို့ မြေအောက်ဘူတာထဲ ဖေဖေဝင်ခဲ့တယ်။ အဲဒီ မှာ ပဲမေမေ့ကို မတွေ့ တော့ဘူး။ အဲဒီ အချိန်က လူတွေ ရှုပ်ယှက်ခတ်တဲ့ စနေနေ့ညနေနဲ့အချိန်ကိုက် ဖြစ်နေတယ်။ လူအုပ်ကြားထဲမှာ မေမေ အညှပ်ခံရင်း ဖေဖေ့လက်ကိုမတော် တဆ လွှတ်လိုက်မိတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အထိတ်တလန့် ဖြစ်နေချိန်မှာ ရထားထွက် သွားပါတယ်။ မေမေ့အိတ် ဖေဖေ့နောက်ပါသွားတယ်။မေမေက လက်ဗလာနဲ့ တစ်ယောက် တည်း ဘူတာရုံမှာ ကျန်ရစ်ခဲ့တယ်။
အဲဒီ အချိန်မှာ သင် တရုတ်ပြည်ကိုရောက်နေတယ်။ စာအုပ်အရောင်းပြခန်းကနေ သင်ထွက်ခွာလာခြဲ့ပီး တိန်အမ်မင် (Tiananmen) ရင်ြပင်ဘက် ဦးတည်သွားနေခဲ့တယ်။ ဒါဟာ ပီကင်းမြို့ကို သင် တတိယအကြိမ်ရောက်လာတာ ဖြစ်ပေမယ့် တိန်အမ်မင်ရင်ပြင်ဆီ သင်မရောက်ဖူးသေးဘူး။ အရင်တုန်းက ဘတ်စ်ကားထဲမှာ ဒါမှမဟုတ် ကားထဲမှာ ပဲ ရင်ပြင်ကိုသင်ထိုင်ငေးခဲ့တယ။် သင့်ရဲ့ လမ်းညွန်ကျောင်းသားက ညနေစာစားချိန်လိုသေးတယ်။ ရင်ြပင်သွားကြမလားလို့ ပြောလာခဲ့လို့ သင်တို့ သဘောတူလိုက်ကြတယ်။ တားမြစ်မြို့တော် (Forbidden City)ရှေ့ရောက်လို့ သင် အငှားကားပေါ်ကဆင်းချိန် တစ်ယောက် တည်း ဆိုးလ်ဘူတာမှာ ကျန်ရစ်ခဲ့တဲ့မေမေ ဘာလုပ်နေမလဲ၊ ပီကင်းမြို့တစ်မြို့လုံး ပြင်ဆင်တည်ဆောက်နေတယ်။ နောက်နှစ် မှာ ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော် အတွက် ဖြစ်တယ်။ တားမြစ်ြမို့တော် ကလည်း ပြင်ဆင်နေတယ်။ နေရာတချို့လောက်ပဲ လည်ခွငြ့်ပုတယ်။ပိတ်ချိန်လည်း ရောက်တော့မှာ မို့ တားမြစ်မြို့တော် ထဲ ခဏလေးဝင်ပြီး သင်တို့ပြန်ထွက်လာကြတယ်။
သလတ်စ်အင်ပါရာ 'The Last Emperor'ဆိုတဲ့ ရုပ်ရှင်ကို သင်သတိရလာမိတယ်။ ပူရီ (Puyi) က အရွယ်အိုလာမှ သူငယ်ငယ်ကနေခဲ့တဲ့ တားမြစ်မြို့တော် ကို ပြန်လာခဲ့တယ်။ ပြီးတော့ ခရီးသွားကောင်လေး တစ်ယောက် ကိုပြစရာတစ်ခုရှိတယ်ဆိုပြီး သူငယ်စဉ်က ပလ္လင်အောက်မှာ ဝှက်ထားခဲ့တဲ့ ပုရစ်သေတ္တာကို ထုတ်ြပတယ်။ အဖုံးကိုဆွဲဖွင့်လိုက်တော့ သူငယ်ငယ်က ဆော့ကစားခဲ့တဲ့ပုရစ်ကောင်ကို အသက်ရှင်ရက်သား တွေ့ လိုက်ရတယ်။
တိန်အမ်မင်ကိုသင်သွားနေချိန်မှာ သင့်မေမေက သွေးလေချောက်ချားစွာ နဲ့လူတွေ ကြားထဲရပ်ပြီး အတိုးဝှေ့ခံနေရမလား၊ တစ်ယောက် ယောက် လာကြိုမှာ ကိုသူ စောင့်ကောင်းစောင့်နေလိမ့်မယ်။ တားမြစ်မြို့တော် နဲ့ တိန်အမ်မင်ရင်ပြင်ကြားက လမ်းလည်း ပြင်နေတယ်။ တိန်အမ်မင်ရင်ပြင်ကို မျက်စိရှေ့မှာ မြင်နေရပေမယ့် ဝင်္ကပါလိုရှုပ်ထွေးတဲ့ မြေအောက်လမ်းကနေ ဖြတ်သွားမှရောက်တယ်။တိန်အမ်မင်ရင်ပြင် ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ လေတံခွန်(စွန်)တွေ ကို သင်ခေါင်းမော့ကြည့်တယ်။ ဒီလိုအချိန်မှာ သင့်မေမေက စိတ်ပျက်အားငယ်စွာ နဲ့ မြေအောက်လမ်းတစ်နေရာမှာ ထိုင်ပြီး သင့်နာမည် ကို တမ်းတကောင်း တမ်းတနေလိမ့်မယ်။
တိန်အမ်မင်ရင်ြပင်က သံတံခါး ပွင့်သွားတယ်။ ရဲတပ်ဖွဲ့တွေ ညီညီ ညာညာချီတက်လာတယ်။ ကြယ်ငါးပွင့် ပါတဲ့ အလံချအခမ်းအနားကို သင်ရပ်ြကည့်နေခဲ့တယ်။ဒီလိုအချိန်မှာ သင့်မေမေဟာ ဝင်္ကပါလိုရှုပ်ထွေးတဲ့ မြေအောက်လမ်းထဲမှာ လူးလာခေါက်ပြန် နေလိမ့်မယ်။ ဒါအမှန်ပါပဲ၊ အဲဒီ တုန်းက ဘူတာမှာ သင့်မေမေကိုတွေ့ ခဲ့ကြသူတွေ က ဒီလိုပဲပြောခဲ့တယ်။ သင့်မေမေလို့ထင်ရတဲ့ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးဟာ နှေးနှေးကွေးကွေး လမ်းလျှောက်နေတယ်။ တစ်ခါတလေမြေပြင်ပေါ်ထိုင်ချတယ်။ တစ်ခါတလေ ဓာတ်လှေကားရှေ့မှာ ရပ်နေခဲ့တယ်။သင့်မေမေလို့ထင်ရတဲ့ အသက်ကြီးကြီးအမျိုးသမီးဟာ မြေအောက်ဘူတာမှာ အကြာကြီးထိုင်နေခဲ့ပြီး၊ ဘူတာထဲဆိုက်လာတဲ့ မြေအောက်ရထားတစ်စီးပေါ် တက်သွားတယ်လို့ တချို့ကပြောတယ်။ အဲဒီ ညမှာ ပဲ သင့်မေမေ ပျောက်ဆုံးသွားခဲ့တယ်။သင်နဲ့ သင့်စာရေး ဆရာအဖော် တစ်သိုက်က မီးတွေ နဲ့လင်းထိန်နေတဲ့ ပီကင်းမြို့ကစားသောက်ဆိုင်တန်းဘက်ဆီ ဦးတည်သွားနေခဲ့တယ်။ ထိန်ထိန်လင်းနေတဲ့ မီးရောင် နီနီအောက်မှာ အရက်ပြင်းအား ၅၆ ရာခိုင်နှုန်းပါတဲ့ တရုတ်အရက်နဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ပူပူစပ်စပ် ကဏန်းကြော်ကို သင်တို့ မြည်းစမ်းနေခဲ့ကြတယ်။
ဖေဖေဟာ နောက်တစ်ဘူတာမှာ ဆင်းပြီး မေမေနဲ့လူချင်းကွဲသွားတဲ့ဆိုးလ်ဘူတာကို အမြန်ပြန်လာခဲ့ပေမယ့် အဲဒီ နေရာမှာ မေမေ ရှိမနေတော့ဘူးလို့ဖေဖေက ပြောတယ်။
'မြေအောက်ရထားပေါ် တက်မသွားလည်း လမ်းမပျောက်လောက်ဘူးထင်တယ်။ မြေအောက်ဘူတာမှာ ဆိုင်းဘုတ်တွေ ရှိတာပဲ၊ မေမေ ဖုန်းမဆက်တတ်ဘူးလား၊ အများ သုံး ဖုန်း နဲ့ ဖုန်းဆက်လိုက်လို့ မရဘူးလား'
'ဖေဖေနဲ့အတူ ရထားပေါ်မတက်မိတာနဲ့ ကိုယ့်သားအိမ်ကို ရှာမတွေ့ နိုင်တော့ဘူးလား၊ မေမေ့မှာ တခြားလုပ်စရာ ရှိနေသေးလို့များ လား' မရီးက နားမလည်စွာ ပြောတယ်။
'တခြား လုပ်စရာအလုပ် . . .' မရီးဒီလို ပြောရခြင်းက မေမေ့ကိုအရင်မေမေလို့သူ ထင်နေဆဲမို့ ဖြစ်တယ်။
'မေမေလည်း လမ်းပျောက်တတ်ပါတယ်'လို့ သင်ပြောတော့ မရီးကမျက်လုံးပြူးနဲ့ အံ့သြဟန်ပြတယ်။ မေမေ့ရဲ့ လက်ရှိအခြေအနေကို မရီးလည်းသိတာပဲမဟုတ်လား ၊ မရီးရဲ့ ပုံစံက 'ငါဘာမှမသိဘူးနော်'လို့ ဆိုနေသယောင်ပဲ၊မေမေ့ရဲ့ လက်ရှိအခြေအနေကို အားလုံးသိကြပါတယ်။ မေမေ့ကို ပြန်တွေ့ ချင်မှတွေ့ တော့မယ်ဆိုတာကိုလည်း သင်တို့အားလုံးသြိကပါတယ်။
မေမေစာမတတ်မှန်း သင်ဘယ်အချိန်က သိခဲ့တာလဲ။
အစ်ကြိုကီး အိမ်က နေခွဲသွားတာနဲ့မေမေဟာ သူပြောချင်တဲ့စကားတွေ ကိုအကိုကြီးကိုပြောဖို့ စာအ ဖြစ်နဲ့ သင့်ကို ချရေး ခိုင်းတတ်တယ်။ အဲဒီ အချိန်ကစ သင်စာရေး တတ်ခဲ့တယ်။ အစ်ကိုကြီးက သင်တို့နေတဲ့ မြို့ငယ်လေးမှာ အထက်တန်းအောင်ြပီး နောက်ဝန်ထမ်း စာမေးပွဲဖြေဖို့ကိုယ်တိုင်တစ်နှစ် သင်ယူလေလ့ာခဲ့တယ်။အဲဒီ နောက် တာဝန်ကျတဲ့မြို့ပေါ်ကို ပြောင်းရွှေ့သွားခဲ့တယ်။ ဒါဟာ မေမေ့အတွက်ကိုယ့်သားသမီး နဲ့ ပထမဆုံး အကြိမ်ခွဲခြင်းပါပဲ။ အဲဒီ တုန်းက ဖုန်းမရှိသေးတော့ စာနဲ့ပဲဆက်သွယ်ခဲ့ရတယ်။ မြို့မှာ နေတဲ့အစ်ကိုကြီးက စာလုံးကြီးနဲ့ စာတွေ ရေး ပြီးရွာကမေမေဆီ ပို့တယ်။ အစ်ကိုကြီးရဲ့ စာ ဘယ်နေ့ရောက်မယ်ဆိုတာကို အတိအကျမေမေ အလိုလိုသိနေတယ်။ မနက် ဆယ့်တစ်နာရီထိုးတိုင်း စာပို့သမားကစာအိတ်ထုပ်ကြီးကို စက်ဘီးရှေ့မှာ ချိတ်ပြီး သင်တို့ရွာကို ရောက်လာတယ်။အစ်ကိုကြီးစာရောက်တဲ့နေ့ဆိုရင် လယ်ထဲမှာ ဘယ်လောက်ပဲ အလုပ်များများ ဒါမှမဟုတ် ချောင်းစပ်မှာ အဝတ်လျှော်နေရင်ပဲ ဖြစ် ဖြစ် မေမေဟာ လက်ထဲကအလုပ်ကိုချပြီး အချိန်ကိုက် အိမ်ကိုပြန်လာတတ်တယ်။ အစ်ကိုကြီးရဲ့ စာကိုကိုယ်တိုင်ယူပြီး သင် ကျောင်းဆင်းအပြန်ကို စောင့်နေတတ်တယ်။ သင် အိမ်ပြန်ရောက်တာနဲ့ မေမေဟာ သင့်ကို အိမ်နောက်ဖေးဆွဲခေါ်သွားပြီး အစ်ကိုကြီးရဲ့ စာကိုထုတ်ပေးတယ်။ ပြီးတော့ 'ကျယ်ကျယ်ဖတ်စမ်း'လို့ပြောတယ်။
အစ်ကိုကြီးရဲ့ စာက အမြဲတမ်း 'ချစ်ရသော မေမေ' ဆိုတာနဲ့ စတယ်။ကြည့်ရတာ သင်ရိုးညွန်းတမ်းစာအုပ်ထဲက စာရေး နည်းအတိုင်း ရေး ထားဟန်တူတယ်။ စာစစချင်းမှာ ရွာကမိသားစု၊ အိမ်အခြေအနေကို အစ်ကိုကြီးမေးတယ်။အဲဒီ နောက် သူ နေကောင်းကျန်းမာကြောင်း ပြောတယ်။ အစ်ကြိုကီးက လဲဝတ်ထားတဲ့အဝတ်အစားတွေ ကိုလျှော်ဖို့ အပတ်တိုင်း ကြီးတော် ဝမ်းကွဲအိမ်ပို့တယ်လို့ စာထဲမှာ ရေး ထားတယ်။ ဒါဟာ ကြီးတော် ကို မေမေ မှာ ထားလြို့ဖစ်တယ်။ အစားအသောက်တွေ ကောင်းတယ်လို့ အစ်ကိုကြီးက ပြောတယ်။ အစိုးရဌာနမှာ အလုပ်လုပ်တာကြောင့် နေဖို့နေရာပါ တစ်ပါးတည်းရတယ်။ သူ့ကိုစိတ်မပူဖို့ အစ်ကိုကြီးက ပြောတယ်။မြို့ရောက်လာပြီဆိုမှတော့ မလုပ်နိုင်တဲ့အရာ မရှိတော့ဘူး။ သူလုပ်ချင်တာတွေ လည်းများ ကြောင်း အစ်ကြိုကီးက ပြောတယ်။ အစ်ကြိုကီးက သူ့ဆုံးဖြတ်ချက်ကို ဖွင့်ပြောပြီးဆုံးဖြတ်ချက်အတိုင်း ဖြစ်အောင်လုပ်မယ်၊ မေမေ့ကို ဒီထက်ကောင်းအောင်ထားမယ်လို့ပြောတယ်။
အစ်ကိုကြီးက ရဲရဲရင့်ရင့်နဲ့ ဒီလိုရေး ထားတယ်။ 'မေမေ . . . ကျွန်တော့်အတွက်စိတ်မပူပါနဲ့၊ ကျန်းမာရေး ကို ဂရုစိုက်ပါ မေမေ'
စာကို အသံကျယ်နဲ့ သင်ရွတ်ဖတ်နေတယ်။ တစ်ခါတစ်ခါ စာရွက်လေးကွယ်ပြီး မေမေ့ကို သင် ချောင်းကြည့်တယ်။ မေမေဟာ မျက်တောင်မခတ်စတမ်းနောက်ဖေးခြံထဲက ပိန်းဥပင်နဲ့ ဟင်းနှစ် ထည့်ထားတဲ့ စဥ့်အိုးတွေ ကို ဆိတ်ဆိတ်ငြိမ်ငြိမ် ကြည့်နေတယ်။ စာတစ်လုံး၊ စာတစ်ကြောင်း လွတ်သွားမှာ စိုးတဲ့အလားမေမေရဲ့ နားရွက်က ယုန်နားရွက်လို စူးစိုက်နေတယ်။
စာဖတ်ပြီးတဲ့နောက် မေမေက စာရွက်ပေါ်မှာ သူပြောချင်တဲ့စကားတွေ သင့်ကို ချရေး ခိုင်းတယ်။ မေမေပြောတဲ့ ပထမဆုံးအခွန်းက 'သား . . . ဟုန်းချော(Hyong-chol) ။ ဟုန်းချောက သင့်အစ်ကြိုကီး ရဲ့ နာမည်ြဖစ်တယ်။ မေမေက 'သားဟုန်းချော' လို့ပြောတာနဲ့သင်က 'သား . . .ဟုန်းချော' လို့ချရေး တယ်။ မေမေက သင့်ကိုအပိုဒ်ခြားဖို့ မပြောပေမယ့် သင် အပိုဒ်ခြားလိုက်တယ်။ မေမေက ဟုန်းချောရေလို့ရေရွတ်လိုက်တာနဲ့ သင်က 'ဟုန်းချောရေ'လို့ချရေး လိုက်တယ်။ ပြောချင်တဲ့စကားကို မေမေ မေ့သွားသလိုပဲ အစ်ကိုကြီးနာမည် ကို ရွတ်ပြီးတဲ့နောက် မေမေတိတ်ဆိတ်သွားတယ်။ ကျလာတဲ့ဆံပင်တွေ ကို နားသယ်စပ်ပေါ် သင်သပ်တင်လိုက်တယ်။ ဘောလ်ပင်ကို လက်ထဲမှာ ဆုပ်ကိုင်ပြီး နားစွင့်ရင်း မေမေ ဆက်ပြောလာမယ့်စကားကို စောင့်နေခဲ့တယ်။
'ရာသီဥတု အေးလာပြီ'လို့ မေမေပြောတော့ 'ရာသီဥတုအေးလာပြီ'လို့သင်ချရေး တယ်။ 'သား . . . ဟုန်းချော' လို့ပြောပြီး ရာသီဥတုအကြောင်းကို မေမေဆက်ပြောတယ်။
'နွေဦးရောက်လာပြီ၊ ပန်းပေါင်းစုံတွေ ဖူးပွင့်ကြတယ်။ နွေရာသီ ရောက်လာပြီ။ လယ်ခြံမြေတွေ ခြောက်ခန်းကွဲအက်ကြတယ်။ မိုးရာသီ ရောက်ပြီ၊ လယ်ကန်သင်းရိုးပေါ်မှာ ပဲခင်းတွေ နဲ့'
အစ်ကြိုကီးဆီ စာရေး တဲ့အချိန် မှပဲမေမေဟာ စာစကားကို သုံးတာ ဖြစ်တယ်။
'အိမ်မှာ စိတ်မပူပါနဲ့။ ကိုယ့်ကိုယ်ကို ဂရုစိုက်စောင့်ရှောက်ပါ။ မေမေ့မှာ တခြား မှာ စရာမရှိပါဘူး။' မေမေ့ရဲ့ စကားတွေ မှာ ခံစားချက်ဂယက်တွေ ထကြွလာတယ်။
'သားကို ဘာမှမကူညီနိုင်ခဲ့လို့ မေမေ့ရင်ထဲ မကောင်းဘူး . . . သား'စာရွက်ပေါ်မှာ မေမေပြောတဲ့ စကားတစ်ခွန်းတိုင်း ၊ တစ်လုံးတိုင်းကို သင်ချရေး နေတယ်။ဖပ်ခနဲ မေမေ့လက်ဖမိုးပေါ် မျက်ရည်ပေါက်ြကီးတစ်ပေါက် ကြွေကျလာတယ်။ မေမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်းက ဘယ်တော့မှမပြောင်းလဲတဲ့'သား . . ဗိုက်အဆာမခံနဲ့နော်. . . မေမေ'ဆိုတာပဲ ဖြစ်တယ်။
သင်က အိမ်မှာ တတိယမြောက်သမီးပါ။ အစ်ကိုတွေ အိမ်ကနေခွဲထွက်သွားတိုင်း မေမေ့ရဲ့ ဝမ်းနည်းကြေကွဲတာ၊ နာကျင်တာ၊ စိုးရိမ်အောက်မေ့တာကို သင် မျက်မြင်ကိုယ်တွေ့  သိမြင်ခဲ့ရတယ်။ အစ်ကိုကြီး ထွက်သွားပြီးတဲ့နောက် မေမေဟာ အိမ်နောက်ဖေးမှာ ထားတဲ့ ဟင်းနှစ် စင်ပေါ်က ဟင်းနှစ် အိုးတွေ ကိုမနက်တိုင်း တိုက်ချွတ်တယ်။ ရေတွင်းက အိမ်ရှေ့မျက်နှာစာမှာ မို့ ရေခပ်ရတာ နဲ့တင်တော် တော် ပင်ပန်းတဲ့ အလုပ်ပါ။ ဒါကို မေမေက အိမ်နောက်ဖေးမှာ တည်ထားတဲ့စဥ့်အိုးအကုန်လုံးကို တိုက်ချွတ်ဆေးကြောတဲ့အပြင် အိုးဖုံးတွေ ပါဖွင့်ပြီး ပြောင်လက်နေအောင်တိုက်တော့တယ်။ အိုးတိုက်နေရင်း မေမေက သီချင်းလေး ညည်းနေတတ်တယ်။
' ---ငါတို့ကြားမှာ ပင်လယ်ကြီးသာ ကာဆီးမထားရင် --- ဒီလိုနာကျင်တဲ့ ဝေးကွာခြင်း တွေ ရှိလိမ့်မှာ မဟုတ်ဘူး ---'
မေမေဟာ အဝတ်စကို ရေအိုးထဲနစ်လိုက်၊ ထုတ်လိုက်၊ ခြောက်အောင်ညှစ်လိုက်နဲ့ စဥ့်အိုး တွေ ကြားထဲ သီချင်းတအေးအေးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။
'---တစ်နေ့နေ့ကျရင် နင်ငါ့ကိုထားခဲ့မလား---'
တကယ်လို့ ဒီလိုအချိန်မျိုးမှာ သင်က 'မေမေ . . .'လို့အော်လိုက်ရင်သင့်ကို နောက်ပြန်လှညြ့်ကည့်တဲ့ မေမေ့ရဲ့ မာယာကင်းတဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ လျှံထွက်နေတာကို တွေ့ ရလိမ့်မယ်။ စဥ့်အိုးရှေ့မှာ ရပ်ြပီး အစ်ကိုကြီးရဲ့ နာမည် ကိုမေမေ ရွတ်ခေါ်လိုက်တယ်။
'သား . . . ဟုန်းချောရေ . . . . '
ပြီးတော့ အရုပ်ကျိုးပြတ်သလို မြေပြင်ပေါ်ထိုင်ချလိုက်တယ်။ ဒီလိုအချိန်မျိုးမှာ မေမေ့လက်ထဲက အဝတ်စကို သင်သာသာလေးဆွဲယ၊ူ မေမေ့လက်မောင်းကိုမပြီး သင့်ပခုံးပေါ် ဖက်ထားစေခဲ့တယ်။
အစ်ကိုကြီးကို မေမေချစ်တဲ့ပုံစံက ကျောင်းမှာ အစ်ကိုကြီးအချိန်ပိုစာကျက်ြပီး အိမ်ြပန်နောက်ကျတိုင်း သူ့အတွက် ခေါက်ဆွဲချက်ကျွေးတာပဲ ဖြစ်တယ်။တစ်ခါတလေ ဒီအကြောင်းတွေ သင့်ချစ်သူကို သင်ပြောပြမိတဲ့အခါ သင့်ချစ်သူက'ခေါက်ဆွဲခြောက်လေးများ ဘာဆန်းလဲလို့ ' လို့တုန့်ပြန်တတ်တယ်။
'ခေါက်ဆွဲခြောက်လေးများ . . . လို့မပြောပါနဲ့။ အဲဒီ တုန်းက ခေါက်ဆွဲခြောက်ဆိုတာ အကောင်းဆုံးအစားအစာပဲ။ တိတ်တိတ်လေးစားရတာ . . .တခြားလူကိုခွဲဝေကျွေးလို့မရဘူး ' သင်ကဒီလို ရှင်းပြလည်း မြို့မှာ ကြီးပြင်းခဲ့တဲ့ ချစ်သူအဖို့ ဒါတွေ ကို ခံစားတတ်မှာ မဟုတ်ပါဘူး။
အဲဒီ တုန်းက စားကောင်းသောက်ဖွယ်သစ် ခေါက်ဆွဲခြောက်က သင့်မေမေချက်တဲ့ဟင်းတွေ ရဲ့ အရသာထက် ပိုလွှမ်းမိုးနိုင်ခဲ့တယ်။ မေမေက ဝယ်လာတဲ့ခေါက်ဆွဲခြောက်တွေ ကို စဥ့်အိုးအလွတ်ထဲ ထည့်ဖွက်ထားတတ်ပြီး လူခြေတိတ်တဲ့ညသန်းခေါင်ကျမှ အစ်ကိုကြီးကိုပဲ ချက်ကျွေးလေ့ရှိတယ်။ ခေါက်ဆွဲခြောက်ရဲ့ အနံ့ကအိပ်ပျော်နေတဲ့သင်နဲ့ တခြားမောင်နှမတွေ ကို နိုးထစေခဲ့တယ်။
အဲဒီ ညက ခေါက်ဆွဲနံ့ကြောင့် ထလာတဲ့သင်တို့ကို မေမေက တင်းတင်းမာမာနဲ့ 'အိပ်ရာထဲ ပြန်ဝင်ကြစမ်း . . . .'လို့ ပြောတယ်။ ပါးစပ်ထဲခေါက်ဆွဲထည့်ဖို့ပြင်နေတဲ့ အစ်ကြိုကီးကို သင်တို့ မျက်တောင်မခတ်ကြည့်နေကြတယ်။ အစ်ကြိုကီးကစိတ်မကောင်းစွာ နဲ့ သင်တို့ကို ခွဲဝေမျှကျွေးပါတယ်။ မေမေ ကတော့ 'တခြားလူစားတာဆိုရင် နင်တို့ရဲ့ နှာခေါင်းက အနံ့ခံတတ်လွန်းတယ်နော်'လို့ပြောပြောဆိုဆို အိုးထဲရေထပ်ထည့်ပြီး သင်တို့အတွက် ခေါက်ဆွဲခြောက်တစ်ထုပ် ထပ်ချက်ပေးတယ်။ ခေါက်ဆွဲထက် အရည်ပိုများ နေတဲ့ ခေါက်ဆွဲပန်းကန်တွေ ကို ကိုင်ပြီးသင်တို့ ဝမ်းသာကျေနပ်ခဲ့ကြတယ်။
စဥ့်အိုးတွေ အားလုံး တိုက်ချွတ်ပြီးတဲ့နောက် မေမေဟာ အရင်ကခေါက်ဆွဲခြောက်ထုပ်ထည့်ခဲ့တဲ့ စဥ့်အိုးရှေ့မှာ ရပ်ြပီး အစ်ကြိုကီးကိုလွမ်းဆွတ်တဲ့စိတ်နဲ့တအင့်အင့်ငိုချလိုက်တော့တယ်။
အိမ်ကိုခွဲပြီး အဝေးကိုရောက်သွားကြတဲ့ အစ်ကိုတွေ ကို မေမေလွမ်းဆွတ်တဲ့အခါ ဝမ်းနည်းပူဆွေးနေတဲ့ မေမေ့အတွက် သင်လုပ်ပေးနိုင်တာတစ်ခုကအစ်ကိုတွေ ပေးပို့လာတဲ့စာကို အသံကုန်အော်ဖတ်ပေးတယ်။ မေမေ့ရင်ထဲကစကားတွေ ကို ချရေး ပေးတယ်။ ပြီးတော့ ကျောင်းအသွားလမ်းက စာတိုက်ပုံးထဲစာထည့်ပေးတာပဲ ဖြစ်တယ်။ ဒါတောင်မှ မေမေစာမတတ်မှန်း သင်ဘာ ဖြစ်လို့မသိခဲ့တာပါလိမ့်၊ မေမေ့ကိုသင်စာဖတ်ြပတယ်၊ မေမေရဲ့ စကားတွေ ကို သင်ချရေး တယ်၊မေမေစာမတတ်မှန်း သင် တစ်ခါမှ မတွေးခဲ့မိဘူး။ ငယ်ရွယ်တဲ့သင့်ကို မေမေအားကိုးခဲ့တယ်။ သင့်ကို ခြံထဲက ပန်းချဉ်ပေါင်တွေ သွားခူးဖို့ စေခိုင်းသလိုမျိုးဒါမှမဟုတ် ကုန်စုံဆိုင်မှာ ဆီသွားဝယ်ခိုင်းသလိုမျိုး မေမေ ဒီလို လွှဲအပ်တာကို သင်ကျင့်သားရခဲ့တယ်။
အိမ်ကို သင်ခွဲသွားတဲ့အချိန်မှာ တော့ ဘယ်သူ့ကိုမှ ဒီအလုပ်ကို မေမေလွှဲအပ်ခဲ့ဟန် မတူဘူး။ မေမေ့ရဲ့ စာတွေ ကို သင်မရခဲ့ဖူးလို့ပါပဲ။ ဒါမှမဟုတ် မေမေဆီ့သင်စာမရေး ခဲ့လို့လား။ အဲဒီ အချိန်မှာ တယ်လီဖုန်းရှိခဲ့လို့လည်း ဖြစ်မယ်။ အိမ်ကိုသင်ခွဲခွာသွားတဲ့အချိန် ရွာသူကြီးအိမ်မှာ အများ သုံးဖုန်းတပ်ဆင်ခဲ့တယ်။ဒါဟာ ရွာထဲက ပထမဆုံးဖုန်းတစ်လုံးပဲ ဖြစ်တယ်။ မနက်တိုင်း 'ဟဲလို . .ဟဲလို . .'နဲ့မိုက်ခရိုဖုန်းစမ်းတဲ့သူ ရှိခဲ့တယ်။ အဲဒီ နောက် ဘယ်သူ့အိမ်ကို ဆိုးလ်မြို့ကနေဖုန်းဆက်လာကြောင်း၊ ဖုန်းအမြန်လာကိုင်ပါကြောင်း ကြေညာတယ်။ အရင်တုန်းကနေကောင်းကျန်းမာကြောင်း စာနဲ့ပဲ အဆက်အသွယ်လုပ်ခဲ့တဲ့ အစ်ကိုတွေ လည်းဖုန်းနဲ့ပဲ စဆက်သွယ်ခဲ့တော့တယ်။
ရွာထဲမှာ တယ်လီဖုန်းတပ်ဆင်ပြီးတဲ့နောက် အိမ်ကိုခွဲပြီး တခြားမြို့ရောက်နေတဲ့ မိသားစုဝင်ရှိတဲ့အိမ်တွေ ဟာ မိုက်ခရိုဖုန်းကနေ 'ဟဲလို. . .ဟဲလို. . .'လို့ ကြေညာသံကြားတိုင်း လယ်ထဲ၊ ခြံထဲရောက်နေရင်ပဲ ဖြစ် ဖြစ် လက်ထဲကအလုပ်ကိုချ နားရွက်ကိုစွင့်ကားပြီး 'ဘယ်သူ့ဖုန်းလဲ၊ ဘယ်သူ့ကိုရှာတာလဲ'လို့အချင်းချင်း မေးမြန်းတတ်ခြဲ့ကတယ်။
အမေနဲ့ သမီးရဲ့ ပြောဆိုဆက်ဆံရေး က တစ်ယောက် အပေါ် တစ်ယောက် ကောင်းကောင်းနားလည်မှု မရှိခဲ့ရင် သူစိမ်းတွေ ထက်တောင် စိမ်းသွားနိုင်ပါတယ်။
ဒီနှစ် ရဲ့ ဆောင်းဦးရာသီမရောက်ခင်အထိ မေမေ့ကို သင် အရမ်းနားလည်တယ်လို့ သင် ထင်ခဲ့တယ်။ မေမေ ဘာကြိုက်တတ်တယ်။ မေမေ စိတ်တိုဒေါသထွက်တဲ့အချိန် ဘယ်လိုလုပ်မှ မေမေ့ဒေါသနဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်မယ်၊မေမေ ဘယ်လိုစကားမျိုး ကြားချင်တယ်ကအစ သင်သိတယ်လို့ ထင်နေခဲ့တယ်။တကယ်လို့ အခုချိန်မှာ မေမေ ဘာလုပ်နေလဲလို့ သင့်ကိုမေးခဲ့ရင် အချိန် ၁ဝ-စက္ကန့်အတွင်းမှာ 'မေမေ ဍ ရင်ကောက်ပင် လှန်းနေတယ်။ ဒါမှမဟုတ် တနင်္ဂနွေနေ့ဆိုရင်မေမေ ဘုရားကျောင်းသွားတယ်'လို့ သင် ချက်ချင်း ပြန်ဖြေနိုင်တယ်။ ဒါပေမယ့်ဒီနှစ် ဆောင်းဦးမှာ ပဲ သင်ရဲ့ တွေးဆထင်မြင်ချက်တွေ ပြိုကွဲသွားခဲ့တော့တယ်။
အဲဒီ တုန်းက မေမေဟာ သင့်ရှေ့မှာ ပဲ နေအိမ်သန့်ရှင်းရေး လုပ်နေခဲ့တယ်။သင်က သင့်ကိုယ်သင် ငါဟာ မေမေ့ရဲ့ သမီးမဟုတ်တော့ပါလား၊ ငါဟာမေမေရဲ့ ဧည့်သည် တစ်ယောက် ဖြစ်လို့နေပါလားလို့ ရုတ်တရက် ခံစားမိခဲ့တယ်။ ဘယ်အချိန်ကတည်းကစခဲ့မှန်း မသိဘူး . . .မေမေဟာ အိပ်ခန်း ကြမ်းပြင်ပေါ်ကျနေတဲ့ တဘက်ကိုကောက်ယူချိတ်ဆွဲတတ်ခဲ့တယ်။ ထမင်းစားပွဲပေါ်က ကုန်သွားတဲ့စားစရာတွေ ကိုမေမေ အလျင်အမြန် ဖြည့်တတ်ခဲ့တယ်။ တကယ်လို့ အရင်အကြောင်းမကြားဘဲ အိမ်ကို သင်ပြန်ခဲ့ရင် မေမေဟာ ခြံထဲမှာ အမှိုက်ရှုပ်နေလို့ ဒါမှမဟုတ် စောင်တွေ မသန့်ရှင်းလို့ဆိုပြီး အားတုံ့အားနာ ဖြစ်နေတတ်တယ်။
'ရေခဲသေတ္တာ ထဲရှိတာပဲ၊ စားကြတာပေါ'့ လို့သင်ပြောပေမယ့် မေမေဟာသင့်အပြောကို လက်မခံဘဲ ဈေးသွားပြီး စားစရာတွေ ဝယ်ခဲ့တတ်တယ်။ အိမ်မှာ မိသားစုတွေ ပဲရှိတယ်ဆိုရင် ထမင်းစားပြီးနောက် ထမင်းစားပွဲကို အရင်ဆုံးမသိမ်းဆည်းဘဲနဲ့လည်း တခြားလုပ်စရာရှိတာကို စိတ်ချလက်ချ သွားလုပ်နိုင်ပါတယ်။ ဒါပေမယ့် မေမေဟာ သူရဲ့ နေ့စဉ်ဘဝထဲကရှုပ်ပွနေတဲ့အရာတွေ ကိုသင်မမြင်စေအောင် ဖုံးကွယ်ထားခဲ့တယ်။ ဒီလို နဲ့အလိုလို နေရင်း သင်ဟာ မေမေ့ရဲ့ ဧည့်သည် တစ်ယောက် အ ဖြစ် ခံစားလာခဲ့တော့တယ်။
ဟိုးအရင်စောစော သင့်ကို မေမေ မြို့လိုက်ပို့ကတည်းက သင်ဟာမေမေ့ရဲ့ ဧည့်သည် ဖြစ်ကောင်း ဖြစ်နေခဲ့ပါပြီ။ သင်မြို့ရောက်ကတည်းက မေမေဟာသင့်အပေါ် တဗျစ်တောက်တောက် မရှိခဲ့တော့ဘူး ။
မေမေ့ရဲ့ အရင်ပုံစံ က ဘယ်လိုမျိုးလဲ၊
အမှားနည်းနည်း လုပ်မိတာနဲ့ မေမေဟာ သင့်ကို ပြင်းပြင်းထန်ထန်မောင်းမဲပြစ်တင်တတ်တယ်။ ဟိုးအရင်တုန်းက မေမေဟာ သင့်ကို 'သမီးလေး ..သမီးလေး'နဲ့ အမြဲခေါ်ဆိုခဲ့တယ်။ သင်နဲ့ သင့်အစ်ကိုတွေ ကို ခွဲခြားပြောတဲ့အခါဒီလိုအခေါ်ကို မေမေ သုံးတတ်ခဲ့တယ်။ ပန်းသီးစားတဲ့အခါ၊ စပျစ်သီး စားတဲ့အခါမှာ လည်း ဒီလိုခေါ်ပြီး သင်ပြ၊ ပြောပြတဲ့အပြင် သင့်သွားပုံလာပုံ၊ သင့်ဝတ်စားဆင်ယင်မှု တွေ ၊ သင့်အပြောအဆိုတွေ မှန်ကန်တဲ့အလေ့အထရှိအောင် ပြောဆိုဆုံးမရာမှာ လည်း 'သမီးလေး . . . . 'ဆိုတဲ့အခေါ်ကို ခေါ်ဝေါ်တတ်ခဲ့တယ်။ တစ်ခါတလေမှာ မေမေဟာ စိုးရိမ်ပူပန်တဲ့အကြည့်နဲ့ သင့်မျက်နှာနား တိုးကပ်ကြည့်တတ်ခဲ့တယ်။
သင်ဟာ ငယ်ငယ်လေးကတည်းက မေမေ့ရဲ့ ကူဖော်ကူဖက် ဖြစ်ခဲ့တယ်။ကော်ပါတဲ့စောင်တွေ ညီညာပြန့်ပြူးအောင် ဖြန့်ခင်းနိုင်ဖို့ စောင်အနားစနှစ် ဖက်ကိုသင်ဆွဲကူပေးရတယ်။ ထမင်းအိုးတည်ဖို့အတွက် ရှေးမီးဖိုချောင်အိုထဲက မီးပြင်းဖိုမှာ သင့်ကိုမီးမွှေးခိုင်းခဲ့တယ်။ အဲလိုအချိန် မျိုးတွေ မှာ မေမေဟာ စိုးရိမ်ပူပန်တဲ့အကြည့်နဲ့သင့်ကို ကြည့်နေခဲ့တတ်တယ်။
အဲဒီ နှစ် ရဲ့ ဆောင်းရာသီက အအေးလွန်ကဲနေခဲ့တယ်။ မေမေဟာ ရိုးရာကန်တော့ဖို့အတွက် ရေတွင်းဘေးမှာ ငါးလိပ်စွန်ကို ဆေးကြောသန့်ရှင်းနေခဲ့တယ်။ရုတ်တရက် လက်ထဲမှာ ဓားကိုင်ထားတဲ့ မေမေဟာ 'သမီး. . .စာကြိုးစားရမယ်နော်ဒါမှပိုကောင်းတဲ့လောကကြီးဆီ သမီးလျှောက်လှမ်းနိုင်မှာ 'လို့ပြောတယ်။ အဲဒီ တုန်းကမေမေပြောတဲ့စကားကို သင် နားလည်ခဲ့သလား။
မေမေက သင့်ကို သနားညှာတာမှု မရှိ ပြင်းပြင်းထန်ထန် ဆူဆဲတဲ့အခါမှာ သင်က 'မေမေကလဲ. . . .မေမေကလဲ'နဲ့ မနားတမ်းခေါ်နေတတ်တယ်။ ဒီလိုရင်းနှီးတဲ့ခေါ်သံတွေ ထဲမှာ 'သမီးကို ဆူပဲ ဆူမနေပါနဲ့. . . သမီးရဲ့ ခေါင်းကိုလည်းပွတ်သပ်ပေးပါဦး။ သမီးမှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ သမီးဘက်မှာ ရပ်တည်ပေးပါ'လို့ဆိုတဲ့ အသနားခံချွဲနွဲ့သံတွေ ပါနေခဲ့တယ်။
မေမေပျောက်ဆုံးသွားတဲ့ ဒီကနေ့အထိ မေမေ့ကို မိခင်လို့ သင်ဘယ်တော့မှမခေါ်ခဲ့၊ မသုံးနှုန်းခဲ့ဖူးဘူး။ 'မေမေ. . . 'လို့ ခေါ်လိုက်တာနဲ့ ကိုယ့်မေမေဟာ အမြဲနေကောင်းကျန်းမာနေတယ်လို့ သင် ယုံကြည်ထားခဲ့တယ်။ မေမေ ကြံ့ခိုင်သန်စွမ်းတယ်လို့ သင် ယုံကြည်ထားခဲ့တယ်။ ဘယ်အရာကမှ မေမေ့ကို မခြောက်လှန့်နိုင်ဘူးလို့ သင် မရေမရာ ယုံကြည်ထားခဲ့တယ်။ ဒီမြို့ပြမှာ သင် ဘာအခက်အခဲပဲကြုံကြုံတယ်လီဖုန်းရဲ့ ဟိုတစ်ဖက်မှာ သင့်အတွက် မေမေ အမြဲရှိနေခဲ့တယ်လို့သင်ယြုံကည်ထားခဲ့တယ်။
ဆောင်းဦးရာသီမှာ အိမ်ြပန်ဖို့ မေမေ့ကို သင်ကြိုမပြောထားခဲ့ဘူး ။ မေမေ့ကိုသင်အလုပ်မရှုပ်စေချင်လို့မဟုတ်ပါဘူး။ သင်လေယာဉ်စီးမယ့် ဖိုဟန်း (Pohang)မြို့နဲ့ မေမေ့ရဲ့ အိမ်က အလှမ်းဝေးနေသေးလို့ပါ။ မနက်ပိုင်းလေယာဉ်ကို မီဖို့ မိုးမလင်းခင်ကတည်းက သင် ဖီးလိမ်းပြင်ဆင်နေခဲ့ပြီး နေအိမ်ကနေ မထွက်ခွာခင်အထိ ချောင်းအွတ်မြို့မှာ နေတဲ့ မေမေ့ကို သွားတွေ့ မယ့်စိတ်ကူး သင့်မှာ မရှိခဲ့သေးဘူး။ ချောင်းအွတ်မြို့ကို ဖိုဟန်းမြို့ကနေသွားတဲ့ လမ်းခရီးက ဆိုးလ်မြို့ကနေ တိုက်ရိုက်သွားတာထက် ခရီး ပိုဝေးသလို ကားလည်း အခက်အခဲရှိတယ်။ ဒါကိုသင်မျှော်လင့်မထားခဲ့မိလို့လည်း ဖြစ်တယ်။
ရွာကအိမ်ကို သင်ပြန်ရောက်တဲ့အချိန် ခြံတံခါးကြီးပွင့်နေတယ်။ အိမ်ရှေ့တံခါးလည်း ဖွင့်ထားတယ်။ နောက်တစ်နေ့မှာ သင်နဲ့ သင့်ချစ်သူကောင်လေးထမင်းအတူစားဖို့ ချိန်းထားတယ်။ ဒါကြောင့် ညတွင်းချင်း ညရထားနဲ့ မြို့ ပြန်ဖို့ သင်စိတ်ကူးထားတယ်။ ဒီနေရာက သင့်မွေးရပ်မြေ၊ နောက်ြပီး မေမေရှိတဲ့အရပ်၊ ဒါပေမယ့်ဒီရွာကလေးနဲ့ စိမ်းလာတယ်လို့ သင် ခံစားမိတယ်။ သင်ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝအမှတ်တရခြေရာဆိုလို့ ချောင်းရေစပ်နားက ဗယ်ရီသီးပင်တွေ ပဲ ရှိခဲ့တော့တယ်။ဗယ်ရီပင်သုံးပင်က အဲဒီ နေရာမှာ တင် အိုမင်းရင့်ရော်နေခဲ့ပြီ။ ဒီဗယ်ရီပင်သုံးပင်ကြောင့် ပဲ သင်ငယ်ငယ်တုန်းက ကျောင်းဆင်းအိမ်ပြန်တိုင်း လမ်းမကြီးအတိုင်းမပြန်ခဲ့ဘဲ ဒီဗယ်ရီပင်ရှိတဲ့ လမ်းကလေးကနေပဲ ပြန်ခဲ့တယ်။ ဒီလမ်းက သင်တို့အိမ်နောက်ဖေးခြံတံခါးပေါက်နဲ့ တန်းနေခဲ့တယ်။ ဟိုအရင်တုန်းက အိမ်နောက်ဖေးခြံတံခါးရဲ့ ရှေ့မှာ အများ သုံးရေတွင်းတစ်ခု ရှိခဲ့တယ်။ နောက်ပိုင်း အိမ်တိုင်းဘုံပိုင်ရေကို သုံးလြာ ကတော့ ရေတွင်းလေးလည်း အလိုအလျောက် အဖို့ခံခဲ့ရတယ်။ အဲဒီ ရေတွင်းကိုသင်မှတ်မိနေပါသေးတယ်။ ခြံတံခါးထဲမဝင်ခင်အဲဒီ ရေတွင်းဘေးမှာ သင်တစ်အောင့်ကြာ ရပ်နေခဲ့တတ်တယ်။ မာတာတာ အင်္ဂတေကို သင် ခဏနင်းချေနေခဲ့တယ်။
အရင်တုန်းက ဒီနေရာမှာ တကယ်ပဲ ရေတွင်းတစ်တွင်းရှိခဲ့သလား။ သင့်စိတ်ထဲ နက်နက်နဲနဲခံစားမိတယ်။
အဲဒီ ရေတွင်းက ဒီလမ်းလေးထဲကလူတွေ ကို အသက်ရှင်စေခဲ့တယ်။ ရေစိုင်၊ ရေလှိုင်းတွေ နဲ့ ခန်းခြောက်သွားတယ်ဆိုတာ မရှိခဲ့ဖူးဘူး။ ဒီကနေ့မှာ တော့အဲဒီ ရေတွင်းဟာ အမှော င်ထဲမှာ ရှိနေခဲ့ပါရောလား၊ ရေတွင်းကို မြေဖို့တုန်းက သင်မရှိခဲ့ပါဘူး။ တစ်နေ့မှာ သင်အိမ်ပြန်တော့ ရေတွင်းမရှိတော့ဘူးဆိုတာကို သိလိုက်တယ်။ ရေတွင်းရှိတဲ့နေရာမှာ ဘိလပ်မြေလမ်း ဖြစ်သွားခဲ့တယ်။ ဒီကနေ့အထိဘိလပ်မြေလမ်းအောက်က ရေတွင်းထဲကရေဟာ ကြည်လင်အေးမြတဲ့ရေတွေ နဲ့ ပြည့်လျှံနေတယ်လို့ သင် ထင်နေဆဲ ဖြစ်တယ်။ ဒါဟာလည်း ရေတွင်းဖို့တဲ့ပုံရိပ်ကိုသင့်မျက်စိနဲ့ ကိုယ်တိုင် တပ်အပ်မမြင်ခဲ့တာကြောင့် လည်း ဖြစ်မယ်။
မြေဖို့ခဲ့တဲ့ ရေတွင်းပေါ်မှာ သင် ခဏကြာရပ်လိုက်တယ်။ အဲဒီ နောက်ခြံတံခါးထဲဝင်ပြီး မေမေလို့ အော်ခေါ်လိုက်တယ်။ ပြန်ထူးသံ မကြားဘူး။ ဆောင်းဦးရဲ့ မွန်းလွဲနေရောင် ခြည်က ခြံအနောက်ခြမ်းအပြည့် ကျဲဖြန့်ထားတယ်။ အိမ်ထဲကို သင်ဝင်လိုက်တယ်။ ဧည့်ခန်းနဲ့ အိပ်ခန်းမှာ လည်း မေမေ့အရိပ်အယောင်ကို မတွေ့ ခဲ့ဘူး။ အိမ်ထဲမှာ ရှုပ်ပွနေတယ်။ ထမင်းစားပွဲပေါ်က ရေပုလင်း အဖုံးဖွင့်ရက်သားရှိနေတယ်။ သောက်ရေခွက်က ပန်းကန်ဆေးဇလုံထဲ ရောက်နေတယ်။ ဧည့်ခန်းကြမ်းပြင်ပေါ်ကဖျာချပ်မှာ အဝတ်စုတ်ထည့်တဲ့ခြင်းတောင်း မှော က်ထားတယ်။ဖေဖေချွတ်ထားတဲ့ ရှပ်အင်္ကျီက ဖုန်မှု န့်အလိတ်လိတ်နဲ့ ဆိုဖာပေါ်မှာ ချိတ်ဆွဲထားတယ်။ နေအိမ်ရဲ့ အနောက်ဖက်ခြမ်းက အောက်သိုးသိုးနဲ့ မှိုစော်နံနေခဲ့ပြီ။ ဒါတောင် စူးရှတောက်ပတဲ့ ဆည်းဆာနေက လူမရှိတဲ့ ဒီအခန်းလေးထဲ ထိုးဖောက်ဝင်ရောက်လာတုန်းပဲ။
'မေမေ . . .'
အိမ်မှာ လူမရှိမှန်းသိပေမယ့် သင်နောက်တစ်ချက် ထပ်အော်လိုက်တယ်။ပြီးတော့ အိမ်ရှေ့တံခါးကနေ အပြင်ကိုထွက်လာတယ်။ အဲဒီ နောက် အိမ်ဘေးကတံခါးပေါက်ဖွင့်ရက်သား စတိုခန်းထဲမှာ မေမေ့ကို သင်တွေ့ လိုက်တယ်။ မေမေကသစ်သားကုတင်တစ်ခုပေါ် လဲလျောင်းနေတယ်။
'မေမေ . . .'
မေမေ့ဆီက ပြန်ထူးသံမကြားခဲ့ဘူး။ ဖိနပ်ကောက်စီးပြီး မေမေ့ကို စေ့စေ့ကြည့်ရင်း စတိုခန်းထဲ သင် ဝင်လိုက်တယ်။ စတိုခန်းထဲကနေ ခြံဝင်းတစ်ခုလုံးကိုလှမ်းမြင်ရတယ်။ အရင်တုန်းက မေမေဟာ ဒီထဲမှာ ပဲ မုယောခြောက်တွေ နဲ့ အရက်ချက်ခဲ့တယ်။ စတိုခန်းဘေးက ဝက်ခြံကိုဖျက်လိုက်တော့ စတိုခန်းက အရင်ကထက်နေရာပိုကျယ်သွားခဲ့တယ်။ စတိုခန်းနံရံရဲ့ သတ္တုစင်ပေါ်မှာ အသုံးမလိုတော့တဲ့မီးဖိုချောင်သုံး ပစ္စည်းကိရိယာတွေ တင်ထားတယ်။ စင်အောက်မှာ ဖန်ပုလင်းတွေ တင်ထားတယ်။ ဖန်ပုလင်းထဲမှာ မေမေအချဉ်တည်ထားတဲ့ စားစရာတွေ ထည့်ထားတယ်။ မေမေက သစ်သားခုတင်ဟောင်းကို စတိုခန်းထဲ ပြောင်းရွှေ့ထားတယ်။အိမ်ဟောင်းကို ဖျက်ပြီး အနောက်တိုင်းဆန်ဆန် တိုက်အိမ်သစ်တစ်လုံး ဆောက်လိုက်တော့ ခေတ်မီတဲ့ တိုက်သစ်မီးဖိုချောင်ထဲမှာ လုပ်လို့မရတော့တဲ့ အရာတွေ ကို ဒီစတိုခန်းထဲမှာ ပဲ မေမေ လုပ်ခဲ့တယ်။ ကင်ချီလုပ်တဲ့အခါ နီရဲရဲငရုတ်သီးကိုကြိတ်ဆုံထဲထည့်ကျိတ်တာတို့၊ ပဲပင်ရိုးတံပေါ်က မခူးချွေမိဘဲ ကျန်ခဲ့တဲ့ ပဲတွေ ကိုရှာဖွေပြီး အခွံချွတ်တာတို့၊ ငရုတ်ချဉ်တည်တာတို့ ကင်ချီနယ်တာတို့၊ တို့ဟူးချဉ်လှန်းတာတို့ လုပ်ခဲ့တယ်။
စတိုခန်းဘေးက ခွေးအိမ်လည်း ဗလာကျင်းလို့၊ ခွေးချည်တဲ့သံကြိုးလည်းပြေလျော့ပြီး မြေပြင်ပေါ်ကျနေတယ်။ ဒီအချိန်ကျမှ ခြံထဲကို သင်ဝင်လာတဲ့အချိန်ခွေးဟောင်သံ မကြားခဲ့ဘူးဆိုတာကို သင်သတိရလာမိတယ်။ ခွေးကို သင်လှည့်ပတ်ရှာရင်း မေမေ့အနားကိုသင်တိုးကပ်သွားတယ်။ မေမေ့ဆီက ဘာတုန့်ပြန်ချက်မှမရသေးဘူး။ အခုနတုန်းက မေမေဟာ ဘူးဖရုံတွေ လှီးပြီး အခြောက်လှန်းဖို့ စီစဉ်နေခဲ့ပုံရတယ်။ စဉ်းတီတုံး၊ ဓားမနဲ့ ဘူးဖရုံသီးတွေ က တစ်ဖက်မှာ ရှိနေတယ်။ဟောင်းအိုနေတဲ့ ဝါးခြင်းထဲမှာ အချပ်ချပ်လှီးထားတဲ့ ဘူးဖရုံတွေ အပြည့်ထည့်ထားတယ်။ စစချင်းမှာ မေမေများ အိပ်ပျော်သွားတာလားလို့ သင်တွေးထင်မိတယ်။ နောက်တော့ မေမေ့မှာ နေ့လယ်နေ့ခင်း အိပ်တတ်တဲ့အကျင့် မရှိဘူးဆိုတာကို သင် သတိရမိပြန်တယ်။ မေမေ့မျက်နှာကို သင် စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။မေမေက လက်ဖမိုးကိုနဖူးထိပ်မှာ တင်ထားတယ်။ တစ်ခုခုကိုအားစိုက်ပြီး အောင့်အီးထားသလိုပါပဲ။ မေမေ့ရဲ့ နှုတ်ခမ်းတွေ ခပ်ဟဟပွင့်နေတယ်။ မျက်မှော င်ကြုတ်ထားတယ်။ မျက်ခုံးနှစ် ခုကြားမှာ တွန့်လိပ်တဲ့အစင်းကြောင်းတွေ ထင်ဟပ်နေခဲ့တယ်။
'မေမေ'
မေမေ့မျက်လုံး မှိတ်ထားဆဲ ဖြစ်တယ်။
'မေမေ . . . မေမေ'
မေမေ့ရှေ့မှာ သင်ဒူးထောက်ပြီး အားကုန်လှုပ်ရမ်းအော်ခေါ်လိုက်တယ်။အဲဒီ အချိန်ကျမှ မေမေ့ရဲ့ မျက်လုံး ခပ်မှိန်မှိန်ပွင့်လာခဲ့တယ်။ မေမေ့ရဲ့ မျက်လုံးတွေ ရဲရဲနီနေတယ်။ နဖူးထက်မှာ ပဲစေ့လောက်ကြီးတဲ့ ချွေးသီးချွေးပေါက်တွေ တွဲ ခို နေတယ်။ သင့်ကို မေမေ မှတ်မိပုံမရခဲ့ဘူး။ နာကျင်တဲ့ဝေဒနာက မေမေ့ရဲ့ မျက်နှာမှာ အထင်းသားပေါ်နေပြီး မျက်နှာကို ရှုံ့တွတွန့်လိမ်စေခဲ့တယ်။ ပြင်းထန်မှု အားကြီးတဲ့ အမည် မသိဝေဒနာတစ်ခုက မေမေ့ကို ရက်ရက်စက်စက် ထိုးနှက်ထားလို့မေမေ့ရဲ့ မျက်နှာအမူအရာ ဒီလောက်ဆိုးဝါးနေတာ ဖြစ်မယ်။ မေမေ့မျက်လုံးတွေ မှိတ်ကျသွားပြန်တယ်။
'မေမေ . ..'
သစ်သားခုတင်ပေါ် သင်တက်လိုက်တယ်။ နာကျင်မှု ဝေဒနာခံစားနေရတဲ့ မေမေ့ပါးပြင်ကိုကိုင်ပြီး သင့်ဒူးခေါင်းထက်မှာ တင်လိုက်တယ်။ သင့်ဒူးပေါ်ကနေ မေမေ့ခေါင်း လျှောကျမသွားဖို့ သင့်လက်ကို မေမေ့ချိုင်းအောက်ထဲ လျှိုဝင်ချိတ်ထားလိုက်တယ်။
မေမေ့ကို ဒီနေရာမှာ တစ်ယောက် တည်း ဘာ ဖြစ်လို့ ပစ်ထားခဲ့ရတာ လဲ၊
ရုတ်တရက် သင့်ခေါင်းထဲ ဒေါသထွက်စရာအတွေးစတချို့ လှစ်ခနဲဝင်ရောက်လာခဲ့တယ်။ တစ်ယောက် ယောက် က မေမေ့ကို ဂရုမစိုက်ဘဲ ဒီစတိုခန်းထဲမှာ တမင်ပစ်ထားခဲ့သလိုပဲ။ လူတွေ က ဒီလိုပဲ ကိုယ်ချင်းစာတရား ကင်းမြဲ့ကတယ်။အဲဒီ တုန်းက သင် တော် တော် လေး ဒေါသထွက်ခဲ့မိတယ်။ တခြား တစ်ယောက် ကမေမေ့ကို စတိုခန်းထဲမှာ မေ့လျော့ထားခဲ့တယ်လို့ သင်ထင်တယ်။ တကယ်တော့မေမေ့ကို စတိုခန်းထဲမှာ မေ့လျော့ထားခဲ့သူက တခြားသူမဟုတ်ဘဲ သင်ကိုယ်တိုင် ဖြစ်နေခဲ့တယ်။ လူတွေ ဟာ အရမ်း စိတ်ချောက်ချားလာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ ကြောင်နေတတ်တယ်။
လူနာတင်ကားကို အရင်အကြောင်းကြားရမလား၊ မေမေ့ကို အိမ်ထဲအရင်ရွှေ့ရမလား၊ ဖေဖေဘယ်မှာ လဲ စတဲ့အတွေးတွေ က ခေါင်းထဲတစ်ဟုန်ထိုးပြေးဝင်လာကြတယ်။ အဲဒီ နောက် သင် ဘာတစ်ခုမှမလုပ်ခဲ့ဘဲ မေမေ့ကို သင့်ဒူးခေါင်းထက်မှာ ပဲ အိပ်စေခဲ့ပြီး မေမေ့မျက်နှာကိုပဲ သင် ခေါင်းငုံ့ကြည့်နေခဲ့တော့တယ်။ မေမေ ဒီလိုနာကျင်ရှုံ့တွတဲ့မျက်နှာကို သင် တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ နဖူးကိုဖိကပ်ထားတဲ့ မေမေ့ရဲ့ လက် လျှော့ကျသွားတယ်။ အားစိုက်ပြီး မေမေ အသက် ရှူနေတယ်။ နာကျင်မှု ဒဏ်ကို အံကြိတ်တင်းခံပြီး အလွတ်ရုန်းနေတယ်။ ခြေလက်အဂါင်္ကြောတွေ တင်းဆန့်နေတယ်။
'မေမေ . . .'
သင့်နှလုံး တဒုန်းဒုန်းခုန်နေတယ်။ မေမေ့ရဲ့ ခန္ဓာကိုယ်ကို တင်းတင်းပွေ့ထားနိုင်ဖို့ သင်ကြိုးစားတယ်။ မေမေလည်း သေတတ်တယ်ဆိုတဲ့အသိကိုပထမဆုံးအကြိမ် သင်တုန်လှုပ်ချောက်ချားစွာ ခံစားလိုက်မိတယ်။ မေမေ့မျက်လုံးတွေ သာသာလေးပွင့်လာတယ်။ ပြီးတော့ သင့်ကို အားစိုက်ကြည့်လိုက်တယ်။သင့်ကိုတွေ့ လိုက်လို့ သူ တအံ့တသြ ဖြစ်နေတယ်။ မေမေ့ရဲ့ မျက်လုံးအိမ်တွေ လှုပ်ရှားမနေဘူး။ တစ်ခုခုတုန့်ပြန်ဖို့ သူကြိုးစားနေတယ်။ အကြာကြီးနေမှ သင့်နာမည် ကိုမေမေ ခေါ်လိုက်တယ်။ မေမေ့မျက်နှာက ဖြူရော်ပြီး အင်အားကင်းမဲ့နေခဲ့တယ်။တစ်ခုခုကို မေမေ မပီမသ ပြောနေတယ်။ သင် အလျင်အမြန် နားစိုက်ထောင်လိုက်တယ်။
'သမီးအဒေါ်ဆုံးတုန်းက မေမေအသံထွက်အောင်တောင် မငိုနိုင်ခဲ့ဘူး'မေမေ့ရဲ့ ဖြူရော်ရော်မျက်နှာက အဓိပ္ပါယ်ကင်းမဲ့လို့ နေခဲ့တယ်။ နှစ် သိမ့်တဲ့စကားတစ်ခွန်းကိုတောင် သင် မပြောနိုင်ခဲ့ဘူး။
အဒေါ်ရဲ့ အသုဘအခမ်းအနားက နွေဦးရာသီမှာ ပါ။ အခမ်းအနားကိုသင် မတက်ရောက်ခဲ့ဘူး။ အသုဘအခမ်းအနားကို သင် မတက်ရောက်ခဲ့တဲ့အပြင်အဒေါ်ဆေးရုံတက်ခဲ့တဲ့ တစ်နှစ် ပတ်လုံးမှာ လည်း သင် လူနာသတင်း သွားမမေးခဲ့ဘူး။
သင် ဘာတွေ နဲ့ အလုပ်များ နေခဲ့သလဲ။
အဒေါ်ဟာ သင့်ကို သင်ငယ်ငယ်လေးကတည်းက သူ့သားသမီးနဲ့မခြားပြုစုစောင့်ရှောက်ခဲ့တယ်။ နွေရာသီရောက်တိုင်း တောင်တစ်တောင်လောက်သာခြားတဲ့ အဒေါ်တို့ဆီသွားပြီး သင်ညအိပ်ညနေ နေခဲ့တယ်။ မောင်နှမတွေ ထဲမှာ မေမေနဲ့ ရုပ်ချင်းပိုဆင်တဲ့ သင့် တစ်ယောက် တည်းအပေါ်မှာ ပဲ အဒေါ် သံယောဇဉ်ပိုခဲ့တယ်။ သင်နဲ့ သင့်မေမေက တစ်ပုံစံတည်း ထွင်းထုထားသလားထင်ရလောက်အောင် ရုပ်တူတယ်လို့ အဒေါ်ကပြောတယ်။ မေမေနဲ့အတူဖြတ်သန်းခဲ့တဲ့ ငယ်ဘဝကို ပြန်ပြောင်းအောက်မေ့မိသလို အဒေါ်ဟာ သင်နဲ့အတူ ယုန်အစာကျွေးတယ်။သင့်ဆံပင်တွေ ကို ကျစ်ပေးခဲ့တယ်။ ထမင်းချက်တဲ့အခါမှာ လည်း အဒေါ်ဟာမုယောဆန်ထဲ ဆန်တချို့ရောထည့်ချက်တတ်တယ်။ သင့်အတွက် မုယောထမင်းမပါတဲ့ ဆန်ထမင်းချည်းပဲ ခူးခပ်ပေးခဲ့တယ်။ ညအချိန်ရောက်ရင် အဒေါ်ဟာသင့်ကို သူ့ပေါင်ပေါ်မှာ လဲလျောင်းစေပြီး ပုံပြင်တွေ ပြောပြခဲ့တယ်။ ဒီလောကကြီးကနေ အဒေါ် ထွက်သွားခဲ့ပြီ ဖြစ်ပေမယ့် အဒေါ်ရဲ့ နုပျိုစဉ်က ကိုယ်သင်းနံ့ကို သင်မှတ်မိနေဆဲ ဖြစ်တယ်။ အသက်ကြီးလာတဲ့အချိန်မှာ အဒေါ်ဟာ ပေါင်မုန့်ဆိုင်ဖွင့်ထားတဲ့သားရဲ့ ကလေး (မြေး)ကိုကူထိန်းကျောင်းပေးခဲ့တယ်။ ကလေးထိန်းပေးရင်းလှေကားပေါ်ကနေ အဒေါ်လိမ့်ကျခဲ့လို့ ဆေးရုံရောက်မှ အဒေါ့်မှာ ကင်ဆာ ရောဂါ ရှိကြောင်း၊ ကင်ဆာဆဲလ်တွေ တစ်ကိုယ်လုံးပြန့်နေကြောင်းကို သိခဲ့ရတယ်။လက်လည်း မလှုပ်ရှားနိုင်ခဲ့တော့ဘူး။ ဒီသတင်းတွေ သင့်ကို မေမေပြောပြခဲ့တုန်းက 'သနားစရာကောင်းလိုက်တဲ့အစ်မရယ်. . .' လို့ ဆိုခဲ့တယ်။
'ကင်ဆာ ရောဂါ ရှိမှန်း ဘာ ဖြစ်လို့ မသိခဲ့တာလဲ'
'သူ တစ်ခါမှ ကျန်းမာရေး မစစ်ဆေးခဲ့ဘူးလေ'
တစ်ခါတလေ မေမေက ဆန်ပြုတ်လေးပြုတ်ပြီး အဒေါ့်ကို သွားကြည့်ခဲ့တယ်။ ဆန်ပြုတ်ကို ကိုယ်တိုင်ခွံ့ကျွေးပြီးမှ အိမ်ပြန်တတ်ခဲ့တယ်။ တစ်ခါတလေသင့်ဆီ မေမေဖုန်းဆက်တဲ့အခါ 'မနေ့က သမီးအဒေါ်ကို မေမေသွားကြည့်ခဲ့တယ်။မေမေ နှမ်းရည်ကျိုသွားတော့ သူအားရဝမ်းသာ စားရှာတယ်' လို့ ပြောပြတတ်တယ်။မေမေပြောတာကို သင် ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်ခဲ့တယ်။ အဒေါ်ဆုံးတော့မေမေဟာ သင့်ကို အရင်ဦးဆုံး ဖုန်းဆက်အကြောင်း ကြားခဲ့တယ်။
'သမီး ရဲ့ အဒေါ် ဆုံးသွားပြီ . . . သမီး '
'----------'
'သမီးအလုပ်များ နေရင် ပြန်မလာပါနဲ့တော့'
အဒေါ်ရဲ့ အသုဘအခမ်းအနားကို သင်မတက်ရောက်ခဲ့တာဟာ မေမေ့ရဲ့ စကားကြောင့် မဟုတ်ခဲ့ပါဘူး။ စာမူတွေ အတွက် သင် လုံးပန်းနေခဲ့ရလို့ ဖြစ်တယ်။အသုဘအခမ်းအနားက ပြန်လာတဲ့အစ်ကိုက သင့်ကို မေမေ့ရဲ့ အခြေအနေပြောပြခဲ့တယ်။ မေမေ အလွန်အမင်း ပူဆွေးသော ကရောက်လိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် မေမေဟာ မျက်ရည်တစ်ပေါက်တောင် မကျခဲ့ဘူးလို့ အစ်ကိုကပြောတယ်။
'တကယ်ပဲလား' သင် မယြုံကည်နိုင်အောင်ြဖစ်မိတယ်။
အစ်ကိုကိုယ်တိုင်ကလည်း ထူးဆန်းတယ်လို့ ခံစားမိခဲ့ပေမယ့် မေမေ့ဆန္ဒအတိုင်း လိုက်နာခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ စတိုခန်းထဲကနေ ထိခိုက်နာကျင်တဲ့ မျက်နှာ အနေအထားနဲ့ နှိုးထလာခဲ့တဲ့ မေမေဟာ 'သမီး အဒေါ် ဆုံးတုန်းကမေမေ အသံထွက်အောင်တောင် မငိုနိုင်ခဲ့ဘူး 'လို့ ပြောနေခဲ့ပါတယ်။
'ဘာ ဖြစ်လို့လဲ၊ ငိုချင်ရင် ငိုခဲ့လိုက်တာမဟုတ်ဘူး '
မေမေ့မျက်နှာထားက ထုံထိုင်းထိုင်း ဖြစ်နေသေးတယ်ဆိုပေမယ့် သင်ရင်းနှီးခဲ့တဲ့အသွင်အပြင်အ ဖြစ် တဖြည်းဖြည်းပြောင်းလာခဲ့ပါတယ်။ အဲဒီ အချိန်ကျမှ သင်လည်း အနည်းငယ် စိတ်သက်သာရာရသွားတော့တယ်။ မေမေဟာ မျက်တောင်ကို ဖြည်းဖြည်းချင်းခတ်လိုက်တယ်။
'မေမေ မငိုတတ်ခဲ့တော့ဘူး . . . သမီး '
'-------------'
'ခေါင်းကိုက်တာ ပေါက်ကွဲမတတ်ပဲ '
မေမေ့ရဲ့ မျက်နှာပေါ်မှာ ဆည်းဆာနေရိပ်ထင်ဟပ်နေတယ်။ သင့် ပေါင်ပေါ်အိပ်နေတဲ့ မေမေ့မျက်နှာကို သူစိမ်း တစ်ယောက် ကိုကြည့်တဲ့ အကြည့်မျိုးနဲ့သင် စူးစူးစိုက်စိုက်ကြည့်လိုက်မိတယ်။
မေမေ ခေါင်းကိုက်တယ်ဟုတ်လား၊ ခေါင်းကိုက်လွန်းလို့ ငိုမထွက်ခဲ့ဘူးတဲ့လား.....
မွေးခါနီး နွားမတစ်ကောင်ရဲ့ မျက်လုံးတွေ လို အရင်တုန်းက ဝိုင်းစက်မည်းနက်ခဲ့တဲ့ မေမေ့မျက်လုံးတွေ ဟာ အခုချိန်မှာ တော့ မျက်ရစ်တွေ နဲ့ ဖုံးကွယ်နေပြီးသေးသထက်သေးငယ်နေခဲ့ပါပြီ။ ရဲရဲနီစွေးခဲ့တဲ့ နှုတ်ခမ်းထူထူက ခြောက်သွေ့နေတဲ့အပြင် ကွဲအက်နေခဲ့ပါပြီ။ အဒေါ်သေဆုံးသွားတာကို ခေါင်းပေါက်ကွဲမတတ် မေမေနာကျင်ထိခိုက်ခဲ့မှန်း၊ ငိုပေမဲ့ မျက်ရည်မထွက်ခဲ့မှန်း သင် လုံးလုံးမသိခဲ့ဘူး။
သစ်သားခုတင်ပေါ် တစ်ယောက် တည်းလဲနေတဲ့မေမေကြိုကည့်ရင်း သူ့လက်မောင်းကို ဗိုက်ပေါ် သင် ကောက်တင်ပေးလိုက်တယ်။ နေလောင်ကွက်တွေ တဖြည်းဖြည်းများ ပြားလာပြီး တစ်သက်လုံး အလုပ်တွေ နဲ့ ဆင်းရဲပင်ပန်းခဲ့တဲ့ မေမေ့လက်ဖမိုးကိုသင် ငေးစိုက်ြကည့်နေခဲ့တယ်။
မေမေ့အပေါ် နားလည်ခဲ့ပါတယ်လို့ ထပ်မပြောဖို့ သင်တွေးမိလိုက်တယ်။
သင့်ဘကြီး (မေမေရဲ့ အစ်ကို) အသက်ရှင်စဉ်တုန်းက ဖြစ်တယ်။
ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်တဲ့ ဘကြီး တစ်ယောက် ချောင်းအွတ်ကို ပြန်ရောက်လာခဲ့တယ်။ ဘကြီးဟာ ဗုဒ္ဓဟူးနေ့တိုင်း မေမေ့ကိုလာကြည့်တတ်တယ်။ တခြားဘာကိစ္စမှ မရှိလည်း စက်ဘီးတစ်စီးနဲ့ မေမေ့ကိုသူ တစ်ချက်လာတွေ့ တတ်တယ်။ ပြီးတော့ အိမ်ပြန်သွားတယ်။ တချို့အချိန်မှာ အိမ်ထဲတောင်မဝင်ဘဲ တံခါးဝမှာ တင်ရပ်ပြီး 'ညီမရေ. . . နေကောင်းတယ်မဟုတ်လား'လို့ အော်ဟစ်တတ်တယ်။ အဲဒီ နောက် မေမေထွက်အလာကိုတောင်မစောင့်ဘဲ စက်ဘီးနင်းပြီး သူ့အိမ်ပြန်သွားတတ်တယ်။ သင်သိထားသလောက်တော့ မေမေနဲ့ ဘကြီးဟာ သိပ်သံယောဇဉ်မရှိကြဘူး။ နားလည်တဲ့အရွယ် သင်မရောက်ခင်တုန်းက ဒါမှမဟုတ် သင့်ကို မမွေးခင်တုန်းက ဘကြီးဟာ သင့်ဖေဖေဆီကနေ ငွေတွေ ချေးပြီး ပြန်မဆပ်ခဲ့ဘူး။ တစ်ခါတလေ မေမေက ဒီအကြောင်းတွေ ကို ပြောပြီး ဘကြီးကို အပြစ်တင်တတ်တယ်။ ဘကြီးကြောင့် ကြီးကြီးနဲ့ဖေဖေအပေါ် မေမေ အကြွေးဝန်ရှိတယ်လို့ ပြောတတ်တယ်။ ဘကြီးချေးခဲ့တဲ့ငွေဆိုပေမယ့် သူ့ရဲ့ အပြုအမူက မေမေ့ကို မလူးမလွန့်သာစေခဲ့ဘူး။ သတင်းမကြားဘာမကြားနဲ့ လေးငါးနှစ် လောက် ဘကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့တုန်းက 'သမီးရဲ့ ဘကြီး ဘယ်ရောက် သွားပါလိမ့်၊ ဘာတွေ လုပ်နေပါလိမ့်'လို့ မေမေ အမြဲပြောနေတတ်ခဲ့တယ်။ ဘကြီးကို မေမေ စိတ်ပူတာလား ဒါမှမဟုတ် အပြစ်တင်တာလားဆိုတာကို သင် နားမလည်ခဲ့ဘူး။
အဲဒီ တုန်းက အိမ်ကို အခုလို အသစ်ပြန်ပြင်မဆောက်ခဲ့သေးဘူး။ အခုတော့ အဲဒီ အိမ်လေးလည်း လောကကြီးကနေ ပျောက်သွားခဲ့ရပြီ။ အဲဒီ နေ့က အိမ်မှာ သင်လည်းရှိနေတယ်။ တစ်ယောက် ယောက် က တံခါးတွန်းဖွင့်ပြီး 'ညီမလေးရှိနေလား'လို့ တစ်ဆက်တည်းမေးလိုက်သံကိုကြားတယ်။ သင်နဲ့အတူ အခန်းထဲမှာ လိမ္မော်သီးစားနေတဲ့ မေမေဟာ ဒီအသံကို ကြားတာနဲ့ တံခါးကို ဝုန်းခနဲ ဆွဲဖွင့်ပြီးအမြန်ထပြေးသွားတယ်။ မေမေ့ရဲ့ ခြေလှမ်း မြန်လွန်းတယ်။
'ဘယ်သူပါလိမ့် ၊ မေမေ့ကို ဒီလောက်စိတ်လှုပ်ရှားစေတာ ဘယ်သူပါလိမ့်' သင်လည်း စိတ်ဝင်တစား မေမေ့နောက် ထလိုက်သွားတယ်။ မေမေဟာတံခါးမကြီးဘက်ဆီ တစ်ချက်ကြည့်ပြီး 'အစ်ကို. . .'လို့အော်လိုက်ပြီး တံခါးဝမှာ ရပ်နေတဲ့လူဆီ အပြေးသွားခဲ့တယ်။ ဖိနပ်တောင် မစီးအားတော့ပါဘူး။ အဲဒီ လူကသင့်ဘကြီးပါ။
မေမေဟာ လေအလျင်လို ပြေးသွားပြီး ဘကြီးကို လက်သီးနဲ့ထုရင်း'အစ်ကို . . . အစ်ကို'လို့ ဆက်တိုက်အော်နေခဲ့တယ်။ မေမေ့ကို သင်ပြူးကြောင်ပြီးကြည့်နေခဲ့တယ်။ ဒါဟာ တစ်ယောက် ယောက် ကို 'အစ်ကို'လို့ မေမေခေါ်တာကိုပထမဆုံးအကြိမ် သင်ကြားမိတာ ဖြစ်တယ်။ ဘကြီးအကြောင်းကို မေမေပြောခဲ့တုန်းက 'သမီးရဲ့ ဘကြီး'လို့ပဲ မေမေ သုံးနှုန်းခဲ့တယ်။ ခဏတွင်းချင်းမှာ ပဲ သင့်စိတ်ရှုပ်ထွေးသွားခဲ့တယ်။ ဘကြီးက မိုးကျရွှေကိုယ်မဟုတ်ခဲ့ပါဘူး။ ဘကြီးကိုတွေ့ တာနဲ့ မေမေဟာ နှာသံနဲ့ 'အစ်ကို'လို့ ဝမ်းသာအားရအော်ခေါ် ပြီး အပြေးသွားတာကိုကြည့်ပြီး သင် ဘာကြောင့် အံ့သြခဲ့ရသလဲ၊ 'အော်. . .မေမေ့မှာ လည်း အစ်ကိုရှိတယ်' ဆိုတာကို သင် နားလည်သဘောပေါက်သွားလို့ ဖြစ်တယ်။
အသက်ကြီးကြီးမေမေဟာ 'အစ်ကို'လို့ ချွဲချွဲနွဲ့နွဲ့ အော်ရင်း ကလေးလေး တစ်ယောက် လို ပြေးသွားတဲ့ပုံရိပ်ကို တစ်ခါတလေ သင် ပြန်မြင်ယောင်ရင်း တစ်ယောက် တည်း သင် အသံထွက်ရယ်မိခဲ့တတ်တယ်။ အဲဒီ တုန်းက မေမေဟာလက်ရှိထက် ပိုနုပျိုသေးတယ်။ မေမေ့ရဲ့ ပုံရိပ်က သင့်ဦးနှောက်ထဲ စွဲမြဲခဲ့တယ်။'တကယ်တော့ မေမေ့မှာ လည်း . . . .'ဆိုတဲ့ အတွေးမျိုး သင်ဖြန့်ကျက်လိုက်မိတယ်။
ဒီလိုသိသာတဲ့အရာကို ဘာ ဖြစ်လို့ အခုချိန်ရောက်မှ သင်နားလည်ခဲ့ရသလဲ၊ သင့်အဖို့ မေမေ့ကို မေမေလို့ပဲ သိထားခဲ့တယ်။ မေမေ့မှာ လည်း လမ်းလျှောက်သင်စအရွယ်၊ အသက်၃-နှစ် အရွယ်၊ အသက် ၁၂-နှစ် အရွယ် ဒါမှမဟုတ် အသက် ၂ဝအရွယ်တွေ ရှိခဲ့တယ်ဆိုတာကို သင် တစ်ခါမှ မတွေးခဲ့မိဘူး။ မေမေဆိုတာ မေမေပဲလို့သင် သတ်မှတ်ထားခဲ့တယ်။ မေမေဟာ မွေးလာတာနဲ့ မေမေလုပ်ရမယ့်သူလို့သင် ထင်ခဲ့တယ်။ 'အစ်ကို'လို့ခေါ်ပြီး ဘကြီးဆီ မေမေပြေးသွားတဲ့ ပုံရိပ်မမြင်ခင်အထိ သင် ဒီလိုပဲထင်ခဲ့တယ်။ အစ်ကိုတွေ အပေါ် သင် သံယောဇဉ်ရှိတယ်။ မေမေ့မှာ လည်း ဒီလိုသံယောဇဉ်မျိုးရှိတယ်။ ဒီလိုအတွေးမျိုး သင် တဖြည်းဖြည်း ဖြန့်ကျက်တွေးမိရင်း မေမေ့မှာ လည်း ကလေးဘဝရှိခဲ့တယ်ဆိုတာကို သင် နားလည်လာမိတယ်။ အဲဒီ အချိန်ကစပြီး (၁၉၃၆) ခုနှစ် မွေးပြီး အိမ်ထောင်စုစာရင်းမှာ (၁၉၃၈)ခုနှစ် လို့ ရေး ထားတဲ့ မေမေ့ပုံရိပ်ကို တစ်ခါတလေ သင် မြင်ယောင်ကြည့်မိတတ်ခဲ့တယ်။ မေမေ့ရဲ့ ကလေးဘဝ၊ မိန်းကလေးဘဝ၊ မိန်းမပျိုဘဝ၊ အိမ်ထောင်ကျစဘဝ၊ နောက်ြပီး သင့်ကိုမွေးခဲ့တဲ့ ပုံရိပ်တွေ ကို သင် မြင်ယောင်ြကည့်ခဲ့မိတယ်။
စတိုခန်းထဲမှာ လဲနေတဲ့ မေမေ့ကို တစ်ယောက် တည်းထားခဲ့ပြီး သင်မြို့ပြန်လို့မ ဖြစ်ဘူး။ နိုင်ငံတော် ဂီတအဖွဲ့က မိတ်ဆွေတွေ နဲ့ ဆောက်ချို (Sokcho)မြို့ကို အလည်သွားခဲ့တဲ့ ဖေဖေလည်း နောက်နှစ် ရက်နေ့မှာ ပြန်လာမှာ ဖြစ်တယ်။ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကနေ ခဏတာ မေမေလွတ်မြောက်ခဲ့ပေမယ့် အဆမတန် ခေါင်းကိုက်နေတုန်း ဖြစ်တယ်။ အားရပါးရ မပြုံးရယ်နိုင်ခဲ့သေးပါဘူး။ဟုတ်ပါတယ် . . . မေမေဟာ မငိုနိုင်သလို ရယ်လည်း မရယ်နိုင်ခဲ့တော့ပါဘူး။ မေမေ့ကိုဆေးရုံလိုက်ပို့မယ်ပြောတဲ့ သင့်စကားကိုတောင် မေမေ နားမလည်နိုင်ခဲ့တော့ပါဘူး။ မေမေ့ကိုတွဲ ပြီး စတိုခန်းကနေ အိမ်ခန်းထဲကို သွားတဲ့အချိန်မှာ လည်းမေမေဟာ နှေးကွေးလွန်းနေခဲ့တယ်။ ကြည့်ရတာ ခေါင်းကိုက်တဲ့ ဝေဒနာကြောင့် ထင်ပါတယ်။ အချိန်တော် တော် ကြာမှ မေမေဟာ သင်နဲ့ စကားပြောနိုင်တော့တယ်။ခေါင်းက အမြဲကိုက်ပြီး 'တစ်ခါတလေ' မခံမရပ်နိုင်အောင် ဖြစ်တယ်လို့ မေမေကပြောပါတယ်။ အဲဒီ အချိန်ကျော်လွန်သွားရင်တော့ ကောင်း သွားပါတယ်တဲ့။
"မေမေခေါင်းကိုက်တာကို အစ်ကိုတို့သိလား၊ ဖေဖေရော သိလား"
မြို့ပြန်ရောက်တာနဲ့ မေမေ ခေါင်းကိုက်တဲ့အကြောင်းကို ဖေဖေနဲ့အစ်ကိုတို့ကို ပြောမယ်။ ပြီးတော့ မေမေ့ကို ဆေးရုံကြီးခေါ်သွားပြီး ကုသမယ်လို့သင် တွေးလိုက်တယ်။
မေမေစလှုပ်ရှားလို့ရပါပြီ။'မပြန်ဘဲ နေပါဦးလား' လို့ သင့်ကို မေမေမေးတယ်။ ဘယ်အချိန်က စခဲ့မှန်းမသိပါဘူး. . . .။ မေမေ့ဆီပြန်တိုင်း အလွန်ဆုံးသုံးလေးနာရီလောက်ပဲ သင်နေခဲ့ပြီး မြို့ကို ချက်ချင်း ပြန်ခဲ့တတ်တယ်။ နောက်တစ်ရက် ချစ်သူကောင်လေးနဲ့ သင်ချိန်းထားတာကို သတိရပေမယ့် မေမေ့ကို 'ဒီနေ့သမီး ဒီမှာ အိပ်မယ်'လို့ သင်ပြောလိုက်တယ်။ မေမေ့ရဲ့ နှုတ်ခမ်းထောင့်စွန်းကအပြုံးရိပ်သန်းသွားခဲ့တယ်။
ဖိုဟန်း (Pohang) မြို့ကငါးဈေးမှာ လတ်လတ်ဆတ်ဆတ် ရေဘဝဲတစ်ကောင် သင် ဝယ်လာခဲ့တယ်။ ဒါပေမယ့် ဘယ်လိုချက်စားရမယ်မှန်း သင်ရော၊မေမေရော မသိခဲ့ဘူး။ ဒီလိုနဲ့ အရင်က ချက်စားတတ်တဲ့ အစားအစာတွေ ကိုပဲသင်တို့ ဖြစ်သလိုချက်ပြီး သာမန်ရိုးရှင်းတဲ့ စားပွဲခုံလေးထက်မှာ မျက်နှာချင်းဆိုင်ထိုင်စားလိုက်ကြတယ်။ ကင်ချီ၊ တိုဟူးကြော်၊ ငါးကလေးကြော်၊ ရေညှိကြော်တွေ နဲ့ တွဲ ဖက်ပြီး ထမင်းကို သင်နဲ့မေမေ ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်စားနေခဲ့ကြတယ်။မေမေဟာ သင့်ကို ရေညှိနဲ့ထုပ်ထားတဲ့ထမင်း မကြာခဏ ကမ်းပေးနေခဲ့တယ်။ငယ်ငယ်တုန်းကလို မေမေကမ်းပေးတဲ့ ရေညှိထမင်းကို သင် အသံမထွက် လှမ်းယူလိုက်တယ်။ ထမင်းစားပြီးနောက် နေသာထိုင်သာရှိအောင် မေမေနဲ့သင် ခြံဝင်းထဲမှာ လမ်းလျှောက်နေခဲ့တယ်။ ငယ်ဘဝက သင်ဖြတ်သန်းခဲ့တဲ့ အိမ်မဟုတ်တော့ဘူးဆိုပေမယ့် အိမ်ရှေ့၊ အိမ်နံဘေး၊ အိမ်နောက်က တစ်ဆက်တည်း ဖြစ်နေသေးတယ်။ အိမ်နောက်က စဥ့်အိုးစင်ပေါ်မှာ စဥ့်အိုးကြီးငယ်တွေ စီစီရီရီတင်ထားတယ်။ငယ်ငယ်တုန်းက အဲဒီ စဥ့်အိုးတွေ ထဲမှာ ငံပြာရည်၊ ငရုတ်ချဉ်၊ ဆားနဲ့ ပဲငါးပိတွေ ထည့်ထားခဲ့တာပေါ့။ အခုတော့ အိုးတွေ က ဗလာ ဖြစ်နေခဲ့ပြီ။ မေမေ့ရဲ့ နောက်ကနေ သင်လိုက်ပါပြီး အိမ်ရှေ့ ကနေ အိမ်နောက် အထပ်ထပ်ပတ်နေခဲ့တယ်။မေမေဟာ တစ်ခုခုကို သတိရသွားသလိုနဲ့ သင့်ကို ဘာကြောင့် ရုတ်တရက်အိမ်ြပန်လာသလဲလို့ မေးတယ်။
' ဖိုဟန်း မြို့ ကိုသွားတယ်။ ပြီးတော့ . . . .'
'အဲဒီ မြို့နဲ့ ဒီက အဝေးကြီးမဟုတ်လား '
'ဟုတ်တယ်'
'ဆိုးလ်ြမို့ဘက်ကနေ ပြန်လာတာထက် ပိုဝေးမယ်ထင်တယ်'
'ဟုတ်တယ်'
'ခါတိုင်းအိမ်ပြန်လာဖို့ အချိန်မရှိတဲ့သူက ဘာ ဖြစ်လို့ ရုတ်တရက် အဲဒီ ဘက်ကနေ ပြန်လာဖို့ စိတ်ကူးရတာ လဲ'
သင် ပြန်မဖြေခဲ့ဘူး။ အမှော င်ထဲကနေ မေမေ့လက်ကို စမ်းလိုက်ပြီးတင်းတင်းလေး ဆုပ်ကိုင်ထားလိုက်တယ်။ အသက်စတစ်စ ကြွေလုသွားမှာ စိုးတဲ့အလား ဖမ်းဆုပ်ထားလိုက်မိတယ်။ ကိုယ့်စိတ်ခံစားချက်ကို ဘယ်လိုရှင်းပြရမယ်မှန်း သင် မသိခဲ့ဘူး။ မနက်ပိုင်းမှာ ဖိုဟန်းကိုသွားပြီး မျက်မမြင်စာအုပ်အတွက်စာကြည့်တိုက်မှာ ဟောပြောခဲ့တယ်လို့ မေမေ့ကို သင် ပြောပြတယ်။
'မျက်မမြင်စာအုပ်' မေမေက မေးတယ်။
'မျက်စိမမြင်တဲ့လူတွေ လက်နဲ့ စမ်းပြီးဖတ်ရတဲ့စာအုပ်ကို ပြောတာလေ'
မေမေက ခေါင်းတဆတ်ဆတ်ညိတ်တယ်။ သင်နဲ့ မေမေ အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ဘေးကို အထပ်ထပ်ပတ်ပြန်တယ်။ ဖိုဟန်းမြို့ကို သွားခဲ့တဲ့အကြောင်းမေမေ့ကို သင်ပြောပြတယ်။ အရင်နှစ် တွေ ထဲက အဲဒီ မြို့မှာ ဟောပြောဖို့ သင်ဖိတ်ကြားခံခဲ့ရတယ်။ ဒါပေမယ့် ဖိတ်ကြားခံရတိုင်း တခြားအလုပ်ကိစ္စတွေ နဲ့ အမြဲတိုက်နေခဲ့လို့ သင် လက်မခံခဲ့ရဘူး။ ဒီနှစ် နွေဦးမှာ သူတို့ဖုန်းပြန်ဆက်လာတယ်။အဲဒီ တုန်းက သင့်စာအုပ်အသစ် ထုတ်ဝေခါနီး ပြီမို့ စာကြည့်တိုက်တာဝန်ခံကသင့်စာအုပ်ကို မျက်မမြင်စာအုပ်အ ဖြစ် လုပ်ချင်ကြောင်း ကမ်းလှမ်းလာခဲ့တယ်။မျက်မမြင်စာအုပ်အကြောင်းသင်နကန်းတစ်လုံး မှ မသိခဲ့ဘူး ။ မေမေ့ကိုသင်ရှင်းပြခဲ့သလို မျက်မမြင်စာအုပ်ဆိုတာ မျက်စိမမြင်သူတွေ ဖတ်တဲ့စာအုပ်လောက်ပဲသင် နားလည်ထားခဲ့တယ်။
'ဆရာမ ရဲ့ စာအုပ်အသစ်ကို မျက်မမြင်စာအုပ်အ ဖြစ် ကျွန်တော် တို့လုပ်ချင်တယ်' စာကြည့်တိုက်တာဝန်ခံရဲ့ စကားကို သင် မရေမရာ နားထောင်နေမိတယ်။ အရင်တုန်းက ဖတ်ပြီး နားမလည်ခဲ့တဲ့ စာအုပ်နဲ့တူမှာ ပဲလို့ သင် တွေးလိုက်မိတယ်။
'ဒီစာအုပ်ကို မျက်မမြင်စာအုပ်လုပ်ဖို့ ဆရာမ သဘောတူမယ်လို့ မျှော်လင့်ပါတယ်'
တကယ်လို့ တာဝန်ခံက 'သဘောတူ'ဆိုတဲ့ စကားလုံးကို မသုံးခဲ့ရင်ဒီတစ်ခေါက်လည်း မျက်မမြင်စာကြည့်တိုက်ကို သင် ရောက်သွားခဲ့မှာ မဟုတ်ဘူး။တာဝန်ခံပြောတဲ့ 'သဘောတူ 'ဆိုတဲ့စကားလုံးက သင့်ကို ကိုင်လှုပ်ခဲ့တယ်။
'မျက်စိမမြင်တဲ့လူတွေ က ကျွန်မရဲ့ စာတွေ ကို ဖတ်ချင်တယ်။ သူတို့ဖတ်လို့ရနိုင်တဲ့ စကားလုံးတွေ နဲ့ စာအုပ်အ ဖြစ်လုပ်မယ်။ ဒီအတွက် ကျွန်မရဲ့ သဘောတူညီချက်ကို မျှော်လင့်တယ်' ဒီလိုတွေးမိတာနဲ့ သင် တမင်တကာတောင်ဟန်မဆောင်နိုင်ဘဲ ချက်ချင်း လက်ခံလိုက်တယ်။
'ကောင်းပြီလေ' သင် ပြန်ပြောလိုက်တယ်။
တာဝန်ခံက နိုဝင်ဘာလမှာ စာအုပ်ြပီးဆုံးမယ့်အကြောင်း စာအုပ်ပြီးဆုံးတဲ့နေ့မှာ သင်ကိုယ်တိုင် အရောက်လာပြီး စာအုပ်လှူဒါန်းပွဲ ကျင်းပပေးနိုင်ဖို့မျှော်လင့်ကြောင်း ပြောပါတယ်။
'ကြီးကျယ်ခမ်းနားလှချည်လား'၊ သင် တွေ ဝေမိပေမယ့် လက်ခံလိုက်ပါတယ်။ အခုမှ နွေဦးရာသီပဲရှိသေးတာမို့ နိုဝင်ဘာလရောက်ဖို့ လိုသေးတယ်လို့သင် ထင်ထားခဲ့မိလို့ ဖြစ်တယ်။ ဒါပေမယ့် အချိန်ကုန်တာ မြန်ဆန်ခဲ့တယ်။ နွေဦးနဲ့နွေရာသီကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ဆောင်းဦးရာသီ ရောက်လာပြန်ပြီ။ မျက်စိတစ်မှိတ်အတွင်းမှာ နိုဝင်ဘာလကို ရောက်လာခဲ့ပြန်ြပီ။ အဲဒီ နေ့ ရောက်လာခဲ့ပါပြီ။
နက်နက်နဲနဲ တွေးတောဆန်းစစ်ကြည့်ရင် လောကမှာ ရှိတဲ့ အရာတော် တော် များများ ကို ကြိုတင်မှန်းဆ သိမြင်နိုင်ပါတယ်။ တကယ်လို့ တည်တည်ကြည်ကြည်၊ လေးလေးနက်နက် တွေးတောကြည့်ရင် မတော် တဆလို့ ထင်ထားတဲ့ အရာကလည်း အကျိုးအကြောင်း ဆက်စပ်မှု ရှိနေခဲ့ပါတယ်။ တွေးထင်မထားတဲ့အရာတွေ အမြဲ ဖြစ်ပျက်နေခဲ့တယ်ဆိုရင် သင် လေးလေးနက်နက် ကြိုတွေးမထားခဲ့ကြောင်းကို သက်သေပြနေပါတယ။် တကယ်လို့ စာကြည့်တိုက်ကို သင် အာရုံပိုစိုက်ခဲ့ရင်၊ အချိန်ပေးပြီး ပိုစဉ်းစားခဲ့ရင် စာကြည့်တိုက်ကို သွားတဲ့ကိစ္စ၊ ပြီးတော့အဲဒီ မှာ ကြုံဆုံရမယ့်ကိစ္စတွေ က သင့်ကို ကြိုတင်တွေးတော ခန့်မှန်းကြည့်ဖို့ ခက်ခဲစေမှာ မဟုတ်ဘူး။ နွေ၊ မိုး၊ ဆောင်းတစ်ခုလုံး မနားတမ်း သင် အလုပ်များ နေခဲ့လို့စာကြည့်တိုက်ကို အချိန်လုပြီး သွားတဲ့နေ့မှာ တောင် တခြားလူတွေ နဲ့ တွေ့ ဆုံဖို့သင့်မှာ အချိန်မရှိခဲ့ဘူး။ မနက် (၁ဝ)နာရီမှာ အရောက်မသွားနိုင်မှာ ကိုတောင်စိုးရိမ်နေခဲ့သေးတယ်။
မနက် (၈) နာရီထွက်တဲ့လေယာဉ်ကို သင်မီသွားလို့ တော် သေးတယ်။ဖိုဟန်းမြို့ကိုရောက်တော့ အငှားကားတစ်စီးနဲ့ စာကြည့်တိုက်ကို သင်ရောက်သွားတယ်။ ဧည့်ခန်းဆောင်ထဲ သင်ဝင်သွားတယ်။ စေတနာဝန်ထမ်းအကူနဲ့ စာကြည့်တိုက်မှူး သင့်အနား ရောက်လာတယ်။
'ကြိုဆိုပါတယ် . . . ဆရာမ '
လက်ကို တလေးတစားကမ်းရင်း သူ နှုတ်ဆက်တယ်။ စိတ်လှုပ်ရှားမှု ကိုသင် ကြိုးစားဖုံးကွယ်ရင်း စာကြည့်တိုက်မှူးရဲ့ လက်ကိုဆွဲဆုပ်ပြီး ဝမ်းသာအားရပြန်နှုတ်ဆက်တယ်။ သူ့ရဲ့ လက်က နူးညံ့လို့နေတယ်။ အခမ်းအနားမစခင်မှာ စာကြည့်တိုက်မှူးက သင်ရေး ထားတဲ့ စာအုပ်အကြောင်း ပြောနေခဲ့တယ်။ သူကမျက်မမြင်တစ်ဦးဆိုပေမယ့် သင့်စာကို သူဖတ်ခဲ့ပါတယ်။ သင့်အပြုံးကို သူ မမြင်နိုင်ပေမယ့်၊ သင် ခေါင်းညိတ်တာကို သူမမြင်နိုင်ပေမယ့်၊ အပြုံးကို သင်ဆင်မြန်းပြီး ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့တယ်။ အဲဒီ နေ့က မျက်မမြင်စာထွင်ခဲ့သူရဲ့ မွေးနေ့အထိမ်းအမှတ် ဖြစ်တယ်။ မျက်မမြင်သူတွေ ရဲ့ နေ့ရက် ဖြစ်တယ်။
ဟောပြောပွဲခန်းမထဲ သင် ဝင်သွားတယ်။ ခန်းမထဲမှာ လူလေးငါးရာလောက် ထိုင်နေခဲ့ပြီ။ စေတနာဝန်ထမ်းရဲ့ အကူနဲ့ ခန်းမထဲ ဖြည်းဖြည်းချင်း ဝင်လာသူတွေ လည်း ရှိနေသေးတယ်။ ကလေးငယ်တွေ ကလွဲလို့ ယောက်ျား၊ မိန်းမ၊ ပျိုပျိုအိုအို အားလုံးရှိတယ်။ အခမ်းအနားစတာနဲ့ အလှည့်ကျတက်လာပြီး ဟောပြောတဲ့ သူတွေ ရှိတယ်။ ပြီးတော့ ကျေးဇူးတင်သင့်သူတွေ ကို ကျေးဇူးတင်စကား ပြောကြားတယ်။ သင့်ရဲ့ မျက်မမြင်စာအုပ်အကြောင်း သူတို့ပြောတော့ ရှေ့ထွက်ပြီးစာအုပ်ကိုသင်လက်ခံခဲ့တယ်။ စာကြည့်တိုက်မှူးက မျက်မမြင်စာအုပ်ကို သင့်လက်ထဲအပ်လိုက်တယ်။ စာအုပ်က နဂိုစာအုပ်ထက် နှစ် ဆကြီးတယ်ဆိုပေမယ့်ပိုပေါ့ပါးနေပါတယ်။
အခမ်းအနား ဆက်လက်ကျင်းပနေပါတယ်။ သူတို့တစ်တွေ ဆုရစာရင်းတွေ ကို ကြေညာနေတုန်းမှာ မျက်မမြင်စာအုပ်ကို သင် ဖွင့်ကြည့်လိုက်တယ်။ ချက်ချင်း ပဲ သင် ငေးကြောင်သွားတယ်။ စာရွက်ဖြူဖြူပေါ်မှာ မရေမတွက်နိုင်တဲ့အစက်လေးတွေ ပုံနှိပ်ထားတယ်။ တွင်းနက်ထဲ သင် ပြုတ်ကျသွားသလိုပါပဲ။ ကိုယ်နဲ့အကျွမ်းဝင်တယ်လို့ ထင်ခဲ့တဲ့ လှေကားထစ်ကို သင် ကြည့်တောင်မကြည့်ဘဲ၊တွေးတောင်မတွေးဘဲ နင်းချလိုက်တယ်။ လေထုကိုပဲ သင် နင်းမိပြီး ပြုတ်ကျသွားတယ်။ အဲဒီ လိုခံစားချက်မျိုးကို အခု သင်ခံစားနေရတယ်။ အပ်ပေါက်ရာလောက်ပဲရှိတဲ့ စာစက်လေးတွေ က စာရွက်ဖြူပေါ်မှာ လှုပ်ရှားကခုန်နေတယ်။ဘာစာကိုမှ သင်မမြင်ခဲ့ဘူး။ ပထမတစ်ရွက်ကို သင်လှန်လိုက်တယ်၊ ဒုတိယတစ်ရွက်လှန်တယ်၊ တတိယတစ်ရွက်လှန်ပြီး စာအုပ်ကို သင် ပိတ်လိုက်တယ်လို့ မေမေ့ကိုသင်ပြောပြတယ်။
မေမေက သင်ပြောတာတွေ ကို အာရုံတစိုက် သေသေချာချာနားထောင်နေလို့ သင် ဆက်ပြောတယ်။ အခမ်းအနားနောက်ဆုံးမှာ သူတို့ရှေ့မှာ သင်ရပ်ပြီးသင့်စာအုပ်အကြောင်းကို သင်ပြောတယ်။ စစချင်းမှာ တော့ သင် ထိုင်နေတယ်။မျက်မမြင်စာအုပ်ကို သင့်ဒူးပေါ် တင်ထားတယ်။ အစီအစဉ်တင်ဆက်သူဆီကနေသင့်နာမည် ခေါ်သံကိုကြားတော့ စာအုပ်ကိုယူပြီး သင် ရှေ့ထွက်လိုက်တယ်။ စာအုပ်ကို စကားပြောစင်ပေါ် သင် တင်လိုက်တယ်။ ပြီးတော့ အောက်ကမျက်မမြင်တွေ ကိုသင်ကြည့်လိုက်တယ်။ အဲဒီ တစ်ခဏ ကြက်သီးဖြန်းဖြန်းထသွားတဲ့ ခံစားမှု မျိုးသင် ခံစားလိုက်မိတယ်။ မျက်မမြင် အယောက် လေးရာကျော်ရှေ့မှာ ရပ်နေတဲ့သင်ဟာ သင့်အကြည့်ကို ဘယ်နားလွဲထားရမှန်း မသိခဲ့ပါဘူး။'နောက်တော့ ဘာ ဖြစ်သွားလဲ'မေမေက မေးတယ်။
သင့်ကို မိနစ် (၅ဝ) စာ ဟောပြောဖို့ သူတို့ စီစဉ်ပေးခဲ့တယ်။ အချိန်များ တယ်လို့ သင်ထင်တယ်။ စကားပြောတဲ့အချိန်မှာ တစ်ယောက် ယောက် ကိုကြည့်ပြီးသင် ပြောတယ်။ တစ်ဖက်သားရဲ့ မျက်ရိပ်မျက်ခြေကိုကြည့်ပြီး၊ ကိုယ်ပြောချင်တဲ့စကားကို ဆုံးအောင် သင်ပြောတတ်တယ်။ ဒါမှမဟုတ် အကုန်မပြောဘူး။ တချို့အကြည့်ကြောင့် တစ်ခါမှမပြောဖူးတဲ့စကားကိုလည်း သင်ပြောတတ်တယ်။ သင့်ရဲ့ ဒီလိုအကျင့်စရိုက်ကိုမေမေသိသလား။
မျက်မမြင်အယောက် လေးရာရှေ့ ရပ်ပြီး၊ သင် ဘယ်မျက်လုံးကို ကြည့်ရမှန်းမသိခဲ့ဘူး။ ဘယ်က ဘာစပြောရမှန်းလည်း မသိခဲ့ဘူး။ တချို့မျက်လုံးက အပြည့်ပိတ်နေတယ်။ တချို့မျက်လုံးက မပွင့်တပွင့်၊ တချို့က အရောင် ပါတဲ့မျက်မှန်ကိုတပ်ထားသေးတယ်။ တချို့မျက်လုံးက မျက်ဝန်းတစ်ဝိုက် အရစ်ကြောင်းတွေ ပြည့်လို့ဒီမျက်လုံးတွေ က စိတ်လှုပ်ရှားနေတဲ့ သင့်ကို ကြည့်နေကြသလို ဆိုပေမယ့် ဘာမှမမြင်ခဲ့ကြဘူး။ ဒီမျက်ဝန်းတွေ ရဲ့ ရှေ့မှာ သင်ဟာ အထီးကျန်ဆန်သူပါ။ ဒီလိုမျက်ဝန်းတွေ ရှေ့မှာ ကိုယ့်စာအုပ်အကြောင်း ရှင်းလင်းပြရတာ ဘာအဓိပ္ပါယ်ရှိမလဲလို့ သင်သံသယ ဖြစ်မိသေးတယ်။ တကယ်လို့ တခြားအကြောင်းအရာ ဖြစ်တဲ့ . . . ဥပမာလူ့ဘဝအကြောင်းအရာတွေ ဆိုလည်း မအပ်စပ်ပြန်ဘူး။ လူ့ဘဝအကြောင်းသာပြောရရင် သူတို့က သင့်ထက်တောင် ပိုသိ၊ ပိုနားလည်နေဦးမယ်။ သင် စကားစပျောက်နေတယ်။ မိုက်ကရိုဖုန်းထဲကနေ ပထမဆုံးထွက်လာတဲ့ သင့်စကားတစ်ခွန်းက 'ကျွန်မ ဘာပြောရင်ကောင်းမလဲ' ဆိုတာ ဖြစ်တယ်။ သူတို့ ရယ်ကြတယ်။ ဘာပဲ ဖြစ် ဖြစ် ကောင်းတယ် . . . ။ ဒါဟာ ပျံ့လွင့်လာတဲ့ရယ်သံရဲ့ အဓိပ္ပါယ် ဖြစ်တယ်။ ဒါမှမဟုတ် သင့်ရဲ့ စိတ်လှုပ်ရှားမှု ကို ပြေလျော့စေချင်တာလည်း ဖြစ်မယ်။
အသက်-၄၅၊ ၄၆နှစ် လောက် ရှိမယ့် အမျိုးသားတစ်ဦးက 'ဆရာမ ကဆရာမ ရဲ့ စာအုပ်အကြောင်းလာဟောပြောတာ မဟုတ်လား' လို့မေးတယ်။ အဲဒီ အမျိုးသားရဲ့ မျက်လုံးက စင်ပေါ်က သင့်ကို စိုက်ကြည့်နေတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေ က တင်းတင်းမှိတ်ထားတယ်။ တင်းတင်းစေ့ထားတဲ့ သူ့မျက်လုံးအစုံကိုသင်ကြည့်ရင်း မျက်မမြင်စာအုပ်ထဲ စုဆောင်းထားတဲ့ စာအကြောင်းကို သင်စပြောတယ်။ စာရေး တဲ့ အခြေခံအကြောင်းရင်းနဲ့ စာရေး နေချိန် ရင်ထဲက ပြောင်းလဲခံစားချက်တွေ ကိုပါ သင်ပြောတယ်။ စာအုပ်တစ်အုပ်ရေး ပြီးတိုင်း စာအုပ်အပေါ်ထားရှိတဲ့ သင့်ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောတယ်။ သူတို့ဟာ သင်တွေ့  ကြုံခဲ့ဖူးသူတွေ ထက် သင့်စကားကို ပိုအာရုံစူးစိုက်ပြီး နားထောင်နေတာကို သင် တအံ့တသြ တွေ့ လိုက်ရတယ်။ သူတို့ဟာ အာရုံစိုက်ြပီး ခေါင်းကိုစောင်းငဲ့နားထောင်တယ်။သူတို့ရဲ့ အမူအရာထဲကနေ သူတို့ရဲ့ အားစိုက်မှု ကို သိနိုင်ပါတယ်။ တချို့က ခေါင်းညိတ်တယ်။ တချို့က ခြေထောက်ကို ရှေ့ဆန့်ထုတ်တယ်။ တချို့က ကိုယ်ကို ရှေ့ကိုင်းတယ်။ သူတို့ရဲ့ စာလုံးတွေ ကို သင်တစ်လုံးမှ နားမလည်ခဲ့ဘူး ။ သူတို့ကိုတော့သင့်စာအုပ်တွေ ဖတ်ပြီး သင့်ကို မေးခွန်းတွေ ထုတ်နေခဲ့တယ်။ စာအုပ်ဖတ်ပြီးစာအုပ်ကရတဲ့ ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောနေခဲ့တယ်။ သင့်စာအုပ်တွေ ကိုသူတို့လို ဂရုတစိုက်ရှိတဲ့လူ သင်တစ်ခါမှမတွေ့ ခဲ့ဖူးဘူးလို့ မေမေ့ကို သင် ပြောပြတယ်။
သင်ပြောသမျှ အစမှအဆုံး ငြိမ်ငြိမ်သက်သက် နားထောင်နေတဲ့မေမေကစကားစပြောတယ်။
'လူတချို့က မျက်စိမမြင်ရလည်း သမီးရဲ့ စာတွေ ကို ဖတ်ခဲ့တယ်'
သင်နဲ့မေမေကြားမှာ တိတ်ဆိတ်သွားပြန်တယ်။ အဲဒီ တိတ်ဆိတ်ခြင်းကတစ်ခဏအတွင်းမှာ ပျောက်သွားပြန်တယ်။ သင့်ကို ဆက်ပြောပါလို့ မေမေကတောင်းဆိုတယ်။
ဟောပြောပွဲအခမ်းအနားပြီးတော့ လူ တစ်ယောက် က လက်မြှောက်ပြီးမေးခွန်းမေးလို့ရမလားလို့ မေးတယ်။ သင်ကရတယ်လို့ ဖြေတယ်။
'မေမေ သူကပြောတယ်၊ သူ့မျက်စိ မမြင်ရပေမယ့် ခရီးထွက်ရတာ ကိုနှစသက် တယ်တဲ့'
သင်ပြောတဲ့စကားကို မေမေ ဂရုတစိုက် နားထောင်နေပါတယ်။
သူဘာမှလဲမမြင်ရဘဲနဲ့ဘယ်ကိုများ ခရီးထွက်ချင်တာပါလိမ့်၊ ရုတ်တရက်သင်တွေ ဝေသွားပြန်တယ်။ အဲဒီ လူက ပြောတယ်။ သင့်မှာ ပီရူး (Peru)နိုင်ငံကိုနောက်ကြောင်းခံပြီး ရေး ထားတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ စာအုပ်ထဲကအကြောင်းအရာက လူ တစ်ယောက် ဟာ မာချူပီချူ (Marchu Picchu) တောင်ဆီ တစ်ယောက် တည်း ခရီးထွက်ခဲ့တဲ့အကြောင်း ဖြစ်တယ်။ စာအုပ်ထဲမှာ ရထားနောက်ပြန်မောင်းတဲ့ ဇာတ်ကွက်ပါတယ်။ အဲဒီ စာအုပ်ကို သူဖတ်ပြီးနောက် ပီရူးကိုသွားပြီး အဲဒီ လိုမျိုးရထားကို စီးချင်တဲ့ဆန္ဒရင်မှာ ကိန်းအောင်းခဲ့တယ်လို့ဆိုတယ်။သင် အဲဒီ ရထားကို တကယ်စီးခဲ့သလားလို့ သင့်ကို သူ မေးသေးတယ်။ အဲဒီ စာအုပ်က လွန်ခဲ့တဲ့၁ဝ-နှစ် ကျော်က သင်ရေး ခဲ့တဲ့ စာအုပ် ဖြစ်တယ်။ တစ်ခါတလေမှာ ရေခဲသေတ္တာကိုဖွင့်လိုက်ပြီး ဘာပစ္စည်းယူရမှန်းရုတ်တရက်သင်သတိမရ ဖြစ်တတ်တယ်။ ဒီလိုအချိန်မျိုးမှာ သင်ဟာ ခေါင်းကို ရေခဲသေတ္တာထဲတိုးဝင်ပြီးပျံ့ထွက်လာတဲ့ အအေးလှိုင်းကြား ခဏရပ်တန့်နေလိုက်တယ်။ ပြီးတော့ ရေခဲသေတ္တာကို ပြန်ပိတ်လိုက်တတ်တယ်။ အခုတော့ လွန်ခဲ့တဲ့ -၁ဝနှစ် က အဲဒီ စာအုပ်ကို မရေး ခင် ပီရူးကိုသွားခဲ့တဲ့ ခရီးစဉ်အကြောင်း သင် မရပ်မနား အားရပါးရ ပြောနေခဲ့တယ်။
ပီရူးနိုင်ငံရဲ့ မြို့တော် လီမာ(Lima)အကြောင်း၊ စကြဝဠာရဲ့ အလယ်ဗဟိုချက်လို့ တင်စားခံထားရတဲ့ ခုစ်ခို (Cusco) အကြောင်း၊ မနက်ခင်းပိုင်းရဲ့ ဆန်ပီဒရို (San Pedro) ရထားဘူတာအကြောင်း၊ ပြီးတော့ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ ၁ဝ-ကြိမ်မက ထပ်တလဲလဲ လုပ်ြပီးမှ မာချူပီချူဘက် ဦးတည်မောင်းတဲ့ ရထားအကြောင်းတွေ ဖြစ်တယ်။
သင်မေ့နေတဲ့ နေရာဒေသနာမည် ၊ နိုင်ငံနာမည် နဲ့ တောင်တန်းနာမည် တွေ ကို အဲဒီ လူ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးကြောင်း မေမေ့ကို သင်ပြောပြတယ်။ သင့်ရဲ့ ချွတ်ယွင်းချက်ကို နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ အဲဒီ လိုမျက်လုံးမျိုးကိုသင် တစ်ခါမှ မတွေ့ ခဲ့ဖူးဘူး။ သူတို့ရဲ့ စိတ်ကောင်းစေတနာကို သင်ခံစားမိတယ်။ဒါကြောင့် သင်တစ်ခါမှ မပြောခဲ့ဖူးတဲ့ အဲဒီ စာအုပ်ရဲ့ လျှို့ဝှက်ချက်ကို သင် ထုတ်ဖော်ပြောခဲ့မိတယ်။
'ဘာအဓိပ္ပါယ်လဲ' မေမေ မေးတယ်။
'တကယ်လို့ အခုချိန်မှာ အဲဒီ စာအုပ်ကို ပြန်ရေး ရမယ်ဆိုရင် အဲဒီ လိုရေး ဖြစ်တော့မှာ မဟုတ်ဘူးလို့ သူတို့ကိုကျွန်မ ပြောတာပါ' သင် ဖြေတယ်။
'အဲဒီ လောက် အရေး ပါလို့လား 'မေမေ ထပ်မေးတယ်။
'ဒါဟာ အရင်က ကျွန်မပိုင်ဆိုင်ခဲ့ဖူးတဲ့ အရာအားလုံးကို ကျွန်မ ငြင်းဆန်လိုက်တဲ့သဘောပါ မေမေ။' အထီးကျန်ဆန်တယ်လို့ သင်ခံစားမိလို့ မေမေ့လက်ကိုစမ်းပြီးတင်းတင်းလေး ဆုပ်ထားလိုက်မိတယ်။
'ဒီလိုစကားမျိုးက ဘာ ဖြစ်လို့ ပြောလို့မရတာ လဲ၊ ပြောချင်တာကို ထုတ်ပြောလိုက်ပေါ့' မေမေဟာ နားမလည်သလိုနဲ့ အမှော င်ထဲကနေ သင့်ကိုကြည့်ပြီးပြောလိုက်တယ်။ မေမေဟာ လက်ကိုဆန့်ထုတ်ပြီး သင့်နောက်ကျောကို ပွတ်သပ်ပေးတယ်။ ငယ်ငယ်တုန်းက သူ့လက်ကြီးနဲ့ သင့်ကို မျက်နှာသစ်ပေးသလိုမျိုးပေါ့။ မေမေက သင်ပြောတာကောင်းကြောင်း ချီးကျူးတယ်။
'ကျွန်မလား . . .' မေမေ ခေါင်းညိတ်ပြတယ်။
'သမီး ပြောတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်' မေမေ ပြောပြန်တယ်။
'ကျွန်မပြောတာ စိတ်ဝင်စားဖို့ကောင်းတယ် . . .'
'ဟုတ်တယ် . . . . အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်'
ကျွန်မပြောတာ စိတ်ဝင်စားဖို့ကောင်းတယ်၊ သင့်ရင် မသိမသာခုန်သွားတယ်။ သင်ပြောတာ စိတ်ဝင်စားဖို့ကောင်းလို့မဟုတ်ဘဲ၊ စာကြည့်တိုက်မသွားခင်နဲ့သွားပြီးတဲ့နောက် မေမေနဲ့ သင် ပြောဆိုပုံတွေ ပြောင်းလဲသွားလို့ဆိုတာကို သင်ကိုယ်တိုင် သတိထားမိလိုက်တယ်။ မြို့ကို ပြောင်းသွား ပြီးတဲ့နောက် သင် တော် တော် ပြောင်းလဲခဲ့တယ်။ မေမေနဲ့သင်စကားပြောတဲ့အခါတိုင်း သင်ကအမြဲတမ်း အော်ကြီးဟစ်ကျယ်နဲ့ ကြည့်ရတာ မေမေ ဘာမှနားမလည်ဘူးလို့ ထင်ခဲ့တယ်။ သူ့အပေါ်ဘာကြောင့် ဒီလိုဆက်ဆံရသလဲလို့ မေမေဘယ်တော့မှ သင့်ကို အပြစ်မဆိုခဲ့ဘူး။
'မေမေ ဘာနားလည်လို့လဲ' သာမန်ကာလျှံကာ သင် ပြန်ပြောခဲ့တယ်။
သင့်ကို မေမေ ဆိုဆုံးမနိုင်အား မရှိတော့ဘူးလို့ သင်သိပြီးတဲ့နောက်ပိုင်းမေမေမေးတဲ့ 'အဲဒီ နေရာကို ဘာသွားလုပ်မလဲ'ဆိုတဲ့ မေးခွန်းတွေ ကို 'ကိစ္စရှိလို့' ဆိုတဲ့ တိုတိုတုတ်တုတ် အဖြေကိုပဲ သင် ပြန်ဖြေခဲ့တယ်။
တခြားနိုင်ငံက သင့်စာအုပ်ကို ဘာသာပြန်တယ်။ ဒါမှမဟုတ် အခြားတစ်နိုင်ငံမှာ နှီးနှောဖလှယ်ပွဲတွေ ကျင်းပလို့ သင် လေယာဉ်စီးပြီးသွားရတဲ့အခါမေမေက 'အဲဒီ နေရာသွားပြီး ဘာသွားလုပ်မလဲ'လို့ သင့်ကို မေးတတ်တယ်။ အဲဒီ အခါ သင်က 'ကိစ္စရှိလို့' လို့ ခပ်ပေါ့ပေါ့ ပြန်ဖြေတယ်။ မေမေက သင့်ကို လေယာဉ်မစီးစေချင်ဘူး။ 'မတော် လေယာဉ်ပျက်ကျရင် လူနှစ် ရာကျော်တောင်သေမှာ . . .ဘာ ဖြစ်လို့ လေယာဉ်စီးဦးမှာ လဲ'
'ကိစ္စရှိရင် စီးကိုစီးရမှာ လေ ' သင်ဖြေတယ်။
'သမီးမှာ ဘာ ဖြစ်လို့ကိစ္စတွေ ဒီလောက်များ ရသလဲ' မေမေ မေးပြန်တယ်။
'ဟုတ်တယ် . . . မေမေရဲ့ ' သင် ဖြေချင်သလို မဖြေချင်သလို ဖြေတယ်။
သင့်ကိစ္စတွေ မေမေ့ကိုပြောပြရတာ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်လို့သင်ထင်တယ်။ သင်လုပ်သမျှအရာတွေ က မေမေ့ဘဝနဲ့ ဘာမှမဆိုင်ဘူးလို့ သင်ထင်ခဲ့တယ်။ ဒါပေမယ့် မျက်မမြင်စာအုပ်နဲ့ ပတ်သက်ပြီး သင်တွေ ဝေခဲ့ပုံတွေ ၊မျက်မမြင်အယောက် လေးရာကျော်ရှေ့မှာ ရပ်ခဲ့တဲ့ တုန်လှုပ်ချောက်ချားမှု တွေ ပြောပြတဲ့အခါ မေမေဟာ ခေါင်းကိုက်တာကိုတောင် မေ့သွားသယောင်သင်ပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေခဲ့တယ်။
"အရင်တစ်ခါက မေမေ့ကို ဒီလိုစိတ်ရှည်လက်ရှည်နဲ့ ကိုယ့်အကြောင်းတွေ ပြောပြခဲ့ဖူးတာ ဘယ်တုန်းကပါလိမ့်"
မသိမသာနဲ့ သင်နဲ့မေမေရဲ့ ကြားက စကားတွေ ဟာ လိုရင်း တိုရှင်း ဖြစ်သွားခဲ့တဲ့အပြင် တစ်ယောက် နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ပြောတဲ့စကားတွေ လည်း မဟုတ်ခဲ့ဘူး။ များ သော အားဖြင့် ဖုန်းထဲကနေပြောတဲ့ စကားတွေ ဖြစ်ခဲ့တယ်။ ပြော ဖြစ်တဲ့ အဓိကစကားတွေ ကလည်း 'ထမင်းစားပြီးပြီလား၊ ဖေဖေရောနေကောင်းလား'၊ ကျန်းမာရေး ဂရုစိုက်နော်။ မေမေတို့အတွက် ပိုက်ဆံပို့ပေးလိုက်တယ်' ဆိုတာတွေ ပဲ ဖြစ်တယ်။
မေမေပြောတဲ့စကားတွေ ကလည်း 'သမီးအတွက် မေမေ ကင်ချီလုပ်ပြီးပို့လိုက်တယ်။ မေမေ အိပ်မက်ဆိုးတွေ မက်တယ်။ သမီးအတွက် ဆန်ပို့လိုက်တယ်။သမီးအတွက် မေမေ ငံပြာရည်ပို့လိုက်တယ်။ သမီးအတွက် ဆေးကျိုပြီး ထည့်ပေးလိုက်တယ်။ အမြန်ချောပို့သမား ဖုန်းဆက်လာတယ်။ သမီးဖုန်းကို ပိတ်မထားနဲ့'စတာတွေ ဖြစ်တယ်။
သင့်ရဲ့ စာအုပ်တစ်အုပ်ကို မျက်မမြင်စာအုပ်လေးအုပ် လုပ်လိုက်တယ်။စာအုပ်လေးအုပ်ထည့်ထားတဲ့ စက္ကူအိတ်ကို လက်မှာ ဆွဲပြီး သူတို့ကို သင်နှုတ်ဆက်တယ်။ လေယာဉ်ထွက်ဖို့ အချိန်၂-နာရီလိုပါသေးတယ်။ စင်ပေါ်မှာ ဟောပြောတုန်းက သူတို့ရဲ့ မျက်ဝန်းအကြည့်ကို သင်လွှဲရှောင်ချင်လို့ သင့်အကြည့်ကို ပြတင်းပေါက်ဘက် မျက်နှာမူခဲ့တယ်။ အဲဒီ မှာ ပြတင်းပေါက်အပြင်ဘက်မှာ လှေကြီးလှေငယ်တွေ ရပ်ထားတဲ့ ဆိပ်ကမ်းတစ်ခုကို သင် မတော် တဆ လှမ်းတွေ့ ခဲ့တာကို သင် သတိရလာမိတယ်။ အနီးအနားမှာ ဆိပ်ကမ်းရှိရင် ငါးဈေးလည်းရှိနိုင်မယ်ဆိုပြီး အငှားကားပေါ် သင်တက်လိုက်တာနဲ့ ကားဆရာကို ငါးဈေးသွားမယ်လို့ သင် ပြောလိုက်တယ်။ တခြားနေရာ တစ်ခုခုရောက်တိုင်း အချိန်အားတာနဲ့မြို့ထဲကို လျှောက်ပတ်ရတာ သင်နှစသက် တယ်။
ရုံးပိတ်ရက်မဟုတ်ပေမယ့် ငါးဈေးထဲမှာ လူတွေ စည်ကားနေတယ်။ငါးဈေးထဲ သင်ဝင်လိုက်တယ်။ ဝင်လိုက်တာနဲ့ ကားငယ်လောက်ရှိတဲ့Sunfishငါးတစ်ကောင်ကို လူနှစ် ယောက် သတ်ဖြတ်နေတာ တွေ့ လိုက်တယ်။ ငါးက သိပ်ကြီးလွန်းနေတယ်။ သူတို့ကို ဒါ တူနာ (Tuna) ငါးလားလို့သင်မေးတော့ ငါးရောင်းသူကSunfish လို့ပြောပါတယ်။ မေ့လျော့နေတဲ့ စာပေနာမည် တချို့ကို သင် သတိရလာမိတယ်။ ပင်လယ်ဘေးမှာ ကြီးပြင်းခဲ့တဲ့ ဇာတ်ကောင်မိန်းကလေးဟာ နာကျင်ကြေကွဲတာကို ခံစားရတိုင်း မြို့က ငါးပြတိုက်ကြီးဆီသွားပြီး ရေထဲကSunfish နဲ့စကားပြောနေတတ်တယ်။ ဇာတ်ကောင်မိန်းကလေးရဲ့ မေမေဟာ သမီး ဖြစ်သူစုဆောင်းထားသမျှကိုယူပြီး ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေး တစ်ယောက် နဲ့ အခြားမြို့ကိုထွက်သွားခဲ့တယ်။ သမီး ဖြစ်သူ ဇာတ်ကောင်မိန်းကလေးက မေမေ့ကိုအပြစ်တင်တယ်။ မေမေ့ကို ကျိန်ဆိုတယ်။ ပြီးတော့Sunfish ကို 'မေမေ့ကိုငါလွမ်းလိုက်တာ . . . ဒါပေမယ့် ဒီစကားတွေ နင့်ကိုပဲ ငါ ပြောခွင့်ရတယ်'လို့ပြောတတ်တယ်။
ဒီငါးက Sunfish တဲ့လား ၊ နာမည် ကလည်း ထူးဆန်းတယ်။ သင် နာမည် အတိအကျ သိချင်တယ်။ ငါးရောင်းသူက ဒီငါးကို Mambo ငါးလို့လည်း ခေါ်သေးတယ်လို့ဆိုတယ်။ Mambo! 'Mambo' ဆိုတဲ့ နာမည် ကို ကြားလိုက်တဲ့ တစ်ခဏချောက်ချားနေတဲ့စိတ်တွေ သက်သာရာရသွားတယ်လို့ သင်ခံစားမိတယ်။ စာကြည့်တိုက်ထဲ သင်ဝင်လိုက်တဲ့အချိန်ကစ ချောက်ချားမှု တွေ သင့်ကို ဖိစီးထားခဲ့တာသူတို့ကို သင်နှုတ်ဆက်တဲ့အချိန်အထိပါပဲ။ လူမျက်နှာထက်ကြီးတဲ့ခေါင်းနဲ့ အရှင်လတ်လတ် ရေဘဝဲရှေ့၊ ဖျတ်လတ်တက်ကြွနေတဲ့ ပင်လယ်ခရုရှေ့ကို သင် ဖြတ်တယ်။ ဆိုးလ်မြို့ထက် သုံးဆလောက်ပိုဈေးပေါတဲ့Coiliaspp ငါး၊ ငါးကွမ်းရှပ်ငါး၊ကဏန်းတွေ ရှေ့ သင် ဖြတ်တယ်။ မေမေ့ကို ဘာကြောင့် သင် သတိရမိသလဲ။Sunfish ကြောင့် လား၊ ဒါဟာ ပထမဆုံးအကြိမ် ဈေးထဲမှာ နေပြီး မေမေ့ကို သင်သတိရမိတာပဲ၊ ပြီးတော့ နှစ် သစ်မတိုင်ခင်မှာ (lunar month)လုပ်တဲ့ ကန်တော့ပွဲအတွက် ရေတွင်းဘေးမှာ မေမေနဲ့အတူ ငါးလိပ်ကျောက်ကို အခွံခွာခဲ့တာတွေ သင် သတိရလာမိတယ်။ ငါးလိပ်ကျောက်ကိုယ်ပေါ်က အခွံကြမ်းတွေ ကို သင်တို့ခွာခဲ့ကြတယ်။ မေမေ့လက်တွေ အေးခဲခဲ့တယ်။
ကလေးငယ်အရပ်လောက်ရှိတဲ့ ပြုတ်ပြီးသားရေဘဝဲ ချိတ်ဆွဲရောင်းထားတဲ့ဆိုင်ကို သင် ဖြတ်ကျော်လာခဲ့တယ်။ ဝမ်တစ်သော င်းခွဲနဲ့ ရေဘဝဲအရှင်တစ်ကောင်ကိုသင်ဝယ်လိုက်တယ်။ ပင်လယ်ခရုကိုလည်း သင်ဝယ်တယ်။ ပင်လယ်ခရုက မွေးမြူရေး ခရုတွေ ဆိုပေမယ့် ပင်လယ်ရေညှိကျွေးတယ်လို့ ဆိုပါတယ်။ဒါတွေ ကို ဆိုးလ်ယူပြန်မယ်လို့ သင်ပြောတော့ ငါးရောင်းသူက ဝမ်နှစ် ထောင်ထပ်ပေးရင် ငါးတွေ ကို ရေခဲဖာထဲထည့်ပေးနိုင်တယ်လို့ ဆိုတယ်။ ရေဘဝဲ၊ ပင်လယ်ခရု၊ အရှင်ထည့်ထားတဲ့ ရေခဲဖာကို ဆွဲပြီး ငါးဈေးထဲကနေ သင်ထွက်လာခဲ့တယ်။လေယာဉ်ထွက်ဖို့ အချိန်လိုပါသေးတယ်။ လက်တစ်ဖက်မှာ မျက်မမြင်စာအုပ်ထည့်ထားတဲ့ အိတ်ကိုဆွဲ ကျန်လက်တစ်ဖက်မှာ ရေခဲဖာကိုဆွဲပြီး အငှားကားတစ်စီးပေါ် သင် တက်ပြန်တယ်။ ဒီတစ်ခေါက်တော့ ပင်လယ်ကမ်းစပ်ဘက် သင်ရောက်သွားတယ်။ ငါးဈေးကနေ ပင်လယ်ကမ်းစပ်ကို သုံးမိနစ်ပဲ ကားစီးရတယ်။
နိုဝင်ဘာရဲ့ ပင်လယ်ကမ်းခြေက လူခြေတိတ်ဆိတ်နေခဲ့ပါတယ်။ ချစ်သူရည်းစားအတွဲ နှစ် တွဲ ပဲ ချိန်းတွေ့ နေကြတယ်။ ကမ်းခြေက ရှည်လျားလွန်းတယ်။သဲသော င်နဲ့ ပင်လယ်ရေထိတဲ့နေရာအထိ သင် လျှောက်သွားတယ်။ သင် အကြိမ်ကြိမ် လဲကျလုလု ယိုင်ထိုးသွားခဲ့တယ်။ သဲပြင်နုနုလေးပေါ် သင် ထိုင်ချလိုက်တယ်။ပင်လယ်ရေက သင့်မျက်စိရှေ့မှာ ပါပဲ။ ပင်လယ်ပြင်ကို မျက်စိတစ်ဆုံး သင် ငေးကြည့်နေတယ်။ အမှတ်တမဲ့ နောက်ပြန်လှည့်ကြည့်တော့ ပင်လယ်ဘက်ဆီ ဦးတည်ထားကြတဲ့ ဆိုင်ခန်း၊ နေအိမ်တွေ ကို နေရာအနှံ့ သင်တွေ့ လိုက်တယ်။ ပူပြင်းတဲ့နွေညတွေ မှာ သူတို့ ပင်လယ်ထဲ ခုန်ဆင်းနိုင်တယ်။ ပြီးတော့ ပင်လယ်ရေချိုးပြီးအိမ်ပြန်နိုင်တယ်လို့ သင် တွေးမိတယ်။ ပင်လယ်ပြင်ကို ခဏလေး ငေးမောကြည့်ပြီးနောက် စက္ကူအိတ်ထဲကနေ မျက်မမြင်စာအုပ်တစ်အုပ်ကို မရည်ရွယ်ဘဲ သင်ဆွဲထုတ်လိုက်တယ်။ စာအုပ်ကိုသင် ဖွင့်လိုက်တယ်။ စာအုပ်ထဲက အစက်အပြောက်လေးတွေ က နိုဝင်ဘာရဲ့ နေရောင် အောက်မှာ လက်လက်ထနေခဲ့တယ်။
ပင်လယ်ကမ်းခြေက နေရောင် အောက်မှာ မဖတ်တတ်တဲ့ မျက်မမြင်စာအုပ်ကို လက်နဲ့ သင် စမ်းသပ်နေမိတယ်။ သင့်ကို စာစသင်ပေးခဲ့သူကို သင်သတိရလိုက်မိတယ်။ အစ်ကိုလတ်က သင့်ကို စာစသင်ပေးခဲ့တာ ဖြစ်တယ်။ သင်နဲ့အစ်ကိုလတ် အိမ်ဟောင်းက ဝရံတာမှာ ဝမ်းလျားမှော က်နေခဲ့တယ်။ မေမေကဘေးမှာ ရပ်နေခဲ့တယ်။ အစ်ကိုလတ်က နူးညံ့ကြင်နာတတ်ပြီး မေမေ့စကားကိုနားအထောင်ဆုံးသူ ဖြစ်တယ်။ သင့်ကို စာသင်ပေးဖို့ မေမေပြောတော့ အစ်ကိုလတ်မငြင်းရဲခဲ့ဘူး။ ဒါပေမယ့် အာရဗီဂဏန်းနဲ့ ဗျည်းအက္ခရာတွေ ကို တစ်ကျော့ပြီးတစ်ကျော့ သင့်ကို သင်ပေးနေရလို့ ပျင်းဖို့ကောင်းတယ်လို့ သူထင်တယ်။ သင်ကဘယ်သန်မို့ ဘယ်ဘက်နဲ့ပဲ စာရေး ချင်နေခဲ့တယ်။ ဒီလိုအချိန်မျိုးမှာ အစ်ကိုလတ်က သင့်ဘယ်လက်ခုံကို ပေတံနဲ့ခေါက်တတ်တယ်။ ဒါဟာလည်း မေမေ့ရဲ့ အမိန့်ကြောင့် ဖြစ်တယ်။ သင်က ဘယ်လက်နဲ့ ဘယ်ခြေသုံးရတာ ကို ကျင့်သားပါနေခဲ့တယ်။ မေမေက ဘယ်လက်သုံးတတ်သူဟာ နောင်တစ်ချိန်မှာ ဆင်းရဲပင်ပန်းရတတ်တယ်လို့ ဆိုတယ်။
မီးဖိုထဲမှာ ဘယ်လက်နဲ့ သင် ထမင်းခူးတော့ မေမေက ထမင်းခူးဇွန်းကိုဆွဲယြူပီး သင့်ညာလက်ထဲထည့်ပေးခဲ့တယ်။ ဒါပေမယ့် ဘယ်လက်ကိုပဲ သင်သုံးတော့ မေမေက ထမင်းခူးဇွန်းကို ဆွဲယူပြီး 'စကားနားမထောင်ရကောင်းလား'ဆိုပြီး သင့်ဘယ်လက်ကို ရိုက်ခဲ့တယ်။ သင့်ဘယ်လက် ယောင်ရမ်းခဲ့တယ်။ ဒီလိုတွေ ဖြစ်ခဲ့တယ်ဆိုပေမယ့် အစ်ကိုလတ် သတိမထားမိချိန် ခဲတံကို ညာလက်ကနေ ဘယ်လက်ဆီ သင်အမြန်ပြောင်းပြီး သုညနှစ် လုံးနဲ့8 လို့ ရေး ဆွဲလိုက်တယ်။ပြီးတော့ ခဲတံကို ညာဘက်လက်ဆီ ပြန်ပြောင်းလိုက်တယ်။ သင်ရေး တဲ့စာက8 မဟုတ်ဘူး ။ သုညနှစ် လုံးဆိုတာကို အစ်ကိုလတ် ချက်ချင်း သိလိုက်တယ်။ အစ်ကိုလတ်က သင့်လက်ကို အဖြန့်ခိုင်းပြီး ပေတံနဲ့ရိုက် အပြစ်ပေးခဲ့တယ်။ အစ်ကိုလတ်သင့်ကို စာသင်တဲ့အချိန်တိုင်း မေမေဟာ ဘေးကနေ ခြေအိတ်ချုပ် ဒါမှမဟုတ်ကြက်သွန်ခွာနေရင်း ဝရံတာမှာ ဝမ်းလျားမှော က်စာရေး နေတဲ့ သင့်ကို ကြည့်နေတတ်ခဲ့တယ်။
ကျောင်းမတက်ရသေးခင်မှာ ကိုယ့်နာမည် နဲ့ မေမေ့နာမည် ကို သင်ရေး တတ်ခဲ့တယ်။ စာအုပ်ကိုလှန်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ စာတွေ ရွတ်ဖတ်တတ်ခဲ့တယ်။ မေမေ့ရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတွေ ဖူးပွင့်ခဲ့တယ်။ ဒီအချိန်ဒီအခါမှာ တော့မေမေ့ရဲ့ အပြုံးမျက်နှာနဲ့ သင်မဖတ်တတ်တဲ့ မျက်မမြင်စာတွေ က တွဲ လျက်ရှိနေခဲ့တယ်။
ပင်လယ်ကမ်းခြေမှာ ထိုင်နေရာက သင်ထလိုက်တယ်။ တင်ပါးပေါ်ကပ်နေတဲ့ သဲမှု န်တွေ ကို သင် မခါချဘဲ ပင်လယ်ပြင်ကိုကျောခိုင်းပြီး ခြေလှမ်းကိုမြန်လိုက်တယ်။ လေယာဉ်စီးပြီး ဆိုးလ်မြို့ကို သင်မပြန်ခဲ့ဘူး။ ရထားပြောင်းစီးပြီးမေမေ့ဆီ သင်ပြန်ခဲ့တယ်။ ရာသီနှစ် ရာသီစာလောက် မေမေ့ကို သင်မတွေ့ ခဲ့ဘူးလို့ သင့်စိတ်ထဲ တွေးနေခဲ့မိတယ်။
ပြီးတော့ ဟိုးတစ်ချိန်က စာသင်ခန်းလေးကို သင်သတိရလာခဲ့မိတယ်။အဲဒီ နေ့က ကျောင်းသားအယောက် (၆ဝ)ကျော်လောက်ဟာ မူလတန်းကနေ အလယ်တန်းတက်ဖို့ ကျောင်းဝင်ဖောင်တွေ ဖြည့်နေခဲ့တယ်။ တကယ်လို့ဖောင်မဖြည့်ရင် အလယ်တန်း မတက်ရတော့ပါဘူး။ သင်ဟာ ကျောင်းမအပ်ဖို့ ရည်ရွယ်နေသူ တစ်ယောက် ပါ။ အလယ်တန်းဆက်မတက်တာနဲ့ ဘာ ဖြစ်သွားမှာ လဲဆိုတာကို သင် နားမလည်ခဲ့ဘူး။ မနေ့ညက ဖျားနာလို့ အိပ်ရာပေါ်မှာ နေတဲ့ဖေဖေ့ကို မေမေ အော်ကြီးဟစ်ကျယ် စကားပြောခဲ့တဲ့ ပုံရိပ်တွေ သင့်ဦးနှောက်ထဲမှာ ထင်ဟပ်နေဆဲ ဖြစ်တယ်။ ခုတင်ပေါ်လှဲနေတဲ့ ဖေဖေ့ကို မေမေက 'ဒီလိုရွာလေးထဲက ဆင်းရဲသားမိသားစုမှာ ပေါက်ဖွားလာခဲ့တဲ့သမီးကို တကယ်လို့ကျောင်းဆက်မထားခဲ့ရင် နောင်တစ်ချိန် ဒီလောကမှာ သူ ဘယ်လိုရပ်တည်မလဲ'လို့ ပြောတော့ ဖေဖေဟာ အပြင်ကို ထထွက်သွားခဲ့တယ်။ မေမေက တံခါးပေါက်နားက ထမင်းစားပွဲကိုမပြီး အပြင်ကို ပစ်ထုတ်လိုက်တယ်။
'ကလေးကို ကျောင်းထားနိုင်တဲ့ အရည်အချင်းလေးတောင်မရှိရင် ဒီနေ့ရက်တွေ ကို ဖြတ်သန်းနေတာ ဘာအဓိပ္ပါယ်ရှိဦးမှာ လဲ ' ဖျက်ဆီးပစ်လိုက်တာကအေးဦးမယ်'
မေမေ စိတ်တိုဒေါသထွက်စရာမလိုဘူးဆိုရင် ကျောင်းမတက်ရလည်းဘာမှမ ဖြစ်ဘူးလို့ အဲဒီ တုန်းက သင်တွေးခဲ့တယ်။ ထမင်းစားပွဲကို ပစ်ထုတ်ခဲ့ပေမယ့် မေမေ့ရဲ့ ဒေါသစိတ်က ပြယ်မသွားသေးဘူး။ စတိုခန်းကို မေမေဆွဲဖွင့်ပြီး အားနဲ့ဆောင့်ပိတ်လိုက်ပြန်တယ်။ အဝတ်ကြိုးတန်းကိုတိုက်မိပြီး ကြိုးတန်းပေါ်က အင်္ကျီတွေ ပြုတ်ကျကုန်တယ်။ ပြီးတော့ မေမေဟာ ရေတွင်းဘေးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်နေတဲ့ သင့်ဆီလျှောက်လာခဲ့တယ်။ မေမေဟာ သူ့ခေါင်းပေါ် ပေါင်းထားတဲ့ တဘက်ကိုယူပြီး သင့်ကို ကမ်းပေးတယ်။
'နှပ်ချေးညှစ်လိုက်နော်'
ချွေးနံ့ထောင်းထောင်းထနေတဲ့ ခေါင်းပေါ်မှာ မေမေ အမြဲပေါင်းထားတတ်တဲ့ တဘက်ကိုယူပြီး သင် နှပ်ချေးမညှစ်ချင်ခဲ့ဘူး။ ဒါပေမယ့် နှပ်ချေးကိုတအားညှစ်ထုတ်ဖို့ပဲ မေမေက ပြောနေတယ်။ တွေ တွေ ဝေဝေနဲ့ သင် မလှုပ်ဘဲနေခဲ့တယ်။ မေမေက 'ဒီလိုညှစ်ထုတ်လိုက်မှ မျက်ရည်မကျတော့ဘူး'လို့ ဆိုတယ်။ ငိုယိုထားတဲ့မျက်နှာနဲ့ မေမေ့ကို သင် ကြည့်နေခဲ့လို့ မေမေ ဒီလိုပြောတာ ဖြစ်မယ်။ မေမေက သင့်ကို နှပ်ချေးညှစ်ခိုင်းတယ်ဆိုတာ သင်မငိုဖို့ ချော့နေတာပဲ ဖြစ်တယ်။ မေမေပြောနေတာကို သင် မခံနိုင်တော့လို့ ကမ်းပေးလာတဲ့ တဘက်ကိုယူပြီး သင် အားကုန်ညှစ်လိုက်တော့တယ်။မေမေ့ရဲ့ တဘက်မှာ ချွေးနံ့အပြင် သင့်ရဲ့ နှပ်ချေးနဲ့ ရောနေခဲ့တော့တယ်။
သင်နှပ်ညှစ်ခဲ့တဲ့တဘက်ကို ပေါင်းပြီး မေမေဟာ စာသင်ခန်းထဲရောက်သွားခဲ့တယ်။ ဆရာနဲ့မေမေ ဘာတွေ ပြောခဲ့သလဲ မသိပါဘူး။ ဆရာက သင့်ကိုအလယ်တန်းတက်ဖို့ ဖောင်တစ်ခုလှမ်းပေးတယ်။ ဖောင်ပေါ်မှာ ကိုယ့်နာမည် ကိုသင် ဖြည့်လိုက်တယ်။ သင်ခေါင်းမော့လိုက်ချိန် မေမေဟာ ဝရံတာနဲ့ခြားထားတဲ့ပြတင်းပေါက်ကနေ သင့်ဘက်ကို ကြည့်နေခဲ့တယ်။ သင်နဲ့မေမေ မျက်လုံးချင်းဆုံမိကြတယ်။ မေမေဟာ ခေါင်းပေါ်က တဘက်ကိုဖြုတ်ချပြီး သုံးလေးချက် ဝှေ့ယမ်းလိုက်တယ်။ မေမေ့မျက်နှာပေါ်မှာ လန်းဆန်းတဲ့အပြုံးတွေ ဖူးပွင့်ခဲ့ပါတယ်။မေမေ့တစ်ကိုယ်လုံးမှာ အဖိုးတန်ပစ္စည်းဆိုလို့ ဘယ်ဘက်လက်ခလယ်မှာ စွပ်ထားတဲ့ လက်စွပ်လေးပဲရှိတယ်။ သင့်အတွက် အလယ်တန်းကျောင်းလခကို မေမေပေးပြီးတဲ့နောက်အဲဒီ လက်စွပ်မတွေ့ ခဲ့တော့ဘူး ။ မေမေ့လက်ခလယ်မှာ လက်စွပ်ရာအစင်းကြောင်းနက်နက်ပဲ ကျန်ရစ်ခဲ့တော့တယ်။
ခေါင်းကိုက်ဝေဒနာက မေမေ့ကို အချိန်မရွေး ထိုးနှက်နေခဲ့တယ်။
အဲဒီ ညမှာ ရေဆာလို့ အိပ်မက်ထဲကနေ သင်နိုးလာခဲ့တယ်။ သင့်စာအုပ်တွေ က အမှော င်ထဲကနေ သင့်ကို စိမ်ပြေနပြေ ကြည့်နေခဲ့တယ်။ တစ်လောကချစ်သူနဲ့အတူ ဂျပန်မှာ တစ်နှစ် သွားနေဖို့ သင် စီမံကိန်းချခဲ့ဖူးတယ်။ အဝတ်အစားတွေ သင်သိမ်းနေချိန်မှာ စာအုပ်တွေ ကို ဘယ်နေရာထားခဲ့မှန်းမသိတဲ့ အခက်အခဲကြီး တစ်ခုကို သင်ရင်ဆိုင်ခဲ့ရတယ်။ နောက်တော့ အကြံတွေ ထုတ်ရင်း သင်နဲ့အတူနှစ် လကြာရှည်အတူနေခဲ့တဲ့ စာအုပ်တွေ ကို မေမေ့အိမ်ဆီ သင်ပို့လိုက်တယ်။သင့်စာအုပ်တွေ ကိုရတော့ မေမေက အခန်းတစ်ခန်းရှင်းပြီး ထားပေးခဲ့တယ်။နောက်တော့ အဲဒီ စာအုပ်တွေ ကို သင် မရွေ့ခဲ့ဖူးတော့ပါဘူး။ မေမေ့အိမ်ဆီ ပြန်တိုင်း သင်ချွတ်ချလိုက်တဲ့ အဝတ်အင်္ကျီနဲ့ လက်ကိုင်အိတ်ကို ဒီအခန်းထဲမှာ ပဲသင်ထားခဲ့တယ်။ ညအိပ်ညနေ နေတဲ့အချိန်မှာ မေမေက ဒီအခန်းကိုသင့်အတွက်ရှင်းလင်းပေးခဲ့တယ်။
မှု န်ရီဝေဝါးညလယ်မှာ ခေါင်းမော့ပြီး စာအုပ်တွေ ကို သင်ကြည့်လိုက်တယ်။ ပြီးတော့ မီးဖိုထဲ သင်ထသွားခဲ့တယ်။ ရေအနည်းငယ်သောက်ပြီးနောက်အခန်းဆီ သင် ပြန်လာခဲ့တယ်။ မေမေ အိပ်မောကျနေသလားလို့ သိချင်တာနဲ့မေမေ့အခန်းတံခါးကို သင် သာသာလေးဖွင့်လိုက်တယ်။ စောင်ထဲမှာ နေရာလွတ်နေတယ်။ 'မေမေ . . .'လို့ သင် အော်လိုက်တယ်။ ပြန်ထူးသံ မကြားခဲ့ဘူး။မီးခလုတ်ကို စမ်းပြီး သင်မီးဖွင့်လိုက်တယ်။ အခန်းထဲမှာ မေမေရှိမနေခဲ့ဘူး ။ ဧည့်ခန်းမီးကို သင် ဖွင့်လိုက်တယ်။ အိမ်သာတံခါးကို သင် ဖွင့်လိုက်တယ်။
'မေမေ . . . . ၊ မေမေ'လို့ သင် ဆက်တိုက်ခေါ် ပြီး အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်တယ်။ အိမ်ရှေ့ ခြံထဲ သင် ဆင်းသွားတယ်။ မနက်ခင်းလေညင်းကသင့်အကျီထဲတိုးဝင်လာတယ်။ အိမ်ရှေ့မီးကိုသင်ဖွင့်လိုက်ပြီး စတိုခန်းထဲက သစ်သားခုတင်ကို အမြန်ကြည့်လိုက်မိတယ်။ သစ်သားခုတင်ပေါ်မှာ မေမေ လဲလျောင်းနေတယ်။ အိမ်ရှေ့ ခြံနဲ့ဆက်နေတဲ့ နေရာလေးအတိုင်း သင် ပြေးဆင်းသွားခဲ့တယ်။မေမေ့ရှေ့အရောက် သင် ပြေးသွားခဲ့တယ်။ နေ့လယ်တုန်းကလို မေမေဟာမျက်မှော င်တင်းတင်းကြုတ်ထားတယ်။ နဖူးပေါ်လက်တင်ပြီး အိပ်ပျော်နေခဲ့တယ်။မေမေဟာ ခြေဗလာနဲ့ အေးလို့ထင်ပါရဲ့ ခြေချောင်းဆယ်ချောင်းစလုံးကို ကုတ်ထားတယ်။ မေမေနဲ့အတူ ညစာစားခဲ့တဲ့အချိန်တွေ ၊ မေမေနဲ့အတူ ခြံထဲမှာ လမ်းလျှောက်တုန်း ပြောခဲ့တဲ့စကားတွေ တစ်စစီ ကွဲအက်ပြိုပျက်သွားခဲ့တော့တယ်။နိုဝင်ဘာရဲ့ မနက်ခင်းမှာ စောင်တွေ ကိုသင်ယူပြီး မေမေ့ကို လွှမ်းခြုံပေးလိုက်တယ်။ခြေအိတ်တွေ ယူလာပြီး မေမေ့ကို ဝတ်ပေးလိုက် တယ်။ အဲဒီ နောက် မေမေ့အနားမှာ မေမေနိုးလာချိန်အထိ သင် ထိုင်နေခဲ့တယ်။
လယ်၊ ခြံအလုပ်အပြင် မေမေဟာ တခြားနည်းနဲ့ ဝင်ငွေရဖို့ ကြိုးစားခဲ့တယ်။ နောက်တော့ စတိုခန်းထဲမှာ အရက်အချဉ်ဖောက်စက်တစ်လုံး ထည့်ခဲ့တယ်။ လယ်ထဲကရလာတဲ့ ဂျုံတွေ ကို ကြိတ်ခွဲ၊ ရေနဲ့ရောနှောပြီးနောက် စက်ထဲ ထည့်ပြီး အချဉ်ဖောက်ခဲ့တယ်။ အချဉ်ဖောက်လာတဲ့အချိန် အရက်ချဉ်စော်နံ့တွေ က တစ်အိမ်လုံး ပျံ့လို့နေခဲ့တယ်။ အရက်ချဉ်စော်နံ့ကို ဘယ်သူမှ မနှစသက် ခဲ့ဘူး။ မေမေ ကတော့ အရက်ချဉ်စော်နံ့က ပိုက်ဆံအနံ့လို့ပြောခဲ့တယ်။ ရွာမှာ တိုဟူးလုပ်တဲ့အိမ်တစ်အိမ် ရှိတယ်။ မေမေက အချဉ်ဖောက်ထားတဲ့ကစော်တွေ ကို အဲဒီ အိမ် ပို့ပါတယ်။ သူတို့က အရက်လုပ်တဲ့စက်ရုံဆီ ကူပို့ပေးပြီး ပိုက်ဆံရလာရင် မေမေ့ကို ပေးပါတယ်။ ရလာတဲ့ပိုက်ဆံတွေ ကို မေမေက ကြွေပန်းကန်ခွက်ြဖူတစ်လုံးထဲထည်ြ့ပီး အဲဒီ ပန်းကန်ပေါ်မှာ တခြားပန်းကန် ၁၇-လုံးကိုဆင့်တင်ထားပါတယ်။ ပြီးတော့ မီးဖိုကြောင်အိမ်အပေါ်ဆုံးထပ်မှာ တင်ထားလိုက်တယ်။ အရက်အချဉ်ဖောက်လို့ရလာတဲ့ ပိုက်ဆံပဲ ဖြစ် ဖြစ်၊ တခြားကရတဲ့ ပိုက်ဆံပဲ ဖြစ် ဖြစ် မေမေဟာ အဲဒီ ပန်းကန်ခွက်လေးထဲပဲ ထည့်ခဲ့တယ်။ သင် ကျောင်းလခလိုတဲ့အခါ မေမေက အဲဒီ ထဲကနေ ပိုက်ဆံယူပြီး သင့်လက်ထဲကိုထည့်ပေးပါတယ်။
နောက်တစ်နေ့မနက် သင်မျက်စိဖွင့်ကြည့်တော့ စတိုခန်းသစ်သားခုတင်ပေါ်မှာ သင် အိပ်ပျော်နေခဲ့တာကို တွေ့ တယ်။ မေမေရော . . . ဘေးပတ်လည်ကိုလှည့်ကြည့်တော့ မေမေ့ကို သင်မတွေ့ ရဘူး။ မီးဖိုထဲက အသီးအရွက်လှီးသံတွေ လွင့်ဝဲလာခဲ့တယ်။ သင် အလျင်အမြန်ထပြီး မီးဖိုထဲဝင်လိုက်တယ်။ မေမေကစဉ်းတီတုံးပေါ်က မုန်လာဥကို လှီးဖြတ်နေတယ်။ မေမေ့လက်ထဲက ဓားမကကြည့်ရတာ အန္တရာယ်ရှိပုံပါပဲ။ ခါတိုင်း မေမေ အသုပ်ဟင်းလုပ်တဲ့အချိန် ဓားကိုမကြည့်ဘဲလည်း ကျွမ်းကျွမ်းကျင်ကျင် လှီးဖြတ်နိုင်ခဲ့တယ်။ အခုတော့ အဲဒီ လိုမဟုတ်တော့ပါဘူး။ ဓားကိုင်ထားတဲ့ မေမေ့လက်က ငြိမ်မနေဘူး။ ဓားသွားကမုန်လာဥကို အချက်ကျကျ ထိမိမနေဘူး။ စဉ်းတီတုံးပေါ်ပဲ ချော်ချော်ကျနေတယ်။ ဒီလိုသာ ဆက်လှီးနေရင် မုန်လာဥအစား မေမေ့လက်ညှိုးကိုပဲ လှီးဖြတ်မိတော့မယ်။
'မေမေ . . . ခဏ'
သင် ဆက်မကြည့်ရက်တော့ဘူး။ မေမေ့လက်ထဲက ဓားကို သင်လှမ်းယူလိုက်တယ်။
'မေမေ . . . သမီးလှီးမယ်'
စဉ်းတီတုံးရှေ့ သင်တိုးကပ်သွားတယ်။ မေမေတစ်ချက် တုန့်နှေးသွားပြီး နေရာကနေ ဖယ်ပေးလိုက်တယ်။ ရေခဲသေတ္တာထဲက ရေဘဝဲကိုယူပြီး ရေဆေးစင်ထဲက သံစကာထဲ မေမေ ထည့်လိုက်တယ်။ ရေဘဝဲက သေနေခဲ့ပြီ။ မီးဖိုပေါ်မှာ သံချေးမလိုက်တတ်တဲ့ စတီးလ်ပေါင်းအိုး တင်ထားတယ်။ မေမေက မုန်လာဥကိုယူပြီး ပေါင်းအိုးအောက်မှာ ခံလိုက်တယ်။ ကြည့်ရတာ ရေဘဝဲပေါင်းမလို့ ထင်ပါတယ်။
ရေဘဝဲက ပေါင်းစားတာမဟုတ်ဘူး။ ချက်စားတာထင်တယ်လို့ သင်မေးချင်တယ်။ ဒါပေမယ့် မမေး ဖြစ်ခဲ့ဘူး။ မေမေက သင်လှီးထားတဲ့ မုန်လာဥကိုအိုးအောက်မှာ ဖြန့်ခင်းလိုက်တယ်။ အပေါ်မှာ ပေါင်းစင်လေးတင်ပြီး ရေဘဝဲတစ်ကောင်လုံးကို ထည့်လိုက်ပြီး အဖုံးဖုံးထားလိုက်တယ်။ ဒါဟာ မေမေ့ရဲ့ အရင်ကတည်းကရှိခဲ့တဲ့ အကျင့်တစ်ခု ဖြစ်တယ်။ မေမေဟာ ငါးချက်ရာမှာ မကျွမ်းသလိုငါးနာမည် တွေ ကိုလည်း မခေါ်တတ်ခဲ့ဘူး။ မေမေ့အနေနဲ့ပြောရရင် ဘယ်ဟာကမက်ကရယ်ငါး၊ ပစိဖိတ်မက်ကရယ်နွယ်ငါး (Pacific Saury)၊ ရေဘဝဲ စတဲ့ငါးတွေ က 'အညှီနံ့ပါတဲ့ အရာတွေ 'လို့ပဲ သိထားခဲ့တယ်။ ပဲအမျိုးအစားဆိုရင်တော့ပဲပြုတ်ပဲ၊ ပဲနီ၊ ပဲဖြူ၊ ပဲမည်းတွေ ကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်ခဲ့တယ်။ အိမ်မှာ ငါးဝယ်လာပြီဆိုရင် မေမေက ငါးကို ဆားနဲ့အရင်စိမ်လိုက်တယ်။ ပြီးတော့ ပေါင်းစားတယ်။ ဘယ်တော့မှ ငါးကို ငါးစိမ်း (Sashimi)မလုပ်ဘူး။ မကြော်ဘူး၊မကင်ဘူး။ မက်ကရယ်ငါးနဲ့ ရေဘဝဲဆိုရင်လည်း ငရုတ်သီးမှု န့်၊ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းနှစ် တွေ နယ်ပြီး ဆန်ဆေးရေနဲ့ ပေါင်းတတ်တယ်။
အရင်ကတည်းကနေ ခုချိန်ထိ မေမေဟာ ငါးစိမ်းကို မစားခဲ့ဖူးဘူး။ ငါးစိမ်းစားသူတွေ ကို တွေ့ ရင်လည်း 'ငါးကိုတောင် အစိမ်းစားတာ လွန်လွန်းပြီထင်တယ်'လို့ ဆိုနေသယောင် မျက်မှော င်ကို တင်းတင်းကြုတ်ပြီး ကြည့်တတ်ခဲ့တယ်။(၁၇)နှစ် အရွယ်ကတည်းက အခုချိန်ထိ ငါးလိပ်ကျောက်ကို ပေါင်းအိုးနဲ့ပဲ မေမေပေါင်းစားတတ်ခဲ့တယ်။ ကြည့်ရတာ ဒီတစ်ကြိမ်လည်း ရေဘဝဲကို ပေါင်းစားတော့မယ် ထင်ပါတယ်။ သိပ်မကြာပါဘူး. . . မီးဖိုထဲကနေ မုန်လာဥနံ့နဲ့ ရေဘဝဲနံ့က သင်းပျံ့ထွက်လာခဲ့တယ်။ မီးဖိုထဲက မေမေ ရေဘဝဲပေါင်းတဲ့ပုံစံကို ကြည့်ရင်းငါးလိပ်ကျောက်ကို သင် သတိရလာခဲ့မိတယ်။
ရိုးရာကန်တော့ချိန်ရောက်တိုင်း အိမ်မှာ ငါးလိပ်ကျောက် မပြတ်ခဲ့ဘူး။ဆောင်းရာသီနဲ့ နွေရာသီ ရိုးရာကန်တော့ပြီးချိန် နောက်ပြီး နွေဦးရာသီရဲ့ ကန်တော့ပြီးချိန်ကျော်လွန်မှ နှစ် တစ်နှစ် ကုန်တယ်လို့ မေမေကဆိုတယ်။ နှစ် သစ်ကူးနဲ့လမုန့်ကျွေးတဲ့အချိန်နှစ် ချိန်ပါ ထည့်ပေါင်းရင် နှစ် တစ်နှစ် တာမှာ မေမေဟာငါးလိပ်ကျောက်ခုနစ်ကောင်အတွက် ရေတွင်းဘေးမှာ ထိုင်ခဲ့ရတယ်။
မေမေဝယ်ခဲ့တဲ့ ငါးလိပ်ကျောက်တွေ က များ သော အားဖြင့် အိုးဖုံးအရွယ်လောက် ဖြစ်တယ်။ ဈေးထဲကနေ မေမေ ငါးလိပ်ကျောက်ဝယ်ပြန်လာပြီး ရေတွင်းဘေးမှာ ထားထားရင် ဒါဟာ ရိုးရာကန်တော့ချိန်နီးပြီလို့ ဆိုလိုတာ ဖြစ်တယ်။ဆောင်းရာသီ ရိုးရာကန်တော့ချိန်က မြေပြင်မှာ ရေရှိတာနဲ့ ရေခဲ ဖြစ် သွားပါတယ်။ဒီလိုရာသီမျိုးမှာ ငါးလိပ်ကျောက်ကို အခွံခွာရတာ အင်မတန် ပင်ပန်းခက်ခဲတဲ့အလုပ်ြဖစ်တယ်။ သင့်လက်ဖဝါးက ပါးပါးသေးသေးလေး၊ မေမေ့လက်ဖဝါးက ထူထူကြီးကြီး၊ မေမေက အေးခဲလို့နီရဲနေတဲ့လက်နဲ့ ဓားရိုးကိုကိုင်ပြီး ငါးလိပ်ကျောက်တည့်တည့်ချိန်ရွယ်ပါတယ်။ သင်က နုနယ်တဲ့လက်ကလေးနဲ့ ငါးအခွံတွေ ကိုခွာချပါတယ်။ တကယ်လို့ ငါးခွံကို ရှောရှောရှူရှူခွာလို့ရရင် အကောင်းဆုံးပေါ့။ဒါပေမယ့် သုံးစင်တီမီတာတောင် မခွာနိုင်ခင် အမြဲတမ်း ပြတ်ထွက်သွားတတ်တယ်။ မေမေက ဓားသွားနဲ့ ပြတ်ထွက်သွားတဲ့ နေရာတည့်တည့်ကို တစ်ဖန် ထပ်ချိန်ရွယ်ရပြန်တယ်။ ဖင်ဘူးထောင်ပြီး ရေခဲနေတဲ့ ရေတွင်းဘေးမှာ သင်တို့ ငါးလိပ်ကျောက်အခွံခွာနေခဲ့ကြတယ်။ ဒါဟာ အိမ်ဟောင်းမှာ ရှိခဲ့တဲ့ ဆောင်းရာသီရဲ့ ရှုခင်း ဖြစ်တယ်။ ရှုခင်းက နှစ် စဉ်နှစ် တိုင်း တစ်ပုံစံတည်း ဖြစ်ခဲ့တယ်။ ထပ်တလဲလဲ အခါခါ ပြသနေတဲ့ ရုပ်ရှင်အတိုင်းပါပဲ။
နှစ် တစ်နှစ် ရဲ့ ဆောင်းရာသီမှာ သင်နဲ့မေမေ မျက်နှာချင်းဆိုင် ထိုင်နေခဲ့တယ်။ သင့်လက် နုနုသွယ်သွယ်လေးကို မေမေစိုက်ကြည့်နေရင်းက 'မေမေ့တို့အခွံမခွာတော့ဘူး'လို့ ဆိုတယ်။ ငါးအခွံခွာတာကို မေမေ ရပ်လိုက်ပြီး ဓားနဲ့ငါးလိပ်ကျောက်တွေ ကို အတုံးလေးတွေ တုံးလိုက်တယ်။ အဲဒီ နှစ် က ကန်တော့တဲ့ စားပွဲခုံပေါ်မှာ တစ်ခါမှမပါဖူးတဲ့ အခွံမခွာတဲ့ ငါးလိပ်ကျောက် ပထမဆုံးအကြိမ်ပါခဲ့တယ်။
'ငါးလိပ်ကျောက်က ဘာ ဖြစ်လို့ ဒီပုံစံ ဖြစ်နေရတာ လဲ' ဖေဖေက မေးတယ်။ 'ဘာပုံစံလဲ အခွံမခွာရသေးတာကလွဲလို့ ငါးလိပ်ကျောက်က ငါးလိပ်ကျောက်ပဲ' မေမေက ပြန်ပြောတယ်။
'ကန်တော့ပွဲပေးမယ့် အစားအစာဆိုရင် သေသေချာချာ အသေးစိတ်လုပ်သင့်တယ်' လို့ ကြီးကြီးက အနောက်ကနေပြီး အပြစ်ပြောတယ်။
'ဒါဆို အစ်မလုပ်လေ' မေမေကလည်းအညံ့မခံခဲ့ပါဘူး။
နောက်တစ်နှစ် မှာ ဘာကံမကောင်းတာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ရိုးရာကန်တော့စားပွဲပေါ်က အခွံမခွာခဲ့တဲ့ ငါးလိပ်ကျောက်ပယောဂ မကင်းခဲ့ဘူး။ တည်သီးပင်အသီးမသီးတာ၊ ဆော့ကစားချိန် ပစ်လိုက်တဲ့တုတ်နဲ့ အစ်ကို့မျက်လုံးကို ထိမိတာ၊ ဖေဖေဖျားနာပြီး ဆေးရုံတက်ရတာ ၊ အစ်ကိုဝမ်းကွဲ ရန် ဖြစ်တာ စတာတွေ ကရိုးရာကန်တော့ချိန် မေမေ ရိုးရိုးသားသား သစ္စာရှိရှိ မလုပ်ခဲ့လို့၊ ငါးလိပ်ကျောက်ကိုအခွံမခွာခဲ့လို့လို့ ဆိုပါတယ်။ ကြီးကြီးက မကျေနပ်စိတ်အပြည့်နဲ့ ငြီးတွားလို့ပေါ့။
ရေဘဝဲကိုပေါင်းပြီးနောက် မေမေက ရေဘဝဲကို စဉ်းတီတုံးပေါ် တင်လိုက်ပြီး ဓားနဲ့လှီးဖြတ်ဖို့ ပြင်ဆင်တယ်။ မုန်လာဥလှီးတုန်းကလို ဓားစောင်းရွဲ့သွားပြန်တယ်။
'မေမေ . . . သမီးလုပ်မယ်'
မေမေ့လက်ထဲကဓားကို သင်ယူလိုက်ပြန်တယ်။ ပူပူနွေးနွေးနဲ့ မုန်လာဥနံ့သင်းနေတဲ့ ရေဘဝဲကို အတုံးအတုံးလေး သင် လှီးဖြတ်လိုက်တယ်။ ရေဘဝဲတစ်တုံးကို ညှပ်ယူပြီး ငရုတ်ချဉ်ထဲထည့်စိမ်ပြီး မေမေ့ကို သင်ကမ်းပေးလိုက် တယ်။ ဒါဟာ သင့်ကို မေမေအမြဲပြုမူခဲ့တဲ့ အပြုအမူ ဖြစ်တယ်။ ရေဘဝဲကို တူနဲ့ညှပ်ယူဖို့ သင်ကြိုးစားတိုင်း မေမေက 'ဒီလိုလုပ်ရင် အရသာမကောင်းတော့ဘူး. . .လာ . . . ပါးစပ်ကို ဟလိုက် . . .အာ . . .'လို့ ဆိုတတ်တယ်။ အခုအချိန်မှာ လည်းမေမေက သင်ကမ်းပေးတာကို တူနဲ့ ညှပ်ယူချင်ခဲ့တယ်။ ဒီတစ်ခေါက်တော့သင်ပြောတဲ့အလှည့် ဖြစ်တယ်။
'မေမေ . . . ဒီလိုလုပ်ရင် အရသာမကောင်းတော့ဘူး . . . လာ . . . ပါးစပ်ကိုဟလိုက် . . . အာ . . . '
မေမေ ပါးစပ်ကို ဟလိုက်တယ်။ ပူပူနွေးနွေး ရေဘဝဲကို မေမေ့ပါးစပ်ထဲသင် ထည့်လိုက်တယ်။ ကိုယ်တိုင်လည်း တစ်တုံးစားလိုက်တယ်။ ပူပူနွေးနွေးရေဘဝဲက ကျွတ်ဆတ်ြပီး နူးညံ့နေတယ်။
မနက်စောစောစီးစီး ရေဘဝဲစားလို့ပါလား သင် မရေမရာ ဖြစ်နေတယ်။မေမေနဲ့သင် မီးဖိုချောင်ထဲမှာ ရပ်ပြီး ရေဘဝဲကို လက်နဲ့ပဲ စားခဲ့ကြတယ်။ ရေဘဝဲကို သင် ဝါးစားရင်း ရေဘဝဲတစ်တုံးကောက်ယူတိုင်း ကောက်ယူလို့မရ ဖြစ်နေတဲ့ မေမေ့လက်ကို သင် ကြည့်နေခဲ့တယ်။ မေမေ့အတွက် သင် ကောက်ယူပေးပါတယ်။ နောက်တော့ မေမေဟာ ရေဘဝဲကို မကောက်ယူတော့ဘဲ သူ့ပါးစပ်ထဲသင်ထည့်ပေးမယ့် ရေဘဝဲကိုသာ စောင့်နေခဲ့တော့တယ်။ ကြည့်ရတာ မေမေ့လက်တွေ မသွက်လက်ခဲ့တော့ဘူး။ ရေဘဝဲကို သင်ဝါးရင်း မိခင်လို့ တစ်ခွန်းခေါ်လိုက်တယ်။ ဒါဟာ မေမေ့ကို 'မိခင်' လို့ သင် ပထမဆုံးအကြိမ် ခေါ်ခြင်းပဲ ဖြစ်တယ်။
'မေမေ . . . ဒီနေ့ပဲ သမီးနဲ့  ဆိုးလ်ြမို့ကို လိုက်ခဲ့ပါနော်'
'မေမေတို့ တောင်သွားတက်ရအောင်' မေမေက ပြောတယ်။
'တောင်သွားတက်မယ်'
'ဟုတ်တယ်၊ တောင်သွားတက်ရအောင်'
'ဒီမှာ တောင်တက်တဲ့နေရာ ရလို့လား'
'မေမေကိုယ်တိုင် ထွင်ထားတဲ့လမ်းပါ'
'ကျန်းမာရေး စစ်ဆေးဖို့ ဆိုးလ်ြမို့ကို လိုက်ခဲ့ပါ'
'နောက်မှ'
'နောက်မှ . . . . ဘယ်တော့လဲ'
'အကြီးမ . . . . စာမေးပွဲဖြေပြီးမှ'
မေမေပြောတဲ့အကြီးမဆိုတာ အစ်ကြိုကီး ရဲ့ သမီး ဖြစ်တယ်။
'အစ်ကိုတို့ကို စောင့်စရာမလိုပါဘူး။ ဆေးရုံကို သမီးလိုက်ပို့မှာ ပေါ့'
'ရပါတယ် . . . . အခု မေမေ ဘာမှမှမ ဖြစ်တာ။ ဆေးရုံအမြဲသွားပြီး. . .ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်'
မေမေ့ကို သင်ပြောလို့မရခဲ့ဘူး။ ဆိုးလ်မြို့ကို နောက်မှသွားမယ်လို့မေမေ တင်းခံနေခဲ့တယ်။ အဲဒီ နောက် မေမေဟာ သင့်ကို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ကြညြ့်ပီး ဒီကမ္ဘာမှာ အငယ်ဆုံးနိုင်ငံကဘယ်နိုင်ငံလဲလို့ သင့်ကိုမေးတယ်။
'အငယ်ဆုံး နိုင်ငံ . . .'
မေမေက ရုတ်တရက် သင့်ကို ကမ္ဘာပေါ်က အငယ်ဆုံးနိုင်ငံ ဘယ်မှာ ရှိသလဲလို့မေးလာခဲ့တယ်။ မေမေ့ကို သင်ကြည့်နေရင်း အရမ်းသူစိမ်းဆန်သလိုခံစားမိလိုက်တယ်။ ဒီတစ်ကြိမ်မှာ တော့ မေမေ့ကို တွေ တွေ နဲ့ သင်စိုက်ကြည့်နေမိတယ်။ စိတ်ထဲမှာ မေမေမေးတဲ့မေးခွန်းကို မှန်းဆနေမိတယ်။
ကမ္ဘာပေါ်က အငယ်ဆုံးနိုင်ငံ ဘယ်မှာ ရှိသလဲ၊ မေမေက သိပ်စိတ်မဝင်စားတဲ့ဟန်ကို ချက်ချင်း ပြောင်းပြီး 'တကယ်လို့ နောက်ပိုင်း အဲဒီ နေရာကိုသွားဖို့အခွင့်အရေး ကြုံခဲ့ရင် အဲဒီ က နှင်းဆီစိပ်ပုတီးတစ်ကုံး မေမေ့အတွက် ယူလာပေးပါ'လို့ ပြောပါတယ်။
'နှင်းဆီစိပ်ပုတီး'
'နှင်းဆီပင်နဲ့လုပ်ထားတဲ့ စိပ်ပုတီးကိုပြောတာ'
မေမေ က အင်အားမဲ့စွာ သင့်ကို ကြည့်နေခဲ့တယ်။
'မေမေက စိပ်ပုတီးလိုတာလား'
'မဟုတ်ဘူး . . . အဲဒီ နိုင်ငံကစိပ်ပုတီးကို မေမေလိုချင်တာ'
စကားပြောရင်း မေမေ ခဏရပ်လိုက်ပြီး သက်ြပင်း ရှည်ြကီးချလိုက်တယ်။
'တကယ်လို့ သွားဖို့အခွင့်အရေး ရှိခဲ့ရင် မေမေ့အတွက် ယူလာခဲ့ပေးပါ'
'---------'
'သမီးက ဘယ်နေရာကိုမဆို သွားနိုင်တာပဲ မဟုတ်လား '
သင်နဲ့မေမေ့ရဲ့ စကားက ဒီနေရာမှာ ပိတ်မိနေခဲ့တယ်။ သမီးက ဘယ်နေရာကိုမဆို သွားနိုင်တာပဲမဟုတ်လား။ ဒီစကားတစ်ခွန်းပြောပြီးနောက် မေမေဘာမှ ဆက်မပြောခဲ့တော့ဘူး။
ရေဘဝဲကို မနက်စာအ ဖြစ် သင်တို့သားအမိ စားကြတယ်။ စားပြီးတဲ့နောက် အိမ်ကနေ သင်တို့ ထွက်လာခဲ့ကြတယ်။ အိမ်အနောက်ဘက်တောင်ပေါ်ကလယ်ကန်သင်းရိုးတချို့ကို သင်တို့ ဖြတ်ကျော်ခဲ့ပြီး တောင်တက်လမ်းပေါ် ခြေချခဲ့ကြတယ်။ လူသွားလူလာမရှိပေမယ့် ဒီနေရာမှာ လူသွားလမ်းလေးတစ်ခု ဖြစ်လို့နေတယ်။Dianmy ဝက်သစ်ချပင်နဲ့ Sawtooth ဝက်သစ်ချပင်တို့ရဲ့ သစ်ရွက်တွေ မြေပြင်ပေါ်မှာ ထူထူထဲထဲ ပြန့်ကျဲနေခဲ့တယ်။ သစ်ရွက်ပေါ် နင်းလျှောက်လိုက်ရင် အသံတရှဲရှဲနှင့် မြည် နေခဲ့တယ်။ တစ်ခါတလေ တောလမ်းလေးနဲ့အပြိုင်ပေါက်ရောက်နေတဲ့ သစ်ပင်ဆီက သစ်ကိုင်းတချို့ သင်တို့မျက်နှာပေါ် လာရိုက်ခတ်တယ်။ ရှေ့မှာ လျှောက်နေတဲ့ မေမေက သစ်ကိုင်းကို မကြာခဏ ဘေးဖယ်ပြီးသင့်ကို အရင်ဖြတ်ကျော်စေတယ်။ ပြီးမှ သစ်ကိုင်းကို သူ လွတ်လိုက်တတ်တယ်။ငှက်တွေ က တောင်ပံဖျပ်ဖျပ်ခတ်ပြီး ထပျံကုန်ကြတယ်။
'မေမေ ဒီကို အမြဲလာတာလား'
'အင်း . . . '
'ဘယ်သူနဲ့လာတာလဲ'
'ဘယ်သူနဲ့ရှိနိုင်ဦးမလဲ။ ဘယ်သူက မေမေ့ကို အဖြော်ပုပြီးလာမှာ တဲ့လဲ'
မေမေ တစ်ယောက် တည်း ဒီလမ်းကို လျှောက်ခဲ့တယ်။ မေမေ့ကို သင်လုံးလုံးနားမလည်ဘူးလို့ ခံစားမိပြန်တယ်။ ဒီလမ်းလေးက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တစ်ယောက် တည်း လမ်းလျှောက်ဖို့ မသင့်တော် တဲ့လမ်းပါ။ တချို့နေရာတွေ မှာ ဝါးပင်တွေ ထိုးထိုး ထောင်ထောင်နဲ့ ကောင်းကင်ြကီးကို အုပ်မိုးနေခဲ့ပါတယ်။
'ဘာ ဖြစ်လို့ တစ်ယောက် တည်း ဒီကို လာရတာ လဲ'
'သမီးဒေါ်လေးဆုံးပြီးတဲ့နောက် ဒီကို မေမေ တစ်ခေါက်ရောက်ခဲ့ဖူးတယ်။အဲဒီ နောက်ပိုင်း အမြဲလာ ဖြစ်ခဲ့တယ်'
သင်တို့နှစ် ယောက် သား ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့တယ်မသိဘူး။ တောင်ကမူလေးတစ်ခုအပေါ်ရောက်တော့ မေမေ့ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ မေမေ့ဘေးနား သင်လျှောက်သွားပြီး မေမေကြည့်တဲ့ဘက်ကို လိုက်ကြည့်လိုက်တယ်။
'အား . . . ဒီလမ်းလေးပဲ' သင် မအောင့်နိုင်ဘဲ အသံထွက်အော်မိတယ်။ဒီလမ်းလေးပဲလား၊ ဒီလမ်းကလေးကို သင် မေ့မေ့ပျောက်ပျောက်ရှိနေခဲ့တာကြာပါပြီ။ ဒီလမ်းကလေးက အဘွားအိမ်သွားတိုင်း လျှောက်ခဲ့တဲ့ ဖြတ်လမ်းလေးပါ။နောက်တော့ ရွာထဲမှာ ရွာကိုဖြတ်သွားတဲ့လမ်းမကြီးတစ်ခု ခင်းခဲ့ကြပေမယ့်ဒီလမ်းလေးကို လူတွေ နှစ် နှစသက် သက် အသုံးပြုခြဲ့ကသေးတယ်။
တစ်ခါက အဘွားအိမ်သွားကန်တော့တုန်းက ခြံထဲက ကြက်တစ်ကောင်ကို ကြိုးချည်ပြီး သင်ယူသွားခဲ့တယ်။ လမ်းတစ်ဝက်ရောက်တော့ ကြက်လွတ်သွားခဲ့တယ်။ အဲဒီ တုန်းက ဒီလမ်းလေးမှာ ပဲ နေရာအနှံ့ သင် ကြက်လိုက်ရှာခဲ့တယ်။ ကြက်လွတ်သွားပြီဆိုရင် ပြန်မရနိုင်တော့ပါဘူး။ အဲဒီ ကြက် ဘယ်ရောက်သွားပြီလဲ၊ ဒီလမ်း တော် တော် ပြောင်းလဲသွားခဲ့ပါပြီ။ အစက မျက်စိမှိတ်ပြီးသွားလည်းမှတ်မိနေတတ်တဲ့လမ်းဟာ အခုတော့ တောင်ကမူလေးကိုသာမတွေ့ ခဲ့ရင် သင်လုံးဝ မှတ်မိလိမ့်မှာ မဟုတ်ဘူး။ တောင်ကမူလေးထိပ်မှာ ရပ်ပြီး အဘွားအိမ်ရှိတဲ့အရပ်ဘက်ဆီ မေမေမှန်းမျှော်ကြည့်နေခဲ့တယ်။ အဲဒီ နေရာမှာ လူတွေ မနေတော့ပါဘူး။ အိမ်ခြေငါးဆယ်လုံး တခြားနေရပ်ဆီ ပြောင်းသွား ခဲ့ကြပါပြီ။ မဖြိုဘဲ ကျန်နေသေးတဲ့ အိမ်တချို့မှာ လည်း လူရှိမနေတော့ပါဘူး။
ဒီနေရာကို တစ်ယောက် တည်းလာတာဟာ လူမနေတော့တဲ့ ငယ်ဘဝကရွာလေးကို မေမေ တစ်ချက်ကြည့်ရဖို့အတွက်လား၊ မေမေ့ခါးကို သင် ဖက်ပြီးဆိုးလ်မြို့ကိုလိုက်ခဲ့ဖို့ တောင်းဆိုပြန်တယ်။ သင့်စကားကို မေမေပြန်မဖြေဘဲ ဂျင်ဒို(Jindo) ခွေးအကြောင်း စကားစလိုက်တယ်။ ခွေးလှောင်အိမ်ထဲမှာ ခွေးရှိမနေတာကိုသင်လည်း အြံ့သခဲ့မိတယ်။ မေမေ့ကို မေးဖို့ သင် အချိန်မရှိခဲ့သေးလို့ ဖြစ်တယ်။
လွန်ခဲ့တဲ့တစ်နှစ် ကျော်က နွေရာသီမှာ သင်အိမ်တစ်ခေါက်ပြန်ခဲ့တုန်းကစတိုခန်းဘေးမှာ ဂျင်ဒိုခွေးတစ်ကောင်ချည်ထားတာကို သင်တွေ့ ခဲ့တယ်။ အဲဒီ တုန်းက ရာသီဥတုအရမ်းပူခဲ့တယ်။ ခွေးကို တင်းတင်းကျပ်ကျပ်ချည်ထားတော့ခွေးဟာ အသက်ပြင်းပြင်းရှူနေပြီး သေတော့မယ့်ဟန် ပေါက်နေခဲ့တယ်။ ခွေးကိုလွတ်ပေးလိုက်ဖို့ မေမေ့ကို သင်ပြောတယ်။ မေမေက ခွေးကို ကြိုးဖြည်ပေးလိုက် ရင် အိမ်ရှေ့ကြိုဖတ်သွားရဲတဲ့လူ ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ခွေးကို သံကြိုးနဲ့တောင် ချည်ထားလိုက်သေးတယ် . . . . အဲဒီ တုန်းကအိမ်ကိုရောက်လာတာနဲ့ မေမေ့ကိုတောင် သင် နှုတ်မဆက်အားဘဲ ခွေးကိစ္စနဲ့မေမေ့ကို သင် အရင် ရန်ြဖစ်ပစ်လိုက်တယ်။
'ခွေးကို ဘာလို့ချည်ထားရတာ လဲ၊ လွှတ်လိုက်ပါ' ဒါက သင့်ရဲ့ အဆို ဖြစ်တယ်။
'ရွာမှာ နေတယ်ဆိုပေမယ့် အခုချိန်မှာ ဘယ်သူမှလည်း ခွေးကို ကြိုးဖြည်မထားခဲ့တော့ဘူး။ လူတိုင်း ခွေးကို ကြိုးနဲ့ချည်ထားကြတာပဲ။ တကယ်လို့ လွှတ်ပေးလိုက် ရင် အိမ်ပြင်ကို ထွက်ပြေးတတ်တယ်' ဒါက မေမေ့ရဲ့ စကား ဖြစ်တယ်။
'ဒီလိုဆိုရင် ကြိုးရှည်တစ်ချောင်းနဲ့ ချည်ထားပေါ့။ ဒီလောက်တင်းတင်းကျပ်ကျပ်ချည်ထားမှတော့ ဒီလောက်ပူတဲ့ရာသီဥတုမှာ ခွေးက ဘယ်ရှင်တော့မလဲ၊စကားမပြောတတ်တဲ့ တိရစ္ဆာန်ဆိုပေမယ့် ဒီလိုတော့ မဆက်ဆံသင့်ဘူး' မေမေ့ကိုသင် ပြန်ချေပတယ်။
အိမ်မှာ ဒီကြိုးတစ်ချောင်း ပဲရှိတယ်။ အရင်ကသုံးခဲ့တဲ့ ကြိုး ဖြစ်ပုံရတယ်လို့မေမေကပြောတယ်။ ကြိုးတစ်ချောင်းထပ်ဝယ်လို့ မရဘူးလား။ မေမေ့အိမ်ကိုသင် မပြန်တာကြာခဲ့ပြီ။ ဒီတစ်ခေါက်ပြန်တော့ အိမ်ထဲတောင် သင် မဝင်သေးဘဲကြိုးရှည်တစ်ချောင်းဝယ်ဖို့ တံခါးဝကနေ သင် လှည့်ထွက်ခဲ့တယ်။ ကြိုးရှည်နဲ့ချည်ထားရင် ခွေးလည်း လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ကြိုးဝယ်ပြန်လာပြီးနောက် ခွေးလှောင်အိမ်ကို သင်ကြည့်လိုက်တယ်။ ခွေးလှောင်အိမ်ကလည်း သေးနေတယ်။ ခွေးလှောင်အိမ်သွားဝယ်မယ်လို့ သင် ဆိုပြန်တယ်။မေမေက သင့်ကိုတားပြီး ဘေးရွာမှာ လက်သမားရှိတယ်။ လက်သမားနဲ့ ဆောက်ခိုင်းရင် ရပြီလို့ဆိုတယ်။ မေမေ့ကိုကြည့်ရတာ တိရစ္ဆာန်အတွက် လှောင်အိမ်ဝယ်တယ်ဆိုတာ မယုံနိုင်စရာ၊ မတွေးဝံ့စရာ ဖြစ်တယ်။
'ပျဉ်သုံးလေးချပ်ဆင့်ပြီး သံသုံးလေးချက်ရိုက်လိုက်ရင် ပြီးသွားမယ့်ဥစ္စာ ပိုက်ဆံအကုန်ခံနေသေးတယ်။ ကြည့်ရတာ သမီးမှာ ပိုက်ဆံတွေ များ ပြီးသုံးလို့မကုန်တဲ့ပုံပဲ' ဒါက မေမေ့ရဲ့ အတွေး ဖြစ်တယ်။ ဆိုးလ်မြို့ဆီ သင်ပြန်တော့မေမေ့ကို တစ်သိန်းတန် ချက်လက်မှတ်တစ်စောင် ပေးခဲ့တယ်။ ဂျင်ဒိုခွေး အတွက် လှောင်အိမ်ခပ်ကျယ်ကျယ်တစ်လုံး မေမေလုပ်ကို လုပ်ပေးရမယ်လို့သင် မှာ တယ်။ သင်မှာ တာကို မေမေ ကတိပြုခဲ့တယ်။ ဆိုးလ်မြို့ကို သင်ပြန်ရောက်ပြီးနောက် ခွေးလှောင်အိမ်လုပ်ပြီးမပြီး မေမေ့ကို သင် ဖုန်းအကြိမ်ကြိမ်ဆက်ခဲ့တယ်။ မေမေက သဘောလောက်သာ သင့်ကို 'အေး. . . အေး'လုပ်လိုက်မယ်၊ ချက်ချင်း လုပ်လိုက်မယ်'လို့ ပြောခဲ့တယ်။ စတုတ္ထအကြိမ်ဖုန်းဆက်တော့လည်းမေမေက ဒီစကားကိုပဲပြောခဲ့တော့ သင် ဒေါသထွက်ခဲ့မိတယ်။
'မေမေ့ကို သမီး ပိုက်ဆံပေးလိုက်ပြီမဟုတ်လား။ တောကလူတွေ လွန်လွန်းနေပြီနော်။ ခွေးကို ကိုယ်ချင်းစာစိတ်တောင် မရှိဘူး။ အဲ့လောက်သေးငယ်တဲ့နေရာ သူ ဘယ်လိုနေမလဲ ၊ ရာသီဥတုက ဒီလောက်ပူတာ။ ခွေးကအထဲမှာ မစင်စွန့်တော့ နေရာတကာ ပေကုန်ပြီ။ သန့်ရှင်းပေးမယ့်လူလဲ မရှိဘူး၊ခွေးကကြီးပြီး လှောင်အိမ်ကသေးနေတော့ ဘယ်လိုနေရမှာ လဲ ပြီးတော့ ခြံထဲမှာ ပဲထားတယ်။ ခွေးလေးသနားစရာကောင်းတယ်လို့ မေမေ မထင်ဘူးလား။'
ဖုန်းရဲ့ ဟိုတစ်ဖက်မှာ ဘာသံမှမကြားခဲ့ရဘူး။ တောကလူတွေ လွန်လွန်းနေပြီနော်. . . ဒီစကားကိုပြောပြီး သင် ချက်ချင်း နောင်တရလိုက်တယ်။ ဒီလိုစကားမျိုး ဘာကြောင့် ပြောရသလဲ။ အဲဒီ အချိန်မှာ မေမေ့ရဲ့ ဒေါသသံက ဖုန်းတစ်ဖက်ကနေ ပျံ့လွင့်လို့လာခဲ့တယ်။
'နင့်မျက်စိထဲမှာ ခွေးပဲရှိတယ်။ ငါဆိုတဲ့ ဒီမေမေ မရှိတော့ဘူးလား။ နင့်အကြည့်ထဲမှာ မေမေဆိုတာ ခွေးတွေ ကို အနိုင်ကျင့်နှိပ်စက်နေသူလား၊ နင်နဲ့ဘာမှမဆိုင်ဘူး . . . ငါကြိုက်သလို ငါမွေးမယ်'
ဖုန်းကို မေမေ အရင်ချလိုက်တယ်။ တခြားအချိန်မှာ တော့ ဖုန်းကိုအရင်ချသူဟာ သင် ဖြစ်တယ်။ 'မေမေ. . .သမီး ပြန်ဆက်လိုက်မယ်နော်' လို့ဆိုပြီး ပြန်လည်း မဆက် ဖြစ်ခဲ့ဘူး။ မေမေပြောတဲ့စကားတွေ ဆုံးအောင်နားထောင်ဖို့အတွက်သင့်မှာ အချိန်မရှိခဲ့ဘူး။ ဒီတစ်ကြိမ်မှာ တော့ မေမေက ဖုန်းအရင်ချသွားခဲ့ပြီ။ဒါဟာ အိမ်ကို သင် ခွဲသွားပြီးတဲ့နောက် ပထမဆုံးအကြိမ် သင့်အပေါ် မေမေ စိတ်ဆိုးတာ ဖြစ်တယ်။ မေမေ့အနားကနေ သင်ခွဲသွားပြီးနောက် ပထမဆုံးအကြိမ် သင့်အပေါ် မေမေ စိတ်ဆိုးတာ ဖြစ်တယ်။ မေမေ့အနားကနေ သင် ခွဲသွားပြီးတဲ့နောက် မေမေက အမြဲတမ်း သင့်ကို 'မေမေတောင်းပန်ပါတယ်။ သမီးကို ပြုစုစောင့်ရှောက်ဖို့မေမေ့မှာ အင်အားမရှိခဲ့တာပါ။ ဒါကြောင့် သမီးကို သမီးအစ်ကိုလက်ထဲ အပ်လိုက်ရတာ ပါ' လို့ ပြောတတ်တယ်။ သင် ဖုန်းဆက်လိုက်တိုင်း မေမေက ဒီလိုစကားမျိုးကိုပဲ ထပ်တလဲလဲ ပြောတတ်ခဲ့တယ်။
မေမေ ဖုန်းအရင်ချသွားခဲ့ပြီ။ ဒါပေမယ့် သင့်ကို စိတ်မကောင်း ဖြစ်စေတာက မေမေ ဖုန်းအရင်ချလိုက်လို့မဟုတ်ဘဲ မေမေ ခွေးမွေးတဲ့နည်းကြောင့် ဖြစ်တယ်။ မေမေ ဘာ ဖြစ်လို့ ဒီလို ဖြစ်သွားရတာ လဲ၊ စိတ်ထဲကနေ မေမေ့ကို သင်အပြစ်တင်မိတယ်။ မေမေဟာ အိမ်မှာ နေပြီး နေ့တိုင်း တိရစ္ဆာန်မျိုးစုံကို ထိန်းကျောင်းကျွေးမွေးရတယ်။ ဆိုးလ်မြို့မှာ ခပ်ကြာကြာလာနေမယ်လို့ မေမေ စိတ်ကူးခဲ့ပေမယ့် ရောက်ပြီးသုံးရက်လွန်တာနဲ့ အိမ်ပြန်မယ်လို့ မေမေ တဂျီဂျီလုပ်တတ်ခဲ့တယ်။ အိမ်ပြန်ပြီး ခွေးစာကျွေးဖို့အတွက် ဖြစ်တယ်။ ဒါပေမယ့် အခုချိန်မှာ တော့မေမေဟာ ဘာ ဖြစ်လို့ ဒီလိုရက်စက်သွားခဲ့ရတာ လဲ။
စာနာစိတ်မရှိတဲ့မေမေ့ကို သင် စိတ်ပျက်လက်ပျက် ဖြစ်လာခဲ့မိတယ်။သုံးလေးရက်နေပြီး နောက် သင့်ဆီ မေမေ ဖုန်းအရင်ဆက်လာခဲ့တယ်။
'အရင်တုန်းက သမီးဒီလိုမဟုတ်ပါဘူး။ အခုတော့ ညှာတာစိတ်ကင်းမဲ့နေပါလား။ မေမေ ဖုန်းအရင်ချလိုက်တယ်ဆိုပေမယ့် မေမေ့ကို သမီး ဖုန်းထပ်ဆက်သင့်တာပေါ့။ မေမေနဲ့ ဘာ ဖြစ်လို့ သွေးအေးစစ်ပွဲ ဖြစ်ချင်ရတာ လဲ'
မခေါ်မပြောဘဲနဲ့ သွေးအေးစစ်ပွဲ သင် တမင်လုပ်ချင်တာမဟုတ်ပါဘူး။သင် အလုပ်များ နေလို့ပါ။ သင် အချိန်မရလို့ပါ။ တစ်ခါတလေမှာ စိတ်တိုပြီး ဖုန်းချသွားခဲ့တဲ့ မေမေ့ကို သင်သတိရပါတယ်။ မေမေ့ကို ဖုန်းဆက်မယ်လို့လည်းတွေးမိပါတယ်။ ဒါပေမယ့် ရှုပ်ယှက်ခတ်နေတဲ့ အလုပ်တွေ ကြောင့် ဖုန်းဆက်ဖို့ကိုသင် မေ့သွားခဲ့ပါတယ်။
'ပညာတတ်တဲ့လူတွေ က ဒီလိုပဲလား'
မေမေဟာ သင့်ကိုအော်ငေါက်ပြီးနောက် ဖုန်းချသွားပြန်တယ်။ လမုန့်ကန်တော့ပွဲပေးချိန် မေမေ့ဆီ သင်ပြန်တော့ စတိုခန်းရှေ့မှာ ခွေးလှောင်အိမ်ကြီး တစ်လုံး ချထားတာကို သင် တွေ့ လိုက်တယ်။ လှောင်အိမ်ထဲမှာ နူးညံ့ပျော့ပျောင်းတဲ့ကောက်ရိုးတွေ ခင်းထားပါတယ်။
'အောက်တိုဘာလတုန်းက မနက်စာချက်ဖို့ မီးဖိုချောင်ထဲမှာ မေမေဆန်ဆေးနေခဲ့တယ်။ အဲဒီ မှာ တစ်ယောက် ယောက် က မေမေ့ကျောကို ပုတ်လိုက်တယ်လို့ မေမေခံစားခဲ့ရတယ်။ နောက်ပြန်လှည့်ကြည့်ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ ခဲ့ဘူး။ သုံးရက်ဆက်တိုက် ဒီလိုပဲ ဖြစ်ခဲ့တယ်။ လူ တစ်ယောက် ယောက် က မေမေ့ကိုပုတ်နေတယ်ဆိုတာ သိပေမယ့်လှညြ့်ကည့်လိုက်တိုင်း ဘာမှရှိမနေခဲ့ဘူး ။ လေးရက်မြောက်တဲ့နေ့က ထင်တယ်။ မိုးလင်းအိပ်ရာထတာနဲ့ မေမေ အိမ်သာသွားခဲ့တယ်။ အိမ်သာဘေးမှာ ခွေးတစ်ကောင်လဲနေတာကို တွေ့ လိုက်တယ်။ ဒါတောင်သမီးက ခွေးကို အနိုင်ကျင့်နှိပ်စက်တယ်ဆိုပြီး မေမေ့ကို စိတ်တိုချင်သေးတယ်။တကယ်တော့ ဒီခွေးက ရထားသံလမ်းဘေးမှာ လေလွင့်နေတဲ့ ခွေးတစ်ကောင်ပါ။တစ်ကိုယ်လုံး အမွေးတွေ ကျွတ်နေပြီ။ မေမေသနားလို့ အိမ်ခေါ်လာခဲ့တယ်။ ကြိုးနဲ့ချည်ပြီး ထားခဲ့တယ်။ အစာရေစာ ကျွေးခဲ့တယ်။ ကြိုးနဲ့ချည်မထားရင် သူ ထွက်ပြေးပြီး လျှောက်သွားမှာ စိုးလို့ . . . လူတွေ သတ်စားလိုက်မှာ စိုးလို့ . . . အစမှာ တော့ခွေးအိပ်ပျော်နေတယ်လို့ မေမေထင်တယ်။ ဒါပေမယ့် မေမေ သွားထိကြည့်တော့ခွေးက လှုပ်တောင်မလှုပ်ခဲ့ဘူး။ ခွေးက သေနေခဲ့တာ။ ရှေ့တစ်ရက်က အစာတွေ အများ ကြီး စားသေးတယ်။ အမြီးလေးလှုပ်ပြီး ပျော်နေသေးတယ်။ အခုတော့သေသွားပြီတဲ့။ ခွေးက အိပ်ပျော်နေတဲ့အတိုင်းပဲ။ ချည်ထားတဲ့ကြိုးကနေ သူဘယ်လိုရုန်းခဲ့သလဲ မသိပါဘူး။ အိမ်ခေါ်လာစက အရိုးတွေ ချည်းပဲ။ နောက်တော့အသားတွေ ပြည့်လာသလို အမွေးတွေ လည်း ပြောင်လက်လာတယ်။ ခွေးက အရမ်းတော် တယ်။ ကြွက်ဖမ်းတတ်တယ်'
မေမေ သက်ြပင်းတစ်ချက်ချလိုက်တယ်။
'သားသမီးမွေးရင် ကိုယ့်ကိုယ်ပြန်ကြည့်ချင်မှ ပြန်ကြည့်တာ။ ခွေးမွေးတော့ ကိုယ်ကို ပြန်တုန့်ပြန်တယ်။ အဲဒီ ခွေးက မေမေ့ကိုယ်စား လောကကြီးကနေ ထွက်သွားပေးတာပဲ'
ဒီတစ်ခေါက် သက်ပြင်းချသူက သင် ဖြစ်တယ်။
'ဒီနှစ် နွေဦးတုန်းက အိမ်ရှေ့ကဖြတ်သွားတဲ့ ဘုန်းကြီးတစ်ပါးကို မေမေဆွမ်းကပ်ခဲ့တယ်။ ဘုန်းကြီးက ဒီနှစ် မေမေတို့အိမ်မှာ လူ တစ်ယောက် လျော့ကိန်းရှိတယ်လို့ ပြောတယ်။ မေမေ့စိတ်တွေ ကယောင်ချောက်ချားနဲ့။ တစ်နှစ် ပတ်လုံးအဲဒီ စကားကို မေမေ ကြားယောင်နေခဲ့တယ်။ မကောင်းဆိုးဝါးတွေ မေမေ့ကို မကြာခဏ လာရှာတယ်။ လာရှာတိုင်း မေမေ ဆန်ဆေးနေခဲ့လို့ မေမေ့ကို မစောင့်ဘဲခွေးကို အရင်ခေါ်သွားခဲ့တယ်'
'မေမေ ဘာတွေ ပြောနေတာလဲ၊ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့လူက ဘာ ဖြစ်လို့ ဒီလိုစကားမျိုးပြောရတာ လဲ'
စတိုခန်းဘေးက လွတ်နေတဲ့ ခွေးလှောင်အိမ်နဲ့ မြေပေါ်ကျနေတဲ့ကြိုးကိုသင် သတိရလာမိတယ်။ သင့်စိတ်တွေ စကားလုံးမဲ့ရှုပ်ထွေးနေလို့ မေမေ့ခါးကိုပဲသင် ဖက်ထားလိုက်မိတယ်။
'ခွေးကို တွင်းနက်နက်နဲ့ မေမေ မြှုပ်ထားတယ်'
မေမေက ပုံပြောကောင်းသူတစ်ဦးပါ။ ရိုးရာကန်တော့ပွဲညမှာ အနီးအနားမှာ နေတဲ့ ကြီးကြီးနဲ့ အန်တီလေးတို့က ရေခွက်နဲ့ဆန်တွေ ထည့်ပြီး လာပို့ပေးတတ်တယ်။ အဲဒီ တုန်းက ဆန်ရေစပါး အလွန်ရှားပါးတဲ့ခေတ်မို့ ဒါတွေ ဟာသူတို့ရဲ့ စိတ်ကောင်းစေတနာလို့ ပြောလို့ရပါတယ်။ ရိုးရာကန်တော့ပွဲပြီးသွားရင်မေမေက ဆွေမျိုးတွေ ဆန်ထည့်လာပေးတဲ့ရေခွက်ထဲ ကန်တော့ပြီးသား အစားအစာတွေ ပြန်ထည့်ပေးတတ်တယ်။ ကန်တော့တဲ့အချိန်မှာ ဆန်ထည့်လာတဲ့ရေခွက်တွေ ကို တစ်နေရာမှာ စုပုံထားခဲ့တယ်။
တစ်ခါက ရိုးရာကန်တော့ပွဲမှာ မေမေကပြောတယ်။ ငှက်ကလေးတစ်အုပ်ဟာ ကြီးကြီးတို့၊ ဒေါ်လေးတို့၊ အန်တီတို့ယူလာတဲ့ ဆန်ပေါ်မှာ ခဏနားပြီးထပျံ သွားပါတယ်တဲ့။ မေမေပြောတာကို သင်မယုံခဲ့ဘူး။ ဒါကို မေမေက ဆက်ပြီး'မေမေ့မျက်လုံးနဲ့ တပ်အပ်မြင်လိုက်တယ်။ ငှက်ကလေးတွေ ခြောက်ကောင်လောက်ရှိမယ်။ အဲဒီ ငှက်တွေ က ကန်တော့ပွဲကအစာတွေ ကို လာစားမယ့် ဘိုးဘွားဘီဘင်တွေ ပေါ့' လို့ဆိုတယ်။ မေမေပြောတာကို လူတွေ က ရယ်ကြတယ်။ မေမေ ပြောတာကို နားထောင်ပြီး ဆန်ထည့်ထားတဲ့ရေခွက်ကို သင်ကြည့်လိုက်မိတယ်။ဆန်ပေါ်မှာ ငှက်ခြေရာလေးတွေ ကို သင် တွေ့ လိုက်တယ်။
တစ်ခါကလည်း မနက်စောစောမှာ ထမင်းဟင်းတွေ ကို မေမေထုပ်ပိုးပြီးလယ်ထဲ ဆင်းခဲ့တယ်။ လယ်ထဲရောက်တော့ အမျိုးသမီးတစ်ဦး ကုန်းကုန်းကွကွနဲ့မြက်နုတ်နေတာကို တွေ့ လိုက်တယ်။ သူ့ကို ဘယ်သူလဲလို့ မေမေမေးတော့ အမျိုးသမီးက သူ ဒီလမ်းကို ဖြတ်သွားတုန်း လယ်ထဲမှာ မြက်ပင်တွေ များ နေတာကိုတွေ့ လို့ မြက်ကူနုတ်ချင်စိတ်ပေါက်လာတာနဲ့ မြက်နုတ်ပေးနေတာပါလို့ ပြောပါတယ်။ ဒီလိုနဲ့ မေမေဟာ သူစိမ်းအမျိုးသမီးနဲ့အတူ မြက်တွေ ကို ကြိုးစားပမ်းစားနုတ်ခဲ့တော့တယ်။ အဲဒီ အမျိုးသမီးကို ကျေးဇူးတင်တဲ့အနေနဲ့ မေမေဟာ သူယူခဲ့တဲ့ထမင်းထုပ်ကို အတူတူမျှစားခဲ့ကြတယ်။ တစ်ဖက်က စကားတွေ ပြောရင်းတစ်ဖက်က မြက်တွေ ကိုနုတ်ရင်း မိုးစုန်းစုန်းချုပ်မှ လမ်းခွဲအိမ်ပြန်ခဲ့ကြတယ်။အိမ်ပြန်ရောက်တော့ မေမေက သူစိမ်းအမျိုးသမီးတစ်ဦးနဲ့ သူ အလုပ်အတူတူလုပ်ခဲ့ကြောင်း၊ တစ်နေကုန်လုပ်ခဲ့ကြောင်း ကြီးကြီးကိုပြောပြတယ်။ ကြီးကြီးကမျက်စိပျက်မျက်နှာပျက်နဲ့ အဲဒီ အမျိုးသမီးရဲ့ ပုံပန်းသဏ္ဌာန်ကို မေးတယ်။မေမေပြောပြတဲ့ ပုံပန်းသဏ္ဌာန်ကိုနားထောင်ပြီး ကြီးကြီးကပြောတယ်။ အဲဒီ အမျိုးသမီးက ဟိုးအရင်က အဲဒီ လယ်ကွက်ရဲ့ ပိုင်ရှင် ဖြစ်ခဲ့တယ်။ မြက်နုတ်ရင်းနေပူလောင်လို့ သေဆုံးခဲ့တဲ့သူ ဖြစ်တယ်။ မေမေတို့ပြောတဲ့စကားကို နားထောင်နေတဲ့ သင်ကမေမေ့ကို ထမေးတယ်။
'မေမေ၊ လူသေ တစ်ယောက် နဲ့ တစ်နေကုန် မြက်အတူတူနုတ်ခဲ့တာမကြောက်ဘူးလား'
မေမေက ဘာမှမ ဖြစ်တဲ့ ပုံစံနဲ့ 'ဘာကြောက်စရာလိုလို့လဲ၊ မေမေ တစ်ယောက် တည်းနုတ်ရင် နှစ် ရက်သုံးရက်မှ ပြီးမယ့်အလုပ်ကို သူ ကူနုတ်လိုက်တော့ မြန်မြန်ပြီးသွားတာပေါ့။ မေမေတောင် သူ့ကို ကျေးဇူးတင်ရဦးမယ်'လို့ ဆိုခဲ့တယ်။
ခေါင်းကိုက်ဝေဒနာက မေမေ့ကို ဝါးမျိုမတတ်ဆိုးဝါးခဲ့တယ်။ မေမေ့ရဲ့ ခွန်အားနဲ့အသက်ကို အရှိန်အဟုန်ပြင်းပြင်း လောင်မြိုက်နေခဲ့တယ်။ ခုတင်ပေါ် လဲလျောင်းရတဲ့အချိန်တွေ ရှည်သထက်ရှည်လာခဲ့တယ်။ တစ်ရာတန်လောင်းကြေးနဲ့ ကစားတဲ့ဖဲဝိုင်းက မေမေ့ရဲ့ သိပ်မများ တဲ့ အပျော်တွေ ထဲက အပျော်တစ်ခု ဖြစ်တယ်။ အခုတော့ အဲဒီ ဖဲကစားတာဟာလည်း မေမေ့ကို အာရုံစူးစိုက်မှု မရှိစေခဲ့တော့ဘူး။ ဘယ်အရာ၊ ဘာကိစ္စမဆို မေမေ နှေးကွေးလာခဲ့တယ်။
တစ်ခါက လက်သုတ်ပဝါကို မီးဖိုပေါ်က အိုးထဲ မေမေထည့်ခဲ့တယ်။လက်သုတ်ပဝါသန့်ရှင်းအောင် ပြုတ်လျှော်မလို့ပါ။ ဒါပေမယ့် ရုတ်တရက် ကြမ်းပြင်ပေါ် မေမေ လဲကျခဲ့မိတယ်။ ကြမ်းပြင်ပေါ်ကနေ တော် တော် နဲ့ မထနိုင်ခဲ့ဘူး။ အိုးထဲထည့်ထားတဲ့ လက်သုတ်ပဝါက အိုးခြောက်ပြီး မီးတူးသွားခဲ့တယ်။ မီးဖိုတစ်ခုလုံးမီးခိုးငွေ့တွေ နဲ့ ဒါတောင် မေမေ သတိမလည်လာခဲ့သေးဘူး။ တကယ်လို့ အိမ်နီးနားချင်းသာ မီးခိုးတွေ တွေ့ လို့ ဝင်မကြည့်ခဲ့ဘူးဆိုရင် သင်တို့အိမ် မီးလောင်ကောင်းလောင်ခြဲ့ပြီဖစ်တယ်။
ခေါင်းကိုက်ဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ မေမေ့ကိုတွေ့ တော့သားသမီးသုံးယောက် မွေးထားတဲ့ ညီမလေးက သင့်ကို မေးတယ်။
'မမ . . . မေမေ တကယ်ပဲ မီးဖိုချောင်ကို ကြိုက်တာလား'
ဘာ ဖြစ်လို့ ဒီလိုမေးခွန်းမျိုးမေးဖို့ တွေးမိရသလဲလို့ ညီမလေးကို သင်ပြန်မေးတယ်။ ညီမလေးက တကယ်တမ်းပြောရရင် မေမေ မီးဖိုချောင်ကြိုက်လိမ့်မှာ မဟုတ်ဘူးလို့ ဆိုတယ်။ သင့် ညီမလေးက ဆေးဆရာတစ်ဦး ဖြစ်တယ်။ပထမကလေး ကိုယ်ဝန်ရှိတုန်းက ဆေးဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ မရီးက ကလေးထိန်းကူတယ်။ နေအိမ်နဲ့ ဆေးဆိုင်ကဝေးတော့ ကလေးမွေးပြီးတာနဲ့ မရီးအိမ်မှာ ပဲ သူ အမြဲနေခဲ့တယ်။ ညီမလေးက ကလေးအရမ်းချစ်တယ်။ ဒါပေမယ့် ဆေးဆိုင်ဖွင့်ရမှာ မို့ ကလေးကို တစ်ပတ်မှာ တစ်ခါလောက်ပဲ တွေ့ ခွင့်ရှိခဲ့တယ်။ ညီမလေးနဲ့ကလေး ခွဲခွာရတဲ့ပုံရိပ်က နာကျင်လွန်းလှတယ်။ သေကွဲရှင်ကွဲထက်တောင် ပိုဝမ်းနည်းရတယ်။ ကလေးကြောင့် တော့ မဟုတ်ဘူး။ မိခင်လုပ်တဲ့လူကြောင့် ဖြစ်တယ်။ သင့်ညီမလေးကြောင့် ဖြစ်တယ်။ ကလေးက ပတ်ဝန်းကျင်မှာ နေသားကျနေခဲ့ပြီ။ ရုံးပိတ်ရက်မှာ ညီမလေးက ကလေးကို လာကြည့်ပြီး မပြန်ခင် မရီးအိမ်ပို့ခဲ့ရတယ်။ မရီးအိမ်ပို့တဲ့အချိန် ညီမလေးက ငိုလို့ယိုလို့၊ ကားစတီယာရင်ကို ကိုင်ထားတဲ့ လက်ဖမိုးတောင် မျက်ရည်တွေ နဲ့ စိုစွတ်ခဲ့ရတယ်။ တနလာင်္နေ့ဆိုရင်ဆေးဆိုင်မှာ မျက်လုံးမို့မို့ နဲ့ ညီမလေး ရပ်နေခဲ့တယ်။
'ဒီလိုပုံစံ နဲ့ ဆေးဆိုင် ဆက်ဖွင့်နိုင်ပါဦးမလား'
ညီမလေးကို သင် ဖျောင်းဖျပြောဆိုခဲ့တယ်။ ဒုတိယကလေးမွေးပြီးချိန်အထိ ဆေးဆိုင်က ဆက်လက်ဖွင့်ထားဆဲ ဖြစ်တယ်။ ညီမလေးရဲ့ အမျိုးသားကအမေရိကန်နိုင်ငံကို နှစ် နှစ် ကြာ ပညာတော် သင် သွားရမယ်ဆိုကာမှ ဆေးဆိုင်ကိုညီမလေး ပိတ်ခဲ့တယ်။ ဒါဟာ ကလေးတွေ အတွက် အတွေ့ အကြုံကောင်းတစ်ခုလို့ညီမလေး ထင်ခဲ့တယ်။ ဒီလိုနဲ့ ဆိုးလ်မြို့က ကိစ္စဝိစ္စတွေ ထိန်းသိမ်းထုပ်ပိုးပြီးနောက် အမျိုးသားနဲ့အတူ အမေရိကန်နိုင်ငံကို ညီမလေး လိုက်သွားခဲ့တယ်။အမေရိကန်လိုက်သွားပြီး အနားယူလိုက်ပါဦး ညီမလေးလို့ သင့်ရင်ထဲ တိတ်တခိုးမျှော်လင့်ခံ့တယ်။ ညီမလေးက အိမ်ထောင်ကျပြီးနောက် အလုပ်နဲ့လက်ပြတ်တယ်လို့ မရှိခဲ့ဘူး။
အမေရိကန်နိုင်ငံမှာ ကလေးနောက် တစ်ယောက် ထပ်မွေးပြီးနောက်ညီမလေး ပြည်တော် ပြန်ခဲ့တယ်။ သူအပါအဝင် မိသားစုငါးဦးအတွက် ညီမလေးချက်ကျွေးရတယ်။ ညီမလေးက ပြောတယ်။ တစ်ခါက ငါးပုတ်သင်အကောင်နှစ် ရာကို တစ်လအတွင်း သူတို့ စားခဲ့ကြတယ်တဲ့။
'တစ်လအတွင်း ငါးပုတ်သင်အကောင်နှစ် ရာကို စားခဲ့တယ်။ နေ့တိုင်းငါးပုတ်သင် စားနေတော့တာပဲလား' သင်ပြန်မေးတော့ ညီမလေးက 'ဟုတ်တယ်'လို့ ဖြေခဲ့တယ်။ ပို့လိုက်တဲ့ အိမ်ထောင်ပရိဘောဂတွေ မရောက်သေးတာရယ်၊အိမ်အသစ်ပတ်ဝန်းကျင်အသစ်မှာ နေသားမကျသေးတာရယ်၊ နို့စို့နေသေးတဲ့အငယ်ကောင်က အနားကမခွာနိုင်တာရယ်ကြောင့် ညီမလေး ဈေးသွားချိန်မရှိခဲ့ဘူးလို့ဆိုတယ်။ ယောက္ခမက အရသာစိမ်ပြီး အခြောက်လှန်းထားတဲ့ ငါးပုတ်သင်ကိုသေတ္တာလိုက် သူတို့ကို ပို့ပေးခဲ့တယ်။ ဆယ်ရက်တောင်မကြာဘူး၊ ငါးတွေ ကိုသူတို့ စားပစ်ခြဲ့ကတယ်။
'ပဲပင်ပေါက်ဟင်းရည်နဲ့ ငါးပုတ်သင်ကြော်၊ ဒါမှမဟုတ် ဖရုံသီးဆန်ပြုတ်နဲ့ ငါးပုတ်သင်ကြော်' လို့ ညီမလေးက ရယ်ြပီး ပြောတယ်။
'စားလို့ကုန်သွားတော့ ထပ်စားချင်နေသေးတယ်' ဒီလိုနဲ့ ယောက္ခမကိုဖုန်းဆက်ပြီး ငါးပုတ်သင်ရောင်းတဲ့လိပ်စာကို မေးခဲ့တယ်။ အင်တာနက်ပေါ်ကနေလည်း ဝယ်ယူလို့ရနိုင်တယ်လို့ ပြောတယ်။ တစ်သေတ္တာကို ခဏလေးပဲစားရတယ်။ ဒီလိုနဲ့ တစ်ကြိမ်မှာ နှစ် သေတ္တာဝယ်ခဲ့တယ်။ ငါးရောက်လာတော့ညီမလေးက ငါးကို ရေဆေးရင်း ရေတွက်ကြည့်တယ်။ အကောင်နှစ် ရာပါတယ်လို့ဆိုတယ်။ ကြော်တဲ့အချိန် ကြော်ရလွယ်အောင် ညီမလေးက ဆေးထားတဲ့ငါးကိုထုပ်ထားလိုက်တယ်။ ငါး လေးငါးကောင်ကို ပလတ်စတစ်အိတ်နဲ့ တစ်ထုပ်ထုပ်ပြီးရေခဲသေတ္တာ ထဲ ထည့်ထားခဲ့တယ်။
'တစ်ခါတလေ ဆေးနေရင်း ဆေးနေရင်း ငါးတွေ ကို လွှင့်ပစ်ချင်စိတ်တောင် ပေါက်တယ်။ ဒီလိုနဲ့ မေမေ့ကို ညီမလေး သတိရလာမိတယ်။ မေမေကအဲဒီ ရိုးရာမီးဖိုချောင်ထဲမှာ တစ်အိမ်သားလုံးအတွက် တစ်သက်လုံး ချက်ပြုတ်လာခဲ့တယ်။ သူ့စိတ်ထဲ ဘယ်လိုခံစားခဲ့ရမလဲ၊ ညီမ အရမ်းသိချင်ခဲ့တယ်။ ညီမတို့အရမ်းစားနိုင်ခဲ့ကြတယ် မဟုတ်လား။ မှတ်မိသေးလား။ ထမင်းစားချိန် စားပွဲနှစ် လုံးချခဲ့ရတယ်။ ထမင်းအိုးက ဘာ ဖြစ်လို့ ဒီလောက်တောင်ကြီးခဲ့ရသလဲ၊ ပြီးတော့ဟင်းပွဲလေးတွေ နဲ့ ညီမတို့ ထမင်းထုပ် ထည့်ကြသေးတယ် . . . ။ ဒါကိုပဲ ထပ်တလဲလဲလုပ်ခဲ့ရတယ်။ မေမေ ဘယ်လိုခံနိုင်ရည်ရှိခဲ့သလဲ ညီမတို့အိမ်မှာ ဧည့်သည်လည်း မပြတ်ခဲ့ဘူး။ ဧည့်သည်နှစ် ယောက် သုံးယောက် ကတော့ အမြဲရှိနေတတ်တယ်။ မေမေက မီးဖိုချောင်ကြိုက်မယ့်သူ ဟုတ်ဟန်မတူခဲ့ဘူး' ညီမလေးကကြေကြေကွဲကွဲပြောတယ်။
ညီမလေးရဲ့ စကားကို နားထောင်ပြီး သင့်မှာ ပြောစရာစကားမဲ့နေခဲ့တယ်။ မေမေနဲ့ မီးဖိုချောင်ကိစ္စကို သင်တစ်ခါမှ ခွဲပြီးမစဉ်းစားခဲ့မိဘူး။ မေမေကမီးဖိုချောင်၊ မီးဖိုချောင်က မေမေလို့ပဲ ထင်ခဲ့တယ်။ မီးဖိုချောင်ကို မေမေကြိုက်သလား၊ ဒီမေးခွန်းကို သင် တစ်ခါမှ မတွေးတောခဲ့မိဘူး။
ပိုက်ဆံရဖို့အတွက် မေမေပိုးမွေးခဲ့တယ်။ ကစော်ဖောက်ခဲ့တယ်။ တိုဟူးလုပ်ခဲ့တယ်။ ပိုက်ဆံစုတဲ့ အကောင်းဆုံးနည်းက ပိုက်ဆံကို မဖြုန်းတာပဲ ဖြစ်တယ်။ဘာလုပ်လုပ် မေမေအရမ်းချွေတာခဲ့တယ်။ တစ်နေ့မှာ မေမေက အိမ်မှာ နှစ် ရှည် လကြာသုံးခဲ့တဲ့ ရေနံဆီမီးအိမ်၊ ကြိတ်ဆုံနဲ့ စဥ့်အိုးတွေ ကို ပစ္စည်းဟောင်းတွေ လာဝယ်တဲ့လူဆီ ရောင်းလိုက်တယ်။ မေမေ လက်ရှိသုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေ ကို သူတို့ ဝယ်ယူချင်သေးတယ်။ ခါတိုင်းအချိန်တွေ မှာ မေမေက ဒီပစ္စည်း တွေ ကိုအကြည့်ထဲ ထည်ထားတာမဟုတ်ဘူး ။ အခုတော့ ကုန်သည်ကြီးတစ်ဦးလိုသူတို့နဲ့ ဈေးပြော ဈေးညှိနေခဲ့တယ်။ စစချင်းမှာ မေမေက အောက်ကနေအခွင့်မသာ ဖြစ်နေတယ်။ ဒါပေမယ့် မေမေကလည်း ခေသူမဟုတ်ခဲ့ပါဘူး။ သူတို့ပြောတာတွေ ကို သင် တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့တယ်။
'ဘယ်သူကဈေးကြီးပေးပြီး ဒီပစ္စည်းတွေ ကို ဝယ်မှာ လဲ' မေမေ ဈေးနှုန်းပြောပြီးနောက် အဲဒီ လူတွေ က ရယ်ပြီးပြန်ပြောတယ်။
'ဒီလိုဆိုရင် ဒီအဖိုးမတန်တဲ့ပစ္စည်းတွေ ကို ရှင်တို့ ဘာ ဖြစ်လို့ ကျွန်မဆီကနေ ဝယ်နေရသေးတာလဲ' ပြောပြီး မေမေက ထွက်သွားဖို့ ရေနံဆီမီးခွက်ကိုပြန်ယူတယ်။
'အဒေါ်ကြီးသာ ကုန်သည်ပွဲစားလုပ်ရင် အရမ်းတော် မှာ ပဲ' လို့ အဲဒီ လူနှစ် ယောက် ကပြောပြီး မေမေတောင်းတဲ့ဈေးနှုန်းကို ပေးခဲ့တယ်။
ဘာဝယ်ဝယ် မေမေဟာ ဘယ်တော့မှ မူရင်းဈေးနဲ့ မဝယ်ခဲ့ဘူး။များ သော အားဖြင့် အရာတော် တော် များများ ကို မေမေကိုယ်တိုင် ဖြေရှင်းလိုက်တတ်တယ်။ ဒါကြောင့် မေမေ့ရဲ့ လက်တွေ ဟာ ရပ်နားခဲ့တယ်လို့ မရှိခဲ့ဖူးဘူး။ မေမေဟာ အင်္ကျီချုပ်တယ်၊ ပန်းထိုးတယ်၊ လယ်လုပ်တယ်၊ မေမေ့ရဲ့ လယ်မှာ ဘာမှစိုက်မထားတဲ့အချိန်ဆိုတာ မရှိခဲ့ဘူး။ နွေဦးမှာ အာလူးစိုက်တယ်။ ဆလတ်ရွက်၊တန်အို (Tan Oh)၊ ကွမ်းကတိုးပင်၊ ကြက်သွန်မြိတ်တွေ ပျိုးတယ်။ ငရုတ်ပင် စိုက်တယ်၊ ပြောင်းဖူးပင်စိုက်တယ်။ ခြံစည်းရိုးဘေးမှာ ဖရုံပင်စိုက်တယ်။ လယ်ကန်သင်းရိုးပေါ်မှာ ပဲပင်စိုက်တယ်။
မေမေ့နံဘေးမှာ မတူတဲ့အသီးအနှံမျိုးစုံ အမြဲရှိတယ်။ ပန်းနှမ်း၊ ပိုးစာရွက်၊သခွားသီး . . . မေမေဟာ မီးဖိုထဲမှာ မရှိရင် လယ်ထဲရောက်နေတယ်။ ဒါမှမဟုတ်အာလူးတူးနေတယ်။ ကန်စွန်းဥတူးနေတယ်။ မုန်ညင်းနုတ်နေတယ်။ မုန်လာဥနုတ်နေတယ်။ မေမေ့ရဲ့ ကြိုးစားအားထုတ်မှု တွေ က သင်တို့ကို 'အနာခံမှ အသာစံရမယ်'
ဆိုတဲ့ နိယာမကို ပြောပြနေခဲ့တယ်။ မေမေက ငွေကြေးတွေ ကို စိုက်ပျိုးလို့မရနိုင်တဲ့ အရာတွေ ပေါ်မှာ ပဲ သုံးဖြုန်းတတ်တယ်။ ဥပမာ နွေဦးရာသီမှာ ခြံထဲလွှတ်မွေးထားတတ်တဲ့ ဘဲနဲ့ ကြက်တွေ ၊ ဝက်ြခံထဲက ဝက်ကလေး စတာတွေ ဖြစ်တယ်။
တစ်နှစ် မှာ ဝရံတာအောက်က ခွေးမလေး ခွေးကလေးကိုးကောင် မွေးခဲ့တယ်။ တစ်လအကြာမှာ မေမေဟာ ခွေးနှစ် ကောင်ကို ချန်ထားခဲ့ပြီး ကျန်တဲ့ခွေးတွေ ကို ဝါးခြင်းထဲထည့်လိုက်တယ်။ ထည့်လို့မဆန့်တဲ့တစ်ကောင်ကို သင့်ကိုပွေ့စေပြီး သူ့နောက်ကိုလိုက်ခဲ့ဖို့ မေမေပြောခဲ့တယ်။ မေမေနဲ့ သင် ကားပေါ်တက်ခဲ့ကြတယ်။ ကားထဲမှာ မြို့တက်ပြီး ပစ္စည်းရောင်းမယ့်လူတွေ နဲ့ ပြည့်နေခဲ့တယ်။အိတ်ကြီးတွေ လွယ်ထားတဲ့လူတွေ ၊ ငရုတ်သီးခြောက်၊ နှမ်းနဲ့ပဲတွေ ထည့်ထားတဲ့ အိတ်တွေ ၊ တချို့ ခြင်းတွမှာ မုန်ညင်းဖြူ သုံးလေးပင်နဲ့ မုန်လာဥတချို့ ထည့်ထားတယ်။
မြို့လယ်က ဘတ်စ်ကားမှတ်တိုင်ရှေ့မှာ သင်တို့ထိုင်ချလိုက်တယ်။ လမ်းသွားလမ်းလာတွေ က ဈေးစစ်၊ ဈေးခေါ်ကြတယ်။ မေမေ့နောက်မှာ သင်နေပြီးရင်ခွင်ထဲထည့်ပွေ့ထားတဲ့ ပူလောင်လောင်ခွေးကလေးကို ဝါးခြင်းထဲထည့်လိုက်တယ်။ ဝါးခြင်းထဲက တခြားခွေးကလေးတွေ နဲ့ အတူဆော့ကစားစေခဲ့တယ်။ အဲဒီ နောက်မေမေ့ဘေးမှာ သင်ထိုင်ချလိုက်ြပီး ခွေးဝယ်မယ့်သူတွေ ကို စောင့်နေခဲ့တယ်။
တစ်လတာ မေမေ ဂရုတစိုက် ကျွေးခဲ့တဲ့ခွေးကလေးတွေ ကဝတုတ်တုတ်နဲ့ကျန်းမာပြီး လူတွေ ကို မင်တယ်။ ဝါးခြင်းရှေ့က ဖြတ်သွားဖြတ်လာလူတွေ ကိုခွေးကလေးက အမြီးလှုပ်ရမ်းပြတယ်။ လျှာထုတ်ပြီး သူတို့လက်ကို ယက်လိုက်တတ်သေးတယ်။ ခွေးကလေးတွေ ရောင်းရတာ မုန်လာဥ၊ မုန်ညင်းဖြူ၊ ပဲတွေ ထက်တောင် မြန်တယ်လို့ မေမေကပြောတယ်။ နောက်ဆုံး ခွေးတစ်ကောင်ရောင်းအပြီးမှာ မေမေက ခါးကျောကို ဆန့်လိုက်တယ်။ မေမေ့လက်ကို သင် ဆုပ်ကိုင်ထားတယ်။ မေမေက 'ဘာလိုချင်သလဲ'လို့ သင့်ကို မေးတယ်။ သင့်ကို မေမေ ဒီလိုတစ်ခါမှ မမေးခဲ့ဖူးဘူး ။ မေမေ့ကို သင် ကြည့်နေလိုက်တယ်။
'သမီးကို ဘာလိုချင်သလဲလို့ မေမေမေးတာ'
'စာအုပ်'
'စာအုပ်'
'ဟုတ်တယ် . . . စာအုပ်'
သင်စာအုပ်ယူမယ်ပြောတော့ မေမေ ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်။သင့်ကိုကြည့်ပြီး စာအုပ်ဘယ်မှာ ရောင်းသလဲလို့ မေးတယ်။ သင်ရှေ့ကသွားပြီးလမ်းဆုံက စာအုပ်ဆိုင်ဆီ မေမေ့ကို ခေါ်သွားတယ်။ စာအုပ်ဆိုင်ထဲ မေမေ လိုက်မဝင်ခဲ့ဘူး ။ သင့်ကိုစာအုပ်ဆိုင်ထဲဝင်ြပီး စာအုပ်တစ်အုပ်ရွေးပြီးရင်ဈေးနှုန်း ကြည့်ခဲ့ဖို့ပြောတယ်။ ခါတိုင်းအချိန်မှာ ဖိနပ်တစ်ရံဝယ်ရင်တောင် မေမေက အထပ်ထပ်အခါခါ စမ်းစီးကြည့်တတ်တယ်။ စီးလိုက်၊ ချွတ်လိုက်နဲ့ ပြီးတော့ ရောင်းသူနဲ့ ဈေးညှိလိုက်နဲ့။ ဒီတစ်ခေါက်မှာ တော့ သင့်ကို ကိုယ်တိုင် စာအုပ်ရွေးခိုင်းတဲ့အပြင်ဈေးနှုန်းပါ မေးခိုင်းတယ်။ ဈေးလျော့စေမယ့် အရိပ်အယောင် မပါခဲ့ဘူး။ ရုတ်တရက် စာအုပ်ဆိုင်ကြီးက လွင်ပြင်ကျယ်ကြီးလို့ သင် ခံစားမိတယ်။ ဘာစာအုပ်ကိုသင် ရွေးရမှန်းမသိ ဖြစ်ခဲ့တယ်။ သင် စာအုပ်ဝယ်ချင်ရတာ က အစ်ကိုငှားလာခဲ့တဲ့စာအုပ်ကြောင့် ဖြစ်တယ်။ သင် ဖတ်လို့မပြီးခင် အစ်ကို လုယူသွားခဲ့တယ်။ သင်အရမ်းစိတ်တိုမိတယ်။ ကျောင်းက စာကြည့်တိုက်မှာ ရှိတဲ့စာအုပ်နဲ့ အစ်ကို ငှားလာတဲ့စာအုပ်ကမတူဘူး ။ ဥပမာ. . . . 'မစ္စက်စ်ဆာဂျီး တောင်ပိုင်းခရီး (Mrs Sa Goesto the south) ဒါမှမဟုတ် ရှင်ယွန်ဘုတ်၏ အတ္ထုပတ္တိ ((Biography of Shin Yunbok)'စာအုပ်တွေ ဖြစ်တယ်။ စာအုပ်ဆိုင်ရှေ့မှာ မေမေ စောင့်နေတယ်။ လူသားအားလုံးလည်းပဲ လူသား (Human,All too Human) ဆိုတဲ့ စာအုပ်ကို သင်ရွေးလိုက်တယ်။ ဒါက ကျောင်းစာပြင်ပက စာအုပ် ဖြစ်တယ်။ စာအုပ်ဖိုးကို မေမေပေးပြီးတဲ့နောက် သင်ဝယ်ခဲ့တဲ့ စာအုပ်ကို မေမေ ကြည့်နေခဲ့တယ်။
'ကျောင်းမှာ သင်ရမယ့်စာလား'
မေမေစိတ်ကူးပြောင်းမှာ စိုးလို့ သင်ခေါင်းအမြန်ညိတ်လိုက်တယ်။ အဲဒီ စာအုပ်က ဘာစာအုပ်လဲဆိုတာ သင်ကိုယ်တိုင်လည်း မသိခဲ့ပါဘူး။ စာရေး ဆရာကFriedrich Niet-zsche ဖြစ်ပြီး ဘယ်သူမှန်း သင်မသိခဲ့ဘူး။ 'Human,All tooHuman' ဆိုတဲ့ စာအုပ်နာမည် ကို သင်နှစသက် ခဲ့လို့ ဒီစာအုပ်ကို သင် ရွေးခဲ့တာ ဖြစ်တယ်။ မေမေလည်း ဈေးဆစ်မနေတော့ဘဲ ပိုက်ဆံချေပေးပြီး စာအုပ်ကိုသင့်လက်ထဲထည့်ခဲ့တယ်။ အိမ်ကထွက်လာတုန်းက သင့်ရင်ခွင်မှာ ခွေးလေးတစ်ကောင်ပိုက်ထားတယ်။ အခုတော့ စာအုပ်လေးတစ်အုပ်ကို သင်ပိုက်ထားတယ်။ အိမ်အပြန်ကားပေါ်မှာ ထိုင်ရင်း အပြင်ကို သင် ငေးမောကြည့်နေခဲ့တယ်။ ခါးကုန်းကျောဘုနေတဲ့ အဘွားအို တစ်ယောက် စိုးရိမ်ကြောင့်ကြ တဲ့ မျက်ဝန်းနဲ့ သူ့ဆန်လေးရောင်းထွက်ဖို့ လမ်းသွားလမ်းလာတွေ ကို မျှြော်ကည့်နေခဲ့တယ်။
အဘွားတို့အိမ်ကိုတွေ့ နိုင်မယ့် တောင်ပေါ်လမ်းလေးထက်မှာ သင်တို့လျှောက်နေခဲ့ကြတယ်။ အဘိုးက အပြင်ထွက်ပြီး ရွှေတူး၊ ကျောက်မီးသွေးသွားတူးခဲ့တာ မေမေ (၃)နှစ် အရွယ်မှ ပြန်လာတယ်လို့ မေမေကပြောပြတယ်။ အဘိုးဟာအသစ်ဖောက်တဲ့ရထားလမ်းမှာ အလုပ်သွားလုပ်တော့ မတော် တဆမှု နဲ့ ကြုံတွေ့ ခဲ့ရတယ်။ ရွာကလူတွေ အဘွားအိမ်သွားပြီး အဘိုးရဲ့ အ ဖြစ်အပျက်ကို ပြောပြခဲ့တယ်။ အိမ်ဝန်းထဲမှာ ပြေးလွှားဆော့ကစားနေခဲ့တဲ့ မေမေ့ကိုကြည့်ပြီး လူတွေ က'ကိုယ့်အဖေသေတာတောင် မသိတဲ့ကလေး၊ ပြုံးရယ်နေလိုက်တာ နားကိုမလည်တတ်ဘူး' လို့ ပြောခြဲ့ကတယ်။
'သုံးနှစ် အရွယ်အကြောင်းကို မေမေ မှတ်မိနေသေးတယ်'
'မှတ်မိတာပေါ့'
အဘွားကို မေမေ အပြစ်တင်ခဲ့ဖူးတယ်လို့ မေမေကပြောတယ်။
'မေမေရဲ့ မေမေ သမီးရဲ့ အဘွားက တစ်ယောက် တည်း အထီးကျန်ပင်ပန်းလိုက်တာမှ မပြောနဲ့တော့။ ဒါပေမယ့် မေမေ့ကို သူ ကျောင်းထားခဲ့သင့်တယ်။အစ်ကိုက ဂျပန်မှာ ကျောင်းသွားတက်တယ်။ အစ်မလည်း ကျောင်းတက်တယ်။မေမေ့ကိုပဲ ဘာကြောင့် ကျောင်းမထားခဲ့သလဲ၊ အခု မေမေ မျက်စိတွေ ကန်းနေသလိုပဲ။ တစ်သက်လုံး ဖွင့်ရက်နဲ့ ဘာမှမမြင်ခဲ့ဘူး . . .'
အစ်ကိုကြီးကိုမပြောပြရင် သင်နဲ့အတူ ဆိုးလ်မြို့ကို လိုက်ခဲ့မယ်လို့မေမေက ပြောတယ်။ အိမ်ကနေထွက်တဲ့အချိန်အထိ အစ်ကိုကြီးကို မပြောဖို့ မေမေအတန်တန်ပြောတယ်။ ဆေးရုံသွားပြီး မေမေခေါင်းကိုက်ရတဲ့ အကြောင်းရင်းကိုသင်တို့သွားစစ်ဆေးခြဲ့ကတယ်။ဆရာဝန်ကနေတစ်ဆင့်ထင်မှတ်မထားတဲ့သတင်းကို ကြားလိုက်ရတယ်။ မေမေဟာ ဟိုးအရင်ကတည်းက ဦးနှောက်လေဖြတ်ခံထားရတယ်လို့ ဆိုတယ်။
ဦးနှောက်လေဖြတ်ထားတယ် . . . . . သင် တအံ့တသြ အော်မိတယ်။လေမဖြတ်ခဲ့ဖူးပါဘူး။ ဆရာဝန်က မေမေ့ဦးနှောက်ဓာတ်မှန်ပုံထဲက တစ်နေရာကိုထိုးပြပြီး ဒါဟာ ဦးနှောက်လေဖြတ်ခဲ့တဲ့ အရိပ်လက္ခဏာလို့ ဆိုပါတယ်။
'လေဖြတ်ဖူးတယ၊် မေမေ ဘာ ဖြစ်လို့ မသိခဲ့ပါလိမ့်'
'ကိုယ်တိုင်က မသိနိုင်ဘူး၊ သွေးစုတဲ့ အခြေအနေကိုကြည့်ပြီး လေဖြတ်တဲ့ဒဏ်ကို ကိုယ်တိုင်ခံစားသိနိုင်ပါတယ်'
မေမေ့ရဲ့ ခန္ဓာကိုယ်က အမြဲဖျားနေတယ်၊ အမြဲနာကျင်နေတယ်လို့ဆရာဝန်က ပြောတယ်။
'အမြဲဖျားနာနေတယ၊် မေမြေ့ကည့်ရတာ အမြဲကျန်းမာနေသလိုပဲ'
'အဲဒီ လိုမဟုတ်ပါဘူး '
အိတ်ကပ်ထဲ ထည့်ဖွက်ထားတဲ့ ဆူးချွန်တစ်ချောင်းက သင့်လက်ခုံကိုထိုးစိုက်လိုက်သလို သင် ခံစားခဲ့ရတယ်။
မေမေ့ဦးနှောက်ထဲ စုနေတဲ့သွေးကို စုပ်ထုတ်ပစ်လိုက်ပေမယ့် မေမေ့ရဲ့ ခေါင်းကိုက် ဝေဒနာက သက်သာမသွားဘူး ။ တစ်ခါတလေမှာ မေမေဟာ တခြားလူနဲ့စကားပြောနေရင် ခေါင်းကိုက်လာတတ်တယ်။ အဲဒီ အခါ မေမေက သူ့ခေါင်းကိုလက်နှစ် ဖက်နဲ့ ဆုပ်ကိုင်ထားတတ်တယ်။ ကွဲအက်လုလု ဖန်ရေကန်တစ်ခုကိုကြည့်နေရသလိုမျိုး၊ အဲဒီ နောက် မေမေဟာ တံခါးကို တွန်းဖွင့်ပြီး စတိုခန်းထဲကသစ်သားခုတင်ပေါ် သွားလှဲနေခဲ့တတ်တယ်။
'မေမေ . . . မီးဖိုချောင်ကို မေမေ ကြိုက်သလား'
တစ်ခါက မေမေ့ကို သင်ဒီလိုမေးခဲ့တယ်။ မေမေ့ကြည့်ရတာ နားလည်ပုံ မရခဲ့ဘူး။
'မီးဖိုချောင်ထဲမှာ နေရတာ ကြိုက်လားလို့ မေမေ့ကို မေးတာပါ။ ထမင်းဟင်းချက်ရတာ ကြိုက်လား'
မေမေ စိတ်ရှုပ်ထွေးသလိုနဲ့ သင့်ကို ကြည့်နေခဲ့တယ်။
'မီးဖိုချောင်ကို ဘာများ ကြိုက်လား၊ မကြိုက်လားဆိုတာ ရှိရသေးတာလဲ၊ဒါဟာ လုပ်ကိုလုပ်ရမယ့်အလုပ်ပဲ။ မလုပ်လို့မှ မ ဖြစ်တာ။ မီးဖိုထဲမှာ မေမေ ထမင်းဟင်းချက်မှ သမီးတို့အစာစားရမှာ ၊ ကျောင်းတက်ရမှာ ပေါ့ လူက အသက်ရှင်နေတာနဲ့ ဘာ ဖြစ်လို့ ကိုယ်ကြိုက်တဲ့အလုပ်ကိုပဲ လုပ်နေရမှာ လဲ အရာတော် တော် များများ က မလုပ်လိုမှမ ဖြစ်တာ။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လုပ်ရတာ ပဲ'
မေမေ့ကို ကြည့်ရတာ အရမ်းစိတ်ရှုပ်ထွေးနေတယ်။ သင် ဘာ ဖြစ်လို့ ဒီမေးခွန်းမျိုး မေးရသလဲဆိုတာကို နားမလည်တဲ့ပုံပဲ။ တစ်ဆက်တည်း မေမေကပြော ပြန်တယ်။
'တကယ်လို့ ကိုယ်ကြိုက်တဲ့အလုပ်ပဲ လုပ်မယ်ဆိုရင် မကြိုက်တဲ့အလုပ်တွေ ဘယ်သူ့ကို့ လုပ်ခိုင်းရမှာ လဲ'
'ဒီလိုဆို အဖြေက ဘာလဲ၊ ကြိုက်လား၊ မကြိုက်ဘူးလား'
မေမေက လျှို့ဝှက်ချက်တစ်ခုခုကို ပြောတော့မယ့်ပုံစံနဲ့ ဘေးဘီကိုတစ်ချက်ဝြေ့ကည့်ပြီး အသံတိုးတိုးလေးနဲ့ ပြောတယ်။
'အိုးဖုံးအချို့ မေမေ ခွဲပစ်ဖူးတယ်'
'အိုးဖုံးအချို့ ခွဲပစ်ခဲ့ဖူးတယ်'
'ဒါတင်ဘယ်ကမလဲ ၊ လယ်လုပ်ခြံလုပ်တဲ့အချိန် နွေဦးမှာ ပျိုးကျဲရင်ဆောင်းဦးမှာ ရိတ်သိမ်းနိုင်တယ်။ ဟင်းနုနွယ်မျိုးစေ့ကျဲတဲ့နေရာမှာ ဟင်းနုနွယ်ပင်ပေါက်ကိုပေါက်မှာ ပဲ။ ပြောင်းဖူးမျိုးစိုက်လိုက်တဲ့နေရာမှာ ပြောင်းဖူးပင် ပေါက်ကိုပေါက်မှာ ပဲ။ မီးဖိုထဲက အလုပ် ကတော့ပြီးကိုမပြီးနိုင်ဘူး ။ မနက်စာစားပြီးရင်ခဏလေးပဲနေ့လယ်စာရောက်ပြန်ပြီ။ ဟော . . . ညနေစာရောက်ပြန်ပြီ။ မနက်မိုးလင်းတာနဲ့ မနက်စာစားရပြန်ပြီ။ တကယ်လို့ ဟင်းအရံတချို့လုပ်ထားရင် မေမေ ဒီလောက်အလုပ်မရှုပ်တော့ဘူး။ ဒါပေမယ့် လယ်မှာ စိုက်တဲ့အရာတွေ က နှစ် တိုင်း ဒါတွေ ချည်းပဲဆိုတော့ အမြဲတမ်း ဒီဟင်းပဲ စားနေရတယ်။ လုပ်ပြီးသားကို ထပ်ထပ်လုပ်နေရတယ်။ တစ်ခါတလေ မေမေ အရမ်းစိတ်ရှုပ်တယ်။ မီးဖိုချောင်က အကျဉ်းထောင်နဲ့ တူတယ်လို့ ခံစားမိတယ်။ ဒီလိုအချိန်မျိုးဆိုရင် စဥ့်အိုးထားတဲ့နေရာဆီ မေမေသွားပြီး မလှဆုံးအိုးဖုံးတစ်ခုကိုရွေးပြီး နံရံဆီ ပစ်ပေါက်လိုက်တတ်တယ်။ သမီးရဲ့ ကြီးကြီး မသိခဲ့ဘူး။ သိခဲ့ရင် မေမေကို ရူးသွားပြီလို့ထင်မှာ ပဲ။ အိုးဖုံးအကောင်းကို ရိုက်ခွဲတယ်ဆြိုပီးတော့လေ'
မေမေက နှစ် ရက်၊ သုံးရက်အတွင်းမှာ အိုးဖုံးအသစ်ဝယ်ပြီး အိုးကို ဖုံးခဲ့တယ်လို့ ပြောပါတယ်။
'ဒါလည်း ပိုက်ဆံကုန်ရတာ ပဲ။ အိုးဖုံးအသစ်သွားဝယ်တိုင်း မေမေ့ရင်တွေ နာလိုက်တာ။ ဒါပေမယ့် မေမေ့ကိုယ်မေမေ မထိန်းချုပ်နိုင်ခဲ့ဘူး။ အိုးဖုံးကွဲသံကမေမေ့အတွက် နတ်ဆေးတစ်ပါးလိုပဲ။ စိတ်ထဲမှာ ပျော်ခနဲ ဖြစ်သွားတယ်။ စိတ်ရှုပ်တာလည်း ပျောက်သွားတယ်။ '
မေမေဟာ တခြားလူကြားမှာ စိုးတဲ့အလား ညာလက်ညှိုးကို ပါးစပ်ပေါ်တင်ြပီး 'ရှူး' လို့ တစ်ချက်လုပ်လိုက်တယ်။
'ဒီအကြောင်းကို မေမေ ဘယ်သူ့မှ မပြောပြခဲ့ဖူးဘူး။ တခြားလူကိုပြောမပြရဘူးနော်'
မေမေ့မျက်နှာပေါ်မှာ ညစ်ဆိုးဆိုး အပြုံး ထင်ဟပ်သွားခဲ့တယ်။
'တကယ်လို့ သမီးလည်း ထမင်းဟင်းချက်ရမှာ ပျင်းတယ်ဆိုရင် အချဉ်ခွက်လေးတွေ ကို ပစ်ပေါက်လို့ရတာ ပဲ။ ဘယ်လိုလဲ။ အင်း. . . ရင်နာရတယ်ဆိုပေမယ့် စိတ်ထဲမှာ တော့ ပျော်သွားတာပဲ။ သမီးက အိမ်ထောင်မပြုသေးဘူးဆိုတော့ထမင်းဟင်း ချက်ရတာ ကြိုက်၊ မကြိုက်ဆိုတဲ့ ပြဿနာလည်း မရှိပါဘူး'
မေမေက သက်ြပင်း ရှည်ြကီးတစ်ခုကို ဆွဲချလိုက်တယ်။
'ဘယ်လိုပဲ ဖြစ် ဖြစ်လေ . . . သမီးတို့ ငယ်ရွယ်စဉ် အချိန်အခါကို မေမေအရမ်းနှစသက် ခဲ့တယ်။ ခေါင်းပေါ်က ခေါင်းပေါင်းကို မေမေပြင်ပေါင်းဖို့ အချိန် တောင် မရှိခဲ့ဘူး။ ဒါပေမယ့် ထမင်းစားပွဲမှာ သမီးတို့မောင်နှမ ဝိုင်းထိုင်ပြီး ထမင်းဟင်း၊ လုစားတာကိုတွေ့ နေရရင် မေမေ့မှာ စိတ်ကျေနပ်ဝမ်းသာလို့။ သမီးတို့ကကျွေးရမွေးရလွယ်ခဲ့တယ်။ ဖရုံသီးဟင်းရည်လေးနဲ့တင်သမီးတို့ မြိန်ရေယှက်ရေ စားနိုင်ကြတယ်။ တစ်ခါတလေ သမီးတို့အတွက် ငါးလေးတစ်ကောင်ပေါင်းပေးရင်သမီးတို့မှာ ပြုံးပျော်လို့ . . . စားနိုင်သောက်နိုင်ကြတယ်။ သမီးတို့ ခဏတွင်းချင်း ကြီးပြင်းလာမှာ ကို မေမေ စိုးရိမ်ခဲ့တယ်'
'တစ်ခါက သမီးတို့ ကျောင်းဆင်းရင်စားဖို့ဆိုပြီး မေမေ အာလူးတွေ ပြုတ်ထားခဲ့တယ်။ မေမေအပြင်ကပြန်လာတော့ အိုးက ပြောင်တလင်းခါနေခဲ့ပြီ။စတိုခန်းက ဆန်အိုးထဲကဆန်လည်း တစ်နေ့တစ်နေ့ အများ ကြီးလျော့လို့။တစ်ခါတလေ ခပ်လိုက်တာနဲ့ ကုန်သွားခဲ့တယ်။ ညစာအတွက်ပြင်ဆင်တော့ဆန်ကိုတိုင်းကြည့်ဖို့ ဆန်အိုးထဲ လက်နှိုက်လိုက်တယ်ဆိုရင်ပဲ အိုးဖင်ကို ထိမိခဲ့တယ်။အင်း . . . . မေမေ့ရဲ့ သားသမီးတွေ မနက်ဖြန်မနက်မှာ ဘာစားရမလဲ မေမေ့ရဲ့ စိတ် ခဏတွင်းချင်း ထိုင်းမှိုင်းသွားခဲ့တယ်'
'အဲဒီ အချိန်တုန်းက မီးဖိုချောင်ကိစ္စကိုကြိုက်လား၊ မကြိုက်လားဆိုတာမပြောတတ်သေးဘူး။ ထမင်းအိုးကြီးကြီးတစ်လုံးနဲ့ ဟင်းရည်အိုးသေးသေးတစ်လုံးချက်ရတာ ကို ပင်ပန်းတယ်လို့ မဆိုသာသေးဘူး။ ဒီထမင်း၊ ဒီဟင်းတွေ ငါ့သားသမီးပါးစပ်ထဲ ဝင်မှာ ပဲလေလို့ပဲ တွေးခဲ့တယ်။ စိတ်ထဲမှာ ဘယ်လောက်လက်တွေ့ ကျသလဲ မပြောနဲ့တော့။ သမီးတို့ အခုချိန်မှာ တွေးတောင် တွေးမိဖူးမှာ မဟုတ်ဘူး။ အဲဒီ အချိန်တုန်းက အစာစားဖို့မရှိမှာ ကိုပဲ မေမေ စိုးရိမ်ခဲ့တယ်။ လူတိုင်းကလည်း အဲဒီ လိုပါပဲ။ ဗိုက်ဝနေဖို့ကအရေး အကြီးဆုံးလေ'
ဗိုက်ဝဖို့က အရေး အကြီးဆုံး၊ ဗိုက်ဝနေရင် လူတွေ အပျော်ရွှင်ဆုံးဆိုတဲ့တစ်ခေတ်တစ်ခါအကြောင်းကို မေမေရယ်ပြီးပြောနေခဲ့တယ်။ နောက်တော့ ခေါင်း ကိုက်ဝေဒနာက မေမေ့မျက်နှာပေါ်က အပြုံးကို လုယူသွားခဲ့တယ်။ ခေါင်းကိုက်ဝေဒနာက သွားထက်ထက်နဲ့ လယ်ြကွက်တွေ လို မေမေရဲ့ အသက်ဝိညာဉ်ကိုကိုက်ဖ၊ဲ့ဝါးမျိုနေခဲ့တော့တယ်။
လူပျောက်ကြော်ငြာပုံနှိပ်ပေးမယ့်လူကို သင်သွားရှာခဲ့တယ်။ အဲဒီ လူဟာ ဟောင်းအိုနေတဲ့ ဂုန်လျှော်အင်္ကျီကို ဝတ်ထားတယ်။ သူ့အင်္ကျီက အသေးစိတ်ချုပ်လုပ်ထားမှန်း သိသာတယ်။ ဒါဟာ ဟောင်းအိုနေတဲ့ ဂုန်လျှော်စအင်္ကျီဝတ်ထားတဲ့ သူ့ကို သင် ပထမဆုံးအကြိမ် တွေ့ ဖူးတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့် မှန်းမသိ သူ့ရဲ့ အင်္ကျီက သင့်အကြည့်ကို သိမ်းပိုက်ထားခဲ့တယ်။ သင့်မေမေပျောက်ဆုံးသွားတဲ့သတင်း သူ ကြားသိခဲ့ရတယ်လို့ ဆိုတယ်။ သင်လုပ်ထားတဲ့လူပျောက်ကြော်ငြာပုံစံအတိုင်း သူရေး ဆွဲပေးခဲ့တယ်။ အမြဲအလုပ်အတူတွဲ လုပ်တဲ့ပုံနှိပ်တိုက်ကို ချက်ချင်း ရှာပြီး ပုံနှိပ်လိုက်မယ်လို့ သူက ဆိုပါတယ်။ မေမေ့မှာ အနီးကပ်ဓာတ်ပုံမရှိခဲ့လို့ နောက်ဆုံးမှာ အင်တာနက်ပေါ် တင်ထားခဲ့တဲ့ ဖေဖေ့အသက်(၇ဝ)ပြည့်မွေးနေ့တုန်းက ရိုက်ခဲ့တဲ့ မိသားစုဓာတ်ပုံထဲကပုံကို ယူသုံးဖို့ မောင်လေးက ဆုံးဖြတ်လိုက်တယ်။ မေမေ့ဓာတ်ပုံကို တွေ့ တော့ အဲဒီ လူက 'ဆရာမ ရဲ့ အမေအရမ်းချောတာပဲ'လို့ဆိုတယ်။ သင်က မဆီမဆိုင်နဲ့ 'ရှင်ဝတ်ထားတဲ့ ဂုန်လျှော်စအကျ င်္ီ မဆိုးဘူး 'လို့ဆိုတော့သူရယ်တယ်။
'ဒါကျွန်တော့် ရဲ့ မေမေ ချုပ်ပေးခဲ့တဲ့ အင်္ကျီပေါ'့
'ရှင့် မေမေ ဆုံးသွားပြီမဟုတ်လား'
'အသက်ရှင်နေတုန်းက ချုပ်ခဲ့တာ'
သူငယ်ငယ်က အသားအရေ ယားယံတတ်လို့ ဂုန်လျှော်စတွေ နဲ့ပဲ အင်္ကျီချုပ်ဝတ်ခဲ့ရတယ်။ တခြားအဝတ်စဝတ်ရင် တစ်ကိုယ်လုံး ယားတတ်တဲ့အပြင်ပြည်နာတောင်တည်တယ်လို့ ဆိုတယ်။ ငယ်ငယ်လေးကစ အခုချိန်ထိ အမေချုပ်ပေးတဲ့အင်္ကျီကိုပဲ သူဝတ်ဆင်ခဲ့တယ်လို့ဆိုတယ်။ သူ့မှတ်ဥာဏ်ထဲမှာ မေမေဟာအပ်၊ အပ်ချည်တွေ နဲ့ အမြဲအလုပ်ရှုပ်နေခဲ့တယ်လို့ ဆိုတယ်။ တကယ်လို့ အတွင်းခံအဝတ်အစားကနေ ခြေအိတ်အထိ ကိုယ်တိုင်ချုပ်ရရင် နေ့တိုင်းချုပ်နေရမှာ အမှန် ဖြစ်တယ်။ အမေသေဆုံးပြီးနောက် အဝတ်ဗီရိုကို သူဖွင့်ကြည့်တော့ ဂုန်လျှော်စနဲ့ချုပ်ခဲ့တဲ့အဝတ်အစားတွေ သူတစ်သက်စာ အပြည့်ရှိနေခဲ့တယ်။ အခုသူ့ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီကလည်း မေမေထားခဲ့တဲ့ အင်္ကျီ ဖြစ်တယ်။ သူ့မေမေက ဘယ်လို ပုံစံပါလိမ့်၊ အမေအကြောင်းကို သူပြောတော့ သင့်ရင်ထဲမှာ တစ်ခုခုလာခံနေတယ်။သူ့မေမေအကြောင်းကိုသူ ပြန်ပြောင်း ပြောနေချိန်မှာ ဒီလိုအမေးတစ်ခုကိုသင် မေးလိုက်မိတယ်။
'ရှင့်မေမေ ပျော်ခဲ့ရလားဟင်'
'ကျွန်တော့် ရဲ့ မေမေက အခုခေတ်အမျိုးသမီး တွေ နဲ့ မတူဘူး '
သူ့စကားသံတွေ လေးနက်လို့နေတယ်။ သူ့မျက်ဝန်း အကြည့်ကဆန့်ကျင်နေသလိုပဲ ။ ကြည့်ရတာ သင့်မေးခွန်းက သူ့မေမေကို စော်ကားလိုက်ပုံရတယ်။
(၂)
အခန်း(၂)
တောင်းပန်ပါတယ် ဟုန်းချော
အမျိုးသမီးတစ်ဦးက ဟုန်းချောကမ်းပေးလိုက် တဲ့ လူပျောက်ကြော်ငြာကိုလှမ်းယူလိုက်ပြီး ဓာတ်ပုံကို သေသေချာချာ ရပ်ကြည့်နေလိုက်တယ်။ အဲဒီ အမျိုးသမီးက ဆိုးလ်နာရီစင်အောက်မှာ ရပ်နေတယ်။ ဒီနာရီစင်အောက်မှာ ပဲ ဟုန်းချောကိုမေမေ ရပ်စောင့်ခဲ့တယ်။
မြို့မှာ နေစရာအိမ် သူရှာပြီးတဲ့နောက်ဆိုးလ်ြမို့ကို မေမေလိုက်လာခဲ့တယ်။အဲဒီ တုန်းက မေမေ့ရဲ့ ပုံစံဟာ စစ်ပြေးဒုက္ခသည်နဲ့တူနေခဲ့တယ်။ သူ့အတွက်ပစ္စည်းတွေ ကို ခေါင်းပေါ်မှာ မေမေရွက်ထားတယ်။ တချို့ကို ခါးမှာ ပွေ့ချီထားတယ်။ အဲဒီ လိုပုံစံနဲ့ဆိုးလ်ဘူတာရုံထဲကနေ မေမေထွက်လာခဲ့တယ်။ ခေါင်းပေါ်မှာ ၊ ခါးပေါ်မှာ ပစ္စည်းတွေ တင်ထားလည်း မေမေလမ်းလျှောက်နိုင်ခဲ့သေးတာ အံ့သြစရာပါ။ တကယ်လို့ ဖြစ်နိုင်ရင် မေမေက ခရမ်းသီး ၊ ဖရုံသီးစတာတွေ ကို ပေါင်မှာ ချည်ြပီး ယူလာခဲ့ဦးမယ်။အကြောင်းက မေမေအိတ်ကပ်ထဲကနေ ငရုတ်သီးစိမ်း၊ သစ်ချသီးနဲ့ သတင်းစာနဲ့ထုပ်ထားတဲ့ ကြက်သွန်မြိတ်တွေ ထွက်ထွက်ကျနေခဲ့လို့ပါပဲ။ မေမေ့ကို သူသွားကြိုခဲ့တုန်းက မေမေ့ခြေထောက်နားမှာ အထုပ်ပြုံကီးကိုတွေ့ တော့ မိန်းမ ဖြစ်သူ တစ်ယောက် က ဒီလောက်ပစ္စည်းတွေ ကို သယ်နိုင်ခဲ့ပါလားဆိုပြီး သူ မယုံကြည်နိုင် ဖြစ်ခဲ့တယ်။နီမြန်းနေတဲ့မျက်နှာနဲ့ အထုပ်ပုံကြားမှာ မေမေရပ်ပြီး သူအလာကို စောင့်မျှော်နေခဲ့တယ်။
အမျိုးသမီးတစ်ဦးက သူ့နား ဖြည်းဖြည်းချင်းလျှောက်သွားပြီး ပြောတယ်။ယုံစန်လမ်းက ရပ်ကွက်ရုံးနားမှာ ဒီလူကို ကျွန်မတွေ့ ခဲ့မိသလိုပဲ' လူပျောက်ကြော်ငြာပေါ်က မေမေ့ပုံကို သူထိုးပြပြီးပြောတယ်။ ညီမလေးလုပ်တဲ့ လူပျောက်ကြော်ငာစာရွက်မှာ မေမေဟာ အပြာနုရောင် ရိုးရာအင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်မှာ တောက်ပတဲ့အပြုံးကိုဆင်ြမန်းထားတယ်။
'သူဝတ္ထားတာ ဒီအက်ႌေတာ့မဟုတ္ဘူး။ ဒါပေမယ့် မျက်လုံးတွေ ကအရမ်းတူနေတယ်။ နွားမျက်စိနဲ့တူတာမို့ ကျွန်မ ကောင်းကောင်းမှတ်မိနေတယ်'အမျိုးသမီးက လူပျောက်ကြော်ငာပေါ်က မေမေ့မျက်လုံးကြိုကညြ့်ပီး ပြောတယ်။
'သူ့ခြေဖမိုးမှာ ဒဏ်ရာရထားတယ်' အမျိုးသမီးက ဆက်ပြောပါတယ်။ သူ့မေမေက အပြာရောင် စွပ်ဖိနပ်ကို စီးထားခဲ့တယ်။ လမ်းလျှောက်တာများ သွားလို့ထင်ပါရဲ့ ခြေမနားက ခြေဖမိုး အသားတွေ တောင် ပွန်းပဲ့နေခဲ့တယ်။ အနာမှာ ပြည်တည်ပြီးယင်ကောင်တွေ အုံလို့။ ယင်ကောင်တွေ ကို လက်နဲ့ မရပ်မနား မေမေမောင်းထုတ်နေခဲ့တယ်။ ဒဏ်ရာက အရမ်းနာနေမယ့်ပုံပါ။ ဒါပေမယ့် ဒဏ်ရာရဲ့ အနာကို မေမေဂရုမစိုက်ခဲ့ဘဲ ရပ်ကွက်ရုံးရှေ့မှာ ဖြတ်သွားဖြတ်လာ လုပ်နေခဲ့တယ်။ ဒါကို လွန်ခဲ့တဲ့တစ်ပတ်ခန့်ကတွေ့ ခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။
'လွန်ခဲ့တဲ့တစ်ပတ်ခန့်က. . .'
ဒီမနက်မဟုတ်ဘဲလွန်ခဲ့တဲ့ တစ်ပတ်ခန့်က မေမေ့ကိုရပ်ကွက်ရုံးရှေ့မှာ တွေ့ခဲ့တယ်လို့ အမျိုးသမီးကပြောတယ်။ လူပျောက်ကြော်ငြာထဲက မေမေ့ရဲ့ မျက်လုံးကရပ်ကွက်ရုံးရှေ့မှာ တွေ့ တဲ့ အမျိုးသမီးရဲ့ မျက်လုံးနဲ့ တော် တော် တူတယ်။ မိန်းမတွေ ရဲ့ စကားကိုဘယ်လိုနားလည်ရမှန်း သူမသိခဲဘူး ။ အမျိုးသမီးက ခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။ လမ်းသွားလမ်းလာတွေ ကို သူဆက်ပြီး ကြော်ငာတွေ ဖြန့်ဝေနေခဲ့တယ်။ အိမ်သားအားလုံး လှုပ်ရှားလာကြပြီ။ ဆိုးလ်ဘူတာကနေ နမ်မြောင်ဒုန်း (Namyeongdong)ထိ၊ စားသောက်ဆိုင်ကနေ အထည်ဆိုင်တွေ အထိ၊ စာအုပ်ဆိုင်ကနေအင်တာနက်ကဖေးဆိုင်အထိ နေရာတိုင်းမှာ လူပျောက်ကြော်ငြာတွေ လိုက်ကပ်ခဲ့တယ်။ တကယ်လို့ တစ်ယောက် ယောက် က ဒါဟာ စည်းကမ်းမဲ့တဲ့လုပ်ရပ်ဆိုပြီးလူပျောက်ကြော်ငြာကို ဆွဲဖြဲခဲ့ရင် နောက်တစ်စောင်ကို သူတို့ အမြန်ပြန်ကပ်လိုက်ကြတယ်။
အရပ်မျက်နှာတစ်နေရာတည်းမဟုတ်ဘဲ နမ်ဒယ်မွန်း (Namyeongdong)၊ဂျွန်းလင်းဒုန်း (Jungnim dong) နဲ့ ဆောဒယ်မွန်း (Seodaemin) တွေ မှာ လည်းအိမ်သားတွေ အလှည့်ကျစီ လူပျောက်ကြော်ငြာကပ်တာ ဒါမှမဟုတ် ဖြန့်ဝေတာတွေ လုပ်ခဲ့ကြတယ်။ သတင်းစာမှာ လည်း ကြော်ငြာထည့်ခဲ့ပေမယ့် ဖုန်းတစ်လုံးမှဝင်မလာခဲ့ဘူး။ လူပျောက်လက်ကမ်းကြော်ငြာတွေ ဖြန့်ဝေတော့ ဖုန်းဝင်လာခဲ့ပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ မေမေ့ကို တွေ့ ခဲ့ပါတယ်ဆိုတဲ့ဖုန်း ဝင်လာတော့ ချက်ချင်း သွားကြည့်တယ်။ ဒါပေမယ့် မေမေမဟုတ်ဘဲ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မေမေ့ရွယ်တူ အမျိုးသမီးတစ်ဦးသာ ဖြစ်တယ်။
တစ်ခါကလည်း လူ တစ်ယောက် ဖုန်းဆက်လာတယ်။ မေမေ သူတို့အိမ်ရောက်နေပါတယ်တဲ့။ လိပ်စာအတိအကျပြောပြီးသူ့ကိုအမြန်လာဖို့ဆိုပါတယ်။ မျှော်လင့်ချက်အပြည့်နဲ့ လိပ်စာအတိုင်း သူရောက်သွားတယ်။ ဒါပေမယ့် အဲဒီ လိပ်စာကအပြင်မှာ တကယ်မရှိတဲ့လိပ်စာ ဖြစ်နေခဲ့တယ်။အချို့ကလည်း လူပျောက်ကြော်ငာမှာ ကြေညာထားတဲ့ငွေ ဝမ်သိန်း ၅ဝကိုအရင်ပေးရင် မေမေ့ကိုသူတို့တွေ့ အောင်ရှာပေးမယ်လို့ဆိုပါတယ်။ လထက်ဝက်ကျိုးသွားသည့်တိုင်ဘာအစအနမှမရခဲ့ပါဘူး ။ စစချင်းမှာ သူတို့တစ်အိမ်သားလုံး မျှော်လင့်တကြီး တက်ကြွလက်ကြွ ရှာကြတယ်။ နောက်တော့ သက်ြပင်းတချချ၊ ခေါင်းငိုက်စိုက်နဲ့ ဆိုးလ်နာရီစင်ကြီး အောက်မှာ ပဲ ထိုင်နေခြဲ့ကတော့တယ်။ လူတွေ က လူပျောက်ကြော်ငြာကို လှမ်းယူပြီး ချက်ချင်း ပဲ လုံးထွေးပစ်ထုတ်လိုက်ြကတယ်။ သူ့ညီမစာရေး ဆရာမ က ပြန်ကောက်ပြီး တခြားလူကို ဆက်ြဖန့်ဝေပေးခဲ့တယ်။
လက်ထဲမှာ လူပျောက်ကြော်ငာအထပ်ြကီးနဲ့ ဆိုးလ်ဘူတာနား ညီမရောက်လာခဲ့တယ်။ ညီမက သူ့ဘေးနားနေပြီး မျက်ဝန်းခြောက်ခြောက်နဲ့ သူ့ကိုတစ်ချက်ြကည့်လိုက်တယ်။ ညီမကို သူက 'ဟိုအမျိုးသမီးပြောတာကို နားထောင်ပြီး ယုံစန်၂ လမ်းကို သွားကြည့်ရင်ကောင်းမလား'လို့မေးတယ်။
'မေမေဘယ်လိုလုပ် အဲဒီ နားရောက်သွားနိုင်မလဲ' ညီမက မရွှင်မပျပြောတယ်။
'ဘယ်လိုပဲ ဖြစ် ဖြစ်သွားကြည့်ရအောင်' သြူပန်ပြောတယ်။
အဲဒီ နောက် ညီမက လမ်းသွားလမ်းလာတွေ ကို ကြော်ငြာဆက်ဖြန့်တယ်။တစ်ြပိုင်နက်တည်းမှာ အသံကျယ်ြကီးနဲ့'ဒါ ကျွန်မရဲ့ မေပါ။ ကျေးဇူးပြု၍ မလွှင့်ပစ်ကြပါနဲ့။ တစ်ချက်လောက်အရင်ကြည့်ပေးကြပါ'လို့အော်တယ်။
စာအုပ်အသစ်ထုတ်ဝေတိုင်း သတင်းစာတွေ မှာ ညီမရဲ့ ဓာတ်ပုံကိုထည့်တတ်ပေမယ့် လူတွေ က ညီမ ကိုမမှတ်မိကြဘူး။ နှုတ်ဆိတ်ဆိတ် နဲ့ ကြော်ငာဖြန့်ဝေတာထက်စာရင် ဒီလို အသံကျယ်နဲ့အြော်ပီး ဖြန့်ဝေတာက ပိုအကျိုးရှိသလိုပါပဲ။ အရင်ကလိုလှမ်းယူပီး လွှင့်ပစ်တဲ့လူမရှိခဲ့တော့ဘူး ။ သူ့အိမ်၊ ညြီဖစ်သူရဲ့ အိမ်နဲ့ ညီမအိမ်ကလွဲလို့ဒြီမိုမှာ မေမေသွားတတ်တဲ့နေရာ မရှိခဲ့ဘူး ။ ဒါဟာ သူနဲ့အိမ်သားတို့ရဲ့ နာကျင်စရာ ဖြစ်တယ်။ တကယ်လို့မေမေတခြားနေရာသွားတတ်သေးရင် အဲဒီ နေရာအနီးတစ်ဝိုက်မှာ ရှာနိုင်သေးတယ်။ အခုတော့ အဲဒီ လိုနေရာမျိုး မရှိခဲ့လို့ မြို့တစ်ခုလုံးထဲ ဦးတည်ရာမဲ့သူတို့လျှောက်ရှာနေခဲ့ရတယ်။ 'မေမေ အဲဒီ နေရာကို ဘယ်လိုလုပ်သွားနိုင်မလဲ'လို့ညီမပြောတုန်းက အမျိုးသမီး ပြောတဲ့ယုံစန် ၂ လမ်းဆိုတာ ဒီမြို့ထဲက သူပထမဆုံးအလုပ်လုပ်ခဲ့တဲ့နေရာဆိုတာကို ရုတ်တရက် သူ သတိရလာမိတယ်။ ဒါဟာဟိုလွန်ခဲ့တဲ့ နှစ် သုံးဆယ်အချိန်က ဖြစ်တယ်။
လေအေးအေးလေးတိုက်နေပေမယ့်သူ့မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ ယိုစီးကျနေတယ်။ သူ အသက် (၅ဝ)ရှိပါပြီ။ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ မာကတ်တင်း ဒါရိုက်တာအ ဖြစ်သူတာဝန်ထမ်းဆောင်နေပါတယ်။ ဒီကနေ့က စနေနေ့နားရက် ဖြစ်တယ်။ တကယ်လို့ မေမေသာ မပျောက်ခဲ့ဘူးဆိုရင် အခုချိန်မှာ ဆုံးဒို (Song-do) က နမူနာအိမ်ပုံစံခန်းလေးထဲ သူ ရောက်နေလိမ့်မယ်။ ဆုံးဒိုကအဆောက်အဦးကြီးတွေ မကြာခင်မှာ အပြီးသတ်တော့မယ်။ ရာခိုင်နှုန်းပြည့်ရောင်းဝယ်နိုင်ဖို့ နေ့ညမခွဲစတမ်း သူ အလုပ်လုပ်ခဲ့တယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ ကိုလူတွေ ကြည့်ရတာ ငြီးငွေ့ခဲ့လို့ ဒီနွေဦးရာသီကစ သာမန်အိမ်ထောင်ရှင်မတွေ ကိုရွေးပြီး ကြော်ငြာရိုက်ဖို့ သူ တာဝန်ယူခဲ့ရတယ်။ ဒါ့အပြင် အိမ်ခန်းအပြင်အဆင်တွေ အတွက် သူ လုံးပန်းရသေးတယ်။ သတင်းထောက်တွေ ကို တွေ့ ဆုံရတယ်။ညဥ့်နက်သန်းခေါင်မတိုင်ခင် အိမ်ပြန်ရတဲ့အချိန်က ဘယ်တုန်းကလဲဆိုတာကို သူမမှတ်မိခဲ့တော့ဘူး ။ တနင်္ဂနွေနေ့ရောက်တိုင်း ကုမ္ပဏီသူဌေး၊ မန်နေဂျာတွေ နဲ့အတူဆောက်ချိုမြို့ (Sokcho)ကို သူလိုက်သွားရတယ်၊ ဒါမှမဟုတ် ဟွန်းဆောင်း(Hoengseong)မှာ ဂေါ့ဖ်လိုက်ရိုက်ရတယ်။
'အစ်ကို . . . မေမေ မတွေ့ တော့ဘူး '
နွေရာသီညနေခင်းတစ်ခုမှာ ညီ ဖြစ်သူရဲ့ အလောတကြီးစကားသံက သူ့ရဲ့ တည်ြငိမ်အေးဆေးတဲ့ဘဝကို ဖြိုဖျက်ပစ်လိုက်တယ်။ အစိုင်အခဲအ ဖြစ်မအေးခဲသေးတဲ့ ရေခဲပြင်ကိုနင်းလိုက်သလို တကျွတ်ကျွတ်မြည် ခဲ့တယ်။ မြေအောက်ရထားစီးပြီးညီလေးဆီသွားဖို့ ဖေဖေနဲ့မေမေ ပြင်ဆင်ခြဲ့ကတယ်။ ဒါပေမယ့် ဖေဖေ ရထားပေါ်ရောက်တာနဲ့ရထားက ထွက်သွားခြဲ့ပီး မေမေ တစ်ယောက် တည်းဘူတာရုံမှာ ကျန်ရစ်ခဲ့တယ်။ဒီအကြောင်းကို ကြားခဲ့တာတောင် ဒီကိစ္စနဲ့ မေမေပျောက်ဆုံးသွားတဲ့အ ဖြစ်ကို သူတွဲ မစဉ်းစားခဲ့မိသေးဘူး။ ညီလေးက ရဲစခန်းမှာ လူပျောက်တိုင်ထားတယ်လို့ ပြောတဲ့အထိကိစ္စသေးသေးကို ကြီးအောင်လုပ်နေပါလားလို့သူ တွေးနေမိခဲ့တယ်။ တစ်ပတ်အကြာမှ သတင်းစာမှာ သူလူပျောက်ကြော်ငာထည့်တယ်။ ဆေးရုံအရေး ပေါ်ခန်းတွေ ကိုဆက်သွယ်ခဲ့တယ်။ အိမ်သားတွေ အားလုံး ညတိုင်း လမ်းခွဲပြီး အိမ်ယာမဲ့စခန်းတွေ မှာ သွားရှာခဲ့ပေမယ့်သတင်းအစအနမရခဲ့ဘူး။
မေမေ. . .ဆိုးလ်ဘူတာမှာ တစ်ယောက် တည်း ကျန်ခဲ့တဲ့ မေမေ အိပ်မက်လိုပဲခြေရာမချန်ဘဲလွင့်ပျောက်သွားခဲ့တယ်။ မေမေတကယ်ပဲ ဖေဖေနဲ့အတူ ဆိုးလ်ြမို့ကိုလာခဲ့သလားလို့ ဖေဖေ့ကို သူမေးချင်နေမိတယ်။ မေမေ မတွေ့ တော့ဘူး။ ဆယ်ရက် ကုန်သွားတယ်။ လထက်ဝက်ကျိုးသွားခဲ့တယ်။ တစ်လတောင်ြပည့်တော့မယ်. . .သူနဲ့မိသားစုတွေ အားလုံး ပျာယာခတ်ချောက်ချားနေခဲ့ကြပြီ။ ဦးနှောက်ရဲ့ ထောင့်တစ်နေရာမှာ အကြီးအကျယ် ထိခိုက်နာကျင်ထားသလိုပါပဲ ခံစားခဲ့ကြတယ်။
လက်ထဲကလူပျောက်ကြော်ငာစာရွက်ကို ညီမကိုသူကမ်းပေးလိုက် တယ်။
'ငါသွားကြည့်မယ်'
'ယုံစန်၂ လမ်းကိုလား'
'ဟုတ်တယ်'
'အစ်ကိုတစ်ခုခု ကိုတွေးမိလိုက်သလား'
'ဆိုးလ်ြမို့ကို ငါရောက်စက အဲဒီ မှာ နေခဲ့ဖူးတယ်'
အကြောင်းတစ်စုံတစ်ခုထူးရင်ညီမကိုဖုန်းဆက်မယ်၊ ဖုန်းကိုဂရုစိုက်ြကည့်ထားဖို့ ညီမ ဖြစ်သူကို သူမှာ တယ်။ ဒီစကားက ပြောစရာတောင် မလိုတဲ့စကားပါ။ခါတိုင်းဖုန်းမကိုင်တဲ့ညီမက အခု ဖုန်းသုံးချက်မြည် တာနဲ့ ကောက်ကိုင်တတ်နေပြီ။အငှားကားဂိတ်ဘက် သူလျှောက်သွားတယ်။ အသက်(၃ဝ)ကျော်ပြီး အိမ်ထောင်မကျသေးတဲ့ဒီညီမကို မေမေအရမ်းစိတ်ပူခဲ့တယ်။ တစ်ခါတလေ မိုးလင်းတာနဲ့ဖုန်းဆက်ြပီး'သားဟုန်းချော၊ ဂျီဟွန်း (Ji-hyun) အိမ်ကို သွားကြည့်ပါဦး။ သူ ဘာလို့ဖုန်းမကိုင်တာလဲ မသိဘူး။ မေမေ့စိတ်ထဲမှာ နေမထိထိုင်မသာနဲ့ ။ သူဖုန်းလည်း မကိုင်ဘူး ။ ဖုန်းလည်း ပြန်မဆက်ဘူး ။ သူ့ဆီကဖုန်းမလာတာ တစ်လရှိနေပြီ' လို့ပြောတတ်တယ်။
'ညီမ ခေါင်းမဖော်စတမ်း စာတွေ ရေး နေတယ်ထင်တယ်။ ဒါမှမဟုတ် ပြည်ပထွက်သွားတယ်ထင်တယ်' လို့သူပြောပေမယ့်မေမေက သူ့ကို ညီမနေတဲ့တိုက်အထိသွားကြည့်ဖို့ပြောတယ်။ ညီမက တစ်ယောက် တည်း နေတာမို့ ဖျားနေမလား၊ မထနိုင်ဘူးလား၊ ရေချိုးခန်းထဲမှာ ချော်လဲနေမလား. . .မေမေပြောတဲ့ တစ်ကိုယ်တည်းနေမိန်းကလေးတွေ တွေ့ ကြုံတတ်ရတဲ့အန္တရာယ်တွေ ကို နားထောင်ြပီး ဒါလည်း ဖြစ်နိုင်တာပဲလေလို့ သူတွေးထင်တယ်။ မေမေခိုင်းစေတဲ့အတိုင်း ရုံးမတက်ခင် ဒါမှမဟုတ်နေ့လယ်ထမင်းစားချိန်မှာ ညီမလေးနေတဲ့တိုက်ဆီ အပြေးအလွှား သူသွားကြည့်ခဲ့တယ်။ အိမ်ရှေ့တံခါးဝမှာ စုပြုံနေတဲ့ သတင်းစာတွေ က အိမ်မှာ ညီမလေးရှိမနေကြောင်းကို သက်သေပြနေပါတယ်။ သတင်းစာတွေ ကိုကောက်ပြီး အမှိုက်ပုံးထဲသူလွှင့်ပစ်ခဲ့တယ်။ ပြီးတော့သြူပန်ခဲ့တယ်။ တကယ်လို့ အိမ်ရှေ့တံခါးမှာ သတင်းစာနဲ့နွားနို့ရှိမနေဘူးဆိုရင် ညီမအိမ်မှာ ရှိကြောင်း သူသိတယ်။ အိပ်မှု န်စုံဝါးနဲ့ညီမတံခါးဖွင့်တဲ့အထိ တံခါးကို သူ အဆက်မပြတ် ခေါက်တတ်တယ်။ အိပ်မက်ကနေ မနိုးထသေးတဲ့မျက်နှာနဲ့ ညီမက ဒေါသတကြီး 'ဘာလို့လာပြန်တာလဲ'လို့မေးတတ်တယ်။
တစ်ခါက သူ တံခါးဘဲလ်နှိပ်နေတုန်း ညီမလေးကိုလာရှာတဲ့ အမျိုးသားတစ်ဦးနဲ့တိုးခဲ့တယ်။ အမျိုးသားက ရှက်ကိုး ရှက်ကန်း နဲ့သူ့ကိုနှုတ်ဆက်တယ်။ ဘယ်သူလဲလို့မမေးရသေးခင် အမျိုးသားက ညီမနာမည် ကို ပြောလိုက်တယ်။ ပြီးတော့ သူနဲ့ညီမရုပ်ချင်းဆင်တယ်လို့ ပြောသေးတယ်။ ဒါကြောင့်ဆက်မေးစရာမလိုခဲ့တော့ဘူး။အဲဒီ အမျိုးသားကလည်း ညီမလေးကို သူ ရုတ်တရက် ရှာမတွေ့ ခဲ့လို့ အိမ်အထိ လာကြည့်တာပါလို့ပြောတယ်။
အဲဒီ နောက်မှာ တော့ ညီမလေးခရီးထွက်သွားတယ်၊ ဒါမှမဟုတ် ညီမလေးအိမ်မှာ ကျန်းကျန်းမာမာရှိနေပါတယ်လို့ညီမအကြောင်းကို မေမေ့ဆီသူသံတော် ဦးတင်ရတယ်။ ဒီလိုသတင်းကြားရင် မေမေက သက်ပြင်းချပြီး 'ဟင်း . . .ဒီလိုသာ ဆက်သွားရင် သူသေသွားတာတောင် မေမေတို့ သိမှာ မဟုတ်ဘူး 'လို့ အမြဲပြောတယ်။ပြီးတော့ 'သူက ဘာအလုပ်တွေ လုပ်နေတာလဲ'လို့ မေးတယ်။ ညီမလေးကို လဝက်ဒါမှမဟုတ်တစ်လလောက်သတင်းမကြား၊ ရှာမတွေ့ ရတဲ့အကြောင်းရင်းက သူစာတွေ ရေး နေလြို့ဖစ်တယ်။
'ဒီလိုနည်းနဲ့မှ စာရေး လို့ရမှာ လား' မေမေ ဒီလိုမေးတိုင်း ညီမက သူ့ဘာသာသူ'နောက်ဆိုရင်မေမေ့ကိုသမီးဖုန်းဆက်ပါ့မယ်' လို့ပြောတယ်။မေမေ ဘယ်လိုပဲပြောပြော တစ်ခါတလေ ညီမနဲ့ဆက်သွယ်မရတဲ့အချိန်တွေ ရှိနေခဲ့ပါတယ်။
သုံးလေးကြိမ်လောက်ထင်ပါတယ်. . .မေမေခိုင်းစေတာကို သူမလုပ်ခဲ့တော့ မေမေလည်း ညီမလေးကို သွားကြည့်ဖို့ သူ့ကို မတောင်းဆိုခဲ့တော့ဘူး။ 'သားလည်း မေမေ့စကားကို နားထောင်ဖို့ အချိန်မရှိတော့ပါဘူးလေ' လို့ပဲ မေမေပြောခဲ့တယ်။ ညီမကို ဆက်သွယ်လို့မရတဲ့အ ဖြစ်တွေ က တစ်ခါတလေ ဖြစ်နေတတ်သေးတယ်။ သူ့ကိုယ်စား တစ်ယောက် ယောက် က မေမေ့အတွက် သွားကြည့်ပေးခဲ့မယ် ထင်ပါတယ်။ အခု 'မေမေ ပျောက်သွားတော့'ညီမက 'ဒါဟာ ဘုရားသခင်ငါ့ကို အပြစ်ပေးတာထင်တယ်' လို့ တစ်ယောက် တည်း ပြောနေခဲ့တယ်။ဆိုးလ်ဘူတာကနေ စွတ်မြောင်း (Sookmyung) အမျိုးသမီးတက္ကသိုလ်အထိကားတွေ ပိတ်ကြပ်နေခဲ့တယ်။ မေမေ့ကို တွေ့ နိုင်နိုးနဲ့ကားပြတင်းပေါက်အပြင်ဘက်ကလမ်းသွားလမ်းလာတွေ ကို မျက်လုံးကျယ်ကျယ်နဲ့ သူ ကြည့်နေခဲ့တယ်။
'ဆရာ . . . ဆရာက ယုံစန်၂ လမ်းက ရပ်ကွက်ရုံးကိုသွားမှာ မဟုတ်လား'
စွတ်မြောင်း (Sookmyung) အမျိုးသမီးတက္ကသိုလ်ကနေ ယုံစန်အထက်တန်း ကျောင်းဆီ ဦးတည်ကွေ့လိုက်ချိန်မှာ ကားဆရာက သူ့ကိုမေးတယ်။ သူမကြားမိလိုက်ဘူး။
'ဆရာ'
'အင်း'
'ဆရာက ယုံစန် ၂ လမ်းက ရပ်ကွက်ရုံးကိုသွားမှာ မဟုတ်လား'
'အင်း'
အသက် (၂ဝ)အရွယ်တုန်းက ဒီလမ်းကို သူ အကြိမ်ကြိမ်လျှောက်ခဲ့တယ်ဆိုပေမယ့် ကားပြတင်းအပြင်ဘက် ရှုခင်းတွေ ကစိမ်းနေခဲ့တယ်။ ဒီလမ်းဟုတ်လို့လား၊သူသံသယ ဖြစ်မိသေးတယ်။အနှစ် (၃ဝ)ကုန်လွန်ခဲ့တော့ မပြောင်းလဲဘူးဆိုရင်လည်းအြံ့သစရာပါ။
'ဒီနေ့က စနေနေ.့ . . ရပ်ကွက်ရုံး ပိတ်မယ်ထင်တယ်'
'အင်း'
ကားဆရာက တစ်ခုခုပြောချင်ဟန်နဲ့ ဆက်မပြောခဲ့တော့ဘူး။ လူပျောက်ကြော်ငာတစ်စောင်ကိုယူပြီး ကားဆရာကိုသူပေးလိုက် တယ်။
'တကယ်လို့သူ့ကိုတွေ့ ခဲ့ရင်ကျေးဇူးပြုပြီး ကျွန်တော့် ဆီ ဖုန်းဆက်ပါ. . .'
သူကမ်းပေးတဲ့လူပျောက်ကြော်ငြာကို ကားဆရာတစ်ချက်ကြည့်လိုက်တယ်။
'ဆရာ့အမေလား'
'အင်း'
'ဘယ်လြိုဖစ် . . .'
ဒီနှစ် ဆောင်းဦးကာလမှာ ညီမလေးဆီက ဖုန်းလာခဲ့တယ်။ မေမေ့ကြည့်ရတာ ခါတိုင်းနဲ့မတူဘူးတဲ့။ ဒါကို သူ အလေးအနက်မထားခဲ့မိဘူး။ ဒီအသက်အရွယ်ရောက်မှတော့ အဖျား၊ အနာလေးတော့ ရှိတတ်မှာ ပေါ့။ ညီမက နာနာကျင်ကျင်နဲ့မေမေခေါင်းကိုက်ပြီး မေ့လဲခဲ့ဖူးကြောင်း သူ့ကိုပြောပြတယ်။ ဒီလိုနဲ့ ရွာအိမ်ကို သူဖုန်းဆက်ခဲ့တယ်။ မေမေက သူ့ဖုန်းကိုဝမ်းသာအားရကောက်ကိုင်ပြီး 'သား ဟုန်းချောလား 'လို့မေးတယ်။
'ဘာမှမ ဖြစ်ဘူး မဟုတ်လား' မေမေ့ကိုသူမေးတယ်။
'တစ်ခုခု ဖြစ်ရင်လည်း ကောင်းသား. . .အင်း ၊ စိတ်မပူပါနဲ့။ မေမေတို့ ဒီလူအိုနှစ် ယောက် ဘာများ ဖြစ်နိုင်မှာ မို့လဲ၊ သားတို့ပဲ ကိုယ့်ဖာသာကိုယ် ကောင်းကောင်းဂရုစိုက်ရင်ရပြီ' မေမေက ရယ်ြပီး ပြောတယ်။
'ဆိုးလ်ကိုလာခဲ့ပါ'
'အင်း . . .အင်း . . .ကောင်းပြီလေ' မေမေ့အသံ ဇဝေဇဝါ ဖြစ်နေတယ်။ သူ့ရဲ့ လျစ်လျူရှုမှု ကို ညီမက မခံမရပ်ဒေါသတကြီး ဖြစ်ပြီး သူ့ကုမ္ပဏီရှေ့မှာ မေမေ့ရဲ့ ဦးနှောက်စကင်ဖတ်ထားတာကို ထုတ်ပြခဲ့တယ်။ ဆရာဝန်ပြောတဲ့စကားအတိုင်း ဦးနှောက်လေဖြတ်တဲ့ဒဏ်က မေမေ့ဦးနှောက်ကို ထိုးနှက်နေကြောင်း သူ့ကိုပြောပြတယ်။ ဒါကိုမေမေကိုယ်တိုင်လည်း မသိခဲ့ဘူး။ ဒါကို သူ အရေး မစိုက်သလို နားထောင်နေခဲ့လို့ညီမလေးက သူ့မျက်လုံးကို စိုက်ကြညြ့်ပီး အသံကုန်အော်လိုက်တယ်။
'ကြိုကီး ၊ ကိုကြီး က ယန်ဟုန်းချော (Yun Hyong-chol)ရော ဟုတ်သေးရဲ့ လား'
'မေမေက ဘာမှမ ဖြစ်ဘူးလို့ပြောပြီးပြီပဲ'
'မေမေပြောတိုင်း ကိုကြီးယုံလား ၊ ခါတိုင်းလည်း မေမေဒီလိုပဲပြောနေတာပဲ။သိရဲ့ သားနဲ့ ယောင်ဝါးဝါးလုပ်နေရသေးလား၊ မေမေက အစ်ကို့ကို အားနာလို့ ဒီလိုပြောတာ'
'မေမေက ဘာ ဖြစ်လို့ ငါကို အားနာရမှာ လဲ'
'ညီမ ဘယ်သိမလဲ၊ မေမေ့ကို အားနာစေအောင် အစ်ကိုဘာလုပ်ခဲ့သလဲ'
'ငါဘာ ဖြစ်နေလဲလို့ '
'ဟိုးအရင်ကတည်းက မေမေ အဲဒီ လိုအမြဲပြောခဲ့တယ်။ အစ်ကို့ကိုအားနာတယ်လို့ မေမေဘာကြောင့်အမြဲပြောသလဲဆိုတာကို ညီမလည်း မေးချင်ခဲ့တယ်'
လွန်ခဲ့တဲ့ နှစ် (၃ဝ)က အဆင့်ငါးဆင့်နဲ့ ခွဲဖြေရတဲ့ ဝန်ထမ်းစာမေးပွဲကို သူအောင်ြမင်ခဲ့တယ်။ ပထမဦးဆုံး သွားရောက်ဖို့အမိန့်ကျ အကြောင်းကြားတဲ့နေရာကယုံစန် ၂ လမ်းက ရပ်ကွက်ရုံး ဖြစ်တယ်။ တောရွာမှာ အထက်တန်းပြီးခဲ့တဲ့သူကဆိုးလ်တက္ကသိုလ်ဝင်ခွင့်ကို မအောင်မြင်ခဲ့ဘူး။ စာမေးပွဲမအောင်ကြောင်း ကြားသိရတုန်းက မေမေ မယုံကြည်နိုင် ဖြစ်ခဲ့တယ်။ မယုံကြည် ဖြစ်တာကလည်း သဘာဝ ကျပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူငယ်တန်းကနေ အထက်တန်းအထိအမြဲတမ်း သူအဆင့်တစ်ချိတ်ခဲ့တယ်။ ဘာစာမေးပွဲဖြေဖြေ အမြဲတမ်း အဆင့်တစ်ပါပဲ။ မူလတန်းကနေ အဆင့်တစ်နဲ့ အလယ်တန်းကို သူရောက်ခဲ့တယ်။ ကျောင်းလခပေးစရာတောင်မလိုခဲ့ဘူး။ သုံးနှစ် ဆက်တိုက် သူ အဆင့်တစ်ရခဲ့လို့ ကျောင်းလခတစ်ခါမှ ပေးစရာမလိုခဲ့ဘူး။ အထက်တန်းဝင်တော့လည်း သူ့အဆင့်က ၁ နေရာမှာ ရှိခဲ့တယ်။အင်း . . . ဟုန်းချောအတွက် ကျောင်းလခတစ်ခါလောက် ဆောင်ချင်လိုက်တာ။မေမေက သူ့ကို ဂုဏ်ယူဝင့်ကြွားတိုင်း အဲဒီ လို အမြဲပြောခဲ့တယ်။ အထက်တန်းတစ်လျှောက် အဆင့်တစ်နေရာမှာ ပဲ ရှိခဲ့တဲ့သူက တက္ကသိုလ်ဝင်ခွင့်ဖြေတော့မအောင်ခဲ့ဘူး။ ဒါကြောင့် မေမေ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့တယ်။အဆင့်တစ်မရတဲ့အပြင် မအောင်ခဲ့ဘူးဆိုတဲ့သတင်းကို ကြားတုန်းက မေမေ့မျက်နှာမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်ထင်ဟပ်သွားခဲ့တယ်။ သားမှမတော် ရင်၊ဘယ်သူတော် ဦးမှာ လဲ၊ တက္ကသိုလ်ရောက်အောင်ဖြေပြီး တက္ကသိုလ်မှာ သူကအဆင့်တစ်ယူဦးမှာ ၊ ဒါက မျှော်မှန်းထားတာ မဟုတ်ဘူး။ တကယ်ကို ဖြစ်နိုင်တာပါ။ဘယ်လိုပဲ ဖြစ် ဖြစ် ထောက်ပံ့ကြေးနဲ့ပဲ တက္ကသိုလ်ပြီးအောင် သူ ဆက်တက်မှာ ။ဒါပေမယ့် အခုတော့ သူ စာမေးပွဲကျခဲ့ပြီ။ ထွက်လမ်းအတွက် တခြားနည်းလမ်းကိုရှာရတော့မယ်။ ကျောင်းဆက်တက်ဖို့ကို သူ မရွေးချယ်ခဲ့ဘူး။ ကိုယ်လျှောက်မယ့်လမ်းကို သူ အမြန်ဆုံး ရှာတွေ့ ခဲ့ပါတယ်။
ဝန်ထမ်းစာမေးပွဲနှစ် မျိုး သူဝင်ဖြေခဲ့တယ်။ နှစ် မျိုးလုံးအောင်မြင်တယ်။ပထမဆုံးအမိန့်ကျ အကြောင်းကြားတဲ့နေရာကို သူရွေးချယ်ခဲ့တယ်။ အိမ်ကို သူခွဲခဲ့တယ်။ လအနည်းငယ်အကြာမှာ ဆိုးလ်တက္ကသိုလ်ညကျောင်းမှာ သူ တက်ချင်တဲ့ ဥပဒေလိုင်းရှိတယ်လို့ သူကြားသိခဲ့တယ်။ သူကျောင်းအပ်ချင်ခဲ့ပေမယ့်ကျောင်းအပ်ရင် အထက်တန်းအောင်စာရင်း လိုတယ်။ တကယ်လို့ အိမ်ကလူတွေ ဆီ စာရေး ပြီး ကျောင်းမှာ အထက်တန်း အောင်စာရင်းကို ယူခိုင်းမယ်။ ပြီးမှ သူ့ဆီကိုပို့ခိုင်းမယ်ဆိုရင် ကျောင်းအပ်ချိန် မီမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ဖေဖေ့ကို သူစာရေး ပေးပြီး အောင်စာရင်းကို ကားဂိတ်ကနေ ဆိုးလ်လာမယ့်သူနဲ့ လူကြုံပါးဖို့ပြောခဲ့တယ်။ပြီးမှ စာတိုက်ကနေ ရပ်ကွက်ရုံးကို ဖုန်းဆက်ပြီး ဘယ်ကားနဲ့ ထည့်လိုက်ကြောင်းပြောဖို့၊ ပြီးမှ ကားဂိတ်မှာ သူ သွားယူမယ်ဆိုတဲ့ အကြောင်း စာရေး လိုက်တယ်။
သူအကြာကြီး စောင့်နေခဲ့ပေမယ့် ဖုန်း မရရှိခဲ့ဘူး ။ အဲဒီ တုန်းက ရွာမှာ ဖုန်းမရှိသေးတော့ သူလည်း အကျိုးအကြောင်းမသိရဘူး။ နောက်တစ်နေ့မှာ ကျောင်းအပ်တဲ့ ဖောင်တင်ရတော့မယ်။ သူ အရမ်းစိုးရိမ်ခဲ့မိတယ်။ အဲဒီ ညမှာ ပဲ ရုတ်တရက်ရပ်ကွက်ရုံးရဲ့ တံခါးခေါက်သံ မြည် လာခဲ့တယ်။ အဲဒီ တုန်းက ရပ်ကွက်ရုံးမှာ ပဲသူတည်းခဲ့တယ်။ တာဝန်ကျသူတွေ အလှည့်ကျ တာဝန်ယူစောင့်ရတယ်ဆိုပေမယ့်သူ့မှာ နေစရာမရှိခဲ့လို့ တာဝန်ကျတဲ့အခန်းမှာ ပဲ သူနေခဲ့တယ်။ နေ့တိုင်း သူတာဝန်ကျခဲ့တဲ့ သဘောပေါ့။ တံခါးခေါက်သံက ကျယ်လောင်လွန်းနေတယ်။ ရုံးတံခါးပျက်မတတ် ကျယ်လွန်းနေခဲ့တယ်။ သူ အပြင်ထွက်ကြည့်တော့ အမှော င်ထဲမှာ လူငယ် တစ်ယောက် ရပ်နေတာကို တွေ့ လိုက်တယ်။
'ဒါ ခင်ဗျားရဲ့ မေမေလား'
ချမ်းလွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ မေမေဟာ လူငယ်ရဲ့ နောက်မှာ ရပ်နေခဲ့တယ်။ သူစကားမဟရခင် မေမေက ရှေ့ကိုလျှောက်လာပြီး ဟုန်းချောမေမေ . . . မေမေပါလို့ ဆိုတယ်။ လူငယ်ကနာရီကိုကြည့်လိုက်တယ်။ နောက် ၇-မိနစ်ဆိုရင် ဝင်ထွက်ခွင့်ပိတ်ပြီတဲ့။ လူငယ်က မေမေ့ကိုနှုတ်ဆက်စကားပြောပြီး ဂိတ်တံခါးမပိတ်ခင် အမှော င်ထဲ ပြေးထွက်သွားခဲ့တယ်။
ဖေဖေအိမ်မှာ မရှိခဲ့လို့ ညီမက သူ့စာကိုဖတ်ခဲ့တယ်။ မေမေက ဘာလုပ်ရကောင်းမှန်း မသိခဲ့ဘူး။ နောက်တော့ သူတက်ခဲ့တဲ့ အထက်တန်းကျောင်းဆီ မေမေသွားပြီး အောင်စာရင်းလျှောက်ခဲ့တယ်။ အောင်စာရင်းရရချင်း ရထားပေါ်တန်းတက်ခဲ့တယ်။ ဒါဟာ သူ့မေမေ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးအကြိမ် ရထားစီးတာ ဖြစ်တယ်။ ဆိုးလ်မြို့ကိုရောက်တော့ မေမေက လမ်းသွားလမ်းလာတွေ ကို ယုံစန်ကိုဘယ်လိုသွားသလဲလို့ မေးမြန်းခဲ့တယ်။ အဲဒီ မှာ အခုနားက မေမေ့ကို လာလိုက်ပို့တဲ့လူငယ်နဲ့ တိုးခဲ့တယ်။ ညဥ့်နက်သန်းခေါင်မှာ မေမေက သူ့သားကိုပေးဖို့ရှိတယ်ဆိုလို့လူငယ်မှာ မ ဖြစ်မနေ မေမေ့ကို ရပ်ကွက်ရုံးလိုက်ပို့ပေးခဲ့ရတယ်။ ဆောင်းတွင်းဆိုပေမယ့် မေမေဟာ အပြာရောင် စွပ်ဖိနပ်ကိုပဲ စီးထားတယ်။ ဆောင်းဦးမှာ စပါးတွေ ရိတ်သိမ်းတော့ မေမေ့ခြေမထိပ်ကို တံစဉ်နဲ့မတော် တဆထိခိုက်ခဲ့မိတယ်။ အနာတွေ မကျက်သေးလို့ ထိပ်ဖွင့်ဖိနပ်ကိုပဲ မေမေစီးရတော့မယ်။ ဟိုရှာဒီရှာ ရှာခဲ့ပေမယ့်ဒီဖိနပ်ကိုပဲ တွေ့ ခဲ့တယ်။
မေမေဟာ ဖိနပ်ကိုအခန်းရှေ့မှာ ချွတ်ြပီး 'မြန်ြမန်ဝင်ခဲ့. . အချိန်မီသေးလားမသိဘူး' လို့ သူ့ကိုပြောတယ်။ အထက်တန်းအောင်စာရင်းကို သူ့ရှေ့ မေမေထိုးပေးတယ်။ မေမေရဲ့ လက်တွေ အေးခဲလို့နေတယ်။ မေမေ့ရဲ့ အေးစက်စက်လက်တွေ ကိုသူဖမ်းဆုပ်ရင်း ဒီလိုလက်တစ်စုံရှိတဲ့အမျိုးသမီးကို တစ်သက်လုံး စိတ်ချမ်းသာပျော်ရွှင်စေရမယ်လို့ တိတ်တခိုး သူ ဆုံးဖြတ်ချက်ချနေပေမယ့် ပါးစပ်မှာ တော့ မေမေ့ကိုအပြစ်တင်နေခဲ့မိတယ်။
'သူစိမ်း တစ်ယောက် ကလာလိုက်ခဲ့လို့ခေါ်တိုင်း လိုက်ရသလား'
'လူလူချင်း ကြားမှာ ယြုံကည်မှု လေးတောင်မရှိနိုင်တော့ဘူးလား။ ဒီလောကမှာ လူကောင်းတွေ လူဆိုးထက်ပေါများ ပါသေးတယ်'
မေမေက ပြန်ချေပပြီး သူ့ကို အပြစ်တင်တယ်။ မေမေ့မျက်နှာပေါ်မှာ အကောင်းမြင်တဲ့ အပြုံးတွေ ထင်ဟပ်နေခဲ့တယ်။
တံခါးပိတ်ထားတဲ့ ရပ်ကွက်ရုံး ရှေ့မှာ သူရပ်ပြီး အဆောက်အအုံကိုတောင်တောင်မြောက်မြောက် ကြည့်နေခဲ့မိတယ်။ မေမေဒီကိုမလာလောက်ပါဘူး ။ တကယ်လို့ဒီနေရာကိုရှာနိုင်ရင် သူ့အိမ်ကိုလည်း မေမေ ရှာနိုင်ရမှာ ပေါ့။ ဒီနေရာမှာ သူ့မေမေနဲ့တူတဲ့လူကို တွေ့ ခဲ့တယ်လို့ဟိုအမျိုးသမီးကပြောခဲ့တယ်။ မေမေ့မျက်လုံးကို မှတ်မိတယ်။ မေမေစီးထားတဲ့ဖိနပ်က အပြာရောင် လို့တောင် ပြောခဲ့သေးတယ်။
အပြာရောင် စွပ်ဖိနပ် . . .
ဖေဖေပြောတော့ မေမေစီးထားတာ အပြာရောင် စွပ်ဖိနပ်မဟုတ်ဘူး။ နို့နှစ် ရောင် ဖိနပ်ပါးပါးတဲ့။ အမျိုးသမီးက ပြောသေးတယ်။ မေမေလမ်းလျှောက်တာ များ သွားလို့ ဖိနပ်က ခြေဖမိုးထဲနစ်ဝင်နေပြီ၊ အရေခွံတောင်ပွန်းနေပြီတဲ့။ မေမေစီးထားတာ အပြာရောင် စွပ်ဖိနပ်ဆိုတာကို သူတပ်အပ်ပြောခဲ့တယ်။ ဒီအချိန်ကျမှ မေမေ မပျောက်ဆုံးခင်စီးထားတာက နို့နှစ် ရောင် ဖိနပ်ပါးဆိုတာကို သူသတိရလာခဲ့မိတယ်။ ရပ်ကွက်ရုံးကိုဟိုကြည့်ဒီကြည့်ကြည့်ပြီး ဖိုဆောင်း (Posong) အမျိုးသမီးအထက်တန်းကျောင်းနဲ့အွန်းဆောင်း (Eunsong)ဘုရားကျောင်းဆက်ထားတဲ့ လမ်းဆုံဆီ သူလျှောက်ခဲ့တယ်။
'ရုံးကတာဝန်ကျအခန်းလေး ရှိနေသေးလား'
အသက်(၂ဝ)အရွယ်သူ့အတွက် အောင်စာရင်း ပို့ပေးဖို့ မေမေဟာ ဘာကိုမှ ထွေထွေထူးထူး မစဉ်းစားဘဲ ဆိုးလ်ြမို့ကိုသွားမယ့်ရထားပေါ်တက်ခြဲ့ပီးရပ်ကွက်ရုံးကို အရောက်လာခဲ့တယ်။ အဲဒီ ညက တာဝန်ကျခန်းထဲက ခုတင်ပေါ်မှာ မေမေနဲ့သူအတူလဲလျောင်းနေခဲ့တယ်။ ဒါဟာ မေမေနဲ့အတူ နောက်ဆုံးအကြိမ် သူလဲလျောင်းတာလည်း ဖြစ်နိုင်တယ်။ နံရံကြားကနေ လေအေးတွေ တိုးဝင်နေတယ်။ မေမေကထပြီး'နံရံ ဘေးမှာ မအိပ်ရရင်မေမေ အိပ်ပျော်မှာ မဟုတ်ဘူး'လို့ဆိုတယ်။ မေမေနဲ့သူနေရာလဲလိုက်ကြတယ်။
'လေတွေ ဝင်နေတယ်. . .'သူထပြီး စာအုပ်၊ လွယ်အိတ်တွေ ကို နံရံနားပုံထားလိုက်တယ်။ ချွတ်ထားတဲ့အဝတ်အစားတွေ ကိုလည်း ယူပြီး ပုံလိုက်တယ်။
'ရတယ်. . .မြန်မြန်အိပ်တော့ . . .မနက်ဖြန် အလုပ်လုပ်ရဦးမယ်' မေမေကသူ့လက်ကိုဖမ်းဆွဲပြီးပြောတယ်။
'ပထမအကြိမ် ဆိုးလ်ကိုရောက်လာတဲ့ခံစားချက် ဘယ်လိုနေလဲ' မေမေနဲ့အတူ လဲလျောင်းပြီး မျက်နှာကြက်ကြိုကည့်ရင်း သူမေးတယ်။
'ဘယ်လိုမှမနေပါဘူး' မေမေက ရယ်ြပီး ပြောတယ်။
'သားက မေမေ့ရဲ့ ပထမဆုံးကလေး၊ သားကြောင့် မေမေတွေ့ ကြုံခံစားခဲ့ရတဲ့ ပထမဆုံးအကြိမ်တွေ ဒီထက်ဘယ်ကခဲ့မလဲ၊ သားနဲ့ ပတ်သက်လာရင် မေမေ့အတွက် လောကသစ်ြကီးတစ်ခုလိုပဲ။ သားဘာလုပ်လုပ်မေမေ့အတွက်တော့အတွေ့ အကြုံသစ်တွေ ချည်းပဲ။ ပထမဆုံးအကြိမ် ဗိုက်ကဖောင်းထပြီး ကြီးလာခဲ့တယ်။ ပထမဆုံးအကြိမ် နို့တိုက်တယ်။ သားကိုမွေးတုန်းက မေမေ့အသက်က သားအခုအရွယ်လောက်မှာ ပဲ။ သားကို ပထမဆုံးအကြိမ်တွေ့ တုန်းက သားမျက်စိတောင်မဖွင့်ခဲ့ဘူး။နီရဲနေတဲ့မျက်နှာပေါ်မှာ ချွေးတွေ နဲ့ စိုရွှဲနေခဲ့တယ်။'
'တခြားလူတွေ ပထမဆုံးကလေး မွေးပြီးရင် ပျော်ကြဝမ်းသာကြတယ်။မေမေ့မှာ တော့ ပျာယာခတ် ထိတ်လန့်နေခဲ့တယ်။ ဒီသားလေးက ငါမွေးခဲ့တဲ့သားလေးလား၊ နောက်ပိုင်း ငါ ဘယ်လိုဆက်ထိန်းရမလဲ၊ ရုတ်တရက် မေမေ အရမ်းကြောက်ခဲ့မိတယ်။ စစချင်းမှာ သားရဲ့ လက်ချောင်းပျော့စိစိတွေ ကို မေမေ ထိတောင်မထိရဲခဲ့ဘူး။ သားက လက်ကိုတင်းတင်းဆုပ်ထားခဲ့တယ်။သားလက်ချောင်းတွေ ကို တစ်ချောင်းစီ မေမေခွဲပေးတော့ သားက ပြုံးပြုံးလေးနဲ့ မေမေ့ကိုကြည့်နေခဲ့တယ်။ သားလက်ချောင်းလေးတွေ က သေးသေးလေး၊ ခဏခဏ ကိုင်ရင်ပဲ အရည်ပျော်သွားတော့မယ့်အတိုင်းပဲ။'
'အဲဒီ တုန်းက မေမေ ဘာမှနားမလည်ခဲ့ဘူး။ ၁၇-နှစ် အရွယ်မှာ အိမ်ထောင်ကျတယ်။ ၁၉-နှစ် ရောက်တဲ့အထိ မေမေ ကိုယ်ဝန်မဆောင်ခဲ့သေးဘူး။သားရဲ့ ကြီးကြီးက ကြည့်ရတာ ကလေးမွေးတတ်တဲ့ပုံ မရပါဘူးလို့ပြောတယ်။ သားကိုကိုယ်ဝန်ရှိပြီလို့ မေမေသိလိုက်ရတဲ့အချိန်မှာ မေမေ ပထမဦးဆုံးတွေးမိတာကနောက်ဆိုရင် သားကြီးကြီးရဲ့ စကားကို နားထောင်စရာမလိုတော့ဘူး ဆိုတာပဲ ဖြစ်တယ်။ ဒါဟာ မေမေ့ကို အပျော်ရွှင်စေဆုံးအရာပေါ့။ နောက်တော့ သားရဲ့ လက်ချောင်းလေးတွေ တဖြည်းဖြည်း ကြီးလာခဲ့တယ်။ ခြေချောင်းတွေ လည်းတဖြည်းဖြည်း တုတ်လာခဲ့တယ်။ မေမေ အရမ်းပျော်ခဲ့တယ်။ ပင်ပန်းနွမ်းနယ်တဲ့ အချိန်ဆိုရင် အိမ်ထဲဝင်ပြီး သားအိပ်နေတာကို သွားကြည့်ခဲ့တယ်။ သားလက်ချောင်းလေးတွေ ကို ဖြန့်ကြည့်ခဲ့တယ်။ သားခြေချောင်းလေးတွေ ကို ကိုင်ကြည့်ခဲ့တယ်။ ဒီလိုဆိုရင် မေမေ့မှာ ခွန်အားတွေ ပြည့်လာပြန်တယ်။ '
'ပထမဆုံးအကြိမ် သားကို ဖိနပ်စီးပေးတုန်းက မေမေ အရမ်း စိတ်လှုပ်ရှားခဲ့တယ်။ ယိုင်တိုင်တိုင်ခြေလှမ်းတွေ နဲ့ မေမေ့ဆီ သားလျှောက်လာတာကိုကြည့်ပြီး မေမေ ပါးစပ်တောင် မပိတ်နိုင်အောင် ရယ်မောခဲ့ရတယ်။ ရွှေငွေကျောက်သံပတ္တမြားတွေ မေမေ့ရှေ့မှာ ပုံနေခဲ့ရင်တောင် မေမေဒီလောက်ပျော်ပြီး ရယ်မိလိမ့်မှာ မဟုတ်ဘူး။ သားကိုကျောင်းစပို့တဲ့အချိန်ဆိုရင် ပြောမနေပါနဲ့တော့။နာမည် ပါတဲ့ရင်ထိုးနဲ့ ပဝါကို သားရင်ဘတ်မှာ မေမေထိုးပေးတော့ ဘယ်လို ဖြစ်မှန်းမသိဘူး၊ မေမေလေ . . .ဂုဏ်ယူဝင့်ကြွားလိုက်တာ။ သားရဲ့ ပေါင်တွေ တဖြည်းဖြည်းတုတ်လာတာ ကိုကြည့်ပြီး ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှု က ဘာနဲ့မှ နှိုင်းယှဉ်လို့ မရခဲ့ဘူး။ မြန်မြန်ကြီးပြင်းပါ ငါ့သားရေ. . . နေ့တိုင်း မေမေဒီလို သီချင်းဆိုခဲ့တယ်။ သတိမထားမိခဲ့တဲ့ အချိန်မှာ သားအရပ် မေမေ့ထက်မြင့်ခဲ့ပြီဆိုတာကိုမေမေ ရုတ်တရက် တွေ့ ခဲ့ရတယ်။'
မေမေဟာ သူ့ဘက်ကိုလှညြ့်ပီးကျောကိုဆန့်ရင်း သူ့ဆံပင်ကို ပွတ်သပ်ပေးနေခဲ့တယ်။
'စိတ်ထဲမှာ သားမြန်ြမန်ြကီးပါစေလို့ မျှော်လင့်နေမိခဲ့တယ်။ တကယ်တမ်းသားအရပ် မေမေ့ထက်မြင့်လာခဲ့တဲ့အချိန် သားဟာ မေမေ့သားဆိုပေမယ့် မေမေကြောက်လန့်ခဲ့မိတယ်'
'----------'
'သားက တခြားကလေးတွေ နဲ့ မတူဘူး ။ မေမေ ဘာမှပြောစရာမလိုခဲ့ဘူး ။ဘာကိစ္စပဲဖြစ်ြဖစ်သားဘာသာ ကိုယ်တိုင်ဖြေရှင်းတယ်။ သားက လူတော် ၊ ဦးနှောက်လည်း ထက်တယ်။ သားက မေမေ့ရဲ့ ဂုဏ်ယူဝင့်ကြွားစရာပေါ့။ ခုချိန်ထိ သားဟာမေမေတကယ်မွေးခဲ့တဲ့ သားလားလို့ မေမေ သံသယ ဖြစ်နေခဲ့သေးတယ်။ အခုလည်းကြည့်ပါဦး. . . သားကြောင့် မဟုတ်ခဲ့ရင် ဆိုးလ်ကိုလာဖို့ မေမေဘယ်အခွင့်အရေး ရှိမလဲ'
သူ့စိတ်ထဲမှာ ငါပိုက်ဆံများများ ရှာမယ်။ နောက်တစ်ကြိမ် မေမေ ဆိုးလ်ကိုလာတဲ့အခါ နွေးနွေးထွေးထွေးနေရာတစ်ခုမှာ အိပ်စေမယ်။ လေတိုးပြီး အေးစက်တဲ့နေရာမှာ မေမေ့ကိုထပ်မအိပ်စေတော့ဘူးလို့ တွေးနေခဲ့တယ်။ အချိန် ဘယ်လောက်ကြာကြာ ကုန်လွန်သွားမှန်း မသိခဲ့ပါဘူး . . . မေမေက အသံတိုးတိုးလေးနဲ့ သူ့နာမည် ကိုရေရွတ်နေခဲ့တယ်။ သား ဟုန်းချောရေ၊ သူအိပ်ပျော်ခါနီး နားထဲမှာ မေမေ့အသံတိုးတိုးလေး လွင့်ပျံ့လာခဲ့တယ်။ မေမေက လက်ကိုဆန့်ထုတ်ပြီး သူ့ဆံပင်ကိုပွတ်သပ်ပေးနေခဲ့တယ်။ မေမေဟာ ထထိုင်ပြီး အိပ်မောကျနေတဲ့သူကို ခါးကုန်းပြီးငြုံ့ကည့်နေခဲ့တယ်။ လက်ဆန့်ထုတ်ြပီး သူ့နဖူးကိုပွတ်သပ်နေခဲ့တယ်။ သားကိုမေမေတောင်းပန်ပါတယ်။ မျက်ရည်သုတ်ဖို့ သူ့နဖူးပေါ် တင်ထားတဲလက်ကို မေမေ အမြန်ရုတ်လိုက်ပေမယ့် မေမေ့မျက်ရည်က သူ့ပါးပြင်ပေါ် ယိုစီးကျလာခဲ့တယ်။
မနက်နိုးလာတော့ မေမေတြံမက်စည်းလှည်းနေတာကိုသူတွေ့ လိုက်တယ်။မေမေ့ကိုမလှည်းဖို့သူပြောပေမယ့်မေမေက အားနေတာပဲ. . . လက်အားနေရင်အပြစ်တစ်ခုခု ခံနေရတာ နဲ့တူတယ်လို့ ဆိုတယ်။ တစ်ဆက်တည်း မေမေဟာ ကြမ်းတိုက်ြပီးအားလုံးရဲ့ စားပွဲခုံကိုလည်း ပြောင်လက်နေအောင်တိုက်ပေးခဲ့တယ်။ မေမေ့ရဲ့ ပါးစပ်မှာ အသက်ရှုသံပြင်းပြင်းနဲ့ နီရဲဖောင်းကားနေတဲ့ ခြေဖမိုးက စွပ်ဖိနပ်ြပာနောက်မှာ အထင်သားပေါ်နေခဲ့တယ်။ ပဲပင်ပေါက်ဟင်းရည် အရောင်းဆိုင်ဖွင့်တဲ့အချိန်မှာ မေမေဟာရုံးခန်းတစ်ခုလုံးကို သန့်ရှင်းပြီးနေပြီဖစ်တယ်။
ဒီအိမ်ြကီး ရှိနေသေးတယ်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ လမ်းကြားထဲမှာ သူဟိုလျှောက်ဒီလျှောက်နဲ့ မေမေ့ရဲ့ အရိပ်အယောင်ကို ရှာနေမိတယ်။ လျှောက်ရင်း လျှောက်ရင်း လွန်ခဲ့တဲ့နှစ် (၃ဝ) က ငှားနေခဲ့ဖူးတဲ့ အိမ်ရှေ့တံခါးဝဆီသူရောက်လာခဲ့တယ်။ အိမ်ရှေ့တံခါးထိပ်မှာ အရငိလိုပဲ ချွန်ထက်တဲ့အချွန်အတက်တွေ ရှိနေတုန်းပဲ။သူ့ကိုချစ်ခဲ့ပြီး နောက်ဆုံးမှာ သူ့ကိုခွဲသွားခဲ့တဲ့ကောင်မလေးက တစ်ခါတလေမှာ ဖရုံမုန့်ပါတဲ့အိတ်ကိုအဲဒီ အချွန်အတက်မှာ ချိတ်ဆွဲပေးခဲ့ဖူးတယ်။ ဒီအိမ်ြကီးကလွဲလို့ကျန်တဲ့ဘေးပတ်လည်က အိမ်တွေ ဟာ တိုက်ြမငြ့်ကီးတွေ ၊ အိမ်ရာတွေ ဖြစ်နေခြဲ့ပီ။
အိမ်တံခါးဝမှာ ကပ်ထားတဲ့ စာရွက်ကိုသြူကည့်လိုက်တယ်။
စပေါ် သိန်း ၁ဝဝ ------- တစ်လငှားရမ်းခ ၁သိန်း
စပေါ်သိန်း ၅ဝ ------- - တစ်လငှားရမ်း ခ ၁၅သိန်း ရနိုင်ပါသည်။
(၈) ဖြောင်းချန်း (၂၆ စတုရန်းမီတာခန့်)၊ ရေဆေးစင်၊ အိမ်သာတွင် ရေချိုးကန်ပါရှိသည်။နမ်ရှန် (NanShan)နှင့်အနီးဆုံး ၊ အားကစားလုပ်ရန် သင့်တော် သော နေရာ ကျန်းနန် (Jiangan)နှင့် မိနစ် ၂ဝခန့်၊ နာရီစင်လမ်းနှင့် ၁ဝမိနစ်ခန့်။
ချွတ်ယွင်းချက်မှာ --- အိမ်သာ သေးငယ်သည်။ သို့သော် မည် သူကမျှ အိမ်သာထဲတစ်နေကုန်ထိုင်နေမည် မဟုတ်ပါ။ ယုံစန်တွင် ဤကဲ့သို့ သော အဖိုးသင့်သည့်နေရာ ရှားပါသည်။အိမ်အခြေအနေကောင်းသော်လည်း ကျွန်တော် ကားဝယ်လိုက်သော ကြောင့် ကားရပ်ဖို့ နေရာလိုသည်။ထို့ကြောင့် နာကျင်မှု ကို ချုပ်ထိန်းပြီး ငှားရခြင်း ဖြစ်သည်။ စိတ်ဝင်စားပါက မက်ဆေ့ပို့ရန် သို့ မဟုတ်အီးမေးလ်ပို့ပါရန်။ ကိုယ်တိုင်ငှားရမ်းခြင်း ဖြစ်ပါသည်။ ပွဲစားမလိုပါ။
ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာကိုတွေ့ တာနဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ် (၃ဝ)က အတိုင်း တံခါးကို သူသာသာလေး တွန်းဖွင့်ဝင်လိုက်တယ်။ တံခါးဖွင့်တာနဲ့ အထဲကို သြူကည့်လိုက်တယ်။ အရင်တုန်းကအတိုင်းပဲ ဂငယ်သဏ္ဌာန်ဒီအိမ်ကြီး ရဲ့ တံခါးပေါက်တွေ အကုန်လုံး အပြင်ဘက်ကို ဦးတည်ထားတယ်။ သူအရင်တည်းခဲ့ဖူးတဲ့အခန်းကသော့ ခတ်ထားတယ်။
'အိမ်ရှင်ရှိပါသလား'
သူ့အသံက မြင့်ပြီး အော်မေးလိုက်တယ်။ အခန်းနှစ် ခန်း၊ သုံးခန်းပွင့်လာတယ်။ ဆံပင်တိုတိုဆယ်ကျော်သက်ကောင်မလေးနှစ် ယောက် နဲ့ အသက်၁၇နှစ် ခန့်လူငယ်နှစ် ယောက် တံခါးဝကနေ ခေါင်းပြူထွက်ြပီး ကြည့်တယ်။ သူ လျှောက်ဝင်သွားလိုက်တယ်။
'ဒီလူကို တွေ့ခဲ့ဖူးပါသလား'
အရင်ဆုံး ကောင်မလေးကိုလူပျောက်ကြော်ငာစာရွက်သူကမ်းပေးလိုက် တယ်။ ကောင်လေးနှစ် ယောက် တံခါးပိတ်ဖို့လုပ်နေတုန်းမှာ ကြော်ငြာစာရွက်ကို သူအမြန်လှမ်းပေးလိုက် တယ်။ အထဲမှာ သူတို့နဲ့အရွယ်တူ ကောင်မလေးနှစ် ယောက် ကိုတွေ့ လိုက်မိတယ်။ အခန်းထဲကို သူအကဲခတ်ြကည့်နေတာကိုတွေ့ တော့ ကောင်လေးက တံခါးကိုအားနဲ့ ဆောင့်ပိတ်ပစ်လိုက်တယ်။ အိမ်အပြင်ပိုင်းက လွန်ခဲ့တဲ့ နှစ် (၃ဝ)ကနဲ့တစ်ပုံစံတည်း ၊ အိမ်အတွင်း ပိုင်းကသာ တစ်ယောက် နေခန်းတွေ ဖြစ်ကုန်တယ်။မီးဖိုချောင်နဲ့အိပ်ခန်း တွဲ လိုက်တယ်။ အိမ်ခန်းတိုင်းမှာ ရေဆေးစင်တွေ ရှိတယ်။
'မသိဘူး'
ကောင်မလေးနှစ် ယောက် က သူ့ကို ကြော်ငြာပြန်ပေးပြီးပြောတယ်။နေ့လယ်နေ့ခင်း အိပ်နေကြပုံပါပဲ၊ သူတို့ရဲ့ မျက်ထောင့်မှာ မျက်ချေးတွေ ကပ်နေတယ်။ကောင်မလေးနှစ် ယောက် ကတစ်ဖက်လှညြ့်ပီး သူလျှောက်ဝင်လာခဲ့တဲ့ တံခါးပေါက်ကို ကြည့်နေတယ်။ တံခါးဘက်ဆီသူထွက်သွားခါနီး အခန်းတံခါးတစ်ခု ပွင့်လာတယ်။ကောင်လေးက သူ့ကိုလှမ်းအော်တယ်။
'ခဏနေပါဦး'
'လွန်ခဲတဲ့ရက်တွေ က ဒီတံခါးဝမှာ ဒီအဘွားအိုထိုင်ခဲ့ဖူးသလိုပဲ. . . .'
သူတို့ဆီသူလျှောက်သွားတယ်။ နောက်ကောင်လေး တစ်ယောက် က အိမ်ခန်းဝကနေ ခေါင်းပြူပြီး 'မဟုတ်လောက်ဘူးနော်' လို့အထပ်ထပ်ငြင်းတယ်။
'ဒီအဘွားအိုက အသက်ငယ်သေးတယ်။ ဟိုအဘွားအိုက မျက်နှာမှာ အရစ်ကြောင်းတွေ နဲ့၊ ဆံပင်ကလည်း ဒီလိုပုံစံမဟုတ်ဘူး . . . .အိုးအိမ်မဲ့ထင်တယ်'
'မျက်လုံးက တော် တော် တူတယ်၊ မျက်လုံးကို မင်း ကြည့်လိုက်ပါဦး။ ဒီပုံစံပဲတကယ်လို့ရှာတွေ့ ရင်တကယ်ပဲ ဝမ်သိန်း ၅ဝရမှာ လား'
'သတင်းမှန်ကန်တယ်ဆိုရင် ရှာမတွေ့ လည်း ပေးမှာ ပါ'
ကောင်လေးနှစ် ယောက် ကို အိမ်အပြင်ဘက် သူခေါ်လာခဲ့တယ်။ တံခါးပိတ်သွားတဲ့ ကောင်မလေးနှစ် ယောက် ရဲ့ အခန်းတံခါးပွင့်လာပြီး အပြင်ကိုပြူကြည့်ကြတယ်။
'အဲဒီ အဘွားအိုက ဟိုအောက်ဘီယာဆိုင်ကအဘွားပါ။ သူ့မှာ သူငယ်ြပန် ရောဂါ ရှိတယ်။ အိမ်ထဲမှာ ပဲပိတ်လှောင်ထားခဲ့လို့ အပြင်ကိုတိတ်တိတ်လေးထွက်ပြေးလာပြီး လမ်း ပျောက်သွားတာ။ ဘီယာဆိုင်က ဦးကြီး ပြန်ခေါ် သွားပါပြီ'
'မဟုတ်ဘူး။ ဒီအဘွားအိုနဲ့မတူဘူး . . . ဟို တစ်ယောက် က ခြေဖမိုးကွဲနေတယ်။ ပြည်တောင်တည်နေပြီ။ ယင်ကောင်တွေ အုံလို့ . . . သူ မောင်းထုတ်နေသေးတယ်။ ညစ်တီးညစ်ပတ်နံစော်စော်နဲ့မို့ ငါသေချာမကြည့်ခဲ့ဘူး '
'နောက်တော့ရော . . . သူ ဘယ်ထွက်သွားတာကို မြင်လိုက်လဲ'
သူ အလျင်စလို မေးတယ်။
'မသိဘူး . . . ၊ ကျွန်တော် လည်း အိမ်ထဲဝင်လာခဲ့တယ်။ သူက ကျွန်တော် နဲ့လိုက်ဝင်လာချင်လို့ တံခါးကိုကျွန်တော် အမြန်ပိတ်လိုက်တယ်'
အဲဒီ ကောင်လေးကလြွဲပီး တခြားဘယ်သူမှ သူ့မေမေကိုမမြင်မိခဲ့တော့ဘူး။
'ကျွန်တော် တကယ်မြင်ခဲ့တယ်'
ကောင်လေးက သူ့နောက်အပြေးလိုက်ပြီးပြောတဲ့အပြင် သူ့ရှေ့ကနေပြီးတောင်ကြည့်မြောက်ကြည့် ကြည့်နေခဲ့တယ်။ လမ်းခွဲတော့ ကောင်လေးကို သူတစ်သိန်းတန် ချက်လက်မှတ်တစ်စောင်ပေးလိုက် တယ်။ ကောင်လေးရဲ့ မျက်လုံးလက်ခနဲ ဖြစ်သွားတယ်။
'တကယ်လို့ ဒီအဘွားအိုကိုထပ်တွေ့ ရင် ဆွဲထားပြီး ဦးဆီ ချက်ချင်း ဖုန်းဆက်ပါနော်' ကောင်လေးကိုသူပြောတော့ကောင်လေးက ဂရုတစိုက်နားမထောင်ဘဲသူ့ကို ပြန်မေးတယ်။
'ဒီလိုဆို ကျွန်တော့် ကိုသိန်း ၅ဝ ပေးမှာ လား'
သူခေါင်းညိတ်ပြလိုက်တယ်။ ကောင်လေးက လူပျောက်ကြော်ငြာစာရွက်တွေ ထပ်တောင်းတယ်။ သူက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တာမို့ ကြော်ငြာကို သူအလုပ်လုပ်တဲ့နေရာမှာ ကပ်ထားလို့ရတယ်လို့ ပြောပါတယ်။ တကယ်လို့ တခြားလူ တစ်ယောက် ယောက် က ကြော်ငာကိုတွေ့ ပြီး အဘွားအိုကို ရှာတွေ့ ခဲ့ရင်သူ့ကိုလည်းသိန်း ၅ဝ ပေးရမယ်လို့ ဆိုတယ်။ သူက ကြော်ငြာတွေ ကို လိုက်ကူကပ်လို့ပါတဲ့။ဟုန်းချော သဘောတူလိုက်ပါတယ်။
မေမေ့အတွက်သူကတိပြု၊ ဆုံးဖြတ်ချက်ချခဲ့တဲ့ စကားတွေ ရဲ့ လေးနက်မှု ကတဖြည်းဖြည်း ပေါ့လာခဲ့တယ်။ရပ်ကွက်ရုံးက ရုံးခန်းမှာ လဲလျောင်း ခဲ့တဲ့ သားကိုအေးစက်တဲ့ နံရံ မှာ ကပ်မအိပ်ရအောင် နံရံ နား မအိပ်ရရင်အိပ်မပျော်ဘူးလို့ လိမ်ညာပြီး ပြောခဲ့တဲ့ မေမေ၊ သူနဲ့ နေရာချင်းလဲပြီး အိပ်ခဲ့တဲ့မေမေ။ နောက်တစ်ကြိမ် ဒီမြို့ကို မေမေလာတဲ့အခါ နွေးထွေးတဲ့အိပ်ခန်းထဲမှာ ပဲ အိပ်စေမယ်လို့ ကိုယ်ကိုယ်တိုင်ပေးခဲ့တဲ့ကတိတွေ တဖြည်းဖြည်း ပေါ့လာခဲ့တယ်။
အိတ်ကပ်ထဲက ဆေးလိပ်ကိုထုတ်ပြီး နှုတ်ခမ်းမှာ သူတေ့ထားလိုက်တယ်။ဘယ်အချိန်ကတည်းက စခဲ့မှန်း မသိသူ့စိတ်တွေ ကို သူမပိုင်ခဲ့တော့ဘူး။ ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိ မေမေ့ရဲ့ တည်ရှိနေမှု ကို သူမေ့သွားခဲ့တယ်။ ဖေဖေနဲ့အတူရထားပေါ်ကို မေမေမရောက်ခဲ့ဘူး။ မေမေ တစ်ယောက် တည်း ဘူတာမှာ ကျန်နေခဲ့တုန်းက သူဘာတွေ နဲ့ အလုပ်ရှုပ်နေခဲ့သလဲ၊ ရပ်ကွက်ရုံးကို သူခေါင်းမြော့ကည့်လိုက်ပြီး လှည့်ထွက်လာခဲ့တယ်။ ငါဘာလုပ်နေပါလိမ့်၊ သူခေါင်းငိုက်စိုက်ချလိုက်တယ်။
မေမေ မပျောက်ခင် ရှေ့တစ်ရက်က လုပ်ဖော်ကိုင်ဖက်တွေ နဲ့ သူအရက်အတူတူ သောက်ခဲ့တယ်။ စိတ်ထဲမှာ အရမ်းအပျြော်ကီးတော့မဟုတ်ဘူး ။ သူ့ကိုခင်မင်လေးစားတဲ့ သူငယ်ချင်း ကင်(Kim)က တစ်ခွက်တစ်ဖလားသော က်ြပီးနောက်သူ့ကိုလူတော် ၊ လူထက်ဆိုပြီး ရိသဲ့သဲ့စကားတွေ ပြောခဲ့တယ်။ သူက ကုမ္ပဏီမှာ အင်ချွန်းဆုံးဒို (Incheon Songdo)ဘက်က တိုက်ခန်းတွေ ရောင်းဖို့ တာဝန်ယူရတယ်။ကင်က ယုံစန်ဘက်က တိုက်ခန်းတွေ ရောင်းဖို့ တာဝန်ယူရတယ်။ သူ့ကို ကင်ကလူတော် လူထက်လို့ ပြောရခြင်းက သူဟာ လူလတ်ပိုင်းတွေ ကြိုက်တဲ့ အဆိုတော် ရဲ့ စတိတ်ရှိုးပွဲစဉ်လက်မှတ်ကို လက်ဆောင်အ ဖြစ် အိမ်ခန်းလာဝယ်သူတွေ ကိုလက်ဆောင်ပေးလို့ ဖြစ်တယ်။ ဒါက သူ့ရဲ့ အကြံတော့မဟုတ်ဘူး။ ဒီအကြံကို သူ့ညီမစာရေး ဆရာမ က စဉ်းစားပေးခဲ့တာ ဖြစ်တယ်။ အိမ်ကို ညီမလာတော့ ဇနီး ဖြစ်သူက ရှေ့အခေါက် အိမ်ခန်းရောင်းတုန်းက လက်ဆောင်အ ဖြစ် ကျန်နေခဲ့တဲ့ ရေချိုးခန်းအခင်းကို ပေးလိုက် တယ်။
'အိမ်ထောင်ရှင်မတွေ ကို ဒါကြိုက်တယ်လို့ လူတွေ ဘာ ဖြစ်လို့ ထင်ကြတာလဲ၊ တကယ်ကို နားမလည်နိုင်ဘူး 'လို့ညီမကပြောတယ်။
'ငါတို့ကလည်း ဘာလက်ဆောင်ပေးရင် သင့်တော် မှန်းမသိဘူး။ ဘာလက်ဆောင်ပေးရင် စိတ်ထဲစွဲစွဲမြဲမြဲ ကျန်ခဲ့နိုင်မယ်လို့ ညီမထင်သလဲ'လို့ သူမေးတယ်။
'အင်း . . .ဒါကိုကျွန်မလည်းမသိဘူး။ ဒီပစ္စည်း ကတော့လွယ်လွယ်နဲ့မေ့ပစ်ကြမှာ ပဲ။ ဘောလ်ပင်ဆိုရင်ရော ကောင်းမလား၊ အခင်းလိုဟာမျိုးကိုလက်ဆောင်ပေးတယ်ဆိုတာ့လူတွေ က တန်ဖိုးထားကြမှာ မဟုတ်ဘူး ။ တကယ်လို့ စာအုပ်သို့မဟုတ်ရုပ်ရှင်လက်မှတ်ဆိုရင် လူတွေ က သေချာကြည့်ကြဦးမယ်။ ရုပ်ရှင်ကြည့်ဖို့အတွက်အချိန်ပေးရဦးမယ်ဆိုတော့ အိမ်ခန်းလာကြည့်ခဲ့တာကို သူတို့အမှတ်ရနေမိမှာ အမှန်ပဲ။ကျွန်မကပဲဒီလိုထိုင်နေလို့လား' နောက်ဆုံးတော့လည်း ရေချိုးခန်းအခင်းကို ယြူပန်ဖို့ညီမမေ့သွားခဲ့တယ်။
ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့ အစည်းအဝေးမှာ ပြောဖြစြ် ကတော့အနုပညာနဲ့ပတ်သက်တဲ့ လက်ဆောင်မျိုးပေးဖို့ သူ အကြံပြုခဲ့တယ်။ ငြင်းဆန်တဲ့သူတွေ မရှိခြဲ့ကဘူး။ လောလောဆယ်မှာ လူလတ်ပိုင်း တွေ ကြိုက်တဲ့အဆိုတော် တစ်ဦးစတိတ်ရှိုးပွဲကျင်းပမယ်ဆိုတော့ လက်မှတ်တွေ အများ ကြီးရဖို့ သူ စီစဉ်ခဲ့တယ်။ဒီအတွက် အထက်လူကြီးတွေ ချီးကျူးတာကို သူခံခဲ့ရတယ်။ အထက်လူကြီးတွေ ကြိုက်တဲ့ အဆိုတော် လည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ စတိတ်ရှိုးလက်မှတ်က ကုမ္ပဏီအကျိုးကို အများ ကြီးသက်ရောက်စေခဲ့မှန်း စစ်တမ်းမေးခွန်းလွှာကတစ်ဆင့် သိခဲ့တယ်။ စတိတ်ရှိုးလက်မှတ်တစ်ခုတည်းကြောင့် မဟုတ်ပေမယ့်သူတာဝန်ယူရောင်းရတဲ့တိုက်ခန်းတွေ အားလုံး ရောင်းရခဲ့တယ်။ ကင်တာဝန်ယူရောင်းရတဲ့တိုက်ခန်းတွေ က ၆ဝရာခိုင်းနှုန်းလောက်ပဲ ရောင်းခဲ့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အရောင်းထိုင်းတော့မှာ မို့ ကင်မလောလို့လည်းမရတော့ဘူး။
ဟုန်းချောက ရယ်ြပီး သူကံကောင်းခဲ့လို့ပါလို့ဆိုတယ်။အရက်သုံးလေးခွက်ဝင်သွားတာနဲ့ကင်ဟာတကယ်လို့ ဒီလိုတမူထူးတဲ့ ဦးနှောက်ကိုတခြားနေရာမှာ သာအသုံးပြုခဲ့ရင် ရှေ့နေချုပ်ကြီး ဖြစ်နေလောက်ပြီလို့ ဆိုတယ်။ 'ရှေ့နေချုပ်ကြီး' ဆိုတဲ့စကားလုံးနဲ့ ကင်လှောင်ရယ်လိုက်တာဟာ ဟုန်းချော ဥပဒေနဲ့ဘွဲ့ရထားမှန်း ကင်သိထားလို့ ဖြစ်တယ်။ တရားသူကြီး စာမေးပွဲဖြေဖို့ ပြင်ဆင်ခဲ့မှန်းလည်းသိတယ်။ကုမ္ပဏီရဲ့ အဓိကအင်အားက ယုန်ဆေးတက္ကသိုလ်(Yonsei University) နဲ့ကော်ယိုးတက္ကသိုလ်(Koryo University) ကျောင်းဆင်းတွေ ဖြစ်တယ်။ သူကယုန်ဆေးတက္ကသိုလ်(Yonsei University)ကျောင်းဆင်းလည်း မဟုတ်သလို၊ကော်ယိုးတက္ကသိုလ်(Koryo University)ကျောင်းပြီးလည်း မဟုတ်ခဲ့ဘူး။ ဘယ်လိုကပ်ဖားနည်းနဲ့များ ဒီလောက်ရာထူး မြန်မြန်တိုးအောင် လုပ်ခဲ့သလဲလို့ ကင်က ပြောတယ်။ ကင်ရဲ့ စကားသံထဲမှာ သူ့ကို လှောင်ရယ်ကဲ့ရဲ့ သံတွေ ပါနေခဲ့တယ်။ နောက်ဆုံးမှာ သူ့အတွက် ကင်ထည့်ပေးထားတဲ့အရက်နဲ့ ကင့်ကိုပက်ပြီး သူထွက်လာခဲ့တယ်။
မနက်ပိုင်းမှာ ဇနီး ဖြစ်သူကဆိုးလ်ဘူတာမှာ ဖေဖေနဲ့မေမေ့ကို သူသွားမကြိုတဲ့အကြောင်း သူ့သမီး ချင်(Chin) ဆီသွားမယ်ဆိုတဲ့အကြောင်း ပြောတယ်။အဲဒီ အချိန်တုန်းက ဖေဖေတို့ကို အချိန်ကိုက်သွားကြိုဖို့ သူ စဉ်းစားသေးတယ်။ဒါပေမယ့်ရုတ်တရက် ဖေဖေက သူ့ကိုလာမကြိုဖို့၊ အိမ်ပြောင်းထားတာ မကြာသေးတဲ့သားလတ်ရဲ့ အိမ်ကို အရင်သွားမယ်ဆိုတဲ့ အကြောင်းပြောတယ်။ ဖေဖေတို့ကိုကိုယ်တိုင်ကြိုပြီး အစ်ကိုလတ်အိမ်ကို သူ ပို့ပေးချင်ခဲ့ပေမယ့် အလုပ်သွားချိန်မှာ သူ့တစ်ကိုယ်လုံး အင်အားမဲ့ပြီး ခေါင်းတဆစ်ဆစ်ကိုက်ခဲနေခဲ့တယ်။ ဖေဖေကလည်းလာမကြိုပါနဲ့ . . သားလတ်အိမ်ကို ရှာတတ်ပါတယ်ဆိုလို့သူလည်း ဆိုးလ်ဘူတာကိုမသွားခဲ့တော့ဘဲ ကုမ္ပဏီအနီးနားက ရေနွေးချိုးခန်းကိုပဲ သူ သွားခဲ့တယ်။ အရက်အလွန်အကျွံသောက်မိတဲ့အခါတိုင်း နောက်တစ်နေ့မှာ ဒီရေနွေးချိုးခန်းဆီ သူလာတတ်တယ်။ တစ်ကိုယ်လုံး သူ ချွေးထုတ်နေချိန်မှာ ဖေဖေဟာ ရထားပေါ် တစ်ယောက် တည်းတက်ခြဲ့ပီး မေမေ့ကို ချန်ထားရစ်ခဲ့တော့တယ်။
သူက တောရွာမှာ ကြီးပြင်းခဲ့သူ တစ်ယောက် ပါ။ သူရှေ့နေ ဖြစ်ချင်ရတာကလည်း အိမ်ကနေထွက်သွားတဲ့ မေမေ့ကို ပြန်ခေါ်ဖို့ပါပဲ။ ဖေဖေ ခေါ်လာတဲ့အမျိုးသမီးက အသားအရေ ဖြူဝင်းတယ်။ တစ်ကိုယ်လုံး ရေမွှေးနံ့သင်းနေတယ်။အိမ်ရှေ့ကနေ အမျိုးသမီးဝင်လာတာနဲ့ မေမေဟာ နောက်ဖေးတံခါးဝကနေထွက်သွားခဲ့တယ်။
သူ အေးတိအေးစက် ဖြစ်နေတာကိုတွေ့ တော့ အမျိုးသမီးက သူ့စိတ်ကိုသိမ်းပိုက်နိုင်ဖို့ ကြိုးစားတယ်။ နေ့တိုင်း သူ့ထမင်းဗူးထဲမှာ ကြက်ဥကြော်တစ်လုံးထည့်ပေးတယ်။ အမျိုးသမီး သေချာဂရုတစိုက် လုပ်ပေးထားတဲ့ထမင်းဗူးကိုယူပြီး သူကျောင်းသွားတက်တယ်။ ညီ၊ ညီမလေးတို့ကိုလည်း သူ့အရိပ်အခြေအနေကိုကြည်ြ့ပီးအမျိုးသမီးလုပ်ပေးတဲ့ ထမင်းဗူးကိုယူပြီး ကျောင်းတက်ဖို့ ထွက်ခဲ့ကြတယ်။ကျောင်းသွားတဲ့လမ်းမှာ သင်္ချိုင်းကုန်းတစ်ခြုဖတ်ရတယ်။ ညီ၊ ညီမလေးတွေ ကိုခေါ်ပြီးသင်္ချိုင်းရှေ့မှာ တွင်းတစ်တွင်း သူတူးလိုက်တယ်။ အဲဒီ တွင်းမှာ သူတို့ရဲ့ ထမင်းဗူးတွေ ကိုမြှုပ်ခိုင်းတယ်။ ညီလေးက သူ့စကားနားမထောင်ချင်ဘူး။ ထမင်းဗူးကို မမြှုပ်ချင်လို့ညီလေးကို သူရိုက်လိုက်တယ်။ ညီမလေးက သူ့စကားနားထောင်ပြီး ထမင်းဗူးကိုတူးထားတဲ့မြေတွင်းထဲ မြှုပ်လိုက်တယ်။ ဒီလိုလုပ်ရင်ဟိုအမျိုးသမီးက သူတို့အတွက်ထမင်းဗူးမလုပ်ပေးနိုင်တော့ဘူးလို့ သူထင်တယ်။ ဒါပေမယ့် အမျိုးသမီးက မြို့ကနေသူတို့အတွက် ထမင်းဗူးအသစ်တွေ ဝယ်လာခဲ့တယ်။ ထမင်းဗူးက ရိုးရိုးထမင်းဗူးတောင် မဟုတ်ဘဲ အနွေးပေးတဲ့ထမင်းဗူး ဖြစ်တယ်။ အမျိုးသမီးထည့်ပေးတဲ့ ထမင်းဗူးကို သူ ကျောင်းယူမသွားဘူး။ နေ့တိုင်း သူထမင်းမစားခဲ့ဘူး။ ဒီကိစ္စကို အိမ်ကနေထွက်သွားတဲ့မေမေ ဘယ်လြိုကားခဲ့သလဲ မသိပါဘူး။ ကျောင်းမှာ သူ့ကိုမေမေလာရှာခဲ့တယ်။ အမျိုးသမီး သူ့အိမ်ရောက်လာတာ ၁ဝ ရက်ရှိခဲ့ပါပြီ။
'မေမေ . . .'
မေမေ့ကိုတွေ့ တော့ သူမျက်ရည်တသွင်သွင် စီးကျခဲ့တယ်။ မေမေက သူ့ကိုကျောင်းနောက်ကတောင်ကုန်းလေးထက်ခေါ်သွားပြီး သူ့ခြေသလုံးက ဘောင်းဘီကိုလှန်လိုက်တယ်။ ပြီးတော့ ရင်ခွင်ထဲကနေ တုတ်တစ်ချောင်းထုတ်ပြီး သူ့ခြေသလုံးကိုရိုက်တော့တယ်။
'ဘာ ဖြစ်လို့ ထမင်းမစားရတာ လဲ၊ နင်ထမင်းမစားတာနဲ့ ငါ ပျော်မယ်လို့ထင်လို့လား'
မေမေ့ရဲ့ တုတ်ချက်က သူ့ခြေသလုံးပေါ် ခပ်ြပင်းပြင်းကျလာတယ်။ ညီ၊ညီမလေးတွေ သူ့စကားနားမထောင်လို့ သူစိတ်ပျက်လက်ပျက် ဖြစ်နေချိန်မေမေ့ရဲ့ အရိုက်ကိုလည်းခံရသေးတယ်။ ဒါကို သူနားမလည်ခဲ့ဘူး။ တွေးလေ၊ စိတ်ထဲဒေါသထွက်လေ ဖြစ်မိတယ်။ မေမေဘာကြောင့် ဒီလောက်ဒေါသကြီး၊ စိတ်တိုနေမှန်းလည်း သူနားမလည်ခဲ့ဘူး ။
'ထမင်းဗူးယူမလား၊ မယူဘူးလား ၊ ပြော. . .'
'မယူဘူး'
'ခွေးကောင်လေး. . . အရိုက်ခံရတာ တောင်စကားနားမထောင်သေးဘူး'
မေမေ့ရဲ့ ရိုက်ချက်တွေ ပိုပြင်းလာတယ်။ မေမေ လက်ပန်းကျတဲ့အထိ နာတယ်လို့ သူမအော်ခဲ့တဲ့အပြင် ထွက်မပြေးခဲ့သလို ရပ်နေရာက ရွေ့တောင်မရွေ့ခဲ့ဘူး။အံတင်းတင်း ကြိတ်ပြီး မေမေ့ရဲ့ ရိုက်ချက်ကို သူအောင့်ခံခဲ့တယ်။
'ထမင်းဗူးမယူဘူးလို့ ပြောဦးမလား'
ရိုက်ချက်တွေ ခြေသလုံးမှာ အရှိုးရာတွေ ထင်းပြီး နီရဲနေပါတယ်။
'မယူဘူးဆိုမယူဘူး '
အသံကျယ်နဲ့ သူအော်တယ်။ နောက်ဆုံး တုတ်ကို မေမေ လွှင့်ပစ်လိုက်တယ်။ ပြီးတော့ သူ့ကိုတင်းတင်းဆွဲပွေ့ပြီး အော်ငိုတော့တယ်။
'အီးဟီး . . .ခွေးကောင်လေး ဟုန်းချောရဲ့ '
နောက်တော့မေမေအငိုရပ်ြပီး သူ့ကိုနှစ် သိမ့်တယ်။
'ဘယ်သူလုပ်တဲ့ထမင်းပဲ ဖြစ် ဖြစ် စားရမယ်။ သား ထမင်းကောင်းကောင်းစားရင် မေမေဒီလိုစိတ်မကောင်း ဖြစ်မှာ မဟုတ်ဘူး '
စိတ်မကောင်း ဖြစ်မှာ မဟုတ်ဘူး . . . ဒါဟာ မေမေ့ဆီကနေ ပထမဆုံးအကြိမ်ကြားမိတဲ့စကား ဖြစ်တယ်။ သူထမင်းကောင်းကောင်းစားရင် မေမေ စိတ်မကောင်းမ ဖြစ်မှာ ဆိုတာကိုသူနားမလည်ခဲ့ဘူး ။ ဟိုအမျိုးသမီးကြောင့် မေမေ အိမ်ကနေထွက်သွားခဲ့တယ်။ တကယ်လို့ အဲဒီ အမျိုးသမီးလုပ်တဲ့ထမင်းကို သူစားရင် မေမေ ပိုစိတ်မကောင်း ဖြစ်မှာ လို့ သူထင်ခဲ့တယ်။ ဒါပေမယ့် ပြောင်းပြန် ဖြစ်ခဲ့တယ်။ ဟိုအမျိုးသမီးလုပ်တဲ့ထမင်းကို သူစားကိုစားမှမေမေ စိတ်မကောင်းမ ဖြစ်မှာ တဲ့။ သူနားမလည်ခဲ့ဘူး။မေမေ စိတ်မကောင်း ဖြစ်မှာ စိုးတဲ့အတွက် စိတ်မချမ်းသာစွာ နဲ့ 'သား . . . .စားမယ်' လို့သြူပန်ပြောခဲ့တယ်။
'ဒီလိုမှ လိမ္မာတာပေါ'့ မျက်ရည်လည်တဲ့အပြုံးနဲ့ မေမေပြုံးနေခဲ့တယ်။
'ဒါပေမယ့် အိမ်ြပန်မယ်လို့ သားကို မေမေကတိပေးရမယ်'
မေမေ့ဆီ သူကတိတောင်းတော့ မေမေ မျက်တောင်တဖျပ်ဖျပ်ခတ်တယ်။
'မေမေ အိမ်မပြန်ချင်ဘူး'
'ဘာ ဖြစ်လို့လဲ၊ ဘာ ဖြစ်လို့လဲ'
'သားဖေဖေကို မေမေမမြင်ချင်ဘူး '
သူ့မျက်ရည်တွေ စီးကျလာပြန်တယ်။ မေမြေ့ကည့်ရတာ အိမ်လုံးဝပြန်ချင်ပုံမပေါ်ဘူး ။ ဒါကြောင့်ဘယ်သူချက်တဲ့ထမင်းပဲ ဖြစ် ဖြစ်သူ့ကိုထမင်းကောင်းကောင်းစားဖို့ မှာ တာ ဖြစ်တယ်။ မေမေဘယ်တော့မှ အိမ်ပြန်မလာတော့ဘူးလို့ တွေးမိတာနဲ့သူ့စိတ်ထဲ ကြောက်ရွံ့ထိတ်လန့်မှု တွေ ကြီးစိုးသွားခဲ့တယ်။
'မေမေ. . .သား ဘာမဆိုလုပ်တတ်တယ်။ သား လယ်လုပ်တတ်တယ်။တံမြက်စည်းလှဲတတ်တယ်။ ရေလည်း ခပ်တတ်တယ်။ သားဆန်ကြိတ်မယ်၊ ထင်းခွဲမယ၊် မေမေ့ကို ကြွက်ကူမောင်းမယ်၊ ကန်တော့ပွဲပေးတဲ့အချိန်မှာ သား ကြက်သတ်ပေးမယ်။ မေမေ အိမ်ပြန်ခဲ့ပါနော်'
ရိုးရာကန်တော့ပွဲပေးချိန် ဒါမှမဟုတ် အထိမ်းအမှတ်နေ့တွေ မျိုးဆိုရင်ထမင်းစားပွဲမှာ ကြက်သားဟင်းရှိရတယ်။ ကြက်သတ်ရတိုင်း မေမေက ဖေဖေနဲ့အိမ်မှာ ရှိတဲ့ယောက်ျားသားတွေ ကို အကူအညီတောင်း သတ်ခိုင်းခဲ့တယ်။ မိုးရွာပြီးနောက် မေမေဟာ တစ်ယောက် တည်း လယ်တောထဲသွားပြီး မိုးကြောင့် လဲသွားတဲ့ ပဲပင်တွေ ကို ထောင်မတ်ပေးခဲ့တယ်။ မနက်မိုးချုပ်က ညနေ နေဝင်တဲ့အထိမနားတမ်း တကုတ်ကုတ်လုပ်ခဲ့တယ်။ ဖေဖေအရက်မူးတဲ့အခါတိုင်း မေမေဟာ တစ်ယောက် တည်း ဖေဖေ့ကိုအိမ်ပိုးပြန်တယ်။ ဝက်တဲထဲကနေ ဝက်ထွက်ပြေးသွားတဲ့အခါ မေမေဟာ တစ်ယောက် တည်း တုတ်တစ်ချောင်းနဲ့ ဝက်တွေ ကိုရိုက်ပြီး ဝက်တဲထဲမောင်းသွင်းတယ်။ မေမေဟာ ဘယ်အရာကိုမဆို လုပ်နိုင်တယ်ဆိုပေမယ့်သူ မလုပ်နိုင်တာတစ်ခုက ကြက်သတ်တာပါပဲ။ ချောင်းထဲမှာ ဖမ်းမိတဲ့ ငါးကြင်းရှင်နေရင်လည်း မေမေမကိုင်ရဲခဲ့ဘူး။ 'ကြွက်ဖမ်းတဲ့နေ့'ရောက်တိုင်း ကျောင်းကကျောင်းသားတိုင်းကို ကြွက်တကယ်မိမမိ သက်သေပြနိုင်အောင် ကြွက်မြီးတွေ ကျောင်းကိုယူလာခဲ့ဖို့ ဆရာကမှာ တယ်။ တခြားမိခင်တွေ က ကြွက်ဖမ်းမိရင်ကြွက်ြမီးကြိုဖတ် စက္ကူနဲ့ထုပ်ပြီး ကလေးတွေ ကို ကျောင်းယူသွားစေတယ်။ ဒါပေမယ့်မေမေက ဒီလိုစကားကိုကြားရင် ကိုယ်ကိုတွန့်လိမ်ပြီး မျက်မှော င်ကြုတ်နေတတ်တယ်။ ကိုယ်လုံးကိုယ်ပေါက်ထွားကြိုင်းတဲ့ မေမေဟာ ကြွက်မဖမ်းရဲသလို ထမင်းချက်ခါနီး ဆန်အိုးထဲ ကြွက်တွေ့ ရင်လည်း ငယ်သံပါအောင်အော်ပြီး စတိုခန်းထဲကနေ တစ်ဟုန်ထိုး ထွက်ပြေးတတ်ခဲ့တယ်။ လိပ်ပြာလွင့်မတတ်၊ မျက်နှာကြီးတစ်ခုလုံး နီရဲပြီး စတိုခန်းထဲက ထွက်ပြေးလာတတ်တဲ့ မေမေ့ကို ကြီးကြီးက ကြည့်မရခဲ့ဘူး။ ဟုန်းချောက သူ ကြက်သတ်နိုင်တယ်၊ ကြွက်ဖမ်းနိုင်တယ်ဆိုပေမယ့်မေမေ အိမ်ပြန်မလိုက်ခဲ့ဘူး ။ဲ့
'သား လူတော် လူကောင်း ဖြစ်အောင် လုပ်မယ်'
'သား ဘာလုပ်ချင်လဲ'
'ရှေ့နေလုပ်မယ်'
မေမေ့မျက်နှာ လက်ခနဲ ဖြစ်သွားတယ်။
'ရှေ့နေလုပ်ချင်ရင် သင်ယူရမှာ က အများ ကြီး. . .သားထင်ထားတာထက်တောင်များ သေးတယ်။ လူ တစ်ယောက် နဲ့ မေမေသိတယ်။ အဲဒီ လူက ရှေ့နေ ဖြစ်ချင်လွန်းလို့ စာကျက်တာ ထမင်းမေ့ဟင်းမေ့ပဲ။ နောက်ဆုံးတော့လည်း မဖြေနိုင်တာနဲ့ရူးသွားတော့တယ်'
'မေမေ သာပြန်လာမယ်ဆိုရင် သားဖြေနိုင်ပါတယ်. . .'
သူ့ရဲ့ လေးနက်တဲ့မျက်ဝန်းကို အပြုံးလေးနဲ့ မေမေ ငြိမ်ငြိမ်လေးကြည့်နေခဲ့တယ်။
'အင်း . . .သားဖြေနိုင်မှာ ပါ။ သား ၃-လအရွယ်မှာ မေမေလို့ခေါ်တတ်ခြဲ့ပီ။ဘယ်သူမှ စာမသင်ပေးခဲ့ပေမယ့် ကျောင်း စတက်တာနဲ့သားစာဖတ်တတ်ခြဲ့ပီ။ အမြဲတမ်းလည်း အဆင့်တစ်ရခဲ့တယ်။ သားသာ အိမ်မှာ ရှိရင်မေမေဘာအကြောင်းပြချက်နဲ့ အိမ်မပြန်ဘဲနေမလဲ . . . .ဒါကိုမေမေ မေ့သွားတယ် . . . အိမ်မှာ သားရှိနေသေးတာပဲ'
မေမေဟာ အရိုက်ခံထားရတဲ့ အရှိုးရာနဲ့ပြည့်နေတဲ့ သူ့ခြေသလုံးကို စိုက်ကြည့်နေခဲ့တယ်။ အကြာကြီး စိုက်ြကညြ့်ပီးတဲ့နောက် နောက်ကျောကိုလှညြ့်ပီး သူ့ကိုကျောပိုးဟန်ပြင်တယ်။ မေမေ့နောက်ကျောကို သူငေးကြောင်ပြီး ကြည့်နေခဲ့တယ်။မေမေက နောက်ြပန်လှညြ့်ပီး . . . .'လာ ကျောပေါ် မြန်ြမန်တက်. . . မေမေတို့အိမ်ြပန်ကြရအောင်' လို့ဆိုခဲ့ပါတယ်။
သူနဲ့အတူအိမ်ပြန်ြပီးနောက် မေမေဟာ အမျိုးသမီးကိုမီးဖိုကနေတွန်းထုတ်ခြဲ့ပီး ကိုယ်တိုင်ထမင်းဟင်း ချက်တော့တယ်။ ဖေဖေနဲ့အမျိုးသမီးအပြင်မှာ အိမ်တစ်လုံးငှားရချိန် မေမေဟာ အင်္ကျီလက်မောင်းကိုပင့် ဆန်ဆေးပြီး ထမင်းဟင်း ချက်ဖို့ပြင်ဆင်နေခဲ့ပါပြီ။ အိမ်ပြန်ဖို့အတွက်၊ သူ့ကိုပေးခဲ့တဲ့ ကတိအတိုင်း လုပ်ဆောင်ဖို့အတွက် မေမေဟာ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ်။ ဖေဖေနဲ့အမျိုးသမီးဟာ နောက်ဆုံးမှာ မေမေ့ရဲ့ ညှဉ်းပန်းမှု ဒဏ်ကို မခံနိုင်လို့ ရွာကနေထွက်သွားခဲ့ချိန်မှာ မေမေဟာ သူ့ကိုခေါ်ပြီးပေါင်ပေါ် ထိုင်ခိုင်းထားစေခဲ့တယ်။ မေမေအိမ်ကနေ ထပ်ထွက်သွားမှာ ကိုသူစိုးထိတ်ကြောက်ရွံ့ခဲ့တယ်။ မေမေက သူ့ကို အေးဆေးတဲ့အသံနဲ့ 'ဒီနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့သလဲ' လို့မေးခဲ့တယ်။
အမှတ်ပြည့်ရတဲ့ အဖြေလွှာစာရွက်ကို သူထုတ်ပြီး မေမေ့ကို ပေးလိုက် တယ်။ နဂိုကစိတ်မသက်မသာ ဖြစ်နေခဲ့တဲ့ မေမေ့မှာ အပြုံးတွေ ဝေဆာလာခဲ့တယ်။အဖြေလွှာစာရွက်ပေါ်က ပုစ္ဆာတိုင်း မင်နီနဲ့ ဝိုင်းထားတာကိုကြည့်ပြီး သူ့ကို မေမေတင်းတင်းလေး ပွေ့ထားခဲ့တယ်။
'အော်. . .အမေ့သားလေး'
အိမ်မှာ ဖေဖေမရှိတော့တဲ့ နေ့ရက်တွေ မှာ မေမေဟာ ဘာလုပ်လုပ် သူ့ကိုခေါ်ပြီး လုပ်ခဲ့တယ်။ ဖေဖေစီးခဲ့တဲ့စက်ဘီးတောင် သူ့ကိုစီးစေခဲ့တယ်။ ဖေဖေအ့ ပိ ရ်ာခင်းကိုလည်း ပေးခဲ့သလို ဖေဖေ့ရဲ့ စောင်ကိုလည်း ခြုံပေးခဲ့တယ်။ မေမေဟာ သူ့အတွက်ပန်းကန်လုံးကြီး နဲ့ ထမင်းခူးပေးခဲ့တယ်။ အဲဒီ ပန်းကန်လုံးကြီးဟာ အရင်ကဖေဖေပဲသုံးခဲ့တဲ့ပန်းကန် ဖြစ်တယ်။ ဟင်းရည်ကိုလည်း သူ့ရှေ့မှာ အရင်ချပေးခဲ့တယ်။ ညီ၊ ညီမလေးတို့ ထမင်းစားမယ်လုပ်ရင် မေမေ က 'နင်တို့အစ်ကိုတောင် မစားသေးဘူး'လို့ ပြောတတ်တယ်။ မေမေဟာ ရေခွက်နဲ့ ခြံထဲလှန်းထားတဲ့နှမ်းတွေ ကို တစ်ဝက်ခပ်ပြီး သစ်သီးအရောင်းဆိုင်မှာ စပျစ်သီးနဲ့သွားလဲတတ်တယ်။ ပြီးတော့ ညီ၊ ညီမလေးတွေ ကို'ဒါ နင်တို့အစ်ကိုအတွက်နော်' လို့ ပြောတတ်တယ်။ ဒီလိုအချိန်မျိုးမှာ မေမေဟာသူ့ကို 'သား . . . ရှေ့နေ ဖြစ်ကို ဖြစ်ရမယ်နော်' လို့ပြောတတ်တယ်။
အိမ်ကနေ မေမေထွက်မသွားဖို့ ကိုယ့်ကိုယ်ကို ရှေ့နေ ဖြစ်ကို ဖြစ်ရမယ်လို့သူတွေးထင်ခဲ့တယ်။
အဲဒီ နှစ် ဆောင်းဦးမှာ အိမ်မှာ ဖေဖေရှိမနေခဲ့ဘူး။ မေမေဟာ တစ်ယောက် တည်း စပါးရိတ်ခဲ့တယ်။ စပါးပုတ်ပြီး နေလှန်းခဲ့တယ်။ မေမေ့ကို သူကူချင်ခဲ့ပေမယ့်မေမေက သူ့ကိုစာကြည့်စားပွဲရှေ့ပဲ တွန်းပို့ခဲ့တယ်။ ကျောင်းစာတွေ ကို သား သေချာဂရုစိုက်ဖတ်ရင်ရပြီ။ မေမေက ညီ၊ ညီမလေးတို့ကို လယ်ထဲမှာ ကန်စွန်းဥသွားတူးဖို့ခိုင်းစေခဲ့ပြီး သူ့ကိုတော့ စာသေချာကျက်မှတ်ခိုင်းခဲ့တယ်။ ညနေဝင်ရီတရောအချိန်ရောက်မှ ကန်စွန်းဥတူးသူတွေ ဟာ ကန်စွန်းဥအပြည့်တင်ထားတဲ့ လှည်းကိုတွန်းပြီးပြန်လာခဲ့တယ်။ ကိုလတ်လည်း စာကျက်ချင်ခဲ့ပေမယ့် ကန်စွန်းဥတူးဖို့ မေမေဆွဲခေါ်သွားခဲ့တယ်။ ခြေထောက်ပေါ်က ရွှံ့တွေ ကို ချောင်းဘေးမှာ ဆေးနေတုန်း ကိုလတ်ကမေမေကိုမေးခဲ့တယ်။
'မေမေ. . .ကိုကြီး တစ်ယောက် ပဲ အတော် ဆုံးလား'
'ဟုတ်တယ်. . .သားကြီး တစ်ယောက် ပဲ အတော် ဆုံး '
မေမေဟာ ပြောပြောဆိုဆို ကိုလတ်ရဲ့ နောက်စေ့ကို လက်နဲ့ပုတ်လိုက်တယ်။
'သားတို့ရှိမရှိလဲ ဘာမှမ ဖြစ်ဘူးပေါ'့
'ဟုတ်တယ် . . မရှိလဲ ဘာမှမ ဖြစ်ဘူး '
'ဒီလိုဆိုရင်သားတို့ဖေဖေ့ကိုပဲ သွားရှာတော့မယ်'
'ဘာပြောတယ်'
ကိုလတ်ခေါင်းကို မေမေနောက်တစ်ခေါက်ရိုက်ဖို့ ပြင်လိုက်ပြီး လက်ကိုအမြန်ရုတ်လိုက်တယ်။
'သားတို့လည်းတော် တယ်။ အတော် ဆုံးပဲ၊ မေမေ့ရဲ့ အတော် ဆုံးကလေးတို့ရေ. . . မြန်မြန်လာကြဟေး . . .'
ဒီလိုအချိန်မျိုးမှာ ချောင်း နံဘေးက ရယ်သံတွေ နဲ့လှိုင်းထသွားတယ်။ အိမ်ခန်း စာကြည့်စားပွဲရှေ့ စာဖတ်နေတဲ့သူလည်း ချောင်းဘေးက လွင့်ပျံလာတဲ့ ရယ်သံတွေ နဲ့အတူ လိုက်ပြီး ရယ်မောခဲ့တယ်။
မေမေဟာ ညအချိန်ရောက်ရင် တံခါးမကြီး မပိတ်ဘဲ နေတတ်ခဲ့တာ ဘယ်အချိန်ကတည်း က စခဲ့မှန်းမသိပါဘူး။ မနက်ခင်းတိုင်းမှာ လည်း ဖေဖေ့ထမင်းခွက်ထဲ မေမေ ထမင်းခူးထည့်ထားတတ်တာ ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိပါဘူး။ အိမ်မှာ ဖေဖေမရှိတဲ့နေ့ရက်တွေ မှာ သူ စာပိုကြိုးစားခဲ့တယ်။ မေမေကသူ့ကို လယ်အလုပ်တွေ မကူခိုင်းခဲ့ဘူး။ ခြံဝင်းထဲနေလှန်းထားတဲ့ ငရုတ်သီးတွေ မိုးရေကြောင့် စိုသွားခဲ့ရင်မေမေဟာ ညီ၊ ညီမလေးတို့ကိုပဲ အပြစ်တင်တတ်ခဲ့တယ်။စာကြည့်စားပွဲရှေ့မှာ သူစာဖတ်နေတယ်ဆိုတဲ့ အတွေးနဲ့ ပြောဆိုနေတဲ့စကားသံကိုမေမေ နိမ့်ချပြီး ပြောဆိုတတ်ခဲ့တယ်။
သူစာဖတ်နေတဲ့အသြံကားရင် နဂိုကမျက်မှော င်ကြုတ်ပြီး မျက်နှာ သုန်မှု န်နေတဲ့မေမေဟာ ပြုံးရွှင်လာတတ်တယ်။ မျက်တောင်တွေ က မိတ်ကပ်လိမ်းထားသလိုဝင်းလက်နေတတ်တယ်။ မေမေဟာ အမြဲတမ်း သူ့အိပ်ခန်းကို သာသာလေးဖွင့်ပြီးသာသာလေး ပြန်ပိတ်တတ်တယ်။ မေမေဟာ ကန်စွန်းဥပြုတ် သို့ မဟုတ် တည်သီးမှည့်ကိုယူပြီး သူ့အိပ်ခန်းထဲ သာသာလေးထားပေးခဲ့ပြီး တံခါးကို သာသာလေးပိတ်ခဲ့တတ်တယ်။
အဲဒီ နှစ် ဆောင်းရာသီက နှင်းတွေ ဖွေးဖွေးလှုပ်ကျတဲ့နေ့တစ်နေ့မှာ ဖေဖေဟာ မေမေဖွင့်ထားခဲ့တဲ့ တံခါးမအတိုင်း အိမ်ထဲကိုဝင်လာခဲ့တယ်။ ချောင်းနှစ် ချက်လောက်ဟန့်လိုက်ပြီး ဖိနပ်ပေါ်ကနှင်းတွေ ကို ခါချလိုက်တယ်။ ပြီးတော့ အိမ်ခန်းတံခါးကိုတွန်းဖွင့်ဝင်လာခဲ့တယ်။ ရာသီဥတုအေးပြီဆိုရင် တစ်အိမ်သားလုံး အခန်းတစ်ခုထဲမှာ ပဲ တူတူတိုးခွေအိပ်ကြတယ်။ ဖေဖေဟာ သူနဲ့ တခြားမောင်နှမတွေ ရဲ့ ခေါင်းကိုပွတ်သပ်ပေးပြီး သူတို့ကို ကြည့်နေခဲ့တယ်။ ဒါကို မျက်လုံးလေးမှေးပြီး သူကြည့်နေခဲ့တယ်။ ဖေဖေ့ရဲ့ ထမင်းပန်းကန်ကို ထမင်းစားပွဲခုံပေါ် မေမေတင်လိုက်တာကိုလည်း သူတွေ့ ခဲ့တယ်။ ဆီနဲ့ကြော်ထားတဲ့ ရေညှိခြောက်တွေ မေမေယူလာပြီးထမင်းပန်းကန်ဘေး ချလိုက်တာကိုလည်း သူတွေ့ ခဲ့တယ်။ နွေရာသီမှာ ဖေဖေထွက်ခွာသွားခဲ့တယ်။ ဆောင်းရာသီမှာ ဖေဖေပြန်လာခဲ့တယ်။ မေမေဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ ထမင်းဂျိုးဟင်းရည်ကိုခပ်ပြီး ဖေဖေ့ပန်းကန်ဘေးမှာ ချပေးခဲ့တယ်။ကြည့်ရတာ ဖေဖေဟာ မနက်အိမ်ကထွက်ြပီး ညမှာ အိမ်ကိုပြန်လာခဲ့သူ တစ်ယောက် လိုပါပဲ။ သူ တက္ကသိုလ်ကျောင်းပြီးတဲ့နောက် အခုလက်ရှိကုမ္ပဏီထဲ ဖြေဆိုဝင်ရောက်ခဲ့တယ်။ ဒါကို မေမေ နည်းနည်း မှ မပျော်ရွှင်ခဲ့ဘူး။ ရွာထဲက လူတွေ ကဟုန်းချော တစ်ယောက် နိုင်ငံထဲမှာ နာမည်ြကီးတဲ့ကုမ္ပဏီ တစ်ခုထဲ ဝင်ရောက်နိုင်ခဲ့ပြီလို့ပြောပြီး အားကျကြတယ်။ ဒါပေမယ့် မေမေ မပြုံးရယ်ခဲ့ဘူး။ ပထမဆုံးရတဲ့လစာကို မေမေ့အတွက် အတွင်းခံအင်္ကျီကို သူဝယ်ပေးခဲ့တယ်။ ဒါကို မေမေကသူ့ကိုစိုက်ကြညြ့်ပီး 'သားရဲ့ စိတ်ကူး အိပ်မက်တွေ ဘယ်လိုလုပ်မလဲ'လို့ ဆိုတယ်။
'အရင်ဆုံး အလုပ်ကြိုးစားပြီး ပိုက်ဆံစုမယ် ။ ပိုက်ဆံရှိမှ ကျောင်းဆက်တက်မယ်' လို့ အလေးအနက်ပြောနေတဲ့မေမေ့ကို သြူပန်ပြောခဲ့တယ်။
အဲဒီ တုန်းက မေမေဟာ အရွယ်တင်နုပျိုခဲ့တယ်။ မေမေဟာ သူ့ကို ကြံ့ခိုင်သန်မာတဲ့ယောက်ျားတစ်ဦး ဖြစ်စေခဲ့တယ်။
သူ့ကို မေမေတောင်းပန်ပါတယ်၊ အားနာတယ်လို့ စပြောခဲ့တာက အလယ်တန်းအောင်ပြီးစညီမလေးကို သူ့လက်ထဲ အပ်လိုက်ပြီးတဲ့နောက်မှာ ဖြစ်တယ်။ အဲဒီ တုန်းက သူ့မှာ လုံလောက်တဲ့ ပိုက်ဆံ စုလို့ မရခဲ့သေးဘူး။ ရှေ့နေစာမေးပွဲဖြေဖို့မပြင်ဆင်ခဲ့ရသေးဘူး။ ညီမလေးကိုခေါ် ပြီး တောကနေ မြို့တက်လာခဲ့တဲ့မေမေဟာသူ့ကိုစေ့စေ့တောင် မကြည့်ရဲခဲ့သလိုပါပဲ။
'သူက မိန်းကလေး . . . သူ့ကိုကျောင်းဆက်တက်ပါစေ။ သား အကြံတစ်ခုခုထုတ်ြပီး သူ့ကို ဒီမှာ ကျောင်းတက်ပါစေ။ သူ့ကိုမေမေလိုတော့မ ဖြစ်စေချင်ဘူး '
ဆိုးလ်ဘူတာက နာရီစင်အောက်မှာ မေမေဟာ ၁၅-နှစ် အရွယ်ညီမလေးရဲ့ လက်ကိုဆွဲပြီး ၂၄-နှစ် အရွယ် သူ့လက်ထဲကိုအပ်ပြီး အိမ်ပြန်ဖို့ လှည့်ထွက်သွားခဲ့တယ်။ ပြီးမှ ရုတ်တရက် အကြံပြောင်းပြီး ထမင်းအတူစားရအောင်လို့ အကြံပြုတယ်။ မေမေဟာ ကိုယ့်ပန်းကန်ထဲက အသားတွေ ကိုယူပြီး သူ့ကိုပဲထည့်ပေးခဲ့တယ်။ မေမေဟာ ထမင်းစားမယ်ဆိုပြီး နောက်ဆုံးမှာ ဘာကိုမှ မစားခဲ့ပါဘူး။
'မေမေ ဘာလို့မစားတာလဲဟင်'
'စားတယ်. . . မေမေ စားတယ်လေ' သူ့အမေးကို ပြန်ဖြေနေပေမယ့်မေမေဟာ ကိုယ့်ပန်းကန်ထဲက အသားတွေ ကိုယူပြီး သူ့ပန်းကန်ထဲပဲ ထည့်ပေးနေခဲ့တယ်။
'ဘာ ဖြစ်လို့ မေမေ မစားရတာ လဲ'
ထမင်းလုံးကပ်နေတဲ့ဇွန်းကို မေမေချပြီး 'မေမေ့မှာ အပြစ်ရှိတယ်. . .မေမေသားကိုအားနာလို့ပါ ဟုန်းချောရယ်' ပြောခဲ့တယ်။
ဆိုးလ်ဘူတာမှာ ရပ်ပြီး ရထားနဲ့ အိမ်ပြန်ဖို့ မေမေစောင့်နေခဲ့တယ်။ကြမ်းတမ်းတဲ့လက်အစုံကို ဘာမှမရှိတဲ့အိတ်ကပ်ထဲ မေမေထည့်ထားတယ်။လက်သည်းကိုတိုနေအောင် မေမေညှပ်ထားတယ်။ မေမေ့မျက်လုံးမှာ မျက်ရည်တွေ လဲ့နေတယ်။ မေမေ့ရဲ့ မျက်လုံးတွေ က နွားမျက်လုံးနဲ့တူကြောင်း သူလည်း ခံစားခဲ့မိတယ်။
ဆိုးလ်ဘူတာမှာ ရှိနေတဲ့ ညီမလေးဆီ သူဖုန်းဆက်လိုက်တယ်။ မိုးချုပ်နေခြဲ့ပီ။ ညီမလေးက သူဆက်တာမှန်းသိတော့ ဖုန်းကိုင်ပြီး ဘာမှမပြောဘဲ သူပြောတာကို အရင်စောင့်နားထောင်နေခဲ့တယ်။ လူပျောက်ကြော်ငြာစာရွက်မှာ မောင်နှမအားလုံးရဲ့ ဖုန်းနံပါတ်ကိုရေး ထားတယ်။ ညီမလေးဆီ ဆက်တဲ့ဖုန်းတွေ ပိုများ ခဲ့တယ်။ များ သော အားဖြင့် အသုံးမဝင်တဲ့သတင်းတွေ ဖြစ်တယ်။ တချို့ကအဘွားအိုကျွန်တော့် ဆီမှာ ရှိနေပါတယ်ဆိုပြီး သူတို့ရှိနေတဲ့လိပ်စာကို အတိအကျပြောတယ်။ ညီမလေးက အလျင်စလိုနဲ့ သူတို့ညွှန်းတဲ့ ကုန်းကျော်တံတားအောက်သွားရင် အရက်မူးပြီး လှဲအိပ်နေတဲ့ လူငယ် တစ်ယောက် ကိုပဲ တွေ့ ရတတ်တယ်။ လူငယ်ဟာ အရက်အမူးလွန်နေလို့ တခြားလူ မ,သွားရင်တောင် သိနိုင်မယ့်ပုံ မပေါ်သူ ဖြစ်တယ်။
'ရှာမတွေ့ ခဲ့ပါဘူး '
ညီမလေးဆီက သက်ပြင်းချသံကို သူကြားလိုက်တယ်။ ဒါဟာ စိတ်ထဲဖိနှိပ်ခံထားရတာ ကြာပြီဖစ်တဲ့ သက်ပြင်းသြံဖစ်တယ်။
အဲဒီ မှာ ပဲဆက်နေခဲ့ဦးမလား'
'ခဏလောက်တော့နေခဲ့ဦးမယ်. . .ကြော်ငာတွေ ဝေလို့ မကုန်သေးဘူး ''ညီမလာခဲ့မယ်။ ညစာအတူစားကြရအောင်'
'ငါမစားချင်ဘူး'
'ဒါဆိုလည်းတစ်ခွက်လောက်သော က်ြကရအောင်လေ'
'သောက်မယ်'
ညီမဘက်က ခဏလေး တိတ်ဆိတ်သွားတယ်။ ပြီးမှ . . .
'ညီမကို လူ တစ်ယောက် က ဖုန်းဆက်တယ်။ သူက ယောက် ချုန်းဒုန်း(Yeokcho) က ဆိုဘူ (Sobu) ဈေးနားက ဆေးဆိုင်ရဲ့ ဆေးဆရာတစ်ဦးပါ။သူ့သားယူလာတဲ့ လူပျောက်ကြော်ငြာကို သူဖတ်ရတယ်တဲ့။ လွန်ခဲ့တဲ့နှစ် ရက်လောက်က ယောက် ချုန်းဒုန်းမှာ မေမေနဲ့အရမ်းတူတဲ့ လူ တစ်ယောက် ကို သူတွေ့ တယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီ လူက စွပ်ဖိနပ်အပြာကိုစီးထားတယ်လို့ ပြောတယ်။ လမ်းလျှောက်တာများ လွန်းလို့ ခြေထောက်အနာ ဖြစ်နေသလိုပဲတဲ့။ သူတောင် ဆေးထည့်ပေးလိုက် သေးတယ်လို့ပြောတယ်'
စွပ်ဖိနပ်ပြာ . . . ဖုန်းကိုနားရွက်ကနေ သူခွာလိုက်တယ်။
'အစ်ကို'
ဖုန်းကိုနားရွက်နား သူပြန်ကပ်လိုက်တယ်။
'အဲဒီ နေရာကို ညီမ သွားကြည့်ချင်တယ်။ အစ်ကိုရော အတူလိုက်မလား'
'ဟိုလူပြောတာက ယောက် ချုန်းဒုန်း မှာ လား ဆိုဘူဈေး၊ အရင်ကငါတို့နေခဲ့တဲ့အနီးနားက ဆိုဘူဈေးလား'
'အင်း'
'ဒါဆို ငါသြိပီ'
သူအိမ်မပြန်ချင်ဘူး ။ ညီမလေးကိုသွားရှာဖို့ရာလည်း ဘာကိစ္စမှ ထွေထွေထူးထူးမရှိဘူး။ သူ အိမ်မပြန်ချင်သေးတာလေး တစ်ခုပဲ။ ဒီလိုနဲ့ ညီမလေးကို သူဖုန်းဆက်လိုက်တယ်။ ယောက် ချုန်းဒုန်းအငှားကားကိုသူလက်ပြတားလိုက်တယ်။ မယုံနိုင်စရာပါပဲ. . . အခုတစ်လော မေမေ့ကိုတွေ့ ခဲ့တယ်လို့ ဖုန်းဆက်လာသူတွေ မနည်းကြဘူး။ လူတော် တော် များများ ကလည်း စွပ်ဖိနပ်ပြာကို မေမေစီးထားတယ်လို့ ပြောကြတယ်။ သူတို့ပေးတဲ့ သဲလွန်စတွေ မှာ လည်း တူညီတဲ့အချက်တွေ ရှိခဲ့တယ်။ အဲဒီ သဲလွန်စတွေ က သူအရင်နေခဲ့ဖူးတဲ့နေရာတွေ မှာ မေမေ့ကိုတွေ့ ခဲ့ကြတယ်ဆိုတာပါပဲ။ ဂယ်ဘုံးဒုန်း (Kaebong-dong), ဒယ်လင်းဒုန်း (Taerim-dong), အော့ဆူဒုန်း(Oksu-dong), စူးယူဒုန်း (Suyu-dong), ရှင်းဂီးဒုန်း (Singil-dong) ချွန်နန်း(Chongnung)........မှာ ၊ အဲဒီ နေရာတွေ လိုက်သွားတဲ့အချိန်မှာ မေမေ့ကို လွန်ခဲ့တဲ့ (၃)ရက်ခန့်က ဒါမှမဟုတ်တစ်ပတ်ခန့်က တွေ့ ခဲ့ကြတယ်လို့ သူတို့ပြောကြတယ်။ တချို့ကလည်း လွန်ခဲ့တဲ့တစ်လက တွေ့ ခဲ့တယ်လို့ ဆိုတယ်။ အဲဒီ အချိန်ကမေမေပျောက်ကာစအချိန် ဖြစ်တယ်။ သူတို့ပြောတဲ့နေရာတွေ ကို သူ သွားရှာခဲ့တယ်။ တစ်ခါတလေ တစ်ယောက် တည်း တစ်ခါတလေ ညီ၊ ညီမလေးတို့နဲ့အတူသွားရှာခြဲ့ကတယ်။ တစ်ခါတလေ ဖေဖေလည်း ပါတယ်။ တွေ့ တဲ့လူတွေ က တွေ့ ခဲ့တယ်လို့ပြောကြပေမယ့် စွပ်ဖိနပ်ပြာစီးထားတဲ့လူ၊ မေမေနဲ့တူတဲ့လူကို သူမတွေ့ ခဲ့မိဘူး။ တခြားလူပေးတဲ့ သဲလွန်စကို နားထောင်ပြီး စမ်းသပ်ကြည့်မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ အဲဒီ နေရာ အနီးအနားက ဓာတ်တိုင်ပေါ်၊ ပန်းခြံထဲက သစ်ပင်ပေါ်၊ အများ သုံးဖုန်းရုံတွေ မှာ လူပျောက်ကြော်ငာကိုသူကပ်ခဲ့တတ်တယ်။
အရင်နေခဲ့ဖူးတဲ့နေရာတွေ နားရောက်တိုင်း နေခဲ့ဖူးတဲ့အိမ်ကိုသူသေသေချာချာ ရပ်ကြည့်ခဲ့တတ်တယ်။ နေခဲ့ဖူးတဲ့အိမ်တွေ မှာ တခြားသူတွေ နေနေကြပြီဆိုပေမယ့် သူ ရပ်ြကည့်ခဲ့ပါတယ်။ ဘယ်နေရာမှာ ပဲ သူနေခဲ့နေခဲ့ မြို့ထဲက သူနေခဲ့တဲ့ အိမ်တွေ ဆီ မေမေဘယ်တော့မှ တစ်ယောက် တည်း မလာခဲ့ဖူးဘူး။ အိမ်ကလူ တစ်ယောက် ယောက် က မေမေ့ကို ရထားဘူတာမှာ ဒါမှမဟုတ် ဘတ်စ်ကားဂိတ်မှာ သွားကြိုခဲ့တတ်တယ်။ ဒီမြို့ကိုမေမေလာတဲ့အခါတိုင်း တစ်ယောက် ယောက် ကလိုက်ပို့မှ တခြားနေရာတွေ မေမေသွားရတယ်။ ဒီလိုမှမဟုတ်ဘူး။မေမေ ဘယ်မှမသွားဘဲ နေခဲ့တတ်တယ်။ အစ်ကိုလတ်တို့ အိမ်သွားမယ်ဆိုရင်အစ်ကိုလတ်သွားကြိုတယ်။ ညီမလေးအိမ်သွားမယ်ဆိုရင် ညီမလေးသွားကြိုတယ်။ဘယ်သူမှမပြောကြပေမယ့် ဒြီမို့ထဲမှာ မေမေဘယ်မှ မသွားတတ်ဘူးဆိုတာ သူတို့အားလုံးသိကြတယ်။ ဒါကြောင့် မေမေ့ဘေးမှာ လူ တစ်ယောက် အမြဲပါရတယ်။
မေမေ့ကိုရှာတဲ့ ကြော်ငြာတွေ ဖြန့်ဝေတယ်။ ကြော်ငြာလက်ကမ်းစာစောင်တွေ နေရာတိုင်းမှာ ဝေတယ်။ အင်တာနက်ဂျာနယ်တွေ မှာ လူပျောက်ကြော်ငာတင်ပြီးတဲ့နောက်မှ ဒြီမို့ထဲမှာ သူအိမ်၁၂ကြိမ်ပြောင်းခဲ့ဖူးကြောင်းကို သူကိုယ်တိုင်သတိထားခဲ့မိတော့တယ်။ ခါးကိုမတ်ြပီး ခေါင်းကို သူနောက်မီလိုက်တယ်။ယောက် ချုန်းဒုန်းမှာ ရှိခဲ့တဲ့အိမ်ကဒီမြို့ထဲမှာ သူပထမဆုံး ပိုင်ဆိုင်ခဲ့ဖူးတဲ့အိမ်ပဲ ဖြစ်တယ်။
'ဆောင်းဦး လမုန့်ပွဲရောက်တော့မယ်'
ယောက် ချုန်းဒုန်းကိုသွားတဲ့ အငှားကားပေါ်မှာ ညီမလေးက လက်သည်းတွေ ကို ပွတ်သပ်နေတယ်။ သူလည်း ဒီအကြောင်းကို တွေးတောနေတာမို့ အင်းလို့အသံတစ်ချက်ပြုပြီး မျက်မှော င်ကြုတ်လိုက်တယ်။ လမုန့်ပွဲမှာ ရုံးပိတ်ရက်တွေ ရှိဦးမယ်။ လမုန့်ပွဲတော် ရောက်တိုင်း 'ဒီနှစ် ပြည်ပနိုင်ငံသို့ သွားရောက်လည်ပတ်သူ ပိုမိုများ ပြား'ဆိုတဲ့ သတင်းမျိုး ထုတ်လွှင့်တတ်တယ်။ လွန်ခဲ့တဲ့နှစ် တွေ မှာ အထိမ်းအမှတ်နေ့ရောက်တိုင်း နိုင်ငံခြားထွက် လည်ပတ်သူတွေ ကို လူတွေ ကဝေဖန်ပြောဆိုခဲ့ကြပေမယ့် အခုချိန်မှာ ရိုးရာကန်တော့ပွဲကို ပြီးစလွယ်လုပ်ပြီးလေယာဉ်ကွင်းဆီ တန်းသွားကြသူတွေ များ လာခဲ့တယ်။ စားသောက်ဆိုင် ဒါမှမဟုတ်တိုက်ခန်းတွေ မှာ ရိုးရာကန်တော့ပွဲကျင်းပတဲ့လူတွေ ကို တချို့က သံသယအပြောနဲ့ဘိုးဘွားဘီဘင်တွေ စားသောက်ဆိုင်၊ တိုက်ခန်းလိပ်စာကို ဘယ်လိုလုပ်သိနိုင်မလဲလို့ ဆိုခဲ့ကြတယ်။ အခုခေတ်မှာ တော့ လူတွေ လေယာဉ်ပေါ် အလွယ်တကူတက်ကြပြီး ခရီးထွက်နေကြပါပြီ။ မနက်တုန်းက သတင်းစာဖတ်နေခဲ့တဲ့ မိန်းမကသတင်းထူးကို တွေ့ သွားတဲ့ပုံစံနဲ့ 'လမုန့်ပွဲတော် မှာ နိုင်ငံရပ်ခြားထွက်လည်သူတွေ ၁ဝ သိန်း ကျော်လွန်နိုင်သတဲ့' လို့ သူ့ကိုပြောတယ်။
'ကြည့်ရတာ ငါတို့နိုင်ငံကလူတွေ ပိုက်ဆံရှိကြတယ်' လို့ သြူပန်ဖြေတယ်။
'ထွက်မလည်တဲ့လူတွေ ကလူတုံးလူအတွေ ' မိန်းမက တစ်ယောက် တည်းရေရွတ်တယ်။ ဖေဖေက ငြိမ်ငြိမ်လေးထိုင်ပြီး သူတို့ကိုကြည့်နေခဲ့တယ်။
'တခြားအိမ်က ကလေးတွေ လမုန့်ပွဲတော် ရောက်ရင် ပြည်ပထွက်ပြီးလည်ပတ်ကြတယ်။ ငါတို့လည်း ကလေးခေါ်ပြီး တစ်ခေါက်လောက် သွားလည်ပတ်သင့်တယ် ထင်တယ်'
စကားကိုသူ ဆက်နားမထောင်ချင်လို့ မိန်းမကို ခပ်စူးစူး ကြည့်လိုက်တယ်။
'ဘာ ဖြစ်တာလဲ . . . ကလေးတွေ က ဒါတွေ ကိုပူဆာနေလို့လား. . .'
စားပွဲခုံဘေးကနေ ဖေဖေထရပ်ပြီး အိပ်ခန်းထဲဝင်သွားခဲ့တယ်။
'နင်ရူးနေလား၊ အခုလိုအချိန်မျိုးမှာ ဒီလိုစကားကို ပြောနိုင်သေးတယ်'
မိန်းမကို သူ အပြစ်တင်တယ်။
'ကလေးတွေ က ဒီလိုပြောတာပဲ။ ငါပြောတာ မှားသွားလို့လား ၊ ကလေးတွေ ရဲ့ ဆန္ဒကို ငါက တစ်ဆင့်ပြန်ပြောတာ မရဘူးလား။ ခုတလော ပျင်းလွန်းလို့သေတော့မယ်။ ငါဘာမှမပြောဘဲနေတာကိုနင်လိုချင်တာလား' ဒီတစ်ခေါက်မှာ တော့မိန်းမက အရင်ထရပ်ပါတယ်။
'ဘိုးဘေးဘီဘင်တွေ ကို ကန်တော့ဦးမှာ လား'
'ရိုးရာကန်တော့ပွဲအတွက် ကိုကြီး တစ်ခါမှ စိတ်မပူခဲ့ဖူးပါဘူး၊ နှစ် တိုင်းကန်တော့ပွဲရောက်ရင် ကိုကြီးရဲ့ အရိပ်ကိုတောင် မမြင်ခဲ့ရဘူး။ လမုန့်ကန်တော့ပွဲဆိုရင်ပိုဆိုးတာပေါ'့
'ငါမှားခဲ့ပါတယ် . . . . ငါ ဒီလို မလုပ်သင့်ခဲ့ဘူး '
လက်သည်းပွတ်နေရာကရပ်ပြီး လက်နှစ် ဖက်ကို အိတ်ကပ်ထဲထိုးထည့်လိုက်တဲ့ ညီမလေးရဲ့ အပြုအမူကို သူမြင်နေရတယ်။ သူ့ရှေ့မှာ နေပြီး စိတ်လှုပ်ရှားတိုင်း ညီမလေးက ဒီလိုအပြုအမူကို လုပ်တတ်တယ်။ 'ကျွတ် . . . အသက်ဒီလောက်ြကီးနေတာတောင် ဒီ ရောဂါ ကို မဖျောက်နိုင်သေးပါလား'
သူတို့အတူနေခဲ့တုန်းက တစ်ယောက် ခန်းငယ်လေးတစ်ခုထဲမှာ သူရယ်၊ညီမလေးရယ်၊ ညီလေးရယ် သုံးယောက် ပေါင်းပြီးနေခဲ့ကြတယ်။ ညီမလေးကနံရံနားကပ်အိပ်တယ်။ သူကအလယ်မှာ ညီလေးက တစ်ဘက်ခြမ်းမှာ အိပ်ခဲ့ကြတယ်။ညအချိန်မှာ အိပ်ရင်း အိပ်ရင်း တစ်ယောက် ယောက် ကကိုယ့်မျက်နှာ ကိုရိုက်တယ်လို့ခံစားမိရင် သူလန့်ပြီး ချက်ချင်း မျက်စိဖွင့်ကြည့်တော့ ညီလေးရဲ့ လက် ဖြစ်နေတာကိုတွေ့ လိုက်တယ်။ ညီလေးရဲ့ လက်ကို သာသာလေးချပေးပြီး သူဆက်အိပ်မယ်လုပ်တုန်း ညီမလေးရဲ့ လက်ကသူ့ရင်ဘတ်ကိုလာရိုက်ပြန်တယ်။ ရွာရဲ့ အိမ်ကကျယ်တာကြောင့် ညအိပ်တဲ့အခါ လျှောက်လိမ့်တတ်တဲ့အကျင့် သူတို့မှာ ရှိခဲ့ကြတယ်။တစ်ခါက သူ့မျက်စိကို ညီမလေးရိုက်မိတော့ နာလွန်းလို့ သူ ထအော်ခဲ့မိတယ်။သူ့အော်သံကြောင့် ညီလေးနဲ့ညီမလေးလည်း လန့်နိုးခြဲ့ကတယ်။
'အား . . . . . . . . . . နင်'
အ ဖြစ်မှန်ကို ညီမလေးသိတော့ ဘာလုပ်ရမှန်းမသိတာနဲ့ လက်ကိုအိတ်ကပ်ထဲ အမြန်ထိုးထည့်လိုက်တယ်။
'နင်ဒီလိုထပ်လုပ်ရင် အိမ်ပြန်တော့'
အဲဒီ တုန်းက သူ ဒီလိုစကားမျိုး မပြောသင့်ခဲ့ပါဘူး။ ခေါင်းလှည့်ပြီးညီမလေးကို သူကြည့်လိုက်တယ်။ သူ အဲဒီ လိုစကားမျိုးပြောပြီး နောက်တစ်နေ့မှာ ပစ္စည်းတွေ အားလုံးသိမ်းပြီး ညီမလေး တကယ်အိမ်ပြန်သွားခဲ့လို့ပါပဲ။ အဲဒီ နောက်မေမေက ညီမလေးကို ပြန်ပို့ခဲ့တယ်။ မေမေက ညီမလေးကို သူ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်ခိုင်းပါတယ်။ ညီမလေးက နှုတ်ခမ်းကိုပဲ တင်းတင်းကိုက်ထားခဲ့တယ်။
'အစ်ကိုကို မြန်ြမန်တောင်းပန်လိုက်လေ'
မေမေထပ်ပြောပေမယ့် ညီမလေး တစ်ခွန်းမှမဟခဲ့ဘူး။ ညီမလေးက လိမ္မာပေမယ့် ခေါင်းတော် တော် မာတယ်။ သူအလယ်တန်းတက်တုန်းက ညီမလေးကို သူ့အားကစားဖိနပ်ဆေးပေးဖို့ အတင်းပြောခဲ့ဖူးတယ်။ ခါတိုင်းတွေ မှာ ညီမလေးက ဘာမှပြန်မပြောဘဲသူ့ဖိနပ်ကိုသန့်ရှင်းအောင် ဆေးပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ တော့ညီမလေးဟာ ဒေါသတကြီးနဲ့ သူ့အားကစားဖိနပ်အသစ်ကိုယူပြီး ရေချောင်းထဲပစ်ထည့်ခဲ့တယ်။ ရေစီးအတိုင်း ချောင်းအဆုံးထိ ဖိနပ်ကို သူ လိုက်ပြေးကောက်ခဲ့ရတယ်။ ဒီကနေ့မှာ တော့ ဒါတွေ ဟာ သူနဲ့ညီမလေးသာ နားလည်နိုင်တော့တဲ့အမှတ်တရ ဖြစ်ခဲ့ပါပြီ။ အဲဒီ တုန်းက ဖိနပ်တစ်ဖက်ကို ခက်ခက်ခဲခဲပြန်ရခဲ့ပေမယ့်ဖိနပ်ဟာ ရေညှိ၊ ပေါင်းမြက်ပင်တွေ ကြောင့် အစိမ်းရောင် ပြောင်းသွား ခဲ့တယ်။သူစိတ်တိုပြီး မေမေ့ကို တိုင်ပြောခဲ့တယ်။ မေမေက ညီမလေးကို ဘယ်ကသင်လာခဲ့တဲ့ အကျင့်ဆိုးလဲဆိုပြီး အပြစ်တင်ခဲ့တယ်။ ရိုက်ဖို့တုတ်ကို ချိန်ရွယ်ခဲ့ပေမယ့်ညီမလေးက အမှားကိုဝန်မခံဘဲ မေမေ့ကိုပြန်စိတ်တိုခဲ့တယ်။
'သမီးပြောတာပဲ. . .သမီးမဆေးချင်ဘူး. . .သမီးမဆေးချင်ဘူးလို့ . . .သမီးမကြိုက်တဲ့အလုပ်ကို သမီး မလုပ်ချင်ဘူး '
'ပြန်တောင်းပန်လိုက် . . .ဒီနေရာမှာ နင့်အစ်ကိုက အကြီးဆုံးပဲ။ အစ်ကိုကနှစ် ခွန်းသုံးခွန်းလေးပြောတာနဲ့ အိပ်ရာလိပ်ပြီး အိမ်ပြန်ရတယ်လို့။ ဒီအကျင့်ဆိုးကို ချက်ချင်း ပြင်ရင်ပြင် မပြင်ရင် နင့်တစ်သက်လုံး မောပန်းရလိမ့်မယ်။ နောက်ဆို အိမ်ထောင်ကျရင်ကိုယ်စိတ်တိုင်းမကျတာနဲ့အိပ်ရာလိပ်ပြီး နင်အိမ်ပြန်ဦးမလို့လား '
မေမေက ညီမလေးကို တောင်းပန်ခိုင်းလေ ညီမလေးရဲ့ လက်နှစ် ဖက်ကအိတ်ကပ်ထဲ တင်းတင်းထည့်ထားလေ ဖြစ်ခဲ့တယ်။ မေမေ အရမ်းဝမ်းနည်းခဲ့ပြီးတစ်ဖက်က သက်ပြင်းချရင်း တစ်ဖက်ကငိုကြွေးရင်း 'အခု ဒီကလေး ငါ့စကားကိုနားမထောင်တော့ဘူး ။ မိဘလုပ်တဲ့လူက အစွမ်းအစမရှိဘူး။ စာလည်း မတတ်ခဲ့တော့သားသမီးတွေ က ငါ့ကို မျက်စိထဲတောင် ထည့်မထာြး ကတော့ဘူး. . .'စစချင်းမှာ မေမေက တိုးတိုးလေးရေရွတ်ရာကနေ မျက်ရည်တွေ အပေါက်ြကီး အပေါက်ငယ်ယိုစီးကျလာခဲ့တော့တယ်။ ဒီလိုအချိန်မှာ ညီမလေးက စကားဟတယ်။
'အဲဒီ လိုမဟုတ်ရပါဘူး . . . မေမေ' မေမေမငိုအောင် ညီမလေး မပြောမ ဖြစ် ပြောရတော့တယ်။ 'သမီးရဲ့ အမှားပါ . . . သမီးမှားပါတယ်' နောက်ဆုံးမှာ အိတ်ကပ်ထဲက လက်ကိုထုတ်ပြီး သူ့ကိုညီမလေး တောင်းပန်ခဲ့တယ်။ အဲဒီ အချိန်ကစ ညီမလေးဟာ ညအိပ်တိုင်း လက်ကို အိတ်ကပ်ထဲပဲ ထည့်အိပ်ခဲ့တော့တယ်။သူပြောတဲ့စကားသံ နည်းနည်း ကျယ်သွားရင်တောင် ညီမလေးဟာ လက်ကိုအိတ်ကပ်ထဲ မသိမသာ ထိုးထည့်ခဲ့တတ်တော့တယ်။
မေမေပျောက်ဆုံးပြီးတဲ့နောက် တစ်ယောက် ယောက် က တစ်ခုခုပြောရင်ညီမလေးက စိတ်မကောင်းစွာ နဲ့ 'ညီမ မကောင်းခဲ့တာပါ။ ညီမဒီလိုမလုပ်သင့်ခဲ့ဘူး'လို့ ပြောတတ်တယ်။
'အိမ်ကပြတင်းပေါက်မှန်တွေ ဘယ်သူတိုက်မလဲ'
'နင် ဘာပြောတယ်'
'ဒီိလိုအချိန်မျိုးမှာ အိမ်ကိုဖုန်းဆက်ပြန်ရင် မေမေ ပြတင်းပေါက်မှန်တွေ သုတ်နေလောက်ပြီ'
'ပြတင်းပေါက်မှန် . . .'
'မေမေကို ညီမက ဘာလို့ ဒီလောက်အပင်ပန်းခံရသလဲလို့ မေးတော့မေမေက လမုန့်ပွဲတော် မှာ လူတိုင်းအိမ်ပြန်လာကြတယ်။ ပြတင်းပေါက်မှန်တွေ ညစ်ပတ်နေလို့ ဘယ်ြဖစ်မလဲတဲ့ . . .'
အိမ်က ပြတင်းပေါက်မှန်ချပ်တွေ သူ့မျက်စိရှေ့မှာ ရေး ရေး ပေါ်လာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် တွေ တုန်းက အသစ်ဆောက်တဲ့အိမ်မှာ ပုံစံဟောင်း ပြတင်းပေါက်တွေ ကို ဖြုတ်ထုတ်ခဲ့ပြီး တစ်အိမ်လုံး ဧည့်ခန်းပါမကျန် ပြတင်းပေါက်အားလုံးကို မှန်တပ်ခဲ့တယ်။
'မေမေကို ပြတင်းပေါက်မှန်သုတ်ဖို့ လူငှားရှာပါလို့ဆိုတော့မေမေက ဒီလိုတောရွာလေးအထိ ဘယ်သူကပြတင်းပေါက်မှန်လာသုတ်ချင်မှာ လဲလို့ပြောခဲ့တယ်'
ညီမလေးက သက်ြပင်းတစ်ချက်ချလိုက်ပြီး အငှားကားပြတင်းပေါက်ဆီကိုလက်ဆန့်ပြီးမှန်တွေ ကို အားနဲ့ပွတ်တိုက်နေခဲ့တော့တယ်။
'ဒီလိုအချိန်ရောက်တိုင်း မေမေက မှန်သုတ်တာလား'
'ညီမတို့ငယ်ငယ်က မေမေတိုက်ခဲ့တာ ပြတင်းပေါက်မှန်မဟုတ်ဘူး။အိမ်က ပြတင်းပေါက၊် တံခါးရွက်တွေ ကိုပါ. . . မှတ်မိသေးလား'
'မှတ်မိတယ်'
'တကယ်မှတ်မိလား'
'တကယ်မှတ်မိတာပေါ့'
'လိမ်နေပြန်ပြီ'
'ငါမလိမ်ပါဘူး။ တံခါးပေါက်ပေါ်မှာ မေမေ မေပယ်လ်ရွက်လေးတွေ ကပ်တော့ ကြီးကြီးဆူတာ ခံလိုက်ရတယ်လေ'
'အစ်ကိုမှတ်မိသေးတာပဲ။ ညီမတို့ ကြီးကြီးအိမ်မှာ မေပယ်လ်ရွက်သွားကောက်ခဲ့တာကိုရော မှတ်မိလား'
'မှတ်မိတယ်'
အိမ်အသစ်မဆောက်ခင်တုန်းက လကန်တော့ပွဲရောက်ခါနီး တိုင်း နေသာတဲ့နေ့တစ်နေ့ကို မေမေရွေးပြီး အိမ်က ပြတင်း၊ တံခါးရွက်တွေ ကို ဖြုတ်ချခဲ့တယ်။ပြီးတော့အဲဒီ တံခါးရွက်တွေ ကို ရေဆေးပြီး နေရောင် အောက်မှာ လှန်းလေ့ရှိခဲ့တယ်။တံခါးရွက်တွေ ခြောက်ရင် ကော်ကျိုပြီး စက္ကူအသစ်တွေ ကပ်လိုက်တတ်တယ်။အိမ်မှာ ပြတင်းပေါက်၊ တံခါးပေါက်တွေ များ တယ်။ ပြတင်း၊ တံခါးရွက်တွေ နံရံဘေးမှာ ထောင်လှန်းထားတာတွေ့  ပြီဆိုရင်ဒါဟာ လကန်တော့ပွဲ နီးပြီဖစ်တယ်။
'အဟွတ် . . ဟွတ'် သူလည်ချောင်းတစ်ချက် ရှင်းလိုက်တယ်။
အိမ်မှာ ယောက်ျားသားတွေ အများ ကြီးပဲ။ ဘာ ဖြစ်လို့ မေမေ ပြတင်းစက္ကူတွေ ကပ်တိုင်း ကူညီတဲ့သူ မရှိခဲ့ရတာ လဲ။ ညီမလေးလည်း ကော်ခွက်ထဲ လက်ထိုးထည့်ပြီး ဟိုလုပ်ဒီလုပ် လျှောက်လုပ်ခဲ့တယ်။ မေမေ တစ်ယောက် တည်း ဝက်မှင်ဘီးကိုယူပြီး သစ်ခွပန်းဆွဲသလို စက္ကူပေါ်မှာ ကော်တွေ သုတ်ခဲ့တယ်။ ပြီးရင် ပြတင်း၊တံခါးတွေ ပေါ်မှာ သပ်သပ်ရပ်ရပ်ကပ်ခဲ့တယ်။ မေမေ့ရဲ့ အမူအယာတွေ က သွက်လက်ပြီး သပ်ရပ်တယ်။ အခုလက်ရှိမှာ တော့ သူ့အသက်အရွယ်က မေမေ့ရဲ့ ဟိုတစ်ချိန်က အသက်အရွယ်ထက် ကျော်လွန်နေခဲ့ပြီဆိုပေမယ့်တချို့ကိစ္စ တော် တော် များများ ကို သူ တွေးတောင်မတွေးရဲခဲ့တဲ့အချိန်မှာ မေမေက စိတ်ပါလက်ပါနဲ့ လုပ်ပြီး နေခြဲ့ပြီဖစ်တယ်။
မေမေဟာ တစ်ယောက် တည်းကော်ကပ်ရင်း စိတ်ကူးလေး ယဉ်ခဲ့သေးတယ်။မေမေဟာ ဝက်မှင်ဘီးကိုယူပြီး ကော်တွေ နဲ့ကစားခွင့်ပေးထားတဲ့ညီမလေးဆီဒါမှမဟုတ် ကူလုပ်ရမလားလို့မေးခဲ့တဲ့သူ့ဆီကို ပြေးလာပြီး မေပယ်လ်ရွက်လေးတွေ သွားခူးခဲ့ဖို့ပြောတယ်။ အိမ်မှာ တည်သီးပင်၊ မက်မန်းပင်၊ မဟော်ဂနီပင်၊ ဆီးသီးပင်တွေ ရှိတယ်ဆိုပေမယ့် မေမေဟာ ကိုယ့်အိမ်မှာ မရှိတဲ့မေပယ်လ်ရွက်ကိုမှ လိုချင်ခဲ့တယ်။မေပယ်လ်ရွက်ခူးဖို့ အိမ်ကနေထွက်ပြီး လမ်းလေးတွေ ၊ ချောင်းလေးတွေ ၊ အသစ်ဖောက်ထားတဲ့လမ်းကို ဖြတ်ပြီး ကြီးကြီးအိမ်အထိ သွားခဲ့ရတယ်။ သူ မေပယ်လ်ရွက်ခူးမယ်ဆိုတာကို ကြီးကြီးသိတော့'မေပယ်လ်ရွက်ကိုဘာလုပ်ဖို့လဲ ၊ သားမေမေလာခူးခိုင်းတာလား၊ အလိုလို . . .သားမေမေမှာ ဘာများ စိတ်ကူးယဉ်စရာ ရှိပြန်ပြီလဲ၊ဆောင်းတွင်းမှာ မေပယ်လ်ရွက်ကပ်ထားတဲ့တံခါးပေါက်ကိုဖွင့်တော့ပိုမအေးဘူးလား၊မကပ်ပါနဲ့လို့ ပြောထားတာကို နှစ် တိုင်းသူကပ်ချင်နေခဲ့တယ်။ '
လက်နှစ် ဖက်နဲ့ ပွေ့ယူလာတဲ့ မေပယ်လ်ရွက်တွေ မေမေ့ကို သူကမ်းပေးလိုက်တယ်။ မေမေက ရွယ်တူမေပယ်လ်ရွက်လှလှလေးနှစ် ရွက်ကို ရွေးပြီး တံခါးပေါက်တစ်ဖက်တစ်ချက်စီမှာ ခေါက်ချိုးညီညီကပ်လိုက်တယ်။ ပြီးမှ စက္ကူကပ်လိုက်တယ်။တံခါးဖွင့်တဲ့အချိန်မှာ မေပယ်လ် အရွက်တွေ ကျိုးကြေနိုင်မှန်းသိလို့ အပေါ်မှာ စက္ကူထပ်ကပ်လိုက်တာ ဖြစ်တယ်။ သူ့အိပ်ခန်းတံခါးရွက်ပေါ်မှာ မေမေဟာ စက္ကူငါးချပ်နဲ့ပန်းပုံသဏ္ဌာန်ကပ်ပေးခဲ့တယ်။ တခြားညီအစ်မတွေ ရဲ့ အိပ်ခန်းတံခါးရွက်နဲ့စာရင် သူ့တံခါးရွက်က စက္ကူသုံးချပ်ပိုခဲ့တယ်။ လက်ဖမိုးနဲ့ အသေအချာ အထပ်ထပ်ဖိကပ်ပေးပြီးမေမေက 'ဒီလိုကောင်းလား'လို့သူ့ကိုမေးခဲ့တယ်။ ကြီးကြီးဘယ်လိုပဲပြောပြော ဒီလိုပုံစံလေးက ပိုလှတယ်လို့ သူထင်တယ်။ 'အရမ်းလှတယ်' လို့သူပြောတဲ့အခါ မေမေ့မျက်နှာပေါ်မှာ အပြုံးပန်းလေး ချက်ချင်း ဖူးပွင့်ဝေဆာသွားခဲ့တယ်။
နွေရာသီမှာ တံခါးပိတ်ချီဖွင့်ချီလုပ်လွန်းလို့ စက္ကူတွေ ကွဲပြဲကုန်ခဲ့တယ်။တချို့နေရာမှာ အပေါက်တောင် ဖြစ်ခဲ့တယ်။ မေမေဟာ ဒီလိုပုံစံနဲ့ အထိမ်းအမှတ်နေ့တွေ ကို မဖြတ်သန်းချင်ဘူး။ ဒါကြောင့် လစဉ်လကန်တော့ပွဲရောက်တိုင်း စက္ကူအသစ်တွေ ပြန်ကပ်ခဲ့တယ်။ ဒါဟာ ဆောင်းဦးရာသီကို မေမေ ကြိုဆိုတဲ့ပြုံဖစ်တယ်။အိမ်ကမိသားစုတွေ ကို နွေနှောင်းဆောင်းဦးရဲ့ လေအေးတွေ ကြောင့် မဖျားနာစေချင်လို့လည်း ဖြစ်တယ်။ အဲဒီ အချိန်တုန်းကနဲ့ပြောရရင် ဒါဟာ မေမေလုပ်ဆောင်နိုင်တဲ့ အကြီးဆုံး စိတ်ကူးယဉ်မှု တစ်ခု ဖြစ်ခဲ့တယ်။
ညီမလေးလိုပဲ သူလည်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ လက်နှစ် ဖက်ကိုဘောင်းဘီအိတ်ထဲ ထည့်လိုက်မိတယ်။ ဆောင်းဦးရာသီပြီးတော့ ဆောင်းရာသီရောက်လာခဲ့တယ်။ နှင်းတွေ ကျခဲ့တယ်။ နွေဦးရာသီရောက်ခဲ့ပြန်တယ်။ မေပယ်လ်ရွက်သစ်တွေ ဝေခဲ့ပြန်တယ်။ မေမေကပ်ခဲ့တဲ့ တံခါးရွက်ပေါ်က မေပယ်လ်ရွက်လေးတွေ ဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ သူတို့တစ်အိမ်လုံးကို အဖြော်ပုနေခဲ့ပါတယ်။မေမေ့ရဲ့ ပျောက်ဆုံးမှု က သူ့ရဲ့ မှတ်ဥာဏ်အနက်ရှိုင်းဆုံးထဲက မေ့လျော့နေတာ ကြာပြီ ဖြစ်တဲ့အရာတွေ ကို ပြန်သတိရစေခဲ့ပါတယ်။ အဲဒီ ပြတင်းပေါက်၊တံခါးရွက်တွေ အပါအဝင်ပေါ့။
ယောက် ချုန်းဒုန်း (Yeokchon-dong) ဟာအရင်က ယောက် ချုန်းဒုန်းနဲ့မတူခဲ့တော့ဘူး။ ဒီမြို့မှာ ကိုယ်ပိုင်အိမ်အ ဖြစ် ပထမဆုံးအိမ်တစ်လုံးကို သူပိုင်ခဲ့တုန်းက ဒီနေရာလေးမှာ လမ်းကြားတွေ ၊ အိမ်ပုလေးတွေ ရှိနေခဲ့သေးတယ်။ အခုတော့ တိုက်ခန်းတွေ က တစ်တိုက်ထက်တစ်တိုက် မြင့်လို့ နေရာတိုင်းမှာ လည်းအထည်ဆိုင်တွေ နဲ့။ အရင်နေရာမှာ ရှိခဲ့တဲ့ ယောက် ချုန်းဒုန်းအလယ်က ဆိုဘူဈေးကို သူနဲ့ ညီမလေးတို့ ရှာမတွေ့ ခဲ့ကြဘူး။ တိုက်ခန်းရဲ့ အရှေ့အနောက်ကို သူတို့နှစ် ပတ်လောက်ပတ်ြကည့ှ်ခြဲ့ကပေမယ့်နောက်ဆုံးမှာ ကျောင်းသူလေး တစ်ယောက် ကို ဈေးရဲ့ တည်နေရာ မေးခဲ့ကြရတယ်။ ကျောင်းသူလေးက သူတို့ကို ဆန့်ကျင်ဘက်ဦးတည်ရာကို ပြောပြခဲ့တယ်။ အရင်တုန်းက သူ နေ့တိုင်းဖြတ်လျှောက်ခဲ့တဲ့အများ သုံးဖုန်းရုံလည်း ရှိမနေခဲ့တော့ဘူး။ ဖုန်းရုံနေရာမှာ စူပါမားကတ်ကြီးတစ်ခုအစားထိုးခဲ့တယ်။ အဲဒီ တုန်းက သူ့သမီးလေးကို မွေးဖွားစမို့ မိန်းမ ဖြစ်သူကသမီးလေးကြီးလာရင် ဝတ်ရအောင်ဆိုပြီး အဲဒီ နားက ဆွယ်တာဆိုင်မှာ ဆွယ်တာထိုး သင်ခဲ့တယ်။ အခုတော့ အဲဒီ ဆွယ်တာဆိုင်ရဲ့ အရိပ်အယောင်လည်း မတွေ့ ခဲ့ရတော့ပါဘူး။
'ဟိုနေရာ ဖြစ်မယ် . . . . အစ်ကို '
သူမှတ်မိတာက ဈေးကလမ်းမကြီးပေါ်မှာ ပါ။ အခုတော့ အသစ်ဖောက်ထားတဲ့လမ်းလယ်မှာ ပျောက်လို့နေခဲ့ပါပြီ။ ဈေးဆိုင်းဘုတ်ကိုတောင် သေချာမမြင်ခဲ့ရတော့ပါဘူး။
'ဒါက ဈေးရဲ့ အရှေ့ပေါက်'
ညီမလေးက ဈေးတံခါးဝကို အရင်ပြေးကြညြ့်ပီး သူ့အနားပြန်ပြေးလာတယ်။ပြီးတော့ ဈေးဆိုင်တချို့ကို အကဲခတ်ြကည့်နေပါတယ်။
'ဟိုမှာ '
ညီမလေးထိုးပြတဲ့ဘက်ကို သူလှည့်ကြည့်လိုက်တယ်။ ခေါက်ဆွဲဆိုင်နဲ့အင်တာနက်ကဖေးဆိုင်ကြားမှာ ညပ်နေတဲ့ ဆေးဆိုင်ကိုတွေ့ လိုက်တယ်။ အသက်(၅ဝ)ကျော်အရွယ် မျက်မှန်တပ်ထားတဲ့ ဆေးဆရာက ဆေးဆိုင်ထဲဝင်လာတဲ့ သူနဲ့ညီမလေးကို ကြည့်နေတယ်။
'သားယူလာတဲ့ လူပျောက်ကြော်ငြာကိုကြည့်ပြီး ကျွန်မတို့ဆီ ဖုန်းဆက်ခဲ့တာ ဒီကအစ်ကိုလား' ညီမကမေးတော့ ဆေးဆရာက မျက်မှန်ကိုဖြုတ်လိုက်တယ်။
'မင်းတို့မိခင်ကဘယ်လိုပျောက်သွားတာလဲ'
ဒါဟာ မေမေပျောက်ဆုံးပြီးနောက် သူတို့မကြားချင်ဆုံးစကား ဖြစ်ခဲ့တယ်။ မေမေ ဘယ်လိုပျောက်ဆုံးကြောင်းကို သူတို့ရှင်းမပြချင်ခဲ့ဘူး။ မေမေ့ကိုအမြန်ဆုံးပဲ ရှာတွေ့ ချင်နေကြတယ်။ ဒါကို လူတွေ က မေမေ ဘယ်လိုပျောက်ဆုံးခဲ့ကြောင်းကိုပဲ မေးနေခဲ့တော့တယ်။ ဒီလိုမေးခွန်းထဲမှာ စိတ်ဝင်စားခြင်းနဲ့ အပြစ်တင်ခြင်းတွေ ပါနေခဲ့တယ်။ စစချင်းမှာ ဆိုးလ်မြေအောက်ဘူတာမှာ . . .လို့ သူတို့သေသေချာချာ ရှင်းပြတတ်ခဲ့ပေမယ့် အခုတော့ ဒီလိုပဲပျောက်သွားတယ်ဆိုပြီးစိတ်မချမ်းမြေ့စွာ နဲ့ ပါးစပ်ပိတ်လိုက်တတ်တယ်။ ဒီလိုမှ မေမေ ဘယ်လိုပျောက်ဆုံးခဲ့တယ်ဆိုတဲ့အမေးကို လုံးဝရှောင်လွဲနိုင်မှာ ဖြစ်တယ်။
'သူငယ်ပြန်နေတာလား'
ညီမလေး မဖြေဘူး ။ သူကမဟုတ်ဘူးလို့ ပြန်ဖြေတယ်။
'မိခင်ကိုရှာတဲ့ မင်းတို့ရဲ့ သဘောထားက ဘာတွေ လဲ၊ ကိုယ်အစောကြီးကတည်းက မင်းတို့ကိုဖုန်းဆက်ထားတာ မင်းတို့က အခုမှလာတယ်'
ဆေးဆရာရဲ့ စကားအရ သူတို့သာစောစောလာရင် မေမေ့ကိုတွေ့ ရမယ်ဆိုတဲ့သဘော၊ အခုနောက်ကျမှလာတော့ မေမေ တခြားနေရာကိုထွက်သွားလိုက်ပြီဆိုတဲ့သဘော ဖြစ်နေတယ်။
'အစ်ကိုက ဘယ်အချိန်တုန်းက တွေ့ ခဲ့တာလဲ၊ ကျွန်မ မေမေနဲ့ အရမ်းတူတာပဲလား'
ညီမလေးက လူပျောက်ကြော်ငြာစာရွက်ကိုကမ်းပေးရင်း စာရွက်ထဲကမေမေ့ဓာတ်ပုံကို ထိုးပြပြီး မေးတယ်။ ဆေးဆရာက လွန်ခဲ့တဲ့၆ ရက်ခန့်ကတွေ့ ခဲ့တယ်လို့ ဆိုတယ်။ ဆေးဆိုင်အပေါ်ထပ် သုံးလွှာမှာ နေတဲ့ ဆေးဆရာက မနက်မှာ တိုက်အောက်ကိုဆင်းပြီး ဆေးဆိုင်ဖွင့်ဖြို့ပင်တော့ ဘေးက ခေါက်ဆွဲဆိုင်ရဲ့ အမှိုက်ပုံးနားမှာ အဘွားအို တစ်ယောက် လဲနေတာကို တွေ့ ခဲ့တယ်။ အဘွားအိုကစွပ်ဖိနပ်ပြာကိုစီးထားတယ်။ လမ်းလျှောက်တာများ သွားလို့ထင်ပါရဲ့ ခြေဖမိုးအက်ပြီး အရိုးထွက်နေတယ်။ပြည်တည်နေခဲ့လို့ ပတ်တီးစည်းလို့မရခဲ့ဘူးလို့ ဆိုတယ်။
'ကျွန်တော် က ဆေးဆရာဆိုတော့ သူ့ဒဏ်ရာကို မျက်ကွယ်ပြုလို့မရဘူး။သူ့အနာကိုပိုးသတ်သန့်စင်ပေးဖို့ ဆိုင်ဖွင်ြ့ပီး ပိုးသတ်ဆေးနဲ့ ဝါဂွမ်းတချို့ကို ကျွန်တော် ယူလိုက်တယ်။ အဲဒီ အချိန်မှာ အဘွားအိုနိုးလာပါတယ်။ သူစိမ်း တစ်ယောက် က သူ့ခြေထောက်ကိုကိုင်နေတာတွေ့ တော့ သူလှုပ်တောင်မလှုပ်ခဲ့ဘူး။ ကြည့်ရတာ အားပြတ်နေသလိုပါပဲ။ ဒဏ်ရာကကြီးတော့ ပိုးသတ်တဲ့အချိန် နာကျင်ပြီး သူအော်သင့်တယ်။ဒါပေမယ့် သူ တုတ်တုတ်မျှမလှုပ်ခဲ့ဘူး။ ကျွန်တော် အရမ်းအံ့သြမိတယ်။ အနာကယောင်နေတာကြာပြီဆိုတော့ ပြည်တွေ အဆက်မပြတ် ထွက်ကျလာတယ်။ အနံ့လည်းအရမ်းဆိုးတယ်။ အကြိမ်ကြိမ်ပိုးသတ်ပေးပြီးမှ ကျွန်တော် ဆေးထည့်ပေးခဲ့တယ်။ ပလာစတာနဲ့ပဲ မလုံလောက်လို့ ကျွန်တော် ပတ်တီးစည်းပေးလိုက် တယ်။အဘွားအိုကို ကာကွယ်စောင့်ရှောက်ဖို့ လူလိုတယ်လို့ ကျွန်တော် တွေးမိခဲ့လို့ဆိုင်ထဲဝင်ပြီး ရဲစခန်းကို အကြောင်းကြားခါနီး မှာ သူသိတဲ့လူရှိမရှိ အရင်မေးကြည့်သင့်တယ်လို့ အကြံရတာ နဲ့ ဆိုင်ကနေ ကျွန်တော် ပြန်ထွက်လာတော့ အဘွားအိုဟာအမှိုက်ပုံးထဲမှာ တခြားလူတွေ ပစ်ထားတဲ့ ရေညှိဆူရှီကို ကောက်စားနေခဲ့တယ်။ကြည့်ရတာ သူ တော် တော် ဆာနေခဲ့ပုံရတယ်။ သူ့ကို ကျွန်တော် ထမင်းကျွေးမယ်၊ဒါတွေ ကို မစားပါနဲ့ဆိုခဲ့လည်း အဘွားအိုက နားမထောင်ဘူး။ ဒါနဲ့ ကျွန်တော် ကသူစားနေတာကို လုပြီးလွှင့်ပစ်လိုက်တယ်။ သူ့ကို ပစ်ခိုင်းတော့လည်း မပစ်ဘူး။ကျွန်တော် လုတော့လည်း ပြန်မတုန့်ပြန်ခဲ့ဘူး။ ဆေးဆိုင်ထဲ ဝင်နားပါလို့ ကျွန်တော် ပြောတော့ သူ နားမလည်သလိုပဲ လှုပ်တောင်မလှုပ်ဘူး ။ သူ နားလေးနေတာလား'
ညီမလေး မဖြေခဲ့ဘူး ။ မဟုတ်ဘူးလို့ သူ ထပ်ဖြေပြန်တယ်။
'သူ့ကို ဘယ်မှာ နေသလဲ၊ သိတဲ့သူ ဘယ်သူရှိသလဲ၊ သိတဲ့ဖုန်းနံပါတ်ကိုပြောပါ။ ကျွန်တော် ဖုန်းဆက်ပေးမယ်လို့ ကျွန်တော် မေးခဲ့တယ်။ ကျွန်တော် ဘာပြောပြော သူမျက်စိပဲ တဖျပ်ဖျပ်မှိတ်နေခဲ့တယ်။ ဒီလိုဆိုရင် မ ဖြစ်ဘူးဆိုပြီးမှ ဆိုင်ထဲဝင်ပြီး ကျွန်တော် ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ ကျွန်တော် ဖုန်းဆက်ပြီး ပြန်ထွက်လာတော့ အဘွားအိုကို မတွေ့ တော့ဘူး။ အရမ်းထူးဆန်းတယ် . . . ကျွန်တော် ဖုန်းဆက်တဲ့အချိန်က သိပ်မကြာဘဲနဲ့ ဘယ်လိုလုပ်ပြီး ပျောက်သွားမှန်းကို မသိဘူး '
'ကျွန်တော့် မေမေက စွပ်ဖိနပ်ပြာကိုစီးထားတာ မဟုတ်ဘူး။ သူစီးထားတာက နို့နှစ် ရောင် ဖိနပ်ပါးပါ။ တကယ်ပဲ အဲဒီ အဘွားအိုဟာ အပြာရောင် စွပ်ဖိနပ်ကိုစီးထားတာ သေချာရဲ့ လား'
'သေချာတယ်။ သူဝတ်ထားတာက မိုးပြာရောင် အကျ၊င်္ီ အပြင်အင်္ကျီကညစ်ပတ်လွန်းလို့အဖြူရောင် လား၊ အဝါရောင် လား ခွဲခြားမသိတော့ဘူး။ စကတ်ကလည်းအရမ်းညစ်ပတ်နေတယ်။ အဖြူရောင် လား၊ နို့နှစ် ရောင် လားမသိတော့ဘူး ။ ဒါပေမယ့်စကတ်ပေါ်မှာ လှိုင်းတွန့်လေးတွေ ပါတာတော့တွေ့ ရတယ်။ ခြေသလုံးမှာ ခြင်ကိုက်ရာတွေ ဗရပွနဲ့ တော် တော် ရောင် နေခဲ့ပြီ'
စွပ်ဖိနပ်ြပာကလွဲလို့ ကျန်တာတွေ အားလုံး မေမေပျောက်တုန်းက ဝတ်ထားတာတွေ နဲ့ အားလုံးကိုက်ညီနေခဲ့တယ်။
'ဓာတ်ပုံပေါ်က မေမေဝတ်ထားတာက ရိုးရာအင်္ကျီပါ။ ဆံပင်ပုံလည်း မတူပါဘူး . . . ဒါက မေမေမပျောက်ခင်တုန်းကမှ ရိုက်ထားတဲ့ ဓာတ်ပုံတော့ မဟုတ်ဘူး။သေချာဖြီးလိမ်းပြင်ဆင်ြပီးမှရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ အဲဒီ အဘွားအိုကိုမြင်တာနဲ့ ဘာ ဖြစ်လို့ကျွန်မမေမေကို သတိရမိတာလဲ'
ဆေးဆရာဖော်ညွှန်းတဲ့ အဘွားအိုရဲ့ ပုံစံက တော် တော် လေးအ ဖြစ်ဆိုးနေတာမို့ညီမလေးက အဲဒီ အဘွားအိုဟာ ကိုယ့်မေမေမဟုတ်ကြောင်းကို မျှော်လင့်နေခဲ့တယ်။
'ဒီ တစ်ယောက် ပဲ . . . မျက်လုံးတွေ က တစ်ပုံစံတည်းပဲ။ ကျွန်တော် ငယ်ငယ်တုန်းက နွားကျောင်းခဲ့ဖူးတယ်။ ဒီလိုမျက်လုံးမျိုးကို အမြဲတွေ့ ခဲ့ဖူးတယ်။ ဘယ်လိုပဲဖြီးလိမ်းပြင်ဆင်ထားပါစေ မျက်စိတွေ က ပြောင်းလဲလို့မရခဲ့ဘူး။ ဘယ်လိုလုပ် မမှတ်မိဘဲ နေရမှာ လဲ'
ဆေးဆိုင်ရဲ့ထိုင်ခုံပေါ်မှာ ညီမလေးထိုင်နေခဲ့တယ်။
'နောက်တော့ ရဲတွေ ရောက်လာခဲ့သလား။'
'သူတို့ကို ကျွန်တော် ဖုန်းပြန်ဆက်လိုက်တယ်။ အဘွားအို ထွက်သွားခဲ့ပြ၊ီ မလာနဲ့ တော့လို့ ပြောလိုက်တယ်'
သူ့ရဲ့ ငိုက်ကျသွားတဲ့ပခုံးနဲ့ နှေးသွားတဲ့ခြေလှမ်းတွေ ကိုကြည့်ပြီး ပန်းခြံထဲက ပျဉ်ထိုင်ခုံထက်ကနေ ညီမလေးထလိုက်တယ်။ ညဥ့်နက်နေပြီမို့ ပန်းခြံထဲကကစားကွင်းမှာ ကလေး တစ်ယောက် မှ ရှိမနေခဲ့တော့ဘူး။ လမ်းထွက်လျှောက်တဲ့လူအိုတချို့ပဲ ထိုင်ခုံထက်မှာ ထိုင်နေတာကိုတွေ့ တယ် ဆေးဆိုင်ကနေ ထွက်လာပြီးတဲ့နောက် ညီမလေးနဲ့ သူ လမ်းခွဲလိုက်တယ်။ နောက် နှစ် နာရီအကြာမှာ တိုက်အသစ်အောက်က ကစားကွင်းထဲမှာ တွေ့ ဖို့ ချိန်းခဲ့ကြတယ်။ အရင်နေခဲ့ဖူးတဲ့ နေရာတစ်ဝိုက်မှာ သူ သွားရှာခဲ့တယ်။ သူနေခဲ့ဖူးတဲ့အိမ်က တိုက်သစ်ကြီး ဖြစ်နေခဲ့ပြီ။ညီမလေးက တိုက်ဟောင်းတွေ ကျန်ရှိနေသေးတဲ့ ဆိုဘူဈေးဘက်ကို သွားရှာခဲ့တယ်။
မေမေ ဖြစ်နိုင်တယ်ဆိုတဲ့ အဘွားအိုဟာ ခေါက်ဆွဲဆိုင်ဘေးက အမှိုက်ပုံးထဲမှာ ရေညှိဆူရှီကို ကောက်စားခဲ့တယ်ဆိုလို့ တိုက်ခန်းတိုင်းရဲ့ အမှိုက်ပုံးတွေ ကိုသူ အသေအချာ လိုက်ကြည့်ခဲ့တယ်။ တိုက်ခန်းရဲ့ ပြန်သုံးစွဲလို့ရတဲ့ပစ္စည်းတွေ ထည့်ထားတဲ့ အမှိုက်ပုံးကိုတောင် သူ အလွတ်မပေးခဲ့ဘူး။ အမှိုက်ပုံးတွေ ကိုတစ်ဖက်က လိုက်ကြည့်ရင်း တစ်ဖက်ကလည်း သူအရင်နေခဲ့ဖူးတဲ့အိမ်ဟာ ဘယ်နေရာမှာ လဲလို့ ခန့်မှန်းကြည့်ခဲ့တယ်။ ဘေးနားက အရှည်ဆုံးလမ်းကြားကနေ ရေတွက်ရင် ဒုတိယမြောက်အိမ် ဖြစ်တယ်။ လမ်းကြားက ရှည်လွန်းတယ်။ ညအချိန်အိမ်ပြန်တိုင်း နှစ် ခေါက်၊ သုံးခေါက်လောက် ခေါင်းနောက်ပြန်ကြည့်ပြီးမှ ကိုယ့်အိမ်တံခါးဝဆီကို ရောက်တယ်။
မေမေ ဒီနေရာကိုလာတာ အဲဒီ အိမ်ကိုရှာဖို့အတွက်လား။
ဒီအိမ်ဆီ ပထမဆုံး စရောက်ခဲ့တဲ့ အကြိမ်က မေမေဟာ ရွာကနေ ပေါင်းအိုးလောက်ရှိတဲ့ ရေကရားအိုးနဲ့အတူဆိးုလ်ဘူတာကိုရောက်လာခဲ့တယ်။ ရေကရားအိုးထဲမှာ ပဲဆန်ြပုတ်ကိုထည့်ထားတယ်။ အဲဒီ တုန်းက သူ့မှာ ကားမရှိခဲ့သေးဘူး ။ မေမေ့လက်ထဲကနေ ပဲဆန်ြပုတ်အပြည့်ထည့်ထားတဲ့ ရေကရားအိုးကိုသူလှမ်းယြူပီး စိတ်မရှည်စွာ နဲ့ 'မေမေဘာ ဖြစ်လို့ ဒီလောက်လေးတဲ့ပစ္စည်းကို သယ်ခဲ့ရသလဲ'လို့ပြောတော့ မေမေက ပြန်မဖြေဘဲ ရယ်ပဲရယ်နေခဲ့တယ်။ လမ်းကြားထဲဝင်တော့ မေမေက'ဒီအိမ်လား'လို့မေးခဲ့တယ်။ ဆက်လျှောက်ရင်း နောက်တစ်အိမ်ကိုတွေ့ တော့လည်း'ဒီအိမ်လား'လို့မေးပြန်တယ်။ ကိုယ်အိမ်ရှေ့အရောက် သူခြေလှမ်းရပ်ပြီး 'ဒီအိမ်ပါ'လို့ပြောတော့ မေမေ့မျက်နှာပေါ်မှာ အပြုံးတွေ သန်းသွားခဲ့တယ်။ အိမ်တံခါးကိုမေမေသာသာလေး ဆွဲဖွင့်လိုက်တယ်။ ခရီးအလည်ထွက်လာတဲ့ မိန်းမပျိုလေးအတိုင်းပဲ။
'ဟား. . . .ခြံလည်း ရှိသေးတယ်။ တည်သီးပင်လည်းရှိတယ်။ဒါက ဘာလဲ၊အော် . . . ဒါက စပျစ်ပင်မဟုတ်လား'
အိမ်ထဲရောက်တာနဲ့မေမေဟာ ရေကရားအိုးထဲကနေ ပဲဆန်ြပုတ်တစ်ခွက်သွန်ြပီး အိမ်ထောင့်တွေ မှာ ကျဲပက်လိုက်တယ်။ မကောင်းဆိုးဝါးတွေ ကို မောင်းထုတ်နိုင်တယ်လို့ မေမေက ဆိုပါတယ်။ ဒီအိမ်က ဒီမြို့ထဲမှာ သူတို့ဇနီးမောင်နှံ ပထမဆုံးပိုင်ဆိုင်တဲ့ အိမ် ဖြစ်တယ်။ အိပ်ခန်း ၃ခန်းပါတယ်။ အိပ်ခန်းတစ်ခန်းကို သူဆွဲဖွင့်ပြီး'မေမေ ဒါက မေမေ့ရဲ့ အခန်း၊ ဆိုးလ်ကိုလာတိုင်း ဒီနေရာမှာ သက်တောင့်သက်သာနေနိုင်တယ်'လို့ ဝမ်းသာအားရပြောခဲ့တယ်။ မေမေဟာ အိပ်ခန်းထဲဝင်ကြည့်ပြီးမျက်နှာပေါ်မှာ အားနာဟန်အရိပ်နဲ့ 'မေမေ့အခန်းလည်း ရှိသေးတာလား'လို့ပြောခဲ့တယ်။
ညဥ့်နက်သန်းခေါင်အချိန် ခြံထဲမှာ လှုပ်ရှားသံတွေ ကြားရလို့ အိပ်ခန်းထဲကနေ အပြင်ကို သူချောင်းကြည့်တော့ မေမေဟာ ခြံထဲမှာ ဟိုဒီလျှောက်သွားလျှောက်လာလျှောက်နေခဲ့တယ်။ အိမ်တံခါးမကြီးကိုကိုင်ကြည့်လိုက်၊ စပျစ်ပင်ကိုကိုင်ကြည့်လိုက်၊ တံခါးမဘက်သွားတဲ့ လှေကားထက်ကနေ ကောင်းကင်ကြီးကို မော့ကြည့်လိုက်၊ အဲဒီ နောက် တည်သီးပင်အောက် သွားရပ်လိုက် လုပ်နေခဲ့တယ်။ တစ်ညလုံးမေမေခြံထဲမှာ လျှောက်သွားနေမှာ ကို သူစိုးရိမ်တာနဲ့ ပြတင်းပေါက်ကိုဖွင့်ပြီး'အိမ်ထဲဝင်အိပ်တော့'လို့ပြောတော့ မေမေက 'သားမအိပ်သေးဘူးလား'လို့ဆိုပြီးသူ့နာမည် ကိုပထမဆုံးအကြိမ် ခေါ်ဖူးတဲ့ပုံစံနဲ့'ဟုန်းချောရေ . . . ခဏထွက်လာခဲ့ပါဦး 'လို့အော်တယ်။ သူ ခြံထဲရောက်တော့ မေမေဟာ အိတ်ကပ်ထဲကနေ စာအိတ်တစ်လုံးထုတ်ပြီး သူ့လက်ထဲကိုထည့်လိုက်တယ်။
'အခုတော့ အိမ်နံပါတ်ဆိုင်းဘုတ်လေးပဲ လိုတော့တယ်။ အိမ်ဆိုင်းဘုတ်ကို ဒီပိုက်ဆံနဲ့ဝယ်နော်'
အိမ်နံပါတ်ဆိုင်းဘုတ်ဝယ်ဖို့ ပိုက်ဆံထည့်ထားတဲ့စာအိတ်ကိုလှမ်းယူပြီးမေမေ့ကို ကြည့်လိုက်တယ်။ မေမေက လက်ဗလာနှစ် ဖက်ကို ပွတ်သပ်နေခဲ့တယ်။
'မေမေ တောင်းပန်ပါတယ်။သား အိမ်ဝယ်တုန်းက မေမေ ဘာမှမကူညီနိုင်ခဲ့ဘူး '
အဲဒီ နေ့မနက်က သူသန့်စင်ခန်းထဲဝင်ပြီးတဲ့နောက် မေမေ့အိပ်ခန်းကိုသာသာလေး ဖွင့်ကြည့်လိုက်တယ်။ မေမေနဲ့ ညီမလေးတို့ အတူတူလဲလျောင်းပြီးနှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ကြတယ်။
ဆိုးလ်မှာ မေမေပထမဦးဆုံးအိပ်ခဲ့တာက ရပ်ကွက်ရုံးက ရုံးခန်းထဲမှာ ဖြစ်တယ်။ အသက်(၂ဝ)သာရှိသေးတဲ့သူနဲ့ အတူအိပ်ခဲ့တာ ဖြစ်တယ်။ အဲဒီ နောက်ပိုင်းဆိုးလ်ကိုလာတိုင်း မေမေ သက်တောင့်သက်သာ နားခဲ့ရတဲ့နေရာဆိုတာမရှိခဲ့ဘူး။
ဆိုးလ်ကမိတ်ဆွေတစ်ဦးရဲ့ မင်္ဂလာပွဲကိုဘတ်စ်ကားစီးပြီး မေမေရောက်လာခဲ့တယ်။ သူနဲ့ညီ၊ ညီမလေးတို့ မေမေ့ကို သွားရှာခဲ့တယ်။ အဲဒီ တုန်းက မေမေရဲ့ ခရီးဆောင်အိတ်ဆိုတာ အထုပ်လေးတစ်ထုပ် ဖြစ်တယ်။ မင်္ဂလာပွဲမပြီးခင်မေမေက သူနဲ့ညီ၊ ညီမလေးတွေ ကို သူတို့ငှားနေတဲ့အိမ်ဆီသွားဖို့လောခဲ့တယ်။ အိမ်ကိုရောက်တာနဲ့ မေမေဟာ မင်္ဂလာပွဲမှာ ဝတ်ခဲ့တဲ့အင်္ကျီကိုအမြန်ချွတ်လိုက်တယ်။ သတင်းစာ၊ ပလတ်စတစ်အိတ် ဒါမှမဟုတ် ဖရုံရွက်နဲ့ထုပ်ထားတဲ့ပစ္စည်းတွေ မေမေ့အထုပ်ထဲကနေထွက်ကျလာခဲ့တယ်။ တစ်မိနစ်တောင် မကြာပါဘူး။ မေမေဟာ အထုပ်ထောင့်တစ်နေရာမှာ ထိုးထည့်ထားတဲ့ ရှပ်အင်္ကျီပွနဲ့ ဘောင်းဘီကျားကိုလဲဝတ်လိုက်တယ်။သတင်းစာ၊ ပလတ်စတစ်၊ ဖရုံရွက်တွေ နဲ့ထုပ်ထားတဲ့ ဟင်းတွေ ကို ပန်းကန်တွေ ထဲမေမေလှယ်ထည့်လိုက်တယ်။ ပြီးတော့ လက်တွေ ကိုခါလိုက်ပြီး သွက်သွက်လက်လက်နဲ့ စောင်တွေ ကို ဖြုတ်လျှော်လိုက်တယ်။ မေမေဟာ ဆားတွေ နဲ့နယ်ထားတဲ့မုန်ညင်းတွေ ကို ရေညှစ်ပြီး ကင်ချီလုပ်တယ်။ သံဝက်မှင်ဘီးကိုယူပြီး မီးခိုးကြောင့် မည်းသွားတဲ့ အိုးတွေ ကို ပြောင်လက်တဲ့အထိ တိုက်ချွတ်ဆေးတယ်။ တိုက်ခေါင်မိုးပေါ်မှာ လှန်းထားတဲ့ စောင်တွေ ခြောက်ရင် မေမေဟာ သွက်သွက်လက်လက်နဲ့ စောင်တွေ ကိုထည့်ပြန်တယ်။ မေမေဟာ ဆန်ဆေး၊Misoဟင်းရည်လုပ်ပြီးညစာအတွက် ပြင်ဆင်တယ်။
ပန်းကန်တွေ ထဲမှာ မေမေ အိမ်ကနေယူလာခဲ့တဲ့ အမဲသား၊ ငါးကလေးကြော်၊ ကင်ချီတွေ က စားပွဲခုံပေါ်မှာ ပြည့်လျှံနေတယ်။ သူနဲ့ညီ၊ ညီမလေးတို့ကို ထမင်းတစ်ဇွန်းခပ်လိုက်တာနဲ့ မေမေက သူတို့ဇွန်းပေါ်မှာ အမဲသားတစ်တုံး တင်ပေးတယ်။ မေမေ့ကို စားပါလို့ သူတို့ ဆိုခဲ့ပေမယ့် မေမေက 'မေမေ စားဝခဲ့ပြီ. . .'လို့အမြဲပြောတယ်။ သူတို့ ထမင်းစားဝတော့ မေမေက စားပွဲခုံသိမ်းပြီး ရေစက်ခေါင်းအောက်က ရေပုံးထဲ ရေအေးတွေ အပြည့်ထည့်ပြီး ဖရဲသီးတစ်လုံး ဝယ်စိမ်ပေးခဲ့တယ်။ အဲဒီ နောက် မင်္ဂလာဆောင်ပွဲတက်မှ ဝတ်တဲ့အဝတ်အစားကို အမြန်လဲပြီး 'မေမေ့ကို ကားဂိတ်လိုက်ပို့'လို့ဆိုတယ်။ အပြင်မှာ မှော င်နေပြီမို့ မေမေ့ကိုသူတို့နဲ့အိပ်ခဲ့ဖို့တားပေမယ့်မေမေက 'မေမေပြန်မှ ဖြစ်မယ်၊ မေမေ့မှာ လုပ်စရာတွေ ရှိသေးတယ်'လို့ ဆိုပါတယ်။ မေမေပြောတဲ့ လုပ်စရာအလုပ်က လယ်ထဲကအလုပ်တွေ ဖြစ်တယ်။ တစ်ညတစ်လေအိပ်ရင်လည်း ဘာမှ ဖြစ်မသွားတဲ့ကိစ္စကိုမေမေက ညကားစီးပြီး အိမ်ပြန်ဖို့ချည်းပဲ ပြောနေခဲ့တယ်။ အိပ်ခန်းတစ်ခန်းပဲရှိတဲ့အိမ်မှာ အရွယ်ရောက်ကြီးပြင်းလာခဲ့တဲ့ သူတို့သုံးယောက် နဲ့ မေမေ တိုးဝှေ့မအိပ်ချင်တာလည်း ဖြစ်တယ်။ တစ်ယောက် ကို တစ်ယောက် တွန်းတိုက်မိပြီး နှစ် နှစ် ခြိုက်ခြိုက် အိပ်မပျော်ကြမှာ စိုးတဲ့အတွက်လည်း ဖြစ်တယ်။ ဒါကြောင့် မေမေဟာ'မေမေ ပြန်မြှဖစ်မယ်၊ မေမေ့မှာ လုပ်စရာတွေ ရှိသေးတယ်' လို့ပဲပြောခဲ့တယ်။
မေမေဟာ လက်ဗလာနှစ် ဖက်နဲ့ ဆိုးလ်ဘူတာမှာ ရွာကိုပြန်မယ့် ညရထားကိုစောင့်နေခဲ့တယ်။ မေမေရဲ့ မောပန်းနွမ်းနယ်တဲ့ပုံစံကသူ့ကိုအမြဲတမ်းအနိုင်မခံ အရှုံးမပေးတဲ့ အားသစ်ကို ဖြစ်စေခဲ့တယ်။ ငါ ပိုက်ဆံမြန်မြန်ရှာရမယ်၊ အိပ်ခန်းနှစ် ခန်းပါတဲ့အိမ်တစ်လုံး ပြောင်းဝယ်နိုင်ဖို့လုပ်မယ်၊ အိမ်တစ်လုံးငှားနိုင်အောင်လုပ်မယ်။ ဒီမြို့မှာ ကိုယ်ပိုင်အိမ်တစ်လုံးပိုင်နိုင်ဖို့ လုပ်မယ်။ ဒီလိုမှ ဒီမြို့မှာ မေမေစိတ်ချလက်ချ အနားယူအိပ်စက်နိုင်ဖို့ အခန်းရှိမယ်။
မေမေ ညရထားစီး ပြန်တိုင်း သူလည်း လက်မှတ်တစ်စောင်ဝယ်ပြီး မေမေနဲ့အတူဘူတာရုံထဲ လိုက်ဝင်တတ်တယ်။ မေမေ့ကိုထိုင်ခုံနေရာရှာပေးပြီး သူ့လက်ထဲကငှက်ပျောသီး ၊ နွားနို့ ဒါမှမဟုတ် လိမ္မော်သီးထည့်ထားတဲ့အိတ်ကို မေမေလက်ထဲပြောင်းထည့်ပေးတတ်တယ်။
'အိပ်မပျော်သွားနဲ့နော်၊ ချောင်းအွတ်မှာ ဆင်းရမယ်နော်'
မေမေရဲ့ မျက်ဝန်းက ဝမ်းနည်းမှု တွေ ရောယှက်နေပေမယ့် ခိုင်မာပြတ်သားတဲ့အကြည့်နဲ့ 'သား. . . .ဒီနေရာမှာ သားက ညီ၊ ညီမလေးတို့ရဲ့ အုပ်ထိန်းသူနော်'လို့သူ့ကိုတိုက်တွန်းပြောတတ်ခဲ့တယ်။
အဲဒီ တုန်းက အသက်(၂ဝ)သာရှိသေးတဲ့သူဟာ လက်နှစ် ဖက်ကိုပွတ်သပ်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးရပ်နေခဲ့တယ်။ မေမေဟာ ထိုင်နေရာကထပြီး သူ့လက်ဖဝါးကိုဖြန့်ပေးခဲ့တယ်။ ပခုံးကိုထောင်မတ်စွင့်ကားပေးခဲ့တယ်။
'အစ်ကိုလုပ်တဲ့လူကခေါင်းမော့ရင်ကြော့ပီး ညီ၊ ညီမလေးတို့အတွက် စံပြနမူနာ ဖြစ်ရမယ်။ အစ်ကိုလမ်းမှားလျှောက်ရင်ညီ၊ ညီမလေးတို့လည်း လမ်းမှားလိုက်လျှောက်မှာ ပဲ'
ရထားထွက်ခါနီး တော့မေမေက မျက်ရည်လဲ့တဲ့ အပြုံးနဲ့ သူ့ကိုပြောတယ်။
'သား . . . ဟုန်းချော ၊ သားကိုမေမေ တောင်းပန်ပါတယ်'
ချောင်းအွတ်ဂိတ်မှာ မေမေ ရထားဆင်းတဲ့အချိန်က ညဥ့်နက်သန်းခေါင်အချိန် ဖြစ်တယ်။ ရွာဘက်ကို ပထမဆုံးထွက်မယ့်ကားက မနက်-၆နာရီနောက် ပိုင်းမှာ ဖြစ်တယ်။ ဒါကြောင့် မေမေဟာ ဘူတာရုံမှာ ရထားဆင်းပြီး ရွာဘက်ကိုတစ်လှမ်းချင်း လမ်းလျှောက်ပြန်ခဲ့ရပါတယ်။
'လူပျောက်ကြော်ငြာစာရွက်တွေ ပိုယူလာခဲ့ရင် ကောင်းမယ်။ ပိုကပ်ရတာပေါ့'
'မနက်ဖြန် ကျွန်မလာကပ်မယ်'
မနက်ဖြန်မှာ ကုမ္ပဏီဥက္ကဋ္ဌတွေ နဲ့အတူ ဟုန်းချောင်း (Hong Cheon) ကတိုက်ခန်းကို သူ သွားကြည့်ရမယ်။ ဒီကိစ္စ နှောင့်နှေးလို့မ ဖြစ်ဘူး။
'ချင်းရဲ့ မေမေကို သွားခိုင်းလိုက်မယ်'
'မရီးကိုနားပါစေဦး ၊ ဖေဖေလည်းအိမ်မှာ ရှိနေတာပ'ဲ
'ဒီလိုဆိုညီလေးကိုသွားခိုင်းလိုက်မယ်'
'ဟို တစ်ယောက် ညီမကိုကူညီလိမ့်မယ်'
'ဘယ် တစ်ယောက် လဲ'
'တကယ်လို့ မေမေကိုရှာတွေ့ ရင် သူ့ကို ညီမလက်ထပ်မယ်ဆိုတဲ့ တစ်ယောက် ပါ။ မေမေက ညီမကို အိမ်ထောင်ကျစေချင်နေပြီလေ'
'ဆုံးဖြတ်ချက်တွေ ဒီလောက်လွယ်နေရင် ဘာ ဖြစ်လို့ စောစောမင်္ဂလာမဆောင်တာလဲ'
'မေမေ ပျောက်ဆုံးခဲ့တဲ့နောက်မှ တချို့ကိစ္စတွေ အဖြေရှိလာခဲ့တယ်။အစ်ကို. . . မေမေလိုချင်တာကို ကျွန်မလည်း လုပ်နိုင်တယ်။ အရမ်းခက်ခဲတာလည်းမဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဘာ ဖြစ်လို့ ဒီလိုကိစ္စတွေ နဲ့ မေမေ့ကို ကျွန်မ ဒီလောက်ထိစိုးရိမ်ပူပန်စေခဲ့မှန်း ကျွန်မလည်း မသိခဲ့ဘူး။ နောက်ဆို ညီမ လေယာဉ်လည်းမစီးတော့ပါဘူး'
သူ့ရဲ့ ခံစားချက်တွေ ညှိုးကျလာခဲ့တယ်။ ညီမလေးရဲ့ ပခုံးကို သူပုတ်လိုက်တယ်။ မေမေက ညီမလေးလေယာဉ်စီးပြီး တခြားနိုင်ငံကိုသွားတာမျိုး မနှစသက် ခဲ့ဘူး။
'မတော် တဆ လေယာဉ်ပျက်ကျရင် လူနှစ် ရာကျော်တောင် သေမှာ ၊ သမီးမကြောက်ဘူးလား၊ တကယ်လို့စစ်ပွဲကြောင့် ဆိုရင်တော့ ဘယ်သူမှရှောင်ပြေးပုန်းလို့မရခဲ့ဘူး။ဒါပေမယ့်သမီး အသက်ကို ဘာ ဖြစ်လို့သမီးတန်ဖိုး မထားရတာ လဲ'
ညီမ လေယာဉ်စီးတာကို မေမေပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။ အဲဒီ နောက်ပိုင်း ညီမလေယာဉ်စီးတိုင်း မေမေကိုမသိစေခဲ့တောဘူး ။ အလည်ခရီးပဲ ဖြစ် ဖြစ်၊အလုပ်ကြောင့် ပဲ ဖြစ် ဖြစ် လေယာဉ်စီးရတိုင်း မေမေကို ညီမလုံးဝ မပြောပြခဲ့တော့ဘူး။
'ဟိုခြံထဲက နှင်းဆီပန်း လှလိုက်တာ. . .'
အမှော င်ထဲကနေ ညီမလေးကို သြူကည့်နေလိုက်တယ်။ သူလည်း အဲဒီ အိမ်က နှင်းဆီပန်းကို သတိရလာမိတယ်။ အိမ်ဝယ်ပြီးတဲ့ ပထမနွေဦးရာသီမှာ ဆိုးလ်ကိုမေမေရောက်လာခဲ့တယ်။ သူနဲ့အတူနှင်းဆီပန်းသွားဝယ်ဖို့မေမေ အတင်းခေါ်ခဲ့တယ်။
'နှင်းဆီပန်း . . . '
မေမေ့နှုတ်ကနေ 'နှင်းဆီ' ဆိုတဲ့စကားကြိုကားတော့သူ့နားကိုသူမယုံနိုင်အောင်ြဖစ်မိခဲ့တဲ့ အပြင် 'နှင်းဆီပန်း'လို့တောင်သံယောင်လိုက်ပြီး မေးခဲ့တယ်။
'အနီရောင် နဲ့နှင်းဆီပန်းလေ. . . .ဘာ ဖြစ်လို့လဲ၊ ဝယ်လို့မရလို့လား'
'ဝယ်လို့ရပါတယ်'
မေမေ့ကိုခေါ်ပြီး ပန်းရောင်းတဲ့စိုက်ပျိုးရေး ခြံဆီ သူရောက်ခဲ့တယ်။ သစ်ပင်ပန်းမန်တွေ မျိုးစုံခင်းကျင်းထားပါတယ်။ မေမေက 'မေမေ ဒီပန်းမျိုးကိုအရမ်းကြိုက်တာပဲ' လို့ဆိုပြီးနှင်းဆီပန်းတွေ အများ ကြီးဝယ်ခဲ့တယ်။ သူတွေးထင်ထားတာထက်တောင်ကျော်လွန်ခဲ့ပါတယ်။ အိမ်ြပန်ရောက်တာနဲ့မေမေဟာ ခြံစည်းရိုးနားမှာ တွင်းတစ်တွင်းတူး၊ ခါးကို ကွေးညွှတ်ပြီး ပန်းပင်ကိုစိုက်လိုက်တယ်။ အရင်တုန်းက မေမေက ပဲစိုက်ရင်စိုက်၊ မစိုက်ရင်အာလူး ၊ နှမ်း ဒါမှမဟုတ် မုန့်ညင်း ၊ မုန်လာဥ၊ ငရုတ်သီးတွေ စိုက်တယ်။မျိုးစေ့ကိုကျဲပြီး စိုက်တာပဲ ဖြစ် ဖြစ်၊ အပင်လိုက်စိုက်တာပဲ ဖြစ် ဖြစ် စားရတဲ့အပင်တွေ ကိုပဲ စိုက်ခဲ့တယ်။ ဒါဟာ မေမေပန်းစိုက်တာကို သူ ပထမဆုံးအကြိမ် တွေ့ ဖူးတာပဲ ဖြစ်တယ်။ မေမေပန်းစိုက်တဲ့ပုံစံကသူ့အကြည့်မှာ အရမ်းစိမ်းနေခဲ့တယ်။ ခြံစည်းရိုး နဲ့နီးလွန်း မနေဘူးလားလို့ မေမေကို သူမေးတော့ မေမေက ခြံစည်းရိုး အပြင်ကလူတွေ လည်း ပန်းကိုကြည့်ရှုခံစားနိုင်အောင်လို့ ဆိုခဲ့တယ်။ အဲဒီ အိမ်ကနေ မပြောင်းရွှေ့ခင်အထိ နွေဦးရာသီရောက်တိုင်း အိမ်မှာ နှင်းဆီပန်းတွေ လှိုင်လှိုင်ပွင့်ခဲ့တယ်။ နှင်းဆီပင်ပျိုးစက မေမေမျှော်လင့်ခဲ့မိသလိုပါပဲ. . . ပန်းပွင့်ချိန်ရောက်တိုင်း အိမ်ရှေ့ဖြတ်သွားသူတွေ ဟာ ခြံစည်းရိုးနား ခဏလောက်ရပ်ပြီး ပန်းရနံ့တွေ ကိုရှုရှိုက်တတ်ခဲ့ကြတယ်။မိုးရွာပြီးစနေ့တွေ မှာ ဆို ခြံစည်းရိုးအောက်နားမှာ အနီရောင် နှင်းဆီပွင့်ဖပ်အကြွေတွေ နဲ့ ပြည့်နှက်လို့နေခဲ့တယ်။
သူတို့ညစာမစားဘဲ ယောက် ချုန်းဒုန်းနားက စူပါမားကတ်ကြီးထဲကအရက်ဘားမှာ အရက်နှစ် ခွက် သောက်လိုက်တယ်။ ညီမလေးက အိတ်ထဲကနေမှတ်စုစာအုပ်ကိုထုတ် လှန်လှောပြီး သူ့ရှေ့ကို ထိုးပေးလိုက်တယ်။ အစာမရှိဘဲဘီယာနှစ် ခွက် သောက်ထားတဲ့အတွက်ကြောင့်ထင်တယ်. . . ညီမပါးနှစ် ဖက် နီရဲနေတယ်။ မီးရောင် မှိန်မှိန်အောက်မှာ ညီမလေးကမ်းပေးလိုက် တဲ့ မှတ်စုစာအုပ်ထဲကစာတွေ ကိုသူတွေ့ လိုက်တယ်။
မျက်မမြင်ကလေးတွေ ကို ငါ စာဖတ်ပြချင်တယ်။
ငါ တရုတ်စာသင်မယ်။
တကယ်လို့ ငါ့မှာ ပိုက်ဆံရှိရင် ပြဇာတ်ရုံလေးတစ်ရုံ ငါလိုချင်တယ်။ '
တောင်ဝင်ရိုးစွန်းကို သွားချင်တယ်။
စန်ဒီယဲဂိုး (San Diego) မြိုမှာ ငါ လမ်းလျှောက်ြပီး ခရီးသွားချင်တယ်။
အောက်က စာကြောင်းအကြောင်း သုံးဆယ်ကျော်မှာ လည်း 'ငါ'ဆိုတာနဲ့စထားတယ်။
'ဒါက ဘာတွေ လဲ'
'မနှစ် က ဒီဇင်ဘာ ၃၁ရက်နေ့ နှစ် သစ်ကိုကြိုဆိုတဲ့အချိန်တုန်းက ညီမဝတ္ထုတွေ မရေး ခဲ့ဘူး ။ ညီမလုပ်ချင်တာတွေ ကိုပဲ ချရေး ခဲ့တယ်။ ဆယ်နှစ် အတွင်းမှာ လုပ်ရမယ့်အလုပ်နဲ့ လုပ်ချင်တာတွေ ကို ညီမချရေး ခဲ့တယ်။ ဒီလိုချရေး တဲ့အထဲမှာ မေမေကိုအဖြော်ပုမယ်ဆိုတာ မပါခဲ့ဘူး ။ ဒီစာတွေ ရေး ချတုန်းက ဒါကိုသတိမရခဲ့ဘူး။မေမေပျောက်သွားတော့မှ ဒါတွေ ကြိုပန်ြကည့်ရင်းက ညီမသတိထားမိတော့တယ်'
ညီမလေးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ လဲ့နေခဲ့တယ်။
သူအရက်မူးနေတယ်။ ဓာတ်လှေကားကထွက်လာပြီး အိမ်ရှေ့ဘဲလ်ကိုသူနှိပ်လိုက်တယ်။ တံခါးလာဖွင့်တဲ့လူ မရှိခဲ့ဘူး။ သူ ယိုင်တိယိုင်တိုင်နဲ့ အိတ်ကပ်ထဲကနေ သော့ ထုတ်ပြီး အိမ်တံခါးကိုဖွင့်လိုက်တယ်။ ညီမလေးနဲ့ လမ်းခွဲပြီးနောက်သူ တစ်ယောက် တည်း အခြားအရက်ဆိုင်နှစ် ဆိုင်ဆီ ရောက်ခဲ့တယ်။ အဲဒီ သူ့မေမေလို့ပြောတဲ့ အမျိုးသမီး၊ အဲဒီ စွပ်ဖိနပ်ပြာကိုစီးထားပြီး လမ်းလျှောက်ဖန်များ လွန်းလို့ခြေဖမိုးမှာ ဖိနပ်ပွန်းရာကြောင့် အရိုးပါထွက်နေတဲ့ အမျိုးသမီး၊ အဲဒီ အမျိုးသမီးရဲ့ ပုံရိပ်တွေ သူ့ရှေ့မှာ ပေါ်လာတဲ့အခါတိုင်း သူအရက်ခွက်မြောက်ပြီး မော့မော့သောက်ခဲ့မိတယ်။ ဧည့်ခန်းမီးပိတ်ထားတယ်။ တစ်အိမ်လုံး တိတ်ဆိတ်လို့နေတယ်။ မေမေယူလာခဲ့တဲ့ မယ်တော် မေရီရဲ့ ရုပ်တုက သူ့ကို စူးစိုက် ကြည့်နေတယ်။ သူ ယိုင်တိုင်တိုင်နဲ့ အိပ်ခန်းထဲဝင်ဖို့လုပ်တယ်။ သမီးငယ်အိပ်ခန်းကို ဖြတ်တော့ တံခါးကိုသာသာလေးဟပြီး သူကြည့်လိုက်တယ်။ အခု ဒီအခန်းထဲမှာ ဖေဖေအိပ်နေတယ်။ဖေဖေဟာ ခါးကိုဆန့်ပြီး သမီးအိပ်တဲ့ခုတင်အောက်က အိပ်ရာခင်းပေါ်မှာ အိပ်နေတယ်။ အခန်းထဲသူဝင်ပြီး ဖေဖေ့ကို စောင်ဆွဲခြုံပေးလိုက်တယ်။ ပြီးတော့ တံခါးကိုသာသာလေးပိတ်ပြီး ထွက်လာခဲ့တယ်။ မီးဖိုထဲ သူဝင်သွားပြီး စားပွဲပေါ်က ရေပုလင်းကိုယူလိုက်တယ်။ ဖန်ခွက်ထဲရေထည့်ပြီး သူသောက်လိုက်တယ်။ အဲဒီ နောက် အိမ်ကို သူ အကဲခတ်လိုက်တယ်။ အိမ်က ဘာမှပြောင်းလဲမသွားဘူး။ရေခဲသေတ္တာ က ထွက်ပေါ်လာတဲ့အသံကလည်းအရင်အတိုင်းပဲ။ ရေဆေးစင်အပြည့်ထည့်ထားတဲ့ မဆေးရသေးတဲ့ ပန်းကန်တွေ ကလည်း အရင်အတိုင်းပဲ။ သူ ခေါင်းငိုက်ချပြီး အိပ်ခန်းထဲဝင်လိုက်တယ်။ အိပ်မောကျနေတဲ့ မိန်းမကို ငေးကြောင်ကြည့်နေမိတယ်။ မိန်းမရဲ့ လည်ပင်းပေါ်မှာ ဆွဲကြိုးက အရောင် တဖိတ်ဖိတ်လက်လို့။မိန်းမကိုယ်ပေါ်မှာ ခြုံထားတဲ့ စောင်ကို သူဆတ်ခနဲ ဆွဲလှန်လိုက်တယ်။ မိန်းမကမျက်လုံးကိုပွတ်ရင်းထထိုင်တယ်။ သူ့ကို ဘယ်တုန်းက ပြန်လာသလဲလို့မေးတယ်။သူ့ရဲ့ ကြမ်းတမ်းတဲ့ စကားလုံးမဲ့အပြုအမူက နင် အိပ်ပျော်သေးတယ်ပေါ့လေလို့အပြစ်တင်နေသလိုပါပဲ။
မိန်းမက မသိမသာသက်ပြင်းချတယ်။ မေမေပျောက်ဆုံးပြီးတဲ့နောက်မှာ မိန်းမအပေါ် အကျိုးအကြောင်း မရှိ အပြစ်ရှာတဲ့အကြိမ်တွေ များ သထက်များ လာခဲ့တယ်။ အိမ်ပြန်ရောက်တိုင်း သူ ဒေါသထွက်နေခဲ့တယ်။ အစ်ကိုလတ် ဖုန်းဆက်ပြီးအခြေအနေမေးတော့လည်း စကားနှစ် ခွန်းမပြောရသေးခင် ဒေါသတကြီးနဲ့ သူပြန်အော်ခဲ့တယ်။ 'မင်း တခြားဘာပြောစရာရှိသေးလဲ၊ မင်း. . . .ခုတလော ဘာတွေ လုပ်နေလို့လဲ' ဖေဖေက သူ ဆိုးလ်မှာ နေနေရင်လည်း ဘာမှမကူညီနိုင်တာကြောင့် ရွာပြန်ချင်တယ်လို့ ပြောတဲ့အခါမှာ လည်း သူက အသံကျယ်ကြီးနဲ့ 'ဒီလိုအချိန်မှာ ဖေဖေရွာကို ပြန်ပြီး ဘာသွားလုပ်မလဲ'လို့ အော်ခဲ့တယ်။ မိန်းမ ဖြစ်သူပြင်ဆင်ထားတဲ့ မနက်စာကို သူကြည့်တောင်မကြည့်ဘဲ အလုပ်ကိုတန်းသွားခဲ့တယ်။
'ရှင် အရက်သောက်လာတယ်'
မိန်းမက သူ့လက်ထဲက စောင်ကိုပြန်ဆွဲယြူပီး ဖြန့်လိုက်တယ်။
'နင်အိပ်ပျော်သေးတယ်နော်'
မိန်းမက အင်္ကျီကိုပြင်လိုက်တယ်။
'ဒါဆို ရှင်ကကျွန်မကိုဘာ ဖြစ်စေချင်သလဲ'မိန်းမသည်းမခံနိုင်ဘဲပြန်အော်တယ်။
'ဒါ . . . . နင့်ကြောင့် '
သူ တမင်ရန်ရှာနေမှန်းသူ့ကိုယ်သူလည်းသိတယ်။
'ကျွန်မ ဘာလုပ်နေလို့လဲ'
'နင်သာသွားကြိုခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး ။
'ကျွန်မပြောထားသားပဲ ချင်းကို ကျွန်မ အချဉ်တည်ထားတဲ့ ဟင်းတွေ သွားပို့မယ်ဆိုတာ'
'ဘာ ဖြစ်လို့ အဲ့နေ့မှာ သွားပို့ရသလဲ ဖေဖေနဲ့မေမေ ရွာကနေ ဆိုးလ်ကိုတက်လာတယ်။ ပြီးတော့သူတို့ရဲ့ မွေးနေ့လည်းဟုတ်တယ်။ နင်ဘာ ဖြစ်လို့အဲ့နေ့ကျမှ ချင်းကိုဟင်းသွားပို့တာလဲ'
'ဖေဖေက သူကိုယ်တိုင်လာတတ်တယ်။ ဆိုးလ်မှာ ကျွန်မတို့ပဲနေတာလား၊အဲဒီ နေ့က ကိုလတ်အိမ်ကို ဖေဖေသွားမယ်လို့ ပြောခဲ့တာပဲ။ ဒါကို အရင်မပြောနဲ့ . . ယောက် မလည်း ဆိုးလ်မှာ ပဲနေတာမဟုတ်လား. . . ပြီးတော့ကိုလတ်လည်းနေတယ်။ဖေဖေမေမေတို့ ဆိုးလ်ကိုလာတာနဲ့ ကျွန်မတို့အိမ်မှာ ပဲ တည်းရမှာ လား ၊ ကျွန်မကပဲသွားကြိုရမှာ လား၊ ချင်းကို ကျွန်မ သွားမကြည့် ဖြစ်တာ နှစ် ပတ်ရှိပြီ။ သူ့မှာ စားစရာမရှိတော့ဘူးဆိုတာ သိသိကြီးနဲ့ ကျွန်မ သွားမတွေ့  လို့ ဖြစ်မလား၊ သမီးကိုသွားကြည့်ရ၊ ဟိုဟာဒီဟာလုပ်ရနဲ့ ကျွန်မလည်း ပင်ပန်းတာပဲ။ သမီးလည်း စာမေးပွဲဖြေဖို့နီးနေပြီ . . . . ဒီစာမေးပွဲက သမီးအတွက် ဘယ်လောက်အရေး ကြီးတယ်ဆိုတာရှင်လည်း သိတာပဲမဟုတ်လား'
'ကလေးက ဒီလောက်တောင်ကြီးနေပြီ၊ ဘယ်အရွယ်အထိ ပို့ပေးဖို့ နင်စိတ်ကူးထားသလဲ၊ အဘွားပျောက်သွားတော့ သူအိမ်ပြန်လာပြီး စိတ်ပူခဲ့သလား'
'သမီးက အိမ်ကိုပြန်လာပြီး ဘာလာလုပ်မှာ လဲ၊ သူ့ကို မပြန်ခဲ့ဖို့ ကျွန်မပြောထားတယ်။ ကျွန်မတို့ အတတ်နိုင်ဆုံး ရှာခဲ့ကြပြီပဲ။ ရဲတွေ တောင် ရှာမတွေ့ တာကျွန်မတို့က ဘာတတ်နိုင်မှာ မို့လဲ၊ ဆိုးလ်မြို့က ဒီလောက်ကြီးတာ တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး ကျွန်မတို့ မေမေ ဒီရောက်နေလားလို့ သွားမေးရမှာ လား၊လြူကီးတွေ တောင်မတတ်နိုင်တဲ့ကိစ္စ ကလေးက ဘာကူညီနိုင်မှာ မို့လဲ၊ ကျောင်းတက်တဲ့ကလေးက ကျောင်းကောင်းကောင်းတက်နေဖို့ပဲ၊ မေမေမရှိတော့တာနဲ့ ကျွန်မတို့က ကိုယ့်အလုပ်ကို ကိုယ်မလုပ်ဘဲ ပစ်ထားလိုက်ကြမှာ လား'
'မရှိတော့တာ မဟုတ်ဘူး . . . ပျောက်သွားတာ'
'ရှင်ကကျွန်မကို ဘာလုပ်ခိုင်းစေချင်လို့လဲ။ ရှင်လည်း အလုပ်သွားနေတာပဲမဟုတ်လား'
'ဘာပြောတယ်'
သူ ဒေါသကို မထိန်းနိုင်တော့ဘဲ အိမ်ခန်းထဲက ဂေါ့ဖ်ရိုက်တံကိုယူပြီးအပြင်ကိုပစ်ထုတ်ဖို့ကြံတယ်။
'ဟုန်းချော. . .'
ခုနားက သမီးငယ်လေးဘေးမှာ အိပ်ပျော်နေတဲ့ဖေဖေက အခန်းတံခါးဝမှာ လာရပ်နေတယ်။ လက်ထဲက ဂေါ့ဖ်တံကိုသူလွှတ်ချလိုက်တယ်။ ဖေဖေက သူနဲ့ ဇနီး ဖြစ်သူကို မမှိတ်မသုန်ရပ်ကြည့်ပြီး လှည့်ထွက်သွားတယ်။ ဖေဖေက သားသမီးတွေ သက်သာပေါ့ပါးဖို့ ဆိုးလ်ကိုလာပြီး မွေးနေ့ပွဲကျင်းပတာ ဖြစ်တယ်။ တကယ်လို့ အစီအစဉ်အတိုင်းဆိုရင်ဇနီးသည် ကြိုတင်စာရင်း ပေးထားတဲ့ကိုရီးယားစားသောက်ဆိုင်မှာ ဖေဖေ့ကို မွေးနေ့ပွဲ ကျင်းပပေးမှာ ဖြစ်တယ်။ မေမေလည်း 'မေမေ့မွေးနေ့ကိုတစ်ပါတည်းလုပ်လိုက်ပါ'လို့ပြောမှာ အသေအချာပါ။ ဒါပေမယ့် မေမေပျောက်သွားတော့ ဖေဖေ့ရဲ့ မွေးနေ့လည်း ဒီတိုင်းပြဲပီးသွားခဲ့တယ်။ ဖေဖေ့မွေးနြေ့ပီးရင် နောက်ရက်တွေ မှာ လုပ်တဲ့ ရိုးရာကန်တော့ပွဲကလည်း ကြီးကြီးနဲ့အန်တီတို့ကိုပဲလုပ်ခိုင်းခဲ့ရတယ်။
ဖေဖေနောက်အိပ်ခန်းဘက်ဆီသူလိုက်ခဲ့တယ်။ ဖေဖေက တံခါးကိုတွန်းဖွင့်ဝင်ရင်း သူ့ကိုနောက်ပြန်လှည့်ကြည့်တယ်။
'ဖေဖေ မကောင်းတာပါ'
'----------'
'ရန်မ ဖြစ်ပါနဲ့တော့၊ သားခံစားချက်ကို ဖေဖေ နားမလည်တာမဟုတ်ဘူး၊ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ဖေဖေနဲ့ အတူနေခဲ့တဲ့အချိန်တစ်လျှောက် သားမေမေ ကောင်းကောင်းမနေခဲ့ရဘူး၊ သားမေမေက လူကောင်း တစ်ယောက် ပါ၊ ဘေးမသီရန်မခဘဲရှိနေမှာ ပါ၊ ဘေးရန်မခရှိနေရင် မကြာခင် သူ့သတင်းရပါလိမ့်မယ်'
'----------'
'ဖေဖေအိမ်ပြန်တော့မယ်'
ဖေဖေဟာ မမှိတ်မသုန်နဲ့ သူ့ကိုရပ်ကြည့်ပြီးအခန်းထဲဝင်သွားလိုက်တယ်။တင်းတင်းစေ့ထားတဲ့တံခါးဝကို သူငေးကြည့်ရင်း နှုတ်ခမ်းကိုကိုက်လိုက်တယ်။ရုတ်တရက် လေပူတွေ ရင်ထဲတိုးတက်လာခဲ့တယ်။ လက်နှစ် ဖက်နဲ့  ရင်ဘတ်ကိုသူဖိထားလိုက်တယ်။ အကျင့်အတိုင်း မျက်နှာကိုပွတ်သပ်ပြီး လက်ကိုသူချလိုက်တယ်။မေမေ့ရဲ့ ရိုးရှင်းနွေးထွေးတဲ့ လက်တစ်စုံကို သူခံစားမိလိုက်တယ်။ သူလက်ဖဝါးနှစ် ဖက်ဆုပ်ကိုင်ထားတာ ဒါမှမဟုတ် ပခုံးငိုက်စိုက်ချတာကို မေမေကမနှစသက် ခဲ့ဘူး။တကယ်လို့ မေမေ့ရှေ့မှာ သူ အဲဒီ လိုလုပ်ခဲ့မိရင် မေမေက ချက်ချင်း သူ့လက်ဖဝါးကိုဖြန့်ပေးလိုက်တတ်တယ်။ ပခုံးကို ထောင်မတ်ပေးလိုက်တတ်တယ်။ သူခေါင်းငုံ့နေတဲ့အခါတိုင်း မေမေက သူ့နောက်ကျောကို လက်နဲ့ရိုက်ပြီး ယောက်ျားဆိုတာခေါင်းမော့ရင်ကော့နေရမယ်လို့ ပြောတတ်တယ်။ နောက်ဆုံးမှာ သူ ရှေ့နေမ ဖြစ်ခဲ့ဘူး။ ဒါကို မေမေက 'သားလုပ်ချင်တဲ့အလုပ်' လို့ဆိုခဲ့ပေမယ့် တကယ်တမ်းတော့ဒါဟာလည်း မေမေ့ရဲ့ စိတ်ကူးအိပ်မက် ဖြစ်တယ်။ ဒါကို အရင်က သူ မသိခဲ့ဘူး။ကိုယ်ငယ်ရွယ်စဉ်က မက်ခဲ့တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးဆိုတာပဲ သိခဲ့တယ်။ မေမေ့ရဲ့ စိတ်ကူးအိပ်မက်ကိုပါ ပျက်ြပားစေခဲ့မှန်း သူမသိခဲ့ဘူး။မေမေဟာ မေမေ့ကြောင့် သူ့အိပ်မက်တွေ ဒီတစ်သက်မှာ တကယ် ဖြစ်မလာနိုင်ခဲ့ဘူးလို့ပဲ ထင်ခဲ့တယ်။ ဒီအချိန်ကျမှ မေမေ့ကို တောင်းပန်သင့်တဲ့လူက သူကိုယ်တိုင်ဆိုတာကိုသူ ရုတ်တရက် နားလည်လိုက်တယ်။
မေမေ့ကို တောင်းပန်သင့်တဲ့လူက သားပါ။ မေမေ့အပေါ် ထားခဲ့တဲ့ကတိအတိုင်း သားမလုပ်နိုင်ခဲ့ဘူး။ တကယ်လို့ မေမေကို ရှာတွေ့ ခဲ့ရင် မေမေကိုဂရုတစိုက်ကြည့်ရှုစောင့်ရှောက်တော့မယ်။ ဒီလိုမျှော်လင့်ချက်က သူ့ရင်ဝမှာ ပြည့်တင်းနေခဲ့တယ်။ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားမတတ် သူခံစားမိတယ်။ဒါပေမယ့်သူ့မှာ အင်အားတွေ ကုန်ခမ်းနေခဲ့ပြီဆိုတာကို သူလည်းသိတယ်။
ဧည့်ခန်း ကြမ်းပြင်ပေါ် သူ ဒူးထောက်ချလိုက်တော့တယ်။
![]() ထင်ရှားသူတို့ဘ၀ပုံပြင် | ![]() မေတ္တာတို့ပေါင်းစုရာ | ![]() ရတနာများနှင့်ဆက်သွယ်ခြင်း |