(၁)
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေ၊ ခံယူချက်တွေရှိကြတယ်။ တခြားလူထက် ပိုထူးချွန်ထက်မြက်သူ၊ အဆိုတော်၊ အားကစားသမား၊ ဆရာဝန်၊ အင်ဂျင်နီယာတွေ ဖြစ်လိုကြတယ်။ ဒါဟာ အစကောင်းတစ်ခုပါ။ စိတ်ကူးရဲ၊ ရည်မှန်းချက်ထားရဲသူတွေက တစ်ဝက်အောင်မြင်နေပြီးသူတွေပါ။ ရှေးလူကြီးတွေက ပြောတယ်၊ “ရင်ဘတ်ထဲမှာ စိတ်ကူးအိပ်မက်မရှိ ရည်မှန်းချက်မရှိသူတေကွ ရှင်လျက်နဲ့ သေနေကြတာ”တ့။ဲ ရည်မှန်းချက်မရှိ၊ ဦးတည်ရာမ့ေဲ နရင် ရှေ့တိုးဖို့အင်အားလည်း ရှိမှာ မဟုတ်ပါဘူး။ မရေရာတဲ့ လူ့ဘ၀လမ်းမှာ ယောင်လည်လည်ဖြစ်နေမှာ ပ။ဲ ဘ၀က အဓိပ်္ပာယ်မ့ေဲ နမှာ ပဲ။ စိတ်ကူးအိပ်မက်ရှိတယ်၊ ရည်မှန်းချက်ရှိတယ်ဆိုရင် အဲဒီ ရည်မှန်းချက်ဦးတည်ချက်အတွက် နေ့တိုင်း ကြိုးစားပြီး အကောင်အထည်ဖော်တယ်၊ ကြိုးစားပြီး သင်ယူတယ်၊ ဖြည်းဖြည်းချင်း အတေ့အွ ကြုံတေကွို အတိုးချပြီး ကိုယ့်ကိုယ်ကို ဖြည့်ဆည်းတယ်ဆိုရင် တစ်နေ့နေ့မှာ အောင်မြင်မှု အလင်းရောင်ကသင့်ကိုယ်ပေါ်မှာ လင်းလက်တောက်ပမှာ ဖြစ်ပါတယ်။
အက်ဒီဆင် တီထွင်ဖန်တီးခဲ့တဲ့ အရာတွေ သိပ်များ လွန်းပါတယ်။သူတီထွင်ခဲ့တဲ့ အရာတွေထဲမှာ လျှပ်စစ်မီး၊ တယ်လီဖုန်း၊ ရုပ်ရှင်၊ ဓာတ်စက်၊မီးအားပေးစက်၊ ဘက်ထရီအိုး၊ လက်နှိပ်စက်၊ သံလိုက်ကျောက်ခွဲခြားစက်၊ဖိအားတိုင်းကရိယာ စတာတွေပါတယ။် ပထမဆုံး ငွေစက္ကူရေတွက်စက်အဖြစ်သူတီထွင်ခဲ့တဲ့ ၁၈၆၉ ခုနှစ်ကနေ ၁၉၁၀ ခုနှစ်ကာလအတွင်းမှာ သူတီထွင်ခဲ့တဲ့ ပစ္စည်းအမျိုးအရေအတွက်ပေါင်း ၂၀၀၀ ခန့် ရှိခြဲ့ပီး ပစ္စည်း ၁၃၂၈ ခုမှတ်ပုံတင်မူပိုင်ခွင့်ရခဲ့တယ်။ အဲဒီ ကာလအတောအတွင်းမှာ ပဲ ၁၀ရက်ကျော်တစ်ကြိမ် တီထွင်မှု သစ်တစ်ခု သူလုပ်ခဲ့တယ်။
၁၈၄၇ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မနက်ဝေလီဝေလင်းအချိန်တစ်ခုမှာ အမေရိကန်နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ နာမည်ကြီးရေကန် (၅) ကန်အနက် Erie ရေကန်ဘေးမှာ ရှိတဲ့ အိုဟိုင်အို (Ohio) ပြည်နယ်၊ မီလန် (Milaan)မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ ကောင်လေးဟာ မွေးဖွားလာတာနဲ့ ဦးခေါင်းကြီးပြီး ခန္ဓာကိုယ် သေးငယ်နေခဲ့တယ်။ သားသမီးတွေထဲမှာ ခုနှစ်ယောက်မြောက်ဖြစ်တဲ့ ဒီသားလေး အသက်ရှင်ပါ့မလားလို့ သစ်အရောင်းအ၀ယ်လုပ်တဲ့ ဖခင်က စိုးရိမ်ခဲ့တယ်။ ဒီသားလေးက နောက်ပိုင်းမှာ လျှပ်စစ်မီးကို တီထွင်ခဲ့သူ သောမတ်စ်အက်ဒီဆင်ပဲ ဖြစ်ပါတယ်။
၁၉၃၁ ခုနှစ် သြဂုတ်လမှာ အက်ဒီဆင်ဟာ စိတ်ရောကိုယ်ပါနွမ်းလျမောပန်းခဲ့တယ်။ ဆရာဝန်ရဲ့ ဆေးစစ်ချက်မှာ သူ ရောဂါအပြင်းအထန်ရနေကြောင်း တွေ့ရှိခဲ့တယ်။ အောက်တိုဘာလ (၁၈) ရက်နေ့ အသက်(၈၄)နှစ်မှာ အက်ဒီဆင် သေဆုံးသွားခဲ့ပါတယ်။ အောက်တိုဘာလ (၂၁)ရက်နေ့မှာ အမေရိကန်တစ်နိုင်ငံလုံး မီးငြိမ်းပြီး အက်ဒီဆင်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်။
အက်ဒီဆင်ဟာ အဲဒီ ခေတ်ကာလရဲ့ အမြင့်မြတ်ဆုံးသူလို့ လူတွေပြောခဲ့ကြတယ်။ သိပ္ပံပညာရှင် အိုင်းစတိုင်းကတောင် သူ့ကို “တီထွင်ဖန်ဆင်းရှင်တစ်ဦး”၊ “ထုတ်လုပ်တီထွင်နိုင်တဲ့ ပါရမီရှင်တစ်ဦး”လို့ တင်စားခဲ့တယ်။သူ့ကို အမြင့်မြတ်ဆုံးသူစာရင်းထဲ ထည့်သွင်းချိန် အက်ဒီဆင်ဟာ မနေတတ်မထိုင်တတ် ဖြစ်ခဲ့တယ်။
သူ့ရဲ့ တီထွင်ဖန်ဆင်းမှု အကြောင်း ပြောတဲ့အခါ အက်ဒီဆင်က“ကျွန်တော့်ရဲ့ ဘ၀ဒဿနက အလုပ်အကိုင်ပါ။ သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ်မှု တွေကို ကျွန်တော်ဖော်ထုတ်ပြီး လူသားတွေအတွက် ကောင်းကျိုးဖန်တီးမယ်။ ဒါဟာ တိုတောင်းတဲ့ ကျွန်တော်တို့ရဲ့ လူ့ဘ၀ကို ဖြတ်သန်းတဲ့ အကောင်းဆုံးနည်းပါပဲ”လို့ ပြောခဲ့တယ်။ ဒါဟာ အက်ဒီဆင်ရဲ့ အတွေးအခေါ် ဖြစ်သလိုသူ့ကိုအောင်မြင်စေတဲ့ လှုံ့ဆော်အား၊ အရင်းအမြစ်လည်း ဖြစ်တယ်။
အက်ဒီဆင်ဟာ ကျောင်း(၃)လသာ နေခဲ့ဖူးသူပါ။ ဆရာမ က သူ့ကို“လူနုံလူအ”လို့ ဆိုခဲ့တယ်။ သူ့ဆွေမျိုးသားချင်းကလည်း သူ့ကို ဒီလိုပဲ ခေါ်ခဲ့တယ်။ ဒါပေမယ့် သူ့မိခင်က ဒါကို မယုံခဲ့ဘူး။ သူကိုယ်တိုင် အက်ဒီဆင်ကိုစာတွေ သင်ပေးခဲ့တယ်။ စာတွေဖတ်ဖို့ လမ်းညွှန်ခဲ့တယ်။ အက်ဒီဆင်ဟာအသက်(၁၂) နှစ်မတိုင်ခင် ဖတ်ရခက်စာအုပ်တော်တော်များများ ကိုဖတ်ပြီးနေခြဲ့ပြီဖစ်တယ်။ သူ့ဖခင်က သူကိုယ်တိုင် အယ်ဒီဆင်ကို နယူတန်နယာမတွေသင်ပေးခဲ့တယ်။ မိသားစုရဲ့ သင်ကြားရေးနဲ့ သက်ရောက်မှု ကြောင့် အက်ဒီဆင်ဟာ ငယ်စဉ်ကတည်းက ၀ီရိယရှိတဲ့စိတ်ဓာတ်နဲ့ စိတ်ကူးအိပ်မက်ကို စွဲစွဲမြဲမဲဆုပ်ကိုင်တဲ့ စိတ်ဓာတ်မျိုး မွေးမြူနိုင်ခဲ့တယ်။
သိပ္ပံပညာကို အက်ဒီဆင် အရမ်းနှစ်သက်ခဲ့တယ်။ သူဟာ ငယ်စဉ်ကတည်းက သူတို့အိမ်ရဲ့ မြေအောက်ထပ်မှာ လက်တွေ့စမ်းသပ်ရာမှာ အသုံးပြုတဲ့ ဖန်ပုလင်းတွေ အခုရာကျော်စုဆောင်းခြဲ့ပီး လက်တွေ့စမ်းသပ်ခန်းအသေးစားတစ်ခု လုပ်ခဲ့တယ်။ ချွေတာစုဆောင်းထားတဲ့ ငွေကြေးတွေကို ဓာတုပစ္စည်း၊ ဓာတုကိရိယာတွေ သူ ၀ယ်ယူခဲ့တယ်။ ဒါပေမယ့် ဒီငွေကြေးတွေက သူ့စမ်းသပ်မှု အတွက် မလုံလောက်မှန်း သိတဲ့အခါ အက်ဒီဆင်ဟာမီးရထားပေါ်မှာ သတင်းစာ လိုက်ရောင်းခဲ့တယ်။ သူဟာ မနက်ကနေ ညအချိန်ထိ ရထားပေါ်မှာ သတင်းစာ လိုက်ရောင်းခဲ့တယ်။ ညဥ့်နက်သန်းခေါင်အထိ စမ်းသပ်မှု တွေပြုလုပ်ခဲ့တယ်။
အဲဒီ နောက် သူဟာ ရထားပေါ်မှာ လူတွေအသုံးမပြုတဲ့ ဆေးလိပ်သောက်ခန်းတစ်ခန်းရှိတာကို သတိထားခဲ့မိလို့ အိမ်က သူ့စမ်းသပ်ကိရိယာတွေကို ရထားပေါ်အထိ သယ်ဆောင်လာပြီး စမ်းသပ်မှု တွေ ပြုလုပ်ခဲ့တယ်။အဲဒီ အခန်းမှာ ထားထားတဲ့ ပုံနှိပ်စက်ကို သူ အသုံးပြုတတ်ခဲ့သလို ကြေးနန်းနံပါတ်တွေနဲ့ အဲဒီ ဒေသက သတင်းအချက်အလက်တွေကိုပါ မှတ်သားနိုင်ခြဲ့ပီး သတင်းစာစောင်အဖြစ် ထုတ်ဝေနိုင်ခဲ့တယ်။ အဲဒီ သတင်းစာကို လူအများ ကြိုက်နှစ်သက်ခဲ့ကြတယ်။ အဲဒီ အချိန်မှာ အက်ဒီဆင်ဟာ ၁၂နှစ်သားအရွယ်ဘဲ ရှိခဲ့သေးတယ်။
တစ်နေ့မှာ ရထားလူးလို့ ခရီးဆောင်အိတ်တွေ ပြုတ်ကျလာပြီးသူစမ်းသပ်ရာမှာ အသုံးပြုတဲ့ ဖော့စ်ဖောရပ်ထည့်ထားတဲ့ ဖန်ပြွန်ကို တိုက်မိသွားခဲ့တယ်။ ဖော့စ်ဖောရပ်တွေ ကြမ်းပြင်ပေါ်ကျပြီး မီးထလောင်ခဲ့တော့တယ်။ မီးကို အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့ပေမယ့် ရထားတာဝန်ခံအရာရှိရဲ့ လက်ဝါးစောင်းဒဏ်ကို သူ ခံခဲ့ရတယ်။ အဲဒီ ရိုက်ချက်နဲ့ပဲ သူ နားကန်းခဲ့ရတယ်။ရထားပေါ်မှာ ရှိတဲ့သူ့စမ်းသပ်ကိရိယာတွေလည်း လွှင့်ပစ်ခံခဲ့ရတယ်။အခက်အခဲတွေ ပြဿနာတွေက အက်ဒီဆင်ရဲ့ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်မယ်ဆိုတဲ့စိတ်နဲ့ သိပံ္ပစမ်းသပ်မှု တွေ ပြုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို အလဲမထိုးနိုင်ခဲ့ပါဘူး။ အက်ဒီဆင်ဟာ ကိုယ့်ရဲ့ နေအိမ်မှာ ပဲစမ်းသပ်ခန်းတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်ချိန်အတောအတွင်းမှာ ဓာတ်လိုက်တာ၊ အ၀တ်အစား မီးလောင်ခံရတာ တွေကို သူ အမြဲကြုံတွေ့ ခဲ့ရတယ်။တစ်ကြိမ်မှာ သူ့မျက်နှာတစ်ခုလုံး နိုက်ထရိတ်ဓာတ်ဆား အလောင်ခံခဲ့ရပေမယ့် သူ နည်းနည်းမှ စိတ်ဓာတ်မကျခဲ့ဘူး။
အက်ဒီဆင်ရဲ့ ကြိုးစားခဲ့သမျှအရာတွေက နောက်ပိုင်းမှာ သူ ပြုလုပ်တဲ့ တီထွင်ဖန်တီးမှု အပေါ် များ စွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ တခြားတီထွင်သူတွေလိုပါပ၊ဲ အက်ဒီဆင်လျှောက်ခဲ့တဲ့လမ်းက မညီညာ မဖြောင့်ဖြူးခဲ့ပါဘူး။ ညပိုင်းအလုပ်တွေ သူလုပ်ခဲ့သလို စာအုပ်ဆိုင်နဲ့ စာကြည့်တိုက်တွေမှာ သူ့အချိန်တွေ ကုန်ဆုံးခဲ့ရတယ်။ အကြိမ်ကြိမ် အလုပ်လက်မဲ့ဖြစ်ခဲ့ရလို့နောက်ဆုံးမှာ နယူးယောက်မြို့မှာ ရှိတဲ့ သူငယ်ချင်းဆီချဉ်းကပ်ခဲ့ရတယ်။
အက်ဒီဆင်ဟာ နယူးယောက်မြို့ကို ခက်ခက်ခဲခဲ ရောက်လာခဲ့တယ်။ အဲဒီ အချိန်က သူ့ဆီမှာ ပိုက်ဆံတစ်ပြားတောင် မရှိတော့ပါဘူး။ ဆာလောင်ငတ်မွတ်နေတဲ့ အက်ဒီဆင်ဟာ အ၀တ်အစားစုတ်ပြတ်ပြတ်နဲ့ ကိုယ်ရောင်တွေမှိန်နေခဲ့လို့ လူတွေရှောင်ဖယ်တာကို ခံခဲ့ရတယ်။ နောက်တော့အလုပ်ရုံတစ်ခုမှာ သူ ခိုကပ်နေခွင့်ရခဲ့တယ်။ သူနေတဲ့အလုပ်ရုံမှာ စကားပြောစက်တစ်လုံး ပျက်ခဲ့လို့ သူ ပြင်ပေးခဲ့တယ်။ သူ့ရဲ့ အလုပ်အပေါ် အာရုံစိုက်မှု ၊အသေးစိတ်မှု တွေကြောင့် စက်ရုံမှာ အလုပ်ရခဲ့တယ်။ သိပ်မကြာပါဘူး . . ဒီလိုစကားပြောစက် စက်ရုံအသေးစား တစ်ခုကို သူကိုယ်တိုင် တည်ထောင်ပြီးသိပံ္ပပညာ စမ်းသပ်မူလမ်းကြောင်း ပေါ်ကိုတစ်လှမ်းချင်းတစ်လှမ်းချင်းတက်ခဲ့တော့တယ်။၁၉၂၄ ခုနှစ်မေလမှာ အမေရိကန်ရဲ့ အမြင့်မြတ်ဆုံးသူကို မဲပေးပြီးရွေးချယ်ခဲ့ကြတယ်။ အဲဒီ မှာ အက်ဒီဆင်ဟာ မဲအများ ဆုံးသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး တိုင်းပြည်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကွန်ဂရက်လွှတ်တော်ရွှေတံဆိပ်ဆုကို ချီးမြှင့်ခံခဲ့ရတယ်။ အဲဒီ အချိန်မှာ အက်ဒီဆင်ဟာ အသက် (၇၇) နှစ်ရှိပြီဆိုပေမယ့် အလုပ်လုပ်နေဆဲဖြစ်တယ်။ သူဟာ ပင်စင်ယူဖို့လဲ စိတ်မကူးခဲ့ပါဘူး။ သူ့ရဲ့ ခံယူချက်က "လူတွေ ဘာလိုအပ်သလဲ ငါစုံစမ်းတယ်၊ ပြီးရင်လူတွေလိုအပ်တဲ့အရာကို ကြိုးစားပြီး ငါတီထွင်တယ်"ဆိုတာဖြစ်တယ်။
အောင်မြင်ခြင်းက စိတ်ကူးအိပ်မက်တစ်ခုကနေ စတင်တယ်။ အဲဒီ စိတ်ကူးအိပ်မက်ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်ဖို့ ပထဦးဆုံးသင် ဘာလိုချင်သလဲဆိုတာကို သိရတယ်။ ရည်မှန်းချက်ပန်းတိုင်ကို စိတ်ထဲမှာ တေးမှတ်ပြီး စိတ်မျက်စိနဲ့ သင်လိုချင်တဲ့အရာကို ရုပ်လုံးဖော်ရတယ်။သင့်စိတ်ထဲမှာ လိုချင်တဲ့အရာ ရုပ်လုံးပေါ်ပြီဆိုရင် သင့်စိတ်ကူး အိပ်မက်ကိုဖြစ်မြောက်အောင် အာရုံစိုက်ပြီး စတင်အကောင်အထည်ဖော်နိုင်ပါပြီ။
အောင်မြင်ချင်ရင် တခြားလူထက် ပိုပေးဆပ်ရပါတယ်။ အောင်မြင်တဲ့ပန်းပွင့်ကို ချွေးစက်နဲ့ သွန်းလောင်းရပါတယ်။ အောင်မြင်သူတိုင်းဟာငယ်ရွယ်စဉ်ကနေ အိုမင်းချိန်အထိ ပိုးချည်ကောင်တွေလို ၀ီရိယရှိရှိ အလုပ်လုပ်ကြတယ်။ အကန့်အသတ်ရှိတဲ့ အသက်အရွယ်ကို အကန့်အသတ်မဲ့ ဆွဲဆန့်ခြဲ့ကတယ်။လောကကြီးမှာ အပင်ပန်းမခံဘဲ ရတဲ့အရာဆိုတာ မရှိပါဘူး။တစ်ခုကိုပေးဆပ်မှ တစ်ခုကို ပြန်ရတာ ချည်းပါပဲ။ သင့်စိတ်ထဲမှာ စိတ်ကူးအိပ်မက်ရှိရင် အဲဒီ အိပ်မက်ကို နှိုးထလိုက်ပါ။ မိမိကိုယ်ကိုယ်ယုံကြည်စိတ်နဲ့ရည်ရွယ်ချက်ပြီးမြောက်အောင် အကောင်အထည်ဖော်ပါ။ ဘယ်လိုအခက်အခဲ၊ ဘယ်လိုပြဿနာကမှ သင့်စိတ်ကူးအိပ်မက်ကို မယိုင်လဲပါစေနဲ့။ လူတွေစိတ်ကူးတဲ့အရာ၊ လူတွေယုံကြည်တဲ့အရာတွေကမဖြစ်မနေ အကောင်အထည်ဖော်နိုင်ကြပါတယ်။
(၂)
၁၉၀၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ကစ်တီဟော့ (Kitty Hawk) မြို့ရဲ့ ကောင်းကင်မှာ ကမ္တွာ့ပထမဦးဆုံး လူစီးစွမ်းအင် လေယာဉ်တစ်စီး ပျံသန်းနိုင်ခဲ့တယ်။ အဲဒီ လေယာဉ်ကို Flyer I လို့အမည်ပေးခဲ့တယ်။ လေယာဉ်ကို တီထွင်ခဲ့သူကအမေရိကန်နိုင်ငံသား ၀ီလ်ဗာရိုက် (Wilbur Wright) (April 16, 1867 – May30, 1912) နဲ့ အိုဗီလ်ရိုက် (Orville Wright) (August 19, 1871 – January 30,1948) ညီအစ်ကိုဖြစ်တယ်။ Wright ညီအစ်ကို တီထွင်ခဲ့တဲ့ ပထမဆုံးစွမ်းအင်သုံးလေယာဉ်ဟာ လူသားတို့ရဲ့ ပျံသန်းခေတ်ကို ကန့်လန့်ကာဆွဲဖွင့်ပေးခဲ့တာပဲ ဖြစ်တယ်။
မွေးဖွားကြီးပြင်းပုံ
ငှက်တစ်ကောင်လို ပျံသန်းချင်ခဲ့ကြတာဟာ ရှေးနှစ်များ စွာ ကတည်းက လူသားတို့ရဲ့ စိတ်ကူးအိပ်မက် ဖြစ်ခဲ့တယ်။ ဒီလိုစိတ်ကူးကိုအကောင်အထည်ဖော်ဖို့ လူတွေအမျိုးမျိုးကြိုးစားခြဲ့ကတယ်။ ဇွဲ၊ လုံ့လ၊ ၀ီရိယတွေ စိုက်ထုတ်ခဲ့တယ်။ တချို့က အသက်ကိုတောင် စတေးခြဲ့ကတယ်။
၁၈၇၇ ခုနှစ် ဆောင်းရာသီမှာ အမေရိကန် Dayton မြို့တစ်ခုလုံးနှင်းတွေဖုံးလွှမ်းခဲ့တယ်။ မြို့ ပြင်က တောင်ကုန်းတောင်တန်းတွေပေါ်မှာ နှင်းတွေ ဖွေးဖွေးလှုပ်ခဲ့တယ်။ ကလေးငယ်တစ်သိုက်က နှင်းထူထူ ဖုံးထားတဲ့တောင်ကုန်းထက်ပေါ် ရောက်လာကြပြီး ကိုယ်တိုင်ထွင်ထားတဲ့ လျှောလွှာတွေနဲ့ တောင်ကုန်းထိပ်ကနေ လျှောဆင်းခဲ့ကြတယ်။ ပျော်ရွှင်ရယ်မောသံတွေ တောင်ကုန်းတောင်တန်း အထပ်ထပ်ဆီ ပဲ့တင်ထပ်ခဲ့တယ်။
ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ကလေးတစ်သိုက်ရဲ့ အနီးနားမှာ ကောင်လေးနှစ်ယောက် တိတ်တဆိတ် ရပ်ကြည့်နေခဲ့ကြတယ်။ ကလေးထဲက အကြီးတစ်ယောက်က "အင်း . . . ငါတို့မှာ လည်း လျှောတစ်ခုလောက်ရှိရင်အရမ်းကောင်းမှာ ပဲ"လို့ဆိုတော့ နောက်တစ်ယောက်က "ငါတို့အဖေ အိမ်မှာ အမြဲမရှိတတ်တာက ခက်တယ်"လို့ နှုတ်ခမ်းစူပြီး ပြန်ပြောတယ်။ တစ်ဆက်တည်းမှာ ပဲ သူက "အစ်ကို ငါတို့ကိုယ်တိုင် လျှောတစ်ခုလုပ်ကြရအောင်လေ"လို့ဆိုတော့ အစ်ကိုလို့ အခေါ်ခံရသူက ၀မ်းသာအားရစွာ နဲ့ "ဟုတ်သားပဲ၊ငါတို့ကိုယ်တိုင် လုပ်လို့ရတယ်၊ လာ . . . အိုဗီလ် ငါတို့ပြန်ရအောင်" ပြောပြောဆိုဆိုကလေးနှစ်ယောက်ဟာ တောင်အောက်ဘက်က နေအိမ်ရှိရာဘက်ကိုဦးတည်ပြေးသွားခဲ့တယ်။
သူတို့နှစ်ယောက်က ရိုက်ညီအစ်ကိုပါ။ အကြီးတစ်ယောက်က၀ီလ်ဗာဖြစ်ပြီး အငယ်တစ်ယောက်က အိုဗီလ်ဖြစ်ပါတယ်။ အဲဒီ အချိန်ကစ သူတို့ရဲ့ ငယ်ရွယ်တဲ့ စိတ်ဝိညာဉ်ထဲမှာ နောင်တစ်ချိန်မှာ အမြင့်ကိုပျံသန်းနိုင်မယ့်အရာတစ်ခု တီထွင်မယ်ဆိုတဲ့စိတ်ကူး ကိန်းအောင်းနေခဲ့တယ်။ အဲဒီ စိတ်ကူးဟာ သူတို့ဘ၀နောက် ထပ်ကြပ်မခွာ လိုက်နေခဲ့တော့တယ်။
၁၉၀၀ ခုနှစ် နိုဝင်ဘာလမှာ ရိုက်ညီအစ်ကိုဟာ သူတို့ရဲ့ ပထမဆုံးသော စက်မဲ့လေယာဉ်ကို တီထွင်ခဲ့တယ်။ အဲဒီ စက်မဲ့လေယာဉ်ဟာ ပျံသန်းနိုင်ပေမယ့် ၁မီတာအမြင့်ကို မရောက်နိုင်ခဲ့ဘူး။ ဒုတိယနှစ်မှာ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ပထမ တီထွင်ခဲ့တဲ့ လေယာဉ်ကို အခြေခံပြီး ပိုကောင်းတဲ့ပြင်ဆင်မှု တွေလုပ်ပြီး နောက်စက်မဲ့လေယာဉ်တစ်စီးကို တီထွင်ခဲ့ပြန်တယ်။အဲဒီ လေယာဉ်ကို စမ်းသပ်ပျံသန်းကြည့်တော့ အမြင့်မီတာ ၁၈၀ ထိ ပျံသန်းနိုင်တာကိုတွေ့ ခဲ့တယ်။ ဒီ့အတွက် ညီအစ်ကိုနှစ်ဦး အရမ်းဝမ်းသာမိပေမယ့်စိတ်ကျေနပ်မှု မရှိခဲ့သေးဘူး။ တကယ်လို့ လေအားမသုံးဘဲ ပျံသန်းနိုင်တဲ့စက်တစ်မျိုး တီထွင်နိုင်ရင် အရမ်းကောင်းမှာ ပဲလို့ သူတို့ စဉ်းစားခြဲ့ကတယ်။
အကြိမ်ကြိမ်တိုးတက်ပြုပြင်ပြီး နောက်တစ်နှစ်မှာ စက်မဲ့လေယာဉ်တစ်စီးကို သူတို့ တီထွင်လိုက်ကြပြန်တယ်။ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက်ဆုံးမှာ အင်ဂျင်စက်တစ်လုံးကို အဲဒီ စက်မဲ့လေယာဉ်မှာ သူတို့တပ်ဆင်လိုက်ကြတယ်။ လေယာဉ်ကို ပန်ကာတပ်ပေးလိုက်တာဖြစ်ပြီး ပန်ကာအကူနဲ့လေယာဉ်ကို ပျံသန်းဖို့ဖြစ်တယ်။
၁၉၀၃ ခုနှစ် စက်တင်ဘာလမှာ ရိုက်ညီအစ်ကိုတီထွင်တဲ့ စက်တပ်လေယာဉ်တစ်စီးဟာ စမ်းသပ်ပျံသန်းဖို့ Kitty Hawk ပင်လယ်ဘေးရောက်လာခဲ့ကြတယ်။ စမ်းသပ်ပျံသန်းရာမှာ မအောင်မြင်ခဲ့ပေမယ့် အတွေ့အကြုံတော်တော်များများ ကို သူတို့ရခဲ့ပါတယ်။ ရက်အတန်ြကာမှာ သူတို့အကြိမ်ကြိမ်စမ်းသပ်ပျံသန်းခဲ့ပါသေးတယ်။ အင်ဂျင်ချွတ်ယွင်းလိုက်၊ ပန်ကာမလည်လိုက်၊မောင်းနှင်တဲ့နည်းပညာ မမှန်လိုက်ဖြစ်ခဲ့တယ်။
ဒါပေမယ့် သူတို့ ဇွဲမလျော့ခြဲ့ကဘဲ စမ်းသပ်ပျံသန်းမှု တွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်။ ဒီအချိန်မှာ လန်လီ (Lain-Le) လို့ခေါ်တဲ့ တီထွင်သူတစ်ဦးက လေယာဉ်စမ်းသပ် ပျံသန်းစဉ်မှာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့သတင်းကို သူတို့ညီအစ်ကို ရလိုက်တယ်။ သတင်းကို သူတို့စုံစမ်းရင်း လန်လီရဲ့ ဆုံးရှုံးခြင်းထဲကနေ သူတို့သင်ခန်းစာယူခဲ့ကြတယ်။ သူတို့တီထွင်တဲ့လေယာဉ်ကိုပိုကောင်းအောင် ကြိုးစားပြင်ဆင်ခြဲ့ကတယ်။
၁၉၀၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကောင်းကင်ဟာကြည်လင်မြဲ ကြည်လင်နေခဲ့တယ်။ လေယာဉ်စမ်းသပ် ပျံသန်းတဲ့ ကွင်းဘေးမှာ လာရောက်ကြည့်ရှုသူတွေပြည့်နှက်နေခဲ့တယ်။ ကြည့်ရှုသူအများ က ရိုက်ညီအစ်ကိုတို့ရဲ့ စမ်းသပ်ပျံသန်းမှု ကို စိတ်ဝင်တစား ရှိခဲ့ကြတယ်။ ၁၀ နာရီဝန်းကျင်လောက်မှာ ညီဖြစ်သူ အိုဗီလ် (Orville) က လေယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့တယ်။ လက်ခုပ်သြဘာသံတြွေကားမှာ သူမောင်းတဲ့ လေယာဉ်ဟာ သိန်းငှက်တစ်ကောင်လို အတောင်နှစ်ဖက်ကို စွင့်ကားပြီး ကောင်းကင်ပေါ် လွတ်လွတ်လပ်လပ် ၀ဲပျံနေခဲ့တယ်။ ကြည့်ရှုသူတွေက အိုဗီလ်ရဲ့နာမည်ကို ဟစ်အော်ပြီး အားပေးခဲ့ကြတယ်။ လူအများ ရဲ့ စိတ်ကူးအိပ်မက်တွေနောက်ဆုံးမှာ ရိုက်ညီနောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ လေယာဉ်ဟာ ၇၆ မီတာ အမြင့်ကနေ ၁ နာရီ ၁၄ မိနစ်ကြာအောင် ပျံသန်းနိုင်ခဲ့တဲ့အပြင် သတ္တိရှိတဲ့ ခရီးသည်တစ်ဦးကိုပါ တင်ဆောင်ပျံသန်းခဲ့တယ်။ မြေပြင်ပေါ် အောင်မြင်စွာ ခြေချချိန် လူအများ ရဲ့ ကောင်းချီးသြဘာသံကို သူတို့ ရခဲ့ကြတယ်။
၁၉၀၈ ခုနှစ်မှာ အစိုးရရဲ့ ထောက်ခံကူညီမှု နဲ့ ရိုက်ညီနောင်ဟာလေကြောင်းကုမ္ပဏီတစ်ခု ထူထောင်ခဲ့တယ်။ တစ်ပြိုင်နက်တည်းမှာ ပဲလေယာဉ်အမောင်းသင်တန်းကိုပါ ဖွင့်လှစ်ခဲ့တယ် အဲဒီ နောက်ပိုင်း လေယာဉ်ဟာ လူသားတို့ နောက်ထပ် ဆန်းသစ်တီထွင်လိုက်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်ခဲ့တယ်။
ရည်မှန်းချက်ဆိုတာ လင်းလက်နေတဲ့ မီးအိမ်တစ်လုံးပါ။ သင့်ဘ၀ကို အလင်းရောင်ပေးပါတယ်။
ရည်မှန်းချက်ဆိုတာ ဆိုင်းဘုတ်တစ်ခုပါ။ လမ်းပျောက်တဲ့အခါသင့်ကို ဦးတည်ရာညွှန်းပါတယ်။
ရည်မှန်းချက်ဆိုတာ သံလိုက်အိမ်မြှောင်တစ်လုံးပါ။ သင့်ဘ၀လမ်းခရီးကို လမ်းညွှန်ပြသပေးပါတယ်။
ရည်မှန်းချက်ဆိုတာ မီးတုတ်တစ်ခုပါ။ စိတ်ကူး အိပ်မက်တွေကောင်းကင်အမြင့်ပေါ် ပျံသန်းနိုင်ဖို့ လူတိုင်းရဲ့ ဖြစ်နိုင်၊ လုပ်နိုင်စွမ်းကို လောင်ကျွမ်းပေးပါတယ်။
ပြင်သစ်စာရေးဆရာ ရိုမိန်းရိုလန် (Romain Rolland) က "လူဘ၀မှာ ကြောက်စရာအကောင်းဆုံးရန်သူဆိုတာ ကြည်လင်ပြတ်သားတဲ့ ရည်မှန်းချက်မရှိခြင်းဘဲ"လို့ ဆိုခဲ့ပါတယ်။
လူတစ်ယောက်အတွက် ရည်မှန်းချက်ကြီးတစ်ခု အရင်တည်ထားလို့ ရပါတယ်။ ပြီးမှ အဲဒီ ရည်မှန်းချက်ကြီးကို ရည်မှန်းချက်လေးတွေအဖြစ်ခွဲလိုက်ပြီး လတ်တလောရှိနေတဲ့ ရည်မှန်းချက်ကို အရင်ဆုံး ကြိုးစားအကောင်အထည် ဖော်နိုင်ပါတယ်။ ဒီလိုရည်မှန်းချက်လေးတွေက အချိန်တိုတိုအတွင်းမှာ ပြီးမြောက်အကောင်အထည်ပေါ် အောင်မြင်နိုင်တာမို့တိုးတက်ဖြစ်ထွန်းမှု ကို သင် ချက်ချင်းတွေ့မြင်ခံစားနိုင်ပါတယ်။ ရည်မှန်းချက်လေးတွေကို တစ်ခုချင်းစီ အောင်မြင်အောင် ပြုလုပ်ပြီးရင် နဂိုကထားခဲ့တဲ့ရည်မှန်းချက်ကြီးဆီရောက်ဖို့ မခဲယဉ်းတော့ပါဘူး။
လူ့ဘ၀ဟာ တောင်တက်နေတာနဲ့တူပါတယ်။ တောင်တက်ချိန်မှာ တောင်ထိပ်ကို အရောက်တက်မယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခု သင့်ဆီမှာ အရင်ရှိရပါတယ်။ တကယ်လို့ တောင်ခါးပန်းအထိလောက်ပဲ သင်ကျေနပ်နေရင် တောင်ထိပ်ဆီသင်ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ပါဘူး။ တောင်ထိပ်ကိုပဲ ငေးမောကြည့်မယ်၊ ဒါမှမဟုတ် တောင်ထိပ်ကိုရောက်သွားပြီလို့ စိတ်ကူးယဉ်နေရင်လည်း တောင်ထိပ်ဆီ သင် ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ အင်နဲ့ အားနဲ့ ကြိုးစားတက်မှသာ တောင်ထိပ်ဆီ သင် ရောက်နိုင်မှာ ပါ။တောင်ထိပ်ကိုပြဲကည့်ပြီး မရေမရာနဲ့ တက်နေရင်လည်း တောင်ထိပ်ဆီ သင်မရောက်နိုင်ပါဘူး။ တောင်ထိပ်က သင့်ရဲ့ ပန်းတိုင်ပါ။ တောင်ထိပ်ဟာ တစ်ခါတလေ ကြည်လင်ပြတ်သားနေမယ်၊ တစ်ခါတလေမှာ မြူခိုးမြူဆိုင်တွေနဲ့ မှု န်းဝါးချင် မှု န်းဝါးနေမယ်။ ကြည်လင်နေစေ၊ မှု န်ဝါးနေပါစေ တောင်ထိပ်အထိတက်မယ်ဆိုတဲ့ဇွဲကို သင်မလျော့ခဲ့ရင် နောက်ဆုံးမှာ တောင်ထိပ်ဆီ သင်ဧကန်မလွဲ ရောက်နိုင်ပါတယ်။
"အောင်ြမင်သူတို့ရဲ့ လမ်းမှာ စီးကျနေတာတွေဟာ ချွေးမဟုတ်ဘူး။သွေးတေ၊ွ သူတို့ရဲ့ နာမည်ကို မင်နဲ့ရေးတာမဟုတ်ဘူး။ အသက်နဲ့ရေးတာ"တဲ့။ ဟုတ်ပါတယ် . . . အောင်မြင်သူတို့ဟာ ခယောင်းတောလမ်းအသွယ်သွယ်ကို ကျော်ဖြတ်ပြီးမှ တောက်ပတဲ့အထွတ်အထိပ်ကို ရောက်တာပါ။ လူတွေငသူတို့ရဲ့ အောင်မြင်တောက်ပြောင်မှု ကိုသာ မြင်ပြီး သူတို့ဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို မမြင်တတ်ခြဲ့ကပါဘူး။
လူတို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်အောက်မှာ ကံကြမ္မာတွေ အညံ့ခံကြရတယ်။ သင့်မှာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ရှိပြီး ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိပြီဆိုရင် အဘက်ဘက်ကနေ အင်အားတွေ၊ ခန္ဓာအားတွေက ရုန်းထလာပြီး အကောင်အထည်ဖြစ်မြောက်တဲ့လမ်းဆီ သင့်ကို တွန်းပို့တော့တယ်။ ဘယ်လောက်ပဲ ဆိုးရွားတဲ့ပတ်ဝန်းကျင်မှာ သင် ရောက်နေရောက်နေ သင့်ကို အလဲမဖြိုနိုင်တော့ပါဘူး။ ရည်မှန်းချက်ချပြီး အဲဒီ ရည်မှန်းချက်အတွက် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်၊ စိန်ခေါ်မှု က သင့်ကိုအောင်မြင်တဲ့လမ်းဆီ တစ်လှမ်းချင်း တွန်းပို့ပေးနေခဲ့ပါပြီ။
(၃)
စိတ်ကူးအိမ်မက်ကို မဆုတ်မနစ်ဇွဲရှိရှိ အကောင်အထည်ဖော်မယ်
အေဘရာဟမ်လင်ကွန်း (Abraham Lincoln) က အမေရိကန်နိုင်ငံရဲ့ ၁၆ ဦးမြောက်သမ္မတဖြစ်သလို ကမ္ဘာ့သမိုင်းမှာ လည်း အကြီးကျယ်အမြင့်မြတ်ဆုံးသော သူတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ သူဟာ ကျွန်စနစ်ကိုဖျက်သိမ်းခဲ့တဲ့ အမေရိကန်သမိုင်းမှာ အမြင့်မြတ်ဆုံး သမ္မတဖြစ်တယ်။
မွေးဖွားကြီးပြင်းပုံ
၁၈၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ လင်ကွန်းကို Kentuckyပြည်နယ်မှာ မွေးဖွားခဲ့တယ်။ သူ့မိဘနှစ်ပါးစလုံးဟာ ပညာမသင်ခဲ့ဖူးတဲ့လယ်သမားတွေဖြစ်တယ်။ သူ ၉ နှစ်သားအရွယ်မှာ မိခင်ဖြစ်သူ ကွယ်လွန်ခဲ့တယ်။ လင်ကွန်းက ၁၈ လလောက်ပဲ နည်းလမ်းမကျတဲ့ အတန်းပညာကိုသင်ယူခဲ့ဖူးတယ်။ ဒါပေမယ့် သူ့မိထွေးက လင်ကွန်းကို ကိုယ့်သားအရင်းလိုဂရုစိုက်စောင့်ရှောက်ခဲ့တယ်။ ကိုယ်တိုင်သင်ယူလေ့လာမှု နဲ့ ၁၉၃၆ ခုနှစ်မှာ သူ ရှေ့နေဖြစ်ခဲ့တယ်။ ဒီမိထွေးမရှိရင် ဒီကနေ့ လင်ကွန်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးလို့ လင်ကွန်း ပြောခဲ့ဖူးပါတယ်။
အဆုံးစွန်အထိ ဇွဲရှိရှိတောင့်ခံနိုင်သူကို ပြပါဆိုရင် လင်ကွန်းကိုပြရပါမယ်။ သူဟာ ဘယ်တော့မှ လက်လွတ်အရှုံးမပေးခဲ့သူ၊ ဆင်းရဲသားမိသားစုက ပေါက်ဖွားလာခြဲ့ပီး တစ်သက်လုံး ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရသူ၊ ၈ ကြိမ် ရွေးကောက်ပွဲဝင်ရွေးခဲ့ပေမယ့် ၈ကြိမ်လုံး ရှုံးနိမ့်ခဲ့ဖြစ်တယ်။လက်လွှတ်အရှုံးပေးလို့ရပေမယ့် သူ အရှုံးမပေးခဲ့ဘူး။ သူ့ရဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်ကပဲ သူ့ကို အမေရိကန်သမိုင်းမှာ အမြင့်မြတ်ဆုံး သမ္မတတွေထဲကတစ်ဦးဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
၁၈၃၂ ခုနှစ်မှာ လင်ကွန်း အလုပ်လက်မြဲ့ဖစ်ခဲ့ယ်။ ဒီ့အတွက် သူစိတ်ထိခိုက်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးသမားတစ်ဦး လုပ်မယ်၊ လွှတ်တော်အမတ်တစ်ဦးလုပ်မယ်လို့ သူ စိတ်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ သူ အရွေးမခံခဲ့ရဘူး။ တစ်နှစ်အတွင်းမှာ နှစ်ကြိမ်တိုင်တိုင် အရှုံးနဲ့ရင်ဆိုင်ခဲ့ရလို့ သူ့ရဲ့ နာကျင်မှု က နှိုင်းပြစရာ မရှိခဲ့ဘူး။
အဲဒီ နောက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို သူ လုပ်ကိုင်ခဲ့တယ်။ဒါပေမယ့် တစ်နှစ်တောင် မခံပါဘူး၊ အဲဒီ လုပ်ငန်း ပျက်သွားခဲ့တယ်။ အဲဒီ နောက်ပိုင်း ၁၇ နှစ်လုံးလုံး လုပ်ငန်းမှာ တင်ကျန်ခဲ့တဲ့ အကြွေးတွေကိုဆပ်ဖို့သူ လုံးပန်းခဲ့ရတယ်။
တစ်ဆက်တည်းမှာ ပဲ တိုင်းလွှတ်တော်အမတ်ဝင်ရွေးဖို့ နောက်တစ်ကြိမ် သူ ဆုံးဖြတ်လိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာ သူ အောင်မြင်ခဲ့ပါတယ်။သူ့စိတ်ထဲမှာ မျှော်လင့်ချက်အလင်းတန်းတစ်ခုကို သူ တွေ့လိုက်ပြီး ဘ၀လှည့်ပြောင်းမယ့် အခွင့်အရေးတစ်ခုရပြီလို့ သူ ထင်ခဲ့တယ်။၁၈၃၅ ခုနှစ်မှာ သူ စေ့စပ်ခဲ့တယ်။ မင်္ဂလာမဆောင်ခင် လအနည်းငယ်အလိုမှာ သတိုးသမီးလောင်းဟာ မတော်တဆ ကွယ်လွန်သွားခဲ့တယ်။ဒါဟာ သူ့ရဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကို အထိခိုက်စေဆုံးဖြစ်တယ်။ အိပ်ရာပေါ်ကနေ မထနိုင်တဲ့အထိ သူ ခံစားခဲ့ရတယ်။ ၁၈၃၆ ခုနှစ်မှာ သူ စိတ်ကျရောဂါစွဲကပ်ခဲ့တယ်။
၁၈၃၈ ခုနှစ်မှာ ကိုယ့်ကျန်းမာရေး ကောင်းမွန်လာပြီလို့ ထင်တဲ့လင်ကွန်းဟာ တိုင်းလွှတ်တော်အမတ် ၀င်ရွေးခံဖို့ ဆုံးဖြတ်ခဲ့ပြန်တယ်။မအောင်မြင်ခဲ့ပြန်ဘူး။ ၁၈၄၃ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ၀င်ရွေးခံဖို့ သူ ကြိုးစားပြန်တယ်။ မအောင်မြင်ခဲ့ပြန်ပါဘူး။လင်ကွန်းဟာ အကြိမ်ကြိမ် ကြိုးစားစမ်းသပ်ခဲ့သည့်တိုင် အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ လုပ်ငန်းပျက်ခဲ့တယ်၊ သတိုးသမီးလောင်း သေတယ်၊ရွေးကောက်ပွဲရှုံးတယ်။ ဒီလိုဆင်းရဲဒုက္ခ အခက်အခဲတွေ ကြုံခဲ့ရလည်း သူအလျှော့ပေးဖို့ မတွေးခဲ့ဘူး။
လင်ကွန်းဟာ ထက်မြက်သူတစ်ဦးပါ။ ဇွဲသတ္တိရှိတဲ့ သူဟာ လက်လွှတ်ဖို့ မစဉ်းစားခဲ့ဘူး။ ၁၈၄၆ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်အမတ်အဖြစ်သူ ၀င်ရွေးခံပြန်တယ်။ ဒီတစ်ကြိမ်မှာ သူ အောင်မြင်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်တဲ့ကာလ ၂ နှစ်ဆိုတဲ့အချိန်က အလျင်အမြန်ကုန်ဆုံးသွားတော့ ဆက်အရွေးခံဖို့ သူ ဆုံးဖြတ်လိုက်တယ်။ အမတ်ခန့်အပ်ခံရစဉ်အတွင်း သူ ထူးထူးချွန်ချွန် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့လို့ နောက်တစ်ကြိမ် ထပ်အရွေးခံရမယ်လို့ သူ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် သူ အရွေးမခံခဲ့ရပါဘူး။ အရွေးမခံရတဲ့အပြင် အကြွေးတွေပါ တင်ကျန်ခဲ့တယ်။ အဲဒီ ပြည်နယ်မှာ ပဲ နယ်မြေအုပ်ချုပ်သူအဖြစ် ခန့်အပ်ဖို့ သူ တင်ပြတောင်းဆိုခဲ့ပေမယ့် ပြည်နယ်အစိုးရက "ဒီပြည်နယ်ရဲ့ အုပ်ချုပ်သူလုပ်ချင်ရင် ထူးခြားတဲ့အရည်အသွေး ၊ ဉဏ်ပညာ ရှိရမယ်။ သင့်ရဲ့ တင်ပြချက် မပြည့်စုံဘူး"ဆိုပြီးပယ်ချခဲ့တယ်။
ဒီလိုအချိန်မျိုးမှာ "ငါ ရှုံးနိမ့်ပြန်ပြီ"လို့ လင်ကွန်း မတွေးခဲ့ဘူး။ သူအရှုံးမပေးခဲ့ဘူး။ ၁၈၅၄ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် သူ ၀င်ရွေးခံခဲ့ပေမယ့် ရှုံးနိမ့်ပြန်တယ်။ ၂ နှစ်နေပြီးနောက် အမေရိကန်ဒုတိယသမ္မတအဖြစ် သူဝင်ရွေးခံခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ အလဲထိုးတာကို ခံလိုက်ရတယ်။ ၂ နှစ်နေပြီးနောက် လွှတ်တော်အမတ် ၀င်ရွေးခံပြန်တယ်။ ရှုံးပြန်တယ်။
လင်ကွန်းဟာ ၁၁ ကြိမ် ကြိုးစားခဲ့ပေမယ့် ၂ ကြိမ်သာ အောင်မြင်မှု ရခဲ့တယ်။ ဒါတောင် ဆင်းရဲဒုက္ခအရှေ့မှာ သူ လက်မမြှောက်ခဲ့ဘူး၊ ဒူးမထောက်ခဲ့ဘူး၊ ထွက်မပြေးခဲ့ဘူး။ ဇွဲရှိရှိနဲ့ သူ ကြံ့ကြံ့ခံခဲ့တယ်၊ ကြိုးပမ်းခဲ့တယ်။ လက်လွှတ်ဖို့သူမတွေးခဲ့သလို လက်လည်းမလွှတ်ခဲ့ဘူး ။ ကိုယ်တောင်ဆိုတဲ့အရာကို သူ လက်မလွှတ်ခဲ့လို့၊ ကိုယ့်ဘ၀ကိုပဲ သူ စိုးမိုးခြယ်လှယ်ခဲ့လို့နောက်ဆုံးမှာ သူ အောင်မြင်ခဲ့ပါတယ်။
၁၈၆၀ ခုနှစ်မှာ အမေရိကန်သမ္မတအဖြစ် လင်ကွန်း အရွေးချယ်ခံခဲ့ရပါတယ်။ ဇွဲသတ္တိနဲ့ ကြံ့ခိုင်ခြင်းက လင်ကွန်းကို ပုံသွင်းပေးခဲ့တယ်။ ဘယ်အရာမဆို ကြံ့ခိုင်မှု ရှိရင် အောင်မြင်မှု ရစမြဲပါ။ လူတစ်ယောက်အတွက် ဒုက္ခတစ်ခုကို ဖြေရှင်းဖို့က သိပ်မခက်ခဲလှပါဘူး။ ခက်ခဲတာက ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံပြီးအောင်မြင်တဲ့အထိ ဖြေရှင်းနိုင်မနိုင်ဆိုတာပါပဲ။
ဘ၀ရဲ့ ဆုလာဘ်က ခရီးအဆုံးမှာ ရှိတာပါ၊ ခရီးအစအနီးနားမှာ ရှိတာမဟုတ်ပါဘူး။ ခြေလှမ်းဘယ်လောက်လှမ်းမှ စိတ်ကူးကို အကောင်အထည်ဖော်နိုင်မှန်း မသိပါဘူး။ ခြေလှမ်းအလှမ်းတစ်ထောင် ရောက်သည့်တိုင် အရှုံးနဲ့ရင်ဆိုင်နိုင်သလို အောင်မြင်ခြင်းကလည်း လမ်းချိုးတစ်နေရာမှာ ပုန်းနေတတ်ပါတယ်။ ရှေ့ခြေတစ်လှမ်း တိုးကြည့်ပါ၊ မဖြစ်သေးရင် နောက်တစ်လှန်းပြန်တိုးပါ။ တကယ်တော့ ရှေ့ကိုတစ်လှမ်းချင်းတိုးဖို့ရာ မခက်ခဲပါဘူး ။
လူတိုင်းမှာ အရောင်စုံတောက်ပတဲ့ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေရှိကြတယ်။ စိတ်ကူးအိပ်မက်ကို သင် အကောင်အထည်ဖော်ချိန်မှာ အခက်အခဲနဲ့ သင် ကြုံတွေ့နိုင်သလို ဆုံးရှုံးမှု တွေနဲ့ လည်း ရင်ဆိုင်နိုင်တယ်။ ဒီလိုအချိန်မျိုးမှာ အားမငယ်ပါနဲ့ ၊ လက်မလျှောပါနဲ့ ၊ အိမ်မက်လမ်းဟာ ခက်ခဲကောင်းခက်ခဲမယ်။ ဒီစိန်ခေါ်မှု တွေကို သင့်ရဲ့ ဇွဲလုံ့လနဲ့သတ္တိကို စမ်းသပ်တဲ့ စမ်းသပ်ချက်လို့ သဘောထားပါ။ ဒီစိန်ခေါ်မှု တွေက သင်ကြီးပြင်းရင့်သန်ဖို့ ကူညီတဲ့လိုအပ်တဲ့အရာ ဖြစ်တယ်။
ကိုယ့်ကိုယ်ကို ကြံ့ကြံ့ခံရှေ့ဆက်ဖို့ အားပေးပါ။ ကျရှုံးခြင်းနဲ့ တစ်ခါကြုံတိုင်း အောင်မြင်ခြင်းနဲ့ တစ်လှမ်းနီးလာလို့ပါပ။ဲ ဒီတစ်ခေါက်မှာ ကျရှုံးတာဟာ နောက်တစ်ခေါက်မှာ အောင်မြင်ဖို့ပါ။ ဒီတစ်ခေါက်မှာ မျက်မှော င်ကြုတ်တာဟာ နောက်တစ်ခေါက်မှာ ပြုံးရယ်ဖို့ပါ။ ဒီကနေ့ရဲ့ ကံမကောင်းခြင်းကမနက်ဖြန်မှာ ကံကောင်းခြင်းတွေရှိကြောင်း နိမိတ်ပြတာ ဖြစ်တယ်။ အတားအဆီးဆိုတာ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းတိုင်းမှာ ရှိပါတယ်။ ဒီအကွေ့လေးကို ကျော်လွှားနိုင်ရင် သင်အောင်မြင်ပါပြီ။
![]() ကျေးဇူးပြုပြီး မေမေ့ကို ကြည့်ရှုစောင့်ရှောက်ပါ | ![]() ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း | ![]() ဟိုတုန်းကအမှတ်တရ |