Cover

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်အောင်မြင်သူရဲ့ လမ်း

မာတိကာ

၁။ မှော က်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့ ...

၂။ ခြားနားချက် ...

၃။ တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး ...

၁၀

၎။ အင်တာနက်ပေါ်က ပုံပြင်များ ...

၁၄

၅။ ပျော့ညံ့သူရဲ့ လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ ....

၂၂

၆။ ဝေဖန်ခံနိုင်သူ လိမ်မာ၏ ....

၃၀

၇။ စိတ်ပျော်ရွှင်တဲ့ကစားနည်း ...

၃၇

၈။ ကောင်းသောနေ့များ ဖြစ်ပါစေ ...

၄၁

၉။ ဖြစ်နိုင်၊ မဖြစ်နိုင် ...

၄၅

၁၀။ အခုပဲ လုပ်လိုက်ပါ ...

၅၂

၁၁။ အတောင်ပံကျိုးတဲ့လိပ်ပြာ ...

၅၈

၁၂။ မှု န်ဝါးဝါးထဲက ပျော်ရွှင်ခြင်း ...

၆၂

၁၃။ ယနေ့ သင် ပျော်ရွှင်ပါသလား ...

၆၆

၁၄။ ဖခင်တစ်ဦး၏ ဆုတောင်း (သို့ ) ဒေါက်ဂလပ်မက်အာသာ ...

၇၂

၁၅။ လယ်သမားနှင့်မိစ္ဆာကောင် ...

၇၉

၁၆။ လိပ်ပြာငယ် ...

၈၃

၁၇။ ပဲပင်ပေါက် ...

၈၆

၁၈။ တွင်းပျက်ထဲက နွားအို ...

၈၈

၁၉။ ခူ (၅)ကောင်ပုံပြင် ...

၉၁

၂၀။ ဖားသူငယ်...

၉၆

၂၁။ အကြင်နာအင်အား...

၉၉

၂၂။ အောင်မြင်သူရဲ့ လမ်း ...

၁၀၂

၂၃။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် ...

၁၀၅

၂၄။ သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ ...

၁၀၉

၂၅။ စကားကောင်း v.s စကားဆိုး . . .လျှပ်တစ်ပြက်အတွင်းမှာ ...

၁၁၃

၂၆။ မိမိကိုယ်ကိုယ် ယုံကြည်မှု ...

၁၂၀

၂၇။ တည်ငြိမ်စိတ်ထဲက ဟာသဉာဏ် ...

၁၂၅

၂၈။ ဘုရားသခင် ရောင်းပါသလား ...

၁၃၃

၂၉။ အခက်အခဲတွေက ကိုယ့်ကိုပိုသန်မာကြံ့ခိုင်အောင် ...

၁၃၇

၃၀။ အိပ်မက်တွေ အခိုးမခံရစေနဲ့ ...

၁၄၄

၃၁။ တစ်မျိုးပြောင်း၊ နောက်တစ်နည်းကြိုးစား ...

၁၄၈

၃၂။ စိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ ...

၁၅၃

၃၃။ ညံ့ဖျင်းသူ လုံးဝမရှိ ...

၁၅၉

၃၄။ တန်ဖိုးအရှိဆုံးအရာ အခမဲ့ ...

၁၆၃

၃၅။ ပတ်ဝန်းကျင်ကြောင့် မပြောင်းလဲစေချင် ...

၁၆၆

၃၆။ ကလေးတွေရဲ့ အကြည့်မှာ ...

၁၇၀

၃၇။ တစ်ကြိမ်အောင်မြင်ရင် ရပြီ ...

၁၇၄

၃၈။ ရှာဖွေနေတဲ့ အကျင့်စရိုက် ...

၁၇၈

၄၉။ မထင်မှတ်တဲ့ အောင်မြင်မှု ...

၁၈၂

မှော က်သွားတဲ့ နွားနို့အတွက်ငိုကြွေးမနေပါနဲ့

“ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း” လို့အမြဲတမ်းထင်မြင်နေတဲ့အရာက တကယ်တမ်းတော့“ခဏတာအခက်အခဲ” တွေသာဖြစ်တယ်။

အောင်မြင်ခြင်းဆီ သွားတဲ့လမ်းပေါ်မှာ ပန်းပွင့်တွေကြဲမထားသလို နေရောင်ခြည်တွေလည်း ရှိနေမှာ မဟုတ်ဘူး။ဆန့်ကျင်ဘက်အနေနဲ့ ဒုက္ခအခက်အခဲစတဲ့ ချောက်ကမ်းပါးတွေသာ ပြည့်နှက်နေမှာ ဖြစ်တယ်။ စာပေနိုဘယ်လ်ဆုရအမေရိကန် စာရေးဆရာ အားနက်မေလာဟဲမင်းဝေးဟာလက်ဝှေ့သမား၊ မုဆိုး၊ တံငါသည်နဲ့၊ သတင်းထောက်လုပ်ခဲ့ဖူးတယ်။ လက်ဝှေ့သင်စမှာ သွေးထွက်သံယို အထိုးအကြိတ်ပေါင်းများ စွာ ကို သူခံခဲ့ရတယ်။

စစ်မြေပြင်မှာ ဗုံးဒဏ်ကြောင့်သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ပေါင်း (၂၀၀)ကျော်ရှိခဲ့တဲ့အပြင် ဒူးခေါင်းမှာ လည်းစတီးရိုးတပ်ဆင်ခဲ့ရတယ်။

(၄)လကြာမျှ သူ ပင်ပင်ပန်းပန်းရေးခဲ့တဲ့စာမူကို“ပယ်”ဆိုတဲ့စကားလုံးနဲ့ လဲခဲ့ရတယ်။ ဒါပေမဲ့ ဟဲမင်းဝေးကစကားတစ်ခွန်းပြောခဲ့ပါတယ်။

“လဲကျတဲ့နေရာမှာ ပဲလှဲမနေဖို့၊ အမြဲတမ်း အသင့်အနေအထားမှာ ရှိဖို့၊ နွားသိုးတစ်ကောင်လို အရှိန်ပြင်းပြင်းနဲ့အမြန်ထိုးတက်ဖို့ လက်ဝှေ့ပညာက ကျွန်တော့်ကို သင်ခဲ့ပါတယ်”

ဒီလို ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ အကျင့်စရိုက်ကြောင့်“ပင်လယ်ပြာနဲ့တံငါအို” ဆိုတဲ့ ကမ္ဘာကျော် နာမည်ရစာအုပ်ကို သူ ရေးနိုင်ခဲ့တာဖြစ်တယ်။

ဓာတုဗေဒနိုဘယ်ဆုရ ဆွီဒင်သိပံ္ပပညာရှင် ဆဗန်တီသြဂတ်အာသင်နိယပ်ဟာတီထွင်ချိန်အတွင်းမှာ အခက်အခဲ၊အတားအဆီးမျိုးစုံကို ခံခဲ့ရတယ်။

အကြိမ်ထောင်ပေါင်းများ စွာ စမ်းသပ်ပြီးရလာတဲ့ သူ့အဖြေလွှာကို ပါမောက္ခတချို့က “ရိုးရှင်းတဲ့စိတ်ကူးယဉ်ခြင်း” လို့ဝေဖန်ခဲ့သလို ရလဒ်ကလည်း အဆင့်(၃) နေရာမှာ သာရှိခဲ့တယ်။

(၃)နှစ်အကြာမှာ သူ့တီထွင်မှု ကို အသိအမှတ်ပြုခံခဲ့ရလည်း ဝေဖန်ပြစ်တင်သံတွေက စဲမသွားခဲ့ဘူး။ (၁၀)နှစ်အကြာမှ ပါမောက္ခရာထူးကိုရပြီး စတော့ဟုမ်းတက္ကသိုလ်ကကျောင်းအုပ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။

ဓာတုပညာရှင်တစ်ဦးက အခုလို ပြောခဲ့ပါတယ်။

“သိပံ္ပပညာရပ်ရဲ့ အောင်မြင်မှု က အပျင်းကြီးတဲ့နတ်သမီးတစ်ပါးနဲ့တူတယ်။ သင် တစ်ချက်ပဲ ခေါက်တဲ့တံခါးကိုအပျင်းကြီးပြီး သူ လာဖွင့်မပေးဘူး။ အဆက်မပြတ်ခေါက်ပေးမှမဖြစ်မနေ သူ ဖွင့်ရတော့တယ်”

အခက်အခဲ၊ အတားအဆီးတွေကို မကြောက်ဘဲတံခါးကို ဇွဲရှိရှိခေါက်ပေးမှ အောင်မြင်ခြင်းတံခါးကို နတ်သမီးကဖွင့်ပေးပြီး ကိုယ့်ကို လက်ခံမှာ ဖြစ်တယ်။ “ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း”လို့ အမြဲတမ်းထင်မြင်နေတဲ့အရာက တကယ်တမ်းတော့“ခဏတာအခက်အခဲ” တွေသာဖြစ်တယ်။

အခက်အခဲကို ရှုံးနိမ့်ခြင်းလို့ လက်ခံယူဆလိုက်ရင်အခက်အခဲတွေက ဖျက်ဆီးတဲ့အင်အားအသွင်ကို ဆောင်သွားလိမ့်မယ်။

တကယ်လို့ အခက်အခဲတွေကို သင်ဆရာ၊ မြင်ဆရာအဖြစ်သတ်မှတ်ခဲ့ရင် ဒါဟာ အောင်မြင်တဲ့လမ်းစပဲ ဖြစ်တယ်။

ဒီလို ခဏတာအခက်အခဲတွေက ကိုယ့်ကိုယ်ကိုမားမားရပ်တည်နိုင်ဖို့၊ အကောင်းဆုံးဘက်ကို ဦးတည် ရှေ့ဆက်ဖို့ကိုယ့်ကြိုးစားမှု ကို လမ်းညွှန်ပေးတဲ့အရာပဲ ဖြစ်တယ်။

ဘ၀တလျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ဘယ်သူပြောရဲသလဲ။

မြင့်မြတ်တဲ့စစ်သူကြီး နပိုလီယံတောင်မှ အရေးပါတဲ့စစ်ပွဲတွေမှာ သုံးပုံတစ်ပုံကို ဆုံးရှုံးခဲ့သေးတယ်။ ကိုယ့်ရဲ့ အမှားတွေက နပိုလီယံလောက် ရှိချင်မှရှိမယ်။ ဒါပေမယ့် ဒါကို ဘယ်သူသိနိုင်မလဲ။

အဓိက သေသေချာချာ မှတ်ထားရမှာ က....“မှော က်သွား တဲ့နွားနို့အတွက် ငိုကြွေးမနေပါနဲ့” ဆိုတာကိုပါပဲ။

ရှိတ်စပီးယားရဲ့ နာမည်ကျော်စာတွေကို သင်ဖတ်နေချိန်မှာ သူ့ ရဲ့ နာမည်ရအဆိုအမိန့် တချို့ကြောင့် သင်ခံစားသက်ဝင်မိလိမ့်မယ်။ ဒါမှမဟုတ် သူ့ရဲ့ နာမည်အကြီးဆုံးအဆိုအမိန့်တစ်ခုကို သင်မှတ်မိရင် မှတ်မိလိမ့်မယ်။ အဲဒီ့ စာက “ထက်မြက်သူတွေက နေရာမှာ တင်ထိုင်ပြီး သူတို့ဆုံးရှုံးနစ်နာခဲ့တာတွေကို တွေးပြီး ၀မ်းနည်းကြေကွဲနေမှာ မဟုတ်ဘူး။ အဲဒီ့  ထိခိုက်ဝမ်းနည်းမှု ကို ဘယ်လိုဖာထေးရမလဲဆိုတဲ့နည်းကိုပဲ သူတို့ ရှာကြမှာ ဖြစ်တယ်”

ရှိတ်စပီးယားရဲ့ စကားအတိုင်း လုပ်ဆောင်ခဲ့ရင်အခက်အခဲဒုက္ခတွေကို အောင်နိုင်မှာ ဖြစ်တယ်။

ဒီလို အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်တဲ့သဘောထားတွေကို ရှေးလူကြီးတွေရဲ့ အတွေ့အကြုံ၊စကားတွေမှာ တွေ့ရတဲ့အပြင် စာပေအများ စုမှာ လည်း ဖော်ပြပါပါတယ်။

ရုပ်ရှင်တွေမှာ လည်း ဆန့်ကျင်ဘက်တွေကို ခိုင်းနှိုင်းပြသတဲ့ ဇာတ်ကားတွေ များ ခဲ့ပါတယ်။

နာမည်ကြီးသရုပ်ဆောင် မားရီးစထရိ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရ "Sophie's Choice" ဇာတ်ကားက အော့ဇ၀စ်စခန်းကထွက်လာတဲ့ ပိုလန်အမျိုးသမီးတစ်ဦးရဲ့ အကြောင်းဖြစ်တယ်။ ဇာတ်လမ်းအစမှာ ဆိုဖီကအမေရိကန်ကို ရောက်နေပြီဆိုပေမယ့် အိပ်မက်ဆိုးတွေကအရိပ်ပမာ သူ့နောက်မှာ လိုက်နေခဲ့တယ်။ သူချစ်တဲ့သူ၊ သူ့မိဘ၊ခင်ပွန်း၊ သားသမီးတွေ အားလုံးသေဆုံးခဲ့ပြီး သူတစ်ယောက်တည်း ရှင်ကျန်ခဲ့တာမို့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်ခဲ့တယ်။ ဆိုဖီဟာ ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုယ်ကို လုံးဝပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါစေလို့ ဘုရားသခင်ထံ နေ့တိုင်းဆုတောင်းခဲ့ပေမယ့် ခေတ်ကာလရဲ့ မတည်ငြိမ်တဲ့ ၀ဲဂယက်ထဲမှာ သူ့ဘ၀တစ်ဝဲ၀ဲလည်ခဲ့ရတယ်။

သူ လေးစားချစ်ခင်ရတဲ့ ဖခင်က နာဇီလူမျိုးတို့ရဲ့ လူမျိုးခွဲခြားရေးဝါဒမှာ ယုံကြည်သက်ဝင်၊ ကိုးကွယ်သူဖြစ်ခဲ့တယ်။သူ့ခင်ပွန်းကို ဂျာမန်စစ်ဗိုလ်တစ်ဦးက သတ်ဖြတ်ခဲ့တယ်။စခန်းမှာ ဂျာမန်လူမျိုးတစ်ဦးက သားနဲ့သမီးထဲက တစ်ဦးဦးကိုရွေးချယ်ဖို့ သူ့ကို အခွင့်အရေးပေးခဲ့တယ်။ (အရွေးမခံရသူကအဆိပ်ငွေ့နဲ့ အသတ်ခံရမှာ ဖြစ်ပါတယ်) “သမီးကို ခေါ်ဆောင် သွားပါ” လို့ ဆိုဖီ မျှော်လင့်ချက်မဲ့ပြောခဲ့တယ်။ နောက်ဆုံးဆိုဖီက သူဟာ အချစ်၊ မိသားစု၊ သားသမီးတွေနဲ့ မထိုက်တန်သူဆိုပြီး သေလမ်းကိုရွေးခဲ့တယ်။

“တိုင်တန်းနစ်” ဇာတ်ကားမှာ အထက်ကဇာတ်ကားရဲ့ ဆန့်ကျင်ဘက်သဘောမျိုးကို တွေ့ရပြန်တယ်။ ကြီးမားတဲ့အခက်အခဲကိုဖြတ်ကျော်ပြီး ချစ်သူပါ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ရိုစ့်ဟာ အသစ်တဖန် ရှင်သန်ခြင်းကိုရွေးခဲ့တယ်။

“မှော က်သွားတဲ့နွားနို့အတွက် ငိုကြွေးမနေပါနဲ့”ဆိုတဲ့စကားက ရိုး ကောင်းရိုးနေလိမ့်မယ်။ ဒါပေမဲ့ အဲဒီ့ စကားထဲမှာ လူတွေရဲ့ မြင့်မြတ်တဲ့ အသိဉာဏ်နဲ့အတွေ့ အ ကြုံတွေပါနေခဲ့တယ်။ နာကျင်ခြင်း၊ ကံမကောင်းခြင်းစတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေ ပြည့်ဝတဲ့၊ ကျန်း မာသန်စွမ်းတဲ့မနက်ဖြန်ကို လက်လွှတ်သွားနိုင် ပါတယ။် ဒါကြောင့် အတွတ်မှာ ပဲ ရှင်သန်နေတဲ့လူ့ ဘ၀ ပစ္စုပန်နဲ့  အနာဂတ်သာလျှင်အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။

မူရင်း . . . . .D Men ပြုစုတဲ့The Secret of successinspiring စာအုပ်ထဲကဖြစ်ပါတယ်။

ခြားနားချက်အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ မေးခွန်း(၃)ခုကို ငြင်းခုန်နေကြတယ်။ မေးခွန်းတွေက . . .

(၁) မျှော်လင့်ချက်ဆိုတာ ဘာလဲ၊

အဆိုးမြင်သူ အကောင်းမြင်သူ မျှော်လင့်ချက်ဆိုတာ မိုးကုတ်စက်ဝိုင်း ဖြစ်တယ်။ မြင်ပေမယ့် အရောက်မသွားနိုင်ဘူး။

မျှော်လင့်ချက်ဆိုတာ လမ်းပြကြယ်ဖြစ်တယ်။ အရှေ့မှာ အလင်းတန်းရှိကြောင်း လူတွေကို လမ်းညွှန်နေတယ်။

(၂) လေဆိုတာ ဘာလဲ၊

၊ လှိုင်းတွေပိုခက်ထန်အောင် ကူညီသူ၊ ကိုယ့်ကို ပင်လယ်အောက်နစ်မြုပ်ပစ်နိုင်တယ်။

၊၊ရွက်တိုင်ရဲ့ ကူဖော်လောင်ဖက်၊ အောင်မြင်တဲ့ကမ်းကို ကပ်ဖို့ကူညီသူဖြစ်တယ်။

(၃) ဘ၀ဆိုတာ ပန်းပွင့်လား၊

၊ ပန်းပွင့်ဖြစ်တော့ ဘာထူးလဲ၊ ပွင့်ပြီး ကြွေသွားတာပဲမဟုတ်လား။

၊ ဟင့်အင်း . . . ပွင့်ပြီး ချိုမြိန်တဲ့အသီးတွေ ချန်ထားခဲ့ နိုင်တယ်။

နှစ်ဦးသား အငြင်းအခုန်ဖြစ်နေဆဲမှာ ရုတ်တရက်ကောင်းကင်ပေါ်က အသံတစ်သံလွင့်လာပြီး သူတို့ကို မေးခွန်း

(၃)ခု မေးခဲ့ပြန်တယ်။ မေးခွန်းတွေက . . .

(၁) ရှေ့တည့်တည့်သွားရင် ဘာဖြစ်နိုင်မလဲ။

၊ ချောက်နက်ကမ်းပါးတွေ တွေ့နိုင်တယ်။

၊ ပန်းပေါင်းစုံဖူးပွင့်တာ တွေ့နိုင်တယ်။

၊ မကောင်းပါ။ မြက်ရိုင်းများ ပိုမိုရှင်သန်နိုင်ပါတယ်။

၊ ကောင်းပါတယ်။ ပန်းတွေ ပိုလှပဖူးပွင့်နိုင်ကြတယ်။

(၃) တကယ်လို့ သင့်ကို မြေရိုင်းတစ်ကွက်ပေးခဲ့ရင် သင်ဘာလုပ်မလဲ။

၊ သင်္ချိုင်းဆောက်မယ်။

၊ သစ်စိမ်းပင်တွေ အပြည့်စိုက်မယ်။

အဲဒီ့ လို သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ငြင်းခုန်ခဲ့ကြပြီးကောင်းကင်ပေါ်က မေးခွန်းထုတ်သူဟာ ဘုရားသခင်မှန်းသူတို့မသိခဲ့ကြဘူး။ သူတို့ဖြေဆိုတဲ့အတိုင်း ဘုရားသခင်ကဆုလာဘ်တွေပေးခဲ့တယ်။

အကောင်းမြင်သူကို ရဲစွမ်းသတ်္တိပေးပြီး အဆိုးမြင်သူကို မျက်ရည်တွေပေးခဲ့တယ်။

သင်ရော..... ရဲစွမ်းသတိ္တကို ရချင်သလား။

မျက်ရည်ကိုပဲ ယူချင်သလား။



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လင်းလက်တဲ့ချစ်မီးအိမ်

မေတ္တာတို့ပေါင်းစုရာ

အမေ့လက်ရေးစာစုများ