(1)
မနှစသက် လည်း မြင်အောင်ကြည့်တတ်ပါစေ
“ကျွန်မစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်၊ငါးစက္ကန့်လောက်ကြာတော့ ကျောင်းသားတစ်ဦးက ...”
ကျောင်းသားလေး မောင်ဝေယံက “ပြဿနာကျောင်းသား”လို့ မကြာခဏအတိုင်ခံရသူ ဖြစ်တယ်။ ကလေးတွေ တိုင်တိုင်း မောင်ဝေယံက ခြံစည်းရိုးပေါ်တက်လို့၊ တခြားလူကို ခြေထိုးလှဲလို့ ၊ ကျောင်းသူလေးတွေ ကိုစလို့၊စကတ်လိုက်လှန်လို့ . . . ဆိုတာပဲ ဖြစ်တယ်။
တကယ်လည်း မောင်ဝေယံရဲ့ မတင့်တယ်တဲ့အ ပြုအမူတချို့ကကျောင်းသားတွေ ကို စိတ်ဆိုးစေရုံမက အုပ်ထိန်းသူတွေ လည်း ကျွန်မကိုအမြဲလာတိုင်တတ်တယ်။ အတိုင်ခံရလည်း မောင်ဝေယံရဲ့ အပြုအမူကကောင်းမသွားတဲ့အ ပြင် ပိုပိုဆိုးလာခဲ့တယ်။ ကျောင်းရှေ့ချောင်းထဲက ဖား တွေ ကို လည်လိုက်ဖြတ်တဲ့အထိ မောင်ဝေယံ ဆိုးလာခဲ့တယ်။
တခြားလူတွေ ရှေ့မှာ ဘယ်လောက်ဆိုးဆိုး ကျွန်မရှေ့မှာ တော့ မောင်ဝေယံက“လိမ္မာတဲ့ကျောင်းသား” ဖြစ်တယ်။ ကျွန်မ ဘာပြောပြောယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းငုံ့နာခံတတ်တယ်။ ဒါပေမဲ့ ကျွန်မအကြည့်အောက် ပျောက်သွားတာနဲ့ မောင်ဝေယံက“လူဆိုး” ဖြစ်သွားတော့တယ်။
သာဓကပြရရင် ကျွန်မ စာသင်နေတုန်း သူက စာတွေ ကို စိတ်ဝင်တစားနဲ့ နားထောင်တတ်တဲ့ “လိမ္မာတဲ့ကျောင်းသား”ပုံစံ ဖြစ်ပြီး ကျွန်မကျောက်သင်ပုန်းလှည့်ဖျက်တာနဲ့ မောင်ဝေယံက အမြင်မတော် တဲ့ အမူအရာတွေ နဲ့ ကျောင်းသူတွေ ကိုလုပ်ပြတတ်တယ်။
တစ်နေ့မှာ ကျောင်းသူတစ်ဦးကို မောင်ဝေယံ မဖွယ်မရာလုပ်ပြလိုက်လို့ ကျောင်းသူရဲ့ အုပ်ထိန်းသူပါ ကျောင်းကို ရောက်လာခဲ့တယ်။မောင်ဝေယံမိဘကိုလည်းခေါ် ပြီး မောင်ဝေယံရဲ့  စိတ်ပိုင်းဆိုင်ရာကို ကျွန်မတို့ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။
မောင်ဝေယံမေမေက ငိုပြီး မောင်ဝေယံကို သူ အလိုလိုက် ချစ်ခဲ့တာ မှန်ပေမယ့် မောင်ဝေယံမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါ တွေ မရှိနိုင်ကြောင်းပြောတယ်။
နောက်ဆုံး ကျွန်မက မောင်ဝေယံကို ကလေးစိတ်ပိုင်းဆိုင်ရာဆေးရုံမှာ သွားရောက်စစ်ဆေးသင့်ကြောင်း အကြံပေးလိုက်တယ်။ စစ်ဆေးချက်အရ မောင်ဝေယံရဲ့ ဦးနှောက်အောက်ခြေမှာ ရှိတဲ့ ဟော်မုန်းဆီသိုမှီးထားတဲ့ အဆီဖုက ဖွံ့  ဖြိုးမှု မညီမျှကြောင်း တွေ့ လိုက်ရတယ်။ အဲဒီ့ အတွက် မောင်ဝေယံက ကိုယ့်ရဲ့ မဖွယ်မရာအပြုအမူ၊ အပြောအဆိုကိုမထိန်းချုပ်နိုင် ဖြစ်ခဲ့ရတယ်။ ဆေးမှန်မှန်သောက်ရင် တဖြည်းဖြည်း သက်သာလာနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။
ဒါပေမဲ့ ဆေးသောက်ပြီးတိုင်း မောင်ဝေယံက ခေါင်းကိုက်တယ်ဆိုလို့ သူ့မေမေက မကြည့်ရက်ခဲ့ဘူး။ ဒီလိုနဲ့ မောင်ဝေယံ ဆေးတွေ ကိုမှန်မှန်မသောက် ဖြစ်ဘဲ ဆိုးမြဲဆိုးနေခဲ့တယ်။
တစ်နေ့မှာ မောင်ဝေယံက ဗလာစာအုပ်တစ်အုပ်နဲ့ ကျွန်မဆီရောက်လာခဲ့တယ်။
“ဆရာမ . . . ဆရာမ ခုတလော ကျွန်တော့် အပေါ် ဆရာမ သိပ်မတင်းကျပ်သလိုပဲ။ ကျွန်တော့် ကို ဆိုဆုံးမပါ ဆရာမ ။ ဆရာမ မဆုံးမရင်နောက်နောင် ကျွန်တော် ပိုဆိုးသွားလိမ့်မယ်။ အဲဒီ့ အချိန်ကျရင် ကျွန်တော် ကဆရာမ ရဲ့ တပည့်ပါလို့ လူတိုင်းကို ပြောမှာ နော်”
မျှော်လင့်မထားတဲ့ မောင်ဝေယံရဲ့ စကားကို ကြားတော့ ကျွန်မအသံထွက်ရယ်မိတယ်။
“ကောင်းပြီ မောင်ဝေယံ၊ မင်းကို ဆရာမ ကောင်းကောင်း ဆုံးမမယ်။ဒါနဲ့ ဒီစာအုပ်က ဘာလုပ်ဖို့လဲ”
“ဒီလိုပါ ဆရာမ ။ ဒီနေ့ကစပြီး ကျောင်းသားတွေ ကျွန်တော့် မကောင်းကြောင်းကို လာတိုင်တိုင်း ဒီစာအုပ်မှာ ဆရာမ ကြက်ခြေခတ်တစ်ခုခြစ်ပေးပါ။ ကြက်ခြေခတ်တစ်ခုရတိုင်း ကျွန်တော့် ကို ဆရာမ တစ်ချက်ရိုက်နိုင်ပါတယ် ဆရာမ ”
ဘုရားရေ၊ မောင်ဝေယံက သူ့ကို ပြောဆိုဆုံးမအပြစ်ပေးဖို့ကျွန်မဆီမှာ တောင်းဆိုနေပါလား။ သူ့ကို ပြောဆိုဆုံးမဖို့ တောင်းဆိုပေမယ့်လည်း မောင်ဝေယံက ဆိုးမြဲဆိုးနေခဲ့တယ်။ ကျွန်မဆီ ကျောင်းသားတွေ လာတိုင်တိုင်း မောင်ဝေယံ ဖြစ်နေပြီး တခြားသူတွေ ကို ဘောင်းဘီချွတ်ပြတာ၊ ခြေထိုးလှဲတာကလည်း မောင်ဝေယံပဲ ဖြစ်နေတယ်။
တစ်ပတ်တောင်မပြည့်သေးဘူး မောင်ဝေယံရဲ့ ဗလာစာအုပ်ထဲမှာ ကြက်ခြေခတ်တွေ အခုတစ်ရာရှိနေပါပြီ။ ပြောင်းလဲမလာတဲ့ မောင်ဝေယံရဲ့ အပြုအမူတွေ ကြောင့် ကျွန်မ စိတ်ဆိုးပြီး မောင်ဝေယံကို ခေါ်ပြောခဲ့တယ်။
“မောင်ဝေယံ မင်းရဲ့ မကောင်းတာတွေ ဆရာမ ကြက်ခြေခတ်မှတ်ထားတာ အခုတစ်ရာရှိနေပြီ။ မင်းကို ဆရာမ အပြစ်ပေးရတော့မယ်”
“ဟုတ်ကဲ့ ဆရာမ ။ ကျွန်တော့် ကို အချက်တစ်ရာ ရိုက်နိုင်ပါ တယ်”
မောင်ဝေယံက လက်ကိုဆန့်ပြီး အရိုက်ခံတယ်။ ဒါပေမယ့်မောင်ဝေယံရဲ့ လက်ဖ၀ါး၊ မောင်ဝေယံရဲ့ မျက်နှာကိုကြည့်ပြီး ကျွန်မ တကယ်မရိုက်ရက်ခဲ့ဘူး။
တကယ်တော့ မောင်ဝေယံ၊ မင်းဟာ မတုံးမအဘဲ ထက်မြက်သူပါ။ကိုယ်မှားမှန်းသိသိနဲ့ အမှားတွေ ကိုမင်း ဘာကြောင့် ကျူးလွန်ချင်ရတာ လ။ဲမင်းရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ ကို ပြင်ပြီး မင်းကိုယ်ပေါ်က တခြားလူတွေ ခတ်နှိပ်ထားတဲ့ “လူဆိုး၊ မလိမ္မာ မယဉ်ကျေးတဲ့သူ”ဆိုတဲ့တံဆိပ်တွေ ကို ဖြုတ်ချလိုက်ပါ မောင်ဝေယံ။ ရင်ထဲမှာ နာနာကျင်ကျင် ကျွန်မ ပြောနေမိတယ်။
မောင်ဝေယံရဲ့ လက်က ကျွန်မအရိုက်ကိုခံဖို့ လေထဲမှာ မြှောက်ထားဆဲပါပဲ။ အတန်းသားဘက် ကျွန်မ လှည့်ပြီး . . . .
“ဆရာမ စိတ်မကောင်းဘူး။ ပထမတန်းကနေ အခု တတိယတန်းအထိ မင်းတို့လာတိုင်လိုက်တိုင်း မောင်ဝေယံ ဟိုဟာလုပ်လို့၊ မောင်ဝေယံဘာလုပ်လို့ဆိုတာချည်းပဲ။ “ကြက်ခြေခတ်”ဖို့အတွက်ပဲ လာတိုင်ကြတယ်။မောင်ဝေယံကို “အမှန်” ပေးဖို့ တစ်ချက်တောင် မရြှိ ကတော့ဘူးလား။
ကျွန်မစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ ငါးစက္ကန့်လောက်ကြာတော့ ကျောင်းသားတစ်ဦးက . . .
“ဆရာမ . . . ဆရာမ မောင်ဝေယံကို အမှန်ပေးလို့ရတယ်။ဟိုတစ်နေ့က ကျွန်တော့် ကို သူ ရောင် စုံခဲတံ ငှားပေးသေးတယ်”
တစ်ဆက်တည်းမှာ ပဲ မောင်ဝေယံရဲ့ အနိုင်ကျင့်တာကို အမြဲခံရတဲ့ကျောင်းသူတစ်ဦးကလည်း ထရပ်ပြီး . . .
“ဆရာမ ခုနကျောင်းဆင်းတုန်းက ကျွန်မလဲအောင် မောင်ဝေယံခြေထိုးသေးတယ်။ ဒါပေမဲ့ ကျွန်မလည်း အနားရောက်ရော သူ့ ခြေကိုပြန်ရုတ်လိုက်တယ်။ ဒီတစ်ခေါက် ကျွန်မ မလဲခဲ့ဘူး ဆရာမ ”
“ဟုတ်တယ် တပည့်တို့။ မောင်ဝေယံမှာ ကောင်းကွက်တွေ အများ ကြီးရှိနိုင်သေးတယ်။ သူ့ကို အမှန်တွေ အများ ကြီး ပေးနိုင်သေးတယ်မဟုတ်လား။ ဆရာမ သူ့ကိုကြက်ခြေခတ်တစ်ရာ ပေးပြီးပြီ။ သူ့ကို အချက်တစ်ရာ ဆရာမ ရိုက်လို့ရပေမယ့် ဆရာမ မရိုက်ရက်ဘူး။ သူ့ရဲ့ ကောင်းကွက်လေးတွေ ကိုတပည့်တို့ ထပ်စဉ်းစားကြပါဦး။ မောင်ဝေယံရဲ့ ကောင်းကွက်နဲ့သူ ဘာတွေ ကောင်းအောင် လုပ်ခဲ့ဖူးလဲ။ တပည့်တို့ စဉ်းစားကြပြီး အမှန်တစ်ခုပေးတိုင်း ကြက်ခြေခတ်တစ်ခုဖျက်တဲ့နည်းနဲ့ မောင်ဝေယံကို ဆရာမ တို့ ကယ်တင်ကြရအောင်”
ကျွန်မ ပြောပြီး ခဏအကြာမှာ ကျောင်းသားတွေ အလုအယက်ဝိုင်းပြောကြတယ်။
“ဆရာမ မောင်ဝေယံ ကျွန်တော့် ကို ဟင်းထည့်ပေးတယ်”
“ဆရာမ မနေ့က မောင်ဝေယံ ကျွန်တော့် ကို နွားနို့ယူပေးတယ်”
“ဆရာမ အရင်တစ်ပတ်က မောင်ဝေယံ အမှိုက်ကူပစ်ပေးတယ်”
“ဆရာမ မနေ့က မောင်ဝေယံ အိမ်သာကူဆေးပေးတယ်”
“ဆရာမ . . .”
အဲဒီ့ စာသင်ချိန်မှာ ပဲ ကျောင်းသားတွေ က မောင်ဝေယံရဲ့ ကောင်းကွက်ကို လက်မြှောက်လိုက်၊ ပြောလိုက်နဲ့ “အမှန်”တွေ ကို ၀ိုင်းပေးခဲ့ကြတယ်။ ကျောင်းဆင်းခါနီး မှာ “အမှန်အခုတစ်ရာ”ကို မောင်ဝေယံ ရခဲ့ပြီး“ကြက်ခြေခတ်အခုတစ်ရာ”ကို ချေဖျက်နိုင်ခဲ့တယ်။
ကျွန်မရှေ့မှာ ရပ်နေတဲ့ မောင်ဝေယံရဲ့ ငိုမဲ့မဲ့မျက်နှာလေးက ခုတော့ ပြုံးနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ သူ ငိုခဲ့ပါတယ်။ သူ စနောက်ခဲ့ဖူးတဲ့ကျောင်းသားတွေ ရဲ့ မေတ္တာကြောင့် ၀မ်းသာတဲ့မျက်ရည်တွေ သူ့ပါးပြင်ပေါ်စီးကျခဲ့ပါတယ်။ ဆေးတွေ မှန်မှန်သောက်ပြီး လိမ္မာသူ တစ်ယောက် ဖြစ်ဖို့ကြိုးစားမယ်လို့ မောင်ဝေယံ ဆုံးဖြတ်လိုက်တယ်။
“မျက်စိနဲ့အနီးဆုံးနေရာက ဘယ်နေရာလဲ”လို့ ကျွန်မကို လူတွေ မေးဖူးတယ်။ အဖြေက “မျက်တောင်မွေး”ဆိုတာကို ကျွန်မ စဉ်းစားမရဘူး။မျက်တောင်မွေးဟာ မျက်စိနဲ့အနီးဆုံးနေရာမှာ ရှိပြီး ကျွန်မတို့ မမြင်နိုင်ကြဘူး။
အဲဒီ့ လိုပဲ ကျွန်မတို့ဘေးအနားက ကျွန်မတို့နဲ့ အရင်းနှီးဆုံး လူတွေ ရဲ့ ကောင်းကွက်ကို ကျွန်မတို့ မမြင်တတ်ကြဘူး။
ယခုဇာတ်လမ်းထဲကလို မောင်ဝေယံရဲ့ ဆိုးကွက်ကိုပဲ တခြားကျောင်းသားတွေ တွေ့ ခဲ့ကြတယ်။ အပြစ်ပေးခါနီး ဆရာမ ရဲ့ လမ်းညွှန်ပြသမှု ကြောင့် မောင်ဝေယံရဲ့ ကောင်းကွက်တွေ ကို သူတို့ သတိပြုခဲ့မိကြတယ်။ မောင်ဝေယံမှာ လည်း “အမှန်အခုတစ်ရာ”ရှိကြောင်း သူတို့ တွေ ခဲ့ကြတယ်။
သွန်သင်ဆုံးမမှု ဆိုတာ အတင်းအဓမ္မဖိနှိပ်တဲ့ “အမှော င်”ဘက်ကမဟုတ်ဘဲဉာဏ်ဖွံ့  ဖြိုးဖို့ ကြိုးစားကူညီတဲ့ “အလင်း”ဘက်က ဖြစ်တယ်။ သူတစ်ပါးရဲ့ ဆိုးကွက်ကိုပဲကြည့်ပြီး ကြက်ခြေခတ်တစ်ရာပေးဖို့ ကြိုးစားသူရဲ့ ရင်ထဲမှာ လည်း နာကျင်မှု အမှော င်တေပွဲ ရှိခဲ့တယ်။ တကယ်တော့ ကျွန်မတို့က မနှစ် မြို့လည်း ချီးကျူးတတ်ဖို့၊ သူ့ကို မနှစသက် လည်း သူ့ကောင်းကွက်တွေ ကို ရှာတတ်ဖို့” သင်ယူသင့်ပါတယ်။
တစ်ခါတလေမှာ ဆရာတွေ က “ကျောင်းသားဆိုး”တွေ ကို မနှစ် သက်တတ်ကြသလို “ကလေးဆိုး”တွေ ကို လူတွေ မနှစ် မြို့တတ်ကြဘူး။အဲဒီ့ အချိန်ကျရင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး တစ်ဖက်လှည့် အတွေးနဲ့သူ့ ကောင်းကွက်ကို ရှာကြည့်ပါ။ အတွေးတွေ လည်ပတ်နေသရွေ့ “အမှန်တစ်ခု” တွေ့ လာနိုင်ပါလိမ့်မယ်။
ကလေးတွေ ကို“ဆန့်ကျင်၊ ငြင်းဆန်”တဲ့အ ကြည့်မျိုးနဲ့ကျွန်မတို့တစ်ချိန်လုံး မကြည့်သင့်သလို၊ “ဝေဖန်၊ ပြစ်တင်”တဲ့ စကားမျိုးလည်းအမြဲမပြောသင့်ပါဘူး။
ဆန့်ကျင်၊ ငြင်းဆန်တဲ့အ ကြည့်တြွေကားမှာ ကလေးငယ်တွေ ကကိုယ့်ကိုယ်ကို ယုံကြည်မှု မဲ့တာတွေ သင်ယူနိုင်တယ်။ ဝေဖန်၊ အပြစ်တင်တဲ့အပြောတွေ ကြားမှာ ကလေးငယ်တွေ စိတ်ပျက်၊ ၀မ်းနည်းမှု တွေ ကိုသင်ယူနိုင်တယ်။ ကူညီ၊ ဖေးမ၊ အားပေးတဲ့အ ပြောတွေ ကြားမှာ ကလေးငယ်တွေ က ယုံကြည်မှု တွေ တိုးစေပြီး ချီးကျူး၊ ချီးမွမ်းမှု အောက်မှာ ကလေးငယ်တွေ က မေတ္တာနဲ့ကျေးဇူးတရားကို နားလည်နိုင်မှာ ဖြစ်ပါ တယ်။
(2)
စကားဆုံးအောင် ပြောခွင့်ပေးပါ
“မိခင်ရဲ့ မျက်လုံးအိမ်ထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ လက်ခနဲထသွားတယ်”
ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။
ငါးနှစ် အရွယ်သားငယ်ကို မိခင် ဖြစ်သူက . . . .
“သား . . . သားနဲ့မေမေတို့ အပြင်ထွက်လည်ကြတဲ့အချိန် မေမေတို့ ရေအရမ်းငတ်ပြီး ရေဘူးလည်း မပါခဲ့ဘူးလို့ ဆိုပါစို့။ ဒါပေမဲ့ သားလွယ်အိတ်ထဲမှာ ပန်းသီးနှစ် လုံး ရှိနေခဲ့တယ်ဆိုရင် သား ဘာလုပ်မလဲ”လို့မေးခဲ့တယ်။
“ပန်းသီးနှစ် လုံးကို သား တစ်ကိုက်စီကိုက်မယ်”သားက ခေါင်းလေးစောင်းပြီး စဉ်းစားရင်း ပြန်ဖြေတယ်။
သားအဖြေက မိခင် ဖြစ်သူကို မျှော်လင့်ချက်မဲ့စေတယ်ဆိုတာကိုမပြောလည်းသိကြပါလိမ့်မယ်။ မိခင်က တခြားမိဘတွေ လို သားကို အပြစ်တင်စကားပြောမယ်၊ နောက်ပြီး သားကို ဘယ်လိုလုပ်သင့်တယ်လို့ ပြောဆိုဆုံးမမယ်လို့ စိတ်ကူးပြီး စကားစဖို့ ပြင်တယ်။ ဒါပေမဲ့ စကားမစခင် မိခင်ကရုတ်တရက် အကြံ ပြောင်းသွား ပြီး သားမျက်နှာကို ပွတ်သပ်ရင်း ပြန်မေးတယ်။
“သား . . . သား ဘာ ဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ မေမေ့ကိုပြောပြမလား”
“ဟို . . . ဟို အချိုဆုံးတစ်လုံး မေမေ့ကို ပေးမလို့ပါ” သားကမျက်လုံလေးပုတ်ခတ် ပုတ်ခတ်နဲ့ အပြစ်ကင်းကင်း ပြန်ဖြေတယ်။မိခင်ရဲ့ မျက်လုံးအိမ်ထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ လက်ခနဲ ထသွားတယ်။
အဲဒီ့ မိခင်ကို ကံကောင်းတဲ့မိခင်လို့ မြင်မိတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ယုံကြည်ခွင့်လွှတ်စိတ်နဲ့ သားရဲ့ အချစ်ကို ခံစားခဲ့မိလို့ ဖြစ်တယ်။သားကိုလည်း ကံကောင်းသူအ ဖြစ် မြင်မိတယ်။ စကားကို ဆုံးအောင်ပြောခွင့်ပေးတဲ့ မိခင်ကြောင့် သူ့ရင်ထဲက ရိုးသားမှု ကို ထုတ်ဖော်ခွင့်ရခဲ့လို့ ဖြစ်တယ်။
ကျွန်မ ကလေးဆိုး တစ်ယောက်
“အိမ်မှာ ကျွန်မတို့အတွက် သူ ခေါက်ဆွဲချက်ထားသေးတယ်၊ခေါက်ဆွဲစားပြီးနောက် အဲဒီ ည ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကိုကျွန်မ ကောင်းကောင်းမမှတ်မိဘူး”
ဒီနေ့ ရာသီဥတု မသာယာဘူး။ လေကြီးမိုးကြီး လာနိုင်တယ်လို့မနေ့ည မိုးလေ၀သသတင်းမှာ ကြေညာတယ်။ ဒါကြောင့် ဒီမနက်ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလို့နေတယ်။ လေထုထဲကရေပုလဲလေးတွေ ကြွေကျဖို့ အကောင်းဆုံးအချိန်ကို စောင့်နေကြတယ် ထင်ပါတယ်။ဒုတိယအချိန် အတန်းဆင်းတော့ ပြတင်းပေါက်ကတစ်ဆင့် အပြင်ကို ကျွန်မငေးနေမိတယ်။ မိန်းမသဘာဝ ဓမ္မတာကြောင့် လားမသိ ကျွန်မရဲ့ စိတ်ကအပြင်ရာသီဥတုလိုပဲ ထိုင်းမှိုင်းလို့နေတယ်။ တတိယအချိန်မှာ အားကစားနည်းပြဆီ ခွင့်တောင်းပြီး စာသင်ခန်းထဲမှာ ပဲ ကျွန်မ မှော က်အိပ်နေတယ်။ဒါပေမဲ့ဗိုက်အောင့်လို့ အိပ်မပျော်လိုက်ပါဘူး။ အမေ ပြောဖူးတယ်။ နာကျင်ကိုက်ခဲတိုင်း ဆေးမသောက်ရဘူးဆိုလို့ ကျောင်းဆေးပေးခန်းသွားမယ့်စိတ်ကူးကို ကျွန်မ ဖျက်လိုက်တယ်။ ပြတင်းပေါက် ဘောင်ပေါ်မှီပြီး အပြင်ကမည်းပြာပြာကောင်းကင်ကိုပဲ ငေးကြည့်နေတာ ကောင်းမယ်။ အရောင် စုံတောက်ပတဲ့ လောကက ကျွန်မအတွက် မျက်စိစူးနေလို့ ဒီလိုမြင်ကွင်း၊ဒီလိုရှုခင်းမျိုးက ကျွန်မနဲ့အလိုက်ဖက်ဆုံးလို့ ကျွန်မ ထင်တယ်။
ရာသီဥတုက တစ်နေ့လုံး ခြောက်ကပ်လို့နေတယ်။ မိုးက ရွာမှာ ဖြစ် ၀ုန်းဒိုင်းရွာလိုက်စမ်းပါ။ ဒီလိုအခြေအနေမျိုးက ပူအိုက်လွန်းလို့အတန်းသားတချို့က မိုးနတ်မင်းကို ကျိန်ဆဲနေကြတယ်။ ဒီအတွက် စာသင်ရတာ ကို ဘယ်သူမှ စိတ်ဝင်တစားမရှိကြဘူး။ “ဒီနေ့ ကျောင်း မတက်သင့်ဘူး”လို့ တချို့ကပြောတယ်။ ဒါပေမဲ့နေ့လယ်ထမင်းစားချိန်ရောက်တော့အားလုံးက လှုပ်ရွလာကြတယ်။ ရီရီက ထမင်းစားဖို့ လွယ်အိတ်ကိုယူတော့ပိုက်ဆံတွေ ပျောက်နေတာ တွေ့ လိုက်တယ်။ အားလုံးဝိုင်းရှာပေးကြပေမယ့်မတွေ့ ဘူး။ ဆရာမ သိတော့ အတန်းသားအားလုံးရဲ့ လွယ်အိတ်နဲ့ ထိုင်ခုံကိုစစ်မယ်လို့ပြောတယ်။ ဒါကို ကျွန်မ သိပ်ဘ၀င်မကျဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်မလွယ်အိတ်ထဲမှာ ဖတ်စာအုပ်နဲ့ဗလာစာအုပ် တစ်အုပ်စီပဲရှိလို့ပါ။ ဒါက အထက်တန်း ကျောင်းသူတစ်ဦးရှိသင့်တဲ့လွယ်အိတ်မဟုတ်ဘူး။
“ဘာ ဖြစ်လို့ လွယ်အိတ်စစ်ရမှာ လဲ” အသံနှိမ့်ပြီး ကျွန်မ မကျေမနပ်ရေရွတ်မိတယ်။ ဒါကို ဘေးမှာ ထိုင်တဲ့စုစု ကြား ဖြစ်အောင်ကြားသွားပြီးကျွန်မကို တစ်ချက်ကြည့် ပြောလိုက်တယ်။
“ဒီလိုမှမစစ်ရင် သူခိုးကို ဘယ်မိမလဲ။ ငါတို့ အပြစ်မဲ့တယ် ဆိုတာကို ဘယ်လို သက်သေပြမလဲ။ မခိုးရင် ကြောက်စရာမလိုဘူး။ ဘာလဲ နင်ကြောက်နေတာလား”
သူ့မျက်စိအစုံက ကျွန်မမျက်နှာပေါ်မှာ ရစ်ဝဲနေတယ်။ အဲဒီ့ လိုအကြည့်က လူကို ရွံရှာစေတယ်။ မှေးစင်းတဲ့မျက်လုံးက လူကို မယုံသင်္ကာဟန်နဲ့။ အပ်ယူပြီး သူ့မျက်ခွံနှစ် ခုကို ကျွန်မ ချုပ်ပစ်လိုက်ချင်မိတယ်။
“ဟား . . . ဘယ်သူက ကြောက်ရမှာ လဲ”
သူ့ကို ခပ်စူးစူးတစ်ချက် ကျွန်မ စိုက်ကြည့်လိုက်ပြီး ဆရာမ အစစ်ဆေးကိုစောင့်နေတယ်။ အားလုံးကို စစ်ဆေးပေမယ့် တရားခံကိုမမိခဲ့ဘူး။ ဆရာမ က ရီရီ့ကို မနက်ကျောင်းလာတုန်းက ပိုက်ဆံယူခဲ့ မယူခဲ့ဆိုတာ သေချာစဉ်းစားကြည့်ဖို့ ပြောတယ်။
“ကျွန်မ သေချာမှတ်မိတယ်။ ကျွန်မ ယူလာတယ်။ ပထမအချိန်ပြီးတော့ ကျွန်မ ကြည့်သေးတယ်”
ရီရီပြောအပြီး အတန်းသားတွေ က တစ်ယောက် တစ်ပေါက်ပြောဆိုကြတယ်။ အားကစားချိန်မှာ ကစားရင်း ပိုက်ဆံကျသွားတာလား၊စာတွေ ကျက်လွန်းလို့ ပိုက်ဆံကို ဘယ်နားထားမှန်းမသိ ဖြစ်သွားပြီလား၊ဒါမှမဟုတ် နံနက်စာငွေထုတ်ရှင်းချိန် ကျခဲ့တာလား။ ထင်မြင်ချက်တွေ များ ပေမယ့် ရီရီ့ပိုက်ဆံက ရှာမတွေ့ ဘူး။ အားလုံးက ရီရီ့ဘေးမှာ ၀ိုင်းအုံပြီးသူတစ်မျိုး၊ ငါတစ်မျိုးနဲ့ ပြောဆိုနေကြတယ်။ ကျောင်းစာက စိတ်ဝင်စားဖို့မကောင်းလို့ထင်ပါရဲ့ ။ ဒီလို ကိစ္စသေးသေးလေးကို အချိန်အကြာကြီးဆွေးနွေးနေကြတယ်။ ဗိုက်ကိုနှိပ်ပြီး စားပွဲခုံပေါ် ကျွန်မ မှော က်အိပ်နေလိုက်တယ်။
ထမင်းလည်း မစားချင်ဘူး။ ကျွန်မ တစ်ကြိမ်၊ နှစ် ကြိမ်ခေါင်းထောင်ကြည့်တော့ ကျွန်မကိုကြည့်နေတဲ့ စုစုရဲ့ အကြည့်နဲ့သွားတိုးတယ်။ ဗိုက်အောင့်လွန်းလို့ ကျွန်မကို အကဲခတ်ကြည့်နေတဲ့သူ့ မျက်လုံးကို“ဘာကြောင့် လဲ”လို့မေးဖို့ စိတ်မပါဘူး။ ခါတိုင်းလည်း သူ့ကို ကျွန်မစကားမပြောချင်ဘူး။ ပြောင်သလို၊ နောက်သလိုနဲ့ကျွန်မကို သူ အမြဲလှောင်ရယ်တတ်လို့ ဖြစ်တယ်။ အတန်းသားတော် တော် များများ သူ့အကျင့်ကို မကြိုက်ကြဘူး။ အဲဒီ့ ထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ပေါ့။
“မေ၊ ဒီကိစ္စနင့်ကို ပြောသင့်လား မပြောသင့်လား မသိဘူး”
နေ့လယ်တစ်ချိန်နားတော့ သူငယ်ချင်းလွင်လွင်က အိမ်သာ တံခါးရှေ့ကနေ ကျွန်မကို လှမ်းပြောတယ်။
“ပြောလေ။ ငါတို့က သူငယ်ချင်းကောင်းတွေ ပဲ။ နင် ဘာ ဖြစ်တယ်ဆိုတာ ဖုံးကွယ်မထားနဲ့။ ငါ့ကို ပြောပြ”
“အတန်းထဲကလူတွေ ပြောနေကြတယ်။ အားကစားချိန်မှာ နင်နေမကောင်းဘူးဆိုပြီး အတန်းသွားမတက်ဘူး။ ဆေးခန်းလည်း သွားမပြဘူး။ ဒါကြောင့် ရီရီ့ရဲ့ ပိုက်ဆံကို နင်ခိုးတယ်လို့ ထင်နေကြတယ်”
ကျွန်မမျက်နှာ ချက်ချင်း အရောင် ပြောင်းသွား ခဲ့တယ်။ ငါးတန်းနှစ် ကအ ဖြစ်ကို ကျွန်မ ပြန်သတိရလိုက်တယ်။ အဲဒီ့ တုန်းက အခန်းထဲကကောင်မလေး တစ်ယောက် ပိုက်ဆံပျောက်သွားပြီး သူ့ပိုက်ဆံကို ကျွန်မခိုးတယ်လို့ တပ်အပ်စွပ်စွဲခဲ့တယ်။ ဆရာမ က ကျွန်မကို စစ်မေးတယ်။ ကျွန်မမယူဘူးဆိုတာကို ဆရာမ လည်း မယုံဘူး။ ကျွန်မကို ရုံးခန်းခေါ်ပြီး သူခိုးပုံပြင်တွေ ပြောပြပြီး ဆုံးမတယ်။ ကျွန်မ မတုံးပါဘူး။ ဆရာမ လည်း ကျွန်မကိုသူခိုးလို့ထင်နေပြီဆိုတာကို ကျွန်မ သိလိုက်တယ်။ ပုံပြောနေတဲ့ဆရာမ ကိုကျွန်မ ခပ်စူးစူးစိုက်ကြည့်နေလိုက်တယ်။ ဒါကို ဆရာမ က ပြောရင်း စိတ်တိုလာပြီး ကျွန်မကို ၀န်ခံရဲတဲ့သတိ္တ မရှိဘူး။ ဆရာမ ကို မလေးစားဘူးဆိုပြီးဆူတယ်။ ရုံးခန်းထဲက ဆရာမ တချို့လည်း ကျွန်မကို “ဆိုဆုံးမ”တဲ့တာဝန်ထဲ ၀င်လာကြတယ်။
“အမှားလုပ်တာက ကြောက်စရာမကောင်းဘူး။ ကြောက်စရာကောင်းတာက၀န်မခံရဲတာပဲ”
“လုပ်ရဲရင် ခံရဲရမယ်”
“အိမ်မှာ ငွေလိုလို့လား။ ဆရာမ ကိုပြော ဆရာမ ကူညီမယ်”ဆရာမ တစ်ယောက် က တဲ့တိုးပြောတယ်။
“ကျွန်မ မခိုးဘူးဆို မခိုးဘူး” ကျွန်မအော်တော့ အဲဒီ့ ဆရာမ ကကျွန်မပါးကို လှမ်းရိုက်တယ်။ နောက်ဆုံး အမေ့ကိုခေါ်ဖို့ သူတို့ ကြိုးစားကြတယ်။ ကျောင်းကို အမေလာမှာ ကျွန်မ အကြောက်ဆုံးပဲ။
တခြားကျောင်းသားတွေ ရဲ့ အမေက ငယ်ရွယ်ပြီး လှလှပပ ၀တ်ဆင်ထားကြတယ်။ ဒါပေမဲ့ ကျွန်မအမေက အသက်ငါးဆယ်ကျော်နေပြီ။အဖေစွန့် ပစ်ခဲ့ကတည်းက နာကျင်ခြင်း၊ ၀မ်းနည်းခြင်း၊ ပင်ပန်းခြင်းနဲ့မောင်နှမခြောက်ယောက် ကြားမှာ အမေ ရှင်သန်ခဲ့ရတယ်။ ဒီကြားထဲ ရောဂါ ထပ်ရတော့ အဲဒီ့  ရောဂါ က အမေ့ကို အသက်ဆယ်နှစ် ပိုအိုသွားစေခဲ့တယ်။ ရောဂါ ပျောက်သွားပေမယ့် ပင်ပန်းတဲ့အလုပ်တွေ မလုပ်နိုင်လို့ စားသောက်ဆိုင်တစ်ဆိုင်မှာ အမေ ပန်းကန်ဝင်ဆေးရတယ်။ အမေရတဲ့လုပ်အားခကကျွန်မတို့အတွက် မလုံလောက်ဘူး။ အစိုးရထောက်ပံ့ကြေးနဲ့ အိမ်နီးချင်းတွေ ရဲ့ ကူညီမှု ကြောင့် ကျောင်းနေ့လယ်စာကို ကျွန်မတို့ အခမဲ့စားခွင့်ရခဲ့တယ်။ လူတွေ ကို ကျေးဇူးတင်သင့်တယ်ဆိုတဲ့အမေ အမြဲပြောတဲ့ ဆုံးမစကားကြောင့် သိမ်ငယ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို လေးစားခြင်းကြားမှာ ကျွန်မနာကျင်ကြေကွဲရပါတယ်။
ဆရာမ ပြောတာတွေ နားထောင်ပြီး တုန်ရီတဲ့လက်နဲ့ ကျွန်မ ပါးကိုအမေ ရိုက်ခဲ့တာတွေ ကျွန်မ မေ့မရဘူး။ မျက်ရည်အရွှဲသားနဲ့ ဆရာမ တို့ကျေးဇူးကို မမေ့ရဘူးလို့ အမေက ဆိုတယ်။
“ဆရာမ တွေ က နင်တို့ကိုဂရုစိုက်လို့ နေ့လယ်စာ အခမဲ့စားနေရတာ။ နင် ဘာ ဖြစ်လို့ သူများ ပိုက်ဆံ သွားခိုးရတာ လဲ။ ဆင်းရဲပေမယ့်ဆင်းရဲတဲ့သိက္ခာကိုတော့ ထိန်းရမယ်။ ပိုက်ဆံကို ဘယ်မှာ ဖွက်ထားလဲပြောစမ်း၊ မြန်မြန်ထုတ်ပေးလိုက် ။ ဆရာမ တွေ နင့်ကို ခွင့်လွှတ်လိမ့်မယ်”
“ကျွန်မ မယူဘူး။ ဘာ ဖြစ်လို့ ကျွန်မ မခိုးဘဲ ခိုးတယ်လို့ပြောကြတာလဲ” အသံထွက်ငိုရင်း ကျွန်မ အော်ပြောလိုက်တယ်။ ပြောပြီးပြီးချင်း ရုံးခန်းထဲကနေ ကျွန်မထွက်ပြေးလာမိတယ်။ အဲဒီ့ နေ့ ကျွန်မအတန်းဆက်မတက်ဘူး။ အိမ်နားက လူသူမရှိတဲ့ တဲတစ်လုံးမှာ ကျွန်မတစ်နေကုန်ပုန်းနေတယ်။ ညရောက်မှ အိမ်ကို ကျွန်မ ပြန်တယ်။
နောက်တစ်နေ့မနက် ကျောင်းမသွားဘူးလို့ ငိုယိုပြီး ကျွန်မဆိုပေမယ့် အမေက ဇွတ်အတင်းလိုက်ပို့တယ်။ ကျွန်မကိုကြည့်တဲ့ ဆရာ၊ဆရာမ နဲ့ ကျောင်းသူကျောင်းသားတို့ရဲ့ အကြည့်က အရောင် ပြောင်းနေတယ်။ ဒါပေမဲ့ ပိုက်ဆံပျောက်တဲ့အကြောင်း သူတို့ မဟြ ကတော့ဘူး။နောက်မှသိရတာ က ပျောက်တဲ့ပိုက်ဆံကို အမေ သွားလျော်တယ်ဆိုတာပါပဲ။ အမေ့ရဲ့ လုပ်ရပ်က ကျွန်မကို ပိုက်ဆံခိုးတဲ့ သူခိုးပါဆိုပြီး ၀န်ခံပေးသလို ဖြစ်နေတယ်။ အဲဒီ့ ကိစ္စနဲ့ပတ်သက်ပြီး အမေ့ကို ကျွန်မ စကားမပြောဘဲနေခဲ့တယ်။ ကျွန်မရင်ထဲမှာ လည်း နာကျင်တဲ့အဖုလုံးကြီး တစ်ခုလို အမြဲရှိနေတယ်။
အခု ရီရီ့ရဲ့ ပိုက်ဆံပျောက်တဲ့ကိစ္စက အရင်က ဖြစ်ပျက်ခဲ့တဲ့အ ဖြစ်အပျက်ကို အသက်ပြန်သွင်းလိုက်သလိုပါပ။ဲ ဒေါသစိတ်နဲ့နာကြည်းမှု ကိုကျွန်မ ထိန်းချုပ်လို့မရဘူး။ ကျွန်မကိုကြည့်တဲ့စုစုရဲ့ အကြည့်ကြောင့် ဒီမဟုတ်မမှန်သတင်းက သူ့ဆီကထွက်လာတယ်ဆိုတာကို ကျွန်မ သိလိုက်တယ်။
ကျောင်းသန့်ရှင်းရေး ချိန်မှာ စုစုကိုခေါ်ပြီး စာသင်ဆောင်အပေါ်ထပ်ကို ကျွန်မတို့ တက်ခဲ့တယ်။
“အရေး ကြီးတဲ့ကိစ္စတစ်ခု နင့်ကို ငါ ပြောစရာရှိတယ် စုစု”
“အင်း . . . ပြောလေ။ အခက်အခဲရှိရင် ငါ ကူညီမယ်”
သူငယ်ချင်းကောင်းပီသပုံနဲ့စုစုက ၀မ်းသာအားရဆိုတယ်။ သူ့ ပါးကို ကျွန်မ ရိုက်လိမ့်မယ်လို့ ထင်ထားပုံမရဘူး။ သူ့ပါးကိုရိုက်၊ သူ့ကိုကန်ကြောက်ရင်း ကျွန်မ အော်ဟစ်မိတယ်။
“ငါ့ကို သူခိုးလို့ နင် ပြောဦးမလား။ ပြောရဲသေးလား”
စုစုကို ထိုးကြိတ်ပြီးမှ ကျွန်မစိတ်တွေ နေသာထိုင်သာ ရှိသွားတယ်။ နောက်ဆက်တွဲ ပြဿနာက စုစုမိဘတွေ ကျောင်းလိုက်လာပြီး ကျွန်မကို ရုံးခန်းခေါ်သွားတယ်။ ဆရာမ နဲ့သူ့ မိဘရဲ့ ပြောစကားမှာ . . .
“ဒီကလေးက အိမ်ထောင်ကွဲမိသားစုကလေးပါ။ အဖေက မရှိ၊အမေက စားဝတ်နေရေး အတွက်လုံးပမ်းနေရလို့ ကလေးတွေ ကို မထိန်းကျောင်းနိုင်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ကလေးက စိတ်တိုလွယ်၊ ဆိုးလွယ်တယ်။
ပြစ်ဒဏ်ပေးမှာ ၊ ရိုက်မှာ ကို ကျွန်မ မကြောက်ဘူး။ ကျွန်မမိသားစုအကြောင်းပြောမှာ ကို ကျွန်မ အကြောက်ဆုံးပဲ။ လူတွေ ရဲ့ အထင်အမြင်သေးတဲ့အကြည့်၊ ကိုယ်ချင်းစာတဲ့အ ကြည့်ကို ကျွန်မ မလိုချင်ဘူး။အဲဒီ့ အကြည့်တွေ က ကျွန်မကို ပြိုကွဲတဲ့အိမ်ထောင်က လာတဲ့ကလေးလို့အသိပေးနေသလိုပါပဲ။
“ဆရာမ သူ့မိဘကို အကြောင်းကြားလိုက်ပါ”
ကျောင်းအုပ်ကြီးရဲ့ စကားကိုကြားပြီး ဒုတိယအကြိမ် အိမ်ကနေထွက်ပြေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပြန်တယ် အိမ်သာတက်မယ်ဆိုတဲ့ ဆင်ခြေနဲ့ကျောင်းတံခါးဝကနေ ထွက်လာခဲ့တယ်။ တစ်ယောက် တည်း လမ်းမကြီးပေါ်မှာ ကျွန်မ လျှောက်သွားနေမိတယ်။ အမေ တုတ်ကိုင်ပြီး ကျောင်းကိုလိုက်လာမယ်။ တစ်ဖက်မိဘကို မျက်ရည်စက်လက်နဲ့တောင်းပန်မယ်ဆိုတာကို ကျွန်မ သိနေတယ်။ ပြီးတော့ တစ်ခုလပ် သူ့ဘ၀ ဘယ်လောက်သနားစရာကောင်းကြောင်း ပြောမယ်။ နောက်ဆုံး အားလုံးရဲ့ နှစ် သိမ့်မှု ကိုယူပြီး ကျွန်မကြောင့် သူ ဘယ်လောက်စိတ်ညစ်ရတယ်ဆိုတာကို ပြောတော့မယ်။
“ဟာ . . . အားလုံးသွားသေလိုက်” လူတွေ အားလုံးကို ကျွန်မကျိန်ဆဲပစ်လိုက်တယ်။
ဆိုင်တစ်ဆိုင်ရှေ့အရောက် ကောင်မလေး တစ်ယောက် က ကျွန်မကို လှမ်းခေါ်ပြီး အအေးတိုက်တယ်။ သူလည်း ကျွန်မနဲ့ဘ၀တူပါပဲ။ ဆရာမ ကျောင်းသားတို့ရဲ့ အငြိုအငြင်ကို ခံထားရသူ ဖြစ်တယ်။ မတူတာတစ်ခုကကျွန်မက ဒုတိယအကြိမ် အိမ်ကထွက်ပြေးတာ ဖြစ်ပြီး သူက အကြိမ် မနည်းတော့ဘူး။ သူ တစ်ခါထွက်ပြေးရင် ဆယ်ရက်၊ တစ်လ ကြာတတ်တယ်။ သူ့နာမည် က “ကြာဖြူ”လို့ခေါ်တယ်။
“နင့်အိမ်ကလူတွေ နင့်ကို မရှာကြဘူးလား”နားမလည်စွာ ကျွန်မမေးမိတယ်။
“ပထမတစ်ခေါက်တော့ လိုက်ရှာကြတယ်။ နောက်ပိုင်း လိုက်မရြှာ ကတော့ဘူး။ အိမ်ကနေ ငါထွက်မပြေးရင် သူတို့အတွက် ပိုထူးဆန်းနေတတ်တယ်။ ဒါနဲ့ နင့်မှာ တည်းစရာရှိလား”
သူ့အမေးကို ကျွန်မ ခေါင်းခါပြလိုက်တယ်။ ပထမတစ်ခေါက်လိုမိုးချုပ်တာနဲ့ အိမ်ပြန်ဖို့ ကျွန်မ စိတ်ကူးလိုက်တယ်။
“လာ . . . ငါနဲ့လိုက်ခဲ့။ လူ တစ်ယောက် နဲ့ မိတ်ဆက်ပေးမယ်။ သူကသိပ်သဘောကောင်းတယ်။ ငါ အိမ်ကထွက်ပြေးတိုင်း သူ့ဆီ သွားနေကျ။သူ့နာမည် က ကိုစိမ်းလို့ခေါ်တယ်”
ဒီလိုနဲ့ အသက်သုံးဆယ်ကျော် လေးဆယ်၊ ခြေထောက်တစ်ဖက်မသန်ပေမဲ့ သဘောကောင်းတဲ့လူကြီးတစ်ဦးကို ကျွန်မ သိတယ်။ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျွန်မကိုကြည့်ပြီး ကြာဖြူ့ကို ကျွန်မအတွက် အင်္ကျီတစ်ထည် ၀ယ်ခိုင်းလိုက်တယ်။
“သူ ဒီလောက်လှတာ အင်္ကျီကို ခေတ်ဆန်ဆန်လေး ၀ယ်ပေးလိုက်နော်”
ကိုစိမ်းရဲ့ အပြောကို ကျွန်မ ကျေးဇူးမတင်ဘဲ မနေနိုင်ခဲ့ပါဘူး။ဒီအသက်အရွယ်ရောက်မှ လူတွေ ရဲ့ အဆင့်အတန်းမခွဲခြားဘဲ ဆက်ဆံခံရတယ်။
“ကျေးဇူးတင်ပါတယ်”
ကျွန်မနှုတ်က ခပ်ဟဟလေး ထွက်သွားတယ်။
“သွား . . . မြန်မြန်သွား။ ဒီလောက် မိန်းမဆန်နေစရာ မလိုဘူး”
“သူ့ကို ကိုစိမ်းလို့ ငါ့တို့ မခေါ်သင့်ဘူး။ သူ့အရွယ်က ငါတို့အဖေအရွယ် ဖြစ်နေပြီ။ သူ့ကို ငါတို့ မွေးစားအဖေလို့ ခေါ်သင့်တယ်”
ကြာဖြူကို ကျွန်မတွေးမိတာလေး ပြောပြတော့ သူက ဘာမှပြန်မပြောဘဲသိပ်ဂရုမစိုက်တဲ့ပုံစံနဲ့ ပခုံးကိုတွန့်ပြလို့ ကျွန်မ ဆက်မပြောရဲခဲ့ဘူး။ ကုန်တိုက်ကအရာအားလုံး ကျွန်မအတွက်ဆန်းသစ်ထူးခြားလို့နေတယ်။ ကြာဖြူက ကျွန်မအတွက် ခပ်ဟော့ဟော့စကတ်အင်္ကျီတစ်စုံဝယ်ပေးတယ်။ ၀ယ်ထားတဲ့ဝတ်စုံကို လဲပြီး ကုန်တိုက်တစ်ပတ်ပတ်ဖို့ကြာဖြူ့ကို ကျွန်မ ပူဆာလိုက်တယ်။ ကိုစိမ်းဆီ ကြာဖြူ ဖုန်းဆက်အကြောင်းကြားပြီးနောက် ကျွန်မတို့ ဂိမ်းသွားကစားကြတယ်။ အစားတွေ ၀ယ်စားတယ်။ ညအထိ လည်ပတ်ပြီးမှ ကိုစိမ်းနေအိမ်ကို ကျွန်မတို့ ပြန်လာတယ်။ အိမ်မှာ ကျွန်မတို့အတွက် သူ ခေါက်ဆွဲချက်ထားသေးတယ်။ရေဘ၀ဲနဲ့ချက်ထားတာကြောင့် အဲဒီ ခေါက်ဆွဲကိုကျွန်မ မကြိုက်ဘူး။ ဒါပေမဲ့အားနာတာနဲ့ ကျွန်မ စားခဲ့မိတယ်။ ခေါက်ဆွဲစားပြီးနောက် အဲဒီ့ ည ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ကျွန်မ ကောင်းကောင်း မမှတ်မိဘူး။ ကျွန်မကို ကြာဖြူတွဲ ပြီး အပေါ်ထပ်တက်သွားတာပဲ မှတ်မိလိုက်တယ်။ နိုးလာမှ ကိုစိမ်း ကျွန်မကို စော်ကားလိုက်ပြီဆိုတာ သိလိုက်ရတယ်။
အစော်ကားခံရတဲ့ခံစားချက်က ဘယ်လိုခံစားချက်မျိုးလဲဆိုတာကျွန်မ မပြောတတ်ခဲ့ဘူး။ စစချင်းမှာ ကျွန်မ ငိုမိတယ်။ အမေ့ကို ကျွန်မဘယ်လိုပြောရမလဲ။
ကိုစိမ်းရဲ့ နှစ် သိမ့်မှု အောက်မှာ ကျွန်မ မငိုတော့ဘူး။ စိတ်ထဲမှာ လည်း လူတွေ က ကျွန်မကို ဆိုးတယ်လို့ ယူဆနေမှတော့ ကျွန်မလည်းခပ်ဆိုးဆိုးနေပြဖို့ တွေးလိုက်မိတယ်။ အဲဒီ့ နောက် ကိုစိမ်းနဲ့ကျွန်မ အတူနေခဲ့တယ်။ ကျွန်မအပေါ် သူ သိပ်ကောင်းပါတယ်။ အ၀တ်အစား၊ အသုံးအဆောင်တွေ ၀ယ်ပေးသလို ပိုက်ဆံတွေ လည်း ပေးတယ်။ ကျွန်မကသူနဲ့ “ကျွန်မ မကြိုက်ဆုံးအလုပ်”ကို လုပ်ရုံပါပဲ။ ကျွန်မနိုးလာတုန်းကမတွေ့ တော့တဲ့ ကြာဖြူ့က သုံးရက်အကြာမှာ အိမ်ပြန်ရောက်လာတယ်။ဒီတစ်ခေါက် ကောင်မလေး တစ်ယောက် သူနဲ့အ တူ ပါလာပြန်တယ်။ ပြန်လာတာနဲ့သူကြားခဲ့တဲ့ကျွန်မသတင်းကို ဖောက်သည်ချတယ်။ ကျွန်မကိုအမေက လူပျောက်တိုင်လိုက်ပြီလို့ ဆိုပါတယ်။ ကိုစိမ်းက ကျွန်မကို ချက်ချင်း အိမ်ပြန်ခိုင်းတယ်။ အိမ်မပြန်ရင် အားလုံး ဒုက္ခရောက်နိုင်တယ်လို့ ပြောပါတယ်။
“နောက်ဆိုရင် ငါ့ဆီ အချိန်မရွေးလာလို့ရတယ်။ တကယ်လို့ နင့်သူငယ်ချင်းတွေ အိမ်နဲ့အဆင်မပြေ ဖြစ်ပြီး အိမ်မပြန်ချင်ရင် ဒီကို ခေါ်လာနိုင်တယ်”
ကိုစိမ်းက ပြောပြီးတာနဲ့ကျွန်မကို ငွေတချို့ ထိုးထည့်ပေးတယ်။ကြာဖြူခေါ်လာတဲ့ ကောင်မလေးကို ကျွန်မ တစ်ချက်ကြည့်လိုက်မိတယ်။ကျွန်မအ ဖြစ်နဲ့အတူတူပါပ။ဲ ဒီလောကမှာ ကျွန်မလို သနားစရာသတ္တ၀ါတွေ အများ ကြီးရှိနေပါလား။
အိမ်ရောက်တော့ ကျွန်မ ၀တ်စားထားတာကိုကြည့်ပြီး အမေလန့်သွားတယ်။ ဒီရက်တွေ မှာ ကျွန်မ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကြောင်း၊ သူဌေးက ကျွန်မတို့အိမ်အခြေအနေကို သိပြီး ကိုယ်ချင်းစာသနားလို့ ပိုက်ဆံတွေ ပိုပေးကြောင်း၊ အမေ့ကို ကျွန်မ လိမ်လိုက်တယ်။အမေက သက်ပြင်းတစ်ချက်ချပြီး . . .
“အင်း . . . လူတွေ ကို အမေတို့ ပေးဆပ်စရာတွေ များ လွန်းနေပြီ။သူတို့ကိုပြန်ကျေးဇူးဆပ်ဖို့ မမေ့နဲ့နော်”လို့ ကျွန်မကို မှာ တယ်။
ကျွန်မရဲ့ အလိမ်အညာတွေ က ကျွန်မ ဘယ်ပျောက်နေတယ် ဆိုတာကို ချေပနိုင်ခဲ့သလို အမေ့ကိုလည်း ပိုက်ဆံတွေ ပေးနိုင်ခဲ့တယ်။ အဓိကက ကျောင်းပိတ်ရက်တိုင်း ကိုစိမ်းဆီ ကျွန်မ သွားနိုင်ခဲ့တယ်။ ခါတိုင်းလိုပဲကျောင်းကို ကျွန်မ ပုံမှန်သွားပေမယ့် ကျွန်မ ပြောင်းလဲသွားပြီ။ ကျောင်းသားလိမ္မာတွေ ၊ ကျွန်မနဲ့ ခေါ်ပြောဆက်ဆံမှု ကင်းတယ်။ ကျောင်းသားဆိုးလို့လူတွေ တံဆိပ်ခတ်ထားသူတွေ သာ ကျွန်မနဲ့ ဆက်ဆံတယ်။ ဒါတွေ ကိုကျွန်မ ဂရုမစိုက်ပါဘူး။ အရင်လို ရိုးသားဖြူစင်တဲ့ ကျောင်းသားဘ၀ကိုကျွန်မ ပြန်မရနိုင်တော့ဘူးဆိုတာ ကျွန်မလည်း သိတယ်။ ဆိုးမယ်၊ တေမယ်။ဒါတွေ က ကျွန်မရဲ့ သိမ်ငယ်စိတ်နဲ့ ပိုလိုက်ဖက်ခဲ့ပါတယ်။
မျှော်လင့်မထားတာတွေ ဖြစ်ပျက်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။ တခြားလူကို အမြဲအနိုင်ယူတဲ့ စုစု တစ်ယောက် စာမေးပွဲအဆင့်တွေ ကျပြီး ကျွန်မနဲ့ တန်းတူ ဖြစ်သွားတယ်။ အဲဒီ့ အတွက် သူ့အဖေကသူ့ကို ကောင်းကောင်းရိုက်နှက်ဆုံးမတယ်။ အဲဒီ့  ရိုက်ချက်ကြောင့် စုစုပိုဆိုးသွားပြီး ကျွန်မနဲ့ ပေါင်းမိတယ်။ အဖေ့ကို သူ စပြီး ဆန့်ကျင်လာတယ်။စုစု အမှတ်မကောင်းတာကို အကြောင်းပြပြီး သူ့အဖေက သူ့အမေကိုဆူပူကြိမ်းမောင်းကြောင်း၊ အပြင်မှာ အငယ်အနှောင်းထားပြီး အဖေ အိမ်မပြန်ကြောင်း၊ အိမ်ပြန်ရင်လည်း ရန်ရှာရိုက်နှက်ကြောင်း ကျွန်မကို ပြောပြတယ်။ စုစုကို တစ်ဖက်က နှစ် သိမ့်ရင်း စိတ်ထဲမှာ လည်း “ဒီလိုနေ့ရက်မျိုးနင် ကြုံရပြီပေါ့”လို့ ကျွန်မ ထောမနာပြုမိတယ်။ ကျွန်မရဲ့ နှစ် သိမ့်အားပေးမှု ကြောင့် ကျွန်မအနားက စုစု မခွာခဲ့တော့ဘူး။ သူ့ အမှတ်စာရင်းတွေ ပိုကျလာတယ်။ ကျွန်မတို့နှစ် ယောက် စာထဲစိတ်ဝင်စားသူတွေ မဟုတ်လို့ အမှတ်ကောင်းနဲ့မအောင်ကြဘူး။ အမှတ်မကောင်းတဲ့အတွက်ကျွန်မနဲ့စုစု ရိုးရိုးကောလိပ်ကျောင်းပဲရွေးခဲ့ရတယ်။
ကျွန်မ ကျောင်းရွေးတာနဲ့ပတ်သက်ပြီး အမေက ဘာမှမကန့်ကွက်ဘူး။ “စားသောက်ဆိုင်”က ရတဲ့ငွေကြောင့် ကျွန်မကို ကျောင်းပြီးတာနဲ့အမေက အလုပ်လုပ်စေချင်တယ်။ ဒါပေမယ့် စုစုအဖေက ကျွန်မအမေနဲ့မတူခဲ့ပါဘူး။ သူရွေးခဲ့တဲ့ကောလိပ်ကို သဘောမတူလို့ သူ့ ကို ရိုက်တယ်။“ငါ အိမ်မပြန်ချင်ဘူး။ အိမ်က ထွက်ပြေးချင်တယ်”လို့ စုစုပြောတော့ကိုစိမ်းကို ကျွန်မ ချက်ချင်း သတိရလိုက်မိတယ်။
စာမေးပွဲအပြီး ကျောင်းလေ့လာရေး ခရီးသုံးရက်မှာ ကျွန်မတို့အိမ်ကထွက်ပြေးဖို့ စီစဉ်ခဲ့ကြတယ်။ ဒီခရီးက ကျွန်မအတွက်မဆန်းတော့ပေမယ့် စုစုက ၀မ်းသာမဆုံး ဖြစ်နေတယ်။ ဒါကို သူငယ်ချင်း လွင်လွင်သိတော့သူလည်း ကျွန်မတို့နဲ့ အတူလိုက်ချင်ကြောင်း ပြောတယ်။ သူ့ ကို မလိုက်ဖို့တားပေမယ့် အရာမရောက်ခဲ့ဘူး။ ကျွန်မစိတ်ထဲမှာ လွင်လွင်ကို ဘယ်သူမှမထိစေရဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်နေလို့ပါပဲ။
သရုပ်ဆောင်သူတွေ သာ ပြောင်းသွား တယ်။ အ ဖြစ်အပျက်ကအရင်ပုံစံအတိုင်းပဲ။ ခေါက်ဆွဲစားချိန် ကျွန်မ မစားဘဲ ဖုန်းပြောသယောင်တမင်ဟန်ဆောင်နေလိုက်တယ်။ သူတို့အားလုံးစားပြီးမှ ခေါက်ဆွဲကို ပါးစပ်ထဲထိုးထည့်ရင်း “ဟင်း . . . ဒီခေါက်ဆွဲ အနံ့မကောင်းဘူး”ဆိုပြီး ကျွန်မမစားတော့ဘူး။ စုစုနဲ့လွင်လွင်ကို အိပ်ခန်းထဲထိကျွန်မ လိုက်ပို့လိုက်တယ်။အိပ်ခန်းထဲတောင် မရောက်သေးပါဘူး။ သူတို့ နှစ် ယောက် မူးနောက်နေပြီ။ကျွန်မလည်း အော့အန်ချင်ယောင် ဟန်ဆောင်နေလိုက်တယ်။ မကြာပါဘူး။သူတို့နှစ် ယောက် အိပ်ပျော်သွားတဲ့အချိန် ကိုစိမ်းကို ကျွန်မ တံခါးဖွင့်ပေးလိုက်တယ်။
“လွင်လွင်က ကျွန်မသူငယ်ချင်းနော်။ သူ့ ကို မထိပါနဲ့။ သူ့ ကို ထိရင်နောက်ထပ် ဘယ်တော့မှ ကျွန်မ မလာတော့ဘူး”
လေးလေးနက်နက်ပြောလိုက်တဲ့ကျွန်မစကားကို ကိုစိမ်းက . . .
“စိတ်ချပါ။ ငါ မထိဘူး။ ငါ ဘယ်သူ့ကိုမှ မထိဘူး။ ခဏနေငါ့သူငယ်ချင်းလာလိမ့်မယ်။ ဒီ တစ်ယောက် သူ့ကိုပေးလိုက် မယ်” ကိုစိမ်းပြောအပြီး ခန့်မှန်းထားသလို ဖြစ်ခဲ့လိုမျက်လုံးပြူးသွားတဲ့အထိ ကျွန်မ အံ့သြမိတယ်။
“နင်လုပ်တာ သိပ်ကောင်းတယ်။ နောက်ဆိုရင် လူတွေ ခေါ်ခဲ့ဦး။နင့်ဆုကြေးငွေ မလျော့စေရဘူး”
ကျွန်မကို ကိုစိမ်း ညာမပြောပါဘူး။ သူ့သူငယ်ချင်းက သူ့ကိုငွေတစ်ထပ်ကြီး ထုတ်ပေးလိုက် တယ်။ ကိုစိမ်းက ကျွန်မကို (၃၀၀၀)လှမ်းပေးတယ်။ အခန်းအပြင်မှာ ကိုစိမ်းနဲ့ကျွန်မ စောင့်နေတယ်။ ကျွန်မစိတ်ထဲမှာ တော့ လူတွေ ကို ဘယ်လိုဇာတ်လမ်းဆင်ပြီး လိမ်ညာရမလဲဆိုတာကို ကြံစည်တွေးတောနေမိတယ်။ စုစုကိုစော်ကားပြီး အခန်းထဲကကိုစိမ်းသူငယ်ချင်းထွက်လာတော့ ကျွန်မ အတော် လေးကျေနပ်သွားတယ်။လူတွေ ကိုလိမ်ရတာ သိပ်ခက်ခဲတဲ့အလုပ်တစ်ခု မဟုတ်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်မက ကလေးဆိုး တစ်ယောက် ဖြစ်နေလို့ပါပဲ။
ကျွန်မတို့ရှေ့မှာ မေ အေးစက်စက်ထိုင်နေပြီး လေ့လာရေး ခရီးမှာ သူတို့ ဘယ်သွားခဲ့တယ်ဆိုတာကို ပြောပြနေတယ်။ သူ့အတန်းပိုင်ဆရာမ က သူပြောသမျှကို ယုံကြည်ပေမယ့် သူ့စကားအသွားအလာ ကြားမှာ သဲလွန်စတချို့ကို ကျွန်မတွေ့ တယ်။ စကားနှိုက်မေးမှ လေ့လာရေး ခရီးစဉ်အကြောင်း သူ ဇာတ်လမ်းဆင်ပြောနေတယ်ဆိုတာ သိရတယ်။
“ဘာ ဖြစ်လို့ ဆရာမ ကို လိမ်ရတာ လဲ။ သမီးအတွက် နေ့လယ်စာအခမဲ့လျှောက်ပေးရ၊ ထောက်ပံ့ကြေးပေးရနဲ့ ဘာ ဖြစ်လို့ ဆရာမ ကို လိမ်ရက်တာလဲ”
အတန်းပိုင်ဆရာမ က ဒေါနဲ့မောနဲ့ပြောပြီး ထွက်သွားတယ်။ မေရဲ့ ပုံစံက အေးတိအေးစက်နဲ့ ပါးစပ်စွန်းလေးကွေးရုံ ပြုံးတယ်။ အဲဒီ့ အပြုံးထဲမှာ အားရမှု နဲ့ ကြေကွဲမှု တွေ ပါနေတယ်။ ကြမ်းပြင်ကို သူ စိုက်ကြည့်နေတယ်။ငယ်ရွယ်နုပျိုတဲ့ သူ့မျက်နှာပေါ်မှာ ပြောမပြတတ်တဲ့ ခံစားမှု တွေ ထင်ဟပ်နေတယ်။ ကြုံတွေ့ ခဲ့တဲ့ နာကျင်ဝမ်းနည်းမှု တွေ ကို သူသိုဝှက်ပြီး လူတွေ ရှေ့မှာ ဘာမှမ ဖြစ်သလို ဟန်ဆောင်နေမှန်း ကျွန်မ သိတယ်။ လူတွေ ရဲ့ သနားကြင်နာစိတ်ကို သူ ပယ်ဖျက်နေတယ်။ သူ့အလိမ်အညာကို ကျွန်မ ဖောက်ထွင်းမြင်ခဲ့တာတောင် သူက ဘာမှဂရုမစိုက်တဲ့ပုံစံနဲ့။ ဒီကိစ္စက ဥပဒေနဲ့မကင်းဘူးဆိုတာတောင် ကြောက်ရွံ့မှု ကို စိတ်ထဲမှာ ပဲ သူ ဖုံးဖိထားတယ်။စိတ်ထဲက နာကျင်၊ ပျော်ရွှင်မှု တွေ သူတစ်ခုမှ ထုတ်ပြခဲ့ဖူးပုံ မရဘူး။
သူ့ကို ကျွန်မ စိုက်ကြည့်ပြီး သူ့ရင်ထဲကခံစားချက်တွေ ဖွင့်အန်လာအောင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ ရုံးခန်းထဲမှာ ရှိတဲ့ ပန်ကာမြည် သံကကျွန်မခေါင်းထဲက မေးခွန်းတွေ နဲ့ ရောထွေးလို့နေတယ်။ ကစားကွင်းကဘောလုံးကစားနေတဲ့ကျောင်းသားတချို့ရဲ့ ရယ်သံကို ကျွန်မ ကြားလိုက်တယ်။ ကျောင်းအပြင်လမ်းမပေါ် ကြော်ငြာကားဆီက လွင်လာတဲ့အသံကိုကျွန်မ ကြားလိုက်တယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲက အသံကို ကျွန်မ ပြန်မကြားမိဘူး။ ကျောင်းသားတွေ ကို အမြဲပုံပြော ဆုံးမခဲ့တဲ့ကျွန်မ အခုတော့စကားလုံးတွေ ပျောက်နေတယ်။ မေ့ရဲ့ အတွေ့ အကြုံက အမြဲအ ဆင်ပြေချောမွေ့ခဲ့တဲ့ ကျွန်မအတွက် ဘယ်လိုမှ မဖြေရှင်းတတ်ခဲ့ဘူး။ နောက်ပြီးမေ့အသက်က အခုမှ ၁၅ နှစ် ပဲရှိသေးတယ်။
ဖြေရှင်းဖို့ ကျွန်မ တွေ ဝေနေချိန် မေက လက်နှစ် ဖက်ကို ဒူးပေါ်တင်ပြီး ပွတ်သပ်နေတာကို တွေ့ လိုက်တယ်။ တကယ်တော့ သူလည်းမသိစိတ်က ကြောက်ရွံ့ထိတ်လန့်နေမှန်း သိသာနေတယ်။ သူ့ ကို စကားလုံးတွေ နဲ့ ဖြေရှင်းစရာမလိုဘူးဆိုတာ ရုတ်တရက် ကျွန်မ နားလည်လိုက်တယ်။သူ့ဘေးမှာ ကျွန်မ ကပ်ထိုင်ပြီး သူ့လက်နှစ် ဖက်ကို ဆုပ်ကိုင်လိုက်တယ်။လက်ကို သူ ဆက်မပွတ်တော့ပေမယ့် ခေါင်းမော့မလာဘူး။ တအောင့်နေတော့ သူ့ပါးပေါ်ကမျက်ရည်တွေ ကျွန်မ လက်ဖမိုးပေါ် စီးကျလာတယ်။အံကြိတ်ပြီး ငိုသံမထွက်အောင် သူ ကြိုးစားပေမယ့် လည်ပင်းမှာ တစ်ဆို့နေတဲ့ရှိုက်သံနဲ့ တုန်လှုပ်နေတဲ့ပခုံးကို ကျွန်မ တွေ့ လိုက်တယ်။ နာကျင်စိတ်မကောင်းစွာ နဲ့ သူ့ ကို ကျွန်မ ပွေ့ထားချင်ပေမယ့် သူ အပွေ့ခံမှာ မဟုတ်မှန်း ကျွန်မ သိတယ်။ အိတ်ကပ်ထဲက တစ်ရှူးကိုထုတ်ပြီး သူ့ကို ကျွန်မလှမ်းပေးလိုက် တယ်။
အဲဒီ့ နေ့က သူ့ ဘေးမှာ တစ်မနက်လုံး ကျွန်မ ရှိနေခဲ့တယ်။“ဘာကြောင့် ”ဆိုတဲ့အမေးကို ကျွန်မ တစ်ခွန်းမှ မမေးဘဲ အဖြေအားလုံးသူဖြေသွားတယ်။ စိတ်လွတ်လပ်စွာ နဲ့သူ ဖြေခဲ့တယ်။ သူ မျက်ရည် တစ်စက်မှ မထွက်တော့ပေမယ့် ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေ ပြည့်နေခဲ့တယ်။နောက်ဆုံးကျန်တဲ့တစ်ရှူးတစ်ရွက်ကို ထုတ်ပြီး ကျွန်မကို သူ ကမ်းပေးတယ်။ ပြီးတော့ . . .
“ဆရာမ မငိုပါနဲ့။ ကျွန်မက ကလေးဆိုးပါ။ ကျွန်မအတွက် ဆရာမ မျက်ရည်ကျတာ မတန်ပါဘူး”
ကျွန်မ ဆက်မအောင့်နိုင်တော့ပါဘူး။ သူ့ကို ကျွန်မ တင်းတင်းလေး ပွေ့ဖက်ထားလိုက်မိတယ်။
“မဟုတ်ဘူး။ သမီး ကလေးဆိုး မဟုတ်ဘူး”
(3)
နောက်တစ်ခေါက် ထပ်ဆိုပေးပါ
“နင့်အဖေ အရက်မူးပြီးရန် ဖြစ်လို့ ဓားထိုးခံရတယ်တဲ့၊ဆေးရုံအမြန်လိုက်သွားတော့....”
“ထ . . . ထစမ်း။ အစားမှာ သွက်သလောက် အလုပ်မှာ ပျင်းတယ်။နင့်ကိုကျွေးထားတာ ဘာလုပ်ဖို့လဲ”
နံနက်ငါးနာရီတိတိမှာ အစ်မ၀မ်းကွဲရဲ့ ခပ်စူးစူးအသံက လွှတစ်စင်းလို ကျွန်မရဲ့ အိပ်မက်လှလှကို တိခနဲဖြတ်လိုက်တယ်။ အိပ်ရာပေါ်က ကျွန်မ ချက်ချင်း မထရင် သူ့ခြေထောက်တွေ က ကျွန်မဆီ ရောက်လာတော့မယ်။ဒါမှမဟုတ် လက်ဖ၀ါးတစ်ချက် လွင့်လာတော့မယ်။ ဒါတွေ ကို ကျွန်မ မဆန့်ကျင်ရဲဘူး။ ဆန့်ကျင်လေ ကျွန်မ ပိုအရိုက်ခံရလေမို့ အာခံရဲတဲ့သတ်္တိ ကျွန်မ မှာ မရှိဘူး။ အစ်မက ယောက်ျား တစ်ယောက် လို သန်မာတုတ်ခိုင်တာမို့ကျွန်မ ပိုရှောင်တယ်။ တစ်ခါက လူတွေ နဲ့ ရန် ဖြစ်တော့ တုတ်ဆွဲပြီးရိုက်တဲ့သူ့ ကို လူတွေ ဒူးထောက်ပြီး တောင်းပန်ရတယ်လို့ ကျွန်မ ကြားဖူးခဲ့တယ်။
အစ်မက မွေးရာပါကြမ်းတမ်းသူ ဖြစ်တယ်။ ပြဿနာအမျိုးမျိုးရှာတတ်တယ်။ အလယ်တန်းပြီးလို့ သင်တန်းကျောင်းတစ်ခု အတက်မှာ ကျောင်းထုတ်ခံခဲ့ရသူ ဖြစ်တယ်။ ဒါပေမဲ့အလုပ်ပင်ပင်ပန်းပန်း လုပ်နိုင်သူမို့အမေနဲ့နံနက်တိုင်း နံနက်စာထရောင်းခဲ့တယ်။ အလုပ်အဆင်ပြေပြီး လက်လွှဲနိုင်တဲ့အဆင့်ရောက်တော့ သူ့ အဖေ (ကျွန်မဦးကြီး)က ကျောင်းပတ်ဝန်းကျင်မှာ နံနက်စာဆိုင်တစ်ဆိုင် ဖွင့်ပေးလိုက် တယ်။ ဆိုင်ကို သူပဲဦးစီးခဲ့တယ်။ဦးကြီးတို့တစ်အိမ်လုံးက သူ့ လုပ်စာကိုပဲထိုင်စားကြလို့ အိမ်မှာ နေတဲ့သူ့ ရာထူးက အလိုလိုမြင့်တက်သွားတယ်။ ကျွန်မအပါအ၀င် အားလုံး သူ့စကားကို နာခံရတယ်။
တကယ်လည်း သူ့ ကို ပြန်ပြီးအာခံရဲတဲ့အရည်အချင်း ကျွန်မမှာ မရှိပါဘူး။ ကျွန်မ ငယ်ငယ်လေးကတည်းက ဦးကြီးတို့အိမ် ရောက်လာခဲ့တယ်။ ကျွန်မ ကြီးပြင်းတဲ့အထိ သူတို့ ကျွေးမွေးခဲ့တယ်။ ကျွန်မ ဘာများ ပြောနိုင်ဦးမလဲ။ မှတ်မိပါသေးတယ်၊ အဲဒီ့ တုန်းက ကျွန်မ အပျိုဘော်ဝင်စပထမဆုံးအကြိမ် ဓမ္မတာလာတာမို့ မလှုပ်ချင်လောက်အောင် ကျွန်မတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။ စိတ်အလိုမကျ ဖြစ်နေချိန်မို့ ကျွန်မကို အိပ်ရာထဖို့ သူခေါ်တော့ “ရှုပ်လိုက်တာ”လို့ ကျွန်မ ပြန်အော်လိုက်မိတယ်။ အဲဒီ့ အတွက်ကျွန်မ ခုတင်ပေါ်က အဓမ္မဆွဲချခံရပြီး အကန်ခံခဲ့ရတယ်။ အဘွား ၀င်တားပေမယ့် သူ့ကန်ချက်တွေ ရပ်မသွားဘူး။ အကန်ခံရလို့ ဖူးယောင်ညိုမဲနေတဲ့ကျွန်မကိုယ်ပေါ်က ဒဏ်ရာတွေ ကို ကြည့်ပြီးအဘွားက ငိုတယ်။
“သူများ အိမ်မှာ နေရင် သည်းခံရမယ်။ အိပ်ရာထဖို့ခေါ်ရင် မြန်မြန်ထပေးလိုက် ။ ဒါမှ အရိုက်လွတ်မှာ ။ သူများ ကျွေးတာကို စားနေတာပဲနံနက်စာကူရောင်းတာ ရောင်းသင့်ပါတယ်”
ဒဏ်ရာတွေ ကို အဘွားက ဆေးလိမ်းပေးရင်း ပြောတယ်။အရက်ပျံကြောင့် ဒဏ်ရာတွေ က တဆစ်ဆစ်နာကျင်တယ်ဆိုပေမယ့် ကျွန်မရင်ထဲကနာတာကို မမီပါဘူး။ ဘာ ဖြစ်လို့ ကျွန်မကို အမေ ပစ်ခဲ့တာလဲ။ကျွန်မ စဉ်းစားလို့မရဘူး။ အဘွားကိုမေးရင် အမေ့ကို နှစ် ပြားမတန်အောင်ကျိန်ဆဲတတ်တယ်။ အမေ့ကို မယားဝတ္တရား မကျေပွန်သူ၊ ခြံစည်းရိုးကျော်ခွသူ၊ ကျွန်မကို လသားအရွယ်မှာ ပစ်ခဲ့ပြီး သူများ နောက် လိုက်ပြေးသွားတယ်လို့ အဘွားက ပြောတယ်။ နောက်ပြီး စင်တင်တီးဝိုင်းနဲ့နယ်တကာလှည့် အမေ သီချင်းဆိုခဲ့တယ်။ ဗိုက်ပေါ်၊ ချက်ပေါ်အင်္ကျီတွေ ၀တ်ပြီး စင်ပေါ် အမေ တက်ကတယ်။ ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ၀မ်းနည်းတဲ့သီချင်းတွေ ကို အမေ ဆိုတယ်လို့ အဘွားက ပြောတယ်။ အမေ့အကြောင်းပြောရင်း အဘွား ပိုဒေါသထွက်လာရင် . . .
“သိက္ခာမဲ့လိုက်တာ။ မြင်သူတိုင်း နှာခေါင်းရှုံ့တယ်”လို့ အော်တတ်တယ်။
ဦးကြီးကလည်း အမေ့ကို အမြင်မကြည်လင်ဘူး။ အမေကကိုယ်ပျော်ဖို့ပဲသိပြီး သားသမီးအပေါ် မိဘတာဝန်မကျေဘူးလို့ ဦးကြီးကပြောတယ်။ ဒါပေမဲ့ ကျွန်မအဖေကို ဦးကြီး ပိုဒေါသထွက်တယ်။ ကျွန်မအဖေက ကမ္ဘာပေါ်မှာ အသုံးမကျဆုံးလူလို့ ဦးကြီးပြောတယ်။ အလုပ်လက်မဲ့နဲ့ မယားလည်းပြေးရော ကျွန်မကို အဘွားဆီအပ်ပြီး သူလည်းတာဝန်မယူဘဲထွက်ပြေးသွားတယ်လို့ ဆိုတယ်။ ဒီလိုပြောရင်း ဦးကြီးက သက်ပြင်းချရင်း . . .
“ဟင်း . . . ငါက သားအကြီး ဖြစ်နေတာကိုး။ အမေ့ကို ကျွေးမွေးရတဲ့အပြင် ညီရဲ့ သမီးကိုပါ ကျွေးထားရပြန်တယ်”လို့ ပြောတတ်တယ်။ ဦးကြီးဒီလိုပြောတိုင်း ကျွန်မ အနေရခက်ပြီး ပုန်းခိုရာနေရာ ရှာမရဘူး။ ဒီစကားကိုတစ်ခါတလေ အဘွားကြားသွားရင် ကျွန်မလက်ကိုဆွဲပြီး အိပ်ခန်းမှာ တိတ်တိတ်လေး သွားငိုတတ်တယ်။
အိမ်မှာ ကျွန်မကို နားလည်အပေးဆုံးသူက ဒေါ် ကြီး (ဦးကြီးရဲ့ မိန်းမ) ဖြစ်တယ်။ ဒေါ် ကြီးက ဦးကြီးခိုင်းစေတာ၊ ဆဲဆိုတာကို မညည်းမညူလုပ်ဆောင်ပေးတတ်တယ်။ ကားမောင်းသမားဦးကြီးက အမြဲတမ်း နယ်တကာလှည့်ပြီး ကားမောင်းနေရလို့ သူ့အဆူအဆဲဒဏ်ကို ဒေါ် ကြီး သိပ်မခံခဲ့ရဘူး။ ကျွန်မအမေအကြောင်းကို အဒေါ်က ၀မ်းပန်းတနည်း ပြောပြတတ်တယ်။ အမေ့ကို အပြစ်မတင်သင့်ကြောင်း၊ အဖေ့ကိုယူပြီးမှ အဖေက အလုပ်လက်မဲ့ ဖြစ်တဲ့အပြင် အရက်ကြိုက်တာကို သိခဲ့ရကြောင်း၊ အရက်မူးလာရင်ရန်ရှာ၊ ရိုက်နှက်တတ်ကြောင်း ပြောပြတယ်။
အမေက အိမ်ကို ရှာကျွေးရတဲ့အပြင် အဖေ့အရက်ဖိုးပါ ရှာပေးရကြောင်း၊ အရက်မူးပြီး အဖေ ရိုက်ချိုးဖျက်ဆီးတဲ့ ပစ္စည်းတွေ ကိုပါ လျော်ရကြောင်း၊ ဒါတွေ ကို သည်းမခံနိုင်ခဲ့လို့ အမေ ထွက်သွားကြောင်း၊ ဒေါ် ကြီးကပြောပြတယ်။
“သမီးရဲ့ မေမေက သိပ်လှတယ်။ အသံလည်း သိပ်ကောင်းတယ်။မာနမရှိဘူး။ ၀င်ငွေနည်းပြီး လင်ကိုပါ ရှာကျွေးရတော့ သိပ်ဒုက္ခရောက်တယ်။ သမီးအမေက ဒေါ် ကြီးထက် သတ်္တိရှိတယ်။ လင်ရော၊ သမီးပါပစ်ထားခဲ့ရဲတယ်”
ဒေါ် ကြီးပြောတဲ့ ကျွန်မမေမေက သတိ္တရှိတယ်။ လှတယ်။အဒေါ်ပြောတာကို ကျွန်မယုံတယ်။ ကျွန်မကို လွမ်းဆွတ်ပြီး တစ်နေ့မှာ အမေလာတွေ့ မယ်လို့လည်း စိတ်ထဲမှာ တွေးထင်နေခဲ့တယ်။ အဲဒီ့ အချိန်ကျရင်ဇာအင်္ကျီတွေ ၀တ်ပြီး အမေနဲ့အတူ ကျွန်မ သီချင်းလိုက်ဆိုမယ်။ အဲဒီ့ လိုအတွေးတွေ ကကျွန်မရဲ့ နေ့ရက်တွေ ကို မျှော်လင့်ချက်နဲ့ပြည့်စေတယ်။ဦးကြီး၊ အစ်မတို့ရဲ့  နှိပ်စက်ညှဉ်းပမ်းမှု ကို ပိုခံနိုင်ရည်ရှိခဲ့တယ်။
တကယ်တမ်းပြောရရင် သူတို့ကျွေးတာစား၊ သူတို့ပေးတာဝတ်တယ်ဆိုပေမယ့် ကျွန်မ သိပ်မကျေနပ်ဘူး။ ဟုတ်တယ်မဟုတ်လား။ကြည့်ဦးလေ . . . နံနက် အိမ်အလုပ်တွေ ကျွန်မ ကူလုပ်ရသလို ညရောက်တော့လည်း ကွမ်းတွေ ညှပ်ရသေးတယ်။ နေ့လယ်ကျောင်းဆင်းပြန်လည်း အိမ်အလုပ်ကူရသေးတယ်။ ကျွန်မ အလကားနေ၊ အလကားစားတဲ့သူမှမဟုတ်ခဲ့တာ။ အစ်မ ဒီဆိုင်ကို စဖွင်ကတည်းက နံနက်တိုင်း ကျွန်မ စောစောထခဲ့တယ်။ အလုပ်များ တဲ့အချိန် ကျွန်မကို ကျောင်းပေးမသွားလို့ ကျောင်းနောက်ကျရတာ လည်း အကြိမ်မနည်းတော့ဘူး။ ဆရာမ ပေးတဲ့အပြစ်ကိုခံရတာ လည်း ခဏခဏပါပဲ။ ကျွန်မအခြေအနေကို သိပြီးနောက်ပိုင်း ဆရာမ အပြစ်မပေးတော့ဘူးဆိုပေမယ့် အတန်းသားတွေ ရဲ့ မတူမတန်တဲ့အကြည့်ဒဏ်ကို ကျွန်မ ခံရတယ်။
ကျောင်းမှာ နေရတဲ့အချိန်က ကျွန်မရဲ့ အပျော်ဆုံးအချိန်တွေ ဖြစ်တယ်။ ကျောင်းစာမှာ မတော် ပေမယ့် ကျွန်မမှာ ကောင်းကွက်တစ်ခုတော့ရှိတယ်။ ဂီတဆရာမ က ပြောတယ်။ ကျွန်မအသံ သိပ်ကောင်းတယ်တဲ့။ဂီတအချိန်မှာ ဆရာမ က ကျွန်မကို သီချင်းဆိုခိုင်းရင် အတန်းသားအားလုံးငြိမ်ပြီး နားထောင်ကြတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် ကျွန်မကိုဆိုခိုင်းကြတယ်။သီချင်းဆိုနေတဲ့အ ချိန် ဒီလောကမှာ ကျွန်မ လူရာဝင်သေးပါလားလို့ခံစားမိတယ်။ သီချင်းဆိုနေရင် မေမေနဲ့ စိတ်နီးစပ်ခွင့် ပိုရတယ်လို့ ကျွန်မထင်တယ်။ မေမေ့သွေးတွေ ကျွန်မကိုယ်ထဲ စီးဝင်နေတယ်လို့ ခံစားမိတယ်။ကျွန်မကို လှတယ်လို့ လူတွေ က ပြောကြတယ်။ မေမေ့ကို ကျွန်မ မမြင်ဖူးခဲ့ပေမယ့် မေမေနဲ့တူလို့ ကျွန်မ လှတာ ဖြစ်မယ်။ ကျွန်မကို လူတွေ လှတယ်လို့ပြောရင် အစ်မက မနာလိုတော့ဘူး။
“အသား ဒီလောက်မည်းတူးနေတာ ဘယ်နေရာမှာ လှလို့လဲ”
အစ်မ ဘာ ဖြစ်လို့ ဒီစကားမျိုးပြောရသလဲလို့ အဘွားကို ကျွန်မမေးတော့ အဘွားက သူ မနာလိုလို့ လို့ ပြောတယ်။ ဒီလိုစကားကြားရင်ကျွန်မပျော်မိတယ်။ အစ်မက ကျွန်မလို မလှဘူး။ ရုပ်မချောတဲ့အပြင် ပုပြီးဝတယ်။ ပု၀၀ခန္ခာကိုယ်က သူ့ကိုယ်သူ အားငယ်စေတဲ့အရာ ဖြစ်တယ်။ကျွန်မကို အနိုင်ကျင့်တာကလည်း ကျွန်မ လှတာကို မနာလိုလို့ ဖြစ်တယ်။သူ့ခန္ဓာကိုယ်က တစ်နေ့တခြား ၀၀နေတယ်။ ဒါကလည်း ဘုရားသခင်ကသူ့ကို ပြစ်ဒဏ်ခတ်တာပဲ ဖြစ်မယ်။ ဒီလိုအတွေးမျိုးက ကျွန်မကို ပိုပျော်စေတယ်။ ကျွန်မက လူကောင်း၊ သူက လူဆိုး။ သူတော် ကောင်းကိုနတ်ကောင်းမတယ်ဆိုတာကို ကျွန်မ ယုံတယ်။
ကျွန်မကို လှတယ်လို့ပြောတဲ့လူတွေ များ သထက်များ လာတယ်။ကျွန်မကို ပိုးပန်းတဲ့လူတွေ များ လာတယ်။ အဲဒီ့ ထဲမှာ ကိုမျက်မှန်လည်းပါတယ်။ ကိုမျက်မှန်က ခပ်မိုက်မိုက်မျက်မှန်တစ်စုံကို တပ်ထားတယ်။အဲဒီ့ မျက်မှန်နဲ့ ခပ်ဆိုးဆိုးသူ့မျက်လုံးတွေ ကို ဖုံးကွယ်ထားတယ်။ သူ့ကိုလက်မခံဖို့ သူငယ်ချင်းတွေ က ကျွန်မကို ၀ိုင်းတားကြတယ်။ ကိုမျက်မှန်ကချမ်းသာတယ်။ ပွေရှုပ်တယ်။ ပြီးတော့ ကျွန်မထက် အသက်ရော၊ အတန်းပါကြီးတယ်။ ဒါတွေ ကို ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ သူက ချမ်းသာတော့ ကျွန်မကိုမကြာခဏ လက်ဆောင်ဝယ်ပေးတတ်တယ်။ သူနဲ့ကျွန်မ ဆက်သွယ်ဖို့ဖုန်းတစ်လုံးပါ ပေးထားတယ်။ ကျွန်မ ဒီအရွယ်ထိ ဘယ်သူ့ရဲ့ လက်ဆောင်မှမရခဲ့ဖူးဘူး။ အရင်တုန်းက သူငယ်ချင်းတွေ ကို ကျွန်မ အားကျခဲ့တယ်။ အခုသူတို့က ကျွန်မကို ပြန်ပြီးအားကျကြတယ်။ ချမ်းသာတာ ဘာအပြစ်ရှိလဲ။ သူရှုပ်ပွေတယ်လို့ပြောကြလည်း တခြားကောင်မလေးနဲ့ သူတွဲ တာ ကျွန်မမမြင်ဖူးဘူး။ မျက်စိနဲ့ တပ်အပ်မမြင်သရွေ့ လူတွေ ပြောတာကို ကျွန်မယုံမှာ မဟုတ်ဘူး။ အသက်အရွယ်ကွာတယ်ဆိုလည်း ကျွန်မထက်ငယ်တဲ့သူတွေ ကို ကျွန်မက အထင်မကြီးဘူး။ ငယ်ရုပ်တောင်မပျောက်တဲ့ သူတို့ကကိုမျက်မှန်နဲ့နှိုင်းကြည့်ရင် ရင့်ကျက်မှု တွေ က မိုးနဲ့မြေလို ကွာခြားကြတယ်။
ကိုမျက်မှန်နဲ့ အတူနေရင် ကျွန်မ ပျော်တယ်။ အတူနေချိန်တွေ မလောက်လို့ ကျွန်မ မကြာခဏ အိမ်ပြန်နောက်ကျတယ်။ အိမ်ပြန်နောက်ကျတိုင်း အစ်မရိုက်တာကို ကျွန်မ ခံရတယ်။ အဘွားဝင်တားလည်း အရာမရောက်ဘူး။ အဲဒီ့ ကစပြီး ကျွန်မ လိမ်တတ်လာတယ်။ ကျောင်းအချိန်ပိုရှိလို့၊ ကျောင်းစာတွေ မပြီးလို့၊ စတာတွေ နဲ့ အကြောင်းပြတယ်။ အိမ်မှာ စာကြည့်ချိန်မရှိခဲ့တဲ့ ကျွန်မအတွက် ဒီလိုအကြောင်းပြချက်တွေ က သူတို့ကိုယုံကြည်စေတယ်။ ဒါပေမဲ့ ခေါက်ရိုးကျိုးလိမ်နည်းတွေ နဲ့ ကျွန်မ ထပ်တလဲလဲလိမ်လို့မ ဖြစ်ဘူး။ သူတို့ကို ဘယ်လိုအကြောင်းပြချက်နဲ့ လိမ်ရမလဲလို့ ကျွန်မအကြံထုတ်နေချိန်မှာ ကျွန်မအဖေ ပြန်လာတော့မယ်ဆိုတဲ့ သတင်းကိုအဘွားက သယ်လာတယ်။
အဖေ့ကိုမှတ်မိတဲ့ ကျွန်မမှတ်ဉာဏ်တွေ က ၃ တန်းမှာ ကျန်ရစ်ခဲ့ပါပြီ။ အဖေ ဘယ်သွားမှန်း ဘယ်သူမှ ကျွန်မကို ပြောမပြခဲ့ဘူး။ အဘွားကအဖေ အဝေးမှာ စီးပွားသွားရှာတယ်လို့ပဲ မရေမရာဖြေတယ်။ ခုတော့ အဖေပြန်လာတော့မယ်တဲ့။ ပိုက်ဆံတွေ အများ ကြီးရှာခဲ့ပြီထင်တယ်။ ပြီးတော့ကျွန်မကို ဒီအိမ်ကနေ အပြီးခေါ်ထွက်သွားမယ်လို့ ကျွန်မ ထင်ခဲ့တယ်။
အဖေရောက်လာမယ့်ရက်ကို မျှော်ရတာ မောလွန်းလှတယ်။လင်းလက်လာတော့မယ့် အနာဂတ်တစ်ခုအတွက် ကျွန်မ သည်းခံပြီး စောင့်ခဲ့ပါတယ်။ ကိုမျက်မှန်လည်း ကျွန်မနဲ့အတူရှိနေတယ်။ နေ့တိုင်း ကျောင်းကြိုကျောင်းပို့နဲ့ကျွန်မနဲ့အတူသူ ပျော်ခဲ့တယ်။စောင့်နေတဲ့ရက်က ကျွန်မရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။ အဖေ ပြန်ရောက်ပြီတဲ့။ အဖေ့မှာ ဘာလက်ဆောင်မှ မပါခဲ့ဘူး။ဝမ်းပန်းတသာဆီးကြိုမှု တွေ မရှိဘူး။ ကားမောင်းပြီး အဖေ ပြန်လာတာမဟုတ်ဘူး။ လေလွင့်နေသူ တစ်ယောက် ကို လူတွေ အိမ်ပြန်ပို့သလိုမျိုးအဖေ့ပုံစံက ညှိုးနွမ်းနေတယ်။ ဒါပဲလား၊ ကျွန်မ ရက်အတော် ကြာ စောင့်နေခဲ့တဲ့အဖေဆိုတာ။
ဦးကြီးက အဖေ့ကို စကားမပြောဘဲ မကျေနပ်တဲ့မျက်လုံးနဲ့စောင်းငဲ့ကြည့်တယ်။ ဒေါ် ကြီးနဲ့အစ်မလည်း တူတူပါပဲ။ အဘွား တစ်ယောက် ပဲ အဖေ့ကို စကားပြောတယ်။ အဘွားက အဖေ့အတွက် ၀က်ခြေထောက်ခေါက်ဆွဲချက်ကျွေးပြီး ပါးစပ်က “မကောင်းတာ မှန်သမျှ အကုန်ထွက်ပြီးကောင်းတာလာပါစေ”လို့ တတွတ်တွတ်ရွတ်နေခဲ့တယ်။ အဖေက တစ်ချိန်လုံး ခေါင်းကိုငုံ့ထားတယ်။ ကျွန်မကို ခေါက်ဆွဲတစ်ပွဲ အဘွား လှမ်းပေးတယ်။ကျွန်မ စားမ၀င်ပါဘူး။ ကျွန်မ ငိုနေမိတယ်။ (တိုင်ပေတရုတ်တွေ ရဲထုံးစံကထောင်ထွက်သူကို ၀က်ခြေထောက် ခေါက်ဆွဲချက်ကျွေးပါတယ်။ ကံနိမ့်တာ၊ ကံမကောင်းတာတွေ ပျောက်အောင်ပါတဲ့။ သူတို့ရဲ့ အ ယူပေါ့)
ပြန်လာပြီးနောက် အဖေ ဘယ်မှမသွား၊ ဘာမှမလုပ်ဘဲ ဦးကြီးအိမ်မှာ ပဲ ခိုကပ်နေတယ်။ ဦးကြီးရှာပေးတဲ့ အလုပ်ကိုလည်း သွားမလုပ်ဘူး။အတင်းအဓမ္မသွားခိုင်းရင်လည်း အလုပ်ဆီမရောက်ဘဲ အရက်ပဲသောက်ပြီးပြန်လာတတ်တယ်။ တစ်ခါက သူ့ ကို ဦးကြီး တုတ်နဲ့ရိုက်လိုက်တယ်။ဦးကြီးရိုက်ချက်ကို အဖေက လက်နှစ် ဖက်နဲ့ ကာကွယ်ရင်း ဒူးနှစ် ဖက်ကိုပွေ့ဖွ က်ပြီး ထောင့်တစ်နေရာမှာ ကျုံ့နေတယ်။ မရိုက်ဖို့ အဘွားက ငိုပြီးတောင်းပန်တယ်။ ကျွန်မ ဘာကိုမှ မကြည့်ချင်ဘူး။ အိပ်ခန်းထဲပြေးဝင်ပြီးငိုမိတယ်။
ည ၁၀ နာရီမှာ ကိုမျက်မှန်ကို ကျွန်မ ဖုန်းဆက်လိုက်တယ်။ အဲဒီ့ ညKTV မှာ မကျေနပ်တာတွေ ကို ကျွန်မ အော်ဟစ်ဖောက်ခွဲပစ်လိုက်တယ်။နံနက်မိုးလင်းခါနီး မှ အိမ်ကိုခိုးကြောင်ခိုးဝှက်နဲ့ ကျွန်မ ပြန်လာခဲ့တယ်။နောက်တစ်နေ့နံနက် ကျွန်မ အစောကြီးမထနိုင်လိုက်ဘူး။ ပိုဆိုးတာက ကိုမျက်မှန်ဝယ်ပေးတဲ့ ကျွန်မကိုယ်ပေါ်ကပစ္စည်းတွေ ဖွက်ထားဖို့မေ့သွားတယ်။ အစ်မသိတော့ အဖေ့ကိုယ်စား ကျွန်မကို ရိုက်နှက်ဆုံးမပြန်တယ်။ အိမ်ပေါ်ကနေ အိမ်အောက်ထပ်အထိ ကျွန်မကို ရိုက်တယ်။အိမ်နီးချင်းတွေ က အရိုက်ခံရတဲ့ကျွန်မကို ၀င်မဆွဲတဲ့အပြင် . . .
“သူ့ကို ကောင်းကောင်းမထိန်းရင် သူ့အမေလိုပဲ လာမှာ ။ အခုတောင် ကြည့်စမ်း ဒီအရွယ်နဲ့ အပြင်ထွက်ချိန်းတတ်နေပြီ။ ကြီးလာရင်ပိုဆိုးမယ်”လို့ မီးလောင်ရာ လေပင့်ပေးကြတယ်။ ကားမောင်းရာက ပြန်လာတဲ့ ဦးကြီးကလည်း အစ်မကို မတားတဲ့အပြင် ကလေကချေဆိုပြီး ကျွန်မကိုဆဲတယ်။ ခေါင်းမော့ပြီး ဦးကြီးကို ကျွန်မ မျက်စောင်းနဲ့ကြည့်လိုက်တဲ့အချိန် တံခါးကြားကနေ ကျွန်မကို စိတ်မကောင်းစွာ ချောင်းကြည့်နေတဲ့အဖေ့ကို တွေ့ လိုက်တယ်။ ကျွန်မ မအောင့်နိုင်ဘဲ အသံထွက်အောင် အော်ငိုမိတယ်။
အဘွားက ကျွန်မကို ခွင့်နှစ် ရက်တိုင်ပေးပြီး အိမ်မှာ ပဲ အနားယူစေတယ်။ ဒဏ်ရာတွေ ကို ဆေးလိမ်းပေးရင်း အဘွား ငိုတယ်။ ဘာ ဖြစ်လို့ကျွန်မကို ကလေကချေလို့ ဦးကြီးပြောရသလဲလို့ အဘွားကို မေးတော့ကျွန်မမေမေက တောကလာတဲ့ တိုင်းရင်းသူ ဖြစ်ကြောင်း၊ မြို့သားဖေဖေနဲ့လက်ထပ်ခဲ့ကြောင်း၊ လက်ထပ်ပြီးခါမှ အဖေဟာ အသုံးမကျတဲ့ အရက်သမား ဖြစ်တယ်ဆိုတာကို သိကြောင်း ပြောပြတယ်။ အမေ့ရင်ထဲကနာကျင်မှု တွေ ကို ကျွန်မ ခံစားခဲ့ရတယ်။ ဒီအိမ်ကနေ ဘာကြောင့် အမေထွက်သွားသလဲဆိုတာကို ကျွန်မနားလည်လိုက်တယ်။ ကျွန်မလည်း အမေ့လိုပဲ ဒီအိမ်က ခွာမယ်။
အရိုက်ခံရတဲ့ဒဏ်ရာတွေ ဘယ်လောက်နာသလဲလို့ ကျွန်မကိုအဖေ မမေးရဲခဲ့ဘူး။ ဧည့်ခန်းထဲမှာ ပဲ ထိုင်ပြီး အဖေ ငေးငိုင်တယ်။ကျောင်းဂီတပွဲနီးလို့ ကျွန်မ အဆိုသွားကျင့်မယ်လို့ အဖေကြားအောင်အဘွားကို ကျွန်မ အသံမြှင့်ပြီးပြောလိုက်တယ်။ ပြီးတော့ လွယ်အိတ်လွယ်ပြီးကျွန်မ ထွက်လာခဲ့တယ်။ လွယ်အိတ်ထဲမှာ ကျောင်းစာအုပ်တွေ အစားအ၀တ်အစားတွေ ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မသိဘူး။
ကိုမျက်မှန်နေအိမ်ကို ကျွန်မ ရောက်သွားတယ်။ နေ့လယ်အိပ်၊ညလျှောက်လည်ဆိုပေမယ့် ကျွန်မ မပျော်ဘူး။ အဆိုပြိုင်ပွဲဆီကိုပဲ ကျွန်မစိတ်ရောက်နေလို့ သုံးရက်မြောက်နေ့မှာ ကျောင်းကို ကျွန်မ ပြန်ခဲ့တယ်။
ဆရာမ က အိမ်ကလူတွေ ကျောင်းမှာ လာရှာတဲ့အကြောင်း ကျွန်မကိုပြောတယ်။ အမျိုးတွေ ဆီ အလည်လွန်နေလို့လို့ ဆရာမ ကို ကျွန်မလိမ်ပြောလိုက်မိတယ်။ စာကြိုးစားဖို့၊ လိမ္မာဖို့ပြောတဲ့ ဆရာမ ရဲ့ အပြောကိုစိတ်မပါ့တပါ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
ညနေ အဆိုပြိုင်ပွဲမှာ ဆရာမ က ကျွန်မအတွက် မလွမ်းတတ်အောင် သင်ပေးပါ”ဆိုတဲ့ သီချင်းကို ရွေးထားပေးတယ်။ သီချင်းဆိုနေရင်းမေမေ့ကို ကျွန်မ သတိရမိတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာခဲ့တယ်။သီချင်းထဲစိတ်နစ်ပြီး ကျွန်မ ဆိုခဲ့တယ်။ သီချင်းအဆုံးမှာ ပရိသတ်ဆီကလက်ခုပ်သံတွေ ဟိန်းထွက်လာတယ်။ အဲဒီ့ ပွဲမှာ ကျွန်မ ပထမရခဲ့တယ်။ဒီအပျော်တွေ ကို ကိုမျက်မှန်နဲ့ဝေမျှဖို့ ကျွန်မ စိတ်ကူးနေတုန်းမှာ ကျောင်းပေါက်ဝမှာ ရပ်နေတဲ့ ဦးကြီးကို တွေ့ လိုက် တယ်။
အိမ်ရောက်တာနဲ့ တစ်အိမ်သားလုံး ကျွန်မကို စစ်မေးကြတယ်။သူတို့ဘာမေးမေး ကျွန်မ ခေါင်းခါတယ်။ ဒါကပဲ သူတို့ရဲ့ ဒေါသကို ဆွပေးလိုက်သလိုပါပဲ။ ကျွန်မကို အပြင်ထွက်ခွင့်မပေးဘဲ လှောင်ပိတ်ထားလိုက်ကြတယ်။ ကျွန်မ နည်းနည်း မှ မကြောက်ဘူး။
နံနက်မိုးလင်းခါနီး မှာ ဆူဆူညံညံအသံတချို့ကြောင့် ကျွန်မ လန့်နိုးလာတယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ ကျွန်မရှေ့မှာ ရပ်နေတဲ့ အစ်မကို တွေ့ လိုက်တယ်။ ကျွန်မ အထနောက်ကျပြီအထင်နဲ့ ကပျာကယာထပြီး အ၀တ်လဲနေတုန်း အစ်မက . . .
“နင့်အဖေ အရက်မူးပြီးရန် ဖြစ်လို့ ဓားထိုးခံရတယ်တဲ့။ ဆေးရုံအမြန်လိုက်သွားတော့”
အစ်မစကား ကျွန်မကို ဘာမှ လှုပ်လှုပ်ရှားရှား ဖြစ်မသွားစေခဲ့ဘူး။အစ်မက အဖေ့အကြောင်းကို တတွတ်တွတ်ရွတ်နေတယ်။ အဲဒီ့ အချိန်ကျမှဒီအိမ်က အဖေ ထွက်သွားတဲ့နှစ် တွေ မှာ အလုပ်သွားလုပ်တာမဟုတ်ဘဲအဖေ ထောင်ကျနေကြောင်းကို ကျွန်မသိလိုက်ရတယ်။ အရက်မူးပြီး လူသတ်ခဲ့မိလို့ ဖြစ်တယ်။
ခွဲစိတ်ပြီးနောက် အဖေ့ကို အရေး ပေါ်ခန်းမှာ ထားတယ်။ လူနာကြည့်ချိန်ကျမှ ကျွန်မတို့ ၀င်ကြည့်လို့ရမှာ မို့ ဦးကြီးက ကျွန်မကိုစောင့်ခိုင်းပြီးပြန်သွားခဲ့တယ်။ အခန်းရှေ့က ထိုင်ခုံရှည်ပေါ်မှာ ကျွန်မ ငေးငေးငိုင်ငိုင်ထိုင်နေခဲ့တယ်။ လူနာကြည့်ချိန်မှ အခန်းထဲ ကျွန်မ ၀င်ခဲ့တယ်။ အဖေ့မျက်လုံး ဖွင့်မနေဘူး။ တစ်ကိုယ်လုံးလည်း ပတ်တီးတွေ ပြည့်နေခဲ့တယ်။အနားနားကပ်ပြီး ကျွန်မ တိုးတိုးလေးခေါ်လိုက်မိတယ်။ ကျွန်မအသံကြားလို့ထင်တယ်။ သူ့မျက်လုံးတွေ တဖြည်းဖြည်း ပွင့်လာတယ်။ ကျွန်မကိုမြင်တော့မျက်လုံးက အရောင် တောက်လာခဲ့တယ်။ ပြီးတော့ လေသံနဲ့. . .
“အဆိုပြိုင်ပွဲကို အဖေ ရောက်သေးတယ်။ သမီးအသံက သမီးအမေအသံအတိုင်းပဲ ကောင်းတယ်။ ရုပ်လည်း ဆင်တယ်။ သမီး ဆုရလို့အဖေ ၀မ်းသာပြီး အရက်သွားသောက်မိတယ်။ နောက်ဆို အဖေ လုံးဝမသောက်တော့ဘူး သမီး။ အဖေ့ကို နောက်တစ်ခေါက် ထပ်ဆိုပြပါလား”
သူ့အတွက် သီချင်းတစ်ပုဒ်ဆိုပေးဖို့ အားယူပြီးတောင်းဆိုနေတဲ့အဖေ့စကားကိုကြားတော့ ကျွန်မ ငိုမိတယ်။ “မလွမ်းတတ်အောင် သင်ပေးပါ”ဆိုတဲ့သီချင်းကို ကျွန်မ တိုးတိုးလေး ဆိုလိုက်မိပြန်တယ်။ အဖေ့မျက်ရည်က ပါးပြင်နှစ် ဖက်ပေါ် စီးကျလာတယ်။ အဖေ့မျက်ရည်တွေ သုတ်ပေးရင်းကျွန်မမျက်ရည်တွေ ရပ်လို့မရခဲ့တော့ဘူး။
လီလီ ကျောင်းပြေးတယ်။ လီလီ အိမ်ပြေးတယ်ဆိုတဲ့သတင်းကျောင်းကို အဘွား သယ်လာတယ်။ လီလီ့ရဲ့ သနားစရာဘ၀အကြောင်းကိုလည်း အဘွားဆီကပဲကြားရတယ်။ စင်ပေါ်သီချင်းဆိုနေတဲ့ လီလီကအသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေခဲ့တယ်။ ကျောင်းစတိတ်စင်မှာ လီလီ့ရဲ့ ဆွဲဆောင်မှု ရှိတဲ့အသံကို ကျွန်မတို့ မကြာခဏကြားရတယ်။နားထောင်သူတွေ ကို ရင်လှိုက်သဲလှိုက် ဖြစ်အောင် သူ ဆိုနိုင်တယ်။ သူ့ဘ၀၊သူ့ခံစားချက်တွေ ကို သီချင်းထဲကနေ လီလီ ထုတ်ပြခဲ့တယ်။
သူ့အဖေ ဓားထိုးခံရတဲ့သတင်းကိုကြားလို့ ကျွန်မတို့ ဆေးရုံရောက်သွားတယ်။ လူနာအခန်းရှေ့မှာ ကိုယ်ကိုကျုံ့ပြီးအိပ်နေတဲ့ လီလီ့ကိုတွေ့ တယ်။ ကျောင်းကဆရာ၊ ဆရာမ တွေ ရောက်လာတော့ သူ တအံ့တသြထရပ်တယ်။ သူ့ကိုအားပေးကြတဲ့လူတွေ ကို ဘာမှပြန်မပြောဘဲ ခေါင်းပဲညိတ်နေတယ်။ အဆိုပြိုင်ပွဲကရတဲ့ဆုနဲ့ လက်ဆောင်ကို ကမ်းပေးမှ ခေါင်းမော့လာတယ်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ လက်နေတယ်။
အဲဒီ့ နောက်ပိုင်း လီလီ ကျောင်းကိုရောက်တယ်။ သူ့ကိုခေါ်ပြီးကျွန်မ ဆွေးနွေးခဲ့တယ်။ သူ့ကြောင့် ဦးကြီးက ကိုမျက်မှန်ကို စွဲချက်တင်ထားတဲ့အကြောင်း ကျွန်မ ပြောပြလိုက်တယ်။ လီလီ့ပုံစံက အေးတိအေးစက်ပါပဲ။ ပြီးမှ ရွံရှာတဲ့အသံနဲ့ ကိုမျက်မှန်ဆီ သူ ငွေတောင်းတယ်။တောင်းတဲ့ပမာဏကများ တော့ ဟိုက မပေးနိုင်လို့ စွဲချက်တင်တာ။ ငွေကသူ့အတွက် သိပ်အရေး ပါနေတယ်။
နွေရာသီပိတ်ရက်ပြည့်လို့ ကျောင်းပြန်ဖွင့်တော့ လီလီ ကျောင်းကိုရောက်မလာတော့ဘူး။ ကိုမျက်မှန်နဲ့ ယူလိုက်ပြီလို့ တချို့က ပြောကြတယ်။
တချို့က သူ စင်တင်မှာ လုပ်နေတယ်လို့ ပြောကြတယ်။ သူ့အိမ်ကလူတွေ ကထုံးစံအတိုင်း မသိဘူးလို့ပဲ ပြောကြတယ်။ “မလွမ်းတတ်အောင် သင်ပေးပါ”ဆိုတဲ့သီချင်းသံကိုကြားတိုင်း လီလီ့ကို ကျွန်မ သတိရနေမိတယ်။ လီလီဘယ်ရောက်နေမလဲ။
(4)
မေမေ
“ကျွန်တော့် လက်တွေ အားပျော့ကုန်တယ်၊ သူဌေးမက သိရက်နဲ့ကျွန်တော် ခိုးနိုင်အောင် တမင်ရှောင်ပေးခဲ့တယ် ...”
“နင့်မိဘတွေ နင့်ကို သိပ်ချစ်လို့ ဒီနာမည် ပေးထားတယ် ထင်တယ်ဟုတ်လား”
ကျွန်တော့်နာမည် “မောင်ဝမ်းသာ”ဆိုတာကိုကြားတိုင်း ဒီအမေးကိုမေးကြတဲ့လူပေါင်း ဘယ်နှစ် ယောက် ရှိမှန်း ကျွန်တော် မမှတ်မိတော့ဘူး။
“သမီးတွေ တစ်ပုံကြီးမွေး ပြီးမှ နင့်ကိုမွေးခဲ့လို့ ၀မ်းသာပြီးဒီနာမည် ကို ပေးခဲ့တာ ဖြစ်မယ်”
တချို့က သူတို့တွေးထင်သလို ပြောကြပြန်တယ်။
ဒီလို ခန့်မှန်းမေးမြန်းတာနဲ့ပတ်သက်ပြီး အစပိုင်းမှာ ကျွန်တော် ဒေါသထွက် ဆဲဆိုရိုက်ပုတ်တတ်ပေမယ့် ကြာတော့ ကျွန်တော် ဒေါသ မထွက်တော့ဘူး။ အဲဒီ့ ဒေါသတွေ က ကျွန်တော့် ရဲ့ နာကျင်တဲ့အပြုံးအ ဖြစ် ပြောင်းသွား ခဲ့တယ်။
သူတို့အမေးကို ကျွန်တော် ဘယ်လိုပြန်ဖြေရမလဲ။ နားလည်တတ်စ အရွယ်ကတည်းက အဘွားနဲ့ပဲ ကျွန်တော် ကြီးပြင်းရတယ်။ မေမေဆိုတာ ဘယ်လိုပုံစံမှန်း ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော့် ကို မေမေ ချစ်သလား။ဖေဖေ ကတော့ ကျွန်တော် နှစ် နှစ် သားအရွယ်ကတည်းက လောင်းကစားကြောင့် လူသတ်မှု ဖြစ်ပြီး ထောင်ကျသွားခဲ့တယ်။ ဒါတွေ က ဂြိုဟ်ကောင်ကျွန်တော့် ကြောင့် ဖြစ်ရတယ်လို့ အဘွားက အမြဲပြောတယ်။ ဒါကြောင့် ဖေဖေလည်း ကျွန်တော့် ကို ချစ်မှာ မဟုတ်ဘူး။ ဒါနဲ့များ ဘာလို့ ကျွန်တော့် နာမည် ကို မောင်ဝမ်းသာလို့ ပေးခဲ့ကြသလဲ။
တကယ်တော့ အိမ်ကလူတွေ ကျွန်တော့် နာမည် ကို မခေါ် ကြဘူး။ကျွန်တော် ပြောတဲ့ အိမ်ကလူတွေ ဆိုတာ အဘွားအပြင် အဖေတူ အမေကွဲကမွေးလာတဲ့ အစ်ကိုနှစ် ယောက် နဲ့ အစ်မ တစ်ယောက် ကို ပြောတာ ဖြစ်တယ်။အစ်ကို၊ အစ်မတွေ က ကျွန်တော့် မေမေကြောင့် ကျွန်တော့် ကို မုန်းကြတယ်။အဘွားကလည်း သားဆိုးစိတ်နဲ့ ကျွန်တော့် နာမည် ကို မေ့နေခဲ့တယ်။ အဘွားက သူ စိတ်ကောင်းဝင်တဲ့အချိန် ကျွန်တော့် ကို “ကောက်လာတဲ့ကောင်”လို့ခေါ်ပြီး ဒေါသထွက်ရင် “မျိုးမစစ်”လို့ ခေါ်တတ်တယ်။
ကျောင်းနေမှ ကျွန်တော့် နာမည် ကို ကျွန်တော် သိရတော့တယ်။“မောင်ဝမ်းသာ”လို့ ကျွန်တော့် နာမည် ကို ဆရာမ ခေါ်တော့ အတန်းထဲကလူတွေ အသံထွက်အော်ရယ်ကြတယ်။ ကျွန်တော့် ကို သူတို့ရယ်နေမှန်းကျွန်တော် မသိဘဲ ဘေးဘီကို လှည့်ကြည့်နေမိတယ်။ နောက်ကနေ အဘွားကျွန်တော့် ကိုတွန်းပြီး “ရှိ” လို့ထူးခိုင်းမှ “ကောက်လာတဲ့ကောင်” “မျိုးမစစ်”ဆို တာကျွန်တော် နာမည် တွေ မဟုတ်မှန်းကျွန်တော် သိခဲ့ရတယ်။ မောင်ဝမ်းသာဆိုတဲ့နာမည် က နားထောင်လို့မကောင်းပေမယ့် ကျွန်တော် တန်ဖိုးထားမိတယ်။
“အမေ့သား အပြင်မှာ မွေးတဲ့ကလေးဆိုတာ သူလား။ တော် တော် ကြီးပြီပဲနော်”
မိန်းမ၀ကြီး တစ်ယောက် အဘွားကိုမေးတော့ အဘွားက ပါးစပ်ကိုရွဲ့ ပြီး . . .
“အပြုစားခံလိုက်ရတာ ။ အမေ့သား ဘုမသိ ဘမသိနဲ့အဲဒီ့ စုန်းမရဲ့ အညှို့ကိုခံလိုက်ရတာ ။ ခုတော့ မယားလည်းဆုံး၊ သူက ထောင်ကျနဲ့ အမေ့လိုအဘွားကြီးကို ဆင်းရဲဒုက္ခပေးဖို့ ဒီဂြိုဟ်ကောင်ကို ထားခဲ့တယ်လေ”
ဒီလိုစကားတွေ က အဘွားဆီကနေ ကျွန်တော် ပထမဆုံးအကြိမ်ကြားရတာ မဟုတ်ပါဘူး။ ခါတိုင်းလည်း တခြားမောင်နှမတွေ ကို“ဒီစုန်းမရဲ့ သားက နင်တို့နဲ့ မတူဘူးနော်”လို့ ပြောတတ်တယ်။ တကယ်လည်းသူတို့နဲ့ကျွန်တော် မတူခဲ့ပါဘူး။ စားတာ မတူဘူး၊ လုပ်တာ မတူဘူး။ သူတို့ကကျွန်တော့် ထက် အစားကောင်းတွေ စားရပြီး ကျွန်တော့် လောက် အလုပ်မလုပ်ရဘူး။ ဒီလိုအခြေအနေက ကျွန်တော် ငါးတန်းနှစ် အရောက်မှာ ပိုသိသာလာခဲ့တယ်။ ကျောင်းဆင်းပြန်တိုင်း ကျွန်တော် ကွမ်းသီးသွားညှပ်ရတယ်။ ဒါမှမဟုတ် တခြားအလုပ်လုပ်ပြီး ၀င်ငွေရှာရတယ်။ ရလာတဲ့ငွေကကျွန်တော့် အတွက်မဟုတ်ဘဲအဘွားရဲ့ အိတ်ထဲဝင်ဖို့ ဖြစ်တယ်။
အဘွားက အသက်ခြောက်ဆယ်ဆိုပေမယ့် ဖဲရိုက်ဖို့၊ ထီထိုးဖို့စိတ်ထက်သန်တုန်း ဖြစ်တယ်။ လောင်းကစားကြောင့် အဘွားရဲ့ ဦးနှောက်ကတခြားလူထက်ကြည်ပြီး လူအိုတွေ ဖြစ်တတ်တဲ့ သူငယ်ပြန် ရောဂါ ၊ စိတ်ကယောင်ချောက်ချားတွေ မ ဖြစ်တတ်ဘူးလို့ တချို့က ပြောကြတယ်။ တကယ်လည်း အဘွားက ဖဲဝိုင်းရောက်ပြီဆိုရင် ဘယ်လိုခေါ်ခေါ် ထိုင်ရာက မရွှေ့တော့ဘူး။ မြေးတွေ ထမင်းစားရ၊ မစားရဆိုတာကိုလည်း ဂရုမစိုက်တော့ဘူး။ဒီလိုအခြေအနေမျိုးမှာ အစ်ကို၊ အစ်မတွေ က သူတို့ဦးလေး၊ အဒေါ်တွေ ဆီသွားစားကြပေမယ့် ကျွန်တော့် မှာ သွားစားဖို့နေရာ မရှိဘူး။ စားစရာမရှိလို့ဗိုက်အဆာကြီးဆာပြီး ကျွန်တော် မအောင့်နိုင်တဲ့အ ခါ ခိုးတဲ့နည်းနဲ့ ကျွန်တော် ဖြေရှင်းရတယ်။ ခိုးတာ တစ်ခါ၊ နှစ် ခါ အောင်မြင်လာတော့ အဲဒီ့ ခိုးတဲ့အလုပ်မှာ ကျွန်တော် ကျေနပ်ပျော်ဝင်လာတယ်။ ခိုးလာတဲ့ငွေတချို့ အဘွားကိုပေးပေမယ့် ဒီငွေ ဘယ်ကရတယ်ဆိုတာကို သူ တစ်ခါမှ မမေးခဲ့ဘူး။ အလုပ်ရှိလား၊ အဆင်ပြေလားလည်း မမေးပါဘူး။ ဒါကြောင့် ငွေပိုတချို့နဲ့ ကျွန်တော် ညဈေးလည်တယ်။ ဂိမ်းကစားတယ်။ စားချင်တာ ၀ယ်စားပစ်လိုက်တယ်။
စားရဖန်များ လေ ကျွန်တော့် အစာအိမ် ပိုကြီးလေနဲ့ ကျွန်တော် ရဲသထက်ရဲလာတယ်။ နည်းပညာ ပိုကျင်လည်လာတယ်။ တခြားလူပိုင်တဲ့ပစ္စည်းတွေ ကို ကျွန်တော့် လက်ထဲရောက်အောင် လုပ်တယ်။ ကစားလို့ဝမှကျွန်တော် ပြန်ထားပေးတယ်။ တစ်ခါတလေ ကျွန်တော့် ရဲ့ ပိရိတဲ့အစွမ်းအစကို ကျွန်တော့် ဘာသာ ချီးကျူးနေမိတယ်။ ဒါကြောင့် ကျွန်တော် ကြည့်မရတဲ့လူတွေ ရဲ့ အနှစသက် ဆုံးပစ္စည်းတွေ ကိုကျွန်တော် ရအောင်ခိုးတယ်။ဒါမှမဟုတ် တခြားလူရဲ့ စ္စည်းကို ယူပြီး သူတို့ခိုးသလိုနဲ့ ဖန်တီးပေးလိုက် တယ်။ ဒီလိုလူတွေ ကို ကလဲ့စားချေပြီး ကျွန်တော့် ရဲ့  စိတ်ထွက်ပေါက်ကိုရှာခဲ့တယ်။ တခြားလူ ထိခိုက်နာကျင်နေတာကိုကြည့်ပြီး ကျွန်တော် ပျော်ရွှင်ခဲ့တယ်။ ကျွန်တော် ပျော်ရွှင်တာက ဒီလောကမှာ ကျွန်တော် တစ်ယောက် တည်း ဆင်းရဲဒုက္ခခံစားနေတာ မဟုတ်ဘူးဆိုတာ သိရလို့ ဖြစ်တယ်။
ဒါကြောင့် တခြားလူရဲ့ ထိခိုက်နာကျင်ခြင်းနဲ့ ကျွန်တော့် အပျော်ကိုရှာခဲ့တယ်။ တခြားလူ နာကျင်နေမှ ဒီလောကကြီး မျှတတယ်ဆိုတာကိုကျွန်တော် ယုံကြည်တယ်။ တခြားလူ မျက်ရည်ထဲကျမှ ဒီလောကမှာ ငိုရတဲ့လူကျွန်တော် တစ်ယောက် တည်းရှိတာ မဟုတ်ဘူးဆိုတာကို ပိုသိလာတယ်။ဒီလိုမှမဟုတ်ရင် ကျွန်တော် ကြီးပြင်းလာတာနဲ့အမျှ နာကျင်ခြင်းတွေ က လိုက်ကြီးလာတော့မယ်။ အဲဒီ့ အချိန်ကျရင် ကျွန်တော် ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။
အသွားမတော် တစ်လှမ်း ဆိုသလို တစ်ခါက ကုန်စုံဆိုင်တစ်ဆိုင်ကို ခိုးနေတုန်း ကျွန်တော့် ကို မိသွားတယ်။ ကုန်စုံဆိုင်သူဌေးရဲ့ သားကဘေးကနေပြီး “ရိုက် . . . ရိုက် သူ့ကို ရိုက်။ ဒါမှမဟုတ် ရဲလက်ထဲအပ်လိုက်”လို့ ပြောတယ်။ သဘောကောင်းဖော်ရွေတဲ့ သူဌေးမက ကျွန်တော် တို့ရပ်ကွက်ထဲက ဖြစ်တယ်။ ရပ်ရွာအကျိုးသယ်ပိုးပြီးလူတွေ ကို ကူညီတတ်သူ ဖြစ်တယ်။ လူတိုင်းကို သိသူ၊ ခင်သူ ဖြစ်တယ်။ သူဌေးမက သားဘက်လှည့်ပြီး “သူ့မှာ အဖေအမေ မရှိဘူး။ သူ့အဘွားက တစ်နေကုန် ကစားဝိုင်းရောက်နေတော့ ဘာမှမစားရလို့ သူ ဒီလို ဖြစ်ရတာ ။ ဒါတောင် သားက သူ့ကိုရိုက်ရက်သလား”
အဲဒီ့ စကားကိုကြားတော့ ကျွန်တော့် ရင်ထဲက နာကျင်မှု တွေ လှုပ်နိုးထလာခဲ့တယ်။ ဟုတ်တယ်လေ။ ကျွန်တော့် မှာ အဖေအမေ မရှိဘူး။ အဘွားက ကျွန်တော့ကို “ကောက်လာတဲ့ကောင်” “မျိုးမစစ်”လို့ ခေါ်တယ်။ ဒါကိုလူတိုင်းသိတယ်။ လူတိုင်းရဲ့ အသိထဲမှာ ကျွန်တော် အဲဒီ့ လို ဖြစ်နေတယ်။ဒီလိုတွေးမိရင်း ကျွန်တော့် မျက်ရည်တွေ စီးကျလာတယ်။
“သနားလိုက်တာ။ မငိုနဲ့၊ လာ . . . အဒေါ်တို့နဲ့ထမင်းအတူလာစား”စိတ်ရင်းကောင်းတဲ့ သူဌေးမကြောင့် မျက်ရည်က ကျွန်တော့် ရဲ့ အကောင်းဆုံးလက်နက်ဆိုတာကို ကျွန်တော် နားလည်တယ်။ ကျွန်တော့် နောက်ကြောင်းတွေ က ကျွန်တော့် ကို အကာအကွယ်ပေးထားတယ်။ ဒါတွေ ကို ကောင်းကောင်းအသုံးချရင် လူတွေ ရဲ့  ကိုယ်ချင်းစာသနားတာကိုကျွန်တော် ပြန်ရမယ်။ ဒါမှ ခိုးတာမိတဲ့အခါ ကျွန်တော် အလွတ်ရုန်းလို့ ရနိုင်မယ်။
ဒီသဘောတရားကို နားလည်ပြီးနောက် ကျွန်တော် စိတ်ချချနဲ့ပိုခိုးခဲ့တယ်။ ရှက်ရကောင်းမှန်းလည်း မသိဘူး။ ကျွန်တော့် ကို ဒီလို ဖြစ်အောင်လုပ်တဲ့လောကကြီးက ပိုရှက်ဖို့ကောင်းပါတယ် မဟုတ်လား။သူဌေးမရဲ့ ကုန်စုံဆိုင်ကို ကျွန်တော် စ,ခိုးတော့တယ်။ အလစ်သုတ်တယ်။ တစ်ခါတလေ သူဌေးမ အိမ်သာတက်တဲ့အချိန်အံဆွဲထဲကပိုက်ဆံကို နှိုက်တယ်။ သူဌေးမက သိပ်ပါးနပ်ပုံ မရဘူး။ ကျွန်တော် သုံးလေးခါခိုးတာတောင် သူ ရိပ်မိပုံမပေါ်ဘူး။ ပါးနပ်တဲ့သူ့ ယောက်ျားသူဌေး အလုပ်ကပြန်လာပြီး ဆိုင်စောင့်တဲ့အ ချိန်ဆိုရင် ကျွန်တော် သွားမခိုးဘူး။ သူဌေးမ ရှိတတ်တဲ့အချိန်ပဲရွေး ခိုးခဲ့လို့ ကျွန်တော် တော် တော် အဆင်ပြေတယ်။ ခိုးရတာ ကျေနပ်ခဲ့တယ်။ ဒါပေမယ့် သူဌေးသားကသူတို့အိမ်ကပစ္စည်းတွေ ကို ကျွန်တော် ခိုးတယ်လို့ သတင်းလွှင့်ခဲ့တယ်။ဒါကြောင့် ကျောင်းဆင်းတဲ့တစ်ရက် အိမ်ပြန်လမ်းမှာ စောင့်ပြီး သူ့ ကိုကောင်းကောင်းဆုံးမဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
လမ်းမှာ စောင့်နေတဲ့ ကျွန်တော့် ကိုတွေ့ တော့ သူ လန့်သွားတယ်။ယူလာတဲ့တုတ်နဲ့သူ့ ခေါင်းကိုရိုက်လိုက်တော့ လက်ကာရင်း သူ ရှင်းပြတယ်။
“ငါ မလိမ္ဘူး။ ငါ့အမေက နင့်ကိုသနားလို့ ဆိုင်ကပစ္စည်းတွေ ၊အံဆွဲထဲကပိုက်ဆံတွေ နင်ခိုးတာကို သူ ဘာမှမပြောခဲ့ဘူး။ နင့်ကိုပေးရင် နင်ယူမှာ မဟုတ်လို့ နင်စားဖို့ ခိုးပါစေဆိုပြီး လွှတ်ပေးထားတာ”
ကျွန်တော့် လက်တွေ အားပျော့ကုန်တယ်။ သူဌေးမက သိရက်နဲ့ကျွန်တော် ခိုးနိုင်အောင် တမင်ရှောင်ပေးခဲ့တယ်။ ဒါကို သူ မပါးနပ်ဘူးလို့ကျွန်တော် ခပ်တုံးတုံးတွေး ခဲ့တယ်။ သူ့ သားကိုရိုက်ပြီး ထွက်ပေါက်ရှာခဲ့တယ်။
လက်ထဲကတုတ်ကို ကျွန်တော် လွှတ်ချလိုက်တယ်။ ဒီကနေ့ကိစ္စကို ဘယ်လိုဖြေရှင်းရမယ်မှန်း မသိခဲ့ဘူး။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း ကျွန်တော် ဟန်ပြင်ပြီးပြောလိုက်တယ်။
“ဘာပဲပြောပြော တခြားကျောင်းသားတွေ ကို နင့်အိမ်ကပစ္စည်းငါခိုးတယ်လို့ မပြောသင့်ဘူး။ နောက်တစ်ခါ နင် ထပ်မပြောနဲ့။သွား . . .ပြန်တော့”
နာကျင်တဲ့ဒဏ်ရာနဲ့ သူ ထွက်သွားတယ်။ ကျွန်တော် စိတ်ထိခိုက်ပြီး ချောင်းဘက်ကိုပြေးခဲ့မိတယ်။ ချောင်းဘေးကမြက်ခင်းပေါ် လှဲအိပ်ရင်းကျွန်တော် စိတ်ကူးယဉ်နေမိတယ်။ စိတ်ကူးထဲမှာ သူဌေးမက ကျွန်တော့် မေမေ ဖြစ်ပြီး စားစရာတွေ ပြင်ဆင်ရင်း ကျွန်တော့် အပြန်ကို စောင့်နေတယ်။သူသာ ကျွန်တော့် ရဲ့ တကယ့်မေမေဆိုရင် သိပ်ကောင်းမှာ ပဲ။ တွေးရင်းကျွန်တော် ရင်ထဲဆို့နင့်လာတယ်။
နောက်တစ်နေ့သားနဲ့အတူ သူဌေးမ ကျောင်းရောက်လာတယ်။
ဆရာမ နဲ့စကားပြောနေတဲ့သူဌေးမကိုတွေ့ တော့ ကျွန်တော် လန့်သွားမိတယ်။ ဒီတစ်ခါ ကျွန်တော် ပြေးလွတ်မယ်မထင်တော့ဘူး။ ဆရာမ ကကျွန်တော့် ကို ကောင်းကောင်းပညာပြတော့တယ်။ ရိုက်တဲ့အချိန်မနာဖို့ လက်နှစ် ဖက်ကို သွေးပူအောင် ကျွန်တော် ပွတ်သပ်နေမိတယ်။
“တပည့်တို့။ မောင်မင်းမင်း တစ်ယောက် အိမ်အပြန်လမ်းမှာ မတော် တဆ ချော်လဲဒဏ်ရာရခဲ့တယ်။ လက်အရိုး နည်းနည်း အက်သွားလို့တချို့ကိစ္စတွေ လုပ်ရ၊ ကိုင်ရ အဆင်မပြေ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် မောင်မင်းမင်းကိုကူညီဖို့ သူ့မေမေက မောင်ဝမ်းသာကို အကူအညီလာတောင်းတာ ဖြစ်တယ်”
ဆရာမ စကားကြောင့် ကျွန်တော် အံ့သြသွားသလို ရှက်ရွံ့မိတယ်။အဲဒီ့ နေ့ကစပြီး မင်းမင်းကို ဘယ်သူမှမထိမစနိုင်အောင် ကျွန်တော် အကာအကွယ်ပေးခဲ့တယ်။ ကျွန်တော် တို့က စရိုက်မတူသူတွေ ၊ ပြောစရာစကားမရှိသူတွေ ဆိုပေမယ့်သူနဲ့ကျွန်တော့် ရဲ့ ကြားမှာ ကြိုးခပ်ပါးပါးလေးတစ်ချောင်းတော့ ရှိလာတယ်။
သိပ်မကြာဘူး။ ဆရာမ က ကျွန်တော့် ကို နေ့စဉ်ဝင်ငွေရအောင်ကျောင်းအားချိန်မှာ အလုပ်လုပ်ဖို့ အကူအညီပေးခဲ့တယ်။ ကျွန်တော့် အလုပ်က ကျောင်းဆင်းတာနဲ့ ဆရာမ မိတ်ဆွေရဲ့ အလုပ်ရုံကိုသွားပြီးတံမြက်စည်းလှည်း သန့်ရှင်းရေး ကူလုပ်ပေးတာပဲ ဖြစ်တယ်။ အလုပ်ရုံဝန်ထမ်းတွေ က ကျွန်တော့် ကို လိမ္မာတယ်ဆိုပြီး ကျွန်တော့် အလုပ်ကို ၀ိုင်းကူကြတယ်။ ဒါကြောင့် အလုပ်မှာ ကျွန်တော် ပျော်တယ်။ လုပ်အားခရရင်သူတို့ကို ကျွန်တော် မုန့်ဝယ်ကျွေးဦးမယ်။
လခထုတ်တဲ့ရက် စာသင်ခန်းထဲမှာ ကျွန်တော် ဂနာမငြိမ်ဘူး။ကျောင်းဆင်းတာနဲ့ အလုပ်ရုံဘက် ကျွန်တော် တန်းသွားတယ်။ ကျွန်တော့် ကိုတွေ့ ပေမယ့် အလုပ်ရှင်က လခအကြောင်း တစ်ခွန်းမှမဟခဲ့ဘူး။ နောက်ဆုံး မအောင့်နိုင်လို့ ကျွန်တော် မေးတော့ “နင့်အဘွား လာထုတ်သွားပြီလေတဲ့။ကျွန်တော့် သွေးတွေ ဦးနှောက်ဆီ တဟုန်ထိုးရောက်သွားခဲ့တယ်။ အဘွားကိုငွေထုတ်ပေးလိုက် တဲ့အလုပ်ရှင်ကို မုန်းသွားမိတယ်။ တွေးလေစိတ်တိုလေနဲ့သန့်ရှင်းရေး သေချာမလုပ်တဲ့ ကျွန်တော့် ကို ထပ်ဆူတာကြောင့် ပိုဒေါသထွက်မိတယ်။ ဒါကြောင့် အလုပ်ဆင်းချိန် အလုပ်ရှင်မသိအောင် သူ့အိတ်ကိုကျွန်တော် လစ်လာခဲ့တယ်။ အိတ်ထဲကငွေတွေ ကိုယူပြီး အိတ်ကို လမ်းဘေးခြုံထဲပစ်ထည့်ပြီး အိမ်ပြန်လာခဲ့တယ်။
“မျိုးမစစ်ရဲ့ ၊ ရော့ . . . ဒီမှာ နင့်လခ။ ဟိုကုန်စုံဆိုင်ကမိန်းမကြီးတကယ် ပစိပစပ်များ တယ်။ နင့်လခကို ငါသွားထုတ်တယ်လည်းကြားရောအိမ်အထိလိုက်လာပြီး နင့်ကိုပြန်ပေးဖို့ပြောတယ်။ စိတ်ရှုပ်လိုက်တာ။ရော့ . . . ယူသွား”
အိမ်ရောက်တာနဲ့အဘွားက မကျေမနပ် ကျွန်တော့် လုပ်အားခငွေကို ပြန်ပေးတယ်။ ကျွန်တော့် စိတ်ထဲမှာ အမည် မသိ ဝေဒနာတစ်မျိုးကိုခံစားလိုက်ရတယ်။ ငွေတွေ ကို အဘွားပြန်ပေးမယ်ဆိုတာသိခဲ့ရင် အလုပ်ရှင်ရဲ့ ငွေတွေ ကို ကျွန်တော် မခိုးခဲ့ပါဘူး။ ခုတော့ လူတွေ မသိအောင် ငွေတွေ ကိုတိတ်တိတ်လေး ပြန်သွားထားရတော့မယ်။
ငွေတွေ ပြန်ထားဖို့ အလုပ်ရုံကို ကျွန်တော် ရောက်တဲ့အချိန်မီးတွေ လင်းနေသေးတယ်။ ပြတင်းပေါက်ကနေ အထဲကို ကျွန်တော် ချောင်းကြည့်တော့ အလုပ်ရှင်နဲ့ကုန်စုံဆိုင်သူဌေးမ စကားပြောနေတာကို တွေ့ လိုက်တယ်။ သူတို့ပြောနေတဲ့စကားကို နားထောင်ပြီး ကျွန်တော့် ကို ဒီအလုပ်ရအောင် သူဌေးမကူညီခဲ့တယ်ဆိုတာ သိလိုက်တယ်။ ဒါကို ကျွန်တော် မသိအောင် ဆရာမ ကူညီသလိုနဲ့တစ်ဖက်လှည့်ခဲ့တယ်။
“သူ့ကို ကျွန်မသားလေးလို သဘောထားခဲ့ပါတယ်။ ပျောက်သွားတဲ့ငွေတွေ ကို ကျွန်မ အလျော်ပေးပါ့မယ်။ အလုပ်လုပ်ဖို့ သူ့ ကို အခွင့်အရေး တစ်ခါလောက်ထပ်ပေးပါရှင်”
ကျွန်တော့် ကို အခွင့်အရေး ပေးဖို့ အလုပ်ရှင် ခေါင်းညိတ်လိုက်တယ်။ ငွေတွေ လျော်ပေးပြီး ထွက်သွားတဲ့ သူဌေးမနောက် ကျွန်တော် တိတ်တိတ်လေးလိုက်ခဲ့တယ်။ ခြိုးခြိုးချွတ်ချွတ်ခြေသံကြားလို့ သူဌေးမကနောက်လှည့်ကြည့်တယ်။ ငွေတွေ ကို ကျွန်တော် ကမ်းပေးတော့ သူ ခေါင်းခါပြတယ်။ ပြီးတော့ ကျွန်တော့် လက်ကိုဆွဲပြီး . . .
“လာ . . . အဒေါ်တို့ ငွေတွေ ကို အလုပ်ရှင်ဆီ သွားပြန်ပေးမယ်”လို့ပြောတယ်။
ကျွန်တော် ငြင်းဆန်ပေမယ့် လုပ်ရဲရင်ခံရဲဖို့ သူ ပြောပြတယ်။
နွေး ထွေး ပျော့ပျောင်းတဲ့သူ့ လက်နဲ့ကျွန်တော့် လက်ကို ဆုပ်ကိုင်ထား တယ်။ဒါဟာ မိခင်တို့ရဲ့ လက် ဖြစ်တယ်။ ကျွန်တော့် မေမေရဲ့ လက်လည်း ဒီလိုပဲလား။ကျွန်တော့် ကို ဘာကြောင့် သူ စွန့်ပစ်ရက်ခဲ့တာလဲ။ မေမေ နောက်အိမ်ထောင်ပြုပြီး သားသမီးတွေ ရနေလောက်ပြီ။ ကျွန်တော့် ကို သူ သတိရတတ်မလား။ကျွန်တော့် ကို “မျိုးမစစ်”လို့ခေါ်တာသိရင် သူ ခံနိုင်ပါ့မလား။
မေမေ့ကို ကျွန်တော် တွေ့ ချင်လိုက်တာ။ မေမေ့ကို ကျွန်တော် ပွေ့ဖက်ချင်လိုက်တာ။ “မေမေ”လို့ တစ်ခွန်းခေါ်ချင်လိုက်တာ။ ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့စီးကျလာခဲ့တယ်။
ကျွန်တော့် ရှိုက်သံကို ကြားသွားလို့ထင်ရဲ့ ။ သူဌေးမ ခြေစုံရပ်လိုက်တယ်။ အလုပ်ရှင်နဲ့ရင်ဆိုင်ဖို့ ကျွန်တော် ကြောက်နေတယ်လို့ သူထင်ခဲ့ပုံရတယ်။ ကျွန်တော့် ကို မကြောက်ဖို့ သူ အားပေးပေမယ့် ကျွန်တော် ခေါင်းခါလိုက်တယ်။
“သား . . . ဘာ ဖြစ်လို့ငိုတာလဲ။ သား သေချာပြောမှ အဒေါ်သိနိုင်မယ်လေ။ သေချာမပြောရင် အဒေါ် ဘယ်ကူညီနိုင်မလဲ။
စီးကျလာတဲ့မျက်ရည်ကို သုတ်ပေးရင်း သူဌေးမက မေးတယ်။နူးညံ့ညင်သာတဲ့ သူ့အပြုအမူတွေ က ကျွန်တော့် ကို ပိုငိုမိအောင် စွမ်းဆောင်နေခဲ့တယ်။ ဒီလို ပြုမူဆက်ဆံအားပေးမယ့်မေမေမျိုး ကျွန်တော် မျှော်လင့်နေခဲ့တာ နှစ် ပေါင်းအတော် ကြာခဲ့ပါပြီ။ ခံစားခဲ့ရတာ လည်း နှစ် ပေါင်းမနည်းတော့ဘူး။ အခုအချိန်မျိုးမှာ ခံစားချက်တွေ ကို ကျွန်တော် ဆက်မအောင့်နိုင်တော့ဘူး။ အားကုန်ငိုပြီး ကျွန်တော် အော်လိုက်မိတယ်။
“ မေမေ မေမေရယ်”
“မေမေ”နောက်ဆက်တွဲ
မောင်ဝမ်းသာလုပ်တဲ့ အမှားတွေ ကြောင့် ကျွန်မတို့ဆရာမ တွေ အတော် ဦးနှောက်ခြောက်ခဲ့ရတယ်။ တခြားကလေးတွေ လို အမှားလုပ်တတ်တယ်ဆိုပေမယ့် တခြားကလေးတွေ ထက် သနားစရာကောင်းအောင် သူဟန်ဆောင်တတ်တယ်။ ဆရာမ တွေ ဆီက ကိုယ်ချင်းစာ၊ ကြင်နာမှု တွေ ရအောင် သူယူတယ်။ ပြီးရင် အမှားကို သူ ထပ်လုပ်တယ်။ နောက်ပိုင်း သူ့အမှားတွေ လူမသိအောင် ဘယ်လိုရှောင်ရမယ်ဆိုတာကို သူ နားလည်လာတယ်။ ဘယ်လိုမိသားစုကများ ဒီလိုသားသမီးမျိုး မွေးထုတ်ခဲ့သလဲလို့ကျွန်မ အမြဲတွေးကြည့်မိတယ်။
တစ်ခါက ကုန်စုံဆိုင်သူဌေးမနဲ့စကားစပ်မိမှ မောင်ဝမ်းသာရဲ့ နောက်ကြောင်းကိုသိခဲ့ရတယ်။ သူ ကြုံကြိုက်ခံစားတာကို သိခဲ့ရတယ်။နောက်ပိုင်း သူ့ပြဿနာတွေ ဖြေရှင်းတဲ့အခါ ကိုယ်ချင်းစာတရားကိုရှေ့တန်းတင်ပြီး ကျွန်မတို့ ဖြေရှင်းခဲ့တယ်။ ဒါကို မောင်ဝမ်းသာ ၀မ်းမသာတဲ့အပြင် သူလေးစားတဲ့လူတွေ ကို ဝေးဝေးရှောင်ခဲ့တယ်။ ဒါကလည်း သူ့ ကိုယ်သူလေးစားဖို့ အကာအကွယ်ပေးထားတဲ့ စည်းတစ်ခုလို့ ကျွန်မထင်မိတယ်။ လူတွေ ရဲ့ ချစ်ခြင်းမေတ္တာကို သူ လိုချင်ပေမယ့် လူတွေ ရဲ့ သ နားမှု ကို သူ မလိုချင်ဘူး။ ချစ်ခြင်းမေတ္တာနဲ့ကိုယ်ချင်းစာတရားကို သူ ခွဲခြားတတ်ပုံမရဘူး။ ဒါကြောင့် ဝေးအောင် သူ ရှောင်ခဲ့တာ ဖြစ်တယ်။
“ဆရာမ မောင်ဝမ်းသာ ပြဿနာ ဖြစ်ပြန်ပြီ”
မောင်ဝမ်းသာ ရန် ဖြစ်ကြောင်း သူ့အတန်းပိုင်ဆရာမ က ကျွန်မကိုလာတိုင်တယ်။ အုပ်ထိန်းသူကို ဖုန်းဆက်အကြောင်းကြားဖို့ သူ့ဆရာမ ဖုန်းနံပါတ်တောင်းတော့ မောင်ဝမ်းသာက ရှေ့တစ်နေရာကို အံကြိတ်ပြီးစူးစိုက်ကြည့်နေခဲ့တယ်။ ဆရာမ တွေ သူ့ အုပ်ထိန်းသူကို ဘယ်နည်းနဲ့မှ ရှာလို့ရမှာ မဟုတ်မှန်း သူ သိနေတယ်။
“သူ့ အမေနဲ့တွေ့ ရအောင်”
ဒီစကားကို ကျွန်မပြောတော့ မောင်ဝမ်းသာ မျက်လုံးပြူးပြီးဖျတ်ခနဲလှုပ်လာခဲ့တယ်။ ကျွန်မ နောက်နေတယ်လို့ သူ ထင်ပုံရတယ်။ဖုန်းကောက်ကိုင်ပြီး မောင်ဝမ်းသာကို“သား . . . xxxxxဒီနံပါတ်ဟုတ်တယ်နော်။ သားမေမေက သား တစ်ခုခု ဖြစ်ရင် သူ့ဆီဖုန်းဆက်ဖို့ဆရာမ ကို မှာ ထားတယ်”လို့ ကျွန်မ ပြောလိုက်တယ်။ ဖုန်းနံပါတ်ကြားတာနဲ့ဒါ ကုန်စုံဆိုင်က ဖုန်းနံပါတ်ဆိုတာကို သူ သိလိုက်တယ်။ ပြီးတော့ အားရ၀မ်းသာ ကျွန်မကိုမေးတယ်။
“တကယ် . . . တကယ်ပဲ သူ ဒီလိုပြောတာလား ဆရာမ ”
ကျွန်မ ခေါင်းညိတ်ပြလိုက်တော့သူ့ မျက်နှာ က နွေးထွေး သွားပြီး . . .
“ဆရာမ . . . သူ့ ကို ဖုန်းမဆက်ပါနဲ့။ကျွန်တော့် အမှားကို ကျွန်တော် ပြင်ပါ့မယ်။ ကျွန်တော် တကယ်ပြင်မယ် ဆရာမ ။ ကျွန်တော့်  . . . ကျွန်တော့် မေမေအတွက် ကျွန်တော် ပြင်ပါ့မယ်”
လေးနက်တန်ဖိုးထားတဲ့ “မေမေ”ဆိုတဲ့ စကားနှစ် လုံး သူ့ ရင်ဘတ်ထကဲ နေ ၀မ်းသာအားရ ထွက်ကျလာခဲ့တယ်။ ကလေး တစ်ယောက် ဆီကနေ ဒီလို လေးနက်တန်ဖိုးရှိတဲ့ “မေမေ”ဆိုတဲ့ခေါ်သံကို ကျွန်မ တစ်ခါမှမကြားခဲ့ဖူးဘူး။
![]() စမ်းချောင်းလေးရဲ့ ခရီးစဉ် | ![]() ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း | ![]() သတ္တိရှိတဲ့ပထမခြေလှမ်း |