Cover

(၁)

ခင်ဆွေဦး

စစ်ကိုင်းသမီးဒိုင်ယာရီ

ဒိုင်ယာရီ ၁

[ ၁ ]

ကျွန်မသည် စစ်ကိုင်းတံတား သို့ မဟုတ် အင်းဝတံတားကို အကြိမ်ကြိမ်ဖြတ်သန်းဖူးသည်။ တစ်ခါတလေ နှင်းတွေ မှု န်မှိုင်းဝေနေသော နံနက်ခင်း. . .။ တစ်ခါတရံ နေအလင်းရောင် စူးရှလာသော နံနက်ခင်း. . .။ တစ်ခါတရံလရောင် ဝင်းလဲ့ဖြာနေသော ည။ ဧရာဝတီမြစ်ပြင်ကြီးသည်လည်း တံတားအောက်၌ တစ်ခါတစ်ရံ ငြိမ်သက်စွာ ၊ တစ်ခါတစ်ရံ တလူးလူး တလိမ့်လိမ့်၊ တစ်ခါတစ်ခါ၌ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားစီးဆင်းနေတတ်သည်။

နွေ၊ မိုး၊ ဆောင်း၊ မနက်၊ နေ့၊ ည။ ရာသီသုံးပါးမရွေး၊ အချိန်ကာလမရွေး၊ ခံ့ထည်စွာ ၊ ခမ်းနားစွာ တည်တည်တံ့တံ့ လှပမြဲပင်။ ကျွန်မအဘိုးအဘွား၊ ကြီးကြီး၊ ဒေါ်ဒေါ်၊ ဘကြီး၊ ဘထွေး၊ ဦးကြီး၊ ဦးလေး စသည်ဆွေမျိုးအပေါင်းတို့သည် စစ်ကိုင်းနှင့် ရွှေကြက်ယက်ဆိပ်ကမ်းတို့ကို ငှက်(လှေ)နှင့် ဖြတ်လျှင်ဖြတ်၊ အချိန်အခါရွေးသည်မရှိ။ နေ့နေ့၊ ညည၊ သန်းခေါင်သန်းလွဲ လင်းအရုဏ် ဖြစ်ချင် ဖြစ်မည် ။ ဈေးရောင်းရင်း ဖြစ်စေ၊ ကုန်ကူးရင်း ဖြစ်စေ၊ အခြားကိစ္စတစ်ခုခုနှင့် ဖြစ်စေ။ ကျွန်မတို့ညီအစ်မသည်လည်း မိဘ၊ ဆွေမျိုးများ နှင့် လိုက်ပါလာကြသည့်အခါတွင် တံတားကြီးကို ဖြတ် ဖြစ်သည်။

စစ်ကိုင်းတံတားပေါ်မှ လှမ်းမျှော်ကြည့်လျှင် တဂေါင်းရပ် ဆိပ်ကမ်း၊ ထိုမှ မီးရထားသံလမ်းကို ဖြတ်သွားလျှင် ကုန်းမြင့်စေတီလေးတစ်ဆူရှိသည်။ ထုံးသုတ်စေတီလေးမို့ ထုံးအရောင် မှိန်တစ်လှည့်၊ ဖွေးတစ်လှည့်ရှိသည်။ ထိုစေတီလေးကို `သစ္စာ’စေတီဟု ကျွန်မတို့အရပ်သားများ က ခေါ်ကြသည်။ ယနေ့ထက်တိုင်အောင် သစ္စာစေတီမှာ တည်ရှိဆဲ၊ ဆည်းလည်းသံများ ချိုလွင်စွာ ကြားနေရမြဲပင်။ ထိုစေတီကုန်းတော် မှအဆင်း အောက်တဂါင်းရွာတွင် ကျွန်မကို မွေးဖွားခဲ့သည်မို့ စစ်ကိုင်းမြို့ရောက်လျှင် အချိန်ရတိုင်း စေတီကုန်းတော် ပေါ်တက်ရောက် ဖူးမြော် ဖြစ်သည်။ သစ္စာစေတီကုန်းတော် ပေါ်မှ မျှော်ကြည့်လျှင်လည်း စစ်ကိုင်းတံတားကြီးကို ထင်ရှားနီးကပ်စွာ မြင်နေရသည်။

လွန်ခဲ့သည် သုံးနှစ် ကျော်ကျော်တုန်းက `နုနုရည်(အင်းဝ)’ ကိုကျွန်မ နောက်ပြောင်ဖူးသည်။

“နုနုတို့ဘက်ခေါ်တော့ `အင်းဝတံတား’ မေဦးတို့ဘက်ကခေါ်တော့ `စစ်ကိုင်းတံတား’ ပေါ့”

“ဟုတ်တယ် ကျွန်မငယ်ငယ်ထဲက `အင်းဝတံတား’ ပဲ ခေါ်ခဲ့တာ”

“မေဦးလဲ ငယ်ငယ်ထဲက `စစ်ကိုင်းတံတား’ ပဲခေါ်ခဲ့တာ”

ကျွန်မတို့နှစ် ဦးသား ရယ်မိကြသည်။

နုနုရည်တို့အိမ်မှာ ရောက်နေသော ဆရာကိုသာနိုးက

“အင်းလေ၊ ဟုတ်တာပေါ့၊ တံတားဟိုဘက်က အင်းဝမြို့၊ သည်ဘက်က စစ်ကိုင်းမြို့”

“ဒါဖြင့် ဆရာကော ဘယ်လိုခေါ်လဲ”

ကျွန်မက ရေး ကြီးခွင်ကျယ် မေးလိုက်သော အခါ ဆရာ မောင်သာနိုးက

“ခေါ်ချင်သလို ခေါ်ကြတာပါပဲဗျာ”

ဟု ဝိနည်းရှောင်ဖြေသည်။

“ဆရာလဲ စစ်ကိုင်းသား မဟုတ်လား”

ကျွန်မက စကားနိုင်လုချင်သဖြင့် အဖော်ညှိသေးသည်။

“ဆရာက မန္တလေးမှာ ကြီးတာ”

ဟု နုနုရည်က အလျော့မပေးဘဲ ပြောလိုက်သည်။

အမှန်တော့ `အင်းဝတံတားကြီး’ အ ဖြစ် လူသိများ ကြသည်။ ကျွန်မတို့ စာရေး ဆရာ ကဗျာဆရာတွေ စာဆိုတော် ဟောပြောပွဲများ မကြာမကြာသွားကြရင်း စစ်ကိုင်းတံတားပေါ် ဘယ်နှစ် ကြိမ် ဖြတ်ဖူးကြောင်းစိတ်ကူးအလှများ နှင့် ပြောကြဆိုကြသည်။ ၁၉၇၅ ခုနှစ် လောက်တုန်းကဆရာမြသန်းတင့်၊ ကဗျာဆရာ မောင်သွေးသစ်နှင့် ကျွန်မတို့ အထက်မြန်မာပြည် မိုးကောင်း၊ ပင်းဘော၊ ဆားမော်စသော ကချင်ပြည်နယ်မြို့နယ်များ သို့ စာဆိုတော် ခရီးသွားရင်း စစ်ကိုင်းတံတားပုံပြင်များ ကို ပြောကြသည်။

တံတားကြီးကို အကြိမ်ကြိမ် မြင်ဖူးကြသော အရေအတွက်မှာ စာရေး ဆရာများ ထဲတွင် ကျွန်မသည်လည်း အခေါက်ရေအများ ကြီးထဲ ပါဝင်နိုင်လိမ့်မည် တင်စားဝံ့သည်ဟု ပြောမိသေးသည်။

ဆရာဒဂုန်တာရာရေး သားခဲ့သော `ရုပ်ပုံလွှာ’တွင် အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ်ပြောသကဲ့သို့ “လူသည် မိမိသာလူတွင် ကျယ် ဖြစ်ကြောင်း ပြလိုသည်” ဆိုသော အချက်ကို ယနေ့ပြန်စဉ်းစားမိသည့်အခါတွင် ကိုယ့်အကြောင်းကိုယ်ရေး ချင်စိတ်များ တစ်စတစ်စ လျော့ပါးလာခဲ့သည်။ အချိန်ကာလကြာမြင့်လေလေ မရေး ချင်လေလေပင်။

သို့ သော် တံတားကြီးတွင် ပြောပြစရာ “လူ့သမိုင်း ဖြစ်စဉ်တွေ မှာ အမြောက်အမြားပင်။ အင်းဝ သို့ မဟုတ် စစ်ကိုင်းတံတားကြီးနှင့် ဧရာဝတီမြစ်ပြင်”။ သူတို့သာအသက်ရှိလျှင် သွေးတွေ ၊ ချွေးတွေ ၊ မျက်ရည်တွေ နှင့် အရင်းအနှီးပြုခဲ့သော လူ့သမိုင်း ဖြစ်စဉ်များ ကို မလွဲမသွေပြောကြားပေလိမ့်မည် ။

ကျွန်မမှတ်မိနေသော အကြောင်းအရာတစ်ခုမှာ ဂျပန်တွေ မြန်မာပြည်တက်လာကာစ ဂျပန်တော် လှန်ရေး လုပ်နေသော လျှို့ဝှက်အဖွဲအစည်းမှ သခင်သိန်းတန် (ကျွန်မဖေဖေ့အခေါ် ချစ်တီး)ယခု မဟေသီစာတည်းချုပ်ဦးစောမြင့်၏ အစ်ကိုရင်းကို ဂျပန်ကင်ပေတို့ဖမ်းဆီးမိရင်း ရိုက်နှက်ကာစစ်ကိုင်းတံတားပေါ် ခေါ်လာလျက် လက်ပြန်ကြိုးတုပ် မျက်နှာအဝတ်နှင့်စည်း၊ ဒူးထောက်ထိုင်စေပြီး ဓားနှင့်စလွယ်သိုင်း ပိုင်းချပြီး မြစ်ထဲသို့ ကန်ချလိုက်သော အ ဖြစ်အပျက်ပင်တည်း။

ထိုကြေကွဲဖွယ်အ ဖြစ်ကို ဝတ္ထုရှည်အ ဖြစ် “ဇေယျာကမ်းဆီရောက်တော့မည် ”ဟု ဇေယျာမဂ္ဂဇင်းတွင် ရေး ခဲ့သေးသည်။

ဤသို့ လျှင် လွမ်းမောဖွယ်သမိုင်းခေတ်များ ကား ဖြတ်သန်းခဲ့ပြီ။

ကျွန်မတို့ ညီအစ်မဝမ်းကွဲ မောင်နှမတစ်တွေ ဒုတိယကမ္ဘာစစ်ခေတ်ကို ကလေးဘဝဖြတ်ကျော်လာခဲ့ကြသဖြင့် လူတို့အသက်ပေါင်းများ စွာ သေးငယ်သော ပိုးမွှားတိရစ္ဆာန်များ လို တန်ဖိုးကင်းမဲ့စွာ သေကျေပျက်စီးခဲ့တာ မျက်မြင်ကိုယ်တွေ့  ဖြစ်ခဲ့သည်။

[ ၂ ]

စစ်ကိုင်းတံတားပေါ်သို့ လွန်ခဲ့သော ၁၅နှစ် လောက်က စာဆိုခရီးအ ဖြစ် မီးရထားနှင့်ဖြတ်ကျော်လာကြသော အခါ ဆရာမြသန်းတင့်က ပြောဖူးသည်။ “လူ့ဘဝဟာ ခရီးရှည်ကြီးတစ်ခုလို့ဆိုရင် ခုကျွန်တော် တို့ရဲ့ ခရီးဟာလည်း ဘဝတိုတိုကလေးတစ်ခု မဟုတ်လား၊ လူ့ဘဝမှာ ပျော်ပျော်နေရမယ်။ သူများ တွေ ကိုလည်း ပျော်ပျော်နေစေချင်တဲ့စိတ်လည်း မွေးရမယ်၊ ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားရမယ်၊ ဘဝကို တွယ်တာခုံမင်ပြီး တန်ဖိုးထားတာဟာ for the good of all ဆိုရင် မကောင်းဘူးလား”

အားလုံးကောင်းဖို့အတွက် for the good of all ဆိုသော ဆရာမြသန်းတင့်၏ စကားကို ကျွန်မ သဘောကျမြဲပင်။ ဒီစကားကို ကျွန်မဖေဖေ(စာရေး ဆရာ မဟာဆွေ)ခဏခဏပြောသွားသော ကြောင့်ပင်တည်း။ ကျွန်မတို့ငယ်ငယ် ဖေဖေ့အဆိုအရ စကားပီနားကြားအရွယ်မှစ၍ သည်လို ပရဟိတစိတ်ဓာတ်မွေးမြူဖို့ အလေ့အကျင့်လုပ်ခဲ့သည်။ ကျွန်မတို့ငယ်ငယ်တုန်းက ဖေဖေ၏ အလေ့အကျင့် training အတိုင်း တာဝန်ကျေခဲ့ခြင်းမရှိတာ အမှန်ပင်တည်း။ လူကြီးတွေ အလိုလိုက်ခြင်းခံရသော ကလေးများ ပီပီမသိတတ်၊ မိုက်မဲတာလည်း ဖြစ်ချင် ဖြစ်မည် ။

သို့ သော် ဖေဖေသည်`စစ်ထွက်သူ’၊ `သူပုန်ကြီး’၊ `တို့မေမေ’၊ `သူပုန့်အိမ်’၊ `အကျိုးဆောင်ကြီး’၊ `စောရသက်ပြင်း’ ဝတ္ထုများ ၊ နေသူရိန်ဆောင်းပါးများ ရေး ပြီးခါစအချိန်တွင် မေမေ့ကို

“ငါ့အသက်ခြောက်ဆယ်ကျော်တဲ့အချိန်`သူတို့ညီအစ်မ’ဆိုပြီး ရေး မယ်၊ သူတို့မွေးဖွားကြီးပြင်းလာတဲ့ခေတ်ကနေ သူတို့ လူလားမြောက်လာတဲ့အချိန်အထိပေါ့၊ တို့ဘဝနဲ့ ပတ်သက်တာအားလုံး လူငယ်တွေ အကြောင်းလည်းပါမယ်”

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်၊ ဟင်္သာတမှ ဖက်ဆစ်ဂျပန်လက်ထဲ ကျသွားသော ကိုလှိုင်ဦး၊ ကိုညီလေး၊ ဗိုလ်အောင်ဇေယျ (သထုံတွင် ကျသွားသူ)၊ ကိုအောင်ဘော် (ထားဝယ်)၊ ဗလစ ဒေါ်သန်းစိန်၊ ဒေါ်သင်းကြည် (ပထဝီဌာန ပါမောက္ခ)၊ မလေး(လက်ပံတန်းမှ ဂျပန်ဗိုလ်နှင့်သိုင်း အပြိုင်ကစားသူ`မလေးသုံးပန်လှ’ ဝတ္ထုတွင် ရေး ခဲ့သည်။) စသူတို့လည်းပါမည် ထင်သည်။ ဗလစဒေါ်သန်းစိန်က ဆရာကြီး ဒဂုန်ရွှေမျှား၏ သမီး ဖြစ်သည်။

သည်အစီအစဉ်ကို သူလည်းသိသဖြင့်

“ဦးလေး ရေး မှာ ဖြင့် မြန်မြန်ရေး ပါ။ ခင်ဦးလည်း ကောလိပ်တောင်ရောက်လို့ စာတိုစာစတွေ ရေး နေပြီပဲ”

“အချိန်လိုသေးတယ် စိန်စိန်ရ၊ ကလေးတွေ မ ဖြစ်မြောက်သေးဘူး”

“ဒါတော့ ဒါပေါ့ ဒါပေမယ့် စာအုပ်အတွဲနဲ့ Part (1) Part (2) အပိုင်း (၁)၊ အပိုင်း (၂)ပိုင်းရေး သွားပေါ့၊ စိန်စိန်တော့ ဖတ်ချင်လှပြီ”

“ဒီစာအုပ်ဟာ ဖတ်တဲ့သူအားလုံးကို ရည်ညွှန်းပြီးသား ဖြစ်ရမယ်”

“ဒါဖြင့် ဦးလေးစာအုပ် ကမ္ဘာကတောင် မျက်စိကျပြီး ဘာသာပြန်ချင်ပြန်ကြမှာ ”

ထိုစဉ်တုန်းက မြန်မာစာအုပ်တွေ နိုင်ငံခြားဘာသာရပ်ဖြင့် ပြန်ဆိုခြင်းအလေ့အထမရှိသေးပေ။ ပြောရင်းဆိုရင်းကပင် ဖေဖေသည် အသက်၆၀ ပြည့်အောင် နေမသွားရရှာပေ။ ၅၃နှစ် တွင် ကွယ်လွန်ရှာသည်။ မမစိန်(ဒေါ်သန်းစိန်) ကတော့ သူ့စိတ်အာသာပြေ `သူတို့ညီအစ်မ’ ဟူသော ခေါင်းစဉ်နှင့် ပင် ဆောင်းပါးရှည်ကြီးတစ်စောင် သွေးသောက်မဂ္ဂဇင်းတွင် ရေး သားဖော်ပြခဲ့ဖူးသေးသည်။ ကျွန်မတို့ ညီအစ်မနှစ် ယောက် ကတော့`ငါတို့ရှက်စရာကြီးနော်’ဟုဆိုကာ စာအုပ်ကိုမဖတ်တော့ဘဲ သေတ္တာအောက်ထဲ ထည့်လိုက်ကြသည်။ `အေးလည်း ရှက်လိုက်တာမမရယ်၊ ကျောင်းကသူငယ်ချင်းတွေ က စနေတယ်’ဆိုပြီး သည်အကြောင်းပြောလာသူတွေ ကို ဟိုရှောင်သည်ရှောင်လုပ်နေကြသည်။ မမစိန်က ကျွန်မတို့ကို ညီအစ်မကို ချစ်မြတ်နိုးသည်နှင့်အမျှ အကောင်းမြင်စိတ်နှင့်ရေး ခဲ့တာ ဖြစ်သော်လည်း ကျွန်မတို့မှာ မျက်နှာမထားတတ်အောင် ရှိသည်။ တစ်ခါတုန်းကလည်း ကျွန်မ`အေးအော်တို’ခေါင်းစဉ်နှင့် သွေးသောက်တွင် ဆောင်းပါးရေး တုန်းကလည်း “မမကလည်းအကုန်လျှောက်ရေး တော့တာပဲ၊ တော် ပါပြီ၊ မရေး ပါနဲ့တော့” ဟု တားမြစ်ဖူးသေးသည်။

ဖေဖေမဆုံးခင်တုန်းက

“ကလေးတွေ က လူထုရှေ့ဟောဖို့ပြောဖို့ဝေးလို့ လူတောထဲ မတိုးဘူး၊ လေ့ကျင့်ပေးရဦးမယ်၊ ပညာရဲရင့် ပွဲလယ်တင့် ဖြစ်ရမယ်”

မေမေ့ကို ပြောဖူးသည်။ ကျွန်မတို့သည် ဧည့်သည်တွေ ရှေ့မှော က်မိတ်ဆက်ပေးရန် ဖေဖေခေါ်တိုင်း ဟိုရှောင်သည်ရှောင် လုပ်နေကြတာကို ဖေဖေ စိတ်တိုင်းမကျခြင်း ဖြစ်သည်။ ကျွန်မအဒေါ်နှင့် ဦးလေးတွေ ကတော့ဒီကိစ္စနှင့် နောက်ပြောင်ကြသည်။

“မမကြည် မမကြည်မသီး ခွေးဖြူလူတောမတိုးက ကောလိပ်သာရောက်တယ်၊ သိပ်လူရေး လူရာညံ့တာပဲ”

သည်စကားပြောသူက ကျွန်မဖေဖေ၏ ညီတစ်ဝမ်းကွဲ ဦးစိန်မောင်(မောင်ညီဆွေနာမည်နှင့် ဝတ္ထုတို၊ ပြဇာတ်များ ရေး ခဲ့ဖူးသူ) နန်းရှေ့ ဝင်းဝင်းမြင့် ဖခင်သာလျှင်တည်း။ ယခုကျွန်မဟောပြောပွဲတွေ တွင် ဟောပြောတော့ “အစ်ကိုကြီးသာရှိရင် သိပ်ဝမ်းသာမှာ ပဲ” ဆိုရှာသည်။ ကျွန်မအတွက်မလွဲသာမရှောင်သာ တွေ့ ကြုံလာရသော ကိစ္စများ ဖြစ်သည့်အတွက် ကျွန်မအကြောင်းသော်လည်းကောင်း၊ ညီမအကြောင်းသော်လည်းကောင်း၊ ဆွေမျိုးသားချင်းများ အကြောင်းသော်လည်းကောင်း သီးခြားရေး လိုစိတ် မရှိတာအမှန်ပင်။

ကျွန်မ ရေး ဖွဲ့ချင်တာတွေ ကတော့ မြောက်မြားစွာ သော အကြောင်းအရာတွေ ရှိပါသည်။ ဥပမာ ၁၉၄၂ ခုနှစ် ကုလားစစ်သားများ သြစတြေးလီးယား စစ်သားများ ၊ ကားကြီးများ တဝီဝီနှင့် အင်းဝတံတားကြီးကိုကျော်ဖြတ်ကာ စစ်ကိုင်းဘက်သို့ ဥဒဟိုတပ်ဆုတ်လာကြသည့်အကြောင်း၊ စစ်ဆုတ်ခွာလာသော ချန်ကေရှိတ်တရုတ်စစ်သားများ တွေ့ မရှောင် နွား၊ လှည်း၊ လူသုံးပစ္စည်းများ လုယက်ကာ သေနတ်နှင့်ပစ်သတ်ကြသော အကြောင်း၊ စစ်ပြေးများ ငပိငချဉ်သိပ်ပြည့်ကြပ်ကာ အိမ်သာထဲအထိ အထုပ်အပိုးများ ကုန်ပစ္စည်းများ နှင့် လူတွေ ပါပြည့်နေသော မီးရထားများ အကြောင်း၊ မြင်းကိုအဓမ္မသိမ်းသွား၍ နေပူကျဲကျဲ ခြေလျင်ခရီးဖြင့် လျှောက်လာကြသော သားအဖအကြောင်း၊ အင်္ဂလိပ်အစိုးရပစ္စည်းများ ကို သယ်ပို့ပေးရသော တောလှည်းသမား ၇၀ ခန့်နှင့် ကျွန်မတို့တကောင်းရပ်သား လူငယ် ၁၄-၅ ယောက် ရန် ဖြစ်ကြရာမှာ ဓားရှည်များ ၊ လှံ၊ ထမ်းပိုးများ ပစ်ခတ်သံ။ သွေးသံရဲရဲနှင့်လူသားစစ်စစ်များ ၊ မြို့ပြအုပ်ချုပ်ရေး (Home Guard)၏ နှစ် လုံးပြူးသေနတ်နှင့် အသက်ပျောက်နေသော ကျွန်မတို့ဘကြီး၏ အလောင်း။

ကျွန်မသည် လူထုကို လွမ်းသော ငြိမ်းချမ်းရေး တပ်မက်သူဆိုသည့် မောင်ဒေါင်း၏ ဆောင်းပါးကိုသာ အမှတ်ရနေမိသည်။

လရောင် ဟာ

ကမ္ဘာမြေရဲ့ တေး

ငြိမ်းချမ်းရေး အရောင် . . .

စစ်မုန်တိုင်းကြားတွင် ဖြတ်သန်းလာသော သံလွင်ခက်ချီ ချိုးငှက်ကလေးအကြာင်းနှင့်ပတ်သက်၍ ဦးလေးလှ(လူထုဦးလှ)၊ ဆရာဒဂုန်တာရာ၊ ကျွန်မဖေဖေ မဟာဆွေ၊ ဆရာဦးတင်အောင်၊ ဆရာမြသန်းတင့် စသူတို့အကြောင်း၊ မျက်မှော က်ခေတ်ရေး ဖော်များ ကြည်အေး၊ မမစု (ခင်နှင်းယု)၊ ဆရာဘုန်းနိုင် စသူတို့အပြင် လူငယ်စာရေး ဆရာများ မိုးမိုး (အင်းလျား)၊ မစန္ဒာ၊ နုနုရည် (အင်းဝ)၊ ဂျူး၊ မေငြိမ်းတို့အထိ ကျွန်မရေး ဖွဲ့ချင်သည်။ ရေး ဖွဲ့စရာတွေ လည်း များ ပြားလှချေသည်။

မေ၊ ၉၃၊ ရွှေရုပ်စုံမဂ္ဂဇင်း

(၂)

ဒိုင်ယာရီ ၂

[ ၁ ]

စစ်ကိုင်းမြို့သည် စစ်ဘေးဒဏ် အလူးအလဲခံရသည့်ကြားထဲကပင် လှပသော မြို့တစ်မြို့ ဖြစ်သည် ဆိုသည်ကို ဘယ်သူမျှ မငြင်းနိုင်ပေ။ ထင်ရှားသော စစ်ကိုင်းတောင်ရိုးနှင့် ဧရာဝတီမြစ်ပြင်ကြီးသည် စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ဖြစ်သည်။ ဖေဖေ့ကို စစ်ကိုင်းချောင်နှင့် မဝေးလှသော တောင်ခြေ မင်းဇံရပ်တွင် မွေးဖွားခဲ့လေသည်။ ကျွန်မကိုမူ လူနေထူထပ်သော အောက်တကောင်းရပ်တွင် မွေးဖွားခဲ့လေသည်။ လူနေအိမ်ခြေ အေးချမ်းတိတ်ဆိတ်သော မင်းဇံရပ်နှင့် လူနေထူထပ် ဆူပူသော တကောင်းရပ်တို့မှာ အနေအထားချင်း တခြားစီ ဖြစ်သည်။ အောက်တကောင်းရပ်တွင် သက်ငယ်မိုးကျူထရံနှင့် တဲအိမ်ကလေးများ သည် တိုက်ဝေးလို့ သစ်သားအိမ်တောင့်တောင့်တင်းတင်းပင်မရှိ။သင်္ဘောကြီးအထမ်းသမားတွေ ၊ ငှက် (သမ္ဗန်)သမားတွေ စုဝေးစားသောက်ရာ နေရပ် ဖြစ်သည်။ ဆိုင်တန်းများ နောက်ကျော၌ မီးရထားသံလမ်းရှိပြီး ဆိုင်ရှေ့ကား လှည်းလမ်းကြောင်း ဖြစ်သည်မို့ ဖုန်များ အလုံးအခဲနှင့် လွင့်ပျံကာ ခရီးသွားရင်း မျောက်ဖြူကြီးတွေ လို ဖြစ်နေတတ်သည်။

ကျွန်မကြီးကြီး (ဖေ့ဖေ့ အစ်မအရင်း)က မွေးဖွားသော မောင်နှမခုနစ်ယောက် စလုံး၏ ဆံပင်နီကျန်ကျန်မှာ ဖုန်မှု န့်များ စုဝေးနေတတ်သည်။ ရေစည် တိုက်သော နွားလှည်းများ နှင့် မြင်းလှည်းများ က အမောင်းကြမ်းလှသည်။ တစ်ခါတုန်းက ကျွန်မမောင်ဝမ်းကွဲလေး “အောင်ထူး”နွားလှည်းရှေ့မှော က်လျက်လဲသဖြင့် မျက်နှာတစ်ခြမ်း လှည်းတက်ကြိတ်ရာ ယနေ့ထက်တိုင် မျက်နှာတစ်ခြမ်းစောင်းလေးနှင့် ဖြစ်နေသည်။ ထိုမောင်လေးလည်းယခု တပ်မတော် မှ အရာခံဗိုလ်အ ဖြစ် ပင်စင်ယူပြီး ကမာရွတ်လှည်းတန်းနေအိမ်တွင် နေကာ တက်စီမောင်းကာ စားသောက်နေထိုင်သည်။

မင်းဇံရပ် ကတော့ လူကုံထံရပ်ကွက် ဖြစ်သည်။ ဘိုးဘွားပိုင်မြေ၊ ခြံကြီး၊ ဝင်းကြီးများ နှင့် လယ်ယာကိုင်းသီးနှံပင်များ ထွန်ယက်စိုက်ပျိုးသူပျိုးကြကာ၊ အချိတ်ပုဆိုးနှင့် ထဘီရက်လုပ်သော ရက်ကန်းလုပ်ငန်းပိုင်ရှင်များ လည်း နေထိုင်သည်။ ကျွန်မ အဘွားလေး။ အဒေါ်တချို့က ရက်ကန်းစင်များ ထောင်ရာ အိမ်တိုင်းမှ အမျိုးသမီးတိုင်းလိုလို ရက်ကန်းရက်တတ်ကြသည်။ ကျွန်မငယ်ငယ်တုန်းက အဒေါ်သင်ပေးခဲ့သဖြင့် နှစ် နံစပ် ကျူထရံကွက် ပိုးလုံချည်ကို ရက်ကန်းခတ်ရာ တစ်ထွာခန့်မျှထိ ရက်လုပ်ဖူးပါသည်။

ယခုတော့ ကျွန်မကို မွေးဖွားချိန် မတိုင်မီကတည်းကပင် ကျွန်မတို့၏ အဘိုးအဘွားနှင့် သားသမီးမြေးမြစ်များ အောက်တကောင်းရပ်၌ ဆင်းရဲချို့တဲ့စွာ နေထိုင်ကြပြီး တကောင်းရပ်ချင်း တူတာတောင် အထက်တကောင်းရပ်က လူနေအိမ်ခြေ၊ နေထိုင်မှု ပို၍ သန့်ပြန်သည်။ `မဟေသီ’စာတည်းချုပ် ဦးစောမြင့်နှင့် အစ်ကို သခင်သိန်းတန်ခေါ် ချစ်တီး (ရေး ခဲ့ပြီး)တို့ကို အထက်တကောင်းရပ်တွင် မွေးဖွားသည်။ ဖေဖေက သူ၏ ဇနီးအရာရှိသမီးမို့ နေအိမ်ကို အထက်တကောင်းရပ်သို့ ပြောင်းရွှေ့လိုက်တာလည်း ဖြစ်မည် ။

ကျွန်မဖေဖေ၏ ညီတစ်ဝမ်းကွဲ ဦးလေးများ က ကျွန်မကို မကြာမကြာ စကြ, နောက်ကြသည်။ မခင်ဦးကို မွေးတာ နှယ်နှယ်ရရမှတ်သလား။ အောက်တကောင်းရပ် `စမွန်စု’ဟု မြှောက်ပေးကြလျှင် အဟုတ်ချည်းထင်ခဲ့ဖူးသေးသည်။ စမွန်စုဆိုသော နာမည် ကလေးကလည်း လှသည် မဟုတ်လား။ စင်စစ် စမွန်စုမှာ ဘုရားကျွန်းများ ၊ သင်္ဘောကြီးကူလီများ ၊ လူ့အောက်ဆုံးလွှာက လူတွေ နေသော နေရာ ဖြစ်သည်ကု ကြီးပြင်းမှ သိရသည်။ လူတွေ မှာ ဆင်းရဲမွဲတေလွန်းသဖြင့် ရာသီဥတုသုံးပါးမရွေး အပေါ်အင်္ကျီမဝတ်။ ကျောပြောင်ပြောင်နှင့် ကလေးလူကြီးနေလေ့ရှိကြသည်။ တကယ့်ကို ကျောမွဲလူတန်းစား။ လူတွေ မှာ ကုဋ္ဌနူနာနှင့် မျက်ခမ်းစပ် ရောဂါ နှစ် မျိုးလုံးကိုအမြဲမိတ်ဖွဲ့ရသည်။

ကျွန်မသည် ကျွန်မဇာတိရပ်ရွာကလေးကို တွေးမိတိုင်း ဖေဖေအယ်ဒီတာချုပ်လုပ်ခဲ့သော ရဲသတင်းစာနေရာမှ ကြေညာချက်လေးတစ်ခုကို အမြဲသတိရနေသည်။

`အဆွေ. . .မြို့ပေါ်မှာ ကားကြီးတဝီဝီ စီးနေသော အခါ တောနယ် တဲကုပ်လေးထဲမှာ ဆင်းရဲမွဲတေနေသော မြန်မာလူမျိုးများ ကို တွေးကြည့်ပါ။

[ ၂ ]

စင်စစ် ဖေဖေတို့ ဘိုးဘွားဘီဘင် အဆက်ဆက်သည် မျိုးကြီးဆွေကြီးတွေ ထဲက ဖြစ်သည်။ မှူးကြီးမတ်ရာမျိုးရိုး ဖြစ်သော ကြောင့်ဦးလေးတွေ အဒေါ်တွေ က

“တို့အမျိုးက ဘုရားထူးခံတဲ့ အမျိုးဟဲ့၊ ခင်ခင်ဦး ထူးစမ်း ဘုရားလို့”

“မထူးနိုင်ပါဘူး။ လူအချင်းချင်းကို. . .“

ကျွန်မက ရုတ်ချည်းချေပမြဲပင်။ ဖေဖေ၏ ကလောင်အမည် ပင်လျှင် မိမိသည် ကြီးမြင့်သော အမျိုးအဆွေမှ ပေါက်ပွားခဲ့သူ တစ်ယောက် ဟူသော အထိမ်းအမှတ် မပျောက်စေရန် ရည်သန်၍ ယူခြင်း ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် မဟာဆွေသည် ကြီးမြတ်သော ဆွေတော် မျိုးတော် အဆက်အနွယ်။ သို့ သော် ဆရာဇေယျက ရှုမဝမဂ္ဂဇင်းတိုက်တွင် ကျွန်မတို့သားသမီးတစ်တွေ နှင့် ဆုံစည်းခိုက် မဟာဆွေနာမည် အဓိပ္ပာယ်ကို မေးရင်းဆရာဇေယျက “ံကြီးမြတ်တဲ့ မိတ်ဆွေ မ ဖြစ်နိုင်ဘူးလား၊ The Great Friend” ဟု အဖြေပေးသွားခဲ့တာကို ကျွန်မသဘောကျမိသေးသည်။ ဘာပဲ ဖြစ် ဖြစ် ကျွန်မဖေဖေ၏ အဖေဦးအောင်ငြိမ်း၏ မိခင် (မဟာဆွေ၏ အဘွား)သည် လှေသင်းအတွင်းဝန် ဦးခြိမ့်၏ နှမရင်း ဖြစ်သည်။ ဤတွင် လှေသင်းအတွင်းဝန် ဦးခြိမ့်မှာ မဟာဆွေ၏ အဘိုး ဖြစ်ပြီး ကျွန်မ၏ ဘေး ဖြစ်ပြန်သည်။ သည်အကြောင်းကို စွယ်စုံကျမ်း၊ အတွဲ (၈) မ, အက္ခရာ စာမျက်နှာ ၄၄၈ တွင် ဖော်ပြထားသည်။

ကျွန်မတို့စာပေနယ်တွင် ထူးခြားသော တိုက်ဆိုင်မှု တစ်ရပ်ကစာရေး ဆရာ ကဗျာဆရာ မောင်သာနိုးသည် စစ်ကိုင်းသား ဖြစ်သည့်အပြင်တိုင်တာမင်းကြီး၏ မြေးအရင်းတော် သည်ဟုဆိုသည်။ လွန်ခဲ့သော ၅ နှစ် ၆ နှစ် ခန့်က ပညာရေး တက္ကသိုလ် ဒေါ်ကြည်လက်ဖက်ရည်ဆိုင် (စနေဝိုင်း)၌ မန္တလေးက စာပေသမားများ စုဝေးမိကြသော အခါ မောင်စွမ်းရည်ကဆရာကိုသာနိုးကို လက်၌ ညှိုးထိုးပြကာ

“ကိုသာနိုးက တိုင်တားမင်းကြီးရဲ့ မြေးအရင်းဗျ”

“ဟုတ်လား၊ ဒါဆို ကျွန်မအဖေရဲ့ အဘိုးတော် တာမို့ ကျွန်မရဲ့ဘေးလေ၊ ဆရာကိုသာနိုးနဲ့ ကျွန်မနဲ့ တူအရီးတော် တာပေါ့”

ဆရာကိုသာနိုးဆီက အဖြေထွက်မလာပေ။ မောင်သာနိုးနှင့်ကျွန်မတို့သက်တူရွယ်တူလောက်ရှိကြတာမို့ တူအရီးဆိုလို့ တွန့်ဆုတ်နေသလား မသိ။ ကျွန်မက အလိုက်ကန်းဆိုး မသိစွာ ဆက်၍

“ဆရာက ကျွန်မရဲ့ ဦးလေးပေါ့။ ဦးလေးခေါ်ရမလား”

အားလုံးက ဝိုင်းရယ်မောကြသည်။ ဆရာကိုသာနိုးက ပြုံး၍ သာနေသည်။ ကျွန်မကပင် ဆက်၍

“တိုင်တားမင်းကြီးက ကျွန်မဘေးဆိုပေမယ့် တိုက်ရိုက် မဟုတ်ဘူး။ ဘေးရဲ့အစ်ကိုပေါ့။ တိုင်တားမင်းကြီးရဲ့ညီ `ဦးပေစိ’ကမှ ကျွန်မဘေးအရင်း ဖေဖေရဲ့ အဘိုးရင်း”

ဦးပေစိသည် အလွန်ပင် ဆိုးသွမ်းသော လူ တစ်ယောက် ဖြစ်သည်။ ကျွန်မ ဘွားဘွားဒေါ်မြှင်သည် သူ၏ ဖခင်ဦးပေစိနှင့် ပတ်သက်၍ ဘယ်လိုမှ ဂုဏ်ယူဖို့စိတ်မရှိပေ။ ကျွန်မတို့ ဘကြီး၊ ဦးလေး၊ အစ်ကို ဝမ်းကွဲများ ပေပေတေတေ ဆိုးနေလျှင် ဒေါ်မြှင်က `ကိုပေစိမျိုးရိုးဆက်သနော်’ဟု ညည်းရှာသည်။ တစ်ခါတစ်လေဖေဖေအရက်မူးအောင်သောက်ပြီးတစ်နေရာရာလဲနေသည်ကြားလျှင် `ကိုပေစိမြေးလေ၊ ဒီလိုပဲရှိရမှာ ပေါ့’ဆိုတတ်သည်။ ဖေဖေသည် ကျောင်းဆရာ၊ မူလတန်း ကျောင်းအုပ်ဘဝ လူပျိုကြီး အ ဖြစ်နှင့်ပင် မူလကအရက်သေစာစားသောက်ခြင်းမရှိခဲ့။ ဖေဖေ၏ ဖေဖေဦးအောင်ငြိမ်းအရက်သောက်သော အခါအရပ်ကပြောကြဆိုကြသည်။

သားက ဘုရားဒကာ၊ ဖအေက `ဇိုးကြီး’။ ဖေဖေကြီး(ဦးအောင်ငြိမ်း)သည် ဖေဖေ့ကိုကြည့် နမူနာယူရင်း ရှက်လာသဖြင့် အရက်ပြတ်သွားခဲ့သည်။ ဖေဖေကြီး အရက်ပြတ်ချိန်၊ ဖေဖေရန်ကုန်တစ်ခါတည်းပြောင်းအလာ။ အပေါင်းအသင်းများ နှင့် အရက်သောက်တတ်လာ၏ ။ ဖေဖေကြီးခမျာ ရင်ဘတ်စည်တီး ဖြစ်ကာ`မောင်ဘရှိန်ရယ်’ဟု ညည်းညူရှာသည်။ မေမေကြီး ကတော့ “ကြီးမှ ဦးပေစိနဲ့ တူလာတာ” ဟုပြောသည်။

ဦးပေစိ ဆိုးပုံဆိုးနည်းမှာ မိုက်မိုက်ကန်းကန်းပင်။ အစ်ကို ဖြစ်သူတိုင်တားမင်းကြီး တိုင်းခန်းလှည့်လည်စဉ် မန္တလေးလမ်းကျယ်ကြီးများ ဆုံရာ လမ်းလေးခွ အလယ်တည့်တည့်တွင် ဆောင့်ကြောင့်ထိုင်နေသည်တဲ့။ တိုင်တားမင်းကြီး တိုင်းခန်းအလှည့် လမ်းကို ရှင်းပေးကြရာတွင် ဦးပေစိတစ်ဦးသာ လမ်းမလယ်ခေါင်တွင် ငုတ်တုန်ကျန်လေသည်။ မင်းချင်းတွေ က ဦးပေစိကို ကန်ကျောက်ကာ တွန်းဖယ်လို့လည်း မရ။ ပေပေကပ်ကပ်လိုပ်နေသော ခန္ဓာကိုယ်ကို ဒရွတ်ဆွဲ၍ ဖယ်ထုတ်သည်။ သူ့မူရင်းနေရာသို့ မရောက်ရောက်အောင် ပြန်လာသည်။ တိုင်တားမင်းကြီး အမိန့်နှင့်ထိုးကြ၊ ထောင်းကြ၊ ရိုက်ကြလည်း နှာခေါင်း၊ ပါးစပ် သွေးအယိုယိုနှင့်ပေကပ်နေသည်။

“ဒါလောက်ခေါင်းမာလှချည့်။ ဘယ်သူတုန်း၊ ငါရှေ့တော် မှော က်ခေါ်ခဲ့စမ်း”

မင်းချင်းများ က တိုင်တားမင်းကြီး ရှေ့မှော က် အတင်းဆွဲခေါ်လာကြသည်။ ဦးပေစိသည် ဘယ်လိုမှ အလျှော့ပေးချင်ပုံမရသော ထုံပေပေမျက်နှာနှင့် တိုင်တာမင်းကြီးရှေ့မှော က် ရောက်လာသော အခါ

“ဟဲ့ နင်ဘယ်သူလဲ”

“ပေစိပါဘုရား”

“ဟေ. . .ပေစိ။ မိုက်လှချည့်လား။ ကိုယ့်ကိုယ်များ အနာခံလို့။ မင်းကို အာဏာဖီဆန်ရင် အသတ်ခံရမယ်ဆိုတာ နားမလည်ဘူးလား”

“နားလည်ပါတယ်ဘုရား။ ထောင်းလျှင်ကြေ၊ သတ်လျှင်သေရမည့်သူပါဘုရား”

“ဟယ်. . .ဒါနဲ့တောင် ဇွတ်ပေနေရသလား။ ဘာအလိုရှိသလဲ။ လျှောက်တင်စမ်း”

“နောင်တော့် ကို ဖူးမြင်ချင်လို့ပါဘုရား”

“ရိုးရိုးသားသား အခွင့်တောင်းယူရင် နင့်ကို ဘယ်သူ အတွေ့ မခံဘဲ နေမလဲ။ ဖူးမြော်ချင်တာ အကြောင်းကိစ္စ ရှိသလား”

“မရှိပေါင်ဘုရား”

“ဒါနဲ့များ ဘာလို့ ဒီလောက်အနာခံနေရသလဲ”

မိန့်ကြားတော် မူပြီး ဦးပေစိ အလုပ်အကိုင် မေးလေသည်။ ကျပမ်းလုပ်ကိုင် စားသောက်နေတာကို သိရသဖြင့် ဒါလောက်မိုက်ကန်းကန်း လူ`ထောင်မှူး’ခန့်တာ ကောင်းပါတယ် ဆုံးဖြတ်ပြီး အလုပ်ပေးလိုက် လေသည်။ ထိုစဉ်တုန်းက ပဒေသရာဇ်၏ လက်မရွံအာဏာပါးကွက်သားဟူ၍ ထောင်အလုပ်၊ တန်းအလုပ်ကို ဘယ်သူမှ မလုပ်စေချင်ပေ။ မေမေကြီးသည်သူ့ဖခင်၏ အလုပ်အကိုင်အကြောင်းကို ဘယ်တော့မှ ထည့်သွင်းပြောဆိုခြင်းမရှိခဲ့ပေ။

ကျွန်မတို့ ဦးလေး ဦးစိန်မောင် (ဖေဖေ့ညီတစ်ဝမ်းကွဲ၊ နန်းရှေ့ဝင်းဝင်းမြင့်တို့ဖေဖေ)၁၀ တန်းအောင်ပြီးနောက် ထောင်မှူး အလုပ်လျှောက်ရာတွင် ဖေဖေက

“မင်းနှယ်ကွာ လုပ်စရာ ရှားလို့”

ကန့်ကွက်သေးသည်။ ဦးလေးဘက်လည်း အလုပ်က ရလုလုတွင် အတော် ခရီးရောက်နေပြီမို့ ဖေဖေ့အနေနှင့် ဆက်မပြောသာပေ။ သို့ သော်လည်း ဦးလေးသည် ထောင်မှူးဘဝ၊ ထောင်ပိုင်ကြီးဘဝအထိ သူများ ထက် ထူးကဲစွာ ထောင်သားများ ချစ်ကြသော ထောင်မှူး ဖြစ်လာတော့ ဖေဖေကျေနပ်သွားသည်။ ဦးလေးနှင့်အတူတူ အလုပ်ဝင်သော စာရေး ဆရာရန်အောင်မောင်မောင် အကြောင်း ဖေဖေသိလျှင်

“ဒီလို လူမျိုးတွေ လည်း ဒီနေရာမှာ လိုတာပဲ”

ဟု ပြောလာပြန်သည်။

[ ၃ ]

ကျွန်မမန္တလေးမှာ နေတုန်းက ဆွေတွေ မျိုးတွေ စုဝေးလျှင် ဦးပေစိအကြောင်း ငြင်းကြခုံကြပြန်သည်။ လသာသော ညတွေ မှာ လမ်းလျှောက်ြ ကတော့ လမ်းဆုံလမ်းခွရောက်တိုင်း ဦးပေစိအကြောင်း ပြောရင်း ရယ်ပွဲဖွဲ့ကြသည်။ ဦးပေစိရဲ့ စရိုက်၊ မိုက်ကန်းတာတွေ ဟာ ကျွန်မတို့ဖေဖေကနေကျွန်မအထိ ပါလာတာ တွေ့ ရတယ်ဟု ဝေဖန်ကြသည်။ မြန်မာစကားပုံတွေ မှာ တစ်ခုနှင့်တစ်ခု ဝိရောဓိ ဖြစ်နေတတ်သည်။ ကြောက်တက်ရင် ဝန်ကင်းတဲ့၊ တစ်မျိုး ကတော့ ကြောက်လျှင်လွဲ၊ ရဲလျှင်မင်း ဖြစ်တဲ့၊ မဟာဆွေကြီးဟာဦးပေစိအမွေ ဆက်ခံလို့ ဒိုးဒိုးဒေါက်ဒေါက် ရဲရဲတောက် မဟာဆွေ ဖြစ်လာတာပေါ့ဟု သူ့မိတ်ဆွေတွေ က ဆိုလာပြန်သည်။

ဖေဖေသည် ရပ်ကွက်လူငယ်များ နှင့် နိုင်ငံရေး အသင်းအပင်းတည်ထောင်တော့ ရပ်ကွက်လူကြီးတွေ နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေ က မျက်စိနောက်သည်ထင်ရဲ့ ။ ဖေဖေ့ကို အလယ်တန်းပြကျောင်းအုပ်အလုပ်မှဖြုတ်ပစ်ကြသည်။ သည်တုန်းက ကျွန်မ မေမေက ကျွန်မကို ကိုယ်ဝန်ဆောင်ဆဲ။ ကျောင်းသား မိဘတွေ က ဆန်တွေ ၊ ဆီတွေ လာလှူလည်း လက်မခံ။ “ခင်ဗျားတို့ အားကိုးနဲ့ ကျုပ်ရပ်တည်နေနိုင်တယ် ထင်ဦးမယ်။ ပြန်ယူ သွားပါ” ဖေဖေက ဆန်အိတ်တွေ ရော၊ ဆီပုံးတွေ ရော ပြန်ပေးလိုက် သည်။

ကျွန်မမေမေမှာ ကျွန်မကိုယ်ဝန်ကြီးနဲ့ ဂျုံကြမ်းနှင့် ချာပါတီမုန့် မနက်ပြန် ညပြန် လုပ်စားရရှာသည်။ ဒါကြောင့် ကျွန်မကို မွေးပြီးတော့ဖေဖေက `ချာပါတီမလေး’နာမည် နှင့် ဝတ္ထုရှည် သူရိယမဂ္ဂဇင်းတွင် ရေး ဖူးသေးသည်။ သည်တုန်းက ကျွန်မတို့ မိသားစု ရွှေဘိုအပိုင် ဝက်လက်မြို့မှာ ။

ကျွန်မမီးဖွားခါနီး မှ မေမေ့ကို စစ်ကိုင်းသို့ ပို့လိုက်သည်။ ဖေဖေ ကတော့ ဝက်လက်မြို့တွင် ရှိနေဆဲ။ ကျွန်မကို မွေးပြီးမှ ဖေဖေ စစ်ကိုင်းသို့ ရောက်လာခဲ့သည်။ ဖေဖေစောစောပိုင်းကတည်းက အလုပ်ပြုတ်တာမတရားဘူးဟူ၍ စာပြန်တင်တော့ ဖေဖေခင်ဦးမြို့တွင် အလုပ်ပြန်ရသည်။ ကျွန်မကံကောင်းသည်ဟု အားလုံး တစ်ညီတစ်ညွတ်တည်း`ခင်ဦး’(ဝါ) မခင်ဦးဟု နာမည် နှင့် မှည့်ကြသည်။ သူရိယဦးသိမ်းမောင်က ရန်ကုန်မှနေ၍ ကျွန်မ နာမည် နှင့် ပတ်သက်၍ တခုတ်တရ

“မခင်ဦးဆိုတာ ရိုးလွန်းတယ်။ `ခင်ခင်ဦးလို့ မှည့်ပါ” ဟု အကြံဉာဏ်စာနှင့် လှမ်းပေးသည်။ ကျွန်မကို ဆွေမျိုးတွေ ရော ဖေဖေ့မိတ်ဆွေတွေ ရောက`ခင်ခင်ဦး’ဟုခေါ်ကြသည်။ သို့ သော် ဖေဖေကျောင်းဆရာ အလုပ်ဆက်မလုပ်တော့။

မန္တလေး နော်မန်ဆရာအတတ်သင်ကျောင်းမှ ဆရာ ဖြစ်လက်မှတ်ကို ဆွဲဖြဲကာ မီးထဲပစ်ထည့်လိုက်ပြီး

“ဒါရှိရင် ကျွန်သက်ရှည်နေဦးမယ်။ သွားရော့”

ကျွန်မ မေမေရော ကြီးကြီးနှင့် ဖေဖေ့သူငယ်ချင်းတွေ ရော ဝိုင်းဆွဲတော့ အချိန်မမီတော့။ ဆရာ ဖြစ်လက်မှတ်လေးသည် ပြာအ ဖြစ် တွန့်လိမ်သွားရာပေပြီ။ မေမေကြီးသာ သိလျှင်တော့ “လုပ်လိုက်စမ်းကွယ့်။ ကိုပေစိမြေးရဲ့ ” ဟု ပြောနေမည် လားမသိ။

စစ်ကိုင်းမြို့ အောက်တကောင်းရပ်က တဲအိမ်ကလေး မီးဖိုထဲကမီးတောက်ထဲမှာ ဆရာ ဖြစ်လက်မှတ် (ဝါ) ထမင်းအိုးလက်မှတ်လေးတော့မီးတောက်ဝါးမျိုသွားပြီ။

ပြန်တွေးတော့ လူငယ်ကဗျာဆရာတစ်ဦး၏ ကဗျာတစ်ပုဒ်ကိုကျွန်မ သတိရနေမိသေးသည်။

“မြနန္ဒာ

နေညိုညို ရစ်ကာသန်းတော့” တဲ့

ရွှေမန်းတောင်ရိပ်မှာ

လွမ်းစရာ ကျန်းမာ

သံမဏိလိပ်ပြာ

ပျံသန်းလာတာ

ကျွန်တော် တို့မြင်တယ်”

(၃)

ဒိုင်ယာရီ ၃

[ ၁ ]

စစ်ကိုင်း အထက်တကောင်းရပ် အိမ်ရှေ့၊ မန်ကျည်းပင်များ အောက် ဘူးစင်အနီးမှ ကွက်ပစ်ပေါ်တွင် ထိုင်ကြလျက်၊ ညည ကျွန်မတို့ မောင်နှမတစ်တွေ ပုံပြောတမ်း ကစားကြသည်။ မျက်တောင်ခတ်နေသော ကြယ်ရောင် လဲ့လဲ့အောက်တွင် ကျွန်မတို့ ပုံပြောတမ်း ကစားကြဆဲ။ စစ်ကားကြီးများ စစ်ကိုင်းတံတားပေါ်မှ ဖြတ်သွားလျှင် မြေငလျင်လှုပ်သလို မြေကြီးမှာ တုန်ခါနေသည်။ စစ်ကိုင်းတံတားကြီးများ နှင့် နီးသော အရပ်မို့လား မသိ။ ဂျိန်းကနဲအသံနှင့် တသိမ့်သိမ့် လှုပ်သလို ထင်ရသည်။ ဂျပန်တွေ မြန်မာပြည်အဝင်မဟာမိတ်များ ဆုတ်အခွာတွင် စစ်ကားကြီးများ ပေါ်မှ သြစတြေးလျစစ်သားများ ၊ (လူကြီးတွေ ပြောပြ၍ သိရသည်)ဗြိတိသျှစစ်သားများ ၊ ဂေါ်ရာစစ်သားများ ၊ တရုတ်ကူမင်တန် စစ်သားများ နှင့် မန်ချုးရီးယားစစ်သားများ လောရီကားကြီးပေါ်တွင် သေနတ်ကိုယ်စီကိုင်လျက် အသင့်အနေအထားနှင့် လိုက်ပါလာသည်ကို ကျွန်မတို့ ရေချိုးဆိပ်မှ လှမ်းမြင်နေရသည်။ လူကြီးတွေ က ကျွန်မတို့ကလေးတွေ ကို ရေကြာကြာ ချိုးခွင့်မပေး။ အရွယ်ကောင်းမိန်းကလေး အိုအိုပျိုပျိုများ ကို အပြင်သို့ လုံးဝ ထွက်ခွင့်မပေးပေ။

မြို့တွင်း ကြီးစိုးနေသော ကူမင်တန်စစ်သားတို့သည် မိန်းကလေးများ ကို အဓမ္မကျင့်ပြီး လှံစွပ်နှင့် ထိုးသတ်ပစ်သည်ဆိုသော သတင်းများ ကိုမကြာမကြာ ကြားနေရသည်။ စစ်အပြီးတွင် ရန်ကုန်မြို့ ရုပ်ရှင်ရုံ၌ `မိန်းမနှစ် ယောက် ’ (The Two Women) ဆိုသော ရုပ်ရှင်ကား (ဆိုဖီယာလော့ရင့်ပါဝင်သည်) ပြသော အခါ မေမေနှင့် အဒေါ်များ သည် ပြီးဆုံးအောင်မကြည့်ရက်ကြပေ။

ကျွန်မတို့ မျက်စိရှေ့တွင် ပင် စိတ်မချမ်းမြေ့ဖွယ်ရာ အ ဖြစ်အပျက်တစ်ခုက ကလေးငယ်တစ်ဦး၏ စက်ဘီးကို ကူမင်တန်စစ်သားက လုယူသော အခါ ကလေးက ငိုယိုကာ ကူမင်တန်စစ် သားကို ကန်ကျောက်သဖြင့်ကလေးကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်။ ကလေး၏ မိခင်ကငိုယိုကာတောင်းပန်လိုက်သည်ကိုပင် လက်လှမ်းမမီလိုက်။ စစ်သားများ ထွက်ခွာသွားကြသော အခါအသက် ၃၀ ကျော်မိခင်သည် ၁၀နှစ် သားအရွယ် သွေးစက်လက်နှင့် ကလေးငယ်၏ အလောင်းကို ပိုက်ကာ ကျန်ရစ်သည်။ ထို့ကြောင့်ကျွန်မတို့အထက် တကောင်းရပ် ခြံဝင်းရှေ့လှံစွပ်တပ်သေနတ်များ နှင့် မဟာမိတ်စစ်သားများ ရောက်လာလျှင် အိမ်တံခါး၊ ခြံဝင်းတံခါးများ ပိတ်ကာအိမ်တွင်းပုန်းအောင်းနေကြရသည်။

ကျွန်မတို့ မန်ကျည်းပင် အုပ်အုပ်တွေ အောက် ဘူးစင်အနီးမှ ကွပ်ပစ်ပေါ်တွင် ပုံပြောတိုင်း သေနတ်သံ တစ်ဖောက်ဖောက်ကို ကြားနေရသည်။ ကျွန်မတို့ ဖေဖေကြီး ဦးအောင်ငြိမ်း၊ ဘဘကြီး ဦးဘတင် (ကြီးကြီးခင်ပွန်း)နှင့် ဖေဖေတို့က တောက်တစ်ခေါက်ခေါက်နှင့် ဖြစ်နေကြသည်။ ကျွန်မတို့ကလေးများ ကား ဘာမှလေးလေးနက်နက် မစဉ်းစားမိကြ။

မောင်နှမ စုစုပေါင်း ၉ ယောက် တွင် အကြီးဆုံးမှာ ကိုကြီးကိုအေးဖေ ဖြစ်သည်။ နောင်တွင် သူသည် သထုံသူ မမအေးစိန်နှင့် အိမ်ထောင်ကျကာ မမစိန်၏ အစီအမံများ နှင့် အမှိုက်များ ပြည့်နှက်နေသော ရွှေဘုံသာလမ်းတိုက်ခန်းကို ရှင်းလင်းသန့်စင်ကာ တိုက်ခန်းမရှေ့ လက်ဖက်သုတ်၊ ဂျင်းသုတ်ရောင်းရမှ ယခု `ရွှေဇီးကွက်’ စားသောက်ဆိုင်ဖွင့်ထားသည်။

ကိုကြီးသည် တပ်ရင်း ၅ တပ်ကြပ်ကြီးဘဝ မြင်းအနင်းခံရ၍ ဒူးတွင် ဒဏ်ရာရပြီး ရုံးချုပ်တွင် အမှု ထမ်းရသည်။ အရာခံဗိုလ်ဘဝဖြင့်တပ်မှ ပင်စင်ယူလိုက်သည်။ အစ်ကို ဦးစောမြင့်၏ တပည့်ရင်း ဖြစ်သည်။ သူ့အကြောင်းကို ကျွန်မ“ကံကော်ဦး”ဝတ္ထုတွင် ထည့်ရေး ဖူးသည်။ နောက်ကိုကြီး ကိုအေးငွေ (ကွယ်လွန်)သူ့အကြောင်း “မြပဝါ”လုံးချင်းဝတ္ထုတွင် ရေး ခဲ့ဖူးသည်။ ကိုကို ကိုဖေစိန် (ကွယ်လွန်၊ “လွင်” ဝတ္ထုမှဇာတ်လိုက်)၊ အမလေး၊ အမိလေး (ကွယ်လွန်)၊ ကိုလေးမောင်၊ ကိုအောင်ထူး၊ (အရင်လရွှေမဂ္ဂဇင်းတွင် ရေး ခဲ့ပြီး) တို့ ၇ ယောက် နှင့် ကျွန်မတို့ ညီအစ်မနှစ် ယောက် ပေါင်း ၉ ယောက် စုစည်းမိကြသည်။ ဝမ်းကွဲဆိုသော်လည်း မောင်နှမအရင်းအချာလို နေထိုင်ခဲ့ကြသည်။

ဖေဖေ့တွင် လက်ရှိ မောင်နှမ သုံးယောက် ရှိသည့်အနက် ကြီးကြီးဒေါ်စိမ်းမေက အကြီးဆုံး၊ ဖေဖေက အလတ်၊ ဒေါ်ဒေါ် ဒေါ်စိမ်းမြကအငယ်ဆုံး ဖြစ်သည်။ သစ်သားနှစ် ဆောင်ပြိုင် နှစ် ထပ်အိမ်ကြီးတွင် ဖေဖေကြီး၊ မေမေကြီးအပါအဝင် အိမ်သားစုစုပေါင်း ၁၆ယောက် ဖြစ်သည်။ သည်အိမ်ထောင်စုတွင် ဘဘကြီး ဦးတင်က လှည်းထောင်၍ သူကိုယ်တိုင်လည်းလှည်းမောင်းကာ စီးပွားရေး ထူထောင်သည်။ ကြီးကြီးက ဘဘကြီးနှင့် တွဲ လျက် လိုက်ပါကာ တစ်ခါတစ်ခါ လှည်းဝင်မောင်းသည်။ ကြီးကြီးက အရပ်ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျား တစ်ယောက် လို စွမ်းစွမ်းတမံ လုပ်ကိုင်တတ်သည်မို့ သူ့ကိုအရပ်သားများးက `ကိုစိမ်းမေ’ဟု ခေါ်ကြသည်။ ကျွန်မတို့ အရွယ်ရောက်လာသော အချိန်တွင် ကြီးကြီးက ရန်ကုန်လာလည်တော့

“ကြီးကြီးကမှ ကြီးကြီးမောင်ရဲ့ ဇာတ်လိုက်မင်းသမီး။ ညည်းတို့တွေ က ဂျပုလေးတွေ ”

မကြာမကြာ စတတ်ပါသည်။ ကျွန်မတို့သည် အရွယ်ရောက်ကြီးပြင်းလာသော အခါ ငယ်စဉ်တုန်းကလို ထွားကျိုင်းခြင်း မရှိတော့။ ကြီးကြီး၏ သမီး အစ်မလေး၊ အမိလေးတို့က ကျွန်မတို့ ညီမတွေ ထက် ထွားကျိုင်းသည်။ ကျွန်မက နည်းနည်း မခံချင်သဖြင့်

“ခင်ခင်ဦးကို ဖေဖေက သိုင်းသင်ပေးထားတာပဲ။ ထွားကျိုင်းဖို့မလိုပါဘူး။

“အံမယ်။ ညည်း အားကစားကျတော့ အမြင့်ခုန်၊ အလျားခုန်တွေ မှာ ရှုံးရော မဟုတ်လား”

ကြီးကြီးက မေမေ့ဘက် မျက်စိမှိတ်ပြကာ ကျွန်မတို့ကို နောက်ပြန်သည်။ ကြီးကြီးပြောတာ မှန်လည်း အမှန်ပင်။ ကျွန်မ ၁၄ နှစ် အရွယ်ပါဝင်ခဲ့သော ဦးလေးဇော်ဝိတ် တော် ဘုရားကြီး (သီပေါမင်း မြေးအကြီးဆုံး)၊ ဇနီး ဒေါ်ခင်ကြည်တို့ အားကစားအဖွဲ့တွင် ခြေတံရှည်သော မိန်းကလေးများ သာ အမြင့်ခုန် အလျားခုန်တို့တွင် ဗိုလ်စွဲတတ်ကြသည်။ ကျွန်မတို့ မောင်နှမတွေ ပုံပြောကြသော အချိန်တွင် ကိုကြီးက ၁၄ နှစ် နှင့် ၅ပေ ၆လက်မလောက်ရှိနေပေပြီ။ ခုကိုကြီးတို့ ညီအစ်ကို အရပ်မောင်းတွေ က ၅ပေ ၁၀ လက်မ နီးပါး ရှိကြသည်။ သူတို့ အညာမှာ အနေများ ကြသူမို့ ပဲကိုထည်လဲစားကြသည်။ ကျွန်မတို့ ညီအစ်မတွေ က ပဲ မကြိုက်ကြပါ။ ပြီးနောက်ဖေဖေရော၊ မေမေရော၊ အရပ်ပုတာကြောင့်လည်း ဖြစ်မည် ထင်သည်။

[ ၂ ]

ကျွန်မတို့ ပုံပြောရင်း တစ္ဆေကို စတင်ကြောက်လန့်သည်ကို ဖေဖေက နှစ်သက် ခြင်း မရှိပါ။ ကျွန်မတို့ ငယ်ငယ်တုန်းက တစ္ဆမကြောက်၊ တစ္ဆေကို မြင်ဖူးချင်ကြသော ကလေးများ ဖြစ်ခဲ့ကြသည်။ ကျွန်မညီမ `အေး’ဆိုလျှင် ကျွန်မတို့ ကြည့်မြင်တိုင် ကျောင်းကြီးလမ်းနေစဉ်က ဘယ်သူများ က တစ္ဆေသူရဲအကြောင်းကို ပြောလိုက်သည်မသိ။ အသက် ၃ နှစ် အရွယ်သာရှိသေးသော ကလေးငယ်က

“တစ္ဆေကြည့်မယ်၊ တစ္ဆေကြည့်မယ်၊ ပြပါ။ ပြပါ”

ငိုယိုပူဆာသဖြင့် ကျွန်မတို့ကို ထိန်းကျောင်းသော ဦးလေးညိုကအေးကို ပခုံးပေါ်ထမ်းကာ ပိတောက်ပင်လမ်း၊ ပန်းပင်ကြီးလမ်းတို့ဘက်ထွက်လျှောက်ကာ

“တစ္ဆေဆိုတာ တကယ်မရှိဘူး သမီးရဲ့ ။ ဟိုမှာ ကြည့်ရှိသလား”

“ဟင့်အင်း မရှိဘူး”

“အေး မရှိဘူးနော်”

ညီမက ပြုံးပြုံးရယ်ရယ်နှင့် ဦးလေးညို ပခုံးထက်တွင် ပါလာသည်။ ဖေဖေသည် ကျွန်မကို တစ္ဆေမကြောက်တရားဟောကာ ကမ္ဘာနှင့်မြန်မာ့အာဇာနည် ပုံပြင်များ ကို ပြောပြတတ်သည်။ ဂျပန်ခေတ်တုန်းက ဖေဖေသည် အသက် ၂၀အရွယ်လူငယ်များ နှင့် အလောင်းအစားလုပ်၍ ကျွန်မတို့ညီအစ်မတွေ ကို သချိုင်းသို့ သွားစေသည်။

လမိုက်သော ည၌ ကျွန်မတို့ ညီအစ်မနှစ် ယောက် သန်းခေါင်ကျော်အချိန်တွင် ဗဟန်းခရစ် ယာန်သင်္ချိုင်းသို့ ရောက်ခဲ့ဖူးကြသည်။ လူကြီးများ မယောင်မလည်လိုက်လာသည်ကို ကျွန်မတို့မသိ။ ညီအစ်မ နှစ် ယောက် လက်တွဲ ကာ ရောက်လာကြသည်။ ကျွန်မတို့ရှေ့က တွန့်ဆုတ်တွန့်ဆုတ်နှင့် အသက် ၂၉-၂၀ အရွယ် ယောက်ျားလေး နှစ် ယောက် ။

“လာလာ ညီမလေးတွေ ၊ သင်္ချိုင်းတံခါးပေါက်ပိတ်ထားတယ်”

စင်စစ် ခရစ်ယာန်သင်္ချိုင်းတွင် တံခါးပေါက်မထားဘဲ အဝင်ဝတွင် မုခ်ဝ (Arch) လိုသဏ္ဌာန်လုပ်ထားခြင်း ဖြစ်သည်။ မှတ်မှတ်ရရ စက်သေနတ်မှန်ထားသော လူသေအလောင်းနှစ် လောင်းကို အပေါက်ဝတွင် ပစ်ထားသဖြင့် အပုတ်နံ့ တထောင်းထောင်း ရနေသည်။ အလောင်းတွေ ပိုစိုးပက်စက် ဖြစ်နေပုံကို ကြယ်ရောင် အောက်တွင် လှမ်းမြင်နေရသော အခါ ကျွန်မမှာ နည်းနည်း တုန်လှုပ်မိသော်လည်း ညီမအေးက ကျွန်မထက်ပို၍ သတ္တိကောင်းသည်။ ရှေ့သို့ စိုက်စိုက်နှင့်သာသွားနေသည်။ နောက် လက်နှိပ်ဓာတ်မီးကိုယ်စီနှင့် လိုက်လာကြသော ဖေဖေတို့အဖွဲ့နှင့်ဆုံမှ ကျွန်မတို့ လှည့်ပြန်လာကြသည်။

ကျွန်မတို့ စစ်ကိုင်းတွင် နေစဉ်က ဖေဖေက သူ့အဖွဲ့ လူငယ်များ ကိုလည်းကောင်း၊ ကျွန်မတို့ မောင်နှမတစ်တွေ ကို လည်းကောင်း မေးခဲ့သော မေးခွန်းတစ်ခု ရှိသည်။

“လူဆိုတာ သေရမှာ ပဲ။ ခုကိုယ့်ကို ရန်သူက သတ်တော့မယ်။ ဥပမာ သတ်ခါနီး ဆဲဆဲ ကြောက်ကြောက်လန့်လန့်နဲ့ ငိုပြီးသေမလား။ ရဲရဲကြီးပြုံးပြီး သေမလား။ သေတော့ သေမှာ နော် ဘယ်လိုသေမလဲ”

“ရဲရဲကြီးသေမယ်” ကလေးတွေ က ဖြေသည်။ ကျောင်းဆရာမေးသော မေးခွန်းကို ကလေးတွေ က ခပ်လွယ်လွယ် ဖြေလိုက်တာမျိုးလည်း ဖြစ်ချင် ဖြစ်မည် ။

ဖေဖေပြောခဲ့ဖူးသော အာဇာနည်ပုံပြင်များ အနက် ကျွန်မတို့ စွဲလမ်းခဲ့သည်မှာ လီနင်။ အာရေဗျလောရင့်၊ ဂျိုဆေရီဇော်၊ ရိုမဲလ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုအောင်ကျော်တို့ ဖြစ်ပါသည်။

ဂျိုဆေရီဇော်သည် ပစ်သတ်ခံရသော အခါ ခေါင်းငိုက်စိုက်မှော က်ချက် မသေဘဲ၊ ခေါင်းမော့နောက်လှန်သေသည့်အကြောင်းကို ကျွန်မ သဘောကျလှသည်။ ကျွန်မတို့ ၁၀ တန်း ကျောင်းသူများ အရွယ်တွင် လီနင်တို့၊ အာရေဗျလောရင့်တို့ ရိုမဲလ်တို့ပုံတွေ ကို အနောက်တိုင်းမဂ္ဂဇင်းများ မှ ရှာဖွေကာဗလာစာအုပ်တွင် ကပ်ရသည်က အမော။

ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုမဲလ်စာအုပ်တွေ ကို ကျွန်မနှစ် ပေါင်းများ စွာ လိုက်လံ ရှာဖွေ ဖတ်ခဲ့ဖူးသည်။

“တိုင်းပြည်က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ ငါတစ်သက်လုံးကြိုးစားခဲ့တယ်။ ခုလည်းပဲ ကြိုးစားဆဲပဲ။ ငါဆုံးဖြတ်ပြီးတဲ့အတိုင်း တိုင်းပြည်အပေါ် သစ္စာရှိရှိနဲ့ အသေခံမှာ ပဲ”

ရိုမဲလ်၏ “အကောင်းဆုံးခံစစ်သည် တိုက်စစ်သာလျှင် ဖြစ်သည်” ဆိုသော စကားကို ကျွန်မအကြိုက်ဆုံးပင်။ ရိုမဲလ်သည် အရည်အသွေးပြည့်ဝသေည စစ်သားကြီး တစ်ဦးပင်။ သူနှင့် ပတ်သက်သော စရိုက်အတော် များများ ကျွန်မ၏ လုံးချင်းဝတ္ထု`တို့တိုင်းဌာနီ’ မှ ဇာတ်ဆောင်`ကိုသူရ’တွင် စိမ့်ဝင်တာကို ကျွန်မ သတိထားမိသည်။ ရိုမဲလ်သည် ဆေးလိပ်လည်းမသောက်တတ်။ သေရည်သောက်စားခြင်းလည်း မပြုသည့်အပြင် မိမိချစ်သူနှင့် တရားဝင်စေ့စပ်ကြောင်းလမ်းခြင်း မပြုရသေးသော်လည်း တရားဝင်စေ့စပ်ကြောင်းလမ်းပြီးသည့်အလား မှတ်ယူထားသူ ဖြစ်လေရာ စစ်တပ်များ တပ်စွဲထားသော မြို့များ တွင် ရှိတတ်မြဲ ဖြစ်သည့်ညအခါ ပျော်ပါးမှု မျိုးကိုစိတ်ဝင်စားခြင်း အလျဉ်းမရှိ။ သူသည် စည်းကမ်းမဲ့နှင့်တာဝန်ပေါ့လျော့မှု များ ကို သည်းညည်းခံတတ်ခြင်း မရှိကြောင်းကို သူ့ပတ်ဝန်းကျင်ကအကဲခတ်မိကြသည်။ ထင်ပေါ်ကျော်ကြားမှု ကို ခုံမင်တတ်သူ မဟုတ်ကြောင်းဆိုသော အချက်ကို ကျွန်မသဘောအကျဆုံး ဖြစ်သည်။

ရိုမဲလ်၏ သေနင်္ဂဗျူဟာမှာ လူအင်အား အနည်းငယ်နှင့် ရန်သူစစ်ကြောင်းထဲသို့ လျှပ်တစ်ပြတ် ထိုးဖောက်ဝင်ရောက်သော နည်း ဖြစ်သည်ဆိုသည့် အချက်ကလည်း အားကျဖွယ်ပင်။

“ရိုမဲ (လဲ)ရဲ့ အင်အားဟာ မြင်းတစ်ကောင်ရဲ့ အင်အားနဲ့ ညီမျှတယ်။ သူ့လိုလူ တွေ့ ခဲပေခြင်းဗျာ။ ကျုပ်ဖြင့် တွေ့ ကို မတွေ့ ဖူးပါဘူး။ အစားအသောက် အအိပ်အနေကအစ ဘဝမှာ ဇီဇာကြောင်တတ်တဲ့လူမဟုတ်ဘူး။ သူ့ထက် အသက် ၂၀-၃၀ ငယ်တဲ့ သူတွေ တောင် သူ့ကိုတုပြီးအမောအပန်း မခံနိုင်ဘူး။ သူကချည်း အနိုင်ပိုင်းတာပဲ။ သူ့ကိုယ်သူလည်းမသက်ညှာဘူး။ သူများ ကိုလည်း ညှာရမှန်းမသိတဲ့လူ မဟုတ်ဘူး။ အကြမ်းမှာ တော့ ကမ်းကုန်ပဲဗျာ”

သူသည် နပိုလီယန်ကဲ့သို့ ပင် မိနစ်အနည်းငယ်မျှ မှေးစက်ရုံဖြင့်လည်းကောင်း၊ မော်တော် ကားအတွင်းတွင် တစ်ငိုက်မျှ အိပ်ရရုံဖြင့်လည်းကောင်း၊ တင်းတိမ်လေ့ရှိပြီး၊ သို့ တဒင်္ဂအိပ်စက်ရာမှ နိုးလာလျှင်လည်း သုန်သုန်မှု န်မှု န် မရှိ။ ပကတိ လန်းလန်းဆန်းဆန်း ကြည်ကြည်လင်လင် နေတတ်သူ ဖြစ်သည်။ ရိုမဲလ်လက်အောက်တွင် အနီးကပ် အမှု ထမ်းရသော အရာရှိများ မှာ များ သော အားဖြင့် ရိုမဲလ်ကဲ့သို့ တန်းတူရည်တူ မလုပ်ကိုင်နိုင်သူက များ သည်။ သူမနက် ၆ နာရီက ထွက်တဲ့ခရီး၊ နာရီပြန်တစ်ချက်တီးမှ ပြင်သစ်ကမ်းရိုးတန်း စစ်စခန်းရောက်ကာ စစ်ဆေးပြီး နေ့လယ်စာမစားဘဲ ပြန်ထွက်၊ နောက်စခန်းတစ်ခုကို ည ၇ နာရီကျမှ ရောက်တာ ကွန်ဖရင့်ထိုင်သေးသည်။ ရှစ်နာရီကျမှ ညစာစား (တစ်နေ့လုံးအတွက် တစ်နပ်ပဲ) ည ၉ နာရီကျ ဆက်အလုပ်လုပ်သေးသည်။ သူနှင့်အတူ လိုက်ပါလာသော အင်ဂျင်နီယာချုပ် ကတော့ ဟန်မဆောင်နိုင်တော့ဘဲ အိပ်ပျော်သွားသည်။ ကျွန်မသည် ဗိုလ်သူရကို ဖန်တီးရာ၌ ရိုမဲလ်၏ အငွေ့အသက်တွေ အများ ကြီးပါသည်ဟု ကိုယ့်ကိုကိုယ် ယူဆမိပါသည်။

[ ၃ ]

စစ်ကိုင်းမြို့သည် ကျွန်မအတွက် အမှတ်တရ ကျောင်းကြီး တစ်ကျောင်း ဖြစ်ခဲ့ပါသည်။ သည်ကဲ့သို့ သော အတွေ့ အကြုံကျောင်းမျိုး ကျွန်မဘယ်မှာ မှ မရနိုင်ခဲ့ပါ။ ကြေကွဲဖွယ်ရာ အ ဖြစ်အပျက်များ လည်း ရင်ဆိုင်ခဲ့ရပါသည်။

ဂျပန်တပ်တွေ မဝင်ခင်ကတည်းက ဂျပန်ကို လက်မခံဘဲ ပြန်တိုက်မည် ဟု တော် လှန်ကြမည့် လူငယ်အဖွဲ့နှင့် အတူ ဖေဖေလည်း ပါဝင်ပတ်သက်နေသည်။ သို့ ကြောင့်လည်း သခင်သိန်းတန်သည် ဂျပန်အညဉ်းအဆဲ၊ အသတ်အဖြတ်ခံရပြီး ဖြစ်သည်။

သည်ကြားထဲ ထူးခြားသည့်အကြောင်းအချက်တစ်ခုက အင်္ဂလိပ်အစိုးရက ဖေဖေ့ကို မြို့ပြအုပ်ချုပ်ရေး မှူး ခန့်ထားသော ကိစ္စပင်။ သည်ကိစ္စအတွက် လူငယ်အချို့ ဖေဖေ့ကို အကြည်ညိုပျက်ခဲ့ဖူးသည်။ ဖေဖေ့ကိုနားလည်သော တစ်နေ့၌ ပြန်လည်တောင်းပန် ကြေအေးသည်ဟု သိရသည်။ ရာထူးပေးရန် ရန်ကုန် အလုံဘင်တန်လမ်း နေအိမ်သို့ ရောက်လာသော ပြန်ကြားရေး ဝန်ကြီး (ဦးအိမ်ဟု ကျွန်မထင်သည်) ကို ဖေဖေ နှစ် ကြိမ်၊ သုံးကြိမ်ငြင်းသည်။

နောက်ဆုံး `ဆာမောင်ကြီး’ (အထက်လွှတ်တော် ဥက္ကဌ၊ နိုင်ငံရေး ခေါင်းဆောင်) က ဖေဖေ့ကို သူ့အိမ်သို့ ကားနှင့် ခေါ်ကာ သည်ကိစ္စကိုဆွေးနွေးသည်။

“ကိုဘဆွေ ဘာမှ စောဒက မတက်ဘဲနဲ့ ဒီကိစ္စကို ဦးပြောတာနားထောင်ပါ”

“ခု ကိစ္စက ကျွန်တော့်အတွက်. . .”

“နေဦး ဦးမေးမယ်။ မောင်ရင့်အခြေအနေ မောင်ရင်သိသလား”

“ဟုတ်တယ်။ ဒါတော့ ကျွန်တော် ကြားပြီးပါပြီ။ စုံထောက်အဖွဲ့ထဲမှာ ကျွန်တော့်ကို ကြည်ညိုတဲ့ လူတွေ ရှိပါတယ်”

“ဒါနဲ့များ ကိုဘဆွေ၊ ခေါင်းမမာချင်ပါနဲ့၊ ခု ဒီရာထူးကိုလက်ခံပြီး စစ်ကိုင်းကို အမြန်ဆုံး ရွှေ့ သွားပါ။ ရန်ကုန်မှာ လုံးလုံး မနေပါနဲ့”

“ကျွန်တော် စစ်ကိုင်းကို ပြောင်းမှာ ပါ။ ဒီရာထူးကိစ္စ ကတော့“

“မဟုတ်ဘူး ကိုဘဆွေ။ ဦးပြောတဲ့အတိုင်းလုပ်ပါ။ မမှားနိုင်ပါဘူး။ ဦးကပြောရင် ယုံပါ”

ဖေဖေလည်း အတော် ခေါင်းမာခဲ့သည်တဲ့။ ကျွန်မ မေမေပြောချက်အရ ဖေဖေကို အင်္ဂလိပ်အစိုးရက`ကြိုးမိန့်’ပေးခဲ့သည်တဲ့။ တစ်သက်တာလုံး ကလောင်သွား ထက်ထက်နှင့် အတိုက်အခံရေး ခဲ့သော ဒီးဒုတ်ဦးဘချို၊ မဟာဆွေနှင့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦး (သခင်ရှိန်) ထင်သည်ကိုအင်္ဂလိပ်အစိုးရက သတ်ပစ်ဖို့ အမိန့်ပေးခဲ့သည်ဟု ဆာမောင်ကြီးက သိရသော အခါ ဖေဖေအတွက် ပါးပါးနက်နက် ဖြေရှင်းပေးခဲ့သော ကိစ္စ ဖြစ်သည်။ ဤသို့ မြို့ပြအုပ်ချုပ်ရေး မှူး ရာထူးပေးသော ပုဂ္ဂိုလ်များ မှာ ကျွန်မမေမေပြောကြားချက်အရ ဒီးဒုတ်ဦးဘချို၊ မြို့မဦးလွင်၊ ဦးသိန်းဖေမြင့် တို့ ဖြစ်ကြသည်။ ဦးဘချိုကို ရွှေဘိုခရိုင်သို့ လွှတ်သည်ဟု ဆိုသည်။

“ကိုရင် လုပ်ချင်တာ လုပ်ခွင့်ရှိပါတယ်။ ခု လောလောဆယ်တော့ဦးပြောတာ နားထောင်ပါ”

ဖေဖေမြို့ပြအုပ်ချုပ်ရေး မှူးလုပ်သည့်အခါ ဖေဖေနှင့် ကာကွယ်ရေှးမှူး ကိုကြည်လင် (ဘဘကြီး ဦးဘတင်၏ ညီ) တို့သည် မထင်မှတ်သော လူစုလူဝေးပေါက်ကွဲမှု ကြောင့် ဖေဖေအမိန့်နှင့် ကိုကြည်လင်သေနတ်ဖောက်ရာ ဘဘကြီး ဓားစာခံ ဖြစ်ရရှာသည်။ အလွန်ချစ်မြတ်နိုးသော ယောက် ဖလည်း ယောက် ဖ၊ သူငယ်ချင်းလည်း ဖြစ်သော မောင်ဘတင့်၏ ကြမ္မာဆိုးသည် ဖေဖေနှင့် ကိုကြည်လင် ပယောဂကြောင့် ဖြစ်သွားရာ၊ တစ်သက်လုံးယူကြုံးမရ ဖြစ်စရာ အကြောင်းတွေ ပေါက်ဖွားလာခဲ့သည်။ သည်အကြောင်းကို ဖေဖေသည် “ငါဘယ်သူလဲ” အမည် နှင့်စာအုပ်ငယ်တစ်အုပ် ရေး သားပြုစုထုတ်ဝေခဲ့ဖူးလေရာ စပယ်ဖြူမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ကျွန်မလည်း ကျွန်မဘက်မှအမြင်ကို မှတ်မိသရွေ့ ရေး ပါဦးမည် ။

ဇူလိုင်၊ ၉၃၊ ရွှေရုပ်စုံမဂ္ဂဇင်း

(၄)

ဒိုင်ယာရီ ၎

[ ၁ ]

ပြီးခဲ့သည်လတုန်းက ဖေဖေ့ကို အင်္ဂလိပ်အစိုးရက ခန့်သော မြို့ပြအုပ်ချုပ်ရေး မှူးရာထူးကို မလွှဲသာမရှောင်သာ လက်ခံခဲ့ရကြောင်းကို ကျွန်မရေး ခဲ့ပြီး ဖြစ်ပါသည်။ သည်ရာထူးကို ဝါဒဖြန့်ချိရေး အရာရှိချုပ်ဟူသော သတ်မှတ်ချက်နှင့် လျှို့ဝှက်ဌာနက ခန့်သဖြင့် လစာငွေရယ် မဟုတ်ဘဲ ထောက်ပံ့ကြေးပေး၏ ။ လက်မခံချင်၍ အတန်တန်ငြင်းခဲ့ရာ အထက်လွှတ်တော် ဥက္ကဌ၊ ဆာဦးမောင်ကြီးက တိုက်တွန်းသဖြင့် လက်ခံခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်အစိုးရက သူတို့မြန်မာပြည်မှ ထွက်ခါနီး တွင် ဖေဖေ့ကို သူတို့၏ ရန်သူနိုင်ငံရေး လူဆိုးအ ဖြစ် သုံးယောက် တစ်တွဲ အသတ်ခိုင်းရာ ဖေဖေ့အမှတ်အသားအရ သ ခင်ရှိန်၊ သခင်ကြွယ်၊ မဟာဆွေတို့ ဖြစ်ပြီး ကျွန်မ မေမေ၏ အမှတ်အသားအရတော့ ဒီးဒုတ်ဦးဘချို၊ သခင်ရှိန်နှင့် မဟာဆွေတို့ ဖြစ်သည်။ ဂျပန်ခေတ်-ကျွန်မ ၈နှစ် ၊ ၉ နှစ် သမီးအရွယ် ဖေဖေနှင့် မေမေတို့ပြောသံဆိုသံနားထောင်မှတ်သားမိသမျှ မေမေမှတ်ထားတဲ့အတိုင်း ဖြစ်လိမ့်မည် ဟုကျွန်မထင်ပါသည်။

စုံထောက်အဖွဲ့တွင် ဖေဖေ့အသိ (စာဖတ်ပရိသတ်) ရှိသဖြင့် သည်သတင်းကို ဖေဖေလည်း ကြိုတင်သိပြီး ဖြစ်သည်။ နောက်သိရသည့်အချက်အလက်တစ်ခုမှာ လည်း အင်္ဂလိပ်တွေ က သူတို့ မျက်စိစပါးမွှေးစူးနေသော မဟာဆွေကို နိုင်ငံရေး အကျဉ်းသားအ ဖြစ် အိန္ဒိယသို့ ပို့လိုသည်တဲ့။ သည်ကိစ္စကို ပြည်ထဲရေး ဌာနက ထိန်းထားသည်။ ဘုရင်ခံလက်အောက်ရှိ ထိုရာထူးကို လက်ခံသော အခါ ထိုကိစ္စငြိမ်းသွားသည်ဟု ဆိုသည်။ ဖေဖေတို့ မိသားစု ရန်ကုန်မှ စစ်ကိုင်းသို့ ထွက်ခဲ့ကြသော နေ့မှာ မှတ်မှတ်ရရ ၁၉၄၂ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ဟု ဖေဖေ့ဒိုင်ယာယီတွင် ရေး သားခဲ့ပါသည်။

ထိုအချိန်မှာ မြန်မာလူမျိုးများ စစ်ဘေးဒဏ် ရင်ဆိုင်တိုးကြရသော အခါ ဖြစ်သည်။ ရန်ကုန်စစ်ဘေး ဗုံးဒဏ်၊ မီးဒဏ်၊ စက်သေနတ်ဒဏ်တို့မှကင်းလွတ်ပြီးသည့်နောက် စစ်ကိုင်းတွင် ရေနစ်သူ၊ ဝမ်း ရောဂါ နှင့်ဆုံးသူ၊ ငှက်ဖျား၊ တိုက်ဖွိုက် စသည်တို့နှင့် ဆုံးသူလည်း မရှားပေ။

ကျွန်မတို့သည် ကလေးငယ်ဘဝတွင် မို့ အပူအပင်ကင်းမဲ့စွာ ဧရာဝတီမြစ်ရေချိုးလိုက်၊ သဲသော င်ပြင်တွင် ပြေးလွှားဆော့ကစားလိုက်၊ ရံဖန်ရံခါ မောင်နှမတစ်တွေ တေးသီချင်းဆိုကြခုန်ကြပေါက်ကြနှင့် ပျော်ရွှင်မြူးတူးလို့သာနေတော့သည်။ ညနေတိမ်ရောင် စုံတောက်ပဆဲတွင် မြစ်ပြင်ကြီးသည် ရွှေရောင် လှိုင်းများ တွန့်လိပ်ဆဲ အင်းဝမှ စစ်ကိုင်းဘက်သို့ တံတားကြီးပေါ်မှ ဥဒဟို ကားသံတဝီဝီနှင့် စစ်သားတွေ အပြည့် စစ်ကားကြီးများ တပ်ဆုတ်လာခဲ့ကြသည်။ စစ်ရောင် လော်လီကားကြီးများ ပေါ်၌ သြစတီးလီယံ စစ်သားများ ၊ ကုလားစစ်သားများ နှင့် တရုတ်စစ်သားများ ပါလာကြသည်။

တစ်ရက်ဖေဖေသည် စစ်ကိုင်းမိုးဇာဈေးမှ ဗညားရပ် (အထက်တကောင်းရပ်) အိမ်ဘက်သို့ လမ်းလျှောက်ပြန်လာရာ နေရှင်နယ်ကျောင်းအလွန်တွင် မမျှော်လင့်သော သူ တစ်ဦးနှင့်ဆုံမိကြလေသည်။

“ကိုထွန်းဖေ ဘယ်လို စစ်ကိုင်းရောက်လာသလဲ”

“ကျွန်တော် လား အင်္ဂလိပ်လေးဘားစစ်တပ်မှာ ကပ္ပတိန်လုပ်ပြီးလိုက်လာတာ။ အာသံဆိုတဲ့ သင်္ဘောနဲ့ပေါ့”

“တယ်လျင်ပါလားဗျာ”

“မလျင်လို့ မ ဖြစ်ဘူးလေဆရာ။ ဒါထက်ဆရာရယ် ကျွန်တော့မှာ ဆရာသေပြီလို့ ပြောခဲ့ရတာ ”

“ဘာ ဖြစ်လိုတုန်း”

“အင်္ဂလိပ်တွေ ပြေးရတုန်း သူတို့ရဲ့ ရန်သူ နိုင်ငံရေး လူဆိုးတွေ ကိုအသတ်ခိုင်းထားခဲ့တာ ဆရာရဲ့ ”

“အေးဗျာ။ ဒါလောက် ယုတ်မာမယ်တောင် ကျုပ်မထင်ဘူး”

“ယုတ်မာတာ ကမ်းကုန်ရော ဆရာ။ အဲသလို ပစ်သတ်ဖို့ တာဝန်ကျတဲ့ စုံထောက်တွေ က ကျွန်တော့် သူငယ်ချင်းတွေ ဖြစ်နေတာဆရာ။ သူကကျွန်တော် တို့ရဲ့ အဆက်အသွယ်ကို မသိတော့ “မဟာဆွေ” ဘယ်မှာ နေသလဲလို့ သူကမေးတယ်ဗျာ”

“အင်း ဒီတော့ ကိုထွန်းဖေက”

“မဟာဆွေကြီး တိုက်ကြီးပြောင်းပြေးတာ ဝမ်း ရောဂါ နဲ့ သေရှာပြီလို့ ပြောလိုက်တယ်။ ဒီတော့ ဟုတ်ရဲ့ လား သူ့စာအုပ်တွေ တော့ ထွက်နေတုန်းပါလားတဲ့”

ထိုအခါက ဖေဖေ`ရန်ကုန်နှင့်ဗုံး’စာအုပ်ကို မန္တလေးသူရိယမဂ္ဂဇင်းမှ ရိုက်နှိပ်၍ ထွက်ဆဲ ဖြစ်သည်။

“ဒါနဲ့ ကျွန်တော် က ဒီလူကြီး အလွန်အလုပ်လုပ်တာ။ သားမယားအတွက် ကော်ပီ ၂၀/ ၃၀ ထက်မနည်း အမြဲရေး ထားတာလို့ ဖြီးရတယ်ဗျာ”

သည်အကြောင်း ဖေဖေက အိမ်အရောက်ပြန်ပြောပြသော အခါတွင် ကျွန်မတို့ကြီးကြီးနှင့် သူ၏ ခင်ပွန်း၊ ကျွန်မတိုမေမေ၊ ဖေဖေ၏ နှမတို့မှာ စိတ်ပူပင်လျက် ရှိတော့သည်။

ဘဘကြီး ကိုဘတင်က

“မင်း ဖြစ်ရဲ့ လား။ တစ်နေရာသွားနေမလား။ ငါလှည်းနဲ့ ပို့ပေးမယ်လေ”

ဖေဖေ့မှာ အပြုံးမပျက်၊ အစ်မနှင့် အိမ်ထောင်ကျပြီးကတည်းကစကားတစ်ခွန်းမှ မပြောခဲ့ဖူးသော သူငယ်ချင်းယောက် ဖ ပခုံးကို လှမ်းပုတ်ပြီး

“မပူပါနဲ့ကွာ။ လာမယ့်ဘေး ပြေးတွေ့ ရမှာ ပဲ”

ဘဘကြီး ဦးဘတင်က ဖေဖေ့မျက်နှာကို အားရကျေနပ်စွာ ငေးကြည့်နေလေသည်။ ဘဘကြီးကား ဖေဖေနှင့်ရွယ်တူ ကြီးကြီးထက် ၃ နှစ် ငယ်သည်။ သူတို့နှစ် ယောက် အရပ်မနိမ့်မမြင့် ခန္ဓာကိုယ်တောင့်တင်းတာချင်း ဆင်တူသည်။

ဘဘကြီး ဖေဖေ့ထက် နည်းနည်း ပိုညိုသည်ကလွဲ၍ မျက်နှာကျချင်းလည်း ဆင်သည်။

သည်တုန်းက အ ဖြစ်အပျက်တို့သည် ကြောက်မယ်ဖွယ် အိပ်မက်ပမာပင် ကျွန်မတို့ ငယ်ငယ် ကလေးအမြင်အာရုံ၌ ထင်ရှားစွာ မြင်သိမှတ်မိတာတွေ ဆက်တိုက်ဆိုသလို ရေး ရေး မက ထင်မြင်နေခဲ့သည်။

[ ၂ ]

ဘဘကြီး ဦးဘတင်က ကလေးများ ကို ချစ်တတ်သည်။ ကလေးတွေ ကို ချစ်စနိုးနှင့် နောက်ပြောင်ကျီစယ်လေ့ရှိသည်။ သူ့ကလေး ၇ယောက် ကိုပါမက ကျွန်မတို့ ညီအစ်မကိုလည်း ဂရုတစိုက်ရှိသည်။ မုန့်များ ဝယ်လာလျှင် အားလုံးအညီအမျှ။

ကျွန်မတို့ အထက်တကောင်းရပ်နေအိမ်တွင် ကျွန်မတို့ မိသားစုဖေဖေ၊ သမီးနှစ် ယောက် က တစ်အိမ်ထောင်။ ဖေဖေ့ဖေဖေ၊ မေမေနှင့်ဖေဖေ့နှမအပျိုကြီးက တစ်အိမ်ထောင်။ ဖေဖေ့အစ်မကြီးကြီး၊ ယောက် ဖဦးဘတင်နှင့် သားသမီး ၇ယောက် က တစ်အိမ်ထောင် မိသားစုစုစုပေါင်း၁၆ယောက် ရှိသည်။

မှတ်မှတ်ရရ ထိုနေ့ညနေက ကြီးကြီးကိုယ်တိုင် ရက်လုပ်နေကျရက်ကန်းစင်မှ ချည်နှင့်ပိုး စပ်တွဲ လုံချည် ကျူထရံကွက် ပန်းရောင် ဆင်တူကို ဖေဖေနှင့် ဘဘကြီးတို့အတွက် ဖြတ်ယူကာ ချုပ်ပြီးဝတ်စေသည်။

နေမင်းသည် တစ်စ၊ တစ်စနိမ့်ဆင်းသွားဆဲ။ ငှက်များ အတောင်ပံဖြန့်ကာ အိပ်တန်းတက်ရန် ပျံသန်းသွားကြသည်။ မန်ကျည်းပင်ထိပ်ဖျားနှင့် ဓာတ်တိုင်ထက်၌ နားနေကြသော ကျီးကန်းများ သည်ပင် ရုတ်ခြည်းဖလပ်ဖလပ်နှင့် ပျံကုန်ကြသည်။

“ဂိုထောင်ဖောက်ကုန်ပြီ”

တစ်ယောက် ယောက် က ပြောဆဲ။ ဘဘကြီးညီ ကိုကြည်လင်က မြို့စောင့် Home Guard အ ဖြစ် နှစ် လုံးပြူးသေနတ်ကိုင်က လျင်မြန်စွာ ထလိုက်လေသည်။ ဖေဖေကကိုကြည်လင်ကိုဆွဲလိုက်ကာ

“နေပစေ မောင်ကြည်လင်။ စစ်အတွင်းပဲ အများ လိုတာ သုံးကြပါစေ”

“သူတို့ ရန် ဖြစ်ကုန်မှာ စိုးလို့ပါ အစ်ကိုကြီး“

ကိုကြည်လင် ထင်တာ မမှားခဲ့ပေ။

ပစ္စည်းများ ကို သယ်ပိုးပေးသော “တောလှည်းသမား ၇၀ ခန့်နှင့်တကောင်းရပ်သား ၂၀ ခန့် ရန် ဖြစ်ကြသည်။ လှည်းသမားများ မှာ ဓားရှည်၊ လှည်းထမ်းပိုးကြီးများ ပါလာ၍ ပစ်ခတ်သံတွေ တဝီဝီ ဖြစ်နေတော့သည်။ ဖေဖေ၏ ခြေထောက်နားတွင် လှည်းထမ်းပိုးကြီးတစ်ချောင်း ဝှီးကနဲ ကျလာ၍ ဖေဖေ့မှာ နောက်ဆုတ်ခုန်လိုက်ရသည်။ အရပ်သားလူငယ်တစ်ဦး၏ ဦးခေါင်းမှာ သွေးသံရဲရဲနှင့် တပ်ဆုတ်လာသည်။

ဓားရှည်အသွားများ သည် နေရောင် တွင် ဝင်းပြောင်နေသည်။ ထမ်းပိုးများ ကတော့ လေတွင် ကြောက်မက်ဖွယ် ပျံသန်းလာကြသည်။ တချို့ဦးခေါင်းထိ၍ တချို့နံရိုးကျိုးသံ ဖျောက်ကနဲပင် ကြားလိုက်ရသည် ဆို၏ ။

“မောင်ကြည်လင် ပစ်၊ မိုးပေါ်ထောင်ပစ်”

ဖေဖေက လူစုခွဲခိုင်းသည်။ အစမူလတွင် ကိုကြည်လင်က မိုးပေါ်ထောင်ပစ်သေးသည်။ ထမ်းပိုးများ ဓားရှည်များ ကြောက်မက်ဖွယ်ကောင်းအောင် ပျံဝဲလာကြသည်။ ကိုကြည်လင်က လွယ်အိတ်ထဲမှ ဝီစကီပုလင်းထုတ်မော့သောက်ကာ ဖြူဖျော့လာသော မျက်နှာမှာ နီးမြန်းလာလျက် နှစ် လုံးပြူးသေနတ်ကို မြှောက်၍ လူထုထဲ တည့်တည့်ချိန်ပြီး

“မရတော့ဘူး”

ပစ်လိုက်သည်။

သည်တွင် ဘဘကြီးကသူ့အိမ်မှ မြို့ထဲဘက် ပြေးသွားပြီး ကိုကြည်လင်ကိုဆက်မလုပ်ဖို့ တောင်းပန်ပြီးချိန်။ သည်ဘက်မှ တုတ်၊ ဓားများ နှင့် လှည်းသမားတွေ

“မြို့သားတွေ သွေးရဲသလားဟေ့ တောသားတွေ အကြောင်းသိသွားမယ်”

ညာသံပေးပြီး ရှေ့ကို ဇွတ်တိုးလာပြန်ရာ ဘဘကြီးက သူ့တပည့်လှည်းသမားများ ဆီသို့ အမောတကော ပြေးလာပြန်သည်။ တစ်ဖက်မှ ညီနှင့်သူ၏ တကောင်းရပ်ဆွေမျိုးများ ၊ တစ်ဖက်မှ သူ၏ လုပ်ဖော်ကိုင်ဖက်တပည့်များ ။

“ဟေ့ကောင်တွေ ရှေ့မတိုးကြနဲ့ တကယ်ပစ်နေတာ”

“ပစ်ရဲရင် သေရဲတယ် အလှည့်ကျ မနွဲ့စတမ်းဟေ့”

ဖေ့ဖေ့လက်ထဲမှာ လည်း နှစ် လုံးပြူးသေနတ်တစ်လက်နှင့် ဖေဖေသည် သေနတ်ကို မိုးပေါ်ထောင်ပစ်ဆဲ။ ကိုကြည်လင်ပစ်သော သေနတ်ကျည်ဆံသည် လူအုပ်ထဲ ဝင်သွားပြန်ကာ လှည်းသမားဘက်မှ လူနီအမြွာညီအစ်ကိုနှစ် ယောက် တွင် တစ်ယောက် ကို ထိကာ ပွဲချင်းပြီး သေဆုံးရှာသည်။ ရုပ်ချင်းအလွန်ဆင်သော အသားနီနီ၊ ရွှေရောင် ဆံပင်နှင့် လူနီလေးတစ်ဦးက သေဆုံးသူတစ်ဦးကို ထမ်းလာကာ မျက်ရည်တွေ တွေ တွေ ကျဆင်းလာသည်။ ကြေကွဲဖွယ်ပင်။ လှည်းသမားအချို့ ခေါင်းမာစွာ (ဝါ) ရဲ့ ဝံ့စွာ ရင်ဆိုင်ဆဲ။ စူးရှသော ကြီးကြီးငိုသံကို ကြားရသည်။ အချို့က ဖေဖေ့ကိုထိပြီး ဖေဖေဆုံးပြီဟု ထင်သူထင်ကြသည်။ ကိုဘဆွေ ဆုံးပြီ။

သည်သတင်း ကျွန်မတို့အိမ်ဘက် ရောက်လာကာ ကျွန်မမေမေ၊ ဒေါ်ဒေါ်နှင့် ကလေးတွေ ငိုကြသည်။ “ဖေဖေ၊ ဖေဖေ”ဟု ကျွန်မတို့ ညီအစ်မနှစ် ယောက် က ငိုကြဆဲ။ ကျွန်မအစ်မဝမ်းကွဲနှင့် ညီမလေးဝမ်းကွဲက

“ဦးလေးရေ. . .ဦးလေးရေ”

အော်ငိုကြပြန်သည်။ အလောင်းကို လူလေးယောက် သယ်ဆောင်လာကြသည်။ လည်ကတုံးရှပ်အင်္ကျီအဖြူ လက်ရှည် တွဲ ကျူထရံကွက် ပန်းရောင် နှင့် သို့ သော် အသားနည်းနည်း ညိုသည်မို့ ကျွန်မတို့ညီအစ်မက

“ဟင် ဘဘကြီး”

ဟု ငိုပြန်သည်။

“ ဖြစ်ရလေ ကိုဘတင်ရေ”

ဟု မေမေကလည်းပြောရင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာသည်။ ကျွန်မအစ်ကို၊ အစ်မ၊ မောင်လေး၊ မောင်နှမတစ်တွေ က

“အဘရေ အဘ”

ဟု တရှုံ့ရှုံ့နှင့် ငိုကြွေးကြသည်။ မန်ကျည်းပင်ပေါ်မှ ရှဥ့်များ ကိုက်ဖောက်သော မန်ကျည်းကြက်ဆူသီးများ က တဖြုတ်ဖြုတ် ကျကြွေလာပေသည်။ မီးဖိုဘေးရှိ ခုတင်ပေါ်တွင် အသက်ပျောက်နေသော ဘဘကြီးအလောင်းနားတွင် ကျွန်မတို့အားလုံး ဝိုင်းအုံနေကြသည်။ ကျည်ဆံမှာ ကျောကဖောက်၍ ရင်ညွှန့်တွင် စူထွက်နေသည်။ ရန်ဖျဉ်ရန်ကြိုးပမ်းအားထုတ်နေသော ဘဘကြီးဘတင် သူ့ညီပစ်လိုက်သော ကျည်ဆံက လူ ၇၀ကျော်ထဲတွင် သူကို ရွေး၍ မှန်လေသည်။ ဖေဖေသည် မျက်ရည်တွေ ဝိုင်းကာနှစ် လများ စွာ ကွဲကာရာမှ ပျော်ရွှင်စွာ နေထိုင်ကြခိုက် အခါဆိုးတွင် ယောက် ဖဆုံးခဲ့သည်။ ဖေဖေ့အစ်မ ကြီးကြီး မုဆိုးမကို ကလေး ၇ ယောက် အမွေပေးခဲ့သည်။ အကြီးဆုံး ကိုအေးဖေ (ယခု ရွှေဘုံသာလမ်း ရွှေဇီးကွက်စားသောက်ဆိုင် ပိုင်ရှင်)က အသက် ၁၅ နှစ် ၊ အငယ်ဆုံး အောင်ထူးမှာ နှစ် ခါလည်မျှသာ ကျန်ခဲ့သည်။ အိမ်သားတွေ သည်အိမ်တွင်

တစ်မိနစ်တစ်စက္ကန့်မျှပင် မနေလြို ကတော့တာအမှန်ပင်။ စစ်ကို စိတ်အနာကြီးနာလျက်။ ဘဘကြီးအလောင်းကို ဆေးရုံသို့ ပို့ပြီးနောက်တစ်နေ့ နံနက်စောစောမှာ ပင် စစ်ကိုင်းမြောက်ပိုင်း ရွှေကုံးရပ်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။

ဖေဖေ၏ ဒိုင်ယာရီမှတ်တမ်းကို ကျွန်မကူးယူခဲ့ရာ ဘဘကြီးဆုံးသော နေ့မှာ ၁၉၄၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ဖြစ်သည်။ သည်နေ့ကစပြီး ကိုကြည်လင်သည် ၂၄ နာရီတွင် အိပ်ချိန်မှလွဲ၍ နေ့နေ့ညညအရက်သောက်ကာ မျက်နှာနီးမြန်းလာကာ အရက်ကြောင့် အသက်တိုရှာသည်။

[ ၃ ]

စစ်အတွင်း ကိုယ်တွေ့  ဖြစ်ရပ်များ စစ်ကိုင်းမြို့တွင် ကြုံတွေ့ ခဲ့ရသည်များ ကို ဖေဖေက “ငါဘယ်သူလဲ”စာအုပ်ငယ် တစ်အုပ်ရေး သားထုတ်ဝေခဲ့သည်။

ကျွန်ုပ်တို့သည် အိပ်မက် မက်သကဲ့သို့ ခေတ်ဟောင်း၏ နောက်ပိုင်းကို ပြန်လှန်တွေးတောကြည့်သော အခါ ရုပ်ရှင်မြန်မြန် ဆွဲပြသော အရိပ်ကဲ့သို့ ရေး ရေး မြင်နိုင်၏ ။

ကျွန်မ ခပ်ရေး ရေး မှတ်မိသော မြင်ကွင်းတစ်ခုမှာ မျက်ရည်စက်လက်နှင့် ကြီးကြီးကို ဖေဖေက တရားစာအုပ်များ ဖတ်ကာ တရားပြခြင်းပင် ဖြစ်သည်။ ဖေဖေရဲ့ တည်ငြိမ်အေးချမ်းသော အသံတွင် ကြီးကြီး၏ မျက်ရည်များ သည် ခန်းခြောက်လာသည်။

နွေလသည် ပူစပ်စပ်နှင့် သစ်ရွက်များ တဖျောက်ဖျောက် ကြွေနေဆဲပင်။ ဝါးရုံပင်တွေ သည် တစ္ဆေချောက်သလို တုန်ခါနေကြသည်။ ခပ်လှမ်းလှမ်းတွင် ရိုင်ဖယ်သေနတ်သံများ တဖောက်ဖောက်ကြားနေရသည်။ တရုတ်စစ်သား ၄ဦး လှည်းနှစ် စီးကို ဆွဲလာကြသည်။ သက်တော် ၃၀ ကျော်ခန့်ရုပ်ရည်သပ္ပာယ်သော ဦးပဉ္ဖင်းတစ်ပါးကို လက်ပြန်ကြိုးတုပ်၍ ခေါ်လာသည်။ လေပွေမုန်တိုင်းကြားမှ ရော်ရွက်ဝါပမာ လူတွေ သည် တလူးလူးတလိမ့်လိမ့် မြေပေါ်တွင် ရှပ်တိုက်ပြေးသလို ဖြစ်နေကြသည်။ ဖေဖေက “ငါဘယ်သူလဲ”တွင် စစ်အတွင်းခေတ်ကို ဤသို့ သုံးသပ်ထားလေသည်။

ယခုခေတ်သည် ယာယီခေတ် ဖြစ်သည်။ အရှေ့ဘက် စစ်မပြီးသရွေ့ သင်္ခါရနယ်က မလွတ်။ ငါဘယ်သူဘယ်ဝါ ဘယ်ကဲ့သို့ တန်ခိုးဖြာသည်ဟု မာန်မနတရားနှင့် ထောင်လွှားနေက တစ်နေ့တွင် အကျနာတတ်သည်။ ငါဘယ်သူလဲ။

အခိုက်အတန့် ဤနေရာတွင် ထိုင်ရသည်။

တစ်နေ့တွင် ဘာ ဖြစ်မည် မသိ။ မာန်ကိုလျှော့။ ရင်ကိုကော့ ကိုယ်ခံ့ညားခြင်းကို ဖယ်ရာသည်။

သြဂုတ်၊ ၉၃၊ ရွှေရုပ်စုံမဂ္ဂဇင်း

(၅)

ဒိုင်ယာရီ ၅

[ ၁ ]

တောင်သမန်အင်းရေသည် ပြည့်လျှံရုံမက လှိုင်းလုံးကြီးများ မှာ သမုဒ္ဒရာရေပြင်မှ လှိုင်းလုံးကြီးများ သဖွယ် မြောက်ကြွကာ တက်လာလေသည်။ ယခင်ကျွန်မတို့ လမ်းလျှောက်လေ့ရှိသော ဦးပိန်တံတားအောက်မှ သဲပြင်များ သည် မိုမောက်သော ရေအတိပြီးသည်။ တောင်သမန်ကမ်းစပ်၌ လေနှင့်အတူ ကြွတက်လာသော လှိုင်းလုံးများ ပေါ်တွင် ဘောကွင်းများ နှင့် ကစားသူ ကစားနေနကြသည်။ ပင်စည် လုံးပတ်ကြီးမားသော သက်ရင့် မယ်ဇယ်ပင်ကြီးများ ရေထဲ အတော် နစ်မြုပ်ကာ ရေတို့သည် သစ်ကိုင်းအလယ်များ ထိ လျှံတက်နေသည်။ ရွှေကြက်ယက်ရွေကြက်ကျတွင် ကျွန်မကလေးဘဝလှေစီးကာ တစ်နေရာမှ တစ်နေရာသို့ ကူးနေကျမို့ မူလကျောက်တော် ကြီးဘုရားဘက် လှေစီးရန် အမောတကော ပူဆာသဖြင့် ကိုမျိုးခင် (သင်းပိတောက် စားဥယျာဉ်ပိုင်ရှင်) ပို့ပေးသဖြင့်လည်း ရောက်ရခြင်း ဖြစ်သည်။ ကိုမျိုးခင်သည် တန့်ကြည့်တောင်ဆရာတော် ကြီး၏ ဥပသကာရင်း၊ တစ်မြန်နှစ် တုန်းက ပုဂံကမ္မဋ္ဌာန်းရိပ်သာတွင် အစပြုဆုံခဲ့ကြသော ဆရာပါရဂူနှင့်ကျွန်မတို့ ဓမ္မမိတ်ဆွေလည်း ဖြစ်သည်။ တောင်သမန်ဆရာတော် ကိုပညာ(အမရပူရ)၏ ဆွမ်းဒါယကာရင်းလည်း ဖြစ်သည်။

တစ်ဖက်ကမ်း ကျောက်တော် ကြီးဘုရားဘက်သို့ တောင်သမန်ရေပြင်ကို လှေနှင့်ကူးလာကြရင်း ဖေဖေနှင့် မြန်မာနိုင်ငံရေး ၊ စစ်သမိုင်းဝင်အ ဖြစ်အပျက်များ ကို သတိရမိပြန်သည်။ လှေပေါ်တွင် ပါလာကြသူများ မှာ တောင်လေးလုံးမှ ဦးပဉ္စင်းတစ်ပါး၊ ကိုမျိုးခင်၊ စာရေး ဆရာ ကျော်ရင်မြင့်၊ စာရေး ဆရာ ကဗျာဆရာမ ဝင်းဝင်းမြင့် (နန်းတော် ရှေ့)၊ ရန်ကုန်က စာရေး ဆရာမ ခက်မာနှင့် ကျွန်မတို့ ဖြစ်ကြသည်။ ကျွန်မတို့ ကျောင်းအဝမှ တောင်သမန်ဆိပ်ဘက်သို့ အထွက်တွင် ပင် ဆရာတော် ကိုပညာ (အမရပူရ) က စာရေး ဆရာတွေ တောင်သမန်ရေကြီးတာ လာကြည့်ကြတာ သူတို့လာကြည့်မှပဲဗျာ ရေလုံးလုံး မတက်ဘူး။ ရေတက်နိုး တက်နိုးစောင့်ရင်း ဒီအတိုင်း ပြန်သွားရတာ ”

အမိန့်ရှိသေးသည်။

“ရန်ကုန်ကလူတွေ တောင်သမန်နဲ့ ဦးပိန်တံတားအောက်ရေကြီးတာကို မောင်ဝဏ္ဏ ရိုက်ကူးခဲ့တဲ့ `ကတ္တီပါဖိနပ်စီး ရွှေထီးဆာင်း’ မှာ ပဲ ကြည့်ဖူးကြတာ”

မိတ်ဆွေတစ်ဦးပြောဖူးတာ အမှတ်ရမိသေးသည်။

မန္တလေးမှ ရောက်လာကြသော သူများ ကပင် တောင်သမန်ရေဖွေးဖွေးအလှကို လက်ဖျားခါနေကြသည်။

“ဟုတ်ပါ့ဗျာ၊ တောင်သမန်ရေကြီးတဲ့အလှကို လူတိုင်းပါပဲ ကြည်နူးကြရတာ ၊ ဆရာဒဂုန်တာရာ စကားမျိုးနဲ့ ဒါလဲ ရင်ခုန်ရတဲ့မြင်ကွင်းတစ်ခုပါပဲ”

ကျွန်မ အနည်းငယ်ဝင့်ကြွားလို၍

“ကျွန်မ ကတော့ စစ်ကိုင်းသူလေ၊ အမရပူရ တောင်သမန်ကနေရွှေကြက်ယက် ရွှေကြက်ကျအထိ ပြည်လျှံလို့ ကျွန်မတို့မောင်နှမတွေ မယ်ဇယ်ပင်ပေါ် တက်ဆော့ကစားခဲ့တာတွေ ၊ မယ်ဇယ်ပင်အောက်လှေလှော်ခဲ့ကြတာတွေ ၊ စစ်ကိုင်း ဧရာဝတီမြစ်ပြင်ကြီးက လျှံတက်နေတဲ့ ရေတွေ အားလုံး ပြန်မှတ်မိနေတယ်”

အိမ်သာတွေ ရေထဲမျောပါသွားသဖြင့် မယ်ဇယ်ပင်ကိုင်းထက်၊ သစ်ကိုင်းများ ၊ သစ်ခက်များ အကွယ်အကာယူ တပိုတပါးသွားကြတာကိုပင်ပျော်စရာလို ထင်ခဲ့မိကြသေးသည်။

တောင်သမန်ရေပြင်ကျယ်ကြီးကို မြင်ကတည်းက ကျွန်မသည်လည်း ရန်ခုန်မိတာ အမှန်ပင်။ ကျောင်းရောက်ရောက်ချင်း `သည်နေရာမှာ ကျွန်မတို့သားအဖတွေ လှေအတူတူစီးတဲ့ နေရာပေါ့” ဟု စိတ်ထဲက တွေးဆဲ၊ တောင်လေးလုံး ဆရာတော် က

“မဟာဆွေဆုံးတာ အနှစ် လေးဆယ်ပြည့်တော့မယ် ထင်တယ်”

အမှတ်ထင်ထင် မိန့်လေသည်။

“တင်ပါ့၊ ဖေဖေ သြဂုတ်လ(၅)ရက်၊ ၁၉၅၃ခုနှစ် တုန်းက ဆုံးခဲ့တာပါဘုရား”

“ဒီလိုဆိုရင် ရှေ့လထဲ အနှစ် လေးဆယ်ပြည့်တော့မှာ ပေါ့”

“တင်ပါ့”

“မဟာဆွေ နှစ် တစ်ရာမွေးနေ့လုပ်သင့်တယ်ဗျ၊ ခင်ဗျား မှတ်တမ်းစာအုပ်မှာ တောင် ဘုန်းကြီးရေး ခဲ့ဖူးသေးတာပဲ”

“မှန်ပေါ့၊ အခြေအနေပေးလာရင် တပည့်တော် အမှတ်တရ တစ်ခုခုတော့ လုပ်ပါ့မယ်ဘုရာ့”

မန္တလေးမှကျွန်မ၏ စာပေမိတ်ဆွေအတော် များများ သည် `စစ်ကိုင်းသမီးဒိုင်ယာရီ’ ကို ဆွေးနွေးကြသည်။ ဆောင်းပါး ဖြစ်မြောက်ရေး အစပျိုးသူ ရွှေမဂ္ဂဇင်းအယ်ဒီတာများ ဖြစ်ကြသော ကိုကြည်သာဦးနှင့်ကိုလင်းဝေမြိုင်တို့၏ ဂုဏ်ကျေးဇူးကိုထုတ်ဖော်ပြောမိသေးသည်။`ဒေါ်ဒေါ်မာ’သည်ပင်ရွှေမဂ္ဂဇင်းကိုဝယ်ဖတ် ဖြစ်သည်ဆိုသဖြင့် ကျွန်မမှကျေနပ်ဝမ်းမြောက်မိသည်။

[ ၂ ]

ဖေဖေ၏ စာပေသမားဘဝ၊ နိုင်ငံရေး သမား တစ်စိတ်တစ်ဒေသ၊ အလှည့်အပြောင်း များ လှသော မြန်မာနိုင်ငံရေး ဖြစ်စဉ်တွေ ၊ ကိုယ့်ဘက်ကိုယ်ယက်သော တစ်ကိုယ်ကောင်း နိုင်ငံရေး သမားများ ၊ တီးတိုးဝါဒဖြန့်မှု တွေ နှင့် ကိုယ့်လူအချင်းချင်းမရှောင် ညစ်တတ်သော ၊ ညစ်ကျယ်ကျယ်နိုင်ငံရေး သမားများ ကို ကြီးငယ်မဟူ ဖေဖေ ခါးသည်းစွာ ရွံရှာမုန်းတီးတတ်သည်။ ထိုမသမာနိုင်ငံရေး သမားကြောင့် မျက်စိရှေ့မှာ ပင် အချင်းချင်းလူစုကွဲကာ ရန်သူ့လက်ထဲ မရှုမလှ ကျဆုံးသူများ ဒုနှင့်ဒေး။ ထို့ကြောင့်မြန်မာပြည်တွင် သတ္တိရှိရုံမက ရိုးသားသန့်စင် ဖြောင့်မတ်သော နိုင်ငံရေး သမားများ အလိုရှိသည်ဟု စစ်မ ဖြစ်ခင်တုန်းကပင်`ရဲသတင်းစာ’တွင် တခမ်းတနား ကြေညာခဲ့ဖူးလေသည်။

ထို့ကြောင့် ဖေဖေသည် ရိုးစင်းသန့်ရှင်းသော အနုပညာသည်ဘဝတွင် ပင် အေးအေးမနေရရှာ။ လူညစ်များ ၏ ဒဏ်ကို မကြာမကြာခံရရှာသည်။ နောင် အလျဉ်းသင့်သလို ရေး သားဖော်ပြ သွားပါမည် ။

ကျွန်မတို့ စစ်ကိုင်းစစ်ပြေးဘဝ အတွေ့ အကြုံများ သည် ခါးသည်းသလောက် ဗရုတ်သုက္ခလည်း နိုင်လှသည်။ ကျွန်မတို့ ဘဘကြီး (ဖေဖေ့ယောက် ဖ) ဆုံးပြီး အလောင်းကို ဆေးရုံပို့ကာ အထက်တကောင်းရပ်အိမ်တွင် နေ့ကူးအောင် မနေတော့ဘဲ ရွှေထုံး(ထုံးဘို)သို့ ရုတ်ချည်းပြောင်းရွေ့ခဲ့ကြရသည်။ ကိုယ့်အိမ်သားအလောင်းကို အသုဘလည်း မချရသည့်အပြင်ရက်လည်ဆွမ်းပင် ထိုအိမ်တွင် ကျွေးခွင့် မကြုံခဲ့တော့ပေ။

တောင်သမန် ရေစီးမျောနေသလိုပင် အတွေ့ အကြုံရေစီးများ ကားသန်လွန်းလှသည်။ ရွှေထုံးသို့ ပြောင်းရွှေ့သည့်အချိန်မှစ၍ ကူမင်တန်တရုတ်စစ်သားများ ရန်မှ လွတ်အောင်ရုန်းရသော စစ်ပြေးဘဝ ဖြစ်လေသည်။ ထုံးဘိုခြံထဲထားသော လှည်းနှစ် စီး (မိတ်ဆွေလှည်းများ ) ကို နွားနှင့်တကွလိုချင်သည်ဟုဆိုကာ တရုတ်စစ်သားနှစ် ယောက် ဖေဖေ့ကို လက်ဟန်ဖြေဟန်ဖြင့်ပြောလေသည်။ သူတို့ကအင်္ဂလိပ်လိုမတတ်သဖြင့် ဘယ်လိုမျ ကြားခံဘာသာ စကားမရှိပေ။ ဖေဖေက ကိုယ်လက်အမူအရာနှင့် `ငါလှည်းမမောင်းတတ်ဘူး၊ မင်းတို့လိုချင်ရင် ယူသွားပေါ့’ ပြောသည်နှင့် ဖေဖေ၏ ရင်ဝကိုရိုင်ဖယ်သေနတ်နှင့် ချိန်ထားလေသည်။ ထိုအချိန်၌ ကြီးကြီး၊ ဒေါ်ဒေါ်နှင့်မေမေတို့ မိန်းမသားတွေ အိပ်ခန်းတစ်ခုထဲ တံခါးဂျက်ပိတ် ပုန်းအောင်းနေကြရသည်။ ဝရန်တာမှ ထွက်ကြည့်နေသော ဖေဖေ့တူနှစ် ယောက် ၊ ကျွန်မအကိုတစ်ဝမ်းကွဲ (ကိုအေးဖေနှင့် ကိုအေးငွေ) တို့ကို အခြားစစ်သား တစ်ယောက် က သေနတ်နှင့် ချိန်ပြီးဆင်းခဲ့ရန်ခေါ်လိုက်သည်။ ဖေဖေက

“ကိုင်း လာခြဲ့ ကတော့ဟေ့၊ တို့တူဝရီးတွေ သေအတူရှင်အတူပေါ့”

ဖေဖေက တူတွေ ကို အားပေးလိုက် တာလည်း ဖြစ်သည်။

သူတို့မှာ မြင်းတစ်ကောင်လည်း အဓမ္မသိမ်းလာသေးရာ မြင်းရှင်လူငယ်နှစ် ဦးက ခပ်လှမ်းလှမ်းမှ အကဲခတ်နေရာ ဖေဖေ့ကို လှမ်း၍

“ဆရာ့တူလေးတွေ ငယ်လွန်းလှပါတယ်၊ ဆရာပါရင် ကျွန်တော် တို့လဲ လိုက်ရဲပါတယ်။

ကူညီရိုင်းပင်းစိတ်ဖြင့် ပြောသဖြင့် တူငယ်လေးများ ကို ထားခဲ့သည်။ သည်တုန်းက အစ်ကိုနှစ် ယောက် စလုံး ၁၅ နှစ် နှင့် ၁၃ နှစ် သာရှိကြသေးသည်။ လမ်းခုလတ်ကျတော့ လှည်းနွားလိုချင်ရင် ငွေ ၈၀ ပေးရမည် ဆိုသည်။ ထိုစဉ်တုန်းက ၄၀၀ကျော်တန်သော လှည်းကို ငွေ ၈၀ နှင့် ပြန်ရတော့ ပေးမည် ဝန်ခံလိုက်ရသည်။ လှည်းကို ပြန်ပေးလိုကြောင်းသိရသဖြင့်ငွေလည်း ပေးရန် ဝန်မလေးတော။ တရုတ်စစ်ဗိုလ်နှင့် စစ်သား တစ်ယောက် ဖေဖေ့နောက်သို့ လိုက်လာသည်။ ငွေမှာ ဖေဖေ့အိတ်ထဲ အလွယ်တကူမပါသော ကြောင့်ပင်တည်း။ တရုတ်များ အိမ်ရောက်၍ အိမ်အောက်ဝင်းထဲတွင် အစောင့်ခိုင်းပြီး ဖေဖေ တစ်ယောက် တည်း အိမ်ပေါ်တက်လာပြီး ငွေ ၈၀ယူကာ ကပျာကသီ ဆင်းခဲ့သည်။ တရုတ်တွေ က ငွေ ၈၀ယူပြီး `ယဉ်ပဲ့ ယဉ်ပဲ့(၁၀၀ ၁၀၀) ပြောပြန်သည်။ တရုတ်စစ်သားတွေ ၏ ရိုင်ဖယ်သေနတ်သည်ဖေဖေ့ရင်ဝကို ချိန်ပြန်သည်။ ဖေဖေက အိမ်ပေါ်သို့ အပြေးတက်သွားပြီးလိုသော ငွေယူပြန်တော့ ငွေ ၂၀ မ ကတော့။ ၃၀ ကမန်းမတန်းဆွဲယူခဲ့လေသည်။ ဒါလည်းမဟုတ်သေး။ ယဉ်ပဲ့ဝူး (တစ်ရာ့ငါးဆယ်) ဟု တောင်းပြန်သည်။ (ဖေဖေ့အနေနှင့် တရုတ်ဘာသာစကား နည်းနည်း တတ်သည်။ ဖေဖေက

“မင်းတို့တောင်းတုန်းက ၈၀၊ ခု တဖြည်းဖြည်းများ လာပြီ”

ဟု လက်ဟန်ခြေဟန်နှင့် ပြောမိရာ စစ်သား၏ ရိုင်ဖယ်အပြင်ဗိုလ်လုပ်သူ၏ ခြောက်လုံးပြူးပါ ဖေဖေ့ရင်ဝကို ချိန်ထားကြပြန်သည်။

ဖေဖေက မျက်နှာကြော တင်းမာနေရာမှ မလွှဲသာ၍ လျှော့ချပစ်ကာ ပြုံးရယ်ပြီး `ပေးပါ့မယ်’ အမူအရာနှင့် အိမ်ပေါ်တက်တော့ တရုတ်စစ်သားနှစ် ယောက် စလုံး အိမ်ပေါ်တက်လိုက်လာ၏ ။ အိမ်ခန်းအတွင်းတွင် ဖေဖေ၏ မျက်မမြင် မိခင်အို၊ အစ်မ၊ နှမ၊ ဇနီး၊ ကလေးခုနှစ် ယောက် ၊ ကျွန်မတို့ ညီအစ်မနှစ် ယောက် ၊ ဂျော်နီနှင့် လူစီခွေးနှစ် ကောင်။ တံခါးပိတ်လျက် တုတ်တုတ်မျှ မလှုပ်ဝံ့ကြ။

ဖေဖေလည်း မလွယ်ပေါက်က `ငွေ ၄၀ ပေးဦး’ တောင်းတော့ကြီးကြီးက စိုးရိမ်တကြီးနှင့် ဓာတ်ပုံစက္ကူအိတ်နှင့် ထည့်ထားသော ငွေစက္ကူများ ကို အထပ်လိုက်ထုတ်ပေးလိုက် သည်။ ဖေဖေက တရုတ်တွေ ရှေ့မှော က်ရောက်၍ ဆယ်တန်စက္ကူလေးချပ်ထုတ်အပေး၊ ကျန်ငွေတွေ ကို ဆတ်ခနဲဆွဲ၍ လုတော့သည်။ ဖေဖေက

“ဒါတွေ အကုန်ယူသွားရင် တို့စားစရာမရှိဘူး၊ ငွေ ၅၀ လောက်ပြန်ပေး”

ပြောပြသော်လည်း မရ။ သူတို့၏ တင်းမာသော မျက်နှာထားနှင့် ဖေဖေ့ရှပ်အင်္ကျီအိတ်ထဲမှ ဖောင်တိန်ကိုဖြုတ်ယူထွက်ခွာသွားကြသည်။ သည်အချိန်မှာ ညနေဆည်းဆာနေရောင် ခြည်များ ရုပ်သိမ်းစအချိန် ဖြစ်သည်။ ညနေ ၄ နာရီမှ ညနေ ၆ နာရီအတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စ ဖြစ်လေသည်။

[ ၃ ]

ကျွန်မတို့ ဖေဖေကြီး(အဘိုး)သည် သူ့လက်ထဲတွင် ဓားမကြီးတစ်ချောင်းကိုင်ကာ အရိပ်အခြည်ကြည့်နေလေသည်။

“ငါ့သားကိုသာ သူတို့သေနတ်နဲ့ ပစ်သတ်ကြည့်၊ ငါဟောဒီဓားနဲ့ဝင်အခုတ်ပဲ၊ ငါအသက်ကြီးပြီ၊ သေရဲတယ်”

ဟု ပြောရှာသေးသည်။

အိမ်သားအားလုံးသည် ဖေဖေ့အသက်သည် တစ်ခါတော့ သွားရှာပြီဟု ပူပင်သော ကရောက်ကြသည်။ တရုတ်စစ်သားများ ဥစ္စာယူလူသတ်ကြောင်း အကြိမ်ကြိမ်ကြားဖူးသော ကြောင့်ပင်တည်း။

မကြာသေးမီကပင် စစ်ကိုင်းငွေတိုက်ဝန်ထောက် ဦးရွှေသာနှင့်သား၊ သူ၏ တပည့် ငွေတွေ မြောက်များ စွာ ယူပြီးမှ သုံးယောက် စလုံးကိုသတ်ပစ်ခဲ့သည်။

“ဖေဖေက သူတို့သေနတ်နဲ့ ချိန်ထားပေမယ့် လုံးဝကြောက်တာမဟုတ်ဘူး၊ ဖေဖေ့လက်သီးလည်း ပြင်းတယ်၊ သိုင်းလည်း တတ်တာပဲ၊ ဖမ်းတတ်ကိုင်တတ် လေ့ကျင့်ထားတာမို့ သေနတ်နှစ် လက်ကို အမှတ်တမဲ့လက်ပြန်ဖမ်းပြီး ဒီကောင်တွေ လှေကားပေါ်က ကန်ချပစ်သတ်လို့ရတယ်၊ ဒါပေမယ့် အဲဒီ တုန်းက တရုတ်စစ်တပ်ဟာ တစ်ခေါ်သာသာပဲရှိတာ၊ သမီးတို့မေမေကြီး (အဘွား)ကလည်း မျက်စိမမြင်ဘူး၊ ကလေးသေးသေးလေးတွေ နဲ့အကုန် ဒုက္ခရောက်မှာ မို့ အလျှော့ပေးလိုက် တာ”

ဖေဖေက နောက်ကျတော့ပြော၏ ။

ထိုစဉ်တုန်းက လက်ထဲရှိသမျှငွေ ၃၀၀ ကျော် အကုန်ပါသွားပြီ ဖြစ်သည်။

“တစ်နေရာရာတော့ ရွှေ့ကြမှ၊ တစ်ပတ်ပြန်ကျော့လာရင် မလွယ်ဘူး။”

ဆုံးဖြတ်ချက်အရ မြွေကင်းပေါသော ခြံကြီးတစ်ခြံတွင် ကလေးလူကြီး ၁၅ယောက် ။ ခွေးနှစ် ကောင်၊ (ရန်ကုန်မှ သယ်ယူလာကြသော ကျွန်မတို့၏ အိမ်မွေး ဂျော်နီနှင်လူစီ) ပုန်းအောင်းကြရသည်မှာ လည်း မလွယ်ကူလှချေ။ ပုန်းအောင်းသည့်နေရာမှာ အမိုးအကာမရှိ။ သည်ကြားထဲ တဟူးဟူးနှင့် လေပြင်းမုန်တိုင်းတိုက်ရာမှ လေရပ်ကာ မိုးတွေ ဗြုန်းဗြုန်းဒိုင်းဒိုင်း ရွာချလေသည်။ မိုးရွာချိန်မှာ ၃ နာရီလောက်ကြာသည်။ ရွှဲရွှဲစိုစိုနှင့် ခိုက်ခိုက်တုန် သန်းခေါင်ကျော်ထိ နေကြရာမှ

“ကိုင်း အအေးမိပြီး ဒုက္ခများ ကြဦးမယ်၊ တရုတ်စစ်သားတွေ လာလို့ သေချင်လဲသေပါသေစေတော့၊ မိုးလုံတဲ့နေရာပြောင်းကြရအောင်”

တစ်နာရီအချိန်တွင် မှော င်နှင့်မည်းမည်းတွင် ဖေဖေ့အရီး တစ်ယောက် တော် သူ အိမ်သို့ တက်အိပ်ကြရလေသည်။

ပိုက်ဆံလည်း လက်ထဲတစ်ပြားမှ မကျန်တော့။ သို့ သော် အိမ်ကြီးထဲတွင် ဆန်အိတ်သုံးအိတ်၊ ဆီသုံးပုံး၊ ငရုတ်သီးခြောက်အိတ်တစ်အိတ်၊ ဆားအိတ်ကြီးနှစ် အိတ်၊ ငါးသေတ္တာနှစ် သေတ္တာတော့ ကျန်သေးသည်။ ဒါတွေ ကို ဘယ်ကိုသယ်ပြီး ဘယ်ကိုပြေးရဦးမလဲ၊ ဘယ်သူမှ မဝေခွဲနိုင်သေး။

နောက်တစ်နေ့ နံနက်ခပ်စောစော ကျွန်မတို့ ဖေဖေ၏ အစီအစဉ်အတိုင်း စစ်ကိုင်းမှ (၃)မိုင်ဝေးသော ဝါးချက်ရွာသို့ ပြောင်းရွှေ့ရန်ပြင်ဆင်ကြသည်။ ရှိသော ပစ္စည်း၊ လှည်းငါးစီးတိုက်အနက် လှည်းတစ်စီးတိုက်စားနပ်ရိက္ခာနှင့် အရေး ကြီးသော ပစ္စည်းများ ကိုတင်ကာ မြောက်ဘက်သို့ ခရီးထွက်ခဲ့ကြသည်။ ဖေဖေကြီး၊ ဖေဖေ၊ ကြီးကြီးနှင့် သားကြီးနှစ် ယောက် ကလှည်းနောက်မှ ခြေကျင်လိုက်ပြီး မေမေကြီး၊ ဒေါ်ဒါ်၊ မေမေနှင့် ကျွန်မတို့ကလေးတွေ က ပို၍ အန္တရာယ်ကင်းသော ရေလမ်းကြောင်းက သွားကြသည်။

နွေနှောင်းမိုးဦးအကြို မြစ်ပြင်လှိုင်းတို့သည် တက်တက်ကြွကြွ ရှိလာသည်။ နံနက်နေခြည်လဲ့လဲ့ ရွှေရောင် ဆမ်းသော လှိုင်းခေါင်းတို့အပေါ်မှလှေသည် တလူးလူးတလိမ့်လိမ့်။ အပူအပင်မရှိကြသော ကျွန်မတို့ ညီအစ်မနှင့်အမလေး၊ အမိလေးတို့က သီချင်းဆိုညည်းကြသည်။ `လှေကလေးကိုလှော်မည် ။ ဘေးမသန်းဘဲ အေးချမ်းတော့သည်’တဲ့။ ကလေးများ မသိမသာဆိုးရွားလိုက်ပါဘိခြင်း။ ပြန်တွေးကြည့်တော့ ရယ်ဖွယ်ပင်။

ထိုအချိန်၌ ဖေဖေတို့အတူ သွားနေသော လှည်းပေါ်မှ ဓာတ်ပြားထည့်ထားသော သေတ္တာ အောက်သို့ ပြုတ်ကျကာ လှည်းနောက်ဘီးက တက်ကြိတ်သဖြင့် ဓာတ်ပြားပေါင်းမြောက်များ စွာ အထပ်လိုက်ကွဲပါလေတော့သည်။ ကြီးကြီးက ရင်ဘတ်ကို လက်နှင့် ဖိပြီး

“မင်းကလဲလေ၊ မိန်းမနဲ့ကလေးတွေ ကို သိပ်အလိုလိုက်တယ်၊ ဒါတွေ သယ်မလာပါနဲ့ဆိုတာ”

ဖေဖေ့ကိုဆိုလေသည်။ ဖေဖေသည် အပြုံးမပျက်။

“ခေတ်ကောင်းရင် ပြန်ဝယ်ပေးရမှာ ပဲ”

ဟု အလျှော့မပေးဘဲ ပြောသည်။ သည်အချိန်၌ ကျွန်မတို့ အသံစူးစူးသေးသေးနှင့် `လှေကလေးလှော်မည် ’ သီချင်းကို ဖေဖေကြားနိုင်မည် မထင်။ များ မကြာမီ ဒေါ်ဒေါ်နှင့်မေမေတို့က သူတို့ လက်ဝါးတွေ နှင့် ကျွန်မတို့ပါးစပ်တွေ ကို လိုက်ပိတ်သော ကြောင့်တော့မဟုတ်တန်ရာ။ ရေကြောင်းနှင့် ကုန်းကြောင်းခရီးတို့မှ မျဉ်းပြိုင်လိုသွားသော်လည်း အလှမ်းဝေးနေသော ကြောင့် ပင်တည်း။

စက်တင်ဘာ၊ ၉၃၊ ရွှေရုပ်စုံမဂ္ဂဇင်း



ဝန်ဇင်းချစ်သူများ ခင်ဆွေဦး ၏ “ စစ်ကိုင်းသမီး ဒိုင်ယာရီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒို့တိုင်းဌာနီ

တစ်ခိုင် နှစ်ခိုင် နှင်းပန်းခိုင်

အင်ကြင်းရဂုံ