လ၀န်းလို လူတွေ့ ရဲ့ အကျင့်ဖြူစင်ရင် ဘယ်လောက်ကောင်းမလဲ. . .
ခုတော့ ဖေါက်ပြန်တာတွေ ၊ တရားမစောင့်တာတွေ စာရိတ္တယိုယွင်းတာတွေ ဟာ
လူတွေ အဖို့ ဘာမှမဆန်းသလိုပါဘဲ. . .။
အပြစ်တခုကို ကျူးလွန်တာ ထမင်းစားရေသောက်တာထက်တောင် လွယ်ဦးမယ် ထင်ပါရဲ့ ။
လူတွေ ဟာ မကောင်းမှု နဲ့ ကိုယ့်ကိုယ်ကို ညစ်နွမ်းအောင် လုပ်နေကြတာဘဲ. . .။
မကောင်းမှု ကို စွန့်ပယ်လိုက်တာနဲ့ အလိုလို စင်ကြယ်လာလိမ့်မယ်လို့ ဗုဒ္ဓသခင် ဟောတဲ့ တရားကို မသြိ ကတော့ဘူးလား. . .။
လောကရဲ့ သစ္စာတရားဆိုတာ ဘာလဲလို့ ရှာဘို့ကောင်းပါရဲ့ . . .။
ဒီအတွေးနှင့် ပင် စိမ်းမြအေးတယောက် နှင်းပွင့်ပေါ်မှာ အိပ်စက် နားခိုချင်တော့ တယ်. . .။
ဘာတွေ ဖြစ်ကြသည်တော့ မသိ။ အောင်သီရိကလပ်တွင် အငြိမ့်ကနေတုံး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်တာကို အသေအချာမှတ်မိသည်။
သည်တုံးက ‘စိမ်းမြအေး’ ဟာ ကလေးဘဲ ရှိသေးတာဘဲ။ နှင်းဆွတ်တဲ့ သဇင်လို ဘ၀ဟာ အေးမြလန်းဆန်းတုံးပင်။ ငယ်ရွယ်နုနယ်သေးသော အသက်နှင့် အတူ လောဘ၊ ဒေါသ၊ မောဟ တွေ မကြီးထွားသေးသော အချိန်မို့ ဖြူလည်း ဖြူစင်ဆဲ ဖြစ်သည်။
စောစောထဲကပင် အောင်သီရိကလပ်ထဲတွင် တသော သော စီညံလျက်ရှိသည်။ ဘီယာ အရက်ပုလင်း ဖွင့်သံ၊ ဖလ်ခွက်ချင်း ထိခတ်သံ၊ ဇွန်းပန်းကန်သံများ ၊ ဖဲချပ်ကို လက်ဝါးနှင့် ရိုက်သံ၊ စကားပြောသံ၊ ရယ်မောသံတွေ ဖြင့် ဝေေ၀ဆာဆာ ရှိနေသည်။
ဖေါင်ကနဲ အသံမြည် လျက် ဘီယာပုလင်း ဖွင့်သံနှင့် အတူ အမြှုပ်တွေ ဝေစီကျလာသည်ကို စိမ်းမြအေးက မျက်တောင်မခတ်ဘဲ ငေးစိုက်ကြည့်နေသေးသည်။ ဒက်ဒီ ခွံ့လှာသော အာလူး ကြော်ဖတ်ကို ပါးစပ်က တမြုံ့မြုံ့ဝါးလျက် ဇာတ်စင်ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။
အငြိမ့်သမလေးက သူ၏ ကွဲတဲတဲ အက်တက်တက် အသံလေးနှင့် ‘တအိုအို’ အင်္ဂလိပ် တေးသွားအတိုင်း ဟစ်၍ ဆိုရင်း အထပ်ထပ် ၀တ်လာသော အ၀တ်လွှာများ ကို တလွှာပြီးတလွှာ ချွတ်ချနေသည်။ ခုနှစ် လွှာအကတဲ့၊ အနောက်တိုင်းကို တုပြီး သူ၏ ပုတိုတို ၀တုတ်တုတ် ကိုယ်ပေါ်မှ ဘယ်လိုအ၀တ်တွေ မှန်းမသိ ၀တ်ထားသော ရောင် စုံအ၀တ်ကို ချွတ်လိုက်၊ ပွဲကြည့် ပရိသတ်ပေါ် လှမ်းပစ်လိုက်လုပ်နေသည်။
ဝီစကီအရက်ကြောင့် ခပ်ထွေထွေ ဖြစ်နေကြသော အရာရှိငယ်တချို့က ထိုအ၀တ်များ ကို ပြန်မြှောက်ပစ်ပြီး ကစားနေကြသည်။ အငြိမ့်သမလေးက ပရိသတ်ကိုကျောပေးလျက် တင်ပါးလှုပ် ကပြသည်ကို တစ် နှစ် သုံး လေး ဟု ရေတွက်သူက ရေတွက်နေကြသည်။
ရန်ကုန်မှ လာရောက် ကပြသည်ဆိုသော အငြိမ့်သမလေးကို လူကြိုက်များ လှသည်။ အငြိမ့်သမလေးကို သဲသဲမဲမဲလိုက်နေသော လမ်းအင်ဂျင်နီယာတဦးက ဇာတ်စင်ပေါ်သို့ပင် တက်သွားပြီး အငြိမ့်သမလေးနှင့် တွဲ က၍ ပင်နေပေပြီ။
ရမ်တန်ခိုးကြောင့် ထိုသူ၏ မျက်နှာသည် နီမြန်းကာ ကိုယ်မှာ လည်း ဒရီးဒယိုင်နှင့် အငြိမ့် သမလေး၏ ခါးကို အတင်းလိုက်ဖက်ကာ ဘောလ်ဒန့်ကရန် ကြိုးစားနေသဖြင့် သူ့မိတ်ဆွေက သူ့ကို လိုက်ဆွဲရလေသည်။ အောက်တွင် လည်း လက်ခေါက်မှု တ်သံ ဝေေ၀စည်လျက်ရှိသည်။
စိမ်းမြအေးအနီးတွင် ထိုင်နေသော ဖိုးဖိုး အငြိမ်းစားတရားသူကြီးပင် မနေနိုင်၍ လူငယ် တွေ နှင့်ရောကာ လက်ခေါက်မှု တ်သဖြင့် ဖွားဖွားက ဖိုးဖိုး၏ ပေါင်ကို ဆွဲလိမ်လိုက်လေသည်။
‘ဟင်း. . . အသက်ကြီးမှ တော် တော် ထ. . .’
‘ဒီအရွယ်မှ မိုက်လို့ကောင်းတာ ဒါလင်ရ. . .’
‘ဘာစကားလဲ. . .’
‘အချစ်စကား. . .’
‘ဘာ အချစ်လဲ. . .’
‘ရွှေရန်သူကို ချစ်တာ. . .’
‘နွားအို မြက်နုကြိုက်. . .’
‘ဟ. . . ဘယ်နွားအိုရော မြက်နု မကြိုက်ဘဲ ရှိမလဲ. . .၊ သဘာဝဘဲ. . .’
‘တော် စမ်းပါ. . . ရှက်ဖို့ တော် တော် ကောင်းတယ်. . .’
‘ဒါ ရှက်စရာမဟုတ်ပါဘူး၊ ဒါလင်ရ၊ ဒါလင်ရော မင်းသားငယ်ငယ်ချောချောလေးကို မကြိုက်ဖူးလားဗျ. . .’
‘သွား. . .’
ဖိုးဖိုးနှင့် ဖွားဖွားကို ကြည့်ကာ အားလုံးက ရယ်မောကြလေသည်။
စိမ်းမြအေး ကတော့ ရှက်သဖြင့် မျက်နှာကို လက်ဝါးနှင့် အုပ်ထားလေသည်။ ‘ငါ ရှက်လိုက် တာ. . . ငါ ရှက်လိုက်တာ’ ဟုလည်း ၀မ်းထဲတွင် တီးတိုး မြည် တမ်းနေသည်။
မာမီ ကတော့ မမှု တော့သလို သူ့အမေနှင့် အဖေကို လှမ်းကြည့်ကာ အများ နည်းတူ ရယ်မောနေလေသည်။ စောစောက ဇာတ်စင်ပေါ်မှ အတင်းဆွဲချလာခဲ့ရသော လမ်းအင်ဂျင်နီယာ အရာရှိလေးသည် အောက်ရောက်တော့လည်း သော င်းကျန်းချင်တိုင်း သော င်းကျန်းနေပြန်သည်။ သူ ၀တ်လာသော အပေါ်ကုတ်အင်္ကျီနှင့် ရှပ်အင်္ကျီများ ကို ချွတ်ပစ်ပြီး တင်လှုပ်လှုပ် ရင်လှုပ်လှုပ်နှင့် ကနေတသည်။
‘ကြိုးစားလိုက်ပါ. . . ကိုထွန်းခင်ရေ့’
အော်သူက အော် အားပေးနေကြသည်။
‘ဟား. . . တော် တော် ရွတ်တဲ့ လူဘဲ. . .’
တစ်စုံ တစ်ယောက် သော သူက အလန့်တကြားအော်ကာ မှတ်ချက်ချနေသည်။ ထို ကိုထွန်းခင် ဆိုသည့်သူသည် သူ့ဘောင်းဘီကိုပင် ချွတ်ရန် ကြိုးစားနေလေပြီတကား။ သူ့မိတ်ဆွေများ က ၀ိုင်းဝန်းထိန်းနေရသည်။
စိမ်းမြအေးက သူ့မျက်စိများ ကို တအားမှိတ်ထားလိုက်သည်။ ‘ဘာမှ မမြင်ရတာ ကောင်း တယ်. . .’ ဟု သူ့ဖါသာသာ တယောက် တည်း ပြောနေသည်။ ထိုအခိုက် ဘယ်ကဘယ်လို ဖြစ်ကြ သည်မသိ၊ စိမ်းမြအေးနှင့် မလှမ်းမကမ်းစားပွဲတွင် လူတွေ ရုတ်ရုတ်ရက်ရက် ထိုးကြ ကြိတ်ကြနှင့် ရန်ပွဲ စတင်လေသည်။
‘ဟ. . . ရန် ဖြစ်ကြပဟ. . .’
ရာဇ၀တ်ဝန်ကလေးနှင့် မြို့ပိုင်တို့ တယောက် ကိုတယောက် အင်္ဂလိပ်ဘာသာဖြင့် ဆဲရေး နေကြသည်။ ရာဇ၀တ်ဝန်ကလေးက မြို့ပိုင်ကို ခြောက်လုံးပြူးသေနတ်နှင့် ချိန်ထားသည်။ မြို့ပိုင် ကတော့ ကုလားထိုင်ကို ခြေထောက်နှင့် ၀ုံးကနဲကန်ပစ်ကာ ၀ီစကီပုလင်းကို စားပွဲပေါ်တွင် ရိုက်ခွဲထားပြီး ပုလင်းချွန်နှင့် ထိုးရန် အဆင်သင့် ပြင်ထားနှင့် ပြီး ဖြစ်လေသည်။
ဘေးလူတွေ က အကုန်ဝိုင်းဆွဲထားရလေသည်။ စိမ်းမြအေး ဒက်ဒီသည်လည်း လူအုပ် ကြားထဲ ရောက်သွားသည်။ မာမီက ဒက်ဒီ့ခါးကို ဆွဲထားကာ. . .
‘ဒက်ဒီရေ. . . အရမ်းမ၀င်နဲ့နော်. . .’
ဟု လှမ်းအော် သတိပေးနေသည်။
ဖွားဖွားကမူ ဖိုးဖိုး၏ လေးလံသော ခန္ဓာကိုယ်ကြီးကို မနဲဆွဲထူနေရသည်။ ပုလင်းအစအန သည် ဖိုးဖိုးနှင့် ဖွားဖွားခေါင်းပေါ်သို့ ၀ဲပျံကာ ကျလာလေသည်။ စိမ်းမြအေးသည် သူ့ဂါဝန်စလေးကို ဆုတ်ကိုင်ကာ ကြောက်အားလန့်အားနှင့် ခြေဦးတည့်ရာ စွပ်ပြေးနေသည်။
‘မာမီ. . . ဒက်ဒီ. . . ကြောက်တယ်. . . ကြောက်တယ်’
ငယ်သံပါအောင်အော်ကာ ငိုလည်း ငို၊ ပြေးလည်း ပြေးလေသည်။
‘ရှူး. . . မကြောက်နဲ့. . . ဒီဘက်ကိုလာ. . .’
တစုံတယောက် သော သူက ညင်သာတိုးတိတ်သော လေသံနှင့် နှစ် သိမ့်ကာ စိမ်းမြအေး၏ ပခုံးကို လှမ်းဖက်လိုက်လေသည်။ ထိုသူ၏ မျက်နှာကို စိမ်းမြအေးက အားကိုးတကြီးနှင့် လှမ်းမော့ ကြည့်လိုက်လေသည်။ သိမ်မွေ့သော အပြုံးရိပ်က မျက်နှာတွင် ဖြတ်သန်းနေသည်။ အားရှိလိုက် တာ ဟု စိမ်းမြအေးက တွေးသည်။ ထို့နောက် ကြောက်စိတ်လည်း ပြေသွားလေသည်။
‘လာ. . . ညီမလေး’
ဟု သူက ၀ရံတာဘက်သို့ ခေါ်ဆောင်သွားလေသည်။
‘သိပ်ကြောက်နေတယ် ဟုတ်လား. . .’
‘ဟုတ်. . . ဟုတ်ကဲ့. . .’
ထိုသူ၏ မျက်နှာကို စိမ်းမြအေးက မရဲတရဲနှင့် လှမ်းကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ အသက်သိပ်ကြီးလှသေးသည်မဟုတ်။ ၁၇ နှစ် ခန့်သာရှိသေးသည်။ စိမ်းမြအေး အကိုအရွယ် ပေဘဲ။ ဒီလိုအရွယ် အကိုတွေ ကို စိမ်းမြအေး မကြာခဏလိုချင်ခဲ့သည်။ တောင့်တခဲ့သည်။ ‘မာမီ ကလဲ အကိုလဲ မွေးမပေးဘူး’ ဟု ခဏခဏ အပြစ်တင်တတ်သည်။
အသားခပ်ဖြူဖြူနှင့် လူရည်သန့်သန့်ပင်။ သူသည် ကြီးကောင်သင်စမို့ နှုတ်ခမ်းမွှေးစစနှင့် ခန့်ထည်သော အသွင်ကို ဆောင်စပြုလေပြီ။
ထိုသူက သူ၏ ပူနွေးနူညံ့၍ မြဲမြံသော လက်နှင့် စိမ်းမြအေး၏ လက်ကောက်ဝတ်ကို ဆုတ်ကိုင်ထားလေသည်။ လယ်ကွင်းပြင်ကို ဖြတ်သန်းလာသော အေးမြစွာ တိုက်ခတ်လာသည့် လေသည် စိမ်းမြအေး၏ နဖူးမှ ဆံယဉ်စများ ကို မထိခလုပ် ထိခလုပ်နှင့် အပြေးအလွှား ဆော့ကစားသွားလေသည်။
ထိုအကို၏ နဖူးပြင်ပေါ်မှ ဆံစတို့သည်လည်း ဖရိုဖရဲနှင့် ၀ဲကာ ကျလာလေသည်။ သူ၏ ပြုံးနေသော မျက်နှာပေါ်မှ ပေါ်လွင်သော နှာတံ၊ နီထွေးသော နှုတ်ခမ်းများ နှင့် သိပ်လှတာဘဲဟု စိမ်းမြအေးက တွေးနေသည်။
‘နာမယ် ဘယ့်နှယ်ခေါ်လဲ. . .’
‘စိမ်းမြအေး. . .’
‘နာမယ်လေးက သိပ်လှပါလား၊ လူနဲ့လဲ လိုက်တယ်. . .’
‘လှပါဘူး. . .’
စိမ်းမြအေးက ပြောရိုးပြောစဉ်အတိုင်း ပြန်ပြောသည်။
‘ညီမလေးက ဘယ်သူ့သမီးလဲ. . .’
‘ဦးအေးနဲ့ ဒေါ်မမ’
‘ဖေဖေက ဘယ်ဌာနကလဲ. . .’
‘ဒက်ဒီက နယ်ပိုင်ဝန်ထောက်၊ အက်(စ်). . . ဒီ. . . အို. . .’
စိမ်းမြအေးက အင်္ဂလိပ်လို တခွန်းချင်း S.D.O ဟု သူ့အဖေ ရာထူးဂုဏ်ကို ပြောပြနေသည်။
ထိုအခိုက် စိမ်းမြအေး၏ မျက်လုံးများ က ဂဏှာမငြိမ် ကလပ်ထဲသို့ လှမ်းကြည့်လိုက်သည်။ အထဲမှ ရုတ်ရုတ်ရက်ရက်များ အတန်အသင့် ငြိမ်သွားပြီ ဖြစ်သည်။ အငြိမ့်ပွဲတော့ ပျက်သွားလေပြီ။ ထ ပြန်သူက ပြန်သွားလေပြီ။
‘သမီးရေ. . . စိမ်း၊ သမီးလေးရေ. . .’
သည်တော့မှ မာမီက စိုးရိမ်တကြီးနှင့် လှမ်းအော်ခေါ်လိုက်လေသည်။
‘ရှင်. . . မာမီ. . . သမီး. . . ဒီမှာ . . .’
စိမ်းမြအေးသည် ကပြာကရာ ပြန်ထူးသည်။
‘ဘယ်ကလဲ. . .’
‘၀ရံတာက. . . ဟိုအကိုတယောက် နဲ့. . .’
‘သြော်. . . အေး. . . အေး. . . လာ မာမီတို့ ပြန်မယ်လေ. . .’
သည်တော့ စိမ်းမြအေးက. . .
‘ပြန်မယ်နော်. . .’
လှမ်းနှုတ်ဆက်လိုက်လေသည်။ ထိုသူက စိမ်းမြအေးကို ပြုံးလျက် ပြန်နှုတ်ဆက်လေ သည်။
‘ဘယ်လိုလုပ် အသိ ဖြစ်ကြတာလဲ. . .’
‘စောစောက သမီးကြောက်လို့ ထွက်ပြေးရင်းနဲ့ အဲဒီ အကိုက သမီးကို ခေါ်ထားတာ. . .’
‘ကောင်လေးက ချောကလဲ ချောနဲ့ဟယ်. . .’
‘နွားအိုမလဲ မြက်နုကြိုက်သားဘဲ. . .’
ဖိုးဖိုးက ၀င်ပြောတော့. . .
‘ကိုကြာညိုနော်. . . ကလေးတွေ ရှေ့မှာ ဘာစကားပြောတာလဲ. . . စကားကို ကြည့်ပြော’
‘ကြည့်ပြောတာဘဲကွ. . . ’
‘ဟင်း. . . ရှင်တို့ သိက္ခာမရှိတိုင်း ကနေ့ပွဲကြည့်ပါလား. . ယောက်ျားတွေ သိက္ခာမဲ့တဲ့ပွဲ၊ တကယ် အရှက်မရှိတဲ့ဟာတွေ ’
‘လွတ်လွတ်လပ်လပ် ပျော်တာပါးတာ အရှက်ရှိနေရမှာ လားကွ. . .’
‘ကောင်းပါတယ်. . . နောက်တခါ အငြိမ့်ပွဲမှာ ရှင်လဲ အ၀တ်တွေ ချွတ်ပီး တက်ကပေါ့. . .’
‘နောက်တခါတော့ ဒီအတိုင်းဘဲ ဖြစ်ချင် ဖြစ်မှာ ဘဲ. . .’
ဟု ဖိုးဖိုးကပြောလျှင်တော့ ဖွားဖွားက ဖိုးဖိုး၏ ကျောပြင်ကို တအုံးအုံးနှင့် ထုလေသည်။
‘အို. . . မာမီနဲ့ ဒက်ဒီကလဲ လူတွေ ရှေ့မှာ တော် ကြပါတော့. . .’
ဟု စိမ်းမြအေးမာမီက ရယ်လျက် ဟန့်တားလိုက်လေသည်။ စိမ်းမြအေး ကတော့ မာမီ့ရင်ခွင်တွင် မှေးစက်ငိုက်မြည်းလာလေသည်။
အောင်သီရိကလပ်တည်ရာဌာနကိုတော့ နှစ်သက် စုံမက်မြဲပင်တည်း။ မြသစ်ရွက်ညို အကြားမှ မိုးစိန်ပွင့်တို့သည် တွဲ ဥခိုနေရာမှ မြေပေါ်သို့ တစက်စက်ကြွေလျောကုန်လေသည်။
မိုးရွာပြီးစဆိုတော့ ဘယ်ကိုဘဲကြည့်လိုက်ကြည့်လိုက် လန်းဆန်းသစ်လွင်နေသည်။ ကလပ်တည်ရာ ဌာနမှ လှမ်းမြင်နေရသော သက်တန့်တံတားကုန်းကို စိမ်းမြအေးမှာ အတန်ကြာ ငေးစိုက်ကြည့်လိုက်တော့ အရောင် များ တခုကိုတခု ကူးပြီး ရောသွားတာကို အံ့သြဘွယ်ရာ မြင်တွေ့ ရလေသည်။
သိပ်လှတာဘဲဟု ကလေးဘ၀နှင့် ပျော်ပိုက်နေဆဲ စိမ်းမြအေးက တွေးသည်။ ကောင်းကင်မှာ ဒါလောက်လှတဲ့ ရောင် စုံတံတားကုန်းကို ဘယ်သူများ ဆောက်ထားပါလိမ့်. . .။ ပြီးတော့ နေရာအမြင့် မိုးကောင်းကင်မှာ . . .။ မပန်းနုပြောသလို နတ်သမီးထင်မီဆင်များ ဖြစ်နေ မလား။
သက်တန့်ရောက်ဆင်ကို ထိုင်မသိမ်းအင်္ကျီနှင့် တွဲ ၍ ထမီချုပ်ဝတ်ပြီး ကရလျှင် သိပ်ကောင်းမှာ ဘဲဟု စိမ်းမြအေးက စိတ်ကူးယဉ်မိသေးသည်။ ငါသာ ဇာတ်ခုံမှာ ကရရင်တော့ ကောင်းကောင်းလေး ကွေးနေအောင် ‘က’ မှာ ဘဲ၊ အ၀တ်တွေ ကို ချွတ်ခွာမပစ်ပါဘူး. . . ရှက်စရာ။
အောင်သီရိကလပ်သည် ထုံးစံအတိုင်း ဝေေ၀ဆာဆာနှင့် ဆူညံနေပြန်သည်။ ဘီယာ အရက်ပုလင်းဖွင့်သံ၊ ဖလ်ခွက်ချင်းထိခတ်သံနှင့် ဖဲချပ်များ ရိုက်သံကို ကြားရမြဲပင်။
စိမ်းမြအေး ရပ်နေရာမှ ၀ရံတာမှကြားနေရသော ကလပ်၏ ဆူညံသံကို အာရုံမစူးစိုက်မိ။ လှပသာယာသော အပြင်လောက၏ အာရုံထဲ၌ သာ နစ်မြောနေသည်။
‘သမီး. . . စိမ်းရေ. . .’
အထဲမှ ခေါ်သံကို ကြားရမှ. . .
‘ရှင်. . . မာမီ. . . သမီးဒီမှာ . . .’
ဟု ပြန်အသံပြုလိုက်သေလည်။
‘အဝေးကြီးမသွားနဲ့နော်. . .’
‘ဟုတ်ကဲ့. . .’
လူကြီးများ သည် အလွန်ပူပင်တတ်သည်။ စိမ်းမြအေး သဘောအတိုင်းသာဆိုလျှင် ကလပ်၏ ရှေ့မျက်နှာစာ မြေနီလမ်းအတိုင်း လျှောက်သွားပြီး လမ်းတဖက်မှ စိမ်းစိမ်းညို့ညို့ တောအုပ်ငယ်သို့ အရောက်သွားချင်သည်။
ထိုတောအုပ်ထဲမှ ကျားသစ်များ ထွက်လာတတ်သည်ဟု အတန်းထဲမှ သူငယ်ချင်း မခင်ကြော့က ပြောဘူးသည်။ ‘ကျားသစ်ကိုက်လိုက်ရင် တအားပြေးမှာ ပေါ့. . . ငါ မြန်မြန် ပြေးနိုင်သားဘဲ. . .’ ဟု အလျော့မပေးဘဲ တွေးမိသေးသည်။ ကျားသစ်ပေါက်စလေးများ တွေ့ လျှင် တော့ အသာပွေ့ချီပြေးလာမှာ ဘဲ. . . ဟု စိတ်ကူးယဉ်မိသေးသည်။
ကလပ်၏ ဘေးတဖက်တမျှော်တခေါ်တွင် စိမ်းလန်းစိုပြေသော လယ်ကွင်းပြင်ကြီးရှိလေ သည်။ စိမ်းမြအေးသည် စိတ်ထဲတွင် လွတ်လပ်ပေါ့ပါးစွာ ထိုလယ်ကွင်းပြင်တလျှောက် ပြေးနေ သည်။ လယ်ကွင်းထဲ၌ အစာရှာဖွေနေကြသော ဗျိုးတို့သည် လန့်ပျံကာ ပြေးကြသည်။
တကယ်လို့ သူသာ လယ်ကွင်းပြင်ထဲတွင် ရှိနေလျှင် နောက်ဆုံးကျန်ရစ်သော ဗျိုးဖြူလေး တကောင်တော့သူ့လက်ထဲတွင် အမိအရဖမ်းမိလိမ့်မည် ဟု စိမ်းမြအေးက ထင်စားမိသည်။ ပြီးတော့ ဗျိုးဖြူလေးကို လှောင်အိမ်နှင့် မွေးလို့ရမလားဟု စူးစမ်းနေမိသည်။
ကလပ်၏ နောက်ဖက်တခေါ်လောက်တွင် မူကား လယ်ကွင်းတွေ ကို ရေသွင်းပေးသည့် ချောင်းကြိးတခု စီးဆင်းနေသည်။ ချောင်းပတ်ဝန်းကျင် တခု၌ ကား စိမ်းစိုနုဖတ်သော မန်ကျည်းပင် များ စီတန်းပေါက်ရောက်နေသည်။
သာယာချိုအေးသော ၀ါးပလွေသံသည် လေနှင့် အတူ စိမ်းမြအေးရှိရာသို့ ပျံ့လွင့်လာသည်။
‘ဟယ်. . . စိမ်းမြအေးလေးတော့ . . . လှလိုက်တာ. . .’
စိမ်းမြအေးရပ်နေရာ ၀ရံတာအောက်ဖက်ရှိ မြေကမူတွင် မခင်ကြော့သည် ရောက်လာခဲ့ လေသည်။ စိမ်းမြအေးနှင့် ရွယ်တူ ၀ါကျင့်ကျင့်ရှင်မီးအင်္ကျီ. . . စပ်ထမီလေးနှင့် မခင့်ကြော့က စိမ်းမြအေး၏ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူဖြူသော ဂါဝန်လေးကို တအံ့တသြကိုင်ကြည့်နေသည်။.
စိမ်းမြအေး၏ သားနားသော အ၀တ်အစားများ ကြောင့် မခင်ကြော့ကို အားနာရှက်ယို့ကာ ကိုယ်လေးကို တွန့်လိမ်နေပြီ. . .
‘ဟေ့. . . နင်ဒီကို ဘာလာလုပ်တာလဲ. . .’
‘ကိုကို မန်ကျည်းရွက်ခူးတာ လိုက်လာရင်းနဲ့ နင့်ဆီလာတာပေါ့. . . နင်ဘဲ ဒီဘိုအိမ်ကို လာမယ်ပြောပီးတော့. . .’
‘အေးဟုတ်တယ်. . . ဒီကို ငါတို့အဖေနဲ့ အမေနဲ့ လငိက်လာတာ. . . ဖိုးဖိုး ဖွားဖွားရောဘဲ’
‘ဘာလာလုပ်တာလဲ. . .’
မခင်ကြောင့် က နှပ်တချက်ရှုံ့ကာ မေးလိုက်လေသည်။
‘နှုတ်ဆက်ပွဲကို လာကြတာ. . .’
‘နှုတ်ဆက်ပွဲ. . . ဘာလဲ. . . အဲဒါ. . .’
‘ရာဇ၀တ်ဝန်ကြီးဟောင်းပြောင်းပီး အသစ်ရောက်လာတာကို နှုတ်ဆက်တာ. . . ညကျ ထမင်းကျွေးမလို့. . .’
‘နင်တို့ ထမင်းစားရမှာ ပေါ့နော်. . .’
‘စားရမှာ ပေါ့. . . ပြီးတော့ အငြိမ့်လဲ ကြည့်ရမယ်. . . အရင်တပတ်ကလဲ ငါကြည့်ရတယ်၊ ရန်တွေ ဖြစ်ကြလို့ အငြိမ့်ပွဲတောင် ပျက်သွားတယ်. . . ခု အဲဒီ အငြိမ့် မငှားတော့ဘူးတဲ့. . .’
‘အငြိမ့်ဆို. . . ငါ ကြည့်ချင်လိုက်တာ ဟယ်. . . မကြည့်ရဘူးလား. . .’
‘နင်. . . အ၀တ်အစားကောင်းကောင်း သွားလဲပေါ့. . . ငါခေါ်ထားမယ်. . .’
သည်တော့ မခင်ကျော့က စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို ခါရမ်းလိုက်လေသည်။
‘ငါ့မှာ . . . ဂါဝန်လှလှမှ မရှိဘဲ. . .’
‘စောစောစီးစီးကမှ မပြောဘဲ. . . ငါ ငှားမှာ ပေါ့. . .’
စိမ်းမြအေးက လူကြီးသမလို ပြောဆိုနေသည်။ မခင်ကြောင့် က စကားကိုလှီးလွှဲလျက်. . .
‘နင်တို့ ဘာလုပ်ဖို့ အစောကြီးရောက်နေတာလဲ. . .’
‘ဖဲချကြတာပေါ့ဟ. . . ပီးတော့ စောစောက စနိုးဘော ကစားကြတယ်. . .’
‘ဘာလဲ. . .’
‘နှင်းဘော်လုံးကစားတာလေဟာ. . .’
‘နှင်းဘော်လုံး. . . ဘယ်လိုကစားတာလဲ. . .’
‘ဘယ်လိုလဲဆိုတော့ နံပတ်တွေ နဲ့ ကစားတာဟာ. . . နံပါတ်တိုက်ရင် နှင်းဘော်လုံးရတယ်၊ ဖိုးဖိုး ရသွားတယ်လေ. . . ငွေ ၂၀၀ ကျော်ရတယ်. . .’
‘ငွေ ၂၀၀ ကျော်. . . အများ ကြီးဘဲဟာ. . .’
‘ဘယ်ကများ ရမှာ လဲ. . . ဖွားဖွား ဖဲတခါချတာနဲ့ကုန်မှာ . . .’
‘ဟင်. . . အများ ကြီးပေါ့. . . အမေတို့ အိမ်ဆောက်တာ ပိုက်ဆံ ၂၀၀ မတတ်နိုင်လို့. . . တရာတန်ဘဲ ဆောက်ရတယ်. . . အမေကိုယ်တိုင် အိမ်မိုးတယ်၊ ထရံကာတယ်. . . အဲ့ ဒါတောင် ၁၂၀ိ ကုန်လို့ အမေအကြွေးတင်တယ်. . .’
‘ကြံကြံဖန်ဖန်ဟာ. . .’
စိမ်းမြအေးက သဘောကျစွာ ရယ်မောနေသည်။ မခင်ကြော့ကပါ ရှက်ရှက်နှင့် လိုက်ရယ် ကာ. . . မျက်နှာ နီမြန်းနေသည်။ ထို့နောက် လှပဖြူဖွေးသော စိမ်းမြအေးကို မမှိတ်မသုံ ငေးစိုက် ကြည့်နေသည်။
အဖြူရောင် နှစ် ထပ်ဇာ ဂါဝန်တိုလေးမှာ ပေါင်ရင်းနားတွင် အတွန့်များ နှင့် ကားလျက်. . . ပိုးသားဘော်ငွေရောင် တွေ ဇာဖြူနားတပ် အတွင်းခံကိုပါ မြင်မြင်နေရသည်။ ကတ္တီပါသားလို နူးညံ့ နက်မှော င်သော တတောင်လောက်ရှည်သော ဆံပင်လေးကို ဖဲပွင့်အဖြူရောင် နှင့် စုစည်းချည် နှောင်ထားလေသည်။
နောက်ပိတ်ဖိနပ်အဖြူရောင် ပြားချပ်ချပ်လေးကို စီးကာ ကြမ်းပေါ် မြဲမြံစွာ နင်းထားပြီး ခြေထောက်လေးများ ကို ကားရပ်ထားတော့ အနောက်တိုင်း ကချေသည်မလေးများ ကတော့မည့်  ဟန်ပန်မျိုးကို မြင်တွေ့ ရလေသည်။
စိမ်းမြအေးက သိပ်ကံကောင်းတာဘဲဟု မခင်ကြော့ကတွေးနေမိသည်။ ဘာမဆို လိုတရ နေရတဲ့ဘ၀ဘဲ၊ ဒီကမ္ဘာလောကကြီးသည် စိမ်းမြအေးလောကသာလျှင် ဖြစ်သည်။ စိမ်းမြအေး ဘာလိုချင်သလဲ၊ ဘာလုပ်ချင်သလဲ၊ ဘယ်သွားချင်သလဲ၊ အားလုံးပြီးပြည့်စုံသည်သာ၊ ဒီအထိ မခင်ကြော့ မတွေးတတ်သော်လည်း စိမ်းမြအေး၏ ဘ၀ကို အားကျမိသည်။
ငါလဲ သူ့လိုကံကောင်းချင်လိုက်တာ. . . သူ့လို ဂါဝန်လှလှလေးဝတ်. . . ကလပ်တက်ပီး အငြိမ့်ကြည့်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲနော်. . . တောင့်တမိလေသည်။
အရပ်ထဲ အငြိမ့်ပွဲမကြာခဏကြည့်ရသော်လည်း ကလပ်သို့ လာရောက်ကပြသော မင်းသမီးများ နှင့် မတူ။ ကလပ်သို့ လာရောက်ကပြသော အငြိမ့်မင်းသမီးများ ကို ချောင်းကြည့်ရဘူး သည်။ လှလည်းလှ၍ အ၀တ်အစားတွေ ကလည်း သားနားတောက်ပြောင်လှသည်။ ဆိုင်းဝိုင်းကြီး ကလည်း ခန့်ညားလှသည်။
‘ငါလဲ ကြည့်ချင်လိုက်တာဟယ်. . .’
မခင်ကြော့က တတမ်းတတပြောနေသည်။
‘ကြည့်ချင်လာခဲ့လေ. . .’
စိမ်းမြအေးက ခေါ်သည်။
အဆင့်အတန်းချင်းမတူသော်လည်း မခင်ကြော့သည် စိမ်းမြအေး၏ အခင်မင်ဆုံးသူငယ် ချင်း ဖြစ်လာလေသည်။ စိမ်းမြအေးကို မခွဲနိုင်သော မာမီကြောင့် မြို့ကြီးများ မှ ကွန်ဗင့်ကျောင်းများ တွင် ဘော်ဒါနေခွင့်မရသော အခါ ဒီမြို့နယ်က အစိုးရကျောင်းတွင် သာ နေလိုက်ရတော့ မခင်ကြော့ နှင့် မိတ်ဆွေ ဖြစ်လာကြသည်။
မခင်ကြော့သည် စိတ်နှလုံးကောင်းသူ ဖြစ်သည်။ စိမ်းမြအေးကျောင်းရောက်စတွင် . . . ‘ဟေ့. . . ၀န်ထောက်သမီး. . . ကောင်မကို ဘယ်သူမှ မခေါ်နဲ့၊ ငါတို့အားလုံး ၀ိုင်းနှိမ်ရအောင်’ ဟု အတန်းသားတွေ ညှိထားသည့်ကြားထဲ မျက်နှာလေးငယ်ငယ်နှင့် အထီးထီးထိုင်နေရသော စိမ်းမြ အေးကို မခင်ကြော့က ကြင်နာသနားသော အပြုံးရိပ်လွှမ်းသည့် မျက်နှာလေးနှင့် ဆီးကြိုရှာသည်။
နောက်တော့ အတန်းသားများ နှင့် စိမ်းမြအေးကို အောင်သွယ်လုပ်ကာ. . .
‘၀န်ထောက်သမီးပေမဲ့ သဘောကောင်းပါတယ်ဟဲ့. . . သိပ်သဘောကောင်းတာဘဲ. . . မနက်ဖန် သူ့ မွေးနေ့အတွက် အတန်းသားတွေ ကို စားပွဲတင် ကိတ်မုံ့ဝေမယ်တဲ့. . . သကြားလုံး ရော ချော့ကလက်ရောဘဲ. . . ချော့ကလက်က အင်္ဂလန်တိုင်းပြည်က ဗူးလိုက်မှာ လိုက်တာ. . . သိပ်ကောင်းတာဘဲ’
‘နင် စားဘူးလို့လား. . .’
အတန်းသားတွေ က ၀ိုင်းမေးတော့မှ မခင်ကြော့က သူ့ဖါသာသူ စကားရှေ့လောကြီးတာကို သတိရပြီး. . .
‘ဟင့်အင်း. . .’
ဟု ရှက်ရှက်နှင့် ဆိုလိုက်တော့ အားလုံးက ၀ိုင်းရယ်ကြသည်။
ဘာဘဲ ဖြစ် ဖြစ် မေတ္တာပေါင်းကူး တံတားတော့ ခင်း ဖြစ်သွားသည်။ စိမ်းမြအေးကို သူချစ် သလို အားလုံးက ချစ်စေချင်သည်။ သူအလေးထားသလို ထားစေချင်သည်။ စိမ်းမြအေး စားချင် သည်ဆိုသော စနိုက်ကြော်၊ ဂျိုးကြော်များ ကို သူ့တခြားအပေါင်းအဖေါ်များ မမြင်အောင် သူ့ရှင်မီးအင်္ကျီထဲထည့်ကာ ခိုးဖွက်ယူလာပြီး ကျွေးတတ်လေသည်။
စိမ်းမြအေးအလှည့်ကျတော့ မခင်ကြော့ကိုခေါ်၍ အငြိမ့်ပွဲပြချင်လှသည်။
‘နင်ကလဲ နဲနဲပါးပါး ကောင်းကောင်းဝတ်လာတာ မဟုတ်ဖူးဟာ. . . ငါ ကလပ်ခေါ်မှာ ပေါ့’
အားမလို အားမရပြောသေးသည်။
‘နေပါစေတော့လေ. . . ငါ့အမေကိုလဲ မပြောခဲ့ရသေးဘူး၊ ပီးတော့ ကိုကိုကလဲ ငါ့ကိုဆူမှာ ခုတောင် မြန်မြန်ပြန်လာတဲ့. . .’
‘နင့်အကိုကလဲ ဖြစ်နေလိုက်တာ. . .’
‘ကိုကိုက. . . စိတ်ပူလို့ပါဟ. . . အရင် တပတ်တုံးက ကလပ်မှာ ရန် ဖြစ်သလို ဖြစ်ရင်. . . ငါ့ကို သေနတ်တေါ ဘာတွေ မှန်ကုန်လိမ့်မယ်တဲ့. . . အဲဒီ တုံးက အကြီးအကျယ်ဘဲလို့ ကိုအုန်းမောင်ကြီး ပြောပြတော့ ကိုကိုက စိုးရိမ်တာပေါ့. . .’
စိမ်းမြအေးက ရှေ့ဆက်မပြောတော့ပေ။ အသားညိုပေမင့် ချောမွတ်သော အသားအရေ ပြည့်ပြည့်ဖေါင်းဖေါင်းနှင့် မခင်ကြော့၏ မျက်နှာလေးကိုသာ ငေးကြည့်နေမိသည်။
သူ့မှာ အကိုရှိတာ သိပ်ကံကောင်းတာဘဲဟု တွေးမိသည်။ မခင်ကြော့၏ အကို ကိုပြေငြိမ်းကို ကျောင်းမှာ တခါတခါတွေ့ ရသည်။ စိမ်းမြအေးတို့ထက်(၂) တန်းကြီးသည်။ (၇) တန်းတွင် ဖြစ်သည်။ မခင်ကြော့နှင့် မောင်နှမဟု ထုတ်ဖေါ်မပြောရဘဲရုပ်ကြည့်ရုံနှင့် သိနိုင်သည်။
များ မကြာမီ မခင်ကြော့ကို တကြော်ကြော်ခေါ်ရင်း ကိုပြေငြိမ်းရောက်လာခဲ့လေသည်။ ခါးပုံ ထဲတွင် မန်ကျည်းရွက်တွေ အပြည့်အသိပ်ထည့်လျက် ၀ါးပလွေခါးကြားထိုးကာ ချွေးတွေ စို့နေသော မျက်နှာနှင့် မခင်ကြော့ကို စိတ်ဆိုးမာန်ဆိုး လှမ်းကြည့်လိုက်ပြီး. . .
‘မြန်မြန်လာပါဆိုမှ. . .’
အပြစ်တင်ပြောဆိုနေသည်။ မခင်ကြော့ထက် အသက်သုံးလေးနှစ် ခန့်ကြီးသော်လည်း မျက်နှာထားတင်းလှသည်။ စိတ်ထဲအလိုမကျလည်း ဖြစ်နေသည်။ မခင်ကြော့က. . .
‘ခုဘဲ လာတော့မလို့. . .’
‘တော် ပါ. . . စပ်စပ်စုစုကို လုပ်တယ်. . . ဒီနေရာက နင်နဲ့ဘာဆိုင်လို့လဲ’
‘စိမ်းမြအေးဆီကို လာတာ. . .’
‘နင်နဲ့ ဘာတော် သလဲ. . .’
‘သူငယ်ချင်းတော် တယ်. . .’
‘သောက်ရူးမ. . . သွား. . .’
‘အငြိမ့်တောင်ကြည့်မလို့. . . ကိုကိုဆူမှာ စိုးလို့. . .’
‘အမယ်. . .’
‘ဟုတ်တယ်. . . စိမ်းမြအေးက ခေါ်နေတယ်. . .’
‘သေချင်လို့ သူခေါ်တိုင်း နင်သွားရမှာ လား. . .’
မောင်နှမနှစ် ယော် အချီအချ ဖြစ်နေကြသည်။
စိမ်းမြအေးကမူ မျက်တောင်မခတ်ဘဲ ထိုမောင်နှမနှစ် ယောက် ကို ငေးစိုက်ကြည့်နေသည်။ ‘တော် ပီ ငါ အကိုမလိုချင်တော့ဘူး’ ဟုလည်း တိတ်တိတ်လေးတွေ နေသည်။
‘ဟိုနေ့က ကိုအုန်းမောင်ပြောသွားတာ မေ့သွားပလား၊ လူတွေ က အရှက်ကို မရြှိ ကတော့ ဘူး၊ ဒီနေရာက မိန်းကလေးတွေ လာသင့်တဲ့နေရာမှမဟုတ်ဘဲ၊ မိန်းကလေး ဘယ်အရွယ်ဘဲ ဖြစ် ဖြစ် ကိုယ့်အိနြေ္ဒကို ကိုယ်ထိန်းရတယ်၊ ကလေးဆိုပီးနေရာတိုင်းသွားလို့ တော် တာမဟုတ်ဖူး၊ ရွှေမှုံ လို ဖြစ်မှာ မကြောက်ဘူးလား၊ စိတ်ရူးပေါက်တဲ့ လူက ဓါးနဲ့ထိုး. . .’
ကိုပြေငြိမ်းက လူကြီးသူမတယောက် သဖွယ် မြည် တွန်နေရာမှ နှမ ဖြစ်သူမကြားအပ်သောာ စကားကို လှည့်ပြောမည် လုပ်ပြီးမှ မပြောတတ်ဘဲရှိသဖြင့် စကားကို တပိုင်းတစနှင့် ရပ်ထားလိုက် လေသည်။
တနံနက်ခင်းက မခင်ကြော့နှင့် ရွယ်တူလောက် ဖြစ်သော ရွှေမှုံကို ဆေးရုံသို့ပွေ့ခေါ်သွား တာကို မြင်လိုက်ရသည်။ ရွှေမှုံ၏ ချည်ထမီလေးတွင် သွေးတွေ ပေပွနေသည်။ ရွှေမှုံနှင့် အိမ်နီးနား ချင်း ဖြစ်သော အသက် (၄၀) ခန့်ရှိသည့် မြို့မှရောက်လာသော ကိုသန်းမောင်ဆိုသော လက်ကို လည်း ရဲတွေ က လက်ထိပ်ခတ်ဖမ်းဆီးသွားလေသည်။ မုဒိန်းမှု ဆိုသည်ကို မခင်ကြော့ နားမလည် လှပေ။
‘အခန်းထဲခေါ်ပီး ဗိုက်ကို ဓါးနဲ့ထိုးတာ’
ဟု အမေက ပြောသည်။
‘ရွှေမှုံက သူ့ကို ဘာလုပ်လို့လဲ အမေ. . .’
မေးလျှင် အမေက. . .
‘ရွှေမှုံက သူ့အိမ်ကို တယောက် ထဲသွားတော့ စိတ်ရူးပေါက်သွားတာပေါ့၊ နင်လဲ ကြပ်ကြပ် ဟိုသွားဒီသွားလုပ်. . .’
မခင်ကြော့ကို မဆီမဆိုင် ကြိမ်မောင်းလိုက်လေသည်။ မကြာမီ ရွှေမှုံ၏ အမေသည် ငါးပက်ရာမှပြန်လာကာ အရူးမီးဝိုး ခုန်ပေါက်ငိုယိုနေရှာသည်။ အမေက. . .
‘ခွေးတိရိစ္ဆာန်ကြီး ထထလွန်းလှသော် ငါလို အမေဆိုရင် လိုက်ပီးဓါးနဲ့ အစိတ်စိတ်မွှန်း တယ်. . .’
စိတ်ဆိုးမာန်ဆိုး ပြောနေသေးသည်။
သည်အကြောင်းတွေ ကို မခင်ကြော့က စိမ်းမြအေးကိုပင် ပြန်ပြောမိသေးသည်။ သို့ ကြောင့် လည်း စိမ်းမြအေးသည် ကိုပြေငြိမ်းဆူပူနေသော စကားထဲမှ ရွှေမှုံအကြောင်းကို သိနှင့် ပြီး ဖြစ်သည်။
‘ကလပ်မှာ တော့ ဘယ်သူမှ ဓါးနဲ့ မထိုးပါဘူး၊ မခင်ကြော့လို ကလေးကို ဘယ်သူက ဓါးနဲ့ ထိုးမှာ လဲလို့၊ ဟိုနေ့က ရန် ဖြစ်တာလဲ လူကြီးတွေ ပါ၊ ရန် ဖြစ်လို့ ခြောက်လုံးပြူးတွေ ကိုင် ပုလင်းတွေ ရိုက်ခွဲတာပါ၊ ကလေးတွေ နဲ့ မဆိုင်ပါဘူး. . . ကလပ်ကို ကလေးတွေ လာတာ ဘာ ဖြစ်သလဲ မိန်းမ တွေ လဲ လာကြတာဘဲ. . .’
စိမ်းမြအေးရင်ထဲက တီးတိုးစကားဆိုနေလေသည်။ မခင်ကြော့က စိမ်းမြအေးကို လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း သူ့အကိုနောက်သို့ လိုက်ပါသွားလေသည်။ သူ့မျက်နှာလေးက မဲ့တဲ့တဲ့လေး ဖြစ်နသည်။ စိမ်းမြအေးလက်လှမ်းပြတော့ မခင်ကြော့က လက်ကလေးကို မရဲတရဲနှင့် မြှောက်ပြရှာသည်။ မခင်ကြော့အငြိမ့်ပွဲ မကြည့်လိုက်ရသည့်အတွက် စိမ်းမြအေး စိတ်မကောင်း ပေ။
ဂေါ့(ပ်)ကစားရာမှ ပြန်လာကြသော ရာဇ၀တ်ဝန်ကြီးလင်မယားနှစ် ယောက် သည် မျက်နှာသုတ်ပုဝါများ လည်ပင်းတွင် ကိုယ်စီသိုင်းလျက် ကလပ်ထဲဝင်လာကြသည်။ ရာဇ၀တ် ၀န်ကြီးကို အားလုံးက ၀ိုင်းကြိုကြသည်။ တမင်သီးသန့်နေရာရာထား ထာသည်မဟုတ်သော်လည်း ဧည့်ခန်းထိပ်တနေရာ၌ စုဝေးထိုင်နေကြမြဲသော အရေး ပိုင်၊ သစ်တောမင်းကြီး၊ ဆည်အရေး ပိုင်နှင့် ဗိုလ်မှူးတို့ရှိရာစားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကြလေသည်။
အားလုံး သူ့စားပွဲနှင့် သူ ထိုင်နေကြမြဲ ဖြစ်သည်။ မာမီနှင့် ဒက်ဒီတို့ ဖဲဝိုင်း ကတော့ လူအုပ် ကောင်းလှသည်။ တဟားဟားတ၀ါးဝါးနှင့် ပွဲအကျကြီး ကျနေကြသည်။ အိမ်ထောင်မကျသေး သော လမ်းအင်ဂျင်နီယာနှင့် မြေတိုင်းအရာရှိတို့ကို ညစ်ညမ်းသော စကားများ နှင့် ၀ိုင်းဝန်းနောက် ပြောင်နေကြသည်။ အင်္ဂလိပ်လို ပြောနြေ ကတော့ စိမ်းမြအေးနားမလည်လှ။ မာမီက. . .
‘တော် တော် လဲ ညစ်စုတ်ကြနော်. . .’
ဟု ပြောမှ ဒီစကားတွေ ညစ်ပတ်မှန်း သိရလေသည်။
ဆရာဝန်က သူ့မိန်းမ ဘိုကပြားမ၏ ပခုံးကိုဖက်ကာ တဟားဟားရယ်လျက် စီးကရက်ပြာ လွင့်နေသော လက်နှင့် အတွဲ မပါ၍ သေနေသော သူ့ဖဲချပ်များ ကို ပစ်ပစ်တင်ကာ စိတ်ပျက်လက် ပျက်နှင့် သက်ပြင်းလည်း ချလိုက်လေသည်။
‘ဒါဘဲနော်. . . မျက်စိတွေ က ကိုယ့်ဖဲကို ကိုယ်ကြည့်တာ မဟုတ်ဖူး. . .’
မာမီက လှမ်းအော်ရင်း သတိပေးလိုက်လေသည်။
မလှမ်းမကမ်းစားပွဲတွင် အရေး ပိုင်မင်း သမီးပျိုနှစ် ယောက် သည် လိမ္မော်ရည် တမြုံ့မြုံ့နှင့် သောက်နေကြလေသည်။ ပါးလွှာသော အမေရိကန် နိုင်လွန်အင်္ကျီ၊ ဘော်လီပုံဆန်းနှင့် လည်ပင်း ကြယ်သီးများ ဖြုတ်ထားသဖြင့် ၀င်းဝါသော ရင်ညွန့်အထက်အသားကို မြင်နေရသည်။ ပိုးတွန့်ထမီ များ မှာ ပျော့ပျောင်းအိစက်လျက် တင်သားနှင့် ပေါင်တံများ ကို အထင်းသားမြင်ရလေသည်။
‘လူဆိုတာ သေရင်ပုပ်တဲ့အမျိုး. . .’
ဖွားဖွားက သူ့ဖဲချပ်များ ကို လှလှလေးစီကာ စကားစလေသည်။
‘ဒါပေါ့. . . ဒါပေါ့’
ဖိုးဖိုးက ထုံးစံအတိုင်း နောက်ကလိုက်နေသည်။ ဖွားဖွားက ဆက်၍ . . .
‘ယောက်ျားတွေ သေရင်တော့ မျက်စိအရင်ဆုံးပုပ်မှာ ဘဲ၊ ဒီလိုဘဲ ပြောကြတယ်. . .’
‘ကျုပ်တို့က. . .’
‘ရှင်တို့ မျက်စိတွေ က စည်းကမ်းမှ မရှိဘဲ. . .’
‘မင်းတို့ သေရင်ကော. . . မိန်းမတွေ သေရင်ကော ဘာအရင်ဆုံး ပုပ်မလဲ. . .’
ဖိုးဖိုးက ပြန်မေးတော့. . .
‘ပါးစပ်ပုပ်မှာ သေချာတယ်. . .’
စက်သူဋ္ဌေး မုဆိုးဖိုကြီးတဦးက ၀င်ပြောတော့ ၀ါးကနဲပွဲကျကြသည်။
‘ဒါပေါ့. . . ဒါပေါ့. . .’
ဖိုးဖိုးက ထောက်ခံလေသည်။ ဖွားဖွားက ဖိုးဖိုး၏ ကျောပြင်ကို အုံးကနဲထုကာ. . .
‘ဘာ ဒါပေါ့. . . ဒါပေါ့လဲ. . .’
‘ဟုတ်တာထောက်ခံတာဘဲကွ မင်းက ဘာနာစရာရှိသလဲ မင်းက စပြီး ဒို့က တိုက်တာဘဲ ကွ. . .’
အဖိုးကြီး အဖွားကြီးလင်မယားနှစ် ယောက် အချီအချ ဖြစ်ကြပြန်သည်။ ဖွားဖွားက အတွဲ မပါ သော ဖဲချပ်များ ကို ပစ်တင်ကာ. . .
‘ဒီနေ့တော့ လာဘ်ကိုတိတ်တယ်. . .’
ဟု ငြူစူနေသည်။
‘မယ်မင်းကြီးမဖဲသာ ဖဲသေတာ ကျုပ်နဲ့ မဆိုင်ပါဘူးနော်. . .’
ဖိုးဖိုးက ပြန်ပြောသည်။
စိမ်းမြအေးက ဒါတွေ ကို စိတ်မ၀င်စားလှသည်မို့ တထပ်တိုက်ဖြူဖြူပုပုလေးထဲမှ ဖဲခွာ ထွက်လာလေသည်။ အုတ်လှေကားရင်းမှ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်လေသည်။ သူ့စိတ်ထဲ လယ်ကွင်းတွေ ကို ရေသွင်းပေးသည့် ချောင်းကြီးဆီသို့သာ ရော်နေသည်။
‘စိမ်းမြအေး. . .’
စိမ်းမြအေးလက်ထဲ နေကြာစေ့ထုပ်တထုပ် အမှတ်မထင် ရောက်လာလေသည်။ ရာဇ၀တ် ၀န်ကြီးသားသည် စိမ်းမြအေးထိုင်နေရာ အုတ်လှေကားတိုင်ဘေးသို့ ဗြုံးစားကြီး ရောက်လာလေ သည်။ ဘယ်လိုရောက်လာသည် မသိ။ ‘မြန်လိုက်တာ. . . သူလာတာ ငါတောင် မသိလိုက်ဖူး’ စိမ်းမြအေးစိတ်ထဲ အောက်မေ့လိုက်လေသည်။
သူ့လည်ပင်းတွင် မျက်နှာသုတ်ပုဝါသိုင်းလျက် သူ့၏ အမွေးပွ ရှပ်ဖြူလက်တိုအောက် လည်ပင်းနှင့် ရင်ပတ်အထက်ပိုင်းတွင် ချွေးများ သီးနေသည်။ ဘောင်းဘီရှည်အဖြူနှင့် သူသည် ချောမောသန့်စင်နေမြဲပင်။
‘စိမ်းမြအေး ဒီမှာ ဘာလာလုပ်သလဲ. . .’
‘ဟို. . . ချောင်းကြီးဘက်ကို သွားမလို့. . .’
‘ဘာလုပ်ဖို့. . .’
‘ဒိလိုဘဲ သွားချင်တယ်. . . အဲဒီ သွားရရင် သိပ်ပျော်စရာကောင်းမှာ ဘဲ. . .’
‘သွားမလား. . .’
‘သွားချင်တယ်. . .’
‘ဒါဖြင့် . . . လာ. . . လိုက်ပို့မယ်. . .’
‘ဟင့်အင်း. . . မသွားရဲဘူး. . .’
‘ဘာလို့. . .’
‘မာမီက လွှတ်မှာ မဟုတ်ဖူး. . .’
‘ကိုယ်လိုက်ပို့မယ်ဆိုရင် လွှတ်မှာ ပေါ့ကွ၊ သွားပြောချီ. . . သွား အခွင့်တောင်း၊ ကိုသန့်ဇင်က လိုက်ပို့မယ်ပြောတယ်လို့. . .’
စိမ်းမြအေးက ၀မ်းအသာကြီး သာသွားလေသည်။ ‘ကျေးဇူးတင်လိုက်တာ. . .’ ဟုလည်း စိတ်ထဲက ကျိတ်ပြောနေမိသည်။
ချောင်းဘက်သို့ လာရာ မြေနီလမ်းလေးသည် ဖြူးဖြောင့်လှသည်။ လန်းဆန်းလတ်ဆတ် သော လေသည် အေးမြနေသည်။ မန်ကျည်းရွက်နုတို့သည် စိမ်းစိမ်းဝေနေသည်။ စိမ်းမြအေးသည် နေကြာစေ့လှော်များ ကို တဖေါက်ဖေါက်ဝါးရင်း ခုန်ဆွခုန်ဆွနှင့် လမ်းလျှောက်လာလေသည်။
ခပ်လှမ်းလှမ်းမှ ၀ါးပလွေသံကို သာယာနာပျော်ဘွယ် ကြားနေရသည်။ ကိုသန့်ဇင်ကမူ လမ်းတလျှောက်လုံး လေချွန်လာလေသည်။ စိမ်းမြအေး၏ စိတ်ထဲတွင် ပျော်နေသည်။ ကမ္ဘာမြေကြီးအဆုံးထိ လျှောက်နေရသလိုပင် လူတွေ နဲ့ ဝေးလေလေ ကောင်းလေလေပင်။ ဖိုးဖိုးတို့၏ ရှက်စရာစကားတွေ လည်း မကြားရ။ ဖွားဖွား၏ ငြူစူသံလည်း မကြားရ။ မာမီတို့၏ စိုးရိမ် ကြောင့် ကျသံလည်း မကြားရ။ ယုတ်စွအဆုံး အရက်ဖလ်ခွက်နှင့် ပုလင်းထိသံပင် ဆိတ်သုဉ်းနေ လေသည်။
‘အကိုရော အရက်မသောက်ဖူးလား၊ ဖဲမရိုက်ဘူးလား’
ဘာကြောင့် ရယ် မသိ၊ ဖျတ်ကနဲပေါ်လာသော အတွေးနှင့် မေးလိုက်မိလေသည်။ ‘အငြိမ့် မင်းသမီးကိုရော မကြိုက်ဖူးလား’ ထည့်မေးမည် လုပ်ပြီးမှ မမေး ဖြစ်ဘဲ တန့်နေသည်။
‘အရက်လဲ မကြိုက်ဖူး၊ ဖဲလဲ မရိုက်ပါဘူးကွ. . .’
ကိုသန့်ဇင်က မဆိုင်းမတွ အဖြေပေးလေသည်။
‘ကောင်းတာပေါ့နော်. . .’
‘ကောင်းတာပေါ့. . . ကိုယ်တို့အဖိုးကလဲ အကြိုက်ဖူးကွ၊ ကိုယ့်ကို သုံးမျိုးရှောင်ခိုင်းတယ်၊ မိန်းမရယ်၊ အရက်ရယ်၊ မြင်းလောင်းတာရယ်. . .’
‘ဖဲရိုက်တာ မပါဘူးလား. . .’
ကြောင်စီစီ ကလေးအတွေးနှင့် မေးသည်။ ကိုသန့်ဇင်ရယ်မောကာ စိမ်းမြအေး၏ ခေါင်းကို ပုတ်လျက်. . .
‘လောင်းကစားဆိုရင် အတူတူပေါ့ကွ. . .’
အဖြေပေးလေသည်။
‘ဖဲရိုက်ရင်. . . ပိုက်ဆံတွေ လဲ ကုန်တယ်နော်. . .’
‘ကုန်တာပေါ့. . .၊ လောဘလဲ ကြီးတယ်၊ သူများ ပိုက်ဆံကို သိပ်လိုချင်တယ်၊ မရရင် စိတ်ဆိုးတယ်၊ ဖဲတွေ လိမ်ရိုက်လာတယ်၊ ပြီးတော့ အညောင်းတွေ မိပီး မကျန်းမာ ဖြစ်မယ် မကောင်းပါဘူး’
‘ဖွားဖွားဆိုရင် မပန်းနုက ညတိုင်း နင်းပေးရတယ်၊ မပန်းနုက စိတ်ညစ်တယ်တဲ့၊ တနေ့လုံး ပင်ပန်းထားပီး ညက အိပ်ငိုက်လို့တဲ့’
သည့်နောက်တော့ စိမ်းမြအေးက တလမ်းလုံး စကားတွေ အများ ကြီးပြောလာမိသည်။ မပန်းနုဆိုသည့် ကရင်မလေးအကြောင်း၊ မခင်ကြော့အကြောင်း၊ ကိုပြေငြိမ်းအကြောင်း၊ အိမ်တွင် မွေးထားသော တိုင်နီဆိုသည့် ကြောင်လေးအကြော်း မွေ့နေ့တုံးက ဖိုးဖိုးလက်ဆောင်ပေးသော စက်ခလုတ်နှိပ်လျှင် လမ်းလျှောက်ကာ၊ ဗိုက်ကိုနှိပ်လျှင် မာမီလို့အော်သော အရုပ်ကလေး အကြောင်းပါမကျန် အမျိုးစုံအောင်ပြောလာလေသည်။
‘အဲဒီ အရုပ်ကလေးကိုတောင် နာမယ်ပေးထားသေးတယ်’
‘ဟုတ်လား. . . ဘယ်လိုပေးထားလဲ. . .’
‘ကြော့ စိမ်း အေး မခင်ကြော့နာမယ်လဲ ပါတယ်’
‘ဒီတခါ အကို့နာမည် ပါ ထည့်မှည့်နော်. . .’
နောက်တီးနောက်တောက်ပြောသည်ကို အဟုတ်မှတ်ပြီး. . .
‘ဟုတ်ကဲ့’ လို့ ပြန်ပြောပြီး နှစ် ယောက် စလုံး ရယ်မောကြသည်။
လမ်းလျှောက်လာကြတာ တော် တော် ဝေးလာပေပြီ။ စိမ်းမြအေးသည် ဒါလောက်ဝေးဝေး တခါမှ မလျှောက်ဘူးပေ။ ကိုသန့်ဇင်က. . .
‘တော် ရောပေါ့ကွ. . . ဘယ်အထိ လျှောက်မှာ လဲ. . .’
‘ဟိုး. . . ကမ္ဘာအဆုံးအထိ’
သည်တခါ စိမ်းမြအေးက ပြန်နောက်သည်။
အပြန်လမ်းခရီးတွင် မခင်ကြော့တို မောင်နှမ ငါးပက်နေတာနှင့် သွားတွေ့ သည်။ စိမ်းမြအေးက မခင်ကြော့တို့အိမ် လိုက်လည်ချင်တယ်ဟု ပူဆာသဖြင့် မခင်ကြော့တို့က ပြာကာ စိမ်းမြအေးတို့အား ခေါ်သွားသည်။ ငါးတွေ လည်း အတော် အသင့် ရပြီး ဖြစ်သည်။ ငါးလူးများ နှင့် ငါးကြင်းပေါက်စများ သည် ငွေရောင် ပေါက်ကာ ပလိုင်းထဲတွင် တဖျတ်ဖျတ်ခုန်နေသည်။
စိမ်းမြအေး ခဏခဏချောင်းကြည့်သဖြင့် ငါးကြင်းတကောင်သည် ပလိုင်းထဲမှ ခုပျံကာ လွင့်စင်ပြီး မြေပေါ်ကျလာလေသည်။
‘ဘာလို့ ခဏခဏ ပြနေရတာ လဲ. . .’
ဟု ကိုပြေငြိမ်းက နှမငယ်ကို ဟိန်းဟောက်လေသည်။
‘စိမ်းမြအေးက ကြည့်ချင်လို့ပါ’
မခင်ကြော့က ဆင်ခြေလဲသည်။
မခင်ကြော့တို့တဲလေးမှာ ဆောက်ထားသော မကြာသေးသော်လည်း လေဒဏ်မိုးဒဏ်နှင့် အိမ်တိုင်များ ယိုင်ချင်နေပေပြီ။ သက်ကယ်မိုးအချို့တို့သည် ဖရိုဖရဲနှင့် ပြိုကျနေသည်။ မြေကမ္ဗလာခင်းလျက် ၀ါးထရံကာတွင် အိပ်စင်ကိုသာ ၀ါးကြမ်းနှင့် ကွပ်ပစ်ခင်းထားလေသည်။
ကိုသန့်ဇင်က အိမ်ထဲသို့ မ၀င်ပေ။ မန်ကျည်းပင်ပတ်လည်တွင် ရိုက်ထားသော သစ်သား ကွပ်ပစ်ပေါ်တွင် သာ အသာထိုင်လိုက်သည်။ ချက်ချင်း ပင် လက်ဘက်ရည်ကြမ်းကရား၊ မြေပဲ ဆီပူထိုး တပန်းကန်၊ ငါးဆယ်နယ်ကင်ကို ဆီဆွတ်တယ်ဆိုရုံဆမ်းလက် ရောက်လာသည်။
‘ဆီပေါတဲ့အရပ်ပေသိ ကျုပ်တို့ ဆီမစားနိုင်ဘူး. . .’
ဟု အခင်ကြော့အဖေက ပြောလေသည်။
‘အိမ်မှာ တော့ ဆီတွေ ရေနံဆီပုံးနဲ့အပြည့်ဘဲ. . .’
ဟု စိမ်းမြအေးက ပြောသည်။
‘၀န်ထောက်မင်းတို့အိမ်မျိုး ကတော့ ပေါမှာ ပေါ့ဗျာ. . . ။ ကျုပ်တို့မှာ တော့ ဆီပုလင်းကို တစစ်ထဲစစ်နေရလို့ ပွဲထဲကပြက်သလို မုဆိုးမဆီပုလင်းလည်နေတာ တလတောင်ကြာတယ် ဆိုသဟာ ဖြစ်နေပီ. . .’
မခင်ကြော့ ကတော့ ဧည့်သည်တွေ ကြောင့် ပျာယာခတ်နေသည်။ မီးဖိုနှင့် အိမ်ရှေ့ကို ထွက်ချေဝင်ချေလုပ်နေသည်။ လဘက်ရည်ကြမ်းပန်းကန်များ ကို ဆေးပြီး သူ့ရှဉ်မီးအင်္ကျီအောက်စ နှင့် သုတ်နေသည်ကို ကိုပြေငြိမ်းက တီးတိုးလေသံနှင့် ‘ထမီနဲ့ သုတ်ရတယ်ဟ. . .’ ပြောတော့ မျက်စောင်းတချက်ထိုးလေသည်။
ကိုပြေငြိမ်းကရယ်လျက်. . .
‘တကတဲ အယ်လီဇဘက်ဘုရင်မနန်းတက်ပွဲလုပ်တာကျနေတာဘဲ’
ဟု နောက်ပြောင်သေးသည်။ မခင်ကြော့က အကို့အပြောကို မခံချင်သဖြင့် မျက်နှာကို စူထားသည်။
‘သုံးဆောင်ပါ. . . သုံးဆောင်ပါ’
ဟု မခင်ကြော့၏ အဖေနှင့် အမေက ကျွေးမွေးတော့ ကိုသန့်ဇင်က. . .
‘နေပါစေ. . . ဆီရှားတယ်ဆိုလို့ မစားရက်တော့ပါဘူး ဦးလေး. . .’
‘ဟာ. . . မဟုတ်သာဘဲ ဆီကို ဖေါဖေါသီသီ ဆမ်းမပေးနိုင်သဟာကို စိတ်မကောင်းလို့ ပြောသာပါ လူလေးရဲ့ သုံးဆောင်ပါ. . .’
ကိုသန့်ဇင်က မြေပဲတဇွန်းကို ယူကာ ကောက်ဝါးဆဲ စိမ်းမြအေးက မခင်ကြော့နောက်သို့ တကောက်ကောက်လိုက်နေသည်။ မခင်ကြော့အဖေက. . .
‘မနှစ် ကပဲခင်းတွေ ပိုးကျတော့ ကျုပ်တို့ လယ်သမားတွေ ဒုက္ခရောက်ကြသာမနဲဘဲ၊ လူးလေးတို့ဖခင်နဲ့ ခရိုင်ဝန်မင်းခင်ရင် တခုပြောပေးစမ်းပါ၊ ကျုပ်တို့ချောင်းလှရွာက အမတော် ကြေးတွေ အကြေဆပ်ပီးပီ၊ သူပုန်ရန်လဲ မရှိတော့ဘူး။ စည်းကမ်းညီလို့ ငွေချေးဘဏ်ဖွင့်ပေးပါလို့ ဟုတ်လား၊ အစည်းအဝေးမှာ ခရိုင်ဝန်မင်းရယ်၊ စိုက်ပျိုးရေး ၀န်ထောက်ရယ်၊ မြေတိုင်းအရာရှိရယ်၊ တိရစ္ဆာန်ဆေးကုဆရာဝန်ရယ်၊ သမ၀ါယမ၀န်ထောက်ရယ် တိုင်ပင်ပြီး ဆုံးဖြတ်သဟာဘဲ. . .’
ကိုသန့်ဇင်က ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသော်လည်း ဘာဘာ ညာညာ ထင်မြင်ချက်မပေးပေး။
‘ကျုပ်တို့သီးနှံတွေ ဆုတ်တာကတမျိုး၊ ပိုးဖျက်တာက တမျိုးနဲ့ မြေရှင်တွေ ရဲ့ အတိုးကို မတန်တဆချေးရတော့ အတိုးလဲတက်သယ် လူလေးရဲ့ ၊ အကြွေးကလည်ပင်းကို ခိုက်နေသဟာ ဘဲ. . .၊ ဒီကလေးနှစ် ယောက် ပညာရေး ကိုတော့ မ ဖြစ် ဖြစ်အောင်အားခဲရသာပေါ့ဗျာ. . .’
‘ပညာသင်ပေးတာတော့ မမှားပါဘူး. . .’
ကိုသန့်ဇင်က လူကြီးမျက်နှာထားနှင့် ပြောလိုက်လေသည်။
‘ကျုပ်တို့အမျိုးတွေ ထဲမလဲ ခေတ်ပညာတတ်သဟာတွေ ရှိပါတယ်၊ ကျောင်းဆရာတွေ ရော၊ ကောလိပ်ရောက်သဟာရော မနဲပါဘူး၊ ပြေငြိမ်းကို ကောလိပ်အရောက်ပို့မယ် စိတ်ကူးသယ်၊ မခင်ကြော့တော့ အနဲဆုံး (၇) တန်းအောင်အောင် သင်ရမှာ ပေါ့. . .’
မခင့်ကြော့အဖေ ရည်မှန်းချက်က ကြီးလှသည်။ သားသမီးတွေ အတွက် ရေရှည်ပညာရေး စီမံကိန်းချထားလေသည်။ သို့သော်လည်း စိမ်းမြအေးက ဘာမှသိတတ်နားလည်ခြင်းမရှိပေ။ မခင်ကြော့အဖေပြောဆိုနေသော ဘ၀၏ ခက်ခဲသော အစိတ်အပိုင်းကို သူ့ နားထဲမ၀င်လှပေ။
မခင်ကြော့ စေတနာကြီးစွာ နှင့် ခပ်ကျွေးသော မှိုဟင်းကို မြိန်ရေယှက်ရေစားရင်း ငရုပ်သီး စိမ်းကို ၀ါးမိကာ စပ်စပ်နှင့် သီးသွားလေသည်။ သီးတာသီးလို့ မဆုံးနိုင်အောင်ပင်။ ချေင်းတွေ ဆိုး ကာ မျက်နှာမှာ သန္တာသီးမှည့်ပမာ နီမြန်းနေလေသည်။
မခင်ကြော့သည် သောက်ရေအိုးစင်မှ ရေကို ကမန်းကတန်း ခပ်ပေးကာ တိုက်လိုက်ရ လေသည်။
‘နင်ကလဲဟယ် ဒါလေးစပ်တာတောင် မခံနိုင်ဘူး. . .’
လူကြီးတွေ အပြစ်တင်လွတ်အောင် သူကအရင် ဖိပြောနေသည်။
ကိုသန့်ဇင်ကမူ စိမ်းမြအေး၏ ခေါင်းကို လက်ဝါးနှင့် အုပ်ကိုင်ကာ ‘ဖွ. . . ဖွ’ ဟု မန်းနေ သည်။
မခင်ကြော့က တသော သော ရယ်မောလျက်. . .
‘စိမ်းမြအေးက သိပ်အသဲငယ်တာဘဲ၊ ငရုပ်သီးလေးစပ်တာနဲ့ သေတော့မလို ဖြစ်နေတယ်၊ ရွှေမင်းသမီးလေး ရှင်ဘုရင်မလေး. . . ယာတောလယ်မှာ လေ. . . ငါပြောမယ်ရွှေရှင်ဘုရင်ရဲ့ . . .’
ဟစ်အော်ရင်း ရယ်နေပြန်သည်။
စိမ်းမြအေးကို ဘော်ဒါအ ဖြစ် မြို့ကျောင်းကိုလွှတ်တော့ ဘူတာအထိလိုက်ပို့သော မခင်ကြော့သည် မျက်ရည်စတွေ ရစ်ဝိုင်းနေသည်။.
ပထမတန်းတွဲ ထဲတွင် စိမ်းမြအေးနှင့် အတူ တွဲ ကာထိုင်နေသော မာမီကလွဲ၍ ကျန်လူတွေ မှာ လည်း မျက်နှာမကောင်းလှပေ။
စိမ်းမြအေးနှင့် ဘယ်တော့မှမတည့်သော ဖွားဖွားပင်လျှင် မျက်ရည်တွေ ကျနေသည်။
‘အအေးမိမယ်နော် ညက အနွေးထည်ဝတ်အိပ်၊ နှစ် ပတ်တခါ ၀မ်းနှုတ်ဆေးစားဘို့လဲ မပျင်းနဲ့၊ မာသာတွေ ပြောတာနားထောင် မပေနဲ့၊ ကိုယ်လုပ်ချင်တာစွပ်မလုပ်နဲ့၊ မလုပ်ခင်စဉ်းစား. .’
ဟု တဖွဖွမှာ နေသည်။ သည်လိုတော့လည်း ဖွားဖွားကို သနားသွားသည်။ ခေါင်းကိုသာ တွင် တွင် ညိတ်လိုက်သည်။
ဒက်ဒီ ၀ယ်ပေးထားသော အရုပ်ကို ပိုက်ချီထားသည်ကို တွေ့ တော့ ဒက်ဒီက
‘ဒီအရုပ် ဘာလုပ်ယူသွားရမှာ လဲ သမီးရယ်. . . ဟိုမှာ စာသင်ရမှာ အားကစားလိုက်စားရ မှာ နဲ့ အရုပ်နဲ့ ကစားဘို့ အချိန်ရပါ့မလား’
ဟု တားသေးသည်။
‘ဟင့်အင်း သူနဲ့သမီး အတူအိပ်ရမှာ ၊ သမီးနဲ့အိပ်ဖို့ အဖေါ်မှ မရှိတော့ဘဲ. . .’
ဆိုတော့ ဒက်ဒီက ရှေ့ဆက်မပြောတော့ပေ။ စိမ်းမြအေးနှင့် အတူ အိပ်နေကျ ဖြစ်သော မပန်းနု ကတော့. . .
‘ငါလဲ နင့်ကို သိပ်လွမ်းမှာ ဘဲဟယ်’
ဟု ပြောရင်း မျက်ရည်တွေ ရစ်လျှံဝဲကျလာလေသည်။
မပန်းနုသည် စိမ်းမြအေးထက် ၅ နှသာကြီးသော်လည်း မာမီထက်ပင် စိတ်ရှည်သော ပေါင်းလို့ကောင်းသော ကရင်အမျိုးသမီးလေး ဖြစ်သည်။ စိမ်းမြအေးလိုပင် ဖြူနု၍ ပါးအို့တို့သည် အလိုလိုနီမြန်းကာ လေးဒေါင့်မေးရိုး၊ ပါးရိုးမြင့်မြင့်နှင့် ကရင်ချောချောလေသည်။
စိမ်းမြအေး (၅) နှစ် သမီးအရွယ်ထဲက အိမ်ရောက်လာခဲ့လေသည်။ ည အိပ်ရာဝင်ခါနီး တွင် မပန်းနု၏ ရင်ခွင်တွင် မှေးစက်ကာ မပန်းနုတို့ ဇာတိရပ်နယ် ကတုတ်ရွာ၏ ပုံပြင်များ ကို ကြားနာရင်း မှေးစက်ရလေသည်။ မီးဖိုချောင်ထဲ ကြက်သားဟင်းအိုးထဲမှ ကြက်သားများ ကို တပြက်ပြက်အသံမြည် လျက် နှိုက်စားတတ်သော တစ္ဆေပုံပြင်ကို နားထောင်၍ မငြီး။.
ကတုတ်နယ်၏ ကြံစိုက်ခင်းများ ၊ ကြံသကာချက်လုပ်တာများ ကို ပြောပြတော့လည်း စိမ်းမြ အေးက စိတ်ဝင်စားလှသည်။ ညောင်ပင်အောက်တွင် ရုတ်ခနဲမြင်ရပြီး ပျောက်ပျောက်သွားသည် ဆိုသော ဥစ္စာစောင့်မလေးကို မြင်ချင်လှသည်။
မပန်းနု စကားပြောတာ သိသာထင်ရှားစွာ ၀ဲလှသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ကွင်းကရင် ဖြစ်သော်လည်း သူ့ဘကြီးတောင်ပေါ်ကရင်နှင့် အနေများ သဖြင့် ရောက်ခါစက သူစကားပြောတာကို အတော် နားထောင်ရလေသည်။
စိတ်က ဂျွတ်ဆတ်ဆတ်နိုင်သည်။ မာမီ့မောင် အန်ကယ်လှမောင်က မပန်းနုကို ဘယ်လိုပြုမူ လိုက်သည်မသိ. . .
‘ဟဲ့. . . ငါ လင်လိုချင်လို့ မြို့တက်လာတာမဟုတ်ဖူး၊ အမေ့ကို ပိုက်ဆံပေးချင်လို့ လာတာ၊ ငါအ ခု ရွာပြန်ရင် ယောက်ျားတွေ တပြုံကြီး ယူမဲ့လူရှိတယ်။ ဆင်ပိုင်တဲ့ ကရင်သူဌေးဟာ နင်တို့ တိုက်လောက်ကို ၀ယ်နိုင်တယ်၊ ဒီလိုလုပ်ရင် ငါ ပြန်မယ် မနေဘူး. . .’
မပီကလာ ပီကလာ ပြောပြီး အထုပ်အပိုးပြင်လေသည်။ ဘယ်လိုပင်သင်သင် စကားကို နင်လုံး ငါလုံး ပြောလေ့ရှိသည်။ စိတ်ဆိုးလျှင် ကရင်လို ဆဲသည်။ စိမ်းမြအေးပင် ကရင်လို အတော် အသင့်တက်နေပေပြီ။
မပန်းနု တစ်နှစ် တစ်ခေါက် သူ့ရွာသို့ပြန်လျှင်ပင် မအိပ်နိုင် အစားနိုင်နှင့် လွမ်းဖျားလွမ်းနာ ကျတတ်သော စိမ်းမြအေးက မပန်းနု အပြီးအပိုင်ပြန်မည် ဆိုလျှင် နေစရာမရှိအောင် ဖြစ်နေသည်။ ဇီးကင်းလောက်ရှိမည့်  မျက်ရည်ပေါက်ကြီးများ သီးကာ ‘ပြန်ပါနဲ့. . . ပြန်ပါနဲ့. . .’ ဟု တစာစာ အော်ရင်း မပန်းနုထမီစကို ဆွဲထားတတ်လေသည်။ သည်တော့ စိမ်းမြအေးကို သနားတာနှင့် မပန်းနု မပြန် ဖြစ်။ ပြန်လျှင်လည်း ရွာမှာ ကြာကြာမနေနိုင်။ ပြန်ခဲ့ရသည်ချည်းပင်။
‘ခု နင်က သွားမှာ ၊ နင့်ထမီစ ငါဆွဲထားရမလား. . .’
ဟု မပန်းနုက ရန်ထောင်တော့. . .
‘ဟင့်အင်း. . . ဆွဲနဲ့. . .’
ဟု စိမ်းမြအေးက ခေါင်းကိုခါကာ ပြောလိုက်လေသည်။
ရထားမထွက်ခင်ပင် ငိုနေသော ဖွားဖွားကို ဖိုးဖိုးက ချော့ခေါ်သွားလေပြီ။ ထိုအခိုက် မခင်ကြော့က သူ့လက်ထဲမှ အထုပ်လေးများ ဖြင့် တွဲ နားသို့ အယောင်မလည်ရောက်လာခြင်း ဖြစ် သည်။
‘တော် ပါသေးရဲ့ ဟယ်. . . ရထားများ ထွက်သွားပလားလို့. . . ငါ စိတ်ပူလိုက်တာ. . .’
မခင်ကြော့က လူကြီးသူမလိုပြောပြီး စိမ်းမြအေးလက်ထဲသို့ အထုပ်လေးများ ကမ်းပေးနေ သည်။.
‘ရော့. . . ရော့. . . ဒါက ထညက်ဖြူဆုပ်၊ ဒါ ကတော့ နင်လိုချင်တယ်ဆိုတဲ့ အ၀တ်ရုပ် ကလေး’
‘အ၀တ်ရုပ်လေး. . . လှတယ်နော်. . .’
‘ကောင်းတော့ မကောင်းဘူးပေါ့ဟယ်. . . အဲဒါ ချုပ်နေတာ ငါ ညက မိုးချုပ်မှ အိပ်ရတယ်၊ အ၀တ်စတွေ လဲ ကိုကြံစက်ဆိုင်က တောင်းရတာ ဒီဖါလေးထဲမှာ သူ့အတွက် ထမီလေးတွေ အင်္ကျီ လေးတွေ ပါသေးတယ်. . .’
‘အေးဟဲ့. . . အေးဟဲ့. . . ထမီလေးတွေ ရောင် စုံဘဲနော်. . . ဒါ နင်ချုပ်တာ. . .’
‘အေးပေါ့. . . ငါ့ကလေးကိုလဲ နင့်ကလေးလို နာမယ်လှလှလေး ပေးအုံး. . .’
‘ပေးမှာ ပေါ့လို့. . .’
မခင်ကြော့နှင့် စကားတာရှည် ပြောခွင့်မရ။ မာမီက စိမ်းမြအေးလက်ကို ဆွဲကိုင်လှုပ်ကာ. .
‘အရေး မကြီးတာတွေ ဖယ်ထားစမ်း သမီး၊ ဒက်ဒီပြောတာတွေ နားထောင်. . .’
ဟု ပြောသဖြင့် အထုပ်ကလေးတွေ ခြင်းတောင်းထဲ ထည့်လိုက်ရလေသည်။
မခင်ကြော့ ကတော့ မျက်စိလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ငေးကြည့်နေသည်။ မျက်နှာ လေးကလည်း ငယ်နေသည်။ ကိုယ်လေးကိုယို့ပြီး ဘေးသို့ အသာဖယ်နေသည်။
မကြာမီ ကိုသန့်ဇင်တယောက် လည်း သူ့အဖေါ်တယောက် နှင့် ရောက်လာခဲ့လေသည်။ စိမ်းမြအေးလက်ထဲသို့ နက်စ်ဖီးလ်ချောကလပ်ထုပ်တွေ ကမ်းပေးပြီး မခင်ကြော့အား လှမ်းကြည့် ကာ. . .
‘သူငယ်ချင်းတွေ ဘာတွေ က လိုက်ပို့လို့ပါလား’
‘ဟုတ်ကဲ့. . . သူက စိမ်းအေးကို အရုပ်လက်ဆောင်ပေးတယ်’
တခမ်းတနား ပြောဖေါ်ရသဖြင့် မခင်ေဲကြာ့က မျက်ရည်လည်လျက်က ပြုံးလိုက်သည်။
‘စိမ်းမြအေးက ကွန်ဗင့်ကျောင်းသူကြီး ဖြစ်တော့မှာ ဘဲ. . . အရုပ်နဲ့ ကစားနေဦးမှာ လား’
ကိုသန့်ဇင်က ပြုံးလျက် မေးလိုက်သည်။ မာမီက အဖေါ်ရသွားကာ. . .
‘အင်း. . . အဲဒါဘဲ မင်းအန်ကယ်က ပြောနေတာ’
ဟု ၀င်ပြောသေးသည်။
စိမ်းမြအေးက နှုတ်ခမ်းစူနေသည်။ ပြောမှပင် ပိုကဲချင်ကာ မခင်ကြော့ပေးထားသော အ၀တ်ရုပ်ကလေးကို ထုတ်ယူကြည့်လေသည်။ မခင်ကြော့၏ အ၀တ်ရုပ်လေးသည် အဟုတ် တကယ် ချစ်စရာကောင်းလေသည်။
အထက်ဆင် အမည် စကို ဆံပင်ချုပ်လျက် ဆံပင်နှင့် တူအောင် အမျှင်မျှင်ပင် ညှပ်ထား သည်။ အပ်ချည်နက်နှင့် မျက်ခုန်းမွေးချုပ်ကာ နှာခေါင်းနေရာနှင့် နှုတ်ခမ်းလေးများ ကို အပ်ချည်နီ နှင့် ချုပ်ထားပြီး အကြံအဖန် လုပ်လေသည်။ အရုပ်လေး၏ နှုတ်ခမ်းကို ပြုံးသယောင်ယောင် ဖြစ် အောင် ချုပ်ထားဟန်ကို စိမ်းမြအေး သဘောကျနေသည်။
ပန်းနုရောင် ဂိုဘီယာရှံသားအင်္ကျီနှင့် အနီရဲရဲတွင် အဖြူပွင့်သေးသေးနုပ်နုပ်ပန်းခက်များ ယှက်နွယ်နေသော တူတယ်(လ်) ထမီကို ၀တ်ထားသည့် အရုပ်လေးကို အဆက်မပြတ် နမ်းလိုက် လေသည်။
‘သိပ်ချစ်တာဘဲကွယ်. . .’
မပန်းနုက မျက်ရည်စတွေ နှင့် ရယ်မောနေသည်။
‘နင် တော် တော် ရူးတဲ့ ကောင်မ. . .’
ညသည် ချောက်ချားဘွယ်ရာ ကောင်းလှသည်။ စိမ်းမြအေးအဖို့ ည ဆိုသည့်အချိန်ကို ကမ္ဘာလောကကြီးထဲမှ ပျောက်စေချင်လှသည်။ ညပေါင်းများ စွာ ကို ချေဖျက်ပစ်ချင်သည်။ ည မရှိစေချင်။ သို့သော်လည်း ညတွေ ညတွေ က ခဏခဏဘဲ ဖြစ်နေသည်။ ကနေ့ ည၊ မနက်ဖန် ည၊ ပြီးတော့ သဘက်ခါ ည၊ အပိတ်နွဲခါ ည. . .။
ည ရောက်သည်နှင့် စိမ်းမြအေးသည် ကုတင်တိုင်မှီကာ ရှိုက်ကြီးတငင် ငိုလေသည်။ ဘော်ဒါအဆောင်မှူုး မေထရွန်နှင့် အတူ ညဘက် ဘော်ဒါဆောင်ကို လှည့်ကြည့်ရန် တာဝန်ကျ သော အိုင်ရစ်သီလရှင်လေး မာသာမစ်ချယ်သည် စိမ်းမြအေး ကုတင်အနီးသို့ရောက်လာလေ သည်။
‘ဒိုင်ယာနာ ဘာ ဖြစ်လို့ ငိုသလဲ. . .’
မာသာ မစ်ချယ်က မေးလေသည်။ မာသာမစ်ချယ်၏ အင်္ဂလိပ်ဘာသာစကားကို နားမလည်သဖြင့် မေထရွန်က စကားပြန် လုပ်ရသည်။ အသက် အစိတ်ခန့်သာရှိသေး၍ နှုတ်ခမ်း နီရဲရဲလေးနှင့် လှပသော သီလရှင်၏ မျက်နှာကို စိမ်းမြအေးက လုံးဝမကြည့်။ ငို၍ သာ နေသည်။ မေထရွန်က. . .
‘ပြောလေ. . . ဒိုင်ယာနာ ဘာ ဖြစ်လို့ ငိုသလဲ. . .’
‘အိမ်ပြန်မယ်. . .’
‘အိမ်ပြန်လို့ ဘယ်ရမလဲ၊ ဒီမှာ စာတွေ သင်ဘို့ လာနေတဲ့ဥစ္စာ. . .’
‘ဟင့်အင်း. . . အိမ်ပြန်မယ်. . .’
‘စာမတတ်ချင်ဘူးလား’
‘အိမ်ပြန်မယ်. . .’
‘မာမီ့ကို မသနားဘူးလား’
‘အိမ်ပြန်မယ်. . .’
‘ဒက်ဒီနဲ့ မာမီ စိတ်မကောင်း ဖြစ်မှာ ပေါ့. . .’
‘အိမ်ပြန်မယ်. . .’
‘တယ်ခက်ပါလား၊ ဒီလိုငိုတာ မာသာ ဆူပီးရီးယား မသိလို့၊ သိရင် ကြိမ်လုံးနဲ့ လာရိုက်မှာ ’
မေထရွန်က ချောက်တော့ စိမ်းမြအေးက အသံထွက်၍ ပိုငိုပြန်သည်။ မေထရွန်က ချော့ရ ပြန်ချေသည်။
‘မပန်းနု ခေါ်ပေး’
အိမ်ပြန်မယ် စကားအစား ဒီစကားကို ထပ်တလဲလဲပြောကာ ငိုနေပြန်သည်။ ဘယ်လိုချော့ လို့မှ မရ။ မာသာမစ်ချယ်ရော မေထရွန်ရော ငိုသံကို သည်းခံကာ သည်အတိုင်း လက်ပိုင်ကြည့် နေရသည်။ အနားက ကလေးတွေ လည်း အိပ်လို့မရ။
ဇွဲနှင့် ပေသော စိမ်းမြအေးက ကုတင်တိုင်တွင် ခေါင်းမှီကာ ဆတ်ခနဲ ငိုက်သွားလျက်ကပင် သတိနှင့် ပြန်ခေါင်းမတ်ကာ ဆက်ငိုပြန်သည်။
‘ကဲ. . . ငိုတော့၊ ကြိုက်သလောက် ငို. . .’
မေထရွန်က စိတ်မရှည်တော့ဘဲ ထားပစ်ခဲ့သည်။ စိမ်းမြအေးသည် ငိုရင်းပင် ခြင်ထောင် အပြင်၌ တညလုံး အိပ်ပျော်နေသည်။ နံနက်လင်းတော့ စိမ်းမြအေးတကိုယ်လုံး ခြင်ဖူးတွေ သီးနေ သည်။ ဖြူနုသော အသားတွင် သန္တာလုံးများ ပမာ ခြင်ဖူးတွေ စီခြယ်နေလေသည်။ ဒါတောင် ညတ၀က်တွင် မာသာမစ်ချယ်က စိမ်းမြအေးကို ခြင်ထောင်ထဲ သွင်းလိုက်ပြီ ဖြစ်သည်။
![]() မပုံ့ အကြောင်း | ![]() တေးသီလို့ ဖွဲ့မယ် | ![]() နေဝန်းဖလ်ဝါ |