အခန်း (၁)
ဘ၀ဟူသည် ငြိမ်သက်ရပ်တန့်နေသော အရာမဟုတ်။ ရုန်းကန်လှုပ်ရှားနေသည် ဖြစ်ကြောင်းကို စတင်တွေ့ ကြုံရသော နေ့တနေ့သို့ ဆိုက်ရောက်ခဲ့ပါသည်။ သည်နေ့ကို ဘယ်တော့ ဘယ်တော့မှ မမေ့နိုင်ပေပြီတကား။
တကယ်တော့လည်း ကျမ၏ နှစ် စဉ်ဒိုင်ယာရီများ တွင် နွေရက်များ သည် တသက်စာ အမှတ်ရစရာတွေ နှင့် ပြည့်နေတတ်ပေသည်။
စိမ်းညိုညိုတွင် နေ၏ နီဝါရောင် က လွှမ်းသဖြင့် ခရမ်းရောင် ပြေးနေသော ရှမ်းရိုးမတောင်ကြီးကို နောက်ခံထား၍ အုတ်မြို့ရိုး နီနီ၊ စိမ်းမှော င်မှော င် ကြာရွက်ဖားဖားကြီးများ ၊ မြသားပကတိ ကျုံးရေပြင်သည် မန္တလေးမြို့တော် ၏ ကျက်သရေဆောင် ဖြစ်ပေသည်။ ပြအိုးပစ္စင် သူရဲခိုနှင့် မြို့ရိုး ၏ အရိပ်ကား ကျုံးရေပြင်တွင် အရိပ်ထငိလျက် ရှိလေသည်။ ဖုံထူသော လမ်းမများ ဖြစ်သော် လည်း ရဲရဲနီအောင် ပွင့်တတ်သော စိန်ပန်းပင်ပျိုနှင့် အစိမ်းခြောက်ခြောက် ထနောင်းပင်ပျိုတို့ကား ပင်ချင်းကူးယှက်ကာ တတ်စွမ်းသမျှ အရိပ်ပေးနေကြပေသည်။
လေးထောင့်စပ်စပ် အကွက်ရိုက်၍ တည်ဆောက်ထားသော မြို့ ဖြစ်သည့်အပြင် မင်းတုန်း မင်းလက်ထက်ကပင် တည်ခဲ့သော မန္တလေးမြို့ကြီးမှာ ရပ်ကွက်များ ဖွဲ့၍ ဖြောင့်မတ်သော ပြလမ်းများ ကို ကွက်စိပ်ချထားခြင်းဖြင့် အတော် ပင်သေသပ်ပေသည်။
လမ်းများ သည် တည့်တည့်ဖြောင့်ဖြောင့်နှင့် ထောင့်မှန်ချိုးသည်။ ရွက်နုဝေဆာသော မန်ကျဉ်းပင်စည်များ ၏ အရိပ်သည်လည်း အပူရှိန်ကို အစွမ်းကုန်ကာကွယ်နေသည်။ လွန်ခဲ့သော ရက်သတ္တပတ်ခန့်ကပင် မန်ကျည်းရွက်များ ပင်လုံးကျွတ်ကြွေခဲ့သဖြင့် ရွက်နုများ တက်စပြုလေပြီ။
သို့သော် နေအပူရှိန်ကမူ ပြင်းပြပူလောင်နေသည်။ ညှိုးလိန်ပိန်ခြောက်နေသော ရွက် ခြောက်ပမာ လူတွေ မှာ လည်း နေပူကျဲကျဲတွင် တွန့်လိန်နေကြသည်။
‘လေးချို’
‘ဟဲ့. . . လေးချို နေမကောင်းဘူးလား၊ နင့်မျက်နှာကြည့်ရတာ တမျိုးဘဲ’
ကျမအနီးတွင် ရပ်နေသော ဆရာမ ဒေါ်ငြိမ်းက ဂရုဏာသက်စွာ မေးလိုက်လျှင် ကျမက ပြာပြာသလဲခေါင်းကိုခါရမ်းပြကာ. . .
‘လေးချို ဘာမှမ ဖြစ်ပါဘူး ဒေါ်လေးရဲ့ ’
၂၆ ဘီလမ်းကြီးတလျှောက် တန်းစီ၍ လျှောက်လာသော လူထုကြီးကား အတန်ငယ်စည်း ကမ်းကင်းမဲ့နေသည်။ မငြိမ်မသက်နှင့် ရုတ်ရုတ်ရက်ရက်လည်း ရှိလေသည်။ ရှေ့ပိုင်းလူထု တပ်ဦးမှ သံချပ်တိုင်သူနှင့် သံပြိုင်လိုက်သူတို့၏ အသံကမူ အင်တိုက်အားတိုက်ရှိလှသည်။ ရုတ်တရက်ကြည့်လျှင် အတော် ပင် အားရစရာကောင်း၍ ညီညီညာညာရှိလှသည်။
လွန်ခဲ့သော (၁၆) နှစ် ကျော်ခဲ့သော အချိန်ကာလဟု ထင်ပါသည်။ ၁၉၅၂ ခုနှစ် လား၊ ၁၉၅၃ ခုနှစ် လား မသေချာပေမင့် အမှတ်တရတော့ ရှိလှပေသည်။
‘ပြည်ထောင်စုအစိုးရ- ဒို့အရေး ၊ ပြည်ထောင်စု အလုပ်သမား- ဒို့အရေး ၊ ပြည်ထောင်စု အရေး - ဒို့အရေး ’ ဆိုသည့် ကြွေးကြော်သံများ သည် အိုးစည်ဗုံမောင်းသံ တညံညံတွင် ပဲ့တင်ထပ် နေသည်။ နေ၏ အပူကား ပြင်းထင်သည်ထက် ပြင်းထန်လာကာ လေပူကြီးကလာည်း ထောက် ထားခြင်း ကင်းမဲ့စွာ တိုက်ခတ်လာလေသည်။ မန္တလေး၏ နွေမှာ ရက်စက်စွာ ပူပြင်းတတ်ပေသည်။
‘ဘယ့်နှယ်လဲ-ဘယ့်နှယ်လဲ ဆရာမ တို့ရဲ့ ’
ခြေလျင်လျှောက်အပြီး ကျုံးဒေါင့်တွင် တန်းစီရပ်နေကြသော ကျမတို့အနီးသို့ အမှု ထမ်းများ နှင့် အတူ လူတစုရောက်လာကြကာ တစ်စုံတယောက် သူက ကျမ၏ အဒေါ်လည်းတော် သော ဆရာမ ဒေါ်ငြိမ်းအား လှမ်းအော်ပြောနေသည်။
‘ဘယ့်နှယ်မှ မဘယ့်နှယ်နဲ့ ဥိးကံထူးရေ- ပူလွန်းလို့ တယ်စကားမပြောချင်ဘူး၊ ခေါင်းကို မူးနေတာဘဲ’
ဒေါ်လေး ဒေါ်ငြိမ်းက စူတူတူမျက်နှာထားနှင့် ပြောဆိုနေသည့် အသက် (၄၀) ခန့်ရှိသော ဦးကံထူးဆိုသူ လူကြီးက သူ့နဖူးမှ ချွေးများ ကို လက်နှင့် သပ်ချလိုက်ရာ မိုးရေ ချောင်းရေစက်ပမာ လွင့်စဉ်လာလေသည်။ သူ့ရှပ်အင်္ကျီတခုလုံးမှာ လည်း ရေချိုးထားသလို ရွှဲနစ်နေသည်။ ဒေါ်လေး ကိုယ်တိုင်ကလည်း ပိတ်အင်္ကျီတခုလုံးစိုလျက် ဂျပန်ယပ်တောင်ကို အပူသက်သာစေရန် တဖျတ်ဖျတ်ခတ်နေသည်။ ထိုသူကမူ ချွေးတရွှဲရွှဲပေမင့်လည်း ရွှင်ပျသော မျက်နှာထားနှင့် ပင် ရယ်လျက်. . .
‘ခါးပုံကို မောင်ဖြုတ်လို့ ချွေးသုတ်တော့ပေး၊ စီးပစေလေ မောင်မသုတ်နဲ့ တုတ်တုတ်ကျ ချွေး’ ဟု ကောက်စိုက်သီချင်း ဗုံကြီးသံကို သီဆိုကာ လက်တဖက်ကို ကွေးမြှောက် ‘က’ ဟန်ပြုနေ သော ကြောင့် ကျမတို့ကျောင်းသူတတွေ က ရယ်မိသေးသည်။
‘ရှင်လဲ ဟိုရှေ့တန်းမှာ သွား ‘က’ ပါလား ဦးကံထူးရဲ့ ၊ အိုးစည်ဗုံမောင်းနဲ့’
ဒေါ်လေးက နှုတ်ခမ်းမဲ့ကာပြောလိုက်သော်လည်း ဂရုမစိုက်ဘဲ သူ့လက်တဖက်က ဗိုသီ ဗတ်သီနှင့် ကိုင်ထားသော ပင်နီတိုက်ပုံအင်္ကျီကို ဒေါ်လေး၏ မျက်နှာအနီးတွင် နေပူကိုကာဟန် နှင့် . . .
‘ပျိုလေးနေရောင် ထိုးတယ်. . . ငန်းစမှာ ညှိုးကွယ်လေးရဲ့ မောင် ခြုံထည်တန်းသွယ်လို့မိုး’
စသည်များ ကို ဟန်ပန်အမူအရာလုပ်ရင်း ဆိုနေပြန်သေးသည်။
‘သူများ နေပူရတဲ့ကြားထဲ အရေး ထဲ အူတော် တော် မြူး ဦးကံထူးရဲ့ ’
‘အမယ်လေး မမြူးနိုင်ပါဘူး ဆရာမ ရယ်၊ အပြင်ဗန်းက မြူးနေပေမဲ့ ဟောဒီရင်ထဲက နှစ် နှစ် ကာကာ မမြူးနိုင်ပါဘူး၊ ဦးဘဂျမ်း ကာတွန်းလေနဲ့ ပြောရရင် သြော်. . . လူထု-လူထု-ဖိုးလူထု’
ဦးကံထူးက မျက်နှာကို ရှုံ့မဲ့၍ ပြောလိုက်လေသည်။ စင်စစ် သူ့မျက်နှာ ရှုံ့မဲ့ဟန်မှာ ရယ်စရာကောင်းနေသဖြင့် ကျမကနားမလည် ပါးမလည်နှင့် ရယ်မိသေးသည်။ ဒေါ်လေးကမူ မရယ်နိုင်ရှာပါ၊ ကျမ၏ အနီးတွင် ရပ်နေသော ဆရာတဦးအား လှမ်း၍ . . .
‘ဆရာရေ. . . ခလေးတွေ ကို အရိပ်ထဲ ကြည့်ကျက် ရွှေ့ပေးအုံးမှ ထင်တယ်၊ သိပ်ပူတာဘဲ ရှင်. . .’
‘ဒီနေရာမှာ အရိပ်လဲအရှိဘူး. . . ဗျ၊ လျှောက်လာရတဲ့ ခရီးကြီးကလဲ နဲတာမှ မဟုတ်ဘဲ၊ ပိုပီးပန်းတာပေါ့. . .’
ဆရာက ခေါင်းကို တွင် တွင် ခါရမ်း ပြောလိုက်လေသည်။
‘ပီးတော့ အချိန်ကတကဲ့အချိန်ကြီး၊ နေ့လယ် ၂ နာရီ ဆရာသေချင်တာဘဲ’
ဒေါ်လေးက ချူသံပါအောင် ညည်းလိုက်ပြန်သည်။ ဦးကံထူးက ကှမတို့အား လှမ်းကြည့် ကာ. . .
‘ဒါနဲ့များ ဒီခလေးတွေ ကို ခေါ်လာရသေးဗျာ. . .’
‘ကျမလဲ မခေါ်ချင်ပါဘူးရှင်၊ ကျောင်းကလဲပိတ်ထားတာ သက်ဆိုင်ရာက ကျောင်းသူ ကျောင်းသားတွေ ကို လူထုစည်းဝေးပွဲကြီးမှာ ပါနိုင်သလောက် ပါစေချင်တယ်ဆိုလို့သာ ခေါ်လာရ တာပ၊ ခုတောင် ဘော်ဒါဆောင်က ခလေးတွေ နဲ့ အနီးပတ်ဝန်းကျင်က ခလေးတွေ ကို မနဲစုဆောင်း ခေါ်ခဲ့ရတာ မိဘတွေ ကတောင် မထည့်ချင်ဘူး’
ဒေါ်လေးက လေးလေးတွဲ့ တွဲ့  ပြောလိုက်လေသည်။ ကျမဘေးမှ ဆရာက. . .
‘တောက်. . . အဲဒါတွေ ခက်တာဘဲ၊ ၀န်ကြီးက ညနေ ၅ နာရီလာပြီး လူထုစည်းဝေးကြီး စမယ်၊ ဒီမှာ လူတွေ ၀ဋ်ဒုက္ခခံနေရမှာ က ဘယ်နှစ် နာရီလဲ၊ နေအပူကလဲ သိပ်ပြင်းတာ သက်ဆိုင် ရာက နည်းနည်း ကိုယချင်းစာဘို့ ကောင်းတယ်ဗျာ’
ဒီတော့ ဦးကံထူးက ဟက်ကနဲတချက် ရယ်လျက်. . .
‘ဆရာတို့ရဲ့ လောကကြီးမှာ ကိုယ်မခံစားဘူးတဲ့ လူတွေ က ဘယ်မှာ ကိုယ်ချင်းစာမလဲဗျာ၊ ၀န်ကြီးနဲ့ သက်ဆိုင်ရာတွေ က တော် နေကျ ကားနဲ့ ရွှတ်ကနဲပေါက်လာကြမှာ ၊ ကားအရိပ်နဲ့ အေးနေတော့ နေပူထဲရပ်နေတဲ့ လူထုကိုဘဲ လသာထဲရပ်နေသလားလို့ ထင်ကောင်း ထင်လိမ့် အုံးမယ်’
‘ရှူး. . .’
ဒေါ်လေးအနီးမှ အသားညိုညိုနှင့် ဆရာမ လေး ဒေါ်အေးမြက သူ့နှုတ်ခမ်းကို လက်ညှိုး လေးနှင့် ကပ်ပြလိုက်ပြီး မျက်လုံးပြုံးပြလေသည်။ ထို့နောက် မန္တလေး ဓလေ့အတိုင်း. . .
‘ခင်ဗျားတို့ သိပ်လဲမပြေကြနဲ့ဗျ၊ အများ နဲ့အတူ မိုးခါးရေသောက်နေရတာ ၊ တိတ်တိတ်နေဗျ၊ တိတ်တိတ်နေ’
‘ဟာ ဆရာမ လေးရ၊ အများ နဲတူ မိုးခါးရေသောက်ဆိုရင် ကျုပ်တို့ဟာ အရူးဆေးသောက် နေရတာ ပေါ့၊ ကျုပ်တို့ ရူးနေကြပီပေါ့. . . ဟား. . . ဟား. . . ဒီစည်းဝေးပွဲကြီးတွေ ဟာ နှစ် စဉ် လုပ်ရိုးလုပ်စဉ် ပွဲပီး မီးသေတွေ ပါဗျာ၊ လူတွေ ရဲ့ စိတ်ပါဝင်စားမှု တွေ က နဲနဲလာတော့ သိပ်လဲ အဓိပ္ပာယ်မရှိဘူးဗျ၊ စောစောက မိန်းမကြီးတယောက် က ဈေးခေါင်းကြောက်လို့ လိုက်လာတာ နေ့တွက်ရှုံးတယ်ရယ်လို့ ဟိုလူ့ဆဲ၊ ဒီလူ့ဆဲနဲ့ ခင်ဗျားတို့ကျောင်းက ဆရာမ ဒေါ်ခင်ထားလဲ သူ့ခလေး အပြင်းဖျားပီးတက်လို့ဆိုလား၊ အိမ်က လိုက်ခေါ်လို့ပြေးပြီဗျ’
‘သြော်. . . ဟုတ်တယ်ရှင့် ကျမဘဲ ဆရာမ ကြီးကို သွားပြောပေးရတယ်’
ဒေါ်လေးက သတိရသလို ဖျတ်ခနဲ ၀င်ပြောသည်။ ဒေါ်လေးနှင့် မလှမ်းမကမ်းတွင် စုတ်စုတ်ပြတ်ပြတ်နှင့် မိန်းမကြီးတဦးက ခုံဖိနပ်ကို ဖင်ခုထိုင်နေရာမှ. . .
‘ဟုတ်ပတော် အလုပ်သမားတွေ အကြောင်း လွှတ်တော် ထဲ ဆွေးနွေးပွဲလုပ် ပြီးတာဘဲ၊ ၀န်ကြီးမိန့်ခွန်း နားထောင်စေသချင်ရင် လေဒီယိုက အသံလွှင့်လိုက်ပေါ့၊ အဲဒါကမှ အေးအေး ဆေးဆေး နားထောင်ကြရဥိးမယ်၊ လေဒီယိုမရှိတဲ့ အိမ်က လဘက်ရည်ဆိုင်က နားထောင်မပေါ့ တော် ၊ နောက်နေ့သတင်းစာဖတ်လဲ ဖြစ်တာဘဲ၊ အလုပ်ပိတ်ရက် တရက်တလေ အိမ်မှာ လုပ်စရာ တွေ လုပ်ချင်တယ်၊ အဖိုးကြီးကလဲ မမာဘူး၊ အလုပ်နားရက်ဆိုပြီး တူမလေးတွေ က စဥ့်ကိုင်သွား ကြတာ နေပူမိပြီး ကျုပ်ပါဖျားရင်တော့ ဒုက္ခဘဲ’
ဆိုသည်များ တဖျစ်တောက်တောက်နှင့် ပြောနေသည်။ ကျမအနီးတွင် တဖျစ်တောက် တောက်နှင့် ပြောနေသည်။ ကျမအနီးတွင် တဖျစ်တောက်တောက်နှင့် တီးတိုး တီးတိုး ပြောနေကြ သူများ ၏ အသံမှာ လှိုင်း ဖြစ်ကာ ဆူညံနေသည်။ ရှေ့နားတွင် ရပ်နေသော ကျောင်းသူလေးများ ၏ လက်မှ အောင်သပြေခက်များ မှာ နေအရှိန်နှင့် ညှိုးနွမ်းနေသည်။ မိန်းကလေးတဦး၏ ထမီအောက် ပိုင်းတခုလုံးမှာ ရေများ ပက်ထားသလို ရွှဲနစ်နေသည်။
‘ဟဲ့. . . ဟိုမိန်းကလေးကိုယ်က ရွှဲနေပါလား၊ ချွေးလား ရှူရှူတွေ လား’
မိန်းမကြီးက သူရှေ့လက်ညှိုးထိုးပြကာ ပြောလိုက်ရာ အနီးအပါးမှ လူများ က ပြုံးနေကြ သည်။ အိုးစည် ဗုံမောင်းသံသည် စီစီညံညံ ဖြစ်လာပြန်သည်။ သံချပ်အတိုင်အဖောက်မှာ လည်း ညာသံဟစ်ကြွေး၍ အားရဘွယ်ပင် ဖြစ်လေသည်။
မညှာမတာ ရက်ရက်စက်စက် ပူပြင်းသော နေအရှိန်အောက်တွင် လူတွေ မျက်နှာကား ရှုံ့မဲ့နေသည်။ ဦးကံထူးကမူ ၀တ်ထားသော ရှပ်အင်္ကျီပါချွတ်လိုက်လေသည်။ သူ့မျက်နှာကမူ အပြုံးမပျက်ပေ။
‘လူစင်စစ်က ငါးခြောက်ဖုတ် ဖြစ်ရပြီကိုး၊ မီးဖိုထဲထည့်လိုက်တဲ့ ငါးခြောက်တွန့်လိမ်သွားရ တဲ့ သင်္ကေတကို ကျုပ် ခုမှဘဲ သဘောက်ပေါက်တော့တယ်၊ သြော်. . . ငါးခြောက်ဖုတ်. . . ငါးခြောက်ဖုတ်’
ဘေးနားမှ လူများ က ရယ်မောကြသည်။ သို့သော် ကြာရှည်မရယ်မောနိုင်ကြပါ။ ကလေး ခါးထစ်တွင် ချီထားသော မိန်းမတဦးကမူ ဆန်အိုးထဲတွင် ဆန်တစေ့မှ မရှိသော ကြောင့် ဘယ်အချိန် ပြန်ဝယ်ရမည် မသိကြောင်း ညည်းညူနေသည်။ ထို့နောက်. . .
‘လက်ထဲ ပိုက်ဆံကလဲ တပြားမှမရှိဘူး၊ ဆီဈေးကလဲ တက်နေတော့ အရင်လို ဆီဆယ်ပြားဘိုး ၀ယ်လို့မရဘူး၊ တမတ်ဖိုးမှဘဲ၊ ခရမ်းချဉ်သီးချက်ဘို့ ဆီလဲမရှိ’
သသည်များ ကိုကြားနေရင်း ကျမ၏ ခေါင်းထဲ တရိပ်ရိပ်မူးလာသဖြင့် အသားညိုညို တုတ်ခိုင်သော ကိုယ်ရှိသော ဦးကံထူးမှာ ယိမ်းယိုင်နေသလို ထင်ရပေသည်။ သူ့ကိုယ်တွင် နေ၏ နီဝါရောင် တောက်ပကာ မျက်စိထဲတွင် အမည်းစက်ပြောများ လို မြင်ယောင်နေသည်။
ထိုအခိုက် ဒေါ်လေးက ကျမ၏ ပခုံးကို လှမ်းကိုင်လျက်. . .
‘ကျမ တူမလေးတွေ လေ ဟိုပင်မြို့ကနေ ဒီမှာ သူတို့မိဘတွေ ရှိလို့ ကျောင်းလာနေကြတာ အပူမခံနိုင်ကြဘူး၊ ခလေးတွေ ဆိုတော့ ဇွဲကောင်းကောင်းနဲ့ လိုက်လာကြတာ၊ ကျမလဲ လိုက်မဲ့ ကလေးက နည်းနေတော့ ကိုယ့်တူမလေးတွေ ကိုဘဲ ချောဆွဲလာခဲ့ရတာ ပ၊ ပီးတော့ ဒီလိုအကြမ်း အတမ်းခံနိုင်တဲ့ ကလေးမျိုးကလဲ ခပ်ရှားရှား၊ အထူးသဖြင့် မြို့မှာ နေပီး မိဘတွေ က ဖူးဖူးမှု တ်ထား တဲ့ အစိုးရအရာရှိသားသမီးတွေ ၊ ပါလီမန်အမတ်သားသမီးတွေ ၊ သူဌေးတို့၊ စစ်ဗိုလ်တို့ သားသမီး တွေ ကို ခေါ်လို့ရမှာ မဟုတ်ဖူး၊ အရေး ဆို ခေါင်းရှောင်နေတာ’
‘သူတို့ဖာသာသူတို့ ပစ်ခနစ်ထွက်ဖို့တော့ ဖြစ်သားဗျ. . . စောစောက တိုးလွင်တို့လူစု ကင်မရာတလုံးနဲ့တွေ့ လိုက်တယ်၊ ဟောဒီက တူမလေးတွေ ကိုတောင် ဓာတ်ပုံရိုက်သွားသေးတယ်၊ တွေ့ လိုက်တယ် ဟုတ်လား၊ ဟေ့. . . ခလေးမ၊ ကျုပ်တူတွေ ပါဘဲ၊ ဒါပေသိ မရီးသွေးကများ တော့ အချိုးအစား မတည့်လှဘူး၊ နည်းနည်း မှ ကြည့်မရဘဲ’
ပြောမှပင် ဦးကံထူးသည် တိုးလွင်တို့၏ ဦးလေးမှန်းသိရသည်။ တိုးလွင်မှာ ကျမတို့ညီအမ တတွေ ကြည့်မရသော ကျောင်းသား ဖြစ်သည်။ သူတို့ကား စိန်ပီတာကျောင်းသားများ ဖြစ်သည်။ ဟိတ်ဟန်ခပ်များများ နှင့် နေရာထိုင်းတွင် တွင် ကျယ်ကျယ်နေကြသည်။
ကျမတို့လို အစိုးရအထက်တန်းကျောင်းသားကျောင်းသူများ ဆိုလျှင် သူတို့က ခပ်နှိမ်နှိမ် ဖြစ်သည်။ မန္တလေးအရှေ့ပြင်အောင်တော် မူ ရပ်ကွက်တွင် အိမ်နီးကပ်လျက်ရှိသော်လည်း ခေါ်ခေါ် ပြောပြော တယ်မရှိလှပေ။
‘ဒါထက်ရှင် ၀န်ကြီးရဲ့ မိန့်ခွန်းက သိပ်ရှည်မှာ လား ဟင်. . . ဦးကံထူး’
ဒေါ်လေးက စိတ်ပူပင်စွာ မေးလိုက်လေသည်။
‘ထုံးစံအတိုင်း အနည်းဆုံး တနာရီပေါ့’
‘ယော်. . . ဒီလိုဆိုရင် ခက်ပီပ’
‘ယော်. . . ခက်ပီပတွေ ၊ ဘာတွေ လုပ်မနေနဲ့ အဆင်သလိုကြည့်ပြန်ပေါ့ ဆရာမ နှယ်’
‘ဟင့်အင်း မပြန်ရဲပေါင် ဟိုမှာ ကျောင်းအုပ်ကြီးရှိတယ် သူက အုံးအင်ရှင့်’
ဦးကံထူးက ရယ်နေသည်။
‘ဒီမိုး. . . ဒီလေ၊ ဒီလူတွေ နဲ့ ခက်နေပီ၊ ခင်ဗျားတို့ကလဲ သိပ်အကြောက်လွန်တာကိုး၊ နဲနဲပါးပါးကြည့်ပြီး တင်ပြအုံးမှပေါ့’
‘ကြောက်တာမဟုတ်ဘူး မာနရှိတာ ကျမကို ဘယ်သူမှ စကားခပ်မာမာ ပြောတာမကြိုက် ဘူးရှင့်၊ ဟိန်းတာဟောက်တာလဲ မခံချင်ဘူး၊ လူ့သဘောက ကိုယ်ကြောက်ရတဲ့ လူကျတော့ ထိုင်ရှိခိုးပြီး နိုင်ရတဲ့လူအပေါ်တော့ အင်မတန် သြဇာပြချင်တာ၊ ကျမလဲ ကိုယ့်ထမင်းကိုယ်စား နေတော့ ဒီလိုသြဇာပြမှာ ကို နဲနဲမှ မခံနိုင်အောင် ဖြစ်နေတာဘဲ’
ဒေါ်လေးက သူ့ခံစားချက်များ ကို ခရေစေ့တွင်းကျ ပြောပြနေသေးသည်။ ဦးကံထူးကမူ ဖြူဖြူသေးသေး နွဲ့နွဲ့နှင့် ရှမ်းမလေးလို မျက်နှာပိုင်ရှင် ဒေါ်လေးအား ငေးကြည့်ကာ ပြုံးရင်း ခေါင်းကို ခါရမ်းပြနေသည်။
ညနေလေးနာရီကျော်ခဲ့ပေပြီ။ နေကျသွာပေမင့်လည်း ကျနေ၏ အပူရှိန်မှာ မလျော့သည့် အပြင် အစွမ်းကုန်လက်စွမ်းထွက်လှပေသည်။
အိုးစည်ဗုံမောင်းသံကို ၀ါးလက်ခုတ်သံက တဖျောက်ဖျောက်နှင့် စည်းချက်ညီညီလိုက်နေ လေသည်။ ထိုအခိုက် ဘောင်းဘီရှည်တကားကားနှင့် တိုးလွင်တို့လူစုကား ကျမတို့ မိန်းကလေး တသိုက်ရှေ့ ရစ်ဝဲရစ်ဝဲလုပ်ကာမဆုံးနိုင်အောင် ဓာတ်ပုံရိုက်နေသည်။ ကျမလည်း မုန်းမုန်းရှိသည် နှင့် လက်ကိုင်ပုဝါကို မျက်နှာအုပ်ထားလိုက်လေသည်။
‘တယ် ဒီကောင်တွေ ဟာ အားအားယားယား သွားကြစမ်း’
ဟု ဦးကံထူးက အော်ဟစ်သံကြားရလည်း ကျမက လက်ကိုင်ပုဝါနှင့် မျက်နှာကိုး ဖုံးထား မြဲဖုံးထားလေသည်။ တိုးလွင်တို့ ဓာတ်ပုံကင်မရာထဲ ကျမ ရုပ်ပုံပါသွားမှာ ကို အလွန်စိုးရိမ်ရင်း ရင်ထဲ၌ လည်း တိုးလွင်အား ဆဲရေး နေမိသည်။
‘ခွေးလေး ဂျပိုးတွေ သွားလေရာရာ သူတို့နဲ့ဘဲ တွေ့ တယ်၊ အလကားနေရင်း လိုက် ဂျပိုးထိုးနေတာဘဲ’
စင်စစ်တိုးလွင်၏ အသံမကြားရတော့ပေ။ ကျမလည်း မျက်နှာကို လက်ကိုင်ပ၀ါနှင့် အုပ်ထားဆဲပင် ဖြစ်သည်။ ကျမနှင့် မျက်နှာချင်းဆိုင်တွင် တစုံ တစ်ယောက် သော သူက လာရပ်လေ သည်။ ထိုသူက တော် တော် နီးနီးကပ်ကပ်ရပ်နေဟန်ရှိသည်။ သူ့နှာခေါင်းမှ ထွက်လေသည်။ ကျမ၏ နဖူးတည့်တည့်ပေါ်သို့ ကျရောက်လာခဲ့လေသည်။
‘ဦးလေး ဘယ့်နှယ်လဲ အခြေအနေ’
ထိုသူ၏ အသံသည် ကြည်လင်ပြတ်သား၍ အောင်အောင်မြင်မြင်ရှိလှသည်။ သြဇာရှိ သော အသံမျိုးတည်း။ ကျမမျက်နှာတွင် ဖုံးကွယ်ထားသော လက်ကိုင်ပုဝါကိုဖယ်၍ ကြည့်လိုက် သော အခါ အသားမလတ်တလတ် အရပ်မြင့်သွယ်သွယ်နှင့် လူ တစ်ယောက် ကို တွေ့ ရသည်။ အသက် (၂၀) ခန့်သာရှိသေးသော်လည်း ပင်နီတိုက်ပုံအင်္ကျီ၊ ယောလုံချည်နှင့် ရင့်ကျက်သော အသွင်ဆောင်နေသည်။ စူးရှတောက်ပြောင်သော မျက်လုံး အစုံနှင့် ကျမကို ဖျတ်ခနဲကြည့်ရင်း ကင်မရာကို ပြင်လွယ်လိုက်လေသည်။
‘အခြေအနေ ကတော့ မင်းမြင်တဲ့အတိုင်းဘဲ ထွန်းလင်းရေ’
‘လူတော် တော် များ တယ်ဗျ. . . တသိန်းနီးပါးလောက်ရှိမယ်ထင်တယ်’
‘ဒါပေါ့ကွာ နောက်နေ့ သတင်းစာထဲ လူထုတသိန်းကျော် ချီတက်စည်းဝေးခြင်းလို့ ပါလာ အုံးမှာ ပေါ့ မဟုတ်လား’
‘လူထုအားကို အများ ကြီးလိုသည်လေ၊ လူထုက အင်မတန်အရေး ပါတော့ လူထုထောက်ခံ မှု ကို ယူတာပေါ့ဗျာ၊ ဒါပေသိ ကာတွန်းဆရာကြီး ဦးဘဂျမ်းသရော်သလို ဖိုးလူထု ဖြစ်နေမှာ လဲ စိုးရိမ်မိသေးဗျ’
‘အေး ခုတင်ဘဲ ဆရာမ တွေ ကို ပြောပြနေရသေးကွာ၊ သြော် ဒါထက်မိတ်ဆက်ပေးရဦး မယ်၊ ဟောဒါက အစိုးရအထက်တန်းကျောင်းက ဆရာမ ဒေါ်ငြိမ်း၊ သူ ကတော့ ကျွန်တော့် တူဘဲ ‘နေ၀န်းဖလ်ဝါ’ သတင်းစာတိုက်က ထွန်းလင်းတဲ့ဗျ၊ ကျွန်တော့်အမက မွေးတာ၊ ဟို တိုးလွင်ဆိုတဲ့ အကောင်တွေ ကတော့ အကိုက မွေးတာ၊ စရိုက်ချင်းတော့ ဘာမှမဆိုင်ဘူး တခြားစီဘဲ၊ ဟိုဟာ တွေ က လမ်းဂျပိုး၊ ဒီကောင်က စာဂျပိုး’
‘ယော်. . . ဟုတ်လား၊ ကျမတို့က ကျောင်းဆရာတွေ ဆိုတော့ စာဖတ်တဲ့လူကို လေးစား ပါတယ်ရှင်’
သို့ ဒေါ်လေးကပြောလည်း ထိုသူက မပြုံးမရယ်တည်ကြည်သော မျက်နှာထားနှင့် ဒေါ်လေးအား တချက်လှမ်းကြည့်လေသည်။ တဖက်သား၏ တုံ့ပြန်မှု မရသော ဒေါ်လေးမှာ အနည်း ငယ်ကြောင်သွားသလို နှုတ်ဆိတ်ကာနေသည်။ ကိုထွန်းလင်းက မြေကြီးတနေရာကို စိုက်ကြည့် ပြီး. . .
‘လူထုကြီးပြပြီး လူထုအားယူနေတာတော့ အရေး မကြီးပါဘူး၊ ဖိုးလူထု တကယ် ကောင်းစားဘို့ အရေး ကြီးတယ် ဦးလေး၊ အားလုံးကျပ်ပြေ့ဒင်ပြေ့ အခွင့်အရေး ခံစားဘို့ လိုတယ်၊ ကျွန်တော် တို့ နိုင်ငံက စီးပွားရေး အရ ဆိုရှယ်လစ်ဇင်း၊ နိုင်ငံရေး အရ ဒီမိုကရေစီ၊ အဲဒီ နှစ် ခုစလုံးမှာ အလွန်မွန်မြတ်တဲ့ ရည်မှန်းချက်မျှော်မှန်းချက်နဲ့ ပြည့်နေတယ်၊ အဲဒါ. . .’
ထိုနောက် ကိုထွန်းလင်းက မနားတမ်း ဒေါက်လျှောက်ကြီး ဦးကံထူးအား သူပြောလိုရာများ ကို စွပ်ပြောနေသည်။ ဦးကံထူးကလည်း စိတ်ပါဝင်စားစွာ နားထောင်နေသည်။ ကျမကမူ ၁၄ နှစ် အရွယ်ကလေးငယ်၏ ဦးဏှောက်နှင့် သိပ်စိတ်ပါဝင်စားခြင်းမရှိ၊ သို့သော် ကိုထွန်းလင်းထက် မျက်ပုံကိုတော့ အားအကျကြီးကျမိသည်။ သူသည် သူ့အရွယ် လူပျိုလူရွယ်များ ပြောလေ့မရှိသော စကားများ ကို လေးနက်စွာ ပြောနေပေပြီတကား။
ဦးကံထူးက သူ့ရှပ်အင်္ကျီနှင့် တိုက်ပုံအင်္ကျီကို ကိုထွန်းလင်း၏ စက်ဘီးနောက်ခုံပေါ်သို့ ပစ်တင်ရင်း. . .
‘လွတ်လပ်ရေး ရတာ လေးငါးနှစ် တောင်ရှိပီဘဲ၊ ဒီလေးငါးနှစ် အတွင်းမှာ လုပ်နိုင်စရာတွေ အများ ကြီးဘဲ၊ သူများ တိုင်းပြည်လို နှစ် နဲ့ချီပီး ရုန်းကန်ဘို့မလိုပါဘူးကွာ၊ လူပြိန်းပြောပြောရရင် ဒါလောက်ပေါများ ကြွယ်ဝတဲ့ တိုင်းပြည်မှာ လူတွေ ဟာ ဒါလောက်ကသိဘို့အကြောင်းမရှိပါဘူး၊ မင်း ဘယ်လိုတိုင်းပြည်မှ ဒို့တိုင်းပြည်လောက် Rawm Materials မထွက်ဖူးကွ၊ ဆန်၊ ကျွန်း၊ ရေနံ၊ ကျောက်သံပတ္တမြားတွေ ၊ ဒါတွေ ပြောရင် ဟောဒီကောင်မလေးတောင် နားလည်တယ်၊ အို. . . နှစ် တန်းကလေးတောင် နားလည်တယ်ကွာ၊ ကျွန်းသစ်ဆိုရင် ကမ္ဘာမှာ အများ ဆုံးနဲ့ အပေါဆုံး ထွက်တာ၊ ကလေးပြောပြောရရင် အဲဒီ ကုန်ကြမ်းတွေ ရောင်းစားတာနဲ့ဘဲ တိုင်းပြည်က ဒူးနှံ့နေနိုင် တာ. . .’
‘ဒါပေသိ လူများ စုရဲ့ အသိဉာဏ်တိုးတက်ဖွံ့ဖြိုးမှု က သိပ်လိုနေတယ် ဦးလေးရဲ့ ၊ ဘာမဆို ချက်နဲ့လက်နဲ့ တင်ပြတတ်ရမယ်၊ အရေး ဆိုတတ်ရမယ်၊ အခွင့်အရေး တောင်းတတ်ရမယ်၊ အပြောနဲ့ အာမခံချက်တွေ ကတော့ ပြည့်လို့ပေါ့ဗျာ၊ ဟောဒီ့ရင်ခေါင်းဆိုက်အောင် ‘အီ’ နေတာဘဲ၊ ခုတလောတော့ ဟောပြောတာတွေ ၊ ဆွေးနွေးတာတွေ နဲ့ မစားရ ၀ခမန်းဘဲဗျာ၊ အီလယ်လယ်ကြီး ကို ဖြစ်နေတာဘဲ’
သည်တော့ ကိုထွန်းလင်း၏ တည်ကြည်သော မျက်နှာထားရုတ်ခြည်းပြောင်းကာ ပြုံးရယ် လိုက်လေသည်။ သွားများ သည် ဖွေးလက်၍ မျက်လုံး၏ အရောင် များ တောက်ပြောင်လာလေ သည်။ သို့သော် ချက်ခြင်းအရယ်ရပ်လိုက်သော အခါ မျက်နှာထားတင်းမြဲတင်း၍ မျက်မှော င်ကုပ်မြဲ ကုပ်ထားပြန်သည်။
‘ဆန်အိုးထဲ ဆန်မရှိတာတို့၊ ဆီဝယ်မသုံးနိုင်တာတို့၊ ကဇွန်းရွက်ရေလုံပြုတ်နဲ့ ဟင်း ဖြစ်နေ တာတို့၊ ထမင်းတလုတ်အတွက် ချွေးသီးချွေးပေါက်ကျအောင်ရှာရတာ တို့၊ ဒါတွေ ဟာ လူများ စုရဲ့ ခံစားချက်ပဲ မောင်’
ဦးကံထူးကလည်း သူ့တူနှင့် လိုက်ဖက်စွာ မဆုံးနိုင်အောင် ပြောနေသည်။ ကိုထွန်းလင်းက ခေါင်းတညိတ်ညိတ်နားထောင်ဆဲ ကျမသည် ကိုထွန်းလင်းအား ငေးကြည့်နေရာမှ ကျနေ၏ အရောင် အ၀ါအောက်တွင် ကိုထွန်းလင်းရုပ်သွင်မှာ မှု န်ဝါးဝါး ဖြစ်နေသည်။ စင်စစ်ကျမမှာ ခေါင်းထဲ တရိပ်ရိပ်နှင့် မူးနေခြင်းသာ ဖြစ်ပေသည်။
ရင်ထဲ တလှပ်လှပ်ခုန်၍ ဒူးများ ခွေယိုင်ကာ ညွတ်ချင်နေသည်။ နေပူရှိန်အောက်တွင် ၂ နာရီထဲက လာရောက်ရပ်နေကာ ၄ နာရီခန့်တွင် ရပ်တည်ခြင်းငှာ မတတ်စွမ်းနိုင်တော့ပါ။ သို့ကြောင့် . . .
‘ဟော’
ကိုထွန်းလင်းက ရုတ်တရက်အလန့်တကြား ဟစ်အော်လျက် လျင်မြန်ဖျတ်လတ်စွာ သန်မာသော လက်များ နှင့် ကျမ၏ လက်မောင်းအိုးကို ဆွဲကိုင်၍ ဖေးမလိုက်လေသည်။ သို့သော် လည်း ကျမ၏ ဒူးမှာ ခွေယိုင်ညွတ်ပြောင်းကာ လဟာပြင်တွင် လွတ်သွားသလို ဟာတာတကြီး ခံစားရပြီးနောက် မျက်စိက ဘာမှမမြင်ရတော့ဘဲ အမှော င်တကာ့ အမှော င်ကြီးကျသွားတော့ သည်။
သတိလုံးဝလစ်ခြင်းမရှိသော ကြောင့် နားထဲတော့ အသံများ ခပ်သဲ့သဲ့ကြားနေရသည်။
‘အို. . . လုပ်ကြပါအုံးရှင်၊ ကျမ တူမလေး မူးလဲသွားပီ၊ လုပ်ကြပါဦး’
ဒေါ်လေး၏ စူးစူးဝါးဝါးအသံလေးကိုတော့ သိသိသာသာကြားနေရပေသည်။
အခန်း (၂)
ယမန်နှစ် က နွေသည် အမှတ်မထင် ကုန်ဆုံးပြီးခဲ့သည့်နောက် သုံးရာသီ၏ အဦးအစ ဖြစ်သော ပေါ်နွေလသည် ရုတ်ခြည်းရောက်ရောက်လာတတ်ပေသည်။ သည်နှစ် နွေကား မနှစ် က နွေမဟုတ်တော့၊ တနွေနှင့် တနွေပြောင်းလဲလာသည်နှင့် အမျှ အချိန်တွေ လည်း ပြောင်းလဲခဲ့ပေပြီ တကား။
သို့သော်လည်း ကျမအဖို့ စားကာသောက်ကာ အိပ်စား ကစားကာနှင့် ပညာသင်ရင်း ပျော်ပါးမြူးတူးလာခဲ့သည်။ ကိုထွန်းလင်းအား စာဂျပိုးဟု ဦးကံထူးက ပြောသည်ကို အားကျကာ စာအုပ်တွေ ကိုလည်း အမြောက်အမြား ကြိုးစား၍ ဖတ်ခဲ့လေသည်။
စိတ်ကမူ တောင်မကျ မြောက်မကျနှင့် အကစားလည်းမက်ကာ ‘ဟိုပင်မြို့’ ရွာတန်းရှည် တ၀ိုက်ကို ခုန်ဆွ ခုန်ဆွနှင့် ပြေးလွှားပတ်လျှောက်နေရာတွင် မမောနိုင် မပန်းနိုင် အပူအပင်မရှိ တော့သလို ပျော်လည်းပျော်ခဲ့လေသည်။
တကယ်တော့ ဟိုပင်မြို့၏ နွေရာသီသည် ဆောင်းဝင်စအခါကဲ့သို့ အေးမြမြရှိဆဲပင်တည်း။ ဟိုပင်မြို့သည် မြန်မာပြည်မြောက်ဖက် တောင်ကုန်းဒေသတွင် ရှိသော မြစ်ကြီးနားခရိုင်တွင်း မြို့တမြို့ ဖြစ်ပေသည်။
ဟိုပင်မြို့မှာ ငယ်ပင်ငယ်စေကာမူ လှပ၍ သာယာကြည်နူးတွယ်ကောင်းသော မြို့လေး တမြို့ ဖြစ်သည်။ အနည်းငယ် ဖုံထူသော်လည်း မြေလမ်းအသွယ်သွယ်တွင် သစ်ရိပ်များ ဖြင့် အေး၍ လမ်းနှစ် ဖက်မှ ခက်ရွက်ညွန့်ဖူး ယှက်ကူးဆိုင်းဆို့ ညို့ညို့မှိုင်းဝေ ပင်ခြေရှင်းသော သစ်ပင် တောတောင်ရေပြေ သဘာဝကို မြင်တွေ့ နိုင်ကာ အရိပ်လည်း ခိုနိုင်သေးသည်။
ထို့ပြင် ငှက်ပျောတောနှင့် ပန်းပင်ချုံငယ်များ ရှိသော ရွာတန်းရှည်ကလေးများ သည် နှစ် လိုဘွယ်ရှိလေသည်။ အရွက်ဝိုင်းဝိုင်းဖါးဖါးနှင့် သာမန်အခေါ် ဗေါဓိညောင်တို့နှင့် အရွက်သေး သေး ချွန်းချွန်းနှင့် ညောင်သပြေတို့မှာ ယှဉ်တွဲ ကာပေါက်ရောက်လျက် သဘာဝအလှချင်း ပြိုင်နေ ကြလေသည်။
ဟိုပင်ဘူတာရုံ၏ အနောက်စူးစူး ကားလမ်းကြီးက ဖြူးနေသည်။ သတင်းကြီးလှသော အင်းတော် ကြီးနှင့် ရွှေမဉ္ဇူဘုရားသို့ ဦးတိုက်သွားရန် လမ်းပေတည်း။ လမ်းကြိုလမ်းကြား၊ ချုံကြို ချုံကြား၊ ရွာရိုးလျှောက်နေတတ်သော ကျမအဖို့ ဟိုပင်မြို့မှာ ပျော်စရာအတိပင်တည်း စာသင်ခန်း ကို ခေတ္တစွန့်ခွါလာသော အခါ သဘာဝအလှတရားကို တွေ့ ရသည်။
မြခက်နွယ်တို့ထက်၌ ဗွက်ကလုံ၊ သပိတ်လွယ်၊ ပျံလွှား၊ စာဝါစသော ငှက်မျိုးစုံတို့ကို ခွဲခြား မသိနိုင်သော်လည်း နှုတ်ဖျားဝါ၀ါနှင့် ညိုမှိုင်းသော အရောင် ကိုသော်၎င်း၊ ဖြူနီပြောက်ကြားကို သော်၎င်း၊ တင့်တယ်ဖွယ်ရာစွာ တွေ့ မြင်နိုင်ပေသည်။
ငှက်ကလေးများ သည် ကျမကိုမြင်သော် ဖြုတ်ခနဲပျံပြေးကြလေသည်။ ကျမမှာ ချုံကြားတခု ထဲသို့ မကြောက်မရွံ့တိုးဝှေ့ဝင်သွားမိသည်။ ယခုလို နွေရာသီရောက်ပြီဆိုလျှင် ချုံကြိုချုံကြား သစ်ခွကြားတို့တွင် ငှက်ကလေးများ ၏ အသိုက်ထဲ၌ ငှက်ဥလေးများ မှာ ကား ဖြူဖြူဖွေးဖွေး ငွေရောင် ပြေးနေသော ဥများ ၊ အညိုပြေပြေနှင့် ပန်းရောင် တွင် အဖြူအစက်အပြောက်နှင့် ဥများ ခိုပြာလဲ့လဲ့ အရောင် ဥများ ကို ငှက်အမျိုးအစားလိုက်၍ ဟိုချုံသည်ချုံ အသိုက်များ တွင် တွေ့ ရတတ် ပေသည်။
‘ဟယ်. . . လှလိုက်တာ’
‘လှလိုက်တာ. . . သိပ်လှတာဘဲ’
ကျမမှာ အပျော်ကြီးပျော်လျက် ဥလေးများ ကို လက်နှင့် မထိရက် ထိရက် ကိုင်တွယ် ကြည့်မိသည်။ အသာအယာကိုင်မ၍ လိုချင်သော အာသာငမ်းငမ်းရှိသော်လည်း တစာစာအော် ကာ ရှာဖွေနေမည့်  ငှက်မကြိးကိုတွေးမိကာ အသိုက်ထဲသို့အသာပြန်ချလိုက်လေသည်။ ငှက်မကြီး များ ၏ အရိပ်အရောင် ကိုကား မတွေ့ ရပေ၊ အစာရှာသွားကြဟန်ထင့်။
ယင်းသို့ အာရုံစူးစူးစိုက်စိုက်နှင့် စိတ်ကလည်း အညွတ်အနူး ရွှင်မြူးခိုက် ဒိုင်းကနဲ ကျယ် လောင်စွာ မြည် ဟီးသော အသံနှင့် အတူ တစုံတခုသော အရာတခုကား ကျမအနီးသို့ ဖုတ်ကနဲ ကျလာလေသည်။ ကျမ၏ ခြေရင်းတွင် ကျလာသော အရာကား နှုတ်သီးဝါ ကိုယ်ထည်အညိုဖျော့ ဖျော့၊ ကြက်သွေးရောင် အမြီးကော့လေးနှင့် ငှက်ကလေးတကောင် ဖြစ်သည်။ ငှက်ကလေး၏ လည်ပင်းနေရာတွင် အပေါက် ဖြစ်လျက် သွေးများ ဖြာစီးကျနေသည်။ ကျမမှာ ရုတ်တရက်လန့် သွားလျက် ဖျတ်ကနဲ ကိုယ်ကို မတ်လိုက်လေသည်။
‘ဟား. . . ဟား. . . ဟား. . . ဟား’
တမင်လုပ်သော ရယ်မောသံကို ကြားရသည်နှင့် နောက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက် မိသည်။
‘ယော်. . . တိုးလွင် နင် ဘာလာ နှောက်ယှက်တာလဲ’
တိုးလွင်သည် မခိုးမခန့်ပြုံးစနဲ့နဲ့ မျက်နှာထားနှင့် ကျမ၏ ခြေရင်းမှ ငှက်သေလေးကို ဇတ်ခနဲ ကောက်ကိုင်ကာ ကျမ၏ မျက်နှာကို စိုက်ကြည့်လျက်. . .
‘နင် ဒီမှာ တယောက် ထဲ ဘာလာလုပ်နေတာလဲ’
‘ငါ့ဖါသာ ငါ ဘာလုပ်လုပ်ပ’
‘လေးချို၊ နင် တော် တော် လေဖင်ကျယ်ပါလား’
‘ကျယ်သင့်ရင် ကျယ်ရမှာ ပ၊ နင်တို့လို ဂုဏ်ရှိသားသမီးဆိုပီး ရွာရိုးလျှောက် အားအားယား ယား အလေလိုက်နေတာမဟုတ်ဖူးပ၊ ငါ ဒီကို အလုပ်နဲ့လာတာ’
တိုးလွင်ကား ပခုံးတွန့်ကာ ရယ်မောပြီး. . .
‘အလုပ်နဲ့ ဘာအလုပ်လဲ ချုံကြားထဲလာတာ ဘာအလုပ်လဲ. . . ချီးပါတာ အလုပ်လား’
‘ယော်. . . နင်စကားပြော တော် တော် ရိုင်းပါလား၊ ငါ. . . နောက်ဖေးသွားတာ မဟုတ်’
‘နောက်ဖေးသွားတာမဟုတ်ရင် ဘာလုပ်သလဲ’
‘ငါ့ကို ဖိုးဖိုးခိုင်းလိုက်လို့၊ ဆေးပင်လိုက်ရှာတာ’
‘ဆေးပင် ဘာဆေးပင်လဲ’
‘ဆင်တုံး မနွယ်ပင်’
‘ဘာရယ်’
‘ယော်. . . နင်မသိပါဘူး၊ ဆင်တုံးမနွယ်ပင်ပါဆိုမှ’
‘ဘာ ဆင်ချီးတုံးပင် ဟုတ်လား’
‘နင် ချီး ဒါလောက်ကြိုက်ရင် စားလိုက်’
ကျမက စိတ်တိုတောင်းစွာ ပြောလိုက်သော အခါ တိုးလွင်က တသော သော ရယ်မောနေ သည်။ ကျမလည်း ယခုမှပင် အဖိုးခိုင်းထားသော ကိစ္စကို သတိရ၍ ချုံကြိုချုံကြားထဲသို့ တိုးဝင်ကာ ဆင်တုံးမနွယ်ပင်ကို လိုက်ရှာလေသည်။ ဤအပင်ကိုရှာရန်သိပ်မခက်လှပါ၊ ဖိုးဖိုးက ကျမကို အားကိုးတကြီး ခိုင်းလေ့ရှိကော ဆေးပင်များ ကို ရှာဖွေပေးလေ့ရှိသော ကျမအဖို့ အလွယ်တကူပင် တွေ့ ရှိနိုင်ပါသည်။
ဆင်တုံးမနွယ်ပင်သည် နွယ်တက် ချုံပင်မျိုး ဖြစ်သည်။ သူ့အရွက်မှာ ကွမ်းရွက်နှင့် ဆင်ဆင် တူသည်။ အစိမ်းရင့် မှော င်မှော င် အရွက်ဖါးဖါးများ နှင့် ယနေ့လို နွေလတွင် အပွင့်ဝါလေးများ ပွင့်တတ်လေသည်။ ကျမသည် ချုံနွယ်ပင်များ ကြားမှ ဆင်တုံးမနွယ်အရွက်များ ကိုခူး၍ အခေါက် များ ကိုခွါယူလေသည်။ တိုးလွင်သည်လည်း လေသေနတ်ကိုလွယ်ပြီး ငှက်သေလေးကို လက် တဖက်က ကိုင်ရင်း ကျမနောက်သို့ စွပ်စွပ်ရွပ်ရွပ်လိုက်လာလေသည်။
‘ယော်. . . တိုးလွင် ငါ့နောက် ဘာလို့လိုက်လာတာလဲ. . .’
‘ငါ ကြည့်ချင်လို့ပေါ့၊ နင့်အဖိုးက ဒါတွေ နင့်ကို ခူးခိုင်း၊ သစ်မြစ် သစ်ဥ သစ်ဖုတွေ ရှာခိုင်းပီး အခြောက်လှန်း မဆလာထောင်းသလို အမှုံ့ ဖြစ်အောင်လုပ်ပီး ပုလင်းထဲထည့် တံဆိပ်ကပ်ပြီး ညာရောင်းနေတာ မဟုတ်လား၊ ဒီဆေးစားရင် နှလုံးတုန်ရင်ခုန်ပျောက်မယ်၊ မူးတာမော်တာ ပျောက်မယ် ဘာညာပေါ့ ဟား. . . ဟား. . .’
‘ယော်. . . နင်တော် တော် စော်ကားပါလား၊ ဘယဆေးအကြောင်း နင် ဘာနားလည်လို့လဲ၊ နင်တို့ ဗူးရိုတွေ ဟာ. . .’
ကျမမှာ ဒေါသတကြီးနှင့် တိုးလွင်၏ မျက်နှာကို စေ့စေ့လှမ်းကြည့်လိုက်မိသည်။ စပို့ရှပ် အင်္ကျီအနီ ဘောင်းဘီရှည်နက်ပြာရောင် နှင့် တိုးလွင်မှာ စင်စစ် လူရည်သန့်လေးတယောက် ဖြစ် သည်။ အသားဖြူဖြူ အရပ်မြင့်မြင့် ကိုယ်လုံးတောင့်တောင့်တင်းတင်းနှင့် သူ၏ ဆံပင်များ သည် ဘိုကပြားလေးများ လို နီထွေးထွေးနှင့် ကွေ့ကွေ့ကောက်ကောက်လေး ဖြစ်နေသည်။ မျက်နှာ လုံးလုံးတွင် ရယ်လိုက်လျှင် ပါးချိုင့်လေးများ ပေါ်လာတတ်ပေသည်။
တိုးလွင်တို့ သားအဖတတွေ သည် ဗမာလို ဘယ်တော့မှ မ၀တ်ဘဲ စပို့ရှပ်အင်္ကျီနှင့် ဘောင်းဘီအရှည်များ ၀တ်လေ့ရှိကာ သေနတ်များ ကိုယ်စီနှင့် အမဲလိုက်တတ်သော ကြောင့် ကျမတို့မိန်းကလေးတစုက သူတို့အား ဗူးရိုဟု ခေါ်ပါသည်။
‘နင် ငါတို့ကို မုန်းတယ်ဆို လေးချို. . .’
‘အေး မုန်းတာပ’
‘စစ်ဗိုလ်သားမို့ မုန်းတယ်လို့ ပြောတယ်ဆို’
‘ယော် ငါဒီလိုမပြော နင်တို့အရင်မြစ်ကြီးနားပြောင်းလာတဲ့ ဗိုလ်မှူးသန်းဖေလဲ စစ်ဗိုလ်ပဲ၊ သူရော. . . သူ့ဗိုလ်ကတော် ရော သိပ်အေးတယ်၊ ကလေးတွေ ကလဲ ငါ့ကို ခင်တယ်၊ နှစ် တိုင်း ရွှေမဉ္ဇူဘုရားဖူးရင် ငါတို့ အဖိုးအိမ်မှာ ဘဲ တည်းတယ်၊ ခလေးတွေ က သိပ်ရိုးတယ်၊ နင်တို့လို မဆန်း ဗူးရိုလဲ မဟုတ်ပေါင် နင်တို့က’
‘ငါတို့က ဘာ ဖြစ်သလဲ’
‘နင်တို့က သိပ်ဂုဏ်မောက်တယ်၊ ငါ့ဦးလေးတွေ နဲ့ ငါ့အကိုဝမ်းကွဲတွေ လဲ စစ်ဗိုလ်ဘဲ၊ ငါတို့ အမျိုးထဲမှာ တပ်ကြပ်ကနေ ဗိုလ်မှူးကြီးအထိ စစ်သားရှိတယ်၊ သူတို့ဟာ တိုင်းပြည်ရဲ့ ဘေးရန်ကို ဘေးရန်ကို ကာကွယ်နေတဲ့ သူရဲကောင်းတွေ လို့ ငါတို့အဖိုးက ခဏခဏပြောတယ်၊ ငါ့အဖိုး စာအုပ်သေတ္တာထဲက ရဲဘော်သုံးကျိပ်အကြောင်း ဖတ်မိရင် ငါ စစ်သားဆို သိပ်ကြည်ညိုတယ်. . .’
‘ငါ့ အဖေကိုရော’
‘နင်တို့ အဖေက ဒီလိုမျိုးမှ မဟုတ်ဘဲ။ လူတကာကို နိုင်ထက်စီးနင်းနဲ့ ဆက်ဆံတယ်၊ နင်တို့အမေ ဗိုလ်ကတောက သိပ်ပလွှားတယ်၊ အရိုအသေကြိုက်တယ်၊ နင်တို့ကလဲ နင်တို့အဖေ အရှိန်နဲ့ သိပ်ဗိုလ်လုပ်ချင်တယ်၊ နင့်အမေ နင့်အဖေ ယောက္ခမ နင့်အဒေါ် နင်တို့ ညီအကိုတတွေ ထင်တိုင်းနေလို့ ဒီမြို့လေးက အေးတော့ ခွင့်လွှတ်မှာ ပေါ့၊ ငါ ကတော့ ကြည့်လို့ မရဘူး၊ စော်ကား လာရင်လဲ မခံဘူး’
ကျမသည် ထိုစဉ်က ၁၄-၅ နှစ် အရွယ်နှင့် ဤမျှသာ ပြောတတ်လေသည်။ ကျမတို့ ဟိုပင် မြို့သည် တိုးလွင်တို့အဖို့ နွေရာသီစခန်းလေးဟု ဆိုရမည် လား မပြောတတ်ပေ။ တိုးလွင်တို့ အိမ်ထောင်စုသည် နွေရာသီ ကျောင်းပိတ်ရက်တိုင်း ဟိုပင်မြို့သို့ ရောက်လာတတ်ပေသည်။ တန်ခိုးကြီးသော ရွှေမဉ္ဇူဘုရားပွဲတော် သို့ လာရောက်ပျော်မြူးကြခြင်းပင် ဖြစ်သည်။
သူတို့တသိုက် ဘူတာရုံအနီး ‘ဘိုတဲ’ တွင် တည်းခိုကြလျှင်ပင် အိမ်ထောင်ပြောင်းသလို ပစ္စည်းအတော် များများ ပါလာတတ်ပေသည်။ ထရန်စစ်စတာခေါ် ဓာတ်ခဲရေဒီယို၊ တိတ်ရကော်ဒါ အသံဖမ်းစက်၊ လေသေနတ်များ ၊ ဂေါက်သီးနှင့် တဲနစ်ရိုက်ရန် ပစ္စည်းများ ၊ နိုင်ငံခြားလုပ် ရေခဲ သေတ္တာအငယ်စား၊ ကင်မရာအပြင် ရုပ်သေရိုက်သော ဆေးရောင် စုံကင်မရာများ စသော စသော နိုင်ငံခြား ဖြစ်ပစ္စည်းများ ကို ကျမတို့မှာ မြင်ပင်မမြင်ဘူးပေ။
ကျမတို့ကလေးတသိုက် ပြေးလွှားဆော့ကစားကြရင်း စစ်လော်လီကားကြီးဆိုက်သည်ဆို လျှင်ပင် ‘လာကြဟေ့ အိမ်ပြောင်းလာပြီ’ ဟု ချွေးအလူးလူးနှင့် တအံ့တသြပင် ဘိုတဲသို့ သွားရောက်ငေးမောကြည့်ရှုကြသည်။ ထိုအခါ ‘တိုးလွင်၏ ’ အကိုများ ဖြစ်သူ ကိုမိုးလွင်နှင့် ကိုစိုးလွင်ဆိုသူများ ကား ကျမတို့ရှေ့တွင် ဘောင်းဘီအိတ်လက်နှိုက်ကာ ဘာမှလည်း မလုပ်ဘဲ ယောင်ဝါးဝါးနှင့် လမ်းသလားနေကြသည်။
ကျမအထက် အမ ဖြစ်သူ တင်တင်ချိုကို ကိုမိုးလွင်က မျက်စိတဖက်မှိတ်ပြသဖြင့် အမက နှုတ်ခမ်းစူရသေးသည်။ ကျမ၏ အမသည်အရပ်ထဲ၌ အချောဆုံးမိန်းကလေးတယောက် ဖြစ် သည်ဟု ဆိုကြသည်။ သူ့ကိုမြင်လျှင် ‘ဟယ်. . . လှလိုက်တာ’ ဟု ပြောယူရအောင်ပင် ရင်သပ် ရှုမော တအံ့တသြ ဖြစ်လောက်သည့် ရုပ်ရည်မျိုး ဖြစ်သည်။ သူ့ကို ပိုးပန်းသည့်သူပေါ၍ အိမ်ပြင်သို့ သိပ်ထွက်ခွင့်မရဘဲ အိမ်တွင်းပုန်းလေး ဖြစ်နေသည်သာများ ပါသည်။ ထိုနေ့ ကတော့ ဈေးဝယ် ထွက်ရင်း ကျမတို့အပေါ် တစုနှင့် ရောယောင်လိုက်လာခြင်း ဖြစ်သည်။
စင်စစ် တိုးလွင်တို့ ညီအကိုတစုလည်း ချောမောကြပါသည်။ တိုးလွင်တို့ဖအေ ဗိုလ်မှူး သိန်းလွင်ကဆိုလျှင် အတော် ခန့်ချောချောသူပါပေ။ စစ်ယူနီဖေါင်းနှင့် အလွန်ကြည့်ကောင်းပါ သည်။ အမေကလည်း အသားဝါ၀ါ သေးသေးနွဲ့နွဲ့နှင့် မိန်းမချောတယောက် ဖြစ်သည်။ အလွန် ခေတ်ဆံ၍ သားသားနားနား ၀တ်ဆင်တတ်သည်။ သူ့နားတွင် အပါးဝိုင်း ခဲသားစိန်နားကပ်မှာ တဖျတ်ဖျတ်လက်နေသည်။
မျက်မှန်အမည်းတပ်၍ ခေါင်းစီးစီးထားသော တိုးလွင်တို့အမေအား ရုပ်ရှင်မင်းသမီး တယောက် ရောက်လာသလို ကျမတို့က ငေး၍ ကြည့်နေမိတတ်ပေသည်။
‘နင် ငါတို့ကို ဘယ်ကြည့်လို့ရမလဲ၊ နင်က ဒီမှာ တော် တော် စွာ တဲ့ မိန်းမဘဲ’
တိုးလွင်က ကျမနောက်တွင် ရပ်နေကာ ကျမစကားကို ချေပပြောဆိုနေသည်။
‘ငါစွာ တာက နင်တို့လိုလူတကာ လိုက်နှောက်ယှက်နေတာမဟုတ်ဖူး၊ တိရစ္ဆာန်တွေ ကို လိုက်သတ်နေတာလဲ မဟုတ်ဘူး၊ နင့် နှမစုစုလွင်လို လူတကာရန်ထောင်နေတာ မဟုတ်ဖူး၊ ငါ့ကို ထိလို့ မခံနိုင်လို့ ပြန်ပြောတာပ’
ကျမသည် ပြောပြောဆိုဆို ဆင်တုံးမနွယ်ပင်များ မှ အခေါက်များ ခွါယူ၍ အရွက်များ ခူးပြီး နောက် ကမန်းကတန်းပင် ချုံနွယ်ထဲမှ တိုးထွက်ခဲ့လေသည်။ တိုးလွင်က ကျမနောက်မှ တတန်းတန်းလိုက်လာပြီးနောက်. . .
‘စွာ ပေမဲ့ နင့်ကို ငါ ဘယ်တော့မှ မမုန်းပါဘူး’
‘ဘာရယ်’
‘နင်က ချစ်စရာကောင်းတယ်’
‘အံမယ်’
ဒီတော့ ကျမ သည်နှုတ်ခမ်းကို တွန်းမဲ့ကာ တိုးလွင်အား မျက်လုံးနှင့် ရန်လိုလိုက်လေ သည်။
‘ဒီမှာ ကြည့်စမ်း ဟိုနှစ် က ရိုက်ထားတဲ့ နင့် ဓာတ်ပုံတွေ မလှဘူးလား’
တိုးလွင်က ကျမ၏ ဓာတ်ပုံများ ကို ကျမမြင်သာအောင် ထောင်ပြနေသည်။ ကျမသည် ဒေါသအနည်းငယ်ထွက်ကာ တိုးလွင်၏ လက်ထဲမှ ဓာတ်ပုံများ ကို လှမ်းလုယူရန် ကြိုးစားသော် လည်း တိုးလွင်က ဓာတ်ပုံများ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကျမ၏ လက်များ ကို တွန်းဖယ် လိုက်သည်။
‘လမ်းဂျပိုး ကင်မရာတလုံးလွယ်ပြီး ဟိုမိန်းကလေးပုံရိုက် ဒီမိန်းကလေးပုံရိုက်နဲ့ပေး ငါ့ပုံတွေ ပေးပါ’
‘ဒါက ငါ ရိုက်တဲ့ပုံချည်း မဟုတ်ဖူး၊ ငါ့အကို ရိုက်တာလဲ ပါတယ်၊ အကိုဆတိုတာ အကို ထွန်းကိုပြောတာ’
‘ဘယ်သူရယ်’
‘ကိုထွန်းလင်းလေ နင် မူးလဲတုံးက နင့်ကို သစ်ပင်အောက် ပွေ့သွားတဲ့လူပေါ့၊ အဲဒါ ငါ့အဖေရဲ့ အမက မွေးတာ အကိုဝမ်းကွဲ’
‘ယော် ငါသိပီ သူက သတင်းစာတိုက်က မဟုတ်လား’
ကျမသည် ကိုထွန်းလင်းအကြောင်းပြောလျှင် ယနေ့တိုင် ရင်ထဲဖိုဆဲပါတည်။ ထိုနေ့က အကြောင်းကို တစိမ့်စိမ့်နှင့် တွေးလည်း တွေးချင်သလို၊ မတွေးလည်း မတွေးချင်ပေ။ စင်စစ် တွေးလည်း တွေးခဲ့သည်မှာ မရေမတွက်နိုင်သလို၊ အတွေးကို တပိုင်းတစနှင့် ဖျောက်ဖျက်ခဲ့သည် မှာ အကြိမ်ကြိမ်ပင်တည်း။ ကိုထွန်းလင်းကို ဒီတကြိမ်သာတွေ့ ဘူး၍ နောက်တခါမှ မဆုံစည်းသော် လည်း၊ ရေး ရေး မက ထင်ရှားစွာ ပင် သူ့ကို မှတ်မိနေသည်။ တိုးလွင်က ကျမမျက်နှာကို စူးစမ်းသလို စိုက်ကြည့်ရင်း. . .
‘အလကားပါဟာ’
‘ဘာလဲ. . . အလကားဆိုတာ’
‘ဒီမောင်ကို ပြောတာ မက်ထရစ်တောင် မအောင်ဘူး၊ သူ့အဖေဆုံးသွားလို့ အလုပ်ဝင်လုပ်ရ တယ်၊ အလုပ်က သတင်းထောက်ပေါ့၊ နောက် အယ်ဒီတာ လုပ်မယ်ပြောတယ်၊ စာတွေ ဖတ်ပြီး သူ့ကိုယ်သူ ဘီအေအထက်တတ်တယ်ထင်နေတာ၊ ဦးလေး ကံထူးကလဲ မြှောက်ပေးတော့ သိပ် ဟိတ်ဟန်ကြီးတယ်၊ ငါတို့နဲ့ ညီအကိုပေမဲ့တွေ့ ရင် ဘယ်တော့မှ ခေါ်တာမဟုတ်ဖူး၊ လူ့ဂွစာပါ စကားကို မပြောရင် တေမိဘဲ၊ ပြောမိရင်လဲ ဘယ်တော့မှ မဆုံးဘူး၊ မာမီက သူ့ကို သိပ်မုန်းတယ်’
‘ဘာ ဖြစ်လို့’
‘သူက တခါတုံးက ‘နေ၀န်းဖလ်ဝါ’ သတင်းစာထဲမှာ အချိန်ကုန် ငွေကုန်လူပန်းတဲ့ ဖဲဝိုင်း တွေ မရှိသင့်တဲ့အကြောင်း ရေး တယ်လေ၊ ဒက်ဒီ ခရီးထွက်တဲ့အခါ ပျင်းလို့ မာမီဝိုင်းထောင်တာ ကို မနာလိုဘူးလေ၊ အဲဒါကို စောင်း. . . ရေး တာ’
‘အဲဒါ ဘာ ဖြစ်သလဲ၊ ငါတို့ အဖိုးလဲ မကြိုက်ဖူး၊ ငါတို့ မေမေကိုတောင် အပျော်ကစားလို့ ဆူတယ်၊ ဖဲထုတ်တွေ ဆုတ်ဖြဲပြီး အကုန်လွှင့်ပစ်လိုက်တယ်၊ အဲဒီ ကိုထွန်းလင်းရေး တာ အမှန်ကို ရေး တာဘဲ၊ ဘာနာစရာရှိသလဲ’
‘စောင်းရေး ရင်တော့ နာတာပေါ့ဟ၊ ဒီနေ့လဲ ‘လူထုသတိ’ ဆိုတဲ့ ဆောင်းပါးရေး ပြန်ပြီ၊ ဒက်ဒီက သူ့တူကို ဒီကောင် သတင်းစာတိုက်အပိတ်ခံရပီး ဘယ်တော့ အလုပ်ပြုတ်မလဲပြောနေ တယ်၊ ဒီလို ဖြစ်ရင် မာမီ ကတော့ ၀မ်းသာသတဲ့ ဖြစ်ပါစေလို့လဲ ဆုတောင်းတယ်’
တိုးလွင်သည် ခလေးငယ်တယောက် လို မရင့်ကျက်သေးသော ဟန်ပန်လေသံနှင့် ပြောနေ သည်။ ကျမကမူ လေးနက်စွာ စဉ်းစားဟန်နှင့် လမ်းမပေါ်သို့ လျှောက်လာရင်း. . .
‘သူက သိပ်တော် တဲ့လူဘဲ’
ဟု လူကြီးသူမသဖွယ် ပြောလိုက်မေလေသည်။
‘သြော်. . . ထွန်းလင်းက နင့်ရည်းစားမို့ တော် တော် ပြောရတာ လား၊ နင် သူ့ကို ကြိုက် နေပီပေါ့. . .’
ရန်စသလို စကားဆိုလိုက်သော တိုးလွင်အား ကောက်ပေါက်ရန် ခဲလုံးတလုံးကို ကောက် လိုက်လေသည်။
‘ယော်. . . နင်သေချင်သလား’
တိုးလွင်သည် ကျမပေါက်လိုက်သော ခဲလုံးကို တိမ်းရှောင်ရင်း အလျင်အမြန်ထွက်ပြေး လေသည်။ သူ့ရယ်မောသံ သဲ့သဲ့သည် အဝေးမှပင် လွင့်စဉ်လာလေသည်။ ကျမသည် ဒေါသ တကြီးနှင့် ကျယ်လောင်စွာ တောက်တချက်ခေါက်လိုက်မိလေသည်။
အခန်း (၃)
သည်တနွေလုံး မကြာခဏ ဒေါသထွက်ရလေသည်။ နွေရာသီ အင်းတော် ကြီးမှ ရွှေမဉ္ဇူ ဘုရားပွဲသို့သွားရန် ဟိုပင်မြို့လေးမှာ အာဂန္တုဧည့်သည်အပေါင်းနှင့် စည်စည်ကားကား ရှိလှပေ သည်။
တိုးလွင်တို့ ညီအကိုတစုကား လေသေနတ်တချောင်းစီနှင့် တောပစ်ထွက်လျှင် ထွက်၊ မထွက်လျှင် ကင်မရာတလုံးနှင့် မြို့ထဲထွက်ကာ မိန်းမပျိုပျိုရွယ်ရွယ်များ ကို ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်နေတတ်သည်။
ကျမနှင့် မတိမ်းမယိမ်း အပျိုတော် ၀င်စ စုစုလွင်သည်လည်း အကိုများ နောက်သို့ တတန်း တန်း လိုက်နေသည်။ သူတို့ အမေသည် ဧည့်သည်တစုနှင့် ဘိုတဲတွင် ဖဲဝိုင်း ဖြစ်တဆဲ ဖအေက တောပစ်ထွက်နေသည်။ တင်တင်ချိုနှင့် ကျမတို့ ညီအမနှစ် ယောက် ဈေးရှေ့ ဆန်ခေါက်ဆွဲကို စားကြသည့် အခါတိုင်း စုစုလွင်တို့ မောင်နှမတတွေ လည်း လာစားတတ်ကြသည်။
စုစုလွင်တို့ ကြိုက်တတ်သော ဆန်ခေါက်ဆွဲကို ကချင်ခေါက်ဆွဲဟုလည်း ခေါ်သည်။ ညှပ် ခေါက်ဆွဲကို အပြားကြီးကြီးညှပ်ထား၍ မြှစ်ချဉ် သို့မဟုတ် လာဟင်းဆိုင် (မုန်ညှင်းချဉ်) ထည့်ကာ မတ်ပဲ၊ ဘာယာကြော်၊ ပဲမှုံ့၊ ကြက်သွန်ဖြူကြော်၊ နံနံပင်၊ ကြက်သွန်မြိတ်အုပ်လျက် အလွန်ချိုသော ငါးပြုတ်ရည် ရွဲရွဲထမ်းကာ ငရုပ်သီးမှုံ့ကြိုက်သလို ထည့်စားရသော မုံ့ဟင်း ဖြစ်ပါသည်။ ငါးကြင်း ကဲ့သို့သော ငါးဖတ်ကြီးများ ကလည်း ပေါလောမြော၍ အလွန်အရသာရှိသည်။
စုစုလွင်သည် လက်တဖက်ကို ခါးတွင် ထောက်ကာ ကျန်တဖက်က သစ်တော် သီး၊ ပန်းသီး စသော အဖိုးတန် အသီးမျိုးကို ဟန်ပါပါကိုက်စားလျက် ကျမအား မလိုတမာကြည့်တတ်လေ သည်။ ကျမကလည်း စုစုလွင်ကို မျက်နှာထားတင်းတင်းနှင့် ပြန်ကြည့်တတ်လေသည်။
ထို့နောက် စားလက်စပန်းသီးကို ဆန်ခေါက်ဆွဲမစားသော သူ့အကိုနှစ် ယောက် ဘက်သို့ လှမ်းပစ်လိုက်ရင်း လက်နှစ် ချောင်းထောင်ကာ. . .
‘ဆန်ခေါက်ဆွဲ နှစ် ခွက် အမြန်ပေးပါ အမြန်အမြန်’
ဆန်ခေါက်ဆွဲကို မိုးလွင်နှင့် စိုးလွင်တို့ မစားပေ၊ တိုးလွင်နှင့် သူသာစားလေသည်။
‘ဘယ်သူ ဘယ်လောက်ပဲစွာ စွာ ကိုလေးရယ်၊ စုစုတို့နဲ့ ကျတော့ ပြားနေမှာ ပါဘဲ’
ရန်စကားကို ဆိုတတ်သော စုစုလွင်၏ မျက်လုံးများ ကို ကျမကစိုက်ကြည့်လိုက်သော အခါ စုစုလွင်က ကျမမျက်နှာကိုမကြည့် ပခုံးတွန့်ကာ ရယ်နေသည်။ အသားက ၀င်းဝင်းဝါ၀ါ ခါးသေးရင် ချီ လှပပြေပြစ်သော ကိုယ်လုံးကိုယ်ထည်နှင့် စင်စစ်စုစုလွင်မှာ မိန်းမချောလေးတယောက် ဖြစ် သည်။
စုစုလွင်သည် သူ့အမေ ဒေါ်ရီရီလွင်ကဲ့သို့ပင် ဘော်လီအရောင် နှင့် ၀တ်တတ်သည်။ သူ့အသက် သူ့အရွယ်လေးနှင့် ပင် ကြိုးမပါသော နက်ပြာရောင် ဘောလီပုံဆန်းနှင့် ရင်မှာ ဖောင်း ကြိုးမပါသော နက်ပြာရောင် ဘော်လီပုံဆန်းနှင့် ရင်မှာ ဖောင်းကြွကာ ချီနေသည်။ အမေရိကန် နိုင်လွန်အဖြူမှာ ပါးသဖြင့် ၀င်းဝါသော အသားများ ကို အတိုင်းသားမြင်နေရသည်။
ဆံပင်မှာ ထိုစဉ်က အလွန်ခေတ်စားသော မြင်းမြီးဆံပင် ဖြစ်သည်။ ရှေ့တွင် ဆံပင်ညှပ်ကာ အစိုလိုက်အပြုံလိုက် ချထားသည်။ အပြာနုနုပြောင် လုံချီကို ခြေမျက်စိပေါ်အောင် ၀တ်ထားသည်။ ဖိနပ်မှာ အိန္ဒိယ ဖြစ် ရွှေခြည်ထိုး ညှပ်ဖိနပ် ဖြစ်သည်။
လုံချည်က ပြောင် ဖြစ်သဖြင့် ဘောင်းဘီဝတ်ထားသော နေရာတွင် အတိုင်းသား ထင်နေ သည်။ လက်ထဲမှာ အဖြူရောင် အမွေးပွ သိုးရေလက်ဆွဲအိတ်ကလေးကို ကိုင်ထားသည်။ တိုးလွင် တို့ကား ထုံးစံအတိုင်း ဘိုကေဆံရှည် အမောက်များ ထောင်လျက် စပို့ရှက်အင်္ကျီလက်ပြတ်၊ ဘောင်းဘီရှည် ဆင်တူဝတ်ဆင်ထားကြသည်။ စပို့ရှပ်အင်္ကျီဟပြဲကြားမှ ရွှေကြိုးများ မှာ ၀င်းပြောင် နေသည်။ ရွှေကြိုးများ ၏ အရောင် နှင့် သူ့တို့ညီအကိုတတွေ ၏ ဖြူဝင်းသော အသားမှာ ပဏာဟပ် နေသည်။
စုစုလွင်က ဦးစွာ ကမ်းလှာသော ဆန်ခေါက်ဆွဲပန်းကန်ကို လှမ်းယူရင်း မြိန်ရေယှက်ရေနှင့် စားသောက်ပြီး သူ့နောက်နားဆီမှာ ကပ်လျက်ရပ်နေသော ကတုံးနှင့် မိန်းကလေးကို လှမ်းကြည့် ကာ. . .
‘အို. . . ဂေါ့ မေ့နေလိုက်တာ၊ မာမီ့ကို ချိုင့်နဲ့ထည့်ပေးလိုက် ရအုံးမယ်လေ. . .’
တိုးလွင်က ဆန်ခေါက်ဆွဲများ ပါးစပ်တွင် ပလုတ်ပလောင်းပြည့်နေရာမှ
‘ကတုံးကိုရော မကျွေးဘူးလား’
‘အို. . . ဘာလို့ ကျွေးရမှာ လဲ၊ ကတုံး မနက်က ထမင်းစသားပြီးပီဘဲ’
‘နေပါစေ မမ ကျမလဲ မဆာပါဘူး’
စုစုလွင်နှင့် ရွယ်တူပေမယ့် အနည်းငယ်လှီကာ ပိန်ပိန်ပါးပါး အသားညိုညိုနှင့် ကတုံး အခေါ်ခံရသူ မိန်းကလေးက ကျိုးနွံစွာ ဖြေလိုက်လေသည်။ သရက်ထည်ပွင့်ရိုက် အင်္ကျီနှင့် အထက်ဆင်မတပ်သော လုံချည် တိုနှံ့နှံ့လေးဝတ်ထားသော မိန်းကလေးက လက်ဆွဲချိုင့်ကို ကိုင်ကာ ကြို့ကြို့ရို့ရို့လေး ရပ်နေသည်။
‘အမယ်လေး အမိဆာလဲ ကျုပ်တို့က မကျွေးသေးဘူး၊ မာမီတို့ ၀ယ်ပီးသာပြန်’
စုစုလွင်က ခေါင်းလေးတခါခါ အသံစာစာနှင့် ပြောလိုက်လေသည်။
‘အေး. . . လမ်းမှာ ဖြတ်အုပ်မနေနဲ့အုံး၊ အုပ်ရင် အဆော်ဘဲ’
အကြီးဆုံး ဖြစ်သူ မိုးလွင်က ၀င်သတိပေးလေသည်။ မိန်းကလေးကား မျက်နှာနီမြန်းကာ ခေါင်းညိတ်ပြရှာသည်။ လက်ဆွဲချိုင့်အဆင့်များ တွင် မုံ့သပ်သပ်၊ ဟင်းအရည်သပ်သပ်ထည့်စေ ကာ စုစုလွင်က. . .
‘ဆန်ခေါက်ဆွဲဘိုး ဘယ်သူပေးမှာ လဲ ကိုကိုကြီးပေးလိုက်လေ၊ စုကိုတော့ မပေးလိုက်ဖူး’
‘အံမယ် ငါနဲ့ ဘာဆိုင်တုံး’
‘ဒီလိုဆိုရင် ကိုလေး ပေး’
‘ငါနဲ့လဲ မဆိုင်’
‘ဟောတော့ စုပေးရမှာ ပေါ့. . .’
‘မာမီ မနေ့က ၀ိုင်းမှာ ဖဲနိုင်လို့ မုံ့ဘိုးနှစ် ဆယ် နင်ရတယ် မဟုတ်လား နင်ပေးပေါ့’
‘ဟင့်အင်း မပေးဘူး ကိုကြီးကလဲ ဒါဘဲ ရမယ်ရှာနေ၊ အဲဒါ စုဓာတ်ပုံရိုက်မလို့ ကိုလေး ရိုက်ပေးတဲ့ ပုံတွေ ကလဲ သရဲလိုဘဲ ဆိုင်မှာ သွားရိုက်မယ်. . .’
ဈေးဆိုင်ရှင် ရှမ်းမြန်မာ အမျိုးသမီးကြီး ဒေါ်သီက သူ့ခေါင်းတွင် ပေါင်းထားသော မျက်နှာသုတ်တဘက်ကို ဖြုတ်၍ မျက်နှာသုတ်တဘက်ကို ဖြုတ်၍ မျက်နှာတွင် ချွေးသုတ်ကာ. . .
‘ယော်. . . မပေးချင်သေးရင်လဲ နောက်မှ ပေးတာ’
ဟု သဘောကောင်းစွာ ဆိုနေသည်။
‘နောက်မှ မပေးရင်ကော အဒေါ်ကြီးရဲ့ . . .’
‘နေပစေ အဆစ်ပေးတာ မှတ်ပနော’
‘တမတ်တန် နှစ် ခွက်ကို အဆစ်ပေးမယ်. . .’
စုစုလွင်က ထပ်ဆင့်၍ မေးလိုက်ရာ ဒေါ်သီက ခေါင်းကို သွက်သွက်ညိတ်ပြကာ. . .
‘အေးပလေ ပိုက်ဆံပေး မစားဘူးဆိုရင် အဆစ်ယူ နေ့တိုင်း စားနေတာပဲ’
‘အမလေး ကျေးဇူးတင်ပါတယ် အဒေါ်ကြီးရယ် ဒီလိုဆို မာမီအတွက် မပေးတော့ဘူးနော်၊ စုတို့ နေ့တိုင်းစားနေတာဘဲ၊ အဒေါ်ကြီးလဲ မြတ်ပါတယ်’
‘မြတ်တယ်လေ မြတ်လို့ ရောင်းတာ’
ဒေါ်သီက ရိုးသားစွာ ဖြေလိုက်လေသည်။ ကျမကမူ မကျေမနပ်နှင့် မျက်နှာမှု န်ကုပ်ဆဲ၊ ကျမအမ တင်တင်ချိုက စကားတင်းဆိုလိုဟန်နှင့် ကျမကို မျက်လုံးနှင့် လှမ်းစကား ပြောနေသည်။ ရက်ရောသော ဒေါ်သီက ကျမတို့ ညီအမဘက်ပါလှည့်၍ . . .
‘ယော်. . . ဆရာကြီး မြေးတွေ ရော တော် ကြပလား၊ ထပ်ယူအုံးလေ၊ နောက်ပန်းကန် အတွက် ပိုက်ဆံမပေးနဲ့’
‘တော် ပြီ တော် ပါပြီ ဒေါ်သီ. . . ဒီလို ပိုက်ဆံမယူဘဲ ဝေဿန္တရာလုပ်နေရင် ဒေါ်သီရှုံးမှာ မြင်နေရသေး’
အနည်းငယ်စွာ ချင်သော ကျမက မနေနိုင် မထိုင်နိုင် ပြောမိသေးသည်။
‘ယော်. . . လူတိုင်းကို ဘယ်အလကားပေးမလဲ၊ ဧည့်သည်မို့ပ၊ ဒီကလေးတွေ အမေ ဗိုလ်မှူးကတော် သူ့အဖော်တွေ နဲ့ ငါးခွက်စားရင် သုံးခွက်ဖိုးပေးတာ တော် ပီပ၊ သူက ဈေးသိပ် အ၀ယ်ကောင်းတယ်၊ ဆစ်တတ်တယ်၊ အရင် ဗိုလ်မှူးကတော် က ငါးခွက်ကို ငါးခွက်ဖိုးဘဲ ပေးတာပ၊ ဈေးဝယ်ရင် ဘယ်တော့မှ မဆစ်၊ သူလဲတမျိုးကောင်းတယ်၊ ဒီကလေးများ အမေ ကတော့ ဈေးအားကြီး ၀ယ်တတ်တယ်၊ ဒါလဲကောင်းတာပ၊ ချွေတာစုဆောင်းရေး ဖြစ်တာပ’
‘ဒီလိုဆိုရင် ဒေါ်သီ ပိုက်ဆံတပြားမှမယူဘဲ အလှူကြီးဘဲ ပေးပါလား. . .’
သည်တော့ တင်တင်ချိုက ကျမ၏ လက်မောင်းကို သူများ တွေ မမြင်အောင် လှမ်းဆိတ် သည်။ ကျမကလည်း အကဲဆတ်သည်မို့. . .
‘ယော်. . . မဆိတ်နဲ့ မတင်ချို၊ လေးချို အမှန်တရားပြောတာ၊ ဘာလို့ ဆိတ်တာလဲ’
‘ယော်. . . နင် တော် တော် ခက်ပါလား’
ဟု တင်တင်ချိုက ညည်းရှာသည်။
ဤတွင် စုစုလွင်က တစခန်း ‘ထ’ လျက် ကျမရှေ့တည့်တည့်လာရပ်သည်။ ကျမမျက်နှာကို စေ့စေ့ကြည့်ရင်း. . .
‘နေစမ်းပါအုံး၊ အကိုလေးပြောတဲ့ အတော် စွာ တဲ့ မိန်းမဆိုတာ ဒါလား’
‘အေး ဟုတ်တာပ’
ကျမက မခိုးမခန့်အမူအရာနှင့် ပြန်ဖြေသည်။
‘အဒေါ်ကြီးက သူ့ဖာသာသူ သဒ္ဓါလို့ပေးတာ နင်ကတာ ကြားက မနာလိုတာလဲ. . .’
‘မနာလို မ ဖြစ်၊ ဒေါ်သီက သိပ်ဆင်းရဲလို့ ဒေါ်သီအတွက်ပြောတာ၊ ငါ့ဖာသာငါ ပြောတာပ၊ အမိနဲ့ ဘာဆိုင်လို့လဲ’
‘ဆိုင်တယ်. . . ဆိုင်တယ်၊ ဒေါ်သီက ငါတို့ကိုပေးလို့ နင် သက်သက်ဝင်ပြောတာ ဆိုင်တယ် သိလား. . .’
‘အေး. . . ဆိုင်ရင် ပီးတာပ၊ ငါ ကတော့ ပါးစပ်ရှိရင် ပြောမှာ ဘဲပ၊ မတရားတာချည်းကို ငါပြောမှာ ဘဲ’
‘ပြောရင် နင့်ကို ငါ ဟောဒီလို’
စုစုလွင်က ဗြုံးဆို ကျမ၏ ရင်ပတ်မှ အင်္ကျီစကို ဆွဲကိုင်ကာ ကျမ၏ ပါးကို လှမ်းရိုက်လိုက် လေသည်။ နှုတ်နှင့် အမြန် အလှန် ဖြစ်ကြရင်း ဤသို့ကိုယ်ထိလက်ရောက် ပြုမူလိမ့်မည် ဟု ကြိုတင် မတွက်မဆိသော ကျမမှာ အငိုက်မိကာ ပါးတွင် ဖြန်းကနဲမြည် ကာ စပ်ဖျဉ်းဖျဉ်းဝေဒနာခံစားရပြီး သည့်နောက် သွားတဖက်မှ သွေးများ ထွက်၍ ပါးစပ်ထဲ ငန်ညိညိ ဖြစ်နေသည်။
ဤတွင် ကျမသည် စုစုလွင်၏ ပါးလှပ်လှပ် အမေရိကန် နိုင်လွန်စကို ရင်ပတ်နေရာမှ ဆွဲကိုင်ကာ တအားဆောင့်ဆွဲလိုက်ရာ အင်္ကျီမှာ ‘ရွှီ’ ကနဲမြည် ပြီး စုတ်ပြဲသွားလေသည်။ ချောမွတ် နုထွတ်၍ ၀ါဝင်းသော အသားများ လှစ်ခနဲထင်လာပြီးနောက် ကျမ၏ စိတ်ကို ကျမ မနိုင်ဘဲ စုစုလွင် အား လက်တုံ့ပြန်၍ လှမ်းရိုက်လိုက်လေသည်။
ဤတွင် မိုးလွင်က သူ့နှမဘက်မှကူကာ ကျမကို ဆောင့်တွန်းပြီး သူ့ဘွတ်ဖိနပ်နှင့် ကန်လိုက်သည်။ ကျမက မြေကြီးပေါ်သို့ လှိမ့်နေဆဲ တင်တင်ချိုက အကူအညီမရသည့်အပြင်
‘အံမယ်လေး ရန် ဖြစ်ကုန်ကြပြီး လာကြပါအုံး’
ဟု အော်ဟစ်၍ ငိုယိုနေသည်။
ကျမသည် ဒေါသ ဖြစ်လျှင် မျက်စိများ ပြာဝေ၍ မိုးမမြင်လေမမြင် ဖြစ်ကာ ဗြုံးဆို မြေပေါ်လဲ နေရာမှ ကုန်းထ၍ ဈေးရှေ့ခေါက်ဆွဲကျော်ဆိုင်တခုဆီသို့ပြေးသွားပြီး ၀က်သားခုတ်သော ဓားကို စစ်နီတုံးပေါ်မှ လှမ်းကောက်ကိုင်လိုက်သည်။
ကျမ နောက်မှ လူကြီးများ ဘယ်သူမှ လိုက်မဆွဲနိုင်ခင် ‘တိုးလွင်’ တို့မောင်နှတတွေ ရှိရာ သို့ စွပ်ပြေးလာလေသည်။ ထိုအချိန်က သူတို့မောင်နှမအနက် ဘယ်သူဘဲမိမိ သူသေသေ ကိုယ်သေသေတွေ့ တဲ့လူ ‘အသေဘဲ’ ဟု မဲလိုက်လေသည်။ သည်တော့လည်း ‘တိုးလွင်’ တို့ မောင်နှမတတွေ လည်း သူတို့လက်ထဲ လက်နက်မရှိသဖြင့် ဖရိုဖရဲနှင့် ပြေးကြလေသည်။
ထို့နောက် သန်မာဖျတ်လတ်သော ယောက်ျားကြီးတယောက် က ကျမကိုမှီကာ ဖမ်းချုပ် လျက် လက်ထဲမှ ဓားကိုလုယူပြီး. . .
‘ဟဲ့. . . လေးချိုရဲ့ နင် တော် တော် မိုက်ပါလား၊ ဒီလို လမ်းလည်ခေါင်မှာ မိန်းကလေး တန်မဲ့နဲ့ ရန် ဖြစ်တာ မရှက်ဖူးလားဟေ့’
‘သူတို့က စော်ကားတာ လေးချိုမခံနိုင်ဘူး ဦးကြီးညို သူက ‘စ’ ရိုက်တာ’
ကျမက အသက်ပြင်းပြင်းရှူလျက် ပြောရင်း မျက်ရည်များ ကျလာလေသည်။
‘အေးလေ ‘စ’ ရိုက်တယ်ဆိုရင် သူတို့ မိဘတွေ ကို တိုင်ပင်တာပ၊ ပီးတော့လဲ နင်က အိမ်သယ် သူတို့က ဧည့်သည်၊ တော် ရုံသည်းခံရမှာ ပ’
‘သည်းမခံနိုင်ဘူး၊ သူတို့ သိပ်ဆိုးတယ် ဦးကြီးရဲ့ ၊ သူတို့က အရင် သူဇာ သန်းဖေနဲ့ ကျော်သန်းဖေတို့နဲ့ မတူဘူး၊ ဟိုကလဲ ဗိုလ်မှူးသားသမီး သူတို့လဲ ဗိုလ်မှူးသားသမီးဘဲပ၊ ကျော်သန်းဖေတို့က သိပ်လိမ္မာတယ်၊ အေးတယ်၊ လေးချိုနဲ့ တည့်တာဘဲ၊ လေးချိုတို့ အဖိုးအိမ်မှာ တောင် တည်းတာဘဲ ဘာ ဖြစ်သလဲ’
‘အေးလေ အဲလိုတည့်အောင် ပေါင်းပေါ့ဟ၊ ယော်. . . နင် ဒေါသ တယ်ကြီးတာဘဲ’
ကျမကို ချုပ်ကိုင်ထားသော ဦးကြီးညို၏ လက်များ က လွှတ်လိုက်သည်။ ကျမမှာ နှုတ်ခမ်း တုန်နေဆဲပင်တည်း။ တကိုယ်လုံး မြေကြီးပေါ် ခြေချထားသည်မထင်ဘဲ ရင်ထဲဟာ၍ နှလုံးခုန်နေ သည်။ ထိုအခိုက် တင်တင်ချိုက ကျမဆီသို့ ပြေးလာကာ ကျမ ပခုံးကို ဖက်၍ ငိုပြန်သည်။
‘ကိုင်း ငိုမနေနဲ့ ပြန်ကြ ပြန်ကြ၊ ဆံပင်တွေ လဲ မြင်မကောင်းဘူး၊ ဆရာကြီးတော့ နင်တို့ကို သိပ်စိတ်ဆိုးမှာ ဘဲ၊ ဒီအရေး မအေးဘူး၊ သူတို့က တန်ခိုးကြီးတယ် မဟုတ်လား၊ ဒီလိုလူမျိုးတွေ နဲ့မှ ဖက်ရန် ဖြစ်ပလေ၊ နင် တော် တော် မိုက်တဲ့ ကောင်မဆိုးလေးဘဲ၊ ရန်ကုန် မန္တလေးလိုမြို့ကြီးမှာ သူတို့ဟာ ဇီးစေ့လောက်ရှိပေမဲ့ ဒို့လိုမြို့လေးမှာ ဘုရင်ဟ၊ ဒို့မြို့မှာ မိုးကောင်းက မြို့အုပ်လာလဲ ဘုရင်ပ၊ အမတ်ကြီးဆိုရင်လဲ ဘုရင်ပ၊ ၀န်ကြီးဆိုရင် မပြောပါနဲ့တော့၊ ဘုရင်တဆူ ဖြစ်ပီပ၊ ဒါတွေ သည်းခံရမယ် ဟုတ်လား’
‘ရန်စတာ ကြာပီ ဦးကြီးရဲ့ ၊ လေးချိုတို့ ကစားနေရင် မှန်နဲ့ထိုးစတယ်၊ ညထုတ်ဆီးတိုးရင် ကားနဲ့အတင်း ဖြတ်မောင်းတယ်၊ ကင်မရာနဲ့ ဓာတ်ပုံရိုက်တယ်၊ နိုင်ငံခြားမှာ နေလာတယ်ဆိုပီး လေးချိုတို့အကြောင်းကို အင်္ဂလိပ်လို အတင်းပြောပီး ရီကြတယ်၊ ကြာတော့ မခံနိုင်ဘူးပ’
‘ဂုဏ်ကြီးတဲ့လူကို သွားပြိုင်ရင် နင် ရှုံးတော့မှာ ပ လေးချို၊ ပီးတော့ အဲဒီ ခလေးတွေ ရဲ့ အဖေနဲ့ အမေက အထက်ကို သိပ်ပေါက်ရောက်တယ်၊ မိန်းမက သိပ်သြဇာရှိတယ်၊ ၀ိုင်းမှာ မိန်းမတွေ တောင် ရိုသေရတာ ၊ နင်လဲ သူ့သားသမီးတွေ ကို ရိုသေရမှာ ပ’
‘ယော်. . . မရိုသေနိုင်ပါဘူး၊ ဦးကြီးကလဲ သူတို့က ဘယ်လောက်များ ကောင်းလို့ ရိုသေ ရမှာ လဲ၊ ရိုသေထိုက်မှ ရိုသေရမှာ ပ၊ လေးချိုတော့ ဘယ်တော့မှ မရိုသေ၊ တသက်လုံး မရိုသေဘူး၊ တသက်ဆို တသက်လုံး’
ဤသို့ စိတ်လိုက်မာန်ပါ ပြောဆိုပြီးသည့်နောက် ခပ်သွက်သွက်ထွက်ခွါလာခဲ့လေသည်။ တင်တင်ချိုကမူ ကျမနောက်သို့ အမှီပြေးလိုက်လာကာ၊ တအီအီနှင့် ရှိုက်ငိုလာခဲ့လေသည်။
‘အဖိုးတော့ ရိုက်တော့မှာ ဘဲ’
ဟု တုန်ရီစွာ ပြောရင်း မဆုံးနိုင်အောင် ငိုလာလေသည်။
အခန်း (၄)
အိမ်တွင် ဆေးများ ကိုစပ်၍ ပုလင်းထဲသို့ထည့်နေသော အဘိုးက ဧည့်သည်နှစ် ဦးကို ဧည့်ခံ စကားပြောနေသည်။ ဧည့်သည်များ အတွက် ဒေါ်လေးငြိမ်းက တို့ဟူးကြော်၊ ဆနွင်းမကင်းများ နှင့် လဘက်ရည်ကြမ်းများ တည်ခင်းထားသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ဒေါ်လေးငြိမ်းနှင့် အတူ ကျမတို့ ညီအမတတွေ အဖိုးဆီသို့ ပြန်လာခြင်း ဖြစ်သည်။
တင်တင်ချိုက သူငိုထားသော မျက်နှာကို ဧည့်သည်များ မမြင်စေရန် ခြံထဲ ရစ်သီရစ်သီ လုပ်ရင်း နောက်ဖေးဘက်က လှည့်သွားသည်။ ကျမကမူ အဖိုးအား ကူညီ၍ ဆေးများ ထည့်ပေးရန် ဧည့်သည်များ ထိုင်နေရာ ကွပ်ပစ်ဆီသို့ တူရူလျှောက်လာလေသည်။
‘မန္တလေးမင်္ဂလာဈေးထဲမှာ ဇီဝကဆေးတိုက်ဖွင့်ထားတော့ ကလေးများ ကိုလဲ သူ့မိဘများ ရှိရာ ကျောင်းထားပေးရတာ ပ၊ မောင်ရင်လေးက သတင်းစာဆရာဆိုတော့ ပွင့်ပွင့်လင်း လင်းဘဲ ပြောရအုံးမယ်၊ သူ့မိဘများ က ပညာကောင်းလိုချင်တော့ ကလေးများ ကို စိန်ဂျိုးဇက်ကွန် ဗင့်လို၊ အေဘီယန်လို ကျောင်းမျိုးကြီးတွေ ထားချင်တာလား၊ ဒါပေမဲ့ အစိုးရအထက်ကျောင်းတွေ ဖွင့်ထားမှဖြင့် အစိုးရကျောင်းဘဲ ထားပေါ့၊ တလောကဘဲ ကျုပ် သတင်းစာထဲ တွေ့ မိပါတယ်၊ ဘ၀ သစ်ပညာရေး စီမံကိန်းဆိုလား’
‘မှန်ပါတယ် ဦး၊ ဘဏ္ဍာရေး ၀န်ကြီး ဦးသန်းအောင်နဲ့အဖွဲ့က ဘ၀သစ်ပညာရေး စီမံကိန်း အောင်မြင်နေပြီး အထက်တန်းကျောင်း ၁၇၀၊ အလယ်တန်းကျောင်း ၁၅၆ နဲ့ မူလတန်းကျောင်း ၅၈၈၈ ကျောင်း ဖွင့်နိုင်ခဲ့တဲ့အကြောင်း သြဂုတ်လ (၂၂) ရက်နေ့က သတင်းစာ ဆရာတွေ ကို ထုတ်ဖော်ပြောခဲ့တယ်. . .’
‘ယော်. . . မောင်ရင် တယ်တိကျပါလား၊ ဒါ့ကြောင့် သတင်းစာတိုက်ကို ဦးစီးနိုင်တာကိုး. . ’
ကျမသည် သလဲပင်ခြေရင်းတွင် ခေတ္တရပ်ကာ လူကြီးများ စကားကို နားစိုက်နေမိသည်။ အောင်မြင်၍ သြဇာရှိသော အသံကို ကျမမှတ်မိနေသည်။ နားထောင်ကောင်းသော ယောက်ျား မာန်ရှိသော အသံကို ၎င်း၊ ပင်နီတိုက်ပုံအင်္ကျီ ချည်လုံချည်နှင့် ‘သူ့’ နောက်မှမြင်ရသော အသွင်ကို ဘယ်တော့မှ မမေ့နိုင်ပါ။
‘မောင်ထွန်းလင်းက သူ့အလုပ်ကို သူသိပ်စိတ်ဝင်စားတယ် ဘဘရဲ့ ၊ ငြိမ်းတောင် ဒီအကြောင်း ‘ဘဘ’ ကို ပြောဘူးတယ်လေ. . .’
‘သြော်. . . ဟုတ်လား’
အဖိုးက အသက်အရွယ်ကြီးသူပီပီ နဖူးကြောများ ရှုံ့၍ စဉ်းစားသလို တွေ ဝေနေသည်။
‘ကျွန်တော် များ အလုပ်က ခေတ်ရဲ့ လှုပ်ရှားမှု ကို အသေးစိတ်လေ့လာရတော့ ဘာမဆို ကျွန်တော့် ခေါင်းထဲ ထည့်ထားတာဘဲ၊ ဒီအစိုးရကျောင်းတွေ နဲ့ ပတ်သက်ပီး ကျွန်တော့်ရင်ထဲ လိပ်ခဲတင်းလင်း ဖြစ်နေတာတွေ အပုံဘဲ၊ စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်တိုင်းခရိုင် ဆရာ များ အသင်းအစည်းအဝေးပွဲက အစိုးရအရာထမ်း အမှု ထမ်းတို့ရဲ့ သားသမီးတိုင်း စံပြအနေနဲ့ နိုင်ငံ တော် အစိုးရကျောင်းများ မှာ သာ ကျောင်းထားဘို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့တယ် ဦးရဲ့ . . .’
သည်တော့ ကိုထွန်းလင်းနှင့် ယှဉ်လျက်ထိုင်နေသော ဦးကံထူးက ‘ဟား’ ကနဲ တချက်ရယ် လိုက်လေသည်။ တို့ဟူးကြော်ကို ပလုပ်ပလောင်းကောက်ယူဝါးစားရင်း. . .
‘ဒါပေသိ. . . ဒါပေသိ သူတို့ ၀န်ကြီးတွေ အတွင်းဝန်တွေ ကြီးကြီးမာစတာတွေ အမတ်တွေ သားသမီးတွေ ဘယ်ကျောင်းထားတုန်းပြောစမ်းပါ ထွန်းလင်းရ၊ အစိုးရကျောင်းမှာ ဆရာကောင်း မထား လုံလုံလောက်လောက်မထားဘဲ၊ ဗျောက်သောက် ဖြစ်တယ်ဆိုပီး လူတန်းစားခွဲခြားတယ်၊ သူတို့ သားသမီး ဘယ်ကျောင်းထားသလဲ မေးစမ်းပါ. . .’
‘ဒါကိုဘဲ ကျွန်တော် ပြောမလို့ပါ ဦးလေးရဲ့ ဘယ်လိုဘဲပညာရေး စီမံကိန်းသစ်တွေ ချမှတ် ချမှတ် တနိုင်ငံလုံး သာတူညီမျှ ဖြစ်ပြီး အစိုးရကျောင်းကြီးတွေ ဖြစ်လာတယ်ထားအုံး ပိုက်ဆံရှိတဲ့ ဂုဏ်ရှိတဲ့ သားသမီးက တပန်းသာအုံးမှာ ဘဲ၊ ပရိုက်ဗိတ်ကျူရှင်ပေးမယ် ဟုတ်လား၊ အိမ်မှာ ဆရာ ခေါ်သင်မယ်၊ အတန်းထဲမှာ ခေါင်းမော်နိုင်မယ်၊ ဆရာတွေ ရဲ့ အမြှောက်အစား ခံရမယ်၊ တကယ်လို့များ အင်္ဂလိပ်စာမသင်ရ၊ ဥပဒေထွက်လာရင် လူနည်းစုတတ်နိုင်သူက အိမ်ဆရာ ခေါ် သင်မှာ ပေါ့’
‘အေး. . . ဟုတ်တာပ’
အဖိုးက ထောက်ခံဆဲ ဦးကံထူးက ရယ်လျက်. . .
‘သြော်. . . ငါ့တူလေးနှယ် ရန်ကုန်မှာ ပြင်သစ်စာတို့ ဂျာမဏီစာတို့တောင် ဆရာခေါ်ပီး သင်နိုင်သေးတာ၊ အင်္ဂလိပ်စာတော့ ရွှတ်ရှက်ပေါ့၊ ရန်ကုန်မှာ ကျူရှင်တွေ သိပ်ခေတ်စားနေတာ မောင်၊ ဦးလေးတောင် အလုပ်ထွက်ပြီး ကျောင်းဆရာလုပ်ချင်သေး၊ ရှေးခေတ် (၁၀) တန်း အင်္ဂလိပ်စာက ခုခေတ် ဘွတ်ရွှတ်ဒိုင်းထက် အပုံကြီးသာတယ်မောင်’
ကိုထွန်းလင်းက ပြုံးလျက် သူ့စကားကို ဆက်၍ . . .
‘ကျွန်တော် ဆိုလိုတာက အားလုံး သာတူညီမျှကောင်းစသားဘို့ ဆုံးဖြတ်ချက်တွေ စီမံကိန်း တွေ ဥပဒေတွေ လုပ်တိုင်း လုပ်တိုင်း လူများ စုအခွင့်အရေး ဆုံးရှုံးသထက် ဆုံးရှုံးပြီး လူနည်းစုက ကောင်းသထက်ကောင်း၊ ညွန့်သထက်ညွန့်လို့ မမျှမတ ဖြစ်ရတာ ကိုဘဲ ပြောချင်တာပါ၊ မဟုတ်ဖူး လား စေတနာထား အလုပ်လုပ်ကြပေမဲ့ လူများ စုလူထုက သိပ်နစ်နာတယ်ဆိုရင်တော့ စိတ် မကောင်းစရာဘဲ’
‘ဒါပေါ့ မောင်ရင်. . .’
အဖိုးပြောပြီးနောက် ကိုထွန်းလင်းက ကိုးကားချက်များ နှင့် ဆက်၍ ပြောဆိုနေသေးသည်။ သူသည် စကားကို ခပ်သွက်သွက်နှင့် အနားတမ်းဒေါက်လျှောက် ဒလစပ်ပြောနိုင်သူ ဖြစ်ပေသည်။ လက်ရှိနိုင်ငံရေး အခြေအနေ တိုင်းပြည်အခြေအနေကိုလည်း အတော် ကြီးမကျေမနပ် ဖြစ်ကာ ဝေဖန်ပြောနေသည်။ ကျမမှာ ဉာဏ်မမှီသေးသော အသက်အရွယ်၊ ပညာအခြေခံနှင့် အသေးစိတ် နားမလည်လှသော်လည်း နောင်သော အခါ ကိုထွန်းလင်း၏ ဆောင်းပါးများ မှ ဖတ်ရှုကူးယူရသော ‘ကိုးကားချက်’ တခုကိုတော့ ယနေ့တိုင် အမှတ်ရနေမိသေးသည်။
အသင်၏ ရဲရဲတောက်စေတနာသည် အဖိုးအနဂ္ဃ ထိုက်ပါပေသည်။ သို့ရာတွင် စေတနာကို အမှန်ဘက်သို့ ဦးတည်နိုင်ပါမှ ထိုစေတနာသည် အကျိုးပေးမည် ။ အမှား ဖက်သို့ ဦးတည်မိပါမူ စေတနာရဲရဲတောက် ဖြစ်လေလေ အန္တရာယ်ကြီးလေလေ ဖြစ်မည် ။
ဆော့ခရတ္တိ။
ဦးကံထူးက ဆေးပြင်းလိပ်ကို မီးညှိသောက်လိုက်ပြီးနောက်. . .
‘ဆရာကြီး ဦးအောင်ဖေရဲ့ ကျွန်တော် မှတ်မိသလောက်ပြောရရင်တော့. . . ဗမာနိုင်ငံ သမိုင်းခေတ်အဆက်ဆက်မှာ စကားတခု နားထဲလျှံနေအောင် ကြားနေရရင် အမြဲဆန့်ကျင်ဘက် လာလာ ဖြစ်တတ်တယ်၊ ဥပမာ ဆိုပါတော့ဗျာ၊ ‘ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည် ၊ ရတနာခုနစ်သွယ် တကယ်ပင် စုံညီ ဒို့အမျိုးသားတိုင်းပြည်’ ဆိုတဲ့ ခင်မောင်ရင်ရဲ့ နဂါးနီသီချင်း ခေတ်စားတဲ့အချိန်လောက် ဗမာပြည်မွဲတာ မရှိဘူး၊ တောင်သူလယ်သမားတွေ ချစ်တီးကြွေး လည်းပင်းခိုက်လို့’
‘အေးပ. . . အေးပ’
‘ဂျပန်ခေတ်ကလဲ လွတ်လပ်ရေး စကား သိပ်ပြောတယ်၊ ဒီခေတ်လောက် အညှဉ်းပမ်းခံရ တာ၊ မလွတ်လပ်တာလဲ မရှိဘူးဗျ၊ ဟော. . . ခု ပြည်တော် သာခေတ်တဲ့၊ ပြီး နေရာတိုင်းမှာ ပြည်တော် သာ စကားပြောနေပြီ၊ ဒါပေသိ ပြည်တော် က မသာဘူး ဘယ်လိုမှ မသာဘူး’
ဦးလေးက အသံကို တမင်တိမ်လျက်ပြောရင်းရယ်မောနေပြန်သည်။ အဖိုးက သူ့ရောင် ရှည် ဆံထုံးကို ပြင်ထုံးကာ. . .
‘အေးပ. . . ခုတလောလဲ သတင်းစာထဲဖတ်ရတာ မုတ္တမ-ရန်ကုန် မီးရထား ကျွဲခြံဘူတာမှာ မိုင်းဗုံးထိပီး ပျက်သွားတာ ခရီးသည် ၄၀ ကျော်ကို ကရင်သူပုန်က ဖမ်းသွားတယ် မဟုတ်လား၊ မြစ်ငယ်က ကျုပ်အသိတယောက် သားတောင်ပါသွားသေးပ’
‘ဟုတ်တယ်ဦး သထုံကို ကေအင်ဒီအို (၈၀၀) ၀င်စီးပြီး အရပ်ကို မီးရှို့ပစ္စည်းလုပြီး ထွက်သွားတယ်လေ၊ နောက် တကြိမ်လဲ ထပ်စီးသေးတယ်၊ စည်းရုံးရေး ပျက်ပြားတာရော၊ တောကြောင်ဓါးပြ လက်ခမောင်းခတ်တာရော၊ ဘယ်မှာ လဲဗျာ့ ပြည်သူတို့ရဲ့ လုံခြုံမှု ၊ အသက်စည်း စိမ်း အိုးအိမ် ကာကွယ်မှု ၊ မြို့ကွက်ကွက်လေးမှာ ဘဲ အေးချမ်းနေတာ၊ ပြန်လည်ထူထောင်တဲ့ ခေတ်မှာ လူတွေ ရဲ့ တိုးတက်မှု ကို ကျွန်တော် တို့ မတွေ့ ရသေးဘူး၊ ဒါ. . . အစိုးရရော ကျွန်တော် တို့ ပြည်သူ့ဘက်ကရော အများ ကြီး တာဝန်ရှိပါတယ်. . .’
‘ဟေ့. . . ထွန်းလင်းရ၊ မင်း ရမ်းမပြောနဲ့ကွ ငါတို့ လွတ်လပ်ရေး ရပြီး ငါးနှစ် ကျော်တဲ့ အချိန် ကာလမှာ ငါမြင်တဲ့ တိုးတက်မှု ကတော့ လာဘ်စားမှု တွေ ပေါတာရယ်၊ တာမွေသင်္ချိုင်းမှာ ချက်ပလက်ကားကြီးနှစ် စင်းနဲ့ ဘိန်းချတာရယ်၊ စည်းမဲ့ကမ်းမဲ့ ကားတိုက်မှု တွေ ပေါလာတာရယ်. .’
ဒေါ်လေးငြိမ်းက ရယ်ရင်း လဘက်ရည်ကြမ်းများ ငှဲ့ပေးလျက်. . .
‘ဟုတ်ပနော် သတင်းစာထဲ တလောကဘဲ စိန်ဖရန်စစ်ကျောင်းက ကျောင်းသူလေး ကောလင်းဆိုတာနဲ့ ကျောင်းသားလေး ဒေါက်ကလပ် ၆ နှစ် နဲ့ ၄ နှစ် အရွယ် စစ်ကားကြီး တစင်းတိုက်လို့ ပွဲချင်းပီး သေ သွားပါရောလားရှင်. . .’
ကိုထွန်းလင်းက လဘက်ရည်ကြမ်းပန်းကန်ကို ကိုင်မ၍ ခပ်ပူပူကို မော့သောက်ချပြီး. . .
‘ကျွန်တော် တို့ လူမျိုးစုလွှတ်ဆေတာ် အမေးအဖြေအရ လွတ်လပ်ရေး ရပြီး ၁၉၅၃ ခု သြဂုတ်လ ၄ ရက်နေ့အထိ ကားတိုက်မှု ပေါင်း ၅၉၀၀ ရှိပြီး ၃၃၅ ဦး သေခဲ့တယ်၊ ဒဏ်ရာရတာ ၅၀၀၀ ကျော်ဘဲ၊ စည်းကမ်းမဲ့တာရော၊ ရမ်းတာရော အရင်လိုတာရောပေါ့၊ အထူးသဖြင့် ကြောက် စရာကောင်းတာက စစ်ကားကြီးတွေ ဘဲ၊ အမှန် ကတော့ မြန်မြန်မောင်းပြီး တိုက်တာထက်စာရင် နှေးနှေးမောင်းပြီး အတိုက်အခိုက်နည်းတာ အကောင်းဆုံးဘဲ Gentleman’s drive ဆိုတာ ဂုဏ်ယူစရာကောင်းပါတယ်’
ဒီနောက် ရောက်တတ်ရာရာများ ပြောဆိုနေကြသေးသည်။ ကျမလည်း သလဲပင်အောက် တွင် တမေ့တမောရပ်လျက် ငေးမောနေရာမှ အဖိုးဆီသို့ လျှောက်လာကာ အဖိုးအနီးတွင် ကျုံ့ကျုံ့လေးထိုင်လိုက်လေသည်။
‘လေးချို မုံ့စားသွားတာ ကြာလှချေလား လာလာ အဲဒါ ကျုပ်မြေးအလတ်ပဲ သူက ကျုပ် ဘယဆေးလုပ်ငန်းများ အများ ကြီး အကူအညီရသကွဲ့၊ ဒါပေမဲ့ ကျုပ်သားတွေ သမီးတွေ ချွေးမ တွေ က ဒီကထင်းစားနေရပေမဲ့ နှိမ့်နှိမ့်ချချကွဲ့ အထင်မကြီးဘူး၊ ကျုပ်မြေးတွေ ကို ခေတ်ပညာသင် ပြီး ဆရာဝန်လိုင်းလိုက်ခိုင်းနေတာ အင်္ဂလိပ်စာ ညံ့မစိုးလို့ ဒီနှစ် အေဘီယံကျောင်း ပြောင်းထားကြ မယ်ပ’
‘သြော်. . . သြော်. . .’
ကိုထွန်းလင်းက လဘက်ရည်ကြမ်း သောက်မည့် နှုတ်ခမ်းဖျားတွင် တေ့ထားရင်း မသောက် သေးဘဲ ကျမ ထိုင်နေရာသို့ မျက်လုံးများ ၀င့်၍ ဖျတ်ခနဲ လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်ဆံ အနက်များ သော မျက်လုံးများ သည် လျှပ်ပြက်သကဲ့သို့ တောက်ပနေသည်။ ထုံးစံအတိုင်း နဖူး ကြောများ ရှုံ့ကာ မျက်မှော င်ကုပ်ထားသည်။
ဦးကံထူးကသာ ပြုံးလျက်. . .
‘တော် တော် တောင် ထွားလာပီဘဲ ဦးလေးတို့ကို မှတ်မိသေးရဲ့ လားကွဲ့’
‘မှတ်မိတာပ ဦးလေး’
‘ဒီနှစ် ဘယ်နှစ် တုန်း ရောက်ပလဲ ကွဲ့. . .’
‘ရှစ်တန်း ရောက်ပီ ပ’
‘ကြီးလာရင် ဘာလုပ်မလဲ ဆရာဝန်လုပ်မလား. . .’
‘ဟင့်အင်း မလုပ်ပါဘူး ဦးလေး’
‘ဆရာဝန် မလုပ်ဖူး’
‘မင်းအမေ အဖေက လုပ်စေချင်တယ်ဆို’
‘ဟုတ်ပ ဦးလေး ဒါပေသိ လေးချိုမလုပ်’
‘အဲဒါနဲ့ကို သူ့အမေနဲ့ ဒီကလေးမနဲ့ တကျက်ကျက် ဖြစ်နေတာ မောင်ရင်တို့ရဲ့ ၊ သူတိုကလဲ သားသမီးကို ဇွတ်တရွတ်ပုံသွင်းချင်တာကိုး၊ ဒီကလေးကလဲ ခေါင်းမာတယ်’
အဖိုးက ကျမ၏ အင်္ကျီပေါ်မှ အမှိုက်စများ ကို ပုတ်ခါရင်း ရယ်ကာပြောလိုက်လေသည်။
‘ဆရာဝန်က တယ်မျက်နှာကြီးတယ် တူမလေးရဲ့ မလုပ်ချင်ဘူးလား၊ ဂုဏ်လဲရှိတယ်၊ ပိုက်ဆံလဲရတယ်၊ တခါတလေ နေမကောင်းရင် ဆရာဝန်ဆီသွား တန်းစီရရင် အံမယ် မင်း အကြာကြီးမောင်. . . စောင့်ရတာ ၊ ရှပ်အင်္ကျီဆွတ်ဆွတ်ဖြူ နားကြပ်လည်ပင်ဆွဲပြီး ဘောင်းဘီရှည် သပ်သပ်ရပ်ရပ်နဲ့ ဘရီးကလင် ယဒ်လေပေါင်ဒါနံ့ သင်းသင်းနဲ့ ကိုယ့်အနားက ဖြတ်သွားရင် စောင့်ရလဲ ငြူငြူစူစူ တယ်မရှိလှဘူး၊ စောင့်ရတာ က ဆရာဝန်တွေ့ ဘိုးကိုးကွ၊ ဒီတော့ ဆရာဝန် ဟာ ငါ့တူ ငါ့သား ဖြစ်လိုက်ပါတော့လို့တောင့်တမိတယ်ကွ. . .’
ဦးကံထူးက ကျမကို လှမ်းကြည့်ရင်း ပြောလိုက်ရာ. . . ကိုထွန်းလင်းက တို့ဟူးကြော် ကောက်ယူစားသောက်ကာ အဝေးသို့ ငေးနေသည်။ ဦးကံထူးက လိုက်လိုက်လျောလျောသဘော နှင့် . . .
‘ဆရာဝန်မလုပ်ရင် ဘာလုပ်မလဲ’
‘လေးချို ဆေးဆရာလုပ်မယ်ပ’
‘ဟေ’
ဦးကံထူးက အံ့သြသလို အော်လိုက်လေသည်။ ကိုထွန်းလင်းက ကျမ၏ မျက်နှာကို ဖျတ်ခနဲ လှမ်းကြည့်လိုက်လေသည်။
‘အဖိုးကို ကူမယ်လေ ဆေးမြစ်တွေ ရှာတာ အဲဒီ ဆေးတွေ စပ်တာကို လေးချိုပျော်တယ်၊ လေးချို ဆေးကုတတ်ပါတယ် ဦးလေး၊ လေးချို အမရော၊ ညီမရော ဆရာဝန် လုပ်ကြမျာ တော် ပီ ပေါ့၊ ဆရာဝန်နှစ် ယောက် တောင် ရနေပီဘဲ၊ အဖိုးလို ဆေးဆရာ ဘယ်သူမှ မလုပ်ချင်ဘူး၊ ဒါပေမဲ့ လေးချို လုပ်ချင်တယ်. . .’
‘ဟေ. . . ဟေ. . . အထူးအဆန်းဘဲ’
‘ဗမာဆေးလဲ သိပ်စွမ်းတယ် ဦးလေးရဲ့ ၊ေးလချိုအဖိုးနဲ့ ဆေးလိုက်ကုဘူးတယ်၊ နှစ် နှစ် သား ကောင်လေး အပြင်းဖျားပီူး တက်တာ သတိမလည်ဘူး၊ အဲဒါ မိုးကောင်းမှာ ၊ ဆရာဝန် လက်လျော့ပီ ဦးလေးရဲ့ ပထမ ဗမာဆရာနှစ် ဦး အရမ်းလုပ်တာ၊ ရောဂါ သဲမှ ဆရာဝန်ခေါ်တာကိုး၊ ဆရာဝန်လဲ နှစ် ယောက် လဲတယ်၊ အဖိုးနဲ့ လေးချို မိုးကောင်းရောက်သွားတော့မှ. . .’
‘ဟုတ်တယ် မောင်ရင်ရေ ကျုပ်တို့မြေးအဖိုးနှစ် ယောက် စောင့်ကုရတာ ၊ ကလေးက သလိပ်ကြီးစိုးတဲ့ သူငယ်နာ၊ သူဌေးသားသမီးဆိုတော့ အအီအဆိမ့်စာ အချိုစာတွေ ကျွေးထား တာ အပုပ်များ ပြီး ချွဲအားကြီးတာပေါ့၊ အင်မတန် အကုခက်တယ်၊ ဆေးဆရာတွေ သိဘို့က ကလေးဟာ ဆေး မစောင့်ဘူး၊ ကပ်မှ ဖုတ်ပူ မီးတိုက် ဆေးရှာဘို့ မလွယ်ဘူး၊ သလိပ်ဆေး အမြဲ ဖော်ထားရတယ်၊ သုံးခွက်တိုက်လို့မှ မရရင် လက်လျှော့ရမယ်၊ ကျုပ်စေတနာ ကလေး ကုသိုလ်ဘဲပ၊ ကလေး ရောဂါ ယူပစ်သလို ပျောက်တာ၊ နောက်တနေ့ အစာတောင်းတာဘဲ’
အဖိုးက ကျမပြောစဉ် ဖြတ်၍ ပြောလိုက်လေသည်။ ကိုထွန်းလင်းက အဖိုးကို တလှည့် ကျမကို တလှည့် ငေးကြည့်နေသည်။ ထို့နောက်. . .
‘တိုင်းရင်း မြန်မာဆေးပညာကို သိပ္ပံနည်းကျကျကနဲ့ စနစ်တကျ မြှင့်တင်လိုက်မယ်ဆိုရင် ခုလက်ရှိ ကမ္ဘာ့ဆေးပညာနဲ့ ရင်ဘောင်တန်း ချီတက်နိုင်မှာ ဘဲ၊ ဗမာ့ ဆေးပညာကို အထင်မကြီး ကြပေမဲ့. . . သူ့မှာ အတော် ထူးခြားတဲ့ ၀ိသေသနတွေ ရှိတယ်ဆိုတာ ကတော့ တွေ့ ကြုံလူတိုင်း ၀န်ခံရတာ ဘဲ။ တချို့နေရာမှာ ဆရာဝန်များ ထက် သာလွန်တာ တွေ့ ရတယ် ဦးရဲ့ . . .’
ကိုထွန်းလင်းက လေးနက်စွာ ၀င်ပြောသည်။ အဖိုးက ကွမ်းဝါးရင်း ထွေးခံထဲသို့ ထွေးထည့် ပြီးနောက်. . .
‘အဲ ကျုပ်ပြောတော့ ကိုယ့်ငါးချဉ် ချဉ်ရာကျနေမှာ ပ၊ ဆရာဝန်များ က မုချသေလိမ့်မယ် ဆုံးဖြတ်ထားတဲ့ လူနာတွေ ကို ဗမာဆေးဆရာတွေ ကုသကြလို့ တချို့လူနာများ ပျောက်ကင်း ချမ်းသာကြတာဘဲတဲ့၊ ကျုပ်အတွေ့ အကြုံအရလဲ အသက်တွေ ကျုပ်ကယ်ခဲ့ရတာ မနည်းဘူးပ၊ ဒါကြောင့် မို့ တကယ်သိနားလည်တဲ့ အင်္ဂလိပ်ဆရာဝန်ကြီးများ ကိုယ်တိုင် တိုင်းရင်းမြန်မာ ဆေးပညာကို လေးစားသမှု ရှိကြတယ်၊ ဆရာဝန်ကြီး ကာနယ်မင်းစိန်တို့၊ ဒေါက်တာ ၀ဏ္ဏတို့ဆိုရင် မြန်မာဆေးကို အတော် အရေး ထားတဲ့ ပုဂ္ဂိုလ်တွေ ဘဲကွဲ့’
‘၁၉၅၂ ခုနှစ် တုံးက အရင်အင်္ဂလိပ်ခေတ်က တိုင်းရင်းသားဆေးပညာ စည်းစနစ်ကို စုံစမ်းတဲ့ ကော်မီတီ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့အနေနဲ့ ကျဆင်းနေတဲ့ တိုင်းရင်း မြန်မာဆေးပညာကို စနစ်တကျ မြှင့်တင်ဘို့ ရည်ရွယ်ပြီး ကော်မီတီဖွဲ့သေးတယ် မဟုတ်လား. . . ဦး. . .’
‘ယော်. . . မောင်ရင်လေးလဲ ဒါတွေ လေ့လာထားမှကိုး၊ ရှေ့ပြေး ကော်မီတီအ ဖြစ်ခန့်ထား တဲ့ ဆေးဆရာကြီး ၁၂ ဦးမှာ ကျုပ်လဲပါသေးပ၊ ကျန်းမာရေး ဌာန ညွှန်ကြားရေး ၀န် ဦးမောင် ကလေး ဥက္ကဋ္ဌဗျား၊ သခင်ကိုယ်တော် မှိုင်းက ဒုတိယဥက္ကဋ္ဌ အင်းစိန်ခရိုင် ဆရာဝန်ကြီး ဦးဝဏ္ဏက အကျိုးဆောင်ပေါ့ဗျာ၊ ကျုပ်တို့က ၁၂ ဦးပ’
‘သြော်. . . ဒါကြောင့် မို့ မနှစ် က ရန်ကုန်မှာ တိုင်းရင်းမြန်မာ အခမဲ့ ဆေးကုဌာန ၉ ခုနဲ့ မန္တလေးမြို့မှာ ကိုးခု ဖွင့်ခဲ့တာကိုး. . .’
အဖိုးနှင့် ကိုထွန်းလင်းတို့ တိုင်းရင်းမြန်မာဆေးပညာကို ဆက်၍ ဆွေးနွေးကြသော အခါ ဦးကံထူးက တ၀ါးဝါးသန်းနေသည်။ ကျမက ဒေါ်လေးငြိမ်းနှင့် အတူ အိမ်နောက်ဖေးသို့ ၀င်ခဲ့ပါ သည်။ ကျမက ဒေါ်လေးငြိမ်းနှင့် အတူ အိမ်နောက်ဖေးသို့ ၀င်ခဲ့ပါသည်။ ဒေါ်လေးငြိမ်းက ရေနွေးအိုးကို ထပ်တည်ကာ မီးထိုးရင်း ကျမ၏ ပခုံးကို လှမ်းပုတ်ပြီး. . .
‘လေးချိုရဲ့ အဖေတော့ စကားပြောဘို့ အဖော်ရနေပြီ၊ အတော် လေပစ်နိုင်တဲ့လူ ဦးကံထူး ကြီးတောင် လက်မြှောက်ပီဟေ့၊ အိပ်ငိုက်လို့ တရေး တောင် ရနေပီလား မပြောတတ်’
ဟု ပြောရင်း ရယ်မောနေသည်။
‘သူက အဖိုးနဲ့သာ အဖော်ရမှာ ဘဲ လေးချိုတို့ကို အဖတ်တန်တယ်တောင် ထင်တာ မဟုတ်ဘူး၊ လေးချိုတို့ကိုကြည့်ရင်တောင် မျက်မှော င်ကြီးကုပ်ကုပ်ပီး ကြည့်တာ. . .’
ကျမက မျက်မှော င်ကုပ်ပြကာ ပြောလိုက်ရာ ဒေါ်လေးငြိမ်းက ပြုံးနေပြီး. . .
‘သူက မနေ့က ရောက်ရောက်ချင်း နင်နဲ့ အဖေတို့ မြေးအဖိုးနှစ် ယောက် ဟာ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ဥပဓိရုပ်ကောင်းတယ်ဆိုတဲ့အကြောင်း တောက်ပတဲ့ မျက်လုံးများ နဲ့ နှာတံစင်းတာ ဟာလဲ အလွန်တင့်တယ်လို့ အရေး တယူပြောနေပါရောလားဟဲ့’
‘မသိပါဘူး ဒေါ်လေးရယ်၊ သူက လေးချိုကို ကလေးတဲ့၊ ရေတော့ခပ်ခိုင်းတယ်၊ ခိုင်းဘို့ လောက်သာ ခေါ်ခိုင်းတာပါ၊ အလကားပါ ဒေါ်လေးရယ်. . .’
‘ဘာလဲ ဖြစ် ဖြစ်ပ သူ့အသက်အရွယ်နဲ့စာရင် သိပ်တော် တဲ့ လူတယောက် ပါ၊ သူနဲ့အတူတူ ပါလာကြတဲ့ သတင်းစာဆရာတွေ က အရက်သောက်တတ်တယ်၊ ဒီမှာ တောင် အားနာလို့ မတည်းဘူး၊ အဲဒီ လူတွေ နဲ့ ဦးကံထူးကြီးနဲ့ ပေါင်းမိနေတာ ညနေကျရင် ဦးကံထူးတောင် ဒီမှာ ထမင်းမစားဘူး၊ သူ ကတော့ အရက်လဲမသောက် ဒေါ်လေးဖြင့် ဒီလူ ဆေးလိပ်သောက်တာ တောင် မတွေ့ မိဘူး၊ ပေါင်းသင်းဆက်ဆံရေး တော့ လိုတာပလေ၊ အလ္လာပ သလ္လာပ ပြောတာ မကြားဘူးဘူး’
ကျမသည် အိမ်နောက်ဖေးမှ ကုက္ကိုပင်ကို ပတ်လည်ရိုက်ထားသော ကွပ်ပစ်ပေါ်တွင် ခြေတွဲ လောင်းချကာ သွားထိုင်ရင်း စဉ်းစားသလို ငိုင်နေမိသည်။ တိုးလွင်၏ မခိုးမခန့်မျက်နှာကို မြင်ယောင်မိပြီး ရယ်မောသံကိုပါ ကြားယောင်နေမိသည်။
‘သြော်. . . ထွန်းလင်းက နင့်ရည်းစားမို့ တော် တာ ပြောရတာ လား၊ နင် သူ့ကို ကြိုက်နေပီ ပေါ့’ ဟူသော တိုးလွင်၏ စော်ကားမော်ကားစကားများ ကို ကြားယောင်မိကာ ဒေါသထွက်လာ သဖြင့် ‘တောက်’ တချက်ခေါက်လိုက်မိလေသည်။
အခန်း (၅)
မနက်က တိုးလွင်တို့နှင့် ရန် ဖြစ်ကြသည့်ကိစ္စကို တင်တင်ချိုက ဒေါ်လေးအားပြန်ပြော သော်လည်း ကျမက ဘယ်သူ့ကိုမှ ပြောမပြပေ၊ တင်တင်ချိုက ဒေါ်လေးကို အဖိုး မသိစေရန် လျှို့ဝှက်ထားဘို့ ရှိခိုးဦးတင်ပြောနေသည်။ အဖိုးကား ရန် ဖြစ်တာတွေ ၊ ရှုပ်ရှုပ်ရှက်ရှက် ဖြစ်တာတွေ မကြိုက်၊ မြေးများ ကို ချစ်ခင်မြတ်နိုးသလောက် ဆုံးမစရာရှိလျှင်လည်း မညှာမတာ ဆုံးမတတ် လေသည်။
‘ဘယ်သူနှင့် မှ ဖက်ပြိုင်ရန်မ ဖြစ်နှင့် ၊ ရန် ဖြစ်တာလောက် စိတ်နေသဘာဝ အောက်တန်း ကျတာ မရှိဘူး’ ဟု အဖိုးက မကြာခဏ ဆုံးမဘူးသည်။ နံနက်ခင်းက တိုးလွင် စုစုလွင်တို့ မောင်နှမတတွေ နှင့် ဖြစ်ခဲ့သည့် အရေး အခင်းကို အဖိုးသိခဲ့သည်ရှိသော်. . .
သည်အရေး အခင်းတွေ ကို ကျမ ဆက်မတွေးတော့ပေ။ ရန် ဖြစ်စဉ်က ဖရိုဖရဲ ဗရမ်းပတာ ဖြစ်ခဲ့သေ၀ာ ကျမ၏ အ၀တ်အစားများ နှင့် ဆံပင်များ ကို လ်းသွားလမ်းလာရင်း ပြုပြင်ခဲ့သဖြင့် ဘယ်သူမှလည်း ရပ်မိဟန်မတူ၊ ကျမကလည်း အခြေမပျက် အဖိုး ဦးကံထူးနှင့် ကိုထွန်းလင်းတို့ စကားဝိုင်းထဲဝင်ရောက်နားထောင်ခဲ့လေသည်။
ထိုနေ့က စိတ်အေးလက်အေးနှင့် သီချင်းသီဆိုကာ ခေါင်းများ ပင် လျှော်မိသေးသည်။ ၉ နှစ် သမီးအရွယ်က အရှည်ထားခဲ့သော ဆံပင်သည် တင်ပါးအလယ်ရောက်အောင် ရှည်လည်း ရှည်ကာ သန်လည်း သန်စွမ်းလေသည်။ ကိုယ့်ဆံပင် ကိုယ်မနိုင်သဖြင့် ဒေါ်လေးက ကူလျှော်ပေး ကာ ဆံပင်များ ကို ရှင်းပေးရလေသည်။
အဖိုးက ဒေါ်လေးကို နို့ထမင်းကြိုခိုင်းထားသဖြင့် ကျမဆံပင်များ ကို အဖိုးကိုယ်တိုင်ပင် ဘီးနှင့် ခုတ်ဖြီးကာရှင်းပေးနေသည်။
‘ကြည့်စမ်း. . . ဆံပင် သိပ်သန်တယ်၊ အုန်းဆီ အမြဲလိမ်းနော် သမီး၊ အုန်းဆီလိမ်းရင် ဦးရေထဲ ရောက်အောင်လိမ်း၊ ဆံပင်အရောင် နီကြောင်ကြောင် ဖြစ်မနေဘူးပ၊ သမီးဆံပင်အရောင် က မဲနက်ပီး အင်မတန်လှတယ်၊ အဲလိုဘဲ လှနေပေ့စေ. . .’
‘ဟုတ်ကဲ့ အဖိုး၊ သမီး လိမ်းပါတယ်. . .’
အဖိုးက ကျမဆံပင်များ ကို စိတ်ရှည်လက်ရှည် ဖြီးပြီးနောက် ဆံပင်အဖျားကို ထုံးပေး လိုက်လေသည်။ အနံ့တသင်းသင်းနှင့် မွှေးပျံ့နေသော သရဖီပန်းကုံးကို ကျမ၏ ချိုစောင်းနဘေး တွင် ကလစ်နှင့် ထိုးကာ ပန်လိုက်လေသည်။ အဖိုးက ကွမ်းယာကိုယာကာ ပါးစပ်ထဲထည့် ငုံထား လေသည်။
တင်တင်ချိုကမူ ကျမအနီး ကွပ်ပစ်ပေါ်တွင် လာထိုင်ရင်း သူ့ဆံပင် ပလူမွေးပလူတောင် လေးကို လက်နှင့် သပ်၍ ကျစ်ဆံပြီး ကျစ်နေသည်။
‘ဒီကောင်မလေးဟာ ထောလပတ်ရွက်ကျိတ်ပီး လိမ်းလို့ဆိုတာ လိမ်းမှမလိမ်းဘဲ၊ ဆံပင်ပါး ရင် ရုပ်ပျက်တယ်၊ ရုပ်ကလေးချောရဲ့ သားနဲ့ ဆံပင်ကြောင့် ရုပ် မပျက်စေနဲ့. . .’
သည်တော့ ကျမက တင်တင်ချိုအား အဖိုးမကြားအောင် နောက်ပြောင်နေသည်။ တင်တင် ချိုက. . .
‘ယော်. . . ဟောဒီမှာ အဖိုး လေးချိုရယ် ကျမကို ပြောင်နေတယ်၊ ကျမ ဆံပင်ပါးတာ တရုပ်မွေးတဲ့’
အဖိုးက ကွမ်းတမြုံ့မြုံ့ဝါးရင်း သတင်းစာ ဖတ်နေရာမှ. . .
‘ဟင်း. . . မပြောင်နဲ့လေ. . .’
‘ပြောင်တာ မဟုတ်ပါဘူး အဖိုးရဲ့ ၊ တကယ်ပြောတာပါနော်. . . တရုပ်အမွေး. . .’
ကျမက ဆက်၍ မခံချင်အောင် စရင်း ရယ်မိလေသည်။
‘နင့် ဆံပင် ကတော့ ဘုတ်သိုက်ကြီး ကုလားအမွေး’
‘ဟဲ့. . . စကားရိုင်းရိုင်း မပြောကြနဲ့လေ၊ နင်တို့ဟာ ဘာ ဖြစ်လို့ တယောက် ကို တယောက် နစ်နာအောင် ပြောနေရတာ လဲ ရန် ဖြစ်ရင် ငါ နှစ် ယောက် စလုံး ထရိုက်မှာ နော်၊ ဒါဘဲ ပြောမယ်. . .’
သို့နှင့် ပင် ကျမတို့ ညီအမနှစ် ယောက် အဖိုးမကြားအောင် တီးတိုးလေသံနှင့် တယောက် ကို တယောက် လက်ညှိုးထိုးကာ ‘တရုပ် အမွေး’ နှင့် ‘ကုလား အမွေး’ ဟု အပြန်အလှန် ပြောဆိုရင်း နောက်ပြောင်နေကြပြန်သည်။
ထို့နောက် တင်တင်ချိုက ရေဒီယို ‘ထ’ ဖွင့်နားထောင်ရင်း အိမ်ရှေ့ဘုရားစင်နှင့် နံရံများ မှ ဖုံများ ကို ခါနေသည်။ ကျမကမူ အဖိုးအတွက် သိုးမွေးခေါင်းစွပ်ကို လက်စသတ်ထိုးနေသည်။ ရေဒီယိုမှ မွေးနေ့လက်ဆောင်ဓာတ်ပြားသီချင်းများ လာနေရာ၊ ကုတ်ကိုင်း ချယ်ရီရိပ်သာ အိုင်ဗီ၊ ပက်ဂီ၊ မယ်ရလင်း၊ အယ်နီ၊ သင်း၊ ၀င်း၊ လင်းတို့က. . . တောင်တန်းမြေမှ ‘စုစုလွင်’ အတွက် မွေးနေ့လက်ဆောင်ဟု ကြေညာလေသည်။
တင်တင်ချိုက ကျမအား လှမ်း၍ . . .
‘ဟေ့. . . ကြားလား. . . လေးချို စုစုလွင်အတွက် မွေးနေ့လက်ဆောင်တဲ့ နင့်အချစ်တော် လေ. . .’
‘တော် စမ်းပါ သောက်မြင်ကတ်လွန်းလို့. . .’
အဖိုးက သင်ဖြူးပေါ်လှဲနေရာမှ ကျမဖက်သို့ လှည့်ကာ. . .
‘လေးချို ဒီလိုမပြောနဲ့ သောက်မြင်ကတ်တယ်လို့ပြောတာ အဖိုးကြားရတာ နှစ် ခါရှိပြီ၊ ဒီစကားမျိုး ဘယ်တော့မှ မသုံးရဘူး၊ ဖရုဿဝါစာ မပြောရဘူးလို့ အဖိုးမှာ ထားတယ် မဟုတ်လား၊ ပီးတော့ လူလူချင်း အမြင်ကတ်တယ်ဆိုတာ အင်မတန် သေးသိမ်တဲ့စိတ်ထား ‘မုန်းတာတို့ အမြင် ကတ်တာတို့ ရန်လိုတာ’ တို့ဟာ စိတ်နှလုံးကောင်းရှိတဲ့ လူရဲ့ ၀မ်းထဲမှာ မရှိအပ်တဲ့ စိတ်ထားရှိလာ ရင် ဖျောက်လိုက်ပ၊ ကြားသလား လေးချို၊ နောက်တခါကြားရင် အဖိုးရိုက်မယ်ပ’
‘ဟုတ်ကဲ့. . .’
‘အေး. . . လူအ ဖြစ်ကိုရတဲ့ အခိုက်အတံ့မှာ လူကောင်း ဖြစ်အောင် ကြိုးစားရမယ်ပ၊ မိမိ ကိုယ်ရဲ့ ၀မ်းတွင်း အဇ္ဈတ္တသဏ္ဍာန်မှာ သင့်မြတ်သော နှလုံးသွင်းရမယ်တဲ့ ဘုရားက ဟောခဲ့တယ် သမီးတို့ရဲ့ ၊ တင်တင်ချိုရော နားလည်လား’
‘ဟုတ်ကဲ့ နားလည်တာပ အဖိုး’
‘လူတယောက် တွေ့ မြင်လိုက်ရတာ နဲ့ နှလုံးသွင်း လိမ္မာရင် ဒီလူကို တွေ့ မြင်ကြရတဲ့ ခဏမှာ ကုသိုလ် ဖြစ်သကွဲ့၊ နှလုံးသွင်း မလိမ္မာရင် အကုသိုလ် ဖြစ်ရတယ်၊ ကုသိုလ် ဖြစ်တော့ ကောင်းတဲ့ သုဂတိ ကောင်းရာဘုံကို ရောက်တယ်၊ အကုသိုလ် ဖြစ်တော့ ဘယ်သွားမလဲ ဖြေစမ်း’
‘အပယ် ငရဲ’
တင်တင်ချိုက မဆိုင်းမတွဖြေသည်။ ကျမကမူ ကြောင်တောင်တောင်နှင့် အဖိုးမျက်နှာကို စိုက်ငေးနေမိသည်။ အဖိုးသည် အသက် (၆၀) ကျော်ခဲ့သော်လည်း သန်သန်မာမာ ဖျတ်ဖျတ်လတ် လတ် ရှိဆဲပင်တည်း။ ဆံပင်များ မှာ အနည်းငယ်သာ ကြိုကြားဖြူလျက် သန်စွမ်းဆဲလည်း ဖြစ် သည်။ အဖိုး၏ သျှောင်စောင်းဆံထုံးမှာ အမြဲပင် သပ်ယပ်နေသည်။
မျက်နှာတွင် ဇရာအို၏ အရေး အကြောင်းအတွန့်အလိပ်ထင်လာသော်လည်း အသားအရေ မှာ ငယ်စဉ်ကလို ချောမွတ်နေဆဲပင် ဖြစ်သည်။ အသားမှာ ဖြူသည်ဆိုသော်လည်း စကားဝါသွေး ဖြစ်ပေသည်။ အဖိုးမှ မြန်မာစင်စစ် ဖြစ်သည်။ ဟိုပင်မြို့မှာ မြန်မာအနေများ သည်။ ကချင်ပြည်နယ် ထဲတွင် ရှိပေမင့်လည်း ကချင် အနည်းငယ်သာ နေထိုင်သည်။ အထက်ရှမ်းနှင့် ရှမ်းမြန်မာများ လည်း ရှိကြသည်။ အားလုံး သွေးတူ သားတူပမာ တပြေးတည်းချစ်ခင်ရင်းနှီးစွာ နေထိုင်ကြပေ သည်။
‘အေး. . . ဟုတ်ပ ဒါကြောင့် မို့ သမီးတို့ ‘ယောနိသော မနသိကာရ’ ဆိုတဲ့ သင့်မြတ်တဲ့ နှလုံးသွင်းရမယ်. . .’
‘ဒါပေမဲ့ အဖိုးရဲ့ လူတယောက် ယောက် က သမီးတို့ကို သိပ်မတရားလုပ်လာရင်ကော ဒီလိုဘဲ ငုံ့ခံနေရမှာ လား အဖိုး’
‘တရားကို နတ်စောင့်ပါတယ် ကလေးရဲ့ ဘယ်လောက်ပဲ မတရားလုပ်လုပ်ပေါ့ ပြုသူ အသစ်ခံရသူ အဟောင်းတဲ့၊ သူလုပ်က သူ့အကုသိုလ် ဖြစ်တယ်၊ ကိုယ်က အဲဒီ အကုသိုလ်ကို လက်ဝေမခံနဲ့ သိပ်မတရားလုပ်ရင် မိဘလူကြီးများ ကို တိုင်၊ ဥပဒေမဲ့ လုပ်လာရင် တရားဥပဒေလဲ ရှိတာဘဲ၊ အဖိုးမြင်တာတော့ သည်းခံခြင်းဟာ အကောင်းဆုံးပ မိန်းခလေး၊ သည်းခံခြင်းဟာ ကောင်းမြတ်တဲ့ပါရမီဘဲ၊ ကိုယ့်တချက်ရိုက်ရင် ပြန်ရိုက်ချင်တာချည်းဘဲ၊ လက်တုံ့ပြန်ဘို့က လွယ် တယ်၊ သည်းခံဘို့သာ ခက်တာ၊ သည်းခံတယ်ဆိုတာ ကြောက်လို့ငြိမ်သွားတာမျိုးလဲ မဟုတ်ဖူးပ နော. . .’
တင်တင်ချိုက ခေါင်းတညိတ်ညိတ်နှင့် နားထောင်သော်လည်း ကျမမှာ ခေါင်းတချက်မှ မညိတ်ပေ။ စိတ်ထဲ မကျေမနပ်နှင့် နားထောင်နေသဖြင့် မျက်နှာက မှု န်သိုးသိုး ဖြစ်နေမည် မှာ သေချာသည်။ အဖိုးက ကျမ၏ မျက်နှာကို ဂရုတစိုက်ကြည့်နေပုံမရသဖြင့် တော် သေးသည်။ တင်တင်ချိုကမူ မလှမ်းမကမ်းတွင် ရပ်နေရာမှ ကျမအား သူ့လက်ညှိုးလေးကွေးချေဆန့်ချေပြုလုပ် ကာ နောက်ပြောင်နေသည်။ တင်တင်ချိုအား မျက်စောင်းထိုးကာ နှုတ်ခမ်းစူနေလိုက်သည်။
ခေါင်းမှ သရဖီပန်းများ ဆွဲဖြုတ်ကာ တင်တင်ချိုအား လှမ်းပေါက်လိုက်သည်။ သရဖီပန်း များ ကြမ်းပေါ်ပြန့်ကျဲသွားလေသည်။ အဖိုးက သတင်းစာဖတ်နေသဖြင့် ကျမတို့ကို မမြင်။ နွေရာသီ၏ နေ့လယ်ခင်းတွင် မူးယစ်ကာ သတင်းစာဖတ်ရင်း ငိုက်မြည်းချင်လည်း ငိုက်မြည်းနေပေ လိမ့်မည် တကား။
အခန်း (၆)
ပန်းရွှေဖီ ကြိုင်လှောက်၍ ပိတောက်သင်းချိုချိုတို့ကား သင်္ကြန်ကို ကြိုလျက်ရှိလေသည်။ သင်္ကြန်မိုး ရွာလုလုနှင့် ရှစ်ရပ်ခွင်မှာ အုံ့ဆိုင်းနေသည်။ ဟောင်းရွက်ဝါ အခါလှစ်၍ တာသစ်တော့ မည် တွင် ပန်းကံ့ကော်တို့ကား မြေပြင်ပေါ် ၀တ်မှုံကျင်းနေသည်။
နှစ် ထပ် ပျဉ်ထောင်အိမ်ကြီးတည်ရာ ကျမတို့ ခြံဝင်းကြီးက ဧက၀က်မျှကျယ်၍ တောင်သပြေ၊ သရက်၊ မရမ်း ပိန္နဲ မာလကာပင်များ အပြင် ကုက္ကို ညောင်ပင်ကြီးများ မလပ်စေရ။ ၀တ်ဆံဝါ၀ါနှင့် နွေတွင် အစွမ်းကုန် ပွင့်တတ်သော သရဖီကံ့ကော်နှင့် ပိတောက်တို့လည်း ရွက်လည်း စိပ်စိပ် စေ့စေ့သိပ်လျက်ရှိသည်။
ရဂုံဘွေလယ် အပန်းဖြေစခန်းလို ကျမတို့၏ အဖိုးခြံဝင်းကြီးက သာတောင့်သာယာရှိလေ သည်။ ယခုလို မွန်းလွဲပိုင်းနှင့် ညနေခင်း မရောက်မီတွင် ‘ဖိုးခေါင်’ ငှက်အော်သံကို ကြားနေရပေ သည်။ စင်စစ်အားဖြင့် ဖိုးခေါင်ငှက်သည် အပျံအသန်းနည်းပါးပြီး နားနေတတ်သော ငှက်မျိုး ဖြစ် သည်။ ကျွန်းတောများ အတွင်း သစ်ပင်ထိပ်ဖျား၌ သာ နေလေ့ရှိသည်။
အင်းတော် ကြီး ရွှေမဉ္ဇူဘုရားသို့ သွားရာလမ်း၊ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်နေ ရောင် မခသော သစ်ပင်ဝါးပင်ထူထပ်သော မြိုင်ယံတောတို့တွင် သာ ကွန်းထောက်၍ မြင်ရခဲသော ငှက်မျိုးပေမင့်၊ ကျမတို့ ခြံထဲ တကိုယ်လုံး အစိမ်းရောင် လွှမ်း၍ ရင်ပတ်၌ အပြာရောင် ကြက် သွေးရောင် အပြောင်အကွက်များ ရှိကာ. . . နှုတ်သီးတုတ်တုတ်နှင့် ဖိုးခေါင်ငှက်ကို အဖိုးပြ၍ မြင်တွေ့ ဘူးပါသည်။
ရွှေဘိုးခေါင်ငှက်၏ ရင့်ရူသံကို နာခံရတိုင်း ရင်ထဲအေးမြသွားမြဲပေမင့်လည်း ကျမခေါင်း လျှော်ပြီး နောက်တရက် ဒီလိုနေ့ခင်းအချိန်၌ ကား ကျမ၏ ရင်ထဲ၌ ညို့ညို့ညီးညီး. . . ရှို့မီးတွေ ထိန်ဆိုသလို လောင်စာလောင်မီးမြိုက်တော့သည်။
ဗြုံးဆို တိုးလွင်တို့မိသားစု၊ ရပ်ကွက်လူကြီးများ ၊ ဘုရားဖူးရောက်လာကြသော ပါလီမန် အမတ်များ ၊ မိုးကောင်းမှ မြို့အုပ်အပြင်၊ ရဲ ယစ်မျိုး အင်စပိတ်တော် တို့ပါ ကျမတို့ အောက်ထပ် တခန်းလုံး ပြည့်သွားသည်။
စုစုလွင်တို့အမေက စတင်၍ နတ်သံနှောကာ ယမန်နေ့က ဖြစ်ပျက်သော ကိစ္စအလုံးစုံကို ပြောပြေနေသည်။ ခရမ်းနုရောင် ဇာကအင်္ကျီပါးပါး လက်စက၊ အနက်ခံတွင် ခရမ်းရောင် ကန်ဇွန်း ရွက်ပွင်များ ရိုက်ထားသော ပိုးတွန့်လုံချည်၊ အိန္ဒိယတိုင်း ဖြစ် ရွှေခြည်ထိုး ဒေါက်မြင့်ဖိနပ်၊ နိုင်ငံခြား လုပ် လက်ကိုင်အိတ်အဖြူနှင့် စုစုလွင်တို့အမေ ဒေါ်ရီရီလွင်သည် သားနားသည့်အပြင် ယဉ်စစနှင့် အသွင်လှသူလည်း ဖြစ်ပေသည်။
ဗိုလ်မှူး သိန်းလွင်ကား အသားလတ်လတ် ထောင်ထောင်မောင်းမောင်းနှင့် အရပ်ဝတ် ၀တ်ထားသည်။ ပါးစောင်တွင် ဆေးတံခဲလျက် တခွန်းတပါဒမှ ၀င်ရောက်ပြောဆိုခြင်းတော့ မရှိပေ။ သူ့မိန်းမပြောဆိုသရွေ့ကို နားထောင်၍ အဖိုးကိုသာ အကဲခတ်သလို ငေးကြည့်နေသည်။ သူ့မျက်နှာတွင် လည်း အားနာဟန်အရိပ်အရောင် များ သန်းနေသည်။ တခါတခါလည်း သူ့မျက်နှာ ထားမှာ တင်းမာသွားသည်။
ဒေါ်ရီရီလွင်ကမူ စက်သေနတ်ပစ်သကဲ့သို့ စကားကို ဒလစပ်ပြောနေသည်။
‘ဒီမယ် အဖိုးကြီးရဲ့ စဉ်းစားကြည့်စမ်း၊ အဖိုးကြီး မြေးက ကျမသားနဲ့ သမီးကို ဓါးနဲ့လိုက်တာ ပေါ့ပေါ့ဆဆ မဟုတ်ဖူး၊ ဆွဲမဲ့သူတွေ ရှိလို့သာပေါ့၊ မရှိရင် ကျမ သားသမီးတွေ ဘယ်လို ဖြစ်မလဲ ရှင့်၊ ကျမ သမီးကိုလဲ ပါးဆွဲရိုက်သေးတယ်၊ ဘင်္ကျီရင်ပတ်မှာ စုတ်ပြဲနေတာ မြင်မကောင်းဘူး၊ ကျမတို့ရောက်ခဲ့တာ နယ်ပေါင်းစုံခဲ့ပြီ၊ ဒီလိုတခါမှ မ ဖြစ်ဖူးဘူး၊ သူတို့ကို သူတို့ကို ဘယ်သူကမှ မော့ကြည့်ရဲတာ မဟုတ်ဖူး’
ဆွေ့ဆွေ့ခုန် ခံပြင်းသော အမူအရာနှင့် ပြောရင်း ဒေါ်ရီရီလွင်၏ အသံမှာ တုန်နေသည်။
အဖိုး၏ မျက်နှာမှာ အလွန်နီနေသည်။ စွပ်ကျယ်အင်္ကျီလက်ရှည်၊ အဖြူခံ ပလေကပ် လုံချည်တွင် အစိမ်းကွက်များ နှင့် ဥပဓိရုပ်ခန့်ညားလှေသော အဖိုးမှာ ဒေါ်ရီရီခေါ်ဝေါ်လိုက်သော ‘အဖိုးကြီး’ ဟူသော အသုံးအနှုန်းကြောင့် အဖိုးမှာ များ စွာ နုံချာသေးနုတ်သွားရရှာသည်။
အဖိုးသည် ‘အဖိုးကြီး’ ‘အဖွားကြီး’ အခေါ်အဝေါ်ကို ရှေ့တွင် ခေါ်ဝေါ်ခြင်းက အလွန်ရိုင်း သည်ဟု ကျမတို့အား မကြာခဏ ဆုံးမဘူးသည်။ အဖွါးမဆုံးခင် တနှစ် က အဖွါးကို ‘အဖွါးကြီး’ ဟု လှမ်းခေါ်မိသဖြင့် အဖိုးက သူ့လက်ဝါးပြတ်ကြီးနှင့် ကျမအား ရိုက်ဖူးသည်။ အလွန်မရိုသေ မလေးစားရာ ရောက်သည်ဟုလည်း အယူရှိသည်။
ယခုတော့ အဖိုးကို ဒေါ်ရီရီလွင်က ‘အဖိုးကြီး’ ဟု အကြိမ်ကြိမ်ခေါ်သည်။ ကျမမှာ ကျမအတွက် အဖိုးအပြောခံရသည့်အတွက် များ စွာ စိတ်မကောင်းပေ။ အဖိုးက ဒေါသလည်း အလွန်ထွက်နေသည်။ အဖိုး၏ ဒေါသကား ကျမဘက်သို့ လှည့်နေသည်ဟု တထိုင်တည်း သိနေ ပါသည်။
မြို့အုပ်က. . .
‘ကျွန်တော် လဲ အဲဒီ တုံးက ဆံပင်ညှပ်နေတယ် ဦးအောင်ဖေ၊ ဒီကလေးမ ဓါးနဲ့လိုက်နေတာ ဆံပင်ညှပ်ဆိုင်က မြင်မိပါတယ်၊ ဒါ့ကြောင့် ဆွဲကြပါလို့တောင် အော်မိသေးတယ်ဗျာ. . .’
အဖိုးကမူ ဘာဘာညာညာ စကားများ ကို ပြန်မပြောပေ။
‘လေးချို’
အဖိုးက ကျမအား လှမ်းခေါ်လိုက်လေသည်။ ကျမကား ဖျတ်ခနဲ တုန်သွားလျက်. . .
‘ရှင်. . .’
ဟု တီးတိုး ထူးလိုက်မိသည်။
‘ခု. . . ဗိုလ်မှူးကတော် လာတိုင်နေပီ၊ ကြားတယ် မဟုတ်လား. . .’
‘ကြား. . . ကြားပါတယ်၊ ဒါပေမဲ့ သူက ကျမကို စပါးရိုက်တာ. . .’
‘နင်က ပြန်ရိုက်သလား’
‘ရိုက်တာပ သူက ရိုက်တာကိုး. . .’
လူကြီးအချို့က ရယ်လျက် ‘နင်တို့ကလဲဟယ် သူက ပါးကိုက်လို့ နားကိုက်တာနဲ့ တူနေပီ’ ဟု တစုံတယောက် က ၀င်ပြောလိုက်လေသည်။
‘ပြီးတော့ ဓါးနဲ့လိုက်တယ် ဟုတ်လား. . .’
‘ကျမကို သူ့အကိုတွေ က တွန်းလှဲပီး ကန်တာကိုး အဖိုး’
မျက်ရည်များ လည်၍ ကျမ၏ အသံများ တုန်နေသည်။
‘ပြီးတော့ ဓါးနဲ့လိုက်တယ်’
‘လိုက်တယ် အဖိုး’
‘အသေသတ်မလို့ပေါ’
‘ဟုတ်တယ် အဖိုး’
‘သတ္တိ တယ်ကောင်းပါလား’
‘လေးချို ဒေါသထွက်ရင် မကြောက်ဖူးပ’
‘အေး မကြောက်တာ ကောင်းတယ်၊ ဒါပေမဲ့ သူများ ကို လုပ်ရဲ သတ်ရဲတာ သတ္တိမဟုတ်ဖူး၊ ကိုယ်ခံရဲတာ သေရဲတာမှ သတ္တိ နားလည်လား. . .’
အဖိုးက သူ့ခါးတွင် ပတ်ထားသော သားရေ ခါးပတ်ကို ဖြုတ်လိုက်လေသည်။ ကျမသည် ကျမကြမ္မာကို ကျမ မြင်နိုင်ပြီး ရင်ထဲ ဒိတ်ခနဲ ခုန်သွားမိသည်။ နဖူးတွင် ဇောချွေးများ ပြင်လာကာ ကျမကို ၀ိုင်းကြည့်နေသော လူများ ကို ၀ိုးတိုးဝါးတားမျှသာ မြင်ရတော့သည်။ အဖိုးကား အိမ် အခန်းဝတွင် ရပ်ကြည့်နေသော ဒေါ်လေးအား လှမ်း၍ . . .
‘မခင်ငြိမ်း. . . လေးချိုကို ဟိုတိုင်မျာ ကြိုးနဲ့တုပ်’
‘အို. . . အဖေ’
‘နင်. . . ဘာမှမပြောနဲ့. . . ငါပြောတဲ့ အတိုင်းလုပ်. . .’
ဒေါ်လေးက မျက်ရည်များ ၀ိုင်းလျက် ကတုန်ကယင် ဖြစ်နေရှာသည်။ ရပ်ကွက်လူကြီး တဦးက အဖိုးအနီးသို့ကပ်၍ . . .
‘ဦးအောင်ဖေ ကျုပ်တို့က နောင် ဒီလိုမ ဖြစ်အောင်သာ လာတိုင်တာပါ၊ နှုတ်နဲ့ ဆိုဆုံးမ လိုက်ရင် ဗိုလ်မှူးကတော် က ကျေနပ်မှာ ပါဗျာ၊ နောင် ဒီလိုမ ဖြစ်ရအောင်သာ အာမခံလိုက်ပါ မဟုတ်ဖူးလား’
ပြေပြေလည်လည် ၀င်ပြောလိုက်သည်။ ဒေါ်ရီရီလွင်က တုတ်တုတ်မှ မလှုပ်၊ တိုးလွင်တို့ ညီအကိုက အိမ်ပြင်ကွပ်ပစ်ပေါ်တွင် ခြေတွဲ လွဲထိုင်ရင်း ကျမအား လှမ်းကြည့်နေကြသည်။ စုစုလွင်က ဒေါင့်တနေရာ တောင်သပြေပင်အောက်တွင် လက်ပိုက်ရပ်ကာ နှုတ်ခမ်းစူနေပါသည်။
‘တောင်းပန်လိုက်ပေါ့ဗျာ. . . တောင်းပန်ရင် ကြေနပ်ကြမှာ ပါ၊ ရန်သူတောင် လက်နက်ချ ရင် ကျေရသေးတာ. . .’
ပါလီမန် အမတ်တဦးက ၀င်ပြောလိုက်လေသည်။ အဖိုးက ဘယ်သူဘာပြောပြော ဂရု မစိုက်။ ဒေါ်လေးဘက်သို့သာ လှည့်၍ . . .
‘မခင်ငြိမ်း လေးချိုကို ကြိုးနဲ့ချီ’
ထို့နောက် ဗိုလ်မှူးသိန်းလွင်တို့ဘက် လှည့်၍ . . .
‘အခုဟာက ခင်ဗျားတို့ကျေနပ်အောင် ကျုပ် သူ့ကို ရိုက်တာမဟုတ်ဖူ၊ လမ်းမှာ ပေါက်လွှတ်ပဲစား ရန် ဖြစ်တာကို သဘောမကျလို့ ကျုပ်ဆုံးမမှာ ၊ ဘယ်သူက ရန်စတာဘဲ ဖြစ် ဖြစ် သူ ရန်မ ဖြစ်ရဘူး၊ သေးသေးဖွဲဖွဲ အကျင့်တွေ ကို ရှောင်ဘို့ ကျုပ်မြေးတွေ ကို အမြဲသင်ခဲ့တယ်၊ ဒါကို မနာခံတဲ့အတွက် သူ့မှာ အပြစ်ရှိတယ်. . .’
အဖိုးက တည်ငြိမ်ပြတ်သားစွာ ပြောလိုက်လေရာ ဒေါ်ရီရီလွင်၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားလေသည်။
‘ဘာဘဲ ဖြစ် ဖြစ်ဗျာ. . . ဦးအောင်ဖေအနေနဲ့ ဆုံးမချင်ရင် နောက်မှ ဆုံးမတာပေါ့ဗျာ၊ ခု တောင်းပန်လိုက်ရင် ကျေနပ်ပါတယ်. . .’
မြို့အုပ်က ၀င်ပြောဆဲ. . . အဖိုးက. . .
‘တောင်းပန်ဘို့မလိုပါဘူးဗျ. . . ခုဟာက ခလေးချင်း ရန် ဖြစ်ကြတဲ့ ကိစ္စကိုးဗျ၊ တဖက်သတ် စော်ကားတာမှ မဟုတ်ဘဲ၊ ကျုပ်အနေနဲ့က သူ့မှာ အပြစ်ရှိလို့ ဆုံးမရမှာ ပ၊ ခင်ဗျားတို့ရှေ့မှာ ဘဲ ဆုံးမမယ်၊ ဒါမှ သူ မှတ်မယ်၊ နောက် သူ ဘယ်တော့မှ လုပ်ဝံ့မျာ မဟုတ်ဖူး ကိုင်း. . .’
အဖိုး သားရေခါးပတ်အသံသည် ရွှီခနဲ မြည် ပြီးနောက် ကျမအဖို့ ငရဲဘုံသို့ ခေတ္တခုန်ဆင်း ခဲ့ရသလို ဖြစ်ပါသည်။ ကျမ၏ လောကတခုလုံး အမှော င်ကျပြီး ကိုယ်ကိုတွန့်လိမ်ကာ ဝေဒနာပြင်းပြ လည်း အသံတချက်မှ မထွက်၊ အံကိုကြိတ်၍ မျက်ရည်မကျရန်လည်း တင်းခံနေသည်။
မရမ်းပင်အောက်မှ တိုင်တခုတွင် ဒေါ်လေးက ကျမ၏ လက်များ ကို နောက်မှချီထားပေး ရသည်။ ဒေါ်လေးက ကျမအနီးတွင် ထိုင်၍ ရှိုက်သံနှင့် ‘ငိုလိုက်လေ. . . လေးချို. . . ငိုလိုက်၊ ဘာလို့ တင်းခံနေ၇တာလဲ ငိုလိုက်ပ. . . အဖေ စိတ်ဆိုးနေတယ်၊ နင် သိပ်မိုက်တယ်၊ မိုက်တူး ခါးမ. . .’
ဟု ပြောရင်း ငိုနေသည်။
ဧည့်သည်များ အသီးသီး ပြန်သွားကြသည်။ တယောက် ကို တယောက် မျက်နှာရိပ်၊ မျက်နှာကဲပြကာ သူ့အလိုအလျှောက် အလျှိုလျှိုပြန်သွားကြသော ဧည့်သည်များ ၏ မျက်နှာများ ကား သာသာယာယာမရှိလှပေ။
ဧည့်သည်တွေ ပြန်သွားမှ အဖိုးအရိုက်ရပ်သည်။ အဖိုးမျက်နှာမှာ ဖြူဖျော့လျက် နှုတ်ခမ်း များ တုန်နေသည်။ ဒေါ်လေးက ကျမကို တုပ်ထားသော ကြိုးများ ကို ဖြေလိုက်သော အခါ ဒေါ်လေး ၏ ရင်ခွင်ထဲတွင် ခေါင်းစိုက်၍ ကျသွားလေသည်။ များ စွာ အားယုတ်လျက် တကိုယ်လုံးမှာ စပ်ဖျဉ်း နာကျင်ကာ နတ်ကျသလို တုန်နေသည်။ တင်တင်ချိုပါ ကျမကို ပြေးလာပွေ့ကာ တအီအီနှင့် ငိုနေသည်။ သည်တော့မှ ကျမမှာ မျက်ရည်ဖြိုင်ဖြိုင်ကျလျက်. . .
‘ထပ်ရိုက်အုံးလေ အဖိုး. . . ဘာ ဖြစ်လို့တော် လိုက်ရတာ လဲ၊ ရိုက်ပါလား၊ စုစုလွင်နဲ့ တိုးလွင်တို့ အားရအောင် ထပ်ရိုက်အုံးပ ရိုက်အုံးလေ. . .’
ဟု အသံကုန်ဟစ်အော်ပြောရင်း ငိုလိုက်လေသည်။
အဖိုးက သက်ပြင်းရှည်ကြီးချသံကို ကြားရပြီးနောက် အဖိုးသည် ကျမတို့ကို ကျောခိုင်း ထွက်ခွါသွားလေသည်။
အခန်း(၇)
မနက်လင်းကတဲက အိမ်မှထွက်ခဲ့သည်။ ဟိုပင်မြို့ ရွာရိုးလျှောက်၍ သာ နေသည်။ မနေ့ညက ညဥ့်အတော် နက်မှ အိပ်ပျော်လည်း အနက်အစောကြီး နိုးနေသည်။ အဖိုးလည်း တညလုံး အိပ်ပုံမရ။ ကျမနိုးတော့ အဖိုးမှာ ဘုရားစင်ရှေ့မှာ ဘုရားဝတ်ပြုနေသည်။
ခြေဖျားထောက်၍ အသာထွက်ခဲ့လေသည်။ ကျမစိတ်ထဲတွင် နာကျည်းစိတ် ဒေါသမာန် တွေ ကြွကာ နေသည်။ ၀မ်းနည်းကြေကွဲစိတ်မှာ လည်း ရင်ဘတ်ထဲတွင် လှိုင်းလုံးပမာ ရိုက်ခတ် နေသည်။ လှိုင်းတွေ လှိုင်းတွေ ရင်ထဲ၌ မတည်ငြိမ် ဆောက်တည်ရာမရ ဖြစ်နေသည်။ မကျေမနပ် ဖြစ်လွန်းသည့်စိတ်က ထုထယ်ကြီးမားလာကာ ရင်ထဲတွင် အစိုင်အခဲကြီး ဖြစ်နေသည်။
ကျမ အဖော်များ ဖြစ်ကြသော ဟိုပင်မြို့သူ မရီနှင့် ရွှေချစ်တို့နှင့် အတူကစားရာ ငှက်လေး များ အသိုက်လုပ်သော နေ၇ာရောက်လာသော အခါ ဟိုစဉ်က အိုးပုတ်လေးများ နှင့် ထမင်းဟင်း ချက်တမ်းကစားကြသည်ကို သတိရမိလေသည်။
ဟိုပင်မြို့ကိုပတ်၍ စီးဆင်းသော ချောင်းရေကလည်း အောက်အရပ်ဆီသို့ ရွှံ့ရောင် ထ မနေ၊ စိမ်း၍ ကြည်နေသည်။ ထိုစမ်းချောင်းရေကိုခပ်၍ အဟုတ်မီးနှင့် ချက်ထားသော ဆတ်သား ခြောက်ဆီပြန်ဟင်း၊ မျှစ်ချဉ်ကြော်တို့မှာ နတ်သုဒ္ဒါတမျှ အရသာထူးကဲ့သည်ဟု တင်စားမိရင်း အပျော်ကြီးခဲ့ကြသေးသည်။
ကျမတို့ အေးအေးချမ်းချမ်း ကစားတတ်သည့်နေရာလေးတွင် တိုးလွင်တို့ ညီအကိုတစုံ ကပျက်ယပျက်နှင့် တောပစ်ထွက်တတ်သည်။ တခါတုံးက လေသေနတ်တရမ်းရမ်းနှင့် ရှိသော တိုးလွင်ကို. . .
‘ဒီမယ်. . . အမောင်တို့ရဲ့ . . . ဒါ. . . ငါတို့ ကစားတဲ့နေရာပါ၊ ဒီနေရာမှာ တောမပစ်ပါနဲ့၊ ငှက်ကလေးတွေ လဲ လန့်ကုန်ပါ့မယ်၊ မတော် တဆ နင်တို့ကျည်ဆန် ငါတို့ကို ထိမှဖြင့် ဝေးဝေး သွားပါ’
‘အမယ် ထိ သေပေါ့’
ကျမကို မဲ့ရွဲ့ကာ ကြည့်လိုက်သော တိုးလွင်ကစ၍ ရန်လိုသည်။ နောက် ကျမနှင့် တိုးလွင် အချီအချ ဖြစ်ကြသေးသည်။ တိုးလွင်၏ အကိုများ က နောက်မှ မြှောက်ပေးသည်။ ကျမက စကားနှင့် ဖက်ပြိုင်ရင်း ဒေါသထွက်လာကာ. . .
‘မိုးကြိုးပစ်သေပါစေ၊ ကျားကိုက်သေပါစေ၊ ငှက်ဖျားမိသေပါစေ’
ဟု ရေရွတ်ကျိန်တွယ်မိသည်။
တိုးလွင်က ဖြဲစပ်စပ်မျက်နှာထားနှင့် . . .
‘နင်ကျိန်သမျှ နင်ပြန်ထိ. . .’
ခွန်းတုံ့ပြန်ရင်း ထွက်ခွါသွားရာ၊ ကျမမှာ ဆွေ့ဆွေ့ခုန် ကျန်ရစ်သည်။ မရီနှင့် ချစ်ဆွေကား ကျမ၏ ပခုံးကို ပုတ်ကာ ဖျောင်းဖျရင်း မရီက. . .
‘ညည်းလင်မှဘဲအေ. . . ရန်မ ဖြစ်စမ်းပါနဲ့. . .’
ဟု စကားနည်း ရန်စဲ ဆိုလိုက်လေသည်။
ကျမကမူ ဒေါသထွက်နေသဖြင့် အသားများ တုန်နေသည်။ ပို၍ ဒေါသထွက်သည်မှာ တိုးလွင်အထိက် မိုးလွင်မှာ ကျမတို့ချက်ထားသော ဆက်သားခြောက်နှင့် မျှစ်ကြော် ဒယ်အိုးလေး များ ကို ခြေထောက်နှင့် ကန်ပစ်ခဲ့သော ကြောင့် ပင်တည်း။
ထို့ပြင် စောစောက ကျမဆက်ဆော့၍ ချုံကြားထဲမှ ခဏရယ်ဟု ယူလာသော ကောက်ရိုး မြက်ခြောက်ပင်လေးများ နှင့် ပြုလုပ်ထားသည့် အသိုက်လေးထဲမှ ငှက်ဥလေးများ ကို သူတို့ ညီအကိုတတွေ ဘွတ်ဖိနပ်များ နှင့် တက်နင်း၍ အစိပ်အစိပ်အမွာမွာ ဖြစ်ကာ ကျန်ရစ်သည်။
ကျမသည် ငှက်ဥကွဲကလေးများ ကို လက်နှင့် အသာကောက်၍ မျက်ရည်များ ကျလာရင်း. .
‘သူတို့ မြန်မြန် သေကြပါစေ. . .’
ဟု ထပ်ဆင့် ကျိန်လိုက်မိသေးသည်။
မရီက ကျမနှင့် အတူ မျက်ရည်ကျလာပြီးနောက်. . .
‘အိုအေ. . . ကျိန်မနေပါနဲ့ သူများ ကို မတရား လုပ်ချင်တဲ့ အကောင်တွေ သေမှာ ဘဲ မကြာခင် သေမှာ ကြည့်’
ဟု ဆိုသေးသည်။
ရွှေချစ်ကြီးတယောက် ကသာ ရယ်ရယ်မောမောနှင့် . . .
‘ယော်. . . ညည်းတို့က တော် တော် ရူး၊ မိုက်လဲမိုက်တဲ့ မိန်းမတွေ ၊ သူတို့အဖေက မြို့အုပ် ကတောင် ကြောက်ရတာ ၊ တန်ခိုးကြီးတဲ့ လူတွေ နဲ့ ရန် ဖြစ်ရင် ညည်းတို့ ရှုံးမှာ ပေါ့အေ့. . .’
သည်တော့ ကျမက ခံပြင်းစွာ နှင့် . . .
‘ရှုံးရှုံးအေ မတရားရင်တော့ မခံချင်ဘူး. . . ငါ ကြောက်လဲ မကြောက်ဖူး. . .’
‘ဘာဘဲ ဖြစ် ဖြစ်အေ ရန် ဖြစ်တာတော့ မကောင်းပါဘူးအေ. . .’
မရီက အေးဆေးစွာ ပြောလိုက်လေရာ ကျမက. . .
‘ရန် ဖြစ်တာ မကောင်းပေမဲ့ ဒီလိုဘဲ ငုံ့ခံနေရမလား. . .’
အငေါ်တူးတူး ပြန်မေးလိုက်လေသည်။
‘သူတို့အဖေ အော်ငေါက်သမျှ မြို့အုပ်ကြီးဆိုရင် ငုံ့ခံနေရတာ ဘဲအေ့၊ သူက ပါလီမန် အမတ်ပြောလဲ ခံရတာ ဘဲ၊ ရန်ကုန်က ၀န်ကြီးတပါး လာတုံးကလဲ ၀န်ကြီးအသက်က မြို့အုပ်ထက် အများ ကြီး အသက်ငယ်တာ၊ ဟောက်လိုက်တာအေ. . . တခွန်းမှ ပြန်မပြောဘူးတဲ့၊ ဒါတောင် သူ့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဖူး၊ သိပ်ရိုး သိပ်အေးတဲ့လူကြီး၊ လာဘ်လဲမစားဘူးတဲ့၊ ဒီလို အာဏာပြပြပြီး အော်တာ ဘယ်ကောင်းမလဲ၊ ငါတို့အဖေက တောခေါင်းမို့ အစည်အဝေးတက်ရင်း သိတာပ၊ ညည်းတို့ ဘယ်သူ့မှ ပြန်မပြောနဲ့နော်. . .’
ရွှေချစ်က ခေါင်းကိုမော့ကာ ခပ်ကြွားကြွားလေး ပြောသည်။ ကျမက မထူးခြားသလို ဟန် အမူအရာနှင့် . . .
‘ငါတို့ အဖိုးလဲ ပြောဘူးပါတယ်၊ အဖိုး ကျောက်ဆည်ရောက်တုံးက အဲဒီ ၀န်ကြီးလဲ ကျောက်ဆည် ရောက်သတဲ့၊ သူ့အဖေအရွယ် အရေး ပိုင်ကြီးကိုတောင် အော်ငေါက်တာတဲ့၊ ငါသာဆို မခံဘူးအေ၊ ပြန်အော်မှာ ဘဲ. . .’
‘ပြန်အော် ညည်းနာမှာ ပေါ့အေ၊ သူတို့က အာဏာရှိတယ် မဟုတ်လား ညည်းခံရမှာ ပေါ့. .’
မရီက ပြောလိုက်သည်။
ယခုတော့လည်း ဒါတွေ ပြန်မတွေးချင်ပြီ၊ ကျမမှာ စမ်းချောင်းဘေး သစ်ပင်အမြစ်ပေါ် ထိုင်နေရာမှ ထလိုက်တော့ စာဝါလေးတအုပ်သည် လန့်၍ ပျံပြေးသည်။
ကချင်လွယ်အိတ်တလုံး လွယ်လျက်အကြံနှင့် လာခဲ့သော ကျမမှာ ဘေးဘီကို ကျီးကန်း တောင်းမှော က် ကြည့်လိုက်လေသည်။ ထို့နောက် သစ်ပင်ပင်စည်တခုကို ကွယ်ကာ ဆံပင်များ ကို ဖြေချလိုက်ပြီး လွယ်အိတ်ထဲ အသင့်ပါလာသော ကတ်ကျေးနှင့် ဆံပင်ရင်းမှ ရွှီခနဲအဆုပ်လိုက် ဖြတ်ချလိုက်လေသည်။ လျင်မြန်စွာ မဆိုင်းမတွ ပြုမူလိုက်မိသော ကိုယ့်ကိုယ်ပင် အံ့သြလွန်း သဖြင့် တအောင့်မျှ ကြက်သေသေကာ ငိုင်မိသေးသည်။ အလွန်သန်စွမ်းသော ဆံပင်များ မရှိ တော့သဖြင့် ခေါင်းမှာ ပေါ့သွားသလို ရှိသည်။ စမ်းချောင်းအရိပ်တွင် ကျမကိုယ်ကိုယ်ကို ငုံ့ကြည့် လိုက်သော အခါ ဆံပင်တိုလေးများ ဂုတ်ဝဲ၍ တမျိုး ဖြစ်နေသည်။
ဖြတ်ပြီး ဆံပင်များ ကို လွယ်အိတ်ထဲ ထည့်ပြီးနောက် စမ်းချောင်းမှခွာကာ ပြေးလာခဲ့လေ သည်။ စမ်းချောင်းရေစီးသံသာသည် ခါတိုင်းလို နားဝင်မချိုပြီ၊ မြို့အရှေ့ဘက်ရှိ အရှေ့ကျောင်းသို့ ခြေဦးလှည့်ကာ လာခဲ့လေသည်။
စိတ်မာမန်၏ အရှိန်အဟုန်က ပြင်းထန်ရကား၊ အံသားကွားကိုကြိတ်၍ မြေပြင်ပေါ်ဆောင့် ကာ ခပ်သွက်သွက်နင်းလာခဲ့လေသည်။ ပြုမူလုပ်ကိုင်သမျှ အဖိုးကို ထိခိုက်နစ်နာစေသော စေတနာဆိုးများ ပါလေသည်။ အဖိုးကို စိတ်နာသည်။ လူပုံအလယ် အရှက်ခွဲခဲ့သော အဖိုး၏ မျက်နှာကို ဘယ်တော့မှ မကြည့်တော့ဟု ဆုံးဖြတ်သည်။ အထူးသဖြင့် တိုးလွင်တို့ စုစုလွင်တို့လို ရန်သူတော် တွေ ၀မ်းသာအောင်လုပ်သော အဖိုးကို ဘယ်တော့မှ မချစ်တော့. . .
ဟိုပင်မြို့ အရှေ့ကျောင်းကြီးကား ကျွန်းတိုင်လုံးကြီးများ ထူ၍ ဆောက်ထားသဖြင့် ခမ်းနားလေသည်။ ဟိန္ဒူအမျိုးသားသူဌေးကြီး ဗလီဘန် ကမကထပြု၍ ဆောက်လှူထားသော ကျောင်းကြီး ဖြစ်သည်။ ကျောင်းတခုလုံး ကျွန်းသားပေါပေါနှင့် ဆောက်ထားရာ ထယ်ထယ်ဝါ၀ါ ဖြစ်ပေသည်။
ကျမ မှတ်မိသရွေ့ အလွန်ကျယ်ဝန်းသော ကျောင်းဝိုင်းကြီးထဲတွင် အရိပ်ရသော သစ်ပင် ကြီးများ ပေါက်ရောက်နေသည်။ လတ်လတ်ဆတ်ဆတ်နှင့် အနီစို့စို့အညွန့်တက်နေတတ်သော တောင်သပြေပင်များ အပြင် ဘယ်အရပ်ဆီမှ မရှိသလောက် ရှားပါးသော ဇမ္ဗူ့သပြေပင်ကြီး လည်း ကျောင်းဝင်းထဲတွင် ထီးထီးမားမား ကျက်သရေဆောင် ဖြစ်ပါသည်။
ဇမ္ဗူ့သပြေပင်၏ အသက်ကား အတော် ပင် ‘အို’ နေဟန်တူပါသည်။ မြစ် ပျဉ်းတထောင်၊ မြားမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စေ့စေ့သိပ်လျက် ဆိုသလို အလွန်ပင် အေးမြမြနှင့် အရိပ် အာဝါသ ကောင်းလှပေသည်။ သူ့အရွက်များ ကား ကံ့ကော်ရွက်အကြီးစား ပုံသဏ္ဌာန်ရှိသည်။ ကံ့ကော်ရွက်လို အစိမ်းခြောက်ခြောက်မဟုတ်၊ အစိမ်းမှာ စိုစိုပြေပြေနှင့် အဟုတ်တကယ် စိမ်းသော ငှက်ခါးရောင် ဖြစ်သည်။
အပွင့်များ ကလည်း ကံ့ကော်ပွင့်အကြီးစားပင် ဖြစ်၍ ၀တ်ဆံက ဖြူတူတူနှင့် သင်းသင်းလေး မွှေးသည်။ အသီးကလည်း ဂုံညင်းပမာဏခန့်ကြီး၍ ပန်းရောင် နှင့် လိမ္မော်ရောင် စပ်သော ပန်းဆွဲ သရက်ရောင် ဖြစ်သည်။ အသီးကလည်း ယဉ်ယဉ်လေးမွေးသည်။ နှင်းသီးအရသာလို ချိုမြမြနှင့် နှင်းသီးလို ပေါ့ရွှတ်ရွှတ်မနေ။ အပေါ်သားမှာ အခေါင်းပွ ဖြစ်၍ အထဲ့က အဆန်ကို မစားရ။
ငယ်စဉ်က အဖိုးနှင့် အတူ ၀ါတွင်းဥပုသ်လိုက်စောင့်ရင်း ဇမ္ဗူ့သပြေသီးကို ကောက်ယူစားမြဲ ပေတည်း။ ယခုတော့ ဒါတွေ ဂရုမစိုက်နိုင်ပေပြီ။ ကိုယ့်သဘောနှင့် ကိုယ် ကျောင်းပေါ်သို့သာ တန်း တန်းမတ်မတ်တက်သွားလေသည်။ ဆရာတော် မှာ ဆွမ်းခံပြန်လာခါစ ဖြစ်သည်။
‘ယော်. . . ဘယ်သူလဲပ’
‘လေးချိုပါ ဘုရား’
ဆရာတော် မှာ ရှမ်းအမျိုးသား ဖြစ်သဖြင့် စကားအတော် ၀ဲပါသည်။
‘ဒကာကြီး ဦးအောင်ဖေရဲ့ မြေးလား’
‘တင်ပါ့. . .’
‘ဆိုစမ်းပ ဘာကိစ္စ’
‘တပည့်တော် ဆံပင်ဖြတ်ပြီး ဘုရားလာလှူတာပါ ဘုရား. . .’
‘ယော်. . . ဆံပင်က ဘာ ဖြစ်လို့ ဖြတ်ပစ်ရတာ တုံးပ’
‘အဖိုးကို စိတ်ဆိုးလို့ ဘုရာ့’
‘စိတ်ဆိုးလို့’
‘တင်ပါ့၊ အဖိုး မတရားလို့ ဘုရား၊ အဖိုးကို တပည့်တော် မကျေနပ်ဖူး၊ သိပ်ကို မကျေနပ်ဖူး၊ အဖိုးနဲ့ တသက်လုံးမခေါ်တော့ဘူး၊ အဖိုးကို တပည့်တော် အဆက်ဖြတ်တယ်၊ ဒီနေ့က စပြီး မဖိုးမတော် တော့ပါဘူး ဘုရား. . .’
ကျမမှာ တင်လျှောက်ရင်း ရှိုက်ကြီးတင် ငိုကြွေးမိလေသည်။
‘ယော်. . . တယ်ခက်ပါလား၊ နင်တော် တော် မိုက်တဲ့ကလေးဘဲ၊ ရူးလဲ ရူးပ၊ နင့်ကို အဖိုးက သိပ်သံယောဇဉ်ကြီးတာ၊ ဘာ ဖြစ်လာတာလဲ မိန်းကလေးရဲ့ ’
ကျမက လက်အုပ်ချီကာ ရှိုက်မြဲရှိုက်ရင်း မနေ့နေ့လယ်က အဖိုးနှင့် ဖြစ်သည့် ကိစ္စကို ခပ်တို တို ပြောပြနေမိသည်။ ဆရာတော် က. . .
‘အဖိုးက နင့်ကို ချစ်လို့၊ လိမ္မာစေချင်လို့ ရိုက်ပီးဆုံးမတာပကွဲ့၊ ဒကာကြီးက သိပ်စည်းကမ်း ကြီးတာ၊ ထမင်းပွဲမှာ သူ့တူတယောက် အင်္ကျီကိုယ်ချွတ်နဲ့ ၀င်စားတာကို တခါထဲ ထမင်းဝိုင်းက မောင်းထုတ်တာ နင်မတွေ့ ဘူးလား’
ဆရာတော့အနားတွင် ထိုင်နေသော ဦးပဉ္ဇင်းတပါးကပါ. . .
‘ဒကာကြီးရဲ့ စိတ်က သိပ်အထက်တန်းကျတယ်၊ လောကမှာ ဆင်းရဲတာ ချမ်းသာတာ ဂုဏ်ရှိတာ မရှိတာ အကြောင်းမဟုတ်ဘူး၊ စိတ်နေစိတ်ထား မြင့်မြတ်ဖို့ အရေး ကြီးတယ်၊ ဒါမှ လူအ ဖြစ်ရပီး လူနဲ့တူတော့မှာ ပ၊ ဒကာမလေးရဲ့ ဖိုးအေးကြီးက သူ့မြေးကို သိပ်လိမ္မာစေချင်တာ. .’
ဖျောင်းဖျ မိန့်ကြားလေရာ ဆရာတော် က နောက်ဆုံးတွင် . . .
‘ဘာမဆို စိတ်လိုက်မာန်ပါ မပြောနဲ့ မလုပ်နဲ့ မှားတတ်တယ်၊ အပြစ်လဲ ကြီးတယ်၊ ဒေါသ ဆိုတာ အာရုံမှာ စိတ်ကို ကြမ်းကြမ်းတမ်းတမ်း ထိခိုက်တာပ၊ ဒေါသကြောင့် ဗျာပါဒစိတ် ဖြစ်တယ်၊ ဗျာပါဒဆိုတာရော သိရဲ့ လား၊ ရန်ငြိုးဖွဲ့တာ မုန်းလို့ပျက်စီးပါစေ၊ ထိခိုက်ပါစေ စိတ်မျိုးဝင်တာ၊ အပယ်ငရဲလားစေတဲ့ စိတ်၊ ကိုင်း. . . စိတ်အေးအေးထား ပြန်’
ချော့မော့မိန့်ကြားပြီး ပြန်စေသည်။
‘တပည့်တော် ဆံပင်တွေ လှူခဲ့မယ် ဘုရာ့’
‘ယော်. . . မင်း ဖိုးအေကြီးနဲ့ တခေါက်လာလှူလှဲ့ပါလား. . .’
‘တပည့်တော် နောက်တခေါက်မလာတော့ဘူး ဘုရာ့၊ ဒီနေ့ မန္တလေးပြန်မှာ . . .’
‘ယော် ဘယ့်နှယ်ဟာလဲ. . .’
‘တပည့်တော် တော့ လှူခဲ့မှာ ဘဲ ဘုရာ့. . . ဆရာတော် သဘောကျသလို လုပ်ပါ၊ တပည့်တော် ကို ခွင့်ပြုပါဦး ဦးတင်ပါသေးတယ် ဘုရာ့. . .’
ကျမသည် ပေါက်ဆိန်ပေါက် ကန်တော့ပြီးနောက် ကမန်းကတန်းနှင့် ကျောင်းတိုက်မှ ဆင်းလာခဲ့လေသည်။ ဘယ်သူဆုံးမလို့မှ နားထဲမ၀င်ဘဲ ရင်ထဲတွင် စိတ်များ ဗရမ်းဗတာ ဖြစ်နေ သည်။ အရှေ့ကျောင်းမှ ကျမပြေးထွက်လာတော့ ကျမ၏ ဆံတိုများ သည် လက်ထဲတွင် ပျံ့လွင့်နေ သည်။
![]() မပုံ့ အကြောင်း | ![]() ဓမ္မအလင်း ပျံ့နှံစေ | ![]() အင်ကြင်းရဂုံ |