မာတိကာ
-နိဒါန်း
က
၁
၁၀၀
၁၁၀
၁၂၀
၁၂၄
၁၃၀
ကျွန်မ မှတ်မိသလောက် တပေါင်းလပြည့်နေ့အကြောင်းဆောင်းပါးတွင် ကျွန်မတို့ အင်္ဂပုရိ ဓမ္မဂီရိရိပ်သာမှာ တရားရှုမှတ်မှု ကျင့်စဉ် ပြီးဆုံးပြီ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ် ၊ ဧပြီလ ဓမ္မဂီရိနှင့် ပတ်သက်သော ဆောင်းပါး ပွဲသိမ်းခဲ့ပြီ ထင်ပါတယ်။ တရားရှုမှတ်အပြီး ဓမ္မညီလာခံမှာ တရားကျင့်တဲ့ အတွေ့ အကြုံများ ကို ဆွေးနွေးခဲ့ကြပါတယ်။ ဘူပါးလ်၊ အဂရာ စသော နယ်ပယ်များ အမြင် ထူးခြားပြီး ထင်ရှားတဲ့ တာ့ခ်ျမဟာလ် (Taj mahal) လိုနေရာမျိုး ရောက်ခဲ့ရပါတယ်။
မာဘယ်(လ်)ကျောက်ဖြူများ နှင့် ဆောက်လုပ်ထားတဲ့ ရှာဂျဟန် (SHAR JAHAN) ဘုရင်ကြီးရဲ့ အချစ်သက်သေထူရာ လွမ်းဆွတ်ဖွယ်နေရာ…… ပန်းပေါင်းဝေဆာရောင် စုံဖြာတဲ့ ဥယျာဉ်၊ လိမ္မော်ပင်၊ စပျစ်ပင်နှင့် ပန်းသီးပင်တွေ ရှေးအခါက စိုက်ပျိုးဖူးပါတယ်။ သစ်ပင် ၀ါပင်ကြား ရေတံခွန် စီးဆင်းလာရာမှာ ယမုံနာ မြစ်ဖျားခံရာ နေရာဒေသမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဓမ္မမိတ်ဆွေတွေ ရောက်တဲ့နေရာ သစ်ပင်ရိပ် ထိုင်ခုံတွေ မှာ တရားရှုမှတ်ကြပါတယ်။ တရားကျင့်ကြံခဲ့တဲ့ အရှိန်က မသေသေး၊။ ရှားဂျန်ဟန်ရဲ့ အချစ်ဆုံးမိဖုရား မန့်မ်တပ်ဇ မဟာလ်၊ သားရှစ်ယောက် ၊ သမီး ခြောက်ယောက် ၊ စုစုပေါင်း ၁၄ယောက် မွေးဖွားပြီး နတ်ရွာစံရှာပါတယ်။ တာ့ခ်ျမဟာလ်ကို ၁၆၄၈ ခု AD တွင် တည်ဆောက်ပါတယ်။ သြော်……ဘုရင်ကြီး အလွန်ချစ်မြတ်နိုးတဲ့ မိဖုရားကြီး ကွယ်လွန်ခြင်းဟာ တကယ့်ကို အလွမ်းဇတ်ဒရာမာပါပဲ။
ကျွန်မတို့ စာရေး ဆရာအဖွဲ့ကလည်း ရိုမန်တစ် စိတ်ကူးတွေ တွေးတောမိကြပါတယ်။ တရားသဘောနှင့် သမုဒယကြောင့် ဒုက္ခသစ္စာ ဖြစ်လာရပေါ့။ မအိပ်နိုင်၊ မစားနိုင် ကြေကွဲဝမ်းနည်းနေရှာမှာ ပဲ။ ကျွန်မမှာ ဆီဆိုင်လာတာလား မသိ၊ ရာဇာဓာတုကလျာ နတ်ရွာစံချိန် နတ်သျှင်နောင်ရဲ့ ၀မ်းနည်းကြေကွဲမှု ကို သတိရမိပါသေးတယ်။
ကျွန်မတို့ လူစုထဲ စာရေး ဆရာတွေ ပျော်ပျော်ပါးပါးနောက်တတ်ကြတယ်။ ဆရာ ဦးဌေးလှိုင်(ဓမ္မစရိယ)က ကျွန်မကို လှမ်းပြီုး ῝ မမလေး ῞ (ဆရာဌေးအခေါ်) နတ်သျှင်နောင်နှင့် ရှာဂျဟန် သူတို့ကြင်ဖက်ဇနီးကို ဘယ်သူကပိုချစ်မယ်ထင်သလဲ῞.
῞အတူတူ ချစ်ကြမယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ῾နတ်သျှင်နောင် ̉ အစွဲရှိတယ်။ ကျွန်မ ဆရာမြကေတု ဆောင်းပါးဖတ်ရဖူးပါတယ်။ ဆရာမြကေတု အယူအဆရ နတ်သျှင်တောင်ကို မောင်းမတွေ ဆက်သတာ စိတ်မ၀င်စားဘူးတဲ့။ သူက တစ်ယောက် ဆို တစ်ယောက် ၊ ပိတောက်ဆို ပိတောက်။ ရာဇဓာတုကလျာပဲ သူ့နှလုံးသားထဲ ရှိတာ…..῝
ကျွန်မတို့အဖွဲ့ထဲက လူပျိုကြီး ဆရာပါရဂူက မျက်နှာထားတည်တည်နှင့် ………
တရားသဘော နှလုံးသွင်ကြလေ၊ ဘာတွေ လျှောက်ပြောနေကြတာလဲ။
ဆရာ မင်းယုဝေက ရယ်နေတယ်။ ကျွန်မတို့ အဖွဲ့ထဲမှာ အသက်အငယ်ဆုံး ဦးကျော်ခင်မြင့်(မောင်ရင့်ကျူးမြောင်းမြ) က အသံတိတ်ဆိတ်ပြီး ဘာထင်မြင်ချက်မှ မပေးဘဲ တွေးနေတယ်။
ကျွန်မတို့ ဓမ္မခရီး အဆုံးမသတ်ခင် ရေး လိုတာ ဂျေပူစခန်း တရားရိပ်သာ ဖြစ်ပါတယ်။ ကျွန်မတို့ တရားရှုမှတ်မှု နောက်ဆုံး နေရာဌာနလည်း ဖြစ်ပါတယ်။ သည်တုန်း ကမ္မဋ္ဌာန်း ဆရာ မစ္စတာရမ်ဆင် (Ramsin) မှာ အင်္ဂပုရိ ဓမ္မရိပ်သာတွင် လာရောက်တရားပြဖူးသူ ဖြစ်ပါတယ်။ အင်မတန် စည်းကမ်းကြီးပြီး တရားပြရာ အစစ တော် သော ဆရာ။ ဂျေပူ (Jaipur)မှ လာကြောင်းလည်း ကြားသိခဲ့ရပါတယ်။ ဆရာကြီး ပါရဂူကမစ္စတာ ရမ်ဆင်ကို ရင်းနှီးပုံရပါတယ်။ တစ်ဦးကို တစ်ဦး တလေးတစား ရှိကြပါတယ်။ ဆရာကြီး ဂိုအင်ကာချီ ကိုယ်တိုင် အင်္ဂပုရိ ဓမ္မဂီရိကို ဖိတ်ကြားလို့ ရောက်လာကြောင်း ပြောကြားပါတယ်။
နှစ် ပေါင်း ၂၀ အကြာ အကျွန်မတို့ မြန်မာနိုင်ငံ MRTV-4 မှာ ဂျေပူစခန်းအကြောင်း ပြသသွားတော့ ကျွန်မအဖို့ အမှတ်တရ လွမ်းဆွတ် … ကြည်နူးဖွယ်တွေ ဖြစ်လာါပတယ်။ ၁၄ရက်၊ မတ်လ၊ ၁၉၉၀ မှာ ရောက်ခဲ့ဖူးတဲ့ ဂျေပူတရားစခန်းဟာ အိန္ဒိယမြောက်ပိုင်းတစ်နေရာတွင် အလွန်လှပသော နေရာ ဖြစ်ပါတယ်။ ဂျုံစိုက်ခင်းကျယ် နေရာတွင် ဒေါင်းတွေ အစာစားနေကြပါတယ်။ ဒေါင်းနှစ် ကောင် အမြီးဖြန့် ကနေတာ မြင်ရတော့ မြန်မာနိုင်ငံ တိရစ္ဆာန်ဥယျာဉ်မှ ဒေါင်းတွေ မှာ ပိန်ကြရှာတယ်။
ကျွန်မနှင့် မမ ဒေါ်တင်ငွေ၊ ဗိုလ်မှူး ဦးလှမောင်(ဘောလုံး) ဇနီးတို့ အမျိုးသမီး နှစ် ယောက် အတူတူ တစ်ခန်းတည်း နေရပါတယ်။ ကျွန်မတို့ တည်းခိုရာအခန်းက တောင်ကုန်းပေါ်တက်သွားရပါတယ်။ အဲဒီ တောင်ကုန်းပေါ် အဆောင်ရဲ့ နောက်ကျောဘက် သစ်ပင်ကြီးတွေ ထူထက်တဲ့ သစ်တောအုပ်ရှိပါတယ်။ အရင်တုန်းက မဟာရာဂျာ စော်ဘွားတွေ မြင်းစီး၊ အမဲလိုက်တဲ့ နေရာတဲ့။ ကျွန်မတို့ တောင်ကုန်းပေါ် ကိုယ့်အ၀တ်ထုပ်လေးတွေ ဆွဲအတက် ကျွန်မတို့ကို ဆရာတွေ လှမ်းနောက်သေးတယ်။
"ည ဘက် ကျားသစ်သံ ကြားရတယ်"
"စပါးကြီးမြွေလည်းပေါတယ်ဗျ"
"၀က်ဝံတွေ လည်း ခြံစည်းရိုးကျော်ပြီး ၀င်လာတတ်တာတဲ့"
ကျွန်မဖြင့် အတော် အထိတ်တလန့် ဖြစ်မိသေးတယ်။
မြွေဆိုလို့ ကျွန်မကြောက်နေတာပါ။ မမ ဒေါ်တင်ငွေက နောက်မှန်းသိလို့
" မကြောက်ဘူး၊ သေတစ်နေ့ မွေးတစ်နေ့ပဲ " ပြန်ပြောလိုက်တယ်။ ကျွန်မက ဆက်ပြီး
"တရားနဲ့ သေရမှာ " လို့ ဖြည့်စွက် ပြန်ပြောလိုက်မိသေးတယ်။
ကျွန်မက ကိုကြီးကျော်နတ်ချင်းထဲက
"ဒီမြိုင်ယံ တောင်ပေါ် ပန်းခင်းတဲ့လမ်းကိုမျှော် … ပန်းလှပါပြီ … ဇက်ကိုသပ်တော့ ကိုကြီးကျော် တက်သမျှ မှတ်သမျှ သီချင်းဆိုမိသေးတယ်။ မမ ဒေါ်တင်ငွေက ရယ်လို့…"
"ဒီသီချင်းမျိုး ညီမလေး ရတယ်"
"ကျွန်မ နတ်မကိုးကွယ်သော်လည်း နတ်ချင်းတွေ ကို ကြိုက်တယ်၊ အိမ်မှာ အခွေတွေ တောင် ၀ယ်ထားသေးတယ် "
ဆရာမောင်မဲနှင့် ဆရာထင်လင်းတို့ ကျွန်မတို့ ဘော်ဒါဆောင်ခန်း လာလည်ကြသေးတယ်။ ကျွန်မတို့သည် ဂျေပူမှာ ညအိပ်ရမှာ တဲ့။ ကျွန်မတို့တွက်နေကြတာ… ဒီည အနည်းဆုံး လေးကြိမ် တရားရှုမှတ်ရမှာ ပဲ။ ညနေ ၆နာရီ ညစာ စားပြီး၊ ရ နာရီ၊ ၈ နာရီ၊ ၉ နာရီ၊ ၁၀ နာရီ ထိဆိုရင် လေးကြိမ်ဆက်တိုက် ထိုင်ရမှာ ……
မစ္စတာ ရမ်ဆင်က ကမ္မဋ္ဌာနာစရိယဆရာအ ဖြစ် စည်းကမ်းကြီးရုံမက မျက်စိလည်းလျင်ပါတယ်။
"အပြာရောင် ပ၀ါခြုံထားတဲ့ အမျိုးသမီး ဘေးလှည့်စကားမပြောပါနဲ့"
"ပုဆိုးစိမ်းနဲ့ လူအိပ်ငိုက်ရင် မျက်နှာထသစ်ပြီး ပြန်ထိုင်တရားမှတ်ပါ"
"စကတ်အနီရောင် ၀တ်ထားတဲ့ အမျိုးသမီး မျက်လုံးမှိတ်ထားပါ၊ စက္ခုအိနြေ္ဒလုံပါစေ …"
အဲသလို သတိပေးတော့ ကျွန်မတို့ဖြင့် လှုပ်ကို မလှုပ်ရဲဘူး။ သူတို့ တရားဌာနထုံးစံ ... ဟင်ဒီဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားပြောပြီး လှမ်းသတိပေးပါတယ်။ နဂို ရိပ်သာမ၀င်ခင်ထဲက အင်္ဂပုရိ ဓမ္မဂီရိအလာ ကျွန်မတို့ အတိုင်းတိုင်းအပြည်ပြည်ကလာသူတွေ ဘာသာနှစ် မျိုး (ဟင်ဒီနဲ့ အင်္ဂလိပ်ဘာသာစကား) တက်ရမယ် ညွှန်ကြားချက် ရှိခဲ့ပါတယ်။ မစ္စတာရမ်ဆင် အင်္ဂလိပ်ဘာသာစကားပြော အင်မတန် ကျွမ်းကျင် (fluent ဖြစ်)ပါတယ်။ ဆရာပါရဂူနဲ့ကျတော့ ဆရာ ရမ်ဆင်ကဟင်ဒီဘာသာစကားနှင့် ပြောကြပါတယ်။
ခရီးကလည်း ပန်း၊ ခရီးမပန်းလည်း ကျွန်မ အိပ်ငိုက်တတ်တော့ မနည်းသတိထားနေရပါတယ်။ လက်ထဲ ရေဆွတ်ထားတဲ့လက်ကိုင်ပ၀ါနှင့် မျက်နှာကို ပွတ်သပ်ရပါတယ်။ လက်ကိုင်ပုဝါမှာ ဆွတ်ထားတဲ့ အော်ဒီကလုံးရေမွှေးရနံ့က လူကို လန်းဆန်းစေပါတယ်။
တရားရှုမှတ်အပြီး ကျွန်မတို့အတွက် Supper (ညလယ်စာ) ပန်းသီး၊ ငှက်ပျောသီး၊ စပျစ်သီးတွေ နဲ့ နွားနို့တစ်ခွက်စီတိုက်ပါတယ်။ ကျွန်မတို့ မြန်မာအဖွဲ့ တရားရှုမှတ်မှု တည်ငြိမ်ကြောင်း ပြောပြီးချီးမွမ်းပါတယ်။
နောက်နေ့မနက် ဂျေပူစခန်းက ထွက်ခါနီး ကျွန်မတို့အဖွဲ့ကို ကြေးပန်းအိုးတစ်လုံးစီ လက်ဆောင်ပေးပါတယ်။ ကြေးပန်းအိုးက ၀င်းဝါပြောင်လက်ပြီး၊ ပန်းပွင့်ပန်းခက်ပေါ် လိပ်ပြာ ဒီဇိုင်းနှင့် ကနေ့တိုင် ကျွန်မဘုရားစင်မှာ ဒီပန်းအိုးလေး မပျောက်မရှ ရှိနေဆဲပါ။
အသားလတ်ရုံမက အရပ်မြင့်မြင့်၊ ကိုယ်နေဟန်တောင့်တင်း ကြည့်ကောင်းပြီး ခန့်ထည်တဲ့ ရုပ်သွင်နှင့် ဆရာရမ်ဆင်ဟာ တရားစစ်၊ တရားမှန် ရင်ဝယ်ပိုက်ပြီး ဆရာဂုဏ်သိက္ခာနှင့် ညီညွှတ်အောင်နေသွားသူပါ။ ကျွန်မကို သူ့သမီးလို သဘောထားပြီး ဘေတီလို့ခေါ်ပါတယ်။ ဘေတီဆိုတာ ဟိန္ဒူဘာသာစကားနဲ့ သမီးလို့ အဓိပ္ပာယ်ရပါတယ်။ ပြီးတော့ ကျွန်မကို အမျိုးသမီးစာရေး ဆရာအ ဖြစ် မိတ်ဆက်ပေးတော့ စာရေး ဆရာဆိုတဲ့ ရသစာ ဖန်တီးသူအ ဖြစ် ကျွန်မကို တလေးတစား ဆက်ဆံပါတယ်။
ဆရာ ရမ်ဆင်ရိပ်သာမှာ လည်း ဘုရားတည်ထားပြီး ဘုရားရဲ့ အုတ်မြစ်အောက်ခြေမှာ တရားရှုမှတ်ဖို့ ဂူတွေ ပြုလုပ်ထားပါတယ်။ စေတီတော် ပုံစံက အင်္ဂပုရိ ဓမ္မရိပ်သာက စေတီတော် အတိုင်းပါပဲ။
" ဒီကနေ့ … ခင်ဗျားတို့ ဘယ်ကိုသွားဖို့အစီအစဉ်ရှိသေးလဲ"
" နယူးဒေလီက သံအမတ်ကြီး ဖိတ်ထားလို့ ကျွန်မတို့သွားရမှာ ပါ"
" နယူးဒေလီ သိပ်ကောင်းတာပေါ့။ အဲဒီ သံအမတ်ကြီးက အိန္ဒိယနှင့် အီရန်၊ ဂျွိုင်း သံအမတ်ပဲ။ ခင်ဗျားတို့ ဓမ္မဂီရိ လာတုန်း သူက တရားလာထိုင်ဖို့ စီစဉ်သေးတယ်။ အီရန် အရေး ပေါ်ကြောင့် မထိုင် ဖြစ်တာ"
မဟာဗျူဟာ ဥက္ကဌ အန်ကယ် ဦးအောင်သိန်းက ကျွန်မကိုယ်စား
" ဒီဦးစောလှိုင်ဟာ ခင်ဆွေဦးရဲ့ စာဖတ်သူပဲ"
အန်ကယ် ဦးအောင်သိန်းက One of her fans လို့ပြောတော့ ကျွန်မ ဦးစောလှိုင်ကို အားနာသွားမိသေးတယ်။ အန်ကယ် ဦးအောင်သိန်းက ကျွန်မအကြောင်း အပ်ကျတာက အစသိနေတော့ ပြောပြရှာတာပါ။ ချက်ကိုစလိုဗေးကီးယားနိုင်ငံမှာ ဦးစောလှိုင် ပထမသံအတွင်းဝန်ဘ၀၊ ကျွန်မအမျိုးသားဟောင်း ex…. တို့ ဘဏ်အရာရှိအဖွဲ့ သွာြး ကတော့၊ အမျိုးသား ကျွန်မဆီရေး တဲ့ စာအိတ်ထဲ သူရေး ခဲ့တဲ့စာတွေ ထည့်ပေးလေ့ရှိပါတယ်။ ကျွန်မ ၀တ္တုတွေ အကြောင်း ဝေဖန်သုံးသပ်ချက်တွေ ရေး ပေးတာပါ။ သူ့စာတွေ ဖတ်ရတာ စာအလွန်ဖတ်သူ ဖြစ်ကြောင်း သိခွင့်ရခဲ့ပါတယ်။ ဦးစောလှိုင်ဇနီး ဒေါ်မြင့်မြင့်ပါ ကျွန်မကို ခင် သွားပါတယ်။ ဦးစောလှိုင် သမီးလေးနှစ် ယောက် ၊ မီမီရော၊ မီချီကိုရော၊ ကျွန်မ စာတွေ ဖတ် ဖြစ်သွားကြပါတယ်။
ချက်ကိုနိုင်ငံ ကျွန်မ အင်မတန် မြတ်နိုးတွယ်တာတဲ့ အကြောင်းရင်ခံတစ်ချက်က ဂျူးလယက်ဖူးချစ်လို တော် လှန်ရေး သမားကြောင့် ပါပဲ။ တိုင်းပြည်အတွက် အညှင်းခံပေးဆပ်သွားတဲ့ တော် လှန်ရေး သမား ဖူးချစ်ကို မြန်မာပြည် ကဗျာဆရာတွေ အင်မတန် လေးစားကြပါတယ်။ ကဗျာဆရာ တစ်ဦးဟာ သူ့ကဗျာတစ်ပုဒ်မှာ " မောင့်အချစ် ဂူစတီနာ" ရယ်လို့ ဖူးချစ်ရဲ့ ပါရမီဖြည့်ဘက်ဇနီးကို ရည်စူးမဗျာရေး သွားခဲ့ဖူးပါသည်။
ဦးမောင်ရွှေတို့ ဒေ၀ါပ၀ါလီပွဲတော် ကျွေးမွေးဧည့်ခံပွဲတွေ မှာ မကြာခဏ ဆုံစည်းကြပါတယ်။ ဓမ္မမိတ်ဆွေ လူစုံသူစုံတွေ့ ကြရတော့ ပျော်ကြတာပေါ့။ ဦးကျော်ခင်မြင့် (မြောင်းမြမောင်ရင့်ကျူး)က ခုချိန်ထိ ကျွန်မတို့အတွက် ဓမ္မအကျိုးဆောင်ရွက်ပေးတုန်းပဲ။ ဦးကျော်ခင်မြင့်နှင့် ကျွန်မတို့ အဆက်အသွယ်မပြတ်ကြပါဘူး။ ဆရာတော် ဦးဉာဏိဿရ… ဖတ်ပွဲတွေ စစ်ကိုင်းသွားကြရာမှာ လည်း ဆရာ မင်းယုဝေရော၊ ဦးကျော်ခင်မြင့်ရော ဆုံစည်းတယ်။
ဦးကျော်ခင်မြင့်နဲ့ စိန်စိန်တို့က မကြာမကြာ ဆွမ်းကျွေးကြတာလေ။ ကိုကျော်ခင်မြင့်+စိန်စိန်တို့ အိမ်မှာ ဆရာတော် ၊ ၀ါးရုံပင်အောက် ဓူတင်ကျင့်တဲ့ ဆရာတော် ကိုလည်း ဖူးမြင်ခဲ့ရပါတယ်။ နောက် အန်ကယ် ဦးအောင်သိန်း ကုက္ကိုင်းလမ်းထိပ် မကြာခဏ ရောက်ပါတယ်။ အန်ကယ့် ဇနီးအေ၀မ်းမျိုးဆက်နဲ့ ခင်သွားကြပါတယ်။ အေ၀မ်းရုပ်ရှင်ကုမ္ပဏီက ဦးလှဘူး၊ ဒေါ်လေးလဲ့တို့ကအစ သားသမီးတွေ အထိပေါ့။ ကိုသန်းထွဋ်နှင့် ကိုသိန်းထွဋ်တို့ အမြွှာညီနောင် ကျွန်မရဲ့ ၀တ္ထုဆူးနှစ် ဆူး၊ ပျံသာပျံပါ ငှက်ရွှေဝါတို့ ရုပ်ရှင်ရိုက် ဖြစ်ခဲ့ကြပါတယ်။
လောကမှာ ကံပြုကံ ဖြစ်ပါပဲ။
ကောင်းကျိုးချမ်းသာ ဖြစ်စေတဲ့ ကံတွေ ရွေးပြုသွားရုံပေါ့လေ။ ၀ဋ်ကြွးတွေ ကျေနိုင်သလောက် ကျေပါတယ်။
ဆရာကြီး ဂိုအင်ကာဂျီ သင်ကြားပို့ချတဲ့ ဗုဒ္ဓ တရားတော် တွေ မမေ့နိုင်ပါဘူး။
ဆရာကြီးက မှတ်စုစာအုပ် သားရေဖုံးနှင့် ကျွန်မတို့ကို လက်ဆောင်ပေးတော့ စာအုပ်ရဲ့ အောက်ဘက် foot, note မှာ ဆရာကြီး သင်ကြားတဲ့ ဗုဒ္ဓမြတ်စွာ ဓမ္မဒဿနတွေ ရေး ထားပါတယ်။
ဆရာကြီး ဂိုအင်ကာဂျီရဲ့ တရားတွေ ကို နာရတဲ့အခါမှာ ကျွန်မအိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ စကားများ ကို သတိရမိပါတယ်။
" ကျွန်တော် တို့ဟာ ဟိန္ဒူပဲ၊ မူစလင်ပဲ၊ ဆစ်(ခ်)ပဲ၊ ပါရမီသို့မဟုတ် ခရစ်ယာန်ပဲ၊ ဂျူးပဲ စသည်ဖြင့် ယုံကြည်မှု တွေ ကို အင်မတန် ခိုင်ခိုင်မာမာ စွဲခဲ့တာတွေ ရပ်တန်းကရပ်သင့်ပါပြီ၊ ကျွန်တော် တို့ဟာ အိန္ဒိယလူမျိုးသာ နောက်ဆုံး ဒီလိုသာ ဖြစ်သင့်ပါတယ်။
We must cease to be exclusive Hindus or Muslims or Sikhs, Parsis, Christians, Jews whilst we may staunchly adhere to our respective Faiths, we must be Indians first and Indians last.
ဒါဟာ ကလကတ္တားမြို့ လေဆိပ်မှာ ရေး ထားတဲ့ စာတမ်းတစ်ခုမှာ ပါ။ ဒီသဘောတရားမျိုး ခပ်ဆင်ဆင်ပါပဲ။ ကျွန်မတို့တစ်တွေ ဓမ္မသားသမီး စစ် ဖြစ်လာကြတဲ့အခါမှာ သူပဲ၊ ငါပဲဘာမှစွဲစရာ မကျန်တော့တာကို ကာလကတ္တားမြို့ ၈၅မိုင်ခန့်မျှဝေးတဲ့ အီဂတ်ပုရိမြို့ ဓမ္မဂီရိ အရပ်ဒေသမှာ ကျွန်မတို့ သင်ကြားတတ်မြောက်ခဲ့ပါတယ်။ ဂုရုကြီး ဟောကြားခဲ့တာ ပရမတ်သဘောတွေ မို့ ဂန္ဒီကြီးရဲ့ စကားထက် ပိုမိုလို့ ကျယ်ပြန့်ပါသေးတယ်။ ဓမ္မခေါင်းလောင်းတီး ခတ်တဲ့ စကားထက် ပိုမိုလို့ ကျယ်ပြန့်ပါသေးတယ်။ ဓမ္မခေါင်းလောင်းတီးခတ်တဲ့ အသံတွေ ကြားထဲမှာ ကျွန်မရဲ့ နှလုံးသားတွေ ဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတွေ နဲ့ ရှင်သန်နိုးထလို့လာပါတယ်။
ဂုရုကြီးက ဟိန္ဒူဘာသာနဲ့ ကဗျာဖွဲ့ထားတာကို အင်္ဂလိပ်ဘာသာနဲ့လည်း လှလှပပ ပြန်ဆိုထားပါတယ်။
နောက် တရားဓမ္မနဲ့ ပတ်သတ်လို့ လူတွေ ရဲ့ ကျင့်ဝတ်ကို ဖွဲ့သီသွားတာ ကတော့ "လူတွေ ရဲ့ အကျိုးကို ခင်ဗျားတို့ ဆောင်ရွက်သွားမယ်ဆိုရင် ဓမ္မပန်းတွေ ဝေေ၀ဆာဆာ ဖူးပွင့်လာပါလိမ့်မယ်၊ ကိုယ့် တစ်ကိုယ်ကောင်း အကျိုးသာ တွက်ပြီး ဆောင်ရွက်မယ်ဆိုရင် ဓမ္မပန်းတို့ ညှိုးလျော်နွမ်းခြောက် သွားပါလိမ့်မယ်။
ဒီလို ထိမိတဲ့ ဥပမာ ဥပစာများ နဲ့ ဆရာကြီးရဲ့ အတွေးအခေါ်တွေ ကို ကျွန်မ ရေး ခဲ့တဲ့ ဓမ္မဆောင်းပါးတွေ မှာ ဖတ်ရှုကြရ တဲ့ စာဖတ်သူအများ ဟာ ဆရာကြီးရဲ့ တရားရှုမှတ်ပုံမှတ်နည်း အသေးစိတ်၊ ကျွန်မတို့ တရားရှုမှတ်သူရဲ့ ကိုယ်တွေ့  တရားအားထုတ်မှု အစီအစဉ်များ ဖော်ပြဖို့ တိုက်တွန်းပြန်ပါတယ်။
အီဂတ်ပုရိဌာနမှာ ကျွန်မတို့ တိတိကျကျ လိုက်နာရမယ့် စည်းကမ်းချက် ကတော့ ဘာအကြောင်းပဲ ဖြစ် ဖြစ် လုံးဝ စကားမပြောဖို့ပါပဲ၊ ကိစ္စအထူးရှိရင်တော့ စောင့်ကြပ်တဲ့ ဆရာ၊ ဆရာမ ကိုသာ ပြောခွင့်ရှိပါတယ်။ မြင့်မြတ်စွာ တိတ်ဆိတ်ခြင်း "Noble Silence" ကို လှပစွာ အင်္ဂလိပ်ဘာသာစကားနဲ့ နေရာတိုင်းမှာ ဆိုင်းဘုတ်တွေ ထောင်ထားပါ တယ်။ ဘယ်သူတွေ စကားပြောတယ်၊ မပြောဘူးဆိုတာလဲ အမြဲပဲ စောင့်ကြပ်ကြည့်ရှုနေတဲ့ လက်ထောက်ဆရာ၊ ဆရာမ တွေ လက်တစ်ကမ်းမှာ ရှိနေတတ်ပါတယ်။
တစ်ဦးကိုတစ်ဦး လက်ဟန်ခြေဟန်၊ မျက်နှာ အမူအရာနဲ့တောင် မဆက်သွယ်ရပါဘူး။ မြင့်မြတ်စွာ တိတ်ဆိတ်ခြင်းဆို တာနဲ့တောင် မတွေးဖို့၊ စိတ်စကားမများ ဖို့ ဒီလိုဆိုလိုတာပါ၊ အဓိက ရည်ရွယ်ချက် ကတော့ အတိတ်ကိုလဲ ပြန်လှည့် မတွေးပါနဲ့၊ အနာဂတ်ကိုလဲ လှမ်းမမျှော်နဲ့၊ ပစ္စုပ္ပန် တည့်တည့်သာ ရှုဖို့ပါပဲ။ ကျွန်မတို့ ဗုဒ္ဓဘာသာတွေ ရဲ့ သတိပဋ္ဌာန် တရားတော် အတိုင်းပါပဲ။
ဒီမှာ တရားရှုမှတ်ဖို့ အချိန်ဇယားကို အရင်ဖော်ပြလိုပါတယ်။
နံနက် ၄း ၀၀ အိပ်ရာထ ခေါင်းလောင်းတီးခြင်း၊
၎း ၃၀ - ၆း ၃၀ တရားရှုမှတ်ခြင်း
၆း ၃၀ - ၈း ၀၀ နံနက်စာ (သတ်သတ်လွတ်)
၈း ၀၀ - ၉း ၀၀ အုပ်စုလိုက် တရားရှုမှတ်ခြင်း (Group Meditation) (အထိုင်မပြင်ဘဲ အဓိဋ္ဌာန် ပါရမီကို သုံးရက်အရမှာ တည်ဆောက်ရပါတယ်)
၉း ၀၀ - ၁၁း ၀၀ ဆရာတွေ ရဲ့ ညွှန်ကြားချက်နဲ့ တရားရှုမှတ်ခြင်း၊
၁၁း ၀၀ - ၁၂း ၀၀ နေ့လည်စာ (ထမင်းစားချိန်၊ သတ်သတ်လွတ်)
၁၂း ၀၀ - ၁း ၀၀ နားချိန်
၁း ၀၀ - ၂း ၃၀ တရားဆက်တိုက်ရှုမှတ်ခြင်း၊ မိမိတို့နေတဲ့အခန်းမှာ ထိုင်နိုင်တယ် ဆိုပေမယ့်၊ ခန်းမမှာ ပဲ တရားရှုမှတ်ရပါတယ်။
၂း ၃၀ - ၃း ၃၀ အုပ်စုလိုက် တရားရှုမှတ်ခြင်း (အဓိဋ္ဌာန် ပါရမီ)
၃း ၃၀ - ၅း ၀၀ ဆရာတွေ ရဲ့ ညွှန်ကြားချက်အတိုင်း တရားရှုမှတ်ခြင်း
၅း ၀၀ - ၆း ၀၀ အအေးသောက်ချိန်
၆း ၀၀ - ၇း ၀၀ အုပ်စုလိုက် တရားရှုမှတ်ခြင်း
၇း ၀၀ - ၈း ၀၀ ဆရာကြီး ဂိုအင်ကာဂျီရဲ့ တရားဟော ပို့ချချက် (ထမင်းစားဆောင်တွင် )
၈း ၀၀ - ၉း ၀၀ အုပ်စာလိုက် တရားရှုမှတ်ခြင်း
၉း ၀၀ - ၉း ၃၀ တရားစစ်ခြင်း၊ မေးမြန်း ဆွေးနွေးနိုင်ခြင်း၊
၉း ၃၀ အိပ်ချိန်၊ မီးပိတ်ရန်။
ပထမဆုံး ပြောကြားတာ ကတော့ စိတ်ကို ခွဲခြမ်းစိပ်ဖြာတဲ့အလုပ်ပါ။ (Surgical operation of the mind) ဒါကြောင့် တိတ်တိတ်နေပါ။ နောက် နှာသီးဖျားဝမှာ ၀င်လေထွက်လေ မှတ်ရပါတယ်။ ၀င်လေကို ၀င်တယ်လို့မှတ်၊ ထွက်လေကို ထွက်လေလို့မှတ် …။ ဒီတဒင်္ဂအတွင်းမှာ ပဲ စိတ်က ဟိုပြေး ဒီပြေးပြေးလိမ့်မယ်။ ပြေးရင် ပြေးတဲ့စိတ်ကို အသက်ရှူတဲ့ ဆီ ပြန်လာစေရမယ်၊ လေဟာ နှာခေါင်းရဲ့ ဘယ်ဘက် သို့ မဟုတ် ယာဘက်က ၀င်ထွက်ချင် ၀င်ထွက်မယ်။ ဒါ ကိစ္စမရှိပါ။ အသက်ကိုသာ မှန်မှန်ရှူစရာ မလိုပါဘူးလို့ ဆရာကြီးရဲ့ အသံဟာ အေးပြီး ကြည်နေတာပဲ။ တရားဓမ္မ မွေ့လျော်တဲ့ သမ္ဘာရင့်သူတို့ရဲ့ တည်ငြိမ်သိမ်မွေ့တဲ့ အသံပါပဲ။
The most essential technique is to observe the bare breath and breath itself.
အဲဒီ လို သတိလာတော့မှ ကျွန်မတို့ရဲ့ စိတ်ကိုပြန်ပြီး နှာသီးဝလေရှူတဲ့နေရာကို ထားပြန်ပါတယ်။ ပထမနေ့အဖို့ ကျွန်မမှာ အတွေး ရောဂါ အပြင် တစ်ကိုယ်လုံး လေးလံကိုက်ခဲတဲ့ ဝေဒနာ၊ အိပ်ငိုက်တာက ပိုအထိန်းရ ခက်သေး တယ်။ ထိနမိဒ္ဓဟာ ယောဂီတွေ ရဲ့ မိတ်ဆွေလို့ ဆိုတယ်မဟုတ်လား၊ စာသင်ရင်လဲ ကျွန်မနဲ့ ညီမဟာ အင်မတန် ငိုက်ချင် ငိုက်တတ်တယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက ဆရာများ ဖြစ်ကြတဲ့ ဆရာဦးခင်မောင်လတ်နဲ့ ဆရာ ဦးထင်လင်းတို့ဆိုရင် ကျွန်မတို့ ညီအစ်မနှစ် ယောက် ကို နောက်တစ်ခါ အတန်းထဲလာရင် ခေါင်းအုံးယူလာခဲ့နော်လို့ နောက်ပြောင်ကြပါတယ်။ ခုလည်း လာပါပြီ၊ ငိုက်မျဉ်းတာ တားလို့ကို မရဘူး၊ ခေါင်းအုံးတစ်လုံးသာ ရှေ့ချလာလိုက်ရင် အကြာကြီးများ အိပ်ပျော်သွား မလား မသိပါဘူး၊ ကျွန်မတို့ ထိုင်တဲ့နေရာ (အမှတ်စဉ်နဲ့ ထိုင်ရပါတယ်) ဘေးနားရော နောက်နားဆီကရော ဟောက်သံတွေ ကြားရတော့ တော် ပါသေးရဲ့ ၊ အဖော်ရှိသေးတယ် အောက်မေ့ပြီး စိတ်သက်သာရာရပါတယ်။
ဒါပေမဲ့ ကျွန်မတို့ သိပ်အချိန်မရလိုက်ပါဘူး၊ မိုက်ခွက်ကနေ ဂုရုကြီးရဲ့ ကြည်လင်တည်ငြိမ်တဲ့အသံနဲ့ အေးချမ်းငြိမ် သက်တဲ့စိတ်၊ နိုးကြားပြီး သတိရှိတဲ့စိတ်၊ သင်ဟာ မကြာခင် မလွဲမသွေ အောင်မြင်တော့မှာ ပါ …
ကျွန်မတို့ရဲ့ ဒုတိယနေ့ သင်ခန်းစာမှာ နှာသီးဖျား ၀င်လေထွက်လေမှတ်ရုံပါပဲ။ ဒါ အလေ့အကျင့် ဖြစ်လာတော့ ၀င်လေ ထွက်လေစောင့်ပြီး ရှုမှတ်တာပါ။ အသိစိတ်က စောစောတုန်းက ၀င်လေထွက်လေ မှတ်ရုံထက် ပိုလာပါ တယ်။ တတိယ သင်ခန်းစာကျတော့ ပိုရှင်း သွားပါတယ်။ နှာသီးဖျား လေတိုးသွားတဲ့ နေရာကို မှတ်တာပါ။ နှာဖျားကို တိုးသွားတာလား၊ နှာခေါင်း နံရံကိုလား၊ ဘယ်ဘက်လား ညာဘက်လား၊ ဒါကိုပဲ စောင့်ကြည့် မှတ်နေတော့ ကျွန်မတို့ရဲ့ စိတ်က စောစောတုန်းကလို မပြေးတော့ဘူး။
သမာဓိ တည်လာပြန်တော့ ကျွန်မမယ် ဒုက္ခရောက်တာက ပြင်းထန်တဲ့ ဝေဒနာပဲ။ ခါးနာတယ်၊ ဒူးဆစ်က တစစ်စစ်နဲ့ ကိုက်တယ်။ နှာခေါင်းဝက ယားတယ်၊ မျက်နှာ၊ ပါးပြင်တစ်ခုလုံးယားတာ မနေနိုင်ဘူး၊ ကုတ်ချင်နေတာပဲ၊ လက်ထောက် ၀ိပဿနာပြ ဆရာရမ်ဆင် (Mr.Ramsin) က စောင့်ကြည့်နေတော့ မလုပ်ရဲဘူး၊ အဲဒီ ဆရာက မျက်နှာထားတည်တည်နဲ့ ယောဂီတွေ ကို လှမ်းအော်တတ်တယ်၊ စည်းကမ်းကြီးပုံရတယ်။
သူစည်းကမ်းကြီးတာဟာ ကျွန်မတို့ တရားရှုမှတ်တဲ့ အခါ မှာ ထိထိမိမိ ပိုရှိပါတယ်။ လူဟာ မျက်လုံးပိတ်၊ နားပိတ် မလှုပ်မယှက် တရားရှုမှတ်လေလေ၊ တရားအမှတ် တက်လေလေပဲ မဟုတ်လား။ ပထမတော့ ယားယံတာ၊ မသိမသာ ခိုးကုတ်နေမိသေးတယ်။ နောက် သည်းခံပြီး နေလိုက်တယ်။ ဆရာကြီးကလဲ ဇွဲရှိရှိနဲ့ သည်းခံပြီး အဆက်မပြတ် ရှုမှတ် ပါလို့ ညွှန်ကြားတယ် မဟုတ်ပါလား။
သည်းခံရင် နိဗ္ဗာန်ရောက် ဆိုတဲ့စကား ခုမှပဲ ကျွန်မသဘောပေါက်တော့တယ်။
အသက် ၇၀ အရွယ်လောက်ရှိတဲ့ အသားဖြူဖြူ ချောချောသိမ်မွေ့တဲ့ အပြုံးနဲ့ ဆာရီအဖြူဝတ်ထားတဲ့ ဆရာမ ကြီးက ကျွန်မကို အင်္ဂလိပ်ဘာသာနဲ့ တရားစစ်တော့ နှာခေါင်းက ပူနေတာ၊ မျက်နှာတစ်ခုလုံး ယားယံနေတာတွေ ကို ပြောပြ တော့ သူက သူ့ရှေ့ တရားရှုမှတ်ခိုင်းပါတယ်။ ကျွန်မမှာ ပေါ်လာတဲ့ ဝေဒနာကို သူက မေးတော့ နှာခေါင်းတစ်ဝိုက်မှာ ထူနေတာ ပြောပြတော့ ကောင်းတယ်၊ ဆက်အားထုတ်ပါလို့ သူက ပြောပါတယ်။
ဒီအချိန်မှာ ဟိုပြေး ဒီပြေးနဲ့ တွေးတတ်တဲ့ ကျွန်မရဲ့ စိတ်ဟာ အတော် တည်ငြိမ်စပြုလာပါပြီ။ စာရေး ဆရာများ အတွေးနယ် အင်မတန် ချဲ့တတ်တာ၊ ကိုယ့်ဝမ်းနာ ကိုယ်ပဲ သိပါတယ်။ ဒါကြောင့် မို့ စကားမပြောရုံနဲ့ တိတ်ဆိတ်ခိုင်း တာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ လွင့်ပါးတတ်တဲ့ စိတ်ကိုပါ ဟိုဟိုဒီဒီ မပြေးရအောင် ထိန်းခိုင်းတာ မဟုတ်လား။
Not only to be kept away from chattering but also silence of mind which wanders here and there; so keep you mind quiet and silent, that is Noble Silence.
ဓမ္မဂီရိ မဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၁)
တတိယနေ့ညလောက်မှာ ကျွန်မတို့ တရားရှုမှတ်နေဆဲ အချိန်ကျွန်မမျက်စိတ၀ိုက် အလင်းရောင် လို ဖြစ်နေပါတယ်။ မူလတုန်းက အဖြူစက်လေးတွေ လိုပဲ။ နောက်တော့ အောက်လင်းဓာတ်မီး အလင်းရောင် လို ဖြစ်လာတော့ မျက်စိကို တအားမှိတ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အလင်းရောင် ကတော့ မပျောက်ပါဘူး။ ဒီအာရုံနိမိတ်တွေ ကို ကျွန်မ သိပ်ပြီး မလေ့လာမိဘူး။ အရင် လယ်တီဆရာတော် ဘုရားရဲ့ ကျမ်းစာအုပ်တွေ အနည်းအကျဉ်း ဖတ်ဖူးပေမယ့် ကျွန်မတို့ ဉာဏ်နဲ့ မမှီခဲ့တာအမှန်ပါ။ ဒါတွေ ဟာ ကိုယ်တွေ့ တရားတွေ သာ ဖြစ်တယ်။ ကိုယ်တိုင်ကျင့်မှ သိရတဲ့ တရားတွေ ပါဆိုတာ ကျွန်မတို့က နောင်မှသိရတာ ပါ။ဒါကြောင့် မို့ " သိန္ဒိဋ္ဌိကော၊ ကျင်ကြံအားထုတ်လျှင် မျက်မှော က်ကိုယ်တိုင် တွေ့ မြင်နိုင်သော တရားမြတ်ပါပေတကား" လို့မြတ်စွာ ဘုရား ဟောကြားတော် မူခဲ့တယ် မဟုတ်လား။
ဒီအလင်းရောင် တွေ့ ရတဲ့ အာရုံနိမိတ်ဟာ သမာဓိ ထူထောင်တဲ့အခါ တွေ့ ရတတ်တာမို့ ဘာမှမဟုတ်လောက်သေးတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ စိတ်ထဲ အထူးအဆန်းလို ဖြစ်နေပါတယ်။ တစ်ခါတစ်ခါ အလင်းရောင် ဟာ တောက်လျှောက်တစ်ပြေးတည်း လင်းနေတာမဟုတ်ဘဲ လျှပ်စီးပြက်သလို ပြက်တာလဲမြင်ဖူးတယ်။ ကျွန်မတို့ ရှေ့ဆက်မယ့် ဓမ္မလမ်းကြောင်းမှာ ဒါတွေ ဟာ ပယ်ပစ်ရမှာ ပဲ။ တစ်ခါတလေ နတ်ပြည်တို့ တောအုပ်တို့ ဗုဒ္ဓမြတ်စွာ ရုပ်ပွားတော် တို့၊ ဥယျာဉ်လှလှနဲ့ စမ်းချောင်းတို့ အာရုံလှည့်ဖျားတာတွေ ရှိတဲ့အကြောင်း ကျွန်မတို့နောက်မှပဲ သိခဲ့ကြရတာ ပါ။
အသက်ရှူတဲ့ဆီကို စိတ်ရောက်လာတဲ့အခါမှာ အလင်းရောင် ပျောက် သွားပါတော့တယ်။ ကျွန်မလဲ ကျွန်မကို အိန္ဒိယပြည်ကို ဖိတ်ကြားတဲ့ ဂုရုကြီး သားအဖတွေ ၊ ကျွန်မ အိန္ဒိယပါအောင် ကြိုးပမ်းတဲ့ ဆရာပါရဂူ၊ ဦးကျော်ခင်မြင့်တို့ကို မေတ္တာပို့ပါတယ်။ ဧဟိပဿိကော…. "လာပါ၊ ရှုကြည့်ပါ" ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းသော တရားတော် မြတ်ပါပေတကား ဆိုတာဟာ ကိုယ်တွေ့  တရားးပါပဲ။
စေတီအောက်ခြေမှာ လိုဏ်ဂူလေးတွေ ရှိပါတယ်။ အဲ့ဒီလိုဏ်ဂူလေးတွေ ထဲ ကျွန်မတို့ တရားရှုမှတ်ရပါတယ်။ လူတစ်ရပ်သာရုံ လိုဏ်ဂူလေးဟာ အမှော င်ဖုံးလွှမ်းလို့ နေပါတယ်။ လျှပ်စစ်မီးတစ်ပွင့် ခေါင်းပေါ်တပ်ထားးပါတယ်။ အလင်းရောင် လိုချင်ရင် ဘေးနံရံလှမ်းပြီး ခလုပ်နှိပ်လိုက်ရုံပါပဲ။ အဲ့ဒီအထဲမှာ တရား ရှုမှတ်ရတာ အင်မတန် မွေ့လျော်ဖွယ် ကောင်းပါတယ်။ ကျွန်မအတွက် ပေးထားတဲ့ လိုဏ်ဂူအခန်းနံပါတ် ကတော့ ၁၁၆ပါ။ မြတ်စွာ ဘုရားကိုယ်တော် တိုင်ကျင့်ခဲ့တဲ့ တရားကို ကျွန်မတို့ အားထုတ်ခွင့်ရတာ နည်းနည်း နောနော ကုသိုလ်မှ မဟုတ်တာ။ ပြီးတော့ မြတ်စွာ ဘုရား ပွင့်တော် မူရာ တိုင်းပြည်…။
ရိပ်သာတည်နေရာဟာ တောင်ကုန်းပေါ်မှာ ဖြစ်ပါတယ်။ ဘေးပတ်ပတ်လည်နေရာမှာ အင်္ဂပူတောင်တန်းတွေ ၀ိုင်းရံနေတယ်။ ဓမ္မဂီရိပ်သာတစ်ခုလုံး ဂူပုံသဏ္ဌာန်အခန်းတွေ ၊ အုတ်တိုက်ငယ်တွေ အားလုံးနီးပါး ကျောက်အုတ်တွေ နဲ့ တည်ထားပါတယ်။ ဂိတ်အ၀င်အ၀ကစ ရုံးခန်းနောက် ထမင်းစားခန်းရှိပါတယ်။ ထမင်းစားခန်းကနေ စင်္ကြံမြေလမ်းကို လမ်းနှစ် သွယ် ဖောက်ထားပါတယ်။ အမျိုးသား အမျိုးသမီး လျှောက်ကြတဲ့လမ်းသီးသန့်ခွဲခြား ဖောက်ထားပါတယ်။ စင်္ကြံမြေလမ်းနှစ် ဘက်ဘေးမှာ စိန်ပန်းပင်ပျိုတွေ တန်းစီပေါက်နေပါတယ်။ ထမင်းစားခန်းနဲ့ မလှမ်းမကမ်းမှာ အမျိုးသမီးတွေ နားနေထိုင်ရာ ( Ladies siting area) ရယ်လို့ သတ်မှတ်ပြီး ကျောက်တိုင်ခုံတွေ ဟာ ခရေး ခရာရှိလှပါတယ်။ ဒီနေရာကနေ လှမ်းမျှော်ကြည့်ရင် အောက်ခြေမှာ လမ်းမြောင်ကတစ်သွယ်၊ ကြည်လင်စိမ်းမြမြနဲ့ စမ်းချောင်းလေး၊ ပြီးတော့ ရွက်ကျပင်ပေါက်အဖြူတွေ နဲ့ တော် တော် ပန်းချီဆန်တဲ့ ရှုခင်းတွေ ပါပဲ။
ကျွန်မတို့နေထိုင်တဲ့ တည်းခိုခန်းတည့်တည့်မှာ အုတ်ပတ်ဝိုင်းထားတဲ့ ဘင်္ဂလားသရက်ပင်ကြီး၊ သရက်ပင်နားမှာ တရုတ်စကားပင်ပင် ပုပုလေး နှစ် ပင်ရှိပါတယ်။ အ၀ါရောင် ၀တ်ဆံနဲ့ အဖြူပွင့်တွေ ဟာ ပင်လုံးညွှတ်ပွင့်ပြီး မြေကြီးပေါ်ကြွေတာ ကြွေကျနေပါတယ်။ ရွက်ကျပင်ပေါက်တွေ ၊ ရွက်ဖြူပင်တွေ ၊ ပွင့်တူရွက်တူနဲ့ ရွက်လှပင်တွေ တောင်ကုန်းအနှံ့ စိုက်ပျိုးထားတာတွေ့ ရတယ်။ အချိန်ရှည်ရှည် တရားအားထုတ်တဲ့ ယောဂီတွေ (Long course သမားတွေ ) အတွက် အ၀တ်တဲငယ်တွေ တောင်ခါးပန်းမှာ ထိုးပေးထားတယ်။ကျွန်မတို့ အဆောင်ကနေ ဓမ္မခန်းမဘက် သွားရာလမ်းမှာ လဲ ပိန္နဲပင်ပျိုတွေ ၊ ညောင်ပင်ပေါက်နဲ့ တမာပင်ပျိုတွေ စီတန်းပေါက်ရောက်နေတာ တွေ့ ရပါတယ်။ လမ်းတစ်လျှောက်လုံး ' ယောဂီ ' တွေ အမောပြေသောက်ရအောင် ရေချမ်းစင်ကလေးတွေ ချစ်စဖွယ် ထားပေးပါတယ်။
တစ်ဖက်တောင်တန်းဘက်မျှော်ကြည့်ရင် နေအရောင် အောက်မှာ ခရမ်းရောင် လွင်နေပါတယ်၊ သစ်ပင် ၀ါးပင်မရှိဘဲ တောင်ကတုံးတွေ မို့ မြန်မာပြည်က တောင်တွေ လောက်တော့မလှလှပေဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့နယ်မြေမှာ တောင်တန်းတွေ ဟာ ကောင်းကင်နဲ့ ထိစပ်နေသလို ထင်ရပြီး တောင်ခြေမှာ တော့ သစ်ပင်အုပ်အုပ် စိမ်းစိမ်းလန်းလန်းတွေ တွေ့ ရရဲ့ ။ ဆိတ်ကျောင်းနေကြတဲ့ ကျေးရွာသားတွေ ရဲ့ ရွာဘက်က အိန္ဒိယကျေးလက်ဗုံသံကို အဝေးက ကြားနေရပါတယ်။ တောင်ပေါ်မိုးချုန်းသံဟာ အနီးကပ်နေသလို ထင်ရပါတယ်။ တိမ်စိုင် ဂွမ်းလိပ်တွေ ကို အနီးကပ် မြင်နေရတော့ ကြည်နူးဖွယ်ပါပဲ။
ဒါတွေ မြင်နေတွေ့ နေတဲ့ ကြားထဲမှာ ပဲ ဓမ္မနှိုးဆော်သံကိုနားထဲ ကြားနေမိတာ အမှန်ပါပဲ။
နည်းနိဿရည်းဆိုတာလည်း သမာဓိတည်မြဲအောင် လေ့ကျင့်တဲ့နေရာမှာ အတိအကျ လိုက်နာဖို့ပါ။ ၀ိပဿနာကျင့်စဉ် ကတော့ သတိပဋ္ဌာန်မို့ အခြားတရားဌာနတွေ ရဲ့ ကျင့်စဉ်နဲ့ မကွဲပြားလှပါဘူး။ဝင်လေထွက်လေသိတာ၊ မပျက်ဘဲဆက်ပြီးရှုမှတ်တာ၊ အားလုံးကို ဖြစ်တယ် ပျက်တယ် သဘာဝတရားအတိုင်း ရှုကြည့်သွားတာပါပဲ။
ကျွန်မတို့ သမထကနေ ၀ိပဿနာဘက် ကူးတဲ့နေရာမှာ ခန္ဓာကိုယ် ဦးခေါင်းပိုင်းကို စပြီးရှုမှတ်ရပါတယ်။ ဦးခေါင်းပိုင်း (ဦးခေါင်းထိပ်)မှာ ဘာဝေဒနာပေါ်သလဲ၊ ပူတာ အေးတာ၊ တလှုပ်လှုပ် တရွရွ ဖြစ်တာ၊ နာတာ ကျင်တာ ခဏလောက်စောင့်ကြည့်၊ နောက်မျက်နှာ၊ လည်ပင်း၊ ညာဘက် လက်မောင်းတံတောင်ဆစ်၊ လက်ဖျံ၊ လက်ကောက်ဝတ်၊ လက်ချောင်းအထိ၊ နောက် ဘယ်ဘက်လက်မောင်း၊ တံတောင်ဆစ်၊ လက်ဖျံ၊ လက်ကောက်ဝတ်ကနေ လက်ချောင်းတွေ အထိ နောက် ရင်ဘတ်၊ ကျော၊ ခါး၊ ၀မ်းဗိုက်၊ ညာပေါင်ဒူးဆစ်၊ ခြေသလုံး၊ ခြေချောင်းတွေ အထိ အားလုံးပေါ်တဲ့အထိ ရှုကြည့်သွားရပါတယ်။
ဒီမှာ အရေး ကြီးတာက နေရာတိုင်း စူးစိုက်သွားရမှာ ဘယ်လိုဝေဒနာမျိုးပေါ်သလဲ၊ ပူတာလား၊ အေးတာလား၊ နာကျင်တာ၊ ယားယံတာ၊ သွေးတိုးတာ၊ ထုံတာ၊ တရွရွ ပုရွက်ဆိတ်တက်သလို ဖြစ်တာ၊ တစ်နရာမှာ ပေါ်တဲ့ ဝေဒနာကို ခဏစောင့်ကြည့်၊ ဝေဒနာမပေါ်ရင် အထက်ပါအစီစဉ်အတိုင်း ဆက်ရှုမှတ်သွားရပါတယ်၊ ဝေဒနာတွေ ကို သူ့သဘောအတိုင်း(ကိုယ့်စိတ်အလိုအတိုင်း မဟုတ်ဘဲ)ကြည့်ရပါတယ်။ ဒါကို ဆရာကြီးက -
Observe the Sensations objectively. First from the top of the head-face-neck right arm, elbow, hand to the nail. And left arm, elbow, hand to the nail. Observe right thigh, knee, leg to the toes, And the left thigh also. Observe every sensations at the chest, back, abdomen, so on and so forth.
ဒီလို ရှုကြည့်ရတဲ့ အပိုင်းဟာ ၀ိပဿနာမှာ အရေး ကြီးလာပါတယ်၊ ဝေဒနာတွေ ဟာ သူပေါ်ချင်သလို ပေါ်လာတာပဲ၊ ဒါကို စနစ်တကျ စောင့်ကြည့်တာ ဖြစ်ပါတယ်၊ ပေါ်လာတဲ့ ဝေဒနာအတိုင်းဟာ မမြဲဘူးဆိုတာ သိနေတယ်၊ အနိစ္စ အနိစ္စ (impermanence) ပါ၊ ဒါဟာ မလွဲမသွေကြုံနေကြရတဲ့ ပရမတ္တသစ္စာတရားပါ၊ ဝေဒနာ သုံးမျိုးသုံးစား ခွဲခြားတားပါတယ်၊ ဒုက္ခဝေဒနာ၊ သုခဝေဒနာနဲ့ ကြားဝေဒနာတို့ ဖြစ်ပါတယ်။
လို့ ဆရာကြီးကဆိုပါတယ်၊ စစချင်းတော့ ဒုက္ခ ဝေဒနာ ဖြစ်ပေါ်လာတာများ ပါတယ်၊ ဝေဒနာ မခံမရပ်နိုင်အောင် ဖြစ်ပေါ်လာရင် သူ့ကို အဲဒီ အတိုင်း ထားပစ်ခဲ့၊ ဆက်ပြီး တခြားရှုမှတ်၊ ဝေဒနာကို ရှုလိုက်ရပါတယ်။
ကျွန်မတို့ နောင်အနာဂါမ် ဆရာသက်ကြီးကို ခုပေးထားတဲ့ ဆရာသတ်ကြီးရဲ့ ပျော်ဘွယ်ကြီးရွာ ရွှေကျင်အနောက် ကျောင်းဘက်သွားတော့ ပျော်ဘွယ်ကြီးဘက် ကမ္မဋ္ဌာနာ စရိယ ဆရာဦးဣကကတောင်….
' ဒကာကြီး ဂိုအင်ကာဂျီဟာ ဘုန်းကြီးကို ခုပေးထားတဲ့ဆရာသက်ကြီးရဲ့ ကမ္မဋ္ဌာန်း နည်းစနစ်ကို မူမပျက် ထိန်းသိမ်းထားကြောင်းသိရလို့ အင်မတန်မှ ၀မ်းသာကျေှးဇူးတင်ရတယ်' လို့ အမိန့်ရှိ သွားပါတယ်။
ကျွန်မတို့ရဲ့ ဆရာစဉ်ဆက်နွယ်ယှက်ခဲ့တာ ကတော့ လယ်တီဆရာတော် ၊ ဆရာသက်ကြီး၊ ဦးဘခင်ကနေ ဆရာကြီး ဂိုအင်ကာဂျီက ဓမ္မသဘင်ပွဲ၊ မတ်လဆန်း(၁)ရက်နေ့၊ ၁၉၉၀ခုနှစ် မှာ ကျင်းပတဲ့ နံရံကပ်စာများ နဲ့ အကြီးအကျယ် ဖော်ပြခဲ့ပါတယ်။
The Chain of TeachersThe Present teacher S.N. Goenka of India, recieved vipassana from Sayagyi U Ba Khin in Myanmar, Sayagyi recieved the teaching from Saya Thet Gyi, Who studied and pracitised for 14 years under the guidence of LEDI SAYADAW.
ဆရာကြီး ဦးဘခင် ကတော့ သူ အနှစ် သုံးဆယ်လုံးလုံး တရားအားထုတ်မှု အတွေ့ အကြုံမှာ ဆုံးရှုံးမှု တွေ အောင်မြင်မှု တွေ ရင်ဆိုင်ပြီးမှ နောက်ဆုံး သူဟာ ကမ္ဘာပေါ်ရှိလူတွေ ကို တရားပြသနိုင်တဲ့အဆင့်အထိ အရည်အသွေးရှိလောက်ပြီလို့ ယူဆပြီးမှ တရားရှုမှတ်နည်း ပြသခဲ့တာပါတဲ့။
After thirty years of Research work and trials with successes and failures. I have reached the stage when I Consider myself well qualified to teach the people of the world.
ဆရာကြီး ဂိုအင်ကာဂျီ ကတော့ ဆရာကြီး ဦးဘခင်နဲ့ ကန့်ကူလက်လှည့် ဆရာရင်း တပည့်ရင်းပါပဲ၊ ဒါကြောင့် မို့ ဖယောင်းတိုင် တစ်တိုင်ရဲ့ အလင်းရောင် ဟာ အမှော င်ကို ဖယ်ခွင်းနိုင်သလို လူ တစ်ယောက် ရဲ့ ဉာဏ်အလင်းရောင် ကလဲ လူအများ ရဲ့ အမှိက်မှော င်ကို ဖယ်ရှားပစ်နိုင်တာ အမှန်ပါပဲ။
Just of the light of the candie had the power to dispel darkness in a room, so also the light developed in one can help dispel darkness in severak others.
လို့ ဆရာကြီး ဂိုအင်ကာဂျီက ဟောကြားခဲ့ပါတယ်...။
ဓမ္မဂီရိ၊ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ် (၂)
ကျွန်မမယ် ငိုက်မျဉ်းတဲ့ဝေဒနာတော့ လျော့နည်းလာတာ သေချာပါတယ်။ ထိနမိဒ္ဓကင်းစင်သွားကတည်းက ကျွန်မရဲ့ အလေ့အထဆိုးတစ်ခု မရှိသည့် အတွက် တစ်မျိုးဝမ်းသာရပါတယ်။ ကျွန်မမှာ ပေါ်လာတဲ့ ဝေဒနာတွေ ကင်းစင်ပျောက်သွားစေလိုတဲ့ စိတ်နဲ့ မရှုမှတ်ရပါဘူး။ ဝေဒနာပျောက်စေချင်လို့ သူ့ကိုမှတ်လေလေ တိုးတိုးနာလာလေပဲ။ နာတာက သူ့သဘောနဲ့သူပဲ၊ ငါနာတာလဲမဟုတ်ဘူး၊ နာတာကနာတာပဲ၊ ခြေထောက်၊ လက်၊ ခေါင်း စသည်နာတာတွေ လဲ မဟုတ်ဘူး၊ နာတာကနာပဲ၊ နာတာ ထုံတာ ကျင်တာကို သိတယ်၊ သိရုံမှတ်သွားတာပါပဲ။ ကျွန်မတို့ နှစ်သက် သည် ဖြစ်စေ၊ မလိုလားသည် ဖြစ်စေ၊ ဝေဒနာ ကတော့ ရောက်လာမှာ ပဲ။ ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတာ မဟုတ်ပါလား။ ကျွန်မတို့ ရုပ်နာမ်တရားသိဖို့ ပန်းတိုင်ဟာ ဝေးးပါသေးတယ်။ ခရီးရှည်ကြီး ချီတက်ရသလိုပါပဲ။ ဒါပေမဲ့ ခဏတိုင်း ခဏတိုင်း ဖြစ်ပျက်နေတဲ့ ခန္ဓာကိုယ်ရှိ ဓာတ်သဘောတွေ ကို စောင့်ကြည့်ဖို့လိုပါတယ်။ ဘာအတွေးမှ မပါဘူးရှုမှတ်သွားရုံပါပဲ။
စောစောတုန်းက ကျွန်မရေး ခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကို တစ်ကန့်စီ၊ တစ်ကန့်စီ စောင့်ကြည့်သွားတဲ့အခါမှာ အံ့သြဖွယ်ရာပဲ။ ဝေဒနာဟာ တစ်ခါတစ်ခါမှာ ညီနေတတ်ပါတယ်။ ဥပမာ နားထင်ကစပြီး သွေးတိုးနေလိုက်တာ လက်မောင်း၊ ပေါင်၊ ခြေမျက်စိအထိ သွေးတိုးနေတာကို သတိထားမိပါတယ်။ ကျင်တယ်ဆိုရင်လဲ တစ်ကိုယ်လုံးပဲ။ ဝေဒနာတွေ ကို ဥပေက္ခာစိတ်နဲ့ ရှုမှတ်တဲ့ အခါမှာ တစ်နေရာကနေ တစ်နေရာ ပြောင်း ပြောင်းသွား လိုက်တာ စက်ရုပ်ကို သံပတ်ပေးလိုက်တဲ့အတိုင်းပါပဲ။ ဒါကြောင့် ခဏတိုင်း ခဏတိုင်းမှာ အရာရာဟာပြောင်းလဲနေတယ်လို့ ဆရာကြီးက -
Everything is changing. Through our experience we know how we suffered it is a radical change and process of changes from moment to moment.
ပြောဟောခဲ့တာတွေ ဟာ ၀ိပဿနာရှုမှတ်နည်း လမ်းညွှန်မှု တွေ ပါပဲ။
ကျွန်မတို့အတွက် ဒါဟာ သဘာဝတရားပါပဲ။ အရှိကို အရှိအတိုင်း လက်ခံရမယ်။ ဝေဒနာတွေ တစ်ခုပြီးတစ်ခု ရှုမြင် သွားပါတယ်။ ဒါဟာ သတိပဋ္ဌာန်းတရား စင်စစ်ပါပဲ။
We have to accept things as it is just aware the sensations one after the another it is what known as sampajana. (သတိပဋ္ဌာန်)
ကိုယ့်ကိုယ်သာ စောင့်ကြည့်မနေဘူးဆိုရင် ကိုယ်ဘာ ဖြစ်လို့ ဘာ ဖြစ်တယ်ဆို သိမယ် မဟုတ်ပါဘူး။ ကာယနုပ္ပဿနာ၊ ဝေဒနာ နုပ္ပဿနာ၊ စိတ္တ နုပဿနာနဲ့ ဓမ္မနုပဿနာတို့မှာ ကျွန်မတို့ မလွဲမသွေ တွေ့ ထိနေရတာ ကတော့ ဒီဝေဒနာပဲ၊ ဒါကို သတိနဲ့စောင့်ကြည့်နိုင်တာပါပဲ။ တင်းတာ၊ တောင့်တာ၊ ပူတာ၊ အေးတာ၊ထုံတာ၊ ညောင်းကိုက်တာ ခန္ဓာမှာ ပေါ်လာတာနဲ့ စောင့်ကြည့်ပြီး သိဖို့လိုပါတယ်။ ဥပမာ ဒူးကောက်ကွေးမှာ သွေးတိုးသလို လှုပ်နေတာ စောင့်သာ မကြည့်ခဲ့ရင် ဘယ်သိမလဲ။ တရားရှုမှတ်တယ်ဆိုတာ ဘာဒုက္ခကိုမှ မကြောက်ရတော့ဘူး၊ စိုးရိမ်စရာ မလိုတော့ဘူး၊ နာတာကို နာတယ်လို့ မှတ်တာ၊ ပူတာ အေးတာ မှတ်တာ ဝေဒနက္ခာပါပဲ။ ဒီလို ရှုမှတ်ရင်းသေရင် ဒိဋ္ဌိကွာသေမှာ လေးဘုံအပါယ် မလားတော့ဘူးပေါ့။
ဂုရုကြီးက သူ့ရဲ့ ဟောပြောပို့ချချက် အမှတ်စဉ်(၄) (Day four discourse) မှာ ဟောပြောသွားးပါတယ်။
ဦးခေါင်းကနေ ခြေဖျားအထိ လှည့်ပတ်ရှုမှတ်တဲ့ အခါမှာ သုခဝေဒနာ ဖြစ်စေ၊ ဒုက္ခဝေဒနာ ဖြစ်စေ၊ ဖြစ်ပေါ်နေတဲ့နေရာရောက်ရင် အဲဒီ ဝေဒနာကို သိအောင် ရှုမှတ်ပြီးမှ ဒီဝေဒနာကို (ကိုယ်နဲ့ ဘာမှမဆိုင်သလို) ကြားအ ဖြစ်နဲ့ နေပြီး ဝေဒနာကို မခံစားပါနဲ့ ရှုရုံသာရှုမှတ်ပါ။ သတိထားဖို့ ကတော့ စိတ်ပါပဲ။ ကိုယ့်စိတ်ပြောင်းလဲ လာတာနဲ့အမျှ ကိုယ်ဟာ ဝေဒနာ ခံစားမှု မှာ ပြုံးနိုင်လာမှာ ပေါ့။ ဒီဝေဒနာဟာ မကြာခင် ပပျောက်သွားမယ့် အနိစ္စသဘော သိနေရင် စိတ်ဟာဘယ်လိုမှ မနေတော့ဘူး။
To begin, while you sit for meditation most of the time you will react to the sensations, but a few moments will come when you remain equanimous despito severe pain.Such moments are very powerful in changing the habit pattern of the mind. Gardually you will reach the stage in which you can smile at any sensation, knowing it is anicca (အနိစ္စ) bound to pass away.
ကျွန်မတို့ အိန္ဒိယပြည်ကို ဓမ္မခရီးသွားခဲ့ကြတဲ့အခါ တရားနဲ့ပတ်သက်တဲ့ အတွေ့ အကြုံတွေ ဟာ ပြောမကုန်နိုင်အောင်နဲ့ ပတ်သက်တဲ့ အတွေ့ အကြုံတွေ ဟာ ပြောမကုန်နိုင်အောင်များ ပြားလှပါတယ်။ တစ်ထောင့်တစ်ည ပုံပြင်လို စာအုပ်အ ဖြစ်ရေး မယ်ဆိုရင် အတွဲ လိုက် ရေး ဖွဲ့လို့ ရနိုင်ပါတယ်။ ကျွန်မတို့အတွေ့ အကြုံတွေ ဟာ စိတ်ဝင်စားစရာလဲ ကောင်းရဲ့ ၊ စိတ်ညစ်စရာလဲ ကောင်းရဲ့ ၊ ပျော်စရာလဲ ဖြစ်ရဲ့ ဓမ္မကြောင်း၊ လောကအများ ကြီးပါပဲ။ ဂုရုကြီး ညွှန်ကြားပြသမှု နဲ့ တွေ့ ရှိတဲ့ ကိုယ်တွေ့ တရားဟာလဲ ခုမှ စလုံးရေစပါတယ်။ ကိုယ်တွေ့ တရားကို ယောဂီအချင်းချင်း ဖြစ်စေ၊ တခြားလူကို ဖြစ်စေ၊ ပြန်ပြောတာမျိုးကို ဂုရုကြီးနဲ့ လက်ထောက်ဆရာတွေ ၊ ဆရာမ တွေ က မကြိုက်လှပေမယ့်၊ ပြောသင့် ပြောထိုက်တာတွေ ကိုတော့ ကျွန်မအတတ်နိုင်ဆုံး ပွင့်လင်းစွာ ရေး သားသွားမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ လူတွေ မှာ စရိုက်အသီးသီးရှိကြတာမို့ တရားအတွေ့  တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှ မတူနိုင်ပါဘူး။ ဓမ္မအသီးအပွင့်ရဲ့ အရသာကို ကျွန်မနည်းတူ ခံစားစေချင်တဲ့ စိတ်စေတနာထားရိုးအမှန်ပါ။ ဒါပေမဲ့ ကိုယ်တိုင် ကျင့်ကြံမှ ကိုယ်လွတ်မြောက်ရာလမ်း ပန်းတိုင်ကို ရောက်မယ်ဆိုတာတော့ ကျွန်မတို့ မေ့ထားလို့ မရပါဘူး။
To achieve this stage, you have to work yourself; no-one else can work for you. It is good that you have taken the first step on the path, now keep walking, step by step to wards your own libration.
ကျွန်မတို့ ဒီတရား ရှုမှတ်ကြတဲ့ အလေ့အကျင့်ဟာ ဆက်တိုက်စားစား သွားသွား လာလာ နေနေလုပ်သွားကြရမယ့် ကိစ္စပါပဲ။ မမြဲတန်းကို ‘ သတိ’ နဲ့ ရှုမှတ်နေရမှာ ပါ။ ဒါကြောင့် လဲ မြင့်မြတ်စွာ တိတ်ဆိတ်ပါ ( Noble Silence) လို့ ခဏခဏ သတိပေးနေတာပေါ့။ ကျွန်မတို့ ဓမ္မဟောလ်ကြီးကနေ ကိုယ့်အဆောင် ကိုယ့်အခန်းရောက်လို့ အဖော်တစ်ဦးဦးနဲ့ တီးတိုးပြောမိတာများ ကြားရင်လဲ လက်ထောက်ဆရာ၊ ဆရာမ တွေ က ယောဂီတွေ ရဲ့ တံခါးကို လာပုတ်ပြီး သတိပေးတတ်ပါတယ်။ ဆေးလိပ်သောက်တတ်သူတစ်ချို့ (အများ အားဖြင့် အမျိုးသားတွေ ) သူတို့အခန်းမှာ ဆေးလိပ်ခိုးသောက်တာများ မီးခိုးအနံ့နဲ့ ချက်ချင်း တန်းသိတာပဲ။ တံခါးခေါက်လာ၊ သတိပေးတာပဲ။ ဆေးလိပ် မသောက်ရ၊ ကွမ်းမစားရလို့ တင်းတင်းကြပ်ကြပ် တားမြစ်ပါတယ်။
ဆိတ်ဆိတ်နေဖို့ဆိုတာလဲ နှုတ်က ပိတ်ထားလို့ရပေမယ့် စိတ်ကိုထိန်းဖို့ရာ လွယ်တာမဟုတ်ဘူး၊ မိနစ်ပိုင်း စက္ကန့်ပိုင်းမှာ ပဲ စိတ်ဟာ ရောက်ချင်ရာတွေ ရောက်ရောက်သွားတာမျိုး။ အတွေးနယ်ချဲ့တယ်ဆိုတဲ့ စကားဟာ တကယ်ကို မှန်တာပဲ၊ မြက်ခင်းတစ်ခုကို မြင်တာနဲ့ မြက်ခင်းရှိတဲ့ သူငယ်ချင်း၊ တစ်ဦးအိမ်၊ ယောင်္ကျားဖောက်ပြန်လို့ နှလုံး ရောဂါ စွဲကပ်တာ၊ ဒီကနေသိပ်ချောတဲ့ မိန်းမတစ်ဦးက အရုပ်ဆိုးဆိုးနဲ့ ပွေတဲ့ယောင်္ကျားကို မှန်ရှေ့ခေါ်ပြီး ရှင်တောင် ဒီလိုလုပ်ရင် ကျွန်မကိုကြည့်ထားဆိုပြီး လူ တစ်ယောက် နဲ့တွဲ လို့ အိမ်ထောင်ရေး ၊ ပြိုကွဲတာ တပည့်မလေး တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ ဒုတိယကမ္ဘာုစစ်၊ နိုင်ငံတကာစစ်တွေ ၊ ဂြိုလ်တုသတင်းက အနိဋ္ဌာရုံ လူတွေ ရဲ့ ဒုက္ခအထွေထွေ၊ ဗစ်တာဟူဂိုးရဲ့ ၀တ္တု၊ ပြင်သစ်ပြည် တော် လှန်ရေး ၊ တစ်ခါတုန်းက ကြည့်ဖူးတဲ့ မေရီအတွိုင်းနက် ရုပ်ရှင်၊ စကော့တလန် ဖယောင်းပြတိုက်၊ သူရဲ တစ္ဆေ ရုပ်ရှင်ကားတွေ ၊ စစ်ကိုင်းမြို့၊ မင်းစံအသွားလမ်းက ရေ၀န်းသင်္ချိုင်းကမ္ဘာရဲ့ တေးဝတ္ထု၊ ဒါရိုက်တာ ဦးဝင်းဖေ၊ နုနုရည်(အင်းဝ)နဲ့ ကိုအောင်ကျော်တိုး၊ ကိုသာနိုး၊ ကမာရွတ်ဈေးနားက ဟောပြောပွဲ၊ ကိုကျော်စွာ (ချစ်ဦးညို)၊ ဒေါက်တာငွေစိုး၊ ဇာနည်ဆံပင်သန်ဆေး၊ ဂျပန်ပြည်က ဆံပင်ဆိုးဆေး၊ ချယ်ရီပင်နဲ့ ပိတောက်ပင်၊ လမျှော်ကြည့်တဲ့ပွဲနဲ့ ဟိုက္ကူကဗျာများ ၊ ဟန်ဆုယဉ်ရဲ့ ၀တ္ထုထဲက ‘ လ ‘ အကြောင်း၊ ကိုရီးယား စစ်သတင်းထောက် မတ်(ခ်) (Mark) ကနေ ကိုရီးယား ပ၀ါအက၊ မြန်မာ ဇတ်သဘင်ရဲ့ ပ၀ါအက၊ မြိုင်ထနှစ် ပါးသွား၊ ရွှေမန်းဦးတင်မောင် ကွယ်လွန်တဲ့အခါ ကိုဝင်းဗိုလ် ကျောက်ဆည်မှာ ပုလဲငုံ ရိုက်တုန်း၊ကျောက်ဆည်က မြန်မာ စပါးကျီ၊ အနော်ရထား၊ ကျန်စစ်သားနဲ့ ရာဇကုမာရ်ကျောက်စာ၊ မြစေတီဘုရား၊ ပုဂံ ပုန်းရည်ကြီး၊ သက်သက်လွတ်စားရင်း ပဲအရတဲ့ ပရိုတင်းကနေ မဂိုလမ်းကကြက်သားဟင်။
အဲသလို အတွေးခရီးဆန့် လမ်းလျှောက်တဲ့ နောက်ကလိုက်ရင်း လိုက်ရင်းနဲ့ အတွေ့ အကြုံတွေ က အစုံပဲ၊ ရယ်စရာလဲကောင်းရဲ့ တရားကျဖို့လဲ ကောင်းရဲ့ ၊ ဒါတွေ သေသေချာချာဆန်းစစ်ကြည့်ရင် ဘာတစ်ခုမှ မြဲတာမရှိတာတော့ အမှန်ပဲ၊ တရားရှုမှတ်တယ်ဆိုတာ ဒါတွေ သတိနဲ့ စောင့်ကြည်တာ အစဉ်တစိုက် အဆက်မပြတ်ကို စောင့်ကြည့်နေရတာ ။ ရှေ့စိတ်ကသွားတာ နောက်စိတ်က လိုက်ကြည့်ပါလို့ ဆိုထုံးလည်း ရှိခဲ့တယ်မဟုတ်လား။ အဲသလိုကြည့်ရင်း ကြည့်ရင်း သတိက ထက်ကြပ်ကပ်ပါလာရော။ အဲဒီ မှာ တင် အတွေးကို မျက်ခြည်ဖြတ်ပြီး ခန္ဓာကိုယ်ထဲစိုက်လိုက်တဲ့ စိတ်ဟာ ‘ ၀ိပဿနာ’ ပေါ့၊ ဒါကြောင့် ဂုရုကြီး ဂိုအင်ကာဂျီကလဲ ဟောခဲ့တယ်လေ။ တစ်ဆက်တည်းသတိနဲ့နေခြင်းဟာ တရားရဖို့ အောင်မြင်ခြင်းသော့ ချက်ပါပဲတဲ့။
ဓမ္မဂီရိ မဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၃)
အေးချမ်းသာယာလှတဲ့ ဓမ္မဂီရိ(အီဂတ်ပုရိ) နယ်မြေမှာ တရားရှုမှတ်မှု နဲ့ အစဉ်တစိုက်နေခဲ့တာ တစ်ပတ်ပြည့်တော့မယ်။ ၅ရက်ကျော်လို့ ခြောက်ရက်မြောက်မှာ ကျွန်မတို့ စိတ်တွေ ဟာအေးချမ်းသာယာမှု အပြည့်ရှိနေပါတယ်။ ခန္ဓာကိုယ်ဟာလဲ လန်းဆန်းလတ်ဆတ်ပြီး ပေါ့ပါးနေပါတယ်။ ခြေထောက် လှမ်းတိုင်းလှမ်းတိုင်း မြေကြီးပေါ် မထိတထိလို ဖြစ်နေတာ အံ့သြဖွယ်ရာ ခဏခဏ ကြုံရပါတယ်။ရှမ်းရိုးမတောင်တန်းတွေ လို ခရမ်းရောင် လွင်ပြင်၊ တောင်တန်းတွေ နဲ့ ၀ိုင်းရံပြီး တောင်ကုန်းဒေသ၀တစ်ခုပေါ်က တရားရိပ်သာ၊ တောင်ပေါ်မှာ ရှိနေလို့လဲ ဓမ္မဂီရိလို့ခေါ်တွင် တာပေါ့။ရေတမာပင်၊ ဘင်္ဂလား သရက်ပင်တွေ ၊ ပိန္နဲပင်အုပ်အုပ်နဲ့ သဘောင်္မာလကာသီးနှံပင်တွေ ၊ ပွင့်ခိုင်၊ သီးရှည်ပြွတ်သိပ်လို့ သိပ်လှတဲ့နယ်မြေမှာ ကျွန်မတို့ သတိပဋ္ဌာန်တရား ရှုမှတ်ခွင့်ရတာ နည်းတဲ့ ကုသိုလ်မှ မဟုတ်တာ။
ကျွန်မတို့ရဲ့ အဆောင် (၁၅ပေ ပတ်လည်လောက်ရှိမယ်) အခန်းမှာ ရေဘုံဘိုင်နှစ် ခုက ရေနွေးရေအေး ရောစပ်ရတာ မို့ အင်မတန် ချမ်းလှတဲ့ ဆောင်းနှောင်းမှာ ရေချိုးရတာ အဆင်ပြေလှပါတယ်။ ဝေဒနာတွေ တက်လာတဲ့အခါ ရေပူပူနွေးနွေးချိုးရတဲ့အခါ လန်းလဲလန်း၊ အညောင်းလဲပြေပါတယ်။ ကျွန်မတို့ ဟောပြောပွဲအတွက် လားရှိုးမြို့ရောက်ခဲ့တုန်းက “ဟားခါး” ရေပူစမ်းက ရေနွေးစိမ်ခဲ့တာကိုတောင် သတိရမိုပါသေးတယ်။အရေး ထဲ ကျွန်မရဲ့ ညာဘက်ပေါင်မှာ အနာစိမ်းပေါက်ပြည်တည်နေလို့ ကျွန်မရဲ့ အခန်းဖော် မမဒေါ်တင်ငွေ၊ ဆရာဦးလှမောင်(ဘောလုံး)ရဲ့ ဇနီးက အရက်ပြန်မရှိလို့ အရက်ပြန်အစား သူ့အဖိုးတန် ရေမွှေးတွေ အနာဝန်းကျင် ဆွတ်ဖျန်းပြီးအနာ ပြည်ညှစ်ပေးတော့ စကားချွတ်ချွတ်ပြောမိတာကို တီချာကေဆာ (Kesar) အိန္ဒိယခေတ် ပညာတတ် အမျိုးသမီးက တံခါးခေါက်ပြီး စကားမပြောဖို့ သတိပေးပါတယ်။
‘ ကျွန်မ အနာကို ဆေးကုနေတာပါ၊ ပလာစတာ လိုချင်ပါတယ်’
ပြောလိုက်တော့ ရုံးခန်းကို ကပျာကယာသွားပြီး ပလပ်စတာရှာ။ ရှာမတွေ့ တော့ မြို့ထဲအထိ ပလာစတာ မှာ ပေးရှာပါတယ်။ အနာမရင်းအောင် သောက်ဆေးတွေ ပါ ယူလာပြီး ကျွန်မကိုယ်ပူလား နဖူးပေါ်လက်တင် စမ်းသပ်ပါတယ်။ ဒီအချိန်တွေ မှာ အချိန်ရှိသရွေ့ တရားရှုမှတ်ဖို့ပါပဲ။ ဝေဒနာရှိနေရင်လဲ ဝေဒနာကိုရှု၊ ဝေဒနာဟာပေါ်လာတယ်။ သိတယ်ပြီးတော့ပျောက်သွားလိမ့်မယ်လို့ ဗုဒ္ဓဘာသာ နိုင်ငံလာတဲ့ကျွန်မတို့ မြန်မာအမျိုးသမီးတွေ ကို ဆာရီဝတ် ကုလားမလေးက လမ်းညွှန်မှု လုပ်နေတာ၊ ကျွန်မရင်ထဲ ပြုံးမိပါတယ်။ အက်စကီးမိုး ရေခဲရောင်းသလို ဖြစ်နေပြီလို့ စ, ချင်ပေမယ့် ကျွန်မရဲ့ တရားအခြေက မခိုင်လှသေးပါဘူး။ ပြီးတော့ လက်ထောက် ဆရာမ လေး မစ္စကေဆာက ဂုရုကြီးဆီမှာ နှစ် ရှည် တရားရှုမှတ်မှု အရည်းအချင်းဟာ ကျွန်မတို့ထက် သာမယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ အရာရာကို သည်းခံတတ်ပြီး ပြုံးပြုံးလေး နေတတ်တဲ့သူ့မျက်နှာလေးဟာ ဓမ္မအရောင် နဲ့ ရုပ်အဆင်း ၀င်းပကြည်လင်နေပါတယ်။ မျက်လုံးအရောင် တွေ ဟာလည်း တောက်လက်နေပါတယ်။
ဓမ္မခန်းမမှာ ကျွန်မတို့ တရားစရှုမှတ်ဖို့ ထိုင်ြ ကတော့ ကျွန်မတို့ကို ကြီးကြပ်တဲ့ မစ္စတာ ရမ်ဆင် (Ramsighn) ကမျက်မှန်သမားတွေ မျက်မှန်တွေ ချွတ်ဖို့ ညွှန်ကြားဖူးတဲ့ အတိုင်းတီချာကေဆာကလည်း တရားထိုင်ရာမှာ သက်သက်သာသာထိုင် အကြောလျှော့ ရှုမှတ်ဖို့ သတိပေးပါတယ်။
ခန္ဓာကိုယ် တစ်ကိုယ်လုံး ခေါင်းဆုံး၊ ခြေဆုံး၊ ခေါင်းကခြေ၊ ခြေကခေါင်းတောက်လျှောက် ရှုမှတ်ရပါတယ်။ ဂုရုကြီးစကားနဲ့ free flow လို့ ခေါ်ပါတယ်။
Survey the sensational part from the head of the body to the toe.
လို့ ညွှန်ကြားတဲ့အခါမှာ အံ့သြဖို့ ကောင်းတာက ဝေဒနာဆိုက်ရောက်လာပုံဟာ တစ်မျိုးတည်း ဖြစ်နေတယ်။ ဥပမာ သွေးတိုးတာ (Pulsing) ဆိုရင် နားထင်ကနေစပြီး ညာလက်ရုံး၊ ဘယ်လက်ရုံး၊ ပေါင်ကနေ ခြေထောက်အထိ တလှုပ်လှုပ်နဲ့ဆစ်ကနဲ့ဆစ်ကနဲ့ တိုးနေတာ၊ နာကျင်တာ ထုံတာဆိုပဲ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း တစ်ဦးတည်း နာနေတယ် ထုံနေတယ်။ ပုရွက်ဆိတ် တက်သလို တရွရွ ဝေဒနာပေါ်လာရင်လဲ အဲသလိုတစ်ကိုယ်လုံးမှာ ဖြစ်နေတတ်တယ်။ ဒါတမင်လုပ်ယူတာ၊ စိတ်စိုက်ရတာ ၊ မှတ်ရတာ မျိုး မဟုတ်ဘဲ သူ့သဘော သူဆောင်တာပါ။ ဒါကြောင့် လဲ ဂုရုကြီးက
You must not crave the sensational feeling. Just observe the feelings objectively.
ဝေဒနာကို တမင်မရှာပါနဲ့ ဘယ်လို ဖြစ်နေတယ်ဆိုကို ဓမ္မဓိဋ္ဌာန်ကျကျ စောင့်ကြည့်နေဖို့ပါပဲ။
တစ်ကိုယ်လုံးမှာ တရှိန်တရှိန် တသုတ်သုတ်၊ တလှုပ်လှုပ်တရွရွ ဖြစ်နေတာတွေ ဟာ မမြဲတဲ့ သင်္ခါရတွေ ပါပဲ။ ဒီသဘောတွေ ကို မြင်လေလေ ဒုက္ခနဲ့ ကင်းဝေးလေလေပဲ၊ ဒီမှာ တင် စင်ကြယ်မှု ဖြစ်လာမှာ အမှန်ပါပဲ။
All Sankharas are impermanent,When one perceive this with true insight, the one becomes detached from suffering, this is the path of purification.
ဒါကြောင့် လဲ ဒီတရားရှုမှတ်ခြင်းဟာ တခြားဘာသာဝင်တွေ တွေးထင်နေကြသလို လူ့လောကကို အဆိုးမြင် အမှော င်ကျစေတဲ့ တရားသဘော (Pessimism) မဟုတ်ပါဘူး။ ဓမ္မဟာ ဒုက္ခရဲ့ ခါးသီးတဲ့အမှန်တရားကို မြင်ပြီး အဲဒီ ခါးသီးလှတဲ့ ဒုက္ခမရှိတော့တဲ့ ချမ်သာမှု အစစ်ရှိရမယမဟုတ်လား။ ဒီတော့ ဒီတရားရှုမှတ်မှု ကို အကောင်းမြင် အလင်းလမ်းကြောင်းထွင်တဲ့ Optimism ပါပဲ။ ဒါဟာ သဘာဝနဲ့ ဆက်စပ်ပြီး ကိုယ်တိုင် ကိုယ်ကလုပ်ရမယ့်အလုပ်လဲ ဖြစ်ပါတယ်။ ကိုယ့်လွတ်မြောက်မှု ကို ကိုယ့်ဘာသာ ကိုယ်ရှာရမှာ ဖြစ်ပါတယ်။
တကယ့်လည်း ဒုက္ခဝေဒနာတွေ ဖြစ်လာတဲ့အခါ ဒေါသ ဖြစ်ကြမဲ့အစား ဥပက္ခာရှုဖို့ပါပဲ။ ဝေဒနာရှည်ကြာနေလည်း ဒီဝေဒနာကို မခံစားရတော့ဘူး။ တဖြည်းဖြည်း ခံနိုင်ရည်ရှိလာပြီး ပြုံးနိုင်လာပါတယ်။ လောကကြီးမှာ ဖြစ်ပေါ်လာသမျှကာယ ဝေဒနာ ဖြစ်စေ၊ စိတ္တဝေဒနာ ဖြစ်စေ အဲဒါတွေ ကို ဒေါသသို့မဟုတ် ၀မ်းနည်းကြေကွဲစိတ် (ဆုတ်နစ်တဲ့ဒေါသ)နဲ့ တုံ့ပြန်မယ့်အစား စောင့်ကြည့်ူပါ။ ဒါကို အရှိ အရှိအတိုင်း ရှုမှတ်သွားပြီး စိတ်ကို ချိန်ခွင်ပေါ်တင်လိုက်သလို သတိချပ်ပြီး လောကသဘာဝတရားအတိုင်း ရှုမှန်ရုံပါပဲ။
ဆဋ္ဌမမြောက်နေ့မှာ ကျွန်မ စေတီပုထိုးဂူလေးထဲကနေ ဓမ္မခန်းမဘက်အသွား ခန္ဓာကိုယ်ဟာ ပေါ့ပါးလန်းဆန်းနေတယ်၊ခန္ဓာဝန်သယ်ရတာ ခါတိုင်းလို ၀န်တက်မနေဘူး၊ ခြေထောက်လှမ်းလာတာလဲ ကိုယ့ခြေထောက် မဟုတ်သလိုပဲ ခြေထောက်ကသပ်သပ် လမ်းလျှောက်တာကို သတိထားမိတဲ့ စိတ်ကသပ်သပ်၊ သိစိတ်နဲ့ အရှုခံ အာရုံဟာ သပ်သပ်စီ ဖြစ်နေတဲ့အပြင် ကျွန်မ ခြေလှမ်းလှမ်းလာတဲ့ ခြေဖ၀ါးအောက်က ကတ္တရာလမ်းဟာ မာမနေဘဲ နူးညံ့နေတယ်။ လျှောက်နေတဲ့သူက ဘယ်သူဘယ်ဝါ ငါမဟုတ်သလို ခြေထောက်ကလည်း ခြေထောက်မဟုတ်ဘူး၊ ကတ္တရားလမ်းကလည်း လမ်းမှ မဟုတ်ဘဲ အားလုံးပညတ်ကြီးပါပဲ။ ဒါဟာ အစိုးမရတဲ့ သဘောတရား၊ မနတ္တမဟုတ်လား၊ ဒီအမြင်လေး ရရှိဖို့ရန် နှုတ်က တဖွဖွ အနိစ္စ၊ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ ပြောနေလို့ မရဘူး။ လက်တွေ့  ကျင့်ကြံရင်း ဉာဏ်အမြင်နဲ့ သိနေမှ ကျွန်မတို့ အမှန်တရား ဆိုက်ရောက်မှာ ။
ဆရာကြီး ဂိုအင်ကာဂျီ၏ တရားလမ်းကြောင်း (The discourse Summaries) ကောက်နုတ်ချက်ထဲမှာ …
You shall not build a house again for me,
All your beams are broken, the ridge pole is shattered.
The mind has become freed from conditioning, the end of carving has been reached.
ကျွန်မ အရင်တုန်းက တရားရှုမှတ်တာတွေ အသေးစိတ်ရှုမှတ်တာတွေ မကြာမကြာ လုပ်ခဲ့ဖူးပေမယ့် စားတဲ့အခါ သောက်တဲ့အခါတွေ မှာ တရားအမှတ် လွတ်နေတတ်ပါတယ်။ မှန်တာပြောရရင် စားရတဲ့ ရသ တဏှာအပေါ် ခုံမင်တတ်ပါတယ်၊ ကောင်းတာပါရင် ကြိုက်တတ်သလို၊ ရွံစရာ မကြိုက်တာများ ပါရင်လည်း ရှောင်နေတတ်တယ်၊ အကောင်းအဆိုး ဆုံးဖြတ်မှု ဟာ အတ္တကို ရှေ့တန်းတင် ဆုံးဖြတ်တာများ ပါတယ်။ ငါမကြိုက်ဘူး ငါ ငယ်ငယ်တုန်းက အသားကို အတုံးအတစ် စားတာ၊ ဒိန်ချဉ်ဟာ ငါ့ဖေးဗရိတ်ပဲ၊ ကုလားအစာထက် တရုတ်အစာကြိုက်တာ ငါ့အစွဲတစ်ခုပဲ စသည့်ဖြင့် ငါ… ငါ… ငါ…တွေ ၊ ရ ရက် မြောက်ရက်မှာ ကျွန်မ ထမင်းစားတော့ စားတဲ့ အစာထက် ခန္ဓာလှုပ်ရှားမှု ကို သတိပြုမိပါတယ်။ လက်လှမ်းတယ်၊ ယူတယ်၊ စားတယ်။ ဆိမ့်တယ်၊ ချိုတယ်၊ မြိုချတယ်။ တစ်ခါ လက်လှမ်းတယ်၊ ယူတယ်၊ ထမင်းလုပ်တိုင်းမှာ ‘ ငါ ’ မပါတော့ဘူး၊ အရှုခံရှုပ်နဲ့ အဲဒါကို သတိထားမိတဲ့ ‘နာမ်’ ပဲ။ လှုပ်ရှားမှု မှန်သမျှ သိတဲ့စိတ်နဲ့ ရှုတယ်။ အကုန် ထပ်ခါတလဲလဲ ဖြစ်နေတယ်၊ ပျက်နေတယ်။ စောစောတုန်းက ယူပြီးစားတဲ့ အစာဝါးတဲ့ အစာဟာ မရှိတော့ဘူး။ နောက်တစ်ခါ ထပ်ယူစားတယ် ၀ါးတယ်၊ ဒါလည်း မရှိတော့ဘူး။ ဒီအခိုက်အတန့်မှာ ကျွန်မ ခါတိုင်းလို အတိတ်က အကြောင်းအရာလည်း ပြန်မတွေးမိတော့ဘူး။ အနာဂတ်ကိုလည်း မျှော်မတွေးဘူး။ခု ဖြစ်ပျက်နေတဲ့ ကိစ္စပဲ အာရုံထားတယ်။ အရှုခံအာရုံနဲ့ ရှုမှတ်တဲ့ စိတ်ဟာ တစ်ထပ်တည်းပဲ။ ပစ္စုပ္ပန်တည့်တည့် ရှုတယ်ဆိုတာ ဒါပဲနေမှာ ပဲ။ စားတယ်၊ ၀ါးတယ်၊ မြိုချတယ်၊ ထမင်းစားရင်းနဲ့ မျက်ရည်တွေ လည်လာတယ်။ ၀မ်းနည်းတာလည်း မဟုတ်ဘူး၊ ၀မ်းသာတာလည်း မဟုတ်ဘူး၊ မျက်ရည်ကျရမှာ နည်းနည်း ရှက်စိတ်ဝင်တယ်၊ ဒါပေမဲ့ မရဘူး၊ မျက်ရည်ကျလာတယ်။သူ့သဘော သူဆောင်တာပဲ၊ တားလို့မရဘူး၊ ကိုယ့်ကိုယ်ကို အစိုးမရဘူး၊ အနတ္တ လက္ခဏာဆိုတာ ဒါပါပဲ။
ခုချိန်မှာ ကျွန်မတို့အဖို့ ဝေဒနာ သုံးမျိုး ….(၁) ဒုက္ခဝေဒနာ (Unpleasant sensation) ….(၂) သုခဝေဒနာ (pleasant sensation) (၃) ကြားဝေဒနာလို ဥပက္ခာဝေဒနာ ( Neutral sensation) ရှိတဲ့အနက် ဥပက္ခာဝေဒနာ ဆိုက်ရောက်နေခဲ့တယ်။ အနာမကျင်နဲ့ဆိုတော့၊ လူကတော် တော် နေလို့ ကောင်းပါတယ်။
ညဘက်ရောက်တော့လည်း တစ်ညလုံးနီးပါး အိပ်မပျော်တော့ဘူး၊ လန်းလန်းဆန်းဆန်းနဲ့ နိုးနေတယ်၊ ယောဂီတွေ ဟာအအိပ်အနေ နည်းးပါးတတ်ပါတယ်၊ ညဥ့်သုံးယံမှာ တစ်ယံပဲအိပ်ကြရတယ်၊ ကျွန်မရဲ့ ပင်ကိုစရိုက်က အအိပ်စုံမက်ပေမယ့် ကမ္မဋ္ဌာန်းကျောင်း ရောက်လာပြီဆိုရင် အအိပ်အနေ လျော့လာတတ်ပါတယ်။ ည ၁၁နာရီလောက်အိပ်ပြီး မနက် ၃နာရီမှာ နှိုးစက်မကူ၊ ဘယ်သူမှ မနှိုးဘဲ နိုးပါတယ်။ ဒီည ကတော့ အိပ်မပျော်တဲ့အဆုံး၊ တရားရှုမှတ်လို့ပဲ နေပါတယ်၊ နှာသီးဝက လေအ၀င်အထွက် ထိတာကို သိနေအောင် သတိထားစောင့်ကြည့်ပါတယ်။ လန်းလန်းဆန်းဆန်း အိပ်ကို မပျော်တော့တာ ဒါကြောင့် လဲ….
လို့ဆိုတယ်မဟုတ်လား။
လေဟာ စကြ၀ဠာ ကောင်းကင်ကို ကျော်ဖြတ်ပြီး အရှေ့နဲ့ အနောက်၊ မြောက်နဲ့ တောင် တိုက်နေပါတယ်တဲ့။
လေနှင့် အတူ ဖုန်ပါတဲ့အခါလည်း ပါရဲ့ ၊ မပါတဲ့အခါလည်းရှိရဲ့ ။ လေအေး ဖြစ်ချင် ဖြစ်မယ်၊ လေပူ ဖြစ်ရင်လည်း ဖြစ်မယ်။ ကြောက်မက်ဖွယ် လေမုန်တိုင်း သို့မဟုတ် လေပြည်စသည်ဖြင့် လေတွေ အမျိုးမျိုး တိုက်ခတ်လာတယ်။ ခန္ဓာကိုယ်မှာ လည်း ဒီလိုပဲ ဒုက္ခ၊ သုခ၊ ဥပက္ခာ ဝေဒနာတွေ ၊ ဘိက္ခုဟာတရားကို ထက်ထက်သန်သန် ရှုမှတ်တဲ့ အခါမှာ သူကျနသေချာနားလည်မှု နည်းပညာကို မေ့မထားပါဘူး။ ဒါကြောင့် ၀ိဇ္ဖဉာဏနဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာတွေ အားလုံး ဂဃနဏ နားလည်နေတာနဲ့အမျှ သူ့ရဲ့ ယခုဘ၀အဆုံးမှာ မသန့်စင်မှု တွေ နဲ့ ကင်းလွတ်ခဲ့ပါတယ်။ သူ့ရဲ့ ဘ၀အဆုံးမှာ ထိုပုဂ္ဂိုလ်ဟာ ဓမ္မနဲ့ မွေ့လျော်ပြီး ဝေဒနာတွေ အပေါ် ကျွမ်းကျင်လိမ္မာစွာ နည်းလည်လာတဲ့အခါမှာ ဖော်မပြနိုင်တဲ့ တရားထူး တရားမြတ် အဆင့်ကို မလွဲမသွေရလာမှာ အမှန်ပါပဲ။
Through the sky blow many different winds, from east and west, from north and south, dustladen and dust less, cold as well as hot fierce gales and gentle breezes Mandy winds blow.
In the same way in this body sensations arise pleasant, unpleasant and neutral when a Bhikkhu, practicing ardently; does not neglect his faculty of through understanding,
Then such a wise person fully comprehends all sensations,
And have fully comprehended them, within this very life he becomes freed from all inpurities.
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၄)
မနက်လင်းခါနီး မှေးခနဲ အိပ်ပျော်သွားတုန်း ကျွန်မ ဖေဖေရဲ့ နှမ၀မ်းကွဲနဲ့ ညီမ၀မ်းကွဲတွေ ကို အိပ်မက် မက်နေမိတယ်။ အဒေါ်အပျိုကြီးက ခုစာတွေ ရေး သားနေတဲ့ ၀င်းဝင်းမြင့် (နန်းရှေ့)ရဲ့ အဒေါ်အရင်းပါ။ သူ့ဖခင် ထောင်ပိုင်ကြီး (ပင်စင်) ဦးစိန်မောင်နဲ့ အထက်အောက် မောင်နှမလည်း ဖြစ်ပါတယ်။ ကျွန်မ ငယ်ငယ်တုန်းက(၇)တန်းကျောင်းသူဘ၀က စပြီး တက္ကသိုလ်ဝိဇ္ဖာအပိုင်း(က) ရောက်တဲ့အထိ ထိန်းကျောင်းလာခဲ့သူပါ။ တူမထဘီအစ လျှော်ပေးပြီး တူမ ဝေယျဝစ္စကို မညည်းမညူလုပ်ကိုင်ပေးတတ်ပါတယ်။ နောက် ဒေါ်ဒေါ်ရဲ့ မောင်ကိုထွေးမောင်၊ အရာခံဗိုလ်ဘ၀က တရုတ်ဖြူ စစ်ဆင်ရေး မှာ နောက်ကျောဘက်ကနေ ရန်သူချောင်းပစ်တဲ့ သေနတ်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။ ဒေါ်ဒေါ် ကတော့ ဦးလေးဆုံးပြီး ၁၀နှစ် လောက်ကြာမှ ကွယ်လွန်ခဲ့တာပါ။
ကျွန်မလည်း ဒေါ်ဒေါ်တို့ မောင်နှမနှစ် ယောက် ကို ရေကန်အစပ်နားမှာ တွေ့ ရပြီး ကျွန်မခေါ်တာ သူတို့လှည့်မကြည့်တော့ စိတ်ထဲဝမ်းနည်းခြင်းလည်း မ ဖြစ်ဘဲနဲ့ ဒါ သူ့သဘောသူဆောင်တာ၊ တရားသဘောပဲလို့ စိတ်ဖြေရင်း အိပ်ရာကနိုးလာတယ်။ ကျွန်မ သူတို့ကို မေတ္တာပို့ အမျှအတန်းဝေခဲ့တာတွေ ဟာ ၀န်ထုပ်ဝန်ပိုးတစ်ခု တာဝန်တကျေ ထမ်းရွက်သလိုပါပဲ။
ကျွန်မတို့ တရားရှုမှတ်တဲ့ ရှစ်ရက်မြောက်နေ့မှာ နှင်းတွေ ဟာ ခါတိုင်းထက် ထူထပ်စွာ ကျရောက်နေပါတယ်။ ဒါကြောင့် မို့ နေထွက်တာ နောက်ကျပါတယ်။ ကျွန်မတို့ အဆောင်ကနေ ထမင်းစားခန်းဟာ တောင်ဘက်လောက်မှာ ရှိမယ်ထင်ပါတယ်။ အဆောင်ရဲ့ ရှေ့ဘက်မှာ တော့ ဘင်္ဂလားသရက်ပင်၊ ကျောက်အုတ်ပတ်ပတ်လည်ဝိုင်းထားတာ ရှိပါတယ်။ သရက်ပင်ရှေ့က တရုတ်စကားပင် နှစ် ပင် ကတော့ သရက်ပင် ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေပြီး အ၀ါရောင် ၀တ်လွှာနဲ့ အဖြူပန်းပွင့်ငယ်တွေ ပင်လုံးကျွတ်ပွင့်ပြီး လေအဝှေ့မှာ ကြွေတာ ကြွေကျနေပါတယ်။ပွင့်တူ ရွက်တူ အပွင့်နီနီရဲရဲတွေ ဟာ အစိမ်းရောင် အရွက်ကြားပွင့်လို့ အရှေ့ဘက်ကို မျက်နှာမူတဲ့ တောင်ကုန်းလေးတစ်ခုမှာ ကျောက်အုတ်ထိုင်ခုံတွေ ၊ မြေစိုက် သစ်သားခုံတွေ လုပ်ထားပြီး အမျိုးသမီးတွေ နားနေရာ (Ladies – sitting Area) မှာ ကျွန်မ နံနက်စော စားပြီးတိုင်း ထိုင် ဖြစ်တယ်။ ဟိုမှာ တောင်တွေ ကြားထဲက နေထွက်ပြူလာတာကို စောင့်ကြည့်ပြီး မေတ္တာပွားတဲ့ ဘာဝနာအလုပ်ကို စိတ်နဲ့လုပ်ပါတယ်။ ဒီအချိန်မှာ အီဂတ်ပူရီ ဓမ္မဂီရိရုံးခန်းကနေ ဂုရုကြီးရဲ့ တရားရွတ်သံ မေတ္တာပို့သံတွေ ဟာ ကက်ဆက်ခွေကနေ တောင်ကုန်းအထိ ပျံ့လွင့်လာပါတယ်။ ရင်ထဲ နှလုံးသားထဲကအသံဟာ ကြားနာသူတွေ ရဲ့ ရင်ထဲနှလုံးသားထဲအထိကို ၀င်လာပါတယ်။
တကယ့် မေတ္တာရှင်ရဲ့ အသံဟာ ရင်ထဲအေးနေပါတယ်။ဂုရုကြီးက ပါဠိဘာသာနဲ့ ရွတ်တဲ့အခါကျတော့လည်း …..
ပါဠိအသံထွက် ကျွန်မတို့ မြန်မာတွေ နဲ့ ကွဲလွဲတာကလွဲလို့ အနက်၊ အဓိပ္ပာယ် အတူတူ၊ ဗြဟ္မစိုရ်မေတ္တာတရားရဲ့ အသံစဉ် နိမ့်မြင့်ဟာ ပတ်ဝန်းကျင်မှာ သာသာယာယာ ရိုက်ခတ်လို့ နေပါတယ်။
ရွတ်ဖတ်သရဇ္ဈယ်ပြုမှု မှာ လည်း အသံအနိမ့်အမြင့် အဖြတ်အတောက်တွေ ဟာ စနစ်ကျ စည်းဝါးကျန (Rhythmic) ဖြစ်တဲ့အတွက်လဲ ကုသိုလ်စိတ် ဖြစ်သထက် ဖြစ်လာပါတယ်။
အားလုံး ငြိမ်းချမ်းကြပါစေ၊ သာယာ ချမ်းမြေ့ကြပါစေ၊ ပျော်ရွှင်နိုင်ကြပါစေဆိုတာကိုလည်း အင်္ဂလိပ်ဘာသာနဲ့….
လို့ ရွတ်ဆိုပါတယ်။
တကယ့်ကို သတ္တ၀ါတွေ ကို မေတ္တာလွှမ်းခြုံပြီး ဖြန့်ကျက်ထားတဲ့ စေတနာဟာလဲ တမင်လုပ်ယူလို့မရပါဘူး။ ရင်ထဲမှာ စိတ်ထဲမှာ မေတ္တာပွားများ ရင်း ပွားများ ရင်း ကိုယ့်မေတ္တာတွေ ဟာ သတ္တ၀ါတွေ ကို ကယ်တင်နိုင်တဲ့အထိ ဖြစ်လာတယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ဒီလို နက်နက်နဲနဲ လှိုက်လှိုက်လှဲလှဲ မေတ္တာစိတ် ဖြစ်လာဖို့ဟာလည်း နှစ် ပေါင်းများ စွာ ကျင့်ကြံအားထုတ်လာခဲ့ကြရတာ ။ ကျွန်မတို့ ဗုဒ္ဓဘာသာတွေ ရဲ့ အရပ်သုံးစကားထဲမှာ ဆရာတော် ကြီးတွေ တချို့ မေတ္တာ ကမ္မဋ္ဌာန်း အောင်တယ် ဆိုကြတယ်။ အသုံးတည့် မတည့်တော့ မပြောတတ်ဘူး။ သေချာတာ ကတော့ အဲဒီ လို မေတ္တာ ဘာဝနာပွားတဲ့ ပုဂ္ဂိုလ်တွေ ရဲ့ အသားအရေဟာ သူမတူအောင် ကြည်လင်ဝင်းပပြီး မျက်လုံးအရောင် တွေ ဟာ တောက်ပ ၀င်းလက်နေတတ်ပါတယ်။ ဂုရုကြီးသာ မဟုတ်ပါဘူး၊ ဂုရုကြီးရဲ့ ဇနီး မာတာဂျီးရဲ့အဆင်းဟာ ဒီလို မေတ္တာပွားခြင်းနဲ့ အမြဲကရုဏာရှင် မျက်နှာအနေအထားမျိုးပါပဲ။
နေထွက်လာတာကို ကျွန်မ မေတ္တာပို့ရင်း စောင့်ကြည့်နေတော့ နေလုံးကြီးဟာ တောင်နှစ် လုံးကြားထဲက တစ်စတစ်စထွက်လာပြီး တောင်ပေါ် မေးတင်လာပါတယ်။ အစတုန်းက နီရဲရဲ နေလုံးကြီးဟာ လိမ္မော်ရောင် ပြောင်းလာပြီး ကြာလာတော့ အဖြူရောင် ငွေရောင် တောက်ပလာပါတယ်။ ဒီလို ဖြစ်လာတာမျိုး ကျွန်မ စိမ်ပြေနေပြေ တစ်ခါမှ မြုကည့်ဖူး မမြင်ဖူးခဲ့ပါဘူး။
ကျွန်မတို့ တရားရှုမှတ်ချိန် နေ့ရက်က အထွက် စကားပြောဆိုခွင့်ရတော့ ကျွန်မကို ခင်မင်နေတဲ့ ကနေဒါ အမျိုးသမီးဗာဂျီးနီးယား ဟယ်မီလ်တန် (Virginia Hamilton) နဲ့တောင် တရားအတွေ့ အကြုံတွေ ဆွေးနွေြး ကတော့၊ နေထွက်တာစောင့်ကြည့်တာ ပြောပြရင်း ကျွန်မက သူ့ကို…..
“It’s a misty day, you know, so the sun rose late, but when it’s rising. The sun is white like anything, dazzling white I’ve never seen this before”.
လို့ပြောပြတော့ ဗာဂျီနီးယားက …
‘ ရှင် အင်္ဂလိပ်စကားပြောတာ ကဗျာဆန်တယ်’ တဲ့။
‘ အမှန်မယ် ကျွန်မ အင်္ဂလိပ်စကား မပြော ဖြစ်တာ ကြာပြီ၊ ငယ်ငယ် ကွန်ဗင့်ကျောင်းက ထွက်ကတည်းကပဲ၊ ခုရှင်တို့လို အနောက်တိုင်းသူတွေနဲ့ အင်္ဂလိပ်စကား ပြောဆိုဖို့ တွန့်ဆုတ်နေတာ အမှန်ပဲ။ ခုတော့ ဘယ်လိုပြောရသွားမှန်းတောင် မသိပါဘူး’
‘ အဲဒါ ဓမ္မရဲ့ ခွန်အားတစ်ခုပါပဲ၊ ကျွန်မတို့ကို ဓမ္မက ကြီးပွားတိုးတက်အောင် ဆောင်ရွက်နေတာ’
အိန္ဒိယ အမျိုးသမီးယောဂီတစ်ဦး ကတော့ ဓမ္မဂီရိ ကွန်ပျူတာခန်းထဲ အလုပ်လုပ်နေတဲ့ ကွန်ပျူတာ ပညာရှင်၊ ပါဠိဘာသာနဲ့ ဒေါက်တာဘွဲ့ရတဲ့ ဒေါက်တာပန့် ( Dr. Pant) ဇနီး မစ္စက်ပန့်ကို လက်ညှိုးထိုးပြရင်း….
‘မစ္စက်ပန့်ဆိုရင် တရားရက်ရှည် အားထုတ်ရင်း မြန်မာစာဖတ်တတ်သွားတာ သိပ်အံ့သြစရာကောင်းတာပဲ’
‘ဟုတ်တယ်၊ သူဆို မြန်မာပြည်လည်း မရောက်ဖူးဘူး၊ မြန်မာစကားလည်း မတတ်ဘူး’
တစ်ဦးက ၀င်ပြောသည်။ မစ္စတာပန့် လင်မယားဟာ အသက်သုးံဆယ် ပတ်ဝန်းကျင် ခပ်ငယ်ငယ်ပဲ။ ကျွန်မလည်း ကိုယ့်အတွက် အားတက်သွားပြီး၊ ‘ ငါ့မှာ လုပ်စရာတွေ တစ်ပုံကြီး၊ အသက်ကြီးမှ လက်ပေးသင်ရမယ့် ကိစ္စတွေ လည်း ရှိနေတယ်’ ဟု တွေးနေမိပြီး….
‘ကျွန်မလည်း ပါဠိဘာသာ အလိုလို တတ်သွားရင် ကောင်းမှာ ပဲနော်’ လို့ ရယ်စရာ ပြောမိပါသေးတယ်။
‘ရှင်တို့ မြန်မာတွေ ပါဠိဘာသာ တတ်ကြတယ် မဟုတ်လား’
‘ ဟုတ်တယ် ကျွန်မတို့နဲ့ ပါလာတဲ့ ဆရာတစ်ချို့ဆို ပါဠိတတ်ကြတယ်၊ ဟိုမှာ ရပ်နေတဲ့ ဓမ္မစရိယ ဦးမောင်မောင်လေး၊ ဦးဌေးလှိုင်နဲ့ ဆရာပါရဂူတို့လည်း ပါဠိဘာသာ တတ်ကြတယ်’
"သက္ကတ (Sankrit) ရော"
"ဆရာ ပါရဂူက (Sankrit)လည်း တတ်တဲ့အပြင်၊ ဟိန္ဒီဘာသာစကားလည်း တတ်တယ်"
‘ဓမ္မပုဂ္ဂိုလ်တွေ အဲဒီ လို ဘာသာစကားတတ်ကြတာ သိပ်ကို အဆင်ပြေပါတယ်’
ကျွန်မတို့လည်း ဘင်္ဂလားသရက်ပင်ကြီးအောက်က ကျောက်အုတ်ခုံပေါ်ထိုင်ပြီး လောကအကြောင်း၊ ဓမ္မအကြောင်းတွေ အများ ကြီး ပြောခဲ့ကြပါတယ်။ အမေရိကန်အမျိုးသမီး မစ္စက် ဂဲခရုရှား (Mrs. Gair Crutcher) က ကျွန်မတို့ အမျိုးသမီးတွေ ကို ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်နေပါတယ်။ ကက်ဆက်ခွေက ဆရာကြီး ဂိုအင်ကာရဲ့ သာယာချိုအေးတဲ့ ဓမ္မသံက ပျံ့လွင့်နေတုန်းပဲ….
စကြ၀ဠာ တစ်ခုလုံးရဲ့ အကြောင်းအကျိုးတွေ ကျွန်တော် တို့ ခန္ဓာကိုယ် အစိတ်အပိုင်းကနေ ခွဲခြမ်းစိတ်ဖြာ သိနိုင်ပါတယ်။ ခန္ဓာထဲ အတွင်းကျကျ စိုက်ကြည့်လိုက်ပါ။ ဘာမှ မမြဲပါဘူး။ ဝေဒနာတွေ ပေါ်လိုက်ပျောက်လိုက်၊ ဖြစ်ပျက် ပြောင်းလဲမှု တွေ ၊ အမြဲတမ်းပြောင်းလဲမှု တွေ ဒါဟာ သဘာဝတရား၊ ဒီပြောင်းလဲမှု တွေ သူများ ခန္ဓာမှာ ဖြစ်နေသလိုကို ကိုယ်က မြင်နေရပါတယ်။
We can realize the whole part of the word, by the frame work of the body, to the depth of the body-impermanence every where-sensation comesin and goes out- a certain changes, changes forever.
That’s very natural, see those changes as if they were the changes of the other one’s body.
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၅)
ဒုတိယအကြိမ်မြောက် ဓမ္မညီလာခံကို ဖေဖော်ဝါရီလ ၁၈ရက်နေ့၊ နံနက် ၁၀နာရီခွဲမှ စပါတယ်။
ညီလာခံ ခေါင်းစဉ်ကို…
'Second International Seminar on Vipassana Meditation'
‘၀ိပဿနာတရားရှုမှတ်မှု နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ညီလာခံ’
လို့ ဖော်ပြထားပြီး ‘ဝေဒနာနှင့် သမ္မဇည၏ အရေးးပါမှု (The Importance of Vedana and Sampatanna) လို့ ခေါင်းစဉ်တစ်ခုကိုပါ ဖြည့်စွက်ထားပါတယ်။ ၁၉၉၀ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့ကနေ မတ်လ ၂ရက်နေ့အထိ သတ်မှတ်ထားပေမယ့် ကျွန်မတို့ ၁၀ရက်တာအချိန်ကို တရားရိပ်သာဝင်ချိန် သတ်မှတ်ပြီး ၁၁ရက်မြောက်နေ့ကျမှ ညီလာခံ စတင်ပါတယ်။ အီဂတ်ပူရီ တောင်ကုန်းရဲ့ တစ်ဘက်နေရာ ရဲသားတွေ ရဲ့ သေနတ်ပစ်လေ့ကျင့်ရေး ကွင်းရှိတာမို့ ဂုရုကြီးနဲ့ ရဲမင်းကြီးတို့ဟာ အကြောင်းတိုက်ဆိုင်စွာ မိတ်ဆွေတွေ ဖြစ်သွားတာမို့ ညီလာခံကို သူတို့ဇနီးမောင်နှံ တက်ရောက်လာကြပါတယ်။ ရဲမင်းကြီးကတော် ဘေးမှာ ကျွန်မတို့ မြန်မာအမျိုးသမီးတွေ ကို တလေးတစား နေရာချထားပေးပါတယ်။ ရဲမင်းကြီးကတော် ဟာ အသက် ၄၀ ပတ်ဝန်းကျင် အိန္ဒိယ ရုပ်ရှင်မင်းသမီးတွေ လို ချောမောလှပပြီး ခေတ်လည်း အင်မတန် ဆန်ပါတယ်။ ကျွန်မသူနဲ့ ဘေးချင်းယှဉ်လျက် ထိုင်ရပါတယ်။
မြန်မာ အမျိုးသမီးများ ဖြစ်ကြတဲ့ ဒေါ်တင်တင်ငွေနဲ့ ညီမဒေါ်လှလှ၊ ဒေါ်ဆယ်နဲ့ ကျွန်မတို့ဟာ အချိတ်ထဘီဝတ်ပြီး ပ၀ါကိုယ်စီ ခြုံထားကြတာမို့ Burmese Women are very graceful (မြန်မာ အမျိုးသမီးတွေ ဟာ အင်မတန် ကျက်သရေရှိပါပေတယ်) လို့ နိုင်ငံခြားသူတွေ က မှတ်ချက်ချကြပါတယ်။ အပြုံးအရယ်နည်းပါးတဲ့ ရဲမင်းကြီးကတော် ဘေးမှာ ကျွန်မတို့ မြန်မာမတွေ အားလုံး မျက်နှာမှာ ဖော်ရွေတဲ့ အပြုံးတွေ ဝေဆာနေကြတာမို့ သူ့ရဲ့ မျက်နှာမှာ ပြုံးယောင်ရိပ် သမ်းလာပါတယ်။ ၀ိပဿနာ ရှုမှတ်သူများ တော့ ဟုတ်ပုံမရဘူး။ ဂုရုကြီးကလည်း အများ သိတဲ့အတိုင်းဘယ်လောက် ရာထူးရာခံကြီးတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် ဖိတ်တာတွေ ဘာတွေ မလုပ်ဘူးတဲ့။ သူ့ အလိုလိုလာတာပဲ ကောင်းပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တလောတုန်းက ရာဂျစ်ဂန္ဒီ တရားလာဝင် မလိုလိုပြောပြီး ၀င်မသွား ဖြစ်ဘူး။ တလောတုန်းက အိန္ဒိယလူကြီးတစ်ဦး တရားလာဝင်ပြီး ဒုဝန်ကြီး ဖြစ်သွားတော့ ဓမ္မအပေါ်မှာ ရော ဂုရုကြီးအပေါ်ရော ယုံကြည်မှု စွဲမြဲလာသတဲ့။ ဒါကြောင့် လည်း အီဂတ်ပူရီက ဓမ္မရိပ်သာကို Vipassana Research Institue (၀ိပဿနာတရား ရှာဖွေရာကျောင်း) အ ဖြစ် အစိုးရ အသိအမှတ်ပြုလိုက်တယ်လို့ ပြောပါတယ်။
ကမ္မဋ္ဌာန်းဌာနရဲ့ အနောက်ဘက် တောင်တန်းတွေ မှာ ရဲစခန်းက ရဲသားတို့ရဲ့ သေနတ်ပစ်ကွင်း ရှိတဲ့အပြင် အရင်တုန်းက ဒီရိပ်သာ နေရာတောင် သေနတ်ပစ် ကျင့်တဲ့နေရာတဲ့။ ကမ္မဋ္ဌာန်းကျောင်း စတည်ထောင်ခါစကဆိုရင် ဖယ်ပေးဖို့ ၀န်လေးနေကြသတဲ့။ ဒါပေမဲ့ တရားအားထုတ်တဲ့ လူတွေ ကို ကြည့်ရင်း ကြည့်ရင်း နေရာရွှေ့ သွားကြ တယ်လို့ ဆိုပါတယ်။ နောက်ထောင်သားတွေ လည်း တရားရှုမှတ်ချင်တယ်ဆိုလို့ ဂုရုကြီးက တရားပြသလာရသေးတယ်။ ထောင်သား အတော် များများ လက်ထိပ် ခြေကျင်း ခတ်စရာမလိုဘဲ လိမ္မာယာဉ်ကျေးလာကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ထူးခြား မွန်မြတ်လှတဲ့ အီဂတ်ပူရီ ကမ္မဋ္ဌာန်းရိပ်သာမှာ ကျင်းပတဲ့ ညီလာခံဟာ အလွန်လေးစား ကြည်ညိုဖွယ် ဖြစ်ခဲ့ပါတယ်။ သပိတ်အိုင်ဆရာတော် ဦးဉာဏိဿရ ဟောမြွက်ကြားတဲ့ ဒေသနာတော် အရ...
ဓမ္မသည် သာသနာတော် ၏ အောင်လံတော် ဖြစ်သည်။ တရားဟောခြင်းအားဖြင့် အောင်လံထူပါ။ တရားဓမ္မနှင့် ပတ်သက်၍ တိုးပွားအောင် ပြုလုပ်ခြင်းမရှိလျှင် အောင်လံလှဲသည်နှင့် တူ၏ ။ အိန္ဒိယပြည်၌ နှစ် ပေါင်းစွာ များ စွာ ကို အောင်လံလှဲသလို ဖြစ်ခဲ့သည်။ ယခုတော့ အောင်လံထူလာပြီ။ အလံလှဲသော တိုင်းပြည်သည် ရှုံးသည်မည် ၏ ။ အောင်လံထူခြင်းသည် အောင်နိုင်ခြင်း ဖြစ်၏ ဟုမှတ်သားမိပါတယ်။
ညီလာခံကို အပြည်ပြည် အရပ်ရပ်ဆိုင်ရာ လူအတော် စုံစုံတက်ရောက်ကြပါတယ်။ ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူ၊ ဂျိမ်းဘာသာဝင်၊ ဆစ်ခ်လူမျိုး၊ ကွန်ဖြူးရှပ်၊ မဟာယနဗုဒ္ဓဘာသာဝင်(မွန်ဂို၊ တိဘက်၊ လော၊ ကိုရီးယား၊ ကမောဒီးယား စတဲ့ နေရာမျိုးတွေ က)၊ ခေါင်းမြီးခြုံ အိန္ဒိယ အမျိုးသမီး၊ အနောက်တိုင်းကရိုမင် ကက်သလစ်ဘာသာဝင် သီလရှင်၊ အရှေ့တိုင်းက သီလရှင်တွေ ၊ စစ်ဘက်၊ ရဲဘက် အရာရှိတွေ ၊ မာရ၀ါရီ ကုလားသူဌေးတွေ ၊ ဟစ်ပီတွေ အထိ အတော် အရောင် အသွေးစုံပါတယ်။
ကိုယ်ပိုင် ကျင့်ကြံအားထုတ်တဲ့ ကိုယ်တွေ့ တရားများ ကို အခြေခံပြီး စာတမ်းတင်သွားတာ ဖြစ်ပါတယ်။ ကျမ်းဂန်တို့၊ ပါဠိသက္ကဋဘာသာတို့နဲ့ လေ့လာ အားထုတ်တဲ့ လူတွေ က ကိုယ်တွေ့ တရားတွေ ကို ကျမ်းဂန်ရဲ့ ညှိသွားကြပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရိပ်သာတွေ မှာ ဉာဏ်စဉ်တရားနာတာမျိုးနဲ့ လည်းတူပါတယ်။ ကိုယ်တွေ့ ရှိတဲ့တရား ဘယ်အဆင့်ရှိတယ်ဆိုတာကို မှန်းကြည့်လို့ရမယ် ထင်ပါရဲ့ ။ တချို့စာတမ်းတွေ မှာ ရယ်စရာဟာသတွေ နဲ့ လူတွေ ရွှင်ရွှင်လန်းလန်း ရယ်မောရပါတယ်။ စာတမ်းတွေ ကို အင်္ဂလိပ်ဘာသာ၊ ဟင်ဒီဘာသာ စသည်များ နဲ့ တင်သွားကြပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက ဦးသိန်းမောင်(ဆရာထင်လင်း) ရဲ့ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းသူအနောက်တိုင်းသားများ က ဆရာထင်လင်းရဲ့ စာတမ်းကို ကြိုက်နှစ်သက် ကြောင်း သိရပါတယ်။
အဓိက ရည်ရွယ်ချက် ကတော့ လက်တွေ့  ကျင့်ကြံအားထုတ်မှု နဲ့ ဘုရားဟောကျမ်းဂန်များ နဲ့ ယှဉ်တွဲ သွားဖို့ပါပဲ။ ပဋိပတ္တိနဲ့ ပရိယတ္တိ နှစ် မျိုးစလုံးဟာ ဒွန်တွဲ သွားရင်း ၀ိပဿနာအကျင့်မြတ် လမ်းမှန်ပေါ်ရောက်သွားဖို့ပါ။ ကျမ်းဂန်ဟာ လက်တွေ့ ကျင့်စဉ်နဲ့ ယှဉ်တွဲသွားဖို့ကို ဂှရုကြီးက....
လို့ မကြာကကြာ ပြောလေ့ရှိပါတယ်။
ညီလာခံရဲ့ အဓိကရည်ရွယ်ချက် ကတော့ ၀ိပဿနာ ဘာဝနာမှာ ဝေဒနာနဲ့ သမ္ပဇဉ် အရေး ပါပုံ ဖြစ်ပါတယ်။
အကြောင်းအရာတွေ ကတော့ ကိုယ်တွေ့ တရားတွေ ကို ပါဠိပိဋိကတ်တော် လာများ နဲ့ ညှိဖို့ပါပဲ။
နောက်ပြီး ၀ိပဿနာ လက်တွေ့ ကျင့်ကြံအားထုတ်မှု
အကျိုးဆက်အားဖြင့် .....
၁။ ကျန်းမာရေး
၂။ ပညာရေး
၃။ ဘာသာရေး အစွဲကင်းတဲ့ အယူအဆ တိုးတက်ရေး
1. Better Health
2. Education
3. Fostering Secularism
တို့ ဖြစ်ပါတယ်။
ဓမ္မသဘင် ကျင်းပတဲ့ နေရာ ကတော့ ကျွန်မ ဖော်ပြပြီးတဲ့အတိုင်း…
‘အပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီကျောင်း၊ ဓမ္မဂီရိ၊ အီဂတ်ပူရိ၊ မဟာရတ်(ရှ်)တရာ၊ အိန္ဒိယ’
(Vipassana International Academy, Dnammagiri, igatpuri, Maharashtra, INDIA.)
စာတမ်း ဖတ်ကြားသူများ ကတော့ အပြည်ပြည်ဆိုင်ရာနှင့် အိန္ဒိယပြည်က ၀ိပဿနာတရား အားထုတ်ကြတဲ့ ယောဂီတွေ ၊ ပါဠိပညာရှင်များ နှင့် ကျမ်းဂန်တတ် ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။
လေ့လာသူများ ကတော့ ပညာရေး ဌာန ပုဂ္ဂိုလ်များ ၊ ဆရာဝန်များ ၊ စိတ်ပညာ အထူးကုဆရာဝန်များ ၊ တရားသူကြီးများ ၊ လူမှု ရေး ဌာန အလုပ်သမားများ ၊ အစိုးရ အရာထမ်း ၀န်ထမ်းများ နှင့် ၀ိပဿနာ တရားသမားများ ဖြစ်ကြပါတယ်။
ဒီလို ၀ိပဿနာ ကျင့်ကြံအားထုတ်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာဟာ ဆရာကြီး ဦးဘခင်ရဲ့ ကျေးဇူးကြောင့် လည်း ဖြစ်ပါတယ်။ သူဟာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်တော့ သူ့ရည်ရွယ်ချက်က ကမ္ဘာရပ်ရပ်က ပုဂ္ဂိုလ်တွေ ရယ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ သူတွေ ပါ တရားပြဖို့ အဓိက အားခဲပါတယ်။ သူတို့ ယုံကြည်အောင် ပြသရမယ့်တရားစစ် တရားမှန်လည်း ဖြစ်တာကိုး။ ပြီးတော့ သူက စာတတ်ပုဂ္ဂိုလ်များ လို တရားပြတာ မဟုတ်ဘူး။ သူ့ ပို့ချချက်တွေ ဟာ သူ့ကိုယ်ပိုင်အတွေ့ အကြုံက ဖြစ်တော့ သူပြောတိုင်းဆိုတိုင်းဟာ ခွန်အားရှိပြီး ယောဂီတွေ ကို လှုံ့ဆော်မှု ကို ပေးစွမ်းနိုင်ပါတယ်။ သူဟာနည်းနည်း ရေး ပြီး နည်းနည်း ပြောသူ ဖြစ်သော်လည်း ယောဂီ အများ စုဟာ သူ့ပို့ချမှု ကြောင့် အများ ကြီး အကျိုးရှိပါတယ်။ ဒါကို ဆရာကြီး ဂိုအင်ကာရဲ့ ဆောင်းပါးထဲမှာ .....
Sayayi's way was not the way of Scholars.Every word that he spoke came from his own experience. Therefore his techings have the life of experience within, them, and this is why every word said by him was very powerful and encouraging to his students. He worte little, and he spoke little, but still many students were benefited by his teaching.
‘ဓမ္မရဲ့ တောက်ပတဲ့ ကြယ်တစ်ပွင့်’ (A Shining Star of Dhamma) ခေါင်းစဉ်အောင်မှာ ရေး ခဲ့ပါတယ်။
ဆရာကြီး ဦးဘခင်ဟာ အစိုးရအရာရှိကြီးအ ဖြစ် အသက်(၆၇)နှစ် အထိ တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့ရတဲ့အတွက် ဓမ္မသင်တန်းကို ပို့ချဖို့ အချိန်နည်းနည်း သာ ရပါတယ်။ ဒါကြောင့် သူသင်ကြားပို့ချတဲ့ ပုဂ္ဂိုလ်တွေ ဟာ ပါရမီထူးခြားပြီး အသိဉာဏ်ရင့်သူတွေ သာ ဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ပုဂ္ဂိုလ်တွေ ကလည်း ဓမ္မလက်နှိပ်ဓါတ်မီးနဲ့ ကမ္ဘာအရပ်ရပ်ကို အလင်းပျံ့နှံ့စေသူများ ဖြစ်ပါလိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တယ်တဲ့။
ဓမ္မကြောင်းနဲ့ ပတ်သက်လို့ ဆရာကြီး ရွတ်နေကျ ပါဠိဂါထာတစ်ပုဒ် ရှိတယ်။ ‘ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ မြင့်မြတ်တဲ့ ကျင့်ကြံအားထုတ်မှု အရ နိဗ္ဗာန်မရောက်မီစပ်ကြားသူမိုက်များ နဲ့ မဆက်ဆံလို၊ ပညာရှိ သူတော် ကောင်းများ နဲ့သာ တွေ့ ကြုံဆုံစည်းလိုတယ်’ တဲ့။
By virtue of this meritorious action may I not come into contact with the ignorant.
May I encounter only wise, saintly people until I attain Nibbana.
ဒါပေမဲ့ တစ်နေ့တော့ ဆရာကြီး ဦးဘခင်ဟာ ဆရာကြီး ဂိုအင်ကာဂျီဆီ လာလည်တော့ ဒီဂါထာကို ရွတ်သံကြားတော့ ဆရာကြီးက ပြုံးပြီး ဆရာကြီး ဂိုအင်ကာဂျီကို…
‘ဒီဂါထာဟာ မင်းရွတ်ရမယ့် ဂါထာမဟုတ်ဘူး၊ မင်း ကတော့ ဓမ္မမျိုးစေ့ကို ပုပုရွရွ လူများ စုကို ပေးရတော့မယ်။ ဒီဂါထာက ငါ့အတွက်ပါပဲ။ ဘာလို့လဲဆိုတော့ ငါ့အတွက် အချိန်အတော် နည်းနေပြီ။ သာသနာ ၂၅၀၀ ဒီဘက် ဘော်ဒါလိုင်းအကျော်မှာ ငါ့အတွက် ဓမ္မပျံ့နှံ့ရေး လုပ်လာတာ အချိန်မရှိလှတော့ဘူး။ မင်း ကတော့ အချိန်အခါသစ် (New Era) မှာ ဓမ္မမျိုးစေ့ကို လူများများ ရှိတဲ့ နေရာအနှံ့ ကြဲဖြန့်ပါ။ ဒီအတွက် မင်းကြိုးစားရလိမ့်မယ်’
ဒီတော့ ဆရာကြီး ဂိုအင်ကာဂျီရဲ့ ဓမ္မညီလာခံကြီးဟာ နှယ်နှယ်ရရ မဟုတ်တာ ကျွန်မတို့ သိခွင့်ရတဲ့အတွက်လည်းကောင်း၊ တက်ရောက်ခွင့်ရတဲ့အတွက် နည်းနည်း နောနော ကျေးဇူးမဟုတ်ပါဘူး။ ဒီ ကျေးဇူးကို ဆပ်ဖို့ရာ ဓမ္မဆောင်းပါးတွေ အဆက်မပြတ်ရေး သွားမယ်လို့ အဲဒီ တုန်းကတည်းက ကျွန်မဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဓမ္မလမ်းကြောင်းဟာ မြင့်မြတ်ပါတယ်။ ဒီလမ်းပေါ်မှာ ဘာဓမ္မအလုပ်မှ အချည်းအနှီး မ ဖြစ်ပါဘူး။
တစ်လှမ်းချင်း တစ်လှမ်း လျှောက်လာရင်း ပန်းတိုင်ဟာ ထင်ထင်ရှားရှား တောက်ပလင်းလက်လို့နေပါတယ်။
The path of Dhamma is a royal road; no labour on it goes to waste.
As you walk step by step, the goal shines clear ahead.
ဆရာကြီး ဂိုအင်ကာဂျီ
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၆)
မိုးရာသီ မဟုတ်ပေမယ့် မိုးဖွဲဖွဲ ရွာချလိုက်ပါတယ်။ ဟိုဘက်တောင်တန်းတွေ ဆီက မိုးချုန်းသံတွေ ဟာ ပဲ့တင်ထပ် ရိုက်ခတ်မြည် ဟည်းလာပါတယ်။ ကျွန်မတို့ အီဂတ်ပူရီမြို့ ဆရာကြီးဂိုအင်ကာကြီးရဲ့ တရားရိပ်သာမှာ ၁၅ရက်လောက် တရားရှုမှတ်မှု မြင့်မြတ်စွာ တိတ်ဆိတ်ငြိမ်သက်ခြင်း (Noble Silence) ဖြင့် ပြီးသွားတဲ့အခါမှာ ဓမ္မညီလာခံသဘင်ပွဲကြီး စတင်ပါတယ်။ ဒီလိုပဲ တရားရှုမှတ်မှု ပြီးလို့ ပထမအကြိမ် ညီလာခံစတင်တုန်းကလည်း ‘မိုးတွေ ရွာချတယ်’ လို့ ယောဂီဟောင်းများ က ပြောကြပါတယ်။ နောက်ပြီး တရားစည်ကြီး တီးသံကိုတောင်ကြားရတယ်လို့ ဆိုကြပါတယ်။ (မနေ့ တစ်နေ့ကတောင် ကျွန်မတို့ဆရာ သက်ကြီးရွာ- ပျော်ဘွယ်ကြီးမှာ ဒီလိုပဲ တရားစည်တီးသံ ကြားကြရတဲ့အကြောင်း ပြောနေကြပါတယ်။ သူတို့က အီဂတ်ပူရီမြို့က တရားစည်တီးသံကို သိကြတာ မဟုတ်ပါဘူး) ဒါတွေ ဟာ တရားဓမ္မရဲ့ ထူးခြားတဲ့ အကျိုးဆက်တွေ ပါပဲ။ ဒါကို သိပံ္ပပညာထွန်းကားတဲ့ အနောက်တိုင်းနိုင်ငံတွေ က ယောဂီတွေ ကိုယ်တိုင် ယုံယုံကြည်ကြည် ပြောကြတာ ဖြစ်ပါတယ်။
ကျွန်မနဲ့ အဆောင်ချင်းကပ်လျက် ကနေဒီယံ အမျိုးသမီး ဗာဂျီနီဆာဟယ်မစ်လ်တန် (Virginia Hemilton) ဆိုရင် ဒီလိုဓမ္မအကျိုးဆက်တွေ မကြာမကြာ ပြောပြပါတယ်။ ည-ညကျွန်မတို့ တရားအားထုတ်မှု မွေ့လျော်လို့ အိပ်မပျော်ကြဘဲ နိုးနိုးကြားကြား ရှိနေကြတဲ့အခါ အမျိုးသားယောဂီအဆောင်ဘက်ကဘယ်သူမှန်းမသိ အသံနက်ကြီးနဲ့ စူးစူးဝါးဝါး အော်သံ ဖြစ်ပုံရပါတယ်။ May be he is a hunter (အမဲလိုက်တဲ့လူ) ဖြစ်မယ်လို့ ကျွန်မတို့ယောဂီထဲက မှတ်ချက်ချပါတယ်။ ကျွဲ၊ နွား၊ ဆိတ်တွေ ဇက်ဖြတ်သတ်တဲ့လူလား မသိဘူးလို့ တစ်ဦးက ၀င်ပြောပြန်ပါတယ်။ ဒါလည်း ငရဲခန်းတစ်ခုပါပဲ။ လောကငရဲပေါ့။ ၀ဋ်ကြွေးဆပ်တာလို့ ကျွန်မနဲ့ အဆောင်နေဘက် မမဒေါ်တင်ငွေက ရှင်းပြပါတယ်။ ကျွန်မစိတ်ထဲ အရှင်ဇနကာဘိဝံသရဲ့ ဓမ္မကျမ်းစာများ ကို အမှတ်ရနေမိပါတယ်။
ဗာဂျီးယား ပြောစကားအရ ကျွန်မ သုံးသပ်ဆင်ခြင်ကြည့်တဲ့အခါမှာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကလာပြီး တရားရှုမှတ်မှု တွေ ကို ရိပ်သာတွေ မှာ မကြာမကြာ ကျင့်ကြံအားထုတ်မှု ကြောင့် တွေ့ ကာစတုန်းကလို အဆန်းတကြယ် မ ဖြစ်တော့ပါဘူး။
အရှင်ဇနကာဘိဝံသ
ခု- မိုးရွာချတယ်ဆိုတဲ့ အေးချမ်းတဲ့ နိမိတ်ဟာ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း၊ နိမိတ်ထွန်းတာမို့ ဖြစ်လေ့ ဖြစ်ထရှိတာမျိုးပါ။ ၀ိပဿနာတရား အားထုတ်မှု အကြောင်း လူတွေ မှာ နီဝရဏတရားကင်းစင်ပြီး သီလ၀ိသုဒ္ဓိ ၊စိတ္တ၀ိသုဒ္ဓိ စင်ကြယ်လာတဲ့အခါမှာ သဘာဝရုပ်ဝတ္တု ဖြစ်တဲ့ သစ်ပင်ပန်းမန်၊ သစ်ရွက် သစ်ခက်၊ အိမ်ခေါင်မိုးပေါ်က ဖုန်တွေ ၊ အမှိုက်သရိုက်တွေ ကို မိုးရေနဲ့ ဆေးကြောတယ်လို့ ပြောလာရင် မယုံနိုင်စရာမရှိဘူး။
‘ဒီ လိုမျိုးတွေ ပြောလာတဲ့အခါမှာ ရှင်က ကျွန်မကို အယူသည်းတယ်လို့ ထင်မှာ လား’ လို့ ဗာဂျီးနီယားက ကျွန်မကို တစ်ပြန်မေးပါတယ်။
‘မထင်ပါဘူး၊ မြတ်စွာ ဘုရားကိုယ်တော် တိုင် ကျင့်ကြံအားထုတ်တဲ့ တရားတော် ရဲ့ အကြောင်းအကျိုးတွေ ပဲ’
ညီလာခံ ကျင်းပမယ့်နေ့ မနက် ကျွန်မတို့ ဓမ္မခန်းမကြီးမှာ ၀ိပဿနာတရားရှုမှတ်ကြပြီး အထွက် ဗာဂျီနီးယားက ကျွန်မဆံပင်ကို ထိန်းတဲ့ ဘီးကုပ်လိပ်ခွံရောင် လေးကို အမှတ်တရအ ဖြစ်တောင်းပါတယ်။ သူက ကျွန်မကို စတီးလ်ပန်းကန်ပြားလေးတစ်ချပ် လက်ဆောင်ပြန်အ ဖြစ် ပြန်ပေးပါတယ်။ သူပေးတဲ့ လက်ဆောင်က ပိုတန်ဖိုးရှိပါတယ်။ အမေရိကန်သူ မစ္စစ်ဂဲခရုချာ (Mrs. Gair Crutcher) ကတော့ သူကျွန်မတို့ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖလင်လိပ်တစ်လိပ်နဲ့ သကြားလုံးတွေ ထည့်ထားတဲ့စတီးလ်ဘူးတစ်ဘူး လက်ဆောင်အ ဖြစ် ပေးပါတယ်။ မစ္စစ်ဂျိုတီအာရှာ (Miss Jyoti Asher) ခေါ်တဲ့ ပန်ချာပီ အမျိုးသမီးလေး ကတော့ အမြန်ရထားပေါ်မှာ အသုံးပြုဖို့ စက္ကူလက်ကိုင်ပုဝါထုပ်နဲ့ မလိုင်မုန့်တွေ လှူဒါန်းပါတယ်။
ကျွန်မနဲ့ ဗာဂျီနီးယား ရင်းနှီးလာကြတဲ့အခါမှာ ကျွန်မအိမ်ထောင်ဘက်အကြောင်းမေးရင်း၊ မေးရင်း ကျွန်မတို့ ကွာရှင်းပြီးတဲ့အကြောင်း သိသွားတော့ ကျွန်မပုခုံးကို သူလှမ်းပုတ်ပြီး
‘ကျွန်မလည်း ရှင့်လိုပဲ၊ ကျွန်မယောကျာ်း အမျိုးသမီးနဲ့တွေ့ သွားလို့ ကွာရှင်းခဲ့တယ်။ လွန်ခဲ့တဲ့ ၅နှစ် တုန်းကပေါ့။ အသက် ၂၃နှစ် သားနဲ့ အသက်၂၁နှစ် သမီး ကျန်ရစ်တယ်။ ခုကျွန်မ ၅၆နှစ် ရှိပြီ။ ကျွန်မ မနှစ် တုန်းက လက်ထပ်တယ်။ ဓမ္မသားတော် (Son of Dhamma) နဲ့ သူက ကျွန်မထက် ရှစ်နှစ် ငယ်ပေမယ့် ဓမ္မဆောင်တဲ့လူမို့ ပူစရာ ဘာမှမလိုဘူ'
သူ့အသက်နဲ့စာရင် သူဟာ တော် တော် နုပျိုပါတယ်။ ချောလည်းချောတယ်။ ကျွန်မက သူ့မှာ နုပျိုလန်းဆန်းမှု (Youth)အပြည့်အ၀ရှိကြောင်းပြောတော့ သူကပြုံးပြုံးရယ်ရယ်နဲ့ …
‘ရှင် … အထီးကျန် ဖြစ်မနေဘူးလား’
‘မ ဖြစ်ပါဘူး’
‘ဘာပဲ ဖြစ် ဖြစ်လေ၊ ရှင် ဓမ္မလူ တစ်ဦးဦးကို စဉ်းစားသင့်တယ်၊ ရှင့်ယောကျာ်းနဲ့ ရှင် အဆက်အသွယ် ရှိသေးလား၊ စိတ်မဆိုးနဲ့နော်’
‘သူ့ သမီးနဲ့တော့ ရှိပါတယ်။ ကျွန်မ စိတ်က လုံးဝပြတ် သွားပါပြီ’
‘ကောင်းပါတယ်။ ရှင်ဓမ္မလူကော မစဉ်းစားချင်ဘူးလား’
‘ကျွန်မ မစဉ်းစားချင်တော့ပါဘူး’
‘ကျွန်မမှာ ကနေဒါ အမျိုးသား ဓမ္မမိတ်ဆွေတွေ ရှိတယ်၊ သူတို့က ရိုးတယ်၊ ချမ်းလည်း ချမ်းသာတယ်၊ ဓမ္မ အလုပ်ကောင်းကောင်း လုပ်နိုင်တယ်’
‘ကျေးဇူးတင်ပါတယ်။ ကျွန်မ တစ်ယောက် တည်း နေရတာ ကို ပိုလိုလားတယ်၊ နောက်ပြီးတော့ ကျွန်မကို စောင့်ရှောက်နေတဲ့ အမေရှိတယ်။ တစ်ဦးတည်းသော သမီးနဲ့ သမက် ကျွန်မနဲ့ အတူတူ နေကြပါတယ်။ မြေးနှစ် ယောက် လည်း ရှိသေးတယ်’
‘ကျွန်မမှာ လည်း မြေးရှိပါတယ်။ သားတွေ ၊ သမီးတွေ ကျွန်မ မျိုးဆက်တွေ ဓမ္မဘောင်ထဲ လူတွေ ဖြစ်လာဖို့ ကျွန်မပြုစု ပျိုးထောင်ရမယ်။ လောကကြီးမှာ ဓမ္မကပဲ ကျွန်မတို့ ဒုက္ခကို ကယ်တင်နိုင်မှာ ’
သူ့စကားလေးတွေ ဟာ သူရဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ စိတ်စေတသိက်ကို ဖော်ပြတာမို့ ချစ်စရာလည်း ကောင်းရဲ့ ။ မြတ်နိုးဖွယ်လည်း ကောင်းရဲ့ ၊ ဆရာကြီး ဂိုအင်ကာကြီးရဲ့ သမီးစစ်စစ် ဖြစ်လာပေတယ်။ ဆရာကြီး ဂိုအင်ကာဂျီရဲ့ ဆုတောင်းမှာ လည်း …
ကမ္ဘာအရပ်ရပ်မှာ ဒုက္ခရောက်နေကြတဲ့ လူတိုင်း လူတိုင်း ဓမ္မနဲ့ ဆက်သွယ်မိကြပါစေ၊ အထူးသဖြင့် ခုလို ကမ္ဘာတစ်ဝန်းလုံးမှာ ဒုက္ခတွေ ၊ ပဋိပက္ခတွေ ၊ ကိုယ်စိတ်နှစ် ပါး မွန်းကြပ်မှု ရောပြွမ်း ရှုပ်ထွေးနေကြတဲ့ အချိန်အခါမှာ လူတိုင်း လူတိုင်း ၀ိပဿနာ တရားထူးတရားမြတ်ကို ကျင့်ကြံအားထုတ်နိုင်ကြပါစေ....။
“ May more and more people around the world come into contact with Dhamma. Especially now, when throughout the world there is so much misery, so much conflict, so many tensions, may more and more people come into contact with Vipassana.”
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၇)
‘၀ိပဿနာ’ ကို ဆရာကြီး ဂိုအင်ကာဂျီ အင်္ဂလိပ်ဘာသာအရအနက် ဖွင့်ဆိုချက် ကတော့ ‘အရာရာ (ရုပ်နှင့် နာမ်) ကို သူ့အတိုင်း သိမြင်ခြင်း (၀ါ) စူးစမ်း၍ အထူးသိမြင်ခြင်း ဤသို့ဖြင့် မိမိစိတ်နှင့် ခန္ဓာကိုယ်ကို ဖြူစင်စေခြင်း၊ မိမိကိုယ်ကို သိမြင်စေနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာနဲ့ အကြမ်းဖျင်း ပြန်ပြောရမယ်ဆိုရင် …’
'Vipassana means to see things as they really are. It is the path of self-purification through selfobservation'.
ဆိုတာပါပဲ။
ကျွန်မတို့ အီဂတ်ပူရိတောင်ကုန်းဒေသ တရားရိပ်သာမှာ တရားအားထုတ်ပြီး ၁၀ရက်မြောက်နေ့မှာ မိုးဟာ အချိန်အခါမဟုတ် ရွာချပါတယ်။ ဆောင်းနှင်းရာသီမှာ ဒါဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရာသီမဟုတ် မိုးရွာချိန်ပါပဲ။ မနက်ဖြန်ဆိုရင် အပြည်ပြည်ဆိုင်ရာ တရားသဘင် ညီလာခံ စတော့မယ်။ ၁၀ရက်လုံးလုံး တိတ်ဆိတ်လာတဲ့ နှုတ်ခွန်းတွေ ဟာ ချိုသာတဲ့ ဓမ္မအကြောင်း ဝေါဟာရတွေ ဖွင့်ဆြို ကတော့မယ်။ ကျွန်မတို့ယောဂီတွေ သူဌေးတစ်ဦးဆီက ၀ယ်တဲ့ တောင်ကုန်းဒေသကို လှည့်လည်ကြည့်ရှုကြရပါသေးတယ်။ အစတုန်းက ရ ဧက ၀ယ်ထားတဲ့ မြေဟာ တိုးချဲ့ဝယ်ယူရင်း ခုဆိုရင် ၅၆ ဧကတောင်ရှိပြီလို့ ပြောဆိုကြပါတယ်။
ကျွန်မတို့ ရိပ်သာ နေရာဌာ၊ တောင်ကုန်းကနေ မြောက်ဘက်နဲ့ အရှေ့ဘက်တစ်ဝိုက် လှမ်းမျှော်ကြည့်ရင် ပဲခူးရိုးမလိုတောင်တန်းကြီးတွေ တွေ့ ရပါတယ်။ အီဂတ်ပူရိမြို့ရဲ့ ကမ္မဋ္ဌာန်းကျောင်းတွေ တည်နေရာဌာနဟာ တောင်ပတ်လည် ၀န်းရံထားတဲ့နေရာ ဖြစ်ပါတယ်။ တိမ်စိုင်တိမ်ခဲတွေ ကို အနီးကပ်မြင်တွေ့ နေရသလို မိုးချုန်းသံကိုလည်း မိုးနဲ့ နီးစပ်ထိကပ် နေရသလို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ ကျွန်မတို့ ကမ္မဋ္ဌာန်း တရားရှုမှတ်ရာ နေရာလေးဟာ တောင်အောက် ဖြစ်သလို တောင်ပေါ်လည်း ဖြစ်နေပါတယ်။ ထူးခြားတဲ့အလှနဲ့ ဓာတ်သဘောရှိတဲ့ နေရာ ဖြစ်တဲ့အပြင် အပေါ်ယံဗဟိဒ္ဓိအလှထက်အတွင်းအဇ္ဈတ္တ အလှဖြန့်ကျက်တားတဲ့နေရာလို့လဲ ဆိုရမှာ ဖြစ်ပါတယ်။ ကံထူးကြလို့သာ ကျွန်မတို့ ရောက်လာရခြင်း ဖြစ်ပါတယ်။
ဘာ ဖြစ်လို့လဲဆိုတော့ ရောက်လာသမျှ နိုင်ငံတကာဘာသာစုံ လူမျိုးအသီးသီးအတွက် ‘ဗုဒ္ဓဟာ ဗုဒ္ဓဘာသာနဲ့ တခြားအယူဝါဒတွေ ကို သင်ကြားတာ မဟုတ်ပါဘူး’ တဲ့။ ဗုဒ္ဓဘုရားဟာ လူတွေ ကို လောကမှာ နေနည်း ထိုင်နည်း သင်ကြားတာ ဖြစ်ပါတယ်။ ဓမ္မအကြောင်းမှာ လူတွေ ရဲ့ စိတ်ရော ကိုယ်ရော လွတ်မြောက်ဖို့ အဓိက ဖြစ်ပါတယ်တဲ့။
' The Buddha never taught Budhism or any ism, or philosophy. He taught an art of living, the Dhamma a technique by which people can become liberated.'
ဂျာမဏီပြည်ကလာတဲ့ အမျိုးသမီး ဆရာဝန်မ ဒေါက်တာဆိုင်နေမောရီယားဆိုရင် ဓမ္မအကြောင်း အင်မတန်ပြောလို့ကောင်းးပါတယ်။ သူက အသက် ငါးဆယ်ကျော်ကျော် ရုပ်ရည်ပြေပြစ်ချောမောသန့်စင်ပါတယ်။ ဖြူဖွေးစင်ကြယ်တဲ့ အ၀တ်ဖြူဖြူကို တစ်ကိုယ်လုံး လုံခြုံအောင် ၀တ်ထားတာမို့ အင်မတန်ကျက်သရေရှိပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေ ကိုလဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ ချစ်စနိုးကြည့်နေတတ်ပါတယ်။ တစ်ခါတစ်ရံ သူ့ထက်ကြီးကြီးငယ်ငယ် အမျိုးသမီးယောဂီတွေ ကို လက်အုပ်ချီလို့ နှုတ်ဆက်မြဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျကလာတဲ့ ဂျပန်အမျိုးသမီး အီမီကို၊ ကနေဒါနိုင်ငံက ဗာဂျင်နီယာ ဟယ်မီလတန် တို့က မကြာမကြာ တရားဓမ္မ အတွေ့ အကြုံတွေ ဆွေးနွေးကြပါတယ်။ ဂျာမဏီသူ ဒေါက်တာဆိုင်နေဆိုရင် မြန်မာပြည်မဟာစည်ရိပ်သာမှာ တရားမှတ်ဖူးသူ ဖြစ်တဲ့အပြင် သူတို့အားလုံး(၁၀)ရက် စခန်းတွေ ၁၀ကြိမ်မက ၀င်ဖူးပြီး ရက်ရှည် တရားပတ် (Long Course) တွေ မှာ (၄၅)ရက်၊ ၂လ (ရက် ၆၀)တွေ ၀င်ဖူးသူတွေ မို့ တရားရှုမှတ်မှု အတွေ့ အကြုံမှာ ကျွန်မထက် အများ ကြီးသာပါတယ်။ တရားမွေ့လျော်သူတွေ ရဲ့ အဆင်းဟာ ကြည်လင်ဝင်းပပြီး မျက်လုံးအရောင် တွေ ဟာ တောက်ပြောင်လင်းလက်နေရုံမက အမှု အရာတွေ ဟာလဲ တရားပြည့်ဝစွာ နဲ့ တည်ငြိမ်လှပါတယ်။
‘ကျွန်မမှာ လောကီကိစ္စတွေ မပြတ်သေးလို့ တရားအားထုတ်ချိန် မရသေးတာပါ’ ဆိုတဲ့ စကားကို သူတို့ လက်မခံနိုင်ပါဘူး။ ‘တရားဆိုတာ ကိုယ်နဲ့မြဲနေမှ တရားလို့ ခေါ်တာပါ။ တရားဌာနမှာ သီးခြားတရားရှုမှတ်ပြီး အပြင်လူ့လောက ရောက်တော့ လောဘ၊ ဒေါသ၊ မောဟတွေ ထုံရစ်ဆဲဆိုရင် ရှင်တို့ ကျွန်မတို့ဟာ ဓမ္မရဲ့ သားသမီးတွေ မဟုတ်တော့ဘူး’
တချို့ လူတွေ က ပြောလိမ့်မယ်တဲ့ ‘တစ်ချိန်လုံး တရားရှုမှတ်နေတာဟာ အင်မတန် တစ်ကိုယ်ကောင်းဆန်တယ်။ လူတွေ နဲ့ ဆက်ဆံတဲ့နေရာမှာ အထီးကျန်နိုင်တယ်’ စသည်ဖြင့် ပေါ့။
ဆရာကြီးက ‘ဒီလိုလမ်းညွှန်တာ မဟုတ်ပါဘူး’။ လက်တွေ့  လူ့ဘ၀ကြီးကို မျက်ကွယ်ပြုပြီး တရားကျောင်းမှာ တစ်ခါတည်းသွားနေပါလို့ ဓမ္မက မညွှန်ကြားပါဘူးတဲ့။ သင်ကျန်းမာဖို့အတွက် ဆေးရုံ သွားပါ။ ဒါပေမဲ့ ဆေးရုံမှာ သင်တစ်ချိန်လုံး နေဖို့ မဟုတ်ပါဘူး။ တရားရိပ်သာကို ရောက်လာတဲ့အတွက် သင်ဟာ ရုပ်ရော၊ နာမ်ရော ကျန်းမာလာမယ်။ ဒီ ကျန်းမာ ချမ်းသာတဲ့ ကိုယ်စိတ်နှစ် ပါးကို နေ့စဉ်မျက်မှော က်ဘ၀မှာ အသုံးချနေထိုင်ပါ။ လူ့ရွာ အကျိုးကျေးဇူးကို တရားဓမ္မနဲ့ ဘယ်လိုထိရောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အချက်တွေ ပါ ပြော သွားပါတယ်။
'Certainly it would be very selfish, if somebody wanted to live the whole life in a meditation centre, only meditating and forgetting all about the world outside. Dhamma does not teach that. I Keep on saying to my students that you go to the hospital to gain health, but not to live in the hospital for your whole life. Gain health and make use of this health in your daily life. You come to the meditation centre to gain good ment lahealth so that you can see this mental health in daily life'
နောက်ဆက်လက်ပြီး မြန်မာလို အလွယ်ဆုံးနဲ့ အရှင်းဆုံး ပြောရရင်တော့ ၀ိပဿနာဟာ အနေတတ်ဖို့၊ အသေတတ်ဖို့ သင်ကြားတာပါလို့ ဆိုလိုတာပါ။
' I keep on saying vipassana is the technique to learn the art of dying, but that is possible only of you have learned the art of living; if you have lived a good, healthy life, you will die a very healthy death.'
တစ်ချိန်တုန်းက ဂန္ဒီကြီး ကွယ်လွန်ခဲ့တဲ့ အထိမ်းအမှတ်နေရာမှာ ဂန္ဒီရဲဘော်ရဲဘက်တွေ က ဆရာကြီး ဂိုအင်ကာဂျီကို ဖိတ်ကြားပြီး ၀ိပဿနာတရား ရှုမှတ်မှု ပြသစေတော့ သူတို့ ကျင့်ကြံအားထုတ်လာကြတဲ့အခါမှာ ဂန္ဒီကြီးဟာ တစ်ချိန်တုန်းက ဒီဝိပဿနာဆိုတဲ့ အမည် နာမနဲ့ မသိခဲ့သော်လည်း ဒီဝိပဿတရားရှုမှတ်မှု ကို သူ့နည်း သူ့ဘာသာ လုပ်ခဲ့တဲ့အကြောင်း၊ ဒါကြောင့် သူဟာ တိုင်းကျိုးပြည်ကျိုးတွေ အများ ကြီးဆောင်ရွက်ခဲ့ကြောင်း၊ ဒီဝိပဿနာတရားနဲ့ပဲ လူ့ရဲ့ အတ္တ (Ego) ကွာပြီး လူသားတွေ ရဲ့ နိမ့်ကျမှု ကို မြှင့်တင်ဖို့ ကိုယ်ကျိုးစွန့်လွှတ်ဆောင်ရွက် ခဲ့ကြောင်းပြောပါတယ်။
အမေရိကန်ထုတ်ဝေတဲ့ အရှေ့မှ အနောက်ဂျာနယ် (East-west jornal)မှာ Ew နဲ့တွေ့ ဆုံခန်းမှာ ၀ိပဿနာကျင့်စဉ်အတွက် ၁၀ရက် တရားဝတ်ဝင်တာဟာ ဘ၀ရဲ့ တစိတ်တစ်ဒေသသာ ဖြစ်ပါတယ်။ ဒီဝိပဿနာတရား ထုံမွှမ်းနေတဲ့ သင်ဟာ လူမှု အဆောက်အအုံမှာ အင်မတန်ကောင်းမွန်တဲ့ လူမှု ရေး ရာ လုပ်သားကောင်း ဖြစ်လိမ့်မယ်။ သင့်လုပ်ရက်တွေ ဟာလဲ အပြုသဘောဆောင်ပြီး အကျိုးသက်ရောက်မှု တွေ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
'Devoting time to vipassana' is only when you join a course like this for ten days. There after, it is a part of your life. You may lead a very good life as a social worker. Your are serving people but you will serve much better, if you serve yourself. If you keep your mind pure and full of peace and harmony, then you will find that your service is so positive, so effective.
ဒီဝိပဿနာကျင့်စဉ် ကျေးဇူးကြောင့် ဉာဏ်တွေ ပွင့်လင်းပြီး အဆုံးအဖြတ်များ လဲ မှန်ကန်လာလိမ့်မည် ။ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့ အလုပ်တွေ လည်း တွင် တွင် ကျယ်ကျယ် လုပ်နိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် (၁၀)ရက် တရားပတ် ၀င်ပြီးတဲ့ ပိုဂ္ဂိုလ်တွေ ကို တစ်နေ့မှာ နံနက် ၁နာရီ၊ ည ၁နာရီ တရားရှုမှတ် စေပါတယ်။ တစ်နေ့တာမှာ ဒီနှစ် နာရီဟာ အချိန်ဖြုန်းတီးရာ မရောက်တဲ့အပြင် ယောဂီ တစ်ယောက် ရဲ့ အိပ်ချိန်ဟာ ၄နာရီနဲ့ လုံလောက်တယ်။ အစားအသောက်လည်း တန်ရုံတင်းတိမ်သွားလိမ့်မယ်။ ဒါကြောင့် တစ်နေ့မှာ ရနာရီလောက် ပုံမှန်အလုပ် လုပ်နိုင်သူဟာ ၁၂နာရီ ၁၃နာရီလောက်ကို မပင်မပန်းဘဲ လုပ်သွားနိုင်မယ်။ လက်တွေ့  စမ်းသပ်ကြည့်လိုပါက တရားကို တကယ်သက်ဝင်ယုံကြည်တဲ့ သူတွေ က ပြောလာပါလိမ့်မယ်။
ကက်ဆက်တိတ်ခွေက ပျံ့လွင့်လာတဲ့ ဆရာကြီးရဲ့ မေတ္တာပို့သံဟာ ကျွန်မတို့ ရင်ထဲအထိ တိုးဝင်လာပါတယ်။ အီဂတ်ပူရိတောင်ကုန်းလျောကနေ တစ်ဖက်မြေပြန့် ကျေးရွာတွေ က ဆိတ်ကျောင်းနေတဲ့ အိန္ဒိ ဆိတ်ကျောင်းသားများ ရဲ့ တေးသံ၊ ဗုံသံတွေ ဟာ ကျွန်မတို့ ၀ိညာဉ်မှာ ဗြဟ္မစိုရ် မေတ္တာတရားပွားများ စေဖို့ လှုံ့ဆော်နေသလိုပဲ။ တကယ့်အေးရိပ်သာက မေတ္တာဖြန့်ကျက်ရာ နေရာဒေသပါပဲ။ အရင် ဒီမြေ၀ယ်တုန်းက ၁၅ပင်ပဲရှိခဲ့တဲ့ သရက်ပင်တွေ က ခု အပင် ၆၀၀၀ ကျော်ပြီတဲ့။သင်္ဘောသီးတွေ ဆိုရင် အခေါင်းမပါ။ အစေ့မပါဘဲ အပိတ်သီးတာ၊ ချိုလိုက်တာလည်း သကြားကူဖို့ မလိုဘူး။ မာလကာသီးတွေ ကလည်း ကျွတ်ကျွတ်ပွပွနဲ့ ချိုတယ်။ ဒန့်ဒလွန်သီးတွေ ဟာ နုနုလေးနဲ့ သန်စွမ်းထွားကျိုင်းကြတယ်။ မြေနီဝါမှာ ကျောက်စရစ်ခင်း လမ်းမဘေးတစ်ဝိုက်မှာ အသီးတွေ ပြွတ်သိပ်ကိုင်းညွှတ်နေကြတဲ့ ပိန္နဲပင်တွေ ၊ တရုတ်စကားပန်းတွေ ဖွေးဖွေးလှုပ်နေတဲ့ အပင်တွေ ၊ စိမ်းလန်းတဲ့ စိန်ပန်းပင်ပျိုတွေ ၊ ဆိတ်ကျောင်းသားကျေးရွာနဲ့ တောင်ကြားမြေပြင်မှာ အရင်တုန်းက ဖာရစီလူမျိုးတွေ အလောင်းတွေ လာပစ်ကြတဲ့ နေရာဟာလည်း စိမ်းလန်းတဲ့မြက်ပင်တွေ ပေါက်ရောက်နေပြီ။ အလောင်းကောင်တွေ မပစ်ြ ကတော့ပါဘူး။ ဒါကြောင့် လင်းတတို့ စွန်တို့ အရင်တုန်းက လိုမ၀ြ ကတော့ဘဲ ကြိုးကြာငှက်တွေ ၊ ချိုးငှက်တွေ သာ ၀ဲပျံနြေ ကတော့တယ်။ စမ်းချောင်းရေဟာလည်း တောင်ကြားဖြတ်ပြီး စီးဆင်းလို့ ရဲသားတွေ သေနတ်ပစ်ကျင့်ကြတဲ့ သေနတ်သံဟာ မိုးချုန်းသံနဲ့ ရောပြီး ထွက်ပေါ်လာပေမယ့် ထောင်သားနဲ့ ရဲသားအတော် များများ ဟာ ဆရာကြီးနဲ့ ၀ိပဿနာတရား အားထုတ်ဖူးခဲ့တာမို့ ဘယ်လိုမှ စိတ်အနှောင့်အယှက် နှစ် ဦးနှစ် ဖက်လုံး မ ဖြစ်ြ ကတော့ပါဘူး။ တရားအားထုတ်ဖို့ ထောင်သားတွေ ကို ဆရာကြီးက တာဝန်ကျသူများ အား လက်ထိပ်ဖြုတ်စေတဲ့အခါမှာ ဒီပုဂ္ဂိုလ်တွေ ရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ နောက်ထပ်ဘယ်လိုမှ လက်ထိပ်အခတ် မခံရတော့ပါဘူး။ ဆိုလိုတာက သူတို့ဟာ လိမ္မာယဉ်ကျေးသိမ့်မွေ့လာပြီး ကြမ်းတမ်းတဲ့ ရာဇ၀တ်သားဘ၀နဲ့ မိုးနဲ့မြေ ကွာခြားခဲ့ပြီ ဖြစ်ပါတယ်။
ဆရာကြီး ဂိုအင်ကာဂျီရဲ့ ဒိုဟာကဗျာတစ်ပုဒ်မှာ ရေး ဖွဲ့ထားရာမှာ -
‘လူတွေ ဟာ သူတို့နှလုံးအိမ် ပျော်ရွှင်ချမ်းမြေ့မှု ကိန်းအောင်းတဲ့အခါ ပြုံးကြသလို ပညာရှိတွေ ဟာ နာကျင်မှု နဲ့ ပြုံးနိုင်ကြပါတယ်’ တဲ့။
All smile when joy in the heart doth dwell; the sage doth smile in pain as well.
လောကဓံကို တုံ့ပြန်နိုင်တာဟာ ဒီတရားနဲ့ ယှဉ်တဲ့နှလုံးသွင်းမှု ပေါ် တည်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၈)
တပေါင်းလပြည့်နေ့မို့ လဟာ ဆောင်းနှင်းငွေ့တွေ ကြားက ထိုးဖောက်လာပြီး ပြက်ပြက်ထင်ထင် သာနေပါတယ်။ ကျွန်မတို့ ဓမ္မရိပ်သာ အီဂတ်ပူရိတောင်ကုန်းပေါ်ကနေ ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်ရင် လပြည့်ဝန်းဟာ နီးနီးလေးလိုပဲ။ ကမ္ဘာမှာ ကျော်ကြားတဲ့ တရုတ်အမျိုးသမီးစာရေး ဆရာ ဟတ်ဆုယဉ် ရေး ခဲ့တဲ့ ဟောင်ကောင်မြို့ ညတစ်ညအကြောင်း အမှု မဲ့တွေးမိပါတယ်။ ချစ်သူနှစ် ယောက် ဖြစ်ကြတဲ့ သတင်းထောက်လေး မတ်(စ်) နဲ့ ဒေါက်တာ ဆုယဉ်တို့ဟာ ဟောင်ကောင်မြို့လရောင် အောက်မှာ စကားတွေ ထိုင်ပြောကြပြီး အတော် ကြာလကို မော့ကြည့်ကြလို့ လန်ဒန်မြို့က‘လ’ ဟာ ဟောင်ကောင်မြို့ပေါ်က ‘လ’ ထက် ငယ်တယ်၊ ပီကင်းမြို့ပေါ်က ‘လ’ ကတော့ အကြီးဆုံးပါပဲလို့ ဆုယဉ်ဝေ အဆိုပြုတော့ မတ်(စ်)က ရယ်တယ်။ ဆရာဝန် တစ်ယောက် ဖြစ်တဲ့ ဆုယဉ်ဟာ သိပ္ပံနည်းမကျလိုက်တာ။ ‘လ’ ဟာ ဘယ်နေရမဆို အရွယ်အစား တူတာပေါ့လို့ချေပတယ်တဲ့။ အဲဒါကို ဆုယဉ်က ကလေးလေး တစ်ယောက် လိုပြန်ငြင်းနေတယ်။ ‘လ’ အရွယ်တူတာမဟုတ်ဘူး။ တချို့နေရာပေါ်က ‘လ’ ဟာ တချို့နေရာမှာ ပေါ်တဲ့ ‘လ’ ထက်ကြီးတယ်တဲ့။ နောက်ဆုံး မတ်(စ်) တစ်ယောက် ဆုယဉ်နဲ့ ဝေးသွားတဲ့ စင်ကာပူမြို့ကို ရောက်သွားတဲ့အခါကျတော့ လှမ်းစာရေး တယ်။ ဆုယဉ်ပြောတာ သိပ်မှန်တာပဲ။ ခု ….ဒီစင်ကာပူက ‘လ’ ဟာ ဟောင်ကောင်ပေါ်က ‘လ’ ထက်ကြီးတယ်တဲ့။ ပီကင်းမြို့ပေါ်က ‘လ’ ဟာ ပါရီနဲ့ လန်ဒန်ပေါ်က ‘လ’ ထက် ကြီးတယ်လို့ ဆုယဉ်ပြောတဲ့စကား မောင် ယုံပါပြီလို့ ရေး တယ်တဲ့။ ဟန်ဆုယဉ်ရေး တဲ့ ၀တ္ထုထဲက ‘ငွေလပြည့်ဝန်း သဘင်ပွဲ’ (The Moon Feast) အခန်းကို ကျွန်မစိတ်ထဲ ကြံကြံဖန်ဖန် တွေးမိလာတယ်။
အီဂတ်ပုရိတောင်ကုန်းပေါ်က ‘လ’ ပြည့်ဝန်းကြီးဟာ သေးမလား၊ ကြီးမလား ကျွန်မမဝေခွဲနိုင်ဘူး။ တောင်ကုန်း သရက်ပင်ဘေးကနေ လှမ်းမျှော်ကြည့်လိုက်တော့ မြူနှင်းငွေ တွေ ကြားထဲက လရောင် ၀ါဟာ တဖြည်းဖြည်း မှေးမှိန်လာတာကို သတိထားလိုက်မိတယ်။ တပေါင်းလပြည့်နေ့ ရောက်ပေမယ့် ဆောင်းငွေ့ ဆောင်းရိပ် မပြယ်သေးဘူး။ တရားရှုမှတ်တဲ့ အကျင့် ဖြစ်နေတဲ့ ကျွန်မတော့ ‘လ’ ကို ဖျတ်ခနဲ မြင်မတွေးမိပြီး မကြာခင်ဘဲ စိတ်အာရုံတစ်ခုတည်း စူးစိုက်ဖို့ နှာသီးဖျားဝကို ရောက်လာပါတယ်။ ဓမ္မမျိုးစေ့လေးကလည်း ရင်ထဲစပျိုးထားပြီ မဟုတ်လား။မကြာမီ ဓမ္မအပင်ကြီးဟာ ခိုင်ခန့်တဲ့ အမြစ်တွေ နဲ့ ပင်စည်ဟာ ရှင်သန်ကြီးပြင်းလာတော့မယ်။ ဓမ္မဥယျဉ်မှူးဟာ ဒီအပင်ပေါက်လေးကို ပြုစုပျိုးထောင်ဖို့ လိုတယ်တဲ့။
ဆရာကြီး ဂိုအင်ကာက ‘တရားသင်တန်းပြ’ စာအုပ် (The Discourse Summaries) ထဲမှာ ဒီအတိုင်း ရေး သားခဲ့ပါတယ်။
A Seed of Dhamma has been sown, and has started sprouting into plant,
A Good gardener takes special care of a young plant.
And because the service given it that little plant gradually grows into a huge tree with thick trunk and deep roots. Then instead of requiring service it keeps giving, serving, for the rest of its life.
ပစ္စုပ္ပန်တည့်တည့် ရှုမှတ်တဲ့ အလေ့အထဟာ ကိုယ့်ဘ၀သက်တမ်း တစ်လျှောက်လုံးအတွက် အင်မတန် အသုံးတည့်ပါတယ်တဲ့။ ဓမ္မမျိုးစေ့ကနေ အပင်ပေါက်လေး၊ အပင်ပေါက်ကနေ ပင်စည်ကြီးကြီး အမြစ်ခိုင်ခိုင် ဖြစ်လာဖို့ ကျွန်မတို့ကို ညွှန်ကြားတာ ဖြစ်ပါတယ်။ လ ကိုမြင်တယ်၊ မြင်တယ်၊ သိတယ်၊မြင်သိပြီး ပျက်သွားတာပဲ။ အာရုံငါးပါး၊ ချုပ်လိုက်ရင် ရင်ထဲကစိတ်နဲ့ သိတာ တစ်ခုပဲ ကျန်တယ်မဟုတ်လား၊ ဒါတောင်အဲဒီ စိတ်ဟာ အတွေးပေါင်းစုံနဲ့ ပျံ့နေတာပဲ။ စိတ်ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောဟာ ဥဒ္ဒစ္စလို တရားသဘောနဲ့ ဆိုတယ်မဟုတ်လား။ အာရုံတစ်ခုခုပေါ် ငြိမ်သက်ပြီး မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက်၊ ဒီအာရုံရောက်လိုက် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ထိခိုက်စေတဲ့ အတွေးမျိုးမဟုတ်ရင်တော့ အကုသိုလ်စိတ် လျော့နည်းမယ် ထင်ပါရဲ့ ။ အရှင်ဇနကဘိဝံသ ကတော့ ရေး သားခဲ့ဖူးတာပဲ။
‘အကုသိုလ်တရား ဆိုရစေကာမှု မည် သည့် ဒုစရိုက်
ကိုမှ ထိထိမိမိ မပြုသော ကြောင့် လောဘ၊ ဒေါသ
စသည်တို့ကဲ့သို့ အပါယ်ချနိုင်လောက်အောင် သတ္တိ
မကြီးမားချေ’ တဲ့။
ချမ်းမြေ့ဆရာတော် လည်း ရေး ခဲ့ဖူးသေးတယ်။‘ငါ’ အခုစဉ်းစားမှာ ဘယ်သူ့ ထိခိုက်မှာ တွေ စဉ်းစားမလဲ။ ငါ့ထိခိုက်မှာ တွေ စဉ်းစားမှာ လား၊ သူများ ထိခိုက်မှာ တွေ စဉ်းစားမှာ လား၊ အဲဒီ လို ဆင်ခြင်ပါတဲ့။ ထို့အတူပဲ စဉ်းစားနေဆဲမှာ လည်း သတိထားဆင်ခြင်ပါတဲ့။
ဓမ္မပဒမှာ လည်း အဆိုရှိသားပဲ။ ‘ဓမ္မတို့သည် စိတ်လျှင်ရှေ့သွားရှိကုန်၏ ။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏ ။ စိတ်လျှင်အတည်ကိုယ် ရှိကုန်၏ ’ တဲ့။
ကျွန်မရဲ့ ဒိုင်ယာရီမှာ တပေါင်းလပြည့်နေ့ဟာမတ်လ ၁၀ရက်နေ့ ဖြစ်ပါတယ်။ ကျွန်မတို့ အဆောင်ခေါင်မိုးပေါ်မှာ ထွန်းလင်းနေတဲ့ ‘လ’ ဟာ မြူငွေ့တွေ တစ်စ တစ်စ ဖုံးလွှမ်းလာတာမို့ ပုံပန်းသဏ္ဍာန် တဖြည်းဖြည်း ၀ါးလာပါတယ်။ မိုးချုန်းသံတွေ ကြားရတယ်။ လေတွေ တဟူးဟူး တိုက်နေတာမို့ မိုးရွာမယ့် အရိပ်အယောင် မတွေ့ ရပါဘူး။ ကျွန်မတို့ မြန်မာပြည်ကလာကြတဲ့ ယောဂီ(သူတို့အဆို ဓမ္မကျောင်းသူ၊ ကျောင်းသား)တွေ ဟာ ငါးပါးသီလပဲ ထိန်းစေပြီး ညနေ နို့တစ်ခွက်၊ သစ်သီးနှစ် လုံး (ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော် သီး) ပေးပါတယ်။ ဒီနေ့မှာ တော့ ကျွန်မဘာသာ ခါတိုင်းပြုနေကျ ၀တ္တရားအတိုင်းန၀င်္ဂသီလ(၉ ပါးသီလ) ဆောက်တည်လိုက်ပါတယ်။ သက်ဂိုအင်ကာနဲ့ မာတာကြီးတို့ရဲ့ မေတ္တာဓာတ်ကြီးမားတာမို့ ကျွန်မလည်း မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပါတယ်။ ကျွန်မ ကိုးပါးသီလဆောက်တည်ကာကိုသိတဲ့ မမ ဒေါ်တင်ငွေ(အခန်းဖော်)က ကျွန်မကို ပင်မှည့်လိမ္မော်ရည် ဖျော်တိုက်ပါတယ်။ ရိပ်သာကလည်း သံပုရာဖျော်ရည်တိုက်ကျွေးပါတယ်။ ကျွန်မ ကိုယ်တွေ့ ကြုံရသမျှ ပြောရမယ်ဆိုရင် အရပ် ၁၀မျက်နှာ အနီးအဝေးထသ်ရှား မထင်ရှားသူ၊ မြင်ဖူး မမြင်ဘူးသူတွေ ၊ သတ္တ၀ါအလုံးစုံကို မေတ္တာစူးစူး စိုက်စိုက် ပွားကြည့်တာ ရင်ထဲအထိ အရသာတစ်ခု ခံစားလာမိပါတယ်။
တကယ်တော့ ကျွန်မပင်ကိုယ်စိတ်က ဒေါသစရိုက် ရှိသူ ဖြစ်ပါတယ်။ ဆတ်ခနဲထိလျှင် မခံချင်တတ်ပါဘူး။ သူများ ကို စပြီး မတိုက်ခိုက်တတ်ပေမယ့် မြွေပွေးများ လို ကိုယ့်ကို ထိရင်‘ပေါက်’ ချင်တဲ့ စိတ်မျိုးရှိပါတယ်။ ငယ်ငယ်ကများ လက်စားချေလိုစိတ် ပြင်းပြင်းထန်ထန် ရှိခဲ့ဖူးတယ်။ ကျွန်မက ကျွန်မတို့ဓမ္မဂီရိအဖွဲ့သား ဓမ္မမိတ်ဆွေ အမျိုးသမီးတွေ ကို …
“You know, I was revengeful before.”
‘ကျွန်မ အရင်တုန်းက သိပ်လက်စားချေတတ်တဲ့ လူမျိုးပေါ့’ လို့ပြောတော့ သူတို့က မယုံချင်ဘူး။
“You don’t look like this type”
‘ရှင့်ကြည့်ရတာ ဒီလို ဟုတ်ပုံမရပါဘူး’ တဲ့။
ကျွန်မလည်း ကိုယ်ဝမ်းနာ ကိုယ်သာသိသူမို့ ရယ်မိတယ်။ ခုကျွန်မရဲ့ စိတ်နှလုံးကို ဓမ္မကပဲ ပြောင်းလဲစေခဲ့ပြီးလား။ ခဏပဲပြောင်းနေတာလား။ ထာဝရ ပြောင်းသွား တာလား မဆန်းစစ်ရသေးဘူး။ ဒါတွေ ဟာ စိတ်ရဲ့ အလေ့အကျင့်နဲ့လည်း ဆိုင်မယ်ထင်ပါရဲ့ ။ လေ့ကျင့်ခြင်းဖြင့် လူကို တော် စေတယ်။ (Practice make perfect) လို့ဆိုတယ် မဟုတ်ပါလား။
မေတ္တာသာ မရှိကြရင် ကမ္ဘာကြီးဟာ ဘယ်လှတော့မလဲ။ လောကကြီးကို အလှဆင်တာက မေတ္တာ၊ သာယာငြိမ်းချမ်းအောင် မေတ္တာကပဲ အောင်တာ မဟုတ်ပါလား။ ချမ်းမြေ့က ဆရာတော် ဦးသော ဘိတကလည်း ဟောခဲ့ဖူးတယ်။ ရွှေတိဂုံဘုရားရောက်အောင် ခြေလှမ်းပေါင်းများ စွာ လှမ်းမှ ရောက်သလိုမေတ္တာကို အကြာကြီးပွားယူမှ မေတ္တာဓာတ်ရတာ တဲ့။
မေတ္တာပွားများ နိုင်တဲ့ စိတ်မှပဲ လူတောထဲကို ၀င်ဆန့်နိုင်မှာ ။ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်လူသူနဲ့ ကင်းဝေးရာသွား၊ အတိုက်အခံ လုံးဝမရှိဘဲ မေတ္တာပွားများ ဖို့ ကတော့ လွယ်တာပေါ့။ လူအများ နှင့် ပေါင်းသင်းဆက်ဆံပြီး ချိန်ဆမျှတတဲ့စိတ်နဲ့ အေးချမ်းသာယာစွာ နေနိုင်မှ ဘာဝနာပွားများ ရကျိုးနပ်မှာ ပေါ့။ ၁၉၈၀ ခုနှစ် တုန်းက ဂရေဟမ်ဂဲင်ဘဲလ် (Gramham Gamble) ဆိုတဲ့ ပုဂ္ဂိုလ်က ဆရာကြီးနဲ့ ပတ်သက်လို့ ဆရာကြီးဂိုအင်ကာဟာ ကြီးမားများ ပြားလှတဲ့ အိမ်ထောင်စုကို ထိန်းသိမ်းစောင့်ရှောက်လာတဲ့ အိမ်ထောင်ဦးစီးအနေနဲ့ လူမှု ပေါင်းသင်းဆက်ဆံမှု ကနေ ဘယ်ထွက်ပြေးတိမ်းရှောင်လို့ရပါ့မလဲ။ သူရဲ့ ၀ိပဿနာကျင့်စဉ်နဲ့ လူ့ဘ၀ရဲ့ ပြဿနာအမျိုးမျိုးကို ငြိမ်းအေးစွာ မျှတစွာ ရင်ဆိုင်ဖြေရှင်းရတာ ပါပဲ။
Mr Goenka is a married householder with a large family. He stresses that meditation is not to encourage people to withdraw from society, but rather to face all the ups and downs of life in a calm and balanced way.
ဒီဆောင်းပါးရေး ခဲ့တဲ့ မစ္စတာ ဂရေဟမ်ဂေဘယ်လ်ဟာ ဆရာကြီးဂိုအင်ကာဂျီရဲ့ စီနီယာ လက်ထောက်ကမ္မဋ္ဌာန်းဆရာ ဖြစ်ပြီး ၁၉၆၈ ခုနှစ် ၊ မေလမှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။
အဲဒီ ညမှာ ပဲ ကျွန်မတို့ အမျိုးသမီးယောဂီတွေ မှတ်မှတ်ရရ ဓမ္မအကြောင်းနွယ်ပြီး စုဝေးစကားပြော ဖြစ်ကြပါတယ်။ ဆော်ဒီအာရေဗျက ရောက်လာတဲ့ ဂျပန်မလေး အယ်မီကို (Emiko kolendo)ရယ်၊ ကနေဒါသူ ဗာဂျင်နီးယားရယ်၊ ကျွန်မတို့အဆောင်မှူး တီချာကေဆာ (Kesar)ရယ်၊ မမ ဒေါ်တင်ငွေရယ်တို့ပါပဲ။ တီချာ ကေဆာက စပြီး …
‘ဒီမှာ နေရတာ သိပ်ကံကောင်းတယ်၊ ခုအပြင်မှာ သင်္ကြန်ကျလို့ ရေပက်နေကြပြီ’
"ဟုတ်လား၊ ကျွန်မတို့ မြန်မာပြည် ကတော့ ဧပြီလကျမှ ရေပက်ကြတယ်"
ကျွန်မစကားကို ဂျပန်မလေး အယ်မီကိုက …
‘ရေပက်တဲ့ အဓိပ္ပာယ်က …’
‘မကောင်းတဲ့ အကုသိုလ် အညစ်အကြေးတွေ ဆေးကြောတဲ့ သဘောပေါ့’
‘အိန္ဒိယမှာ တော့ ပန်းဆီရောင် ဆိုးတဲ့ ရေတွေ နဲ့ ပက်တယ်နော်’
ဗာဂျင်နီယာက မေးတယ်။ တီချာကေဆာက …
‘ဒါလည်း လူတွေ မှာ ဒီလိုအရောင် တွေ ညစ်ထေးတယ်လို့ ဆိုလိုတာပဲ။’
‘ကျွန်မတို့ ငယ်ငယ်တုန်း ကတော့ ဒီလို ရေပက်ရတာ သိပ်ပျော်တယ်’
မမဒေါ်တင်ငွေက ဆိုတယ်။ ကျွန်မကလည်း ထောက်ခံလိုက်ပါတယ်။ တီချာကေဆာက မျက်နှာနည်းနည်း ရှုံကာ …
‘ဒီမှာ တော့ ပျော်စရာ မကောင်းးပါဘူး။ ရေတွေ က နောက်နေတာပဲ။ ရွှံရေတွေ အပက်ခံရင် ကျွန်မ သိပ်စိတ်ဆိုးတာပဲ’
‘ကျွန်မတို့ မြန်မာပြည်မှာ လည်း ရေဘော်လုံးတွေ ၊ ရေခဲရေတွေ နဲ့ ပက်တယ်။ ဒါတွေ ဟာ လူတွေ ရဲ့ ကုသိုလ်စိတ်ကို အနှောင့်အယှက် ဖြစ်စေတာပဲ။’
‘ဒီမှာ ပိုဆိုးတာက ရေမရှိတဲ့နေရာတွေ မှာ ခဲလုံးတွေ နဲ့ ပစ်ကြတာ’
‘ဟာ … တယ်ကြောက်စရာ ကောင်းပါလား’
ကျွန်မကို ခုလို အေးချမ်းသာယာတဲ့အချိန်၊ အေးချမ်းသာယာတဲ့ အရပ်ဒေသမှာ နေရတာ ကိုက ဘယ်လောက်ကံကောင်းသလဲ။ စိတ်ကို ပြုပြင်နေကြတဲ့ ဓမ္မအဖွဲ့ဝင်တွေ မို့ ပိုလို့ ကံကောင်းနေပါသေးတယ်။
အပြောင်းအလဲ အလွန်မြန်၍ အင်မတန်ပြုပြင်လွယ်သော စိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည် နည်း။ နေ့စဉ်နှင့် အမျှ မိမိစိတ် ဖြစ်ပုံကို သတိထား၍ မတော် မတရားစိတ်တို့ကို နှိမ်နင်း သွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူ ဖြစ်ကာနှစ် နှစ် ၊ သုံးနှစ် လောက်ကြာသော အခါ ကိုယ့်စိတ်ကိုယ်ပင် ကြည်ညိုချင်လာအောင် စိတ်ကောင်းများ ဖြစ်လာပါလိမ့်မည် ။
အရှင်ဇနကဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာမှာ ရေး သွားခဲ့တဲ့အတိုင်းပဲ ကျွန်မတို့စိတ်တွေ ပြင်ခွင့်ရခဲ့တာ နည်းတဲ့ ကျေှးဇူးမှ မဟုတ်တာ။ ဒါကြောင့် ဆရာကြီး ဂိုအင်ကာဂျီကလည်းဗုဒ္ဓတရား တော် မြတ်ကို ပို့ချရာမှာ ခင်ဗျားတို့ ကာယကံ၊ ၀စီကံကိုလည်း ပြင်၊ စိတ်ကိုလည်း ပြင်ပါ။ ဒါဟာ ဓမ္မရဲ့ အခြေကျတဲ့ တရားဓမ္မပါပဲလို့ ဆိုခဲ့ပါတယ်။
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၉)
ကျွန်မမှာ ဒိုင်ယာရီ မှတ်တမ်းစာအုပ် နှစ် တိုင်းလိုလို လက်ဆောင်အ ဖြစ် တစ်တည်းမဟုတ် တစ်နည်းရတတ်ပေမယ့် ဒိုင်ယာရီဟုတ်တိပတ်တိ ရေး လေ့ရေး ထ မရှိပါဘူး။ နေ့စွဲတွေ ကျော်ပြီးကိုယ် မှတ်ချင်တာတွေ သာ ကွက်မှတ်နေတတ်ပါတယ်။ ဒါပေမဲ့ ကျွန်မထုံးစံမှာ ခရီးကြောင်းတွေ မှာ တော့ ဒိုင်ယာရီ စာမျက်နှာများ အပြည့်ရေး လေ့ရှိပါတယ်။ ဒီလို ခရီးကြောင်းနေ့စဉ် ဒိုင်ယာရီ မှတ်တတ်တဲ့ အလေ့အထကပဲ ကျွန်မအခုရေး နေတဲ့ ဓမ္မအလင်းပျံ့နှံ့စေ (ဓမ္မဂီရိ မဂ္ဂဇင်း) စတဲ့ ဆောင်းပါးတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ကျွန်မရဲ့ အိန္ဒိယသွား ဒိုင်ယာရီစာအုပ်ဟာ ဘယ်တော့မှ ကိုယ်နဲ့မကွာ ထပ်ကြပ်ရှိနေတာမို့ အရေး ကြီးတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီး ဒီဒိုင်ယာရီစာမျက်နှာကပဲ ကျွန်မ ခုလိုဆောင်းပါးအ ဖြစ် ပြည့်ပြည့်စုံစုံ ရေး နိုင်တာပါ။ ကျွန်မမှာ မှတ်ဉာဏ်နုံနဲ့သူမို့ ဒိုင်ယာရီစာအုပ်ကိုပဲ အားကိုးအားထား ပြုရပါတယ်လို့ ၀န်ခံတာ ဖြစ်ပါတယ်။
ခုဆိုရင် အိန္ဒိယ ခရီးစထွက်တဲ့ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကစလို့ ဖေဖော်ဝါရီလ(၂၇)ရက် အထိ ဆရာကြီး ဂိုအင်ကာဂျီ ဖိတ်ကြားတဲ့ အိန္ဒိယပြည် ဘုံဘေမြို့အနီး အီဂတ်ပူရီတရားရိပ်သာမှာ တရားရှုမှတ်မှု (၁၀)ရက်တိတိ၊ တစ်ခါဖေဖော်ဝါရီလ (၂၈)ရက်နေ့ကစလို အပြည်ပြည်ဆိုင်ရာ ဓမ္မညီလာခံသဘင် ကျင်းပခဲ့တာ မတ်လ(၁၁)ရက်နေ့ အထိပါပဲ။ ရက်တွေ ဟာရှည်လျားပေမယ့် ကျွန်မတို့အဖို့ တရားရှုမှတ်မှု အလေ့အထကြောင့် မို့ ခဏလေးနဲ့ အချိန်တွေ ကုန်ဆုံးခဲ့သလိုပါပဲ။ တရားရှုမှတ်ချိန် တစ်နာရီအတွင်း အရင်တုန်းကဆို အချိန်တွေ ဆွဲဆန့်သလို ရှည်လိုက်တာ။ နောက်တော့ တစ်နာရီမက တစ်နာရီခွဲ နှစ် နာရီ အချိန်တွေ ဟာ တရားရှုမှတ်ရင်း ကုန်မှန်းမသိ ကုန်သွားတာပါလား သိရတော့ အံ့သြ၀မ်းသာမိပါတယ်။ အင်္ဂလိပ်ဘာသာ စကားအရ Practice makes perfect ဆိုတာလို ဒီလိုတရားအားထုတ်မှု အလေ့အထဟာ လူတွေ ရဲ့ အရည်အချင်းကို ပြည့်ဝစေတာ အမှန်ပါပဲ။ ဆရာကြီး ဂိုအင်ကာဂျီကလည်း သူ့ရဲ့ ဟင်ဒီဘာသာနဲ့ ဒိုဟာကဗျာမှာ ရေး ခဲ့ဖူးသေးတယ်။
အစာဟာရ၊ အ၀တ်အထည်၊ အရိပ်အာဝါသ လမ်းပန်းဆက်သွယ်မှု တွေ ဟာ လောကရဲ့ လက်ဆောင်တွေ ဖြစ်ကောင်း ဖြစ်မယ်။
ရွှေငွေ ကျောက်မျက်ရတနာတွေ ဟာလည်း လက်ဆောင် ဖြစ်ကောင်း ဖြစ်မယ်။
ဒါပေမဲ့ ဒါတွေ ထက် ကြီးကျယ်တာ ကတော့ ဓမ္မရဲ့ မွန်မြတ်တဲ့ လက်ဆောင်ပါပဲ။
Gifts may be of food, clothing, transport or shelter;
Gifts may be of gold or gems, but greater than all of these is the noble of Dhamma.
ပြီးတော့….
ဒီကမ္ဘာလောကြီးမှာ ဓမ္မနဲ့တူတဲ့ ရတနာ မရှိပါဘူး။ ဓမ္မဟာ လူတွေ ရဲ့ ဒုက္ခနဲ့ ဆင်းရဲခြင်းကို အဆုံးသတ်စေပါတယ်။
ဓမ္မကို သွားရာလမ်းတွေ ဟာ ပျော်စရာပါပဲ။
In the world there is no jewel like the jewel of Dhamma.
It ends all offering and wretchedness. All its ways are happiness.
အပြည်ပြည်ဆိုင်ရာ ဓမ္မညီလာခံမှာ ကိုယ်တွေ့  တရားတွေ ဟောပြောကြတဲ့အထဲ ကျွန်မတို့ အမျိုးသမီးယောဂီတွေ ထဲက ဆရာထင်လင်းရဲ့ စာတမ်းကို အတော် သဘောကျကြပါတယ်။ (နောင် အလျဉ်းသင့်တဲ့အခါ စာတမ်းတွေ အကြောင်း သီးခြားရေး သားပါမယ်) ဆရာတော် ဦးဉာဏိဿရရဲ့ နိဂုံးချုပ်တရားကိုလည်း ကျွန်မတို့ မှတ်သားမိရပါတယ်။ ဆရာတောက ပါဠိလိုရော၊ အင်္ဂလိပ်လိုရော (ဆရာတော် က အင်္ဂလိပ် ဘာသာစကားတတ်ကျွမ်းပါတယ်။) ဟောကြားပြီး မြန်မာလို အနက်ဖွင့်ထားတာ ကတော့ ကျွန်မ မှတ်မိသလောက်…
ဓမ္မဟာ သာသနာတော် ရဲ့ အောင်လံတော် ဖြစ်တယ်၊ တရားဟောခြင်း ဆွေးနွေးခြင်းဖြင့် အောင်လံထူပါ၊ တရားဓမ္မနဲ့ ပတ်သက်လို့ တိုးပွားအောင်း ပြုလုပ်ခြင်းမရှိလျှင်အောင်လံလှဲတာနဲ့ အတူတူပဲ၊ အလံလှဲတဲ့တိုင်းပြည်ဟာ ရှုံးတဲ့ သဘောပဲ မဟုတ်လား၊ အိန္ဒိယပြည်မှာ နှစ် ပေါင်းများ စွာ အောင်လံလှဲသလို ဖြစ်ခဲ့တယ်၊ အခုတော့ အောင်လံထူပါပြီ။
ဓမ္မအောင်လံထူပြီလို့ ပြောကြားတဲ့ စကားအရ အားလုံးက သာဓုခေါ်ကြပါတယ်။ သည်မှာ သာဓုခေါ်ခြင်းဟာ လောကီရေး မှာ လက်ခုပ်တီး သြဘာပေးသလိုပါပဲ။ ကျွန်မတို့ ယောဂီတွေ (အပြည်ပြည်ဆိုင်ရာ) အားလုံး ကိုယ်စီကိုယ်ငှ ဓမ္မအောင်လံ ထူတယ်လို့ ဆိုရမှာ ပဲ။ ကျွန်မတို့ရဲ့ သီလ သမာဓိနဲ့တကွ ပညာရေး စခန်းရောက်အောင် ဒီအောင်လံတွေ ကို ထူထားရမှာ ဖြစ်ပါတယ်။
မတ်လ(၂)ရက်နေ့၊ နေ့လယ်(၁)နာရီမှာ ဂုရုကြီးကိုယ်တိုင် ဦးဆောင်ပြီး အီဂတ်ပူရိတောင်ကုန်းဒေသက ကွန်ပျူတာခန်းကို ပြပါတယ်။ ဒီနေရာမှာ ယောဂီတွေ ရဲ့ ကိုယ်တွေ့ တရားတွေ ကို ကျမ်းဂန်နဲ့ ညှိနိုင်အောင် ပိဋိကတ်တော် များ ကို အချိန်မီထုတ်လုပ်ဖြန့်ဝေတဲ့ နေရာ ဖြစ်ပါတယ်။ အချိုးတကျ ဆောက်လုပ်ထားတဲ့ တစ်ထပ်အုတ်တိုက်ပါပဲ။ ဒီလို ကွန်ပျူတာနဲ့ ထုတ်လုပ်တာဟာ ထူးခြားတဲ့ သိပ္ပံပညာရပ် တစ်ခုပါပဲ။ ကျွန်မတို့ မျက်စိရှေ့မှာ ပဲ ဟင်ဒီဘာသာကနေ ရောမစာလုံးတွေ ရုတ်ချည်း ပြောင်းသွား တာကို တွေ့ ရပါတယ်။ ဥပမာ Intellectual ဆိုရင် It ဆိုတာမျိုးပေါ့။ ဒီကွန်ပျူတာခန်းမှာ အုပ်ချုပ်သူ ကတော့ ပါဠိပါမောက္ခလည်း ဖြစ်တဲ့ ဒေါက်တာပန့်(တ်) (Dr.Pant) ဆိုတဲ့အိန္ဒိယအမျိုးသား ဖြစ်ပါတယ်။ ဒီမှာ သူဟာ ကွန်ပျူတာ ကျွမ်းကျင်သူ (Technician) ဖြစ်ပါတယ်။ အသက်၃၀ကျော်ကျော် အသားဖြူဖြူနဲ့ လူချောလူခန့် တစ်ယောက် ပါပဲ။ သူ့ အမျိုးသမီးကလဲ ဒီမှာ လုပ်အားပေးနေသူ ဖြစ်တဲ့ မိန်းမလေးပါပဲ။ သူဟာတရားရှုမှတ်ရင်း မြန်မာပြည်လည်း မရောက်ဖူးဘူးဘဲနဲ့ ဗမာစာဖတ်တတ်သွားတယ်ဆိုတဲ့ ထူးခြားတဲ့ အတွေ့ အကြုံတစ်ရပ်ရှိကြောင်း ကျွန်မ စံပယ်ဖြူမဂ္ဂဇင်းမှာ ရေး ခဲ့ဖူးသေးတယ်။
ကျွန်မက ဒီမှာ တက်ကနီရှင်း (Techniaian)တွေ အများ ကြီးလိုမှာ ပေါ့လို့ မေးတဲ့အခါ ဒေါက်တာပန့်(တ်) က….
Yes, we need much to run the computer.
ဟုတ်ကဲ့၊ ကျွန်တော် ကွန်ပျူတာတွေ လည်ပတ်ဖို့ ကျွမ်းကျင်သူတွေ အများ ကြီးလိုပါတယ်လို့ ဖြေပါတယ်။
ဆရာကြီး ဂိုအင်ကာဂျီက သူ့လူတွေ ကို ကြင်နာစွာ ငေးကြည့်ပြီး‘ဒီမှာ ပညာရှင်တွေ ဟာနေ့ မအိပ်၊ ညမအိပ် အစားအသောက်အပျက်ခံ အလုပ်လုပ်ရတယ်’ တဲ့။
Without recess they have to do their work
လို့ ပြောပါတယ်။
ဒေါက်တာပန့်(တ်)တို့ ဇနီးမောင်နှံဟာ မျက်နှာလေးတွေ နည်းနည်း ချောင်နေတာကလွဲလို့ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းပဲ၊ ည အိပ်ရေး ပျက်ပေမယ့် အလုပ်မှ စိတ်ဝင်စားမှု နဲ့ တရားဓမ္မဆောင်တဲ့ စိတ်နဲ့ဆိုတော့ ပန်းလို့ပန်းမှန်းမသိ။ တွင် တွင် ကျယ်ကျယ် အလုပ်လုပ်နိုင်ကြတဲ့ပုံပဲ။ မြန်မာပုဆိုး ၀တ်ထားတဲ့ အနောက်တိုင်းသားတွေ လည်း ရှိသေးတယ်။ ကျွန်မအံ့သြမိတယ်။ အားလည်း အားကျမိပါတယ်။ ဒီမှာ အလွန်တော် ပြီး ၀ိရိယကောင်းတဲ့ ပညာရှင်တွေ များ လှပါလား။
မေးခွန်းအချို့ကို ကျွန်မတို့ရဲ့ အဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးကြည်ညွှန့်(စစ်ကိုင်း) နဲ့ အင်္ဂလန်ကနေ တရားလာထိုင်တဲ့ ဒေါက်တာခင်မောင်အေး (ဒေါ်ဒေါ်မာ့မောင်)တို့ကမေးပြီး ဆွေးနွေးကြပါတယ်။ ကျွန်မ ကတော့ ကွန်ပျူတာပညာနဲ့ ပတ်သက်ပြီး ‘စိမ်း’ နေတာမို့ ဆရာတို့ ဆွေးနွေးတာကို လက်လှမ်းမမီလှပါဘူး။ မျက်စိရှေ့မှာ တင် ပိဋကတ်တော် လာ ကျမ်းစာသားတွေ ကို ကွန်ပျူတာနဲ့ ရိုကနှိပ်ပြတာတော့ အင်မတန် အားရကြည်နူးဖွယ်ပါပဲ။ ဒါဟာ တရားဓမ္မရဲ့ အောင်လံလွှင့်ထူခြင်းသဘောပါပဲ။
ဆရာကြီးရဲ့ ဓမ္မသားတပည့် ဖြစ်တဲ့ ၀ီလျံဟာ(ဒ်) (Willam Hart) ဟာသူ့ရဲ့ ‘တရားရှုမှတ်ခြင်းဆိုသည်မှာ ’ (What Meditation Is) ဆောင်းပါးထဲမှာ ရေး ခဲ့ဖူးတဲ့ အချက်တစ်ရပ်ရှိပါတယ်။
တကယ့် တရားရှုမှတ်သူ စစ်စစ်ဟာ သူ့ကိုယ်သူ ပြောင်းလဲပြီးနောက် ကမ္ဘာကြီးကို ပြောင်းလွဲစေဖို့ ကြိုးပမ်းလိမ့်မယ်တဲ့။
A real meditator tires to change the world after having changed himself.
ကျွန်မ ပြောချင်တာက တရားဓမ္မအလေ့အထနဲ့ နေခြင်းဟာ လူတစ်ဦးချင်း ကိုယ်စီကိုယ်ငှ အကျိုးအတွက် ပါမက အများ အကျိုးအတွက် ပါ ဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုတာပါပဲ။ ဓမ္မအောင်လံဟာ လူတစ်ဦး တစ်ယောက် တည်းအတွက် ဘယ်ဟုတ်ပါ့မလဲ။ တစ်နိုင်ငံတည်းအတွက်ရယ်တောင် မဟုတ်ပါဘူး။ တစ်လောကသားလုံး အတွက်ပါ။ ဗုဒ္ဓဘာသာမှာ နက်ရှိုင်းစွာ သဒ္ဒါထက်လာရင်တော့ ၃၁ဘုံ ကျင်လည်ကုန်ကြတဲ့ ဝေနေယျ သုခိတဒုက္ခိတ သတ္တ၀ါတွေ အားလုံးအတွက်ပေါ့။ ဓမ္မရဲ့ ကမ္ဘာကြီးဟာ ဘာနဲ့မှမတူအောင် ကျယ်ပြောပါတယ်။
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၁၀)
အရင်တစ်ပတ်တုန်းက ဂျိုတီအာရှာ (Jhoti Asher) ရဲ့ စာတမ်းအဖွင့်ကို ကျွန်မရေး ခဲ့ပါတယ်။ ဂျိုတီဆိုတဲ့ အသက်၄၀ကျော်နီးပါး ခေတ်ပညာတတ် ဟိန္ဒူအမျိုးသမီးလေးဟာ စာတမ်းကို အင်္ဂလိပ်ဘာသာစကားနဲ့ ခပ်သွက်သွက် လေယူလေသိမ်းကောင်းကောင်းနဲ့ ဖတ်ကြား သွားပါတယ်။ ကျွန်မ ဓမ္မဂီရိ တရားရိပ်သာက အထွက်မှာ သူ့ရဲ့ စာတမ်းကို သူနဲ့ ရင်းနှီးအောင်ပေါင်းပြီး အမိအရ ယူခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့စာတမ်းကို အားလုံး စိတ်ဝင်စားလို့ပါပဲ။
ရှေးရိုး အယူဝါဒတွေ နဲ့ မွန်းကြပ် ပိတ်ဆို့နေတဲ့ သူ့ရဲ့ စိတ်ဟာ ဆရာကြီးရဲ့ တရားတိပ်ခွေကို နားထောင်မိရာကအစ၊ ၀ိပဿနာ တရားဘက် စိတ်ထက်သန်လာပြီး ကာလကတ္တားမြို့ကနေ အီဂရတ်ပုရိမြို့ တရားရိပ်သာကို မရောက်ရောက်အောင်လာခဲ့ပြီး တရားအားထုတ်ပါတယ်။ ဓမ္မဂီရိမှာ သူ့ရဲ့ ပထမတရားစခန်း(၁၀)ရက် စတင်ပါတယ်။ နှာသီးဖျားအောက်နဲ့ နှုတ်ခမ်းအပေါ်နေရာကို အသက်မှန်မှန်ရှူစိတ်ကလေး တင်းထားရင်းသူ့ရဲ့ ကစဥ့်ကလျား လွင့်ပြေးနေတဲ့စိတ်ကို ထိန်းသိမ်းရတဲ့ အလုပ်ဟာဖြင့် သူ့အဆို ‘မီးယပ်ချမ်းထသလို’ ဖျားချင်နေပါတယ်တဲ့။ သူ့ရဲ့ စိတ်ဟာငှက်တွေ တောင်ပံခတ်သလို၊ လေတိုက်သလို တလွင့်လွင့် ဖြစ်နေတော့(၁၀)စက္ကန့်လောက် အချိန်တောင် ထိန်းဖို့ခက်နေတယ်။ စိတ်က ပရမ်းပတာနဲ့ ဖြစ်ခဲ့သမျှတွေ ထဲက ရုန်းမထွက်နိုင်၊ အနာဂတ်တွေ ကြိုတင်တွေးတောကြံစည်တာတွေ လဲ မလွတ်၊ အသက်ရှုတာ စောင့်ကြည့်ရင်း ပစ္စပ္ပန်တည့်တည့်ကို ဘယ်လိုမှ ရှူလို့ မရပါဘူးတဲ့။ ဒါကြောင့်စိတ်လည်းဆင်းရဲ၊ ကိုယ်အတွင်း စိတ်စစ်ပွဲကို နိုင်အောင်တိုက်ဖို့ ကြိုးပမ်းရတဲ့ အကြောင်းကို စီကာပတ်ကိုး ပြော သွားပါတယ်။
Finally I arrived at Dhammagiri to take my very first course in Vipassana. I went through a hectic period just trying to concentrate my flickering mind, below the nostirls and above the upper lip. To my utter amazemeint, I found that corcentration ie. Anapama on the given spot even for ten seconds was so difficult. My mind went all day with brooding about the past, planning for the future. I would think of anything but being in the present i-e. on jespiration. I was felling miserable and was trying to fight my own bettle.
ဂျိုတီမှတ်မိသမျှ တရား ပထမအပတ်မှာ ထမင်းလုံးတစ္ဆေချောက်တဲ့ အိပ်မက်ဆိုးပါပဲ။ ပထမဦးဆုံး ၀မ်းအကြီးအကျယ်ချုပ်တယ်။ ခံတွင်းပျက်ပြီး မစားချင် မသောက်ချင် ဖြစ်နေတယ်။ ၀မ်းဗိုက်နာပြီး ခေါင်းတွေ က ‘ပူ’ နေတယ်။ တင်ပလ္လင်ခွေ တစ်နာရီကြာတောင် မထိုင်နိုင်ဘူး။ နာရီဝက်တစ်ခါ နေရာပြောင်းနေရတယ်။ သည်ရက်အတွင်း အိပ်မက်ထဲမှာ သူနဲ့မသိတဲ့ လူ တစ်ယောက် ဟာ သူ့နောက်ကို အရိပ်လို လိုက်နေတာကို စိတ်ထဲ အင်မတန် တုန်လှုပ်ပြီး အိပ်မက်က လန့်နိုးတော့မှ အိပ်မက်မှန်းသိပြီး သက်မကြီး ချနိုင်တော့တယ်။ ည သန်းခေါင်ကျော် အိပ်ရာက နိုးလာရင်လဲ၊ သူ့အခန်း အပြင်ဘက် ပြတင်းပေါက်ကနေ လှမ်းမြင်နေတဲ့ သစ်ပင်တွေ ချုံနွယ်ပင်တွေ ဟာ လူရိပ်တွေ လို နံရံမှာ ပေါ်လာပြီး လှုပ်ရှားခုန်ပေါက်က နေသလိုပါဘဲ။ ဂျိုတီမှာ ကြောက်လွန်းလို့ မန္ထာန်တွေ ထပ်ခါထပ်ခါရွတ်ပြီး ဒေ၀ီတစ်ပါးကို ‘တ’ ပြီး အကူအညီ တောင်းမိတယ်။ သူ့စိတ်ထဲ ဒီတန်ခိုးရှင်တွေ ဟာ သူဒုက္ခရောက်လို့ တ လိုက်ရင် တစ်နည်းမဟုတ် တနည်းလာရောက် ကယ်တင်လိမ့်မယ်လို့ သူယုံကြည်တယ်။
သူဟာ မန္တာန်ကို ရွတ်ရင်းရွတ်ရင်း ရပ်ပစ်လိုက်တယ်။ ဒါတွေ ကို ဆရာကြီး ဂိုအင်ကာကြီးရဲ့ တရားဌာနမှာ ခွင့်မပြုလေတော့ ဆရာကြီး ချမှတ်ပေးထားတဲ့ စည်းကမ်းအတိုင်းဘဲ ကြောက်လိုက်ပုံကလည်း သူနေတဲ့အခန်းဟာ အိမ်သာ ရေချိုးခန်းတွဲ လျက်၊ မီးကလည်း လက်တစ်ကမ်းမှာ တောင် အိမ်သာထမသွားရဲတဲ့အ ဖြစ်၊ ဘယ်လိုပဲ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပဲ ကြုံကြုံ သူ့တရားကို သူဆက်မှတ်တယ်။ ရိုးရိုးသားသားလေးလေးနက်နက် တရားကို အဆက်မပြတ် ရှုမှတ်တယ်။ ဒီလိုနဲ့ပဲ ပထမတရားပတ်ဟာ ပြီးဆုံးခဲ့တယ်။
နှစ် ပတ်အကြာမှာ ဂျိုတီဟာ နောက်ထပ်(ဒုတိယ)တရားပတ်အတွက် ပြန်လာပါတယ်။ အရင်စိတ်ထဲ တွေ့ ကြုံခဲ့တဲ့ ထိတ်လန့်စရာတွေ ကို မေ့ထားလိုက်တယ်။ ဒီတစ်ခေါက် တွေ့ ရတဲ့ အတွေ့ အကြုံကျတော့ အရင်နဲ့မတူတဲ့ ဝေဒနာ အမျိုးမျိုးကို ဟိုက ဒီက ပေါ်လာပါတယ်။ ပထမ တင်ပါးအောက်မှာ နှံကောင်တစ်ကောင် ခိုးလိုးခုလုနဲ့ ရောက်နေသလိုပဲ၊ နှံကောင်ဟာ ခန္ဓာကိုယ်အောက် ရုန်းထွက်နေတယ်။ ဂျိုတီလည်း လက်ကိုအသာရွှေ့ပြီး နှံကောင်ကို ကိုယ်အောက်က ထုတ်ဖို့ သုံးကြိမ်ကြိုးစားပါတယ်။ စတုတ္တမြောက် အကြိမ်ကျတော့ သည်သတ္တ၀ါငယ်လေးကို မသေစေချင်တော့ မျက်စိကိုဖွင့်ပြီး နှံကောင်ဖတ်ဖို့ ကြိုးစားတယ်။ လာ..လား၊ သူ့အောက်မှာ နှံကောင်မရှိပါဘူး။ နှံကောင် ဝေဒနာသာ ဖြစ်နေပါတယ်။ အဲဒါကိုသူက …
I moved my hand thrice to push away the grasshopper who was pulsating under my pressure. But the fourth time, to make I did not hutr it, I opened my eyes only to find that it was grass-hopper sensation, not a grass-hopper.
နောက်တစ်ခါမှာ နားတစ်ဝိုက် တစ်ဘက်မှာ ပူပြီး နောက်တစ်ဘက်မှာ အေးတဲ့ ဝေဒနာကို ခံစားရပါတယ်။ လက်မောင်းပေါ် ပုရွက်ဆိတ်တွေ တရွရွ တက်လာပါတယ်။ တကယ် ပုရွတ်ဆိတ်တော့ မဟုတ်ပါဘူး။ နောက်တော့ ခြင်ကိုက်တဲ့ ဝေဒနာ၊ တစ်ကိုယ်လုံးမှာ လည်း တဆတ်ဆတ်တုန်နေတာ၊ သွေးတွေ တဒိန်းဒိန်း တိုးနေတာ၊ အဆိတ်ခံရသလို ဖြစ်နေတာ၊ ခန္ဓာကိုယ်ယိမ်းယိုင်ပြီး ရှေ့တိုးနောက်ငင် လှုပ်နေတာတွေ သိနေရတဲ့အပြင် မီးနဲ့မြိုက်သလို အပ်နဲ့ဆွသလို နာပြီး၊ ထုံကျဉ်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ တစ်ကိုယ်လုံးမှာ တရှိန်းရှိန်းတသုတ်သုတ် တလှုပ်လှုပ် ဆိုတာမျိုးလိုပါဘဲ၊ ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာတွေ အဖို့ ကတော့ ဓာတ်ကြီးလေးပါး အစုအဝေးတွေ ဖောက်ပြန်နေတာလို့ သဘောပေါက်မှာ ဘဲ။ ဂျိုတီ ကတော့ ဒါတွေ ဘယ်သိမလဲ၊ ဒီဝေဒနာတွေ ကို အရင်တရားပတ်မှာ ရှုမှတ်စဉ်တုန်းကထက် သည်းခံနိုင်စွမ်း ရှိလာပြီလို့ ပြောလာပါတယ်။
နောက်သူ့ တရားပတ်တွေ မှာ လက်သမားတွေ ပန်းရံတွေ နံရံမှာ ထုရိုက်နေတာမျိုးတွေ ကိုလည်း သူ့နားထဲမှာ အကျယ်ကြီးကြားနေရပါတယ်။ အုတ်နံရံ ဖောက်ထွင်းတဲ့ အသံတွေ ဟာလည်း ပဲ့တင်ထပ် မြည် ဟီးနေတယ်။ ခန်းမနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ဘုရားစေတီအထိ သည်ပဲ့တင်သံတွေ လွှမ်းနေတယ်။ ဒါတော့ တကယ် အလုပ်လုပ်နေကြတာမို့ ဂျိုတီဟာ ဒီအနှောင့်အယှက်ကို မခံနိုင်တော့တာနဲ့ အလုပ်သမားဦးစီကို ‘ကျွန်မက ကလကတ္တားကတောင် လာခဲ့ရတာ ၊ ဒီအသံတွေ နားထောင်ဖို့ မဟုတ်ပါဘူးလို့’ ငေါ်တူးတူး ပြောလိုက်တယ်၊ ပန်းရံဆရာကလည်း-
ဒီလို တရားမှာ အနှောင့်အယှက် ဖြစ်တာ ခင်ဗျား တစ်ယောက် တည်း မဟုတ်ပါဘူးဗျာ၊ ယောဂီတွေ အားလုံးပါပဲ၊ ကျွန်တော် တို့ကလည်း ကိုယ့်ကိုလာအပ်တဲ့ တာဝန်ကို မလွဲမသွေထမ်းဆောင်ရမှာ ပဲလို့ ယဉ်ယဉ်ကျေးကျေး တောင်းပန် ပြောဆိုပါတယ်။ ကြာတော့ ဒီအသံတွေ ကလည်း တဖြည်းဖြည်း မှိန်သွားတာပါပဲ။ သမာဓိတက်လာတော့ အားလုံးကို ကျော်နိုင်ပြီပေါ့၊ ကမ္မဋ္ဌာန်းဆိုင်ရာမှာ လည်း တစ်နာရီမက မလှုပ်မရှားဘဲ ထိုင်နိုင်လာပြီး ထိုင်လိုကလို့ နှစ် မိနစ် မကြာခင်မှာ ပဲ သမာဓိတည်လာတတ်ပါတယ်။
ဂျိုတီရဲ့ တရား စတုတ္ထပတ် မိုးရာသီ နေ့တစ်နေ့မှာ သူ့လက်ဖ၀ါးလောက်ရှိတဲ့ ဖားကြီးတစ်ကောင် ဂျိုတီ တရားထိုင်ရာစေတီလိုဏ်ဂူရဲ့ တံခါးပေါက်ကို ရောက်လာတယ်။ ဖားကြီးကို ရုတ်တရက် တွေ့ လိုက်ရတော့ ဂျိုတီဟာ လန့်သွားတယ်။ တံခါးပိတ်ဖို့အထ တံခါးနားတောင် မလှမ်းရဲဘူး၊ သူ့ ကိုယ်ပေါ် ခုန်တက်လာမှာ စိုးလို့၊ ကိုယ်ကို ရဲဆေးတင်ပြီး ဖားကို ‘ကိုင်း… ကုတ်အင်္ကျီစိမ်းနဲ့ သူငယ်ချင်း ဝေးဝေး သွားပါ။ ဒီလို မကျီစားနဲ့လေ။ ကိုယ် တရားထိုင်ရဦးမယ်၊ ကိုယ်အားမှ လာနော်’ လို့စိတ်ထဲက ပြောလိုက်တယ်။ ဒီလို ပြောလိုက်ရင်ပဲ ဖားကြီးဟာ ဂျိုတီကို လှမ်းကြည့်ပြီး ခုန်ဆွခုန်ဆွနဲ့ ပြန်ထွက်သွားတာကို အံ့သြဖွယ်တွေ့ ရသတဲ့။
တရားထိုင်ရက်တွေ ရှည်လာတော့ ကြောက်စိတ်တွေ တစ်စတစ်စ လျော့ပါးလာတယ်။ ငှက်ပျောပင်တွေ ကို အရင်တုန်းကလို အ၀တ်စုတ် ၀တ်ထားတဲ့ လူတွေ လို့ မထင်တော့ဘူး။ ဂူငယ်လေးတွေ နဲ့ စေတီကို ရေဘ၀ဲအကြီးကြီးလို့ ထင်မြင်မှားတာလဲ ပျောက်သွားပြီ။
ဒါတွေ အားလုံးဟာ ကိုယ့်စိတ်က ဖြစ်နေတာပဲ မဟုတ်လား။ အပြင်က နှောင့်ယှက်တာမဟုတ်ဘဲ ကိုယ့်ကပဲ ကိုယ့်ကိုနှောင့်ယှက်နေတာ မဟုတ်ပါလား။ ခုဆိုရင် ဂျိုတီဟာ သေလွန်ဆဲ ဆွေမျိုးတွေ ရဲ့ အလောင်းကောင်နားမှာ မကြောက်မလန့် အေးချမ်းတည်ငြိမ်စွာ ရပ်နိုင်ပြီး မေတ္တာပွားနေတတ်ပြီ၊ ဂျိုတီရဲ့ ဆန္ဒ ကတော့ ကွယ်လွန်သူ ဘ၀ကူးကောင်းဖို့ပါပဲ။
အပေါ်ယံ အမြင်ကောင်းစေမယ့် ၀တ်ရုံလွှာတွေ ကို ဂျိုတီခွာခဲ့ပြီ။ ဂျိုတီဟာ လောကီ ပကာသန၀တ်ရုံတွေ ကို စိတ်ချမ်းသာစွာ နဲ့ ခွာလိုက်တာ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခု ကတော့ ဂျိုတီမှာ အရင်တုန်းကလို လူမှု ဒုက္ခမှ မရှိတော့ဘူး။ ဓမ္မဂီရိမှာ ရာသက်ပန် ယောဂီဘ၀နဲ့ နေခဲ့တာ အတော် ကြာပါပြီကော၊ ကိုယ့်ဇာတိရပ်ရွာ ပြန်ချင်တဲ့ အချိန်လည်း ပြန်ခွင့်ရပါတယ်။ လူမှု ရေး ၊ ပညာရေး ၊ စီးပွားရေး ကိစ္စတွေ လည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ပါတယ်။ ဓမ္မရက္ခိတတဲ့ သူပြောသွားသေးတယ်။ ဓမ္မလမ်းကြောင်း လျှောက်တဲ့လူတွေ အဖို့ ဓမ္မကပဲ ပြန်စောင့်ရှောက်သတဲ့။
Indeed the Dhamma protects one who walks on the path of Dhamma.
သူက ဒီလိုနဲ့ ခရီးရှည်ကြီးကို လျှောက်လာခဲ့ပြီ။ အလုပ် ကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် ခရီးဆုံးဟာ သိပ်ကို ထင်ရှားတာပေါ့။ နောက်ဆုံးသူဟာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာအပြင် ဂုရုကြီးကိုပါ ကန်တော့လိုက်ပါတယ်။
I have embraked on a very very long journey. The task is tremendous, but the path to-wards the destination is clear. With a feeling of gratitude to-wards Buddha, Dhamma, and the Sangha and Goenkaje who has been my constant source of great inspiration, I pledge to stand by and tread on the true and pure path of Dhamma. My head bow at the Alther of Dhamma.
ရတနာသုံးပါးနဲ့ ဆရာသမားဂုဏ်ကို ဂျိုတီက ကျေးဇူးတင်ပြီး ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ကြောင်းကို သိရတော့ ကျွန်မတို့အားလုံး သာဓုခေါ်ဆိုကြပါတယ်။ အိန္ဒိယဆောင်းနှောင်းကာလ နှင်းငွေ့တဝေေ၀ကြားထဲမှာ ဂျလီယာရုပ်ရှင်ကားထဲက မင်းသမီး ဗင်နီဆာရလ်(ဒ်) ဂရေး (ဗ်)လို ကျားကျားလျားလျား ရှူးဖိနပ်သံဖွဖွနဲ့ လမ်းလျှောက်တတ်တဲ့ဂျိုတီကို ကျွန်မမမြဲသတိရနေတတ်ပါတယ်။
ဓမ္မဂီရိ ဓမ္မမဂ္ဂဇင်း
အတွဲ (၁)၊ အမှတ်(၁၁)
![]() မိုးနှင့်ရေ | ![]() အောင်ရဲ့အောင် | ![]() မှတ်မှတ်ရရနေ့ရက်များနှင့် ကျွန်မ |