Cover

အခန်း (၁)

ဗေဒါမဖေဖေ

(၁)

ရန်ကုန်တက္ကသိုလ်ပုဂံလမ်းတွင် တရုတ်စကားပင်ပေါင်း မြောက်မြားစွာ ရှိခဲ့ဖူးသည်။ ယခု လည်းရှိနေဆဲပင်။ မိုးကောင်းကင် ကြည်စင်ပြာလဲ့လဲ့အောက်တွင် တရုတ်စံကားပွင့်များ ကား ပင်လုံးကျွတ်မျှ အရွက်မရှိ၊ အပွင့်ချည်းသာ ပွင့်တော့သည်။ အဖြူထဲတွင် အ၀ါရည်ဖောက်လျက် ပြကတေ ဖြူဝင်းဝါဖျော့ဖျော့ပန်းလေးတွေ ။ ပန်းနှစ် ပွင့်သည် မြေပြင်ပေါ်သို့ ရုတ်တရက် ကျွန်မ အနီးတွင် ကြွေကျခဲ့ဖူးသည်။ ဆရာဇော်ဂျီရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် စာကြည့်တိုက် မှူးအ ဖြစ် ထမ်းရွက်လျက်ရှိစဉ်တုန်းက နေခဲ့ဖူးသော ပုဂံလမ်းအ၀တွင် ရှိသည့်အိမ်၏ ခြံဝင်းရှေ့ တွင် ဖြစ်သည်။ ထိုပန်းနှစ်ပွင့်ကို ကျွန်မ အမှတ်တရကောက်ခဲ့ဖူးသေးသည်။ ၁၉၆၀ ခုနှစ် အောက်တိုဘာဆိုတော့ အနှစ် သုံးဆယ်ခန့်ကြာခဲ့ပြီပဲ။ ဆရာဇော်ဂျီ နေအိမ်သို့ ပထမဦးဆုံး အကြိမ် ရောက်ခဲ့ဖူးခြင်းလည်း ဖြစ်သည်။ ခါတိုင်းတော့ ဆရာဇော်ဂျီရှိရာ တက္ကသိုလ်စာကြည့်တိုက် သို့ လိုက်သွားမြဲ။

အိမ်ရှေ့လက်ဆွဲဘာဂျာတံခါးတစ်ခြမ်း ပွင့်လာသည်။ အိမ်တံခါးပေါက်မှ ဆရာဇော်ဂျီဆီး၍ ကြိုလေသည်။

“ငါ နင်တို့ကို မျှော်နေတာ။ ” အသားဝါ၀ါ၊ နဖူးပြေပြေ၊ နှာတံစင်းစင်း မျက်လုံးမျက်ဖန် ကောင်းကောင်း၊ အရပ်မြင့်ကာ ကိုယ်ဟန်သွယ်လှလှနှင့် ဆရာ့ကို ကျွန်မတို့ ငေးကြည့်နေပါ သည်။ မျက်ဆန်ညိုညိုနှင့် မျက်လုံးများ ကား အရောင် တဖျပ်ဖျပ် လက်နေသည်။ လှုပ်ရှားဟန်နှင့် စကားသံများ ကား သိမ်မွေ့နူးညံ့လှသည်။ မျက်ခုံးအလယ်နား နှာရောင် ထိပ်ဖူးထက် မှဲ့ရှင်တစ်လုံး ၏ အသရေတင့်တယ်ခြင်းကို ကြည့်၍ စာဆိုတစ်ဦး စာဆိုဉာဏ် ပြဒါးရှင်လုံးလေးလား တင်စားမိသည်။

ထိုအချိန်၌ ကျွန်မသည် ဆရာဇော်ဂျီ၏ “မဟာဆန်ချင်သူ”ဘာသာပြန်ပြဇာတ်၊ ပိတောက် တွေ ရွှေဝါကဗျာများ ၊ စာပေလောက စာအုပ်၊ သခင်ကိုယ်တော် မှိုင်း ဋီကာ၊ ဗေဒါလမ်း ကဗျာများ နှင့် သော့ တွဲ နှင့် နတ်ရုပ်၊ ပုဂံဈေးနှင့် သူ့မယားစသော ၀တ္ထုတိုများ ကို ဖတ်ပြီးချိန်လည်း ဖြစ်ပါသည်။ ကျွန်မသည် မြန်မာပြည်သမိုင်းနောက်ခံ လုံးချင်းဝတ္ထုများ ရေး သားတော့မည် ကြံစည်ဆဲတွင် ဆရာ၏ “၁၉၄၈ ခုနှစ် လွတ်လပ်ရေး နေ့တွင် ” ဆိုသော ကဗျာအဆုံးပိုင်းတစ်ပိုဒ်ကို သတိရမိသေး တော့သည်။

ရေး မိသည်တည့် ရေး မိသည်။

မလေးမောင် သည်ယနေ့

ရေး မွေ့မိသည်။

စီးခဲ့တဲ့ သွေးမျက်ရည်၊ ပြည်နိုင်ငံ့အရေး

စာတေး သည်မြိုင်ချောင်က

သည်ကလောင် ရောင် ခြည်လွှတ်

ဦးညွှတ်တယ်လေး။ ။

(၂)

ပုဂံလမ်းတိုက်ဝါ၀ါ ထမင်စားခန်း မှန်ပြတင်းပေါက်မှ လှမ်းမျှော်၍ ကြည့်လျှင် တိမ်ဖြူဖြူများ ရွေ့နေသော ကောင်းကင်ပြာပြာကို လှမ်းမြင်နေရသည်။ ငှက်ကလေးများ အတောင်ဖြန့်ကာ လေအဟုန်တွင် တိမ်ဖြူလှိုင်းများ ကို ခိုစီးနေကြသည်။ အဖြူနှင့် ပန်းရောင် တိုက်ပန်းများ ကားခြံ စည်းရိုးတွင် နွယ်ကာ အဆုပ်လိုက် ဖူးပွင့်လျက်။

“နင်က နင့်ဝတ္ထုတွေ အပေါ် ချွတ်ယွင်းချက်တွေ ထုတ်ပြတဲ့အမှားမျိုး ရေး ပေးပါလို့ ဆိုပေမယ့် ငါ အဲသလို မရေး ချင်ဘူး။ ငါ့သဘော ကတော့ ၀တ္ထုတွေ ကို ဘာကောင်းသလဲ၊ ဘာ ကြိုက်သလဲ Appreciate (တလေးတစားလက်ခံတော) ဖြစ်စေချင်တယ်။ ခု နင်ဖတ်ခိုင်းတဲ့ ၀တ္ထု နှစ်ပုဒ်စလုံး ငါမကြိုက်သေးဘူး။ စိတ်ညစ်မသွားနဲ့နော်”

ကျွန်မက ရယ်ရင်း ခေါင်းခါပြသည်။

“ဆရာပြောစရာရှိတာ ပြောပါ ကျွန်မ နားထောင်ပါ့မယ်”

စားပွဲပေါ်တွင် တင်ထားသော ကျွန်၏ ၀တ္ထုနှစ် ပုဒ်ဆိုသည်မှာ သွေးသောက်မဂ္ဂဇင်းမှ ၀တ္ထု ရှည် “မပန်သာသည်” နှင့် မြ၀တီနှစ် လဆက်မှမဂ္ဂဇင်းဝတ္ထုရှည် “မျှော်မျှော်သူ မောရရှာတယ်” ဖြစ် ပါသည်။ ထိုဝတ္ထုရှည်နှစ် ခုကို စုပေါင်းထုတ်ဝေရန် စီစဉ်ထားခြင်း ဖြစ်သည်။

“မပန်သာသည်က Complication ဇာတ်လမ်းအတက်အကျ ရှုပ်ထွေးမှု နည်းတယ်။ ဇာတ်ကောင်တွေ ရဲ့ Competitionf ပဋိပက္ခလည်း မရှိဘူး ပြီးတော့ မင်းသမီးက Self-pity ကိုယ့် ကိုယ်ကိုယ် သနားတာတွေ ဖြစ်မနေဘူးလား။ သူ့ကို စာရေး ဆရာကိုယ်တိုင်က သနားနေတာကိုး”

ဆရာဇော်ဂျီက ပြောရင်းပြုံးသည်။ ကျွန်မမှာ နည်းနည်း ရှက်သွားပြီး..

“စာအုပ်ကိုတောင် မကိုင်ချင်တော့ဘူး ဆရာ”

ပြောမိလျှင် ဆရာက ခေါင်းကို ခါယမ်းလျက်…

“စိတ်မလျှော့ပါနဲ့ စာအုပ်တော့ ထုတ်လိုက်ပါ။ ရေး ကာစလူတွေ ဟာ ဒီအဆင့်ကို ဖြတ်ကျော်ရမှာ ပဲ။ နင့်ဟာ Exercise လေ့ကျင့်တုန်းပဲ ရှိသေးတာကို။ မျှော်မျှော်သူ မောရရှာတယ် ကျတော့ အရင်ဝတ္ထုထက်ပိုပြီး Complicated ဖြစ်ပါလာရဲ့ ။ ပဋိပက္ခလည်း အားကောင်းပါရဲ့ ဒါပေမဲ့ ငါမကြိုက်သေးဘူး။ ၀တ္ထုကို ဖြစ်စဉ်အတိုင်း နင်ပြောသွားတာကိုး။ နင့်အတွေးတွေ လိုက်ပါ မလာဘူး။ Philosophic မ ဖြစ်။ ဒဿနအတွေး မပါသေးဘူးပေါ့ဟာ ဒါပေမဲ့ မြန်မာအရေး အသား Flow ချောပါတယ်။ စိတ်ဝင်စားဖို့ကောင်းအောင်လည်း ရေး သွားပါတယ်။ ပရိသတ်ကြိုက်ဖို့က လည်း အရေး ကြီးတဲ့အချက်တစ်ချက်ပဲဟာ”

ထိုနေ့က ဆရာဇော်ဂျီသည် ကျွန်မကို ၀တ္ထုတိုတွေ အကြောင်း အချိန်ပေး၍ ပြောသွား သည်။ ထိုအကြောင်းကို ဆရာ၏ အမှာ စာထဲတွင် လည်း ထည့်ရေး ထားသည်ထင်ပါသည်။

ကာလပေါ် မြန်မာဝတ္ထုသည်မြန်မာနိုင်ငံ၌ ပေါ်လာသည်မှာ ယနေ့အထိ အနှစ် ငါးဆယ်ခန့် သာရှိသေးသည်ဟုဆိုကြလေသည်။ ထိုအဆို သင့်သည်ဟု ထင်ပါသည်။ သမိုင်းနှင့်ချီ၍ ပြောလို ရေး လိုကြလျှင် အနှစ် ငါးဆယ်မျှသာ ကာလသည် ပြောပလောက်သည် မဟုတ်ချေ။ ထို့ကြောင့် စောင့်ကြည့်ရန်သာ ရှိလေသည်။

သို့ရာတွင် လူငယ်၊ လူရွယ်စားမျိုး တိုးပွားလျက်ရှိနေသည်ဟုလည်း လူငယ်၊ လူရွယ်စာမျိုး တိုးပွားလျက်ရှိနေသည်ဟုလည်းကောင်း၊ လူကြီစာမျိုးနည်းသေးသည်ဟုလည်းကောင်းဆိုလျှင် မှား မည် မဟုတ်ဟု ထင်ပါသည်။ သို့ရာတွင် လူငယ်လူရွယ်စာမျိုး တိုးပွားနေသည့် အခြေခံကို ရ လာပြီ ဖြစ်သဖြင့် လူကြီးစာမျိုးသည် တစ်နေ့နေ့တွင် တိုးပွားလာမည် မုချဟုယူဆသင့်လေသည်။

ဆရာသည် ညင်သာတိုးညက်သော လေသံနှင့် စကားတွေ အများ ကြီးပြော ဖြစ်သည်။ အသေးအဖွဲ့ကိစ္စများ နှင့် ကျဉ်းမြောင်းသော လူ့နယ်ယ်တွင် မကျင်လည်ဘဲ အားလုံးနှင့် သက်ဆိုင် သော ဒဿနိကအတွေး Universal Thoughts များ ကို ကျယ်ကျယ်ပြန့်ပြန့်တွေးရန်၊ ရေး ရန် လမ်းညွှန်ပြသည်။ ထမင်းစားချိန်ပင် နှောင်းသွားကာ နေမွန်းတည့်ခါနီး ပြီး။ ဆရာ့ဇနီးအန်တီဒေါ် စောရင်က…

“ကိုင်း.. စကားလည်းပြောကြ၊ ထမင်းလည်း မြိန်အောင်စားကြဦး”

အန်တီဒေါ်စောရင်သည် စစ်မ ဖြစ်မီက မြို့မအမျိုးသမီး အထက်တန်း ကျောင်းဆရာမ ဖြစ် သည်။ “သူလည်း မြို့မကျောင်းထွက်ပဲ” ဆရာဇော်ဂျီက အန်တီဒေါ်စောရင်ကို ကျွန်မအား လက် ညှိုးပြကာ မိတ်ဆက်ပေးခဲ့သေးသည်။ တိုက်ဆိုင်စွာ ပင် ထိုနေ့နေ့လယ်က အန်တီဒေါ်စောရင်၏ မိတ်ဆွေ နာမည် တူ သော ဆရာမ ဒေါ်စောရင် (မြို့မကပင်) အလည်ရောက်ရှိလာ၍ ကျွန်မကို “ဆရာမ ဟာဆွေရဲ့ သမီးလေ” မိတ်ဆက်ပေးရာတွင် ကျွန်မ၏ အတန်းပိုင်ဆရာမ လည်း ဖြစ်ခဲ့ဖူး သော ဆရာမ ဒေါ်စောရင်က တပည့်မကို ဖက်လှဲတကင်း နှုတ်ဆက်ရှာသည်။ ငွေရောင် ဖြူဖွေးနေ သော ဆရာမ ကြီး၏ ဦးခေါင်းကို ကျွန်မငေးကြည့်နေဆဲ နှစ် တန်းအတန်းမကုန်မီ စစ် ဖြစ်သွားကာ ခွဲခွာခြ့ရသော သက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်သို့ ရောက်နေသော တပည့်မ၏ ကျောကို အသာ အယာပုတ်ကာ.

“ကြည့်စမ်းပါဦး ကွဲသွားတာ အကြာကြီးပဲ ဒါပေမဲ့ ငယ်ရုပ်ကိုတေ့ မှတ်မိနေတယ်”

ပြောရင်းဆိုရင်း မျက်ရည်တွေ လည်နေရှာနေသည်။ ဆရာဇော်ဂျီက ကျွန်မဘက်သို့လှည့် ကာ Sentimental လွမ်းစရာမ ဖြစ်ဘူးလား ဒါနင် ၀တ္ထုရေး ရမယ်

ဆရာကပြောရင်း ရယ်နေသည်။ အမှတ်တရပါပဲ။ ကျွန်မတို့ ထိုနေ့နံနက်စာကို ဖျာပုံ ပုစွန် ချဉ်သုပ်၊ ဘူးသီးဟင်းခါး၊ ကြက်သားဟင်း၊ ငါးခူ၊ ငါးပိကော်ကြော်နှင့် မြိန်ရေရှက်ရေစားခဲ့ရသည်။

“ငါ နင်တို့ ဖေဖေရဲ့ စစ်ထွက်သူကို ဂန္ထလောကမဂ္ဂဇင်းမှာ ရေး ဖူးသေးတယ် ငါက သူရဲ့ Master Piece အကောင်းဆုံးပဲရေး တော့ သူက ငါ့ကို မောင်သိန်းဟန်ရဲ့ ငါ မသေသေးပါဘူးကွ တဲ့”

ဆရာက မျက်လုံးအရောင် များ လက်အောင် ရယ်ပြန်သည်။ ကျွန်မတို့ ပြန်တော့ အသက် ၅၀ ကျော်ပြီ ဖြစ်သော ဆရာသည် ရုပ်ရည်နုပျို၍ ဖျတ်ဖျတ်လတ်လတ်ရှိဆဲပင်။ ခြံတံခါးဝအထိ လိုက်ပို့ပြီး တရုတ်စကားပင်နားရောက်တော့ ကျွန်မ ခင်ပွန်းကို…

“ခင်ဆွေဦးကို အိမ်ထောင့်တာဝန်တွေ မီးဖိုချောင်အလုပ်တာဝန်တွေ သိပ်မတက်စေပါနဲ့ စာဖတ်ဖို့ စာရေး ဖို့ တွေးဖို့ အချိန်ပေး ဟုတ်လား။ ဆရာသူ့ကို သူ့အဖေလို ဖြစ်လာစေချင်တယ်”

ကံကော်ပင်ထက်မှ ချိုးငှက်ငယ်လေး၏ ကူသံသည် ရင်ထဲစွဲငြိစေကာ ပုဂံမှအထွက် ဆရာ ၏ “ပိတောက်မယ်” ကဗျာအဆုံးကို တွေးမိသည်။

သည်းမှာ ပါ့ ပျိုလေးတွေ

ပိတောက်ဝါ ပျိုနုဖူးမှာ

ထူးတဲ့ လို့ဝေ။

ချိုပလေ၊ အိုမေရဲ့ မျက်နှာပေး။

မြစိမ်းဆင်ထဘီနဲ့

သီကရီ ရွာဝင်ဝမှာ မင်းလှလို့လေး.

အခန်း (၁)

(၃)

မိုးလယ်နေ့ညနေ တစ်ညနေ တိမ်တောက်ချိန်မို့ လောက၏ အရာဝတ္ထုဟူသမျှ ရွှေရည်ဝင်း လဲ့နေသည်။ ကျွန်မတို့သားအမိက ကမာရွတ်အ၀ိုင်းဘက်လမ်းလျှောက်ဆဲ။ ဆလွန်းကားတစ်စီးသည် လမ်းတစ်ဖက် ပလက်ဖောင်းအနီးတွင် ရုတ်ခြည်းထိုးဆိုက်လိုက်သည်။အမျိုးအမည် မမှတ်မိ တော့သော ဆလွန်ကားထဲမှ အရပ်မြင့်သွယ်သွယ်၊ အသားဝါ၀င်းဝင်း၊ ဥပုသ်ဆင်ပုဆိုးနှင့် ဆရာ ဇော်ဂျီဆင်းလာကာ လမ်းကိုတကူးတက ဖြတ်ကူးလာသည်။ အာတီးယားလမ်းမှ တရုတ်စံကားပွင့် တို့ ဖွေးဖွေးလှုပ်ပွင့်ဆဲပင်။

“ကွန်ဂရက်ကျူလေးရှင်း ခင်ဆွေဦး.. ငါ မနေ့ညက “တို့တိုင်းဌာန ဖတ်ပြီးပြီ”

ဆရာဇော်ဂျီပြောစကားတွင် ကျွန်မနှင့် အတူတူ လိုက်ပါလာသော ကျွန်မမေမေကပါ လှိုက် လှိုက်လှဲလှဲ ၀မ်းသာနေသည်။

“စာရေး ဆရာ တစ်ယောက် ရဲ့ စာဟာ Simplicity ရှိဖို့၊ ရိုးသားဖို့လိုတယ်။ Sincerity ရှိဖို့ စေတနာကောင်းဖို့ လိုတယ်။”

၁၉၆၁ ခုနှစ် ၊ ဇွန်လတွင် ကျွန်မ၏ ပထမဦးဆုံးလုံးချင်းဝတ္ထု “တို့တိုင်းဌာနီ” ကို ထုတ်ဝေခဲ့ ပြီးနောက် ဆရာဇော်ဂျီနှင့် ရန်ကုန်-အင်းစိန်လမ်း ပလက်ဖောင်းဘေးတွင် ဆုံတွေ့ စကားပြောကြ ခြင်း ဖြစ်သည်။ ဆရာနှင့် ကျွန်မမဆုံ ဖြစ်ကြတာ ကိုးလ၊ ဆယ်လခန့်ရှိပေတော့မည် ။ ကျွန်မစာအုပ် ကိုတော့ လူကြုံနှင့် အပို့လွှတ်လိုက်လေသည်။ ကျွန်မသည် ဆရာနှင့် လမ်းခွဲခဲ့ပြီးနောက် ကျွန်မ၏ အိမ်တွင် ရှိသော ဆရာဒဂုန်တာရာ၏ “ရုပ်ပုံလွှာ” တွင် ဆရာဇော်ဂျီနိဒါန်းကို ပြန်၍ ဖိတ်မိလေသည်။

“ထိုပုဂ္ဂိုလ်အပေါ်၌ ထားရှိခဲ့သော ဒဂုန်တာရာ၏ အချို့အချို့သော အယူအဆအကြား အမြင်တို့နှင့်စပ်လျှဉ်း၍ စာဖတ်ပရိသတ်သည် ဒဂုန်တာရာနှင် သဘောချင်းတိုက်ဆိုင်ခြင် ရှိချင်မှ ရှိပေလိမ့်မည် ။ သို့ရာတွင် ဒဂုန်တာရာ၏ စေတနာနှင့် ငါ့ကလောင်သွေးဆောင်မှု တို့ကိုကား လေးစားကြရမည် သာ ဖြစ်ပေသည်။ စင်စစ် ဒဂုန်တာရာ၏ ဆောင်းပါးများ ကြောင့် မြန်မာစာပေ တွင် လူ့သမိုင်းရေး ပုံရေး နည်း အသစ်တစ်မျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်။”

စာဆိုဉာဉ်ရှိသူတို့သည် လူ့သဘာဝ၌ လည်းကောင်း၊ လောက အ ဖြစ်အပျက်၌ လည်း ကောင်း၊ ၀မ်းမြောက်ဖွယ်အကွက်၊ ကြွေကွဲဖယ် ဖြစ်အောင် စသော အကွက်များ ကို မြင်တတ်ကြသူ များ လည်း ဖြစ်၍ နှစ်သက် ဖွယ် ဖြစ်အောင် တင်ပြတတ်သူများများ လည်း ဖြစ်သည်။ ထိုသို့ မြင်တတ် ၍ ထိုသို့မြင်တတ်သူများ ၏ စာပေမျိုးသည် ပြည်သူလူထု၏ ရှေ့ဆောင်ရှေ့ရွက်သဖွယ် ဖြစ်ပေ သည်။

ကျွန်မနောင်ရေး မည့်  ၀တ္ထုများ အတွက် ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာကို ရည်ညွှန်းကာ ဖတ်ခိုင်းတာကို သတိရမိသည်။ ၀တ္ထုတွေ ရဲ့ Characterixation ဇာတ်ကောင်စရိုက် ဒီမှာ ရနိုင် တယ် ပြောသေးသည်။

၁၉၇၈ ခုနှစ် စိန်ပန်းနီနီနှင့် ငုဝါများ ပွင့်သော နွေရက်များ တွင် ဆရာဇော်ဂျီိနှင့် ကျွန်မစာပေဗိမာန်တွင် ခဏခဏဆုံကြသည်။ မတ်လ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၀တ္ထုတိုစာ တမ်းဖတ်ပွဲကျင်းပရာတွင် ဆရာဇော်ဂျီ၏ အစီအစဉ်တွင် ကျွန်မပါဝင်ခဲ့၏ ။ ဆရာ့ ဆုံးဖြတ်ချက်အရ ကျွနမသည် လုံးချင်းဝတ္ထု၊ မဂ္ဂဇင်းဝတ္ထုရှည်များ ထက် ၀တ္ထုတိုလေးတွေ များ အရေး ကောင်းတတ် သည်။ ထို့ကြောင့် ပင် ဆရာသော်တာဆွေကို “ကျွန်တော် ၀တ္ထုတိုသမား၊ ကျွန်မကို “ကျွန်မ၀တ္ထုတို သမား” ခေါင်းစဉ်နှင့် စာတမ်းတင်သွင်းကာ ဖတ်ခဲ့ရသည်”

သို့သော် ကျွန်မ၏ ၀တ္ထုတိုစာတမ်း၏ ဆရာကျေနပ်ပုံမရ။

“နင်ပြောသွားတဲ့ ရည်ရွယ်ျက်ကို အတင်းဆွဲခေါ်သွားတာပဲ ဘောင်မကျဉ်းဘူးလား” ဟု မေး၏ ဆရာ့အမေးကို ကျွန်မမဖြေတတ်သဖြင့် ရယ်၍ သာ နေသည်။ ဆရာကျွန်မမျက်နှာကို ငေး ကြည့်ပြိး သက်ပြင်းပျော့ပျော့ဖြည်းလေးစွာ ဖြင့် …

“ငါ..နှမြောလို့ပါ… ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့ရသေးတယ်။ သူ့အဖေလိုပဲ သိပ်တစ်ယူသန်တဲ ကောင်မလေး” သူ့ဘာသူပြောသလို တီးတိုးပြောနေသည်။ ကျွန်မသည် ဆရာ့ မျက်နှာကို အားနာစွာ ငေးကြည့်ရုံမှအပ ဘာမှမတတ်နိုင်ပါ။ သည်တုန်း ဆရာက ပြောပြချင်သော အချက်အလက်ကကို သဘောမပေါ်တာကြောင့်လည်း ဖြစ်မည် ထင်သည်။

ဆရာဇော်ဂျီ၏ “ဗေဒါလမ်း”ကိုအကြိမ်ကြိမ်ဖတ်မိလျှင်တော့ ကျွန်မရေး သောာ စာများ အတွက် အားမလိုအားမရ ဖြစ်မိတာအမှန်ပင်။ ဆရာ၏ Universal Thoughts လူများ စုနှင့် သက် ဆိုင်သော အတွေးကို လက်လှမ်းမမီတမီစဉ်းစားပြုလာသည်။

ဆရာ၏ ဗေဒါမသည် ဗေဒါမစင်စစ်မဟုတ်ပေ။ ဘဲအုပ်တစ်ရာနှစ်ရာ အကန်ခံရသော မိန်းကလေးလား။ လောကဓံ၏ ပြင်းထန်သော ဒဏ်ကိုရုန်းရကန်ရသော မိန်းကလေးလား။ ဗေဒါ မသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ အဖိအနှိပ် အထုအထောင်းခံရသော လူတွေ အားလုံး ဗေဒါမပေပဲ မဟုတ်လား။ စကြ၀ဠာတစ်ခွင် လောကတွင် ရှိသမျှ ဒုက္ခသားတွေ ဆရာ၏ Image နိ မိတ်ပုံတွေ သည် လှပါပေသည်။

စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ

မဗေဒါ ဒီရောကြောမှာ

မျောလျက်သာပဲ။

ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ အဆုံးသတ်၍ အားနက်စ်ဟဲမင်းဝေ၏ ပင်လယ်ပြာနှင့် တံငါအို Old Man and The sea နှင့် ဂျက်လန်ဒန်၏ သံဖနောင့် The Iron Heel ကမ္ဘာစာပေ ထိပ်တန်းဝင် ၀တ္ထုများ ၏ Concept အတွေးများ နှင့် ကွာခြားလိမ့်မည် မထင်ပါ။

ထို့ကြောင့် ပင် “ဗေဒါမ” သည် “ဗေဒါမ” သက်သက်မဟုတ်ကြောင်း ပြောခဲဖူးပြီ။ ထို့ကြောင့် ဆောင်းပါးတစ်ပုဒ်နှင့် ဆရာ မကွယ်လွန်မီက ရေး ဖို့မိုးမိုး (အင်းလျား) က တိုက်တွန်း ခဲ့ဖူးသည်။ တာဝန်ပျက်ကွက်သူတို့၏ ထုံးစံအတိုင်း ကျွန်မ တာဝန်မကျေပွန်ခဲ့ပါ။

မီးချောင်းများ လင်းလာသည်။ အမှတ် (၁၀)၊ ကမ္ဘောဇလမ်း (ဗဟန်းမြို့နယ် ဆရာ့အိမ်တွင် ခရမ်းပြာ သစ်ခွ ပန်းချိကားကို ပုဂံလမ်းဧည့်ခန်းတွင် ချိတ်ထားသလို တွေ့ မြင်နေရဆဲပင်။ ပုဂံလမ်း အိမ်ခြံဝမှာ ပေါက်ရောက်ခဲ့သော တရုတ်စံကားပင်ကိုတော့ တမ်းတလျက်ရှိဆဲပင်။ နှစ် ပေါင်း ၃၀ ကျော်ခဲ့ပြန်ပြီ။ ယခင် အသက် ၅၀ ကျော်အရွယ်တုန်းကလို ဖျတ်ဖျတ်လတ်လတ် မရှိတော့ရုံမက အသွားအလာပင် မလုပ်နိုင်ရှာတော့ အမှီနှင့် ကုလားထိုင်တစ်လုံးပေါ်တွင် ခပ်လှဲလှထိုင်ကာ ခြေ ထောက်ကို ကုလားထိုင် တစ်လုံးပေး တင်ထားပါသည်။

ကျွန်မ ဧည့်ခန်းထဲ မ၀င်ခင် မမိုးက ကျွန်မ၏ လက်ကို နောက်မှဆွဲကိုင်ကာ…

“ဆရာ… စကားတစ်ခွန်းလောက်ပြောပါဦး မမဦးက ပြောနော်”

“အင်း.. ဆရာ့အခြေအနေလည်း ကြည့်သေးတာပေါ့”

“နည်နည်း နေကောင်းပြီ ပြောတာပဲ”

ကျွန်မနှင့် မမိုးကိုမြင်တော့ ဆရာ၏ အပြုံးနှင့် မျက်လုံးများ သည် တောက်ပလို့လာသည်။

“ဆရာနေကောင်းပြီလား”

“မကောင်းသေးဘူး လမ်းလည်းလုံးလုံး မလျှောက်နိုင်တော့ဘူး”

“နောက်တော့ လျှောက်လာမှာ ပေါ့”

မျက်နှာ အနည်းငယ်ညှိုးကော ခေါင်းခါပြရင်း ကျွန်မတို့ဘက် ပြုံးလျက်ငေးကြည့်ကာ…

“ခင်ဆွေဦးနဲ့ မိုးမိုး (အင်းလျား) အလုပ်အတူတူ လုပ်နေပြီဆိုတာ ငါ ကြားပါတယ်ဟာ”

“ဆရာ ကျွန်မတို့ကို တစ်ခုခုပြောပါဦး” ကျွန်မ ဗြုန်းစားကြီး ၀င်ပြောသည်။

“နင်တို့နှစ် ယောက် စလုံး Establish ဖြစ်နေပြီ။ တည်တံ့နေပြီပဲ ပြောဖို့ မလိုပါဘူးဟာ”

“မဟုတ်သေးဘူးလေ စကားလေးတစ်ခွန်းခွန်းပေါ့”

မမိုးက ဆက်တိုက်တွန်းလေသည်။

“ဒါတွေ က လုပ်ရိုးလုပ်စဉ်တွေ ပါဟာ ဆရာ ဘာပြောရမလဲ”

ဆရာက ရယ်နေသည်။ ပြီးမှ သူ့သမီးကို ရှုမ၀မဂ္ဂဇင်းတစ်စောင် ရှာခိုင်းကာ ထိုမဂ္ဂဇင်းနှင့် ယပ်တောင်ကို ခေါင်းပေါ်တင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုပြောရန်စဉ်းစားသလို တွေ ဝေ နေသည်။ မမိုးက ပြောင်လက်နေသော ကျွန်းသာကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ကာ ဆရာ့ကို ဓာတ်ပုံအမိအရ ရိုက်လိုက်သည်။ ဆရာက သဘောကျသလို ပြုံးကာ လက်ထဲမှ ရှုမ၀စာအုပ်ကို လှမ်းပေးသည်။ “အဒီထဲမှာ ဆရာ့ကဗျာပါတယ်။ အဲဒါ ဆရာပြောချင်တာပဲ ကျေနပ်နော်၊ ခင်ဆွေ ဦးကိုရော မိုးမိုးကိုရော ဆရာ့ စကားတွေ ခဏခဏပြောခဲ့ပြီးပဲ။ စကားသိပ်များ လာရင် မကောင်း ဘူးကွ”

ကျွန်မတို ဆရာ့ကို ကန်တော့ပြီး ပြန်လာကြသည်။

ထိုနေ့က နောက်ဆုံးတွေ့ တာပါပဲ။ ယခုတော့ ဆရာဇော်ဂျီရော မိုးမိုး (အင်းလျား) ရော နှစ် ယောက် စလုံးဆုံးရှာခဲ့ပြီ မမိုး ရိုက်ကူးထားသော ဆရာ့ဓာတ်ပုံလေးမှာ အမှတ်တရ ကျန်ရစ် ခဲ့သည်။

လွန်ခဲ့သော နိုဝင်ဘာလတုန်းက…

ဆရာဇော်ဂျီပုံလေး ရှိသေးလား မေးနေဆဲ ခင်ဆွေမြင့် (ဇံဇံ)က ဆရာ့ကဗျာမှာ ပဲ သုံးမှာ ပါ။ ဒီဇိုင်းဆင်ဖို့ ပေးလိုက်ပြီဟုဖြေသည်။

ကျွန်မရင်ထဲတွင် တော့ သည်ဓာတ်ပုံအပြင် သိမ်းထားသည်က ဆရာနှင့် ပတ်သက်၍ ရုပ်ပုံ ကားချပ်ပေါင်းများ စွာ ရှိခဲ့ဖူးသည်။ ဘယ်တော့မှ မမေ့နိုင်တော့သော ရုပ်ပုံလွှာများ ၊ တရုတ်စံကား ပင်လေးကင် စခဲ့သော အတိတ်သမိုင်း ဖြစ်ရပ်များ ဟုဆိုလျှင် ကြီးကျယ်နေမလား။ လူတွင် လူ့သ မိုင်းရှိသည်ဟု ကျွန်မတင်စားဝံ့ပါသည်။

လူတွေ သည်ပင်လျှင် သမိုင်း မဟုတ်ပါလား။ လူ့သမိုင်း ရေး ပုံရေး နည်း အသွင်တစ်မျိုးတိုး လာပြီဟု ဆရာဇော်ဂျီက ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာအမှာ တွင် ရေး ခဲ့သည်။ ဆရာဇော်ဂျီသည် ပင် လူ့သမိုင်း၊ ခေတ်စမ်းစာပေသမိုင်း၊ သို့မုတ် ဂန္ထလောကစာပေခေတ်၏ စာပေသစ်သမိုင်း။

(စံပယ်ဖြူ၊ ဒီဇင်ဘာ၊ ၁၉၉၀)

* * *

အခန်း (၃)

မထိတထိ သရော်စာများ နှင့် မောင်ထင်

တစ်လောဆီက ကျွန်မ ဆရာမောင်ထင့်ဆီသို့ သတိတရရှိလှသည်နှင့် အလည်ရောက် သွားသည်။ ဆရာသည် ဧည့်ခန်းကုလားထိုင်ပေါ် စာဖတ်နေရာမှ မျက်မှန်ပေါ် လက်နှင့်အုပ်ကာ “ဘယ်သူများ ပါလိမ့်” ဟူသော အမူအရာနှင့် ကျွန်မကို လှမ်းမော့ကြည့်ပြီးမှ “သြော်…” ဟုဆိုပြီး ပြုံးသည်။ ကျွန်မကို ဆရာ ချက်ချင်း မှတ်မိသွားပုံရသည်။ ဆရာနှင့် မတွေ့  ဖြစ်တာ လေး၊ ငါးနှစ် မကပြီ။ အသက် ၉၃ နှစ် အရွယ် အဘိုးအို၊ အသည်းညိုညို၊ အရပ်ပျပ်ပျပ်၊ ခပ်သွယ်သွယ်ဆရာ သည် အံ့သြဖွယ်ကောင်းလောက်အောင် အရွယ်တင်သေးသည်။ ၉၃ နှစ် ….၉၃ နှစ် ဆိုတာ နည်းလှသည့် အသက်မှ မဟုတ်ဘဲပဲ။ အသက် ၉၀ ကျော်မပြောနှင့် ။ ၈၀ ကျော်လျှင်ပင် ကြီးလှ ပြီ မဟုတ်ပါလား။

“လာဗျို့… ခင်ဗျားနဲ့ မတွေ့ တာကြာပြီ”

ဆရာက သူ့ထက် အသက်အစိတ်နီးပါးငယ်သော ကျွန်မကို ခင်ဗျားကျွန်တော် နှင့် ပြော သည်။ (ကျွန်မကို သည်လို ကျွန်မထက် အသက်အတော် ကြီးသော်လည်း ခင်ဗျား၊ ကျွန်တော် နှင့် ပြောသူတစ်ဦးမှာ ဆရာဗန်းမော်တင်အောင် ဖြစ်သည်) ပြုံးရယ်လိုက်သော အခါ ဆရာ၏ သွားများ ကား အသက်အတိုင်း မပျက်စီးသေးပေ။ ဆံပင်သည်လည်း ကြိုးကြားမျှသာ ဖြူသည်။ မျက်နှာပြင် ပေါ်မှ အရေး အကြောင်းတို့သည် အသက်ပမာဏအတိုင် မထင်ရှားသေး။

“လာထိုင်ကြ၊ နေကောင်းတယ် မဟုတ်လား”

ကျွန်မကို ပြန်မေးနေသည်။

“ကောင်းပါတယ်ဆရာ ဆရာ မနက်တိုင်း လမ်းလျှောက်တယ်ဆို”

“လျှောက်တယ်လေ.. မနက်တိုင်းပဲ တစ်ရက်မှ မပျက်ဘူး”

“အဖော်ပါမှာ ပေါ့”

ဆရာက ပြုံးလျက်…

“ဒီမှာ လေ အဖော်”

သူ့ကုလားထိုင်ဘေးမှ တုတ်ကောက်တစ်ချောင်းကို လှမ်းယူထောင်ပြလေသည်။

“တွဲ မယ့်လူ မပါဘူးလား”

“လိုမှ မလိုတာ”

ကျွန်မအတော် တော့ အံ့သြမိသည်။

“ကျွန်မ မေမေလေး တွဲ ရတယ်”

“အသက် ဘယ်လောက်ရှိပြီလဲ”

“၈၇ နှစ် ”

“ခင်ဗျား မေမေပြောလိုက် ဘာမှ လုပ်စရာမရှိရင် လှမ်းထားတဲ့ အ၀တ်တွေ ဆွဲချ၊ ပြန် ခေါက်လို့ အိမ်ထဲ လမ်းလျှောက်ပစေ.. ဟုတ်လား”

ထိုနေ့က ဆရာနှင့် ကျွန်မတိုမိသားစု စကားတွေ အတော် ပြော ဖြစ်သည်။ ဆရာ၏ ပြောင် မြောက်သော စကားတွေ ကြောင့် ကျွန်မတို့ ရယ်မိကြသည်။ တစ်ခါတုန်းက အန်တီခင်မျိုးချစ် သော င်းပြောင်းထွေလာ မဂ္ဂဇင်းတွင် ရေး သွားသော “ဟာသ” ပညာ နှင့် ပတ်သက်သော အကြောင်းအရာတစ်ခုကို သတိရမိသည်။

“အာဝဇ္ဇန်းမှာ လည်း အမျိုးအစားရှိပါသေးတယ်။ တစ်ချို့က မထိတထိနဲ့ အတည်ပဲ ပြော သလိုလို ရယ်သွမ်းသွေးသလိုလိုနဲ့ ပြောတတ်၊ ရေး တတ်ကြပါတယ်။ အဲဒါမျိုးကို အင်္ဂလိပ်လို Dry Humour လို့ခေါ်ပါတယ်။ ဒါမျိုးကို ဆရာမောင်ထင်၊ ဆရာဇော်ဂျီ (ဦးသိန်းဟန်) တို့ အလွန်ရေး လေ့ရှိပါတယ်။ ဥပမာ.. ဆရာဇော်ဂျီရဲ့ “သူ့မယား” ၀တ္ထုမှာ မဖော့သည် ကိုဆင်၏ မယား ဖြစ်ရ ပြန်လေသတည်း။ ဆရာမောင်ထင်ရဲ့ လူကြီးများ အတွက် ပုံပြင်မှာ “ထိုဒေသနာ အဆုံး၌ များ စွာ သော လူနတ်ဗြဟ္မာတို့သည် အကျွတ်တရား မရကြကုန်””။

ထို့နောက် အန်တီပြောသွားသည်မှာ Implish Humour ခေါ်တဲ့ ဆော့တော့လည်း ဟာသပဲ။ ပွဲကြည့်စာဖတ်ပရိသတ်ကို ခါးတို့ပြီး ခပ်တည်တည်လုပ်တာမျိုး ဖြစ်ပါတယ်။ အဲဒါမျိုး ဆရာ မောင်ထင် သိပ်တတ်ပါတယ်။

ကျွန်မ မှတ်မိသလောက် ဒီလိုဟာသမျိုးတွေ “ငဘ” ၀တ္ထုထဲတွင် ပါလိမ့်မည် ထင်သည်။ ဂျပန်နိုင်ငံမှ ၀ဘ၀တ္ထုကို ဘာသာပြန်သူ မစ္စတာကာတိုဒါ Katoda (ကျွန်တို့အခေါ် ကိုကျော်ဆွေ) သည် ဆရာမောင်ထင်၏ အရေး အဖွဲ့အား အလွန်သဘောကျသည်။ ကိုကျော်ဆွေနှင့် သူ၏ ဇနီး ဒေါ်သင်းသင်းခိုင်တို့ တောင်းဆိုချက်အရ ဆရာမောင်ထင်ဝတ္ထု ဘာသာပြန်သူကိုကျော်ဆွေကို ဂျပန်စာတတ်သူတို့ သိဖို့ မိတ်ဆက်စာ ရေး ပေးခဲ့သည်။

“သူတို့ ဂျပန်အမျိုးသားကို မြန်မာက ဂျပန်တွေ သိဖို့ မိတ်ဆက်ပေးရတယ် ဟုတ်လား”

ဆရာက ဟက်ဟက်ပက်ပက် ရယ်သေးသည်။

(၂)

ဆရာ၏ “တော” ဆိုသော ၀တ္ထုတိုတွင် ….

“လွတ်လပ်ခြင်း၏ နိမိတ်ကိုဆောင်သော လဟာပြင်ထဲတွင် ကြောက်စိတ်ကင်းသော ကျွဲကျောင်းသားသည် ကျွဲတို့နောက်နားတွင် တင်ပါးလွှဲထိုင်လျက် တောစခန်၏ လွတ်လပ်ရေး တေးသံကို တောအ၀န်း၌ ပျံ့နှံ့၍ တည်စေ၏ ။” ဟု ရေး ခဲ့ပေရာ မထိတထိ ဟာသလား၊ ဆော့ တာ့ တော့ဟာသလား ဘယ်လိုနာမည် တပ်ရမည် မသိ။ ဆရာရေး သွားပုံကြည့်ပါ။

“ထဘီရင်ရှား၍ ဒူးနှစ် လုံးကို လွတ်လပ်ရေး ပေးထားသော မိန်းမပျိုတစ်စုတို့ကား အနားယူ အံ့သော နေမင်း၏ နီမြန်းသော ရောင် ချည်တို့ကို ကျောခိုင်းလျက် ရေအိုးရွက်ရင်း ကန်ပေါင်ရိုးပေါ် မှ နေ၍ ကမ္ဘာလောက တစ်ဝန်းလုံးကို အစိုးရိမ်မဲ့သော မျက်နှာထားဖြင့် ရဲဝံ့စွာ ရှု၏ ”

နောက် စာပုဒ်တစ်ပုဒ်၏ သရော်စာက ပိုပြီး ထိမိပါသေးသည်။ ဆရာ၏ ၀တ္ထုတွေ ဖတ်တိုင်း ကျွန်မတော့ ရယ်မောပျော်ရွှင်ရသည်။

“ထိုးထွက်နေသော ရေဆင်းတံတားကလေး၏ အထက်တွင် မိန်းကလေးထဘီဖွပ်လျက် အောက်တွင် လင်သည်မောင်က မြိန်ရေရှက်ရေ ပလုတ်ကျင်းရင်း ရေချိုးလျက်ရှိနေကြသည်မှာ ယောက်ျားနှင့် မိန်းမ အယုတ်အမြတ် အငြင်းပွားချက်တို့ကို ရှက်ဖွယ်နှင့် ပြက်ရယ်ဘိသကဲ့သို့”

ထို့ကြောင့် ဟာသဆိုသည်နှင့် အပျော်အပျက်ရယ်လို့ ပေါ့ပေါ့တန်တန်ထားလို့ မ ဖြစ်ပါ။ ကျွန်မ၏ ဖေဖေစာရေး ဆ၇ာ မဟာဆွေသည်ပင် ဟာသရသမြောက်သော ၀တ္ထုများ စွာ ရေး သားခဲ့ ဖူးပါသည်။ ဖေဖေ၏ “စာရေး ကြီးဝတ္ထုနှင့် ဆရာမောင်ထင် “မြို့အုပ်ပုံပြင်” တို့ အချိန်အားမည် ဆို လျှင် နှိုင်းယှဉ်ဖတ်ကြည့်စေလိုပါသည်။

လူ့လောက၊ လူ့သဘာဝကိစ္စများ ကို ယထာဘူတကျကျ ကွင်းကွင်းကွက်ကွက် ပေါ်စေရန် အမှန်ဘက်မှ ရေး သွားသည့်အခါ ဘယ်သူမှ ငြင်းပယ်လို့မရ။ လောကကို ဟာသနှင့် သရုပ်ဖော်နိုင် ဖို့ ကိုယ်တိုင်က လောကကြီးကို ရယ်သွမ်းသွေးနိုင်ရမည် ။ သူတကာပေါ်တွင် လည်း ခွင့်လွှတ်နိုင် စိတ်ရှိရမည် ဟုဆိုသည်။

ဆရာ့အေါ် ကျွန်မလေးစားချစ်ခင်နေလို့လား မသိ။ ကျွန်မဆရာပြောသမျှ၊ ဆိုသမျှ သဘောကျသည်။ ခေတ်စကားနှင့် ဆို ကီး Key ကိုက်သည်ဟု ဆိုရမည် ပင်။ ဆရာသည်လည်း ကျွန်အပေါ်၌ စာပေသံယောဇဉ် ကြီးပုံရသည်။ ၁၉၇၅ ခုနှစ်ဦးပိုင်းဟု ထင်သည်။ ကျွန်မတို့ စာရေး ဆရာများ ၀ိုင်အမ်ဘီအေခန်းမဆောင်တွင် ပင်တိုင်ဆွေးနွေးပွဲရှိသည်။ ကျွန်မအလှည့်တွင် လူစည် ရုံမက မေးခွန်းတွေ လည်းများ လှသည်။ ကျွန်မ၏ ဆွေးနွေးပွဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည်။ ပရိသတ်၏ လက်ခုပ်သံ၊ ရယ်မောသံကြားတွင် စိတ်ဝင်စားဖွယ်ဆွေးနွေးပွဲတစ်ခု ဖြစ်လာသည်။

“ကျွန်တော် က မဟာဆွေရဲ့ စာတွေ ကို အကုန်ဖတ်ဖူးတယ်။ ဖတ်ဖူးတော့ ကျွန်တော် က နည်းနည်း တော့ ခွကျတယ်။ ဒီမှာ က မဟာဆွေနဲ့ မကင်းရာ မကင်းကြောင်းတွေ ရောက်နေတယ်။ မြေးအထိ ရောက်နေတယ်။ ဒီတော့ သူတို့လည်း ရှက်မလားမသိ။ ကျွန်တော် တို့တော့ အခု အရှက် တောင် မရှိတော့ဘူး။ (ရယ်သံများ ) ကြီးလာပြီကိုး၊ ဘာမှ စိတ်ထဲမှ ဒါတွေ ကို ရှက်တယ်လို့ မယူ ဆတော့ဘူး။ အခု ကျွန်တော် ဆွေးနွေးချင်တဲ့အချက်က ဒီလိုပါ စာရေး ဆရာကြီး မဟာဆွေရဲ့ အနုပညာအကြောင်းကိုနော်။ စာရေး ဆရာကြီး မဟာဆွေရဲ့ သမီး ဖြစ်သူ ခင်ဆွေဦးက အခုလို ပရိသတ်များ ရှေ့မှာ နည်းနည်း ပြောရင် ဒီပရိသတ်ဟာ ဗဟုသုတရလိမ့်လို့ ထင်လို့ အဲဒီ အချက် ကို ကျွန်တော် အထူးပြုပြီး ပြောချင်ပါတယ်”

ဆရာ၏ ဆွေးနွေးပုံက အလွန်ရွှင်ပါသည်။ ဆရာ၏ လေသည် လာရောက်နားထောင်သူ တွေ ကို ဖမ်းစားနိုင်ပါသည်။ အမှန်ပြောရရင် ကျွန်တော် က မေးမလို့ လာတာပဲနော်။ ဒီတော့ အခု မေးပါ့မယ်။ မေးတာလည်း အကျပ်မကိုင်ပါဘူးနော်။ (ရယ်သံမျာ)

“ပထမကျွန်တော် ပြောချင်တာက ကျွန်တော် တို့ဟာ အသိတရားကို ဖြန့်ချိမယ်ဆိုတော့ အသိတရား မှန်မှန်ကန်ကန် ဖြစ်အောင် လုပ်ပေးဖို့ ၀တ္တရားရှိတယ်။

ခင်ဆွေဦးက ပြောသွားတယ်။ အင်္ဂလိပ်ကဗျာမှာ Form ပုံစံ မရှိဘူးတဲ့။ မြန်မာကဗျာမှာ ဒွေးချိုး၊ လေးချိုးအစရှိသဖြင့် ပေါ့ ။ ပုံစံတွေ ရှီတယ်တဲ့။ ဆိုတော့.. အဲဒါလေး ကို အမှတ်တမဲ့ နား ထောင်လိုက်ရင်ဟာ ဟုတ်ပြီ အောက်မေ့သွားမှာ စိုလို့ ကျွန်တော် ကလည်း နည်းနည်း ပြောချင် တယ်”

“အဲဒီ အခါမှာ ခင်ဆွေဦး မှားသွားပြီ။ သူ့အမှားကို ငါထောက်ပြလိုက်မယ်။ ငါ အမှားဖမ်း တာပဲဆိုတဲ့ သဘောမဟုတ်ဘူးနော်။ တည့်အောင်ကျွန်တော် တာ။ ခင်ဆွေဦးကလည်း ကျွန်တော် ကိုဟုတ်လား။ ဆရာတော့ ငါ့အမှား ဖမ်းနေတာပဲလို့် ယူဆမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံတယ်”

နားထောင်သူ ပရိတ်သက ကျွန်မစိတ်ညစ်သွားမယ်ထင်ထားသည်။ ကျွန်မ စိတ်မညစ်တဲ့ အပြင် ဆရာရဲ့ သွန်သင်ဆုံးမမှု ကြောင့် ပျော်သွားသည်။ ဆရာက စေတနာနှင့် ပြင်သွားသည့်ကိစ္စ ဖြစ်ပါသည်။ ပုံစံမှာ အင်္ဂလိပ်တွင် လည်းရှိသည်။ တရုတ်နှင့် ဂျပန်တို့တွင် လည်းရှိသည်။ ကျွန်မမှာ Blank Verse ကာရန်မဲ့ကဗျာ ကိုရည်ရွယ်ပြောလိုက်မိတာ ဖြစ်သော်လည်း ဆရာက Rhyme တွင် မီတာအမျိုးမျီုးနှင့် စပ်သည့်နည်းရှိသလို ရှေးတုန်းက ဖြစ်ခဲ့ဘူးသော သဘာဝတွေ ကို လွမ်းစရာ၊ ဆွေးစရာကောင်းအောင် စပ်ဆိုသော Ballad ဆိုသော ကဗျာ၊ သမီးရည်းစားရေး သလို ချစ် ကြောင်း၊ ကြိုက်ကြောင်း စပ်သော Sonnet ဆွန်းနက် ဆိုသည့် ကဗျာအကြောင်းတွေ ကို အကျယ် တ၀င့် ဆွေးနွေးသွားသည်။

ထိုအချိန်တုန်းက ပုဂ္ဂိုလ်အရ ဆရာနှင့် မရင်းနှီးလှပေမယ့် အတော် လေး ညှာညှာတာတာ ဆွေးနွေး သွားပါသည်။ ကျွန်မ ၁၉၆၁ ခုနှစ် “တို့တိုင်းဌာနီ” လုံးချင်းဝတ္ထုပေးကာ ဝေဖန်ပါပြော တော့ “အရှိန်နှင့် ပြေးနေသော မြင်းများ ကို ရပ်တန့်ရမည့် နေရာတွင် ဇတ်သတ်ရမည် ကဲ့သို့ ယခု ၀တ္ထုသည် ဇက်သတ်ကောင်း သည်ဟု ဆိုရမည် ဖြစ်သည်ဟု ရေး ပေးပြီး မှတ်ချက်အဆုံးသတ် တွင် “ကြော်ငြာရန်မဟုတ်” ဟု ရေး လိုက်သေးသည်။ ခုလို နှစ် ၄၀ ကျော်အချိန်ကျမှ ပြန်ဖော်ပြရ ခြင်း ဖြစ်သည် ကြော်ငြာဟု မယူဆစေလိုပါ။”

အခန်း (၄)

(၄)

မဟာဆွေမွေးနေ့ (၇၅) နှစ် မြောက်အထိမ်းအမှတ်ပွဲကို ရာမာခရစ်ရှာနာခန်းမတွင် ကျင်း ပခဲ့ရာ ဟောပြောမည့် သူနှစ် ဦးကို ရွေးချယ်ခဲ့ရာ ဆရာမောင်ထင်နှင့် အန်တီခင်မျိုးချစ်တို့အား ကျွန်မတို့သားအမိက ဟောပြောပေးပါရန် တောင်းဆိုခဲ့သည်။ ပူးတွဲ စိစဉ်သူ မြန်မာ့ပန်းအသင်းက နိုင်ငံရေး ခေါင်းဆောင်ဟောင် သခင်အမည် ခံ စာရေး ဆရာတွေ ကို ပြောစေလိုခဲ့သည်။ အချိန်အ တန်ကြာ အငြင်းပွားခဲ့ရာမှ ကျွန်မဆန္ဒအတိုင်း ထိုနှစ် ဦးကိုပင် ဟောပြောစေခဲ့သည်။

ဂျပန်ခေတ်မှအစပြု၍ ကျွန်မဖေဖေနှင့် ဆရာမောင်ထင် အလွန်အကျမ်းဝင်ရင်းနှီးခင်မင် ခဲ့ကြသည်မှာ တူသား၊ နောင်မယ်ပမာပင်။ မေမေကဆိုလျှင် ဆရာကို သူ့အမည် ရင်း “ကိုထင် ဖတ်” ဟုခေါ်သလို ဖေဖေကလည်း “မောင်ထင်ဖတ်” ဟုခေါ်သည်။ ဖေဖေ့စာတွေ ကိုလည်း ဆရာ အကုန်ဖတ်ဖူးသည်။ ဖေဖေ့အပေါ်မှာ နိုင်ငံရေး ရှုထောင့်ကအမြင်မှာ ကျွန်မအတွက် ရိုးနေသဖြင့် ဆရာ၏ စာပေအမြင်ကို ရယူချင်သော ကြောင့် လည်း ဖြစ်သည်။ အန်တီက နိုင်ငံရေး ရှုထောင့်က ဟောပြောပါလိမ့်မည် ။ ကျွန်မက စီစဉ်သူဆရာတွေ စိတ်ကျေနပ်စေရန် စည်းရုံးရသည်။

ဆရာ့ဟောပြောချက်ကို အားလုံးက သဘောကျကျေနပ်အားရကြပါသည်။ ဖေဖေ့ စာတိုင်း ကို ထိတွေ့ ဖူးသော ဆရာမောင်ထင်၏ ဟောပြောသော အချက်အလက်တွေ မှာ ထောင့်စေ့ရုံမက အနှစ် သာရပိုင်းတွေ ပါ ထုတ်ထုတ်ပြသွားနိုင်ပါသည်။ လှုံ့ဆော်သော စာပေ Inflammation Literat ure ဖြစ်သော သူပုန်းကြီး ဒို့မေမေ၊ သူပုန်အိမ်၊ တော် လှန်ရေး သမိုင်းကိုပြသော စစ်ထွက်သူဝတ္ထု၊ ပြုပြင်ပြောင်းလဲရေး ၀တ္ထုတွေ သော ပျို့တောင်ပြုံး၊ ကာလပြောင်းပြန်၊ စနေဂြိုဟ်စသည်များ လည်း မချန်ရစ်ခဲ့။ နေပူကျဲကျဲထဲတွင် ခရီးရှည်သွား ဆရာကြီးဘိုးဝဇီရနှင့် တွေ့ ပြီး ဆရာကြီး၏ စာမူကို ယူရပုံ၊ အသက် (၈၀) ကျော်နေသော ဆရာကြီး၏ သတိတွေးကလည်း တွေ ဝေနေပြီ။ အရင် ဆရာ ကြီး ဘိုးဝဇီရ၏ စာတွေ ကို မြတ်နိုးလို့ဆိုပြီး ယူယူသွားကြတာ ပေါ်မလာဘဲ ဖြစ်နေတော့ ဆရာကြီး ဆီကနေ အကြောင်းချင်းရာတွေ မှတ်ယူရတာ မလွယ်ဘူ ဖြစ်နေရာကနေ…

“ဒါပေမဲ့ မဟာဆွေမှာ သတင်းထောက်ဉာဉ်ရှိတယ်။ ဘိုးဝဇီရကို တွေ့ တဲ့အခါကျတော့ သူ့ စိတ်ကို နှိုးနှိုးပေးတယ်။ ဘယ်လိုနှိုးပေးသလဲဆိုရင် စာနှင့် ပေနှင့် ဆရာကြီး ကတော့ ဒီလိုဒီလိုပြော တာပဲ။ ကျွန်တော် တွေ့ ဖူးသရွေ့တော့ ဟိုလိုဟိုလို ဖြစ်နေပါလား။ ဒီတော့ ဆရာကြီးက ဒါတော့ ဘယ်ဟုတ်မလဲ။ ဒါတွေ က စာကူးရင်းနဲ့ မှားကုန်တာနဲ့တူတယ်။ ငါ ရွတ်ပြမယ်ဆိုပြီး အဲဒီ တော့ တစ်ပိုဒ်စီ တစ်ပိုဒ်စီ ဆွဲဆွဲထုတ်တယ်”

ဆရာမောင်ထင်က “ဖိုးဝဇီရ” ကို သုတေသနစာတမ်းကြီးတစ်ခု ဖြစ်တယ်။ သုတေသန လုပ်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဆိုရင် နမူနာအားဖြင့် တောင် ဖတ်ရှုသင့်တယ်ဟု ယူဆ ကြောင်း ဟောပြောသွားသည်။

(၅)

ကျွန်မစိတ်ရှုပ်ထွေးနေသော အခါ ဆရာမောင်ထင်ရေး သော စာများ ကို ဖတ်ရှုခဲ့ရသည်မှာ တစ်သက်ပတ်လုံးပင်။ ယနေ့အထိ ဆရာ့စာများ နှင့် အဆက်မပြတ်ခဲ့ပေ။ တစ်လောတုန်းကပင် ရန်ကုန်တက္ကသိုလ် နှစ် ငါးဆယ်မဂ္ဂဇင်းတွင် ပြန်လည်ဆန်းသစ်သော ဆရာမောင်ထင်၏ “မျိုးချစ် စိတ်ထကြွဖွယ်စာပေ” ကိုဖတ်ရင်း လှိုက်လှိုက်လှဲလှဲ ပြုံးပျော်ရုံမက ရယ်ရွှင်ရသေးသည်။

ကျွန်န်ုပ်တို့ ဗမာလူမျိုးများ သည် နှယ်နှယ်ရရ လူမျိုးများ မဟုတ်။ ကမ္ဘာဦးတည်စက ဗြဟ္မာ ကြီးလေးဦးတို့ ကမ္ဘာမြေဆီ မြေဦးတို့ကို စားသောက်ရာမှ ပေါက်ဖွားလာသည့်အမျိုး ဖြစ်လေရကား။ ကမ္ဘာတွင် “ဗမာ” ဟု အသံကုန်ဟစ်အော်ကြွေးကြော်လိုက်လျှင်ပင် အရီးသားအေးတို့အိမ်ကို ကျော်၍ ကိုသာဗျောတို့ အိမ်နောက်ဖေးမှ အတိုင်းသားကြားရလေသည်။

“ကွမ်း အလွန်ဝါးတတ်ဟန်ရှိသော သူရဲကောင်း လေးဦးတို့သည် “ပိုက်ကျုံး” ရှုံးသော ပေါက်ဖောက်ကြီးများ ၏ လည်ပင်းကို ကွမ်းစားရန် လက်တွင် ကော်ထားသော ထုံးဖြင့် သုံးချက်တိ တိ ထုံးခွေခဲ့ဖူးသည်မျှမကသေး။ ယခု ကာလပေါ် ဘယ်အင်ဂျင်နီယာမျိုးမှ မကြံဝံ့မကြံကောင်း သော ၀ါးပြွန်ကို “တုံကင်” လုပ်၍ ရေစုပ်ထုတ်နည်း ထွင်ခဲ့ပေသည်။ ယခုကာလ လေယာဉ်ပျံဆို သည်မှာ အဆန်း မဟုတ်ချေ။ ရှေးက မယ်သီတာကို ဒဿဂီရိ ခိုးယူသည်မှာ လေယာဉ်ပျံနှင့် မ ဟုတ်တုံလော။

ဆရာမောင်ထင်မှာ သူ၏ အလွန်ကောင်းသော လက်နက်တစ်ခုကို ကိုင်စွဲလျက် ဟာသ ရသနှင့် လောကကို သရုပ်ဖော်ခဲ့လေသည်။ ဤသည်ပင် အလွန်ထူးခြားသော ပါရမီရှင် ဆိုသည် ကို မငြင်းဆန်နိုင်ပေ။ အနုပညာသည်တိုင်းတွင် ဟာသရသ Sense of Humour ပိုင်ဆိုင်နိုင်ရန် အလွန်ခဲယဉ်းပါသည်။ ပျော်ပျော်ရွှင်ရွှင်နှင့် တန်ခိုးထွားသော ဟာသပညာရှင် ဆရာမောင်ထင် အသက်ရှည်အနာမဲ့ပါစေ။ အသက် ၁၂၀ ကျော်ရှည်စေသော် ဆန္ဒပြုရပါသတည်း။ ။

(ဟန်သစ်မဂ္ဂဇင်း၊ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာ)

အခန်း (၅)

ကြယ်ပွင့်အလွမ်းပုံပြင်

(၁)

ရုပ်အလောင်းဟာ အချိန်ပြည့် စာရေး စာဖတ်ခဲ့တဲ့ ပညာရှင်တစ်ဦး ဖြစ်ခဲ့တာမို့ အသား အရေဟာ ညိုပေမဲ့ ကြည်လင်သန့်စင်ပြီး အိပ်ပျော်နေသလိုပဲ။ သူ့အိပ်ရာပျော်နေဟန် ရုပ် အလောင်းကို ငေးလို့ကြည့်ပြီး ဘယ်သူမှ မျက်ရည်မဆည်နိုင်ကြပါဘူး။ ကျွန်မအနီးမှာ ရပ်နေတဲ့ မပြုံး (ပြုံးစာပေ)က “ဆရာရေ… ဆရာရေ” လို့ ရှိုက်သံနဲ့ တမ်းတိုနေရှာတယ်။ သူ့ဘကြီး သခင်မြ သန်းဆုံးခဲ့စဉ်က မျက်ရည်တွေ ဟာ အသစ်အသစ် ဖြစ်ပြီး မျက်လုံးအိမ်မှာ ပြည့်လျှံနေပါတယ်။ အားလုံးရဲ့ မျက်လုံး အိမ်တွေ မှာ လည်း ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာနေသလို ပါပဲ။ မျက်ရည် တွေ ၊ မျက်ရည်တွေ ပြည့်လျှံလို့ တခြားမျက်နှာကြီး အသုဘများ လို ဟန်ဆောင်ပန်ဆောင် ငိုတဲ့လူ တစ်ယောက် မှ မပါဘူး။

အကုန်ငိုနေကြတာ။ တကယ်ငိုနေတာ။ အသည်းနှလုံးထဲကလှိုက်ပြီး ပူဆွေးငိုနေကြတာ။ ငိုရမှာ မရှက်ြ ကတော့ဘူး။ မျက်ရည်တွေ ကို ထိန်းလို့မရတော့ဘူး။ အလွန် ငိုချင်နေကြတာ။ ဆရာ ချစ် (ချစ်ဦးညို) က ဆရာပါရဂူရဲ့ပခုံးပေါ် မျက်နှာမှော က်ပြီး ငိုနေရှာလေရဲ့ ။ သိပ်ကို ကြေကွဲစရာ ကောင်းတဲ့မြင်ကွင်းပဲ။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ရဲ့ ဖခင်ကြီး ဆုံးရှာပြီ။ ဒီဇတ် လမ်းထဲက သံချောင်းကို သတ်ပစ်ရမလားရယ်လို့ တစ်ချိန်တုန်းက ဆရာမြသန်းတင့်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ကြတာလေ။ ၁၉၇၀ ခုနှစ်ပိုင်းလောက် ဒီဝေဖန်သံဟာ တော် တော် နဲ့ မစဲနိုင်ဘူး။ အဲဒီ လောက် သံချောင်းကို စွဲလမ်းခဲ့ကြတာလေ။

ခုတော့ သံချောင်းရဲ့ အင်မတန် သန်မာတဲ့ ဖခင်ကြီး မမျှော်လင့်ဘဲ ဆုံးရှာပြီ။ ဆရာက တော် (မဘေဘီ) လည်း မိုးကုတ်ဝိပဿနာသမားမို့ စိတ်နှလုံးခိုင်ခိုင် မငိုမိအောင် ထိန်းခဲ့ရှာပေမဲ့ ဆရာ့ကို ခေါင်းသွင်းခါနီး မှာ အနားရောက်လာ၊ ဆရာ့နဖူးကို နေမကောင်းသူ စမ်းသလိုစမ်းလို့။ သူ့ရဲ့ လှပဖြူဖွေးပြီး သွယ်ပျောင်းတဲ့ လက်ကလေးနဲ့ နဖူးစမ်းလိုက်၊ လက်လေးကို ကြာဖတ်လို လှန်ပြီး ပါးစမ်းလိုက်နဲ့။ အို.. မဘေဘီရယ်။ ဆရာမြသန်းတင့် အသက်ရှင်စဉ်က ပြုမူတဲ့အပြုအမူ ပါလာ။ ဒါတွေ ဆရာကတော် တမင်လုပ်တာ မဟုတ်ပါဘူး။ အမှတ်တရ လုပ်သွားတာပါ။ ကဗျာ ဆရာမောင်အောင်ပွင့်က အဲဒီ မြင်ကွင်းကို ပြန်ပြောပြတိုင်း ကြေကွဲစွာ လှိုက်မောရပါတယ်။ မိုးမိုး အင်းလျားဆုံးတုန်းက ကျွန်မအိန္ဒိယမှာ ရှိနေတာ ကံကောင်းသေးတော့။ နို့မဟုတ်ရင် ဒိလိုပဲ ရုပ် အလောင်းဘေးမှာ နဖူးသပ်ကာ၊ ပါးလေးကိုကိုင်ကာနဲ့ ကြေကွဲထိခိုက်ရင်း လုပ်နေမိမှာ ပဲ။ မိုးမိုး အင်းလျားကိုယ်တိုင် ဘာသာပြန်ထားတဲ့ တဂိုးကဗျာလေးတစ်ပုဒ်ကို ကျွန်မသတိရနေမိသေးရဲ့ ။

ကဗျာခေါင်းစဉ်လေးက အချစ်ရှုံးသူတဲ့။ ဆရာကတော် အတွက် သူ အလွန်ချစ်မြတ်နိုးခဲ့တဲ့။ ပါရမီဖြည့်ခဲ့ရတဲ့ ခင်ပွန်းလင် ဆုံးရှာခဲ့လေပြီလေ။

အချစ်ရယ်..

နောက်ဆုံးတေးကို သီကျူးပြီးတဲ့အခါ

မောင်တို့ ခွဲခွာကြပါစို့ရဲ့

ညတာ ကုန်ဆုံးတဲ့အခါကျတော့လည်းကွယ်

ဒီညလေးကို မေ့ပစ်လိုက်ပါတော့

မောင့်အချစ်ရယ်…

မေတ္တာစစ် မေတ္တာမှန်တို့မည် သည်

သော ကကို

ဆောင်ယူလာတတ်ကြစမြဲပါ

နှလုံးသားဆိုတာ မျက်ရည်တစ်စက်

လင်္ကာတစ်ပုဒ်နဲ့အတူ ပေးဆပ်ဖို့

သက်သက်ပဲ မဟုတ်လားကွယ်

ပျော်ရွှင်မှု ဆိုတာ တဒင်္ဂပါ

ရယ်မောလှုပ်ရှားလိုက်ရုံနဲ့

ဘ၀ချုပ်ငြိမ်းသွားတတ်တဲ့ နှင်းစက်လေး

တစ်ပေါက်လိုပါပဲ

(၂)

ကျွန်မမှာ ဆရာမြသန်းတင့်နဲ့ပတ်သက်လို့ Memoirs (အမှတ်တရရုပ်ပုံလွှာ) ကားချပ်ပေါင်း မြောက်မြားစွာ ရှိပါတယ်။ ဆရာက ကျွန်မကို ခရီး (စာပေဟောပြောပွဲခရီး) တွေ မှာ သူ့နှမရင်းချား လို စောင့်ရှောက်လေ့ရှိပါတယ်။ ဒီကျေးဇူးတွေ ကျွန်မမမေ့နိုင်ပါဘူး။ တစ်ခါတစ်ခါ မောင်နှမရင်းချာ လို ခရီးတွေ ထွက်ရင်း ရင်းနှီးလာခဲ့ကြပါတယ်။ မိုးကောင်းမြို့ စာပေခရီး ကိုစိန်လွင်တို့ ဖိတ်တော့ ကျွန်မရယ်။ ဆရာမြသန်းတင့်ရယ်။ မောင်သွေးသစ်ရယ်။ ယုဝတီရွှေဝါစိန်ရယ် မန္တလေးမှာ တစ် ထောက်နားကြတယ်။ ဒေါ်ဒေါ်မာကတောင်..

“ကိုမြသန်းရေ… ကိုမြသန်းတို့ပွဲကူး မကြမ်းဘူးလား” ပြောတော့..

“ကြမ်းပါစေ ..ဒေါ်ဒေါ်ရေ ခင်ဆွေဦးလည်း အတွေ့ အကြုံရအောင် ”တဲ့လေ။

ကျွန်မက ဟောပြောပွဲတွေ ငြင်းဆန်ခဲ့တာမို့ ခရီးဦးအစမှာ ပြောခဲ့တာလေ။ အဲဒီ တုန်းက ခေတ်သုံးစကား ဆင်စွယ်နန်းတော် ပေါ်ကနေ လူထုထဲ တိုးဝင်ရမယ်တဲ့။ မိုးကောင်းအပြင် ဆား မှော်၊ ပင်းဘော၊ ဖားကန့်နယ်စွန်နယ်ဖျားတွေ အထိ ကျွန်မတို့ ရောက်ခဲ့ကြတာ။ ဟိုပင်မြို့ကို အ၀င်၊ “စာပေဟောပြောပွဲ” ဟောခွင့်မရခဲ့လို့ လူငယ်တွေ အတော် နေမထိထိုင်မထိ ဖြစ်ခဲ့ကြတာ။ ဆရာမြသန်းတင့်လို လူမျိုးနယ်စွန်နယ်ဖျား တကူးတက ရောက်လာပါလျက်နဲ့ နားမထောင်ကြရလို့ စိတ်မကောင်းရှာကြဘူး။ မိုးညှင်းမှာ လည်း ဒီအတိုင်းပါပဲ။

အသားညိုညို ၊ မျက်နှာထူထူ ဖျတ်လတ်သေးသွယ်တဲ့ လူ တစ်ယောက် ၊ ဘယ်လောက်ခရီး ပန်းပန်း။ ပွဲဆက်တွေ များ မျာ ညည်းညူခြင်းမရှိတဲ့ လူ တစ်ယောက် ဘ၀ တက္ကသိုလ်တုန်းက ဆန် အိတ်တွေ ပိုးခဲ့ရတာ တာတဲ့။ ကျွန်မတို့ ခရီးသွားရင်း သယ်ပိုးလာခဲ့တဲ့ အထုပ်လောက် ကတော့ အပျော့ပေါ့။

ဆရာဟာ လူကြီး တစ်ယောက် ပေမဲ့ ကိုယ့်အကြောင်းကိုယ်ကိုယ် သူများ ငြီးငွေ့အောင် ပြောမယ့်အစား သူနဲ့ လှည့်ပြောနေတဲ့ တစ်ပါးသူအကြောင်းကိုသာ မေးမြန်းတတ်ပါတယ်။ ကျွန် သတိထားမိသလောက် ဆရာဟာ စကားများများ ပြောတတ် နားထောင်တတ်သူသာ ဖြစ်ပါတယ်။ အဲဒါကိုသာ ဆရာ့အရည်အချင်းတစ်ခုနဲ့ အားကောင်းချက်တစ်ချက်ပါ။ ကိုယ့်ကိုယ်ကိုယ် အမွှန်း တင်ပြီးပြောသူ၊ သို့မဟုတ် ကိုယ့်အကြောင်းကိုယ် ဦးစားပေးပြောတတ်သူတွေ သင်ခန်းစာယူရ မယ်ကိစ္စပါပဲ။

“ဆရာနဲ့ ခရီးထွက်ရတာ ကျွန်မတို့ပညာ ဖြစ်ပါတယ်”

“ဘာ ဖြစ်လို့လဲ”

ကျွန်မတို့ သားအမိဘက် လှည့်မေးတယ်။

“အဲဒီ တော့ ဆရာ့မှာ လူငယ်တွေ သဘောကျလောက်တဲ့ အရည်အချင်းတွေ ရှိတာမို့ ကျွန်မရဲ့ ၀တ္ထုထဲက ဇာတ်ဆောင်တစ်ဦးနေရာမှာ ထည့်ရေး ဦးမယ်”

“မလုပ်ပါနဲ့”

ကျွန်မက တကယ်ပဲ ရေး ခဲ့ပါတယ်။ အာသစ်စာပေတိုက်က ထုတ်ဝေခဲ့တဲ့ “အရုဏ်ဦးမှာ ပန်းသစ်ပွင့်တယ်” ဆိုတဲ့ ၀တ္ထုထဲက “လေးလေး” ဆိုတဲ့ ဇာတ်ဆောင်တစ်ဦးဟာ ဆရာပါပဲ။ ဆရာ မြသန်းတင့်လားလို့ မေးရင် ကျွန်မ မငြင်းနိုင်ပါဘူး။ အဲဒီ တုန်းက ဆရာက ကျွန်မနဲ့ ကျွန်မ သမီးကို ဘာစာအုပ်တွေ ဖတ်နေလဲ မေးပါတယ်။ ကျွန်မက…

“ဟန်စုရဲ့ ချုံကင်းသို့ ခရီးတစ်ထောက်” Destination Chunking ရယ်၊ Hensi Cherriere ရေး ပြီး လေသူရဲတစ်ဦး ဘာသာပြန်ထားတဲ့ Papillon ပါပီလွန် ရယ်လို့ ဖြေပါတယ်။ အမျိုးသမီး တွေ စိတ်မ၀င်စားတဲ့ စာအုပ်မျိုးတွေ မို့ နည်းနည်း အံ့သြသွားပုံရတယ်။ ဒါပေမဲ့ ဆရာ့အရည်အချင်း နဲ့ ဆရာ့ကို နားလည်မှု ဟာ ဒီလိုစာအုပ်မျိုးတွေ ဖတ်လို့ပဲဆိုတော့ အဲဒီ တုန်းက ကိုယ့်ကိုယ်ကိုယ် သတိမထားမိခဲ့တာ အမှန်ပါ။ ကျွန်မ ပါပီလွန်ထဲမှာ မှတ်မိနေတဲ့ စာပိုဒ်တွေ မှာ ..

ကျွန်တော့်မှာ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် သူ မဟုတ်ပါ။ ကျွန်တော့်မှာ သတ္တိရှိသူ ဖြစ်၏ ။ ကျွန်တော့်ဘ၀ကို ရောက်ရာဘ၀၌ လောကဓံကို ကြံ့ကြံ့ခံပြီး ရှင်သန်အောင် ရုန်းမည့် သူ ဖြစ်၏ ။ ကျွန်တော့် ဘ၀ကို အသေမခံပါ။ ရုန်းမည် ။ တိုက်မည် ။၊ကျွန်တော့်အရှေ့မှ အခက်အခဲပြဿနာ ဒုက္ခဆင်းရဲအားလုံးကို ရုန်းမည် ။ တိုက်မည် ၊ မျှော်လင့်ချက်ရောင် ခြည်များ ကို တော့ ကျွန်တော့်ဘ၀၌ ဘယ်တော့မှာ အပျောက်မခံ။ နေ့စဉ် မျှော်လင့်ချက်အပြည့်နှင့် ဘ၀ကို အမြဲစနေမည့် သူ ဖြစ်၏ ။ မှန်သည် မနက်ဖြန်၌ ပင် ဘ၀သစ်တစ်ခုကို မျှော်မှန်းချက်အပြည့်နှင့် ပြန်စဦးမည် ။

ကျွန်မတို့ မိုးကောင်းအသွား ဆရာမြသန်းတင့်နှင့် ကျွန်မ သမီးက ထမင်းဟင်းတွေ ဆင်းဝယ်ကြသည်။ ကောလင်းဘူးတာမှာ ဆိုက်တာ ခဏလေးရယ်။ကျွန်မ ပစ္စည်းစောင့်တုန်း ရထားက ထွက်ဖို့ ဥသြဆွဲလိုက်တာမို့ ဆရာတို့ ပြေးတက်လာကြတယ်။ ဥသြလည်းဆွဲ ရထားက လည်း ထွက်မို့ ကျွန်မဖြင့် စိတ်ပူလိုက်ရတာ ။ ဆရာက ဖျတ်ဖျတ်လတ်လတ် တွဲ ပေး ခုန်တက်ပြီး ရယ်ရယ်မောမောနဲ့ သမီးက လူငယ်မို့အကြောင်းမဟုတ်ဘူး။ ဆရာ့ကို စိတ်ပူတာ။ အဲဒီ တုန်းက မျက်စိက အတော် ကိုမှု န်တာ။

မနက်ခင်းနေကလည်း တစ်စစ မြင့်တက်လာခဲ့ပြီ။

ကောလင်းတစ်ဝိုက် စောစောတုန်းက မှု န်မှိုင်းနေတဲ့ နှင်းမြူတွေ လည်း ပြိုကွဲစပြုနေပြီ။ ကျွန်မရဲ့ ၀တ္ထု “အရုဏ်ဦးမှာ ပန်းသစ်ပွင့်တယ်” က လေးလေးက ကျွန်မရဲ့ မျက်စိရှေ့မှော က်မှာ ။ စာရေး ဆရာရဲ့ စိတ်ကူးစိတ်သန်းတွေ ဟာ နယ်ချဲ့လို့ရှိနေပါတယ်။ မြန်မာပ်ြညရဲ့ သားကောင်းရ တနာတွေ ပေါ့။ ကျွန်မအားကျကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တွေ လေ။ ကျွန်မ၀တ္ထုထဲ ဇတ်ဆောင်အ ဖြစ် ထည့်ရေး မယ်လို့ ကျွန်မက ဆရာ့ကို မပြော ဖြစ်ဘူး။ ၀တ္ထုသာ ထွက်သွားရော ကျွန်မ မပြော ဖြစ် ဘူး။

ဆရာဟာ မှတ်ဉာဏ်တော့ အအတော် ကောင်းတဲ့သူ။ စာပုဒ်တွေ ၊ ကဗျာတွေ ၊ ၀တ္ထဲုက အကြောင်းအရာတွေ ကို လုံးစေ့ပတ်စေ့ ပြန်ပြောတတ်တယ်။ ကျွန်မ သဘောကျနှစ် ခြိုက်ဖူးတဲ့ စာရေး ဆရာ အယ်မလီဇိုလာ Emily Zola ရဲ့ Nana နာနာဝတ္ထုဆိုရင် ဆရာက ကျွန်မထက် အကြောင်းအရာတွေ ကို ပိုမှတ်မိနေတတ်တယ်။

“ဇိုလာဟာ စာသိပ်ရေး တဲ့သူ။ အဆက်ပြတ်လည်းရေး တယ်။ အားကျဖို့ကောင်းတယ်။ “His golden rule and the moto which he gave his friends and disciples was ‘ let us write a lot”

ဆရာက ဇိုလာရဲ့ ရွှေစည်းမျဉ်းနဲ့ ဆောင်ပုဒ်ကို ရွတ်ပြပါတယ်။ ဇိုလာက သူ့သူငယ်ချင်း တွေ နဲ့ တပည့်တွေ ကို ပြောသတဲ့။ သူ့ဆောင်ပုဒ်က “စာတွေ များများ ရေး ကြပါစို့” တဲ့။ ဒီဆောင် ပုဒ် အတိုင်း ဆရာကျင့်သုံးပြီး စာတွေ အများ ကြီးရေး ခဲ့တာပေါ့နော်။ ကျွန်မကို စာရေး ကျဲလို့ ခဏခဏ ဆူပါတယ်။ ခု.. ဆရာက ဆုံးပါးကွယ်လွန်သွားမှ အတော် အတန် ရေး ရတော့တာပေါ့။ ရောက်ရာ ဘ၀က ဆရာ ကျွန်မကို ခွင့်လွှတ်နိုင်ပါစေ။

အခန်း (၆)

(၃)

ဆရာမြသန်းတင့်ရယ်၊ ကျွန်မရယ် လွိုင်ကော်ကို လေယာဉ်ပျံနဲ့ ခရီး ထွက်ခဲ့ကြပါတယ်။ ဆောင်းနှင်းမြူတွေ ကျနေတဲ့ အချိန်ပေါ့။ ဒီအကြောင်း အရင်း ကလျာမဂ္ဂဇင်းမှာ ရေး ခဲ့မိပါသေး တယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ ဒီမောဆိုး၊ ဖားဆောင်နဲ့ ချီကယ်မြို့တွေ ပါ မဖွံ့ဖြိုးတဲ့ နယ်မြေဒေသပတ်ဝန်းကျင်ကို မော်တော် ကားနဲ့ တင်မက လှည်းခရီး၊ ခြေလျှင်ခရီးနဲ့သွားခဲ့ကြပါ တယ်။ ပပ်ကြားအက်နေတဲ့ လယ်ကွင်းတွေ ပေါ်က လယ်ကန်သင်းရိုးဟာ လမ်းသွားရခက်ပါတယ်။ အမျိုးသမီးဆိုလို ကျွန်မ တစ်ယောက် တည်း၊ ကြာတော့ ကျွန်မကို သူတို့ ယောက်ျားလေးလို သတ်မှတ်လာပုံရတယ်။ ခရီးပြင်းကို မနာြး ကတော့ဘူး။ ကျွန်မလည်း ဘယ်ခရီးမှ ကျွန်မကြောင့် မနှောင့်နှေးစေချင်တော့ပါဘူး။

ဆရာက ကျွန်မ တူးဖူးကဗျာတွေ ၀တ္ထုထဲတည့်ရေး လေ့ရှိတော့ တူဖူးကဗျာတွေ ကို တစ် လမ်းလုံး ရွတ်ပြလာပါတယ်။ ကျွန်မက စာထဲထည့်သာရေး တယ် ဆရာ့လို အလွတ်မရ ပါဘူး

“ထင်းရှူးလေးပင်”

ပထမဦးဆုံး

ငါစိုက်ခဲ့တဲ့ ထင်းရှုးလေးပင်

သုံးပေထက်မြင့်ကြတယ်

သူတို့တွေ

မြင့်မားထွားကျိုင်းလာတော့

အရိပ်ကိုပေးတယ်

ငါ လူ တစ်ယောက် ဟာတော့

အမြစ်တွေ မရှိ

တုပ်နှောင်ခြင်းမရှိ

မင်းတို့သူငယ်ချင်း ဖြစ်ဆဲပဲ

ဒီလိုနဲ့ ရွေ့လျားရင်း

ငါ ကဗျာတွေ ရွတ်ဆိုခဲ့

ဒါဟာ အခုချိန်မှာ

အရာရာ နေရာယူလျက်

နှစ် ထောင်သော င်းမကကြာလည်း

ငါရဲ့ ထာဝရထင်းရှုးပင်တွေ

မင်းတို့ဟာ ထူးဆန်းစွာ

နတ်ပြည်ခြောက်ထပ်ထိ

ထိုးတက်သွားကြတယ်။

ကဗျာအဓိပ္ပာယ်ပြောပြရင်း ကျွန်မတို့ ဂီကယ်ရွာကို ရောက်သွားကြတယ်။ ကျွေးတဲ့ဟင်းက ကျောက်ဖရုံသီးစပ်စပ်၊ ဆီဝေ့ဝေ့၊ ငရုတ်သီးနဲ့ အငန်ထောင်း။ စားလို့ မြိန်ကြတယ်။ ရွာလေးက အဲဒီ တုန်းက မဖွံ့ဖြိုးသေးပေမဲ့ ကျွန်မတို့ ဧည့်သည်တွေ ကို ကောင်းကောင်းပြုစုကြရှာပါတယ်။ ချုံနွယ်ပိတ်ပေါင်းတွေ ကြားထဲက သက်ငယ်မိုး ၀ါးထရံကာ အိမ်လေးတွေ နဲ့ ရွာလုံးကျွတ်ပဲ လာနား ထောင်ကြတာ။

နောက်မြို့တစ်မြို့ရောက်တေ့ အခမ်းအနားမှူးလုပ်တဲ့ ကယားအမျိုးသားတစ်ဦးဟာ စိတ် လှုပ်ရှားနေပုံရပါတယ်။ သူ မိတ်ဆက်ပေးပုံကြည့်ပါဦး ဆရာ မြသန်းတင့်ကို..

“ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မယ်” ပြောရမယ့်အစား “ဖားတောင်ကိုကျော်၍ ရွှံ့ပင်လယ်ကိုဖြတ်မည် ”တဲ့

ဆရာက ရယ်နေလိုက်တာလေ လက်ဖက်ရည်ကြမ်းောတင် သီးတယ်။ ကြံကြံဖန်ဖန် မှားမှ မှားပလေ။

“ဖားတောင်ကိုကျော်၍ ရွှံ့ပင်လယ်ကိုဖြတ်မည် ”

ဖားစည်နဲ့ ရောသွားတယ်ထင်ပါရဲ့ ။ စောစောတုန်းက ရေ၀ပ်တဲ့ လယ်ကန်းသင်းဖြတ်တော့ ရွှံ့ကိုမြင်ပြီး “ရွံ့ပင်လယ်” လို့ ပြောမိတာ ထင်ပါရဲ့ ။

ကျွန်မတို့မှာ ကျိတ်ပြီး ရယ်မိကြတယ်။

အားလုံး အမှတ်တရချည်းပါပဲ။

ကျွန်မတို့ကို ဆောက်လုပ်ရေး က ဧည့်ရိပ်သာ ပေးထားပါတယ်။ အဲဒီ ဧည့်ရိပ်သာရှေ့ မလှမ်းမကမ်းမှာ “ထေးငှားလျား” ကန်ဆိုတာ ရှိတယ်။ ကန်က လမ်းခြားပြီး ရေကန်နှစ် ကန်၊ ကန်ညီနောင်လို့လည်း ကျွန်မတို့ မှတ်ထားရပါတယ်။ ကျွန်မနဲ့ အတူတူလာပြီး အဖော်အိပ်ပေးတဲ့ ကျောင်းသူမလေး ကယားအမျိုးသမီးကြည်ကြည်ထွေးတို့ မနက်အစောကြီးရေထချိုးကြပါတယ်။ ကြည်ကြည်ထွေးက ရေကူးတတ်တယ်။ ကျွန်မ ကတော့ အညာခေါ် “ခွေးကူး”ပဲ ကူးတတ်တာ။ အဲဒါ အတင့်ရဲရေချိုးကြတာ။

ဆရာမြသန်းတင့်က နောက်ရက်မှာ ကျွန်မတိုတည်းတူကန်မှာ ရေဆင်းချိုးပြီး ချမ်းလို့ အော်နေတယ်။ ဆရာမြသန်းတင့်ကတော…

ကိုကိုးကျွန်းအတွေ့ အကြုံနဲ့ ရေကောင်းကောင်း ကူးတတ်ပါတယ်။ ဒါပေမဲ့ အေးလွန်းလို့ ရက်စက်လှချည့်လို့ အော်နေလေရဲ့ ။ ညဘက်ကျ လ လေးကလည်း သာတာမို့။ ဟောပြောပွဲနား တဲ့ရက်မှာ ဆရာမြသန်းတင့်က လူငယ်တွေ နဲ့အတူ မယ်ဒလင်တီးပါတယ်။ မယ်ဒလင်လက်သံ ပြောင်မြောက်ပါတယ်။ ကျွန်မကို ဆရာက ပန်းဟေ၀န် ယိုးဒယားဆိုခိုင်းပါတယ်။ ကျွန်မက ပန်းဟေ၀န်ယိုးဒယားအစအဆုံးမရပါဘူး။ ကျွန်မက ကျွန်မရရာ “သာဆ်းရဂုံတွေ ပတ်ပျိုးကို ဆို ပါတယ်။ ဆရာက မယ်ဒလင်နဲ့ အတီးလိုက်ပေးပါတယ်”

“သာဆန်းရဂုံဘွေ ပတ်ပျိုးသမိုင်းကော သိလား”

ဆရာကမေးပါတယ်

“မသိဘူးဆရာ”

“ဒီသီချင်းကို မြ၀တိမင်းကြီး မ ဖြစ်ခင် တပ်မင်းဘ၀က စပ်တာ။ ၁၁၈၅ ခုနှစ် မြန်မာပြည် အရေး တော် ပာံတစ်ခု ပေါ်လာချိန် စစ်တကောင်းမြို့နယ် အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေ က နတ်မြစ်ဝမှာ ရှိတဲ့ ရှင်မဖြူကျွန်းကျေးရွာတွေ မှာ အလံစိုက်ထူးပြီး တပ်တည်တယ်တဲ့။ ကသည်းတို့ပြည် နယ်စပ် ထိပါးလာတော့ ဦးစတပ်မင်းဘ၀နဲ့ သွားထိန်းရတဲ့အချိန်ပေါ့။ တောတောင်ရေမြေသဘာဝ သာယာ ကြောင်းစပ်တာ။ မြိုင်ဟေ၀န်သာစခန်း၊ ပန်းလဲ့စုံစီ-မြနဒီ-ရေသီတာက စိမ်းတယ်ကို.. အသံရော စာသားရော ကောင်းတာ။ အနုပညာများ ဘယ်လောက်ဆွဲအားကောင်းသလဲဆိုရင် တပ်ချတုန်း မီးဖိုနား စာစပ်တဲ့အချိန် ကသည်းတွေ က စစ်မတိုက်ဘဲ နားထောင်သတဲ့

ဆရာက ကျွန်မနှင့် စာပေ၀ါသနာရှင် လူငယ်များ ကို ရှင်းပြနေပါတယ်။ ဆရာက သီချင်း အတော် များများ ကို မယ်ဒလင်နဲ့ တီးတတ်ပါတယ်။ နောက်ဆုံး လူငယ်တွေ အားလုံးဆန္ဒအရ “န၀ါးနီ” သီချင်းနဲ့ အဆုံးသတ်ပါတယ်။ အချိန်ကလည်း မနက် လေးနာရီကျော်နေပြီ။ အချိန်ကုန် မှန်းမသိ ကုန်သွားတာ။ စာဆိုတော် ခရီးမှာ ဒီလိုအတွေ့ အကြုံမျိုးတွေ စာ မဆန်းလှပါဘူး”

မနက်ဘက် ကျွန်မတို့ တောင်ကွဲစေတီ ကုန်းတော် ပေါ်တက်ြ ကတော့ လန်းလန်းဆန်းဆန်း ပဲ။ ကုန်းတော် ပေါ်အတက် ကျွန်မလိုဏ်ဂူတစ်ခုရှေ့ ဖယောင်းတိုင် ငါးတိုင်စိုက်တော့ ဆရာက…

“မီးခြစ်ယူမလား” လို့ မီးခြစ်ယူပေးပါတယ်။ ဆရာက ဆေးလိပ်သောက်တတ်သူဆိုတော့ မီး ခြစ်ဆောင်ထားပုံရပါတယ်။ ကျွန်မလည်း ဆရာဖယောင်းတိုင်တွေ မီးညှိုပေးလို့ ကျေးဇူးတင်မိ တယ်။ ဆရာက ကျွန်မမျက်နှာကို လှမ်းကြည့်ပြီး..

“ဘာဆုတောင်းရမလဲ” လို မေးပါတယ်။ ကျွန်မရယ်ပြီး..

“ထုံးစံအတိုင်း စီးပွားရေး ပေါ့”

“အခြေအနေမကောင်းဘူးလား”

“ယိုင်နဲ့စပြုနေပြီပေါ့ ဆရာရယ်။ ပြောရရင်တော့ ပေ နည်းနည်း ရှည်မယ်။ ကျွန်မတို့ ကား အခွန်ဆောင်လိုက်ရတော့ သော င်းချီတဲ့ငွေနဲ့ အပ်ထားတဲ့ အလုပ်အကြွေးတွေ ကျန်ရစ်တာပေါ့။ ၀တ္ထုရေး ရမယ့် အကြွေးတွေ ပေါ့”

“အဲဒီ ကားကော”

ကျွန်မအဖြေမပေးဘဲ ရယ်လို့သာနေတယ်။ ကျွန် အိမ်ထောင်ကွဲ၊ စီးပွားပျက်တဲ့ ကိုယ်ရေး ကိုယ်တာဘ၀၊ ဘယ်သူမှ မပြောချင်ပါဘူး။ ဆရာကလည်း အလိုက်တသိ ဘာမှ ဆက်မမေးတော့ ဘူး။ ကျွန်မလည်း မဖြေတော့ဘူး။ ကျွန်မဟာ တရုတ်အမျိုးသား စာရေး ဆရာရေး ခဲသလို ကံ မကောင်းတဲ့နက္ခတ်အောက်မှာ မွေးတဲ့သူ။ ဘာတတ်နိုင်မှာ လဲ (Born under an unlucky star, what could I do?) ဆိုတာလိုပဲပေါ့။ ဆရာ့ရဲ့ နောက်ဆုံးအကြံဉာဏ်ပေးချက် ကတော့..

“စာတွေ သာ များများ ရေး ပါတဲ့”

ဒီအကြံဉာဏ်ဟာ အကောင်းဆုံးအကြံဉာဏ်ပါပဲ။

(၄)

ဆရာ့ရဲ့ အလွန်နာမည် ကျော်ကြားခဲ့တဲ့ “မေရီပိုဗေးဟွန်ဒါယဉ်ကျေးမှု နှင့် အီကွေ တာည များ ” မရေး ဖွဲ့ခင် ကော့သော င်းကအပြန် ကျွန်မနေထိုင်ရာ အမှတ် ၄၀၆၊ ဝေဇယန္တာလမ်း၊ တောင် ဥက္ကလာ (၃) ရပ်ကွက်ကို အလည်ရောက်လာပြန်ပါတယ်။ သူ့လက်ထဲ စက္ကူနှင့် ထုပ်ထားတဲ့ အထုပ်ကလေးတစ်ထုပ်လိုက်လို့…

“ဘာစာတွေ များ လဲ ဆရာ”

စားပွဲေး တင်ထားရာက ကျွန်မလက်ထဲ ကမ်းပေးတော့ ကျွန် မေးလိုက်ပါတယ်။

“ရနောင်းက ပင့်လာတာ နွေ မိုး ဆောင်း သုံးဆူလေ”

ဟင်.. ဟုတ်လား ကျွန်မဖို့လား“

“ခင်ဆွေဦးဖို့ပေါ့ အဲဒီ ဘုရားက ကျော်အောင်ရယ် မင်းကျော်ရယ် မဲ့ချယူကြရတာ အဲဒီ သုံးဆူကို မဲနှိုက်တဲ့သူတိုင်း ရချင်ကြတာ ကျွန်တော် ရလိုက်တယ်။ အိမ်ကိုပင့်လာတော့ ဘေဘီနဲ့ တိုင်ပင်တယ်။ အိမ်က ဘုရားစင်က ကျဉ်းတယ်။ ခင်ဆွေဦးတို့အိမ်က ဘုရားစင်နဲ့ သင့်တော့ မလားလို့”

“ကျွန် ကံကောင်းတာပေါ့ဆရာ”

ဝမ်းသာအယ်လဲ ဖြစ်မိပါတယ်။

“ဟုတ်တယ် ကံကောင်းတာပဲ”

ဘုရားက ၀တ်ရုံသုံးမျိုးနဲ့ နွေ မိုး ဆောင်း အမည် နဲ့ လိုက်ဖက်တယ်။ ဆရာမြသန်းတင့် လို လူမျိုးကပေးတော့ ကျွန်မအတွက် အမှတ်တရပေါ့။ ကျွန်မကို ဒီဘုရားသုံးဆူပေးဖို့ သတိရတ့ ဆရာရော၊ ဆရာကတော် ရော ကျွန်မအနေနဲ့ ကျေးဇူးတင်မိတယ်။ ကျွန်မတို့ဆီမှာ အဲဒီ ဘုရားသုံး ဆူ (ရုပ်ပွားတော် လေးတွေ က ခပ်သေးသေးရယ်) ကို မှန်ဘုရားလေးထဲ ထည့်ထားတော့ ခဏခဏ ကွဲတော့ ဘုရားလေးတွေ အသက်ဝင်ပြီး အယူအဆနဲ့ ဒီအတိုင်းပဲ ပလ္လင်ခံနဲ့ ထားလိုက်ပါတယ်။ ဆရာက အိမ်အလည်လာတုန်း ကျွန်မတို့ခြံထဲက ဇီဇ၀ါပန်းတွေ တင်ထားလို့ သင်းပျံ့မွှေးကြိုင်နေ တာမို့ ဆရာက လက်အုပ်ချီ ကန်တော့သွားသေးတယ်။ ဆရာ့ဆီက ဒေါက်တာဟန်စုယဉ်စာအုပ် များ ဖြစ်တဲ့…

ကျိုးပဲ့သစ်ပင် (Crippled Tree)

ငှက်မဲ့နွေ ( Birdlesss Summer)

မသေတဲ့ပန်း (Immortal Flower)

ဒီရေမြင့်သစ် Morning Deluge)

စာအုပ်တွေ ငှားပြီး ကျွန်မဆီက Maurice Collis ရေး တဲ့ ယိုးဒယား ၀ှိုက် Siamese Whit နဲ့ မြန်မာပြည်တစ်နေရာ Into Hidden Burma ငှား သွားပါတယ်။ နောက် ကျွန်မ ဟန်စုယဉ်ကို အဖတ်များ တော့ သူ့မှာ ရှိတဲ့ ဟန်စုယဉ်စာအုပ်တွေ Mountain is Young ရယ်၊ And The Rain My Drink ရယ်ကို ဆက်ပြီး ငှားပြန်ပါတယ်။ အဲဒီ တုန်းက ကျွန်းမရေး တဲ့ လုံးချင်းဝတ္ထုတွေ ဟာ ဟန်စုယဉ်ရဲ့ အရိပ်မကင်းခဲ့တာအမှန်ပဲ။ ဒီတုန်းက ဒီစာအုပ်တွေ ကလည်း မြန်မာပြည်မှာ ရှားပါး စာအုပ်တွေ ပါပဲ။ အပြင်စာအုပ်ဆိုင်တွေ မှာ သိပ်ရှာမတွေ့ ဘူး။

ဆရာ စာအုပ်တွေ အများ ကြီး ဖတ်နိုင်တာလည်း စကားပြောဆွေးနွေးရင်း သိရပါတယ်။ ကျွန်မ ဆရာ့ခြေလှမ်းကို အမီလိုက်နိုင်ဖို့ မလွယ်လှပါဘူး။ အချိန်ပြည့် ဖတ်နိုင်တဲ့ သူ့စာအုပ်တွေ အရေအတွက်ဟာ တော် တော် များ ပါတယ်။ ဒါတောင် ဆရာ့မျက်စိက အဲဒီ တုန်းက မခွဲစိတ်ရသေး ဘူး။ မျက်စိမှု န်တာ အတော် ကိုမှု န်တာ။ ထမင်းအတူစားကြရင်း အရိုးထည့်ပန်းကန်ကို ဟင်းမှတ် လို့နှိုက်ပြီး ဟင်းပန်းထဲ အရိုးထည့်နဲ့ သူ ရှက်သွားမှာ စိုးလို့ အသာအယာပန်းကန်တွေ ရွေ့ပေးရ ပါတယ်။

နောက်မှ ဆုံးခါနီး သုံးလေးနှစ် အလိုမှာ မျက်စိခွဲစိတ်ကုသပြီး မျက်လုံးအခြေအနေ နဂို အတိုင်း ကောင်းမွန်လာခဲ့တာ။ ဒီလိုအားနည်းလှတဲ့ မျက်စိအမြင်နဲ့ နှစ် ပေါင်းများ စွာ အလုပ်တွေ အများ ကြီး လုပ်ခဲ့တာ အံ့သြလို့ မဆုံးပါဘူး။ စစ်နှင့် ငြိမ်းချမ်းရေး ၊ လေရူးသုန်သုန်၊ ပါရီကျဆုံးခန်း၊ မှော်ရုံတောမှာ မောလှပြီ။ မောင်သစ်တည် နာမည် နှင့် ဘာသာပြန်ခဲ့တဲ့ ကဗျာပေါင်း မြောက်မြား စွာ ထက်အောင်နာမည် နဲ့ ရေး ခဲ့တာတွေ တခြားကလောင်ခွဲတွေ မြောက်မြားစွာ ..

ဆရာ့သူငယ်ချင်း ကိုကျော်အောင် ဘာသာပြန်တဲ့ နှလုံးလှဆရာဝန်ဖတ်မိတာကို ရင်ထဲစွဲ နစ်နေခဲ့တာ ဆရာ့ကို ပြောခဲ့မိသေးတယ်။

ကောင်းကင်ကြီးမှာ ဒီည ကြယ်တွေ သိပ်လက်တာပဲ။ အဲဒီ လို ကြယ်လက်တဲ့ညမျိုးကို သူ သိပ်သဘောကျတာဗျ။ မိုးပေါ်မှာ ကြယ်တွေ များ သလို သူ့မှာ လည်း အတိတ်ကာလ ဖြစ်ရပ်တွေ အများ ကြီးဗျ၊ မမေ့နိုင်စရာတွေ အများ ကြီးဗျာ။

အဲဒီ အခန်းကို ဆရာပြောပြတော့ ပိုလိုပ လွမ်းစရာကောင်းလာတယ်။ ကျွန်မတို့ ဆရာနဲ့ ယောနယ်နဲ့ ဆောနယ်အသွား လမ်းတစ်ဝက်မှာ ကားပျက်တဲ့အချိန်မှာ ပေါ့။ အဲဒီ ကားမှာ မင်းလှညွှန့်ကြူးရယ်၊ သူ့ဇနီး ရီရီဌေး၊ မင်းကျော်၊ ဆရာမြသန်းတင့်နဲ့ ကျွန်မတို့ သွားခဲ့ကြတဲ့ ခရီး ပေါ့။ ခု..မင်းလှညွှန့်ကြူးနဲ့ မင်းကျော်တို့လည်း ဆရာ့အရင် ဆုံးနှင့် ရှာကြပြီ။ ကားပျက်တာကလည်း ညကြီး အချိန်မတော် ။ တကယ့်ကို တောအုပ်ထဲမှာ ။ ဆရာက ကပျာကယာ မီးဖိုခိုင်းပါတယ်။ မီးအလင်းရောင် နဲ့ သားကောင်တွေ မလာအောင်လို့ ဒိမှာ မနက်စောစော အထမ်းနဲ့ တောင်ပေါ်က ဆင်းလာတဲ့လူတွေ ၊ တောဖြတ်လမ်းကလာတဲ့ လူတွေ ကို ကျားဆွဲသတဲ့။ အားလုံးထိတ်လန့် ကြတာပေါ့။ မှတ်မှတ်ရရ ဒီဇင်ဘာ၃၁ ရက်နေ့ည ၁၁ နာရီကျော်ကျော် လင့်ရိုဗာ ကားဒရိုင်ဘာနဲ့ ပါလာတဲ့ မက္ကင်းနစ်တို့က ကားစက်ပြင်လို့ မကြာခင်ပဲ သန်းခေါင်ရောက်တော့မယ် မင်းလှညွှန်ကြူ (ကိုညွှန်ကြူး)က သူ့ လက်ပိန်ပိန်လေးကို မြှောက်ပြီး..

“မကြာခင် နှစ် သစ်ကူးတော့မယ်”

ကျွန်မက…

“ဟင်…ဟုတ်သားနော် နယူးရီးယားပေါ့”

“ကျွန်တော့်  အဖို့တော့ နှစ် သစ်ကူးခံစားချက်မရှိဘူး”

ဆရာမြသန်းတင့်က ၀င်ပြောသည်။

“ကျွန်မဖြင့် နှစ် သစ်ကူးတော့မယ်ဆိုရင် သိပ်ပျော်တာ။ တစ်ခါတည်း ပြက္ခဒိန်ပါ ပြောင်း သွားတာမို့ ဟက်ပီးနယူးရီးယားလေ”

ဆရာမြက…

“ကျွန်တော့မှာ ဒီလို ပြောင်းသွား လို့ ဘာမှထူးခြားမှု မရှိဘူး”

“နှစ် ဟောင်းကနေ နှစ် သစ်ကူးသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဘာလဲ ဘယ်လိုပျော်ရမလဲ။ ဘယ်လို ပြောင်းသွား တာလဲ။ ကျွန်တော် တစ်ခါမှ မတွေးမိဘူး”

သူနဲ့ ကျွန်မတို့ အငြင်းအခုံ ရှည်ကြာစွာ ဖြစ်ကြတယ်။ ကျွန်မနဲ့ ရီရီဌေးတို့ ကြာလာတော့ ဆရာ့ကို ဆက်မငြင်းချင်တော့ဘူး။ ဆရာဟာ အမှော င်ကမ္ဘာထဲမှာ နှစ် ပေါင်းများ စွာ စုစုပေါင်း ၁၁ နှစ် ကျော် ကြာခဲ့လို့များ နှစ်သစ်ကူးတဲ့အရသာမသိတော့တာလား။ ဒါမှမဟုတ် ငယ်ငယ်က တည်းက ဒီခံစားချက်မျိုး မရှိတာလား။

အခန်း (၇)

(၅)

ကြယ်တွေ လင်းလက်ပြီး မိုးသာတိမ်လိပ်တွေ ကင်းစင်တဲ့ညတစ်ည မောင်ယဉ်အောင်တို့ ဖိတ်လို့ ကျွန်မ စမ်းချောင်းမှာ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ” ပြဇာတ်ကြည့် ဖြစ် တယ်။

ဒီဝတ္ထုကို ကျွန်မဖတ်ပြီးတော့ လေး ငါးကြိမ်ရှိပါပြီ။ ရုပ်ရှင်ရိုက်ရင်ကောင်းလိမ့်မယ်လို့ ထင်ခဲ့မိပါတယ်။ ပြဇာတ်အ ဖြစ်နဲ့တော့ မကြည့်ဖူးသေးဘူး။ ဆရာက စွန့်စားခန်းကို ကြိုက်သူပေပဲ။ ယောနယ်မှာ ကားပျက်တုန်းကတည်းက ဆရာ့စရိုက်ကို မြင်လာပါယတ်။ ကျားတွေ ၊ ဆင်တွေ အကြောင်း ပြောပြရာမှာ အကျွမ်းတ၀င်ရှိလှပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ကလျာမဂ္ဂဇင်းမှာ ပါတဲ့ “ဆင်စီး၍ မြင်းရံ” ၀တ္ထုကိုဖတ်ကြည့်ရင် ဆရာ့ရဲ့ ၀ါသနာကို သိနိုင်ပါတယ်။ အဲဒီ ၀တ္ထု တစ်လော တုန်းက ဦးဝင်းညွှန့်နိုင်နဲ့ ကိုသွေးသစ်တို့ ထုတ်လုပ်ကြတဲ့ “မြန်မာ့ရွှေရတုမဂ္ဂဇင်း” မှာ တောင် ပြန်ထည့်သွင်းဖော်ပြကြသေးတယ်။ ကျွန်မတို့ လက်လှမ်းမမီတဲ့ တောတွင် ဆင်စခန်း ဘ၀နှင့် သဘာဝ။ အဲဒီ တော့ ဆင်သံလိုလို၊ ကျားသံလိုလို၊ ၀ံပုလွေသံလိုလို ကြားယောင်နေမိတဲ့ ယောနယ် က ညသန်းခေါင်ကျော်ကို ကျွန်မ လွမ်းတနေမိတယ်။ ခွေးအူသံတွေ ကလည်း ရွာတွေ ဆီက လှမ်း ပေမဲ့ ကြားနေရတယ်။

“ဒေါက်တာ ဇီဗားဂိုးဝတ္ထုထဲက ခွေးအူသံတွေ ရိုက်ပြတာ ကြောက်စရာကောင်းတယ်နော်” လို့ ကျွန်မပြောမိသေးတယ်။

ရွေတကောမှာ ကျွန်မတွေးတာတွေ အများ ကြီးပဲ။

သံချောင်းတို့အဖေ ကံကောင်းလို့ မသေရယ်လို့ ကျွန်မတို့ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့တဲ့ စာပိုဒ်လေးဟာ မှားပါလား။ သံချောင်းတို့ အဖေ ကံမကောင်းရှာပါဘူး။ ဆရာ့ကို ကျွန်မအရင် သေ မယ်လို့ ကျွန်မမထင်ခဲ့ပါဘူး။ ကျွန်မသေရင် ဆရာ ကျွန်မအသုဘကို လိုက်ပို့မှာ ပဲနော်လို့ မိုးမိုး ဆုံး စဉ်ကတည်းက တွေးခဲ့မိတာ။ ကျွန်မ သေရင် ဟုတ်သလား။ ခုတော့ ဆရာက သေနှင့်ပြီ။ မထင်မိ ခဲ့ပါဘူး သန်မာဖျတ်လတ်ကို ပိန်ပိန်နဲ့ တောင့်တင်းတဲ့ လူ တစ်ယောက် ။ စမ်းချောင်းဇာတ်ရုံမှာ လူငယ်ကဗျာဆရာ “၀င်းထက်” ကျွန်မရဲ့ မှတ်စုစာအုပ်ထဲမှာ ရေး ပေးခဲ့တဲ့ ကဗျာဆရာလေးတစ် ပုဒ်ကို ကျွန်မ မကြာမကြာ ပြန်လှည့်ကြည့်မိနေတယ်။

ဆရာမ က ဒေါ်ခင်ဆွေဦးအတွက် အမှတ်တရ..

“ဓားတောင်ပြဇာတ် နောက်ဆုံးကဗျာ”တဲ့။

သည်မှာ ပင်လယ်ပြာ

သည်မှာ ငွေလွှာသဲသော င်

သည်မျာမဟူရာကျောက်ဆောင်

သည်မှာ ဗီးစပ်တောနှင့်

လွမ်းမောဖွယ်အုန်းလက်များ ကြား

သံချောင်းရဲ့ နှလုံးသားဟာ

လှုပ်ရှားတုန်ခါနေတယ်

နှလုံးသားမဲ့

ကဗျာဖွဲ့ဆို

ငါမငိုလို

သံချောင်းကို ချစ်လို့ပဲ

နှလုံးသားမဲ့

ကဗျာဖွဲ့ဆို

ငါမသေသေးလို

ဘရန်လို ကောင်မျိုးတွေ

ရှိနေသေးလို့ပဲ

သံချောင်းလမ်းမှာ

ငါတို့ဆက်လျှောက်မည်

ဓားတောင်တွေ ကာဆီး

မီးပင်လယ်တွေ စည်းခြား

အားလုံးကို ကျော်ဖြတ်ပစ်မယ်

ပစ္စုပ္ပန်ကို စွန့်ပစ်

(အနာဂတ်ကို တို့ချစ်တယ်)

( အနာဂတ်ကို တို့ချစ်တယ်မဟုတ်လား သံချောင်း)

မောင်ဝင်းထက် အဲဒီ ကဗျာလေးရွတ်ပြစဉ်မှာ သူ့အသံက တုန်ယင်လို့။ ဒါတောင် သံချောင်း ရဲ့ ဖခင် ဆရာမြသန်းတင့် မသေသေးဘူး။ အသက်ထင်ရှားရှိသေးတယ်။ စမ်းချောင်၊ ဖျာပုံလမ်းမှာ အသက်ထင်ရှား ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် ရှိနေသေးတယ်။ မနက်တိုင်း လမ်း လျှောက်၊ နေ့ခင်း စာရေး ၊ ညဘက် မိတ်ဆွေတွေ နဲ့ ဆုံစည်း အဓိပ္ပာယ်ရှိရုံမက ပြည့်ဝတဲ့ လူတစ် ယောက် ရဲ့ ဘ၀။ သားသမီး ဇနီးစုံလင်စွာ ကိုယ်ပိုင်တိုက်အိမ် ဘာလိုသေးလဲ။ စာပေါင်းမြောက် မြားစွာ ရေး ဖွဲ့သူ။ ဟောပြောပွဲတွေ မှာ တာဝန်ထမ်းဆောင်နေခဲ့သူ။ နောက် ကျွန်မနဲ့ တွေ့ တဲ့ ဟောပြောပွဲဟာ ဦးဝင်းနိုင် အင်္ဂလိပ်စာသင်တန်း (လှည်းတန်းမှာ ) ဆရာက ဂျူး (နောက်အလှည့် ကျပြောမယ့်သူ) ကို မိတ်ဆက်ပေးတဲ့သူ။

ကျွန်မ ရောက်ခဲ့တယ်။ ဆရာ့မိတ်ဆက်စကားကိုရော ဂျူးဟောပြောတာကိုရော စိတ်ဝင် စားလို့ ခပ်လေးလေး အကြောင်းအရာတွေ ကြားထဲ ဆရာ မြသန်းတင့်က အာဝဇ္ဇန်းကောင်းကောင်း နဲ့ အရွှန်းဖောက်ပါသေးတယ်။ ကျွန်မကို လှမ်းလို့ “မောင်မေတ္တာ ကတော့ စင်ပေါ်ရောက်နေပါ ပြီ မော်မော်စိန် ကတော့ အောက်မှာ ကျန်နေရစ်ပါတယ်”တဲ့။ နောက်တာလေ။

(၆)

အ ဖြစ်အပျက် ရုပ်ပုံကားချပ်ပေါင်းမြောက်မြားစွာ ထဲက ကျွန်မအမှတ်မိဆုံးက တစ်နေ့ ကန်တော် လေး ခွန်ဂျာမှိုင်း အားမန်သစ် စာပေတိုက်မှာ ဆရာနဲ့ ဆုံကြပါတယ်။ ဆရာနဲ့ မတွေ့  ဖြစ် ကြတာ အတော် ကြာနေပြီ။ နှစ် တွေ တောင် ချို့နေပြီ။

“ခု.. ဘယ်မှာ လဲ” လို့ ကျွန်မကို တွေ့ တွေ့ ချင်း ဆီးမေးပါတယ်။

“ကျွန်မ တောင်ဒဂုံရောက်နေပြီလေ”

“ဟင်.. ဟုတ်လား ခုပြောင်းတာ ဘယ်နှအိမ်မြောက်လဲ”

ကျွန်မ လက်ချိုးရေတွက်ရင်း ရယ်နေမိတယ်။

သူက သက်ပြင်း ခပ်လေးလေး ချပါတယ်။

“ကျွန်တော် ပြောသားပဲ တောင်ဥက္ကလာပအိမ်ကို မရောင်းပါနဲ့လို့”

သူက ဒီအိမ်ကို ရောင်းဖို့ စီစဉ်ကတည်းက အကန့်ကွက်ဆုံးလူပေါ့။ အိမ်ရဲ့ တန်ဖိုးကို တွက် ပြတယ်။ မကြာခင် ဒီဈေး မဟုတ်တော့ဘူးလို့ ဆရာကကြိုတင်ပြီး တွက်ဆခဲ့ပါတယ်။ အိုးအိမ် တစ်လုံးရောင်းပြီးရင် အခြေပျက်သွားတာ။ ခင်ဆွေဦးက သိဇွတ်တရွတ်နိုင်တာပဲလို့ မကြာမကြာ ညည်းညူပါတယ်။ ဆရာကတော် (မဘေဘီ) က နှမြောလိုက်တာ။ နှမြောလိုက်တာလို့ ကျွန်မတို့ တွေ့ တိုင်း ညည်းရှာပါတယ်။

အားမန်သစ်မှာ ခဏပဲ နေပြီးဆရာ..

“ခု.. ဘယ်သွားမလို့လဲ”လို့ ကျွန်မကိုမေးပါတယ်။

“ကျွန်မ မဟေသီ မဂ္ဂဇင်းတိုက်သွားမှာ ပါ”

“အတော် ပဲ ကျွန်တော် နဲ့ လိုက်ခဲ့။ ကျွန်တော် လည်း အဲဒီ သွားမှာ ”

“ဟုတ်လား လိုက်မယ်လေ”

ကျွန်မစိတ်ထဲ ဆရာ့စာဖတ်မိတ်ဆွေတစ်ဦးဦး (သို့မဟုတ်) စာဖတ်ပရိသတ်တစ်ဦးဦးက ကားကြုံခေါ်လို့ လိုက်ရမယ်ထင်နေတာ။ နေပူကျဲကျဲမှာ တစ်ခါတစ်ခါ ကားကြုံကို မျှော်မိတာပေါ့။ နေ့ခင်း ၁၂ နာရီ ထိုးတော့မယ်လေ။ ဆရာက သူ့လွယ်အိတ်ကိုလွယ်ပြီး အားမန်သစ်ကထွက် တော့ ကျွန်မလည်း ဆရာ့နောက်က လိုက်ထွက်ပါတယ်။ ဟောပြောပွဲပေါင်းမြောက်မြားစွာ မှာ ကျွန်မ ဒီလိုပဲ ဆရာသွားရောနောက် လိုက်နေကျပဲဟာ မဆန်းလှပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကားကြုံမဟုတ်ဘဲ ကန်တော် လေးထွက် လမ်းထိပ် သိမ်ဖြူလမ်းအထိ ခြေလျှင်လျှောက်လာမိကြ ပြီ။

“ဆရာ.. ဘယ်လိုသွားမှာ လဲ”

“ခြေကျင်လေ ခြေကျင်သွားမှာ ”

“ဟင်.. ဟုတ်လား”

“မလျှောက်နိုင်ဘူးလား”

“လျှောက်နိုင်ပါတယ် ဆရာရဲ့ ”

ဒိလိုနဲ့ နံနက်တိုင်း လမ်းလျှောက်တတ်တဲ့ ဆရာမြသန်းတင့်နဲ့ မဟေသီတိုက်ရှိရာ (၄၅) လမ်းကို ခြေလျင်လာခဲ့ပါတယ်။

“ခင်ဆွေဦး လမ်းဝေးဝေးလျှောက်နိုင်တယ်မဟုတ်လား။ တောင်ကြီး မှာ တုန်းက ကျွန်တော် တွေ့ ဖူးတယ်”

“လျှောက်နိုင်ပါတယ်။ ကားအက်ဆီးဒင့် ဖြစ်ထားတော့ လှေကားအမြင့်ကို မြင့်မြင့် ခြေ မမြောက်နိုင်တာတစ်ခုပဲ”

“သြော် ဟုတ်သားပဲ”

အဲဒီ တုန်းက ကိုစိုးသိန်းရယ်၊ ဆရာမြသန်းတင့်တယ်ရ။ ကိုညိုမှိုင်းရယ်လာမေးကြသေး တယ်။ ဆရာက လှေကားက ဆင်းခါနီး မှာ ခြေတရွတ်ဆွဲနေတဲ့ ကျွန်မကို…

“ကျန်းမာရေး ဂရုစိုက်နော်။ မိုးမိုးအင်းလျားလို ရုတ်တရက်ဆုံးသွားတာကို ကြည့်”

သတိပေး သွားပါသေးတယ်။

“ကျန်းမာရေး မကောင်းရင် လူ့ဘ၀ ရှင်လျက်နဲ့ သေသလို ဖြစ်သွားမယ်။ အသက်ရှင် လျက်နဲ့ အလုပ် မလုပ်နိုင်တာ လူ ဖြစ်ရှုံးသလိုပဲ။ အသက်ငယ်ငယ်နဲ့ ဒါမှမဟုတ် အလုပ်လုပ်နိုင် တုန်း သေသွားခဲ့ရင်လည်းဆုံးရှုံးတာပဲ။ ခင်ဆွေဦး စာများများ ရေး နိုင်ဖို့ ကျွန်တော် တို့ မျှော်လင့် တယ်။ ခု စာရေး တာ အတော် ကို ကျဲတယ်။ စာများများ ဖတ်ပြီး စာများများ ရေး ပါ”

ဆရာဟာ တွေ့ တိုင်း ကျွန်မကို ဒီလို ပြောတာပဲ။

နေ့ခင်းပူပူထဲ ထီးမဆောင်း၊ ဦးထုပ် မဆောင်းဘဲ လမ်းလျှောက်နေတာ တွေ့ တော့ ကျွန်မ အံ့သြအားကျမိပါတယ်။ ကျွန်မမှာ ပါလာတဲ့ ခေါက်ထီး ဖွင့်ဆောင်းပြီး..

“ဆရာလာလေ” လို့ခေါ်တော့ ခေါင်းခါပြပြီး ထီးအောက် မ၀င်ပြန်ဘူး ဆရာဟာ နဂိုနေ စည်းကမ်းကြီးသူသာ ဖြစ်ပါတယ်။

“အမျိုးသမီးထဲ ဆရာ့လို စည်းကမ်းကြီးသူ တစ်ယောက် ရှိသေးတယ်။ အရာရာမှာ ပါ။ ဥပမာ ပေးရရင် အများ ကြီးပဲ။ ခုတွေးတောရင် မိုးမိုးအင်းလျားတော့ ဆုံးသွားရှာပြီ။ ကျွန်မ အိန္ဒိယရောက် နေတုန်း ၁၉၉၀ ခုနှစ်မှာ ဆုံးခဲ့ရှာတာ။ သူ အင်မတန်ချစ်မြတ်နိုးတဲ့ အစ်မကြီးဟာ သူ့အလောင်း လည်း မပိုက်ရ၊ သူ့အသုဘလည်း မလိုက်ခဲ့ရတာ လေ။ အသုဘပို့ခဲ့။ အမိန့်ပြန်ခဲ့တဲ့ သမီး ကတော့”

“မေမေ.. အဆိုးထဲက ကံကောင်းတာပါ။ သိပ်ကြေကွဲစရာကောင်းတာ။ ကျွန်တော် အမိန့် ပြန်တာ အသံကို မထွက်နိုင်တော့ဘူး”

“အေး .. ငါသာဆိုရင် မပြန်နိုင်ဘူး သေချာတယ်”

အဲသလို ပြောရင်း ကျွန်မ သေရင် ဆရာ ကျွန်အသုဘပို့မလား ကလေးဆန်ဆန်မေးချင်သ လိုပဲ

“သေသွားရင် ခွဲကြရတာ ပဲ။ မသေချင် ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် နေကြပါ”လို့ စာရေး ဆရာမ သန်းမြင့်အောင်က သူ့မိတ်ဆွေတွေ ကို ပြောနေပါတယ်။

“ချစ်ခင်လို့ ညီညွတ်လို့ ဘယ်လိုမှ မရတဲ့သူကော” လို့ ကျွန်မ ခေါင်းမာမြဲ ခေါင်းမာစွာ မေးနေမိပါတယ်။

ဆရာ့သမီးကြီး မြနန္ဒာက

“အန်တီရယ်.. သွေးတွေ ဟာ မြင်မကောင်းဘူးတဲ့ လိမ်ကျတာကို တွေ့ လိုက်ရတဲ့ မြမြဖြူ ကဖြင့် မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့တာ”

မျက်ရည်စတွေ ဝေလို့နေပြာတာ

ကျွန်မ မမြူကို သနားလိုက်တာ

ကျွန်မ ကြားရတာ တောင် မကြားရက်နိုင်ဘူး။

သေမင်း လှည့်စားချက်ကိုတော့ ကျွန်မတို့ ခံရပြန်ပြီ။ ကျွန်မ အသုဘကို ဆရာပို့ရလိမ့် မယ် ထင်ခဲ့တာ။ ခုတော့ဖြင့် ဆရာ လျှင်မြန်စွာ စောစီးစွာ အချိန်မတန်စွာ ဆုံးပါးခဲ့ရှာပြီ။

စာဖတ်သူနှင့် ပြည်သူလူထုကို ဆရာ ချစ်ခဲ့တယ်။

ဒါကြောင့် ကျွန်မတို့ အများ စု ဆရာကို ချစ်ကြတယ်။

ဒီအတွက် ဆရာ့ဆန္ဒအတိုင်း ကျွန်မတို့ ဆရာ့နည်းတူ အလုပ်လုပ်ဖို့ လိုပါတယ်။

(ကလျာ၊ ၁၉၉၉၊ ဖေဖော်ဝါရီ)

အခန်း (၈)

ထာဝရမွှေး (သို့မဟုတ်) မမစု

(၁)

မိုးနှောင်းမိုးစက်တို့သည် တဖွဲဖွဲ မှန်ပြတင်းကို ဖြန်းပက်လာသည်။ အိမ်အပြင် ခြံထဲမှ ပိန်းပန်းနီနီတို့သည် မြစိမ်းမှော င် အရွက်များ ကြားမှ စီရရီ၊ ရိုးတံထိုးလျက်၊ မိုးစက်တို့ တွဲ လွဲခိုဆဲ။ မကြာမီပင် နေခြည်လင်းလာရာမှ စိန်ပွင့်တို့ ဖြန်းခနဲ ပြိုကွဲနေဆဲ။

၂၀၀၁၊ စက်တင်ဘာ ၇ ရက်နေ့။ မမစု ဒုတိယနောက်ဆုံး မွေးနေ့ပေ။ နောက်ဆုံးမွေးနေ့ ကား ခရစ်နှစ် ၂၀၀၂၊ စက်တင်ဘာ ၇ ရက်နေ့။ မိုးစက်တင်လေအကြား စင်ကာပူမှ ခွဲစိတ်ခံရပြီး အပြန် အိမ်အပြန် အိပ်ရာထဲပက်လက် ဝေဒနာခံနေရဆဲ။ ကျွန်မ သူ၏ ညာလက် ဆုပ်ကိုင်တော့ လက်တွေ မှာ အေးစက်လို့။ ဖျော့တော့နေသော မမစု မျက်နှာလေးကို ကျွန်မ စိုက်ငေးဆဲ။ သူ၏ အပြုံးယဲ့ယဲ့လေးနှင့် မိဖုရားဟု ကျွန်မကို နှုတ်ဆက်သည်။ သူ ကျွန်မကို ကင်းပွန်တပ်ထားတဲ့ နာမည် လေး။ ချစ်စနိုးနှင့် မိဖုရားတဲ့။

မနှစ် တုန်းဆီက ဒီအချိနိကို ကျွန်မ သတိရနေမိသေးသည်။ မမစုနှင့် ပတ်သက်၍ ရုပ်ပုံ ကားချပ်ပေါင်းမြောက်မြားစွာ ကျွန်မနှလုံးသားထဲတွင် ရှိနေသည်။ ပြောမကုန်အောင် ပြန့်ကျဲနေ သော ရုပ်ပုံကားချပ်များ ။ သစ်တော (၃၄) ရပ်ကွက်ကို ပြောင်းရွှေ့ကာစ ခြံဝင်းလေးအတွက် သူ ယူလောသော ပန်းအိုးငယ်မှ ဇလပ်ပန်းပွင့်အဖြူတို့ ယခုအခါ၌ ဖွေးဖွေးလှုပ် ပွင့်နေပေပြီ။ မြေကြီး ပေါ် ပြောင်းစိုက်ထားသော အပင်သည် အတော် အတန် ကြီးထွားရှင်သန်လာပေပြီ။ ပန်းတွေ က လည်း ပင်လုံးကျွတ် ပွင့်လျက်။.

“ကိုယ်တို့ မြန်မာပြည်က ရိပ်သာတွေ မှာ သီလရှင်တွေ ၀ါးနှီးနဲ့ သီပြီး ပန်းပဒေသာလုပ်ပြီး ဘုရားတင်တာလေ သိပ်လှတာပဲ ယူ (you) မြင်ဖူးလား”

“မြင်ဖူးပါတယ်။ ပြည်မြို့ နိဗ္ဗိန္ဒကို ရောက်တော့”

“ဒန်းဆင်းလေဒီ Dancing Lady (ကချေသည်သစ်ခွ) လည်း ကိုယ်ပျိုးထားသေးတယ်။ “၀ိုင်း” အာတာ စောင့်နေတာ။ ကိုယ် ယူလာခဲ့ဦးမယ်” အရပ်မြင့်သော မမစုက ကျွန်မပခုံးကို ဖက်ထားဆဲ ပြောလိုက်သည်။ သူကိုယ်တိုင် လာပိုပတာကို ကျွန်မ အားနာနေမိသည်။

“ခင်ဦး လာယူပါ့မယ် မမရယ်”

“ယူ ကားဖြင့် မရှိဘနဲ့ အ၀င်းကားနဲ့ ကိုယ်လာခဲ့မယ်”

ကျွန်မ၏ ခြံဝင်းသစ်လေးအတွက် ပန်းအိုးတွေ ပေးဖို့ သူ စိတ်အားထက်သန်လျက်ရှိသည်။ Kiss Me Quic အပင်ကြီးမျိုးမှ လှိုင်လှိုင်ပွင့်နေသော ပန်းအိုးလည်း ပေးဦးမယ်တဲ့။ မမစုပေး ထားသော ဇလပ်ဖြူပန်းတွေ ကလည်း ပွင့်လိုက်တာ။ မမစု မသေနိုင်သေးဘူးဟု ကျွန်မ အတတ် တွေးသည်။ ပန်းပင်ကြီး ရင့်သန်ပုံကလည်း မြင်လွန်းလှသည်။

“မမစု ကတော့ ချူချူချာချာနဲ့ အသက်ရှည်ဦးမှာ ကျန်းကျန်းမာမာ လူတွေ ကလည်း ခေါက် ခနဲ သေတတ်တာလေ မမစုရဲ့ ။ တော် နေ ဘိုး မသေ ဘသေနေရင်ကော”

ကျွန်မ ပြောမိပြောရာတွေ ပြောပြီး မမကို အားပေးတာလေ။ မမစုက ကျွန်မကို ကလေး ငယ် တစ်ယောက် လို လှမ်းငေးကြည့်ပြီး “မိဖုရား”ဟု တိုးတိုးလေး ခေါ်ပြန်သည်။ ဒီတုန်းက ကျွန်မ ဒီလို ပြောခဲ့တာ မမှားနိုင်ဘူးဟု ထင်ခဲ့သည်။ လွန်ခဲ့သော နှစ် နှစ် ခွဲခန့်က ကျွန်မ မမစု ဖိတ်သော ၀ါးခယ်မ စာပေဟောပြောပွဲသို့ သွားခါနီ ခြေခေါက်လဲ၍ ဒူးနာပြီ လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရာ မနည်း ကြီး ဆေးကုပြီး မမစုခေါ်ရာသို့ လိုက်ခဲ့ရာသို့ လိုက်ခဲ့ရသည်။ မမစုဖိတ်ခဲ့သော ဆရာပါရဂူရော၊ ဒေါက်တာ မတင်ဝင်းရော၊အသီးသီး ဒူးနာကြ၍ မလိုက်နိုင်ရှိခဲ့ရာ ကျွန်မပဲ ဒူးနာနာ အောက်ပိုင်း ဆွဲဆွဲနှင့် ၀ါးခယ်မမြို့သို့ လိုက်ခဲ့ရသည်။ စင်မြင့်ပေါ်သို့ မမစုက ကျွန်မကို တွဲ ၍ တင်ရသော အခါ အားလုံးက တအံ့တသြ ဖြစ်နေကြသည်။ ကျန်းမာရေး ချို့တဲ့ချူချာပုံရသော မွှေးက သန်မာပုံရ သော ခင်ဆွေဦးကို တွဲ လို့လေ။

သို့နှင့် ပင် မွှေး၏ မွေးရပ်မေကြို ကျွန်မ မမစုနည်းတူ ချစ်လာခဲ့ရပါသည်။ သော်ကဘုရားကို တကူးတက ပို့သေးသည်။ သူက ကျွန်မကို တွဲ လို့။

ယခုလို အချိန်သို့ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ၀ါးခယ် မမြို့ပြင်ရှိ လယ်ကွင်းများ ထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည် ။

ဆိုသော “မွှေး” ၀တ္ထုအဖွင့်သည် ယနေ့တိုင် ကျွန်မ၏ ရင်ထဲတွယ်ငြိဆဲ။

ကျွန်မ နေခဲ့၊ ထိုင်ခဲ့၊ ချမ်းမြေ့ကြည်နူးခဲ့ရပါသော ၀ါးခယ်မ၏ အလှက ကျွန်မ၏ ရင်ထဲတွင် စိမ့်ဝင်၍ “မွေး” ၀တ္ထုထဲမှ ပြန်လည်ရှင်သန်လာခဲ့ပါသည်။ မိမိ၏ မွေးရပ်မြေမှာ မိမိ၏ မိဘပါပဲ။ မွေး ရပ်မြေကို မချစ်တတ်သူသည် ကိုယ့်တိုင်းပြည်ကိုလည်း ချစ်မည် မထင်။ မွေးရပ်မြေ ကျေးဇူးကို မသိသူသည် မိဘကျေးဇူး၊ ကိုယ့်တိုင်းပြည်ကျေးဇူးကို သိမည် မထင်ပေ။

မမစုသည် ဤသို့ပင် ခိုင်မာစွာ ဆိုခဲ့လေသည်။ ၀ါးခယ်မသွားစဉ် တုန်းက မမစု၏ လျင်မြန် ဖျတ်လတ်ကာ သွက်လက်သာ လှုပ်ရှားသွားလာဟန်ကို ကျွန်မ မမေ့နိုင်ပေ။ ဖြူဖြူသွယ်သွယ်နွဲ့နွဲ့ ကိုယ်ဟန်နှင့် မမစုသည် ငယ်ရုပ်ဆင်နေဆဲပင်။ ကျွန်မထက် (၇) နှစ် သာကြီးသော မမစု၏ အသက်အရွယ်မျိုးတွင် ကျွန်မ မမစုလို လှုပ်ရှားနိုင်ပါ့ဦးမလား။ မကြမကြာ တွေးသည်။ ယခုပင် လမ်းလျှောက်လျှင် ခြေတစ်ဖက် ဆွဲနေသည်။ ၁၉၉၁ ခုနှစ် တုန်းက မော်တော် ကား မတော် တဆ တိုက်မှု ထဲ ပါခဲ့သဖြင့် လည်း အသွားအလာ သတိထားရနေရသည်။ မမစုက ကျွန်မထိုင်နေရာမှ ထပုံကိုကြည့်ပြီ…

“လူကလေး သနားကမားနဲ့ လေးဘက်ကုန်းထနေတာ မဟုတ်သေးပါဘူးကွယ် ကိုယ် ယူ့ ကို အရိုးကု ပါရဂူတစ်ဦးနဲ့ အပ်ပေးမယ်” ဟု ပြောရှာသေးသည်။ သူက ဆရာဝန်များ နှင့် အလွန်နီး စပ်သူ။ ကျွန်မက ဆရာသား သမက်ရှိတာပင် ဆရာဝန်များ နှင့် ဝေးကွာသူ။ အားမလိုအားမရ ဖြစ် နေလေသည်။

(၂)

သူ၏ ၀တ္ထုများ သည် လှရုံမက နုသည်။ ပျောင်းနွဲ့သည်။ မမစု၏ စိတ်ဓာတ်ရေး ရာ ကတော့ အားကောင်းသည်။ အနိုင်မခံ အရှုံးမပေး။ ခြေသော်မကြေဆိုသော လူစားမျိုး။ ဆောင်းတွင်းပန်းနှင့် ပတ်သက်၍ ဆောင်းပါးတစ်ပုဒ်တွင် …

ယခုတော့လည်း ကျွန်မသည် တစ်ခုခုလုပ်လျှင် စိတ်ဓာတ်ပြင်းထန်စွာ လုပ်တတ်သည်။ မရမနေ။ မနေနိုင်။ မထိုင်နိုင် လုပ်တတ်သည့်အတိုင်း သူငယ်ချင်းများ က ကျွန်မကို လျှော့လိုက်၊ လျှော့လိုက် မသီတာဟု ပြောကြပါသည်။

ဟု ဖော်ပြရေး သားခဲ့ပါသည်။

မမစု၏ စိတ်ဓာတ်ရေး ရာ အားကောင်းမှု ကို ကျွန်မ၏ မှတ်စုစာအုပ်ထဲတွင် မမစု ရေး ပေးခဲ့ သော စာက သက်သေပြလျက်ရှိသည်။ ကျွန်မသည် ဒီဇင်ဘာ ၁ ရက်နေ့ မွေးနံပါတ် (၁) ဂဏန်း သမားမို့အတိုက်အခံ များ လှသည်ဟု မကြာမကြာ ပြောမိသည်။ ကျွန်မ၏ အိမ်ထောင်ရေး ၊ စီးပွား ရေး ၊ နိမ့်ကျနေသော အချိန်ကာလတွင် မမစုရေး ပေးခဲ့သော စာတမ်းမှာ အဖိုးတန်လှသည်။ သြဂုတ်လ ၁၀ ရက်နေ့ ၁၉၉၁ - ခုနှစ်တွင် ဖြစ်သည်။

ညီမ ခင်ဆွေဦး

လောကီကြိုးဝိုင်းမှာ ငါတို့ ခဏခဏ အလဲထိုးခံရတယ်။

နံပါတ်တစ်ဆယ် မရောက်ခင် ပြန်ထနိုင်ဖို့တော့ တို့ကြိုးစားရလိမ့်မယ်။

ချမ်းမြေ့ရွှင်လန်းပါစေ။

(ခင်နှင်းယု)

၁-၁-၉၄။

တကယ့်ကို ချစ်စရာပါပဲ။ ကျွန်မ ကွန်ဗင့်ကျောင်းနေစဉ်ကာလတုန်းက သူငယ်ချင်းတွေ သတိရနေမိသေးသည်။ တချို့ရပ်ဝေးမှာ တချို့ သြစတြေးလျ၊ အမေရိက၊ တရုတ်နိုင်ငံလို တိုင်း တစ်ပါးရပ်ခြားမှာ ခရစ္စမတ်ချိန်၊ နှစ်သစ်ကူးချိန် ကတ်ပြားတွေ ပို့သော အလေ့အထခုတိုင်ရှိနေဆဲ။ အားလုံးတွင် မမစု၏ ကတ်ပြားလေးသည် အထူးခြားဆုံး။ ကျွန်မ တရိုတသေ သိမ်းထားသည်မှာ ယနေ့တိုင် ရှိနေဆဲ။

နုပျိုလန်း၍ ဆန်းသစ်သော စာပေဖန်တီးမှု ၊ အနုပညာ အသက်ရှည်မှု ကို ကျွန်မ တွေးစရာ မလိုတော့ပေ။

ကျွန်မ ဖော်ညွှန်းခဲ့သော မွေးနေ့ (၂၀၀၁၊ စက်တင်ဘာ) မတိုင်မီ မမစုနှင့် ကျွန်မ ရင်းငြိမ် (သထုံခရိုင်) သို့ ခရီးအတူ ထွက်ခဲ့ကြသေးသည်။ ဇာတိ မွေးရပ်မြေကိုချစ်မြတ်နိုးသော ကဗျာ ဆရာမောင်ဟေမာ (၀ါ) ကိုမောင်မောင်အေး၏ စီစဉ်ဖိတ်ကြားမှု အရ ရောက်သွားရခြင်း ဖြစ်သည်။ ကျွန်မအတွက် ဒုတိယအကြိမ်၊ မမစုအတွက် ပထမဦးဆုံးအကြိမ်၊ မမစုမှာ ကျွန်မတို့နှင့်အတူ ခရီး ထွက်ရတာ ကို ပျော်နေသည်။ မောင်ဟေမာ၏ ရှင်တစ်ရာ အလှူစီတ်းလှည့်လည်ရာတွင် မမစု သည် ငွေဖလားကို အလှူရှင် မောင်ဟေမာထံမှ လှမ်းယူကိုင်ပြီး ငွေဖလားထဲမှ ပိုက်ဆံတွေ (၂၀တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀တန်မှ ၅၀၀ တန်၊ တစ်ထောင်တန်ကျပ်တန်)အထိ ကြဲဖြန့်ပေး ဝေနေပါသည်။ ရေညှိစိမ်းဖျော့ဖျော့ ပိုးတွန့်အင်္ကျီနှင့် အင်းလေး ပိုးထမီပြောင်၊ ဇာပါဝါပါးပါး တလွင် လွင်နှင့် ဖြူဖြူနွဲ့နွဲ့ သဏ္ဌာန်နှင့် ကျက်သရေဆောင်လျက်ရှိသည်။

“မောင်ဟေမာလည်း ကိုယ် ၀ါးခယ်မ ချစ်သလို သူ့မွှေးရပ်မြေ “ရင်ငြိမ်း” အတော် ချစ်သား နော်”

ကျေနပ်အားရစွာ ပြောနေသည်။ ခင်နှင်းယုဟာ မွှေးရဲ့ မွေးရပ်မြေကို ဖွဲ့ခဲ့သည့် အကြောင်း ကျွန်မ တွေးလာခဲ့သည်။

ကျွန်တော် နှင်းပန်းဖြူတွေ ကို ငေးလို့ကြည့်မိ

လေပြင်းလေထန်တွေ နဲ့ ပြည့်လို့

မုန်တိုင်းကြားက သော င်ပြင်ပေါ် အိပ်ပျော်နေတယ်။

ယစ်မူးချိုသာတဲ့ ရနံ့

ပန်းတွေ ဆီက ကျွန်တော် မွှေးခဲ့ရ

နံနက်လင်းအရုဏ်မှာ ပန်းတွေ

ကျွန်တော့်ကို ချောင်းကြည့်ပြီ၊

မွှေးကြိုင်ရနံ့တွေ ပျံ့နှံ့ဝေလို့။

သူရဲ့ ကလေးဘ၀ ပျော်ရွှင်မှု တွေ ရီဇော်က ရေး ခဲ့သလို မမစုလည်း မွှေးနှင့် အတွတ်တို့၏ ပျော်ရွှင်ကြည်နူးဖွယ် “တေးဆိုကြ ပျော်ကြတာတွေ န၊ ငယ်ငယ်က သဘာဝ အခြေ” ဆိုသော ကိုလှမြင့်၏ တေးနှင့် သရုပ်ဖော်ခဲ့ကြပါသည်။ မမစု၏ အဆိုအရ..

ကျွန်မ မွေးရပ်မြေကို ကျွန်မချစ်သလို ကျွန်မတို့ ပြည်သူတွေ ကိုလည်း ကျွန်မတို့ အမိမြန်မာ ပြည်၏ အလှကို ကြည့်တတ်၊ မြင်တတ်၊ ချစ်တတ်စေလိုသော စေတနာနှင့် ရေး ခြင်း ဖြစ်ပါသည်ဟူ၏ ။



ဝန်ဇင်းချစ်သူများ ခင်ဆွေဦး ၏ “ မှတ်မှတ်ရရနေ့ရက်များနှင့် ကျွန်မ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နေခြည်ဖြာတော့နွေးလိမ့်မယ်

ရွှေပြည်ကိုသာ လွမ်းတော့သည်

ဓမ္မအလင်း ပျံ့နှံစေ