(၁)

အစောကြီးတည်းက စိတ်ထဲမှာ ထင့်နေခဲ့သည်။

သည်လို အခြေအနေမျိုးကို တွေ့ မြင်ရတော့မည် ဟု အစကတည်းက တွက်ထားသည်။ ခရီးသ ထွက်သွားရသည်၊ နည်းနည်း မှ စိတ်က မဖြောင့်။ ထင်ရာ မြင်ရာတွေ လျှောက်သွားလေမလား။တွေ့ ကရာတွေ လျှောက်လုပ်နေမလား။ တွေးပူရတာ နှင့် တစ်ရက်မှ စိတ်မအေး။

‘အောင်မရှိဘူး၊ မနက် အစောကြီးထဲက ထွက်သွားပုံရတယ်’

အခန်းနီးချင်း မမစံက တွေ့ တာနှင့် ဆီးပြောသည်။

‘ဘယ်ကို သွားတာလဲ’

‘မသိဘူး၊ မမစံ အိပ်ရာက နိုးတာ့ ခြောက်နာရီတောင်မထိုးသေးဘူး၊ဒီထဲက မရှိတော့တာ’

လက်ထဲတွင် တပင်တပန်း သယ်ဆောင်လာခဲ့သော ဒူးရင်းသီး နှစ် လုံးနှင့် ကြက်မောက်သီး တစ်တွဲ ကို အဆောင်ရှေ့မူ ကွပ်ပျစ်ပေါ် ပစ်တင်လိုက်ပြီး ခြေပစ် လက်ပစ် ထိုင်ချကာ သက်ပြင်းတစ်ချက် ခပ်လေးလေး ရူရိုက်ပြီး ပြန်ထုတ်လိုက်သည်။

လေသည် တစိမ့်စိမ့် တိုက်ခတ်လာသဖြင့် တော် ပါသေးသည်။ပန်းနုရောင် အပွင့်သေးသေး နုပ်နုပ်လေးများ နှင့် စောင်းလျားပင် အကိုင်းအခက်တို့သည် လေတွင် ယိမ်းနွဲ့နေကြသည်။

‘သူ တစ်ယောက် တည်း ထွက်သွားတာလား’

‘ တစ်ယောက် တည်းနေမှာ ပေါ့ ကိုအောင်ရယ်၊ ကိုအောင်သူငယ်ချင်းအကြောင်း မသိဘူးလား၊ ချောစုလဲ ပဲခူးပြန်သွားတာ နှစ် ရက်ရှိသွားပြီး၊ အခန်းမှာ က သူ တစ်ယောက် တည်း’

‘ဘယ်သွားတယ်လို့လဲ မမစံကို ပြောမသွားဘူးလား’

‘ပြောမသွားလို့ပေါ့၊ စိတ်ထဲပူနေတယ်’

‘ဒီကောင်မလေးဟာ ထင်မိထင်ရာတွေ လျှောက်လုပ်နေပြီထင်ပါရဲ့’

ကိုအောင်က ညည်းသည်။

‘ကိုအောင် မော်လမြိုင်က ဘယ်တုံးက ပြန်ရောက်လာလဲ’

အမောတကော ရောက်လာသူ အမောပြေစေရန် မမစံကစကားပြောင်းလိုက်ရင် မေးသည်။

‘ခုမနက်ပဲ၊ ဘူတာရုံက တိုက်ရိုက်လာတာ၊ အိမ်တောင်မ၀င်ရသေးဘူး၊ ဒူးရင်းသီးတွေ က မနက်ဖြန် ခံတော့မှာ မဟုတ်ဘူး၊ သူ ညနေ ပြန်လာရင်လာယ မလာလဲ မမစံတို့စားလိုက်ြ ကတော့၊ ကြက်မောက်သီး ကတော့ ထားလို့ရသေးတယ်’

‘နေဦးကိုအောင်၊မမစံမှာ သူ့ အခန်း သော့ ပိုတစ်ချောင်းပေးထားတာ ရှိတယ်၊ အပြင်က သော့ ခေတ်ထားပြီး အခန်းထဲမှာ အိပ်ဆေးတွေ များ သောက်နေတာလား မသိဘူး၊ မမစံခုမှ စဉ်းစားမိတယ်’

‘ကြည်………..ကြည်ပါဦး မမစံ’

မမစံက ပြောပြောဆိုဆို အောင့်အခန်းတံခါးကို ခပ်သွက်သွက် ဖွင့်လိုက်သည်။ဂျာမနီလုပ် သော့ ခလောက်လေး ပွင့်သွားသည်နှင့် အညီ ရင်ထဲ အမျိုးအမည် မသိသော ဝေဒနာနှင့် ဟာသွားသည်။ လူမရှိသော အခန်းကျဉ်းလေးကား ခြောက်သွေ့ တိတ်ဆိတ်လွန်းလှသည်။

‘ဒီမိန်းမ ဒါလောက်တော့ မမိုက်မဲပါဘူး၊ ကဲ……ဒီ စားစရာတွေ အောင့်အခန်းထဲ ထည့်ထားလိုက်မယ်၊ မမစံတို့ အခန်းကျတော့ လူကစုံတယ်၊ တစ်ယောက် မြင် တစ်ယောက် မြင်နဲ့ မပေးရင် မကောင်းဘူး၊ လူက များ တော့လဲ ဝေမျှလောက်အောင်လဲ လောက်မှာ မဟုတ်ဘူး’

ကိုအောင်သည် မိန်းကလေးအခန်းမို့ အခန်းထဲသို့ လိုက်မ၀င်သော်လည်း ကွပ်ပျစ်နားရပ်လျက်က အခန်းထဲမှ မြင်ကွင်းကို ထင်ထင်ရှားရှား တွေ့ မြင်နေရသည်။

ခုတင်ခေါင်းရင်းတွင် ‘အောင်’ ၏ ပန်းချီလက်ရေး ပုံစံနှင့် ရေး ထားသော လင်္ကာလေး တစ်ခုကို လှမ်းမြင်ရတော့ ကိုအောင်သည် ငိုင်နေရာမှ ပြုံးမိသည်။

မျက်ခွက်ပြည့်လျှမ်း၊ မျက်ရည်လွှမ်း…

အလွမ်းကိုလည်း၊ မ , သတ်မည် တဲ့။

ခုတင်ခေါင်းရင်းဘေးရှိ စာကြည့်စားပွဲပေါ်တွင် ငါးမည် ရွှေကြာ သတ်ပုံ စာအုပ်လေးသည် မှော င်လျက် ပွင့်တင်နေသည်။ ထို့ပြင် ကာလပေါ် စတီရီယို သီချင်းစာအုပ်များ ၊ အနောက်တိုင်း ကာလပေါ် တေးသီချင်း စာအုပ်များ ကိုလည်း ဖရိုဖရဲနှင့် တွေ့ ရသည်။

အောင့် ခုတင်ပေါ်တွင် ဂီတာတစ်လက်ကို အလျားလိုက် တင်ထားသည်။ခုတင်ခြေရင်းတွင် ၀တ်လက်စ ထဘီသုံးလေးထည်ကို လွှာထားသည်။ မသိမ်းမဆည်း ပွချင်တိုင်း ပွနေသော ပုံစံ။

စာကြည့်စားပွဲ တစ်ဖက်တွင် သပ်သပ်ရပ်ရပ် အိပ်ရာဖုံးဖုံးထားသော ခုတင်မှာ ချောစု၏ အိပ်ရာနေရာ ဖြစ်မည် ထင်သည်။ သည်ဘက်က အောင့်ခုတင်နှင့် ဆန့်ကျင်ဘက်။

စားပွဲပေါ်တွင် လည်း ပေါင်မုန့်ခွံများ ပြည့်နေသော မုန့်ဘူးတစ်ခု၊ ငရုတ်သီးမှု န့် ၊နွယ်ချိုမှု န်တို့နှင့် နယ်ထားသော စိမ်းစားသရက်သီးဖတ်များ ထည့်ထားသည် ကြွေရည်သုတ်ပန်းကန်ပြား တစ်ချပ်၊ သီချင်းစာအုပ်နှင့် ဖုံးထားသော သောက်ရေ ဖန်ခွက်တစ်ခွက် ၊ဘာမှ အစမသတ်။

ကုလားထိုင် နောက်မှီတန်းတွင် တင်ထားသော ဘရာစီယာ တစ်ထည်ကို မမစံသည် ကပျာကယာ ကောက်ယူကာ ခေါင်းအုံးအောက်ထဲ အမှု မဲ့လိုလို ထည့်လိုက်တာကို ကိုအောင်က ကတ်ကတ်သတ်သတ် တွေ့ လိုက်သည်။

ထိုနောက် မမစံသည် မုန့်ဘူးနှင့် သရက်သီးပန်ကန်းတွေ ကို ဖုံးအုပ်ကာ….

‘မနေ့ညကလဲ ခုနစ် နာရီကျော်မှ အဆောင် ပြန်ဝင်တယ်’

‘ခုနစ် နာရီ ၊မိုးချုပ်လှချည့်လား’

‘ဟုတ်တယ်၊ မနေည့ကလဲ မမစံ စိတ်ပူပူနဲ့ သူ့ကိုစောင့်နေရတာ ၊ အပြင် အဆောင်ဆိုတော့လဲ စည်းကမ်း သတ်မှတ်ချက်တွေ ဘာတွေ တင်းတင်းကျပ်ကျပ် မရှိတော့ သူ့သဘောပဲ၊ အို….နောက်ဆုံးတော့လဲ ကျောင်းအဆောင်တွေ လဲ နေ့လယ် သွားချင်ရာ သွားလို့ရနေတာ ထူးတော့ မထူးပါဘူး၊’တစ်ခု ကတော့ ဒီမှာ ဂိတ်တံခါးကို ညနေ ခြောက်နာရီသာ ပိတ်မယ်ပြောတာ ၊ဘယ်အချိန်ဝင်ဝင် ရနေတယ် ကိုအောင်ရဲ့ …..’

‘အဆောင်ပြန်ဝင်တော့ တစ်ယောက် တည်းပဲလား’

‘ တစ်ယောက် တည်းပေါ့’

‘တောက်’

မမစံက စိတ်ရူပ်ရူပ်နှင့် ရယ်မောနေသည်။ ထို့နောက် စာကြည့်စားပွဲကိုရှင်းရင် စားပွဲပေါ်တွင် တိဗက် စနိုးဘူးနှင့် ဖိထားသော စာနှစ် စောင်ကို လှမ်းယူလိုက်သည်။ စာတစ်စောင်ကို လိုအောင့်အား ကမ်းပေးလိုက် ရင်…..

‘ဒါက ကိုအောင်ဖို့’

ကိုအောင်သည် အခန်းရှေ့မှ ကွပ်ပျစ်ပေါ်တွင် ပြန်ထိုင်ပြီး စာကို ကပျာကယာ ဖွင့်ဖတ်လိုက်လေသည်။

ကိုအောင်

ညက ကိုလတ်ကို အိပ်မက် မက်တယ်။ ကိုလတ်ရဲ့ နဂိုဖြူတဲ့ အသားတွေ ဟာ ပိုဖြူပြီး ဖျော့နေတာပဲတဲ့။ သူ ခုနေနေရတဲ့ အခန်းကျဉ်းလေးကြားထဲက သံတိုင်ကြားကို မော့ကြည်လိုက်တော့ ကြယ်တွေ ၊ လတွေ အကုန်မြင်နေရသတဲ့။အိပ်မက်ထဲမှာ အနုစိပ်ပဲ။ အပြင်လောကက ပိုးမွှား ပုရစ်တွေ့ ရဲအော်သံကို ကြားနေရတယ်။ အခန်းနေရာနဲ့ ကပ်လျက်နေရာမှာ ဆိတ်ဖလူးပန်းတွေ ဟာ ရာသီချိန်မဟုတ်ဘဲ ဖွေးဖွေးလှုပ် ပွင့်နေသတဲ့။ သူက ကျွန်တော့် ကို ကြည်နေပေမယ့် မြင်ပုံမရဘူးတဲ့။ ကျွန်တော့် ကို အောင်အောင်လေးလို့သာ မှန်းဆခေါ်နေတာပဲတဲ့။သူ့မျက်လုံးတွေ့ က ကွယ်နေတယ် ဆိုလား။သဲသဲ ကွဲကွဲလဲ မသိရဘူး။ကျွန်တော် စိတ်မကောင်းလိုက်တာ၊ အိပ်မက်ထဲ ငိုနေရတာ တစ်လျှာက်လုံးပဲ၊ မျက်ရည်တွေ ဟာ အိပ်ရာကနိုးတဲ့အထိပဲ ထွက်နေတာ။ အိပ်မက်ထဲမှာ ငိုတာနဲ့ အပြင်မှာ ငိုတာ ဒီလိုပဲ ရောနေတတ်လား ၊ ဒီလိုအ ဖြစ်မျိုးကို အောင်ရော ကြုံဖူးလား ပြောပါဦး။ ကိုလတ်ကိုတော့ ငိုတာ မတွေ့ ဖူးဘူး၊ သူ့အသည်းက သိပ်မာတာပဲ။ သူစိတ်ထိခိုက်ရင် မျက်လုံးတွေ နီပြီး မျက်နှာပျက်နေတာပဲ။ဒါလဲ တစ်ခါနှစ် ခါလောက် တွေ့ ဖူးတာပါ။သူက ကျွန်တော့် ကို စိတ်ကူးယဉ်လွန်းတယ်၊ နုလွန်းတယ်တဲ့။ ဟုတ်သလား။

ကိုအောင်လဲ မပြောမဆို မော်လမြိုင် သွားတယ်ဆိုတာ ဒေ၀ပြောလို့ ကျွန်တော် သိရတယ်။ ဘာလို့ ကျွန်တော့်  ကိုနူတ်ဆက်မသွားတာလဲ။ကျွန်တော် ၀မ်းနည်းတယ်။ စိတ်လဲဆိုးတယ်။ တကယ်ပြောတာ။ ကျွန်တော် က စိတ်နာတတ်တယ်နော်၊ သတိထား။ဒေ၀တို့ ဗလတို့တောင် ဟိုနေ့က ကျွန်တော့် ဆီ လာလည်သေးတယ်။ သူတို့လဲ ခါတိုင်းလို နောက်လား ပြောင်လားတောင် မလုပ်နိုင်ြ ကတော့ဘူး။ အဖွဲ့ထဲကိုလတ်ရော ၊ ခင်ဗျားရောမရှိတော့ ရင်ထဲမှာ ‘ဟာ’ နေကြတာပေါ့။ အရေး ထဲ ချောစုကလဲ သူ့အမေ ဆိုင်ထွက်ရင်မူးလဲလို့ ပဲခူးကို ပြန်သွားရတယ်။ ကျွန်တော် တောင် လိုက်သွားသေးတယ်။ ခုတော့ အခြေအနေကောင်းပါပြီ။

အဆောင်မှာ ကျွန်တော် တစ်ယောက် တည်းပဲပေါ့။စာတွေ့  အများ ကြီး ဖတ် ဖြစ်ပါတယ်။ တနေ့နှစ် အုပ်နူန်း (ကျောင်းစာ မဟုတ်တာ သိပါတယ်နော်။) နေ့လယ်ဘက် ၀တ္ထု အပျင်းဖြေ ၊ညကျတော့ ကိုအောင် ပေးထားတဲ့ စာအုပ်တွေ ရော ကျွန်တော် ဘာသာ ဌားထားတာရောပေါ့။ကိုလတ်ဆီ ရေး တဲ့စာတွေ ကို မပို့ ဖြစ်တော့ လေ့ကျင့်ခန်း စာအုပ်တွေ မှာ နံပါတ်တပ်ပြီး ရေး ထားတယ်။ လေးနက်တာလဲ ပါရဲ့ ။ မလေးနက်တဲ့ အသေးအမွှားတွေ လဲ ပါရဲ့ ။ ကိုလတ်ကို ကျွန်တော် ပြောချင်တာတွေ ပြည့်နေတာပဲ။

မနေ့က မားသားကြီးဆီက စာလာတယ်။ကောင်းကောင်း နေပါတဲ့။ ကောင်းကောင်း မနေလို့ ကျွန်တော် ဘာလုပ်နေလို့လဲ။ ဖားသားကြီးကအစ သတိပေးပြန်တယ်။ နေ့တိုင်းစာကျက်ဖို့၊ အပြင်ဆောင်ကောင်းကောင်းနေဖို့။ ဒီတော့ ကျွန်တော် ဘာတွေ အပြစ်လုပ်မိလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားတယ်။ အပြစ်လဲ ရှာမတွေ့ ပါဘူး။ ကိုယ့် ကိုကိုယ် ဇွတ်ချည်းထောက်ခံနေတယ်ဆိုပြီး ခင်ဗျာရယ်မနေနဲ့ဦး။ ‘စာ’ ဆိုတဲ့ ကျောင်းစာ ကတော့ ကျွန်တော် တစ်သက်လုံးကျက်ခဲ့တာမှ မဟုတ်ဘဲ။ ဆယ်တန်းတုန်းက တောင်မကျက်တာ၊တစ်လလောက်မှစ ကျက်တာ ကိုအောင် ယုံလား။ တက္ကသိုလ်ရောက်မှ စာကျက်တယ်ဆိုရင် ရာဇ၀င်ရိုင်းရောပေါ့။ အတန်းမှန်မှန်တတ်ရင် တော် ရောပေါ့. ပရက်တီကယ်လ်တွေ လဲ မလစ်ပါဘူး။

ကျွန်တော့်  ပတ်ဝန်းကျင်က တကယ် ‘အကာ’ ကိုအောင်ရ။ ကျွန်တော့်  အဖေအမေဆီမှာ ‘အနှစ် သာရ’ ဆွဲထုတ်ကြည့်တယ်။ နည်းနည်း မူ မတွေ့ ဘူး။ကျွန်တော် နဲ့ မတည့်တဲ့ အစ်မ တစ်ယောက် ကအစ တကယ်ဂုဏ်ပကာသန မက်တဲ့ဟာတွေ ။ ဘယ်သူ့သားသမီးက မရင်းအင်ဂျင်နီယာ၊ ဘယ်သူ့သမီးက အမ်အက်စီကွာလီဖိုင်း၊ ဘယ်သမက်က ဒီအက်စ်အေ၊ ဘယ်ချွေးမက ဆရာဝန်၊ အဲဒါတွေ့ ပေါ့။ ပြောလိုက်ရင်လဲ ဘယ်သူက နိုင်ငံခြားက ဘာကားယူလာတာ။ နောက်ဆုံးပေါ်ကားတွေ ။ ကမ္ဘာအေးတို့ ၊ချင်းချောင်းတို့ ၊ ၀င်ဒါမီယာတို့၊ ပါရမီတို့မှာ တိုက်ဆောက်တာ၊ ရေကူးကန်တူးတာ ၊ ၀တ်သားတုံးကြီး ဒူးခေါင်းလောက် သူများ စားတာ မြင်ဖူးပါရဲ့ ဆိုတဲ့ အစားတွေ ။ ကျွန်တော် တို့အဆောင်ကသူယောင်မယ်တို့၊ ပျာကလပ်တို့နဲ့ သိပ်တူတာပဲ ၊ ခုတလော ကျွန်တော် နဲ့ မိတ်ဆွေဖြစ်လာတဲ့ ဆရာထောလဲ ဒီအတိုင်းပဲ။

လောကကြီးမှာ ကိုလတ်တို့ခင်ဗျားတို့ပြောကြတဲ့ ဘက်နှစ် ဖက် ရှိတယ်ဆိုတာ အမှန်ပါပဲ။ အကောင်းဘက် ၊ အဆိုင်းဘက်၊ အမှန်ဘက်၊ အမှားဘက် ၊ အလင်းဘက်၊ အမှော င်ဘက် ၊ အစစ်ဘက်၊ အတုဘက်၊ အမြတ်ဘက်၊ အယုတ်ဘက် ကောင်းတဲ့လူချင်းပေါင်းမိသလို ဆိုးတဲ့လူချင်းလဲ ပေါင်းမိတာပါပဲ။ သူတော် အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုတဲ့ ရှေးမြန်မာ စကားပုံကို ကျွန်တော် အပြတ်ထောက်ခံတယ်။ ဟိုနေ့က ဆရာဝက်ထောရယ် ၊ ကိုလတ်ကို ဘာမဆိုင် ညာမဆိုင် လာဝေဖန်လို့ ကျွန်တော် ချဲ့ပစ်လိုက်တယ် ၊ တကယ်ပဲဗျာ။ ဘယ်လိုလူမှန်း မသိဘူး။

ခေတ်မိန်းကလေးတွေ မျက်စိနဲ့တော့ သူဟာနည်းပြဆရာ။ ကျူရှင်တွေ ပေးပြီး ၀က်ထောနေတော့ မက်စရာပေါ့။

သူက ကျွန်တော် ကို့လဲ ပိုးသေးတယ် ကိုအောင်ရာ။ သူ့ကို အရူးလုပ်ရမလား။ အပြတ်ပြောပစ်ရမလား၊ လမ်းနှစ် သွယ်ကို စဉ်းစားနေရတယ်။သူမို့လို ကိုလတ်ကို ရက်ရက်စက်စက် ဝေဖန်တယ်။ကျွန်တော် သိပ်စိတ်ထိခိုက် တာပဲ။သူယောင်မယ်တို့၊ ပျာကလပ်တို့ အုပ်စုကလဲ ကျွန်တော့် ကို အတင်းပြော့ဖို့စောင့်ကြည်နေကြတာပဲ၊ ကျွန်တော် တို့ ဆရာမ တွေ နဲ့တောင် ပူးပေါင်း အတင်း ပြောချင်တယ်။

လောကကြီးမှာ ကိုယ်ကိုယ်တိုင်က အပြစ်မကင်းတဲ့ လူတွေ ဟာ အပြစ်ရမယ်လို့ မည် မည် ရရမရှိတဲ့လူတွေ ကို ဆီလိုအပေါက်ရှာပြီး လက်ညှိုးထိုးတဲ့ လူတွေ ကိုအောင်တွေ့ ဖူးမှာ ပေါ့။ ကျွန်တော် လဲ သူတို့ပါရမီဖြည့်ချင်လာတာနဲ့ သူတို့ပြောစရာတွေ အများ ကြီးရအောင် နေပစ်လိုက်တယ်။ မနက်မိုးလင်းတာနဲ့ တစ်ယောက် တည်းထွက်ပြီး မိုးချုပ်မှပြန်တယ်၊ ဟိုနေ့က ဆရာထောနဲ့ လမ်းထိပ်မှာ တွေ့ ခဲ့တာကို ကျွန်တော် တမင်အဖော်စပ်ပြီး ပြန်လာတယ်။

ဆရာဝက်ထောနဲ့လဲ ပြောချင်ချင်ဆိုတော့ ငါတို့ပြောတာ မှန်ပါသလားလို့ ကျေနပ်ပီတိတွေ ဝေဖြာသွားအောင်လို့ ဘယ်က ပြန်လာတာလဲလို့ ပျာကလပ်က မေးတယ်။ ရုပ်ရှင်ကလို့ ကျွန်တော် ပြောလိုက်တယ်၊ အမှန်က ရုပ်ရှင်ကြည့်တာ ကျွန်တော် အဒေါ် တစ်ယောက် နဲ့။ သူယောင်မယ်က စကားမပြောပေမယ့် မျက်နှာကိုပြုံးသွားတာပဲ။ ကဲ ငါမပြောလားပေါ့။

အဲဒီ တော့ ကျွန်တော် စိတ်မဆိုးတော့ဘူး။ ၀မ်းထဲက ရယ်ချင်သွားတာနဲ့ အဆောင်ထဲ ကပျာကယာ ၀င်ပြေးရတယ်။ ကျွန်တော် ကိုလတ်ကို ပြောခဲ့ပါရောလား။ မိန်းကလေးတွေ ပွေတာ သူ တစ်ယောက် တည်းပဲ၊ သူ့ဘာသာသူထိခိုက်မယ်။ တခြားလူကို မထိခိုက်ဘူး။ စိတ်ပုပ်တာက လူတိုင်းကို ထိခိုင်နိုင်တယ်။ ဒီလို စိတ်ပုပ်တဲ့လူတွေ များ လာမယ်ဆိုရင် ကျွန်တော် တို့ တိုင်းပြည်အတွက် အလားအလာ မကောင်းဘူးလို့….။

အောင်…အောင်…အောင်

အစက ကိုယ်နာမည် တူလည်း ဖြစ်သည်မို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည်။ အိမ်မှာ သာဆိုလျှင် အချစ်ဆုံးနှင့် အထွေးဆုံးနှမလေး တစ်ယောက် မုချ ဖြစ်လာမှာ ပါပဲ။ မိန်းကလေး သူငယ်ချင်းတွေ ထဲတော့ အချစ်ဆုံးသူငယ်ချင်းပေါ့။

လူမမြင်ဖူးခင်ကပင် ကိုလတ်က သူ့နှုတ်ဖျားမှ ‘အောင်က ၊ အောင်က’ တွေ မိုးမွှန်အောင် မကြာခဏပြောပြောနေသော ကြောင့် ကြားဖူးနေကျ ဖြစ်နေသည်။ အစက မိန်းကလေးနာမည် ‘အောင်’ ဆိုတာ ဆန်းသည်ဟုထင်မိသည်။ကြာတော့လည်း မိန်းကလေးအနေနှင့် ‘အောင်’ ဆိုတာ ရိုးသွားသည်။ နားထဲယဉ်သွားသည်။

ပထမဆုံး ကိုလတ်ဆီရေး သော သူ့စာတစ်စောင်တွင် ကျွန်တော် ၊ ကျွန်တော် နှင် မန္တလေးသူတွေ လို ထည့်ရေး ပြန်တော့ အောင်ဆိုသည့် မိန်းကလေးသည် အသားညိုညို ထောင်ထောင် မောင်းမောင်း ကြီးထွားကြံ့ခိုင်သော ခန္တာကိုယ်နှင့် ယောကျာ်းလျာ မလေးများ ဖြစ်လေမလား ထင်မိသေးသည်။

ကနေဦးအစ တွေ့ ရတုန်းက အသားလတ်လတ်၊ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နှင့် ကနွဲ့ကလျလေး တွေ့ ရတော့ အောင့်ကို အောင်လို့မထင်မိ။ အသားညိုညို ခပ်၀၀ ချောစုသာ အောင်ဟု ထင်မိပြီး ချောစုကိုသာ လှည့်စကားပြောနေမိသေးတယ်

လွန်ခဲ့သော သုံးနှစ် ခန့်က စံရိပ်ငြိမ်နှင့် လမ်းတစ်ဖက်တည်း ရိုးမနားက အပြင်ဆောင်တစ်ခုမှာ ပေါ့။ အောင်ဆိုတာ ၀ိဇ္ဇာသိပ္ပံမှ မျက်နှာသစ်ကလေး တစ်ခုသည် ပုသိမ်ကောလိပ်က ပြောင်းလာတာ့တဲ့။

နှာယောင် ထိပ်နားတွင် တံတားသဖွယ် ဆက်နေသော မျက်ခုံးထူထူ၊ မျက်လုံးအိမ်အရောင် နက်နက် တောက်တောက်လေးနှင့် မိန်းကလေး တစ်ယောက် အသွင်ကို ပီပီပြင်ပြင် တွေ့ မြင်ရလေသည်။ အ၀တ်အစား အဆင်အပြင်ကအစ ၊ဖြီးလိမ်းထားတာကအစ ပြကတေ မိန်းကလေး။

ကျော်လည်အထိ ရှည်လျားသော ဆံပင် စုချည်းထားသည့်နေရာတွင် ဇွန်ပန်းကုံးကို ရစ်ပတ်ထားသည်။ လှိုင်းကြီးအင်္ကျီ အ၀ါရောင် လက်ပြတ် ၊ အ၀ါခံတွင် အညိုရောင် အပွင့်ရိုက် ပါတိတ်ထဘီ၊ အညိုရောင် လက်ပတ်ကြိုးနှင့် အိုမီဂါနာရီ အ၀ိုင်းသေးတွေ ကို ပြန်လည်၍ မှတ်မိနေသည်။

စကားပြောတာတစ်ခုပဲ ဒိုးဒိုးဒေါက်ဒေါက်နှင့် လေသံကပြတ်သည်။ မာလည်းမာသည်။ မိန်းကလေး တစ်ယောက် လို နည်းနည်း မှမနွဲ့။ တစ်ခါတစ်ခါကျ သူ့အပြုအမှု တွေ သည် ယောကျာ်းလေး တစ်ယောက် ပမာ ဆိုးဆိုးဆတ်ဆတ် နိုင်လှသည်။

‘အောင်က ယောကျာ်းလေး တစ်ယောက် လိုပဲ၊ တေတေပေပေနေတာ။ ရုပ်ရှင်တွေ ပွဲဆက်ကြည့်ချင်ကြည့်တာ၊အတန်း တွေ လဲသိပ်လစ်တာပဲဈ သူတို့နယ်မှာ ဘိုင်စကယ်ကို လက်လွှတ်စီးကျင့်တဲ့ မိန်းကလေးဆိုလို့ သူ တစ်ယောက် တည်းပဲ၊ မော်တော် ကားအတိုက်ခံပြီး ၊သေသွားတဲ့ သူ့မောင်လေးအကြောင်း၊ သူခေါင်းမာတယ်ဆိုပြီး ရေချိုးခန်းထဲ တစ်နေ့ နဲ့ တစ်ညလှောင်ထားပြီး ရက်စက်တဲ့ သူ့အဖေနဲ့ အမေအကြောင်း၊သူ့ကိုပါးရိုက်ဆုံးမတဲ့ အစ်မလတ်အကြောင်း တွေ ပြောပြပြီး အော်ငိုတာတဲ့’

ရောင်းရင် ကိုလတ်က ရယ်ရယ်မောမောနှင့် ပြန်ပြော၍ သိခဲ့ရသော တစေ့တစ်စောင်း အောင့်ရဲအကြောင်း….။

‘သူ့အတွေးအခေါ်တွေ က ကောင်းပါတယ်၊ အနာဂတ်အတွက် အလားအလာရှိတဲ့ မိန်းကလေးပါပဲ၊ ဒါပေမယ် သူက သူ့မိသားစု အပေါ်နားကြည်နေတယ်၊ ပတ်ဝန်းကျင်ကိုလဲ သည်းခံလို့မရဘူး၊ လောကကို အရွှဲ့တိုက် ဆန့်ကျင်နေချင်တယ်၊ တစ်ခါတစ်ခါကျ သူ့စိတ်တွေ ဟာ လေလွင့်ပြီး ထင်ရာစိုင်းချင်နေတယ်၊အဲဒါကို တို့ဝိုင်းထိန်းပေးရမှာ ပဲ၊ သူ့မှာ ဆန့်ကျင်ဘက် စရိုက်တွေ တွဲ နေတယ်၊ တစ်ခါတစ်ခါကျ သူ့အမူအရာတွေ ဟာ ရဲတင်းတယ်၊ သိပ်ပြတ်တယ်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ဘူး၊ တစ်ခါတစ်လေတော့လဲ သိပ်ရှက်တယ်၊ အမူအရာက ရွှံပြီး တွန်ဆုတ်နေတယ်၊ ငါနဲ့ ပထမဆုံးဆတွဲ ဠပြီး နှစ် ယောက် တည်း လျှောက်တုန်းကများ လမ်းလျှောက်ရင်း ရှက်ရှက်နဲ့ တစ်လမ်းလုံး ခလုတ်ချည်းတိုက်သွားတာ’

ကိုလတ်၏ စကားတွေ ကို အမှတ်တရ ရှိနေမြဲပင်။

‘ဘာပဲ ဖြစ် ဖြစ်ပေါ့ သူငယ်ချင်းရာ၊ အောင့်မှာ ရိုးသားမှု ရှိလိမ့်မယ်လို့ ငါထင်တယ်၊ ကောင်းမယ်လို့ သူယူဆတဲ့အလုပ်မှန်သမျှမှ သူစိတ်အားထက်သန်တယ်၊ ဘာမဆို စိတ်ဓာတ်လဲ တတ်တတ်ကြွကြွရှိတယ်၊ ခုမဂ္ဂဇင်းအတွက် သူအကုန်လိုက်လုပ်ပေးတာ ကြည့်ပါလား ၊ ပန်းချီ ဒီဇိုင်းတွေ ဆွဲပေးတာရော၊ စာမူရွေးတာ၊ စာမူတွေ လိုက်စုဆောင်းပေးတာကအစ တစ်ချက်မညည်းဘူး၊ မျက်နှာတစ်ချက်မညှိုးဘူး၊ ဘတ်စ်ကား စီးရမလား၊ လမ်းလျှောက်ရမလား၊ တော် တော် ကောင်းတယ်’

သည်တုန်းက ကိုအောင်၏ မျက်နှာကို မျက်နှာပိုးပင် သတ်လို့မရ။ အားပါးတရပြုံးမိပြီး…..

‘ဤမည် သော အကြောင်းကြောင်းကြောင့် ပေါ့လေ’

သည်တော့ ကိုလတ်က မျက်နှာနီလာကာ ရယ်မောလျက်….

‘အစက ငါသူ့ကို လုံးလုံးစိတ်မ၀င်စားပါဘူး၊ အထင်လဲနည်းနည်း မှ မကြီးခဲ့ဘူး၊ သာမန်အရာရှိ တစ်ယောက် ရဲ့ သမီး ထုံးစံအတိုင်း အ၀တ်အစားဖက်ရှင်ထွင်၊ ပေါ်သမျှဆန်းသမျှတွေ ကို မရှိမဲ့ ရှိမဲ့လိုက်ဝယ်၊ ကောလိပ်ပညာသင်ပြီး ဘွဲ့ရတော့ အလုပ်ရအောင် ဟိုကပ်ဒီကပ်၊ အဲလေ….ဒါ အများ လုပ်နေတဲ့အလုပ်ဆိုတော့ ငါ အပြစ် မတင်ပါဘူး၊ အပြစ် တင်စရာမဟုတ်ဘူးပေါ့လေ၊ ထမင်းအိုးတစ်လုံးဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ငါနားလည်ပါတယ်၊ ဒါပေမယ် အောင့်ကို ပညာတတ် မိန်းကလေးအများ စု မျှော်မှန်းတဲ့၊ တစ်ကိုယ်ကောင်းအတွက် ဘ၀အာမခံချက်ရှိတဲ့ ပုဂ္ဂလိက ဘ၀အတွက် အလားအလာကောင်းတဲ့ ယောကျာ်း တစ်ယောက် ယောက် ကို ခေါင်းခေါက်ယူပြီးတော့ မီးဖိုးချောင်း ကိစ္စနှင့် သားသမီးတွေ ကျူရှင်ပို့တာနဲ့ အချိန်ဖြုန်းတီးပစ်မယ့် မိန်းမလို့ ဒီလောက်ပဲ အောင့်ကိုတွေးတယ်၊ ဒီထက်နည်းနည်း မှ မပိုဘူး’

ကိုအောင်သည် သူ့မျက်နှာ အပြုံးကား ရုတ်တရက်ပြောက်ကွယ်မသွားပေ။ အောင့်ဘက် ပြန်ပြောဖူးတာကိုလည်း အမှတ်ရပြီး ကိုလတ်အား ပြန်ပြောကာ တသော သော ရယ်မောမိကြသေးသည်။

‘ယောကျာ်းလေးတွေ ကို ကျွန်တော် သိပ်အထင်မရှိဘူး၊ ကျောင်းမှာ ဟေးလား ဟားလားနဲ့ အချိန်ကုန်၊ သူငယ်ချင်းတစ်စု အရက်သောက်မယ် ၊ ဖဲရိုက်မယ်၊ကလေရိုက်မယ်၊ စကားရိုင်းရိုင်ပြောရရင် စီထုတ်မယ်၊ ကန့်တောနော်၊ ထုံစံအတိုင်း စာမေးပွဲအောင် ဘွဲ့ရ အလုပ်ရှာမယ်၊ အလားအလား ကောင်းတဲ့အလုပ်ရဖို့ဆိုရင် ကျောင်းတုန်းက တတ်ကြွတဲမာန်တွေ ချိုးပစ်ပြီး ဟိုပြေးဒီလွှာနဲ့ ၊ အဲဒီ အခါမယ် မော့ထားတဲ့ခေါင်းတွေ ငုံ့လာပြီး ဒူးက ညွှတ်လာကြမယ်၊ ဒါ အပြစ်တင်စရာ မဟုတ်ပါဘူးပေါ့လေ၊ ရင်ထဲက ၀ိညာဉ်လေး ပျောက်မသွားဖို့သာ အရေး ကြီးတာ အဲ…အလုပ်မရခင်စပ်ကြား မိန်းမယူချင်ပြန်တော့ အလုပ်ရှိတဲ့ ၀င်ငွေကောင်းတဲ့ မိဘကို ထောက်ပံ့ဖို့ မလို့တဲ့ မိန်းမျိုး ရှာကြတာပဲ၊ ကျွန်တော် က အမျိုးသမီးတွေ သာ ဂုဏ်မက်တာလား မှတ်တယ်၊ အမျိုးသားတွေ က ဂုဏ်မက်တာမှ ပိုရွံဖို့ ကောင်းတယ်’

ဒါက အောင့်ရဲ့ စကား။ ကိုလတ်က ကိုအောင်၏ မျက်နှာကိုငေးကြည်ကာ….

‘သူ့မှာ ယောကျာ်းတွေ ကို မကျေနပ်တဲ့ ဆန့်ကျင်တဲ့ အစွဲတစ်မျိုး ရှိနေတယ်၊ ယောကျာ်းလေး မိတ်ဆွေလဲမရှိခဲ့ဘူးတဲ့၊ တစ်ခါတစ်ခေါက် သူ့ကိုပိုးနေတဲ့ ကောင်လေးတွေ ကို အရူးလုပ်ချင်တယ်၊ သူ့ရဲ့ ဒီအစွဲကိုပျောက်အောင် တို့ဝေဖန်ပစ်ရမယ်၊ အလျင်ကဆိုရင် သူ့သူငယ်ချင်းတွေ ကို ရည်းစားထားချင်ထား ယောကျာ်းမယူရဘူးတဲ့။’

‘အလျင်တုန်းကဆိုရင် ပိုးဆိုးတယ်၊ ချောစု ပြောပြဖူးတယ်၊ ကောလိပ်မှာ တုန်းကတဲ့၊ ယောကျာ်းယူတဲ့သူ့သူငယ်ချင်း ဆိုရင် ချက်ချင်း အဆက်အသွယ်ဖြတ်ပြီး အုပ်စုအဖွဲ့ထဲ ကန်ထုတ်ပစ်လိုက်တာပဲ’

တစ်ခါတုန်းက အောင့်တို့အုပ်စုထဲက သူငယ်ချင်း ခင်မေလွင်ဆိုတဲ့ မိန်းကလေး တစ်ယောက် ဖရက်ရှာဘ၀တည်းက သူတို့မိဘချင်းလဲ သဘောတူ၊ သူတို့ချင်းလဲ ကြည်ဖြူသော အမျိုးသား တစ်ယောက် နှင့် အတွဲ ဖြစ်တုန်းက အောင် မကန့်ကွက်သော်လည်း ၊ တကယ်ယူတော့မည် ဆိုတော့ ကျတိုက်လိုက်တာ ခင်မေလွင်ခမျာ နေစရာပင်မရှိ။

ခင်မေလွင်၏ မင်္ဂလာကိစ္စနှင့် ရန်ကုန်သို့ တစ်ဖွဲ့ကြီးရောက်လာကာ မနက်ဖြန်ခါ မင်္ဂလာဆောင်တော့မည် ဆဲဆဲ သတို့ သမီးလောင်း ခင်မေလွင် အောင်ကိုယ်တိုင် မောင်းသော အောင့်ဘကြီး၏ ပရီဖက်ကားလေးနှင့် တင်ခေါ်သွားကာ ပြန်ပေးဆွဲသလို ပြန်မပို့တော့ဘူးတဲ့။ အားလုံးပ ၀ိုင်းတောင်းပန်လဲမရ။

ခင်မေလွင်က ငိုကြီးချက်မနှင့် ပြောလည်းပြော ၊ဇွတ်အတင်း လမ်းမပေါ် ဆင်းလျှောက်တော့မှ အလျှော့ပေးကား ပြန်ပို့ပေးသည်တဲ့။

ခင်မေလွင်ကိုတော့ နည်းနည်း မှမကျေနပ်။ ‘နင်ဟာလေ ယောကျာ်းသိပ်ငမ်းတယ်၊ လင်တရူးမ’ လို့ ထောမနာ သေးသည်တဲ့။ ခင်မေလွင် မင်္ဂလာဆောငကို သူမသွားရုံမကသွားသော သူငယ်ချင်းတွေ အားလုံးလည်း အဆက်အသွယ်ဖြတ်မည် ကြိမ်းဝါးသည်။ဘယ်သူမှ မသွားရဲ။ မချစ်စုဆိုသော ကောင်မလေး တစ်ယောက် သာ ခိုးသွားသည်။

လူကြုံမှတစ်ဆင့် လက်ဖွဲ့သည့်ပစ္စည်းကို ကြည့်ပါဦး။နနွင်းတောက်တောက် အရောင် တွင် နှင်းဆီပွင့်နီရဲရဲ ရိုက်ထားသော လှိုင်းကြီးပွင့်ရိုက် ဒီဇိုင်းရင့်ရင့် ၊ အဆင်ကြမ်းကြမ်းအစကို ချုပ်ထားသည့် ဗိုက်ဖုံးအင်္ကျီ။ လက်ဆောင်ထုပ်ပေါ်မှာ မျက်လုံးဟောက်ပက် လူသေခေါင်းတွေ ၊လူရိုး ကြက်ခြေခေတ်တွေ တမင်ဆွဲပေးလိုက်သည်။ ယောက္ခတွေ ရှေ့ လက်ဆောင်ထုပ်တွေ ဖြေတော့ ခင်မေလွင်သည် စိတ်ညစ်ညစ်နှင့် ရယ်မိသေးသည်တဲ့။

ခွင့်လွတ်သည်စိတ်နှင့် ပင် အောင့်ကို ပြန်ချော့ရသည်။အဆက်အသွယ်လုပ်ရသည်။ခင်မေလွင် အမျိုးသား ကတော့ အောင့်ကိုတွေ့ လျှက် အိမ်ထဲသို့ ရှောင်သွားရှာသည်။ ‘သူ့ယောကျာ်း ကတော့ ငါကိုမုန်းမှာ ပဲ’ ဟုအောင်ကပြောရင်း ရယ်သေးသည်။

မချစ်စု မင်္ဂလာဆောင်တုန်းကလဲ မင်္ဂလာဧည့်ခံပွဲကို အောင်တို့တစ်သိုက် မဖိတ်တော့ဘဲ သူငယ်ချင်းတစ်အုပ်ကို သီးသန့် ဒံပေါက်ဝယ်ကျွေးရသည်။ အမှတ်တရ ဓာတ်ပုံရိုက်ရန် ဓာတ်ပုံဆရာ ခေါ်ထားတော့လည်း ဓာတ်ပုံရိုက်ခါးနီးဆဲဆဲ သတို့သားက သူ့ချစ်သူမချစ်စု အပြောနှင့် အောင့်အကြောင်းကို ခရေစေ့ တွင်းကျ သိနေပုံရသည်။

‘ကျွန်တော် ရော ပါရမလား’ ရိုကျိုးစွာ မေးလိုက်သည်ကို……

‘မပါရဘူး’

အောင်က သူ့နှုတ်မှလွှတ်ခနဲ ခပ်ပြတ်ပြတ်ဖြေလိုက်သည်။ချောစုက သတို့သားကို အားတုံအားနား ဖြစ်ကာ….

‘မိအောင်ရယ်၊ နင်ပါးစပ်မို့ ထွက်ရဲတယ်ဟယ် ၊ တစ်ခါတည်း နင့်လျှာကို ငါဖြတ်ထားချင်တယ်’

မချစ်စုတို့စုံတွဲ မကြားစေရအောင် တီးတိုးကြိမ်းလိုက်မိသည်ကို အောင်က ချာစုကို နည်းနည်း မှ အလျှော့မပေး။

‘သြော်…..ချောစု၊ နင်က နင်လင်….’

အောင့်စကားမဆုံးခင် အောင့်ပါးစပ်ကို သူငယ်ချင်းတွေ က ၀ိုင်းပိတ်ကြကာ ၀ူးဝူးဝါးဝါး ဖြစ်သွားပြီး တသော သော ရယ်မောမိကြရသည်။မချစ်စုက ဘုမသိဘမသိ မေးထိုးက မေးတော့ ချောစုက ဘာမှမဟုတ်ဘူးအဓိပ္ပာယ်နှင့် ခေါင်းခါပြရသည်။

မချစ်စုနှင့် ချောစုက သိပ်ခင်မင်ရင်းနှီးသည်။ နဂိုမှု လခင်ချောယဥင်္ဆိုတဲ့နာမည် က ချောစု ဖြစ်လာတာပင် ကြည့်။ သူငယ်ချင်းတွေ အားလုံးတွင် လည်း မချစ်စုသည် အအေးဆုံး ၊ အလိမ္မာဆုံး၊ ၀ိုင်းအချစ်ခံရဆုံးပင်။

ထိုနေ့က သူငယ်ချင်းတစ်စု ရိုက်ကြသော ဓာတ်ပုံတွင် သတို့သမီးနှင့် တွဲ လျက် သတို့သား ပါခွင့်မရရှာတော့။ ထိုနေ့ကစပြီး ကိုယ်ပျောက်သတို့သား ဘွဲ့မည် တွင် လျက် ရှိသည်။

‘အေး…အောင်၊ နင့်အလှည်ကျသိမယ်၊ သတိထား၊’

အားလုံးက ၀ိုင်းကြိမ်းမောင်းကြရသည်။ ဘယ်လောက်ဆိုးသည့် အောင်ပါလိမ့်။ ထို့နောက် အောင်က ပြောသေးသည်။

‘ချစ်သူဘ၀ထက်ကျော်လွန်ပြီးကိုယ် ဘ၀ကို ယောကျာ်း တစ်ယောက် လက်ထဲ အပ်လိုက်တာ သက်သက်မိုက်မဲတာပဲ၊ အိမ်ထောင်ရေး ဟာ မျိုးဆက်ပြန့်ပွးရေ ဖြစ်ပေမယ် အစဉ်းစားဉာဏ်ရှိတဲ့ လူတွေ အတွက် အဓိကကျတဲ့ အခြေခံတရာဒ မဟုတ်ဘူး၊ လူတွေ မှာ အနာဂတ်အတွက် ဘ၀ ရည်မှန်းချက်ဟာ အဓိကပဲ၊ အိမ်ထောင်ပြုတာနဲ့ ဘ၀ဟာ သေသွားတာပဲ၊ တစ်ကိုယ်ကောင်းလဲ ဆန်လာတယ်၊ အိမ်ထောင်ပြုပြီးတာနဲ့ ငါ့လင်, ငါသား , ငါမယားရယ်လို့ ငိုတော့ တရားတွေ လွှမ်းလာတယ်၊ စိတ်ဓာတ်ကို ပျက်စီးစေတဲ့ လောဘတရားဟာ အထွတ်အထိပ် ရောက်လာတာပဲ’

တစ်ခါတုန်းက အောင်၏ စကားများ ကို ကိုလတ်သည် ရယ်ကာမောကာ နှင့် အံ့သြမိရသေးသည်။

အောင်၏ မသိစိတ်တို့ ဖွဲ့ဖြိုးရှင်သန့်လာပုံကိုပဲ အံ့သြမိခြင်း ဖြစ်သည်။ လောကရဲ့ အကြောင်းအရာတွေ ၊သဘာ၀၀တ္ထတရားတွေ သိရန် ငယ်လွန်းလှသော အောင် ၊ သိသလိုလိုနှင့် မသိသေးသည့် အောင်သည် တချို့ကိစ္စများ ၌ မသိသလိုနှင့် သိနေပြန်သည်။

လောက၌ ငွေကြေး၊ ရာထူး၊ အခွင့်အရေး တည်း ဟူသော လက်ဝေခံ ဖောက်ပြန်သူတို့၏ စူးရှ ထက်မြက်လှသော လက်နက်ဖြင့် အသက်ထွက်သွားခဲ့ကြသော လူစားများ အကြောင်း ကို အောင် ဘယ်လို သိပါလိမ့်။

အစက အောင်ဆိုသော မိန်းကလေး၏ ဦးနှောက်တွင် အဆိပ်အတောက်တွေ နှင့် ပြီးသော ၊ အဆိပ်ငွေ့လွှမ်းသော အတွေးအခေါ်တွေ နှင့် ပြည့်နှက်နေလိမ့်မည် ဟု ထင်ခဲ့သည်။ တကယ်ပါပဲ။ အောင့် ဦးနှောက်ထဲတွင် သန့်စင်မွန်မြတ်သော အတွေးမျိုးစေ့များ ကြဲခဲ့လိမ့်မယ် မထင်ခဲ့။

စင်စစ်တော့ နောက်ချေးပုံထဲက ကြာပင်ပေါက်ခဲ့သည် သာ ဖြစ်သည့်ဟု ထင်စားမိသည်။ ကိုလတ်၏ မျက်စိထဲတွင် သူ့အိမ်အ၀င်ဝရှိနောက်ချေးပုံထဲ ကြာပန်းတစ်ခက် စိုက်ခဲ့သော အမရာကိုသာ မြင်ယောင်မိသေးသည်။

ခေတ်သစ်မဟော်သဓာအတွက် နှစ် ဆယ်ရာစု အမရာ မွေးဖွားခဲ့လေပြီကား ၊ တင်စားမိပြန့်သည်။ တင်စားဝံ့သည်။

တစ်ခါတစ်လေကျ အောင်သည် အံ့သြစရာ ကောင်းသည် ဆန်းလည်း ဆန်းသည်ဟု ထင်မိသည်။

အောင်နှင့် သိကျွမ်းခဲ့ရသည်မှာ တော့ မဆန်းလှပေ။ ပဲခူးတွင် တစ်ကျောင်းတည်း အတူနေခဲ့သော ဒေ၀နှင့် ချောစုတို့ကို အကြောင်းပြု၍ သိခဲ့ရခြင်း ဖြစ်သည်။

တွေ့ ကာစက အောင်ဆိုသည့် မိန်းကလေးမှာ ထောင့်မကျိုးသော ၊ရွယ်သူအမျိုးသားတွေ ကို အကြောင်းမဲ့ ဂျစ်တိုက်တတ်သော ၊ ခေတ်ပညာတတ်၍ လူတန်းစားမမှန်သော ကောင်မလေး တစ်ယောက် ပဲ ထင်ခဲ့မိသည်။

ကိုလတ်အပေါ် ဤမျှ ကျိုးနွဲ့ လိမ့်မည် ၊ လေးလေးစားစား ဆက်ဆံလိမ့်မည် ဟု တစ်ခါမှ မမျှော်လင့်ခဲ့။ နှစ် လည် မဂ္ဂဇင်းအတွက် ပန်းချီဒီဇိုင်းတချို့ကို ဆွဲလာရင်း..

‘ကိုလတ်မကြိုက်ရင် ကျွန်တော် ပြန်ဆွဲပေးမယ် ၊ ကြည်ပါဦး’

‘ကိုလတ်ကလဲ ရက်စက်လိုက်တာ၊ကျွန်တော့် ကို ရက်တိုတို နဲ့ စာမူတွေ နှစ် ရာကျော်တယ် ဖတ်ခိုင်းတာ၊ ခုတစ်လော ခေါင်းကို မူးနေတာပဲ’

‘ကိုလတ်က ဆေးပေါ့လိပ်ကို ကိုက်ထားရင်းလက်က ပန်းချီဒီဇိုင်းတွေ ကို တစ်ခုပြီးတစ်ခု လှန်လှော်ကြည့်ကာ ဘာဘာညာညာ မပြောဘဲ ပြုံးနေသည်။ဒေ၀ကလည်း မျက်နှာရွံလျက်….’

‘ဒီကောင် နဖားကြိုးအတပ်တော့ တကယ် တော် တယ်၊ သူ့ယောက္ခမအတိုင်းပဲ၊ ငါ့ဟာ မနေ့က ပြေးလိုက်လွှားလိုက်ရတာ မိုးရေထဲ၊ နဂိုက နင်တို့ပေးထားတဲ့ အိမ်သာဒေ၀နာမည် အတိုင်းပဲ ၊ ဗိုက်နာတာ မနေ့က တစ်နေ့လုံး’

‘သေပါလား’

ဗလက ပြောရင်း ရယ်နေသည်။

အိမ်သာဒေ၀၏ ‘ချစ်ထွန်း’ ဆိုသော နာမည် ၊ ဗလဖင်ပြောင်၏ မင်းမောင်ဆိုသော အမေမှည့်သော နာမည် များ အပေါင်းအသင်း နှုတ်ဖျားတွင် ရော အသည်းနှလုံးတွင် ရော မရြှိ ကတော့။

ချစ်ထွန်းက အဆောင်ရောက်ကာစက ပဲဟင်းစားပြီး ၀မ်းခဏခဏသွားတတ်သော ကြောင့် သည်နာမည် တွင် သည်။ သည်နာမည် က သမိန်ပေါသွပ်ဆိုသော ကာတွန်းထဲမှာ ပါသည်ဆိုလား။ ချောစုပေးထားသော နာမည် ဖြစ်သည်။

သူတို့ မိန်းကလေးများ နာမည် အပေး တကယ် ရက်စက်သည်။ ဗလဖင်ပြောင်ကလည်း ကာတွန်းထဲက နာမည် တဲ့။ ခြင်းခတ်လျှင် ခါးတောင်း မြှော င်နေအောင် ကျိုက်တတ်သော မင်းမောင်ကို ပေးထားသော နာမည် ဖြစ်သည်။

သည်နာမည် ကိုတော့ အောင်က ပေးထားတာတဲ့။ ဗလဖင်ပြောင်၊သိုမဟုတ် ဗလ။ မခင် ခင်က ပေးထားတဲ့ နာမည် မို့ တယ်လည်း ပက်စက်တဲ့ နာမည် ပါလား။ ကြားကာစကများ ဆဲသလိုနာမိသေးသည်။ နောက်တော့လည်း သူ့ကိုယ်သူ လိုလိုလားလား ဗလ၊ ဗလနှင့် သေးကွေးကြုံလှီသော ကိုယ်ခန္တာလေးကို ဆန့်ထုတ်ကာ ခပ်မတ်မတ် နေပြသည်။

ကားမှာ သုံးဘီး၊

လူမှာ ဒေ၀နဲ့ ဗလ၊

ဘာမှတ်သလဲ….

ကြုံးဝါးသေးသည်။ဒေ၀ရာ ဗလရော အရပ်တွေ ကလည်းနည်းနည်း မှ ပေမမီ။ လေးပေဘာသာခန့် ခွေးပစ်တဲ့တုတ်လောက်ပဲရှိသည်။တစ်ခါတစ်လေ ဒေ၀က မိန်းမတို့ ဟန်ပန်လေသံနှင့် ….

‘ကျွန်မတို့ မြန်မာပြည်မှာ အာဟာရချို့တဲ့တဲ့ မိသားစုကို အကြံဉာဏ်ပေးလိုပါတယ်ရှင်၊ ငွေကြေးမတတ်နိုင်တဲ့ မိသားစုမှာ တစ်မိဿာ ၂၅ကျပ် ပေးရတဲ့ ကြက်သားကို ၀ယ်စားနိုင်မလား၊ တစ်လုံးကိုပြား ၇၀ ပေးရတဲ့ ကြက်ဥကိုရော ၀ယ်ကျွေးနိုင်ပါမလား၊ ငါးတစ်ဆယ်သား နှစ် ကျပ်ခွဲ သုံးကျပ် ဖြစ်နေတဲ့အချိန်မှာ အာဟာရ ဖြစ်အောင် ကြာက်သား ငါးဥ စားပါလို့ ပြောရင် ဖြစ်ပါ့မလားရှင်၊ ဒီတော့ အာဟာရလဲ ဖြစ် , ဈေးလဲသက်သာတဲ့ ကုလားပဲ , မတ်ပဲ, ပဲစိမ်းငုံတို့ကိုသာရာဆပ် ဆိုတဲ့ ဆေးပြားတွေ လဲ ဆောင်ထားရင် သုံးဆောင်နိုင်ပါတယ်၊ ပြီးတော့ ကန်စွန်းဥ , ကန်စွန်းရွက် ဟင်းနုနွယ်တွေ ကို ခုလိုမိုးတွင်းမှာ ဘာရာဇင်းဆိုတဲ့ သန့်ကောင်ချတဲ့ ဆေးပြားနဲ့အတူ အပင်းလျှိုနိုင်တယ်လို့ စေတနာသန့်သန့်နဲ့ အကြံပေးလိုပါတယ်ရှင့်’

ဦးချစ်လက်ဖက်ရည်ဆိုင်ပတ်ဝန်းကျင်တစ်ခုလုံး အောင်၏ ရယ်သံသည် ကျယ်လောင်စွာ ပျံ့နှံသွားလေသည်။ တယ်လည်းအရယ်သန်တဲ့ ကောင်မလေးပါလား။ ဘယ်လို မိန်ကလေးပါလိမ့်။ ကိုလတ်က တွေးမိသည်။

သည်လက်ဖက်ရည်ဆိုင်တွင် သူတို့လူသိုက် စုဝေးလာကြသည်။ ပထမဆုံး အချိန်မှန်ရောက်လာသူက ကိုလတ်။ ဖိုင်တွဲ တစ်ခု လက်ကကိုင်လျက် နေပူပူ၊ မိုးရွာရွာ ထီးမပါသော သူ။

နောက် ရောက်လာသူတွေ ကား ဒေ၀နှင့် ဗလ။ လူနှစ် ယောက် ထီးတစ်ချောင်း၊ စာအုပ်တစ်အုပ်။ နောက်ခေါက်ထီးလေးတွေ ကိုယ်စီဆောင်းလျက် ရောက်လာကြသူ အောင်နှင့် ချောစု။ နောက်ဆုံး ဖတ်သီဖတ်သီနှင့် လက်တစ်ဖက်က ထီးကိုင်ကာ ပခုံးတစ်ဖက်တွင် လွတ်အိတ်လွယ်လျက် ရောက်လာသူ့ကား ကိုအောင်။

ရာမည် ဆောင်မှ လွန်၍ မြေလမ်းငယ်အတိုင်း လာခဲ့လျင်သွမ်းမိုး၊ အုတ်ခင်း၊ အုတ်ကာ၊ ဂိုဒေါင်အပွင့်လို လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင် ရှိသတတ်။ ဦးချစ်ဆိုင် ဆိုသော လက်ဖက်ရည်ဆိုင် အသက်သည် အိုမင်း ရင့်ရော်လှပေပြီး။ အောင်တို့အဖေ ငယ်ရွယ်နုနယ်စဉ်းတည်းက လက်ဖက်ရည်ဆိုင်။

တက္ကသိုလ်သမိုင်းတစ်လျှောက် နိုင်ငံရေး ၊စီးပွားရေး ၊ လှုမူရေး ၊ အချစ်ရေး အ ဖြစ်အပျက်တွေ ကို အဘဦးချစ်ဆိုင်သည် မျက်ဝါးထင်ထင် မြင်ခဲ့ပြီး ၊ သိခဲ့ပြီး။

အဘသည် အသက်ကြီးရင့်လာသော်လည်း အရွယ်မအိုသေး၊ မကျသေး။ တတ်သစ်စ လူငယ်ကျောင်းသားများ နှင့် အတူခေတ်အမီလိုက်လျက် နုပျိုဆဲ ၊ တက်ကြွဆဲ၊ ထက်သန်ဆဲ ၊လန်းဆန်းမြဲပင်။

သဲခင်းထားသော မြေလမ်းဘေးတို့တွင် လည်းကောင်း ၊ ဆိုင်၏ ပတ်ဝန်းကျင်တွင် လည်းကောင်း စိမ်းနုဖပ်လျက် လတ်ဆတ် လန်းဆန်းသော ဌက်ပျောရွက်ဖားဖားကြီးတို့သည် ဌက်ကျေးအတောင် ဖြန့်လိုက်သကဲ့သို့ ခပ်ပြေပြေစိမ်းနေသည်။

တောက်ပစွာ ကျရောက်လာသော နေအလင်းရောင် သည် မြသွေးရွှေရေး လုဘိသို့ ပန်းချီဆေးနှယ် ရေး ခြယ်နေ၏ ။

ဆိုင်တွင်း၌ ပြာလဲ့လဲ့ နီယွန်မီးချောင်းအရောင် သည် လင်းနေသည်။ သူတို့အုပ်စုသည် ဆိုင်၏ တံစက်မြိတ်အ၀တွင် ပင် ထိုင်နေကျ။

သူတို့သည် နိုင်ငံရေး စကားလည်း ပြောသည်။ စာပေ တရားလည်း ဟောသည်။ လှုမှု ရေး ကိစ္စတွေ ၊ပေါက်တတ်ကရ ရယ်စရာတွေ လည်း ပြောသည်။ အငြင်းလည်းသန်ကြသည်။ တကယ့်လူဆူလူပူတွေ ။

ကိုအောင်နှင့် အောင့်တို့က ကျယ်လောင်စွာ ရယ်တတ်သလောက် ၊ဒေ၀နှင့် ဗလတို့က လူသေးသော်လည်း စကားပြောသံက စူးခနဲစူးခနဲနှင့် တွံတေးသိန်းတန့် အသည်းကွဲသီချင်း ဟစ်သည့်အတိုင်း ကျယ်လှသည်။ ကိုလတ်နှင့် ချောစုက ဣန္ဒြိရသလိုလို လေးသံတိုးတိုးနှင့် မထိတထိ ရယ်စရာ ပြောသမားတွေ ။

ရှေ့ဘက်စားပွဲတန်းနှင့် ကပ်လျက်အုတ်ထရံတွင် ကြော်ငြာပိုစတာတွေ ကပ်ထားသည်။ ကျူရှင်သင်တန်း၊ရေကူး သငတန်းနှင့် ၀တ္ထုကဗျာစာအုပ် ကြော်ငြာတွေ ။

ကိုလတ်က ဆေးလိပ်ပြာခေါင်းရှည်ကို မခြွေသေးဘဲ လက်ကြားညပ်ထားသော လက်နှင့် ဒေ၀ကို လှမ်းတို့ကာ ‘ဒီမယ်ဒေ၀’ ဟု ခေါ်ပြီး ကြောင်ငြာတစ်ပုဒ် စီပေးနေသည်။

ဆိုက်ဗီးရီးယားပြန်

ပရောဟိတ်လက္ခဏာ သုတေသီ

ဆရာဒေ၀ ဘီအက်စ်စီ (သင်္ချာ)

၁၀ ခွန်းဟောလျှင် ၉ ခွန်း မုချ လွဲစေရမည် ။

မှားလျှင် ပိုက်ဆံပြန်ယူစရာမလိုပါ။

အောင်က တသော သော ရယ်မိပြန်သည်။အရယ်ကလည်း သန်ပါဘိ။ တကယ့်ကိုရယ်တဲ့ ကောင်မလေး။ ဆရာဒေ၀ ဓာတ်ပေါက်ထားသည်ဟု ကိုလတ်ကအပြော၊ ဒေ၀က လက်တွေ့ အန္တရာယ်ကို မလွယ်နိုင်ဘဲ တကယ်ကို ၀ါယောတွေ လွတ်လိုက်သည့်အခါ ‘အောင်ရယ်သံကြောင့် သူတို့အုပ်စု လူကြည့်ခံရပြန်သည်။အောင်ရယ်သံသည် နည်းနည်း မှ အထိန်းမရှိ။ စိတ်လွတ်လက်လွတ် ရယ်လိုက်ခြင်း ဖြစ်သည်။’

‘တယ်….ဒီကောင်မလေး ရယ်တာနဲ့ သေတော့မှာ ပဲ’

ဗလက ဘတ်စ်ကားလက်မှတ်ကို လုံးခြေလျက် အောင့်ကို လှမ်းပေါက်လိုက်သည်။

ဆိုင်အပြင် တံစက်မြိတ်အလွန် စားပွဲနေရာတွင် ရှပ်အကျီင်္တွေ ချွတ်လျက် စွပ်ကျယ်လက်ပြတ်တွေ နှင့် သဲသဲမဲမဲစစ်တုရင် ထိုးနေတတ်သော ၊ အခြား ဘယ်သူ့ကိုမှလည်း ဂရုတစိုက်ကြည်ဖော်မရသော ကျောင်းသားတစ်စုပင် အောင်တို့ လူသိုက်အား လှမ်းးကြည့်လိုက်သည်။

အုတ်ထရံနှင့် ကပ်လျက် စားပွဲတန်းအရှေ့ဘက်တွင် ထိုင်နေသော အတွဲ တစ်တွဲ သည် စောစောက လောကတစ်ခွင်လုံး မေ့နေဟန်တူသော်လည်း ကောင်မလေး၏ လက်ကိုကိုင်ထားသော သူ၏ လက်သည် လန့်ဖျပ်လျက် ကပျာကယာ လွှတ်လိုက်သည်။

သို့ တိုင်အောင်လည်း သူတို့လူစုသည် ရပ်တန်းကမရပ်ကြ။ ဒေ၀ကဆက်၍ ကြော်ငြာပိုစတာတစ်ခုကို ပါးစပ်အပြောနှင့် ချိတ်ဆွဲပြန်သည်။

ဆရာဗလ (A to Z ဘွဲ့ရ)

ဒီ ၆လုံး ကျူရှင်

ဒီ မှန်းသူတိုင်း မုချ ဖလက်ပြစေရမည် ။

မကျလျှင် ပိုက်ဆံဆယ်ဆ ပြန်အမ်းမည် ။

(ဘုရားစူး)

‘ချောစု၊ အောင့်ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့ ဆို့ထားလိုက်’

ဗလက အမိန့်ပေးလိုက်သဖြင့် အောင့်ရယ်သံက တိုးသွားသည်။ ‘ရယ်စမ်းပါစေဗျာ၊ ရယ်တာ အပြစ်မရှိပါဘူး’ ဟု ကိုလတ်က လူမိုက်အားပေးလုပ်သည်။ အောင့်ကို သိတာမကြောသေးသော ကိုအောင်က အောင့်ကို ထူးဆန်းသလို စိုက်ငေးနေသည်။

ထို့နောက် သူတို့ လူသိုက် ဘဲသားမုန့်တွေ ၊ သစ်သီးကိတ်မုန့်တွေ ကို နံနက်စာထမင်းလွတ်အ၀စားပစ်ကြသည်။ ထို့နေက ကိုလတ်က မှတ်မှတ်ရရပိုက်ဆံထရှင်းလိုက်သည်မှာ ငွေ ၃၀ နီးပါးခန့်ကျသွားသည်။

လူခြောက်ယောက် စားတာ ငွေးသုံးဆယ်ကုန်သတဲ့။ ကြားဖူးကြသလားဟု ချောစုက မေးသည်။ စားဖူးတယ်ဟေ့ ဟု ဗလက ပြန်အော်သည်။

‘ကိုလတ်က ဘော်ဇာပါလား’

အောင်ကအံ့သြနေသည်။

‘ဘော်ဇာတော့ မဟုတ်ပါဘူး၊ ဒါပေမယ် ပိုက်ဆံဆိုတာ အဲလို တစ်ခါတစ်လေ သုံးပေးရတယ်’

ကိုလတ်က သူ့အဖြေနှင့် တူ အံကျ။

ဒေ၀၏ မျက်နှာ ကတော့ ရူံ့မဲ့နေသည်။

‘နောက်ရက်တွေ ကျတော့လဲ ၀က်ခန်းလို့ ထမင်းနှစ် နပ်ကို တစ်နပ်တည်း ပေါင်းစားကြတာပေါ့ကွာ၊ စောစောက ငါတွေ့ လိုက်ရတာ တော့ ဒီကောင့်အိတ်ထဲ အဲဒီ ငွေ သုံးဆယ်ပဲ၊ီးကောင်တွေ နဲ့ပေါင်းမှ ငါလဲ အကျင့်ပါနေပြီး၊ တစ်ခါတလေရေချည်း ထသောက်ရတဲ့ နေ့တွေ တောင် ရှိသေး’

ဒေ၀က ကိုလတ်နှင့် ကိုအောင်တို့ဘက် မေးထိုးပြရင်း ပြောလိုက်လေသည်။ ဆိုင်တွင် စုစု စားကြသော အခါ ရှားရှားပါးပါး ပါလာတတ်သော အောင်နှင့် ချောစုတို့ကို မိန်းကလေးတွေ အနေနှင့် ကိုလတ်ရော၊ ကိုအောင်ရော ဘယ်တော့မှ ပိုက်ဆံထုတ်ခွင့်မပေး။

ကိုလတ်များ တစ်ခါတုန်းက ဟောက်ပစ်တာ လန့်ပြီး တောင် တုန်သွားတယ်။ အောင်က မျက်နှာငယ်လေးနှင့် ပြောဖူးသေးသည်။

ဒေ၀နှင့် ဗလတို့အခြေအနေ ကတော့ ငါးပြားစေ့ တစ်စေ့တောင် မရှိသည့် အခါတွေ သာ များ သည်။ ဘတ်စ်ကားစီးတိုင်း လက်မှတ်မဆုတ်ဘဲ ခပ်တည်တည် စီးလျှင်စီး၊ သည်လိုစီးလို့မှ မရလျှင် မှတ်တိုင်တွေ မှာ ဆင်းလိုက် ပြန်တတ်လိုက်နှင့် လိုရာခရီးကို ရောက်စေသည်။ ဆိုးလိုက်တဲ့အ ဖြစ်နှယ်။ချောစုက ညည်းသည်။

‘လူတွေ အ ဖြစ်ဆိုးတာ နင်ခုမှ သိသလား’

ဒေ၀က မိန်းမလို ရန်ထေားင်လိုက်ပြီးနောက် လေ့ကျင့်ခန်း စာရွက်အလွတ်တစ်ခုပေါ် မကျေမနပ်နှင့် တောင်ခြစ်မြောက်ခြစ် ရေး နေသည်။

ပစ္စက္ခဝေဒနာ

အောင်က ချက်ချင်း ပင် ခေါင်းစဉ်တပ်ပေးလိုက် လေသည်။ ကိုလတ်သည် အောင်ရဲ့ အရောင် လက်နေသော မျက်လုံးတောက်တောက်လေးများ ကို လှမ်း၍ ကြည်လိုက်မိသည်။

သူတို့နှစ် ယောက် အကြည့်ချင်း လမ်းခုလတ်တွင် ခလုတ်တိုက်မိကြပြီး မျက်လွှာကိုကပြာကယာ ချလိုက်သော အောင့်ရင်ထဲမှ ၀ိညာဉ်၏ အရောင် အသွေးကို စစ်ဆေးနေမိသည်။

‘မစ္စက္ခ ဝေဒနာ’ တဲ့လား

ပိုက်ဆံ တစ်ပြားမှ မရှိ

နတ္ထိဥစ္စာ ဗလာ မျက်နှာမွဲနှင့်

ဆင်းရဲတဲ့ ဝေဒနာဟာ

လူတွေ မှာ ကပ်ရောက်နေတဲ့ ရောဂါ ဆိုးလေ။

ငွေ…ငွေဆိုတဲ့ အရာနဲ့

ဖန်တီးတဲ့ ချမ်းမြေ့ ပျော်ရွင်စရာ

အရာဝတ္ထုတွေ အားလုံး

လိပ်ခုံးကား ထည်ထည်ဝါ၀ါ

ကော်ရိုလာ၊ မာစီးဒီး

ရူမငြီးတဲ့ ရေခဲသေတ္တာ

ရီကော်ဒါ ကတ်ဆက်၊ ပင်နယ်ဆိုးနစ်နဲ့

ဖိလစ်ပိုင်လုပ် သုံးရာတန့် ခုံဖိနပ်

ရာကျော်တန် ဟောလစ်ဘူးတွေ ဟာ

တို့လူတွေ အများ စုအတွက် ကတော့

သက်သက်မဲ့ လှောင်ပြောင်နေတဲ့

အရာတွေ သာ ဖြစ်သည်။

(၁၀)

ကံ့ကော်ရိပ်ကလွတ်မြောက်လာပြီး ပြည်လမ်းမကို ထွက်လိုက်သည်နှင့် လက်ပံ ၊ခရေ၊သရက်တောအုပ် ညိုညိုတို့ ကို တစ်မျှော်တစ်ခေါ် လှမ်းမြင်နေရသည်။စကြာပန်းပင် ချုံအုပ်မူ ပန်းဖြူဖြူလေးများ သည် အကိုင်းအခက်ကြားထဲမှ ခေါင်းပြူနေသည်။ဝါးရုံပင် တစ်ချို့နှင့် အကိုင်းချင်း ယှက်လျက် မြရာပင်တို့သည် တနွဲ့နွဲ့ ယိမ်းနေကြသည်။

တဖြည်းဖြည်းနှင့် ဆည်းဆာအရောင် သည် ပျောက်ကွယ်စ ပြုလေပြီ။

လမထွက်သေးသော်လည်း ကြယ်ရောင် တွေ လင်းစပြုလာသည်။ လမ်းဓာတ်မီးတို့သည် တစ်ပြိုက်နက် ဖြာ၍ လင်းလာသည်။ ဒေ၀နှင့် ဗလတို့က ဒဂုံဆောင်ဘက်သို့ ပြန်ရန် လမ်းခွဲသွားကြပြီဖြစ်သည်။ ကိုအောင်သည် သူ့အိမ်သို့ ပြန်ရန် ကိစ္စရှိသဖြင့် သုတ်သုတ် သုတ်သုတ်နှင့် ပြန်နှင့် ပြီ ဖြစ်သည်။

‘အဆောင်ပြန်ဝင်တာ သိပ်နောက်ကျနေမလား’

ကိုလတ်က ပူပန်စွာ မေးလိုက်သည်။

အောင်သည် တစ်မျှော်တစ်ခေါ်ကြီး လမ်းလျှောက်နေရသော လွတ်လပ်သော ဘ၀ကို သဘောကျနေသည်။ ကိုလတ်ကို စကားတွေ အများ ကြီး ပြောမိပြန်သည်။

ဤသို့ ပြောစရာရှိတာတွေ ပြောနေခွင့်ရသမျှ ကာလပတ်လုံး တခြားအရာများ ကို အရေး မကြီးတော့ဘူး ဟု ထင်လာသည်။ အားလုံးကို မေ့ထားနိုင်သည်။

‘ကိစ္စမရှိပါဘူး၊ ကျွန်တော် တို့ အဆောင်က ကျောင်းအဆောင်တွေ လို ညနေ ၆ နာရီ တံခါးပိတ် မဟုတ်ပါဘူး၊ ည ၇ နာရီ ၈ နာရီ ပြန်လဲ ရပါတယ်’

ခု ၆ နာရီခွဲနေပြီ နောက်ကျလဲ ကိစ္စမရှိရင် ပြီးတာပဲ၊ ကိုယ်အဆောင်ဝထိ ပို့ပေးမယ်၊ သူများ တွေ ပြောမှာ ကိစ္စမရှိဘူးနော်’

‘မမှန်တဲ့ကိစ္စကလွဲလို့ ကျန်တာ ဘာမှ ကိစ္စမရှိပါဘူး၊ ပြီးတော့လဲ ကျွန်တော် ကိုလတ်ကို စကားပြောစရာ ကျန်သေးတယ်၊ အခွင့်အရေး ရတုန်း ကျွန်တော် တော့ ပြောမှာ ပဲ’

‘ကဲ…ပြော’

အောင်ကစိတ်လက်ပေါးပါးစွာ ရယ်မောမိလေသည်။အောင်၏ ဖားလျားချထားသော ကုပ်တွင် ၀ဲနေသည့် ဆံပင်တိုလေးများ သည် လေတွင် လွတ်လပ်စွာ လွင့်ပျံ့နေသည်။

စိမ်းပြာလွင်လွင် လှိုင်းကြီး အင်္ကျီ လက်ပြတ်၊ စိမ်းပြာရောင် အောက်ခံတွင်း မီးခိုးဖျော့ဖျော့ အကွက်တုံးလေးများ ရိုက်ထားသော ထဘီဆင်၊ အဖြူရောင် သည်းကြိုးဖိနပ်ပြားလေးနှင့် အောင်သည် ညဧကရီ တစ်ပါးပမာ တောက်ပ သစ်လွင်နေသည်။

‘ကျွန်တော် ဒီအကြောင်းတွေ ကို ကိုလတ်ကို ပြောချင်နေတယ်တာ၊ ခုမှ စကားဆုံးသွားလို့ မဟုတ်ပါဘူး၊ ကြာပြီ ပြောချင်နေတာ၊ ကျွန်တော် နဲ့ ချောစု တစ်ညတုန်းက ဆရာပါရဂူပြန်တဲ ဗုဒ္ဓဒိုင်ယာရီ စာအုပ်ထဲက စာသားတွေ ကို သဘောကျပြီး ဆွေးနွေးကြသေးတယ်’

‘ဘယ်ဥစ္စာလဲ’

‘သြော်…..ကမ္ဘာလောကမှာ ရောဂါ တစ်ခုရှိတယ်တဲ့၊ ဒီ ရောဂါ ဟာ အသုံးမ၀င်တဲ့ လူတွေ ကို ပူဇော်ခြင်းပဲတဲ့၊ ဆီလျော်လား၊ မဆီလျော်လားတော့ မသိဘူး၊ ကျွန်တော် ကတော့ ကိုယ်လိုရာ ဆွဲပြီး တွေးတာပဲ၊ ဥပမာ မမကြူဆိုပါ တော့၊ ကျွန်တော် တို့ ပတ်ဝန်းကျင်မှာ မိဘရိုသေ၊ ဆရာရိုသေ သူကိုယ်တိုင်က သိက္ခာရှိရှိ ဆရာမ လေး ဖြစ်လာတဲ့ ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေး။

အင်္ကျီတောင် လက်ပြတ် ဘယ်တော့မှ ၀တ်တာမဟုတ်ဘူး လက်ရှည်လေး၊ ဆံပင်က မြန်မာဆန်ဆန် ဆံထုံးနဲ့၊ ဆရာမ လဲ ဆရာမ ကိုး ၊ ကျောင်းကောင်စီတွေ ဘာတွေ လဲ သူက ရှေ့တန်းက။

‘ဒါပေမယ့် အရေး ရယ် အကြောင်းရယ် ပြဿနာတွေ ဖြစ်လာတဲ့ ကျောင်းသားတွေ ဘက်က သူဘယ်တော့မှ မနေဘူး ကျောင်းအုပ်ကို မျက်နှာလုပ်နေတာပဲ၊ ကျောင်းအုပ်ကလဲ သူ့ကို သိပ်ကြိုက်တယ်’

‘ဒါ မကောင်းဘူးလား’

‘နေဦး ကိုလတ်၊ ကျွန်တော့် စကားကိုဖြတ်ပြီး မပြောနဲ့ဦး၊ ကျွန်တော် ပြောမယ်၊ သူလုပ်လိုက်လို့ ကျောင်းကမထွက်သင့်တဲ့ အထုတ်ခံရတဲ့ ကျောင်းသားတွေ တော် တော် များ တယ် ၊အဲဒါ လူတိုင်းသိတဲ့ ကိစ္စမဟုတ်ဘူး။

‘ကျောင်းသားတွေ အပေါ်လဲ သူက ပါးစပ်လေးချိုတော့ ကျောင်းသူကျောင်းသားတွေ က ကျေနပ်တာ များ တယ်၊ နာမည် ဆိုးတော့ ကျောင်းအုပ်က နာမည် ဆိုးတာပေါ့။

‘ကျွန်တော် နောက်ဥပမာ ပေးဦးမယ်၊ ကျွန်တော့် အိမ်ကိစ္စဆိုပါတော့၊ အိမ်မှာ ဖေဖေက ခရီးထွက်တယ် ၊ အစ်မတွေ အစ်ကိုတွေ ကလဲ သူ့အိမ်ထောင်နဲ့သူ အိမ်ခွဲကြပြီ၊ မေမေရယ် ကျွန်တော် ရယ်၊ သူရယ် ကျန်ရစ်တော့ မေမေက ည ၉ နာရီမှာ အိမ်သာအ၀င် မူးလဲတယ်၊ သွေးတိုးရှိတာကိုး၊ အဲဒါသူရယ် ၊ကျွန်တော် ရယ် မေမေ့ကို ခုတင်ပေါ် ကျွန်တော့် အဒေါ် တစ်ယောက် အကူအညီနဲ့ ပွေ့တင်ရတယ်၊ နယ်မှာ ဆိုတော့ ဖုန်းကလဲမရှိ။

‘ဖေဖေကလဲ ကားယူသွားတယ်၊ ဆရာဝန်ကလဲကိုယ်တိုင်သွားပင့်မှ ဖြစ်မှာ ၊ အဲဒါကြောက်လို့တဲ့ မလိုက်ဘူး၊ အဒေါ်နဲ့နေရစ်တယ်၊ ကျွန်တော် အိမ်နားက ကလေး တစ်ယောက် ကို ခေါ်ပြီး ဆရာဝန်သွားပင့်ရတယ်၊ တစ်လမ်းလုံး ကျွန်တော် အမေအတွက် စိတ်ပူပြီး ငိုသွားတာ။

‘ဒါတွေ ကို ဘယ်သူမှ သိအောင် ကျွန်တော် ပြန်မပြောပါဘူး၊ သင်္ချိုင်းကုန်းကိုဖြတ်တော့ ခွေးတွေ က အူလိုက်တာ၊ ကျွန်တော် ကြောက်တာ မပြောပါနဲ့၊ ဒါတွေ ကို မျက်နှာရအောင် ပြန်ပြောပြရမှာ ကျွန်တော် သိပ်ရှက်တာပဲ။

‘မေမေ သတိရပြီး ပြန်နေကောင်းတော့ ကျွန်တော် ကတ်ဆက်ဖွင့်နားထောင်းနေတဲ့မြင်ကွင်းနဲ့ မမကြူက ဘုရားရှေ့မှာ ပုဆစ်လေးတုပ် ထိုင်ပြီး မေမေ့အတွက် ပန်းသက်စေ့ကပ်နေတဲ့ မြင်ကွင်းကို ယှဉ်စရာ ဖြစ်လာပြန်တော့ မမကြူဟာ ‘ချစ်သမီး ရုပ်ရှင်ကား ရိုက်တော့တာပေါ့’

‘ကျွန်တော် တကယ်ပြောတာ၊ အဲဒီ ရုပ်ရှင် ကျွန်တော် ငယ်ငယ်တုန်းက ကြည့်ဖူးတယ်၊ ၀ါဝါ၀င်းရွှေလား၊ ဦးကျောက်လုံးလား အကယ်ဒမီ ရသွားတာ ၊ ကျွန်တော် ဆို ကျောင်းပိတ်လို့ အိမ်ပြန်ရင် အဲဒီ ဇာတ်ကို ပြန်ခင်းတာ၊ အသံတုန်တုန် ရိုက်သံနဲ့၊ ဖေဖေ….သမီး….အပြန်အလှန်ခေါ်ရတာ သိပ်အရသာရှိတာပဲ၊ ကျွန်တော် အဲဒါကို ပြန် အမူအရာ လုပ်ပြရင် မမကြူက သူ့ကိုဆဲသလိုပဲ သိပ်နာတာ၊ ကျွန်တော် ကတော့ ပြတ်တယ်၊ သမားရိုးကျ မိဘမေတ္တာတွေ ရိုက် ရိုက်ပြတဲ့ မြန်မာကားတွေ ကုလားကားတွေ ဘယ်တော့မှ မကြည့်ဘူး၊ အိမ်သားတွေ ကြည့်ရင်လဲ ဘယ်တော့မှ လိုက်မသွားဘူး။

‘သူတို့ ကျွန်တော် ကို နားမလည်ပါဘူး ကိုလတ်ရယ် ကျွန်တော် က မိဘတစ်ဦးတည်းကို အလုပ်အကျွေးပြုမယ့် မိန်းမမှ မဟုတ်တာ ၊ ကျွန်တော် ဆယ်တန်ုးအောင်သွားပြီး အထွန်းနဲ့ကျွန်တော် ကျောင်းပိတ်ရက်တွေ မှာ စာတွေ ဖတ်လာတဲ့နှစ် က ကျွန်တော် အသက် ကျွန်တော့် ဝိညာဉ် ကျွန်တော် ခန္တာကိုယ် ကျွန်တော့်  အသွေးအသားတွေ ကို ကျွန်တော် သိပ်ချစ်တဲ့ တိုင်းပြည်အတွက်လှူမယ်ဆိုပြီး အထွန်းနဲ့ ကျွန်တော် လက်မောင်းသွေးဖောက်ပြီး သစ္စာဆိုကြတယ်’

‘ဟုတ်လားအောငင်၊ ထူးဆန်းလှချည်းလား’

ကိုလတ်က အောင့်ကို အံ့သြမိပြန်သည်။

‘ကိုလတ် ကတော့ ကျွန်တော့်  ကို ရယ်မှာ ပဲ’

‘မရယ်ပါဘူး၊ ဒါ ရယ်စရာမှမဟုတ်ဘဲနဲ့ ’

‘ကျွန်တော် တို့ကို စိတ်ကူးယဉ်တတ်, ရူးတယ်လို့လဲ ပြောချင်ပြောကြမှာ ပေါ့၊ ကျွန်တော် ကတော့ ကျွန်တော် မိဘတစ်ဦးတည်းအတွက်ထက် ကျွန်တော့် တိုင်းပြည်မှာ ရှိတဲ့ မိဘတွေ အားလုံးအတွက် အနစ်နာခံချင်တာ၊ ကျွန်တော် ကြီးကြယ်တဲ့ စကားကိုပြောတာ မဟုတ်ပါဘူးနော်၊ ဒါ ကျွန်တော် စေတနာပါ။

လက်တွေ့ လုပ်နိုင်တာ မလုပ်နိုင်တာ၊ လုပ်ခွင့်ရတာ မရတာ အပထားလို့ပေါ့၊ ဒီအကြောင်းကို ချောစုကလွဲလို့ ဘယ်သူမှ ကျွန်တော် မပြောသေးပါဘူး၊ ကိုလတ်ကို ဒုတိယအကြိမ် ပြောတာပဲ၊ ကျွန်တော် ပြောချင်တဲ့ သဘော ကိုလတ်လဲ သိမှာ ပါ’

‘ဒါပေါ့ အောင့်၊ အများ အတွက် အနစ်နာခံတဲ့ တန်ဖိုးဟာ ဘနဲ့မှ မလဲနိုင်ပါဘူး၊ ကိုယ့်မိသားစု တစ်ကွက်တည်း အရေး ကိုပဲ ကြည့်တဲ့ လူလောက် တစ်ကိုယ်ကောင်းဆန်တဲ့ လူမရှိဘူးလို့ ကိုယ်တို့ယူဆတာပဲ၊ မိဘလုပ်ကျွေးတယ် ဆိုတာ ကတော့ မင်္ဂလာတရားတော် နဲ့ ညီပါတယ်။

‘အဲဒါကို ကိုယ်တို့မငြင်းပါဘူး၊ ဒါပေမယ့် ကိုယ်ရပ်ကွက်မှာ အိမ်မီးလောင်နေတယ်ဆိုရင် ကိုယ့်အိမ်တစ်လုံးတည်း ကွက်ပြီးရေစိုအ၀တ်တွေ အုပ်ထားလိုမရဘူး၊ မီးပြင်းလောင်နေတဲ့ အနီးဆုံးလောင်နေတဲ့ အိမ်ကို ပြေးပြီး မီးငြိမ်းပေးရမှာ ပဲ၊ ဒီအိမ်ထဲမှာ ကလေးတွေ ရှိမယ်၊ မပြေးနိုင်ဘဲ ပိတ်မိနေတဲ့လူတွေ ရှိကြမယ်ဆိုရင် ကိုယ့်အိမ်က သေကောင်ပေါင်းလဲ အမေကို ပစ်ထားတန် ပစ်ထားရမှာ ပဲ၊ လူအများ စု အသက်အိုးအိမ် စည်းစိမ်အတွက် အမေ့အသက်နဲ့ လဲတန် လဲရမှာ ပဲ’

‘ကိုလတ်ပြောတာ ကျွန်တော် တော့ ခိုက်သွားပြီး ၊ ဒီဥပမာ ချောစုကို ပြန်ပြောရဦးမယ်’

အောင်သည် ကလေး တစ်ယောက် အမှု အရာမျိုးနှင့် တတ်တတ်ကြွကြွရှိနေသည်။ ကိုလတ်သည် အောင်၏ တတ်ကြွသော အမှု အရာကို ကြည့်ရင်း အတွေးများ နှင့် သူ့မျက်လုံးများ ကို ငေးသွားလေသည်။

‘ကိုယ် ကတော့ ကံကောင်းတယ်လို့ ပြောရမလားပဲ၊ မောင်နှမနှစ် ယောက် တည်းပဲရှိတယ် ၊ အဖေရော ၊ အမေရော၊ နှမလေးကရော ကိုယ့်ကို သိပ်အရေး ပေးကြတယ်’

ကိုလတ်ရင်ထဲတွင် လည်း ပြောချင်သော စကားတွေ ရှိလိမ့်ဦးမယ်ဟု အောင်ကတွေးသည်။ မိခင်ဖခင်တို့၏ ချစ်မြတ်နိုးသော တစ်ဦးတည်းသော သား ။ နှမငယ်၏ ကြည်ညိုလေးစားဖွယ်ရာ တစ်ဦးတည်းသော အစ်ကို။ ဓာတုဗေဒနှင့် ဘွဲ့ရပြီး အချိန်ပိုင်း နည်းပြဆရာ။

ထို့နောက် ညနေပိုင်းတွင် မိတ်ဆွေအချို့နှင့် အတူ အရပ်ထဲ ကျူရှင်ဖွင့်ထားသည်။ ရရစားစား ဘ၀ပေပဲ ။ အဖေက နိုင်ငံရေး သမား၊ အမေကကျောင်းဆရာမ ။ သည်အမေက တစ်သက်လုံး ကိုယ့်ဝမ်း ကိုယ်ကျောင်းရပြီး ကလေးတွေ ကို လူလားမြောက်အောင် ရှာဖွေပေးရသူ၊ မိဘကျောထောက်နောက်ခံ ပြစရာရယ်လို့ မရှိ။

ကိုအောင် ကတော့ ကြေးရတတ် ကုန်သည်မိဘက ပေါက်ဖွားလာသည်။ သူ့တွင် အစ်မသုံးယောက် ၊ ညီသုံးယောက် ရှိသည်။ သူကားအလယ်လူ။ မိဘ၏ စီးပွားရေး လုပ်ငန်း ဖြစ်သော ဆေးပြင်လိပ်လုပ်ငန်းကို ကူညီရသည်။

သို့ သော်လည်း အိပ်ချိန်မှအပ သူ၏ ကိုယ်ပိုင်အချိန် သုံးပုံ နှစ် ပုံသည် ကိုလတ်နှင့် တွဲ နေသည်နှင့် သာ အချိန်ကုန်သည်။ တိတိကျကျပြောရလျှင် တစ်နေ့ နှစ် ဆယ့်လေးနာရီတွင် အိပ်ချိန်ခြောက်နာရီထား၊ ကိုလတ်နှင့် ကိုအောင်တို့ အိပ်ချိန်မှာ နည်းသည်။

ည နှစ် နာရီထိ စာဖတ်ကြပြီး နံနက် ရှစ်နာရီလောက်မှ အိပ်ရာထကြမြဲ။ ဒါ နှစ် ယောက် စလုံးရဲ့ ဇယားကိုက်အိပ်ချိန်။ ကျန်ဆယ့ှ်ရှစ်နာရီတွင် ဆယ့်နှစ် ရာရီတည်းဟူသော စုစုပေါင်း အချိန်တွေ သည် ကိုလတ်နှင့် ကိုအောင်တို့ ပူးပေါင်းသော အချိန်။

စာရေး ဆရာ ၊ ကဗျာဆရာအိမ်တွေ ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ တောင်ဥက္ကလာပ ၊ တာမွေ ၊ ကျောက်မြောင်း၊ ကြည်မြင့်တိုင် ၊ ဗားကရာ ၊ စမ်းချောင်း၊ ရန်ကုန်မြို့လယ်အနှံ့စာပေ၊ ဘလောက်တိုက်တွေ မရောက်ဘူးတာ မရှိ။

တက္ကသိုလ်ပရိဝုဏ်တွင်း၌ လည်း ကိုလတ်နှင့် ကိုအောင်တို့ နေရာမလပ် ခြေရာထပ်ခဲ့သည်နေရာတွေ မှာ ကြက်မတစ်ဝပ် သာပင် ကျန်နိုင်ဖွယ် မမြင်။ အင်းလျားနှင့် မာလာစားသောက်ဆိုင်၊ အီကို ကဲင်တင်းတို့ကို စားကျက်ထား၍ ဘီအိုစီလက်ဖက်ရည်ဆိုင်၊ ဦးချစ်ဆိုင်တို့ကား ကိုလတ်နှင့် ကိုအောင်တို့၏ အိမ်ပိုင်မြေပိုင် ထင်မှတ်လောက်သည်။ ၃၃ လမ်းလက်ဖက်ရည်ဆိုင်သည်လည်း ဘ၀အစိတ်အပိုင်းတစ်ခု။

ကိုလတ်နှင့် ကိုအောင်တို့ကို သူတို့ အပေါင်းအသင်းများ က ဘယ်တော့မှ ခွဲပြီး မမြင်ကြ။ နှစ် ကိုယ့်တစ်ဘ၀ ၊ သိုမဟုတ် နှစ် ကိုယ့် တစ်စိတ်၊ ၀ိညာဉ်တစ်ခုတည်းသာရှိသော ခန္ဓာရုပ် အဖွဲ့အစည်းနှစ် ခု။

သူတို့နှစ် ယောက် အိမ်ထောင်ပြုကြလျှင်တောင်အိမ်ထောင်ဖက်တွေ က နားလည်ရမည့်  ယောကျာ်းမျိုးတွေ ။ ဒေ၀နှင့် ဗလတို့က သူတို့နှစ် ယောက် ကို ရင်ချင်းဆက်အမြွာဟုပင် ခေါ်ကြသည်။

ဒေ၀နှင့် ဗလတို့ကတစ်တွဲ ။ ရူမဗေဒေဘာသာ အဓိကနှင့် နောက်ဆုံးနှစ် ။ နှစ် ကြီးသမားတွေ ။ သူတို့ နှစ် ယောက် ကိုလည်း အောင်တို့ ၊ ချောစုတို့၊ ကိုလတ်တို့၊ ကိုအောင်တို့က ခွဲမမြင်ကြ။

သူတို့နှစ် ယောက် ကတော့ လောကတွင် ရယ်စရာကိုသာ မြင်ပြီး ရယ်စရာကိုသာ ရှာနေကြသူများ ဖြစ်သည်။ ၀-သ တက္ကသိုလ် အမှိုက်စအ ဖြစ် အမှိုက်ပုံးထဲ အပစ်ခံရသလို ရောက်ခဲ့ပြီး နောက်ဆုံးတော့လည်း မြန်မာပြည် နိုင်ငံရေး သမိုင်းကို ရေး ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဟာ ဒီဝ-သက အများ ကြီး ထွက်ခဲ့တာပဲ ဟု ဂုဏ်ယူဝင့်ကြွားစရာတစ်ချက်ကိုတော့ အမိအရ ဆုပ်ကိုင်ထားကြသည်။

တစ်ခါတစ်လေ နေ့လုံးညလုံးပေါက် ဖဲရိုက်တာ ဖဲထုပ်ကို ခေါင်းအုံးအောက် ထားအိပ်သည်အထိ စွဲလမ်းသည်။ဖဲရိုက်စရာ ဘော်ခန်းလျှင် နာရီ ၊ ဖောင်တိန်၊ မျက်မှန်တွင် မက ဘောလ်ပင်၊ ရှပ်အင်္ကျီကအစ အပေါင်းထား၍ ရိုက်ခဲ့ဖူး၏ ။

နောက်တော့ သကောင့်သားလေးတွေ ငရဲရောက်ချင်တော့ ကိုအောင်တို့နှင့် အပေါင်းအသင်း ဖြစ်လြာ ကတော့တာပဲ။‘နတ်ဘုံနတ်နန်းမှာ စံစားနေရာက ငရဲကိုဆွဲချတာ ဒီကောင်တွေ ပေါ့’

ဒေ၀က ကိုအောင့်တို့အား လက်ညှိုးထိုးပြလေသည်။ ကိုလတ်ကိုတော့ ကျောင်းမှာ ဆရာမို့ အစတည်းက မျက်မှန်းတန်းနေတာတဲ့။ ပြီးတော ကိုလတ်က ရုပ်လေးချောသလောက် မျက်နှာကလည်း ချိုသည်။

‘သူကယောကျာ်း မိန်းမဆိုမလွယ်ဘူး၊ အချောလဲပိုတယ်၊ အပြောလဲချိုတယ်၊ ဒါကြောင့် မို့ ချစ်သူတွေ ၀ိုင်းဝိုင်းလည်နေ တာပေါ့’

‘တကယ်လား….တကယ်လား’

အောင်နှင့် ချောစုတို့သည် ပြိုင်တူလို မေးမိပြီးမှ ရယ်မောမိကြသည်။ ထို့နောက် အောင်နှင့် ချောစုတို့က အစက ယခုလို မခင်တုန်းက ကွယ်ရာ၌ ကိုလတ်ကို ‘သူ့ဆွိ(တ်)။ ငါ ဆွိ(တ်) ဟု လုမိကြသေးသည်။

မိန်းကလေးတွေ သည် သူတို့ သဘောကျသော ယောကျာ်းချောချေားလေးတွေ ကို ‘အဲဒါ ငါ့ဆွိ(တ်) ပေါ့’ လို့ပြောကြတာ မဆန်းပါဘူး။ ကွယ်ရာပြောတာပဲ။ ဣန္ဒြိပျက်တာမှ မဟုတ်ဘဲနဲ့။ လှလို့ချစ်တာ အပြစ်လား။ သူတို့လည်း ကောင်မလေးတွေ လှရင် ချစ်တာပဲဟု အောင်က ဆင်ခြေလဲသေးသည်။

ကိုလတ်ကိုလိုက်တဲ့ ကျောင်းသူတွေ ပေါတယ်တဲ့၊ သည်အထဲတော့ တို့မပါပါဘူး။ ကိုလတ်ကို တို့ဘယ်တော့မှ မလိုက်ခဲ့ပါဘူး။ ကိုလတ်ကို ဆက်ဆံတဲ့နေရာမှာ တစ်ခါ ဣန္ဒြိမပျက်ဖူးပါဘူး။ မောင်နှမလိုပဲ နေခဲ့တာပဲ။ ကောင်မလေးလေးတွေ များ ကိုလတ်မျက်နှာမှာ ဓာတ်ငွေ့ရိုက်ပြီး မည်းနေတာကို အဲဒါသုတ်ပေးလို့ ကိုလတ်မျက်နှာအထား ခက်လှသည်တဲ့။

ကိုလတ်က သပ်သပ်ရပ်ရပ် ၀တ်ဆင်တတ်သူမို့ လုံချည်တွေ ငရဲမီးပေါက်လွန်းလို့ အဲဒီ မှာ ပုဆိုးအပိုထားတာ ကိုလတ်ကိုယ်တိုင်ခေါက်ဖို့မလိုဘူးဆိုပဲ။ အောင့် ၀မ်းထဲတော့ တိတ်တိတ်သတ၏ ၀န်တိုမိသေးသည်။ အဲဒါ စိတ်ပုပ်တာလားဟု ၀န်တိုစိတ်ကို ဖျောက်ပစ်ရန် ကြိုးစားသည်။

(၁၁)

ကိုအောင့်ကိုတော့ တွေ့ ကတည်းက ဘော်လီဘော ပုတ်သလို ချောစုတစ်လှည့်၊ မမစံကြီးကိုတစ်လှည့် ၊ဆန်းဆန်းမြင့် ကိုတစ်လှည့် ပေးနေကြသည်။ ဘယ်သူမှလည်း ကိုလတ်ကို လိုလိုလားလား မယူချင်ကြ။

မျက်နှာထား ဆိုးလွန်းသတဲ့။ ပြီးတော့ ဖြစ်သလိုနေပြီး ပစ်စလက်ခတ် ၀တ်စားတတ်သည်။ သူ့လုံချည်တွေ မှာ အမြဲ မီးလောင်ပေါက်တွေ ပြည့်နေပြီး မဖာမထေးဘဲ သည်အတိုင်းပဲ ၀တ်တတ်သည်။

မျက်နှာကိုလည်း မအားလျှင် မသုတ်မသင်ဘဲ ထားထားတော့ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေတွေ ဖုံးလွှမ်းလာသည်။ သူ့မှာ မအားတာက တစ်လမှာ ရက်၃၀။

ကိုအောင်သည် အရုပ်ဆိုးတာ မဟုတ်ဘဲနှင့် ပစ်စလက်ခတ်နေတာ ၊မျက်နှာထား မချိုတာက သူ့တွင် ရှိသော အလှတွေ ကို ဖုံးကွယ်ပစ်သည်ဟု ဒေ၀က သူ့သူငယ်ချင်းကို ကာကွယ်သည်။တကယ်တော့ သူတို့သည် ကိုလတ်ကိုလေးစားသလောက် ကိုအောင့်ကို လေးစားသည်သာ။

ပို၍ အရောတ၀င် ရင်းနီူးတာကပင် ပိုသေးသည်။ ဒေ၀၊ ဗလတို့နှင့် အသိ ဖြစ်ပြီး ဘာမှမကြာပါ။ အဆောင်သို့ ညလိုက်အိပ်ပြီး နှစ် ပေါင်းများ စွာ က ကွဲကွာလာခဲ့ကြသော ငယ်ပေါင်းများ လို ခင်မင်သွားကြသည်။

နောက်ဆုံးတော့ ဒေ၀က၏ မှတ်ချက်အရ…

‘ကိုအောင်က သူ့ဘာသာသူ တစ်ယောက် တည်းဆို လှပါတယ်၊ ကိုလတ်နဲ့တွဲ လို သူ့အလှဟာ ပျောက်ကွယ်သွားတာပါ’

‘ကိုလတ်နဲ့တွဲ တာ ကိုအောင် မိုက်တာပေါ့’

အောင်က ရှေ့တွင် ထား ဝေဖန်ဖူးသေးသည်။

‘ယောကျာ်းပီသတာချင်းတော့ အတူတူပါပဲ’

ချောစုက မနေသာသဖြင့် ၀င်ထောက်ခံတော့ အောင်က….

‘အမျိုးတူ အဆင်ကွဲပါ’လို့ နောက်သေးသည်။

ထိုနောက် အောင်သည် သည့်ထက်ပို၍ ရင်းနီူးလာသော အခါ…..

‘အကျဉ်းတန်တာ အကျဉ်းတန်တာပေါ့၊ ယောကျာ်းပီသ သဘောကလေးပြောစရာ မလိုပါဘူး’

မခံချင်အောင်စလျှင် ကိုအောင်က ပြုံး၍ သာ နေသည်။

‘ဒါပေမယ့် အကျဉ်းတန်ချစ်သူ ပေါတယ်နော်’

ဗလက ၀င်ပြောသည်။ ဒေ၀က ကိုအောင်၏ ကျောကို သပ်လျက်….

‘မကွေးကောလိပ်က ဆရာမ လေး တစ်ယောက် အောင်ဟိန်းလတ် ကျူရှင်က ကျောင်းသူလေးက တစ်ယောက် ဘဏ်က ရုံးစာရေး မလေးက တစ်ယောက် တောင်ဥက္ကလာပ ၁၀ ရပ်ကွက်ဈေးထဲက အထည်မလေးက တစ်ယောက် …’

‘အဲဒါကို ကိုအောင်အဆက်တွေ ’

အောင်က မေးလိုက်တော့…

‘သူ့ကိုလိုက်နေတဲ့ ကောင်မလေးတွေ ’

‘မိန်းကလေးတွေ က….’

‘ဟ….မိန်းကလေးတွေ က လိုက်တဲ့ ဇာတ်လမ်းတွေ နင်တို့မကြားဘူးဖူးလား၊ သွားပြီး….အောင်တော့ အောက်သွားပြီ….’

ဗလကပြောတော့ အောင်နှင့် ချောစုက မျက်နှာရှုံ့ကာ ခေါင်းခါရင်း ချောစုက….

‘ကျွန်တော် တို့ အုပ်စုက ဒါမျိုး တစ်ယောက် မှ မပါတာ’

‘အေး…ဒါကြောင့် နင်တို့မစွံတာ ၊ နင်တို့စွံချင်ရင် ငါနည်းလမ်းပေးမယ်’

‘ကျေးဇူးတင်ပါတယ် ၊ ဆားနဲ့စားတော့မယ်’

အောင်ကပြောရင်းရယ်လိုက်သည်။ ကိုလတ် ကတော့ သူတို့ကြားထဲ ထုံးစံအတိုင်း အပြုံးနှင့် ငေးနေသည်။ သူ့အပြုံးသည် ခိုင်မာ၍ ခွန်အားရှိသော အပြုံး။ ကိုအောင်သည်သူ၏ ရှည်ကိုင်းသော အရပ်ကြီးနှင့် အရပ်ပုသော ဒေ၀၏ ပခုံးကို လှမ်းဖက်ကာ တသော သော ရယ်မောနေသည်။

ရွှင်မြူးစွာ ရယ်မောနေသော သူ့မျက်နှာတွင် မျက်နှာထား ဆိုးတာများ ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။ စီးပွားရေး တက္ကသိုလ် ဦးယမ်းဘလူး အအေးဆိုင်မှ ရယ်မောသံတွေ ပျံ့လွင့်လာလေသည်။

ရေတမာပင် ပေါက်ရောက်ရာ အဓိပတိလမ်း တစ်လျှောက်၊ ကံ့ကော်ပင်တို့ စီတန်းနေရာ အင်းလျားလမ်း၊ ချုံနွယ်ပိတ်ပေါင်း ထူထပ်ရာ သထုံလမ်း၊ မြရောင် လွှမ်းကာ သေသပ်သော ကတ္တရာလမ်း၊ သားနားခံ့ထည်သော အုတ်တိုက်များ နှင့် ပုဂံလမ်းသွယ်တို့တွင် လူငယ် ကျောင်းသားတို့၏ မြူးတူးရွင်ပျော်စွာ ရယ်မောသံ၊တတ်ကြွသော အသံများ ၊ အချစ်မှိုင်းမိသော သက်ပြင်းချသံများ ၊ နာကြည်းခံပြင်းသော တောက်ခေါက်သံများ ၊ ဘိန်းဖြူ၊ဆေးခြောက်၊ ရိုးဟဲင်းဖဲချပ်ထဲ နစ်နေသော မိန်းမောတွေ ဝေသံများ ။

‘ကိုလတ်နဲ့ကိုအောင်တို့မှာ အတွဲ မရှိပါဘူး’

အောင်က အတွေးနှင့် ငေးနေရာမှ ပြောလိုက်လေသည်။

‘နင်ထင်သလား’

ဒေ၀က ပြုံးစနဲ့နဲ့နှင့် မေးဆဲ….

‘ကျွန်တော် တွေးကြည့်တာလေ၊ မိန်းမ တော် တော် နဲ့ယူကြ မှာ မဟုတ်ပါဘူး’

‘ယူရင်လဲ တစ်ပြိုက်နက် ယူမှာ ပဲ’

ဗလက ၀င်ဖောက်သည်။

‘ဒါလောက် တတွဲ တွဲ နဲ့ စိတ်ချင်းတူနေတာ မိန်းမလဲ တစ်ယောက် တည်းများ ကြိုက်နေမှာ လား’

‘သြော်…အရေး ထဲ ဉာဏ်ကြီးရှင် ချောစုက ၀င်ပေါက်ရ သေးတယ်၊ ဒီအတွေးမျိုး နင်တွေးပဲ တွေးတတ်တယ်နော်’

ဒေ၀ကပြောတော့ ချောစုက ရယ်မောလျက် ‘ပေါက်တာ မဟုတ်ပါဘူး ၊ ဖြစ်တတ်တာ ပြောတာပါ၊ အဲဒီ မကြိုက်နိုင်ဘူးလား၊ ကဲ…ကိုလတ်ပြော’

ချောစုက ကိုလတ်ကို လှည့်မေးတော့ ကိုလတ်က ပြုံးလျက်….

‘ဒါ….. ဖြစ်တတ်ပါတယ်’

‘ကဲ…ချောစု မပြောလား’

ချောစုက ဒေ၀ဘက်သို့ လှည်ရန်ထောင်လိုက်သည်။အောင်က…..

‘တကယ်လို့ပေါ့လေ….အမျိုးသားတွေ အကြောင်း မသိလို့ ကျွန်တော် မေးတာနော်၊ စိတ်တော့မရှိပါနဲ့၊ ကိုလတ်နဲ့ ကိုအောင်တို့ မိန်းကလေး တစ်ယောက် ကိုကြိုက်မိတယ် ဆိုပါတော့၊ အဲလိုဆိုရင် ဘယ်သူက အလျှော့ပေးမလဲ၊ မိန်းကလေးဘက်ကို မစဉ်းစားနဲ့ဦး၊ ဘယ်သူ့ကို ပိုးခွင့်ပေးမလဲ’

ကိုအောင်သည် ဆေးလိပ်တွင် တွင် ဖွာရိုက်ရင် အောင့်ကို ငေးကြည့်နေသည်။ ကိုလတ်က ပြုံးလျက် ခေါင်းကို ခါယမ်းရင်း…….

‘ဒီ အ ဖြစ်မျိုး မကြုံဖူးသေးဘဲနဲ့ ဘယ်လို အဖြေပေးမလဲ’

‘ကြုံလာပြီ ဆိုပါတော့’

အောင်က ဇွတ်မေးတော့လဲ ကိုလတ်က ခေါင်းကို ခါယမ်းနေသည်။

‘ငါ ဖြေနိုင်တယ်ဟေ့၊ ကိုအောင်ကြီး အလျှော့ပေးရမှာ သေချာတယ်’

ဗလက ၀င်ဖြေသည်။

‘ဘာ ဖြစ်လို့လဲ’

‘သူတို့ပုံ ကြည့်ပါလား၊ ဟိုလူက လူပုံက ချောပေမယ့် သွေးအေးအေးနဲ့ ဘာမှ လျှော့မှာ မဟုတ်ဘူး ၊ ဒီလူ ကတော့ လူပုံက စံပဲ၊ စိတ်နေသဘောထားက ကိုလတ်ကြီးထက် ပိုပျော့ပျောင်းတယ်၊နင်တို့က သူ့ကိုသာကြောက်တာ သူက နည်းနည်း မှ ကြောက်စရာ မကောင်းဘူး ၊ ကိုလတ်နဲ့ကျ သူကချည်းခံနေရတာ သူကချည်း အလျှော့ပေးတာ’

‘သူ သဘောနဲ့ သူပါကွာ’

(၁၂)

ကိုလတ်က ရယ်ရင်းဖြေသည်။ ဒေ၀သည် ဤတွင် အတွေးတစ်မျိုးပေါက်ရင်း နောက်တီးနောက်တောက်နှင့် …….

‘အကောင်းဆုံး ကတော့ မိန်းကလေး တစ်ယောက် တည်းကို နှစ် ယောက် စလုံး ယူလိုက်ရုံပဲ ၊ ဒါလောက် ခွဲလို့မရတာ ’

‘အတော် လိုက်နာဖို့ကောင်းတဲ့ အကြံဉာဏ်ပါလား၊ ဒါလောက် ဖောက်ပြန်တာ’

ချောစုက ပြောကာ ရယ်မောနေသည်။

‘အတော် ပေါက်တဲ့ လူတွေ ၊ မေးတဲ့လူကလဲ မေးတယ် ၊ ဖြေတဲ့လူကလဲ ပေါက်ကရ’

ကိုအောင်ကခပ်သဲ့သဲ့ ရယ်မောရင်း ၀င်ပြောပြီး အောင့်ဘက်သို့ လှည့်ကာ…

‘နင် ဦးနှောက်ပဲ၊ နင့်ကိုငါ ကြည့်နေတယ်၊ နင် ၉၅ ပြားပဲ’

‘ကိုအောင်က ကျွန်တော့် ကို ကျပ်မပြည့်ဘူး ပြောချင်တာပေါ့’

‘ပြောချင်တာ မဟုတ်ဘူး၊ ပြောနေတာ ၊ နင်မှ ၉၅ ပြား အစစ်’

ထို့နောက် ကိုအောင်သည် အောင့်ကို ၉၅ ပြားချည်း ခေါ်တော့သည်။

‘နင် သူများ ကို ဒါလောက် နာမည် ၀ှက်ပေးတတ်တာ နင့် ‘Nick name’ လဲ မှတ်ထား ၊ ၉၅ ပြားတဲ့’

‘ကိုလတ် ဘိုမုတ်ဆိတ်က ကျွန်တော့် ကို ၉၅ ပြားတဲ့’

အောင်က ကိုလတ်ကိုလှမ်းတိုင်တော့ ကိုလတ်က ကိုအောင်အား ဖျတ်ခနဲ လှမ်းကြည့်ကာ……

‘ဟုတ်သားပဲကွာ၊ မင်းက အောင့်ကို ဒီလိုမခေါ်ပါနဲ့၊ ၉၅ ပြားဆိုတာ Nick name က နင့်သီးလွန်းပါတယ်၊ ၉၉ ပြားလောက် ခေါ်ရရင် တော် ရောပေါ့’

‘ကိုလတ်နော်၊ ကိုလတ်၊ ခင်ဗျာနဲ့ ကိုအောင် တစိတ်တည်း ဆိုတာ တကယ်မှန်တယ်၊ ခင်ဗျာတို့ နှစ် ယောက် မိန်းမ တစ်ယောက် တည်း ရကြပါစေ’

ဗလသည် မျက်လုံးများ ပြူးလျက်…..

‘ဟ ဟ…..ကျိန်စာတိုက်ပဟ၊ လောကကြီးမှာ ဒီကျိန်စာလောက် ကြောက်စရာကောင်းတာ မရှိတော့ဘူး၊ ဘုရားစူရပါစေရဲ့၊ မှော င်ခိုပစ္စည်းနဲ့ လူနဲ့ တစ်ပြိုက်နက်တွဲ မိပြီး အချုပ်ခန်းထဲရောက်ရပါစေရဲ့ ၊ တကယ်ပါ’

ထပ်ဆင့်ကျိန်တော့ အောင်နှင့် ချောစုတို့က တသော သော ရယ်မောမိကြသေးသည်။ သည်တုန်းက အောင်ဆိုသည်မှာ ဘာမှ အပူအပင်မရှိတော့သလို လွတ်လပ် ပျော်ပါးနေခဲ့သည်။

လှောင်အိမ်ထဲမှ လွတ်ထွက်ခဲ့လျင် လေအဟုန်တွင် အတောင်လွှင့်၍ ပျံခါစအချိန်။

ကိုလတ်နှင့် ကိုအောင်တို့သည်လည်း ဒေ၀တို့သမုတ်သလို ရင်ချင်းဆက်အမြွှာပမာ ပူးတွဲ ဆဲ။ အောင်နှင့် ချောစုတို့က ဓာတုဘာသာရပ်ချင်းတူ၍ မခွဲတဲတတွဲ တွဲ ။ ဒေ၀နှင့် ဗလတို့က တစ်တွဲ ။

တစ်ခါတစ်ရံ လူသူကင်းဝေးသော လမ်းမအလယ်ကောင်တွင် ဒေ၀နှင့် ဗလသည် ကျောချင်းကပ်ကာ တစ်ယောက် ယောက် က နောက်ပြန်ဆုတ် လမ်းလျှောက်ရင်း……..

‘ဒီမှာ ဟေ့ ၊ ဖင်ချင်းဆက်အမြွှာ’

လမ်းဖြတ်လျှောက်သွားသော ကျောင်းသူအချို့ကို မမှု နိုင်ဘဲ မဆင်မခြင် ပြောမိကြသေးသည်။ ကောင်မလေး တချို့၏ မျက်စောင်းကိုမြင်မှ ကိုယ့်စကားကို ကိုယ်သတိရသည်။

‘ရှက်လဲမရှက်ဘူး၊ ကလေးတွေ ကျနေတာပဲ’

အောင်က တသော သော နှင့် ရယ်မဆုံး။

‘ဒီနှစ် ယောက် သိပ်ဆိုးတာ ၊ အားရင် ကလေရိုက်နေတာပဲ၊ ကိုလတ်ရော၊ ကိုအောင်ရော မနိုင်တော့ဘူးလား’ချောစုကမေးတော့ ကိုလတ်က…

‘သူတို့အလုပ်လုပ်တာ မမြင်ဘူးလို့ပါ၊ ဒေ၀က ကာတွန်းဆွဲပေးဖော်ရပါတယ်၊ ဗလ ကတော့ ဟိုပြေး ဒီလွှားပေါ့၊ ကိုယ်တို့၊ ကိုအောင်တို့ မသွားနိုင်တဲ့ကိစ္စတွေ သူပဲ၊ စာညွန့်ရေး လဲရေး တယ် ၊ ရွေးလဲရွေးတယ်၊ ဒါ ရေး ဖို့လဲ မလွယ်ဘူး ရွေးဖို့လဲ မလွယ်ဘူး’

သူ့လူတွေ ကို သူ နေရာထားလေသည်။ ဗလက ချောစုတို့ဘက် လှည့်ကြည့်ရင်း….

‘ဒီမယ် ချောစု၊ ခုလိုအချိန်မှာ တို့ရယ်နိုင်ဖို့ ကြိုးစားရမှာ ပဲ၊ နင်တို့သိထားဖို့က လူတွေ ဟာ စိတ်ညစ်လာရင် ရယ်စရာပဲ ရှာနေကြတာ၊ ရုပ်ရှင်ရုံတွေ မှာ ရယ်စရာကားဆိုရင် ကြိတ်ကြိတ်တိုးနေတာ နင်တို မတွေ့ ဘူးလား’

ဗလက သည်တစ်ခါ လေးနက်သော အမူအရာနှင့် ငေးသွားတယ်။ နောက်လဆိုလျှင် ဗလက ကျောင်းကထွက်ရ တော့မည် တဲ့။ သူ့အိမ်စီးပွားရေး အခြေအနေက သူကျောင်းဆက်နေနိုင်သည်အထိ မခိုင်တော့။

စီးပွားရေး တိုင်မှာ ယိုင်နဲ့နေရာမှ ကျိုးလုနေပေပြီ။ အလုပ်လျှောက်တာ ကြာပါပြီ။ ဗဟိုစာရင်းဌာနမှ နယ်အဝေးသို့ အငယ်တန်းစာရေး ဘ၀နှင့် လွှင့်တော့် မည် ဆိုပဲ။

ဒေ၀သည်ဗလ၏ ပခုံးကိုလှမ်းဖက်ရင်း လမ်းဆက်လျှောက်လာကြသည်။ အတွေးကိုယ်စီနှင့် ကိုယ်စီ နှုတ်ဆိတ်နေရာမှ ဒေ၀သည် ရုတ်တရက်ဖောက်လာကာ…

‘ငါတော့ အရင်းအနီူးနည်းနည်း ပဲ စိုက်ရတဲ့ဟာမျိုးပဲ ရောင်းတော့မယ်’

‘ဘာရောင်းမှာ လဲ’ ချောစုက မေးလိုက်သည်။

‘လျက်ဆား’

‘ဟင်’

‘တကယ်ပြောတာ ဈေးတွေ ထဲမှာ အဲဒါတွေ လိုက်ရောင်းတာ မဆိုးဘူးနော်၊ ပုလင်းကြီး ပုလင်းသေး၊ တစ်မတ်ဖိုး ငါမူးဖိုးအစ တစ်မနက်ကို ငွေတစ်ဆယ်လောက် ကိုယ်မယ်’

‘ရောင်းရဲလို့လား’

‘အံမယ်၊ ဘာလို့ မရောင်းရဲရမှာ လဲ၊ လျက်ဆား…လျက်ဆား၊ အဖိုးနည်းပြီး ပုဆိုးကွဲတာ တိုင်းရင်း ဖြစ်လျက်ဆား ပါခင်ဗျာ၊ မြန်မာ့လျက်ဆား’

ကိုအောင်၊ အောင်နှင့် ချောစုတို့သည် တသော သော ရယ်မောမိသည်။ကိုလတ်သည်ပင် အားပါးတရ ပြုံးမိလေသည်။

စောစောက မှု န်ငေးနေသော ဗလမျက်နှာသည် ရွှင်လန်း လာကာ စိတ်လက်ပေါ့ပါးစွာ ရယ်မောနိုင်လာလေသည်။ သို့ ….ရယ်ရင်းမောရင်းပင် ဗလသည် အသံမြည် သော ၀ါယောလွှတ်လိုက်သဖြင့် အောင်နှင့် ချောစုတို့သည် တဟားဟား ရယ်မောကာ ဗလအနီးမှ ထွက်ပြေးကြလေသည်။

ဒေ၀သည် တသော သော ရယ်မောပြီး နှာခေါင်းရှေ့လက်နှင့် ယပ်ကာ…

‘အဖိုးနည်းပြီး ပုဆိုးကွဲတာက မြန်မာ့လျက်ဆား၊ လျက်ဆားကျတော့ ထိုင်းမကယ်ဘူး၊ ဂျပန်မကယ်ဘူးနော်၊ မြန်မာ့လျက်ဆား အစစ် ၊ အဖိုးနည်းပြီး ပုဆိုးကွဲတာက….’

သထုံလမ်းထိပ်မှ ဖြတ်လျှောက်သွားကြသော ဆံပင်ဖားလျားချ ခေတ်ပညာတတ် တက္ကသိုလ်သူအချို့သည် ရယ်သူက ရယ်သွားလျက် မျက်စောင်းထိုးသူက ထိုးသွားကြလေသည်။

‘ငါ ဘာပြောလို့လဲ၊ ဘာပြောလို့လဲ၊ အဖိုးနည်းတာက ပုဆိုးကွဲတာတဲ့ ကဲဟာ’

သည်တစ်ခါတောာ့ လက်သည်းတရာခံက ဒေ၀။ ဒေ၀အနီးတွင် လျှောက်နေကြသော ကိုလတ်နှင့် ကိုအောင်တို့သည် ဒေ၀အနီးမှ ထွက်ပြေးကြပြန်သည်။ ‘တော် တော် ရူပ်တဲ့ ကောင်ပဲ’

ကိုလတ်က ရယ်ရင်းပြောပြန်သည်။ ကောင်မလေး တစ်သိုက်သည် ဒေ၀ကို ခပ်သုတ်သုတ် ကျော်ဖြတ်သွားကြသည်။

ထို့နောက် လှည့်ကြည့်လှည့်ကြည့်နှင့် တီးတိုး အတင်း ပြောသွားကြသည်။

‘ဟုတ်သားပဲ ဒေ၀ကလဲ၊ ဒါ ကိုယ့်အိမ် မဟုတ်ဘူး၊ ကိုယ့်အိမ်လို လျှောက်လုပ်နေလို့ ဘယ် ဖြစ်ပါ့မလဲ’

ဒေ၀ကိုချောစုက သတိပေးနေသည်။ ဗလက ‘အိမ်…အိမ်ဆိုတာ ဘယ်မှာ ရှိသလဲ၊ ဒီမှာ လဲမရှိဘူး၊ ဟိုမှာ လဲ မရှိဘူး၊ အိမ်ဆိုတာ တို့ကိုယ်ထဲမှာ ၊ တို့စိတ်ထဲမှာ ဒါကြောင့် ရောက်တဲ့နေရာ၊ တွေ့ တဲ့နေရာတိုင်းဟာ တို့အိမ်ပဲ၊ အိမ်ဆိုတာ သပ်သပ်ရပ်ရပ် သီးခြားမရှိဘူး၊ ဒါကိုခင်ဗျာတို့နားမလည်ရင် အခက်’

ဇာတ်လိုက်မင်းသားမြတ်လေးနှင့် တူအောင် ပြောလိုက်ရာ အားလုံးက ရယ်မောမိကြပြန်သည်။

(၁၃)

ကိုလတ်နှင့် ဒုတိယအကြိမ် နှစ် ယောက် တည်း လမ်းလျှောက်သော နေ့ဟု အောင်ရဲ့ ဒိုင်ယာယီစာအုပ်တွင် ရေး နေကျ နေ့စဉ်မှတ်တမ်း၌ ရေး မှတ်ထားလေသည်။

ကုက္ကိုပင်တွေ ကြားထဲမှာ လပြည့်ဝန်းကို ထင်ထင်ရှားရှား မြင်နေရသည်၊လထွက်တာ စောလိုက်တာလို့ ကိုလတ်က မှတ်မှတ်ရရ ပြောတယ်။ သူလဲ ငါ့လိုပဲ သဘာဝ ပတ်ဝန်းကျင်ကို သတိထားမိတာ တွေ့ ရတော့ စိတ်ထဲမှာ ၀မ်းလဲသာတယ်။ အားလဲ အားရမိတယ်၊ ခံစားတတ်တဲ့ အသည်းနှလုံးရှိတဲ့ လူတွေ မှ ဒီလို သဘာဝအလှကို ချစ်တတ်ကြသော ၊ ဒီလို ချစ်တတ်ရင် ကြင်နာတတ်တဲ့ စာနာတတ်တဲ့ အသည်းရှိမှာ ။

ဒါပေမယ့်….

ကိုယ်ရေး ကိုယ်တာ ကိစ္စလောက်သာ စိတ်ဝင်စားပြီး ကိုယ် တစ်ယောက် တည်းသာ ခံစားနေတဲ့ ပုဂ္ဂလိ ကဒုက္ခကို သေးဖွဲ့တယ်လို့ ထင်လာသည်၊ ရှက်လဲရှက်မိသည်။ အဲလို ကိုလတ်ကို ပြောမိသေးသည်။

ထိုနေ့ညနေဆည်းဆာ အလွန်တွင် သူတို့ လျှောက်လာ ခြေလှမ်းများ သည် ပြည်လမ်း ရိုးမရိပ်သာ အဆောင်တွေ ရှိရာ လမ်းကို ကျော်လာခဲ့ကြသည်။

ပန်းနုရောင် ပွင့်သေး ၀တ်မှု န် အစအနလေးတွေ သည် မြေပေါ် ကြွေကျလာသည်။

ချက်ကိုစလိုဗက်ကီးယား သံအမတ်နေအိမ် ညွှန်ပြသော အခါတွင် အနက်ကျားပေါင်အနက်စာလုံးများ နှင့် ဆိုင်းဘုတ်ရှေ့ရောက်တော့ ကိုလတ်က….

‘အဆောင်ပြန်ချင်ပြီလား၊ ဆက်လျှောက်ချင်သေးလား’

တုံးတိတိနှင့် ပဲ ဖြေလိုက်သည်။

‘ကဲ…ဒါဖြင့် လျှောက်’

‘ကိုလတ်မှာ ကိစ္စရှိသေးလား’

အလိုက်တသိမေးတော့ ကိုလတ်က အောင့်မျက်နှာကို ငေးကြည့်ပြီး အမေးကို ထုံးစံအတိုင်းမဖြေဘဲ…

‘အောင့်မှာ ပြောစရာစကား ရှိသေးတယ် မဟုတ်လား၊ ရှိရင်ပြောလေ၊ စောစောက ကိုယ် တစ်ယောက် တည်း ပြောလာရတာ ’

‘ကိုလတ်ပြောတာတွေ က အနှစ် သာရချည်းပဲ၊ ကျွန်တော် ကိုလတ်ကို စကားပြောရမှာ ရှက်တယ်’

‘ဘာဖြစ်လို့လဲ အောင်ရဲ့ ၊ အောင်ပြောချင်တဲ့စကားကို ပြောပေါ့၊ အောင်ပြောတာတွေ လဲ နားထောင်ကောင်းသားနဲ့ ’

‘အသေးအဖွဲ့တွေ ပါ’

‘ဘယ်ဟုတ်မလဲ အောင်ရဲ့ ၊ လူဆိုတာ လူရဲ့ အကြောင်းကို စိတ်ဝင်စားကြတာပဲ၊ လူလောကကြီးမှာ ဇာတ်ကောင်တွေ အမျိုးမျိုးရှိကြတာပဲ၊ တစ်ဖက်ကလဲ ဆင်းရဲတဲ့ဒဏ် ဂုဏ်တို့ ပညာတို့မရှိတဲ့ဒဏ်နဲ့ အနှိပ်စက်ခံနေရတယ်၊ ဥပမာ အောင်ပြောပြဖူးတဲ့ ထွေးခင်အကြောင်းမျိုး ၊ တစ်ဖက်ကလဲ လူလူချင်းဖိနှိပ်တယ်၊ မတရားအနိုင်ယူတယ် အဲဒါမျိုးတွေ ပေါ့၊ လူမှာ လူကောင်း လူဆိုး မဖောက်ပြန်တဲ့လူ ဖောက်ပြန်တဲ့လူ ရှိကြတာပဲ၊ အောင် ပြောတာတွေ က အောင့်ပတ်ဝန်းကျင်က လူတွေ အကြောင်းပဲ၊ ဒီအကြောင်းတွေ ပြောလို့ သေးဖွဲ့တယ်လို့ ကိုယ်မယူဆပါဘူး’

‘ဒါတော့ ဟုတ်ပါတယ်၊ ကျွန်တော် ခုပြောမှာ က ကျွန်တော် နဲ့ အထွန်းနဲ့လဲ ပတ်သက်နေတယ်၊ ပြီးတော့ မမကြူ အကြောင်းလဲ ပြန်ပါလာဦးမယ်’

‘ပြောပါဦး’

ထူးဆန်းတာတစ်ခု ပြောရဦးမယ် ကိုလတ်ကို၊ ထွေးခင်နဲ့ အထွန်းက ရုပ်ချင်းသိပ်တူတာပဲ၊ ညီအစ်မဆို ယုံတယ်၊ ဒါကြောင့် အထွန်း ကျောင်းသူအသစ်အ ဖြစ် ကျွန်တော် တို့ အခန်းထဲ ရောက်လာတော့ အထွန်းကို စိတ်ဝင်စားလာတယ်၊ မြင်မြင်ချင်းပဲ သိပ်ချစ်တာပဲ၊ သူက အညာသူလေးဆိုတော့ ထွေးခင်ထက် အသားပိုညိုတာ တစ်ခုပဲ ကွဲသွားတာ။

‘အရပ်အမောင်းရော ၊ ရုပ်ရောအတော် တူတယ်၊ အထွန်းက နေ့ကျောင်းသူပါ၊ သူ့အဖေက ကျောင်းဆရာပါ၊ မောင်နှမ ၇-ယောက် ထဲမှာ သူကအကြီးဆုံး၊ သိပ်ဆင်းရဲပါတယ်၊ ဆင်းရဲတာလဲ ထွေးခင်နဲ့ တူပြန်ရော၊ မတူတာ တစ်ခု ကတော့ ထွေးခင်က စိတ်သဘောထားနူးညံ့ပြီး အေးတယ်၊ အထွန်းက ကျွန်တော့် လိုပဲ စွာ တယ်’

‘အောင်က စွာ လို့လား’

‘ကိုလတ်ကလဲ စကားကောင်း ပြောနေတာကို နောက်နေပြန်ပြီး၊ ကျွန်တော် စွာ တာ မသိတာကျနေတာပဲ၊ ရင်ရင်ထိုက်တို့ အုပ်စုနဲ့ဆို ပွဲကြီးပွဲကောင်းပေါ့၊ နှစ် ယောက် သားချဲကြတာ’

‘ဟုတ်လား’

‘သွား…ကိုလတ်ကလဲ’

‘အကောင်းမေးတာပါ’

‘ဒီလိုကိုလတ်ရဲ့ ၊ သူတို့အုပ်စုက သုံးယောက် ရှိတယ်၊ ဂုဏ်သားသမီးတွေ ဆိုတော့ ကျူရှင်လဲ ယူကြ၊ အိမ်လဲ စာခေါ်သင်တော့ အတန်းပိုင် ဆရာမ ရော တခြား ဆရာမ တွေ ရော လုံးလုံး မလေးစားဘူး။

‘ဆရာထဲမှာ လဲ ဆရာအင်္ဂါ မညီညွတ်တာတွေ ရှိတယ်၊ တပည့်ကို ပြန်ဖားနေရတဲ့ ဆရာတချို့ရှိတယ်၊ ရင်ရင်ထိုက်တို့ ခင်မျိုးနွယ် ညီမ တင်စိုးနွယ်တို့ ပျာကလပ်ခေါ်တဲ့ ဖြူဖြူတို့ဆိုရင အမှတ်တွေ ပိုပေး၊ အတန်းထဲ ဆော့လဲ မဆူဘူး၊ ဒီအရှိန်နဲ့ ကျန်တဲ့ ဆရာမ တွေ လူကို မထင်တော့ဘူး။’

‘အဲဒီ တော့ နိုင်ငံသမိုင်းသင်တဲ့ ဆရာမ ဒေါ်မြမြရယ်၊ သင်္ချာသင်တဲ့ ဆရာမ ဒေါ်ခင်မွှေး၊ အလှည့်ကျသော ဆရာမ တွေ က ခပ်ထက်ထက်ဆိုတော့ သူတို့ကို တင်းတင်းမာမာ ဆက်ဆံတယ်၊ သူတို့အဖ နိုင်ငံခြားက ယူလာတဲ့ နှစ် ထပ်ဆွယ်တာကို တင်စိုးနွယ်က စာသင်တုန်း ချွတ်လိုက် ၀တ်လိုက်လုပ်တဲ့အပြင် ရင်ရင်ထိုက်ကို ၀တ်ခိုင်းလိုက် လုပ်နေတော့ ဆရာမ ဒေါ်မြမြက ချဲတာပေါ့။

‘နာမည် တစ်ယောက် စီ ခေါ်ပြီးကိုဆူတာ၊ ဒေါ်ခင်မွှေးကလဲ ငါ့သင်္ချာချိန်မှာ စိတ်မပါရင် အတန်းထဲက ထွက် သွားပါ၊ မင်းတို့ကြောင့် တခြားလူ အနှောင့်အယှက် မ ဖြစ်ပါစေနဲ့တဲ့၊ ကျွန်တော် တို့က ဒီတုန်းက ၀မ်းသာလိုက်တာ၊ ဆရာမ နှစ် ယောက် ကို ၀ိုင်းလက်ခုပ်တီးကြတာပေါ့။

အဲဒါ သူတို့က နောက်ကွယ်မှာ ဆရာမ တွေ က သူတို့ကို မနာလိုဘူးလို့ အတင်းပြောသေးတာ ၊ ကျွန်တော် တို့က ဟားပစ်တာ၊ ကျွန်တော် နဲ့အထွန်းက ဆရာမ ဒေါ်မြမြနဲ့ ဒေါ်ခင်မွှေးဘက်မှ ခိုင်ခိုင်မာမာ ရပ်ကြတာ၊ ဆရာမ လေး နှစ်ယောက် က ငယ်လဲငယ် လှလဲလှတော့ သူတို့ကို မနာလိုတာ ဖြစ်နိုင်မလား ကိုလတ်ရယ်၊ ပြီးတော့ သူတို့နှစ် ယောက် စာသင်တာ တကယ်အပင်ပန်းခံ သင်တာ၊ ပါးစပ်က အမြုပ်ထမတတ် သင်ရတာ ။

‘ပြောရတာ အသေးအဖွဲ့ပဲ၊ ဆရာမ တွေ က သူတို့ဝတ်သလို မ၀တ်နိုင်ဘူးပေါ့၊ ဒါလဲ ဟားပစ်လိုက်တယ်၊ တစ်ယောက် က ဆရာဝန်ကတော် တစ်ယောက် က အရာရှိကတော် ဆိုပြီး ကလေးတုန်း ကတော့ မခံချင်စိတ်နဲ့ ဂုဏ် ဂုဏ်ချင်း ပေါက်ပစ်လိုက်တယ်။

‘ဆရာမ တွေ ကလဲ အ၀တ်အစား ဖက်ရှင်ထွင်ပြီး အချိန်ကုန်တဲ့အစား ဟုတ်ပုံမရပါဘူး၊ သူတို့ကို လူမိုက်အားပေးလုပ်တဲ့ သူတို့ရဲ့ ဖေးဗရိတ် ဆရာမ ရိုဇလင်နှင့် ဒေါ်သက်နှင်းတို့ကသာ သူတို့လို တစ်စားတည်း။

‘ဒီတင်ပဲ အုပ်စုနှစ် စု အတန်းထဲမှာ ကွဲသွားတယ်’

‘ဟုတ်လား၊ တကယ်ပဋိပက္ခပါလား’

‘ကျွန်တော် တို့ဘက်ကို ကျောင်းသူတွေ တော် တော် နဲ့ မပါရဲဘူး၊ ဟိုဘက်က ဂရိတ်တွေ မဟုတ်လား၊ ဆရာမ က အစ မျက်နှာလိုက်တာ၊ မထင်ရင် မထင်သလို အမှတ်လျှော့မှာ စိုးကြတယ်၊ ကျွန်တော် တို့ ဆရာမ ဒေါ်မြမြနှင့် ဒေါ်ခင်မွှေး ကတော့ အထွန်းကို ဘယ်လောက်ချစ်ချစ် ကျရင်ကျသလိုပဲ မညှာဘူး ၊ချပစ်တယ်။

‘မုန်းလို့လဲ အမှတ်မလျှော့မပစ်ဘူး၊ ရင်ရင်ထိုက် ဆိုတာ တစ်ခါတလေ ဒေါ်မြမြဆီမှာ အမှတ်တွေ အများ ကြီးရတတ်တာပဲ၊ ဒေါ်ခင်မွှေးလဲ ပေးတာပဲ၊ ဒီတော့ လောကကြီးမှာ ရိုးသားဖြောင့်တာကလဲ နေရာတိုင်းမှာ အလုပ်လုပ်ရတာ သိပ်ခက်တာ’

ကိုလတ်က ပြုံးမိပြန်သည်။ အောင်သည် ကိုလတ်၏ မျက်နှာကို လှမ်းကြည့်ပြီး ရယ်ကာ သူ့စကားကိုဆက်ပြန်လေသည်။

ဒီတော့ ကျွန်တော် နဲ့ အထွန်းတို့က ဒီဘက် အုပ်စုက ခေါင်းဆောင်ပေါ့၊ ဟိုဘက်က ခေါင်းဆောင်က ရင်ရင်ထိုက်ရယ်၊ ဖြူဖြူရယ် ၊ တင်စိုးနွယ်ရယ် ၊ ကျွန်တော် တို့က ဆရာမ ရိုဇလင်ရဲ့ ဒေါ်သက်နှင်းတို့မကောင်းကြောင်းတွေ ထောက်ပြဝေဖန်ကြ။

ရင်ရင်ထိုက်တို့က အခွင့်ထူးခံပြီး မတရားမှု တွေ လုပ်တာ ခေါင်းငုံ့မခံသင့်ဘူး စည်းရုံးတာပေါ့၊ ဒီတော့ ကျောင်းသူ အများ စုက ကျွန်တော်တို့ဘက် ပါလာတာပေါ့၊ တခြားအေးတဲ့ ဆရာမ တောင် ကျွန်တော် တို့ကို အားပေးလာကြတယ်’

‘အောင်တို့ အောင်တာပေါ့’

‘ကိုလတ်က နောက်တာလား၊ ပြောင်သလား’

အောင်က ရယ်မောနေသည်။

‘တကယ်ပြောတာပါ အောင်ကလဲ’

‘ကျွန်တော် က တစ်မျိုးပဲ၊ ရန်သူ ဖြစ်လာတဲ့လူဆိုရင် ဘယ်တော့မှ ခံစစ်မ ဖြစ်ချင်ဘူး၊ တိုက်စစ် ဖြစ်ချင်တာ၊ ဆိုပါစို့၊ ဟိုတောင်ကုန်းလေးမှာ ရန်သူ တပ်စွဲနေတာတွေ့ ရင် ဦးအောင်တိုက်ပစ်ချင်တာ၊ သူ့အတိုက် စောင့်လိုက်ရင် ကျွန်တော် တို့က တစ်ပန်းရူံးမှာ ပေါ့’

အောင်အပြောကို ကိုလတ်က ခေါင်းညိတ်ရင်း…

‘အောင်က တကယ် Fighter ပဲ’

အောင့်ကို ‘တိုက်ခိုက်တတ်သူ’ လို့ဆိုရင် အတွေးနှင့် ငေးသွားပြန်သည်။

လပြည့်ဝန်းသည် တဖြည်းဖြည်း မြင့်တတ်သွားသည်။

ယုခနပန်းရနံ့တို့သည် မွှေးထုံ သင်းပျံ့လာလေသည်။ ကိုရီးယားသံရုံမှ သံဆန်ခါ အုပ်ထားသော မီးလုံးကြီးများ သည် လင်းထိန်နေသည်။

စံရိပ်ငြိမ်ထိပ် အဆောင်စိပ်သော ရပ်ကွက်တွေ မှ မိန်းကလေးတွေ တစ်သိုက်ပြီးတစ်သိုက် အဆောင်ပြန်ဝင်လာကြ သည်။ပြည်လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ကားပေါ်မှ လူရွယ်တ်စုက ‘ဟေ့…နောက်ကျနေပြီ မြန်မြန် ပြန်ကြ’ ဟုနောက်ပြောင်သွားကြသည်။

မိုးဦးကာလ တိမ်ရိပ်တို့သည် လကိုဖုံးကွယ်ရန် တလိပ်လိပ် တတ်လာလာလေသည်။ လျှပ်ရောင် သည် လျင်မြန်သော အရှိန်အဟုန်နှင့် ၀င်းခနဲလက်ခနဲ ပြိုးပြက်သွားသည်။ လျှပ်ရောင် ၀င်းအပြက်တွင် လေးနက်သော အတွေးတွေ နှင့် ကိုလတ်၏ မျက်နှာသည် တည်ကြည်လျက် မျက်လုံးများ ကား စူးရှ တောက်ပြောင်နေသည်။

‘ကျွန်တော် နဲ့ အထွန်းတို့ဟာ အဲဒီ ကတည်းကစပြီးတကယ် ရဲဘော်ရဲဘက်တွေ လို ချစ်လာခဲ့ကြတာ ဆယ်တန်းအောင် ပြီးတဲ့အထိပဲ။

‘သူတက္ကသိုလ်ဆက်မသွားနိုင်တော့ဘူး၊ ကျောင်းဆရာမ အလုပ်ကို ၀င်လုပ်လိုက်ရတယ်၊ ကျွန်တော့် ဘကြီးအိမ်မှာ နေကြတုန်းက အထွန်းကို ကျွန်တော် ခေါ်ထားပြီး ဘကြီးအိမ်မှာ နေကြသေးတယ်။

‘ဘကြီးက ကျွန်တော့် ကိုချစ်သလို အထွန်းကိုလဲ အလိုက်သိလို့တဲ့ချစ်တယ်၊ ကျွန်တော် နဲ့အထွန်း စာတွေ ဖတ်၊ ရုပ်ရှင်တွေ ကြည်ကြနဲ့ ဒါကို ရင်ရင်ထိုက်နဲ့ဖြူဖြူတို့က ကျွန်တော် တို့ကို သူတို့လိုအချစ်တော် လို့ စွပ်စွဲချင်တာ၊ အောက်တန်းကျတယ် ၊တကယ့်လူ့အန္စတွေ ’

အောင်သည် စကားလောကြီးပြီးပြောချင်ရာတွေ ပြောမိမည် စိုးသော ကြောင့် သတိနှင့် ထိန်းပြီး တိတ်ဆိတ်သွားပြန်သည်။ ကိုလတ်သည် စီးကရက်တစ်လိပ်ကို ရှိုက်ဖွာကာ အောင့်ကိုမကြည့်ဘဲ မြေပြင်ကို စိုက်ငေးလာသည်။

အောင့်စိတ်ထဲ၌ ကိုလတ်သာ မိန်းကလေး ဖြစ်ရင် ဖြစ်စေ၊ ငါသာ သူ့လိုအမျိုးတူ ယောကျာ်းလေး ဖြစ်ရင် ဖြစ်စေ အကုန်လျှောက်ပြောပစ်မှာ ပဲ။

(၁၄)

ထို့နေညက စကားပြောရင်း ကိုလတ်၏ မျက်နှာကိုလုံးလုံး မကြည့် ဖြစ်တော့တာ သတိရသည်။

ခဲလုံးတစ်လုံးကို ခလုတ်တိုက်မိပြီး လဲကျတော့မလိုလို စိုက်စိုက် စိုက်စိုက် နှင့် ရှေ့သို့ ငိုက်သွားသဖြင့် ကိုလတ်သည် အောင့်လက်မောင်းအိုးကို ကပျာကယာ ဖမ်းဆွဲလိုက်ရလေသည်။

အောင်သည် ရှက်ရှက်နှင့် မျက်နှာနီပြီး ရယ်မောနေတော့မှ ကိုလတ်သည် အောင့်လက်ကို ပြန်လွှတ်လိုက်ကာ…..

‘အောင်က သိပ်ရူပ်တာပဲ’

‘ကျွန်တော် ရူပ်တာမဟုတ်ပါဘူး’

အောင်သည် မငြင်းသာငြင်းသာ ငြင်းမိသေးသည်။အောင်ရူပ်တာမဟုတ်ဘဲ ရှက်နေတာကို ကိုလတ်ရိပ်မိပြီ တမင်စကားလွှဲ၍ ပြောလိုက်တာကို အောင်ကမသိ။ ကိုလတ်က ညင်သာစွာ ပြုံးလျက်…

‘တဖြည်းဖြည်းနဲ့ ကမာရွတ်ရောက်တော့မယ်၊ အအေးဆိုင်မှာ တစ်ခုခုသောက်မလား၊ အောင်ဘာသောက်ချင်လဲ’

အာရုံပြောင်းပစ်လိုက်သည်။

‘ကျွန်တော် ပိုက်ဆံ မယူလာမိဘူး’

အောင်က ကလေးပမာ ပြောလိုက်လေသည်။ ကိုလတ်က ပြုံးလျက်….

‘ကိုယ်တိုက်မှာ ပေါ့’

‘ချောစုနှင့် ကျွန်တော် နဲ့ အဲလို အအေး ထွက်သောက်ရင်း ကိုယ်စားတာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ အမြဲတမ်း တစ်ယောက် ကို တစ်ယောက် ဘယ်ကျွေးနိုင်ပါမလဲ’

‘မိန်းကလေးအချင်းချင်းတော့ဟုတ်တာပေါ့ အောင်ကလဲ’

‘ပြီးတော့ ကျွန်တော် က အအေးသောက်ရင် တစ်ခွက်နဲ့ မ၀တတ်ဘူး၊ နှစ် ခွက်သောက်ရမှ၊ ဒီတော့ကိုလတ်ကို ကျွန်တော် ပဲ တိုက်ချင်တယ်’

‘သောက်ချင်သလောက် သောက်ပါအောင့်ရဲ့ ၊ နှစ် ခွက် သောက်သောက် သုံးခွက် သောက်သောက်၊ ကိုင်း ဘယ်လောက်သောက်မလဲ ပြော’

အောင်က ရယ်လျက်….

‘ကိုလတ် ပိုက်ဆံကုန်မှာ ပေါ့၊ ဒူးရင်းဖျော်ရည်ဆိုရင် သုံးကျပ်တောင်၊ ကျွန်တော် အမြဲမသောက်ဘူး၊ လေးငါးဆယ်ရက် အငတ်ခံပြီးမှ သောက်တာ၊ နှစ် ခွက်သောက်ရင် ခြောက်ကျပ်ကုန်မှာ ’

ကိုလတ်က ပြုံးပြီး အောင့်ကို လမ်းထိပ်သို့ ခေါ်သွာသည်။ ကမာရွတ်အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အခြားစားသောက်ဆိုင်တို့သည် ပွဲဈေးတမျှ စည်ကားလှသည်။

လက်ဖက်ရည်ဆိုင်မှ ကျောင်းသားနှင့် လူသူတချို့က ကိုလတ်နှင့် အောင်တို့ကို လှမ်းကြည့်ပြီး ‘တကယ်ချစ်ရဲ့ လား ချစ်တယ်တအား’ ဟု သီချင်းဆိုနေကြသဖြင့် အောင်၏ ခြေလှမ်းတို့သည် မှားပြန်သည်။

သူတို့ ရှေ့မှ အအေးဆိုင်တစ်ခုတွင် ကောင်မလေး၏ ပေါင်ကို လှမ်းကိုင်ကာ စကားပြောနေသော ကောင်လေးနှင့် စုံတွဲ တစ်စုံ။ ကောင်မလေးသည် ကောင်လေး၏ လက်ကို လှမ်းကိုင်ရင် စကားပြောနေတာကို အောင်သည် ကပျာကယာ မျက်နှာလွှဲလိုက်ရလေသည်။

‘ဒူးရင်နှစ် ၊ နို့သစ်ခွ တစ်’

မကြာမီပင် ဖျော်ရည်များ ရောက်လာလေသည်။ကိုလတ်က အောင့်အား ငေးကြည့်ပြီး….

‘ပိန်ပြီး တော် တော် အစားပုတ်သားပဲ’

‘ကျွန်တော် လား ၊ စားသလောက် အသားမ ဖြစ်ဘူး’

‘အရပ်မြင့်လို့ပါ’

‘ချောစုကျတော့ ၀လို့ အစားနည်းနည်း ရှောင်တယ်၊ ကျွန်တော် တို့ အားကျလို့တဲ့၊ အီကလယ် ကိတ်မုန့်ဆိုရင် တစ်ခု တစ်ကျပ်မဟုတ်လား၊ ငါးကျပ်ဖိုး ၀ယ်စားတာ မ၀ဘူး’

‘အိမ်ကပို့တဲ့ ပိုက်ဆံ လောက်ရဲ့ လား’

‘ချွေတာရတာ ပေါ့ ကိုလတ်ရယ်၊ အဆောင်မှာ ကိုယ့်ဘာသာကိုယ် ချက်စားကြတာ၊ ဟင်းကို ဖြစ်သလိုပဲ၊ ပရက်တီကယ်လ်ရှိတဲ့ နေ့ဆိုရင် ကျွန်တော် ရော ချောစုရော ချက်ဖို့ လုံးလုံး အချိန်မရဘူး၊ မြေပဲဆန်ကြော်နဲ့ ပြီးချင်ပြီး လက်ဖက်သုပ်နဲ့ စားချင်စားလိုက်တာ’

‘စိတ်မညစ်ဘူးလား’

‘အဲလိုတော့မညစ်ပါဘူး၊ ကျွန်တော် ဖြစ်သလိုနေတတ်စားတတ်ပါတယ်၊ ကျွန်တော့် အလုပ်တွေ ကျွန်တော် ပြီးအောင် လုပ်ရမှာ ပဲ၊ အပျော်နေတာမှ မဟုတ်ဘဲ၊ ဗုဒ္ဓ ဒိုင်ယာရီ မှာ ဆိုထားတယ်လေ၊ ငါဘာကြောင် တွေးတောပူပန်နေရမှာ နည်း၊ ငါကိုယ့်အလုပ်ကိုယ်လုပ်မယ်၊ ကမ္ဘာလောက ကသူ့အလုပ်ကို လုပ်လိမ့်မည် တဲ့၊ ဒါပဲပေါ့’

အောင်က ကြီးကြီးကျယ်ကျယ်တွေ ပြောမိပြန်သည်။

သူတို့ အပြန်ခရီးသည် မှော င်နေပေပြီ။ ကိုလတ်က နာရီကို မြှော က်ကြည့်လိုက်တော့ ရှစ်နာရီတောင် ထိုးလုပြီး။

‘အောင်…ခပ်သုတ်သုတ်ပြန်မှပဲ’ ဟု ကိုလတ်က သတိပေးသည်။

လမ်းလျှောက်အပြန် တစ်လျှောက်လုံး အောင့်အသံသည် တိတ်ဆိတ်နေသည်။ လျှပ်စစ်မီးရောင် အောက် အလင်းရိပ်နှင့် တစ်ရိပ်အောက်တို့တွင် အောင့်မျက်နှာသည် လင်းတစ်လှည့် မလင်းတစ်လှည့် ဖြစ်နေသည်။

‘ဘာတွေ စဉ်းစားနေတာလဲအောင်၊ အိမ်ကိုလွမ်းသလား ဖေဖေရယ်၊ မေမေရယ်၊ နောက် ဘယ်သူ…မမကြူး’

‘ထပ်…ဝေးသေး၊ ဘယ်တော့မှ မလွမ်းဘူး’

‘မမကြူးနဲစကားမပြောကြတာနှစ် နှစ် ရှိသွားတာ ဘာ ဖြစ်လို့လဲ ဖြစ်လာတဲ့ လတ်တလော အကြောင်းအရင်းကို ပြောပြပါဦး’

‘ဟုတ်သားပဲ၊ ကျွန်တော် အဲဒီ အကြောင်း မပြောရသေးဘူးနော်၊ စကားကဘောချော်ချော်သွားပြီး စကားစပြတ် သွားလို့၊ ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ် ပဲ။

‘ဘကြီးအိမ်ကပြန်တော့ တစ်အိမ်လုံး ဖားသားကြီးရော ဖားသားမိန်းမကြီးရော သူတို့က မွေးထားတဲ သမီးရော ၀ိုင်းပီးအာကြတာ၊ ကျွန်တော် နဲ့ အထွန်းအချစ်တော် ပေါ့၊ ကျွန်တော် အစ်မအကြီးနဲ့ အစ်ကိုကြီးတွေ တောင် ရှိသေးတယ်၊ သူတို့က ကျွန်တော့် ဘက်ကတောင် လိုက်ပြောကြသေးတယ်’

‘သြော်….တစ်ခုကျန်သေးတယ်၊ တစ်ခု…..တစ်ခု၊ ကိုလတ်ကို ကျွန်တော် ထူးဆန်းတာ တစ်ခုပြောပြရဦးမယ်၊ စောစောက ကျွန်တော် ပြောပြောနေတဲ့ အစ်မကြီးနဲ့ အစ်ကိုနှစ် ယောက် က ကျွန်တော် အဖေနဲ့ ပထမမိန်းမက မွေးတာ၊ ကျွန်တော် မားသားကြီးကဒုတိယမိန်းမ၊ ပထမမိန်းမက ဆုံးသွားတယ်၊ ကိုလတ်ရူပ်သွားလား’

‘မရူပ်ပါဘူး၊ ပြောပါ’

‘ကျွန်တော် က အဲဒီ အမေကွဲဖအေတူမောင်နှမတွေ ကျတော့ထည့်ပြန်ရော၊ သူတို့မိသားစုက ရိုးဖြောင့်တယ်၊ မကြူကြူမြင့်လှိုင်လို မဟုတ်ဘူး၊ ဒါကြောင် သူတို့ကလဲ ကျွန်တော် ကို ချစ်တယ်၊ ကျွန်တော် ကလဲ ပြန်ချစ်တယ်၊ အပြန်အလှန်ပဲ၊ ကျွန်တော့် ဖားသားကြီးက ပထမမိန်းမတုန်းက သိပ်နိုင်တာပဲတဲ့။

‘ဒုတိယမိန်းမကျတော့ သူပြားနေတာပဲ၊ ဒါဟာ ၀ဋ်လိုက်တာ၊ တစ်အိမ်လုံးက အမေသြဇာချည်းပဲ၊ ယောကျာ်းရော သမီးရော ဖားနေကြတာ၊ ခေတ်နဲ့ အံမ၀င်ခွင်မကျ အတော် အောက်နေပြီ၊ လွန်ခဲ့တဲ့ အနှစ် ငါးဆယ် ဘူတာမှာ ကျန်ခဲ့တဲ့ အမေ ကို ဆရာတင်တဲ့ အိမ်ထောင်စုပဲ သွားရောပေါ့၊ အထွန်းတို့ အမေကျတော့ ခေတ်နဲ့အတူတူ လိုက်လာတယ်၊ အထွန်းအတွက် ကောင်းတာပေါ့’

‘ကျွန်တော် ပြောတာက အတွေးအခေါ် ပြောတာပါ၊ အ၀တ်အစားကျတော့ ကျွန်တော် အမေက မကျန်ရစ်ဘူး၊ တလွဲဆံပင် ကောင်းတယ်ဆိုတာ ဒါမျိုးပေါ့၊ အိမ်မှာ အ၀တ်အစားဝတ်တာ ဖားသားကြီးအကြိုက်နေပြီး အတွေးအခေါ်က အမေ့အကြိုက်လိုက်နေတာက မမကြူ။’

ကျွန်တော့် ကို အထွန်းလို ဆင်းရဲသား သားသမီးမျိုးနဲ့ပေါင်းတာ မကြိုက်ဘူး၊တလွဲလွဲနေပြန်တော့ အချစ်တော် လို့ စွပ်စွဲကြပြန်ရော၊ ကျွန်တော် ကို ဒီလိုစွပ်စွဲတာလောက် စိတ်ဆိုးတာမရှိဘူး၊ အောက်တန်းကျတယ်။

ကျွန်တော် ဖြင့် ဒေါသ ဖြစ်လွန်းလို့ အဖက်လုပ်တောင်မဖြေရှင်းဘူး ၊ဖြေရှင်းဖို့မှ မလိုတာ၊ ကြူကြူကလဲ ကျွန်တော် ကို လေချို တသွေးသွေးနဲ့ နှက်နေပြန်ရော’

မိုးရိပ်တို့သည် မည်းလာသဖြင့် ကိုလတ်သည် ပိုက်ဆံရှင်းကာ ကပျာကယာ ထိုင်နေရာမှ ထွက်လေသည်။ အောင်၏ စကားစသည် ပြတ်သွားပြန်သည်။ တိမ်မည်းညိုတို့သည် လပြည့်ဝန်းကိုဖုံးအုပ်သွားပြီ ဖြစ်သည်။

(၁၅)

အဲဒီ နေ့ညနေက ဒီနေ့လို နယုန်လပြည့်နေ့ပဲ။ တိုက်ဆိုင်လိုက်တာနော်။ ဒီနေ့ဆို နှစ် နှစ် တင်းတင်း ပြည့်ပြီပေါ့။

အောင့်အဖို့ သူငယ်စဉ်က အကြောင်းအရာများ သည် အမှတ်တရ ဖြစ်လှသည်။ သူတစ်ခါတလေ ပြန်ပြောရမှာ သေးဖွဲ့သည်ထင်ပြီး အရေး တကြီး မရှိပါဘူး ဆိုသော အကြောင်းအရာတချို့သည် စိတ်ဝင်စားဖွယ် ဖြစ်နေတာကို သိရသည်။

ထိုနေ့က အောင့်ကိုလူစုံသူစုံရှိကြတုန်းဝိုင်းပြီး တစ်ယောက် တစ်ပေါက် ဆူကြသည်ကို အောင်က အသာငြိမ်နားထောင် နေသေးသည်တဲ့။ထိုအခိုက် ကြူကြူက စောစောက ပြောထားခဲ့သော စကားများ နှင့် အားမရနိုင်သေးဘဲ….

‘မိအောင်၊ နင်ဟာ ဒီကိစ္စတွေ နဲ့ အချိန်ကုန်နေတာပဲ၊ လူကြီးမိဘတွေ ကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့’

အောင်သည် ကြူကြူကိုတစ်ချက်မျှ လှမ်းကြည့်လိုက်သေးသည်။အရေး ဆို သူမင်္ဂလာယူပြီဟု အောင့်စိတ်ထဲ မျက်သွားသည်။

သူ့ကို မထိမဲ့မြင် ပြန်ကြည့်ပြီး….

‘ဘာကိစ္စလဲ’

ခပ်တည်တည် ပြန်မေးလိုက်သည်။

သူတို့ ညီအစ်မနှစ် ယောက် ရုပ်ချင်းလည်းဆင်လျက်သားနှင့် စိတ်နေသဘောထားချင်းက လုံးဝမတူ။

အောင်၏ သည်လိုမျက်နှာထားမျိုးပေါ့။

တစ်အိမ်လုံးက သူ့ကို အချဉ်ပေါက်နေတာသိသားပဲ။

ပိုအချဉ်ပေါက်သထက်ပေါက်အောင် မျက်နှာကို တင်းထားသည်။

နဂိုက ပြုံးနေတတ်သော နှုတ်ခမ်းတို့ကို စေ့ထားသည်။

အဖေက မျက်မှော င်ကုတ်ကာ အောင့်ကိုစိုက်ကြည့်နေသည်။

အမေ ကတော့ ထုံးစံအတိုင်း မြည် တွန်လို့အားရတော့ စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်း အောင့်ကို မျက်စောင်းတ ထိုးထိုးနှင့် ကြည့်နေသည်။

အမေမို့လိုသာ သည်းခံနေတာ။ ကိုယ့်မှာ အပြစ်ကြီးကြီးမားမားမရှိဘဲ သည်မျက်နှာမျိုးနှင့် ကြည့်တာ သိပ်ချဉ်တာပဲ။

ကိုယ့်သားသမီးရဲ့ သဘောထားကို နားမလည်သော အမေ တစ်ယောက် အ ဖြစ် အထင်သေးသည့်တဲ့။

သည်အချိန်တုန်းက အလည်ရောက်နေတဲ့ အဒေါ် တစ်ယောက် ကလည်း အောင့်ကို ဘာမဆိုင် ညာမဆိုင်နှင့် ၀င်ဆူသည်။

အားလုံးက အောင့်ကို ဆိုးတယ်လို့ ပြောနေကြတာပဲ။

အောင်ကလည်း ကောင်းဖို့ ဘယ်တော့မှ မကြိုးစားတော့ပေ။

‘ဘာကိစ္စရမလဲ မိအောင်၊ နင်နဲ့အထွန်း အချစ်တော် ကိစ္စပေါ့’

‘အောက်တန်းကျတယ်’

‘ဘာရယ်’

‘သြော်….ဒီအတွေးမျိုး ခေါင်းထဲ ၀င်လာတာတောင်သနတယ်၊ ဒါမျိုးပြောလာတာ အောက်တန်းကျတယ် ပြောတာ’

‘မေမေ သမီးတွေ့ လား၊ ကြူကို စော်ကားနေတယ်’

ကြူကြူက သူ့အမေကို စစ်ကူတောင်းတော့ အောင်က တမင် ရယ်မောလျက်….

‘ကျွန်တော် နဲ့ အထွန်းနဲ့ရှင်းတယ်၊ ရိုးရိုးသူငယ်ချင်းပဲ၊ သူ့ကို ကျွန်တော် သိပ်ချစ်တာတော့ ၀န်ခံတယ်’

‘နင်တို့ တတွဲ တွဲ နေတာပဲ၊ ဘကြီးအိမ်တောင် ခေါ်ထားတာ’

‘အဲဒါ ဘာ ဖြစ်လဲ မကြူကြူ၊ အဲဒါ ဘာ ဖြစ်လဲ’

‘အဲဒါက နင်အခြေအနေကို ပြောနေတာပေါ့’

‘ဒီမယ်မကြူကြူ ၊ ကျွန်တော် ဗြောင်သမားပဲ၊ အချစ်တော် ဆိုရင် အချစ်တော် လို့ ၀န်ခံရမှာ ပေါ့၊ ပြီးတော့ ကျွန်တော် ရှေ့တစ်မျိုး၊ နောက်တစ်မျိုး ကုပ်ကမြင်း မဟုတ်ဘူး၊ လူကြီးတွေ မသိအောင် ဆရာမ အချင်းချင်းလဲ အချစ်တော် ထား နေတာ မဟုတ်ဘူး’

သည်တုန်းက မထင်မှတ်ဘဲ ကြူကြူ၏ ပြင်းထန်သော လက်ဝါးဒဏ်ရာသည် အောင့်ပါးပေါ်သို့ ဖြန်းခနဲ ကျလာလေသည်။အောင်သည် လျင်မြန်သော အဟုန်နှင့် ကြူကြူကို ခုန်အုပ်မည် လုပ်သော်လည်း အဖေနှင့် အမေ ဖြစ်သူက အောင့်ကို ၀ိုင်း၍ ဆွဲထားကြသည်။သည်တော့ လက်က မလုပ်ရတော့။ အောင်က ပါးစပ်မှ ကြူကြူအား…..

‘နင် တစ်ချိန်လုံး အိညှက်အိညှက်နဲ့ ကလီကမာနိုင်တယ်၊ ငါဘယ်တော့မှ မဟုတ်တာ မပြောဘူးတဲ့၊ နင်က hooker’

နောက်ဆုံး ဆဲရေး လိုက်သော စကားတစ်ခွန်းတွင် နောက်ထပ် လက်ဝါးတစ်ချက်က အောင့်ပါကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြန်သည်။ အောင့်ကို ၀ိုင်းချုပ်ပေးသလို ဖြစ်နေတော့ အောင့်အနေနှင့် ဘာမှ လုပ်လို့မရ။

ငန်ကျိကျိနှင့် ထွက်လာသော သွားထဲမှ သွေးတွေ ကို ထွေးထုတ်ပစ်ကာ အောင့်သည် သူ့ကိုချုပ်ထားသော လူတွေ လက်ထဲမှ အတင်းဆောင့်ရုန်းထွက်လိုက်လေသည်။

ချုပ်ထားသော လူတွေ လက်ထဲမှ လွတ်သွားသည့်တစ်ပြိုက်နက် အောင့် မျက်လုံးတွေ မှာ ပြာဝေနေပြီး ဘာမှမမြင်တော့။ သတိမရှိတော့။ မျက်စိက အပ်ချုပ်စက်ပေါ်မှ ကတ်ကြေး တစ်လက်ကိုသာ မြင်တော့သည်။

လက်က ထိုကတ်ကြေးကို ကောက်ကောက်ကိုင်ကာ ကြူကြူအားထိုးသတ်ဖို့ လိုက်လေသည်။ ကတ်ကြေးက ချွန်နေတော့ မိများ မိလျှင် အသေပဲတဲ့။ ကြူကြူလည်း ငယ်သံပါအောင် ပြေးရတော့သည်။ ကြူကြူနောက် အောင်က လိုက်၍ အောင့်နောက်က လူတွေ တစ်အုပ်ကြီး လိုက်လာကြသည်။

‘အောင်…..အောင်ရေ၊ မလုပ်နဲ့၊ ဒီလို မလုပ်နဲ့’

အစ်ကိုတွေ ၀ိုင်းအော်သည်။ နောက်ဆုံးတော့လည်းသည် အစ်ကိုတွေ လက်ထဲမှာ အောင့်ကို မိသွားသည်။ ကြူကြူလည်း ကပျာကယာ သူ့အိမ်ခန်းရှိရာ အိမ်ပေါ်ထပ်ကို ပြေးတတ်ပြီး အခန်းတံခါးကို တံခါးမင်းတုပ်ချသည်။ ထိုအချိန်က အောင့်တစ်ကိုယ်လုံး ရေချိုးသလို ချွေးတွေ ရွဲနစ်နေပြီး မျက်နှာတွင် လည်း မျက်ရည်တွေ နှင့် ချွေးတွေ ရောပြီး စိုနေတာကို တွေ့ ရသည်။နဖူးတွင် ၀ဲကျနေသော ဆံယဉ်စများ သည် ချွေးနှင့် စိုပြီး ကပ်နေသည်။

‘ကျွန်တော် မကျေဘူး၊ ကျွန်တော် မကျေဘူး’ သာထပ်တလဲလဲ ပြောရင်း အောင်က ငိုတော့သည်။ အဖေက အောင့်ကို မျက်နှာ မာရမလို့၊ ပျော့ရမလို့ အဓိပ္ပာယ် ရှာရခက်သော မျက်နှာထားမျိုးနှင့် ….

‘ကိုယ်ထက်အကြီးပဲ၊ အကြီးကို ပြန်လုပ်လို့ ဘယ်တော် မလဲ’ ချောသလို့၊ မာန်သလိုလည်း ပြောသေးသည်။

‘အကြီးက မတရားသဖြင့် လုပ်တာပဲ’ အောင်က တစ်ခွန်းခံပက်သည်။

စိတ်ထဲကနည်းနည်း မှ မကျေနပ်။ ရင်ထဲ၌ တိတ်တိတ်တေးထားသည်။ အလုပ်အကိုင်တွေ ဘာတွေ ရလျှင် သူတို့နှင့် ဘယ်နည်းနှင့် မှ အတူမနေတော့။ အဝေးက ငွေရေး ကြေးရေး ထောက်ပံ့ချင် ထောက်ပံ့မည် ။ သူတို့အားလုံးနှင့် တတ်နိုင်သမျှ ဝေးဝေးနေမည် ။ ဒါ စကတည်း ရည်မှန်းထားခဲ့သည်။ ယခုတော့ သည်ညပင် ဝေးဝေးပြေးချင်သည်။

(၁၆)

အဲဒီ ညက ကျွန်တော် အိမ်က ထွက်လာခဲ့သေးတယ်၊ ထွက်ပြေးတာလဲ မဟုတ်ဘူး၊ အ၀တ်အစားလဲ မပါဘူး၊ မြို့အစွန်းကိုလမ်းလျှောက်ရင်း ထွက်ခဲ့တာ၊ ညနေ၀င်ပြီး မိုးချုပ်စပြုနေပြီ၊ သူတို့ကို အကြောင်းလဲ မကြားခဲ့ဘူး ၊ ကျွန်တော် ကိုယ့်ကို ကိုယ် သတ်သေတယ် ထင်ချင်လဲ ထင်ပစေ၊ ငါတို့ဆိုးလို့၊ မတရားဖိနှိပ်လို့ အောင် သေရတယ်လို့ မျက်ရည်တွေ ကျပြီး နောင်တတစ်ချက် ရရင် တော် ပြီလို့ စိတ်ထဲက အောက်မေ့ခဲ့တာ၊ ကျွန်တော့် ကို သူတို့ စိတ်ဆင်းရဲအောင် လုပ်သလို သူတို့နည်းနည်း မှ စိတ်ဆင်းရဲပါစေတော့လို့၊ အမှန် ကတော့ ကျွန်တော် မဆင်ခြင်တာ၊ မိန်းကလေး တစ်ယောက် တည်း ညအချိန်ဘယ်လောက် ကြောက်ဖို့ကောင်းလဲ၊ အရက်မူးသမားတွေ တွေ့ တာနဲ့ ကျွန်တော် လဲ ကြောက်ကြောက်နဲ့ အိမ်ဘက်ကလှည့်ပြန်ခဲ့ရတယ်’

‘အောင်အောင်လေး’

သည်လို နာမည် တပ်ပြီး ကိုလတ်က ပထမဆုံးအကြိမ် ညည်းညူးလေသည်။

လေသည် တရကြမ်းတိုက်ခိုက်လာရာ သစ်ရွက် သစ်ခက်တို့သည် လေတိုးသဖြင့် တရှဲရှဲအော် မြည် နေသည်။

လျှပ်ပန်းတွေ လည်း ၀င်းခဲနဲ လက်ခနဲ ပြိုးပြက်နေတယ်၊ ကျွန်တော် လှည့်ပြန်ခါနီး တော့ သင်္ချိုင်းကုန်းနေရာတောင် ရောက်နေပြီ၊ ကျွန်တော် တစ်လမ်းလုံးအော်ငိုလာတဲ့အသံလဲရုတ်တရက်တိတ်သွားတယ်၊ ရှေ့မှာ လဲ အရက်မူသမား သုံးယောက် ဒယီးဒယိုင်နဲ့လာနေကြတယ်၊ စိတ်ထဲ အားလဲ အားငယ်တယ်၊ တစ်ခါမှ မကြောက်ဖူးတာ ကြောက်သလို ဖြစ်လာတယ်၊ ကျွန်တော် တရကြမ်း ပြန်ပြေးတာပဲ၊ အဲဒီ တော့ မိုးတွေ ကလဲ ရွာလာတယ်၊ ကျွန်တော့် ရှေ့မီးတုတ်တွေ နဲ့ ကျွန်တော့် ကိုလိုက် ရှာကြတာ တွေ့ ရတယ်။

လေ တ၀ုန်းဝုန်း တိုက်တဲ့ ကြားထဲမှာ ‘အောင်ရေ…..အောင်’ လို့ အော်ခေါ်သံတွေ ကြားနေရတယ်။ ဖေဖေ့အသံရော၊ ကျွန်တော့် အစ်ကိုတွေ ရော အသံရော၊ ကားမောင်းတဲ့ကိုအေးရဲ့ အသံတွေ ရော၊ ဖားသားကြီးရုံးက လူတွေ အသံရော ကြားနေရတယ်။သူတို့လဲ ကျွန်တော် နဲ့ တဖြည်းဖြည်းနီးလာတော့ ကျွန်တော် ၀မ်းနည်းလိုက်တာ စကားမပြောနိုင်ဘူး၊ မျက်ရည်တွေ ကျလာပြီး ငိုင်ကြည့်နေတယ် ၊ ကျွန်တော့် ဒူးတွေ က အလိုလို ညွတ်လာတယ်၊ ကျွန်တော့် ကို ဆီးပွေ့လိုက်တဲ့ အစ်ကိုကြီးရဲ့ လက်ထဲ ပျော့ခွေ လဲကျသွားတယ်၊ ဒီတုန်းက ကျွန်တော် …ကျွန်တော် သိပ်ဝမ်းနည်းတာပဲ’

အောင်သည် ပြောပြောဆိုဆို အသံက တိတ်သွားတော့သည်။ စကားမဆက်တော့။ ခေါင်းကို ဆံပင်နှင့် ဖုံးကွယ်ရင်း ငုံ့ထားလျက် မျက်လွှာချကာ မျက်လုံးများ က မြေကြီးပေါ်သာ စိုက်ကြည့်နေသည်။ မျက်ရည်ပွင့် နှစ် ပွင့်သည် ဖျတ်ခနဲ ခုန်ဆင်းလာလျက် မြေပြင်ပေါ်သို့ လွင့်စဉ်လာလေသည်။ ကိုလတ်သည် အောင့်မျက်နှာကို ဖျတ်ခနဲ လှမ်းငုံ့ကြည့်လိုက်ရင်း……..

‘ပြီးတာတွေ လဲ ပြီးခဲ့ပြီ၊ ခုထိ ၀မ်းနည်း နေတုန်းပဲလား’

အောင်သည် ခေါင်းကို ခါယမ်းလျက် ရယ်လိုက်သည်။

ရယ်ရင်း မျက်ရည်တွေ ကျလာကာ….

‘ဒါကြောင့် မို့ ဒီအကြောင်းတွေ ကို ကျွန်တော် ဘယ်တော့မှ ပြန်မစဉ်းစားဘူး၊ စဉ်းစားမိတိုင်း စိတ်မကောင်းလို့။ တကယ်ဒုက္ခရောက်နေကြတဲ့ လူတွေ ထက်စာရင် ဒီဒုက္ခလေးဟာ အသေးအဖွဲးလေးပါ၊ လေမုန်တိုင်း တိုက်နေတဲ့ကြားထဲမှာ လေညင်းလေး အတိုက်ခံရတာ လောက်နဲ့ ငိုကြွေးစရာ မဟုတ်တာ ကျွန်တော် သိခဲ့ပါတယ် ကိုလတ်ရယ်၊ ဒါပေမယ့် ကျွန်တော် ကသိပ် အစွဲအလမ်းကြီးတယ်၊ ဒီလိုအစွဲအလမ်းကြီးတာကြောင့် ကျွန်တော် ရင်ထဲက နှလုံးသားမှာ ဒဏ်ရာ ခဏခ ဖြစ်တယ်၊ ဘ၀ကို ခဏခဏ နားကြည်းတယ်’

‘ဘ၀ကိုတော့ မနာကြည်းပါနဲ့ အောင်ရယ်၊ ဘ၀ဟာ နာကြည်းစရာ မဟုတ်ပါဘူး၊ ကိုယ်တို့တွေ ဟာ အခက်အခဲ တွေ ကို အများ ကြီးပဲ တွေ့ ကြရဦးမှာ ပဲ၊ အောင် ငယ်ငယ်တုန်းက ကလေးဘ၀က တွေ့ ခဲ့တဲ့ အခက်အခဲတွေ ဟာ အသေးအမွှားတွေ ပါ၊ လူ့ဘ၀မှာ အောင်မြင်ဖို့အတွက် တကယ်အခက်အခဲတွေ ရှိတယ်၊ ဒီတော့ အောင်မြင်ချက်ကို ကိုယ်တို့ မြင်ကြရမယ်၊ ထွန်းပြောင်တဲ့ ရှေ့ရေး ကို မြင်ကြရမယ်၊ ပြီးတော့ ရဲစိတ်ရဲမာန် မြှင့်တင်ကြရမယ်လို အဆိုတစ်ရပ်ရှိတယ် မဟုတ်လား’

သည်တော့ အောင်သည် ခေါင်းတစ်ချက် ညိတ်ပြကာ အတွေးတစ်ခုဖြတ်ခနဲ ၀င်သွားရင် ငေးသွားလေသည်။ ဗုဒ္ဓဒိုင်ယာရီထဲမှ စာတချို့ကို အမှတ်တရ ရှိနေပြန်သည်။

‘အကြင်ပုဂ္ဂိုလ် သည် မိမိ၏ ဘ၀၌ လေးဘက်လေးတန်တွင် အခက်အခဲများ ၊ အနှောင့်အယှက်များ ၊ အဖျက်အဆီးများ ၊ အဆင်မပြေမှု များ ၊ ၀ိုင်းရံနေသော်လည်း တစ်ဆံခြည်မျှင် စိတ်ပျက် အားလျော့ခြင်းမရှိ။ ထိုပုဂ္ဂိုလ်မျိုးသည်သာလျှင် ဗုဒ္ဓ၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိရှိ နားလည်နိုင်၍ ပြောင်မြောက်စွာ ချေမှု န်းရေး ပြနိုင်စွမ်း ရှိပေလိမ့်မည် တဲ့။

စင်စစ်တော့ နှစ် ယောက် စလုံး အတွေးကိုယ်စီနှင့် နှုတ်ဆိတ်မိလျက်သား ဖြစ်နေသည်။

ရောက်ခါနီး ကျမှ မိုးတွေ တဝေါဝေါ သွန်ချလာသဖြင့် ထီးမပါလာသော သူတို့နှစ် ယောက် စလုံး ရွှဲရွှဲစိုကုန်သည်။

အချိန်မရှိတော့သဖြင့် မိုးလည်း ခိုခွင့်မရြ ကတော့။

ကိုလတ်က ရယ်ရယ်မောမောနှင့် …..

‘ဒါလဲ သဘာဝကပေးတဲ့ အခက်အခဲတစ်ခုပေါ့’

‘ဒါပေမယ် ကျွန်တော် ပျော်တယ်’

‘မိုးရွာထဲ လမ်းလျှောက်ရတာ ကိုလား’

‘ဟုတ်တယ်’

‘ဒေ၀ကပြောတယ် အောင်ရဲ့ ၊ ရန်ကုန်မှာ မိုးရွာထဲ လမ်းလျှောက်ရတဲ့ အရသာကို တခမ်းတနား ၀တ္ထုတွေ ထဲ၊ ကဗျာတွေ ထဲ ဖွဲ့တာ တွေ့ ရတယ်တဲ့၊ လူငယ်တွေ ကလဲ ဒါကို စိတ်ကူးယဉ်ပြီး အရသာခံပြီး ရေး ကြီးခွင့်ကျယ် ပြောကြတာတဲ့၊ သူတို့တောမှာ တော့ မိုးရွာထဲ လမ်းလျှောက်တာ ဘာမှမဆန်းဘူးတဲ့၊ ဒါ ထူးဆန်းတဲ့ ကိစ္စလဲ မဟုတ်ဘူး၊ စိတ်ကူးယဉ်စရာလဲ မဟုတ်ဘူးတဲ့၊ တောင်သူလယ်သမားတွေ ၊ လယ်သူမတွေ ဟာ တစ်နှစ် ပတ်လုံး မိုးရွာထဲ လယ်ကွင်းထဲ ဆင်းပြီး အလုပ်လုပ်နေကြတာပဲ၊ ဘယ် လယ်သမားများ ထီးဆောင်းတာ တွေ့ ဖူးလို့လဲတဲ့’

‘ဟုတ်သားပဲနော်’

အောင်သည် ကလေးငယ်ပမာ လွတ်လပ်ပေါ့ပါးစွာ ရယ်မိပြန်သည်။

အောင့်တစ်ကိုယ်လုံးမှာ ရွဲနစ်နေပြီး အောင့်နှုတ်ခမ်းတို့သည် ပြာစပြုလေပြီ။

ကိုလတ်သည် အောင့်မျက်နှာကို သေသေချာချာ စိုက်ကြည့်ပြီး…

‘အဆောင်မှာ ကော်ဖီ ဖြစ် ဖြစ် ၊ လက်ဖက်ရည်ကြမ်း ဖြစ် ဖြစ် ပူပူသောက်လိုက်ဦး ၊ အနွေးထည်လဲ ၀တ်ထား၊ ညကျ စောင်ခြုံအိပ်နော်’

နှမငယ် တစ်ယောက် လို စိတ်ပူပန်နေသော ကိုလတ်ရဲ့ မျက်နှာကို အောင်က လှမ်းကြည့်ပြီး ကလေးပမာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

အဆောင် ဂိတ်တံခါးဝသည် စေ့ရုံသာ စေ့ထားသဖြင့် အောင်သည် အသာတွန်းဖွင့်လိုက်သည်။

‘နောက်ကို မိုးချုပ်ရင် အောင့်ကို လမ်းလျှောက်မခေါ်တော့ဘူးနော်၊ မကောင်းဘူး’

ဝါးရုံရိပ်မှ အတွဲ သုံးလေးတွဲ ကို နှစ် ယောက် စလုံးသိသာစွာ မျက်နှာလွှဲထားကြသည်။

‘ဟုတ်..ဟုတ်ကဲ’

သတိထားလျက်က စကားထစ် အသွားသည်။ ရင်ထဲ၌ လှုပ်ရှားသွားလျက် ကြိုးစား၍ ရယ်လိုက်သည်။ ထို့နောက် ကိုလတ်အား…

‘ကျွန်တော် သွားမယ်နော်’

ကပျာကယာမိုးရေထဲ ပြေးထွက်သွားလေသည်။အဆောင်ခန်းဝ လှေကားကို မတတ်ခင် ကိုလတ်ကို လှည့်ကြည့်တော့ ကိုလတ်ကျောပြင်ကိုသာ မြင်တွေ့ ရတောသည်။ လျှပ်ရောင် ၀င်းပြက်သော အလင်းရောင် တွင် ကိုလတ်၏ ရှည်သွယ်သော ကိုယ်ကို လှမ်းမြင်နေရသည်။

အောင့်လက်တွေ မှာ တုန်နေသဖြင့် တံခါးသော့ ကို တော် တော် နှင့် ဖွင့်လိုမရ။ အောင်ဆိုတာ သိပ်စိတ်လှုပ်ရှားတတ်တာပဲ။

အဆောင်တွင် ပဲခူးသို့ မကြာခဏ ပြန်တတ်သော ချောစုကလည်း မရှိပြန်၊ တစ်ယောက် တည်း အတွေးပေါင်းစုံ ရဟတ်များ တွင် ရစ်ပတ်ဖွဲ့နှောင် ပေတော့မည် ။

‘အကြင်ပုဂ္ဂိုလ်သည် ပုတီးလည်း မစိပ်၊ ဘုရားရှေ့သီလလည်း မခံ၊ တရားလည်း မကျင့်။ သို့ သော် သူ့တွင် စာနာ၍ ကြင်နာသော စိတ် ရှိသည်။ လူများ စုအတွက် သူ့အသွေး သူ့အသားတွေ ကို လှူရန် စိတ်ရည်သန်သည်။

ဖြူစင်သော အကျင့်နှင့် တည်ကြည်ခိုင်မာသော သိက္ခာလည်း ရှိ၏ ။ ထိုပုဂ္ဂိုလ်ကို အရိယာဟု မခေါ်နိုင်ပြီလော။ ရှင်တော် ဂေါတမ သက်တော် ထင်ရှားရှိလျှင် လျှောက်ထား မေးမြန်းချင်လှသည်’။

အောင်၏ ရင်ထဲတွင် ကိုယ်ပိုင်အတွေးတို့သည် တစတစပျားအုံးဖွဲ့လာကြလေသည်။ ထို့နောက် ကိုယ်အတွေးနှင့် ကိုယ် တစ်ယောက် တည်း ပြုံးမိလေသည်။

(၁၇)

သည့်နောက်ပိုင်းတွင် ချောစု၊ မမစံနှင့် ဆန်းဆန်းမြင့်တို့သည် အောင့်ကို စ စရော နောက်စရာ ဖြစ်လာတော့သည်။ အောင့်ကို ‘အောင်အောင်လတ်’ ဟုခေါ်ြ ကတော့သည်။ ဘယ်လောက်များ ဆိုးတဲ့ မိန်းမတွေ လဲ။

ချောစုက နည်းနည်း မှ မနာလိုဘူးတဲ့။သူက စကတည်းက ကိုလတ်ကို ကွယ်ရာ တိတ်တိတ်ယူထားသူမို့ ‘ငါဆွိ(တ်) (Sweet) ဟုတဖွဖွပြောပြီးဘယ်တော့ ဖြစ် ဖြစ် ဒါကိုလတ်ဖို့။ စားစရာတွေ စီမံပြီး သူ တစ်ယောက် တည်း အများ ကြီးစားပစ်ကာ အချောင် မင်္ဂလာယူတတ်သည်။ ယခုလည်း နောက်တစ်နေ့ပြန်လာတော့ အကျိုးအကြောင်း သိလာသော အခါ အောင်၏ ဆံပင်တိုလေးကို ဆွဲလျက် အောင့်ပါးကိုလေတွင် ဝှေ့ယမ်းရိုက်ကာ ‘ဟင်…လင်ခိုးမ’ ဟု နင့်နင့်သီးသီး ပြောသေးသည်။

သူတို့ အခန်းဝနားဖြတ်လျက် တစေ့တစောင်း ကြည့်သွားသော သူယောင်မယ်ကို ချောစုက မျက်စောင်းတစ်ချက်ထိုးကာ ထိုင်ငိုဟန်ပြုကာ သူ့ထဘီကို ချွတ်လျက် မျက်နှာကို သုတ်နေသည်။ အောင်သည် ချောစု၏ ခါးကို လှမ်းဖက်ပြီး ချောစု၏ မျက်နှာကို အသနားခံသော အမူအရာနှင့် ….

‘အစ်မကြီးရယ် ၊ အစ်မကြီးယောကျာ်းကို ကျွန်မ ပိုက်ဆံမက်လို့ယူတာ မဟုတ်ပါဘူး၊ ကျွန်မ ကိုကို ကို တကယ်ချစ်တာပါ၊ သွေးအန်သေပါရစေရဲ့ ’

တလောကပင် သူတို့မြို့တွင် သုံးကားတစ်ကျပ်နှုန်းကြည့်ခဲ့ရသော ‘အတွေ့ ’ ကားဟောင်းထဲမှ စံရှားတင် ငိုသလို အောင်က ငိုနေသည်။

မမစံ ကတော့ ရယ်လျက်…. ‘ငါ့မောင်လေး အကျည်းတန် ချစ်သူတော့ ကျန်ရစ် ဖြစ်ရှာပြီပေါ့နော်’ ရင်ဘတ်ကိုဖိပြောတော့…..

‘ဟင့်အင်း ၊ အဲဒါ သူငယ်ချင်းကို လှူလိုက်ပြီ’

အောင်က ချောစုကို လက်ညှိုးထိုးလိုက်တော့ ချောစုက နှပ်ချေးတွေ ညစ်ကာ အောင့်အား လှမ်းသုတ်ရင်း…

‘ပြောကောင်းဘူး ၊ မောင်နှမချင်း ကျားကိုက်တတ်တယ်၊ ကိုအောင့်ကို ဒီကောင်မ ယူထားတာ’

ဆန်းဆန်းမြင့်သို့ လက်ညှိုးထိုးပြလိုက်လေသည်။ အောင်သည် ချောစု၏ လက်ကို ပုတ်ထုတ်လိုက်ပြီး တသော သော ရယ်ကာ….

‘ကိုအောင်က မျက်နှာထားဆိုးလို့ပါ၊ ချစ်စရာကောင်းပါတယ်၊ ကိုလတ်က ငါ့ကြိုက်တယ်ဆိုလို့ပါ၊ နို့ မဟုတ်ရင် ကိုအောင့်ကို စဉ်းစားပါတယ်’

‘ကမြင်းမ ၊ အလှဆုံးကို ရွေးယူပြီး’

ချောစုက အောင့်ကို ကျိန်ဆဲလေသည်။

အောင်က ရယ်မောလျက် နေရာမှ…

ကြည့်လေလေတိုင်း ကြည့်လိုက်တိုင်းလျှင်…အရိုင်းမျက်နှာ ကိုယ့်ရုပ်ဝါက နုပ်ကါလှ ခပ်မွဲမွဲပင်….ကြေးမုံမှန်ပြင်၊ ရူမြင်သူဘ၀င်…ရင်ဆူလှိုက်မော ဇောဟိုက်ချင် သီချင်းကို သံနေသံထားနှင့် ဟစ်လိုက်လေသည်။ သည်တော့ မမစံက ကျန်သီချင်းအပုဒ်ကို ဆက်၍ …

မောင့်မျက်နှာ ရုပ်ဝါဆင်းပြင်၊ ယမင်းအလှချစ်သူ မြင်စေချင်….တွေးတွေးမိတိုင်း စေ့စေ့ကြည့်တိုင်း ၀ိုင်း မျက်ရည် လည်ကာပင်၊ အားတောင့်အားနား…အားငယ်စွာ လျှင်…စေတနာသာလျှင် တန်ဖိုးထားကြောင်းနှင့် သူ့မနောကို သိခွင့်ရသော အခါများ တွင် ဘ၀တစ်သက်တာ ခရီးအစဉ်….နှမ သက်လျာ အနီးတွင်

မဆုံးခင်တွင် ပင် ဆန်းဆန်းမြင့်က…

‘အကျည်းတန်ချစ်သူ မောင်သာ ဖြစ်လိုချင်….’

ဆိုသည့် အပိုဒ်အချီကို ထပ်တလဲလဲ ခုနစ်သံ၍ ဆိုပြီး အားရတော့မှ….

‘ကဲမှတ်ထား’

ဟု ကြိမ်းမောင်းလေသည်။

ထို့နောက်…

‘အဲဒီ သီချင်းဟာ အတော် ဘက်လိုက်တော် တဲ့ သီချင်း၊ အဲဒီ သီချင်း ပေါ်ကာစ ငါလေ အရုပ်ဆိုးတဲ့ကောင်လေးတွေ မြင်ရင် သိပ်သနားတာပဲ’

ဆန်းဆန်းမြင့်ကပြောတော့ အောင်က ရယ်မောလျက်

‘ဒါဖြင့် ခုအတော် ပဲပေါ့’

‘ဟင့်အင်း….ကိုအောင်က လှူနေသေးတယ်’

‘ငါမျက်စိထဲတော့ မလှပါဘူး၊ သူက စိတ်နေစိတ်ထားနဲ့ အပြုအမှု က ချစ်စရာကောင်းလို့ပါ’

အောင်ကပြောရင်း သီချင်းကို ရသည့်နေရာက ကောက်ဆိုမိပြန်သည်။

လက်တွဲ အတူတူ ကျောင်းကန် ဂူဘုရား…မငြူစူသွားမယ်ဆိုရင်…မျက်နှာငယ်ရမှာ က မောင့်အချစ်ဦးကြင်သူ သက်မှူးခင်…။

တိုက်တော့ တိုက်ဆိုင်လွန်းသည်။

အောင် သည်သီချင်းကိုကောင်းနေတုန်း ကိုအောင်သည် လွယ်အိတ်ကြီး တကားကားလွယ်လျက် ဖတ်သီ ဖတ်သီနှင့် ရောက်လာတာပဲ။

အောင်က ထပ်တလဲလဲ သီဆိုနေသော သည်အပိုဒ်တစ်နေရာမှ ‘မျက်နှာငယ်ရမှာ က’ ဆိုသည်နေရာ၌ လန့်၍ ရပ်သွားသည်။

‘အောင်ရေ နင့်ကို ငါလာချိန်းတာ’

စောစောက တောပြော တောင်ပြောတွေ လုပ်ထားမိသော အရှိန်နှင့် အောင့်မျက်လုံးတွေ မှာ သိသာစွာ ၀ိုင်းသွားသည်။

ကိုအောင်ကပြ ကတော့ ရိုးသားသော မျက်နှာနှင့် ပြောလိုက်သော်လည်း ဆန်းဆန်းမြင့်နှင့် ချောစုတို့သည် ရယ်ချင်လာကာ အဆောင်ထဲသို့ ၀င်ပြေးကြရာ အောင် တစ်ယောက် တည်း မျက်နှာထားခက်ကာ ကျန်ရစ်လေသည်။

မမစံကလည်း ရေပုံးဆွဲကာ ရေချိုးရန် ထွက်ခွာသွားပြီ ဖြစ်သည်။

(၁၈)

‘ဘာ…ဘာကိစ္စလဲ’

အောင်သည် စကား မထစ်သာထစ်သာ ထစ်သွားလေသည်။

‘ဘာကြောင်နေတာလဲဟာ’

ကိုအောင်က အောင့်မျက်နှာကို သေသေချာချာငေးကြည့်ပြီးမှ မာန်လိုက်လေသည်။

အောင်က သည်တောမှ အားနားပါးနားနှင့် ရယ်မောလျက်…

‘မသိဘူးလေ’

‘ဘာမသိဘူးလေလဲ့’

‘ကျွန်တော် တကယ်မသိတာ ကိုအောင်ကလဲ’

‘ကိုလတ် နင့်ကို လာမပြောသေးဘူးလား’

‘ဟင်အင်း’

‘ကိုလတ်နဲ့ နင် မဆုံကြဘူးလား’

‘ကြာပြီလေ ဆုံခဲ့တာ၊ အလျင်တစ်ပတ် ကျော်ကျော်က မိုးတွေ ရွာနေတဲ့ညက ၊ ဟို….နယုန့်လပြည့်နေ့ညပေါ့’

‘ဟာ…ငါနယုန်လပြည့်နေ့ကို ငါဘယ်သိမှာ လဲ’

‘အင်္ဂလိပ်ကို ကျွန်တော် မှမမှတ်မိဘဲ၊ ပြက္ခဒိန် ပြန်ကြည့်လိုက်ဦးမယ်’

‘အို…မကြည့်နဲ့တော့၊ နင်ရယ် ချောစုရယ်, ငါ့အိမ်လာခဲ့ကြ၊ တို့ လက်ရေး စာစောင်တစ်ခု ထုတ်မလို့၊ အဲဒါ နင့်လက်ရေး နဲ့ ရေး ပေးရမယ်’

‘လာပြီ ခင်ဗျားနဲ့ ကိုလတ် အလောတကြီး ဖြစ်လာပြန်ပြီ မဟုတ်လား’အောင်က ရယ်မောလျက်…

‘အခြေအနေရပေါ့ဟာ၊ နင် ငါ့အိမ် သိတယ် မဟုတ်လား၊ ကန်တော် ကလေး ဘီလူးမဈေး အနောက်ဘက်ကလမ်း အိမ်နံပါတ်(….) ချောစု သိပါတယ်ဟာ’

‘ဒီလိုဆိုရင် မနက်ဖြန်နေ့လယ် ဆက်ဆက်လာခဲ့ကြ၊ နင်တို့ပရက်တီကယ်(လ်) မရှိဘူး မဟုတ်လား’

‘မရှိဘူး ၊ တစ်ရက်နဲ့အပြတ်ရေး ရမှာ လား၊ သိပ်တော့မနိုင်မနင်း မလောနဲ့နော်၊ ကိုလတ်ကို ပြောပေးဦး၊ ဟိုတစ်ခါတုန်းကလဲ ကျွန်တော် လက်တွေ ကိုက်လို့ လက်ခလယ်လဲ အသားမာကို တတ်နေတာပဲ’

‘အေးပါဟာ၊ ငါ ကိုလတ်ကို ပြောတောင်ထားပါပြီ။ ကောင်မလေးကို နာနာဖိခိုင်းပေး ၊ အင်မတန်ကို ပျင်းတယ်လို့’

‘သွား’

ကိုအောင့်ပခုံးကို အောင်သည် ဖြန်းခနဲ ရိုက်လိုက်လေသည်။

ကိုအောင်က တသော သော ရယ်မောနေသည်။

ထိုအခိုက် အဆောင်ထောင့် တစ်နေရာမှ….

‘သူ့အလျင်က တစ်ယောက် ၊ သူက တစ်ယောက် ’

လှမ်းပြီး အဆောင်သူတချို့ရိနေသံသဲ့သဲ့ကို အတိုင်းသား ကြားနေရလေသည်။

သူ့အလျင်က တစ်ယောက် ၊ သူက တစ်ယောက် တဲ့။

အောင်၏ စကားသံသည် နည်းနည်း တုံ့နှေးသွားသော်လည်း ကိုအောင်က အပြုံးမပျက်ပင် စကားဆက်ပြောနေသည်။

ဘာကိုမှ သတိမထားဟုန်၊ ဂရုမပြုဟန်၊ အရေး မစိုက်ဟန်၊ တန်ဖိုးမရှိသော အရာတွေ ကို ဥပက္ခာပြုဟန်မှာ အားကျစရာကောင်းလှသည်။

ကိုအောင့်ကို ‘ရင့်လှချည်းလား’ ဟု အောင်စိတ်ထဲ၌ ခပ်လွယ်လွယ်ပင် အကဲဖြတ်လိုက်သည်။

ကိုလတ် သူငယ်ချင်းက ကိုလတ်လိုပါပဲလားဟု ပထမဦးဆုံးအကြိမ် သတိပြုမိသည်။

သို့ ကြောင့် ကိုအောင်ကိုလည်း အစ်ကို တစ်ယောက် ပမာ ခင်မင်တွယ်တာလျက် လေးစားမိတာ အမှန်ပင်။

မငြင်းလိုပါ။

ကိုအောင်ကနှုတ်ဆက်ပြန်တော့ အောင်သည် အဆောင်ဂိတ်ဝကျော်လွန်၍ ကားဆိပ်သွားရာ လမ်းထိပ်အထိလိုက် ပို့လိုက်သည်။

‘နေရစ်တော့လေဟာ ၊ လိုက်မလာနဲ့တော့’

ကိုအောင်က တားမြစ်လိုက်သည်။

‘ဒီလိုဆို ပြန်တော့၊ ကျွန်တော် မနက်ဖြန် လာခဲ့မယ်လေ’

‘အေး…အေး၊ အချိန် စောနိုင်သမျှသာ စောလာခဲ့တော့’

‘ခိုင်းဖို့မဟုတ်လား’

‘ကျွေးလဲကျွေးပါ့မယ်ဟာ၊ ခု အိမ်မှာ ဘယ်သူမှ မရှိလို့ ငါနဲ့ကိုလတ် ၀ယ်စားနရတယ်၊ နင်နဲ့ချောစု လာရင် လာတာနဲ့ ကြက်သားဟင်း ၀ယ်ကျွေးပါမယ်’

‘ကျွန်တော် က ပလာတာဆို လေးချပ်မှ ၀မှာ နော်’

‘အေးပါဟာ….အေးပါ၊ ငတ်လိုက်တာကလဲ လွန်ရော’

အောင်သည် ခေါင်းကို သူ့လက်ထဲမှ စာရွက်လိပ် တစ်ရွက်နှင့် ရိုက်သွားသည်။

အောင်သည် သူ့ဘာသာသူ သဘောကျကာ တသော သော ရယ်မောလျက် ကျန်ရစ်သည်။

ကိုအောင်သည် နိုးကြားသော ၊တတ်ကြွသော လူငယ်တစ်ဦး ဖြစ်သည်ကိုလည်း မငြင်းနိုင်ပေ။

အနာဂတ်အတွက် ထွန်းလင်းတောက်ပနေသော နံနက်ချိန်ခါ တတ်သစ်စ နေမင်းပမာ အားမာန်လည်း ရှိသည်။ မျှော်လင့်အားထားစရာလည်းကောင်းလိမ့်မည် ဟု အောင်က ယုံကြည်မိလေသည်။

သူ့မိဘ လက်ငုတ်လက်ရင် စီးပွားရေး ကို ဇောက်ချလုပ်၍ ငွေကြေးကို ဘော်ဇာ တစ်ယောက် ပမာ သုံးဖြုန်းကာ အပျော်းအပါးလိုက်စားလျှင် လိုက်စား ၊ အလေ လိုက်လျှင်လည်း လိုက်၊ ယခုလို အသက်အရွယ်မျိုး၌ အိမ်ထောင်သားမွေးပြုနိုင်ပြီး ကာမဂုဏ် စည်းစိမ်တွေ နှင့် တစ်ကိုယ်ကောင်း ကြီးပွားရေး ကို အချိန်မရွေးရှာနိုင်သည်မှာ အမှန်ပင်။သို့ သော်…

(၁၉)

ရိုးမနှင့် စံရိမ်ငြိမ်ကြားမှ အဆောင်တစ်ခုသို့ အောင်တို့ထပ်ပြောင်းလာကြသော အခါ ကိုလတ်ရော၊ ကိုအောင်ရော ရောက်လာကြသည်။

ကိုအောင်က ကားဌားပေးသည်။

ပြောင်းမယ့်ပြောင်းတော့လည်း ချောစုရော၊ မမစံရော၊ ဆန်းဆန်းမြင့်ရော၊ အောင်ရော လေးယောက် တွဲ ပြောင်းလာြ ကတော့ ဒေါ့ဂျစ်ကားခ ၄၀ တောင် တောင်သဖြင့် ဒေ၀က ပူညံဆူညံ လုပ်နေသည်။

‘ပစ္စည်းတွေ ကို ကိုလတ်တို့ ကိုအောင်တို့လူကြီးတွေ မသယ်ပါနဲ့’ ဟု အောင်က အလိုက်တသိ အားနား ပါးနာ ပြောလိုက်သေးသည်။

ဗလက တို့လူကြီးဟု တစ်နေရာတွင် ရပ်နေသည်။

နောက်ဆုံးတော့လည်း အားလုံးပစ္စည်းတွေ သယ်ကြရသည်။

ကိုအောင်ရော၊ ကိုလတ်ရော ၊ဒေ၀ရော၊ ဗလရောမကျန်း။

‘ဒီကောင်မလေးတွေ ပစ္စည်းတွေ များ လိုက်တာ၊ မီးဖိုရော ,ဒယ်အိုးရော , ဆန်ပုံးရော၊ အိုး…အိုး၊ ယောကျာ်းမရှိသေးလို့ ၊ ဒါလောက် ၊ ယောကျာ်းများ ရရင် ဘယ်လိုနေမလဲ မသိဘူး’

ဒေ၀က မျက်နှာကို ရူံ့ရင်း ခေါင်းခါကာ ပြောလိုက်လေသည်။

အောင်နှင့် ချောစုတို့က ရယ်မောလျက်….

‘ယောကျာ်းရရင် ဘယ်အပြင်ဆောင်နေတော့မလဲ ဒေ၀ရဲ့ ၊ ရှင်ဟာလေ တုံးမယ်တုံးတော့ တော် တော် တုံးတဲ့လူ’

ချောစုက ကတ္တီပါဖိနပ်စီး ရုပ်ရှင်ကားထဲမှ မြတ်မွန်အမူအရာမျိုးလုပ်ပြသဖြင့် သည်တစ်ခါအောင်က ‘ဟဲ့ ဟဲ့’ ဟုချောစုကို တံတောင်နှင့် တွက်လိုက်လေသည်။

ချောစုသည် အဆောင်နောက်နေကျ အကျင့်ပါနေတာကို သတိထားမိပြီး အသာလျှာထုတ်နေသည်။

ကိုလတ်သည် ပြုံးလျက်။။ ကိုအောင်သည် ရယ်၍ နေသည်။

ဗလက…

‘နင်တို့နေရာလေးကအလျင်းတုန်းက ဒီအိမ်ရှေ့ကအဆောင်ပိုင် အိမ်ကြီးရှင်ရဲ့ မိထူးတို့ ကိုစံဘတို့ ပျော်စံရာလေးပဲ၊ ဂိုဒေါင်တန်းလျားလေးပါဟာ ၊ နင်တို့ ဘာလို့ ဟိုဘက်က ပျဉ်ထောင်နှစ် ထပ်အဆောင်ကို မယူကြတာလဲ’

‘သြော်…တယ်လွယ်၊ ကြားဖြတ်ကြီး ပြောင်းရတာ ကို’

ချောစုက ဖြေသည်။ မမစံက အသက်ကို ခပ်မျှဉ်းမျှဉ်း ရှူလျက်…

‘ဟောဒီအောင်ပေါ့ကွယ် ၊ ဒီအဆောင်ရှေ့က စောင်းလျားပင်လေးကို သဘောကျလို့တဲ့’

‘စောင်းလျားပင်၊ အောင် နင်က စောင်းလျားပင်နဲ့ ဘယ်လိုပတ်သတ်လို့လဲ’

‘ဒေ၀က အောင့်မျက်နှာကို စိုက်ကြည့်ရင်း မေးလိုက်သည်။’

အောင်က ရယ်၍ သာ နေတုန်း။

ချောစုက ခပ်တည်တည် မျက်နှာထားဖြင့် …

‘သြော်…သူ့မှာ စောင်းလျားပင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်း တစ်ပုဒ် ရှိလို့ပေါ့’

ဒေ၀က မျက်မှော င်ကုတ်လျက်…

‘နင်ပြောတော့ နင့်မှာ ရည်းစားမရှိဘူးဆို’

‘ဒါတော့ ကျွန်တော် ရှက်လို့ညာပြောတာ’

အောင်က ခပ်တည်တည်။

‘နင်ရည်းစားက ဘယ်သူလဲ ဘယ်သူလဲ’

ဒေ၀က စိတ်ဝင်စားကာ စပ်စုလိုက်ပြန်သည်။ အောင်က ရယ်မောလျက်….

‘ကိုလတ်ကို မေးကြည့် ၊ ဒီဇာတ်လမ်းလေး ကိုလတ်သိတယ်’

အောင်က ဖြေတော့ အားလုံးက တသော သော ရယ်မောကြကာ ဆန်းဆန်းမြင့်သည် ချောစုနှင့် အောင်တို့ အပြောနှင့် ရင်းနှီးနေသော ဒေ၀ကို လှမ်း၍ …

‘ကိုဒေ၀တော့ မလွယ်တော့ဘူး၊ ထူမလိုလိုနဲ့ တကယ်အ, တယ် ၊ ဒီကောင်မလေး သက်သက် အမှတ်ယူနေတာ၊ အောင် ဒါလောက်စွံမယ်များ ထင်နေသလား’

‘ခွေးမလေးတွေ ’

ဒေ၀က ဆဲရေး လိုက်သည်။

ချောစုက ရယ်လျက်…

‘ငါ သနားလိုက်တာဟယ် ဒေ၀ကြီးကို ၊ အနှစ် နှစ် ဆယ်လောက် ပြတ်ကျန်ခဲ့ပြီ’

‘ဘယ်သိမလဲဟ ၊ နင်တို့က ခပ်တည့်တည့်နဲ့ဆိုတော့ ၊ ဟင်း သေကြပါစေတော် ’

ဒေ၀က မျက်စောင်းတစ်ချက်ထိုးပြီး ကောင်မလေးတွေ ကျိန်သလို ကျိန်လိုက်သဖြင့် အောင်သည် တဟားဟား ရယ်မောမိပြန်သည်။

(၂)

မိုးသက် လေအေးတို့သည် ဌက်ပျောရွက် ဖတ်များ ကို အတင်းပွေ့ဖက် နှုတ်ဆက်လိုက်သော အခါ ဌက်ပျောရွက်ရှည် ဖားဖားတို့သည် ရှက်စနိုးနှင့် အတင်း ရုန်းထွက်နေလေသည်။

သို့ နှင့် ပင် ဆိုင်းမဆင့် ဗုံမပါဘဲ မိုးသည် ဗြုန်းစားကြီး ရွာချလိုက်လေသည်။ လက်ဖက်ရည်ဆိုင် တံစက်မြိတ်တွင် မိုးစက်များ သီးလာကာ စားပွဲပေါ်သို့ မိုးပေါက်တွေ သွန်ကျလာသည်။ စားပွဲပေါ်မှ စာမူများ ၊ ပန်းချီဒီဇိုင်းများ ၊ စာအုပ်များ ၊ဖိုင်တွဲ များ ကပျာကယာ မ, ယူကြကာ ဆိုင်ထဲမှ စားပွဲတစ်နေရာသို့ ပြေးဝင်ကြရသည်။

အောင့်လက်ထဲတွင် ကုလားထိုင်တစ်လုံး၏ နောက်မှီတွင် ချိတ်ထားသော ကိုလတ်၏ တက်ထရက် တိုက်ပုံအင်္ကျီပါလာသည်။ မီးခိုးရောင် အဖျော့ တိုက်ပုံအင်္ကျီကို ကိုလတ်၏ လက်သို့ ကမ်းပေးကား…….

‘ကိုလတ်က ဘော်ဇာပဲ ၊ တက်ထရက် တိုက်ပုံတွေ ဘာတွေ နဲ့’

အောင်က ပြန်ပြောသည်။ ကိုလတ်က ပြုံးလျက်….

‘ကျေးဇူးဘ၏ ပဲ ၊ ကိုယ်မှာ ဒီတစ်ထည်ပဲ ရှိတာ’

‘ဌားလာတာတော့ မဟုတ်ပါဘူးနော်’

ချောစုက နောက်သည်။ဒေ၀က မလုံ။သူ့ခါးတွင် ၀တ်ထားသော အ၀ါနုရောင် လေယာဉ်မောင် အင်္ကျီလက်တိုကို လှမ်းငုံ့ကြည့်လိုက်သည်။ ကိုအောင်က ဒေ၀၏ ပခုံးကို ဖြန်းခနဲ လှမ်းပတ်ကာ….

‘ဟေ့ကောင်၊ ငါ့အင်္ကျီမိုးစိုရင် ဖြန့်လှန်းထားနော် ၊ဖားဥတွေ စွဲကုန်လိမ့်မယ်’

တသော သော ရယ်မောမိကြသည်။

ကိုလတ်သည် ရယ်ရင်း ၊မောရင်း၊ စကားပြောရင်းပင် အောင် ရေး ဆွဲခဲ့သော ပန်းချီ ဒီဇိုင်းများ ကို ကဗျာရဲ့ အကြောင်းအရာများ နှင့် တိုက်ကြည့်နေသည်။ အောင်ရေး ဆွဲသမျှ ပန်းချီဒီဇိုင်းများ ထဲ ‘လူပြိတ္တာ’ ဆိုသည် ကဗျာအတွက် ရေး ဆွဲထားသော လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ပန်းချီဒီဇိုင်းကို အကြိုက်ဆုံးပဲတဲ့။

‘သဘာဝ လူသား’ ဆိုတဲ့ ကဗျာအတွက် ရေး ဆွဲထားသော ပန်းချီး ဒီဇိုင်း ကတော့ လေးထောင့်စပ်စပ် မျက်နှာတွင် အတွေးမပါလို့ မကြိုက်ဘူးတဲ့။ အရုပ်မျက်နှာမှာ လည်း တင်းလွန်းသည်ဟု ကိုလတ်က ပြောတော့……

‘ကျွန်တော် ပြန်ဆွဲပေးမယ်လေ’

အောင်က မဆိုင်းမတွ ပြောသည်ကို ချောစုက တအံ့သြ ဖြစ်နေသည်။

ထို့နောက် ကိုလတ်၏ ဖိုင်တွဲ ကို ဒေ၀က လှမ်းယူကာ ထုတ်လိုက်သော ပန်းချီ ဒီဇိုင်းတွေ အနက် သံဆူးကြိုးတွင် အတောင်များ နှင့် ငြိနေသော ဌက်ကလေးများ ၊ထင်းရူးပင် အမှော င်ရိပ်မှ ဆီးမီးခွက်ငယ ဒီဇိုင်းများ ကို ယူကြည့်လိုက်သော အောင်က….

‘ကိုလတ်လဲ ပန်းချီ ဆွဲတတ်တယ်’

‘ထင်းရူးပင်နဲ့ မီးခွက် ကတော့ ကိုအောင် ဆွဲထားတာလေ’

ကိုလတ်က ထုံးစံအတိုင်း တိုက်ရိုက်အဖြေမပေး။ ကိုအောင်သည် ပုံနှိပ်လက်စ စာမူတစ်ခု၏ ပရု(စ်)ကို စစ်ဆေးရင်း နားစွန် နားဖျားနှင့် …..

‘ငါမယူပါဘူးကွ၊ ဒီမီးခြစ်က ငါ့ဟာပါ’

ကြားမိကြားရ သူ့ထင်ကြေးနှင့် သူအလွဲလွဲအချော်ချော်တွေ ပြောလိုက်သဖြင့် ကိုအောင်အား ကြည့်ကာ ရယ်မောမိကြသေးသည်။ ထို့နောက် ကိုအောင်၏ လက်မောင်းကို ကိုလတ်က လှမ်းဆုပ်ကိုင်လိုက်သည်။ ကိုအောင့် နှုတ်ခမ်းဖျားမှ မီးငွေ့သေနေသော ဆေးလိပ်ကို ကိုလတ်က မီးညှိပေးလိုက်သည်။ သူတို့နှစ် ယောက် သိပ်ချစ်တာပဲဟု သည်ကတည်းက အောင်နှင့် ချောစုတို့က တွေးမိကြသည်။

သူတို့နှစ် ယောက် ဖြူတာနှင့် ညိုတာချင်းသာ ကွာသည်။ကိုယ်လုံးပုံစံကတူသည်။ အရပ်မြင့်တာချင်း၊ ပိန်တာချင်း၊ ရုပ်ချင်းကျ နည်းနည်း ကွာပြန်သည်။ နှစ် ယောက် စလုံး ယောကျာ်း ပီသသော်လည်း ကိုလတ်က လူပုံချောသည်။ ကိုအောင်က ရွက်ကြမ်းရေကျိုမျှသာ။

အပြုအမူချင်းကျတော့လည်း ကိုလတ်က တည်တည် ငြိမ်ငြိမ် သွေးအေးအေး အလုပ်လုပ်တတ်သည်။ ကိုအောင်က ပျာယီးပျာယာနှင့် သူ့ကြည်ရတာ အမြဲလိုပင် အလုပ်များ နေတတ်သည်။ အလုပ်လည်း တကယ်များ သည်။ သူ၏ မုတ်ဆိတ်မွေး ၊ ပါးမြိုင်းမွေးများ မကြာခဏ ထူထပ်ရှည်လျားလာပြီး တစ်ခါတလေ မရိတ် ဖြစ်ဘဲ ထားထားတော့ ချောစုက သူ့ကို ဘောပုန်းကြီးစံဖဲဟု နာမည် မှည့်သည်။ အောင် ကတော့ သူ့ကို ‘ဘိုမုတ်ဆိတ်’ တဲ့။ နောက်ဆုံးတော့ ဘိုမုတ်ဆိတ် နာမည် ကို အတည်ပြုလိုက်ကြသည်။

‘ကိုလတ်ကိုတော့ နာမည် ၀ှက် ပေးမထားဘူးလား’

ကိုအောင်က မေးသည်။ အောင်က ရယ်လျက်….

‘ဟင့်အင်…တဲ့’

‘ဘာ ဖြစ်လို့ သူကျတော့ နာမည် မပေးတာလဲ’

‘ပေးစရာမှ မရှိဘဲ’

‘သူ့ကျတော့ ပေးစရာမရှိဘူး’

‘နာမည် က အကြောင်းတိုက်ဆိုင်မှ ပေးရတာ ’

‘တယ် မျာက်နှာလိုက်ပါလားဟာ’

‘မလိုက်ပါဘူး ကိုအောင်ကလဲ၊ နာမည် မှ ခေါ်စရာမရှိတာ ၊ ဘယ်တတ်နိုင်ပါ့မလဲ’

‘ဒါပေါ့လေ၊ နာမည် တောင် မခေါ်ရက်လို့….’

ဤတွင် ရောင်းရင်း ကိုအောင့် စကားက လွန်လာတယ်။စကားပြောပါများ စကားထဲက ဇာတိပြလာသည်။ကွယ်ရာတွင် သူတို့ အချင်းချင်း ကိုလတ်နှင့် ကိုအောင်ကို နောက်ပြောင်ခဲ့ ကြသည်။ အစအနများ မသိမသာ ထွက်လာခဲ့ကြသည်။ ဒေ၀နှင့် ဗလတို့ က တသော သော ရယ်မောနေကြသည်။

ချောစုကလဲ ဘယ်သူမှမမြင်စေရဘဲ အောင့်ကို တံတောင်နှင့် တွက်လိုက်တာကို ကိုလတ်က ဖြတ်ခနဲမြင်လိုက်မိသည်။ အောင့်မျက်နှာကို ချက်ချင်း လှမ်းကြည့်မိလိုက်တော့ အောင်သည် မျက်လွှာချကာ ခေါင်း မသိမသာ ငုံနေသည်။

အောင် ရှက်နေတတ်သော အပြုအမူမျိုး မကြာခဏပင် ဦးချစ်လက်ဖက်ရည်ဆိုင်တွင် မြင်ရဖူးသည်။

ဒေ၀တို့လူသိုက် အောင့်ကို နှစ် ခါသုံးခါမျှ နှိပ်စက်ဖူးသည်။ လက်ဖက်ရည်ဝိုင်း ရောက်သည်နှင့် ရောက်လာသူတို့ပါပါလာသမျှ စာတွေ ၊ကဗျာတွေ ၊ မှတ်စု၊ စာညွှန့်၊ ၀တ္ထုအတိုအထွာတွေ ၊ ရည်းစားစာတွေ (ပါလာခဲ့သည်ရှိသော်) ရှိသမျှ လွယ်အိတ်တွေ ၊ ဖိုင်တွဲ တွေ ထဲမှ အကုန်ထုတ်ကာ ၀ိုင်ူအော် ဖတ်ကြတာ သူတို့အကျင့်ပင်။

သည်လိုဖတ်ကြရင်း တသော သော ဟားတိုက်ရယ်မောသံသည် လေနှင့် အတူ ဌက်ပျောတောဘက်သို့ ပျံ့လွင့်သွားတတ်သည်။

ပထမဆုံးထိသူက ကိုအောင်။ ကိုအောင့်လွယ်အိတ်ထဲမှ မိန်းမလက်ရေး နှင့် စာတစ်စောင်။ ကိုအောင်က ကိုလတ်မျက်နှာကို ဖျက်ခနဲကြည့်ကာ စာကိုလှမ်းလုတော့မရ ၊ဗလ လက်ထဲ ရောက်သွားလေပြီး။အာပြဲလျှာပြဲနှင့် အော်ဖတ်နေကြသော ဒေ၀နှင့် ဗလ နူတ်ဖျားတွင် ကိုအောင်၏ စာအခြေအနေက ဆိုးသွားရှာသည်။

ကိုအောင်ရေ

ဒီတစ်ခါအိမ်လာရင်မေမေ့ အတွက်ဘီဗစ်(B.vit)၀ယ်ခဲ့ပါ။ ဆက်ဆက်ဝယ်ခဲ့နော်။မေမေနောက်ကျောတွေ တတ်နေလို့။ ကိုကိုလတ် တစ်ယောက် လဲ အိမ်ပြန်မအိပ်တာ သုံးရက်ရှိပြီး။ ဘယ်ရောက်နေလဲ။ကိုအောင်နဲ့အတူတူရှိနေလား။ မေမေ သိပ်စိတ်ပူနေတယ်။ ခင်လတ်လဲ စိတ်ပူတယ်။ ကိုအောင်ရော အိမ်ပြန်အိပ်ရဲ့လား။ နှစ် ယောက် စလုံး အတူတူပါပဲ ၊ မထူးပါဘူး။ တကယ့်လူဆိုးတွေ ။ တစ်နေရာရာမှာ သွားအိပ်ရင် အိမ်ကို အကြောင်းကြားလိုက်ပါလို့ ကိုကိုလတ်ကို သတိပေးလိုက်စမ်းပါ။ သိပ်ခက်တာပဲ။ မေမေပရက်ရှာတွေ တတ်လာရင် ကိုကိုလတ် တရာခံပဲ။ ခင်လတ် တကယ်စိတ်ဆိုးတယ်။

ခင်မလတ်

ဒေ၀သည် ကိုလတ်၏ ရင်ပတ်ကိုလှမ်းဖိကာ ‘ယောက် ဖရေ…ယောက် ဖရဲ့’ဟု အော်လိုက်သည်။ သည်အချိန်အထိ အောင်သည် ရယ်မောနိုင်ခဲ့သေးသည်။

နောက်တစ်ချီတွင် အောင်၏ လေ့ကျင့်ခန်းစာအုပ်ထဲမှ ကတ်ပြားတစ်ခု သွားတွေ့ သည်။ အောင်က လိုက်လုသည်။ မရတော့။ ကတ်ပြားပေါ်မှ….

တစ်ကမ္ဘာလုံး

တစ်ပြည်လုံးမှာ

အချစ်ဆုံးသော သူကလေး။

မောင်ပန်းမွှေး

ရေး ထားတာကို ဗလက ခပ်ကျယ်ကျယ် ဖတ်လိုက်ပြီး ကတ်ပြားနောက်မှ လှန်ကြည့်လိုက်သည်။

အောင်ရေ……

မောင်ပန်းမွှေးက အဲဒီ လို အထွန်းကိုယ်စား ပြောထားပေးတယ်။သတိရနေတယ်။ အောင်…….စာရေး ပါ။ တို့လဲ ရေး မယ်။

အထွန်း

ဘုရားကြီးရပ်၊

တရုတ်တန်း၊မုံရွာမြို့။

‘အထွန်းတဲ့ ၊ဘယ်သူလဲ အထွန်းဆိုတာ’

ရင်ထဲတွင် မျိုသိပ်နိုင်စွမ်းမရှိသော မေးခွန်းသည် ကိုလတ်နှုတ်ဖျားမှ လွှတ်ခနဲ ထွက်ပေါ်လာလေသည်။

‘အထွန်းဆိုတာ မိန်းကလေးပါ’

အောင်ကလည်း ဘာကြောင့် မှန်းမသိ၊ ခပ်သွက်သွက်လေး ဖြေရှင်းလိုက်မိသည်။ ကိုအောင်က သဘောကျသလို တစ်ချက်ရယ်လျက်……

‘နင်တို့ အမျိုးသမီးတွေ နာမည် ကလဲ အထွန်းတို့၊ အောင်တို့၊ ခိုက်တယ်ဟာ’

‘ကျွန်တော် တို့နှစ် ယောက် က အထက တုန်းထဲက သူငယ်ချင်း’

‘အ…အချစ်တော် လား’

ဒေ၀က မဆင်မခြင် ဖျတ်ခနဲ ၀င်မေးမိသည်။ ဒေ၀ခေါင်းကို ဗလက လှမ်းပုတ်ပြီး ပြောလိုက်မိတာကလည်း…..

‘ဒါ မင်းအပူလား’

အောင်က မျက်နှာနီလာကာ အနေရခက်သွားသည်။ဗလပြောလိုက်မှ အခြေအနေက ပိုးဆိုးသွားသည်။ အောင်၏ မျက်နှာသည် ရုတ်ခြည်း တည့်သွားကာ နှုတ်ခမ်းများ တင်းတင်းစေ့သွားလျက်….

‘ဘယ်က အချစ်တော် ရမှာ လဲ၊ ကျွန်တော် လုံးလုံး ၀ါသနာ မပါဘူး၊ အောက်တန်းကျတယ်’

လေသံခပ်မာမာနှင့် ခပ်ဆတ်ဆတ် ပြန်ပက်လိုက်သည်။

‘ငါ မသိလို့ ပါဟာ ၊ နင်ကလဲ စိတ်ဆိုးတာက အလျင်ပဲ၊ ငါတောင်းပန်ပါတယ်’

ဒေ၀က မျက်နှာငယ်လေးနှင့် တောင်းပန်လည်း အောင်က မကျေနပ်တော့။

‘ကျွန်တော် ကို သက်သက်မဲ့ အထင်သေးတာ ၊ ဒေ၀က သိပ်စော်ကားတာပဲ’

‘ဟာ….မဟုတ်ရပါဘူးဟာ’

‘ဘာလို့ မဟုတ်ရမှာ လဲ၊ ကျွန်တော့် ကို ဒီလိုထင်တာ…’

အောင်သည် ပြောရင်းဆိုရင်း မျက်ရည်တွေ လည်လာသည်။ဒီပြဿနာမျိုးကလည်း ဗြောင်ဖွင့်ပြော ဖြေရှင်းဖို့ခက်သဖြင့် အောင့်မှာ နှုတ်ခွန်းဆိတ်ဆိတ် နေလိုက်ရသည်။ဗလက ၀မ်းနည်း ပန်းနည်း ဖြစ်နေသော အောင်မျက်နှာကို လှမ်းကြည်ကာ လေသံပျော့ပျော့နှင့် ……..

‘ငါတို့က နင့်ကို အထင်သေးတဲ့ သဘောနဲ့ ပြောလိုက်တာ မဟုတ်ပါဘူး အောင်ရာ’

‘ဘယ့်နှယ် အထင်မသေးရမှာ လဲ၊ ကျွန်တော် မပြောချင်လို့၊ ဘာပဲ ဖြစ် ဖြစ် ဒေ၀ရော၊ ဗလရော ခင်ဗျားတို့ စကားကို ပြန်ရုပ်သိမ်းပေးရမယ်’

အောင်က စားပွဲကို သူ့လက်ဝါးနှင့် ဖြန်းခနဲ ရိုက်လိုက်ပြီး အော်ပြောလိုက်သည်။ အောင်ဆိုတာက တကယ့်မီးခဲပေဘဲ။

‘အေးပါဟာ ၊ ရုပ်သိမ်းပါတယ်’

ဒေ၀နှင့် ဗလတို့က ပြိုင်တူလို ပြန်ဖြေကြသည်။ ကိုလတ် ကတော့ စီးကရက် မီးခိုးငွေ့များ ကြားမှ စိတ်ဆိုးဒေါသထွက်နေသော အောင်၏ သွေးရောင် လွှမ်းနေသည့် မျက်နှာကို ကြည်ကောင်းကောင်းနှင့် ငေးနေသည်။ မျက်ရည်တွေ ကြောင့် အောင့်မျက်လုံးတို့သည် ရွန်းလဲ့ တောက်ပနေကြသည်။

အောင် ရုတ်တရက် မျက်ရည်ကျလာတာကို တစ်ခါမှ မတွေ့ ဘူးကြသဖြင့် ကိုအောင်ရော၊ ဒေ၀ရော ၊ဗလရော အောင့်အား ငေး၍ သာ ကြည့်နေမိကြသည်။ ချောစုက အောင်၏ လက်မောင်းကို လှမ်းကိုင်လိုက်သည်။ ကိုလတ်က သက်ပြင်းတစ်ချက် ခပ်ဖော့ဖော့လေးချလိုက်ရင်း အောင့်ကို နှစ် သိမ့်ဖို့ စကားလုံးတွေ ကို ရှာဖွေနေမိသည်။

‘ကျွန်တော် အစ်မတွေ က အဆောင် ရနေတော့ ကျွန်တော် တို့မိသားစုထဲ ကျွန်တော် တစ်ယောက် တည်းကလေကချေ နဲ့ အပြင်ဆောင်နေရတဲ့ဘ၀ကိုး ၊ အထင်သေးကြမှာ ပေါ့၊ ကျွန်တော့် ကို အဲလို ထင်တာ သိပ်ရှက်တာပဲ၊ ၀မ်းလဲ နည်းတယ်’

သည်တုန်းက အောင့်တွင် တခြား ဒေါသထွက်စရာတွေ အစုလိုက် အပြုံလိုက် နာကြည်းစရာတွေ ၊ ခံပြင်းစရာတွေ ရှိလိမ့်မည် ဟု ကိုလတ်က ရုတ်ခြည်း တွေးလိုက်မိပြီး….

‘ဒေ၀နဲ့ဗလတို့က အလေးအနက်သဘောနဲ့ ပြောလိုက်တာ မဟုတ်ပါဘူး အောင်ရယ်၊ သူတို့ပါးစပ်က ခပ်ပေါ့ပေါ့နဲ့၊ သက်သက်မဲ့ အာချောင်တာပါ။ ကိုယ်တို့အားလုံး အောင့်ကို အထင်းမသေးပါဘူး၊ ဘာလို့ အထင်သေးရမှာ လဲ၊ အထင်မသေးတဲ့အပြင် အထင်တောင် ကြီးကြတာ’

‘မလိုပါဘူး’

အောင်က ကလေးလိုဆိုးရင် စက်ခနဲ ပြန်ပြောသည်။ကိုလတ်က စိတ်ရှည်စွာ ပြုံးလိုက်သည်။အောင်သည် လူကြီးအသိဉာဏ်နှင့် ပြ ကတော့ ကလေးစိတ်။ ဒါကို နားလည်လျက် ခွင့်လွှတ်မိသည်။

ကိုအောင် ကတော့ ‘အောင့်’ ကို ကြည့်ပြီး ရယ်မောနေသည်။ အောင်က ကိုအောင့်ဘက်လှည့်ပြီး…..

‘ခင်ဗျားက ဟားတာပေါ့’ လှည့် ရန်ထောင်သေးသည်။

‘မဟုတ်ရပါဘူးဟာ၊ ငါက နင် ဖြစ်နေတာကို သဘောကျလို့ပါ’

‘ဘာသဘောကျတာလဲ’

‘ဒါလေးနဲ့ နင် စိတ်ဆိုးစရာလားဆိုတာ တွေးမလို့ပါ’

‘အိုး…ကျွန်တော့် ကို တကယ်အပြစ်ရှိတယ်ဆိုရင် ဝေဖန်ပေါ့၊ ကျွန်တော် ဘယ်တုန်းက စိတ်ဆိုးဖူးလဲ၊ ခု ကျွန်တော် သိက္ခာကို ဖိနပ်အောင်ထဲ ပို့လိုက်ကြပြီပဲ’

‘မပို့ပါဘူးဟာ၊ ဒီသဘောလုံးဝ မဟုတ်ပါဘူး’

ဒေ၀က ကပျာကယာ ၀င်ဖြေသည်။ ကိုအောင်သည် ရုတ်ခြည်း အရယ်ရပ်ပြီး….

‘ငါတို့ သိပါတယ် အောင်ရာ၊ ဒီလို စာရိတ္တပျက်ပြားတာတွေ ၊ ဖောက်ပြားတာတွေ ၊ အယောင်ဆောင်တွေ ကို ငါတို့ စက်ဆုပ်သလို နင်လဲ စက်ဆုပ်မှာ ပဲဆိုတာ ၊ပြီးရောပေါ့ဟာ၊ တို့တွေ အားလုံး လမ်းတစ်လမ်းကိုပဲ လျှောက်နေကြတာပဲ၊ နင့်ကို ဘယ်တော့မှ အထင်မသေးဘူး၊ ဒါတော့ နင်ယုံ’

ကိုလတ်၏ အချုပ်စကားတွင် လည်း…..

‘ကိုယ်တို့ အောင့်ကို ဘာလို သိက္ခာချရမှာ လဲ၊ ခုထိ ကိုယ်တို့ကို နားမလည်သေးဘူးလား အောင်ရယ်၊ အပြင်ဆောင်မှာ နေရတာ နဲ့ တို့က အထင်သေးစရာ ဘာရှိသလဲ၊ အပြင်ဆောင်မှာ ကျောင်းအဆောင်နေခွင့်မရတဲ့ အောင်တို့လို မိန်းကလေး သန့်သန့် အများ ကြီး နေတာပဲ၊ ဒီအတွက် စိတ်မကောင်းစရာ ဘာမှမရှိပါဘူး’

‘တစ်လ အခန်းခလေးဆယ်ပဲပေးရပြီး ကိုယ့်ထမင်းကိုယ် ချွေချွေတာတာလေး ချက်စားရင် စားစရိတ်တောင်သက်သာ သေးတယ် မဟုတ်လား၊ ဒီမှာ က ပိုလွတ်လပ်တာ တစ်ခုပဲ၊ ဒါလဲ မိန်းကလေးတွေ အတွက် အရည်အချင်းစစ်ဆေးတဲ့ မှတ်ကျောက်တစ်ခုပေါ့’

သည်စကားရပ်ကိုတော့ အောင် သဘောကျသလို ဖြစ်မိပြီ မျက်နှာက ပြုံးယောင်သမ်းမိသည်။

‘ဒီမှာ က ပိုလွတ်လပ်တာတစ်ခုပဲ ၊ဒါလဲ မိန်းကလေးတွေ အတွက် အရည်အချင်းကို စစ်ဆေးတဲ့ မှတ်ကျောက်တစ်ခုပေါ့တဲ့။’

‘ဟုတ်တယ်လေ…အောင်ရဲ့ ၊ မိန်းကလေးပဲ ဖြစ် ဖြစ် ၊ ယောကျာ်းလေးပဲ ဖြစ် ဖြစ် စည်းကမ်းတွေ ဘောင်တွေ ခတ်မှပဲ ကိုယ့်ကိုကိုယ် ထိန်းသိမ်းတတ်ရမှာ လား ၊ အပြင်ဆောင်နေနေ၊ အတွင်းဆောင်နေနေ၊ အိမ်မှာ ပဲ တင်းတင်းကျပ်ကျပ် အလုပ်ခံရပြီးနေနေ ဖောက်တဲ့လူ ဖောက်တာပဲ၊ မဖောက်တဲ့ လူက မဖောက်ဘူးပေါ့၊ အသက်ငယ်သေးတဲ့ တို့နှမလေးကို အစတုန်းက စိတ်ပူခဲ့မိတာ အမှန်ပဲ၊ ခုတော့ မပူတော့ပါဘူး၊ အောင့်အခြေအနေကိုတွေ ရပြီး တို့အောင့်ကို စိတ်ချလာတယ်၊ ယုံကြည်လာတယ်၊ အောင့်ဘက်ကလဲ ကိုယ်တို့ စေတနာကို နားလည်စေချင်တယ်’

သည်အခါကျတော့လည်း ကလေးငယ်ပမာ အောင့်မျက်နှာ အမူအရာသည် ကိုလတ်စကားကြောင့် ချက်ချင်း ပြောင်းလာသည်။

အောင့်မျက်နှာာ သုန်မှု န်တာ ရုတ်ခြည်း ပျောက်သွားသည်။ အောင့်မျက်နှာသည် ခဏချင်းပင် ကြည်ကြည်လင်လင် ဖြစ်လာတော့သည်။ ဗလသည် သူ့မျက်နှာထက် မတန်တဆကြီးသော မျက်မှန်ကို ပင့်တသ်လျက် ရယ်နိုင်၊ မောနိုင် ဖြစ်လာသည်။

ဒေ၀ ကတော့ မျက်လုံးကို မှေးစင်ကာ အောင့်ကို လှမ်းကြည့်ပြီး အောင့်ရှေ့နားတွင် သူ့လက်နှစ် ချောင်း ထောင်ပြကာ ‘အောင် ၊ ပိစ်’ ဟု ပြောလိုက်သည်။

အောင်ကလည်း ရယ်ကာ မောကာ မျက်နှာငွေလ ရွင်ပျပျနှင့် သူ့လက်ချောင်းများ ကို ပြန်ထောင်ပြရင်း ‘ပိစ်…ပိစ်’ ဟု ဆိုလိုက်သည်။

(၂၀)

ကိုလတ်နှင့် ကိုအောင်တို့သည် စောင်းလျားပင် အောင်တွင် ကုလားထိုင် တစ်လုံးစီတွင် စိမ်ပြေနပြေ ထိုင်ရင်း ဆေးလိပ်များ ဖွာရှိုက်နေကြသည်။

အဆောင်ပြတင်းကြားမှ အသာချောင်းကြည့်နေကြသော မိန်းကလေးအချို့ကိုလည်း ဂရုမထား။

နည်းနည်း မှ ကြောက်ခြင်း ၊ တွန့်ဆုတ်ခြင်းမရှိ။

ခပ်တည်တည်နှင့် ရယ်ရယ်မောမော စကားထိုင်ပြောကြသည်။

ဆန်းဆန်းမြင့်က အဆောင်ခန်းထဲမှ လှမ်းကြည့်ပြီး…

‘ဟိုမှာ ဟေ့ ကြည်စမ်း၊ ကိုလတ်နဲ့ကိုအောင်တို့ အပြတ်ရင့်တယ်ဟာ ၊ခပ်တည်တည်ပဲ၊ သူတို့အိမ်များ မှတ်နေလား မသိဘူး’

ချောစုက အောင့်ဘက်မေးထိုးပြကာ ‘အေးပါဟဲ့….သူ့မယားအိမ်ပဲ’ ပြောလိုက်တော့….

အောင်သည် ချောစု၏ ပါးစပ်ကို ကပျာကယာ လှမ်းပိတ်လိုက်ကာ…

‘မိချောစု…ကောင်မ၊ သူတို့ကြားသွားမယ်ဟာ’

‘ကြားတော့ နားဖောက်ပြီးသား ဖြစ်တာပေါ့’

ကိုလတ်နှင့် ကိုအောင်တို့ ပြန်သွားသ်အထိ အောင်သည် ချောစုကို စိတ်ဆိုးနေသည်။

ချောစုက ရယ်မောကာ နေဆဲ…

‘အံမယ် အံမယ်၊ ကောင်မ အရှက်မရှိတဲ့ မျက်နှာက ရှက်နေလိုက်တာ၊ နင်ရှက်တယ်ဆိုတာက မရိုးလို့ဘဲ’

‘ဘာဆိုင်လို့လဲ၊ ရှက်တာက ရှက်တာပဲပေါ့၊ ကြားသွားရင် ဘယ်ကောင်းမလဲ၊ ငါကိုလတ်မျက်နှာကို ဘယ်လိုကြည့်ရမလဲ ၊ ပြီးတော့ ကိုလတ်တို့ ကိုအောင်တို့ဆိုတာ ပါးလိုက်တာမှ လှစ်နေတာပဲ၊ သိသွားရင် ငါ့မျက်နှာ ဘယ်သွားထားရမလဲ’

‘ကိုလတ်ရင်ခွင်ထဲ ထားလိုက်ပေါ့’

‘သေပါလား’

အောင်က အဟုတ်တကယ် စိတ်ဆိုးလာပြန်သည်။

ချောစုကလည်း အောင်မကြိုက်တာကိုဘဲ တမင်နောက်ပြောင်သည်။

အောင်က မြန်မာဝတ္ထုအချို့မှ ဇာတ်လိုက် မင်းသမီးတွေ ၊ ဇာတ်လိုက်မင်းသား ရင်ခွင်ကျယ်ကြီးမှာ ဆိုလား၊ ခေါင်းစိုက်ပြီး တဟင်းဟင်းငိုနေတာကိုရေး တာလောက် မုန်းတာမရှိဘူးတဲ့။

‘ငါသိပ်ရွံ့တာပဲဟာ ၊ ၀တ္ထုထဲက ကောင်မလေးတွကလဲ အိညှက်အိညှက်နဲ့၊ အလကားနေရင်း အားငယ်နေတာပဲ၊ ဇာတ်လိုက်မင်းသား ရင်ဘတ်ကျယ်ကြီးကို ဖွဲ့နေတာ တခမ်းတနား၊ အမျိုးသမီး စာရေး ဆရာတွေ တောင် ပါသေး ထွီ၊ ငါ ၁၂ နှစ် သမီးတုန်းက အဲလိုဝတ္ထုမျိုးတွေ ဖတ်ပြီး အရွယ်ရောက်လာလို့ ငါများ ယောကျာ်းယူရင် ယောကျာ်းပိန်ပိန်လေးယူမယ်၊ ဖိုးသမားကိုတောင် ယူမယ်ပြောတာ၊ ငါ သိပ်ရယ်စရာကောင်းတာပဲ၊ အတွေးပေါက်တာလားတော့ မသိဘူး’အောင်က ပြောဖူးသေးသည်။

ဒါကြောင့် ကိုလတ်ကို ကြိုက်တာလာ မသိဘူးဟု ချောစုက နောက်သည်။

ကိုလတ်က ပိန်တယ်

ဒါပေမယ် ပခုံးကျယ်လို ယောကျာ်းပီသပါတယ်။

ကိုအောင်လည်း ကိုလတ်နှင့် ကိုယ်လုံးကိုယ်ပေါက်ချင်း ဆင်တယ်။

တကယ်လို့များ ကိုလတ်က အောင့်ကိုမချစ်ဘဲနှင့် ချောစုကိုများ ချစ်နေလျှင် ကိုအောင့်ကို ယူ ဖြစ်အောင်ယူပါဟု ချောစုက အောင့်ကို တိုက်တိုက်တွန်းတွန်းပြောရင်း နောက်ပြန်သည်။‘ဟင်….မမစံ တကယ်ပြောတာလား’

ချောစုက ၀မ်းနည်းသလို ငိုပြနေသည်။

‘အို…တို့အားလုံး အပျိုးကြီးတွေ ဖြစ်မှာ ပဲ၊ ဘယ်သူမှယောကျာ်းမယူကြေးဟေ့ ၊ ရည်းစားတော့ထားချင် ထား၊ ယောကျာ်းမယူရဘူး၊ အပျိုကြီးပါတီ မြန်မာပြည်ပဲ’

အော်က တစ်ချက်လွှတ် အမိန့်တော် ထုတ်ပြန်လေသည်။

ဆန်းဆန်းမြင့်က သည်တော့ ခါးထောက်ကာ အောင်တို့အား ကြည့်ရင်း…

‘နေစမ်းပါဦး၊ မင်တို့ အပျိုးကြီးမလုပ်လဲ ဘယ်သူက နင်တို့ကို ကြိုက်မှာ မို့လဲ ၊ မမစံ ကန်တော့နော်’

‘အေး….ဒါလဲ ဟုတ်တာပဲ၊ ငါတို့ကုသိုလ်ပေါ့ဟယ်’

ချောစုက မျက်နှာငယ်လေးနှင့် အားငယ်သလို ပြောလိုက်လေသည်။

‘မကမြင်းတတ်လို့ပါဟယ်၊ ကမြင်းတတ်ရင် ယောကျာ်းမရှားပါဘူး’

ဆန်းဆန်းမြင့်က ပယ်ပယ်နယ်နယ် ပြောနေသေးသည်။

‘အေးဟဲ့…တို့ အလျင်အဆောင်တုန်းက ညိုခြောက်ခြောက်ကောင်မလေး တစ်ယောက် များ စာမေးပွဲလဲ တဗုန်းဗုန်းကျ၊ အကျင့်ကလဲ အသက်နဲ့ရည်းစားနဲ့အမျှ ၊ တလောက လင်ရသွားတာ မတွေ့ ဘူးလား’အောင်ကပြောတော့….

‘ဟဲ့…သူကအပျိုမဟုတ်ဘူး၊ သူတို့မြို့မှာ ယောကျာ်းရပြီးသားတဲ့၊ ကလေးတောင် ရပြီးပြီတဲ့’

ချောစုက အပြောတွင် သူတို့ သုံးယောက် ခေါင်းတွေ မှာ ဆိုင်လာကြလေသည်။

မမစံက ရယ်မောလျက်၊ ချောစု၊ အောင့်နှင့် ဆန်းဆန်းမြင့်တို့၏ ခေါင်းတွေ ကို တိုက်ပေးလိုက် ကာ….

‘ပြောကြ ပြောကြ ၊ လွတ်လပ်စွာ အတင်းပြောနိုင်တဲ့ ဒီမိုကရေစီ မိန်းမတိုင်းမှာ ရှိတယ်’

‘မမစံကလဲ ဒါအတင်းမဟုတ်ပါဘူး၊ အမှန်ကိုပြောတာပဲ၊ လိမ်ကိုလိပ်လို့ပြောတာ၊ ဂျပိုးကို ဂျပိုးလို့ပြောတာ အပြစ်ရှိသလား’

အောင်က ရုတ်ခြည်းချေပလိုက်သည်။

ထို့နောက် စောင်းလျားပင် အခက်များ မှ ပန်းရောင် နုပ်နုပ် အပွင့်လေးတွေ ကို လှမ်းငေးကြည့်နေသည်။

သစ်ပင်တစ်ပင်လုံး မြစိမ်းတစ်ဝက် ပန်းရောင် စွက်လျက် လောကတစ်ခွင်လုံး သူချည်းပဲ့ လှနေသည်လား ထင်စားမိသည်။

လေချိုသိမ်းအဖွဲ့တွင် ပန်းနုရောင် ပွင့်မှု န်များ သည် မြေပေါ်သို့ ဖြန့်ကြဲလာလေသည်။ဖတ်ထားမိသော စာတစ်ပုဒ်ကို သတိရမိပြန်သည်။

‘လူသား တစ်ယောက် ဟာ စားစရာ ပေါင်မုန့်မရှိလို ငတ်မွတ် ခေါင်းပါးခြင်း ခံစားရသလိုပဲ မိမိကိုယ်ကို ဘာကောင်မှန်းမသိတဲ့အခါမျိုးမှာ လည်း ခေါင်းပါးခြင်း ဘေးဒုက္ခကို ခံစားရလေ့ရှိပါတယ်’။

(၂၁)

အောင်၏ ဒိုင်ယာရီ စာမျက်နှာများ သည် လက်ရေး စိပ်စိပ်သေးသေးနှင့် ပြည့်နေပြန်သည်။

ရက်တစ်ရက်ကို စာမျက်နှာတွေ ကူးရေး ရသဖြင့် နေရာမဆံ့။

ရက်စွဲတွေ ကို ပြောင်းပြောင်းတပ်နေရသည်။

ဒီလို ဖြစ်လာလိမ့်မယ်လို့ ကိုယ့်ကိုကိုယ် မထင်မိဘူး။ လူတစ်ယောကဟာ ခပ်လွယ်လွယ်နဲ့ ငါဘ၀ကို လွှမ်းမိုးလာတယ်၊ စိုးမိုးလာတယ်ဆိုတာ အံ့သြစရာပဲ၊ ဒါပေမယ့် သူ ဘယ်သူလဲဆိုတာ သိရရင်တော့ အံ့သြစရာ မကောင်းပါဘူး။ အဲဒီ နေ့က မိုးနှောင်းမို့ နှုတ်ဆက်တာလား မသိဘူး၊ မိုးတွေ သိပ်ရွာနေတာပဲ။ ငါရယ်၊ကိုလတ်ရယ်၊ ကိုအောင်ရယ်၊ ကန်ဘောင်လေး အိမ်မှာ သူတို့က တိုင်းနယ် မဂ္ဂဇင်း တစ်ခု ထုတ်ဝေဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ငါ့အကူအညီကို ယူလာကြပြန်တယ်။ ငါကလဲသူတို့တောင်းတဲ့အကူအညီကို ဘယ်တော့မှ မငြင်းခဲ့ပါဘူး ကိုအောင်တို့ ကန်တော် လေးက သူ့ဦးလေးအိမ် ၊ ဦးလေး မိသားစုက မော်လမြိုင်ကို သွားနေကြတယ်။ ကိုအောင်ကလဲ နာမည် ကြီး စာရေး ဆရာတွေ ဆီက စာမူရဖို့ကိစ္စ ပြေးလွှားနေတာနဲ့ ငါနဲ့ကိုလတ် နှစ် ယောက် တည်း ကျန်ရစ်တယ်။ ငါနဲ့ကိုလတ် နှစ် ယောက် တည်းရှိတဲ့ အခြေအနေဟာ မထူးဆန်းပါဘူး။ ဒါမျိုးကြုံဖူးတာလဲ ခဏခဏပါ။တို့တွေ ဟာ မောင်နှမတွေ လို နေနေကြတာပဲ။ ပြီးတော့ တို့အာရုံတွေ ကလဲပုဂ္ဂလိကရေး ရာတွေ မှာ သိပ်မရှိကြဘူး။ အလုပ်၊ အလုပ်၊ အလုပ်ပဲ။

အဲဒီ နေ့က ကိုလတ်ပြောတဲ့ စကားတွေ ကို ပြန်မှတ်မိနေသေးသည်။ အကုန်မဟုတ်တောင် အရေး ကြီးတာတွေ ကိုပေါ့။ အနာဂတ်ဟာ တို့ရဲ့ မျက်မှော က်ကာလထဲ ရောက်စပြုလာပြီတဲ့။ နိုင်ငံသမိုင်းဆိုတာ လူတွေ လက်ထဲမှာ ရှိသလို ငါတို့ဟာ နိုင်ငံသမိုင်းကို ဖန်တီးရလိမ့်မယ်တဲ့။ အရှေ့လေ က အနောက်လေကို လွှမ်းမိုးရင်လွှမ်းမိုး၊ မလွှမ်းမိုးရင် အနောက်လေက အရှေ့လေကို လွှမ်းမိုးလိမ့်မယ်။ လက်ရှိ အခြေအနေရဲ့ ထူးခြာချက်ဟာ အရှေ့လေက အနောက်လေကို လွှမ်းမိုးနေတာ ဖြစ်ပေမယ့် တစ်ခါတလေ ငါ့နုံ့နဲ့ တဲ့ အသိတရား၊ ခေါင်းပါးတဲ့ ဗဟုသုတနဲ့ ဉာဏ်မမီချင်ဘူး။ သူက ငါ့ကို ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေ ဖတ်ပါဦးလို့ ငါကို တိုက်တွန်းတယ်။

စကားပြောကြ၊ ဆိုကြရင်းနဲ့ ငါ့လွယ်အိတ်ထဲက မှတ်စုစာအုပ် တစ်အုပ်ကို သူတွေ့ သွားပြန်တယ်၊ စာညွန့်တွေ ရေး ချင်ရာ ရေး ထားတဲ့ စာအုပ်ပါ၊ ငါလဲ ထုံးစံအတိုင်း ရှက်ရှက်နဲ့ စာအုပ်ကို ပြန်လုတေ့ သူက ဖယ်စမ်းပါ၊ ကိုယ်ကိုများ လျှိုက်နေရသေးသလားလို့ ပိုင်စိုး ပိုင်နင်း လေသံနဲ့ ပြောတာ့ ရင်ထဲမှာ လှုပ်ရှားသွားမိတယ်။ ဒါ ငါ့အပြစ်လား၊ စာညွန့်လိုလို၊ ကာရန်မပါတဲ့ ကဗျာလိုလို ပုံစံတွေ နဲ့ ငါရေး ထားတဲ့ စာတွေ ကို သူကစိမ်ပြေ နပြေ ဖတ်ကြည့်သည်။

(၂၂)

အလင်းနှစ် ခု အင်အားပြုလို့

လောကလူ့ဘောင် စားပွဲပေါ်မှာ

ဖယောင်းတိုင် နှစ် တိုင်

လင်းလာတော့မယ် ထင်ပါရဲ့ ။

မဟောသဓာ အမရာဟာ

ရန်သူကို အားပြိုင်နိုင်တဲ့

အင်အားစု နှစ် စုပဲ။

သေနက ပဏ္ဍုသ၊ကာမိန္ဒ၊ ဒေ၀ိန္ဒဆိုတဲ့

ရန်သူတွေ ကို အဟန့်အတား ဖြစ်စေခဲ့သည်။

ဉာဏ်ကြီးရှင် နှစ် ယောက် ပေါင်းလာပြီလို့

ဖွင့်ဟ ၀န်ခံလာကြသည်။

လောကလူသား အကျိုးအတွက်

နှစ် တိုင်သော ဖယောင်းတိုင်

လင်းနိုင်စေဖို့

ရဲဘော်ရဲဘက်နှင့် ခရီးပြင်းကို

လက်တွဲ လို့ လျှောက်ချင်တယ်။

အမှော င်ကို ပယ်ခွင်းနိုင်တဲ့

ဖယောင်းတိုင် အလင်းနှစ် ခုဆိုတာ

စိတ်ကူးယဉ်တာ မဟုတ်ဘူး။

အနာဂတ်အတွက်

လက်သစ် မဟောသဓာဆိုတာ

မွေးဖွားလာခဲ့ပြီမို့

သူ့အတွက် ငါသာ

အမေရာ ဖြစ်ပါစေလို့

ဆန္ဒစောမိပါရဲ့ ။

အောင်က ကိုလတ် ဖတ်နေတာကို စောင့်ကြည့်ပြီး သည်စာမျက်နှာ ဆုံးတာနှင့် တစ်ပြိုက်နက် ကိုလတ် လက်ထဲမှ စာအုပ်ကို ပြန်လုယူရန် ကြိုးစားရင်း….

‘ကဲ…ကိုလတ်၊ ဒါလောက်ဖတ်ရရင် ကျေနပ်ရောပေါ့’

ကိုလတ်က အောင့်ရဲ့လက်ကို ဆွဲဖယ်ပစ်ရင်း…

‘တခြားစာတွေ လဲ ဖတ်ကြည့်ဦးမယ်လေ’

‘ဟင့်အင်း မဖတ်ရဘူး’

‘ဘာ ဖြစ်လို့လဲ အောင်ရဲ့ ’

‘မဖတ်စေချင်လို့ပေါ့’

‘ဘာလို့ မဖတ်စေချင်ရတာ လဲ့’

‘ရှက်လို့ပေါ့’

‘ဘာလို့ရှက်ရတာ လဲ’

အောင်ကနှုတ်က အဖြေမပေးဘဲ ခေါင်းကိုသာခါယမ်းနေသည်။

ကိုလတ်က အောင့်ကို စိုက်ကြည့်နေပြီး…

‘ကဲ…ဒါဖြင့် ဒီစာအုပ်ထဲက ဘယ်ဟာကို မဖတ်စေချင်တာလဲ ပြော’

‘အဲဒီ ဟာပြီး နောက်တစ်ခု’

သည်တော့ ကိုလတ်က ခပ်သဲ့သဲ့ ရယ်မောလျက်….

‘ကိုင်….ဒါဆိုရင် အဲဒီ နောက်တစ်ခုကို ဖတ်ပြီးအောင့်ကို ပြန်ပေးမယ်’

‘ကိုလတ် သိပ်ဆိုးတာပဲ၊ တကယ် မတရားဘူး၊ကျွန်တော် ကို သိပ်နိုင်တာပဲ၊ ပေး ပြန်ပေး’

စာအုပ်ကို ပြန်လုသော အောင်၏ လက်ကို ကိုလတ်သည် ဆွဲဖယ်ပစ်လိုက်ပြီး….

‘ဘာ ဖြစ်လဲ အောင်ရဲ့ ၊ ဖတ်လို့ ကောင်းပါတယ်’

‘ကိုလတ်… ကျွန်တော့် ကို အရှက်ရအောင် လုပ်တာပေါ့။ နည်းနည်း မှ ကျွန်တော့် ကို မညှာတော့ဘူးလား’

အောင်သည် ပြောရင်းဆိုရင် မျက်ရည်တွေ လည်လာလေသည်။

ကိုလတ်က အောင့်မျက်လုံးတွေ ကို တစ်အောင့်မျှ စိုက်ငေးနေသည်။

အောင် ၀မ်းနည်းထိခိုက်နေတာမြင်လျှင် ကိုလတ်အလျှော့ပေးလိုက်လိမ့်မည် ဟု အောင်သည် မျှော်လင့်မိသေးသည်။

ထင်သည်အတိုင်း ဖြစ်မလာ။

ကိုလတ်က စာအုပ်ကို ပြန်မပေးတော့။

‘ကိုယ်တို့မှာ တစ်ယောက် နဲ့ တစ်ယောက် လျှို့ဝှက်ချက်ဆိုတာ မရှိဘူး၊ အထူးသဖြင့် ကိုနဲ့ ကိုအောင်မှာ ပေါ့၊ အောင်နဲ့ ကိုယ်နဲ့ ဆက်ဆံရေး ကိုအတွင်းကျကျသိရရင် အောင်ဒီထင် ပိုအံ့သြလိမ့်မယ်၊ ဒါကြောင့် အောင်ရဲ့ လျှို့ဝှက်ချက်ကို လဲကိုယ်တူးဖော်ရတ ၀မ်းနည်းပါတယ်’

သူဖတ်နေတာ အောင်ရှက်ရင် စာအုပ်တစ်အုပ်ကို ယူဖတ်နေတဲ့။

သူအော်မဖတ်ပါဘူး၊ စိတ်ထဲက တိတ်တိတ်လေး ဖတ်မှာ ပါတဲ့။

ကိုလတ်၏ စရိုက်နှင့် ပတ်သတ်၍ ဗလတို့တစ်ခါက အကဲဖြတ်တာ မှန်တာပေါ့။

‘သူတို့ပုံတွေ ကြည်ပါလား၊ ဟိုလူက လူပုံက ချောချောပေမယ့် သွေးအေးအေးနဲ့ဘာမှ အလျှော့ပေးမှာ မဟုတ်ဘူး၊ ဒီလူ ကတော့ လူပုံစံ စံပဲ ၊ စိတ်နေစိတ်သဘေား ကတော့ကိုလတ်ကြီးထက် ပိုပျော့ပျောင်းတယ်၊ နင်တို့က သူ့ကိုသာ ကြောက်တာ၊ သူက နည်းနည်း မှ ကြောက်စရာ မကောင်းဘူး၊ ကိုလတ်နဲ့ကျတော့ သူကချည်းခံနေရတာ ၊ သူကချည်းအလျှော့ပေးတာ’ တဲ့လေ။

သည်တော့အောင်သည် မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ စိတ်မပါ့တပါနှင့် ဖတ်ရင်း မျက်ရည်တွေ ကျလာလေသည်။

အပြင်တွင် မိုးတွေ ဖြိုင်ဖြိုင်ရွာချနေသည်။

မိုးရေစက်တို့သည် မှန်ပြတင်းပေါက်ကို မှု န်သွားအောင် ပက်လိုက်ကြသည်။

ဝင်းလက်သော လျှပ်ရောင် သည် တံခါးကြားထဲမှ တိုးဝင်လာခဲ့လေသည်။

မိုးမှော င်ကြီးကျလာဖြင့် ကိုလတ်သည် မီးခလုတ်ထဖွင့်လေသည်။

မီးချောင်းအရောင် သည် တစ်ဖျပ်နှစ် ဖျပ် မျက်တောင်ခတ်ပြီးနောက် ပြာ၍ လင်းလာနေသည်။

ကိုလတ်သည် အောင့်ကို ဥပေက္ခာပြုလျက် အောင်ရေး ထားသော စာပုဒ်တွေ ကိုသာ တစ်ကြောင်းပြီးတစ်ကြောင်း စိတ်ဝင်စားစွာ ဖတ်နေသည်။

(၂၃)

ဝိညာဉ်အရိပ်

မထင်မှတ်ဘဲ

ဝိညာဉ်နှစ် ခုဟာ

တစ်သားတည်း ဖြစ်ခဲ့သည်။

ဝိညာဉ်နှစ် ခုဟာ တစ်ခုနဲ့တစ်ခု

တပေါင်းတည်း စုလာတဲ့အခါမှည

စာနာမှု တွေ နဲ့

တစ်ဦးကိုတစ်ဦး နားလည်လာတယ်။

လူ့ဘ၀ အတွက်

အကောင်းဆုံးရည်ရွယ်ချက် ရောက်အောင်

ဒီ ၀ိညာဉ်နှစ် ခုဟာ

တွန်းအားနဲ့ ပို့ပေးလိမ့်မယ်။

အပေါင်းအသင်းသာ ဖြစ်တဲ့ ၀ိညာဉ် နှစ် ခု ဖြစ်သည်။

ဖြူစင်တဲ့၊ ရိုးသားတဲ့၊ နိုးကြားတဲ့

တတ်ကြွတဲ့ ၀ိညာဉ်နှစ် ခုပါ။

အို သေသေချာချာ တွေးကြည့်တော့လည်း

ဝိညာဉ်နှစ် ခု မဟုတ်ပါလား

စကတည်းက ၀ိညာဉ်တစ်ခုတည်းပါပဲ။

မွေးဖွားလာကာ ဖြစတည်လာပြီး

ကျန်တာက အရိပ်

မူလ ၀ိညာဉ်ရဲ့ အရိပ်ပါ။

လက်စသတ်တော့

ကိုယ်ဟာ သူ့ဝိညာဉ်ရဲ့ အရိပ် ဖြစ်နေပါပကောလား။

‘နယုန်လပြည့်နေ့ည’

‘နယုန်လပြည့်နေ့ညတဲ့’

ကိုလတ်၏ ရင်ထဲတွင် တီးတိုးခွန်းဆင့် ရေရွတ်လိုက်မိ၏ ။ အောင့်ကို လှမ်းကြည့်ပြီး သူ့ရင်ထဲမှာ တုန်ယင်လှုပ်ရှား သွားသော စိတ်ကို ထိန်းကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။

ဇောက်ထိုးထောင်လျက် ကြည့်နေသော မဂ္ဂဇင်း ကိုအသာဆွဲယူလိုက်သည်။

အောင်သည် ရှိုက်သံတစ်ချက်နှင့် စာအုပ်ကို လက်ကမလွှတ်ဘဲ အတင်းဆုပ်ကိုင်လျက် စာအုပ်ကို မျက်နှာရှေ့တွင် ဇွတ်အတင်းကပ်ကာ ထောင်ထားလေသည်။

အောင်လက်တွေ မှာ တုန်နေကာ ကိုယ်မှာ လှုပ်နေသည်။

‘အောင်..အောင်လေး’

‘သြော်…အောင် အောင်လေး’

ကိုလတ်က ညည်းကား အောင့်နား တိုးထိုင်ကာ….

‘ဒီမှာ အောင် ၊ ဘာလို့ ဒါလောက် စိတ်ထိခိုက်နေရတာ လဲ၊ ဘာဝမ်းနည်းစရာရှိလို့လဲ အောင်ရယ်’

သည်တော့ အောင်သည် စာအုပ်နှင့် ကိုလတ်၏ လက်မောင်းကို ရိုက်ကာ…

‘ကိုလတ် မတရာဘူး၊ ကိုလတ် ကျွန်တော့် ကို အနိုင်ကျင့်တယ်၊ သက်သက်မဲ့ အနိုင်ကျင့်တယ်’

ကလေးပမာ ငိုလေသည်။ ကိုလတ်သည် ခပ်သဲ့သဲ့ရယ်လျက် အောင့်လက်ကို ဆုပ်ကိုင်လျက်….

‘မဟုတ်ပါဘူးအောင်ရဲ့ ’

‘ဘာ မဟုတ်ပါဘူးလဲ’

အောင်က ရန်ထောင်လေသည်။

‘ကိုယ် အောင့်ကို စကားတွေ အများ ကြီးပဲ ပြောချင်လို့ တမင်ဖတ်လိုက်တာ ၊ ကိုယ်အောင်ကို ချစ်နေတာကို အောင်နည်းနည်း မှ မရိပ်မိဘူးလား’

‘ဘယ်ရိပ်မိမလဲ ဒါလောက်လည်တာ’

အောင်က ကလေးလိုပြောရင်း မျက်ရည်တွေ ကျလာပြန်သည်။

‘သြော်…လက်စသတ်တော့ အောင်ဆိုတာ မျက်ရည်ထုတ်လုပ်တဲ့ စက်ပဲ’

‘သွား’

အောင်သည် ယောကျာ်းလေး တစ်ယောက် ပမာ ကိုလက်၏ လက်မောင်းကို လက်သီးနှင့် ထိုးလိုက်သည်။

ကိုလတ်သည် တသော သော ရယ်မောလျက် အောင့်လက်ကို လှမ်းဆွဲကာ အောင့်ကိုယ်ကို ဖက်လိုက်ပြီး အောင့်ပါးပြင်ကို နမ်းလိုက်သည်။

အောင်သည် ကိုလတ်ကို အသာတွန်းကာ ထိုင်နေရာမှ ကပျာကယာ မတ်တပ်ရပ်လိုက်လေသည်။

ကိုလတ်သည် အောင့်ကို အသာတကြည် လွှတ်လိုက်ကာ မျက်နှာကို တည်တည်ငြိမ်ငြိမ် လှမ်းမော့ကြည်လိုက်ပြီး…

‘အောင့်စိတ်ကိုတော့ ကိုယ်သိနေတာကြာပြီ’

အောင်သည် မတ်တပ်ရပ်လျက်က ငြိမ်နေကာ မျက်လုံးများ က ကြမ်းပြင်ကို စိုက်ငေးနေသည်။

ထို့နောက် သူ့ဘာသာသူ ကြားရုံ တီးတိုးလေသံနှင့် …

‘ဘယ်…ဘယ်တုန်းကလဲ’

စကားပြောရင် အသံကလည်း တုန်နေသဖြင့် အောင့်စကားတွေ သည် ဗလုံးဗထွေး ဖြစ်သွားသဖြင့် ကိုလတ်သည် နားအာရုံကို အတော် စိုက်ကာ နားထောင်ရလေသည်။

‘နယုန်လပြည့်နေ့ည မတိုင်ခင် သုံးလေးလ လောက်ကတည်းက ဆိုပါစို့ အောင်ရယ်’

အောင်က ဘာမှပြန်မပြော၊ ကျောက်ရုပ်လေး တစ်ရုပ်လို ငြိမ်သက်လျက် ရပ်နေသည်။

ကိုယ် လက် ခြေ နည်းနည်း မှ လှုပ်ရှားခြင်းမရှိ၊ အသက်တောင်မှ ရှူပါလေစဟု အောက်မေ့ရသည်။

(၂၄)

ကိုလတ်က အောင့်ကို ငေးကြည့်နေရာမှ ပြုံးလျှက်..

‘အောင်ဆိုတာ သူ့မျက်လုံးတွေ က သူ့ရဲ့ အတွင်းစိတ်ကို ဖုံးကွယ်ထားနိုင်တဲ့ မိန်းကလေးမှ မဟုတ်တာ၊ ကိုယ်သိနိုင်တာပေါ့’။

‘တစ်ခုပါပဲ၊ ကိုယ်မေးချင်တယ်၊ ဘယ်တုန်းက ဒီသဘောထားမျိုး ဖြစ်ခဲ့သလဲဆိုတာတော့ သေသေချာချာ သီချင်းတယ်၊ အဲဒါ ဖြေနိုင်မှာ ပါနော်’

ကိုလတ်သည် တပည့်လေး တစ်ယောက် ကို မေးသလို မေးလိုက်သည်။

‘ချစ်’ ဆိုသော အနေခက်စေမည့်  စကားလုံး တစ်လုံးမှ မပါသဖြင့် ကိုလတ်ကို ကျေးဇူးတင်ရသေးသည်။

ကိုလတ်က သိပ်ပါးတာ တစ်ဖက်လူ စိတ်သက်သာအောင် နေတတ် ပြောတတ်တယ်၊ စိတ်ထဲတွေးရင်း…

‘ဦးချစ်ဆိုင်မှာ စပြီး စားကြတဲ့နေ့က’

‘အဲဒီ တည်းကလား’

ကိုလတ်က ထပ်တလဲလဲ ကြားချင်လို့ လား ၊ စကားစရှာလေသလော မသိ၊ ထပ်ဆင့်မေးလိုက်လေသည်။

အောင်ကနှုတ်မှ မဖြေ ၊ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ရင်း နားရွက်နဲ့ မျက်နှာတွေ မှာ နီမြန်းနေသည်။

‘သေချာလို့လား’

‘သေချာတာပေါ့’

ကိုလတ်၏ မျက်နှာက တည်နေတော့ နောက်လိုက်လိမ့်မည် မထင်။

လွှတ်ခနဲဖြေပြီးမှ ကိုလတ်က သူ့ထုံးစံအတိုင်း အောင့်ကို အငိုက်ဖမ်းကာ နောက်လိုက်မှန်း အဖြေပေးပြီးမှ ပြန်စဉ်းစားမိသည်။

‘ကိုလတ်’ ဟု လှမ်းအော်ကာ ရှက်ရှက်နှင့် ရယ်မောရင်း ကုလားထိုင်ပေါ် အမှု မဲ့ထိုင်ချလိုက်ရာ အယောင်ယောင်အမှားများ နှင့် ကုလားထိုင်ပေါ် မထိုင်မိဘဲ ကြမ်းပြင်ပေါ်သို့ နေရာလွဲ ထိုင်မိလျက် လိမ့်ကျသွားလေသည်။

ကိုလတ်သည် အောင့်ကို ကမန်းကတန်း ဆွဲထူပြီး ရယ်မောလျက် လှမ်းဖက်လိုက်သည်။

အောင်သည် ကိုလတ်၏ ကျောပြင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး……

‘ကိုလတ် တော် တော် ဆိုးပါလား’

ကိုလတ်သည် တသော သော နှင့် ရယ်မောနေမိပြီး အောင့်ကို ဒုတိယအကြိမ် နမ်းလိုက်ပြန်သည်။

သည်နောက် ကိုလတ်သည် အောင့်ကို ပြန်လွှတ်ကာ နှစ် ယောက် သား ဣန္ဒြိရရပင် ထိုင်ကြကာ စကားတွေ ပြောနြေ ကတော့သည်။

ကိုလတ်သည် ရယ်နေရာမှ သူ့မျက်လုံးတွေ သည် အတွေးနှင့် ငေးသွားတာ သူ့အကျင့်လိုပင် ဖြစ်နေတော့သည်။

ပြီးတော့ ကိုလတ်နှင့် အောင်တို့မှာ သမီးရည်းစား ဖြစ်လာကြသည်ဘ၀တွင် ထိုနေရာသည် နေရာလည်းမသွားကြ။

မြင်တွေ့ နေကျ ‘အတွဲ ’ ပုံစံတွေ လိုလည်း မနေမိအောင်ဆင်ခြင်သည်။

ချစ်သူမ ဖြစ်ခင်တုန်းက တတွဲ တွဲ တွဲ နေခဲ့သော ကိုလတ်နှင့် အောင်တို့သည် သမီးရည်းစားဘ၀ရောက်တော့ လွတ်လွတ်လပ်လပ်တွဲ ရုံပင်။

အောင်ဆိုတာက ဘယ်သူ့ကိုမှ ဂရုမစိုက်တာ။

သို့သော်လည်း သူတို့နှစ် ယောက် စလုံးကို သမီးရည်းစားလို့ ဘယ်သူမှ မထင်ရအောင် ဣန္ဒြိရရ နေလာကြသည်။

အလျင်တုန်းက ချောစုတို့၊ အောင်တို့ စိတ်ကူးယဉ်ခဲ့ကြတဲ့ စံပြစုံတွဲ ပုံစံမျိုးပဲ။

ရုပ်ရှင်ကြည်လျှင်ပင် ကိုလတ်သည် ချောစုနှင့် ဆန်းဆန်းမြင့်ပါ ခေါ်ပြတတ်ပြီး သူ ကတော့ အမြဲလိုပင် ကိုအောင့်ကို ခေါ်လာတတ်သည်။

ကိုအောင်နှင့် သူကလည်း ခွဲလို့က သိပ်မရတတ်ဘူးတဲ့။

ရုပ်ရှင်ကြည်လျှင် သူတို့နှစ် ယောက် က အမြဲပင် တွဲ ကြည့်နေကျ။

ချောစုတို့က ကွယ်ရာတွင် …..

‘မိန်းမလဲ နှစ် ယောက် တွဲ ယူလိုက်ကြပေါ့’

ဟု အောင့်ကို နောက်ပြောင်နေကြသေးသည်။

စုစုပြီး ရုပ်ရှင်ကြည်ကြပြန်တော့လည်း ရုပ်ရှင်ရုံထဲကျအောင်က တစ်ခါတလေ ကိုအောင်နှင့် တွဲ လျက် ထိုင်မိလျှင် ထိုင်မိတတ်ပြီး ကိုလတ်က ချောစုကို ဖြစ်စေ၊ ဆန်းဆန်းမြင့်ကို ဖြစ်စေ တွဲ မိလျှင် တွဲ မိသွားသည်။

အောင် အယူအဆအရတော့ ရုပ်ရှင်ရုံထဲဝင်ပြီး ရုပ်ရှင်လာကြည့်တာ ရုံထဲနမ်းနေကြဖို့လား၊ လက်ပွန်းတတီး နေကြဖို့လား၊ အဲလိုမထိန်းသိမ်းနိုင်ရင် နေရာရှာကြပြီး တစ်နေရာရာမှာ သွားနေပေါ့။

နောက် အချစ်ဆိုတာ အသားထဲ အသွေးထဲက လာနေတာလား။

သည်ရည်ရွယ်ချက်မျိုး တစ်ခုတည်းနဲ့ တွဲ နေရင် လမ်းပေါ်မှာ ပျော်ပါးနေကြတဲ့ ခွေးသတ္တ၀ါတွေ နဲ့ဘာထူး သေသလဲ။

အသားချင်းထိနေမှ ကျေနပ်နိုင်မယ်ဆိုရင် အောင့်အဖို ဘယ်ယောကျာ်းမဆို တွဲ လိုရတာ ပဲ၊ ကိုလတ်ကလည်း ဘယ်မိန်းမ မဆို တွဲ လို့ရတာ ပေါ့။

တစ်ခါတုန်း ကတော့ ကိုလတ်နဲ့ နှစ် ယောက် တည်းတွဲ ပြီး ရုပ်ရှင်ကြည်ဖူးသေးတယ်။

ချစ်သူတွေ ဖြစ်ပြီးကာစပေါ့။

ရုံထဲ နှစ် နာရီခွဲအချိန် တစ်ချိန်လုံး နီးနီးကပ်ကပ် ထိုင်နေကြတာပဲ။

ကိုလတ်ကလည်း အောင့်ကို ရှက်တတ်သူမို့ တကယ့် မောင်နှမရင်း နှစ် ယောက် ထိုင်ကြည့်နေသလို ကြည့်ခွင်ရခဲ့ တယ်။

ရင်ထဲမှာ သိပ်ကြည်နူးတာပဲ။

ကိုလတ်ကို လေးစားတယ်၊ ကျေးဇူးလည်းတင်တယ်။

ပြီးတော့ ပိုလည်း ချစ်လာတယ်။

(၂၅)

အောင်သည် နေ့စဉ်မှတ်တမ်းတွင် ရေး စရာတွေ များ လာသော အခါ သူ့ဒိုင်ယာရီစာအုပ်တွင် နေ့စွဲ စာမျက်နှာတွေ အတိုင်း မရေး တော့ဘဲ မှတ်တမ်းရှည်ကြီးပမာ တောက်လျှောက် ရေး လာခဲ့လေသည်။

ကျောင်းတွင် ခဏခဏပိတ်လိုက် ဖွင့်လိုက် ဖြစ် ဖြစ်နေလို့ အိမ်ကို မပြန်တော့ဘူး။ ဘကြီးနေတဲ့ ထောက်ကြန့်က အိမ်မှာ ပဲ ပြန်နေတော့တယ်။ ခုတလော ကိုလတ်ရော ကိုအောင်ရော ၊သိပ်အလုပ်များ နေတာ ကြောင့် မို့လို မတွေ့ ရတာ တောင် တော် တော် ကြာနေပြီ။ စာတော့ အဆက်အသွယ်ရှိတယ်၊ ကိုလတ်ကသိပ်စေ့စပ်တာပဲ။ သူ့စာတွေ ကို နံပါတ်တပ်တပ်ပြီး ရေး တတ်တယ်။ ဖိုင်တွဲ ရတာ လွယ်တယ်။စာတစ်စောင် တစ်စောင်ကို Writing Pad မှာ သူ့လက်ရေး သေးသေးစိပ်စိပ်လေးတွေ နဲ့ စာမျက်နှာ နှစ်ဆယ်အစိတ်လောက်ရှိတယ်၊ ငါ့ဆီကို သူရေး တဲ့ စာတွေ ကို ဘယ်သူမဆို ဖတ်လို့ရတယ်။နိုင်ငံရေး ၊လူမှု ရေး ၊ အိမ်ထောင်ရေး ၊ ဒဿနိကတွေ့ နဲ့ တကယ့် ဆောင်းပါး ရှည်ကြီးတွေ ဖတ်ရသလိုပဲ၊ ဒါပေမယ့် ကိုလတ်က စကားပြောကောင်းသလို့ စရေး ကောင်းလို့လားမသိဘူး၊ သူ့စာတွေ ဖတ်ရတာ မငြီးငွေ့ပါဘူး။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ချောစု ကတော့ ‘ဒါ ရည်းစားစာလား’ လို့နောက်နေတယ်။

လမ်းတွေ အားလုံးဟာ ရောမမြို့ဘက်ကို ညွန်နေကြတယ်။ နောက်ဆုံး အဆုံးသတ် နိဂုံးမှာ ကာသေ့ (ဂျီ) (Carthage) ကတော့ မလွှဲသာမရှောင်သာ ဖျက်ဆီးပစ်ရမှာ ပဲဆိုတာ လီနင်ရဲ့ စာတမ်းတစ်စောင်ထဲက ထုတ်ပြီးရေး ထားတာတွေ လည်း စာထဲ ထည့်ရေး ထားတယ်။All road led to Rome. It should lead to the corclusion that Carthage must be destroyed တဲ့။

ကျား-မ ပြဿနာရေး ရာတွေ မှာ နစ်မြုပ်နေတတ်တဲ့ လူစားမျိုးတွေ ကို ကျွန်တော် စိတ်မချဘူးလို့လီနင်ပြောဖူးသတဲ့။ ကိုလတ်စာကိုဖတ်ရတဲ့ ကိုအောင်တောင် မူလ အင်္ဂလိပ်ဘာသာနဲ့ ရေး ထားတဲ့ I mistrust those Who are always absorbed in the sex problems လို့ပြောပြလို့မှတ်မှတ်ရရ မှတ်သားခဲ့သည်။သူတို့နှစ် ယောက် ဟာ တကယ် အမြွာပူး ညီအစ်ကိုလိုပဲ တစ်ယောက် သိတာကို တစ်ယောက် သိနေတတ်လို့ အံ့သြနေမိတယ်။ စာတစ်အုပ်ကို ဖတ်ရုံပင်မကဘူး၊ နှစ် ယောက် သား ကျေညက်အောင် အမြဲဆွေးနွေး နေပုံရကြတယ်။ တစ်ညနေက ကိုလတ်တစ်ယောက ပင်ပန်းပြီး ပန်းဖျား ဖျားနေလို့ ကိုအောင် တစ်ယောက် တည်း အိမ်ကိုလာလည်တယ်။ သူနဲ့အတူ ကိုလတ်ရဲ့ စာပါ ပါလာခဲ့သည်။ ကိုလတ်ရဲ့ စာကို ကိုအော်ရှေ့မှာ ပဲ ဖတ်ခဲ့သည်။

အမျိုးသမီးတွေ့ ရဲ့ အိမ်မှု ဘ၀ဟာ ဘာမှမဟုတ်တဲ့ ထောင်သော င်းများ စွာ အသေးအဖွဲ့လေးတွေ နဲ့ အချိန်ကုန်နေပြီး မိန်းမတွေ ရဲ့ နေ့စဉ်ဘ၀တာ အနစ်နာခံနေရတာ တွေ လီနင်ရဲ့ ON THE EMANCIPA-TION OF WOMAN ထဲက ကိုလတ်က ကောက်နုတ် ရေး ပေးပြီး ငါ့ကိုအစားအသောက်ကို ကျန်းမာရေး အတွက် သင့်တင့်ရုံချက်စားပြီး အဆောင်မှာ ဖြစ် ဖြစ်၊ အိမ်မှာ ဖြစ် ဖြစ် အချိန်တွေ အလဟဿဖြုန်းမပစ်ဖို့၊ စာများများ ဖတ်ဖို့၊ အသေးအဖွဲ့တွေ မှာ အချိန်ကုန်မယ်အစား အရေး ကြီးတဲ့ ကိစ္စတွေ ကို တွင် တွင် ကျယ်ကျယ် လုပ်နိုင်ဖို့ရယ်၊ ကိုယ့်ကိုယ်ပိုင်အချိန်မှာ တော့ ကိုယ်စိတ်သက်သာရာ ရကြောင်းအနားယူပြီး စိတ်တူတဲ့အပေါင်းအသင်းတွေ နဲ့ ရယ်စရာမောစရာတွေ ပြောတာတွေ ဟာလည်း ဦးနှောက်ဆေးခြင်း တစ်မျိုးပါပဲတဲ့။ သူလည်း စိတ်ညစ်တဲ့အခါ ၊ခေါင်းရူပ်လာတဲ့အခါမှာ သူငယ်ချင်းတွေ ထဲမှာ ရောနေလိုက်တာပဲတဲ့။အဲဒီ ညနေ့က ကိုအောင်နဲ့ခြံထဲကခုံတန်းလျားပေါ်မှာ ထိုင်ပြီး စကားပြောနေတာ အတော် ကြာတယ်။ ဘကြီးက လမ်းလျှောက်ထွက်နေတော့ အိမ်မှာ ခြံအလုပ်လုပ်နေတဲ့ ဆုကူသီးဆိုတဲ့ ကုလားကြီးကလွဲလို့ ဘယ်သူမှ မရှိဘူး။ ပြောနေမိတာက ကိုလတ်အကြောင်းတွေ အတော် များများ ပါတယ်။

ကိုလတ်ကွယ်ရာမှာ ၊ ကိုလတ်နား ရောက်အောင် သတင်းတွေ ပို့ပေးမယ် လူတွေ ရှေ့မှာ အတင်းပြောရတာ ဘယ်လိုမြိန်မှန်မသိဘူး။ ကိုလတ်က ရူတည်တည်ကြီးနေပြီး ရယ်စရာပြောတတ်တဲ့အကြောင်း၊ ငါ့ကိုခဏ ခဏငိုအောင်စ တတ်တဲ့အကြောင်း၊ လေချိုတသွေးသွေးနဲ့ ဘယ်သူ့အပေါ်မှာ မဆို အနိုင်ယူတတ်တဲ့ အကြောင်း ငါလည်း တဖွဖွနဲ့ ပြောလိုက်တာ ခုမှပဲ သတိထားမိတယ်။ ကိုလတ်အကြောင်းချည်းပဲ။

ခါတိုင်းဆိုလျှင် ကိုအောင်င သူ့သူငယ်ချင်းအကြောင်းပြောရင်း မျက်လုံးတွေ က အရောင် တောက်လာပြီး သူ့သူငယ်ခ်ျးကို နောက်ချင် ပြောင်ချင်သလို မျက်နှာနဲ့ ပြုံးချင်ပြုံးလာတတ်တယ်။ အများ အားဖြင့် ကြင်နာရိပ်သန်းတဲ့ စကားတွေ နဲ့ အထင်ကြီး လေးစားတဲ့အပြုအမှု တွေ နဲ့ ကိုလတ်ကို ကာကွယ်နေတတ်တယ်။ ဒီနေညနေ ကတော့ ကိုအောင့်မျက်နှာကတွေ ဟာ ညှိုးနေတယ်။

သူ့မျက်လုံး အရောင် တွေ ကလဲ မှိန်နေသည်။ ခါတိုင်း အင်မတန် ဖျတ်လတ်တဲ့ အမှု အရာကလည်း လေးနေပြီး ငိုင်တိငိုင်တိုင်နဲ့၊ခုံတန်းလျားရှေ့က ခပ်အုပ်အုပ် ယုဇနပန်းရုံကြီးကို ငေးစိုက်နေတယ်။ ဒီပန်းရုံးကြီးဟာ ပွင့်တဲ့ရာသီဆိုရင် ဖွေးဖွေးလှုပ်ပြီး မွှေးကြိုင်နေတာပဲ။ ကိုလတ်က အဲဒီ ပန်းနံ့ သိပ်ကြိုက်တာ။ ကျွန်တော် က အနံ့ပြင်းလို့ သူ့ကို စံပယ်တို့၊ ဇွန်ပန်းတို့လောက် မကြိုက်ဘူး။ ကိုလတ် နမ်းကြည့်ချင်တယ်ဆိုလို့ ကျွန်တော် ခေါင်းက ပန်းတောင်ဖြုတ်ပေးရသေးတယ်လို့ ငါက စကားစပ်တာနဲ့ အသေးစိတ် ပြန်ပြောပြတော့ ကိုအောင်က ပြုံးရုံသာ ပြုံးပြတယ်။ သူ့အပြုံးက လုံးလုံး အသက်မပါဘူး။ငါသိတာပေါ့။

နေရောင် ဟာ ပန်းချုံနွယ်တွေ က တဖြည်းဖြည်းဆုတ်ခွာစပြုလာတော့ မိုးချုပ်တော့မယ်။ ငါပြန်မှပဲလို့ ကိုအောင်က ဗြုန်းဆို စကားအစ မသတ်သေးခင် ထလိုက်သည်။ ခုံတန်းရဲ့ နောက်ဘက်မှာ တော့ ခွာဖြူတွေ ပွင့်နေလို့ သူ့အနံက ပတ်ဝန်ကျင်း တစ်ခုလုံး သင်းသင်းလေးမွှေးနေတယ်။ခြံစည်းရိုးမှာ ကပ်ပေါက်နေတဲ့ ဇီဇ၀ါကန်းပင်တွေ က ပန်းတွေ က လည်းမွှေးနေတာပဲ။ ဌက်တွေ တစ်အုပ်ပြီးတစ်အုပ် ငါတို့ခေါင်းပေါ်က ပျံသွားကြသည်။သူတို့ဟာ လယ်ကွင်းတွေ ၊ စိုက်ခင်းတွေ က ဖြတ်ပျံလာကြပြီး ငါတို့ အိမ်နောက်ဘက်က ၀ါးရုံတောတန်းဘက်ကို အိပ်တန်း တတ်ကြတာပဲ။ ကိုအောင့်ကို ခြံဝအထိ လိုက်ပို့တော့လည်း တစ်ချိန်လုံး ကိုအောင်ဟာ အတွေးတွေ နဲ့ နှုတ်ဆိတ်နေတယ်။ တံခါးဝရောက်တော့ ကိုအောင် ဘာ ဖြစ်နေတာလဲလို့ ငါမေးတယ်။ ကိုအောင်က ပြုံးရင်း ခေါင်းသာခါနေတယ်။ သူ့မျက်လုံးတွေ မှာ မျက်ရည်တွေ ဟာ လည်နေတာပဲ။ တစ်ခုခုတော့ ဖြစ်နေပါပြီ ကိုအောင်ရယ်၊ ကျွန်တော့် ကိုအမှန်အတိုင်း ပြောပါဆိုတော့ သူ့ဘယ်လက်မှာ ပတ်ထားတဲ့နာရီကို လက်ညှိုးထိုးပြပြီး ကိုလတ်ရဲ့ နာရီ ယူထားမလားလို့ မေးတယ်။

ဒီတော့မှ အခြေအနေကို ငါသတိရတယ်။ငါ့ရင်ထဲမှာ တုန်လှုပ်သွားတယ်။ အသက်ရှူဖို့လည်း မေ့သွားပြီး ရုတ်တရက်ဆိုတော့ ခေါင်းထဲ မူးနောက်နောက်ကြီး ဖြစ်သွားတယ်။ ကိုအောင့်လက်ပေါ်က ဆွစ်ဇာလန်လုပ် ‘ဖေဗာလူဝါ’ အမျိုးအစား ဖြစ်တဲ့ ကိုလတ်ရဲ့ လေးထောင့်မှန်နဲ့ လက်ပတ်နာရီကို အကြာကြီးကြောင် ငေးကြည့်နေမိသည်။ ကိုအောင်က ‘ဒီနာရီက သူငါ့ကို ပေးသွားတာ၊ သူ့အိမ်ကို ပေးဖို့ မလိုဘူး၊

သူ့ကို ပြန်မပေးခင် သိမ်းထားဖို့၊ နင်အမှတ်တရ သိမ်းထားချင်လဲ သိမ်းထား၊ ဒီတော့ငါက အသံကိုထိန်းပြီး ‘ဟင့်အင်း….ကိုအောင်၊ ကိုအောင်ပဲ သိမ်းထားပါ၊ ကိုအောင်တို့နှစ် ယောက် အမြဲတွဲ နေကျတာ၊ သူ့ကိုယ်စားပေါ့၊ ပြီးတော့ကိုအောင်လဲ ဒါကို အမြတ်တနိုး….’ စကားဆက်ပြောလို့ မရတော့ဘူး။ ငါငိုလိုက်တယ်။ ‘အမြတ်တနိုး သိမ်းထားချင်မှာ ပေါ့’ ဆိုတဲ့စကားမှာ သိမ်းချင်မှာ ပေါ့ ဆိုတဲ့စကားကို ဆက်ပြောလို့ကို မရတော့ဘူး။ ကိုအောင်ကလည်း ငါကို ဘာပြောရမှန်းမသိသလို ငေးကြည့်နေတယ်။ငါလည်း ခြံဝတံခါးတိုင်ကို မှီရပ်လိုက်ပြီး ကိုလတ်ကို ကျွန်တော် သိပ်နှမြောတာပေါ့’ လို့ပြောပြီး ငိုလိုက်တော့ ကိုအောင်က ‘စိတ်ဆင်းရဲမနေပါနဲ့ဟာ’၊ ဘယ် အခြေအနေမျိုးပဲ ရောက်ရောက် စိတ်အားမငယ်နဲ့၊ ဘာကိုမှလဲတွေးပူမနေနဲ့ နောကက် ကိုအောင်က စကားတွေ ဆက်ပြောသေးတယ်။ ငါ့ကို အားပေးရင်နဲ့ သူ့ကိုယ်သူလည်း စိတ်သက်သာအောင် လုပ်တာ ဖြစ်မှာ ပါပဲ။

သူလှည့်ပြန်သွားတော့သူ့ခေါင်းကအောက်ကိုစိုက်နေတယ်။ ထုံးစံအတိုင်း ရှည်သွယ်တဲ့ သူ့ကိုယ်နဲ့အတူ သူ့လွယ်အိတ်ကလည်း ခြေလှမ်းတိုင်း လှုပ်ယိမ်းနေတဲ့ မြင်ကွင်းဟာ ငါ မြင်နေကျပေမယ့် ငေးကြည့်နေမိတယ်။ အားယူ လွှဲသွားတဲ့သူ့ဘယ်လက်မှာ နေရောင် အကြွင်းအကျန် အစအနတွေ ကို ဖေဗာလူဝါ အမျိုးအစား နာရီလေးဟာ တောက်ပနေသည်။ အစက အကြောတွေ စိမ်းနေတဲ့ လက်ဖြူဖြူပေါ်မှာ နေနေက နာရီလေးဟာ ညိုစိမ့်စိမ့်အသား ၊ မွေးညင်းရှည်တွေ နဲ့ လက်ပေါ် ပြောင်းနေရလို့ သူသာ အသက်ရှိရင် သူစွဲမြဲ ချစ်မြတ်နိုးတဲ့ အရှင်သခင်ဟာ သူ့ကို အချိန်တိုတို ဖြစ်စေ၊ အချိန်ရှည်ရှည် ဖြစ်စေ၊ ရာသက်ပန့် ဖြစ်စေ ခွဲသွားပြီဆိုတာ သိရမှာ ပဲ။ ဒီအခါမယ် သူလည်း ငါ့လို ငိုနေမှာ ပဲ။

(၂၆)

စောင်းလျားပင်ကို ပန်းနုရောင် တွေ ဖုံးလွှမ်းလာတဲ့အခါ အဆောင်တွေ မှာ စည်စည်ကားကား ဖြစ်လာပြန်သည်။

ရေသံတွေ အိုးခွက်ပန်းကန်းဆေးသံတွေ ၊ အ၀တ်လျှော်သံတွေ ၊ သီချင်းသံတွေ တစ်ယောက် ကို တစ်ယောက် နောက်ပြောင် ကျီစယ်သံတွေ ၊ တိုးတိုးတိတ်တိတ် ကျိတ်ရယ်သံတွေ ၊ ဟားတိုက် ရယ်မောသံတွေ သည် ဝေစည်နေပြန်သည်။

ပန်းနုရောင် ဖုံးလွှမ်းနေသော သစ်ပင်လေးကို အောင်က အင်္ဂလိပ်လို The Tree With Pink Leaves(ပန်းနုရောင် အရွက်များ နှင့် သစ်ပင်)လို့ နာမည် ပေးလေသည်။သည်တုန်းက ထိုရုပ်ရှင်ကားတောင် ရန်ကုန်ရုပ်ရှင်ရုံများ သို့ ပင်မရောက်သေး။

သိပ်စိတ်ကူးယဉ်တဲ့ကောင်မလေးဟု ကိုလတ်တို့ ၊ ကိုအောင်တို့က ဆိုပေဦးတော့မည် ။

တကယ့် မျက်မှော က်လောကမှာ ဘယ်သစ်ပင်ကများ အရွက်ပန်းရောင် တွေ ဝေမှာ တဲ့လဲ။

မြန်မာပြည်မှာ သပြေပင်တောင် အနီရောင် အညွန့် တတ်လာတာနဲ့ ပန်း ဖြစ်လာရတာ ပဲ။

ပန်းနုရောင် သစ်ရွက်တွေ နဲ့ သစ်ပင်ဟာ အပြင်မှာ ဘယ်နည်းနဲ့မှ မရှိနိုင်ပါဘူး။

အောင် အပြင်ကပြန်လာတော့ စောင်းလျားပင်အောက်တွင် ရှည်သွယ်သွယ်အရပ်နှင့် ရှပ်အင်္ကျီလက်ခေါက်ထားတဲ့ လူကို ဖေဗာလူဝါနာရီပတ်လျက် တွေ့ ရသည်။

ညိုစိမ့်စိမ့်အသားနှင့် မွေးညင်းရှည်ရှည်လက်တွေ မြင်ရတော့ မျက်နှာလှမ်းမကြည်ဘဲ ကိုလတ်မဟုတ်မှန်း သိလျက်သားနှင့် အောင်ကသူ့အနား ခပ်သုတ်သုတ်လျှောက်သွားပြီး….

‘ကိုလတ် ရောက်နေတာ ကြာပြီးလား’

အယောင်ယောင်အမှားမှားနှင့် ကိုလတ်နာမည် ကို မှားခေါ်မိသည်။

ကိုအောင်ရယ်တော့မှ ရှက်ရှက်နှင့် လိုက်ရယ်ပြီးမျက်စောင်း တစ်ချက်ဝေ့လိုက်ပြီး……

‘ဒါ ရယ်စရာမဟုတ်ပါဘူး’

ခပ်တည်တည်ပြန်ပြောတော့ ကိုအောင်က အရယ်အမောမပျက်။

‘နင် မနက်တိုင်း ဘယ်သွားနေတာလဲဟာ၊ ငါ နင့်ဆီလာတာ မမစံတို့ မပြောဘူးလား’

‘ပြောသားပဲ၊ နောက်ရက်တွေ ဆက်လာမယ်ဆိုတာ ကိုအောင်က ချိန်းမထားဘဲနဲ့ ’

‘အေးဟာ၊ငါလဲ အစီအစဉ်မရှိတာနဲ့၊ ငါ မော်လမြိုင်က ပြန်ရောက်လာတော့ နင်အကြောင်းတွေ ကို မမစံက တိုင်လိုက်တယ်၊ နင် ဘယ်တွေ လျှောက်သွားနေတာလဲ၊ ဘာတွေ လျှောက်လုပ်နေတာလဲ၊ ကိုယ့်စိတ်ကို ကိုယ်မထိန်းတော့ဘူးလား၊ ပြောတော့ ကြီးကြီးကျယ်ကျယ် ၊ လုပ်တော့တခြား’

ကိုအောင်က ရုတ်ခြည်းမျက်နှာတည်သွားကာ အောင့်ကိုမာန်သလိုပြောလိုက်လေသည်။ အောင်က ကိုအောင့်အား လှမ်းကြည့်ပြီး

‘မဆူပါနဲ့ ကိုအောင်ရာ ကျွန်တော့် ကို ၊ ကျွန်တော် စိတ်ညစ်လွန်းလို့ ရှိရတဲ့ကြားထဲ’

‘စိတ်ညစ်ရင် စာဖတ်ပေါ့’

‘တစ်ခါတလေ စိတ်ညစ်ရင် စာဖတ်လို့မရဘူး ကိုအောင်ရ၊ ကျွန်တော် လမ်းလျှောက်ချင်နေတယ်’

‘ကဲလာ ၊ ဒါလောက်တောင် လျှောက်သွားချင်ရင် နင့်ကို ငါခေါ်သွားမယ်’

‘ဘယ်ခေါ်သွားမှာ လဲ’

‘ဘယ် ဖြစ် ဖြစ်ပေါ့၊လိုက်သာ လိုက်ခဲ့၊ ငါသွားတဲ့ နေရာတိုင်း နင်လိုက်ရမယ်၊ ငါခေါ်မယ်၊ နင်စားချင်တာ ကျွေးမယ်၊ ကိုလတ်အကြောင်းကို နင်ပြောရင် ထိုင်ပြောစမ်း၊ နင်ပြောချင်သလောက်ပြော၊ လူသူလေးပါးမရှိရင် ငိုချင်သလောက်ငို၊ နင်သွားချင်တဲ့ နေရာလဲသွား၊ ငါ လိုက်ခဲ့မယ်၊ ဒီနေ့က စပြီး နင် တစ်ယောက် တည်း ဘယ်မှ မသွားရဘူး’

‘ကျွန်တော့် ကို ကိုအောင်က ချုပ်ချယ်တာပေါ့၊ ကျွန်တော် သွားချင်တဲ့နေရာတွေ လျှောက်သွားတော့ ကိုအောင် လိုက်နိုင်မှာ မို့လား’

‘လိုက်မယ်၊ နင်အ၀တ်အစားသာသွားလဲ၊ ရေချိုးချင်လဲချိုးဦး ၊ ငါ စောင့်နေမယ်၊ ငါသွားစရာရှိတဲ့ တစ်နေရာ နှစ် နေရာတော့ နင်လိုက်ခဲ့ရမယ်၊ ပြီးတော့ နင်သွားချင်တဲ့နေရာသွား’

‘တကယ်လား’

‘သြော်….ခက်လိုက်တာ အောင်ရာ၊ ကဲ….သွား….သွား’

‘သွားမယ်လေ၊ ကျွန်တော် အ၀တ်အစားလဲပြီးသား၊ ရေလဲမနက်အစောကြီးချိုးပြီးသား’

ကိုအောင်သည် အောင့်မျက်နှာကို ကြည့်ကာ ရယ်လိုက်သည်။

အောင်က ခဏနေဦးဆိုကာ မမစံ၏ အခန်းသို့ ပြေးကာသော့ အပ်ခဲ့လေသည်။

‘မိချောစုကြီး ပြန်လာရင် သော့ မရှိလို့ ဆဲနေဦးမယ်’

ပြောလိုက်သည်။

ထွက်လာလာချင်း သုံးဘီးကို ကိုအောင်က ဖမ်းတာလိုက်သည်။

နှစ် ယောက် စလုံး သုံးဘီးပေါ်သို့ ရောက်ကြသော အခါ အောင်က….

‘ကျွန်တော် ဘိုက်ကျနေလို့ သုံးဘီးမစီးတာ တော် တော် ကြာနေပြီ၊ ဘတ်စ်ကားတစ်လှည့်၊ ခြေကျင်တစ်လှည့်ပဲ၊ တစ်နေ့တစ်နေ့မယ် ကျွန်တော် လမ်းလျှောက်တဲ့ မိုင်တွေ တွက်ရင် မနည်းဘူး’

‘နင်လမ်းလျှောက်တဲ့ မိုင်တွေ ဟာ အလေ့အကျင့်ရအောင် အကြမ်းခံနိုင်အောင် လျှောက်တာဆိုမမှားပါဘူး၊ အလဟဿ အချိန်တွေ ဖြုန်းပစ်တာမျိုး ဆိုရင်တော့ နှမြောစရာကြီးပဲအောင်၊ နင်ဟာ စိတ်ဓာတ်ခိုင်မာမလိုလိုနဲ့ နင့်စိတ်တွေ ဟာနုလွန်းတယ်၊ စိတ်ပျော့လွန်းတယ်၊ နင့်စိတ်ကို နင်ပြင်မှ ဖြစ်မယ်၊ ငါပြောတ နားထောင်ပါ’

‘ကျွန်တော် မငြင်းပါဘူး၊ ကိုလတ်လဲ တစ်ခါပြောဖူးတယ်၊ ကျွန်တော့်  ကိုယ် ကျွန်တော် သိတယ် ကိုအောင်ရယ် ၊ ကျွန်တော့် ကို ခွင့်လွှတ်ပါ’

အောင့် ခေါင်းက အောက်ကိုငုံ့သွားသည်။ မျက်ရည်ဝေနေသော မျက်လုံးတွေ ကိုဖုံးကွယ်ရန် မျက်လွှာချလိုက်သော်လည်း မျက်ရည်နှစ် ပွင့် အောင့် ပေါင်ပေါ်သို့ ခုန်ဆင်းလာလေသည်။

သည်တော့ ကိုအောင်က ကိုလတ်လို ဖွယ်ဖွယ်ရာရာတွေ မပြောတတ်သဖြင့် စကားတွေ ရောက်တတ်ရာရာ ပြောဆိုလာလေသည်။

သို့ သော် သူစိတ်ဝင်စားသော အကြောင်းအရာကိုတော့ စီကာပတ်ကုံးပြောတတ်သည်။

စကားပြောပုံမှာ ကိုလတ်နှင့် ကိုအောင်မတူ။ကိုလတ်က ခပ်အေးအေးနှင့် နှေးနှေးမှန်မှန်ပြောတတ်သည်။

ကိုအောင်က နောက်က လူလိုက်သလို စကားကို ခပ်မြန်မြန်ပြောပြီး တစ်ခါတစ်ခါ ထစ်နေတတ်သည်။

သူ စကားထစ်တာကို အောင်က လိုက်ပြောင်လျှင်စိတ်ဆိုးတတ်သည်။

လေးလေးနက်နက်အကြောင်းအရာပြောသည့်အခါတော့ ကိုအောင်၏ စကားလေသံသည် ခါတိုင်းထက် ပျော့ပျောင်းလာ၍ စကားထွက်သော နှုန်းထားသည် နှေးကွေးသွားလေသည်။ အံ့သြဖွယ်ရာပင်။ လူကိုသာ မကြည့်နှင့် ၊ ကိုလတ်နှင့် ကိုအောင်တို့ စကားပြောတာ တဖြည်းဖြည်း တူလာသည်ဟု ထင်မိသည်။

မှတ်မှတ်ရရ ထိုနေ့နံနက်က သုံးဘီးကားပေါ်တွင် ကိုအောင်ပြောလာသော စကားတွေ မှာ ပြည်ပနိုင်ငံရေး တွေ ဖြစ်သည်။

(Le Point)ဆိုသော ပြစ်သစ်မဂ္ဂဇင်းတစ်စောင်မှ သတင်းထောက် ပီယာဒေဂရိုနှင့် တရုတ်အမျိုးသမီး စာရေး ဆရာ Hansuyin အမေး အဖြေ၊ အီတလီအမျိုးသမီး သတင်းစာ ဆရာမ ဟိုဖယ်လက်ဝီနှင့် မင်းသားကြီး သီဟာနုတို့၏ အမေး အဖြေတွေ ကို မမေ့မလျော့ ဒိုးဒိုးဒေါက်ဒေါက်နှင့် ပြောလာလေသည်။

(၂၇)

နောက်ဆုံးတော့ သုံးဘီးကားလေးသည် အောင်ဆန်းကွင်းဘေလမ်းကို ပတ်လျက် မောင်းလာသည်။

‘ငါအိမ် ကို ခဏ၀င်ဦးမယ် အောင် ၊ ပိုက်ဆံရော ဘောင်ချာတွေ ရောယူစရာရှိတယ်၊ နင်လဲ ခဏတတ်ခဲ့ဦးပေါ့၊ နောက်မှ တက္ကစီ ထပ်ဌားမယ်’

သိပ်မကြာစေနဲ့နော်

အေးပါ

မတ်စောက်နေသော လှေကားကို ခပ်သုတ်သုတ် တတ်လာကြသော ကိုလတ်၏ ပြုံးနေသော မျက်နှာတွေ သည် လှေကား နံရံများ တွင် ထင်နေသည်။

ဘယ်နေရာကြည့်ကြည့် ကိုလတ်၏ မျက်နှာ။

သွားတတ် သွားစွယ်များ ပေါ်အောင် ပြုံးလိုက်သော ခွန်အားရှိသော အပြုံး…။

လှေကားက မတ်တော့ မတ်တယ် ၊ပြီးတော့ မှော င်လိုက်တာဟာ ၊ သတိထားတတ်

ကိုအောင်က ရှေ့မှ လှမ်းသတိပေးတော့….

‘ဟုတ်ကဲ့’

စကားတိုးတိုးလေးပြောလိုက်သော အသံတွင် ပင် ရှိုက်သံပါသွားသည်။

ကောင်မလေး ၊ နင်ငိုနေတာလား

‘ဟင့်အင်း’

ကိုအောင်၏ အမေးကို ညာလိုက်သည်။

ကိုအောင်သည် တံခါးခေါက်လိုက်တော့ တံခါးသည် ဖွင့်လာသည်။

ထုံးစံအတိုင်းပင် ကိုအောင့်အိမ်သည် တိတ်ဆိတ်နေသည်။

‘အိမ်မှာ ခိုင်းစရာလူ့မရှိဘူးလား….ကိုအောင်၊ ကျွန်တော် ဆာသလိုပဲ၊ မနက်စာ ဘာမှ မစားရသေးဘူး’

မျက်ရည်စတွေ ကို ကုန်စင်အောင် မသုတ်ထားသော အောင်မျက်လုံးများ ကို ကိုအောင်က ပြုံးကြည့်ပြီး…..

‘ငါအစ်ကို တစ်ယောက် ပဲရှိတယ်၊ နင်ဆာရင်တော့နံပြားနဲ့ ပဲပြုတ် မနက်က ၀ယ်ထားတာရှိတယ်၊ ကြောင်အိမ်ထဲမှာ သွားယူစားချည်၊ငါ ဘောက်ချာတွေ ရှာလိုက်ဦးမယ်၊ ဘလောက်တိုက် ဘောက်ချာတွေ ကိုလတ်ထားသွားတာ ရှာဖို့မလွယ်ကူ ဖြစ်နေသည်၊ မောကြောပဲဟာ’

ဝရန်တာဘက်တွင် ကိုအောင့် အစ်ကို နောက်ကျောကို လှမ်းတွေ့ ရသဖြင့် အောင်သည် အိမ်ခန်းထဲသို့ မတွန့်မဆုတ် ၀င်သွားသည်။

ကြောင်အိမ်ကို ဖွင့်ကာ ပဲပြုတ်ဆီဆမ်းပေါ် အုပ်ထားသော နံပြားတစ်ချပ်ကို ယူစားပြီး ရေအိုးစင်မှ ရေကို မော့သောက် လိုက်လေသည်။

ရေအိုးစင်မှ နောက်သို့ လှည့်ထွက်မည် ပြုသည်။

ထိုအခိုက် နောက်ဘက်မှ လှမ်း၍ မျက်စိ ပိတ်လိုက်သော လက်တွေ ကို ကပျာကယာ လှမ်းကိုင်လိုက်သည်။

ဤလောက မြေပြင် မ ဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီးလား အတွေးများ နှင့် ရင်ထဲ တုန်သွားကာ လန့်ဖျပ်၍ အသက်ရှူတာ တစ်အောင့်မျှ ရပ်သွားသည်။

ပြီးမှ လက်ကောက်ဝတ်မှ လက်မောင်း လက်ဖျံအထိစမ်းလိုက်ပြီး….

‘ကိုလတ်’

‘ကိုလတ်’

‘ကိုလတ်ပါ၊ ကျွန်တော် သိပါတယ်’

အောင်သည် ရင်ခုန်လှိုက်လှဲသော အသံနှင့် အော်သလို ပြောလိုက်သည်။

လက်တွေ ပြန်ရုပ်သိမ်းကာ ရယ်သံသဲ့သဲ့ ကိုကြားလိုက်ရသည်။

အောင်သည် ချာခနဲ နောက်သို့ လှည့်လိုက်သည်။

ကိုလတ်၏ မျက်နှာကို စိုက်ကြည့်ပြီး ရုတ်တရက် ကြောင်ငေးနေသည်။

(၂၈)

ဖြူဖွေးသော သွားစွယ်များ နှင့် ကိုလတ်၏ အပြုံး။ သူ့အပြုံးသည် ခွန်အားရှိနေဆဲပင်။

မျက်နှာနည်းနည်း ချောင်သည်။

အသားသည် ခါတိုင်း ဖြူတာထက် ပိုဖြူကာ အရောင် ဖျော့နေသည်။

မျက်လုံးအရောင် တွေ မှာ အနည်းငယ် ၀ါနေသည်။

ကိုလတ်၏ ခါတိုင်း ပုံကျကျ ခေတ်ပေါ်ဘိုကေဆံပင်များ ကို ကတုံးဆံတောက် ညှပ်ထားသဖြင့် ကြည့်ရတာ တစ်မျိုး ဖြစ်နေသည်။ကိုလတ်၏ မျက်လုံးများ ကား မျက်ရည်တွေ ၀ိုင်းနေသော အောင့်မျက်လုံးများ ကို စိုက်ငေးကာ…

‘အောင်အောင်လေး’

‘အောင်အောင်လေး ကျန်းခံ့သားလို့ နေကောင်းတယ်နော်’

ကိုလတ်မျက်နှာက တည့်သော်လည်း သူ့လေသံသည် ဟာသနှင့် ရွင်လန်းနေသည်။

အောင်သည် ဘာစကားမှ ပြန်မပြောနိုင်ဘဲ ကိုလတ်၏ မျက်နှာကို စိုက်ငေးနေပြီး မျက်ရည်တွေ ကျလာသည်။

ကိုလတ်သည် အောင့်ကို ဆီးပွေ့ရန် လက်တွေ လှမ်းလိုက်သည်။

အောင်သည် ကိုလတ်၏ ရင်ခွင်တွင် မျက်နှာအပ်လျက်….

‘ကျွန်တော် လှေကားမှာ တတ်လာတုန်းကတောင် ကိုလတ်မျက်နှာကိုမြင်တာ ကိုအောင်က ကျွန်တော် ငိုနေသလား တောင်မေးသေးသည်၊ ကျွန်တော် မငိုဘူးလို့ ညာပြောလိုက်သည်တာ၊ အမှန်က ကျွန်တော် ’

ပြောပြောဆိုဆို ကလေးလို ငိုပြန်သည်။ ကိုလတ်သည်မျက်ရည်တွေ ရွဲနေသော အောင့်ပါးကို အထပ်ထပ်နမ်းရင်း….

‘မျက်ရည်တွေ သိပ်ပေါတာပဲနော်၊ အညာမှာ ကောက်စိုက်ဖို့ရေသွင်းပေးရရင် ကောင်းမယ်’

သည်တော့ အောင်သည် ‘သွား’ ဟု ကိုလတ်ကို တွန်းလိုက်သည်။

သည့်နောက် ကိုလတ်သည်ဣန္ဒြိရရပင် အိမ်ရှေ့သို့ထွက်သွားသည်ကို အောင်က နောက်မှ ထွက်လိုက်ရလေသည်။

သူ့ကြည်ရတာ အေးဆေးတည်ငြိမ်လိုက်တာ ဘာတွေ မှမ ဖြစ်ခဲ့သလို၊ ယခုလောလောဆယ်လည်း ဘာမှမ ဖြစ်သလို လှုပ်ရှားမှု သည် ဖြစ်ရိုး ဖြစ်စဉ်အတိုင်း။

မပြောင်းလွဲ။

ကိုလတ်ကိုကြည့်ရတာ မဂ္ဂဇင်းထုတ်ဖို့ကိစ္စတွေ နှင့် ခေါ်တုန်းက အတိုင်းပင်။

လောကဓံကို မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခံထားသည်။

ကိုလတ်မျက်လုံးတွေ တွင် မျက်ရည်လည်တာ တွေ့ ရမလား ရှာဖွေကြည့်သည်။

မတွေ့ ရ။

ခပ်စောစောက မျက်လုံး နည်းနည်း နီလာတာကို ကတ်ကတ်သတ်သတ် ၀ိညာဉ်အရိပ်ကို ဖမ်းဆုပ်လိုက်ရရုံပါပဲ။ သေသေချာချာလည်း ဖမ်းမမိ။

အောင် ကတော့ လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနေသော ဌက်ငယ်တွေ လို အပျော်ကြီးပျော်နေသည်။

အိမ်ရှေ့ထွက်လာသော အချိန်တွင် သူ့ပြောသလို ဘောက်ချာလည် မရှာဘဲ လူရွန်းဝတ္ထုတိုများ ဆိုသည့် အင်္ဂလိပ် ဘာသာနှင့် စာအုပ်တစ်အုပ် အေးအေးဆေးဆေး ထိုင်ဖတ်နေသော ကိုအောင့်ကို လှမ်းမြင်လိုက်တော့ အောင်သည် ကိုအောင့် ကျောကို တဗြန်းဗြန်းနှင့် ရိုက်ရင်း….

‘ကိုအောင်နော်…ကိုအောင်၊ ခင်ဗျာ ဘာလုပ်တာလဲ တော် တော် လည်တာပေါ့၊ ပညာပြတယ် ဟုတ်လား၊ ပညာ ဒါ အကုန်ပဲလား၊ ပညာကုန်ပြီလား’အောင်က ဆူဆူညံညံ အော်ဟစ် ရန်ထောင်နေသည်။ကိုအောင်က တသော သော ရယ်လို့မဆုံး။

ပြီးတော့ အောင်အသည်းယားအောင် အောင့်ကိုမကြည့်ဘဲ ဆေးလိပ်ကိုသာ တွင် တွင် ဖွာရှိုက်နေသည်။

သိပ်ဆိုးတဲ့ ကိုအောင်။

ကိုလတ်နဲ့ ထူးမခြားနားပဲ့လို့ အောင်က မကျေနိုင် မချမ်းနိုင်ပြောပြီး ကိုအောင့်ကို စားပွဲပေါ်က ဆေးလိပ်တိုတွေ ကို ကောက်ကာ တစ်လိပ်ပြီးတစ်လိပ် ပေါက်လိုက်သည်။

ကိုလတ် ကတော့ သူ့သူငယ်ချင်း ကိုအောင့်ကို ပြုံးငေးကြည့်နေသည်။

ကိုအောင့်ညာလက်မှာ တော့ ကိုသတ်ရဲ့ ဖေဗာလူဝါနာရီကို ပတ်ထားဆဲပဲ။

အမှန် ကတော့ ကိုလတ်ပြန်လာတာ မနေ့မနက်ကတည်းကပဲ။

နာရီပြန်လဲ မပေးဘဲ ဒီမနက်၊ အောင့်ဆီလာတော့ ယုတ္တိယုတ္တာနှင့် ပတ်လို့နေလေရဲ့ ။

အောင့်ကို မလိမ့်တစ်ပတ်နှင့် ပညာပြဖို့ ဒီအထိ ကြိုးစားတာ။

ကိုအောင် တော် တယ်။

တကယ်တော် တယ်။

မနက်စာကို ကိုအောင့်အိမ်မှာ ပဲ ၀ယ်စားကြသည်။

ကိုအောင်က ဒံပေါက်ကို သူ့အိမ်နားက ကလေး တစ်ယောက် ကို ၀ယ်ခိုင်းလိုက်သည်။

(၂၉)

ဒံပေါက်သုံးထုပ်ကို ဖြေလျက် ပန်းကန်းဆေးနေရမယ် ဆိုကာဇလုံးကြီးတစ်ခုတည်း စုပြုံထည့်လိုက်သည်။

အောင် တားနေသည့် ကြားတည်းက သူ့စိတ်ကူးနှင့် သူ ဇွန်းသုံးချောင်းစိုက်ပြီး သုံးယောက် သား စုစားကြသည်။

‘ဒါကောင်းပါတယ်’

ကိုလတ်က သူ့သူငယ်ချင်းကို အားပေးအားမြှော က်ပြုလေသည်။

စားရင်း ကိုအောင်က အသည်းတစ်ဖက်ကို တစ်ဝက်စီခွဲကာ အောင်တစ်ဝက် ကိုလတ်တစ်ဝက်ပေးလိုက်သည်။ အောင်က နည်းနည်း ရှက်သွားပြီး မျက်လွှာချကာ အသည်းဖတ်ကို ကိုအောင့်ဘက် ဇွန်းနှင့် ကော်ပြီး ပစ်ပေးလိုက် သည်။

အသည်းဖတ်လေးမှာ အရှိန်လွန်ကာ ဇလုံနှုတ်ခမ်းကကျော်ပြီး ကြမ်းပြင်ပေါ် ကျသွားလေသည်။

ဒါကို ကိုအောင်က နှမြောပါတယ်လေဟု ပြောပြီး သူပဲ ကောက်စားလိုက်သည်။

ကိုလတ်က သူ့အသည်းဖတ်ကိုလည်း ကိုအောင့်ဘက်ပေးလိုက်တော့ ကိုအောင်က…

‘စားကကံကြုံ မုတ်ဆိတ်ပျားစွဲတာ ငါပဲ စားလိုက်ပါမယ်လေ’

လို့ ပြောပြီး သူချည်းပဲ စားလိုက်သဖြင့် အောင်က တသော သော ရယ်မောနေသည်။

ထို့နောက် ကိုအောင်သည် သူဦးအောင် အပြီးစားပြီး ထိုင်ရာမှ ထလိုက်သည်။

သိသားပဲ။

အစားစားရင် ကိုအောင်က ဆိတ်ဝါးသလို မြန်မြန်စားတတ်တာ။

ကိုလတ်က အစာကို ကျေညက်နေအောင် ၀ါးပြီးမှ မျိုချတတ်သည်။

အောင်ကလည်း အစားနှေးသည်။ ဒါကြောင့် နှစ် ယောက် တည်း ကျန်ရစ်တာပေါ့။

သူ့စကတည်းက ဒီအကွက်ကို ထွင်နေတာ အောင်သိတာပေါ့။

သူသာ ကျန်ရစ်ပြီး ကိုအောင်နှင့် အောင် ၊ ဒေ၀နှင့်အောင် အဲလိုမျိုး နှစ် ယောက် တည်းကျန်ရင် အောင်ရှက်မှာ မဟုတ်။

ကိုလတ်ကလည်း အလျင်သိစတုန်းကဆိုရင် အောင် မဖြုံ။ ယခုတော့ အောင်မှာ ရှက်ရပြန်ချေပြီ။

သည်ကြားထဲ ကိုအောင်က ကက်ဆက်မှ တိပ်တွေ ကို ဟိုကလိ သည်ကလိလုပ်ပြီးမှ သူဖွင့်လိုက်တဲ့နေရာကို ကြည့်ပါဦး။

သီချင်းက တစ်ပိုင်းတစ်စတွင် …

စက္ကန့်တစ်ရွေးသားတာတောင်မှ အဝေးမခံနိုင်သကို ပန်းကန်းတစ်ချပ်ကိုနှစ် ယောက် အတူစား၊ တစ်လံမှတ်သလို ဒီလောက်အပူပွား….မှန်တမ်းနော်

မရှက်နိုင်တော့သကို…ပန်းကန်းနှုတ်ခမ်းပေါ်တတ်ထိုင်တော့မလို့…ကျွန်မတို့တူနှစ် ကိုယ်…အစစ တစ်မူပို….တူနှစ် ကိုယ် တွေ့ ကတည်းကဆို…တစ်သက်နောင် မမှားအောင် မျက်တောင်များ တောင် မခတ်မိသလိုပဲဆို။

ကိုလတ်က ထမင်းကို တအိအိစားနေရာက အောင့်ကိုစိုက်ကြည့်ပြီး ပြုံးနေတာကို အောင်မှာ မကြည်နူးနိုင်ဘဲ စားနေရာက ကပျာကယာထပြီး လက်ဆေးပြီးတာနဲ့တစ်ပြိုက်နက် အောင်မှာ ကက်ဆက်ဆီကို ကမန်းကတန်း ပြေးလာပြီး ပိတ်လိုက်သည်။

နောက်ပြီး အိမ်ရှေ့က စားပွဲနားက စင်ပေါ်က ရမိရရာ Le Point (The Period) လို့ အဓိပ္ပာယ်ထွက်တဲ့ပြစ်သစ် မဂ္ဂဇင်း တစ်စောင်ကို ကောက်ယူပြီး ကိုအောင့် ကျောပြင်ကို အဲဒီ စာအုပ်နဲ့ တဖျပ်ဖျပ်ရိုက်လိုက်သည်။

သည်သီချင်းဟာ အောင့်ရင်ထဲမှာ လှုပ်ရှားစေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် အကြောင်းသိနြေ ကတော့ အောင် အနေရခက်နေမယ်ဆိုတာ သူတို့ သူငယ်ချင်းနှစ် ယောက် နည်းနည်း မှ မစဉ်းစားမိကြဘူးလားဒါကို ကိုအောင်က ရယ်လို့မဆုံးဘူး။

နောက် ကိုလတ်ရော၊ ကိုအောင်ရော နှစ် ယောက် ပြိုင်တူ တဟားဟားနဲ့ ရယ်နေကြလေရဲ့ ။

(၃)

အောင့်ကို စိတ်ဆိုးလွယ်သလောက် စိတ်ပြေလွယ်သော ကောင်မလေး တစ်ယောက် ဆိုတာထက် ပို၍ သိစရာတွေ ရှိနေမလားဟု ကိုလတ်ရော ကိုအောင်ပါ အမြဲတွေးသည်။ တွေးစရာတွေ လည်း ရှိလိမ့်မည် ဟုထင်သည်။

တကယ်လည်း အောင့်ရင်ထဲတွင် ပြောစရာ အခန်းကဏ္ဍ တွေ ကလည်း အစုံစုံပင်။

‘သူတို့ ကတော့ ငါ့ကို ဘာမှမဟုတ်တဲ့ အသေးအဖွဲ့လေးနဲ့ စိတ်ဆိုးလွယ်လိုက်တာလို့ ထင်မှာ ပဲ ချောစုရယ်၊ ငါ့မှာ လဲ ငါအကြောင်းနဲ့ ငါပေါ့ဟယ်၊ စက်ဆုပ်စရာတွေ ၊ စိတ်မသတီစရာတွေ ၊ ခံပြင်း ဒေါသထွက်စရာတွေ အများ ကြီးပဲ ရှိပါတယ်၊ အဲဒါ သူတို့ နားလည်အောင် ငါ ဘယ်လိုပြောပြရမလဲ’

အဆောင်ပြန်ရောက်တော့ ချောစုက ထမင်းအိုးတစ်လုံးကောက်တည်းပြီး ကြက်သွန်အခွံ နွှာမြဲ။ အောင်က ငရုတ် တစ်ဆုံညက်အောင် ထောင်းမြဲပင်။ အဆောင်တွင် ၀ယ်ထားသော ဘဲဥ ဖြစ်စေ၊ ၀က်သား ပြုတ် ဖြစ်စေ ဟင်းတစ်ခွက်ရအောင် ချက်ကြသည်။

ညမနက် ချက်ထားပြီး ဖြစ်တတ်သလို စားကြသည်။ တစ်ခါတလေတော့လည်း လက်ဖက်သုပ်၊ မြေပဲဆန့်ကြော်နှင့် ထမင်းတစ်နပ် ပြီးချင်း ပြီးသွားသည်။

ပေါင်မုန့်နှစ် ချပ် ၊ ငါးပိကြော်နှင့် လည်း ထမင်းတစ်နပ်စာ ဖြစ်အာင် စားပစ်လိုက်ကြသည်။

ရောင့် ရဲသော ဘ၀မို့ မညည်းညြူ ကတော့။ ချောစုနှင့် အောင်တို့ နှစ် ယောက် စလုံး အတွဲ ညီသည်မို့ တော် ပါသေးသည်။ သူတို့ နှစ် ယောက် တွင် စိတ်မကျေနပ်စရာရယ်လို့လည်း မရှိ။

သူတို့ကြားတွင် အဘိဇ္ဈာ တံတိုင်းမရှိ။ အပြိုင်အဆိုင်အတုအပ တံတိုင်းမရှိ။ နားမလည်တာတွေ ၊ မစာနာတာတွေ မရှိ။

ချောစုက အောင့်မျက်နှာကို ကြည့်ကာ ရယ်မောရင်း…..

‘အေးဟဲ့၊ အချစ်တော် ကိစ္စကြီးဆိုတော့ ရှင်းရ ခက်တာပေါ့ဟယ်၊ နင်ကလဲ စိတ်ဆိုးလာရင် ဒိုးဒိုးဒေါက်ဒေါက်နဲ့ စကားအကုန် ဖွင့်ပြောတာနဲ့ ငါ့ကို မျက်လုံးပြူးနေတာပဲ၊ နင်များ အကုန်လျှောက်ပြောပစ်မလားလို့’

‘ငါပြောမလားတဲ့….သေနာမရဲ့’

‘မသိဘူးလေ ၊ နင်က မပြောသင့်တာတွေ လဲ ပြောတတ်လွန်းလို့ ၊ ငါ့ကို ခေါင်းကြီးနေတာပဲ’

‘ဒါတော့ ငါဘယ်ပြောပါမလဲဟယ်၊ မောင်နှမလိုရင်းနှီးကြပေမယ့် သူတို့က ယောကျာ်းတွေ ပဲ၊ မိန်းမကိစ္စပြောလို့ ဖြစ်မလား၊ ယောကျာ်း၊ ယောကျာ်းသတ်သတ် ၊မိန်းမ ၊မိန်းမသတ်သတ်ပေါ့၊ ဒါလောက်တော့ ငါနားလည်ပါတယ်၊ငါကလေးမှ မဟုတ်ဘဲ ချောစုရယ်’

‘ဒါပေမယ့် နင်စကားပြောတာ သိပ်ကလေးဆန်တယ်အောင်၊ ကိုလတ်နဲ့ ကိုအောင်တို့က နင်ကိုအံ့သြပြီး ငေးကြည့်နေကြတယ်။ နင် ငိုတော့ ဒေ၀နဲ့ ဗလတို့ မျက်နှာလေးတွေ က ဆီရွက်လောက်ပဲ ရှိတော့တယ်’ချောစုက ပြောရင်း ရယ်မိသည်။ အောင်က တစ်ချက်မျှ တွေ သွားကာ….

‘ဟုတ်တယ် ၊အဲဒီ တုန်းက ငါ့မျက်ရည်တွေ ဘယ်ကဘယ်လိုကျလာမှန်း မသိဘူး၊ ငါ သိပ်ရှက်တာပဲဟယ်၊ ငါပြောချင်တာတွေ ရင်ထဲမှာ စကားတွေ စုပြုံလာတယ်၊ ပြောလို့ကလဲ ဘယ်ထွက်ပါ့မလဲ’

အောင်နှင့် ချောစုတို့ ထမင်းစားသောက်ပြီး ရေမိုးချိုး၊ အင်းလျားကန်ပေါင်းရိုးသို့ လမ်းလျှောက် ထွက်ကြသည် အထိသည်စကားက အစ မသတ်။

‘ငါ ငယ်ငယ်လေးကတည်းက ဘော်ဒါမှာ နေခဲ့ရတယ်၊ သူငယ်တန်းကတည်းကပဲဟယ်၊ မိဘနဲ့ အတူတူမနေခဲ့ရဘူး၊ ငါ နေရတာ က မိန်းကလေးကျောင်း၊ အဲဒီ မှာ မိန်းကလေး အချင်းချင်း အချစ်တော် တွေ ဘာတွေ လဲ ခေတ်စားနေတော့ ငါ့စိတ်ထဲမယ် မိန်းကလေးအချင်းချင်း ဖေးဘရိတ် သူငယ်ချင်းထားပြီး ပို့စကတ်ပို့ရုံ စာနုနုလေးတွေ ရေး ရုံး ဒီလိုထင်ခဲ့တာဟာ’

‘ငါတောင် အမှန်အတိုင်း ၀န်ခံရရင် ခပ်ငယ်ငယ်က အချစ်တော် ထားဖူးသေးတယ်၊ကောင်မလေးတွေ လှရင် မိန်းကလေးအချင်းချင်းပေမယ့် လိုက်ပိုးတာပဲ’

‘ငါလဲ အဲ့ဒီလိုပေါ့ ချောစုရယ်၊ ငါ ရှစ်တန်းတုန်းကအချစ်တော် လို ခင်မှန်းမသိ ခင်လာမိတဲ့ မိန်းမ တစ်ယောက် ရှိတယ်၊ သူ့စာတွေ က တကယ့်ရည်းစားစာအတိုင်းပဲ၊ ငါကို ချစ်တယ် တွေ သနားတယ်တွေ ပေါ့၊ သူ့နာမည် က ခင်မျိုးသွယ်တဲ့၊ ပိန်ပိန်ရှည်ရှည် ခပ်ချောချောလေးပဲ’

‘နင်က ပိုးတာလား၊ သူက ပိုးပန်းတာလား’

‘ငါက သူ့ကို လှလို့သဘောကျသလို သူကလဲ ငါ့ကိုချစ်စရာလေးတဲ့၊ နှစ် ယောက် စလုံး ပိုးကြတာပဲ၊ ပို့စကတ် စပေးတော့ သူက စပေးတာ၊ ငါကလဲ ပြန်ပေးတယ်၊ ပို့စကတ်တွေ ပို့၊ စာတွေ ရေး နဲ့ ကျောင်းတွေ ပိတ်ရင် အဲဒီ အလုပ်ပဲ လုပ်နေကြတာ၊ သူနဲ့ ငါနဲ့ ဘော်ဒါဆောင် တစ်ထပ်တည်းဆိုတော့ သိပ်ရင်းနှီးလာကြတယ်။’

‘သူက နောက်တော့ တဖြည်းဖြည်းနဲ့ ငါကို လက်ပွန်းတတီး နေလာတယ်၊ ပါးကိုဆွဲလိမ်လိုက် ခါးဖက်လိုက်နဲ့၊ ငါလဲ မိန်းမအချင်းချင်းဆိုတော့ သိပ်မဖြုံဘူးပေါ့၊ နေက်တော့ ခင်မျိုးသွယ်က ကဲလာတယ်၊လူလစ်တာနဲ့ ငါကို ဖက်ဖက်နမ်းတယ်၊ ငါ သိပ်မုန်းတာပဲ၊ တွန်းပစ်လိုက်ရတယ်’

‘အဲလိုတော့ ငါလဲ မုန်းတယ်ဟယ်၊ ငါဆိုလဲ တွန်းပစ်လိုက်တာပဲ၊ မိန်းကလေးချင်းပေမယ့် လူပုံလယ် ခါးဖက်လျှောက်ရင်တောင် ငါ ကြည့်လိုရတာ မဟုတ်ဘူး’

အင်းလျားကန်ရေပြင်မှ ဖြတ်တိုက်လာသော လေသည်တစိမ့်စိမ့် အေးလာသည်။ ရေပြင်မှ လှိုင်းလိပ် မပြေ့တပြေတို့သည့် ကမ်းစပ်နားသို့ အသာလှိမ့်လာသည်။ သရက်ပင်ညိုတို့မူ အကိုင်းတို့သည် လေကစားရာသို့ လှုပ်ယိမ်း နေကြဟန်မှာ ရေပေါ် အရိပ်ထင်နေကြသည်။

အင်းလျားကန် ရေပြင်ကြီးသည် သူမြင်ရ ကြားရသော ဇာတ်လမ်းပေါင်း မြောက်မြားစွာ အနက် သူမသိရသေးသော ဇာတ်လမ်းလေးကိုလည်း ကြားနေရသည်။ အောင်ဆိုသော မိန်းမဆိုးလေး၏ ဇာတ်နောက်ခံတွင် အထက်တန်းစား သမီးပျိုတို့၏ ဖောက်ပြန်ခြင်း တေးဂီတ၊ အ၀ိဇ္ဇာပိတ်ဖုံး နေသော ရွံ့နွံ ပုပ်ထဲမှ အတ္တလူသားများ ၊ မြေခွေးစိတ်ထားနှင့် သိုးဖြူအယောင်အဆောင်သူများ ၏ လင်္ကာ ကဗျာတို့ကို ရေပြင်ကြီးက တစ်စတစ်စ ရွက်ဖတ်ခွင့် ရလာလေသည်။

‘အဲဒီ မိန်းမ တို့ ၀-သကို ရောက်လာသေးလား’

‘ဒီနှစ် မှာ ပဲ သူ့မိဘတွေ နဲ့ နိုင်ငံခြားပါသွားတယ်၊ သူ့မိဘတွေ က တကယ် ဂရိတ်တွေ ပဲ’

‘ဂရိတ် ဗရိတ်ပဲ၊ အောက်တန်းကျတယ်၊ အကျင့်စာရိတ္တနဲ့ စိတ်နေသဘောထားပြောတာ၊ ကဲ့တော့မကဲ့ရဲ့ ချင်ပါဘူး ဟယ် ၀ဋ်ဆိုတာ လည်တတ်လို့တဲ့’

‘ဒါမျိုး ၀ဋ်လည်မလားတဲ့၊ ဒီလောက်စုတ်ပြတ်တဲ့အကျင့်ကို…….’

‘သူ့ အိမ်က ယောကျာ်းပေးစားဖို့ ကောင်းတယ်’

‘အခုတော့ ယောကျာ်းရနေပြီတဲ့’

‘သူယောကျာ်းက ဘယ်သူတဲ့လဲ’

‘နိုင်ငံခြားမှာ တွေ့ တယ် ဆိုကတည်းက သူ့လို ဂရိတ်သားထဲကပဲ ဖြစ်မှာ ပေါ့၊ ဘယ်သူရယ်လိုတော့ တို့ မသိဘူး’

‘ဘာပဲ ဖြစ် ဖြစ် ကောင်းပါတယ်ဟာ၊ ဒါမျိုး ယောကျာ်းရဖို့ကလဲ ဘယ်လွယ်မလဲ အောင်ရဲ့၊ ယောကျာ်းတွေ က သူတို့ သာပွေတာ မိန်းမကျတော့ သန့်ရှင်းဖြူစင်တာမှ ကြိုက်တာဟဲ့’

‘ငါတွေးဖူးတာတော့ မိန်းမပွေရင် ယောကျာ်း ကောင်းရတတ်ပါတယ်ဟယ်၊ လောကကိုက ခပ်ရူပ်ရူုပ်ပါပဲဟယ်၊ နေရတာ ထိုင်ရတာ မသတီစရာချည်းပါပဲ၊ အဲဒီ တုန်းက ငါလေ အသက်ရှင်မနေချင်တော့ဘူး၊ သိပ်ရှက်တာပဲ၊ တစ်လ နှစ် လ သုံးလအထိ စိတ်ညစ်နေတာ အိပ်ဆေးတွေ သောက်သေရမလားလို့ ကိုယ့်ကိုကိုယ် ခဏခဏ စဉ်းစားကြည့်တယ်’

‘ဒါလေးနဲ့များ ဟယ် မသေပစ်ချင်ပါနဲ့ ၊ မဟုတ်တာ’

ချောစု အဖြေစကားကို နားထောင်ရင်းအောင်၏ မျက်နှာအမူအရာသည် သိသာစွာ လေးနက်လာသည်။ ရင်ထဲတွင် မျိုသိပ် ကျိတ်မှိတ်ခံနိုင်စွမ်းမရှိသော ဒဏ်ရာ အနာဟောင်းတို့သည် ပြန်နာလာလေသည်။

(၃၀)

အမျိုးအစားချင်းတူသော မိန်းကလေးအချင်းချင်းတော့ နောက်ချင်ရာနောက် ဘာရှက်စရာရှိသလဲ။

သည်ညနေက အောင် အဆောင်ပြန်ဝင်တော့ ညနေ ၅ နာရီ ထိုးနေပေပြီ။

သူတို့သုံးယောက် သား နေ့လယ် ၁ နာရီခွဲပွဲ ကြည့် ဖြစ်ကြသေးသည်။

အစက ကိုအောင်က ရှောင်ဖယ်ဖယ် လုပ်နေသည်။ သူ မအားလို့လိုလို ဘာလိုလိုနှင့် ။

ကိုလတ်နှင့် အောင်နှင့် နှစ် ယောက် တည်းကြည့်ရန် အတင်းတွန့်လွှတ်သည်။

ဒီလိုဆို ကျွန်တော် မကြည့်တော့ဘူးလို့ အောင်ကပြောတော့ ကိုအောင်က မကြည့်ချင်နေတဲ့။ ကိုလတ် ကတော့ တစ်ခွန်းပဲ။

‘လိုက်ခဲ့စမ်းပါဗျာ၊ အလျင်တုန်းကလိုပေါ့’ဆိုတာလေးတခွန်းတည်းနှင့် ပြန်အငြင်းပွားမနေတော့ဘဲ လိုက်လာတော့သည်။

လက်စသတ်တော့ ကိုလတ်ရဲ့ ချစ်သူက ‘အောင်’ မှ မဟုတ်ဘဲ၊ ကိုအောင်ပဲ။

ကိုအောင့်ရဲ့ ချစ်သူကလည်း ကိုလတ်ပဲ။

ရဲရင့်ရုံက ရုပ်ရှင်ကားကို ကြည့် ဖြစ်ကြသည်။

ခါတိုင်းကြေးစားသေနတ်သမား ‘ဂျင်းမား’ ဆိုတဲ့စပိန် မင်းသားကို ယခုကားတွင် တော် လှန်ရေး သမား ၊လက်ဖြောင့် သေနတ်သမားအ ဖြစ် အသုံးပြုထားသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်လက်အောက်တွင် ဖက်ဆစ်တပ်တွေ ကို သေနတ်နှင့် တဒိုင်းဒိုင်း ပစ်ဟန်မှာ ခါတိုင်းလို မျက်စိနောက်စရာ မကောင်းတော့။

ကားနာမည် ကိုတော့ အောင် မမှတ်မိတော့။

ကားက မဆိုးပါဘူး ကျွန်တော် ကြိုက်တယ်။

ယောကျာ်းလေးများ က ကြိုက်တတ်သော ရုပ်ရှင်ကားမျိုးကို အောင်က ကြိုက်သည်တဲ့။

လမ်းတွင် တစ်လမ်းလုံး ကိုလတ်နှင့် ကိုအောင့်တို့ ရုပ်ရှင်ကားကို ဆွေးနွေးလာကြသည်။ စိတ်ဝင် စားဖွယ်လည်း ကောင်းရဲ့ ။

စိတ်ဓာတ်တတ်ကြွဖွယ်လည်း ဖြစ်ရဲ့ ။ နိုးလည်း နိုးကြားလာရဲ့ ။

စိတ်အားထက်သန်မှု နှင့် ၀င်းပြောင်နေသော သူတို့နှစ် ယောက် စလုံးမျက်နှာကို အောင်မှာ အကြောင်းလည်းသိနေ ပါလျက်နှင့် တအံ့တသြ ငေးမောလို့မဆုံး။

အပြင်သို့ ခုမှစထွက်လာသော ကိုလတ်သည် အဆောင်ထိ လိုက်ပြီး မမစံရော၊ ဆန်းဆန်းမြင့်ရော၊ ပဲခူးမှ ပြန်ရောက်လာသော ချောစုရော လာနူတ်ဆက်လေသည်။

ချောစုက ၀မ်းသာအယ်လ် ဖြစ်ပြီး မျက်ရည်များ ပင် လည်နေသည်။

‘ကိုလတ်ကြီး ပိန်တယ်တော့’

ချောစုကပြောတော့ ကိုအောင်က…

‘ဘယ်တုန်းက ၀ဖူးလို့လဲ’

နောက်နေသေးသည်။

ချောစုက ကိုအောင့်ကျောကို လှမ်းထုပြီး…

‘ဟင်း..အကျည်းတန် ချစ်သူကြီးနော်’

ကိုလတ်ကရယ်လျက်..

တို့သူငယ်ချင်းက အကျည်းမတန်ပါဘူးဟာ ၊ နာမည် မဖျက်စမ်းပါနဲ့

‘အဲဒီ နာမည် လေးကျ တကယ်ချစ်စရာကောင်းတယ်’

အောင်ကရယ်ရင်း ၀င်ပြောတော့ ကိုအောင်က သူ့လက်ထဲမှ စာရွက်လိပ်နှင့် အောင့်ခေါင်းကို လှမ်းရိုက်ရင်း…

‘သွားစမ်းပါဟာ၊ ရူပ်မနေနဲ့ ၊ နင်တို့ကောင်မလေးတွေ စုစုပြီး ကွယ်ရာ တို့အတင်းမပြောကြနဲ့၊ ပြောရဲပြောကြည့်၊ အကြောင်းသိသွားမယ်’

‘ပြောတော့ ကိုအောင်က ဘာလုပ်ရမှာ လဲ’

‘ငါတို့လဲ လူစုပြီး နင်တို့အကြောင်းတွေ ပြောပစ်မှာ ပေါ့ အထူးသဖြင့် မိအောင်အကြောင်း’

အောင်သည် သူ့ခေါက်ထီးလေးကို ထောင်ပြရန် ကိုအောင့်အား…

‘မလုပ်နဲ့နော်၊ ကျွန်တော် အဟုတ်စိတ်ဆိုးမှာ ၊ ကျွန်တော့် ကို ဒါလောက်နှိပ်စက်ရ တော် ရောပေါ့၊ ဟောဒီ ကိုလတ်လဲ အတူတူပဲ၊ ကျွန်တော့် ဆိုရင် သိပ် အနိုင်ကျင့်တာပဲ’

‘ဟုတ်လား၊ ဘယ်တုံးကလဲ’

ကိုလတ်က ကြောင်လိုက်သည်။

အောင်က ကိုလတ်ကို ပြန်မချေမတတ်သဖြင့် မျက်စောင်းတစ်ချက်သာ ဝေ့လိုက်သည်။

ကိုလတ်က သူဘာမှ မပြောသလို မျက်နှာကို တည်ထားသည်။

ချောစုနှင့် ဆန်းဆန်းမြင့်တို့က ရယ်မောနေကြသည်။

(၃၁)

သူတို့ ပြန်သွားတော့ အောင့်ကို ပျဉ်ထောင်အဆောင်ဘက်ရော၊ အုတ်တိုက်အဆောင်ဘက်ကရော မိန်းကလေးတွေ က လှမ်း၍ ‘အောင်ရေ၊ မုန့်ဝယ်ကျွေးဟေ့’ ဟု လှမ်း၍ တောင်းဆိုကြသည်။

အောင်နှင့် ခင်မင်ရင်းနီူးနေပြီ ဖြစ်ကြသော အဆောင်သူတချို့ ကတော့ အောင့်ကို အောင် အောင်လေး ၊ အောင် အောင်လတ်ဟု လှမ်းနောက်ကြပြန်သည်။

‘ချောစုပြောတော့ အောင်ဟာ ဟိုတလောတုန်းက ‘အောင်ရဲ့ အောင်’ ဖြစ်သွားပြီဆို’

တစ်ယောက် က လှမ်းမေးသည်။ ချောစုက…

‘ခု မဟုတ်တော့ဘူးတဲ့၊ သူ့ယောကျာ်း နိုင်ငံခြားသွားတုန်းက နောက်မီးလင်းတာ၊ ခူသူ့လင်ကြီး ပြန်လာ ပြီဟဲ့’

‘သေနာမ’

အောင်သည် ချောစုကို နောက်မှလည်းပင်းကို တံတောင်ဆစ်ကွေး လှမ်းဖက်လျက် လက်နှင့် လည်ပင်းကို ညစ်ထားလေသည်။

‘သေပါပြီ အောင်’

‘တမင်သေအောင် သတ်တာပဲ’

‘နင့်လင် ဂျင်းမား ရုပ်ရှင်ထဲမှာ ကြိုးဆွဲချခံရတာ မတွေ့ ဘူးလား၊ ကြိုးပေးခံရရင် အဲလိုနေမှာ ပဲနော်၊ နင်မကြောက်ဘူးလား’

‘ငါမကြောက်သေးဘူး’

‘ငါတော့ သေနည်းအမျိုးမျိုးထဲမှာ အိပ်ဆေးပဲ သောက်သေချင်တယ်၊ ခုတလော ၀က်ခန်းနေလို့ သေချင်လိုက်တာ’

ချောစုက ပြောသေးသည်။

‘သေပါလား ၊ ငါ့စားပွဲပေါ်မှာ ဖီနိုတွေ ရှိသားပဲ’

‘မရှိတော့ဘူး၊ ကိုအောင်တောင်းပြီး သိမ်းလိုက်ပြီ ၊ညည အိပ်မပျော်တဲ့အခါမှာ နင် သောက်သောက် အိပ်တာ မကြိုက်ဘူးတဲ့’

‘ရှည်လိုက်တာ ဟယ် ၊ဘာလို့ ပေးလိုက် ရတာ လဲ’

ခုတော့ မလိုတော့ဘူးလေဟယ် ချောစုက ပြောနေ၏ ။ မမစံက ရုံးကအပြန် ဟင်းချက်ရန်ပြင်နေရာမှ အောင် အားလှမ်း၍ ….

‘အောင် ညကျ တစ်ခုခုတော့ကျွေးဟယ်’

‘ကျွေးမှာ ပေါ့ မမစံကလဲ၊ ဒါပေမယ် ဘိုင်ကျနေလို့ ပိုက်ဆံလေးကျပ်ပဲ ရှိတော့တယ် ‘ကြက်ဆင်’ ကဆီကလက် ၀ယ်ကျွေးချင်တာ၊ အိမ်ကပိုက်ဆံရမှ’

‘မလိုပါဘူးကွယ်၊ တစ်ခုခု သုပ်စားရအောင်၊ ဂီတာ လေး ဘာလေးလဲ တီးပေါ့’

သည်တော့ ဆန်းဆန်းမြင့်က မျက်နှာရူံ့လျက်…

‘အမလေး၊ အနှောင့်အယှက်မှ ကင်းပါ့မလားပဲ၊ သူယောင်မယ်နဲ့ ပျာကလပ်တို့ကလဲ တို့ကို ချစ်လွန်းလို့ တို့နဲ့လိုက် အဆောင်ပြောင်းလာတာက အခက်၊ နေရာတိုင်းမှာ သူ့မျက်နှာ’

‘ကိစ္စမရှိပါဘူး မိဆန်မြင့်ရဲ့ ၊ ငါတို့ရဲ့ မိထူးတို့ ပျော်စံရာလေးက သီးခြားကမ္ဘာလေးပဲ၊ ဘာပဲ ဖြစ် ဖြစ် စိတ်ချမ်းသာတယ၊ ပန်းနုရောင် ရွက်နုတွေ ဝေနေတဲ့ သစ်ပင်ရိပ်နဲ့ ပြတင်းပေါက်ဖွင့်လိုက်ရင် ရိုးမရိပ်သာထက် သွားရာလမ်းဘက်က မြရာပင် နွယ်ပင်တွေ ကုတ္တိုပင်တွေ့ နဲ့….’

‘အမယ်လေး အောင်ရယ်၊ စိတ်ကူးမယဉ်စမ်းပါနဲ့၊ မသီးခြား မကမ္ဘာဘူး၊ ဘယ်ကလာတဲ့ မြောင်းပုပ်နံလဲ မသိဘူး မြောင်းနံ့နဲ့၊ ကပ်လျက်က အိမ်သာအနံ့နဲ့ ၊ ဒီကြားထဲသူယောင်မယ်တစ်လှည့် ပျာကလပ်တစ်လှည့်၊ သူတို့အဖော်သစ် ခရစ္စတင်း ဆိုတာ တစ်လှည့်၊ တို့အဆောင်ရှေ့က ဖြတ်ဖြတ်သွားလိုက်၊ ထမင်းစားချိန်မရှောင် ဘာမရှောင် ချွဲခန်းဟပ်ပြီး တံတွေးထွေးသွားလိုက်၊ စောင်းချိတ်ရန်လိုသွားလိုက်၊ သူတို့ချင်း စကားတင်းဆိုလိုက်နဲ့ စိတ်ပိန်လိုက်တာဟယ်’

မမစံက ညည်းညည်းညူညူ ပြောလိုက်လေသည်။ဆန်းဆန်းမြင့်က…..

ဟေ့ အောင်၊ ခရစ္စတင်းက ယောကျာ်းရပြီးသားတဲ့၊ အဲဒီ ယောကျာ်းနဲ့ ကွဲလာပြီး ဒီမှာ လဲ နောက် တစ်ယောက် ရပြီး ထပ်ကွဲပြန်ရောတဲ့၊ သူ့အိမ် ကတော့ အပျံစားကားနဲ့ လာလာ စားစရာတွေ ပို့နေတာပဲ၊ ထောထော့ထော့တယ်ဟော၊ လေယာဉ်မောင် ၀တ်စုံတွေ တစ်ခါတစ်ခါ လျှော်လှန်းတာ အထည်နှစ် ဆယ်ကျော်တယ်

‘အဲဒါ သူ့အိမ်မဟုတ်ဘူး၊ သူ့ယောကျာ်းအိမ်’

မမစံကလေသံနှင့် ပြောတော့ ချဉ်ပေါင်ရွက်ထင်နေသော ချောစုက မကြားရသဖြင့် ကပျာကယာ ပြေးလာပြီး…

‘ဘာလဲ ဘာလဲ မမစံ၊ ချောစုမကြားရဘူး’

အမယ်လေး၊မိန်းမ ၀ါသနာက….

မမစံက ရယ်ရင်းပြောလိုက်သည်။အောင်က…

‘အကြင် အကြင် အတင်းစကားသည် ဖောက်ပြန်သူတို့အား အပုပ်ချ ဝေဖန်သည် ဖြစ်အံ့၊ မှန်သည်လည်း ဖြစ်အံ့၊ ကြားနာကောင်း၏ ၊ ယထာဘူတ ကျ၏ ၊ သူတို့လို့ မကျင့်ရန်ပြင်ဆင်လျှင်သိက္ခာကို စောင့်စည်းရာကျ၏ ၊ သို့ ကြောင့် ကုသိုလ် ဖြစ်၏ ၊ ရှင်တော် ဂေါတမသည်ပင် ဖောက်ပြန်သူ ဒေ၀ဒတ်အား အပုပ်ချ၏ ၊ ဝေဖန်၏ ၊ ရှင်တော် ဂေါတမ၏ သမီးတော် ဖြစ်သော မအေးမိစံ၊ မချောစု၊မဆန်းဆန်းမြင့်နှင့် အောင်တို့သည် ဖောက်ပြန်သူတို့၏ အတင်းကို စုဝေးပြောဆိုကြသည့်အတွက် အပြစ်မ ဖြစ်တန်ရာ’

မမစံက အောင့်ခေါင်းကိုထုကာ ရယ်မောလိုက်လေသည်။

(၃၂)

လ, တော့မသာ။

ကြယ်ရောင် လက်လက်အောင်ဝယ် စောင်းလျားပင်အုပ်အုပ်လေးသည် မိုးရေစက်တို့နှင့် မှု န်မှု န်လက်နေသည်။

မိုးသည် ညအမှော င်မရောက်ခင် စောစီးစွာ ကပင် တိတ်ခဲ့ပြီ ဖြစ်သည်။

ထိုညက အောင် ဂီတာတီး ဖြစ်သည်။

ပြီးတော့ ဆီချက်တွေ ၊နှမ်းတွေ ၊ ပုစွန်ခြောက်၊မြေပဲကြော်ထောင်းပြီး အောင်ကြံကြံဖန်ဖန်သုပ်ကျွေးသော တရုတ်စကားပွင့်သုပ် တစ်ပန်းကန်းကြီး ကုန်လေပြီ။

အောင်က အသုပ်တွေ ဘာတွေ သုပ်တတ်နေပါလား။ဆန်းဆန်းမြင့်က အံ့သြနေသည်။

အောင်က

‘ဘာထင်သလဲ’

လို့ကြွားသည်။

ချောစုက….

‘လင်ရနေတဲ့ မိန်းမပဲ ၊ ဒါလောက်တော့ သုပ်တတ်ရမှာ ပေါ့’

လို့ မလိုတမာ ပြောသေးသည်။

‘နင့်လင်’

ဟု အောင်က သူဆဲနိုင်သမျှ ချောစုကို ပြန်ဆဲသည်။

ဆန်းဆန်းမြင့်က….

‘သြော်…ဒီအုပ်စု ကတော့ လင်စကား သားစကားတွေ ပြောလိုက်တာ တစ်ယောက် မှလဲ လင်မရကြရှာဘူး၊ ဟိုအုပ်စု ကတော့အသံတိတ်နေကြတဲ့သူတွေ တစ်ယောက် ပြီး တစ်ယောက် ဒါထက် ကော်ရိုလာကားပေါ်ပါလာတဲ့ ထိပ်ပြောင်ပြောင်လူကြီးက ခရစ္စတင်းရဲ့ လူတဲ့’

‘ဟယ်…ဟုတ်လား၊ ငါက သူ့အဖေကြီးမှတ်လို့’

ချောစုက ပြောလိုက်သည်။

အောင်က နောက်သလိုလို အတည်ပြောတာလိုလိုနှင့် ….

‘ဟိုကောင်မ မိချောစု၊ ငါ့ကို လင်…လင် ဆိုတဲ့စကားခဏခဏ မပြောနဲ့ဟယ်၊ ကျိန်းကျေတယ်၊ ငါလဲတော် တော် နဲ့ ယောကျာ်းမယူချင်သေးဘူး၊ ကိုလတ်ကလဲ မိန်းမ တော် တော် နဲ့ယူ ဖြစ်မှာ မဟုတ်ပါဘူး၊ ကိုလတ်နှင့် ကိုအောင်တို့ တော် တော် နဲ့ အိမ်ထောင်မပြုကြကြေး သန္နိဋ္ဌာန်ချခဲ့ကြတာတဲ့၊ သူတို့ နှစ် ယောက် စလုံး သားမယားအနှောင်အဖွဲ့ထဲ ၀င်ချင်ပုံမရကြပါဘူး’

ပြောပြီး အောင်က သူ့မေးကို သူပွတ်ကာ…

‘ကိုလတ်က ငါ့လို အလိမ္မာလှပဂေးနဲ့ တွေ့ သွားမှတော့ ဘယ်ခံနိုင်တော့မလဲလေ’

‘ထွီ’

ချောစုက ထောမနာပြုလေသည်။အောင်ကရယ်လျက်………

‘ငါကလဲ ခက်တာက ဆွဲဆောင်မှု က အပြည့်ရှိတာ၊ ငါ့လိုမိန်းကလေးမျိုး နောက်ထပ် ကိုလတ်တွေ့ ဖို့ မလွယ်တော့ဘူး မဟုတ်လား’

‘ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင့်လို အချဉ်ပေါက်နေတဲ့ ဂျစ်တူးမျိုးရဖို့ ဘယ်လွယ်မလဲ၊ သြော်…ကိုလတ် ကိုလတ်၊ ကံဆိုးလိုက်တဲ့ကံ၊ ငါအစ်ကို့ကို သနားလိုက်တာဟယ်၊ သူ့ကိုတစ်သက်လုံး ဒုက္ခပေးမယ့် မြွေပွေးတစ်ကောင်တော့ ခါးပိုက်ထဲ ထည့်မိရှာပြီ’

ချောစု၏ ဗိုက်ကို အောင်သည် ဆွဲလိမ်လိုက်သည်။

ထို့နောက် အပူအပင်ကင်းမဲ့စွာ ရယ်မောကြလျက်ဂီတာ တေးသံကို ဖွဲ့ဖန်ဆင်းရင်း ချစ်ဖွယ် တိတ်ဆိတ်အေးချမ်း သော ညကာလ၏ အလှကို ဂုဏ်ပြုလိုက်လေ၏ ။

လူတိုင်းရဲ့ ဘ၀ဟာ ခါးလျက်နဲ့ချိုပါတယ်၊

လောကက တံခါးအကျယ်ကြီး ဖွင့်လိုက်ပါပြီ၊

လောကကို နှစ် ဖက်မြင်နေ ရတော့မှဖြင့်

ဘယ်လူသားမှ ပြည့်စုံတယ်လို့ သူ့ကိုယ်သူ

မပြောနိုင်ပါဘူး၊

ဒီလောက တံခါးဟာ နှစ် ဖက်လွဲနေတာကိုး၊

တံခါးဟာအထဲတစ်လှည့် အပြင်တစ်လှည့် လွဲနေတယ်၊

တစ်ချိန်ချိန်မှာ သင်ငိုနေရသလို၊

တစ်ချိန်ချိန်မှာ တော့ သင်ဟာ ပျော်ရွင်မှု နဲ့ အော်ဟစ်နေရလိမ့်မယ်၊

တံခါးဟာ နှစ် ဖက်လွှဲနေတယ်။

လေဟာ တစ်ခါတလေ တောင်ဘက်က တိုက်လာသလို၊

မြောက်ဘက် လေအေးကလဲ တိုက်တဲ့အခါ တိုက်တာပဲ၊

တံခါးဟာ ရှေ့တိုးနောက်ငင် သွားနေမှကိုး၊

အမှော င်ရိပ်ဟာ ထိုးကျချင် ကျလာတာပဲ။

ဘာပဲ ဖြစ် ဖြစ်လေ၊

ထွန်းလင်းလာမယ် နေရောင် အတွက်

သင်ဟာ အသင့် ဖြစ်နေရမယ်

၊ဘယ်အရာမဆို လမ်းဆုံးပန်းတိုင်တော့ရှိမှာ ပါ၊

ဒါကြောင့် သူငယ်ချင်းတို့ သတ္တိမွေးကြပါ၊

တံခါး ကတော့ ရှေ့နောက် လွှဲနေမှာ ပဲ။

ရွှင်လန်းတစ်လှည့် နာကြည်းတစ်လှည့်ပေပဲ၊

မနက်ခင်းနေသာတယ်၊ ညနေမှာ မိုးရွာတယ်၊

တံခါးဟာ ရှေ့နောက်လွှဲမြဲပဲ။

မှော င်ချည် လင်းချည် တစ်လှည့်စီပေပဲ၊

နေ့တိုင်းမှာ သင်ဟာလေ၊

အမှားတွေ ရော အမှန်တွေ ရော၊

ရွေးချယ်လုပ်နေမိလေရဲ့ ၊

တံခါးဟာ ရှေ့တိုးနောက်ငင် လွှဲနေမှကိုး။

သင်ဟာ ပျော်ပျော်နေမလား၊

စိတ်ဆင်းရဲနေမလား၊

ဒီသြကာသ ကမ္ဘာမြေလောကမှာ ၊

သင်ဟာ သေဖို့အဆင်သင့် မ ဖြစ်သေးရင်

အတတ်နိုင်ဆုံး တတ်တတ်ကြွကြွနေပါတော့၊

တံခါး ကတော့ ရှေ့နောက် လွှဲမြဲ လွှဲနေမှာ ပဲ။

(၃၃)

အောင်သည်ဂီတာကို ‘အောက်သံ’ ခလုတ်တွေ နှိပ်ကာ တီးတတ်သည် ဆိုရုံသာ ဖြစ်သော်လည်း အောင် ဆိုသော သီချင်းသံမှာ ဝေစည်လျက် နားထောင်၍ ကောင်းလေသည်။

သီချင်းနာမည် က ‘ဒီတံခါးဟာ ရှေ့နောက် လွဲနေပါတယ်’ တဲ့ ဆိုသူက ဟာမင်ဟာမစ်။

ငယ်ငယ်က အောင့်တို့ရဲ့ ကာယနည်းပြဆရာမ သင်ပေးတဲ့ သီချင်းတဲ့။

သည်သီချင်းသွားထက် သီချင်းစာသားကို အောင် နှစ် ခြိုက်လှသည်။

သည်သီချင်းကို ဆိုနေရင် စိတ်အားငယ်သာတွေ ပျောက်သွားသည့်တဲ့။

တလောကများ အောင်ဟာ ရေကန်ဘေး သစ်ပင်အောက်တွေ မှာ တစ်ယောက် တည်း ထိုင်နေရင် သည်သီချင်းကို ဆိုနေတာပဲတဲ့။

အနှောင့်အယှက် ကင်းမယ်ထင်တဲ့ နေရာတွေ မှာ ပေါ့။

တဒင်္ဂမဟန်မျှတော့ အပူငြိမ်းသည်။

လောကတွင် ဆန့်ကျင်ဘက် တရားတွေ ကတော့ ရိုးနေမှာ ပဲ။

ရှေးသူဟောင်းတို့ ဆိုစကားအရ ကိုယ့်ကိုယ်ထဲမှာ တောင် ရှိနေကြတဲ့ ကိုယ်စောင့်နတ် ၁၂ ပါးဟာ၊ ၆ ပါးကနတ်ကောင်း ၊ ၆ ပါးက နတ်ဆိုးတဲ့။

အမှန်လုပ်ဖို့ကို နတ်ကောင်းက တိုက်တွန်းတယ်။

အမှားလုပ်ဖို့ နတ်ဆိုးက နှိုးဆော်တယ်တဲ့။

ဒါတွေ တွေးမိလျှင်တော့ အောင် အသိတရား ရတတ်သည်။

လေတွင် လွင့်ပါးတတ်သော အောင်ပေမယ့် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်သော အောင်ဟာ ဘယ်တော့မှလည်း ပျက်စီးနိုင်မယ် မထင်ပါဘူး။

အောင်ဆိုတာ အောင် တစ်ယောက် တည်းမဟုတ်။

အောင်တို့အုပ်စု အားလုံးကိုလည်းဆိုနိုင်တယ်။

အောင်တို့အုပ်စုထက် ပို၍ ကျယ်ကျယ်ပြန့်ပြန့် တွေးလျှင်တော့ လူငယ်အုပ်စုပေါ့။

သည်လူငယ်တွေ ရဲ့ အရေအတွက်သာ များ ပါစေလို့ အောင်ဆုတောင်းနေရတယ်။

လူငယ်တွေ ဟာ အနာဂတ်ကို ပိုင်တယ်။

လူငယ်တို့ ရှေ့ရေး ကို မြင်နေရတယ်။

တတ်သစ်သ နေမင်းလို ထွန်းလင်း တောက်ပြောင်နေတဲ့လူငယ့်ဘ၀ပေပဲ။

သည်ထဲမှာ အပျက်အဆီးခံ လူငယ်နှစ် မျိုး။

လေလွင့်ရွက်ဝါလို ပျက်စီးခြင်း၊ လမ်းဆုံးသို့ တွန်းပို့ခြင်း ခံရသော လူငယ်တွေ ကတစ်မျိုး။

အသက်ငယ်ငယ်လေးနှင့် တစ်ကိုယ်ကောင်းဆန်စွာ အခွင့်အရေး ကို မျှော်ကိုးတတ်တဲ့ လူငယ်တွေ က တစ်မျိုး။

သည်အမျိုးအစားထဲ အောင်တို့မပါတာတော့ သေချာပါတယ်။

နေ့လယ်က အောင်နှင့် ချောစုတို့ဆီ တစ်ပြိုက်နက် ရောက်လာကြသော ဗလနှင့် ဒေ၀စာကို အမှတ်ရမိသေးသည်။

ဗလ ကတော့ နယ်မှာ အငယ်တန်း စာရေး ဘ၀နှင့် ဇာတ်မြုပ်နေရပြီ။

ကိုယ့်ကိုကိုယ် မနည်းအညွန့်တတ်အောင် ဖတ်သင့် ဖတ်ထိုက်တဲ စာတွေ ဖတ်နေရတယ်တဲ့။

ကျောင်းတုန်းက တတ်နေတဲ့ အညွန့်လေးကို မနည်းရှင်းအောင် ရေလောင်းရသတဲ့။

ဘ၀ဟာ ရှင်လျက်နဲ့ သေရတာ အဆိုးဆုံးပဲတဲ့။

ဒါကြောင့် ဘွဲ့ရသွားပေမယ် အိမ်ထောင်ပြုဖို့ လုံးဝ စိတ်မကူးရဲပါဘူးတဲ့။

ဒေ၀ ကတော့ ရှိစုမဲ့စု အရင်းအနှီးတွေ နဲ့ ကင်းလွတ်ကုန်တွေ ကူးနေတယ်တဲ့။

သည်ကုန်ကို တင်ရင်း ရန်ကုန်ကို ရောက်အောင် လာဦးမတဲ့။

သူ့ဘ၀ ကတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀ပါတဲ့။

အောင် တွေးသလို မိုးရေထဲ လမ်းလျှောက်တာ အရသာတစ်မျိုးဆိုရင် သည်အရသာကို သူမကြာခဏ ခံစားနေရပါသတဲ့။

သူ့သည်အလုပ်နဲ့မဟန်ရင် ရန်ကုန်သို့ ပြောင်းလာပြီး အောင့်လို့ပဲ အပြင်ဆောင်မှာ နေ၊ သန်လျင်သွားတဲ့ သီတာသင်္ဘောပေါ်မှာ အဖိုးနည်းတာက ပုဆိုးကွဲတဲ့ လျက်ဆားကို ရောင်းတော့မယ်တဲ့။

ဒေ၀က ရယ်စရာလို ရေး လိုက်သော်လည်း အောင့်နှင့် ချောစုတို့ ၊ ဒေ၀နှင့် ဗလစာတွေ ကို နှစ် ယောက် သား ခေါင်းချင်းဆိုင်ကာ ဖတ်ကြပြီး တသော သော ရယ်မောလျက်က မျက်ရည်တွေ လည်မိကြသေးသည်။

(၃၄)

ခရစ္စတင်းဆိုသူ အလှမယ်သည် နောက်ဆုံးပေါ် ကားမျိုးစုံပေါ် ပါပါသွားဆဲ။

ရင်ရင်ထိုက် (သူယောင်မယ်)နှင့် ဖြူဖြူ (ပျာကလက်) တို့ကလည်း ဘွဲ့ရလုဆဲဆဲ ဘယ်လို အိမ်ထောင်ဖက်မျိုးကို ရွေးချယ် ရမည် လဲဟု ရွှေချိန်သလို ချိန်သား ကိုယ်နေကြလေသည်။

မိုးကုတ် သူဌေးလား၊ ဆရာဝန်လား၊ ဒီအက်စ်အေကျောင်းဆင်းလား၊ မရင်း အင်ဂျင်နီယာလား။

အရွယ်ကောင်းလေးတွေ ဘယ်လောက်များ နှမြောဖို့ကောင်းသလဲ။

အောင်ကလူကြီး သူမလို တွေးသည်။

ခရစ္စတင်းဆိုတာ လှက လှနှင့် ။

ပညာကလည်း အမ်အက်စီ ကွာလီဖိုင်းတောင် အောင်ပြီးပြီ ဆိုပဲ။

မနက် (၇) နာရီ (၈) နာရီကြားဆို ရေချိုးတဲ့ နေရာနှင့် ရေချိုးခန်းကို လုရသည်။

အောင်က ရေကိုအပြင်မှာ မချိုးတတ်။

ပြီးတော့ ချောစုနှင့် ဆန်းဆန်းမြင့်တို့က မနက် အချိန်တူကြသဖြင့် သူတို့တစ်တွဲ ချိုးသည့်နေရာကို လိုက်သွားပြီး ရေချိုးခန်း အအားကို စောင့်ရသည်။

မိုးတွင်းဆိုတော့ ရေလဲပြဿနာကလည်း ရှိသဖြင့် ချောစုနှင့် ဆန်းဆန်းမြင့်တို့ ကျောချင်းကပ်ပြီး ရေချိုးကြလေသည်။

‘ဟေ့ကောင်….မိချောစု၊ လှည့်မကြည့်နဲနော်’

ဆန်းဆန်းမြင့်က အသံကျယ်ကျယ်နှင့် အော်သည်။

‘အေးပါ၊ နင်ပြောတာနဲ့ လူကြားတယ်’

‘ကြား တရားဟယ်’

‘သစ္စာရှိရှိ တာဝန်သိသိနော်’

‘အေးပါဆိုနေမှပဲ၊ မိဆန်းမြင့်က သည်းနေလိုက်တာ၊ငါလည့်ကြည်လိုက်ရနော်’

‘ဟဲ့…ခွေးမ၊ သေနာမ၊ နင် ဒီလိုမယုတ်နဲ့’

အောင်ကအပြင်မှာ ရပ်စောင့်ရင်း ၊တသော သော ရယ်မောနေသည်။

ချောစုက….

‘အပြင်က ကောင်မလဲ အ ဖြစ်သည်းနေလိုက်တာတော် ၊ တို့လို နှစ် ယောက် တွဲ မချိုးရဲဘူးတဲ့၊ ငါ အဖော်စပ်လို့ ဘယ်တော့မှ မရဘူး၊ ရေချိုးခန်း တစ်ယောက် တည်း တံခါးပိတ်နေတော့ ကောင်မတွေ က ငြူစူဦးမယ်’

အတင်းပြောသလို လုပ်နေသည်။ ဆန်းဆန်းမြင့်က ရယ်သံ ဗလုံး ဗထွေးနှင့် …..

‘မိအောင်ဆိုတဲ့ ကောင်မလား၊ သူက သူ့လင်’အောင်ကိုလတ်’ နဲ့မှ တဲ့’

‘သေကြတဲ့’

အောင်က အပြင်မှ လှမ်းအော်လိုက်သည်။

ချောစုတို့၊ဆန်းဆန်းမြင့်တို့ ရေချိုးအပြီး အောင်က ဘယ်သူမှရောက်မလာခင် ကပျာကယာ ၀င်လိုက်သည်။

သူဝင်လို့ မကြာမီပင် ခရစ္စတင်းက လိုက်ဝင်လာလေသည်။

အင်္ဂတော ကိုင်ထားသော အုတ်ကန်ပေါင်ပေါ်တွင် အောင်ကဆပ်ပြာခွက် တင်ဆဲ။

ခရစ္စတီးက ရေချိုးခန်းတံခါးသို့ ပိတ်လိုက်လေတော့သည်။

အောင်က ရှိတင်ထဘီဟောင်း ရေလဲပေါ်တွင် ရေတစ်ခွက် နှစ် ခွက် လောက်းချိုးဆဲ။

‘ချာတိတ်ကလဲ ရှက်နေလိုက်တာကွယ်၊ ရည်းစားရှိတဲ့လူကများ ရှက်နေရသေးလား’

‘အို…ဘာဆိုင်လို့လဲ’

သည်တစ်ခါတော့ အောင်သည် ခရစ္စတင်းကို စိတ်ဆိုးစပြူလာသည်။

ခရစ္စတင်း၏ တမင်လုပ်ကာ ရယ်နေသော အသံနေ အသံထားကို စိတ်ထဲက ဝေဖန်စပြုလာလေသည်။

အောင်တို့က တမင်လုပ်ပြောသော အသံ၊ ရယ်သော အသံတွေ ကို ‘ရန်ကုန်သံ’ ဟုခေါ်သည်။

‘ဆိုင်တာပေါ့ ချာတိတ်ရဲ့ ၊ ရည်းစားရှိတယ်ဆို စဉ်းစားကြည့်ပေါ့’

‘အောက်တန်းကျတယ်’

အောင်က သူသုံးနေကျ စကားတစ်ခွန်းနှင့် နာအောင်ခံပက်လိုက်သည်။

အောင်သည်စကားမျိုး ခဏခဏ ပြောတာကို ကိုအောင်က မကြိုက်။

အဆင့်အတန်း ခွဲသည်တဲ့။

အောင်ဆိုလိုတာ အောက်တန်းကျတယ် ဆိုတာ စိတ်နေသဘောထားနှင့် အပြုအမှု ကို ပြောတာပါ။

‘ယူရည်းစားက အသားဖြူဖြူနဲ့ လူလား ၊ အသားညိုညို နဲ့ လူလား’

‘အသားဖြူဖြူ’

အောင်သည် မကောင်းတတ်၍ အဖြေပေးလိုက်သည်။

ဆပ်ပြာကို ကပျာကယာ တွန်းသည်။ ရေကို မြန်မြန်ချိုးချင်လှပြီ။

‘အသားညိုညို တစ်ယောက် ပို၍ Attraction (ဆွဲဆောင်မှု ) ရှိတယ်နော်’

‘မသိဘူး’

‘ဒီလူက ယူ့ First Lover (ပထမဆုံး ချစ်သူ)လား’

အောင်က ခေါင်းကိုသာ တစ်ချက် ညိတ်ပြလိုက်ရလေသည်။

(၃၅)

ထို့နောက် ရေချိုး၍ မ၀ခင် ရေချိုးခန်းထဲက ကပျာကယာ ထွက်ခဲ့လေသည်။

ရယ်မောသံ သဲ့သဲ့သည် ရေချိုးခန်းထဲတွင် ကျန်ရစ်သည်။

အောင့်မျက်နှာမှာ နီပြီး ရှက်နေသည်။

ဘယ်လိုမိန်းမစားလဲ ၊ အောင် မစဉ်းစားတတ်။

လောကကြီးမှာ သည်လို မိန်းမစားတွေ အများ ကြီးပဲလား။

အောင် တွေးပြီး စိတ်ပူမိသည်။

တစ်ခါတုန်းက ကိုလတ်စာထဲမှာ ထည့်ရေး တာ သတိရမိသေးသည်။

လိပ်ပြဿနာရေး ရာတွေ မှာ နစ်မြုပ်နေတတ်တဲ့ လူစားတွေ ဟာ စိတ်မချရဘူးတဲ့။

ရင်ရင်ထိုက်လည်း သည်လိုပါပဲ။

ငယ်ငယ်ကတည်းက ကျောင်းနေဖက်ပဲ။ သူ့အကြောင်းကို အပ်ကျတာမကျန် သိတာပေါ့။

ရင်ရင်ထိုက်ရဲ့ ကိုယ်လုံးပုံစံဟာ တစ်နေ့တခြား ပုံပျက်လာပြီတဲ့။

ဆန်းဆန်းမြင့်က ပြောသည်။

ရှင်တော် ဂေါတမမြတ်စွာ ဘုရား ကတော့ အိပ်၊စား၊ ကာမ ဤသုံးဝသာ အချိန်ကုန်တဲ့ လူတွေ ကို လူ့ငနွားလို့ သတ်မှတ်ထားတာပဲ။

အောင် ဆောင်းပါးတစ်စောင်တွင် ဖတ်ရဖူးသည်။

လောကကြီးတွင် မိမိကိုယ်ကိုမိမိ ကြည်ညိုအောင်နေဖို့ အရေး ကြီးသည်။

လွန်ခဲ့သော အနှစ် ၇၀ ကျော်က ဘုန်းတော် ကြီး ဦးသီလ ဟောခဲ့တာတဲ့။

မည် သူမဆို သူတစ်ပါးက ကြည်ညိုအောင် ဟန်ဆောင်နိုင်ကြ၏ ။ သို့ ရာတွင် မိမိကိုယ်တိုင် ကြည်ညိုအောင်ကား ဟန်မဆောင်နိုင်ကြချေ။ အကြောင်းကား မိမိကိုယ်တိုင် လွန်ကျူးထားသော အမှု များ ကို သူတစ်ပါးမသိသော်လည်း သူကိုယ်တိုင်ကား မသိဘဲ မနေနိုင်။ သိပြီး ဖြစ်နေသော ကြောင့် တည်း။

ထို့နောက် အောင် မှတ်သားထားသော ဤဆောင်းပါးတွင် ‘ဘေးနှစ် မျိုး’ ဆိုတာရှိသည်တဲ့။

မိမိကိုယ်ကိုမိမိ စွပ်စွဲသော ဘေး။

အတ္တာ နုဝါဒဘေး။

သူတစ်ပါးက စွပ်စွဲသော ဘေး။

ပရာ နုဝါဒဘေး။

သူတစ်ပါး စွပ်စွဲသော ဘေးကား ဖြေရှင်း ရှောင်တိမ်းလို့ ရနိုင်၏ ။

အတ္တနုဝါဒဘေးကား ဖြေရှင်း ရှောင်တိမ်း၍ မရနိုင်ပေတဲ့။

အိပ်ရာဝင်၍ ခေါင်းအုံးပေါ်မှာ ခေါင်းချလိုက်သည့်တစ်ပြိုက်နက် ငါဟာ ဘယ်လိုလူစားလဲ ဟူသော အသိ ပေါ်လာတတ်သည်။

သို့ ကြောင့် ငါ့အကြောင်းကို ခေါင်းအုံးအသိဆုံးဟု ဆိုစမှတ် ပြုကြလေသည် ဆိုထားသည်။

‘ငါအကြောင်း ခေါင်းအုံးအသိဆုံးတဲ့’

သည်စကား အောင် သိပ်ကြိုက်သည်။

သေခါနီး ဆဲဆဲ လူတွေ ဟာ ကိုယ်လုပ်ခဲ့သမျှ ကုသိုလ်, အကုသိုလ်တွေ ကို ဝေဒနာနှင့် တွဲ လျက် ပေါ်လာပြီး ကိုယ်လားရာ ဘ၀ကို အာရုံနိမိတ်၌ ထင်လာတတ်သည်ဟု ဘကြီးက ပြောဖူးသည်။

ရုတ်ခြည်း အောင့်ခေါင်းထဲ၌ ကိုလတ်နှင့် ကိုအောင်တို့ကို အတွေးထဲပေါ်လာသည်။

သူတို့နှစ် ယောက် ကုသိုလ်တွေ အပြုများ သလား ၊ အကုသိုလ်တွေ အပြုများ သလား။

ပြောစရာရှိတာ တစ်ခု ကတော့ ကိုလတ်၊ ကိုအောင်တို့ဟာ နိဗ္ဗာန်ထက် ဘ၀ကို ပိုချစ်မိတယ်တဲ့။

သူတို့မှာ အဘိဇ္ဇာတွေ ၊ လောဘတွေ သူများ ထက် ကင်းတာတော့ အမှန်ပါပဲ။

လူအများ စုအတွက် လမ်းသစ် တစ်ခုကို ထွင်လို့တော့ လျှောက်နေတာပဲ။

ဒါကို ဘယ်လို ဝေဖန်ကြမည် လဲ။

သက္ကာယ ဒိဋ္ဌိလား။

ဘ၀ကိုခင်တွယ်တာလား။

အပြစ်ကင်းစင်တဲ့ သုစရိုက် ၁၀ ပါး ၀င်လား။

သန့်စင်တဲ့ သီလပေလား။

အောင်သည် စာအုပ်တွေ ချပြီးဘကြီးနှင့် တစ်ခါဆွေးနွေးဖူးသည်။

မရှင်းလင်း မပြေလည်လှ။

ဦးနှောက်သည် နုနယ်လွန်းသဖြင်အယူအဆတွေ ရူပ်ထွေးနေတာ အမှန်ပင်။

ဘကြီးက ရယ်မောလျက် အောင့်ခေါင်းကိုပုတ်ရင်း ‘နင်ရူးသွားမယ်၊ သိပ်မစဉ်းစားနဲ့’ ဟုပြောသည်။

သည်လောက၌ အောင့်မသိသေးသော အကြောင်းအရာတွေ အများ ကြီး ရှိနေလိမ့်မည် ထင်သည်။

အောင်မုန့်ဟင်းခါး ချက်တတ်သည်ဆိုတာကိုကိုလတ်ရော ကိုအောင်ရော၊ ဒေ၀ရော ဗလရော၊ ဘယ်သူမှမယုံ။

ဝိုင်းဟားနေကြသည်။

ချောစု၊ မမစံနှင့် ဆန်းဆန်းမြင့်တို့က ထောက်ခံပြောတာတောင် ‘အချင်းချင်း ယိုင်းပင်ကြတာကိုး’ ဟု ဒေ၀တို့က စွပ်စွဲသည်။

ဒေ၀နှင့် ဗလတို့ ရန်ကုန်ရောက်တုန်း အောင်က သူ့ဘကြီး သူ့မုန့်ဖိုးနှင့် သူမုန့်ဟင်းခါး ချက်ကျွေးဖို့ တာဝန်ယူသည်။

ဘာလိုလိုနှင့် အောင် အလကားနေရင်း ၂၃ နှစ် တင်းတင်း ပြည့်မည် ပဲ။

အသက်တွေ က ကျောင်းပိတ်ရင်း ကြီးသွားတာပဲ။

အချိန်ဆိုတာလူတွေ ကို စိတ်ရှည်ရှည်နှင့် လက်တွဲ စောင့်ခေါ်တဲ့ အရာမျိုးမှမဟုတ်တာ။

သူက သူ့အလုပ်ကိုလုပ်သွားတာပဲ။

ဘယ်သူ့ကို စောင့်နိုင်မတုံး။

ကိုလတ်အသက် ဘယ်လောက်ရှိပြီလဲဟု ထိုနေ့က မေးမိသည်။

မဆင်မခြင်စကားပြောသော ဒေ၀က ‘နင့် နှယ် ဟယ် ကလေးရမှပဲ မေးပါတော့’ ၀င်ပြောသဖြင့် ချောစုတို့က ဒေ၀ကို ၀ိုင်းအော်ပြီး တဖြန်းဖြန်းရိုက်ကြသည်။

ဒေ၀က စပ်ဖြဲဖြဲနှင့် အလိုက်မသိ ပြောလိုက်မိတာကို နောင်တရဟန်မတူဘဲ ရယ်နေသည်။

အောင်သည် မတ်တပ်ရပ်နေရာမှ ဒူးတွေ က အလိုလိုညွတ်လာသဖြင့် ထိုင်ချလိုက်တော့ လက်ကကိုင်ထားသော ကြွေပန်းကန်းငယ် တစ်ချပ်သည် လွတ်ကျသွားသည်။

‘ဟော…ဟော’

ကိုအောင်ကပြောရင်း မြုံစေ့စေ့ နှင့် ပြုံးနေသည်။

ကိုအောင် တစ်ယောက် နောက်ချင်၊ ပြောင်ချင်သလိုနှင့် အဲဒီ လိုပြုံးတာကို သိပ်မုန်းတာပဲဟု အောင်က စိတ်ထဲကတွေးရင် နောက် သူ့မျက်စောင်းလက်နက်သည် ကိုအောင့်ပစ်မှတ်ကို ချိန်လိုက်လေသည်။

ကိုလတ်က ငြိမ်သက်သော အမူအရာနှင့် ထုံးစံအတိုင်းညင်သာစွာ ပြုံးလျက်…….

‘အောင် ကိုယ်အသက်ကို ဘယ်လောက်ရှိပြီ ထင်လို့လဲ’

‘ဘယ်သိမလဲ’

‘မှန်းကြည့်လေ’

‘မမှန်းတတ်ပါဘူး’

ကိုလတ်က အလျှော့ပေးတော့မှ မဟုတ်တာကို သိသဖြင့် အောင်က အသက် ၂၈ နှစ် လောက် ရှိရောပေါ့ မှန်း၏ ။

‘၂၅ နှစ် ’

‘ဟင်၊ ကိုလတ်က အဲဒီ လောက်ပဲရှိသေးလား၊ ဟုတ်ကော ဟုတ်လို့လား’

‘ဟုတ်ပါတယ် အောင်ရဲ့ ၊ ကိုယ်က ရုပ်ရင့်နေလို့လား’

‘ရုပ်ရင့်တာလဲ မဟုတ်ပါဘူး တစ်မျိုးပဲ၊ လူကြီးနဲ့တူလို့ ကိုလတ်ကို ကျွန်တော့် ထက် အသက် ၅ နှစ် လောက်ကြီးမယ်ထင်တာ ဘွဲ့ရပြီး အလုပ်ကလဲ လုပ်နေတာကိုး’

ဒေ၀က….

‘ကိုလတ်က ၁၆ နှစ်သားနဲ့ ကောလိပ်ရောက်တယ်၊ ၁၆ နှစ် ကျမှ ကောလိပ်ရောက်တာက ဟိုကောင်’

ဗလကို မေးငေါ့ပြလေသည်။

ဗလက အသက် ၃၀ ကျော်ပြီတဲ့။

ဗလကိုယ် သေးသေးလေးကိုကြည့်ပြီး အားလုံးက ဟားကြသည်။

ထို့နောက် ဗလကို ‘ဘိုးဘိုးဗလ’ လို့ခေါ်ကြသည်။

ဒေ၀က ၂၈ နှသ် ၊ ကိုအောင်က ၂၆ နှစ် ၊ သူတို့ထဲက ကိုလတ်က အငယ်ဆုံးပဲတဲ့။

‘အငယ်ဆုံးကလဲ အကြီးဆုံးကျနေတာပဲ၊ ဗိုလ်ကျနေလိုက်တာ’ ဟု အောင်က မကျေမနပ်နှင့် ပြောနေသေးသည်။

(၃၆)

အောင်သည် အလုပ်ကို ခက်သွက်သွက်ပင် တရစပ် လုပ်သွားသည်။

အောင့်ကိုကြည်ရတာ အိမ်ရှင်မကောင်း ဖြစ်မယ့်ရုပ်မျိုးမဟုတ်ဘူးတဲ့။

ဆတ်ကော့ လတ်ကော့နှင့် အပြင်ကိုထွက်လည်ချင်သည်၊ မလည်ချင်လျှင်လည်း အ၀တ်ဟောင်းတွေ တောင်ပုံရာပုံထားလျက် အိုးခွက်ပန်းကန်တွေ မဆေးသေးဘဲ သည်အတိုင်းပစ်ထားက အိပ်ရာထဲ စာဖတ်ချင်ဖတ်နေမည် ။

အိပ်ချင် အိပ်နေမည် တဲ့။

ကိုအောင်က မှန်းဆပြောတော့အားလုံးက၀ိုင်းထောက်ခံသည်။

‘အထင်းသေးလှချည်းလား’ အောင်က မျက်နှာထားတည်လျက် ပြောသည်။

‘ခုတော့လဲ ငါတို့နှမလေးက တော် ရှာသားပဲ’

ဒေ၀က ချီးကျူးတာကို အောင်က အငိုက်မိတော့မည် ဆဲဆဲ…..

‘ဟိုနားက ငါးဖယ်ကြော်လေး တစ်တုံးလောက်’

တောင်းလိုက်တော့ အောင်က ငါးဖယ်ကြော်တစ်တုံးစီဝေပေးပြီး ငါးဖယ်ကြော်ပန်းကန်းကို ကပျာကယာ ကြောင်အိမ်ထဲ ထည့်လိုက်ရသည်။

သူ့ပါးစပ်ထဲလည်း ငါးဖယ်ကြော်ကပျာကယာကော်ထည့်သော အောင်ကို ဗလက…..

‘ဟင်၊ ဒီအိမ်ရှင်မက ဘယ်လိုဟာလဲ’

အောင်က သူ့ဘာသာသူ သဘောကျပြီး တသော သော ရယ်မောနေသည်။

ဆန်းဆန်းမြင့်က ကြက်သွန်တွေ အခွံသင်နေရာမှ ‘အောင်လား၊ သူ ဟင်းချက်ရင် ဒီလိုပဲ၊ သူ့ပါးစပ်ထဲ မြည်းတာက တစ်ဝက် ၊ စားရတာ က တစ်ဝက်’ ပြောရင်း ရယ်နေသည်။

‘ကိုလတ်ရယ် ၊ ရှာပေးဦးတော့ ထမင်းထုပ်ကြီးနဲ့’

ဗလက လှမ်းပြောလိုက်သည်။

ကိုလတ်က သမံတလင်းပေါ်မှ သစ်သားပေါင်ပေါ် ထိုင်ကာ ဆေးလိပ်တစ်လိပ်ကိုဇိမ်ခံသောက်ရင်း အောင်လုပ် ကိုင်တာကို ငေး၍ ကြည့်နေသည်။

ကိုအောင် ကတော့ ထုံးစံအတိုင်းသူလွယ်ထားသော လွတ်အိတ်တွင် ဘာတွေ ပါသလဲတော့မသိ၊ မချဘဲ ကြောင်အိမ်နားက ခုံပေါ်မှာ ကျကျနနထိုင်ပြီး ဂါးဒီးယန်းသတင်းစာ ထဲက ဆောင်းပါးကို ဖတ်နေလေရဲ့ ။

ဗလကလည်း အာလူး ထိုင်ဖုတ်ရင်း သင်ပြီးသား ငါးကျည်းနှင့် ငါးခူတွေ ကောက်စားလိုက် ၊ဘူဥပြုတ်လှီးပြီးသားတွေ စားလိုက်နှင့် သူ့ရှေ့မှ စားစရာတွေ မနည်းသိမ်းရသည်။

‘ဒေ၀ တစ်ယောက် ပဲ ကူဖော်ရတယ် ၊ လိမ္မာတယ်၊ မိန်းမချောချော အလိမ္မာလေး ရပါစေ’

အောင်က ဆုတောင်းပေးနေသည်။

ကြက်သွန်ခိုးမွှန်၍ ကျလာသော မျက်ရည်တွေ ကို သူ့ပုဆိုးနှင့် သုတ်ရင်း တဟင်းဟင်းနှင့် ငိုရင်း အသံတုန်တုန်နှင့် …..

‘မှာ လိုက်ပါရစေနော်၊ ငါ့ရဲ့ ပတ်ကားအတု ဖောင်တိန်လေးကို ဗလမယူစေနဲ့လို့၊ သိင်္ဂီနွယ်ကို ဆက်ဆက် အမှတ်တရ ပေးလိုက်နော်၊ ဘုန်းကြီးကို ဒံပေါက်ဆွမ်းကျွေးပြီး အီကလယ်မုန့် အချိုတည်းပါလို့၊ ကုန်သမျှ ပိုက်ဆံတွေ ကို ကိုလတ်ရယ်၊ ကိုအောင်ရယ်၊ မျှခံကြလိမ့်မယ်၊ ကိုအောင်အိမ် ခုတင်ခြေရင်းမှာ လှန်းထားတဲ့မီးလောင်ပေါက် ၁၀၀ ကျော်နဲ့ ချဉ်စုတ်ဟောင်းပုဆိုးလေးတော့ ငါ့နှမတို့ မနှမြောကြပါနဲ့၊ ဒေ၀ကို အမွေပေးလိုက် ကြပါ၊ ဒေ၀တို့ သမ၀ါယမက ပုဆိုးမရတာ ကြာပြီတဲ့’

အောင်၊ ချောစုနှင့် ဆန်းဆန်းမြင့်တို့ ဒေ၀၏ အမှု အရာဟန်ပန်ကိုကြည့်ပြီး တသော သော ရယ်မောကြလေသည်။

ဟင်းချက်တော့လည်း မြန်မြန်ချက်ပြီးပါမှ၊ ဆန်မှု န့်တွေ လှော်တာကို ဗလက…..

‘ဆန်မှု န့်က လှော်ရတယ်၊ မကြားဖူးပေါင်’

‘ဟင်…ငါးက ဆီသတ်ရတယ် ဟုတ်လား’

‘ဆားရည်ထဲ ဌက်ပျောအူလှီးထည့်ရတယ်လား ၊ တစ်ခါမှ မတွေ့ ဖူးဘူး’

တစ်ယောက် တစ်ပေါက်ကြောင်နေကြသဖြင့် အောင်သည် အားလုံးကို အိမ်ရှေ့သို့ နှင်ထုတ်လိုက်သည်။

များ မကြာမီ ကိုလတ်နှင့် ဘကြီးနှင့် နှစ် ပေါင်းများ စွာ က တွဲ နေသော ဆွေရင်းမျိုးရင်ပမာ ရုတ်ခြည်း ခင်မင်လာကြပြီး စကားလက်ဆုံ ကျနေလေတော့သည်။

ကိုအောင် ကတော့ အဘိုးကြီးကို အခွင့်တောင်းပြီး ဘကြီးရဲ့ စာအုပ်စင်ကို မွှေခွင့်ရ၍ ရေငတ်သူ ရေတွင်းထဲ ကျနေလေရဲ့ ။

(၃၇)

နေ့လယ်ခင်း နေရောင် ခြည်သည် ဖြာ၍ လင်းနေသော်လည်း သစ်ပင်များ မြောင် ရိပ်ကောင်းချောင်၌ နေရာင်ကွယ် ကာနေစွယ်ညွန့်တို့ မတိုးသာ၊ မဝှေ့သာ။

ယုဇနပန်းရုံ၊ ခွာဖြူပန်းတို့ရုံတို့၏ ပတ်လည်တွင် သရက်ပင်အုပ်အုပ်နှင့် ပိနွဲပင်တို့ ရွက်ဖြာဝေစိပ်လျက် အရိပ်လည်းမြိုင်လေသည်။

ပြွတ်သိပ်သီးမှည့်နေသော ပိန္နဲသီးတို့ကာ ပင်လုံးညွတ်မျှ ချစ်စဖွယ်ပင်။

မရန်းစေ့ရောင် ကြောင်မြီးတူနှင့် ဖယောင်းပန်းဝါတို့သည် သရက်ပင်ခွကြားမှ တွဲ ရရွှဲ အလှကဲလျက် ဝေေ၀ဆာဆာ ဖူးပွင့်နေကြသည်။ သရက်ပင်နားတွင် ဇွန်ပန်းရုံကြီး ရှိသည်။

ဇွန်ပန်းတွေ ခူးနေသော အောင်ရှိရာသို့ ကိုလတ်နှင့် ကိုအောင်တို့ လိုက်လားကြသေးသည်။

ဝါးဆွဲခြင်းလေးထဲက ဇွန်ပန်း ဖြူဖြူသေးသေး နုပ်နုပ်လေးတွေ ကို ကိုလတ်ရော၊ ကိုအောင်ရော ငုံ့ကာငုံ့ကာ နမ်းကြည့်နေကြသည်။

ပန်းက မနက်အစောကြီးတည်းက ခူးမလို့ မအားနိုင်တာနဲ့ ဘကြီးရဲ့ ဘုရားစင်ရှေ့မှာ ပန်းမွေ့ယာခင်းပေးရမှာ

‘ပန်းမွေ့ရာဆိုတာ ဘာလဲ’

ကိုအောင်က တကယ်မသိတာလား၊ ကြောင်တာလားမသိ ၊မေးနေသည်။

အောင်က အဖြေ။

ရယ်၍ သာနေသည်။

‘ဒီပန်းခူးရတာ သိပ်လက်ဝင်တာပဲ၊ ချောစုနဲ့ ဆန်းဆန်းမြင့်တို့ ပန်းကန်းဆေးပြီးမှ ၀ိုင်းကူခူးခိုင်းရမယ်

ကိုလတ်က ပိန္နဲသီးတွေ ပေါ် နားနေသော ခိုပြာမြီးကော့လေးတွေ ကို စိုက်ေးကြည့်ရင်း…..’

‘ဒီနေရာလေးက သိပ်အေးချမ်းတာပဲနော်၊ အောင့်ကို တော့ ဘကြီးက ချစ်သားပဲ’

‘ချစ်ပါတယ်၊ သူက လူပျိုကြီးလေ၊ တူတွေ တူမတွေ ထဲ ကျွန်တော့် ကိုအချစ်ဆုံး’

သူနဲ့တစ်သက်လုံး အတူမနေနိုင်ဘူးလား

‘နေနိုင်ပါတယ်၊ နေလို့ ဖြစ်ပါတယ်၊ဒါပေမယ့် စည်းကမ်းကြီးလွန်းတယ်၊ မနက်ဆို အိပ်ရာစောစောထမှ ကြိုက်တယ်၊ မနက်လင်းတာနဲ့ ဘုရားသောက်တော် ရေလဲ, ပန်းကပ် အဲဒါလဲ ကျွန်တော် လုပ်နိုင်ပါတယ်၊ ဒါပေမယ် ရတနာသုတ်တွေ မင်္ဂလသုတ်တွေ ရွတ်ရတာ အရှည်ကြီးပဲ၊ သိပ်ပျင်းတာပဲ၊ နောက်ကျွန်တော် ပျင်းတာ တစ်ခုက ဧည့်သည်လာရင် ကျွန်တော့် ကို ထိုင်ခိုင်းပြီး ဧည့်ခံခိုင်းတာ၊ သူ ဘုရားကန်တော့နေတုန်း ရေချိုးနေတုန်း ထမင်းစားနေတုန်း ဘကြီးကအဲဒီ သုံးခုစလုံး သိပ်ကြာတယ်။

‘ကျွန်တော် ပျင်းတာပေါ့၊ သူ့ရည်ရွယ်ချက်ကလဲ ကျွန်တော် ကောလိပ်ရောက်တဲ့အထိ ကလေးဆန်နေလို့ လူကြီးတွေ နဲ့ စကားပြောတတ်အောင်တဲ့ ၊ ကျွန်တော် ကျွတ်နေတာပဲ’

ကိုလတ်က ရယ်မောနေသည်။

ကိုအောင်က ခွာဖြူပန်းရုံဘက် မေးထိုးပြီး….

‘ဟိုမှာ ဘကြီး ရှိတယ်’

အောင့်ကိုခြောက်လှန့်ပြီး လွယ်အိတ်ကြီး တကားကားနှင့် အောင့်တို့အပါးမှ ထွက်ခွာသွားလေသည်။

‘ကိုအောင်က အာလူး၊ ကတ်ကြေးသံက မာလီဆုကူးသီးပါ’

ကိုလတ်နှင့် ကိုအောင်နှစ် ယောက် တည်းကျန်တော့ ကိုလတ်က မခူးတတ် ခူးတတ်နှင့် ဇွန်ပန်းတွေ ကို ၀ိုင်းခူးပေးနေသည်။

အရွက်တွေ အခက်တွေ ပါလာသဖြင့် အောင်က ကိုလတ်ပန်းခူးပုံကို သဘောကျကာ ရယ်မိသေးသည်။

ပန်းခူးပြီး ယုဇနပန်းရုံနား ရောက်လာတော့ အောင်က နောက်မှလိုက်လာသော ကိုလတ်ကိုလှည့်ကြည့်ပြီး….

‘ကိုအောင်နဲ့ တစ်ညနေတုန်းက စကားပြောကြတာ ဒီခုံတန်းလျားလေးပေါ့’

ပြမိသေးသည်။

‘အောင့်မွေးနေ့မှာ ကိုလက်ဆောင်ယူမလာမိတာ စိတ်မဆိုးနဲ့နော်’

ကိုလတ်က မဆီမဆိုင် စကားဖြတ်ပြောနေသေးသည်။

‘ကျွန်တော် နားလည်ပါတယ်၊ ကိစ္စမရှိပါဘူး၊ ကိုလတ်က ကျွန်တော် ဘာမှမလိုချင်ပါဘူး’

‘ပထမပေးဖို့စဉ်းစားသေးတယ်၊ နည်းနည်း ရှက်တာနဲ့ ရပါတယ် ကိုလတ်ကလဲ’

အောင်က ခွင့်လွှတ်လျက် ရယ်မောနေမိသည်။

‘ကိုအောင်က ဘာပေးမလဲ’

‘ကျွန်တော် ကိုလတ်ဆီကို စာတွေ ရေး ဖို့တဲ့ ဖောင်တိန်လေ၊ပတ်ကား ၂၁ မီးခိုးရောင် လေး၊ အဲဒါ အဖိုးတန်မယ် ထင်တယ်နော်၊ တစ်ရာနီးပါး ကျမလား’

‘မပြောတတ်ဘူး၊ သူဘယ်တုန်းက သွားဝယ်လိုက်သလဲ မသိဘူး၊ ကိုအောင်ပေးတာနဲ့ ကိုယ်ပေးတာနဲ့ အတူတူပဲနော်’

‘ထားပါတော့’

အောင်က ရယ်မိပြန်သည်။

ကိုလတ်က သူ တစ်ယောက် တည်း လက်ဆောင်မယူလာရတာ ကို စိတ်မကောင်း ဖြစ်နေပုံရသည်။

တစ်ခါတစ်ခါကျတော့လည်း ကိုလတ်သည် ဘာမှမဟုတ်တာလေးကို ချီတုံချတုံး ဖြစ်တတ်သည်။

(၃၈)

‘အောင့် စိတ်ထဲမှာ တော့ ဘယ်လိုမှစိတ်မကောင်းမ ဖြစ်တာ စိတ်မထိခိုက်တာ ကိုလတ်မသိဘူးလား’ ထုတ်ပြန်ရရင်လည်း သမီးရည်းစားတွေ လို နွဲ့သွားမည် စိုးသော ကြောင့် အောင်က ဘာပြောရမှန်းမသိ နှုတ်ဆိတ်နေသည်။

အမှန်က အောင့်မွေးနေလို့ ပြောဖိတ်တာမှ မဟုတ်ဘဲ။

သည်လိုပေးနေကြမှာ ကို အောင်ကလည်း သိပ်အားနားတာပဲတဲ့။

လူတွေ ရဲ အခြေအနေကလဲ ကိုအောင်ကလွဲလို့ အကုန်လုံးကျပ်ကျပ်တည်းတည်းပဲ။

ဗလနှင့် ဒေ၀ ဆိုရင် နှစ် ယောက် ကတ်သီးကတ်သတ်ပိုက်ဆံစပ်ပြီး မျက်နှာသုတ်ပ၀ါတစ်ထည် ၀ယ်ပေးသည်။

မမစံနှင့် ဆန်းဆန်းမြင့်တို့ကလည်း နှစ် ယောက် ပေါင်း ဖော့ရှ ရေညှိစိမ်းရောင် အင်္ကျီစ၊ ချောစုကသာ အိမ်ကငွေ ပို့သမို့ အောင့်အတွက် ရေညှိရောင် လေယာဉ်မောင် ထဘီ တစ်ထည်ဝယ်ပေးသည်။

သူက ၀ယ်လာတဲ့ အ၀တ်အထည်တွေ တောင် မ၀တ်ရက်ပါဘူး။

ရုံးချိန်ကြီး ပြန်လာမိကြလို့တဲ့။

နံပါတ် ၈ ကား ဟီးနိုးလေးတွေ က စောင်းနေတာ မှော က်လှမတတ်ဘဲ။

လူတွေ ဒါလောက်ပြည့်သိပ်နေတာ။

ဆန်းဆန်းမြင့်ဆိုတာ မိန်းကလေးတန်မဲ့နဲ့ ကားခြေနင်းခုံပေါ်မှာ ခြေတစ်ဖက်ပဲ နင်းခွင့်ရတာ ။

မှတ်တိုင် နှစ် တိုင်အထိ အသက်ရှူရမှန်း မသိဘူးတဲ့။ သူသာ ကားပေါ်က လိမ့်ကျသေသွားရင် အောင့်မွေးနေ့မှာ တကယ့်ငိုပွဲကြီး ဖြစ်မှာ ပဲလို့ စိတ်ကူးနုနုလေးတွေ နဲ့ တသသ ပြောနေသေးသည်။

သည်တော့မှ နေ့တိုင်း ရုံးတတ်ရုံးဆင်းသွားလာနေတဲ့ မမစံကို သနားလိုက်တာတဲ့။

သူ့ခများ ခွင့်ရက်တွေ က စေ့နေလို့အောင့်မွေးနေ့တောင် မလာနိုင်ရှာဘူး။

အပြန်ကျမှ သူ့ကို ချိုင့်နဲ့ထည့်သွားရမယ်လို့ အောင်က တဖွဖွ ပြောနေမိသည်။

ကားမှတ်တိုင်အဆင်း ခရစ္စတင်း၊ သူယောင်မယ်နဲ့ ပျာကလပ်တို့ပါသွားတဲ့ လိပ်ခုံးကားဖြူလေးဟာ သူတို့နားက ပွတ်ကာသီကာ ဖြတ်မောင်းသွားလို့ ချောစုနှင့် ဆန်းဆန်းမြင့်တို့က ဆဲပင်ဆဲမိကြသေးသည်။

‘အောင် ဘာစဉ်းစားနေတာလဲ’

ကိုလတ်က မေးလိုက်တော့ လက်ဆောင် ၀ယ်ကြတဲ့အကြောင်း ဖြစ်နေလို့ အားနားပြီး ခေါင်းသာ ခါယမ်းပြလိုက်လေသည်။

‘အောင် တစ်ခုခု စဉ်းစားနေပါတယ်’

ကိုလတ်ကဆက်မေးတော့မှ အောင်က အမှန်အတိုင်းပြန်ပြောပြသည်။

ထို့နောက် ဘယ်လိုစကားစပ်သွားသည်မသိ။

ကိုလတ်က ကဗျာဆရာ တင်မိုးရဲ့ ကဗျာကို ရွတ်ပြနေလေရဲ့ ။

ကိုလတ်က အသံသြဇာကောင်းလို့လား မသိဘူး။

သူ့ကြည်လင်အောင်မြင်တဲ့ အသံနဲ့ ကဗျာရွတ်တာ သိပ်နားထောင်လို့ကောင်းတာပဲ။

ပြီးတော့ သူ့စကားသိမ်းသွားတာ လုံးထွေး မနေဘူး။ အဆုံးအထိ ပီပီသသပဲ။

လက်ကျန်တစ်ပွင့်

သခင့်ခြံတွင်

တစ်ပွင့်ကျန်သော ပန်းကလေး။

မခူးအား၍

ဆူးကြား ကျန်ရစ်ခဲ့သလော။

မသုံးရက်၍

အောင်ရဲ့ အောင်

ဆူးထက် ချန်ခဲ့လေသလော။

မခူးလို၍

ဆူးညိုကြားတွင် သူ့ကံပင်ဟု

တမင်စွန့်ခဲ့လေသလော။

မည် သို့ ဖြစ်စေ

သခင့်မြေ၌ ညနေရီနှင့်

လွမ်းအောင်ပွင့်သည်၊ တစ်ပွင့်ကျန်သေး

ပန်းကလေးကြောင့်

တေးသီဌက်ဆွေ၊ အဆွေးပြေသည်

နွေဦးဆန်းစ ရှာတကား။

(၃၉)

ပန်းရုံတွေ နား ရောက်လာတော့ ကိုလတ်က….

‘ဒီနားတစ်ဝိုက် ပန်းနံ့တွေ နဲ့ မွေးနေတာပဲ’

ပြောလိုက်သေးသည်။

ပြောကြဆိုကြရင်းနှင့် ကိုလတ်နှင့် အောင်တို့ ပန်းတွေ ကို ငုံ့ငုံ့နမ်းနေကြသည်။

ပန်းတွေ ကလည်း ညဘက်ပွင့်တော့မည် ဟန်ရေး ပြနြေ ကတော့ အငုံ့များ ပင်အစ ပြုလာလေပြီ။

ကိုလတ်နှင့် အောင်တို့ ခေါင်းချင်း ဆိုင်မိကြသော အခါ ကိုလတ်က သစ်ပင်ကို အကွယ်အကာယူပြီး အောင့်ပါးကို ဖျတ်ခနဲ နမ်းလိုက်သည်။

ပြီးတော့ သူဘာမှ မလုပ်သလိုဘဲ ရူတည်တည်နှင့် ဣန္ဒြိ မပျက် ဟိုပန်းတွေ လက်ညှိုးထိုး၊ သည်ပန်းတွေ လက်ညှိုးထိုးနဲ့စကားတွေ ပြောနေလေရဲ့ ။

အောင့်မှာ တာ ဖျတ်ခနဲ လန့်သွားပြီး စိတ်ထဲ တုန်တုန်လှုပ်လှုပ်နဲ့ လူမိတဲ့ သူခိုးလို ဟိုကြည်သည်ကြည် လုပ်နေမိတယ်။

အနားမှာ ဘယ်သူမှမရှိပေမယ့် ဘယ်လိုစိုးရိမ်းသွားမှန်းမသိဘူး။

ဘယ်သူများ တွေ့ သွားမလဲဆို့ ရှက်လိုက်တာ။လျှပ်တစ်ပြက်လောက်တောင် ကြာတာ မဟုတ်ပေမယ့် ရင်ထဲ တလှပ်လှပ်နဲ့ခုန်နေတယ်။

ပြီးတော့ အောင်က ခေါင်းအသာငုံ့ပြီး ပန်းတွေ့  ခူးလိုက်တယ်။

ပန်းတွေ မခူးမိဘဲ အရွက်တွေ ချည်းပဲ ခူးနေမိလို့ ကိုလတ်ကတောင် သဘောကျပြီး ရယ်သေးတယ်။

‘ဒါကိုလတ် ပညာတွေ ပေါ့’

အောင်က ရန်ထောင်ပြန်တော့ ကိုလတ်က အောင့်ကို မကြည့်ဘဲ မျက်နှာတည်လျက် သူပြောချင်တာတွေ ဆက်ပြောလာလေသည်။

ကိုလတ်ပြောလာသော စကားတွေ မှာ တဖြည်းဖြည်းနှင့် လေးနက်လာပြန်တော့ အောင်သည် စိတ်အာရုံ စိုက်လျက် နားထောင်ရပြန်သည်။

စိတ်ကလည်း ၀င်စားလာမိသည်။

ဘယ်လောက်ဆိုးသည့် ကိုလတ်လဲ။ အနိုင်ယူတတ်သော ကိုလတ်လဲ။

ထို့နောက် အောင့်ကိုသီချင်းတစ်ပုဒ်ဆိုပြမယ်တဲ့။ အချစ် သီချင်းလားဆိုတော့ ကိုလတ်က ခေါင်းကို ခါယမ်းပြလေသည်။

ထို့နောက် အသံမပါသော သီချင်းကို ကိုလတ်သည် အေးအေးသာသာ ရွတ်ပြသည်။

ရှေးအခါက သက်ဦးဆံပိုင်း မင်းဧကရာဇ် ပဒေသရာဇ်တွေ ကို တော် လှန်သော သီချင်း ဖြစ်မည် ထင်သည်။

ကိုလတ်၏ မျက်လုံးများ သည် နေရောင် တွင် တောက်ပြောင်ဝင်းလက်နေသည်။

ကိုလတ်၏ အသံမပါသော သီချင်းကို တခြားသီချင်းတွေ ထက် အောင်က စွဲမက်လေသည်။

သည်သီချင်းကို ကူးယူမယ်ဆိုတော့ သူတို့နားရောက်လာသော ကိုအောင်က သူ့လွယ်အိတ်ထဲက မှတ်စု စာအုပ်ကို ထုတ်ကာ မှတ်စုထဲက ထိုသီချင်း ကူးရေး ထားသော စာရွက်ကို လွယ်လွယ်ကူကူ ဆုတ်ပေးလိုက် လေသည်။

အောင့်တို့အိမ်မှ သူတို့ပြန်သွားတော့ ယုဇန၊ ခွာဖြူနှင့် ဇွန်၊ စံပယ်ပန်းရုံတွေ ပေါ်သို့ လွှမ်းခြုံထားသော နေရောင် ခြည် ရွှေဝတ်ရုံတို့မှာ တစ်စ တစ်စ ရုပ်သိမ်း သွားလေပြီတကား။

များ မကြာခင်မှာ ဘဲ အချိန်ကာလဆိုတဲ့ ခြေလှမ်းတွေ ဟာ ညဘက်ကို ဦးတည် ခရီးနှင်ပြန်တော့မယ်။

(၄)

‘သိပ်ကြီးကျယ်တဲ့ အ ဖြစ်အပျက်တစ်ခု၊ ငါကလေးဘ၀မှာ ဖြစ်လာတော့ပေါ့၊ အဲဒီ အ ဖြစ်ဟာ ငါသေချင်တယ်ဆိုတဲ့အတွေးကို တစ်ခါတည်း ချေမှု န်း ဖျက်ဆီးပစ်လိုက်တယ်’

ကန်ပေါင်ရိုးဘေးတွင် ထိုင်ရင်းမြက်ခင်းတွေ ကို ဆွဲဆုပ်ကိုင်ထားသော အောင့်လက်တွေ မှာ စကားပြောရင်း အလိုလို လျော့ပြောသွားလေသည်။ သက်ပြင်းတစ်ချက် ဖြည်းညင်းညင်သာစွာ ရူရိုက်ပြီး အသာ ပြန်ထုတ်လိုက်လေသည်။

အဲဒီ နှစ် က ငါတို့ကျောင်းက ကျောင်းစောင့် ဒရ၀မ်ကြီးရဲ့ သမီးလေးနဲ့ အသိ ဖြစ်ကြတယ်၊ သူ့နာမည် က ထွေးခင်တဲ့ ၊ ငါသူ့သိပ်ချစ်တာပဲ၊ ရုပ်ကလေးက ပုပုဖြူဖြူလုံးလုံးလေရယ်၊ ငါနဲ့ဆို ညနေတိုင်း ကျောင်းဝင်းထဲမှာ ဆော့ဖက်ပဲ၊ ဘတ်စကတ် ဘောကွင်းကြီးထဲ သူနဲ့ငါနဲ့ နှစ် ယောက် တည်း ကစားကြတာ၊ တခြားအဖော် မပါဘူး။

‘ထွေးခင်က ဆင်းရဲတော့ ကျောင်းမနေနီုင်ဘူး၊ သူ့ကိုဘယ်သူမှလဲ အဖက်မလုပ်ကြဘူး၊ တစ်နေ့လယ်လုံး ဈေးရောင်းရတယ်၊ ဗျပ်ထိုး ခေါင်းရွက် ဈေးသည်လေးပဲ၊ ရာသီအလိုက်ပေါ်တဲ့ အသီးအနှံတွေ ရောင်းရတာ ၊ ငါတို့ ထုပ်ဆီးတိုးတမ်း တိုင်ဦးတမ်း ကစားနေကြရင် ပါချင်လွန်းလို့ ဘေးက လာလာ ရပ်ကြည့်နေတတ်တယ်၊ သူ့မျက်လုံးလေးတွေ က နက်နက်တောက်တောက်လေးတွေ ၊ ငါသူ့ကို သတိထားလာမိတယ်။’

‘သူ့အ၀တ်အစားတွေ ကတော့ သိတဲ့အတိုင်းပဲ စုတ်တာပေါ့၊ သမ၀ါယမကပေးတဲ့ ဘယ်သူမှ မ၀တ်ချင်လို့ အရင်းဈေးနဲ့ ပြန်ရောင်းတဲ့ ထဘီမျိုးတောင် အသစ်မဟုတ်ဘူး၊ တစ်ပတ်ရစ်ကို ပြန်ဝယ် ၀တ်ရလို့ အရောင် အဆင်းတောင် မပေါ်တော့ဘူး၊ တို့ဝိုင်းထဲ ၀င်ကစားဖို့ ငါခေါ်လိုက်ရင် တခြား ကျောင်းသူတွေ က နှာခေါင်းရူုံ့ကြတယ်၊မပါတော့ဘူးဆိုပြီး ထွက်သွားသူတွေ က ထွက်သွားရော’

‘နင်တို့ ကျောင်းသူတွေ ကလဲ သိပ်အဆင့်အတန်း ခွဲပါလား’

‘စရိုက်မမှန်တဲ့ ကျောင်းသူ တစ်ချို့ပေါ့၊ ငါလဲ ထွေးခင်ကို စိန်ပြေးတမ်း ခေါ်ကစားတယ်၊ ဇယ်တောက်ကြသည်၊ တစ်ခါတလေလဲ နှစ် ယောက် သား ဘောလုံးတစ်လှည့်စီ ပစ်ပေးကြပြီး မှတ်တိုင်သံကွင်းထဲဝင်အောင် အပြိုင်ပစ်သွင်းကြတယ်၊ ထွေးခင် လက်တွေ က သိပ်အမှန်းအဆ တော် တာပဲ၊ ကျင့်လဲမကျင့်ထားဘဲနဲ့ ဘတ်စကတ်ဘော မှတ်တိုင်သံကွင်းထဲ ပစ်တဲ့အကြိမ် တော် တော် များများ ၀င်ဝင်သွားတယ်၊ သူတစ်ခါဝင်ရင် ငါက ပိုက်ဆံတစ်မတ် ပေးတယ်၊ ငါက တစ်ကြိမ် ၀င်အောင်သွင်းနိုင်ရင် ကျောင်းဝင်းထဲက စောင်းလျားပင်က စောင်းလျားသီးတစ်လုံး ခိုးခူးပေးကြေး ကစားကြတာ တို့နှစ် ယောက် တည်း သိပ်ပျော်တာပဲ’

ညနေဆည်းဆာ ဖျော့ဖျော့ဝယ် မိုးရိပ်နှင့် လွင့်ပါးနေသော မီးခိုးရောင် တိမ်မျှင်စများ ၊ တောက်ပသော နေရောင် ခြည်အောက်မှ ပန်းနုရောင် အပွင့် သေးသေးနုပ်နုပ်များ ဖုံးနေသော စောင်းလျားပင်များ ၊ စိန်းလန်းစိုပြည်၍ မြရောင် ရွှန်းလဲ့သော မြက်ခင်းမှ မြက်နုနုကလေးများ ၊ စွတ်စို သိပ်သည်းသော မြေပေါ်မှ ပိန်းကြား အခက်များ ။

သည်ပတ်ဝန်းကျင်းတွင် ဆော့ကစားနေကြသော ဈ လူတန်းစာမဲ့သော ဈ ဖြူစင်သန့်ရှင်း၍ အပြစ်ကင်းမဲ့သော ၊ မြီးကောင် မ၀င့်တ၀င် ကလေးမငယ်နှစ် ဦး၏ ပျော်ရွင်ကြည်နူးစွာ ရယ်မောသံ၊ ရင်ထဲမှ လှိုက်၍ လှုပ်ခေတ်လာသော အော်ဟစ်သံတွေ ကို ချောစုသည် ကြားယောင်နေမိသည်။

‘မိုးရွာတဲ့အချိန်မှာ ဘတ်စကတ်ဘောကွင်းဟာ ရေညှိတွေ နဲ့ ချောနေတော့ ဘယ်သူမှ မကစားချင်ကြဘူး၊ ဒါကြောင့် ငါနဲ့ ထွေးခင်တို့ ကစားခွင့် ရတာ ပေါ့၊ ငါက ဘုရင်နောင်အသင်း အဖွဲ့ခေါင်းဆောင်ဆိုတော့ ဘောလုံးကို အချိန်မရွေး ယူလို့ရတယ်၊ ငါ ဘောလုံးကို ဗီရိုထဲက ထုတ်ယူလာကာပြီး မြက်ခင်းကို ဖြတ်ပြေးလာတဲ့ အချိန်ဆိုရင် ထွေးခင်ဟာ မြူးနေတာပဲ၊ သူ့မှာ ပျော်လွန်းလို့တဲ့၊ ပုဏ္ဍရိတ်ပင် ပုပုလေးတွေ ကို ဖန်ခုံတမ်း ကစားသလို ခုန်ခုန်းကစားပြီး ငါ့ဆီပြေးလာတာပဲ၊ ပြီးတော့ ငါ့ကို ‘ယောက် မ။ ယောက် မ’ ခေါ်ပြီး ဖက်ဖက်ပြီး နမ်းလိုက်တောလေ၊ သူ့ခေါင်းက ချွေးစော်ကလဲ နံအင်္ကျီအ၀တ်အစားတွေ ကလဲ မှိုနံကြီး၊ ငါသူ့ကို သနားလို့ ရွံသလို မနေပါဘူး၊ ဒါပေမယ် သူနမ်းတာကို ခင်မျိုးသွယ်နမ်းသလို စိတ်ထဲက ကြောက်မနေဘူး၊ တွန့်မနေဘူး၊ တွန်းလဲ မထုတ်ပစ်ပါဘူး’

‘အဲဒီ တုန်းကငါစိတ်က သန့်တယ်၊ သတီလဲ သတီတယ်၊ သူ့ပါးဖောင်းဖောင်းလေး တွေ ကို တောင် ပြန်ဆွဲလိမ်လိုက်သးတယ်၊ အဲဒါကို ခြံဝနားပြ လမ်းလျှောက်နေကြတဲ့ ကောင်မတွေ က ငါနဲ့ထွေးခင်ကို ဟားကြပြီး အချစ်တော် လို့ မဟားတရား သမုတ်ကြသေးတယ်၊ မကြားတကြားနဲ့ပေါ့၊ ငါလဲ လက်ထဲက ဘောလုံးကို ကွင်းထဲပစ်ချပြီး အဲဒီ ကောင်မတွေ ကို ငါ တစ်ယောက် တည်း ဒိုင်ခံချဲပစ်တာ၊ ဒါကို ထွေးခင်က ငါလက်ကိုဆွဲပြီး ပါးစပ်ကို ပိတ်ထားတယ်၊ ငါ့အတွက် ရန်မ ဖြစ်ပါနဲ့ ယောက် မရယ်တဲ့၊ သူက သူ့မှာ မောင်တွေ ၊ အစ်ကိုတွေ ရှိလို့ စီးစီးပိုးပိုး ခေါ်တာ မဟုတ်ပါဘူး၊ ငါ့ကိုချစ်လို့ သက်သက် ယောက် မခေါ်တာတဲ့ဟာ၊ ဒါပေမယ် အဲဒီ တုန်းက ထွေးခင်နဲ့ ငါ့ရဲ့အချစ်ကို ဘယ်သူမှ တန်ဖိုးမထားပါဘူး၊ ဂရုလဲ မစိုက်ကြပါဘူး’

ဆည်းဆာ၏ နေခြည် ရွှေမျှင်တို့သည် မြရွက် မြခက်တို့တွင် ဒန်းခိုး စီးနေကြတယ်၊ ဌက်တို့သည် အုပ်လိုက် ဖြတ်သန်းပျံ့သွားကြပြီး စက္ကူအရုပ် စွန်တို့သည် ဌက်တို့နှင့် အမြင့်ချင်း ပြိုင်နေကြသည်။

စွန်တို့သည် လေ၏ ဒဏ်ကို မခံနိုင်၊ မြင့်ရာမှ နိမ့်လာကြသည်။ လေအပင့်တွင် မြင့်တတ်သလို၊ လေအား အနည်းတွင် နိမ့်ရာမှ အောက်သို့ ထိုးစိုက်ကျသွားကြလေသည်။ သဘာဝခွန်အားရှိသော ဌက်တို့သည်သာ တစ်သမတ်တည်း ပျံသန်းနေကြသည်။

အတုအယောင်တို့သည် ယာယီအားဖြင့် ကြီးစိုးသော်လည်း ရေရှည်ခံလိမ့်မည် မဟုတ်။ တစ်နေ့ကျ ပျောက်ကွယ်ပျက်သုဉ်းသွားကြမည် သာ ဖြစ်မည် ဟု အောင်က တွေးသည်တဲ့။

‘တို့ကို ဟားကြတဲ့ အထဲမှာ ရင်ရင်ထိုက်လဲ ပါတယ်၊ သူက အေတန်း၊ တို့က ဘီတန်းမှာ ၊ အဲဒီ ထဲက သူ့ကိုငါမျာက်နှာကြော မတည့်ခဲ့တာ၊ ထွေးခင်လေးကို လူ တစ်ယောက် လို့တောင် အသိအမှတ် မပြုနိုင်လောက်အောင်ဘဲ၊ အဆင့်အတန်းနဲ ပြောကြကြေးဆိုရင် သူလဲ အဆင့်အတန်းက ဘာမှရှိတာ မဟုတ်ဘူး၊ ထွေးခင်က သဘောထားကြီးတယ်၊ သူတို့ ရန်စောင့်သရွေ့ ပြုံးပြုံးလေး သည်းခံနေတာပဲ၊ စိတ်နေသဘောထား တစ်ခုတည်းနဲ့ ထွေးခင်က ရင်ရင်ထိုက်ထက် အဆင့်ရှိတယ်’

ထိုနေ့ညနေက ရင်ရင်ထိုက်ကို အောင်သည် သူပြောနိုင်သမျှ အမိုက်ရိုင်းဆုံး စကားနှင့် ‘ဟဲ့…ကောင်မတွေ ၊ တို့က ရိုးရိုးခင်တာ၊ နင်တို့လို စောစောစီးစီး ခြင်ထောင်ချဲ အိပ်ရာထဲ ၀င်နေတာမဟုတ်ဘူး၊ လူတကာနဲ့ လင်ထောင်နေတာ မဟုတ်ဘူး’ ဟု ရန် ဖြစ်ပြီး နောက်တစ်နေ့ ညနေမှာ ပေါ့။

‘ကစားကွင်း အင်္ဂတေ သမံတလင်းပေါ် ထွေးခင်ကို စောင့်ရင်း ဘောလုံးကို ပုတ်ပြီး တစ်ယောက် တည်း ဆော့ကစားနေခဲ့သည်။ ထိုညနေကပဲ ထွေးခင်သည် ကားအတိုက်ခံရပြီး ပွဲချင်းပြီး ဆုံးသည့်တဲ့။ ထွေးခင်အလောင်းကို ပင် မြင်ခွင့်မရတော့။ ဘော်ဒါဆောင်မှ အပြင်ထွက်ခွင့် မရသော အောင်သည် ဆေးရုံသို့ မလိုက် ဖြစ်တော့။’

ထွေးခင်အဖေကိုသွားမေးတော့ ညစ်ထေးသော မျက်နှာ သုတ်ပ၀ါနှင့် မျက်ရည်တွေ သုတ်လျက် ငို၍ သာနေသည်။ စကားမပြောနိုင်။

အောင်ကမျက်ရည်တွေ ပြည့်လျှံနေသော မျက်လုံးများ နှင့် ထွေးခင်၏ အဖေကြီးကို စိုက်ငေးကြည့်နေသည်။ ဘယ်လိုသတင်းမေး၍ ဘယ်လိုနှစ် သိမ့်စကား ပြောရမည် မသိ။ အဖေကြီးက အမေမရှိသော သမီးအတွက် ယူကျုံမရ ဖြစ်လာကာ……

‘အဘသမီးလေး သေနေ့စေ့ လို့သေတာ မဟုတ်ပါဘူးကွယ်၊ ကံဆိုးလို့လဲ မဟုတ်ပါဘူး၊ ဆင်းရဲလို့သေတာပါ၊ ပိုက်ဆံမရှိတော့ သူ့ဝမ်းသူကျောင်းရတာ ပေါ့၊ ဒါကြောင့် မို့သေရတာ ’

ပြောမယ်ပြောပြန်တော့လည်း စိတ်ထိခိုက်စရာ စကားတွေ နှင့် ငိုရှာသည်။ထွေးခင်၏ ညီမငယ်လေး သုံးယောက် အနက် အကြီးဆုံး ဆယ့်တစ်နှစ် အရွယ်မှာ မျက်ရည်တွေ သုတ်နေပြီး အငယ်မလေးနှစ် ယောက် မှာ မျက်စိလေးတွေ ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

ငိုရကောင်းမှန်းမသိကြ။ သွပ်မိုးသွပ်ကာ တန်းလျားလေးမှ ကွပ်ပျစ်ပေါ်တွင် အ၀တ်စုတ်တွေ နှင့် ရစ်ပတ်ထားသော သစ်သားခေါင်းအုံးလေးတွေ ရှိသော ထွေးခင်တို့ ညီမတစ်တွေ အိပ်ခဲ့သည့်နေရာ။

ခေါင်းအုံးဘေးတွင် စီလျက်တင်ထားသော စောင်းလျားသီး သုံးလုံးကို တွေ့ ရသော အောင်သည် စောင်းလျားသီးတစ်လုံးကို အသားကောက်ယူလိုက်ရင်း အသက်ရူတာနှေးသွားသည်။

‘ယူရဘူး၊ ဒါမမကြီး အုပ်ကြာတေ…’

အငယ်ဆုံးမလေးက မပီကလာ ပီကလာနှင့် ပြောတော့ အောင်သည် မျက်ရည်တွေ ကျလာလျက်….

‘ငါသိပါတယ် ညီမလေးရယ်’

ခပ်စောစောက အောင့်ရင်ထဲတွင် ထိန်းထားခဲ့သော ရိုက်သံတို့သည် လှိုက်၍ လှိုက်၍ ထွက်လာပြီး ထိုဂိုဒေါင် အခန်းလေးထဲမှ ပြေးထွက်လာမိသည်။

စောင်းလျားပင်ရိပ်အောက် မြေပေါ်တွင် ပြေးနင်းလာသော ခြေသံနှင်အတူ ရိုက်သံတို့သည် ပျံ့လွင့်လာလေသည်။ ကစားကွင်းပေါ်တွင် ပုတ်နေသော ဘော်လုံးသံနှင့် အတူ ထွေးခင်၏ အော်ဟစ်ရယ်မောသံလေးသည် အောင့်နားထဲ မထင်မှတ်ဘဲ ၀င်လာလေသည်။

ပွဲတွေ ထဲကလို ထွေးခင်သည် ဥစ္စာစောင့် ဖြစ်ပြီး ကိုယ်ထင်ပြရင် သိပ်ကောင်းမှာ ပဲ မျှော်လင့်မိသေးသည်။

ဒါပေမယ့် ဘယ် ဖြစ်နိုင်မှာ လဲ။ သည်နေ့ ထွေးခင်အလောင်း မြေကျသော နေ့ပေပဲ။ဥစ္စာချို့တဲ့လွန်း၍ ထုံထိုင်းသွားသော ဘ၀၊ ကိုယ့်ဝမ်းဗိုက်ကိုသာ ဂရုမူနေသော နိမ့်ကျလှသော လူသားတို့ အခြေအနေ၊ ရှင်လျက်နဲ့သေခဲ့သော ဘ၀။

(၄၀)

မိုးရွာခါနီး လို့လား မသိ။

ထိုညက လ, မသာရုံမက ကြယ်ရောင် တွေ ပါပျောက်နေသည်။

ကုက္ကိုပင်နှင့် စိန်ပန်းပင်တို့သည် ညမီးရောင် အောင်တွင် အရိပ်ကျသည့်အပိုင်းမှာ မည်းနေသည်။

အောင်တို့ခြေလှမ်းကား ယုဒသန်ရိပ်သာရှေ့ရောက်တော့ပိုသွက်လာကြသည်။

‘ဒီနေ့ကို ခါတိုင်းထက် ပိုမှော င်လိုက်တာ’

အောင်က ပြောလိုက်သည်။

မမစံ၊ ချောစု၊ ဆန်းဆန်းမြင့်နှင့် အောင်တို့လေးယောက် မိန်းကလေး ကျန်တော့သည်။

‘နောက် ဒါလောက် မိုးချုပ်ချုပ်မထွက်နဲ့ကွယ်၊ အပုပ်ချိန် ရောက်လာပြီ၊ အမူးသမားတွေ နဲ့’

မမစံက သတိပေးလေသည်။

တစ်သိုက်ပြီး တစ်သိုက် အင်းလျားကန်ပေါင်းရိုးမှ ပြန်လာတာ ကျောင်းသားတွေ က အောင်တို့ အုပ်စုကို…

‘မိုးချုပ်ပြီ၊ ပြန်ြ ကတော့လေ၊ စိတ်မချဘူး’

ရှိတိတ်တိတ် ပြောသွားသည်။

‘နင်တို့ အပူလားတဲ့’

ဆန်းဆန်းမြင့်က ခပ်စွာ စွာ ပြောလိုက်တော့ ကျောင်းသား တစ်သိုက်က….

‘ငါသို့ က မပူပါဘူးဟာ ၊ ပွတာက အမိတို့ပါ’

‘အေး..နင်တို့ မပူပေမယ့် နင်တို့အမေတွေ , နှမတွေ ပူတော့ ဒပ်ဖရင်ဆေးရုံကို လိုက်ပို့လိုက်ပေါ့’

အားလုံးက ဝေါခနဲရယ်ကြသည်။

သစ်ပင်အမှော င်ရိပ်ကွယ်ကာ ဖြတ်သွားကြသော ကောင်လေးတစ်သိုက်နှင့် ဆန်းဆန်းမြင့်တို့ အချီအချ စကားများ နေကြသည်။

မမစံက ဆန်းဆန်းမြင့်၏ လက်မောင်းကို ကိုင်ကာ….

‘ဖက်ရန်မ ဖြစ်ကြပါနဲ့ကွယ်’

ပြောလိုက်သော စကားကို တစ်စွန်းတစ်စ ကြားရသော ကောင်လေးတွေ က….

‘ဖက်ချက်ဖက်ပါ၊ ရန်တော့မ ဖြစ်ပါနဲ့ ’

အောင်က လှမ်းအော်ပစ်ခဲ့ကာ ကျိတ်၍ ရယ်မောမိကြသေးသည်။

အပြန်မိုးချုပ်သဖြင့် ခပ်သုတ်သုတ် လှမ်းလာခဲ့ကြလေသည်။

ချက်ကိုစလိုဗက် သံအမတ်နေအိမ်သို့ ညွန်ရာ အ၀ါရောင် ဆိုင်းဘုတ်ကြီး ရှိရာ လမ်းထိပ်သို့ ရောက်လာကြလေ၏ ။

ထိုမြေနီလမ်းထိပ် အုတ်ခုံပေါ် ထိုင်နေသော ကောင်လေးနှစ် ယောက် သည် အောင်တို့လာရာသို့ ဗြုန်းစားကြီး ထလာကြလေရာ အောင်တို့ တစ်သိုက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြသည်။

ကောင်လေးတွေ မှာ ရိုးသားသော မျက်နှာထား။ မွန်မွန်ရည်ရည် အမူအရာနှင့် …

‘မမအောင်တို့လား’

မေးလိုက်တော့မှ အောင်တို့ စိတ်ထဲအေးသွား၏ ။

သို့ သော်ဘယ်သူဘယ်ဝါမှန်း မသိသဖြင့် အားလုံးကြောင်ကြောင်၍ ငေးနေကြသည်။

‘ကျွန်တော် တို့ စောစောက အဆောင်သွားတာနှစ် ခေါက်ရှိပြီ၊ မမတို့ ပြန်မလာသေးလို့ ဒီမှာ ထွက်စောင့်နေတာ၊ ကမာရွတ်ဘက် သွားတယ်ဆိုလို့’

မမစံက ကောင်လေးနှစ် ယောက် ကို တစ်လှည့်စီ ကြည့် အောင်တို့ စိတ်ထဲ၌ လည်း ကောင်လေးနှစ် ယောက် ခပ်တည်တည်နှင့် အကြောင်ရိုက်နေကြတာလားဟု သံသယရှိဆဲ ဖြစ်ကြသည်။

(၄၁)

‘ကျွန်တော် တို့ ကိုအောင်ရဲ့ ညီတွေ ပါ’

‘ဟင်…ကိုအောင်ညီတွေ ၊ဘာကိစ္စ’

အောင်သည်ဣန္ဒြိမဆည်နိုင်ဘဲ ကပျာကယာမေးလိုက်သည်။

အကြီး ယောကျာ်းလေးက သူ့ရှပ်အင်္ကျီအိမ်ထဲမှ စာလေးတစ်စောင်ကို ထုတ်ကာ ကမ်းပေးရင်း….

‘ကိုအောင် စာပေးခိုင်းလိုက်တယ်’

‘ခု ကိုအောင်ဘယ်မှာ လဲ’

‘ကိုအောင် ဆေးရုံမှာ ’

‘ဟင်….ကိုအောင် ဘာ ဖြစ်လို့လဲ’

‘ကိုလတ် ဆေးရုံတတ်ရတယ်၊ ကိုအောင်က ပို့ပေးရတာ ’

‘ဘုရား၊ဘုရား’

အောင်သည် အသက်ရှူဖို့မေ့သွားသည်။လွှတ်ခနဲ နှုတ်မှ ဘုရား တ, လိုက်မိသည်။

ချောစု ကတော့ မျက်လုံးပြူးလျက် သူ့ရင်ဘတ်ကို လက်နှင့် ဖိလျက်…

‘ငါရင်တွေ တုန်လိုက်တာဟယ်’

ကောင်လေးတွေ ပြန်သွားတော့ အောင်သည် မစောင့်နိုင်တော့ဘဲ ကိုအောင့်စာကို လမ်းဓာတ်မီးတိုင်တွင် ဖတ်ရန်ကြိုးစားလေသည်။

မမစံက သူ့လက်မှ လက်နှိပ်ဓာတ်မီးနှင့် စာကို ထိုးကြည့်သည်။

အောင်…..

ကိုလတ်ကို ဒီနေ့ နေ့လယ် ဆေးရုံတင်လိုက်ရတယ်။

နင်ကိုအကြောင်းကြားဖို့အချိန်မရဘူး

ဦးလေးအိမ်မှာ စ, ဖြစ်တာပဲ။

တို့နှစ် ယောက် စာရင်းတွေ ထိုင်လုပ်နေကြရင်းနဲ့သွေးတွေ အဆက်မပြတ်အန်လာတာပဲ။

သူ အစောကြီးကတည်းက မျက်နှာဖျော့နေတာကို ငါမေးတော့ ဘာမှမ ဖြစ်ဘူးတဲ့။

ဆရာဝန်က ဆေးရုံတင်ခိုင်းတယ်။

အစာအိမ် အနာ ဖြစ်တာတဲ့။

ခုထိ သတိမလည်သေးဘူး။

ဒီညတော့ ခွဲချင်ခွဲ ပစ်မယ်။

ဒါပေမယ့် ကိုလတ် သိပ်အားနည်းနေတယ်။

ခု သွေးတွေ သွင်းထားတယ်။

မနက်ဖြန်မှ ဆေးရုံလာခဲ့ကြပါ။

အောင်

‘ဘုရား၊ ဘုရား’

သည်တစ်ခါ ဘုရားတ, ရသူကချောစု။

အောင့်မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့နေ၏ ။

စကားလည်း မပြောနိုင်ဘဲ နှုတ်ဆိတ်နေသည်။

မျက်လုံးများ ကာ တစ်နေရာတည်းသို့ ငေးစိုက်နေသည်။

ညက တိတ်ဆိတ်လွန်းလှသည်။

ကြယ်ရောင် တို့သည် ဖျော့တော့ အားနည်းလွန်းလှသည်။

ခါတိုင်း အဆက်မပြတ် တိုက်ခတ်တတ်သော လေသည် ငြိမ်သက်နေသည်။

မိန်းကလေး လေးဦး၏ အသက်ရှူသံမှလွဲ၍ ဘာမှမကြားရ…။

ပတ်ဝန်းကျင်မှာ ပိုးမွှားအော်သံတွေ မှအပ တိတ်ဆိတ်လွန်းမက တိတ်ဆိတ်နေသည်။

သစ်ခေါင်း တစ်ခုထဲမှ တောက်တဲ့သည် အဆက်မပြတ် အော်လာသည်။

အောင့်နားထဲသို့ ခါတိုင်းထက်ကျယ်ကျယ်လောင်လောင် ၀င်လာလေသည်။

ဆန်းဆန်းမြင့်က သက်ပြင်း မျှဉ်းမျှဉ်းလေးချကာ….

‘ဒုက္ခပါပဲဟယ်’

ဟုညည်းလိုက်လေ၏ ။

ချောစုက ရုတ်တရက် မျက်ရည်တွေ လည်လာကာ…

‘ကိုလတ်မို့ပဲ ဖြစ်ရတယ်ဟယ်၊ ငါပဲ ဖြစ်လိုက်ချင်တယ် တကယ်ပြောတာ ၊လူချင်း လဲလို့ရရင်ငါ သွားတောင်လဲပစ် ချင်တယ်’

ပြောရင်း မျက်ရည်တွေ ကျလာသေးသည်။

အောင် ကတော့မငို။

အံ့သြဖွယ်ရာအတိပင်။

အားလုံးက အောင့်ကိုဣန္ဒြိ ပျက်လောက်အောင် စိတ်ထိခိုက်ပြီး ငိုလိုက် ယိုလိုက် ဖြစ်လိမ့်မည် ထင်တာ။မမစံက အောင့်လက်မောင်းကို အသားလှမ်းကိုင်ကာ….

အောင်က တည်တည်ငြိမ်ငြိမ်ပင်။

မျက်ရည်မကျ။

‘ကဲ၊ အဆောင်ပြန်လမ်းလျှောက်ကြစို့၊ ဟိုရောက်မှ ဆက်ပြောကြတာပေါ့’မမစံအသံသည်ပင် တုန်နေသည်။လမ်းလျှောက်တော့မှ အောင်က သူ့ဘာသာသူ သတိထားမိလေသည်။အောင့်ခြေထောက်များ ကား ဆွဲတိုင်းမပါတော့ချေ။ခြေလှမ်းတွေ လေးပင်နေကာ တရွတ်တိုက်နေသည်။ဒါကို သတိထားမိသော ဆန်းဆန်းမြင့်က အောင့်ခါးကို လှမ်းဖက်ရင်းတွဲ ကာ လျှောက်လာကြလေသည်။

(၄၂)

မမစံ အောင်မျက်နှာကို လှမ်းကြည့်ပြီး…..

‘ဒီနေ့ညတော့ အောင်လေး ဖီနိုသောက် အိပ်တော့၊ နို့မဟုတ်ရင် စိတ်တွေ သိပ်ပူနေမယ်’

‘ဖီနိုသောက်အိပ်တာ ကိုလတ်က မကြိုက်ဘူး’

ပြောပြောဆိုဆို သည်တော့မှ အောင်က ငိုလိုက်သည်။

‘စိတ်လဲ သိပ်မပူပါနဲ့ အောင်ရယ်၊ အသက်ငယ်ငယ်ယောကျာ်းလေး တစ်ယောက် ပဲ ၊ခွဲစိတ်ပြီး ကောင်းသွားမှာ ပါ’

မမစံက နှစ် သိမ့်ရာ နှစ် သိမ့်ကြောင်း ပြောလိုက်လေသည်။ ချောစု ကတော့ လမ်းလျှောက်ရင်း ကိုလတ်အတွက် ဆိုကာ တစ်လမ်းလုံး သမ္ဗုဒ္ဒေ ရွတ်လာလေသည်။

တစ်ခေါက်ပြီးတစ်ခေါက် လက်ချိုးရေတွက်သွားသည်။

မအိပ်ခင်အထိ အခေါက်တစ်ထောင် ပြည့်အောင်ရွတ်မယ်တဲ့။

အဆောင်ပြန်ရောက်သည်အထိ အောင်က စကားမပြောတော့။

သူအ၀တ်တွေ ထည့်ထားသော သံသေတ္တာထဲမှ ကိုလတ်စာတွေ တစ်ထပ်ကြီး ထုတ်လိုက်ပြီး စာတစ်စောင်ပြီး တစ်စောင် ဖတ်နေသည်။

နံပါတ်တပ်ထားသော စာတွေ ကို အထပ်ထပ်ဖတ်ပြီးပြီလေ။

ဖတ်ပြီလို့လည်း ဘယ်တော့မှ မငြီးနိုင်။

ဘယ်အချိန်ဖတ်ဖတ်ပြန်ဖတ်ချင်နေတယ်ဆိုတာ ကိုလတ် မသိဘူးလား။ကိုလတ် ပေးတဲ့စာအားလုံး စုစုပေါင်း (၁၁) စောင်တောင်ရှိသွားပြီး။

အရေအတွက် နည်းသော်လည်း စာပါ အကြောင်းအရာ တွေ က သိပ်ကောင်းပြီး စာတစ်စောင်၊ တစ်စောင်စာ မျက်နှာအစိတ်သုံးဆယ်အထိရှိတယ်။

စာရှည်ရှည် ဒါလောက်ရေး နိုင်တာ သိပ်အံ့သြဖို့ကောင်းတာပဲလို့ ဆန်းဆန်းမြင့်က ခဏခဏပြောဖူးသည်။

ကိုလတ်စာတွေ ကို စိတ်ထဲမှာ တည်ငြိမ်လာသည်။

ချောစု ရွတ်ဖတ် သရဇ္ဈာယ်နေသော သမ္ဗုဒ္ဒေဂါထာ အသံကလည်း နားထဲ ၀င်တစ်ချက် မ၀င်တစ်ချက်။

ခေါင်းပေါ်က မီးချောင်းတိုလေးဟာ မီးအားနည်းချင် သို့ မျက်တောင်နည်းနည်း ခတ်ချင်နေသည်။

ခြင်တွေ ကိုက်လွန်းလို့ ခြင်ဆေးနံ့တွေ တစ်ခန်းလုံး မွှန်နေတယ်။

ချောစုလည်း သူ့ခုတင်ပေါ်မှာ ခြင်ထောင်ချပြီး စိတ်ပုတီးတစ်ကုံး ရင်ဘတ်ပေါ်တင်လို့။

သူလည်း သည်ည အောင့်လိုပဲ အိပ်မပျော်မှာ သေချာတယ်။

သည်ည အောင် အိပ် ဖြစ်တော့မှာ မဟုတ်ပါဘူး။

ပြတင်းပေါက်က စာကြည့်စားပွဲနဲ့ ကပ်လျက် ဖွင့်ထားတော့ လူကောင်လေး သုံးလေးကောင်ဟာ ယောင်မှားပြီး ၀င်လာသည်။

အတောင်တဖျပ်ဖျပ် လူးလှိမ့်ပျံရင်း မီးချောင်းအပူနဲ့ တစ်ကောင်က သေသွားပြီး တစ်ကောင် ကတော့ အိမ်မြှော င်ရဲ့ ပါးစပ်ထဲရောက်သွားပြီး။

ကယ်မယ်လို့ သူ့အတောင်လေးကို ယူလိုက်တော့ အတောင်သာ ကျွတ်ပါလာတယ်။

ပလူကောင်လေးက သေနှင့် ရှာပြီ။

တံခါးပေါင်က ပလူကောင်သေလေးကို မကြာခင်အချိန် အတွင်းမှာ ပုရွက်ဆိတ်လေးတွေ က မနိုင်မနင်း သယ်ဆောင် သွားကြလေသည်။

မြရာပင်တွေ ၊ ၀ါးရုံတွေ့ ကို လေတိုးလို့ အပြင်မှာ တရှဲရှဲနဲ့ အော်မြည် နေလေရဲ့ ။

(၄၃)

မိုးကောင်းကင်ကြီးဟာ မိုးသားတွေ တတ်ပြီး မည်းနေတာပဲ။

ညလယ်မှာ မိုရွာလိမ့်မယ် ထင်ပါရဲ့ ။

သည်အချိန်မှာ ကိုလတ် ခွဲစိတ်ခုတင်ပေါ် ရောက်နေပြီလား မသိဘူး။

ဆေးရုံအခန်းအပြင်မှာ ကိုအောင် တစ်ယောက် လွယ်အိတ်ကြီး တကားကားနဲ့ ယောက် ယက်ခတ်နေရောပေါ့။

ကိုအောင်က ကိုလတ်လိုမဟုတ်ဘူး။

သူ စိတ်ဆိုးနေတာ ၊ စိတ်ပူနေတာ၊ ၀မ်းနည်းနေတာ၊ စိတ်ပျော်နေတာတွေ ဟာ သိသိသာသာပဲ။

သူ့မျက်နှာ သူ့အမူအရာ၊ သူ့လှုပ်ရှားမှု တွေ က သူ့အတွင်းစိတ်ရဲ့ ခံစားမှု တွေ ၊ တုန်လှုပ်မှု တွေ ကို မဖုံးကွယ်နိုင်ဘူး။

ဒါကြောင့် သူတို့နှစ် ယောက် စလုံးရှေ့မှာ ကိုအောင်ဟာ ကိုလတ်ထက် ပိုပြီးရိုးသားမှု ရှိတယ်။

ကိုလတ်ကလည်တယ်လို့ အောင်က ဗြောင်ပင် ပြောဖူးသေးတယ်။

ကိုအောင်က သူငယ်ချင်းကို လည်တာ မဟုတ်ပါဘူး၊ ပါးတာတဲ့လေ။သည်လိုလူမျိုးတွေ အတွက် ပိရိတာ၊သေသပ်တာ၊ အကင်းပါးတာ၊ သိုသိပ်တာ၊ ကျစ်လျစ်တာတွေ ဟာ အရည်အချင်းတစ်ရပ်တဲ့။သူ့သူငယ်ချင်းကိုများ ကာကွယ်နေလိုက်သေးသည်။

အောင်ကတောင် အဲဒီ တုန်းက ‘ဟား’ ပစ်ခဲ့သေးတယ်။ကိုလတ် ကတော့ ပြုံးနေတာပဲ။

ဘာမှလည်း ဖြေရှင်းချက်မထုတ်ဘူး။လိုလည်း မလိုပါဘူးလေ။

သူ့ဘက်မှာ ကိုအောင် တစ်ယောက် လုံး ရှိနေတာပဲ။ကိုအောင် တစ်ယောက် တည်းရှိတာနဲ့ သူ့ဘ၀ဟာ ပြည့်စုံနေပြီပဲ။ကိုလတ် ကံကောင်းပါတယ်။

ပြီးတော့ ကံလည်းကောင်းတတ်ပါတယ်။ညနက်လာလေလေ မိုးကောင်းကင်ကြီးကဟာ မှော င်လာလေလေပဲ။လျှပ်ရောင် နဲ့အတူ မိုးသက်တွေ ဟာ ခပ်ကြမ်းကြမ်းတိုက်လာခဲ့သည်။သည်ည မိုးရွာတော့မှာ သေချာပါတယ်။

ကိုလတ်ဆိုပြတဲ့ အသံမပါတဲ့ သီချင်းထဲက စာသားတွေ ကိုအောင် သတိရလာမိသည်။ကိုလတ်ရဲ့ အင်္ဂလိပ်အသံထွက် လေယူလေသိမ်းတွေ ဟာ သိပ်ကောင်းတာပဲ။

ကိုလတ်က ခေတ်လူငယ်ပေမယ့်၊ အင်္ဂလိပ်စာလည်း အဖတ်များ တယ်။တနေ့ လူငယ်လောကမှာ မြန်မာစာကလွဲပြီး တခြားဘာသာမှ ကျွမ်းကျင်ခွင့် မပေးတဲ့အခြေအနေမျိုးကို ကိုလတ်သနားတယ်။စိတ်လည်းမကောင်းဘူး။

အောင် ကတော့ ဒေါသထွက်နေတတ်တယ်။အောင်တောင်မှပဲ အင်္ဂလိပ်စာ သိပ်မတတ်ဘူး။

ဖတ်ရင်လည်း နားမလည်ဘူး။

မြန်မာလို ဘာသာပြန်တဲ့ စာအုပ်တွေ ပဲ လိုက်ရှာ ဖတ်ရတယ်။

တိုင်းပြည်က ခေါင်းဆောင်တွေ လူတော် တွေ တစ်ယောက် တစ်ယောက် ကို ဘာသာသုံးလေးမျိုး အနည်းဆုံးတတ်တာကို အောင် သိပ်အားကျတာပဲ။သည်လို အတွေးပေါင်းစုံက အောင့်ရဲနှလုံးသားကို ရစ်ပတ် နှောင်ဖွဲ့နေတုန်းက မိုးတွေ ရွာသည်။

မိုးရွာလာတာနှင့် ဖားအော်သံတွေ ပိုးမွှားပုရစ်အော်သံ တွေ ဟာ ပျောက်သွားတယ်။သွပ်ပေါ် မိုးရေကျသံဟာ တဝေါဝေါနှင့် တဖြည်းဖြည်း ကျယ်လာခဲ့တယ်။

Together with my many companions

The wind for garment and the rain my drink.

ငါ့ရဲ ရဲဘော် အမြောက်အမြားနဲ့အတူလေကို ၀တ်ရုံအ ဖြစ် ၀တ်တော့မယ်။ပြီးတော့…

မိုးရေတွေ ကို တို့သောက်သုံးတော့မယ်တဲ့…။

(၄၄)

ညအချိန်မှာ နက်သည်ထက် နက်လာလေသည်။အပြင် အလင်းရောင် ရယ်လို့ လုံးဝ မတွေ့ ရ။ပတ်ဝန်းကျင် အခြေအနေမှာ တိတ်ဆိတ်နေသည်။

အဆောင် ခေါင်းမိုးပေါ်မှ အိမ်မြှော င် စုတ်ထိုးသံ တစ်ချက် တစ်ချက် ကြားရသည် လွဲ၍ တခြား ဘာသံမှ မကြားရတော။ချောစု တစ်ယောက် သည်ပင် ပုတီးအာရုံနှင့် အတူ အိပ်မောကျနေလေပြီ။

စောစောကတည်းက သူ့ဂါထာ ရွတ်သံသည် တစ်စ တစ်စလေးသွားသည်ကို ကြားရတည်းက ချောစု အိပ်တော့မည် ဆို တာကို သိနှင့် နေလေပြီ။မိုးသည်းသည်ထက် သည်းလာသဖြင့် အောင်သည် ပြတင်းတံခါးကို ထ ပိတ်လိုက်လေသည်။

သည်အချိန်၌ လျှပ်စစ်မီးလည်း ငြိမ်းသွားပြီး ဖြစ်သော ကြောင့် စားပွဲပေါ် တင်ထားသော ဖယောင်းတိုင်ကို ထွန်းညှိ လိုက်လေသည်။ဗိတာဇုံ ပုလင်းခွံပေါ်မှ ဖယောင်းတိုင် မီးအရောင် သည် မှိန်လျက် အားနည်းနေသည်။

တေဇောတမ်းဘူးပေါ် နောက်ထပ်တစ်တိုင် ထွန်းလိုက်ပြန်သည်။ညသုံးနာရီ (0 1) နံနက် သုံးနာရီမှအစပြု၍ အောင်သည် မှတ်တမ်း ရေး နေပေပြီတကား။

မိုးနည်းနည်း စဲသွားတော့ ခမောက်ဆောင်းပြီး အပြင်ထွက်တာနဲ့ စောင်းလျားပင် အုပ်အုပ်လေးကို တွေ့ ရတော့တာပဲ။ညအမှော င်မှာ အားလုံး အိပ်မောကျနေကြသည်။

နေ့လယ်ခင်းတုန်းက ဆူဆူညံညံ အသံတွေ မကြားရတော့ဘူး။တစ်လောကလုံး တိတ်ဆိတ်နေခဲ့သည်။

လျှပ်စစ်မီးတွေ ပြန့်လင်းလာလို့ အဆောက်အအုံတွေ ကို မြင်နေရတယ်။အိမ်ရှင်တို့ရဲ့ တစ်ထပ်တိုက်ပုလေးရယ်၊ ပျဉ်ထောင်အဆောင်တွေ ရယ်၊ အုတ်တိုက် အဆောင်တွေ ရယ် ငြိမ်နေတာပဲ။စောင်းလျားပင်မှာ ထွေးခင်မျက်နှာကို မြင်နေမိတယ်။

ငယ်ငယ်တုန်းက ထွေးခင်ရုပ်ကို ဘယ်တော့မှ မမေ့ဘူး။ထွေးခင် ကျဆုံးသွားတဲ့နေ့လို့ အဲဒီ နေ့ရောက်တိုင်းရောက်တိုင်း နေ့စွဲတွေ ကို မင်နီနဲ့ တားထားတယ်။မောင်လေးဆုံးတဲ့ နေရောပဲ။

ငါချစ်တဲ့ လူတွေ ဟာ တစ်နည်းမဟုတ် တစ်နည်းသေဆုံးကုန်ကြတယ်။အထွန်းကို စခင်တော့ အထွန်း သေတယ်ချည်း အိပ်မက်မက်တာ သုံးလေးခါပဲ။ ချောစုတုန်းကလည်း တစ်ခါမက်ဖူးသေးတယ်။.ချောစုက အယူသီးတတ်လို့ ပြန်မပြောတော့ပါဘူး။

ကိုလတ်ကျတော့ တစ်ခါမှ သည်လို မမက်ဖူးဘူး။ ကိုလတ်နဲ့ တစ်နေရာစီ အဝေးကြီးမှာ နေရတယ်လို့တော့ မက်ဖူးတယ်။ဒါလည်း စိတ်စွဲတယ်လို့ထင်ပါရဲ့ ။

သူ့အပေါင်းအသင်းတွေ ကိုရော၊ လူတွေ ကိုရော သွေးအေးအေးနဲ့ အနိုင်ယူတတ်တဲ့ ကိုလတ်ဟာ သေမင်းကိုလည်း အနိုင်ယူနိုင်ပါစေလို့ စိတ်ထဲက ခဏခဏ ဆုတောင်းနေမိတယ်။မနက်ကျတော့ ဆေးရုံကို လိုက်သွားရမှာ မို့ တစ်ရေး အိပ်ရင် ကောင်းမလားလို့ ကိုယ့်ဘာသာကိုယ် ချော့အိပ်ကြည့်တယ်။ မရဘူး။ နည်းနည်း မှ အိပ်လို့မရဘူး။ဒါနဲ့ နာရီကြည့်လိုက်တော့ ငါးနာရီတောင် ရှိသွားပြီပဲ။

စိတ်ထဲမှာ တင်းတင်း ကျပ်ကျပ် ဖြစ်နေတာနဲ့ ပြတင်းပေါက်ကို ဖွင့်ထုတ်လိုက်တယ်လေတွေ ဒလဟော တိုးဝင်လာတော့မှ ရင်ထဲနည်းနည်း အေးသွားတယ်။အသက်ရှူလိုက်တော့ ငါ့ရင်ထဲမှာ အောင့်အောင့်နေတယ်။

ငါကြားဖူးတဲ့ ချစ်သူနှစ် ဦးရဲ့ ပုံပြင်ကလေးတစ်ခုကို သွားသတိရမိတယ်။ကောင်မလေးရဲ့ ချစ်သူဟာ လေဖြတ်ပြီး ရုတ်တရက် မူးလဲလို့ ဆေးရုံတင်လိုက်ရတယ်။

မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောသံလည်း ကြားရော တစ်ခါတည်း ကောင်မလေးဟာ စိတ်ထိခိုက်ပြီး မူးလဲ သွားတာ အသက်ပါ ပါမလာတော့ဘူးတဲ့။ကောင်လေး ကတော့ ပြန်နေကောင်းပြီး အသက်ရှင်တယ်။

ကိုလတ်နဲ့ ငါနဲ့ အဲဒီ လိုများ ဖြစ်နေမှာ လား။အဲဒီ လို ဖြစ်ခွင့်များ ရမယ်ဆိုရင် ငါသေမင်းကို အနိုင်မယူပါဘူး။ကိုလတ်အစား သေခွင့်ရမယ်ဆိုရင် ငါသေရဲပါတယ်။

သည်အခါမယ် ကိုလတ်ဟာ အသံမပါတဲ့ သီချင်းကို ထပ်တလဲလဲ ဆိုနိုင်မယ်။သူလုပ်ချင်ရာတွေ လုပ်ခွင့်ရမယ်၊ သူ့ဘေးမှာ သူသိပ်ချစ်တဲ့သူငယ်ချင်း ကိုအောင်လည်းရှိနေတာပဲငါမရှိလည်း သူလောကကြီးမှာ နေတတ်မှာ ပါ။ နေလို့ ဖြစ်မှာ ပါ။

သူမရှိရင်သာ ငါ…..

မနက်ဝေလီဝေလင်းမှာ ကျီးတွေ နဲ့အတူတူ အစာရှာရတဲ့ လူသားတွေ ကိုလည်း ငါတွေ့ ရတယ်။ငါတို့ အဆောင်ခြံစည်းရိုးခတ်ထားတဲ့ သွပ်ပြားတွေ နဲ့ကပ်လျက် ရိုးမရိပ်သာလမ်းထဲက လူတွေ သွားတာ လာတာ စကားပြောသံတွေ ကြားနေရတယ်။သူတို့ဟာ ထမင်းချိုင့်လေးတွေ ဆွဲလို့ အလုပ်ခွင် ဆင်းကြရတာ ပဲ။ခြံစောင် အဘိုးကြီးရဲ့ ချောင်းဟန့်သံကိုလည်း အဆက်မပြတ် ကြားနေရတယ်။

ဆေးရုံမသွားခင် သူ့ကို မုန့်ဖိုးပေးသွားဦးမယ်။ ပြီးတော့ ကိုလတ်အတွက် ဆုတောင်းပေးပါလို့ ပြောရမယ်။မ၀တ၀စားဖို့ထည့်ထားတဲ့ ငစိန်ထမင်းပေါ်က ကန်စွန်းရွက်ကြော်ချက်လေး စားနေရတဲ့ ဦးကြီးအတွက် မုန့်ဖိုးနှစ် ကျပ်ဟာလည်း တစ်မနက်စာ ဖူလုံကောင်းပါရဲ့ ။ကျွန်တော် ကိုလတ်ကိုလည်း သည်မနက်စာလေးဆုတောင်းပေးပါလို့ ပြောချင်တယ်။

အလုပ်သမားလေး တစ်ယောက် ရဲ့ သီချင်းသံ ကတော့ ငါ့ရင်ထဲမှာ နင့်သွားတယ်။ပျော်ရွင်ကြည်နူးရတာ သည်တစ်ခါ နောက်ဆုံး ဖြစ်မှာ ….စိုးရိမ်တယ် အချစ်ရယ်…..ကြည်နာတဲ့စကားပြောတာ သည်တစ်ခါ နောက်ဆုံး ဖြစ်မှာ စိုးရိမ်တယ် အချစ်ရယ်တဲ့။နောက်ဆုံးတဲ့၊ နောက်ဆုံး။

နောက်ဆုံး မ ဖြစ်ပါစေနဲ့ ၊ နောက်ဆုံးဆိုတာ ကို ငါကြောက်တယ်။‘စိုင်း ပြန်ရဦးမယ်’ ဆိုတဲ့ သီချင်းသာတွေ ဟာ စိတ်ထိခိုက်စရာတွေ ချည်းပဲ။မပြန်နဲ့ဦး မပြန်နဲ့ဦးကွယ်၊ နေပါဦးလို့ မပြောတောင်မှ နားလည်တယ်။

တို့လဲ ဘယ်ခွဲရက်မှာ လဲ….။ သည်သီချင်းကို ငါမကြားချင်တော့ဘူး။ခွဲစိတ်ကုတင်ပေါ်က အားနည်း ဖျော့တော့ပြီး ဖြူဆွတ်နေတဲ့ ကိုလတ်မျက်နှာကိုပဲ ငါမြင်နေတော့တယ်။

‘ကိုလတ်မသေပါစေနဲ့’လိုငါစိတ်ထဲက ပြောလိုက်တာ ဖြစ်ပေမယ် နှုတ်က အသံထွက်သွားသည်။ချောစုကဘာလဲဘာလဲ၊ အိပ်ရာကကမန်းကတန်းလူလဲထမေးတော့ ငါငိုနေပြီ….။

မနက်ကျတော့ ငါရယ၊် ချောစုရယ်၊ ဆန်းဆန်းမြင့်ရယ်၊ မမစံရယ် ဆေးရုံလိုက်သွားကြသည်။ဆေးရုံဝမှာ ကိုအောင်က လွယ်အိတ်လေးလွယ်လို့ ငါတို့ကို ရပ်စောင့်နေတယ်။ကိုအောင်လည်း တစ်ညလုံးမအိပ်ရလို့ မျက်တွင်းဟောက်ပက်နှင့် ပါးရိုးတွေ ချောင်ကျနေတယ်။

‘ဘယ်နှယ်နေလဲ’ လို့ ငါကမေးတော့ ကိုအောင်က မျက်နှာ မကောင်းလှဘူး။ မခွဲရသေးဘူး၊ သွေးအား သိပ်နည်းပြီး သွေးချိန်တွေ လျှော့နေလို့ အခြေအနေကောင်းအောင် ပြန်လုပ်နေရတယ်။သွေးဆယ်ပုလင်းရှိပြီး သွင်းတာ။

ဒီတော့ ငါ့ရင်ထဲ ဟင်းလင်းပွင့်သွားပြီး လူက မိုက်ခနဲ ဖြစ်သွားလို့ ချောစုကပခုံးကို အသာကိုင်လိုက် ရတယ်။ချောစု ကတော့ ငိုချည်းနေတာပဲ။

မငိုပါနဲဟာ၊ ကိုလတ်မှ ဘာမှမ ဖြစ်သေးဘဲနဲ့။ကိုအောင်စကား မှားသွားသည်။မ ဖြစ်သေးဘဲနဲ့ဆိုတော့ နောက် ဖြစ်တော့မလိုလို။

ကိုအောင်ကလည်း နောက်တော့မှ သူ့စကားကို သူ သတိရလာပုံရတယ်။စကားနောက် တရားပါတွေ သူပြောနေတာ၊ ကိုအောင်က စကားပြောသိပ်လောကြီးတာ၊ ကိုလတ်နဲ့ သူနဲ့ မတူတာလည်း သည်အချက်မှာ ပဲ။ကိုလတ်က စကားတွေ ကိုစီပြီး ဦးနှောက်ထဲအလျင်ထည့်ပြီးမှ နှုတ်က ထွက်လာတာ။

ကိုအောင် ကတော့ စကားအလျင်ထွက်ပြီးမှ သူ့ဦးနှောက်က အသိကလိုက်လာတာ။ခုတော့ သူ့စကားကိုသူ ချက်ချင်း ပဲ ပြင်လိုက်ပါတယ်။

ဘာမှ မ ဖြစ်နိုင်ပါဘူးဟာတဲ့။မျှော်လင့်ချက် အပြည့်ရှိတဲ့ လေသံနဲ့ ပြောလိုက် ပြန်တယ်။ဟုတ်တယ်။

ကိုလတ် ဘာမှ မ ဖြစ်နိုင်ပါဘူး။သွေးတွေ လည်း သွင်းပြီးပြီပဲ။ခွဲစိတ်ပြီးရင် ကောင်းသွားမှာ ပါ။ငါလဲစိတ်ပြေရာ ပြေကြောင်း တွေးလိုက်တယ်။

ဆေးရုံအပေါ်ထပ်ကိုလက်မှတ်နှစ် စောင်ကိုအောင်ယူထားတာနဲ့တတ်ရတော့ ဆန်းဆန်းမြင့်နဲ့ ငါနဲ့ တစ်လှည့်၊ ချောစုနဲ့ မမစံက တစ်လှည့် တတ်ကြတယ်။ချောစုတို့င အလျှင်တတ်နှင့် တယ်။

ကိုအောင် ကတော့ ခပ်တည်တည်ပဲ လွယ်အိတ်ကြီးတကားကားနဲ့ တတ်မယ်လုပ်တယ်။ဆေးရုံက လှေကားစောင့် အလုပ်သမားက သူရင်ဘတ်ကို ဆီးတွန်းတော့ အဲသည်လူရဲ့ လက်ကိုတွန်းဖယ်ပြီး ဖယ်စမ်းဗျာ၊ ခင်ဗျာကျုပ်ကိုဘယ်သူ မှတ်နေလို့လဲ ခပ်တည်တည်ပြောပြီး တတ်သွားတယ်။ပုဆိုးတစ်ပတ်နွမ်းနဲ့ လွယ်အိတ် လွယ်ထားတဲ့ကိုအောုင်ဟာ ဆရာဝန်နဲ့ တော့ မတူပါဘူး။

ဒါပေမယ် လှေကားနားကကုလားက ကိုအောင့်ကို ဆလံပေးလိုက်တယ်။ဒုတိယထပ်အခန်းထောင့်မှာ ကိုအောင်သွားစကားပြောနေတဲ့ ကိုလတ်မိဘရယ်၊ ခင်မလတ် တို့ကို တွေ့ ရသည်။ခင်မလတ်ရုပ်က ကိုလတ်နှင့် သိပ်တူတာပဲ။

ချောတယ်။မျက်လုံးတွေ ၊ မျက်နှာနဲ့ နှာခေါင်းတွေ ဟာနီနေတယ်။

အသားဖြူတော့ ငိုထားမှန်း သိတာပေါ့။သူ့အဖေကလည်း မျက်နှာပျက်နေတယ်။

သူ့အမေ ကတော့ ရှူဆေးတွေ ရှူနေပြီး နံရံတစ်ခုကို မှီပြီး ထိုင်နေတယ်။မျက်လုံးတွေ မှာ လည်း မျက်ရည်စတွေ နဲ့ကိုအောင်က ငါနဲ့ချောစုကို လက်ယက်ခေါ်ပြီး မိတ်ဆက်ပေးထားခဲ့တယ်။

ကိုလတ်မိဘနှင့် သူ့နှမလေး အသိုင်းအ၀ိုင်းဟာ သိပ်ချစ်ဖို့ ကောင်းတာပဲ။သူတို့က ငိုထားတဲ့ ငါတို့ကိုတောင် ပြန်အားပေးနေတယ်။

ငါတို့ကို ဖော်ဖော်ရွေရွေလည်း ဆက်ဆံတယ်။အင်မတန် စိတ်နေသဘောထားပြည့်ဝတဲ့ မိသားစုပဲ။သည် မိသားစု လက်ထဲကနေ သေမင်းဟာမညှာမတာ ကိုလတ်ကို ဆွဲထုတ်ရက်မယ်ဆိုရင် ငါမတွေးတော့ဘူး။မတွေးချင်ဘူး။မတွေးရဲဘူး။မတွေးရက်ဘူး။

လူနာခန်းထဲ တို့ဝင်သွားသည်။လူနာခုတင်တစ်လုံးပေါ်မှာ ကိုလတ်ကိုမြင့်တော့ ငါလန့်သွားတယ်။ရင်ထဲမှာ လည်း ထိတ်ခနဲ ဖိုသွားတာပဲ။ပက်လက်အိပ်နေတဲ့ ကိုလတ်ဟာ ငြိမ်သက်လွန်းတယ်။မျက်လုံးဟောက်ပက်နဲ့။မျက်နှာဟာလဲ ဖြူဖျော့ပြီး နှုတ်ခမ်းတွေ လည်း ဖြူဆွတ်နေသည်။

တိုင်ပေါ်က သွေးပုလင်းဟာ သူ့လက်ဖျံပေါ်ကို ပိုက်လုံးလေးကနေ တဖြည်းဖြည်း စီးဆင်းလာတယ်။သူ သတိရစပြုပေမယ့် အမြဲပဲ မှိန်းနေတယ်လို့ ကိုအောင်က ပြောသည်။ ခွဲစိတ်တဲ့ ဒဏ်ကို သူခံနိုင်ပါမလား။

အချိန်ကြာကြာ ရွေ့လိုမရဘူး။သည်မနက်ပဲ ခွဲရတော့မှာ တဲ့။ကံကြမ္မာဟာ ကိုလတ်အပေါ် ဘယ်လောက်ထိ ကောင်းနိုင်မလဲ စောင့်ကြည်ရတော့မှာ ပဲ။ကိုလတ်ရဲ ခုတင်ခြေရင်းမှာ ငါရပ်ပြီး ငိုင်နေမိတာ အကြာကြီးပဲ။

ကိုအောင်က ကိုလတ် ရင်ဘတ်နားကို သူ့အနားကပ်ပြီး အသက်ရှူသံကို နားထောင်ကြည့်နေတယ်။အသက်ရှူသံ နှေးသွားမလားလို့ စိုးရိမ်နေတဲ့ သူ့မျက်နှာဟာ အထင်းသား ပေါ်နေတယ်။အသက်ရှူတာ နှေးတာနဲ့ ဆရာဝန်ပြေးခေါ်ရမှာ ပဲ။

စောစောက သူ့မိဘက သူနာပြု တစ်ယောက် ဌားဖို့ တိုင်ပင်နေတာ ကြားရတယ်။ချောစု ကတော့ ကိုလတ်ရဲ့ ရင်ဘတ်ပေါ်က ကိုလတ်ရဲ့ ဖြူဆွတ်နေတဲ့လက်ကို မထိရက် ထိရက်နဲ့ ထိကြည်နေသည်။အောင် ကတော့ ကိုလတ်ကို ငေးကြည့်ရုံသာ ကြည့်နေတယ်။ဘာလုပ်ရမှန်းလည်း မသိဘူး။ဂါထာနဲ့ မန်းမှု တ်လို့ရရင် ကောင်းမှာ ပဲလို့ တွေးနေမိတယ်။

(၄၅)

စိတ်မပူပါနဲ့ဟာ ၊ အခြေအနေကောင်းလာမှာ ပါကိုအောင်က သည်စကားကိုသာ ထပ်တလဲလဲပြောကြားနေသည်။

‘ဟုတ်တယ် ၊ ကောင်းလာမှာ ပါ၊ ကောင်းပါစေလို့ဆုတောင်းရတာ ပဲ၊ ကောင်းလဲ ကောင်းမှာ ပါ၊ ကိုလတ်ရဲ့ စိတ်ဓာတ်က သိပ်ပြင်းတာပဲ၊ သူ့စိတ်ပြင်းသလို သူ့အသက်လဲ ပြင်းမှာ သေချာပါတယ်၊ ငါသာ ကိုလတ်နေရာမှာ ဆိုရင် သေတာ ကြာလှပေါ့’

အောင်ကတွေးသည်။မမစံက ရုံးတတ်ရန် ပြန်သွားပြီး ဖြစ်သည်။

ဆန်းဆန်းမြင့်ကလည်း တစ်အောင့်လောက်ကြာလျှင်ပြန်တော့မည် ဖြစ်သည်။ညနေကျမှ ပြန်လာမယ်တဲ့။အောင့်တို့က တမင်ပြန်လွှတ်တာလည်း ဖြစ်သည်။

အဆောင်မှာ လည်း လုပ်စရာကိုင်စရာတွေ နှင့် ၊ ဆေးရုံမှာ လူများများ နေလို့ကလည်း မ ဖြစ်။ချောစုနှင့် အောင်တို့ ကတော့ ဆေးရုံကို အိမ်လုပ်ထာသာနေတော့သည်။ကိုယ်က ဘာမှ မတတ်နိုင်တော့တာ့သိပါရဲ့ ။ဒါပေမယ် သည်လိုပဲ နေချင်သည်။

ဖြစ်နိုင်လျင်တော့ ကိုလတ် ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးသည် အထိ သူ့အနားတွင် နေချင်သည်။ကိုလတ်၏ အသက်၊ ကိုလတ်ဝိညာဉ်၊ ခန္တာကိုယ်၊ အားလုံးအားလုံးကို မတိမ်းမစောင်းရအောင် နတ်ကောင်းနတ်မြတ်တွေ များ ‘မ’ ပါဟု ဆုတောင်းသည်။ဒါ တိုက်ပွဲတစ်ခုပဲ။

သေမင်းနှင့် တိုက်ပွဲဆင်ရတဲ့ ကိစ္စဟာ သာမန်မဟုတ်။ကိုလတ်ကိုယ်ထဲက ၊ ပါးစပ်က သွေးတွေ ဟာ ရဲနေတာပဲတဲ့။ခုမှ သတိထား ကြည့်မိတယ်။

ကိုအောင်ရဲ့ တတ်ထရွန် ရှပ်အင်္ကျီအဖြူရောင် ရင်ဘတ်တစ်ခြမ်းလုံး နီနေသည်။ကိုအောင် တစ်ယောက် အိမ်ပင်မပြန်ရသေး။အင်္ကျီလည်းမလဲရသေး။ခရမ်းရောင် တွင် အနက်ကန့်လန့်စင်းများ နှင့် ကချင်လုံချည်ပင် သွေးများ စွန်းပေနေသည်။ကိုလတ်သွေးတွေ ။

ကိုလတ်ရဲ့ သွေးတွေ ဟာ အဆုံးစွန် ရဲရဲနီလိမ့်မည် ဟု အောင်က တင်စားဝံ့သည်။အောင်လည်း ထောင့်တစ်နေရာမှာ အသာထိုင်ကာ စိတ်လှုပ်ရှားရင်းနှင့် ပင် ကိုအောင့်လွယ်အိတ်ထဲက ကဗျာစာအုပ်တွေ ၊ မှတ်စုတွေ ထိုင်ဖတ်နေသည်။စာအုပ်ကို ကိုင်ထားသော လက်တွေ မှာ တုန်နေသည်။ ချောစုကလည်း စိတ်ပြေရာပြေကြောင်း ခင်မလတ်နှင့် စကားလက်ဆုံကျနေသည်။မှတ်စုတွေ ၊ ကဗျာတွေ ဖတ်ရပြန်တော့လည်း အောင့်စိတ်တွေ မှာ နည်းနည်း တညငြိမ်လာသည်။

သူဟာ…..နီရဲတဲ့ဝိညာဉ်ပါ။ပိုင်းဖြတ်မှု တရားနဲ့ခိုင်မာတဲ့ စိတ်ဓာတ်ကသူ့ကို ရစ်ပတ်ပစ်လိုက်ပါတယ်။

သူ့မှာ ဒီရေလိုမို့မောက်မြင့်တတ်နေတဲ့မကြောက်တရားနဲ့ အသင့် ဖြစ်နေတယ်။

ကဗျာစာအုပ်ကို အောင်သည် ကပျာကယာ ပိတ်လိုက်မိလေသည်။ကဗျာလေး ကတော့ ကွယ်လွန်သွားတဲ့ စက်ရုံ အလုပ်သမားလေး တစ်ယောက် အကြောင်း ရေး ထားတဲ ကဗျာကလေးပါ။ဒါကြောင့် ပိတ်လိုက်မိတာပါ။

သည်နေရာမှာ အောင်က အယူလည်း နည်းနည်း သီးလာတယ်။အလုပ်သမားလေးရဲ့ နီရဲတဲ့သိညာဉ်ကို ဖော်ကျူးထားတာကိုတော့ အောင်က သဘောကျမိလေသည်။အားနှင့် မာန်နှင့် တတ်ကြွနေသည်။

သို့ သော် ကိုလတ် မကွယ်လွန်ပါစေနှင့် ။အဖိုးတန်သော ကိုလတ်ကို နှမြောလှသည်။လူချင်းလဲလို့ရလျှင် လဲပစ်လိုက်ချင်သည်။လူစားထိုးလို့များ မရဘူးလားကွယ်။အောင်က မ ဖြစ်နိုင်တာတွေ ကို ရောက်တတ်ရာရာ တွေးသည်။

နာရီကို ဖယ်ထား မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ စက္ကန့်ရဲ့ တစ်စိတ်တိုင်း စိတ်မချမ်းမြေ့ဖွယ် ကောင်းသော အချိန်တွေ ပင်တည်း။တစ်စက္ကန့်၊ တစ်စက္ကန့်တည်း ဟူသော အချိန်လေးများ ပင် ရှည်ကြာလွန်းလှပေးသည်။တစ်စက္ကန့်၊ တစ်စက္ကန့်စောင့်ရသော အချိန်တိုင်း ရင်ခုန်လှုပ်ရှားနေသည်။

(၄၆)

စိတ်ငြိမ်မှ ငြိမ်ပါစေောတ့၊ စိတ်ထဲ တုနလှုပ်တာတွေ ကို ပျောက်မှ ပျောက်ပါစေတော့လို့ ကိုအောင် လွယ်အိတ်ထဲက စာအုပ်တွေ စာရွက်တွေ ပဲ မွှေဖတ်နေမိသည်။ကိုအောင်က ငါရှိနေတာနဲ့ သူ့လွယ်အိတ်ကို အပ်ထားခဲ့တာ။သူ့လွယ်အိတ်ထဲမှာ အရေး ကြီးတာလည်း ပါမယ် မထင်ပါဘူး။ပါဦးတော့လည်း ငါသည် လိုယူဖတ်တာ စည်းကမ်း မဲ့ရာမကျပါဘူး။ငါ့လွယ်အိတ်တို့၊ ဖိုင်တွဲ တို့လည်း သူမွှေနေကျပဲဟာ။

ပြီးတော့ ကိုလတ်တစ်ခါတုန်းက ပြောခဲ့ဖူးတာကိုလည်း သတိရမိသည်။ကိုယ်တို့မှာ လျှိုဝှက်ချက်ဆိုတာမရှိဘူး။အထူးသဖြင့် ကိုယ်နဲ့ကိုအောင်မှာ ပေါ့။

ကိုအောင်နဲကိုယ်တို့ ဆက်ဆံရေး ကို အတွင်းကျကျ သိရရင် အောင်သည့် ပိုအံ့သြလိမ့်မယ်ဆိုတာလေ။သူတို့နှစ် ယောက် ကြည်ရတာ လည်း လင်မယား ထက်တောင် ရင်းနီူးသေးတယ်။ရဲဘော်ရဲဘက် အချစ်ဆိုတာ ဒါပဲလို့ ငါလည်းအားကျခဲ့မိသေးသည်။

ကိုအောင်လည်း ငါ့ အချစ်ဆုံး သူငယ်ချင်းပဲ။ကိုလတ်က ငါ့ချစ်သူ ဖြစ်လာတဲ့အခါမှာ ကိုအောင်က ငါ့ရဲအချစ်ဆုံးသူငယ်ချင်း ဖြစ်လာတာ မဆန်းပါဘူး။ကိုအောင်ဟာလည်း ငါ့ဘ၀မှာ မားမားမတ်မတ်ရပ်နေတဲ့ လူ တစ်ယောက် ပါ။

ပြီးတော့ သူ ငါ့ကိုချစ်ပုံ ခင်ပုံလေးကလည်း တကယ့်မောင်နှမရင်းချာလိုပဲ ဖြူစင်တယ်၊ သန့်ရှင်းတယ်၊ ရိုးဖြောင့်တယ်၊ တွယ်တာကြင်နာတယ်။သည်အတွေးတွေ နဲ့ စိတ်က နည်းနည်း ငြိမ်သက်တည်ကြည်လာပြန်သည်။

ကိုအောင်ကလည်း ကိုလတ်အတွက် သွေးပုလင်းတွေ လိုက်ရှာနေရသည်။ကိုလတ်ရဲ့ သွေးအမျိုးအစားနဲ့ မတူကြလို့ ဘယ်သူမှ သွေးမလှူနိုင်ကြဘူး။ပြီးတော့ လိုတာက အလောတကြီး။

ကိုလတ်ကို ခွဲစိတ်ရမယ့် ဆရာဝန်က သူလိုအပ်တဲ့ သွေးပုလင်းတွေ ကို ရှာခိုင်းတာနဲ့ ကိုအောင်လည်း ပြေးလွှားနေရတယ်။ခွဲစိတ်ရခါနီး ကိုလတ်ရဲ့ အခြေအနေကို ကောင်းစေချင်လှပြီး

ငါနဲ့ချောစုလည်း ကိုလတ်ရဲ့ ခုတင်နား ခဏခဏ သွားသွားကြည့်နေမိတယ်။ပြီးတော့ ကိုအောင်လုပ်သလို ကိုလတ်ရဲ့ ရင်ဘတ်နား ကပ်ပြီး အသက်ရှူသံကို နားထောင်းကြည့်နေမိတယ်။

နောက်တော့ ကိုလတ်ရဲ့ အမေနဲ့ သူ့နှမလေး ခင်မလတ်တို့ ရှေ့မှာ ငါတို့သည်လို စိတ်ပူနေတာ ကောင်းပါမလားတွေးပြီး အားနားလာသည်။ရှက်လည်းရှက်လာသည်။စိတ်ကလည်း နည်းနည်း မှ ဂနာမငြိမ်ဘူး။

ရင်ထဲမှာ လှိုင်းတံပိုးတွေ ထန်နေသလိုပဲ။ငါသာမဟုတ်ဘူး၊ ချောစုလည်း ငါ့လိုပါပဲ။ထိုင်လိုက် ထလိုက်နဲ့ နည်းနည်း မှ ငြိမ်ထိုင်လို့မရဘူး။

ပြီးတော့ ကောင်မလေးက အရေး ရယ်အကြောင်းရယ် စိတ်လှုပ်ရှားရင် အိမ်သာကို ခဏခဏ သွားရတတ်တယ်။ငါလည်း စိတ်လှုပ်ရှားနေတာတွေ သက်မှ သက်သာပါစေရယ်တော့လို့ သည်မှတ်တမ်းကို ထိုင်ရေး နေရတယ်။တကယ်တော့ သည်အမှတ်တရ မှတ်တမ်းကို ငါမရေး ချင်ပါဘူး။မှတ်လဲ မမှတ်မိချင်ပါဘူး။

အမှတ်တရ ဖြစ်ချင်စရာကောင်းတဲ့ အ ဖြစ်အပျက်တွေ မှ မဟုတ်တာ။ဆေးရုံဆိုတဲ့အရပ်ဟာ ဘယ်သူမှစုဝေးချင်စရာကောင်းတဲ့ အရပ်မှ မဟုတ်ဘဲ။တစ်ခါတုန်းက ငါကိုလတ်နဲ့ ပြောခဲ့ဖူးသေးတယ်လေ။

ငါဘာကြောင့် တွေးတောပူပန်နေရမှာ နည်း။ ငါ ကိုယ်အလုပ်ကို လုပ်မည် ။ကမ္ဘာလောကက သူ့အလုပ်ကို လုပ်လိမ့်မည် တဲ့။ သူ့အလုပ်ကိုလုပ်တဲ့ ကမ္ဘာလောကကြီးကလည်း ရက်စက်လိုက်တာနော်လို့ ငါ့စိတ်ထဲမှာ ရန်တွေ့ နေမိတယ်။ဟုတ်တယ်။

ကမ္ဘာလောကကြီးက သိပ်ရက်စက်တာပဲ။လူတိုင်းကိုတော့ ဟုတ်ချင်မှ ဟုတ်မှာ ပေါ့။ဒါပေမယ် ငါတို့ကိုတော့ ရက်စက်တယ်။ပြီးတော့ ငါတို့လို လူများ စုကို….။

(၄၇)

အံ့သြစရာလည်း ကောင်းသည်။ ၀မ်းနည်းကြေကွဲဖွယ်လည်း ကောင်းသည်။

ပြီးတော့ ရင်နင့်အောင် ထိခိုက်စရာလည်း ကောင်းသည်။ ကိုလတ်က သူ့ကိုယ်သူစကတည်းက သက်ဆိုးရှည်မယ် မထင်ခဲ့တာတဲ့။ကိုအောင့် မှတ်တမ်းတစ်နေရာမှာ သွားဖတ်ရသည်။

သူသည် ကိုအောင့်အပေါ် ကတိတွေ ပေးထားတာ လွန်နေသလို အကြိမ်ကြိမ်လည်းကတိတွေ ပျက်ခဲ့ရသည်တဲ့။ဥပမာ အောင်နှင့် ချစ်သူ ဖြစ်ရတာ ကအစ။

ကိုလတ်နှင့် ကိုအောင်တို့နှစ် ယောက် သား အိမ်ထောင်မပြုကြစတမ်း အဓိဋ္ဌာန်ပြုခဲ့တာလည်း ပျက်သွားခဲ့ပြီပေါ့။ကိုလတ်ကို သူအံ့သြသည်တဲ့။

အောင့်ကိုအစ ကိုအောင်နှင့် နောက်လားပြောင်လား လုပ်နေခဲ့တာတဲ့။အောင်နာမည် ချင်းတူလို့ ‘အောင်ရဲ့ အောင်’ လို့ခေါ်ပြီးအောင့်အကြောင်းကို ပြောတဲ့အခါ ကိုအောင်က ခေါင်းကို ခါယမ်းလျက် သူ့ဘက် တစ်ဖက်တည်းက ကြည့်ရင်တော့ ‘အောင်ရဲ့ အောင်’ ဖြစ်နိုင်ပါတယ်။

ဘယ်နှစ် ဖက် ကြည့်တဲ့အခါကျတော့ အောင်ရဲ့ အောင် မဟုတ်တော့။တကယ်တော့ အောင်စိတ်ဝင်စားနေတာက ကိုလတ်ပဲ။

သည်တော့ အောင်ရဲ့ လက်တော့ ဖြစ်နိုင်ပါတယ်လို့ ပြန်ပြောမိသေးသည်တဲ့။ကိုလတ်ကလည်း အောင့်အကြောင်းကို ပြောရမည် ဆိုလျှင် မညည်းတမ်း ပြောတတ်သည်။‘အောင်’ ဆိုသည် နာမည် လေးပါမက အောင်ဆိုတာ မိန်းမလှလေးကို ချစ်မိပြီတဲ့။စိတ်ကူးယဉ်တယ်လို့ ဝေဖန်ချင်ဝေဖန်နိုင်သည်။

အောင်သည် ချစ်သူသာ ထားချင်သော်လည်း ယောကျာ်းမယူချင်သေးသဖြင့် အိမ်ထောင်မပြုချင်သေးသော ကိုလတ်နှင့် ပေါင်းဆုံလာရတာ ကို ကိုအောင်က ဘယ်လို ဝေဖန်ဦးမလဲဟု ကိုလတ် စာရေး မေးတာကို ကိုအောင်က မှတ်တမ်းထဲ ထည့်ရေး ထားသည်။

ကိုလတ်က သူ့ကိစ္စအ၀၀ လူမှု ဘ၀ကို ကိုအောင်အား အပ်ကျသည်က အစ တိုင်ပင်တတ်လေသည်။

(၄၈)

ကိုလတ်သဘောထားတွေ ကို သိလာရသော အခါ ကျွန်တော့် မှစ ကိုလတ်အပေါ် အံ့သြခြင်းမက အံ့သြမိလေသည်။အမှန် ကတော့ အချစ်ရေး ပြဿနာဟာ ကိုလတ်လိုလူမျိုးအဖို့ တတိယတန်းပြဿနာလောက်ရှိတာပါ။

တလောက သူ့အခြေအနေအရ ‘အောင်’ ဆိုတဲ့ မိန်းကလေးကို သည်ကမ္ဘာလောကကြီးမှာ မရှိသယောင် သူ့စိတ်ကို မွေးထားရတဲ့သူပါ။သို့ သော် အောင့်အတွက် စိတ်ပူပန်သည်။

ဘာပဲ ဖြစ် ဖြစ် သူအောင့်ကို နှမြောနေတာ အမှန်ပါပဲ။သူ အောင်နှင့် ကွဲကွာရလိမ့်မည် ဟု မကြာခဏ သူ့ကိုယ်သူ အထင်ရောက်တတ်သဖြင့် အောင့်ကို စောင့်ရှောက်ရစ်ပါဟု ကျွန်တော် မှာ တတ်သည်။ဘယ်လိုစောင့်ရှောက်ရမှာ လဲလို့ သူ့ကို ခပ်နောက်နောက် မေးမိတာ အမှန်ပါ။

ဒါကို သူက တကယ့်ကို လေးလေးနက်နက် ပြောလာခဲ့သည်။အောင့်ကို ကျွန်တော် က လွဲ၍ ဘယ်လိုလူမျိုးလက်ထဲမှ မထားခဲ့ရစ်ချင်ကြောင်း တဖွဖွပြောလာ ခဲ့လေသည်။ကျွန်တော် က မ ဖြစ်နိုင်ပါဘူး။

အောင့်ကို နှမလေး တစ်ယောက် လိုသဘောထားမိနေပြီလို့ ဆိုပြန်တော့ ‘ကောင်းတာပေါ့ကွ’ လို့သူက ပြန်ဖြေသည်။

သူက စကားတတ်တော့လည်း သူ့ကို ကျွန်တော် နိုင်အောင် မပြောနိုင်ပါ။သို့ သော် ကိုလတ်ပြောတာတွေ အောင်သာသိလျှင် ရင်ကျိုးမှာ ပဲ။

မိုက်မိုက်ကန်းကန်းတွေ လုပ်ချင်ရာ လုပ်ကုန်တော့ မှာ ပဲ ပြောတော့ ‘ဒါကြောင် မင်းလက်ထဲကို အပ်တာပေါ့၊ ငါ့အပြင် အောင် အလေးစားဆုံးလူဟာ မင်းပါတဲ့’ ဒါတော့ ဟုတ်တာပေါ့ကွာ။ဒါပေမယ့် အောင် ငါ့ကိုချစ်တဲ့အချစ်ဟာ သိပ်ဖြူစင်တာပဲ။ သန့်ရှင်းလွန်းသည်။

ဒါမျိုးဆိုတာ ၀ိညာဉ်ချင်း စကားပြောတာပဲလို့ ကျွန်တော် က အတိုက်အခံ ပြောမိသေးသည်။သူက မောင်နှမ ၀မ်းကွဲတွေ လက်ထပ်ကြတာ။

အောင်သူ့စကားဆို ငြင်းမှာ မဟုတ်တာတွေ လည်း တဖွဖွပြောနေသည်။သည်နေ့ညက ကိုလတ်အနေနှင့် သူငယ်ချင်းတွေ ဆုံတုန်း သောက်ထားသဖြင့် မူးလို့ပြောသည်တောင် ထင်မိသည်။

ပြီးနောက် ကိုလတ်က အရက်လည်းသောက်ခဲ့တယ် မဟုတ်လား။သို့ သော်လည်း ကိုလတ်က သည်စကားကို မနက်ကျ ဆက်ပြော ပြန်သေးသည်။

‘ကိုအောင် မင်း အောင့်ကို အမြဲလက်တွဲ ပါ၊’အောင်နဲ့ လက်တွဲ ဘယ်တော့မှ မဖြုတ်ပါနဲ့တဲ့။

သည်တော့ ကျွန်တော် က မင်းလက်တွဲ ဖို့ တာဝန်ယူပြီးသားပဲ။မင်းက မတွဲ နိုင်လောက်အောင်ဘာ ဖြစ်မှာ မို့လဲ၊ ကျွန်တော် က စိတ်တိုတိုနှင့် ပြန်ပြောမိသည်။အခြေအနေဆိုတာ ဘယ်ပြောနိုင်မလဲ သူငယ်ချင်းရာတဲ့။

သူ့ရင်ဘတ်က အောင့်အောင့်နေတတ်တာ တစ်မျိုး။သူ့ကိုသူလည်း သက်ဆိုးမှ ရှည်ပါ့မလားဆိုတာတွေ လဲ သူတွေးနေပုံရသည်။နောက်ဆုံးတော့ သူတောင်းသော ကတိတစ်ခုကို ပေးလိုက်ရသည်။

ကိုလတ်ဆိုတာ လူ တစ်ယောက် အကြောင်းကြောင်းကြောင့် အောင်နှင့် ကွဲကွာခဲ့သည်ရှိသော် ကျွန်တော် က အောင့်ကို ဆက်လက်တွဲ ဖို့။

(၄၉)

[၅၃]ကိုအောင် ရောက်လာတော့ အောင်သည် မှတ်တမ်းစာအုပ်ကို ကပျာကယာ ကိုအောင့်လွယ်အိတ်ထဲ ပြန်ထည့်လိုက်လေသည်။တုန်နေသော နှုတ်ခမ်းတွေ ကို တစ်လှည့်စီ ကိုက်ထားရလေသည်။ရင်ထဲ၌ ဆို့လာသလို ဖြစ်ပြီး အသက်ရှူရ ကျပ်လာလေသည်။

ခေါင်းထဲတွင် ဝေနေသည်။ အရာဝတ္ထု တစ်ခုနှင့် တစ်ခုသည် ရူပ်ထွေး ငြိတွယ်နေသလိုပင်။

‘အောင်’

‘အောင်….’

ကိုအောင်က ခပ်လှမ်းလှမ်းထဲက ခေါ်လာလေသည်။

ကိုအောင်၏ ခေါ်သံသည် သံမှန်ပင် ဖြစ်သော်လည်း နားထဲတွင် အကျယ်ကြီးလို ကြားမိလိုက်သည်။ ကိုအောင့်ကို မကြည့်သော်လည်း အောင့်မျက်လုံးများ တစ်ဝိုက်တွင် မျက်ရည်စတွေ ဝေ့နေသည်။

‘ငါသွေးတွေ ရလာပြီ၊ ကိုလတ် ခွဲခန်းမရောက်ခင် တစ်ခုခု သွားစားရအောင်လား’

‘ဟင့်အင်း…ကျွန်တော် မစားချင်ဘူး’

‘ဟာ…ဘယ် ဖြစ်မလဲ၊ တစ်ခုခုတော့ စားမှပေါ့၊ အကုန်လဲကုန်ကြလိမ့်မယ်၊ ငါလဲ မစားချင်ပါဘူး၊ မစားလို့ကလဲ မ ဖြစ်ဘူး အောင်၊ ကဲ…လာ’

‘ကျွန်တော် မစားတော့ပါဘူး’

‘ဘယ့်နှယ် မစားရမှာ လဲ၊ စားရမယ်၊ နင် မနေ့ညကလဲ တစ်ညလုံး မအိပ်ဘူးဆို၊ အိပ်လဲမအိပ်၊ စားလဲမစားဆို ဘယ် ဖြစ်မလဲ၊ လာစမ်းပါဟာ၊ ချောစုလဲ ခေါ်ခဲ့၊ လာ…သွားမယ်၊ ထ’

အောင့်ကိုယ်ပေါ်မှ လွယ်အိတ်ကို လျင်မြန်စွာ ကောက်ယူလိုက်လေသည်။အောင်က ရုတ်တရက်မထ၊ ချောစုက အောင့်အား လှမ်းကြည့်ကာ…..

‘အောင်…လိုက်သွားလေ၊ ငါက စောစောက ခင်မလတ်နဲ့ ပေါင်မုန့် စားလိုက်ပြီ၊ ကိုအောင် ၊ အောင့်ကို ရအောင်ခေါ် သွားပါ၊ ဒီကောင်မလေး ဘာမှမစားရသေးဘူး’

‘လိုက်သွားလိုက်ပါလား သမီး’

ကိုအောင်သည် အောင့်ရှေ့မှ လွယ်အိတ်လွယ်လျက် သုတ်သုတ် သုတ်သုတ်နှင့် ထွက်ခွာသွားလေသည်။အောင့်ကို စောင့်ခေါ်ဖို့ သတိရဟန်မတူ။

သူ့စိတ်အာရုံက ကိုလတ် ခွဲစိတ်ခန်းသို့ မရောက်ခင်ဆေးရုံသို့ ပြန်လာချင်ပုံ ရလေသည်။ အောင်လည်း သည်လိုပါပဲ။

ဆေးရုံကပင် လုံးဝ မခွာချင်။ စိတ်က ကိုလတ်ဆီသာ ရောက်နေသည်။

‘ကျွန်တော် ထမင်းမစားချင်ဘူး ကိုအောင်’

အောင်သည် ကိုအောင့် ခြေလှမ်းတွေ ကို မိအောင် မနည်းလိုက်ရလေသည်။

‘တစ်ခုခုတော့ စားလေ၊ နွားနို့ ဖြစ် ဖြစ်သောက်၊ အား ဖြစ်သွားအောင်၊ ဟုတ်လား’

အောင်က ခေါင်းတစ်ချက် ညိတ်ရင်း မျက်ရည်တွေ ဝေ့လာပြန်သည်။

‘၀မ်းမနည်းပါနဲ့ဟာ ၊ ကိုလတ် အခြေအနေ ကောင်းလာမှာ ပါ၊ သွေးတွေ လဲ ပြည့်စုံပြီပဲ’

ကိုအောင်က ခပ်သွက်သွက် ပြောလိုက်သော်လည်း မျက်လုံးများ ကာ မှေးမှိန်ကာ အားနည်း ဖျော့တော့နေသည်။

(၅)

တကယ်တော့ထွေးခင်က ၀ဋ်ကျွတ်သွားတာပဲ၊ ဒီလိုလူ ဖြစ်ရူံးတဲ့ဘ၀ ထက်စာရင် သေရတာ က မြတ်ဦးမယ်လို့ ငါစိတ်ဖြေတယ်၊ ဒါပေမယ် ငါ့မျက်စိထဲ ထွေးခင်ကို မြင်နေတာပဲ၊ အချိန်တော် တော် ကြာထိ ဖျောက်လို့မရဘူး၊ လေးငါးလအထိ ထွေးခင်ကို အိပ်မက်ချည်းပဲ မက်နေတာပဲ။

‘သူ့ဥစ္စာစောင့် ဖြစ်မယ်လို့ စွဲနေလို့လား မသိဘူး၊ ဆံပင်ရှည်ကြီး ဖားလျားချပြီးစောင်းလျားပင်အောက်တွေ မှာ ပြေးကစားနေတာပဲ၊ ငါ့အိပ်မက်ထဲမှာ သူ့ကိုလိုက်ခေါ်တာ သူကလှည့်တောင် မကြည့်ဘူးတဲ့၊ ငါသိပ်ဝမ်းနည်းတာပဲ၊ အိပ်မက်ထဲမှာ ငါငိုတာပေါ့’

အောင့်ခေါင်းသည် စိုက်ကျသွားသည်။ မြေပေါ်ခြစ်နေသော သူ့တုတ်တံလေး၏ လှုပ်ရှားမူသည် နှေးသွားသည်။ ခေါင်းငုံနေသဖြင့် သူ့မျက်နှာကို ချောစု မမြင်ရသော်လည်း အောင့်ကိုယ်က လှုပ်နေသဖြင့် ငိုနေပြီဆိုတာ ချောစုသိလေသည်။ အောင့်လက်မောင်းအိုးကိုသာ လှမ်းကိုင်လိုက်သည်။ ဘာပြောရမှန်းမသိ။

စိတ်နှင့် ဒဏ်ရာ အကြိမ်ကြိမ်ရသူ၊ စိတ်ထိခိုက်လွယ်သူ၊ စိတ်ခံစားမှု အာရုံ၌ စူးရှနက်ရိုင်းစွာ ထိလွယ်သူမို့ ကြင်နာသနားလျက် ငေး၍ သာ ကြည့်နေမိသည်။ ချောစု၏ ရင်ထဲ၌ ‘အောင်…အောင်’ ဟုသာ ရိုက်ညည်း တမ်းတမိလိုက်သည်။

အဆောင်သို့ ပြန်ရောက်ကြသည်အထိ စကားကမပြတ် စကားအချီအချ ပြောကြတာထက် အောင်ကအပြောသမား ချောစုက နားထောင်းသမား။ သည်လိုပင် အောင့်ရင်ထဲတွင် ပြောစရာစကားတွင် ပြည့်နေတတ်သည်။

တစ်ခါတုန်းက အောင်က ‘ပြောစရာစကားများ လွန်းလို့ တစ်ခါတလေးများ နားထောင်မယ့်လူမရှိရင် တစ်ယောက် တည်းပြောနေရတယ်။ ငယ်ငယ်တုန်းကဆိုရင် ၊ အိမ်တိုင်တွေ ၊ ကျောက်တိုင်တွေ ကို အဖော်သူငယ်ချင်း လုပ်ပြီး စကားပြောရတာ သိပ်အရသာ ရှိတာပဲ’ ပြောရင်း အောင်သည် သူ့ဘာသာသူ သဘောကျသလို ရယ်မောနေတတ်သည်။

ကိုလတ်တို့ကိုအောင်တို့ရှေ့မျက်ရည်ကျခဲ့သော အောင်သည် ထိုညနေက တစ်ညနေလုံး၊ တစ်ညလုံး စကားတွေ ပြောနေခဲ့သည်။

အောင်သည် အိပ်ရာခုတင်ထက်တွင် ပက်လက်အိပ်ကာ ခြင်ထာင်အမိုးကို အမှတ်မထင် စိုက်ငေးနေသည်။ ဖန်ပြာခံခွက်ကို စားပွဲပေါ်တင်လျက် ဒူးယားစီးကရက်တစ်လိပ်ကို ဟန်ကြီးပန်ကြီးနှင့် ရိုက်ဖွာနေသည်။

‘ငါမျက်စိနောက်လိုက်တာဟယ်၊ မသောက်စမ်းပါနဲ့၊ ချောစုက မာန်မဲကာ ပြောလည်း အောင်က ရယ်မောလျက်…..’

‘တစ်ခါတလေ သောက်တာပဲဟယ် ဘာ ဖြစ်သလဲ ၊ ဆေးလိပ်က တွေးတဲ့အခါ သိပ်သောက်လို့ ကောင်းတာပဲ၊ ဘာမှတ်သလဲ’

‘သွားစမ်းပါဟာ၊ နင်နဲ့ စီးကရက် လုံးလုံးကို ကြည့်လိုမရဘူး၊ ၁၀ နှစ် အရွယ် ကလေးလေး ခေါင်းပေါင်းပေါင်းထားတာနဲ့ သိပ်တူတာပဲ’

ထိုတဒင်္ဂဟန်မျှ အောင်သည် အတွေးတွေ နှင့် နှုတ်ခွန်းဆိတ်သွားလေသည်။ ဆေးလိပ်ပြာခေါင်း ရှည်လာတာကို ပြာခံခွက်ထဲ ခြွေချလိုက်ရင်း……..

‘ငါမောင်လေးကလေး ခေါင်းပေါင်း သိပ်သဘောကျတာပဲ၊ တို့အိမ်မှာ ခြကိုက်ထားတဲ ဖေဖေ ခေါင်းပေါင်းတွေ မှန်သရွေ့ သူပဲ ကောက်ကောက်ဆောင်းတာ၊ သူ့ခေါင်းလေးက သေးသေး၊ ခေါင်းပေါင်းက ကြီးကြီးနဲ့ ဆောင်းလိုက်ရင် နဖူးပေါ် ရောက်နေရော၊ အဲဒီ တုန်းက သူခုနှစ် သားပဲ ရှိသေးတယ်။’

‘ခေါင်းပေါင်းကြီး မတန်တဆဆောင်းပြီး တစ်အိမ်လုံးနေရာအနှံ တောက်တတ် တောက်တတ်နဲ့ လျှောက်သွားနေတာ သိပ်ချစ်ဖို့ကောင်းတာပဲ၊ ငါတို့က သူ့ကို ချစ်စနိုးနဲ့ ပုတတ်လေးလို့ ခေါ်တယ်၊ ငါက သူ့ကိုနမ်းရင် အဲဒီ အချိန်ဆိုရင် သိပ်စိတ်ဆိုးတာပဲ၊ သူ့ခေါင်းပေါင်းကို ချွတ်ယူစလိုက်ရင် ဂြိုလ်ပဲ၊ ရှိသမျှပစ္စည်းတွေ နဲ့ အကုန်လျှောက်ပစ်တာ၊ ငါကလဲ အစသန်သန်နဲ့ ခဏ ခဏ ဂျီကျတာပေါ့’

ညဦးလေပြည်သည်ခုန်ပေါက်ပြေးလွှားကာ ပြတင်းပေါက်ကို ဖြတ်ကျော် ၀င်လာရာ အောင့်နဖူးပေါ်မှ ဆံယဉ်စတို့သည် အတည်မကျ ရွေ့လျားနေကြသည်။ ညအရိပ်နှင့် မည်းနေသော ၀ါးရုံပင်နှင့် မြရာပင်တို့သည်လည်း လေတွင် ယိမ်းနွဲ့ လှုပ်ရှားနေကြလေသည်။

စီးကရက် ပြာမှု န်များ ပါ လွင့်လာသဖြင့် အောင်သည် ဆေးလိပ်ပြာခံခွက်ထဲ စီးကရက်ကို ထိုးခြေလျက် ထိုင်ရာမှထကာ ချောစု မှတ်စု ထိုင်ကူးနေသော စားပွဲတွင် လာထိုင်၍ ပုံဆွဲစာရွက်တွေ နှင့် ပန်းချီဆေး ခဲတံကို စားပွဲပေါ် တင်လိုက်လေသည်။

‘အဲဒီ နှစ် က တစ်နှစ် လုံးပဲ ငါကျောင်းပိတ်လို့ အိမ်ပြန်တိုင်း သူ့ကို စလွန်းလို့ ငါနဲ့ဆို လုံးလုံးမတည့်ဘူး၊ ဒါပေမယ် ငါမရှိပြန်ရင်လဲ သူ မနေတတ်ဘူးတဲ့၊ ခု သူမရှိတော့လဲ ဒုက္ခ ဖြစ်ကျန်ရစ်တာပေါ့၊ ထွေးခင်ဆုံးတာနဲ့ တစ်နှစ် ကျော်ကျော် ကွာတယ် ၊ ငါမရူးတာ ကံကောင်း’

အောင်သည် ဗြုန်းဆို ထိုင်ရာမှ ထပြီး ခုတင်နှစ် လုံးနှင့် စာကြည့် စားပွဲတစ်လုံးထားရာ ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှ ထွက်ကာ ကွပ်ပျစ်နားက သောက်ရေအိုး ရှိရာလာပြီး သောက်ရေ ယူသောက်လိုက်လေသည်။

‘ဒီကောင်မလေးဟာ သောက်ရေး အိုးနား ရေသောက်သလိုလို ဘာလိုလိုနဲ့ ငုံ့ဖို့ထွက်သွားတာပဲ’

ချောစုက စဉ်းစားမိသည်။ သောက်ရေကို စိတ်မပါ့ တပါနဲ့ ခပ်လိမ့်မယ်၊ ရေကို တစ်ငုံနှစ် ငုံ့လောက်ပဲ သောက်ပြီး ကျန်တဲ့ ရေတစ်ဝက်ကို သွန်ပစ်လိမ့်မယ်။

ပြီးတော့ ရေအိုးနား တမေ့ တမော ထိုင်ပြီး မျက်ရည်နှစ် ပေါက် သုံးပေါက် ထိန်းမရဘဲ ကျလာလိမ့်မယ်။ ထိုမျက်ရည်တွေ ကို ကပျာကယာ လက်ဖမိုးနှင့် ကလေးလို သုတ်ပြီး အခန်းထဲ ပြန်ဝင်လာမှ သေချာသည်။ချောစုသည် မှတ်စုကူးသော ဖောင်တိန်ကိုချကာ သက်ပြင်း တစ်ချက် ချလိုက်သည်။

‘အောင်ရေ….လာဟယ်၊ စိတ်မကောင်းစရာတွေ စိတ်မောစရာတွေ မစဉ်းစားနဲ့တော့ဟာ၊ ဒါတွေ အကုန်ပြီးကုန်ပြီ၊ ဒါတွေ ကို တွေးရမယ့် အချိန်တွေ လဲ့ လွန်ခဲ့ပြီပဲ၊ မတွေးနဲ့တော့ဟယ်၊ တွေးတိုင်း စိတ်မကောင်းစရာ အ ဖြစ်မျိုးတွေ ဆိုရင် တစ်ခါတည်း ကျောကိုခိုင်းလိုက်တော့၊ ငါတော့ စိတ်ညစ်စရာကို ဘယ်တော့မှ ခေါင်းထဲ မထည့်မထားဘူး။’

‘စိတ်မညစ်တတ်တာ မဟုတ်ဘူးနော်၊ မညစ်ချင်တာ၊ စိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်တာ၊ ဒီလိုမခံနိုင်လို့ ရူးဟဲ သေဟဲ့ဆိုပြီး လူ ဖြစ်ရူံးလဲ မခံနိုင်ဘူး၊ ဘာပဲ ဖြစ် ဖြစ် အရူံးထဲက အမြတ်ထွက်အောင် လုပ်ပစ်ချင်တယ်၊ နင်ပြောတာတွေ လဲ ငါခံစားမိပါတယ်၊ စာနာရတာ နဲ့ ငါဖြင့် မောနေတာပဲ၊ တကယ် ရင်မောစရာကြီး ၊ ဒါကြောင့် မတွေးနဲ့တော့လို ပြောရတာ ပေါ့’

ချောစု စကားကိုတော့ အောင်က နားထောင်သည်။စားပွဲပေါ်ပန်းချီဆွဲရင်းသီချင်း တအေးအေးနှင့် နေပြန်သည်။

အောင်၏ လေချွန်သံသည် သီချင်း အလိုက်အတိုင်း ပီသ ကြည်မြလှလေသည်။ ယောကျာ်းလေး တစ်ယောက် လေချွန်နေသလို အသံမှာ ပြင်း၍ ကျယ်လည်း ကျယ်လာသည်။

‘အောင်ရေ…..လ သာနေသည်၊ ဂီတာ တီးပါလားဟယ်၊ ဟိုဘက်ရှေ့ကခုရောက်လာတဲ့မမစံတို့ ကတောင် အောင်ဂီတာ တီးတာ တစ်ခါမှ နားမထောင်းဖူးလို့တဲ့၊ ငါ မမစံတို့ ခေါ်လိုက်မယ်၊ ပြီးတော့ လက်ဖက်သုပ်ခိုင်းမယ်၊ မကောင်းဘူးလား’

‘လက်ဖက်ကြေး အခနဲ့ ဂီတာ တီးရမလား’

အောင်က ရွင်လန်းလာသည်။

‘အပျော်ပေါ့ဟယ်၊ ကောင်းရာကောင်းကြောင်း ညာစားကြတာပဲ’

အောင်ကရယ်လျက်

‘ဒီလို ညာစားပေါင်းကလဲ များ နေပြီ’

‘သူတောင်းစားတောင် သီချင်းဆိုရင် ပိုက်ဆံပေးရသေးတာပဲ’

‘၀ိန်’

အောင်သည် အော်ရင်း ချောစုခေါင်းကိုခေါက်လိုက်လေသည်။ထို့နောက်….

‘ငါ့ကို ဂီတာသင်ပေးတာက ကျောင်းကခရစ်ယာန် ကရင်ဆရာမ လေးဟ၊ မြန်မာသီချင်း ငါမရဘူး၊ အင်္ဂလိပ်သီချင်းပဲ ဒါလဲ နည်းနည်း ပါးပါး…’

‘အေးလေ၊ ဘာပဲ ဖြစ် ဖြစ်ပေါ့’

‘တော် နေ ငါ့ကို အဆောင်က ကောင်မလေးတွေ က ဘူးရိုလို့ ထင်နေပါဦးမယ်၊ ဘူးရိုထင်ရင် တော် သေးရဲ့ ၊ ဘို….ဘို’

အောင်သည် သူ့စကားကို အစမသတ်တော့ဘဲ ရယ်မောနေသည်။

‘မထင်ပါဘူးဟာ ၊ သူယောင်မယ်တို့ ပျာကလပ်တို့ကလွဲရင် ကျန်တာတွေ က တို့နဲ့ကြည်သားပဲ’

(၅၀)

ကိုအောင်သည် သူထိုင်နေကျ လက်ဖက်ရည်ဆိုင်သို့ အောင့်ကို ခေါ်သွားသည်။

‘ငါလဲ ထမင်းမစားချင်ဘူး၊ လက်ဖက်ရည်ပဲ သောက်တော့မယ်၊ နင်ဖို့ နွားနို့ မှာ လိုက်မယ်နော်’

ကိုအောင်က ချော့သလို ပြောလိုက်တော့ အောင်သည် ခေါင်းကို တစ်ချက်သာ ညိတ်ပြရင်း….

‘ကိုလတ် အခြေအနေ တကယ်ကောင်းမှာ လား၊ ကိုအောင်ရော ဒီအတိုင်းပဲ ယုံသလား’

‘ယုံတာပေါ့ဟာ၊ ယုံလို့ တို့ဝိုင်းပြီး ကြိုးစားနေကြသော ပေါ့၊ ဒီမှာ လက်ထောက် ဆရာဝန်တွေ ကလဲ ငါ့သူငယ်ချင်းတွေ ပဲ၊ ဆရာဝန်ကြီးတွေ လဲ ငါတို့သိတာ များ ပါတယ်၊ ကိုလတ်ကို အားလုံးက ဂရုစိုက်ကြတာပဲ၊ သေမင်းကို ကိုလတ်နိုင်ပါတယ်ဟာ၊ သူ အနိုင်ယူနေကျပါ’

‘သေခြင်းတရားကို လူတွေ နိုင်ဖို့ဆိုတာ မလွယ်ပါဘူး’

သည်တစ်ခါ ကိုအောင်သည် ဟန်လုပ် ပြုံးတာလား၊ တကယ်ပဲ ပြုံးချင်လို့လား မသိ။မြုံးစိစိနှင့် ပြုံးပြီး အောင့်ခေါင်းကို တစ်ချက် လှမ်းပုတ်ရင်း….

‘နင်က ရင့်လှချည်လား’

‘ကျွန်တော် ကိုလတ်ကို သိပ်စိတ်ပူတာပဲ၊ ကိုလတ်သေရင် ကျွန်တော် ရူးမှာ ၊ တကယ်ပြောတာ’

‘ကိုလတ်မသေးပါဘူး ၊ နင်လဲ မရူးပါဘူးဟာ ၊ တောင်တွေး မြောက်တွေး လျှောက်တွေးပြီး ပူမနေနဲ့’

‘ကျွန်တော် ကိုလတ်ကို နှမြောတယ်’

နံနက်ခင်းပင် ဖြစ်သော်လည်း နေအလင်းသည် စူးလွန်းသည်။လေသည် ပရမ်းပတာနှင့် ဝှေ့လျက် တိုက်ခတ်လာလေသည်။စိန်ပန်းပင်ပေါ်မှ ကျကြွေလာသော ပန်းဝတ်လွှာ နီနီတို့သည် ဖိနပ် အောက်စုံအောက်တွင် ကြွေမွကာ ပြားဝပ်ကုန့်ကြသည်။

ဤကမ္ဘာလောက နေရာအနှံ့ တောပြားတွင် လူတွေ တစ်နေ့ တစ်နေ့ သေဆုံးကြတာ သည်ပန်းတွေ ကြွေသံလောက် များ သလားဟု အောင်က တွေးလာလေသည်။ရင်ထဲ အလိုလိုမောလာလေသည်။

ဆိုင်ထဲသို့ ၀င်လြာ ကတော့ ခြေထောက်တွေ ဘယ်လို လှမ်းလာမိသည် မသိ။အောင်သည် သညာကင်းမဲ့ သူပမာ တစ်ခါတစ်ခါ သတိက လစ်နေသည်။မျက်စိတွေ က ကြည့်လျက်နှင် မမြင်။ နားတွေ က ထောင်နေလျက်က မကြား။

ကိုအောင်က လက်ဖက်ရည် မှာ သောက်သည်။ အောင်အတွက် နွားနို့ မှာ ပေးသည်။ကိုအောင်သည် ပေါင်မုန့်ကြော် တစ်ချပ်ကို အောင်ရှေ့အတင်း ထိုးပေးကာ ချော့ကျွေးပေးသည်။ သူကလည်း တစ်ခုယူစားသည်။လက်ဖက်ရည်ဆိုင် ရေဒီယိုမှ သီချင်းသံ လာနေပေပြီ။ ၁၀ နာရီတောင် ထိုးနေပြီပဲ။သီချင်းက ချိုပလိ သီချင်း…။

မနေ့က တွေ့ တဲလူနဲ့ သည်နေ့တွေ့ တဲ့လူ မတူပါဘူးကွယ်၊ တိမ်မှော်ခိုးကို ဘယ်သူတွေ အရောင် ဆိုးကာထားတယ်၊သီချင်းက တစ်ပတ် ထပ်ကျော့ပြန်သည်။ မနေ့ကတွေ့ တဲ့လူနဲ့သည်နေ့တွေ့ တဲ့လူ မတူပါဘူးကွယ်တဲ့။

အောင်သည် မျက်နှာတစ်ချက်ပျက်သွားသည်။ကိုအောင်၏ မျက်နှာသည်လည်း ရုတ်ခြည်းညှိုးကျသွားလေသည်။

‘ကိုဟန်ညွန့်၊ ရေဒီယိုခလုတ်ကို ပိတ်လိုက်စမ်းပါဗျာ’

‘ခင်ဗျာ’

လက်ဖက်ရည်ဆိုင်မှ လူကြီးက ကိုအောင့်မျက်နှာကို နားမလည်သလို ငေးစိုက်ကာ ကြောင်ကြည့်နေသည်။ပန်းကန် ဆေးနေသော ယောကျာ်းလေး တစ်ယောက် က သီချင်းကို လိုက်ဆိုနေသည်။ဆိုင်မှာ လူတွေ ရှင်းချိန်မို့ သီချင်းသံက ပို၍ ကျယ်လောင်နေသည်။

ကိုအောင်က ပေါင်မုန့် စားလက်စတစ်ဝက်ကို ပန်းကန်းထဲ ပြန်ပစ်ချလိုက်ပြီး…

‘သြော်…ဒီသီချင်းကို ပိတ်လိုက်ပါလို့’

‘ဟုတ်ကဲ့..ဟုတ်ကဲ့’

ကိုဟန်ညွန့်ဆိုသူက ကိုအောင့် စကားကိုတော့ ကလေးတစား ရှိပုံရသည်။

ကပျာကယာ ရေဒီယိုနားသွား၍ သီချင်းသံကို ခလုတ်လှည့်ကာ ပိတ်လိုက်လေသည်။

ကိုအောင်သည် အားနားပါးနာ မျက်နှာထားနှင့် လက်သုတ်ပ၀ါ ယူသုတ်ကာ……

‘ကိုလတ် ဆေးရုံတတ်နေရတယ် ကိုဟန်ညွန့်ရ’

‘ဟာ…ဘာ ဖြစ်လို့ပါလိမ့်ဗျာ’

‘အစာအိမ်ပေါက်တာ’

‘ ဖြစ်မှ ဖြစ်ရလေဗျာ ၊ ခု ဘယ့်နှယ်နေသေးလဲ’

‘ဒီမနက်ပဲ ခွဲစိတ်ရတော့မယ်ဗျာ ၊ ရုတ်တရက် သွေးတွေ ပါးစပ်ကအန်၊ ၀မ်းတွေ လဲသွားပြီး ဖြစ်လာတာ၊ သွေးတွေ သွင်းထားပြီးပြီ၊ အခြေအနေ ကောင်းလာပါလိမ့်မယ် ထင်ပါရဲ့ ဗျာ’

စကားပြောရင်း ညှိုးကျလာသော ကိုအောင့် မျက်နှာတွေ ကို အောင်က အရိပ်အကဲကို အသေအချာ ထိုင်ဖမ်းနေသည်။ရင်ထဲ၌ မောသွားသည်။

အသက်ရှူရတာ ကို ပင်ပန်းသည်ဟု ထင်လာမိသည်။ကိုအောင့်လိုပင် ပေါင်မုန့်ကို ဆက်စားလို့မရ။နွားနို့လည်း ကုန်အောင်မသောက်နိုင်တော့။

ကိုအောင် ကတော့ လက်ဖက်ရည်ကို ကပျာကယာ တွန်းမော့ချလိုက်ပြီး ပိုက်ဆံရှင်းကာ ဆိုင်ထဲမှ ကပျာကယာ ထွက်ခဲ့လေသည်။ကိုအောင့် ခြေလှမ်းတွေ က ခပ်သုတ်သုတ်။

လွယ်အိတ်က သူ ခြေလှမ်းတိုင်း လှုပ်ယိမ်းနေသည်။အောင်သည် ကိုအောင့် ခြေလှမ်းကျဲကျဲကို ပြေး၍ လိုက်ရလေသည်။

(၅၁)

စိန်ပန်းပင်တွေ ၊ပျဉ်းမပင်တွေ နှင့် ငုဝါတို့သည် စိမ်းစိမ်းလတ်လတ်နှင့် ဝေဆာနေသည်။ငုဝါတို့ တုံးစပြုသော်လည်း အရွက်တွေ မှာ ထူထပ်သိပ်သည်းလာသည်။ပျဉ်းမ အကြွင်းအကျန့်များ ပွင့်နေဆဲ။

စိန်ပန်းပင်တွေ ရဲရဲနီမြန်းသော အတွေးနှင့် အပွင့်များ ထပ်နေသည်။ကောင်းကင်၏ အပြာမှိန်မှိန် နောက်ခံသည် နီရဲသော အဆင်းနှင့် စိန်ပန်းပင်ကို ဆေးပန်းချီ ရေး ခြယ်စ ပြုလေပြီတကား။အောင်သည် ခြေလှမ်းတိုင်း အတွေးတွေ နှင့် တွေ နေသည်။

လူနာတင် လှည်းပေါ်မှ မျက်နှာပေါ် အ၀တ်ဖြူ အုပ်လျက် လူသေကောင် အလောင်းတစ်လောင်းကို လှမ်းမြင်ရပြီး ရင်ထဲ၌ တုန်လှုပ်သွားလေသည်။စိတ်သက်သာရာ သက်သာကြောင်း အတွေးများ ကို ရှာဖွေ ကြည့်မိရင်း ကိုရွှေသိမ်းမင်း၏ အေဒင် ဥယျာဉ်မှုး ပန်းပွင့်များ ကဗျာထဲမှ ကဗျာတစ်ပုဒ်ကို သတိရမိလေသည်။သူ့ကဗျာကိုမှီး၍ အောင့်ရင်ထဲ၌ ကိုလတ်အတွက် ဆုတောင်း ကဗျာလေးတစ်ပုဒ်ကို ရေး ဖွဲ့မိလေသည်။

လောကကို ပန့်ကြားခြင်း

သူ့အသက်အား

နှစ် ဆယ့်ငါးနှစ် တိုင်တိုင်

လက်သင့်ခံထားနိုင်သော လောကငဲ့

သူသည်

သင့်ခြေရင်းထက်

ငယ်စဉ်အခါ ပျော်ပါးသော တေးကိုဆိုလျက်။

လူလားမြောက်သော်

လူတို့၏ ပစ္စက္ခဝေဒနာကို ခံစားလျက်

တေးသံမပါ၊ နိုးကြားလာသော စေတနာ

တေးကဗျာကို ရွတ်ဆိုလျက်

ချစ်သူကို ကျီစယ် ရွင်လန်းရယ်မောလျက်

မနက်ခင်းကို အိုမင်းစေခဲ့ပြီ။

မိတ်ကောင်းငဲ့…

သူ့အသက်အား

သားနှယ် ချစ်ကြင်နာပါလော့။

(၅၂)

ဆေးရုံလှေကားပေါ်မှ ဆင်းလာသူအားလုံးကို ခလုတ်တိုက်မိလေသည်။ရှေ့မှ ခပ်စောစောက မြင်နေရသော ကိုအောင်လည်း မျက်ခြည်ပြတ်သွားပြီ ဖြစ်သည်။

လှေကားကိုတတ်လာသော ခြေလှမ်းတိုင်းခြေလှမ်းတိုင်းအောင်၏ ရင်ခုန်သံတွေ က ဆိုင်းချက်လိုလိုက်နေသည်။

‘မိတ်ကောင်းငဲ့…သူ့အသက်အား သားနှယ် ချစ်ကြင်နာပါလော့’

ရင်ထဲမှ သည်စကားများ ကို ခဏခဏ ရွတ်ဆိုမိလေသည်။သူသည် လောကကို စိတ်ရှည်ရှည်နှင့် ချောမြူလျက်ရှိလေသည်။ထို့ကြောင် မိတ်ကောင်းငဲ့ဆိုသည့်နေရာတွင်

‘အရှင်သခင်ငဲ့’

ဟုစိတ်ထဲမှ ကျိုးနွံစွာ ဆိုလိုက်မိလေသည်။

အရှင်သခင်ငဲ့….

ကိုလတ်ရဲ့ အသက်ကို သားလို ချစ်ကြင်နာပါလော့။

အောင်သည် ချောစုနားသို့ ရောက်တော့ ဒူးတွေ မှာ အလိုလိုညွတ်လာသဖြင့် ထိုင်ချလိုက်လေသည်။ချောစု၏ လက်တွေ ကိုင်ထားသော အောင်၏ လက်တွေ မှာ လူသေလက်လို အေးစက်နေသည်။

‘နင်ကလဲ ကြာလိုက်တာဟယ်၊ ကိုလတ် အခြေအနေ သိပ်မကောင်းဘူး’

‘ဟင်’

အောင်သည် ချောစု၏ မျက်နှာကို ငေးကြောင်ကာ ကြည့်နေသည်။သတိသည် ကင်းလွတ်နေသူပမာ ကြည့်သော်လည်း မမြင်။ချောစုက ဦးဆောင်သဖြင့် ကိုလတ် ခုတင်နားပြေးကြည့်ကြသည်။

ကိုလတ်ခုတင်နားတွင် သူနာပြုတွေ ၊ ဆရာဝန်တွေ ၀ိုင်းအုံးနေသည်။လူအုပ်ကြားထဲမှ ထွက်လာသော ကိုအောင့်လွယ်အိတ်ကို အောင်က ဖျတ်ခနဲ ဖမ်းဆွဲလိုက်လေသည်။

ကိုအောင်က ဖျတ်ခနဲ အောင့်ကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြော ဖြစ်။ အောင်သည် မေးရန်စကားများ ကို မေ့နေသည်။ ဘာစကားလုံးမှ စဉ်းစား၍ ခေါင်းထဲမပေါ်တော့။

‘သွေးထပ်အန်တာ မကောင်းဘူး’

ဘေးမှ မတ်တတ်သွားနိုင်သော လူနာတစ်ဦးက ထင်မြင်ချက် ပေးလိုက် လေသည်။

‘သွေးထပ်အန်တာတဲ့လား’

အောင့်ရင်ထဲမှ စကားသည် နှုတ်ဖျားမှ ထွက်မလာတော့။

ကိုလတ်ကို လူနာတင်လှည်းပေါ်သို့ တင်ကြသော အခါ အောင့်မျက်စိတွင် အ၀တ်ဖြူ ဖုံးထားသော အလောင်းကို မြင်ယောင်လာလျက်…..

‘မတင်ပါနဲ့ ၊ ဒီလို မတင်ပါနဲ့’ဟု ယောင်ယမ်းကာ ပြောလိုက်မိလေသည်။

သည်လိုပြောမိတာ မှားသွားပြီ ဆိုတာလည်း ကိုယ်ဘာသာကိုယ် သိလိုက်သည်။ကိုအောင်သည် အောင့်လက်မောင်းကို လှမ်းဆွဲကာ နံရံနားသို့ ကပ်ရပ်စေလိုက်သည်။

‘စိတ်ကို ခိုင်ခိုင်ထားတော့၊ သေလမ်းနဲ့ရှင်လမ်း နှစ် လမ်း ပဲရှိတော့တယ်၊ အကောင်းချည်း မျှော်လင့်နေလို့ မရတော့ဘူး၊ အဆိုးကိုလဲ တွေးထားရတော့မယ်၊ အဆိုးလာရင် ခံနိုင်ရည်ရှိဖို့ အဆင်သင့်ပြင်ရမယ်’

‘ကျွန်မ နားလည်ပါတယ်’

အောင်သည် နံရံကို ခေါင်းမှီလျက် မျက်ရည်တွေ ဖြာလျက် ကျလာလေသည်။ကိုအောင်၏ ထွက်သက်လေပြင်းပြင်းသည် အောင့်နဖူးပေါ်သို့ ကျလာလေ၏ ။

ကိုအောင့်မျက်နှာကို လုံးဝမကြည့်။ကိုအောင့်မျက်လုံးတွင် မျက်ရည်တွေ ရစ်ဝိုင်းနေမည် ဆိုတာ သိတာပေါ့။

ကိုအောင်ဟာ ဟန်ဆောင်တတ်တဲ့လူမှမဟုတ်တာ။သည်အချိန်တွေ ၊ သည်နာရီ ၊ သည်မိနစ်၊ သည်စက္ကန့်ပိုင်းအချိန်တွေ ဟာ ကိုလတ်ရဲ့ နောက်ဆုံးအချိန်တွေ ဆိုတာတွေ ဆိုတာ ကျွန်တော် သိတာပေါ့ဟု ကိုအောင့်အား စိတ်ထဲမှ ပြောနေမိသည်။

ကိုလတ်၏ အခြေအနေကို ကောင်းအောင်ဖန်တီးရင်း ဖန်တီးရင်းနှင့် ဆိုးရွာသော အခြေအနေနှင့် ပင် ခွဲစိတ်ခန်း ခုတင်ပေါ်သို့ ရောက်သွားလေ၏ ။သေမင်းကို တိုက်ရင်းပဲ သေမလား ၊ လက်နက်ချရင်းပဲ သေမလား။

တကယ်လို့ ကိုလတ်ကို သည်ကမ္ဘာမြေကြီးက လက်ခံလိုက်မိမယ်ဆိုလျှင် နောင်တရစရာ ဖြစ်လာမှာ ပဲ။သည်မြေကြီးပေါ်မှာ ကိုလတ်ရှိနေတာဟာ ပေါ့ပေါ့လေးပါ။သူသေမယ်ဆိုရင် တောင်ထက်တောင် လေးဦးမယ်။

ဒါကြောင့် သူ့အသေဟာ လှတဲ့အသေ ဖြစ်မှာ ပဲ။သည့်နောက် ကိုလတ်ကိုယ်အစား သေစေချင်တဲ့ လူတွေ ကို စာရင်းလုပ်ကြည့်သည်။

ဥပမာ….မမကြူဆိုပါတော့။သင်းသေရင် ဌက်မွှေးထက်ပေါ့မှာ ပဲ။လွမ်းစရာ ဘာများ ရှိသလဲ။

လောက မြေကြီးပေါ်ရူပ်တောင် ရူပ်နေသေးတယ်။ရင်ရင်ထိုက်လို မိန်းမမျိုး သေသွားလျှင်လည်း အမှိုက်စ တစ်စ ရှင်းသွားမှာ ပဲ။ဘာ ဖြစ်လို့များ သေမင်းဟာ လူကောင်းသူကောင်းတွေ ကိုမှ ရွေးခေါ်နေချင်ပါလိမ့်။

(၅၃)

အောင်သည် ငြိမ်သက်နေသည်။သိပ်ငြိမ်လွန်းသည့်ဟု ကိုအောင်က ထင်မိသည်။

အောင့်မျက်နှာကို ငုံ့ကြည့်လိုက်သည်။အောင့်မျက်နှာမှာ ဖျော့တော့လွန်းသည်။မျက်လုံးများ ကား ကြောင်နေသည်။

‘စင်္ကြဘက် ထွက်လိုက်ရအောင်လား အောင်’

အောင်သည် ကိုအောင်၏ မျက်နှာကို လှမ်းမော့ကြည့်လိုက်သည်။အောင့်မျက်လုံးများ ကား ကိုအောင့်ကို မမြင်သလိုပင်။ကိုအောင့်မျက်နှာအမူအရာ ဘယ်လိုသားသည်ဆိုတာကို လုံးဝ သတိမထားမိတာ အမှန်ပင်။

‘အောင် လာလေ’

အောင်သည် အရုပ်လေးတစ်ရုပ်လို ကိုအောင့်နောက်မှ လိုက်ပါလာလေသည်။ကိုအောင့် ခြေလှမ်းကျဲကြီးများ ကိုလည်း မီအောင် မလိုက်တော့။

စင်္ကြဘက်တွင် ရပ်နေကြသော ချောစုနှင့် ခင်မလတ်တို့ကို အောင်က လှမ်းကြည့်သော်လည်း မမြင်။ချောစုသည် အောင်တို့ရှိရာသို့ ကပျာကယာပြေးလာသည်။ချောစုသည် မျက်လုံးများ နှင့် မျက်နှာမှာ နီမြန်းနေပြီး…

‘နင် သိပြီးပြီးလား အောင်၊ နင် သိပြီးပြီးလား’ချောစု၏ အသံက ငိုသံပါနေသည်။

ကိုအောင်က ချောစုအား အောင်မမြင်စေရန် မျက်ရိပ်ပြလိုက်လေသည်။ကိုလတ်၏ အဖေနှင့် အမေ တို့သည် ခင်မလတ်အနီးသို့ ရောက်လာကြသည်။ခင်မလတ်သည် သူ့အမေနှင့် အဖေရှေ့တွင် မျက်ရည်တွေ ကပျာကယာ ငုံ့သုတ်နေသည်။

ချောစုနှင့် အောင်က လက်ချင်း ဆုပ်ကိုင်လိုက်လေသည်။အောင်လက်တွေ မှာ ချွေးစေးတွေ နှင့် စေးထန်းထန်း ဖြစ်နေသည်။ကိုလတ်၏ အမေက လက်ထဲတွင် ပုတီးကို ကိုင်ထားကာ ရှူဆေးတောင့်ကို ရှူလျက် အောင်၏ ပခုံးကိုလှမ်းကိုင်ရင်း…

‘ကိုလတ်မွေးနေ လွန်သွားပြီး ၊ဒီနေ့ သော ကြာနေ့ပဲ’

စိတ်သက်သာရာပြောရင်း သူ့ဘာသာသူလည်း အားတင်းလေသည်။

‘ကိုလတ်က ကြာသပေတေးနေ့သားလား’

ချောစုက ပြောစရာစကားစကို ရှာလိုက်လေသည်။

‘ဟုတ်တယ်သမီး၊ သူတို့ တချို့က ဗုဒ္ဓဟူးသားလို့ထင်ကြတာ၊ အမှန်က ကြာသပတေးသား ၊ နာမည် ရင်းက ကိုဖေလတ်တဲ့၊ ကျောင်းထားတုန်းကလဲ မောင်ဖေလတ်ဆိုတဲ့နာမည် နဲ့ပဲ၊ အိမ်က ကိုလတ် လိုခေါ်ကြရင်းနဲ့ ဒီနာမည် တွင် သွားကြတာ’

အဘွားကြီးက စကားစမြည် ပြောရင်း သူ၏ မျက်လုံးများ သည် တစ်စတစ်စ တည်ငြိမ်လာလေသည်။

စိုးရိမ်စိတ်တွေ က သူ၏ အစွဲအလမ်းနှင့်အတူ လျော့ပါးလာဟန်တူသည်။ကိုလတ်အဖေသည် ဆေးတံကို ရှိုက်ဖွာရင်း ငြိမ်လျက် ရပ်နေသည်။

အသားညိုညို ပိန်ပိန်ပါးပါးနှင့် အရွယ်တင်သော ရုပ်ရည်ရှိသည်။ ကိုလတ်က အဖေနှင့် မတူ ၊ အမေနှင့် တူသည်။

‘သူ့ကို အဘိုးအဘွားတွေ ရှိကြတဲ့ ကျောက်ဆည် စုကြီးထန်းတောအရပ်မှာ မွေးခဲ့တာ၊ မွေးတုန်းက သိပ်အဆင်ပြေတာပဲ၊ အိမ်ဝိုင်းကလဲ အကျယ်ကြီးရယ်၊ ခြံရဲ့ နောက်ဘက်မှာ စံရတဲ့ အောင်ဒင် သရက်ပင်တွေ ဟာ မိုးဦးမှာ အသီးတွေ ပြွတ်နေတာပဲ၊ ခြံရဲ့ နောက်ဘက်မှာ ဝေဘူချောင်ရယ်၊ ကျောက်သင်္ဘောရယ်၊ ကျောက်သေတ္တာရယ် မြင်နေရတယ်၊ မနက် ဝေလီဝေလင်းကြီးပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် မီးနီမီးစိမ်းတွေ ပူဇော်ထားတာတောင် မြင်နေရတာ ၊ သားဦးပေမယ့် သိပ်ဝေဒနာ မခံစားရပါဘူးကွယ် ၊ စေတီကဆွဲလည်းသံတွေ တောင် အတိုင်းသား ကြားနေရတာ ကို ဒေါ်ဒေါ် သတိထားနေမိတယ်’

မိခင်၏ ချစ်ခြင်းဖြင့် ကိုလတ်ဆိုသော လူသား တစ်ယောက် ကို လောကက လက်သင့်ခံခဲ့လေသည်။စကားပြောနေသော ကိုလတ်အမေ၏ အသံသည် အောင့်နားထဲမှ တစ်စတစ်စ ဝေးသွားလေသည်။

(၅၄)

ခွဲစိတ်ခန်းခုတင်ပေါ်မှ ကိုလတ်။ကိုလတ်၏ မျက်နှာမှာ ဖျော့တော့လျက် နှုတ်ခမ်းတွေ မှာ ဖြူဖွေးနေသည်။

အောင့်ဘကြီး အူအနာပေါက်တာကို ခွဲတုန်းကအ ဖြစ်ကို သတိရလာသည်။ သည်တုန်းက အောင်က ရှစ်တန်းဖြေ သော နှစ် ပေါ့။သည့်ထက် နာရီဝက်နောက်ကျမှ ဆေးရုံ ရောက်လျှင် ဘကြီးသေမှာ တဲ့။

ကိုလတ်အ ဖြစ်မျိုးနှင့် တူချင်မှတူမည် ။ အဲဒီ တုန်းကလဲ့ ဘကြီး သေရခါနီး ဆဲဆဲပဲ။ခုလိုပင် သေမင်းနှင့် တိုက်ပွဲဝင်ခဲ့ရသော အချိန်။ ဘကြီ၏ ညီ အောင့်အဖေ ပြန်ပြော၍ သိရသည်။အောင်တို့က ဘကြီးအိမ်မှာ စိတ်ပူနေကြရုံပြင် ဘာမှ မတတ်နိုင်။

ခွဲစိတ်ခန်းတွင် အနာတော် တော် နှင့် ရှာမရ၍ ဘကြီးမှာ အခြေအနေ ဆိုးရွာလုလု ဖြစ်နေသည်။နောက် အစာအိမ်နားကပ်လျက်တွင် အနာကိုတွေ့ သွားတာပါပဲ။လေးလက်မဆိုလား၊ လက်လေးလုံးဆိုတာ၊ လှီးဖြတ်ပစ်ရသည်တဲ့။

ကိုလတ်ရဲ့ အစာအိမ်လား၊ အူလား ၊ အနာကိုတော် တော် နှင့် မှ ရှာတွေ့ ပါမလား။ဘကြီးလို အစာအိမ်နားကပ်လျက် ဖြစ်ချင် ဖြစ်နေပြီ။အဖေက ပုံဆွဲပြီး ပြန်ပြောပြတာ သတိရသည်။ အောင်သည် သူ့လက်ပွေ့အိတ်လေးထဲမှ စက္ကူ တစ်ရွက်နှင့် ဖောင်တိန်ကို ထုတ်လိုက်သည်။အတွေးတစ်မျိုး ဖျတ်ခနဲဝင်ပြီး ချောစုတို့အနားမှ ခွာထွက်လာခဲ့လေသည်။

ချောစုက ခင်မလတ်အမေနှင့် စကားပြောနေသဖြင့် မမြင်လိုက်။ကိုအောင်က အောင် စင်္ကြမှ ထွက်သွားတာကို ရုတ်တရက် မြင်လိုက်ရပြီး လွယ်အိတ်ကို ရှေ့ရင်ဘတ်တွင် ကပ်ထိုင်လျက် အပြေးလိုက်သွားလေသည်။

‘အောင်….ဟေ့အောင်၊ နင်ဘယ်သွားမလို့လဲ’

ကိုအောင်က အောင့်နားကပ်လျက် တီးတိုးမေးလိုက်လေသည်။

‘ကျွန်တော် တစ်ခုသတိရလာလို့’

အောင်က ခပ်တည်တည်နှင့် ဖြေသည်။ အောင့်မျက်နှာအမူအရာတွေ မှာ တည်လွန်းသည်။ကိုအောင် မကြိုက်။

‘ဘာကိုလဲ’

‘ကျွန်တော် ပြီးမှ ပြန်ပြောပြမယ်၊ ကျွန်တော် သွားမှ၊ မသွားလို့မ ဖြစ်ဘူး’

‘မဟုတ်ပါဘူး အောင်၊ နင်ဘာတွေ ပြောနေတာလဲ’

‘ကိုလတ်ရဲ့ အနာကို မတွေ့ မှာ စိုးလို့ ၊ ကျွန်တော် ပုံဆွဲပြရမယ်၊ ဒီနေရာတွေ က သိပ်ရူပ်တာ၊ မတွေ့ ဘဲကြာသွားရင် မ ဖြစ်ဘူး၊ ကျွန်တော် မြန်မြန်သွားမှ….သွားမှ’

အောင့်အမူအရာတွေ ပျက်နေတာကိုသိသော ကိုအောင်က အောင်ရှေ့မှ ဆီးရပ်လိုက်လေသည်။ ကိုအောင်သည် အောင်ညာလက်ကို ဖမ်းကိုင်ကာ…..

‘အောင်….အောင်….နင် သတိထားလေ၊ ဆရာဝန်တွေ က ဆေးပညာတွေ စာတွေ့ ရော လက်တွေ့ ရော တတ်ထားတာပဲ၊ နင့်ထက် ပိုနားလည်တာပေါ့၊ လာ…တို့ စင်္ကြကအေးအေးဆေးဆေး စောင့်တာပေါ့၊ ကိုလတ် သက်သာလာမှာ ပါဟာ၊လာ…..ညီမ’

အောင်သည် ကိုအောင်ဆွဲကိုင်ထားသော လက်ကို ရုန်းနေသည်။ကိုအောင်လက်မှာ သန်မာ မြဲမြ လှသည်။ အောင်သည် အတင်းရုန်းထွက်နိုင်အောင် ကြိုးစားရင်း……

‘ဟင့်အင်း….ဟင့်အင်း ၊ ကျွန်တော် သွားမှ ဖြစ်မှာ ၊ ကိုလတ်သေလိမ့်မယ်’

အောင့်မျက်နှာသည် ငိုမဲ့မဲ့နှင့် ဖြစ်နေသည်။

‘မသေပါဘူးဟာ…အောင်ကလဲ’

‘သေမှာ ပါ၊ ကျွန်တော် သိပါတယ်’

ပြောရင်းဆိုရင်း ရှိုက်ကြီးတငင်ငိုရင်း ကိုအောင့်လက်မှ အတင်းရုန်းကာ ကျွန်တော့် ကိုလွှတ်ပါ၊ လွှတ်…လွှတ် ပြောရင်း ဆိုရင်း အောင်သည် လွတ်ထွက်သွားပြီး ခြေဦးတည့်ရာ ပြေးလေသည်။

‘အောင်’

‘အောင်ရေ…..’

ကိုအောင်က အသံ ခပ်အုပ်အုပ်နှင့် ခေါ်လိုက်သော်လည်း နောက်တစ်ခွန်း ခေါ်လိုက်သံမှာ ကျယ်၍ ထွက်သွားသည်။ လူနာခန်းတွေ ဖြတ်ရင်း လိုက်သွားသော ကိုအောင်ကို ထဘီနီနှင့် သူနာပြုဆရာမ လေး တစ်ဦးက သူ့နှုတ်ခမ်းကို လက်ညှိုးနှင့် ကပ်ပြရင်း တိုးတိုးဟူသော အမူအရာကိုပြလိုက်လေသည်။

လှေကားထိပ်ဝတွင် အောင့်ကို အောင်သည် ဖမ်းမိသွားလေသည်။အောင်က ကိုအောင့်လက်ထဲမှ အတင်းပြန်ရုန်းကာ ‘ကျွန်တော့် ကိုလွှတ်၊ ကျွန်တော့် ကိုမချုပ်ချယ်နဲ့၊ ဘယ်သူမှ မချုပ်ချယ်နဲ့’ကိုအောင့်လက်ထဲတွင် အော်ငိုရင်း ဒူးတွေ မှာ ညွတ်ကျလာလေသည်။ နဖူးမှ ချွေးစေးတွေ ကျလာကာ ကိုအောင့် လက်ထဲတွင် ပျော့ခွေကာ မေ့သွားလေသည်။

(၅၅)

ကမ္ဘာအေးဘုရားလမ်း၏ နံနက်ခင်းသည် တိတ်ဆိတ်လွန်းလှပေသည်။

စိန်ပန်းပင့်တို့သည် အပွင့်များ တုံးကုန်ပြီး ဖြစ်သော်လည်း မြစိမ်းခက်အရွက်တို့သည် ဝေဆာနေကြလေသည်။ သရက်ပင် အုပ်အုပ်တို့တွင် အမျိုးအမည် မသိ ဌက်ငယ်တို့သည် ဗောက်ဖတ်၊ ပိုးမျှင်ဥများ ကို လိုက်လံစားသောက်ရင်း အာဟာရ ဖြည့်တင်းနေကြသည်။

ဂိတ်တံခါးဝ နှစ် ဖက်တွင် ထင်ရှူးပင် နှစ် ပင်တို့သည် အရွက်ကျိုးကျဲ ညှိုမွဲမွဲနှင့် ပလူမွေး ပလူထောင် ပေါက်ရောက်နေကြသည်။ ၀င်းတံခါးထဲမှ ကားသည် အထွက် စိတ် ရောဂါ အထူးကု ဆေးရုံဆိုသည့် ဆိုင်းဘုတ်အောက် ဘက်မူ ကျွတ်လွတ်ခဲ့ပြီး ဖြစ်သည်။

ကားနောက်မှီကို မမှီဘဲ တောင့်တောင့်လေး ထိုင်နေသော အောင်၏ မျက်နှာသည် ဖျော့တော့နေသော်လည်း နှုတ်ခမ်းများ က တင်းတင်းစေ့မနေတော့။ သူ့ထုံးစံအတိုင်း နှုတ်ခမ်းထောင့်စွန်း ကွေးလျက် ပြုံးယောင်သန်း နေသည်။

‘အောင်က အောင်ပါတယ်ကွာ၊ လောကကို အောင်ရမှာ ပေါ့’

ဘကြီးက ကားမောင်းရင်း ကားနောက်ကြည့် မှန်ထဲမှ အောင့်ကို လှမ်းကြည့်ရင်း ပြောလိုက်လေသည်။ဘကြီး၏ ဘေးတွင် ထိုင်လျက် လိုက်ပါလာသော ကိုအောင်က အောင်ကိုလှည့်ကြည့်ပြီး….

‘ဘကြီးတူမက သိပ်စိတ်ကူးယဉ်တာ၊ စိတ်ကူးတွေ က နုလွန်းလို့ အဲလို….’

စကားပြော လောကြီးတတ်သော ကိုအောင်က သူ့စကားကို အဆုံးမသတ်တော့ဘဲ ဘကြီးရှေ့ အားနာပါးနာနှင့် အသာရယ်မောလိုက်လေသည်။ ချောစုက ကိုအောင့် ကျောကို လက်နှင့် လှမ်းတို့ပြီး…..’

ကိုအောင်နော်…ဒီတစ်လှည့် ခင်ဗျားအလှည့်ပဲ ၊မနေ့က လွယ်အိတ်ကြီး လက်ဖက်ရည်ဆိုင်မှာ ကျန်ရစ်လို့ဆို။သည်တော့ အောင်ကပါ….

ကိုအောင်က ပဒေါင်ချိန်းနေပြီလားပြောရင်း တသော သော ရယ်မောနေလေသည်။ သည်တော့ ကိုအောင်က အောင့်ခေါင်းကို သူ့လက်ထဲမှ စာရွက် လိပ်နှင့် လှမ်းရိုက်လိုက်ပြီး….

‘နင်က ပြောတော့မှာ ပေါ့’

ဘကြီးပ ပြုံးလိုက်သည်။ ကားကို နှေးနှေးနှင့် မှန်မှန်မောင်းလာရာ ရှစ်မိုင်နားက မီးပွိုင့်နားတွင် မီးနီပြသဖြင့် အသာစက်ရှိန်သတ်၍ ရပ်လိုက်ကာ…..

‘လောကကြီမှာ ပုထုဇဉ်မှန်သမျှ ဥမ္မတကတဲ့၊ လူတစ်ကိုယ် အရူးတစ်မျိုးစီပဲ ကိုအောင်ရ၊ စိတ်ပညာတွေ မှာ လဲ ရေး ထားတာပဲ normal (နေရိုးနေ့စဉ်)နဲ့ abnormal (ထူးထူးဆန်းဆန်းနေတာ) တဲ့၊ လူတိုင်း လူတိုင်းမှာ အဲဒီ abnormal အမူအရာတွေ က တစ်ခုမဟုတ် တစ်ခုပြနေတာပဲကွ၊ အဲဒီ abnormality တွေ လွန်ကဲသွားရင်….’

ဘကြီးငည် သူ့စကားတွေ ကို အဆုံးမသတ်ဘဲ ခေါင်းကို ခါယမ်းပြကာ တဟားဟားနှင့် ရယ်မောနေသည်။

ကိုအောင်က အောင့်ကိုလှည့်ကြည့်ပြီး…..

‘အဲဒါလွန်ကဲသွားရင် အောင့်လို….’

‘ဘာလဲ အပူပါရင် ခေါင်းပေါ်တင်ထား’

အောင်က ရန်ထောင်သည်။

‘ငါအကောင်းပြောတာ နင့်ကို ဝေဖန်စရာရှိတယ်၊ နင်ဟာ စိတ်ကူး သိပ်ယဉ်တယ်၊ စိတ်ကူးတွေ နဲ့ နုလွန်းတယ် ၊ ဒါနင်တို့ ခေတ်ပညာတတ် လူတန်းစား အသိုင်းအ၀ိုင်းတွေ ရဲ့ ဥာဉ်းဆိုးတွေ ပဲ၊ လူရဲ့ စိတ်ဓာတ်ခိုင်မာမှု ကို ပျော့ညံ့စေတယ်၊ လူကို ပျက်စီးစေတယ်၊ စိတ်ဓာတ်တွေ တွေ ဝေ ယိမ်းယိုင်လာတတ်တယ်’

‘မယိုင်သေးဘူး’

‘မယိုင်သေးလို့ ဒါလောက်ပေါ့’

‘အခု ဘာ ဖြစ်လို့လဲ’

‘အေးလေ…. ဖြစ်ရင် မကောင်းတာကိုပြောတာ’

‘စိတ်ကူး နည်းနည်း ယဉ်တာ ဘာ ဖြစ်သလဲ ၊ အနုပညာတောင် ဆန်သေးတယ် ၊ အနုပညာဆန်တဲ့ လူတွေ ဟာ သူတော် တွေ ချည်းပဲ’

သည်တော့ ကိုအောင်က တဟားဟားရယ်လျက် ချောစုဘက်ကို လှည့်ကာ သူ့ခေါင်းကို လက်ညှိုးထိုးပြပြီး လက်ခါပြလိုက်ရာ ချောစုပါ ရယ်မောမိလေသည်။

သွား ဟု အောင်က ကိုအောင်၏ ကျောပြင်ကို ဖြန်းခနဲ ရိုက်လိုက်လေသည်။ထုံးစံအတိုင်းပင် သူတို့နှစ် ယောက် ရန် ဖြစ်လာလေတော့သည်။

လမ်းချိုးအကွေ့ သစ်သီးဆိုင်တစ်ခုရောက်တော့ ကိုအောင်က ကားရပ်ရန် လက်ပြလိုက်လေသည်။ထိုသစ်သီး ဆိုင်ရှေ့တွင် ကားက ထိုးဆိုက် လိုက်လေသည်။

‘သူဘယ်သူလဲ အောင်၊ နင်မှတ်မိသေးရဲလား’

ဆိုင်ထဲမှ ၀ါးခြင်းကြီးတစ်ခုထဲ နာနတ်သီးတွေ ၊သီးမွှေးဌက်ပျော်သီးတွေ ထည့်ကာ သယ်မလာသော ကိုလတ်၏ အပြုံးကား မြင်ခဲ့ဖူးသည့် အတိုင်းပင်။ခွန်အားရှိသော အပြုံး။

(၅၆)

အောင်က ကိုောအင်၏ ကျောကို တွန်းထိုး ပစ်လိုက်ကာ…

‘ကျွန်တော် သိထားပဲ၊ အပြင်လောကနဲ့ ခဏ အဆက်အသွယ် ပြတ်နေပေမယ့် ကိုလတ်ပါလာမယ်ဆိုတာ တွက်ထားပြီးသားပါ ၊ ခင်ဗျာပညာတွေ ကျွန်တော် မသိပါဘူး ၊ ကျွတ်ကျွတ်….ကျွတ်’

‘မဆန်းပါဘူး၊ နင့်ကို ဆန်းဆန်းမြင့် ပြောမှာ ပေါ့’

‘ဘယ်သူ ပြောပြောပေါ့’

ကိုအောင်က မြုံစိစိနှင့် ပြုံးလျက် ကိုလတ် ကိုင်မ , လာသော ခြင်းကို ကပျာကယာ ပြေးဆွဲလေသည်။ချောစုက မျက်လုံးပြူးလျက်….

‘ဟုတ်သားပဲ ၊ ကိုလတ် အလေးတွေ့  သိပ်မမ ,နဲ့လေ’

ကပျာကယာ လှမ်း သတိပေးလိုက် လေသည်။

အားလုံးအသီးသီး ကားပေါ် ၀င်ထိုင်ြ ကတော့ ဘကြီးဘေးတွင် ကိုအောင်က စောစောကလိုပင် ၀င်ထိုင်ပြီး နောက်ဘက် ထိုင်ခုံတွင် ကိုလတ်က ချောစုဘေးတွင် ၀င်ထိုင်လိုက်သဖြင့် အောင်က ထုံးစံအတိုင်း ကိုလတ်ကို တိတ်တိတ်လေး ကျေးဇူးတင်မိပြန်သည်။

ကိုလတ်က အောင့်ကို ပြုံးလျက် လှမ်းကြည့် လိုက်သော မျက်လုံးများ ကို အောင့်မျက်လုံးများ နှင့် တစ်စက္ကန့် ဆိုင်လိုက်ရုံနှင့် အောင့်ရင်ထဲတွင် ဖျတ်ခနဲ ခုန်သွားလေတော့သည်။ရင်ခုန်လျက် လျင်မြန်သွာ တိုးဝင်နေသော နှလုံးသွေးချင်း ကူးလူးဆက်စပ်သွားကာ ၀ိညာဉ်ချင်း တဒင်္ဂပဟန်မျှ ခလုတ်တိုက်မိကြလေသည်။

အချစ်ဟာ သဘာဝနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ဝိညာဉ်နဲ့သာ ဆက်သွယ်တာ။

သဘာဝနှင့် ဆက်သွယ်တဲ့ အရာဝတ္ထုက တဏှာရာဂသာ ဖြစ်သည်။ဘာကြောင့် လဲဆိုတော့ တဏှာဂဟာ အပြင်အပနဲ့သာ ဆက်သွယ်သည်။

တဏှာရာဂရဲ့ ရည်မှန်းချက်သဘာဝက လှအောင်ဖန်တီးထားတဲ့ ကိုယ်ကာယသာ ဖြစ်သည်။အချစ် ကတော့ ၀ိညာဉ်နဲ့သာ ဆက်သွယ်သည်။

ကိုယ်ကာယနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ပြောင်းလဲခြင်းဆိုတာ သဘာဝရဲ့ နိယာမသဘောတရားသာ ဖြစ်သည်။ဝိညာဉ်ရဲ့ နိယာမ သဘောတရားမဟုတ်ဘူး။

ဝိညာဉ်ရဲ့ ဆက်သွယ်မှု က ဘယ်တော့မှ ပျက်စီးပျောက်ကွယ်သွားတယ်လို့ မရှိဘူး။ဆရာပါရဂူ ပြန်ထားတဲ့ စိတ္တရလေခါ ၀တ္ထုထဲက ဇာတိကောင် ဗီဇဂုတ္တ ပြောစကားကို အောင်မှာ စိတ်ထဲမှာ စွဲလမ်းခဲ့တယ်လေ။ဒါကို ကိုအောင်ရော၊ ကိုလတ်ရော လူလတ်တန်းစားတို့ရဲ့ စိတ်ကူးယဉ်မှု လို ဝေဖန်နေမှာ လား။အောင် မတွေးတတ်။

ဘာပဲ ဖြစ် ဖြစ် ကိုလတ်အပေါ် ချစ်တဲ့အချစ်ဟာ ဘယ်တော့မှ ပြောင်းလဲ ဖောက်ပြန်နိုင်မည် မထင်။ကိုလတ် အိုအို၊ နာနာ ၊ကျိုးကျိုး ၊ ကန်းကန်း ကိုလတ်မှ ကိုလတ်ပဲ။ကိုလတ် သေပြီးတဲ့အထိပေါ့။

ကိုအောင့်ကို လက်တွဲ ရမည် ဆိုလျှင် မောင်ရင်းနှမလိုပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့ ။ချစ်သူရဲ့ အချစ်ဆိုတာ လူတိုင်းအပေါ်မှာ သို့ မဟုတ် နှစ် ယောက် သုံးယောက် အပေါ်မှာ ပြောင်းလွဲထားနိုင်သည်လား။ကိုလတ်ကို နောက်မှ မေးကြည်ရပေဦးမည် ။

ကိုလတ် ကတော့ ထုံးစံအတိုင်း သူ့ထင်မြင်ချက်တွေ ကို ရုတ်တရက် မပေးသေးဘဲ စဉ်းစားရင်ပင် ပြုံးနေပေလိမ့်မည် ။လူလစ်လျှင်တော့ ရှက်တတ်သော အောင့်ကို ‘စ’ လိမ့်မည် ။

လူကွယ်ရာတွင် အခွင့်သာလျက်နှင့် လေးလေးနက်နက် အကြောင်းအရာတွေ ၊ နိုင်ငံရေး တွေ တမော့တမော့ထိုင် ပြောနေပြီး လူမလစ်တလစ်အချိန်ကျမှ အောင့်ကို အလစ်ဖျတ်ခနဲခိုးနမ်းပြီး အောင် ရှက်ရှက်နှင့် အိုးနင်းခွက်နင်း ဖြစ်တာတွေ ကို သဘောကျ နှစ် ခြိုက်လျက် ရယ်မောနေလိမ့်မည် ။

ပြီးတော့ လူတကာကို အနိုင်ယူတတ်သော ကိုလတ်ဟာသေမင်းကိုတောင် အနိုင်ယူခဲ့တော့ ယခု သေတွင်းကထွက် ဘ၀အ ဖြစ် အောင့်ကို ပိုများ နေနိုင်ဦးမှာ လား။သူမူ နှစ် ထပ်ကွမ်း အောင်တာ။

အောင်ရဲ့ အောင်။ကိုအောင်နဲ့ နာမည် ချင်း ပြောင်းလိုက်ဖို့ ကောင်းသည်။

သေမင်းကိုတောင် မတွန့်မဆုတ် အောင်ပွဲခံခဲ့တဲ့လူပဲ။

သူ့ဝိညာဉ်ဟာ သေမင်းကိုများ နိုင်အောင် တိုက်တာတကယ် အံ့သြဖို့ကောင်းတယ်။

အောင်ပွဲဆိုတာ ထိုက်ရဲသူတွေ အတွက်ပဲလို့ လိုလတ်ပြောမှာ သေချာပါတယ်။

[ခင်ဆွေဦး]

၁၀-၇-၇၇

၄၀၆၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပ ၊ ၃-ရပ်ကွက်၊

ရန်ကုန်မြို့

(၆)

ထင်သည့်အတိုင်းပင် အောင့်အခန်းကို အားလုံး စုဝေးရောက်လာကြလေသည်။ အောင့်ခုတင်ရော၊ ချောစုကုတင်လေရော အဆောင်သူတွေ ပြည့်လာလေသည်။ချောစုကသူ့ရင်ဘတ်ကိုတီးလျက်……‘နဂိုက မခိုင်တဲ့ ငါ့ခုတင်လေးတော့ ကျိုးပါပြီတော် ’

တစ်စုံ တစ်ယောက် က ရွှတ်တွတ်တွတ် ၀င်မေးတော့ ချောစုက မျက်လုံးပြူးလျက်……….

‘အစကတည်းပါဟယ်၊ ခြေထောက်တစ်ချောင်း နဲ့နေတာ ၊ ငါမပြောင်းခင်ကတည်းက မမစံတို့ အောင်တို့သက်သေ ရှိပါတယ်’

ကပျာကယာဝင်ရှင်းသည်။ အောင်ကခုနစ်သံတင်လျက်….

‘ဟေ့…..မယုတ်မာကြနဲ့၊ ဒါ လူကောင်းသူကောင်းတွေ နေတဲ့နေရာဆိုတာ မသိဘူးလား’

‘လူကောင်းသူကောင်း၊ နင်တို့က လူကောင်းသူကောင်း ၊ငါက စီတွေ မှတ်လို့’

အသားညိုညို ခပ်မြင့်မြင့် ဆန်းဆန်းမြင့်ဆိုသူ မိန်းကလေးက ရူတည်တည်ပြောတော့ အားလုံးက တသော သော ရယ်မောကြကာ သူ့ကိုဝိုင်းရိုက်ကြသည်။

မျက်နှာချင်းဆိုင်အခန်းတစ်ခုမှ တံခါးကို ၀ုန်းဒိုင်းအသံမြည် အောင် ဆွဲပိတ်လိုက်သံ ကြားရတော့ အောင်က ထိုအခန်းဘက်ကို မေးငေါ့ပြကာ…..

‘ဆင်ဆင်ခြင်ခြင် ပြောကြပါနော်၊ ငါးခုံမ သုံးလေးကောင်ကြောင့် တစ်ဆောင်လုံး မပုပ်ပါရစေနဲ့’

သည်တော့ ဆန်းဆန်းမြင့်က လေသံကိုမြင့်လျက်……..

‘အေးလေ၊ဟောဒီ အောင်နဲ့ ချောစုတို့ကို ကဲတယ်၊ နင်တို့ကြောင့် တို့အဆာင် နာမည် ပျက်တယ်၊ ကိုယ့်ဘာသာတိတ်တိတ်….’

‘ထွီ’

အောင်သည် ဆန်းဆန်းမြင့်ကျောပြင်ကို တွန်းလိုက်လေသည်။

‘လူပေါင်းစုံကားတွေ တပွမ်ပွမ် လာနေတာ ကောင်းသလား၊ အဲဒီ ကားတွေ အရှိန်နဲ့ လူတကာကို ရန်ထောင်တယ်၊ ရေချိုးခန်းလှတာကအစ အိမ်သာနေရာ ဘုံပျောက်တာကအစ အချင်းချင်းဘဲကို စာစာ စာစာနဲ့။’

‘ဟင်….မိအောင်၊ ငါတို့ကလေ ကမြင်းတာသည်းခံလိုရတယ်၊ ပုပ်တာကို သည်းခံလို့မရဘူးဟဲ့၊ အပေါ်ယံ ရွှေမှု န်ကြဲတဲ့ဘ၀နဲ့ ကိုယ့်ဘ၀တူချင်းအပေါ် နှိမ်ချင်ရတာ ဘာသဘောလဲ ၊ ကမြင်းတဲ့ဘ၀ အဘိဇ္ဇာကလပွားရသေး’

ဆန်းဆန်းမြင့် ရင်ထဲတွင် သိလှောင်ထားသော ၊ မကျေနပ်သော စက်သေနတ် ကျည်ဆန်တွေ သည် ပါးစပ်ပေါက်မှ စုပြုံထွက်လာသဖြင့် အားလုံးကျိတ်ရယ်မောမိသည်။ ထို့နောက် ဆန်းဆန်းမြင့်က တီးတိုးလေသံနှင့် ….

‘ငါတကယ်ပြောတာ၊ ရူပ်တာပွေတာ ၊ လူတကာနဲ့ အတွဲ ထားပြီး ပမြင်းတာ ဘယ်သူ့မှ မထိခိုက်ဘူး၊ မျက်စိနောက်ရုံအပြင် မပိုဘူး၊ အဲဒါ သည်းခံလို့ရတယ်၊ ပိုက်ဆံမပေးရဘဲရုပ်ရှင်ကြည့်ရသလို မှတ်လိုက်တယ်၊ စိတ်ပုပ်တာကို နည်းနည်း မှ သည်းခံလို့မရဘူး’

‘ငါနဲ့ တူလိုက်တာဟယ်’

အောင်က ဆန်းဆန်းမြင့်နှင့် လက်တွဲ နှုတ်ဆက်လိုက်သည်။မမစံက ရယ်ရယ်မောမောနှင့် ….

‘ကဲ…ကဲ၊ အစားအလျင်စားမလား ၊ သီချင်း အလျင်နားထောင်ကြမလား’

မမစံက ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးများ လှီးနေရာမှ ပြောလိုက်သည်။

‘ငါနဲ့ တူလိုက်တာဟယ်’

အောင်က ဆန်းဆန်းမြင့်နှင့် လက်တွဲ နှုတ်ဆက်လိုက်သည်။မမစံက ရယ်ရယ်မောမောနှင့် ….

‘ကဲ…ကဲ၊ အစားအလျင်စားမလား ၊ သီချင်း အလျင်နားထောင်ကြမလား’

မမစံက ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးများ လှီးနေရာမှ ပြောလိုက်သည်။

‘သီချင်းနားထောင်မယ်’

အားလုံးနီးပါးဖြေသည်။

‘ကောင်းပြီး ၊ ခရမ်းချဉ်သီးဖတ်တွေ ရွေးမစားကြနဲ့နော် မိန်းမတွေ ၊ ငါးကျပ်သားတည်း ၀ယ်လာတာ၊ တစ်ဆယ်သား ပြား ၈၀ တောင် ၊ ပြီးတော့ ဘိုင်ကျနေလို့ မြေပဲနဲ့ နှမ်းမပါဘူး၊ အဆာမစုံဘူးလေ ဘာလေး မအာကြနဲ့’

‘ရတယ် ၊ အဆောင်နေရတဲ့ဘ၀ မြက်ကိုတောင် သုပ်ကျွေးစားမယ်’

အောင်သည် အော်ပြောလိုက်သည်။

‘နင်ဘာအသုပ်မဆို စားတယ်နော် ၊ အေးအေး နောက်တစ်ခါ ငါကျွေးမယ်၊ နင်ဖို့ စပယ်ရှယ်’

ဆန်းဆန်းမြင့်ကပြောတော့….

‘နင့်ချိုင်းမွေးသုပ် ၊ နင်ပဲစား’

အကြောင်းသိနေသော အောင်က ပက်ခနဲပြောရင်းရယ်မောကြပြန်သည်။ အောင်က ရယ်မောလျက်……

‘တကယ်ပြောတာ၊ တစ်ခါတုန်းက ဒီကောင်မကျွန်တော် ဖို့ မြင်းခွာရွက်သုပ်တယ်တဲ့၊ အဲဒါ ပါလာတယ်၊ တွန့်တွန့် ကောက်ကောက်လေး’

‘ထွီ…..တော် ကြဟယ်’

ရွံတတ်သော ချောစုက တံတွေးတပစ်ပစ်နှင့် ဖြစ်လာလေသည်။ ဆန်းဆန်းမြင့်က ညစ်တီးညစ်ပတ်တွေ ဆက်ပြောပြန်ရာ ချောစုက သူ့နားကို ပိတ်ထားလိုက်ရလေသည်။ သည်တော့ ဆန်းဆန်းမြင့်က……..

‘ တစ်ယောက် စားမယ့်လူ လျော့ရင် မနည်းဘူး ဆိုပြီး ကြိုးစားလိုက်ရတာ ’

ပြောပြီး တသော သော ရယ်မောနေသည်။

အောင်သည် စိတ်လက်ပေါ့ပါးစွာ ရယ်မောလျက်မမစံကို လှမ်း၍ …..

‘ဘိုင်ကျတာတော့ မပြောနဲ့မမစံရေ၊ ၀က်ခန်းတာဟာ ကျွန်တော် တို့ အားလုံးရဲ့ ပစ္စက္ခဝေဒနာပဲ၊ ကျွန်တော် လဲအကြွေးတွေ လည်ပင်းခိုက်နေပြီ၊ ဒီ၈ီတာက တစ်ပတ်ရစ်တောင် ချောစုရဲ့ မောင်လေးဆီက အကြွေးနဲ့ ၀ယ်ထားတာ၊ ဒါကြောင့် ခုလိုမမစံနဲ့ ဆန်းဆန်းမြင့်တို့ဆီက စာပေါက်ထွင်ရတာ ၀မ်းနည်းပါတယ်၊ သနားပါတယ်ရှင်၊ ထမင်းဖို့ ဟင်းဖို့လေး ငွေ ၄၀၀ လောက်၊ ဟိုတယ်မှာ တတ်စားဖို့’ ပြောပြီး ဂီတာတီးကွက်များ ကိုနှိပ်ကာ လက်နှင့် ခတ်ရင်း တေးသွားကို စတင်အသက်သွင်းလေသည်။

သို့ သော် တီးလုံးအစတွင် ပင် တစ်ဖက်ခန်းမှ ရင်ရင်ထိုက်တို့၏ ကတ်ဆက်သံက ကျယ်ကျယ်လောင်လောင် ၀င်နှောက်လေသည်။

ကတ်ဆက်ကို အသံကုန်ဖွင့်ထားလျက် အခန်းထဲမှ ထွက်လိုက် ၀င်လိုက်နှင့် လမ်းသလားနေသော ရင်ရင်ထိုက်ကို ဆန်းဆန်းမြင့်က မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

အောင်က ‘မသာမ’၊ ဆန်းဆန်းမြင့်က ‘ဖာမ’ ဟုတစ်ပြိုက်နက် အသံထွက် ဆဲရေး ကြလေသည်။

ရင်ရင်ထိုက်သည် ဆံပင် ဖားလျားချထားတာကိုလက်နှင့် သပ်တင်လျက် အောင့်သို့ ကျသွားသော မျက်တောင်တုလေးကို အသာကောက် ပြန်တပ်ကာ အောင့်တို့အား ၊ တစေ့တစောင့် လှမ်းကြည်လိုက်သည်။

အသားဖြူဖြူအရပ်မြင့်သွယ်ကာ ပိန်သော်လည်း ၊ အချိုးအဆက်ကျနသော ကိုယ်လုံး ကိုယ်ထည့်နှင့် ။ ဘလောက်အင်္ကျီအနက်လက်ပြတ်၊ ကြည်ပြာရောင် လေယာဉ်မောင် ထဘီ ၀တ်ထားသည်။

ခေတ်ဆန်သော အလှတစ်ရပ် ဖွဲ့စည်းထားသည်။ မျက်နှာအသား ကတော့ သိပ်မချောလှ၊ တိုရီ အဖိုးတန့်ကရင်အောက် တွင် ပြုတ်ထနေသော အသားအရေကို ဆန်းဆန်းမြင့်က….

‘ဘယ်တော့မှ ဒီအသားက လှမှာ မဟုတ်ဘူး ဒါလောက်ပွေတာ’ ဟုပြောတော့ အောင်က….

‘ပွေတာနဲ့ အသားမလှတာနဲ့ မဆိုင်ပါဘူးဟဲ့၊ သွေးမကောင်းရင်လဲ ဖြစ်တတ်ပါတယ်’

‘အို တစ်ခြားလူတော့မသိဘူး၊ သူ ကတော့ ပွေလို့ အသား မလှတာ သေချာတယ်’

‘ဒီရှေ့နေက တယ်ကြောက်စရာကောင်းပါလား၊ ဇွတ်ချည်းကို ဆွဲချတော့တာပဲ’

မမစံက ဆန်းဆန်းမြင့်၏ ခေါင်းကိုပုတ်ကာ ပြောရင်း ရယ်မောသည်။ အောင်က ရယ်နေရာမှ မျက်လုံးများ မှာ ငေးနေသည်။

‘ထွေးခင်နဲ့ အထွန်းတို့နှစ် ယောက် စလုံး သိပ်အသားလှတာပဲ၊ ချောမွတ် ပြောင်တင်းနေတာပဲ၊ သူတို့ကျတော့ ဖြူစင်တာ သန့်ရှင်းတာ မျက်နှာပေါ်နေတယ်၊ တကယ်ကလေးမျက်နှာလေးတွေ ၊ သူတို့က အချစ်တော် လဲ မထားဘူး၊ ပွေဖို့ဆိုတာလဲ ဝေးရော’

ထိုနေ့က ဂီတာမတီး ဖြစ်တော့။လက်ဖက်သုပ်နှင့် ပဲလှော်သုပ်စားပြီး စုဝေး စကားပြောကြသည်။

‘သေကြပါစေဟယ်…..’

ချောစုက မျက်စောင်းတထိုးထိုးနှင့် ရင်ရင်ထိုက်တို့ကို ကျိန်ဆဲနေသည်။

(၇)

အထက်တန်းလွှာ မိန်းမတို့၏ အဆောင် အယောင်သည် ရင်ရင်ထိုက် မှန်တင်ခုံရှေ့တွင် ပြည့်နေသည်။ နှုတ်ခမ်းဆိုး ဆေးတောင့် သုံးဆယ်ကျော်တန်ချည်း အရောင် ၆ မျိုး ၇ မျိုး။

လက်သည်းဆေးဆိုးတို့လည်း ထိုနည်း လည်းကောင်း၊ သူ့အ၀တ်သေတ္တာတွေ ထဲတွင် အင်္ကျီ၊ ထဘီ၊ အထည် ၀တ်စုံတွေ နှစ် ရာကျော်တောင် ရှိတယ်တဲ့။

‘ရင်ရင်ထိုက်ကို ဘာလို့ သူယောင်မယ်လို့ ခေါ်တာလဲ’ ဆန်းဆန်းမြင့်က မေးဖူးသည်။ အောင်က မဖြေ။ ရယ်၍ သာနေသည်။ ချောစုက အောင်ကို မေးငေါ့လျက်…….

‘အဲဒီ မိန်းမပေါ့ နာမည် ပေးတာ ၊ ရင်ရင်ထိုက်ရဲ့ ခုလက်ရှိလူက ဇော်ဂျီရောင် ဆဲဗင်ဒေးအစရှပ်အင်္ကျီ အမြဲဝတ်တတ်လို့ ဇော်ဂျီနဲ့ပျော်းပါးတဲ့ သူယောင်မယ်လို့ တင်စားခေါ်လိုက်တာ’

‘သူယောင်မယ်ဆိုတာ နာမယ်လေးက လှက လှနဲ့’

ဆန်းဆန်းမြင့်က မကျေမနပ် ပြောနေသည်။ အောင်က ရယ်မောလျက်….

‘ဟဲ့…..မလှဘူးဟဲ့၊ သမိန်ပေါသွပ်ကားတွန်ထဲမှာ ‘သူယောင်မယ်’ ကို အနက်ဖွင်ထားတာ ဇော်ဂျီနဲ့ ပျော်းပါးတဲ့ မိန်းမတစ်မျိုးတဲ့’

မမစံပင် မနေနိုင်သဖြင့် တဟားဟား ရယ်မောမိသည်။

‘အဲဒီ သူယောင်မယ်ဆိုတာ တကယ်ရှိလို့လား’

‘ဟဲ….မိဆန်းမြင့်ရဲ့ နင်ကလဲ တော် တော် ပေါက်ပါလား၊ ဒဏ္ဍရီတွေ ထဲပါတာ၊ ပွဲထဲမှာ အော်ပရာတွေ ဘာတွေ မှာ ကတာ မတွေ့ ဘူးလား၊ သစ်ပင်မှာ အသီးလေးတွေ တွဲ လောင်းသီးနေတာကို ဇော်ဂျီက ဆေးတောင်ဝှေးနဲ့ တို့လိုက်တာနဲ ကောင်မလေးတွေ အချောစားတွေ ဖြစ်လာတာကို တစ်ယောက် ပြီး တစ်ယောက် ပျော်ပါးတာ’

ချောစုက သည်တစ်ခါ ပြည့်ပြည့်စုံစုံ ရှင်းလေသည်။ အောင်က လွတ်လွတ်လပ်လပ် ရယ်မောလျက်…..

‘နင်က ပွဲထဲက ဇော်ဂျီ ဖြစ်ချင်ပြန်ပြီးလား’

‘မိအောင်ကလဲ ကလေးဆန်လိုက်တာ၊ ဒါမျိုး ငါ့ ဖြစ်ချင်မလားဟဲ့၊ ယောကျာ်းတွေ ကြိုက်တဲ့ဇာတ်လမ်းမျိုးပဲ ငါတာ ယောကျာ်းဆိုရင်တော့ ကြိုက်ချင်ကြိုက်မှာ ပေါ့’

ဆန်းဆန်းမြင့်က ရယ်ကာ မောကာ ပြောရင်း အောင့်ပါးကို ဆွဲလိမ်သွားလေသည်။ သည်တော့ အောင်သည် အတွေးနှင့် ငေးသွားကာ ‘ဒီလိုဆိုရင် ယောကျာ်းတွေ က မျက်နှာများ ချင်တာပေါ့ ၊ ငါလဲများ မှာ ပဲ ၊ ငါယောကျာ်းတော့ မယူချင်ဘူး ၊ ရည်းစားတွေ တော့ တစ်ယောက် ပြီး တစ်ယောက် ထားပစ်ချင်တယ်’

ချောစုပြောမိသေးသည်။ ချောစုက ရယ်မောလျက်….

‘အောင်….အောင် ၊ နင်ဟာလေ နင့်အတွေးတွေ က အသက်သုံးဆယ်ကျော် ရင့်တဲ့မိန်းမတွေ လို တွေးတတ်ပြီး တစ်ခါတလေတော့လဲ နင် ဆယ့်နှစ် နှစ် သမီးလေးတွေ ရဲ့ ဦးနှောက်မျိုးနဲ့ တွေးပြန်ရော’

‘ငါ ဆယ်နှစ် သမီးတည်းက စာတွေ ဖတ်လာတာ ၊ တို့အိမ်မှာ စာအုပ်စင်တောင်မရှိဘူး၊ ဂေါ့ဖ် ဆက်ထားတဲ့ စင်ဘဲရှိတယ် ၊ ဘယ်သူမှလဲ စာမဖတ်ကြဘူး၊ ငါ့အဖေကြီးက သတင်းစာတောင် အနိုင်နိုင်ရယ်။

‘ငါအမေဆိုရင် အင်္ဂလိပ်သတင်းစာကို လူတွေ ရှေ့ဟန်လုပ် ဖတ်တာ တွေ့ ဖူးတယ်၊ စာအုပ်ဆိုလို ဘာမှမဖတ်ဖူး၊ ငါက ကျောင်းကနေ စာဖတ်လာတာ၊ အထွန်းကြောင့် ကိုးတန်းကျစာတွေ အများ ကြီး ဖတ် ဖြစ်တယ်’

‘ဒါကြောင့် နင့်မှာ ဆန့်ကျင်ဘက်စရိုက်တွေ တွဲ နေတယ်လို့ ကိုလတ်နဲ့ ကိုအောင်တို့က နင့်ကွယ်ရာ ပြောနေတာပေါ့’

သည်တော့ အောင်သည် အတွေးနှင့် ငေးသွားပြန်သည်။ ဘာပဲ ဖြစ် ဖြစ် ကိုယ် ဖြစ်လာတဲ့ ဘ၀ကိုတော့ ကျေနပ်ပါသည်။ အနည်းဆုံးတော့ ကိုယ့်အတွေးနှင့် ကိုယ့်စိတ်နေသဘောထားကိုပေါ့။

ရင်ရင်ထိုက် ဖြစ်မလာတာ ၊ ဖြူဖြူခေါ် ပျာကလဲ ဖြစ်မလာတာ ၊ ရင်ရင်ထိုက်တို့အားကျအတုခိုးနေတဲ့ အဆောင်မှာ လာနေတဲ့ အရာရှိကတော် ကျ မိန်းမတစ်ဦးပုံစံမျိုး ဖြစ်မလာတာ။

ထိုကတော် ကျကို မမခိုင်နွယ်လို့ ခေါ်ကြသည်။ အသက် ၃၀ ကျော် ၊ ၄၀ နီးပါးခန့်ရှိပြီး။ သူနှင့် အတူ သမီးပျိုလေး တစ်ယောက် မကြာခဏ လာရောက်နေတတ်သည်။ ဒေါ်ခိုင်နွယ်က အရွယ်တင်သည်။

သားသမီးနှစ် ယောက် ဆင်တူဝတ်ထားလျှင် ညီအစ်မ သဖွယ်ပင်။ သားအမိနှစ် ယောက် မှာ မော်တော် ကားမောင်းသင်ကြသည်။ မြင်းစီးဘောင်းဘီဝတ်လျက် အင်းလျားလမ်းတစ်လျှောက် မြင်းစီးလည်း ကျင့်ကြသည်။

သူတို့ဆီလာကြသော လျှပ်စစ်ဂီတာတီးကြသော လူများ ၊ ဖယ်မလီယာ ၊ မာဇဒါ၊ တိုယိုတာကားများ မောင်းလာသော ကောင်လေးများ ၏ အနောက်အပြောင်လည်း အောင်တို့ သည်းညဉ်းခံရသည်။

အောင့်တိုနေသော လေးယောက် တစ်ခန့်ကို ဒေါ်ခိုင်နွယ် တစ်ယောက် တည်း ၂၀၀ ပေးပြီး ဌားနေတာတဲ့၊လှတော့ တော် တော် လှသော မိန်းမ။

အသားဖြူဖြူနှင့် မျက်နှာလေးလှသလောက် ကိုယ်လုံးကလည်း အချိုးအစားပြေပြစ်သည်။ သူ ညဉ့်နက်သန်းခေါင်မှ ပြန်လာလျှင် အောင့်တိုအခန်းရှေ့က ဖြတ်သွားရတာ မို့ တံခါးထဖွင့်ပေးရမြဲ။

‘ညီမလေးတွေ ကို အားနာတယ်ကွယ်’

ဒေါ်ခိုင်နွယ်က ပြောမြဲပင်။ အဖိုးတန့်ရှာနယ် အမှတ် ၅ ရေမွှေးရနံ့ဖြင့် အမြဲသင်းပျံ့နေသော ဒေါ်ခိုင်နွယ်ကိုယ်တွင် ၀ီစကီ၊ သို့ မဟုတ် အဖိုးတန့်နိုင်ငံခြားအရက် တစ်မျိုးတစ်မျိုး အငွေ့အသက်က အမြဲလိုပင် ကပ်လျက် ပါလာလေသည်။

တကယ် အထက်လွှာ၊ သို့ မဟုတ် အထက်တန်းစားလို့ အခေါ်ခံရတဲ့နေရာသို့ ရောက်နေကြသော အမျိုးသမီးများ ဒေါ်ခိုင်နွယ်က အတုခိုးနေဆဲ ရင်ရင်ထိုက်က ဒေါ်ခိုင်နွယ်အား တုလျက်ရှိသည်။

အပေါ်ယံအ၀တ်အစား သားနား တောက်ပြောင်သော ရုပ်ဝတ္ထုပစ္စည်းများ နှင့် အကဲခတ်လျှင်တော့ လူတကာသည် သူတို့အား ဂရုတစိုက် ဖြစ်စေဖို့ ရိုသေကျိုးနွံဖို့ သူတို့မှာ ဂုဏ်သိက္ခာ ပညာ တစ်ပြားဖိုးမှ မရှိလျှင်နေပါစေ၊ အားလုံးက အရေး တယူလုပ်ခြင်းကို ခံရမှာ သေချာသည်။

ဒါကို၈ျက်လန်ဒန် ကတော့ လူ့ဘောင်အရှင်သခင်များ ၊ ထိုအရှင်များ ရဲ့ သခင် ဇနီး သားသမီးများ ဟု သမုတ်တတ်သည်။ သည်မှာ တော့ လူ့ဘောင်အရှင်သခင်တို့၏ အစွယ်အပွားများ ပါပါဝင်သည်ဟု အောင်က ဖြည့်စွက်သည်။

ညကျတော့ ချောစုနှင့် ဆွေးနွေးကြပြန်သည်။

‘ငါသိပ်ကြိုက်တဲ့ စကားတစ်ခုရှိတယ် ချောစု၊ ဒီကမ္ဘာလောကမှာ ရောဂါ တစ်ခုရှိတယ်တဲ့၊ ဒီ ရောဂါ ဟာ အသုံးမ၀င်တဲ့လူတွေ ကို ပူဇော်တာတဲ့၊ ဆရာ ပါရဂူပြန်တဲ့ ဗုဒ္ဓဒိုင်ယာရီစာအုပ်ထဲမှာ ငါဖတ်ရတာ ’

‘အေး၊ ငါလဲဖတ်ရတယ်၊ သိပ်ကြိုက်တာပဲ၊ ဒါ အမှန်ပဲ အောင်၊ တစ်ခါတစ်ခါ ငါစဉ်းစားမိတယ်၊ လောကကြီးမှာ အကာတွေ က ရှေ့တန်းရောက်ပြီး တကယ် အနှစ် သာရက မြုပ်မြုပ်နေတတ်တယ် ဆိုတာ’

(၈)

အောင်က ကာလီဒါက ပညာရှိအမတ်ကြီးကို အားကျလို့တဲ့။

သူ၏ လေ့ကျင့်ခန်းစာအုပ်မှ စာမျက်နှာအလွတ်ပေါ်တွင် အလယ်တည့်တည့်က မျဉ်းတားထားသည်။စာအုပ် ဘယ်ဘက် ကွက်လပ်တွင် ‘အကာ’ ၊ ညာဘက်တွင် ‘အနှစ် ’ ဟု ရေး ထားသည်။ အကာနှင့် အနှစ် ခေါင်းစဉ့်အောက်တွင် သူနှင့်ထိတွေ့ ရတဲ့ လူတွေ နာမည် ကို ရေး ထည့်မလို့တဲ့။

တစ်ခါတုန်းက ဟိန္ဒူအမျိုးအနွယ်တို့ ရှင်ဘုရင်က အမတ်ကြီးတွေ ကို မေးသည်တဲ့။

လောကကြီးမှာ မျက်စိမမြင်သော အကန်းနှင့် မျက်စိမြင်သော အကောင်း ဘယ်သူများ သလဲ ဆိုတော့ အမတ်အားလုံးက မစဉ်းစားဘဲ မျက်စိမြင်သော လူကောင်းတွေ များ ပါတယ်လို့ တစ်ခါတည်း ဖြေလိုက်ကြတယ်တဲ့။ ကာလီဒါသ ကတော့မဖြေဘူး သူ့ကိုရက်သတ္တပတ်တစ်ပတ် အချိန်ပေးပါပြောပြီး နန်းရိပ်ကခွာခဲ့သည်။

မင်း၊ မိဖုရား ၊မှူးမတ်ဗိုလ်ပါ လူစုံ သူစုံ ရေဆင်းချိုးရာ ဂင်္ဂါ ရေချိုးဆိပ် ကမ်းနားက ညောင်ပင်ကြီးရိပ်အောက်မှာ သူ့အိပ်ဖို့ ကြိုးခုတင်တစ်လုံးကို ထိုးနေပါရောတဲ့။ ရေချိုးဆိပ်ဆင်းလာတဲ့ မှူးမတ် ဗိုလ်ပါ နန်းအမှု ထမ်း အားလုံးကအမတ်ကြီးကို နှုတ်ဆက်ကြရင်း ကာလီဒါသ အမတ်ကြီး ဘာလုပ်နေသလဲလို့ မေးတယ်တဲ့။

ကာလီဒါသက သူကြိုးထိုနေတာ မြင်လျက်သားနဲ့ ‘အမတ်ကြီး ဘာလုပ်နေသလဲလို့ မေးတဲ့သူကို အကန်းဆိုတဲ့ စာရင်းထဲမှာ ထည့်ရေး မှတ်သတဲ့။ ‘သြော်…အမတ်ကြီး’ ခုတင်ကြိုး ထိုးနေသလား’လို့ မေးတဲ့လူကိုတော့ အကောင်းစာရင် ထဲထည့်တယ်တဲ့။

ဒါပေမယ် သိတဲ့ အတိုင်း လူအများ ကတော့ ဘာလုပ်နေသလဲ မေြး ကတော့ အကန်းထဲ ထည့်မှတ် လိုက်ရတာ ပေါ့။ ရှင်ဘုရင်ကြီးကလဲ ရေချိုးဆင်းရင်း အမတ်ကြီး ဘာလုပ်နေလဲ မေးတာပေါ့။

သည့်တော့ ရှင်ဘုရင်လဲအကန်းစာရင်းဝင်ပဲ၊ မိဖုရားကြီးလည်း ထိုနည်းလည်းကောင်းပဲ။ ဒါကို ညီလာခံမှာ ပြတော့ မင်း မိဖုရားကအစ အဲဒီ လို ဖြစ်နေတော့ ကာလီဒါသ အမတ်ကြီးကို ရှင်းခိုင်းရတယ်တဲ့။ ကာလီဒါသ….

‘မှန်ပါ၊ လောကကြီးမှာ အသိတရားမရှိတဲ့ လူဟာ မျက်စိမြင်ပေမယ် အကန်းနဲ့ တူပါတယ်၊ သတိရှိတဲ့ လူ ကတော့ပကတိ လူကောင်းပဲတဲ့’

အဲဒီ လိုပဲ သတိမမူဂူမမြင်၊ သတိမူတော့ မြူတောင်မြင်တယ်ဆိုတာလိုပေါ့။ အကန်းနဲ့အကောင်း ဥပမာနဲ့ ကာလီဒါသက လူတွေ ရဲ့ အရည်အချင်းမှာ အနှစ် အရသာကို တစ်ခါတည်း ဆွဲထုတ်လိုက်တာပဲ။

သည်ပုံကို မကြားဘူးသော ချောစုကို အောင်က ပြောပြရင်း သူလည်း စာအုပ်ထဲတွင် အကာနှင့် အနှစ် စာရင်းကို နေ့ချင်းညချင်း ပြုလုပ်လေသည်။

တစ်ရက်တော့ သည်စာအုပ်လေးသည် ဗလလက်ထဲမှ တစ်ဆင့် ကိုလတ် လက်ထဲသို့ ရောက်သွားသည်။ ပြန်လှယူလည်း မရတော့။ လူပိန်သလောက် ကိုလတ် လက်တွေ မှာ သန်မာမြဲမြံ လှသည်။ စာအုပ် စုတ်သွားမည် စိုးသော ကြောင့် စာအုပ်ကို တစ်ခါတည်း အလယ်က ဖြတ်ကိုင်ထားသည်။

‘ကိုလတ်လဲ တော် တော် ဆိုးပါလား၊ အဲလောက် ဆိုးလိမ့်မယ်လို့ တစ်ခါမှ မထင်မိဘူးလို့’ အောင်ကပြောတော့ ‘ဒီကောင်တွေ နဲ့ ပေါင်းနေတာပဲ’လို့ ကိုအောင့်ဘက်သို့ မေးငေါ့ပြလိုက်သေးသည်။ နောက်ဆုံးတော့ အောင်ကရှက်ရှက်နှင့် ရယ်၍ သာ နေရသည်။

သည်တစ်ခါတော့ ဦးချစ်လက်ဖက်ရှည်ဆိုင်မှာ မဟုတ်တော့ ပုဂံလမ်းမှာ ။ အမှန်စစ်စစ် အောင်၊ဒေ၀နှင့် ဗလက သတ်သတ်၊ ကဗျာဆရာ၊ စာရေး ဆရာတွေ ဆီက စာမူတွေ လိုက်ကောက်တာ ဖြစ်ပြီး ကိုလတ်နှင့် ကိုအောင်တို့က မြို့ထဲကပြန်လာပြီး ပုင်္ဂလမ်းထိပ် မှတ်တိုင်မှာ ဆင်းကြကာ ဆုံကြခြင်း ဖြစ်သည်။

‘ချောစု ဘာလို့ လိုက်မလာတာလဲ’

အရေး ထဲ သည်တစ်ခါတော့ ကိုအောင်က ပူပန်နေသေးသည်။ အောင်က မျက်စောင်းတစ်ချက် ဝေ့ ရင်း ပရက်တီကယ်(လ်) တတ်ချင်လို့ပေါ့ ကိုအောင်ရ’ ဖြေလိုက်သည်။ ကိုလတ် ကတော့ ဘာမှမပြော။

အောင့်ကိုပြုံးလျက် ငေးကြည်နေသည်။ ကိုလတ်မျက်နှာက ပင်ပန်းသည့်ဒဏ်နှင့် နည်းနည်း ညှိုးနွမ်းနေသည်။ ဒါကြောင့် ကိုလတ်ကို သနားသဖြင့် ရန်မထောင်တော့ဘဲ စိတ်ဂူပ်ဂူပ်နှင့် ရယ်မောလျက်….

‘ကျွန်တော် ရည်းစားထားရင်တောင် ဒီအဖွဲ့ကို အလျင်အသိပေးထားရမယ် သဘောရှိတယ်’

‘ပေးရမယ် ပေးရမယ်၊ အသိမပေးလို့ ဘယ်ရမလဲ’

ဗလက အော်လိုက်သည်။

‘နင် တကယ် တစ်ခါမှ ရည်းစားမထားဘူးဖူးလား’

အရေး ထဲ ဘာမဟုတ်တာကို စိတ်ဝင်စားနေပြန်ပြီဟု စိတ်ထဲက အပြစ်တင်ရင်း….

‘မထားဘူးလို့ နောင်တရနေတာပေါ့’

‘ဘုရား…ဘုရား၊ နင်အသက်က ဘယ်လောက် ရှိသေးလို့လဲ’

ဒေ၀က မျက်လုံး ပြူးနေသည်။

‘အသက် ၂၁ နှစ် ရှိပြီ၊ ကောလိပ်ရောက်တာ နောက်ကျလို့’

‘ငါက နင့်ကို ၁၇ နှစ် လောက်ပဲ ရှိသေးတယ်လို့ထင်နေတာ’

‘ချောစုတောင် ကျွန်တော် ထက် နှစ် နှစ် ငယ်တယ်၊ ဒါပေမယ့် ချောစုက ကျွန်တော့် ထက် အများ ကြီး လိမ္မာတယ်’

‘ဒီလိုတော့လဲ သိသားပဲ’

ကိုအောင်က ဖျတ်ခနဲပြောလိုက်သဖြင့် အောင်သည် သူ့လွယ်အိတ်နှင့် ကိုအောင့်ကျောကို ဘုံးခနဲ လှမ်းရိုက်လိုက်သည်။ ကိုလတ်သည် သူ သောက်လက်စ ဆေးလိပ်ကို လွှင့်ပစ်ကာ အောင့် စာအုပ်ကို တစ်ရွက်စီလှန်ကာ ဖွင့်ဖတ်လိုက်လေသည်။

‘အကာ၊ အနှစ် ’

‘ကိုလတ်…ကိုလတ်’

အောင်က လှမ်းဟန့်လည်း မရတော့။ တစ်ယောက် ယောက် က အော်ဖတ်ပြီဆိုလျှင် အားလုံး တညီတညွတ်တည်း သိရတော့မည် ။ ညနေချိန် ပုဂံ လမ်းတွင် လူခြည်က တိတ်ဆိတ်လို့ တော် ပါသေးသည်။

‘အနှစ် ’ ခေါင်းစဉ်အောက်တွင် ‘ကိုလတ်၊ ကိုအောင်’ တို့နာမည် စရေး ထားသည်။ ထို့နောက် ဒေ၀ခေါ်ကိုချစ်ထွန်း၊ ဗလခေါ် ကိုမင်းမောင်တို့လည်း ပါသည်တဲ့။

ဆရာမ ဒေါ်သီသီမြင့်၊ ဆရာဦးကံချွန် စသော ဆရာ ဆရာမ တွေ နာမည် အချို့၊ ထွေးခင်၊ အထွန်း၊ ချောစု ၊ မမစံနှင့် ဆန်းဆန်းမြင့် ဆိုတာတွေ လည်း ရေး ထားသေးသည်။

‘နင်ကလဲ အနှစ် အောက်မှာ နင်ချစ်တဲ့ လူတွေ နာမည် တွေ ပေးထားတာပဲ’

ဒေ၀ကပြောတော့…..

‘မဆိုင်ပါဘူး၊ မတုံးစမ်းပါနဲ့၊ ကျွန်တော် ဘယ်လိုလူမျိုးတွေ ကို ချစ်တတ်တယ်ဆိုတာ ဒေ၀လဲ သိသားပဲ’

ချက်ချင်း ချေပသေးသည်။ဗလက ဆက်၍ ဖတ်ပြန်သည်။

‘အကာမှာ နံပါတ်တစ် ဦးမြင့်လှိုင်၊ နှစ် ဒေါ်ငွေရင်လှိုင်၊ အဲဒါ ဘယ်သူတွေ လဲ’

အောင်ကရယ်ပြီး ရုတ်တရက် မဖြေ။ ကိုလတ်က အောင့်မျက်နှာကို ငေး၍ ကြည့်တာကို လှမ်းကြည့်ပြီးမှ…..

‘ တစ်ယောက် က ဖားသား ၊ နောက် တစ်ယောက် က ဖားသား မိန်းမ’

‘ဟေ’

ဒေ၀၏ မျက်လုံးအစုံတို့သည် ပြူးလာပြီး ကိုအောင်တို့သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြပြီး တသော သော ရယ်မောနေကြသည်။

‘ကြူကြူမြင့်လှိုင် ဆိုတာက အစ်မလား’

ကိုလတ်က မေးလိုက်သည်။

‘ဟုတ်တယ်၊ အစ်မအလတ်’

‘မောင်နှမ ဘယ်နှစ် ယောက် ရှိလဲ’

ကိုအောင်က မေးလိုက်သည်။

‘အားလုံး ခြောက်ယောက် ’

‘နင်က အငယ်ဆုံးလား’

‘ဟင့်အင်း၊ကျွန်တော် က ဒုတိယအငယ်ဆုံး၊ အငယ်ဆုံးမောင်လေးက ဆုံးသွားပြီး၊ ကျွန်တော် တို့က မိန်းမ သုံးယောက် ယောကျာ်း သုံးယောက် ၊ အကြီးဆုံးက အစ်မ နောက် အစ်ကိုနှစ် ယောက် ၊ သူ့အောက် အစ်မလတ်ပေါ့ ကျွန်တော် နဲ့မတည့်တာ၊ တကယ် အချဉ်ပေါက်နေတာ’

‘ဘာ ဖြစ်လို့လဲ’

ကိုလတ်က မေးသည်။

‘အမယ်လေး၊ သူ့အကြောင်းပြောရင်း အရှည်ကြီးရယ်၊ သူနဲ ကျွန်တော် စကားမပြောကြတာ ကျွန်တော် တက္ကသိုလ်ရောက်တဲ့ နှစ် ကပဲလေ၊ ခုဆိုရင် နှစ် နှစ် နီးပါး ရှိသွားပြီပေါ့’

‘အေးလေ၊ သူနဲ့ ဘာတို့ အဲဒီ လောက် အကြာကြီးမခေါ်ဘဲနေတာလဲ၊ အောင်ပြောပြမှ ကိုယ်တို့သိရမှာ ပေါ့’

‘ကိုလတ် တကယ်သိချင်လား၊ သိချင်ရင် ကျွန်တော် အေးအေးဆေးဆေး ပြောပြမယ်၊ သူ ကတော့ ဘာလို့ ကျွန်တော့် ကို စမုန်းခဲ့သလဲ မသိဘူး၊ ကျွန်တော် သူ့ကိုမုန်းတာတော့ အခြေခံနဲ့ပါ၊ အကြောင်းမဲ့ မဟုတ်ပါဘူး’

လွန်လေပြီးသော ကာလ အကြောင်းတွေ ကို အောင့်တွင် ပြောစရာတွေ တစ်ခုပြီးတစ်ခု ရှိပြန်သည်။

(၉)

ငယ်ငယ်တုန်းက စာမကျက်သဖြင့် အတန်းထဲမှ အပြင်ဘက်သို့ တစ်နေ့လုံး ထွက်နေရတာ ၊ အိမ်တွင် ၀တ္ထုဖတ်မိတာကို အတင်း ပြန်သိမ်းခံရပြီး မှားပါပြီ ဟု ၀န်ခံရမည် ကို ၀န်မခံသဖြင့် ရေချိုးခန်းထဲတွင် တစ်နေ့နှင့် ညတစ်ဝက် လှေုာင်အပိတ်ခံရတာ စသည်ဖြင့် …..။

‘အဲဒီ မမကြူက အိမ်မှာ လိမ္မာတယ်လို့ ဘွဲ့တံဆိပ်ရထားတာ၊ ကျွန်တော် နဲ့ တစ်ခြားစီပဲ၊ စာကြိုးစားတယ်၊ အမေ အဖေ မှတ်ချက်ပေးတဲ့ စည်းကမ်း ကောင်းတယ်လို့ ထင်ရတဲ့ အချက်ကို လိုက်နာတယ်၊ မနက်လင်းတာနဲ့ ဘုရားသောက်တော် ရေချမ်းကပ်၊ ယောဂီတဘက် လက်ကန့်တော့ထိုး၊ တကယ်မြန်မာဝတ္ထုတွေ ၊ ရုပ်ရှင်တွေ ထဲက ဇာတ်လိုက်မင်းသမီးလေးတွေ ရှိပါရောလား၊ အဲဒီ ပုံစံလေးပေါ အိပ်ခါနီး ဖေဖေနဲ့ မေမေကို ကန်တော့၊ နေမကောင်းရင် ခြေသလုံးတွေ ကို ခြေဆုပ် လက်နယ်ပြု….’

ကိုလတ်က ပြုံးလိုက်သည်။ သည်တော့မှ အောင်သည် သူပြောမိဆိုမိသော ဟန်ပန်အမူအရာနှင့် လေသံကို သတိထားမိကာ ခပ်သဲ့သဲ့ရယ်မောလိုက်မိသည်။ အသံကို ပြန်ထိန်းလျက်….

‘ကိုလတ်က ပြုံးတယ်၊ ကျွန်တော် စကားကောင်း ပြောနေတာကို’

‘မဟုတ်ပါဘူး၊ ကိုယ် သဘောကျလို့ပါ၊ ဆက်ပြောလေ’

‘ဒါဟာ မိဘအပေါ် လိမ္မာသိတတ်တဲ့ မိန်းကလေး မြင်ကွင်းပဲ၊ ဘယ်လောက်ချစ်စရာကောင်းသလဲ၊ အဲဒီ မိန်းကလေးမျိုး ကိုလတ် သဘောမကျဘူးလား၊ ကိုလတ်တို့ ယောကျာ်းတွေ သဘောကျတဲ့ ပုံစံပေါ့ ၊ မဟုတ်ဘူးလား’

ကိုလတ်က ပြုံးပြန်သည်။

ဒေ၀ပခုံးကို တစ်ချက်တွန့်လိုက်ပြီး ဗလမျက်နှာကို လှည့်ကြည်လိုက်သည်။ ကိုအောင်သည် ဆေးလိပ်ကို အငွေ့တထောင်းထောင်းထအောင် ဖွာရိုက်ရင်း သူ၏ အတွေးတို့သည် အဝေးသို့ လွင့်နေသည်။

သူ့ကို ၀ိုင်း၍ ချစ်ကြသော အစ်မတွေ ၊ အစ်ကိုတွေ ၊ ညီတွေ ကြားထဲတွင် ကြီးးပြင်းရသူမို့ အောင့်ကိုလည်း သူ့လိုအလိုလိုက်ခြင်း ခံရသော မိန်းကလေး တစ်ယောက် မို့ ဆိုးနေတာပဲဟု သာမန် အတွေးများ သည် ဘယ်အထိ မှန်မည် လဲ….။

‘ကျွန်တော် လဲ မမကြူကိုအစက သဘောကျခဲ့ပါတယ်။ လိမ္မာတာပဲ၊ ဘာသဘောမကျစရာရှိလဲ၊ သူနေတာ ထိုင်တာက မိဘကြိုက် ပုံစံလေးပဲ၊ ကျွန်တော် ငယ်ငယ်ကဆိုရင် သူ့ကိုအားကျပြီး အတုတောင်ခိုးမိသေးတယ်၊ စရိုက်ချင်းက ကွဲနေတော့ တူတော့မတူဘူးပေါ့၊ မတူတာတစ်ချက်ပြောမယ် ၊ သူကမိတ်ဆွေအပေါင်းအသင်းနည်းတယ်၊ ကျန်တော် က များ တယ်။’

သူ့ကိုကြည့်ရတာ သူငယ်ချင်းတွေ နဲ့ကျ တစ်ပြားအပွန်းခံပုံမရဘူး၊ ကျွန်တော် ကျတော့ လက်ဖွာတယ်၊ စုစားကြပြီး မရဘူး၊ ကျွန်တော် ကျတော့ လက်ဖွာတယ်၊ စုစားကြပြီးဆိုရင် ကိုယ်ကအလျင်ပိုက်ဆံပေးပြီးသားပဲ၊ ဘယ်တော့မှ ပိုက်ဆံက မလောက်ဘူး၊ အိမ်လဲ ပြန်ဒုက္ခမပေးချင်တော့ရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ချရောင်းရတာ ပေါ့။

‘အ၀တ်အစားဆိုရင် မမကြူက အထည် ၆၀ လောက်ရှိရင် ကျွန်တော့် မှာ အထည် ၂၀ ပြည့်အောင် ဘယ်တော့မှ မရှိဘူး၊ အိမ်မှာ ဆိုရင် ကျွန်တော် က သိုးမည် တစ်ကောင်ပေါ့၊ တကယ့်လူဆိုး၊ မမကြူက တကယ့် သမီးလိမ္မာ။

‘ဒီတော့ မနာလိုစရာရှိရင် ကျွန်တော် ကသာ မမကြူကို မနာလိုရမှာ ပေါ့၊ ကျွန်တော် က နေရာတိုင်းမှာ နိမ့်ကျနေတဲ့လူပဲ၊ ဒါပေမယ့် တိုင်စရာရှိရင် မမကြူက ကျွန်တော့် ကိုနည်းနည်း မှမညှာဘူး၊ တိုင်ပစ်လိုက်တာပဲ၊ ကျွန်တော် ကတော့ သူ့ကို ညှာတယ်၊ သူအချစ်တော် ထားတဲ ကိစ္စကအစ သူမိဘဆီ မျက်နှာမလှမှာ စိုးလို့ ပြန်မတိုင်ပါဘူး။

‘သူတို့အကြောင်း တစ်ကျောင်းလုံးသိတယ်၊ နောက်တစ်ခု ခြောက်ခွက်ဝင်တဲ့ ဓာတ်ဘူးကြီးတစ်ခု သူ့လက်ထဲက ကျကွဲသွားတာ ကျွန်တော့်  မျက်စိရှေ့တွင် ၊ မေမေက သိပ်နှမြောတတ်တာ၊ သူ့မုန့်ဖိုးထဲက ဖြတ်မှာ သေချာတယ်၊ အဲဒါကြောင်တစ်ကောင် ကြောင်အိမ်ပေါ်တတ်လို့လို့ ညာပြောတာ၊ ကျွန်တော် သိလျက်သားနဲ့ ပြန်မပြောဘူး။

ကျွန်တော် နဲ့  မကြူနဲ့  အထက်အောက်ပေမယ့် အသက်က လေးနှစ် ကွာတယ်။အတန်းကလည်းလေးတန်းပဲ ၊ သူရောကျွန်တော် ရော တစ်နှစ် တစ်တန်း မှန်မှန်အောင်ကြတယ်။ တစ်ခုပါပဲ၊ ကျွန်တော် ကတိုက်ဖွိုင် ဖြစ်လို့  ကျောင်းကခဏထွက်လိုက်ရတယ်။ဒါ့ကြောင့် ကျွန်တော် က တက္ကသိုလ်ရောက်တော့ သူဘွဲ့ ရပြီးတာ တစ်နှစ် ရှိပြီ ။

ကျောင်းဆရာမ ၀င်လုပ်နေပြီ၊တစ်ခုပါပဲ ကျွန်တော် ကျောင်း ပြန်နေပြီးလို့  တစ်နှစ် တည်းပဲ ဖြေအောင်တယ်။ကျွန်တော် က ဒီတစ်ခုရှားရှားပါးပါး လာပေမယ့် သူကဒီတစ်လုံးမှပါမလာဘူး။ ဒါတောင်အသေအလဲ ကျက်တာနော်၊အမှတ်ြ ကတော့ ကောင်းကြပါတယ်။ ပညာရေး တက္ကသိုလ် အမှတ်မှီသလို ကျွန်တော် လဲမှီတာပဲ'

‘ဘာ ဖြစ်လို့ ပညာရေး တက္ကသိုလ် မသွားတာလဲ’

ကိုအောင်က ဖြတ်မေးလိုက်သည်။

‘ဟာ….ကျောင်းဆရာမ အလုပ်ကို ကျွန်တော် တကယ်ပျင်းတာ၊ ကျွန်တော် ဆရာ ဆရာမ တွေ ကြည့်ပြီး သိပ်သနားတာပဲ၊ ပြီးတော့ ကျွန်တော့် ပုံစံနဲ့ ဆရာမ လုပ်ရင် ကလေးတွေ့  ပျက်စီးမှာ သေချာတယ်’

‘ကိုယ့်ကိုကိုယ် သိသားပဲ’

ကိုအောင်က ပြေားရင် တဟားဟား ရယ်မောနေသည်။အောင်က ကိုအောင့်အားလှမ်းကြည့်ပြီး…..

အောင်က မှတ်မှတ်ရရ ပြန်ပြောပြီးနောက်….

‘ကျွန်တော် ဒီရတာ ကို မမကြူက ပျော်လို့မဆုံးဘူးဗျ။ နင် ကျက်လဲမကျက်ဘဲနဲ့ ဒီရတယ်၊ ကံကောင်းလို့၊ ကျွန်တော် လက်ရေး တွေ့ က လှလို့၊ ကျွန်တော် က ဖြီးတတ်လို့နဲ့ တဖွဖွ အချိန်ရတိုင်း ပြောနေတာ၊ သူ့သဘောတွေ ကျွန်တော် ရိပ်စားမိတာ ကြာပါပြီ၊ အဲဒီ တော့ ပိုပြီး သေချာသွားတာပေါ့။

‘အဲဒီ နှစ် မှာ ပဲ ကျွန်တော် ကားမောင်းတတ်တယ်၊ အမှန်က ဖေဖေတို့က သူ့ကို သင်ချင်တာ၊ သူက ကြောက်တတ်လို့ မသင်ဘူး၊ ကားကလဲ ကိုယ်ပိုင်မဟုတ်ပါဘူး ကိုလတ်ရာ အစိုးရပေးတဲ့ ကား၊ ကျွန်တော် က ရုံးက ကားမောင်းတဲ့ကိုအေးကို စည်းရုံးပြီး ဖေဖေတို့ မေမေတို့ အလစ်မှာ ခိုးခိုးပြီး သင်ရတာ ၊ တစ်ပတ်ပဲ သင်ရပါတယ်၊ မောင်းတတ်နေပြီ။

‘ပါကင်လုပ်တာတွေ ၊ နောက်ဆုတ်တာတွေ ၊ တိုင်ထဲဝင်တာတွေ ဆို နှစ် ရက်နဲ့ တတ်တယ်၊ ကားက ရုံးကပေးထားတဲ့ ဂျစ်ကား၊ ရော့(ဒီ) ဂီယာနဲ့ နောက် ဟဲင်းဂီယာ(လက်ကိုင်ဂီယာ) ကားလဲ ကျွန်တော် ရအောင် မောင်းတာပဲ၊ ကားက လဲ မောင်းတတ်ကာစဆို သိပ်မောင်းချင်တာ ၊ ၇န်ကုန့်ရောက်ရင် ဘကြီးလူပျိုးကြီးက ဒရိုင်ဘာမရှိတော့ ကျွန်တော် ပဲ သူသွားချင်ရာကို လိုက်လိုက်ပို့ပေးရတယ်။

‘အဲဒါကို သူတို့လဲ သိလျက်သားနဲ့ ကျွန်တော် အိမ်ကျ ကားမောင်းခွင့် မရဘူး၊ မမကြူက ကျွန်တော့် ကို ကားမမောင်းရအောင် ကျွန်တော့်  ကွယ်ရာ ကန့်ကွက်ထားတယ်၊ ကျွန်တော် မောင်းရင် သူလဲ မစီးဘူးတဲ့၊ ပြီးတော့ ကျွန်တော် ကားမောင်းသင်တာ သက်သက်မဲ့ အလေလိုက်ရအောင်လို့ ဆိုတာ လူတကာကို လိုက် အတင်းပြောတယ်။

‘အဲဒီ တော့ ကျွန်တော် သိပ်စိတ်ဆိုးတာပဲ၊သူနစ်နာအောင် ကျွန်တော် ကလည်း တစ်ခွန်းမှ မပြောရဘဲ သူကကျွန်တော့်  အကြောင်းပြောရင် နည်းနည်း မှမညှာဘူး၊ မထိခလုတ် ထိခလုတ်နဲ့  ကျွန်တော့်  သိက္ခာလေးတွေ ရှိသမျှကိုတစ်ခါတည်း သူ့ ဖိနပ်အောက်ရောက်အောင် လုပ်ပစ်တတ်တယ်။ကျွန်တော် ကဗျောင်သမား ဗြောင်ချဲပစ်တော့ အိမ်မှာ ကျွန်တော့် လောက် ဆိုးတဲ့လူ မရှိုဘူးပေါ့’

Cover


ဝန်ဇင်းချစ်သူများ ခင်ဆွေဦး ၏ “ အောင်ရဲ့အောင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝါဆိုဦးကပန်ဖူးတယ်

အင်ကြင်းရဂုံ

Beloved Country