Cover

ကိုယ့်မေတ္တာကို တန်ဖိုးထားပါ
အခန်း(၁)

စိန်ရောင် သင်းက ကားစက်ကို ညင်သာစွာ သပ်လိုက်သည်။

ကားသော့ ကိုဖြုတ်ယူပြီး ကားတံခါးကို ဖွင့်လိုက်၏ ။

တန်ဖိုးကြီးကြီးကားနှင့် အမှန်ပင်ထိုက်တန်သူ ဖြစ်သည်။

ကြမ်းကြမ်းတမ်းတမ်း ပစ်စလက်ခတ်လုံးဝမရှိ။

ကားပေါ်မြတ်နိုးစွာ ရိုသေကိုင်တွယ်သည်။

“သက္ကဥဂ္ဂါ” ဘက်ကိုလှည့်ကြည့်ပြီး ပြုံးပြသည်။ သူ့အပြုံးက နွေးထွေးရင်းနှီးသည်။ မောက်မာရင့်သီးမှု မပါ။ ခွဲခြားကြီးကျယ်မှု မရှိ။ ပကတိဖြူစင်သန့်ရှင်းသည်။

“သက္က” အံ့အားသင့်မိရင်း ပြန်ပြုံးမိပါသည်။

“ကဲ…….ရောက်ပြီ ဒါ ကိုယ်တို့အိမ်ပဲ ငါ့ညီ”

“ဟုတ်ကဲ့”

သက္ကလည်း ကားတံခါးဖွင့်လိုက်ပြီး ဆင်းလိုက်သည်။

“မင်း ဒီမှာ ပဲ လာနေပေါ့ကွာ…….မနက်ဖြန်ပဲ ပြောင်းလာခဲ့……. ဟိုဘက်က တိုက်ပုလေး မှာ မင်းနေ…….အဲ့ဒါ ပစ္စည်းတွေ တစ်ခါတစ်လေ လှောင်တဲ့ဂိုဒေါင်…….မင်း နေလို့ရပါတယ်”

“ဟုတ်ကဲ့…….ကျေးဇူးတင်ပါတယ် အစ်ကို”

“အေး ဟုတ်ပြီကွာ…….မနက်ဖြန် မနက်ပိုင်းပဲ ပြောင်းလာပေါ့…….မင်းနေရမယ့်နေရာ လည်း သွားကြည့်လိုက်ဦး”

သက္ကက ခေါင်းညိတ်သော အခါ စိန်ရောင် လင်းက ပခုံးတစ်ချက်ပုတ်ပြီး အိမ်ထဲဝင်သွား၏ ။

ခြံဝင်းကျယ်ကြီးထဲမှာ ထည်ဝါသော တိုက်ကြီးနှင့် တော် တော် ချမ်းသာပြည့်စုံသူတွေ ပါလား။

စိန်ရောင် လင်း၏ ကုမ္ပဏီကိုလည်း ရောက်ခဲ့ပြီးပါပြီ။

“သက္က”သည် စိန်ရောင် လင်း၏ သည်နေ့မနက်မှခန့်လိုက်သော အလုပ်သမားအသစ် တစ်ဦး ဖြစ်ပါသည်။

Diamond Spider ဟု အမည် ရှိသော ကုမ္ပဏီ၏ နာမည် ကြီးမှု ကို သူအစောကြီးကတည်း က ကြားသိထားပါသည်။

မည် သည့်ဝန်ထမ်းကိုမှ မနှိမ်ဘဲ…….ထိုက်တန်သော လစာနှင့် စေတနာမေတ္တာကြီးမား တာ၊ အလှူအတန်းရက်ရောတာ၊ ကူညီနွေးထွေးတာ ဒါတွေ အားလုံး သူသိခဲ့ပါသည်။

စိန်ရောင် လင်းသည် လူချစ်လူခင်များ လှသော သဘောမနောကောင်းလှသော သူဌေး တစ်ဦး ဖြစ်ပါသည်။

လက်တွေ့ ဆက်ဆံရသော အခါ ထင်ထားတာထက်ပင် ပို၍ လှိုက်လှဲဖော်ရွေနေသေးသည်။

သက္ကကျေနပ်စွာ တွေးမိရင်း ထိုကုမ္ပဏီမှာ အလုပ်ရတာ ပျော်မိသည်။ ဆက်သွယ်ပေးခဲ့ သော သူငယ်ချင်းလင်မယားကို နောက်တစ်ပတ်မှာ လက်ဆောင်တစ်ခုခုနှင့် ကျေးဇူးတင်ကြောင်း သွားပြောရပါမည် ။

သူ…….နေရမည့်  တိုက်ပုလေးရှိရာ ဘေးတစ်ဖက်ကို လျှောက်သွားကြည့်မိသည်။ မဆိုးလှ ပါ။ သူ အိမ်ငှားနေစရာ မလိုတော့ပေ။

သူ ငှားနေသော အိမ်ကလေးကလည်း ငုပ်ငုပ်စုတ်စုတ်ကလေးပါ။ ထိုအိမ်လေးထက်စာရင် သည်ဂိုဒေါင်တိုက်ပုလေးက အစများ စွာ သာနေတော့သည်။

သူ့မှာ က မိဘတွေ မရှိတော့ပါ။ အစ်ကိုကြီးနှင့် မရီးကလည်း နယ်မှာ ပါ။ သူက တစ်ယောက် တည်းရပ်တည်လှုပ်ရှားနေသော တစ်ကိုယ်တည်းသမား ဖြစ်သည်။

သက္ကက တိုက်ပုလေးရှေ့မှာ ရပ်ပြီး မနက်ဖြန်အတွက် စဉ်းစားစီစဉ်နေသည်။ ဘယ်ကိစ္စ မဆို ခေါင်းထဲမှာ အရင်အစီအစဉ်ဆွဲရသည်။ ဒါမှ လက်တွေ့ မှာ သေသပ်ကျနမှာ ။

ထိုအချိန်မှာ ပဲ ကားဟွန်းတီးသံနှင့် အတူ အိမ်ထဲက ဦးလေးကြီးတစ်ဦးပြေးထွက်လာပြီး ခြံတံခါးဖွင့်ကာ…….ကားတစ်စီး ခြံထဲဝင်လာတာကို လှမ်းမြင်လိုက်ရသည်။

ဧည့်သည်များ လား။

သက္က ရပ်ကြည့်နေမိသည်။

ဝင်လာသော ကားလေးက သူတို့စောစောက ရပ်ထားသော ကားဘေးမှာ တုံ့ကနဲရပ်ပြီး ကောင်မလေး တစ်ယောက် ဆင်းလာသည်။

ကောင်မလေးက ဆံပင်ညီညီ ဖောင်းဖောင်းလေးနှင့် ဖြူလွှသော တစ်ဆက်တည်း ဂါဝန် ရှည်ကလေးနှင့် သွက်လက်စွာ လျှောက်လာ၏ ။

သက္ကသတိလက်လွတ် ငေးနေမိသည်။

ချစ်စရာကောင်းလှချည်လား။

ဖြူဝင်းသော အသားကလေးနှင့် မပိန်မသွယ် မပုမ၀ အနေတော် ပုံစံကလေးနှင့် လျှောက် လှမ်းလာပုံက နွဲ့နှောင်းညင်သာလွန်းလှ၏ ။

“ဦးစံ”

“ဗျာ…….ကလေး”

“ကိုကို ပြန်ရောက်နေပြီလား”

“ဟုတ်တယ် ကလေးရဲ့ ”

ခြံတံခါးဖွင့်ပေးသော ဦးလေးကြီးနှင့် စကားဆိုနေတာကြားရသည်။ ဂါဝန်လေးမကာ စီးထားသော ကြိုးသိုင်းဖိနပ်လေးကိုဖြုတ်ပြီး တိုက်ထဲဝင်ရောက်သွားမှ သက္ကသက်ပြင်းချမိသည်။

ကိုစိန်ရောင် လင်းနှင့် ဘယ်လိုပတ်သက်ပါလိမ့်။

သည်မှာ အလုပ်ရအောင် ပြောပေးခဲ့သော သူငယ်ချင်းသည် ထိုမိန်းမချောလေး အကြောင်းကိုတော့ တစ်ခွန်းမှမဟခဲ့ပါလား။ တမင်ထိန်ချန်ခဲ့တာလား…….ပြောဖို့မလိုတာ ကြောင့် လား…….။

စည်းကမ်းကြီးတာ စေတနာကောင်းတာ ရိုးသားကြတာ ဒါတွေ ပဲ ပြောပြခဲ့ပါသည်။

ပြီးတော့ စိန်ရောင် လင်းမှာ လည်း သူ့လိုပဲ မိဘတွေ မရြှိ ကတော့တာ သိခဲ့ရသည်။

“လူလေး”

“ခင်ဗျား”

“ဦးစံ” ဆိုသော အဖိုးကြီးက သူ့အနားရောက်လာသည်။ သူ့ကို ခေါ်လိုက်တာမို့ အံ့အား သင့်ရသည်။

“မောင်စိန်ရောင် က ခေါ်နေလို့ကွဲ့…….လာပါဦးကွာ”

“ဟုတ်ကဲ့”

သူ ချက်ချင်း ပဲ ဦးစံနောက်က ပါလာခဲ့ရသည်။

ခမ်းနားထည်ဝါသော ဧည့်ခန်းမှာ စောစောကကောင်မလေးနှင့် အတူ ကိုစိန်ရောင် လင်း ကိုပါ တွေ့ လိုက်ရသည်။

လယ်သာဆိုဖာအနက်ရောင် ထဲမှာ ကောင်မလေးက ပျောက်လုနီးပါးရှိနေသည်။ ဆိုဖာခုံ ကြီးတွေ က အင်မတန်ကြီးသည်။

စိန်ရောင် လင်းက ဟဲင်းန်ဖုန်းနှင့် ဖုန်းပြောနေတာမို့ သူလည်း အလိုက်သိစွာ ရပ်စောင့် နေမိသည။်

ကောင်မလေးက လက်ထဲကိုင်ထားသော ဟဲင်းန်ဖုန်းကို မေးစေ့မှာ ထောက်ပြီး သူ့ကို တည့်တည့်စူးစူးကြည့်နေသည်။ သက္ကဘာလုပ်ရမှန်းမသိဘဲ အကြည့်လွှဲကာ နေမိသည်။

သူ့ကို ခြေအဆုံး ခေါင်းအဆုံး အားမနာတမ်းကြည့်နေတာ သိပါသည်။ မလုံမလဲ ဖြစ်စရာ တော့လည်း မလိုပါ။

မိန်းကလေး တစ်ယောက် ၏ အကြည့်ကြောင့် ခေါင်းငုံ့သိမ်ငယ်စရာလည်း မလိုပါ။

သူ့မှာ ချမ်းသာကြွယ်ဝမှု မရှိပေမယ့် ရိုးသားမှု နှင့် မာနတော့ရှိသည်။ ကောင်မလေး၏ စူးစမ်းသော အကြည့်မှာ သူ့မျက်နှာက တဖြည်းဖြည်းမှု န်တည် တင်းမာလာရသည်။

ကိုစိန်ရောင် လင်း ဖုန်းပြောပြီးချိန်ကို မနည်းသည်းခံစောင့်ဆိုင်းနေရသည်။ ကောင်မလေး က အတော် ကလေးကြာတော့မှ အကြည့်လွှဲသွားပြီး မုန့်စားပွဲပေါ်က အအေးဗူးလေးလှမ်းယူလိုက် ၏ ။

နီးနီးကပ်ကပ်ကြည့်မိတော့မှပဲ ဘုရားသခင်သည် မိန်းကလေး တစ်ယောက် ကို သည်မျှ ပြည့်စုံလှပစွာ ဖန်ဆင်းထားပါလားဆိုတာ သိခွင့်ရသည်။

ဘယ်လို ဆုတောင်းကြောင့် လဲ။

ဘယ်လို ကုသိုလ်ကြောင့် လဲ။

ဘယ်လို စိတ်ထားကြောင့် လဲ။

ပြည့်စုံတောက်ပသော အလှမှာ ဟာကွက်တစ်ခုမှမရှိ။

လက်ချောင်းလေးတွေ ကအစ…….ဆံနွယ်လေးတွေ အဆုံး အားလုံးပဲ နူးညံ့လှပလွန်းသည်။

ပန်းနုရောင် ပြေးနေသော အသားလေးသည် ၀င်းလက်မှု တမျိုးနှင့် ဆွဲဆောင်မှု တမျိုးရှိ သည်။ အရေပြားမှာ ကိုက ညှို့ဓာတ်ရှိနေတာသေချာသည်။ အသက်ပါသော မျက်လုံးတွေ ၊ နှုတ်ခမ်းတွေ မဆိုထားနှင့် …….

မျက်တောင်ကော့ကော့ရွှန်းရွှန်းများ ၀န်းရံထားသော မျက်လုံးကလေးသည် ၀ိုင်းစက်ကြည် စင်ကာ စိန်ပွင့်တွေ လို တဖျတ်ဖျတ်ခတ်နေသည်။ နှုတ်ခမ်းလေးက နီထွေးပြီး ပုံကျသေသပ် လွန်းသည်။

လှလိုက်တာကွာ…….

သက္ကအကြည့်မလွှဲနိုင်ဘဲ ငေးနေမိသည်။

သူများ တွေ လည်း ငေးကြည့်ကြမှာ ပါပဲ။

သည်လောက် ဖမ်းစားနိုင်သော ညှို့ငင်ယူနိုင်သော လှပမှု ရှိနေတာ ဘယ်သူမငေးပဲ နေနိုင်မှာ လဲ။

“အော်…….ငါ့ညီ”

သူ့ကို တွေ့ ကတည်းက ငါ့ညီဟုသာ တရင်းတနှီးခေါ်ခဲ့သည်။

“အေး…….လာကွာ”

စိန်ရောင် လင်းကပါ ဆိုဖာမှာ ၀င်ထိုင်ပြီး သူ့ကိုခေါ်၏ ။

“လာ…….ထိုင်ပါ”

ကောင်မလေးက အအေးဗူးကို မှန်စားပွဲပေါ်ပြန်ချပြီး စိန်ရောင် လင်းကို လှမ်းကြည့်သည်။

“ဒါ…….ကိုယ့်ညီမလေး ကိုယ်တို့က မောင်နှမနှစ် ယောက် ပဲရှိတာ…….ညီမလေးနဲ့ မင်းကို တွေ့ ပေးရအောင်ခေါ်လိုက်တာပဲ”

သက္ကခေါင်းညိတ်မိသည်။ ထိုကောင်မလေးနှင့် မကြည့် ဖြစ်အောင်ထိန်းထားသည်။ ကြည့် ဖြစ်လျှင် မနေနိုင်ပါ။ တော် တော် နှင့် မျက်လုံးမလွှဲနိုင်ပါ။ သူဘာလို့ အဲဒီ လောက် ငမ်းကြော ထူမိတာလဲ။ ဘာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်ရတာ လဲ၊ ရှက်စရာတော့ကောင်းနေပြီ။

“ညီမလေး ဒါပေါ့ ကိုယ်မနက်က အသစ်ခန့်လိုက်တာ…….ကားမောင်းညင်သာတယ်၊ မဆိုးဘူး…….ဒါကြောင့် အိမ်မှာ ပဲသုံးဖို့ရွေးလိုက်တာကွ၊ နောက်သုံးယောက် က ကုမ္ပဏီအတွက် ညီမလေးအမြဲမောင်းနေတာ ကိုကိုစိတ်မချဘူး”

“ကောင်မလေးက စကားတစ်ခွန်းမှ မဆို”

“သက္ကဥဂ္ဂါတဲ့”

စိန်ရောင် လင်းက သူ့ညီမမျက်နှာလေးကို ချစ်စနိုးကြည့်ကာ ပြောနေသည်။

“ဒါ…….ကိုယ့်ညီမ စိန်ပင့်ကူတဲ့”

ကောင်မလေးမျက်နှာက မရယ်မပြုံးနှင့် သိပ်အလိုမကျပုံပါ။

“ကိုကိုသဘောကျရင်ပြီးတာပဲ……. “ပင့်” သွားတော့မယ်”

ဇက်ကနဲထပြီး သူ့အစ်ကိုကိုပြောလျက် ခြေလှမ်းစသည်။

စိန်ရောင် လင်းက မူတူတူလုပ်သွားသော သူ့ညီမကို ပြုံးပြကြည့်နေသည်။

“ပင့်က ကလေးလိုပဲ…….တခြားနေရာတွေ သာ လူကြီး ဖြစ်နေတာ ကိုယ်နဲ့ဆို ကလေးလေး လိုပဲ”

ဘယ်လိုပဲ ဖာဖာထေးထေးပြောလိုက်သော်လည်း သက္ကကို ပင့်သဘောမကျဘူး၊ အလုပ် မခန့်ချင်ဘူးဆိုတာ သက္ကလည်းသိသည်။ စိန်ရောင် လင်းလည်း သိသည်။

“စိန်ပင့်ကူ” က တစ်စုံတစ်ရာမပြောခဲ့သော်လည်း သူတို့ကိုသိစေသည်။ သက္ကရင်ထဲ တစ်မျိုးကြီး ဖြစ်မိသည်။

ဒါကြောင့် သူဝင်လာကတည်းက စိမ်းစိမ်းကြီးစူးစမ်းနေတာကိုးဟု နားလည်လာမိသည်။

သူ့အစ်ကို အသစ်ခန့်လိုက်သော ဒရိုင်ဘာကို ဘယ်လိုပါလိမ့်ဟု သိချင်နေတာ ဖြစ်မည် ။ ဦးစံနှင့် လာခေါ်ခိုင်းတာကြောင့် ဖြစ်မည် ။

“ကဲ…….ငါ့ညီ…….ရပြီကွ…….မနက်ဖြန်မနက်မှ လာပေါ့”

“ဟုတ်ကဲ့ အစ်ကို”

သက္ကဆတ်ခနဲ ခေါင်းညိတ်သည်။

စိန်ရောင် လင်းက ခန့်ခဲ့ပြီပဲ။ သူ့ညီမက ဘယ်လိုကန့်ကွက်နိုင်မှာ လဲ စိန်ရောင် လင်းက ညီမငယ်ကိုချစ်ပေမယ့် အရာရာအလျှော့ပေး အလိုလိုက်ပုံတော့ မရပါ။

ဆုံးဖြတ်ပိုင်ခွင့်သည် စိန်ရောင် လင်းလက်ထဲမှာ ရှိသည။်

ထို့ကြောင့် စိန်ပင့်ကူကို သက္ကသိပ်ပြီး ထည့်တွက်စရာမရှိ။

“လူလေး မနက်ဖြန်ဘယ်အချိန်လာမလဲ”

ဦးစံက လှမ်းမေးပါသည်။

“ဟိုဘက်ဂိုဒေါင်မှာ နေမှာ ဆို အိပ်ယာပြင်ထားပေးရမယ်မဟုတ်လား၊ ဦးစံက ကားဂိုဒေါင် အပေါ်ထပ်မှာ နေတယ်ကွ…….ဒီမောင်နှမ သိပ်သဘောကောင်းတယ်၊ မင်းသဘောကျမှာ ပါ”

ဦးစံက ခြံဝင်းတံခါးလိုက်ဖွင့်ပေးရင်း ဆိုပါသည်။

“ကျွန်တော် မနက်စောစောပဲ လာခဲ့မယ်”

“အေးကွာ…….ကောင်းပါတယ်”

“သွားဦးမယ်…….ဦးလေး”

ဦးစံကို နှုတ်ဆက်ပြီး သူထွက်လာခဲ့သည်။

သူ့ခြေလှမ်းတွေ ကို သူငုံ့ကြည့်ပြီး ဘ၀မှာ ပထမဆုံးအကြိမ် ကိုယ့်ဘ၀ကို စိတ်ပျက်သွားမိ သည်။

မြင်မြင်ချင်းပင် စိန်ပင့်ကူဆိုသော ကောင်မလေးကို သူအငမ်းမရ ဖြစ်နေမိသည်။ ပိုင်ဆိုင် ချင်သည်။ မက်မောသည်။

သူ့ကိုသူ မညာချင်ပါ။ ထိုကောင်မလေးကိုသာ ပိုင်ဆိုင်ခွင့်ရလျှင် သူတော် တော် ပျော်မည် ။

သွားလာလှုပ်ရှားရုန်းကန်နေသော သူ့ဘ၀မှာ သည်မျှနစ်ဝင်သဘောကျမိသွားသော မိန်းကလေးမရှိခဲ့သေးပါ။

ချက်ချင်း ပဲ စွေ့ကနဲ ပွေ့ချီကောက်ယူပြီးအားလုံးနှင့် ဝေးရာ ခေါ်သွားချင်သည်။ သူ့ကို ချစ်လွန်းလို့ပါ။

သူ့စိတ်တွေ သည် သူ့အနေအထားအားလုံးကို သူမေ့လျော့သွားအောင် ဖြစ်စေသည်။

တန်တာ မတန်တာ ဖြစ်နိုင်တာ မ ဖြစ်နိုင်တာ မစဉ်းစားမဆင်ခြင်နိုင်လောက်အောင် မှော င်ပိတ်သွားသည်။

သူ့စိတ်၏ ဆန္ဒကို သူဘယ်လိုမှ ဘရိတ်အုပ်လို့မမီ။

သည်လိုမျိုး တစ်ခါမှ မ ဖြစ်ဖူးပါ။

လှပသော ကောင်မလေးတွေ သူတွေ့ ခဲ့ဖူးသားပဲ…….ချမ်းသာသော ကောင်မလေးတွေ လည်း သူတွေ့ ခဲ့ဖူးသားပဲ…….သည်လို မိုက်မိုက်ရူးရူး ဘာမှမမြင်နိုင်အောင် မ ဖြစ်ခဲ့ပါ။

အပြစ်တင်စရာကောင်းတာ ကတော့ သူငယ်ချင်းကိုအောင်တို့ လင်မယားပါပဲ၊ Diamond Spider မှာ အလုပ်ဝင်မယ့်သူ့ကို ဒိုင်းမွန်းစပိုက်ဒါမလေးအကြောင်း မပြောပြလိုက်တာပါပဲ။

စိန်ပင့်ကူလေးကို မြင်မှပဲ သူတောင်သိခွင့်ရသည်။ ကြိုတင်မသိခဲ့ပါ။ မိဘနှစ် ပါးက အင်မတန်ချစ်လွန်းလို့သာ လုပ်ငန်းမှန်သမျှ “စိန်ပင့်ကူ” ဆိုသော သမီးလေး၏ အမည် နှင့် လုပ်ခဲ့ တာ ဖြစ်မည် ။

“စိန်ပင့်ကူရယ်…….နာမည် နဲ့လိုက်အောင် မင်းချည်နှောင်တတ်ပါလေတယ်။ မင်းရဲ့ ချည်နှောင်မှု မှာ ကိုယ်တကယ်ပဲ အငိုက်မိရုန်းမရအောင် ဖြစ်သွားခဲ့တယ်။ သတိလက်လွတ်ပါပဲ။

“စိန်ပင့်ကူ” ဆိုတဲ့အတိုင်း မင်းရှေ့ရောက်လာတဲ့သူကို မမြင်နိုင်တဲ့စေးထန်းတဲ့ အမျှင် တွေ နဲ့ လာရောက်ရစ်ပတ်တုပ်နှောင်လိုက်သလို ငြိတွယ်လှုပ်မရ ဖြစ်ခဲ့ရတယ်။

ကိုအောင်က ဒီလောက်အရေး ကြီးတဲ့ကိစ္စကို ကြိုမပြောခဲ့ဘူး။ ကြိုပြောထားခဲ့ရင် ကိုယ် သတိထားမှာ ပေါ့၊ ကာကွယ်မှာ ပေါ့၊ ကိုယ့်သိက္ခာတွေ ဘုတ်ခနဲပြုတ်ကျအောင် ဟန်ဆောင် ပန်ဆောင်ထိန်းထားမှာ ပေါ့။

မှော်မလေးရှိတယ်၊ မင်းကို ညှို့လိုက်မယ်လို့ လက်တို့သတိပေးသင့်ပါတယ်။

သူရှက်ရှက်နှင့် ရယ်မိသည်။

တစ်ခါမှ သည်လောက်အရှက်နည်းစွာ အငမ်းမထူခဲ့ပါဘူး။

စိန်ပင့်ကူနဲ့တွေ့ မှ…….

* * *



ပင့်က မှန်ရှေ့မှာ ရပ်ပြီး နှုတ်ခမ်းကိုက်မိသည်။

တကယ်ပါပဲ…….ဘယ်လို အစ်ကိုလဲ။

ကားမောင်းဖို့ခေါ်လာတာကလည်း ငယ်ငယ်ချောချော…….ငမ်းကြောထူထူ……. မျက်လုံး ကျွတ်ကျမတတ်ငေးလိုက်တာ။

သိပ်ရိုင်းတာပဲ။

ဝတ်ထားတာကလည်း ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်နှင့် …….စတိုင်ကအပြည့်…….အလုပ် သမားနှင့် မတူ။

ဟင်…….ကိုကိုညံ့လိုက်တာ…….။

ညီမချောချောလေးကို စိတ်ချလက်ချရှိလွန်းတာလား ပူပင်ရမှန်းမသိတာလား ယုံကြည်မှု လွန်ကဲတာလား။

ဖေဖေနဲ့ မေမေသာဆို ဒါတွေ မစဉ်းစားမိမှာ ကာကွယ်မိမှာ …….ကိုကို ကတော့ လူငယ် လည်း ဖြစ်ပြန်…….ခေတ်လည်းမီတော့ တွေးပူရမှန်းမသိ။

ဟိုလူကလည်း ဟိုလူ…….

ပင့် ကြည့်နေတုန်းက မျက်နှာလွှဲထားပြီး ပင့်လည်းမကြည့်တော့ သူအခွင့်အရေး ရတာ အားမနာတမ်းကြည့်နေလိုက်တာ…….။

သူ့ပုံစံတော့ မဆိုးလှပါ။

ရုပ်ရည်က ယောက်ျားပီသသည်။ ကြံ့ခိုင်မာကျစ်ပြီး စိတ်ရောလူပါ ကျန်းမာသွက်လက်ပုံ ရသည်။

ကိုကိုက ဒါကိုရွေးခဲ့တာများ လား။

တံတောင်ဆစ်အောက်တစ်လျှောက်လုံးမှာ လက်ဖမိုးပေါ်မှာ လက်ချောင်းတွေ ပေါ်မှာ ပါ မွှေးညှင်းများ နှင့် စိမ်းစိုနေသည်။

မျက်လုံးအစုံက ကြည်လည်စူးရှပြီး အားတစ်မျိုးရှိသည်။ ဆံပင်တွေ ကို သေသေသပ်သပ် ဖီးထားပြီး မျက်နှာလည်း တည်တင်းသည်။

ပင့် ဘာလို့ မှတ်မိနေတာလဲ။

တစ်ခုချင်း အသေးစိတ်မှတ်မိနေတာ ကြာကြာကြည့်မိလို့များ လား။ အလိုမကျစွာ စိုက်ကြည့်နေခဲ့မိတာပါ။

ဒါမျိုးကို ခေါ်လာစရာလား အလုပ်ခန့်စရာလားဟု မကျေနပ်ချင်ပါ။ ကိုကိုဆုံးဖြတ်ပြီးသားမို့ မတားချင်ပါ။ တားလည်းရချင်မှရမှာ ကိုကိုက စိတ်ပြတ်သည်။

“ပင့်…….ညီမလေး”

“လာပြီ”

ကိုကို့ခေါ်သံကြောင့် အခန်းထဲကထွက်ပြီး ဧည့်ခန်းထဲရောက်လာသည်။ အပေါ်ထပ် ဧည့်ခန်းမှာ ကိုကိုက ထိုင်နေသည်။

“သက္ကကို သဘောမကျဘူးလား”

“အင်း”

မောင်နှမချင်း ဘာမဆို ပွင့်လင်းစွာ ပြောဆိုနေကြပါ…….ငယ်ငယ်လေးကတည်းက တိုင်ပင်စရာ ကစားဖော်ကစားဖက် သူငယ်ချင်းလိုလည်း ဖြစ်နေခဲ့သည်။ မောင်နှမ နှစ် ယောက် တည်းရှိတာကိုး…….။

“ဘာလို့လဲ”

“ကြည့်တာကလည်း ရိုင်းလိုက်တာ”

“ရိုးလို့ပါကွာ”

ကိုကိုက ကာကွယ်ပြောဆိုပေးသည်။

“ဟွန်း…….ငမ်းကြောကိုထူတာ”

စိန်ရောင် လင်း ရယ်သည်။

“ဟုတ်တယ်…….ကိုကိုခေါ်တာ မကြားဘူး”

“သိရက်သားနဲ့များ ကိုကိုရယ်”

စိန်ပင့်ကူက နှာခေါင်းလေးရှုံ့ပြီး ညည်း၏ ။

“အဲ့ဒါ ရိုးသားလို့ပေါ့…….မဖုံးတတ် မဖိတတ်…….စိတ်ထဲရှိသလို ဖြစ်သွားတာ……. လူလည်ဆို ထိန်းမှာ ပေါ့…….ဒီထက်ပိုသဘောကျတယ်ထားဦး ဒီလောက်ရုပ်ပျက် ဆင်းပျက် ဖြစ်မှာ မဟုတ်ဘူး”

ကိုကိုက သဘောကျ ကျေနပ်နေသေးသည်။

“ဒီခေတ်ထဲမှာ ရိုးသားမှု က ရှားပါးနေပြီ။ ကိုကိုရွေးလိုက်တာ မမှားဘူး…….ဟုတ်တယ် မဟုတ်လား ပင့်”

ကိုကိုက ဂုဏ်ယူနေသေးသည်။

ပင့် ဘာများ ပြောရတော့မလဲ။

ပင့်က မိန်းမသားပါ…….ကိုကိုက ယုံကြည်မှု တွေ လွန်ကဲနေပြီ။ ထိန်းသိမ်းတတ်တယ်……. နေတတ်တယ်ဆိုပေမယ့် သည်လိုနီးနီးကပ်ကပ်ကြီး ကြည့်နေရင် စိတ်အနှောင့်အယှက်တော့ ဖြစ်မိမှာ ပဲ။

ဘယ်သူပဲ ဖြစ် ဖြစ် ဒီလိုပဲရှိမှာ …….။

ပင့်ကရော ဘာသားနှင့် ထုထားတာမို့လဲ။

“ကဲပါကွာ…….ပင့် စိတ်လျှော့ထားပါဦး…….အဆင်မပြေရင် ကိုကိုလဲပေးပါ့မယ်……. ဒါ ခဲယဉ်းတာမှ မဟုတ်ဘဲ”

စိန်ရောင် လင်းက ပင့် စိတ်အေးအောင်ပြောလိုက်သည်။

“ပြီးရော ပြီးရော ယာယီသဘောဆို ပင့်လက်ခံပါတယ်”

စိန်ရောင် လင်းနှင့် ပင့် တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ရယ်မိ၏ ။

“ကိုကိုကလည်း ကိုကိုပါပဲ…….ညီမလေးကို တစ်ခါတစ်လေ မေ့သွားတယ်…….ဆောရီးပဲ”

“ဟင် မေ့သွားတယ် ဟုတ်လား”

“ဟုတ်တယ် ကိုကို့လိုပဲ ယောက်ျားလေးလို ထင်နေမိတယ်”

နောက်ဆက်တွဲ စကားကြောင့် စိန်ပင့်ကူ နှုတ်ခမ်းလေးတွေ ပြုံးသွားသည်။

ကိုကို သည်လိုထင်တာ ပင့်ထက်လို့ လက်လို့ အရည်အချင်းရှိလို့ပေါ့။ ကိုကိုနဲ့တန်းတူ လုပ်ရည်ကိုင်ရည်ရှိလို့ ယှဉ်ပြေးနိုင်လို့ပေါ့။ မဟုတ်ဘူးလား။

ကြံဖန်ဘ၀င်မြင့်ပြီး ပြုံးစေ့စေ့ ဖြစ်နေမိသည်။

စိန်ပင့်ကူက ဖန်ခွက်ရှည်ချောချောလေးကို စားပွဲပေါ်အသာချပြီး “UPSA-C” ဗူးလေးကို ဆွဲယူဖွင့်လျက် “UPSA-C” တစ်လုံးထုတ်ယူ ရေဖန်ခွက်ထဲထည့်လိုက်သည်။ ကစားပြီးမောလျှင် သောက်ဖို့ပါ။

မနက်စောစောဆို အပေါ်ထပ်ဧည့်ခန်းနှင့် ကပ်လျက် အခန်းကျယ်မှာ စိန်ပင့်ကူ အေရိုးဗစ် ကစားလေ့ရှိပါသည်။

ထိုအခန်းကျယ်၏ မှန်တံခါးရှည်ကို နှစ် ဖက်စလုံးဖွင့်ပြီး ပြင်ပကလေကို ၀င်စေလျက် ကစားရတာ သိပ်အဆင်ပြေပါသည်။

လိုက်ကာရှည်နှစ် ခုကို ဘေးဆွဲကပ်ပြီး ခါးပတ်ကြိုးနှင့်ချည်ထားလိုက်၏ ။ မှန်တံခါးကို တွန်းဖွင့်လိုက်သည်။

အား…….အေးပြီး လတ်ဆတ်တဲ့ လေနုနုကလေး။

တကယ့်ကို အသက်ရှည်နုပျိုစေမည့်  သဘာဝဆေးပါ။ လေကောင်းလေသန့်ကို ရှူရှိုက် ရတာ အင်သစ်အားသစ် ဖြစ်စေပါသည်။

ရေဆူဆေးပြားလေးက ရေကြည်ကြည်မှာ ဆူတက်နေသည်။ စားပွဲပေါ်တင်ထားသော ကက်ဆက်စီလျှောက်သွားပြီး ကစားစဉ်ဖွင့်နေကြ တီးလုံးမြောက်မြောက်ကလေးဖွင့်သည်။

ဘယ်လောက်ပဲ အလုပ်ရှုတ်ရှုတ် မနက်စောစောကစားလိုက်ရမှ တစ်နေ့လုံး ပေါ့ပါး လန်းဆန်းပြီး နေရတာ ကောင်းသည်။

မကစား ဖြစ်လျှင် အီလည်လည်နှင့် နုံးသလိုလို လေးသလိုလိုအကျင့် ဖြစ်နေပါပြီ။

* * *



“ရပါတယ် ဦးစံ…….ကျွန်တော် ခင်းပါ့မယ်၊ ထားလိုက်ပါ ကျွန်တော် လုပ်ပါ့မယ်”

“အားမနာပါနဲ့ လူကလေးရဲ့ ”

“အားမနာပါဘူး၊ ကျွန်တော် က အခုအိပ်မှာ လည်း မဟုတ်သေးဘူး ထားခဲ့ပါ…….ညမှ ကျွန်တော် ခင်းပါ့မယ်၊ ဒါပင်ပန်းခက်ခဲတဲ့အလုပ်မှမဟုတ်ပဲဗျာ”

“အင်း…….မင်းလည်း မဆိုးဘူး”

“ခင်ဗျာ”

“မင်းကလည်း မောင်စိန်ရောင် လင်းလိုပဲ…….စိတ်ရင်းမဆိုးဘူး”

ဦးစံက မှတ်ချက်ပေးသည်။

“ကြီးပွားချမ်းသာလာမှာ ပါကွာ”

သက္ကရယ်နေမိသည်။ ဘာမှပြန်မပြောမိပါ။

“ကဲ…….ဒါဆို ဒီမှာ ထားခဲ့မယ်”

“ဟုတ်ကဲ့ ဦးစံ…….ထားခဲ့ပါ”

“ဦးစံ” အခန်းထဲကထွက်သွားတော့ သူက ပြတင်းပေါက်တံခါးသွားဖွင့်သည်။ လှောင်လှောင် မှော င်မှော င်ကြီးနှင့် နေမ၀င် လေမ၀င် ဖြစ်နေတော့ သူမနေတတ်ပါ။

ပြတင်းတံခါးဖွင့်မိတော့ မျက်လုံးတွေ က ကြည့်မိသည်။

ကြည့်မိတော့ မြင်ကွင်းထဲကို လှပသော အားကစားဝတ်စုံလေးနှင့် လှုပ်ရှားမှု လေး ၀င်ရောက်လာသည်။

သူဘ၀ကျစွာ လက်ပိုက်ရင်း ဆက်ရပ်နေမိသည်။

စိန်ပင့်ကူက သူလှမ်းကြည့်နေတာကို မြင်ပုံမရသေးပါ။

အပေါ်ထပ်မို့ သူက မော့ကြည့်ရသည်။ ဟိုဘက်က ချက်ချင်း မြင်ဖို့မလွယ်……. သည်လောက်လှနေတာတောင် ကစားတုန်းပဲလား…….သည်ထက်လှစရာမရှိတော့ပါ။

မနက်စောစောမှာ ကိုယ်မြတ်နိုးသော မိန်းကလေးကို မြင်ခွင့်ရတာ ကံကောင်းလွန်းပါသည်။ သူ့အတွက် ကျက်သရေမင်္ဂလာရှိသည။်

သည်ကောင်မလေးအတွက်သာဆို သူဘာမဆို လုပ်ပေးချင်ပါသည်။ ဘာလို့ အဲဒီ လောက် အထိ ဖြစ်ရတာ လဲကွာ…….

စိန်ပင့်ကူက မျက်နှာသုတ်ပ၀ါလေးနှင့် ချွေးသုတ်ရင်း မှန်တံခါးဆီလျှောက်လာ၏ ။ ခဏ နားလျှင် ဟိုဘက်သည်ဘက်လျှောက်နေကြပါ။

“ဟင်”

ဘွားကနဲမြင်လိုက်ရတာ မို့ စိတ်ထဲမှာ လန့်ပင်သွားမိသည်။ စိမ်ပြေနပြေကို ရပ်ကြည့်နေ တော့တာပါပဲလား။

ဒါ ရပ်ကြည့်စရာလား…….။

အားနာပါးနာ မျက်နှာလွှဲပင်မသွား။

သူ ဘယ်အချိန်ကတည်းက ကြည့်နေတာလဲ။

ဖျန်းကလဲ ရှက်စိတ်နောက်မှာ ဒေါသက အလုံးအရင်းနှင့် ၀င်လာသည်။ ဘာပဲ ဖြစ် ဖြစ် သူသည်လိုကြည့်တာ မကြိုက်ပါ။ ကြီးကျယ်ခွဲခြားတာမျိုးမဟုတ်ပေမယ့် စည်းဆိုတာရှိရမည် ။

လွတ်လွတ်လပ်လပ်ကစားနေတာကို တိတ်တိတ်ကလေးကြည့်နေခွင့် သူ့မှာ မရှိပါ။ သူကအရမ်းလွန်ပါသည်။

တမင်ကြည့်တာမဟုတ်ပဲ…….မြင်သွားသည်ပဲထား ချက်ချင်း လှည့်သွားသင့်သည်။

သူဘယ်လိုလူလဲ။

ဆင်းရဲနွမ်းပါးတာက အပြစ်မဟုတ်ဘဲ သည်အပြုအမူ ကတော့ အဆင့်အတန်းမရှိရာ ကျလွန်းသည်။

ဗြောင်ကျကျကို ရပ်ကြည့်နေတာ ပင့်တော် တော် အသည်းယားသည်။ မခံချင် ဖြစ်သည်။ “ရှင်နဲ့တန်ရဲ့ လား” ဟုမေးမိလျှင် ရင့်သီးရာကျဦးမည် ။ ဘာပဲ ဖြစ် ဖြစ် ကိုကိုခေါ်ခန့်ခဲ့သော အလုပ် သမားသည် အလုပ်သမားနေရာမနေပဲ လူပါးဝလွန်းသည်။

သူကြည့်စရာလား…….သူ့ကို ဘယ်သူက ကြည့်ခွင့်ပေးလို့လဲ။ သူ့စိတ်ဓာတ်ကို ပင့် လုံးဝ မနှစ် မြို့နိုင်။ ခွင့်မလွှတ်နိုင်။

ပင့်ကိုများ ဘာမှတ်နေသလဲ…….။

သူ သည်လိုကြည့်နေတာသည် ပင့်ကိုစော်ကားနေသလိုထင်မိသည်။ သဘောကျလို့ပဲ ကြည့်ကြည့် အခွင့်အရေး ရလို့ပဲကြည့်ကြည့် ပင့်စိတ်ဆိုးသည်။ အရမ်းစိတ်ဆိုးသည်။

ပင့်ကို မရိုသေလျှင်နေပါ။ မလေးစားလျှင်နေပါ။ သို့ သော် ဒီလိုမျိုး ခပ်ပြောင်ပြောင်ငမ်း တာကို သဘောမတွေ့ နိုင်။

စိန်ပင့်ကူက မှန်တံခါးကို ဂျိန်းကနဲဆွဲပိတ်သည်။ လိုက်ကာကိုဖြုတ်ပြီး ဆွဲလိုက်သည်။ ရင်ထဲမှာ ဒေါသနှင့် ဆူဝေနေသည်။

စောစောစီးစီး…….ဘယ်လိုပြဿနာမှ မ ဖြစ်ချင်ပါ။

ပင့်မသိအောင် ခိုးကြည့်နေတာ လုံးဝကို မကြိုက်ပါ။

တော် တော် နှင့် စိတ်ဆိုးမပြေ။ နှုတ်ခမ်းတွေ က ပြုံးမရအောင်ပင် ဖြစ်နေသည်။ ကိုကိုလုပ်ပုံ က မဟုတ်တာ။

ဘာလို့ အဆင့်အတန်းမရှိသော လူ တစ်ယောက် ကို အိမ်ပေါ်ခေါ်တင်ထားရတာ လဲ……. နားပင်မလည်ချင်တော့ပါ။

* * *



နောက်တစ်နေ့မနက်ပိုင်းမှာ တော့ အလုပ်သမားတချို့ရောက်လာပြီး မှန်တံခါးရှည်ကို မှန်လဲနေတာမြင်ရသည်။

မှန်က အထဲကနေ အပြင်ကိုမြင်နိုင်ပြီး အပြင်ကနေ အထဲကိုမမြင်နိုင်သော မှန်မျိုး။

ပြီးတော့ အဲယားကွန်းတစ်လုံးထည့်ဖို့ ပြင်ဆင်နေတာ တွေ့ ရသည်။ သက္ကငြိမ်သက်ကြည့် နေမိသည။်

အဲ့ဒီလောက်တောင်ပဲလား။

သူကြည့်နေတာ မြင်သွားတော့ မှန်တံခါးကို ဂျိန်းကနဲပိတ်ပစ်လိုက်ပြီး လိုက်ကာဆွဲချ လိုက်တာ…….။

တော် တော် ကလေး မကြိုက်မှန်းသိတာမို့ နောက်နေ့ဆင်ခြင်ဖို့ သူတွေးထားပြီးသားပါ။

သူ့ကို ဘယ်လိုလူစားလို့ သတ်မှတ်လိုက်ပါလိမ့်။

ရင်ထဲမှာ အောင့်သွားသည်။

သူ့မာနကို ထိပါးစေသလိုပါ…….။

တံခါးဖွင့်ရင်း ကြုံလို့ကြည့်မိတာပါ…….နှစ်သက် မြတ်နိုးစိတ်နှင့် ပါ သူ့မှာ ယုတ်ညံ့သော စိတ်မရှိပါ။

ဟာ…….ဘာလို့ ဒီလို ဖြစ်ရတာ လဲ။

သူ့ကို ဘယ်လိုတုန့်ပြန်လိုက်တာလဲ…….။

မဟုတ်သေးဘူ။

သူ အဲဒီ လိုလူစား မဟုတ်ပါဘူး။ အဲ့ဒီလောက် အောက်တန်းမကျပါဘူ။ မြင်မြင်ချင်းမှာ ပဲ ချစ်စနိုးစိတ်ကလေး သန့်စင်စွာ ဖြစ်ပေါ်ခဲ့တာပါ။ သူ့အခြေအနေတွေ အားလုံးမေ့ပြီး မြတ်နိုးစိတ် ကလေးဖုံးလွှမ်းသွားလို့ပါ။

သူ အခွင့်အရေး သမားလည်း မဟုတ်ရပါ။

ခိုးဝှက်ချောင်းကြည့် အမြတ်ထုတ်ချင်စိတ်လည်းမရှိပါ။

စိန်ပင့်ကူ၏ ပြတ်သားလှသော ပြုမူလုပ်ဆောင်ချက်သည် သက္ကရင်ထဲကို နင့်ခိုက်သွားစေ သည်။

ဖြစ်မှ ဖြစ်ရလေ

ကိုယ့်ကို အဆင့်အတန်းမရှိ တေလေဂျပိုးလူရမ်းကားများ မှတ်လိုက်လေရော့သလား။

မတူမတန်သလို အဖက်မလုပ်ချင်သလို ပြောပင်ပြောမနေဘဲ တံခါးမှန်ပြောင်းတပ်လိုက် တာ မချိမဆန့်ခံစားရသည်။

သူကလည်း သူပါပဲ။

သတိလက်လွတ် ငမ်းမိတာကိုး။

ထိန်းထိန်းသိမ်းသိမ်း မရှိခဲ့။ ထိန်းလို့ကိုမရတာ ။

ဟုတ်သားပဲ…….

စိန်ပင့်ကူက သူဌေးသမီးလေး။ ကြွေရုပ်ကလေးလိုလှပြီး လိုတရပြည့်စုံနေတာ…….

သူက ဆင်းရဲသား ဘာမှမရှိ ပြီးတော့ သည်အိမ်ရဲ့ အလုပ်သမား သူသိပ်တရားလွန်မိ သည်။

မတန်မရာ မှန်းမိပါရောလား။

စိန်ပင့်ကူလို နတ်သမီးလေးကိုမှ သူက တပ်မက်ခူးဆွတ်ချင်သည်။ အားမနာ လျှာမကြိုး။

သူသိပ်မှား သွားပါလား။

နောင်တ အကြီးအကျယ်ရသည်။

စိတ်ထဲမှာ မခံချင်စိတ် နာကျင်စိတ်နှင့် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင်ပါပဲ။

စစ်မှန်သော မေတ္တာတရားသည် ဆင်းရဲနွမ်းပါးနိမ့်ကျခြင်းအောက်မှာ ပြားပြားဝပ်သွားရသည်။ တန်ဖိုးမဲ့သွားရသည်။

သူ့အချစ်သည် သူ့မှာ ဘာမှမရှိသော အခါ သူ့အခြေအနေက အထင်ကြီး မက်မောစရာမရှိ သော အခါ နင်းပြား ဖြစ်သွားရပြီ။ တန်ဖိုးရှိလှသော နွေးထွေးလှသော အချစ်သည် ခါးသီးမသတီ စရာ ဖြစ်ရပြီ။

ဒါတွေ သူဘာလို့ မစဉ်းစားမိတာလဲ။

သည်လောက်ကွာဟနေတာ စိန်ပင့်ကူက နားလည်လက်ခံမှာ တဲ့လား။ သူ့ကို ပေါ်ပေါ် ထင်ထင် ရှောင်ဖယ်သွားမှာ ပဲပေါ့…….

သူ့မှာ မှ ဘာမှမရှိပဲ။ ဥစ္စာဆို လုံးဝမရှိ။ ပညာကလည်းမပြောပလောက်ပါ။ ဆရာဝန်လည်း မဟုတ်။ အင်ဂျင်နီယာလည်း မဟုတ်။

စိန်ပင့်ကူ…….

မင်းမှန်ပါတယ်…….

မင်းဘ၀ မင်းအနေအထားကို မင်းဒီလိုပဲ ပြတ်သားစွာ ကာကွယ်နားလည်ရမှာ ပေါ့၊ တူတာ တန်တာကို ရွေးချယ်လျှောက်လှမ်းရမှာ ပေါ့။

ပတ်ဝန်းကျင်က မင်းကိုကဲ့ရဲ့ ရှုံ့ချမှာ …….

ပြီးတော့ မင်းတစ်ဝက်မပြောနဲ့ မင်းဆယ်ပုံတစ်ပုံတောင် မချမ်းသာတဲ့သူကို မင်းရွေးရင် မင်းမိုက်မဲရာကျမှာ ပေါ့”

ဉာဏ်ရည်မြင့်မားပြီး လိမ္မာတဲ့မိန်းကလေးပဲ။

မင်းကိုယ့်ကိုတန့်သွားအောင် ရပ်တန်းကရပ်အောင် သည်လိုလုပ်သင့်ပါတယ်။

သည်ထက်အတင့်ရဲပြီး အရှက်မရှိ ထပ်တစ်ဆင့်တက်လာရင်တော့ မင်းခုထက် ပြတ်သားစွာ တုံ့ပြန်အုံးမယ်ဆိုတာလည်း ကိုယ်သိပါပြီ။

မှန်တံခါးလဲတပ်နေတာ မြင်ရသော ခဏမှာ ထောင်းကနဲမခံချင်စိတ်နှင့် ဒေါသ ဖြစ်မိသော် လည်း သေချာစဉ်းစားမိသော အခါ ရင်ထဲမှာ နာကျင်ခြင်း ထိခိုက်ခြင်းနှင့် ယူကျုံးမရကြေကွဲခြင်း သာ ကျန်ခဲ့သည်။

သူကလည်းသူ…….

ဘာမှမမြင်နိုင်လောက်အောင် ချစ်မြတ်နိုးစိတ်တွေ မွှန်ထူနေခဲ့သည်။ ခုတော့ ချစ်စိတ် တွေ အကြောက်တရား အရှက်တရား မာနတရားနှင့် ငုပ်လျှိုးသွားရပါသည်။

ကုတင်ပေါ်တက်ထိုင်ပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ မေးကြောတွေ ထောင်ထ အောင်ပင် အံကြိတ်ထားမိသည။်

ကိုယ်နွမ်းပါးပေမယ့် မာနရှိတဲ့ ယောက်ျား တစ်ယောက် ပါ…….

ဘာမှမရှိပေမယ့် မင်းကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ နှလုံးသားတဆတ်ဆတ်တုန်ခါ အောင် ချစ်မိသွားတာပါ။

အဲ့ဒါ ကိုယ်မှားသလား။

မင်းရက်စက်လိုက်တာ…….။

ကိုယ့်မေတ္တာဟာ ပိုက်ဆံမရှိလို့ အဆင့်အတန်းမတူလို့ တန်ဖိုးမရှိဘူးလားကွာ…….

သက္ကဘ၀မှာ ပထမဆုံးအကြိမ် ပူလောင်နာကျင်သော မျက်ရည်တွေ မျက်လုံးထဲ ပြည့် လာသည်။

ကိုယ်မျက်ရည်မကျပါဘူး။

ဒါပေမဲ့ နှလုံးသားထဲမှာ သွေးမျက်ရည်တစ်စက်ချင်းကျလောက်တဲ့အထိ နာကျင်ခံစားရ ပါတယ်…….။

အချိန်တိုတိုလေးအတွင်းမှာ မင်းနဲ့ပတ်သက်ပြီး ကိုယ်သည်လောက်အထိ ဖြစ်သွားတာ မယုံချင်စရာပါပဲ။

ကိုယ်ဟာ ဘယ်တော့မှ ဘာကြောင့် မှ မငိုတတ်တဲ့ ယောက်ျားပါ။ လောကကြီးရဲ့ ကြမ်းတမ်းမှု အားလုံးကို ရင်ဆိုင်ကျော်ဖြတ်သွားမယ့်သူပါ။

ဘယ်တော့မှ လောကဓံကို ဦးမညွတ်ဘူး အရှုံးမပေးဘူး ဒါပေမဲ့ မင်းရှေ့မှာ …….

မင်းလက်ထဲမှာ …….

ကိုယ့်မာနနဲ့ သိက္ခာကြွေဆင်းသေဆုံးသွားခဲ့ရပါပြီ။

ဒါဟာလည်း မင်းကိုချစ်လွန်းလို့ ကိုယ့်နှလုံးသားက ဦးညွတ်လိုက်မိတာပါ။

မင်းထင်သလို ပေါ့ပေါ့နေ ပေါ့ပေါ့စား အရည်အချင်းမရှိ မာနမရှိ မွဲတေတေ ယောကျာ်း တစ်ယောက် တော့ မဟုတ်ပါဘူး။

အခိုက်အတန့်နိမ့်ကျနေတဲ့ လူ တစ်ယောက် ပါ။ ကိုယ့်မှာ ကြိုးစားမှု ၊ ဇွဲသတ္တိ အမြင့်ကြီးကို ရိုးသားစွာ လှမ်းတက်လိုမှု တွေ ရှိပါတယ်။

သူဌေးသမီးကိုအရယူပြီး ဖြတ်လမ်းကကြံဖို့လည်း စိတ်ကူးမရှိပါဘူး…….စိန်ပင့်ကူရယ် မင်းကိုယ့်လိုပဲ သာမန်ကောင်မလေး တစ်ယောက် သာ ဖြစ်လိုက်ပါတော့။ အဲ့ဒါဆို ကိုယ်မင်းကို တစ်သက်လုံး ပိုင်ဆိုင်စောင့်ရှောက်ခွင့်ရမှာ ပါ။

ခုတော့ မင်းဘ၀အဆင့်အတန်း မင်းရဲ့ ဥစ္စာဓနအင်အားကို ကိုယ်အရှုံးပေးပါတယ်။

* * *



စိန်ပင့်ကူက ငွေရောင် ၀တ်စုံလေးနှင့် တောက်ပလင်းလက်စွာ ဆင်းလာသည်။ သက္က တစ်ချက်သာကြည့်မိပြီး ထပ်မကြည့် ဖြစ်အောင် မျက်နှာလွှဲကာနေမိသည်။

သူ့သူငယ်ချင်း၏ မွေးနေ့ပွဲမို့ စိန်ပင့်ကူက တက်တက်ကြွကြွပြင်ဆင်ခြယ်သထားပုံရသည်။

မကြည့်လည်းပဲ ဒီမျက်နှာလေးနဲ့ ဒီပုံစံလေးက နှလုံးသားမှာ အရိပ်ထင်ပြီးသားပါ။ တစ်သက်လုံးလည်း မေ့မှာ မဟုတ်တော့ပါ။

မြင်မြင်ချင်းကတည်းက နှလုံးသားကို ငလျင်ပြင်းပြင်းအလှုပ်ခံခဲ့ရဖူးပြီပဲ။ သူမေ့နိုင်ပါ တော့မလား။

“ပင့်”

စိန်ရောင် လင်းက သူ့ညီမကိုခေါ်သည။်

“အပြန်မိုးချုပ်ရင် ချုပ်မှာ ဆိုတော့ သက္ကနဲ့ သွားပါလား ပင့် တစ်ယောက် တည်းဆိုတော့”

“စိတ်မချရင် ကိုကိုလိုက်ပို့”

ပင့်က နှုတ်ခမ်းစူတောင်းဆိုသည်။

“လိုက်ပို့မယ်…….လာကြိုမယ်…….ဟိုမှာ မစောင့်ဘူး”

“ရတာ ပေါ့”

စိန်ရောင် လင်းမစားကို စိန်ပင့်ကူက ခေါင်းညိတ်လက်ခံသော အခါ…….

“လာကွာ…….သက္က မင်းမောင်း”

“ဟုတ်ကဲ့ အစ်ကို”

သူတို့မောင်နှမက နောက်ကထိုင်စီးပြီး သက္ကက ရှေ့မှာ တစ်ယောက် တည်း…….အလုပ် ကိစ္စအကြောင်းတွေ တစ်လမ်းလုံးပြောလာကြသည်။

မွေးနေ့ပွဲရှိရာ သူ့သူငယ်ချင်းခြံရှေ့ရောက်မှ စိန်ပင့်ကူက ဆင်းလိုက်၏ ။ လာကြိုရမည့်  အချိန်ကိုလည်း သေချာမှာ သည်။

သက္ကနှုတ်ခမ်းတွေ တင်းနေသည်။ သက္ကမျက်လုံးလည်း မှု တ်တည်တည်။ ဘယ်ကိုမှမကြည့် ဘဲ ရှေ့တည့်တည့်စိုက်ကြည့်စောင့်နေသည်။

စိန်ပင့်ကူ လှည့်ဝင်သွားမှ သူတို့ပြန်လာခဲ့ကြသည။်

အပြန်လမ်းမှာ စိန်ရောင် လင်းက သက္ကကို ပြုံးပြပြီး စကားစလာသည်။

“ပင့်က မိဘတွေ လည်းမရှိတော့ဘူး၊ ကိုယ်က သူ့ကို သိပ်ချစ်တာ။ လိမ္မာအောင်လည်း သွန်သင်ခဲ့တယ်”

ဘယ်ကိုဆိုလိုချင်မှန်း သက္ကနားမလည်သေးပါ။

“မေမေဆုံးတုန်းကဆို သူသည် အိပ်မပျော်လို့ တစ်လနှစ် လအထိ အိပ်ဆေးတိုက်ပြီး ကိုယ် တစ်ညလုံးစောင့်ကြည့်ပေးခဲ့ရတယ်”

စိန်ရောင် လင်းမျက်နှာမှာ ခံစားမှု တမျိုး ထင်ဟပ်လာသည်။

“သူဘယ်လောက်ပဲ လိမ္မာလိမ္မာ သူဘယ်လောက်ပဲ ထက်ထက်မြက်မြက်ရှိရှိ ခုထက်ထိ လည်း သူ့ကိုကိုယ် စိတ်မချနိုင်သေးတာ အမှန်ပဲ။ သူ့ကို အရည်အချင်းရှိပြီး ကြင်နာတတ်တဲ့ ယောက်ျား တစ်ယောက် ရဲ့ နောက်မှာ ပဲ အေးအေးဆေးဆေးနေစေချင်တယ်။ သူ အဲ့ဒီလို စိတ်ချရတဲ့ အခြေအနေရောက်မှ ကိုယ်အိမ်ထောင်ပြုမယ်လို့လည်း ဆုံးဖြတ်ထားခဲ့တယ်”

“တကယ်တော့ သက္ကနှင့် ဘယ်လိုမှမဆိုင်သော စကားတွေ ပါ။ သက္ကသည် သူတို့၏ အလုပ် သမား ဖြစ်သည်။ ဒါတွေ ရှင်းပြနေဖို့မလိုပါ။ သက္ကလုံးဝနားမလည်။

ဒါကြောင့် ငါ့ညီကို အစ်ကိုတစ်ခုတောင်းပန်ထားချင်တယ်။ ညီမလေး ပင့်ကြောင့် တစ်ခုခု ဖြစ်ခဲ့ရင် ညီမလေးကို နားလည်ပေးပါ။ ဗွေမယူပါနဲ့”

“သြော်…….သူကလည်း ဘွင်းဘွင်းပြောတော့မှပဲသိသည်။ ပင့်ကို မမုန်းအောင် မနာ အောင် ကာကွယ်ပြောဆိုပေးနေတာပါလား”

စိတ်ချပါဗျာ…….ပင့်ကို မနာရက် မမုန်းရက်ပါဘူး စိတ်နာမိတာ ကိုယ့်ကိုယ်ကိုပါ……. မုန်းတီးမိတာ ကိုယ့်နှလုံးသားကိုပါ ရင်နာမိတာ ကိုယ့်အခြေအနေကိုပါ။

သည်လိုလူကို သည်လိုခွဲခြားဆက်ဆံ “စည်း” ခြားခဲ့တာ စိန်ပင့်ကူ သိပ်မှန်ကန်ပါတယ်။

မှားနေတာက ကျွန်တော် သက္ကပါ။ ပင့်မဟုတ်ပါဘူး။

“အစ်ကိုလည်း နိုင်ငံခြား ခဏသွားရမယ် အလုပ်ကိစ္စနဲ့”

“ဗျာ ဟုတ်လား ကြာမှာ လားအစ်ကို”

“သိပ်မကြာပါဘူး…….နှစ် ပတ်သုံးပတ် အများ ဆုံးတစ်လပေါ့……. ပင့်ကိုလည်း စိတ်ချ ဘူးလေ။ အိမ်မှာ က ပင့်ရယ် အဘဦးစံရယ် ကြီးကြီးနုရယ်ပဲရှိတာ မဟုတ်လား။ ဟိုချာတိတ်မ နှစ် ယောက် က ထည့်တွက်ထားလို့မရဘူး”

ဥက္ကက ခေါင်းညိတ်သည်။

လက်တိုလက်တောင်းခိုင်းသော ကောင်မလေးနှစ် ယောက် က ငယ်လည်းငယ် နုံလည်းနုံ နှင့် အားမကိုးရတာ အမှန်ပါ။

“ဘာပဲ ဖြစ် ဖြစ် မင်းရှိတော့ ကောင်းတာပေါ့”

စိန်ရောင် လင်း ယုံကြည်စိတ်ချစွာ ပြောလာသည်။

“စိတ်ချပါ အစ်ကို…….ကျွန်တော် ရှိနေမှာ ပါ”

“အေးကွာ ကျေးဇူးတင်တယ်”

စိန်ရောင် လင်းအပြုံးက အေးချမ်းပီပြင်လာ၏ ။

သက္ကရှိနေတော့ သူနည်းနည်း စိတ်ချရသည်။

“ဘယ်နေ့လောက် သွားမှာ လဲ အစ်ကို”

“ရှေ့တစ်ပတ်ထဲမှာ ပဲ…….အားလုံးစီစဉ်နေပြီ”

ပင့်အကြောင်းတွေ ပြောကြပြီး ပင့်ကို ခွင့်လွှတ်နားလည်ဖို့တောင်းပန်ကာ အိမ်အတွက်ပါ တစ်ခါတည်းမှာ တာမို့ စိန်ရောင် လင်းသည် အစ်ကိုကြီးအဖရာ ပီသလှလေသည်။

စိန်ပင့်ကူကို တကယ်ပဲ ချစ်ရှာသည်။

အင်းလေ…….ကိုယ်လဲ ချစ်စိတ်နဲ့ ခွင့်လွှတ်ကြေအေးပေးလိုက်ပါ့မယ် မင်းနေစေချင်သလို နေပေးမယ်။

မင်း ဖြစ်စေချင်သလိုသာ ပြောပါတော့…….

သည်တစ်ခါမှာ တော့ သက္ကသည် စိန်ပင့်ကူကို စစ်မှန်စွာ အရှုံးပေးလိုက်ခြင်း ဖြစ်သည်။ မာနတွေ အဃာတတွေ မရှိတော့ပါ။

စိန်ပင့်ကူမလေး အနှောင့်အယှက် ဖြစ်အောင် မလုပ်ရက်တော့ပါ။

တိတ်တိတ်ကလေး ဝေးဝေးကပဲ ချစ်နေပါ့မယ် ပင့်ရယ်…….

* * *





ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ကိုယ့်မေတ္တာကို တန်ဖိုးထားပါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ကိုဘွာမခတ်ကြေး

နွယ်တဲ့ည

ညမွှေးပန်းရဲ့ည