
နွယ်တဲ့ည
`ငွေရည်သွန်း´ ဆိုသော
ညိုညိုချောချော ကောင်မလေး၏ အိမ်ဘေးတွင်
`အရီးခ´ ဆိုသော
အဘွားအိုတစ်ဦး နေထိုင်လျက်ရှိသည်။
ငွေရည်သွန်း (၁၉)နှစ် သမီးအရွယ်
လသာသော ညတစ်ညတွင်
အရီးခသည်
ငွေရည်သွန်းဘ၀တစ်လျှောက်အတွက်
အရေး ပါလှသော
`ဘ၀တစ်ဆစ်ချိုး´ ဟု ပြောနိုင်သော
မိန်းမ တစ်ယောက် ၏ `ပန်းတိုင်´ ဟု
တင်စားကြသော
ငွေရည်သွန်း၏ ထိမ်းမြားလက်ထပ်မင်္ဂလာနှင့်
စပ်လျဉ်းဆက်နွယ်သော
အိပ်မက်ဆန်းတစ်ခုကို
ပြက်ပြက်ထင်ထင် မြင်မက်ခဲ့ရ၏ ။
ပို၍ ထူးခြားဆန်းကြယ်သည်မှာ
အရီးခဘ၀တွင်
အိပ်မက်သုံးကြိမ်သာ မက်ခဲ့ဖူးပြီး
အရင်နှစ် ကြိမ်တုန်းက ဒက်ထိမှန်အောင်
ဖြစ်ခဲ့တာချည်းပင်။
အိပ်မက်မက်ခဲ့ပြီး မက်တိုင်း မှန်လေ့ရှိခဲ့တာမို့
ယခု တတိယအိပ်မက်ကိုလည်း
အရီးခက အင်မတန် ယုံကြည်နေခဲ့သည်။
သူ အိပ်မက်မက်ခဲ့သလိုပင်
ငွေရည်သွန်း ဖြစ်လာလိမ့်မည် ဟု
တသမတ်တည်း ယူဆလက်ခဲ့ပါသည်။
ဘယ်လိုပဲ ဖြစ် ဖြစ်
အရီးခအာရုံတွင်
ငွေရည်သွန်းနှင့် ဆက်နွယ်သော
အိပ်မက်တစ်ခု မက်ခဲ့ဖူးသော
ညတစ်ညသည်
ထင်ထင်ရှားရှား
ရှိနေခဲ့တော့သည်။
ထိုညက…
ကောင်းကင်တွင် လပြည့်ဝန်းသည် လေညှင်းခံထွက်လာသော နတ်သမီးလေးလို ပြေးလွှားဆော့ကစား နေခဲ့သည်။
ငွေရည်သွန်းက နှာခေါင်းရှုံ့ကာ ဆံပင်လေးကို နားရွက်ကြားထဲ ညှပ်ထည့်လိုက်ပြီး သုံးထစ်သာရှိသော အုတ်လှေခါးထစ်ကို တဆောင့်ဆောင့်နင်းကာ ပါးစပ်က တတွတ်တွတ်ရေရွတ် ဆင်းလာခဲ့ပါသည်။
``ဘာမှန်းလည်း မသိဘူး ဒီမှာ စာအုပ်ဖတ်မလို့ဟာ၊ ဒီအဘွားကြီးပဲ ပြုစုနေရတာ ပဲ၊ အဲဒီ မေမေကလည်း တစ်မျိုး၊ ကုသိုလ်မလိုချင်ပါဘူး၊ စိတ်ရှုပ်တယ်၊ နင်းမပေး နှိပ်မပေးလည်း အိပ်လို့ရတာ ပဲဟာ၊ ဒီလောက် တယုတယကြိုက်ရင် သူ့မြေးတွေ နဲ့ သွားနေတာ မဟုတ်ဘူး၊ အလကားနေ ငွေရည်သွန်းပဲ ခေါ်ခေါ်နေတာပဲ။ အဟုတ်ပဲ စိတ်လိုလာပြီ´´
မကျေနပ်သမျှ ရင်ထဲမျိုချ သိမ်းဆည်းမထားဘဲ ပါးစပ်ကနေ ပေါက်ပေါက်ဖောက်သလို လေထဲ လွှင့်ထုတ်ပစ်လိုက်၏ ။ ပြီးတော့ အုတ်လှေခါးထစ် သုံးထစ်သာရှိသော အရီးခ၏ အိမ်ကလေးပေါ် ဖနောင်နာနာပေါက်ချပြီး တက်လာခဲ့သည်။
``ဒီအဘွားကြီးနဲ့ အိမ်နီးနားချင်း လာ ဖြစ်ရတယ်လို့ ပြောင်းပြေးချင်တယ် တကယ်ပဲ´´
နှုတ်က ငြူစူစိတ်ပုပ်နေမိပေမယ့် ငွေရည်သွန်း စိတ်ထဲမှာ တော့ ဘာမှ မရှိပါ။ မေမေ့ ခိုင်းစေချက်မို့ မလွန်ဆန်ရဲတာလည်း ပါသည်။ စိတ်ကောင်းကလေး ၀င်လာရင်တော့ အိမ်နီးနားချင်း သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရမယ့် ၀တ္တရားရှိတာပဲဟု တွေးမိပါသည်။
``အရီးခရေ အရီးခ´´
အသံကျယ်ကျယ်နှင့်ခေါ်ပြီး ခြေသံကလည်း ပြင်းတာကြောင့် အရီးခ အိပ်ခန်းတွင်းကနေ ချက်ချင်း ပြန်ထူးသည်။
``ငွေကလေး… ဒီမှာ ဟေ့ အသံကလည်း စူးလိုက်တာ၊ ခြေသံကလည်း မိန်းမကြမ်းကြီးလိုပဲ၊ ညင်ညင်သာသာ လျှောက်´´
ကြည့်… သူ့လည်း လာနင်းနှိပ်ပေးရသေးတယ်၊ ဆူဖို့ပြောဖို့က အရင်၊ ဘယ်လုအဘွားအိုမှန်း မသိပါ။
``ငွေကလေး ၀င်လာလေ´´
``လာပြီ´´
အခန်းတံခါးဝမှာ ကာထားသော ဇာလိုက်ကာဝါ၀ါကို ဖျန်းခနဲ ဖယ်ပစ်ပြီး အရီးခအခန်းထဲ ၀င်လာမိ၏ ။
``ကဲ…ထိုင်ဦး၊ ကျုပ် ဘုရားရှိခိုးရဦးမယ်´`
``ဟင်´´
ငွေရည်သွန်း မျက်လုံးကလေး ၀ိုင်းသွား၏ ။
ဘုရားရှိခိုးတာပါ ထိုင်စောင့်ရမည့်  သဘောပါလား။
ဟွန်း…။
တော် တော် စိတ်ပျက်သွားမိပါသည်။
``လာပါ၊ အရီးခနဲ့အတူတူ ဘုရားရှိခိုး၊ ပုတီးစိပ်´´
ငွေရည်သွန်းက နှုတ်ခမ်းကလေး ချွန်အောင် စူထားမိသော်လည်း မလွန်ဆန်နိုင်စွာ ဘဲ အရီးခနှင့်အတူတူ ဘုရားစင်ရှေ့ ရောက်ရတော့သည်။
မေမေနှင့် အရီးခကို ငွေရည်သွန်း မလွန်ဆန်နိုင်ပါ။ ဘယ်တော့ ဖြစ် ဖြစ် အရှုံးပေးထားခဲ့ရသည်။
တွယ်တာစရာ ဆိုးနွဲ့စရာဆိုလို့ အရီးခရယ်၊ မေမေရယ်ပဲ ရှိတာ။ အားလုံးပေါင်းမျ နှစ် ယောက် တည်း။
မေမေရိုက်လျှင် အရီးခဆီ ပြေးပြီး အရီးခဆူလျှင် မေမေ့ဆီ ပြေးကပ်ပြီး တစ်လှည့်စီ အကာအကွယ် ယူနေကြပါ။
``မနက်စောစောထပြီး ဆီထမင်းထိုးမယ်´´
``ဟာ… တကယ်လား´´
``တကယ်ပေါ့၊ ဒါပေမယ့် ဘုရားဆွမ်းတော် ကပ်ချိန်အမီ နိုးရင်နိုး၊ မနိုးရင်တော့ ချန်မထားဘူး´´
``အရီးခရာ.. ငွေကလေး စားဖို့ပဲ ဆီထမင်းထိုးမှာ များ ငွေကလေးကို မချန်ထားလို့ ဖြစ်မလား´´
``အိပ်ပုတ်ရင်တော့ အိမ်နီးနားချင်းတွေ ကုန်အောင် ဝေပစ်လိုက်မယ်၊ ဘာမှတ်လို့လဲ´´
``လုပ်ပြီ၊ အဲဒါကြောင့် အရီးခနဲ့ မတည့်တာ´´
``အမယ်လေး၊ ကျုပ်များ သူငယ်ချင်း ကျနေတာပဲ၊ ပြောပုံကိုက ခေါက်လိုက်ရ´´
ငွေရည်သွန်းက ဇက်ကလေးပုပြီး ရယ်နေသည်။
ရယ်သံ ခိုးခိုးခစ်ခစ်ကလေးကို အရီးခ နှစ်သက် မိသည်။
ငယ်ရွယ်နုပျိုခြင်းကို အရသာတစ်ခုလို အခုချိန်မှာ ခံစားမိပါပြီ။
ငွေကလေး အသံနှင့် ငွေကလေး လှုပ်ရှားမှု သည် အရီးခအတွက် ရေအေးအေးလို လန်းဆန်းရွှင်ပျစေပါသည်။
ပျိုမျစ်တက်ကြွမှု များ နှင့် ငွေကလေးကို ကြည့်နေရတာ ရင်ထဲမှာ အားရှိလာသည်။
``အရီးခ´´
``ဟင်´´
အရီးခဘေးမှာ ဘုရားကို ဦးသုံးကြိမ်ချ ရှိခိုးပြီးတာနှင့် ခေါ်လိုက်၏ ။
``အုန်းသီးခြစ်ပြီးပြီလား´´
``မနက်မှ ဖြစ်မှာ ပေါ့´´
``ခွဲပြီးပြီလားဟင်´´
စိတ်ဝင်တစားမေးသော ငွေရည်သွန်းကို အရီးခ ရယ်မိပါသည်။ အုန်းသီးစိတ်စားချင်လို့ မေးနေတာ သိသည်။
ငွေရည်သွန်းက အုန်းသီးကြိုက်သည်။
ဆီထမင်းကို ပဲပြုတ်ကလေး၊ ဆီချက်ကလေး၊ နှမ်းထောင်းကလေးသာမက အုန်းသီးပါ ထည့်ကျွေးမိတာလည်း ငွေရည်သွန်း ကြိုက်တတ်တာကြောင့် ပါ။
``သွား…ယူစား၊ ပန်းကန်စင်မှာ ရှိတယ်´´
``အရီးခ၊ ဘာလို့ ကြောင်အိမ်ထဲ ထည့်မထားတာလဲ၊ ကြွက်စာမိသွားဦးမယ်၊ ကြွက်တွေ က မှော က်ချတတ်တယ်နော်´´
``ကိစ္စမရှိပါဘူး၊ တစ်အိမ်ကျော်က ဖြူလုံးကြီး ညဘက်ဆို ကြွက်လာလာ ညှပ်နေတော့ ကြွက်တွေ သိပ်မသော င်းကျန်းရဲတော့ဘူး´´
``ဟုတ်လား´`
မီးဖိုချောင်ထဲ ၀င်လာပြီး ပန်းကန်စင်ပေါ်မှာ အုပ်ထားသော အုန်းသီးစိတ်ကို ထုတ်ယူပြီး ဆတ်ခနဲ ကိုက်လိုက်၏ ။
အရီးခရှိရာ ပြန်လျှောက်လာတော့ အရီးခက ဖျာတစ်ချပ်ခင်း၊ ခေါင်းအုံးနှစ် လုံးချကာ အနင်းခံဖို့ အနှိပ်ခံဖို့ အဆင်သင့် ဖြစ်ကာနေတော့သည်။
အုန်းသီးစိတ်ကိုက်စားပြီး အရီးခကို ဖွဖွနင်းပေး၏ ။
``ဘုန်းကြီးလို့ အသက်ရှည်ပါစေတော် ´´
``အရီးခကလည်း…´´
ဘ၀င်မကျစွာ ရေရွတ်မိသော အခါ
``ဘာလဲ.. ဘာ ဖြစ်လို့လဲ၊ ဆုပေးတာပဲ´´
``အရီးခဆုက မပြည့်စုံဘူး´´
``အင်း… လောဘကြီးလိုက်တာ´´
``ပြည့်ပြည့်စုံစုံပေးပေါ့၊ သမီးက ညစဉ်ညတိုင်း လာနင်းပေးရတာ ၊ ဆုက နှစ် ခုတည်းဆိုတော့ နည်းတယ်´´
``ကဲ… ကဲ… ပြော ဘာဆုတွေ လိုချင်သေးလဲ´´
အရီးခ သဘောကျစွာ ရယ်မောကာ မေးလေသည်။
``အင်း… မိန်းကလေးဆိုတော့ အလှအပကြိုက်တာပေါ့၊ တစ်သက်လုံး လှတပတလေး ဖြစ်ပါစေ၊ နောက်ပြီး သူဌေးမကြီး ဟာ… မဟုတ်သေးဘူး၊ သူဌေးကတော် … သူဌေးကတော် ဖြစ်ချင်တာ၊ ချောလည်း ချောရမယ်၊ သားသမီးချောလေးတွေ လည်း လိုချင်သေးတယ်၊ ကျန်သေးတယ်၊ အလှူကြီးအတန်းကြီး ပေးချင်တယ်၊ ဘုရားတည်၊ ကျောင်း၊ ဇရပ်ဆောက်၊ ရဟန်းအစ်မ၊ ကျောင်းအစ်မကြီး ဖြစ်ချင်သေးတာပေါ့´´
``ဟုတ်ပါပြီ၊ ဖြစ်ချင်တာတွေ ဖြစ်ပါစေ၊ လိုအင်ဆန္ဒတွေ ပြည့်ပါစေတော် ၊ ကျေနပ်ပြီလား´´
``ဟုတ်.. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ´´
``မြန်လိုက်တာ ဒါမျိုးကျတော့´´
``လိုချင်တာကိုး´´
``ညတိုင်း လနင်းပေးရမှာ နော်´´
``အင်း´´
``ဒါမှဆန္ဒတွေ ပြည့်မှာ ´´
``အရီးခရယ်၊ သားတွေ ချွေးမတွေ မြေးတွေ နဲ့ သွားနေပါလား၊ ပြီးရော…´´
နှာခေါင်းလေးရှုံ့ကာ အကြံဉာဏ်ပေးလာ၏ ။
``အရီးခက ငွေကလေးကို ချစ်တာကိုး´´
``ဟွန့်´´
အလိုမကျစွာ မျက်စောင်းရွယ်မိသည်။
စိတ်ဆိုးရခက် ဒေါပွရခက်အောင် သိပ်ပြောတတ်သည်။
``ငွေကလေးကို မခွဲနိုင်ဘူး´´
``အရီးခရယ်၊ ဒီလိုအပြောလေးတွေ နဲ့ပဲ ချွဲနေကြ သိပါတယ်နော်၊ ငွေကလေးက´´
`အမယ်လေးတော် ၊ ကျုပ်က ရှင့်ကို ချွဲရဦးမယ် ဟုတ်လား´´
အရီးခ ရယ်မဆုံးတော့ပါ။
ငွေကလေးက တစ်ခါတလေ အရီးခကို အဘွားအိုရယ်လို့ ရိုသေသမှု သိပ်မရှိလှဘဲ ပြောချင်သလို ပြောပစ်တာကိုပဲ အဘွားအိုက ကျေနပ်မဆုံး ဖြစ်နေတာ။
ငွေကလေး ပြောပုံက သူ့သူငယ်ချင်းလို ကောင်မလေး တစ်ယောက် လို သူ့ထက်ငယ်သော ချာတိတ်မလေးလို။
``ငွေကလေး လာနှိပ်မပေးရင် အရီးခ အိပ်မပျော်ဘူး မဟုတ်လား၊ သိသားပဲ´´
ငွေရည်သွန်းက စကားတွေ ပေါက်ပေါက်ဖောက်သလို ပြောနေပေမယ့် အရီးခက တရှူးရှူးနှင့် အိပ်ပျော် သွားပါပြီ။
အရီးခက အဘွားကြီးဆိုတာ သိပေမယ့်လည်း ငွေရည်သွန်းက ပြောချင်တာ ပြောတာပါပဲ၊ မင်းသား မင်းသမီးအကြောင်း၊ ၀တ္ထုစာအုပ်အကြောင်းကအစ သူငယ်ချင်းမလေး ရည်းစားနှင့် ဘယ်လိုချိန်းတာအလယ် ဘယ်ကောင်လေးက ငွေရည်သွန်းကို ဘယ်လို ပိုးနေတာဟု အကြွားပိုတာက အဆုံး စုံနေအောင် ပြောပြပစ်တာပါပဲ။
နို့မို့ဆို အရီးခနှင့်နေရတာ ပျင်းလို့သေလောက်ပြီ။ ဘုရားစာအုပ် ဖတ်ပြရတာ နှင့် သင်ပေတာလိုက်ဆိုရတာ နှင့် နင်းပေးနှိပ်ပေးရတာ နှင့် သိပ်ကို ငြီးငွေ့စရာပါ။ အရွယ်မတူဘဲ အဖော်ပြုနေရတာ ငွေရည်သွန်း တစ်ခါတလေ အဘွားကြီးစိတ်ဝင်ကာ အဘွားကြီးပဲ ဖြစ်လိုက်ချင်တော့သည်။
``အရီးခ အရီးခ´´
ခေါ်၍ မရတော့ပါ။ အရီးခ အိပ်ပျော်သွားပြီ။
ငွေရည်သွန်း မီးဖိုဆောင်ဝင်ပြီး အုန်းသီးတစ်စိတ် ပြေးယူလာပြီးမှ အရီးခဘေးမှာ ၀င်အိပ်လိုက်၏ ။
အရီးခဆီမှ နံ့သာဖြူနှင့် သနပ်ခါးနံ့သင်းသင်း ရှူရှိုက်လိုက်ရသည်။ ဒါလည်း မေမေ သွန်သင်ဆုံးမမှု ကြောင့် ငွေရည်သွန်း စိတ်မပါဘဲ သွေးပေးထားခဲ့တာ။
သနပ်ခါးသွေးရတာ တော် တော် စိတ်ရည်ရသည်။ အကြမ်းပတမ်းသွေးလျှင် ညက်ညက်ညောညော ထွက်မလာတော့ပါ။ နံ့သာဖြူက ပိုတောင် ဆိုးသေးသည်။
``သမီးရယ်၊ ကိုယ့်အနားမှာ ဒီလို သက်ကြီးရွယ်အို တစ်ယောက် ရှိတုန်း ကုသိုလ်ယူတတ်ပါကွယ်၊ အရီးခက ဘုရားရှိခိုးမယ်၊ ပုတီးစိပ်မယ်၊ သားတွေ ချွေးမတွေ လာကန်တော့တဲ့ ပိုက်ဆံရယ်၊ အဘိုးကြီးထားခဲ့တဲ့ ပင်စင်ရယ်၊ ရသမျှငွေလေးနဲ့ စားသောက်လှူဒါန်းပြီး အေးအေးငြိမ်းငြိမ်းနေတာ´´
ဟု ဖေးမကာ အမြဲသွန်သင်ညွှန်ပြသည်။
``အသက်လည်း ကြီးပြီ၊ တရားလည်း ရှိတယ်၊ ပူလောင်မှု တွေ လည်း ကင်းစင်တယ်၊ စိတ်ထားလည်း ဖြူစင်သန့်ရှင်းတယ်၊ ဒီလို အဘွားအို တစ်ယောက် လူးဖို့သနပ်ခါး သွေးပေးရတာ သိပ်ကုသိုလ်ရတယ်´´
ကုသိုလ်ရမရ မသေချာပေမယ့် ချွေးပြန်ပြီး လက်မောင်းအောင့်တာတော့ သေချာလှပါသည်။
ဟူး… မလွှဲသာလို့…။
ငွေရည်သွန်းက အိပ်ပျော်နေသော အရီးခကို ကြည့်ပြီး နှုတ်ခမ်းစေ့ကာ ပြုံး၏ ။
ခပ်လှမ်းလှမ်းက ခြင်ဆေးခွက်ဆီ တစ်ချက်ကြည့်မိသည်။
ပြန်ရင်ကောင်းမလား၊ ဒီမှာ ပဲ အိပ်လိုက်ရမလားဟု စဉ်းစားသည်။ ခေါင်းကသာ စဉ်းစားတာ၊ ကျောပြင်က ဖျာနှင့်ကပ်နေပြီ။ မထချင်တော့ပါ။ ခဏကြာသော အခါတွင် …
အရီးခဘေးမှာ ငွေရည်သွန်း အိပ်ပျော်သွားတော့သည်။
မနက်သုံးနာရီခွဲ လေးနာရီလောက်မှာ တော့ `အရီးခ´ အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။
ထိုအိပ်မက်ထဲတွင် ငွေရည်သွန်းက ချော့မရအောင် ငိုရှိုက်နေခဲ့သည်။ ဘယ်လိုအားပေး နှစ် သိမ့်ရမှန်း မသိပါ။ အငိုတိတ်အောင် အရီးခနှင့် သူ့အမေ ၀ိုင်းဝန်းချော့မော့သည်။
နောက်တော့ ငွေရည်သွန်း အငိုတိတ်သွားခဲ့သည်။ လှပသော ခန်းမကြီးတစ်ခုတည်းမှာ သတို့သမီးဝတ်စုံကလေးနှင့် ၀ံ့ကြွားစွာ ပြုံးနေသော ငွေရည်သွန်းဘေးမှာ ဥပဓိရုပ်ခန့်ညားပြီး ကြွယ်ဝချမ်းသာသော သတို့သားတစ်ဦးက မြတ်နိုးယုယစွာ ကြည့်နေသည်။
``ဒါ ငွေကလေး ချစ်သူပေါ့၊ ငယ်ငယ်လေးကတည်းက တစ်ခါဆုံဖူးပြီး ကွဲကွာသွားတာလေ၊ ခုမှ ပြန်တွေ့ တာ၊ သူလည်း အသက်သုံးဆယ်ရှိပြီ´´
ငွေရည်သွန်းအသံလေးက ဂုဏ်ယူကျေနပ်နေသည်။
အိပ်မက်ထဲမှာ ငွေကလေးက ဆယ့်ကိုးနှစ် သမီး မဟုတ်၊ နှစ် ဆယ်လည်း မဟုတ်၊ နှစ် ဆယ့်ငါးလည်း မဟုတ်၊ သုံးဆယ်နီးပါး ရှိနေပြီ။ နှစ် ဆယ့်ခွန်၊ နှစ် ဆယ့်ရှစ်ပေါ့။
ကြွရောက်ချီးမြှင့်သော ဧည့်ပရိသတ်က သတို့သမီးလေး ကံ အင်မတန်ကောင်းကြောင်း တဖွဖွပြောမဆုံး ရှိနေကြသည်။
အရီးခ နိုးလာသော အခါ မိုးလင်းခါနီး ရောင် နီပေါ်ချိန်ကလေးပါပဲ။
အိပ်မက်က အပြင်မှာ တကယ် ဖြစ်နေသလို ထင်ထင်ရှားရှား ကျန်ရှိနေသည်။
အရီးခ ပြုံးမိသည်က ဘေးမှာ အိပ်ပျော်နေသော ငွေကလေးကို မျက်လုံးဖွင့်ကာ အကြာကြီး စိုက်ကြည့်နေမိသည်။
စိတ်ထဲမှာ အေးချမ်းကျေနပ်လှသည်။
သည်ကလေးမလေး အိမ်ထောင်ရေး အင်မတန် ကံကောင်းလိမ့်မည် ။ အရီးခ ယုံကြည်လက်ခံမိသည်။
အိပ်မက်မက်ပြီး မ ဖြစ်တာမှ မရှိသေးတာ။ မက်တိုင်း မှန်နေသည်။ မက်ထားသလို အပြင်မှာ ဖြစ်သည်။ အရီးခ နှုတ်ခမ်းပေါ်ကအပြုံး တဖြည်းဖြည်း လွင့်ပြယ်သွား၏ ။ မျက်နှာက အိုမင်းရင့်ရော်သွားသည်။
ငွေကလေး ငိုရဦးမှာ ၊ သော ကရောက်ရဦးမှာ မြင်ယောင်နေသည်။ ရှိုက်ကြီးတငင်ကို ငိုနေတာ။ ဘာတွေ ရှေ့မှာ ဖြစ်လာဦးမလဲ၊ ဘာတွေ ရင်ဆိုင်ရဦးမှာ လဲ။
ခုမှ ကလေးမလေးက ဆယ့်ကိုးနှစ် ဆယ်၊ ပြည့်စုံဝံ့ကြွားသော သတို့သမီးလေး မ ဖြစ်ခင် ဘယ်လိုသော ကတွေ များ ခံစားရမှာ ပါလိမ့်။
အရီး ဘယ်လိုလုပ်ပေးရမှန်း မသိပါ။
ဘာပဲ ဖြစ် ဖြစ် သည်ကလေးမလေးက ကံကောင်းဖို့ ဘုရားမှာ ဆုတောင်းပေးရပါမည် ။
စိတ်ထား အင်မတန် နူးညံ့ပြီး အင်မတန် ရိုးစင်းတာ အရီးခ အသိဆုံးပါ။
သူကလေးကို ဘယ်လိုဝေဒနာမှ မခံစားစေချင်ပါ။
ဘယ်လို လောကဓံမှ မဖိစီးစေချင်ပါ။
ပျော်နေတာပဲ မြင်ချင်သည်။ ရယ်သံလေးပဲ ကြားချင်သည်။ ကိုယ့်အိပ်မက်ကို ပြောပြထားပြိး စိတ်ဓာတ်ကြံ့ခိုင်အောင် အားပေးရမည် ။ သတိပေးစကားလည်း ဆိုရပါမည် ။
အနေနီးတော့ သံယောဇဉ်က ကြီးသည်။ မြေးကလေးတွေ ထက်ပင် ငွေကလေးကို အချစ်ပိုသည်။ ဘယ်လို ရှေးရေစက်လည်းဆိုတာ မတွေးတတ်ပါ။ ငွေကလေး ခြေဆောင့်စိတ်တို လုပ်တတ်တာကိုပင် ချစ်စနိုးနှင့် မြင်ချင်နေမိပါသည်။
ခမ်းခမ်းနားနား မင်္ဂလာမဆောင် ဖြစ်ခင် ကာလတွေ မှာ ကြီးမားသော စိတ်ဆင်းရဲမှု နှင့် မလွှဲမသွေ ငိုရှိုက်နေရမှာ အရီးခက ကြိုတင် သိနေလိုက်ပါပြီ။
ငွေကလေးကို ဘယ်လို အသိပေးပြောပြရမလဲ။ အရီးခ အသာလူးလဲထရင်း မျက်နှာ။ လက်၊ ခြေ သန့်စင်ပြီး ဆီထမင်းထိုးဖို့ ပြင်ဆင်သည်။
သောက်တော် ရေလဲတာ၊ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ မေတ္တာပို့တာ အားလုံးကို မနက်မိုးလင်းတိုင်း အစီအစဉ်တကျ လုပ်နေကြပါ။
အရီးခ လှုပ်ရှားမှု တွေ ကြားနေပေမယ့် ငွေရည်သွန်း မလှုပ်ပါ။ ရအောင် အိပ်နေမိသည်။ အိပ်ရေး မှ မ၀သေးတာ။ ဆီထမင်းနံ့လေး ထွက်လာမှပဲ ထတော့မည် ။
အခုချိန် အိပ်ရာထမိလျှင် အရီးခကို ကူညီနေရဦးမှာ ၊ အရီးခ ဘုရားရှိခိုးသံ ကြားနေရသည်။ မေတ္တာပို့တာတွေ လည်း ကြားနေရသည်။ အိပ်မပျော်တော့ပါ။ ခေါင်းအုံးနှင့်မျက်နှာကို အုပ်ပြီး ၀င်လာသော အလင်းရောင် ကို ကာထားမိ၏ ။
အိပ်ချင်စိတ်ကလေး ပြန်ဝင်လာအောင် မွေးမြူမိပါသည်။ မနက်ဆယ်နာရီခွဲမှ အလုပ်သွားရမှာ မို့ အချိန်တွေ အများ ကြီး ကျန်သေးသည်။ ပြန်အိပ်ရဦးမှ၊ တော် ကြား အလုပ်ထဲ အိပ်ငိုက်နေလျှင် အခက်။ အိပ်ချင်ပြီး မအိပ်ရလျှင် ခေါင်းက ကိုက်ချင်သေးသည်။ အိပ်ရေး ပျက်လို့ မရ။
``ဟဲ့… ဒီကလေးမ နေထွက်နေပြီ။ ငွေကလေး… အမယ်လေး အိပ်ပုပ်လှချည်လား´´
မေမေ့အသံကို နားထဲ ကြားမိသလိုလို။
အရီးခမှာ သိပ်ချစ်ဖို့ကောင်းတာတစ်ခုတော့ ရှိသည်။ ငွေရည်သွန်း အိပ်နေလျှင် ဘယ်တော့မှ မနှိုးတတ်ပါ။ နိုးလာချိန်အထိ သည်းခံစောင့်ဆိုင်းနေတတ်ပါသည်။
မေမေ ကတော့ လုံးဝမရ။ မြင်တာနှင့် နှိုးတော့တာပဲ။ ခုလည်း မိုးလင်းလင်းချင်း အရီးခအိမ်ဘက် ကူးလာပြီး အိပ်နေသော ငွေရည်သွန်းကို နှိုးနေပါပြီ။
``ငွေရည်သွန်း ထတော့လေ၊ မိုးလင်းနေပြီ။ ဘယ်အချိန်ထိ အိပ်နေဦးမှာ လဲ´´
ငွေရည်သွန်း ရှုံ့မဲ့သော မျက်နှာလေးနှင့် နိုးထလာခဲ့ရသည်။ မေမေနှင့် အရီးခကို စကားမဆိုဘဲ ဘောက်ဆတ်ဘောက်ဆတ် လျှောက်ကာ အိမ်ပေါ်က ဆင်းလာ၏ ။ သည်ဘက်အိမ်ပေါ်တက်ကာ မီးဖိုဆောင်အထိ လျှောက်လာပြီး သွားတိုက်ဆေးနှင့် သွားပွတ်တံ လှမ်းယူ၏ ။
``၀ါး… အိပ်ရေး လည်း မ၀ဘူး´´
တစ်ချက်သန်းဝေကာ ရေရွတ်လျက် သွားတိုက်ဆေးကို သွားပွတ်တံပေါ် ညှစ်ချသည်။
မေမေနှင့် အရီးခကို မနက်အစောကြီး မနိုးအောင် ဘယ်လိုလုပ်ရမလဲ။ ညဘက် ဗွီဒီယိုခွေနှစ် ကားလောက် ပြထားရမလား။ ကော်ဖီထဲ အိပ်ဆေးတစ်လုံးစီ ထည့်ထားရမလား။
ကိုယ့်အတွေးကို ကိုယ့်ဘသာ ရယ်မိသည်။
တက်ပါပဲ….
အိပ်လို့ကောင်းချိန်ဆို နှိုးပါပြီ။
``အဟင်း… အရီးခကလည်း အိပ်မက် ကြံကြံဖန်ဖန် မက်တတ်တယ်နော်၊ ရယ်စရာကြီး၊ ပြီးတော့ ယုံနေသေးတယ်။ သမီးက ဒီလောက်ဆင်းရဲတာ သူဌေးသားက ကြိုက်ပါ့မလားလို့။ အဟီး မေမေရေ… အရီးခက ဖြစ်စေချင်တာတွေ မက်ပြီ ထင်တယ်နော်´´
အရီးခ သေချာထိုးထားသော ဆီထမင်းပူပူကို လက်နှင့် အားပါးတရ ပလုတ်ပလောင်း စားကာ အရီးခအိပ်မက်ကို ငွေရည်သွန်း ရယ်မောမိပါသည်။ စိတ်ထဲမှာ ဘယ်လိုမှ မ ဖြစ်မိပါ။
ငိုရမှာ လည်း မယုံ၊ ခမ်းနားစွာ မင်္ဂလာဆောင်ရမှာ လည်း မယုံ၊ ပြည့်စုံချမ်းသာသော လူချော တစ်ယောက် ကို ငွေရည်သွန်းဘ၀မှာ တစ်ခါဖူးမျှ စိတ်ကူးမယဉ်ဖူးခဲ့ပါ။
ငွေရည်သွန်းက လက်တွေ့ ကျကျပဲ နေထိုင်ပြောဆိုတတ်သူ။ အရီးခ ကတော့ သူ့အိပ်မက် သူ အသေယုံထားသည်။ ရှေးရှေးက အတွေ့ အကြုံတွေ အကြောင်းလည်း ပါလိမ့်မည် ။
``အိပ်မက်မက်ရင် မလွဲဘူး´´ ဟု မေမေ့ကို ပြောပြနေသော အရီးခစကားတွေ ကြောင့် မေမေက မျက်နှာပျက်ပြီး သမီးကို ကြည့်လာသည်။ မေမေက အဲဒါမျိုးတွေ ယုံသည်။ အရီးခ၏ စကားများ ကို လေးနက်စွာ နားထောင်သည်။
``မေမေ´´
``ဟင်´´
``ဘာငိုင်နေတာလဲ၊ အရီးခက အစွဲအလမ်းကြီးတာပါ မေမေရဲ့ ´´
ငွေရည်သွန်း ကတော့ မယုံပေါင်။
ဖြစ်မှ မ ဖြစ်နိုင်တာ။
ကြိတ်ပြုံးကလေးနှင့် ခေါင်းငုံ့နေမိသည်။
ငွေရည်သွန်းကဖြင့် ရင်ခုန်တတ်နေပြီဟာ။
မကြာခင် ချစ်သူရတော့မည် ။
သူဟာ သူဌေးသားလည်း မဟုတ်ပါ။
ငွေရည်သွန်းတို့လို သာမန်မိသားစုထဲကပါပဲ။
အရီးခ အိပ်မက်ကြီး သည်တစ်ခါတော့ လွဲပြီ။
တစ်ယောက် တည်း တွေးမိကာ ရယ်ချင်ပက်ကျိ ဖြစ်ကာ နေ၏ ။ မေမေက အရီးခကို…
``ကျွန်မတို့ ဘုရားသွားပြီး ငွေကလေးအတွက် ဆုတောင်းပေးကြရင် ကောင်းမယ်´´ ဟု ဆိုပါသည်။
ခမ်းခမ်းနားနား မင်္ဂလာပွဲ မတိုင်မီ ရောက်လာမည့်  အပူသော ကများ ကို မေမေက ပိုကြောက်နေရှာပါသည်။
``အရီးခ´´
ငွေရည်သွန်းက တစ်ခုခု စဉ်းစားမိသလို ကောက်ကာငင်ကာ ခေါ်လိုက်၏ ။
``ငယ်သူငယ်ချင်း ဟုတ်လား၊ အိပ်မက်ထဲက ငွေကလေး သတို့သားက´´
``ဟုတ်တယ်၊ အဲဒီ လို ပြောတာပဲ´´
``ငယ်သူငယ်ချင်းထဲမှာ သူဌေးသားလည်း လုံးဝ မရှိဘူး´´
လက်ကလေး ခါပြရင်း ဆိုမိ၏ ။
ခုကတည်းကိုက မှားနေပြီ။ မေမေကသာ အစိုးရိမ်လွန်နေတာ။ အိပ်မက်ပဲ မက်ချင်ရာ မက်မှာ ပါ။ မှန်ချင်မှလည်း မှန်လိမ့်မည် ။
အရီးခက အကြားအမြင် ရနေတာလည်း မဟုတ်။
``ဘာပဲ ဖြစ် ဖြစ် လူကြီးသူမ စကားကို မှတ်သားနာယူရမယ်။ မက်လို့ မက်တယ် ပြောတာပဲ။ မက်တိုင်းလည်း မှန်လို့ ပြောတာပဲ။ သမီး ပြက်ရယ်မပြုရဘူး။ မလေးမစား မလုပ်ရဘူး´´
မေမေဆူတော့ ငွေကလေး မျက်နှာလေးတည်ကာ ဆက်မပြောတော့ပါ။ နှုတ်ခမ်းလေးစူပြီး မေမေနှင့် အရီးခအနားက ထထွက်လာခဲ့ပါသည်။
ရယ်ချင်စိတ်တောင် ဘယ်ပြေးသွားမှန်း မသိတော့ပါ။ အိမ်ကလေးထဲက ဆင်းလာပြီး ဘေးမှာ ထောင်ထားသော ပန်းကမ္ဘာစက်ဘီး စိမ်းစိမ်းကလေးကို ဆီထမင်းစားရင်း ကြည့်မိသည်။
မနေ့က ရေဆေးပြီး သုတ်ထားတာ စင်မှ စင်ရဲ့ လား။ စက်ဘီးကလေး သံချေးတက်မှာ စိုးလို့ပါ။ မြတ်နိုးမှု ပိုရသည်လေ။ ရပ်ကွက်အစွန်က လယ်ကွင်းတစ်လျှောက်ဖြတ်ပြီး ခပ်လှမ်းလှမ်းမှာ ရှိသော အထည်ချုပ်စက်ရုံကို သည်စက်ဘီးလေးနှင့်ပဲ မနက်တိုင်း သွားရတာ ။
သည်စက်ဘီးကလေးကို ဆယ်တန်းအောင်တော့ မေမေက ဆုချထားတာ။ ငွေရည်သွန်းမှာ မြတ်နိုးစရာနှစ် ခုရှိသည်။
တစ်ခုက ပန်းကမ္ဘာစက်ဘီးလေး။ နောက်တစ်ခုက ဖိလစ်ကက်ဆက်ကလေး၊ ကက်ဆက်တိုးတိုးဖွင့်ပြီး စာကျက်ရတာ အိမ်သန့်ရှင်းရေး လုပ်ရတာ ပျော်စရာလေးပါ။
သီချင်းတွေ ကို ငွေရည်သွန်း ခင်တွယ်မိပါသည်။ နှစ် ခြိုက်မိပါသည်။ စိတ်ရှုပ်လာလျှင် သီချင်းနားထောင်လိုက်ရမှ။
တကယ်လို့များ အရီးခ အိပ်မက်သာ မှန်လို့ ကတော့ ထည်ဝါခမ်းနားသော အိမ်ကြီးထဲမှာ စန္ဒယားကြီးတစ်လုံးချကာ စွဲမက်နှစ် ခြိုက်ဖူးသော သီချင်းကလေးတွေ ကို ကြော့မော့စွာ တီးခတ်သီဆိုလိုက်ချင်ပါရဲ့ ။
ရှေ့က စက်ဘီးရပ်လိုက်သဖြင့် ညီမင်းလည်း မယောင်မလည် စက်ဘီးကို ဘေးကပ်ရပ်လိုက်သည်။
ငွေရည်သွန်းက အမျိုးသမီး တစ်ယောက် ကို ခဏရပ် နှုတ်ဆက်စကား ဆိုနေတာ။
ဒီကောင်မလေး သူ့မျက်စိထဲမှာ သိပ်လှနေသည်။
ကျောင်းမှာ ကတည်းက စပြီး စိတ်ဝင်စားခဲ့မိတာ။
ငွေရည်သွန်းရဲ့ မျက်နှာလေးက ကလေးငယ်လို အပြစ်ကင်းစင်ပြီး ကြည်လင်နေတာ။ အပြုံးကလေးကလည်း သိပ်ချိုသည်။ သူမရဲ့ ပြုံးနေတဲ့ မျက်နှာကို မြင်ရတဲ့အခါ ညီမင်းရင်ထဲ အေးမြလန်းဆန်းသွားရသည်။
သူ မသိမသာကြည့်နေဆဲ ငွေရည်က ပန်းကမ္ဘာစက်ဘီးလေးပေါ် ကျွမ်းကျင်သေသပ်စွာ ပြန်တက်ကာ စီးနင်းသွားလေသည်။
စက်ဘီးပေါ်အတက် တစ်ချက်မှာ သူမရဲ့ ဆံနွယ်ပျော့စင်းစင်းတို့က ၀ဲခနဲ လှုပ်ရှားသွားသည်။
အလယ်ခွဲ ဆံပင်ရိုးရိုးလေးဟာ ဆိုင်နှင့် ထိတွေ့ တတ်ပုံ မရဘဲ သူ့ဘာသာ ဆံပင်သားလေးက တအိအိနှင့်ပင် ကိုယ့်သဘာဝအတိုင်း ကြည့်ကောင်းနေတာ ဖြစ်သည်။
ပြီးတော့ သူမရဲ့ လှုပ်ရှားပုံဟန်ပန် အမူအရာလေးတွေ ကလည်း ချစ်စရာကောင်းသည်။
စက်ဘီးထိုင်ခုံပေါ်၌ ထိုင်နေသော အခါ နောက်ကနေ ကြည့်ရသည်မှာ ပြေပြစ်သော ကျောပြင်၊ ခါးသေးသေးလေးနှင့် တင်ဝိုင်းဝိုင်းတို့ဟာ ပန်းပုဆရာရဲ့ စိတ်ကြိုက်လက်ရာလေးလို တင့်တယ်လှသည်။
ဒီကောင်မလေးကို ညီမင်းရင်ထဲ ချစ်သူအ ဖြစ် လျာထားခဲ့တာတော့ နည်းနည်း ကြာပြီလို့ ဆိုရမည် ။
လက်တွေ့ မှာ ချစ်သူ ဖြစ်လာဖို့က မြေနီလမ်းကလေးရဲ့ အကွေ့တစ်နေရာမှာ ငွေ သူ့ကို မသိမသာ စောင့်ငဲ့ကြည့်လိုက်သည်။
စက်ဘီးကို တမင်တကာ ဖြေးဖြေးလေးနင်းရင်း ပါလာခဲ့ရော။
သူ ဘယ်တော့မှ ငွေ့စက်ဘီးကို ကျော်တက်မသွားတတ်။ ဒီလိုပဲ နောက်ကနေ မယောင်မလည် ပါလာစမြဲ။ အစ ကတော့ ငွေလည်း သူ့လမ်းသူသွားတာပဲလို့ ထင်တာ။
ဒါပေမယ့် မနက်ခင်း ငွေ စက်ရုံကို သွားတိုင်း သူ့ကို မြင်ရစမြဲမို့ ကြာတော့ သူ့ကို တစ်ရက်တလေ မမြင်ရရင်ပဲ ငွေ သွားရမယ့်လမ်းခရီးဟာ မဖြောင့်ဖြူးတော့သလို ခြောက်သွေ့ပျင်းရိဖွယ် ကောင်းသလိုလိုနှင့် ရင်ခုန်သံတို့ တိတ်ဆိတ်နေရသည်။
တကယ်တော့ သူနှင့်ငွေဟာ တစ်ယောက် ကို တစ်ယောက် မသိကြတာလည်း မဟုတ်ပါ။
အထက်တန်းကျောင်းမှာ ကတည်းက မြင်ဖူးနေကြပါ။ အတန်းမတူပေမယ့် ခပ်ချောချော ကျောင်းသားလေးမို့ ငွေတို့ သူငယ်ချင်းတွေ အားလုံး သူ့ကို သိနေကြတာပါ။ အရပ်မြင့်မြင့်နှင့် ကျစ်လစ်ဖွံ့ထွားသော ကိုယ်နေဟန်ထားနှင့် သူက အ၀တ်အစားဝတ်တာလည်း ကြော့မော့သပ်ယပ်သေးတော့ သူ့ကို မမြင်စရာ သတိမထားမိစရာလည်း မရှိပါ။
သူ ချောလွန်းလို့ ငွေ့ကို သူစိတ်ဝင်စားမယ်လို့ ငွေက မထင်ခဲ့တာ။
သူ့ကိုဆိုလျှင် မိန်းကလေးအများ စုက ခင်မင်ရင်းနှီးဖို့ ၀န်လေးမည် မဟုတ်ပါ။
မဆွတ်ခင်က ညွတ်ချင်နေသူတွေ အများ ကြီး။ ထို့ကြောင့် ငွေ့မှာ သူ ငွေ့နောက်လိုက်လိုက်လာတယ် ဆိုတာကို အစက မယုံချင်။
နောက်တော့ တဖြည်းဖြည်း မယုံမရဲနှင့် ရင်ခုန်လာခဲ့သည်။ သူ ငွေ့ကို ချဉ်းကပ်ဖို့ ကြိုးစားနေပုံလေးကပင် ငွေ့အတွက် ဂုဏ်ယူစရာလို ဖြစ်နေရပြီ။
သူငယ်ချင်းတွေ သိရင်လည်း အံ့သြကြမှာ သေချာသည်။ ငွေသည် သူ့ကြောင့် ရင်ခုန်ကျေနပ်ခြင်းကို စတင်ခံစားခဲ့ရပြီတည်း။
သူ ငွေ့နားလာကာ ဘာတစ်ခွန်းမှ မပြောသေးပေမယ့် သူ့အကြည့်များ နှင့် မထိတထိ ပြုံးစိစိဟန်လေးကပင် ငွေ့ကို တစ်စုံတစ်ရာ သိရှိစေပြီ။
ဒါဟာ မိန်းကလေးတို့အတွက် မသင်ဘဲ တတ်မြောက်သော ပညာတွေ ပဲ မဟုတ်လား။
ကိုယ့်ကို ဘယ်ယောက်ျားလေးက ဘယ်လိုကြည့်လိုက်သလဲဆိုတာ နှလုံးသားထဲမှာ သဘာဝအလျှောက် အဖြေပေါ်နေပြီးသားပဲလေ။ ပြီးတော့ ထိုအဖြေတို့က လွဲမှားတတ်လေ့ မရှိဘူးနော်။
ကောင်မလေးရဲ့ မျက်လုံးကလေး ဖျတ်ခနဲ ဝေ့၀ဲရောက်လာသဖြင့် ညီမင်းမျက်နှာ ပြုံးသွားရသည်။ ဒီပုံအတိုင်းဆိုရင်တော့ သူ့ မျှော်လင့်ချက်တု့ မဝေးတော့ပြီ။
ညီမင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီးသား။ မိန်းကလေးတို့နှင့် ပတ်သက်လျှင် သူ အရိုင်းကြီးမဟုတ်လှ။ အတော် အတန်တော့ ပါးနပ်ခဲ့ပြီဟု ယူဆမိသည်။ သို့သော် ငွေရည်သွန်းကိုတော့ သူ အတော် ကြိုက်မိတာ ၀န်ခံရမည် ။
ကြိုက်လို့လည်း အချိန်ပေးပြီး ကြိုးစားနေခဲ့တာ။ ကောင်မလေးဘက်က မီးစိမ်းပြမပြ စိတ်ရှည်ရှည် စောင့်ကြည့်နေခဲ့တာ။ ဒီနေ့တော့ လုံလောက်ပြီ ထင်ပါသည်။
သူတစ်ဆင့် တက်တော့မည် ။
အခြေအနေပေးရင် ငွေရည်သွန်းကို ဖွင့်ပြောလိုက်မည် ။
တဖြေးဖြေးနှင့် ဟိုးခပ်ဝေးဝေးမှာ အထည်ချုပ်စက်ရုံလေးကို လှမ်းမြင်ရပြီ။
ငွေ ကတော့ စက်ဘီးနင်းရတာ မမောပါ။
ပျော်လို့ပင် နေပါသေးသည်။
စက်ရုံဝင်းတံခါးဆီအရောက်မှာ စက်ဘီးပေါ်က ဆင်းပြီး တွန်းဝင်လာလိုက်သည်။
စိတ်ထဲမှာ သူ့ကို ကြည့်ချင်သဖြင့် သမင်လည်ပြန်လေး လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းမှာ သူရပ်ကြည့်နေတာ တွေ့ ရသည်။
ငွေ စက်ရုံထဲ ၀င်သွားမှ သူ ပြန်သွားမည် လေ။ ဒါဟာ သူ့ရဲ့ နေ့စဉ် ၀တ္တရားတစ်ခုလိုပင် ဖြစ်နေပြီ။ ငွေ့ နှုတ်ခမ်းတို့သည် ပီတိလေးနှင့် ပြုံးမြနေရလေသည်။
ငွေရည်သွန်းက မှန်ထဲက သူမမျက်နှာလေးကို စူးစိုက်ကြည့်လိုက်သည်။
သနပ်ခါးမှု န်မှု န်တို့ ထင်နေဆဲ။
ဘရပ်ဘီးလေးကို ဆွဲယူ၍ ဆံပင်ကို တစ်ချက်နှစ် ချက် ဖြီးသင်လိုက်သည်။
အင်္ကျီကိုတော့ လဲမနေတော့ပါဘူး။
ဒီနားက စာအုပ်ဆိုင်လေးပဲဟာ။
ဒီနေ့ အုလပ်နားရက်မို့ စုထားတဲ့ အ၀တ်အစားတွေ လျှော်၊ ရေကို စိမ်ပြေနပြေ ချိုးပြီးနောက် တရေး တမော အိပ်လိုက်သေးသည်။
ပြန်နိုးတေ့ ညနေစောင်းပြီ။
လူကလည်း ပျင်းရိငြီးငွေ့နေပြီ။
ထို့ကြောင့် မနေ့က ငှားထားတဲ့ ၀တ္ထုစာအုပ်ကို ယူပြီး အငှားဆိုင်သွားဖို့ ပြင်ဆင်သည်။
ယင်းမာဖိနပ်ပါးလေးကို စီးရင်း နောက်ဖေးက အမေ့ကို အော်ဟစ်နှုတ်ဆက်လိုက်သေး၏ ။
``အမေရေ… သမီး စာအုပ်ဆိုင် သွားဦးမလို့´´
``အေး… အေး´´
အိမ်ပေါ်က မဆင်းခင် အိမ်ရှေ့ ကပြင်အဆင့်လေးမှာ ရှိနေတဲ့ စက်ဘီးကို တစ်ချက်ကြည့်မိသေးသည်။
ခုတလော မိုးရွာစပြုပြီမို့ စက်ဘီးကို ပိုဂရုစိုက်ရသည်။ သူမစက်ဘီး ပေကျံလာတဲ့အခါ သူမကိုယ်တိုင် ဆေးကြောသန့်စင်ရတာ မဟုတ်လား။
ဘီးမှာ ရွှံ့တွေ သဲတွေ ဖုန်တွေ ပေရေနေမှာ သူမ စိုးရိမ်သည်။ အိမ်ပြန်ရောက်တာနဲ့ သေချာရေဆေး အ၀တ်ခြောက်နဲ့ ပြန်သုတ်၊ ဒီဘီးလေးကို တသသ အရိပ်ကြည့်နေရတာ ။
ဒါလေး ရှိနေလို့လည်း သွားရေး လာရေး အဆင်ပြေနေတာ မဟုတ်လား။ ထို့ကြောင့် အနီးအနားလေးတို့၊ မနီးမဝေးတို့ဆိုလျှင် ငွေရည်သွန်းက စက်ဘီးကို မသုံးတော့။
လမ်းပဲ လျှောက်သွားလိုက်သည်။
နှမြောတယ်လို့ပဲ ဆိုချင်ဆို။
ကိုယ့်ရဲ့ ပစ္စည်းဥစ္စာဆိုတာ ကိုယ်တန်ဖိုးထားမှ မဟုတ်လား။ လမ်းရောက်တော့လည်း စက်ဘီးယူမလာမိတာ ပိုမှန်သွားကြောင်း သိရသည်။
ငွေရည်တို့ ရပ်ကွက်ဟာ ကတ္တရာလမ်းရယ်လို့မှ မရှိတာ။ တာလမ်းမကြီးကလွဲလျှင် အားလုံးလိုလိုဟာ မြေလမ်းတွေ ချည်း။ တချို့တလေသာ ကိုယ်ထူကိုယ်ထနှင့် ဂ၀ံကျောက်လေး ဘာလေး ခင်းထားကြတာ။
မိုးမရွာရင်တော့ ဟုတ်လို့ပေါ့လေ။
မိုးရွာပြီဟေ့ဆိုလျှင် တစ်လမ်းလုံး ဗွက်အိုင်တွေ ဖြစ်သွားတော့တာ။
ခုလည်း ရွှံ့ဗွက်တွေ မ၀င်အောင် သတိထားလျှောက်ခဲ့ရသည်။ စာအုပ်ဆိုင်က သိပ်အဝေးကြီးတော့ မဟုတ်။
ဒါပေမယ့်လည်း ဖြေးဖြေးချင်းလျှောက်တော့ တော် တော် ကြာအောင် လျှောက်ရသည်။
စက်ဘီးနှင့် ရွှတ်ခနဲ ရွှတ်ခနဲ သွားလာနေကျမို့ လမ်းလျှောက်ရရင် နှေးတယ်လို့ကို ငွေက ထင်နေတာလည်း ဖြစ်ချင် ဖြစ်မည် ။ ဒီအငှားဆိုင်လေးက ထွက်သမျှ ၀တ္ထု၊ မဂ္ဂဇင်း စုံလင်အောင် တင်တာမို့ ငွေရည် သဘောကျသည်။
စာအုပ်တွေ စိတ်ကြိုက်ရွေးပေတော့လေ။
မနေ့က ငှားတဲ့စာအုပ်ကိုအပ်၊ ဒီညဖတ်ဖို့ ၀တ္ထုတစ်အုပ်နှင့် မဟေသီမဂ္ဂဇင်းကို ရွေးယူလိုက်သည်။ ထို့နောက် ငွေ ဆိုင်ထဲက ပြန်ထွက်လာသည်။
ထိုအချိန်အထိ ငွေ့အာရုံထဲမှာ သူ့ကို မစဉ်းစားမိသေးပေ။ ငွေရည်သည် လမ်းကို သွက်သွက်လျှောက်လိုက်သည်။ အိမ်မြန်မြန်ရောက်လျှင် ဇိမ်နှင့် စာအုပ်ဖတ်တော့မည် ရယ် လို့ပင်။
သို့သော် တစ်နေရာ၌ မမျှော်လင့်ဘဲ ချောနေသော လမ်းမှာ ငွေ့ဖိနပ်ပါးပါးက ဘယ်လို ဖြစ်သည်မသိ။ ချောခနဲ ပါသွားရော ငွေလည်း အရှိန်မထိန်းနိုင်တော့ဘဲ ရွှံ့အိုင်ထဲထိုင်လျက် လဲကျသွား၏ ။
ရင်ခွင်ထဲ ပိုက်ထားတဲ့ စာအုပ်တွေ လည်း လျောခနဲ မြေပြင်ပေါ် ပြုတ်ကျလေသည်။
ငွေရည့် နှုတ်ကလည်း….
``အမေ့ ပလုတ်တုတ်´´ ဟု ယောင်မိလေသည်။
ဘယ်နေရာတွေ နာကျင်မှန်းမသိ။ ရုတ်တရက် ချက်ချင်း ပြန်ထလို့ကလည်း မရ။ ရှက်ရှက်နှင့် ဘေးပတ်ဝန်းကျင်က ဘယ်သူတွေ များ မြင်သွားကြပြီလဲ။ ကမန်းကတန်း ကြည့်ရှုသေး၏ ။
ထိုအချိန်မှာ မမျှော်လင့်ဘဲ ငွေ့နောက်ဘက်က လူ တစ်ယောက် ဗြုန်းခနဲ ပြေးလာကာ ငွေ့ကို တွဲ ထူလိုက်လေသည်။
``ရပ်လို့ ရရဲ့ လား၊ ဘယ်နား နာသွားသေးလဲ´´
ကြင်နာသော အသံမှာ ငွေ့ရင်ထဲ လှိုက်ခနဲ ဖိုနွေးသွားရလျက် သူ့မျက်နှာကို အံ့အားတသင့် မော့ကြည့်မိလေသည်။
``ဟင်… ရှင်´´
``ကျွန်တော် ညီမင်းလေ၊ သိတယ်မို့လား၊ ကျွန်တော် ကတော့ ငွေရည်သွန်းကို ကြည့်နေမိတာ ကြာပြီ´´
သူ အဲလို ကြည့်နေတတ်လို့လည်း ချော်လဲတာကို မြင်တာပေါ့လေ၊ ငွေရည်သွန်းက ကျေးဇူးတင်စကား မဆိုဘဲ မျက်စောင်းလေးသာ ရွယ်မိတော့၏ ။
သူက ပြုံး၏ ။
ငွေရည်သည် မတ်တတ်သာ ရပ်လိုက်သော်လည်း လုံချည်နောက်မှာ ရွှံ့ရေတွေ ပေကျံကုန်ရသည်မို့ ရှက်လည်း ရှက်၊ စိတ်လည်းတို။
``ရရဲ့ လား၊ နာနေလား´´
``မနာပါဘူး´´
``ကျွန်တော့် ကို သူစိမ်းလို့ သဘောမထားပါနဲ့´´
ငွေရည်ရဲ့ ရှက်မျက်နှာလေးကို ညီမင်း ပိုချစ်သွားရသည်။
``ခြေထောက် ရေဆေးချင်လည်း ပြော၊ ဒီနားမှာ သူငယ်ချင်းအိမ်ရှိတယ်၊ လာပါဗျာ… ဆေးလိုက်ပါ´´
သူက ထိုအနီးအနားက အိမ်တစ်အိမ်ရှေ့ ခေါ်ဆောင်သွားပြီး အိမ်ရှေ့ ရေတံလျှောက်အောက်မှာ မိုးရေခံထားသော စည်ပိုင်းနားသွားကာ ရေဖလားပါ ငှားပြီး ငွေရည့်ခြေထောက်ကို ဖလားနှင့် ရေဆေးပေးလေသည်။
``ရပါတယ်၊ ငွေ့ဘာသာ ဆေးပါ့မယ်´´
စာအုပ်တွေ သူယူထားပေး၏ ။
ရေစိုနေသော လုံချည်ကို ငွေက သွက်သွက်ကလေး လှည့်ဝတ်ဖို့ပြင်တော့ ညီမင်းက အလိုက်သိစွာ ဟိုဘက်နား ကျောပေးရပ်နေသည်။
ငွေနှင့်သူက တခဏလေးအတွင်းမှာ မထင်မှတ်ဘဲ ရင်းနှီးနားလည်မှု ရှိသွားကြသည်။
``စာအုပ်အဖုံးတွေ စိုသွားတယ်နော်၊ စာအုပ်ဆိုင်ကို အလျှော်ပေးရတော့မှာ ပဲ´´
``ဒါလေးများ စိတ်ပူမနေပါနဲ့ ငွေရယ်၊ ကျွန်တော် အသစ်ပြန်ဖုံးလာပေးပါ့မယ်´´
``အားနာစရာကြီး နေပါစေ´´
``အားနာရင် ကျသင့်ငွေ ပေးလေ´´
``ဘယ်လောက်ပေးရမှာ လဲ´´
သူက ပြုံးစစနှင့် တခဏစိုက်ကြည့်နေပြီးမှ…
``တစ်ထောင့်ငါးရာထဲပါ´´
ငွေ မျက်နှာလေး ငုံ့သွားရသည်။
သိပ်ပြောင်တာပဲ။
သိတာမှ မကြာသေး၊ ထောင့်ငါးရာက စပြောနေပြီလေ။
ကြည့်ပါလား။
သူက မနက်ဖန် စာအုပ်တွေ ဖုံးလာပေးမည် ဆိုကာ ငွေ့ကို တွေ့ ဖို့ ချိန်းသည်။
အဲဒီ နေ့ ကတော့ စာအုပ်အကြောင်းပြလို့ ငွေက လွယ်လွယ်ကူကူ လက်ခံလိုက်သည်။
နောက်တစ်နေ့ကျတော့ သူက မုန့်ကျွေးချင်လို့ပါဟု ချိန်းသည်။
ငွေ မငြင်း။ သူ့စက်ဘီးပေါ် အတူထိုင်စီးခဲ့သည်။ နောက်တစ်နေ့တစ်ခါ ငွေက တစ်ပြန် မုန့်ကျွေးသည်။ ထိုမှ နောက်တော့ အကြောင်းပြချက်မရှိ တွေ့ ချင်လို့ကို တွေ့ ကြသည်။
ရှင်းရှင်ေးလး ပြောရရင်တော့ ငွေတို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် ပွင့်လင်းစွာ ပဲ ချစ်မိသွာြး ကတော့သည် ဆိုပါတော့။
``ညီရယ်၊ ငွေတို့ အခုလို လျှောက်သွားနေကြတာ သူများ တွေ တွေ့ ပြီး အိမ်ကို ပြန်ပြောရင် မလွယ်ဘူး´´
``ဘာ ဖြစ်လဲ၊ သိပစေပေါ့´´
``သြော်… ညီက ယောက်ျားလေး´´
``ငွေက မိန်းကလေး´´
``မနောက်နဲ့ကွာ´´
``ဘယ်မှာ နောက်လို့လဲ´´
``တော် ပြီ၊ ပြန်တော့မယ်´´
``ဟာ… မပြန်ပါနဲ့ဦး´´
ညီမင်းက ငွေ့ရှေ့မှာ ကာဆီးထားလိုက်သည်။ ပထမဦးဆုံး ရည်းစားထားဖူးတာမို့ အမေသိရင် ဆူလေမလား ငွေ စိုးရိမ်သည်။
ပြီးတော့ အရီးခ။ အရီးခ ပြောထားတဲ့ အိပ်မက်ကို ဖျတ်ခနဲ ပြန်တွေးမိသည်။ တွေးမိတာနှင့် တစ်ပြိုင်နက် ညီ့မျက်နှာလေးကိုလည်း မော့ကြည့်မိသည်။
``ညီ´´
``ဟင်´´
``ငွေ့ကို ချစ်လား´´
``ဟောဗျာ… ဘာ ဖြစ်ပြန်ပြီလဲ´´
``ငွေ့ကို ထားခဲ့မှာ လား´´
``မယုံဘူးလား ငွေရယ်၊ ဒါဆို အခုပဲ ခိုးပြေးကြမယ်၊ ဘယ်လိုလဲ´´
သူက ငွေ့လက်များ ကို လာဆုပ်ကာ စိတ်လှုပ်ရှားသံနှင့် ဆိုသည်။
``အမယ်၊ ရှင် လွယ်လွယ်မပြောနဲ့´´
``အေး… ဒါဆို တကယ်ပြန်မပို့တော့ဘူး´´
``ညီနော်´´
သစ်ပင်ရိပ်အမှော င်လေးမှာ ရပ်စကားပြောနေကြခြင်းမို့ ညီက ငွေ့ပခုံးကို တင်းတင်းသိမ်းဖက်လိုက်သည်။ ငွေက သူ့လက်ကို ဖယ်၏ ။
``မိုးချုပ်နေပြီ ညီရဲ့ ၊ ငွေ ပြန်တော့မယ်နော်´´
``မပြန်ရဘူး´´
``အိုး… ဘယ်လို ဖြစ်နေလဲ´´
ငွေက သူ့လက်မှ လွတ်တုန်း ဖျတ်ခနဲ အလင်းထဲဆီ ပြေး၏ ။
ညီမင်းကလည်း အလစ်မပေး။ သူမ လက်ကောက်ဝတ်ကို ဗြန်းခနဲ ပြန်ဆွဲထားသည်။
လက်ကို ဆောင့်ဆွဲလိုက်သော အရှိန်ကြောင့် ငွေ့ခန္ဓာကိုယ်လေးက တစ်ပတ်လည်ကာ ညီမင်းရင်ခွင်ထဲ ပြိုလဲတော့၏ ။ ညီမင်းက သူမကို မြုပ်နေအောင် တအားဖက်ကာ မျက်နှာလေးကို အရနမ်းသည်။
ငွေရည်သွန်းလည်း ငြိမ်သက်သွားရ၏ ။ နွေးထွေးသော ညီ့နှုတ်ခမ်းတွေ က သူမကို အရူးအမူး ဆွဲဆောင်သွားတော့သည်။
နှစ် ဦးသား ပတ်ဝန်းကျင်ကို မေ့လျော့သွားကြ၏ ။ မိုးရွာပြီးစ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကလည်း သူမတို့နှစ် ယောက် ကို အနှောင့်အယှက်။ အိမ်ပြန်မည် ရယ်လို့ နှုတ်ကသာ တဖွဖွ ပြောနေမိသော်လည်း ညီမင်းရင်ခွင်ထဲကနေ ငွေ တော် တော် နှင့် ရုန်းမထွက်နိုင်ပါချေ။
![]() ဟင့်အင်း ..မခွဲနိုင်ဘူး | ![]() ဧဒင်ရဲ့ ပဉ္စလက် | ![]() တယုတယဒေါ့ကွန် |