
အခန်း (၁)
ယုယဘ၀က မေတ္တာငတ်နေသူပါ။ ဘယ်သူ့ကိုမှ မချစ်ရဲ။
‘ယုယမိုမို’ က သံပရာသီးကို နှစ် ခြမ်းခြမ်းကာ ခပ်နာနာ ဖိညှစ်ပစ်လိုက်၏ ။ နူတ်ခမ်းက လေးကလည်းစူမိသည်။
တကယ်ပါပဲ…။
တစ်နေ့တစ်နေ့ သူ့အလုပ်တွေ လုပ်ပေးရတာ မနည်းမနော။ တစ်မျိုးပြီးတစ်မျိုး။
စာအုပ်စင် ရှင်းပေးပါ။
အ၀တ်ဗီရို ရှင်းပေးပါ။
VCD ခွေတွေ ရှင်းပေးပါဆိုတာမျိုးက အဆဟစ်ခိုင်းတတ်သေးသည်။ သူလည်း ကျောင်းသူ၊ ကိုယ်လည်းကျောင်းသူ အတူတူချင်းကို။ ပြီးတော့ အိမ်မှာ ဒေါ်ညိုလည်း ရှိသားပဲ။
စာကျက်နေတာကို ထလာပြီး သံပရာရည်ဖျော်ပေးရတော့ စိတ်ထဲ သံပရာရည်လိုပဲ ချဉ်မိ သည်။
ဒေါ်ညိုကို ဖျော်ခိုင်းရင် ရသားပဲ။
တမင် ကြည့်မရသည့် ပုဒ်မဆိုတာသိသည်။
မမ ‘သမုဒယကိုကို’ က ယုယမိုမိုကိုဆို တစ်စက်မှ ကြည့်မရ။
အမြဲတမ်း အနိုင်ကျင့်ဖို့ပါပဲ။
အရမ်းနိုင်သည်။
ဘာမဆို ခိုင်းသည်။ အားမနာ။ မေမေကလည်း တစ်ခါမှ ဘာမှမပြော။
မမသမုဒယဘက်က လုံးဝ ပါသည်။
မေမေကလည်း ယုယကို မုန်းနေတာ ခါးနေတာ။
ငယ်ငယ်လေးကတည်းက ယုယသိသည်။
မေမေ့ကိုတော့ အမေမို့အပြစ်ယူလို့မရ။
မေမေ့ကျေးဇူးက ရှိနေသည်။
“သံပရာရည်ကို ဘာချေး(ဂျီး) များ ဦးမလဲ မသိဘူး ဟု တစ်ယောက် တည် ရေရွက်လိုက် မိ၏ ။”
သမုဒယကိုကိုက အပေါ်ထပ် ဧည့်ခန်းကျယ်ကျယ်မှာ အေရိုးဗစ် ကစားနေသည်။ သူငယ်ချင်းနှစ် ယောက် လည်းပါသည်။ စတက်အေရိုးဗစ်ပါ။
သီချင်းသံက မြူးကြွ ဆူညံနေတော့ စာကျက်နေသော ယုယက သည်းမခံနိုင်ဘဲ အောက် ထပ် ဆင်းလာခဲ့တာ။
“ယုယသံပရာရည်သုံးခွက်”
ဟု သမုဒယက လှမ်းအော်မှာ သည်။
ဘယ်လိုတွေ မှန်း မသိ။
လုပ်ပေးချင်းမှန်းမသိ မလုပ်ပေးချင်မှန်းမသိ။
ကိုယ့်ဘာသာသွားဖျော်ပါလား၊ စာကျက်နေတယ် ဟု ပြန်ပြောမိလျှင် အကြီးအကျယ် စကားများ ရဦးမည် ။
ယုယက စကားမများ ချင်။ ရန်မ ဖြစ်ချင်။
ဖေဖေ့ကို သနားသည်။
ဖေဖေကယုယကို သိပ်ချစ်တာပါ။
အပြင်လူတွေ က အကြောင်းမသိလျှင် အဖေပါ အမေပါ ညီအစ်မလို့ပင် ထင်ကြသည်။
ဖေဖေက ယုယကို အဲဒီ လောက်ထိ ချစ်ရှာတာ။
ဖေဖေက ချစ်လေ မေမေက ပိုမုန်းလေ ထင်ပါရဲ့ ။
“ဘာတွေ မှန်းလည်း မသိဘူး၊ သူများ အိမ်မှာ လာကစားပြီး သံပရာရည်က သောက်ချင် သေးတယ်”
ထပ်တစ်ခွန်း ရေရွတ်မိ၏ ။
သံပရာရည်သုံးခွက်ကို ဗန်းကလေးနှင့် ထည့်ပြီး စားပွဲပေါ်တင်ထားကာ မကျေမနပ်နှင့် ခဏထိုင်နေမိ၏ ။
စိတ်ကိုရှည်အောင် ဆွဲဆန့်ရပါသည်။
ဒေါသ ဖြစ်လို့မရ။ သည်းခံစိတ် မွေးရသည်။
သံပရာရည်ကို အပေါ်ထပ်သွားပို့ပြီး သူတို့နှင့် ဝေးအောင် ခြံထဲအထိ ဆင်းလာခဲ့၏ ။
နီးနီးနားနားမှာ နေလျှင် ထပ်ခေါ်နေဦးမည် ။
သံပရာရည်ကို ချိုလျှင် ချိုပြန်ပြီ၊ ချဉ်လျှင် ချင်ပြန်ပြီးဟု အပြစ်ရှာတတ်တာ။
ယုယကလည်းနော်… တကယ်ပါပဲ။
ဖေဖေ့အတွက် သံပရာရည်ဖျော်လျှင် အရမ်းကောင်းသည်။
အနေတော် ကလေး တခြားလူအတွက်ဆို အဲဒီ လိုမကောင်း။ ရင်ထဲက လာသော စေတနာ ကြောင့် များ လား။
“ယုယ”
“ရှင်”
မေမေက လှမ်းတွေ့ သွားပြီး ခေါ်၏ ။
“ဒါက ဘယ်လဲ”
“ခြံထဲဆင်းပြီး စာကျက်မလို့ပါ”
မေမေကယုယကို တစ်ချက်ကြည့်သည်။
ဘေးခြံက ချာတိတ်တွေ ရှိတော့ မေမေက မသကာင်္ချင်တာပါ။ ယုယကဖြင့် အဲဒါတွေ လုံးဝ စိတ်မ၀င်စား။
သံသံသယ ဖြစ်တာလွဲနေပြီ မေမေ။
တကယ်ပဲ ဘေးခြံက ကောင်လေးတွေ ကို ကြည့်ကာ ကြည့်ကာ တိုးတိုးတိုးတိုး ကြိတ်ရယ် ပြီး အဲဒီ ကောင်လေးတွေ အကြောင်း ဝေဖန်ပြောနေတာက မမသမုဒယနှင့် သူ့သူငယ်ချင်းများ ။
အေရိုးဗစ်ကတာတောင် မမြင်မြင်အောင် ၀ရန်တာဘက် ထွက်ထွက်ရပ်တတ်တာ။
ဒါတွေ ကို မေမေမသိ။
မေမေကသမုဒယကိုဆို သိပ်အထင်ကြီးတာပါ အမြင့်ကြီးလည်း မှန်းထားသည်။
“နောက်ဖေးမှာ သွားကျက်”
“ဟုတ်”
ယုယက မျက်နှာ စူပုတ်ပုတ်နှင့် ထွက်လာခဲ့၏ ။
ညညဆို အဲဒီ ကောင်းလေးတွေ ဂစ်တာလာတီးလျှင် ပြတင်းပေါက်ဖွင့်ပြီး ရပ်တတ်တာက မမသမုဒယပါ။
ယုယုက ထိုအချိန်ဆို မီပိတ်ပြီး အိပ်ပြီ။
မေမေ စိုးရိမ်သင့်တာက သမုဒယကိုပါ။
ယုယက ကိုယ့်ကို လာကြည့်လျှင် မသိချင်ယောင် ဆောင်နေတတ်တာပါ။
ဟိုတစ်နေ့ကတည်းက မေမေ စိုးရိမ်သွားခဲ့တာ ယုယသိသည်။ ဘေးခြံက ချာတိတ် သုံးယောက် ၏ အမေက သမီးချော်လေးတွေ ဟု ပြောသွားကတည်းက။
မေမေပိုပြီး စိတ်ပူတာက သမုဒယကိုပါ။
ယုယကိုမေမေက လုံးဝမချစ်။
ယုယဘာပဲ ဖြစ် ဖြစ် မေမေ့ရင်ကို မထိခိုက်နိုင်ပါ။
ယုယက သမီးရင်းမှ မဟုတ်ဘဲ။
ခြေသလုံးမှာ ခေါက်ထားသော ဂျင်းဘောင်ဘီ အကြပ်ကလေးနှင့် ခြေချိတ်ထိုင်ကာ ယုယက စာအုပ်ဖွင့်သည်။
စာကလွဲလျှင် ကျန်တာတွေ ခေါင်းထဲ မထည့်ချင်။
ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်းသို့ ဆူပါစလွန်းအဖြူတစ်စင်း ကွေ့ဝင်လာပြီး တုန့်ခနဲ ရပ်သွားသည်။ ကားကလေးဆီ ပြိုင်တူ ကြည့်မိသည်။
စကားဆိုနေသော ကျောင်းသားများ ငြိမ်သက်သွားကြသည်။
တိတ်ဆိတ်လို့။
သတိလက်လွတ် ငေးမောလို့။
ကားလှလှလေးထဲမှ နီရဲရဲ ၀တ်စုံကလေးနှင့် အပျိုစင် မိန်းကလေးတစ်ဦး လှပလွန်းစွာ ဆင်းလာသည်။
ဝင်းဝင်းသန့်သန့်နှင့် နုဖတ်အောင် ချစ်စရာကောင်းသည်။
တကယ်ထဲ လူကို မမြင်ဘူးတဲ့ သိပ္ပံလူသားကျနေတာပဲ။
အကြည့်ရဲသော ကျောင်းသားတွေ ကြောင့် မျက်စောင်းရွယ်မိတော့မလို့ပါ။
မျက်နှာကို တင်းပြီး စိတ်ကို ထိန်းကာ ခြေလှမ်းစလိုက်သည်။
လေးလေးအောင်ကို ဘယ်မှာ ရှာရမလဲ။ သူတို့ ၀ိုင်းကြည့်ကြည့် မကြည့်ကြည့်။
မသိမသာ သက်ပြင်းချမိသည်။
တစ်ခါမှ ရောက်ဖူးတာမဟုတ်။ လေးလေးအောင်က သည်ကျောင်းမှာ ဆရာတစ်ဦး၊ အကြည့်စူးစူးတွေ ကြောင့် ခြေလှမ်းပင် မှားချင်လာသည်။
သူတို့ဘက်သို့ တစ်ချက်လှမ်းကြည့်မိသည်။
မသိမသာ။
Alter ရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားသည့် ကောင်လေး တစ်ယောက် နှင့် မျက်လုံး ချင်းဆုံသွားသည်။ သူ့မျက်လုံးတွေ က တောက်ပလင်းလက်စွာ ယုယ ကပျာကယာမျက်လွှာချ လိုက်သည်။
ကြာကြာ ဆုံမကြည့်ရဲ။
သူ့အကြည့်က စူနက်လွန်လှပါသည်။
သူတို့ကို ကျော်ဖြတ်ကာ ထွက်လာခဲ့သည်။ ဆက်လျှောက်လာခဲ့သည်။
“ဟေ့…သမီး”
“ဟယ်…လေးလေးအောင်…လေးလေးအောင်ကို ရှာမလို့”
မျက်နှာချင်းဆိုင် တည့်တည့်လာဆုံတော့ ၀မ်းသာမိသည်။ ရှာစရာမလိုတော့ပါ။
“သြော်…ဟုတ်လား၊ ကဲ…လာ…လာ၊ နားနေခန်းဘက်သွားပြီး စကားပြောရအောင်… အေးအေးဆေးဆေးပေါ့”
အားနာစရာ ကောင်းလိုက်တာ လေးလေးအောင် လျှောက်လာတာကိုမမြင်။
“သမီး ဖေဖေတို့ မေမေတို့ကော နေကောင်ကြရဲ့ လား”
“ဟုတ်ကဲ့၊ ကောင်းပါတယ်”
ထိုစဉ် စောစောတုန်းက ကောင်လေးတစ်စု ဖြစ်လျှောက်သွား၏ ။
လေးအောင်နှင့် အတူအတူ ရှိနေတာကို သူတို့ကတအံ့တသြ ငေးမောသွားကြသည်။
“ဟေ့…မင်းတို့ဘယ်လိုလဲ”
“ဟုတ်ကဲ့…အပြင်ခဏလေး သွားမလို့ပါ”
“အေး…သွား…သွား”
သူမက ခုနတုန်းက ဗူအနမ ရှပ်နှင့် အကြည့်ရဲရဲကောင်လေးကို အမှတ်မဲ့ တစ်ချက် ကြည့်မိ သွားသည်။ သူကမပြုံးမရယ်နှင့် ယုယမိုမိုကို ကြည့်နေ၏ ။
“ဒီသူငယ်က စာသိပ်တော် တာ”
“ဟုတ်ကဲ့”
ဘာရယ်မဟုတ် လေးအောင်က ပြောပြသည်။
ယုယမိုမို မျက်နှာလေး နွေးသွားသလိုပါ။
“သူက yထမနှစ် လား”
“မဟုတ်ဘူး ဒုတိယနှစ် ရောက်နေပြီ”
“ဟုတ်ကဲ့”
“သမီး”
“ရှင်”
“သမီးကိစ္စရှိလို့လာတာမဟုတ်လား”
ရှက်ပြုံးလေးတစ်ချက် ပြုံးမိသည်။ ခေါင်းညိမ့်ကာဝန်ခံလိုက်၏ ။
“သမီးဇာတိပေါင်မြို့ကို ခဏသွားမလို့၊ အဲဒါလာနှုတ်ဆက်တာ”
“သြော် အလည်သက်သက်သွားမှာ လား”
“ဟုတ်ပါတယ် အလည်သက်သက်ပါပဲ”
မိမိဇာတိမွေးရပ်မြေ၊ ဖေဖေမေမေတို့ ခေါင်းချတဲ့နေရာ။
သည်သို့ တွေးမိတော့ ရင်ထဲဆွေးသွားရသည်။
အားငယ်မှု တို့လည်း လှိုက်ခနဲတက်လာ၏ ။
“ဟေ့…သမီးငြိမ်လှချည်လား”
“ဒီကျောင်းဝန်းကျင်က ငြိမ်သက်လွန်းတယ်၊ လေးအောင်အရမ်းအေးချမ်းတယ်”
“ဟုတ်တယ်ကွဲ့”
“သမီးသွားတော့မယ်၊ နားနေခန်းကို မလိုက်တော့ဘူး၊ ၀င်စရာတစ်နေရာ ကျန်သေးတယ် …ဟုစကားဖြတ်ပြီး နှုတ်ဆက်လိုက်၏ ။”
“ကောင်းပါပြီ” ဟု လေးအောင်က ခေါင်းညိမ့်သည်။
အပြန်လမ်းက သူမအတွက် သွေ့ခြောက်လှသည်။
ကားတံခါးကို စိတ်မပါစွာ ဆွဲဖွင့်ပြီး၊ ၀င်ထိုင်မည် အလုပ်တစ်နေရာမှ တစ်ဦးဦးက မိမိကို ကြည့်နေသလို ခံစားရသည်။
မျက်လုံးက အလိုလို ထိုနေရာသို့ ရောက်သွားသည်။
“ဟင်”
မတ်တပ်ရပ်ကာ လက်ပိုက်၍ ပြုံးပြုံးကြီးကြည့်နေသော ဟိုကောင်လေးကို တွေ့ လိုက်ရ သည်။
စောစောတုန်းကကောင်လေး။
သူကတော် တော် ချောသည်။
ဘာကြောင့် မသိ။ သူကို သတိပြုမိသည်။
ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားသည်။
ကားထဲဝင်ထိုင်ပြီး ၀ူးခနဲ့နေအောင် မောင်းထွက်ခဲ့မိသည်။
ကက်ဆတ်ကို ဖွင့်ပြီး သီချင်းသံကို ကျယ်လိုက်၏ ဘာမှ မတွေးချင်။
သက်ပြင်းမော တစ်ချက် ရိုက်မိသွားသည်။
အိမ်သို့ ပြန်ရောက်လာသော အခါ မျက်ဝန်တွင် မျက်ရည်စက်တို့က စိုစွတ်၍ လာကြပြန် သည်။
ရင်ထဲမှာ ၀မ်းနည်းကြေကွဲနေသည်။
ဧည့်ခန်းတွင် ချိတ်ဆွဲထားသော ဦးမော်ခန့်ဓာတ်ပုံကို မော့်ကြည့်မိပြန်တော့ ရင်မှာ ကြည်နူး မှု တို့ လှိုင်ထွန်းလာရပြန်ပါသည်။
မွေးစားဖေဖေက ယုယမို အပေါ်သူများ အမုန်းခံပြီးဘာလို့ချစ်ရတာ လဲ။
ဖေဖေသည် ယုယမိုအပေါ် သမီးရင်း သမုဒယနှင့် တန်းတူချစ်ခဲ့သည်။
ဖေဖေ့ကြောင့် သူမဘ၀လေး သာယာစိုပြည်ခဲ့သည်။
မေမေနှင့် အတိုက်အခံပြု၍ ကျောင်းထားပေးခဲ့သည်။ အရွယ်ရောက်လာပြန်တော့ လက်ဝတ် လက်စားဆင်ပေးခဲ့သည်။
ကိုယ်ပိုင်ကားမောင်းခွင့်ပြုခဲ့သည်။
ဖေဖေမေမေတို့၏ အိမ်ထောင်ရေး သည် သူမရောက်လာချိန်မှစ၍ သာယာမှု မရှိခဲ့။
မေမေဒေါ်သက်ထားနွယ်သည် သူမအပေါ် ဘယ်မျပင် ဆိုးခဲ့ခဲ့ ဖေဖေ့အပေါ်တော့ အင်မ တန်ပင် ချစ်ခင်ကြင်နာခဲ့လေသည်။
ဒါကို ယုယသိပါသည်။
မိမိအခန်းရှိရာသို့ တတ်လာခဲ့မိသည်။
ပိုက်ဆံအိတ်ကို စားပွဲပေါ်တင်ထားလိုက်၏ ။
ယုယစိတ်တွေ အတိတ်၏ လွင်ပြင်ဆီ ပြေးလွှားသွား၏ ။
ဦးမော်ခန့်သည် ဒေါ်သက်ထားနွယ်နှင့် အိမ်ထောင်ကျပြီး သုံးနှစ် အကြာတွင် သမီး သမုဒ ယကို မွေးဖွားခဲ့လေ၏ ။
ရိုးရှင်းအေးချမ်းသော မိသားစုဘ၀ပါ။
သမီးသမုဒယနှစ် နှစ် အရယ်တွင် ဦးမော်ခန့်သည် နယ်သို့ ပြောင်းရွှေ့တာဝန် ထမ်းခဲ့ရသည်။ သမုဒယမိုမိုနှင့် ဒေါ်သက်ထားနွယ် ကျန်ရစ်ခဲ့၏ ။
ဤသည်ကပင် ဖေဖေနှင့် ယုယတို့ ဆုံစည်းရန် ဖန်တီးပေးလိုက် ခြင်းပင်။
ယုယသည် မွေးဖွားစဉ်ကတည်းက ကုသိုလ်ကံမလှခဲ့။ ယုယကို မွေးဖွားသော နေ့တွင် ယုယမေမေသေဆုံးသွားခဲ့ရသည်။
ယုယဖေဖေသည် လယ်ထဲတွင် ပိုးထိ၍ သေဆုံးခဲ့ရလေသည်။
ဖေဖေနှင့် မေမေသည် သူမကို မမြင်လိုက်ရ မချစ်လိုက်ရ။
ထိုအချိန်တွင် ဦးမော်ခန့်သည် ယုယအ ဖြစ်ကို ကြည့်၍ စိတ်မကောင်း ဖြစ်ခဲ့ရသည်။
စေတနာ၊ အကြင်နာနှင့် ပြည့်စုံသော ဦးမော်ခန့်သည်သူမအား အပြီးတိုင် မွေးစားရန် ခေါ်ယူလာခဲ့လေသည်။
ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။
သမီးကြီး သမုဒယမိုမိုအတွက် ညီမလေး တစ်ယောက် ရပြီးဟု ပျော်ရွင်ခဲ့ရသည်။
သနားစရာယုယအပေါ် ဦးမော်ခန့်သည် မေတ္တာစိတ် ဖြစ်မိသည်။
ပို ဂရုစိုက်ခဲ့သည်။ ပိုအလေးအနက်ထားခဲ့သည်။
သူကလေးက မိဘမဲ့။
ဤသည်ကိုပင် ဒေါ်သက်ထားနွယ် လုံးဝကြည့်မရ။
မသကာၤ။
မိမိသမီထက် ပို၍ သူစိမ်းသားသမီးကို ချစ်ခင်နေလေတော့ ကြာရှည်လုံးဝ သည်းမခံနိုင်။ ဦးမော်ခန့်ကို မကျေနပ်သမျှ ယုယမိုကို မုန်းမိ၏ ။
ညိုးမိ၏ ။ အပြစ်ရှာမိ၏ ။
“ဟေ့…သမီးတို့ရေ”
ခရီးမှ ပြန်လာသော ဦးမော်ခန့်၏ အသံကို ကြာလိုက်ရသည်နှင့် သမီးနှစ် ယောက် ပြေး ထွက်လာခဲ့သည်။
အနားရောက်တော့ ယုယမို ခြေလှန်တန့်သွားသည်။
“ဖေဖေကြီး”
“ဘာလဲသမီးလေးရဲ့ ”
“အကြာကြီးပဲ ဖေဖေကြီးက ဘယ်သွားနေတာလဲ”
“အမယ်လေး၊ သမီးလေးက လိမ္မာလိုက်တာ”
သူတို့ သားအဖကို ဒေါ်သက်ထားနွယ်ကြည့်မရ။
ဒေါသတွေ ထွက်ကာ နာကြည်းချက်များ ပွင့်အန်လာသည်။
“မောင်”
“ဘာလဲ နွယ်”
“မောင်ဘာသဘောနဲ့ ဒီလို လုပ်နေတာလဲ၊ နွယ့်ကိုတမင်အရွဲ့တိုက်နေတာလား၊ ဒါမှမဟုတ် ပညာရှိနှိပ်စက်နည်းနဲ့ နှိပ်စက်နေသလား”
“ဘာကိုဆိုလိုတာလဲ နွယ်ရယ်”
“မောင် ဘာကြောင့် ဒီဟာမလေးကို ဒီလောက်အ ဖြစ်သည်းနေရတာ လဲ”
“ဟ…နွယ် ဘယ်လို ပြောလိုက်တာလဲ၊ သားအဖချင်းပဲကွာ”
“ဘာပြောတယ် မောင်၊ မောင် ဘယ်လိုပြောလိုက်တာလဲ၊ သားအဖဟုတ်လား၊ နွယ်ထင် တာဟုတ်နေပါပြီ။ ဒီကလေးကို အချစ်ပိုနေတာ ရှင့်သွေးမို့လို့ပေါ့”
“မင်းဘာတွေ ပြောနေတာလဲနွယ်၊ ဘာငါ့သွေးလဲ၊ မင်းမစော်ကားနဲ့၊ ငါဟာသစ္စာရှိတဲ့ ယောက်ျား တစ်ယောက် ကွ”
ဦးမော်ခန့် ဒေါသနဲ့အော်လိုက်မိသည်၊ ပြီးမှစိတ်ကိုထိန်းကာ-
“ယုယလေးက မိဘမဲ့ပါကွာ၊ သနာစရာကလေးပါ”
လေပြည်လေးနှင့် တောင်းတောင်းပန်ပန် ရှင်းပြမိသည်။ ဒေါ်သက်ထာနွယ် ဘာမှ မပြော ဘဲ လှည့်ထွက်သွားတော့၏ ။
ဦးမော်ခန့်စိတ်ညစ်မိသည်။
မိမိစေတနာက နွယ်အတွက် ဝေဒနာ ဖြစ်နေပြီလား။
မိမိအိမ်ထောင်ရေး ကို ဤမျှလောက် နှောက်ယှက်လာမည် မထင်ခဲ့ပါ။
သည်ကလေးမလေးကို ဘယ်လိုလုပ်ရမလဲ။ ဘာပဲ ဖြစ် ဖြစ် သမီး ယုယအတွက် ဖေဖေ အားလုံးကို ရင်ဆိုင်ရတော့မည် ။ ဦးမော်ခန့်သမီးယုယကို ပွေ့ချီလိုက်သည်။
“သြော်…သနားစရာ သမီးလေးရယ်”
“ဖေဖေ သမီးလဲ ကျောင်းတက်ချင်တယ်”
သမုဒယ ကျောင်းတတ်သည်ကို မြင်တော့ ယုယက အားကျစွာ ဆိုလာသည်။
“အေး၊ ငါ့သမီး ကျောင်းနေရမှာ ပေါ့”
“ဘာရယ်မောင်”
ဒေါ်သက်ထားနွယ်က အံ့သြ စွာ ၀င်မေးလာသည်။
ဦးမော်ခန့်က
“ဒေါသချည်းပဲကိုး၊ မိန်းမရာ စိတ်လျှော့ပါ”
ဦးမော်ခန့်က ဒေါ်သက်ထားနွယ်ကို သူ့ဘေးတွင် ၀င်ထိုင်စေသည်။
ယုယက ကြောင်ငေးငေးလေး ရပ်ကြည့်နေသည်။
“မောင်ပြောတာ နားထောင်ပါဦး၊ ကလေး တစ်ယောက် ကို ပညာသင်ပေးတာ နည်းတဲ့ ကုသိုလ်လားကွာ လူဆိုတာ မေတ္တာပွားများ ရတယ်”
“နွယ်က လူတိုင်းအပါ် မေတ္တာထားနိုင်ရက်နဲ့ ကွာ၊ ပညာပါရမီဆိုတာ ဖြည့်ကောင်းပါတယ်”
“ဒါဆိုလဲ မောင့်သဘောပဲ မောင်ရယ်၊ နွယ် ဘာမှ မပြောလိုတော့ဘူး”
ဦးမောင်ခန့် ဒေါ်သက်ထားနွယ် ပခုံးကို ယုယစွာ ဖက်ရင်း နှစ် သိမ့်သည်။
“သြော် နွယ်ရယ်”
ယုယက အသာကလေး ပြုံးကာ ကြည့်နေ၏
ပြီးမှ အခန်းထဲသို့ လှစ်ကနဲနေအောင် ပြေးဝင်လာခဲ့မိသည်။ မမသမုဒယလို ကျောင်းတတ် ရတော့မည် ။
“သမီး ဖြေနိုင်ရဲ့ လားဟင်”
“ဖြေနိုင်ပါတယ်ဖေဖေ”
“ကြိုးစားသမီး၊ တက္ကသိုလ်ဝင်တန်းက အရေး ကြီးဆုံး”
“ဟုတ်ကဲ့ပါ ဖေဖေ”
ဖေဖေရယ် ဖေဖေက သမီးကို သိပ်ချစ်တာပဲနော်။
ယုယ ဖေဖေ့သမီး အရင်းပဲ ဖြစ်လိုက်ချင်ပါတယ်။
ဒါဆိုမေမေကလည်း သိပ်ချစ်မှာ ။
“သမီး ယုယ”
“ရှင်”
နွေရာသီကျောင်းအားရက် ဖြစ်သဖြင့် ယုယက အိမ်အလုပ်နှင့် လက်နှင့် မပြတ်ရ။
“သမီး…အခု သမ္မတရုံမှာ တင်နေတဲ့ ရုပ်ရှင်ကသိပ်ကောင်းတယ် သမီးရဲ့ ဖေဖေလက် မှတ်တောင် ၀ယ်ထားပြီးပြီး ဖေဖေရယ်၊ မေမေရယ်၊ သမုဒယရယ်၊ သမီးရယ်သွားကြရအောင် သမီး ရေမိုးချိုးတော့”
“သမီး မလိုက်ချင်ဘူးဖေဖေ”
ယုယအသံက အဖျားခတ် တုန်ယင်သွားသည်။
“ဘာလို့လဲ သမီးရဲ့ ”
“သမီး ခေါင်းတွေ သိပ်ကိုက်နေလို့ပါ ဖေဖေ”
“ဟင် ဟုတ်လား၊ ဒါဆို ဖေဖေ ဆေးပေးခဲ့မယ်၊ ဆေးသောက်ပြီး အိပ်နေနော်”
“ဟုတ်ကဲ့”
ဖေဖေက ဆေးယူရန် ထွက်သွားသည်။
ဖေဖေ့ကို ညာလိုက်ရသဖြင့် စိတ်ထဲ မကောင်းလှ။
သြော် ဖေဖေရယ်
သမီး ရင်ထဲက ဆန္ဒအမှန်တွေ ဖေဖေ့ကို သိစေချင်လိုက်တာ။ မေမေ့ရဲ့ စကားကို သမီးမလွန်ဆန်ဝံ့ဘူး။
ယဉ်ကျေးသိမ်မွေ့လွန်းတဲ့ မေမေဟာ ယုယအပေါ်မှာ ဘာအတွက်များ ရိုင်းစိုင်းကြမ်းတမ်း ရတာ လဲ။
မေမေတစ်နေ့တော့ ယုယအပေါ် နားလည်လာမှာ ပါ။
“အလုပ်တွေ ပြီးပြီးလားဟေ့”
မေမေ့အသံကြောင့် အတွေးစတို ပြတ်သွားရသည်။
မေမေ့အပေါ် ယုယ တတ်နိုင်သမျှ သည်းခံသွားမှာ ပါ။
“ယုယရေ”
“မမ လာပြီ”
“လာပါဦးဟဲ့ ဒီမှာ အင်္ကျီစွန်းကုန်ပြီး၊ ဘယ်လိုလှမ်းတာလဲ”
နှမြောတသစွာ စုတ်တသပ်သပ်နှင့် ဖြစ်နေတော့ ယုယ မျက်နှာကလေး ငယ်သွားရသည်။
ဟုတ်ပါရဲ့ ။ သေချာသတိထားရက်နှင့် ဖြစ်သွားရတာ ။
“ဆောရီးပါ မမ၊ အင်္ကျီလှမ်းတုန်း ဖြစ်သွားတာပါ”
“ငါ့အင်္ကျီ ပျက်ဆီးသွားပြီ ပြန်လျှော်ပေး”
“ဟုတ်၊ မတိုင်ပါနဲ့ ပြန်လျှော်ပေးပါ့မယ်”
“အဲဒါဆို ပြီတာပဲ”
ယုယမိုးက မျက်နှာကလေး ဖြူဖက်ဖြူရောင် နှင့် တောင်းပန်ရတော့သည်။
မေမေ့ကို တိုင်လျှင် မေမေကဆူတော့မှာ ။
အစကတည်းက အပြစ်မြင်နေကျပါ။
မေမေ့ရင်ထဲမှာ သံသယက ကျောက်စိုင်ကျောက်သားလို စွဲနေပါပြီ။ ဖေဖေ့ကို မယုံကြည် နိုင်။
ဖေဖေက ဘာမှ မပတ်သက်ဘဲ ယုယကို ခေါ်လာမှာ မဟုတ်ဟု ထင်နေပြီး တစ်နေ့နေ့မှာ မေမေ့ ဘ၀တစ်ခုခုတိမ်စောင်းပြီး ဖေဖေနှင့် လွဲသွားမလားဟု စိုးရိမ်ပိုကာ ယုယအပေါ် အမုန်းတွေ စုပုံကျရောက်လာတာပါ။
ဇာတိမြို့ကအပြန် ကားပေါ်တွင် ထိုင်ရင်း ယုယမိုအိပ်ချင်လာမိသည်။
မန္တလေး- ရန်ကုန် ကားလမ်းတစ်လျှောက်က ရူခင်းများ ကို ကြည့်လျက် အချိန်တွေ ကုန် လာသည်။
ယုယနံဘေးရှိ ဒေါ်ညိုက ပင်ပန်း၍ လားမသိ၊ နှစ်ခြိုက်စွာ အိပ်ပျော်နေပေပြီ။
ယုယသည် ရောက်တတ်ရာရာများ ကို စဉ်းစားရင်းလိုက်ပါလာသည်။
တစ်ကားလုံးရှိ လူများ အပ်နေပြီ ဖြစ်သော်လည်း ယုယမအိပ်နိုင်သေး။
လေတစ်ချက်အဝေ့၀ယ် ယုယ ကိုယ်လုံးလေး တုန်ခါသွားသည်။
မိုးကုန်စ ဖြစ်သဖြင့် တိုက်ခတ်သော လေသည် အေးစိမ့်စိမ့်နိုင်လှ၏ ။
ယုယသည်ဝတ်ထားသော ဂျာကင်အင်္ကျီလေးကိုလက်နှစ် ဖက်ပိုက်ပြီး ကိုယ်လေးကျုံ့ထား မိ၏ ။
ယုယ ၀တ်စားထားပုံက ဘောင်းဘီရှည်နှင့် ဂျာကင်နှင့် ။
ရန်ကုန်ပြန်ရောက်လျှင် မေမေ မကြိုက်တာ ဘာမှမလုပ်တော့၊ မေမေ့ကို အရင်ကထက် ပိုချစ်မည် ။ မေမေ့အရိပ်ကို ဝေးနေမှ ပိုသတိရသည်။
အဝေးကနေ ကန်တော့ရင်း ဆုံးဖြတ်လိုက်မိသည်။
မျက်တောင်ကော့ကော့ကြီးများ ၀ိုင်းရံထားသော မျက်လုံးစူးစူးလေးများ နှင့် အဝေးကို လှမ်း ငေးနေသော ကောင်မလေး။ မြင်ရသူကို တစ်ခါ ပြန်ကြည့်မိအောင် စွမ်းဆောင်နိုင်လွန်းသည်။ နှာတံသေးသေးသွယ်သွယ်၊ အိထွေးသည် နှုတ်ခမ်းနီနီနှစ် မြွာ။ မျက်ခုံထူထူတန်းတန်းကလေး။
ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သော ၀ါဝင်းဝင်းအသားနှင့် မိန်းမလှလေး ကိုနိုင်မင်းထူး ငေးကြည့်နေမိသည် အကြည့်မလွဲချင်း။
သူမ ကတော့ သူကြည့်နေသည်ကို သိပုံမပေါ်။
အေးအေးလူလူ ငေးနေတုန်း။
ဤမိန်းကလေးကို ကွန်ပျူတာတက္ကသိုလ်ကျောင်းတွင် မြင်စဉ်ကတည်းက မိမိရင်ခုန်ခဲ့ရ သည်။သတိပြုမိခဲ့ရသည်။
ပထမဦးဆုံးအကြိမ် စိတ်လှုပ်ရှားခဲ့ရသည်။
မိန်းကလေးတစ်ဦးကို စူးစူးစိုက်စိုက် ကြည့်ဖူးတာ သူ့ဘ၀မှာ ပထမဆုံးပဲ။
သူမအကြောင်းများ ကို သိချင်ပါသော လည်း ဆရာအောင်ကိုမမေးရဲ။
သူမကလည်းတစ်ခါ လာပြီး ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။
မထိရက် မကိုင်ရက်လောက်အောင်ပင် အရုပ်ကလေး တစ်ရုပ်လို ချစ်စရာကောင်းသော မိန်းကလေး တစ်ခါမြင်ရုံနှင့် ရင်ထဲ စွဲသွားသည်။
သူမ တစ်ယောက် တည်း လာတာလား။
တစ်ယောက် တည်းတော့ မ ဖြစ်နိုင်။
အဖော်တစ်ဦးတော့ အနည်းဆုံး ပါလာမှာ ကျိန်းသေ။
ဘာပဲပြောပြော ထိုကောင်မလေး သိပ်လှသည်။ သိပ်ချစ်စရာကောင်းသည်။
ကိုယ်ဘာသာ သူမကို ကြည့်ပြီး ငေးမောနက်ရှိုင်းနေမိတာ။ သူမ ကတော့ မျက်လုံးလေး မှိတ်ကာ အိပ်နေပါပြီး။
နောက်ထပ် တွေ့ ချင်သေးတယ် ကောင်မလေးရယ်။
ရေစက်ရှိချင်တယ်။
“ယုယ”
“ရှင်”
“မနက်ဖြန်ကျရင် အိမ်ကို ဧည့်သည်တွေ လာလိမ့်မယ်၊ အိမ်ကို သေချာရှင်းထား ကြားလား၊ ကိုယ့်နေရာ ကိုယ်နေ အလိုက်သိပါ”
“ဟုတ်ကဲ့”
“နောက်တစ်ခုက ပန်းအိုးလှလှထိုးမယ်၊ လိုက်ကာတွေ လဲမယ်၊ သမီးကြီးနဲ့ စေ့စပ်မယ့် ကောင်လေး ကြိုးပြောထားတာ”
“ဟုတ်ကဲ့”
ယုယ ခေါင်ငုံ့မိသည်။ ရှက်စိတ်ကြောင့် အနေရခက်ရသည်။
မေမေရယ်၊ ပြောရက်လိုက်တာ။
သမုဒယနှင့် စေ့စပ်မည့် သူ ကိုယုယက ဘာလုပ်မှာ မို့လဲ။
“ယုယ” လို့ခပ်မာမာ၊ ခပ်ပြတ်ပြတ် ခေါ်တတ်တဲ့။ မေမေ့နှုတ်က သမီးလို့ခေါ်တာကို ကြားချင်လိုက်တာ။ ၀ဋ်ကြွေးများ ရှိခဲ့လျှင် ဆုံးချင်ပါပြီး။
မေမေ့အမုန်းတွေ ပြေပါစေ။
မေမေက ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် ထွက်ခွာသွားပြီး။
မျက်လုံးကို ပိတ်ထားလိုက်ကာ ခံစားမှု တွေ ဖယ်လိုက်၏ ။ မျက်နှာတစ်ခုက ပုံရိပ်ထင်လာ သည်။
သူနှင့် သိခဲ့ဖူးသလိုလိုနှင့် ရယ်မော နှုတ်ဆက်သွားသော လူ တစ်ယောက် ။
ကားထဲက ဆင်းတော့ သွားမယ်နော် ဟုပြုံးမြမြလာနှုတ်ဆက်သည်။
သူနှင့် ဘယ်တုန်းက သိလို့လဲ။
သူ့ ကို ဘာကြောင့် သတိရမိတာရတာ လဲ၊ တွေးမိရတာ လဲ၊ သူကအရပ်မြင့်မြင့် အသားဖြူ ဖြူနှင့် ချောပါသည်။
နှုတ်ခမ်းမွှေးစိမ်းစိမ်းများ က ယောက်ျား ပီသလှသည်။
နှုတ်ခမ်းပိပိရိရိ၊ ခန္ဓာကိုတောင့်တောင့်တင်းတင်းနှင့် ဆွဲဆောင်မှု အပြည့်။
သူ့မျက်လုံးစိမ်းညို့ညို့ကြီးများ ကို ပြန်တွေးမိတော့ရင်ခုန်သည်။
အကြည့်ရဲလွန်းသည်။ ထွက်ဖောက်မတတ် ကြည့်သည်။
သူ့မျက်လုံးကြီးများ ၏ ရွှန်းရွှန်းစားစား အကြည့်ကို ခံလိုက်ရတိုင်း အလျင်အမြန် မျက်လွှာချ ဖြစ်၏ ။ ရင်ထဲမှာ ငလျင်လှိုင်း ရိုက်ခတ်သလိုပါ။
အချစ်ကို ယုယ မိတ်မဆက်ချင်။ မတွေ့ ချင်။ ချစ်ရမှာ လည်းကြောက်သည်။ အချစ်ခံရ မှာ လည်ကြောက်သည်။
![]() ဖိုးလမင်းကြီးရယ် အချစ်ဆီဆမ်း ရွှေလင်ဗန်းနဲ့ ပေးလှည့်ပါ | ![]() သက်တံ့ပျိုရဲ့သခင် | ![]() နွယ်တဲ့ည |