Cover

အခန်း(၁)

ပန်းသီခိုင်

တယုတယဒေါ့ကွန်း

ထိုနေ့က အလုပ်ပိတ်သော အားလပ်ရက်။

ရွှေတန်ခူးက ကွန်ပျူတာရှေ့မှာ အချိန်ကုန်ရင်း နေ့ခင်းဘက် သူငယ်ချင်းတွေ နှင့် ရှော့ပဲင်န် ထွက်ဖို့ ချိန်းထားတာကို ဖျက်လိုက်၏ ။

ဖျက်လိုက်ရခြင်းအကြောင်းက နံနက်ကတည်းက ပြင်းထန်သည်းမဲစွာ တရစပ် ရွာ သွန်းနေသော မိုးကြောင့် ပါ။ ဘာလို့များ မိုးမတိတ်ပါလိမ့်၊ လမ်းပေါ်မှာ ရေတွေ လျှံနေပြီ။

တစ်ခါမှ မိုးရွာတာကို မကြောက်လန့်ဖူးခဲ့ပါ။ ပျော်စရာ ကြည်နူးစရာ စိတ်ကူးယဉ် ချင်စရာ ကောင်းသော မိုးပဲ ဖြစ်ခဲ့ဖူးသည်။ သည်တစ်ခါ မတိတ်များ မတိတ်တော့ရင်ဖြင့် ဟု စိတ်ထဲ တွေးလန့်အောင်ပင် ဖြစ်ရပါသည်။ မနေ့ကတည်းက ရွာနေသော မိုး။

ခုထက်ထိ ဆက်ရွာနေသည်။ မနက်တုန်းက အနိမ့်ပိုင်းရှိ မြေညီထက်တွေ ရေမြုပ် ကုန်တာ ကြားရသည်။

တော် သေးတာက ရွှေတန်ခူးတို့ မြေညီနှစ် လွှာ တိုက်ခန်းက အရမ်းမြင့်သော ကုန်း မြေကလေးပေါ်မှာ ရှိနေတာပါပဲ။

“မိုးတိတ်သွားရင် ငါ “ဟယ်လို” ပြန်လုပ်လိုက်မယ်၊ ဒီအတိုင်း ဆက်ရွာနေရင် ဘယ်လိုမှ အပြင်ထွက်လို့ မရဘူး”

သီရိဆီ ဖုန်းဆက်ပြီး ပြော ဖြစ်တော့ သီရိက…

“ဟဲ့… မဉ္ဇူတို့ အခန်း ရေကြီးလို့တဲ့၊ သူကစတိုင်လုပ်ပြီး ပစ္စည်းတွေ ကော်ဇော်ပေါ် ချထားတာ အိပ်နေတုန်းဆိုတော့ အကုန်ရေမြုပ်ကုန်ရော။

“ဟယ်…. ဟုတ်လား”

“အင်း …. တိုက်ရှေ့ရပ်ထားတဲ့ ကားပါရေနဲ့ရွှေ့ပြီး လမ်းလယ်ခေါင် ရောက်နေတာ တဲ့”

“ဟင် “

“မိုးကြီးရေကြီး ဟဲ့ လေမပါတာပဲ တော် သေးတယ်”

“အင်း …. ဟုတ်တယ်နော်”

“နင့်ကားရော”

“အိမ်ထဲမှာ ပဲ”

“နင်တို့က မြေညီထပ်ဆိုတော့ သတိထားဦး”

“အင်း”

ရွှေတန်းခူးတို့ ကုန်းမြင့်ကလေးကလွဲလျှင် နေရာတော် တော် များများ ရေလျှံတာပါ ပဲ။

“သမီးရေ ရွှေတန်းခူး ဒီနေ့အပြင်သွားဦးမလို့လား” ဟု မေမေက စိတ်မချနိုင်စွာ မေးလာ၏ ။

“ဟင့်အင်း … မ သွားပါဘူး မေမေရယ်”

“ကောင်းတယ် အိမ်မှာ ပဲနေ၊ မေမေ မုန့်ဟင်းခါး ချက်ကျွေးမယ်”

“ဟာ ….. ကောင်းတာပေါ့”

ရွှေတန်ခူးက ကလေး တစ်ယောက် လို မြူးသွား၏ ။ လက်ကလေးနှစ် ဖက် တင်းတင်း ပိုက်ကာ ရွာနေသော မိုးကို ကြည့်မိ၏ ။ တိတ်မှ တိတ်ပါ့တော့မလားလို့ ထင်ရသည်။

ပင့်သက်ရှိုက်ကာ ပြန်လှည့်ဝင်လာခဲ့၏ ။ ငယ်ငယ်တုန်းကဆို မိုးရွာတာနှင့် လမ်း ပေါ် ထွက်ဆော့အော်ဟစ်ကစားတာ အရမ်းပျော်စရာ၊ မိုးရေထဲ ကျောင်းသွားလည်း ပျော် သည်။

သူများ တွေ ကျောင်းရောက်လို့ ရွှဲနစ်ပြီး ကြွက်စုပ် ဖြစ်နေချိန်မှာ ရွှေတန်းခူးတို့က မေမေ စနစ်တကျ ထည့်ပေးလိုက် သော အဖြူအစိမ်းကို လဲလှယ်ဝတ် အနွေးထည်ကလေး ၀တ်၊ ခုံပေါ်ခြေထောက်ကလေးတင်ထိုင်ကာ နွေးနွေးထွေထွေး စာသင်ခဲ့ရသော ပျော်စရာ နေ့ရက်တွေ က မနည်း။

ကျောင်းပိတ်ရက်ဆို မိုးသည်းနေလျှင် ကျူရှင်မသွားဘဲ အိမ်မှာ စာအုပ်ဖတ်ကာ အိပ်ရာထဲ ဇိမ်ရှိရှိ ကွေးနေရင်း မေမေ ချက်ကျွေးသော ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် အစားအသောက်များ ကို တစ်ဝစားကာ မိုးရွာတာကို ကျေးဇူးပင် တင်နေမိသေးသည်။

မိုးတွင်းကာလ သိပ်ပြီး ကြည်နူးချမ်းမြေ့စရာကောင်းပေမယ့် ကျောင်းဖွင့်စအချိန် ဖြစ်နေတာကြောင့် ကသိကအောက် ဖြစ်ရသည်။ ခြုံငုံပြောရမည် ဆိုပါရင်၊ ရွှေတန်ခူးက မိုး ချစ်သည်။ မိုးရွာတာနှစ်သက် သည်။

မေမေ ပြန်ပြောပြခဲ့တာက ရွှေတန်ခူးကို မွေးသော နေ့မှာ သင်္ကြန်မိုးရွာပြီး ပိ တောက်ပန်းတွေ ပွင့်သတဲ့၊ ဘယ်လောက် ချမ်းမြေ့စရာအချိန်အခါလဲ။

နွေလည်အချိန်အခါပေမယ့် နေမထွက်ဘဲ မိုးကလေးအေးကာ ပိတောက်နံ့သင်း သင်းကလေးနှင့် တန်းခူးက လှပစွာ လောကထဲ ရောက်လာခဲ့သူပါ။ ပြီးတော့ ရွှေတန်ခူး ငယ်ငယ်က အရမ်းချစ်စရာကောင်းသတဲ့။ ဒေါ်တင်မမလတ် ကတော့ သမီးချော မွေးထား တာ မျက်နှာကို ချီနေတာပဲ ဟု မေမေ့သူငယ်ချင်းတွေ က ပြောသတဲ့။

အခု အရွယ်ရောက်လာတော့လား။

ရွှေတန်ခူး လှလား၊ မလှလား။

ချောမှ ချောရဲ့ လား။

ဘယ်လိုပုံစံပါလိမ့်။

ကိုယ့်ကိုယ်ကို သိပ်လှတာပဲလို့ မကြွားချင်၊ တစ်ယောက် ယောက် က ကိုယ့်ကို မြင် ပြီး ရင်ထဲအထိ စူးနစ်စွာ ၀င်ရောက်သွားပြီးမှ သူ့ဆီက ဖွင့်ဟလာမည့်  ရွှေတန်ခူး၏ အလှ တရားကိုပဲ နားထောင်ခံစားကြည့်ပါ။

မေမေ ချက်နေသော မုန့်ဟင်းခါးနံ့က တသင်းသင်းနှင့် စားချိန်စိတ်ကို နှိုးဆွ၏ ။

အလုပ်အားရက်မို့ ဖေဖေလည်း အိမ်မှာ ရှိနေပါသည်။

ကိုကိုနှင့် မမလည်း အခန်းထဲက မထွက်၊ အောက်ထပ်ကိုပင် ဆင်းမလာသေး။

“မိထူးရေ”

“ရှင် …. မမလေး”

မိထူးက ချက်ချင်း အနားရောက်လာ၏ ။

“နင် ဘာလုပ်နေတာလဲ”

“မီးပူတိုက်မလို့ပါ”

“သွားတိုက်၊ ပြီးမှလာ”

“မမလေး ဘာခိုင်းမလို့လဲ”

“ရတယ်၊ မီးပူတိုက်ပြီးမှလာ”

ရွှေတန်ခူးက အိမ်ထဲအထိ ထိုးသွင်းထားသော ကားကို တံခါးဖွင့်ပြီး အထဲဝင်ထိုင် လျက် စီဒီခွေရှာမိ၏ ။ ရွှေတန်ခူးကားက အိမ်ကလေးလိုပါပဲ။ ဘာမဆို ကားထဲထားသည်။

ပြီးတော့ ရွှေတန်ခူးကားကို အိမ်ထဲအထိ သိမ်းဖို့ နေရာဦးထားတာ။

ကိုကို့ဂျစ်ကားရော မမရဲ့ တူဒိုးကားကလေးရော ဖေဖေ့လိမိတက် ( )ပါ အိမ်ထဲ ထားခွင့်မရ။

ကြွားတာမဟုတ်။ ကားနေရာဦးထားတာ ပြောပြတာပါ။ ရွှေတန်ခူးကားက စူပါစ လွန်း အနီရဲကလေး။

ဆယ်တန်းအောင်တော့ ဖေဖေ၀ယ်ပေးတာ။ ကားထဲ ထိုင်ပြီး စီဒီခွေ ငုံ့ရှာနေသော ရွှေတန်ခူး ခေါင်းပြန်အမော့မှာ တိုက်ခန်းရှေ့တည့်တည့် မတ်တတ်ရပ်နေသော လူတစ် ယောက် ကို တွေ့ လိုက်ရသည်။

ထိုလူက ရွှေတန်ခူးတို့အိမ်ကို ကျောပေးပြီး ရပ်နေတာ ရွှဲနစ်နေပါရောလား။ မိုးခိုနေ တာ ထင်ပါရဲ့ ။

တိုက်ရှေ့မှာ က ဆန်းရှိတ်အမိုးကလေးရှိနေတော့ မိုးခိုလို့ ရသည်လေ။

စီးထားသော မန္တလေးဖိနပ်က ရေနှင့် စိုပြီး ပွစိနေပြီ။ ပုဆိုးတိုတိုနှင့် ရှပ်အင်္ကျီလက် ရှည်ကို အနည်းငယ် လက်ခေါက်ထားသည်။

သည်လောက်ထိ မိုးသည်းနေတာ ထီးမပါဘဲ လမ်းသွားရသလား။ အံ့ပါရဲ့ ။ ရွှေတန် ခူးက မြင့်မားသော သူ့အရပ်ကို နောက်ကျောဘက်က ကြည့်ရင်း နှာခေါင်းလေးရှုံ့မိ၏ ။

လမ်းမှာ လည်း လူသွားလူလာမရှိသလောက်ပါ။ မိုးရွာလွန်းတော့ အိမ်ထဲ ခိုအောင်း နေကြတာ ဘယ်သူမှ အပြင်မထွက်။

“မိထူးရေ”

သည်တစ်ခါတော့ အသံကလေးနှိမ့်ကာ ခေါ်မိ၏ ။

“ရှင်”

မိထူးက ချက်ချင်း အနားရောက်လာသည်။

“အိမ်ရှေ့မှာ လူ တစ်ယောက် သွားကြည့်စမ်း”

“ရှင် …. ဟုတ်ကဲ့”

မိထူးက စူးစူးစမ်းစမ်း ထွက်သွားပြီး ပြန်ရောက်လာကာ ….

“သူ့ဟာသူ မတ်တတ်ရပ်နေတာပါ မမလေး” ဟု ဆိုလာ၏ ။

“မိုးခိုနေတာလား”

“ဟုတ်တယ် ချမ်းလို့ တုန်နေပြီ”

“ဟုတ်လား”

“ဦးလေးကြီးက ချောတယ်”

“ဘာ”

“တကယ်ပြောတာ အရပ်အရှည်ကြီးပဲ”

မိထူးက ခုမှ ဆယ့်သုံးနှစ် ရှိသေးတာ။ သူ့ကို ဦးလေးကြီးဟု ခေါ်တာ မဆန်း။

“မျက်ခုံးထူထူနဲ့ မျက်လုံးကြီးက စူးနေတာပဲ သိလား”

“နင့်ကို လှည့်ကြည့်လို့လား”

“အင်း”

“ဘာမှ မပြောဖူးလား”

“မပြောပါဘူး”

ရွှေတန်ခူးလည်း ဘာမှ ဆက်မမေးတော့ဘဲ နှုတ်ဆိတ်သွား၏ ။ သူက မိုးခိုနေရုံ သက်သက် ဘာများ ပြောစရာရှိမှာ လဲ။

“မိထူး မီးပူ သွားတိုက်ရတော့မလား”

“သွားလေ”

ရွှေတန်ခူးက သူ့ဆီ အသာကလေး လှမ်းကြည့်မိ၏ ။ သူ တကယ်ပဲ မိုးရေ ရွှဲနစ်ကာ ချမ်းခိုက်နေပြီလား။ ဘယ်အချိန်တိတ်မှန်း မသိနိုင်သော မိုးကို တိတ်နိုးနိုး မျှော်လင့်ချက် မရှိ။ သည်မိုးက မနေ့ကတည်းက ရွာနေတာ။ ဘယ်မှာ တိတ်သေးလို့လဲ။ သူ မသိဖူးလား။

သည်နှစ် မိုးတွင်းက မိုးကြီးတာရယ်၊ ခါတိုင်းလို မိုးရွာတိုင်း အရိပ်အောက် ခဏ၀င် ခိုဝင်နေပြီ၊ မိုးတိတ်မှ ပြန်ထွက်လို့ မရဘူးဆိုတာရယ် …. ဟင်း….။

သူ့ကို ကြည့်ရတာ ချမ်းလိုက်တာ၊ ရုတ်တရက် ကိုယ်ချင်းစစိတ်နှင့် ….

“မိထူးရေ” ဟု လှမ်းခေါ်ပြီး

“ပလပ်စတစ် ထိုင်ခုံတစ်ခု ပေးလိုက် ပါ ရေနွေးဓာတ်ဗူးနဲ့ ဖန်ခွက်ပါပေးလိုက် ဦး” ဟု ဆိုမိသည်။

“ဟုတ်ကဲ့”

မိထူးက ချက်ချင်း ပဲ ရွှေတန်ခူး ပြောသလို လုပ်ပေးသည်။ မိထူးက ခိုင်းလို့ ကောင်း သည်။ မိုးခိုနေသော ကိုလူရွှဲက ကျေဇူးတင်ကြောင်း ပြောတာ ကြားရသည်။

ဘေးတိုက်မြင်နေရသော သူ့မျက်နှာကို ကားထဲကနေ အသာကလေး ငြိမ်သက်စွာ ကြည့်နေမိ၏ ။

မိထူး ပြောတာ ဟုတ်သားပဲ။ သူက အရမ်းချောပြီး အရမ်းခန့်သည်။ သူ့ပုံစံက တည်ကြည်ခန့်ညားသည်။

ကားထဲမှာ ဇက်ကလေးပုပြီး စီယာတိုင်ပေါ် မေးကလေးတင်လျက် ငေးကြည့်နေ သော ရွှေတန်ခူးကို သူက မမြင်ပါ။ အခန်းက နည်းနည်း မှော င်နေသည်။ ပြီးတော့ ကားထဲ မှာ မို့ မမြင်နိုင်တာပါ။

သဘောကောင်းသော အိမ်ရှင်တွေ ကို အောင်ဆုရ ကျေးဇူးတင်မိ၏ ။ ခိုက်ခိုက်တုန် အောင် ချမ်းစိမ့်နေတာမို့ ရေနွေးပူပူသောက်ခွင့်ရတာ မိုးခိုဝင်ခွင့်ရတာ မဆိုးလှပါ။

သည်လိုမှန်းသိရင် ညိုမင်းကားကို ငှားလာမိမှာ မဟုတ်ပါ။ ညိုမင်းကားက ရေနည်း နည်း ၀င်တာနဲ့ စက် ဒုက္ခပေးပြီ။ ထိုးရပ်သွားလိုက်တာ နှိုးမရတော့ ဘာ ဖြစ်သွားမှန်းမသိ။

သူလည်း ရွာနေသော မိုးကို ဂရုမစိုက်အားပဲ ကားထဲက ဆင်းရေတော့သည်။ ဖျား နေပါတယ်ဆိုမှ မိုး ထပ်မိပြီ။

ဘာမှ မတတ်နိုင်။ ကားထဲက ဆင်းပြီး တတ်သလောက် မှတ်သလောက် ကြည့်ပေ မယ့် ဘာမှ မထူးခြား လူသာရွှဲရွှဲနစ်စိုသွားသည်။

ဘယ်လိုလုပ်ရမလဲ။ သည်အနီးအနားမှာ ကားဝပ်ရှော့ရှိနိုင်မလား။ သူများ ကားကို ငှားမောင်းလာတာဆိုတော့ လမ်းဘေးပစ်ထားခဲ့လို့လည်း မရ။

ညိုမင်းဆီ အရောက်ပြန်ပို့ပေးရမည် ။ လိုင်းကားနှင့် လာလိုက်တာမှ ကောင်းဦး မည် ။ ဘတ်စ်ကား ရေ၀င်ပြီး ထိုးရပ်သွားလည်း ကိုယ်နှင့် မဆိုင် ကျောကော့ရင်ကော့ ဆင်း သွားရုံ ပြန်လှည့်ကြည့်စရမလို။ ဘာတာဝန်မှ မရှိ။ တန်ရာတန်ကြေးပေးထားသော ကားခ ပင် ခပ်မာမာ ပြန်တောင်းလို့ ရသေးသည်။

အခုတော့ သည်ကားစက်နှိုးအောင် လုပ်ရမှာ သူ့တာဝန်။ အောင်ဆုရက ခပ်ညံ့ညံ့ ခပ်တုံးတုံးယောက်ျား တစ်ယောက် တော့ မဟုတ်ပါ။

ဘယ်လိုနည်းနဲ့ပဲ ဖြစ် ဖြစ် ရေကြီးသော လမ်းကဖြတ်ပြီး ထိုကားကို ညိုမင်းဆီ အ ရောက်သွားပေးမှာ ပါ။ ခက်တာက တရိပ်ရိပ်တက်နေသော အဖျားသွေး ညတုန်းကလည်း ဆေးခန်းသွားပြရသေးသည်။ သူက ဖျားခဲသူပါ။ ဖျားလျှင်လည်း အဖျားက အရမ်းကြီး သည်။

ဂျာကင်အိတ်ထဲ ပါလာသော ဆေးကို ရေနွေးပူပူနှင့် ထုတ်သောက်လိုက်၏ ။

အလုပ်ကိစ္စကြောင့် မလာမ ဖြစ် ထွက်လာရတာ ၊ သက်တောင့်သက်သာ ဖြစ်မလား လို့ ညိုမင်းဆီ ဖုန်းဆက်ပြီး ကားခဏ ငှားခဲ့တာ။

စိတ်ကူးနှင့် လက်တွေ့ တခြားစီပါလား။ သူ ထင်သလိုမဟုတ်ဘဲ ကားက သူ့ကို လမ်းခရီးမှ လာနှောင့်ယှက်ပေးသည်။

ပိုက်ဆံ မနှမျောပဲ တက္ကစီလေး ငှားစီးခဲ့ပါရင် အခုလောက်ဆို အိမ်ပြန်ရောက်ပြီး စောင်ခြုံကွေးနေလို့ရပြီ။ ဘာလို့များ ညိုမင်းကားကို သွားယူခဲ့မိသလဲ မသိ။ အရမ်းမှား သည်။

ကိုယ့်ကားသာဆို ကားကို လော့ခ် (သော့ ) လုပ်ပြီး သည်တိုင်း ထားခဲ့မှာ ။ စိတ်က သိပ်မရှည်။ သူများ ကားမို့လို့သာ တာဝန်ကြီးက ရှိနေလို့သာ။

ရေနွေးပူပူကို တစ်ခွက်ပြီးတစ်ခွက် သောက်ကာ နွေးသွားအောင် ကြိုးစားမိ၏ ။

ကိုယ့်ကို အိမ်ထဲ ၀င်ပါဟု မခေါ်ဘဲ ပလပ်စတစ် ခုံတစ်ခုအပြင် ချပေးတာကိုက မှန် ကန်သော ဧည့်ဝတ်ကျေမှု ပါ။

“ဒီအနီးအနားမှာ ကားပြင်တဲ့ ဆရာရှိသလား၊ ကားဝပ်ရှော့လေ”

သူ လှမ်းမေးသော အသံသည် ချိုညက်ကြည်လင်ပြီး သြဇာရှိသော နားထဲ စွဲစေ သည်။

မိထူးက ဘာမှ ပြန်မဖြေနိုင်ဘဲ ပြန်လှည့်ဝင်လာ၏ ။

“ဟိုဘက်လမ်းမှာ ရှိတယ်၊ အောက်ထပ်ပဲ၊ ဦးအောင်မြင့်လို့မေး၊ ဦးအောင်မြင့်ဝပ် ရှော့၊ အဲ့ဒါ အနီးဆုံးပဲ”

“ဟုတ်”

မိထူးက ရွှေတန်ခူးပြောပြသလို သွားပြန်ပြောပြ၏ ။ သူက ခေါင်းညိတ်ပြီး ခပ်သုတ် သုတ် ထွက်သွားတော့သည်။

“ဟင်း”

ရွှေတန်ခူး ပင့်သက်ရှိုက်မိ၏ ။

မိုးရေကြီးထဲ ကားပျက်ရတယ်လို့။ လမ်းမှာ ရေကြီးနေတော့ ကားတွေ ရေ၀င်ပြီး ထိုးရပ်ကုန်တာပါပဲ။ သူ အဲဒါကြောင့် မိုးတွေ ရွှဲနစ်နေတာကိုး။

ရွှေတန်ခူးက ကားထဲက ထွက်လာပြီး သူ့ကို ထပ်တွေ့ ရနိုး လမ်းကို လှမ်းမျှော် ကြည့်မိ၏ ။

သူ့ကို လုံးဝ မတွေ့ ရတော့ပါ။ မျက်တောင်တစ်ချက်အခတ်မှာ သူ့သဏ္ဍာန်က အာ ရုံထဲ စွဲငြိစွာ ပေါ်လာ၏ ။ သူ့ကို သေသေချာချာ မှတ်မိနေပါရောလား။ ထူးဆန်းလိုက်တာ။

သူ့အသံရော၊ သူ့ရုပ်သွင်ရော ရွှေတန်ခူးအလွတ် မှတ်မိသည်။ သူကသာ ရွှေတန် ခူးကို မသိတာ၊ မမြင်တာ။

ပလပ်စတစ်ခုံကို အထဲပြန်ယူရင်း မိထူးက မှတ်ချက်ချနေ၏ ။

“အစ်ကိုကြီးက ရုပ်ချောသလောက် အသံလည်းကောင်းတယ်၊ အသံက ချိုနေတာ ပဲ” တဲ့။

ရွှေတန်ခူး ဖွဖွပြုံးမိ၏ ။ သည်အသံ သည်ဟန်နှင့် ကောင်းမလေးတွေ သူ့ကို ၀ိုင်း ၀ိုင်းလည်နေမှာ ပဲ ဟု တွေးမိသွားလို့ပါ။

* * * * *

သီရိက ၀ံ့သစ္စာနှင့် ရွှေတန်ခူးကို တစ်လှည့်စီ ကြည့်ကာ ဘာမှ ၀င်မပြောဘဲ ငြိမ် သက်နေ၏ ။

သူငယ်ချင်းသုံးယောက် မှာ သီရိက နှစ် ယောက် စလုံးနှင့် ဘယ်တော့မှ ထိပ်တိုက်မ တွေ့  အရမ်းအေးတိအေးစက်နှင့် ဘာမဆို ခေါင်းညိတ်သဘောတူတတ်သူပါ။

အမြဲတမ်း ထိပ်တိုက်တွေ့ ပြီး ငြင်းခုံအရှုံးမပေးတတ်တာက ၀ံ့သစ္စာနှင့် ရွှေတန်ခူး။

သူတို့နှစ် ယောက် က ပြိုင်မယ်ဆိုလည်း ပြိုင်လောက်ပါပေရဲ့ ။ နှစ် ယောက် စလုံးက အချောညီ အလှညီ အရည်အချင်းညီ၊ ပိုက်ဆံရှိတာခြင်းလည်း မတိမ်းမယိမ်း။ ပညာကျ တော့လည်း အတူတူ၊ သည်တော့လည်း ပြိုင်ဆိုင်ငြင်းခုံတာ မထူးဆန်း၊ ပြိုင်ဆိုင်ငြင်းခုံခြင်း က တိုးတက်မှု ကို ဖြစ်စေသည်ပဲ မဟုတ်လား။

ဘာမဟုတ်တာလေးကိုပင် သူတို့က ငြင်းကြစမြဲ။ အခုလည်း သီရိမောင်လေး၏ သူငယ်ချင်းက သူ့အစ်မနှင့် မင်္ဂလာဆောင်တော့မှာ ကို သီရိက ပြောပြမိရာမှ စပြီး ငြင်းခုံ ယှဉ်ပြိုင်ြ ကတော့တာပါ။

“လုံးဝနီးစပ်မှု ကြောင့် သူတို့ ညားကြတာ”

ဝံ့သစ္စာက အပြတ်ပြောသည်။

“အေးလေ၊ ရွှေတန်ခူးက မငြင်းပါဘူး”

လက်ဖက်တစ်ဇွန်း ခပ်စားပြီး ရွှေတန်းခူးက ပြန်ခြေပသည်။

“ဒါပေမယ့် နီးစပ်မှု ကြောင့် အချစ် ဖြစ်တယ်ဆိုတာ ရွှေတန်ခူး လက်မခံဘူး”

“ဟင် …. အချစ်ဆိုတာ တစ်ရာမှာ ကိုးဆယ်နီးစပ်မှု ကနေစတာ စကားပုံတောင် ရှိ သေးတယ် အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းငြိ” တဲ့

“ဟုတ်တယ်လေ၊ ဒါပေမယ့် အချစ်ဆိုတာ နက်ရှိုင်းသိမ်မွေ့လွန်းတယ်”

“လုပ်မနေနဲ့ ဘယ်အရွယ်ပဲ ဖြစ် ဖြစ် ဘယ်အဆင့်အတန်းပဲ ဖြစ် ဖြစ် နီးစပ်ရင် ကြိုက် သွားကြတာပဲ”

ဝံ့သစ္စာက ခိုင်ခိုင်မာမာ ထင်ကြေးပေး၏ ။

“ရွှေတန်ခူးတော့ တသမတ်တည်း မယူဆဘူး၊ အချစ်ဆိုတဲ့ ခံစားမှု ဆိုတာ နီးစပ်မှု လုံးဝ မရှိလည်းပဲ ဖြစ်နိုင်တယ်၊ အချစ်စိတ်ဆိုတာ ဆန်းကြယ်တယ်၊ မိနစ်ပိုင်းအတွင်းမှာ လည်း တစ်ခါမှမ ဖြစ်ဖူးတဲ့ သူစိမ်း တစ်ယောက် ကို ရင်ခုန်ချစ်မိသွားတာမျိုး ရှိနိုင်တာပဲ”

“သီရိ …. နင် ဘယ်လိုထင်လဲ”

ဝံ့သစ္စာက သီရိကို စစ်ကူခေါ်၏ ။ သီရိက လက်ကလေးနှစ် ဖက်ဖြန့်ကာကာ ….

“ငါ မသိဖူး၊ နိုး…. နိုး၊ လက်ဖက်သုတ်အရမ်းစားလို့ ကောင်းတယ်” ဟု လှပစွာ ရှောင်ထွက်သည်။ ဘယ်သူ့ဘက်မှမပါ။

သီရိက အရမ်းလည်သည်။ နှစ် ယောက် စလုံးက သူငယ်ချင်း အရင်းကြီးတွေ ၊ ဘယ် သူ့ဘက်မှ မပါတာကောင်းသည်။

ဘက်လိုက်လို့မရ။ တစ်ယောက် ယောက် ဘက်ကိုပါလို့ မ ဖြစ်ပါ။ ဘယ်သူ့ဘက်မှ မပါတာ အကောင်းဆုံးပါပဲ။ ရွှေတန်ခူးက သီရိကို မျက်စောင်းရွယ်သည်။ လူလည်မဟု နှုတ်ခမ်းလှုပ်ရုံ ရေရွတ်သည်။

ရွှေတန်ခူးက သီရိအကြောင်းသိပြီးသား သီရိကဘာမှ ၀င်ပြောမှာ မဟုတ်။

နှစ် မဲတစ်မဲနှင့် တစ်ယောက် ယောက် ရှုံးသွားမှာ မလိုလား။ သူတို့ချင်းပဲ ငြင်းခုံဖြေ ရှင်း အနိုင်အရှုံးပေါ်အောင် လုပ်ကြပေရော့။

“နီးစပ်နေတိုင်း အချစ် ဖြစ်ကြရင် ခက်ရချည်ရဲ့ မောင်တစ်ရွာ မယ်တစ်မြို့ ဖြစ်နေ တဲ့ ချစ်သူစုံတွဲ လင်မယားတွေ ဘယ်နှယ့်လုပ်ကြမလဲ၊ သစ္စာတရားဆိုတာရော ဘယ်သွား ထားမလဲ။ နီးစပ်နေတာနဲ့ပဲ ငြိကြရောလား”

“သြော် …. အနှောင်အဖွဲ့ မရှိတဲ့ အလွတ်ချင်းကို ပြောတာလေ၊ ပိုင်သူဆိုင်သူရှိပြီး သားတွေ ကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းကြတာပေါ့၊ ဒါတောင် တစ်ခါတလေ ကြားမ ကောင်းကျော်မကောင်း အနံ့တွေ ထွက်လာကြသေးတာ”

“မဆိုင်ပါဖူး ၀ံ့သစ္စာရယ် အဓိကက စိတ်ပါ။ စိတ်ကြောင့် ပါ၊ စည်းမစောင့်တာလည်း စိတ်ပဲ၊ နီးစပ်နေပေမယ့် စည်းစောင့်နိုင်တာမျိုးလည်း ရှိတာပဲဟာ၊ လူနဲ့ပဲ ဆိုင်တယ်”

“ကဲပါ ဒါဆို ရွှေတန်ခူးက နီးစပ်နေမှု ကြောင့် အချစ် ဖြစ်ထွန်းတယ်ဆိုတာ လက်မခံ ဖူးပေါ့”

“ဟင့်အင်း”

“၀ံ့သစ္စာက လုံးဝ လက်ခံတယ် နီးစပ်ရင် မြင်တာများ ပြီး သိတာများ ပြီး တဖြည်း ဖြည်း သံယောဇဉ်ငြိတွယ်လာမှာ ပဲ”

“တချို့တွေ အတွက်တော့ ဟုတ်မှာ ပေါ့”

“တော် တော် များများ အတွက် ဟုတ်တာ၊ အနည်းစုကလည်း ကိုယ့်ကိုယ်ကိုယ် သတိထားဆင်ခြင်လို့သာ ရုန်းထွက်နိုင်တာ”

ရွှေတန်ခူးက ရယ်နေသည်။

“အခု သီရိ့မောင်လေးရဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းရဲ့ အစ်မနဲ့ ညားတယ်ဆို တာ နီးစပ်မှု ကြောင့် ပဲ အမြဲဝင်ထွက်သွားလာ ပတ်သက်နေတော့ သံယောဇဉ် ဖြစ်သွားတာ”

“ဒါဆို ဖူးစာရော”

“နီးစပ်မှု ကိုက ဖူးစာပေါ့”

“ဟင့်အင်း …. သူတို့ ညားတာ ဖူးစာကံကြောင့် ပါ၊ ဖူးစာရှိလို့ တွေ့ ကြတာ”

“ဇွတ်မှိတ်ကန်မငြင်းနဲ့”

“အိုး …. ကန်ငြင်းတာ မဟုတ်ဘူး၊ အဲဒီ ကောင်မလေးက ဒီကောင်ကလေးနဲ့ ဖူးစာ ရှိလို့ကို ညားတာ၊ သူ့မောင်လေးက ဒီသူငယ်ချင်း တစ်ယောက် တည်း ရှိတာလား”

“ဒီကောင်ကလေးက တရင်းတနှီး အိမ်ထဲဝင်ထွက်နေတယ်၊ စားအိမ် သောက်အိမ် အရင်းနှီးဆုံးပဲလေ”

“အခြားကောင်လေးတွေ လည်း ရှိတာပဲ”

“ရွှေတန်ခူးရယ် ခေါင်းမမာချင်စမ်းပါနဲ့ နီးစပ် ထိတွေ့  ပတ်သတ်နေမှု ကို ဘယ်သူမှ မခုခံမတွန်းလှန်နိုင်ဖူး၊ ကျရှုံးရတာ ချည်းပဲ”

“ဟင့်အင်း ရွှေတန်ခူးတို့ မပါပါဖူး”

“အပြောလျှော့ အစားကို ကုန်အောင်စား စကားကို ကုန်အောင် မပြောနဲ့ တဲ့”

“မယုံရင် စောင့်ကြည့်”

“အခုထက်ထိ ဘာဘာညာညာ ဇာတ်လမ်းတွေ မရှိသေးဘူးဆိုတာကလည်း နင့်မှာ နီးစပ်မှု ဘာမှ မရှိသေးလို့ သိရဲ့ လား”

“အမယ်လေး၊ မဟုတ်ပါဘူး နီးစပ်နေတာတွေ ရှိသားပဲ၊ ဒီလိုသာဆို ခက်ရချည်ရဲ့ ၊ ကဲ …. ၀ံ့သစ္စာ ငါမေးမယ်၊ နင့်ကို ကြိုပို့ လုပ်ပေးနေတဲ့ ဒရိုင်ဘာက ငယ်လည်းငယ် လူပျို လည်း လူပျို နင်နဲ့ ဒီလောက် နီးစပ်တာ နင် ဘာလို့ မကြိုက်လဲ၊ မချစ်လဲ၊ ဒါဟာ ရင်ခုန်မှု အတွက် အရေး ကြီးဆုံးပဲဆိုရင် အဲဒီ့  နီးစပ်မှု မှာ နင့်ဘက်က ကျရှုံးသွားသင့်ပြီ”

“တော် တော့ ရွှေတန်ခူး”

ဝံ့သစ္စာက ဆတ်ဆတ်ခါ နာသွားပြီး ၀ုန်းကနဲ မတ်တပ်ရပ်၏ ။

“ကြိုက်စရာလား ကိုယ်အလုပ်သမားကို၊ ရင်ခုန်သာယာစရာလား၊ နင့်စကားက ငါ့ ကို နစ်နာစေတယ်ဟဲ့ …. အရမ်းရိုင်းတာပဲ”

ဝံ့သစ္စာက အင်မတန် ခံရခက်သွားပုံမို့ သီရိက မနေသာပဲ ၀င်ဖြန်ဖြေရသည်။

“ရွှေတန်ခူးရယ် တော် ပါတော့ ဘာမှလည်း ဟုတ်တာမဟုတ်ပဲနဲ့ ငြင်းခုံစကားများ နေတယ်”

သီရိက ပင့်သက်ရှိုက်၏ ။ သည် သူငယ်ချင်း နှစ် ယောက် တကယ်မလွယ်။ ဘာ လေးမဆို သဘောထား ကွဲလွဲပြီး ငြင်းခုံချင်သည်။ အနိုင်မခံ အရှုံးမပေး။

ရွှေတန်းခူးက လက်ဘက်တစ်ဇွန်း ခတ်စားပြီး မလုတ်ပလောင်း ပြန်ပြောလိုက်တာ က

“ငါက သဘောပြောတာပါနော်” တဲ့။

သီရိထင်သည်။ ရွှေတန်ခူး၏ ထိုစကားက ၀ံ့သစ္စာ၏ မာနကို နင်းခြေလိုက်သလို ပင်။ လုံးဝမပြောသင့်သော စကား။

ကားမမောင်းသော ၀ံ့သစ္စာက အမြဲတမ်းပဲ ဒရိုင်ဘာနှင့် သွားလာနေရသူပါ။

“အေးပါ၊ ငါစောင့်ကြည့်ဦးမယ် နင်တကယ်ပဲ အပြောနဲ့ အလုပ် ညီနိုင်ရဲ့ လားဆို တာ”

ရွှေတန်ခူက မဖြုံသလို ပခုံးတွန့်သည်။

“တစ်ခါမှ ရည်စားတောင် မထားဖူးပဲ အပြောကြီးနေသေးတယ်”

ဝံ့သစ္စာက ရှုံ့ချ၏ ။

“ရည်းစားမထားဖူးတာပဲ အားနည်းချက် ဖြစ်ရရောလား မထားချင်လို့ပေါ့ ဘယ်သူ့ ကိုမှ ရင်မခုန်သေးတာ နှလုံးသားက အသစ်စက်စက်၊ သိရဲ့ လား”

ဝံ့သစ္စာက ရွှေတန်ခူးကို မကျေနပ်ကြည့်၏ ။ သူမ မျက်လုံးထဲမှာ အညှိုးအတေး တွေ ပါနေသလိုပင်။ ထို အကြည့်ကို ရွှေတန်ခူးကပင် သတိမထားမိ၊ သီရိကသာ အမှတ် မထင် မြင်လိုက်တာ။

ဝံ့သစ္စာက ချက်ချင်း ပဲ စားပွဲပေါ်က ပိုက်ဆံအိတ်နှင့် ဟဲင်းန်းဖုန်းကောက်ယူပြီး ထွက်သွား၏ ။

“အရမ်းပေါက်ကွဲသွားပြီ”

ရွှေတန်ခူးက ရယ်ပြီး ဆို၏ ။

“ရွှေတန်ခူး”

“ဟင်”

“နင် ဘာလို့ စကားကို တရားလက်လွတ်ပြောလိုက်တာလဲ၊ ၀ံ့သစ္စာ စိတ်နာသွားပြီ”

“ဟင်”

သီရိကို ရွှေတန်ခူးက စိုက်ကြည့်ပြီးမှ …..

“ငါ့စကားမှားသွားလို့လား၊ မခံချင်လို့ ပြောမိတာပဲ ဟယ် အမှားပါချင်ပါမှာ ပေါ့၊ ကဲပါ …. နင်က ကြားလူ နင်က ငါမှားတယ်ထင်ရင် ငါတောင်းပန်လိုက်ပါ့မယ်၊ ပြီးရော မဟုတ် လား”

သီရိက ပင့်သက်ရှိုက်၏ ။ ၀ံ့သစ္စာ ကျေနပ်သွားဖို့ပဲ အရေး ကြီးတာပါ။ သီရိက သည် ကဏ္ဍမှာ ဘာမှ ဖြစ်တာမဟုတ်။

“ရွှေတန်ခူး”

“ဘာလဲ”

အရေး ကြီးသလို ခေါ်ပြီးမှ သီရိက ပြောသင့်မပြောသင့် ချင့်ချိန်ကာ နှုတ်ခမ်းကိုက် ၏ ။

“ဟဲ့ … ဘာလဲ ပြောလေ”

ပွင့်လင်းဟန်မဆောင်တတ်သူပီပီ ရွှေတန်ခူးက သိချင်စွာ နှင့် သီရိလက်ကို လှမ်း ရိုက်သည်။

“ကြာတော့ကြာပါပြီ ငါနဲ့ ၀ံ့သစ္စာနဲ့ ဆယ်တန်းဖြေပြီးစက နင်နဲ့ မတွေ့ ခင်က ….”

သီရိစကားကို ရွှေတန်းခူးက နားထောင်နေ၏ ။

“သူ့ကို လိုက်ပို့ပေးတဲ့ ဒရိုင်ဘာကောင်လေးနဲ့ ဘာလိုလို ဆိုပြီး အသံထွက်ခဲ့တယ် လေ”

“ဟယ်တော့”

သည်လိုသာဆိုရင်တော့ သူများ အားနည်းချက်ကို နင်းပြီး ဖိရာကျတော့မည် ။ အဲဒီ လို မဟုတ်ရပါ။ ရွှေတန်ခူးက သဘောရိုးနှင့် ခိုင်းနှိုင်းပြောဆိုမိတာပါ။

“ဟုတ်လို့လား”

“တကယ် ဟုတ်မဟုတ် ငါလည်း မသိဖူး”

သီရိက ငရုတ်သီးစိမ်းကိုက်ပြီး ထူပူအောင်စပ်တာမို့ ရေပြေးသောက်သည်။ ခါတိုင်း ဆို နေ့လည်နေ့ခင်း သုံးယောက် ဆုံမိကြရင် … “BLENDER” (သစ်သီးဖျော်စက်) နှင့် အ သီးတစ်ခုမဟုတ်တစ်ခု ဖျော်သောက်နေကြပါ။

သည်နေ့မှပဲ ဆန်းဆန်းပြားပြား လက်ဘက်သုတ် သုပ်စား ဖြစ်ကြတာပါ။ မမျှော် လင့်ပဲ ပြဿနာက သီရိကနေ စတာ၊ သီရိမောင်လေး၏ သူငယ်ချင်း ၀ဏက အရမ်းချော ပြီး ဆရာဝန်လောင်းလေးမို့ ၀ံ့သစ္စာနှင့် ရွှေတန်ခူးက သတိထားမိကြသည်။

“ဟယ် သီရိရယ် နင့်မောင်ရဲ့ သူငယ်ချင်းပဲ၊ နင်နဲ့ ငြိသင့်တာ၊ နင်က တော် တော် ညံ့တာပဲ” ဟု ၀ံ့သစ္စာက အားမလိုအားမရ စကားစလာ၏ ။

“၀ဏက ချောလည်းချောတယ် ပညာလည်း မညံ့ဖူး ရူပါလည်း မခေဖူး၊ ဥစ္စာလည်း ပေါတယ်၊”

“ငါမှ စိတ်မ၀င်စားတာဟဲ့”

“အင်းပါ စိတ်မ၀င်စားနဲ့၊ စိတ်ဝင်စားတဲ့သူကဖြင့် လက်ဦးသွားပြီး မျှော်လင့်လို့ လည်း မရနိုင်ဖူး”

“၀ံ့သစ္စာရယ် သူတို့ချင်း ဖူးစာပါလို့ပါ”

အဲဒီ ကနေ အငြင်းအခုံ စ, ခဲ့တာ။

“ဘာဖူးစာလဲ၊ နီးစပ်မှု ပါဟာ”

“ဘာဖူးစာလဲ၊ နီးစပ်မှု ပါဟာ”

ဝံ့သစ္စာက ရွှေတန်ခူးစကားကို လက်သင့်မခံပဲဟယ် ချရာကနေ ရွှေတန်ခူးက လည်း အလျှော့မပေးတော့ တင်းမာငြင်းခြုံ ကတော့တာပါပဲ။

“ငါ တကယ် ဘာမှ မသိပဲ ပြောမိတာပါ သူများ တကာရဲ့ weak point ကို နင်းပြီး ပြောတာမျိုး ငါ့မှာ မရှိပါဖူး သီရိရဲ့ နင်ယုံတယ် မဟုတ်လား”

“၀ံ့သစ္စာက အနာပေါ် တုတ်ကျ ဖြစ်သွားပြီ”

“ငါ တောင်းပန်လိုက်ပါ့မယ်”

“ဟဲ့ … တောင်းပန်မှ ပြန်အစဖော်သလို ဖြစ်နေမယ် ထားလိုက်တော့ မေ့လိုက် တော့”

သီရိက အကြံပေးလာတော့ ရွှေတန်ခူးက လက်ခံခေါင်းညိမ့်လိုက်၏ ။ ပြီးတာတွေ ပြီးပါစေတော့။

* * * * *


ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ တယုတယဒေါ့ကွန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရေခဲပြင်နှင့် မြက်ခင်းစိမ်း

အချစ်ရဲ့ ဆွဲငင်အား

မိုးနတ်သူဇာ