
ပန်းသီခိုင်
မိုးနတ်သူဇာ
မြန်မာစာ ကျူတိုရီရယ်တစ်ခုကို ပေးထားသော အချိန်တစ်ဝက် တည်းနှင့် ပြီးအောင် စိတ်လောအားကြီးစွာ ကူးနေသော ကျွန်မဘေးကို အဲဒီ ခဏလေး အချိန်မှာ ပဲ သူရောက်ရှိလာခဲ့တာ။
ကျူတိုတိုရီရယ်ဆို ဘယ်သော အခါမှ ကြည့်မကူးဖူးဘဲ အလွတ်ကျက် ဖြေတတ်ခဲ့သော ကျွန်မဘဝမှာ သည်တစ်ချိန် တည်းသော စာမကျက်ဘဲ ကူးနေရခြင်းပါ။
ကျွန်မစိတ်တွေ ဘယ်လိုမှ မငြိမ်သက်အောင် လှုပ်ရှားပူလောင် နေခဲ့သည်။ သူငယ်ချင်းနှင့် ကျွန်မကြားတွင် ရှိနေသော နေရာလွတ်ကျဉ်း ကျဉ်းကလေးက အမှန်ဆို လူ တစ်ယောက် ဝင်ထိုင်စရာလောက် ရှိမနေဘဲ သူကဇွတ်အတင်း တွန်းတိုက်ထိုင်ချလိုက်တော့ ရုတ်တရက် ကျွန်မတို့နှစ် ဦး လန့်ဖျပ်ကာ ကိုယ်စီကိုယ်စီ ဘေးကပ်ကိုယ်ကျုံ့ ပေးမိလျက်သား ဖြစ်သွားရတာ မို့ ဒေါသမျက်လုံး တွေ နှင့် ပြိုင်တူကြည့်မိခိုက်မှာ အားနာသိလိုလို မျက်နှာငယ်လေးနှင့် ရယ်ကျဲကျဲ လုပ်နေသော မျက်ခုံးကောင်းကောင်း၊ နှုတ်ခမ်းလှလှ၊ စူးရှရှ မျက်ဝန်းတစ်စုံ နှင့် အတူ ဥပဓိရုပ် သန့်ပြန့်လွန်းသော ကျောင်းသား တစ်ယောက် ၊ ဟင် . . . .ဟုတ်ချင်မှ ဟုတ်မှာ ။ အမျိုးသား တစ်ယောက် ကို မထင်မှတ်ဘဲ တွေ ကလိုက်ရတော့ ကျွန်မရော သူငယ်ချင်းပါ ပြောပစ်ဖို့ ပြင်ထားသော နှုတ်ခမ်းတွေ အလိုလို စေ့တင်းကုန်လျက် ဇဝေဇဝါနှင့် ငြိမ်ကျသွားရသည်။
“ဆေားရီ . . .”
ခပ်တိုးတိုး တောင်းပန်သံက ကျွန်မတို့ ရန်တွေ့ ဖို့ စိတ်ကူးထားတာတွေ ပျောက်သွားစေခဲ့ သည်ပဲ ဆိုရတော့သည်။
“ဘာဖြေရတာ လဲဟင်၊ ကဗျားလား ၊ စကားပြေလားဟင်”
လက်ထဲ ကိုင်ထားသော စာအုပ်တစ်အုပ်ကို စားပွဲပေါ်ပစ်တင် စာအုပ်ကြား ရှိနေသော ဘောလ်ပင်ကို ဆွဲထုတ်ရင်းက ကျွန်မတို့ကို မကြည့်ဘဲ မေးလာတော့ ပြုံးရမလိုလို၊ မဲ့ရမလိုလို။
မသိမသာနှင့် စားပေါ် ချထားသော စာအုပ်ကို ဖတ်ကြည့်လိုက်သည်။ ခုံနံပါတ “၃၇” ဆိုတော့ ဘယ်သူများ ပါလိမ့် ဟု သိပ်စဉ်းစားစရာ မလိုဘဲ “မို့” စာအုပ်ပဲ ဆိုတာ သိလိုက်သည်။
“ဟင် . . .ဘာဖြေရတာ လဲ ”
သူက အချိန်မဆိုင်းဘဲ ဆက်တိုက်မေး၏ ။
“စကားပြေ”
“သြော် . . .စာအုပ်ပါလား၊ ကျွန်တော့်ခဏလောက်”
ကျွန်မ သူငယ်ချင်းက နှုတ်ခမ်းလေးမဲ့ရင်း . . . .
“ဒီမှာ ကူးနေတာ မတွေ့ ဘူးလား”
ဟု ဘုတောလိုက်၏ ။
“ဟာ . . .ဒုက္ခပါပဲ။ စာအုပ်အပို မရြှိ ကတော့ဘူးလား”
သူက စိတ်ရှုပ်သလို ရေရွတ်၏ ။
“တစ်အုပ်လောက် ငှားပေးကြပါဗျာ”
“ပင့်” က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ရှေ့အတန်းမှ ကောင်မလေးကို ဘောလ်ပင်နှင့် ကျောလှမ်းတို့ကာ ငှားပေးလိုက်၏ ။
“ရော့”
သူ့ဘက် ဘုတ်ခနဲ ကျလာသော စာအုပ်ကို ဆွဲယူပြီး ဟိုလှန်သည် လှန် လုပ်လိုက်သေး၏ ။ ပြီးမှ . . .
“ဘယ်အပုဒ်လဲ၊ မတွေ့ ဘူး၊ ရှာပေးပါဦး”
ဟု ဝင့်ကို အရယ်နှင့် ပြော၏ ။
ဝင့်က ဆတ်ခနဲ ဆွဲယူကာ ရှာပေးလိုက်သည်။
“ရော့ . . .ဒီမှာ ဒါ ”
လက်ညှိုးထိုးပြရင်း ဝင့်က စိတ်မရှည်သလို ပြော၏ ။
“ဒါ . . .စကားပြေဖွဲ့ စည်းပုံပဲ။ ဟိုမှာ မေးထားတာက စာဆိုရဲ့ ဘဝကြေးမုံ၊ ဒီအပုဒ်ဟုတ်ရဲ့ လား ”
နောက်မှလည်း ဝင်လာသေး၊ အကူအညီ လည်းတောင်းသေး၊ အမေးအမြန်းလည်း ထူးသေး၊ သည်ကြားထဲ ဆရာပါ လုပ်နေသေးဆိုတော့ ဝင့်မျက်နှာ ဘယ်လိုမှ မကြည်သာတော့ဘဲ စူပုပ်ပုပ်နှင့် တစ်ဖက် လှည့်ကာ သူ့စာသူ ကူးနေလိုက်တော့သည်။
“ဒီအပုဒ် ကျိန်းသေရဲ့ လားဗျာ၊ မှားကူးမိမှာ စိုးလို့”
သူက ဝင့်ကို ထပ်မမေးရဲတော့ဘဲ ကျွန်မဘက် လှည့်မေးသည်။
“ဟုတ်ပါတယ်ရှင်။ အဲဒီ အပုဒ်ပဲ ဖြေမှာ ပါ ယုံပါ”
ကျွန်မ ပါ ပြောတော့မှ သူက စကူးသည်။
နောက်ထပ် စကားမဆိုမိကြဘဲ အလျင်အမြန် ကူးလိုက်ကြတာ သိပ်မကြာဘဲ ကျွန်မတို့ ပြီးသွားတယ်။
စာအုပ်တွေ ဘောလ်ပင်တွေ လွယ်အိတ်ထဲ ထည့်ပြီးချိန်မှာ ဝင့်က . . .
“ဒီမှာ . . .ရှင်ပြီးမှ ဒီနှစ် အုပ်ပါ ရောထပ်ပေး”
ဟု မျက်နှာတင်းတင်းနှင့် ခိုင်းတော့ . . .
“အင်းပါ ထားခဲ့ ထားခဲ့”
ဟု စားရေး မပျက် ပြနဖြေသည်။
ကျွန်မလည်း လွယ်အိတ်ကို ပိုက်ရင်း မတ်တတ် ရပ်မိခိုက်မှာ ဆံပင်တွေ ကို ဆောင့်ဆွဲလိုက် သလို ရှင်တာမို့ ပြန်ထိုင်ချရင်း . . .
“ကျွန်မ ဆံပင် တွေ ပိနေပြီ။ နည်းနည်း မပေးပါဦး” ဟု ဆိုရသည်။
ရှည်လျားလွန်းသော ဆံပင်တွေ ကို ဖြန့်ချထားတာမို့ ခုံပေါ်တင်ကာ သူ့လက်တွေ နှင့် ဖိထားသလို ဖြစ်ရသည်။
စောစောကတည်းက စုချည်းထားရင် အကောင်းသားဟု ကျွန်မ တွေးမိသည်။
“ဆေားရီးဗျာ . . .ဆေားရီး . . .ဆောရီး“
သူက လက်တွေ ဖယ်ပေးတာ တောင်းပန်၏ ။
ကျွန်မတို့ စာသင်ခန်းတွေ က “သီရေတာ ” တွေ မို့ တစ်ယောက် ကို တစ်ယောက် ဖြတ်ပြီးမှ ထွက်လို့ရမှာ ။
သူက ကျွန်မ ဟိုဘက်မှာ မို့ ကျွန်မ သူ့ကို ကျော်ဖြတ်ပြီးမှ ထွက်ရမှာ ။
သူက ရေး လက်စကို ခဏချထားကာ ကိုယ်ကို မတ်ပေး၏ ။
ကျွန်မလည်း နေရာကျဉ်းလေးမှ ကိုယ်တစ်စောင်း ထွက်ကာ လာရသည်။
“ဘယ်လိုလူမှန်း မသိပါဘူး ခက်လည်းခက်တယ်”
ဝင့်က စိတ်ပျက်သလို ညည်း၏ ။
“ဟော့တော် . . .သူ့ငှားပေးထားတဲ့ စာအုပ် ပြန်ယူပြီး ဟိုကောင်မလေးကို ပေးရမှာ ပေါ့”
ဟု အခန်းပြင်ရောက်မှ ဝင့်က သတိရသည်။
“ရပါတယ်ဟာ . . .သူပေးလိုက်မှာ ပေါ့”
“ဟာ . . .ဘယ် ဖြစ်မလဲ၊ ပေးလိုက်ရင် ကောင်းပါရဲ့ ၊ မပေးလိုက်ရင် ဘယ်လိုလုပ်မလဲ၊ သူ့ကို ဘယ်လို လိုက်ရှာမလဲ၊ အတန်းထဲကလည်း ဟုတ်ပုံမရဘူး၊ တော် ကြာ တစ်အုပ်လုံး ပြန်ကူးပေးနေရမှာ ”
ဝင့်က ပြောပြောဆိုဆို အခန်းထဲ ပြန်ဝင်သွားတော့ အတန်းအပြင်ရှိ ခုံလေးမှာ ပဲ ကျွန်မ ထိုင်စောင့်နေလိုက်သည်။
တော် တော် နှင့် ဝင့်ပြန်မထွက်လာတော့ စိတ်မရှည်တော့ဘဲ မတ်တတ်ရပ်ကာ အခန်းဝ လျှောက်သွားရင်း အတန်းထဲကို ကဲကြည့်မိသည်။
ဝင့်က မျက်နှာထား ခပ်တင်းတင်းနှင့် ဟိုလူကို ရပ်ကြည့်နေတာ ဟိုလူ့ခမျာ ဝင့်ကို မော့မကြည့်နိုင်အားဘဲ သဲသဲမဲမဲ မြန်မြန် ပြီးတော့ ရေး နေရရှာတာ။
ဘေးတိုက် ခပ်စောင်းစောင်း မြင်ရသော သူ့မျက်နှာက သိပ်ကို ချောခန့်လွန်းသည်။ အဝေးကြည့်ကြည့် အနီးကြည့်ကြည့် တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတာ။
“ဣနြေ္ဒ ”လည်း သူ့ကို ငေးကောင်းကောင်းနှင့် ငေးနေခြင်း ဖြစ်သည်။ အစ ကတော့ သည်လောက် ကြာကြာရပ်ကြည့်ဖို့ စိတ်ကူးမရှိပါ။ ရည်လည်း မရည်ရွယ်ခဲ့ပါဘဲ တိုက်ဆိုင်စွာ ကြည့်နေ ဖြစ်တာ။
သူက စာကူးနေရင်းမှ အခန်းဝကို ဆတ်ခနဲ မော့ကြည့်သည်။
သူ့ကို ကြည့်နေသော ဣနြေ္ဒ့မျက်လုံးတွေ နှင့် ရှောင်လွှဲချိန်မရဘဲ တန်းမတ်စွာ တိုးသွား၏ ။
ချက်ချင်း ပဲ သူက အကြည့်လွှဲ ခေါင်းငုံ့ကာ သူ့စာသူလုပ်နေတော့ ရင်ထဲ အရမ်းရှက်သွားရသည်။
ကိုယ့်အ ဖြစ်ကို မလုံမလဲနှင့် အခန်းဝမှခွာကာ ခုံတန်းလေးဆီ လာပြန်ထိုင်သည်။ ရင်ထဲ နွေးတေးတေး နှင့် ဖြစ်နေရတာ ထူးဆန်းသည်။
ဣနြေ္ဒ ခပ်လွယ်လွယ် မိန်းကလေး တစ်ယောက် မဟုတ်ပါ။ မြင်သူတကာကို လှုပ်ခတ်လွယ်သည့် နှလုံးသားမျိုးလည်း မရှိပါဘဲ သည်လူ့ကျမှ ဖျတ်ခနဲ ရင်ခုန်သွားတာ အံ့သြစရာ ။
ဘယ်သူမှန်းမသိ။ ဘယ်ကမှန်း မသိ၊ သူ့အကျင့် သိက္ခာ၊ ကိုယ်ကျင့် တရား၊ စိတ်နေသဘောထား ဘာမှလည်း သိတာမဟုတ်ဘဲ သည်လို မ ဖြစ်သင့်ဟု ဣနြေ္ဒယူဆ မိကာ မျက်နှာလေး အလိုလိုတင်းသွားရသည်။
သည်တစ်ခါ ကိုယ့်သဘောထားကို မုန်းမိသည်။
ခုမှတွေ့ သည့် သူစိမ်းယောကျာ်း တစ်ဦးအပေါ် တိမ်းလွယ်ယိမ်းလွယ် စိတ်လှုပ်ရှား တာမျိုး ဖြစ်ရအောင် သူမက ကလေးသာသာ ဆယ်ကျော်သက်လည်း မဟုတ်ပါ။ အသက်အပိုင်းက နှစ် ဆယ်ကျော် ကျော်လာပြီမို့ ရင့်ကျက်သင့် သလောက် ရင့်ကျက်ကာ တည်ငြိမ်မှု လည်း ရှိသင့် သလောက် ရှိနေပြီဟု တွက်ဆထားတာ ။
“ဣနြေ္ဒ”
ဝင့်က အနားရောက်လာပြီး မကျေမနပ် ခေါ်၏ ။ သူမကို မကျေနပ်တာဟု ဟုတ်မည် မထင်။ ဟို တစ်ယောက် ကို မကျေနပ်တာပဲ နေမှာ ။
“ရပြီးလားစာအုပ်”
“မပြီးသေးဘူး”
“ဟုတ်လား။ အင်းလေ ခဏစောင့်လိုက်ပေါ့”
ဣနြေ္ဒပဲ အေးအေးလူလူပဲ ပြောတော့ ဝင့်က တအံ့တသြနှင့် . . .
“ဣနြေ္ဒပဲ အရေး ကြီးနေပြီးတော့”
“ဟုတ်တယ်၊ ဒါပေမယ့် ဘာတတ်နိုင်မှာ လဲဟာ . . .။ကူညီလက်စနဲ့ သည်းခံလိုက်ပါ တော့”
ဣနြေ္ဒက ဝင့်လက်ကလေးကို ဆွဲကာ ဘေးမှာ ထိုင်စေသည်။
“သူလည်း မြန်မြန်ကူးနေတာပဲဟာ . . .သွားမပြောနေပါနဲ့တော့။ အားနာစရာ။ ပြောနေလည်း အပိုပဲဟာ”
ဝင့်က မျက်နှာပုပ်ပုပ်နှင့် ထိုင်ချကာ ဣနြေ္ဒဘက် လှည့်ကြည့်သည်။
“ကူညီမိတာ မှားတာပဲ”
“ရမယ့် ကုသိုလ်လေး မရဘဲ နေဦးမယ်”
ဣနြေ္ဒ စတော့မှ ဝင့်မျက်နှာ ပြုံးလာသည်။
“ဝင့်”
“ဟင်”
“ပိုလာလေး နေကောင်းရဲ့ လား မသိဘူး”
ချက်ချင်း လက်ငင်းပဲ သတိရသွားကာ ဣနြေ္ဒက စိုးရိမ်တကြီး ရေရွတ်သည်။ ပိုလာလေးက ဣနြေ္ဒသိပ်ချစ်သော တယ်ရီယာမွေးပွ ခွေးလေးကို မောင်အငယ်ဆုံး လေးလို၊ သားလေး တစ်ယောက် လိုလို အလိုလိုက် ယုယလွန်းတာ။
“ပိုလာ . . . ပိုလာ” နှင့် ပါးစပ်ဖျားက ချတာမဟုတ်၊ တစ်နေ့တုန်း ကတော့ ခြံထဲဆင်းရင်း ဖားပြုတ်တစ်ကောင်ကို လိုက်ကိုက်ကာ ပိုလာနေမကောင်း ဖြစ်လာသည်။ ခဏခဏ အန်သည်။ အစာလည်း မစားတော့။
ဣနြေ္ဒမျက်လုံး ပြူးကာ ဘာလုပ်ပေးရမှန်း မသိ။ ဖေဖေ့ဆီ ဖုန်းဆက်တော့မှ ဖေဖေ ရောက်လာကာ ပိုလာလေးကို ဆေးခန်းသွား ပြသည်။ ဒါပေမယ့် ပိုလာလေးက မသက်သာ။ ပတ်လက်ကလေး လဲနေတော့ သနားစိတ်နှင့် ဣနြေ္ဒငိုမိသည်။
ပိုလာ့အတွက် ရတက်မအေး ရှိရလွန်းတာမို့ စာလည်း မကျက် ဖြစ်။ ကျောင်းလည်း မတတ် ဖြစ်၊ သည်နေ့တောင် ကျူတိုရီရယ် ရှိလို့ လာသာလာရတာ ။ စာကလည်း ကျက်ခဲ့ရတာ မဟုတ်။
ဖေဖေ ကတော့ စိတ်မပူ ဖို့ပြောသည်။ တရားရှိဖို့လည်း ဆုံးမသည်။ ဣနြေ္ဒ ကတော့ ပိုလာလေး သာ တစ်ခုခု ဖြစ်သွားရင် ဖြေဆည်နိုင်မှာ မဟုတ်ပါ။ ဣနြေ္ဒ့ဘဝ ကတော့ အထီးကျန် ဆန်လွန်းသည်။
မေမေလည်း မရှိ၊ မောင်နှမ သားချင်းလည်း မရှိ၊ ဖေဖေ တစ်ယောက် ပဲ တွယ်တာစရာ ရှိနေသည့်ကြားထဲ အဲဒီ ဖေဖေကလည်း အလုပ်များ လွန်းကာ ဣနြေ္ဒအတွက် အချိန် သိပ်ပေးနိုင်တာ မဟုတ်ပါ။
ပျင်းသွေ့ လွန်းသော အနေအထား တစ်ခုမှာ နေရတာ ကြာလာတော့ ရိုးအီနေသား ကျလာရပါပြီ။
ပိုလာလေးနှင့် ဆော့ကစား၊ ခြံထဲဆင်း အပင်တွေ စိုက်။ တစ်ခါတလေ “ကြီးမြ”နှင့် မီးဖိုချောင် အလုပ်တွေ ဝိုင်းကူလိုက်။ တစ်ခါတလေကျ တော့လည်း “ဘကြီးလူ“ ကားပြင် ကားဆေးနေတာ သွားရှုပ်လိုက်နှင့် အိမ်ထဲမှာ ပဲ အချိန်ကုန်တာ များ သည်။
ပျင်းလွန်းမက ပျင်းလာရင် ဝင့်ဆီဖုန်းဆက်၊ ဈေးတို့ ရုပ်ရှင်တို့ သွားပစ်လိုက်သည်။ ဝယ်ချင်တာဝယ်၊ ဝတ်ချင်တာဝတ်၊ ပြည့်စုံလွန်းသော ဘဝမှာ လည်း ပျော်စရာတွေ သိပ်ရှိနေမှာ ဟု ယူဆလို့ မရနိုင်။
အမှန်တော့ လူတစ်ဦးပျော်နေခြင်း မပျော်ခြင်းဆိုတာ ပိုက်ဆံ ချမ်းသာမှု နှင့် လုံးဝ မပတ်သက်သော စိတ်ခံစားမှု သက်သက်ပါ။
ဣနြေ္ဒ့ဘဝမှာ အစစပြည့်စုံသော်လည်း ဣနြေ္ဒမပျော်ပါ။ ကျောင်းသွားစရာ ရှိသွား၊ စာကျက်စရာ ရှိကျက်။ ဝတ္တရားတစ်ခုလို စိတ်ပါပါ မပါပါ လုပ်နေရတာ ။
အချိန်တန်ရင် စာမေးပွဲအောင်၊ ဘွဲ့တစ်ခုရ၊ ပြီးတော့ရော ဣနြေ္ဒ ဘာအလုပ်လုပ် ရမှာ လဲ။
ဖေဖေက ပေးလုပ်မှာ တဲ့လား . . .ဝေးသေး။ ပြီးတော့ ဣနြေ္ဒက သိပ်ဒေါင်ဒေါင် မြည် ကြီးလည်း မဟုတ်ပါ။ ကျန်းမာရေး ပျော့ ချင်သည်။ တစ်လမှာ အနည်းဆုံး တစ်ခါလောက်တော့ နေမကောင်း ဖြစ်လိုက်ရမှ၊ အမြဲလိုလို ခေါင်းမူး ကိုယ်ပူလော ကတော့ ဖြစ်နေတတ်သည်။
အဲဒါတွေ ကြောင့် လည်း ဣနြေ္ဒပင်ပန်းမှာ ဖေဖေက သိပ်စိုးရိမ်တာ။ ဖေဖေ ကတော့ ဣနြေ္ဒကို ငုံထားမတတ် ချစ်သည်။
ဣနြေ္ဒ ဖြစ်ချင်တာဆို့ ချက်ချင်း လုပ်ပေးသည်။ ခုလည်းပဲ ဣနြေ္ဒ စားမေးပွဲ ဖြေပြီးလျှင် စင်ကာပူသို့ အလည်ခေါ်သွား မည် ဟု ပြောထားသေးသည်။
ဣနြေ္ဒ ကတော့ မေမေ့ကိုလည်း သတိရအောက်မေ့သည်။ ဘယ်တုန်းကမှ မရှိခဲ့သော မောင်နှမသားချင်း မျိုးလည်း တမ်းတသည်။ လိုချင်သည်။
စားမေးပွဲ တွေ ဘာတွေ ဖြေရမည့်  နေ့မျိုးဆို အစ်ကို တစ်ယောက် လောက် အရမ်းရှိချင်သည်။ အစ်ကို အရင်း တစ်ယောက် သာ အနားရှိနေလျှင် သိပ်ပျော်စရာ ကောင်းမည် ဟု အားကိုးအားထားနှင့် မျှော်လင့်သည်။
ဖေဖေ နေထိုင်မကောင်း ဖြစ်လျှင်တော့ အစ်မ တစ်ယောက် ကမန်းကတန်း လိုချင်လာသည်။ အစ်မအကြီး ပီပီ ဣနြေ္ဒ့ထက် ဖေဖေ့ကို ပိုပြုစုတတ်မှာ ။ ဣနြေ္ဒကိုလည်း အားမငယ်ဖို့ ဖျောင်းဖျတတ်မှာ ။ လိုအပ်တာမှန် သမျှဆက်တိုက် ဆက်တိုက် စီစဉ်ပေးသွား နိုင်မှာ ဟု ယုံကြည် စိတ်နှင့် တမ်းတမိပြန်သည်။
လမ်းသွားလမ်းလာ တချို့ ကောင်လေးတွေ စကြနောက်လျှင်တော့ မောင်လေး တစ်ယောက် သာ အဖော်ပါလာရင် သိပ်ကောင်းမှာ ဟု တွေးမိသည်။
သူ့အစ်မကို စရင် မောင်လေးက ငုံ့ခံမှာ မဟုတ်။ မောင်ငယ် အရင်းလေး တစ်ယောက် သာ ဘေးနားပါလာရင် သူတို့သည်လို နောက်ပြောင်ရဲမှာ မဟုတ်ဟု ထင်မိသည်။
တစ်ခါတစ်လေကျတော့လည်း ရင်ထဲ မကျေနပ်တာတွေ ၊ ဆက်ဆံပတ်သက် နေရသည့် လူတွေ အပေါ် ထင်မြင်ယူဆမိတာတွေ ၊ ကိုယ့်ခံစားမှု တွေ ကို တရင်းတနှီး ဖွင့်ဟတိုင်ပင် ခွင့်ရနိုင်မည့်  စိတ်ချယုံကြည် ရသော ညီမရင်းလေး တစ်ယောက် ရှိချင်ရပြန်တာက အတင်းအဖျင်း ပြောဖို့မဟုတ်တောင်” နင်ဘယ်လိုထင်လဲဟင်။ ငါ အဲဒီ လို ထင်တယ်” ဟုရင်ထဲ ဖြစ်လာသည့် အတိုင်း ဟန်ဆောင် မှု ကင်းကင်းနှင့် ပွင့်လင်းခွင့် ရမည့်  ညီမရင်းလေးသာ ရှိလျှင် ခုထက်အများ ကြီး နေပျော်စရာ ကျေနပ်စရာကောင်း မှာ ဟုတွေးသည်။
“ကျေးဇူးပဲဗျာ . . .အရမ်းအားနာတယ်။ ကင်းတင်းန်လိုက်ပြီး တစ်ခုခု စားပါလားဗျ။ ခင်ဗျားတို့ စောင့်နေရတာ စိတ်မကောင်းဘူး”
ပေါ်ထွက်လာသော စကားသံတွေ ကြောင့် ဣနြေ္ဒ အတွေးတွေ လွင့်ကုန်ရကာ အနားရောက်လာသော သူ့ကို မော်ကြည့်မိသည်။
“ရော့ . . .ဒီမှာ ခင်ဗျားငှားထားပေးတဲ့ စာအုပ်”
ဝင့်ရှေ့ကို လက်နှစ် ဖက်နှင့် တရိုတသေ ပေးလာတော့ ဝင့်က ခပ်မြန်မြန် ဆွဲယူသည်။
“တစ်ခုခု စားရမလား ဟဲ့ဆိုပြီး စောင့်နေတယ် ထင်လို့လား”
ဝင့်က အားနာစရာ ကောင်းလောက်အောင် ဘွင်းဘွင်းကြီး မေးပစ်သည်။
“ဟာ . . .မဟုတ်ပါဘူး”
သူကမန်းကတန်းဖြေကာ မျက်နှာလည်း ပျက်သွားသည်။
“သွားမယ်ဗျာ . . .ကျေးဇူးပဲ”
တည်တင်းတင်းမျက်နှာနှင့် နှုတ်ဆက်ကာ ချာခနဲ လှည့်ထွက်သွား၏ ။
“အမယ်လေး . . .ကိုကြီးကျယ်”
ဝင့်က သူ့ကျောပြင်ကို မျက်စောင်းထိုးသည်။
“ဝင့်ရယ် . . .အားနာစရာကောင်းနေပြီ၊ အဲဒီ လို ကြီး မပြောသင့်ဘူးဟယ်၊ အရမ်းစိတ်ဆိုးသွားပုံပဲ”
“ဆိုးဆိုးပေါ့။ ဘာလဲ ဝင့်က လိုက်ခေါ်ပြီး တောင်းပန်ရမှာ လား၊ ကင်တင်းန်လိုက်ခဲ့ပါ ဆိုပြီး ပြုစုရမှာ လား . . . ။လူကိုများ ဘာထင်သလဲ မသိဘူး”
“ခေါ်ပုံက အဲဒီ လို အထင်တသေးမဟုတ်ပါဘူး။ ဣနြေ္ဒတို့ ကျောင်းမှာ ဒီလိုပဲ မိတ် ဖြစ်ဆွေ ဖြစ် ကင်တင်းန် ခေါ်ကြတာပဲဟာ”
“ဣနြေ္ဒတို့ ကျောင်းမှာ ဒီလိုပဲ မိတ် ဖြစ်ဆွေ ဖြစ် ကင်တင်းန် ခေါ်ကြတာပဲဟာ”
“ဣနြေ္ဒက မိတ်ဆွေ ဖြစ်ချင်လို့လား“
ဝင့်က ဆတ်ခနဲ လှည့်ကြည့်ကာ မေး၏ ။
“မဟုတ်ပါဘူးဟာ၊ အားနာတာပဲ ရှိတယ်။ နောက်လည်း မြင်ရတွေ့ ရမယ့် လူတွေ မှ မဟုတ်တာ”
ဣနြေ္ဒက မတ်တတ်ရပ်လိုက်ရင်း ပြောလိုက်သည်။
“ပြန်ကြမယ်လေ၊ ပိုလာလေးကို ဆရာဝန် သွာပြရဦးမှာ ”
ဝင့်က ခေါင်းညိတ်ကာ အတူ ထွက်လာခဲ့ကြသည်။
သည်နေ့ ဣနြေ္ဒက ဝင့်ကားနှင့် လိုက်လာတာ။ အိမ်က ကားကို ကြိုဖို့ မပြောခဲ့တာမို့ ဝင့်ပဲ ပြန်မောင်းပို့ရမှာ ။
“ဝင့်”
“ဟင် . . .”
“ဝင့်ညီမလေးဖို့ မုန့်ဝယ်မယ်ဆို”
“ အင်း ဟုတ်ပါရဲ့ မေ့တော့မလို၊ ဣနြေ္ဒကမှ သတိရသေးတယ်။ ဟိုလူကို စိတ်ဆိုးနေတာနဲ့ မေ့ကုန်ရော”
ကင်းတင်းန်ဘက်ကို လာကာ ဝင့်က ကြက်သားပေါက်စီ ငါးခုဝယ်သည်။ ဝင့်ညီမလေးက ရှစ်တန်းပဲ ရောက်သေးတာ၊ ဝင့်ကျောင်းသွား ခါနီဆို ကလေးလိုပဲ မုန့်မှာ တတ်သည်။ ဝင့်ကလည်း အကြီးပေမယ့် အနစ်နှာ မခံတတ်၊ စိတ်လည်း မရှည်။
ဣနြေ္ဒ့မှာ သာ သည်လို ညီမလေး ရှိကြည့်၊ သိပ်ချစ်မိမှာ သေချာသည်။
ကင်တန်းန်ထဲမှာ ပြန်ထွက်လြာ ကတော့ ဟိုလူနှင့် ဆုံသည်။ စောစောကလို တစ်ယောက် တည်း မဟုတ်တော့ဘဲ အဖော်သုံးယောက် နှင့် ပေါင်းလေးယောက် ဖြစ်နေ၏ ။
သူက တစ်ချက်ကြည့်ကာ ခပ်မြန်မြန်ပဲ မျက်နှာလွှဲသွား၏ ။
“ကြည့်စမ်း . . .မသိချင်ယောင် ဆောင်သွားတယ်။ အကူအညီတော့တော့ ဒီမျက်နှာပေး မဟုတ်ဘူး လူလည်”
ဝင့်က မကျေမနပ် နိုင်သလို ပွစိပွစိ ရေရွတ်သည်။
“နှုတ်မဆက်တာပဲ ဝင့်က ဘာသဘောမကျ ဖြစ်စရာ ရှိလဲဟာ၊ ဝင့်ပဲ မပတ်သက်ချင် သလို ခပ်တင်းတင်း ပြောပစ်ပြီးတော့ ”
“မဟုတ်ပါဘူး။ လမ်းမှာ ကြုံတာပဲ ပြုံးပြသင့်တာပေါ့”
ဝင့်က မျက်နှာရှုံ့မဲ့ကာ မကျေမချမ်းနိုင်။
“ပြုံးပြဖို့ ကောင်းတယ်လို့ လိုက်ပြောလေ”
“အမယ် . . .ဝေးသေး။ မသိတတ်တာပြောပါတယ်။ လူမှု ရေး နားမလည်တာ။ လိုတစ်မျိုး မလိုတစ်မျိုး”
“လူမှု ရေး နားလည်လို့ပဲ မုန့်လိုက်စားပါလို့ ခေါ်တာ ဝင့်မှာ မလိုက်ပဲ”
“ဘာလို့ လိုက်ရမှာ လဲ”
“မလိုက်လည်း ပြီးရောပေါ့။ အခု ဘာလို့ မခေါ်တာကို စိတ်တိုနေရတာ လဲ”
“မခေါ်တာတော့ ကျောလွန်းအားကြီး တာပေါ့။ အကူအညီလိုတော့ လာတောင်းပြီး အခုကျတော့ မသိသလိုလို ဘာလိုလိုနဲ့ ဒီဇိုင်းကိုက အချိုးမပြေတာ။ အဲဒီ လိုမှန်း သိကြည့် အစကတည်းက ပြောလွှတ်လိုက်ပြီ”
“တော် ပါတော့ ဝင့်ရယ်၊ ထားလိုက်ပါတော့”
“မုန်းစရာကိုကောင်းတာ၊ နောက်တစ်ခါ လာကြည့်၊ ပြောပစ်မယ်၊ လူးပါးဝလို့၊ စာအုပ်လည်း ငှားပေးရသေးတယ်”
“ကဲပါ။ နောက်တစ်ခါလည်း လာရဲမှာ မဟုတ်ပါဘူးဟယ်၊ တေးထားမနေပါနဲ့တော့။ ဝင့်က စေတနာသန့်သန့်နဲ့ ကူညီတာပဲဟာ၊ သူ့ဘက်က ဘယ်လိုသဘော ထားထားပေါ့။ နေပါစေတော့။
ဝင့် ကတော့ သည်ကိစ္စကို တော် တော် ကြီး အစာမကြေ ဖြစ်နေသည်။ ဣနြေ္ဒ ကတော့ ဘက်မပင်းတမ်း ဝေဖန်ရလျှင် ဝင့်လွန်းတာဟု မြင်သည်။
ဟိုက ယဉ်ယဉ်ကျေးကျေး မွန်မွန်ရည်ရည်ပါ။ ကိုယ့်ဆီက အကူအညီ ယူတာပဲ ဆိုပြီး ဇွတ်မတရားကြီး မောက်မာ နှိမ့်ချနေလို့ ကောင်းပါ့မလား။
ဝင့်က သူ ကူညီရတာ ဆိုပြီး တအားရင့်သီးလွန်းတော့ ဟိုက ငုံ့ခံပြီး စပ်ဖြီးဖြီး မျက်နှာပြောင်ပြောင်နှင့် လူ့ဗရုတ် တစ်ယောက် တည်း ဟုတ်ပုံမရပါ။
ဝင့် ပြောပုံဆိုပုံကို သူနာမှာ ဣနြေ္ဒ သိနေသည်။
“ဝင့်”
“ဟင် . . .”
“မနက်ဖြန် ကျောင်းတက်မှာ လား”
“ဣနြေ္ဒရော”
“ဟင့်အင်း . . .မနက်ဖြန် မတက်တော့ဘူး၊ သန်ဘက်ခါမှ တက်မယ်”
“အင်းလေ . . .ဝင့်လည်း မတက်ဘူး။ တစ်ယောက် တည်းဆို ပျင်းစရာကြီး၊ သန်ဘက်ခါ ဝင့်လာခေါ်ရမလား”
“ဟင့်အင်း . . .ဣနြေ္ဒလာခေါ်မယ်လေ၊ အိမ်ကပဲစောင့်”
“အင်း . . .ပြီးရော”
“ပိုလာလေးကို ဆေးခန်းခေါ်သွားရဦးမှာ ”
“ဝင့်လိုက်ပေးရဦးမလား”
“ရပါတယ်။ ကြီးမြနဲ့ပဲ သွားလိုက်မယ်“
“ကိစ္စရှိရင် ဖုန်းဆက်လိုက်လေ”
“အင်းပါ”
ဝင့်က ဣနြေ္ဒ့ကို ခြံဝအထိ လိုက်ပို့သည်။
“သွားမယ်”
“ကောင်းပြီ”
ခြံအဝင်မှာ ရပ်ရင်း ဘဲလ်ကို နှိပ်လိုက်တော့ “ဘကြီးလူက” တံခါးလာ ဖွင့်ပေးသည်။
“ဖေဖေရော . . .ပြန်မရောက်သေးဘူးလား”
“မရောက်သေးဘူးသမီး”
“ပိုလာရော . . .နေကောင်းရဲ့ လား”
“စောစောကပဲ ခြံဝင်းဆင်းလာပြီး နေပူလေးထဲ လာအိပ်နေသေးတယ်။ ခုပဲ ပြန်တက်သွားတာ”
ဣနြေ္ဒ အိမ်ပေါ်တက်လာပြီး ပိုလာလေးကို လိုက်ရှာသည်။ ဧည့်ခန်း ဆိုဖာခုံ အောက်မှာ ကတ်သီးကတ်သတ် ခွေနေတာ။ ခုံအောက်ထဲ မျက်နှာထိုးသွင်းကာ ကိုယ်တစ်ဝက်က အပြင်ထွက်နေသည်။
“ပိုလာရေ . . .ပိုလာလေ . . .”
လွယ်အိတ်ကို ဆိုဖာပေါ် ပစ်ချကာ ပိုလာလေးကို ကောက်ချီသည်။
“ပိုလာ . . .ဟိတ်။ နေမကောင်းဘူးလား”
မျက်နှာလေးကို လက်နှင့် မပြီးမေးတော့ မျက်လုံးလေး မပွင့်တပွင့်နှင့် ကြည့်ကာ သနားစရာလေး လုပ်ပြသည်။
စကားသာ ပြောတတ်ရင်တော့ ခံစားနေရသမျှ ဖွင့်ပြောမှာ ကျိန်းသေ၊ သူ့ခမျာ ဆေးနှစ် လုံး နှစ် လုံး ထိုးရတာ လည်း သုံးလေးရက် ရှိပြီ။
“ပိုလာရယ် . . ”
ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားကာ ဆိုဖာပေါ် ထိုင်ချသည်။
တရစ္ဆာန်လေး တစ်ယောက် ကို တောင်မှ ဣနြေ္ဒ အချစ်ကြီးပုံက ဆန်းသည်။ ပိုလာလေးဆီ စိတ်ရောက်ကာ စကာပင်မကျက်နိုင်။
“ပိုလာလေးရယ် . . .သားက ဖားပြုတ်ကို သွားကိုက်လိုက်တာကိုး”
အားမလိုအားမရ အပြစ်တင်ရင်း နူးညံ့လွန်းသော အမွေးတွေ ကို ပွတ်သပ်ပေးနေ မိသည်။
“ကလင် . . .ကလင် ”နှင့် ဖုန်းမြည် လာတော့ ပိုလာ့ကို ပွေ့လျက် သွားကိုင်သည်။
“ဣနြေ္ဒပါရှင် ပြောပါ”
“သမီးလေးလား”
“ဟာ . . ဖေဖေ”
ဖေဖေ့ အသံကြောင့် ရွှင်ပျသွားရသည်။
“သမီးလေး”
“ရှင် . . .”
“ကျောင်းက ပြန်ရောက်နေပြီလား”
“ဟုတ်တယ် ဖေဖေ။ ခုပဲ ရောက်တာ။ ပိုလာလေးလည်း သက်သာပုံမရဘူး”
“ဟုတ်တယ်”
“ဖေဖေ ဘာလို့ ပြန်မလာသေးတာလဲ၊ မိုးချုပ်မှာ မို့ ဆက်တာလား”
ဖေဖေက မဖြေသေးဘဲ ဘေးနားက သူ့တပည့်နှင့် စကားဖြတ် ပြောနေ၏ ။ စိတ်ရှည်ရှည် နှင့် စောင့်နေရသည်။
“သမီးလေးလား”
သူ့တပည့်ကို မှာ စရာ တွေ ပြီးမှ ဣနြေ္ဒ့ကို ခေါ်နိုင်တော့သည်။
“အဲဒါ မမေးလိုက်မိဘူး၊ အလွန်ဆုံး နှစ် ယောက် ပဲ ဖြစ်မှာ ပါ”
သူမက မှန်းခြေနှင့် ပြောလိုက်၏ ။
ဖေဖေက အထူးဧည့်သည် ဆိုတာကြောင့် မေးသင့်သည့် မေးခွန်းတွေ ပင် သတိမရနိုင် ဖြစ်ရသည်။
“ကြီးမြရေ . . .ပိုလာလေးလည်း ဆေးခန်း ပြရဦးမှာ ”
“အခု သွားတော့မှာ လား”
“အင်းလေ . . .သွားလိုက်မယ်။ နီးပါတယ်။ ပြန်လာမှာ ပဲ ရေချိုးတော့မယ်။ ဖေဖေက သူ့ဧည့်သည်ကိုပါ ဝိုင်းဧည့်ခံပေး ရမယ်တဲ့”
“ဟုတ်လား”
ကြီးမြက ပြုံးစေ့စေ့နှင့် ဟုတ်လားဟု ပြန်မေးကာ လုပ်လက်စ အလုပ်တွေ ဆက်လုပ် နေ၏ ။
ကြီြး့မကို ကြည့်ရတာ တစ်ခုခုကို သိထားသလိုလို။
“ကြီးမြ”
“ဟေ”
“ဖေဖေက ဘာပြောထားလဲလို့”
“မပြောပါဘူး”
ဒါဆို ကြီးမြ ဘာပြုံးတာလဲဟင်”
“တွေးပြီး ပြုံးတာပေါ့”
“ဘာတွေးတာလဲ”
“သမီးလေး ဧည့်ခံပေးရမယ် ဆိုတော့ လူငယ်ပဲ နေမှာ ပေါ့။ သမီး ဖေဖေ စိတ်ထဲမှာ ရည်ရွယ်ချက် ရှိလို့သာ ဒီလို မိတ်ဆက်သိ ကျွမ်းစေတော့တာပေါ့“
“ကြီးမြ အတွေးကြီးကလည်း . . .”
“ဟုတ်တယ်လေ။ ကြီးမြတော့ အဲဒီ လိုပဲ တွေးတယ်”
“ဟုတ်ပါ့မလား။ ဖေဖေပြောတော့ ဖေဖေ့မိတ်ဆွေတဲ့”
“သမီးက ပွင့်ပွင့်လင်းလင်း မမေးလိုက်ဘူးလား”
“ဖုန်းထဲမှာ ဆိုတော့ မမေးလိုက်မိဘူး။ အံ့သြနေတာလည်း ပါတယ်”
“အင်း . . .စောင့်ကြည့်ပေါ့။ ကြီးမြပြောတာ ဟုတ်မဟုတ်“
ပိုလာလေးကို ခုံပေါ်တင်ပေးကာ လက်ကလေးနှစ် ဖက် ပိုက်ရင်း လှေကားကို မှီကာ ရယ်နေလိုက်သည်။
“ကြီးမြက လူကြီးဆိုတော့ မှန်းဆတတ်မှာ ပါ။ ဟုတ်မယ် ထင်ပါရဲ့ ။ အဲဒီ လိုဆိုလည်း ဖေဖေက ပွင့်ပွင့်လင်းလင်း ပြောတာ မဟုတ်ဘူး“
ဣနြေ္ဒ တစ်ချက်ရယ်မိသည်။
“အဟင်း . . .ဖေဖေက သမီးအပျို ကြီး ဖြစ်မှာ စိုးရိမ်လားမသိဘူး”
ကြီးမြက သူမဘက် လှည့်ကြည့်ကာ မျက်ခုံးပင့်၏ ။
“စိုးရိမ်မှာ ပေါ့သမီးရယ်။ သမီးက တစ်ယောက် တည်း မဟုတ်လား”
“ကြီးမြတို့ ရှိသားပဲ”
“ကြီးမြတို့က သမီးဖေဖေ ထက်တောင် ကြီးသေးတာ”
“အသက်ကြီးတာနဲ့ပဲ အရင်သေရရောလား။ အဲဒါ အတိအကျ ပြောထားလို့ မရပါဘူးနော်။ သမီးသူငယ်ချင်း မိုးမိုးဆို သူ့အဖေရော အမေရော ရှိသေးတာ။ သူက အရင် သေသွားတာ ဘယ့်နှယ့်လုပ်မလဲ။ ရေရေ ရာရာ ပြောထားဖို့ ခက်ပါတယ်”
“ဒါတော့ ဟုတ်ပါတယ်။ ယေဘုယျ သဘောအာဖြင့် တော့ ကြီးမြတို့က အရင်သွား ရမှာ ပဲ။ တန်းစီလိုက်ရင် ကြီးမြတို့က ရှေ့ကျတယ်လေ။ ဒီကြားထဲ အသက်ငယ်ငယ်လေးတွေ က ကြားဖြတ် ကျော်တက်သွားတာ တော့ ကြီးမြတို့လည်း မတတ်နိုင်ဘူး”
ကြီးမြက သေခြင်းတရားကို ရယ်ပွဲဖွဲ့ ပြောနေပြန်သည်။
“ကြီးမြ မကြောက်ဘူးလား”
“တွေးရင် ကြောက်တာပေါ့။ ကြောက်ရင်း ကြောက်ရင်း နဲ့ပဲ တဖြည်းဖြည်းနီးလာတာ။ ဒါ လူတိုင်းသွားရမယ့် လမ်းပဲ။တရားတော့ ရှိမှာ ပေါ့“
ဣနြေ္ဒက ပခုံးလေး စုံတွန်းရင်း . . .
“အဲဒါတွေ မေ့ထားတာ ကောင်းပါတယ်နော်”
ရွံ့ထိတ်သလို ဆို၏ ။
“တရား ရှိရမှာ ပေါ့။ အခု ပိုလာလေးပဲကြည့်။ ဟိုတစ်နေ့က အကောင်း ချက်ချင်း လက်ငင်းကြီး ဖြစ်သွားတာ အစာလည်း မစားနိုင်။ ဆော့လည်း မဆော့နိုင်။ ဘယ်လောက် ပိန်ကျသွားသလဲ အရိုးလေးတွေ ငေါနေတာ အမွေးတွေ ထဲ စမ်းကြည့်ပါလား”
ကြီးမြက ဣနြေ္ဒ ဖြေသာအောင် ပြောပြနေ၏ ။
“ပိုလာ မရှိလို့တော့ မ ဖြစ်ပါဘူး ကြီးမြရယ်။ ပိုလာလေးက သိပ်အဖော်ရတာ ၊ တစ်ရေး နိုးလို့ ရေထသောက်ရင်တောင် ပိုလာလေးက နောက်က တကောက်ကောက်နဲ့ သူပါလာတော့ အဖော်ရတယ်။ အားရှိတယ်။ ဣနြေ္ဒကို သူက သိပ်ချစ်တာ ကြီးမြရဲ့ ။ သူသာ တစ်ခုခုဆို အရမ်းခံစားရတော့မှာ ”
“ဆရာဝန် ကတော့ ကောင်းသွားမှာ လို့ ပြောတယ်မဟုတ်လား”
“အင်း . . .စိတ်မပျက်အောင် အားပေးတာလားမှ မသိတာ”
ဣနြေ္ဒ့မျက်နှာလေးက ချက်ချင်း ပဲ ငိုမဲ့မဲ့ ဖြစ်လာသည်။
“ပိုလာလေးကို လက်လွှတ်ရတော့မလား မသိဘူး ကြီးမြရယ်”
“သိပ် အစွဲအလမ်း မထားဖို့ ကြီးမြက ပြောတာပါ”
မျက်နှာငယ်လေးနှင့် လှေကားထစ်ပေါ် ထိုင်နေသည်။ ပိုလာအတွက် ရင်ထဲ မကောင်းလှပါ။ နေသာသွားအောင် လုပ်ပေးလိုက်ချင်သည်။ သူ့ကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်လွန်းရသည်။
“ဆေးခန်းလည်း ပြပေးနေတာပဲ သမီးရယ်။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။ သူ့ကုသိုလ်ရှိ သလောက်တော့ သူနေရမှာ ပေါ့“
“ကြီးမြရယ် . . .စိတ်မကောင်းစရာတွေ မပြောပါနဲ့တော့”
“မဟုတ်ဘူးသမီးရဲ့ ။ ပိုလာလေး တစ်ခုခုဆို သမီးပါ ပုံလဲသွားမှာ စိုးလို့ ကြိုသတိပေးထား တာ”
ဣနြေ္ဒက ပိုလာလေးကို လှမ်းကြည့်သည်။ ပိုလာလေးက တင်ပေးထားသော ခုံပေါ်မှာ ငြိမ်ငြိမ်ကလေး မေးချအိပ်နေသည်။
“သမီး ဆေးခန်းသွားမယ်ဆို”
“အင်း . . .”
သက်ပြင်းတစ်ရှိုက်နှင့် အတူ ဧည့်ခန်းမှာ ကျန်ရစ်သော လွယ်အိတ်ကို သွားပြန်ယူကာ အပေါ်ထပ် တက်ခဲ့သည်။
လွယ်အိတ်ကို စားပွဲပေါ် တင်ကာ ပိုက်ဆံအိတ်ကို မှန်တင်ခုံပေါ်မှ ယူလိုက်သည်။
ပိုက်ဆံအိတ်၏ သံလိုက်ခလုတ်လေးကို ဆွဲဖွင့်ကာ စစ်ဆေးလိုက်သည်။ ပြီးတော့မှ မှန်တင်ခုံရှေ့ရပ်ကာ မျက်နှာလေးကို အနီးကပ်ကြည့်၏ ။
မျက်နှာပြောင်ပြောင်လေးက ဘာမှလိမ်းခြယ် မထားတာမို့ ရှင်းလင်းကာ နွမ်းနယ်ရိပ်နှင့် ညှိုးနေသလိုလို။
တစ်ချက်ပြုံးလိုက်ကာ ဖေစ်ပေါင်ဒါဘူးလေး ဖွင့်ပြီး ပါးပြင်လေး နှစ် ဖက်ကို တစ်ချက်နှစ် ချက် တို့လိုက်၏ ။
ပြန်လာရင် ရေချိုးမှာ မို့ သိပ်လည်း လိမ်းခြယ်ခြင်း မပြုလိုတော့။
ပေါင်ဒါဘူးလေးကို ပိတ်ကာ ဘီးကျဲတစ်ချောင်းနှင့် ဆံပင်တွေ ကို ခပ်ဖွဖွ ဖြီးလိုက်၏ ။
ဆံပင်ရှည်တွေ က များ ပြားလွန်းတာမို့ အလွယ်တကူ ရှင်းရခက်သည်။
အောက်ထပ်ကို ပြန်ဆင်းလာကာ ပိုလာလေးဘေးမှာ ရပ်လိုက်၏ ။ ပိုက်ဆံအိတ်ကို လွယ်ကာ ပိုလာလေးကို ပွေ့ချီရင်း . . .
“ကြီးမြရေ . . .အသင့် ဖြစ်ပြီလား” ဟု လှမ်းမေးမိသည်။
“အေး . . . ဖြစ်ပါပြီ သမီးရဲ့ “
ဧည့်ခန်းကိုဖြတ်ပြီး ပေါ်တီကို အောက်ရောက်တော့ ဘကြီးလူက ဂိုဒေါင်ထဲမှ ကားကို ထုတ်လာသည်။
ပိုလာလေးက သူမလက်ထဲ မျက်လုံးတောင်မဖွင့်ဘဲ စိတ်အေး လတ်အေး မှိန်းနေသည်။ သည်ကောင်က လူနှင့် အနေနီးတာမို့ တအားယဉ်ကျေး နေရပြီ။ စကားသာ ပြန်မပြောတတ်တာ ပြောသမျှ အကုန်နီးပါး နားလည်နေသလိုလို။
ကြီးမြက ကားတံခါးဖွင့်ပေးတာမို့ ဝင်ထိုင်လိုက်သည်။
ပိုလာလေးက မျက်လုံးဖွင့်ကြည့်သည်။
“ဆေးခန်းသွားမှာ နော်။ သား . . .အိပ် အိပ်”
ကားပြတင်းကိုပင် ပိုလာလေး လေတိုက်မှာ စိုး၍ မှန်တင်ထားမိသည်။
ဘကြီးလူက ဆေးခန်းကို လိုက်မောင်းပို့သည်။ ဆေးထိုးတော့ လည်း သူမ မကြည့်ရက်တာမို့ တစ်ဖက်လှည့်ကာ အကြည့်လွှဲနေ၏ ။ ဘကြီးလူကပဲ ပိုလာလေးကို ထိန်းပေးထားရသည်။
“အစာစားလား”
“ဟင့်အင်း ဆရာ”
ဆရာဝန်လေးက စဉ်းစားနေ၏ ။
“တစ်ရက် နှစ် ရက် နေရင် စားလိမ့်မယ် ထင်ပါတယ်”
“ဟုတ်ပါ့မလား ဆရာ။ ပိုလာလေးကို ကြည့်ရတာ အားမရဘူး၊ ကျွန်မ သိပ်စိတ်မကောင်း ဖြစ်ရပါတယ်”
“ဒီလိုလုပ်လေ”
“ဟုတ်ကဲ့ ဆရာ”
“ဒီနေ့ တစ်ရက် စောင့်ကြည့်လိုက်ပါဦး”
“မနက်ဖြန် ညနေအထိ မစားဘူးဆိုရင်တော့ အားဆေးသွင်းမယ်”
“ဟုတ်ကဲ့ဆရာ”
“ဆေးသွင်းလိုက်ရင် ဒီကောင်ထူထူ ထောင်ထောင် ဖြစ်သွားမှာ ပါ”
“ဒီနေ့ပဲ သွင်းလို့ မရဘူးလားဆရာ”
“တစ်ရက်လောက် စောင့်ကြည့်လိုက်စေချင်တာပဲ“
ဆရာဝန်က သူမ စိတ်လောအားကြီး နေတာကို ပြုံးနေ၏ ။
“သိပ် မစိုးရိမ်ပါနဲ့။ ဘာမှမ ဖြစ်ပါဘူး။ ဒီကောင်နုံးနေတာပါ”
“ဟုတ်ပါ့မလား ဆရာရယ် . . .သူ့ကြည့်ရတာ ဖျော့တော့တော့နဲ့”
“ဟုတ်တယ်၊ စိတ်ချပါ။ လိုအပ်ရင် ကျွန်တော် ပြောမှာ ပေါ့။ ဒီကောင် ဘာမှကို စိုးရိမ်စရာ မရှိတာ”
ဣနြေ္ဒကို သည်းလွန်းသူလေးဟု ဆရာမြင်မှာ လား မသိပါ။
ပိုလာလေးကို ဣနြေ္ဒက တစ်ဦးတည်းသော အဖော်လုပ်ပေး နေရတာ ။
ခြောက်သွေ့လွန်းသော ဘဝမှာ ပိုလာလေး ရှိနေလို့သာ စိုပြည်သာယာနေတာ။ ကိုယ့်ဟာကိုယ် ဘာသိဘာသာ နေလည်း မရဘဲ အတင်းပွတ်သီး ပွတ်သပ်နှင့် သူ့ကို မေ့လို့မရအောင် လိုက်ချွဲနေတာ။
သံယောဇဉ်တွေ သိပ်တင်းလာတော့ ပိုလာလေးအတွက် ရတက်မအေး ဖြစ်မိတာ ရယ်စရာလား ဆရာ။ ဒါမှမဟုတ် ထူးဆန်းနေတာလား။
ဆရာဝန်လေးက ကရုဏာ သက်သလို ကြည့်၏ ။
မျက်နှာလေးလွှဲပစ်ရင်း ပိုလာလေးကို ပွေ့ချီလိုက်၏ ။
တိရစ္ဆာန် လေးတစ်ကောင် အပေါ် သည်လောက် လွန်ကဲနေမိတာ ကို နားလည်ချင်မှ နားလည်မည် ။ စာနာ တတ်ဖို့ ဝေးရော . . . ။
သည် ဆရာဝန်ကြည့် ရတာ တိရစ္ဆာန် ချစ်တတ်ပုံလည်း မရပါ။
အဲဒါကြောင့် လည်း မစာမနာ ရယ်ချင်နေတာ။
“ဆရာ . . .ဘယ်လောက်ကျလဲဟင်”
ကြီးမြက ဆရာဝန်လေးကို တလေးတစား မေး၏ ။ အသက်အရွယ် ကိုယ့်ထက်ငယ် ပေမယ့် သူက ပညာဂုဏ်နှင့် ရိုသေနေရာပေးစရာ ဖြစ်နေသည်လေ။ အဲဒါကြောင့် ဖေဖေက ဣနြေ္ဒ့ကို ဆရာဝန် ဖြစ်စေချင်တာ။
ကိုယ်လည်း မ ဖြစ်ချင်လို့ရယ် မဟုတ်ပါပဲ။ သူ့ဟာသူ ဆယ်တန်းမှာ အမှတ် သုံးရာကျော်ရုံလေး ပဲ ရတာ ။ ရိုးရိုးဘာသာ တွဲ တစ်ခုပဲ ရခဲ့တာကို ဖေဖေက စိတ်မကောင်းပေမယ့် ဣနြေ္ဒ ကတော့ နည်းနည်း ပါးပါးတောင် ဝမ်းမနည်းခဲ့ပါ။
ဖေဖေ့ ရှေ့မှာ တော့ မျက်နှာငယ်လေးနှင့် ထိခိုက်ကြေကွဲ သလိုလို လုပ်နေရတာ စိတ်ထဲ ဘာမှရှိတာမဟုတ်။
ဝင့်က မေးဖူးသည်။
“ဆရာဝန်မကြီး မ ဖြစ်တာ ဝမ်းနည်းသလား ” တဲ့။
“ဟင့်အင်း . . .” ဟု ခပ်မြန်မြန်ခေါင်းရမ်းရင်း နှစ် ယောက် သား သဘောပေါက်စွာ ရယ်မိကြသည်။
ရောနှောနေသော ရယ်သံတွေ မှာ လျှို့ဝှက်ချက်တွေ ကိုယ်စီပါနေကြတာ ကိုယ့်ဟာကိုယ် သိသည်။
စာတွေ အကြာကြီး ကျက်ရဖတ်ရမှာ ။ ပြီးတော့ လူမမာ တွေ နှင့် အမြဲနေရမှာ ။ နိုက်ဂျူတီတွေ နှင့် အိပ်ရေး ပျက်မှာ ။ နယ်မှာ သွား တာဝန်ထမ်းရမှာ ။
အဲဒါ တွေ အဲဒါတွေ စိတ်ပျက်တာလေ။
ဣနြေ္ဒ ကတော့ သက်ထောင့်သက်သာ ဘွဲ့တစ်ခု ယူပြီး ဖေဖေ့ အနားမှာ ပဲ နေချင်တာ။
သားအဖ နှစ် ယောက် တည်းမို့ ဖေဖေနှင့် ဝေးရာလည်း သွားမနေချင်ပါ။
ကြီးမြက ဆရာဝန်လေးကို ပိုက်ဆံပေးသည်။ ဣနြေ္ဒစောင့်မနေ တော့ဘဲ ကားရှိရာ လှည့်ထွက်ခဲ့၏ ။
ပိုလာလေးကို လက်တစ်ဖက်နှင့် ပွေ့ထားရင်း ကားတံခါးကို တစ်ဖက်က ဖွင့်သည်။ လွယ်ထားသော ပိုက်ဆံအိတ်က ပခုံးပေါ်မှ လျှော့ကျတာမို့ ကပျာကရာ ပြန်တင်ရသေးသည်။
ပိုလာလေးကို ဆိုဖာပေါ် အသာချကာ ထိုင်စေသည်။
“သြော် . . .မင်းကို ပြစရာ တစ်ခု ရှိတယ်”
ဆရာဝန်လေးက ဘေးနားရောက်လာပြီး ပြောတော့ အံ့သြသွားရသည်။
“ဘာများ လဲ ဆရာ”
အမြဲတမ်းလိုလို ခွေးလေးရေချိုးဖို့ ဆပ်ပြာတို့ ပေါင်ဒါမှု န့်တို့ သန်းချဆေးတို့ သန်ချဆေးတို့ ကအစ ခွေးလည်ပတ် လှလှလေးတွေ အဆုံး အသစ်အဆန်း ဆို ဝယ်ပေးနေကျမို့ ပြောတာပဲဟု ထင်လိုက်မိသေးသည်။
“လိုက်ကြည့်လေ”
ဆရာဝန်လေးက အပြုံးချိုချိုနှင့် ဦးဆောင်ခေါ်တော့ ဣနြေ္ဒလည်း လိုက်ပါသွားရသည်။
တိုက်ကြီး ဘေးမှဖြတ်ကာ အိမ်နောက်ဘက်ဆီ သွားတော့ ပွင့်နေသော သစ်ခွတွေ ပိန်းပန်းတွေ ကို သဘောတကျ ဖြစ်ရ၏ ။
“နှင်းဆီတွေ က ပွင့်လှချည်လားဆရာ”
“ဟုတ်တယ်၊ အစာများများ ကျွေးတာကိုး”
ပွင့်နေသော နှင်းဆီရောင် စုံတွေ က ရနံ့ပါပြင်းပြင်း ဆွဲအားကောင်းနေ၏ ။
“လာ . . .ဒီဘက်ကလာ”
ဆရာဝန်လေးက လမ်းပြခေါ်တုန်းမှာ ပဲ ခွေးဟောင်သံတွေ ကို ကြားရသည်။
“ဟင် . . . .”
ခြေလှမ်းလေးတုန့်ကာ သူမ အံ့သြသွားရ၏ ။
စနစ်တကျ သပ်သပ်ရပ်ရပ် ဆောက်ထားသော အိမ်လင်းလင်း ကလေးထဲမှာ ခွေးလေးတွေ က မရေတွက်နိုင် လောက်အောင် များ ပြားသည်။
“လှလိုက်တာနော် . . .ဒီကောင်လေးတွေ ဒီမှာ ပေါက်တာလား”
“ဟုတ်တယ် . . .အမျိုးစုံအောင် ရှိတယ်”
တယ်ရီရာရော၊ ဒိုဘာမင်ရော၊ အယ်ဇေးရှင်းသာမက ရှမ်းခွေးလေးတွေ ပါ တွေ့ ရသည်။
သတ်သတ် ဒီအခန်းကန့်ထားပုံက မွေးမြူရေး သက်သက် စီးပွား ဖြစ်လုပ်တာ သေချာသည်။
“ဆရာ . . .ဒါတွေ ရောင်းဖို့လားဟင်”
“ဟုတ်တယ်၊ ရောင်းဖို့ပဲ ထမင်မွေးထားတာ”
“သံယောဇဉ် မ ဖြစ်ဘူးလားဟင်”
“များ လာတော့လည်း မ ဖြစ်တော့ဘူးပေါ့”
“အင်းနော် . . .ဘယ်ကောင့် ချစ်ရမှန်း သိမှာ မဟုတ်ဘူးပေါ့”
“ဟုတ်တယ်။ လာ . . .ဟိုဘက်မှာ အကောင်ကြီးတွေ ရှိသေးတယ်”
“ ဖြစ်ပါ့မလားဆရာ။ ဟောင်နေမလား မသိဘူး”
“တံခါးတွေ သေချာပိတ်ထားပါတယ်၊ လာပါရပါတယ်”
လူ့ခါးကျော်ကျော်မြင့်သော ခွေးထွားကြီးတွေ က မျက်လုံးရဲရဲကြီး တွေ နှင့် စူးစိုက်ကြည့်တာ ရင်တုန်စရာ။
ဆရာ့ကိုတော့ အမြီးတနံ့နံ့နဲ့ ရှိနေပြီး ဣနြေ္ဒကို စိမ်းသက်စွာ ကြည့်၏ ။ သူစိမ်းမှန်း ကောင်းကောင်း သိပုံပါ။
“ကျွန်တော် ငယ်ငယ်လေး ကတည်းက ခွေးသိပ်ချစ်တာဗျ”
ဣနြေ္ဒထင်မြင်လိုက်သော အချက်နှင့် လားလားကြီး ဆန့်ကျင်စွာ လွဲသွားရပါပြီ။
“ဆောရီး ဆရာရယ်”
ဟု စိတ်ထဲက တောင်းပန်လိုက်၏ ။
“ကျွန်တော် ပေါက်စနကလေးကတည်းက ခွေးလေးနှစ် ကောင် ဖေဖေက ဝယ်ပေးထား တာ။ ခွေးလေးတွေ နဲ့ပဲ ကျွန်တော် ကြီးပြင်ခဲ့တာ”
“သြာ် . . .”
အခုလည်း ခွေးလေးတွေ ကို ကျွန်တော် ကောင်းကောင်းထားတယ်။ ကောင်းတဲ့နေရာကိုပဲ ပို့ပေးတယ်”
ဣနြေ္ဒ အားနာသလိုလေး ပြုံးမိ၏ ။
“ကျွန်တော် က ဘဲလည် သိပ်ချစ်တယ်။ ခွေးနဲ့ဘဲကို ကျွန်တော် သံယောဇဉ် သိပ်ကြီးတာ”
“ဘဲလေးတွေ ရော မမွေးထားဘူးလား ဆရာ”
“ငယ်ငယ်တုန်းက ကျွန်တော် ပူဆာလွန်းတော့ ဘဲပေါက်ကလေး နှစ် ကောင် ဖေဖေ ဝယ်ထားပေးတယ်”
“အင်း . . .”
“အထီးတစ်ကောင်။ အမလေး တစ်ကောင် တစ်စုံပေါ့ဗျာ”
“သြော် . . .”
နည်းနည်း ကြီးလာတော့ တစ်ကောင်ကို မေမေ မမြင်ဘဲ ထိုင်မိသွားသည်။ သူတို့က တစ်အိမ်လုံး လျှောက်သွား နေတာကိုး”
“အင်းပေါ့ . . .အင်းပေါ့”
“နောက်တစ်ကောင်ကျတော့ အကြီးကြီး ဖြစ်မှ သူများ ဖမ်းစားပစ်လိုက်တာ။ အဲသည် ကတည်းက စိတ်ထဲ နာသွားတာ။ ဘဲလေးတွေ လုံးဝ မမွေးတော့ဘူး။ အခုထက်ထိပါပဲ”
ဆရာဝန် စကားတွေ က အထူးအဆန်းပါ။ မယုံနိုင်လောက်အောင် ဖြစ်ရရင်း ဆရာဝန်လေး ကိုပိုခင်တွယ်သွားရသည်။
ဣနြေ္ဒတို့နှစ် ယောက် ခြံရှေ့ပြန်လျှောက်လာရင်း ဆရာဝန်လေးကို နှုတ်ဆက်၏ ။
“သွားမယ်ဆရာ။ နောက်မှ ပိုလာလေး အဖော်ရအောင် ဆရာ့ဆီက တစ်ကောင် ဝယ်ရမယ်။ ပိုလာလေး နေကောင်းသွားမှ”
“အိုကေ . . .ရပါတယ်”
“ဖေဖေက ဧည့်သည်ပါလာမယ်ဆိုလို့ ဆရာ။ နို့မို့ဆို ကျွန်မ အကြာကြီး နေ ဖြစ်ဦးမှာ ”
ဟု နာရီလေးကို ငုံ့ကြည့်ကာ ပြောတော့ . . .
“နောက်နေ့ပေါ့ဗျာ”ဟု သူက ဆိုသည်။
ကားပေါ်ရောက်တော့ ကြီးမြကို ပြန်ပြောရင်း ရယ်နေ ဖြစ်သည်။
ဘကြီးလူက အိမ်လိုက်ပို့ပြီး ကြီးမြမှာ တာတွေ ထွက်ဝယ်၏ ။
ဣနြေ္ဒလည်း ပိုလာလေးကို နွေးနွေးထွေးထွေး သိပ်ထားပြီးမှ ရေချိုးဖို့ ပြင်ရသည်။
ဖေဖေတို့ ပြန်လာလျှင် အဆင်သင့် ဖြစ်မနေသေးလျှင် မလွယ်။
ဖေဖေ ကြိုးဖုန်းဆက်ထားလျက်နှင့် ပြီးမနေဘူးဆို တလေးတနက် မထားရာ ရောက်တော့သည်။
အချစ်ရဆုံး ဖခင်မို့ မြူတစ်မှု န်စာပင် စိတ်မဆင်းရဲစေချင်တာ ဆန္ဒအမှန်ပါ။
အင်္ကျီလေးကို ကမန်းကတန်း ဆွဲချွတ်ကာ လျှော်တောင်းထဲ ထည့်လိုက်ပြီး ဆံပင်တွေ ကို သေချာစုစည်းကာ လိပ်တင်လိုက်၏ ။
အခန်းထဲမှာ တင် ရေချိုးခန်းရှိတာမို့ အပေါ်ထပ်မှာ ပဲ ချိုးလို့ ရသည်။
အောက်ထပ်က ရေချိုးခန်းလောက် မကျယ်ပေမယ့် အဆင်ပြေ၏ ။
ရေချိုးခန်းထဲ ဝင်ကာ အားပါးတရ ရေစိမ်ချိုးသည်။
ပိုလားလေးကြောင့် စိတ်တွေ မလန်းမဆန်း ဖြစ်နေတာ ကြည်လင်သွား ရသလိုရှိသည်။
ရေပန်းကို ဖွင့်ချကာ အကြာကြီး ရေစိမ်ချိုး နေတုန်းမှာ ပဲ . . .
“သမီးရေ . . .သမီး”
ဟု အခန်းဝမှ ကြီးမြအသံ ကြားရသည်။
“ရှင် . . .ကြီးမြ”
“ဖုန်းလာနေတယ်။ သမီးကိုင်လိုက်ဦး“
“ဟင် . . .ဘယ်သူ့ဆီကလဲ ကြီးမြ”
“သမီး ဖေဖေ”
“ဟုတ်ကဲ့ . . .ဟုတ်ကဲ့”
ရေပန်းခလုတ်ကို ကမန်းကတန်း လှည့်ပိတ်ကာ မျက်နှာသုတ် ပဝါကြီးကို ဆွဲယူခြုံရင်း ခုတင်ဘေး နံရံကို အပြေးရောက်ကာ နံရံတွင် ချိတ်ထားသော ဖုန်းခွက်လေးကို ဆွဲယူကာ . . .
“ဖေဖေလား” ဟု မေးမိ၏ ။
ဖုန်းက အောက်ထပ်ဧည့်ခန်းမှာ ပေမယ့် ဣနြေ္ဒ့အခန်းထဲမှာ ရော ဖေဖေ့အခန်းထဲ မှာ ရော လိုင်းခွဲထားသည်။
“ဟုတ်တယ် သမီး”
“သမီး ရေချိုးလက်စကြီးဖေဖေ”
“ဟုတ်လား”
ဖေဖေက ရယ်သည်။
“သမီးရေ . . .”
“ရှင်”
“ဖေဖေ့အခန်းထဲက စားပွဲပေါ်တင်ထားတဲ့ ဖိုင်တွဲ အနီထဲမှာ စာချုပ်နှစ် ခု ရှိတယ်။ အဲဒါ ဘကြီးလူနဲ့ ပို့ခိုင်းလိုက်ပါ . . . .”
“ဟင် . . .ဘာကြီးလူက အခုပဲ အပြင်သွားတယ်”
“ဘယ်သွားတာလဲ သမီး”
“ဖေဖေပဲ ဧည့်သည်ပါလာမယ် ဆိုလို့ စားစရာတွေ ထွက်ဝယ်တာ”
“အခု ပြန်လာမှာ မဟုတ်လား”
“အင်း . . . . ”
“ပြန်လာရင် ပို့ခိုင်းလိုက်လေ”
“ဟုတ်ကဲ့ ဖေဖေ”
“ကဲ . . .ကဲ . . .ရေချိုးချည်းတော့ အအေးမိဦးမယ်”
“ဖေဖေက အိမ်ကို လာမှာ မဟုတ်လား”
“လာမယ်လေ။ ဒီမှာ စာချုပ်ယူဖို့ တိုက်ပိုင်ရှင်က စောင့်နေတာ။
ဘကြီးလူ လာပြီးတာနဲ့ ဖေဖေ ပြန်လာမယ်။ ကြားလား . . . .”
“အင်းပါ”
ဖေဖေက ဖုန်းချသွားသည်မို့ သူမလည်း ဖုန်းခွက်လေးကို နံရံမှာ ပြန်ချိတ်တင်ကာ ရေချိုးခန်းထဲ ပြန်ဝင်လာခဲ့သည်။
သည်လိုသာဆို သူမအေးအေးဆေးဆေး ဖြီးလိမ်းပြင်ဆင်ချိန် ရသွားပြီ။
“သမီးရေ . . .မပြီးသေးဘူးလား”
“ပြီးပါပြီ ကြီးမြရဲ့ ”
ကြီးမြက အခန်းဝရောက်လာပြန်သည်။
“ပိုလာလေးဖို့ ပြုတ်ထားတဲ့အသား နူးပြီကွယ့်”
“ဟုတ်ကဲ့။ ကြီးမြင့်ပဲဖဲ့ပြီး ထမင်းလေးနဲ့ နယ်ထားပေ။ ဣနြေ္ဒဆင်းလာမှ ကျွေးမယ်။ ဘကြီးလူ ပြန်လာရင် ဣနြေ္ဒ့ကို ပြောနော်။ ဖေဖေ့ ဆီလွှတ်ရမှာ ”
“အေး . . .အေး”
မှန်တင်ခုံမှာ ထိုင်ပြီး စနိုးကရင်မ်လေးကို ခပ်ပါးပါး အရင်ဆုံး လူးလိုက်သည်။ ပြီးမှ သနပ်ခါးမွှေးမွှေး အေးအေးလေးကို သွေးလိမ်းသည်။
သနပ်ခါးနံ့က တကယ့်ကို ရင်အေးစေသည်။ စိတ်ရှင်းစေသည်။ ဘယ်မိတ်ကပ်တွေ ဘယ်လောက်ကောင်းကောင်း သနပ်ခါလေး လိမ်းလိုက်ရမှ အေးချမ်းသွား သလိုထင်မိသည်။
သနပ်ခါးလိမ်းပြီးမှ ပေါင်ဒါအဖြူလေးကို ထပ်တင်လိုက်၏ ။ ပြီးတော့ အဝတ်အစားလဲသည်။ တီရှပ်အနက် လက်ရှည်ပွပွ လေးကိုပဲ ပေါ့ပေါ့ပါးပါး ထုတ်ဝတ်လိုက်သည်။ ထဘီ ကတော့ အဖြူပေါ် အနက်လုံးလေး တွေ ပါသော ရှန်ထဘီ။
ဆံပင်တွေ ဖြန့်ကာ အပေါ်ဘက်မှ တစ်ဝက်ခွဲယူပြီး ကျစ်ဆံမြီး တစ်ချောင်းကျစ်သည်။
သိုးမွေးကွင်း အဖြူလေးနှစ် ခုနှင့် အထက်အောက် စည်းလိုက်တော့ ပြင်ဆင်မှု က ပြီးသလောက် ဖြစ်ရပြီ။
ဝတ်ထားသော နားကွင်းလေးကို ဖြုတ်ကာ ဖဲပြားပွင့်ပုံ မဟူရာ နားကပ်အနက် လေးကို ပန်လိုက်၏ ။
အုတ်ကျိုးရောင် နှုတ်ခမ်းဆိုးဆေးလေးကို ပါးပါးလေး တင်လိုက်တော့ သူမ ကျေနပ်သလို ပြုံးမိသည်။
အားလုံးပြီးတော့ အခန်းတံခါးလေးစေ့ကာ အောက်ထပ်ကို ဆင်းလာပြီး ပိုလာလေးကို ထမင်းကျွေးသည်။
ပိုလာလေးက တစ်ချက် တို့နမ်းကြည်ပြီး ပြန်အိပ်နေတော့ သူမ ငိုချင်စိတ်ပင် ပေါက်သွားသည်။
အသားကို နူးပွအောင် ပြုတ်ပြီး ထမင်းနည်းနည်း လေးနှင့် သေချာနယ်ကျွေး တာ။ ပိုလာလေးက အစားအသောက် ဂျီးများ တတ်တာ မဟုတ်။ ဘာပဲကျွေးကျွေး စားပစ်တတ်တာ။
“သား . . .ပိုလာလေး စားလေ”
ထမင်းပန်းကန်ကို ရှေ့တိုးချပေးတော့ ပိုလာလေးက မစားချင်သလို စားချင်သလိုနှင့် စား၏ ။
“သမီးရေ . . .ဘကြီးလူ ရောက်ပြီ“
“ဟုတ်ကဲ့ . . . ကြီးမြ”
ဖေဖေ့အခန်းရှိရာ အပေါ်ထပ်ကို ပြေးတက်ခဲ့ပြီး ဖေဖေမှာ သော စာချုပ်နှစ် ခုကို အိတ်ပါးလေးထဲ ထည့်ကာ ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီးမှ ဘကြီးလူကို သေချာမှာ ပေးသည်။
“သမီး . . .ထမင်းဆာပြီလား”
“ဟင့်အင်း . . .မဆာသေးပါဘူး”
အပေါ်ထပ်ကို ပြန်တက်၊ အခန်းထဲဝင် မှန်တင်ခုံပေါ်မှ လက်သည်းနီ သပြေမှည့်ရောင် လေး ကိုယူကာ ပြန်ဆင်းလာခဲ့ပြီး ခြံထဲက သံပန်းဖြူ လေးမှာ ထိုင်မိသည်။
မနေ့တစ်နေ့ ကတည်က လက်သည်းနီ ဖျတ်ထားခဲ့တာ။ လက်သည်းနီဆိုးဖို့ပင် အချိန်မရအောင် သူမ ပျာယာခတ်နေသည်။
ပိတ်ထားသော ခြံဝင်းတံခါးဆီ တစ်လှည့်ကြည့်ကာ လက်သည်း နီပုလင်းလေးကို လှည့်ဖွင့်၏ ။
“သမီးရေ . . .ဣနြေ္ဒ”
“ရှင် . . .ကြီးမြ”
“ရော့ . . .ဖုန်းလာတယ်”
ကြီးမြက ခြံထဲရောက် ဖုန်းခွက်ကို ယူလာပေးတော့ သူမ လှမ်းယူလိုက်သည်။
“ဟဲလို . . . ဣနြေ္ဒလား . . .ငါပါ ဝင့်”
“ဟင် . . .ဝင့်လား၊ ပြောလေ”
“ငါ့ပိုက်ဆံအိတ်ပါးလေး နှင့် ဆီပါသွား သလားလို့ . . . ။အဲဒီ အထဲမှာ ဖုန်းနံပါတ်တွေ ရေး ထားတဲ့ စာအုပ်လေးပါတယ်။ ပျောက်သွားမှာ စိုးလို့။ ပိုက်ဆံတော့ သိပ်မပါပါဘူး”
“ဟုတ်လား၊ ခဏနေဦး။ လွယ်အိတ်ထဲမှာ ငါသွားကြည့်လိုက် ဦးမယ်ဝင့်။ နေဦးနော်”
“အင်းပါ . . .”
ဖုန်းခွက်လေးကို ကိုင်ထားလျက် ဧည့်ခန်းထဲ လျှောက်လာပြီး စားပွဲပေါ် ဖုန်းရော လက်သည်းနီပုလင်းပါ ထားခဲ့ရင် အပေါ်ထပ်တက်ကာ လွယ်အိတ်ထဲ မွှေနှောက်ရှာသည်။
စိတ်မရှည်တော့တာမို့ လွယ်အိတ်ကို မှော က်သွန်ချလိုက်၏ ။
ဝင့် ပိုက်ဆံအိတ် အပြာလေးက စာအုပ်တွေ ကြားမှာ ထွက်လာတော့ အပြေးကလေးပဲ ဖုန်းခွက်ယူကာ . . .
“ဝင့် . . .တွေ့ တယ်သိလား” ဟု ပြော ဖြစ်သည်။
“တော် သေးတယ်ဟာ။ ကျပျောက်သွားပြီလားလို့ဟ”
ဝင့်က စိတ်အေးသွားသလို ရယ်သည် ။
“ပိုလာလေးရော . . .ဆေးခန်းသွားပြီးပြီလား”
“အင်း . . . .ခုနပဲ သွားလိုက်တယ်”
“သက်သာရဲ့ လား”
“ထမင်းတော့ မထိတထိစားတယ်”
“တော် သေးတာပေါ့”
“ဖေဖေက အထူးဧည့်သည် ခေါ်လာမယ် ဆိုလို့ စောင့်နေတာ . . . .”
“အထူးဧည့်သည်”
“အင်း . . .”
ဝင့်က တခစ်ခစ်ရယ်သည်။
“စိတ်ဝင်စားစရာပဲနော်”
“ဘာကိုလဲ”
“အထူးဧည့်သည်ကိုပေါ့”
ဝင့်စကားကြောင့် ဣနြေ္ဒက ပင့်သက်ရှိုက်သည်။
“ဣနြေ္ဒ ကတော့ မောနေပြီ။ အလုပ်ကို ရှုပ်နေတာပဲ”
“ဘာတွေ ရှုပ်လို့လဲ”
“အဲဒီ လို ပြောဖို့ကျတော့ ဘာမှ ကြီးကြီးမားမားလည်း မရှိပါဘူး”
“စားဖို့သောက်ဖို့ ကြီးမြ လုပ်မပေးဘူးလား”
“အင်း . . .လုပ်ပေးပါတယ်”
“ဒါနဲများ အလုပ်များ နေရတယ်လို့”
“ဟုတ်တယ်။ ကျောင်းက ပြန်လာကတည်းက မနားရသေးဘူး။ အေးအေး ဆေးဆေး နားချင်နေပြီ။ ဖေဖေတို့ အလာကို စောင့်နေရတာ ”
“အင်းလေ . . .ထားပါတော့။ ညကျမှ အေးအေးဆေးဆေး ဖုန်းဆက်လိုက်လေ။ အထူးဧည့်သည်အကြောင်း”
ဝင့်က စနေသေး၏ ။
ဖုန်းဆက်ပြီး သိပ်မကြာခင်ပဲ ဖေဖေတို့ ရောက်လာသည်။ ဖေဖေတို့ ရောက်လာတော့ သူမက အခန်းထဲမှာ လက်သည်းနီပုလင်းကို နေရာတကျ ပြန်ထားပြီး မှော က်သွန်ချထားသော စာအုပ်တွေ ဖြန့်စီထပ်နေတာ ။
ကားသံကြားတော့ သူမ ဆတ်ခနဲ ဖြစ်ကာ ပြတင်းပေါက် ရှိရာ သွားပြီး မှန်တံခါးကို ဖွင့်ရင်း ကြည့်မိသည်။
ဖေဖေတို့က အိမ်ထဲဝင်သွားပြီမို့ လှမ်းမတွေ့ ရတော့။
ကားသုံးစီး ဆင့်ရပ်ထားတာပဲ မြင်ရသည်။
ရှေ့ဆုံးက ဖေဖေ့ကား အနီရဲရဲလေး၊ အဲဒီ နောက်မှာ ပါပလစ်ကာ အဝါလေး။ နောက်ဆုံးမှာ ဘကြီးလူ မောင်းသော ကားအဖြူ။
သည်လိုသာဆို ဧည့်သည်ကားက အလယ်က အဝါလေးပဲပေါ့။
မျက်ဆန်လေး ထောင့်ကပ်ကာ သူမ တွေးရင်း ပြတင်းမှန်တံခါး တွေ ကို ပြန်ပိတ်သည်။ မှန်တင်ခုံရှေ့မှာ ရပ်ကာ တစ်ချက်ကြည့် ဖြစ်၏ ။
ရှေ့မှာ ဆံပင်လေးတွေ က အပေါ်လန်တက်ကာ အနည်းငယ် ပွနေတာက လွဲလို့ အားလုံးအဆင် ပြေပြေပါပဲ။
အခန်းတံခါးပိတ်ပြီးမှ မီးပိတ်ဖို့ မေ့ကာ တံခါးပြန်ဆွဲဖွင့်သည်။
ဖွင့်ထားသော မီးလုံးလေးကို လှမ်းပိတ်ကာ တံခါးပါ ပြန်စေ့ပြီး အောက်ထပ်ကို ဆင်းခဲ့၏ ။
လှေကားစပ်ရောက်တော့ ဝင်ထားသော တီရှပ်ကို ဆွဲဆန့်သည်။
ဧည့်သည်က သူမဘက်ကို ကျောပေးထိုင်နေတာမို့ မြင့်မားကျစ်လျစ်သော သဏ္ဌာန်ကိုသာ မြင်ရလျက် မျက်နှာကို မမြင်ရပါ။
“လာ . . .သမီး”
ဖေဖေက သူမကို လှမ်းခေါ်သည်။ သူမ ဖေဖေ့ဘေးကို လျှောက်သွားကာ ရပ်နေတော့ . . .
“ဒါ အန်ကယ့်သမီး ဣနြေ္ဒအေးကျော်တဲ့။ ကျောင်းမပြီးသေးဘူးကွ။ သမီး ဒါက ဖေဖေ့ မိတ်ဆွေ။ လူငယ်ပေမယ့် စီးပွားရေး သိပ်တော် တာ ခန့်ထယ်တဲ့။ သမီးမှတ်ထားနော်။ မိတ်ဆွေရင်းတွေ လို ဆက်ဆံကြရမှာ ”
ဖေဖေက သူမ ပခုံးလေးကို ဖက်ကာ သူ့ဘေးထိုင်စေလျက် “ခန့်ထယ်” ဆိုသူနှင့် တရင်းတနှီး မိတ်ဆက်ပေးသည်။
ဖေဖေ့ မိတ်ဆွေက တော် တော် ငယ်နေသည်။ ပြီးတော့ ချောလည်း ချောသည်။ ဖေဖေ တို့အရွယ် ဖေဖေတို့လို လူကြီးတွေ နှင့် မှ ယှဉ် ပေါင်းသည် ဆိုတော့ အရမ်းပါးနပ် လိမ္မာမှာ သေချာသည်။
အရာရာကို “ညက်” နေမှာ ပဲ တွေးမိတော့ တစ်မျိုးကြီး ရှိန်းသွားရသည်။
သူလို လူလည် တစ်ယောက် က ဖေဖေ ဘာသဘောနှင့် ဣနြေ္ဒ့ဆီ ခေါ်လာပြီး မိတ်ဆက်ပေး သလဲဆိုတာ “ချက်”ခနဲ နားလည်မှာ မလွဲ။
ဣနြေ္ဒလို နုံနုံအအလေးတောင် နည်းနည်း ပါးပါး တွေးကြည့်တတ်သေးတာ သူလိုလူက သဘောမပေါက်ဘဲ ရှိမလား။
ဖေဖေရယ် ဘာစိတ်ကူးတွေ ပါလိမ့်။
တစ်ဖက်လူ အထင်သေးမှာ အမြင်လွဲမှာ ဖေဖေမတွေးမိဘူးလား။
ပွင့်လင်းလွန်းသော ဖေဖေ့ကို သားအဖ ချင်းမို့ ဣနြေ္ဒက နားလည်ပေမယ့် သူ စိမ်း တစ်ယောက် ဘယ်လိုတွက်မလဲ။
သည်တစ်ခါတော့ ဖေဖေ့ လုပ်ရပ်ကို စိတ်ကွက်သည်။ မ ဖြစ်သင့်တာ မ ဖြစ်ရအောင် သင့်တော် မည့်  လူ တစ်ယောက် ကို ကြိုပြီး အနားပို့ထားဖို့ ကြိုးစားတာ ဆိုရင်လည်း သမီးအပေါ် ချစ်လွန်းလို့ ဆိုတာ ဣနြေ္ဒက အကောင်းဘက်က မြင်ပေမယ့် တစ်ဖက်လူက ဖေဖေ့ လုပ်ရပ်ကို အထင်တသေး ဖြစ်သွားမှာ ၊ ပြီးတော့ သူမတို့ သားအဖ နှစ် ယောက် ကို လျှော့တွက်လိုက်မှာ အရှည်ကြီးတွေးပြီး ဝမ်းနည်းသလို ဖြစ်ကာ မျက်နှာပျက် ရပေမယ့် ဖေဖေနှင့် ဦးခန့်ထယ် ကတော့ အရယ်အပြုံးမပျက် စကားဆိုနေကြတာ။
ဖေဖေ့ မိတ်ဆွေမို့ ဦးခန်ံတယ်ပဲ ထားပါတော့။
ဖေဖေက ဣနြေ္ဒအရှေ့မှာ တင် ဦးခန့်ထယ်ကို ချီးကျူးလိုက်တာ။
“သမီး ပျင်းနေပြီလား”
တိတ်နေသော သမီးကို ဖေဖေက ငုံ့ကြည့်ကာ မေးတော့ သူက လှပစွာ ပြုံးလာသည်။
“အန်ကယ်တို့ အိမ်ကို အမြဲဝင်ထွက်ပါ။ ခုလို သမီးလေးနဲ့ လည်းသိသွားပြီ ဆိုတော့ ပိုအဆင်ပြေတာပေါ့”
ဖေဖေ့ ဖိတ်ခေါ်မှု တွေ က သိပ်နွေးထွေးနေသည်။ တော် ရုံတန်ရုံ လူကို ဖေဖေ သည်လိုအရေး လုပ်ဆက်ဆံတာမဟုတ်။
“ကဲ ဖေဖေ ရေချိုးအဝတ် အစားလဲမယ်။ ပြီးရင် စားဖို့သောက်ဖို့ ကြီးမြကို ပြင်ခိုင်းလိုက်တော့။ သြော် . . .သမီးရေ ကားထဲမှာ တညင်းသီးတွေ ပါတယ်။ ဖေဖေ့ အသိ တစ်ယောက် လာပေးတာ။ အဲဒါ ယူပြီး ကြီးမြ တို့ ပေးလိုက် ဦး”
ဖေဖေက ဣနြေ္ဒကို ပြောစရာကုန်တော့ . . .
“မောင်ခန့်ရော ရေချိုးဦးမလား” ဟု မေးသည်။
“ဟာ . . .နေပါစေ အန်ကယ်။ ခုနပဲ အိမ်က ချိုးလာတာ အန်ကယ် အေးအေးဆေးဆေး လုပ်ပါ”
“အေး . . .အေး ဒါဆိုပြီးရော၊ သမီး . . .”
“ရှင် . . .”
“မောင်ခန့်ကို ခဏဧည့်ခံထားပေး နိုင်မလား”
“ရပါတယ်ဖေဖေ။ သမီး ဖေဖေတို့လာမယ့် အချိန်ကိုပဲ စောင့်နေခဲ့တာ”
ဖေဖေက ဧည့်ခန်းထဲမှ ထွက်သွားတော့ . . .
“ခဏနော် . . . .တညင်းသီးတွေ သွားယူလိုက်မယ်။ ကျွန်မက အလုပ်ကို အကြွေးထားရင် မေ့သွားတတ်တယ်”
ဣနြေ္ဒ့စကားကို သူက ရယ်၏ ။ ပြီးတော့ ကားအနီးကို သူပါ ဆင်းလိုက်လာသည်။
“ဣနြေ္ဒက မေ့တတ်လို့လား”
“ဟုတ်တယ်၊ သိပ်မေ့တတ်တာ။ သတိမကောင်းဘူး”
“ဒါဆို အမြဲစာအုပ်နဲ့ ဘောလ်ပင် ဆောင်ထားပေါ့။ မှတ်စရာ ဆို ချက်ချင်း ရေး ထား၊ ဒါမှ ဖြစ်မှာ ”
သူက ခုမှတွေ့ ဖူးပေမယ့် အကြံကောင်းပေးသည်။
“ဟုတ်တယ်။ ကိစ္စတစ်ခု ဆို ဝှိုက်ဘုတ်မှာ ရေး ထားတာ၊ ဒါတောင် ရေး ထားပြီး မမှတ်မိတာ ရှိသေးတယ်။ တစ်ခါတလေ ရေး ဖို့တောင် မေ့ချင်သေးတာ”
ဖေဖေ့ကား တံခါးကို ဖွင့်ကာ တညင်းသီးတွေ ထည့်ထားသော အိတ်ကို ယူနေတုန်း သူကလည်း သူ့ကားကို ဖွင့်ကာ ဘာတွေ ထုတ် ယူနေမှန်းမသိ။
“ဣနြေ္ဒ”
သူ့ခေါ်သံကြောင့် ငဲ့စောင်းကြည့်ရင်း ကားတံခါးပိတ်သည်။
“ဣနြေ္ဒ့ကို လက်ဆောင်ပေးမလို့”
“စာအုပ်တွေ လား”
သူက ခေါင်းညိတ်သည်။
လက်ထဲမှာ မဂ္ဂဇင်းတစ်အုပ်နှင့် ဝတ္ထုနှစ် အုပ် ကိုင်ထားတာ တွေ့ သည်။
“ဒါကိုယ့်တိုက်က ထုတ်တဲ့ စာအုပ်တွေ လေ။
“သြော်”
သူက စာအုပ်တွေ ပေါ်မှာ “အမှတ်တရ ဣနြေ္ဒအေးကျော်ဖို့” ဟု ရေး ပေးသည်။
လက်စသတ်တော့ သူက ထုတ်ဝေသု ကြီးကိုး။
သူ့စာပေတိုက်က နာမည် ကြီးပါပဲ။ ဣနြေ္ဒကြားဖူးသားပဲ။ စာရေး ဆရာ တွေ လည်း အများ ကြီးပဲ ရှိနေသည်။
စာေးဆရာတွေ အများ ကြီးနှင့် စာပေအလုပ်ကို ဂုဏ်သရေ ရှိရှိ လုပ်နေတာ စာပေတိုက် ဘယ်နှခုများ ရှိလို့လဲ။ လက်ချိုးရေတွက်တောင် ရနိုင်တာ။
အဲဒီ အထဲမှာ မှ သူ့စာပေတိုက်က “တစ်” နေရာ မဟုတ်တောင် နှစ် နေရာ လောက်တော့ ကျိန်းသေရှိနေမှာ ။
“ဒီဝတ္ထုက သိပ်ကောင်းတယ်။ ဆရာမ လေးကလည်း သိပ်အေးတယ်။ ဒါကြောင့် ရုပ်ရှင်ရိုက် ဖြစ်အောင် ကုမ္ပဏီကြီး တစ်ခုကို ကျွန်တော် လက်ဆောင်ပေးပြီး ညွှန်ထားတယ်။ အဲဒီ စာအုပ်ကို ရုပ်ရှင်ရိုက် ဖြစ်မယ် ထင်တယ်”
သည်လို အကျိုးဆောင် လုပ်ငန်းတွေ လည်း သူက စေတနာနှင့် လုပ်ပေးတတ်သလား။ ဝတ္ထုပေါ်မှ အမည် လေးကို ဖတ်ကြည့်ရင်း ပြုံးမိသည်။
ဣနြေ္ဒဖတ်ဖူးနေကျ စာရေး ဆရာမ လေးပါပဲ။
“ဦးခန့်ထယ်က ထုတ်ဝေသူလား”
“ဟုတ်တယ်။ ဒါပေမယ့် ကုမ္ပဏီ တစ်ခုလည်း ဖွင့်ထားတယ် ရှယ်ယာဝင်ထားတဲ့ လုပ်ငန်းတွေ လည်း ရှိတယ်။ ဒါကြောင့် အလုပ်များ တာ။ လုံးဝ အလုပ်မအားဘူး။ ဒီရက်တွေ ထဲ အနားယူဖို့ သက်သက်လုပ် ထားလို့ လာ ဖြစ်တာ။ ကျွန်တော် ဘယ်မှ သိပ်မသွား ဖြစ်ဘူး”
“အနားယူထားတာ ဟုတ်လား”
“အင်း . . .အစာအိမ်အောင့်တာလေ။ အဲဒါ အနားယူပြီးရင် ခွဲရမှာ ။ ဆရာဝန်က နားနားနေနေ နေပါလို့ ညွှန့်ကြားထားတယ်”
“ဘယ်တော့လောက် ခွဲရမှာ လဲ”
“တစ်လလောက်ကြာရင်”
“ဟင် . . . ”
ခွဲစိတ်ခန်းထဲ ဝင်ရမည့် သူကလည်း ဘာမှ မ ဖြစ်သလို ခပ်အေးအေး။ တုန်လှုပ်ချောက်ချားမှု လည်း မရှိပါလား။ ဣနြေ္ဒသာဆို စားဝင်အိပ်ပျော်ပါ့မလား မသိ။ အချိန်ရှိတိုင်း တွေးကြောက်နေမှာ မလွဲ။
ဖေဖေ သဘောကျသည့် အရည်အချင်းတွေ ထဲ သွေးအေးတာရော ပါလေမလား။ ဘာ ဖြစ် ဖြစ် ခပ်ရဲရဲ ရင်ဆိုင်မည် ဆိုသည့်ပုံစံ။ အားကျစရာ တော့ ကောင်းသား။ သို့ ပေမယ့် သူ့ကို ခုထက်ထိ ရင်မခုန်သေး။
မနက်တုန်းက အတန်းထဲ တွေ့ ခဲ့သော တစ်ယောက် ကို မှသူ့ထက်စာရင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သေးသည်ဟု မဆီမဆိုင် ယှဉ်တွေး ကြည့်မိကာ သည်အတွေး ဘယ်လို ရုတ်တရက် ပေါ်လာပါလိမ့်ဟု အံ့သြမိသည်။
မနက်တုန်းက တွေ့ ခဲ့သော ဟိုလူ့သဏ္ဌာန်က မျက်လုံးထဲ အမှတ်ထင်ထင် စွဲရစ်နေပါလား။
“အန်ကယ်က ပြောတယ်။ ဣနြေ္ဒက သိပ်အေးတယ်တဲ့။ အန်ကယ် အေးကျော်ကို သိနေတာကြာပြီ။ ဣနြေ္ဒ့အကြောင်းလည်း ကြားဖူးနေတာ ကြာပြီ။ ဒါပေမယ့် ထင်ထားတာထက် အများ ကြီး ပိုလှနေတယ်”
သူချီးကျူးပုံက ပေါ်ပေါက်တင်တင်ကြီး။
“ဦးခန့်ထယ်အကြောင်းတော့ ဘာမှ ပြောမထားဘူး”
“ဟုတ်တာပေါ့။ ကျွန်တော့် ဟာ ကျွန်တော် ပြောဖို့ ချန်ထားပေးကာ နေမှာ ပေါ့။ အန်ကယ်က သဘောကောင်းတယ်”
“ဟုတ်တယ်။ အရမ်းလည်း ပွင့်လင်းတယ်။ တချို့က ဖေဖေ ဟန်ဆောင်မှု ကင်းတာကို နားမလည်ကြဘူး”
“အန်ကယ့်စိတ်ရင်း အမှန်ကို ကျွန်တော် သိပါတယ်”
“အဲဒါ ဆိုရင်တော့ ကောင်းပါတယ်”
သူနှင့် ဣနြေ္ဒ ဧည့်ခန်းကို ပြန်ရောက်လာသည်။
“ထိုင်ဦးနော်။ ကြီးမြကို သွားပေးလိုက် မယ်။ စားဖို့သောက်ဖို့ လည်း ဝိုင်းစီပေးလိုက် ပါ့မယ်။ မြန်မြန် အဆင်သင့် ဖြစ်သွားအောင်”
“ဟာဗျာ . . .ကျွန်တော် က အထူးဧည့်သည်ကြီးလို ထိုင်မနေချင်ပါဘူး။ ကျွန်တော် လည်း ဝိုင်းလုပ်ပေးမှာ ပေါ့”
ဣနြေ္ဒ နှုတ်ခမ်းလေးစေ့ရင် ပြုံးမိသည်။
ဖေဖေ့လူက မဆိုးဘူးပဲ။ ဒါတွေ ဖေဖေကျနေတာ ဖြစ်မှာ ဟု စဉ်းစားမိရင်း . . . .
ရပါတယ်ရှင် . . .ဘာမှ ထွေထွေထူးထူးလည်း မရှိပါဘူး” ဟု ပြန်ဖြေပေမယ့် သူက ချန်မနေရစ်ဘဲ ထမင်းစားခန်းအထိ ပါလာသည်။
သူပေးသော စာအုပ်တွေ ကို ထမင်းစားခန်းရှိ နံရံကပ် ဗီရိုလေး အပေါ် တင်ထားကာ ကြီးမြဆီ လျှောက်လာခဲ့သည်။
မြေကြီးက ရေစင်မှာ မတ်တတ်ရပ်ရင်း ပန်းကန်တွေ ဆေးနေသည်။
“သမီးရေ . . .အဲဒီ အထဲက ရေခရားတစ်ခုရယ်။ ပန်းကန်လုံးလေးတွေ ရယ်၊ ဇွန်းခက်ရင်း တွေ ပါ ယူခဲ့လိုက်ကွယ်။ ဆေးရအောင်။
“အင်း . . .အင်း”
နံရံကပ်ဗီရိုလေးကို မှန်တွန်းဖွင့်ကာ ကြီးမြယူခိုင်းသမျှ ယူပေးတော့ သူကပါ ကူသယ် ပေးသည်။
“ဧည့်သည်ကပါ ဝင်လုပ်ပေးနေရတယ်ဆို ဘယ်ကောင်းပါ့မလဲ။ ထိုင်နေပါသားရယ်။ ကြီးမြင့်တို့ လုပ်ပါ့မယ်”
“ရပါတယ်ဗျာ။ အိမ်မှာ ဆိုလည်း ဝင်ပါနေကျပါ။ ဧည့်သည်ကြီးလို ထိုင်မနေ တတ်ပါဘူး”
ကြီးမြ ဆေးပြီးသား ပန်းကန်တွေ ကို သူက အဝတ်အသန့် အခြောက်လေးနှင့် သုတ်ပေးသည်။
“ဣနြေ္ဒ သုတ်ပေးပါ့မယ် ပေးပါ”
သူက မပေးဘဲ ရယ်နေသည်။
“အားနာစရာ မလိုပါဘူး”
“ဘယ် . . .အားနာတာပေါ့”
“နောက်ဆို ရိုးသွားမှာ ”
သူ့စကားကြောင့် ဣနြေ္ဒမျက်ခုံးလေး ပင့်သွားရသည်။
ဘယ်လိုလဲ အဓိပ္ပာယ် ပါလှချည်လား။
သူ့ကို ကြည့်ရတာ တစ်ယောက် တည်းကျအောင် နေပစ်တော့မည် ဟု ဆုံးဖြတ်ထား သလိုလို။
ကြီးမြ ကတော့ မျက်နှာကြီး ဝင်းထိန်လျက် အမှတ်ပြည့်ပေးလိုက်ပြီးသား။
သူ့အရည်အသွေးက သေးတော့ မသေးလှပါ။ ဖေဖေ့ကိုလည်း အလိုကျအောင် ချဉ်းကပ်နိုင်သလို ကြီးမြကိုလည်း . . .
အင်းလေ . . .ကြီးမြလောက် ကတော့ အပျော့နေမှာ ။ ဖေဖေ့လိုလူ ကိုတောင် ယုံကြည်သွားအောင် ပြောတတ်သေးတာ။
ကြီးမြနှင့် သူ တစ်ခွန်းစ နှစ် ခွန်းစ စကားပြောနေတာ ကြားသည်။ ပေါ့ပေါ့ပါးပါးနှင့် အရာရာကို စိတ်အေးလက်အေး ထားတတ်ပုံ။
“ဣနြေ္ဒက ကျောင်းတက်နေတုန်းနော်”
“ဟုတ်ပါတယ်”
လက်သုတ်ပဝါ ထပ်လေးကို ကိုင်ထားရင်း သူမခေါင်းညိတ်မိသည်။
“ကျောင်းကိုလာရင်ရော ဖြစ်မလား”
မေးလိုက်ပုံက ပြတ်သားလွန်းတာမို့ အမ်းတန်းတန်း ဖြစ်သွားလျက် စကားလမ်း လွှဲကာ . .
“ဟိုတစ်ခါသုံး လက်သုတ်ပဝါပဲဆို ပိုကောင်းမလား မသိဘူး။ ခဏနော်။ သွားယူလိုက်မယ်”
“ရပါတယ်။ ဒါတွေ က သန့်နေတာပဲဟာ”
“စက္ကူလက်ကိုင် ပဝါဆို ပိုကောင်းမလားလို့ပါ”
“အိမ်မှာ ပဲကွာ၊ ဟိုတယ်မှ မဟုတ်တာ”
“ဖေဖေက ဖြစ်သလို ဧည့်ခံလိုက်ရင် စိတ်မကောင်း ဖြစ်မှာ ”
“ဟာ . . .ဒါ့ဆို ပြဿနာ။ ကျွန်တော် က တစ်လှည့်ပြန်ကျွေးရင် ဒီလောက်မပြည့်စုံရင် မခမ်းနားရင်း . . . .”
သူက ပခုံးစုံတွန့်သည်။
“ဖေဖေက သူ့ဘက်ကသာ တာဝန်ကျေချင်တာပါ။ သူများ တာဝန်မကျေလည်း သိပ်ကို နားလည်ပေး တတ်ပါတယ်။ အပြစ်မမြင်တတ်ပါဘူး”
“ဣနြေ္ဒတို့ သားအဖက သိပ်ညီတယ်နော်”
“သိပ်ချစ်တာပါ”
သူ့စကားကို ပြင်ပေးလိုက်တော့”
“ဟုတ်တယ် . . .ဟုတ်တယ်” ဟု အရယ်နှင့် ဖြေသည်။
စက္ကူလက်ကိုင် ပဝါချောလေးတွေ ကို ဣနြေ္ဒက သွားယူလာပေးသည်။
“ဣနြေ္ဒက စကားပြောသိပ်ကောင်းတယ်”
သူ့ဘက်ကို လှည့်မကြည့်ဘဲ သူမ ပြုံးနေမိသည်။
“အန်ကယ်နဲ့ လေယူလေသိမ်းကအစ တူတယ်”
“ဟုတ်ပါ့မလား။ ဖေဖေက သိပ်တော် တာ”
“ဣနြေ္ဒလည်း တော် ပါတယ်”
“ဟုတ်မယ် . . . ဟုတ်မယ်။ အတော် လွန်သွားတာ နေမှာ ပါ။ သိပ်တော် လွန်း အားကြီးတော့ ညံ့သွားတာ”
ကြီးမြနှင့် အတူ ထမင်းစားပွဲကို ဣနြေ္ဒရော သူပါ ဝိုင်းကူပြင်ဆင်ပေးသည်။
“ဟ . . .မောင်ခန့်ကိုပါ ကြီးမြ တို့က ကူခိုင်းနေပါလားက . . . .ဟေ”
“ဖေဖေက ရေချိုးပြီး ဆင်းလာတော့ တအံ့တသြ လည်း မေးသည်။
“မဟုတ်ပါဘူး အန်ကယ်လ်။ ကျွန်တော် က ပျင်းတာနဲ့ လာရှုပ်နေတာပါ။ ကြီးမြနဲ့ ဣနြေ္ဒက အတင်းနှင်ထုတ်နေလို့ မနည်းပြောယူရတယ်”
သူက အလျင်စလို ရှင်းပြသည်။
“အေးပါကွာ၊ သမီးတို့က တားမရလို့ လွှတ်ထားရတယ် ဆိုတာ အန်ကယ်လ် သိပါတယ်ကွ၊ သမီးလေးက မျက်နှာကို ပျက်နေတာပဲ”
ဖေဖေက ဣနြေ္ဒ့ပခုံးလေးကို ဖက်ရင်း နဖူးချင်းတိုက်ကာ ပြော၏ ။
“ဖေဖေနော်”
ဦးခန့်ထယ်က ကျေနပ်သလို ပြုံးပြုံးကြီး ကြည့်နေ၏ ။
ဖေဖေရယ် သူရယ် ထမင်းစာြး ကတော့ ဘေးမှနေပြီး လိုအပ်သမျှ လုပ်ပေးသည်။
သူတို့က ခေါ်ပေမယ့် ဝင်မစား ဖြစ်ပါ။
ဣနြေ္ဒ့စိတ်ထဲမှာ ထင်နေသည်။ အဲဒီ ထဲဝင်ပြီး လက်ဆုံစားလိုက်လျှင် ဖေဖေ သူ့ကို သဘောကျနေ သလို ကိုယ်ကလည်း လိုလားကြည်ဖြူ ပါတယ်ဟု အဖြေပေး လိုက်တာနှင့် တူနေမလား။
ဖေဖေကရော ဘယ်လို တွက်ဆလိုက်မလဲ။
လက်ခံရမလား။ ငြင်းဆန်ရမလား ဝေခွဲမရခင်မှာ ကိုယ့်ဘက်မှ ပုံမှန်နေတာ အကောင်းဆုံး ဖြစ်မည် ။
ဣနြေ္ဒ့ဘက်က သဘောကျ ကျေနပ်ပြီဆိုမှ နှစ် ဦးအတူတူ ထမင်းစားချင်သည်။ အဲဒီ အခါ ကျရင် ဟင်းခပ်ထည့်ပေးဖို့လည်း ဝန်လေးမှာ မဟုတ်ဟု ထင်သည်။ သူနှင့် မျက်လုံးချင်း မကြာခဏ မဆုံရလေအောင် ရှောင်ရှားစရာလည်း လိုမည် မထင်တော့။
ထမင်းစားသောက်ပြီး တော့ ဖေဖေ တို့က ဧည့်ခန်းမှာ သွားစကားပြောကြသည်မို့ သူမ တစ်ဦးတည်း ခြောက်သွေ့စွာ စားရသည်။
ခေါင်းမာတာပဲလား၊ တစ်ယူသန်တာပဲလားဟု မဆန်းစစ်ချင်တော့။ ဣနြေ္ဒမှ လက်မခံနိုင် သေးတာ။ ခပ်ခွာခွာ နေတာ ပိုကောင်းမည် ။
ပြန်ခါနီး ကျမှ ထွက်နှုတ်ဆက်သည်။
“ဣနြေ္ဒ”
ဖေဖေက အပေါ်ထပ် ခဏတက် သွားတုန်း သူက ခပ်တိုးတိုးခေါ်သည်။
သူမ သူ့ကို မော့ကြည့်လိုက်သည်။
“မနက်ဖြန် ညနေစာ ကျွန်တော် ကျွေးပါရစေ”
“ရှင် . . .”
“ဣနြေ္ဒ “မြကန်သာ”ကို လာခဲ့မလား။ ဝင်ခေါ်ရမလား”
ဣနြေ္ဒ မျက်တောင်တွေ ခတ်ပစ်ရင်း စဉ်းစားရခက် သွားသည်။
ဘယ်လို ပြန်ပြောရမှန်းလည်း ချက်ချင်း ဝေခွဲမရ။
“ဣနြေ္ဒ လာ ဖြစ်မယ် မထင်ဘူး”
“အဲဒီ လို တဇွတ်ထိုး မပြောပါနဲ့ရှင်။ ဣနြေ္ဒ စဉ်းစားမှာ ပါ။ အဖြေရပြီဆို ရှင့်ဆီ ဖုန်းဆက်မယ်လေ”
သူမက ခပ်လောလောပဲ ဖြေလိုက်၏ ။
ဖေဖေ အနားရောက်လာချိန် အထိ စကားမပြတ်မှာ စိုးသည်လေ။
“အင်းပါ . . .ကောင်းပြီ။ ဣနြေ္ဒ့ ဆီက ဖုန်းကို ကျွန်တော် စောင့်နေမယ်”
“ဟုတ်ကဲ့”
“သွားမယ်နော်”
“ကောင်းပါပြီရှင်”
ဖေဖေရော သူမပါ လက်ပြနှုတ်ဆက်သည်။
“သမီး ပိုလာလေး သက်သာရဲ့ လား”
သူ့ကား ခြံဝင်းထဲက ပျောက်သွားမှ ဖေဖေက လှည့်မေးသည်။
“စောစော ကတော့ ထမင်းနည်းနည်း စားတယ် ဖေဖေ”
“ဝမ်းသာစရာပေါ့”
“သမီးအနားယူချင်ပြီ ဖေဖေ”
သားအဖချင်းမို့ ပွင့်လင်းစွာ ပဲ ခွင့်တောင်းလိုက်သည်။
သည်နေ့အဖို့ သူမ ပင်ပန်းလှပါပြီ။ အိပ်ရာကို တမ်းတနေမိ ပါပြီ။
ဖေဖေ့သဘော ဖေဖေ့ဆန္ဒတွေ လည်း မမေးချင်တော့။ ဖေဖေ ပြောလာမှာ တွေ လည်း နားမထောင်နိုင်တော့။ သူမသဘောထား ဆန္ဒတွေ လည်း ပြောပြဖို့ အင်အား မရှိတော့။
နွမ်းနယ်နေပြီမို့ နားဖို့တစ်ခုပဲ တွေးမိသည်။ ခေါင်းထဲ ဘာအတွေးပူမှ မထားချင်တော့။
ဖေဖေ ခေါင်းညိတ်တော့ သူမအပေါ်ထပ်ကို အပြေးတစ်ပိုင်း တက်လာခဲ့သည်။
အခန်းတံခါးဖွင့်ကာ ပြန်ပိတ်သည်။ မီးခလုတ်လေးကိုလည်း လှမ်းဖွင့်၏ ။
စားပွဲပေါ် အကြည့်ရောက်မှ ဦးခန့်ထယ် စာအုပ်တွေ ပေးသွားတာ ထမင်းစားခန်း နံရံကပ်မှန် ဗီရိုပေါ် တင်ထားခဲ့မိတာ ပြန်သတိရပေမယ့် သွားမယူချင်တော့။
အိပ်ရာပေါ် လှဲချကာ မျက်လုံးတွေ ပါ မှိတ်ထားမိသည်။ တစ်အောင့်နားပြီးမှ ပိုလာလေးကို ဆင်းကြည့်။ စာအုပ်တွေ ယူမည် ဟု ဆုံးဖြတ်လိုက်၏ ။
အပြင်ဘက်မှ လသာနေတာ ပြတင်းပေါက်ကို ဖြတ်ပြီး မြင်နေရသည်။ လရောင် ကို မြင်နေရလျှင် သူမ အိပ်မပျော်တယ်။ အလိုလို မျက်လုံးကျယ်ကာ အိပ်ချင်စိတ်မရှိဘဲ ပျော်နေတတ် သည်။
အိပ်ပျော်သွားလည်း ခဏနှင့် နိုးလာကာ တစ်ရေး နိုးပြီး ပိုတောင် အိပ်မရတော့။ လရောင် က သူမစိတ်ကို ပျော်ရွှင်နိုး ကြားစေသည်။
ပြတင်းပေါက်ရှိ လိုက်ကာလေးတွေ ကို သွားဆွဲဖြန့်ကာ လရိပ်အေးအေးကို ပျောက်စေသည်။
လိုက်ကာစတွေ က ထူထူထဲထဲမို့ လရောင် မထွင်းနိုင်တော့ စိတ်အေးလက်အေး လှဲချကာ သက်ပြင်းတစ်ရှိုက်ပါ ချမိသည်။
“သား မရှိပါဘူး၊ ဘာကိစ္စများ လဲ မသိဘူး”
မေမေ့ အသံကို ဧည့်ခန်းမှ ကြားရတော့ “ဗထူး” ခြေလှမ်းတွေ တန့်သွားရသည်။ ခြံထဲမှာ သူရှိနေတာ မေမေသိသားနှင့် ဘာလို့များ မရှိဟု ပြောရတာ ပါလိမ့်။
“မြနှောင်း ဟုတ်လား။ သားသူငယ်ချင်းလား။ သားနဲ့ ခင်ကြတာ ကြာပြီလား။ အခုရော ဘာကိစ္စများ ရှိလို့လဲ”
ထပ်လွင့်လာသော စကားတွေ ကြောင့် မြနှောင်းတော့ ညစ်ပြီဟု တွေးသည်။
မေမေ တစ်ယောက် ကတော့ ခက်နေပါပြီ။ ဘာလိုများ သင်္ကာမကင်းနှင့် ရတက်မအေးနိုင် ဖြစ်ရပါလိမ့်။
သူပကတိ ရိုးသားတာ အရှုအရှင်းကင်းတာ သိသိချည်းနှင့် လောက်အထိ အစစ်ဆေး လုပ်ဖို့မကောင်း။
“သားက အခွေငှားသွားလို့ ဟုတ်လား။ ဘာခွေပါလိမ့်”
မေမေက အတိအကျကို မေးနေတော့ သူအားနာလာမိ၏ ။
“သားလား။ သူ့ကောင်မလေးနဲ့ အပြင်သွားတယ်”
ဟာ . . .ပြဿနာ။
အောင်ဗထူး ခေါင်းကုတ် ဆံပင်တွေ ဖွပစ်လိုက်၏ ။
သူ့မှာ ဘာကောင်မလေးမှ မရှိတာ သူငယ်ချင်း အရင်းတွေ မို့ မြနှောင်းသိပြီသား။
မေမေ့စကားကို ရယ်နေတော့မှာ ။ မေမေ ကတော့ သွေးတိုးစမ်း ကြည့်လိုက်တာ။ သားနှင့် မြနှောင်းအနေ အထားကို သိချင်လို့ သက်သက်။
မေမေ့ကို ကရုဏာသက်ကာ ပြုံးမိသည်။
ခက်တဲ့မေမေ။
“ချွေးမ မလိုချင်သေးဘူး။ လိုချင်လာတဲ့အခါ မေမေကိုယ်တိုင် ရှာမယ်။ သားမငြင်းရသေးဘူး”ဟု အပြတ်ပြောထားသည်။
သားကို ပုံစံခွက်ထဲ ထည့်ထားဖို့ အမြဲကြိုးစားနေတော့မှာ လား ဟု တစ်ခါတလေ စိတ်ပျက်မိသည်။
မေမေနှင့် သူမပြေလည်တာ အဲဒီ တစ်ခုတည်းပါပဲ။ ကျန်တာ အားလုံး အေးဆေးပြော လည်သည်။ နားလည်မှု ရှိသည်။
“မေမေ့ဘဝတစ်ခုလုံးမှာ သားကအဓိက။ သား တစ်ယောက် ပဲ ရှိတာ။ ဘယ်တော့မှ ခွဲမသွားရဘူး။ မေမေနဲ့ တည့်မယ့်ချွေးမျိုး မေမေ အချိန်ယူပါ့မယ် ” ဟု အတိအလင်း မှာ ထားခဲ့သည်။
“ရှာပါမေမေရယ်။ မေမေ့ သဘောပါ” ဟုလည်း သူပြောထားခဲ့ပြီးသား။ မေမေ စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးတာကြောင့် သူအေးအေး ဆေးဆေးပဲ နေပြခဲ့တာ။ ဘာသံမှကို မကြားရအောင် ဆင်ခြင်သည်။
သည်ကြားထဲက မေမေက မယုံနိုင် ဖြစ်နေတော့ သူမျက်နှာပျက် စရာတွေ ကြုံလာရသည်ပေါ့။
ခုပဲကြည့်၊ မြနှောင်းတော့ သူ့ကို စိတ်ဆိုးမလား၊ တားမလား။ တစ်ခုခုပါပဲ။ သူကလည်းသူ၊ အခွေယူထားပြီး မေလျော့နေတာ။
မေမေ ဖန်းချပြီးတော့မှ သူဧည့်ခန်းထဲ ဝင်သည်။
“သားရောက်လာပြီးလား။ ခုပဲ ဖုန်းချသွားတာ ”
“မေမေက ခေါ်မပေးဘူး”
“ကောင်းမလေး ဆိုတော့ နောက်မဆက်ရဲ အောင်ပြောရတာ ”
“မေမေက သမီးမရှိတိုင်း”
“ရှိလည်း ယောကျာ်းလေး တစ်ယောက် ဆီ ဖုန်းမဆက်ခိုင်းပေါင်”
“မေမေ့ သမီးက နားထောင်ဦးမှကိုး”
“နားထောင်ရမှာ ပေါ့”
“အပိုင်ပါလား။ သားနဲ့ မြနှောင်းက သူငယ်ချင်းပါ။ အရမ်းခင်တ။ သားမှာ ဘာကောင်းမလေးမှ မရှိတာ သူအသိဆုံး”
“လာပြန်ပြီး။ သားအကြောင်း သူက ဘာလို့ ဒီလောက် သိနေရတာ လဲ။ သားက အတွင်းကျကျ ခင်လို့လာ”
မေမေ တလွဲတွေးလိုက်ပြန်ပြီ။
“မဟုတ်ရပါဘူးမေမေ။ ဒီလိုပဲ သိနေတာပေါ့”
“မသိနိုင်ပါဘူး။ မေမေ သဘောတူထားတာ ရှိတယ်လို့ ပြောလိုက်ပေါ့”
“ရှိမှမရှိတာ”
“မရှိဘဲ ပြောတော့ ဘာ ဖြစ်လဲ”
“ငရဲကြီးမလားလို့”
မေမေက သူ့ခေါင်းကို တစ်ချက်ခေါက်ထည့် လိုက်သည်။
“ဟုတ်လို့ အထင်ခံရတာ ။ ဟုတ်လို့ ရှင်းနေရတာ ဆို တော် သေးတယ်ဗျာ။ ဘာမှမဟုတ်ဘဲ သံသယနဲ့ အကြည့်ခံရတာ အောင့်သက်သက်ကြီး။ ပြီးတော့ မရှိတာကို ရှိသလိုလို ပြောရတာ လာဘ်တိတ်တယ် မေမေရ”
“ကြည့်စမ်း”
သူ့စကားဆုံးတာနှင့် မေမေ့အနားမှ သုတ်ခနဲ လစ်ထွက်ခဲ့သည်။
မေမေက ထမင်းစားခန်းထဲအထိ လိုက်ပါရင်း . . .
“သား ဆာပြီလား။ သားကြိုက်တဲ့ ကုန်းဘောင်ကြီးကြော်နဲ့ ဟင်းခါးနဲ့ မေမေ ချက်ထားတယ်လေ။ သား စားတော့မလား”
မေမေက အဲဒီ လိုချစ်သည်။ အဲဒီ လို ဂရုစိုက်သည်။
“မေမေရော . . .ဆာပြီလား”
“ဆာပြီ။ သားကို စောင့်နေတာ”
“ဆာရင် လှမ်းခေါ်လိုက်ရောပေါ့”
“ခေါ်မလို့ ထွက်လာတာ။ ဖုန်းက ဝင်လာတာနဲ့”
မေမေက ထင်းစားရင်း “မြနှောင်း” အကြောင်းတွေ ဆက်နေသည်။
“သူနေမကောင်းလို့ ဟိုတစ်ရက်က အကူအညီ တောင်းတာတီချယ့်ကို ပြောပြီး သူ့ကျူတိုရီရယ်တောင် သွားဖြေပေးလိုက်သေးတယ် ရိုးရိုးသားသား ခင်တာပါ”
မေမေက စဉ်းစဉ်းစားစား ရှိနေ၏ ။
“စိတ်ချပါမေမေရာ။ သားရည်စားရတာ နဲ့ မေမေ့ဆီ ခေါ်လာမှာ ။ မေမေနဲ့ တွေ့ ပေးမှာ ။ လုံးဝလျှိုးမထားဘူး”
“အမယ်လေး။ အဲဒီ လို ဘယ် ဖြစ်ပါ့မလဲ။ သားရှာလာတာ မေမေ နဲ့ တည့်ပါ့မလား။ မေမေရှာပေး ပါ့မယ်။ မေမေ သဘောတူတာ သားယူရမှာ ပဲ၊ ကြားလား”
မေမေ ကသိက အောက် ဖြစ်အောင် သူအင်တင်တင် လုပ်နေလိုက်သည်။
လောလောဆယ် သူ့မှာ ချစ်သူမိန်းကလေးလည်း မရှိသေးပါ။ မေမေ သဘောတူသည့် ကောင်မလေးကိုပဲ သူလက်ထပ် ဖြစ်မှာ ဟု နားလည် ထားပါသည်။ သည်ကိစ္စအတွက် ခေါင်းထဲတောင် အတွေးမရောက်။ မေမေ့ ဆန္ဒသည် သူ့ဆန္ဒပဲဟု သူခံယူထားသည်။
“သား . . .ထည့်စားလေ”
“စားပါတယ်”
မေမေက သူ့ကို ဟင်းတွေ ခပ်ထည့်ပေးသည်။
“သားစားတာ အားမရဘူး။ အားရပါးရစားစမ်းပါ . . .”
ပြောပြောဆိုဆို သူ့ပန်းကန်ထဲ ထမင်းတွေ ရော ဟင်းတွေ ပါ ပြည့်သွားရ၏ ။
“သား ဝပါပြီ မေမေ”
ကလေးပေါင်းစနလေးကို ကျွေးနေပုံက မေမေ့ မေတ္တာတရား၏ အတိမ်အနက်ကို ဖော်ပြနေသလို ရှိသည်။
ငယ်ငယ်လေးကတည်းက သည်လိုပဲ တယုတယ ရှိတတ်တာ။
မစားချင်လည်း ဇွတ်ကျွေးတတ်သည်။
သူဆယ်ကွေ့တစ်ကွေ့ ဖျားပြီနာပြီဆို မေမေ ပျာယာခတ်အောင် ပူလောင် နေတတ်သည်။ ခြေမကိုင်မိ လက်မကိုင်မိ နှင့် ဘာလုပ်ရမှန်း မသိအောင် သည်းသည်းလှုပ် နေတတ်၏ ။
“မေမေရယ်။ သားကို ချည်းပဲ ဂရုစိုက်မနေပါနဲ့။ မေမေလည်း ထပ်ယူဦး။ မေမေ့ကျတော့ နည်းနည်း လေးပဲ စားတယ်။ ဆာနေတယ်ဆို”
“မေမေက သိပ်မှမစားနိုင်တာ။ သားက လူငယ်ယောကျာ်းလေး ဆိုတော့ အင်အား ဖြစ်အောင် စားရတယ်”
မေမေက သူထမင်းစားနေတာကို အပြုံးနှင့် ကြည့်နေ၏ ။
“အဲဒီ တစ်ယောက် က ရိုးရိုးတော့ ဟုတ်တယ်နော်”
“ဟုတ်ပါတယ်မေမေ။ ရိုးရိုးပါဗျာ”
မေမေ စိတ်မသက်သာအောင် မနှိပ်စက်ချင်တော့။
သေချာပြီးရင်း သေချာရင်းပါပဲ။ မေမေ့ကို သူဘယ်တော့မှ ရက်စက်နိုင်မှာ မဟုတ်။ မေမေ စိတ်ထိခိုက်မည့်  ကိစ္စမျိုးတွေ ခပ်ဝေးဝေးက ရှောင်ထားမှ ဖြစ်မည် ။ သူ့ဘဝ တစ်ခုလုံး မေမေ့ လက်ထဲမှာ မို့ မေမေ ကျေနပ်သလိုသာ လုပ်ပါစေတော့။ သူ့အကျိုးထိခိုက်အောင် ဘယ်တော့မှ မလုပ်မှာ သေချာသည်။
သူ့ကို မေမေ လောက်ချစ်တာ မေမေပဲ ရှိသည်။ တစ်စုံတစ်ခု မှားသွားလျှင်တောင် ချစ်စိတ်နှင့် မှားတာပဲ ဖြစ်မည် ။
သူ့အပေါ် စိတ်ကောင်းအထားနိုင်ဆုံးက မေမေ . . . ။သူ့အကျိုးကို အလိုလားဆုံးက မေမေ။ အဲဒီ လို ယုံကြည်သည်။
မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ပြီး အစိုးရိမ်လွန်း ကဲနေတာလည်း သိသည်။
မေမေက ဘဝတစ်ခုလုံး သူ့အတွက် ဖြစ်စေခဲ့တာ သူ့ဘက်ကလည်း နားလည်သည်။ မေတ္တာတရားကို တုံ့ပြန် တန်းဖိုးထား သင့်သည်။
“သား”
“ဗျာ”
“မေမေ့အပေါ် အမြင်ရှင်းရဲ့ လားဟင်”
“သား သိပ်ကို နားလည်ပါတယ် မေမေရာ”
“သား ခွဲထွက်သွားမှာ စိုးတာ”
“သားနဲ့ မေမေ နှစ် ယောက် တည်း ရှိတာ။ သားက ချန်ထားပါ့မလား မေမေရာ။ သားမှာ လူစိတ် ရှိပါသေးတယ်။ ပြီးတော့ မေမေ့သားပါ”
မေမေက သူ့စကားကို ကြည်နူးသွားသလို ဝင်းဝင်းပပ ပြုံးလိုက်၏ ။
“နှစ် ယောက် တည်း ရှိတာ။ နောက်ရောက်လာမယ့် တစ်ယောက် က မေမေ နဲ့ရော သားနဲ့ပါ တည့်မှ စိတ်ချမ်းသာစရာ ကောင်းမှာ ”
“အဲဒါကို အရေး အကြီးဆုံး အချက်အနေနဲ့ သားအမြဲ ခေါင်းထဲတွေးထား ပါ့မယ်။ မေမေ စိတ်အေးအေးထားပါ”
“လောလောဆယ် သားရင်ထဲ ဘာမှ ရှိမနေတော့ သားက ကတိတွေ ပေးထားနိုင်တာပေါ့။ အဲဒါမျိုးက ရှိလာပြီဆို ဘာမှ ခေါင်းထဲ မရောက်နိုင်တော့ သားရဲ့ ။ မေမေက အမြဲပူနေရတယ်”
“သား မမိုက်ပါဘူးဗျာ”
“မမိုက်ရုံနဲ့ မပြီးသေးဘူး။ လိမ္မာမှ ဖြစ်မှာ ”
“အင်းပါဗျာ”
“မေမေ့ စကားတွေ ကြောင့် သားထမင်း စားမဝင် ဖြစ်နေပြီလား”
“မဆိုင်တာဗျာ။ သားမှမဟုတ်တာ ဘာမှမလုပ်ထားပဲဗျာ”
မေမေ့ မျက်လုံးတွေ ကို ခပ်ရဲရဲကြည့်သည်။ အမှန်တရား ပဲဟာ။ သူဘာလို့ ရင်မဆိုင်ရဲ ရမလဲ။
“မေမေ . . .”
“ဟင် . . .”
“သားကို အဲဒီ လို မသင်္ကာ ဖြစ်နေရင်တော့ ရည်းစားထားမိတော့မှာ ပဲ”
“ကြည့်စမ်း . . . ဒါခြိမ်းခြောက်တာလား။ ခွေးလေး . . .ထားရဲထားကြည့်။ မေမေနဲ့ တွေ့ သွားမယ်။ ဘာမှတ်လဲ”
မေမေကလည်း ကြိမ်းထားသည်။
သူ ကတော့ သည်ကိစ္စကို ရယ်ချင်နေတာပါပဲ။
“ကြီးမြ”
“ဟင် . . .”
ဟင်းအိုးမွှေနေသော ကြီးမြဘေးကို ရောက်သွားမိရင်း ဟင်းအိုးထဲကို ငုံ့ကြည့်မိတော့ ဆိတ်ထားလား၊ ကြက်သားလား သိပ်မကွဲပြားချေ။
ကြီးမြက ဆိတ်သားပဲ ချက်ချက်။ ကြက်သားပဲ ချက်ချက် အသားချည်း သက်သက် အတုံးသေးသေးလေးတွေ တုံးကာ ချက်တတ်တာမို့ ရုတ်တရက် ဘာအသားမှန်း မသိနိုင်ချေ။
“ကြီးမြ ဘာချက်နေတာလဲ”
“ဆိတ်သားလေ သမီးရဲ”
“မွှေးနေတာပဲ”
“သမီး ဆာပြီလား”
“အင်း . . .ဆာသလိုလိုပဲ”
“ထိုင်လေ . . .ကြီးမြ ခူးလိုက်မယ်”
ကြီးမြက လှီးထားသော ခရမ်းချဉ်းသီး အမှည့်လေးတွေ ကို ဟင်းအိုးထဲ ထည့်ကာ မွှေနေသည်။
“ကြီးမြဟင်းက ပြီးသေးရဲလား”
“ပြီးပါပြီ။ ခရမ်းချဉ်းသီးက အပူရှိန်နဲ့ ကျက်သွားမှာ ”
ဣနြေ္ဒက ထမင်းစားပွမှာ သွားထိုင်သည်။
“ကြီးမြရေ . . .”
“ဘာလဲ သမီးလေး”
“ခဏနေရင် ဝင့်ရောက်လာမှာ ”
“အင်း . . .”
“မနက်ဖြန် သူ့မွေးနေ့လေ။ မနက်ဖြန်လည်း မနက်အစောကြီး ကတည်းက လာခေါ်မှာ ။ ဒီနေ့လည်း အင်္ကျီသွားရွေးဖို့ လာခေါ်မှာ တဲ့”
“သြော် . . .ဟုတ်လား။ မွေးနေ့ပွဲက ဘယ်မှာ လုပ်မလဲ”
“သူ့အိမ်မှာ ပဲပေါ့။ ညနေမှပါ။ ဒါပေမယ့် မနက်ကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေ စုပြီး ပျော်ကြမှာ လေ”
“သမီး အစောကြီး သွားရမှာ ပေါ့”
“ဝင့်က လာခေါ်မယ်ပြောတာပဲ”
ဣနြေ္ဒက ဆံပင်တွေ ရှေ့သိမ်းယူက ခေါင်းလေးငဲ့စောင်းရင်း စဉ်းစားပြီးမှ ပြုံးလိုက်သည်။
“ကြီးမြရေ . . .”
“ပြော”
“အခု ဝင့်လာရင်လေ မရှိဘူးလို့ ပြောပေးနော်”
“ဘာလို့လဲ သမီး၊ မလိုက်ချင်လို့လား”
ကြီးမြက တအံ့တသြ မေးသည်။
“မဟုတ်ပါဘူးကြီး မြရယ်။ ဝင့်ပဲဟာ တခြားလူမှ မဟုတ်တာ။ မလိုက်ပေးနိုင်ရင် ဘွင်းဘွင်း ငြင်းပစ်ရသားပဲ။ စမလို့ပါကြီးမြရဲ့ ”
“ကြီးမြက ဝိုင်းညာပေးလို့ ကောင်မလား”
“ကောင်းပါတယ်။ ဝင့်ဘယ်လိုလေး ဖြစ်သွားမလဲလို့ ကြည့်ချင် လို့ပါ။ သူသေချာမှာ ထားလျက်နဲ့ ရှိမနေရင် ဒေါပွသွားမှာ ”
ဣနြေ္ဒက ပျော်ချင်စိတ်လေးနှင့် ပြောနေသည်။
“သမီးရယ် . . .နောက်ဆို တကယ်ပြောလည်း စတယ်ထင်ချင် ထင်နေမှာ ။ ပြီးတော့ အဲဒီ လို မကျီစားကောင်းပါဘူး။ သူတကယ် ထင်ပြီး စိတ်မကောင်း ဖြစ်သွားမှာ ”
ကြီးမြ စကားတွေ က ဣနြေ္ဒကို တွေ ဝေသွားစေသည်။
ဘာရယ်မဟုတ်၊ အပျော်သဘော ရည်ရွယ်မိတာပါပဲ။ သည်ကိစ္စကို သိပ်လည်း အရှည်ကြီး မတွေးမိ။
“ကြီးမြရယ် . . .စတာပဲဟာ”
“လွယ်လွယ်တွက်ရင် လွယ်လွယ်ပေါ့”
ကြီးမြက ဣနြေ္ဒ့ကို ဝိုင်းမညာချင်သလို ရှောင်ထွက်သည်။
“ကိုယ်က နောက်တာကို တစ်ဖက်လူက ခွင့်လွှတ်တက်ရင် ကောင်းပါရဲ့ ။ အပြစ်ယူတတ်ရင် ခက်မှာ ”
ကြီးမြကို ဣနြေ္ဒ လှမ်းကြည့်မိသည်။
“စတယ် နောက်တယ်ဆိုတာ အတိုင်းအတာရှိရတယ် . . .ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး”
ဣနြေ္ဒသက်ပြင်း ရှိုက်သည်။ ကြီးမြစကားတွေ ကို နိုင်အောင် မချေပနိုင်။
“သမီးက ဝင့်နေရာ ကြည့်လေ။ ဝင့်မရှိဘူးဆို ရုတ်တရက် သမီး စိတ်ထိခိုက် သွားမှာ ပေါ့။ သမီးခွင့်လွှတ်နိုင်ပါ့မလား”
“တော် ပါပြီ ကြီးမြရယ် . . .မနောက်တော့ပါဘူး”
ဣနြေ ပခုံးကလေး ကျုံ့ကာ လက်လျှော့သလို ပြော ဖြစ်၏ ။
“သမီးက ကြီးမြစကားကို စိတ်လုပ်ချင်တာလား”
“ဟင့်အင်း . . မဟုတ်ပါဘူး”
သူမ ခေါင်းယမ်းမိသည်။
“ကြီးမြသိပါလျက်။ သမီးမျက်နှာကလေးက အလိုမကျပုံပါ။ ဒီအဘွားကြီး နေရာတကာ ဆရာလုပ်တယ်လို့ ထင်ချင်ထင်မှာ ”
“အဲဒီ လိုတော့ မထင်ပါဘူး။ ဒါပေမယ့် တစ်မျိုးတော့ ဖြစ်တယ်”
“အကြံအစည်ပျက်သွားတော့ ဒီလောက်တော့ ရှိမှာ ပေါ့”
“ဒါပေမယ့် မကျေမနပ် ဖြစ်မိပါဘူး”
“ကြီးမြ ယုံပါတယ်”
ကြီးမြက ဣနြေ္ဒ့ အတွက် ထမင်းခူးပေးသည်။
ဆိတ်သားဆီပြန်နှင့် ကြက်ဆံဟင်းခါးက ဣနြေ္ဒ့အကြိုက်ပါ။
ကြီးမြက ရေနွေးအိုးတည်ထားပြီးမှ ဘေးမှ လာထိုင်သည်။
“သမီး . . .”
“ရှင် . . .”
“အဲဒီ လို စတာနောက်တာနဲ့ ပတ်သက်ပြီး ကြီးမြနှစ် ခုသုံးခု လောက်ပြောပြမယ်”
“ဟုတ်ကဲ့”
“ဣနြေ္ဒလေးက မိခင်ရင်းမရှိတော့ ကြီးမြကပဲ နေရာတကာ မသင့်တော် တာတွေ့ ရင် ပြောမိရော”
“နားလည်ပါတယ် ကြီးမြရယ်။ စိတ်ကွက်မိရင်တောင် ခဏပါ ကြီးမြရယ်။ ကြီးမြ အပေါ် စိတ်မှတ်မထား ခဲ့ပါဘူး”
ပွင့်လင်းစွာ ဝန်ခံရင်း ဣနြေ္ဒ ခေါင်းငုံ့မိသည်။ ကြီးမြက အကင်းပါးလွနးသူမို့ မျက်နှာထားကြည့်တာနှင့် သိနေတော့ ခက်သည်။
“ကြီးမြ ငယ်ငယ်တုန်းက တစ်ခါကြုံဖူးတယ်။ ကြီးမြ သူငယ်ချင်းပါပဲ။ သမီး ကတော့ ဘယ်သိ မယ်မထင်ဘူး”
“ဟုတ်ကဲ့”
“သူ့ချစ်သူက သူ့ကို ချစ်လို့ စလိုက်တာ။ အဲဒီ စတာကိုပဲ တစ်သက်လုံး စိတ်မပြေနိုင်အောင် အမုန်းပွားသွားတာ။ တကယ် ဖြစ်တာဆို ခွင့်လွှတ်သေး တယ်တဲ့။ စတာဆိုတော့ ပိုမုန်းတယ်တဲ့”
“ဟင် . . .ဟုတ်လား”
ဣနြေ့ ခေါင်းထဲမှာ တော့ သည်လောက်အထိ ဘယ်ရှိပါ့မလဲ။
“တကယ်ပြတ်သွားကြတာ တစ်သက်လုံးပဲ။ တစ်ယောက် နဲ့ တစ်ယောက် ချစ်လျက်သားနဲ့ ဒါပေမယ့် ပြန်မပြေ လည်ြ ကတော့”
“အင်း . . .”
သူမ ခပ်လေးလေး ခေါင်းညိတ်သည်။
“ပြီးတော့ ကြီးမြ ခပ်ငယ်ငယ်တုန်းကပဲ။ ကြီးမြတို့ အိမ်ဘေးနားမှာ ကောင်မလေး သုံးယောက် ရှိတယ်။ သိပ်ချစ်ကြတာ။ အဲဒါ ဘုရားဈေး ပွဲတော် လုပ်တော့ သွားကြရင်း နှစ် ယောက် က တစ်ယောက် ကို အိမ်သာ တံခါးပိတ်ပြီး စတာ။ အကျီစားသန်တာပေါ့ကွယ်”
“အင်း . . .”
“အဲဒီ မှာ အထဲပိတ်မိနေတဲ့ ကောင်းမလေးက နှလုံး ရောဂါ နဲ့”
“ဟင် . . .”
ဣနြေ္ဒ့ထမင်းလုတ်က လည်ချောင်းမှာ နင်သွားသည်။
“ဘာ ဖြစ်သွားလဲဟင် ကြီးမြ”
“မေ့မျောသွားတာပေါ့။ အိမ်သာက မှော င်လည်းမှော င်၊ လေလည်း လုံနေတယ်။ ကြောက်စိတ်နဲ့ ဆိုတော့ နှလုံး ရောဂါ အခံ ရှိတဲ့လူက ဘယ်လို ခံနိုင်မှာ လဲ”
“ကျွတ် . . .ကျွတ် သနားစရာပဲနော်”
“အဲဒါ အသက်မိဆိုတဲ့ ရည်ရွယ်ချက်မပါဘဲ အမှတ်တမဲ့ စလိုက်ကြတာ”
“ဣနြေ္ဒ သိပါပြီ။ နောက်တစ်ခါ မလိုအပ်ဘဲ စဖို့နောက်ဖို့ စိတ်မကူးတော့ပါဘူး”
“တချို့က စတာ နောက်တာကို ခွင့်လွှတ် နားလည်ပေးနိုင်တယ်။ တချို့က အပြစ်ယူတယ်။ လှည့်စားတယ်။ အရူးလုပ်တယ်လို့ ထင်တယ်။ ဒါကြောင့် ဆင်ခြင်သင့်တယ်လို့ ကြီးမြပြောတာပါ”
“ကျေးဇူးပါပဲ ကြီးမြရယ် . . . .ဣနြေ္ဒမစတော့ပါဘူး”
“အနောက်အပြောင် သန်ရင် အတည်ပြောလည်း မယုံကြည်ြ ကတော့ဘူး”
“ဟုတ်ပါတယ် . . .”
“တစ်ခါတလေ ကိုယ်က စလိုက်ပေမယ့် အရှက်လွန် အနာလွန်ပြီး လူသတ်တဲ့အထိ ဒေါသ ဖြစ်သွားတာတောင် ကြုံဖူးတယ်”
ဣနြေ္ဒမျက်နှာလေး သုန်မှု န်နေရာမှ ပြန်လည် ကြည်လင်လာသည်။
ကြီးမြက စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်ပြီလေ။
“ကြီးမြရေ . . .ဝင့်လာရင် ဣနြေ္ဒ အပေါ်ထပ်မှာ ရှိတယ်။ တက်ခဲ့လို့သာ ပြောလိုက်ပါတော့ နော်”
“အင်း . . .အင်း ပြောလိုက်မယ်။ သမီးဝပြီလား”
“ဟုတ်ကဲ့ . . .ပိုလာလေး မစားသေးဘူးလား”
“ခုပဲ လာတောင်းတာနဲ့ ကြီးမြကျွေးလိုက်ပြီ”
“ဟုတ်လား။ ဒီကောင် ဘယ်ရောက်နေပါလိမ့်”
ခြံထဲ ဆင်းသွားလားမှ မသိတာ”
ဣနြေ္ဒက ကြီးမြ အဆင်သင့် ချထားပေးသော ရေပုလင်းထဲမှ ရေတစ်ခွက်ထည့်သောက် သာ ခြံထဲကို ပြတင်းပေါက်မှ လှမ်းကြည့်မိသည်။
“ဒီကောင် နေကောင်းသွားပြီဆိုတော့ ဖမ်းမမိအောင် ဆိုးနေပြီ”
ဟု သူမရေရွတ်ကာ ရေခွက်ကို ချထားပြီး အပေါ်ထပ် တက်လာခဲ့သည်။
ဝင့်လာလျှင် လိုက်သွားဖို့ ပြင်ဆင်ရဦးမှာ ။
မှန်တင်ခုံမှာ ထိုင်ကာ ပေါင်ဒါရိုက်သည်။ နှုတ်ခမ်းနီဆိုးသည်။
ဝတ်ထားသော ဇာအင်္ကျီဖြူလေးပေါ်မှ ကုတ်အင်္ကျီ ခါးတိုလေးကို ထပ်ဝတ်သည်။ ဆံပင် တွေ ကိုတော့ သည်အတိုင်းပဲ ဖြန့်ချထားလိုက်၏ ။
ပိုက်ဆံအိတ်အနက် ပြားလေးကို ယူကာ အံဆွဲထဲမှ ပိုက်ဆံနည်းနည်း ထည့်ထားလိုက်ပြီး စာအုပ်ပါးပါးလေးနှင့် ဘောလ်ပင်တစ်ချောင်းပါ မမေ့အောင် ထည့်၏ ။
ပိုက်ဆံအိတ်ကို မှန်တင်ခုံပေါ်ချကာ ပိုလာလေးကို ရှာဖို့ ဆင်းအလာ လှေကားထိပ်ရောက် ရုံလေးရှိသေး ကားစက်သံကြားလိုက်ရတာ နှင့် မရှောင်မနှောင်းမှာ ပင် . . .
“သမီး ရောက်လာပြီလား၊ ခုပဲ ဣနြေ္ဒက ပြောနေသေးတာ။ သမီးရောက်လာရင် အပေါ်ထပ်လွှတ်လိုက်တဲ့ ” ဟူသော ကြီးမြအသံကို ကြားရသည်။
“ဟိတ်” ဣနြေ္ဒ လှေကားကို ပြေးဆင်းလာပြီး အော်လိုက်တော့ ဝင့်က တုန့်ခနဲ ဖြစ်သွားကာ “အမယ်လေး” ဟု ယောင်အော်သည်။
ကြီးမြ မျက်နှာ ချက်ချင်း ပဲ ပျက်သွားသည်။
ဣနြေ္ဒ လည်း အပြစ်တစ်ခု လုပ်မိသလို ငြိမ်းသွားရသည်။
ကြီးမြ မျက်လုံးတွေ က စောစော ကလိုပဲ အေးစက်သွားသည်လေ။
နောက်တာ စတာကိုပဲ သည်လိုလူများ လန့်သွားအောင်“လှန့်” လိုက်တာလည်း ကြီးမြ ကြိုက်ဟန်မဟူပါ။
လက်ကလေး နှစ် ဖက်ပိုက်ကာ . . .
“ဆေားရီးနော် . . .ဝင့်လန့်သွားလား”ဟု မေး ဖြစ်တော့ . . .
ဝင့်က “ရပါတယ်” ဟု ရယ်ရယ် မောမောဖြေသည်။
အချိန်ခဏလေး အတွင်းမှာ ပဲ အပြစ်နှစ် ခုကို ဆက်တိုက် လုပ်မိသည်။
ဝင့်နှင့် နှစ် ယောက် သား အပေါ်ထပ် တက်ခဲ့၏ ။
“အဆင်သင့် ဖြစ်နေပြီလား”
“အင်းလေ . . .”
“အဲဒါဆို သွားမယ်လေ”
“ပိုလာလေးကို ရှာမလို့”
ဝရန်တာဘက် ထွက်ကာ ခြံဝင်းထဲ လျှောက်ကြည့်တုန်း . . .
“ဟိုမှာ မတွေ့ ဘူးလား”
ဟု ဝင့်က ဣနြေ္ဒကို ဆွဲခေါ်ကာ ပြသည်။ ဟုတ်သား ခြံထဲမှာ ဆော့နေလိုက်တာ။ သူ့အနား ပြေးသွားကာ ကစားချင် စိတပေါက်သည် အထိပါပဲ။
“ဒီကောင် လိုက်ချင်မှာ ပဲ။ အတင်း ကားထဲတက်မှာ ပဲ”
“ခေါ်သွားလိုက်လေ”
“ဟာ . . .ဒီကောင် ဟိုရောက်ရင် ရှုပ်မှာ ”
“လိမ္မာပါတယ်။ ခေါ်သွားလိုက်ပါ ဣနြေ္ဒ ”
“ယူ့ဒါလင် ယူနိုင်ရင် ခေါ်လေ”
ဝင့်က ဖွဖွကလေး ဆွဲဆိတ်သည်။
“ဘာ ဒါလင်လဲ”
ဝင့်ကို ကြည့်ရင်း ဣနြေ္ဒ ရယ်နေ၏ ။
“အင်္ကျီဘောက်ချာက ဘယ်ထားမိမှန်း မသိဘူး”
“ဟင် . . .အဲဒါ ရပါ့မလား”
“ပြောကြည့်ရမှာ ပေါ့”
“ပြဿနာပဲ”
“ပျောက်နေတာ ဘယ်တတ်နိုင်မလဲ”
“မွေးနေ့ပွဲမှာ ဝတ်ဖို့လား”
“မဟုတ်ပါဘူး။ ဧည့်ခံပွဲမှာ ဝတ်ဖို့က ရယ်ဒီမိတ် ဂါဝန်အန်ီလေး ဝယ်ထား တယ်လေ။ အရမ်းလှတာပဲ၊ ဣနြေ္ဒရော ဝယ်ပါလား”
“ဘာအရောင် တွေ ရှိလို့လဲ”
“ခရမ်းတို့ အစိမ်းတို့ လှတာပါပဲ”
“အင်း . . .ဒါဆို ခရမ်းလေး ဝယ်ရမယ်။ ဝင့်မွေးနေမှာ တော့ မဝတ်ပါဘူး”
“အင်း . . .ဒါဆို ခရမ်းလေး ဝယ်ရမယ်။ ဝင့်မွေးနေ့မှာ တော့ မဝတ်ပါဘူး။ ဝင့်က ပိုထင်းလင်း လှပဖို့ လိုတာ။ နောက်မှ ဝတ်မယ်”
“မဆိုင်ပါဘူးနော်။ ဘယ်သူဝတ်ဝတ် ရနေတာပဲဟာ . . .”
“ဒါတော့ ဒါပေါ့။ ဣနြေ္ဒ ကတော့ မွေးနေ့ရှင်နဲ့ အဝတ်အစား တူနေမှာ မကြိုက်ပါဘူး”
“ဒါ ကတော့ မင်းစိတ်ပါပဲကွယ်”
ဝင့်က ပြိုင်မပြောချင်တော့သလို ပြော၏ ။
“ဝင့် ထမင်းစားခဲ့ပြီလား”
“နိုး . . .ယူရော”
“အခုပဲ စားပြီးတာ။ ဝင့်မစားရသေးရင် စားလိုက်လေ”
“ဘာချက်လဲ”
“ဆိတ်သားဆီပြန်၊ ကြားဆံဟင်းခါး”
“အိုကေ . . .စားမယ်”
ဝင့်နှင့် ဣနြေထမင်းစားခန်းကို ပြန်ဆင်းလာခဲ့သည်။
“အိမ်မှာ ဟင်းမကောင်းတာနဲ့ မစားခဲ့တာ ”
“ဘာဟင်းမို့လဲ”
“ဟိုကွာ . . .ကတတစ်ရယ် လေဒီဖင်းဂါးရယ် ရောချက်တယ်”
ဣနြေ္ဒ တစ်ချက်ပြုံးကာ မျက်စိလေးမှိတ်သွားရင်း . . .
“ကောင်းသားပဲ။ ကကတစ်နဲ့ ရုံးပတီသီးဆိုတာ တကယ် တွဲ ချက်လို့ စားကောင်းတဲ့ဟာ။ ဝင့်က ဘာလို့ မကြိုက်ရတာ လဲ . . .”
“ရုံးပတီသီးဆို မီးဖုတ်စားတာပဲ ကြိုက်တယ်။ မီးဖုတ်ပြီး ငါးပိရည်နဲ့ တို့စားမှ ကောင်းတာ။ ငါးဆို ဘာငါးမှ မကြိုက်ဘူး”
ဝင့်က နှာခေါင်းလေး ရှုံ့ရင်းပြောသည်။
“ ဖြစ်ရမယ်”
“ဟုတ်တယ်။ ငါးစားမိတဲ့နေ့ဆို ကံမကောင်းဘူး ။ အဲဒါကြောင့် မို့ မစားချင်တော့တာ။ ငါးဟင်းချက်ပြီဆို အန်လပ်ကီးပဲ”
“ဝင့်ရာ ဥပါဒါန်ကြောင့် ဥပဒ် ဖြစ်တတ်တယ်တဲ့”
“အဟင်း . . .ဝင့်က အင်္ဂလိပ်လိုချည်း ညှပ်ညှပ်ပြောတော့ ဣနြေ္ဒ ကလည်း ပါဠိတွေ ဘာတွေ ဆွဲထုတ်လာတာပေါ့။ ဟုတ်လား”
“ဒါပေါ့။ အစွဲအလမ်း ကြောင့် ဒုက္ခရောက်တတ်တယ်တဲ့ . . .”
သိပေါ့။ ဒါပေမယ့် အစွဲအလမ်းဆိုတာ နဂိုကမှ မရှိတာ။ တိုက်ဆိုင်ဖန် များ လွန်းလို့ ဖြစ်လာတာ”
“တိုက်ဆိုင်တာဟာ တိုက်ဆိုင်မှု ပဲပေါ့”
“ခဏခဏ တိုက်ဆိုင်လာတာ ထူးဆန်းတာပေါ့”
“ထားပါတော့”
“သြော် . . .မေ့နေလိုက်တာ”
“ဝင့်က တစ်ခုခုကို သတိရသွားသလို ထအော်သည်။
“ဘာလဲဟ”
“တိုက်ဆိုင်တာဆိုမှ သတိရတယ်။ ဟိုလူလေ ဟိုလူ”
“ဘယ်သူလဲ”
“ဟိုးတစ်နေ့က ကျူတိုရီရယ် လာဖြေတဲ့လူ”
ဣနြေ့ရင်ထဲ ထင့်ခနဲ ဖြစ်သည်။ တစ်ခုခုကို ကြိုသိနေသလိုလို။
“မြနှောင်း နေမကောင်းလို့ တီချယ့်ကို မျက်နှာင်ငယ်နဲ့ တောင်းပန်ပြီး လာလုပ်ပေးတာလေ၊ မမှတ်မိဘူးလား”
“မှတ်မိသားပဲ”
“အဲဒီ လူနဲ့ တွေ့တယ်”
“ဟင် . . .ဘယ်မှာ တွေ့ တာလဲ”
“လမ်းထိပ်မှာ သူကလည်း ကားနဲ့ ထွက်လာတာ၊ ဝင့်တို့ ဟိုဘက်လမ်းမှာ နေတာတဲ့”
“ဝင့်ကို ခေါ်လို့လား“
“အင်း . . .ရယ်ပြတယ်။ ကားရပ်ပြီး စကားပြောတာ”
“သြော် . . .”
ဘာကြောင့် ရယ်မသိ။ ရင်ထဲ တုန်သွားရသည်။
“အဲဒါနဲ့ဝင့်လည်း မွေးနေ့လာဖို့ ဖိတ်လိုက်တယ်”
“ဘာတဲ့လဲ”
“ဒါ . . .ချီးမြှင့်ရမယ့်ပွဲပဲတဲ့။ လာခဲ့မယ်တဲ့”
ဝင့်က အားတက်သရောလေး ပြောနေသလောက် သူမ တိတ်နေမိတော့သည်။
ရရှိလိုက်သော ရင်းနှီးမှု အနေအထား တစ်ရပ်ကို ဝင့်ကျေနပ်သလိုလို။ ဣနြေ္ဒကရော ဘာကို စိတ်မကောင်း ဖြစ်ရတာ ပါလိမ့်။
“ရှိုးစမိုးနဲ့ဟာ။ တော် တော် ချောတဲ့လူ”
ချီးကျူးစကားတွေ ချည်း ဆက်တိုက်ပြောနေတာ နှစ်သက် သဘောကျမှု တစ်ခုခုကြောင့် ပဲ ဟု မိန်းမချင်း နားလည်သည်။
အဲဒီ လို နားလည်တာကြောင့် လည်း တစ်မျိုးကြီး ဖြစ်သည်။ ဘာကြောင့် တစ်မျိုးကြီး ဖြစ်ရတာ လဲ ဆိုတာတော့ သူမ အဖြေရှာမရသေး။
သည်အချိန်မှာ အဖြေရှာဖို့ သိပ်စောနေသေးသည်။
“သူ့ကြည့်ရတာ မာနကြီးပုံပဲနော်။ ဣနြေ္ဒဘယ်လိုလဲ”
“မလျှောက်တတ်ပါ”
ဝင့်က တခစ်ခစ်ရယ်သည်။ အလိုလို ဝင့်နှလုံးအိမ်ကို ကြည်မွေ့စေသော အရာသည် ဘာပါလိမ့်။
သူ အရေး တယူ ခေါ်ပြောနှုတ်ဆက်တာကိုလား။
သူ့အကြောင်းတွေ အားပါးတရ ပြောပြနေခွင့် ရတာ ကိုလား။
စသိကြတာ ကတော့ အချိန်အတူတူပါပဲ။ သို့ ပေမယ့် ဝင့်က ထပ်တစ်ကြိမ် ဆုံခွင့်ရခဲ့သည်။
ဣနြေ္ဒရော . . .ထပ်တစ်ကြိမ် ဆုံခဲ့လျှင် . . .အဟင်း သူမှတ်မိမှာ တောင် မဟုတ်ပါ။ ဣနြေ္ဒက ဘာသိဘာသာ နေတတ်ခဲ့တာ။ သူဘယ်လို သိနိုင်မှာ လဲ။
ဝင့်မျက်နှာလေးက ချိုရွှင်စွာ ပြုံးနေသည်။
ဣနြေ္ဒ ကတော့ ခပ်ငေးငေးလေး ကြည့်နေမိသည်။
“ဣနြေ္ဒ”
“ဟင်”
“သူက အရမ်းတော့ တည်တယ်”
“ဟုတ်လား”
“သဘောကောင်းမယ့် ပုံလည်း ရပါတယ်”
“ဝင့်က မှတ်ချက်တွေ များ လှချည်လား”
“ဝင့်က မှတ်ချက်တွေ များ လှချည်လား”
ဝင့်က ခေါင်းငုံ့ရယ်သည်။ ရှက်ရယ်လား၊ ကြည်နူးရယ်လား။
“ဣနြေ္ဒနဲ့လည်း မနက်ဖြန်တွေ့ မှာ ပါပဲ”
“အင်း . . .”
“မမှတ်မိရင်ရော မိတ်ဆက်ပေးရမလား”
ဝင့်မမေးက အောင့်သက်သက် ဖြစ်စေသည်။
“ဝင့်သဘောပဲလေ”
မတင်မကျနှင့် ခပ်လေးလေး ဖြေမိ၏ ။
“မမှတ်မိရင်လည်း ပြန်ပြော၊ မိတ်ဆက်ရမှာ ပေါ့”
ဣနြေ္ဒ ရယ်နေသည်။
“အလကား ဒီလူက မေ့ချင်ယောင်လည်း ဆောင်ချင်ဆောင် တတ်မှာ ။ လူလည်ကြီးဟ”
ဝင့်က နှုတ်ခမ်လေးကိုက်ရင်း ရေရွတ်နေပြန်သည်။
ထမင်းစားပြီး အင်္ကျီဆိုင်မှာ အင်္ကျီသွားရွေးတော့လည်း ဘောက်ချာမပါ လာတာကို တော် တော် ပြောယူရသည်။
ရပြန်တော့လည်း ပုံမကျ၊ အချိုးမပြေ၊ ပိတ်စလေးတောင် နှမြောစရာ။ ချုပ်ထားတာလည်း ကလေးဝတ်သာသာ။
သည်လို ပြီးစလွယ် လုပ်တာတွေ ကြောင့် ရယ်ဒီမိတ်ပဲ အလွယ်တကူ ဝယ်ဝတ်လိုက်၏ ။
သွားအပ်ရတာ ၊ အတိုင်းပေးရတာ ။ ရက်စောင့်ရတာ ၊ ပြီးတော့ ရက်ချိန်းမတိကျတာ။ ပုံမကောင်းတာ၊ ပိတ်စခိုးတာ။
ဣနြေ္ဒကတော အဲဒါတွေ စိတ်ကုန်သည်။
အသင်တွေ နှင့် လွှဲထားပြီး ဖြစ်သလို လုပ်တာက ဆိုင်တိုင်းမဟုတ် ပေမယ့် တော် တော် များများ ပါပဲ။
ပုံကောင်းပြီး အချိုးကျသော ဆိုင်ဆို ရက်ချိန်းက တစ်လ၊ အင်္ကျီ တစ်ထည်ကောင်းဖို့ တစ်လလောက် စောင့်ရမည် ။
တစ်ခါတလေကျတော့ ချုပ်ခက ပိတ်စဖိုးထက် များ နေတတ်သည်။ သည်ကြားထဲ ဇာဖိုးတို့၊ ကြယ်သီဖိုးတို့ ပါဆို ပြီးပါလေရော။
အကောင်းဆုံးက ချုပ်ပြီးသား ဝယ်ဝတ်လိုက်တာ အေးရော။
ခုလည်း ဆိုင်ရှင်အမျိုးသမီးနှင့် ဝင့် တစ်ယောက် တစ်ခွန်း ဖြစ်နေတာ စိတ်ပျက်ပျက်နှင့် ကြည့်နေရသည်။
“ဒီမှာ ကြည့်ပါဦး။ လက်တောင် မြှောက်မရအောင် ကျပ်နေတာ။ ဒီကြယ်သီး တစ်လုံးကလည်း ပြုတ်တော့မယ်။ လည်ပင်းကလည်း ငုံ့လိုက်တာနဲ့ ကွာကျရော၊ လက်ချုပ်လိုက်ထားတာ ကလည်း လိမ်တွန့်ပြီး အပ်ချည်တွေ ပေါ်နေတာ သွားပါပြီ အစ်မရာ။ ပစ်စလက်ခတ် ဖြစ်ပါပြီ”
ဝင့်မို့ အဲဒီ လောက် ပြန်ပြောရဲတာ။ ဣနြေ္ဒသာဆို ခေါင်းငုံ့ပြီး ယူလာမိမှာ ။ အိမ်ရောက်မှာ မကြိုက်ရင် ချောင်ထိုးထားမိမှာ ။
“ဒါ ကတော့ ညီမရယ်။ အစ်မတို့က တစ်ယောက် နဲ့ လုပ်ရတာ မဟုတ်ဘူးလေ။ မီးကလည်း ခဏခဏပျက်သေးတာ။ ရက်ချိန်းကလည်း အတိအကျ လိုချင်သေးတယ်။ ဒီကြားထဲ ဘောက်ချာ မပါလာလို့ ရှာရတာ က တစ်လုပ်”
ဝင့်အားနည်းချက်ကို ဟိုက ဖိပြောလာသည်။
“တော် ပါ ဝင့်ရာ။ လာ . . .ပြန်ြ ကတော့မယ်”
ဣနြေ္ဒက ကျသော ချုပ်ခဖိုးကို အမြန်ထုတ်ပေးကာ ဆွဲခေါ်ခဲ့ရသည်။
“ရန် ဖြစ်တာ ရှက်စရာဟ”
“ဘယ်လိုဟာတွေ မှန်း မသိဘူး”
“သူတို့လည်း အပ်ထည်တွေ သိပ်များ တယ် မဟုတ်လား။ ပြီးတော့ တစ်ယောက် တစ်မျိုး ဦးနှောက်စားတော့ ဘယ်စိတ်ရှည်တော့မလဲ”
“အဓိပ္ပာယ်မရှိတာဟာ တစ်ထည်လုံး ပျက်စီးသွားပြီ”
“ထားလိုက်ပါတော့။ ဝင့်မကြိုက်ရင် ဝင့်နောက်တစ်ခါ မအပ်ရုံပဲ ရှိတယ်။ ခုမှ ဘာတတ်နိုင် မှာ လဲ”
“ပြန်လျော်ခိုင်းမယ်”
“ဘယ်လျော်ပေးပါ့မလဲ။ စကားများ မှာ ”
“များ . . .များ ဟာ”
“ကဲပါ . . .ဒီအစဖိုးကို ဣနြေ္ဒပေးပါ့မယ်။ ကျေနပ်တော့ဟာ။ ရှက်စရာ ကောင်းပါတယ်”
ဣနြေ္ဒ က ပြီးစလွယ် ဝင်ပြောမိသည်။
“ကြားထဲက ဣနြေ္ဒက ဘာလို့ ပေးချင်ရတာ လဲ”
“ဆိုင်က ပြန်ပေးတယ်လို့ သဘောထား”
“အဓိပ္ပါယ် မရှိတာ”
ဝင့်က အအေးဆိုင် ရောက်သည်အထိ ပွပွစိစိ၊ မကျေမနပ် ဖြစ်နေတုန်း။
“တော် ပါ ဝင့်ရယ်။ မေ့လိုက်ပါတော့”
“အဲဒီ အင်္ကျီ အိမ်ရောက်တာနဲ့ မီးရှို့ပစ်မယ်”
“ကောင်းတယ်”
“ဟင် . . .”
ဣနြေ္ဒစတော့မှ ဝင့်ပြုံးလာ၏ ။
သည်နေရာမှာ တော့ တကယ်ပဲ စဖို့နောက်ဖို့ လိုလာပြီး ထင်သည်။
“ဣနြေ္ဒပါ ဝိုင်းရှို့ပေးမယ်”
“တကယ်ရှို့မှာ ”
“ဣနြေ္ဒကလည်း တကယ်ပြောတာ”
ဝင့်က တဟင်းဟင်း ရယ်၏ ။
“အဲဒီ ဆိုင်ရှေ့မှာ တင် ဆွဲဖြဲပြီး မီးရှို့ပစ်ချင်တာ”
“အမယ်လေး . . .အဲဒါတော့ မလုပ်နဲ့။ သြော် . . ရတယ် . . ရတယ်။ အဲဒါလည်း ဝင့်သဘောပါ။ လာလေ . . .သွားမယ်”
တားရင် ပိုဆိုးမှာ ကြောင့် ထောက်ခံအားပေးလိုက် မှ ဝင့်က တိတ်သွား၏ ။
“ဝင့်ရယ် . . .တော် တော် ခေါင်းမာ”
“မကြေကို မကြေဘူး”
ဝင့်က နှုတ်ခမ်းကိုက်သည်။ အိမ်ပြန်ရောက်ချိန်အထိ ဝင့်ဒေါသ အရှိန်မသေသေး။
ဝင့်ကို ကြည့်ပြီး ဣနြေ္ဒ ဘာလုပ်ရမှန်းမသိ။
“ဣနြေ္ဒ အအေးသောက်မလား”
“ဝင့်ရော”
“သောက်မှာ ပေါ့”
“အင်းလေ . . .ကောင်းသားပဲ”
ဝင့်က ထမင်းစားခန်းဘက် လှည့်ဝင်ဖို့ပြင်တော့ . . .
“နေနေ . . .ဣနြေ္ဒက တို့အိမ်မှ ကောင်မလေးကို သွားပြောလိုက်သည်။
“ညီမ အအေးနှစ် ခွက်လောက် လုပ်ပေး”
“ဘာအအေးလဲမမ”
“ဝင့်က ဘာသောက်တတ်လဲ”
“တစ်ခါနဲ့တစ်ခါ မတူဘူး”
“ဒါဆို ဘာတွေ ရှိလဲ”
“လိမ္မော်တို့၊ စတော် ဘယ်ရီတို့က ပုလင်းရှိတယ်။ Queen ပုလင်းလေ၊ ပြီးတော့ ထောပတ်သီးလည်း ရှိတယ်။ တောင်ငူငှက်ပျော်သီးလည်း ရှိတယ်”
“အင်း . . .”
“သံပုရာလည်း ရှိတယ်”
“မမအတွက်တော့ ကမ္ဗလာတစ်ခွက်ပဲလုပ်၊ ဝင့်ကိုတော့ မေးကြည့်လိုက်မယ်”
“ဟုတ်ကဲ့၊ ရှောက်ချိုက အချိုပေါ့လား”
“ပုံမှန်ပဲ လုပ်ပါ”
“ဟုတ်ကဲ့”
ဝင့်က ဧည့်ခန်းမှာ စိတ်ပျက်သလို ထိုင်နေတုန်း။
“ဝင့်ရေ . . . ဘာသောက်မလဲဟင်”
“စထရော်ဘယ်ရီပဲ လုပ်လို့”
“အင်း . . .အင်း . . .”
ဣနြေ္ဒက ကောင်းမလေးကို သွားပြောပြီးမှ ဝင့်ဘေး ဝင်ထိုင်ကာ . . .
“ဝယ်ထားတဲ့ ဂါဝန်လေး ပြမယ်ဆို”
“အင်း . . .တကယ်ပါပဲဟာ၊ စိတ်တောင် မပါချင်တော့ဘူး”
“ထားလိုပါတော့ ဝင့်ရာ”
ဝင့်က ဣနြေ္ဒ့ပခုံးကို ဖက်ပြီး အခန်းထဲ ခေါ်လာသည်။ ဝင့်အခန်းက အောက်ထပ်မှာ မို့ လှေကားတက် စရာမလို။
“ဝင့်ရေ”
“ဟင်”
“ဣနြေ္ဒလည်း အောက်ထပ်ပြောင်းနေရင် ကောင်းမလားလို့”
“ဘာလို့”
“လှေကား ဆင်းရတက်ရလို့”
“အဆင်ပြေအောင် လုပ်ထားပေါ့”
“လုပ်ထားပါတယ်။ ရေချိုးခန်း အိမ်သာလည်း ရှိတယ်။ ဖုန်းလည်း အခန်းထဲမှာ တင်ရှိတယ်။ ဒါပေမယ့် လည်းဆင်းလိုက် တက်လိုက် လုပ်နေရတာ ပဲ။ တစ်ခုခု ယူချင်ပြီဆို အာပေါ်ကူးနေရတာ ”
“အင်းနော် . . .ဟုတ်လည်း ဟုတ်တယ်”
“တစ်ခါတစ်လေဆို စိတ်ကို မရှည်ချင်တော့ဘူး”
“ဣနြေ္ဒ့ သဘောပဲလေ။ ဣနြေ္ဒပဲ အောက်ထပ်ဆို မကြိုက်ဘူး ပြောပြီး ”
“ဟုတ်တယ်။ အပေါ်ဆုံး ထပ်မှ ကြိုက်တာ”
“အဲဒီ တော့လည်း ဆင်းလိုကတက်လိုက်လုပ်ပေါ့”
ဝင့်က ဝယ်ထားသော ဂါဝန်ကလေးကို ထုတ်ပြသည်။
“ဝတ်ပြဟာ”
“ဣနြေ္ဒ ဝတ်ကြည့်”
“လိုက်ပါ့မလား”
“အဲဒါကြောင့် သိရအောင် ဝတ်ကြည့်လို့ ပြောတာ”
“အင်း . . .အင်း”
ဣနြေ္ဒက ဂါဝန်ကလေးကို ပိုက်ထားကာ မှန်ရှေ့ရပ်လိုက်သည်။
“မမဝင့်”
ကောင်မလေးက အခန်းအပြင်မှ ခေါ်တာကြောင့် ဝင့်ရော ဣနြေ္ဒပါ လှည့်ကြည့်မိသည်။
“အအေးရပြီလား။ ဧည့်ခန်းမှာ ပဲ ထားလိုက်လေ”
“ဘယ်သူလဲ”
“မမဣနြေ္ဒနဲ့ ပြောချင်တာတဲ့။ အဲဒီ မမ ဖေဖေ ထင်တယ်”
“ဟင် . . .ဖေဖေ့ဆီက ဟုတ်လား”
ဣနြေ္ဒက မျက်လုံးကလေး ထောင့်ကပ်ရင်း စဉ်းစားမရသလို ပြောသည်။
“ဣနြေ္ဒအရင် သွားပြောလိုက်ဦးလေ” ဟု ဝင့်က သတိပေးသည်။
“အင်းပါ”
ဧည့်ခန်းကို ကပျာကရာ ထွက်ခဲ့ကာ ချထားသော ဖုန်းခွက်ကို ကောက်ယူလိုက်သည်။
“ဖေဖေလား . . .ဣနြေ္ဒပါ ဖေဖေ”
“အေး . . .သမီး”
“ဝင့်နဲ့ အပြင်သွားနေတာ . . .အခုမှ ပြန်ရောက်လာတာဖေဖေ”
“ဟုတ်လား . . .။ ဖေဖေအိမ်ကို ခေါ်ကြည့်သေးတယ်။ ကြီးမြက ဝင်လာခေါ်သွား တယ်ပြောတာနဲ့ ဖေဖေဆက်လိုက်တာ
“ဟုတ်ကဲ့ . . . ပြောပါဖေဖေ”
“ညနေကျရင် ဖေဖေ့ဆီ သမီးလာခဲ့လိုက်”
“ကိစ္စရှိလို့လား ဖေဖေ”
“အင်း . . .မောင်ခန့်ထယ် အဖျားသွေး ဝင်နေလို့တဲ့။ နေမကောင်းဘူး ပြောတယ်။ အဲဒါ သွားကြည့်ရအောင်”
“ဟုတ်ကဲ့”
“ဖေဖေ ဒီကပဲ စောင့်နေမယ် သမီးလာမှ သွားကြတာပေါ့”
“ကောင်းပါပြီ ဖေဖေ။ သမီးလာခဲ့ပါ့မယ်”
“သြော် . . .သမီးလာရင် တစ်ခုခု ဝင်ဝယ်ခဲ့ဦးကွာ။ ဖေဖေက ဒီမှာ အလုပ်များ တယ်။ သမီးလာမှ လုပ်လက်စတွေ ခဏထားပြီး သွားရမှာ ။ နေမကောင်းဘူးဆို လို့သာ သွားရမှာ ။ သူ့အိမ်တော့ တစ်ခါမှ မရောက်ဖူးဘူး”
“သမီး လာခဲ့မယ် ဖေဖေ”
“အေးကွာ . . .ဒါပဲ။ ဖေဖေနဲ့မှ အတူပြန်လာမယ်လို့ ကြီးမြကို ပြောထားပြီးပြီ။ သမီးကိုပါ ဖေဖေလိုက် ခဲ့စေချင်တယ်လေ . . .”
ဖေဖေက ခုမှ ဆန္ဒယူဖို့ သတိရဟန် တူပါသည်။ သူမ ဖျော့တော့စွာ ပြုံးလိုက်၏ ။ ဦးခန့် ထယ်ကို ဖေဖေက သံယောဇဉ်ကြီးတာ ပဲဟုနားလည်ကာ ပစ်ပစ်ခါခါ ပြုရမှာ လည်း ဝန်လေး သွားရသည်။
“အဲဒါဆို ဒါပဲနော်သမီး”
“သမီးက ဘာဝယ်လာရမှာ လဲဖေဖေ။ သူနဲ့ ဘယ်လို အစားအစာ ကတည့်မှာ လဲ ဆိုတာ သမီးမသိဘူးဖေဖေ”
“ကိတ်မုန့်တို့ မုန့်ပုံးတို့ပဲ ဝယ်ခဲ့ပေါ့ သမီးရယ်။ လူမမာ စားပေါ့။ ဟောလစ်ပုလင်းတို့ ဘာတို့လည်း ရတာ ပဲ”
“အင်း . . .”
“မေးသာ မေးရမှာ ပါ။ လူမမာသွားကြည့် တယ်ဆို လက်ချည်းသက်သက် မကောင်းဘူး မဟုတ်လား”
“ဟုတ်ကဲ့”
သူမ နားလည်ပါသည်။ ဖေဖေ တရှည်တလျား ရှင်းပြစရာပင်မလိုပါ။
ဖေဖေတို့ စီးပွားရေး သမားတွေ က သူများ ထောက်ပံ့ စရာမလို အောင် ပြည့်စုံပြီးသား၊ ဘယ်သူ့ဆီကမှ ဘာအကူအညီမလိုတာ သေချာသည်။
“သမီးလာခဲ့မယ် ဖေဖေ”
ဖေဖေက ဖုန်းချသွားသည်။
“ဝင့်ရော . . .ဖေဖေက လှမ်းခေါ်တာ၊ လာခဲ့ပါတဲ့”
ဝင့်က နှုတ်ခမ်းစူသည်။ သိပ်မလိုမကျချင်ပုံ။
“ကိစ္စရှိလို့လား . . .”
“အင်း . . .ခန့်ထယ်ဆိုတာ နေမကောင်းဘူးတဲ့”
“သွားကြည့်ရမယ် ဆိုပါတော့”
“အင်း . . .”
ဣနြေ္ဒက ဝင့်ခုတင်စွန်းဘေးမှာ ဝင်ထိုင်သည်။
“ဝင့်လိုက်ခဲ့ပါလား”
“ဣနြေ္ဒ့ ဖေဖေက ကြိုက်ပါ့မလား”
“မသိဘူးလေ”
“ဖေဖေက ဒီလောက် မတင်းပါဘူး လိုက်ခဲ့ပါ”
“အဒီလူကိုတော့ မမြင်ဖူးသေးဘူး”
“အင်းလေ . . .အခွင့်အရေး ရတုန်း လိုက်ခဲ့ပါလား . . .နော်”
“အမယ် . . .သူ အဖော်မရှိတိုင်း”
ဝင့်က မျက်စောင်းရွယ်တော့ ဂါဝန်လေးကို ဝတ်ကြည့်ရင်း ဣနြေ္ဒ ပြုံးနေမိသည်။
ဖေဖေဟာလေ . . .ကိုယ့်သမီးကို သည်လူနှင့် တော် တော့ကို ကြည်ဖြူသဘောတူနေတာ။
ဟိုလူ ကတော့ ဖေဖေ့ကြောင့် ရောင့် တက်တော့မှာ သေချာသည်။ ပြီးတော့ ရှက်စရာ။
“ဣနြေ္ဒ သဘောကျလား ဟင်”
“မဆိုးပါဘူး။ ဝတ်ထားရတာ အေးနေတာပဲ။ ပုံလေးလည်း လှပါတယ်”
ဣနြေ္ဒက မှန်ရှေ့မှာ နောက်လှည့်ကြည့်ရင်း ပြောတော့ ဝင့်က “ဟာ . . .” ဟု အော်သည်မို့ လန့်သွားရသည်။
“ဂါဝန်ကို မေးတာ မဟုတ်ဘူး”
“ဟင် . . . .”
သူမက ဝင့်ဘက် မျက်လုံး ဝိုင်းလေးနှင့် လှည့်ကြည့်သည်။
“ဦးခန့်ထယ်ကို မေးတာ”
“ရှင်က ရှင်းရှင်းလင်းလင်းမှ မမေးတာ။ ကျုပ်က ဘယ်သိပါ့မလဲ”
“အင်း”
“ဆက်ဖြေတော့လေ”
“လုံးဝ သဘောမကျပေါင်”
“ဒါနဲ့များ ရောတောရှိ လုပ်နေသလားဟ။ တော် ကြာ သူ့ဆန္ဒပါတယ် မှတ်နေရင် ခက်မယ်။ ရှင်းရှင်းလုပ်”
“ဖေဖေက သိပ်လိုလားနေတယ်”
“ရှင်မကြိုက်နိုင်ရင် အဲဒါ ပြဿနာတတ်မှာ ”
“တစ်ခုတော့ ရှိတယ်ဟာ”
“ဘာလဲ“
“ငြင်းလောက်စရာ လူလည်း မဟုတ်ဘူး”
“ဒါဆို လက်ခံလိုက်မှာ လား”
“ဟင့်အင်း”
“ဟာ . . .ရှင် ရှုပ်နေပြီ”
“ဟုတ်တယ်။ တစ် - ရင်မခုန်ဘူး။ နှစ် - သူနဲ့နေရရင် ပျော်မှာ မဟုတ်ဘူး။ သုံး -ဖေဖေ စိတ်ထိခိုက်မှာ မမြင်ချင်ဘူး။ လေး - ငြင်းရခက် နေတယ်။ ငါး - ငြင်းလောက်စရာလည်း မဟုတ်ဘူး။ ခြောက် - ဖေဖေ ကိုယ်တိုင် ရွေးထားတဲ့လူ။ ခုနစ် . . . .”
“တော် ပါပြီ၊ သိပါပြီ”
ဝင့်က လက်ကာပြသည်။
“သူ့ဘက်ကရော”
မေးသင့်သော စကားကို မေးဖို့ ဝင့်မေ့လျော့ နေရင်ပြီးရော။
“လိုလိုလားလားပါပဲ”
ဣနြေ္ဒအသံလေးက တိမ်တိုးသွား၏ ။
သည်အချက်က ကိုယ့်အလွန် ဖြစ်မှာ ကို ထင်ရှားစေမှာ လေ။ ဖြစ်နိုင်လျှင် အဲဒါကို မေ့ထား ချင်သည့်ပေါ့။
“ဒါဆို ဣနြေ္ဒ ခေါင်းညိတ်ဖို့ပဲ လိုတာပေါ့”
“အင်း”
အသက်မပါသလို ခပ်လေးလေးဖြေပုံက စိတ်ပျက် ပေါ်လွင်စေ၏ ။
“ဣနြေ္ဒက နှလုံးသားကို ဦးစားပေးမှာ လား”
“ဒါပေါ့”
ဆုံးဖြတ်ထားသလို ပြတ်ပြတ်သားသား နှုတ်ခမ်းစေ့သည်။
“ဣနြေ္ဒ့ ဖေဖေတော့ စိတ်ညစ်သွားမှာ ပဲ“
“လက်ခံမယ်လို့ပဲ ဖေဖေက ယူဆထားမှာ ”
“အင်းပေါ့။ ယူက အမြဲ လိမ္မာခဲ့တာကိုး”
“အခုလည်း လိမ္မာနိုင်ရင် ကောင်းမှာ ”
“စဉ်းစားတုန်းလား”
“မစဉ်းစားပါဘူး။ ဆုံးဖြတ်ထားပြီးသား။ ဖေဖေ ကိုယ်တိုင် ဖွင့်ဟပြောလာမယ့် အချိန်မှာ ဣနြေ္ဒမှာ တခြားလူရှိ မနေဘူးဆို သူ့ကိုပဲ လက်ထပ် ရမှာ ပေါ့”
“တစ်မျိုးပါလား”
ဝင့်က တွေ ဝေလွန်းသူဟု မြင်လေသလား။ ရှောင်ရခက် ရုန်းရခက် အနေအထားမှာ ဣနြေ္ဒ ဘယ်လို ဖြစ်နိုင်မလဲလေ။
ငဲ့ကွက်နေတာတွေ တွေ ဝေနေတာတွေ အကုန်အစင် လွင့်ပျေက်သွားအောင် စွမ်းဆောင်နိုင်မယ့် လူ တစ်ယောက် သာ ရှိလာခဲ့ရင် တော့ . . .
ရှိချင်မှလည်း ရှိလာမှာ ပါ။ အဲဒီ လို ရှိလာဖို့ သူမတက်က တစ်စုံတစ်ရာမျှ ကြိုးစားအားထုတ် မှာ လည်း မဟုတ်ပါ။
သူ့အလိုအလျောက် ရှိလာမှသာ . . .
အင်မတန် ခဲယဉ်းသော ကိစ္စပါ။
သူစိမ်း တစ်ယောက် လက်မောင်းကို တွဲ ခိုပြီး သူ့ဘဝထဲကို လုံးလုံးလျားလျား ဝင်သွားဖို့ ဆိုတာ သိပ်ခက်ခဲသော ကိစ္စဟု သူမ ထင်နေ ဖြစ်သည်။
ဖေဖေ့ကိုရော သူမ ခွဲနေနိုင်မှာ တဲ့လား။
တစ်ဖက် မိသားစုနှင့် ရော သူမ တည့်အောင် ပေါင်းတတ်မှာ လား။
ဟိုလူ့မျက်နှာကြည့် - သည်လူ့မျက်နှာကြည့်ပြီး သူမ အဆင်တပြေ နေတတ်မှာ မဟုတ်ပါ။
သူမက လွတ်လပ်မှု ကို လိုလားသည်။ စိတ်ထဲ ရှိသလိုပဲ နေချင်သည်။
စိတ်ထဲမပါ တာကိုလည်း ဟန်ဆောင် လုပ်မပြချင်။ စိတ်ထဲ ရှိနေတာကိုလည်း မျိုသိပ် မထားနိုင်။
သည်တော့ ဖေဖေ့ စိတ်တိုင်းကျ ဖေဖေ ရွေးချယ်ထားပေးသော အဖော်နှင့် ပဲ ဘဝစတာ ပိုကောင်းသည်။
ဖေဖေ့ကိုပဲ သူမ အားကိုးတွယ် တာသည်လေ။
“ဟယ်တော့ . . .မေးနေတာ မကြားဘူးလား”
“ဟင် . . .ဘာမေးလိုက်တာလဲ”
“ခက်ပြီ”
ဝင့်က အောင့်မထားနိုင်သလို ရယ်၏ ။
“ရင်ခုန်တဲ့လူ တွေ လာရင် ဘယ့်နှယ်လုပ်မလဲ မေးတာ . . . ”
“အဖြေက နှစ် မျိုးမှ မရှိတာ . . .”
“ဟိုက် . . . .ကြိုက်သွားပြီ”
ဝင့်က နောက်တောက်တောက်နှင့် မတ်တတ်ရပ်ပြီး လက်ဆွဲ နှုတ်ဆက်၏ ။
ဣနြေ္ဒ ကတော့ ရယ်ချင်နေတာပဲ သိသည်။
ဦးခန့်ထယ်က တကယ့်ကို ထည်ထည်ဝါဝါပဲ။ သူ့အရှိန်အဝါက ထင်ထားတာထက် များ စွာ ပိုနေသည်။
ခမ်းနားလှသော တိုက်အိမ်ကြီးက ဝင့်ဝင့်ကြွားကြွား ရှိလှသလို ခြံဝင်းကျယ်ကြီး ကလည်း ခုခေတ်ဈေးနှင့် တော် ရုံလူ မတတ်နိုင်သော အနေအထားမျိုး။
အိမ်အပြင်အဆင်ကလည်း အနောက်တိုင်း ဆန်လှသလောက် ပရိဘောဂကျတော့ မြန်မာဆန်လှစွာ ကြိမ်ချည်းသက်သက် သုံးထားသည်။
ဖေဖေနှင့် ဣနြေ္ဒ့ကို မြင်တော့ သူ့မျက်နှာက သိသိသာသာ ရွှင်ပျလာ၏ ။
“ကျွန်တော် နေကောင်းနေပါပြီ” ဆိုတာကို အားနာသလို ခဏခဏ ဆိုသည်။ ဖေဖေနှင့် သူ စကားတွေ ပြောတော့ ဣနြေ္ဒက ဝင်မပါဘဲ ခြံထဲဆင်း လမ်းလျှောက် နေလိုက်သည်။
ရင်ထဲမှာ အလိုလိုမောနေသည်။
သည်လောက် ကြီးကျယ်ခမ်းနားလှတာ။
ဣနြေ္ဒ့နှလုံးသားက ဖွေရှာလာမည့်  လူသည် ဖေဖေရွေးထားပေးသော လူကို စီးပွားရေး အရ မမီနိုင်တော့မှာ သေချာသလောက်ပါပဲ။
ဦးခန့်ထယ်လောက် ပြည့်စုံချမ်းသာသည့် လူမျိုး ဟုတ်ချင်မှဟုတ်မည် ။
သည်လိုသာဆို ဟိုလူအလိုလို တစ်ကွက်ရှုံးကာ မျက်နှာငယ်စရာ ဖြစ်တော့မည် ။ ပြိုင်ဘက်က သိပ်မြင့်မားနေပြီလေ။
“ဣနြေ္ဒက ဒီမှာ ဆင်းလျှောက်နေတာကိုး“
“အဟင်း . . .ဟုတ်တယ်”
“အန်ကယ် ကတော့ တီဗွီဖမ်းကြည့်နေပြီ”
“သြော် . . .”
သူ့ခြံရှေ့မှာ ရုပ်မြင်သံကြားဖမ်းစက်ကြီးက ထည်ထည်ဝါဝါ နေရာယူ ထားသည်လေ။
“ဣနြေ္ဒတို့ကလည်း အဲဒါတပ်မလို့။ ဖေဖေ့တောင် ပြောနေသေးတယ်။ လိုင်စင်လုပ်ရမှာ ဆိုတော့ ဖေဖေက မအားသေးတာနဲ့”
ဣနြေ္ဒက စကားမရှိ စကားရှာ ပြောမိတာကို သူက ခပ်ပြုံးပြုံး ကြည့်ရပ်နေ၏ ။ တိတ်ဆိတ်နေ တာကြီးကို သူမ ကြာရှည်ရင်မဆိုင် ချင်ပါ။
“ဣနြေ္ဒ ပါလာမယ်လို့ ကျွန်တော် မထင်ဘူး”
“ဖေဖေ ကလပ်မှာ ကြိုပြောထားလား”
“ဖုန်းဆက်ထားတယ်၊ ဣနြေ္ဒပါလာမှာ သာ မပြောတာ”
“ဟုတ်တယ်။ ဖေဖေလှမ်းခေါ်တာနဲ့ သူငယ်ချင်းအိမ်က နေလာခဲ့ရတာ ”
“သူငယ်ချင်းပါ ခေါ်ခဲ့ရောပေါ့”
“ပထမတော့ လိုက်မလိုပါပဲ။ နောက်မှ ကိစ္စတစ်ခုပေါ်လာတာနဲ့”
“ဣနြေ္ဒက နာမည် နဲ့လိုက်အောင် အေးတယ်ကွာ”
သူက ခေါင်းတညိတ်ညိတ်နှင့် ချီးကျူး၏ ။
“ကျွန်တော့် ကို လာကြည့်တာ အရမ်းဝမ်းသာတယ်”
“ဖေဖေ့စကားကို ကျွန်မက သိပ်မငြင်းချင်ဘူးလေ”
သူမစကားကြောင့် သူက ငြိမ်သက်စဉ်းစားသည်။
“ကျွန်တော့် ကို ဣနြေ္ဒ အမြင်ရှင်းရဲ့ လား”
“ရှင် . . .”
“သြော် . . .အဖေက တစ်ဆင့် ကျောတောမောတော ဝင်လာတယ် လို့ ထင်နေသလား လို့ပါ။ ကျွန်တော် အဲဒီ လို မဟုတ်ဘူး”
“ဣနြေ္ဒ ဖွဖွပြုံးမိသည်။
“အန်ကယ့်စားပွဲ မှန်အောက်မှာ ရှိနေတဲ့ ဓာတ်ပုံကို မြင်ပြီး ကျွန်တော် က စိတ်ဝင်စားမိတာ၊ အဲဒါကြောင့် မိတ်ဆက်ပေးဖို့ ပြောမိတာ”
“ဟင် . . . .”
သူမ အံ့သြသလို မော့ကြည့်မိသည်။
“အန်ကယ့်ဆီရောက်တိုင်း အဲဒီ ဓာတ်ပုံပဲ ငေးနေတော့ အန်ကယ်သတိ ထားမိသွားတာ။ ကျွန်တော် အနေအေးတာ။ အသောက်အစား ကင်းတာ။ အစွဲအလမ်း ကြီးတာအစ အန်ကယ် သိနေတော့ ဣနြေ္ဒ့ဆို သိပ်ချစ်တာပါ။ တော် ရုံလူနဲ့ ဆို သဘောတူမှာ ကို မဟုတ်ဘူး”
သူမ အပြုံးကာ ပိုမိုပွင့်လင်းလာ၏ ။
“ဟာ . . .ဒီလိုမရယ်ပါနဲ့။ ကျွန်တော့်  ကိုယ်ကျွန်တော် ညွှန်းတာမဟုတ်ဘူး။ အန်ကယ့် ရင်ထဲကို ဝင်ကြည့်တာပါ”
“ဟုတ်ပါတယ်။ ရှင်က ဖေဖေ့ စိတ်ကြိုက်ပဲဟာ”
“ဣနြေ္ဒက . . . . .”
“အဲဒီ ကိစ္စတွေ ခေါင်းထဲ ရောက်မလာဘူး”
“ဟုတ်လား”
“အင်း . . .အမှန်ဆို ခေါင်းထဲရောက်ဖို့ သင့်တာနော်”
“ဒါပေါ့”
“ဖေဖေက ဣနြေ္ဒ့ကို ဘာမှ မပြောသေးဘူး”
“မလိုအပ်သေးလို့ပေါ့”
“ဘာမှ အပ်သေးလို့ပေါ့”
“ဘာမှမပြောသေးတဲ့အတွက် ဣနြေ္ဒကလည်း ပြောခွင့်မရှိဘူး”
“အင်း . . . ဟုတ်တယ်”
သူက ဣနြေ္ဒနှင့် ယှဉ်လျှောက်ရင်း ငြိမ်နေ၏ ။
“ကျွန်တော် ကတော့ ဣနြေ္ဒ့ကို လက်ထပ်ချင်တယ်”
သူက ပွင့်လင်းစွာ ပြောလာသည်။
“ကျွန်တော် က ပြောပြီဆိုတော့ ဣနြေ္ဒဘက်ကလည်း ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီပေါ့။ မဟုတ်ဘူးလား”
ဣနြေ္ဒ ခေါင်းငုံ့လိုက်မိသည်။ ကိုယ့်စကားအဓိပ္ပာယ်က သူ့ကို လမ်းဖွင့်ပေးလိုက် သလိုများ ဖြစ်သွားစေပြီလား။
ဖေဖေနှင့် ဣနြေ္ဒ သားအဖချင်း နားလည်မှု ယူရမည့်  ကိစ္စကသူ့ကို တိုက်ရိုက် ပြောရမလို ဖြစ်နေပြီ။
သူမ စကားမှားသွားခဲ့ပြီ။
“ဣနြေ္ဒ”
“ရှင်”
“ဖြေဦးလေ”
“လုံးဝမျှော်လင့်မထားတဲ့ စကားမို့ အဖြေရှိမနေဘူး”
သူက ဆတ်ခနဲ လှည့်ကြည့်သည်။
“ကျွန်တော် ရှုပ်သွားပြီ”
“ဒီအကြောင်းအရာတွေ က ဖေဖေနဲ့ ကျွန်မ ပြောရမှာ ဦးခန့်ထယ် က ဖေဖေ့ဆီက တစ်ဆင့်ပဲ တောင်းခံသင့်တယ်”
“မဟုတ်သေးဘူး”
ဣနြေ္ဒက မျက်လုံးစူးလေးနှင့် မော့ကြည့်လိုက်သည်။
“အန်ကယ်က ကျွန်တော် တို့ချင်း နားလည်မှု ရစေတာပါ”
“ရှင် . . . ”
ဖေဖေ့ သဘောထားကို သူက ပိုသိနေတာပါလား။ အံ့သြစရာပါပဲ။ သူမတောင် အဲသည် လောက်ထိ မတွေးမိခဲ့ပါ။
“ဣနြေ္ဒ ဘာမှ မပြောနိုင်ပါဘူး”
“တစ်ခုခုတော့ ပြောသင့်တယ်လို့ ထင်တယ်ဗျာ”
“အဲဒါဆိုရင်တော့ ကျွန်မစကားက အနုတ်လက္ခဏာ ပါလာမှာ ပဲ”
“ဘယ်လို . . .”
“ဦးခန့်ထယ် အတွက် ကောင်းချင်မှကောင်းမှာ ”
သူမ အရဲစွန့်ပြောလိုက်တော့ သူက . . .
“ဘာလို့လဲ . . .ကျွန်တော် မှာ ဘာချွတ်ယွင်းချက် မကျေနပ်စရာ တွေ ရှိနေသလဲ။ ပြင်သင့်တာဆိုလည်း . . . .”
“အိုး . . .မဟုတ်ပါဘူး . . .မရှိပါဘူး” ဟု သူ့စကားဆုံးခင် ဖြတ်ပြော ဖြစ်သည်။
“ဒါဆို ဘာကြောင့် လဲ”
“ကျွန်မရင်မခုန်လို့ပါ”
“ဗျာ”
သူက မျက်ခုံးနှစ် ဖက် မြင့်တက်ကာ ပထမဆုံး အံ့သြသွားပြီး နောက်မှ အသံထွက်အောင် ရယ်ချလိုက်၏ ။
သူမ စကားက သူ့အတွက် ရယ်စရာများ လား။
ဖေဖေ တို့အရွယ် ဖေဖေတို့လို အတွေ့ အကြုံကိုမျ သူက ယှဉ်ပေါင်း နေတာဆိုတော့ သူမစကား သိပ်ကလေး ဆန်ရာ ကျသွားပြီပဲ။
သူမ ကတော့ လှောင်စရာ ဖြစ်သွားသော ကိုယ့်စကားအတွက် မျက်နှာမပျက်ပါ။ ရင်ထဲရှိသလို ပြောတာပဲလေ။
အတွေးအခေါ် အယူအဆတွေ မှ မတူကြဘဲ ဦးခန့်ထယ်ရယ် ဘယ်လို အတူတူ နေကြမှာ လဲ။
“ဆောရီး”
အရယ်ရပ်ရင်း တောင်းပန်လိုက်ပုံက အားနာဟန် စွက်သည်။
“ရပါတယ်ရှင်။ အယူအဆချင်းမှ မတူတာ”
ဣနြေ္ဒက နှုတ်ခမ်းလေး ကွေးညွှတ်အောင် မဲ့ပြုံးပြုံး၏ ။
“ရင်မခုန်တဲ့ လူ တစ်ယောက် ကို ဣနြေ္ဒ မစဉ်းစားချင်ဘူး”
သူက နှုတ်ဆိတ်၏ ။
“မေတ္တာပါမှ လက်ထပ်ချင်ပါတယ် ဦးခန့်ထယ်”
“အထူးအဆန်းပဲ ဣနြေ္ဒရယ်”
“ဟုတ်တယ်။ ဣနြေ္ဒရယ်”
“ဟုတ်တယ်။ ဣနြေ္ဒက သူများ တွေ နဲ့ သိပ်မတူဘူး။ ဂုဏ်တွေ ငွေတွေ သိပ်မမက်ပါဘူး။ ယုံကြည်ဖို့ ပြီးတော့ ချစ်ဖို့”
“သြော် . . . .”
“ဖေဖေကလည်း စီးပွားရေး သမားပေမယ့် ဣနြေ္ဒကို လွတ်လပ်ခွင့်ပေးထားပါ”
“ကျွန်တော် သိပါတယ်”
“ဣနြေ္ဒက လိမ္မာချင်တာ တစ်ခုတည်းနဲ့ ခုလို လိုက်လျောတာပါ။ ဦးခန့်ထယ်ကို မက်မော လို့လည်း မဟုတ်ဘူး။ ဖေဖေ့ကို မလွန်ဆန်ရဲ လို့လည်း မဟုတ်ပါဘူး။ ဣနြေ္ဒအသိညဏ်နဲ့ လိမ္မာချင်တာ”
သူက သက်ပြင်းရှိုက်သည်။
“ဣနြေ္ဒတို့ အိမ်ထဲ ဝင်ကြရအောင်နော်”
“ကောင်းပါပြီ ဣနြေ္ဒအေးကျော်ရယ်”
သူက ငေါ့တာလားတော့ မသိပါ။ သူမ အမည် ကို အပြည့်အစုံ ခေါ်ကာ ရိ၏ ။
“ခင်ဗျားကို လက်မြှောက်ပါတယ်ဗျာ . . . .စံပါပဲ” ဟု ဆိုချင်တာပဲ ဖြစ်နိုင်သည်။
“ရှင့်ကို ကျွန်မ လက်မထပ် နိုင်ပါဘူး” ဟု အပြတ်သာ ပြောချချင်တော့သည်။
အားနာလို့သာ ငြိမ်နေရတာ ။
![]() သံစဉ်ရှိသော ပန်းတစ်ပွင့် | ![]() အချစ်ဇာတ်လမ်း | ![]() မှော်နှုတ်ခမ်း၏ မာယာဗေဒ |