
အခန်း (၁)
မိန်း တစ်ယောက် အတွက်
ချစ်သူရည်းစားဆိုတာ
ကောင်းကင်ပေါ်က ကြယ်ပွင့်ကလေးတွေ လိုပဲ။
မထင်မရှား မှိတ်တုတ်မှိတ်တုတ်နဲ့
အများ ကြီးလည်း ရှိနိုင်တယ်။
ဒါပေမဲ့
မိန်းမ တစ်ယောက် အတွက်
ခင်ပွန်းယောက်ျားဆိုတာ ကတော့
ကောင်းကင်ပေါ်က တစ်စင်းတည်းရှိတဲ့
လမင်းကြီးလိုပဲ။
တစ်လောကလုံးကို အနှိုင်းမဲ့စွာ
အေးမြတဲ့ အလင်းရောင် ဖြာကျ
ပေးစွမ်းသလိုမျိုး
ဇနီးမယားရဲ့ ဘ၀တစ်ခုလုံး
အကြင်နာနဲ့ လွှမ်းခြုံပြီ အေးမြတ်တဲ့
အလင်းရောင် နဲ့ လမ်းပြပေးမယ့်သူပါ။
မေမေ
အချစ်ဆိုတာ
ငယ်ငယ်တုန်းက မေမေပြောဖူးတဲ့
ငါးမိုးတွေ ရွာပြီး
သစ်ပင်မှာ ရွှေပွင့်ငွေပွင့်တွေ
ဖူးပွင့်တယ်ဆိုတဲ့
ဘယ်လိုမှ မ ဖြစ်နိုင်တဲ့
ပုံပြင်တစ်ပုဒ်လိုပါပဲ။
တကယ်ပဲ
ကောင်းကောင်ပေါ်က ငါးမိုးတွေ
ရွာချလာတဲ့တစ်နေ့
သစ်ပင်တွေ က ရွှေပွင့်ငွေပွင့်တွေ
ဝေေ၀ဆာဆာ ပွင့်လာခဲ့တဲ့ တစ်နေ့
တစ်နေ့ကျင်ရင်
အချစ်ဆိုတာ ရှိတယ်လို့
“စံ” ယုံကြည်ပေးပါ့မယ်……
ဒဏ်ရာ (တစ်)
“ ဟင် မေမေ”
ကျောင်းကပြန်လာပြီး ကျောပိုးအိတ်ကလေး စားပွဲပေါ် ဖြုတ်ချထားပြီး ထမင်စားခန်းကို ၀င် သွားတော့ စားပွဲမှာ ငိုနသော မေမေ့ကို ဗြုန်းကနဲ တွေ့ လိုက်ရ၏ ။
ရင်ထဲမှာ ဆတ်ကနဲ တုန်သွားပြီး စိုးရိမ်တကြီးနှင့် မေမေ့အနား တိုးကပ်သွားရင်း…
“ဟင် မေမေ ငိုနေတယ် ဘာ ဖြစ်တာလဲဟင် မေမေ ဘာလို့ ငိုတာလဲ ဘာ ဖြစ်လို့လဲ သမီး ကိုပြောပါ”
မေမေက စံကို မကြည့်ဘဲ မတ်တတ်ရပ်လျက် မျက်ရည်သုတ်သည်။
မီးဖိုးပေါ်တင်ထားသော ဟင်းအိုးဆီ လျှောက်သွား၏ ။
မေမေငိုနေတာကို စံ မသိစေချင် မမြင်စေချင်။
သို့ပေမယ့် စံ က ပက်ပင်းသိသွားပြီ။
“မေမေ ဘာ ဖြစ်လို့လဲ”
“ဘာမှမ ဖြစ်ပါဘူး သမီးဗိုက်ဆာပြီ မဟုတ်လား ကျူရှင် သွားရဦးမှာ မဟုတ်လား ထမင်းစား တော့လေ”
“မေမေ”
စံက မေမေ့ကို ပြေးဖက်ထားသည်။
ဟန်ဆောင်တင်းခံထားမှန်း စံ သိသည်။
စံက ကလေးမှ မဟုတ်တာ။
မေမေ ဘာ ဖြစ်သလဲ စံ သိချင်သည်။
ဗိုက်ဆာနေတာလေးပင် ဘယ်ရောက်သွားမှန်းမသိ။
စံ ဘ၀၏ ပထမဦးဆုံး မုန်ုတိုင်းတစ်ခု ဘာမှမသိသေးဘဲ ရင်ဆိုင်လိုက်ရတာ ။
“ထမင်းစားလေ ကျူရှင်သွားတော့”
“မေမေ စံ့ကို ပြောပြပါ မေမေ ဘာလို့ ငိုတာလဲ”
“မသိချင်ပါနဲ့ သမိးရယ် အရေး ကြီးတာက သမီးလေး စာကြိုးစားဖို့၊ စာမေးပွဲအောင်ဖို့ ဒီနှစ် က အရေး ကြီးတယ်၊ အဲဒါလည်း ခေါင်းထဲ ထည့်ထား”
မေမေက စံ့ကို ထမင်းခူးခတ်ပေးသည်။
ခါတိုင်းလို စံ ရင်ထဲမှာ မရွှင်ပျ။ ၀မ်းနည်းအားငယ်သွားမိသည်။
မေမေငိုတာ မြင်ရတာ စံ စိတ်မကောင်း။
စံလည်း ငိုချင်သည်။
ရင်ထဲမှာ လည်း ဘယ်လို ဝေဒနာကြီးမှန်းမသိ။
မမဉာဏ် ဘယ်ရောက်နေပါလိမ့်။
စံ ဖျက်ကနဲ သတိရလိုက်၏ ။
မမ ဉာဏ်ဆို သိချင်သိမှာ ။မမဉာဏ်က အကြီး။
ပြီးတော့ တက္ကသိုလ်ကျောင်းသူ စံနှင့် မတူ။
စံ ကိုဆို မေမေတို့က ကလေးပဲထင်ကြတာ။
စံက ထမင်းကို မြန်မြန်စားပြီး လစ်ထွက်လာ၏ ။ အပေါ်ထပ်မှာ မမဉာဏ်ကို လိုက်ရှာ သည်။ လုံးဝမတွေ့ ။
လှေကားကနေ ဆင်းလာပြီး ကားဂိုဒေါင်ဘက် လျှောက်လာခဲ့သည်။
ကားနှစ် စီးကလွဲပြီး ဘယ်သူမှမရှိ။ မမဉာဏ ဘယ်ရောက်နေနလဲ။ ခြံနော်ဘက်က ဒန်းက လေးစီ သွားကြည့်သည်။
ရေကန်ဘေးက ခုံကလေးတွေ ဆီ လှမ်းကြည့်သည်။ အပြင်သွားနေသလားမသိပါ။
စံအတွေးထဲမှာ တော့ ဆုံးဖြတ်ပြီးသားပါ။
သည်နေ့ ကျူရှင် မတတ်တော့ပါ။
မေမေငိုနေသော အကြောင်းအရာကို စံ သိလိုလှသည်။
ဒန်းအဖြူကလေးမျာ ထိုင်ချပြီး စံ ငေးနေမိ၏ ။
“စံ”
“ဟင် မမဉာဏ်”
မမဉာဏ်က နောက်ကနေ ရောက်လာသည်။
“ကျူရှင်သွားရမယ် မဟုတ်လား”
“အင်း”
“လာလေ လိုက်ပို့ပေးမယ်”
“မတက်တော့ဘူးဒီနေ့”
“ဘာလို့”
မမဉာဏ်က စံ့ဘေးမှာ လာထိုင်ပြီး သေချာကြည့်သည်။ စူးစူးစမ်းစမ်းကလေး။။
“မမဉာဏ်”
“ပြော”
“မေမေ ဘာ ဖြစ်လို့လဲဟင်
“မေမေ”
“ဟုတ်တယ် မေမေ ခုနက ငိုနေတယ်”
စံ့စကားကြောင့် မမဉာဏ် မျက်နှာကလေး အရမ်းပျက်သွား၏ ။
အံ့သြသွားတာလည်း ပေါ်လွင်သည်။
“စံတွေ့ လိုလား”
“တွေ့ တယ်”
“မေမေကလည်း မငိုပါနဲ့ဆို မရဘူး”
“ဘာလို့လဲဟင်”
“စံ မသိပါဘူး”
“စံကို ပြောပြပါ”
“အင်းလေ စံလည်း ကလေးလေးမှ မဟုတ်ဘဲ”
မမ “ခင်မင်ဉာဏ်”က စံ့ပုခုံးကလေးကို ဖက်လိုက်၏ ။
“ဖေဖေနဲ့ မေမေ ကွာရှင်းတော့မယ်”
စံ မျက်လုံးကလေး ပြူးသွား၏ ။
စံ သိထားတာက ဖေဖေ ခရီးထွက်နေသည်။
စံကို ညာနေကြတာလား။
ဖေဖေက အိမ်မပြန်တော့တာလဲ။
“ဟင့်အင်း စံ ဖေဖေနဲ မခွဲနိုင်ဘူး”
“ဘာ နင်က ဖေဖေနဲ့ လိုက်သွားမလို့”
ခင်မင်ဉာဏ်က ပျော်ရွှင်စံ ၏ စကားကို တုန်လှုပ်သွား၏ ။ စံ့ကို ကမန်းကတန်းမေးသည်။
“ဘယ်ကို လိုက်သွားရမှာ လဲ”
“ဖေဖေနဲ့ မခွဲနိုင်ရင် မိထွေးနဲ့ နေရမှာ ဟဲ့ နင်သိရဲ့ လား နားလည်ရဲ့ လား”
“မိထွေး”
စံ မပွင့်တပွင့် ရေရွတ်ကြည့်သည်။
ဖေဖေက နောက် မိန်းမယူလိုက်ပြီလား ဘယ်တုန်းကလည်း စံကို ဘာလို့ မပြောတာလဲ။
စံက ဖေဖေ့ကို သိပ်ချစ်တာ ဖေဖေကလည်း စံကို ချစ်ပါသည်။
ဖေဖေ့မှာ မိန်းမ တစ်ယောက် ဘယ်တုန်းကရှိသွားတာလဲ။
မမဉာဏ်ပြောတာစံ မယုံချင်၊လက်မခံချင်။
ဟုတ်မှ ဟုတ်ပါ့မလား။
စံ့ရင်ထဲမှာ သံသယရှိလာ၏ ။
ဖေဖေ့မှာ မေမေရှိတာ မမဉာဏ်နဲ့စံနဲ့ သမီးနှစ်ယောက် ရှိတာ ဟိုမိန်းမက မသိဘူးလား။
“စံ နင် မအူမလည် လုပ်မနေနဲ့ ဟိုမိန်းမက အလည်မ၊ အစွာ မ၊ ဖေဖေ့ကို အပိုင်စီးသွားတာ၊ နင် အ မနေနဲ့ ဖေဖေနဲ့ လုံးဝ မလိုက်သွးနဲ့နော် မေမေကလည်း ထည့်မှာ မဟုတ် ဘူး”
“စံက ဘာလို့ လိုက်သွားရမှာ လဲ”
ဖေဖေ့ကို စံရအောင် ပြန်ခေါ်မည် ။
မေမေ မငိုစေရ။
မေမေ စိတ်ဆင်းရဲအောင် မလုပ်ဖို့ ဖေဖေ့ကိုစံတောင်းပန်မည် ။
ဖေဖေက ရက်စက်တတ်သူမဟုတ်။
ပြီးတော့ စံ့ဆန္ဒ ဆို ဖေဖေက အမြဲလိုက်လျောတတ်သူပါ။
စံ ယုံကြည်သည်။
ဖေဖေ့ကို စံပြောပေးမည် ဆိုသော မေမေ့ကို ပြောပြပါမည် ။ စံတို့ကို ဖေဖေက ပစ်ခွာသွား နိုင်မှ မဟုတ်ပါ။
စံနှင့် ဖေဖေက တစ်ယောက် ကို တစ်ယောက် အရမ်းချစ်ကြတာ။
ဖေဖေ ခရီးသွားနေတယ်ပဲ စံက ယုံထားခဲ့တာ။ အဲဒီ လို မှန်းသိရင် စံ ဘယ်နေမလဲ။
“မေမေ့ကို သွားပြောမယ်”
“ဘာသွားပြောမှာ လဲ”
ခင်မင်ဉာဏ်က သိချင်စွာ မေး၏ ။
“ဖေဖေ့ကို စံ ပြန်ခေါ်ပေးမယ် မေမေ ငိုစရာ မလိုဘူးလို့ပေါ့”
ဉာဏ်က ဖွဖွလေးပြုံးသည်။
“အရူးမလေး ဖေဖေက ပြန်လာလို့ မရတော့ဘူး”
“ဘာ ဖြစ်လို့လဲ”
“ဟိုမိန်းမနဲ့ ယူလိုက်ပြီပဲ”
“မေမေက ဘာလို့ သဘောတူလိုက်တာလဲ”
“မေမေ သဘောမတူလည်း သူတို့က ယူမှာ ပဲ”
ပျော်ရွှင်စံက မျက်နှာကလေး မဲ့လာ၏
“ဖေဖေနဲ့ တွေ့ ချင်တယ်”
“လာမှာ ပါ မပူပါနဲ့ ငါ ကတော့ ငါတို့ကို ပစ်သွားတဲာ့ အဖေ မချစ်တော့ဘူး မေမေနဲ့ပဲ နေမယ် မေမေက သနားစရာ ကောင်းတယ်”
စံက ပင့်သက်ကလေးရှိုက်၏ ။
မမဉာဏ်၏ စကားများ က စံ့ကို မောပန်းစေသည်။
ဖေဖေက အဲဒီ လိုမျိုး မဟုတ်လောက်ပါဘူး။
စံ လုံးဝ လက်မခံ။ ဘယ်လိုမှ မယုံချင်။
“ဖေဖေ့ကို စံ ပြန်ခေါ်မယ်”
“ရပါလိမ့်မယ် အားကြီးကြီး”
ခင်မင်ဉာဏ်က မ ဖြစ်နိုင်တာ ပြောသလို ရယ်နေ၏ ။
ဖေဖေရယ် မေမေ့ကို ပစ်မ သွားပါနဲ့
စံတို့ကို မထားနဲ့ခဲ့ပါနဲ့နော်။
ဖေဖေ့ကို စံ အရမ်းတွေ့ ချင်လာသည်။
“ဖေဖေ ဘယ်မှာ နေလဲဟင် မမဉာဏ်သိလား”
“သိသားပဲ”
“စံကို လိုက်ပို့ပါ”
“မေမေ ဆူမှာ ပေါ့”
“မေမေ မသိအောင် တိတ်တိတ်ကလေး လိုက်ပို့ပေးပါ စံ ဖေဖေနဲ့ တွေ့ ချင်တယ်”
“စံ နင် မယုံဘူးလား”
“မြင်ပြီးမှ ယုံမယ်”
ဉာဏ်က ခေါင်းညိတ်သည်။
“ပြီးရော ငါ လိုက်သွားမယ်”
စံ ၀မ်းသာသွား၏
ဖေဖေ့ကို စံ ပြောရင် ရမှာ ပါ။ ရင်ထဲမှာ ယုံကြည်နေမိသည်။
“မေမေ့ကို ကျူရှင်သွားမယ်လို့ ပြောလိုက်၊ မေမေ မသိစေနဲ့ ကြားရဲ့ လား မေမေ သိရင် ငါ အဆူခံရမှာ ”
“အင်း”
ပျော်ရွှင်စံက မေမေ့ကို ကျူရှင်သွားမလို့ ဟု သွားပြောပြီး ကျောပိုးအိတ် ကောက်ယူ ထွက်ခဲ့၏ ။
စံ့ရဲ့ အတွေးနုနု နှလုံးသားနုနုမှာ လောက၏ ရှုတ်ထွေးနက်ရှိုင်ခြင်းတွေ မရှိသေးပါ။
မသိသေးပါ။
ရိုက်ခတ်လာသော မုန်တိုင်းက အရှိန်ပြင်းသည်။ လှိုင်းတံပိုး၏ ဒဏ်ကို စံ ခံနိုင်မှာ မ မဟုတ်။
မေမေနှင့် မမဉာဏ်က စံ့ကို မသိစေချင်။
စံကလေး စိတ်မကောင်း ဖြစ်မှာ စိုးလို့ပါ။
ပြီးတော့ စံက ဖေဖေ့ကို အရမ်းချစ်သည်။ ဖေဖေ့အတွက် ဂုဏ်ယူဝံ့ကြွားတတ်သူ။
ဖေဖေ့ကို လေးစားအထင်ကြီးတတ်သူ။ ဘာပဲ ဖြစ် ဖြစ် စံကလေး စိတ်မှာ ဒဏ်ရာရမှာ စိုးလို့ မေမေနှင့် မမဉာဏ်က ဖုံးဖိထားရတာ ပါ။ ဉာဏ် ကတော့ အစ်မကြီးပီပီ မေမေနှင့် ဝေမျှခံစား နိုင် အောင် ကြိုးစားထားရသည်။
စံ့ကိုတော့ သိပ်ငယ်သေးတာမို့ မသိစေချင်။
သည်လို ခံစားမှု မျိုးကို ဉာဏ် ခါးသီးလှသည်။ မိသားစု ပြိုကွဲမှု ကို စံကလေး မခံစားနိုင်မှာ စိတ်ပူမိ၏ ။
နောက်တော့ သိမှာ ပဲလေ ဟုသဘောထားကာ ဉာဏ်ကစံဆန္ဒကိုဖြည့်ပေးလိုက်တာပါ။
ဖေဖေကလည်း စံ့ဆီ လာဦးမှာ ပါ။
စံကိုတော့ ဖေဖေက ခေါ်ထားချင်ပုံရသည်။ ဉာဏ် ကတော့ မေမေ့ဘက်က နာသည်။
ဖေဖေကို မကျေမနပ် ဖြစ်နေမိသည်။
ဖေဖေကြောင့် မေမေ ရင်ကွဲနာကျရပြီ။ ဉာဏ်နှင့် စံလည်း မိတကွဲဖတကွဲ ဖြစ်ရပြီ။ စံလည်း သည်ဝေဒနာဆိုးကြီးကို ခံစားရတော့မည် ။
မေမေနှင့် ဉာဏ်က ဘယ်လောက်ပဲ ဖုံးဖိထား ဖုံးဖိထားတစ်ရက်ရက် စံ သိသွားမှာ ပဲ။
“စံ”
“ဟင်”
“အခုချိန်ကစပြီး စံလူကြီး ဆန်ရမယ်နော်”
ဉာဏ့်စကားကို စံ နားမလည်။
ဘယ်လို လူကြီးဆန်ရမှာ လဲ။
“ဘာပဲ ဖြစ် ဖြစ် စံ လိမ္မာယာဉ်ကျေးရမယ်”
ခင်မင်ဉာဏ်က သတိပေးစကားဆို၏
“ဖေဖေနဲ့ မေမေ ကွဲသွားတာက သပ်သပ်၊ စံ့ စာမေးပွဲကို အကောင်းဆုံးမြင်အောင် ဖြေရ မှာ က သပ်သပ်”
“မမဉာဏ် ပါးစပ်ပုပ်ကြီးနဲ့ မပြောနဲ့ မကွဲပါဘူး စံ့ ဖေဖေကို မခွဲနိုင်ဘူး”
ပျော်ရွှင်စံက မျက်ရည်ဝဲတက်လာရင်း အော်ပစ်သည်။
“စံ နင် ဘာ ဖြစ်နေတာလဲ။ မေမေက ဖေဖေ့ကို ပြန်လက်ခံမှာ မဟုတ်တော့ဘူးဟဲ့ နားလည်လား ဖေဖေ့မှာ ဟိုမိန်းမ ရှိနေပြီဟာ”
“အဲဒါတွေ မသိဘူး”
ပျော်ရွှင်စံက ဉာဏ်မောင်းသော ကားပေါ် ပါလာရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျသည်။
အိမ်မှာ ဖေဖေကလည်း ကားမောင်းသည်။
မေမေကလည်း ကားမောင်းသည်။ မမဉာဏ်ကလည်း ကားမောင်းသည်။
စံ တစ်ယောက် က မမောင်းသေးတာပါ။
အိမ်မှာ ဒရိုင်ဘာ မထားပါ။
“စံ”
“ဟင်”
“နင် ဖေဖေနဲ့ သွားမနေနဲ့နော်”
“မနေပါဘူး”
“အဲဒီ မိန်းမကြီး ငါမုန်းတယ် သိလား”
ခင်မင်ဉာဏ်က ရှုံးမဲ့ပြီးဆို၏ ။
“ဖေဖေ့ ကိုစံပြန်ခေါ်မယ်”
စံ့အတွက် ဉာဏ်ရင်လေးမိသည်။
စိတ်ထဲမှာ လည်း မကောင်း။ ဖြစ်ချင်တာတစ်ခုတည်း ကွတ်ပြောနေသည်။
အခြေအနေအားလုံး မသရှာသေးပါ။
လွန်ကုန်ပြီ စံရယ်..
ဟိုတုန်းကလို ဘ၀မျိုး ဉာဏ်တို့ ပြန်မရနိုင်တော့ဘူး စံ ဖေဖေနဲ့ တွေ့ ရင် သိမှာ ပါ။
****
စံ ရှိုက်ကြီးတင် ငိုပေမယ့် ဘာမှထူးမလာ။
ဖေဖေက အားလုံးပြီးခဲ့ပြီဟု စံကို နှစ် သိမ့်သည်။ မမဉာဏ်က အပေါ်တက်မလာ ။ ကားထဲ နေရစ်ခဲ့၏ ။
“သမီး ဖေဖေနဲ့ လာနေမလား”
စံ ခေါင်းရမ်းသည်။ ဖေဖေ့မိန်းမအသစ်ကိုစံအရမ်းမုန်းသည်။
အမြင်ကပ်သည်။
မျက်လုံးစိမ်းနှင့် အေးစက်စွာ စိုက်ကြည့်မိသည်။
အေးချမ်းသာယာသော စံတို့ မိသားစုဘ၀ကိုဖျက်စီးပစ်လိုက်သူ၊ ဖေဖေက စံ့ကို ချော့မော့ နှစ် သိမ့်သည်။
စံ့စကားကို တွေ ဖေဖေဂရုမစိုက်တော့ပါ။
“သမီးလေးက လှလိုက်တာ အန်တီတို့နဲ့ လာနေပါလား အန်တီက ကလေးမှ မရှိတာ ခေါ်ထား ရအောင်နော်မောင်” တဲ့
သူ့အကြီးက အရှက်မရှိဘူး။
စံ ထိုမိန်းမကြီးကို အရမ်းမုန်းသည်။
သူတို့နဲ့ နေဖို့ဆိုတာ သည်တစ်သက် မ ဖြစ်နိုင်ပါ။
စံက ဖေဖေ့ကို အေးစက်စွာ ကြည့်ပြီး ထပြန်သည်။
“စံ”
ဖေဖေက စံနောက်လိုက်လာသည်။
လှေခါးတစ်ဝက်မှာ စံနှင့် အတူ ရပ်မိသည်။
“ဖေဖေ သိပ်ရက်စက်တယ် မေမေငိုနေတယ် ဖေဖေရဲ့ ”
“ မေမေ့ကို စံတို့ ဘယ်လို ချော့ရမဲ။ မေမေ့ကိုသနားပါဦး ဖေဖေ ပြီးတော့ ပတ်ဝန်းကျင်မှာ စံတို့ မျက်နှာ ငယ်ရတော့မယ် သူများ တွေ မေးရင်း စံ ဘယ်လို ဖြေရမလဲ နင့်အဖေရော နင့် အဖေနဲ့နင် ကွဲသွားပြီလားလို့ သူငယ်ချင်းတွေး မေးရင်း စံ ဘယ်လို ဖြေရမလဲ စံတို့ အရင်လိုပဲ ပြန်နေကြရအောင် ဖေဖေ စံနဲ့ပြန်လိုက်ခဲ့ပါ”
“မ ဖြစ်လို့ပါ သမီးရယ်”
ပျော်ရွှင်စံ ဖေဖေ့ကို စိတ်နာမိသည်။
“ဖေဖေ အဲဒီ မိန်းမကို မေမေထက်ပိုမက်မောနေတာလား သမီးတို့ ညီအစ်ထက် ပိုသံယောဇဉ်ရှိနေတာလား သမီးတို့သားအမိ သုံးယောက် ကို ဖေဖေ မချစ်တော့ဘူးလား။ မလိုချင် တော့ဘူလားဟင်”
စံ့ရင်ထဲမှာ အရမ်းနာကျင်မိသည်။
တစ်ခါမှ ခုလောက် စိတ်ထိခိုက်တာမျိုး မရှိခဲ့ပါ။
ရက်စက်လိုက်တာ ဖေဖေ။
ဖေဖေသည်လောက် သွေးအေးလိမ့်မယ်လို့ စံ မထင်ခဲ့ဘူး စံ့ကို သိပ်ချစ်တဲ့ စံ့ ဖေဖေ ဘယ် ရောက်သွားပြီလဲ။
ဘာလို့ သည်လို ပြောင်းလဲသွားရတာ လဲ။စံ မယုံဘူး စံက ငယ်သေးပေမယ့် ဖေဖေ့ တန်ဖိုး ကို သိတဲ့သမီးပါ။
မိသားစု ဘ၀ကကို နားလည်တဲ့သမီးပါ။
ဖေဖေန့ မေမေ ကွာရှင်းတော့မယ်ဆိုရင် အိပ်မက်ဆိုးချောက်ကမ်းပါးထဲ စံနဲ့ ဉာဏ်နှစ် ယောက် စလုံး ပြုတ်ကျတော့မယ်ဆိုတာ စံ မသိဘဲ နေမလား။
“ဖေဖေ့ကို နားလည်ပါသမီးရယ်”
စံ နားမလည်ဘူး
“ဒီလို အခြေအနေထိ ဖြစ်ရတာ သမီးမေမေ့အကြောင့် ပါ။ ဖေဖေဘယ်လိုပဲ အဆင်ခြင်ပေး ပေး အမှန်တရာက ထင်ရှားနေတာပဲ မဟုတ်လား”
မေမေက ဖေဖေအပေါ် သစ္စာဖောက်တာ မဟုတ်တာ။ အခုထက်ထိ မေမေက တစ် ယောက် တည်း။
စံနှင့် ဉာဏ်တို့အတွက် အရင်အတိုင်း လိုအပ်သမျှဖြည့်ဆည်းပေးနေတုန်းပါ။
ဖေဖေ့စကားကို စံ ဘယ်လိုမှ မယုံ။
မှားတာက ဖေဖေပါ မေမေမဟုတ်။
စံ မေမေ့ဘက်မှာ ပဲ ရပ်တည်မည် ။စံ့ကို မချစ်သော ဖေဖေ့ကို စံလည်း မေ့နိုင်အောင် ကြိုး စား သည်။
“သမီး စံ”
“တော် ပါတော့ ဖေဖေ စံ ပြန်တောမယ် မမဉာဏ်က စံ့ကို ဘာလို့ မလာဖို့ တားသလဲ စံ သိသွားပြီ”
“သမိးကြီး ဉာဏ် အထင်လွဲနေတာပါ”
“ဖေဖေနဲ့ စံ မယုံဘူး။ မယုံချင်ဘူး။
ဒါပေမဲ့ စံ ယုံရတော့မယ် စံ ဖေဖေ့ကို မုန်းတယ်”
ပျော်ရွှင်စံက လှေခါးကို တဟုန်ထိုး ပြေးဆင်းလာခဲ့၏ ။ လုံးဝမမျှော်လင့်ထားသော အနေ အထား။
ဖေဖေက စံတို့ကို……
ခွဲသွားခဲ့ပြီ။
ချန်ရစ်ထားခဲ့ပြီ။
စံတို့ ရှေ့နေ မားမားရပ်ပေးမယ့် ဖေဖေ မရှိတော့။
စံ မျက်ရည်တွေ ဒလဟော ကျလာမိသည်။
****
အခန်း (၂)
ဒဏ်ရာ (နှစ် )
ဝုန်းဒိုင်းကြဲအောင် ဆူညံနေသော အသံများ ကြောင့် ပျော်ရွှင်စံ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေရာမှာ ဖျတ်ခနဲ လန့်နိုးသွားရသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ဘာကြောင့် သည်လောက် ဆူညံနေရတာ လဲ။ ငေါက်ကနဲ ထထိုင်ပြီး အခန်းပြင်ကို နားစွင့် မိသည်။
မေမေ့အသံကို ပထမဦးဆုံးသတိထားမိ၏ ။
“မင်းငါ့သမီးကို ထိစရာ မလိုဘူး။ မှားနေတာက မင်း မင်းဆင်သွား ငါ့မြေးကို ထာခဲ့”
“ကျွန်တော် တို့ လင်မယားကြား ၀င်မပါနဲ့”
“ပါရမယ် ငါ့သမီးစိတ်ဆင်းရဲနေတာကို ငါမကြည့်ရက်ဘူးဟဲ့ မင်းလုပ်ပုံက အဓိပ္ပာယ်မရှိ ဘူး”
“ရှင့်ကို မမြင်ချင်ဘူး ရှင်ထွက်သွား”
မမခင်မင်ဉာဏ်အောင်သံက ငိုသံပါ စွက်နေသည်။
“ထွက်သွားပြီးရင် ငါ ပြန်လာမှာ မဟုတ်ဘူး”
“မလာနဲ့ မလာလေ မကောင်းလေပဲ”
“အေး ရပိုင်ခွင့်တော့ တောင်းရမယ်”
“ဘာ မင်းက ဘာစကားပြောတာလဲ မင်းမှာ ဘာရပိုင်ခွင့်ရှိလို့လဲ ကလေးစရိတ်တောင် မင်းက ပေးရဦးမှာ နားလည်ရဲ့ လား”
“ကျွန်တော့်ကလေး ကျွန်တော် ကျွေးနိုင်တယ်”
“ငါ့မြေးကို မင်းမခေါ်ရဘူး”
“ခေါ်ရဲခေါ်ကြည့်ပါလား ရှင့်လို သစ္စာမရှိတဲ့ လူနဲ့ မထည့်ဘူး။ ရှင်နဲ့ ကျွန်မ ဒီတစ်သက် ပြတ်ပြီ။ သည်းမခံနိုင်တော့ဘူး မယားငယ်ထားတဲ့ ယောက်ျားကို အံကြိတ်သည်းခံပေါင်းမယ့် မိန်းမ မဟုတ်ဘူး။
နားလည်လား ရှင့် ကို ဒီတစ်သက် မမြင်ချင်တော့ဘူး”
“မင်းသဘောပဲ တစ်နေ့လာလည်း ပူညံပူညံ နောက်တစ်နေ့လာလည်း ပူညံပူညံ မင်းတို့ အမျိုးက အဲဒါကြောင့် တစ်ခုလပ်တွေ များ တာ မင်းလည်း မင်းအမေလိုပဲ ဘယ်ယောက်ျားက သည်းခံပေါင်းနိုင်မလဲ
“ဘာ ရှင်ဘာပြောတယ် စော်ကားလှချည်လား၊ ကဲဟယ် အမေ့ကို စော်ကားဦး”
“ဖြန်း”
“ဟဲ့ သမီး”
မေမေက ၀င်ဟန့်တားသည်။
“မင်းက ငါရိုက်လိုက်ရ”
“ဟဲ့ ငါ့သမီး မင်းမထိနဲ့”
အခန်းပြင်က အခြေအနေကြောင့် စံ ကပျာကယာပြေး ထွက်လာခဲ့မိတော့သည်။
“မေမေ မမ ကိုသက်ထွေး ဘယ်လို ဖြစ်တာလဲ တော် ကြပါတော့။ ကလေးနိုး သွားပါ့မယ် ယုယဟန်လေးက နေကောင်းတာမဟုတ်ဘူး”
စံက ၀င်တားသည်။
သတိပေးလိက်သည်။
“မင်းကို ငါတစ်ခုပဲ မှာ မယ်။ ငါ့သမီးကို မင်းလို တစ်ခုလပ် မ ဖြစ်စေနဲ့ ငါ့သမီးကို မင်းအမေ လို”
“ရှင် သိပ်မိုက်ရိုင်းပါလား ကိုသက်ထွေး”
စံက အော်မိသည်။ မေမေ့ကို စော်ကားလာတော့ အသာတွေ တဆတ်ဆတ်တုန်သည်။
“ဒီမှာ လင်မယားကွဲလို့ တစ်ခုလုပ် ဖြစ်တာဆန်းသလား ယောက်ျားမကောင်းတာကို ခေါင်းငုံ့သည်းခံ မပေါင်းနိုင်လို့သာ တစ်ခုလပ်အ ဖြစ် ခံတာပေါ့ ရှင်ကောင်းရင် ကျွန်မအစ်မ တစ်ခု လပ် ဖြစ် စရာမလိုဘူး ပြဿနာက ရှင့်ကြောင့် ရှင်မကောင်းလို့ပေါ့”
“မင်းလည်း မင်းအမေလို မင်းအစ်ကို မ ဖြစ်စေနဲ့ သတိထား”
“မင်း သိပ်တရားလွန်နေပြီ ခု ချက်ချင်း ငါ့အိမ်ကဆင်း မင်းကိုမြင်နေရတာ အသက်တို လိမ့်မယ်”
ကိုသက်ထွေးက သားရေသေတ္တာဆွဲထုတ်ပြီး သူ့ပစ္စည်းတွေ သိမ်းဆည်းသည်။
စံက ငြိမ်ငြိမ်သက်သက် ရပ်ကာကြည့်နေမိ၏
မမဉာဏ်က သည်ကိစ္စကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီး ပုံပါ။
နားမဆန့်အောင် ကြားနေရသော သတင်းအမှန်တွေ က မမဉာဏ်ကိုရင့်ကျက်ထုံကျင် သွားစေခဲ့ပြီ။
စံ ကတော့ ယုယဟန်ကလေးကို သနားမိသည်။
သူကလေး ဘာမှ မသိခင်ကတည်းက ဖခင်မေတ္တာငတ်တော့မည် ။
မျက်နှာငယ်ရတော့မည် ။
“ကိုသက်ထွေး”
မမဉာဏ်က တစ်ဖက်လှည့်နေပေမယ့် စံက ယုယဟန်ကလေးတွေ အတွက်တွေးကာ သွေးမအေးနိုင်။
“ပြန်စဉ်းစားပါဦး ကလေးလည်း နေမကောင်းဘူး”
“စံ သူ့ကို မတားနဲ့ ဒီလို လူယုတ်မာကို မမဉာဏ် စိတ်ကုန်သွားပြီ ဆက်မပေါင်းနိုင် တော့ဘူး”
“မမဉာဏ် ယုယကလေးကို ထည့်တွေးပါဦး”
ကြားထဲကနေစံ ၀မ်းနည်းမိသည်။
သည်လိုတွေ မ ဖြစ်သင့်ပါဘူး။ ယုယကလေးအတွက် နည်းနည်း သည်းခံ မပေးနိုင်ဘူးလား။ မေမေက စံကို လက်ဆွဲခေါ်သည်။
“လာ”
ဧည့်ခန်းထဲ ရောက်တော့ စံ မေမေ့ကို တောင်းပန်မိ၏ ။
“မေမေရယ် ကိုသက်ထွေးကို နှင်မချပါနဲ့. ယုယကလေးအတွက် စဉ်းစာပေးပါ ကလေးလေ မျက်နှာငယ်ပေါ့ အားငယ်သွားမှာ ပေါ့”
“ဒီလို အဖေမျိုးနဲ့ နေမှ ပိုစိတ်ဆင်းရဲရမှာ ”
“မေမေရယ်”
ပျော်ရွှင်စံက မျက်နှာကလေးပျက်ပြီး ဆိုဖာမှာ ထိုင်ချသည်။
“မေမေက နှင်ချတာ မဟုတ်ပါဘူး။ သမီးမမ စိတ်ဆင်းရဲနေတာ မကြည့်ရက်လို့ပါ နေ့တိုင်း စကားများ ရန် ဖြစ်နေရမှတော့ အိမ်ထောင်ရေး သာယာမှု ဆိုတာ ဘယ်မှာ ရှိ မှာ လဲ သမီးရယ်၊ မတည့်မှတော့ ခွဲခွာနေကြတာ ပိုကောင်းပါတယ်”
စံ ပင့်သက်ရှိုက်သည်။
“သူ့မှာ က တစ်ဖက်က သံယောဇဉ် ခိုင်နေပြီ”
“သေချာလို့လား မေမေ”
မသေချာရင် ဒီလိုအခြေအနေတောင် မရောက်ဖူး”
ဘာပြောရမလဲ။
ဘာလုပ်ရပေးရမလဲ။
ဘာမှ မတတ်နိုင်။
သူတို့က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပြီ။
မမဉာဏ်ရယ် ဖြစ်မှ ဖြစ်ရလေ။
စံ ကရုဏာသက်စွာ ရင်ထဲ ဆို့နစ်လာ၏ ။
မမဉာဏ်တို့ကို စံက မကွဲစေချင်ပါ။
ပတ်ဝန်းကျင်က မေးငေါ့အတင်းပြောတော့မှာ ။
မေမေနှင့် မမက ခံနိုင်ရည်ရှိပေမယ့် စံက ခံနိုင်ရည်မရှိ။
စံ ကတော့ မကွဲစေချင်တာ အမှန်ပဲ မေမေရယ်”
ညည်းညည်းကေလး ပြောမိသည်။
******
အခန်း (၃)
ဒဏ်ရာ (သုံး)
ညိုမိ ဖုန်းဆက်လာသော အခါ စံ အံ့သြမိသည်။
“ဘာလို့လဲဟင် ဘာလို့ အစီအစဉ် ပြောင်းသွား ရတာ လဲ” ဟု မယုံနိုင်စွာ မေးမိသည်။
မင်္ဂလာဆောင်မည့်  သတို့သမီးက စံ့သူငယ်ချင်းအရင်းကြီးပါ။ သတို့သမီးက လိုလားစွာ ပန်းကြဲပေးဖို့ တောင်းဆိုလာတာ။ ပြီးတော့ ၀တ်စုံတွေ ဘာတွေ တောင် ချုပ်ပြီးမှ
“စံ”
“ဟင်”
“နင် စိတ်မကောင်းမ ဖြစ်ပါနဲ့ နှစ် ဖက်လူကြီးမိဘတွေ က အယူသည်းတယ်ပဲ ပြောရမလား”
“ဘာကိုလဲဟင်”
စံ လုံးဝ နားမလည်သေတာပါ။
စံ့ အင်မတန် အ,တီး အ,တ နိုင်လွန်းလှပါလား။
အကြောင်းရင်းကို ညိုမိ တဲ့ထိုးမပြောပြဘဲ နားမည် နိုင်ပါ။
စံက မိစုံဖစုံနဲ့ မဟုတ်ဘူးလေ
“ဘယ်လို”
“သူတို့က အယူရှိတယ်၊ မိဘနှစ် ပါးနဲ့ ပြည့်ပြည့်စုံစုံ နေရတဲ့ သူ့ကိုပဲ မင်္ဂလာ ပန်းကြဲ ပေးချင်တယ်”
ပျော်ရွှင်စံက စကားပင် ပြန်မပြောနိုငလောက်အောင် တိတ်ဆိတ်သွား၏ ။
သြော် သည်လိုလား အဲဒါကြောင့်လား။
ဖေဖေနဲ့ မေမေ ကွဲနေတာကြောင့် တဲ့လား။
ဟုတ်မှာ ပါ။
သူတို့က မင်္ဂလာချိန်မဟုတ်လား။
စံက မျက်လွှာချမိပါသည်။
ရင်ထဲမှာ မကောင်း။
အလွန်တရာ ကြေကွဲသွားမိသည်။
ခုတစ်လော ကြေကွဲစရာတွေ က ဆက်တိုက်ဝင်နေ၏ ။
“သူက စံ့ကို ပြောရမှာ အားနာနေတယ်”
“ရပါတယ်ဟာ”
သူငယ်ချင်း သတို့သမီးလေးကို စံ အပြစ်မမြင်ချင်။
ကိုယ့်ဘ၀ကိုပဲ အပြစ်မြင်သည်။ ခါးသီးသည်။
စံ ဘယ်လို ဖြေရမလဲ။
စံ့ကို ရင့်ကျက်မှု ခံနိုင်ရည်သာ ပေးသနားလှည့်ပါ။
“နင် မင်္ဂလာပွဲကို စိတ်ဆိုးပြီး မလာဘဲ နေမှာ လားဟင်”
ဟုညိုမိက စိတ်ပူစွာ မေး၏ ။
“ညိုမိရယ်၊ စန္ဒကူးရယ်၊ စံရယ် သူငယ်ချင်းသုံးယောက် တည်းရှိတာ ငါမလာဘဲ နေမလား လာမှာ ပါ။ နင် စိတ်သာချလိုက် ငါလာ ဖြစ်အောင် လာမယ် ငါ အဲဒီ လောက် သဘောထား မသေး ပါဘူး။ လူကြီးတွေ မသင့်တော် ဘူးထင်လို့ တားမြစ်တာကို ငါလက်ခံရဲပါတယ်။ နင် စိတ်မပူပါနဲ့”
ညိုမိက ခုမှ စိတ်အေးသွား၏ ။
“စံ့ ရင်ထဲမှာ တော့ အပူလုံးကြီးတစ်ခု ရွေ့လျားနေပါသည်”
ဖေဖေနဲ့ မေမေ ကွာရှင်းလို်က်တဲ့ အကျိုးဆက်က တစ်ဘ၀လုံး လိုက်နေတော့မှာ လား။
မှန်ရှေ့မှာ ရပ်ကာ စံ မဲ့ပြုံး ပြုံးမိသည်။
ဘာကိုမှန်းမသိ အရာရာကို စိတ်နာသည်။
မှန်ထဲမြင်နေရသော ကိုယ့်ရုပ်လွှာကိုပင် စိတ်နာသည်။
ဘာလို့ ဖေဖေနဲ့ မေမေရဲ့ သမီးလာ ဖြစ်ရတာ လဲ။
အသက်ထက်ဆုံး ပေါင်းဖက် လက်တွဲ သွားနိုင်မယ့် စုံတွဲ တစ်တွဲ ရဲ့ သမီး တစ်ယောက် ပဲ ဖြစ်ချင်သည်။
ပတ်ဝန်းကျင်နှင့် လူတွေ က ဘာရယ်ညာရယ်မသိ။ ဘယ်မှာ မှားတယ် မှန်တယ်မသိ။
ကဲ့ရဲ့ အတင်းအဖျင်းဆိုပြီး အားနည်းချက်ကို ထိုးနှက်ကြဖို့ပဲ နားလည်ကြတာ။
မမဉာဏ်၏ ယောက်ျားကိုသက်ထွေးက ပက်ပက်စက်စက် ပြောသွားခဲ့သေး သည်။
“မင်းလည်း မင်းအမေကို မင်းအစ်မလို မ ဖြစ်စေနဲ့သတိထား”တဲ့
ထိုစကာက စံ့ ရင်ထဲ စိုက်ဝင်သွားခဲ့သည်။
တချို့လည်း အတင်းအဖျင်း ဆိုကုန်ကြပြီ။
သူတို့သားအမိ ကျိန်စာသင့်နေသတဲ့။
စံ ကတော့ ထိုစကားတွေ ကို လစ်လျှူရှုခဲ့ပါသည်။
****
အခန်း (၄)
ဒဏ်ရာ (လေး)
‘စံရယ် မေမေနဲ့ ဉာဏ်နဲ့ လိုက်မှာ ပေါ့ တက်ယူလိုက်ပါ၊ နောက်ထပ် တစ်ဘွဲ့လည်း ယူမှာ မှ မဟုတ်ဘဲ”
မေမေက စံ့ကို တိုက်တွန်းသည်။
စံက ခေါင်းရမ်းသည်။
မိစုံဖစုံ ရှိရက်နဲ့ စံ့ဘ၀က နာကျင်စိတ်ပျက်စရာကောင်းသည်။
“စံ သူများ တွေ လည်း ဖေဖေ ခရီးထွက်နေတာတို့ ဘာတို့ရှိကြတာပဲ အမေနဲ့ လာကြတာပဲ”
စံက ဉာဏ်ကို တစ်ချက် လှည့်ကြည့်သည်။
“စံ မယူဘူး အဝေးရောက်ဘွဲ့ပဲယူမယ်။ ဘွဲ့နှင်းသဘင်မတက်တော့ဘူး”
“အမှတ်တရ ဓာတ်ပုံလေး ဘာလေးရိုက်ရမှာ ပေါ့”
“ဟင့်အင်း နေပါစေတော့”
ပျော်ရွှင်စံက ခေါင်းလေးရမ်းသည်။
“တချို့လည်း အကြောင်းကြောင်းကြောင့် မိစုံဖစုံ မလာနိုင်တာတွေ ရှိတာပဲ”
“မမဉာဏ်မသိပါဘူး။ အခုဟာက ဖေဖေ ခရီးသွားနေတာ မဟုတ်ဘူး။ သေသွားတာလည်း မဟုတ်ဘူး။ မမဉာဏ် ဖေဖေ သေသွားခဲ့ရင်တောင် စံ ဒီထ် နည်းနည်း ဖြေသာဦမယ် သိလား”
“စံရယ်”
ခင်မင်ဉာဏ်က စံ ပခုံးလေးကို ထပြီး ဖက်ထားလိုက်၏ ။
ဖေဖေ့ကို အင်မတန်ချစ်သော စံမို့ စံရင်ထဲမှာ အစိတ်အစိတ်အမွှာမွှာ ကွဲကြေခံစားရမှာ ဉာဏ်သိပါသည်။
မေမေ ကတော့ စံ စကားကြောင့် မျက်နှာသွေးဆုပ်သွား၏ ။
စံ့ရင်ထဲ အဲဒီ လောက်အထိ နာနေမှန်း မသိခဲ့ရိုး အမှန်ပါ။
မေမေ ပထမဆုံးအကြိမ် နောင်တရမိပါတယ်။ စံရယ်၊ မေမေ တောင်းပန်ပါတယ်။ သမီး အတွက် သမီးဖေဒီလောက် အရေး ကြီးမှန်းသိခဲ့ရင် မေမေသည်းခံပေါင်းခဲ့မှာ ပါ မကွာရှင်း ပေးခဲ့ဘူး”
စံက မေမေ့စကားဆုံးတာနှင့် လှည့်ပြေးထွက်ခဲ့၏ ။
ဘာမှ မကြားချင်တော့ပါ။ ဘယ်အရာမှ အကောင်းတိုင်းပြန်မ ဖြစ်နိုင်။ ကျကွဲသွားခဲ့ပြီ ဖြစ် သော ပန်းကန်တစ်ချပ်ကို ပြန်ဆက်ဖို့လည်း မလွယ်ကူတော့ပါ။
*****
“ရွှေအောင်” က ခေါင်းတရမ်းရမ်းနှင့် ဆံပင်တွေ သပ်တင်လိုက်၏ ။
စံက လှမ်းကြည့်ကာ.
“နင် ဆံပင်ညှပ်ဦးလေ”
ဟု သတိပေးသည်။
ရွှေအောင့် ဆံပင်တွေ က သိပ်ရှည်နေပါပြီ။
“စံ နင် ပြန်စဉ်းစားပါဦး”
“မစဉ်းစားတော့ပါဘူး”
“နင်တော် တော် အတ္တကြီးပါလား နင့်အတွက်ပဲ နင် စဉ်းစားတယ် ငါတို့ တစ်ဖွဲလုံး နင်မပါရင် စိတ်ကောင်းမှာ မဟုတ်ဘူး အဲဒါကို နင်သိရဲ့ လား”
ရွှေအောင်က မာဆတ်စွာ ဆို၏ ။
“ဆောရီးပဲဟာ ငါတကယ် မတတ်သာလို့ပါ”
“အဓိပ္ပာယ်မရှိဘူးဟာ”
သူပြောချင်သလိုသာ ပြေပေတော့။
စံ တစ်ယောက် ဘွဲ့နှင်းသဘင် မတက်လို့ ဘာမှမ ဖြစ်ပါဘူး။
စန္ဒကူးရယ် ညိုမိရယ် ရှိတာပဲ မဟုတ်လား။
“ငါက ကင်မရာယူလာပြီး သေချာ မှတ်တမ်းတင်ထားမလို့ဟာ အခုတော့ သွားပြီ”
“ငါကြည့်ရတာ ပေါ့ဟဲ့ ကောင်းသားပဲ”
“တော် ပါကွာ နင်က အမြဲ ကန့်လန့်ပဲ”
ရွှေအောင်က လုံးဝမကျေနပ်။
မျက်နှာကြီး ပုတ်သိုးကာနေ၏ ။
စံက နားလည်ရခက်သည်။
တစ်လျှောက် ကြိုးစားခဲ့သမျှ ပန်းတိုင်ရောက်တော့ ပျော်ရွှင်ခွင့်မရ။
စံ့သဘောထားတွေ က ဘယ်လိုလဲ။
“နင့်အဖေန့ နင့်အမေ ကွဲတာ အခု လောလောလတ်လတ်လည်းမဟုတ်ဘူး နင် အရူး အမူးခံစားနေရအောင်”
ရွှေအောင့်စကားကို စံ ဖွဖွ ပြုံးမိသည်။
ဘေးလူ တစ်ယောက် က ဘယ်လိုနားလည်မှာ လဲ။
“စံ..နင် အထူးအဆန်းပဲ စိတ်ညစ်စရာ ကိစ္စတစ်ခုကို ရင်ထဲမှာ အမြဲ ပူနွေးလတ်ဆတ်နေ အောင် နွေးထားတယ် တော် တော် ဆိုးတဲ့အကျင့်ပဲ”
ရွှေအောင်က ထိထိမိမိ ဝေဖန်လာ၏ ။
စံ တုန့်ပြန်စကားမဆို။
သူတို့နှင့် ဘွဲ့နှင်းသဘင် မတက်လို့ ပေါက်ကွဲနေတာလို့ စံက သည်းခံရပါမည် ။ ပြောချင် သလိုသာ ပြောပေတော့။
“ငါ နင့်ကို တော် တော် စိတ်ကုန်တယ်”
ရွှေအောင်က ညည်း၏ ။
ညိုမိကို ပိုခင်မိရင် အကောင်းသား။
စိတ်ညစ်ရမှာ မဟုတ်။
စံကိုမှ သူငယ်ချင်းထက် ပိုချစ်နေသော အ ဖြစ်က သူ့အတွက် အလားအလာ မကောင်း။
စံက ရိုးရိုးရှင်းရှင်း မဟုတ်
စံစိတ်က နားလည်ရခက်သည်။ ရွှေအောင်က ဆက်မတိုက်တွန်းဘဲ လက်လျှော့လိုက်၏ ။
စံက ဆုံးဖြတ်ပြီးလျှင် မပြင်တတ်ပါ။
“ငါလည်း ပြန်စဉ်းစားမယ် နင်မပါတော့ ငါလည်း မတက်ချင်တော့ဘူး”
ဟုဆို၏ ။
“ဟယ် မဟုတ်တာ ဘာဆိုင်လို့လဲ တစ်သက်တစ်ခါ အမှတ်တရ နင်က စာကျက်ပျင်းတာ ဒီဘွဲ့ရတာ ကံကောင်းလို့နော် နင့်အဖေအမေလည်း ပြောထားပြီးပြီ မဟုတ်လား တက်လိုက်ပါ ဟယ်”
ပျော်ရွှင်စံက ရွှေအောင့်ကို တိုက်တွန်းသည်။
ကိုယ့်ကြောင့် သူကို မနစ်နာစေချင်။
ကိုယ်က ကိုယ့်အကြောင်နဲ့ ကိုယ်ပါ။
တခြား သူငယ်ချင်းတွေ သူတို့ မိဘတွေ နှင့် အမှတ်တရဓာတ်ပုံတွဲ ရိုက်ကြ၊ ပြောကြဆိုကြ ရယ်မောကြဆိုရင် ထိုမြင်ကွင်းတွေ မှာ စံ ခံစားရင်နာနေရမှာ ။
*****
ရွှေအောင်က ဂစ်တာတစ်လက်နှင့် ခပ်လှမ်းလှမ်းမျာ ထိုင်နေ၏ ။
စန္ဒကူးနှင့် သူ့အမျိုးသားက နှစ် ယောက် အတူတူ ကြက်ကင် လုပ်ပေးနေ၏ ။
ညိုမိနှင့် စံက စားစရာတွေ စားပွဲပေါ် ခင်းကျင်းနေပါသည်။
စံတို့ လေးယောက် ဘွဲ့ယူကြသော အထိမ်းအမှတ်အ ဖြစ် စားပွဲလေး သီးသန့်ကျင်းပ ကြတာပါ။
စံက ဘွဲ့အခမ်းအနား မတက် ဖြစ်ပေမယ့် သူတို့ သုံးယောက် သား တက် ဖြစ်ခဲ့ပါသည်။
“စံရေ ဖယောင်းတိုင်လှလှလေးတွေ ထွန်းရအောင်နော်” ဟု
ညိုမိက ဆိုလာ၏ ။
“အင်း”
ပန်းပွင့်ပုံ အသည်းပုံ ကြယ်ပုံလေးထောင့်ပုံ ခရုပုံ၊ ပုံစံမျိုးစုံနှင့် ဖယောင်းခွက်ကလေးတွေ ကို စံနှင့် ညိုမိထွန်းညှိကြ၏ ။
ထိုအချိန်မှာ ရွှေအောင်က “အချစ်မျက်ဝန်း”ဆိုသော L လွန်းဝါ၏ သီချင်းအေးအေးငြိမ့်ငြိမ့် ကလေးကို စိတ်ပါလက်ပါးဆိုနေသည်။
“အကြိမ်ကြိမ် ရင်ခုန်မိသော ××× မင်းမျက်ဝန်း××× အာရုံမှာ ငြိတဲ့ မျက်ဝန်း×× မင်းရဲ့ အကြည့်မှာ မျောနေခဲ့ ××× မင်းရဲ့ ××× မင်းရဲ့ ××× အချစ်မျက်ဝန်း”
ရွှေအောင်၏ အသံကလည်း အေးအေးညက်ညက် ပီပီသသနှင့် သိပ်နားထာင်ကောင်းတာ မို့ ညိုမိက ငြိမ်သက်စွာ နားထောင်နေ၏ ၊
စံက ခပ်လှမ်းလှမ်းကို လျှောက်သွးမိ၏ စံ အခုတလော တစ်ယောက် တည်း နေချင်မိ၏ ။
စံ စိတ်ထဲမှာ အတွေးထူး အတွေးဆန်းတွေ ပေါ်နေ၏ စံဘ၀ကို မလှမပနှင့် သူများ ကဲ့ရဲ့ ရှုံ့ ချစရာ ဖြစ်အောင် လုပ်ခဲ့သော ဖေဖေ့နောက်မိန်းမ ပြီးတော့ ကိုသက်ထွေး၏ နောက်မိန်းမ။
ထိုမိန်းမနှစ် ယောက် ကို စံမကျေနပ် ခွင့်မလွှတ်နိုင် ရင်ထဲမှာ မျက်ရှနေမိ၏ ။
ယောက်ျားတွေ ရဲ့ အချစ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ တကယ်ရော ရှိပါရဲ့ လား။
စံ လုံးဝ မယုံ။
စံက နှုတ်ခမ်းလေး ကွေးညွတ်သွားအောင် ပြုံးသည်။
ရွှေအောင်ရယ် နင့်သဘောကို ငါနားလည်တာပေါ့ နင့်မျက်လုံးတွေ ကို ငါသိသားပဲ။ ဒါ ပေမယ့် ဆိုး ဆောရီးပဲ၊ လုံးဝမ ဖြစ်နိုင်ဘူး။ နင်ဟာ ငါ့ရဲ့ ထာဝရသူငယ်ချင်းပဲ လုပ်ပါ၊ တိုး သက်သော သူ့သီချင်းသံကို ကြားနေရ၏ ။
“ကျိန်စာအလား××× ရပ်မသွားတဲ့ ခံစားချက်ပေါင်းများ စွာ နဲ့ ××× စူးရှတဲ့ မျက်ဝန်းတစ် စုံ ××× မင်းချန်ခနဲ ××× မူမပိုင်တဲ့ မျက်ဝန်းအတွက် ကြိတ်ပြီး ရူးခဲ့ရပေမယ့် ××× နှုတ်ဆက် မယ်×× ဒီနှုတ်ခမ်းတွေ တွေးပူနေ××× ဟန်မဆောင်တဲ့ အချစ်တွေ နဲ့ ××× ရင်ထဲက စောင့်မျှော်ခဲ့×× ဖွင့်ပြောခဲ့ချင်ပေမယ့် ××× မသေချာတဲ့ အချစ်တွေ နဲ့×× ပစ်သားမလား စိုးရိမ်ခဲ့××”
တကယ်ဆို ရွှေအောင် စိတ်ဝင်စားသင့်သူက ညိုမီပါ။
ညိုမိကလည်း ရွှေအောင် ဖွင့်ဟပြောလာလျှင် ခေါင်းညိတ်လက်ခံနိုင်မှာ ပါ။
အဆင်ပြေနိုင်အောင်ပေမယ့် လမ်းတစ်လမ်းရှိနေ လျက်နှင့် မပြေမလည်လမ်းကိုမရွေးချယ် ချင်ပါနဲ့လား။
ပျော်ရွှင်စံဆိုတဲ့ မိန်းမ တစ်ယောက် ရင်ထဲမှာ ယောက်ျားတွေ အတွက် အချစ်ဆိုတာ မရှိ ဘူး။
အဲဒါကြောင့် မကြိုးစာပါနဲ့။
“အကြိမ်ကြိမ် ရင်ခုန်မိသော မင်းမျက်ဝန်း××× အာရုံမှာ ငြိတဲ့ မျက်ဝန်း××× မင်းရဲ့ အကြည့်မှာ မျောနေခဲ့××× နေ့တွေ ညတွေ များ သွားခဲ့”
စံက ခုံတန်းကလေးမှာ ထိုင်ချပြီး အဝေးက သစ်ပင်များ ကို လှမ်းကြည့်ငေးမောနေမိသည်။ ခံစာမှု တစ်စုံတစ်ရာပါသော သူ့သီချင်းသံကိုမကြားချင်။ စံ စိတ်ဓာတ်တွေ မပျော့ညံ့ချင်း။
ဘ၀ကို တစ်ယောက် တည်း ရင်ဆိုင်ဖြတ်သန်းရဲအောင် ကြိုးစားမည် ။ အချစ်ရေး ကို မစဉ်း စားချင်။
“ဘယ်လောက်ပဲ တို့ဝေးပါစေ××× တစ်ချက်လေးစောင့်ငဲ့ကြည့်ရုံနဲ့×× မျက်ခုံး အပင့် မှာ ×× ဒီအလွမ်းတွေ ပုန်းကွယ်နေ××× ချိုမြိန်တဲ့ အချစ်စကားတွေ ×× ဘယ်လိုပဲ ခဏခဏ ပြောချင်လည်း ××× မင်းအရှေ့မှာ အတောင်ကျိုးတဲ့ ငှက်လိုပဲ”
“စံရေ စံ”
ဟော စန္ဒကူး ခေါ်နေပြီ။ စံက ကမန်းကတန်းပြန်လျှောက်လာခဲ့ရသည်။
“ဘယ်သွားနေတာလဲ ရပြီ လာကြည့်”
မွှေးပြီး နူးညံ့နေသော ကြက်ကင်ကို ခေါ်ပြသည်။
“မင်းရဲ့ မျက်ဝန်းထဲက မိုးစက်လေးများ မကျစေဖို့ ××× ကိုယ့်ရင်ထဲက ထစ်ချုန်းမိုးချိန်းသ လို×× မင်းတွက် တစ်သက်လုံးပဲ သိမ်းထားမယ်”
သီချင်းသံဆုံးတော့ ညိုမိက လက်ခုပ်တီးပေးသည်။
“လာပါတော့ သိချင်းပဲ ဆိုနေတော့မှာ လား စားရအောင် ခံစားချက်တွေ ခဏ မေ့ထားဦး”
ဂစ်တာကိုချထားပြီး တစ်လှမ်းချင်းလျှောက်လာသော သူ့ကို စံက လှည့်မကြည့်။
တမင် မကြည့်ဘဲ နေတာပါ။
မျက်လုံး ချင်း မဆုံချင်။ အကြည့်ချင်း မဖလှယ်ချင်။
ငါတို့က သူငယ်ချင်းတွေ ပါ ရွှေအောင် နင်ရှေ့တိုးလာရင် ဘာတွေ ဖြစ်မလဲ နင်အသိဆုံးပဲ။ ကျေးဇူးပြုပြီး သည်နေရာမှာ ပဲ ခြေစုံရပ်နေပေးပါ။
*****
“စံ”
“ဟင်”
ရွှေအောင်က “စံ” ဘေးနားလာရပ်ပြီး ခေါ်၏ ။
“နင် အခုတလော ငါ့ရှောင်နေသလားလို့ပါ”
“ဟုတ်ချင်ဟုတ်မှာ ပေါ့”
“အဲဒါ ဘာ ဖြစ်လို့လဲ”
“နင်ပိုသိမှာ ပါ့”
“စိတ်ချပါဟာ ငါက တဇွတ်ထိုးသမား မဟုတ်ပါဘူး”
“အင်း ငါစိတ်ချလိုက်ပြီ”
ပျော်ရွှင်စံက ခေါင်းညိတ်သည်။
“စံ နင်သဘောထာတွေ တနေ့နေ့ ပြောင်းလဲလာနိုင်သေးတယ် မဟုတ်လား”
“မသိဘူးလေ”
“ပြောင်းလဲလာပါစေလို့ ငါမျှော်လင့်မိတယ်”
“ငါ ကတော့ နင်ခြေစုံရပ်နေဖို့ပဲ မျှော်လင့်တယ်”
တကယ်လို့ ရှေ့တိုးလာလျှင် သူငယ်ချင်းသံယောဇဉ်ကလေး ဆုံးရှုံးသွားရတော့မှ မဟုတ်လား။
*****
“စံ”
“ဟင်”
လှည့်ကြည့်လိုက်တော့ ရွှေအောင်။
ကာကီရောင် ရှက်အင်္ကျီကိုလက်ရှည်ချာ ကော်ဖီရောင် ဘောင်းဘီပွပွနှင့် ရူးဖိနပ်အနက်နှင့် သူ့ပုံစံက တစ်နေရာကနေ ပြန်လာတဲ့ပုံလား။
“ဘယ်ကလာတာလဲ ညိုမိတို့ မပါဘူးလား”
“နင့်ဆီ သက်သက်ပဲစံ”
“ဟုတ်လား ဘာကြောင့်လဲ”
“နင်နဲ့ စကားပြောချင်လို့ပါ”
“အံမယ် အရေး တကြီး”
ရွှေအောင်က ပျော်ရွှင်စံ မျက်နှာကလေးကို ချစ်မ၀စွာ စူးနစ်ငေးမောစွာ စိုက်ကာကြည့်နေ မိသည်။ ကော်လံပါသော အင်္ကျီ အဖြူပုံဆန်း မြောက်မြောက်ကလေးနှင့် အပွင့်နုပ်နုပ်စကပ်အ၀ါ ဖျော့ကလေးကို တွဲ တ်ထားတာ ကလေးဆန်ပြီး ချစ်စရာကောင်းသည်။
သူမရဲ့ ပါးမို့မို့ဟာလည်း အသာအယာ ဖွဖွလေး ဆွဲလိမ်ပစ်ချင်စရာ။ ရွှေအောင် ကတော့ စံ့ ကိုမြင်တိုင်း ချစ်စနိုးစိတ်နှင့် အသည်းယားစွာ ကြည့်မိမြဲ။
သူ့ရဲ့ မဟာအိပ်မက် မဟာမျှော်လင့်ချက်ကလည်း စံနှင့် ချစ်သူ ဖြစ်ရေး သူ့ရည်းစားကောင် မလေးကို စံမှ စံပဲ ဖြစ်ရမယ်လို့ စိတ်ကူးထဲမှာ လျာထားတာ ကြာပြီ။
ဒါကို စံလည်း ရိပ်စားမိနေပြီလို့ သူထင်သည်။ သူ့မျက်လုံးတွေ ထဲက အချစ်ကို စံမြင်သာသည်။ ထင်ပါသည်။ ဒါပေမဲ့ စံက မသိသလို ရှောင်ဖယ်နေသည်။
ထို့ကြောင့် ရွှေအောင် နည်းနည်း လည်း ရှက်သည်။ မခံချင်သလိုလည်း ဖြစ်မိသည်။ သူကြို စားလျှင် မရနိုင်ဘူးလာ။
ကောင်းကင်ပေါ်က ကြယ်စင်တစ်ပွင့်ကို ဆွတ်ယူဖို့လောက်တော့ မခက်ပါဘူးဗျာ နော်။ တစ်ခါတစ်ခါ စံ သူ့ကို ပြန်ချစ်မှာ ပါလို့ ထင်ပြီး တစ်ခါတစ်ခါတော့ စိတ်ဓာတ်ကျချင်သည်။
သို့သော်ဘာပ ဖြစ် ဖြစ် သူ့စံကို ချစ်ခွင့်တော့ ပန်ကြည့်ရမည် ။ ကိုယ်အရင် ဟ ဖို့ ယောက်ျား တို့ ၀တ္တရားပဲလေဟု သဘောပိုက်ကာ သူအားတင်းလာခဲ့ပါသည်။
“ပြောလေ ဘာကြည့်နေတာလဲ”
“စံ အရမ်းလှလို့ပါ”
“ဟွန်း”
“နင်က အိမ်နေရင်း ပုံစံနဲ့ လှတာပဲ ညိုမိတို့က ပြောတယ် စံလိုမျိုး ဘာမှမလိမ်းဘဲ လှနေရင်ကောင်းမယ်တဲ့”
“သိပ်မမြှောက်ပါနဲ့ သူငယ်ချင်းရယ် စံဘာကူညီရမလဲ”
မျက်ခုံးလေးပင့်ကာ သူငယ်ချင်းဟု သုံးနှုန်းလိုက်ပုံက သူ့ကို ဘက်ခ်ဘီယာ ထိုးဖို့ အချက်ပြတာပါ။ ဒီနေရာမှာ ရပ်နေပါလို့လည်း စံကပြောထားသေးသည်။
သူ ရပ်မနေနိုင်။လူဆိုတာ ခြေစုံရပ်နေဖို့ မ ဖြစ်နိုင် လျှောက်တော့ လျှောက်ရ မည် ။
ရွှေအောင်ကလည် ခေါင်းမာသည်။ ကိုယ် ဖြစ်ချင်တာတစ်ခုကို ဖြစ်ရမှာ ။ ကိုယ့်ဆန္ဒတစ်ခု ဆိုရင် ပြည့်ခွင်ရမှ ကျေနပ်သူပါ။
သူ့ရဲ့ ဇွဲလုံ့လကို အကုန်မသုံးဘဲ သူဘယ်တော့မှ လက်မလျှော့နိုင်ပါ။ တကယ်ချစ်လို့ တကယ်ကြိုးစားကြည့်မယ့် ကိစ္စမှာ ဘာကို ကြောက်နေရမှာ လဲ။ စွန့်စားရဲတဲ့ စိတ်ကို မွေးမြူ ထားခဲ့ တာကြာပြီ။
“ကူညီစရာတော့ရှိတယ်”
“ဘာလဲဟင်”
“ငါနဲ့အတူတူ ကော်ဖီလိုက်သောက်ဖို့ လာခေါ်တာ”
“သြော် ဘာများ လဲလို့”
စံက စိတ်အေးသွားသလို ရင်ဘတ်လေးဖိကာ သက်ပြင်းရှိုက်ပြသည်။
“ဘာလဲစံ ငါ ရည်းစားစကား ပြောတော့မယ်ထင်တာလား”
“အမယ် မဟုတ်ပါဘူး”
“ငါမပြောရဲဘူး ထင်လား”
“သွားဟာ နင် ပေါက်ကရ လာမပြောနဲ့”
“လိုက်ခဲ့မှာ လား”
“ဘယ်တော့လဲ
“အခု”
“ဘုရားရေ အခု ညစာစားချိန်ပဲ ရောက်တော့မယ်၊ ကော်ဖီဆိုင်သွားဖို့လား အိမ်မှာ ထမင်း စားသွားဦးလေ”
“ကျွတ် အချိန်မျာ ဘာလုပ်ရမလဲဆိုတောတွေ ငါ စိတ်မ၀တ်စားဘူး ငါဘယ်တော့မှ ပုံစံ ခွက်ထဲမှာ အတိအကျ မနေနိုင်ဘူး”
“ဘယ်လို ဖြစ်လို့ စကားသံမာမာနဲ့ ဟောက်နေရတာ လဲ ထမင်းစားလေး ခေါ်မိပါတယ်”
“ငါ ထမင်းမဆာဘူး”
“သိပါပြီဟဲ့”
“ငါနဲ့ လိုက်ခဲ့”
“ခဏနေဦးလေ အ၀တ်အစားလေတော့ လဲပါရစေဦး ငါးမိနစ်တော့ စောင့်ပေးပါဥိး လောလိုက်တာ”
“ငါ့မျက်စိရှေ့ အပျောက်မခံချင်တာ”
ညှိုမျက်လုံးရီရီလေးတွေ နဲ့ သူ အဲလိုပြောတော့လည်း စိတ်လှုပ်ရှားရတော့မလို ခြေသလုံး တုံရတော့မလို ဖြစ်သည်။
သူ့စကားကို ပြန်ချေပနေရင်ညလ်း ဒါကိုအတည်ပြုရာရောက်မည် ။ တားမြစ်ပြန်ရင်လည်း ရွှေအောင်က စိတ်ဆိုးဦးမည် ။
တစ်ခါတစ်လေ မသိသလို တိတ်ဆိတ်နေလိုက်တာပဲ ပိုကောင်းမည် ထင်သည်။
“မကြာပါဘူး မေမေ့ကိုပြောခဲ့မလို့”
သူ့ကို ထားပြီး တိုက်ထဲ ပြေးဝင်ခဲ့သည်။
ဟင် ရွှေအောင်နဲ့ စကားထိုင်ပြောရင် သူ အဲလိုအနှောင့်မလွှတ် အသွားမလွတ် ဆက်ပြော နရင် စံတော့ ဘယ်လိုမျက်နှာနှင့် ဘယ်လို စိတ်ထားနဲ့ နားထောင်ပေးရပါ့မလဲနော်။
သူငယ်ချင်းရယ်..ဒီအတိုင်း ကောင်းပါတယ်။
*****
သူက စံနောက်မှာ ကျန်ရစ်တာကို မကြိုက်၊ ပြန်လှည့်ကြည့် စောင့်ခေါ်သည်။ ရင်ဘောင် တန်းကြီး နှစ် ယောက် ထဲအတူတူ ပူးကပ်လျှောက်ရင်း မြင်တဲ့လူက စုံတွဲ ထင်မှာ စိုးသည်။
စံတို့နှစ် ယောက် ချစ်သူတွေ မှ မဟုတ်ဘဲ။ သို့ပေမယ့် ရွှေအောင်ရဲ့ အကြည့် ဂရုတစိုက် ဖေးမလိုဟန်တွေ ကတော့ သူ့ရည်းစား သူ ဂရုစိုက်နေတဲ့အတိုင်းပါပဲ။
“ရွှေအောင် နင်ရှေ့က ၀င်”
“ဘာလို့လဲ”
“မသိဘူး ၀င်ပါဆို”
မီးရောင် မမှိန်တမှိန်နှင့် ကော်ဖီရှော့လေးက အေးစိမ့်မွေးပျံ့နေသည်။ ကော်ဖီစေ့ရဲ့ ရနံ့မွေး မွှေးက လူကိုအင်မတန်ဆွဲဆောင်သည်။
စင်မြင့်ပေါ်က (Live Band) မှာ (Rapper) ဒီဇိုင်းနှင့် ကောင်လေး တစ်ယောက် က (Hollow) ဂစ်တာနှင့် (Soft Music) လေးတစ်ခုကို အေးအေးငြိမ့်ငြိမ့် တီးခတ်လျက်။
စံက တစ်ချက်မော့ကြည့်ပြီး ခေါင်းကို ပြန်ငုံ့မိသည်။
ဒီဆိုင်က ကော်ဖီသောက်သလို နေရာထိုင်ခင်းလေးကလည်း ကဗျာဆန်သည်။ အေးဆေး လွတ်လပ်မှု ရှိသည်။
တက္ကသိုလ်စာကြည့်တိုက်က စားပွဲတွေ လို တစ်ခုံနှင့် တစ်ခုံ မမြင်ရအောင် အရုပ်ကလေး တွေ နှင် ဒီဇိုင်းဖော်ပြီး ကာရံထားပုံလေးက လှတော့ စံက အရုပ်ချစ်တတ်သူပီပီ ရပ်ပြီး ကြည့်နေ မိသည်။
“ထိုင်လေကွာ”
“အင်းပါ”
ရွှေအောင်က စံလက်ဖျားလေးကို စိတ်မရှည်သလို ဖျပ်ခနဲ ဆွဲကိုင်လို့ ထိုင်စေသည်။
“ဒီမှာ ဘာရေး ထားတာလဲ ဖတ်နေတာ”
“နောက်မှ ဖတ်ပါ စံရယ်၊ အခုလောလောဆယ် ငါ့ မျက်နှာကို ကိုပဲဖတ်ပါ”
“လျှောက်ပြောနဲ့”
နှုတ်ခမ်းလေးစူကာ တားမြစ်လိုက်ပုံကလေးက အသည်းယားစရာ။
စံရယ် နင့်ကို ငါချစ်တယ်ကွာ နင့်အမူအရာလေးတွေ ကို ငါသိပ်အသည်းယားမိတယ်၊
“ဘာကြည့်နေတာလဲ”
စိုက်ကြည့်နေတာမို့ စံက ရန်လုပ်လိုက်ပါသည်။
“ကြည့်တော့ ဘာ ဖြစ်လဲ”
“မကြည့်နဲ့”
“ကြည့်မယ်ကွာ ကြည့်နေချင်တယ်”
“နင်အဲလို ပြောင်စပ်စပ်လုပ်ရင် ငါပြန်မှာ နော်”
“ကျွတ် ရေလည် ခြိမ်းခြောက်တာပဲ”
ထိုအချိန်မှာ စားပွဲထိုးလေးက သူ့နားလျှောက်ပြီး ဘတ်ဒေးကိတ် စီစဉ်ရတော့မလား ခပ်တိုးတိုး ကိုင်းယို့လာမေးသည်။ သူက ရီဇ့်စားပွဲမှာ ထိုင်တာကိုး..
ကြိုတင် အစီအစဉ်နဲ့ပေါ့။
“ရွှေအောင် ဘတ်ဒေးကိတ်ဟုတ်လား”
“အင်း”
သူက ခပ်ပြုံးပြုံး ခေါင်းညိတ်သည်။
“ဟဲ့ မနက်ဖြန်မှ ဆယ့်လေးရက်လေ နင့်မွေးနေ့က မနက်ဖြန်မှလေ ညိုမိတို့နဲ့ တောင် ချိန်း ထားပြီးသားကို ဘတ်ဒေးပရဲဆင့်ကိုတောင်သူတို့ အတူတူသွားဝယ်မယ်ပြောတာ ခုလောက်ဆို ၀ယ်ပြီးပြီ ထင်တယ်”
“ဒီညက မွေးနေ့အကြိုလေ ငါ့အမေက ငါ့ကို မွေးတော့မယ်မထင်ဘဲ ဒိလိုညမျိုးကစပြီး ဗိုက်က နည်းနည်း ချင်း ဖြည်းဖြည်းချင်း စနာပြီး ငါက မိုးချုပ် အပြင်မထွက်သေးလို့ မနက်စော စော ထွက်လာတာ။ ဒါပေမဲ့ ငါ လောကကြီးကို လာတော့မယ် အကြောင်းကို ညကတည်းက စပြီး အ ချက်ပေးထားတာဟ သိလား”
“သွား ပေါက်ကရပြောပြန်ပြီ”
“မွေးနေ့အကြိုဆိုပြီး အမေ့ကို ဦးဦးဖျားဖျား အရင်ဆုံးကန်တော့ခဲ့ပြီးပြီ”
“တကယ်”
“တကယ်ပေါ့စံရယ် ငါ့ရဲ့ ဘ၀မှာ အမေ့ကို ငါသိပ်ချစ်တာ ပြီတော့ ကောင်မလေးတစ် ယောက် ကို ချစ်ရတယ်။”
“ရွှေအောင် နင်ဒီလို မွေးနေ့သပ်သပ်လုပ်တာ ညိုမိတို့ သိရင် စိတ်ဆိုးကြမှာ သူတို့ဆီ ဖုန်းဆက်လိုက်မလား”
ရွှေအောင်က မြန်မြန် ခေါင်းယမ်းပြီး..
“ဟ မလုပ်နဲ့လေ နင်နဲ့ နှစ် ယောက် ထဲ ဒီလိုလေး ကျင်းပဖို့ အကြာကြီး စိတ်ကူးယဉ်ခဲ့ရ တာ င့ါစိတ်ကူးလေးကို အားပေးပါ”
“အဲဒါဆို ငါ့ကို မရိုးသားတဲ့ သဘောလို့ ထင်ရင်ရော”
“ထင်ပစေလေ”
“ဘာရယ်”
“တကယ်လည်း ငါမှ မရိုးသားတာပဲ”
“တော် ပြီဟာ စကားကောင်းကောင်းပြော”
“င့ါရဲ့ မျှော်လင့်ချက်တွေ ဟာ ရင်ထဲမှာ မဆန့်တော့ဘူး နေရာမရှိတော့ဘူး ငါပြောချင်တယ် စံ ပြောပါရစေကွာ”
သူက စံ့နား တိုးငုံ့ကာ စံ ပါးပြင်ေးလကို တို့ထိတော့မလို စိတ်ပါလက်ပါကြီး အရေး ဆို သော အခါစံ ပခုံးလေးကျုံ့ပြီး ရှက်သွားမိသည်။
ရွှေအောင်က ပျော်ရွှင်စံရဲ့ ရှက်စနိုးဟန်ပန်လေးကြောင့် ပိုမိုအားတက်လာရပါသည်။ တကယ်တော့ အချစ်ဆိုတာ အသွားအပြန် ရှိမှာ ပါ။ မှန်တစ်ချပ်လို အမှန်အတိုင်း တုန့်ပြန်တတ်မှာ ပါ။
“စံ ငါတို့ နှစ် ယောက် သား ချစ်သူ ဖြစ်သွားရင် သိပ်ပျော်စရာ ကောင်းးမယ်ထင်တယ်”
“မထင်ပါဘူး”
“စံကို ချစ်တယ်ကွာ”
“မပြောနဲ့ဆိုမှ”
“ချစ် ချစ်တယ်”
“စံလေ ဘယ်ယောက်ျားကိုမှ မချစ်ရဲပါဘူး တကယ်ပြောတာပါ”
“အဲလို အားငယ်နေတဲ့ စိတ်တွေ ဖျောက်လိုက်စမ်းပါ”
“ဟင့်အင်း”
စံ က ခေါင်းလေးယမ်းသည်။ သာယာမှု တစ်ခုမှာ မကျရှုံးချင်။ သူမရဲ့ စိတ်ဓာတ်က ခိုင်မာမှု ရှိမှာ သေချာသည်။
ရွှေအောင့်မျက်လုံးတွေ ကို သူမ ရင်မဆိုင်ဘဲ လွှဲဖယ်နေမိသည်။ ဆိုင်ထဲက မီးပုံးလေးရဲ့ အလင်းရောင် ဟာ ရွှေရောင် မျက်နှာပေါ် ကျရောက်နေပြီ သူ့မျက်လုံးတွေ ထဲမှာ တကယ်ပဲ ယုံ ကြည်မျှော်လင့်နေသော အလင်းတန်းတစ်ခုရှိနေသည်။
တစ်စုံ တစ်ယောက် ရဲ့ ယုံကြည်မှု နှင့် မျှော်လင့်ချက်ကို စံ ကြောက်သည်။ စူးရှကာ လုံးဝ နောက်မဆုတ်သော စိတ်ရဲ့ လိုအင်ဆန္ဒတစ်ခုဟာ သိပ်စွမ်းပြီး အင်အားကြီးမားသည်ဟု ကြားဖူး သည်။
သူငယ်ချင်းလေးရဲ့ အကြည့်မှာ ထိုစွမ်းအားမျိုး ရှိနေသည်။ စံ ဘယ်လို ရှောင်ပြေးပုန်းရပါ့ မလဲနော်။
“ဟယ် ဘတ်ဒေးကိတ်ယူလာပြီ ချစ်စရာလေးနော်”
စတီတွန်းလှည့်းလေးနဲ့ တွန်းယူလာတာ ကိတ်ချည်းသက်သက်မဟုတ်ဘဲ ဝေဖာတွေ ၊ ချောက လက်ပြားလေးတွေ နှင့် အိမ်ပုံစံလိုလို အမိုးအဆင့်ဆင့်နှင့် အလှဆင်ထားသော အရုပ်လေးက ဆန်းပြားစွာ ချစ်စဖွယ်ကောင်းနေပါသည်။ ဂျယ်လီအနီနှင့် အရုပ်ကလေးလည်း ပါသည်။
စံမွေးနေရကျရင်လည်းဒီလို ကိတ်မျိုးမှာ မယ် ကလေးပေါက်စတွေ အားကျသွှားအောင် ဟင်း ဟင်း
“ကြည့်ပါဦးကွာ ရည်းစားစကားထက် ဘတ်ဒေးကိတ်ဆန်းလေးကို အာရုံကျနေတာ တော် တော် ဆိုးတဲ့ကောင်မလေး”
“မွေးနေ့အထိ မစောင့်ပါနဲ့ စံ အဖြေပေးတဲ့နေ့ကျရင် ရည်းစာ ဖြစ်တဲ့ အထိမ်းအမှတ်အနေ နဲ့ ဒီလို ပွဲလေး ထပ်နွဲတာ ပေါ့”
“အောင်မယ် ဘယ်သူ အဖြေပေးမှာ မို့လို့လဲ”
“စိတ်ဆင်းရဲအောင် မပြောပါနဲ့ စံလေးရယ်”
ပျော်ရွှင်စံက သူနှင့် ငြင်းခုန်မနေတော့ဘဲ ကိတ်မုန့်နှင့် ဖယောင်းတိုင်လေးတွေ အပေါ် အာရုံထားလိုက်ပါသည်။ စံတို့ အတူတူ ဖယောင်းတိုင် ထွန်းကြသည်။
“ဟက်ပီဘတ်ဒေးပါ ရွှေအောင်၊ ဒီလို မွေးနေ့လေး တွေ တစ်ရာနှစ် ဆယ်ကျော်ပါစေ”
“စံလည်း ကိုယ့်ဘေးမှာ အခုလို အတူတူ ရှိရင်ပေါ့နော်”
သူက ဈေးဆစ်လိုက်ပါသေးသည်။ အတူတူရှိ၊ မရှိကို ဘယ်သူက ကြိုသိနိုင်မှာ မို့လို့လဲ သူကဖယောင်းတိုင်မှု တ်ပြီး တာနှင့် ကိတ်မု့န်ကို လှီးဖဲ့ယူကာ စံ့ကို ခွံ့ကျွေးသည်။
စံ ကတော့ ခရင်တွေ ပေချင်ပေ နှုတ်ခမ်းကို ကျဉ်းကျဉ်းလေးပဲဟတော့ သူရယ်နေသည်။
“ရှက်စရာလားကွာ ”တဲ့ ရှက်တာပဲပေါ့။ သူစိမ်းယောက်ျား တစ်ယောက် မုန့်ခွံ့ကျွေးတာ စံ အရင်ကမှ မကြံဖူးဘဲ
“ကဲ.. မွေးနေ့လက်ဆောင်က ဘာပေးမှာ လဲ”
“နင်ပဲ မပြောမဆိုနဲ့ ခေါ်လာပြီးတော့ ပြောရင် ၀င်ဝယ်ခဲ့မှာ ပေါ့”
“၀ယ်ပေးတဲလက်ဆောင်မလိုချင်ဘူး စံရင်ထဲက လက်ဆောင် အသည်းနှလုံးထဲက ပေးတဲ့ အရာကိုပဲ လိုချင်တယ်”
သွယ်ဝိုက်နေရင်းကနေ တဖြည်းဖြည်း ဒဲ့ ဖြစ်လာပြီ။ မပေးနိုင်ပါဘူး ဆိုတဲ့အရာကိုမှ ဘာလို့ များ တောင်းဆိုချင်ရတာ လဲ။
ခက်တော့ ခက်နေပြီ။
“နင်က သီချင်းဆိုတာ ၀ါသနာပါတော့ စံ တွေးထားတာ ဂစ်တာ တစ်လက် လက်ဆောင်ပေး မလားလို့ပါ ညိုမိတို့ကို တောင်ပြောထားတယ်”
“စံရယ် ငါဘာလိုချင်တာလဲ သိရဲ့ သားနဲ့ ဟာ မသိချင်ယောင်မဆောင်ပါနဲ့”
“စိတ်ညစ်ပါတယ်နော်”
“သိပ်ချစ်လိုက်ရင် စိတ်ညစ်တာတွေ ပျောက်သွားမယ်”
“စံရဲ့ ရင်ထဲမှာ အချစ်မရှိဘူ။ ရွှေအောင်ရဲ့ အချစ်ဆုံးဆိုတာ ဘာလဲ”
“ဒါဖြင့် ရင် ချစ်တတ်အောင် ငါသင်ပေးမယ်”
“အံမယ်”
သူ့ ဘက် ပိုတိုးကပ်လာသဖြင့် မျက်စောင်းရွယ်မိသည်။ ရွှေအောင်က ရယ်သည်။
“အ ဖြစ်သည်းမလေး”
“တခြား တစ်ယောက် သွားကြိုက်”
“စံ့ကိုပဲကြိုက်တယ်”
“ရှေ့လျှောက်သူငယ်ချင်းတွေ အ ဖြစ်ကနေ မပြတ်စဲချင်ဘူးရွှေအောင် ငါတို့နှစ် ယောက် မှာ မျက်နှာပျက်စရာ၊ မျက်နှာပူစရာ အခြေအနေမျိုးမ ဖြစ်ချင်ဘူး။ သူငယ်ချင်းဆို ဘယ်အချိန် ဘယ်နေရာမှာ မဆို ပွင့်ပွင့်လင်းလင်း ခေါ်ပြော နှုတ်ဆက်လို့ ရတယ်။ ဘယ်တော့မှ သူစိမ်း ဖြစ် မ သွားဘူး သိပ်ကောင်းတာပဲ နင့်စကားတွေ စံ မေ့လိုက်မယ်နော် ဟုတ်ပြီလား”
“ငါမှ သူငယ်ချင်းမ ဖြစ်ချင်တော့တာ ငါက ရည်းစားပဲ ဖြစ်ချင်တယ်။ ပြောပြီးသားလည်း ဖြစ်နေပြီ။ ရည်းစား ဖြစ်ခွင့်မပေးဘူးဆိုရင် စံရဲ့ ရှေ့ကို ဘယ်တော့မှ ရောက်မလာတော့ဘူး ဒါ ဒီကောင်လေးရဲ့ ဆုံးဖြတ်ချက်ပဲ”
ရွှေအောင်က ပိုမိုပြတ်သားလိုက်ပါသည်။ ယောက်ျားတို့ပဲ ပြောပြီးမှတော့ ဆိုခဲစေ မြဲစေပေါ့ ရလာဒ်က ဘယ်လိုပဲ ထွက်ထွက် သူ ကတော့ ပြိးအောင် ဆက်ထွက်ရတော့မည် ။
အဖြေတစ်ခုတော့ ထွက်လာရမည် ။ ထိုအဖြေကိုလည်း သူ ခံနိုင်ရမည် ။ တွေးထားပြီးသာ
“ရွှေအောင် စံပြောရင် စိတ်မဆိုးနဲ့နော် စံက ယောက်ျားတွေ ရဲ့ အချစ်ဆိုတာကို လုံးဝ မယုံဘူး ဖြစ်နေတယ်။ ယုံတတ်လာတဲ့တစ်နေ့ကျရင် နင်ပြောတာကို စဉ်းစားကြည့်ပါ့မယ်”
“ကျွတ် ဝေးတယ်ကွာ”
စိတ်ပျက်လက်ပျက် ဖြစ်သွားတာမို့ စံ ရယ်ချင်သည်။
“စံတော့ အဲဒါပဲ ပြောတတ်တယ်”
“စဉ်းစားဦးမယ်ပေါ့”
“မပြောမိပါဘူး”
“မိန်းကလေးတွေ က အဲဒီ လိုအချိန်ဆွဲတဲ့ နည်းလေးတွေ နဲ့ ချည်းထားတတ်တာပဲ”
“စံရာ နင်လည်း မိန်းကလေးပါကွာ”
“ဒါပေမယ့် မတူတာတွေ ရှိတယ်”
ဟုတ်သည်လေ။ သူတို့မှာ စံ့လို နာကျည်းစရာ စိတ်ဒဏ်ရာတွေ ရှိနိုင်သလား အချစ်ဆိုတာ ဒီလောကမှာ တကယ်ရှိတဲ့အရာမို့လား စံဖြင့် မထင်ပေါင်။
လူတွေ မှာ အတ္တမရှိရင် အချစ်ဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီအတ္တတစ်ခုကြောင့်သာ လှပတဲ့ စာလုံးလေး စကားလုံး လေးကို အချစ်လို့ ပြောင်းလဲသုံးစွဲခဲ့တာ။
စံတော့ မယုံရေး ချ မယုံပါပဲ။ ဒီယစ်မူးဖွယ် စကားလေးတစ်ခွန်းရဲ့ နောက်မှာ မပြေလည်နို်င် တဲ့ပြဿနာမှ အများ ကြီး။
“တခြားကောင်မလေးတွေ နဲ့ စိတ်ဓာတ်ချင်း သိပ်မတူလိုလည်း စံကို ပိုစွဲတာပါ။ စံက ရိုးသား ပြီး ရင်ထဲမှာ ရှိတဲ့အတိုင်း ဗြောင်ပြောတတ်တယ်။ ပွင့်လင်းတယ်။ ဖြူလည်း ဖြူတယ်”
တခြား အကြောင်းအရာတွေ လည်း အများ ကြီး ဘာပဲ ဖြစ် ဖြစ် စံနဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ကြိုက်တယ် စံ စကားပြောတာ စံပြုံးတာ စံရဲ့ အမူအယာတွေ လည်း အကုန်လုံး သဘောကျတယ် ဘယ်သူ့ကိုမှ မယုံရဲတာကိုလည်း သနားတယ်။ စံ ယုံကြည်တဲ့ ယောက်ျား တစ်ယောက် သိပ်ပြီး ဖြစ်ချင်တယ် ယုံပေးပါလား စံနော်”
စံက ခေါင်းလေးသာယမ်းသည်။
“စံ့ကို တစ်သက်လုံးချစ်သွားမှာ ပါကွာ အားကိုးယုံကြည်လိုက်ပါ”
“အမယ် မကိုးပါဘူး”
ဆတ်ခနဲ ငြင်းပယ်လိုက်တော့ ရွှေအောင် မျက်နှာကွက်ခနဲ ပျက်သွားသည်။ မတတ်နိုင်ပါ စံမှ မချစ်တာပဲ။
*****
ရွှေအောင် စံ့ကိုချစ်ခွင့်ပန်လိုက်ပြီဆိုတာ ညိုမိရော စန္ဒကူးရော သိသွားသည်။
ပြန်မချစ်ရင်ပဲ စံက အပြစ် ဖြစ်တော့မလို။ သူက ကြေငြာရဲတယ်ဆိုတာ စံ့အပေါ် တကယ်မျှော်လင့်ယုံကြည်နေလို့လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ဘယ်သူဘာပြောပြော ဂရုမစိုက် တာလည်း ဖြစ်နိုင်သည်။
သူ့မှာ သတ္တိရှိတယ်လို့ စံ ထင်လိုက်မိသည်။ အမှန်တော့ စံ ထင်တာမှားသည်။ စံ့မှာ စိတ်ဓာတ်ခိုင်မာမှု ရှိသည်ဟု စံထင်သည်။
အမှန်တော့ စံထင်တာမှားပြန်သည်။ ရွှေအောင်ကို စံ ဘယ်တော့မှ ချစ်တုန့်ပြန်မိမှာ မဟုတ်ဘူးဟု ထင်သည်။
အမှန်တော့ ထိုအထင်က အမှားကြီး မှားပြန်ပါသည်။ တစ်ခါတစ်ရံမှာ မလျှောက်ချင်သော လမ်းကို တည့်တည့်လျှောက်သွားမိပြီး မ ဖြစ်ချင်တာတွေ က သူ့ဟာသူ ဖြစ်လာတတ်ပါသည်။ တကယ်ပါ စံသူ့ကို လုံးဝချစ်ဖို့ မရည်ရွယ်ပါ။
*****
မိုးစဲမလားရယ်လို့ စာအုပ်ဆိုင်ရဲ့ တံစက်မြိတ်လေးမှာ အကြာကြီး ရပ်စောင့်နေ မိပါသေး သည်။
ထိုညက မထင်မှတ်ဘဲ လမ်းမှာ ရေတွေ ကြီးအောင် မိုးက အဆက်မပြတ်သည်းထန်စွာ ရွာသွန်းသည်။
မိုးပေါက်မိုးစက်တွေ က များ ပြားကြီးမာသလို လေကလည်း ရောပါတိုက် ခတ်တော့ ထီးပါ တဲ့သူရော မပါတဲ့သူရော အကုန်လိုလို စိုစိုရွှဲကုန်ကြသည်။
စံက ထို့ကြောင့် ထီးပါလျက် အပြင်မထွက်ရဲ။ ရေမြှုပ်နေတဲ့ လမ်းပေါ် မမြင်မစမ်း လျှောက်သွားရမှာ စံကြောက်သည်။
တချို့ ရေနုတ်မြောင်းတွေ က အပေါ်က အဖုံးမခိုင့်တခိုင်။ တချို့ က အဖုံးအကာ ဘာမှမရှိ။ မြင်ရရင်တော့ ကျော်လွှားလို့ သွားလို့ရတာ ပေါ့ ရေတွေ လျှံပြီး လမ်းကို မမြင်မစမ်းလျောက်လိုက် တဲ့အခါ မတော် တဆ ရေမြောင်းထဲ လိမ့်ကျသွားလျှင် မတွေးရဲ။
ထိုအတွေးနှင်ပဲ စံမှာ ထီးအပြာနုလေးကိုကိုင်လျက်သား မိုးရေကြီးထဲ ချက်ချင်း မထွက်ရဲ။
တစ်ယောက် ထဲ အိမ်က ထွက်လာမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။ လမ်း မကျယ်ကြီးနှစ် ကို ဖြတ်ကူးပြီမှ စံတို့ဖက်ခြမ်း ရပ်ကွက်ထဲကို ရောက်မှာ မိုးမရွာရင်တော့ အိမ်က အဝေးကြီးလို့ မပြောနိုင်ပေမယ့် မိုးသည်းနေတော့ ထိုခရီးလေးကပဲ ဝေးနေသလို။
အချိန်ကလည်း မိုးချုပ်နေပြီဆိုတော့ မိုးအတိတ်ကို ဆက်ပြီး ရပ်စောင့်နေဖို့လည်း မ ဖြစ် နိုင်။ ဒီမိုးကိုကြည့်ရတာ လည် တစ်ညလုံးပဲ ရွာနေတော့မလား မဆိုနိုင်။
မထူးပါဘူးလေဟု တွေးကာ ထီးကလေးကို ထောက်ခနဲ ဖွင့်ပြီး မိုးပေါက်တွေ ကြား ဖျပ်ခနဲ ထွက်လိုက်သည်။ မိုးသံတ၀ုန်းဝုန်း ကြားမှာ ဖျန်းခနဲ အေးစက်သွား၏ ။
လမ်းထိပ်မရောက်ခင် ထွက်မိတာမှားပြီဟုသိလိုက်သည်။ ဒီလောက် မိုးကောင်းနေတာ ထီးကို သေချာဆောင်းထားပါလျက် ဆံနွယ်တွေ အထိ မိုေးရအေးအေးက လာစိုသည်။
ပိုပြီး ဆိုးတဲ့တစ်ချက် ကတော့ စံနဲ့ ဘေးကနေ ထိကပ်လုမတတ် အရက်မူးသမား တစ်ယောက် ဇွတ်လိုက်လာတာပါပဲ။ စိတ်လည်းတို၊ ကြောက်လည်းကြောက် စံက ခြေလှမ်းမြန်ရင် သူလိုက်မြန်ပြီး စံစာဖတ်ဆိုရင် သူညာဘက် စံဘယ်ဘက်ပြန်ကပ်လျှောက်ရင် သူလည်း ဘယ် ဘက် စံအနီးက လုံးဝခွာမပေး။
တော် တော် မုန်းစရာကောင်းသည်။ ရန်တွေ့ ချင်ပေမယ့် စကားလည်း အရေး လုပ် မပြောချင်။ မသိချင်ယောင်လည်း ဆောင်လို့မရ။ ဒီလူကြီး နှောက်ယှက်နေပုံက ကြမ်းတမ်းပြီး သရုပ်ပျက်သည်။
“စံ”
ရုတ်တရက် စံ ထီးကို လူ တစ်ယောက် မိုးမိုးမတ်မတ် ၀င်ရောက်ပြီး စံ လက်မောင်းလေး တစ်ဖက်ကို ဖြုန်းခနဲ ပိုင်ပိုင်ဆုပ် ကိုင်တာကို ခံလိုက်ရသည်။
တအံ့တသြ ဆတ်ခနဲ မော့ကြည့်မိတော့ စံ့ရင်ထဲ အားတွေ ရှိသွားသည်။
“ရွှေအောင်”
ဒီတစ်ခါ သူ ရောက်လာတာ အပျော်ဆုံးပါပဲ။
“ဘာလို့ တစ်ယောက် တည်း လျှောက်သွားတာလဲ ညကြီိးမင်းကြီး ဒီအချိန်”
“ဟင် ဘာလဲ မကြားရဘူး”
မိုးသံနှင့် တကယ်မကြား။ သူက စံမျက်နှာနား တိုးငုံ့ပြီး..
“ တစ်ယောက် တည်း ဘာ ဖြစ်နေတာလဲ မေးတာ”
“မတွေ့ ဘူးလား မိုးကသူ့ဘာသာ သည်းတာပဲ ရွှေအောင် နင်လည်း စိုနေပြီ”
“ဟုတ်တယ် ငါအရမ်း ချမ်းနေပြီ စံကိုမြင်လို့ ပြေးလိုက်လာတာ”
ရွှေအောင် ရောက်လာတာနှင့် အမူးသမား ကြက်ပျောက်ငှက်ပျောက် ပျောက်သွား လေသည်။
မူးနေပေလို့ပါပဲ။
“လာ လျှောက်ရတာ အဆင်မပြေဘူး လှေကားအောက် ခဏ ၀င်ခိုရအောင်”
ရေထဲမှာ ထိန်းပြီး လျှောက်ရတာ ခရီးမတွင် ။
ရွှေအောင်က စံလက်ကို ဆွဲခေါ်သွားတော့ ဘာရယ် ညာရယ်မတွေးနိုင်ဘဲ လိုက်ပါသွားမိ သည်။
တိုက်အောက်ခြေ လှေကားအောက် အမှော င်ရိပ်မှာ ဘယ်သူမှ မရှိ။ ရွှေအောင် လူလည် လေးက စံ့ကို မလွှတ်ဘဲ လက်ဖ၀ါးလေးကိုပင် မသိမသာ ပွတ်သပ်ကိုင်တွယ်နေသည်။
စံလည်း ဘာကြောင့်မရုန်းမိသလဲ မသိပါဘူ။ မိုးရေစိုစိုနှင့် သူ့ပုံစံသူ့မျက်လုံးလေးတွေ က စံ့ကို ခယတောင်းပန်တိုးလျှိုး နေသလို ညှို့ယူနေသော ထိုအကြည့်မှာ စံ ရုန်းမထွက်နိုင်။
လက်ဖ၀ါးပြင်မို့မို့လေးကို ထိတွေ့ ရင်း သူက တစ်ဆင့်တက်ကာ ဦးခေါင်းလေးကို သူ့ဖက် ဆွဲကပ်လို့ ပါးပြင်လေးကို ဖွဖွပွတ်သပ်ကာ နောက်တော့ စံ့ကိုသူမရဲ တရဲ ရင်ခွင်ထဲ အသာဆွဲ သွင်းသည်။ မှော င်လည်းမှော င်၊ လူလည်းရှင်း၊ မိုးကလည်း သည်းနှင့် ရာသီဥတုက သူ့ဖက် ပါကာ သူ့နှုတ်ခမ်းနွေးနွေးတွေ က စံ့လည်တိုင်လေးပေါ် ကျရောက်လာသည်။ စံရှက်ရှက်နှင့် ရှောင်တိမ်း ရုန်းဖယ်သည်။
“ချစ်လို့ပါစံရယ်”
ငယ်ငယ်ကတည်းက ရင်းနှီးလာသော သံယောဇဉ်နှင့် သူ့အပေါ် စိတ်မကွက်ဘဲ ငြိမ်သက် နေမိတာ စံမှားသည်။
မရည်ရွယ်ပါပဲ လုံးဝ မထင်မှတ်ပါပဲ ထိုညရဲ့ ထိုတဒင်္ဂမှာ စံနှင့် ရွှေအောင်တို့ ချစ်သူ ဖြစ် သွားသည်။ သူက မထင်မှတ်ဘဲ စံ့ကို ဆွဲဆောင်သိမ်းပိုက်နိုင်သည်။
အခုတော့ ရင်ထဲ အေးသလို နွေးသလိုနှင့် ရွှေအောင်ရင်ခွင်ထဲက ရုန်းထွက်ဖို့ရာ ခွန်အား မရှိသလိုပါပဲ။ ဘာကြောင့် ဒီလိုချစ်လိုက်မိသလဲ စံ တကယ်မသိပါ။ ရွှေအောင် ကတော့ ချစ်တယ် ချည်း တဖွဖွ ဆိုတကာ ပျော်ရွှင်ကြည်နူးနေသည်။
*****
![]() အချစ်မြို့မှလှိုက်လှဲနွေးထွေးစွာကြိုဆိုပါ၏ | ![]() နွယ်တဲ့ည | ![]() ကျွန်မ၏ ဂစ်တာတစ်စင်း |