Cover

ပန်းသီခိုင်

ရေခဲပြင်နှင့် မြက်ခင်းစိမ်း




ဆရာကြီးလုပ်ပြီး ပြောတာတော့ မဟုတ်ဘူး

“အချစ်”နဲ့ ပတ်သက်ပြီး ခံစားတတ်ဖို့လိုပါတယ်။

ပြေလည်တာ ကြည်နူးတာ ကျေနပ်တာက

ချိုစိမ့်တဲ့ အရသာ

ပြဿနာတက်တာ မပြေလည်တာ မကျေနပ်တာက

ခါးသက်တဲ့ အရသာ။

စိတ်မချတာ မယုံကြည်ရဲတာ သဝန်တိုတာက

ပူစပ်တဲ့ အရသာ

ခွင့်လွှတ်တာ၊ နားလည်ပေးတာ အလျှော့ပေးတာ

လိုက်လျောတာ ဝန်တဲ့ အရသာ

အဲဒီ လို အရသာတွေ နောက်ထပ်လည်း အများ ကြီးပါ။


သီးသန့်ထွန်း






သူ့ဘက်က ချစ်ချစ် မချစ်ချစ်

ကိုယ်က ချစ်နေတာလေး တစ်ခုတည်းနဲ့

ဒီဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်

ဖြတ်သန်းတော့မယ်။


တိုဆက်






“ထားရေ . . .”

“စေ့စပ်ခြင်း” ဆိုတာ ဘဝတစ်ခုလုံးကို သူစိမ်းယောကျာ်း တစ်ယောက် နဲ့

တည်ထောင်ဖြတ်သန်းဖို့ စရန်စာချုပ် ချုပ်လိုက်တာပါပဲ။

အဲဒီ အတွက် ဘာတွေ ပြင်ဆင် ထားသင့်သလဲ။


“မေမဒီ”






မေမေဒီ ကတော့ . . .

ယောကျာ်း တစ်ယောက် ၏ တန်းဖိုးကို

တည်ကြည်ခြင်း ပေတံနှင့် တိုင်းတာတတ်သည်။

တည်ကြည်မှု မရှိလျှင် ယုံကြည်မှု မရှိတော့ပါ။






စိတ်ကူးထဲက အချစ်နဲ့

အပြင်ဘက်က အချစ် လုံးဝ မတူသလို . . .

စိတ်ကူးထဲက ချစ်သူနဲ့

လက်တွေ့ ဘဝက ချစ်သူလည်း လုံးဝ မတူဘူး။

အချစ်ဆိုတဲ့ အရသာက ထင်သလို မဟုတ်ဘူး။

ဆန္ဒရှိသလို ဖြစ်မလာတဲ့ အခါမှာ “အချစ်”ကို

အရမ်းကြောက်သွားပြီ။


ထား


** ** **




မေမေဒီက ကားထဲက ဆင်းပြီး လျှောက်သွားသော ကိုကြီးကို ဆက်ကို လှမ်းကြည့်နေမိ တုန်းမှာ ပဲ ကိုကြီးက ကားဆီပြန်လှည့်လျှောက်လာပြီး . . .

“မေမမဒီ”

“ဟွန်း”

“ကြာမှာ နော် . . .ကားထဲမှာ ထိုင်ရတာ ပျင်းရင် ဟိုးမှာ တွေ့ လား။ အဲဒီ ဆိုင်မှာ သွားစောင့်နေ၊ ကိုကြီးက ကြာမှာ ကျိန်းသေ”

“အကြာကြီးလား”

“ဒါပေါ့ အလုပ်ကိစ္စဆိုတော့ စိတ်ရှည်ရှည် ထားရမှာ ပဲ”

“ပြီးရော . . .ပြီးရော လမ်းကြုံလိုက်မိတာ မှားပါတယ်”

မေမဒီက နှုတ်ခမ်းလေးစူပြိး ပြောမိ၏ ။

“ပြန်ချင်လို့လား ကိုကြီး တက်စီ ငှားပေးမယ်လေ”

“ဟင့်အင်း . . .မေမေက ကိုကြီးနဲ့ပဲ ပြန်လာတဲ့။ ပစ္စည်းတွေ နဲ့ စိတ်မချဘူးတဲ့”

“သြော် အေး . . .ဟုတ်သားပဲ”

“ကိုကြီးက အဘိုးကြီး ဖြစ်နေပြီ”

“ဟုတ်တယ် . . မေ့သွားတယ်။ ညီမလေး ဟိုဆိုင်မှာ ကြိုက်တာမှာ စား . . .ကိုကြီး လာရှင်းပေးမယ်။ ကားကို သေချာ တံခါးပိတ်ခဲ့ဦး၊ မေမေ့ ပစ္စည်းတွေ တစ်ခုခု ပျောက်ရင် မလျော်နိုင်ဘူး”

“ခုမှ . . .”

မေ့နေတုန်း ကတော့ စိတ်အေးလက်အေး၊ သတိရသွားမှ စိုးရိမ် ကြီးတတ်တာ ကိုကြီးကိုဆက် အကျင့်ပါ။

“ကားထဲမှာ မထားခဲ့ပါဘူး၊ မေမဒီ ယူသွားမှာ ပါ”

“ပေးပါ”

“မေမေက စိတ်ပူလို့ပါ။ တက်စီနဲ့ ပြန်လည်းဘာမှ မ ဖြစ်ပါဘူး။ မေမဒီ့ အိတ်ထဲမှာ ဒီလောက် တန်ဖိုးကြီး ရတနာတွေ ပါမယ်လို့ ဘယ်သူ ထင်မှာ လဲ သိမှာ လဲ”

“အေးလေ ဟုတ်တာပဲ၊ နင့်ပုံက ချမ်းသာမယ့်ရုပ်လည်း မပေါက်ပါဘူး”

“ကိုကြီးနော်၊ ကိုကြီးပုံမှ ဒိုက်ကြီးတုံးကြီး”

“ဟာ . . .မဟုတ်ပါဘူး”

မေမဒီက မခံဘဲ ပြန်ပြော၏ ။ ပြီးမှ ကျောပိုးအိတ်အညိုလေးကို လက်လျှိုပြီး ကျောမှာ သေချာလွယ်လိုက်၏ ။

မတော် တဆ မေ့ကျန်ခဲ့မှာ သာ စိုးရတာ ။ ကျန်တာက ပူစရာမလို။ ကျောပိုးအိတ်ကို ကျောက ဖြုတ်လို့မ ဖြစ်။ ကားတံခါးတွေ လော့ခ်ချပြီး ကားသော့  ယူကာ ပိုက်ဆံအိတ် အသေးလေး ထဲထည့်လျက် ကိုကြီးကို ဆက်ပြောသော ဆိုင်ထဲကို တစ်လှမ်းချင်း လျှောက်လာမိ၏ ။

မေမဒီက ဂျင်းဘောင်ဘီကလေးနှင့် ၊ တီရှပ်ကလေးနှင့် ဝေါ့ကင်းရှူးကလေးနှင့် ပေါ့ပါးသော စတိုင်ကို အရမ်းသဘောကျ တာမို့ များ သော အားဖြင့် အဲဒီ လိုပဲ အဝတ်များ ပါသည်။ သည်နေ့တော့ ဂျင်းပဲန်အနက် ကလေးနှင့် တီရှပ်လိမ္မော်နီကလေး နှင့် ဝေါ့ကင်းရှူးအဖြူလေးကို စီးထား၏ ။

ကားလမ်းကို အပြေးတစ်ပိုင်း ကူးပြီးနောက် ဆိုင်ရှိရာ ဖြည်းဖြည်း မှန်မှန် လျှောက်လာမိသည်။

နှုတ်ဖျားကနေ ‘Honey, I’m home’ ဝေးသွားလေးကို တိုးတိုးကလေး ညည်းနေမိသည်။ ကားထဲမှာ နားထောင်ခဲ့တာမို့ ‘Shania Twam’ ၏ သီချင်းသံက နားထဲစွဲနေပြီး လျှာဖျားပေါ် ရောက်လာ၏ ။

နှုတ်ဖျားက သီးချင်းညည်းရင်း ဆိုင်နာမည် ကို မော့ကြည့်ပြီး မျက်လုံးနှင့် ဖတ်လိုက်၏ ။ “Blue Dream” (အိပ်မက်ပြာ) တဲ့။

“Open” ဟု စာတန်းကလေး ချိတ်ဆွဲထားသော မှန်ညိုတံခါးလေး ကို ကြည့်မိသော အခါ “Pull” ဆွဲဖွင့်ပါ” ဟုလည်း မတွေ့ ရ၊ “Push” တွန်း ဖွင့်ပါ”ဟု လည်း မတွေ့ ရဘဲ “Slde” သေးသို့ ဟု မြားပြထားတာမို့ မေမဒီက မှန်တံခါးကို ဘေးကပ်ရွှေ့ပြီး လျှောတံခါးလေး ဖွင့်ကာ ဆိုင်ထဲဝင်လာ ခဲ့၏ ။

ဆိုင်ထဲက မီးမှိန်မှိန်လေးက ရုတ်တရက် ဗြုန်းစားကြီး ဝင်ရောက်လာသော မေမဒီ့ကို မျက်စိပြာစေပါသည်။

ထပ်အစွန် စားပွဲလေးမှာ ပဲ ဝင်ပေါက်တံခါးဘက် ကျောပေးကာ ထိုင်မိသော အခါ တိုက်ဆိုင်မှု ပဲ ဆိုရလားမသိပါ။ ဆိုင်ထဲမှာ “Honey, I’ Home သီချင်းသံကို ကြားရ၏ ။

သပ်ရပ်စွာ ဝတ်ဆင်ထားသော စားပွဲထိုး (waiter) လေးက Menu Card (ရရှိနိုင်သော စားသောက်စရာ)ကို စားပွဲပေါ် ချလျက် ဘေးမှာ မတ်တပ်ရပ် စောင့်နေပါသည်။ မေမဒီက မီးနူးကို ကောက်ယူကြည့်လျက် . . .တစ်ခုချင်း မှာ ၏ ။

“ရေသန့်တစ်ဘူးရယ် . . .ဆာလမီတစ်ပွဲရယ် . . ဘလက်ကော်ဖီ တစ်ခွက်ရယ်၊ အားလူးကြော် တစ်ပွဲရယ် . . အင်း . . ရပြီ”

ဝိတ်တာလေးက ဟုတ်ကဲ့ဟု တလေးတစား ခေါင်းညိတ်ပြီ ထွက်သွားသော အခါ မေမဒီက ဆိုင်ကလေးထဲ ဝေ့ဝဲကြည့်မိသည်။

“ဟင်”

မျက်နှာချင်းဆိုင်မှာ ထိုင်နေသော လူ တစ်ယောက် က မေမဒီကို စူးစူးစိုက်စိုက် တည့်တည့်မတ်မတ် စိမ်ပြေနပြေ ကြည့်ကာနေပါသည်။

ဘယ်လိုလူလဲ . . . .အကြည့်ရဲလိုက်တာ ရိုင်းလိုက်တာ။

အားနာပါးနာပင် မျက်နှာလွှဲမသွား။

မေမဒီက မျက်နှာကလေး မသိမသာ တင်းကာ သူ့ကို မကြည့်ဘဲ နေလိုက်ပါသည်။ သူကြည့်နေတာကိုတော့ သိ၏ ။

ခုံနေရာရွေးပြီး သူ့ဘက်ကျောပေး ထိုင်လိုက်ရကောင်း မလားဟု တွေးမိသော်လည်း မတူမတန် လုပ်ရာ ကျမှာ လည်း စိုး၊ လူလူချင်းပဲလေဟု တွေးမိတာကြောင့် လည်း ကြည့်ချင်ကြည့်ပါစေ တော့ဟု စိတ်လျှော့လျက် နေမိသည်။

သဲသဲမဲမဲ စိုက်ကြည့်နေတာမို့လည်း ထိုလူကို မေမဒီမှတ်မိသွား၏ ။ သူ့မျက်လုံးစူးစူး များ က အသက်ပါလှသည်။

လူချောလူသန့် တစ်ဦးပါပဲ။ ဘုရားပေးထားသော ရုပ်ရည် ကတော့ လောကအလယ်မှာ စင်ပေါ်ကပါပဲ။

အသားအရေရော ဆံပင်ရော အရပ်အမောင်းရော မျက်နှာကျ ပုံရော မင်းသားနီးနီး ချောပါသည်။ ပြီးတော့ ဆွဲဆောင်မှု လည်း ရှိသည်။ အဲဒီ လို လူချောက မေမဒီကို မျက်တောင်မခတ် စိတ်ဝင်တစား ကြည့်လို့နေတာ ဂုဏ်ယူကျေနပ် ချင်စရာပါပဲ။

အဲဒီ လိုပဲ တွေးလိုက်တော့သည်။

ကြည့်ရသလား ဆိုပြီး ရန်လုပ်လို့ ရမှာ တဲ့လား။ ဗွေယူလို့ ရမှာ တဲ့လား။ သူ့မျက်လုံးနှင့် သူကြည့်တာ ကြိုက်သလောက် ကြည့်ခွင့် ရှိသည်ပဲ။ မေမဒီ ပဲ့ပါသွားတာမှ မဟုတ်ပဲ။

မှာ ထားသော ဆာလာမီနှင့် ဘလက်ကော်ဖီ ရောက်လာပြီမို့ မေမဒီက စားစရာ ရှိတာ ငုံ့စားနေမိသည်။

အခွင့်အရေး ရတုန်းတော့ ကြည့်ဦးပေါ့ကို လူချောရေ။

မေမဒီက ရှင့်ရှေ့တည့်တည့် လာထိုင်မိတာကိုး။

တအောင့်ကြာသော အခါ မထင်မှတ်သော အ ဖြစ်အပျက်ကို မေမဒီ ကြုံတွေ့ ရပါသည်။

စိတ်ထဲမှာ ထောင်းခနဲ ဖြစ်လျက် ဘာကို မကျေနပ်မှန်း မသိဘဲ ဒေါသတွေ ဆူဝေသွား ရ၏ ။

ပိန်ပိန်သွယ်သွယ် ညိုညို စိုစို ကောင်မလေး တစ်ယောက် ဆိုင်ထဲ ဝင်လာပြီး သူ့စားပွဲမျာ ဝင်ထိုင်လိုက်၏ ။

သူ့နှုတ်ခမ်းတွေ က ချိုအီစွာ ပြုံးသွားသည်။

ကောင်မလေးကို ဘာမှန်းမသဲကွဲသော စကားတွေ ပြောကာ ရယ်နေတော့သည်။

ခုနတုန်းက မေမဒီ့ကို မျက်လုံးကျွတ်ကျ မတတ် ကြည့်နေခဲ့ပါတယ် ဆိုတာ ဘုရားစူး ကျိန်ပြော ရတော့မလို။

သူ့ကောင်မလေး မျက်နှာကို ကြည့်ကာကြည့်ကာ အရမ်းပဲ ဂရုစိုက် ကြင်နာသလိုလို . . .

ဘုရား . . ဘုရား

ဘယ်လိုလူပါလိမ့်။

ကြောက်စရာ ကောင်းလိုက်တာ။

မေမဒီ သူ့ကို ကြောင်ငေးကြည့်ကာ အံ့အားသင့် နေမိပါသည်။

ကောင်မလေးနှင့် ချိန်းထားတာများ သိက္ခာရှိရှိ နေပါတော့လား။

အချိန်ကလေးရတုန်း မေမဒီ့ကို ကြည့်နေလိုက်တာ ငမ်းနေလိုက်တာ။

အမယ်လေးနော် . . ယုံမိရင် မှားမှာ အကြီးအကျယ် . . ။

မေမဒီ့ ရင်ထဲမှာ မတင်မကျနှင့် အောင့်သက်သက်နှင့် ဘယ်လိုဆက်ထိုင် နေရမှန်းပင် မသိတော့ပါ။

ကြည့်တော့ ရုပ်ကလေး သနားကမားနှင့် ။

မေမဒီ လန့်သွားမိပါသည်။

တစ်ခုခု ကိုယ့်ဆီက ဖဲ့ယူသွားသလို ခံစားရပြီး ဘာကိုမှန်းမသိ ငုပ်လျှိုးသိမ်ငယ် သွားရတာ လည်း ပါသည်။

မတော် များ မေမဒီက နည်းနည်း လေး မျက်နှာသာ ပေးမိခဲ့ရင် ပြုံးပြရင် ခေါင်းမဖော်ဝံ့စရာ အရှက်ရတော့မည် ။ ကြောက်စရာ ကောင်းသော ကောင်လေးပါလား။

မိနစ်ပိုင်းလေး အတွင်းမှာ ပင် ချိန်းထားသော ကောင်မလေး ရောက်လာတော့မည့် ဟာ . . .မေမဒီ့ကို အားမနာပါးမနာ ကြည့်နေလိုက်တာများ ။

သင်ခန်းစာပါပဲ . . .။

မေမဒီက ကော်ဖီသောက်ပြီး ပိုက်ဆံရှင်းကာ ရေသန့်ဘူးဆွဲလျက် မတ်တတ်ရပ်သည်။

သူ့ကောင်မလေး ဘက်ကို လှည့်ကာ ပြုံးကာ ရယ်ကာ တဖွဖွ စကားပြောနေသော သူ့မျက်နှာ မေမဒီဘက် လှည့်လာတာ ရိပ်ခနဲ မြင်ပေမယ့် မေမဒီ မကြည့်မိတော့ပါ။

မာနက ရင်ထဲမှာ လျှံတက်လာ၏ ။

မေမဒီ လှည့်ထွက်လာခဲ့ပါသည်။

သူ့ကောင်မလေး ကတော့ သူဂရုစိုက်ပြကာ ကြင်နာပြတာကို အဟုတ်ကြီး မှတ်ကာ အယုံကြီး ယုံနေမလား မသိ။

မေမဒီ ကတော့ သူ့ကို မြင်မြင်ချင်း မုန်းသွားမိပြီ။

သူ့စိတ်ဓာတ်အမှန်ကို မြင်လိုက်ရပြီမို့ ယုံကြည်မှု ရှိမှာ မဟုတ်တော့ပါ။

ဆိုင်ထဲကနေ ထွက်လာခဲ့ပြီး ကားထဲ ပြန်ဝင်ထိုင်လျက် ကိုကြီး ကိုဆက် ပြန်အလာကို စောင့်နေမိသည်။

တည်တည်ကြည်ကြည် မရှိလျှင် ထားပါတော့။ ပေါ့ပျက်ပျက်နှင့် စိတ်ပျက်စရာကောင်း သော လူမျိုးကို တွေ့ ရတာ ကံမကောင်းလို့များ လား။

ထိုလိုလူ၏ အကြည့်များ ကို မေမဒီက ခါးသီးရွံရှာမိပါသည်။

“ဟာ . . .ညီမလေးက ပြန်ရောက်နေပြီလား”

“အင်း”

“ဆိုင်ထဲ သွားမထိုင်ဘူးလား”

“ထိုင်ပြီးပြီ . . .စားပြီးပြီ”

“တကယ်လား”

မေမဒီ ခေါင်းညိတ်ပြတော့မှ ကိုဆက်က ကားပေါ်တက်ပြီး စက်နိုး၏ ။

“ကိုကြီး”

“ဟင်”

“ယောကျာ်းလေးတွေ မှာ အချစ်ဆိုတာ ရှိလားဟင်၊ နှမသားချင်း စာနာမှု ဆိုတာရော ရှိရဲ့ လား”

“ဟေ . . .”

ကိုကြီးဆက်မင်းက မျက်လုံးပြူးပြီး လှည့်ကြည့်၏ ။

“ဘယ်လို မေးခွန်းတွေ လဲဟ . . .ငါမဖြေတတ်ဘူး”

“ကိုကြီးလည်း ယောကျာ်းလေးပဲဟာ”

“ဟ . . .ငါ ကတော့ နှမချင်းစာနာတတ်တာပေါ့၊ ငါ့မှာ နှမရှိတာကိုး၊ မရှိတဲ့ ကောင်တွေ တော့ မသိဘူး”

ကိုကြီးဖြေပုံကြောင့် မေမဒီ့ နှုတ်ခမ်းလေးတွေ ဒေါသလွင့်ကာ ပြုံးသွားရပါသည်။

နှမ မရှိလည်း စာနာတတ်သင့်တာပေါ့နော်။

ကိုယ့်ကြောင့် တစ်ဖက် မိန်းကလေးမှာ အရှက်ရတာ . . မခံချင် ဖြစ်ရတာ ဘယ်လို လုပ်ကောင်းမှာ လဲ။

“ငရဲကြီးမှာ ဝဋ်လည်မှာ မေ့နေကြတာလား မသိဘူး”

“ဒါ ကတော့ သူ့အကုသိုလ်နဲ့သူပဲ မေမဒီရေ . . ကိုယ့်လာစရင် မကြားသလိုသာ နေလိုက်၊ အရေး မလုပ်နဲ့”

ကိုကြီးက ဖျောင်းဖျရင်း သင်ပေး၏ ။

“ကိုယ်ထိလက်ရောက် မစော်ကားဘူး ဆိုရင် ပြီးတာပဲ”

မေမဒီက ကိုကြီးကို ခေါင်းညိတ်ပြမိ၏ ။

သည်လိုလူမျိုးနှင့် တွေ့ ဆုံရတာ မေမဒီအတွက် စိတ်နှောင့်အယှက် ဖြစ်ရပါသည်။

ကိုကြီးကို ကားထဲကပဲ ထိုင်စောင့်နေလိုက်လျှင် အကောင်း။ မေမဒီ့မာနကို ခုလို စော်ကား ခံရမှာ မဟုတ်။

အသွားမတော် တစ်လှမ်းတဲ့။ မှန်လိုက်တာ။

** ** **




မေမဒီက ကောင်မလေး ပေးသော စာရွက်ကလေးကို လှမ်းယူပြီး ပေးရမည့်  ပိုက်ဆံကို စာရွက်ကလေးထဲ ညှပ်ထည့်ကာ . . .

“ဟိုဘက်အစွန် ကောင်တာမှာ သွင်းပေးနော်” ဆိုသော ကောင်မလေး၏ စကားကို ခေါင်းညိတ်လျက် ထွက်လာခဲ့ပြီး အစွန်းဆုံး ကောင်တာ အထိ လျှောက်လာခဲ့၏ ။

မေမေ ဒီထက်အရင် ရောက်နေသော လူလေးငါးဆယ်လောက် ကြောင့် ရှေ့တိုးမရသေးဘဲ ခြေစုံရပ်ကာ စောင့်နေမိခိုက်မှာ ပဲ . . .

“ပေး . . ကျွန်တော် သွင်းပေးမယ် ” ဟု လက်တစ်ဖက် လှမ်းလာ သော အခါ ရှေ့က လူဆီ မေမဒီ အကြည့်ရောက်၏ ။

“ဟင်”

မျက်နှာကလေး စူပုပ်ကာ သူလှမ်းလာသော လက်ထဲ စာရွက်မထည့် မိတော့ဘဲ . . .

“ရတယ် ဟု အပြတ်သာ ပြောလျက် မျက်နှာလွှဲမိ၏ ။

မပတ်သက်ချင်ပါ။ အရောမဝင်ချင်ပါ။ ထို့ထက် ပို၍ မြင်ချင်။ မသိကျွမ်းချင်။ ထို့ထက်မက ပို၍ မတော် တဆလည်း မဆုံချင်။ မကြုံချင်။ တိုက်ဆိုင်ဆုံတွေ့  ရမှု ကို ဘဝင်မကျချင်။

မေမေက တယ်လီဖုန်းရုံးမှာ ကြိုတင်ငွေ သွင်းပေးပါဟု ဆိုလို့သာ ရောက်လာခဲ့ရတာ ။ သည်လူနှင့် ဆုံမယ်မှန်းသိ ကြည့် လာကို မလာ။ နောက်နေ့မှ တင်ပေးမလို့။

“မလိုပါဘူး”

“မလိုလည်း ပြီးရောပေါ့”

ပြောပုံဆိုပုံကိုက မုန်းချင်စရာ။ မိန်းကလေးနှင့် ရန်ဖက် ဖြစ်မည့်  ရုပ်၊ ညစ်ကျယ်ကျယ်စတိုင်နှင့် ။

ချက်ချင်း မရတော့လည်း ဘာ ဖြစ်လဲ။

ဘယ်လောက်ကြာအောင် စောင့်ရမှာ မို့လဲ။ ခဏလေးပဲဟာ။ သူ့ပဲ “ကျေးဇူးနော်” ဟု အားကိုးတကြီး ပြောရမလိုလို ဝေးပါသေးရဲ့ ။ မျက်နှာပြောင် . . .ပြောင်လွန်းပါရဲ့ ။

ဟိုတစ်ရက်က ဆုံဖူးသော သည်လူကို မေမဒီက စိတ်ပျက် ရွံရှာစွာ မှတ်မိသွား ခဲ့တာပါ။

သူက မေမဒီ့ကို တစ်ချက်လှည့်ကြည့်ပြီး ငွေသွင်းကောင်တာ ထဲက ပြန်ထွက်လာသော စာရွက်ကို ယူကာ လျှောက်သွား၏ ။

ဟဲန်းဖုန်း အဖြူလေးကို တီရှပ်အနက်ပေါ်မှာ ဆွဲထားပုံရော လမ်းလျှောက်ပုံရော ဦးထုပ်ဆောင်းထားပုံရော . . .မင်းသား ကျနေတာပါပဲ။

အမှန်တကယ် ငေးချင်စရာ ကြည့်ကောင်းနေပေမယ့်လည်း မေမဒီ့စိတ်မှာ အမြင်ကတ်ခြင်း မကျေနပ်ခြင်းတွေ နှင့် မို့ ရှိုးများ လိုက်တာ အိုက်တင်ချည်းပဲ ဘာပုံကြီးလဲဟု ရှုတ်ချ အထင်သေး ချင်မိပါသည်။

ထွက်သွားသော သူ့ကျောပြင်ကို လိုက်ကြည့်နေရမှာ အောင့်သက်သက်မို့ တစ်ဖက်လွှဲကာ နေမိ၏ ။

ခေါင်းထဲမှာ လည်း သူ့အကြောင်း မတွေးချင်။ မစဉ်းစားချင်။ တယ်လီဖုန်း ကြိုတင်ငွေ သွင်းပြီးသော အခါ မေမဒီက တစ်ခုခု စားဖို့ ကေအက်(စ်) အက်(စ်) ဆိုင်ထဲ လမ်းကူးကာ ဝင်လာခဲ့သည်။

ဟင် . . . .

လာဆုံပြန်ပြီ။

သူက ကြက်ကြော်နှင့် အအေးမှာ စားနေရင်းက ပြုံးသလိုလို ရယ်သလိုလို မျက်နှာနှင့် လှမ်းကြည့်၏ ။

ဝင်လာပြီးမှ သူရှိနေတာနှင့် ပြန်ထွက်သွားရမှာ လား။

အရှုံးပေးရာ ကြောက်ရာ ကျပါသည်။

မေမဒီ ပြန်မလှည့်ချင်ပါ။

စားပွဲတစ်ခုမှာ ဝင်ထိုင်ပြီး ထမင်းကြော်နှင့် သီးစုံဖျော်ရည်မှာ လိုက်၏ ။ သူက မေမဒီ့ကို ပြုံးစစနှင့် စိုက်ငေးကြည့်နေ၏ ။

မုန်းလိုက်တာ။

အဲဒီ လို လာကြည့်နေတာကို တစ်စက်မှ မနှစ်သက် ။

သူ့ဆီ မကြည့်မိအောင် သတိထားကာ နေမိ၏ ။

မတော် တဆ ကြည့်မိလျှင် စိတ်ရှုပ်ရဦးမှာ ။

သူက တစ်ချိန်လုံးကြည့်နေတော့ မျက်လုံးချင်း ဆုံမိကာ ဒေါသ ဖြစ်ရသည်။ သူက ဖုန်းပြောရင်း မျက်လုံးတစ်ဖက် မှိတ်ပြ၏ ။

သွားစမ်းပါ။

လုံးဝဂရုမစိုက်ပါဘူး။

အကြောင်းသိပြီးသားများ ။

ရင်ခုန်ဖို့ဝေးစွ။ ဘယ်လိုမှမနေ။

ရည်းစားတွေ မှိုလိုပေါက်နေအောင် ထားတက်သူ။

မျက်နှာများ သော ယောကျာ်းလေး တစ်ယောက် ကို မေမဒီ အထင် မကြီးပါ။ ကိုယ့်ကို အဲဒီ လို မချိုမချဉ် လာလုပ်နေတာကို သည်းမခံနိုင်။ ပက်ပက် စက်စက် နစ်နစ်နာနာ ပြောပစ်ချင်လှ၏ ။

အဲဒီ လို ပြောလိုက်လည်း ရင်ထဲကအနာ ပြေမှာ မဟုတ်။ မေမဒီ့ကို စနိုးစနောင့် ဖြစ်အောင် သူလုပ်လွန်း၏ ။

မေမဒီက ခပ်မြန်မြန်ပဲ ပိုက်ဆံရှင်းကာ ထွက်လာ၏ ။

သူ့ကို လုံးဝလှည့်မကြည့်။

မိန်းကလေးတွေ ကို တော် တော် လျှော့တွက် ထားပုံရသည်။ အားလုံး အတူတူပဲ မှတ်နေသလား။

သူ ခုလောက်ဘဝင်မြင့် မြောက်ကြွနေအောင် လုပ်ပေးခဲ့သော ကောင်မလေး တွေ ကိုပဲ အပြစ်တင်ရမလား။

ရောင့် တက်နေလိုက်ပုံများ ။

သူ့ကို မေမဒီက လက်ခံစကား ပြောမယ်များ ထင်နေသလား၊ အရေး လုပ်မယ်များ ထင်နေသလား။

လုံးဝကို အသိအမှတ်မပြုပါ။

ဒါကို သူ သိခွင့် ကြုံခဲ့ရင် သိရမှာ ပါ။

လွယ်လွယ် ချဉ်းကပ်လို့ ရမယ်ထင်ရင် မှားသွားမှာ ပေါ့။

မေမဒီ ဒေါသ ဖြစ်စွာ တွေးနေမိ၏ ။

** ** **




“ဟိတ် . . .ဟိတ် . . ရွှတ် . . ရွှတ် . . .”

နောက်က ခေါ်သံကြောင့် မေမဒီ့ ခြေလှမ်းတွေ နှေးကာ ဖျတ်ခနဲ လှည့်ကြည့်မိပါသည်။

“ဟွန်း . . .အရှက်ကို မရှိဘူး”

နှာခေါင်းလေး ရှုံ့ကာ တွေးမိပြီး ရှေ့ကို ချာခနဲ ပြန်လှည့်ကာ ခြေလှမ်းတွေ မြန်ပစ်လိုက်၏ ။

နောက်က ထလိုက်လာလိမ့်မည် ဟု မထင်။

လိုက်ခေါ်ရဲလိမ့်မည် ဟု ထင်မထားခဲ့တာ။

သူ့“ဇ”ကို မေမဒီက သိနေပြီးသားပဲဟာ

အကြောင်းမသိလျှင်သာ အဟုတ်ကြီး မှတ်ချင်မှတ်မှာ ။

မေမဒီ့ကို ဘာများ မှတ်နေသလဲ။

မျက်နှာကလေး မော့ပြီး ဒေါသနှင့် ခြေလှမ်းကို ဆောင့်ချမိ၏ ။

“ဟိတ် . . ခေါ်နေတာ မကြားဘူးလား”

ပြေးလိုက်လာပြီး ဘေးချင်းယှဉ်လျှောက်လျက် မေးလာ၏ ။

“ဟ . . .ဘာကြီးလဲ”

သူ့ဘက်လုံးလုံး လှည့်မကြည့်ဘဲ မျက်နှာလေး မော့ချီနေသော ကောင်မလေးကို ဘယ်လို နားလည်ရမှန်း မသိဘဲ တော် တော် လည်း ရယ်ချင်မိ၏ ။ အထင်သေး ရှုတ်ချချင်သော မျက်ဝန်းလေး တစ်စုံသည် သူ့ကို လာရိုက်ခတ်၏ ။

“ပိုက်ဆံအိတ် ကျန်ခဲ့လို့ အကောင်းနဲ့ စေတနာနဲ့ လိုက်ပေးတာ ကျေးဇူးတောင် တင်သင့်တယ်။

မေမဒီ၏ ပိုက်ဆံအိတ်ကလေးက သူ့လက်ထဲမှာ . . .

သမင်မွေးရောင် ပိုက်ဆံအိတ် ကလေးကို စောစောက စားပွဲပေါ် တင်ထားပြီး စားရင်း သသောက်ရင်းနှင့် မေ့ကျန်ရစ်ခဲ့တာပါ။

သူထိုင်ကြည့်နေတာကို ဒေါသ ဖြစ်ရလွန်းလို့ မေ့ခဲ့တာပါ။

“ပြောလေ။ ကျေးဇူးမတင်ဘူးလား“

ပြုံးစစ မေးပုံက အော်ပစ်ချင်စရာ။

စေတနာ နှင့် လိုက်လာပေးတာ ဆိုလည်း “ရော့ ဒီမှာ ခင်ဗျား ပိုက်ဆံအိတ် ” ဆိုပြီး လှည့်ပြန် သွားပါတော့လား။

ကျေးဇူးတင်ခံချင်တာ ဘယ်လိုစေတနာလဲ။

ရိုးနေပြီ . . .သည်လိုလာရောတာတွေ ။

“ယဉ်ကျေးမှု ခေါင်းပါးလိုက်တာ”

“ဘာတွေ ပြောနေတာလဲ”

“ဒါ . . .မင်း ပိုက်ဆံအိတ် မဟုတ်လား”

“ဟုတ်တယ်”

“ဆိုင်ထဲမှာ မေ့ကျန်ခဲ့တာတွေ့ လို့ . . .တမင်ထားခဲ့တာတော့ မဟုတ်လောက်ပါဘူးနော်”

“လဲသေလိုက်”

သူဟာ မေမဒီ့ကို ပူလောင်လာအောင် အင်မတန် ရှို့တတ်သူပါလား။ သူနှင့် ဆက်ပြောနေလျှင် အသက်တိုနိုင်သည်။

“ပေး . . .ပေး . . ”

“ဟာ . . .ဒီလိုတော့လည်း ဘယ်ရမလဲ၊ ဘယ်လိုကျေးဇူးတုံ့ပြန်မှာ လဲ ပြေဦး”

“လုပ်မနေနဲ့ ဘာကျေးဇူးမှ မတင်ဘူး”

အားမနာစတမ်း ပြောချလိုက်၏ ။

“ပြန်မပေချင်လည်း ယူလိုက် . . .ရတယ်။ ဒီပိုက်ဆံ အိတ်တစ်ခု ဆုံးရှုံးလို့ ဘာမှ ဖြစ်မသွားဘူး”

ဟုတ်လို့လား။ ပိုက်ဆံအိတ်က တစ်အိတ်တည်း မဟုတ်ဘူးနော်။ ဒီအိတ်ထဲမှာ ပိုက်ဆံ အိတ်သေးသေးလေး Purse လည်းပါတယ်။

ပြီးတော့ Credit Card တွေ ထည့်လို့ရတဲ့ Waller လည်းပါတယ်။ သုံးအိတ်တောင် ခင်ဗျား ဆုံးရှုံးခံနိုင်လို့လား”

“ဟင် . . .ရှင် တော် တော် စပ်စုပါလား”

မေမဒီ့ ဒီပိုက်ဆံအိတ်ကို အချိန်တိုတို ကလေးအတွင်းမှာ ဖွင့် ဟရှာဖွေ မွှေနှောက်လိုက်တာ အမြန်လွန်းဘူးလား”

“စပ်စုတာ မဟုတ်ပါဘူး။ Wallet ဝေါ့လစ်ထဲမှ ခင်ဗျားနဲ့ဆိုင်တဲ့ ကဒ်တွေ ဘာတွေ ပါလာမလား လို့ပါ၊ နာမည် တို့ လိပ်စာတို့”

မေမဒီ ကျေနပ်စွာ ပြုံးလိုက်၏ ။

ဘာမှထည့်မထားမိတာ တော် ပါသေးသည်။

သူလိုလူနှင့် မသိကျွမ်းချင်၊ မိတ်ဆွေ မ ဖြစ်ချင်။

ဘာလို့များ ခုလောက်ထိအောင် မုန်းမိပါလိမ့်။

“ရပါတယ် . . . သုံးအိတ်ပါတော့လည်း ရှင့်ကုသိုလ်နှင့် ရှင်ရတာ ပဲ။ ယူလိုက်ပေါ့။ ကျေးဇူး မတင်နိုင်ပါဘူး”

မေမဒီက ပြတ်သားစွာ ပြောပြီး ဆက်လျှောက်သည်။

“ခင်ဗျား . . .မာနကြီးလိုက်တာနော်”

“သိရင်ပြီးတာပဲ . . ဆက်လိုက်မလာနဲ့”

သူက ဆတ်ကနဲ ခေါင်းညိတ်၏ ။

“ကောင်းပြီလေ . . ကျေးဇူးတင်ပါတယ်လို့ ပြောမယ့်နေ့မှ ပြန်ပေးမယ်။ အခုတော့ ဒီသုံးအိတ်စလုံး ကျွန်တော် ခဏ သိမ်းထာမယ်။ ပိုက်ဆံက သိပ်မပါပါဘူး။ ခုနစ်ထောင်လားပဲ ပါတယ်”

မေမဒီက သူ့စကားကို မကြားသလိုပဲ ထွက်လာခဲ့၏ ။

“ဟေ့ . . ထပ်ပြီး စကားရှည်နေသေး၏ ။

“စနေနေ့ ညပိုင်းဆို ကျွန်တော် “မော်ဒန်” လက်ဖက်ရည်ဆိုင် မှာ ထိုင်တယ်။ ခင်ဗျား ပြန်လိုချင်ရင် လာခဲ့ပေါ့”

အသံကျယ်နှင့် အော်ပြောတာကို မကြားသလို လုပ်ကာ ထွက်ခဲ့၏ ။ တစ်ခါနှင့် တစ်ခါ ပိုပိုမုန်းလာမိပါသည်။ ဘယ်လိုရှေးရေစက် မှန်းမသိ။

ကြည့်လို့ကိုမရ။

ရည်းစားတွေ မှိုလိုပေါက်အောင်ထားပြီး မျက်နှာများ တတ်သော ယောကျာ်း မျိုးကို မေမဒီက အရမ်းရွံပါသည်။

ကိုယ်က ရိုးရိုးအေးအေး သမားမို့လည်း ဖြစ်ကောင်း ဖြစ်လိမ့်မည် ။။

ကိုယ်က မရှုပ်တော့ သူရှုပ်တာချည်းကပိုပြီး ကြောက်စရာကောင်းနေသည်။ ပိုပြီး စိတ်ပျက်စရာ ကောင်းနေသည်။

တခြားကောင်မလေးတွေ တော့မသိပါ။

မေမဒီ ကတော့ ယောကျာ်း တစ်ယောက် ၏ တန်ဖိုးဆိုတာကို တည်ကြည်ခြင်း ပေတံနှင့် တိုင်းတာတတ်သည်။

တည်ကြည်မှု မရှိလျှင် ယုံကြည်မှု မရှိတော့ပါ။

ယုံကြည်မှု မရှိလျှင် လေးစားလို့ကို မရ။

လေးစားခြင်း မရှိမှတော့ ချစ်မြတ်နိုးခြင်း အားကိုခြင်းတွေ ဘယ်က လာမှာ တုံး။

** ** **




ဖုန်းတစ်ချက်မြည် ရုံနှင့် “ဟက်လို” ဆိုသော ထူးသံလေးကို ကြားရသော အခါ မေမဒီသင်္ကာ မကင်း ဖြစ်သွား၏ ။ ထားအကြောင်းကို မေမဒီ အသိဆုံးပါ။

“ထား . . .ရှင်ဘယ်သူ့ဆီကများ ဖုန်းထိုင်စောင့် နေတာလဲ ပြော၊ မေမဒီ ခရီးထွက်နေတုန်း ရှင်ဘာတွေ နေလဲဟင်”

ထားက မေမဒီ့အသံ ဖြစ်နေသော အခါ ရယ်လိုက်၏ ။

“မေမဒီ”

“ဟင်”

“ပြန်လာတော့လေ”

“လာမှာ ပေါ့၊ မေမေကမှ မပြန်သေးတာ၊ တစ်ယောက် တည်း ပြန်လို့ရမှာ လားထားရဲ့ ”

“ထား . . ပျင်းနေပြီ“

“သြော် . . .ဟုတ်တယ်၊ ကျုပ်ကရော မပျင်းဘဲ နေမလား”

“ပျင်းရင် မြန်မြန်ပြန်ပေါ့”

“အင်း . . .ဟုတ်ပါပြီ၊ ရှင်ဘယ်သူ့ဆီက ဖုန်းစောင့်နေတာလဲ”

မဖြေဘဲ ရယ်နေတော့ မသင်္ကာ စိတ်က ခိုင်မာလာ၏ ။

“ပြောလေ”

“ပြောမှာ ပါ မေမဒီရယ်၊ အော်လိုက်တာ”

“ထားအသံလေးက ခါတိုင်းခါတိုင်းထက် မြူးလာနေသည်။

“ထား . . .ရှင် မရိုးတော့ဘူး”

“ဟုတ်တယ် ထားမှာ ချစ်သူရှိနေပြီ” ဟု ဗြုန်းခနဲ ဝန်ခံလာ၏ ။

“ဘယ်လို . . .”

မေမဒီ မျက်လုံးဝိုင်းသွား၏ ။ မေမေနှင့် လိုက်လာခဲ့တာ နှစ် လနီးပါး ရှိပါပြီ။ သို့ ပေမယ့် ထားသည် လောက်မြန်မြန် ဆုံးဖြတ်နိုင်လိမ့်မည် မထင်ခဲ့ပါ။

ထားနှင့် ကိုကြီးကိုဆက် အဆင်ပြေသွားကြပြီလား။

အံ့သြမှု နှင့် အတူ လှိုက်ခနဲ ဝမ်းသာ၏ ။

“ယောင်းယောင်းရယ် . . . ဝမ်းသာပါတယ်”

မေမဒီက ထားချစ်သူကို ကိုကြီးဆက်မင်းပဲ ဟု တွက်လိုက်၏ ။ သံသယနှင့် ဇဝေဇဝါပင် မ ဖြစ်။ သို့သော် . . .

“ဟင့်အင်း . . .မေမဒီ့ကိုကြီး မဟုတ်ပါဘူး

“ထား”

ထား၏ ငြင်းဆိုမှု ကြောင့် အံ့သြမှု ပိုလျက် ထားအမည် လေးကိုသာ ခပ်တိုးတိုး ခေါ်မိသည်။

“ကိုသီးသန့်တဲ့ . . .မေမဒီပြန်လာရင် မိတ်ဆက်ပေးမယ်”

“တကယ်လားထား . . . ”

ပီပီသသကြားလိုက်ပါလျက် လက်ခံရ ခက်နေမိသည်။

မမြန်လွန်းဘူးလား။ မလွယ်လွန်းဘူးလား။

မေမဒီ လုံးဝထင်မထားခဲ့ပါ။

ကိုကြီးကိုဆက်ကို ကြာမြင့်စွာ အချိန်ယူစဉ်းစားနေသော ထားက မသိဖူးသော သူစိမ်း တစ်ယောက် ကို ဗြုန်းစားကြီး ခေါင်းညိတ်လက်ခံ လိုက်တာ ဘာကြောင့် လဲ။

အစစအရာရာ စဉ်းစားချင့်ချိန် တတ်သော ထားပါ။

“မေမဒီ့ကို ပြောပြချင်တာတွေ အများ ကြီးပဲ”

“အင်း . . .မေမဒီတော့ စိတ်ပူမိတယ်”

ဘယ်လိုလူက ထားကို သည်လောက် မြန်မြန် စည်းရုံးသိမ်းသွင်း နိုင်လိုက်တာလဲ။ ထိုလူကို မေမဒီ ချက်ချင်း ပဲ တွေ့ ချင်လာ၏ ။

“ကိုကြီးသိလား”

“မသိပါဘူး၊ တိတ်တိတ်ကလေး ဝှက်ထားတယ်”

“ထားရယ် ဟုတ်ရော ဟုတ်လို့လား”

“ဟုတ်ပါတယ် မေမဒီရဲ့ ၊ အဲဒါကြောင့် မြန်မြန်ပြန်ခဲ့ပါလို့ ပြောတာပေါ့၊ ထားက ဒီမှာ တစ်ယောက် တည်း တိုင်ပင်လို့ မရဘူး ဖြစ်နေတာ”

“ကောင်းပြီလေ . . .ပြန်လာခဲ့မယ် . . .ကြာဦးမယ် ဆိုလည်း မေမေ့ကို ထားခဲ့ပြီး မေမဒီပဲ ပြန်လာမယ်”

“အင်း . . .အင်း”

ထားက မေမဒီ ပြန်လာမှာ ကို ဝမ်းသာသွား၏ ။

“မေမဒီ”

“ပြောလေ”

“ထားကို စိတ်မဆိုးပါဘူးနော်”

“မဆိုးပါဘူးဟယ်”

“မေမဒီ့ကိုကြီးကို မစဉ်းစားဘဲ တခြား တစ်ယောက် ကို ရွေးလိုက်မိတဲ့အတွက် ထားကို နားလည်ပေးပါနော်”

“အင်း . . .ရပါတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ထားက အဲဒီ လူကို တကယ်ချစ်မိ တယ်ဆိုရင် ပြီးတာပါပဲ။ မေမဒီက ဘာပြောလို့ ရမှာ လဲ၊ တားပိုင်ခွင့်မှ မရှိပဲ။ ကိုကြီး မသိသေးတာပဲ ကောင်းပါတယ်”

“မေမဒီ့ကို ထားတကယ်အားပါတယ်”

“ဟုတ်လို့လား၊ခုမှ ဟွန့် . . .ခေါင်းညိတ်တာ မြန်လိုက်တာ ။ မေမဒီ ပြန်လာမှ လက်ခံပါတော့လား . . .”

“မနေနိုင်ဘူးဟဲ့ . . .ဘယ်လိုလုပ် ခေါင်းညိတ်မိမှန်း မသိပါဘူး မမူနိုင်ဘူး”

“ ဖြစ်ရမယ်လေ”

ထားကြည်နူးနေတာ မြင်တော့လည်း မေမဒီ ဝမ်းသာမိပါသည်။

ကိုကြီးကိုဆက်တော့ စိတ်မကောင်း ဖြစ်ရှာမှာ ပဲဟု မေမဒီ တွေးမိပါသည်။ ဒါပေမဲ့ ဒါက ထား၏ ဆုံးဖြတ်ချက်ပါ။ မေမဒီ ဝင်စွက်ခွင့် မရှိပါ။

“ဘာတွေ တွေးနေတာလဲ မေမဒီရဲ့ ”

“ဒီလိုပါပဲ”

“ထားကလေ အိမ်ထောင်တစ်ခုကို အချစ်နဲ့ပဲ တည်ဆောက်ချင်တယ် မေမဒီရယ်၊ ချစ်မှ သည်းခံနိုင်မှာ နားလည်ပေးနိုင်မှာ ”

“သူချစ်လား ကိုယ်ချစ်လား”

မေမဒီက အဓိပ္ပါယ်ပါသော မေးခွန်းကို မေး၏ ။

ကိုကြီးက ထားကို ဘယ်လောက် မြတ်နိုးသလဲ၊ ဘယ်လောက် ဂရုစိုက်သလဲ၊ ဘယ်လောက် အလိုလိုက်သလဲ။ ဘယ်လောက်စိတ်ရှည် သလဲ အဲဒါတွေ အားလုံးကို ထားဥပေက္ခာ ပြုရက်ပြီလား။

“ထား . . သူ့ကိုပဲ သဘောကျတယ်”

ထားအဖြေက ရှင်းလွန်းပါ၏ ။

“အင်းလေ . . .ထားပျော်မယ်ဆို ပြီးတာပါပဲ”

“မေမဒီတို့ကို အားနာမိတယ်”

“မလိုပါဘူးထားရယ်၊ ဒါမျိုးဆိုတာ အားနာလို့ လိုက်လျောရတဲ့ ကိစ္စမှ မဟုတ်ပဲ”

“မှားသွားပြီလားလို့ တစ်ချိန်လုံး ပြန်တွေးနေမိတယ်”

“ဟင် . . .ဘာလို့လဲ”

“လာမှ ပြည့်ြုပည့်စုံစုံ ပြောပြမယ်လေ”

ထား အတွက် မေမဒီရတက် မအေးနိုင်။ သူငယ်ချင်း ဆိုပေမယ့် ညီအစ်မ အရင်းအချာ မရှိတော့ ထားကိုပါ မေမမဒီက ညီအစ်မလို ချစ်နေမိတာပါ။

** ** **




“ဟာ . . .လာပြီထင်တယ်”

ထားက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီး ပြတင်းပေါက် လိုက်ကာစကို ဖယ်ကြည့်သော အခါ မေမဒီက ထားကို လှမ်းကြည့်နေမိပါသည်။

ထားရေ . . .ခက်တော့နေပါပြီ

ဘာလို့များ အဲဒီ လူကို ခုလောက်အထိ နှစ် ခြိုက်မြတ်နိုးသွားရတာ လဲ။ အံ့သြစရာ ကောင်းလိုက်တာ။

မနေ့ကလည်း “လာခဲ့ပါမယ်” ဟု ဖုန်းထဲက ကတိသေချာပေးပြီး ရောက်မလာခဲ့ပါ။ မေမဒီ ကတော့ မြင်ဖူးချင်စိတ်နှင့် စောင့်နေခဲ့မိတာ။ သည်နေ့ရော လာမှလာပါ့မလား၊ လာမှာ သေချာရဲ့ လား။ ထားကသာ ယုံကြည်နေတာ၊ မေမဒီကဖြင့် သိပ်မထင်။ ထားရဲ့ ချစ်သူက လယ်လိုပါလိမ့် ဟု နားလည်ရခက် မိတော့သည်။

မလာ ဖြစ်ရင်လည်း ပြတ်ပြတ် သားသား ပြောသင့်သည်။ တစ်ဖက်လူ၏ စောင့်နေရသော မျှော်လင့်စိတ်ကို စာနာတတ်ရဲ့ လား။ ကတိတစ်ခုကို လွယ်လွယ်ပေးတတ်ပြီး လွယ်လွယ်မေ့တတ် သလား။ ထားမှာ မျက်နှာလေးငယ်လျက် လည်လေး ဆန့်ကာ တမျှော်မျှော်။ ဘယ်လိုလူကိုများ ထားအလျင်အမြန် ချစ်လိုက်ပါလိမ့်ဟု အသည်းယား မိတာ အမှန်ပါ။

“ညက ထားဆီ ဖုန်းဆက်တယ်။ တောင်းပန်တယ်။ ဒီနေ့မနက် စောစော လာမယ်တဲ့။ မနေ့က အရေး ကြီး ကိစ္စ ရှိုလို့ပါတဲ့။ ထားကျေနပ်အောင် ပြောတော့လည်း စိတ်မကောက် တော့ပါဘူး”

မေမဒီက တစ်စုံတစ်ရာ ဝေဖန်ဖို့ အပြစ်တင်ဖို့ပင် အားမရှိတော့ဘဲ ထားကို ငေးသာ ကြည့်နေမိ၏ ။

ဘာတွေ ဆက် ဖြစ်လာမလဲ ထားရယ်။

ခုလိုသာဆို ဘယ်လိုတွေ ဆက် ဖြစ်လာမလဲ။

“ဟင် . . ဟုတ်လည်း မဟုတ်ဘူး။ ဟိုဘက် အိမ်က ကားပြန်လာတာ မေမဒီရဲ့ ”

နှုတ်ခမ်းလေးစူလျက် လက်ထဲ ကိုင်ထားသော လိုက်ကာစကို လွှတ်ချပြီး မေမဒီ့ ဘေးမှာ လာဝင်ထိုင်သည်။

မေမဒီက ထားကို အားပေးသလို ပြုံးပြရင်းက . . .

“လာမှာ ပေါ့ ” ဟု ဆိုမိ၏ ။

အရမ်းစိတ်ပျက်ပေမယ့်လည်း သူငယ်ချင်းကို ဖေးမရမည့်  ဝတ္ထုရားက ရှိနေပြန်သည်။

ချစ်စရာကောင်းလိုက်တာ ထားရယ်။

ကျောတစ်ပြင်လုံး ဆံပင်ရှည်တွေ ပြည့်ဝဲကာ အရမ်းကို မဟာ ဆန်သော အလှ။

သည်လောက် ချစ်စရာကောင်းသော သူငယ်ချင်းကို ကံလည်းကောင်းစေ ချင်ပါသည်။ ကြည့်ရတာ ထားပျော်ပုံမရ။

ဟိုလူသည် ထားကို ပျော်အောင် ရယ်အောင် မစွမ်းနိုင်။

စိတ်သာ အနှောင့်အယှက် မျာစွာ နှင့် မျက်ခုံးလေး ရှုံ့နေတာပဲ ကြည့်။ ဒါဟာချိုမြိန်တဲ့ အချစ်လား။

“ထား”

“ဟင်”

“နောက်နာရီဝက် တစ်နာရီလောက်အထိ ရောက်မလာရင် မေမဒီ ပြန်တော့မယ်နော် . . .အချိန်တွေ ရှိပါသေးတယ်။ နောက်တစ်ရက်ရက်ပေါ့”

“ထား သူ့ကို စိတ်ကောက်ချင်လာပြီ“

“အဟင်း”

မေမဒီက မျက်နှာမပျက်အောင် ဟန်ဆောင်နေလိုက်သည်။

“သူ့ပဲ အားပါတယ်၊ လာပါ့မယ် ပြောပြီးတော့ . . .”

မကျေမနပ် ရေရွတ်နေတာကို ဘယ်လို ဝင်ပြောပေးရမှန်း မသိတော့ပါ။

“ကိုကြီးနဲ့ အပြင်သွားစရာ ရှိလို့ပါ။ နောက်နေ့ကျမှ တစ်နေကုန် နေမယ်လေ။ အဲဒီ အခါကျတော့ တွေ့ ကို တွေ့ မှာ ပါ”

မေမဒီက ထားနှင့် တိုင်ပင်ထားသည်။

ထားချစ်သူကို မြင်ဖူးအောင် အရင်ကြည့်ပါရစေ ဆိုတာ မိတ်ဆက်ပေး စေချင်ပါ။ ထား၏ ချစ်သူကို မေမဒီ သိပ်မကျေနပ်ချင်။ တကယ်ဆို ထားက မေမဒီ့ ယောင်းမလောင်းပဲ မဟုတ်လား။

“အင်းလေ . . ခဏတော့ နေပါဦး”

“နေပါတယ်။ ဒီမုန့်တွေ အကုန်စားပြီးမှ ပြန်မှာ ”

ထားမှာ စိတ်အေးလက်အေး ကော်ဖီပင် မသောက်နိုင်။

“မေမဒီ”

“ဟင်”

“သူ ထားကို ထားချစ်သလောက် ချစ်ရဲ့ လား မသိဘူးနော်”

မေမဒီ နှုတ်ဆက်နေလိုက်သည်။

ထားရယ် . . .သူငယ်ချင်းရယ်။

မေမဒီက ဘယ်လိုပြောတတ်မှာ လဲ။

အဲဒီ လူကို မြင်တောင် မမြင်ဖူးသေးပါ။

သူဘယ်လို လူစားလဲ မသိပါဘဲ ရမ်းသမ်းပြီး “ချစ်မှာ ပါ” ဟု အာမဝင်ခံပေးရမလား၊ “မထင်ပါဘူး” ဟု အပျက်စကား ပြောရမလား။

“ဟော . . .”

ကားသံကြားတိုင်း ထားက ပြတင်းပေါက်ဘေး ရောက်သွားစမြဲပါ။

လက်မလျှော့နိုင်သေး။ မေမဒီ ဖွဖွပြုံးတော့၏ ။

“ဟုတ်လည်း မဟုတ်ဘူး”

“ထား . . လာလေ ကော်ဖီအေးပြီ“

မေမဒီက ထား၏ ခံစားမှု ကို မသိချင်ယောင်ဆောင်ကာ နေလိုက်ရင်း ခေါ်မိ၏ ။

“လာပါ . . မုန့်စား ကော်ဖီသောက်”

ထားပုံစံလေးကို ကြည့်ကာ မေမဒီ ဆုံးဖြတ်လိုက်ပါသည်။

“ကဲ . . ထားရေ . . .လာချင်တဲ့အချိန်မှ လာပါစေတော့ ။ မေမဒီ မပြန်တော့ဘူး။ ကိုကြီးဆီ ဖုန်းဆက်လိုက်မယ်။ မေမဒီတို့ တီဗီင်္ွကြည့်ရင်း စောင့်တာပေါ့”

“အင်း . . .”

ထားက ကျေနပ်စွာ ခေါင်းညိတ်သည်။

မေမဒီက ထားတို့အိမ်ကနေ ကိုကြီးကိုဆက်ဆီ ဖုန်းခေါ်လိုက်၏ ။ ကိုကြီးက . . .

“ထားမှတ်လို့ . . မေမဒီလား ” ဟု ဆိုပါသည်။

ထားတို့ အိမ်က ဖုန်းနံပါတ်ဆိုတော့ ကိုကြီး ထင်မှာ ပေါ့။ ကိုကြီး စကားကြောင့် မေမဒီ စိတ်မကောင်း။

“ကိုကြီး”

“ဟေ . . .ပြော . . .

“မေမဒီ မလိုက်တော့ဘူ၊ ဒီမှာ ထားနဲ့ အခွေကြည့်နေလို့”

“အေး . . .အေး”

ကိုကြီးက ခေါင်းညိတ်သည်။ မေမဒီက ထားကို ကြည့်ပြီး “ပြောဦးမလား” ဟု မေးလိုက်၏ ။ ထားက ခေါင်းလေးရမ်းသည်။

မေမဒီ ဖုန်းချလိုက်၏ ။

“ကိုကြီးကို မြင်ရင် မျက်နှာပူတယ် အားနာတယ်”

ထားက တိုးတိုးကလေး ရင်ဖွင့်လာ၏ ။

“သူနဲ့ မတွေ့  ဖြစ်ရင် ထားကို ဆက်ကိုပဲ လက်ထပ် ဖြစ်မှာ ပါ။

ကိုကြီးကိုဆက်က ထားအပေါ် ကောင်းတယ်”

မေမဒီက မျက်နှာလေးမဲ့ကာ မျက်ရည်ပင် လည်လာရ၏ ။

ထားလိုက်ပါတော့ ထားရယ်။

ရှိပါစေတော့။

ကိုကြီးရယ် မေမဒီရယ် ထားရယ် ပျော်ကြဖို့ ကံမပါဘူးထင်ပါရဲ့ ။ အဲဒီ လူသာ ထားဘဝထဲကို တကယ်ဝင်လာရင် ထားနဲ့ မေမဒီတော့ ပိုပိုပြီး ဝေးသွားကြမယ် နဲ့တူပါရဲ့ ။

အစကတည်းက သူစိမ်းတွေ ပဲ မဟုတ်လား။

ထားမှာ ချစ်သူရှိနေပြီဟု သိရသော အခါ မေမဒီ့ ခေါင်းထဲ မတွေ့ ဖူးသော အတွေးသစ်တွေ ဝင်လာ၏ ။

မေမဒီ ထင်ထားတာက တစ်မျိုး။

တကယ်လက်တွေ့  ဖြစ်လာတာက တစ်မျိုး။

အနာဂတ်ရက်တွေ ကို မေမဒီ မျှော်မကြည့်တတ်တော့ပါ။

ကျိန်းသေထင်ထားခဲ့တာတွေ လွဲတတ်မှတော့ ဘယ်အရာကိုများ သေချာပေါက် ယုံကြည်မျှော်လင့်ရဲတော့မှာ လဲ။

** ** **






ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ရေခဲပြင်နှင့် မြက်ခင်းစိမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရေခဲမုန့် Ice cream

အမုန်းပြေးလမ်း အချစ်ပန်းတိုင်

တောင်ခြေကလူတစ်ယောက် နှင့် တောင်ထိပ်ကလူတစ်ယောက်