Cover

အခန်း (၁)

“ညီငယ်”

လပြည့်ည အသံကြောင့် ဝင်းညီညီက စားပွဲပေါ်တင်ထားသော မျက်မှန်ကို ကောက်ယူနေရင်းမှ ဆတ်ခနဲ ဖြစ်သွားသည်။

“ဟာ…အစ်ကို”

လပြည့်ညကိုမြင်တော့ မျက်စိမျက်နှာပျက်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏ ။

သူ့စိတ်ထဲမှာ လပြည့်ညကို အတော် ကလေး တုန်လှုပ်နေဟန်ပါပဲ။

“ဒါကဘယ်လဲ”

“အပြင်သွားမလို့”

ဝင်းညီညီအသံက ခပ်တိမ်တိမ်။

“ဘယ်ကောင်မလေးနဲ့ ချိန်းထားပြန်ပြီလဲ”

အကြောင်းသိချင်းပီပီ သူက အတပ်မေးချလိုက်ပါသည်။

ဂျင်းပင်နဲ့ ဂျင်းရှပ်နဲ့ ရေမွှေးတွေ မွှန်ထူအောင် ဆွတ်ထားပြီး ဆံပင်ကို သပ်ရပ်သည်ထက် သပ်ရပ်အောင် ဖြီးထားပြီး ရှိုးပေးထားတဲ့ရုပ်။ ပုံစံမြင်ကတည်းက တစ်ယောက် ယောက် နှင့် ချိန်းထားမှန်း အကြားအမြင်ရလိုက်ပြီးသား။

“ထိုင်စမ်းပါဦး”

သူက ကုလားထိုင်တစ်လုံး ညွှန်ပြဆိုမိတော့ ဝင်းညီညီက ပခုံးတွန့်သည်။ သို့ သော် သူ့စကားကို မလွန်ဆန်ရဲပါ။ တစ်ဝမ်းကွဲအစ်ကိုဆိုပေမယ့် သူက မထင်လျှင် မထင်သလို လက်သီး ပစ်ကျွေးတတ်တာ။ ငယ်ငယ်ကတည်းက လပြည့်ညကို သည်ကောင်ဝပ်ပြီးသား။ ဒါတောင် တစ်ချက်တစ်ချက် ဖိုက်ချင်သေးသည်။

ထိုင်ဆိုလို့သာ ဝင်ထိုင်လိုက်ရတာ မျက်နှာက ရှုံ့မဲ့နေပြီး

“တော် သေးတာပေါ့”

လပြည့်ညက ခုံမှာ ဝင်ထိုင်ပြီး ဝတ်ထားသော မျက်မှန်အမည်းကိုချွတ်ကာ မှန်စားပွဲလေးပေါ် တင်လိုက်သည်။

တီရှပ် လက်ပြတ်အဖြူရောင် နှင့် ဘောင်းဘီတိုကလည်း အဖြူရောင် ။

အစကတည်းက ဆွဲဆောင်မှု ရှိသော သူ့ခန္ဓာက ထူးခြားပေါ်လွင်ကာ ယောက်ျားချင်းပင် ကြိုက်ချင်စဖွယ်။

“ငါ နည်းနည်း နောက်ကျရင် မင်းနဲ့လွဲပြီ”

“ကျွန်တော် သိပ်မကြာပါဘူး”

ဝင်းညီညီက လေသံပျော့လေးနှင့် …

“ဟုတ်ပါတယ်၊ သိပ်မကြာပါဘူး၊ ညအိပ်ရာဝင်ချိန်တော့ မင်း ကျိန်းသေပြန်လာမှာ ပါ၊ ငါသိပါတယ်”

“မဟုတ်ပါဘူး”

အသံပျော့နှင့် ငြင်းလည်း သူက သိပြီးသားပဲ။

“ဘယ်လိုလဲ၊ မင်း ဒီအဖွဲ့ထဲမှာ ပဲ လှည့်ပတ်ရှုပ်နေတာပဲလား၊ ကောင်မလေးတွေ တစ်ယောက် ပြီး တစ်ယောက် တွဲ နေတာ ကောင်းတဲ့အကျင့် မဟုတ်ဘူးကွ”

ပြောရပေါင်းလည်း ထပ်နေပြီ။ နားလည်းမဝင်။

“ကျွန်တော် အခု လုံးဝမရှုပ်တော့ပါဘူး”

ဝင်းညီက လက်ကာပြီး ဆင်ခြေတက်၏ ။

“အခုကောင်မလေးကို ကျွန်တော် အတည်ရည်ရွယ်ပါတယ်၊ မိဘချင်းစေ့စပ်ထားပြီး အတည်ယူမှာ ပါ”

လပြည့်ညက နှုတ်ခမ်းတွန့်ရုံပြုံးကာ…

“ဒါက နည်းဗျူဟာ အသစ်လား”

ဟု မေးမိ၏ ။

“ဟာ… မဟုတ်တာ၊ မလုပ်ရဲပါဘူး၊ ဖေဖေဆွဲထိုးမှာ ပေါ့ဗျ၊ ကျွန်တော် မသေချာဘဲနဲ့ ကျွန်တော် မပြောရဲပါဘူး”

လပြည့်ညက ခေါင်းတစ်ချက်ဆတ်ကာ…

“ထားပါတော့၊ အခု မင်းကောင်မလေးက ဘယ်ကလဲ၊ ကွန်ပျူတာ သင်တန်းကလား၊ မော်ဒယ်သင်တန်းကလား၊ ပြောစမ်းပါဦး”

“နှစ် ခုစလုံးပဲအစ်ကို”

“ထင်ပါတယ်”

သူက စီးကရက်ဘူးထဲက စီးကရက်တစ်လိပ် မီးညှိသောက်နေလိုက်၏ ။ ဝင်းညီက သွားချင်တာ ဖင်တကြွကြွ။ မျက်နှာကလည်း ညအရိပ်ကြီးနှင့် ။

တမင် ညှဉ်းထားတာတော့ မဟုတ်ပါ။

ကောင်မလေးတွေ တရုန်းရုန်းနှင့် နေတတ်သော ဝင်းညီသည် တစ်ဦးတည်းသော သားမို့ ဆိုးချင်သည်။ ရိုင်းချင်သည်။ သူ့ရှေ့မှာ သာ အပိုးကျိုးတာ။ သူကလည်း မထောင်ရဲအောင် တမင်ဖိထားခဲ့တာ။ တော် ကြာ မိမနိုင် ဖမနိုင် ဖြစ်သွားလျှင် ခက်မည် ။ သည်ကောင်ကလည်း ဂျစ်တစ်တစ်။ သို့ ပေမယ့် သူ့ထက်ပိုမိုက်ရဲသော အစ်ကိုဝမ်းကွဲ လပြည့်ညကိုတော့ သူ ဦးညွှတ်ရပါမည် ။

ပတ်ဝန်းကျင်မှာ ရှိနေသော ကောင်မလေးနှင့် ကပ်ရှုပ်ချင်သော ဝင်းညီကို တစ်ခါတလေ သူကြည့်မရ။

တစ်ယောက် နှင့် တစ်ယောက် ထိတွေ့ ဆက်ဆံနေကြတာ၊ အချင်းချင်း ကပ်ရှုပ်တော့ ငြိကုန်မည် ။ ပြဿနာဝင်နိုင်သည်။ ဒါတွေ သည်ကောင်နားမလည်။

သည်ကောင့်ကြောင့် အချင်းချင်း မကြာခဏ ပြဿနာ ဝင်တတ်သည်။

“ဒီလူနဲ့ဒီလူ ကင်းကြတာမဟုတ်ဘူး၊ မင်းလှည့်ပတ်ရှုပ်နေရင် မသိမှာ မဟုတ်ဘူး ၊ရှုပ်ချင်လည်း ဝေးဝေးလံလံမှာ ပိပိရိရိလုပ်”

လပြည့်ညက အဲသည်လို မှာ ထားပေမယ့် နားမထောင်ပါ။

“ညီငယ်”

“ခင်ဗျာ”

“ဒီနေ့ မင်းသွားစရာရှိတဲ့ အစီအစဉ်ကို ဖျက်ပစ်လိုက်တော့”

“ဟင်”

ဝင်းညီ အထိတ်တလန့် ဖြစ်ရှာ၏ ။ သူ့စကားသည် ညီငယ့်အတွက်တော့ အမိန့်တစ်ခုပါပဲ။ ငြင်းဆန်ခွင့်မရှိပါ။

“ငါကိစ္စတစ်ခုရှိလို့”

ဝင်းညီက လပြည့်ညကို မရဲတရဲလှမ်းကြည့်သည်။ လပြည့်ညမျက်နှာက ခါတိုင်းထက်ပင် အေးစက်နေသေး၏ ။

ခုတလော လပြည့်ညက ပိုပြီးသုန်မှု န်နေတတ်သည်။ ဒေါသကြီးနေတတ်သည်။ ဘာကိုမှ စိတ်မရှည်တတ်ပါ။ သူ့ရင်ထဲမှာ ဗြောင်းဆန်နေအောင် ခံစားနေရ၍ လည်း ဖြစ်လိမ့်မည် ။

ဆွေမျိုးအားလုံး လပြည့်ညကို ဂရုဏသက်နေကြတာပါ။

“ကျွန်တော် သိခွင့်ရှိမလား အစ်ကို”

အရဲစွန့်ကာ မေးလိုက်၏ ။

“မင်း သိရမှာ ပေါ့၊ မင်း သိမှ ဖြစ်မှာ ”

စောစောက ကောက်ယူထားသော မျက်မှန်ကို စိတ်လျှော့လိုက်ပုံနှင့် ပြန်ချထားလိုက်၏ ။

“ဒေါ်လေးကော”

“ဈေးသွားတယ်”

“ဦးကော”

“ဖေဖေက မေမေနဲ့ ဈေးလိုက်တယ်”

“ဒါကြောင့် မင်းက ခွင့်အရေး ရတုန်း လစ်မလို့ပေါ့၊ ဟုတ်လား”

“မဟုတ်ပါဘူးအစ်ကိုရာ၊ အဲဒါ အစကပါဗျ၊ အခု ကျွန်တော် ပြောင်းလဲနေပါပြီ၊ အစ်ကို မသိလို့ပါ ၊ဖေဖေမေးကြည့်”

“ဖေဖေ့ မေးကြည့်ရမယ် ဟုတ်လား၊ ဟား…ဟား”

လပြည့်ည သဘောကျမိသည်။ တော် တော် လာတဲ့ကောင်။ ဘယ်တော့မှ မဆူရက်။ မငေါက်ရက်။ အရိပ်တကြည့်ကြည့်နှင့် တဖူးဖူးမှု တ်ထားတာ။ တစ်ဦးတည်းသော သားမို့ ငုံထားမတတ်ပါ။ ထားစရာနေရာပင် မရှိ။

“ဒေါ်လေးမေးလို့ ကတော့ ကြက်သွန်ဈေး၊ ကြက်သားဈေးပဲ သိမှာ ”

“တကယ်ပြောတာပါ၊ ကျွန်တော် လိမ္မာနေတာ ကြာပါပြီ”

“ပြီးရောလေ၊ ဒါဆိုကောင်းတာပေါ့”

စီးကရက်ကို ပြာခွက်ထဲသို့ ခြေကာ လပြည့်ညက မတ်မတ်ပြင်ထိုင်မိသည်။

“မင်း မွှေးကိုသိလား ညီငယ်”

“ဗျာ”

‘မွှေး’ ဆိုသော အမည် ကို လပြည့်ည နှုတ်ဖျားက ကြားလိုက်ရတော့ ဝင်းညီ မျက်လုံးပြူးသွား၏ ။ ကျောပြင်နှင့် ကုလားထိုင်နောက်မှီ ထိကပ်သွားသည်အထိ သူ နောက်ဆုတ်မိသည်။

“မင်းက ဘာလို့ လန့်သွားရတာ လဲ”

ဝင်းညီ အမူအရာပျက်လွန်းတာကို သူ မကြိုက်လှပါ။

“မွှေးကို မေးတာနော် အစ်ကို”

သေချာအောင် ထပ်မေး၏ ။ သူ ခေါင်းညိတ်တော့ ဝင်းညီက ကုလားထိုင်လက်တန်းကို ဆုပ်ကိုင်ကာ မျက်နှာကြီး ရှေ့ထွက်လာပြီး…

“ဘာလုပ်မလို့လဲ အစ်ကို” ဟု စိုးရိမ်လွန်စွာ မေးသည်။

ချက်ချင်း ပဲထကာ ကားနှင့် သွားတိုက်မသတ်ဘူးဟု မပြောနိုင်ပါ။

ကိုကို ‘ဇာနည်ည’ အုတ်ဂူပေါ် ပန်းခြင်းကလေးလာချတုန်းက ဝုန်းခနဲထပြီး ကြမ်းပစ်ချင်တာကို ညီအစ်ကိုဝမ်းကွဲတွေ ဝိုင်းဆွဲထားရသေးတာ။

“တစ်သက်လုံးမကျေဘူးကွာ” ဟု အကြိမ်ကြိမ် ရေရွတ်ထားခဲ့တာ ဝင်းညီ သိပါသည်။

သူမကြောင့် ဟု အပြစ်ပုံချကာ နာကြည်းမဆုံး ဒေါသတွေ ဆင့်နေခဲ့တာ။ အဲသည်နေ့တုန်းက မြင်ဖူးလိုက်သော မွှေးကို လပြည့်ည မှတ်မိပုံမရပါ။

ဇာနည်ညနှင့် လပြည့်ညက ညီအစ်ကိုရင်းပေမယ့် သိပ်မတူလှပါ။

လပြည့်ညက စိတ်ဆတ်သလောက် ဇာနည်ညက စိတ်ရှည်တတ်ပါသည်။

လပြည့်ည မျက်နှာက အမြဲလို တင်းမာနေတတ်ပြီ ဇာနည်ည ကတော့ သီချင်းတအေးအေးနှင့် ငြိမ်းချမ်းစွာ နေတတ်သူပါ။

ဝင်းညီက ဇာနည်ညကို လုံးဝမကြောက်။ အရေး လည်း မစိုက်ပဲ သူငယ်ချင်းပေါင်းပေါင်းကာ အဖွဲ့ကျတတ်ပါသည်။

လပြည့်ညကိုတော့ သူရောမှပဲ ပြန်ရောကာ သူဖပ်တင်းတင်းဆို ကိုယ်လည်း ရှောင်ဖယ်နေမိသည်။။

“ဘာလုပ်မလို့လဲဆိုတာ မင်းသိစရာမလိုဘူး၊ ငါမေးတာပဲဖြေ”

အကြီးပီပီ သိပ်ပါဝါပြချင်တာ အစ်ကိုမို့ ဝင်းညီက တစ်ခါတလေတော့ စိတ်ချဉ်ပေါက်ပါသည်။

“မင်းကောင်မလေးနဲ့ မွှေးနဲ့ တစ်အုပ်စုတည်းပဲဆို”

“ဗျာ”

လပြည့်ညက သတင်းရထားပြီးသား။ ဝင်းညီ ညာလို့လည်းမရနိုင်ပါ။

“ဟုတ်တော့ ဟုတ်ပါတယ် အစ်ကို”

“ဟုတ်ရင် မင်းသိမှာ ပေါ့ကွ”

လပြည့်ည အသံက ဟိန်းထွက်လာ၏ ။

“ကျွန်တော့်  ကောင်မလေးနဲ့ မော်ဒယ်သင်တန်းတစ်ခုတည်းပါပဲဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့်”

“ဘာ ဖြစ်လဲ”

“ကျွန်တော့် ကောင်မလေးနဲ့ မရင်းနှီးပါဘူး၊ မေးထူးခေါ်ပြောရုံလောက်ပါ ၊ကျွန်တော် နဲ့ဆို အဲဒီ မွှေးနဲ့ လုံးဝမသိပါဘူး”

“မင်းနဲ့သိတယ်လို့ ငါ မစွပ်စွဲပါလား၊ မင်းဟာမင်း ဖြေရှင်းချက်တွေ ပေးနေတာကွ၊ ငါ မင်းကိုမေးတာ ရှင်းရှင်းလေးမင်း အဲဒီ မွှေးကို သိတယ်မဟုတ်လား”

“သိပါတယ်”

ဝင်းညီ ခေါင်းညိတ်ရပါပြီ။ ရင်ထဲမှာ တော့ တထိတ်ထိတ်။

“သိရင် ငါ့ကိုလိုက်ပြ”

“ခင်ဗျာ”

လပြည့်ညက ဆုံးဖြတ်ထားပြီသလို အေးအေးဆေးဆေး။ ဝင်းညီ မျက်နှာက သွေးမရှိသလို ဖြူဆွတ်သွားသည်။ လပြည့်ည စကား ကြားရတာ ခေါင်းပေါ် မိုးကြိုးပစ်သလိုပါ။ ဘာတွေ လျှောက်လုပ်မလို့လဲ မသိနိုင်ပါ။

“လာ…သွားမယ်”

“ခဏနေပါဦး အစ်ကို”

ဝင်းညီက ထမလိုပြင်နေသော လပြည့်ညကို တား၏ ။

“ကျွတ်…ဒါလေးကို မင်းက ဝန်လေးနေသလား၊ ဘာလဲ၊ မင်းက ငါ့ကို ဂရုမစိုက်တာလား”

“မဟုတ်ရပါဘူး အစ်ကို၊ အဲဒီ မွှေးကို ကျွန်တော် တို့ ဘယ်မှာ သွားရှာရမလဲ၊ အဲဒါ စဉ်းစားပါရစေဦး”

မျက်စိမျက်နှာပျက်နှင့် အကြောင်းရှာငြင်းသော ညီအစ်ကို လပြည့်ညက ခေါင်းမော့ရယ်လိုက်ပါသည်။

“မင်းက ငါ့ထက် ငယ်ပါတယ်ကွာ၊ မင်း ငါ့ကို ဒီလိုကျောလို့မရဘူးလေ၊ သူတို့အုပ်စု ဘယ်မှာ ရှိတယ်ဆိုတာ မင်း ကျိန်သေသိပါတယ်၊ မင်းမှမသိရင် ဘယ်သူသိမလဲ၊ မင်းကောင်မလေးက သူတို့အုပ်စုနဲ့ အမြဲရှိနေတာပဲ မဟုတ်လား၊ သူတို့ သင်တန်းချိန်တွေ ၊ အားကစားချိန်တွေ ၊ ကွန်ပျူတာခန်းထဲ ရောက်နေချိန်တွေ ဘယ်အချိန်ဘယ်ဆိုင်မှာ ထိုင်တတ်တယ်ဆိုတာ မင်း အလွတ်ရနေမှာ ပေါ့ ညီငယ်”

လပြည့်ညက စီးကရက်ဘူးနှင့် မီးခြစ်ကို အိတ်ထဲထည့်၊ မျက်နှာကို လက်တစ်ဖက်နှင့် ထောက်ကာ ကျန်လက်တစ်ဖက် နှင့် ညီငယ်ကိုဆွဲခေါ်လာ၏ ။

“အိမ်တံခါးပိတ်၊ ခြံတံခါးပိတ်”

ညီငယ်ကို လိုအပ်တာပြောပြီး ကားပေါ်တက်ကာ ခြံပြင်လမ်းပေါ်အထိ ထွက်စောင့်နေလိုက်၏ ။

သူပြောသလို တစ်သဝေမတိမ်းလိုက်နာပြီး ညီငယ်က သူ့ဘေးပါလာ၏ ။

“ဒေါ်လေးတို့တော့ ပါသွားတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သိပြီးသားပေမယ့် သေချာအောင် ထပ်မေးလိုက်တာ။

လမ်းလေးထဲကနေ လမ်းမကြီးပေါ် ရောက်လာတော့ မလှမ်းမကမ်း လက်ဖက်ရည်ဆိုင်ရှေ့မှာ ကားတုံ့ခနဲ ရပ်သည်။

“လက်ဖက်ရည် သောက်ရအောင်”

ဝင်းညီက လပြည့်ညနောက်မှာ ခပ်ကုပ်ကုပ်ပါလာ၏ ။

“မင်းက ဘာတွေ သွေးပျက်နေတာလဲ”

ခုံမှာ ထိုင်မိမိချင်းပဲ ဝင်းညီ ပခုံးကို တွန်းပစ်ကာ လပြည့်ညမေးသည်။

ဝင်းညီကပဲ ခေါင်းမာအာခံတတ်လို့လား။

လပြည့်ညကပဲ အနိုင်ကျင့်ဗိုလ်ကျချင်စိတ် ဝင်နေတာလား။ လက်ပါမိတာ ကတော့ အကျင့်ပင် ဖြစ်နေပြီ။

ယိုင်သွားသော ကိုယ်ကို ပြန်ထိန်းရင်း ဝင်းညီက…

“တော် ကြာ ဝိုင်းရိုက်ခံနေရမှာ ဗျ”

ဟု ကြောက်ကြောက်နှင့် ဆိုပါသည်။

“ဘာလဲ…မင်းတို့အဖွဲ့က ကောင်လေးတွေ ကို ငါက ဂရုစိုက်မယ်ထင်သလား၊ သွားစမ်းပါ၊ အေး…ဒါပေမယ့် ငါ အဲဒီ လိုမကြမ်းဘူး၊ မရိုင်းဘူး၊ မင်းသာ စိုးရိမ်လွန်မနေနဲ့”

ဝင်းညီက ခုမှ နည်းနည်း စိတ်အေးသွားပုံပါ။ သက်ပြင်းတစ်ချက် ရှိုက်၏ ။

“အဲဒီ လို အောက်တန်းကျတဲ့အလုပ် ငါမလုပ်ဘူး၊ ငါ မိုက်ရိုင်းတာ မြင်ဖူးလား၊ မင်း ငါ့ကို တလွဲထင်နေတာကိုး”

လပြည့်ညက လက်ဖက်ရည် ‘ပေါ့ကျ’ နှစ် ခွက်မှာ သည်။

“သောက်…သောက် မျိုမကျ ဖြစ်နေဦးမယ်”

သူ့ကို ဝင်းညီ သိသိသာသာ လန့်နေပြီဆိုတာ သူသိသည်မို့…

“ငါက ကိုကို မြတ်နိုးခဲ့တဲ့ တသသတန်းဖိုးထားခဲ့တဲ့ စွဲနစ်နေအောင် ချစ်ခဲ့တဲ့ ကောင်မလေးကို မြင်ဖူးချင်လို့ပါကွ”

ဟု ဟန်မပျက်ဆိုမိပါသည်။

ဝင်းညီက လက်ဖက်ရည်ပူပူကြီးကို မော့်သောက်ပြီး လျှာပူလောင်သွားတော့ ဟူးခနဲအော်သည်။

“ဖြည်းဖြည်းပေါ့၊ ဒီလောက်လည်း ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်နဲ့လေ”

ဝင်းညီက မျက်နှာနီရဲသွားပြီး တော် တော် ပူသွားပုံ ရပါသည်။

“ဆောရီး…မင်းကို စောစောစီးစီး ဦးနှောက်စားသလို ဖြစ်သွားပြီ”

သည်တစ်ခါတော့ သူ ညီငယ်ကို အမှန်ပင် ကရုဏာသက်သွားမိ၏ ။

“ငါက မြင်ဖူးရုံပါ ညီငယ်ရာ၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ဘာမှမ ဖြစ်စေရဘူး၊ စိတ်ချ၊ မင်းက သူတို့နဲ့တစ်ဖွဲ့တည်းဆိုတော့ မင်း မျက်နှာပျက်အောင် ငါမလုပ်ပါဘူး၊ ဒီလောက် ချောက်ချားမနေပါနဲ့၊ ငါက ကိုကို့ကောင်မလေးကို မြင်ဖူးချင်တာ သက်သက်ပါ၊ ကိုကိုက ဘာလို့ ဒီလောက်ချစ်ခဲ့သလဲဆိုတာ စူးစမ်းချင်လို့ပါ”

ဝင်းညီက သူ တစ်ထစ်လျှော့လိုက်တော့ ဝမ်းသာအားရ ဖြစ်ကာ…

“အစ်ကို…ရိုင်းတယ်၊ ကြမ်းတယ်ဆိုတာထက် ယုတ်တာညစ်တာက ပိုဆိုးတယ်နော်၊ ကောက်ကျစ်တာမျိုးက ပိုဆိုးပါတယ်”

သူ ခေါင်းမော့်ရယ်မိသည်။

“မင်းမဆိုးဘူးပဲ၊ ငါ့ကိုပြန်ဆုံးမနေတယ်”

“မဟုတ်ပါဘူး၊ သတိပေးတာပါ”

“ကျေးဇူးပဲညီငယ်ရာ၊ ငါတော် တော် ကလေး စိတ်ထိခိုက်နေတာတော့ အမှန်ပဲ၊ တစ်နေ့ထက်တစ်နေ့ ငါပိုပြီးကျေကွဲလာတယ်၊ ဗြန်းစားကြီးဆိုတော့ သွေးပူနေတယ်၊ ဘာကိုမှ တစိမ့်စိမ့်မတွေးမိဘူး၊ နောက်မှ ကိုကိုရက်လည်ပြီးမှ တဖြည်းဖြည်းနဲ့ ငါ ကြေကွဲလာရတယ်၊ ဖြေလို့မရဘူး၊ တစိမ့်စိမ့်နဲ့ ငါခံနေရတယ် ညီငယ်၊ ကိုကို တကယ်ပဲ ငါ့ဘေးမှာ မရှိတော့ဘူးကွ”

လပြည့်ညအသံက ချက်ချင်း ပဲ ရင်ကွဲနာကျသံကြီး ပေါက်လာသည်။ ယောက်ျားတန်မဲ့ မျက်ရည်လည်းမကျချင်ပါ။ ရင်ထဲမှာ တကယ်ပဲဆို့တက်နေ၏ ။

“ထားလိုက်ပါတော့  အစ်ကိုရာ၊ ပြီးခဲ့ပြီပဲ”

“အဲဒါခက်တာ၊ အားလုံးက ပြီးလို့ရတယ်၊ ငါနဲ့က အတူတူနေတာကွ၊ ငါသတိရတယ်၊ ကိုကိုမရှိဘဲ ငါ လုံးဝနေလို့မရဘူး ညီငယ်”

“ကျွန်တော် လာနေရမလား”

“မင်းက ကိုကိုမှ မဟုတ်ဘဲ”

သိပ်ချစ်ပြီး သိပ်အပေးအယူတည့်သော ညီအစ်ကိုချင်းတွေ မို့ လပြည့်ည တစ်ခုခု ဖြစ်သွားမှာ အားလုံးစိုးရိမ်ခဲ့ကြတာပါပဲ။

“ဒါကြောင့် လဲ အဲဒီ ကိုကို့ကောင်မလေးကို ငါသွားကြည့်ချင်တာပါ”

“ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့၊ ကိုကိုချစ်ခဲ့တယ်ဆိုတော့ ငါမြင်ဖူးချင်တယ်လေ”

ဝင်းညီက စိတ်ထဲမှာ တော့ အဓိပ္ပာယ်မရှိဘူးဟု ဆိုမိသည်။ အပြင်ဘက်မှာ တော့ မပြောရဲပါ။

“သူက ကိုကို့ကိုငြင်းတယ်၊ ကိုကို့ကို ရက်စက်ခဲ့တယ်”

လပြည့်ညအသံက အက်ကွဲပျောက်ကွယ်သွား၏ ။

“သူ့ကြောင့် ကိုကို သေခဲ့ရတာ ပဲ”

ဝင်းညီက ခေါင်းယမ်းသည်။

“ယတိပြတ်တော့ အပြစ်ပုံချဖို့ခက်မယ်”

“ဒါဆို ကိုကို သေရတာ သူနဲ့မဆိုင်ဘူးလို့ မင်းဆိုလိုတာလား”

“မဟုတ်ပါဘူး၊ သူ့ကြောင့် စိတ်ထိခိုက်ခဲ့ရတာ တော့ မှန်တယ်”

လပြည့်ညက လက်ဖက်ရည်ခွက်ကို စူးစိုက်ကြည့်ကာ

“သူ အပြတ်ငြင်းလိုက်လို့ ကိုကို ခုလိုခံစားရတာ ၊ အဲဒီ ညက မူးပြီးမောင်းလို့ ခုလိုမျိုးကြုံရတာ ၊ ကိုကို ဒီလောက်တစ်ခါမှ မသောက်ဖူးဘူး၊ အဲဒါတွေ ကို မေ့လို့မရဘူး၊ ငါ့စိတ်ထဲ စွဲနေတယ်ကွာ”

လပြည့်ည မျက်လုံးတွေ က ချက်ချင်း ပဲ ဆိုစွတ်ကာ နီရဲလာ၏ ။ တုန်တုန်ခိုက်ခိုက် ခံစားလာရပါသည်။

“သူ အပြတ်ငြင်းလိုက်တဲ့အတွက် ကိုကို မခံနိုင်ဘဲ သောက်တယ်၊ သောက်တော့မူးတယ်၊ မူးတော့မောင်းတယ်၊ မောင်းတော့တိုက်တယ်၊ တိုက်တော့သေရော၊ ဒါ သူတရားခံကွ၊ ကိုကို ဘယ်တော့မှ ဒီလောက်မှော က်အောင် မသောက်ခဲ့ဖူးတာ တစ်ခန်းတည်းနေတဲ့ ငါ အသိဆုံးကွ”

ဝင်းညီက ဘယ်လိုနှစ် သိမ့် ဖျောင်းဖျရမှန်းမသိပါ။ သိပ်ပြီးမပြောရဲတာလည်း သေချာသည်။ သူမကြိုက်တာ ပါသွားလို့ ကတော့ ချက်ချင်း ထဆွဲထိုးမှာ ။

“အေးလေ…သူက တစ်နေ့ထက်တစ်နေ့ပိုလှနေတာကိုး၊ ခဏခဏ ဖက်ရှင်ရှိုးတွေ တက်နေရတော့ မာနဝင်နေပြီပေါ့၊ အစ ကတော့ ကိုကို့ကို သူ ကြိုးရှည်ရှည်နဲ့ လှန်ထားတာ ငါသိပါတယ်”

လပြည့်ည မျက်နှာပေါ်မှာ နာကျင်ရိပ်တွေ ထင်ဟပ်လာသည်။

“ညဆို သူ ဖုန်းဆက်တယ်၊ ကိုကိုမဆက်ရင် သူဆက်ရော၊ ငါနဲ့တစ်ခါ နှစ် ခါ ဆုံဖူးသားပဲ၊ ကိုကို့ကို ဝေဒနာတွေ ပေးပြီးမှ လှလှပပ သင်ခန်းစာပေးလိုက် တာကွ၊ ကိုကို ကတော့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ တော် တော် ယုတ်မာတဲ့မိန်းမ”

လပြည့်ညက အံကြိတ်သည်။

“ဒီလောက် ရွံ့မုန်းနေလဲ မြင်ဖူးချင်မနေပါနဲ့တော့ အစ်ကိုရာ၊ အထင်မှမကြီးဘဲ ၊ဘာလို့တွေ့ ဖူးချင်တာလဲ”

ဝင်းညီက ခုထက်ထိဖျက်နေမိသေးသည်။

“ကိုကို…ဘာကိုစွဲခဲ့တာလဲ၊ ရူးခဲ့တာလဲ သိချင်လို့ပါကွ”

တားလို့ရမှာ မဟုတ်တာသိတော့ ဝင်းညီ လက်လျှော့ရပါပြီတည်း။

“အစ်ကို …မြင်ဖူးရုံပဲနော်”

စိတ်မချနိုင်ဘဲ ကတိတောင်းထားမိသည်။

“အေးပါကွာ မင်းဆီက ငါ နောက်ထပ်ဘာမှ မတောင်းဆိုတော့ဘူး”

“အင်းလေ…ဒါဆို ကျွန်တော် လိုက်ပြမယ်”

လပြည့်ညက အခုမှ လက်ဖက်ရည်ခွက် ကောက်ကိုင်သည်။

“သူတို့အဖွဲ့ သီချင်းတိုက်နေကြတယ်၊ သန်ဘက်ခါ သူငယ်ချင်းမွေးနေ့မှာ ဆိုကြ တီးကြဖို့ ကိုသက်တို့ ခြံထဲမှာ ကျွန်တော် အဲဒီ သွားမလို့ပဲ”

သူ ကျေနပ်စွာ ပြုံးမိသည်။ သူ့အပြုံးက အေးစက်စက် နူးညံ့ညင်သာမှု တစ်စက်ကလေးမှမပါ။

“ဘယ်မှာ လဲ အဲဒီ ကိုသက်တို့ခြံက”

“………လမ်းထဲမှာ ”

“ကဲ…လာ…လစ်ကြစို့”

သူက ကားသော့ ကောက်ယူကာ လက်ဖက်ရည်ဖိုး ရှင်းပြီး ဦးဆောင်ထွက်သွား၏ ။ ဝင်းညီ နောက်မှ ကမန်းကတန်း လိုက်ရသည်။

လပြည့်ည စိတ်တွေ ဘာလို့ သည်လို ယောက် ယက်ခတ် မြန်ဆန်နေပါလိမ့်။ ဘာလို့ ခက်ထန်ကြမ်းတမ်းနေပါလိမ့်။

ဝင်းညီ တွေးလို့မရဘဲရှိသည်။

* * * * *


အခန်း (၂)

ကိုသက်တို့ ခြံရှေ့ရောက်တော့ ခြံတံခါးက ဟင်းလင်းဖွင့်ထားပြီး ခြံထဲမှာ ကားငါးစီး ဖြစ်သလိုရပ်ထား၏ ။

လပြည့်ညက ပိုင်ပိုင်နိုင်နိုင်ကွေ့ချကာ ပေါ်တူကီအောက်အထိ မောင်းသွားလိုက်ပါသည်။

ဂစ်တာသံသဲ့သဲ့နှင့် ရယ်မောပြောဆိုနေသံတွေ က ခြံတစ်ဖက်ရှိမြက်ခင်းထဲမှ လွင့်လာသည်မို့ ကားကို တုန့်ခနဲ ရပ်ပစ်လိုက်သည်။

ဂစ်တာတီးနေသော သုံးယောက် ၊ ကီးဘုတ်တစ်ခုတည်း ချထားသည်။ ကောင်မလေးသုံးယောက် စုထိုင်ကာ ရယ်မောနောက်ပြောင်နေ၏ ။ ကောင်လေးတွေ က ဂစ်တာသံစမ်းသူစမ်း ဟိုခုံရွေ့သည်ခုံရွေ့နှင့် တစ်ယောက် တစ်မျိုး အလုပ်များ နေသည်။

သူတို့အဖွဲ့ အုပ်စုတောင့်ကြတာ သိထားပြီးသားပါ။

ကျကျနန တီးတတ်သည့်သူ၊ ပိုင်ပိုင်နိုင်နိုင် ဆိုတတ်သည့် သူတွေ ပါမှန်း သိသည်။

ကိုကိုကလည်း ‘မွှေးအသံလေးက အရမ်းနားထောင်ကောင်းတယ်’ ဟု ဖွဖွချီးကျူးတတ်ပါသည်။

“ညီငယ်”

“ဗျာ”

“ရောက်နေပြီလား မင်းကောင်မလေး”

ဝင်းညီက ခေါင်းယမ်းသည်။

“အိမ်ထဲဝင်သွားလားမသိဘူး”

“အဲဒါအရေး မကြီးပါဘူး၊ ဘယ်မှာ လဲမွှေး၊ မွှေးကော ရောက်ပြီလား၊ ဘယ် တစ်ယောက် လဲ”

သူတို့ကား ခြံထင်ဝင်လာပြီး ရပ်လိုက်ပေမယ့် ဘယ်သူမှ ဂရုတစိုက် လှည့်မကြည့်ပါ။ ကောင်မလေးတွေ ကို စကားပြောမပျက်၊ ရယ်မောမပျက်။ စားရင်းသောက်ရင်း စကားလည်းများ သေး။

ဝင်းညီက ရှိနေသော ကောင်မလေး လေးယောက် ကို လှမ်းကြည့်သည်။

မျက်လုံးတစ်ချက်ဝှေ့ရင်း ရှာဖွေလိုက်တာ။

မွှေးက ရှိမနေပါ။

မရောက်သေးတာလား၊ မလာတာပဲလား မရေရာ။

ဝင်းညီ စိတ်ဓာတ်ကျမိ၏ ။ လပြည့်ညက တွေ့ ဖူးပြီးမှပဲ ပြန်မယ့်ပုံ။

“ညမွှေးရေ…ဟိတ်…မွှေး လာလေ၊ ရပြီ နင် အရင်ဆို”

မိုက်ကရိုဖုန်းကိုင်ထားသော တစ်ယောက် က လှမ်းခေါ်လိုက်တော့ လေးယောက် အုပ်စုထဲမှ သမင်ရောင် ဝတ်စုံလေးဝတ်ဆင်ထားသော ကောင်မလေး ခေါင်းမော့်ကြည့်ပါသည်။

“ဟင့်အင်း…မဆိုချင်သေးဘူး”

အသံစာစာလေးနှင့် ကလေးပေါက်စနလို ငြင်း၏ ။

လပြည့်ညက သူမကို မှတ်မိအောင် ကြည့်နေမိ၏ ။

ကိုကို ကျမယ်ဆိုလည်း ကျလောက်ပါရဲ့ ။

အတော့် ကို ချစ်စရာကောင်းသော သဏ္ဍန်လေး။ သမင်ရောင် ဝတ်စုံလေးက ဆန်းပြီး သူမနှင့် လိုက်ဖက်သည်။ ဆံပင်လေးက ကုပ်ကျော်ပြီး ပခုံးပေါ်တင်ရုံ မည်းမည်းစင်းစင်းကလေး။ ညီညီတိတိညှပ်ထားတော့ ဝဲကျကာ ချစ်စရာကောင်းပါသည်။

“အဲဒါလား မွှေး”

လှမ်းခေါ်လိုက်တာကို ကြားပြီးသားပါ။ ဝင်းညီ အူတူတူလုပ်နေလည်း သိပြီးသားပါ။ သို့ ပေမယ့် သေချာသထက် သေချာအောင် လှည့်မေးလိုက်တာ။ ဝင်းညီက ကြောင်အမ်းအမ်းနေပြီးမှ မနေသာတော့သလို…

“အင်း” ဟု ခပ်တုံ့တုံ့ ခေါင်းညိတ်၏ ။

သည်ကောင်က မြင်ဖူးအောင်ပြရမှာ ပဲ ဈေးကိုင်နေသည်။ ဝန်လေး တွန့်ဆုတ်နေသည်။ သူ့အကြံအစည်တွေ ကိုများ သိလျှင် နေရာမှတင် အသက်ရှူရပ် လဲကျသွားမလား မပြောတတ်ပါ။

“အစ်ကို မြင်ဖူးရုံပဲနော်၊ ဒီတစ်ခါပဲနော်”

ဟု လမ်းမှ ကတိအခါခါတောင်းလို့ သူ စိတ်မရှည် ဖြစ်ရပြီးပြီ။

“အေးပါ…စိတ်ချပါ၊ မြင်ချင်တာလေးပဲ”

လပြည့်ညက ညာပြောခဲ့ပါသည်။ သူဘယ်လိုမှ မတည်နိုင်သော ကတိကို သူ အခါခါပေးခဲ့ရပါသည်။

ဆောရီးပဲ ညီငယ်ရယ်…

စိတ်ထဲမှတော့ တောင်းပန် ဖြစ်သည်။

သူက အလာကားသက်သက် ဘာရည်ရွယ်ချက်မှ မရှိဘဲ ထိုမိန်းကလေးကို လာကြည့်မတဲ့လား။ မ ဖြစ်နိုင်လိုက်တာ။

ဝင်းညီက ညမွှေးပန်းကို စူးစူးစိုက်စိုက် ကြည့်နေသော လပြည့်ညကို မသိမသာကြည့်ကာ အသက်အောင့်ထားမိသည်။

သူတို့အုပ်စုထဲမှ မွှေး နှစ် ယောက် ဖြစ်နေတာ လပြည့်ည ဘယ်လိုမှမသိနိုင်ပါ။

တစ်ယောက် က ညမွှေးပန်း။ သူတို့က ညညလို့ခေါ်သည်။ ညမွှေးပန်းလည်း ခေါ်သည်။

နောက် တစ်ယောက် က မွှေးညက်ညော။ ဇာနည်နှင့် တွဲ ခဲ့ဖူးသော မွှေး။ သူတို့က မွှေးညက်ဟု ခေါ်ကြသည်။ ကိုကိုဇာနည် ကတော့ မွှေးဟု ခေါ်လေ့ရှိသည်။

မွှေးညက်ညောက ကံကောင်းချင်တာလား မသိပါ။ လပြည့်ည၏ ဒေါသသင့် မျက်လုံးများ စွာ နှင့် ကင်းလွတ်ခွင့်ရသွားသည်။

ဝင်းညီကလည်း ညမွှေးပန်းကို မွှေးဟု လိမ်ညာပြဖို့ စိတ်ကူးမရှိပါ။ ဟို တစ်ယောက် က လှမ်းခေါ်လိုက်လို့သာ တိုက်တိုက်ဆိုင်ဆိုင် မှားယွင်းသွားခဲ့တာ။

လပြည့်ညက မြင်ဖူးရုံပါပဲဟု ကတိအကြိမ်ကြိမ်လည်း ပေးထားပြီသားမို့ သည်မှားယွင်းမှု ဟာ ဘာမှမ ဖြစ်လောက်ပေ။

“ကိုသက်…ညညက စုံတွဲ ဆိုမှာ လေ၊ တွဲ ဆိုမယ့် သန့်ဇင် မလာသေးတာ၊ ဘယ်လို ဖြစ်မှာ လဲ၊ ပြီးတော့ သိပ်မဆိုတတ်ဘူးနော်”

အသံကလေးက ချွဲပျစ်တီတာလွန်းသည်။ တော် တော် ‘အီ’ တတ်မယ့် ရုပ်ကလေး။ ကြည့်တာနှင့် သိသည်။

“လာပါဟာ…ငါ သန့်ဇင်အစား ဝင်ဆိုပေးပါ့မယ်၊ နင်က မရဲတရဲ ဖြစ်နေတာ၊ သန့်ဇင်က တစ်ရေး နိုးထဆိုလဲ အေးအေးဆေးဆေးပဲ၊ အရေး ကြီးတာ နင်၊ လူရှေ့ရောက်ရင် အသံက တုန်ချင်နေပြီ၊ လာလေ…ကြွပါ မမရယ်”

ညမွှေးပန်းက ဖြည်းဖြည်းကလေး ထရပ်ကာ မလှုပ်တလှုပ်လျှောက်သွားသည်။ ကိုသက် လက်ထဲက မိုက်ကရိုဖုန်းလေးကို ပြောင်းကာ လည်ပင်းလေး တစောင်းလေးကပ်ထားရင်း

“နင်တို့ မရယ်နဲ့နော်”

ဟု မပွင့်တပွင့်ဆို၏ ။

“မရယ်ပါဘူး၊ ဟားမှာ ”

“ဟင်းနော်…ငါ မဆိုရဲဘူးဆိုမှ”

“လေပေါတယ်”

သူမ သူငယ်ချင်းတွေ က ဝိုင်းစသည်။သူမက ခပ်ဝေးဝေးမှာ ချထားသော (လက်တန်းမပါ၊ နောက်မှီမပါ)သည့် ဆုံလည်ခုံမြင့်မြင့်ကလေးပေါ် သွားထိုင်သည်။

“ကိုသက်…ကိုသန့်ဇင်နေရာ ဆိုပေးနော်”

“အေးပါဟ”

လပြည့်ည နှုတ်ခမ်းတွေ က သိသိသာသာ တည်တင်းနေ၏ ။

“ကြည့်စမ်း…”

သူမက မော့်လို့ ကြော့လို့ ပြုံးလို့ မြူးလို့။

သူမအတွက် အသက်သေသည်အထိ ဖြစ်ခဲ့ရသော ယောက်ျား တစ်ယောက် ကို ယောင်၍ ပင် သတိရပုံမပေါ်။ သူ့ရင်ထဲမှာ သည်ကိစ္စက လတ်ဆတ်ပူနွေးနေတာ။ သူမအဖို့တော့ အသေးအဖွဲ့လေး ဖြစ်ပုံပါ။

လွန်ခဲ့တဲ့ တစ်လလောက်က သူ့ကြောင့် သေဆုံးခဲ့ရသော ကိုကို့ကို သူမ အမှန်တကယ် မေ့ပစ်ခဲ့ပြီပဲ။

အစကတည်းက သူ ကိုကို့ကို လှည့်စားခဲ့တာ၊ မျှော်လင့်ချက်ပေးခဲ့တာ မှန်တော့သည်။

မင်းဟာ ကြောက်စရာကောင်းလွန်းတဲ့ မိန်းမပါလား။

လပြည့်ည မျက်လုံးတွေ က သူမဆီမှာ စူးစိုက်ရပ်တန့်သွားကြသည်။

သမင်ရောင် ဝတ်စုံလေးမှာ ဆွဲကြိုးအနက်အရှည်လေးက လင်းနေပြီး လက်မှာ လည်း လက်ကောက်အမည်းလေးတွေ ဝတ်ထားသည်။

အဝါရောင် လည်းမဟုတ်၊ အနီရောင် လည်းမဟုတ်၊ အညိုရောင် လည်းမဟုတ်သော သမင်ရောင် ဝတ်စုံလေးက သူမအသားဝင်းဝင်းနှင့် အင်မတန်လိုက်ဖက်ပါသည်။

ကိုကို့ကို ဖမ်းစားခဲ့တာ ၊သည်အလှတွေ သည်အပြင်အဆင်တွေ ။ ကိုကို ရူးရူးမူးမူး ဖြစ်အောင် လုပ်ခဲ့ပြီးမှ ရင်ကွဲနာကျအောင် ခေါင်းခါပြခဲ့တာ။

မင်းမာယာတွေ ကိုကို ငြိတွယ်သွားခဲ့တယ် ထင်ပါရဲ့ ။

မင်းဘယ်လိုပြုစားလိုက်သလဲဆိုတာ ရှည်ရှည်ဝေးဝေးတွေးစရာမလိုတော့ပါဘူး။

“အိုကေ…စမယ်၊ ရယ်ဒီပဲနော်”

“အင်း…ရပါပြီ”

သူမက ဆိုမယ့်သီချင်းတွေ အလွတ်ရပြီးနေပုံ။ ဘာစာရွက်မှ မယူ။

“အဲဒီ သီချင်းက ခက်သလိုပဲ၊ သီချင်းပြောင်းဆိုရင် ကောင်းမလား”

“ထင်လို့ပါ၊ နင်တို့ဆိုတာ သိပ်နားထောင်ကောင်းပါတယ်၊ အသံချင်းညီတယ်၊ အဲဒါပဲဆို၊ တကယ်ပြောတာ၊ မကောင်းရင် ငါတို့က ဆိုခိုင်းပါ့မလား၊ ကြားလိုက်ရင် စွဲသွားမယ်”

ကိုသက်က သူမကို နောက်နေ၏ ။

သွားလေးတွေ ပေါ်အောင် ရယ်လိုက်တော့ မျက်နှာလေးက ချိုကြည်လွန်း၏ ။

သူနှင့် ဝင်းညီက တိတ်တဆိတ်ပဲကားထဲက ကြည့်နေ၏ ။

ကိုသက်နှင့် သူမဆိုတာက ‘တို့မဝေးဘူး’ သီချင်း။ စည်သူလွင်တို့ ဆိုထားကြတာ။

ခေါင်းလေးငုံ့ထားတော့ ဆံပင်တွေ က နားရွက်ပေါ်မှာ ကျော်ကာ ပါးပေါ် တစ်ဝက်တစ်ပျက်ကျကာ သူမမျက်နှာလေးကို ဖုံးကွယ်ထားသည်။

နှာတံစင်းစင်းလေးရယ်၊ နှုတ်ခမ်းထူထူလေးရယ်၊ မျက်လုံးစူးစူးလေးရယ်က တခြားကောင်မလေးတွေ ထက် ပိုမိုအသက်ပါကာ ပေါ်လွင်လို့နေသည်။

ရင်ခုန်သံများ ×××ချိုမြိန်အောင်×××ဖန်ဆင်းပေးသူရယ်×××

နေချင်တယ်×××သူ့အနားမှာ ××× ထာဝစဉ်ပဲပေါ့ကွယ်×××

သူမ အသံလေးကစေးပြီး ချိုသည်။ နားထဲစွဲစေသည်။ သည်အသံညက်ညက်ကလေးကလည်း ကိုကို့အတွက် အဆိပ်အတောက်တစ်ခုခုပါပဲ။

“ကြယ်တာရာများ ×××ကမ္ဘာမြေကို သူအလင်းပေးသလို ကိုယ်ကချစ်ခဲ့လို့”

ဝင်ဆိုပေးသော ကိုသက်အသံက အောပြီး အက်တာမို့ သူမအသံကောင်တာလေးက ပိုပေါ်လွင်သွားတော့သည်။

“ယုံကြည်တယ်ကျေးဇူး၊ ချစ်သူရယ်”

သူမက မော့်လာပြီး ကိုသက်ကိုကြည့်ကာ နှစ် ယောက် အတူတူဆိုရမည့် အပိုဒ်ကို ဆို၏ ။

“ဘယ်သူလာပြီး ခွဲမလဲ×××

ဒီမှာ တို့အတွက် မင်းကရှိတယ်×××

ကိုယ် မင်းရဲ့ ရှေ့ကရှိမယ်×××

ခိုင်မြဲတဲ့ အချစ်များ နဲ့×××

အတူဆုံမယ်နော် အိမ်မက်ထဲလည်း×××

ဘယ်တော့မှမခွဲဘူး အချစ်ရယ်×××

တို့အမြဲတမ်း အနားမှာ ရှိနေမယ်×××

တို့မဝေးဘူး ယုံတယ်×××”

သူမက သီချင်းတစ်ပိုဒ်ပြီးသွားမှ သူငယ်ချင်းတွေ ကို ရင်ဘတ်ကလေးဖိလျက် ပင့်သက်ရှိုက်ပြသည်။ ချက်ချင်း ပဲ သူမဆိုအလှည့် ရောက်လာတာမို့…

“ယုံကြည်ရာလမ်း×××

တာဝန်တွေ ကို ဝေမျှထမ်းဆောင်လို့×××

ပျော်ရွှင်စွာ တို့ခရီးဆက်×××

ကာကွယ့်မယ့် တို့အချစ်တွေ ×××

တစ်ခါ ကိုသက်ဆိုသည့်အလှည့်မို့ သူမက ဆံပင်လေးသပ်ကာ ပြုံးနေခဲ့သည်။

ပင်လယ်ပြင်မုန်တိုင်း×××

(ဟူး×××ဟူး×××ဟူး) ×××”

ဟု သူမဆိုလိုက်ပုံက ရင်ကို လှုပ်ခါသွားစေသည်။ ဒါတွေ ပေါ့ ကိုကိုပစ်ကျခဲ့တာ။

ကိုကို့ဘဝမှာ မင်းနံပါတ်တစ် ဖြစ်ခဲ့ရတာ ဒါတွေ ပေါ့။

“ရင်ဆိုင်နိုင်ပါတယ်၊ မင်းအတွက်ပဲ×××

ကိုယ်အသက်ရှင်ဖို့ပေါ့”

သူမက ဆုံလည်ခုံလေးကို အသာလှည့်ကာ ရဲရဲတင်းတင်း ရှိလာ၏ ။

“ဟုတ်ရဲ့ လား၊ ဒါဆို စိတ်ချလိုက်ပါကွယ်”

ခေါင်းလေ့မော့်ပြီး ဝါရင့်အဆိုတော် ကြီးလို ဆိုနေ၏ ။

လပြည့်ညက အကြည့်လွှဲပစ်ရင်း ဝင်းညီကို ခပ်တိုးတိုး ပြောလိုက်၏ ။

“မင်းဆင်းမှာ လား၊ ဆင်းလေ၊ ငါပြန်မယ်”

“ဟုတ်ကဲ့”

သည်ကောင် ဝမ်းသာအားရ ဖြစ်သွားပုံ ဖုံးမရ ဖိမရ။

ကြည့်ရုံတင်ကြည့်ပြီး ပြန်လှည့်တာကို ကျေးဇူးတင်သွားပုံရသည်။

ဝင်းညီက ကားထဲက ချက်ချင်း ဆင်းသည်။

သူက နောက်ဆုံးတစ်ချက် သူမဆီ ပြန်ကြည့်သည်။ ကိုသက်က သူမဘေးနား ရောက်သွားပြီး…

“ကိုယ့်ဘဝကို မင်းအတွက်ပေးထားတယ် ×××

ဘာတွေ လိုအပ်လဲ ပြောကွယ်”

သူမက ကိုသက်ကို မော့်ရယ်ပြကာ…

“အမြဲတမ်း မင်းအနားရှိရင်တော့ ဘာလိုဦးမှာ လဲ”

ဟု ဆို၏ ။

သူ မျက်မှော င်ကုတ်ကြီးနှင့် တစ်ယောက် တည်း ဘုကြည့်ကြည့်နေမိသည်။

သူ့မျက်လုံးထဲမှာ သူမသဏ္ဍန်က တဖြည်းဖြည်း မှု န်ဝါးလာပြီး တွန့်ကြေနေသော ကားပေါ်မှာ သွေးရဲရဲနှင့် အသက်မဲ့နေသော ကိုကို့ကို မြင်ယောင်လာမိသည်။

လပြည့်ည ရင်ထဲ တင်းကျပ်စွာ ဆို့နင့်လာ၏ ။

သူမကို သူ ခွင့်လွှတ်လို့မရပေ။ ဆိုးဆိုးရွားရွား ခံစားမှု က ရင်ထဲ အောင်းခိုနေ၏ ။

ကိုကိုက သူမစိတ်နှင့် အရမ်းမူးပြီး သေဆုံးသွားခဲ့ပေမယ့် သူမ ကတော့ ကိုကို့အတွက် ခံစားထိခိုက်နေပုံမရပါ။

မေးကြောကြီးတွေ ထောင်ထအောင် သူ အံ့ကြိတ်မိပါသည်။

သူမကို မျက်လုံးတွေ မှေးကျဉ်းသွားအောင် စူးစိုက်ကြည့်နေမိသည်။

နောက်တော့ သူ့နှုတ်ခမ်းတွေ တဖြည်းဖြည်း ပြုံးလာခဲ့၏ ။

သည်အပြုံးတွေ ၏ အဓိပ္ပာယ်ကို သူပဲသိပါသည်။

သူ အံ့ကြိတ်ကာ ကားကို ဝူးခနဲ မောင်းထွက်ခဲ့သည်။

လမ်းထိပ်ထောင့်တစ်နေရာမှာ သူမ အိမ်ပြန်ချိန်ကို သူ စိတ်ရှည်ရှည် စောင့်ရပါဦးမည် ။

သူမအိမ်လည်း သိထားမှ၊ သူမ သွားလာလှုပ်ရှားမှု တွေ လည်း သိထားမှ အားလုံးသိထားမှပဲ ဖြစ်မည် ။

သူ့ခေါင်းထဲ အစီစဉ်တွေ ဆွဲနေ ဖြစ်သည်။

* * * * *


မျက်လုံတွေ ဖွင့်ကာ နာရီကြည့်မိတော့ မနက် ၈ နာရီခွဲကျော်လို့ ၉ နာရီပါးပင် ရှိတော့မည် ။

ညက အတွေးလွန်ပြီး တော် တော် နှင့် အိပ်မပျော်။

ကိုကို့အနားမှာ ရှိနေသလိုပဲ သူထင်နေမိသည်။

သူ တစ်ယောက် တည်း ရှိနေတာကို ယူကျူံးမရ ကြွေကွဲနေမိသည်။

ကိုကိုနှင့် ဆို စကားပဲ ထိုင်ပြောမလား။ စာအုပ်ကိုယ်စီနှင့် တစ်ခန်းတည်း တစ်ယောက် တစ်နေရာရှိနေမလား။ ဘောလုံးပွဲထိုင်ကြည့်ပြီး လက်ဖက်ရည်ကြေး၊ စီးကရက်ကြေး လောင်းနေမိမလား။ ဂီတာတီးပြီး သီချင်းပဲ ဆိုနေမလား။ အကြောင်းအရာတစ်ခုကို စိတ်ပါလက်ပါ ဆွေးနွေးနေမလား။ ချက်ပဲထိုးနေမလား။ ကိုကို ဖုန်းပြောတာကို ဘေးကထိုင်စမိနေမလား။ စိတ်ဝင်စားသော ဇာတ်လမ်းတစ်ခုကို ငြိမ်သက်ကြည့်နေကြမလား။ ကားတစ်စီးနှင့် တစ်ယောက် လှည့်မောင်းပြီး လျှောက်သွားနေ ဖြစ်မလား။ လက်ဖက်ရည်ဆိုင်ပဲ သွားထိုင်မိမလား။တစ်ခါတလေ ဘားသွားပြီး တစ်ယောကကို တစ်ယောက် ထိန်းကာ နည်းနည်း ပါးပါး သောက်နေမိမလား။

ညတွေ က ကိုကိုရှိတုန်းက သိပ်ကို အဓိပ္ပာယ်ရှိခဲ့ပါသည်။ တစ်နှစ် ကြီးတစ်နှစ် ငယ်မို့ သူငယ်ချင်းတွေ လို ဖြစ်ကာ တခြားသူငယ်ချင်းပင် သိပ်မရင်းနှီး ဖြစ်တော့ဘဲ နှစ် ယောက် တည်းလို ဖြစ်နေတတ်သည်။

စိတ်အခန့်မသင့်လို့ ဒေါသရှိန် တက်နေလည်း ခဏပါပဲ။ တစ်ယောက် တစ်ယောက် အကြာကြီး စိတ်မဆိုးနိုင်ပါ။

ပျင်းတတ် ခိုတတ်သော သူ့ကို ကိုကိုက အမြဲအလျှော့ပေး အနစ်နာခံတတ်ပါသည်။ စောစောစီးစီး ခွဲသွားမယ်မှန်းသာ ကြိုသိရင် ရှိနေချိန်ကလေးမှာ ညီ ဗိုလ်မကျခဲ့ပါဘူးကိုကို။

ကိုကို မရှိတော့ သူ့အတွက် စိတ်လစ်ဟာသည်။ တကယ်တော့ သည်မိန်းမနှင့် ကိုကို စဆုံစည်းခဲ့တာ ဂြိုဟ်ဝင်တာပါပဲ။

ကိုကိုက တသသစွဲလမ်းနေတော့ သူလည်းမတားမိပေ။

တစ်ဖက်ကလည်း လိုလိုလားလား ကြည်ကြည်ဖြူဖြူပါပဲ။

သူတို့ချင်း ပြေလည်နေလို့သာ သူက မသိချင်ယောင်ဆောင်နေခဲ့တာပါ။

လပြည့်ည ထင်မထားခဲ့သော အခြေအနေပါလားဟု သိလိုက်ရချိန်မှာ ကိုကိုက သေဆုံးနေခဲ့ပြီ။ သူ အသိနောက်ကျသည်။ ကိုကို့ကို အဲသည်မိန်းမ လှလှပပ ပညာပေးခဲ့တာကို သိခဲ့ပါ၏ ။

ကိုကို့မှာ ငါ့လိုညီ တစ်ယောက် ရှိတာ မင်း သိစေရမယ်။

အိပ်ရာထဲက လူးလဲထကာ ရေချိုးသည်။ အဝတ်အစားလဲသည်။ မေမေက သူ့အတွက် ကော်ဖီဖျော်ပေး၏ ။

တစ်ယောက် တည်း ဖြစ်သွားသော သူ့ကို မေမေက ခါတိုင်းထက် ပိုဂရုစိုက်ပါသည်။ သူ့ကိုမြင်လိုက်တိုင်း မေမေ့မျက်နှာနွမ်းကျကာ မျက်ရည်လည်သွားစမြဲ။ ခါတိုင်းဆို နှစ် ယောက် ဖြစ်နေကျ။ ကော်ဖီဆို နှစ် ခွက်ထည့်ပေးနေကျ။ ဘယ်တော့မဆို သည်သားနှစ် ယောက် ကို တတွဲ တွဲ မြင်ရတာ ရင်ထဲကိုချမ်းမေ့စေပါသည်။

ထွားထွားကျိုင်းကျိုင်း ရွှင်ရွှင်လန်းလန်း ဘုရားပေးထားသော သားနှစ် ယောက် ကိုမြင်လျှင် မေမေ့ရင်ထဲ စိမ့်စမ်းရေလိုအေးမြပါဘိ။

သားနှစ် ယောက် သည် မေမေ၏ အသည်းညှာခိုင်။ ချစ်မဝ ကြည့်မဝနှင့် တစိမ့်စိမ့် ပီတိ ဖြစ်စေသည်။

အမေကိုလည်း နှစ် ယောက် လုံး ချွဲတတ်သည်။ လူလည်ကလေးတွေ ။ ခုတော့ သားလေးက တစ်ယောက် တည်း။ မျက်နှာကလည်း မကြည်မသာ၊ မှု န်တေတေ ဂျစ်တစ်တစ် မျက်နှာလေးနှင့် ။

“သားလေး”

“ဗျာ…မေမေ”

“ထမင်းကြော်စားမလား

“မစားတော့ဘူး၊ သား သွားစရာရှိလို့”

“ဘယ်တုန်း သားရဲ့ ”

“ဒီလိုပါပဲ၊ ဟိုနား ဒီနား”

မေမေ စိတ်မချနိုင် ဖြစ်မှာ စိုးသည်မို့ သူ ပြုံးပြမိသည်။

“သား ဝယ်စရာတစ်ခုရှိလို့ပါ မေမေ”

“ကားကို ဂရုစိုက်မောင်းနော် သား”

လပြည့်ညက မေမေ့ကို ဖျက်ခနဲမော့်ကြည့်သည်။ ကော်ဖီခွက်ကို ပြန်ချကာ သူ မလှုပ်မယှက်ငြိမ်နေမိ၏ ။

မေမေ့ရင်ထဲက သော ကကို သူမြင်ပါသည်။ မေမေ ရတက်မအေး ဖြစ်နေတာ သူသိသည်။ လောလောလတ်လတ် ပူပူနွေးနွေး ကားအက်ဆီးဒင့်နှင့် ကိုကိုဆုံးသွားတော့ မေမေ ကြောက်လန့်နေမှာ ပေါ့။ ဒါတွေ ဟာ မင်းကြောင့် ပေါ့၊ မင်းကြောင့် ပဲပေါ့။

ငါ့အတွက်လည်း တစ်ဦးတည်းသော အစ်ကို ဆုံးရှုံးရတယ်၊ မေမေ့အတွက်လည်း သားကြီး တစ်ယောက် ဆုံးရှုံးရတယ်၊ ငါတို့ မိသားစုရဲ့ အပျော်တွေ ဆိတ်သုဉ်းပျက်စီးခဲ့ရတယ်။ ပြိုကွဲကြေမွခဲ့ရတယ်။ အစတည်းက မချစ်ရင်မချစ်ဘူး ပြောခဲ့ပါလား၊ ပြောလိုက်ပါလား။ မင်းဘာလို့ ကိုကို့ကို လှည့်စားအနိုင်ယူခဲ့တာလဲ။

လပြည့်ညက စားပွဲမှ ဝုန်းခနဲထကာ ထွက်လာခဲ့၏ ။ ကားကို ဝူးခနဲမောင်းထွက်လာကာ အသံရှုသံပြင်းပြင်းနှင့် စိတ်ကိုငြိမ်အောင် ကြိုးစားနေရသည်။

သည်နေ့ ဟိုဂြိုဟ်ဆိုးမ(ဆန်းမစ်ဟိုတယ်)မှာ လာကစားမယ့်နေ့။

တစ်ပတ်မှာ နှစ် ရက်သုံးရက်ခန့် လာကစားတတ်တာ သူသိပြီးသား။

ကျက်သရေမရှိသော မိန်းမကို တကူးတက သွားစောင့်ကြည့်ရမှာ မခံချင်စရာကောင်းလှပါသည်။

* * * * *




ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ညမွှေးပန်းရဲ့ည ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပြင်းသောကော်ဖီတစ်ခွက်

ချစ်မိသော နှလုံးသားမှာ အကြောင်းပြချက် မရှိပါ

ယိမ်းနွဲ့နွဲ့ချစ်သံစဉ်