Cover

ချစ်မိသော နှလုံးသားမှာ
အကြောင်းပြချက်မရှိပါ

နွေးထွေးနိုင်က ကားကို ညင်သာစွာ ရပ်ပြီးနောက် ကားပေါ်ကဆင်းလျက် ကန်ရေပြင်ကို ငေးကြည့်ကာ နှုတ်ခမ်းကို နာနာဖိကိုက်ထားမိပါသည်။

အသက်ရှူသံပြင်းပြင်းက ရင်ထဲမှာ လှိုင်ထတုန်ခါနေသေးသည်။

မတည်ငြိမ်သေးပါ။ အနည်မထိုင်သေးပါ။ သွေးအေးဖို့ဆိုတာ ရက်ပေါင်းများ စွာ ကြိုးစားရ ဦးမည် ။

မာနရယ် ဒေါသရယ် ရောစပ်ပြီး ရင်ထဲမှာ မီးတစ်စ တောက်လောင်နေ၏ ။

တပ်ထားသော မျက်မှန်ကိုဖြုတ်ပြီး ကားထဲက ထိုင်ခုံပေါ်ချထားလိုက်၏ ။ ဆံပင်တွေ ကို လက်နှစ် ဖက်နှင့် သပ်တင်မိသည်။

ဟား…….ဘာလို့ ဒီလို ဖြစ်ရတာ လဲ။

ခေါင်းတစ်ချက် ရမ်းမိပါသည်။

သည်အ ဖြစ်အပျက်ကို မကျေနပ်နိုင်ပါ။

နွေးထွေးနိုင်၏ သမိုင်းကြောင်းမှာ ဒါမျိုးတစ်ခါမှ မရှိဖူးခဲ့။

တံခါးဖွင့်ထားသော ကားထဲ ပြန်ဝင်ထိုင်သည်။

စိတ်အေးသက်သာသွားအောင် ဘာလုပ်သင့်ပါသလဲ။

ကားကူရှင်ကို မှီချလိုက်၏ ။

မျက်လုံးအစုံကို မှိတ်ထားမိသည်။

မျက်နှာပေါ်ကို တဖြည်းဖြည်းတက်လာတာက ရှက်သွေး။

သိပ်ရှက်ဖို့ကောင်းသည်။

နွေးထွေးတော့ အရမ်းရှက်သည်။ အရမ်းခံပြင်းသည်။

“အသေးအဖွဲ့လေးပါ” ဟု လုံးဝသဘောမထားနိုင်ပါ။

နွေးထွေးတစ်သက်မှာ သည်လောက် အောင့်သက်မခံချင်စရာကောင်းတာမျိုး မရှိခဲ့ဖူးပါ။

နွေးမှားသလား။

နွေးမမှားပါဘူး။

မျက်လုံးတွေ ဖျတ်ခနဲပွင့်ကာ ကန်ရေပြင်ကို စိုက်ကြည့်မိသည်။

လက်နှစ် ဖက်ကို အချင်းချင်းပွတ်ကာ စိတ်ကိုလျှော့ချလိုက်၏ ။

ရှိပါစေတော့။

မခံချင် ဖြစ်နေလည်း ထူးမှမထူတော့တာ။

ပြန်နုတ်လို့ ပြန်ဆယ်လို့မရ။

ကျွံသွားခဲ့ပြီ၊ လွန်သွားခဲ့ပြီ။

သည်အ ဖြစ်အပျက်ကို မေ့ထားနိုင်အောင် နွေးကြိုးစားရပါမည် ။

လက်နှစ် ဖက်ကို တင်းတင်းပိုက်ကာ ကားပြင်ကို ပြန်ထွက်ရပ်သည်။ဝေ့တက်လာသော မျက်ရည်တွေ ကို မျက်တောင်တဖျတ်ဖျတ်ခတ်ပစ်၏ ။ ရှက်စိတ် မခံချင်စိတ်၏ နောက်မှာ ဒေါသ လည်း ကပ်ငြိပါလာရသည်။

ကားထဲက ထိုင်ခုံပေါ် ချထားသော ဓာတ်ပုံကင်မရာလေးဆီ အကြည့်ရောက်၏ ။

ဒါကိုမြင်လျှင် အရှုံးကိုမြင်နေရဦးမည် ။

ကောက်ယူပြီး ကန်ရေပြင်ထဲ ပစ်ဖို့ပြင်မိ၏ ။

နွေး၏ ရုတ်တရက် စိတ်လိုက်မာန်ပါအပြုအမူကို နွေး၏ စိတ်ဓာတ်က ခွင့်မပြုချင်ပြန်။

နွေးဟာ ဓာတ်ပုံသမား တစ်ယောက် ပါ။

ဓာတ်ပုံရိုက်ရတာ ၀ါသနာပါလွန်းလို့ လုပ်နေမိတာပါ။

ဓာတ်ပုံကင်မရာကို လက်လွတ်စပယ် လွှင့်ပစ်သင့်ပါရဲ့ လား။

နွေး၏ ၀ါသနာနှင့် အလုပ်က ကင်မရာပေါ်မှာ ပဲ မူတည်နေပါသည်။ နွေးမပစ်ရက်ပါ။ ကင်မရာလေး ဖြစ်နေလို့ ပိုပြီးမပစ်ရက်။ တခြားပစ္စည်းဆို အရှုံးနှင့် အနာနှင့် လွှင့်ပစ်မိတော့မှာ မလွဲမသွေပါ။

ဓာတ်ပုံကင်မရာဆိုတာ ဘ၀မှာ အမြတ်နိုးဆုံးပစ္စည်းတစ်ခုပါ။

ကင်မရာကို နွေးချစ်သည်။ မြတ်နိုးသည်။ တန်ဖိုးလည်းထားသည်။

ကင်မရာလေးကို ကားထဲကခုံပေါ် ဖြည်းဖြည်းသာသာ ပြန်ချထားလိုက်၏ ။ ကင်မရာနှင့် မဆိုင်ပါ။ ဆိုင်တာကလူ။

အပြစ်မဲ့သော ကင်မရာလေးကို မရမ်းသင့်ပါ။ မမဲသင့်ပါ။ မကျေမနပ် မ ဖြစ်သင့်ပါ။

နွေး၏ မခံချင်စရာကောင်းသော အရှုံးတစ်ခုသည် ထိုကင်မရာလေးကြောင့် မဟုတ်ပါ။

နွေးထွေးနိုင်က ပင့်သက်တစ်ချက်ရှိုက်၏ ။

မေ့ထားပါမယ်။

သည်အ ဖြစ်အပျက်တစ်ခုကို မေ့ထားလိုက်ဖို့ ကြိုးစားပါ့မယ်။

နွေး၏ မာနတွေ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတာ အတွက် ဘယ်သူ့ကိုမှလည်း အပြစ်မတင် ချင်တော့ပါဘူး။

နွေးထွေးနိုင်က ကားပေါ်ပြန်တက်ပြီး မျက်မှန်ကိုပြန်တပ်လိုက်သည်။ ကားစက်နှိုးရင်း စောစောကထက် အဆပေါင်းများ စွာ စိတ်အေးသွားတာကို ကျေနပ်သ်ည။

ထားလိုက်ပါတော့။

ကားကို အိမ်ဖက်မောင်းလာပါသည်။

မရယ်နိုင်မပြုံးနိုင် ဖြစ်နေသော နှုတ်ခမ်းတွေ ကို ဟန်ဆောင်ပြုံးထားရတာ ပင်ပန်းလှပါ သည်။

“သမီး…….ပြန်လာပြီလား”

“ဟုတ်ကဲ့”

မေမေက လှမ်းမေး၏ ။ နွေးလှည့်ကြည့်ဖြေမိသည်။

“ထမင်းစားတော့မလား”

“မစားသေးဘူးမေမေ ခဏလောက်နေမှ”

“အေး…….အေး…….ရေချိုးမလို့လား မြန်မြန်ချိုး”

“ဟုတ်ကဲ့ပါ မေမေ”

နွေးထွေးနိုင်က လှေကားကို စူးစိုက်ကြည့်ကာ တစ်ထစ်ချင်းတက်လာမိပါသည်။ ရေပြင် ကျယ်ကြီးရှေ့မှာ ကားအသာရပ်ပြီး ရင်ထဲကဒေါသတွေ ကြေကွဲမှု တွေ ခံပြင်းမှု တွေ လွှင့်ထုတ် လာခဲ့ပြီမို့ အတန်အသင့်တော့ လျော့ကျငြိမ်းအေးခဲ့ပါပြီ။

အကုန်အစင်တော့ အငွေ့မသေသေးပါ။ စိတ်ထဲမှာ ဖုထစ်စွဲထင်ကျန်ရှိနေသော ဝေဒနာ သည် တဖြည်းဖြည်းတော့ သက်သာသွားကောင်းပါရဲ့ ။

“သမီးရေ…….နွေးထွေး”

“ရှင်…….”

ထမင်းစားခန်းက ခေါ်သော မေမေကို လှေကားထိပ်ကနေ ငုံ့ကြည့်ကာ ထူးမိ၏ ။

“စံပယ်ဖုန်းဆက်တယ်…….နှစ် ခါရှိပြီ”

“ဟုတ်”

မေမေ့ကိုခေါင်းညိတ်ဖြေပြီးသော အခါ အခန်းထဲကို ဖြည်းညင်းစွာ ၀င်လာခဲ့၏ ။

အခန်းတံခါးအဖွင့်မှာ ဖုန်းမြည် သံက ကွက်တိဝင်လာခဲ့၏ ။ အိပ်ရာဘေးက စင်ပန်းနုရောင် လေးပေါ်တင်ထားသော ဖုန်းအနက်ကလေးကို ဆတ်ခနဲကောက်ယူပြီး ခုတင်စွန်းမှာ ၀င်ထိုင်ကာ ထူးမိ၏ ။

“ဟက်လို…….”

“ဟက်လို…….”

ထူးသံက ပြိုင်တူပါပဲ။ မေမေကလည်း အောက်ထပ်က ကိုင်လိုက်ပုံရပါသည်။

“နွေးထွေးလား…….အန်တီ…….စံပယ်ပါ”

စံပယ်က နှစ် ယောက် စလုံးကို ပြော၏ ။

“မေမေ…….သမီးကိုင်လိုက်ပြီ”

“အေးအေး…….သမီး ရေချိုးခန်းဝင်နေပြီထင်တာ”

နွေးထွေးနိုင်စကားကို မေမေက ခေါင်းညိတ်ပြီး ဖုန်းချသွား၏ ။

“နွေးထွေး…….”

“ဟင်…….”

“ဘယ်တွေ လျှောက်သွားနေတာလဲ”

စံပယ့်အသံက စိတ်ပူတာ ပေါ်လွင်သည်။

“ဒီလိုပါပဲ”

“ဘာဒီလိုပါပဲလဲ…….နွေးထွေး…….စံပယ်နဲ့ မေမီက စိတ်ပူနေကြတာ၊ ဖုန်းဆက်တော့ ရှင်က မရှိဘူး”

“အေး…….သူငယ်ချင်း တစ်ယောက် ဆီ ၀င်နေတာပါ”

စဉ်းစဉ်းစားစားနှင့် ညာလိုက်၏ ။

“မယုံပါဘူး…….ဒီနေ့ ဘယ်သူငယ်ချင်းနဲ့ စကားပြောလို့ရမှာ လဲ၊ နင့်စိတ်တွေ ဒီလောက် ယောက် ယက်ခတ်နေတာ”

စံပယ်ကို ညာလို့ရမှာ မဟုတ်။

“ပြော…….ဘယ်တွေ လျှောက်သွားနေတာလဲ”

“ဘယ်မှ မ သွားပါဘူးဟာ…….ရေပြင်ကြီးထဲကို ဒေါသတွေ သွားလွှင့်ပစ်နေတာပါ”

နွေးထွေးက ရယ်ပြီးပြော၏ ။ ရယ်သံက မချိုဘဲ ခြောက်ပ်ကပ်နိုင်နေ၏ ။

“ဆောရီးပါဟာ…….ငါ့ကြောင့် ငါရှည်လို့ ဖြစ်ရတာ ပါ”

“ရပါတယ်…….ကိစ္စမရှိပါဘူး”

“ငါစိတ်မကောင်းဘူး”

“လုပ်မနေနဲ့၊ ဒီလောက်လည်း နုမနေပါနဲ့၊ အသေးအဖွဲပါ”

စံပယ်က သက်ပြင်းရှိုက်၏ ။

“ငါ့ကိုပြောလိုက်ရင် ငါခံနိုင်ပါတယ်ဟာ၊ ငါက ရှည်မိတာကိုး၊ မဆီမဆိုင် နင်က ခံလိုက် ရတော့”

“ရပါတယ် မပြောပါနဲ့တော့”

ဆက်ကို နားထောင်ချင်စိတ်မရှိတော့ပါ။

ပြန်ကြားရသော စိတ်ထဲဆူဝေလာ၏ ။

“နင့်အသံကြားမှ ငါစိတ်အေးသွားတယ်”

“ဒါလေးများ ”

စံပယ်က တွေးတွေးဆဆနှင့် …….

“မတူဘူးလေဟာ…….ငါတို့က ဘ၀ကို လေးလေးနက်နက် သိမ်သိမ်မွေ့မွေ့ လျှောက် လှမ်းနေကြတာ၊ ဒါမျိုးလည်း တစ်ခါမှမကြုံဖူးပါဘူး၊ ငါတို့ အပျော်လွန်ပြီး ရှည်ရှည်ဝေးဝေး မစဉ်းစားခဲ့လို့ မှားသွားတာပါဟာ။ တကယ်ဆို ဒီလိုအပြောခံရဖို့ မဟုတ်ပါဘူး။ နင်သိပ်ခံစားသွားရ တာ နားလည်ပါတယ်။ အနူးအညွတ်တောင်းပန်ပါတယ် နွေးထွေးရယ်”

တော် ပါတော့ဟာ…….ဟု နွေးထွေးတားလိုက်ချင်ပါသည်။ စံပယ့်စကားကို တည်တည် ငြိမ်ငြိမ်နားထောင်နိုင်စွမ်းမရှိ။

“တခြားသူတွေ တော့ မသိဘူး၊ ငါတို့အတွက်တော့ အရမ်းထိရှစေတာအမှန်ပဲ။ ငါစိတ် မကောင်း ဖြစ်မိတယ်”

နွေးထွေးက ကျောက်ရုပ်လို ငြိမ်နေမိ၏ ။

မျက်ရည်ပူများ က ပါးပြင်ပေါ် စီးကျလာ၏ ။

ရင်ထဲမှာ နေလို့မကောင်း တစ်နေ့လုံးပါပဲ။

ငိုလိုက်လျှင် ပေါ့ပါးသွားမလားမသိ။

ရှက်တာရယ်၊ ၀မ်းနည်းတာရယ်၊ မကျေနပ်တာရယ် မျက်ရည်တွေ နှင့် ပါသွားနိုင်ပါသည်။

“နွေးထွေး”

စံပယ့်ခေါ်သံလေးက ငိုသံစွက်နေ၏ ။

နွေးထွေး ဆတ်ခနဲ ဖြစ်ရသည်။

စံပယ်ရော ငိုနေသလား၊ ၀မ်းနည်းနေသလား။

ဒါဆို မေမီရော……. ဒီအ ဖြစ်အပျက်ကို မေ့ပြီး ပျော်နေပါ့မလား။

“တော် ပြီ…….နောက်ဆို စံပယ်ဒီလို ရူးပေါပေါစိတ်ကူးတွေ လုံးဝမထားတော့ဘူး။ ဘာမှလည်း မဟုတ်ပဲနဲ့”

“ဟုတ်တယ်နော်…….ငါတို့က ပေါ့ပေါ့ဆဆမှ သဘောမထားနိုင်တာ”

တကယ်ပါပဲ။ ပူနွေးသော မျက်ရည်များ သည် ရင်ထဲကနင့်နင့်နဲနဲ ဝေဒနာတစ်ဝက်မက လျော့ပါးသွားစေသည်။

“စံပယ်”

“ဟင်”

“ငါရေချိုးတော့မလို့…….မေမေလှမ်းခေါ်တော့မှာ ။ မနက်ဖြန်မှ တွေ့ မယ်နော်……. မေ့လိုက်ပါ။ ပြန်မတွေးနဲ့တော့”

နွေးထွေးနိုင်က စံပယ့်ကို အားပေးလိုက်၏ ။

“အင်း…….မေမီ့ဆီလည်း ဆက်လိုက်ဦးမယ်၊ သူလည်း ၀မ်းနည်းနေမှာ ပဲ”

“အင်းပါ…….အင်းပါ”

ဖုန်းခွက်ကို အသာပြန်ချထားပြီး မျက်ရည်တွေ သုတ်ပစ်လိုက်၏ ။ မေမေမြင်လျှင် စိုးရိမ် သွားမှာ ။ စိတ်ပူပြီး မေးမြန်းတော့မှာ ။

မသိတာပဲ ပိုကောင်းသည်။

ဝတ်ထားသော အင်္ကျီလေးကိုချွတ်ပြီး တန်းပေါ်တင်၏ ။ နီနီရဲရဲ သည်အင်္ကျီလေးကို နောက် ဘယ်တော့မှဝတ် ဖြစ်တော့မည် မထင်ပါ။ နာကျင်စရာအမှတ်တရ ဖြစ်သွားခဲ့ပြီ။

ပြန်ပင် မစဉ်းစားချင်လောက်အောင် ရှက်စရာကောင်းသော အ ဖြစ်အပျက်တစ်ခုကို သည် နေ့မနက်ပိုင်းက နွေးထွေးကြုံတွေ့ ခဲ့ရပါသည်။

တစ်ချိန်လုံး ပျော်နေခဲ့သမျှ ကြည်နူးနေခဲ့သမျှ အရာရာပျက်စီးသွားတော့၏ ။

ရှင်…….အဲဒီ လောက်အထိပဲ ဘ၀မြင့် ကြီးကျယ်ရသလား ကိုမိုးသောက်ရယ်။ ရှင့်ကြောင့် နွေးထွေး ဘယ်လောက်ကြေကွဲနာကျင်သွားရသလဲ၊ ဘယ်လောက် ရှက်ရွံ့ထူပူသွားရသလဲ၊ ရှင်မသိဘူး။

ဒါတွေ ဟာ ရှင့်အမှားလား။

စံပယ့်အမှားလား။

နွေးထွေး အမှားလား။

* * *



မေမီက မနက်အစောကြီးဖုန်းဆက်တော့ စံပယ်ရော နွေးထွေးပါ စိတ်ပူပြီးလိုက်သွား ကြ၏ ။

မထင်မှတ်တာက သည်ကိစ္စ သည်မှာ တင် မပြီးသေးတာကိုပါ။ ပြဿနာက နောက်တစ်မျိုး ၀င်လာပြန်သည်။

နွေးထွေးတို့ရောက်သွားတော့ မေမီက အခန်းထဲက ထွက်မလာ။

မေမီ့မေမေက “သမီး…….သူ့ကောင်လေးနဲ့ ဖုန်းပြောပြီး စိတ်ကောက်တာလား ဘာလား မသိပါဘူး” ဟု ဆို၏ ။

အခန်းထဲရောက်သွာြး ကတော့ မေမီကငိုသည်။

“ဘာ ဖြစ်လို့လဲ မေမီရယ်…….စံပယ်တို့ကို ပြောပါဦး”

“မနေ့က ကိစ္စပေါ့”

“ဘာကိစ္စလဲဟင်”

စံပယ်က နားမရှင်းဘဲ မေးပေမယ့် နွေးထွေးက သဘောပေါက်စွာ ခေါင်းငုံ့ပင့်သက်ရှိုက် သည်။

“မောင် ခုကပဲ ဖုန်းဆက်တယ်။ မရှက်ဘူးလားဘာလားနဲ့ မောင့်သူငယ်ချင်းနှစ် ယောက် က ကြားပြီးသွားပြောတာ”

“သြော်…….”

စံပယ်ခုမှ မျက်နှာလေးပျက်ကာ ငြိမ်သွား၏ ။

“ဘာလုပ်တာလဲ ဘာသဘောလဲတဲ့”

“မေမီ ဘာပြန်ပြောလိုက်သလဲ”

နွေးထွေးက ချက်ချင်း ၀င်မေးသည်။

“ဘာသဘောမှ မဟုတ်ဘူးလို့ ဒီအတိုင်း ပျော်လို့ လုပ်မိတာပါလို့…….ပြီးတော့ တခြား ကောင်မလေးတွေ လည်း ဒီလိုပဲ အမှတ်တရတွဲ ရိုက်ကြတာပဲလို့……. အဲဒါ ကြီးမားတဲ့ အပြစ်လား လို့ မေးလိုက်တယ်”

မေမီက မျက်ရည်တွေ သုတ်ကာ နှာခေါင်းတရှုံ့ရှုံ့နှင့် ပြော၏ ။

“သူသိက္ခာကျတယ်တဲ့၊ ဟိုက ငြင်းလိုက်တာ အကုန်ကြားတယ်တဲ့။ ဘာလို့ အဲဒီ လို သွားလုပ်ရတာ လဲတဲ့”

နွေးထွေးက မေမီတို့နှင့် ခပ်လှမ်းလှမ်းမှာ ကျောပေးပြီး သွားရပ်နေလိုက်၏ ။

“တော် တော် ကြီးကျယ်လူပါးဝတဲ့သူ၊ နာမည် ကြီးမင်းသား အဆိုတော် ဆိုပြီး ဓာတ်ပုံလေး အမှတ်တရ တွဲ ရိုက်ခွင့်တောင်းတာပဲ သေသွားမှာ ကျနေတာပဲ။ ကြည့်လို့ကိုမရပါဘူး။ တော် ပြီ သူ့ရုပ်ရှင်လည်း မကြည့်ဘူး။ သူ့သီချင်းလည်း နားမထောင်ဘူး။ သူ့ကြော်ငြာလည်း မကြည့်ဘူး ဟာ၊ ဒီလောက် ဘ၀င်မြင့်လွန်းတာ”

စံပယ်က ယတိပြတ်ပြောလာ၏ ။ မေမီက မျက်နှာငယ်လေးနှင့်

“မောင့်ကို ဘယ်လိုတောင်းပန်ရမလဲဟင်” ဟု အပြစ်လုပ်မိသူလို အကူအညီတောင်း လာ၏ ။

နွေးထွေးက မနေသာဘဲ…….

“ငါတို့အပေါ်သာ လွှဲချလိုက်မေမီ…….မထူးဘူး။ ငါတို့က ရည်းစားမရှိတော့ ဖြေရှင်းစရာ မလိုဘူးလေ”

ခုမှပဲ မေမီဝမ်းသာသွား၏ ။

နွေးထွေးက အဝေးကြီးကိုစူးစိုက်ကြည့်ပြီး ငြိမ်သက်ကာနေ၏ ။ စံပယ်က နွေးထွေး မျက်နှာကို လှမ်းကြည့်နေ၏ ။

မခံချင်စရာကောင်းလိုက်တာ။

အငြင်းခံလိုက်ရတာ အများ ကြီးရှေ့မှာ ။

ဘာလို့ နည်းနည်းလေးတောင် အားမနာရတာ လဲ။

ရှင်…….နွေးထွေးတို့ဘက်ကို တစ်စက်ကလေးမှ ထည့်မတွေးခဲ့လို့လား၊ ဒါမှမဟုတ် သည်လိုငြင်းရတာ တွေ ရှင့်အတွက် ရိုးအီနေခဲ့ပြီလား။

အငြင်းခံလိုက်ရတဲ့ နွေးထွေးတို့အတွက်တော့ ဒါဟာ တစ်သက်မမေ့နိုင်စရာ ဒဏ်ရာ တစ်ခုပါပဲ။

နွေးထွေးဘ၀မှာ ဒါ ပထမဆုံးအတွေ့ အကြုံပါ။

နောက်နောင်လည်း မကြုံချင်ပါဘူး။

“နွေးထွေး”

စံပယ်နှင့် မေမီက နောက်မှာ လာရပ်၏ ။

“တကယ်တော့ မှားတာက ငါတို့ပါဟာ၊ ငါတို့ ဆတ်ဆော့မိတာကိုးဟ၊ သူ့မှာ အပြစ်မရှိ ပါဘူး”

မေမီက ဖြေတွေးတတ်သည်ပဲ ခေါ်မလား။ ဆင်ခြင်တုံတရားရှိသည်ပဲ ခေါ်မလား။

နွေးထွေး ကတော့ ဖြေလို့မရ၊ ခွင့်လွှတ်လို့လည်း မရ။ အရမ်းမေ့ထားချင်ပေမယ့် ထပ်တလဲလဲ တွေးနေမိသည်။

“နွေးထွေး”

“ဟင်…….”

“ဒီနေ့…….အလုပ်ကိစ္စမရှိဘူးလား”

“ညနေပိုင်းမှ ကြော်ငြာတစ်ခုအတွက် သွားရိုက်ပေးစရာရှိတယ်။ မနက်ပိုင်းတော့ မရှိဘူး”

“ဒါဆို နေ့ခင်းမှပြန်”

“ဟင့်အင်း…….ဖလင်ခန်း ခဏသွားရဦးမယ်။ ပြီးတော့ ဖုန်းဆက်စရာတွေ လည်း ရှိသေး တယ်ဟ။ ညဘက်တော့ မွေးနေ့ပွဲတစ်ခုမှာ ဓာတ်ပုံသွားရိုက်ပေးရမယ်”

“ရှုပ်နေတာပဲ”

ဝါသနာပါသော အလုပ်မှာ နွေးထွေးက ကျေနပ်နေသည်။

“အဲဒီ မင်းသားနဲ့ ကြုံလာရင် သူ့ကို ငါတို့လို အရှက်ကွဲအောင်လုပ်ပစ်လိုက်ဟာ။ အဲဒါမှ ကိုယ်ချင်းစာတတ်မှာ ဟဲ့”

မေမီက လက်ညှိုးကလေးထိုးကာထိုးကာ ဒေါသမပြေသေးသလို ဆိုပါသည်။

“ဟုတ်တယ်၊ နင်က ဓာတ်ပုံသမားပဲ ကြုံမှာ ပါ”

နွေးထွေးပြုံးမိ၏ ။ စိတ်ပျက်သော အပြုံး၊ ထိတ်လန့်သော အပြုံး ကြုံလည်းမကြုံချင်ပါ။ လက်စားချေတုံ့ပြန်တာလည်း မလုပ်ချင်ပါ။ အသာကလေး ငြိမ်နေမိပါသည်။

ပြန်ဆုံလျှင် လိပ်ပြာမလုံဘဲ ရှက်ရွံ့ထူပူနေရဦးမှာ ။

ဘယ်တော့မှ ထပ်မတွေ့ ချင်။ မဆုံချင်။

စံပယ်နှင့် မေမီ့ကို နှုတ်ဆက်ကာ ပြန်လာခဲ့၏ ။

စံပယ် ကတော့ ဓာတ်ပုံအမှတ်တရ တွဲ ရိုက်ခွင့်မရခဲ့တာကို တနုံ့နုံ့နှင့် မကျေမနပ် ပူလောင် နေသလောက် နွေးထွေး ကတော့ ကိုယ့်ကို အားမနာပါးမနာ ခပ်ပြတ်ပြတ်ငြင်းသွားခဲ့ပုံလေးကို အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်အံ့အားသင့်နေခဲ့ပါ၏ ။ မျက်နှာလေးကို ဘယ်သွားဝှက်ထားရ မှန်းမသိ။ ၀ိုင်းကြည့်နေသော မျက်လုံးတွေ အောက်က ပြေးပုန်းချင်လှပါသည်။

မျက်နှာချင်းဆိုင် နောက်တစ်ခါ မကြုံချင်တော့ပါ။

“မိုးသောက်” ဆိုသော နာမည် ကြီးမင်းသားကို နွေးထွေးကြောက်သည်။

တင်းမာအေးစက်သော မျက်လုံးတွေ နှင့် …….။

အားမနာတတ်သော နှုတ်ခမ်းတစ်စုံနှင့် …….။

ပြတ်သား မာကျောသော စကားသံ။

သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲတာလား။ ကံကပဲ သိပ်ကောင်းလွန်းနေတာလား။ အခြေ အနေအားလုံးက သူ့ကို ပံ့ပိုးနေလွန်းတော့ မာနကြီးမယ်ဆိုလည်း ကြီးလောက်ပါရဲ့ ။

နွေးထွေး ကတော့ တစ်ခါမှ “မိုးသောက်” ဆိုတာကို စိတ်ကူးမယဉ်ခဲ့ဖူးပါ။ စိတ်လည်း မ၀င်စားခဲ့ပါ။

အသည်းအသန် ခရေဇီ ဖြစ်လွန်းတာက စံပယ်ပါ။ စံပယ့်ကိုလည်း အပြစ်မတင်ရက်။

ဟိုတစ်ရက်က စံပယ့်သူငယ်ချင်း တစ်ယောက် က စံပယ့်ကိုလာကြွားသွားခဲ့တာ။ မိုးသောက် နှင့် တွဲ ရိုက်ထားသော ဓာတ်ပုံကိုပြပြီး ကြွားသွားတော့ စံပယ်ကလည်း ဘာရယ်မဟုတ် ပြန်ကြွား ချင်တာ။

သူ့အတွက် ကတော့ ကြုံလျှင်ကြုံသလို ပရိသတ်က အော်တိုရေး ခိုင်းကြတာ၊ ဓာတ်ပုံ တွဲ ရိုက်ချင်ကြတာ၊ ကြုံပါများ လွန်းလို့ ရိုးအီသေးဖွဲပြီး အရေး တကြီးလုပ်စရာကိစ္စပင် မဟုတ်တော့ ပါ။ နွေးထွေးအဖို့မှာ သာ ထိုကိစ္စမေ့လို့မရအောင် ကြီးကျယ်နေတာ။

အနေအထားချင်း မတူဘူးလေ။

နွေးထွေးသိခဲ့ပါပြီ။

သူက ကျော်ကြားမှု နှင့် ထိပ်ဆုံးက လူပါ။

နွေးထွေးလိုကောင်မလေးကို ခေါင်းတစ်ချက်ခါလိုက်ဖို့ စိတ်ကူးထဲတောင် ထည့်တွေးခဲ့ပုံ မရပါဘူးနော်။

* * *



“ဟော…….သမီးက ဒီနေ့ ထူးဆန်းနေပါလား၊ တီဗွီတွေ ဘာတွေ ဖွင့်ကြည့်လို့ပါလား”

မေမေက ချင်းသုပ်ပန်းကန်လေးနှင့် ထွက်လာပြီး ပြောလိုက်၏ ။

“ဟုတ်တယ် မေမေ…….ကြော်ငြာကြည့်မလို့”

“အင်း…….ကြည့်ပေါ့”

“မေမေက တရုတ်ဇာတ်လမ်းတွဲ ကြည့်မလို့လားဟင်”

“ဟုတ်တယ်”

အိမ်မှာ တီဗွီကြည့်တာ မေမေပါ။ ကိုဦးကလည်း သိပ်မကြည့်။ အခွေငှားပြီးသာ ကြည့်ချင် ကြည့်တာ။

“ခုတစ်လော ကြော်ငြာအသစ်တွေ အရမ်းများ တယ် သမီးရဲ့ ၊ ကောင်းလည်းကောင်းပါတယ်၊ မေမေ ကတော့ ကြော်ငြာလာရင် ထမင်းစား၊ သမီးတို့ကို ထမင်းခူးပေးနဲ့ သေချာမကြည့်ရဘူး။ ဇာတ်လမ်းလည်းကြည့်ချင်၊ ကြော်ငြာလည်းမလွတ်ချင်…….”

မေမေက နွေးထွေးအကြောင်းကို ဘာမှမသိဘဲ ပြောနေတာပါ။

“အဲဒီ မင်းသားလေး သိပ်ချောတာပဲ သမီးရဲ့ ၊ ခုတစ်လော သူ့ကြော်ငြာချည်းပဲ……. မဆိုးဘူး၊ နာမည် အရမ်းတက်လာပြီ”

“မိုးသောက်” ပါသော ကြော်ငြာကို မေမေက လက်ညှိုးထိုးပြကာ ဆို၏ ။ နွေးထွေးက ငြိမ်သက်စွာ ကြည့်နေမိပါသည်။

“မေမေ…….”

“ဟင်…….”

“ကိုဦး မလာသေးဘူးလား”

“မလာသေးဘူးနွေးထွေးရဲ့ ”

“သမီး ခွေသွားငှားမလို့”

မေမေက နွေးထွေးကို အံ့အားသင့်စွာ ကြည့်လာ၏ ။

စံပယ်က မကြည့်တော့ပါဘူးဆိုကာမှ နွေးထွေးရင်ထဲမှာ သူသရုပ်ဆောင်ထားသော ဇာတ်လမ်းတွေ ကြည့်ချင်လာ၏ ။

“သွားငှားလေ…….”

“သမီးပျင်းလို့ပါ မေမေ”

“မြန်မြန်သွား…….မြန်မြန်လာ…….ကားဖြည်းဖြည်းမောင်းနော်…….ညဘက်ဆိုတော့ မေမေ စိတ်ပူတယ်…….”

“အင်းပါ…….နွေးထွေးမောင်းနေကျပဲဟာ”

ခါတိုင်းဆိုလျှင်တော့ ခွေငှားတာ၊ ခွေအပ်တာ ကိုဦးအလုပ်ပါပဲ။ နွေးထွေးက ပျင်းလျှင် ဂြိုဟ်တုစလောင်းကို တစ်ခုပြီးတစ်ခုနှိပ်ကာ ခဏတဖြုတ်ကြည့်တတ်သည်။ ကိုဦးငှားလာသော ဇာတ်လမ်းတွေ လည်း ကြုံလျှင်တော့ ကြည့်လိုက်တာပါပဲ။

သို့ ပေမယ့် နွေးထွေးကိုယ်တိုင် တစ်ခါမှ သွားမငှားဖူးပါဘူး။ ခုတော့ နွေးထွေးရင်ထဲမှာ ဆန္ဒတစ်ခု ကိန်းဝပ်လာ၏ ။

သူဟာ စွဲမက်စရာကောင်းသော ယောက်ျား တစ်ယောက် လား၊ ဖမ်းစားနိုင်လွန်းသော ယောက်ျား တစ်ယောက် လား၊ သူ့ကို ဘာလို့ ကောင်မလေးတွေ အရမ်းစိတ်ဝင်စားကြတာလဲ။

နွေးထွေးကရော အစက ဘာလို့ သတိမပြုမိခဲ့တာလဲ။ တော် တော် ချောပြီး တော် တော် လည်း မာနကြီးသော မင်းသားပါ။

ခွေငှားဖို့ ထွက်လာရင်းက သူ့ရုပ်သွင်ကို မျက်လုံးထဲမြင်ယောင်ကာနေမိသည်။ နွေးထွေး ကို ငြင်းလိုက်တာများ မာရေကြောရေ၊ တစ်စက်ကလေးမှ လှိုက်လှဲမှု မပါ။

ခွေငှားဆိုင်ရောက်တော့လည်း နောက်ဆုံးထွက်ထားသော သူ့ခွေကို ငှားမရပါ။ ရှိနေသော ခွေပဲ ယူလာခဲ့ရပါသည်။

ကျော်ကြားအောင်မြင်မှု ကလည်း တစ်ဟုန်ထိုးမို့ သူအဲဒီ လောက်အထိ သွေးကြီးမွေးကြီး နိုင်လှတာ ဖြစ်မည် ။

အပြောခံရသော ကိုယ် ကတော့ အထိနာသွားခဲ့ပြီမို့ ရှုံ့ချသော အတွေး မကောင်းသော အတွေးအမြင်တွေ သာ ရှိတော့သည်။

စိတ်ထဲမှာ မုန်းသွားခဲ့ပြီမဟုတ်လား။

နာကျင်သွားပေမယ့် မေ့လို့မရ။

ဘာကို မကျေမနပ်နှင့် တနုံ့နုံ့ ဖြစ်နေမှန်းမသိ။

တစ်ခုခု ပြန်လိုချင်သည်။

အဲဒီ လူဆီက စိတ်ကျေနပ်စွာ တစ်ခုခုပြန်ရချင်သည်။

ဖြစ်နိုင်ပါရဲ့ လား။

မ ဖြစ်နိုင်တာလည်း သိနေသည်။

ထူးဆန်းစွာ ပြောင်းလဲလာသော စိတ်ကို နွေးထွေးကိုယ်တိုင်ပင် နားမလည်ပါ။

တကယ်ဆို သူ့ဗီဒီယိုခွေကို တကူးတကသွားငှားပြီး ကြည့်ရလောက်အောင် သူက နွေးထွေးကို ဖော်ရွေနူးညံ့ခဲ့စွာ ပြုံးပြခဲ့လို့လား။ လှိုက်လှဲအသက်ပါအောင် ရယ်ပြခဲ့လို့လား။

ဘာပဲ ဖြစ် ဖြစ် သူ့ပုံစံကိုမြင်နေသည်။ သူ့အသံကို ကြားနေသည်။

ကြည်နူးချိုမြိန်စွာ တော့ မဟုတ်ပါ။

ခါးသက်ခြင်း၊ နာကြည်းခြင်းများ စွာ နှင့် ပါ။

မိုးသောက် ပါဝင်သရုပ်ဆောင်ထားသော အခွေကို နွေးထွေးကိုယ်တိုင်သွားငှားပြီး ထိုင်ကြည့်တော့မှာ သိလျှင် စံပယ်အံ့သြမှာ လား။ လန့်သွားမှာ လား။ ရယ်နေမှာ လား။

စံပယ်ရယ်။

ငါ့စိတ်တွေ က ဘာ ဖြစ်မှန်းမသိပါဘူး။

အနားမှာ မရှိသော စံပယ့်ကို စိတ်ထဲက တီးတိုးဖွင့်ဟတိုင်ပ်နေမိပါသည်။

* * *



“အံမယ်…….တီဗွီတွေ ဘာတွေ ကြည့်လို့ပါလား”

ကိုဦးက နွေးထွေးကိုကြည့်ပြီး အံ့အားသင့်စွာ ရေရွတ်၏ ။

“မိုးသောက် ကတော့ မိန်းကလေးတွေ ကို အရမ်းဖမ်းစားတယ်ဟေ့…….ကိုဦးညီမတောင် ပါသွားပြီ”

“မဆိုင်ပါဘူး”

“မေမေပြောတယ်ကွ၊ နွေးထွေးအခွေသွားငှားတယ်ဆိုလို့ ထူးဆန်းနေတာ”

“ သွားပါကိုဦးရာ အေးအေးကြည့်ပါရစေ”

“ကြည့်ပါကြည့်ပါ…….မနှောင့်ယှက်ပါဘူး”

နွေးထွေးက ရှက်ရှက်နှင့် မျက်နှာနီမြန်းကာ မောင်းထုတ်၏ ။ ကိုဦးထွက်သွားတော့မှ အသက်ပါသော သူ့သရုပ်ဆောင်မှု တွေ မှာ ငြိမ်သက်နစ်မြုစ်သွားရပါသည။်

အနုပညာပါရမီ ကတော့ တကယ်ရှိရှာတာပါ။

ကြည့်နေရတာ အချိန်ကုန်လို့ ကုန်မှန်းမသိ။ ဆွဲဆောင်မှု ရှိသည်။ ဖမ်းစားနိုင်သည်။

မိုးသောက်ရယ်…….

ရှင်က ကံကောင်းလိုက်တာ…….။

မောက်မောက်မာမာ ဆက်ဆံခံလိုက်ရတဲ့ နွေးထွေးကိုယ်တိုင်တောင် ရှင့်သရုပ်ဆောင်မှု ကို အသိအမှတ်ပြုရပြီ။

ဒါပေမဲ့ ရှင့်ကို နွေးထွေး ခွင့်မလွှတ်ချင်ဘူး။

တိတ်တိတ်ကလေး အငြိုးအတေးထားမိတာ မသိစိတ်တစ်နေရာမှာ ပါ။ နွေးထွေး ရှင်နဲ့ ထပ်တွေ့ ချင်တယ်။

* * *



ပြက္ခဒိန်များ စွာ ထဲက သူ့ပြက္ခဒိန်လေးငါးခုကို ထပ်ယူကိုင်ထားပြီး နွေးထွေးငြိမ်သက်ကာ နေမိသည်။

ကောင်မလေးတွေ ရော ကောင်လေးတချို့ပါ သူ့ပြက္ခဒိန်ကို အငမ်းမရ ရွေးချယ်ဝယ်ယူ နေလိုက်ကြတာ။

ထင်ထားတာထက်ပင် ပိုပြီး စိတ်ဝင်စားနေတာ တွေ့ ရတော့ မနာလိုစိတ်ပင် ဖြစ်ချင် လာသည်။

စိတ်မရှည်သော ၊ သဘောမကောင်းသော အားမနာတတ်သော လူ တစ်ယောက် က သည် လောက်ထိအောင် ကျော်ကြားအောင်မြင်နိုင်သတဲ့လား။

“အစ်မ…….ယူမလို့လား…….”

ပြက္ခဒိန်ရောင်းသော ကောင်လေးက မေးလာ၏ ။

“အစ်မ…….ယူထားတာလားဟင်”

နွေးထွေးလက်ထဲကိုင်ထားသော ပြက္ခဒိန်ကို သဘောကျလှသလို ကောင်မလေး တစ်ယောက် က မေးလာ၏ ။

“မယူပါဘူး…….ကြည့်နေတာပါ”

နွေးထွေးနိုင်က ပြက္ခဒိန်လေးငါးခုကို ပြန်ချထားလိုက်၏ ။

ဝယ်ယူသိမ်းထားချင်သည့် ဆန္ဒကတစ်ဖက်။

မ၀ယ်ချင်သည့် မာနကတစ်ဖက်။

သည်လောက် အားပေးနေကြတာကို မကျေနပ်ချင်တာက တစ်ဖက်

ပြက္ခဒိန်ဆိုင်ထဲမှ နွေးထွေးလှည့်ထွက်လာခဲ့ပါသည်။

အခုရက်တွေ မှာ “မိုးသောက်” ဆိုသော လူ တစ်ယောက် နွေးထွေးအတွေးထဲကို အချိန် တော် တော် များများ စိုးမိုးဝင်ရောက်နေပါသည်။ မကျေနပ်ခါးသီးခြင်းကနေ ထွင်းဖောက်ဝင်ရောက် ချင်းနင်းလာခဲ့တာပါ။

အိမ်ပြန်ရောက်တော့ အခန်းထဲဝင်လာပြီး ဖုန်းနံပါတ်တစ်ခုရှိမိသည်။ လွယ်လွယ်ကူကူပဲ တွေ့ ပါသည်။

သူ့အိမ်ကို ဖုန်းဆက်ကြည့်သော အခါ…….

“ရှုတင် (ရိုက်ကွင်း သွားပါတယ်” ဟု တစ်ခွန်းသာဖြေပြီး ဖုန်းချသွား၏ ။

သူ့ဟဲန်းဖုန်းကို ဆက်မိသော အခါ လာကိုင်တာက တခြား တစ်ယောက် ပါ။ စိတ်ဓာတ်ကျ ချင်စရာ။

“မိုးသောက်မအားဘူး၊ ထမင်းစားနေတယ်”

“ဘယ်အချိန်ဆက်လို့ရမလဲ”

“မပြောတတ်ဘူး၊ စားပြီးတာနဲ့ ပြန်ရိုက်မှာ ပဲ။ ကိစ္စရှိရင်ပြောပါ။ ရပါတယ်၊ ကျွန်တော် က သူ့မန်နေဂျာပါပဲ”

“သြော်…….”

နွေးထွေးမှာ ဘာများ ပြောစရာရှိမှာ လဲ။

အိပ်ရာပေါ်လှဲချပြီး မျက်နှာကြက်က မီးလုံးဖြူဖြူရှည်ရှည်လေးကိုကြည့်ပြီး ပင့်သက်ရှိုက်မိ ၏ ။

စွဲလမ်းစိတ်ဟာ ဆန်းကြယ်လွန်းလှပါလား။

ခါးသက်နာကျင်မျက်ရှခြင်းကနေ နင့်နင့်နဲနဲ အပြစ်တွယ်စတင်လာနိုင်ပါသလား။

ပြီးခဲ့သည့် တစ်လလောက်တုန်းက မိုးသောက်ဆိုတာ နွေးထွေးဘ၀မှာ မရှိခဲ့သေးပါ။ တကယ်တမ်း ကြိုးစားကြည့်မှ သိလာရတာ ကတော့ သူနွေးထွေးလို ကောင်မလေးအတွက် အချိန် မပေးနိုင်ဘးဆိုတာပါပဲ။ သူ့မှာ က အလုပ်များ စွာ နှင့် မအားလပ်ရှာ။

ဖုန်းပင်မကိုင်၊ ထမင်းစားဖို့ပင် အချိန်လုနေရတာ ။

နွေးထွေးစိတ်ကူးနှင့် လက်တွေ့ လုံးဝကိုမတူပါ။

လက်မလျှော့ချင်သေးဘဲ ညပိုင်းဆက်ကြည့်တော့လည်း မန်နေဂျာနှင့် ပဲတွေ့ ၏ ။ ညဥ့်နက် အောင် ထိုင်စောင့်ပြီး ဖုန်းခေါ်ကြည့်တော့ ၀မ်းသာစရာကောင်းလှစွာ သူဖုန်းပြောနေတာ သိရ သည်။ သူ့ဖုန်းမအားသေးတာ ကြားရသည်။

စိတ်ကိုရှည်အောင် ဆွဲဆန့်ပြီး ထပ်စောင့်လိုက်၏ ။ သူက ဖုန်းပြောပြီးသော အခါ ဟဲန်း ဖုန်းကို စက်ပိတ်ပစ်လိုက်ပါသည်။

နွေးထွေးမျှော်လင့်ချက်တွေ တိမ်ဖြူလိုလွင့်ပါးသွား၏ ။

နာရီဝက်နီးပါး ဖုန်းပြောနေတာ ဘယ်သူနှင့် လဲ။

ပြီးတော့ ဖုန်းကို ချက်ချင်း ပိတ်ပစ်လိုက်သည်။

စောင့်နေရကျိုးမနပ်ပါလား။ သူစိတ်ပါလက်ပါ ဖုန်းပြောတာ ဘယ်သူလဲ။ သူ့ချစ်သူလား။ သူ့မှာ ရည်ရွယ်ထားသော ကောင်မလေးရှိနေပြီလား။ သူဘယ်လိုလူစားလဲ။ သူ့အကြောင်းလည်း နွေးထွေးဘာမှမသိပါလား။ စိတ်အနှောင့်အယှက်များ စွာ နှင့် တွေးနေ ဖြစ်ပါသည်။

မျက်လုံးထဲမှာ တော့ မင်္ဂလာဧည့်ခံပွဲမှာ နွေးထွေးက ဓာတ်ပုံရိုက်ခွင့်တောင်းတာကို သူ့ဘက်က ပြတ်ပြတ်သားသားငြင်းပစ်လိုက်တာ ပြန်မြင်ယောင်နေမိသည်။

ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့် သူ့အပေါ် အရှုံးပေးရမှာ လဲ။ လောလောဆယ်တော့ နွေးထွေးအကြီးအကျယ် ရှုံးနေခဲ့ပါပြီ။

ရာသီဥတုက သူ့ဘက်ကို မျက်နှာသာပေးထားသည်။

သည်အရှုံးတွေ ထဲက လွတ်မြောက်အောင် နွေးထွေးအရမ်းကြိုးစားရမှာ ။ ရှုံးနေတာကို သိသိချည်းနှင့် နောင်တမရချင်ပါ။ မိုးသောက်နှင့် ပတ်သက်ပြီး ထူးဆန်းသော စိတ်သဘောထား တစ်ခု နွေးထွေးရင်ထဲမှာ ဖြစ်ပေါ်ဖွဲ့တည်လာ၏ ။

* * *



သုံးရက်မြောက်သော နေ့မှာ တော့ “မိုးသောက်” နှင့် ဖုန်းပြောခွင့်ရ၏ ။

“ကိုမိုးသောက်နဲ့ ပြောချင်လို့ပါ”

“ဟုတ်ပါတယ်…….ပြောနေပါတယ်”

ရင်ထဲမှာ ဒုတ်ခနဲမြည် ပြီး လန့်သွားမိ၏ ။ ရုတ်တရက်ဘာပြောရမှန်းပင်မသိ။ နှုတ်ခမ်းတွေ က ကြည်နူးမှု နှင့် ပြုံးသွားရသည်။

“ဟက်လို…….ဟက်လို”

“ဟုတ်ကဲ့”

“အခု ဘာလုပ်နေလဲဟင်”

“ကားကြီးရိုက်နေတယ်”

“ဘယ်နှနာရီမှ ပြီးမှာ လဲ”

“မပြောတတ်ဘူး၊ တစ်နာရီ နှစ် နာရီလောက်တော့ ထင်တာပဲ”

“အိပ်မငိုက်ဘူးလားဟင်”

“ဗျာ”

“ညဘက်ကြီးရိုက်ရတာ ၊ အိပ်မငိုက်ဘူးလားလို့”

“နိုက်ဆင်းတွေ လေ…….ဘယ်တတ်နိုင်မှာ လဲ၊ ရိုက်ပေးရမှာ ပေါ့။ ဇာတ်လမ်းအရ ပါနေတဲ့ ဥစ္စာပဲ”

သူက အလုပ်ကို ဂရုစိုက်ပုံရပါသည်။

“ကျွန်တော် အ၀တ်အစားလဲရဦးမှာ ၊ ဘာပြောဦးမလဲ မသိဘူး”

ဟု ဖုန်းချလိုဟန်နှင့် ဆိုလာ၏ ။

“ခဏလေးပါ မေးစရာရှိလို့”

“မေးလေ”

“မာနတော် တော် ကြီးတယ်နော်”

“ဟာ…….လုံးဝမဟုတ်ဘူးဗျ”

ဟိုးတစ်ရက်တုန်းက ပြတ်သားမာကျောစွာ ငြင်းပစ်ခဲ့ဖူးတာ သူမဟုတ်သလိုပါပဲလေ။

မင်းသာရယ်…….မာယာမူရာ မများ လွန်းဘူးလား။

တတ်လည်းတတ်နိုင်ပါရဲ့ ။

မှန်တာပြောတော့လည်း မခံချင်ဘူး။ ဇွတ်ငြင်းနေသေးတယ်။ နွေးထွေးက လက်တွေ့  ကြုံဖူးသူပါနော်။

ခှုမှဖော်ရွေသလိုလို လာမလုပ်နဲ့ ရိုးနေပြီ။

အကြောင်းသိပြီးသား။

“ရှင့်ကိုကြည့်ရတာ အောင်မြင်ကျော်ကြားမှု အပေါ် ဘ၀င်လေဟပ်ပြီး သွေးကြီးဝင်နေပုံပဲ”

မညှာမတာ ဝေဖန်လိုက်၏ ။

မိုးသောက်က ခွန်းတုံ့မပြန်။

“ကျွန်တော် အင်္ကျီလဲမလို့”

“လဲပါ…….လဲပါ…….မာနတွေ ဘ၀င်တွေ နည်းနည်း လျှော့ဦး၊ လူတကာ ချဉ်ဖတ် ဖြစ်နေ ဦးမယ်”

နွေးထွေးနိုင်က ဖုန်းကို အရင်ဦးအောင် ချပစ်လိုက်သည်။

ရင်ထဲမှာ ကျေနပ်သွား၏ ။

ပျော်လိုက်တာ။

ဘာလို့ သူ့ကို အဲဒီ လို စော်ကားမော်ကားပြောမိသလဲ။ အဓိပ္ပာယ်လည်းမရှိ။ သူကလည်း နွေးထွေးကိုသိတာမဟုတ်။ သူ့အပေါ် ငြိုးမျက်နေတာတွေ လျော့သွားရဲ့ လား။

သုံးရက်တိတိ စိတ်ရှည်စွာ စောင့်ဆိုင်းပြီး ရလာသော ဖုန်းပြောခွင့်ကို ပြေလည်ဖို့မကြိုးစား ဘဲ ရန်လိုလိုက်မိတာ မှားသွားပြီလား။ သူ့ဘက်က ဖော်ဖော်ရွေရွေ ပြောပါလျက်နှင့် နွေးထွေးက တစ်ဖက်သတ်ကြီး ရိုင်းပြမိတာ။

မိုးသောက်က တစ်ခွန်းမှပင်ပြန်မပြော။ နွေးထွေးပြောဆိုသမျှ ငုံ့ခံသွား၏ ။ နွေးထွေး ငိုင်သွားရပါသည်။

ဖုန်းခေါ်နေတုန်း ကတော့ ခုလိုပြောပစ်ဖို့ လုံးဝမဟုတ်။ မသိစိတ်ထဲ ခိုအောင်းနေသော ဒဏ်ရာဒဏ်ချက်က အခွင့်အရေး လည်းရရော ဟုန်းခနဲ ပေါ်ထွက်လာတာ။

နောက်တစ်ကြိမ် ဖုန်းခေါ်တော့ သူ့မန်နေဂျာလာကိုင်၏ ။

“ကိုမိုးသောက် ရိုက်ကွင်းထဲမှာ မို့လို့ပါ။ နောက်မှဆက်ပါခင်ဗျာ”

ဟုဆို၏ ။ နွေးထွေးလက်လျော့လိုက်ရပါသည်။

သူ့ဘက်က နွေးထွေးအပေါ် ပရိသတ်တစ်ဦးထက်မပို။ နွေးထွေးဘက် ကတော့ သူ့ကို မင်းသား တစ်ယောက် လို သဘောမထားနိုင်တော့ပါ။

ပြိုင်ဘက် တစ်ယောက် လို…….စိန်ခေါ်ခဲ့ဖူးသလို…….ရန်စရှိသလိုလို ဘယ်လိုသဘောထား မှန်းမသိ ထားနေမိပါသည်။

မုန်းနေတာလား။

မျက်နေတာလား။

စွဲလမ်းနေတာလား။

အားလုံးပါပဲ။ ခံစားမှု တွေ ရောထွေးနေခဲ့ပြီ။

နှစ်သက် ခြင်းနှင့် ခါးသီးခြင်း

မာနနှင့် အရှုံး…….။

မနာလိုခြင်းနှင့် သဘောကျခြင်း။

အားပြိုင် ဖြစ်ထွန်းနေသော ခံစားမှု များ ကို နွေးထွေးဘယ်လိုများ ချိုးနှိမ်ဖြေဖျောက်ရမလဲ။

သူ့ဆီဖုန်းခေါ်ပြီး စကားပြော ဖြစ်တာ စံပယ်နှင့် မေမီသိကြည့်ပါလား။ “ဘုရားရေ…….” ဟု တအံ့တသြ ဖြစ်ကုန်ကြမှာ ။

“နွေးထွေး နင့်ရည်ရွယ်ချက်က ဘာလဲဟင်” ဟုမေးလာလျှင် နွေးထွေးဖြေနိုင်မှာ မဟုတ်ပါ။

* * *



ကံတရားသည် သူ့ဘက်ကိုသာ တစ်ဖက်စောင်းနင်း ဘက်လိုက်တတ်ပြီး ရာသီဥတုက သူ့ဘက်သာ မျက်နှာသာပေးတတ်ပေမယ့် တစ်ခါတလေတော့လည်း နွေးထွေးဘက်ကို ယောင် မှားပြီး ဘက်ပင်းလိုက်တာ ကြုံရပါသည်။

မေမေ့ကို ဘဏ်လိုက်ပို့ပြီး ပြန်လာသော နွေးထွေးကားနှင့် မိုးသောက်မောင်းလာသော ကား၊ မီးပွိုင့်မှာ ဘေးချင်းယှဉ်လျက် လာဆုံသည်။

ထူးဆန်းလှပသော တိုက်ဆိုင်မှု ပါလား။

မိုးသောက်က ဘေးဘက်ကို လုံးဝမကြည့်။ မှန်အနက်ကိုတပ်ထားပြီး ရှေ့တည့်တည့်သာ စူးစိုက်ကြည့်နေ၏ ။

နွေးထွေးက သူ့ကားအမြင့်ကြီးကို မော့ကြည့်ပြီး ဆုံးဖြတ်လိုက်၏ ။ သူ့ကားနောက်ကနေ လိုက်ကြည့်ဖို့ပါ။

ဆစ်ခနယ်မီး (အချက်ပြမီး) ပြပြီး သူ့ကားနောက်ကိုဝင်ဖို့ပြင်ကာ ကားလမ်းကြောင်း ပြောင်းလိုက်၏ ။

တကယ်ဆို မီးပွိုင့်လွန်လျှင် နွေးထွေးက တစ်ဖက်ချိုးကွေ့ရတော့မှာ ။ သူက တည့်တည့် သွားမှာ ။ လမ်းချင်းက လုံးဝမတူ။ မီးပွိုင့်ရောက်ဖို့ ဝေးနေပြီး ရှေ့မှာ ကားတန်းကရှည်နေလို့သာ သူ့နောက်ကကားကို လက်တစ်ချောင်းထောင်ပြပြီး တစ်စီးဝင်ခွင့်တောင်းလိုက်တာ။

သူ ဘယ်သွားမလို့လဲ။

အရမ်းသိချင်သည်။ နွေးထွေးကလည်း အိမ်ပြန်ရုံပဲဟာ။ ကိစ္စအထွေအထူး ရှိတာမဟုတ်။

သေချာတာတစ်ခုက သူနွေးထွေး၏ လုပ်ရပ်ကို လုံးဝဂရုမစိုက်တာပါပဲ။

နွေးထွေးက ကျေနပ်စွာ ပြုံး၏ ။

သူ့ကားနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့ပါသည်။

* * *



ဟိုတယ်တစ်ခုရှေ့မှာ သူ့ကားဝင်ရပ်တော့ နွေးထွေးလည်း မသိမသာ ခပ်လှမ်းလှမ်းမှာ ကားရပ်လိုက်၏ ။

ကြည့်ရတာ ရိုက်ကွင်းရှိနေပုံပါ။

မှန်သမား မီးသမားတွေ နှင့် ကင်မရာ ဟိုရွှေ့သည်ရွှေ့နှင့် ရပ်ကြည့်နေသူတွေ လည်း ရှိသည်။

သြော်…….။

မင်းသမီး တစ်ယောက် သူ့ဆီလျှောက်လာပြီး ခေါ်၏ ။

သူနှင့် အတွဲ များ သော မင်းသမီးပါပဲ။

သူက ဖုန်းပြောရင်း မင်းသမီးနှင့် ယှဉ်လျှောက်လာ၏ ။

နွေးထွေးက ကားပေါ်ကဆင်းပြီး ဦးထုပ်ကို နောက်ပြန်ဆောင်းလိုက်ပါလာသည်။ ကားလမ်း ကူးပြီးလျှောက်လာနေရတာ နေပူနေပြီ။ သူတို့အတွက်တော့ နေပူတာ အရမ်း ကောင်း သည်။ လှပသော တောက်ပသော ရိုက်ကွင်းရိုက်ကွက်တွေ ဖြစ်လာနိုင်သည်။

“ဘာရိုက်မလို့လဲ”

အဒေါ်ကြီး တစ်ယောက် က ချာတိတ်ကိုမေးသည်။

“ကြော်ငြာ…….ပိုစတာလည်း ပါမယ်ထင်တယ်”

ဟု ချာတိတ်လေးက သိထားသလောက် ပြောပြသည်။

မိုးသောက်ပုံစံက စွပ်ကျယ်အနက်နှင့် ဖြူဝင်းသော အသားက ပိုပြီးပေါ်လွင်ကာနေပါသည်။

မင်းသမီးက ရပ်ထားသော သူ့တောင်းအေ့(စ်)ကားထဲ ပြန်ဝင်သွား၏ ။ အ၀တ်အစားလဲ မလို့လားမသိ။

ဒါရိုက်တာ ဖြစ်ဟန်တူသော လူ၀၀ဖိုင့်ဖိုင့်၊ နဖူးပြောင်ပြောင်နှင့် ပုဂ္ဂိုလ်ကြီးက မိုးသောက်ကို ဘာတွေ ပြောနေမှန်းမသိပါ။

ကြည့်ချင်သော ပရိသတ်က နေပူထဲ မတ်တပ်ရပ်ဝိုင်းအုံနေကြပါသည်။

မိုးသောက်ပုံစံက စိတ်အေးလက်အေးပါပဲ။ ဒါရိုက်တာပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် ။

“ဟင်…….”

နွေးထွေး မျက်လုံးတွေ ၀ိုင်းကျယ်သွား၏ ။

မင်းသားဘေးနားကို လျှောက်လာပြီး စကားဆိုနေတာ နွေးထွေးတို့ဆရာပါလား။

ဓာတ်ပုံသင်တန်းတက်တုန်းက ဆုံဖူးသည်။ သိပ်အရင်းနှီးကြီးတော့မဟုတ်ချေ။

အဲဒီ ဆရာနာမည် ဘယ်သူပါလိမ့်။

နွေးထွေး အပြင်းအထန်စဉ်းစားမိ၏ ။

သြော်…….သိပြီ…….သိပြီ…….ဦးစိန်ဦး…….မှတ်မိပြီ။

မျက်လုံးလေးတွေ တဖျတ်ဖျတ်လက်ကာ နှုတ်ခမ်းတွေ ပြုံးသွား၏ ။ ဦးစိန်ဦးက သူဒီရိုက်ကွင်းမှာ စတေဓာတ်ပုံလာရိုက်ပေးနေတာကိုး။

ရင်ထဲမှာ လှိုက်ခနဲပျော်သွား၏ ။

နွေးထွေးမေ့နေလိုက်တာ။

သူနှင့် နွေးထွေးက လုပ်ငန်းချင်းဆက်နွယ်နေသားပဲ မဟုတ်လား။

ခဲရာခဲဆစ် ဖုန်းဆက်နေစရာလိုလို့လား။

ဦးစိန်ဦးဆီသွားပြီး စတေဓာတ်ပုံလိုက်ရိုက်ပေးချင်တာ ပြောပြ အကူအညီတောင်းလိုက်ရုံ။

နွေးထွေးက ဓာတ်ပုံပညာနှင့် ပတ်သက်လျှင် အစကတည်းက ထူးချွန်ပြီးသားပါ။ ၀ါသနာ ကြောင့် လည်း ဖြစ်မည် ။ ဦးစိန်ဦး နွေးထွေးကို လက်မခံစရာအကြောင်းမရှိပါ။

မထင်မှတ်ဘဲ အခွင့်အရေး က ဘွားခနဲပေါ်လာ၏ ။

သည်လို ဆက်စပ်ပြီးမစဉ်းစားမိတာ နွေးထွေးညံ့တာပါပဲ။

ဦးစိန်ဦးက မိုးသောက်ကို ဓာတ်ပုံတဖျတ်ဖျတ်ရိုက်သည်။ ဂျာနယ်ထဲ ထည့်ဖို့လား၊ မဂ္ဂဇင်း မျက်နှာဖုံးလား ဘာအတွက်မှန်းတော့ မသိပါ။

ခဏရပ်ကြည့်ပြီး နွေးထွေးပြန်လာခဲ့၏ ။

မိုးသောက်နှင့် နီးစပ်ခွင့်ရဖို့ နည်းလမ်းကိုတွေ့ ခဲ့ပါပြီ။

စိတ်ထဲမှာ စဉ်းစားစရာတွေ အများ ကြီးပါ။

ရှင်…….“နွေးထွေးနိုင်” ကို သေသေချာချာ သိလာစေရမယ်။ ပြီးတော့ အသိအမှတ်ပြုလာ ရမယ်။

ရှင့်ဘ၀ ရှင့်ကမ္ဘာထဲကို ထွင်းဖောက်ဝင်ရောက်လာဖို့ အားနှင့် အင်နှင့် နွေးထွေးကြိုးစားနေ ပြီဆိုတာ ရှင်မသိသေးဘူး။

ဦးစိန်ဦးဆီမှာ တပည့်ခံပြီး စေတဓာတ်ပုံတွေ ရိုက်ပေးဖို့ နွေးထွေးဆုံးဖြတ်လိုက်သည်။

နီးနီးနားနားရှိလာရင် နွေးထွေးအမုန်းတွေ မှေးမှိန်ပြယ်လွင့်သွားမလားမသိ။

* * *





ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ချစ်မိသော နှလုံးသားမှာ အကြောင်းပြချက် မရှိပါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဖဲကြိုးပြာနှင့် နှင်းဆီနီ

ဟင့်အင်း ..မခွဲနိုင်ဘူး

လမ်းခွဲသူရယ်