Cover

အခန်း (၁)

ကျွန်မက မင်္ဂလာချိုပါ။ ကျွန်မတို့ မိသားစု ငါးယောက် ရှိပါတယ်။ အင်း … သူများ မိသားစုတွေ လိုတော့မဟုတ်ဘူး။

ဘာလို့လည်းဆိုတော့ …

မမကြီး မာယာချိုက မေ့မေ့သမီး။ မင်္ဂလာချိုက ဖေ့ဖေ့သမီး။ ညီမလေး ကြယ်စင်ချိုက ဖေဖေနဲ့မေမေရဲ့ သမီး။

မေမေ ဒေါ်မိမိခင်က မင်္ဂလာ့ မေမေရင်းမဟုတ်ဘူး။ ဖေဖေ ဦးချိုအောင်က မာယာ့ ဖေဖေ မဟုတ်ဘူး။ မင်္ဂလာတို့ သားအဖရယ်။

မာယာတို့ သားအမိရယ် ပေါင်းစပ်ပြီးမှ ကြယ်စင်ချိုဆိုတဲ့ ညီမလေးအသစ်ယောက် လာတာပါ။ ဒါပေမယ့် မင်္ဂလာက မမကြီး မာယာချိုကို အစ်မရင်းလိုချစ်ပါတယ်။

ညီမလေး ကြယ်စင်ချိုကိုလည်း ညီမရင်းလေးလိုချစ်ပါတယ်။ ညီအစ်မသုံးယောက် ရှိတယ်လို့ စိတ်ထဲမှတ်ထားပါတယ်။ ခေါင်းထဲစွဲထားပါတယ်။

မမကြီးကို ရိုသေရမယ်။ ညီမလေးကို ညှာတာရမယ်ဆိုတာ မင်္ဂလာသိပါတယ်။

* * * * *


‘မင်္ဂလာ’့ ကို ကုမ္ပဏီမှာ တော့ “မယ်ရ” လို့ အားလုံးကခေါ်ကြတယ်။ “တိုးလပြည့်” ကုမ္ပဏီလက်အောက်မှာ ရှိတဲ့ “Queen Rainbow” သက်တံ့ဘုရင်မ မော်ဒယ်အေဂျင်စီမှာ မင်္ဂလာက တောက်တိုမယ်ရ ဝန်းထမ်းမကလေးပါ။

ဘယ်သူက ဘာပဲခိုင်းခိုင်း လုပ်ကိုင်ပေးရသူမို့ မန်နေဂျာနှင့် ဓာတ်ပုံဆရာက တောက်တိုမယ်ရကလေးဟု ခေါ်ရင်းကနေ အားလုံးက “မယ်ရ” ဟုခေါ်လာကြတာပါ။ နာမည် တွင် သွားခဲ့တာ။

မင်္ဂလာပဲ ခေါ်ခေါ် မယ်ရပဲ ခေါ်ခေါ် မင်္ဂလာက စိတ်မဆိုးပါဘူး။ မမကြီး မာယာချိုလို ချောမောလှပရင် Queen Rainbow မှာ မင်္ဂလာလည်း မော်ဒယ် တစ်ယောက် ဖြစ်ချင် ဖြစ်မှာ ။ မင်္ဂလာက အရပ်လည်းမမြင့်။ လှလည်းမလှတော့ မော်ဒယ် မ ဖြစ်ပဲ “မယ်ရ” ဖြစ်နေရတာ ပါ။

ဘာပဲ ဖြစ် ဖြစ် မင်္ဂလာက ကြိုးစားမှာ ပဲ။ မင်္ဂလာက ချမ်းသာချင်တယ်လေ။

* * * * *


“ဟဲ့…ဆယ်မိနစ်တောင် ကျော်နေပြီ… အချိန်နည်းနည်း ကလေးပဲ လိုတော့တယ်နော်”

မင်္ဂလာက နာရီကိုကြည့်ပြီး ပြောလိုက်တော့ ကြယ်စင်က “သိပါတယ်… ပြီးတော့မယ်” ဟုပြန်အော်သည်။

“အမယ်လေး… ငါက အကောင်းနဲ့ သတိပေးတာ”

မင်္ဂလာချိုက လက်ကလေး ပိုက်ပြီး ခပ်မော့်မော့်။ သေချာနေပါပြီ နိုင်ဖို့။ ကြယ်စင်ချို နောက်ထပ် ဆယ်မိနစ်မှာ သည်အရုပ်ကို ပုံပေါ်လာအောင် ဆက်ဖို့မလွယ်ကူ။

လုံးဝမ ဖြစ်နိုင်။ ကြယ်စင်ချိုကနှေးသည်။ မျက်စိရှေ့က ခေါင်းစည်းကြိုးလှလှနှစ် ခုကို ကြည့်ကာ မင်္ဂလာအားပါးတရ ပြုံး၏ ။

ဖေဖေက ကြယ်စင်ချိုကို ဝယ်လာပေးတာပါ။ ဘယ်တော့ ဖြစ် ဖြစ် မင်္ဂလာဖို့မပါ။ သည်တော့လည်း လိုချင်တာရအောင် နည်းလမ်းရှာရတာ ပေါ့။

ကြယ်စင်ချိုက ကလေး မဟုတ်တော့ လွယ်လွယ်ညာလို့မရ။ အကြံထုတ်ကာ စဉ်းစားရသည်။ အရုပ်ဆက်တမ်းကစားရင်း…

သတ်မှတ်ချိန်အတွင်းမှာ ကြယ်စင်ပြီးအောင် မဆက်နိုင်ခဲ့ရင် သူ့ခေါင်းစည်းကွင်းလှလှကလေးတွေ မင်္ဂလာအတွက် ဖြစ်လာမှာ မလွဲမသွေ။

မင်္ဂလာက အရုပ်ဆက်တာ သိပ်လျင်သည်။

“မမကြီးရေ”

ဟော…ကြယ်စင် စစ်ကူခေါ်ပြီ။

“ဟေ”

မမကြီး မာယာချိုက ပြန်သာထူးလိုက်တာ။ လှည့်ပင်မကြည့်အား။ အပ်ထည်တွေ စားပွဲပေါ်မှာ ညှပ်နေသည်။

“ဒီမှာ မီးကို မင်္ဂလာ အနိုင်ကျင့်တယ်”

“ဘာ… ဟဲ့ … နင်ပဲ ကျေနပ်လို့ စိန်ခေါ်ပြီး”

“မီး… မူးလာပြီ… မဆက်တတ်တော့ဘူး”

“အမယ် … အချိန်ကုန်တော့မှာ မို့လို့ ဉာဏ်များ တာ”

“ငါးမိနစ်ပိုပေး”

ကြည့်စမ်း… လူလည်မလေး။ အချိန်တိုးတောင်းတတ်သည်။

“ပြီးရော”

မင်္ဂလာက ကြယ်စင်ကျေနပ်အောင် ငါးမိနစ်တိုးပေးလိုက် ၏ ။ ဆယ်မိနစ်တိုးပေးလည်း ကြယ်စင်ဆက်တတ်မှာ မဟုတ်။ ပြီးမှာ မဟုတ်။ မင်္ဂလာက သိနေပြီသား။

မပိုင်ပဲနဲ့ ကစားပါ့မလား။ မင်္ဂလာက ရှုံးရင် ကော်ဖီတိုတ်ရမှာ ။ ကြယ်စင်က ရှုံးရင် လိပ်ပြာပုံကလေးတွေ ပါသော ခေါင်းစည်းကွင်းနှစ် ခု မင်္ဂလာကို ပေးရမှာ ။

“မမကြီး”

“ဟေ”

မမကြီး မာယာချိုက ကတ်ကြေးတစ်လက်နှင့် အင်္ကျီစအပေါ်မှာ ပဲ အာရုံရှိတာ။ မင်္ဂလာနှင့် ကြယ်စင်ကို လုံးဝလှည့်မကြည့်အားပါ။

“မီးကို ဂါကြီး အနိုင်နေတယ်”

မင်္ဂလာက နှုတ်ခမ်းလေးမဲ့သည်။

“ကြယ်စင်နော်… ရှုံးမှာ သေချာနေပြီဆို နင်ညစ်ပြီ”

“ဂါကြီး အပြာလေးပဲယူ… အဝါကလေးမပေးဘူး”

ဟော…ဟော… တွေ့ လား။ ရှစ်နှစ် ငယ်ပေလို့ပဲ ကြယ်စင်ရေ။ ရွယ်တူသာဆို ဘယ်လောက် ဖျံကျလိုက်မလဲ။ အချိန်လည်း တိုးတောင်းသည်။ ပစ္စည်းလည်း လျှော့တတ်သည်။

“မမဂါကြီးက အကြီးပဲဟာ”

“ဟုတ်သားပဲ မင်္ဂလာရယ်… ညီမလေးကြယ်စင်ကို အလျှော့ပေးလိုက် ပါ…မမကြီး မအားဘူး…ဒီအင်္ကျီတွေ မနက်ဖြန်ပေးရမှာ ခဏခဏ မခေါ်နဲ့ … အာရုံပျက်တယ်”

မာယာချိုက လှည့်ကြည့်ပြီးဆိုသည်။

“ကြယ်စင်က သက်သက်ညစ်တာ မမကြီးရဲ့ ”

“အေးပါ မင်္ဂလာရယ်… မနက်ဖြန် ငါဝယ်ပေးပါ့မယ်… နင့်အတွက် ခေါင်းစည်းကွင်း”

“တကယ်လား”

“တကယ်ပေါ့”

မင်္ဂလာ တစ်ဝက်ကျေနပ်သွား၏ ။ ဖေဖေက ဘယ်တော့မဆို ဘာပဲဝယ်ဝယ် ကြယ်စင်ချိုအတွက်ပဲဝယ်သည်။ မာယာနှင့် မင်္ဂလာက အလုပ်ရှိလို့ ဝယ်မပေးဘူးတဲ့လေ။

လုံးဝ မတရား။ လခရတော့လည်း မေမေ့မအပ်ရတာ ကျလို့။ လကုန်ရင် လခအပ်လိုက်ရတာ ပဲ မဟုတ်လား။

“မမ”

“ဟေ”

“အခုပေါ်နေတဲ့ ဖလင်လိပ် ခေါင်းစည်းကွင်းဝယ်လာနော်”

“အေးပါ”

“မမကြီးရေ… ကြယ်စင်ဖို့ရော ဝယ်ပေး”

“အေး…အေး”

“နင်က မေမေ့ကို ဝယ်ခိုင်းပေါ့”

“မရပါဘူး မမကြီး ဝယ်ပေးရမှာ ”

“လောဘကြီးလွန်းတယ်”

“ရော့… ဆက်လို့လည်းမရဘူး… ဂါကြီး ဆက်တော့”

“ပေး”

မာယာချိုက ညီမနှစ် ယောက် ကိုကြည့်ကာ ပြုံးနေမိသည်။ မင်္ဂလာကလည်း ကလေးနှင့် အပြိုင်။ နည်းနည်း ကလေးမှ အလျှော့မပေးနိုင်။

ဂါဂါရယ်… နင်လည်း အငယ်မက ရှစ်နှစ် ကျော်ငယ်တာ သိပ်အနိုင်မကျင့်ပါနဲ့ဟယ်… ဟု မာယာချိုကအမြဲတားရသည်။

အိမ်မှာ တော့ မင်္ဂလာကို ဂါဂါ…ဂါကြီးဟု ခေါ်ကြပါသည်။ ကြယ်စင်ချိုက အဝါရောင် စည်းကွင်းကို ကောက်ယူပြီးထသွား၏ ။ မင်္ဂလာက ကျေနပ်စွာ ရယ်လိုက်၏ ။

ဟိ…ဟိ ရပြီ။

သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မင်္ဂလာက အရုပ်ဆက်လို့ပြီးမှာ ပဲဆိုတာ ကြယ်စင်ကသိနေပါသည်။

“မင်္ဂလာ…ဟိုက ရှစ်နှစ် တောင် ငယ်တာ ဉာဏ်ရည်ချင်းတူမလား” ဟု မေမေက ပြောအုံးမည် ။

မင်္ဂလာပဲ ဗိုလ်ကျအနိုင်ပိုင်းသလိုမျိုး။

“မမမာယာ”

“ဟင်”

“အင်္ကျီစကလေးက လှလိုက်တာ…အများ ကြီးပဲ မပိုဘူးလား”

မာယာချိုက မင်္ဂလာချိုကို တစ်ချက်ကြည့်၏ ။

“ဂါက ပိန်ပါတယ် မမရဲ့ … ရလောက်ပါတယ်”

ဘာကိုဆိုလိုမှန်းသိသည်။ သဘောပေါက်ပါသည်။

“အင်း… ပိတ်စပိုမှာ ပါ… နှစ် ယောက် စလုံးကို ချုပ်ပေးမယ် စိတ်ချ” ဟု ဆိုမိ၏ ။

“အဲဒါ ဘာအတွက်လည်းဟင်”

“သင်္ကြန်ယိမ်းအဖွဲ့ အတွက်လေ”

“ဒါကြောင့် ပိတ်အုပ်ကြီးက ထူတာကိုး”

မင်္ဂလာချိုက အင်္ကျီကိုကိုင်ကြည့်ပြီးကိုယ်မှာ ကပ်ကြည့်ကာ သဘောကျနေ၏ ။ ဟိုတစ်ရက်ကလည်းအလှကုန်တစ်ခုကလာအပ်သော အစင်းကျားလေးကို အစပိုတာမို့တစ်ထည်ချုပ်ပေးခဲ့ပါသည်။

“မမက အရမ်းတော် တာပဲ…တီထွင်ဉာဏ်ရှိတယ်”

“မြှော က်ပါ… မြှော က် … စကဒ်လည်း ရရင်ချုပ်ပေးမှာ ပါ…မပူနဲ့…မမြှော က်လည်း ချုပ်ပေးနေတာပဲ”

“တကယ်ပြောတာပါ မမရဲ့ … ဒီဇိုင်းနာလုပ်ပါလား ဟင်…ဒီလိုချည်း စက်ချုပ်နေရတာ ပင်ပန်းပါတယ်”

“သြော်…ဂါဂါရယ် လုပ်ချင်တာပေါ့…ဘယ်သူကစက်တကုတ်ကုတ်ချုပ်ချင်မှာ လဲ…ဒီဇိုင်းနာမ ဖြစ်သေးလို့ပါ”

“မမထွင်ထားတဲ့ အင်္ကျီက အရမ်းလှတာပဲ”

“ကဒ်တလောက်ထဲက ကြည့်တာပါ… ဂါလည်းကြည့်လေ…ဘယ်ပုံစံလေးကြိုက်လဲ”

“အင်း”

မင်္ဂလာချိုက ကဒ်တလောက်စာအုပ်ကို ဆွဲယူပြီး တစ်ရွက်ချင်းလှန်လှော်ကြည့်၏ ။

“ဒီသတို့သမီးဝတ်စုံလေး လှလိုက်တာ”

“အင်း ဟုတ်တယ်…မမ အဲဒါကလေးနဲ့ ပြိုင်ပွဲဝင်မလားလို့” ဟု ဆိုလာ၏ ။

“ဝင်ပေါ့… ကောင်းတာပဲ”

“မမက အဖြူရောင် မချုပ်ပဲ ဗေဒါရောင် လေးချုပ်မလား စဉ်းစားနေတာ”

“ဗေဒါရောင် ”

“အင်း…အခုခေတ်စားနေတဲ့ Blue Berry ရောင် ကလေးပေါ့…လှမလား… မျက်စိထဲမြင်ယောင်ကြည့်”

“အင်း… မြင်ရောင် ကြည့်မယ်”

မျက်စိမှိတ်ကာ မင်္ဂလာချိုက စိတ်ကူးနှင့် ပုံဖော်ကြည့်၏ ။ အားပါ…လှလိုက်တာ။

“မမ ဆုချိတ်မှာ ကျိန်းသေပဲ”

ပိုင်နိုင်စွာ ဆိုမိ၏ ။

“ထစ်ထစ်ချပြောလို့မရဘူး… ကိုယ့်ထက်တော် တဲ့ သူတွေ အများ ကြီး အခုပြိုင်ပွဲခေါ်တဲ့ သူကလည်း သတို့သမီးဝတ်စုံချုပ်တဲ့ နေရာမှာ နာမည် ကြီး။ သူ့ပြိုင်ပွဲကို အားလုံးက စိတ်ဝင်စားနေကြတာ။”

“မမရယ်…မမက လက်ရာ ဒီလောက်ကောင်းတာ ပထမ မဟုတ်ရင် ဒုတိယ၊ ဒုတိယ မဟုတ်ရင် တတိယ ချိတ်ကို ချိတ်မှာ ပါ”

မာယာချိုက ခေါင်းရမ်းသည်။

“မရရင်လည်း မယူဘူး…ရရင်လည်း ပထမပဲ ဖြစ်ရမယ်။ ဒုတိယကို အိမ်မက်ထဲတောင် မထည့်ချင်ဘူး”

မာယာချိုက လောဘကြီးသည်။ ပညာနှင့် ပတ်သက်လျှင် အလုပ်နှင့် ပတ်သက်လျှင် အားလုံးထက် သာချင်သည်။ ပထမဆိုတာကို မှန်းမှ ပထမက ကိုယ့်စီလာမှာ ဒုတိယလောက်ပဲ မှန်းလျှင် ဒုတိယပဲရမှာ ။

ဒုတိယဆိုတာ ကိုယ့်စီမလာဝံ့အောင် ကိုယ်က မုန်းထားမှ ဖြစ်မည် ။

* * * * *


တိုးလပြည့်က အရယ်နှင့် ထသွားပြီး ရေခဲသေတ္တာထဲက အအေးဗူးဆွဲဖွင့်သောက်၏ ပြီးမှ သူငယ်ချင်း “အောင်တလူ”နှင့် စကားပြောမိပါသည်။

ဖုန်းဝင်လာတော့မှ သူအိပ်ရာထက်က ထလာတာပါ။ ရေလုံးဝ မသောက်ရသေး။

“ကဲ… ပြော ဘာအရေး တကြီးကိစ္စနဲ့ မင်းကပြန်လာမှာ လဲ တလူ ဆိုပါဦး”

“ဟေ့… သွားမတိုက်ဘဲ ပါးစပ်ပုပ်နဲ့ သောက်နေပြီးလား။ ဒီအကျင့် မပျောက်သေးဘူးပဲ”

“ဟုတ်တယ်”

အောင်တလူက တဟားဟားရယ်သည်။

“မင်း ရောက်လာရင် ငါ့ဆီမှာ တည်း”

“ဟာ…မင်းအိမ်မှာ မနေချင်ဘူး”

“ဒါဆို ဘယ်မှာ နေမလဲ”

“ငါတို့ နှစ် ယောက် ပိုင်တဲ့ ကွင်းရိန်းဘိုးမှာ နေမယ်”

“အေး…ကောင်းသားပဲ”

“ငါ မန္တလေးလည်း ခဏသွားမယ်…မေမေတို့နဲ့ တွေ့ ဖို့”

“သွားပေါ့”

“မင်းလိုက်မလား”

“အဆင်ပြေရင် လိုက်မယ်လေကွာ”

“ပြီးရော”

တိုးလပြည့် စကားကို အောင်တလူကျေနပ်သွား၏ ။

“မင်း ခဏပြန်လာတာ ကိစ္စရှိလို့လား”

“ဟုတ်တယ်”

“ဘာကိစ္စလဲ”

“မင်းမသိဘူး”

“ဘာကွ… မင်းမှာ ငါမသိတဲ့ကိစ္စရှိသေးလို့လား”

အပြစ်မရှိသူလို ရယ်နေကာ…

“အဲ့ဒီတစ်ခုပဲ ရှိတာပါ” ဟု ဝန်ခံလာ၏ ။

“ပြောပြလေ”

“ငါ အကြွေးဆပ်စရာရှိလို့”

“ဟင်… ဟုတ်လား”

သူ တော် တော် အံ့သြသွားသည်။

“စောစောက ပြောရောပေါ့…ငါ ဆပ်ပေးမယ်၊ ပြော ဘယ်လောက်လဲ… ဘယ်သူ့ဆီက ယူထားတာလဲ”

အောင်တလူက မဖြေ။ ခပ်တိုးတိုးရယ်နေ၏ ။

“ပြောလေကွာ”

“ငါရောက်လာမှ ပြောမယ်”

“အဲ့ဒီအကြွေးကို ငါလာဆပ်မှကို ဖြစ်မယ်… သေရင်တောင် အသေမဖြောင့်ဘူး”

“ဟာကွာ…သေစကား မပြေစမ်းပါနဲ့”

“အေးပါ… သဘောပြောတာပါ… ငါရောက်လာမှ ရှင်းပြမယ်”

တိုးလပြည့်က ဇွတ်မမေးပါ။ နားလည်ပေးမိသည်။

“မင်း ဘယ်တော့ရောက်မှာ လဲ”

“ဒီဇင်ဘာထဲမှာ ရောက်မယ်… ငါ ဒီဇင်ဘာတစ်လခွင့်ရတယ်လေ… မင်းလည်း အလုပ်တွေ ရှင်းထား။ ငါလာမှ မအားဖူး မလုပ်နဲ့”

“အေးပါ… အခုမှ ကိုးလပိုင်းပဲရှိသေးတာ”

“ငါ ကြိုပြောထားတယ်”

“စိတ်ချ”

အောင်တလူက လိုချင်တာတွေ အသေးစိပ်မှာ နေ၏ ။ တိုးလပြည့်က သူမှာ တာတွေ လိုက်ရေး ထားသည်။

“အားလုံး စုံလင်အောင် ငါပို့ပေးမှာ ပါ”

တိုးလပြည့်နှင့် အောင်တလူက အရမ်းခင်သည်။ ညီအစ်ကိုရင်းထက်ပင် ပိုသေးသည်။ သူတို့ကြားမှာ ရှိနေတာက အပြန်အလှန်နားလည်လေးစားမှု ၊ ပြီးတော့ ကတိသစ္စာ။

လုပ်ငန်းတွေ လည်း ရှယ်ယာလုပ်ထားသည်။ တစ်ယောက် ကို တစ်ယောက် ယုံကြည်စိတ်ချသည်။

“တိုးလ”

“ဟင်”

“မင်း ဘာထူးလဲ”

“ဘာကိုလဲ”

“အချစ်ရေး အိမ်ထောင်ရေး ”

“အားပါး… စကားလုံး မြင့်လှချည်လား…မထူးသေးပါဘူး”

“ခုထက်ထိ မြားနတ်မောင်က ဖူးစာရှင်ကို ဖွက်ထားဆဲပဲလားကွ…ကြည့်လုပ်အုံး”

“မင်းရော…ဘာထူးနေပြီလဲ”

“နိုး မထူးပါဘူးကွာ”

“တည်တည်ငြိမ်ငြိမ်ပဲပေါ့”

“ဟုတ်တယ်…ဒီကန်ရေပြင်ကိုဘယ်က ခဲမှမကျလာသေးဘူး…လှိုင်းဂယက်မထသေးဘူးကွ”

“မင်း ကြိုးစားလေ…ငါက မင်းမင်္ဂလာပွဲကို အရင်တက်ချင်တာကွ”

“အေးပါ…ပြောသလို ဖြစ်လာရင်ကောင်းမယ်”

အောင်တလူနှင့် တိုးလပြည့် ပြိုင်တူရယ်မောမိကြ၏ ။

“မဆုံတာကြာပြီကွာ”

“အေး ဟုတ်တယ်”

တစ်ခါတလေဆို သူငယ်ချင်းနှစ် ယောက် ညစာအတူစားပြီး တစ်ညလုံး စကားပြောရင်း အချိန်ကုန်တတ်တာ။ ထိုရက်တွေ ကို ပြန်တမ်းတမိသည်။

“ငါ လာမှ ညလုံးပေါက် စကားပြောကြမယ်ကွာ”

ယောက်ျားကြီးတွေ ဖြစ်ပြီး ပိုလိုက်တာ၊ သည်းလိုက်တာဟု မထင်လိုက်ပါနှင့် ။ ပြောစရာတွေ က ရင်ဘတ်ထဲပြည့်နေသည်။ တစ်ညလုံး ပြောလည်း မကုန်။

ကိုယ့်အကြောင်း သူများ အကြောင်း။ အားပါးတရ တစ်ဝကြီး ရင်ဖွင့်ချင်သည်။ သူတို့နှစ် ယောက် က တံခါးမရှိ စကားပြောကြကာ တစ်ယောက် ရင်ထဲကို တစ်ယောက် ဟင်းလင်းပြင်လိုမြင်ရသည်လေ။

“ပါပလေကာ” ကားလေးပေါ် အဝတ်သေတ္တာတွေ တင်ပြီးသော အခါ မင်္ဂလာချိုက တောင်းအေ့(စ်)ကားပေါ် လှမ်းကြည့်မိ၏ ။

ဟင်း…

သက်ပြင်းမောတစ်ချက် ရှိုက်မိ၏ ။ မထူးပါ။ ပါပလေကာနောက်ခန်းမှာ ပဲ ပစ္စည်းတွေ နှင့် အတူတူထိုင်လိုက်တော့မည် ။

တောင်းအေ့(စ်) ပေါ်မှာ က မော်ဒယ်ကောင်မလေးတွေ ၊ မော်ဒယ်နှင့် ပါလာသော အဖော်တွေ ကားက ထိုင်ခုံပြည့်နေပါပြီ။ မင်္ဂလာ့အတွက် နေရာမရှိ။

“ဟ…မယ်ရ ညည်း ဒီနောက်က လိုက်မှာ လား”

“ဟုတ်”

မော်ဒယ်တွေ နှင့် ယှဉ်ပြီး မှန်လုံကားထဲနေရာမလုချင်။ ဘယ်သူကရော မင်္ဂလာ့လို တောက်တိုမယ်ရ ခိုင်းဖတ်ကို ထိုင်ခုံထပေးမှာ လဲ။

ဓာတ်ပုံဆရာက မေးပြီးခေါင်းခန်းမှာ ဝင်ထိုင်၏ ။ မန်နေဂျာက မောင်းမှာ ။ မင်္ဂလာက ခြေကလေးဆင်းကာ ကျောမှီချပြီး အညောင်းဖြေမိသည်။

တမနက်လုံး အင်္ကျီတွေ ရွေးရရှာရ မီးပူတိုက်ရသေတ္တာထဲ ထည့်ရနှင့် မအားလပ်ခဲ့။ တစ်ချက်ပင် ထိုင်ချိန်နားချိန်မရ။ မော်ဒယ်တွေ ကသာ ကြော့မော့အားလပ်နေတာ။

ဘဝအကျိုးပေးချင်းက မတူ။ ဂျင်းဘောင်းဘီကလေး ကို အနားခေါက်ကာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ပြင်စောင်းသည်။

“အားလုံး စုံပြီလား မယ်ရရေ”

“ဟုတ်”

မော်ဒယ်ဆရာမ မဖြူက မေးလာ၏ ။

“ဒါဆို သွားကြဆို့ မယ်ရ… ခုန မိတ်ကပ် မာမီစီ ဖုန်းဆက်ထားတယ်နော်”

“ဟုတ်”

“ဟိုတယ်ကို လာခဲ့ဖို့ ပြောရဲ့ လား”

“ဟုတ်”

မော်ဒယ် ဆရာမ က တောင်းအေ့(စ်)မှန်လုံကားစီ လျှောက်သွား၏ ။ မင်္ဂလာက မျက်နှာကလေး ပင့်မော့်ကာ မျက်လွှာစင်းချပြီး မျက်လုံးမှေးကျဉ်းကာ မဖြူ၏ လှပလွန်းသော စကဒ်ဖားဖားကို လိုက်ကြည့်မိ၏ ။

ရေသူမ စကဒ်အရှည်က ဒီးကွင့်မျာနှင့် ချုပ်ပုံဆန်းလှ၏ ။ မမာယာဆို မြင်ရုံနှင့် ချုပ်တတ်မှာ ။ ချက်ချင်း သတိရမိသည်။ မမာယာကို ယုံကြည်မိသည်။

“ဟယ်တော့”

မင်္ဂလာ ပါးစပ်ကလေးဟကာ အံ့သြတကြီး ရေရွတ်မိ၏ ။ မိုးစက်မိုးပေါက်ကြီးတွေ ကြဲတဲတဲကျလာပါရောလား။ မိုးရိပ်မိုးရောင် ကို ကောင်းကင်ပြာမှာ မြင်ရသည်။

မိုးရွာမလို့လား။ ပါပလေကာ ကားက နောက်မိုးကိုင်းမပါ။ တကယ်မိုးရွာချရင် စိုရွှဲကုန်တော့မှာ ။

“မန်နေဂျာရေ…မြန်မြန်မောင်းပေးပါ”

ကားခေါင်းခန်းကို လှမ်းအော်မိ၏

“အေးပါဟ… ရောက်တော့မယ်”

ကားကလေးက သိပ်မကြာခင်မှာ ပဲ “Quen Rainbow” ဟိုတယ်ထဲ ချိုးကွေ့ဝင်သွား၏ ။

“အင်္ကျီအဝတ်အစားတွေ မြန်မြန်တယ်”

မန်နေဂျာက မနေသာဘဲ စက္ကူဗူးတွေ ကို မင်္ဂလာလက်ပေါ်ဆင့်ကာ ဆင့်ကာတင်ပေး၏ ။ ဟိုတယ်ထဲက နားနေခန်းထဲရောက်သွားလျှင် မင်္ဂလာ့အလုပ်က နည်းသွားပြီ။

မဖြူ ခိုင်းတာလုပ်ပေး မိတ်ကပ် မာမီခိုင်းတာ ဝိုင်းကူ သည်လောက်ပဲ။ လောလောဆယ်တော့ နားလို့မရသေး။ ဗူးတွေ မနိုင်းမနင်း သယ်ကာ ဓာတ်လှေကားစီ ခြေလှမ်းစမိခဲ့၏ ။

မ ဖြစ်သေးပါ။ ဓာတ်လှေခါးကို ခလုပ်နှိပ်ရမှာ ။ ပြီးတော့ တစ်ထပ်ပဲတက်ရမှာ ရယ်။ လှေခါးက ကျယ်ကျယ်ဝန်းဝန်းရှိတာရယ်ကြောင့် လှေခါးစီပဲ လာခဲ့လိုက်၏ ။

“အမေ့”

“ဟာ”

ရှေ့ကနေ အရှိန်နှင့် ဝင်တိုက်ခံရတာ မို့ လက်ထဲသယ်ထားသော ဗူးတွေ က မင်္ဂလာ့ကို တွန်းပစ်သလို ဖြစ်ပြီး ဖရိုဖရဲ လိမ့်ကျသွားရသည်။

စက္ကူဗူးတွေ လည်း လွတ်ကျသွား၏ ။

“ဆောရီး”

သြညက်ညင်သာသော စကားသံတွေ ကြောင့် ရန်တွေ့ ဖို့ပြင်ထားသော စကားလုံးတွေ ပျေက်ကွယ်ကာ သူ့ကို ငေးစိုက်ကြည့်မိ၏ ။

ချောချောသန့်သန့် ရည်ရည်မွန်မွန် ပုဂ္ဂိုလ်တစ်ဦး။ ဝတ်ထားတာက ချော့ကလက်ရောင် ဘောင်းဘီရှည်နှင့် ကော်ဖီရောင် နုနု ရှပ်အင်္ကျီ ပြီးတော့ ကုတ်အင်္ကျီက အရောင် ဖျော့သော အကွက်တစ်မျိုး။ အရောင် က ခေါ်ရခက်သည်။

အစိမ်းရောင် ၊ အပြာရောင် ၊ အညိုရောင် လို့ လွယ်လွယ်ကူကူပြောမရသလို ငါးပိစိမ်းစားရောင် ၊ ခဲနက်ရောင် ၊ မရမ်းပြာရောင် လို့ နီးနီးစပ်စပ်လည်း ပြောမရ။

ထိုအရောင် ကို မင်္ဂလာသိသည်။ ကွန်ပျူတာထဲကအရောင် …Coat နံပါတ် ရှိသည်။ မေ့နေလို့သာ။ မင်္ဂလာက ဒီးဇိုင်နာ ဖြစ်ချင်သည်။ မော်ဒယ် ဖြစ်ချင်သည်။

ထိုလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်တာ မှန်သမျှစိတ်ဝင်စားသည်။ အာရုံကျသည်။ ဝါသနာကိုပါတာ ။ ဘာမှသာ မ ဖြစ်သေးတာပါ။

“ခင်ဗျား နာသွားလား”

“အင်း”

ဖင်ထိုင်လျက်သားကျလျက် ပြန်မထသေးဘဲ သတိလက်လွတ်ငေးမောသွားတာပါ။ သူက မထနိုင်ဘူးထင်ပြီးတွဲ ထူဖို့ ပြင်သည်။

“ဟင်အင်း… ရတယ်…ရတယ်”

ဆန့်တန်းကာ တိုးကပ်လာသော သူ့လက်တွေ မင်္ဂလာစီ မရောက်ခင် အလန့်တကြားငြင်းမိပြီး အလောတကြီး ပြောမိ၏ ။ သူ လာထိမှာ မလိုလား။

ရင်ထဲအေးစက်စွာ ကြောက်ရွံ့မိ၏ ။ ကြောက်စိတ်က ဖျန်းကနဲ လူကို လွှမ်းခြုံသွားသည်။ သူ့မျက်နှာက ရှက်စိတ်ကြောင့် လားမသိ။ တော် တော် ပျက်သွားသည်။

သူက စေတနာနှင့် ကူပေးမလို့ပါ။ သူက စက္ကူဗူးတွေ ပြန်ထပ်ပေးသည်။

“ခင်ဗျာ ဒါတွေ ပြန်သယ်ရမှာ လား”

“ဟုတ်တယ်”

သူက မင်္ဂလာ့လက်ပေါ် ဗူးတွေ ဆင့်ကာတင်ပေး၏ ။ သူ့ရှေ့မှ မင်္ဂလာတစ်ချိုးတည်း လစ်လာခဲ့သည်။ ဝင့်ကြွားမာန်ပါသော သူ့သဏ္ဍန်သည် ကောင်းကင်က နေတစ်စင်းလို ထွန်းလင်းတောက်ပနေ၏ ။

ဘာလို့မှန်းမသိ မင်္ဂလာအားငယ်ရှက်ရွံ့မိသည်။ သူနှင့် ထပ်မဆုံချင်။ မျက်နှာချင်းမဆိုင်ချင်။ ရင်ထဲမှာ သိမ်ငယ်မိသည်။

သူ ကတော့ မင်္ဂလာ့ကို စူးစမ်းသော မျက်လုံးတစ်စုံနှင့် ကြည့်ကာနေ၏ ။ ဘုရားစူးပါရဲ့ ။ မော်ဒယ်ကောင်လေးတွေ ထက်ကြည့်ကောင်းသည်။ သူချောပုံက ပြီးပြည့်စုံသည်။ စွဲဆောင်မှု ရှိသည်။

* * * * *


အခန်း (၂)

ညနေအပြန်မှာ လည်း မိုးက တဝုန်းဝုန်းရွာချသည်။ မတတ်သာပဲ အင်္ကျီသေတ္တာနှစ် လုံးနှင့် စက္ကူဗူးကြီးလေး ငါးဗူးကို တာလပတ်ကြီးနှင့် အုပ်ထားလိုက်ရသည်။

“ဟဲ့ ကောင်မလေး…လာခဲ့ ရှေ့ခန်းကို”

ဓာတ်ပုံဆရာက ခေါ်ပါသည်။

“ဟင့်အင်း…မလာဘူး”

“လာပါ မယ်ရရယ်… မိုးမိပြီး ကြွက်စုပ် ဖြစ်သွားလို့ ခက်မယ်…လာ…ငါ နောက်မှာ ထိုင်လိုက်မယ်”

“ဟင်အင်း”

မိုးသည်းသည်းမှာ မန်နေဂျာနှင့် ကားထဲ အတူတူမစီးချင်။ မင်္ဂလာ အရမ်းကြောက်သည်။ ဒုက္ခပါပဲကွာ။ ခေါ်ရင် ဘယ်လိုငြင်းရမလဲ။

“ငါတို့ ယောက်ျားကြီးနှစ် ယောက် က ရှေ့မှာ မိုးလုံလေလုံထိုင်ပြီး နင်က နောက်မှာ မိုးရေထဲ…ငါတို့ကို သူများ ဘယ်လိုထင်မလဲ…သွား…ရှေ့မှာ သွားထိုင်”

“ဟင့်အင်း…ဒီမှာ ထိုင်မယ်”

“ပြောရကြပ်ပါလား…ခေါင်းမာလှချည်လား…ဒါဆို ငါတက္ကစီငှားပေးမယ်… တက္ကစီနဲ့ပြန်”

တက္ကစီဒါရိုတ်ဘာနှင့် မိုးထဲလေထဲ နှစ် ယောက် တည်းပြန်စရာလား…စိတ်ထဲမှာ မလုံခြုံသလို ခံစားရသည်။

“ဟိုလိုလည်း မဟုတ်၊ ဒီလိုလည်း မဟုတ်”

ကင်မရာမင်းန်(ဓာတ်ပုံဆရာ)က စိတ်တိုသွား၏ ။

“လာပါ… ခင်ဗျားပါ ရေစိုကုန်ပြီ”

မန်နေဂျာက လှမ်းခေါ်သည်။

“ကျွန်မကို ဘတ်(စ်)ကားမှတ်တိုင်ချပေးပါ…ဘတ်စ်ကားစီးပြီး ပြန်မယ်”

မင်္ဂလာ မိုးရေထဲ အော်ပြောသည်။

“အေး…အေး ပြီးရော…နင့်ကို မယ်ရကနေ ပြောမရလို့ နာမည် ပြောင်းမှ ဖြစ်မယ်”

မင်္ဂလာက ကားနောက်ခန်းထဲမှာ တစ်ယောက် တည်း မိုးရေတွေ ရွဲနစ်ကာ လိုက်လာ၏ ။ တကယ်ဆို ဓာတ်ပုံဆရာ ဘေးမှာ ပူးကပ်ထိုင်လို့ရသားပဲ။ ဆန့်ပါသည်။

သို့ ပေမယ့် မင်္ဂလာမထိုင်ရဲပါ။ အသားချင်း ထိရမှာ စိုးရွံ့သည်။ လက်ကလေး တင်းတင်းပိုက်ကာ အချမ်းဒဏ်ကို အံ့ကြိတ်ထားမိ၏ ။

သည်လိုသာဆို ဖျားတော့မလားမသိ။ မတတ်နိုင်ပါ။ ကားက အမိုးကိုင်းဖြုတ်ထားတာ။ မိုးက အချိန်အခါမဟုတ် ရွာတော့ အင်းလေ… မိုးမှမကုန်သေးပဲ။ အပြစ်မတင်ပါဘူး မိုးရယ် ရွာပါ… မိုးကလေးအေးမြလန်းဆန်းစိမ်းစိုစေပါတယ်။

ရွာ…ရွာ။ မိုးမင်းကြီးကျေနပ်အောင် ရွာပါ။ ဘတ်စ်ကားမှတ်တိုင်ရောက်လျှင် ဆင်းပြီး ဘတ်စ်ကားစီးကာ အိမ်ပြန်မည် ။ ညနေစောင်းနေပြီမို့ ကုမ္ပဏီကိုလည်း ပြန်သွားစရာမလိုပါ။

အင်္ကျီသေတ္တာတွေ ရေစိုကုန်ပြီးလား။ မနက်ဖြန်အားလုံး ထုတ်လှန်းပြီး ရှင်းလင်းရမည် ။ စိုထိုင်းထိုင်းဆိုလျှင် အစိုနံထွက်ကုန်မှာ ။

ဒါတွေ သေချာဂရုစိုတ်လုပ်ဖို့က မင်္ဂလာ့တာဝန်ပါ။

“ဘာလေးမှန်းမသိဘူး”

“အေးဗျာ…ဒီကောင်မလေးက တစ်မျိုးပဲ”

“ကျုပ်တို့ကို သိက္ခာချတာ”

“အဲဒီ လိုတော့လည်းဟုတ်ပုံမရဘူးဗျ”

“တက္ကဒီ ငှားပေးမယ်ဆိုတော့လည်းမရဘူး”

“အင်း”

မန်နေဂျာနှင့် ကင်မရာမင်းန်က နားလည်နိုင်စွာ နှင့် မယ်ရအကြောင်း ပြောနေမိကြသည်။

“တက္ကစီ တစ်ယောက် တည်းမစီးရဲတာ ကတော့ ထားပါတော့ဗျာ”

“အေးလေ… ကျုပ်တို့ကိုပါ မယုံသင်္ကာနဲ့”

နှစ် ယောက် သား ရယ်မိကြ၏ ။

တိုးလပြည့်က ကားကို ညင်သာစွာ မောင်းလာရင်း မီးပွိုင့်နီနေပါသည်။ ရှေ့က အမိုးဖွင့်ပါလေကာ ကားထဲမှာ နေ့ခင်းက သူနှင့် ဝင်တိုက်မိသော ကောင်မလေး။

မိုးတွေ ရွာနေတာမို့ ကောင်မလေးက ရွှဲနေပါပြီ။ တိုးလပြည့်ရင်မှာ ကရုဏာလှိုင်းတစ်ခု လျှံတက်လာ၏ ။ ချစ်စရာပုံစံကလေးနှင့် ရိုးသားဖြူစင်သော မျက်နှာကလေး နီရဲဖောင်းအိသော နှုတ်ခမ်းကလေး၊ ကြည်စင်တောက်ပသော မျက်လုံးတစ်စုံ၊ မျက်တောင်ရှည်ရှည်ကော့ကော့ ရွှန်းရွှန်းများ ၊ နှုးညံ့သော အသားကလေးနှင့် အသက်ပါသော အကြည့်တစ်ခု။

ထိုကောင်မလေးကို သူတစ်ခါတည်းနှင့် မှိတ်မိသွားရပါသည်။ သူတွဲ ထူပေးမှာ ကို ဗြောင်ကျကျ အားမနာတမ်းငြင်းပစ်ခဲ့သော ကောင်မလေး။

ခုတော့လည်း မင်းဟာ မိုးမိထားတဲ့ကြွက်ဖြူကလေး ပါလား။

“ဟား…ဟား…ဟား”

သူ တစ်ယောက် တည်း အော်ရယ်မိသည်။ ဝိုက်ဘာ(ကားရေသုတ်တံ)၏ လှုပ်ရှားမှု ကြောင့် ကြွက်ဖြူကလေးကို တစ်ချက်တစ်ချက် သဲသဲကွဲကွဲမြင်ရသည်။

တိုးလပြည့်က တဖြည်းဖြည်းစိုက်ကြည့်ကာ… အတိုင်းမသိ သနားသွားရပြန်သည်။ ဘဝကို ရုန်းကန်နေသူကလေးလား။

ကြည့်လိုက်တာနှင့် ချမ်းသာကြွယ်ဝသူလေးမဟုတ်မှန်းသိရပါသည်။ ဂျင်းဘောင်ဘီကလေးက အရောင် မရှိတော့။

သည်ကောင်မလေးက ‘Queen Rainbow’ မော်ဒယ်အေဂျင်စီမှာ အလုပ်လုပ်တာ သူသိပြီးပြီ။ ဘယ်လိုပဲ ဖြစ် ဖြစ် သူ့ဝန်ထမ်းကလေးပါပဲ။

ကွင်းရိန်းဘိုးမော်ဒယ်အေဂျင်စီက သူ့ကုမ္ပဏီရဲ့ ဖြားကိုင်းတစ်ခုပဲ မဟုတ်လား။ သက်ပြင်းရှည်တစ်ချက်ကို နက်နဲစွာ ချ ဖြစ်သည်။

ဘာလို့များ သည်ကောင်မလေးကို မိုးရေထဲပစ်ထားကြတာလဲ။ မှန်လုံကားနှစ် စီးရော။ ဘယ်သွားနေလို့လဲ။ ပိန်ပိန်သေးသေးကလေးကို တောင်းအေ့(စ်)နှင့် လိုက်ခိုင်းရင် ကားလေးသွားမှာ ဆိုးလို့လား။ သူ ချက်ချင်း ပဲ ဒေါ်ဖြူနံ့သာစီ ဖုန်းဆက်၏ ။

“မဖြူလား”

“ဟုတ်…ဟုတ်ပါတယ် သူဌေး”

“မဖြူ…ပါဘလေကာပေါ်မှာ ချာတိတ်ကလေး တစ်ယောက် ရွှဲနစ်နေပါလား…ဘယ်မှာ လဲ ခင်ဗျားတို့ကား”

“ဟုတ်လား… ဟုတ်ကဲ့၊ အဲ့ဒီကားကို မိုးမရွာတော့ဘူးဆိုပြီး အမိုးကိုင်းဖြုတ်လိုက်တာ… မနက်ဖြန် အမိုးကိုင်းတတ်ပါ့မယ်... ‘မယ်ရ’ ရေစိုနေလို့လား။ ဘယ်လမ်းပေါ်မှာ လဲ…မဖြူတို့သွားခေါ်ပါ့မယ်”

တိုးလပြည့်က စိတ်ပျက်စွာ ခေါင်းရမ်းသည်။ အစီအမံတွေ ညံ့လိုက်တာ ဒေါ်ဖြူရယ်။ သည်လို ပြီးစလွယ်လုပ်သင့်ရဲ့ လား။

“မယ်ရက တောင်းဘေ့(စ်)မှာ နေရာမရှိလို့ဆိုပြီးပစ္စည်းတွေ နဲ့ အတူတူ ဟိုကားပေးသွားထိုင်တာလေ”

ဟော…ကြည့်။ ကောင်မလေးမှာ ပဲ အပြစ်ရှိသလိုလို။ ပြောစရာ ဖြစ်အောင် ကောင်မလေးက တမင်လုပ်သလိုလို။

“ဘယ်လမ်းမှာ လဲ သူဌေး”

“နေပါစေတော့…နောက်တစ်ခါ အဲ့ဒီလိုမ ဖြစ်စေနဲ့”

“ဟုတ်ကဲ့”

တကူးကက တောင်းအေ့(စ်)နှင့် လာခေါ်တင်ရလျှင် ကောင်မလေးကို စကားလုံးတွေ နှင့် ထုထောင်အုံးမှာ ။ ရှိပါစေတော့…

မိုးလည်းစိုသေး အဆူအငေါက်လည်းခံရသေးဆိုမဟုတ်။ သူ့ကြောင့် အဆူမခံရစေချင်ပါ။ မီးပွိုင့်စိမ်းသွားတော့ ကားကို ညင်သာစွာ ထွက်ရင်း ပါဘလေကာ နောက်ကပဲ လိုက်လာခဲ့၏ ။

မန်နေဂျာက သူ့ကားကိုမသိ။ သူက ကားပြောင်းစီးလာတာ။ ခြံထဲမှာ သည်ကားကို မစီးဘဲ ထားတာကြာပြီမို့ယူလာခဲ့ ဖြစ်တာပါ။

သူစီးနေကြကားနှစ် စီးဆို မန်နေဂျာကောင်းကောင်းသိမှာ ပါ။ မန်နေဂျာကလည်း တကယ်ပါပဲ။ မိုးရေထဲမှာ မိန်းကလေး တစ်ယောက် ကို လက်လွတ်စပယ်နေခိုင်းထားသည်။

အမြင်မသင့်တော် ။ မိန်းကလေးဦးစားပေးသင့်တာ မဟုတ်လား။ ဘာတွေ မှန်းလည်း မသိ။ Lady First ဆိုတာ မကြားဖူးဘူးလား။

ပါဘလေကာာကို ခပ်ဖြည်းဖြည်းကျော်တက်ကာ တိုးလပြည့်ဆက်မောင်းလာခဲ့၏ ။ ဆက်မြင်နေလျှင် ဆက်ပြီးဒေါသ ဖြစ်ရအုံးမှာ ။

“ကြာလိုက်တာ ဂါဂါရယ်”

မာယာချိုက အိမ်ထဲဝင်လာသော မင်္ဂလာ့ကို ကြည့်ကာဆို၏ ။ မင်္ဂလာချိုက မိုးမိလာသည်။

“ဒီမှာ ထမင်းစားဖို့စောင့်နေတာ”

“အင်း…ဘတ်(စ်)ကားကြပ်လို့”

မာယာချိုက ညီမငယ်ကို ပြုံးတုံ့တုံ့နှင့် ကြည့်ကာ နေလိုက်၏ ။ မင်္ဂလာက အဝတ်အစားလဲသည်။ ဆံပင်တွေ ရေသုတ်သည်။

“အရမ်းချမ်းတယ် မမ”

“ဟုတ်လား…ရေနွေးသွားထည့်လာမယ်”

မာယာချိုက မင်္ဂလာချိုအတွက် ရေနွေးတစ်ခွက်သွားယူလာ၏ ။ မင်္ဂလာက အိပ်ယာပေါ်တက် ကွေးပြီး စောင်ခြုံထားပြီ။ ဘယ်လို ဖြစ်ရတာ လဲ။

“ဟဲ့… အဲ့ဒီလောက် ချမ်းတာလား…ဒါဆိုဆေးပါသောက်ရမှာ ပေါ့…ရော့ ရေနွေး”

“အင်း”

မေမေက စိတ်မရှည်ပဲ လှမ်းအော်တော့သည်။

“မလာကြသေးဘူးလား ဟင်းချိုရည်နှစ် ခါနွှေးပြီးပြီ” တဲ့။

“မမမာယာ သွားစားလေ၊ ဂါ ခဏအိပ်လိုက်အုံးမယ်”

“အင်း”

မေမေက တဗျစ်တောက်တောက် ရေရွတ်နေ၏ ။

“ထမင်းစားခါနီး ရင် အလတ်မပဲ အမြဲစောင့်ရတယ်၊ အမျိုးမျိုး တစ်နေ့တစ်မျိုးမျိုး ရိုးမသွားဘူး၊ ရေချိုးနေလို့၊ သနပ်ခါးလိမ်းနေလို့၊ ဇာတ်လမ်းကောင်းနေလို့၊ မီးပူတိုက်နေလို့၊ ဆင်ခြေပေါင်းသော င်းခြောက်ထောင်၊ တစ်ခါမှ ထမင်းစားပွဲကို သူအရင်ရောက်နေတာမရှိဘူး တကယ်ပါပဲ”

မေမေ ရေရွတ်နေတာကို ဖေဖေကပြုံးနေ၏ ။

“ကဲ…စာြး ကတော့…စောင့်မနေနဲ့တော့… အိပ်တော် မူပြီတဲ့ မိုးမိပြီး ချမ်းလို့တဲ့”

မေမေက ချက်ချင်း ပဲ ဆေးထရှာသည်။

“လာပါမေမေရယ်၊ ထမင်းစားပြီးမှ တိုက်ပါတော့”

မာယာချိုက လှမ်းအော်လိုက်၏ ။

“အစာမရှိပဲ တိုက်လို့လည်းမ ဖြစ်ဘူး”

မေမေက သတိတရဆိုသည်။ ထမင်းစားပွဲမှာ မင်္ဂလာမပါတော့ တစ်ခုလပ်နေပါသည်။ ထမင်းပန်းကန်က အဆင်သင့်ခူးထားပြီးသား။ တကယ်ပါပဲ…

မင်္ဂလာပြန်လာအောင် စိတ်ရှည်ရှည်နှင့် စောင့်နေကြတာပါ။ ပြန်လာတော့လည်း မိသားစု ထမင်းဝိုင်းကို အချိန်မီမဝင်နိုင် မင်္ဂလာကလေ အမြဲတမ်း…

အရာရာနှင့် အကြောင်းကြောင်းပါပဲ။

မေမေ့အသံကို ကြားပေမယ့် လူက ချမ်းလွန်း၍ လှုပ်၍ ပင်မရ။ စောင်ကို ခြုံကာ ငြိမ်နေရသည်။ အဖျားက တရှိန်းရှိန်း တက်လာသည်။

မျက်လုံးတွေ ပူကာ မျက်ရည်ပူတွေ ထွက်လာ၏ ။ လည်ချောင်းလည်း နာသည်။ နှာခေါင်းလည်း ပိတ်သည်။

ခေါင်းလည်း တဆတ်ဆတ်ကိုက်သည်။ ဝေဒနာက ချက်ချင်း ပဲ ကြီးစိုးနေရာယူလာတာပါ။ မျက်လုံးတွေ လေးကာ မင်္ဂလာ အိပ်ပျော်သွား၏ ။

***

“ဋ္ဌေးမရေ”

မင်္ဂလာက ဋ္ဌေးမနှင့် ဆော့ဖို့ ဋ္ဌေးမတို့ တိုက်ကြီးရှိရာ မင်္ဂလာသွားနေကြပါ။

မင်္ဂလာတို့အိမ်နှင့် ဋ္ဌေးမတို့က လေးငါးဆယ်အိမ်ခြားသည်။ သို့ ပေမယ့် လမ်းထဲမှာ မင်္ဂလာတို့ အိမ်ကတဲအိမ်သာသာကလေး။

အဖေ့အလုပ်ရှင်က ခြံစောင့်ပေးနေထားတာပါ။ မင်္ဂလာတို့ ဘာသာဆို သည်လမ်းထဲမှာ ဘယ်နေပါ့မလဲ။

ဋ္ဌေးမက သူငယ်ချင်းတွေ ထဲမှာ အချမ်းသာဆုံး။ အဲ့ဒါကြောင့် လည်း သူဋ္ဌေးမလို့ ခေါ်တာ။

ဋ္ဌေးမကို မင်္ဂလာခင်သည်။ မင်္ဂလာ့ကို ချောကလက်တို့ ဂျယ်လီတို့ ကျွေးးသည်။ မမြင်ဖူး မကိုင်ဘူးသော မွေးပွပွရုပ်လည်း ပေးသည်။

အားရင် အားသလို ဋ္ဌေးမနှင့် မင်္ဂလာက ဆော့ကစားနေကြပါ။ ငယ်ငယ်လေးကတည်းက ခင်တာ။ ဆယ်တန်းဖြေပြီးတော့လည်း သူငယ်ချင်းနှစ် ယောက် ကစားကြတုန်း ငြင်းခုံကြတုန်းပါပဲ။

“မင်္ဂလာ…ဂါဂါ…နေစောင်းနေပြီ။ ရေချိုးတော့လေ၊ ထမင်းစားတော့မယ်၊ မင်္ဂလာရေ”

မာယာချိုက မင်္ဂလာ့ကို ထွက်ခေါ်သည်။ မင်္ဂလာမရှိ။ ဟိုခြံကြီးဒီ လှစ်ကနဲ ပြေးသွားတာ တွေ့ လိုက်၏ ။ မေမေနှင့် ဖေဖေ သိလျှင် ဆူခံရအုံးမှာ ။

တစ်နေ့တစ်နေ့ အဲ့ဒီတိုက်ကြီးစီပဲ သွားတတ်သည်။ ပြောလို့လည်းမရ။ သူငယ်ချင်းကို အရမ်းခင်နေသည်။

“ဋ္ဌေးမရေ”

တံခါးဖွင့်ထားတော့ ခြေဖွနင်းကာ အိမ်ထဲဝင်လာခဲ့၏ ။

“ဟင်”

ထမင်းစားခန်းမှာ ဋ္ဌေးမအကိုကြီးက ဖန်ခွက်တစ်ခွက်နှင့် ရီဝေဝေလှမ်းကြည့်၏ ။ ဋ္ဌေးမလည်း မရှိပါလား။ မင်္ဂလာရုတ်တရက် လန့်သွားကာ အိမ်ပြန်ဖို့ပြင်သည်။

အရမ်းငယ်သေးပေမယ့် အရက်ခိုးငွေ့ပါသော နက်ရှိုင်းရှိုင်းအကြည့်ကို အန္တရာယ်ရှိမှန်း သိလိုက်၏ ။ မ ဖြစ်ပါဘူး။ မင်္ဂလာက ချာကနဲ ပြန်လှည့်သည်။

“ဟေ့”

ဋ္ဌေးမ၏ အကိုက မင်္ဂလာ့လက်ကို ဖမ်းဆွဲထား၏ ။

“လာပါအုံးကွ”

ခါးကို တင်းကြပ်စွာ လာဖက်တော့ စိုးထိတ်ကာ အော်မိသည်။

“မင်္ဂလာကို လွှတ်၊ မဖမ်းပါနဲ့၊ လွှတ်ပါ”

ဋ္ဌေးမအကိုက မင်္ဂလာ့ကိုယ်လေးကို စွေ့ခနဲ ပွေ့ချီလိုက်၏ ။

“အား…ဘယ်ခေါ်သွားမလို့လဲ၊ မင်္ဂလာကြောက်တယ်။ လွှတ်ပေးပါ။ မဖမ်းပါနဲ့။ အခုလွှတ်ပေးပါ”

မင်္ဂလာက ရှက်လန့်ကြောက်ရွံ့စွာ ရုန်းသည်။ အော်သည်။ သို့ သော်အရာ မရောက်။ ဋ္ဌေးမအကိုက မင်္ဂလာ့ကို ဇွတ်အတင်းဖမ်းဆွဲထား၏ ။

* * * * *


“ဟင့်…ဟင့်…ဟင့်”

မင်္ဂလာက ခြံထောင့်ကလေးမှာ မတ်တပ်ရက်ကာ တရှုံ့ရှုံ့ငိုသည်။ အိမ်ကိုလည်း ချက်ချင်း မပြန်ရဲ။ ဋ္ဌေးမအကို ထပ်လိုက်လာမှာ လည်း စိုးသည်။

လူတကိုယ်လုံး ကြောက်ရွံ့ကာ တဆတ်ဆတ်တုန်နေ၏ ။

“မင်္ဂလာ”

“အမယ်လေး”

မမမာယာချို ရောက်လာတော့ မင်္ဂလာလန့်ဖျပ်သွား၏ ။

“ဟဲ့…ဂါဂါ…ဘာ ဖြစ်တာလဲ”

မာယာချိုက ဖရိုဖရဲနှင့် မင်္ဂလာကိုကြည့်ကာခေါင်းထဲ မိုးကြိုးပစ်လိုက်သလို ဖျန်းခနဲ ဖြစ်၏ ။ ဒုက္ခပါပဲ။ မင်္ဂလာချောက်ထဲကျပြီ။

“ဋ္ဌေးမအကိုက … ဂါ့ကို…ဂါ့ကို…အနိုင်ကျင့်တယ်မမ၊ ဂါ အရမ်းကြောက်တယ်”

“ဘုရားရေ”

မာယာချို တိုးတိတ်စွာ ရေရွတ်မိ၏ ။

“ဘယ်မှာ လဲ အဲ့ဒီလူ”

“သူ…သူ မူးနေတယ်”

“လာ…လာ၊ အိမ်ပြန်မယ်…ဖေဖေ မေမေတို့ကို သွားပြောရအောင်၊ ဒီစကဒ်က အရမ်းတိုတယ် မဝတ်ပါနဲ့ဆိုတာ မရဘူး၊ နင်ကလေး မဟုတ်တော့ဘူး ဂါဂါရဲ့ ”

“စကဒ်က အီစွတ်ကြိုးခုန်ရအောင် ဝတ်ထားတာ”

“ခက်လိုက်တာ”

မာယာချိုက ညီမငယ်ကို ဖက်ထွေးကာ အိမ်ကိုပြန်ခေါ်လာ၏ ။ မူးနေသော ယောက်ျား တစ်ယောက် အနားကို မာယာချိုမသွားရဲပါ။

အန္တရာယ်ကို သိသည်။ အရက်ကိုပဲ အပြစ်တင်ရမယ်။ စကဒ်တိုတိုကလေးနှင့် သူစိမ်းအိမ်ကို ရမ်းသမ်းစွတ်ရွတ်လည်တတ်သော ညီမကိုပဲ အပြစ်တင်ရမယ်။ ပြဿနာက စပါပြီ။

* * * * *




ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ လမ်းခွဲသူရယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မောင့်ပခုံးတစ်ဖက်

ဝတ္ထုတစ်ပုဒ်