
အခန်း (၁)
ချစ်သူကလေးရယ်
လမ်းပျောက်ပြီးအားငယ်မနေပါနဲ့
မှော င်မည်းမည်း ညထဲ
မီးအိမ်ငယ်လေးထွန်းပြီး
မင်းကို ကိုယ်လမ်းပြခေါ်ပါ့မယ်။
မင်းယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ပါ။
မထင်မှတ်ပါဘဲ
ကိုယ်ရုတ်တရက် လဲကျသွားစဉ်မှာ
ချက်ချင်း ပြန်ထရပ်ဖို့
ကြိုးစားမိတဲ့
ကိုယ့်ဆီ..ကမ်းလာတဲ့
မင်းလက်တစ်ဖက်အတွက်
ကျေးဇူးပါပဲချစ်သူ
ခင်လွန်းခင်
ဒေါ်သီသီသန့်က ကားထဲမှာ ငြိမ်သက်စွာ ထိုင်နေရင်း ဆေးရုံက ကိစ္စတွေ ကို ပြန်စဉ်းစား နေမိ၏ ။
တစ်နေ့တစ်နေ့ ဆေးရုံနှင့် အိမ် အချိန်ကုန်ရင်း သား “မင်းကောင်းကင်” ကို ပစ်ထားသလို များ ဖြစ်နေပြီလားမသိ။
သားအမိနှစ် ယောက် တည်းရှိတာမို့ သားအတွက် စိတ်ပူမိတာ အမှန်။
ဖုန်းဝင်လာတော့ ကောက်ယူထူးမိသည်။
“မမ ဘာလုပ်လိုက်တာလဲ လက်ဆောင်တော့ ပိုပြီး လူမလာဘူးလား ကိုယ့်တူအရင်းပါ ဗျာ”
“ဆေးရုံမှာ အရေး ကြီးခွဲစိတ်စရာ ရှိလို့ပါ၊ ဖြူလေးရဲ့ စေ့စပ်ပွဲ မလာ ဖြစ်ပေမယ့် လက်ထပ်ပွဲ တော့ ရောက်မှာ ပါ”
ဟု ဆိုမိ၏ ။
“မင်းကောင်းကင်ကို လွှတ်လိုက်လေ၊ ဖြူလေးတို့က သူ့ကိုတအားတွေ့ ချင်နေတာ သူတိုပ မှာ ဒီအစ်ကိုကြီးပဲရှိတာ မဟုတ်လား”
“ မင်းကောင်းကင်က လာမှ မဟုတ်ဘူး။ သူကေ ပြာစကား နားမထောင်ဘူး သူ့အဖေသာ ရှိရင် သူတော့မလွယ်ဘူး”
“မမ.. သူ့ကို ရအောင် လွှတ်လိုက်ပါဗျာ သူ အိမ်ထော်ကျအောင် မိန်းမလှလေးတွေ ရွေး ပေးမယ် သူ ငြင်းလို့မရဘူး”
“ဒါပေမဲ့ သူက ကြိုက်မှ ဖြစ်မှာ မဟုတ်လား။ သူ့ဇနီး မောင်းနဲ့ကျမှ သူ သဘောပေါက် မယ်။ သူကြိုက်ပေမယ့် မိန်းကလေးရှိမှ ရှိပါ့မလားပဲ ရှိခဲ့ရင်တောင် ဘယ်သွာယရှာမရလဲ မသိဘူး”
သားအကြောင်းကို ကျကျနန သိထားတာမို့ ဒေါ်သီသီသန့်က မောင် ဖြစ်သူ “လူသန့်” ကို ပြောလိုက်၏ ။
သားဦးလေးကလည်း သား ဖြစ်သူကို မိန်းမပေးစားချင်းတာကြာပါပြ။
အလှမ်းဝေးနေလို့သာ
အိမ်ရောက်ရောက်ချင်းပဲ လှေကားက ဆင်းလာသော သားကို…
‘သား ဦးလေး ဖုန်းဆက်တယ်”
ဟု ပြန်ပြောပြမိ၏ ။
သားက ဟန်ပါပါပြုံးရင်း ပခုံးတွန့်ကာ အမေပြောလာမည့်  စကားကို သိနေသလိုလို
“စေ့စပ်ပွဲကို သား မလာဘူးဆိုလို့ သူ စိတ်ဆိုးနေတယ်”
ဟုဆိုရင်….
“ဒီကြက်ကင်က ဆိုင်က ၀ယ်ထားတာ”
ဟု စားပွဲမှာ ချပေးမိ၏ ။
“အဲဒါကြောင့် တစ်ခုခု လိုနေပါတယ်လို့ ထင်သားပဲ”
သားက ထမင်းစားပွဲမှာ ၀င်ထိုင်နေပြီမို့ လိုအပ်သမျှ ပြင်ဆင်ပေးရသည်။
“သား ဖြူလေးက သားကို အစ်ကိုကြီး တစ်ယောက် လို သဘောထားတာ သား မသွားရင် သူ မစိတ်ကောင်း ဖြစ်နေလိမ့်မယ်”
မင်းကောင်းကင်က ဘာမှ ပြန်မပြောဘဲ ထမင်းတစ်ဇွန်း ခပ်ထည့်ကာ
“ဒီစဟာတွေ ပဲ စားစားနေရတာ သား ငြီးငွေ့လာပြီ”
ဟု စကားလွှဲ၏ ။
ခဏ ခဏ အငြင်းစကားဆိုရတာ ၀န်လေးလို့ပါ။
“ဒီ ငါးကြော်ကို ကြည့်ပါလား ဆီတ၀င်းဝင်းနဲ့ ရွှံစရာကြီး”
“အဲဒါ မေမေ မှာ ထားပါတယ်။ ဘာချက်ချက် ဆီလျှော့ချက်ဆိုပြီး မေမေ မချက်ပေးနိုင်တာ တောင်းပန်ပါတယ်သားရယ်”
“မေမေ တကယ်ပြောတာ မေမေ့ လူနာနှစ် ယောက် က မေမေ မရှိရင် မ ဖြစ်ဘူး။ တစ်ယောက် က ခွဲစိတ်ရမယ်။ အဲဒါကြောင့် စေ့စပ်ပွဲ မေမေ မသွားနိုင်တာ။ သား သွားသင့် တယ်။ မေမေ့ မွေးလူနာက အဲဒီ နေ့မွေးမှာ အမြွှာဗိုက်သားး သိပါတယ်။ မေမေ့သူငယ်ချင်း သက်စာရဲ့ သမီးလေး”
“သား မသွားချင်စရာ အကြောင်းမရှိဘူး၊ ဘာလို့ မသွားချင်ရတာ လဲ ပြောပြေ”
ဟု မေမေ မေးလာသော အခါ..
“ရှိပါတယ် မေမေ
ဟု မင်းကောင်းကင် ချက်ချင်း ဖြေ၏ ပြီးမှ မေမေ့ ကိုလှမ်းကြည့်ရင်း…
“သား … ရန်ကုန်ကို ခြေချတာနဲ့ လေးလေးလူက ရွေးတော့မယ် သူက M.A၊ သူက B.A သူ ကတော့ Ph.D၊ သူက ချမ်းသာတယ်၊ သူက မျိုးရိုးကောင်းတယ်၊ သူလည်း အောင်မြင်ကျော် ကြားတာပဲ.. မဆိုးဘူးဆိုပြီး သားကိုစားမှာ အစိမ်းစားမှာ ဗျာ”
“မေမေ့ကိုပဲ သားကြိုက်ကြိုက်၊ မကြိုက်ကြိုက် အတင်းကျွေးသလိုမျိုးပေါ့။ လေးလေးလူ စီစဉ်မှာ သားသိတယ်။ လေးလေးလည်း ထိုနည်းလည်းကောင်းပဲ သားကြိုက်ကြိုက် မကြိုက် ကြိုက် အတင်းပေးစားမယ် ဆိုတာပဲ”
မင်းကောင်းကင်အသံက စိတ်ပျက်လက်ပျက်။
“သား တစ်ယောက် လုံး လူပျိုကြီးဘ၀နဲ့ အရိုးထုတ်တော့ မလို့လား”
ဟု မေမေက မေးလာ၏ ။ သူက မဆိုင်းမတွပင်…
“လူပျိုကြီးတွေ က အသက်ရှည်တယ်ဗျာ”
ဟု ဖြေလိုက်၏ ။
သူတို့ရဲ့ အချိန်တွေ ကုန်ခဲ့လို့ပါ သားရယ်”
“သား လွတ်လွတ်လပ်လပ် နေချင်တယ်”
မင်းကောင်းကင်က အချုပ်အခြယ် မကြိုက်၊ အနှောင့်အဖွဲ့မခံ၊ တစ်ယောက် တည်း သီးသန့် အေးဆေးစွာ နေတတ်သည်။
ကောင်မလေးတွေ ကိုစိတ်မ၀င်စား။
သူထမင်းစားနေတုန်း ဖုန်းမြည် လာတော့ မေမေက သွားထူးပြီး သူ့ကို ဖြူလေးဖုန်းဟု ခေါ် ပေး၏ ။
“စေ့စပ်ပွဲကို ကိုကြီး မလာဘူးလို့ ဖေဖေ ပြောတတ်တယ်ဟုတ်လား”
ဖြူလေးအသံက ငိုသံစွတ်နေတာမို့ ထိတ်ခနဲ ဖြစ်ကာ………
“အဲဒါက…..”
ဟု ပြန်ဖြေရခက်နေမိသည်။
“ငိုနေတာလား”
“မငိုပါဘူး”
“ဘာ ဖြစ်လို့လဲ”
“ဖေဖေက စကားနားမထောင်ဘူးတဲ့၊ ကိုကြီး မလာရင် ညီမလေး လက်မထပ်ချင်တာ ဘယ်သူပြောပေးမလဲ”
ဖြူလေး စကားက ဆန်းနေသည်။
ဖြူလေးဆန္ဒ မပါဘဲ လူကြီးတွေ က ဇွတ်စီစဉ်တာများ လား။
“ဘာ ဖြစ်လို့လဲ ဖြူလေး….ရှင်းပြပါဦး င့ါကို……..”
“ညီမလေး သူ့ကိုမချစ်ဘူး”
”ဟေ..”
ဟု အံ့သြသွားရင်း….
”ဒါဆို ဘာ ဖြစ်လို့ စေ့စပ်လဲ”
ဟုမေးမိ၏ ။
”အိမ်က လူတွေ အတင်းအကြပ်လုပ်လို့ လက်ခံရတာ ”
”ဘာ….ညီမလေး ဘာလုပ်မလဲ၊ဒီအတိုင်း ငုံ့ခံမလို့လား၊ ငြင်းလေ ငြင်းရမှာ ပေါ့၊ ညီမ လေးမှ လက်မထပ်ချင်ဘဲ”
”သူတို့ ဖိတ်စာကမ်းတာ ထိုင်ကြည့်နေမယ်”
”ပြီးတော့ရော…….”
”သူတို့က ညီမလေးကို သတို့သမီးဝတ်စုံ ၀ယ်ပေးလိမ့်မယ်”
”ပြီးတော့ရော….”
”ညီမလေးကို ခန်းမထဲ ခေါ်သွားမယ်”
ဖြူလေးအသံက တစ်ခုခု ဆုံးဖြတ်ထားပုံပါ။
”ပြီးတော့ရော……”
”ညီမလေး ထွက်ပြေးမယ်”
”မပြေးနဲ့ …ဖြူလေး ၊ကိုကြီး လာမယ်”
ဟု သူ ချက်ချင်း တားမိသည်။ အဲဒီ လို လုပ်လို့မ ဖြစ်။
”ကိုကြီးလာမယ်တဲ့”
ဖြူလေးက ၀မ်းသာအားရ ရေရွတ်ပြီး ဖုန်းချကာ တခစ်ခစ် ရယ်မိ၏ ။ သည်လိုမှ ညာမခေါ်လျှင် မင်းကောင်းကင်က လာမှာ မဟုတ်။
ဖေဖေရော၊ ဖြူလေးရော ညီမလေးရော၊ မောင်လေးရော၊ အားလုံးက လာစေချင်တာ၊ ကိုကြီး မင်းကောင်းကင်ကို တစ်အိမ်လုံးက ရောက်လာဖို့ မျှော်လင့်တာ မဟုတ်လား။ ဖြူလေး စေ့စပ်ပွဲမှာ ကိုကြီးကို ရှိစေချင်ပါသည်။
”လုံးဝမသွားဘူး”
ဟု ဆုံးဖြတ်ထားသော်လည်း ဖြူလေးစကားတွေ ကြောင့် မင်းကောင်းကင် စိတ်ကူး ပြောင်း သွားရသည်။
အ၀တ်အိတ် ကောက်ယူကာ ထွက်လာခဲ့၏ ။
”ဒီမှာ ကျွန်တော် ဒီခရီးစဉ်နဲ့ လိုက်ရမှ ဖြစ်မှာ မိုလို့ပါ”
”ထိုင်ခုံတွေ မရှိတော့ပါဘူး”
ဟု လက်မှတ်ရောင်းသော ကောင်မလေးက အာနာပြုံးနှင့် ဆို၏ ။
”ကျွန်တော့် ထိုင်ခုံ ရောင်းပြီးပြီလား”
ဟုမေးတော့ ခေါင်းညိတ်ပြ၏ ။ သူ မကျေမနပ် ဖြစ်သွားကာ…….
”ဘယ်သူ့ကိုလဲ……..”
ဟု ထပ်မေးမိသည်။
ကြိုတင်ဖုန်းနှင့် (Booking) လုပ် ထားပေမယ့် သူက ကားထွက်ခါနီး မှ ရောက်လာတာကိုး။
ဆက်ဆက်လာမယ်ဆိုတာ ဖုန်း ထပ်ဆက်သင့်တာ။
”ဟိုမှာ ဖုန်းဆက်နေတဲ့ အစ်မကို……..”
”ခဏလေးနော်…ကျွန်တော် သွားပြောကြည့်မယ်”
မင်းကောင်းကင်က ဖုန်းပြောနေသော ကောင်မလေးအနား တိုးကပ်သွားလိုက်၏ ။
ချိုအိမွှေးပျံ့သော ရနံ့လေးတစ်မျိုးကို ဦးစွာ ရှုရှိုက်မိ၏ ။
ဂျင်းဘောင်းဘီကလေး တီရှပ်ရဲရဲကလေးနှင့် အင်မတန် ချစ်စရာကောင်းသော ကောင်မလေးပါ။
သူမဆီမှ ရေမွှေးရနံ့လား ရှန်ပူရနံ့လား ခွဲခြားရခက်သော ရနံ့ကလေးတစ်မျိုးက သူ့ဆီလွှင့်လာကာ မှတ်မိယဉ်ပါးသွားသလိုပါ။
”ဘယ်လိုခံစားရသလဲ သိလား၊ တအား လွမ်းတယ်၊ လွမ်းတယ် မဟုတ်လား……ရတယ်၊ နောက်နှစ် ရက်လောက် ထပ်နေလိုက်မယ်၊ မဟုတ်ဘူး၊ ဒီနေ့ ခရီးစဉ်နဲ့ လာမယ်”
ရယ်ရွှင်မြူးကာ ဖုန်းပြောနေတာမို့ သူ့ဘေးရောက်နေတာမသိ။
”တစ်ဆိတ်လောက်”
”ရှင်”
သူ အသံပြုမှ ဘေးကို ဆတ်ခနဲ ငဲ့ကြည့်လာ၏ ။
”တစ်ခုလောက် ကူညီပါလား”
”ပြောလေ…….”
ဟု သူမက မေးဆတ်ပြ၏ ။ သူက အပြုံးယဲ့ယဲ့နှင့် အားနာစွာ …….
”မင်း ထိုင်ခုံ ရမလား”
ဟု မေးမိသည်။
ကောင်မလေးက မျက်မှော င်ကြုတ်ကာ သူ့ကို ကြည့်ပြီး၊ ထိုင်ခုံကနေ ဆတ်ခနဲ ထလျက် လက်ဆန့်ထုတ်ကာ ထိုင်ပါ ဟု အမူအရာနှင့် ဆို၏ ။
လွဲသည်။
သူလိုချင်တာက တစ်ခြား…သူပြောတာ အဲဒီ ခုံမဟုတ်။
”ကိုယ်ပြောတာ ဒီခရီးစဉ်က ထိုင်ခုံ…ကားထိုင်ခုံပါ။ ကျွန်တော် ဘိုကင် လုပ်ထားပြီးသား၊ နောက်ကျနေလို့ ခင်ဗျားကို ရောင်းလိုက်တာ၊ ကျွန်တော့်သား ရန်ကုန်က ကလေးဆေးရုံကြီး မှာ ….သားက သိပ်ဖျားပြီး အသည်းအသန် ဖျားနေတယ်”
ဟု မင်းကောင်းကင်က ပါးစပ်ထဲရှိရာ ညာလိုက်၏ ။
”ဘာ ရောဂါ လဲဟင်”
ဟု ကောင်မလေးက သိပ်မသင်္ကာသလို မေးလာ၏ ။
သူလည်း ညာပြီးလက်စနှင့် ပိပိရိရိ ဆက်ညာ၏ ။
”နှလုံး ရောဂါ ”
”အသက် ဘယ်လောက်လဲ”
ဟု ဇဝေဇ၀ါ မျက်နှာကလေးနှင့် မေးလာသော အခါ….
”၂၆ နှစ် ”
တုံးတိတိ ဖြေမိ၏ ။
သူမက မျက်လုံးပြူး၍ …..
”ရှင်ကော…..”
ဟု ဆက်မေးလာသည်။
”၂၆ နှစ် ”
”အဖေရော သားရော ၂၆ နှစ် လား”
ပါးစပ်ကလေးကဟလျက် အလွန်အံ့သြစွာ ဆိုလာတော့ သူ ရှက်ရှက်နှင့် ရယ်ကာ….ဖုံးဖိဖို့ ကြိုးစားရသည်။
”သားကို မေးတာလား၊ ကိုယ်က ၂၆ နှစ် ဆို သူက ဘယ်လောက်ရှိမလဲ၊ ၃…..၄ နှစ် ပေါ့၊ ဟုတ်တယ်….၄ နှစ် ”
”အဲဒီ ကလေးလေးက နှလုံး ရောဂါ ရှိသလား”
ဟု သံသယမျက်လုံးနှင့် ကြည့်ကာ မေးလာ၏ ။
လုံးဝ မယုံ။
”မင်း ဆရာဝန် မဟုတ်ပါဘူးနော်”
ဟု သူက မေးပြီးမှ….ဆက်ညာဖို့ စဉ်းစားထား၏ ။
”ဟင့်အင်း…ကျွန်မ ဆရာဝန် မဟုတ်ပါဘူး”
စူးစူးလက်လက် မျက်လုံးကလေးနှင့် ကြည့်ကာ ခေါင်းရမ်းသည်။ စွဲမက်ဖွယ်ရာ အပြုံးကလေးနှင့် ကြည့်လင်အေးမြသော မျက်နှာ။ သူ ဆက်ညာရမှာ ပင် ၀န်လေးသွားသလိုပင်။
ကောင်မလေးကို အားနာစရာ။
သို့ သော် မတတ်နိုင်ပါ။
သူ အချိန်မီရောက်မှာ သာ ဖြူလေးဆန္ဒကို သေချာမေးမြန်းပြီး တားစရာရှိတာ တားခွင့်ရမှာ ။
သူ နောက်ကျလို့ လုံးဝမ ဖြစ်။
”ဒါမျိုးက ဖြစ်ခဲပါတယ်။ နှလုံးမှာ ဇကာပေါက် ဖြစ်နေတာ”
“ရှင်”
“အဖျားတွေ တက်….သွေးပေါင်ချိန်လည်းကျ အား….အရမ်းသနားစရာ ကောင်းပါတယ် ကွာ”
ကောင်မလေးက မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ဇဝေဇ၀ါ မျက်နှာကလေး၊ မျက်တောင် ကလေး ခတ်ကာ ခတ်ကာ။
“ကိုယ်က ဒီမှာ အလုပ်လုပ်နေတယ်၊ သူက အဲဒီ ကနေ ခေါ်နေတယ်။ ဖေဖေ….ဖေဖေနဲ့ ..ရင်ထဲမှာ ပူပြီး ဒီမှာ လုပ်လို့မရဘူး”
ကောင်မလေးက ပင့်သက်ရှိုက်နေသည်။
“ကိုယ်မရှိရင် သူဆေးသောက်မှာ မဟုတ်ဘူး။ ကိုယ် ရန်ကုန်ရောက်မှ ဖြစ်မယ်။ သားကို ဆေးတိုက်ရမယ်။ ပစ်ထားလို့မရလို့ပါ”
ဟု သူက အနူအညွတ် တောင်းဆိုလိုက်သည်။
“ကူညိနိုင်တဲ့ လူဆိုလို့ မင်းပဲရှိတယ်။ ကျေးဇူးပြုပြီး နောက်ခရီးစဉ်ကျမှ စီးပါ။ ဒီမှာ နေဖို့ စီစဉ်ပေးပါ့မယ်”
သူက မရမက ပြောသည်။
ကောင်မလေးက သူ့ကို အကဲခတ်သလိုကြည့်ပြီး နောက်…
“မ ဖြစ်ဘူး”
ဟု ခေါင်းခါ၏ ။
“ဗျာ”
သွားပါပြီ။
ညာလိုက်ရတာ မောသွားပြီ။
“မ ဖြစ်ဘူးဆိုတာ ကျွန်မအတွက် မစိုးရိမ်နဲ့လို့ ပြောတာ၊ နောက်ခရီးစဉ်နဲ့ လိုက်လိုက်မယ်။ ရှင် သွားရဖို့ အကြီးတယ် မဟုတ်လား”
ဟု ပိုက်ဆံအိတ်ထဲက ကားလက်မှတ်ကို ယူထုတ်လျက်
“ရှင့် ခံစားချက်ကို ကျွန်နားလည်ပါတယ်
ဟု ဆိုလာသည်။
ဟာ…
သူ ၀မ်းသသွား၏ ။ ပိပိရိရိညာတာကို ယုံသွားခဲ့ပြီ။
“ကျွန်မလက်မှတ် ဖျက်လိုက်ပြီ ရှင့်ကို လွှဲပေးမယ်လား”
ဟု လက်မှတ်ရောင်းရာ နေရာဆီ လျှောက်သွားကြသည်။
“ကျွန်တော့် လက်မှတ်လုပ်ပေးပါ”
ဟု သူက လက်မှတ်ရောင်းသော ကောင်မလေးကို တောင်းဆိုလိုက်၏ ။
ကောင်မလေးက ကားဘေးအထိ သူ့ကို လိုက်ပို့ပြီး..
ပြတင်းပေါက်ဘေးက ထိုင်ခုံ“
ဟု ပြောပြသည်။ သူက ကောင်မလေးကို အားနာပြုံး တစ်ခုပြုံးပြပါ၏ ။]
“သူ ကောင်းသွားမှာ ပါ”
အားပေးနှစ် သိမ့်သလို ဆိုလာသော အခါ သူ ကြောင်အမ်းကာ…
“ဘယ်သူလဲ
ဟု လွှတ်ခနဲ ပြန်မေးမိသည်။ ကောင်မလေးက သူ့ကို စာနာနိုင်သလို ပြုံးနေပါရော လား။
“ရန်ကုန်က ရှင့်ကေလးပေါ့”
သားအတွက် စိုးရိမ်စိတ်နှင့် အယောင်ယောင် အမှားမှား ဖြစ်နေသည် ထင်ရှာတာလား။
“ကလေး…”
“အင်းလေ ..ရှင့်သားနေမကောင်းဘူးဆို”
ကမန်းကတန်း ခေါင်းညိတ်ပြရသည်။
‘ ခင်ဗျား အခုလို ကူညီပေးတဲ့အတွက် သူ ကောင်းသွားမှာ ပါ”
ကောင်မလေး စိတ်ချမ်းသာအောင် တခွန်ဖြည့်လိုက်၏ ။ သူမနှုတ်ခမ်းမှာ ကျေနပ်သော အပြုံးတစ်လေးတစ်ခု သူ့ကို လက်ပြရင်း ကျေနပ်စွာ ကျန်ရစ်ရှာသည်။
“လေးလေးလာ ကျွန်တော် လာမယ် လေးလေးကြိုနေနော် ကျွန်တော် ကားနဲ့ ခုပဲ ထွက်လာပြီ”
ဟုန်းဖုန်းနှင့် လေးလေးလူစီ အကြောင်းကြားထားလိုက်၏ ။ လက်ထဲ ကိုင်ထားသော ကား လက်မှတ်ကို ကြည့်ပြီး သူ တစ်ယောက် တည်း ရယ်မိသည်။
မင်းကောင်းကင် မင်းက ကိုယ့်ကိုယ်ကို အဟုတ်ကြီး မှတ်နေတုန်း မင်းပုံစံက ကလေးအ ဖေ ရုပ်လို ရင့်ထော်နေပြီပဲ။
အခန်း (၂)
လေးလေးလူက ကားထဲက ဆင်းလာသော သူ့ကို ဆီးကြိုပွေ့ဖက်ကာ အားပါးတရ ဆို လာ၏ ။
“သက်ကျော်ရာကျော် ရှည်ပါစေ၊ မိန်းမလှလေးရပါစေ”
မင်းကောင်းကင် မျက်နှာ မချိုမချဉ် ဖြစ်သွား၏ ။
“လေးလေး ကတော့ ခြေချလိုက်တာနဲ့ စပြီ”
မကျေမနပ် ရေရွှတ်လိုက်ရင်း….
“ဖြူလေးအတွက် စိတ်ပူလို့ လိုက်လာတာ”
“ကောင်လေးက လူရည်မွန်လေးပါ”
လေးလေးလူက ဖြူလေး ခံစားချက်ကို သိပုံမပေါ်။
“ဟုတ်လား”
“ဟုတ်တယ် သူက ရှားမှရှားတဲ့ လူစားကွ”
“သေချာလို့လား”
လေးလေးလူက ရဲရဲကြီး ခေါင်းညိတ်၏ ။
“မှန်တယ် ရှားမှရှားပဲလေ”
မဟုတ်သေးပါ။
တစ်ခုခု လွဲနေပါပြီ။
ဖြူလေး ပြောထားတာတွေ က တစ်မျိုး၊ ဘာလို့များ လဲ။
“မင်းသူ့ကို သိလား”
လေးလေးလူက မေးလာ၏ ။
“ဖြူလေး သတို့သားလောင်းကိုလား”
“မှန်ပါ့”
မင်းကောင်းကင် ဖြူလေး ပြောပြထေားသာ စကားအပေါ် နင်းလျှောက်ဖို့ စိတ်ကူးမိ၏ ။
လေးလေးကို မသိအောင် ပြောပြမှ ဖြစ်မည် ။
“သိတာပေါ့ တက္ကသိုလ်က Ph.D ဘွဲ့ ရထားတဲ့သူလား”
လေးလေးက ဆတ်ခနဲ ခေါင်းညိတ်၏ ။
“ဟုတ်တယ်လ ဒီမှာ ဓာတ်ပုံကြည့်ဦး”
သူက ဓာတ်ု့ ဆွဲယူကြည့်သည်။
“ဟာ သွားပါပြီ ထင်တော့ ထင်သားပဲ တကယ်ပဲ အဲဒီ လူ ဖြစ်နေတာကိုး”
ဟုယူကျုံးမရပုံစံ လုပ်ပြတော့
“ငါ့သွေးတွေ တက်နေပြီ။ ပွင့်ပွင့်လင်းလင်းပြောကွာ”
လေးလေး ခေါင်းကြီတ်းသွားတော့သည်။
“ငါ့သမက်လောင်းက ဘယ်သူနဲ့ ဘာ ဖြစ်လို့လဲ ဘာပြဿနာရှိလို့လဲ မင်းသိသမျှ ပြောကွာ မခြွင်းမချန်ပြော”
‘သူ့မှာ သူကြိုနေတဲ့ သူရှိတယ်။ တွဲ နေတာ ကြာပြီ။ သူငယ်ချင်းတွေ က အားလုံး သိတယ်။ ဖြူလေးလည်း သိမှာ ပါ။ သူက ဖြူလေးနဲ့ လက်ထပ်ဖို့ အဲဒီ တစ်ယောက် ကို ပစ်ခဲ့တာ။ ဖြတ်လိုက် တာ သူတို့ချင်း တွဲ ခဲ့တာ နှစ် တွေ မနည်းတော့ဘူး”
“ဘာ”
မင်းကောင်းကင်က ခေါင်းတရမ်းရမ်းနှင့် လေးလေးကို နားချ၏ ။
“သူ့ကို ခွင့်လွှတ်လိုက်ပါ”
လေးလေးက မျက်လုံးပြူးသွား၏ ။
“ခွင့်လွှတ်ရမယ် ဟုတ်လား”
မင်္ဂလာရက်ပင် ရွေပြီးသား အားလုံး စီစဉ်ပြီးနေပြီ။
“လေးလေး ပြောထားတယ်လေ သူက ရှားမှရှားဆို။ တကယ်ပဲဗျာ တစ်ဖက်က ကောင်မလေးသနားပါတယ်။ ဒီလူ တော် တ်ာရက်စက်တယ်”
“မင်း တကယ်ပြောတာလား”
မျက်နှာကြီး မည်းတက်ကာ လေးလေး အရှိုက်ထိသွား၏ ။
“ကာယကံရှင်ကိုယ်တိုင်ပြောတာ ပါ လေးလေးရာ”
သူက ခုမှ ဖွင့်ဟအသိပေးလိုက်သည်။
ဖြူလေး ပြောတာ ဟုတ်လား”
မယုံသင်္ကာ မေးလာတော့ အခြေအနေက မဟန်သေး။
“မဟုတ်ဘူး အသည်းကွဲနေတဲ့ ကောင်မလေး ပြောပြတာ။ သူတို့နှစ် ယောက် ချစ်လျက်သားနဲ့ ခွဲခွာကွေးကွင်ရခပြီတဲ့”
“ဘာ ဖြစ်လို့ ငါ့သမက်က သူ့ကို လက်မထပ်တာလဲ”
လေးလေးက ချက်ချင်း ထောက်မေး၏ ။
“သူက လက်ထပ်ချင်ပါတယ်။ အခြေအနေက မပေးဘူး ဖြူလေးကလည်း မက်မော ချင်စရာ သူ လေးလေးသမက် ဖြစ်ချင်တာ၊ ပြီးတော့ သူ့မိဘတွေ စိတ်ဆင်းရဲမှာ စိုးလို့ သူ့ချစ် ကိုစတေးခဲ့တာ သူ့ရည်းစားကိုဖြတ်တာ၊ တကယ်ပြတ်မပြတ် လည်း မသေချာဘူး။ ယူပြီးမှ ပြန်ဆက်ရင်လည်း ဆက်နိုင်တယ်”
“ခုထက်ထိ ချစ်နေတုန်းပေါ့”
“ဟုတ်တယ်”
လေးလေးက မင်းကောင်းကင်ကို အကဲခတ်လော့နေ၏ ။ နည်းနည်း တော့ ရိပ်မိပြီ။
“ငါ့သမီးရဲ့ ပြိုင်ဘက်က ဘယ်သူလဲ၊ ပြောစမ်းပါဦး”
“ဖြူလေးတို့နဲ့ တစ်နှစ် တည်း ကျောင်းပြီးတာပဲလေ။ ကောင်မလေးက လှမှလှ။ မင်းသမီ လေးလိုပဲ”
“ဟုတ်လား”
“ဖြူလေး ပြောတာနဲ့ လွဲနေပြီ အဲဒီ ကောင်မလေးက မင်းတို့ မန္တလေးမှာ ဆို”
သူ တစ်ကွက် ဟာသွားပြီ ဘယ်ကမှန်း သူသေချာမသိ။
“မန္တလေးမှာ ရော ရှိသေးလို့လား”
လေးလေးက ခေါင်းတဆတ်ဆတ် ညိတ်သည်။
မင်းကောင်းကင် တမင်ပွဲဖျက်နေပြိဆိုတာ ဦးလူသန့်ရိပ်မိသွား၏ ။
ထို့ကြောင့် ဘာမှ ဆက်မပြောတော့ဘဲ…
“’ဒါဆို ဒီမင်္ဂလာပွဲကိုဖျက်ပစ်ရမှာ ပေါ့”
ဟု ခပ်တည်တည် ဆိုကာ..
‘အိမ်ပြန်ကြမယ်”
ဟု မင်းကောင်းင်ကို ခေါ်လာ၏ ။
သူ့စကားကြောင့် တစ်ထိုင်တည်း လေးလေးလူသဘောထား ပြောင်းသွား တာကို ကျေနပ် မိ၏ ။
သည်လိုမှ ဖြစ်ပါ့မလားလို့။
ဖြူလေး လက်မံချင်သော မင်္ဂလာကိစ္စကို သူ့ရှေ့မှာ မ ဖြစ်စေရပါ။
သူ ရောက်လာခဲ့ပြီပဲ မဟုတ်လား
မရ အရ တားကိုတားမှာ ။
ဖျက်ကို ဖျက်မှာ ။
သူက ဇွဲကြီးသည်။
ခင်လွန်းခင်က ထွက်သွားသော ကားကို ငေးကြည့်ကျန်ရစ်ကာ ပင့်သက်ရှိုက်သည်။
မတတ်နိုင်ပါ။
ဘယ်ဟာမှ လူ့အသက်လောက် အရေး မကြီးဘူးမဟုတ်လား။
နေကောင်းသော သားကလေးကို မြန်မြန်တွေ့ ခွင့်ရဖို့ ကလေးအဖေကို ခုနေရာ လွှဲပြောင်း ရောင်းပေးလိုက်ပြီမို့ ခင်လွန်း ကျန်ရစ်ခဲ့တာပါ။
ရင်ထဲမှာ ကျေနပ်ပိတိ ဖြစ်ပေမယ့် ကိုယ့်ကိစ္စလည်း မေ့ထားလို့မရ။
မင်္ဂလာစေ့စပ်ပွဲို အချိန်မီရောက်အောင် ချိတ်ထည့်တွေ ပို့ပေးရမှာ ။
ဖြူလေးတို့ လေးလေးလူတို့ ဘယ်လောက်မျှော်နေကြမလဲ။
စေ့စပ်ပွဲမှာ ၀တ်ဖို့ ၀တ်စုံကို ခင်လွန်းခင်က တာဝန်ယူထားခဲ့တာပါ။
ဖြူလေးအတွက် မျိုးကိုအတွက်ေ၇ာ ဆင်တူချိတ်ထည် ၀ယ်လာပြီးသားပါ။
အားလုံး စီစဉ်ပြီးပေမယ် အပြန်ခရီးကျမှပ လာထစ်ငေါ့သွာရသည်။
သည်နေ့ မသွား ဖြစ်လဆင် တစ်ရက်နောက်ကျတော့မှာ ။
အနည်းဆုံးတော့ ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောထားရတော့မည် ။
ဖုန်းမဆက်ထားလျှင် သူတို့ စိတ်ပူပြီး မျှော်တစောင့်စောင့် ဖြစ်တော့မှာ ..
ခင်လွန်းခင် ပြန်စဉ်းစားကြည့်သည်။
ခုနတုန်းကလူ တမင် ညာပြောတာများ လား။
ခင်လွန်း အညာခံလိုက်ကရတာ များ လား။
ဒါဟာ လိမ်ညာခြင်းဆိုလည်း ခင်ခွန်းက မလိုက်လျောဘဲ မနေနိုင်။
သူ ထုတ်ပြလောသော အကြောင်းပြချက် အရမ်းခိုင်မာလွန်းလှပါသည်။
ညာနေတာဆိုလည်း လက်ခံပေးရတော့မှာ ။
ဘာမှ မတတ်နိုင်။
ခင်လွန်းခင်ကရန်ကုန်ကို ဖုန်းခေါ်သည်။
လေးလေးလူဆိ ခေါ်မရတော့ ဖြူလေးဆီ ခေါ်၏ ။
ဖြူလေးက အရမ်းစိတ်ပူနေရှာသည်။
ဒီနေ့ ကားရရင် ဒီနေ့ လာမယ်။ မရရင် မနက်ဖြန် လာမှာ ပါ။ ဖြူလေးရယ် စိတ်မပူ ပါနဲ့“
“မမခင်လွန်း အချိန်မီ ရောက်ပ့ါမလား”
“ရောက်အောင် လာမှာ ပါ”
“ဖြူလေး ဘာမှ ၀တ်စရာ စီစဉ်မထားဘူး”
“အင်းလေ ခင်လွန်း ယူလာမှာ ပဲဟာ”
“ခုထက်ထိ မှ မရောက်သေးတာ”
“ဖြူလေးရယ် စိတ်မပူပါနဲ့ ဒီနေ့ လာမလို့ဘဲ ကားလက်မှတ်တောင် ယူထားပြီးမှ”
ခင်လွန်းခင်က အကျိုးအကြောင်း ရှင်းပြလိုက်၏ ။
ဟွန့် မမကလည်း ဒီမှာ အရေး ကြီးနေတဲ့ ဒီမှာ အရေး ကြီးနေတဲ့ဟာ ဘာလို့ ပေးလိုက်ရ တာလဲ”
‘သနားလို့ပါကွယ်”
“မမခင်လွန်း ကတော့ အဟုတ်ပဲ သူများ ညာလား ဘာလားမသိဘဲ အယုံလွယ်လွန်းတယ်”
ဖြူလေးက အသည်းယားနေ၏ ။
ခင်လွန်းခင်က အရမ်း သဘောကောင်းသည်။
ကိုယ်ချင်းစာတရား ရှိလွန်းသည်။
အဲဒါကြောင့် လည်း ဖေဖေက ခင်လွန်းခင်ကို သူအမြဲ တဖွဖွချီးမွန်းတာ အကောင်းပြော တာ။
“ကဲပါ မမရောက်အောင် လာမှာ ပါ။ စိတ်အေးအေးစောင့်နေနာ် မပူပါနဲ့”
“အင်း.”
ခင်လွန်းခင်က ဖြူလေး ကျေနပ်အောင် ဖုန်းဆက်ပြီးမှ စိတ်အေးသွားသည်။ သတို့သမီး လောင်းဆိုတာ ဘာမမဆို စိတ်လှုပ်ရှားလွယ်ပြိး ပူပန်စိုးရိမ်နေတတ်တာမဟုတ်လား။
ဖြူလေးက ခင်လွန်းခင်အတွက်တော့ ညီမလေး တစ်ယောက် လိုပါ။
လေးလေးလူတို့ တစ်အိမ်လုံးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့တာ လည်းကြာပါပြီ။
ခင်လွန်းခင်က ကားလက်မှတ် ၀ယ်ပြီးမှ ဒေါ်လေးတို့ အိမ်ကို ခဏ ပြန်ခဲ့၏ ။
တကယ်တော့ သူ့ကို ပြန်ပေးလိုက်ရသည့်ကားလက်မှတ်ကလည်း သူ့ကားလက်မှတ်ပါပဲ။
သူ ဘွတ်ကင်လုပ်ပြီး လာမယူလို့ နောက်ကျနေလို့သာ ခင်လွန်း လက်ထဲရောက်လာတာ ပါ။
သူ ညာတာလည်း ဟုတ်ချင်မှ ဟုတ်မှာ ပါ။
ကားလက်မှတ်ကို သူကြိုတင်ဝယ်ထားခဲ့တာပဲ မဟုတ်လား။
လောလောလတ်လတ် ရောက်လာပြီး တမင် ကြံစည်လိမ့်ညာခဲ့တာ မဟုတ်။
ဘယ်လို့ပဲ ဖြစ် ဖြစ် ခင်လွန်းက ကျေနပ်စွာ ပေးလိုက်ပါ။
ဖြူလေးတို့ စေ့စပ်ပွဲမှာ ၀တ်မည့်  ၀တ်စုံတွေ ကိုလည်း အားလုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပြီး အချိန်မီရောက်အောင် ပို့ပေးရတော့မည် ။
အချိန်မီ မရောက်လဆင် ခင်လွန်းခင်ကို အပြစ်တင်ြ ကတော့မှာ ။
လေးလေးလူကည်း နားလည်ခွင့်လွတ်မည် မဟုတ်။
အခန့်မသင့်လျှင် အလုပ်ပါ ပြုတ်သွားနိုင်သည်။
ခင်လွန်း ပင့်သက်မျှင်မျှင် ချမိ၏ ။
မျိုးကိုက သာရေး သေတ္တာကို ဖွင့်ချကာ ရှိသမျှ ပုဆိုးတွေ အင်္ကျီတွေ တစ်ထည်ပြီးတစ် ထည် ကပ်ပြ၏ ။ အချိန်မရှိတော့ပါ။ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မည် ။
“ဒီဝတ်စုံနဲ့ ဘယ်လိုနေလဲ”
“ချစ်စရာလေး”
ဖြူလေးက အသံမထွက်ဘဲ ဇာဇာက ၀င်ပြော၏ ။
“လှတယ် တော် ပါတော့ စိတ်မ၀င်စားဘူး”
ဖြူလေးက စိတ်ရှုပ်စွာ ဆို၏ ။
“လှလိုက်တာ”
ညီမလေး ဇာဇာက သူတို့အစမ်း ၀တ်ကြည့်သမျှကို ဗီဒီယိုကင်မရာလေးနှင့် မှတ်တမ်းတင် ပေး၏ ။
မောင်လေးဘုန်းဘုန်းက တဟေးဟေးနှင့် သဘောကျရယ်မောနေတော့ အခန်းလေးထဲ မှာ ဆူညံနေ၏ ။
“ခင်လွန်းခင် အချိန်မီ မရောက်ရင်ရော အ၀တ်အစားတွေ ယူမလာရင်ရော တကယ်ဆို ဒီနေ့ ရောက်ရမှာ ဘာလို့ မရောက်သေးတာလဲ”
ဖြူလေးက စိုးရိမ်စွာ မေးလာ၏ ။
စေ့စပ်ပွဲမှာ ၀တ်ဖို့ ချိတ်တို့ ပိုးတို့ မန္တလေးအထိ သွားဝယ်နေသော …
သူတို့နှင့် မိသားစုလို ဖြစ်နေသော …
ဖေဖေ့အတွင်းရေး မှူးမလေး ခင်လွန်းခင်
သဘောကောင်းလှသလို ဖေဖေ အရမ်းအားကိုးရသူလေးပါ။ ထက်မြက် ဖြူစင် သည်။
“မမလည်း တစ်ခုခု ရွှေးထားမှ ဖြစ်မယ်”
ထိုအချိန်မှာ ပဲ ဦးလူသန့်နှင့် မကောင်းကင်က ရောက်လာ၏ ။
ဦးလူသန့်က စိတ်ဆိုးမာန်ဆိုးနှင့်
“ဘာအ၀တ်အစားလဲ ဘာစတိုင်လဲ ဘာစိတ်လဲ”
ဟုမျက်နှာထား ခက်ထန်စွာ နှင် အော်ငေါက်၏ ။
“မျိုးကိုတောင် ၀တ်နေပြီ၊ ဖြူလေးမှ မကြိုက်တာ”
“မမ ဖေဖေတောင် ကြိုက်တယ် လှသာပဲဟာ”
ညီမလေး ဇာဇာက ၀င်ပြော၏ ။
“ဖေဖေ လှတယ်၊ လိုက်တယ်လို့ ပြောလိုက်လေ”
ဇာဇာက ဖေဖေ့လက်မောင်းကို ဖမ်းဆုပ်ကာတိုက်တွန်းလာ၏ ။
“ဒီကိုလာလေ”
ဖေဖေက မျိုးကိုကို ရှေ့ခေါ်သည်။
“သမီးတို့ မမရဲ့ မင်းသားချောလေးနဲ့ မိတ်ဆက်ပေးမယ်”
မင်းကောင်းကင်ဘက် လှည့်ကာ ဆို၏ ။
“သူက မင်းသားလေး မဟုတ်ဘူး ဘီလူးကြီး”
ဖြူလေး ဖေဖေ စကားကြောင့် မျိုးကို မျက်နှာပျက်သွား၏ ။
“ဗျာ”
“ဒီမင်္ဂလာပွဲကို ဖျက်တယ်”
ဖေဖေက ယတိပြတ် ဆုံးဖြတ်သည်။
“ကျွန်တော် နာမလည်ဘူး”
မျိုးကို သွေးရူးသေးတန်း ဖြစ်သွား၏ ။ ရုတ်တရက် ခံနိုင်ရည်မရှိ။
“ဒါပေမဲ့ ငါ နားလည်တယ်”
“ဘာ ဖြစ်လို့လဲ ဖေဖေ”
“ငါ့များ ဖေဖေ”တဲ့
မျိုးကိုကို စောင့်ကြည့်ကာ ဦးလူသန့က မလိုလားဟန်ပြ၏ ။
“ဖေဖေ ဘာ ဖြစ်တာလဲ”
ဖြူလေးက မျက်လုံးပြူးကျယ်ကာ ထိတ်လန့်တကြား ဖြစ်သွားရှာ၏ ။
“ဖြူလေး ခဏ လေး စိတ်အေးအေး ထားလေ”
မင်းကောင်းကင် ဖြူလေးကို ပါးစပ်ပိတ်ပြီး ဆွဲခေါ်သွား၏ ။
“ကိုကြီး ဘာတွေ လုပ်ထားလဲ”
“ညီမလေး လွတ်မြောက်သွားအောင်လေ”
‘ ဒါကိုကြီးလက်ချက်ပေါ့”
“ဟုတ်ပါ့”
သူ ခေါင်းညိတ်ပြလိုက်တော့ဖြူလေး စွေ့စွေ့ခုန်သွား၏ ။
“မှားပြီ မျိုးကိုကို ဖြူလေး ချစ်တယ်”
“ဘာ”
သည်တစ်ခါ အကြပ်ရိုက်သွားရသူက မင်းကောင်းကင်မှားပြီ။
“ဇာဇာ သမီး အထဲဝင်”
ဦးလသန့်က သမီးငယ်ကို အမိန့်ပေးသည်။
“မင်း ဘာလုပ်နေတာလဲ မင်းလည်း သွား”
ဟုမျိုးကိုကို နှင်ထုတ်၏ ။
“ဒါပေမယ့် ..”
ဟုဆိုပြီး မျိုးကို ဆင်ခြင်မပေးရဲ။
“အဲဒါပါ ယူသွာ ရှုပ်ယှက်ခတ်နေတာပဲ”
ဦးလူသန့်က အ၀တ်အစားတွေ ပေါ သယ်သွားစေ၏ ။
“ကိုကြီးကို ညာတာပေါ့”
“နို့မို့ ကိုကြီး ဘယ်ကလာမလဲ လာစေချင်လွန်းလို့ ညာခေါ်တာ”
“ဒါဆို လေးလေးကို ပြန်ပြောရမှာ ပေါ့။ ငါ ကတော့ တကယ့်ကောင်ပဲ အမှားကြိး မှားပြီကွာ”
မင်းကောင်းကင် သူနဖူးသူရိုက်ရင်း ထင့်ခနဲ ကားလက်မှတ် ပြန်ပေးသော ကောင်မလေး ကို မြင်ယောင်မိ၏ ။ သူလည်း ဖြူလေး ညာတာခံရပါရောလား။ လောလောလတ်လတ် ၀ဋ်လည် ခြင်းပဲလား။
သူ စခဲ့သော ပြဿနာကို သူ ပြန်ဖြေရှင်းပေးရတော့သည်။
“မင်း လေးလေးကို မင်းက အရူးလုပ်လိုက်တာပေါ့။ ဟုတ်လား။ ဘယ်ရမလဲ၊ မင်း မဟုတ် မဟတ်တွေ ပြောမှန်းသိလို့ ငါ တမင် မင်ကို လက်စားချေတာ။ မင်္ဂလာပွဲကို ဒီလို လွယ်လွယ် ဖျက်လို့ ရမလား။ စိတ်မဆိုးပါနဲ့ကွာ ငါ့သမက် ကတော့ မျက်နှာပျက်နေရှာပြီ”
ဟု လေးလေးက မျိုးကိုကို ဆို၏ ။
“မနက်ဖြန် ဆက်ဆက်လာခဲ့ ဖြူလေး စေ့စပ်ပွဲရှိတယ်”
လေးလေးက သူ့သူငယ်ချင်းတွေ ဆီ ဖုန်းဆက်ကာ ဖိတ်နေတော့သည်။
“ကိုယ့်ကို ဘယ်သူကြိုက်တာလဲ ပြောစမ်းပါဥိး”
ဟု မျိုးကိုက ဖြူလေးကို စသည်။
“ဘယ်သူမှ မကြိုက်ပါဘူး”
ဟု ဖြူလေးက မျက်စောင်းရွယ်၏ ။
![]() ပန်းနုရောင်စက္ကူစွန် အနီရောင်ကြိုးတစ်စနှင့် . . . | ![]() ရေခဲပြင်နှင့် မြက်ခင်းစိမ်း | ![]() ချစ်မိသော နှလုံးသားမှာ အကြောင်းပြချက် မရှိပါ |