Cover

အခန်း(၁)

ကားကို လမ်းထဲချိုးကွေ့ဝင်ကာ ဘေးကပ်ရပ်ထားလိုက်ရင်း လေပြေစိတ်ထဲမှာ လည်း အလိုလိုပျော်နေရသည်။

ခုလိုမျိုး လူတွေ နဲ့ ရှုပ်ထွေးဆူညံနေပြီး ညစ်ပတ်သော လယ်ထဲကို လာရတာ ခါတိုင်းဆိုလျှင် တော့ တော် တော် စိတ်ပျက်မိမှာ ပင်။ အခုတော့ စိတ်မပျက်တဲ့အပြင် ရင်ခုန်သလိုလိုနှင့် ပျော်ရွှင် စိတ်တို့ ဖြစ်မိသည်။

ဒီလယ်ထဲ မနက်ဖက်ဆိုလျှင် လမ်းဘေးဈေးသည်တို့ ဈေးခင်းပြီး ရောင်းကြသော်လည်း ခုလို နေ့လည်လောက်ဆိုလျှင်တော့ ဈေးမရှိတော့ပါ။

သို့သော်လည်း အနံ့သက်မျိုးစုံနှင့် ရွှံ့တွေ ဗွက်တွေ တော့ ရှိပါသည်။ ရွှံ့ဗွက်တွေ နှင့် ညစ် ပတ်နေသော သည်ဈေးလမ်းလေးထဲမှာ သူစိတ်တွေ ကို နူးညံ့အေးချစ်စေသော အရာတစ်ခုရှိ သည်။

လေပြေက လှမ်းမြင်နေရသော ကုန်စုံဆိုင်လေဆီသို့ ခေါင်းငဲ့ကာ သေချာကြည့်မိသည်။

ကျွတ်. . . မရှိဘူး ထင်ပါရဲ့ ။

ထိုကုန်စုံဆိုင်ရဲ့ အရှေ့ဘက်မျက်နှာစာမှာ မုန့်ထုပ်မျိုးစုံချိတ်ဆွဲထားသော ကြောင့် အထဲကို မမြင်ရပါ။

လေပြေ ကားပေါ်ကဆင်းကာ တံခါးပြန်ပိတ်လိုက်ပြီး ထိုဆိုင်လေးရှိရာသို့ လျှောက်သွား လိုက်သည်။

လမ်းက ရွှံ့တွေ ဗွက်တွေ နှင့် ညစ်ပတ်နေတာကြောင့် သူ့ဖိနပ်မပေအောင် သတိထားပြီး လျှောက်နေရသည်။

ဆိုင်ရှေ့ရောက်တော့ ဆိုင်အတွင်းဘက်ထဲ ခေါင်းငုံ့ကာ ကြည့်ပေမယ့် သူမကိုမတွေ့ ရပါ။ မျှော်လင့်နေသော အရိပ်ကလေး ရှိမနေ။

စောစောက လှုပ်ရှားတက်ကြွနေသော နှလုံးသားက ပြန်လည်ငြိမ်သက်အားလျော့သွား ရသည်။ သူက မြင်ချင်လွန်းလို့ လာခဲ့တာ။

မရှိဘူး ထင်ပါရဲ့ ကွာ။ ဟာ. . . ကွာ။

သူ့ခြေလှမ်းတွေ အလိုလိုနှေးကွေးကာ အားမပါတော့ချေ။ သူဘယ်လို ဖြစ်မိပါလိမ့်။

ကိုယ့်အ ဖြစ်ကို ကိုယ့်ဘာသာကိုင် ပြန်လည်အံ့သြမိသည်။ နှစ် ခေါက်သာမြင်ခဲ့ဖူးသော မိန်း ကလေး တစ်ယောက် ကို ဘာလို့များ စွဲလမ်းရူးသွပ်နေမိသလဲ မသိပါ။

သူမကို မြင်ချင်တွေ့ ချင်နေမိတာ ဘာကြောင့် များ ပါလိမ့်။ မမြင်ရတဲ့အတွက်လည်း သိပ်ရင် မောမိသည်။

မင်းဘာကြောင့် ဒီအချိန် ဒီဆိုင်မှာ ရှိမနေရတာ လဲကွာ။ ကိုယ်ကရောက်လာခဲ့ပြီးမှ တွေ့ ချင်လွန်းလို့။

ဒီမှာ အမြဲတမ်း ရှိနေမှာ ပဲလို့ ကိုယ်ကတရားသေမှတ်ထားတာ၊ စွဲနေတာ၊ အဲဒီ လိုလည်း ဘယ်ဟုတ်ပါ့မလဲ။

လေပြေ သက်ပြင်းရှိုက်ရင်း သူမရှိနေတတ်သည့် ဆိုင်အတွင်းဘက် နောက်တစ်ကြိမ်ရှာဖွေ သည်။ တွေ့ လိုတွေ့ ငြားပေါ့။

တကယ်ပဲ မတွေ့ ရ။ ဆိုင်ထဲမှာ ကလေးလေး တစ်ယောက် နှင့် အန်တီကြီး တစ်ယောက် ကိုပဲ တွေ့ ရသည်။

ဒီဆိုင်မှာ သူမ. . . မရှိတော့ဘူးလား။

သူရင်ထဲ လှိုက်ကနဲတော့လှပ်သွား၏ ။ ထိတ်ကနဲ ပူပန်သွားမိတာ။

အဲဒီ လိုဆိုရင်. . .

ဒီဆိုင်မှာ မတွေ့ ရလျှင် တခြားဘယ်မှာ ရှာရမလဲ။ လေပြေ တကယ်မသိပါ။ ဘာမှကို မသိ သော အနေအထား။

သူမကို နှစ် ခါမြင်ဖူးထားရုံလောက်နှင့် လေပြေ့အာရုံထဲမေ့မရအောင် စွဲငြိမှတ်မိနေတာ ထူး ခြားဆန်းကြယ်နေသည်။

စစ်လေပြေဆိုတာ ဘယ်တုန်းကမှ မိန်းကလေး တစ်ယောက် ကို အောက်ကျို့ကာ စိတ်မ၀င် စားခဲ့ဘူးချေ။

သူ့အနားမှာ ချောမောလှပ ခေတ်မီသော မိန်းကလေးတွေ များ စွာ ရှိပေမယ့် သူက စိတ်လှုပ် ရှားဖို့ မေ့လျော့နေခဲ့တာပါ။ နှလုံးသားက တစ်ရေး အိပ်နေသည်။

မိန်းကလေးတွေ နှင့် ပတ်သက်လာလျှင် မတုန်မလှုပ်နှင့် ဘယ်သူ့ကိုမှ စိတ်ဝင်တစား မရှိ ခဲ့ဘူးချေ။

အခုမှပဲ. . . ထိုမိန်းကလေးကိုမှပဲ. . . ။

သူ့ရင်ထဲ လှုပ်ရှားရင်ခုန်ခဲ့မိတာ ဖြစ်သည်။

‘ဘာလိုချင်လို့လဲ အစ်ကို’

ဆိုင်ထဲက လူရွယ်လေး တစ်ယောက် လှမ်းမေးလာတော့ လေပြေ ဘာပြန်ပြောရမှန်း မသိ။

သူမှာ ဘာမှလည်း ၀ယ်စရာမရှိပါ။ ဒီဆိုင်နားကို တစ်ခုခုဝယ်ဖို့ ဘာခဲ့တာမှ မဟုတ်တာ။

ခေါင်းထဲ ဘာဝယ်ရမလဲဆိုတာ တကယ်ပဲ မစဉ်းစားတတ်။ ရုတ်တရက် ဆွံ့အနေမိသည်။ လူက ငြိမ်ကျလျက်သား။

‘ဘာယူမလို့လဲ အစ်ကို’

ကောင်လေးက နောက်တစ်ခွန်း ထပ်မေးလာတော့မှ. . .

‘စီးကရက်ရှိလား. . . ညီလေး၊ နှစ် လိပ်လောက်’

ထိုကောင်မလေး လှမ်းပေးသော စီးကရက် နှစ် လိပ်ကို လှမ်းယူနေစဉ် သူ့နံဘေးသို့ ခြေသံ တဖျပ်ဖျပ်နှင့် မိန်းကလေး တစ်ယောက် ဖြတ်လျှောက်လာကာ ဆိုင်ထဲဝင်သွားသည်။

လေပြေခေါင်းကို စောင်းငဲ့ကာ ကြည့်လိုက်သော်လည်း သူမက ဆိုင်ထဲကို ၀င်သွားပြီး ဖြစ် သော ကြောင့် သေချာမတွေ့ လိုက်ရတော့ပါ။ သူများ လား. . . သူ့ရဲ့ မျှော်လင့်ခြင်းလေးများ ပါ။

ဆိုင်ထဲမှာ မုန့်ထုပ်တွေ တို့လို့တွဲ လောင်း ချိတ်ဆွဲထားတာကြောင့် သူမကို သဲသဲကွဲကွဲ မမြင်ရ။

ဟောင်းနွယ်ကာ ပြတ်ခါနီး ဆဲဆဲ ကတ္တီပါဖိနပ်လေးကို စီးထားပေမယ့် သန့်ရှင်းဖွေးသန့်နေ တဲ့ သူမခြေအစုံကို ကြည့်ရင်လေပြေ ရင်ခုန်နေမိသည်။

အပေါ်ပိုင်းတစ်ခြမ်းလေးကိုတော့ လုံးဝမမြင်ရဘဲ ကွယ်နေပေမယ့် ခြေထောက်တစ်စုံကို မြင်ရုံနှင့် သူမမှန်းလေပြေအလိုလိုသိသည်။ သေချာသွားသည်။

ရင်ခုန်စိတ်လှုပ်ရှားကာ စီးကရက်ဖိုး ပိုက်ဆံပေးဖို့တောင် မေ့လျော့နေရသည်။

အနက်ရောင် ထဘီကလေးက ခြေမျက်စိဖုံးကွယ်ထားပေမယ့် ခြေစုံမို့မို့ ဖွေးနုနုခြေတစ်စုံ ဟာ လေပြေကို အကြည့်မလွှဲနိုင်အေင် ဆွဲဆောင်ထားသည်။

လှလိုက်တဲ့ ခြေချောင်းလေးတွေ စီးထားတဲ့ ဖိနပ်ဟောင်းလေးနှင့် နည်းနည်း မှ မလိုက်ဖက်၊ မအပ်စပ်။

ခြေချောင်းတစ်ချေင်းချင်းစီဟာ ပြောင်တင်းဝင်းမွန်နေပြီး ခြေသည်းလေးတွေ မှာ လည်း ဘာဆေးမှ ဆိုးမထားဘဲ ကြည်လင်သန့်ရှင်းနေသည်။

ရွှန်းလဲ့က သူမကို တစ်ယောက် ယောက် ကြည့်နေသလို ခံစားမိတာကြောင့် ဘေးဘီကို အလိုအလျောက် စောင်းငဲ့ကြည့် လိုက်မိသည်။

ဆိုင်ရှေ့ရပ်ကာ ဈေးဝယ်နေသူကို ခုန၀င်လာကတည်းက တွေ့ ပေမယ့် တောက်ပြောင် သားနားလွန်းသော သူ့ပုံစံကြောင့် သေချာမကြည့်လိုက်မိပါ။

ရှေ့ကိုတိုးပြီး သူ့ကိုမြင်ရအောင် ကြည့်လိုက်မိတော့မလို့ ဖြစ်သွားပြီးမှ ရွှန်းလဲ့ ပြန်ငြိမ်သွား မိသည်။

ရွှန်းလဲ့က ပိုက်ဆံချမ်းသာတဲ့ ခပ်ချောချောကောင်လေးတွေ ကိုတော့ စိတ်မ၀င်စားပါဘူး။ လူဆိုတာ ကိုယ်နှင့် တန်ရာတန်ရာပဲ မှန်းတာကောင်းတယ် မဟုတ်လား။ စိတ်ကူးမယဉ်ချင်။

ထို့ကြေင့် ရွှန်းလဲ့နေရာမရွှေ့ဘဲ ဒီအတိုင်း ငြိမ်သပ်ရပ်နေမိသည်။ သူ့ကိုမြင်အေင် ကုန်းငုံ့ ကြည့်ဖို့ မကြိုးစားတော့။သူ့ကို သေချာမြင်အောင်လည်း မကြိုးစားဘဲ ခေါင်းငုံ့ငြိမ်သက်နေလိုက်သည်။

လေပြေသည် ကွယ်နေတဲ့ ပလပ်စတစ်မုန့်ထုပ်တွေ ကြားက သူမကိုမြင်အောင် မသိမသာ ချောင်းကြည့်မိသည်။

သူ့ကိုမြင်ပုံရလျက်နှင့် သူမအကြည့်က ရှေ့ဆက်မလာ။

နည်းနည်း လေးရှေ့တိုးပြီး မြင်အောင်ကြည့်လိုက်ရင် ဘာ ဖြစ်မှာ မို့လဲကွာ။ အကြည့်ချင်း ဖလှယ်ခွင့်လေး ရချင်လို့ပါ။

တင်းတင်းစေ့ထားတဲ့ သူမနှုတ်ခမ်းအစုံက မာနကြောင့် ပိုမိုထည်ဝါနေတာလား။

လေပြေသိပ်မကျေနပ်ချင်၊ ဘ၀င်မကျချင်။

သူမ ခေါင်းငုံ့သွားတာကို အားမလိုမအားမရ ဖြစ်မိသည်။

ပစ်စလက်ခတ်ထားပုံရတဲ့ကြားက သူမဆံပင်နက်မှော င်စိုစိုလေးတွေ ဟာ လှပကြည့် ကောင်းလိုက်တာ။ သူမမျက်နှာလေးက ကြည့်လေချောလေ၊ ကြည့်ကောင်းလေဆိုတဲ့ ရှားပါးတဲ့ မျက်နှာမျိုးလေးပါပဲ။

ရှည်သွယ်မြင့်မားသော ကိုယ်နေဟန်ကျော့ကျော့မော့မော့လေးနှင့် လမ်းလျှောက်ပုံတို့ဟာ တစ်ခါမြင်ရုံနှင့် စွဲလန်းသွားစေနိုင်လောက်တယ်။

‘ဟဲ့. . . ရွှန်းလဲ့. . . ဘာငိုင်နေတာလဲ၊ ဒီမှာ ဒီဆီပုံးကို အနောက်ဘက် သယ်သွား မြန်မြန် လုပ်လေ’

အသက်လေးဆယ်အရွယ် အန်တီကြီး တစ်ယောက် ရဲ့ ခပ်မာမာအသံက လေပြေ့ထံ ပျံ့လွင့်လာသည်။

ရွှန်းလဲ့က ဆိုင်ခုံပေါ်က ဆီပုံးနှစ် ပုံးကို တစ်ဖက်စီဆွဲရင်း ဆိုင်နာက်ထဲ သယ်လာခဲ့သည်။

သူမဟာ သည်ဆိုင်မှာ တောက်တိုမယ်ရလည်း ဟုတ်၊ ဆိုင်အကူလည်း ဟုတ်သည်။

ဦးလေးရဲ့ မိန်းမ အန်တီလှဖွင့်ထားသော ထိုကုန်စုံဆိုင်လေးသည် ရွှန်းလဲ့ရဲ့ မှီခိုရာ အရပ်ပဲ မဟုတ်လား။

အခု ဦးလေးမရှိတော့ပေမယ့် ဦးလေးမိန်းမက သူမကို သူ့ကုန်စုံဆိုင်လေးမှာ အလုပ်ပေး ထားသည်။ နေတော့လည်း အဒေါ်အိမ်မှာ ခိုကပ်နေရသည်။

အဒေါ်က စားစရာ ထမင်းကျွေးထားပြီး၊ နေစရာ၊ အိပ်စရာ နေရာတစ်ခုပေးထားတာပဲ တော် လှပြီ မဟုတ်လား။

အဒေါ်က သူ့ဆိုင်မှာ ကူပြီး ဈေးရောင်းပေးတာ၊ လခရယ်လို့ သတ်သတ်မှတ်မှတ်မပေး ပေမယ့် မုန့်ဖိုးလောက်တော့ ရပါသည်။

အခုတော့ ရွှန်းလဲ့က သူငယ်ချင်းလဲ့ဝါရဲ့ အမေ ဖွင့်ထားသော အပ်ချုပ်ဆိုင်မှာ အလုပ်ဝင် နေတာကြောင့် အဒေါ်ဆိုင်မှာ အရင်လို အချိန်ပြည့် ထိုင်မပေးနိုင်တော့ပါ။

ထို့ကြောင့် အဒေါ်က သိပ်မကြည်လှပေ။

သို့သော် ထိုလူကို ဟိုးခပ်ဝေးဝေးမှာ ပဲ တွေ့ ရတော့သည်။ ကျောခိုင်းလျှောက်သွားနေတာ။

သားနားတောက်ပြောင်အဆင့်မြင့်လှတဲ့ ကားအနက်ပေါ်တက်ကာ မောင်းထွက်သွားတာ တွေ့ တော့ ရွှန်းလဲ့ သက်ပြင်းရှိုက်မိသည်။ ရင်ထဲ မွန်းကြပ်မိသလိုပဲ။

ကိုယ့်ဘာသာကို အားငယ်သွားမိသည်။

ကိုယ်နှင့် မအပ်စပ်ဘဲ ကွာခြားလွန်းတာကို သွားရည်မှန်းနေရင်တော့ အပိုပဲ ဖြစ်မှာ ပါ။

ရွှန်းလဲ့ရဲ့ ဘ၀က အဲ့ဒီလောက်အထိ မလှပဘူးလေ။

‘ရွှန်းလဲ့ရေ’

အန်တီလှက လှမ်းခေါ်ပေမယ့် ရွှန်းလဲ့မကြားပါ။ ကိုယ့်သီချင်းသံနှင့် ကိုယ်။

သိချင်းဆိုရင် ရွှန်းလဲ့က စိတ်ပါလက်ပါဆိုတတ်တော့ သီချင်းသံကို ကြားရသူတိုင်း အဆို ကောင်းလိုက်တာဟု ချီးမွမ်းတတ်ပါသည်။

ကောင်းတာ၊ မကောင်းတာ မသိ။

ရွှန်းလဲ့က သီချင်းကြိုက်သည်။

သီချင်းဆိုရတာ အာတွေ့ သည်။

စိတ်ထဲက နှစ်သက် မိသော သိချင်းတစ်ပုဒ်ကို ဆိုရလျှင် အရမ်းစားကောင်းသော အစား တစ်ခုကို အားပါးတရ စားရသလို နှုတ်မြိန်လှပါသည်။

အဲ့ဒါဟာ ပါရမီလား၊ ၀ါသနာလား။

‘ဟဲ့. . . ရွှန်းလဲ့’

‘ဟင်’

ခုမှပဲ ရွှန်းလဲ့ ကြားရတော့သည်။

‘နင်ကလည်း သီချင်းဆိုနေလိုက်တာ၊ ခေါ်မကြား အော်မကြား တကယ်ပါပဲ’

အန်တီလှက ဆူငေါက်သည်။

သြော်. . . ပြောရဦးမယ်၊ နှစ် ကိုယ်ကြားလေး အတင်း. . . အတင်း၊ အကျယ်အကျယ် ပြောလို့မရဘူး။

အန်တီလှကြားရင် ခေါင်းခေါက်မလား၊ ဗိုက်ခေါက်ဆွဲလိမ်မလား မသိဘူး။

တိုးတိုးကလေး ပြောပြရရင် ရွှန်းလဲ့သီချင်းသံကို မခံစားတတ်တာ အန်တီလှ တစ်ယောက် ပဲ ရှိတယ်။ ဘယ်တော့မှ အကောင်းမပြောဘူး။

ဘာလို့များ လဲ။

သီချင်းကလေးက ကောင်းလိုက်တာလို့ တစ်ခါလောက်များ ပြောပါတော့လား။

‘ရပ်ပါတော့ နင့်သီချင်း’

‘ပြီးပါပြီ. . . ပြီးခါနီး လေးမို့လို့ပါ. . . အဲ့ဒီသီချင်းက အပြီးသတ်တစ်ပုဒ်ကလေ အရမ်း ကောင်းတာ၊ အဲဒီ အဆုံးသတ်ပိုဒ်ကလေ တီးလုံးမ၀င်ဘူး၊ အဆိုချည်းသက်သက် အသံကလေး နှိမ့်ပြီးဆိုရတာ ပါးပါးကလေး၊ အဲဒီ လိုလေးဆိုလိုက်မှ ထမင်းစားပြီး ရေသောက်လိုက်သလို ရင်ထဲ အေးပြီး တင်းတိမ်ကျေနပ်သွားမှာ ပေါ့ အန်တီလှရဲ့ ’

‘တော် ပါ. . . ဘာတွေ မှန်းလည်း မသိဘူး’

‘သီချင်းဆိုရင် တစ်ဝက်တစ်ပျက် မရပ်ရဘူး’

‘ဟဲ့. . . နင်ပြောတာပဲ ငါနားထောင်ရမလား မိရွှန်းလဲ့’

‘မဟုတ်ပါဘူး. . . ထမင်းစားရင် တစ်ဝက်နဲ့ မရပ်ရဘူး၊ သီချင်းလည်း အဲဒီ လိုပဲလို့’

အန်တီလှက ခေါင်းခေါက်ဖို့ လက်ရွယ်တော့ ‘အမေ့’ ဟု တိမ်းရှောင်မိသည်။

‘ငါ့ကို ဆိုင်စာရင်းလုပ်ပေးစမ်းပါလား. . . ငါဇက်ကျောတက်လို့’

သွားပါပြီ. . . ။

မိုးလေးတဖွဲဖွဲရွာတော့ ၀တ္ထုလေးတစ်အုပ်ငှားပြီး. . . ငြိမ့်မလားလို့၊ စိတ်ကူးတွေ ပျက်ကုန် ပါပြီ။ အန်တီလှက လူကို ညပိုင်းလည်း အလွတ်မပေး၊ အရမ်းခိုင်းတတ်သည်။

‘လာပါအေ. . . ငါ မုန့်ဖိုးပေးမှာ ပါ’

ဘာမှလုပ်လို့မရသော မုန့်ဖိုး။

မုန့်ဟင်းခါးတစ်ပွဲစား သုံးရာ၊ လေးရာလေးများ ဘာလုပ်ရမှာ လဲ။

အပေးအကမ်းကျတော့ ဘယ်တော့မှ မရက်ရောဘူး။ ခိုင်းဖို့ဆို ရွှန်းလဲ့ နာမည် ရှေ့ဆုံးက။

ဟွန့်. . . မလုပ်ပေးချင်ပါဘူး။

သူ့အိမ်မှာ နေလို့သာ မလွှဲမရှောင်သာ လုပ်ပေးနေရမှာ ။

ဟော. . . တိုးလာပြီ နောက်တစ်မျိုး၊ ရွှန်းလဲ့ရဲ့ နားချန်ကလေး. . . ကုန်ပါပြီ။

တကယ်ပါပဲ စိတ်ရှုပ်ချင်စရာ။

အန်တီလှက ရွှန်းလဲ့အပေါ် ဘယ်တော့မှ မကောင်းပါ။ ကောင်းလာဖို့လည်း မရှိ။

ဟင်း. . .

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှ အေးအေးဆေးဆေး သက်တောင့်သက်သာ နေလို့ရ မှာ ။

အန်တီလှအရိပ်မှာ နေသရွေ့ ထောင့်စေ့လွတ်စေ့မောင်းနေဦးမှာ ။

ရွှန်းလဲ့သည် ကျောက်ကလေးတွေ နှင့် တဖျကဖျက်လတ်နေသော ရောင် စုံဖိနပ်တွေ ထား သည့် တန်းကြီးဆီ အကြည့်ရောက်သွားသည်။

လှလိုက်တဲ့ ဖိနပ်လေးတွေ . . .

သူမက ခြေဖမိုးပေါ် ကျောက်ကလေးပါသော ဖိနပ်အနီရောင် ရဲရဲတောက်လေးကို ချစီး ကြည့်လိုက်သည်။ ငုံ့ကြည့်သည်။ မှန်ထဲ လှမ်းကြည့်သည်။ ကြည့်လို့မ၀။

‘လှလိုက်တာ. . အစ်မရယ်. . . အစ်မက အသားဖြူတော့ အရမ်းလိုက်တာပဲ’

အရောင်းဝန်ထမ်း ကောင်မလေးက သူမအနားမှာ လာရပ်ပြီး ပြောသည်။ အားကျသလို ငေးနေသည်။

ဖိနပ်ကလေးလှသလောက် သူမနှင့် လည်း အံဝင်ခွင်ကျ ဖြစ်နေသည်။ ရွှန်းလဲ့က ယဲ့ယဲ့ပြုံး သည်။

အရောင်းဝန်ထမ်းမလေး ပြောသလို ကြည့်ရတာ အကောင်းစား. . . အပျံစားလေး။

ကြည့်လိုက်တာနဲ့ ဈေးကြီးမှန်း သိသာစေသည်။ ရွှန်းလဲ့လန့်သွားရသည်။ မျက်ခုံးလေး မြင့် သွားရသည်။

အမလေး. . . ဈေးကြီးလိုက်တာနော်။

ရွှန်းလဲ့ရတဲ့လစာထက်ပင် ဖိနပ်တန်ဖိုးက များ နေသည်။ အားပါးပါး ဘယ်လိုဝယ်နိုင်မှာ လဲ၊ စီးကြည့်ရတာ ပင် အားနာစရာ။

ဟင်း. . . သက်ပြင်းချလိုက်မိသည်။

တော် ပါပြီ. . . ပြန်ချထားလိုက်တာပဲ ကောင်းမည် ။

ဖိနပ်လေးကိုချွတ်ပြီး သူ့နေရာသူ အသာအယာပြန်ချထားလိုက်သည်။ စိတ်ကူးယဉ်နေလို့ လည်း မထူး။

ဒီလိုဖိနပ်မျိုး ရွှန်းလဲ့ဝယ်စီးနိုင်တော့မည် မဟုတ်။

ဒီနားက အမြန်သွားမှ ဖြစ်မည် ။ လိုက်ကြည့်နေလျှင် လိုချင်ဦးမှာ ။ လိုချင်ပြီး မ၀ယ်နိုင်သော ဒုက္ခက ကြီးသည်။

လိုချင်တပ်မက်စိတ်ကို ထိန်းကာ ဖိနပ်တန်းကြီးအနားမှ ထွက်လာခဲ့သည်။ သံယောဇဉ် မထားချင်။

ရွှန်းလဲ့ ကိုယ့်အခြေအနေ ကိုယ်နားလည်ပါသည်။

ရွှန်းလဲ့ဘ၀က ဒီလိုဖိနပ်မျိုး ၀ယ်စီးနိုင်ဖို့ဆိုတာ ဝေးသေး။ နေစရာအိမ်တောင် ရှိတာ မဟုတ်ဘူး။ ရွှန်းလဲ့ဘ၀က အကျည်းတန် ရုပ်ဆိုးလွန်းပါသည်။

ဦးလေးမိန်းမ အဒေါ်အိမ်မှာ ကပ်နေရသူ။ အဒေါ်ကလည်း သူမကို ခေါ်ထားချင်တာ မဟုတ်။

ဘာပဲ ဖြစ် ဖြစ် အခုလိုနေစရာ နေရာတစ်နေရာနှင့် ကျောခင်းစရာ ဖျာတစ်ချက်၊ ခေါင်းအုံး တစ်လုံး ပေးထားတာပဲ တော် လှပြီ မဟုတ်လား။ ကြံဖန်တင်မယ်ဆို ကျေးဇူးက အများ ကြီး။

မနက်စာထမင်းစားတော့ ဆိုင်ကကျွေးပြီး ညစာ ကတော့ ပုံမှန်မရှိ။ အဆင်ပြေသလို စား လိုက်ရတာ ။

ညစာ ကတော့ အဒေါ်နှင့် ကလေးတွေ စားပြီး ကျန်ရင်စား၊ မကျန်ရင် မစားရုံဘဲ ရှိသည်။

ရွှန်းလဲ့အတွက် ကတော့ ဘာနဲ့စားရစားရ အရေး ကြီးတာက ဗိုက်ပြည့်ဖို့ပင်။ ဘာမျှ အရသာ ခံနေဖို့ မလို။

ရှိတာနှင့် စားတတ်ပါသည်။

ဆိုင်ရှင်အန်တီကြီး မှာ လိုက်သော ပစ္စည်းတွေ ကို ကောင်တာမှာ ငွေရှင်းလိုက်ပြီး ဂမုန်းပွင့် ကုန်တိုက်ထဲမှ ထွက်လာခဲသည်။ လျှောက်ကြည့်ရင်း နောက်ထပ်လိုချင်ဦးမှာ လေ။ ဆိုင်ကိုရောက် ဖို့ လမ်းလျှောက်လာရင်း မဆီမဆိုင် တွေးမိသည်မှာ ဟိုတစ်နေ့က ရွှန်းလဲ့ဆိုင်မှာ စီးကရက်လာ ၀ယ်သော ပုဂ္ဂိုလ်။

မျက်နှာပင် သေချာမမြင်လိုက်ရပေမယ့် ကားအကောင်းစားကြီးကို မောင်းပြီးထွက်သွားတဲ့ သူ့ကိုရွှန်လဲ့စိတ်ထဲမှ မှတ်မိနေသည်။

သူများ တွေ ကျတော့လည်း ချမ်းသာလိုက်တာ၊ ပြည့်စုံလိုက်တာ။

ကားကိုပင် တန်ဖိုးကြီးတာ ၀ယ်စီးနိုင်သည်။ ဖိနပ်တို့၊ အ၀တ်အစားတို့ဆို စာရင်းမရှိ။ ရွှန်းလဲ့တို့ကျတော့လည်း ဖိနပ်လှလှတရံပင် မ၀ယ်နိုင်၊ စဉ်းစားနေရသည်။ သွားရေကျပြီး လှည့်ပြန် ခဲ့ရသည်။ မကျေနပ်စရာ ကောင်းလွန်းသည်။

အစကတည်းက သူဋ္ဌေးသမီး ဖြစ်ရင်ပြီးရော၊ ၀ယ်ချင်တာဝယ်၊ သုံးချင်တာသုံး၊ ဘာမှ စိတ် ညစ်စရာ မရှိ။

ဘာလို့များ ပိုက်ဆံမရှိသော ဘ၀မှာ ရှိနေရတာ လဲ။

ဘယ်လိုကြိုးစားရမလဲ။

အန်တီလှကလည်း ရွှန်းလဲ့တက်လမ်း ရှေ့ကနေ ပိတ်ပိတ်ထား။ ဘာပဲလုပ်လုပ် ကြိုတင် အသိပေး တိုင်ပင်လို့မရ။

လျှို့ဝှက်ကြံစည်အားထုတ်မှ။ ပိုက်ဆံရစရာ လမ်းစလေးတစ်ခုပေါ်လျှင် ဘယ်လောက် ကောင်းမလဲ။

ရွှန်းလဲ့ ဘယ်လောက်အထိ ဆင်းရဲနေလဲမသိပါ။ နောက် ငါးနှစ် လား၊ ဆယ်နှစ် လား၊ အနှစ် နှစ် ဆယ်လား၊ တစ်သက်လုံးလား။

အင်္ကျီလှလှကလေးတွေ ၊ စကပ်လှလှလေးတွေ က အခုအရွယ်မှာ ၀တ်ရမှာ ။

အသက်ကြီးကြီးသွားမှ ချမ်းသာရင် အဓိပ္ပာယ်မရှိတော့ပါ။

ရွှန်းလဲ့က မျက်မှော င်ကလေးကုတ်လျက် စဉ်းစားနေမိပါသည်။

လေပြေက မီးဖိုဆောင်ထဲဝင်လာပြီး ဒေါ်မြလှီးထားသော ပန်းသီးတစ်စိပ်ကို ကောက်ယူ စားကြည့်မိသည်။

လေပြေ သီးစုံဖျော်ရည်သောက်ရည်တယ်ဆိုတာကြောင့် ဒေါ်မြ အလုပ်ရှုပ် နေရသည်။

သူလည်း သင်္ဘောသီးလှီးတာ၊ စပျစ်သီးဆေးတာလောက်တော့ ၀ိုင်းကူလုပ်ပေးခြင်း ဖြစ် သည်။

ကျန်တာအားလုံး ဒေါ်မြကလုပ်ပြီး သေချာပြင်ဆင်ပေးပါသည်။ သူ့နှုတ်ခမ်းတွေ က အလိုလို ပြုံးနေမိသည်။

သူအစ ကတော့ သီးစုံဖျော်ရည် ကြိုက်လှတာမဟုတ်ပါ။

ဒါပေမဲ့ မနေ့က ရွှန်းလဲ့တို့ လမ်းထိပ်က အအေးဆိုင်လေးမှာ သူမနှင့် သူငယ်ချင်းတစ် ယောက် ကျကျနနထိုင်ပြီး သီးစုံဖျော်ရည်သောက်နေတာ တွေ့ ခဲ့ရသည်။

သူမ ကြိုက်တာဆို လေပြေလည်း ကြိုက်ချင်သည်။

စားကြည့်ချင်မိသည်။ သူ အဲ့ဒီလောက်အထိ ဖြစ်နေတာ။ အခုလည် သူမကိုခေါ်ပြီး ကျွေးချင်မိသည်။

သတိရလိုက်တာ ကောင်မလေးရယ်။

မင်း သေချာတောင် မသိလိုက်တဲ့ လူ တစ်ယောက် က မင်းကို အပြင်းအထန် သတိရနေမိ တယ်ဆိုရင် ယုံပါ့မလား။

သူမနှင့် ပတ်သက်လျှင် နာမည်ေးလတစ်လုံးမှ လွဲရင် သူ ဘာမှ မသိချေ။ သိခွင့်မရသေး တာပါ။

ဆိုင်က အန်တီကြီးခေါ်တာတော့ ‘ရွှန်းလဲ့’ တဲ့။

ညင်ညင်သာသာ ခေါ်တာမဟုတ်။

ကြမ်းကြမ်းကျယ်ကျယ် ခေါ်တာ။

‘သား. . . လေပြေ. . . စားတော့မလား. . . အားလုံးပြီးပြီ’

‘အင်း. . . စားမယ်လေ’

ဒေါ်မြက ထမင်းစားပွဲပေါ် ပြင်ဆင်ပေးသည်။

‘ကျွန်တော် တစ်ယောက် တည်း စားရမှာ လား၊ ပျင်းစရာကြီး မေမေရော. . . ဒေါ်မြ၊ မေမေ ပြန်မရောက်သေးဘူးလား’

‘ပြန်ရောက်ပါပြီ. . . ခုနကပဲ ပြန်ရောက်တာ၊ အပေါ်တက်သွားပြီ’

လေပြေ ခုံမှထကာ သွားခေါ်ဖို့ ပြင်မိသည်။ ပြီးမှ ကိုယ်ရှိန်သတ်ကာ. . .

‘ဦးဇေယျာသော်ရော ပါသလား. . . ဒေါ်မြ’

‘အေး. . . ပါတာပေါ့’

လေပြေ သက်ပြင်းချရင်း ပြန်ထိုင်ချလိုက်သည်။

ဒီလူကြီးပါလာမှတော့ မေမေက သူနှင့် အတူတူ ဘယ်လာစားပါတော့မလဲ။ သူ သွားခေါ်ဖို့ ပင် တုံ့ဆိုင်းသွားသည်။

ထိုလူကြီးနှင့် ပဲ အေးအေးလူလူ လက်ဆုံစားချင်မှာ ပေါ့။ လေပြေ တစ်ယောက် တည်း မကျေ မနပ် ဖြစ်ကာ သီးစုံပန်းကန်ကို ဆွဲယူမွှေနှောက်လိုက်ပါသည်။

သူက တစ်ဦးတည်းသော သားလည်း ဖြစ်တာကြောင့် မေမေ့ကို သိပ်ချစ်ပြီး ငယ်ငယ် ကတည်းက သူငယ်ချင်းပေါင်းပေါင်းလာခဲ့တာပါ။ သူနှင့် မေမေက အရမ်း Close ဖြစ်ပါသည်။

သူ့အတွက်တော့ မေမေက အမေလည်း ဟုတ်သည်။ အဖေဆိုလည်း ဟုတ်သည်။ သူငယ် ချင်းလည်း ဟုတ်သည်။ မောင်နှမဆိုလည်း ဟုတ်သည်။ အစစ အရာရာ တိုင်ပင်ညှိနှိုင်း ပြောပြရင် ဖွင့်နေကြ၊ ဟိုတုန်းကပါ။

အခုတော့ ကြည့်စမ်းပါဦး. . . အားလုံးသွားပြီ။

ဒီအမေက သူဘက်ကို ပြန်လှည့်မကြည့်နိုင်တော့အောင် ဦးဇေယျာသော်လက်ထဲ ပါသွားခဲ့ ပါပြီ။

အချိန်တိုင်းလိုလို မေ့မေ့အနားတွင် ထိုလူကြီးက ရှိသည်။ သားအမိချင်း လွတ်လွတ်လပ် လပ် အေးအေးဆေးဆေး စကားပြောချိန်ပင် မရှိတော့။ သူ့အတွက် မေမေ အချိန်မပေးတော့ပါ။

အရင်လို မေမေနှင့် စကားတွေ ပြော၊ ထမင်းအတူစား၊ သွားလာလည်ပတ်ခွင့်တွေ ပြန်မရ နိုင်တော့ပေ။

ဦးဇေယျာနှင့် မေမေ လက်ထပ်လိုက်တာဟာ သူ့အတွက်တော့ အလွန်ကြီးမားသော ဆုံးရှုံး မှု တစ်ခု ဖြစ်သည်။

အထီးကျန် လစ်ဟာသွားသလို ခံစားရသည်။

သူတို့သားအမိနှစ် ယောက် ရဲ့ တွယ်တာနှောင်ဖွဲ့ထားသော ကမ္ဘာတစ်ခုဟာ မသိမသာ ပြိုကွဲသွားခဲ့လေပြီ။

တစ်အိမ်တည်း အတူတူနေကြတယ်ဆိုပေမယ့် စိမ်းကားအေးစက်နေသည်။ သူစိမ်းဆန်မှု တွေ နှင့် ဦးဇေယျာသော်က သူတို့သားအမိနှစ် ယောက် ကြား စည်းခြားစေခဲ့ပြီး မဟုတ်လား။

ဟိုအရင်ကဆို မေမေက တစ်ဦးတည်းသော သား သူ့ကို အမြဲအရိပ်လိုကြည့် ဂရုစိုက်နေ တတ်တာပါ။

‘သား. . . ဒီအက်ႌေလး ၀တ္ပါလား’

‘သားရယ် ဒီဦးထုပ်က နောက်ပြန်စောင်းလို့ မလှပါဘူး’

‘ပီကေ၀ါးတာ လမ်းသရဲ စတိုင်ကြီးပါ သားရယ်’

အဲဒါမျိုးတွေ မေမေက အကြံပေးနေကြ။ သူကလည်း မေ့မေ့စကားဆို နားဝင်ပါသည်။

ယခုတော့ ယောက်ျားကို ဂရုစိုက်ရတာ နဲ့ အရာရာမေ့သွားလေပြီလားဟု သူတွေးမိပါ၏ ။

သူကပဲ သဘောထားမကြီးနိုင်တာလား။

လေပြေ နေမှကောင်းရဲ့ လား. . . ထမင်းစားချိန်ရော မှန်ရဲ့ လား. . . ဘယ်အချိန်မှ အိမ်ကို ပြန်ရောက်လဲ. . . ဘာတစ်ခုမှ မေးမြန်း၊ ဂရုမစိုက်နိုင်တော့။ သူ့အတွက် မေမေ စိတ်မပူတော့ပါ။

သူ့အတွက် အချိန်မပေးနိုင်တော့ပြီ။

လေပြေ တစ်ယောက် တည်း တစ်စိမ့်စိမ့်တွေးရင်း ရင်ထဲမှာ ခံပြင်းဝမ်းနည်းမိသည်။ သူက ဟိုတုန်းကလိုပဲ မေမေနှင့် နွေးထွေးစွာ နေချင်သည်။ သူ့ဘ၀ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲလို့ စဉ်းစား ကြည့်မိသည်။

ပြည့်စုံခမ်းနားခြင်းတွေ ၊ ငွေကြေးဥစ္စာတွေ အားလုံးပြည့်စုံနေပေမယ့် ခံစားချက်ကို မျှဝေ နားလည်ပေးမည့်  လူမရှိ။

တစ်ယောက် တည်း ခြောက်သွေ့စွာ နေရသည်။

အရင်ကလို မေမေ့အခန်းထဲ တဒိုင်းဒိုင်းပြေးတက်၊ မကျေနပ်တာတွေ ဖွင့်ဟခွင့်လည်း မရှိ တော့ပါ။ ဘာမဆို မျိုသိပ်အံကြိတ်နေရုံ။

ဦးဇေယျာသော်က အမြဲတမ်း မေမေ့ဘေးမှာ ရှိနေတာကြောင့် ပြောစရာရှိသည့် စကားတွေ ပင် မပြော ဖြစ်တော့။

ကိုယ့်အမေနှင့် ကိုယ် စကားပြောဖို့ပင် အချိန်ကို ရွေးနေရသည်။ စိတ်ပျက်စရာ ကောင်း လွန်းတဲ့ အနေအထား. . . ။

သူတို့အနား သွားနေလို့လည်း မသင့်တော် ပါ။ သူဘယ်လို လုပ်ရမလဲ၊ တစ်ခုခုက သူ့ကို စိတ်အနှောင့်အယှက်အကြီးအကျယ် ပေးနေပါသည်။

ဦးဇေယျာသော် ရောက်လာပြီးတဲ့နောက် အချိန်ခဏအတွင်းမှာ ပဲ မေမေနှင့် သူ အရမ်းကို ဝေးကွာသွားသလို ခံစားရသည်။

သူ့ဘ၀မှာ သူ တစ်ယောက် တည်းဟု မြင်လာမိသည်။ အရင်ကလို တစ်အိမ်တည်းမှာ အတူ တူနေကြတာပေမယ့် အတိုင်းအတာတစ်ခုထိ ဝေးကွာသွားခဲ့ရသည်။

နောက်ပိုင်းဆို ပိုတောင်ဆိုးဦးမည် ထင်သည်။

ဦးဇေယျာသော်က ဒီအိမ်ကြီးရဲ့ အိမ်ထောင်ဦးစီးနေရာကို ရောက်လာပြီ မဟုတ်ပါလား။

မေမေစိတ်ချမ်းသာအောင် သဘောတူလိုက်မိတာ လေပြေ့အမှားပါပဲ။

လေပြေ ခေါင်းတစ်ချက် ရမ်းလိုက်မိသည်။

တော် ပါပြီ. . . မတွေးတော့ပါဘူး။ ရင်ထဲက ခံစားချက်တွေ ကို တစ်ယောက် ယောက် ကို ရင်ဖွင့်ပြောပြချင်သည်။

မရင်းနှီးသေးတဲ့ ကောင်မလေးကိုပဲ စိတ်ထဲမှာ သတိရမိသည်။ မေ့လို့မရနိုင်အောင် ဖြစ်မိ သည်။

မနေ့က သူ ရွှန်းလဲ့ဆီရောက်သွားတော့ ရွှန်းလဲ့က ဆိုင်မှာ ရှိမနေပါ။ သူ အကြာကြီး စောင့် နေခဲ့သေးသည်။

ထို့ကြောင့် ဒီနေ့ ထပ်သွားရန်ဆုံးဖြတ်ထားသည်။ သူက လွယ်လွယ်လက်လျှော့တက်သူ မဟုတ်ပါ။ ဇွဲကြီးသည်။

ပြီးတော့ သူက အစွဲအလမ်းကြီးသည်။ ဒါဆိုဒါ၊ ရင်ထဲစိုက်ဝင်သွားလျှင် ပြန်နှုတ်လို့မရ။

လေပြေ သူမနှင့် ရင်းနှီးခွင့်ရအောင် ဖန်တီးတော့သည်။

ဒီအတိုင်းသွားကြည့်ပြီး ပြန်ပြန်လာရတာ မျိုး မလုပ်ချင်တော့ပါ။ သူ့အတွက် အဓိပ္ပာယ် မရှိ။

ရွှန်းလဲ့ဆိုတဲ့ မိန်းကလေးနှင့် ခင်မင်ခွင့်ရအောင် ကြိုးစားတော့မည် ။ ရင်းနှီးခင်မင်ခွင့်ရမှ ဖြစ်မည် ။

‘လေပြေ. . . ဒီမှာ သားသူငယ်ချင်း လာတယ်’

‘မျိုးဇော်လား. . . ဒေါ်မြ၊ ဒီကို လွှတ်လိုက်လေ’

သူ့သူငယ်ချင်း မျိုးဇော်က ထမင်းစားခန်းဆီ လျှောက်လာပါသည်။ သူက လှမ်းကြည့်ကာ ပြုံးပြလိုက်၏ ။

‘ တစ်ယောက် တည်း ဘာတွေ စားနေတာလဲ လေပြေ’

မျိုးဇော်က ခုံတစ်လုံး ဆွဲထုတ်ထိုင်ရင်း မေးသည်။

‘မင်းလာတာ အတော် ပဲ၊ ငါဒီမှာ တစ်ယောက် တည်း ပျင်းနေတာကွ’

ဟု ပွင့်လင်းစွာ ဖွင့်ဟ၀န်ခံပါ၏ ။

ဒေါ်မြက မျိုးဇော်အတွက် သီးစုံတစ်ပန်းကန်လုပ်ကာ လာချပေးပါသည်။ ပြောနေစရာ မလို။

မျိုးဇော်က သူနှင့် အထက်တန်းကျောင်းလောက်ကတည်းက ပေါင်းလာခဲ့သော အခင်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်ပြီး သူ့အိမ်ကိုလည်း ၀င်ထွက်သွားလာနေကျ ဖြစ်သည်။

သူတို့က အားမနာတမ်းခင်သော သူငယ်ချင်း။

‘ဘယ်လိုလဲ မင်းအဖေအသစ်နဲ့ အဆင်ပြေနေပြီလား New Father လေ’

မျိုးဇော်စကားက နားခါးလွန်းသည်။ သူ အသိအမှတ်မပြုချင်ပါ။ မေမေ့ခင်ပွန်း ဖြစ်တိုင်း သူ့ အဖေနေရာပေးရမှာ လား။

‘ကျွတ်. . . ဘယ်က အဆင်ပြေရမှာ လဲကွာ. . . သူ့သမီးကတစ်မျိုး၊ သူကတစ်မျိုးနဲ့ အရမ်း စိတ်ညစ်ဖို့ ကောင်းတယ် ငါ ပြေးချင်နေပြီ’

‘အဘိုးကြီးက မင်းကို သူ့သမီးနဲ့ ရည်ရွယ်ထားတာ မဟုတ်လား၊ ကျော့ကျော့က ရုပ်ကလေး ကတော့ မဆိုးပါဘူးကွာ. . . မင်းမကြိုက်ဘူးလား၊ ယူလိုက်ပေါ့. . . ရရင် အမြတ်ပဲ. . . ယောက်ျားလေးပဲ’

မျိုးဇော်က သူ ကျော့ကျော့ဇေကို ကြည့်မရတာ သိတာကြောင့် တမင်နောက်နေသည်။

‘ဘာလို့ ယူရမှာ လဲကွာ. . . မင်းကြိုက်ရင် မင်းယူလိုက်ပါလား. . . မင်းပြောသလို အဖတ် တင်တာပေါ့’

‘ကောင်မလေးက မင်းကို ကပ်နေတာပဲဟာ’

‘ကျွတ်. . . တော် စမ်းပါကွာ’

လေပြေ စိပ်ပျက်လက်ပျက် ရေရွတ်မိသည်။

ဦးဇေယျာသော်ရဲ့ သမီး ကျော့ကျော့ဇေကို သူ သိပ်ကြည့်မရပါ။ အမြင်ကပ်လွန်းပါသည်။

မိန်းကလေးပီပီ သိမ်သိမ်မွေ့မွေ့ အေးအေးဆေးဆေးမရှိ။ သူ့ကိုလည်း လိုအပ်တာထက် ပိုပြီး အရောဝင်နေသလို ထင်မိသည်။ ဘယ်လိုရည်ရွယ်ချက်လည်း မသိပါ။

နေရာတကာ ၀င်စွက်ဖက်ချင်တာ။ ပိုင်စိုးပိုင်နင်းရှိလှသော သူမရဲ့ အပြုအမူတွေ ကို လေ ပြေ စိတ်ပျက်မိသည်။

ကျော့ကျော့ဇေက သူ့ကို အရမ်းမက်မောနေသည်။

သူက တစ်ဦးတည်းသော သား မဟုတ်လား။ အမေ့အမွေအားလုံးက သူ့ဆိကျလာမှာ ကိုပဲ စောင့်မျှော်လိုချင်နေတာလား။ သူ့ဘက် ကတော့ မလွှဲသာလို့သာ ကြည့်နေရတာ ။ တစ်ခါတလေ ကျလျှင် ပြောလိုက်ချင်သည်။

နစ်နစ်နာနာ ပြောပစ်ချင်သည်။ မေမေ့မျက်နှာကြောင့် သာ သည်းညည်းခံ ကြည့်နေရတာ ။

‘လေပြေ. . . မင်းဒီနေ့ အားတယ်မဟုတ်လား . . . ငါ Dagon Center မှာ ဆံပင်သွားညှပ် မလို့ ခေါင်းလည်း လျှော်ရမယ်’

မျိုးဇော်နှင့် သူက တစ်နေရာရာသွားစရာရှိလျှင် အတူတူညှိပြီး သွားနေကျ ဖြစ်သည်။

‘ဒါဆို ကြာမှာ ပေါ့ ငါသွားစရာရှိတယ်. . . ’

လေပြေက ရွှန်းလဲ့ဆီသွားရန် ရည်ရွယ်ထားတာကြောင့် မျိုးဇော်နှင့် လိုက်မသွားချင်ပါ။ ငြင်းလိုက်မိသည်။

‘လုပ်မနေနဲ့. . . ဟေ့ကောင်၊ မင်း ဒီနေ့အားတာ ငါသိတယ်ကွာ. . . လိုက်ခဲ့ပါ၊ မင်းပါတော့ စိုပြေတာပေါ့’

‘တကယ် မအားတာ၊ ငါ့ကောင်မလေးဆီ သွားရမယ်’

‘ဟာ. . . ငါနဲ့ မတွေ့ ရတဲ့ တစ်ပတ်အတ်ွငးမှာ ဘာတွေ ဖြစ်ကုန်တာလဲ၊ မင်း ဘယ်တုန်းက ထားလိုက်တာလဲ လေပြေ’

ဟု ထအောင်ပြီး မျက်လုံးပြူးကြည့်သည်။

မျိုးဇော်က တအံ့တသြနေတာကြောင့် အော်ရယ်နေလိုက်သည်။

ပြောမပြဘဲ ထားလိုက်သည်။

မျိုးဇော်က သူ့ပခုံးကို လှမ်းပုတ်သည်။ အသည်းအသန်စိတ်ဝင်စားသွားပြီ။

‘ဟ. . . ဘာရယ်နေတာလဲ. . . ပြောလေ’

မျိုးဇော်က အရမ်းသိချင်နေသည်။ မရိုးမရွ ဖြစ်နေပြီ။ လေပြေက တစ်ချစ်တော့ တွေ ဝေ သွားရသည်။

သူ့ရင်ထဲမျာ လေးလေးနက်နက် ချစ်မိနေသော မိန်းကလေးက သူ့ကို စေ့စေ့တောင် မကြည့်ပါလား။

ရွှန်းလဲ့အကြောင်းကို လေပြေ ပြောသင့်ပါရဲ့ လား. . . ။

‘ဘယ်သူလဲ. . . ဘယ်မှာ လဲ’

မျိုးဇော်က ဆက်မေးလျှင် သူကဘယ်လိုဖြေရမလဲ။

မရေရာသော ကိစ္စကြီး။ သူချစ်ရတဲ့ မိန်းကလေး ဂုဏ်ငယ်မှာ မလိုလား။ နှလုံးသားက ခံနိုင် ရည်မရှိပါ။

‘ဘာလို့ တိတ်နေတာလဲ. . . လေပြေ၊ မင်း အချင်းချင်းလျှိုထားလို့ ကတော့ မလွယ်ဘူး’

‘ဘာမှ မဟုတ်သေးပါဘူးကွာ’

‘မရဘူး. . . သိချင်တယ် ပြောကွာ’

‘ငါ့ဘက်က စိတ်ဝင်စားနေရုံ သက်သက်ပါကွာ. . . ငါ့ကောင်မလေး မဟုတ်ပါဘူး’

‘အဲဒါဆို ပိုတောင်စိတ်ဝင်စားသေးတယ်. . . အမြန်ပြော’

ဟု တိုက်တွန်းလာ၏ ။

‘ဟာ. . . ဘာကို ပြောရမှာ လဲ’

‘မင်းကောင်မလေး အကြောင်းလေကွာ’

လေပြေက ခေါင်းရမ်းသည်။

သူက ပါးစပ်အရသာခံပြီး ငါ့ကောင်မလေး သုံးနှုန်းလိုက်တာပါ။ အမှန်က သူ့ကောင်မလေး လုံးဝမဟုတ်သေးပါ။

‘ပြောစရာ ဘာမှကို မရှိသေးတာ’

‘မင်း တော် တော် ဈေးကိုင်တာပဲ’

‘လောလောဆယ် နာမည် တစ်ခု ပြောပြမယ်’

‘အေး’

ဟု မျိုးဇော်က လက်ခံသည်။

‘ရွှန်းလဲ့. . . တဲ့’

‘ရွှန်းလဲ့ . . . ဟတ်ုလား၊ နာမည် အရင်းလား အဲဒါ’

‘ဟုတ်မှာ ပေါ့. . . ငါ သူနဲ့ပတ်သက်လို့ ဘာမှမသိသေးဘူး။ အခုမှ သိအောင်လုပ်မလို့. . . ၊ အဲဒါ နာမည် တောင် ခေါ်တာကြားလို့ သိထားတာ’

မျိုးဇော်က ယုံ၊ မယုံ မသိ။

ရွှန်းလဲ့ နာမည် ကို သူ့နှုတ်က ထုတ်ပြောရတာ ကြည်နူးကျေနပ်မိသည်။ ကိုယ် အဲ့ဒီ လောက်အထိ အ ဖြစ်သည်းနေမိ၏ ။ ရူးတယ်ပဲ ဆိုချင်ဆို။

ကိုယ့်ဘက် ကတော့ မင်းလေးနဲ့ နီးစပ်ရဖို့ နည်းလမ်းရှာမှာ ပဲ။ မင်းအကြောင်းတွေ အားလုံး သိချင်တယ်။ ပြီးတော့ မင်းနဲ့ စကားတေါ အကြာကြီးပြောချင်တယ်။

ပြီးတော့ ကိုယ်တို့နှစ် ယောက် သူများ တွေ ထက် ပိုခင်မင်ကြမယ်။

တစ်ယောက် ကို တစ်ယောက် လေးလေးနက်နက် လေးလေးစားစား. . . ။

ပြီးတော့ မင်းကလည်း သဘောတူမယ်ဆိုခဲ့ရင် ကိုယ်တို့ လက်တွဲ ကြမယ်။

အနာဂတ်မှာ တစ်ယောက် ကို တစ်ယောက် ဖေးဖေးမမ ကြင်နာမြတ်နိုးစွာ နဲ့. . . ။

ကိုယ့်ဘ၀မှာ အဖော်လိုအပ်နေတာ မှန်ပါတယ်။ အထီးကျန်နေတာလည်း မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကွက်လပ်မှာ ဘယ်သူမဆို အစားထိုးလို့ရတယ် မဟုတ်လား။

မင်းမှ မင်းပဲ ဖြစ်နေခဲ့တာ၊ နှလုံးသားရဲ့ နက်နက်ရှိုင်းရှိုင်း ဆန္ဒပါ. . . မင်း ယုံပေးပါ. . . ။

‘ဘာမှ မသိဘဲ ဘယ်လိုချိန်းထားကြတာလဲ’

မျိုးဇော်က နားမလည်ချင်သလို မေးသည်။

‘ဒီလိုပဲပေါ့’

‘ဘယ်လိုလဲ’

‘ငါက အချိန်မှန် ရထားကြီး’

‘ဟား. . . ဟား’

မျိုးဇော်က လှောင်ရယ်သည်။

‘ရပါတယ်. . .မင်းက ရယ်ပေါ့’

‘ရယ်မိတာပဲ အပြစ်လား. . . ရထားကြီးရာ’

ဟု မျိုးဇော်က စနေသည်။

ကိုယ့်ဘက် ကတော့ စွဲနေပြီကွာ။ မင်းကို ကိုယ့်ဘ၀ထဲရောက်လာအောင် ဘယ်လိုဆွဲခေါ် ရမလဲ။

မင်းကရော ကိုယ့်ကို ဆန္ဒရှိပါ့မလား။

‘အဲ့ဒီကောင်မလေး မင်းကိုသိလား’

မျိုးဇော်က သူ့ကို တော် တော် အထင်ကြီးနေပါလား၊ ဘာမှကို မသိသေးတာ ပြောပြရင် ယုံပါ့မလား။

သူခေါင်းခါတော့. . .

‘မင်းက သိအောင် မကြိုးစားဘူးလား’

‘အခုမှ ကြိုးစားမလို့’

‘လက်နှေးလိုက်တာ’

အားမလို အားမရ ရေရွတ်၏ ။

မျိုးဇော်ကို ပြောပြလိုက်တော့ ရင်ထဲပေါ့သွားသည်။ အားလည်း ရှိလာသည်။

သူငယ်ချင်းတွေ ဆိုတော့ ၀ိုင်းစဉ်းစားပေးလိမ့်မည် ။ ကူညီလိမ့်မည် ။ သူလည် တစ်ယောက် တည်းဆိုတော့ တွန့်ဆုတ်နေတာ အမှန်ပါပဲ။

ရှေ့မတိုးရဲ. . . ။

သတ္တိနည်းတာတော့ မဟုတ်။

သူ မှားသွားမလား. . . စိုးရိမ်တာ။

ရွှန်းလဲ့ဘက်က No ဆိုတာကြီး လုံးဝမလိုချင်တာ။

သူ ကြောက်နေတာက အဲ့ဒါ

နှုတ်မှ သီချင်းလေး တိုးတိုးညည်းရင်း လေပြေအလုပ်ရှုပ်နေပါသည်။

အလုပ်ရှုပ်တယ်ဆို အိမ်မှာ ခေါ်ထားသည့် ကောင်လေး မင်းမင်းဆီက အ၀တ်ဟောင်းတချို့ ငှားရ၊ သူ့စီးနေကျ ကတ္တီပါ ဖိနပ်အဟောင်းကို ခဏငှားပြီး သူ့ဖို့ ဖိနပ်အသစ်တစ်ရံ ၀ယ်ပေးကာ နှုတ်ပိတ်ထားရသေးသည်။

လေပြေ Crazy အ ဖြစ်ဆုံး ဆံပင်ပုံစံလေးကို မညီမညာ ဖြစ်အောင် ညှပ်လိုက်ရသည်။ အမြဲ ပုံသွင်းထားလေ့ ရှိသည်။ ဆံပင်တွေ နှမြောပေမယ့် မတတ်နိုင်ပါ။

မညီမညာ ဖြစ်နေတဲ့ ဆံပင်အနီတွေ ကို အနက်ရောင် ဆိုးလိုက်သည်။ အတော် လေးနက် သွားတော့မှ ဆံပင်တွေ ကို နောက်လှန်ဖြီးကြည့်လိုက်၊ ဘေးခွဲခွဲကြည့်လိုက်၊ အလယ်ခွဲကြည့်လိုက် နှင့် အလုပ်ရှုပ်နေရသည်။

ဘယ်လိုပဲ လုပ်ကြည့်လုပ်ကြည့် ဆံပင်တို့က အသားတကျ မရှိ၊ လိုချင်သည့် ပုံစံအတိုင်း ဖြစ်မလား။

လေပြေ သက်ပြင်းတစ်ချက် ချသည်။

ဘယ်လိုလုပ်ရင် ကောင်းမလဲ။ မျက်ခုံးနှစ် ဖက်ရှုံ့ကာ စဉ်းစားအကြံထုတ်နေမိသည်။ ဟာ. . ဟုတ်ပြီ။

တစ်စုံတစ်ခုကို သတိရသွားသလို လက်ဖြောက်တစ်ချက်တီးကာ ရွှင်မြူးသော မျက်နှာနှင့် အခန်းအပြင်ထွက်လာ၏ ။

‘မင်းမင်းရေ’

‘ဗျာ’

‘မင်းဆီမှာ အုန်းဆီရှိတယ် မလား’

‘ဗျာ’

‘မင်းကလည်း တဗျာဗျာနဲ့ ဘာ ဖြစ်နေတာလဲ. . . အုန်းဆီပါ ဆိုမှကွာ’

‘ဟို. . . ကျွန်တော် လိမ်းနေကျ အုန်းဆီပုလင်းတော့ရှိတယ် အစ်ကို’

‘အေး. . . အမြန်သွားယူခဲ့ကွာ’

‘ဟုတ်ကဲ့’

မင်းမင်းက အုန်းဆီပုလင်းလေးကို အမြန်ယူလာပေးသည်။ သူကို့လည်း အငေးသား ကြည့် နေသည်။

‘ပြီးရင် အပြင်သွားမယ်၊ မင်း အဆင်သင့်ပြင်ထား’

‘ဟုတ်ကဲ့. . .အစ်ကို’

လေပြေ ကိုယ့်အခန်းကိုယ် အမြန်ပြေးလာရသည်။ ရွှန်းလဲ့နှင့် လွဲသွားရင် ဒုက္ခ။ သူမ အလုပ်ဆင်းချိန် နီးနေပြီ မဟုတ်လား။ လေပြေ နောက်ကျလို့မ ဖြစ်၊ သူမ အလုပ်မဆင်းမီ ရောက် အောင်သွားမှ ဖြစ်မည် ။

အုန်းဆီတွေ ရွှဲနစ်နေအောင် ထည့်လိုက်တော့ ဆံပင်က အတော် အဆင်ပြေသွားသည်။

ဆီတွေ ရွဲနေတော့ ဆံပင်က ဦးရေပြားမှာ ကပ်နေပြီးလိုသလို ပုံသွင်းလို့ရသည်။

မေမေ၀ယ်ပေးထားသော စိန်လက်စွပ်ကို အမြဲဝတ်ထားရာမှ ချွတ်လိုက်ရတော့ မနေ တတ်သလို ဖြစ်မိသည်။ လက်မှာ တစ်ခုခလိုအပ်နေသလို ခံစားရသည်။

အရင်ကဆို ဆံပင်ကို အရှည်ထားပြီး ပုံသွင်းဖို့၊ အရောင် ဆိုးဖို့ စိတ်ပါခဲ့သူ၊ ဒါဟာ ပထမဦး ဆုံးအကြိမ် ကိုယ့်ဝါသနာကို စွန့်လွှတ်ရခြင်းပါ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ ကျေနပ်သည်။

ကိုယ် ဖြစ်စေချင်တဲ့ ဆန္ဒတွေ ဖြစ်လာအောင် ဖန်တီးဖို့က အဓိကမဟုတ်လား၊ သူဌေးသား ပုံပေါက်လို့မရ။

ကိုယ့်ပုံကိုယ် မှန်ထဲကြည့်တော့ တစ်မျိုးဆန်းနေသည်။ သေချာဆန်းစစ်ကြည့်ပြီးမှ အ၀တ်လဲဖို့ ပြင်သည်။

အ၀တ်နည်းနည်း ဟောင်းရင် ၀တ်လေ့မရှိသည့် လေပြေမှာ အ၀တ်ဟောင်းတစ်စုံတစ်လေ မရှိပါ။ အခုတော့ အခက်တွေ့ ပြီ။

မင်းမင်းဆီမှာ ငှားလိုက်လို့ တော် သေးသည်။

သူ့ဆီမှာ လည်း လေပြေနှင့် တော် တာဆိုလု့ အခုယူထားသည့် ရှက်လက်ရှည်အဖြူ အဟေင်းလေးသာ ရှိသည်။ လက်ရှည်မ၀တ်တတ်ပေမယ့် အတတ်နိုင်ပါဘူး။ ဒါပဲ ၀တ်ရတော့မှာ ပဲ လေ။

ဘယ်ပုဆိုး ၀တ်ရမလဲ။ အက်ႌ ကေတာ့ ရပါၿပီ။ ပုဆိုးကို ရှာရဦးမည် ။

ဗီရိုထဲက ပုဆိုးတွေ ထဲ မွှေနှောက်ရှာမိသည်။

အရောင် ခပ်မှိုင်းမှိုင်း ပုဆိုးတစ်ထည်ကို အောက်ဆုံးမှ ဆွဲထုတ်လိုက်သည်။

အင်္ကျီက အဖြူ၊ ပုဆိုးက ဘာအရောင် မှန်းမသိ၊ အကွက်လေးတွေ ။

အားလုံးပြီးသွားတော့ မှန်ထဲ တစ်ချက်ကြည့်လိုက်သည်။

ဟူး. . . ။

တော် ပါသေးရဲ့ . . . ။

အခန်း(၂)

တဖြည်းဖြည်းနဲ့တော့ လူရိုးလူအေး၊ ခပ်တုံးတုံးလေး ဖြစ်လာပါပြီ။ သူ့အရင်ပုံစံ၊ အရင်စတိုင် နှင့် တခြားစီ။

သြော်. . . နာရီ၊ နာရီက မ၀တ်လို့တော့ မ ဖြစ်။ လေပြေ့ နာရီတွေ အားလုံးက အဖိုးတန် တွေ ချည်းပဲ။

မထူးပါဘူး။ နာရီတွေ ထဲက အဟောင်းဆုံးနာရီ တစ်လုံးကိုပဲ ရွေးပတ်လိုက်ရသည်။ နာရီပါ မှ အချိန်သိရမှာ ။

‘မင်းမင်းရေ’

‘ဗျာ. . . လာပြီ’

ကားဘေးမှာ မင်းမင်းက အသင့်ရပ်စောင့်နေသည်။

‘လာ. . . သွားမယ်’

အိမ်အပြင်ထွက်လာတော့ သူ့ပုံစံကို မင်းမင်းက တအံ့တသြငေးကြည့်နေသည်။

ပြီးတော့ ခြံထဲမှာ ပန်းပင်ရေလောင်းနေသည့် ခြံစောင့်ဦးလေးကြီးကလည်း ကြည့်နေ၏ ။

သူတို့ရဲ့ တအံ့တသြအကြည့်ကို မသိဟန်ဆောင်ကာ တံခါးဖွင့်ဝင်ထိုင်သည်။

စိတ်ထဲမှာ တော့ ရွှန်းလဲ့ရှိနေပါစေဟု ဆုတောင်းနေမိ၏ ။

အဲ့ဒါ အရေး အကြီးဆုံးပါပဲ။

စိတ်လှုပ်ရှားလွန်းစွာ ကားမောင်းလို့မရ။ ဒီကြားထဲ ညနေဘက်ဆိုတော့ လမ်းမှာ ကားတွေ က အရမ်းရှုပ်လွန်းသည်။ မီးပွိုင့်တိုငးလိုလိုမိနေတော့ လေပြေစိတ်မရှည်ချင်တော့။ အဲ့ဒါကြောင့် ညနေ ဘက်ဆို အပြင်မသွားချင်တာ။

သို့သော် သိပ်မကြာလိုက်ဘဲ ရွှန်းလဲ့ရှိရာ မြေနီကုန်းရှိ လမ်းလေးသို့ ရောက်လာပါသည်။

လမ်းထိပ်တစ်နေရာမှာ နေရာရှာကာ ကားရပ်လိုက်သည်။

‘မင်း ပိုက်ဆံအိတ်ရော’

‘ဒီမှာ အစ်ကို’

မင်းမင်းလှမ်းပေးသော ပိုက်ဆံအိတ် အနက်ရောင် အပြားလေးထဲသို့ ပိုက်ဆံတွေ ကို ပြောင်းထည့်လိုက်သည်။

‘ငါ့အိတ် မင်းခဏယူထားပေါ့ကွာ’

‘ဗျာ’

သူ့ကို နားမလည်နိုင်သလို ကြည့်နေသော မင်းမင်းကို ခပ်တည်တည်ဖြင့် . . .

‘မင်း မလိုက်ခဲ့နဲ့တော့၊ ကားပေါ်ကပဲ ထိုင်စောင့်၊ မင်း အ၀တ်တွေ ၀တ်သွားတာ၊ မင်းပိုက်ဆံအိတ် ငှားထားတာ မေမေသိလို့ကောတ့ မလွယ်ဘူးမှတ်၊ ဘယ်သူ့ကိုမှ ပြောစရာမလို ဘူး နားလည်လား’

‘စိတ်ချပါ အစ်ကိုရဲ့ . . . ကျွန်တော် နှုတ်လုံပြီးသားပါ’

‘အေး. . . ဒါဆို ပြီးတာပဲ၊ ကားပေါ်ကပဲစောင့်. . . ဟုတ်လား၊ ဘယ်လောက်ကြာကြာ ကားထဲကပဲ စောင့်နော်၊ ဘယ်မှ လျှောက်မသွားနဲ့ ကြားလား’

‘ဟုတ်ကဲ့’

မင်းမင်းကို မှာ စရာရှိတာ မှာ ပြီးတာနဲ့ ရွှန်းလဲ့ရှိရာ လမ်းလေးထဲသို့ လျှောက်ဝင်လာသည်။

သူမဆိုင်ရှေ့က ဖြတ်လျှောက်သွားတော့ ချိတ်ကလေးတွေ နှင့် ပိတ်စတွေ ကို အစီအရီ ခေါက်တင်နေသည် သူမကို လှမ်းတွေ့ လိုက်ရသဖြင့် လေပြေ ရင်အေးသွားရသည်။

ဘယ်အချိန်ကြည့်ကြည့် မင်းလေးက အရမ်းလှနေတော့တာပဲ။

ချွေးစို့နေတဲ့ မျက်နှာသွယ်သွယ် ချွန်ချွန်လေးကို ငေးမ၀၊ အရပ်မြင့်မြင့်၊ ဆံပင်ပျော့ဆင်း ဆင်းလေးနှင့် သူမက မော်ဒယ်လေးတစ်ဦးလို လှပကြော့ရှင်းလွန်းသည်။

ရင်သက်ရှုမောဖွယ် သူမကအလှက တခြားသူတွေ နှင့် မတူဘဲ တမူထူးခြားသည့် ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်။

ဒါဟာ လေပြေရင်ထဲက မေတ္တာစိတ်ကြောင့် ပဲလား။ သူမနှင့် မသိဘဲ သူမအပေး လေပြေ့ ရင်ထဲ သံယောဇဉ်ထုထည်များ လွန်းနေတာ ဆန်းသည်။

ဘာလို့များ သူမကို ရင်ထဲက နက်နက်ရှိုင်းရှိုင်း မြတ်နိုးသွားမိတာလဲ၊ စဉ်းစားမရ။

သေချာတာတစ်ခု ကတော့ သူမကို မြင်လိုက်ရတိုင်း လေပြေ့ရင်ထဲ အတိုင်းမသိ ကြည်နူး သွားရ၏ ။

မင်းလေးကို ကိုယ် ဘာကြောင့် ဒီလောက်ချစ်သွားရတာ လဲ၊ မင်း ငါ့ကို ဘယ်လို ပြုစား လိုက်တာလဲ။

ရွှန်းလဲ့သည် သူမကို တစ်စုံတစ်ဦးကြည့်နေသလို ခံစားရတာ ကြောင့် ဆက်ခနဲ လှမ်းကြည့် မိသည်။

မ၀ံ့မရဲပုံလေးနှင့် အကြည့်လွှဲသွားသူ တစ်ယောက် ။ မျက်နှာက ဖွေးဖွေးသန့်သန့်နှင့် မလိုက် မဖက်၊ ဆံပင်မှာ ဆီတွေ က ရွှဲလို့၊ သူ့ပုံစံက ရယ်တော့ ရယ်ရသား။

အင်္ကျီက သူနှင့် မတော် ဘဲ ခါးကတိုနေတော့ ရယ်စရာ ကောင်းနေသည်။ ဘာပုံကြီးလဲ. . .

အ၀တ်အစား မတော် တရော် ၀တ်ထားတဲ့ကြားကပင် သူ့ပုံစံက ခန့်ညားကြည့်ကောင်းနေ ၏ ။

ရွှန်ူးလဲ့ကြည့်နေတုန်းမှာ ပင် သူက ရွှန်းလဲ့ကို ပြုံးကြည့်လာ၏ ။

မျက်ခူံးထူထူနှင့် သူ့ပုံစံက အပြစ်ပြောစရာမရှိလောက်အောင် ချောမောကြည့်ကောင်း လွန်းသည်။

လေပြေမှာ သူမ လှမ်းကြည့်လိုက်သဖြင့် လာရကျိုးနပ်ပြီဟု ပျော်သွားရသည်။

ဒီလိုမှ ပြန်ကြည့်ပါ့မလားလို့ လေပြေစိုးရိမ်နခဲ့ရတာ ။ စိတ်ထဲ မောနေရတာ ။

တော် သေးလို့. . .

သူမက လေပြေ့ကို စိတ်ဝင်စားပုံရသည်။ နှုတ်ခမ်းကလေးတွေ ရယ်ချင်သလို ပြုံးလို့။ ကော့ရွှန်းတဲ့ မျက်ဝန်းနက်နက်လေးတွေ . . .

လေပြေသိပ်ကြိုက်တဲ့ မျက်လုံးတွေ ပေါ့၊ အဲဒီ မျက်လုံးလေးတွေ က လေပြေ့ရင်ထဲ ထိုးဖောက်နိုင်စွမ်းရှိသည်။ ကျွမ်းပစ်ကျသွားအောင် ညှို့ယူနိုင်လွန်းသည်။

ရွှန်းလဲ့ကို ကြည့်နေပုံက ရင်တုန်ချင်စရာ။

မြတ်နိုးမှု အပြည့်နှင့် ရွှန်းလဲ့ကို တန်ဖိုးထားမှု တွေ ပေါ်လွင်နေသည်။

လေးနက်လွန်းသော အကြည့်တွေ ပါလား။

လေးနက်လွန်းသော အကြည့်တွေ ပါလား။

ရွှန်းလဲ့မှာ သူ့အကြည့်နွေးနွေးဒဏ်ကြောင့် ရင်ခုန်နှုန်းတွေ တဖြည်းဖြည်း မြန်လာရသည်။

သူက ဘယ်သူလဲ. . . ၊ ဘယ်ကပါလိမ့်. . . ။

ရွှန်းလဲ့ သူ့ကို တစ်ခါမှ မမြင်ဘူး။ မသိဘူးပါ။

သူက ရွှန်းလဲ့ကို သိနေပြီးသားလား။

သူ့အကြည့်တွေ က ရွှန်းလဲ့ကို သိနေပြီးသားကို။

ရွှန်းလဲ့ကို သူ့ကိုမသိဘဲ သူကဘာလို့ ရွှန်းလဲ့ကို သိနေရတာ လဲ။ တစ်ခါမှ မမြင်ဘူးတာ သေချာသည်။

‘ဟိတ်. . . ရွှန်းလဲ့ ဘာငိုင်နေတာလဲ. . . မပြန်သေးဘူးလား၊ ငါတို့သွားပြီနော် တာ့တာ’

လဲ့ဝါ လာပြောမှ ရွှန်းလဲ့လည်း သူ့ဆီမှ အကြည့်လွှဲရင်း ပြန်ဖို့ အိတ်ကလေးကောက် လွယ်ကာ ဆိုင်ပြင်ထွက်လာခဲ့သည်။ ရှက်စိတ်နှင့် လူက ထူပူနေရသည်။

ခပ်တည်တည်နှင့် သူ့ရှေ့မှ ဖြတ်လျှောက်လာခဲ့ရာ ဖြစ်ချင်တော့ သူ့ရှေ့မှာ မှ သူမ ခလုတ် တစ်ချက်တိုက်၏ ။

‘အမေ့’

သူက ရယ်သည်။ သူ့ရယ်သံက ရွှန်းလဲ့ကို ဒေါသ ဖြစ်စေ၏ ။ ရွှန်းလဲ့က ရှက်ရှက်နှင့် မျက် စောင်းရွယ်တော့ သူ့မျက်နှာက ပိုပြုံးသွားသည်။

‘ဟိတ်. . . ဘယ်သူ့အားကိုးနဲ့ ကျစ်ဆံမြီး ကျစ်တာလဲ’

‘ရှင်’

သူမက ရှက်စနိုးရယ်ကာ ပြန်စသည်။

‘ဟင်. . . ရှင်နော်၊ ရှင်ကျတော့ရော ဦးထုပ်နောက်ပြန်ဆောင်းထားတာ စတိုင်ကျတယ် ထင်လို့လား. . . ’

ကောင်မလေးက သူ့ကိုတရင်းတနှီး ပြန်နောက်တာကြောင့် လေပြေ ကျေနပ်သွားရသည်။

ရွှန်းလဲ့က ဘေးမှလိုက်ပါလာသော သူ့ကို မျက်စောင်းထိုးမိသည်။ ခေါင်းကဆံပင် ဆီရွှဲရွှဲ နှင့် မုန်းစရာကြီး။ ဘာလို့ ကပ်လိုက်လာတာလဲ. . . ။ သူနဲ့လည်း သိဖြင့် မသိဘဲနဲ့။

အဲဒီ လို ပေါ်တင်ကြီး လိုက်လာတာ ရှက်စရာ။

‘စ, တာပါ. . . ပါးကွက်ကလေးနဲ့ ကျစ်ဆံမြီးကလေး အရမ်းချစ်ဖို့ကောင်းလို့’

‘အမယ်’

‘တကယ်ပြောတာပါဗျာ. . . နောက်တာ မဟုတ်ပါဘူး’

ရွှန်းလဲ့လည်း သူ့ကို မြတ်မြတ်နိုးနိုး မော့ကြည့်ကာ ဘ၀င်ခိုက် ကြည်နူးနေရသည်။

တစ်ခါမှ အဲ့ဒီလို မခံစားခဲ့ရဘူးပါ။

နှုတ်ခမ်းဖွင့်ကာ ပြုံးရယ်နေသော သူ့မျက်နှာက ရွှန်းလဲ့ကို ပူနွေးယစ်မူးစေသည်။ သူနှင့် စကားပြန်မပြောဘဲ မနေနိုင်။

‘စိတ်ဆိုးလား’

ရွှန်းလဲ့ ချက်ချင်း မဖြေ ဖြစ်ဘဲ အိုက်တင်ခံနေလိုက်၏ ။

‘ပြောလေဗျာ’

လေပြေက ခပ်တိုးတိုး ထပ်မေးလိုက်သည်။

ဘယ်လိုရေစက်လဲ မသိ။ ထိုရွှန်းလဲ့ဆိုသော မိန်းကလေးနှင့် အတူတူယှဉ်လျှောက် စကား ပြောလာရတာ ရင်ခုန်ကြည်နူးဖွယ် ကောင်းလှသည်။ သူဘာလို့ အပျော်လွန်နေမိသလဲ။

‘စိတ်မဆိုးဘူး မဟုတ်လား’

‘အင်း’

‘ဒါဆို နာမည် လေး ပြောပြဦးလေဗျာ’

လေပြေက သူမနာမည် ရွှန်းလဲ့ဆိုတာ သိပြီးပေမယ့် ထပ်မေးလိုက်သည်။ ခပ်တည်တည် နှင့် . . . ။

‘ရွှန်းလဲ့ရွှေရည်. . . ရှင့်နာမည် ကရော’

ကောင်မလေးက အမှန်တိုင်းပြောသည်။

ညာတတ်ပုံမရ။ ရိုးသားမှု ကို အမှတ်ပေးမိ၏ ။

သူကရော ဘာများ ညာစရာ ရှိမလဲ။

Sorry ကွာ. . .ကိုယ်က ညာသလို ဖြစ်နေပြီ။

‘စစ်လေပြေ’

‘ဘယ်မှာ နေတာလဲ’

နှစ် ယောက် စလုံး တစ်ပြိုင်နက်တည်း မေးမိကြသဖြင့် နှစ် ယောက် စလုံး ရယ်လိုက်မိသည်။

သူမ ရယ်ပုံလေးက ချစ်စရာကောင်းလွန်းသည်။ လေပြေတို့နှစ် ယောက် သား ပတ်ဝန်းကျင် ကိုပင် မေ့လျော့သွားကာ တစ်ယောက် ကို တစ်ယောက် အကြည့်မလွှဲနိုင်အောင် ပျော်ဝင်နေသည်။ ဒီအချိန်လေး ကုန်ဆုံးသွားမှာ ကို နှမြောနေမိသည်။

နောက်ထပ် ဘယ်တော့များ တွေ့ ရမလဲ။ ထပ်မတွေ့ ရမှာ ကို နှစ် ယောက် စလုံး စိတ်ပူ နေမိကြသည်။

စကားပြောကြည့်မှ သူမက ပွင့်လင်းဖော်ရွေပြီး ချစ်စရာကောင်းလွန်းတာ သိလာရသည်။

မထင်မှတ်ဘဲ သူမနှင့် လေပြေဟာ ခဏလေးအတွင်းမှာ ခင်မင်ရင်းနှီးသွားသလို ခံစား ရသည်။

‘လိပ်စာသိရင် ဘာလုပ်မလို့လဲ. . . လာလည်လို့ မရဘူးနော်’

‘သြော်. . . ဟုတ်လား. . . ကျွန်တော် လည်း ရွှန်းလဲ့လို ဦးလေးအိမ်မှာ ကပ်နေရတာ ။ မိဘ မရှိဘူး. . . တစ်ကောင်ကြွက်ပဲ ဆိုရမလား’

သူ့အပြောကြောင့် ရွှန်းလဲ့ သနားသွားရသည်။

အရမ်းချောတဲ့ ကောင်လေးရယ်. . .

နင်နဲ့ငါက ဘ၀တူတွေ များ လား. . .

ဒါဆိုရင် ငါနားလည်ပေးမှာ ပေါ့. . .

ငါ့လိုပဲ နင်လည်း သူများ အိမ်မှာ မှီခိုနေရတာ ပေါ့နော်။

‘ရွှန်းလဲ့က ဒီဆိုင်မှာ ရှိတာများ ပါတယ်၊ နေတာ ကတော့ အဒေါ်အိမ်မှာ ကပ်နေတယ်’

သူမက ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပြတော့ လေပြေ့မှာ မလုံမလဲ ဖြစ်ရသည်။

သူမဘ၀ကို စာနာမိပါသည်။

မင်းလေးဆီက ကိုယ်လိုချင်တာ တစ်ခုတည်းပါ။

တခြားဘာမှ မမျှော်လင့်ပါဘူး ရွှန်းလဲ့ရယ်. . .

မင်းကို ချစ်မိတာ တစ်ခုတည်းပါ. . . ။

နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် စာနာမိသလို မျက်လုံးချင်း နားလည်မှု ဖလှယ်မိကြသည်။

လေပြေ့မှာ တော့ ကြည်နူးမဆုံးပါ။

သူမဟာ ကိုယ်ထင်တာထက်ကိုပိုပြီး နူးညံ့သိမ်မွေ့လွန်းပြီး ခင်ဖို့ကောင်းပါသည်။

သူမရဲ့ မျက်ဝန်းနက်လေးတွေ ထဲမျာ ကိုယ့်အပေါ် ယုံကြည်ခြင်းတွေ ပြည့်လျှံနေသည်ဟု ထင်မိသည်။

‘ကိစ္စရှိလို့ ဖုန်းဆက်ချင်ရင် ဆိုင်ဖုန်းနံပါတ် ယူထားလေ’

‘ဆိုင်ပိုင်ရှင် ဖုန်းခဏခဏဆက်ရင် ရွှန်းလဲ့ကို ဆူမှာ လား’

‘အင်း. . . ဆူမှာ ပေါ့၊ ခဏခဏတော့ ဆက်လို့မရဘူး။ ကိစ္စရှိမှ ဆက်လေ၊ ရွှန်းလဲ့တို့ တစ်အိမ်ကျော်က ဖုန်းကိုတော့ ဆက်လို့ရတယ်’

‘ကိုယ်ဖုန်းဆက်ရင် မင်းအဒေါ်က ဆူမှာ ပေါ့’

‘အဒေါ်ဆူတာက အကြောင်းမဟုတ်ပါဘူး၊ ဆိုင်မှာ က အလုပ်ပြုတ်သွားမှာ စိုးတယ်လေ၊ ဒီအလုပ်ကိုတောင် ရွှန်းလဲ့သူငယ်ချင်း လဲ့ဝါက ပြောပေးလို့ ရထားတာ’

‘ဒါဆို ကိုယ်လည်း ဖုန်းနံပါတ်ပေးခဲ့မယ်’

‘ရှင့်အိမ်ကရော ဖြစ်ပါ့မလား’

သူမက ကိုယ့်အတွက် စိုးရိမ်ပေးရှာသည်။

ရွှန်းလဲ့က သူမကြောင့် တော့ သူ့အိမ်မှာ ပြဿနာမကြုံစေချင်။ ရွှန်းလဲ့ကြောင့် သူ့မှီခိုနေရာ လေး အခက်မကြုံစေချင်ပါ။

‘အခြေအနေ ကြည့်ရတာ ပေါ့ဗျာ’

‘သြော်. . . ရွှန်းလဲ့ နားလည်ပါတယ်’

‘ရွှန်းလဲ့ဆိုင်မှာ အရမ်းပင်ပန်းမှာ ပဲနော်’

‘ရှင်’

သူမမျက်နှာလေး မဲ့သလို ဖြစ်သွားပြီးမှ. . .

‘ပင်ပန်းတယ်လို့တော့ မရှိပါဘူး၊ ဒီလိုပါပဲ. . . အလုပ်ဆိုတာ မပင်ပန်းတဲ့အလုပ်မှ မရှိတာ’

‘ရွှန်းလဲ့ ကျောင်းမတတ်ဘူးလား’

‘ကိုးတန်းနဲ့ ထွက်ခဲ့တာ’

‘သြော်. . . ဟုတ်လား’

ရွှန်းလဲ့အကြောင်းကို အသေးစိတ် လိုက်မေးသော ကောင်လေးကို ပြုံးပြလိုက်သည်။

စိတ်မပူပေးပါနဲ့ နင်နဲ့ငါက ဘ၀တူတွေ ပဲ၊ နင့်ကိုလည်း နားလည်ပေးမှာ ပါ။

လေပြေစိုက်ကြည့်နေသဖြင့် ရွှန်းလဲ့ မနေတတ်သလို အကြည့်လွှဲမိကာ ရင်ခုန်သံတွေ တုန်းဒိုင်းကြဲနေတာ သူကြားသွားမှဖြင့် . . .

‘အိမ်ပြန်ရမှာ တောင် မေ့နေပြီ’

‘ကိုယ်လည်း မေ့နေတယ်ဗျာ၊ အတူတူပါပဲ’

ကိုယ်က စွန့်စားခဲ့ရသူပါ ရွှန်းလဲ့ရယ်။

မင်းလေးက မာနခဲလေး မဟုတ်လား။

‘ဟော. . . ကားဂိတ်တောင် ရောက်လာပြီ၊ ဟိုမှာ ကားလာနေပြီပဲ၊ သွားဦးမယ်နော် လေပြေ၊ နောက်မှဆုံကျတာပေါ့’

‘ဟာ. . . ဘာလို့ နောက်မှဆုံရမှာ လဲ၊ ည ကျွန်တော် ဖုန်းဆက်လိုက်မယ်. . . ’

‘အင်း. . . ဒါတော့ လေပြေ့သဘောပဲ၊ ရွှန်းလဲ့သွားမယ်နော်. . . ’

‘လိုက်ပို့ပေးချင်တယ်ဗျာ. . . အိမ်ပြန်နောက်ကျရင် အဆူခံရမှာ စိုးလို့သာ’

‘ရပါတယ်. . . ကိစ္စမရှိပါဘူး၊ နေခဲ့ပါ’

သူမ ကားပေါ်တက်သွားပြီး ကားထွက်သွားသည့်တိုက်အောင် လေပြေ ရပ်ငေးနေမိသည်။

ရွှန်းလဲ့ရင်ထဲမှာ ဘယ်တုန်းကမှ ဒီလောက်မ မလှုပ်ရှားခဲ့ပါ။ သူနှင့် ဆုံမှသာ ရွှန်းလဲ့ ဘာ ဖြစ် သွားရတာ လဲ။ သူက ရွှန်းလဲ့ကားပေါ်တက်ပြီး ကားထွက်သွားသည်ကို ငေးကျန်ရစ်သည်။ ရင်ထဲ ဆွေးသွားသလိုပင်. . . ။

သူနှင့် လမ်းလျှောက်ရတာ အချိန်ကုန်သွားမှန်း မသိ။ ရွှန်းလဲ့ တစ်ယောက် တည်းဆို ကားဂိတ်က အဝေးကြီးလိုပင်။

သူနှင့် အတူ ယှဉ်လျှောက်ရတာ သူ့မျက်နှာကို မော့ကြည့်ပြီး စကားဆိုရတာ ဘယ်လိုကြည် နူးမိမှန်း မသိ။

သူ ဘေးမှာ မားမားမတ်မတ်လျှောက်လာတော့ ရွှန်းလဲ့ကို လိုက်စနေကျလူတွေ ပင် မစရဲ ကျတော့။

သူကလည်း ရွှန်းလဲ့ကို ပြုံးပြီး ငုံ့ကြည့်နေဟန်က တစ်လောကလုံးကို မေ့နေပုံ၊ ပတ်ဝန်း ကျင်ကို သတိမထားမိပုံနှင့် . . . ။ ဘယ်လိုပဲ ဖြစ် ဖြစ် သူနှင့် ခင်ရတာ ရွှန်းလဲ့ပျော်ပါသည်။

မေမေနှင့် ဦးဇေယျာသော်တို့ အပြင်ထွက်သွားကြတာမို့ လေပြေ တစ်ယောက် တည်း အိမ်မှာ ကျန်ရစ်သည်။

မေမေက လိုက်ခဲ့ဖို့ခေါ်ပေမယ့် လေပြေမလိုက်ချင်တော့။ ဦးဇေယျာသော်နှင့် အတူ မသွား ချင်တာမို့ အိမ်မှာ ပဲ နေရစ်ခဲ့လိုက်သည်။

အရင်ကဆို မေမေနှင့် အတူ ညဖက်အပြင်မှာ တစ်ခုခု သွားစားနေကျ။ ခုတော့ မေမေက လေပြေကို မလိုအပ်တော့။ ဦးဇေယျာသော်က မေမေ့ဘေးမှာ တစ်ချိန်လုံး ရှိနေတတ်သည်။

သူတို့နှင့် လည်း မလိုက်ချင်ပါ။

လေပြေ တစ်ယောက် တည်း ပျင်းနေမိသည်။

ဒီအချိန်ဆို ရွှန်းလဲ့ရော ဘာတွေ လုပ်နေမလဲ။

ရွှန်းလဲနှင့် မတွေ့ ရတာ ကြာပြီ။

သူမရော ကိုယ့်ကို သတိမှ ရရဲ့ လား။

ကိုယ် ကတော့ အရမ်းလွမ်းတယ်ကွာ။

ဘာအကြောင်းအရာပဲ တွေးတွေး သူမအကြောင်းက စိတ်ထဲ ရောက်ရောက်လာတတ် သည်။ ညအိပ်ရင်တော့ အိပ်မက်ထဲထိ မင်းက ရောက်လာတတ်သည်။

အိပ်မက်ဆိုတာ စွဲလမ်းခြင်းတစ်မျိုးပဲ။ အိပ်မက်ထဲထိ မင်းကပါနေတော့ မင်းကို ကိုယ်စွဲ လမ်းနေမိလို့သာ ဖြစ်လိမ့်မည် ။

မင်းဆီ ဖုန်းဆက်ရင် မင်းဖုန်းကိုင်ပါ့မလား။ ကိုယ်ဖုန်းဆက်ရင် မင်းလေး အဆူခံရမှာ လား။

သူမ ဖုန်းနံပါတ်လေးကို မနှိပ်ဘဲ ဟန်းဖုန်းလေးကို လက်ထဲကိုင်ထားမိရင်း စဉ်းစားနေမိ သည်။

ညဘက်အချိန်မှာ မင်းဆီ ကိုယ်ဖုန်းဆက်လို့ ဖြစ်ပါ့မလား။

သူမ ဒီအချိန် အိပ်နေပြီလား။ ဒါမှမဟုတ် စာဖတ်နေမလား၊ ဇာတ်လမ်းတွဲ ကြည့်နေမလား၊ သူငယ်ချင်းတွေ နဲ့ စကားပြောနေမလား၊ လျှောက်လည်နေမလား၊ သူမရဲ့ အပန်းဖြေချိန်လေးကို လေပြေ နှောင့်ယှက်သင့်ရဲ့ လား. . . ။

ဝရန်တာက ထိုင်ခုံလေးပေါ် ထိုင်မှီရင်း လေပြေမျက်လုံးလေးမှိတ်ကာ သူမအကြောင်း တွေးနေမိခိုက်မှာ ပင်. . .

ဧည့်ခန်းထောင့်က စားပွဲပေါ်ရှိ တယ်လီဖုန်းက ထမြည် လေသည်။

‘မင်းမင်းရေ. . . မင်းမင်း ဖုန်းကိုင်ဦးလေကွာ’

မင်းမင်းဆီက ထူးသံမကြားရသဖြင့် လေပြေထကိုင်လိုက်ရသည်။

‘ဟဲလို. . . စစ်လေပြေ ရှိပါသလား’

‘ဟာ. . . ’

သူနှုတ်က အံ့သြလွန်းစွာ ဟာခနဲ အော်လိုက်မိသည်။ ဒီစကားသံ၊ ဒီအသံလေးကို လေပြေ သိပ်သိတာပေါ့။ မှတ်မိနေတာပေါ့။ ရင်ထဲစွဲနေသော အသံကလေး. . .

‘ရွှန်းလဲ့ . . . လေပြေပါ’

‘သြော်. . . လေပြေလား၊ ဖုန်းပြောလို့ အဆင်ပြေရဲ့ လား ရွှန်းလဲ့နဲ့ စကားပြောလို့ ဖြစ်တယ် မလား’

‘ဟာ ရတာ ပေါ့ အဆင်ပြေတယ်၊ ဘယ်သူမှ မရှိဘူး ပြော’

‘လေပြေ. . . မနက်ဖြန်အားလားဟင်’

‘အားပါတယ်. . . ဘာကိစ္စရှိလို့လဲ ရွှန်းလဲ့. . . ပြောလေ၊ ကိုယ့်ကို အားမနာပါနဲ့’

‘မနက်ဖြန် ရွှန်းမွေးနေ့လေ. . . ကိုလေပြေကို တစ်ခုခုကျွေးချင်လို့ပါ’

‘ရွှန်းမွေးနေ့လား. . . ဒါဆို လာရမှာ ပေါ့ဗျာ၊ ကိုယ်လည်း ရွှန်းကို သတိရနေတာ၊ ဖုန်းဆက် ဦးမလို့. . . ရွှန်းအားရဲ့ လား မသိဘူးလို့ တွေးပြီး မဆက်တာ၊ အခု ရွှန်းဆက်လိုက်တာ အတော် ပဲ’

‘သြော်. . . ဟုတ်လား’

‘ရွှန်းရော ကိုယ့်ကို သတိရလား’

‘အင်း’

‘ဗျာ. . . တကယ်လား’

‘သြော်. . . တကယ်ပါဆို’

‘ပျော်လိုက်တာဗျာ’

‘ရွှန်း အခု ဘယ်ကဆက်နေတာလဲ’

‘ရွှန်းတို့ တစ်အိမ်ကျော်က ဖုန်းပါ’

‘ကိုယ်နဲ့ မတွေ့ ရင်ရော’

‘လေပြေများ သိသားပဲ၊ တခြားလူလာကိုင်ရင် ရွှန်းမေးရဲပါ့မလား၊ ဘာလဲ ဦးလေးသိမှာ စိုးရိမ်လို့လား’

တကယ်စိုးရိမ်မိတာ ကတော့ ကိုယ့်ကို အထင်လွဲမှကိုပါ။ ကိုယ်က ရွှန်းလဲ့ကို ညာနေသူ မဟုတ်လး၊ လေပြေ ခဏငြိမ်နေသဖြင့် သူမက. . .

‘ဟဲလို. . . လေပြေ ကြားလား’

‘အင်း. . .ကြားတယ်’

‘ဟွန်း. . . ဘာပြောရသေးလို့လဲ’

‘သြော်. . . ဘာမှ မပြောရသေးဘူးလား’

‘ကြားရဲ့ သားနဲ့ ငြိမ်နေတာ ဘာ ဖြစ်လို့လဲ’

‘တွေ့ ချင်တယ်ဗျာ. . . အခု ရွှန်းဆီ လာတွေ့ ချင်လိုက်တာ’

ဟု သူမနေနိုင်ဘဲ ဖွင့်ဟမိ၏ ။

‘ဟွန်း. . . သူကဖြင့် အဝေးကြီးမှာ ’

‘ကိုယ်လည်း နီးချင်တာပဲ၊ ရွှန်းလဲ့ကို တွေ့ ချင်တယ်ဗျာ’

‘တွေ့ ချင် ဆိုင်ကိုလာခဲ့ပေါ့’

‘ဟိုတစ်နေ့က ကိုယ်လာပါတယ်၊ ရွှန်းလဲ့ မရှိဘူး’

‘ဟုတ်လား. . . ရွှန်းလဲ့ မသိဘူး’

‘ရွှန်းလဲ့ ဘယ်လျှောက်သွားနေလဲမှ မသိတာ’

‘ရွှန်းလဲ့သွားရင်လည်း ဆိုင်ကိစ္စ၊ အလုပ်ကိစ္စပါပဲ၊ ရွှန်းမှာ လေပြေကလွဲရင် တခြား ဘယ်သူမှ မရှိပါဘူး၊ ရွှန်အခင်ဆုံး၊ အတွယ်တာဆုံးက လေပြေ တစ်ယောက် တည်းပါ’

သူမပြောပုံလေးက ချစ်ဖို့ကောင်းလိုက်တာ၊ လေပြေ့ရင်ထဲ ဘ၀င်ခိုက်ကြည်နူးသွားမိသည်။

မင်း တကယ်ပြောနေတာပဲ ဖြစ်ပါစေတော့။

ကိုယ် ယုံချင်တယ် ရွှန်းရယ်. . . ။

ရွှန်းလဲ့အတါက် လေပြေ တစ်ယောက် တည်းပဲ ရှိရမယ်။

ကိုယ် မင်းကို အမြဲ စောင့်ရှောက်သွားချင်တယ်။

‘ဟိတ်. . . ဘာလဲ ရွှန်းပြောတာ မယုံဘူးလား’

‘ယုံပါတယ်. . . ရွှန်း ဘာပြောပြော ကိုယ်ယုံချင်တယ်၊ အဲဒါ ဘာ ဖြစ်လို့လဲ သိလား’

‘အို. . . မသိပါဘူး’

‘မသိရင် ပြောပြမယ်လေ’

‘အို. . . မပြောပါနဲ့’

‘ဒါဆိုလဲ တွေ့ မှပဲ ပြောတော့မယ်၊ ကိုယ် ရွှန်းကို ပြောစရာတွေ အများ ကြီးရှိတယ်၊ တစ်နေ ရာရာ အေးအေးဆေးဆေးတွေ့ ခွင်ရရင် ကောင်းမယ်ကွာ’

လေပြေသည် ဖြစ်နိုင်ရင် ရင်ထဲရှိသမျှ အကုန်ဖွင့်ပြောလိုက်ချင်တော့သည်။

‘ရွှန်းအားမယ့်နေ့ကို ကိုယ်စောင့်နေမယ်လေနော်’

‘အင်းပါ’

လေပြေပျော်သွားရသည်။ ရွှန်းက ဟန်မဆောင်တတ်၊ သူကို့ချစ်တာ ပေါ်လွင်နေသည်။

လေပြေ့မျက်နှာလေး ပြုံးသွားရကာ။

‘ဒါဆို ဒါပဲနော်၊ နောက်မှ ဖုန်းဆက်လိုက်မယ်’

သူမအသံလေး တိတ်ဆိတ်သွားရင် လေပြေ့ရင်ထဲ လွမ်းလျသွားရသည်။ ကိုယ်တို့ ဘယ်လိုရှေ့ဆက်ကြရမလဲ။

ရွှန်းလဲ့ရယ်. . . ။

အိမ်မှာ လည်း စိတ်ညစ်စရာတွေ များ လိုက်တာ။

ပြီးတော့ ပိုပြီးစိတ်ရှုပ်စရာ ကောင်းတာက ဦးဇေယျာသော်သမီး။ လေပြေ့နား လာကပ်နေ သည်။

ဘယ်လိုမှ မောင်းထုတ်လို့မရ။

လေပြေ သူမကို တစ်စက်မှ ကြည့်လို့မရပေ။

အဖေနှင့် သမီး နှစ် ယောက် လုံး တစ်ဉာဏ်တည်း။

အဖေလုပ်သူက မေမေ့ကို အပိုင်စီးတိုင်း သမီး ဖြစ်သူက သားကို ရည်ရွယ်ခွင့် ရပြီတဲ့လား။ လုံးဝမ ဖြစ်နိုင်။

လေပြေဆိုတာ ကိုယ်ဆုံးဖြတ်ချက်နှင့် ကိုယ် ရပ်တည်လာခဲ့တာ။ မင်းကို လုံးဝလက်မခံနိုင် ဘူး။

ရွှန်းရယ်. . . ကိုယ့်ဘ၀၊ ကိုယ့်ခံစားချက်တို့ကို နားလည်ပေးပါလား၊ မင်းရဲ့ အကြင်နာတွေ နဲ့ ကိုယ့်ရဲ့ ပူလောင်နေတဲ့ ရင်ကိုငြိမ်းအေးစေပါလား။

ကိုယ့်ဘက် ကတော့ ရွှန်းကို ရာနှုန်းပြည့်ယုံကြည့်မျှော်လင့်မိသည်။ ရွှန်း ကတော့ ဒါတွေ သိ မှာ မဟုတ်ပါ။

သို့ပေမယ့် မင်းရဲ့ ရိုးသားတဲ့ မျက်ဝန်းလေးတွေ ဟာ ကိုယ့်ဘ၀ရဲ့ တစ်ခုတည်းသော အလင်းရောင် ။ မင်းလေးရဲ့ စကားသံချိုချိုတို့ဟာ ကိုယ့်ရဲ့ တစ်ခုတည်းသော အင်အားပါပဲ။

ခြံရှေ့က ကားဟွန်းသံကြောင့် လေပြေ လန့်နိုးလာရသည်။

လက်ကပတ်တီးကိုဖြည်ကာ ဆေးထည့်ပြီး ဧည့်ခန်းမှာ မှေးခနဲ အိပ်ပျော်သွားသည်။

ကားဟွန်းသံကြောင့် လိုက်ကာလေး အသာဟကာ အပြင်ကိုလှမ်းကြည့်လိုက်တော့ ကျော့ကျော့ဇင်၏ ကား ဖြစ်နေသည်။

တောက်. . . သူမက ဘာလာရှုပ်ရပြန်တာလဲ၊ အိမ်မှာ အေးဆေးမနေရဘူး။

‘မင်းမင်းရေ. . . မင်းမင်း’

ကားဟွန်းသံတောင် မကြားရအောင် မင်းမင်းဘာလုပ်နေလဲ. . . ရေချိုးခန်းထဲ ရောက် နေပြီလား. . . ။

အိမ်မှာ ဘယ်သူမှမရှိလို့ သူ့ကို သေချာထားခဲ့ပါသည်။ အရေး ဆို ခေါ်မရ။

‘မင်းမင်း. . . တံခါးခေါက်တာ နားစွင့်ထား၊ ဖုန်းမြည် ရင်လည်း ကြာမနေနဲ့ ကြားလား. . . နိုးနိုးကြားကြားနေစမ်း ကြားလားလို့ သေချာမှာ ထားရက်နဲ့ ဒီလိုအ ဖြစ်မျိုး ကြုံရတယ်လို့’

ကျွတ်. . . ခြံတံခါးက သွားဖွင့်ရဥိးမည် ။ အရေး အကြောင်းဆို မင်းမင်းက ရေချိုးခန်းထဲ ရောက်နေသည်။ လေပြေ အရမ်းဒေါသ ဖြစ်နေသည်။

ဒီကောင်လေးဟာလေ နားလည်မှု မရှိပါ။

သော့ တွဲ ကို ယူကာ ခြံတံခါးကို ၀ုန်းကနဲဆွဲဖွင့်လိုက်သည်။ ဒေါသက အထွတ်အထိပ် ရောက်နေပါပြီ။

လေပြေတံခါးဖွင့်လိုက်တာနှင့် သူမက ကားကို ခြံထဲသို့ မောင်းဝင်လာပြီး ရပ်လိုက်၏ ။

‘ကိုလေပြေ. . . လက်ထိသွားလို့ဆို’

ကျော့ကျော့ဇင်က ပစ်ချွဲသော အသံနှင့် မေးသည်။

သူမရဲ့ စကားသံတွေ ကို အရမ်းမုန်းသည်။ မျက်နှာလွှဲလိုက်ပြီး မဖြေချင်ဖြေချင်နှင့် . . . ။

‘ဟုတ်တယ်. . . အဲဒါ ဘာ ဖြစ်လဲ’

ဟု မေးမိ၏ ။

သူမက ဘာလို့ရောက်လာရတာ လဲ၊ လေပြေလက်ထိတာကို မေမေပြောလိုက်တာတော့ မ ဖြစ်နိုင်။ မေမေက သူ့အကြောင်း သိသည်။

‘ဆေးခန်း မသွားဘူးလား’

ကျော့ကျော့ဇင်က လေပြေ့အကြည့်တွေ ကို မသိဟန်ဆောင်ကာ ထပ်မေးလာ၏ ။

သူမက လေပြေမကြည်မှန်း ဒီလောက်သိသာနေတာ နည်းနည်း လေးမှ အရှိန်မလျှော့ပါ လား။ ဂရုမစိုက်သည့် သဘောလား။

‘လေပြေ နေမကောင်းဘူး၊ လက်ထိသွားတယ်ဆိုလို့ ကျော့က စိတ်ပူပြီးလာတာ’

သူမက လေပြေ့ကိုပြောပြီး ဧည့်ခန်းဆိုဖာမှာ သွားဝင်ထိုင်၏ ။

‘မလိုပါဘူး. . . ငါ ဘာမှမ ဖြစ်ဘူး’

လေပြေက ခပ်မာမာနှင့် အပြတ်သားဆုံး ပြောချလိုက်၏ ။

‘လေပြေရယ် . . . စိမ်းကားလှချည်လား’

‘ဘာမှ လာပြောမနေနဲ့ ရှုပ်တယ်. . . မင်းသွားမှာ သာ သွားစမ်းပါ’

‘ရပါတယ်. . . ကျော့က လေပြေကို အဖော်မရှိမှာ စိုးလို့’

လေပြေ လုံးဝကြည့်မရသော မျက်နှာပေး၊ သူမ ဘယ်လောက်ပဲလှလှ လေပြေ ကတော့ တစ်စက်ကလေးမှ အထင်မကြီးနိုင်။ ရင်ထဲမှာ တူးခါးနေသည်။

ဧည့်ခန်းက ဖုန်းမြည် လာသော အခါ သူမက ဖျတ်ကနဲကောက်ကိုင်သည်။ နေရာတကာ ၀င်စွတ်ဖက်ချင်သော သူမရဲ့ အပြုအမူကို မုန်းပါသည်။ မလွဲသာလို့ ကြည့်နေရတာ ။ အပြတ် ပြောမိလျှင် ဦးဇေယျာနှင့် ပြဿနာတတ်မှာ ။ ပြီးတော့ မေမေကြောင့် ပြောပစ်လိုက်ချင်သည်။

သူတို့သားအဖတွေ သိပ်တရားလွန်သည်။ သည်းမခံနိုင်။

‘သမီးလား’

‘ဟုတ်တယ်. . . ဖေဖေ’

‘သမီး. . . အိမ်ရောက်နေတာလား၊ ကောင်းတယ် သမီး၊ ဒါဆို ဖေဖောစိတ်ချရတာ ပေါ့၊ အိမ်မှာ မောင်လေပြေ တစ်ယောက် တည်းဆိုတော့ စိတ်ပူလို့၊ ဖုန်းလှမ်းဆက်လိုက်တာ၊ သမီးသူ့ အနားမှာ လိုတာလုပ်ပေးလိုက် လေ’

‘ဟုတ်ကဲ့. . . ဖေဖေ’

ကျော့ကျော့ဇင်က ဖုန်းခွက်ချပြီး လေပြေ့ဆီ လှမ်းကြည့်၏ ။ မချိုမချဉ်အပြုံးကလေး. . .

လေပြေ့ကို ကျော်ကာ သူတို့လုပ်ချင်တာ ဇွတ်လုပ်နေကြသည်။ စီမံခန့်ခွဲစရာ မလို။ သူက ဦးဇေယျာတို့သားအဖ စီမံတာကို အလေးမထား။

သူတို့လုပ်ချင်တာ လုပ်လို့ရမည် ထင်နေသည်လား မသိ။ လေပြေက တမင်အလျှော့ပေး ထားတာ။

‘မင်း သွားတော့’

‘ဖေဖေက လေပြေ့ကို စိတ်ပူလို့တဲ့. . . ကျော့ကို နေပေးလိုက်ပါတဲ့’

‘မလိုပါဘူး၊ ငါ အခု အိပ်တော့မလို့. . . မင်းသွားစရာ ရှိတာ သွားနိုင်ပြီ။ သူ စိတ်ပူရင် အိမ် ပြန်လာပါလား၊ စေတနာတွေ ပိုနေလိုက်တာ’

ဦးဇေယျာသော် စေတနာကို လေပြေက ကောင်းကောင်းသိသည်။ သူ့သမီးနှင့် နီးစပ်စေ ချင်တာ။ ဒါမျိုးလုပ်ဇာတ်တွေ က ရိုးနေပြီ။ နားလိုက်စမ်းပါ. . . ။

‘မင်းမင်းရေ . . . မင်းမင်း’

‘ဗျာ. . . လာပြီ’

‘သူ သွားရင် တံခါးတွေ သေချာပိတ်၊ ငါ အိမ်မလို့. . . ကြားလား’

‘ဟုတ်ကဲ့’

ကျော့ကျော့ဇင်ရှေ့မှာ တင်ပြောကာ အခန်းထဲဝင်ပြီး လော့ချထားလိုက်၏ ။ လက်နာတာပင် ပျောက်ချင်သည်။ စိတ်ညစ်စရာ ကောင်းလွန်းသည်။ ဘယ်လိုဟာတွေ မှန်း မသိ။ ခက်ထန်ပြတ် သား ဆက်ဆံနေလည်း မရ။ လေပြေ့ကို လျှော့တွက်ချင်သည်။

ပထွေးစီမံသမျှ ခေါင်းငုံ့ခံမယ့်ထဲမှာ လေပြေမပါတာ ဦးဇေယျာသော် သိစေရမည် ။

လေပြေ့ကို ဘယ်သူ့မှ ဆရာလုပ်ဝင်စွက်ခွင့်မရှိ။

ဦးဇေယျာသော်က မေမေ့ကို အပိုင်ကိုင်ပြီး တစ်အိမ်လုံး သူ့စိတ်တိုင်းကျ ခြယ်လှယ်ချင် သည်။ လေပြေ့ကို ဘာထင်နေသလဲ။

ဒါမျိုးတော့ မရ။ လုံးဝ မရ. . . ။

ကျော့ကျော့ဇင်က ပြန်ပြောချင်စိတ်ကို မျိုချပြီး သည်းခံလိုက်၏ ။ အခုတော့ နင်နိုင်ထားဦး ပေါ့ဟု စိတ်ထဲ တေးမှတ်ထားမိပါသည်။ တစ်နေ့နေ့ သူ့အလှည့် ရောက်လာဦးမှာ ပါ။ မင်းမင်းကို ပြုံးပြပြီး ထရပ်လိုက်သည်။

‘မင်းမင်း. . . တံခါးကို သေချာပိတ်ဦး၊ နင့်အစ်ကိုလည်း ဂရုစိုက်၊ လိုတာလုပ်ပေးလိုက်. . . ကြားလား’

‘ဟုတ်ကဲ့’

ကျော့ကျော့ဇင်က ကားစက်နှိုးပြီး ပြန်ထွက်လာခဲ့ရပေမယ့် လေပြေ့ကို စိတ်ထဲ တေးမှတ် ထားမိသည်။

တစ်နေ့တော့ နင် ငါ့အကြောင်း သိစေရမည် ။ သူ့ရဲ့ အဲဒီ မာနတွေ ကိုပဲ ဖျက်ဆီးပစ်ချင်တာ။ သူမလို ချောမောလှပတဲ့သူကိုတောင် ရင့်ရင့်သီးသီးဆက်ဆံတာကို မခံချင်နိုင်။ သူ့ဘက်က ဘယ် လောက်မာနိုင်မှာ လဲ။ သူက ဘာသားနဲ့ ထုထားတာမို့လို့လဲ။

တစ်နေ့တော့ ကျောကျော့ဇင်ဘက် ယိုင်ကျလာမှာ မလွဲမသွေ။

ကျော့ကျော့ဇင်ဘက်မှာ က ဖေဖေ တစ်ယောက် လုံးရှိနေပြီးသား။ ဒေါ်နွယ်နွယ်ခိုင်က ဖေဖေမှ ဖေဖေ။ ဖေဖေ့စကားဆို ယုံပြီးသား။ သူမအတွက် သည်လောက်အဆင်ပြေတာ ရှိဦးမလား။ ဒေါ်နွယ်နွယ်ခိုင့်စကားကို တကယ်တမ်းလေပြေ လွန်ဆန်နိုင်မလား။ သူတို့သားအမိ တွေ က အရမ်းချစ်ပြီး အပေးအယူသိပ်တည့်တာ။ ဒါလည်း ကျော့ကျော့ဇင်အတွက် အခွင့်အရေး တစ်ခု။

ဦးဇေယျာသော်က ဒေါ်နွယ်နွယ်ခိုင်ဆီ ဖုန်းခေါ်လိုက်သည်။ လေပြေနှင့် ကျော့ကျော့ဇင် အတူရှိနေတာ ပြောပြချင်၍ ပါ။ ဒါမှသာ ကိုယ့်သဘောထားတို့ ဖွင့်ပြောချိန်ကျ အသုံးဝင်မှာ ။

‘နွယ်လား’

‘အင်း. . . ဟုတ်တယ်၊ ကိုကြီး. . . ပြော’

‘နွယ်. . . ထမင်းစားပြီးပြီလာ’

ကိုယ်ပြောချင်တာက အရင်မပြောဘဲ မေးသင့်တာ အရင်မေးတတ်လို့လည်း ဦးဇေယျာ သော်ဟာ နွယ်နွယ်ခိုင်၏ ကိုကြီး ဖြစ်ခဲ့ရတာ ပဲ မဟုတ်လား။

သမီးနှင့် မောင်လေပြေကိစ္စကို အရင်မပြောသေးပါ။

‘မစားရသေးဘူး’

‘ဟာ. . . နောက်ကျနေပြီ နွယ်ရဲ့ ၊ စားတော့လေ. . .ကိုကြီး သတိမပေးမချင်း မစား သေးဘူးပေါ့ ဟုတ်လား’

ကိုကြီးရဲ့ ဂရုတစိုက်မေးမှု ကို နွယ်နွယ်ခိုင် ကျေနပ်သွားရသည်။

ကိုကြီးက နွယ့်ကို ဂရုစိုက်လွန်းပါသည်။

‘အလုပ်တွေ ခဏထားပြီး အရင်စားလိုက်ဦး၊ တော် ကြာ အဆာလွန်နေဦးမယ်’

‘စားပါ့မယ် ကိုကြီးရဲ့ ၊ တကယ်စိတ်ပူတတ်တာပဲ’

‘စားမယ်သာပြောတယ်၊ အမြဲတမ်း ကိုကြီး ဖုန်းဆက်လိုက်ရင် နွယ် မစားရသေးတာ ချည်းပဲ၊ ကိုကြီး ပြောတကို စောင့်နေတာလား’

‘မဟုတ်ပါဘူး. . . ကိုကြီးရယ်၊ နွယ် အခုပဲ စားတော့မလို့၊ မစန်းကို ပြင်ခိုင်းထားပြီးပြီ။ ကိုကြီးဖုန်းဝင်လာတာနဲ့ ဖုန်းကိုင်လိုက်တာ’

‘သြော်. . . ဟုတ်လား၊ ဒါဆိုလည်း အရင်စားလိုက်ဦး၊ ကိုကြီး ပြီးမှ ဖုန်းပြန်ခေါ်လိုက်မယ် လေ၊ သြော်. . . ဒါနဲ့ ကိုကြီး အိမ်ကို ဖုန်းဆက်သေးတယ်၊ မောင်လေပြေက လက်နာနေတော့ စိတ်မချရဘူးလေ’

နွယ့်ကိုသာမက နွယ်ချစ်ရသော သားလေးကို ဂရုတစိုက်ရှိလွန်းသော ကိုကြီးကို နွယ် မြတ် နိုးခြင်းတွေ ပိုရသည်။ ကျေးဇူးလည်း တင်မိသည်။

‘ဟုတ်တယ်. . . နွယ်တော့ ဖုန်းမဆက် ဖြစ်သေးဘူး မအားတာနဲ့လေ’

‘ရတယ် ကိစ္စမရှိဘူး. . . နွယ်ရဲ့၊ အဲ့ဒီမှာ သမီးရောက်နေတယ်’

‘ကျော့ကျော့ဇင်လား’

နွယ်နွယ်ခိုင် အံ့သြသင့်သွားသည်။ အမြဲ သူငယ်ချင်းတွေ နဲ့ တရုန်းရုန်းရှိနေတတ်တဲ့သူက သားအနားမျာ ရှိနေတယ်။ မယုံချင်စရာ။ ကိုကြီးသမီးလေးက သားလေပြေအပေါ် သံယောဇဉ်ပို နေပါလား။ နွယ် ကျေနပ်စွာ ပြုံးလိုက်သည်။

‘ကိုကြီးကလည်း ပြောလိုက်ပါတယ်၊ မောင်လေပြေနားနေပေးပါလို့. . . စကားပြောဖော် ရှိအောင်’

ကိုကြီးအစီအစဉ်ကို နွယ်က ဘာများ ငြင်းပယ်စရာရှိလဲ၊ နွယ့်အတွက် နွယ့်သားလေး အတွက် ဘာမဆိုဖြည့်စွမ်းပေးတတ်ခဲ့တာ. . . ။

‘ကျေးဇူးပဲ . . . ကိုကြီး’

‘ကိုကြီးက လုပ်သင့်တကာကိုလုပ်တာပဲ၊ ကျေးဇူးတင်စရာ မလိုပါဘူး နွယ်’

ဦးဇေယျာသော်က သူဖန်တီးသော လုပ်ဇာတ်ကလေး သေသပ်သွားတာကို ကျေနပ် မဆုံးရှိ၏ ။

‘နွယ်. . . ထမင်းစားတော့နော်၊ ကိုကြီးဖုန်းချမယ်၊ ကလေးတွေ အတွက် သိပ်ပြီး စိတ်ပူ မနေနဲ့၊ ကိုကြီးစောစောပြန်ခဲ့မယ်’

‘ကောင်းပါပြီရှင်’

ဖုန်းပြောပြီးသော အခါ နွယ့်မျက်နှာကလေး ရွှင်လန်းသွားရသည်။

နွယ့်ကို စိတ်ကျေနပ်မှု ပေးနိုင်သော ကိုကြီးကြောင့် နွယ်ကြည်နူးရပါသည်။ ဒါကို သားလေး က နားမလည်သေးတာဘဲ ဆိုးသည်။ ကိုကြီးက သားလေးထင်သလို မဟုတ်။

ဦးဇေယျာသော်က တံခါးလက်ကိုင်လေးကို ဆွဲဖွင့်ကာ အခန်းထဲဝင်လာသည်။

အခန်းထဲမှာ နွယ်က စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသည်။

‘နွယ်’

‘ဟင်. . . ကိုကြီး မအိပ်သေးဘူးလား’

‘ဘောလုံးပွဲ့ အခုပဲပြီးတာ၊ ဒီမှာ ကော်ဖီပူပူလေး သောက်လိုက်ဦး’

ဦးဇေယျာက ဒေါ်မြဖျော်ပေးလိုက်သော ကော်ဖီကို စားပွဲပေါ်ချပေးရင်း ပြောလိုက်သည်။

‘ရော့. . . ကော်ဖီပူတုန်း သောက်လိုက်လေ၊ ကိုကြီးတော့ သောက်ပြီးသွားပြီ’

နွယ်က ကိုကြီးလှမ်းပေးသော ကော်ဖီကိုယူကာ ဖတ်လက်စစာအုပ်ကို ပိတ်လိုက်သည်။

အဲဒါတွေ ကြောင့် ဦးဇေယျာကို နွယ်အားကိုးရတာ ။ ဘယ်နေရာမဆို ဂရုစိုက်လွန်းသည်။ နွယ် ဦးဇေယျာကို ရွေးချယ်ခဲ့တာကို နောင်တမရမိ။ ဦးဇေယျာလို နွယ့်ကို ကြင်နာသူ နောက်တစ် ယောက် မရှိနိုင်ပါ။ ဒါကြောင့် နွယ် သူ့အချစ်ကို လက်ခံခဲ့တာပေါ့။ နွယ့်ကို အနွံတာခံပြီး ချစ်နိုင်တာ ဆိုလို့ ဦးဇေယျာ တစ်ယောက် သာ ရှိသည်။

ကိုကြီး ကြည့်လိုက်လျှင် အမြဲလန်းဆန်းနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် အမြဲသန့်နေအောင် နေတတ်သည်။ ကိုကြီးကို နွယ်ချီးမကျူးဘဲ မနေနိုင်။

‘နွယ်. . . နွယ့်ကို ကိုကြီး ပြောစရာရှိတယ်’

‘ကိုကြီး. . . နွယ်တို့ ကားရိုက်ထွက်ရင် ကိုကြီးလိုက်ခဲ့ရမယ်နော်၊ ဘာအကြောင်းမှ မပြနဲ့ တော့၊ ဒီတစ်ခေါက်တာ့ မိသားစု စုံစုံလင်လင် ခရီးထွက်ချင်တယ်’

‘ဟုတ်လား. . . ဘယ်တော့လောက် ဖြစ်မလဲ’

ဦးဇေယျာက နွယ့်ဘေးမှာ ၀င်ထိုင်လိုက်ပြီး နွယ့်ပခုံးလေးကို ဖတ်ထားလိုက်သည်။

‘နောက်ဆန်းလောက် ဖြစ်လိမ့်မယ်ထင်တယ်’

‘ကိုကြီး လိုက် ဖြစ်အောင် ကြိုးစားကြည့်မယ်’

‘နွယ် ကတော့ ကိုကြီးနဲ့ အတူသွားချင်တယ်’

‘အင်းပါ. . . ကိုကြီးလိုက် ဖြစ်ဖို့ များ ပါတယ်’

ကိုကြီးက နွယ့်ဆန္ဒကို အမြဲရှေ့တန်းထားသူပါ။ ကိစ္စသးသေးဖွဲဖွဲလေးတွေ ကအစ နွယ့် ဆန္ဒကို လိုက်လျောနေကြ။ ဒီတစ်ခါလည်း နွယ့်ဆန္ဒကို ဦးစားပေးဖို့ အပြတ်မငြင်းနိုင်ရှာ။ အတတ် နိုင်ဆုံး လိုက်လျောမယ့်ပုံ ရလေသည်။

‘ကိုကြီး ပြောစရာရှိတယ်ဆိုတာ ပြောဦးလေ’

နွယ့်အသံက သူ့အပေါ် အရေး ထားတာ ပေါ်လွင်ပါသည်။ သူ့အပေါ် ဂရုစိုက်လွန်းသော ကိုကြီးကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ပင် နေရပြီ။ သူမဘ၀အတွက် ကိုကြီးရှိမှ ပြည့်စုံလိမ့်မည် ။

‘ပြောရမှာ နည်းနည်း ရှုပ်တယ်’

‘ဟင်. . . ဟုတ်လား၊ ဘာကိစ္စလဲ’

ဦးဇေယျာက ခေါင်းမော့ရယ်လိုက်သည်။

‘အဲ့လောက်လဲ မစိုးရိမ်ပါနဲ့ နွယ်ရယ်၊ ကိုကြီးပြောမှာ က. . .’

‘အင်း. . . ပြောလေ’

နွယ်နွယ်ခိုင်က သူ့စကားကို စိတ်ဝင်စားလာပုံရတာ မို့ စကား, စလိုက်၏ ။

‘သမီးနဲ့ လေပြေအကြောင်းပါ’

‘ဟင်. . . ဘယ်လို၊ လေပြေ ဘာ ဖြစ်လို့လဲ’

နွယ်က ချက်ချင်း သဘောပေါက်ပုံမရဘဲ လေပြေအတွက် စိတ်ပူနေပုံရသည်။ နွယ်ကလည်း နားလည်ပုံမရတော့ ဦးဇေယျာမှာ ဆက်ပြောရန် ခက်နေသည်။

တမင် ကြံဖန်ပြောချင်တာမျိုး မဟုတ်သော်လည်း ပိုပိုသာသာတော့ ပြောမှ။ ဖြစ်နေတာ ထက် ပိုပြောမှ ဖြစ်မည် ။ လေပြေက သမီးကိုဆို ကြည့်မရ။ သမီးနှင့် တည့်ပုံလည်း မရပေ။ သမီး ကသာ တစ်ဖတ်သတ် သံယောဇဉ်ပိုနေတာ။

ဒါကို နွယ့်ကို ဘယ်လိုရှင်းပြရမလဲ။

ကိုကြီး စကားလှဖို့တော့ လိုသည်။

‘ကျော့သားနဲ့ ရန် ဖြစ်လို့လား’

ကိုကြီးဘာတွေ ပဲ ပြောပြော ကျော့ကျော့ဇင်ဘက်က သားကို ဘယ်လောက်ပဲ သံယောဇဉ် ထားထား၊ ကိုယ့်သားအကြောင်း ကိုယ်သာ အသိဆုံးပါ။ ခေါင်းမာသည်။ ပြောရခက်သည်။ သူ ဖြစ် ချင်တာကိုပဲ တဇွတ်ထိုးလုပ်တတ်သူ။ သူမှန်လျှင် တခြားသူစကားကို နားထောင်လေ့မရှိ။

သူမကြိုက်လျှင်လည်း ပွင့်ပွင့်လင်းလင်း ဗြောင်ဖွင့်ပြောတတ်သူ၊ စိတ်ထဲ တေးမှတ်ထား လေ့မရှိ။ ပွင့်လင်းသော သူ ဖြစ်သည်။

‘မဟုတ်ပါဘူး’

အခုတလော သားလေပြေက ကျော့ကျော့ဇင်နှင့် သိပ်အခြေအတင် မ ဖြစ်တော့ဘဲ သူ့ဘာသာ သီးသန့်နေတတ်သည်။

သူတို့ချင်း အဆင်ပြေသွားမှာ မဟုတ်။

‘သမီးလေးက မောင်လေပြေကို မြတ်နိုးနေတယ်။ ဒါကို နွယ်လည်း သတိထားမိမှာ ပါ။ ကိုကြီး ဆန္ဒ ကတော့ သမီးလေးနဲ့ မောင်လေပြေကို အဆင်ပြေစေချင်တယ်. . . သားလေပြေကို လမ်းမှားရောက်မှာ စိုးတယ်၊ အခုခေတ်မိန်းကလေးတွေ က ပြောလို့ရတာ မဟုတ်ဘူး၊ မောင်လေ ပြေက အရွယ်လည်း ငယ်ငယ်ချောချော၊ ဒါရိုက်တာလေးဆိုတော့ မိန်းကလေးတွေ က ကပ်ချင် ကြတယ်၊ ကိုကြီးကလည်း အချိန်ပြည့် သတိမထားနိုင်ကြဘူးလေ၊ ကျော့နဲ့ စီစဉ်ထားတော့ နွယ် လည်း စိတ်အေးရတာ ပေါ့’

လေပြေက အခန်းထဲမှထွက်ကာ တံခါးလေးအသာစေ့လိုက်ပြီး မေမေတို့အခန်းက ဖြတ် အလျှောက် ကြားလိုက်ရသော စကားသံတို့ကြောင့် လျှောက်လက်စခြေလှမ်းတို့ အလိုလိုရပ် တန့်သွားမိသည်။

မေမေက သူ့အတွက် စိတ်ပူတယ်ဆိုတာသဘောကျပါသည်။ အခုတော့ မေမေက ဘာမှ မပြောရဘဲ သူစိမ်းက လာပြီးဝင်စွတ်ဖက်တာတော့ သူ့ကို သက်သက်ကျောခြင်းပါ။ လေပြေကို ဘယ်တုန်းကမှ ဂရုတစိုက်မရှိခဲ့သူကများ အပေါ်ယံဟန်ဆောင်စကားတွေ နဲ့ မေမေ့ကို သွေးထိုးနေ လိုက်တာ။ ဒီလူကြီးရဲ့ ထိန်းချုပ်ကိုင်တွယ်ချင်သော စိတ်ကို လေပြေသိပ်သိတာပေါ့။ လက်ထပ် ပေးဖို့ ရည်ရွယ်သူက သူ့သမီးနှင့် ၊ တရားကျလောက်ပါရဲ့ ဦးဇေယျာသော်ရဲ့၊ လေးစားလောက်ပါရဲ့ လေပြေက လမ်းမှားရအောင် ကလေးလေးမှ မဟုတ်တာ။ တစ်လောကလုံးမှာ သူ့သမီးတစ် ယောက် တည်း ကောင်းတာရှိတာကိုး။

‘သားလေးက အဖက်ဖက်က ပြည့်စုံပြီးသားဆိုတော့ မတော် တရော်မိန်းကလေးနဲ့တွေ့ ရင် ကိုကြီးတို့ပဲ စိတ်ဆင်းရဲကြရမှာ ’

ပြောပြန်ပြီ။ ဒီလူကြီး ကတော့ မေမေစိတ်ပူအောင် ကြံဖန်ပြောနေလိုက်တာ၊ လေပြေ ကြည့်မရချင်တော့။ အဓိပ္ပာယ်မရှိတာတွေ ပြောလည်းပြောတတ်ပါပေတယ်။

လေပြေဆက်ပြီး သည်းခံနိုင်စွမ်း မရှိတော့တာကြောင့် လူက အခန်းထဲ ဗြုန်းခနဲဝင်သွား မိသည်။

တခါးဟထားတာကြောင့် တံခါးခေါက်မနေတော့ပါ။

‘ဟင်. . . သား’

မေမေက လေပြေ့ကို လှမ်းခေါ်သည်။

သြော်. . . ဒီလူကြီးက မေမေ့ပခုံးကိုဖက်ပြီး အဓိပ္ပာယ်မရှိတာတွေ နားချနေတာကိုး။

‘လာလေ. . . လေပြေ’

နားဝင်ချိုလိုက်တာ. . . မေမေ့အရှေ့မှာ လူကြီးလူကောင်းပုံစံနှင့် ပြောနေလိုက်တာ။ မေမေ ကတော့ ဒီလူကြီးကို ယုံကြည်လွန်းနေသည်။ မေမေယုံအောင်လည်း ဒီလူကြီးက ဟန် ဆောင်ကောင်းတာကိုး။

‘ဦးဇေယျာသော်. . . မေမေစိတ်ပူအောင် တမင်ကြံစည်မပြောပါနဲ့၊ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်အကြောင်း မပြောပါနဲ့၊ ပြောချင်ရင် ရှေ့မှာ ပေါ်တင်ပဲ ပြောပါ’

ဦးဇေယျာသော်က မျက်နှာပျက်သွားသည်။

‘သား’

မေမေက လေပြေ့ကို ဟန့်တား၏ ။ ဦးဇေယျာသော်ကို ပြန်ပြောတာကို ကြိုက်ပုံမရ။ လေပြေက ဦးဇေယျာသော်ဆိုသည့် လူကြီးကို ခပ်စူးစူးကြည့်ပစ်လိုက်သည်။ မေမေ မကြိုက်လည်း မတတ်နိုင်ပါ။

‘သား. . . လေပြေ. . . လူကြီးကို ပြန်မပြောရဘူး၊ ပြေပြေလည်လည်ပြောလည်း ဖြစ်ရဲ့ သားနဲ့’

‘မဟုတ်တာတွေ လျှောက်ပြောနေတော့ ကျွန်တော် မကျေနပ်ဘူး. . . မေမေ’

ဦးဇေယျာသော်က လေပြေရောက်လာပြီး ပြောနေတာတွေ ကြားသွားတာကြောင့် အခြေ အနေမဟန်မှန်းသိကာ ငြိမ်နေပါသည်။

သူကပဲ စေတနာနှင့် ပြောသလိုလိုမို့ လေပြေကပဲ အပြစ် ဖြစ်ရဦးမည် ။

‘သား. . . ဒီလို မပြောရဘူးလေ၊ မေမေ မကြိုက်ဘူးနော်’

‘ဒါဆို ဦးဇေယျာကိုလည်း ကျွန်တော် မကြိုက်တာတွေ မပြောခိုင်းပါနဲ့၊ ကျွန်တော် နဲ့ ထိပ်တိုက်တွေ့ ရင် မလွယ်ဘူးမှတ်’

‘ဦးက စေတနာနဲ့ပြောတာပါ၊ မောင်လေပြေ မကြိုက်ရင် မပြောတော့ပါဘူး’

လေသံပျော့ပျော့ အလျှော့ပေးသလိုလို၊ အောက်ကျို့သလိုလိုနှင့် တတ်လည်းတတ်နိုင် သည်။ လေပြေကပဲ စော်ကားသလိုလို၊ ဗြောင်းပြန်။

‘မလိုဘူး. . . အဲဒီ စေတနာဆိုတာကြီးကို ကြောက်လွန်းလို့ပါ’

‘လေပြေ’

မေမေကတားနေပေမယ့် လေပြေပြောချင်တာကို ဇွတ်ပြောမိသည်။ ငုံ့မခံနိုင်ပါ၊ တဖြည်း ဖြည်းနှင့် သူတို့လိုချင်သည့် ပုံစံအတိုင်း လိုရာပုံသွင်းဖို့ ကြိုးစားနေကြတာ၊ ရမလား။ လေပြေတို့ကို ဒီလိုလာလုပ်လို့ ရမလား။ သူ့သမီးကလည်း လေပြေ့ဘ၀ထဲကို ၀င်ရောက်ခြယ်လှယ်ဖို့ ကြိုးစားနေ ကြပြီ။

ရှောင်နိုင်ပါမှ. . .

သူတို့စက်ကွင်းထဲက လွတ်အောင်ရှောင်မှ ဖြစ်မည် ။

သူတို့ရဲ့ ခြေလှမ်းတွေ ကို ကြိုပြင်ပြီး ပြင်ဆင်ထားနိုင်မှ ဖြစ်မည် ။

သူတို့ရဲ့ စေတနာဆိုတာကို ကြောက်လွန်းသည်။ သူတို့ဆီက ဘာစေတနာမှ မလိုချင်။ သူ့သမီး ကျော့ကျော့ဇင်ကိုလည်း ဒီတစ်သက် မစဉ်းစားတာ သေချာပါသည်။

‘ကျော့ သားဆီလာတာ သားမကြိုက်ဘူး မေမေ၊ ဘာလို့ သားကို လိုက်နှောင့်ယှက်နေကြ တာလဲ’

လေပြေက မေမေ့ကို ဖွင့်ဟတိုင်တည်မိသည်။

မေမေ့ဘေးနား ကပ်ဖြီးနေသော ဦးဇေယျာစကားတွေ လောက် မေမေနားဝင်ပါ့မလား၊ လေပြေ့စကားကို အလေးအနက်ထားပါမလား။ ပြောသာပြောရတာ စိတ်ဓာတ် ကတော့ ခပ်ကျကျ မေမေက ဦးဇေယျာဘက်ဆိုတော့ သွားပြီ။

အခြေအနေကို ခပ်ရေး ရေး တော့ သဘောပေါက် သွားပါပြီ။ မေမေက ဒီလူကြီးဆန္ဒကို ဆန့် ကျင်ချင်မှာ မဟုတ်။ ဘာမဆို လိုက်လျောဖို့ အဆင်သင့် ဖြစ်နေမှာ ။

မေမေနှင့် လေပြေ ထိပ်တိုက်တွေ့ ရတော့မှာ လား။

မေမေသာ ဦးဇေယျာဘက်က ရပ်တည်မယ်ဆိုရင် လေပြေရှုံးမှာ ပါ။ အရှုံးကို မလွဲမသွေ ရင်ဆိုင်ရမှာ ပင်။

‘ဦးဇေယျာကို အထင်မလွဲနဲ့ သားရယ်’

‘ဆက်မပြောနဲ့တော့ဗျာ. . . တော် ပါပြီ’

လေပြေ အော်ပစ်လိုက်သည်။ မေမေ လေပြေ့ကို ဆူသည်၊ ကြည့်ပါလား. . . အခုတောင် မေမေက ဒီလူကြီးဘက်က၊ သူကမှန်နေပါရက်နှင့် . . . ။

‘သား. . . ပြောလေဆိုးလေပါလား၊ သားဒီလောက် ရိုင်းလိမ့်မယ်လို့ မေမေ မထင်ခဲ့ပါဘူး၊ မေမေ့စကားကို နားမထောင်တော့ဘူးလား’

လေပြေဆက်ပြီး မကြားချင်တော့တာကြောင့် အခန်းထဲက လှည့်ထွက်ခဲ့သည်။ ဆက်ရပ် နေလျှင် မေမေနှင့် ပြဿနာ ဖြစ်ရဦးမည် ။ အခန်းထဲက အမြန်ထွက်သွားတာ အကောင်းဆုံးပါ။ အခု ထက်ပိုပြီး မပေါက်ကွဲခင်။

ရန် ဖြစ်ကြရင် မေမေပဲ စိတ်ထိခိုက်ရမှာ ။

မေမေက လေပြေ့ကိုပဲ အပြစ်ပြောမှာ ကို လေပြေမခံချင်။ မေမေ့ရှေ့မှာ လူဆိုးကြီး မ ဖြစ် ချင်။ ဘာအမှားမှ မလုပ်မိဘဲ လာဆူလျှင် လေပြေလည်း မခံနိုင်ဘဲ ပြန်ပြောမိမှာ ။

ဦးဇေယျသော်က တော် တော် ပြဿနာရှာပါလား. . . ။

လှေကားမှ တဒုန်းဒုန်းပြေးဆင်းလာရင်း အောက်ဆုံးထစ်ရောက်တော့ လှေကားပေါ်တက် ဖို့ ခြေလှမ်းပြင်နေသော ကျော့ကျော့ဇင်နှင့် တည့်တည့်ဆုံသည်။

လာပြန်ပြီ တစ်ယောက် ၊ မမြင်ချင်ပါဘူးဆိုမှ သူမနှင့် တည်တည့်လာဆုံရသည်။

‘လေပြေ’

သူမက လေပြေကို ခေါ်သည်။

‘ဖယ်စမ်းကွာ. . . မင်းကတစ်မျိုး’

လေပြေ့အသံက နည်းနည်း ကျယ်သွားရသည်။

‘ဖယ်လေ. . . မကြားဘူးလား’

ခပ်ကျယ်ကျယ် အော်ပစ်လိုက်သည်။ လေပြေ စိတ်ဆိုးလာမှန်းသိကာ ကျော့ကျော့ဇင်က ဘေးကပ်ပေးလိုက် သည်။ အခြေအနေအရပါ။ သူနှင့် လက်မထက်ရသေးအထိတော့ ချိုချိုသာ သာဆက်ဆံရပါဦးမည် ။ ကျော့ဘက်က မှားလို့မ ဖြစ်၊ အနေအထိုင်ပိရိဖို့လိုသည်။ သူ့ကို အတတ် နိုင်ဆုံး နူးညံ့ပျော့ပျောင်းစွာ ပြောဆိုဆက်ဆံရမည် ။ သည်းခံနိုငပါမှ အောင်မြင်မှု ရမှာ ။

လေပြေက သူမဘေးမှာ ဖြတ်ဆင်းသွား၏ ။ သူ့ကိုကြည့်ရတာ စိတ်ဆိုးလာပုံရသည်။ ဘယ် သူနဲ့ ဘာ ဖြစ်မှန်းတော့ မသိပါ။ သူမက ခုမှပြန်ရောက်လာတာ။

လေပြေက ဧည့်ခန်းက ဆိုဖာပေါ် ထိုင်ချလိုက်ပြီး စိတ်ကို ငြိမ်သက်ဖို့ ကြိုးစားမိသည်။ သူတို့သားအဖတွေ ကို မုန်းသည်။ သူတို့ကြောင့် ဒေါသ ဖြစ်ရသည်။

လုံးဝမကျေနပ်ပေမယ့် ဘာမှ လက်တုံ့ပြန်ခွင့်မရ၊ သူများ အိမ်ပေါ်တက်လာပြီး ဗိုလ်ကျနေ တာကို လေပြေလက်ပိုက်ကြည့်မနေနိုင်ပါ။

ဦးဇေယျာက မေမေ့ကို အပိုင်တွတ်ထားမှာ ။

လေပြေက မေမေ့စကားနားထောင်တတ်တာ သူက သိနေသည် မဟုတ်လား။

ဒီတော့ သူတို့အစီအစဉ်ထဲ မ၀င်မိစေဖို့ သတိထားရမည် ။ လောလောဆယ်မှာ တော့ သူတို့ကို လက်တုံ့ပြန်ဖို့ဆိုတာ မ ဖြစ်နိုင်။ မေမေက သူတို့ဘက်က ဖြစ်ပါသည်မဟုတ်လား။

ဒီလူကြီး အခွင့်အရေး ကို အသုံးချတတ်လွန်းသည်။ မေမေနှင့် လေပြေကို ဦးဇေယျာက ရန်တိုက်ပေးလိုက်တာ . . . ။

မေမေ. . . လေပြေ ဘာလုပ်ရမလဲ။

လေပြေ့ရင်ထဲ ခံပြင်းနေတာတွေ မေမေသိမှာ မဟုတ်။

ဘာပဲ ဖြစ် ဖြစ် လေပြေ့ဘက် သေချာပြင်ဆင်ထားဖို့လိုသည်။ ရေတိမ်နစ်လို့ မ ဖြစ်။ လေပြေ ဘာကြောင့် မှ ကျော့ကျော့ဇင်ကို လက်မထပ်နိုင်ပါ။ လုံးဝ သေချာသည်။

လေပြေစိတ်ထဲ သေချာနေသည်။ သူမလိုမိန်းကလေးမျိုးကို ဘ၀လက်တွဲ ဖော်အ ဖြစ် လက်ခံနိုင်မည် မဟုတ်။



ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ပန်းနုရောင်စက္ကူစွန် အနီရောင်ကြိုးတစ်စနှင့် . . . ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ကိုဘွာမခတ်ကြေး

အချစ်က တမြမြချို

သဇင်တစ်ခက် စကားတစ်ပွင့် နှင်းဆီတစ်ခိုင်