
(စာရေး သူ၏ အမှာ စာ)
ကျွန်မ၏ စာဖတ်ပရိတ်အားလုံး ရေလိုအေးပြီး ပန်းလို မွှေးမြကြပါစေ။
ဤဇာတ်လမ်းတွင် “နွယ်တံခွန်” သည် အိပ်မက်ဆန်ဆန် ဆဋ္ဌမအာရုံရနေသော ပုံစံဖြင့် ဆန်းဆန်းပြားပြား ရေး ဖွဲ့ထားခြင်းသည် စာရေး သူ၏ စိတ်ကူးသက်သက် ဖြစ်ပါသည်။
စာဖတ်ပရိသတ်အား ပုံစံသစ်တစ်မျိုး ရသတစ်မျိုးပေးစွမ်းတင်ဆက်ခြင်းသာ ဖြစ်ပါသည်။
စာဖတ်ပရိသတ်၏ မေတ္တာရိပ်မှ
ပန်းသီခိုင်
အခန်း (၁)
တစ်ခုသော နေ့ နေ့တစ်နေ့။
ထိုနေ့က မှတ်မှတ်ရရ ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၈ ရက် တနင်္ဂနွေနေ့။
မနက်စောစော အိပ်ရာကနိုးလာတော့ နံဘေးမှာ မောင်မရှီ။ မောင် ဘယ်အချိန်က ထသွားသည်မသိ။
နွယ်တံခွန်က အသာအယာထိုင်ကာ အပျင်းဆန့်လိုက်ပြီး ပြတင်းပေါက်ကိုဖြတ်ကာ ၀ရန် တာဆီ လှမ်းကြည့်မိ၏ ။ ၀ရန်တာမှာ မောင်က ခါတိုင်းလိုပဲ မတ်တပ်ရပ်ကာနေ၏ ။ မနက်စောစော အိပ်ရာကနိုးလာလျှင် ၀ရန်တာမှာ ထွက်ရပ်ကာ နံနက်ခင်း လေလတ်လတ်ဆတ်ဆတ်ကို တစ်ဝအကြာကြီး ရှူတတ်သည်။ အဲဒါ မောင့်အကျင့်ပါ။ နွယ်တံခွန်က သိထားပြီးသား။
မောင်ရှိရာ ခြေသံဖွဖွနင်းလျှောက်လာပြီး နောက်ကနေ မောင့်ခါးကို ဖက်ထားရင်း မောင့်ကျောပြင်မှာ ပါးအပ်ကာ ငြိမ်နေမိ၏ ။ မောင်က နွယ်တံခွန်၏ လက်ဖမိုးလေးကို ဖွဖွဆုပ်ထား ရင်း…..
“နိုးပြီလား” ဟု မေးလာ၏ ။
“အင်း” …နိုးပြီမောင်
“မောင်တို့ အပြင်ထွက် မုန့်စားကြတာပေါ့”
မောင်က နွယ်တံခွန်ကို တိုင်ပင်သည်။
“ကောင်းသားပဲ မောင်”
“ဒီနေ့ နွယ်တံခွန်လေးကို မောင့်သူငယ်ချင်း တစ်ယောက် နဲ့ မိတ်ဆတ်ပေးမယ်”
“အင်း”
“သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ၊ အခုမှ ပြန်ရောက်လာတာ၊ သူနဲ့ မောင်က အရမ်းခင်တယ်”
“အင်း”
“သူ့နာမည် က သိမ်းပိုက်တဲ့”
မောင့်စကားကြောင့် နွယ်တံခွန် ဆတ်ခနဲ ဖြစ်ရသည်။
သည်နာမည် ကို တရင်းတနှီး သိနေသလိုလိုနှင့် တစ်ခါမှလည်း မသိခဲ့ပါလား။
အသိမိတ်ဆွေထဲမှာ သည်နာမည် မျိုး မရှိတာ သေချာလျက် စိတ်ထဲမှာ တော့ သည်နာမည် ကို သိကာနေပါသည်။
ဒါ ဘယ်လို ဖြစ်ရတာ လဲ။
မောင်က နွယ်တံခွန်၏ ကိုယ်လေးကို ဖက်ထွေးကာ ပါးပြင်လေးကို နမ်းရှိုက်ပြီး ရေချိုးခန်း ၀င်သွား၏ ။
ဖုန်းသံမြည် လာတော့ နွယ်တံခွန်က မွေ့ရာပေါ် ပြန်ထိုင်ချပြီး မေမေနှင့် ဖုန်းပြောသည်။
“မေမေ…..ဂွတ်မောနင်း”
“အင်း ……….သမီးလေး ဒီနေ့လာမလား”
စနေ၊ တနင်္ဂနွေဆို မေမေတို့အိမ် သွားနေကြမို့ မေမေက မေးပါသည်။ မေမေနှင့် ဖေဖေက နွယ်တံခွန်ကို အရမ်းချစ်သည်။ မောင်လေးကြယ်တံခွန်ကိုလည်း ချစ်တာပါပဲ။ ညီမငယ်လေး မေတံ ခွန် နှင့် ခင်တံခွန် ကိုလည်း ချစ်တာပါပဲ။
နွယ်တံခွန်က မောင်နှမငါးယောက် ရှိသည်။ ကိုကိုကြီး နေတံခွန်က တာဝန်ကျရာနယ်ကို သွားနေသည်။ နွယ်တံခွန်ဆီ တစ်ပတ်တစ်ခါလောက်တော့ ဖုန်းဆက်စမြဲ။
“ဒီနေ့ လာ ဖြစ်မလားမသိတော့ဘူး မေမေ”
“သမီးတို့ ကြည်ဖြူတို့အိမ် သွားမလို့လား”
ကြည်ဖြူဆိုတာက မေမေ့သူငယ်ချင်း မောင့်မေမေပါ။
“ဟင့်အင်း……မ သွားပါဘူး”
မောင့်မိဘတွေ ကလည်း နွယ်တံခွန်ကို ချစ်ကြပါသည်။
အခုထက်ထိတော့ မိသားစုနှစ် စုကြားမှာ ဘာပြဿနာမှမရှိ။ ပကတိ ပြေလည်အေးချမ်းစွာ ။
“လာရင်လည်း ညနေပိုင်းရောက်မယ် သား”
“အင်း”
မေမေနှင့် ဖုန်းပြောပြီးမှ နွယ်တံခွန်က အ၀တ်ဗီရိုရှေ့ကို လျှောက်သွားကာ မောင့်အတွက် အ၀တ်အစားထုပ်ပေးထား၏ ။ မောင်က နွယ်တံခွန် ထုတ်ပေးထားသော ကြေးမများ ဘဲ ၀တ်တတ် သူပါ။
ဟင်းဆိုလည်း နွယ်တံခွန် ချက်ထားတာနှင့် စားလိုက်တာပါပဲ။ မောင်က တခြားသူတွေ လို မဟုတ်။ နွယ်တံခွန်ကို ဘယ်တော့မှ ဂျစ်မတိုက်။ စိတ်ညစ်အောင်မလုပ်တတ်ပါ။
လက်မထပ်ခင်ကတည်းက တစ်ယောက် ကို တစ်ယောက် ပျော်ရွှင်အောင် ဂရုစိုက်ကြေး ဟု တိုင်ပင်ထားကြခဲ့တာ မဟုတ်လား။ အပြန်အလှန် ကတိပေးထားခဲ့ကြတာ မဟုတ်လား။ အသေးအဖွဲကို ပြဿနာမလုပ်တတ်တာ ချစ်စရာကောင်းသော မောင့်အကျင့်ပါ။
အ၀တ်အစားရွေးလို့ မပြီးသေးဘူးလား၊ ရေချိုးတော့လေ၊ မောင် ဗိုက်ဆာပြီကွ။
ရေချိုးခန်းထဲက ထွက်လာပြီး မောင်ကဆို၏ ။
အင်းပါ…ပြီးပါပြီ။
နွယ်တံခွန်က ဂျင်းဘောင်းဘီကွာတားလေးနှင့် တီရှပ်မိုးပြာရောင် ကလေးပဲ ၀တ်ဖို့ ထုတ် ထားလိုက်၏ ။
ရေချိုခန်းထဲဝင်လာတော့ မောင်က သွားပွတ်တံပေါ်မှာ သွားတိုက်ဆေး အဆင်သင့်တင် ထားပေးသည်။ ကြွေရေကန်ထဲမှာ ရေဖြည့်ပြီး ဆပ်ပြာရည်ပါ မွှေးနေအောင် ဖျော်ထည့်ပေးပြီးသား။
နွယ်တံခွန် ရေချိုးဖို့ အဆင်သင့်လုပ်ပေးထားတာ။
ကျေနပ်စွာ ပြုံးပြီး နွယ်တံခွန် ရေချိုးတာ့သည်။
ဘုန်းပြည့်လိုလူနှင့် ဆုံတွေ့ ရတာ အရမ်းကံကောင်းသည်။ ကိုယ်ရွေးချယ်ထားသော ယောက်ျားကို နွယ်တံခွန်ကျေနပ်မိသည်။
ကိုယ့်အပေါ် ကြင်နာစိတ်ရှည်ပြီး နားလည်မှု အပြည့်ရှိသည်။
“နောက်တော့လည်း ဒါပဲဝတ်တာ”
အင်္ကျီကို အကြာကြီးရွေးနေပေမယ့် စိတ်ရှုပ်။ ပေါ့ပါးလွတ်လပ်သော စတိုင်လ်မို့ အရမ်း
ကြိုက်သည်။
“နွယ်တံခွန် မလှဘူးလား”
“လှပါတယ်၊ ဒါပေမယ့် မြင်ရတာ ရိုးနေသလိုပဲ၊ တစ်ခါတလေ ရင်ဖုံးလက်ပြနတ်ကလေး ဘာလေး ဆန်းအောင် ၀တ်ပါလားကွာ” ဟုမောင်က တိုက်တွန်းသည်။
“အင်း……ကောင်းသားပဲ၊ ဒီနေ့ အင်္ကျီသွားအပ်မယ်”
“ဟား……နောက်နေ့မှအပ်ပါကွာ”
သူ့သူငယ်ချင်းနှင် ချိန်းထားတော့ မောင်က ကပျာကယာတားမြစ်၏ ။ နွယ်တံခွန်က သိသားပဲ။
“Coming Sunday သွားကြတာပေါ့”
မောင်က အပ်ချုပ်ဆိုင်လိုက်ပို့ဖို့ နောက်တစ်ပတ် တနင်္ဂနွေနေ့ကို ရွေးချယ်၏ ။ သည်နေ့တော့ သူ ငယ်ချင်းတွေ ပြန်ဆုံမှာ မို့ မောင်က အပျော်လွန်နေသည်။
နွယ်တံခွန် ကိုယ်ချင်းစာပါသည်။
ကိုယ်လည်းပဲ တစ်ခါတစ်လေ ကျောင်းကသူငယ်ချင်းတွေ ပြန်ဆုံလျှင် အရမ်းပျော်မိတာပဲ မဟုတ်လား။
အရင်အချိန်တွေ ကို ပြန်ရောက်သွားသလိုပါ။
ငယ်မူပြန်ပြီး ငယ်သွေးကြွကာ စကားသံတွေ ညံစီလျက် ရင့်ကျက်သော ဘ၀ကို ခဏမေ့ သွားသည်။
မောင်နှင့် အိမ်ထောင်ကျပြီးကတည်းက သူငယ်ချင်းတွေ သိပ်မဆုံ ဖြစ်တော့ပါ။
ဆိုင်ထဲ လှမ်းဝင်လိုက်သော အခါ မောင့်သူငယ်ချင်းဆိုသူက လက်မြှော က်ပြနှုတ်ဆတ်၏ ။
သူက အရင်ကြိုရောက်နေပါသည်။ စားစရာတွေ မှာ ပြီး စားလို့ပင် ပြီးလုလု။
နွယ်တံခွန်က သေချာမကြည့်မိဘဲ မျက်လွှာချလျှောက်လာတော့ စားပွဲပေါ်က ပန်းကန် လွတ်တွေ အရင်ဦးဆုံးမြင်မိတာပါပဲ။ မောင်က သူသူ့ငယ်ချင်းကို အားပါးတရ နှုတ်ဆတ်၏ ။ သူတို့ နှစ် ယောက် အသံက လှိုက်လှိုက်လှဲလှဲရှိလှ၏ ။
“ဒါ င့ါမိန်းမ နွယ်တံခွန်တဲ့”
“ဟုတ်လား….တွေ့ ရတာ ၀မ်းသာပါတယ်ကွာ”
“နွယ်တံခွန် ဒါက မောင့်သူငယ်ချင်း သိမ်းပိုက်တဲ့၊ အရမ်းသဘောကောင်းတာ၊ ခင်စရာ လည်း ကောင်းတယ်”
“ဟုတ်ကဲ့”
နွယ်တံခွန်က သိမ်းပိုက်ကို ကြည့်မိသည်။
မျက်လုံးချင်းဆုံမိခိုက်မှာ အေးစိမ့်သော လေပြင်းတစ်ခု ရင်ထဲတိုက်ခိုက်သွားသလို လှိုက် ဟာသွားသည်။
သူ့ကို နွယ်တံခွန် သိသလိုလိုပါ။
သို့ ပေမယ့် သူနှင့် နွယ်တံခွန် မသိ။
စိတ်ထဲမှာ အရမ်းရင်းနှီးသည်။
ဘယ်မှာ မြင်ဖူးပါလိမ့်။
ကမန်းကတန်း စဥ်းစားပေမယ့် အဖြေမထွက်။
“ထိုင်ပါ၊ ဘာစားမလဲ ၊ မနွယ်တံခွန် ကြိုက်တာမှာ ပါ၊ ကျွန်တော် ကတော့ စောင့်ရင်း စားနှင့်ပြီးပြီ၊ မနွယ်တံခွန်က တကယ်လှတာပဲ၊ ပြီးပြည့်စုံတဲ့အလှ၊ ဒါကြောင့် ဘုန်းပြည့် ပစ်ကျ သွားတာကိုး”
သေသေချာချာ စိုက်ကြည့်ပြီး ချီးကျူးစကားဆို၏ ။
နွယ်တံခွန်က သူ့အကြည့်နှင့် သူ့အပြောကို မကြိုက်။
ဘုန်းပြည့် ကတော့ သူ့သူငယ်ချင်းကို လုံးဝယုံကြည်သည်။ စိတ်ချသည်။ ကြည့်ရတာ မောင်နှင့် တော် တော် ခင်ပုံပါပဲ။
နွယ်တံခွန်ကသာ မျက်စိစူးနေတာ၊ ကြည့်မရတာ ။
မောင်နှင့် စကားလက်စမပြတ်ပေမယ့် နွယ်တံခွန်ဖို့ ကော်ဖီမှာ ပေးသည်။ ရေသန့်မှာ ပေး သည်။ တစ်ရှူးယူပေးသည်။ မောင် ကတော့ သူ့သူငယ်ချင်းကို ဧည့်ဝတ်ကျေတယ်ပဲ ထင်မှာ ၊ နွယ် တံခွန်က အဲဒီ လိုမထင်။
သူဟာ အင်မတန်လျင်မြန်သော စိတ်နှစ် ခွကို၊ ပိုင်ဆိုင်သူပါ။
မောင်နှင့် စကားပြောရင်းကပင် နွယ်တံခွန် ဘာလိုအပ်သလဲဆိုတာ စောင့်ကြည့်ထားနိုင် သည်။
မောင့်လိုမဟုတ်။
သူက မိန်းမတွေ အကြောင်းလည်း အတော် သိပုံပါ။ မိန်းမတွေ က ကိုယ့်အပေါ် ဂရုစိုက်တာ ကြိုက်သည်။ အချော့ကြိုက်သည်။ ယုယခံချင်သည်။ အလိုလိုက်ခံချင်သည်။ ထိုသဘောကို သူက ညက်ညောစွာ နားလည်သည်။ မောင့်ထက်ပင် ပိုသိနေသည်။
သူ့ကို နွယ်တံခွန် မနှစ်သက် တာလည်း သူသိမှာ ပါ။
ရင်ထဲက အလိုလို ဖြစ်လာသော စိတ်ကို နွယ်တံခွန် မတားဆီးနိုင်ပါ။ မထိန်းချုပ်နိုင်ပါ။
“မင်းတို့ မင်္ဂလာပွဲအခွေရှိလား”
“ရှိတာပေါ့”
“ငါ့ကို ခဏငှားလေ”
”အေးပါ”
”ဘော်ဒါတွေ တော် တော် များများ လာလား”
”လာပါတယ်၊ မင်းကြည့်ရင်တွေ့ မှာ ပေါ့”
”ငါမရှိတာ နာတာပဲ”
”မင်းအလှည့်မှ ငါတို့ ပျော်ပျော်ကြီးနွဲပေးမယ်၊ စိတ်မပူနဲ့ ”
”ငါက မနွယ်တံခွန်လို မိန်းကလေးမျိုး လိုချင်တာ၊ မင်းကိုလည်း ချစ်တယ်၊ သစ္စာ လည်းရှိတယ်၊ အေးအေးချမ်းချမ်း လည်းနေတယ်”
သူ့စကားကြောင့် နွယ်တံခွန်က ဖျန်းခနဲ မျက်နှာကလေးနီစွေသွားသော်လည်း မောင်က ဂုဏ်ယူသော အပြုံှးနှင့် သူ့သူငယ်ချင်းကို ”လိုချင်ရင် ရှာပေါ့” ဟုဆိုပါသည်။
”မနွယ်တံခွန်က တခြားမိန်းကလေးတွေ နဲ့ သိပ်မတူဘူး၊ ရင့်ကျက်ပုံရတယ်”
“နွယ်တံခွန်ရေ ဒီကောင် ဒီလောက်ပင့်နေပုံထောက်ရင် ဘာအကူအညီတောင်းမလို့လည်း မသိဘူး”
“မဟုတ်ပါဘူး”
သိမ်းပိုက်က နွယ်တံခွန်ကို တကယ်ပဲ လေးစားမက်မောစွာ ကြည့်သည်။ စိတ်ထဲမှာ တွေး လိုက်တာက နဒီပြာလဲ့ကြည် ရော သည်လိုအိမ်ရှင်မကောင်း ဖြစ်နိုင်သလားဆိုတာ။
“ကျွန်တော် နဲ့ ဘုန်းပြည့် ဒီနေ့ သူငယ်ချင်းတွေ နဲ့ ချိန်းထားတယ်၊ မနွယ်တံခွန် မကန့်ကွက်ပါဘူးနော်”
မယုံမရဲနှင့် ခွင့်တောင်းလာ၏ ။
“ရပါတယ်”
မလွှဲသာဘဲ ဖြေရတော့သည်။
“မောင် နွယ်တံခွန်ကို အရင်ပြန်ပို့”
“မေမေတို့ဆီ သွားမလား”
”မသွားချင်ဘူး၊ အိမ်ပဲပြန်မယ်”
”အိုကေ……ပြန်ပို့မှာ ပေါ့”
ကားပေါ်တက်ခါနီး မောင့်သူငယ်ချင်းက ကားတံခါးပြေးဖွင့်ပေးသည်။ သို့ သော် နွယ်တံခွန် ကျေးဇူးမတင်ချင်ပါ။ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်ကာနေ၏ ။
မိုးက သည်းသည်းမည်းမည်း ရွာနေသည်။
သူက အိမ်ကို မြန်မြန်ရောက်ချင်ပြီ။
နွေးနွေးထွေးထွေးဖြင့် တီဗွီကြည့်ကာ တစ်ပက်နှစ် ပက် သောက်ပြီး အိပ်ရာဝင်မည် ။
ချောမောခန့်ညားသော ရုပ်ရည်ကို သူက ပိုင်ဆိုင်ထားသည်။
အရပ်မြင့်မြင့်။
ကျစ်လစ်သော ကိုယ်ခန္ဓာ
မျက်ဝန်းများ က စူးစူးတောက်တောက်။
သူ့အကြည့်က လူ တစ်ယောက် ကို ဖောက်ထွင်း၍ုမြင်သည့် အတိုင်း။
ညဥ့်အိပ်ညဥ့်နေ ဧည့်သည်များ သူ့အိမ်တွင် အမြဲရှိသည်။
လူပျိုလူလွတ်လည်း ဖြစ်၊ ပိုက်ဆံကလည်း ချမ်းသာတော့ အိမ်ဖော်၊ အခိုင်းအစေအပြည့် အစုံနှင့် သူက လိုတရတစ်မျိုးပါ။
သူ့ကို အေးစက်စက်ဆက်ဆံသော် မိန်းကလေးမျိုးသည် တစ်ခါပဲ တွေ့ ဖူးသေးသည်။ သူ့ရင်ထဲမှာ ဘ၀င်မကျနိုင်။
အောင့်သက်ခံပြင်းနေသည်။
မတူမတန်သလို ခပ်ဖယ်ဖယ်လုပ်တာကို သူလုံးဝမကြိုက်။
တကယ်ဆို သူလည်း ဘာမှမမှား၊ ဘုန်းပြည့်ကိုခင်တော့ ဘုန်းပြည့်မိန်းမကိုလည်း သူက နွေးထွေးခင်မင်မိတာပါ။
သူ အိမ်ပြန်ရောက်ပြီး ရေမိုးချိုးပြီးချိန်မှာ နဒီပြာလဲ့ကြည် ဆီက ဖုန်းဝင်လာ၏ ။
”ကိုကို”
သည်အသံကို သူ ချက်ချင်း သိသည်။
အင်မတန် ရင်းနှီးနွေးထွေးသော ခေါ်သံ။
“နဒီလား”
“အင်း….ကိုကို့ကို ကိုကိုလို့ခေါ်တာ နဒီပဲပေါ့၊ ဘယ်သူရှိသေးလို့လဲ၊ ကိုကိုနော် ၀ှက်ဖဲတွေ ရှိသေးလား ပြော”
နဒီက ချက်ချင်း စိတ်ကောက်သည်။
“ဘာဝှက်ဖဲမှ မရှိပါဘူးဗျာ”
“ဒါဆို နဒီလားလို့ ဘာကြောင့်မေးတာလဲ”
“နဒီမှန်းသိနေလို့ မေးတာပေါ့”
”အလကား လူညာကြီး”
”နဒီပြာလဲ့ကြည်”က နှစ် ဖက်လူကြီးမိဘများ သဘောတူထားသော သူ့ချစ်သူကလေးပါ။
”စိတ်မကောက်ပါနဲ့ ကွာ…ရှားရှားပါးပါး ရည်းစားကလေးက ဒါပဲရှိတာ၊ အစားထိုးစရာ နောက်ထပ်လည်း အပိုမရှိဘူး”
”ကိုကို…ဘာရည်းစားလဲ”
”ဟောဗျာ…နဒီက ကိုကို့ရည်းစားပေါ့”
”မဟုတ်ပါဘူး၊ချစ်သူပါ”
”ဟာ….အတူတူပဲလေ”
”လုံးဝမတူဘုး၊ ရည်းစားဆိုတာကြီးက ပေါ့ပျက်ပျက်နဲ့ ချစ်သူဆိုတာက လေးနက်တယ်”
”ထားပါတော့”
”ဒီနေ့ ကိုကို ဘယ်တွေ လျှောက်သွားနေတာလဲ”
နဒီက စစ်ဆေးလာတော့သည်။
”ဒီနေ့လား အင်း”
”ကိုကိုနော် ဘာတွေ လျှောက်ညာမလို့လဲ”
”မညာပါဘူးဗျာ”
”ဒါဆို အမှန်အတိုင်းပြော”
”ကိုကို သူငယ်ချင်းတွေ နဲ့ အတူတူရှိနေတာပါကွာ၊ မတွေ့ တာကြာပြီမဟုတ်လား”
”တကယ်လား”
”တကယ်ပေါ့”
”ဒါဆိုရင် ညစာစားပွဲမှာ ကိုကို့သူငယ်ချင်းတွေ နဲ့ တွေ့ ရင် မေးကြည့်မှာ နော်၊ ဟုတ်ရဲ့ လားလို့”
”မေးကြည့်ပါဗျာ”
”ပြီးရော”
နဒီက ကျေနပ်သွား၏ ။
”နဒီ”
”ဟင်”
ကိုကို့ခေါ်သံကလေးနက်သည်။
“ဘာလဲ ကိုကို့သူငယ်ချင်း ဘုန်းပြည့်နဲတွေ့ ခဲ့တယ်”
“အင်း”
“သူ့မိန်းမက ကိုကို့ကို အထင်တသေးခါးခါးသီးသီးပဲ၊တစ်စက်မှကြည့်လို့မရပုံမျိုး”
“ဟင် ဘာလို့လဲ”
“ကိုကို နားမလည်ဘူး”
“သူနဲ့ ကိုကို အစကသိလို့လား”
“မသိပါဘူး”
နဒီ့ကို ဖြေပြီးမှ သိမ်းပိုက်ကာ တစ်ချက်စဉ်းစားသည်။]
နွယ်တစ်ခွန်ဆိုသော အမျိုးသမီးကို စိတ်ထမြှာ သိနေသလို။ ဘယ်မှာ တွေ့ ဖူးခဲ့သလဲ။ ဘယ်မှာ သိကျွမ်းခဲ့ဖူးသလဲ စဉ်းစားတော့လည်း အဖြေက မထွက်။ ဘာမှ သေချာမမှတ်မိပါ။ သည်းသည်းကွဲကွဲ တိတိကျကျ ပေါ်မလာ။
“ကိုကို”
“ပြော”
သူက ကိုကို့ကို မသိဘဲ ဘယ်လိုလုပ် အထင်သေးမှာ လဲ သူ သိနေလို့ပေါ့ ကိုကိုသူ့ကို ဘာလုပ်ထားလို့လဲ“
“ကြံကြံဖန်ဖန်ကွာ ဒီနေ့ ဘုန်းပြည့်က သူ့မိန်းမဆိုပြီး မိတ်ဆက်ပေးမှ တွေ့ တာပါကွာ။ အရင် တုန်းက မြင်လည်းမမြင်ဖူး သိလည်းမသိဘူး”
“ဟင် အထူးအဆန်းပဲ ဒါဆို သူက မြင်မြင်ချင်း ရန်သူကြီးလို သဘောထားတာပေါ့။ နဒီ မကျေနပ်ဘူး။ သွားမေးကြည့်မယ် ကိုကို့ကိုသိလားလို့”
“မမေးပါနဲ့ကွာ ထားလိုက်ပါတော့”
“ဒင်နာမှာ တွေ့ ရင် မသိမသာ နဒီမေးကြည့်မှာ ပဲ”
နဒီပြည့်လဲကြည်က သူနှင့် ပတ်သက်လာရင် အမြဲပဲ အကဲပါလွန်းသူပါ၊ သည်လိုကိစ္စကို သည်းခံမှာ မဟုတ်။
သူဘယ်လိုပဲ စဉ်းစားစဉ်းစား နွယ်တံခွန်ကု လုံးဝမသိခဲ့။တော့ သေချာသည်။
သို့သော်လည်း စိတ်ထဲမှာ ရင်းနှီးနေသည်။
ဟူး…
သူ့ကို ရေညှိတက်နေသော မျက်လုံးစိမ်းများ နှင့် ကြည့်တာ သည်တစ်ခါပဲ ကြုံဖူးတော့ အထူးအဆန်း ဖြစ်ကာနေ၏ ။
သိမ်းပိုက်နှင့် ဘုန်းပြည့်က အင်မတန်ခင်မင်သော မိတ်ဆွေတွေ ပါ။
ဘုန်းပြည့်က နွယ်တံခွန်နှင့် လက်ထပ်ပြီးတာ မကြသေးပါ။
နွယ်တံခွန်က မိန်းမချောလေးတစ်ဦး
ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့ကလေး။
ရုပ်ချောသလောက် ဣနြေ္ဒ ရကား သူ့ခင်ပွန်းကိုလည်း အလွန်ချစ်မြတ်နိုးသည်။
အမှန်တော့ နွယ်တံခွန်းသည် ဘုန်းပြည့်နှင့် လိုက်လာဖို့ မကောင်း။
ဘုန်းပြည့်၏ သူငယ်ချင်း သိမ်းပိုက်သည် ကောင်မလေး တွေ ထည်လဲတွဲ ကာ သိက္ခာမရှိ အရမ်းရှုပ်ပွေသည်။
ထမင်းစားစားပွဲတွင် နွယ်တံခွန်မှာ သိမ်းပိုက်နံဘေးတွင် ကပ်လျက်ကျသည်။
သိမ်းပိုက်က ကိုယ်ကြီးနီးကပ်စွာ နှင့် စကားတွေ အဆက်မပြတ်ပြောနေသည်ကို ဘုန်းပြည့်က မျက်နှာပျက်လာသည်။ လိုအပ်တာထက်ပိုနေသည်။
နွယ်တံခွန်လည်း ဘာမှစားချင်စိတ်မရှိတော့ပါ။
ဤမျှ ရဲတင်းဗြောင်ကျတာမျိုး မတွေ့ ဖူးတော့ နွယ်တံခွန်အင့်အားသင့်ကာ ချက်ချင်း ကြီး ဘာလုပ်ရမှန်းပင်မသိ။
မျက်နှာကလေး ရဲတွတ်ကာ အနေကျုံ့မိသည်။
သိမ်းပိုက်သည် ထမင်းမစားမီ သောက်ထားသဖြင့် တော် တော် ကလေး ရီဝော ထွေနေပြီမို့ အားမနာ။
သူငယ်ချင်းမျက်နှာပင် မထောက်နိုင်။
လင်ရှိမယားဟု စည်းပင် မစောင့်ထိန်းနိုင။
သတိတရား ပျောက်နေသည်။
မောင်က မျက်နှာပျက်ပျက်နှင့် ကြည့်ကာ နွယ်တံခွန်ကို ခေါ်လာမိတာ နောင်တအကြီး အကျယ်ရနေပုံမျိုး။
သူ့ဘာသာသူ ဘယ်လောက်ချမ်းသာ ချမ်းသာ သည်လိုတော့ မကျောသင်ပါပ။
သိမ်းပိုကို သူမကြိုက်။ သည်ကောင့်အကျင့်ကို သိထားသည်။ သို့ သော် ကိုယ်က ဧည့်သည် မို့ အလိုက်အထိုက်နေရသည်။
ထမင်းစားသောက်ပြီး ဧည့်ခန်းထဲတွင် နွယ်တံခွန်နှင့် သိမ်းပိုက် နှစ် ယောက် တည်း ဆုံမိကြ သည်။ သူမက တမင်ပဲ ခြံထဲသို့ ဆင်းလာခဲ့၏ ။
ခြံထဲလမ်းလျှောက်ကာ ပန်းပင်များ ကို ငေးကြည့်နေဆဲ သိမ်းပိုကက အနီးသို့ ဗြုန်းခနဲ ရောက်လာသည်။
စိတ်ထဲတွင် မနှစ်သက် တာ ရုတ်တရက် ထိတ်လန့်သွားတာကို ဟန်ဆယ်ရင်း အိမ်ရှင် ဖြစ်သူကို နှုတ်ဆက်မိသည်။
သိမ်းပိုကစံက ဂျာကင်အင်္ကျီနှင့် ဂျင်းဘောင်းဘီရှည်နှင့် စတိုင်ကျလှသည်။
“နွယ်တံခွန်က အရမ်းလှတယ်”
မရိုးသားသည့်အကြည့်၊ ရိတိတိစကားမကြားချင်ယောင် ဆောင်ကာ ပြုံးရင်း သူ့အနားက လှည့်ထွက်ဖို့ပြင်သည်။ အန္တရာယ်ကိုကြိုမြင်သော သားကောင်လို။
သူက မောင့်သူငယ်ချင်း ပြီးတော့ နွယ်တံခွန်တို့က ဧည့်သည်။
မောင်နှင့် သူ့သူငယ်ချင်းကို ကိုယ့်ကြောင့် ပြဿနာမ ဖြစ်စေချင်ပါ။
သို့ော် သူက လက်ရဲဇက်ရဲဖြင့် သူမ၏ ကိုယ်လုံးကလေးကို ရုတ်တရက်ဖမ်းဆွဲက ခင်တင်းတင်း ဖက်ထားလိုက်သည်။
“ဘာလုပ်တာလဲ ဖယ်စမ်းပါ အခုလွှတ်”
ရှက်ရှက်ဖြင့် အတင်းရုန်း၏ ။ မျက်နှာတစ်ခုလုံး နီရဲတွတ်နေ၏ ။ သို့ သော် သူက အသိစိတ် ပျောက်နေသည်။
“ကိုယ့်ကို မစိမ်းကားပါန့ ကိုယ့်ကို ဥပေက္ခာမပြုပါနဲ့ ကိုယ် နွယ်တံခွန်ကို ချစ်တယ် အရမ်းချစ်တယ်”
“ရှင် အရှက်မရှိ ဘာတွေ ပြောနေတာလဲ လွှတ်ပါ မောင်ရေ လာကြပါဦး ရှင် မောင် နွယ်တံခွန်ကို ကယ်ပါဦး”
သူ မကြောက်လန့်ပြီး အော်လိုက်မိသည်။
ရင်ထဲမှာ လိပ်ပြာလွင့်မတတ် ခံစားနေရ၏ ။
သည်လိုရမ်းကားသော လူမျိုး တစ်ခါမှ မတွေ့ ဖူးခဲ့ပါ။
ခြံထဲသို့ ဆင်းလာသော ဘုန်းပြည့်က အော်သံကြားရသဖြင့် အပြေးအလွှားရောက်လာ သည်။ ဇနီးကိုမြင်တော့ မျက်လုံးတွေ ပြာသွးသည်။
သိမ်းပိုက်လည်း နွယ်တံခွန်ကို ဖြုန်းခနဲ လွှတ်ပေးလိုက်သည်။
“ခင်ဗျား.. ခင်ဗျား စော်ကားလှချည်းလား လူယုတ်မာပဲ ခင်ဗျား အရမ်းအောက်တန်းကျ တယ်”
ဘုန်းပြည့် စိတ်မထိန်းနိုင်ပါ။ သိမ်းပိုက်ကို ဆွဲထိုးသည်။
သိမ်းပိုက်ကလည်း မခံဘဲ ပြန်ုထိုးသည်။ သူတို့ နှစ် ယောက် စလုံး ထွေးသတ်ပုတ်ကြသည်။ သိမ်းပိုက်ကာ မောင့်မျက်နှာကို ဆင့်ကာဆင့်ကာ ထိုးသည်မို့နွယ်တံခွန် ငယ်သံပါအောင် အော်မိ သည်။ မောင်က သူမကြောင့် သာ ဒေါသ ဖြစ်ပြီး ပေါက်ကွဲတာ။
တကယ်တမ်းကျတော့ သိမ်းပိုက်ကိုမနိုင်။
‘တော် ပါတော့ မောင် မောင့်ကိုမလုပ်ပါနဲ့”
သူမ ဒူးထောက်ချလိုက် ငိုနေမိသည်။ တောင်းပန်နေမိသည်။
နှုတ်မှလည်း “မောင်” ဟု အဆက်မပြတ်ခေါ်နေမိသည်။
‘မောင် မောင် မရန်မ ဖြစ်နဲ့ နွယ်ကို ထားမ သွားပါနဲ့
![]() ဖိုးလမင်းကြီးရယ် အချစ်ဆီဆမ်း ရွှေလင်ဗန်းနဲ့ ပေးလှည့်ပါ | ![]() ယိမ်းနွဲ့နွဲ့ချစ်သံစဉ် | ![]() ရင်ခုန်သံရဲ့ အမိန့်ကိုနာခံသူပါ |