
အခန်း(၁)
“မမ”
“ဟေ”
“ခ ”ကို ငါးရိုးကျစ်ဆံမြီး ကျစ်ပေးပါလား
“ဟာ ဆံပင် မတိုမရှည် မညီမညာကိုဘယ်လိုကျစ်ရမှာ လဲလို့ မကျစ်စမ်းပါနဲ့ အခုလို ထုံးဖွဲ့ ထားတာ ခခ အရမ်းလှတယ်”
“အဒီ မမက အပိုတွေ မကျစ်ပေးချင်တိုင်း…”
“စိတ်မရှည်ပါဘူးဟာ ဆံပင်အလှပြင်တာတွေ ငါ ၀ါသနာမပါဘူးလေ”
“ဘာပဲ ဖြစ် ဖြစ် . .ဒီညီအစ်မ နှစ် ယောက် တည်းရှိတာဟာ”
“ငါ မကျစ်တတ်လို့ပါ ခရယ် မစ လာစမ်းပါနဲ့ ငါ ခရီးထွက်ဖို့ အ၀တ်အစားတွေ တောင် မထည့်ရသေးဘူး
“ ဖြစ်မှ ဖြစ်ရလေ”
ခခက မမကို စိတ်ဆိုးစွာ မျက်စောင်းရွယ်၏ ။
အလကား မမ
ခခကိုဆို စိတ်မရှည်။ သူ့ရည်းစားသာ ခိုင်းကြည့် စိတ်က ရှည်ပါ့ မသိတာမှတ်လို့။
သည်တစ်ခါ ရည်းစားကို မမက သည်းသည်းလှုပ်ပျာယာခတ်အောင်ချစ်နေတာ။
ဘာတဲ့…
Real Love တဲ့…
အချစ်စစ်ကို ရှာတွေ့ ပြီတဲ့
ပြောတာပါပဲ ပြောပေါင်းများ လို့ ရိုးနေပါပြီ။
ခဏ ခဏ ရည်းစားထား၊ ခဏ ခဏ ရည်းစား ဖြစ်ပြီး တစ်ခါတစ်လေ အထင်လွဲသလိုလို ဘာလိုလို နောက်တော့လည်း အသစ် တစ်ယောက် ပေါ်လာပြန်ရော မမရဲ့ အချစ်က အဲဒီ လို..
One Go
Two Come
Three Wait
For Ready
Five Standby ဆိုတာမမပါပဲ။
ခခသိပြီးသား။
မမကိုကြည့်ပြီး ရည်းစားမထားတာ။
ခံယူ ချက်ချင်း က မတူ။
မမက ရည်းစားတစ်ထောင် လင်ကောင်း တစ်ယောက် တဲ့ ခေါင်းခေါက်ရွေးမယ်တဲ့ ကြိုးရှည် ရှည်နဲ့လှန်းထားမယ်တဲ့။
ခခ ကတော့ အဲဒီ လိုမဟုတ်ပေါင်..
ခခက တစ်သက်မှာ တစ်ယောက်
တစ်ယောက် မှာ တစ်သည်း
တစ်သည်းမှာ တစ်ချစ်
တစ်ချစ်ဟာ မင်းပဲပေါ့..ဆိုတဲ့ ကဗျာကလေးလို တစ်သက်မျာ တစ်ယောက် ပဲ ချစ်ချင်တဲ့သူ ပါ။ မတော် တဆ အဲဒီ တစ်ယောက် နှင့် လွဲသွားခဲ့ရင် အပျိုကြီးပဲ လုပ်တော့မည် ။ နောက်ထပ် အချစ် မရှာတော့ဘူးပါ။
နှစ်လုံးသားအသစ်စက်စက်နှင့် တစ်ခါပဲ ချစ်ပြီး ထိုအချစ်ကိုပဲ ရာသက်ပန်ဟု နားလည် ထားသည်။
“ခရယ် နင်မလာသေးလို့ စောင့်နေတာ ဖေနဲ့ မေက နင်မရှိရင် ငါ့ကိုလွှတ်ချင်မှာ မဟုတ် ဘူး နင်လာတာအတော် ပဲ။ ငါ အရမ်းကို ခရီးထွက်ချင်နေတာ သိလား”
လုပ်ပြန်ပြီ။
အိမ်မှာ မကပ်၊ ဖုန်းဆက်တိုင်းမရှိ။ အခု ခခရောက်တော့ ချက်ချင်း ပဲ ပါမှာ လား။
ခခစကားကို မမက ကိုယ်ကလေး သိမ့်သိမ့်ခါ ရယ်သည်။
ကိုယ်ကလေးကို တမင်လှုပ်ခါပြီး ရယ်တတ်တာ မမ အကျင့်။
ပဲများ တာ ဆိုပေမယ့် ချစ်ဖို့ကောင်းသေးသည်။
မင်းရယ်တာမြင်ပြီး ကြွေသွားတာဟု ဆိုကြတာ။
“ကောင်းကင်က ကြယ်တွေ မျက်စိမကောင်းလို့ မင်းရယ်တာ မမြင်တာ၊ မြင်ရင် မင်းရှေ့ ကြွေကျ ခယကြမှာ ကွ”
ဟု တင်စားကြတာ ၀န်ခံကြတာ။
ခခက အဲဒီ လို မရယ်တတ်ပါ။
မမရယ်သလိုမျိုးလည်း အတုမခိုးချင် ရှက်စရာကြီး။
သူတို့ညီအစ်မတစ်တွေ ဟာ ဒါမျိုးတွေ ချည်းဟု အပြောမခံနိုင်။
တစ်ယောက် တစ်မျိုးတွေ က ဒါမျိုးတွေ ချည်းဟုအပြောမခံနိုင်။
တစ်ယောက် တစ်မျိုး ကိုယ့်စတိုင်လ်နှင့် ကိုယ်။ အဲဒါတောင် တူလို့ဆိုပြီး အတွင်းကျကျ မသိလို့ မှားတာပါ။ အမျိုးမျိုးရှိုပေးတတ်တာက “မမ” ပါ မမက အနေအေးသည်။
“ရိုးမသွားကြီးပါတယ်မဟုတ်လား”
ခခ အတတ်သေချာပေါက် အစ်လိုက်၏ ။
“အင်း”
မမက မျက်နှာကလေး ရှက်အမ်းအမ်းနှင့် ခေါင်းညိတ်သည်။
“မမ ဖေဖေသိလား”
ရှူး သိစရာလား သိရင် လွှတ်မလား“
နှုတ်ခမ်းပေါ် လက်ညှိုးကလေး တင်ကာ တိတ်တိတ်နေပေးဖို့ မျက်လုံးပြူးကလေးနှင့် တား ၏ ။ မမ မမ ဘယ်လိုကြီးလဲ။
သည်တစ်ခါ ချစ်သူက ကြာကြာခံသည်။
ဖုန်းဆက်တိုင်း ရိုးသွားပြီလားဟု မေးမိတော့ မရိုးသေးဘူးဟု မမက ဖြေသည်။
ခြောက်လကျော် တစ်နှစ် နီးပါး ကြာလာတော သည်တစ်ခါ တကယ်မြဲပြီလားဟု ခခတွေးမိ လာ၏ ။ မမက သူ့ချစ်သူကို မိဘတွေ ရှေ့ခေါ်လာ မိတ်ဆက်ပေးသည်။
“ခခ”
“ဟင်”
“ငါ.. သူ့ကို လက်ထပ် ဖြစ်မယ်”
မမက တွေးဆဆဆိုသည်။
“တကယ်”
“တကယ်ပေါ့”
“သေချာပြီလား”
ခခက မေးတော့ မမက ရုတ်တရက်မဖြေ။
“ငါလည်း သေချာအောင် စောင့်နေတာ”
“သေချာရင် ခနဲ့ မိတ်ဆက်ပေး”
“အင်း ခရီးကပြန်လာမှ”
“မမ”
“ပြောလေ”
“ချောလား”
“မချောပါဘူး”
“မချောဘဲနဲ့ မမက တကယ်ခိုက်သွားတာလား”
“မသိတော့ပါဘူးကွယ်”
မမက နံရံကပ်ဗီရိုဆွဲဖွင့်ကာ အဆင်သင့်ပြင်တော့သည်။ ဘယ်အချိန်ကတည်းက သွားချင် နေမှန်းမသိ။
“ခခ”
“ဟင်”
“ငါကြာရင်လဲ ကြာမယ်”
“ဘာလို့”
“ကြိုပြောထားတာ အဲဒီ မှာ သင်တန်းတစ်ခု တက်မလားလို့”
“တစ်ခါတည်း စီစဉ်သွားလေ”
“အဟင်း နင်ရှိသားပဲ ခ ရယ်၊ လိုအပ်တာ နင်လုပ်ပေးဖို့”
“သိပြီးသား”
ခခကို ဆို ခိုင်းခါနီး ရင် သတိရတတ်သည်။
“မေမေ့ကို ဘာမှမပြောထားဘူးလား”
“မသေချာသေးဘူးလေ”
“ပြီးရောပြီးရော”
ညီအစ်မအရင်းအချာ ဆိုပေမယ့် မမက အသိမပေးချင်သော ကိစ္စတွေ ကို မမက ဖော် ကောင်လုပ်ပြီး ၀င်မစွက်ချင်။
မမက အရည်အချင်းရှိပြီးထက်မြက်သူပါ။
“အခုတလော ဒီမှာ လဲ သိပ်မနေချင်ဘူး”
မမက ထိုစကားကို ဘာအဓိပ္ပာယ်နှင့် ပြောမှန်း ခခ တကယ်နားမလည်ပါ။
“လူတွေ က ထင်ရာမြင်ရာ ရမ်းသန်းစွပ်စဲါ အထင်လွဲတတ်ကြတယ်လေ”
မမဘာတွေ ပြောနေမှန်းမသိ။
ဘာပြဿနာများ ရှိလို့လဲ။
ဒါပေမဲ့ အေးဆေးပါ။ မမက ကိုယ်မှန်တယ်ထင်ရင် နောင်တမရတတ်ဘူး။
ခခကို ရေရေရာရာလည်း အစအဆုံး ရှင်းမပြပါ။ သူ့ခံစားချက်ကို သူ့ဟာသူ ရေရွတ်ပြော ပြသွားတာ။
“ငါ့ဖုန်းကို စက်ပိတ်ခဲ့မယ်”
မမက Hand Phone ကလေးကို စားပွဲပေါ်တင်ရင်းဆို၏ ။
“နင် မသုံးဘူး မဟုတ်လား”
“ဟင့်အင်း ခမှာ ရှိတာပဲဟာ”
“ပြီးရော”
မမ Hand Phone ကို ခခယူသုံး ဖြစ်မှာ မဟုတ်ပါ။ မမသူငယ်ချင်းတွေ နှင့် လည်း ရင်းနှီးတာ မှ မဟုတ်ဘဲ။ ခခက မန္တလေးမှာ အနေများ တာ။
သည်နှစ် တော့ မေမေက ဘာလို့မှန်းမသိ မမကို တဖွဖွခေါ်နေသည်။ မေမေခေါ်လို့ ခခ ရောက်လာတာပါ။
“သမီး မမက အိမ်ထောင်ရက်သား ကျတော့မယ် ထင်ပါရဲ့ ကွယ်” ဟု မေမေကဆိုပါသည်။
မေမေ့ခန့်မှန်းချက်က သမီးနှစ် ယောက် နှင့် ပတ်သက်လျှင် မေမေက ကြိုတင်ပြောနိုင် သည်။
အကြားအမြင်ရလို့မဟုတ်ပါ။
လက္ခဏာကြည့်တာလည်းမဟုတ်ပါ။
ဗေဒင်တွက်တာလည်းမဟုတ်။
မမနှင့် ခခကို အရပ်လိုကြည့်ပြီး ဂရုစိုက်တတ်တာမို့ အလိုအလျောက် သိတာမျိုး။
“ခ”
“ဘာလဲ”
ခခက မမကို ဆတ်ခနဲ လှမ်းကြည့်သည်။
“တစ်ခုပဲ မှာ မယ် ဖေနဲ့ မေကို ဂရုစိုက်”
“အင်း”
ခခက ခေါင်းညိတ်သည်။ လေးလေးနက်နက်ပါ။ ဖေဖေနှင့် မေမေ့အနားမှာ နေချင်လို့ကို ပြန်လာခဲ့တာ။ ဂရုမစိုက်ဘဲ နေပါ့မလား။
“မမ”
“ဟေ”
“ပျော်နေလား”
“ပျော်တာပေါ့”
ဟုတ်မှာ ပါ ချစ်သူရှိတာ ကြည်နူးစရာပဲ မဟုတ်မမကိုကြည့်ရတာ ချမ်းမြေ့ကျေနပ်နေပုံပါ။
ခခရော ချစ်သူရှိသင့်ပြီလား။
တစ်ခါမှ ရည်းစားမထားဖူးခဲ့တာ နောက်ကျနေပြီလား ဇဝေဇ၀ါတွေးမိလာ၏ ။
ဖူးစာရေနတ်မင်းကြီးက ခခကိုမေ့နေတာလား။ မြားနတ်မောင်က ဘယ်ရောက်နေပါလိမ့်။ တကယ့်ကို ဘာဇာတ်လမ်းမှ မရှိသေး။
ခခက တစ်ယောက် တည်း ပြုံးနေမိသည်။
ဖုန်းမြည် သံကြောင့် ထွဋ်က သောက်ဖို့ပြင်နေသော ဆေးတွေ ကို လက်ထဲဆုပ်ထားပြီး ဖုန်း သွားထူးမိ၏ ။
လူကဖျားနေတော့လန်းလန်းဆန်းဆန်း မရှိ။ ပိုဆိုးတာက ရင်ထဲက ဒဏ်ရာဒဏ်ချက်ပြင်း ထန်သော ဝေဒနာတစ်နေ့ထက်တစ်နေ့ လျော့မသွားဘဲ ပိုခံစားနေရသလိုပင်။ ဆိုးဆိုးရွာရွား နှိပ်စက်နေ သည်။
ဘယ်နေ့ဘယ်ရက်များ ကျမှ အနည်ထိုင် တည်ငြိမ်နေသာလာခလဲ။
“ဟက်လို”
“ကိုထွဋ်လားဟင်”
နူးညံ့ညင်သော အသံကလေးမို့ သူ မျက်မှော င်ကြုတ်သွားရပါသည်။
ဘယ်သူများ လဲ သူ့ကို အတိအကျ မေးလိုက်တာ။
“ဟုတ်ပါတယ်”
“အမရာပါ”
တစ်ဖက်က သူမနာမည် ကို ပြောပြပါသည်။ သေချာတာက ထွဋ်မကြားဖူးပါ မသိပါ။
“သော်တာသူငယ်ချင်းပါ”
ဟုတ်ကဲ့ ပြောပါ“
“ဟိုလေ”
ကောင်မလေးက ပြောရခက်နေတာလား ဘာလားမသိ။ ဘာကိစ္စမို့လဲ ငွေရေး ကြေး ရေး ကိစ္စလား။ သူ အားလုံးဖြေရှင်းမှာ ပါ။
“ပြောပါ ဘာကိစ္စလဲ မသိဘူး”
“ကိုထွဋ် ပြန်ရောက်နေတယ်ကြားလို့ ဖုန်းဆက်လိုက်တာပါ”
သူက ငြိမ်သက်စွာ နားထောင်နေလိုက်၏ ။
“သော်တာ့အတွက် အမရာတို့လဲ အရမ်းဝမ်းနည်းမိပါတယ်”
“အင်း”
သည်အသံတွေ က ပြန်လာကတည်းက ကြားရဖန်များ လွန်းလို့ ရိုးနေပါပြီ။
“သော်တာမရှိတော့ သူ့ခွေးလေးနဲ့ ကြောင်လေးကို အမရာ ခဏယူထား တယ်”
ဟုတ်သားပဲ..
ထွဋ် ခုမှ သတိရသည်။
ရှုပ်ရှက်နှင့် ပဲပဲ
အိမ်က ခွေးကလေးနှင့် ကြောင်ကလေး..
ကြည့်စမ်း. သူလုံးဝမေ့နေတာပါလား..
“အဲဒါ ကိုထွဋ်ပြန်ယူမလား. အမရာပဲ ဆက်ယူထားလိုက်ရမလား သိချင်လို့”
“ကျွန်တော် လာခေါ်မှာ ပါ”
ထွဋ်က ခပ်မြန်မြန်ပဲ ဖြေလိုက်၏ ။
ကိုကိုရဲမင်းနှင့် ညီမလေးသော်တာတို့၏ ခွေးကလေးနှင့် ကြောင်ကလေး..
ထွဋ်အတွက် အမှတ်ရ ဖြေသိမ့်စရာကလေးလား။
ဒါပဲထားခဲ့တာလား
သူ့မျက်နှာပြင်မှာ ယူကျုံးမရ ကြေကွဲခြင်းက ထင်ဟပ်လာပြီး မျက်လုံးတွေ စိုစွတ်လာ၏ ။
အမရာက သူ့ကို လိပ်စာပြောသည်။ သူဖုန်းချလိုက်ပြီး ဆေးသောက်သည်။ ရေနွေးပူပူ သောက်သည်။
မြန်မြန်သက်သာမှ ရှုပ်ရှက်နှင့် ပဲပဲကို သွားခေါ်လို့ရမှာ ခက်တာက သူ့ကို သိပါ့မလား။ အသာတကြည် လိုက်လာပါ့မလား။ ခွေးနှင့် ကြောင်ဆိုတာ က သခင်ကို အရမ်းမှတ်ထားတတ်တတာ သိပ်ချစ်တတ်တာ။
ထွဋ်က ရေနွေးသောက်ရင်း လူက ငြိမ်သက်နေ၏ ။ အိမ်ထဲမှာ တစ်ယေက်တည်း နေရတာ မလွယ်။ ခြောက်သွေ့လွန်းလှသည်။
အေးလွန်းလှသည်။ အထီးကျန်လွန်းလှ သည်။
တစ်ခါမှ မတွေ့ ဖူးသော အနေအထား သူပြန်ရောက်လာရင် ကိုကိုနှင့် ညီမလေး ၀မ်းသာ အားရ ကြိုစောင့်နေမယ်ပဲ ထင်ခဲ့တာ။
ဖြေလို့မရဘူးကွာ
ကိုကို ညီဘယ်လို ဖြေရမလဲ။
သော်တာ နင်ပြောစမ်းပါ ညီမလေး။ ငါဘယ်လို နေသွားရမလဲ။
သူ ယောင်ချာချာ ဖြစ်ကာနေ၏ ။
သူငယ်ချင်း တစ်ယောက် ယောက် ကို ခေါ်ထားရင်ပဲ ကောင်းမလား။
ဒါမှမဟုတ် ကိုရဲကုမ္ပဏီက ဖိုးတာကို ခဏလာနေခိုင်းရမလား။
သည်လိုချည်းပဲ တစ်နေ့ထက်တစ်နေ့ဆိုမလွယ်။ ကြာရင် လူက နာလန်ထူမှာ မဟုတ်။
ငါ မလဲချင်သေးဘူး သော်တာ။
နင့်အတွက် တစ်ခုခု လက်တုံ့ပြန်ပေးချင်တယ်။ တစ်ခုခု လုပ်ပေးချင်တယ်။
ဒီအတိုင်းချည်း ပြီးမသွားချင်ဘူး။
အဲဒါကြောင့် ငါ ခံနိုင်ရည် မွေးနေတာ။
သော်တာ နင် အရမ်း အလွန်းပါလား။ နင် အရမ်းညံ့လွန်းပါလား။ ဘာလို့ လူ တစ်ယောက် ကို အဲဒီ လောက်ရူးသွပ်စွာ ချစ်ခဲ့ရတာ လဲ။ ပေးဆပ်စတေးခဲ့ရတာ လဲ မထိုက်တန်လိုက်တာ အဓိပ္ပာယ် မဲ့လွန်းလိုက်တာ။
အခန်း(၂)
နူးညံ့ညင်သာသော အသံကလေးကြောင့် လှလှပပ ချစ်စရာကလေးပဲဟု သူကထင်ခဲ့တာ။
တကယ်တမ်းမြင်ရသော အခါ ညီမလေး ဆန်းသော်တာ၏ သူငယ်ချင်းအမရာက ထင်ထားခဲ့တာထက် အဆများ စွာ ချောမောလှပ ကြော့ရှင်းနေခဲ့ပါသည်။
အပြစ်ဆိုစရာမရှိအောင် လှပချောမောသူကလေးမှန်း ထွဋ်မသိခဲ့ပါ။
ညီမလေးကလည်း အမရာဆိုသော သူငယ်ချင်းအကြောင်း ပြောမပြဖူးခဲ့ပါ။
ကိုရဲရာ သည်လောက် နီစပ်နေခဲ့တာ အမရာလို မိန်းကလေးကို ကြိုက်ပါတော့လား။
သစ္စာမဲ့လွန်းသော စည်းမစောင့်သော တန်ဖိုးနည်းသော မိန်းမကိုမှ သွားပတ်သက်ရသ လားဟု စိတ်ထဲမှာ အားမလို အားမရ ဖြစ်မိ၏ ။
“အမရာပါ”
“ဟုတ်ကဲ့ ကျွန်တော် က ထွဋ်ပါ”
“အင် အမရာ မြင်ဖူးပါတယ်”
“ဗျာ”
သူ့အံ့အားသင့်သွားတော့ အမရာက ဓာတ်ပုံပါ ဟု ဖြည့်စွက်သည်။
ညီမလေးသော်တာက တကယ်ပါပဲ။ သူ့အစ်ကိုလေးကို ရည်းစားရသွားမှာ စိတ်ပူသည်။ နှမြောတွန့်တိုသည်။
“ကိုကြီးက ချစ်သူရှိနေပြီ သော်တာ့ကို ဂရုစိုက်တော့တာ မဟုတ်ဘူး သိလား ထိပ်ထား ထိပ် ထားနဲ့ ပါစပ်ဖျားက မချဘူး ကိုလေးပဲရှိတာ ကိုလေး ရည်းစာမထားရဘူး ကတိပေး”
“ဟ ဒါတော့ လွန်တာပေါ့ကွာ”
“မလွန်ပါဘူး ညီမလေး ယောက်ျားရပြီးမှ ကိုလေးချစ်သူ ရှာရမယ်”
“ကောင်းကွာ”
“ပေး ဆို”
“အေးပါ အေး ပေးတယ်”
အင်တင်တင် ခေါင်းညိတ်တော့ သော်တာက ရတက်မအေးနိုင်သေးဘဲ..
“ဘာပေးတာလဲ”
“ကတိလေ”
“ဘာကတိလဲ”
“ညီမလေးပြောတဲ့ ကတိပေါ”
“အဲဒါဘာ ကတိလဲ”
“ချစ်သူ မထားဘူး”
“ဘယ်အချိန်ထိလဲ”
“ညိမလေးချစ်သူ အဲ ယောက်ျားရပြီးချိန်အထိ ဟုတ်ပြီလား”
“အင်း ပရောမစ်စ်နာ်”
“အီး အင်း..”
အီးဟု အရှည်ကြီးဆွဲပြီးမှ အင်းက တုံ့နဲ ခေါင်းညိတ်တာ
သူနှင့် သော်တာ အပြန်အလှန် ပြောခဲ့သော စကားတွေ ကို ပြန်ကြားယောင်ရင်း ရင်ထဲမှာ နင့်ကာ ရုတ်တရက် ငိုင်ကျသွားမိ၏ ။
“ထိုင်ပါဦးနော်”
“ဟုတ်ကဲ့”
အမရာက သူ့အတွက် ကိတ်မုန့်နှင့် မအေး ယူလာပေးပါသည်။
“ဟာ ရပါတယ်”
“ဖြည်းဖြည်းပေါ့ စကားလဲ ပြောချင်သေးတယ်”
ထွဋ်က သက်ပြင်းရှိုက်သည်။
“သော်တာနဲ့ အမရာက ရှယ်ယာစပ်တူ ဆိုင်ဖွင့်ထားတာ”
“သြော်..”
“အဲဒါတွေ ကိုထွဋ် အားတဲ့နေ့တစ်နေ့”
“ဖြည်းဖြည်းမှပဲ လုပ်ပါလား”
ရှင်”
“လောလောဆယ် ကျွန်တော် ”
“အမရာသိပါတယ် ကိုထွဋ်ရယ်.. နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သိအောင် ပြောပြထား တာပါ”
ထွဋ်က ခေါင်းညိတ်သည်။
လတ်တလောမှာ သူနေသားမကျသေးပါ။ လူက ဘယ်လိုကြီး ဖြစ်နေမှန်းမသိ ခံစား နာကျင်နေပါသည်။
“သော်တာက သူ့ချစ်သူကို အရမ်းအားကိုး အရမ်းယုံကြည်ထားခဲ့တာ”
အမရာက တစ်စွန်းတစ်စ ဖွင့်ဟလာ၏ ။
“အဲဒါကြောင့် လဲ တစ်ခအားခံစားသွားရတာ ပေါ့ သူ ဖြေလို့ မရဘူး”
ထွဋ်က ငြိမ်သက်စွာ နားထောင်နေပါသည်။ ကြားခဲ့ပြီးပြီ။
ဒေါသတွေ လည်း ထွက်ခဲ့ပြီးပြီ။
လုပ်ရက်လေခြင်း
ရက်စက်လိုက်တာ
ငါ့အစ်ကိုနဲ့ ငါ့ညီမလေးကို
“ထိပ်ထားကိုလဲ သူငယ်ချင်းယောင်းမဆိုတော့ အရမ်းခင်တာ”
ထပ်မကြားချင်သော စကားတွေ နားထဲသို့ ပူလောင်မြိုက်ကျွမ်းစွာ စီးဝင်ပါသည်။
ပြန်လာကတည်းက ထိုအကြောင်းအရာတွေ က နားမဆံ့အောင် ကြားခဲ့ရတာ ။
“ထိပ်ထားနဲ့ကိုဦးကိုသော တာကပဲ မိတ်ဆက်ပေးခဲ့တာ။ ထိပ်တားနဲ့ ကိုရဲ့ အရင်ကြိုက်ကြ တာ။ သူတို့လေးယောက် တတွဲ တွဲ ပဲ။ နောက်မှ ထိပ်ထားတာကဦးကိုကို စိတ်ဝင်စားသွားတာ”
အမရာက မမေးဘဲ နည်းနည်း ရှင်းပြပါသည်။ ပြီးတော့ ကိုရဲ၏ ကြောင်ကလေးနှင် သော်တာ ၏ ခွေးကလေးကို ယူလာပေးပါသည်။
ခက်တာက ထိုနှစ် ကောင်က သူနှင့်  မယဉ်ပါး။ သူဘယ်လို လုပ်ရမလဲ ခေါ်လို့ပင်မရ
ရှုတ်ရှက်က သူ့ကို ၀ွန်း.. ၀ူး နှင့် အကပ်မခံ။ အသပ်မခံ၊ အကိုင်မခံ ပဲပဲ ကတော့ ခွီး ဟုအော် သည်။
ထွဋ်က ထိုနှစ် ကောင်ကို ဘယ်လိုသယ်ရမှန်းပင်မသိ။ အမရာက ခြင်းတစ်ခုစီနှင့် ထည့်ကာ အဆင်ပြေအောင် လုပ်ပေးသည်။
“ကျေးဇူးပဲ”
“ခြင်းတွေ ကို အမရာ လာယူမယ်လေ”
“အင်း”
သူကလည်း ထပ်တွေ့ ချင်ပါသေးသည်။
အနည်းဆုံး စကားပြောနေခွင့်ရလျှင် စိတ်သက်သာရာရမည် ။
“ကိုထွဋ် တစ်ယောက် တည်းလား”
“ဟုတ်တယ်”
ခပ်မြန်မြန် ခေါင်းညိတ်မိ၏ ။
“ကိုဖိုးတာကို မခေါ်ဘူးလား”
“ခေါ်မလို့ပဲ”
“သော်တာနဲ့ ကိုရဲ့ ဖိုးတာတို့ကို ခေါ်ထားတယ်၊ အခု ကိုထွဋ်က ကြိုက်မကြိုက်မသိဘူး ဆိုပြီး ပြန်သွားတာ”
“ဖိုးတာနဲ့ ဘယ်သူလဲ”
“သူ့ကြီးတော် ဒေါ်ကြွယ်လေ”
“ဟုတ်လား”
တကယ်ပါပဲ. ကိုကိုနှင့် ညီမလေးမရှိသော ကမ္ဘာကြီးက သူ့အတွက် စိမ်းဖက်လှပါသည်။ နေရတာ အေးစက်ခြောက်ကပ်လွန်း၏ ။ ကမ္ဘာသစ်တစ်ခုထဲ ရောက်နေသလို နွေးထွေးပျော်ရွှင်မှု ကင်းမဲ့ကာနေ၏ ။
ဟူး..မနေတတ်ဘူးကွာ…
ငါ့ကို ဘာလို့ စောစောစီးစီးခွဲသွားရတာ လဲ မင်းတို့ မတရားဘူး။
ငါ ဘယ်လိုနေရမလဲ။
ပြီးတော့ ကောင်းကောင်းမွန်မွန်ခွဲသွာရင် တော် သေးတယ်ကွာ ဆိုးဆိုးရွားရွား ရုတ်တရက် ကြီး နှုတ်မဆက်ဘဲ ထွက်သွားတာ မင်းတို့ ရက်စက်လွန်းပါတယ်။
အဲဒီ ထိပ်ထားဆိုတဲ့မိန်းမက ဘယ်လောက်တော် နေလို့ ကိုရဲအသည်းကိုရော သော်တာ့ အသည်းကိုပါ တစ်ချိန်တည်း တစ်ပြိုင်တည်း ခွဲသွားရတာ လဲ။
ကိုဦးကရော ဒီကောင် ဘာကောင်မို့လဲ ညီမလေးကို ချစ်တမ်းကစားပြီး ကိုရဲချစ်သူကို လုယူရဲလောက်အောင် သတ္တိတွေ ဘယ်ကရတာ လဲ။ ဘာလို့ မင်းတို့ အညံ့ခံအရှုံးပေးပြီး အ ဖြစ်ဆိုး နဲ့ ကြုံရတာ လဲ။
“ကိုထွဋ်”
“ဗျာ”
“အမရာပြောတာ ကြားလားဟင်”
“ဆောရီး မကြားလိုက်ဘူး”
အားနာနာနှင့် ၀န်ခံမိ၏ ။
သူ့အဘွားတွေ က ဟိုရောက်သည်ရောက် မငြိမ်မသက်နှင့် ရှုပ်ထွေးနေပါသည်။
“ပဲပဲက ငါးသေတ္တာတစ်မျိုးပဲ စားတယ်”
ကျွတ် အဲဒါတွေ သူပေးရမှာ စူးစမ်းရမှာ သူ တကယ်ပဲလိုအပ်နေသည်။
“သော်တာက ငါးတွေ ၊ ပုစွန်ခြောက်တွေ မကျွေးဘူး ငါးသေတ္တာဘူးပဲ ငယ်ငယ်က တည်းက ဖောက်ကျွေးတော့ ငါးသေတ္တာပဲ စားတတ်တာ”
“ဟုတ်လား”
“ရှုတ်ရှက်က ကြက်အသည်အမြစ်စားတယ်”
“တကူးတက စီစဉ်ရမှာ လား”
“သူတို့အစာဘူးတွေ မစားဘူးလား”
“ဟင့်အင်း မစားတတ်ဘူး။ ရှုတ်ရှက်က အသည်းအမြစ်မရရင် အမဲသား တစ်ခါတစ်လေ စားတယ် အင်တင်တင်နဲ့စားတာ”
သည်လိုဆို မ ဖြစ်ပါ။
ဖိုးတာနှင့် သူ့ကြီးတော် ကို အမြန်ခေါ်မှ..
ထွဋ်က စိတ်ညစ်ညစ်နှင့် ထိုးသိပ်ရင်း သိပ်တတ်တာ၊ သည်နှစ် ကောင်ကို အစာ အချိန်မှန် ကျွေးဖို့ ပြုစုထိန်းသိမ်းဖို့ လိုတာအမှန်။
“သူတို့က လာနေပါပေးပါမလား”
“လာနေပေးမှာ ပါ ကိုထွဋ်ကို အရမ်း ကရုဏာသက်နေကြတာ”
“ဟုတ်လား”
ထွဋ်က သက်ပြင်းရှည်ရှိုက်သည်။
“ကျွန်တော့် ကို ပြန်ခွင့်ပြုပါ”
ထွဋ်က ရှုတ်ရှက်နှင့် ပဲပဲကို ကားထဲပို့သည်။
“အဆင်မပြေရင် ပြန်ခေါ်လာလေ အမရာကြည့်ပေးထားလို့ရပါတယ်”
“အဲဒီ လိုစကားကြားရတာ ကျွန်တော် စိတ်သက်သာရာရပါတယ်”
“အမရာက လုပ်ငန်းကိစ္စတွေ လဲ ပြောချင်သေးလို့ပါ”
“ကျွန်တော် ဖုန်းဆက်မယ်”
“ကိုဖိုးတာရဲ့ ဖုန်းနံပါတ်ရော ရှိလား”
“ရှိပါတယ်”
အမရာဆိုသူကလေးက အရမ်လိုက်သိပြီး ချစ်စရာကောင်းသည်။ ဘာမဆို စဉ်းစားပေး သည်။ သူ့အတွက် စိတ်ပူပေးဖ်ာရသည်။
“ကျွန်တော် အမရာ့ဆီ ဖုန်းဆက်လို့ ရမလား”
သူမမျက်နှာ ကလေးပြုံးသွား၏ ။
“ရပါတယ်”
ကြည်ကြည်ဖြူဖြူ လိုလိုလားလား ခွင့်ပြုသည်။
သူ့အတွက်တော့ မိုးပေါ်က ရုတ်တရက်ကြွေကျလာတဲ့ နတ်သမီးလေးပါပဲ။
“သော်တာနဲ့ ကိုရဲနဲ့ ခင်သလို ကျွန်တော့်ကိုလဲ ခင်လို့ရပါတယ်”
“ကိုထွဋ်ကို မာနကြီးတယ်ထင်တာ”
“လုံးဝမဟုတ်ဘူး
ခပ်လောလောဖြေရှင်းမိ၏ ။
သူက ဖော်ရွှေလှိုက်လှဲပြီး ပျော်ပျော်နေတတ်သူ တစ်ယောက် ပါ။
အခုလို ငေးငိုင်ဆွေးလျ ယူကျုံးမရ ဖြစ်နေတာက ရင်ထဲက ရိုက်ချက်ပြင်းပြင်းကြီးကြောင့် ဖြေလို့ကို မရသေးတာ။
“အကူညီ လိုရင်ပြော စားချင်တာရှိလဲ ပြော ချက်ပေးပါ့မယ်”
“တကယ်လား”
“တကယ်ပေါ့ နောက်စရာမှ မဟုတ်ဘဲ”
“ကျေးဇူးပါပဲဗျာ”
သူ့အတွက် အားဆေးတစ်ခွက်လိုပါပဲ
အမရာ..
တကယ်ပဲ ကျေးဇူးပါ။
အဲဒီ ကျေးဇူးကို ကိုယ်မှတ်ထားပါ့မယ်။
![]() လမ်းခွဲသူရယ် | ![]() ဧ | ![]() ပြင်းသောကော်ဖီတစ်ခွက် |