Cover

အခန်း (၁)

လာခဲ့ ချစ်သူ

“အရိုးကောက်ပွဲ” အတူသွားရအောင်

ရိုးမြေကျ ကြင်နာ

ဖြူစင်မှု တစ်ဆင်စာနဲ့

တစ်သက်တာ ချစ်တယ်ဆိုတာ….ယုံ။

* * * * *


ကျောရိုးထဲ စိမ့်တက်လာသည်။ ကြက်သီးက ဖျန်းခနဲ။ ရင်၌ ရင်ခုန်သံတို့က စည်းချက်မ ညီကြ။ ပထမဆုံးသော ရက်။ သူ၏ တက္ကသိုလ် ကျောင်းသားဆိုသော ဘဝ၏ ပထမဆုံးရက်၊ သူ မျှော်လင့်ခဲ့သော မက်ခဲ့သော အိပ်မက်တို့၏ နိဒါန်း။

သူကျောင်းဝင်ပေါက်တည့်တည့်မှာ ရပ်၍ မိန်းကို မော့ကြည့်ရင်း ပီတိတွေ ဖြာလျက်။ ကြည့် စမ်း…ဒီလောက် ကျက်သရေရှိတဲ့ မြင်ကွင်း၊ ငြိမ်းအေးမှု နှင့် အတူ တက်ကြွမှန်းမသိ တက်ကြွလို့ လာသည်။

“တီ…တီ”

ရုတ်တရက် တီးသော ဆိုင်ကယ်ဟွန်းသံရှည်ကြောင့် သူလန့်ဖျပ်သွားရသည်။ နောက်ကို လှည့်ကြည့်တော့ ဆိုင်ကယ်နှစ် စီး၊ ကောင်မလေး လေးယောက် သူ့ကို ပြုံးစိစိဖြင့် ကြည့်နေကြ သည်။

“ဘာကြောင့် ရပ်ရပ် လမ်းဘေးချရပ် သိလား၊ လမ်းလယ်ခေါင်မှာ ရပ်ရင် အန္တာရယ်ရှိ တယ်”

ခပ်စွာ စွာ ကောင်မလေး တစ်ယောက် က လှမ်းပြောသည်။ သူ့မျက်နှာ နီခနဲ။ ကွေ့ဝင်သွား ရင်လည်း ရသည်။ ကျောင်းဝင်ပေါက်က အကျယ်ကြီး။ ဆိုင်ကယ် နှစ် စီးသာမက ခုနှစ် စီးလောက် ရင်ပေါင်တန်းဝင်လို့ရသည်။ ဒါ.. တမင်သက်သက် ကြပ်နေကြခြင်း။

“ဟယ်တော့ နားမကြားဘူးလား မသိဘူး”

“ဒဏ်ပေးခံထားရတယ်ထင်တယ်၊ နေရာကို မရွေ့ဘူး”

ခပ်စွာ စွာ ကောင်မလေးနှင့် နောက် တစ်ယောက် မျက်မှော င်တွန့်ရင်းဆိုသည်။ ပြီးနောက် သူ့ဘေးမှ သီသီလေးပွတ်ကာ စီးသွားကြသည်။ ဘယ်တစ်စီး ညာတစ်စီး ကပ်စီးသွားကြသည်မို့ သူ ထိပ်သွားရသည်။

“ဗုဒ္ဓေါ”

လန့်သွားသော သူ့ကိုကြည့်ကာ ကောင်မလေးများ က ဟားကြသည်။ “ဟိုနှစ် ကောင်ကို မစောင့်မိတာ မှားပြီ” ဟု ပထမဆုံးအကြိမ် နောင်တရသွားမိ၏ ။ ဆိုင်ကယ်ပေါ်မှ ခပ်ရွတ်ရွက် ကောင်မလေးက “ကြောင်” ခေါ်သလိုမျိုး။ “မီမီ” ဟု အော်ကာ လက်လုပ်ပြသွားသေးသည်။ ရင် ထဲမှာ ထောင်းခနဲ။ ရယ်လည်း ရယ်ချင်သွားရသည်။ တော် တော် ဗရုတ်ကျသော အဖွဲ့ဟု။

သူမတို့အုပ်စုကား ပျောက်ကွယ်၍ သွားလေပြီ။ သူ ကတော့ ခပ်မှန်မှန် လျှောက်လာရင်း မိန်းရှေ့မှ အုတ်ခုံဝိုင်းပေါ် အခြားကျောင်းသားများ ကဲ့သို့ ဝင်ထိုင်သည်။ ဤနေရာလေးက Junction ကျသော နေရာလေး။ ဆိုင်ကယ်ပတ်ကင်က မိန်းရှေ့မှာ ပဲမို့ ဆိုင်ကယ်နှင့်လာသူ တော် တော် များများ က ဒီရှေ့ကို မဖြတ်ချင်လို့မရ။ ကိုယ်ပိုင်ကားနှင့် လာသူများ သည်လည်း ထို နည်းတူ။ လိုင်းကားစီးလာသူများ သည်လည်း မှတ်တိုင်က ကျောင်းဝင်ပေါက်ကြီးနှင့် မလှမ်းမကမ်းမှာ မို့ မိန်းရှေ့သည် ကျောင်းသားများ အတွက် ကတော့ View Point ပဲ ဖြစ်သည်။

ဆိုင်ကယ်မြို့တော် ဟု တင်စားရလောက်အောင်ပင် တောင်ကြီးမြို့၏ တက္ကသိုလ်ဝင်း၌ ဆိုင်ကယ်များ က ပျားပန်းခတ်မျှ။

ရှေ့မှဖြတ်သွားသမျှတို့ကို လိုက်ကြည့်ရင်း မျက်စိများ ပင် ညောင်း၍ လာသည်။ ခုထိ ဟို နှစ် ကောင်က ရောက်မလာကြသေး။ ရေချိုးတော့လည်း ကြာ၊ အဝတ်လဲတော့လည်း ကြာ၊ နေရာ တကာကြာလွန်းသည်။ ကျောင်းဖွင့်စရက်မို့ နုနုထွတ်ထွတ် ရင်ခုန်သံများ နှင့် သူ အမြန်သွားချင် နေသလောက် သူတို့နှစ် ကောင်က အေးအေးဆေးဆေး လုပ်နေကြသည်။

အဆောင်မှ သူထွက်လာချိန်အထိ သကောင့်သားများ က ရေချိုး၍ ပင်မပြီးသေး။ ထို့ကြောင့် လည်း “ငါ မိန်းရှေ့က စောင့်မယ်ဟေ့” ဟု အော်ရင်း အရင်ထွက်ခဲ့ခြင်း ဖြစ်သည်။ နာရီ ကို ကြည့်တော့ လက်ချာချိန်က နီး၍ နေလေပြီ။

“ဟေ့ကောင် ခွန်နိုင်အေး”

သူ့နာမည် ကို ခေါ်သော ခွန်ရန်လင်း၏ အသံကြောင့် သူနောက်ပြန် လှည့်ကြည့်သည်။ ခွန် ရန်လင်းနှင့် ငြိမ်းဆွေမင်းတို့နှစ် ယောက် သာ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြင့် လာနေကြသည်။

“ဟာ မင်းတို့ ဘယ်ကနေ ဘယ်လို ပတ်လာကြတာလဲ”

“ဟဲ ဟဲ မင်းဖြတ်လမ်းကို မသိလိုက်ဘူး မဟုတ်လား၊ ဟိုး..မှာ တွေ့ လား၊ ရတနာ ကင်တင်း၊ အဲဒီ ဘေးမှာ လမ်းလေးရှိတယ်၊ ငါတို့အဆောင်နဲ့ ဆို တန်းနေတာပဲ”

“ကားလမ်းအတိုင်း ခပ်ဝေးဝေး သွားစရာ မလိုတော့ဘူးပေါ့ကွာ”

သူ့အမေးကို ခွန်ရန်လင်းနှင့် ငြိမ်းဆွေမင်းတို့က ဆရာကြီးလေသံဖြင့် ဆိုကြသည်။ ဖြတ် လမ်းက လာကြရသဖြင့် သူတို့ကိုယ်သူတို့ ကြံဖန်ပြီး ဂုဏ်ယူနေကြသည်။

“ခွေးတိုးပေါက်တော့မဟုတ်ပါဘူးနော်”

“ဟာ ဘယ်က ခွေးတိုးပေါက်ရမှာ လဲ၊ လူသွားလမ်းမှ ဖြူးနေတာပဲ”

“အေးလေ”

သူ့အမေးကြောင့် နှစ် ကောင်သား ငရုတ်သီး မစားပါဘဲ ရှူးရှူးရှဲရှဲ ဖြစ်ကြသည်။

“ကဲပါ..လက်ချာချိန် နီးနေပြီ သွားရအောင်”

“ဘယ် သွားမှာ လဲ”

“ဟာ တောင်ကြီး ၁ မှာ အင်္ဂလိပ်စာ အချိန်လေ၊ ငါတို့နဲ့ တစ်ခန်းတည်း အတူတူပဲ လာ”

ခွန်ရန်လင်းကို ဖြေရင်းက သူ့ရှေ့ဆုံးမှ လျှောက်သည်။ မနေ့ကတည်းက အချိန်ဇယား ကူးရင်း ကျောင်းစာသင်ခန်းအချို့ကို စနည်းနာပြီးသား၊ သူက ဆရာကြီး ဖြစ်လို့နေသည်။ ဟိုနှစ် ကောင် ကတော့ တောင်ကြည့်မြောက်ကြည့်ဖြင့် လိုက်လာသည်။

“ဟကောင် ခွန်နိုင်အေး၊ တောင်ကြီး - ၁က ဘယ်မှာ လဲ”

“တောင်ကြီး ၂ ဘေးမှာ ”

“မဟုတ်ဘူးလေ၊ ဘယ်နေရာမှာ လဲလို့ မေးတာ”

“အေး ပင်လုံဆောင်ဘေးမှာ လေ”

“ကျွတ်”

ခွန်ရန်လင်းနှင့် ငြိမ်းဆွေမင်းတို့က သူ့အဖြေကို မကျေနပ်ကြ။ သူကလည်း တမင်ပင် သူတို့နှစ် ကောင်ကို စချသည်မို့ စ ဖြစ်အောင် စလိုက်ခြင်း ဖြစ်သည်။

“မေး မနေပါနဲ့ ငြိမ်းဆွေရာ၊ လမ်းမသိ ဒီကောင်နောက်လိုက်”

“အေး ဟုတ်တယ်၊ လမ်းမသိ ဘာနောက်လိုက်ဆိုလား”

“အေးပါ ကိုယ့်ဆရာကို ပစ်မှားကြ မိုးကြိုးအပစ်ခံရမယ့်ကောင်တွေ ”

ပြောရင်း ဆိုရင်းဖြင့် အင်းလေးဆောင်ဘေးမှ ဖြတ်ကာ လျှောက်လာကြသည်။ တက္ကသိုလ် စာတိုက်ထဲကနေ ကောင်မလေး လေးယောက် ထွက်လာကြသည်။ စောစောက သူ့ကိုလောင်ထားခဲ့သော ထိုလေးယောက် ။ မျက်နှာချင်းဆိုင်ကနေ သူမတို့ လျှောက်လာကြ သည်။ သူခေါင်းကို တမင်ငုံ့ကာ လျှောက်သည်။ သူမတို့ သူ့ကိုမြင်တော့ အချင်းချင်း လက်တို့ တာကို တွေ့ လိုက်ရသည်ကိုး။

“မမြင်ချင်ယောင်ဆောင်တယ်တော့ ခေါင်းကြီးငုံ့လို့”

“မဟုတ်ပါဘူးဟာ ပိုက်ဆံရှာနေတာလေ၊ တစ်ယောက် ယောက် များ ကျနေခဲ့မလားလို့”

တဟီးဟီးဖြင့် မထိတထိပြောရင်း ဖြတ်သွားသော သူမတို့ကြောင့် သူ ရှက်သွားရသည်။ အေးပေါ့လေ၊ သူတို့အုပ်စုက သုံးယောက် ၊ သူမတို့အုပ်စုက လေးယောက် ဖြစ်နေသည်ကိုး။ မီး များ တော့ မီးနိုင်၊ ရေများ တော့ ရေနိုင်ပေါ့။ သူမတို့ ကတော့ ရေလည်းမဟုတ် မီးလည်းမဟုတ်ပါ။ တော် တန်ရုံလှသည်ဆိုသော စကားလုံးကို “သနားတယ်” ဟု ဆိုရမည် ဖြစ်သော အလှပဂေး မော် ဒယ်လေးတွေ ချည်း ဖြစ်သည်။

“ဟာ ငါတို့ကောင် စွံလှချည်လား”

“အမယ် မယ် မျက်နှာတွေ တောင် နီလို့ သူကများ ရှက်နေသေးတယ် ၊ ငါ ကန်လိုက်ရ”

ငြိမ်းဆွေမင်းနှင့် ခွန်ရန်လင်းတို့က တစ်ယောက် တစ်ပေါက် “အထင်တကြီး၊ သူ့အထင် အနည်းငယ် မနာလိုစွာ ” ရေရွတ်ကြသည်။ မျက်လုံးများ မှာ အားကျနေမှု များ ကို (သူ့အထင်) တွေ့ နေရသည်။

“ဒီလိုပါပဲ အဟမ်း အဟမ်း”

သူကလည်း မြောက်တတ်သော ပုထုဇဉ်တို့၏ ထုံးစံအတိုင်း ကော်လံကိုကိုင်ရင်းက ဆောင့်ကြွားကြွား ဆို ဖြစ်သည်။ သူတို့နှစ် ကောင်သား ကတော့ “မေးမိတဲ့ ပါးစပ် မှားပါတယ်” ဟု ရွတ်ကြသည်။ အမှတ်တမဲ့ နောက်ပြန်လှည့်ကြည့်တော့ သူမတို့လေးယောက် အင်းလေးဆောင် ထဲ ဝင်သွားကြတာကို တွေ့ လိုက်ရသည်။ အင်းလေးဆောင်က ဥပေဒဌာနထဲ။

“သြော်..သူတို့က ဥပဒေ ကျောင်းသူတွေ ကိုး”

“ဘာ စောစောက ကလေးမတွေ လား ဒါဆို ချိန်ခွင် မေဂျာကပေါ့”

သူ တစ်ယောက် တည်း ရေရွတ်သော စကားကို ကြားသည့် ငြိမ်းဆွေမင်းက “ချိန်ခွင်” မေဂျာကပေါ့ဟု ဆိုသည်။ သူမတို့ မေဂျာ၏ အမှတ်အသားက “သမာဓိ ချိန်ခွင်” ဖြစ်သည်ကိုး။

“ငါ့တပည့်တောင် တော် တော် တိုးတက်နေမှကိုး”

“မင်း သေလိုက်ပါလား”

သူနှင့် ငြိမ်းဆွေမင်းတို့ တစ်ယောက် တစ်ခွန်း ငြင်းခုန်နေကြသည်ကို ကြည့်ရင်း ခွန်ရန် လင်းက “ဟက်” ခနဲ ရယ်သည်။

“ကဲ ကဲ ငါ့တပည့် တို့ ဒါ တောင်ကြီးဆောင်ပဲ”

တောင်ကြီးဆောင်ရှေ့တည့်တည့် ရပ်ရင်းပြောသော သူ့ကို ခွန်ရန်လင်းက ပေါပေါ့ကွာ” ဟု ရွတ်သည်။ ငြိမ်းဆွေမင်း ကတော့ “ ရောဂါ ရင့်နေပြီ်” ဟု မကြားတကြား ရွတ်သည်။

“အေး သစ်ပင်မြင့်တော့လည်း လေတိုက်တာပေါ့၊ အင်း ကိုယ့်ထက်သာ မနာလို၊ ကြောက် စရာကောင်းသကိုး”

တရားရဟန်ဖြင့် ရေရွတ်သော သူ့ကို အမြင်ကတ်ကတ်ဖြင့် နှစ် ယောက် သား ကြည့်နေကြ သည်။ တောင်ကြီးဆောင်က ခြံစည်ရိုးများ ပတ်ပတ်လည် ကာရံထားပြီး လူဝင်ပေါက်ငယ်လေးကို လှပ်ထားပြီး ဝင်းတံခါးကြီးကို ပိတ်ထားသည်။

တောင်ကြီး ၁ ရှေ့မှာ ကျောင်းသားအချို့ ရပ်နေကြသည်။ အခန်းထဲမှာ တော့ ဆူညံလျက်၊ ကျောင်းဖွင့်ရက်မို့ မိတ်ဆွဲကြရင်း ဘော်ဒါရှာကြသည်။ ကျောင်းသား ကျောင်းသူ အသစ်တို့၏ ထုံးစံအတိုင်းမြင်တာနဲ့ ခင်ဖို့ကိုသာအာရုံရှိကြသည်ကိုး။

ကျောင်းသားသစ်တချို့ ကတော့ ကျောင်းသူများ ကိုကြည့်ရင်း စိတ်ကူးဖြင့် ထုံးတို့ကာ မှတ် နေကြသည်။ ကျောင်းသူတချို့ကလည်း ခပ်ချောချောမြင်တိုင်း တီးတိုးတီးတိုးဖြင့် ။

“ဝင်ကြရအောင်”

ဟောခန်းက ကျဉ်းသယောင်ယောင်ဖြင့် မကျဉ်းလှ။ ကျောင်းသားကျောင်းသူကိုက များ နေသည်။ ထုံးစံအတိုင်း ကျောင်းသူများ က ခပ်တည်တည်ဖြင့် ရှေ့ဆုံးမှ နေရာယူကြသည်။ ကြံကြံ ဖန်ဖန် ကျောင်းသူတချို့ကမူ ပေါက်ပေါက်ရှာရှာ နောက်ဆုံးမှာ နေရာယူကြသည်။

သူတို့သုံးယောက် အခန်း၏ နောက်ပေါက်မှ ဝင်ြ ကတော့ နောက်ဆုံးတန်းမှ ကောင်မလေး တချို့က ကျွတ်စီစီ ဖြစ်သွားကြသည်။ မျက်လုံးများ က သူ့ဆီမှာ ။ ခုံလွတ်တစ်ခုမှာ ဝင်ထိုင်ကြ တော့ ငြိမ်းဆွေမင်းက ပွစိပွစိ ရွတ်သည်။

“တောက် ဟေ့ကောင် ခွန်ရန်လင်းရေ.. ငါတို့ကောင်တွေ တော့ ဒီကောင်နဲ့ သွားရတာ ရူပါတွေ မှိန်ကုန်ပြီ”

“ဟ…ငြိမ်းဆွေရော ငါတို့ ရူပါတွေ က သူမသာ ကိုယ်မသာပါကွာ၊ ဒီကောင်က ဘုန်းနိမ့် ကံနိမ့် ဖြစ်နေတော့ မျက်နှာပွင့်နေတာပေါ့၊ အကောင်းပွင့်တာ မဟုတ်ဘူး”

ခွန်ရန်လင်းက ခပ်တည်တည် နှိပ်ကွပ်သည်။ ဒါကို သဘောကျသော ငြိမ်းဆွေမင်းက တဟီးဟီးဖြင့် ရယ်သည်။

“အေး သစ်ပင်ကလည်း မြင့်တော့ လေပိုတိုက်ခံရတာ ပေါ့လေ။ ဒုက္ခ ဒုက္ခ”

တရားကျသူ တစ်ယောက် လို သူရွတ်တော့ ခွန်ရန်လင်းက “လာပြန်ပြီ ဒီသစ်ပင်” ဟု ရွတ်သည်။

“လေတိုက်ရုံတင် ဘယ်ကမလဲ၊ မုန်တိုင်းကို မိဦးမယ့် သစ်ပင်”

ငြိမ်းဆွေမင်းက အထက်ပါအတိုင်း အားပါးတရ ဆိုကြသည်။

“အင်း ကိုယ့်ထက်သာ မနာလို၊ တယ်ပြီး ကြောက်စရာကောင်း သကိုး၊ ဒုက္ခ ဒုက္ခ”

ဒုက္ခဆိုတာကို သံရှည်ဖြင့် ဆွဲပြောသော သူ့ကို နှစ် ကောင်သား နှာခေါင်း ရှုံ့သည်။ ဆရာဝင်လာသဖြင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အင်္ဂလိပ်စာ အချိန်မှာ ဝင်လာသည်မို့ အင်္ဂလိပ်စာ ဆရာဟု ယေဘုယျ သတ်မှတ်လိုက်သည်။

ဆရာက ပြုံးပြသည်။ ကျောင်းသား ကျောင်းသူများ ကို ပြုံးပြသော ဆရာ့အပြုံးက အေးမြမြ။ ဆရာက ကျောင်းသူ ကျောင်းသားအားလုံးကို ဝေ့ဝဲကာ ကြည့်သည်။

“ဆရာ ကတော့ ဦးမြခိုင်ပါ၊ မင်းတို့ကို အင်္ဂလိပ်စာ သင်ပါမယ်၊ မင်းတို့က မေဂျာ လေးခု ပေါင်းထားတာ ဖြစ်တယ်၊ မြန်မာစာ၊ ဆိုက်ကို Botany နဲ့ Zoology တို့ ဖြစ်တယ်၊ ဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

ကျောင်းသား ကျောင်းသူများ က တညီတညွတ်တည်း ဖြေကြသည်။ “The right, Sir” ဟု ခပ်ကြောင်ကြောင် ကျောင်းသား အသံကလည်း စူးခနဲ ထွက်လာသေးသည်။ ကျောင်းသူတချို့က တခွိခွိ ဖြစ်ကုန်သည်။ ကျောင်းသားတချို့က “ဝါး” ခနဲ ရယ်ကြသည်။

“အေး ဟုတ်ပြီ၊ အဲဒီ တော့ မင်းတို့…”

ဆရာက သင်ကြမည့်  သင်ခန်းစာများ နှင့် ပတ်သက်၍ လည်းကောင်း၊ ကျောင်းတော် သူ ကျောင်းတော် သားများ နေထိုင်ပြောဆိုရမည် များ ကိုလည်းကောင်း ရှင်းပြသင်ကြားသည်။

အင်္ဂလိပ်စာ အချိန်ပြီးသည်နှင့် Bot;Pratical အချိန်မို့ သုံးယောက် သား Lap အခန်းဘက် ထွက်ခဲ့ကြသည်။

“ခွန်နိုင်အေးရေ ငါတို့ဘယ်အခန်းမှာ လဲကွ”

“အေး Lap 2 မှာ ပဲ ငါ့တပည့်”

သူ့အဖြေကြောင့် ငြိမ်းဆွေမင်းက “မှားပါတယ်” ဟု ရေရွတ်သည်။

“ငြိမ်းဆွေရေ နေ့လယ်ခင်းကျရင် ငါတို့လည်း Timetable သွားကူးရအောင်ကွ၊ တော် ကြာ ဒီကောင် ဂေါက်သွားလိမ့်မယ်၊ ဘာမေးမိ မေးမိ၊ သူ့ကိုယ်သူ ဆရာ ဆိုတာကြီးပဲ”

“အေးကွ ဘဝင်မြင့်ရူး ရူးတယ်ဆိုတာ ဒါလား မသိဘူး”

“အင်း..ကိုယ့်ထက်သာ မနာလို။ တယ်လည်း ကြောက်စရာကောင်းသကိုး…ကျွတ် ..ကျွတ်..ကျွတ်”

“လုပ်ပြီ”

သူ့လက်သုံးစကားကြောင့် ခွန်ရန်လင်းက “လုပ်ပြီ” ဟု မကျေမချမ်းရေရွတ်သည်။ ငြိမ်း ဆွေမင်းက တဟားဟားရယ်ရင်း သူ့ပခုံးကို ခပ်ဖွဖွထိုးသည်။

“ကဲ ကဲ အခန်းထဲ ဝင်ရအောင်”

“ရှေ့က ဝင်တော် မူပါ ကိုဘဝင်”

သူ့စကားကို အရောက်ပို့သော ငြိမ်းဆွေမင်း၏ ခပ်ရွဲ့ရွဲ့စကားကြောင့် ရယ် ဖြစ်ကြသည်။ Lap အခန်းက ထိုင်ခုံများ အား Lature အခန်းများ ကလို တစ်ဆက်တည်း မဟုတ်။ တစ်ခုံချင်း ဖြစ် သည်။ ခုံနံပါတ်အလိုက် အခန်းသုံးခန်းခွဲလိုက်သည်မို့ ကျောင်းသူ ကျောင်းသား သိပ်မများ တော့။

“အင်း ဒီကရှေ့ဆိုရင် ငါတို့ကောင်ကြီး ခွန်နိုင်အေး ကတော့ Bot;Pratical ပျက်မှာ မပူရ တော့ဘူး”

“ဘာ ဖြစ်လို့လဲ ငြိမ်းဆွေရ”

“သြော် ခွန်ရန်လင်းကလည်း မင်း ညံ့သေးတာပဲ။ ငါတို့ Lap ခန်းက မအိမ်သာနဲ့ နီး တယ်လေကွာ”

“သြော် အေး ဟုတ်သားပဲ ..ဟား..ဟား..”

ခပ်တည်တည်ကြီးဖြင့် ငြိမ်းဆွေက သူ့ကို နှိပ်ကွပ်သည်။ခွန်ရန်လင်းကော သူပါ ရောရယ် ဖြစ်ကြသည်။ တကယ်လည်း သူတို့ Lap အခန်းနှင့် မအိမ်သာက နီးသည်ကိုး။

“ငါ ကတော့ သတိမထားမိပါဘူး ရန်လင်းရာ ဒါမျိုးက စိတ်ဝင်စားတဲ့လူတွေ ပဲ သိတာမျိုး ကွ”

“ဒါလည်း ဟုတ်တာပဲ ဟား ဟား”

သူပြန်နှိပ်ကွပ်သည်ကို ခွန်ရန်လင်းက သဘောတူပြန်သည်။ တဟားဟားဖြင့် လဲ ရယ် ပြန်သည်။ ငြိမ်းဆွေ ကတော့ ပေးစောင်းစောင်းလုပ်ရင်း မအောင့်နိုင်သဖြင့် ရယ်သည်။

ထိုအချိန်မှာ ပင် ဆရာမ များ ဝင်လာကြသည်။ ငါးယောက် ခန့် ဖြစ်သည်။ ဆရာမ ခပ်ငယ် ငယ် နှစ် ယောက် က White Board မှာ ပုံတစ်ပုံစီ ဆွဲကြသည်။

ဆရာမ ကြီး တစ်ယောက် ကျောင်းသူ ကျောင်းသားများ ဘက်ကို မျက်နှာချင်းဆိုင် ရပ်သည်။

“ဒီနေ့က မင်းတို့ရဲ့ ပထမဆုံး Bot;Pratical ဖြစ်တယ်၊ ဒိတော့ Pratical အတွက် စာအုပ် ဝယ်ရမယ်။ ဒီတော့လက်ရှိ Roll No နဲ့ ခေါ်မယ်။ ကိုယ့်အလှည့်ကျမှ လာပါ”

ကျောင်းသူ ကျောင်းသားများ Tratical စာအုပ်ဝယ်ကြသည်။ ကျောင်းဖွင့်စမှာ တချို့ ကျောင်းသူ ကျောင်းသားများ မေဂျာပြောင်းတတ်ကြသဖြင့် ခုံနံပါတ် Roll No. အတည်မရကြ သေး။ မေဂျာ မပြောင်းပါမှ (သို့) ပြောင်းပြီးချိန်မှ Roll No. အတည်ကို ရကြသည်။

“ကဲ အားလုံးမှာ စာအုပ်ရှိကြပြီ၊ ဒီတော့ မင်းတို့ကို တီချယ်ပြောပြေမယ်၊ ဒီစာအုပ်ထဲမှာ ဘောပင် လုံးဝမသုံးပါနဲ့ ၊ စာအုပ်ရဲ့ ညာဘက် စာမျက်နှာသည် ပုံဆွဲရန် ဖြစ်တယ်။ ဘယ်ဘက် စာမျက်နှာ ကတော့ စာရေး ရန် ဖြစ်တယ်။ စာအုပ်ရဲ့ ရှေ့ဆုံးမှာ မှတ်တမ်းဇယားများ ရှိတယ်။ ရက်စွဲရေး ပါ။ လေ့ကျင့်ခန်းရဲ့ ခေါင်းစဉ် ရေး ပါ။ အသက်ရပ်ဆုံးနဲ့ အသန့်ရှင်းဆုံးလုပ်ကြပါ။ အဲ..အရေး အကြီးဆုံးက မဆူညံကြပါနဲ့ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ တီချယ်”

ကျောင်းသားများ အားလုံး တိတ်ဆိတ်သွားကြသည်။

“ဟော ဒုက္ခပဲ ခဲတံ ပါမလာဘူး”

“ခွင့်တောင်းပြီး သွားဝယ်ကြမလား”

“ဒါဆို ပေတံတွေ ၊ ခဲဖျက်တွေ ပါ လိုမှာ ပေါ့”

“ငါတို့ ကတော့ အစုံပါတယ်”

ကျောင်းသူ ကျောင်းသားများ ထံမှ အသံတိုးတိုး တိုးတိုးဖြင့် ထွက်လာကြသည်။ အပြင် ထွက်ကြရန်ကလည်း မရဲကြ။ တချို့ ကတော့ ဆရာမ ဆီ ခွင့်တောင်းကာ အပြင်ထွက်ဝယ်သည်။ ထိုလူများ ထံ အမှာ တော် ပါးကြသည်မို့ ငွေတစ်ထပ်လိုက်ကြီးကိုင်လျက် ခေါင်းကိုကုတ်ကြသည်။ တစ်ယောက် ကတော့ ပြုံးဖြီးဖြီးဖြင့် “နောက်နေ့မှ ဆုံမယ်နော်” ဟု စသည်။

“သွားပြီနော်…ခဲတံတွေ မှာ ထားတဲ့ငွေတွေ ကို နောက်တွေ့ မှပဲ ပေးတော့မယ်၊အဆင်ပြေ တယ်ဟုတ်”

ကျန် တစ်ယောက် ကလည်း ဆရာမ များ မကြားအောင် မတိုးမကျယ်အသံဖြင့် လှမ်းစနေ ကြသည်။ ဆရာမ က မကြားဘဲ မနေ (သူက ဆရာမ ကိုး) “ဟေ့” ဟု လှမ်းမာန်တော့် မှ သကောင့် သားနှစ် ယောက် ဇက်ကလေးများ ပုကာထွက်သွားကြသည်။

“တော် တော် ပြောင်တဲ့ ကောင်တွေ ”

ခွန်ရန်လင်းက ရယ်ရင်းဆိုသည်။ ငြိမ်းဆွေမင်း ကတော့ ကျီးကန်းတောင်းမှော က်ဆိုတာ မျိုး ရှိရှိသမျှကုန်သော ကောင်မလေးများ ကို လိုက်လံကြည့်ရှုလို့နေသည်။

ခွန်ရန်အေး ကတော့ အင်္ကျီထူ ဇစ်ကို ဆွဲကာတင်သည်။ လေအေးကတိုက်သည်။ တောင် ကြီး ဒီဇင်ဘာရဲ့ ချမ်းအေးမှု က တစိမ့်စိမ့်။ သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ကောင်မလေး တစ်အုပ် ထိုင်နေကြသည်။ ပုံကူးဆွဲသူက ဆွဲ၊ ခဲတံ မရှိသေးသူက တီးတိုးတီးတိုး စကားပြောနေကြသည်။

“ဟေ့…ဟေ့..”

သူ့ကို ခေါ်သည်ထင်၍ ခွန်နိုင်အေး ပုံဆွဲရာမှ မော့အကြည့် ထိုမျက်နှာချင်းဆိုင်မှ ပုံမဆွဲ ရသေးသော ကောင်မလေးက ပြုံးပြသည်။ သူက ပြန်ပြုံးပြမိရင်း ဘယ်လဲ ဟု မေးဆတ်ပြလိုက် သည်။

“ဟဲ့ ရှင့်ပုံကို ဘယ်ဘက်စာမျက်နှာမှာ ဆွဲထားတာ ရှင်မှားနေပြီ၊ ပုံက ညာဘက်မှာ ဆွဲရ မှာ လေ”

“ဟုတ်သားပဲ”

ဟုပြောရင်း သူစိတ်နည်းနည်း ၊ လေသွားသည်။ ပုံဆွဲတာက အတော် လေးပင် ခရီးရောက် လို့နေပြီ။

“ကျေးဇူးပဲနော် သတိမေ့သွားတယ်”

“ရပါတယ်၊ ဒါနဲ့ ဘယ်နဲ့ ညာတော့ ကောင်းကောင်း သိတယ်ဟုတ်”

“အေး…အာ…”

ထိပြီ ဟု သိလိုက်ချိန်မှာ ထိုကောင်မလေးနှင့် ဘေးက အဖော်များ က ရယ်ပြီးနေလေပြီ။ မျက်နှာပူပူနှင့် ပုံကို ခဲဖျက်နှင့် ငုံ့ဖျက်နေမိသည်။ သူမတို့က ရယ်လို့ကောင်းတုန်း။

“ဖြည်းဖြည်းဆွဲပေါ့၊ မီတို့တောင် ခဲတံဝယ်နေတုန်း”

သူမက အနည်းငယ် အားနာသွားဟန်ဖြင့် စကားလှမ်းပြောသည်။ “မီ” တဲ့။ အင်မတန် စကားများ နိုင်လှချည်လား..ဟု သူတွေးသည်။ သာလိကာမ။

ခဲတံသွားဝယ်သော ကျောင်းသားနှစ် ယောက် ပြန်လာသည်။

“ကဲ လက်ဝါးဖြန့်ရင် ခဲတံရမယ်”

အနည်းငယ် ဆူညံသွားသည်။ ဆရာမ က “အဟမ်း အဟမ်း” ဟု ချောင်း ဟန့်လိုက်တော့ မှ ငြိမ်ကျသွားသည်။

“ဟေ့ နင်လက်ဖြန့်တာ နှစ် ခါရှိပြီ”

“ဘယ်နှခါလဲ အခုမှ ထိုင်ခုံက ထလာတာ”

“ဟာ နင်ကလည်း ကားဂိတ်မှာ တုန်းက လျက်ဆား နမူနာ လာကျွေးတာ နင် လက်ဖြန့် သေးတယ်လေ”

“သေလိုက်”

ကောင်မလေးက ခဲတံ ဘောပင်ကို ဆွဲယူရင်း ရှက်ရှက်ဖြင့် မျက်စောင်းထိုးသွားသည်။ သကောင့်သား နှစ် ကောင် ကတော့ တဟီးဟီးဖြင့် သဘောကျကျန်ရစ်သည်။

“ဟေ့..ဒီမှာ ”

သူ့ရှေ့က ကောင်မလေးကပင် ခေါ်ပြန်သည်။ သူ မကြားချင်ယောင် ဆောင်နေလိုက် သည်။ Pratical အခန်းမှ စားပွဲခုံများ က မျက်နှာချင်းဆိုင် ထိုင်ရသည့် စားပွဲများ မို့ သူမနောက် တစ်ခေါက် ထပ်ခေါ်တာကိုလည်း သူ ကြားပါသည်။ မကြားချင်ယောင်ဆောင်ကာ နေလိုက်သည်။

“ဒီမှာ ”

ခေါ်သံနှင့် အတူ လက်မောင်းပူခနဲ ဖြစ်သွားသည်။ သာလိကာမ၊ ပါးစပ်က ခေါ်ရင်း လက်က ပေတံစောင်းဖြင့် လှမ်းခေါက်သည်။

“ဘာလဲကွ”

မျက်မှော င်ကုတ်ရင်း (လက်မောင်းကို ပွတ်ရင်း) ပြန်ထူးတော့ သူမက ရယ်ချင်ပက်ကျိဟန် ဖြင့် ကြည့်သည်။ ကလေး တစ်ယောက် ကို ကျီစားတော့မည့်  သူ တစ်ယောက် လိုမျိုး။

“ခဲဖျက် ခဏလောက်”

“သုံးတတ်ရင် ဆောင်ထား”

ခဲဖျက်ခဏလောက် တဲ့။ အမြင်ကတ်ကတ်ဖြင့် “သုံးတတ်ရင် ဆောင်ထား”ဟု သူ ဘုတောပစ်လိုက်သည်။ ရှက်သွားစမ်ပါစေ။ …ရှက် သွားပါသည်။ သို့သော် သူထင်ထားသလောက် ကြီးတော့ မဟုတ်။

“ယောက်ျားလုပ်ပြီးတော့ ကပ်စေးနှဲလိုက်တာ”

“. . . . . . . .”

သူမအပြောကို သူမကြားချင်ယောင် ဆောင်လိုက်သည်။ ဘာသံမှ ထပ်မကြားရတော့။

“ဟကောင်..ငှားပေးလိုက်လည်း ရရဲ့ သားနဲ့ မင်းကလည်း”

“မင်းအသာနေစမ်းပါ ငြိမ်းဆွေရ”

“အေးလေ”

သူတို့သုံးဦးသား တိုးတိုး တိတ်တိတ်သူမတို့ မကြားအောင် ပြော ဖြစ်သည်။

“ယောက်ျားလေးလုပ်ပြီး အတင်းတုပ် နေကြတယ်ပေါ့လေ”

သာလိကာမ…။ မော့မကြည့်ဘဲ ပုံဆွဲရင်းက တစ်ယောက် တည်း တီးတိုးရေရွတ်သလိုဖြင့် ဆိုသည်။ သူတို့သုံးယောက် ….အတင်းမပြောရဘဲနှင့် ဘလိုင်းကြီး သူမကခွပ်သည်။ ပြီးတော့ သူမ၊ မပြောလိုက်သလိုမျိုး ခပ်တည်တည်ဖြင့် ပုံဆက်ဆွဲနေသည်။

“ကျွတ်… မှားပြန်ပြီ ဒီ Cell ကလည်း ဆွဲရခက်လိုက်တာ”

သူမက ပုံကို White Board မှ ကူးဆွဲရင်းက ရေရွတ်သည်။ သူက နေရင်းထိုင်ရင်း ဝမ်းသာ သွားရသည်။ အဲဒါ သူတစ်ပါးကို နှိပ်ကွပ်ဖို့ပဲ အာရုံရောက်ချင်ဦးဟု။

ခွန်ရန်လင်းနှင့် ငြိမ်းဆွေမင်းက မရယ်ချင်ဘဲ ညှစ်၍ ရယ်သည်။

“ဟာ ဟာ ဟာ” ဟု။ ဝစ္စနှစ် လုံးပေါက် “ဟား ဟား ဟား” မဟုတ်ဘဲ “ဟာ ဟာ ဟာ” ဟု ရယ်တော့ သူမကိုရယ်မှန်း သူမသိသည်။ မျက်စောင်းကို “ဒိုင်း” ခနဲ ထိုးသည်။

“ဟဲ့ ကေသီ ငါ့ကို ခဲဖျက်ငှားစမ်းပါ။ ငါ့ရှေ့က လူတွေ က ခဲဖျက်လေးတောင် မငှားရက်ဘူး တဲ့၊ ကပ်စေးတွေ ”

သူမအသံက လိုအပ်သည်ထက် အနည်းငယ်ပို၍ ကျယ်သည်။ ကျောင်းသူ/ကျောင်းသား တချို့က စပ်စပ်စုစု ဝိုင်းကြည့်သည်မို့ သူတို့သုံးယောက် သား ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားရ သည်။ တတ်လည်းတတ်နိုင်သော သာလိကာမပါပေ။

“ကဲ ကူးဆွဲလို့ ပြီးကြပြီလား”

ဆရာမ ၏ အသံက အနည်းငယ်ဆူညံစ ပြုနေသော ကျောင်းသူ/သားတို့၏ အသံကို တိတ် ဆိတ်သွားသည်။ “ပြီးပါပြီ တီရှယ်” ဆိုတာနှင့် “မပြီးသေးဘူးဆီချယ်” ဆိုသော ဖြေသံက တစ် ယောက် တစ်ပေါက်ထွက်လို့လာသည်။

“ကဲ စာရှင်းပြမယ် ပြီးတဲ့လူကော မပြီးသေးတဲ့လူပါ နားထောင်၊ မပြီးသေးတဲ့သူက စာရှင်း ပြီးမှ ဆက်ဆွဲတော့”

သူတို့ သုံးကောင် White Board ဘက်ကို လှည့်ကြည့်လိုက်ကြသည်။ ရှေ့က သာလိကာ မတွေ က ပြီးသေးဟန်မတူ။ ခေါင်းကုတ်တာကို မြင်လိုက်ရသည်။

ဆရာမ က Pratical လုပ်သော Plant ၏ Cell အကြောင်းကို ရှင်းပြသည်။

“ကဲ..ဒီ Cell နဲ့ ပတ်သက်ပြီး ရှင်းတယ်နော်၊ မရှင်းတာ ရှိရင်မေးလို့ရတယ်၊ ကဲ…မေးစရာ ရှိလား”

“မရှိပါဘူး တီချယ်”

“ဟုတ်ပါပြီ။ ဒါဆိုရင် Roll-1 to 20 က ဟိုခုံမှာ ထိုင်နေတဲ့ အင်္ကျီအပြာရောင် နဲ့ ဆရာမ ဒေါ်သီတာဝေဆီမှာ စာအုပ်ထပ်ပါ။ 21 to 40 က အင်္ကျီအဝါရောင် လေးနဲ့ ဆရာမ ဒေါ်ခင်ခင်ဌေး ဆီမှာ စာအုပ်ထပ်ပါ။ ကျန်တဲ့ 42 နဲ့ အထက်က တီချယ့်ဆီမှာ စာအုပ်လာထပ်ပါ။ မပြီးတဲ့လူက ဆက်ဆွဲ”

ဆရာမ ၏ စကားအဆုံး ကျောင်းသူ၊ ကျောင်းသားထံမှ စကားသံများ ထွက်လာသည်။ပြီး ပြီးသား လူများ က စာအုပ်ကို သူ့ထက်ငါ အောင်ပြေးထပ်ကြသည်။ ဆွဲလက်စလူများ ကလည်း အမြန်ဆွဲကြသည်။

သူတို့ စာအုပ်များ က ခုံနံပါတ် ရှေ့ဆင့်နောက်ဆင့်မို့ ငြိမ်းဆွေမင်း တစ်ယောက် တည်းယူ သွားရင်း “ပထမကွ” ဟု သာလိကာ မကြားအောင်ပြောင်သွားသေးသည်။

“သူမ ကတော့ ပြီးချင်ဇောဖြင့် အမြန်ဆွဲလေ..မှားလေဖြင့် ဒေါသထွက်နေသည်။ ကြားက ငြိမ်းဆွေကို စွေကာ ကြည့်သေးသည်။”

“Cell ပုံတော့ ပျက်ပါပြီကွာ။ မော်ဒန် ပန်းချီယောင်ယောင်၊ ပါတိတ်ဆင်ယောင်ယောင်နဲ့ ပေတူးကိုလန်နေတာပဲ”

အငြိမ်မနေတတ်သော ခွန်ရန်လင်းကလည်း သာလိကာမကို ဆွ ဖြစ်အောင် ဆွသည်။

“မကူညီချင်နေ မနှောင့်ယှက်နဲ့ ”

ထိုသာလိကာမ ဘေးမှသူမ၏ သူငယ်မလေးက သူမကိုယ်စား ဝင်ကောပေးလိုက် သည်။

“အလဲ့ စကားမပြောတတ်ဘူးထင်နေတာ ပြောတတ်တယ်ဟ”

“သေနာ”

ခွန်ရန်လင်းကို ထိုကောင်မလေးက အထက်ပါအတိုင်း အားပါးတရ ပြောထည့်လိုက်သည် မို့ သကောင့်သား မျက်နှာကြီး ရှုံ့မဲ့လို့ သွားသည်။ “သေနာ” ဟု ပြောသည့်အပြင် မျက်စောင်းက ပါ အဆစ်ထိုးသွားသည်ကိုး။

“ဟကောင် ဟိုမှာ စာအုပ်ရပြီ သွားရအောင်”

စာအုပ်ထောင်ပြနေသော ငြိမ်းဆွေကို ကြည့်ရင်းက လှမ်းပြောသော သူ့ကို ခွန်ရန်လင်းက ခေါင်းညိတ်ပြသည်။

“သွားတော့မယ်နော်”

“သွားသင့်တာ ကြာပြီ”

“လိုက်မခေါ်နဲ့ ကြားလား”

“သေလိုက်ပါလား”

အရေး ထဲ ခွန်ရန်လင်းက သာလိကာမ၏ သူငယ်ချင်း ကြက်တူရွေးမကို စ ဖြစ်အောင်စခဲ့ သေးသည်။ ငြိမ်းဆွေလှမ်းပေးသော စာအုပ်ကို လှမ်းယူကာ ဖွင့်ကြည့်တော့ ရှေ့ဆုံးက စာမျက်နှာ ၏ ဇယားမှာ A++ ဆိုတာကို ဆရာမ က ခြစ်ထားပေးသည်။

“ဟာ ငါတို့ကျတော့ A+တဲ့မင်းကျတော့ Plus နှစ် ခုတောင်”

ခွန်ရန်လင်းက သူ့စာအုပ်ကိုကြည့်လိုက် ငြိမ်းဆွေနှင့် နှစ် ယောက် သားစာအုပ်ကို ကြည့် လိုက်ဖြင့် ရေရွတ်သည်။ သူတမင်ပင် ကော်လာကို ထောင်ပြသည်။

“မင်းကလည်းလေ…အသာနေတာမဟုတ်ဘူး၊ ကြွားတော့မယ် တွေ့ လား”

“အေး…ငါကိုက မှားပါတယ်”

ငြိမ်းဆွေနှင့် ခွန်ရန်လင်း တစ်ယောက် တစ်ပေါက် ရေရွတ်ကြသည်။

“သစ်ပင်က မြင့်တော့ လေကလည်း တိုက်နိုင်လွန်းတယ်”

ကော်လာကိုထောက်ပြရင်း ပြောသော သူ့စကားကြောင့် “ငါမပြောဘူးလား” ဆိုသော ပုံစံ ဖြင့် ခွန်ရန်လင်းကမေးငေါ့သည်။

“ကဲ ကင်တင်းကို သွားရအောင်လေ လာ ခွန်ရန်လင်း၊ မင်းကရှေ့က သွား၊ ငါတို့က လမ်းမသိတော့ မင်းနောက်လိုက်ရမှာ ”

ငြိမ်းဆွေက သူ့ကို ရှေ့ကိုတွန်းပို့ရင်း နှိပ်ကွက်သည်။ ခွန်ရန်လင်းက “ဟုတ်တယ်”ဟု ထောက်ခံသည်။ သူဘာမှမပြော ဖြစ်တော့။ ဗိုက်လည်းဆာနေပြီ မဟုတ်ပါလား။ ဘိုချစ်မှာ ထိုင် ဖြစ် ကြသည်။

ခေါက်ဆွဲကြော် သုံးပွဲမှာ ပြီး စောင့်နေတုန်း သာလိကာမနှင့် ကြက်တူရွေးမတို့ နှစ် ကောင် သူတို့ဝိုင်းနဲ့ မလှမ်းမကမ်းမှာ ထိုင်သည်။

“ဟဲ့ကေသီ ရေနွေးပဲ ဖိသောက်မနေနဲ့ လေ တစ်ခုခုမှာ စားမှပေါ့”

ထိုင်ခုံမှာ မထိုင်ခင်ကလေးမှာ ပင် သူမက သူတို့ကို နှိပ်ကွပ်သည်။ ကွပ်ဆို သူတို့ကလည်း ရေနွေးခွက်ကိုယ်စီဖြင့် ရေနွေးသောက်နေကြသည်ကိုး။

“ဘာ စားမှာ လဲ အစ်မ”

“ဘာစားစရာရှိလဲ”

“ဟုတ်ကဲ့ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းပေါင်း၊ ထမင်းသုပ်၊ ဆီချက်၊ ကောက်ညှင်းပေါင်း အကြော်အစုံရတယ် အစ်မ”

“ဟုတ်ပြီ ဒါဆို လက်ဖက်ရည် ပုံမှန် နှစ် ခွက်”

“ခင်ဗျာ”

အကြောင်ရိုက်ခံရသည့်မို့ စားပွဲထိုး လူပျိုပေါက်စ ရှက်သွားသည်။ ခေါင်းကိုကုတ်ရင်း လှည့်ကြည့်လှည့်ကြည့်ဖြင့် “Two Tea ရှယ် ပုံမှန်” ဟု ဖျော်ဆရာကို လှမ်းအော်သည်။သူမတို့က တခွိခွိဖြင့် ရယ်ကြသည်။ ပြီးနောက်

“ဟဲ့ကောင်လေး လာဦး”

သူမတို့က စားပွဲထိုးကို လှမ်းခေါ်ပြန်သည်။ စားပွဲထိုးက မရဲတရဲ သူမတို့ကို ကြည့်သည်။

“ဘာလိုသေးလဲ အစ်မ”

စားပွဲထိုးက ခပ်တွန့်တွန့် (ခပ်ရွံ့ရွံ့) မေးသည်။ သူမတို့နှင့် ခပ်လှမ်းလှမ်းမှာ ရပ်လျက်နှင့်

“ဘာမှန့်ရှိလဲ”

“ဟို . . .ကိတ်မုန့်၊ ပေါင်မုန့်မီးကင်၊ ပေါက်စီ၊ ကောက်ညှင်းမုန့် ဖက်ထုပ်..ထုပ်”

“ရပြီ..ရပြီ ကြက်သားနဲ့ ထမင်းကြော်နှစ် ပွဲ”

“ခင်ဗျာ”

စားပွဲထိုး ဒုတိယမ္ပိ ကြောင်သွား ပြန်သည်။ ရုတ်တရက် အီးမှန်ခံလိုက်ရသော မျက်နှာနှင့် ငိုချင်စိတ်ပေါက်သွားဟန်ဖြင့် ခေါင်းကိုကုတ်သည်။ ပြီးနောက် စပ်ဖြဲဖြဲနှင့် မရဲတရဲရယ်သည်။

“သေချာတယ်နော် အစ်မ”

စားပွဲထိုးကလည်း မခေ။ စပ်ဖြီးဖြီးဖြင့် သာလိကာမတို့ကို မေးသည်။ သူမတို့က ရုတ်တ ရက်မို့ (မထင်မှတ်ထားသည်မို့) ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်သည်။

“ဒါဆို ဝက်သားနဲ့ ခေါက်ဆွဲကြော်နှစ် ပွဲပေါ့နော်”

“အေး..အာ..ဒီကလေး”

သာလိကာမက ရှက်ရှက်ဖြင့် “ဒီကလေး” ဟု ရေရွတ်သည်။ အသက်အလွန်ဆုံးကွာလှ ၃-၄ နှစ် ။ သူမတို့ဘာသာ လူကြီးပုံဖမ်းချင်နေသည်။ ခွန်ရန်လင်းက ခါးကိုဆန့်သည်။

“ညီလေးရေ”

“ဗျာ..အစ်ကို”

ထိုစားပွဲထိုးပင် ခွန်ရန်လင်းကိုပြန်ထူးရင်း လက်ကလေးနောက်ပစ်လျက်ထူးသည်။

“သတိထား ကြားလား”

“ခင်ဗျာ”

“အကုတ်မခံနဲ့ နူတတ်တယ်”

“သြော်…ဟုတ်ကဲ့”

ခွန်ရန်လင်း၏ စကားကြောင့် စားပွဲထိုး ပထမတော့ ကြောင်သွားသည်။ နောက်မှ ခွန်ရန် လင်းမေးငေါ့ပြသော သာလိကာမတို့ဝိုင်းကို ကြည့်ရင်းက သဘောပေါက်သွားသည်။ ကြက်တူရွေး မက “အောမာ မာ” ဟုရေရွတ်သည်။ ငြိမ်းဆွေက လျှာကို ဆတ်ခနဲ ထုတ်ပြသည်မို့ ကြက်တူရွေး က နှုတ်ခမ်းကို ကိုက်သည်။

စားပွဲထိုး တစ်ယောက် က သူတို့မှာ ထားသော ခေါက်ဆွဲကြော်များ ကိုလာချပေးသည်။ သူတို့စား၍ သိပ်မကြာခင်အချိန်မှာ ပင် သူမတို့မှာ ထားသော ထမင်းကြော်များ ရောက်လာသည်ကို မြင်နေရသည်။ နောက်တက်ရမယ့် အချိန်က မြန်မာစာအချိန်၊ နောက်ချိုဟော မှာ ဖြစ်သည်။

“ညီလေးရေ ရှင်းမယ်”

စားပွဲထိုးကိုခေါ်ကာ ကျသင့်ငွေကို သူရှင်းလိုက်သည်။ သူမတို့ ဝိုင်းဘက် အမှတ်မထင် ကြည့်တော့ သူမလှမ်းအကြည့်နှင့် ဆုံသည်။ မျက်စောင်း “ ဒိုင်း”ခနဲ ထိုး၍ သွားသည်။ သာလိကာ ရုပ်ကလေးက လှသလောက်၊ တော် တော် ဗရုတ်ကျသည်။ ဒါတောင် ဒီနေ့မှ ကျောင်းတက်လို့ ဖရက်ရှာမို့တော် သေးသည်။ နောက်ဆုံးနှစ် ကျောင်းသူသာ ဖြစ် သွားပါက မွတ်နေအောင်ကို လည်လိမ့်မည် ။

“ခွန်နိုင်အေး အခု ဘာအချိန်လဲကွ”

“မြန်မာစာလေ”

“ဘယ်အခန်းမှာ လဲ”

“နောင်ချို ဟောမှာ ကွ”

“အဲဒီ ဟောက ဘယ်မှာ လဲ”

“တောင်ကြီး ၁ တို့၊ ၂ တို့ကို ကျော်သွားတယ်ကွ၊ ဟိုးဘက်မှာ ” သူ လက်ညှိုးထိုးရင်း ရှင်း ပြသည်။

“သြော် အဝေးသင်ဌာန ဘက်မှာ ပေါ့”

“တိုးတက်လာပြီ”

သူ့အပြောကြောင့် ငြိမ်းဆွေ ပေစောင်းပေစောင်းဖြင့် ကြည့်သည်။ သူတို့ အင်းလေးဆောင်ဘက်က ပတ်လျှောက်ခဲ့ကြသည်။ သူ့စိတ်မှာ ချိန်ခွင်ကျောင်းသူလေးကို တွေ့ လိုတွေ့ ငြားဟု မောင်းတင်ကာ လာခဲ့သည်ကိုး။ ထိုကလေးများ က စောစောက သာလိကာမ တို့ ကြက်တူရွေးတို့နှင့်စာလျှင် သိပ်ဗရုတ်မကျကြ။ အဲ…ရုပ်ကလည်း သူ့အထင် ဒီကလေးမတွေ က ပိုလှသည်ဟု ထင်သည်။

“ခွန်နိုင်အေး၊ မင်း ဟို ကလေးမတွေ ကို ရှာနေတယ် မဟုတ်လား”

“အေး”

“ငါတို့ ဘိုချစ် ကင်တင်းမှာ ထိုင်နေတုန်းက သဇင်ကင်တင်းမှာ သူတို့ ဝင်သွားတာ ငါတွေ့ လိုက်တယ်။ ငါ မင်းကိုပြောဦးမလို့ပဲ၊ ဟိုသာလိကာမ ရှုပ်လို့ မေ့သွားတယ်”

“ဟုတ်လား”

“နာတာပဲ” ဟု သူတွေးသည်။ သူမတို့က ဆိုင်ကယ်နှင့် ကျောင်းတက်သည်မို့ တောင်ကြီး ကလည်း ဖြစ်နိုင်သည်။

သူတို့တောင်ကြီးဆောင်ဘေးမှ ဖြတ်ကာ လျှောက်ကြရင်း တိတ်ဆိတ်နေကြသည်။ တစ် ဖက်လမ်းမှ သာလိကာမနှင့် ကြက်တူရွေးတို့ နှစ် ယောက် ၊ ဆိုင်ကယ်ဖြင့် နောင်ချိုဆောင်ဘက် သွားတာကို သူမြင်လိုက်သည်။

ထိုသာလိကာမလေးသည် ဆွဲဆောင်မှု အားပြင်းသော ရုပ်ရည်နှင့် အချိုးအစားကျနသော ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း သူ့စိတ်ထဲမှာ မှတ်မှတ်ရရ ရှိမနေပါ။

နောင်ချိုဟောမှာ လူပိုများ သည် First Year မေဂျာအားလုံး၏ မြန်မာစာသင်ရိုးက အတူတူ မို့ မေဂျာဘယ်နှခု ပေါင်းထားမှန်းပင် မသိတော့။ လူများ တော့ ကြည့်စရာများ သည်။ မနက်တုန်းဆီက မြင်ဖူးသူ အချို့လည်း ပါသည်။ E မေဂျာကလည်း ပါသည်။ တောင်ကြီးတက္က သိုလ်မှာ ဘယ်နှနှစ် ဘယ်လိုပြောင်းပြောင်း E မေဂျာ၌ လှပသူများ ကြောင်း ဘေးမှ ကျောင်းသား တစ်ယောက် ပြောစကားကို ကြားလိုက်ရသည်။

“ငါ့အဒေါ်တွေ ကျောင်းတက်တော့ တောင်ကြီးတက္ကသိုလ် မ ဖြစ်သေးဘူး၊ ဒီဂရီကောလိပ် ပဲ ရှိသေးတယ်။ အဲဒီ အချိန်ကတည်းက ငါမြင်ဖူးသလောက် E မေဂျာ ကျောင်းသူ အချောအလှ တွေ များ တယ်ကွ၊ အခုလည်းကြည့် နောက်လည်း ကြည့်ထားဦး”

ထိုကျောင်းသား၏ အဆိုကြောင့် နားစွန်နားဖျား ကြားလိုက်ရသော ခွန်ရန်လင်းက ငြိမ်းဆွေ မင်းနှင့် သူ့ကိုကြည့်သည်။ နောင်များ ကျမှ ထိုစကားသည် မှန်ကြောင်း သူတို့အုပ်စု လက်ခံလိုက် ရသည်။ E မေဂျာသည် အမှန်တကယ်ပင် အချောအလှ အတေ့ကို များ သည်။

မြန်မာစာ အချိန်မှာ ကျောင်းသူကျောင်းသား များ လွန်းသဖြင့် နောင်ချိုဟောမှာ ထိုင်ခုံလွတ်ပင်မရှိ။ ခုံလောက်လောက်ငင ဖြစ်နေတာကိုပဲ ကျေးဇူးတင်ရမည် ။

သာလိကာမတို့က သူတို့နှင့် နှစ် ခုံကျော်လောက်မှာ ထိုင်နေသည်။ ခွန်ရန်လင်းက စာသင်ချိန်အပြီးမှာ ဘယ်အချိန်ကတည်းက လုပ်ထားမှန်း မသိသော စက္ကူမြားဖြင့် သာလိကာမကို ပစ်သည်။ ထိုမြားက သာလိကာမ၏ ကောက်ကွေးနေသော စပရိမ်လို ဆံပင်ထဲ သွားစိုက်သည်။ ဒေါသတကြီး သူမလှည့်ကြည့်ချိန်မှာ ခွန်ရန်လင်းက သူ့ကို ကမန်းကတန်း လက်ညှိုးထိုးသည်။ ငြင်းချိန်ပင် မရလိုက်။ သူမက လက်ဝါးထောင်ပြသည်။ “ပါးကျိုးချင်လား” ဆိုသည့်သဘော။ တော် သေးသည်။ လူများ လွန်းသဖြင့် အဝေးမှာ သူမကျန်ရစ်ခဲ့အောင် သူတို့ “လှစ်” ခနဲရအောင် အမြန် ထွက်လာနိုင်ခဲ့ကြသည်။ သို့မဟုတ်ပါက မလွယ်ကြော။

* * * * *




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ အချစ်ကို ကြက်ချေ မခတ်ကြေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆောင်း....သို့

ဗုဒ္ဓဟူးအနမ်း အတွက် ရှင်းတမ်း

မယားစိတ်သားစိတ်