ဗုဒ္ဓဟူးအနမ်း အတွက် ရှင်းတမ်း
ပရိသတ်တော် တော် များများ က ဓနုနဲ့ တောင်ရိုးတိုင်းရင်းသားများ ရဲ့ အကြောင်း ဗဟုသုတ များ ၊ ချစ်စရာကောင်းတဲ့ဟာသများ နဲ့ တန်ဆာဆင်တဲ့ဝတ္ထုတွေ ထပ်ရေး ပါဦးလို့ တောင်းဆိုကြပါ တယ်။
ကျွန်တော် ရဲ့ (၁ဝ)အုပ်မြောက်ဝတ္ထုမှာ ဓနုတိုင်းရင်းသား။ တောင်ရိုး တိုင်းရင်းသားများ နဲ့ ပတ်သက်တဲ့ ဗဟုသုတနှင့် ဟာသများ အတော် အသင့် ရေး ပြီးပါပြီ။ ဒီတစ်အုပ် ကတော့ ပရိသတ် များ နဲ့ တောင်းဆိုချက်အရရော ကျွန်တော် ကိုယ်၌ ကပါ ရေး ချင်ချင်မို့ ဒုတိယမ္ပိအတတ်နိုင်ဆုံး ကြိုးစားတင်ဆက်လိုက်ပါတယ်။
ပရိသတ်များ စိတ်ကျေနပ်မှု
အပြည့်အဝ ရရှိနိုင်ပါစေလို့
ဆန္ဒပြုရင်း
ပြည့်ပိုင်မှူးအိမ်
“မင်းလည်း ဓနု၊ မင်းညီမဝမ်းကွဲ မေဝသုန်လည်း ဓနုပဲ။ ဒါပေမယ့် စကားဝဲတာချင်းအတူတူ မင်းညီမ စကားဝဲတာက ပိုနားထောင်လို့ ကောင်းနေတယ်၊ အဲဒါဘာ ဖြစ်လို့လဲ မသိဘူးကွနော်”
ဌေးသော်၏ စကားကြောင့် သူ နင်တင်တင်ကြီး ဖြစ်သွားရသည်။
“ဒါ ကတော့ နင်က နားနဲ့ မနာ နှာခေါင်းနဲ့ နာလို့ ဖြစ်မှာ ပေါ့”
“နားနဲ့ မနာ ဖဝါးနဲ့ နာပဲ ကြားဖူးပါတယ် သီတာရာ”
ဌေးသော င်ကို နှိပ်ကွပ်သော သီတာ၏ စကားအဆုံးမှာ အောင်စိုးက ဝင်၍ ဆိုသည်။
“စကားပုံ ကတော့ ဟုတ်တာပေါ့ဟ။ ဒါပေမယ့် ဌေးသော င်ကိုကျတော့ အဲဒီ လို ပြောလို့မရတော့ဘူး။ ငါ စောစောက ပြောသလိုပဲ ပြောမှ ဖြစ်မယ်။ သူက ဝဏ္ဍနဲ့ ညီမ မေဝသုန်ရဲ့ အသံကို နားနဲ့ နားမထောင်ဘဲ ဒါကြီးနဲ့ နားထောင်နေတာလေ”
သီတာက သူမ၏ နှာခေါင်းကို လက်ညှိုးဖြင့် ပြကာ “ဒါကြီးနဲ့ ” ဟုဆိုသည်။ သူမ၏ စကားကြောင့် ဌေးသော င်က ရှက်အမ်းအမ်းဖြင့် ရယ်သည်။ ပြီး သီတာ့ကိုကြည့်ကာ..
“သြ….လက်စသတ်တော့ ငါက မေဝသုန်နဲ့ အသံဝဲတာလေးက နားထောင်ကောင်းတယ်ဆိုလို့ နင်က သဝန်တိုနေတာကိုး”
“အောင်မာမာ ..လဲသေလိုက်ပါလား”
ဌေးသော င်၏ ပြောင်ချော်ချော်အဆိုကို သီတာက “လဲသေလိုက်” ဟု တုံ့ပြန်သည်။ ပြီး သူမလက်ထဲမှ စာအုပ်ဖြင့် ဌေးသော င်ကို လှမ်းရိုက်သည်။
“သီတာ အဲဒါနဲ့ ရိုက်တာ မထိရောက်ဘူး…ရော့…ဒါနဲ့ ရိုက်”
အောင်စိုးက ဆိုင်စားပွဲပေါ်မှ အအေးပုလင်းကို ယူကာ သီတာ့ဆီ ထိုးပေးရင်းက ဆိုသည်။ ဌေးသော င်က အောင်စိုးကို လှမ်းကြည့်ရင်း “မေတ္တာထားတယ်…လား” ဟု ဇာတ်သံဖြင့် ရွှတ်နောက်နောက် ဆိုသည်။
“ကိုဝဏ္ဍတို့ရဲ့ ဓနုဝတ်စုံက ရှမ်းဝတ်စုံနဲ့ တူတယ်နော်”
တစ်ချိန်လုံး ထိုင်ကာ လူတကာပြောသမျှ ပြုံးရင်း နားထောင်နေသော သူမက သူ့ကိုကြည့်ရင်း မေးသည်။
“ဓနုဝတ်စုံနဲ့ ရှမ်းဝတ်စုံက ဆင်သယောင်ယောင်တော့ရှိတယ်။ ဒါပေမယ့် သေသေချာချာ ကြည့်ရင် မတူမှန်းသိသာပါတယ်။ နောက်ကြုံတော့မှ ဓာတ်ပုံနဲ့ ဖြစ် ဖြစ် ဝတ်စုံနဲ့ ဖြစ် ဖြစ် တိုက်ပြီး ရှင်းပြတော့မယ်။ ဒီအတိုင်းပြောပြရင် ဖြိုးတို့ နားလည်မှာ မဟုတ်ဘူး”
သူ့စကားကို သူမက နားထောင်နေရာက ခေါင်းညိတ်သည်။ ခေါင်းအညိတ်မှာ သူမ၏ ဆံနွယ်များ က လေမှာ လွင့်ခနဲ ဝဲသည်။ ရှန်ပူရနံ့သင်းသင်းက ရင်ကို ကတုန်ကရီ ဖြစ်သွား စေခဲ့သည် ကတော့ အမှန်။
“မင်း ခဏ ခဏ ပြောတယ်လေ..ဓနုစကားက စာဆန်တယ်၊ ရှေးဆန်တယ်လို့..ဥပမာ လေး ပြောပြစမ်းပါဦး”
ဌေးသော င်က မေးစေ့ကို ပွတ်ရင်းမေးသည်။
“ဥပမာ…အင်း ရုတ်တရက်ကြီးဆိုတော့ ချက်ချင်း စဉ်းစားလို့ မရဘူး ဖြစ်နေတယ်..ဒီလိုကွာ…မင်းတို့ ငါတို့ ပစ္စည်းတစ်ခုခုရဲ့ ဈေးကို သိချင်လို့ ဈေးသည်ကို မေးရင် ဘယ်လိုမေးသလဲ”
သူ၏ တုံ့ပြန်အမေးကို ဌေးသော င်က ချက်ချင်း တုံ့ပြန်သည်။
“ဒါ ဘယ်လောက်ပဲပေါ့” ဟု။
“အေး ဒါပေမယ့် ငါတို့ဘက်မှာ အဖိုးဘယ်လောက်လဲလို့ မေးတယ်။ အဖိုးဆိုတာ အဖိုးအခကို ပြောတာ။ ဒါပေမယ့် အခုတော့ သက်ကြီးပိုင်းတွေ ပဲ သုံြး ကတော့တယ်။ ခေတ်လူငယ် တွေ က သိပ်မသုံြး ကတော့ဘူး။ နောက်ပြီးတော့ တစ်ခုခုကိုရပ်ခိုင်းတာမျိုး၊ ဥပမာ- မောင်းနေတဲ့ ကားကို ရပ်..ရပ် လို့ ပြောချင်ရင် ငါတို့ဘက်မှာ တန် …တန် လို့ ပြောတယ်။ ရပ်တန့် လိုက်ဆိုတဲ့ သဘော”
“သြော်”
အောင်စိုးက ခေါင်းညိတ်ကာ ညိတ်ကာဖြင့် “သြော်” ဟု ဆိုသည်။
“နောက်…ပစ္စည်းတစ်ခုခု ကုန်တော့မယ်ဆိုရင် “ကုန်လှပြီ” လို့ သုံးတယ်။ “ကုန်တော့မှာ လား” ဆိုရင် “ကုန်လှပြီလား” ပေါ့။ ဒါပေမယ့် ဒီစကားလုံးလည်းပဲ သက်ကြီးပိုင်းတွေ လောက်ပဲ သုံြး ကတော့တယ်။ လူငယ်ပိုင်းတွေ က သိပ်မသုံြး ကတော့ဘူး”
“ဓနုစကားက လေယူလေသိမ်းပဲ ကွာသွားတာ။ မြန်မာစကားပဲလို့ နင်ပြောတယ်နော်။ ငါလည်း နင်စကားပြောသလို လိုက်ပြောရင် လျှာတွေ လိပ်ကုန်ရော။ နင်တို့စကားပြောရင် ဟထိုး (ှ) သံတွေ ပါနေသလိုပဲ။ ဥပမာ - အောင်စိုးကို နင်ခေါ်ရင် “အှောင်စိုး” ဆိုပြီးတော့ ဖြစ်နေတယ်။ ငါတို့က “လောင်” ဆိုရင် နင်က “လှောင်” အဲဒီ လို အသံထွက်တယ်နော်”
သီတာက ခေါင်းကို ကုတ်ရင်း ဆိုသည်။
“ဟုတ်တယ်..တချို့စကားလုံးတွေ ကျတော့ ကြားသံတွေ ထွက်တယ်..ဥပမာ မျောက်ဆိုပါစို့..မျောက်ကို ဓနုသံနဲ့ ထွက်ရင် မျော့နဲ့ ဆင်တဲ့ အသံပဲထွက်တယ်။ မျော့နဲ့ မျောက်ရဲ့ ကြားထဲက အသံမျိုး။ မျောက်လို့ ပီပီသသကြီး မထွက်ဘူး”
“ရေး တာကျတော့ရောကွာ”
အောင်စိုးက ပခုံးကို တွန့်ရင်းမေးသည်။
“ရေး တာက မြန်မာစာပဲ ရေး တာလေ..အသံထွက်တော့မှသာ ကွဲသွားတာ”
“သြော်”
ဌေးသော င်က “သြော်” ဟု ခေါင်းတညိတ်ညိတ်လုပ်သည်။
“တချို့စကားတွေ ကျတော့ စကားလုံးအပြည့်အစုံ မသုံးဘူး။ ဥပမာ - ကစားမယ်ဆိုရင် ကမယ်လို့ပဲ သုံးတယ်။ သေနတ်ပစ်တမ်းကစားမယ်ဆိုရင် သေနတ်ပစ်တမ်း က မယ် လို့ ပြောတယ်။ ဖဲ ကစားမလား ဆိုရင် ဖဲက မလားပေါ့ကွာ..အဲဒီ လိုမျိုး”
သူ့စကားအဆုံးမှာ အားလုံးက “ဒီလိုကိုး”ဟု ခေါင်းညိတ်ကြသည်။
“ငါ..ဓနုနဲ့ ပတ်သက်တဲ့ စကားအသုံးအနှုန်းတွေ ယဉ်ကျေးမှု တွေ ကို စိတ်ဝင်စားတယ်ကွာ..တကယ်ပြောတာ…တစ်သက်လုံး လေ့လာလို့ရအောင် ဓနုမလေး တစ်ယောက် တော့ ရအောင်ယူထားမှနဲ့ တူတယ်”
အောင်စိုးက “တဟဲဟဲ” ရယ်ရင်း မချိုမချဉ်ဖြင့် ဆိုသည်။ စကားအသွားအလာက ညီမလေး မေဝသုန်ဘက်ကို တည့်တည့်ကြီး ဦးတည်နေမှန်း သိသသည်။
“မင်းကလည်း … ဓနုမလေး ယူထားရင် ရှာကျွေးနေရဦးမယ်… ဒီ “ဓနု-ဝဏ္ဍ” နဲ့ မင်းအစ်မကို ပေးစားထားလိုက် ပြီးရော…တစ်သက်လုံး မင်းလေ့လာလို့ရတယ်၊ ငါပြောတာ သဘာဝ ပိုမကျဘူးလား ဝဏ္ဍ”
“သိပ်ကျတာပေါ့ကွာ”
ဌေးသော င်၏ စကားကို လက်ခုပ်တီးကာ ထောက်ခံသော သူ့စကားကြောင့် အောင်စိုးတစ် ကောင် မျက်နှာကြီး ရှုံ့မဲ့ကာသွားသည်။
“သီတာ နင်တို့ရော “ဓနု” စကား မသင်ချင်ဘူးလား”
ဌေးသော င်က ပြုံးစိစိနှင့် ပင် သူမနှင့် သီတာတို့ဘက် လှည့်ကာ မေးသည်။ သီတာက…
“ဓနုစကားတော့ သင်ချင်ပါတယ်ဟာ…ဒါပေမယ့် အရင်းများ လွန်းတယ်ဟ..အစ်မတစ် ယောက် လုံး ပေးစားရမှာ ဆိုတော့”
ပြောရင်း သိတာက ရယ်သည်။ သူမ ကတော့ သီတာ့ကို ခပ်ဖွဖွ လှမ်းရိုက်ရင်း ခပ်တိုးတိုး ရယ်သည်။ ပြုံးလိုက် ရယ်လိုက်ချိန်မှာ ခွက်ဝင်သွားသော ဘယ်ဘက်ပါးမှ ပါးချိုင့်ကို ကြည့်ရင်း ရင်အခုန်ကြီးကြီး ခုန်နေသူ တစ်ယောက် ရှိနေမှန်း သူမ ကတော့ သိဟန်မတူ။ ခပ်တိုးတိုးညှင်းညှင်းသာ ရယ်မြဲ ရယ်ဆဲ။
အခန်း(၂)
တကယ်တော့ ဖြိုးဟု သူတို့အုပ်စုခေါ်ကြသော ဝတ်ရည်ဖြိုး နှင့် သူ၏ ဆုံစည်းမှု က ဟာသ တော့ ဆန်သည်။
အဲဒီ နေ့က ဖြိုးက သူမ၏ အဘွားအကြောင်းကို စကားစပ်မိကြရာကစသည်။ သူတို့ဆီမှာ အဘွားကို အပေါင်ဟု ခေါ်သည်။ ဥပမာ - ငါတို့အဘွားဆိုလျှင် ငါတို့အပေါင်ဟူ၍ ။ ယင်း ငါတို့ အပေါင်ကိုပင် အဖျားဆွတ်ကာ ခေါ်သော အခါ တို့ပေါင်ဟူ၍ အသံထွက်သည်။ သူတို့အဘွားဟု ပြောချင်လျှင် သူ့ပေါင်။ ငါတို့အဘွားဟု ပြောချင်လျှင် ငါ့ပေါင်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့ဓနုဒေသမှာ တော့ သူ့ပေါင် ငါ့ပေါင်သည် သူ့အဘွား ငါ့အဘွားကို ဆိုလိုခြင်းသာ ဖြစ်သည်။ အဘွားအိုကို ပေါင်အိုဟု သူတို့ခေါ်ကြသည်။ သို့သော် ဖြိုးနှင့် ပြဿနာတတ်သော နေ့ကမူ သူ့ အနေနှင့် ရန်ကန်ုဆိုသည်ကို မေ့ကာ ကိုယ့်ဒေသလိုပင် အမှတ်တမဲ့ဖြင့် ပေါင်အကြောင်းကို ပြောမိခဲ့သည်။ ထိုနေ့က…
ထိုနေ့က ဖြိုး တစ်ယောက် သူမ၏ အဘွားအကြောင်းကို စကားစပ်မိရာက သူမ၏ အဘွားသိပ်နေမကောင်းကြောင်းဆိုသည်။ ပျော်ပျော်နေတတ်သော သူမ၏ အဘွားက နေမကောင်းသည့်အချိန်ပင်လျှင် အိမ်သားများ စိတ်မပင်ပန်းစေရန် ဟာသများ ဆိုတတ်ကြောင်း၊ သူ့အဘွားနှင့် နေရသည်မှာ အသက်ရှည်ဆေးတစ်မျိုး မှီဝဲနေရသလိုပင် ဖြစ်ကြောင်းဆိုသည်။
အဲဒီ မှာ စတွေ့ ကြတာပဲ ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူက ….
“ငါလည်း နင့်ပေါင်ကို မြင်ဖူးချင်လိုက်တာဟာ…တစ်ခါလောက် အိမ်အလည်ခေါ်ပါလား”
“ဘာ”
သူ့စကားကြောင့် သူမမျက်နှာတစ်ခုလုံး နီကာသွားသည်။ ဌေးသော င်က မျက်လုံးကြီး ပြူးကာ သူ့ကို “ဟကောင်” ဟု အလန့်တကြားရရွတ်သည်။ တကယ်တမ်းကျ သူတို့အားလုံးနှင့် မရင်းနှီးသေးသော ဝေါဟာရတစ်ခုကို သူပြောမိခဲ့မှန်း သူ့ကိုသူပင် သတိမထားမိ။ သူ “သူမ” အပေါ် စိတ်ဝင်စားမှု ရှိသည်ကို သူမအပါအဝင်တစ်ဖွဲ့လုံးက သိနေကြပြီးသားမို့ အိမ်အလည်ခေါ် ခိုင်းခြင်းအပေါ်မှာ အံ့အားသင့်နေကြသည်ဟုသာ သူထင်နေခဲ့သည်။
“ဘာ အံ့သြနေတာလဲ…. တစ်ခါလောက် အိမ်အလည် ခေါ်ပါလားလို့ ပြောတာ… နင့်ပေါင်ကို ငါမြင်ဖူးချင်လို့..ငါ့မှာ လည်း ပေါင်ရှိသေးတယ်ဟ…ငါ့ပေါင် ကတော့ ကျန်းမာရေး ကောင်းတယ်..ဖြူဖြူတုတ်တုတ်ကြီးပဲ”
“ဟကောင် ဝဏ္ဍ မင်းဘာတွေ ပြောနေတာလဲ”
သူမ မျက်နှာ နီသထက် နီကာလာသည်မို့ အောင်စိုးက သူ့ကို မျက်လုံးကြီး ပြူးပြရင်းဆို သည်။ ဆီတာက သူ့ကို ပါးစပ်ကြီး ဟကာ ကြည့်ရင်း သူ့ကို တစ်လှည့် သူမကို တစ်လှည့်ကြည့် သည်။
“ဘာပြောရမှာ လဲ..ငါ့ပေါင်အကြောင်းပြောနေတာ စောစောက ငါပြောသလိုပဲ..ငါ့ပေါင်က ဖြူဖြူ…တုတ်…တုတ်”
“ဟဲ့ နင့်ပေါင်အကြောင်း ဘယ်သူမေးနေလို့ ထပြောနေတာလဲ”
နောက်ဆုံးတော့ သူမက မျက်နှာကြီးနီကာ မျက်လုံးကို စုံမှိတ်ရင်း အာခေါင်ခြစ်ကာ ဆိုသည်မို့ သူ အနည်းငယ်တော့ ကြောင်သွားရသည်။
“နင်ကျတော့ နင့်ပေါင်အကြောင်း ပြောပြီးတော့..ငါလည်း ငါ့ပေါင်အကြောင်း ပြောပြတာပါ..ဒါနဲ့ စကားမစပ် နင့်ပေါင်က ပိန်လား ဝလားဟင်”
“ဘာ…ပိန်ပိန် ဝဝ နင့်အပူလား…ဝဏ္ဍ ..ငါ စိတ်ဆိုးလာပြီနော်”
မျက်နှာနီကြီးဖြင့် ပြန်အော်သော သူမ၏ စကားကြောင့် သူကြောင်သွားရသည်။ ဘာကို သူမစိတ်ဆိုးကာ ဘာကြောင့် ထထ အော်နေမှန်း သူမသိ။ သူမ စိတ်မှမှန်ပါလေစဟု သူတွေးမိ သည်။
“ဟ..နင့်ပေါင်ကို ပိန်လား ဝလား မေးတဲ့ကိစ္စ နင်က စိတ်ဆိုးစ .. ရာ…လား..ရတယ် နင်မပြောချင်လည်းနေ..နင့်အိမ်လိုက်ကြည့်ရင် နင့်ပေါင် ပိန်လား ဝလား တွေ့ မှာ ပဲ..ကဲ အိမ်လည်ခေါ်မယ်မဟုတ်လား..မခေါ်လည်း ငါ ကတော့ ဇွတ်လိုက်ကြည့်မှာ ပဲ”
သူ့စကားကြောင့် သူမပါးစပ်ကြီးဟ ကာ အံ့အားတသင့်ဖြင့် ကြည့်သည်။ ဘေးမှ ဘော်ဒါ အားလုံးကလည်း မျက်လုံးများ ပြူးကာ ဝိုင်းကြည့်နေကြသည်မို့ သူ စဉ်းစားရကျပ်သွားရသည်။ ဘာကြောင့် များ မျက်လုံးကြီးတွေ ပြူးကာ ပါးစပ်ကြီးတွေ ဟ နေကြပါလိမ့်ဟု။ အောင်စိုးက -
“သူငယ်ချင်း မင်းစာအုပ်နဲ့ အထုခံရတော့မယ်နော်…စ နေတာဆိုရင်လည်း ရပ်ဖို့ သင့်နေပြီ”
“ဘာ…ငါက ဘာကို စရမှာ လဲ….ငါက အတည်ပြောနေတာကွ…သူ့ပေါင် ပိန်လား..ဝလား…အဲ…”
ထိုအခါမှ “အဲ..” ဟု ရေရွတ်ရင်း “ဖျတ်” ခနဲ သူတွေး ဖြစ်သည်။ သူဆိုလိုချင်သော ပေါင်နှင့် သူတို့အားလုံး သဘောပေါက်နားလည်သော ပေါင်သည် အကွဲလွဲကြီး ကွဲလွဲနေပြီဟု။ ပူခနဲ ဖြစ်သွားသော မျက်နှာကို ပွတ်ရင်း “မဟုတ်ဘူး”ဟု သူဗလုံးဗထွေး ရေရွတ် ဖြစ်သည်။
“ဘာ အခုမှ…ကြောက်ပါပြီလဲ”
ဌေးသော င်က အံကြီးကြိတ်ကာ ဆိုသည်။
“ငါပြောတဲ့ ပေါင်ဆိုတာ အဘွားကို ပြောတာ…”
“ဘာရယ်..အဘွား”
အောင်စိုးက မျက်လုံးကြီး ပြူးကာမေးသည်။
“အေး အဘွားကို ငါတို့က ပေါင်လို့ခေါ်တယ်..သူ့ပေါင်ငါ့ပေါင်ဆိုတာ သူ့အဘွား ငါ့အဘွားကို ပြောတာကွ..ဟိုလိုပေါင်ကကို ပြောတာမဟုတ်ဘူး”
“ဟေ”
အောင်စိုးတို့နှစ် ကောင်က ထိုအခါမှ “ဟေ” ဟု ပြုံးစိစိကြီးတွေ နှင့် ရေရွတ်သည်။ သီတာနှင့် သူမက ရှက်အမ်းအမ်းဖြင့် ခပ်တိုးတိုးရယ်သည်။ သို့သော် သူမက မျက်နှာကို ချက်ချင်း ပြန်တည်သည်။ ပြီး “သေချာရဲ့ လား” ဟု မယုံမရဲဖြင့် မေးသည်။ ထို့နောက်
“သက်သေတော့ ပြသင့်တယ် ထင်တယ်..ဒီအတိုင်းကြီး ကတော့ လက်မခံနိုင်ဘူး” ဟု ဆိုသည်။ သူမစိတ်ထဲမှာ သူဖြီးနေသည်ဟုများ ထင်နေလေသလားတော့မသိ။ သူမက ထိုသို့ ဆိုသည်။ ဌေးသော င်တို့ကပါ “ဟုတ်တယ် ဟုတ်တယ်” ဟု ဝိုင်း၍ ရေရွတ်ကြသည်။ ရုတ်တရက် ထူပူနေခဲ့သည်မို့ သူ ဘာကိုမှ ချက်ချင်း စဉ်းစား၍ မရ။ သို့သော်..ကံကောင်းမှု က သူ့ဘက်မှာ ရှိနေခဲ့သည်။ ထိုအချိန်မှာ ညီမဝမ်းကွဲ ဖြစ်သူ မေဝသုန်က သူတို့ထိုင်နေကြသော “Cafe” ထဲသို့ ဝင်လာသည်။ သူ့ကို မေဝသုန်က မမြင်။ သူ ညီမ ဖြစ်သူကို မြင်မြင်ချင်း အတော် ကြီး ဝမ်းသာသွား ရသည်။
“ညီမလေး”
သူ့ခေါ်သံကို မကြား၍ လား မသိ။ မေဝသုန် တစ်ယောက် လှည့်၍ ပင် မကြည့်။ ထလိုက်ခေါ်ရန် သူထအရပ်မှာ ဌေးသော င်က သူ့ကို ဆွဲကာထားသည်။သူ “ညီမလေး” ဆီသွား မှန်း ၄င်းတို့မသိကြ။
“ဟကောင် အရူးကွက် မနင်းနဲ့နော်…ဒါဘယ်ပြေးမလို့ လုပ်တာတုံး”
“အာ ..ဘယ်က ပြေးရမှာ တုံး…ဟိုမှာ ငါ့ညီမကို သွားခေါ်မလို့…သီတာ နင်တို့ကို ငါ့ညီမနဲ့ မိတ်ဆက်ပေးမယ်..အဲဒီ မှာ မေးကြည့်ကြ..ပေါင်ဆိုတာ ဘာလဲလို့ မေးသာကြည့်ြ ကတော့”
ဌေးသော င် လက်ထဲမှ သူ့လက်ကို ဆွဲယူရင်း သီတာတို့ဘက် လှည့်ကာ သူဆို ဖြစ်သည်။
“သီတာ နင်တို့နဲ့ မိတ်ဆက်ပေးမယ် ဆိုတဲ့ မင်းရဲစကားက ငါတို့နဲ့ကျတော့ မိတ်မဆက်ပေးဘူးဆိုတဲ့ သဘောလား”
အရေး ထဲ အောင်စိုးက ရစ်နေသေးသည်။
“အောင်စိုး..လွှတ်ပေးလိုက် ပါကွာ…သူ မိတ်မဆက်ပေးတော့ရော ဘာ ဖြစ်လဲကွ…ငါတို့မှာ လည်း ပါးစပ်ပါတာပဲ..ကိုယ့်ဘာသာကိုယ် မိတ်ဆက်ပစ်လိုက်မှာ ပေါ့”
“အဲဒါ မပူနဲ့ ဌေးသော င်…သူငါနဲ့ မိတ်ဆက်ပေးပြီးတာနဲ့ ငါက နင်တို့နဲ့ ပြန်ပြီး မိတ်ဆက်ပေးမယ်”
“OK”
သီတာ၏ အဆိုကြောင့် ဌေးသော င်နှင့် အောင်စိုးက “OK” ဟု ထအော်သည်မို့ အောင့် သက်သက်ဖြင့် သူ မချိသွားဖြဲဖြင့် ရယ် ဖြစ်သည်။
ထို့နောက် ကောင်တာမှာ မုန့်ဝယ်နေသော ညီမ ဖြစ်သူဆီ အပြေးတစ်ပိုင်းသွား ဖြစ်သည်။
“ညီမလေး”
“ဟ…ကိုကို”
ညီမလေးက အံ့သြဝမ်းသာစွာ ဖြင့် ပြန်နှုတ်ဆက်သည်။
“နင် တစ်ယောက် တည်းလား”
“ဟုတ်တယ်…မုန့်လာဝယ်တာ”
မုန့်ကို လက်ညှိုးထိုးပြရင်း သူမ ဆိုသည်။
“ဒါဆို မုန့်ဝယ်ပြီးရင် ဟိုဘက်က ဝိုင်းကိုလာခဲ့..ငါ့သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးမယ်”
သူ သီတာတို့ဘက်ကို လက်ညှိုးထိုးပြရင်း ဆို ဖြစ်သည်။ ညီမလေးက ခေါင်းညိတ်သည်။
သူ ဝိုင်းကို ပြန်ရောက်ရောက်ချင်း ဌေးသော င်က-
“လာ လာ အစ်ကို လာ ..ထိုင်။ လိုတာရှိရင် ညီလေးကို ပြောနော်..ဘာမှ အားမနာနဲ့ ..ဟဲဟဲ”
ညီမရှိသည်မို့ တမင်နောက်သော ဌေးအောင်ကို အောင်စိုးက “ဖျောင်း” ခနဲ နားရင်းအုပ် သည်။
“ဟ….ဘာလဲကွ”
အားရင်းအအုပ်ခံရသည်မို့ သကောင့်သားက အောင်စိုးကို အော်သည်။
“ဘာ အခုမှ ကြောက်ပါပြီလဲ..စောစောတုန်း ကတော့ မင်းတွေ ငါတွေ နဲ့ ဆက်ဆံနေပြီးမှ အခုမှ ဘာ အစ်ကိုလဲ..ဘယ်က ညီလေးလဲ..ငါ့လို ပုံမှန်ဆက်ဆံစမ်းပါ”
အရေး ထဲမှာ ပဏာဝင်ယူနေသော အောင်စိုးကို ဌေးသော်က မျက်နှာကြီး ရှုံးမဲ့ရင်း ကြည့်သည်။
ထိုစဉ်မှာ ပင် မေဝသုန်က မုန့်ဘူးပါဆယ်ကို ကိုင်ကာ သူတို့ဝိုင်းကို ရောက်လာသည်။
“လာ ညီမလေး ထိုင်”
သူကပင် ကမန်းကတန်း ထကာ ညီမ ဖြစ်သူအတွက် ထိုင်ခုံစီစဉ်ပေးရသည်။ ပြီး ဘော်ဒါများ ဘက်လှည့်ကာ…
“မိတ်ဆက်ပေးရဦးမယ်..ဒါ ငါ့ညီမဝမ်းကွဲ..မေဝသုန်တဲ့”
သူ့မိတ်ဆက်စကားတောင် မဆုံးသေး။ ဌေးသော င်က
“ဟုတ်ကဲ့..တွေ့ ရတာ ဝမ်းသာပါတယ်…အစ်ကိုက ဌေးသော င်ပါ..သူက အောင်စိုး…သူက သီတာ..သူက ဖြိုးလို့ခေါ်တဲ့ ဝတ်ရည်ဖြိုး”
ဌေးသော င်က သူမိတ်ဆက်ပေးသည်အထိပင် စောင့်မနေတော့ဘဲ သူ့ကို ရိသည့်အနေဖြင့် ဝင်၍ ဆိုသည်။ ညီမ ဖြစ်သူက အားလုံးကို ပြုံးပြသည်။
“ဝဏ္ဍရဲ့ ညီမလေးက ချောလိုက်တာ..ဝဏ္ဍနဲ့များ တခြားစီပဲ”
ဖြိုး၏ နှုတ်မှ ထက်လာသော စကားကြောင့် သူပြုံး ဖြစ်သည်။ ဒါ သူမ၏ Intro ဖြစ်သည်။ မကြာခင်မှာ မေးခွန်းများ ဆက်တိုက်မေးတော့မည် ဆိုတာ သူကြိုသိနေသည်။
“မ ကမှ ပိုလှတာပါ…မတို့ရဲ့ အဘနဲ့ အမေက မွေးထားတတ်တယ်နော်”
“သြော်…အဖေကို ဓနုတွေ က အဘလို့ ခေါ်တာလား”
ညီမလေး၏ စကားအဆုံးမှာ သီတာက ဝင်၍ ဆိုသည်။ ညီမလေးက “ဟုတ်တယ်”ဟု ခေါင်းညိတ်ရင်း ဖြေသည်။
“ဒါဖြင့် အဘိုး၊ အဘွားတွေ ကျတော့ရော ဘယ်လိုခေါ်လဲ”
ဒီတစ်ခါ မေးလိုက်သူက သီတာမဟုတ်ဘဲ သူမကိုယ်တိုင် ဖြစ်သည်။ သူမ၏ မျက်ဝန်းတို့က စူးခနဲ သူ့ကို ကြည့်သည်။ သဘောက “မဟုတ်လို့ ကတော့ တွေ့ မယ်” ဆိုသည့် သဘော။
“အဘိုး အဘွားကို အဘိုး အဘွားပဲပေါ့”
ချက်ချင်း ပင် ဖြေလိုက်သော ညီမလေး၏ စကားကြောင့် ညီမလေးမှအပ ကျန်လူအားလုံး၏ မျက်လုံးပြူးကြီးများ ၏ အကြည့်က သူ့ဆီ စူးခနဲကျရောက်ကာလာသည်။
“အဘိုး အဘွားကို အဘိုး၊ အဘွားလို့ပဲ ခေါ်တယ် ဟုတ်လား”
သူမက ဖျတ်ခနဲ သူ့ဆီလှမ်းကြည့်ရင်း ညီမလေးကို နောက်တစ်ခေါက်ထပ်မေးသည်။
“ဟုတ်တယ်လေ..ဒို့(တို့)ဘိုး၊ ဒို့ဘွားပေါ့..အဲ နေဦး..”
“နေဦး”…ဆိုသော ညီမလေး၏ အဆိုကြောင့် သူတို့အားလုံး၏ အကြည့်သည် ညီမလေး၏ မျက်နှာဆီသာ စူးစိုက်ကြည့်နေ ဖြစ်ကြသလို အားလုံးက ညီမလေး ဆက်၍ ပြောလာမည့် စကားကို အာရုံစိုက်ကာ နားစွင့်နေကြသည်။ သူ့ရင်ထဲမှာ တော့ “ညီမလေးရေ..အဘွားကို အပေါင်လို့ ခေါ်တယ်လေကွာ” ဟု ကြိတ်ကာ ပြောနေ ဖြစ်သည်။
“အဘွားကို အပေါင်လို့ ခေါ်တယ်..တို့အဘွားဆိုရင် တို့ပေါင်ပေါ့..အဲဒီ လိုမျိုး”
ညီမလေး၏ စကားအဆုံးမှာ သူ သက်ပြင်းကို ဟင်းခနဲ ချ ဖြစ်သည်။ သူမက စူးခနဲ သူ့ဆီ ကြည့်ကာ ဒိုင်းခနဲ မျက်စောင်းထိုးသည်။ ဒီနေ့အဖို့ ညီမလေးသာ တိုက်တိုက်ဆိုင်ဆိုင် သူတို့ရှိနေ သော Café ထဲ ရောက်မလာခဲ့လျှင် ပြဿနာဟု တွေး ဖြစ်သည်။
“သြော်….တို့ဘိုး တို့ဘွားဆိုရင် တို့ဘိုး တို့ပေါင်ပေါ့”
ဟု ရေရွတ်ကြည့်ရင်း သီတာက ညီမလေးကို မေးသည်။ ညီမလေးက “ဟုတ်တယ်” ဟု ထောက်ခံသည်။
“ဓနုစကားက ချစ်စရာကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းတာပဲ..ဟုတ်တယ်နော် သီတာ”
ဌေးသော င်၏ ဘာလိုလိုစကားကို ညီမလေးက အမှတ်တမဲ့ လိုက်ပြုံးနေသော်လည်း သူ ကတော့ မြွေမြွေချင်း ခြေမြင်သည်မို့ အောင့်သက်သက်ကြီး ဖြစ်သွားရသည်။
အီလယ်လယ်ကြီး ဖြစ်သွားသော သူ့ကို ကြည့်ရင်း သူမ ကတော့ ခွီးခနဲ ရယ်သည်။
ဘာပဲပြောပြော ထိုနေ့က သူမထံမှ ပြေလည်မှု နားလည်မှု ကို ရရှိလိုက်သော ကြောင့် အတော် လေး စိတ်သက်သာရာ ရခဲ့သည် ကတော့ အမှန်ပဲ ဖြစ်သည်။
အောင်စိုးက ဓနုသံချပ်တချို့ကို ဆိုရင်း သူ့ကို ရိသဲ့သဲ့ဖြင့် နောက်သည်။
“အေး ငါ့ညီမက တောင်ကြီးသူ မဟုတ်ဘူး..ကလောသူကွ..ကလောသူ မှတ်ထား”
ခပ်ချဉ်ချဉ်ဖြင့် ဆိုသော သူ့စကားကြောင့် အောင်စိုးက
“အေး ကလောသူဆိုတော့လည်း ကလောသူပေါ့ကွာ..တောင်ကြီးသူနေရာမှာ ကလောသူကို အစားထိုးပြီးဆိုလို့ ရနေတာပဲ…ဥပမာ..သပြေပန်း ဘုရားမှာ လှူ…ကလောသူမ ရအောင်ယူ I love you,I love you ပေါ့ကွာ..ဟုတ်ဘူးလား ဌေးသော င်ရာ”
“သိပ်ဟုတ်”
နှစ် ယောက် သား အတိုင်အဖောက်ညီနေကြသည်ကို ကြည့်ရင်း သူအောင့်သက်သက်ဖြင့် ရယ် ဖြစ်သည်။ ဌေးသော င်က
“ဒါနဲ့ စကားမစပ် ငါတို့မကြားဖူးတဲ့ ဓနုသံချပ်တွေ လည်း ရှိဦမှာ ပေါ့…ဥပမာကွာ… ဘိုဖြူရဲ့ သီချင်းထဲမှာ မပါသေးတဲ့ဟာမျိုး”
“အေး..ရှိတာပေါ့ကွ..ဥပမာကွာ..”
ဝါးပင်ပေါ်မှာ ငှက်ကျားနား အင်္ကျီစိမ်းနဲ့ ငါ့ရည်းစား ငါ့ရည်းစားဟေ့ ငါ့ရည်းစား ဆိုတာမျိုး။
သူဆိုပြသော သံချပ်အဆုံးမှာ အောင်စိုးက လက်ဖျစ်တီးသည်။
“ဒါဖြင့် အင်္ကျီစိမ်းဆိုတဲ့နေရာမှာ တခြားအရောင် ကိုလည်း ထည့်ဆိုလို့ ရမှာ ပေါ့..ဥပမာ..ကိုယ်ရည်စူးချင်တဲ့ ကောင်မလေးက အပြာရောင် ဝတ်လာရင် အပြာ..အင်္ကျီအနီ ဝတ်လာရင်လည်း အင်္ကျီနီနဲ့ ငါ့ရည်းစား အဲဒါမျိုး..ရလား”
“ရတာ ပေါ့”
ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြရင်း သူဖြေ ဖြစ်သ်ည်။
“ရှိသေးတယ် အများ ကြီးပဲ..ဥပမာ..ကိုယ်ရှိတ်ချင်တဲ့ ကောင်မလေးက နားဆွဲလေးနဲ့ ဆိုရင် ဒီသံချပ်ကို ဆိုလို့ရတယ်..”
ထမင်းစားလည်း စားပွဲနှင့် ..
မိန်းမ ယူလည်း နားဆွဲနှင့် နားဆွဲနှင့် ဟေ့ နားဆွဲနှင့်
သူ၏ သံချပ်အဆုံးမှာ အောင်စိုးက “မိုက်လှချည်လား” ဟု ရေရွတ်သည်။
“ဒီ သံချပ်ထက် ရှေ့က သံချပ်ကို ပိုသဘောကျတယ်။ ဒီသံချပ်က ကိုယ်ပိုးချင်တဲ့ ကောင်မလေးက နားဆွဲဝတ်လာမှ ဖြစ်မှာ ..ရှေ့က သံချပ်က အင်္ကျီ ဘာအရောင် ဝတ်လာ ဝတ်လာ စောင်းဆိုလို့ရတယ်”
ဌေးသော င်က သူ့အမြင်ကို သူ ဆိုသည်။
“ဒါဖြင့် ဟိုက အသည်းကွဲရောင် ကြီး ဝတ်လာရင် ဘာလိုဆိုမလဲ”
“အင်”
အောင်စိုး၏ ဂွကျကျ အမေးကြောင့် ဌေးသော င်က “အင်” ခနဲ ဖြစ်ကာသွားသည်။
“ဒါမှမဟုတ် ငါးပိရောင် တို့.. သုံးဘီးကားရောင် တို့… ပိတောက်ခြောက်ရောင် တို့ ..ဆင်စွယ်ရောင် တို့ ဆိုရင်ရော…ဘယ်လိုဆိုမလဲ…ကဲ”
အောင်စိုး၏ ပို၍ ခွကျသော အမေးကြောင့် ဌေးသော င် တစ်ယောက် ခေါင်းကြီး ကုတ်ကာသွားသည်။
“မခက်ပါဘူးကွာ…အင်္ကျီအရောင် ခွဲမရရင် ဒီလိုဆိုမှာ ပေါ့”
“ဘယ်လိုဆိုမှာ တုံး”
ဟု အောင်စိုးက မေးသည်။
“ဝါးပင်ပေါ်မှာ ငှက်ကျားနား…
ဝဏ္ဍညီမ ငါ့ရည်းစား ငါ့ရည်းစားဟေ့ ငါ့ရည်းစား လို့”
ဌေးသော င်၏ အဆိုကြောင့် မဆီမဆိုင်ပင် သူခံလိုက်ရသည်။ အောင်စိုးက…
“တေဂျင်းဇိုး အရေး ထဲ စီးပွားက ကပ်ရှာနေသေးတယ်”
ဟု ရေရွတ်သည်။ ပြီး သူ့ကို ကြည့်ကာ
“ကောင်မလေးတွေ ကို စတဲ့ နောက်တဲ့ သံချပ်ရော မရှိဘူးလား… မခံချင်အောင် သိမ်းကြုံးပြီး နောက်တာမျိုးပေါ့”
“ရှိတာပေါ့”
အနှိပ်ကွက်ခံရသည့်ကြားက အမှတ်မရှိပါပဲ..
“ရှိတာပေါ့”
ဟု သူဖြေအပြီးမှာ အောင်စိုးက
“လုပ်ပါဦး” ဟု ဆိုသည်။
“ဒီလိုကွ..ယောက်ျားပွဲလာ..ကုသိုလ်ရှာ..
မိန်းမပွဲလာ…အချစ်ရှာ…အချစ်ရှာဟေ့ အချစ်ရှာတဲ့..”
သူ့စကားအဆုံးမှာ “မိုက်သားပဲကွ” ဟု အောင်စိုးက ဆိုသည်။
“သြော်..ဒါက အားလုံးကို မခံချင်အောင်စတာမျိုးပေါ့..ယောက္ခမတို့ ဘာတို့ကို ထေ့တဲ့စာသားမျိုးတွေ ရော ရှိလား”
“ရှိတာပေါ့ ဒီလိုမျိုး….
တောင်နံရံမှာ ဆီဖူးဆွဲ မြောက်နံရံမှာ ဆီဖူးဆွဲ
ယောက္ခမမျက်နှာစပ်ဖြဲဖြဲ စပ်ဖြဲဖြဲဟေ့ စပ်ဖြဲဖြဲ..”
သူ ဆိုပြ၍ အပြီးမှာ “ဆီဖူး” ဆိုတာ ဘာတုံးဟု အောင်စိုးက မေးသည်။
“ဆီဖူးဆိုတာ ဆီဗူးကို ပြောတာ..ဓနုလိုအသံထွက်လိုက်တော့ ဗူးကို ဖူးလို့ထွက်သွားတာ..ဆီထည့်ထားတဲ့ ဗူးကို ပြောတာ..ဆိုလိုတဲ့သဘောက အိမ်ရဲ့ တောင်ဘက်နံရံတို့ မြောက်ဘက်နံရံတို့မှာ ဆီဗူးတွေ ပြည့်ပြည့်စုံစုံချိတ်ထားလို့ ယောက္ခမ မျက်နှာကြီးက ဖြီးနေတာပဲ ဆိုတဲ့ အဓိပ္ပါယ်..အ.ိမ်မှာ ဆန်ဆီဖူလုံနေလို့ ယောက္ခမကြီး ပြုံးဖြီးဖြီး ဖြစ်နေတယ် ဆိုတဲ့ သဘော”
“သြော်…ကြည့်ရတာ အရင်ခေတ်ကတည်းက သမက်တွေ က ယောက္ခမတွေ ကို အတော် ကြီး အောင့်သက်သက်နဲ့ ဖားခဲ့ရတဲ့သဘောပဲ”
ဌေးသော င်က သံဝေဂရသလိုလို၊ ကိုယ်တိုင်ကပဲ ယောက္ခမနှင့် နေဖူးသလိုလို လေသံမျိုးဖြင့် ဆိုသည်။
“အဲဒါကြောင့် လူရွှင်တော် တွေ ပြောကြတာ နေမှာ ..ကမ္ဘာပေါ်မှာ အာဒံက ကံအကောင်းဆုံး လင်ယောက်ျားပဲတဲ့”
“ဘာတွေ လျှောက်ပြောနေတာတုံး..ယောက္ခမအကြောင်းကနေ..နေရင်းထိုင်ရင်းနဲ့ အာဒံ ဘက် ရောက်သွားရတာ တုန်း”
“သြ…ဌေးသော င် မင်းတော် တော် တုံးသေးတာပဲ..မှတ်ထား..အာဒံအတွက် ဧဝကို ဘုရားသခင်က ဖန်ဆင်းပေးခဲ့တာကွ..ဒါကြောင့် ဖန်ဆင်းရှင်ပဲ ရှိတဲ့ ဧဝမှာ အဖေ အမေ မရှိဘူး..ဒီတော့ အာဒံမှာ ယောက္ခမ အထီးရော ယောက္ခမ အမရော မရှိဘူး..ကဲ ဘယ်လောက် တောင် ကံကောင်းတဲ့ အိမ်ထောင်သည် ယောက်ျားလဲ ဆိုတာ မှန်းသာ ကြည့်တော့”
အောင်စိုး၏ စကားကြောင့် သူတို့နှစ် ကောင် ရယ် ဖြစ်သည်။
“ပြောတဲ့ ပုံစံက သူပဲ အိမ်ထောင်ကျနေလို့ ယောက္ခမဆိုး စုံစုံလင်လင်နဲ့ နေနေရတဲ့ အထာမျိုး”
ဌေးသော င်၏ ခနဲ့တဲ့တဲ့ စကားကြောင့် အောင်စိုးက စပ်ဖြီးဖြီးဖြင့် တုံ့ပြန်သည်။
“ တစ်ယောက် ယောက် များ ကြားသွားရင် လူရှိန်မလားလို့”
ဟူ၍ ။
“ငယ်ခါ × × × တို့ ဖ ပိုး × × × ကျောကုန်းပူအောင် တို့ဖပိုး၊ တို့ဖပိုးဟေ့၊ တို့ဖပိုး ကြီးလာခါ သူများ ပိုး × × × လမ်းဘေးသူငယ် ရည်းစားထားတယ် × × × သူများ ပိုး သူများ ပိုးဟေ့ သူများ ပိုး ဆိုတဲ့ သံချပ်လည်း ရှိသေးတယ်နော်… အဲဒီ မှာ ငယ်ခါ တို့ဖပိုး ဆိုတာ အဖေလုပ်တဲ့သူက ငယ်ငယ်လေးတုန်းက ကျောပိုးခဲ့တာ…ပြီးတော့ ကြီးလာခါ..သူများ ပိုး ဆိုတာက အရွယ်ရောက်လာတော့ ကာလသားတွေ က အပျို လူပျို ပိုးကြတယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား ”
ဌေးသော င်၏ စကားကို “ဟုတ်တယ်” ဟု သူဆို ဖြစ်သည်။
“ဌေးသော င်..နင် အတော် ကြီးကို လေ့လာထားပါလားဟ..အကြံစည်တစ်ခုခုတော့ ရှိရမယ်”
သီတာက လက်ညှိုးထောင်ရင်း မချိုမချဉ်ဖြင့် ဆိုသည်။
“အေးဟ..ငါလည်း ဓနု မလေးတွေ နဲ့ စကားပြောရင် အဆင်ပြောအောင် ဗဟုသုတလည်း ရအောင်ဆိုပြီးတော့ လေ့လာထားတာ”
“သြော် ဗဟုသုတအတွက်ရယ်…ဓနု မလေးတွေ နဲ့ စကားပြောဖို့အတွက်ရယ် သက်သက်ပဲ ဆိုပါတော့… အဟမ်း အဟမ်း”
သီတာက ချောင်းကို လုပ်ဆိုးရင်း ဌေးသော င်ကို ဆိုသည်။ သီတာတို့၏ ရည်ရွယ်ချက်ကို သိသည်မို့ သူ အောင့်သက်သက်ဖြင့် ရယ် ဖြစ်သည်။ ညီမ တစ်ယောက် ရှိနေခြင်းက သူတို့ စဖို့ နောက်ဖို့အတွက် အကွက် ဖြစ်ကာနေသည်။
“အဲဒီ သံချပ်တွေ ကို ဘယ်အချိန်မှာ ဆိုကြတာလဲဟင်”
ဖြိုး၏ အမေးကြောင့် သီတာက “အဟမ်း..အဟမ်း” ဟု ချောင်းကို လုပ်ဆိုးပြန်သည်။ ပြီး.. “သြော်..လေ့လာတဲ့သူတွေ ကလည်း စတင်လေ့လာနေကြပြီကိုး”
ဟု တစ်ယောက် တည်း ငြီးသလိုလိုဖြင့် ဆိုသည်။ သီတာ၏ အဆိုကြောင့် ဖြိုးက ရှက်ကိုး ရှက်ကန်းဖြင့် သီတာ့ပခုံးကို ခပ်ဖွဖွရိုက်သည်။ ပြီး .. “ငါက ဗဟုသုတအနေနဲ့ မေးတာ”ဟု ရှက်ဝဲ ဝဲဖြင့် ဆိုသည်။
“အင်း.. ဌေးသော င်ကလည်း ဓနုသံချပ်တွေ ကို ဗဟုသုတရချင်လို့ဆိုပြီး လေ့လာ…ဖြိုးက လည်း ဗဟုသုတရချင်လို့ဆိုပြီးတော ဓနုရိုးရာဓလေ့တွေ အကြောင်း လေ့လာ…အေးလေ ကောင်းပါတယ်..ဗဟုသုတဆိုတာမျိုးကလည်း စုံလေကောင်းလေပဲလေ.. အဟမ်း အဟမ်း အရေး ထဲ ချောင်းကလည်း ဆိုးနေလိုက်တာ..အဟမ်း…အ…ဟမ်း”
သီတာ၏ ရွဲ့တဲ့တဲ့အဆိုကြောင့် သူတို့အားလုံး ရယ် ဖြစ်ကြသည်။
“ကဲ..အဲဒါနဲ့ပဲ လိုရင်းက ပျောက်သွားဦးမယ်…စောစောက ဖြိုးမေးတဲ့ မေးခွန်းကို မင်းမဖြေရသေးဘူး ဝဏ္ဍ”
အောင်စိုးက သူ့ကို မေးဆတ်ပြရင်း ဆိုသည်။
“ရိုးရာ တာတတ်ပွဲတွေ ဘာတွေ အကြောင်းကနေစပြီး ရှင်းပြနေရင် မင်းတို့ ရှုပ်ကုန်မှာ သေချာတယ်..ဒီတော့ အကြမ်းဖျင်းအနေနဲ့ ဘုရားပွဲတွေ မှာ ဆိုကြ ကကြတာ..တာတတ်ပွဲက ဘုရားဖူးရင်း လိပ်ဥတူးလို့ရတဲ့ ပွဲမျိုး..ဘုရားပွဲမှာ ပဲ တချို့က ဖူးစာရှာကြတယ်..အဲဒီ လိုပွဲမျိုးမှာ ကခုန်တီးမှု တ်ကြရင်း ဆိုကြတယ်လို့ပဲ မှတ်ထားပေါ့..အခုနောက်ပိုင်းမှာ တော့ ပြည်ထောင်စုနေ့လိုမျိုး အထင်ကရပွဲတွေ မှာ သီဆိုကြတယ်…ကခုန်ကြတယ်..ကဲ ဘာသိချင်သေး လဲ”
သူ့စကားအဆုံးမှာ အောင်စိုးက “ဓနုတိုင်းရင်းသားနဲ့ …တောင်ရိုးတိုင်းရင်းသားက တူလား” ဟု မေးသည်။
“ဟာ..မတူဘူး မတူဘူး…ဓနုက သပ်သပ် တောင်ရိုးက သပ်သပ်ပဲ..လေယူလေသိမ်းက အစ ဝတ်ဆင်တဲ့ ဝတ်စုံအဆုံး မတူဘူးကွ…အဝတ်အစားဆိုတဲ့နေရာမှာ ခေါင်းပေါင်းကစပြီး ကိုယ်မှာ ဝတ်တဲ့ အဝတ်အစားကအဆုံး မတူဘူး..ဥပမာ - ဓနုအမျိုးသမီးဝတ်စုံက အင်္ကျီနဲ့ ထဘီနဲ့…တောင်ရိုးအမျိုးသမီးဝတ်စုံက ဂါဝန်လို ဝတ်စုံမျိုး..တောင်ရိုးအမျိုးသမီးတွေ က ငွေခြေချင်းတို့၊ ငွေလက်ကောက်တို့ကို ဝတ်တယ်..ဓနုက အဲဒီ လို ခြေချင်းတွေ ၊ ဘာတွေ မဝတ်ဘူး…နောက်ကြုံတော့မှ ရိုးရာဝတ်စုံ အပြည့်ဝတ်ထားတဲ့ ဓနုမောင်မယ်တွေ ရဲ့ ပုံရယ်…တောင်ရိုးမောင်မယ်တွေ ရဲ့ ဓာတ်ပုံကို ငါပြမယ်”
သူ့စကားအဆုံးမှာ အားလုံးက ခေါင်းညိတ်ကြသည်။
“ပြီးတော့ ငါတစ်ခုမေးဦးမယ်..ဓနုမှာ အိုးစည်ရှိတယ်..ရှမ်းမှာ ကလည်း အိုးစည်ရှိတယ်..တချို့က ဓနုအိုးစည်နဲ့ ရှမ်းအိုးစည်ကို အတူတူပဲတဲ့..တချို့ ကတော့လည်း မတူဘူး….ဓနုအိုးစည်က သက်သက် ..ရှမ်းအိုးစည်က သက်သက်တဲ့..အဲဒါ ဟုတ်လား”
ဌေးသော င်က မေးစေ့ကို ပွတ်ရင်း မေးသည်။
“ဟုတ်တယ်…ဓနုအိုးစည်နဲ့ ရှမ်းအိုးစည်နဲ့က မတူဘူး…ဓနုအိုးစည်က ရှမ်းအိုးစည်လောက် မရှည်ဘူး…ရှမ်းအိုးစည်က အလျား ရှည်တယ်..သွယ်တယ်..ရှမ်းအိုးစည်ကို လမ်းလျှောက်ရင်း တီးမယ်ဆိုရင် တီးတဲ့လူ တစ်ယောက် တည်း လွယ်ပြီး တီးလို့ သိပ်အဆင်မပြေဘူး..နောက်ကနေ တစ်ယောက် က အိုးစည်ကို ကူမထားပေးမှ ပိုအဆင်ပြေတယ်..ဓနုအိုးစည် ကတော့ ရှမ်းအိုးစည် လောက် အလျားမရှည်တဲ့အတွက် တီးတဲ့လူက လွယ်ထားရင် မြေကြီးနဲ့ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတယ်…လမ်းလျှောက်ရင်း တီးမယ်ဆိုရင်လည်း သူကရတယ်…လွယ်လွယ်ကူကူ မှတ်ထားလို့ ရပါတယ်..ခွဲခြားသိဖို့လည်း လွယ်တယ်..ရှမ်းအိုးစည်က သွယ်တယ်..ရှည်တယ်.. ဓနုအိုးစည်က အလျားသိပ်မရှည်ဘူး..ရှမ်းအိုးစည်လောက် မသွယ်ဘူး..ဓနုအိုးစည်နဲ့ ရှမ်းအိုးစည်ကို ယှဉ်ပြီးထောင်ထားရင် ရှမ်းအိုးစည်က သိသိသာသာရှည်နေတာကို တွေ့ ရလိမ့်မယ်..ဒီမှာ ကွာ..ငါ ပုံဆွဲပြမယ်..နောက်ကြုံရင် မင်းတို့ ခွဲခြားတတ်အောင်လို့”
စက္ကူအလွတ်ပေါ်၌ သူဆွဲပြသော ပုံကိုကြည့်ပြီး ဌေးသော င်က ခွီးခနဲ ရယ်သည်။
“ဘာရယ်တာလဲကွ..မပီပြင်လို့လား..ငါက သဘောတရားကို ဆွဲပြတာလေကွာ…ပန်းချီဆ ရာမှ မဟုတ်တာ..ဒီလောက်ပဲ ရတော့မှာ ပေါ့”
“ငါရယ်တာက အဲဒါကို ရယ်တာမဟုတ်ဘူး…မင်းဆိုလိုချင်တဲ့ အိုးစည်နှစ် မျိုးရဲ့ ကွဲပြားခြားနားမှု ကို ငါသိပါတယ်ကွ…ဒါပေမယ့် မင်းက အိုးစည်ကို လွယ်တဲ့ ကြိုးပါထည့်ပြီး ဆွဲ ထားတဲ့ ပုံစံက အိုးစည်ပုံမပေါက်ဘဲ လက်ကိုင်ကိုင်းနဲ့ ဖန်ခွက်ပုံပေါက်နေလို့ကွ”
ဌေးသော င်၏ စကားကြောင့် သူတို့အားလုံး ရယ် ဖြစ်ကြသည်။
“မင်းကသာ ဖန်ခွက်ပုံလို့ မြင်နေတာ..ငါကျတော့ အဲဒီ လို မမြင်ဘူး”
“အင်း..ဖဲ့စမ်းပါဦး”
အောင်စိုးက သူဆွဲပြထားသော စက္ကူဖြူကို ကိုင်ကာ ကြည့်ရင်း ဆိုသည်မို့ သူတမင်ပင် “ဖဲ့စမ်းပါဦး” ဟု ဆို ဖြစ်သည်။ ဆရာသမားက
“မင်းထည့်ထားတဲ့ အိုးစည်ကို လွယ်တဲ့ ကြိုးကို ဆန့်ကျင်ဘက်မှာ ထပ်ထည့်လိုက်ရင် ဆုဖလားနဲ့ တူသွားရော..ပေး ငါဆွဲပြမယ်”
ပြောပြောဆိုဆိုပင် ဆရာသမားက စက္ကူလွတ် နောက်တစ်ရွက်ပေါ်မှာ ပုံတစ်ပုံကို ဆွဲပြသည်။
ပြီး “တွေ့ လား” ဟု တခွိခွိ ရယ်ရင်းဆိုသည်။
“ဘာပဲပြောပြော အောင်စိုးဆွဲထားတဲ့ပုံက ဝဏ္ဍရဲ့ ပုံလောက် အသက်မဝင်ဘူး..ဝဏ္ဍရဲ့ ပုံက ကြည့်လိုက်တာနဲ့ အဓိပ္ပါယ်ကို ချက်ချင်း သိတယ်”
အမှတ်တမဲ့ ဝင်၍ ဆိုသော ဖြိုး၏ စကားကြောင့် အောင်စိုးက “အောင်မာ အောင်မာ” ဟု မချိုမချဉ်ဖြင့် ရေရွတ်သည်။
သီတာက “သိမှာ ပေါ့ သိမှာ ပေါ့..စိတ်ချင်းဆက်သွက်မှု တွေ က ရှိချင်ရှိနေမှာ ကိုး” ဟု သူမဘာသာ သူမရေရွတ်သလိုလိုဖြင့် ဆိုသည်။
သီတာ့စကားကြောင့် သူမ၏ မျက်နှာက ရှမ်းအမ်းအမ်းကြီး ဖြစ်ကာ သွားသည်။ မလုံမလဲဖြင့် ဖျက်ခနဲ သူ့ဆီ လှည့်အကြည့်မှာ သူ့ရင်တွေ ကတုန်ကရင်ကြီး ဖြစ်ကာသွားသည်။
![]() မယားပြောတော့ တစ်ည | ![]() မြို့ကြီးသား | ![]() မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး |