Cover

အခန်း(၁)

ပြည့်ပိုင်မှူးအိမ်

မြို့ကြီးသား

“မင်းအခု ဘာတွေ ပြင်ဆင်ထားလဲ”

“ခင်ဗျား. . ..”

ယောက္ခထီးကြီး၏ အမေးစကားကို သံယောင်လိုက်ကာ “ခင်ဗျာ” ဟု သူဆို ဖြစ်သည်။

“မဗျာနဲ့ .. .အခုပဲ မင်းမိန်းမ ငါ့သမီးမှာ ကိုယ်ဝန်ငါးလ ရှိနေပြီ..မကြာခင် လေးငါးလ အတွင်းမှာ ကလေးကမွေးတော့မယ် ..ကဲ .. အဲဒီ့ အတွက် မင်း ဘာတွေ ပြင်ဆင်ထားလဲလို့ မေးတာ”

ယေက္ခထီး ဖြစ်သူ၏ အမေးကြောင့် သူဟက်ခနဲ ရယ် ဖြစ်သည်။ ယောက္ခထီးကြီးကလည်း မေးမှ မေးတတ်ပလေ။ မိန်းမ ဖြစ်သူက ကိုယ့်ရဲ့ ရင်သွေးလွယ်ထားတဲ့ကိစ္စ ဘာမှမပြင်ဆင်ဘဲနေပါ့မလား။

“သြော်..ဒါလား.. မပူပါနဲ့ ဖေကြီးရာ…သူ ကိုယ်ဝန်စရကတည်းက ကျွန်တော့် မရီးဆီက ဗိုက် ဖုံးအင်္ကျီအဟောင်းသုံးထည်တောင်းပြီး အဖေ့သမီးကို ဆင်ထားတယ်”

“ဘာကွ…”

သူ့စကားအဆုံးမှာ ယောက္ခထီးက နီမြန်းသော မျက်နှာကြီးဖြင့် “ဘာကွ” ဟု ထအော်သည်။

ယောက္ခထီးကြီး၏ “ဘာကွ” ဟူသော အသံသည် မိုးခြိမ်းသံလို ဟိန်းထွက်ကာသွားသည်။

“မင်း. .မင်းကွာ ..”

“ဘာ ဖြစ်လို့လဲ..ဖေကြီး..”

မချင့်မရဲပုံစံကြီးဖြင့် “မင်းကွာ” ဟုဆိုသော ယောက္ခထီးကြီးကို သူ မရဲတရဲ မေး ဖြစ်သည်။

“ဘာ ဖြစ်ရမှာ လဲကွ…ငါ့သမီးကို သူများ ဝတ်ပြီးသား အင်္ကျီဆင်ရသလားကွ..ငါ့သမီးကို ငါ က ရွှေပေါ်မြတင်ထားတာကွ ..ငါ့သမီးဘဝမှာ အင်္ကျီအဟောင်းဆိုတာကို ဝတ်ဖူးဖို့မပြောနဲ့ ကြားဖူးမှာ တောင် မဟုတ်ဘူး .. မင်းနဲ့ ရမှပဲ သူများ ဝတ်ပြီး သားအင်္ကျီကို ငါ့သမီးဝတ်ရတော့တယ်.. စိတ်နာ လိုက်တာကွာ ..တောက်”

လောကကြီးမှာ သူသာလျှင် အကြီးကျယ်ဆုံး၊ အချမ်းသာဆုံး၊ အတော် ဆုံး၊ အတတ်ဆုံးဟု အမြဲဂုဏ်ယူဝင့်ကြွားမြဲ ဖြစ်သော ယောက္ခထီး ဖြစ်သူကိုကြည့်ရင်း သူ ဘာပြောရမှန်းမသိ ဖြစ်ကာသွား သည်။

“မင်း စွမ်းဆောင်နိုင်တာ .. ဒါပဲလားကွ .. ဟင်…မင်းမိန်းမ မွေးဖို့ပြင်ဆင်ခဲ့တာ ဒါအကုန်ပဲ လား…”

ယူကျုံးမရသံကြီး ဖြစ်မေးသော ယေက္ခထီး၏ အမေးအဆုံးမှာ သူကဖြေရန် အသင့် ဖြစ်ကာနေ သည်။

“သားတို့လင်မယားနှစ် ယောက် စလုံး နီးစပ်ရာကနေ ကလေးအနှီးလုပ်ဖို့ဆိုပြီးတော့ ပုဆိုးအ ဟောင်းလေးတွေ လိုက်တောင်း..ထား…”

“တော် …တိတ်..”

သူ့စကားပင် မဆုံးသေး။ ယောက္ခထီးကြီးက အာခေါင်ခြစ်ကာထ၍ အော်သည်။

“မင်း ..မင်း ..ငါ့ကို နောက်နေတာလား အောင်သိန်း”

“မ…မနောက်ပါဘူး ဖေကြီး..ကျိန်ဆိုလည်းကျိန်ပါ့မယ်..ပွင့်လေမူပြီးကုန်ကြသော ..”

“တော် စမ်း..”

သူ့စကားမဆုံးခင်မှာ ပင် ယေက္ခထီးကြီးက မိုးခြိမ်းသံကြီးဖြင့် ဆိုသည်။

“အလကား အူကြောင်ကျားကောင်..ကြောင်တောင်တောင်နဲ့ ..ငါ ပါးပိတ်တီးလိုက်ရ မကောင်းရှိတော့မယ်. .မင်းငါ့ကို ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲအောင် လုပ်နေတာလား”

“သား..ဘာ အမှားလုပ်လို့လဲဗျာ..”

မျက်ရည်များ ပင်ဝဲကာ သူ ဆိုမိသည်။

ကြည့်ဦး .. ယေက္ခထီးလုပ်သူက ဘလိုင်းကြီး သူ့ကို ကြိမ်းမောင်းကာနေသည်။

“အေးပါ..မင်း ဘာမှ အမှားမလုပ်ဘူး..မှားတာ..ငါ..မှား…တာ…”

ပြောရင်းမှ ယောက္ခထီးကြီးက နားထင်ကိုထောက်ကာ

“ကျွတ်..ကျွတ်..ကျွတ်”

ဟု စုတ်သပ်သည်။ ကြည့်ရသည်မှာ ရုတ်တရက်သွေးတိုးသွားဟန်တူသည်။

“ဖေကြီး..သား..ဘာလုပ်ပေးရမလဲဟင်”

ကျွန်တော် တစ်လှည့်၊ သားတစ်လှည့်ဖြင့် ကြုံသလိုသုံးကာ ဆိုသော သူ့စကားအဆုံးမှာ ယေက္ခထီးကြီးက လက်ကိုကာပြသည်။

“ရဒယ်..မင်း ပါးစပ်ကိုပိတ်ပြီးတော့ ငြိမ်ငြိမ်လေးသာ ထိုင်နေ..အမလေး..ဘုရား..ဘုရား.. ခေါင်းတွေ ကိုက်လိုက်တာနော်..”

ယောက္ခထီးကြီးက ဘုရားကိုတရင်း နားထင်ကို လက်ညှိုးဖြင့် ထောက်ကာထားသည်။

ပြီး သူ့ကို မကြည်ကြည့်ဖြင့် ကြည့်ကာ

“ဒီလိုလုပ်..မင်းတို့လင်မယားနှစ် ယောက် ငါ့အိမ်မှာ လာနြေ ကတော့”

“ဗျာ…”

နားကြားများ လွဲသလားဟု သူတွေး ဖြစ်သည်။ အိပ်မက်မဟုတ်တာ ကတော့ သေချာသည်။ မာနကြီးလွန်းသော ယောက္ခထီးကြီးက “အိမ်ရိပ်တောင်မနင်းနဲ့ ”ဟုဆိုကာ ပြတ်ပြတ်စဲစဲပင်နေခဲ့သော ယောက္ခထီးကြီးက အခုတော့လည်း “အိမ်မှာ လာနေကြ” ဟု ခေါ်ကာနေသည်။

“သား..ဧပရယ်နဲ့ တိုင်..ပင်..”

“လျှာမရှည်နဲ့ ..ငါက လာနေကြဆိုရင် လာနေကြ..ညနေခင်းရောက်ရင်..ကားလွှတ်လိုက်မယ် လိုက်လာကြ…ဒါပဲ..”

တစ်ဖက်သတ်ပြောချင်ရာပြောပြီး ထထွက်သွားသော ယောက္ခထီးလုပ်သူ၏ ကျောကို လိုက် ကြည့်ရင်း သူ သက်ပြင်းကို “ဟင်း ” ခနဲ ချ ဖြစ်သည်။

တစ်ချိန်လုံး ပွဲကြည့်ပရိသတ်လုပ်နေသော ဧပရယ်က သူ့ကို ပြုံးပြသည်။ သူလည်း ပြန်၍ ပြုံးပြ ဖြစ်၏ ။

သူ့အတွေးမှာ အတိတ်တို့က ဓာတ်ရှင်တွေ ထဲကလို ပေါ်ကာလာသည်။

•••

အခန်း(၂)

တက္ကစီမီတာများ မတပ်သေးမီ လွန်ခဲ့သော သုံးနှစ် ခန့်က….

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းကို ကားဝင်လာတော့မှ သူ လန့်နိုးလာသည်။

ပျားပန်းခတ်နေသော ကားများ ၊ ခရီးသည်များ ၊ ဈေးသည်များ ကိုကြည့်ရင်း ရန်ကုန်ရောက် ပြီဆိုသော အသိကြောင့် သူ ရင်တွေ ဘာတွေ တောင် ကတုန်ကရင်ကြီး ဖြစ်သွားရသည်။

တီဗွီထဲမှာ လောက်သာ မြင်ဖူးခဲ့သော ရန်ကုန်မြေကို သူ ခြေချခါနီး လာသည်နှင့် တစ်ပြိုင်နက် တည်း ရွာမှ ကိုသာတိုးမှာ လိုက်သော စကားတို့ကို ဖျတ်ခနဲ ပြန်ကာကြားယောင်သည်။

“အောင်သိန်းရေ..မင်း ကားပေါ်ကဆင်းတာနဲ့ ‘ဘယ်လိုလဲ ညီလေး’ ဆိုပြီးတော့ အလုအယက် ဝိုင်းမေးတဲ့လူတွေ ရောက်လာလိမ့်မယ်..အဲဒီ့ လူတွေ က တကယ်တော့ ပွဲစားတွေ ကွ.. တက္ကစီလို့ခေါ်တဲ့ အငှားကားတွေ တစ်စီးစာ လူသုံးလေးယောက် လောက် စုပေးရင် သူတို့အတွက် က မုန့်ဖိုးထောင့်ငါးရာ၊ နှစ် ထောင် ကတော့ အသာလေးရတာ …

ဒီကောင်တွေ ကလည်း သွားမယ့်ခရီးရဲ့ ကျသင့်စရိတ်ထက်တစ်ဆနီးနီး ပိုတောင်းပေးကြတာ ကိုး..သွားနေကျလူမဟုတ်လို့ ကတော့ ငါ့ကောင်ရေ..သူတို့ဆိုတဲ့ဈေးကိုသာ ခွဆစ်ပေတော့ ..ငါး ထောင်လောက်တောင်းရင် သုံးထောင်လောက် ဆစ်..သုံးထောင်ဆိုရင် ထောင့်ငါးရာ..နှစ် ထောင်ဆစ် အဲဒါမှ တန်ရုံကျတာ.သွားနေကျဆိုတဲ့စကားကိုသာ တွင် တွင် ပြော..ကြားလား..

ပြီးတော့ အရေး ကြီးတယ် မစောင့်နိုင်ဘူး..ခုထွက်မှာ လား …ဘာညာနဲ့ ပြောနိုင်မှ.. မဟုတ်လို့ ကတော့ ကားပေါ်မှာ လူမပြည့်မချင်း နာရီဝက်၊ တစ်နာရီလောက် စောင့်ပေတော့”

ကိုသာတိုး၏ စကားကို ပြန်ကြားယောင်ရင်း သူ ခေါင်းကို နှစ် ခါ၊ သုံးခါညိတ် ဖြစ်သည်။

ပြီး…

အစ်ကိုဝမ်းကွဲ ကိုသာတိုး၏ ဇနီး ဖြစ်သူ မရီး ဖြစ်သည့် မမယ်လှ၏ စကားကိုလည်း ပြန်လည်ကာ ကြားယောင်မိသည်။

“ကားသော့ တွေ တစ်ကိုင်ကိုင် လုပ်နေတိုင်းလည်း ကားဒရိုင်ဘာမထင်နဲ့ ..အဲဒီ့ ပွဲစားတွေ က ဟန်ပြကိုင်ထားတာ..ဈေးတွေ ပြောဆိုလို့ ဈေးတည့်ပြီးသွားရင် အဲဒီ့ လူတွေ နောက်လိုက်သွားမိလို့က တော့ မင်းရဲ့ လက်ဆွဲအိတ်ကို ကားနောက်ဖုံးထဲထည့် သော့ ခတ်ထားပြီး မင်းကို ကားပေါ်မှာ ငုတ်တုတ်စောင့်ခိုင်းထားပြီမှတ်…နောက် ခရီးသည်မပြည့်မချင်း စောင့်ပေတော့ပဲ…

အဲ..ခရီးသည်များ တစ်ယောက် တလေလိုနေရင် ဆက်မစောင့်ချင်ရင် လိုနေတဲ့ တစ်ယောက် စာကို မျှခံလိုက်ကြပါလား.. ဆိုတာမျိုးနဲ့ ပိုက်ဆံညှစ်တတ်ကြသေးတာ..ဒီတော့ ဖြစ်နိုင်ရင် အဲဒီ့ လို လူလိုက်စုတဲ့လူတွေ နဲ့ စကားသွားမပြောနဲ့ ..အိမ်ကကားလာကြိုမှာ လို့ ခပ်တည်တည်ပြောပြီးတော့ ခေါင်းခါပြလိုက်..

ပြီးတော့မှ ခပ်လှမ်းလှမ်းမှာ အေးအေးဆေးဆေးရပ်ပြီး ခရီးသည်စောင့်နေတဲ့ အငှားကားကို ငှားစီ..ဈေးက မကွာဘူး..အတူတူပဲ..”

မရီး ဖြစ်သူ၏ စကားကို ပြန်၍ ကြားယောင်နေစဉ်မှာ ပင် သူစီးလာသော ကားကြီးက သတ်မှတ် နေရာမှာ ဂိတ်ထိုးသည်မို့ သူဆင်းရန်ပြင်ရသည်။

ရန်ကုန်ရောက်ပြီဆိုသော အသိကြောင့် ရင်ခုန်သံက မြန်လာသည်။ ကြည်နူးမှု ကြောင့် ရင်ခုန် သည်လား။ နယ်ပယ်အသစ်တစ်ခု၏ တစ်စိမ်းများ ကြား မဝံ့မရဲချရမည့်  ခြေလှမ်းကြောင့် လားတော့ မသိ။ သူ့ရင်တွေ ကတော့ ခုန်နေဆဲ။

“ညီလေး ဘယ်သွားမလဲ..”

ကားပေါ်မှဆင်းလျှင်ဆင်းချင်း ကားသော့ တရမ်းရမ်းဖြင့် လူလတ်ပိုင်း တစ်ယောက် က ပြုံး၍ အ မေးရှိသည်။

ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို ရွာမှာ ရန်ကုန်ပုံပြင်ကို အဝနားထောင်ခဲ့သူမို့ ခေါင်းကို အသာခါပြလိုက်သည်။ ပြီး..

“အိမ်က ကားလာကြိုမှာ ”

“သြော်..ဟုတ်လား”

စောစောက ချိုအီစွာ ပြုံးရင်း ညင်သာစွာ အမေးရှိခဲ့သော ထိုလူက သူ့စကားကြောင့် ချိုအီစွာ ပြုံးနေမှု တို့ ရပ်တန့်ကာသွားပြီး “ဟုတ်လား” ဟု ခပ်ဆောင့်ဆောင့်ဆိုကာ သူနှင့် စကားဆက်ပြော လျှင် ရွှေနှင့် တူသော အချိန်တို့ လျင်မြန်စွာ ကုန်ဆုံးသွားတော့မည့် အလား နောက်ခရီးသည်တစ်ဦးကို “ဘယ်လဲအစ်ကို” ဟု ဆက်၍ မေးသည်။

သူ ပြုံးရင်းဆက်အလျှောက်မှာ နောက်လူ တစ်ယောက် က

“ဘယ်လဲ ညီလေး”

ဟု မေးပြန်သည်။

လာပြန်ပြီ တစ်ယောက် ။

သူ စောစောကလိုဖြေ ဖြစ်သည်။ ထိုလူကလည်း စောစောကလူလိုပင် သူ့ကို ဘာမှပြောမနေ တော့ဘဲ အခြားခရီးသည်ဘက် ခြေဦးလှည့်သည်။

“ဘယ်လဲ အစ်ကို..”

“လာပြန်ပြီ တစ်ယောက် ..”

ဟု သူတွေးမိပြန်သည်။ တယ်လည်းများ တဲ့ ပွဲစားတွေ ။

သူစောစောကလိုပဲ ပြော ဖြစ်ပြန်သည်။

သို့သော် ဒီ တစ်ယောက် က ဇွဲကောင်းသည်။ ဘေးမှတကောက်ကောက်လိုက်ကာ

“လူပြန့်နေပြီ အစ်ကို.. တစ်ယောက် ပဲလိုတော့လို့ပါ..ပြောပါအစ်ကိုရ..ဘယ်လဲ..”

လူပြည့်နေပြီဆိုသော စကားကြောင့် သူ နည်းနည်း တော့ စိတ်ဝင်စားသွားသည်။

“သေချာရဲ့ လား”

သူ မယုံသင်္ကာဖြင့် ထိုချာတိတ်ကိုကြည့်ရင်း မေး ဖြစ်သည်။

“မယုံရင် လိုက်ကြည့်ဗျာ..လူမရှိရင် မလိုက်နဲ့ ”

ကြိုက်ပြီဟု သူတွေး ဖြစ်သည်။

ပြီး ၄င်းချာတိတ်နောက်ကို သူလိုက်ခဲ့ ဖြစ်သည်။ ခပ်လှမ်းလှမ်းကားကို လှမ်းပြရင်း ချာတိတ် က

“အဲ့ဒီကားပဲ အစ်ကို ..ကဲ..အစ်ကိုက ဘယ်သွားမလို့လဲ..”

“လှည်းတန်းဈေး..”

သူ မဆိုင်းမတွပင် ဖြေ ဖြစ်သည်။ ချာတိတ်ကလည်း မဆိုင်းမတွပင်

“ကိုးထောင်ပဲပေးတော့ အစ်ကိုရာ .တကယ်ဆို တစ်သော င်းလောက်တောင်းလို့ရတယ်”

ချာတိတ်စကားအဆုံးမှာ သူ ပြုံး ဖြစ်သည်။

“ဘယ်ရမလဲ ချာတိတ်ရာ..ငါက ရန်ကုန်မလာခင်ကတည်းက မင်းတို့အထာတွေ ကြိုသိပြီး သားပါကွ”

ဟု တွေးရင်း

“ တစ်ယောက် တည်း ငါးထောင်နဲ့ စင်းလုံးငှားသွားမှာ ပေါ့ကွ…ဒီလိုညှပ်သပ်ပြီး ဘယ်စီးတော့မလဲ..လေးထောင်ရရင် လိုက်မယ်ကွာ..”

သူ့စကားကြောင့် ချာတိတ်က မျက်နှာပျက်သွားသည်။ ပြီး

“အာ..အစ်ကိုကလည်း စင်းလုံးကို တစ်ယောက် တည်း ငါးထောင်နဲ့ ဘယ်ကားသမားမှ မလိုက်နိုင်ဘူး.ကဲပါဗျာ… ငါးရာပဲ ပိုပေးလိုက် ..လေးထောင့်ငါးရာ…”

“လေးထောင်မရရင် မလိုက်ဘူး..”

ပြောပြောဆိုဆို သူ လှည့်ထွက်ရန် ပြင်လိုက်သည်။

“ကဲပါ အစ်ကိုရာ..မထူးပါဘူး..လာလာ..လေးထောင်ပဲ ပေးတော့..ကျန်တဲ့လူတွေ ကို လေးထောင်ပဲ ပေးရတယ်လို့ သွားမပြောနဲ့ နော်..ကျွန်တော် သူတို့ကို ခြောက်ထောင်စီယူထားလို့ နော်…အစ်ကိုနော်”

“အေးပါကွာ..ရော့ ရော့..လေးထောင်..”

တစ်ထောင်တန်လေးရွက်ကို ၄င်းချာတိတ်လက်ထဲ ထည့်ပေးလိုက် ရင်း ကားပေါ်ကို သူ တက် ထိုင် ဖြစ်သည်။

ပွဲစားချာတိတ် နှင့် တက္ကစီကားသမားက စာရင်းတွေ ရှင်းနေကြသည်။ ပြီးနောက် ကားသမားက ကားကို မောင်းကာထွက်လာခဲ့သည်။

လမ်းဘေးဝဲယာကိုကြည့်ကာ လိုက်ပါလာရင်းက ပြုံးမိသည်။ ညီအစ်ကိုဝမ်းကွဲလင်မယား၏ ပို့ချချက်များ ကြောင့် သူ့ငွေအလဟသကုန်မည့်အရေး မှ ဝေးသွားခဲ့သည်။

အချိန်အတော် လေးကြာသည်အထိကားက မောင်းနေဆဲ ဖြစ်သည်။ အထပ်မြင့်တိုက်ကြီးများ ကို ကြည့်ရင်း ပျော်သလိုလို၊ ရွာကို သတိရသလိုလိုကြီး ဖြစ်ကာနေသည်။ ကားပေါ်မှာ ပါလာသူ ခရီး သည် တစ်ယောက် က

“အစ်ကို လှည်းတန်းဈေးပါတယ်နော်”

ဟု ကားဆရာကိုလှမ်း၍ ဆိုသည်။

“အကိုက်ပဲ”

ဟု သူတွေးမိသည်။ သူသည်လည်း လှည်းတန်းဈေးမှာ ဆင်းမည် ကိုး။

“ကဲ..လှည်းတန်းဈေး ရောက်ပါပြီဗျာ..”

ကားဆရာက ကွမ်းပလုတ်ပလောင်းစားထားရင်းက လှည့်၍ ဆိုသည်။ လှည်းတန်းဈေးမှာ ဆင်းမည့် လူနှစ် ယောက် ကဲ့သို့ပင် သူလည်း အထုတ်အပိုးဆွဲကာ ကားပေါ်မှဆင်း ဖြစ်သည်။

ကားက ခပ်သွက်သွက်ပင် ဝူးခနဲ မောင်းထွက်ကာသွားသည်။

ကားပေါ်မှ အတူဆင်းခဲ့သည့် ခရီးသည်နှစ် ယောက် ကို ကြည့်ရင်း သူ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။

သူ တစ်ကိုယ်ကောင်းဆန်သလိုများ ဖြစ်သွားပြီလား။ ၄င်းခရီးသည်နှစ် ယောက် ကိုကြည့်လိုက် တော့လည်း အတော် လေး ရိုးကြပုံပေါ်သည်။

စိတ်မကောင်းစွာ ကြည့်နေခိုက်မှာ ပင် ထိုနှစ် ယောက် အနက် သူနှင့် ရွယ်တူ တစ်ယောက် က ပြူး ကြောင်ကြောင်ကြည့်ရင်း သူ့ကို ပြုံးပြသည်။ ပြီး…

“လှည်းတန်း အတူတူဆင်းတာပဲ..ဒါနဲ့ ခင်ဗျားက တစ်ယောက် တည်းဆိုတော့ ဘယ်လောက် ပေးရလဲ..”

မေးလာသော မေးခွန်းကြောင့် သူဖြေရမည် ကို အားတုံ့အားနာ ဖြစ်သွားရသည်။ အဝေးပြေး ကွင်းမှ ပွဲစားချာတိတ်က ၄င်းတို့ကို တစ်ယောက် ခြောက်ထောင်တောင်းထားသည်ဟု ဆိုခဲ့သည်ကိုး။

“ခင်ဗျားတို့က ဘယ်လောက်ပေးရလို့လဲ”

အဖြေပေးမနေဘဲ ပြန်မေး ဖြစ်သည်။ “ တစ်ယောက် ခြောက်ထောင်” ဟု ဆိုလာမည် ကို သူ သိနှင့် ပြီးသား ဖြစ်သည်ကိုး။

သို့သော် ထိုလူ့ထံမှ အဖြေက သူထင်သလို မဟုတ်။

“ငါးထောင်..”

“ငါးထောင်..သြော်… တစ်ယောက် ကို ငါးထောင်လား..”

သူ ပွဲစားချာတိတ်၏ စကားနှင့် သိပ်မကွာဟု တွေးရင်း တစ်ယောက် ငါးထောင်လားဟု မေး ဖြစ် သည်။

“မဟုတ်ဘူး..နှစ် ယောက် ကိုမှ ငါးထောင်..”

“ဗျာ..”

သူ့နားကိုပင် သူ မယုံချင် ဖြစ်သွားရသည်။

“တောက်…ခံလိုက်ရပြီ”

ဟု…

“တကယ်တော့ ခင်ဗျားလို လူချည်းသက်သက် ပစ္စည်းမပါရင် တစ်ယောက် နှစ် ထောင်ပါပဲ။ ကျွန်တော် တို့က တန်ဆာတွေ များ နေလို့ တစ်ထောင်ပိုပေးရတာ ..”

“သြော်”

လက်သီးကို ကျစ်နေအောင်ဆုပ်ကာထားရင်းမှ “သြော်” ဟု သူ အံကြိတ်ကာဆို ဖြစ်သည်။

သူ၏ ရန်ကုန်၌ ပထမဆုံးသော အတွေ့ အကြုံကား ဤသို့သင်းလှချေသည်တကား။

•••

“အဆောင်မှာ ပဲနေမယ်လို့ စိတ်ကူးရင်တော့ လှည်းတန်းတစ်ဝိုက်မှာ အဆောင်များ တယ်.. အဆောင်ရှာချင်ရင်တော့ လွယ်ပါတယ်..မင်း ရန်ကုန်ကိုရောက်တာနဲ့ လှည်းတန်းတစ်ဝိုက်ကို ရောက်အောင်သွား..လှည်းတန်းဈေးပဲ ဖြစ် ဖြစ် ဘာ ဖြစ် ဖြစ်ပေါ့ကွာ..အဲဒီ့ တစ်ဝိုက်က ကွမ်းယာဆိုင်.. ဒါမှမဟုတ်ကုန်စုံဆိုင်လို ဟာတွေ မှာ …အဆောင်စုံစမ်းချင်လို့လို့သာ ပြောလိုက်..သူတို့က သူတို့နဲ့ သိတဲ့ ပွဲစားနဲ့ ချိတ်ပေးလိမ့်မယ်..ပွဲစားနဲ့ ရှာမှ အဆင်ပြေမှာ ..ကိုယ့်ဘာသာကိုယ်ရှာလို့ ကတော့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ဘူး”

ကိုသာတိုး၏ အမှာ စကားက သူ့နားတွင် ပြန်၍ ကြားယောင်သည်။ ဘေးပတ်ဝန်းကျင်ကို မျက်စိကစားကာကြည့်လိုက်တော့ ကွမ်းယာဆိုင်တစ်ဆိုင်ကို သွားတွေ့ သည်။ဘာမှစဉ်းစားမနေဘဲ ယင်း ကွမ်းယာဆိုင်ဘက် လက်ဆွဲအိတ်ကိုဆွဲကာ ထွက်ခဲ့ ဖြစ်သည်။

အထုပ်အပိုးဖြင့် ဆိုင်ရှေ့ရောက်လာသော သူ့ကို ကွမ်းယာဆိုင်ရှင်က “ဘာလိုလို့လဲ”ဟူ သော သဘောဖြင့် မျက်လုံးပင့်ကြည့်သည်။

“အစ်ကို..အဆောင်စုံစမ်းချင်လို့ခင်ဗျ..”

“ယောက်ျားလေးဆောင်လား..မိန်းကလေးဆောင်လား”

“ယောက်ျားလေးဆောင်ပါ..ကျွန်တော် နေမှာ ..”

သူ့စကားအဆုံးမှာ ကွမ်းယာဆိုင်ရှင်က ခေါင်းနှစ် ချက်ညိတ်သည်။ ပြီး ..သူ့ကိုကြည့်ကာ ဆိုင်ဘေးမှခုံလွတ်သို့ မေးငေါ့ပြရင်း…

“ခဏလေးထိုင်စောင့်…တစ်အောင့်လောက်ဆိုရင် အစ်ကို့အမျိုးသမီးလာတော့မှာ ..သူ လိုက် ပြပေးလိမ့်မယ်”

“ဟုတ်ကဲ့…”

ပြောပြောဆိုဆိုပင် သူ ခုံလွတ်မှာ ဝင်ထိုင် ဖြစ်သည်။ ကိုသာတိုး၏ ကျေးဇူးဖြင့် အလုပ်တစ်ခု အဆင်ပြေပြန်ပြီဟု သူ တွေး ဖြစ်သည်။

လူတွေ ၊ ကားတွေ ကြိတ်ကြိတ်တိုးနေသော လမ်းမကြီးကို ကြည့်ကာ သူ မူးချင်ချင်ကြီး ဖြစ်လာ လာသည်။

သိပ်တော့ မကြာလိုက်။

ဘေးလွယ်အိတ်ကို ဟန်ကျပန်ကျ လွယ်ကာထားသော အမျိုးသမီးတစ်ဦးက ချိုင့်တစ်လုံးဆွဲ လျက် ဆိုင်ရှေ့မှာ ရောက်လာသည်။

ထိုအမျိုးသမီးက ချိုင့်ကို ကွမ်းယာဆိုင်ရှင်ထံ လှမ်းပေးသည်။

“မချောရေ..ဒီကလေးက အဆောင်ရှာချင်လို့တဲ့”

ဆိုင်ရှင်၏ စကားအဆုံးမှာ မချောဆိုသော အစ်မကြီးက “ရတယ်လေ” ဟု ဆိုကာ သူ့ကို အထက်အောက်ကြည့်သည်။

ပြီး..

“ဒါနဲ့ မောင်လေးက ဘယ်လောက်တန်လောက် နေချင်လဲ”

“ခင်ဗျာ..”

အစ်မကြီး၏ စကားကို နားမရှင်းသည်မို့ သူ “ခင်ဗျာ”ဟု ဆို ဖြစ်သည်။ အစ်မကြီးက သူ့ကို “တော် တော် တုံးတာပဲကိုး”ဟူသော သဘောဖြင့် မသိမသာပြုံးသည်။ပြီးမှ..

“ဒီလိုကွ..အစ်မက မောင်လေးကို အဆောင်တွေ လိုက်ပြပေးရမှာ လေ.. အဲဒီ့ တော့ မောင်လေး က တစ်လဘယ်လောက်တန် အဆောင်မှာ နေမယ်ဆိုတာ သိရမှ လိုက်ပြလို့အဆင်ပြေမှာ ..တကယ် လို့ အစ်မပြတဲ့အဆောင်တွေ ကို မောင်လေးက မကြိုက်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး…အစ်မရဲ့ သူငယ် ချင်းတွေ ကို ခေါ်ပြီး တခြားအဆောင်တွေ လိုက်ပြခိုင်းလို့ရသေးတယ်”

“သြော်…”

ထိုအခါမှ ၄င်းအစ်မကြီး၏ စကားကို သူ နားလည်တော့သည်။

“အခန်းခတွေ က ဘယ်လိုဘယ်လောက်တန်တွေ ရှိလို့လဲ”

“အင်း..ဟောခန်းတွေ ကတော့ ဈေးချိုတယ်..ဟောခန်းဆိုတာက အခန်းထဲမှာ ကျပ်ကျပ်သိပ် သိပ်၊ ခုတင်တွေ အများ ကြီးချပြီးနေရတာ ..ကိုယ့်ခုတင်အောက်မှာ ကိုယ့်ပစ္စည်းကိုယ်ထား..အဲဒီ လိုမျိုး က တစ်လခုနှစ် ထောင်..

ဒါမှမဟုတ်ရင် သုံးယောက် ခန်းတို့၊ နှစ် ယောက် ခန်းတို့မှာ နေချင်ရင်လည်းရတယ်..အဲဒါကျ တော့ အခန်းတစ်ခန်းမှာ အခန်းဖော်သုံးယောက် ရှိရင် အဲဒီ့ အခန်းကိုသော့ ခတ်ပြီး တစ်ယောက် တစ် ချောင်းကိုင်ထားရုံပဲ…တခြားအခန်းကလူတွေ က ကိုယ့်အခန်းလာတာပြုတာ မရှိတော့ဘူးပေါ့..

အဲဒီ့ လို အဆောင်မျိုးကျတော့ တစ်သော င်းခွဲ..အဲ…ဒါမှမဟုတ်လို့ တစ်ယောက် တည်းပဲ သီးသန့်နေချင်တယ်ဆိုရင်လည်း ရတယ်..အဲဒီ့ သုံးယောက် တို့၊ နှစ် ယောက် တို့နေတဲ့အခန်းမှာ တစ်ယောက် တည်း ကျယ်ကျယ်ဝန်းဝန်းနေတာမျိုးပေါ့ကွာ..သူကကျတော့ နှစ် ယောက် ခန်းမှာ မင်း တစ်ယောက် တည်းနေတဲ့အတွက် နှစ် ယောက် စာပေးရတယ်..တစ်လ သုံးသော င်း..ကဲ..ဘယ်လို အခန်းမျိုးနေချင်လဲ”

မချောဆိုသော အစ်မကြီး၏ စကားအဆုံးမှာ သူ အတွေးရကျပ်သွားသည်။ ဟောခန်းဆိုတာ ကြီးနှင့် ကတော့ အဆင်ပြေမည် မထင်။

သုံးယောက် ခန်း၊နှစ် ယောက် ခန်းကျပြန်တော့လည်း အခန်းဖော်က စာရိတ္တမည် သို့ရှိမည် မသိ နိုင်သည်မို့ တွဲ ပြီးမနေချင်။ ငွေကုန်ကြေးကျ သက်သာသော်လည်း တစ်ဖက်မှာ တွေးကြည့်တော့ ဝါသနာချင်း ၊ စရိုက်ချင်းမတူပါက စိတ်ညစ်ရလိမ့်မည် ။

တစ်ယောက် ခန်းက အဆင်ပြေလိမ့်မည် ။

“အစ်မ တစ်ယောက် ခန်းကို ဈေးနည်းနည်း ချိုတဲ့အထဲက မရှိဘူးလား…”

သူ့အမေးကြောင့် ၄င်းအစ်မကြီးက “ခဏလေး” ဟု ဆိုပြီး သူမ၏ ဘေးလွယ်အိတ်ထဲမှ လက်ဝါးခန့်ရှိမည့် စာအုပ်ကို တဖျတ်ဖျတ်လှန်သည်။ ၄င်းစာအုပ်ကိုပင် အတန်ကြာအောင်ကြည့်ပြီးမှ

“အင်း..နှစ် သော င်းခွဲတန် တစ်ယောက် ခန်းရှိတဲ့အဆောင်တော့ရှိတယ်…အခန်းရ ၊ မရ ကတော့ မသေချာဘူး…သွားကြည့်ကြတာပေါ့..လိုက်ကြည့်ကြည့်မလား..ဒါနဲ့ အစ်မပြတဲ့အခန်းကို ငှား ဖြစ်ရင် တော့ ဘယ်အခန်းပဲ နေ ဖြစ်နေ ဖြစ် ပွဲခက တစ်သော င်းပဲနော်…”

“ဟုတ်ကဲ့…”

သူ ခပ်သွက်သွက်ပင် ခေါင်းညိတ် ဖြစ်သည်။ အတွေးမှာ တော့ “များ သဟ” ဟု တွေး ဖြစ်သည်။

“မင်းအိတ်ထားချင်ထားခဲ့လေ..ငွေတွေ ဘာတွေ ပါရင် ယူသွား..”

ဟု ကွမ်းယာဆိုင်ရှင်က သူ့ကိုဆိုသည်။

“ရပါတယ်..မထားခဲ့တော့ပါဘူး..အိတ်က ဘာမှမပါဘူး..အဝတ်သုံးလေးစုံပဲဆိုတော့ ပေါ့ ပေါ့လေးပါ”

သူ ခေါင်းခါပြလိုက်ရင်းဆို ဖြစ်သည်။

အစ်မကြီးက

“ဒါဖြင့် သွားရအောင်”

ဟုဆိုကာ ရှေ့မှ ခပ်သုတ်သုတ်သွားသည်မို့ အိတ်ကိုဆွဲကာ နောက်မှနေ သူ အမီလိုက်ရသည်။

“ရန်ကုန် ကတော့ စားသုတ်သုတ်၊ သွားသုတ်သုတ်ပဲဟေ့”

ဟု ဆိုသော မရီး ဖြစ်သူ၏ စကားကို ဘာရယ်မဟုတ် ပြန်ကြား ဖြစ်သည်။

ဟိုကွေ့..ဒီရှောင်ဖြင့် အတော် ကြာကြာလျှောက်နေရာမှ အစ်မကြီးက တိုက်မြင့်တစ်ခု၏ ရှေ့မှာ ခြေစုံရပ်သည်။ ပြီး..

၎င်းတိုက်ရှေ့မှာ တွဲ လောင်းချထားသော ကြိုးများ အနက်မှ ကြိုးတစ်ချောင်းကိုရွေးကာ အပေါ် သို့ မော့ရင်းဆွဲသည်။ ခေါင်းလောင်းကြိုးမှ ခေါင်းလောင်းသံတချွင်ချွင်နှင့် အတူ အပေါ်ဆုံးထပ်မှ လူ တစ်ဦး ခေါင်းပြူကာထွက်ကြည့်သည်။

“အခန်းကြည့်မလို့ ..ရှိသေးလား”

အစ်မကြီးက အသံကိုမြှင့်ကာ ဆိုသည်။ အပေါ်ထပ်မှလူက တက်လာခဲ့ရန် အချက်ပြန်ပြ သည်။

“ကဲ..လာ မောင်လေး..တက်ကြည့်ရအောင်..”

“အဆောင်က အဲဒီ့ မှာ လား..”

“ဟုတ်တယ်လေ…ခုနှစ် လွှာလေ..အပေါ်ဆုံးထပ်ပဲ”

“ဗျာ..”

“မဗျာနဲ့ ..လာ…တက်ကြမယ် …”

ရှေ့မှနေ ခပ်သွက်သွက်တက်သွားသော အစ်မကြီးနောက်ကို သူ ကမန်းကတန်းလိုက်တတ် ရသည်။ လှေကားခပ်ကျဉ်းကျဉ်းမှ အပေါ်ကဆင်းလာသူနှင့် တိုးလျှင် ဘေးကိုကပ်နေရသေးသည်။

ရွာ၌ အလုပ်လုပ်ရသည်က မြေပြန့်မှာ လုပ်ရခြင်း ဖြစ်သည်။ အခုဟာက လှေကားထစ်တွေ ကို အပြေးတစ်ပိုင်းတက်နေရသည်မို့ အလေ့အကျင့်မရှိသော ကြောင့် သူ ချွေးပျံကာ မောပန်းလာသည်။ အလင်းရောင် ကောင်းစွာ မရသော လမ်းကျဉ်းကျဉ်းမှာ အသက်ရှူ၍ ပင် မဝချင်။ အစ်မကြီး ကတော့ အလေ့အကျင့်ရှိပြီးသွားမို့ထင်သည်။ ခြေလှမ်းပင် မပျက်ဘဲ တက်ချသွားသည်။

အပေါ်ဆုံးသို့ရောက်သော အခါ “မောနေပြီလား”ဟု အစ်မကြီးက ဆီး၍ မေးသည်။ “ရပါတယ်” ဟု ဟောဟဲဆိုက်နေရင်းက ဖြေ ဖြစ်သည်။

“မင်း ကံကောင်းတယ်..အခန်းတွတ်တစ်ခန်းပဲ ကျန်တော့တယ်တဲ့..”

အစ်မကြီးက အဆောင်ပိုင်ရှင် ဖြစ်ဟန်တူသော လူဘက်သို့ မေးငေါ့ပြရင်းကဆိုသည်မို့ “ဟုတ်ကဲ့” ဟု သူခေါင်းညိတ်ပြ ဖြစ်သည်။

“လာ..အခန်းပြပေးမယ်”

ထိုလူက သူ့ကို “လာ” ဟု ဆိုရင်း လမ်းကျဉ်းကျဉ်း မှော င်မှော င်မည်းမည်း ဖြစ်သော အဆောင် ထဲဦးဆောင်၍ ဝင်သည်။ ဟောခန်းကြီးကို ခြေရင်းခေါင်းရင်းမှာ အထပ်သားများ ကာကာ အခန်းများ ကျပ်ညပ်နေအောင် ဖွဲ့ကာထားသည်။

နေ့ခင်းကြောင်တောင်မှာ ပင် မှော င်မည်းနေသည်မို့ အတော် ကြီး မျက်စိအားစိုက်ကာကြည့် ရင်း လိုက်ရသည်။

“ဒီအခန်းပဲ..”

ထိုလူ ကတော့ ကျင့်သားရနေသူမို့ ဒီအခန်းပဲဟု ပိုင်ပိုင်နိုင်နိုင်ပြသော်လည်း သူ ကတော့ အတော် ကြီး ပြူးပြဲကြည့်နေရသည်။

ခပ်မှော င်မှော င်ကြားမှပင် မြင်နေရသော အခန်းက လက်တစ်လံပင် မပြည့်ချင်ပြည့်ချင်။ ခုတင် တစ်လုံးသာ အခန်းထဲမှာ ရှိသည်။ ခုတင်ဟုသာ ဆိုလိုက်ရသော်လည်း ကျောတစ်ချစာသာသာပဲ ရှိသည်။ တစ်တောင်ကျော်ကျော်သာရှိပြီး နှစ် တောင်ပင် မပြည့်ချင်သော ခုတင်ခုံပုရှည်တစ်လုံးနှင့် ပင် တူနေသေးတော့။

မှော င်မှော င်မည်းမည်း အခန်းကျဉ်းကိုကြည့်ရင်း “သြော် …နေရာ…နေရာ” ဟု သူ တွေး ဖြစ် သည်။

ရွာမှာာ နွားစာခွက်ထဲအိပ်ရသည်ကမှ ဤခုတင်ထက် သက်သော င့်သက်သာရှိလိမ့်ဦးမည် ။ ဤအခန်းကဲ့သို့ လေဝင်လေထွက်မရှိ မှော င်မည်းနေသည်နှင့် စာလျှင် ရွာမှာ မန်ကျည်းပင်ပေါ်မှ ခွဆုံ မှာ မှီအိပ်ရတာ ကမှ…

“ဘယ်လိုလဲ ယူမှာ လား..”

သူအတွေးပင်မဆုံးသေး။ အစ်မကြီးက အမေးရှိသည်။

“ဟို..ဟို..အခန်းကကျဉ်းပြီးတော့ မှော င်မည်းနေတာပဲနော်..လေဝင်လေထွက်ကလည်း ပြတင်းပေါက်မရှိတော့”

“အမလေး ငါ့မောင်ရယ်..အခန်းထွတ်ရှိနေတာပဲ ကျေးဇူးတင်စမ်းပါ..ဒီမှာ က မနက်မိုးလင်းတာ နဲ့ သင်တန်းသွားသူက သွား..အလုပ်သွားတဲ့သူကသွားနဲ့ ..ညမှပြန်ရောက်ကြတာ..ဟော..ညရောက် တော့ မီးက ထိန်နေအောင်ထွန်းထားပြီဆိုတော့ မှော င်တာတွေ ဘယ်သိပါ့မလဲ..လေကောင်းကောင်း ရှုချင်ရင် ဝရန်တာမှာ ထွက်ရှူပေါ့..ဒါနဲ့ ရှင်ကလည်း မီးဖွင့်မပြဘူးလား…”

“ဖြူးစ်ပြတ်နေလို့ မလဲရသေးဘူး”

“အာ..အရေး ထဲမှာ ..ဒီမှာ မောင်လေး..”

ဟိုလူ့ဘက်လှည့်ကာ အပြစ်တင်ရင်း အစ်မကြီးက သူ့ဘက်လှည့်ကာ “ဒီမှာ ” ဟု ဆိုလာသည်မို့ အားနာနာနှင့် ပင်

“ဟုတ်ကဲ့..”

ဟု သူဆို ဖြစ်သည်။

“အဆောင်ပိုင်ရှင်တွေ က မိန်းကလေးဆောင်ပဲဖွင့်ချင်ကြတာကွ..မိန်းကလေးဆိုတော့ ယောက်ျားလေးတွေ ထက် ထိန်းရသိမ်းရ လွယ်တာကိုး..ဒီတော့ ယောက်ျားလေးဆောင်က ရှားတယ်.. အဆောင်ရှားတဲ့အထဲမှာ မှ အခန်းလွတ်က ရွှေထက်တောင်ရှားသေးတယ်..မင်းယူမယ်ဆိုရင်လည်း ယူလိုက်..အကောင်းပြောတာ..”

“ဟို..ဟိုဒင်း..”

“ဘာလဲ တခြားအခန်းတွေ ကြည့်ချင်သေးလို့လား”

အစ်မကြီးက စကားတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော သူ့ကို အမေးရှိသည်။ အဆောင်ပိုင် ရှင် ကတော့ နေချငနေ၊ မနေချင်နေပစေဟူသော ပုံစံဖြင့် မျက်စိစင်း၍ ကြည့်ကာနေသည်။

“ဟုတ်ကဲ့..တခြားအခန်းတွေ လည်းကြည့်ဦးမယ်လေ..ပြီးတော့မှ အဆင်ပြေတာကို ယူမယ်..”

“ရတယ်လေ…ကဲ..ကိုသိန်းရေ..ကျွန်မ လိုက်ပြလိုက်ဦးမယ်..နေ ဖြစ်တယ်ဆိုရင်လည်း ပြန်လာ ခဲ့လိုက်မယ်”

“လာချင်လည်းလာကြည့်နေ..ခဏနေ သူများ လာကြည့်ပြီး ယူ ဖြစ်သွားရင်တော့ မတတ်နိုင် ဘူး..မချောသိတဲ့အတိုင်း အခန်းက ရှားတယ်”

“အေးပါ..”

အစ်မကြီးက နဖူးမှချွေးတို့ကို လက်ဖမိုးဖြင့် သုတ်သည်။ ပြီး သူ့ဘက်လှည့်ကာ “ကဲ..လာ” ဟု ခပ်ဆောင့်ဆောင်ဆိုသ်ည။

ခုနှစ် လွှာမှနေ အောက်မြေညီထပ်သို့ ဘောက်ဆတ်ဘောက်ဆတ်ဖြင့် ဆင်းသွားသော ပွဲစား အစ်မကြီးနောက်သို့ သူလိုက် ဖြစ်သည်။ သူအောက်သို့ရောက်ချိန်မှာ ပွဲစားအစ်မကြီးက “လာ” ဟု ဆီး၍ ဆိုပြီး ရှေ့မှနေ လမ်းသွယ်တစ်ခုထဲသို့ ခပ်သုတ်သုတ် သွားပြန်သည်မို့ သူ အမီလိုက်ရပြန် သည်။

အတန်ကြာသွားပြီးနောက် ပွဲစားအစ်မကြီးက အထပ်မြင့်တိုက်တစ်လုံး၏ ရှေ့မှာ ရပ်ပြီး ခေါင်း လောင်းကြိုးတစ်ခုကို ဆွဲပြန်သည်။

ယင်းခေါင်းလောင်းကြိုး၏ လားရာကို သူမော့ကြည့် ဖြစ်သော အခါ ခေါင်းလောင်းကြိုးက စော စောကလိုပင် အပေါ်ဆုံးထပ်မှ ကြိုး ဖြစ်ကာနေသည်။

အပေါ်ဆုံးထပ်မှ လူ တစ်ယောက် ကထွက်လာပြီး ငုံ့ကြည့်၏ ။

“အခန်းရှိသေးလား..”

ပွဲစားအစ်မကြီး၏ အမေးကို အပေါ်ဆုံးထပ်မှပုဂ္ဂိုလ်က ခေါင်းညိတ်ပြရင်း တတ်လာခဲ့ဖို့ အချက် ပြသည်။

“ကဲ..မောင်လေးရေ..စောစောကလို ခုနှစ် လွှာပဲ ဟေ့…ကဲ…ကဲ တက်ရအောင်…”

အစ်မကြီး၏ စကားကို သူ “ဟုတ်ကဲ့” ဟု ခေါင်းညိတ်ပြ ဖြစ်သည်။ ဤအတိုင်းသာ တစ်ဆောင်ပြီးတစ်ဆောင် တက်လိုက်ဆင်းလိုက်ဖြင့် လိုက်ကြည့်ရမည် ဆိုပါက လျှာထွက်လိမ့်မည် ထင်သည်။

“သပ်ရပ်သန့်ရှင်းမှု မရှိဘဲ မှော င်မည်းကျဉ်းကျပ်သော အခန်းမျိုးမဟုတ်ပါစေနဲ့ ”

ဟု ကြိတ်ကာဆုတောင်းရင်း ပွဲစားနောက်ကို အမီလိုက် ဖြစ်သည်။

အပေါ်ဆုံးထပ်ကိုရောက်သော အခါ “ဟောဟဲ” ဆိုက်နေသော သူ့ကို ပွဲစားနှင့် အတူ အဆောင်၏ တာဝန်ရှိသူက “လာထိုင် နားဦး” ဟု ဆိုရင်း ဝရန်တာမှ ပလတ်စတစ်ထိုင်ခုံတစ်လုံးကို မေး ငေါ့ပြသည်။

“ဒီအဆောင်မှာ လည်း အခန်းတစ်ခန်းပဲ ကျန်တယ်တဲ့… ဒါပေမယ့် မင်း ကြိုက်မှာ ပါ..ဒီက အခန်းတွေ က စောစောက မင်းကြည့်ခဲ့တဲ့အခန်းတွေ လို ကျဉ်းကျဉ်းကျပ်ကျပ်မဟုတ်ဘူး..ပိုကျယ် တယ်… အခန်းတိုင်းမှာ လည်း ပြတင်းပေါက်ရှိတော့ လေဝင်လေထွက်ကောင်းတယ်..အေး..ဈေးက လည်း သုံးသော င်း”

ပွဲစားအစ်မကြီးက လက်သုံးချောင်းထောင်ပြရင်းဆိုသည်။

“ပြီးခဲ့တဲ့တစ်နာရီလောက်ကမှ လူ တစ်ယောက် အခန်းပြန်အပ်လို့ အခန်းကရှိတာ..မဟုတ်ရင် မရှိဘူး…ဒီမှာ အားလုံးက နှစ် ယောက် ခန်းကို တစ်ယောက် တည်းနေပြီး နှစ် ယောက် စာပေးနေကြတာ များ တယ်. .ဟိုဘက် မျက်နှာချင်းဆိုင်အခန်းလည်း အစ်ကိုရဲ့ အဆောင်ပဲ..အဲဒီ့ ဘက် ကတော့ နှစ် ယောက် ခန်းမှာ နှစ် ယောက် နေကြတာ များ တယ်”

အဆောင်ပိုင်ရှင်က သူ့ကိုရှင်းပြသည်။

“ကဲ..ကဲ..အခန်းကြည့်ရအောင်..”

ပွဲစားအစ်မကြီးက ပြောပြောဆိုဆိုပင် ထရပ်ရင်းဆိုသည်။ အဆောင်ပိုင်ရှင်က ရှေ့မှသွား သည်မို့ နောက်မှလိုက် ဖြစ်သည်။

“ဆိုးတော့မဆိုး” ဟု သူ တွေးမိသည်။ မီးထွန်းမထားသော်လည်း အခန်းက လင်းလင်းရှင်းရှင်း ရှိနေသည်။ ပြီး..စောစောက အဆောင်လိုလည်း အခန်းတွေ က ပြွတ်သိပ်မနေ။

“ဒီအခန်းပဲ..”

အဆောင်ပိုင်ရှင်က ပိတ်ထားသော တံခါးကို တွန်းဖွင့်ရင်းဆိုသည်။ အခန်းတင်းမှာ ခုတင်ပိစိ ကွေးနှစ် လုံးက ဟိုဘက်ဒီဘက် နံရံဘက်လျက်။ စားပွဲငယ်တစ်လုံးက အလယ်မှာ ။ ပြီး ပြတင်းပေါက် လည်း ရှိသည်။ အလင်းရောင် ရော၊ လေဝင်လေထွက်ပါကောင်းသည်မို့ သူကြိုက်သွားသည်။

“ကြိုက်တယ်ဗျာ..”

သူ့စကားအဆုံးမှာ ပွဲစားအစ်မကြီးက သက်ပြင်းကိုဟင်းခနဲ ချသည်။ အဆောင်ပိုင်ရှင် ကတော့

“ကိုယ်တို့အဆောင်က အခန်းတွေ သန့်ရှင်းရုံတင်မကဘူး..လူလည်း သန့်တယ် သိလား.. သင်တန်းသားတွေ ရယ်..နိုင်ငံခြားထွက်မယ့်လူတွေ ရယ်ပဲ များ တာ..အလုပ်လုပ်ရင်းနေတဲ့လူ မရှိဘူး”

ဟု ဆိုသည်။

သူ ပခုံးပေါ်မှာ တောက်လျှောက်ထမ်းလာခဲ့သော လက်ဆွဲအိတ်ကို သူ ယူမည့် အခန်းထဲရှိ ခုတင်ပေါ် ဝုန်းခနဲ ပစ်တင် ဖြစ်သည်။

•••

အခန်း(၃)

သူ့အိတ်ကို ခုတင်ပေါ် တင်ပြီးပြီးချင်းမှာ ပင်..

“ကဲ..မောင်လေးရေ..မောင်လေးလည်း ဒီအခန်းကို သဘောကျသွားပြီဆိုတေတာ့ အစ်မလည်း အဆင်ပြေသွားတာပေါ့..ဘာ ဖြစ်လို့လဲဆိုတော့ အဆောင်ပြဖို့ တခြားလူတွေ နဲ့ လည်း ချိန်းထားသေးတာလေ..စောစောက မောင်လေးမကြိုက်တဲ့အခန်းကို တခြားလူမဦးခင် လိုက်ပြထားမှ ဖြစ်မယ်..ယောက်ျားလေးဆောင်က ရှားတယ်မဟုတ်လား..”

ပြောရင်း ပွဲစားအစ်မကြီးက တဟင်းဟင်းဖြင့် ရယ်သည်။ စကားအသွားအလာကို သဘောပေါက်ပါသည်။ ပွဲခကိုမြန်မြန်ရှင်းပါ။ အလုပ်ရှိသေးသည်ဆိုသည့်သဘော။

အိတ်ကပ်ထဲမှ ငွေတစ်သော င်းကိုယူပြီး ပေး ဖြစ်သည်။

“ကျေးဇူးပါပဲ..အစ်မရယ်.”

ပွဲခငွေကို ရှင်းပေးရင်း ကျေးဇူးစကားဆိုသော သူ့ကို အစ်မကြီးက ဟက်ဟက်ပက်ပက်ပင် ပြန်ပြုံးပြသည်။

ပြီး...

“ရပါတယ် မောင်လေးရယ်.. ကဲ့..ကဲ.. အစ်မသွားတော့မယ် အဆင်မပြေတာရှိရင်..စောစော က အစ်မအမျိုးသားရဲ့ ကွမ်းယာဆိုင်မှာ လာပြော သိလား..အဆင်မပြေစရာတော့မရှိပါဘူး..ဒီအ ဆောင်က လူသန့်ပါတယ်..ကဲ..ကိုထွန်းရေ..ကျွန်မရဲ့ မောင်လေးကို ထားခဲ့ပြီနော်..လိုတာရှိရင် လည်း လုပ်ပေးလိုက် ဦး…ကဲ..သွားပြီ…”

ပြောပြောဆိုဆိုပင် ပွဲစားအစ်မကြီးက ခပ်သုတ်သုတ်ပင် ဆင်းကာသွားသည်။ အဆောင်ပိုင်ရှင် က သူ့ကို ပြုံးပြသည်။

“ကဲ..ညီလေး ရေမိုးချိုးပြီး နားလိုက်ဦး.. ခဏနေကျရင် အစ်ကို့ကို ညီလေးမှတ်ပုံတင်မိတ္တူ နှစ် စောင်ဆွဲပေး..ဧည့်စာရင်းတိုင်ရအောင်လို့..ရော့..ဒီမှာ အဆောင်ရဲ့ စည်းကမ်းစာရွက်”

လက်ထဲထည့်ပေးသော စာရွက်ကို လှမ်းယူအပြီးမှာ အဆောင်ပိုင်ရှင်က လှည့်ထွက်ကာသွား သည်။

အဆောင်နေသူများ လိုက်နာရန်စည်းကမ်းများ ဟု ခေါင်းစဉ်တပ်ထားသော စာရွက်ကိုယူကာ အခန်းထဲဝင်ခဲ့ ဖြစ်သည်။

•••

အခန်းတံခါးကိုပိတ်ကာ ချက်ထိုး ဖြစ်သည်။ ယင်းနောက် ခုတင်ပေါ်မှာ ကျောချရင်း မျက်နှာကြက်ကို သူ ငေးကြည့် ဖြစ်သည်။

“သြော်..ရန်ကုန်၊ ရန်ကုန် .. လာလိုက်တော့လည်း ရောက်လာတာပဲကိုး”

ဟု တွေးမိသည်။

ပြီး..လက်ထဲမှ အဆောင်စည်းကမ်းစာရွက်ကို ဖြန့်ကာဖတ်ကြည် ဖြစ်သည်။

အဆောင်နေသူများ လိုက်နာရန် စည်းကမ်းချက်များ

၁။ အဆောင်နေသူသည် လူသစ် ဖြစ်ပါက အဆောင်လစာကို နှစ် လစာ ကြိုတင်ပေးဆောင်ရ မည် ။ မှတ်ပုံတင်မိတ္တူနှစ် စောင်ကို ဧည့်စာရင်းတိုင်ရန် ပေးရမည် ။

၂။ နှစ် လမပြည့်မီ အဆောင်ပြေးရွှေ့လိုခြင်း၊ အကြောင်းကြောင်းကြောင့် မနေထိုင် ဖြစ်တော့ပါ က ပေးထားသော အဆောင်လစာ နှစ် လစာကို ပြန်အမ်းပေးမည် မဟုတ်ပါ။

၃။ အဆောင်နေ လူဟောင်းများ သည် အဆောင်လစာကို လဆန်း (၅)ရက်မတိုင်မီ အပြီးပေး သွင်းရမည် ။

၎။ အဆောင်ပိတ်ချိန် ည (၁၀) နာရီ ဖြစ်သည်။ ည (၁၀)နာရီကျော်လွန်ပါက အဆောင်တံခါး ကို ဖွင့်ပေးမည် မဟုတ်ပါ။

၅။ မိမိပိုင်ပစ္စည်းများ ကို ဂရုတစိုက် သိမ်းဆည်းရမည် ။ တံခါးများ မပိတ်မိ၍ ပျောက်ရှခြင်းများ ရှိ ပါက တာဝန်မယူပါ။

၆။ ဂီတာမတီးရ။

၇။ သီချင်းဟစ်အော်၍ မဆိုရ။ ဆူညံစွာ စကားမပြောရ။

၈။ မူးယစ်သေစာများ သောက်သုံးခြင်း၊ ယူဆောင်လာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရ။

၉။ ညအိပ်ညနေ ဧည့်သည်ခေါ်ဆောင်မလာရ။

၁၀။ ရန်မ ဖြစ်ရ။ လှေကားအဆင်းအတက် ခြေသံမကြမ်းရ။

၁၁။ ကွမ်းမထွေးရ။ အမှိုက်မပစ်ချရ။

၁၂။………………………………..

၁၃။…………………………………

၁၄။……………………………………

ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ စသည်ဖြင့် တားမြစ်မှု စည်းကမ်းများ ကိုကြည့်ရင်း အိပ်ချင်စိတ် များ ပျောက်ကာ မျက်လုံးများ ပင် ပြူးသွားရသည်။

“အေးလေ. .မတစ်ရာသားတွေ ဆိုတော့လည်း စည်းကမ်းတင်းကျပ်ပေမပေါ့” ဟု သူ ဖြေတွေး တွေးလိုက်သည်။

“ဒီအချိန်ဆို ရွာမှာ အဖေတို့၊အမေတို့ ဘာတွေ လုပ်နေကြပါလိမ့်”

ဟု သူတွေးမိသည်။

“ရန်ကုန်သွားပြီး လည်လည်ဝယ်ဝယ်လေးတော့ရှိအောင်နေခဲ့..မြို့ကြီးသား တစ်ယောက် လို ကို မွှတ်နေအောင် ကြိုးစား”

ဟု မှာ လိုက်သော အဖေ့စကားကို ပြန်၍ ကြားယောင်မိသည်။

“မြို့ကြီးသားလို မွှတ်နေအောင်” တဲ့လားဟု တွေးရင်း သူပြုံး ဖြစ်သည်။ နှစ် ထောင်သာတန် သော ခရီးကို လေးထောင်ပေးစီးခဲ့သော သူ့အ ဖြစ်ကိုသာသိလျှင် ဘာပြောဦးမည် မသိ။

“ငွေကို မသုံးနဲ့ လို့မပြောဘူး.. သုံး..အေး..ဒါပေမယ့် မဖြုန်းနဲ့ ..ကြားလား..ချွေတာတာလည်း ချွေတာ..ကပ်စီးတော့ မနည်းနဲ့ ”

ဟု မှာ သော အမေ့စကားကိုလည်း ပြန်လည်ကာ ကြားယောင်မိပြန်သည်။ ရွာမှာ တစ်နေကုန် နေလို့ တစ်ပြားမှမကုန်သော နေ့များ ရှိသော်လည်း အခု ရန်ကုန်မြေမှာ ခြေချပြီး တစ်မနက်တည်းမှာ ပင် ငွေတစ်သော င်းလေးထောင်ကြီးများ တောင် ပက်ခနဲကုန်သွားပြီမို့ ဘာရယ်မဟုတ် ပခုံးကိုတွန့် ဖြစ်သည်။

“သြော်..ရန်ကုန်. ရန်ကုန်..”

ဟု တွေးရင်း..သူ မှေးခနဲ အိပ်ပျော်ကာသွားသည်။

•••

မည် မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ စကားပြောသံတို့ကြောင့် သူ နိုးလာသည်။ လက်မှနာရီကိုကြည့်လိုက်တော့ ဆယ့်နှစ် နာရီထိုးပြီ ဖြစ်သည်။

ခုတင်ပေါ်မှထပြီး အခန်းအပြင်ဘက်သို့ ထွက်လာသော အခါ ဝရန်တာမှာ အဆောင်ပိုင်ရှင်နှင့် လူနှစ် ယောက် စကားပြောနေကြသည်။

“အခန်းလွတ်က မရှိတော့ဘူး..အဲဒီ့ လွတ်နေတဲ့အခန်းကို စောစောတုန်းကပဲ သွင်းလိုက်တာ..တခြားမှာ ရှာကြည့်လိုက်ပေါ့..ဒီမှာ က လကုန်ရင်တော့ နိုင်ငံခြားထွက် ဖြစ်မယ့်သူတွေ ရဲ့ အခန်းရှိတယ်..အရေး မကြီူး..စောင့်နိုင်တယ်ဆိုရင် အခန်းခ စရန်သတ်ခဲ့လို့ရတယ်.. စရန်သတ်မ ထားရင်တော့ အခန်းချန်ထားလို့မရဘူး..ဦးတဲ့သူကို ထည့်လိုက်တာပဲ”

အဆောင်ပိုင်ရှင်၏ စကားကို နားထောင်ရင်း သူ့ကိုယ်သူ ကံကောင်းသူအ ဖြစ် ခံယူလိုက် သည်။

“အခန်းက ဘယ်အဆောင်မှာ မှ မရှိတော့ဘူးဗျ..မထူးပါဘူး စောင့်လက်စနဲ့ စောင့်လိုက်ပါ့ မယ်.. အခန်းခကိုလည်း သေချာအောင် စရန်သတ်ခဲ့မယ်.လကုန်ရင်တော့ သေချာပေါက် အခန်းရပါ တယ်နော်”

“စိတ်ချ..စရန်သတ်ခဲ့ပြီး အခန်းခမရရင် စရန်ကို သုံးဆပြန်လျော်ပေးမယ်”

ကြားရသော စကားတို့ကြောင့် သူ ပခုံးတွန့်မိသည်။ အခန်းရဖို့ကလည်း မလွယ်ပါလားဟု။ အခန်းထဲပြန်ဝင်ကာ ငေါင်စီစီဖြင့် ထိုင်နေ ဖြစ်သည်။

ဘယ်ကစ၍ ဘာဆက်လုပ် ရမှန်း မသိ။

“မင်း ဘာသင်တန်းတက်ချင်လဲ..တက်ချင်တဲ့သင်တန်း အားလုံးနီးပါး လှည်းတန်းမှာ ရှိတယ်.. တကယ်လို့ မင်းက မြို့ထဲက သင်တန်းကိုမှ တက်ချင်တယ်ဆိုရင်လည်း လမ်းမကြီးပေါ်ကိုသာ ထွက် လိုက်..လိုင်းကားတွေ ဆိုတာ လှည်းတန်းကနေ အရပ်ရှစ်မျက်နှာကို ပျားပန်းခတ်အောင်သွားနေတာ.. မြို့ထဲမှ မဟုတ်ဘူး ..ဘယ်သွားချင် သွားချင် အဆင်ပြေပြီးသား..ဘာ ဖြစ်လို့လဲဆိုတော့ လှည်းတန်း က လမ်းဆုံလေ..”

အစ်ကိုဝမ်းကွဲ ဖြစ်သူ၏ စကားကို သူ ပြန်၍ ကြားယောင်သည်။

“အေးဆေးပေါ့”

ဟု သူ့ကိုယ်သူ တွေးမိသည်။ ဗိုက်ဆာသလိုလိုရှိသည်မို့ အခန်းထဲမှ ထွက်လာ ဖြစ်သည်။ ရေချိုးချင်သော်လည်း ဆပ်ပြာဘာညာက ဘာမှမဝယ်ရသေး။ အခန်းပြင်မှာ အဆောင်ပိုင်ရှင်နှင့် ဆုံ သည်။

“သြော်…ညီလေး..အပြင်သွားမလို့လား”

“ဟုတ်ကဲ့..ဆာသလိုလိုရှိလို့ ထမင်းဆိုင်တွေ ..ဘာတွေ ..”

သူ့စကားပင် မဆုံးသေး။ အဆောင်ပိုင်ရှင်က

“သြော်…ထမင်းဆိုင်က ပေါပါတယ်..တိုက်အောက်ကိုဆင်းသွားပြီး ကြိုက်တဲ့ဘက်ကိုထွက်… လမ်းဘေးဘယ်ညာမှာ စားသောက်ဆိုင်တွေ ချည်းပဲ…အောင်မိုးရေ..မင်းတို့ ထမင်းဆင်းစားမလို့ လား..”

အဆောင်ပိုင်ရှင်က သူနှင့် စကားပြောနေရင်းမှ သူနှင့် ရွယ်တူ ဖြစ်ဟန်တူသော နှစ် ယောက် ဆီ လှမ်းကြည့်ရင်း မေးသည်။

“ဟုတ်တယ် ကိုသိန်း..ဘယ်မှာ မလို့လဲ..”

အောင်မိုးဟု အမေးခံရသူက အဆောင်ပိုင်ရှင်ကို ပြန်၍ မေးသည်။

“အကိုက်ပဲ..ဘာမှမမှာ ဘူး..ဒီညီလေးက ဒီနေ့မှ ရောက်တာ..လူသစ်.. ဟိုကောင် ဇော်လူရဲ့ အခန်းမှာ နေတာ ..သူလည်း ထမင်းဆင်းစားမှာ ..ငါ့ကို ထမင်းဆိုင်မေးနေလို့..မင်းတို့ပြပေးလိုက် ပါ ဦး..ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်… ညီလေးနာမည် က ဘယ်သူ…”

အဆောင်ပိုင်ရှင်က သူ့ကိုမေးငေါ့ရင်း အခုမှ သူ့နာမည် ကို မေးသည်။

“အောင်သိန်းပါ အစ်ကို..”

“အေး…ဟုတ်ပြီ သူ့နာမည် က အောင်သိန်းတဲ့..ညီလေး အောင်သိန်း..သူက အောင်မိုးတဲ့..သူက မင်းညို…ညီလေးအခန်းရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ နေကြတာ ကဲ ကဲ သူတို့နဲ့ လိုက်သွား..အခန်းကို သော့ ခတ်ဖို့ မမေ့နဲ့ ..ကိုယ့်သော့ နဲ့ ကိုယ် ပြောင်းခတ်ချင်လည်း ခတ်..ဒါနဲ့ မှတ်ပုံတင်မိတ္တူဆွဲပြီးသားမရှိရင် တစ်ခါတည်းဆွဲခဲ့ပေါ့..ပြန်တတ်လာမှပဲ အဆောင်ခကို အေးဆေးရှင်း. ဟုတ်ပြီလား”

“ဟုတ်ကဲ့..”

မမောနိုင်မပမ်းနိုင်ဖြင့် ဆိုနေသော အဆောင်ပိုင်ရှင်၏ စကားအဆုံး၌ “ဟုတ်ကဲ့” ဟု သူ ဆို ဖြစ်သည်။

“နောက်ဆုံးကျတော့လည်း အဆောင်လခပေးဖို့ဆိုတဲ့ ဘူတာကို ဆိုက်တာပါပဲ..”

အောင်မိုးက ပြောင်ချော်ချော်ဖြင့် ကိုသိန်းဆိုသော အဆောင်ပိုင်ရှင်ကို နောက်သည်မို့ အဆောင်ပိုင်ရှင်က တဟဲဟဲဖြင့် ရယ်သည်။

“ကဲလာ.. ကိုအောင်သိန်း ဆင်းရအောင်”

မင်းညိုက ခေါင်းညိတ်ပြရင်း ဆိုသည်။

“ဒါနဲ့ စကားမစပ်…ကိုအောင်သိန်းက နိုင်ငံခြားထွက်ဖို့ လာလုပ်တာလား”

လှေကားထစ်တွေ ကိုနင်းကာ ဆင်းလာရင်းက အောင်မိုးမှ မေးသည်။

“မဟုတ်ဘူးဗျ..ဒီလိုပါပဲ..ကွန်ပျူတာသင်တန်းလေးဘာလေး တက်ရင်း အင်္ဂလိပ်စာနဲ့ ပတ် သက်တဲ့ သင်တန်းလေးတတ်ရင်းနဲ့ ပါ..ကျုပ်က ..အဲ..ကျွန်တော် က တစ်ဦးတည်းသော သားဆိုတော့ နိုင်ငံခြားသွားဖို့မပြောနဲ့ ..အခု ရန်ကုန်လာတာတောင် အိမ်က သိပ်လွှတ်ချင်တာ မဟုတ်ဘူး”

သူ့စကားအဆုံးမှာ အောင်မိုးက..

“ဘဝတူတွေ လာဆုံနေပြီပဲ..ကျွန်တော် တို့နှစ် ကောင်လည်း တစ်ဦးတည်းသော သားတွေ ဗျ..ဒီလိုပဲ သင်တန်းတက်ရင်းနဲ့ အမြင်ကျယ်အောင်လို့ ရန်ကုန်ကိုလာကြတာ.အဆောင်မှာ က လူဆယ်ယောက် ရှိရင် ဆယ်ယောက် လုံးလိုလို နယ်စုံက လာကြတာဆိုတော့ အပေါင်းအသင်း လည်းရတာ ပေါ့..”

ဟု ဆိုသည်။

“ဘဝတူတွေ ” ဆိုသော စကားကြောင့် သူ ပျော်သွားမိသည်။ သင်တန်းတက်ဖို့ကိစ္စကို သူ ပူရန်မလိုတော့သည်ကိုး။

ဘာရယ်တော့မဟုတ်။ ရန်ကုန်ရောက်ရင် အဖော်မရှိ၊ ဘာမရှိဖြင့် ပျင်းများ ပျင်းနေမလားဟု တွေးမိခဲ့သမျှ အခုတော့လည်း အဆင်ပြေကာနေသည်။

•••

သုံးလေးရက်လောက်ကြာတော့ အဆောင် အနီးနားတစ်ဝိုက်မှာ ရောက်စကလို သူ မျက်စိမလည်တော့။

မင်းညိုတို့နှင့် လည်း ပို၍ အဖွဲ့ကျကာလာသည်။ သက်တူရွယ်တူများ မို့ ကျွန်တော် တွေ ဘာ တွေ လုပ်မနေတော့ဘဲ မင်းတွေ ၊ ငါတွေ ဖြစ်လာခဲ့သည်။

“အေး..မပြောမရှိနဲ့ အောင်သိန်းရေ…မင်း ငါတို့နဲ့ ပေါင်းရင် အပြေးတော့သန်မှ ဖြစ်မယ်”

“ဟေ..ဘာ ဖြစ်လို့တုံး..ကျုပ်က အဲ..ငါက ဘာကိစ္စ အပြေးသန်ရမှာ တုံး”

အောင်မိုး၏ စကားကို သူ ပြန်မေး ဖြစ်သည်။

“ဘာ ဖြစ်ရမှာ လဲ ငါတို့ကောင်တွေ လျှောက်ပြီး နောက်ထားပြောင်ထားလို့ ဒီနားတစ်ဝိုက်က ဆိုင်တွေ က ငါတို့ကို မှတ်မိနေပြီ..ခဏ ခဏ လောင်စိန်လုပ်ပါများ တော့ ဘယ်နေ့လိုက်အထုခံရမလဲ မသိဘူး..ဒီတော့ အပြေးမြန်မှ ၊ အပြေးသန်မှ ရမယ်..အမြဲတမ်း ပြေးဖို့အတွက် အသင့်အနေထား ရှိနေရမယ်..အထူးသဖြင့် ဟိုကောင် မင်းညိုနဲ့ သွားရင် သတိထား…”

“အောင်မာ ..ဘာ သတိထားလဲ မင်းကများ ”

အောင်မိုး၏ စကားကို မင်းညိုက ချက်ချင်း ပြန်၍ ဆိုသည်။

“ဟုတ်တယ်လေ..မင်းဆိုတဲ့ကောင်က ညနေစာစားပြီးတာနဲ့ လမ်းလျှောက်ရအောင်ဆိုပြီး တော့ ဒီလှည်းတန်းတစ်ဝိုက်က ရှိရှိသမျှ စူပါမားကတ်တွေ ရော၊ Shopping Mall တွေ ရော၊ စတိုးဆိုင် သေးသေးလေးတွေ ပါ မကျန် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ပြီး စာရေး မလေးတွေ ကို ငမ်းကြောထပြီး လျှောက်လျှောက်နောက်ထားတာလေ..တစ်ညနေတည်းလည်း မဟုတ်ဘူး..နေ့တိုင်း..”

အောင်မိုး၏ စကားကြောင့် မင်းညိုက “အောင်မာမာ” ဟု မခံချိမခံသာဖြင့် ရေရွတ်သည်။

“အောင်မာမာ..ငပြူးကပြဲလို့ သူခိုးက လူပြန်ဟစ်နေတယ်..အဲဒီ့ လိုသွားတိုင်း မင်းက ထိပ် ဆုံးကချည်းပဲ ချီတက်နေကြလေ..မီအောင်တောင် အတော် လိုက်ယူရတဲ့ကောင်ကများ ”

နှစ် ကောင်သား စကားနိုင်လုနေသည်ကိုကြည့်ရင်း သူရယ် ဖြစ်သည်။

“ဟိုကောင်..အောင်သိန်း မရယ်နဲ့ ..မင်းလည်း ရိုးမလိုလိုနဲ့ မင်းတို့နှစ် ကောင်စလုံး အတူတူ ပဲ..”

မင်းညိုက သူ့ဘက်ကိုပါ မြားဦးလှည့်ရင်း ဆိုသည်။

“အောင်သိန်းက အစက ရိုးတယ်.. မင်းနဲ့ ပေါင်းလို့ ပျက်သွားတာ..ငါနဲ့ ပေါင်းရင် ငါ့လို စပီကင်ကျွမ်းတဲ့ ဂျင်း..တား.. မင်းပဲ ဖြစ်မှာ ပေါ့ကွ”

အောင်မိုးက မင်းညိုကို နှိပ်ကွက်သည်။

“တော် စမ်း..မင်းလား..ဂျင်း..တား..မင်း..ရယ်ချင်ရက်ဖတ်ဖတ်မော..ရင်ဘတ်နောက်ကကျောစ် မင်း စ ..ပီ..ကင် ကျွမ်းတယ်ဆိုတာ ..ငါ ဘာမှမတတ်သေး၊ မသင်ရသေးတဲ့အချိန်က အဆင့်လောက် ပဲ ရှိတယ် မှတ်ထား”

မင်းညိုကလည်း ချက်ချင်း ပင် ပြန်တုံ့ပြန်သည်။ သူ ကတော့ ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်ဖြင့် ရယ်လို့သာနေ ဖြစ်သည်။

“ဒါနဲ့ စပီကင်ဆိုလို့ မင်းတို့၊ ကျုပ်ကို..ဟဲ..ဟဲ ..ငါ့ကို သင်တန်းတွေ ဘယ်လိုအပ်ပေးကြမှာ လဲ”

ရုတ်တရက်မေးသော သူ့အမေးကြောင့် မင်းညိုက

“ငါတို့တက်မယ့်သင်တန်းပဲ တက်ပေါ့ကွ..ငါတို့က လှည်းတန်းမှာ လည်း သင်တန်းတချို့ တက်မယ်..မြေနီကုန်းမှာ တချို့၊ မြို့ထဲမှာ တချို့ တက်ကြမယ်..”

ဟု ဆိုသည်။ မင်းညို၏ စကားအဆုံးမှာ အောင်မိုးက

“ဟုတ်တယ် အောင်သိန်းရ..လှည်းတန်းမှာ သင်တန်းပေါင်းစုံရှိတယ်ဆိုပေမယ့်လည်း လှည်း တန်းမှာ ချည်းပဲ သင်တန်းတွေ တက်လိုက်ရင် ကျန်တဲ့နေရာတွေ ကို ကျွမ်းကျွမ်းကျင်ကျင်သွားတတ်ဖို့ ဆိုတာ မလွယ်ဘူးလေ..ဒီတော့ နေရာစုံလည်း လျှောက်သွားရင်း သင်တန်းလည်းတက်ရင်း တစ်ချက် ခုတ်နှစ် ချက်ပြတ် ဖြစ်အောင် နေရာခွဲပြီးတော့ သင်တန်းကို တက်မယ်..လိုင်းကားလည်း စီးတတ်သွားတာပေါ့ကွာ”

ဟု ဆိုသည်။

“ဟုတ်သားပဲ..ရွာက အစ်ကိုကြီး ပြောဖူးတယ်..ရန်ကုန်မှာ လိုင်းကားမစီးတတ်ဘဲ တက္ကစီနဲ့ သွားနေရရင် ငွေပိုကုန်တယ်တဲ့..လိုင်းကားကို လည်လည်ဝယ်ဝယ်စီးတတ်အောင်လုပ်ထားမှ..”

ဟု သူ ခေါင်းညိတ်ရင်းတွေး ဖြစ်သည်။ ပြီးတစ်ချက် တစ်ချက် “ကျုပ်က ..ကျုပ်က” ဖြင့် ဆို သော အလေ့အထကိုလည်း ဖျောက်မှ ဖြစ်မည် ။

•••

“ဒါနဲ့ အောင်သိန်း..မင်းကို မှာ ထားရဦးမယ်..မင်းကို ကြည့်ရတာ စကားပြောရင် အားနာသ လိုလို ၊ မပြောရဲသလိုလို ဖြစ် ဖြစ်နေတယ်.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ ခပ်တည်တည်နေစမ်း ပါ..ရန်ကုန်မှာ နယ်စုံက လူပေါင်းစုံနေတာ..အတတ ပုံပေါက်နေလို့ မ ဖြစ်ဘူးကွ..”

“ဟုတ်တယ် အောင်သိန်းရ..ရိုးသားတာ ကောင်းပါတယ်..ဒါပေမယ့် ကိုယ်က အားနာရင် အတယ်လို့ ထင်တတ်တယ်..ဒီတော့ ပြောစရာရှိရင် ရဲရဲပြော..အိုကွာ..နောက်ဆုံးပြောသမျှ မှားနေ တယ်ဆိုရင်တောင် ခပ်တည်တည်ကြီးသာ မှားပစ်လိုက်..ပြီးတော့ ပျော်ပျော်ကြီး စိတ်လွတ်ကိုယ်လွတ် နေ..တောင့်တောင့်ကြီး လုပ်မနေနဲ့ ..စိတ်မွန်းကြပ်မယ်”

အောင်မိုး၏ စကားအဆုံးမှာ မင်းညိုကပါ ဆိုသည်။ ဟုတ်တော့လည်း ဟုတ်ည်။ လူငယ်ပီပီ သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင်နေမှ ဖြစ်မည် ။ “မြို့ကြီးပြကြီးမှာ အဆင်ပြေပြေမှ ရှိပါ့မလား” ဆိုသော စိုးရိမ်စိတ်ကို ဖြေလျှော့ထားခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေလိမ့်မည် ထင်၏ ။

“မနက်ဖြန်ဆိုရင် သင်တန်းတက်ရတော့မှာ ..ဟိုရောက်လို့ ကောင်မလေးတွေ နဲ့ စကားပြောရ ရင် ရှက်ကိုးရှက်ကန်းလုပ်မနေနဲ့ ..ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာပြော..မြုံစိစိကြီး မလုပ်နဲ့ .. ကြားလား”

မင်းညိုက ကလေး တစ်ယောက် ကို မူကြိုပို့ခါနီး မှာ သလိုမျိုး သူ့ကို ဆိုသည်။ ဘာပြောပြော သူတို့နှစ် ကောင်နှင့် ဆုံရသည်မှာ သူ့အတွက်တော့ ကံကောင်းသည်။

သူတို့နှစ် ကောင်နှင့် အတူစား၊ အတူသွားမို့ သူမသိတာတွေ အတော် လေးသိရသည်ကိုး။ “မြို့ကြီးသား တစ်ယောက် လို လည်လည်ပတ်ပတ်ရှိအောင်နေ” ဟု ဆိုသော ရွာမှ မိဘနှစ် ပါး၏ စကားကိုလည်း ပြန်၍ ကြားယောင်မိသည်။

•••

ပထမဆုံးသင်တန်းတက်ရမည့် နေ့မို့ သူ အစောကြီးနိုးကာနေသည်။ တစ်ဖက်ခန်းမှ တချွတ် ချွတ် အသံကြားသည်မို့ နားစွင့်လိုက်တော့ သကောင့်သားနှစ် ကောင်က သူ့ထက်အရင် နိုးနေကြပုံရ သည်။ ဘောလုံးပွဲအကြောင်းတွေ ပြောကာနေသည်။

သူ အိပ်ရာမှထပြီး သူတို့နှစ် ကောင်ရှိရာ အောင်မိုး၏ အခန်းဆီ ကူးခဲ့ ဖြစ်သည်။ အောင်မိုးသည် လည်း နှစ် ယောက် ခန်းမှာ တစ်ယောက် တည်းနေသူမို့ အခန်းထဲမှာ ခုတင်က နှစ် လုံး ဖြစ်ကာနေသည်။ နှစ် ကောင်သား ခုတင်တစ်လုံးစီမှာ နှပ်နေကြရင်းက စကားတွေ ဆိုနေကြသည်။

“ဟကောင်ကြီး….နိုးလာပြီလား”

“အေးကွ”

မင်းညို၏ အမေးကို ခေါင်းညိတ်ပြရင်း သူ ဆို ဖြစ်သည်။

“ဒီမှာ ကွာ..ရေချိုးမလို့လုပ်နေတာ..ဟိုဘက် မျက်နှာချင်းဆိုင်အခန်းကလူတွေ ဒီဘက်လာချိုး နေလို့ စောင့်နေရတယ်”

အောင်မိုးက ရေချိုးခန်းဘက် မေးငေါ့ပြရင်း ဆိုသည်။ မျက်နှာချင်းဆိုင် တိုက်ခန်းနှင့် သူတို့ နေသော တိုက်ခန်း၏ အဆောင်ပိုင်ရှင်မှာ တစ်ဦးတည်းမို့ လူများ သော တစ်ဖက်တိုက်ခန်းမှ အဆောင် သာတို့က သူတို့ဘက်ရှိတိုက်ခန်းမှ ရေချိုးခန်းနှင့် အိမ်သာတို့ကို လာ၍ သုံးတတ်ကြသည်။

တိုက်ခန်းကျဉ်းချင်းအတူတူ နှစ် ယောက် ခန်းရှစ်ခန်းစီရှိခြင်းအတူတူ သူတို့ဘက်တိုက်ခန်းမှာ နှစ် ယောက် ခန်းတိုင်းမှာ အဆောင်သား တစ်ယောက် စီသာနေသည်မို့ လူရှစ်ယောက် သာရှိသော်လည်း တစ်ဖက်ခန်းမှာ က လူဆယ့်ခြောက်ယောက် တောင်ရှိသည်။

ထို့ကြောင့် နေ့တိုင်းလိုလို တစ်ဖက်တိုက်ခန်းမှ အဆောင်သားများ က သူတို့ဘက်မှာ အိမ် သာနှင့် ရေချိုးခန်းကို လာ၍ သုံးကြသည်။

“မင်း စဉ်းစားကြည့်ကွာ..ကိုယ့်ဘက်အခန်းက လူမို့လို့ စောင့်ရရင် တော် သေးတယ်..ခုဟာက ဟိုဘက်ခန်းက လူတွေ ကြီးပဲ စောင့်နေရတယ်.. အဆောင်ပိုင်ရှင်က တစ်ယောက် တည်းဆိုတော့ ဒီဘက်ကိုလည်း လာသုံးခွင့်ပြုထားတယ်လေကွာ..

ဒီတော့ အမြဲတမ်း ငါတို့ဘက်ကလူတွေ က သူတို့သုံးပြီးမှပဲ သုံးရတယ်… နေ့တိုင်း စောင့် စောင့်သုံးနေရတယ်..အဓိပ္ပါယ်ကို မရှိဘူး..”

“ဒါ..တစ်ခုခုတော့ စီစဉ်မှ ဖြစ်မယ်”

မင်းညို၏ စကားကို အောင်မိုးက ခေါင်းညိတ်ရင်း ထောက်ခံသည်။

“ဒီပုံစံအတိုင်းဆိုင် မိုးလင်းတာနဲ့ အိမ်သာထဲနဲ့ ရေချိုးခန်းထဲ ဝင်နှင့် ပြီး ကင်းစောင့်သလို စောင့်နေရမယ်နဲ့ တူတယ်..ငါတို့ဘက်အခန်းက လူဆိုရင်ဖွင့်ပေးပြီး သူတို့ဘက်အခန်းကလူဆိုရင် ပေပြီး ဆက်နေနေမယ်”

“ကိုယ့်လူ၊ သူ့လူမှန်း မင်းက ဘယ်လိုလုပ်သိမှာ တုံး”

အောင်မိုး၏ စကားကို မင်းညိုက မေးငေါ့ရင်း အမေးရှိသည်။

“ဟ…စကားဝှက်သုံးမှာ ပေါ့ကွ..”

“လင်းယုန်မှ ပျံလွှား..ပျံလွှားမှ လင်းယုန်..ဆိုပြီးတော့လား..”

အောင်မိုး၏ အဖြေကို မင်းညိုက ခပ်ရိရိဖြင့် ငေါ့သည်။ ပြီး

“မင်းကလည်း လည်မလိုနဲ့ အတော့် ကိုပိန်းသေးတာပဲ..အိမ်သာမတက်ဘဲ ဒုက္ခခံပြီး အိမ်သာထဲဝင်ပြီး ကင်းစောင့်စရာလည်း မလိုဘူး..လင်းယုန်တွေ ပျံလွှားတွေ လည်း မလိုဘူး..အဝင်တံ ခါးမကြီးကို ဂျက်ထိုးပြီး ပိတ်ထားလိုက်..ဘယ်ကောင်မှ ဝင်လို့မရတော့ဘူး”

ဟု ဆိုသည်။

အောင်မိုးက

“ဟ…ငါတို့ဘက်ကလူတွေ က အပြင်ထွက်သွားလို့ ပြန်ဝင်ချင်ရင် တံခါးထုနေရမှာ ပေါ့..

အာ..ဟုတ်ပြီ..အကောင်းဆုံး ကတော့ အိမ်သာနဲ့ ရေချိုးခန်းကို သော့ ခတ်ထားလိုက်..

ပြီးတော့ အဲဒီ့ သော့ ကို မိတ္တူပွားပြီး ငါတို့ဘက်ခန်းက ရှစ်ယောက် ကိုင်ထားလိုက်ရင်..ပြီးပြီ”

“အေး ..အဲဒါ ကောင်းတယ်..”

မင်းညိုက အောင်မိုး၏ စကားကို ထောက်ခံသည်။

“ကောင်းပါ့မလားကွာ..အားနာစရာကြီး..ငရဲတွေ ကြီးနေပါဦးမယ်…ဒီအတိုင်းပဲ မျှပြီးသုံး..”

တစ်ချိန်လုံး နားထောင်နေရာမှထကာဆိုသော သူ့စကားကို သူ ဆုံးအောင်ပင် မပြောလိုက် ရ။ အောင်မိုးက လက်ကာကာတားသည်။

“သည်းခံတယ်..အားနာတယ်ဆိုတာ သူ့အတိုင်းအတာနဲ့ သူရှိတယ်..တစ်ရက်နှစ် ရက်တည်း ကိစ္စမဟုတ်ဘူး..အောင်သိန်းရ ..လနဲ့ ချီပြီး ဒုက္ခခံရမယ့်ကိစ္စ ..မင်းလည်းသိနေတာပဲ..

ငါတို့က အေးအေးဆေးဆေးနေချင်လို့ နှစ် ယောက် စာပေးပြီး နေကြတာ..ပိုက်ဆံလည်း ပိုပေးရသေး ..ရေချိုးခန်း၊ အိမ်သာကျတော့လည်း ဟိုဘက်ခန်းက ကိုယ့်ရဲ့ တစ်ဝက်ပဲ အဆောင်လစာ ပေးရတဲ့ကောင်တွေ သုံးပြီးအောင်စောင့်ပြီးမှ သုံးရတယ်ဆိုရင် သဘာဝ မကျဘူး”

“ဟုတ်တယ်.”

အောင်မိုး၏ စကားအဆုံးမှာ မင်းညိုက “ဟုတ်တယ်” ဟု ထောက်ခံသည်။ သူတို့ပြောသည် ကလည်း ဟုတ်သလိုလိုရှိသည်မို့ သူ ဘာမှ စောဒကမတက်ချင်တော့။

ထို့ကြောင့် ပခုံးကိုသာတွန့် ဖြစ်သည်။ ပြီး မင်းညို လက်ထဲမှ ကိုင်နေသော သွားတိုက်ဆေး ညှစ်ဗူးလိုဟာကိုကြည့်ရင်း

“မင်းညို မင်းရဲ့ သွားတိုက်ဆေးဗူးပုံစံက တစ်မျိုးကြီးပါလား..မှန်း..ပြစမ်းပါဦး”

ပြောပြောဆိုဆိုဖြင့် လှမ်းတောင်းသော သူ့ကိုမင်းညိုက လက်ထဲမှ ညှစ်ဗူးကို လှမ်းပေးရင်း သူ့ကို ပြူးကြောင်ကြောင်ဖြင့် ကြည့်သည်။

သူက ညှစ်ဗူး၏ အဖုံးကိုဖွင့်ကာ နမ်းကြည့် ဖြစ်သည်။

“သွားတိုက်ဆေးအနံ့ကလည်း မွှေးတေးတေးပါလားဟ”

သူ့စကားကြောင့် မင်းညိုက မျက်လုံးကြီးပြူးကာ သူ့ကိုကြည့်သည်။

ပြီး သူ့ကိုတအံ့တသြဟန်ဖြင့်

“ဟကောင် အောင်သိန်း..မင်းကိုကြည့်ရတာ နောက်နေတာနဲ့ လည်း မတူဘူး.ညှစ်ဗူးမြင်တာ နဲ့ ပဲ သွားတိုက်ဆေးကြီးပဲ ထင်နေလား..အဲဒါ မျက်နှာလိမ်းတဲ့ Cream ကွ”

“ဟေ..ဟုတ်လား..”

မင်းညို၏ စကားအဆုံးမှာ ရှက်ကိုးရှက်ကန်းဖြင့် သူ “ဟုတ်လား” ဟု ဆို ဖြစ်သည်။

“မင်းကလေ..ရိုးတယ်ပြောရမလား..နမော်နမဲ့နိုင်တယ်ပြောရမလားကို မသိဘူး..ဘွဲ့ရပြီပဲဥ စ္စာ ဗူးပေါ်က စာလေးဘာလေးလောက်တော့ ဖတ်ကြည့်ဦးမှပေါ့..မစူးမစမ်းနဲ့ ထင်ရာကို စွတ်ပြောတော့ တာပဲ”

အောင်မိုးက တခွိခွိရယ်ရင်း အရယ်တစ်ဝက်ဖြင့် ဆိုသည်။

“အေးကွ..ငါက ဒါမျိုးမသုံးဘူးတာ..ရွာမှာ ယောက်ျားလေးတွေ က အုန်းဆီတစ်မျိုးလောက်ပဲ ခေါင်းလိမ်းကြတာကွ..လွန်ရောကျွံရော အမွှေးအကြိုင်ဆိုလို့ ပေါင်ဒါမှု န့်ကို ချိုင်းမှာ ပုတ်တာလောက် ပဲရှိတာ..”

“မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်”

မင်းညိုက မျက်လုံးကြီးပြူးကာ ဆိုသည်။

“အာ..အဟုတ်ပြောတာကွ..အေး..ငယ်ငယ်တုန်း ကတော့ သနပ်ခါးရေကျဲလေးဘာလေး အမေလိမ်းပေးလို့ လိမ်းတယ်.အသက်ကြီးလာတော့ ဘာမှမလိမ်းဘူး..ခေါင်းက ဆံပင်တောင် အုန်း ဆီလိမ်းရမှာ ပျင်းလို့ ကတုံးဆံတောက်ညှပ်ထားတာ ကြည့်တော့..”

ရုပ်တည်ကြီးနှင့် ပင် ခေါင်းကိုထိုးပြရင်းဆိုော သူ့စကားကြောင့် အောင်မိုးတို့နှစ် ယောက် ပါးစပ်တွေ ဟကာ သူတို့ကြည့်ကြသည်။

အောင်မိုးက သူ့စားပွဲမှာ တင်ထားသော ဗူးတစ်ဗူးကို ယူကာ အဖုံးကိုဖွင့်ပြရင်း

“ဒါ ဘာလဲ သိလား”

ပျစ်ချွဲချွဲဖြင့် ကျောက်ကျောလိုလို အနီရောင် ခပ်တုန်တုန်အရာကိုကြည့်ရင်း ယူကာနမ်းကြည့် ဖြစ်သည်။

“ဒါလည်း မျက်နှာလိမ်းတာပဲလား..မွှေးသားပဲဟ”

သူ့စကားကြောင့် မင်းညိုနှင့် အောင်မိုးက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြသည်။

ပြီး သူ့ကိုပြူးကြောင်ကြောင်ပုံစံတွေ နှင့် ရယ်ချင်ပက်ကျိဖြင့် ကြည့်ကြသည်။

“ဟကောင်.. ဒါ ဂျဲယ်လ်လို့ခေါ်တယ်ကွ..ဆံပင်ပုံသွင်းတဲ့ဟာ..မင်း တကယ်မသိဘူးလား”

မင်းညို၏ တအံ့တသြအမေးကြောင့် သူ ရှက်ရှက်ဖြင့် ခေါင်းကိုကုတ် ဖြစ်သည်။

“ငါက အလှအပတွေ မကြိုက်တော့ အမှု မဲ့၊ အမှတ်မဲ့ပဲကွ..အခုမှ ငါသတိရတယ်..ငါတို့ရွာက ကုန်စုံဆိုင်မှာ ဒါမျိုး မြင်ဖူးတယ်”

သူ့စကားအဆုံးမှာ အောင်မိုးက

“ ဖြစ်ရမယ်.မင်း ကတော့..”

ဟု အရယ်တစ်ဝက်ဖြင့် ဆိုသည်။ မင်းညိုက

“ယုံသွားပြီ..သတိမမူ ဂူမမြင်ဆိုတာကို ..ဘာပဲပြောပြော အောင်မိုးရေ..ဒီကောင့်ကို ဒီအတိုင်းထားလို့ မ ဖြစ်တော့ဘူး..မြို့ကြီးသားပုံပေါက်အောင် လုပ်ပေးမှ ဖြစ်တော့မယ်..လာလာ ..အခု မင်းအခန်းကို သွားမယ်..”

ပြောပြောဆိုဆို သူ့လက်ကိုဆွဲကာ မင်းညိုက ရှေ့မှထွက်သည်။ ယက်ကန်၊ ယက်ကန်ဖြင့် သူ မင်းညိုနောက်ကို ပါသွားသည်။

•••


ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မြို့ကြီးသား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကြားညှပ်သူ

လေအနှော့မှာ ခြေဆော့တဲ့လိပ်ပြာ နှင့် အခြားဝတ္ထုတိုများ

ခရီးဖော်