Cover

ပြည့်ပိုင်မှူးအိမ်

လေအနှောမှာ ခြေဆော့တဲ့လိပ်ပြာ နှင့် အခြားဝတ္ထုတိုများ

ညရိပ်ထဲက ကြယ်ပျိုမ

“ မောချက် ကတော့ပြောကိုမပြောချင်ဘူး ”

ခေါင်းပေါ်မှ ပဲပြုတ်တောင်းကို “၀ုန်း” ခနဲဆောင့်ချရင်း ဆိုလေသူ ချစ်ဇနီး၏ အပြောကြောင့် ရေး လက်စ၀တ္ထုတိုကို တန်းလန်းထားလျက် ဇနီး ဖြစ်သူဆီ မျက်နှာမူ ဖြစ်သည်။

“ စောစောစီးစီး ဘာ ဖြစ်လာတာတုံး ”

ကျွန်တော့် အမေးကို ခေါင်းခုဖြင့် ချွေးသုတ်နေသော ချစ်ဇနီး အင်ဂျလီနာဂျိုလီက ချက်ချင်း မဖြေနိုင်ရှာသေး။ ရေခဲ့သေတ္တာထဲမှရေကိုယူကာ တဂွတ်ဂွတ်မော့သောက်လိုက်သေးသည်။ ပြီး မှ …

“ ပဲပြုတ်ရောင်းရတာ ကြွေးကျတဲ့အထဲ “၃၀၇” လွှာက လင်ဆေးလိုဟန်ဆိုတဲ့ကောင်မ လေးပေါ့ … ပဲပြုတ်ယူထားတဲ့ ကြွေးဟောင်းကိုမဆပ်တဲ့အပြင် ထပ်ယူလိုက်ပြန်တယ် ”

“ မိန်းမကလည်းကွာ … လကုန်ရင်ပေးနေကျပဲ ဥစ္စာ … မရတော့မှာ ကျနေတာပဲ … ဗျစ် တောက်ဗျစ်တောက်နဲ့ ”

ကျွန်တော့် အပြစ်တင်စကားကြောင့် အင်ဂျလီနာက ဒိုင်းခနဲ မျက်စောင်းထိုးသည်။ အ,ရန် ကောဆိုသည့် သဘော။

“ တော် … ဘာမှမသိပါဘူး။ ကျုပ်ကအကြွေးယူတာကို အပြစ်ပြောချင်တာမဟုတ်ဘူး။ သင်းကြောတာကိုမခံချင်လွန်းလို့ပါ ”

ချစ်ဇနီးအင်ဂျလီနာ အံကြိတ်သံကြီးဖြင့် ဆိုရင်း တက်ကို ခပ်ကြမ်းကြမ်းခေါက်သည်။ ပြီး …

“ ကျုပ်ဆီကပဲ ပဲပြုတ်ကျတော့ အကြွေးယူပြီးတော့ ပါတိတ်ဝမ်းဆက်ကျော့ … လက်ငင်း ၀ယ်ဝတ်တယ် ”

“ နို့ နေပါဦးမိန်းမရ … မင်းကိုဘယ်သူပြောလို့တုံး ”

“ သူကိုယ်တိုင်ပြောတာ … တော် ရေ။ ကျုပ်ပဲပြုတ် လာအရောင်းကိုစောင့်ပြီးမှ တကူးတက ကြီးကို ထုတ်ပြရင်းကြွားလိုက်တာ။ အမလေး … ခံပြင်းလိုက်ချက် ကတော့ ပြောကိုမပြောချင်ဘူး ”

မိန်းမသားတွေ ထဲက မိန်းမသားပေပဲမို့ ၀တ်ချင်စားချင်စိတ်ရှိရှာသော ဇနီး ဖြစ်သူကိုသက် ပြင်းချက်ရင်း ကြည့် ဖြစ်သည်။

“ သူ့ဘာသာသူ ၀ယ်ဝတ်တာကို ကျုပ်မနာလိုလို့ ပြောတာတော့ မဟုတ်ပါဘူးတော် ။ သင်း က ကျုပ်လိုချင်တယ်လို့ ပြောပြထားတဲ့ တံဆိပ်တင်မကဘူး အဆင်းရောအရောင် ပါ … တစ်ထပ် တည်းကျအောင် ၀ယ်လိုက်တာ ကတော့ … ကျုပ် ရင်နာလို့မဆုံးဘူး ”

ချစ်ဇနီးအဂျလီနာအား နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ကို တဗျင်းဗျင်းရိုက်ကာ ငိုသံပါကြီး နှင့် ဆိုလိုက်သော အခါ “ကျွန်တော် ” တော် တော် ကြီးကြေကွဲသွားရသည်။

ဟုတ်တော့လည်း ဟုတ်သည်။ သူ့ခမျာပွဲသွားလမ်းသွားဝတ်ရန် ပါတိတ်ဝမ်းဆက် ကောင်း ကောင်းမပြောနှင့် … ခပ်လတ်လတ်လေးတစ်စုံပင်မရှိရှာ။

အို ! သနားပါဘိ ချစ်ဇနီး အင်ဂျလီနာဂျိုလီငှဲ့။ (တောက်! ရေး ရင်း ရေး ရင်းနဲ့ မျက်ရည် တောင်ကျချင်လာပြီ)

“ စိတ်ချပါ မိန်းမရာ။ ဒီတစ်ခါမောင့်ထုတ်ဝေသူ ကိုးမိုးဆီက ကြိုငွေရရင် မင်းကြိုက်တဲ့အ ဆင်ကို ရောင် စုံ … စုံ ”

“ တော် စမ်းပါ၊ တော့် စာမူခရမှ ပါတိတ်ဝမ်းဆက်နဲ့ လမ်းထွက်ရမယ်ဆိုရင်လေ မ၀တ်ရရုံပဲ ရှိမယ်။ ကျုပ်သာ ပဲပြုတ်တောင်းခေါင်းပေါ်ရွက်ပြီး တစ်လမ်းဝင်တစ်လမ်းထွက်၊ တစ်တိုက်ဝင်တစ် တိုက်တက် “ဟော … ဒီက … ပဲပြုတ်(စ်) … လို့” အော်ပြီး အရောင်းမထွက်ရင် တော် အခုလို Lap Top ကွန်ပျူတာမပြောနဲ့ လက်နှိပ်စက်စုတ်နဲ့တောင် စာရေး ရမှာ မဟုတ်ဘူးသိရဲ့ လား။ ထမင်းရည် တောင်မတွေ့ ဘူးမှတ်။

စာမူခရတာ နဲ့ ဟိုလူခေါ်တိုက်ရတာ နဲ့၊ ဒီလူခေါ်ကျွေးရတာ နဲ့ ကျုပ်တို့လင်မယားသက်တမ်း မှာ တော့်စာမူခကို ကျုပ်မမြင်ဖူးဘူး … ဟုတ် ”

ပြောရင်းဆိုရင်းနဲ့၊ “အင့်” ခနဲ၊ “အိ” ခနဲ ငိုချလိုက်သော အင်ဂျလီနာ ချစ်ဇနီးလေးရဲ့ ရှိုက် သံကြောင့် ကျွန်တော့် ရင်တစ်ခုလုံး ဖိညှစ်ခံလိုက်ရသလို မွန်းကြပ်သွားရကာ ပျာယာခတ်သွားရ သည်။

“ မ … မငိုစမ်းပါနဲ့ မိန်းမရာ၊ မောင်အတည်ပြောတာပါ။ ဒီတစ်ခါ မောင့်မိန်းမကိုလေ ပါ တိတ်ဝမ်းဆက်တင်မကဘူး။ စိန်နားကပ်ပါ ပန်ရစေ့မယ် ”

ကျွန်တော့် စကားအဆုံးမှာ မိန်းမ ဖြစ်သူက အငိုမတိတ်သည့်အပြင် ပိုလို့ပင်ရှိုက်လိုက်သေး သည်။

“ တော် ပါတော့တော် ၊ စာရေး ဆရာကိုယူမှယူမိတဲ့ ဒီ ကံဆိုးမရဲ့ အပြစ်ပဲထားလိုက်ပါတော့။ ကျုပ်ကလည်း ဟိုကောင်မ လင်းဆေးလိုဟန်တို့လို ကားပွဲစားကိုမှ မယူမိတာကိုး ”

ဘာရယ်မဟုတ်ပြောလိုက်သော ချစ်ဇနီး၏ စကားက မာနကိုလာဆွ၏ ။ သို့ သော် သူမပြော သော စကားကလည်း မမှားသည်မို့ ခပ်မဆိတ်ပင်နေလိုက်ရ၏ ။ နေပင်နေလိုက်ရသော်လည်း မ ကျေမနပ်မှု တို့ကြောင့် ကျွန်တော် ကိုယ်တိုင်ကလည်း ဒေါထနေမိသည်။ ဘာကိုဒေါထလို့ထရမှန်းမ သိ။ နောက်ဆုံးတော့ ဒေါသကို သက်ပြင်းအသွင်ပြောင်းကာ မဟင်းချင်ဘဲ ဟင်းချလိုက်ရတော့ သည်။

•••

“ ၀ုန်း ”

“ ဟ … လန့်လိုက်တာ … မိန်းမရာ … ဖြည်းဖြည်းလုပ်ပါကွ ”

ပဲပြုတ်တောင်းကို “၀ုန်း” ခနဲပစ်ချရင်း ဆိုဖာပေါ်ပစ်ကာ ထိုင်ချသော ချစ်ဇနီးကို ခပ်ဆတ် ဆတ်ရွတ် ဖြစ်သည်။

ချစ်ဇနီးအင်ဂျလီနာကား … ဘယ်က ဘယ်လိုဒေါသထါက်လာမှန်းမသိ။ မျက်နှာကို ရှစ် ခေါက်ချိုးထားရင်းက Air Con ကိုလှမ်းပိတ်သည်။

“ ဟ … ပူလို့ Air Con ဖွင့်ထားပါတယ်ဆိုမှ … ဘာ ဖြစ်လို့ ပိတ်လိုက်တာတုံး ”

“ ဒီမယ် … ကိုဟ၀ှာ တော် ရုံတန်ရုံပူတာလောက် ကတော့ ယပ်တောင်လေးဘာလေးနဲ့ ခတ်ဦးမှပေါ့တော့။ ကျုပ် ပဲပြုတ်ရောင်းလို့ရတဲ့အမြတ်တစ်ဝက်လောက်က ဒီ Air Con အစုတ်ပြင် ရင်းနဲ့ပဲ မွဲရချည်ရဲ့ ”

ချစ်ဇနီးအင်ဂျလီနာကိုကြည့်ရင်းက ကျွန်တော် အတွေးပေါက်လာသည်။ မိန်းမ ဒီမနက်ခင်း ပဲပြုတ်ရောင်းရင်းနှင့် တစ်ယောက် ယောက် နဲ့ ကတောက်ကဆ ဖြစ်ခဲ့ပြီထင်တယ်။

“ ကဲ … မိန်းမ ဒီမနက်ခင်း ဒေါ်လင်းဆေးလိုဟန်က ပါတိတ်ဝမ်းဆက် နောက်တစ်စုံထပ် ကြွားလာပြန်ပြီလား ”

ပြုံးစိစိဖြင့် မေးသော ကျွန်တော့် မေးခွန်းကား တက်တက်စင်အောင်လွဲ၏ ။

“ ဘယ်ကလာတော် … တော် ပြောလိုက်ရင်လေ ဘောလုံးဂျာနယ်ထဲက ပွဲကြိုခန့်မှန်းချက် လို တလွဲချည်းပဲ။ နောက်တစ်ခါလာပြန်တော့လည်း ဟိုအိတ်ဆောင်ဗေဒင် စာအုပ်ထဲကလို တစ် စက်ကလေးမှမမှန်းဘူး ”

“ နို့ ဒါဖြင့် ဓာတ်လှေကားပျက်နေလို့လား ”

မေးစရာဆိုလို့ ဒါပဲရှိတော့သည်။ ကျွန်တော် နှင့် ဇနီး ဖြစ်သူ ပဲပြုတ်သည် အင်ဂျလီနာတို့စံ မြန်းရာ “၃၉၈” လွှာရှိ ကွန်ဒိုတိုက်ခန်းကို တစ်ခါတစ်ရံဇနီး ဖြစ်သူမှာ ခြေလျင်တက်ရရှာသည်။ ဈေး ပေါပေါဖြင့် ၀ယ်ထားရသော ဤတိုက်ခန်းကိုတက်ရန် ဓာတ်လှေကားမှာ မကြာခဏဆိုသလိုပျက် တတ်သည်ကိုး။

“ ကျုပ်မောင်ကြီးရယ် အပေါ်ထပ်ကသင်္ဘောသားမိန်းမ ဂျနီလိုဖာပက်(ဇ်)ကြောင့် ပါတော် ။ ဒီကောင်မက ကျုပ်ဆီကသာ ပဲပြုတ်အကြွေးယူစားနေတာ ဟော … ခု ပေါင်ထားတဲ့ စိန်နားကပ် ပြန်ရွေးထားပြီး တော် ရေ ”

မဲ့ကာရွဲ့ကာဆိုသော ချစ်ဇနီးအင်ဂျလီနာ၏ စကားအဆုံးမှာ … ကျွန်တော် ခမျာ ဖော်လိုမ လိုက်ချင်နှင့် ဟာမိုနီ ဖြစ်အောင် ဖောပေးရတော့သည်။

“ နို့ နေပါဦး … မင်းကိုဘယ်သူကပြောလိုက်ပြန်ပြီလဲ ”

“ လင်ဆေးလိုဟန်ပြောလို့ သိတာတော် ရေ။ သူပြောလို့ ကျုပ်လည်း သတိထားကြည့်မိ တယ်။ ဟုတ်ပါ့တော် … သင်းက စိန်နားကပ်ကိုလူမမြင်အောင် မီးခြစ်ဆံနဲ့နားဖာကလော်ပြသ တော့ ”

“ အာ … မိန်းမကလည်းကွာ … သူ့ဘာသာသူ နားယားလို့ ကလော်တာနေမှာ ပါ ”

“ တော် … အဲဒါကြောင့် လည်း တော့် စကားကို ဘောလုံးပွဲကြိုခန့်မှန်းချက်နဲ့နှိုင်းရတာ ။ အ ဖြစ်ကိုမရှိဘူး။ သူနဲ့မျက်နှာချင်းဆိုင်အခန်းက မက်ဒေါနားက ကျုပ်ကိုလက်တို့ပြီး ပြောပြလိုက်ကာ … နှစ် ရက်ရှိပြီတဲ့။ သဘော ကတော့ နားကပ် ပြန်ရွေးထားတာ နှစ် ရက်ရှိပြီဆိုတဲ့သဘော ရှင်းပြီး လား ”

“ ရှင်းပါပြီဗျာ ”

အလွှာပေါင်း “၄၀၀” တိတိရှိသော ကျွန်တော် တို့ကွန်ဒိုမှာ ကျွန်တော့် မိန်းမ,မသိတာမရှိ။ ကျွန်တော် ၏ မိန်းမက ထိုမျှ ထက်မြက်၏ ။

“ တောက် … ဒီလိုမှန်းသိရင် အစောကြီးကတည်းက သင်္ဘောသားယူပါတယ်။ အခုတော့ သင်းနဲ့ညားလို့ ပဲပြုတ်သည် ဖြစ်ရတာ ပဲ အဖတ်တင်တယ်။ မိအေးနှစ် ခါနာဆိုတာ ဒါမျိုးနေမှာ ”

ရေခဲသေတ္တာထဲမှ ရေသန့်ပုလင်းလိုက် မော့သောက်ရင်း … ဗျစ်တောက်ဗျစ်တောက်ရွတ် နေသော ချစ်ဇနီး၏ နားပေါင်ဟောင်းလောင်းလေးကိုကြည့်ရင်း စိတ်ထဲမှာ နင့်ခနဲ။

မိန်းမအပေါ်မှာ တာဝန်မကျေသလို ဖြစ်နေပြီလားဟု တွေးရင်း ထိုနေ့ညက တစ်ညလုံးအိပ် မပျော်။ မိန်းမ ကတော့ စိန်နားကပ်နှင့် ပါတိတ်ဝမ်းဆက်ကို အိမ်မက်ထိထည့်ယောင်သည်။

အိပ်မက်ထဲက ကျုပ်မိန်းမကြွားနေပုံက …

“ သွားတုန်း ကတော့ စိန်နားကပ်အ၀ယ်ဆိုပြီး သွားလိုက်တာလေ။ ပါတိတ်အဆင်အသစ် ရောက်တယ်ဆိုလို့ ၀င်ကြည့်ရင်း တစ်ဆိုင်လုံး … အားလုံးသိမ်းဝယ်ပြန်လာလိုက်တာ … အဟင်း ဟင်း” တဲ့။ သူ့ဘော်ဒါတွေ ကို (ကြွားနေတာ)

နံနက်မိုးသောက်အလင်းရောက်တော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ပီပီပြင်ပြင်ချပြီး နေပြီ ဖြစ်သည်။ ပဲပြုတ်တောင်း ခေါင်းပေါ်ရွက်၍ ထီဘီကိုခပ်တင်းတင်းဝတ်ကာ ဟန်းဖုန်းကိုခါး ကြားထိုးပြီး ပဲပြုတ်အရောင်းထွက်ရန်ပြင်နေသော ဇနီးဆီကပ် ဖြစ်သည်။

“ မိန်းမ ”

“ အလိုတော် စာရေး ဆရာကြီး ထူးထူးဆန်းဆန်း အစောအစီးထလို့ပါလား ”

“ မင်းကို မေးစရာရှိလို့ပါ ”

“ ဆို ”

“ မင်းလည်း ဟောလီဝုတ်(ဒ်) ကလာတာပဲ။ မုန့်ဟင်းခါးလောက်တော့ ချက်တတ်မှာ ပေါ့ ”

“ ချက်တတ်တာပေါ့တော် …. နေပါဦး … တော် က ဘာကိစ္စမေးရတာ တုံးတော့ ”

အံ့အားတသင့်မေးတော့ ဇနီးကို ရှက်ဝဲ၀ဲဖြင့် ကျွန်တော် ပြုံးပြမိရင်းက …

“ ဟို … မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ အခုလိုမင်းက ဈေးတောင်း ခေါင်းရွက်ပြီး အပိုငွေရှိချိန်မှာ ငါကလည်းအပိုဝင်ငွေရအောင် မနက်ပိုင်းမှာ အထမ်းနဲ့ မုန့်ဟင်းခါးထွက်ရောင်းရင် ကောင်းမလားလို့။ အဲဒီ ကရတဲ့ငွေကိုစုပြီး မင်းအတွက်စိန်နားကပ်လေး ဘာလေးဝယ်ချင်ဝယ်ရတာ ပေါ့ ”

ကျွန်တော့် စကားကို ဇနီးအင်ဂျလီနာ တစ်ယောက် အံ့အားတသင့်ကြီးသင့်ကာ ၀မ်းနည်း ၀မ်းသာဟန်ဖြင့် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်ကာလာသည်။ မျက်ဝန်းမှာ မျက်ရည်တို့ ဝေ သီလျက်ကာ …

“ ကျုပ် … ကျုပ်မောင်ကြီး ”

“ ၀ုန်း ”

ဟုတ်ကဲ့ …. အင်ဂျလီနာ တစ်ယောက် ကျွန်တော့် အား (ကျုပ်မောင်ကြီး) ဟု ၀မ်းခေါင်းသံ ကြီးနှင့် ခေါ်ရင်း ခေါင်းပေါ်က ပဲပြုတ်တောင်းကို “၀ုန်း” ခနဲ ကြမ်းပေါ် ပစ်ချလိုက်သည်။ ပြီးဓာတ် ရှင်တွေ ထဲကလို slow motion ဖြင့် လိမ်ကျစ် လိမ်ကျစ်လှမ်းလာကာ ကျွန်တော့် အား အာဘွားကို ခပ်ကြမ်းကြမ်းပေးလိုက် လေတော့သည်တမုံ့။

နောက်နေ့နံနက်မှစ၍ နံနက်တိုင်းလင်မယားနှစ် ယောက် ဟန်းဖုန်းကိုယ်စီခါးကြားထိုးကာ မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဖြင့် လမ်းတကာ၊ အိမ်တကာသို့ … ဈေးရောင်းထွက်ကြလေသည်။

“ ဟောဒီက … ပဲ … ပြုတ်(စ်)” ဟူသော အသံပြာအဆုံးမှာ “မုန့်ဟင်းခါးရမယ်” ဆိုသော အသံဝါကြီးကြီး ဆက်တိုက်ပေါ်လာပါက အညတရစာရေး ဆရာနှင့် သူ၏ ချစ်ဇနီးအင်ဂျလီနာဟု သာ မှတ်လိုက်ပါမိတ်ဆွေ။

မှတ်ချက်။ ။ ဟောလီဝုတ်(ဒ်)လက်ရာ ပဲပြုတ်နှင့် မုန့်ဟင်းခါးကို အထူးအော်ဒါမှာ ပါက လည်းအိမ်တိုင်ယာရောက် လိုက်ပို့ပေးမည် ဖြစ်ကြောင်း။

(အင်ဂျလီနာ၏ အရင်ဘ၀က ခင်ပွန်း)

•••

ဈေးထဲမှာ

မြို့မဈေးကြီး၏ ဈေးတော် သူ ဈေးတော် သားတို့သည်လည်း IT ခေတ်ကြီးတွင် ဘာရယ် ညာရယ်မဟုတ် ဘိုလို တောင်တစ်ခွန်း မြောက်တစ်ခွန်းညှပ်ကာညှပ်ကာဖြင့် ပြောလာသည်။

အခုပဲ ငါးစိမ်းသည်လင်မယား ရန် ဖြစ်နေသည်ကို ကြည့်တော့။

“ တော့် ကို … ကျုပ်ပြောထားပြီးသား၊ Dicsount (လျှော့၍ ရောင်းသည့်ဈေး) ဒစ်စကောင့် ဈေးဆိုရင်၊ ဒစ်စကောင့် အလေးနဲ့ချိန်။ အဲလေ၊ ဟိုဒင်း တော် ဈေးကို အဲဒီ လောက်ထိ ဒစ်စကောင့် ချထားရင်၊ အလေးက ရှစ်ဆယ်သားအလေးပေါ်ကို အဲလေ ယောင်ပြန်ပြီ။ တစ်ပိဿာလေးပေါ်ကို နောက်ထပ် အလေးမဖြည့်ပေးတော့နဲ့၊ လျှာဇောက်ထိုးချိန်မပေးနဲ့လို့ အမြဲတမ်း ဒီလောက် (train- ing) ထရိန်နင်ပေးထားတဲ့ကြားက အလုပ်ကိုတန်ဖိုးမထားဘူး ”

“ ဟ နင့်တူမလာဝယ်တာဆိုတော့ ငါလည်း ဘာတဲ့ … ဒစ်စ်ကောင့်ချပေးပြီး အလေးတင် ပေးလိုက်တာပါဟာ ”

“ သြော် ဒီလိုလား စောစောကပြောရောပေါ့ ယောက်ျားရယ် … တော် ဒီလောက်မပိန်းပါဘူး လို့ … ထင်တော့ထင်သား sorry ပါတော် … sorry အဟီး ”

ငါသည်းကြီး … ဒေါ်စိန်ကခုမှ ပြုံးနိုင်လာတော့သည်။ စောစော ကတော့ သူ့ယောက်ျားကိုပဲ ထသတ်တော့မလိုဒေါသတွေ ထွက်လို့။

“ ဖရှက်(ရှ်) Fresh ဖြစ်တာလေးကော ရွေးပေးလိုက် ရဲ့ လား ”

“ သူ့ဘာသာသူ … ရွေးသွားတာပဲ။ ဒါနဲ့မိန်းမ Tea Shop သွားလိုက်ဦးမယ် … ပေးစမ်းပါဦး နည်းနည်း လောက် ”

“ ကျုပ်အတွက် ဗေလုဝကြော်ငြာတဲ့ Hi Tea တစ်ထုပ်လောက် ၀ယ်ခဲ့စမ်းပါဦးတော် ။ ရော့ ရော့ ပိုက်ဆံ ”

ထိုသို့ နှယ် တောင်တစ်ခွန်း၊ မြောက်တစ်ခွန်းစ ဘိုလို ညှပ်ကာညှပ်ကာပြောပြောနေကြ သော ဈေးကြီးတွင်းသို့ ကျွန်တော် ရောက်လာသည်။

“ ဟကောင် ပြည့်ပိုင် ”

ထွန်းနောင်ဦး၏ သနပ်ခါးတုံးဆိုင်ရှေ့ကအဖြတ် ဆရာသမားက ကျွန်တော့် ကို အာပြဲကြီ ဖြင့် လှမ်းခေါ်သည်။

“ ဘာလဲကွ ”

“ ငါ Toilet (အိမ်သာ) သွားချင်လို့ကွ၊ ဆိုင်ခဏလေး စောင့်ပေးစမ်းပါကွာ၊ ဒီအပုံထဲကဆို ရင် တစ်တုံးကိုငါးရာအနည်းဆုံး၊ အလယ်ကအပုံထဲကဆိုရင် တစ်ထောင်အနည်းဆုံး၊ ဟိုဘက်ဆုံး က ရှယ်အပုံထဲကဆိုရင် နှစ် ထောင်အနည်းဆုံး ကြည့်ရောင်းထားလိုက်ကွာနော် ”

မျက်နှာကြီးရှုံ့မဲ့ကာ ဗိုက်ကိုနှိပ်ရင်းဆိုနေသော ဆရာသမားကိုကြည့်ရင်း ကျွန်တော် ခေါင်း ညိတ်ပြ ဖြစ်သည်။ ဒီကောင့်ဆိုင် ကတော့ အမြဲရောက်နေကျမို့ တော် တန်ရုံလောက် ကတော့ ရောင်း ပေးနေကျ။

“ ငါသွားပြီနော်၊ OK နော် ”

“ အေးပါ ”

သကောင့်သား သွားပြီးလို့ သိပ်မကြာခင်မှာ အဒေါ်ကြီး တစ်ယောက် ရောက်ချလာသည်။ ပြီး ထွန်းနောင်ဦးပြခဲ့သော တစ်ထောင်တန်အပုံထဲမှ သနပ်ခါးတစ်တုံးကိုယူရင်း မွှေးကြည့်သည်။

“ ရှင်မတောင်အစစ်ပါ အဒေါ်၊ ဒီမှာ ကျောက်ပျဉ်ရှိတယ်၊ သွေးပြရမလား။ ဈေးလည်းချို တယ်။ အဲဒီ ကောင်က အသွေးလည်း ခံတယ်။ အပွေးကရင့်တော့လေ … မြင်တဲ့အတိုင်းပဲ ”

ကြားနေကျ၊ နားရည်ဝနေသော ထွန်းနောင်ဦး၏ လက်သုံးစကားတို့ကို မှတ်မိသလောက် ဆီလျော်အောင်ရွတ်ပြရသည်။

“ ဘယ်လောက်လဲ ”

“ ထောင့်တစ်ရာပဲပေး အဒေါ် ”

တစ်ရာပိုပြောလိုက်သည်။ အခြားကြောင့် တော့မဟုတ်။ သေချာပေါက်ဈေးဆစ်မှာ မို့ လျှော့ ရန်အတွက် ပိုပြောရခြင်း ဖြစ်သည်။ ထွန်းနောင်ဦးဆိုင်မှာ ကျွန်တော် ရောက်သလောက် ဈေးမဆစ် သော ဈေးဝယ်သူမရှိ။ တစ်ထောင့်တစ်ရာပြောမှ တစ်ထောင်တင်မည် ဖြစ်သည်။

“ ဈေးများ တာပေါ့ကွယ်၊ ဒီ (Quality) ကွာလတီနဲ့ ဒီဈေး၊ သိပ်များ တာပေါ့၊ လျှော့ပါဦး ”

“ အလဲ့၊ သူကလည်းမခေပါလား” ဟု ကျွန်တော် တွေး ဖြစ်သည်။ ဘိုလိုညှပ်ကာ ကွာလတီ တွေ ဘာတွေ လုပ်လိုက်သေးသည်။ ကျွန်တော် ဆိုသော ကောင်ကလည်း ထွန်းနောင်ဦးဆိုင်မှာ အားတိုင်းယားတိုင်းလာပြီးစစ်တုရင်ထိုးနေကျမို့ သည်အထာတွေ သိနေသည်။ ချက်ချင်း ကြီးသွား လျှော့လို့မရ။

“ လျှော့ပေးလို့မကိုက်ဘူး အဒေါ်ရ၊ စိတ်ချ ဈေးမများ စေရဘူး ”

“ အိုး ဒစ်စကောင့်တော့ရှိရမှာ ပေါ့၊ တစ်ခွန်းဆိုင်လည်း မဟုတ်ဘဲနဲ့ … ငါလည်း မတရားမ ဆစ်ဘူး၊ ခြောက်ရာထား ”

“ ဗျာ ”

တစ်ခွန်းတည်းနဲ့ “ဗျာ” သွားရသည်။ မတရားမဆစ်ဘူးလည်းဆိုသေး။ ဆစ်လိုက်ပုံက ထက်ခေါက်ချိုးပင်မက။

“ မကိုက်လို့ပါ အဒေါ်ရယ်၊ ကဲ ဈေးဦးပေါက် တစ်ထောင်တော့ပေးခဲ့ … နော် ”

“ ကဲ ကဲ ခြောက်ရာ့ငါးဆယ်ထား ”

“ မရလို့ပါအဒေါ်ရယ်၊ တစ်ထောင်တော့ ”

“ ကဲပါ၊ ခုနစ်ရာ ”

“ တစ်ထောင် ကတော့ နောက်ဆုံးဈေးပဲအဒေါ် ”

ကျွန်တော် လည်း ငိုချင်လာသည်။ အဘွားကြီးက ထိုင်ရာက မထတော့။ အဲ ခုနစ်ရာက လည်းပိုမပေးတော့။ ဟိုခွေးကောင်ကလည်း ခုထိမလာသေး။

“ ဈေးဦးပေါက်မို့လို့ တစ်ထာင်ပေးထားတာပါ ”

“ ကဲ မင်းကလည်း အရမ်းကြီးတင်းခံမနေနဲ့၊ နောက်ဆုံး ဈေးပေးလိုက် မယ်။ Last Price လပ်စ်ပရိုက်ပေါ့ကွယ် ”

အဒေါ်ကြီးက မြိန်ရေရှက်ရေကြီး “လပ်စ်ပရိုက်စ်” လိုက်တာက ကိစ္စမရှိ။ ကျွန်တော့် မျက် နှာဆီကပ်ပြီး ပြောထည့်လိုက်သည်မို့ တံတွေးတို့ကလာစင်သည်။

“ ခုနစ်ရာ့နဲ့မှငါးဆယ်၊ ကဲ … ဘယ်လိုလဲ ”

“ မရလို့ပါ အဒေါ်၊ ကျွန်တော် ကလည်း တအားကို ရောင်းချင်ပါတယ်၊ ဘယ်လိုမှမကိုက်လို့ ပါ။ တစ်ထောင် ကတော့ … ”

“ တော် ပြီ၊ မပေးနိုင်တော့ဘူး တစ်ထောင်၊ ဈေးထဲမှာ သနပ်ခါးဆိုင်တွေ ပေါလွန်းလို့၊ မင်း တစ်ဆိုင်တည်းရှိတာ မဟုတ်ဘူး။ ဘယ့်နှယ်တော် ၊ အံ့ပါရဲ့ ။ သနပ်ခါးတုံးလေး သွားကြားထိုးတံ လောက်ရှိတာကို တစ်ထောင်တဲ့။ ရောင်းရပါလိမ့်မယ် အားကြီးကြီး။ ဘယ် Customer ကပ်စတမ် မာမှ မအဘူး။ မှတ်ထား ”

အဒေါ်ကြီးက လက်ဖမိုးနှင့် လက်ဖ၀ါးကို တဖြန်းဖြန်းရိုက်ကာ ဒေါသအလျောက် ဆောင့် ကြီးအောင့်ကြီးဆိုရင်း လိမ်ကျစ်လိမ်ကျစ်ဖြင့် ထွက်သွားသည်။

မျက်နှာကိုလာစင်သော တံတွေးတို့ကိုသုတ်ရင်း သက်ပြင်းကိုချ ဖြစ်သည်။ လက်မောင်းလုံး လောက်ရှိသော သနပ်ခါးတုံးများ ကို သွားကြားထိုးတံလောက်ဟု နှိုင်းသွားလိုက်သေးသည်။ အစ အဆုံးသာ ဘိုလိုပြောသွားလို့ ကတော့ ကျွန်တော့်  မျက်နှာတစ်ခုလုံး တံတွေးများ နှင့် ကွက်ကြားမိုး ရွာသွားနိုင်သည်။

“ အကြာကြီးစောင့်လိုက်ရလား၊ ဆောရီးကွာ ”

“ ဆောရီးမနေနဲ့၊ ဒီမှာ တစ်ထောင်တန်သနပ်ခါးတုံးကို မင်းဖောက်သည်ကြီးက ထိုဆစ်နေ တာ ခုနစ်ရာကကို မတက်ဘူး။ နောက်ဆုံးဈေးပေးတာ ခုနစ်ရာ့ငါးဆယ်တဲ့ ”

“ အလကားပေးလိုက် တာ မဟုတ်ဘူး ”

ထွန်းနောင်ဦးက စပ်ဖြီးဖြီးဖြင့် နောက်သည်။ သကောင့်သားကိုဆဲရေး ကာ နှုတ်ဆက်ရင်း အမေမှာ သော ကြက်သားဝယ်ရန် ကြက်သားတန်းကိုထွက်ခဲ့သည်။

ကြက်သားတန်းမှာ ၀ယ်နေကျ မချိုမော်တင်ဆိုင်ရှိသည်။ အခုတော့ မချိုမော်တင်ဆိုင်မ ထွက်သဖြင့် သူမ၏ ဘေးဆိုင်က ကြက်သားသည်အသစ် မမိသေးဆီမှာ ၀ယ်တာ နှစ် လခန့်ရှိပြီ ဖြစ်သည်။

ကြက်သားတန်းရောက်တော့ ကျွန်တော် ကြောင်သွားသည်။ ဆိုင်မထွက်တာကြာပြီ ဖြစ် သော မချိုမော်တင်က ပါတိတ်ဝမ်းဆက်ဖြင့် ရှိုးထုတ်ထားရင်းက လှမ်းပြုံးပြသည်။ မမိသေးက လည်း ကာလာစုံတင်ထားသော မျက်ပေါ်မှာ အပြုံးကိုဆင့်ရင်း လှမ်းပြုံးပြသည်။ နှစ် ယောက် စလုံး ကို အားနာစွာ ပြန်ပြုံး ဖြစ်သည်။

“ ကိုဟ၀ှာ ”

“ ကိုဟိုဒင်း ”

နှစ် ယောက် စလုံးထံမှ တစ်ပြိုင်တည်းခေါ်သံထွက်သည်။ ကျွန်တော် ကရပ်နေတုန်း။ မချို မော်တင်နှင့် မမိသေးက တစ်ယောက် ကို တစ်ယောက် ကစ်တော့မည့် စတိုင်ဖြင့် ဒေါနှင့် မောနှင့် ကြည့် သည်။ သူမတို့နှစ် ယောက် ၏ တူညီပုံက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်နေကြခြင်း ဖြစ် သည့်အပြင် နှစ် ယောက် စလုံးကလည်း အပျိုရှုံးအောင်လတ်ကြတုန်း။ (အဲလေ … လှကြတုန်း)

“ ဒီမယ် … ညည်းအိုဗာတင်းမလုပ်နဲ့နော်၊ ဒါ့ ဖောက်သည်ဟဲ့၊ လုံးလုံး၊ လုံးလုံးမမြင်လိုက်နဲ့ ငါ့ဖောက်သည်ဆိုတာ ငါကမှတ်မိပြီးသား ”

ရန်ပွဲက စရန်တာစူနေပြီမို့ ကျွန်တော် နေရထိုင်ရခက်သွားရသည်။

“ နှစ် ယောက် စလုံးရဲ့ ဖောက်သည်တဲ့ဟဲ့။ အံ့ပါရဲ့ အေ။ ယောက်ျားတွေ ကြက်သားဝယ်ရင် ဒီကောင်မတွေ ဆိုင်ချည်းပဲ ”

မကြားတကြားရွတ်သွားသော ကွိစိ၊ ကွစအသံကြောင့် ကျွန်တော် ပိုလို့နေရထိုင်ရခက် သွားရသည်။

“ ငါ့ဆီလာနေကျ၊ မယုံရင်မေးကြည့်၊ ငါ့ဖောက်သည်ကိုများ ကြောင်တောင်နှိုက်ချင်တယ်၊ ဒီမယ် ကိုဟ၀ှာ ရှင်နဲ့ ကျွန်မက ကြာပြီနော် ”

“ ဗျာ ဟုတ်ကဲ့၊ အဲ … မဟုတ်ကဲ့ ”

ကျွန်တော် ကျောကျိန်းကာသွားရသည်။ သူမပြောပုံက ဘာလိုလိုကြီး။

“ ဟား ဟား ဟား ”လို့တောင် မရယ်ချင်ဘူး။ သူ့ဆီလာနေကျတဲ့။ ဒီမယ် ကိုဟ၀ှာ၊ ပြောပြ လိုက်စမ်းပါ။ ဒီက “ချိုမော်တင်” နဲ့က “ပျိုဖော်ဝင်” ကတည်းက ဖောက်သည်လို့၊ အခုပဲ ကလေး သုံးယောက် ရှိနေပြီ။ ဟွန်း ဟွန်း၊ ဒါမျိုးတော့မကြောနဲ့ ”

“ ဟုတ်တယ် မဟုတ်လား ကိုဟ၀ှာ ”

“ ဟုတ် အာ မဟုတ်၊ အဲလေ ”

ဘာပြန်ဖြေလိုကရမှန်းမသိ။ သူမပြောလိုက်ပုံက ဟိုလိုလိုဒီလိုလိုကြီး။ ကာရန်တွေ နဘေ တွေ နဲ့တောင် လုပ်လိုက်သေး။ ဘေးကလူတွေ ကလည်း ကျွန်တော် တို့သုံးယောက် ၏ သုံးပွင့်ဆိုင်၊ အဲလေ ဟုတ်ပေါင်၊ ကျွန်တော် တို့သုံးယောက် ကိုဝိုင်းကြည့်ရင်း ထင်ရာမြင်ရာတွေ ပေါက်ပေါက် ဖောက်နေကြလေပြီ။

“ ကလေးမတွေ က ငယ်တုန်းရွယ်တုံးဆိုတော့ အေရယ် … သိတယ်မဟုတ်လား၊ ယော ကျာ်းတွေ အကြောင်း ”

အရေး ထဲ ယောက်ျားဋီကာချဲ့သူကချဲ့။ ပွဲကလည်း အရှိန်က တက်လာသည်။

“ ကိုဟိုဒင်း၊ ဒီကိုလာနော်၊ ကျုပ်ဖောက်သည်ဆိုတာ သက်သေပြလိုက်စမ်းပါ … ”

“ ဟား ဟား ဟား လို့တောင် မရယ်ချင်ဘူး။ ကိုဟ၀ှာ၊ ဒီကိုတန်းနေအောင်လာနော်။ တော် နဲ့ကျုပ်က အခုမှမဟုတ်ဘူး။ ကြာလှပြီ။ အခုပဲ အကြီးကောင်တောင် ရှစ်နှစ် ရှိ၊ အဲတော့ … ပြေးပြီ။ ကောင်မေ … နင့်ကြောင့် ငါ့ကပ်စတမ်မာ တစ်ယောက် ကင်န်ဆဲလ် (Cancel) ဖြစ်ပြီ၊ အရှက်မရှိ တဲ့ကောင်မ(စ်) ”

“ အောင်မာမာ စည်းမရှိတဲ့နင့်ကို ငါကပြောရမှာ ။ ငါက နင့်လို (Credit) ခရက်ဒစ်တွေ ၀ိုင်း နေလို့ တစ်ဈေးလုံးက ကြွေးတောင်းခံနေရတဲ့မိန်းမ,မဟုတ်ဘူး ”

“ ဒါ … ငါ့ကို ယုံကြည်လို့ ခရက်ဒစ်နဲ့ရောင်းကြတာ၊ ဘာ ဖြစ်လဲ။ ငါ့ personal (ကိုယ်ရေး ကိုယ်တာ) ကိစ္စကို ၀င်စွက်ဖက်စရာမလိုဘူး။ အိုဗာတင်းမ ”

•••

ထိုအချိန်မှစ၍ ကျွန်တော် ကြက်သားမစား ဖြစ်တော့။ ထို့ကြောင့် သူမတို့ဆီလည်း မသွား ဖြစ်တော့။

နောက်ပိုင်းမှာ ကြားရသလောက် သူမတို့ ကတော့ အခါသင့်လို့ရန် ဖြစ်တိုင်းပင်။ ဘိုလိုညှပ် ကာ … ညှပ်ကာ … ညှပ်ကာ … အဲ … ပြောဆိုကြမြဲဟူ၏ ။

•••

ချွေးစို့ခဲ့တဲ့ည

“ မိန်းမစစ်စစ်ကနေ ယောက်ျား ဖြစ်သွားတဲ့သတင်း၊ သတင်းထူးသတင်းဦးနော် … တစ် စောင်မှတစ်ရာတည်း သိချင်ရင်ဝယ်ဖတ် တစ်စောင်မှ တစ်ရာတည်းနော်၊ အမေးအဖြေတွေ ၊ ဓာတ် ပုံတွေ ပါ,ပါတယ်။ တစ်ရာတည်း ”

လက်ပွေ့သည်၏ အော်သံကြောင့် ဘေးကချစ်သူလေးက စပ်စုလိုဟန်ဖြင့် သူ့ကိုကြည့် သည်။ ဒီသတင်းကအနည်းငယ် ကြာနေပြီ ဖြစ်သော်လည်း ဗဟုသုတနည်းပါးရှာသော ချစ်သူက သိ သေးဟ်မတူ။

“ မောင် မိန်းမစစ်စစ်ကနေ ယောက်ျား ဖြစ်သွားတာတဲ့၊ ဘယ်လိုကြီးပါလိမ့်နော်။ သိချင် လိုက်တာ ချစ်လည်း ယောက်ျား ဖြစ်ကြည့်ချင်လိုက်တာ ”

“ ဘာကွ ”

စပ်ဖြီးဖြီးချစ်သူမျက်နှာက သူဟန့်လိုက်တော့မှ ပြန်တည်သွားသည်။ စိတ်ကောက်သွား ဟန်ဖြင့် ရုပ်ရှင်ရုံဆီရောက်သည်အထိ စကားမပြောတော့။ တော် တော် ကြီးပြန်ချော့ယူရသည်။ ဘယ့်နှယ်ကြံကြံဖန်ဖန် သူများ အ၀ှာပြုတိုင်းသူလည်း အ၀ှာပြုချင်ရတယ်လို့။

ရုပ်ရှင်ရုံမှချစ်သူနှင့် ပြန်လာပြိး အဆောင်ပြန်ရောက်တော့လည်း ဘော်ဒါများ နှင့် ဆွေးနွေး ဖြစ်ကြပြန်သည်။ ထို ဘုန်းပညာကိစ္စကြီးကို။

ကြုံတောင့်ကြုံခဲ့ ဖြစ်တောင့် ဖြစ်ခဲ ထိုကိစ္စအား ည လက်ဖက်ရည်ဆိုင်ထိုင်ပြန်တော့လည်း တခြားအဆောင်မှ ဘော်ဒါများ နှင့် ဆွေးနွေး ဖြစ်ကြပြန်သည်။

တစ်ယောက် တစ်ပေါက်ငြင်းလိုက်ကြ၊ ရယ်လိုက်မောလိုက်ကြနှင့် အဆောင်ပြန်ရောက် သည်အထိ အတောမသတ်နိုင်တော့။

ထိုအကြောင်းကို ညအိပ်ရာဝင်သည်အထိ ဘာရယ်မဟုတ် တွေးမိပြန်သည်။ ညအိပ်မက် မက်တော့လည်း ထိုအကြောင်းက ကပ်ပါနေပြန်သည်။ အိပ်မက်ထဲမှာ တစ်စုံတစ်ဦးက သူ့ပခုံးကို ခပ်ကြမ်းကြမ်းလာပုတ်သည်။

“ ဟကောင် စိုင်းလုံ ”

အရင်းနှီးဆုံအသံမို့ နောက်လှည့်ကြည့်မိတော့ တခြားသူဟုတ်ရိုးလား၊ သူ့ချစ်သူမေဂျာ ကွင်းလေး ယွန်းပွင့်ဖြူ ဖြစ်နေသည်။

“ ချစ် … ချစ် … ဘယ်လိုခေါ်လိုက်တယ် ”

ချစ်သူက နှုတ်ခမ်းကိုဟန်ပါပါတွန့်ကာ ခနဲ့ပြုံးပြုံးရင်း စားလက်စကွမ်းကို “ထွီ” ခနဲ ထွေး ရင်း …

“ စိုင်းလုံလို့ခေါ်လိုက်တာလေကွာ … မင်း နားကန်နေလား ”

“ ဟိုက် ”

ခုမှသေသေချာချာကြည့် ဖြစ်တော့ ချစ်သူကအရင်ကလို “ကွင်း” ပီပီ လှတပတနွဲ့နွဲ့နှောင်း နှောင်းဖြင့် ခါးသေးရင်ချီ မဟုတ်တော့။ တယ့်ကိုယောက်ျားရင့်မာကြီးပုံစံ ဖြစ်လို့နေသည်။ သူမ ဘယ်သို့ သော အကြောင်းကြောင့် ဤပုံစံပေါက်သွားရသနည်း။ ကြည့်ဦး နှုတ်ခမ်းမွေး၊ ပါးမြိုင်းမွေး တွေ တင်းကျမ်းနှင့် ကျားကျားလျားလျားကြီး ဖြစ်လို့နေသည်။ ဘောင်းဘီဒူးပြတ်အောက်မှ သလုံး သားများ မှ ခြေသလုံးမွေးတွေ က ခပ်စိပ်စိပ်ပေါက်ကာနေသည်။ သူ့ရင်ကတုန်ကယင်ကြီး ဖြစ်သွား ရသည်။ ဘယ့်နှယ်ဟာကြီးပါလိမ့်။

“ ချစ် … ချစ် ဘာလို ဖြစ် … ဖြစ် ”

“ ဘာချစ်လဲကွာ … ဘာချစ်လဲ … တောက် ! ဟေ့ကောင် … ငါ … ဆွဲထိုးမိတော့မယ် ”

သူ့စကားကြောင့် သူမကအင်္ကျီရင်ဘတ်ကို ခပ်ကြမ်းကြမ်းဆွဲစေ့ကာ လက်သီးဖြင့် ရွယ်ရင်း … ကြိမ်းသည်။ ပြီး …

“ အခု ငါယောက်ျား ဖြစ်သွားပြီကွ၊ မင်းနဲ့ငါအခုချိန်ကစပြီး ဘော်ဒါ ဖြစ်သွားပြီ … ငါ့ကို “ချစ်” လို့ခေါ်ရင် မျက်ခွက်စုတ်ပြတ်သွားအောင် ဆွဲထိုးခံရမယ် … ကြားလား ”

“ အာ … ဟို … အ၀ှာ … အ၀ှာပြုပြီမို့လား ”

“ ဘာ ဘာအ၀ှာလဲဟေ့ကောင်၊ အူကြောင်ကြောင် မလုပ်နဲ့နော် … တောက်! ငါလုပ်လိုက် တော့မယ် ”

အင်္ကျီရင်ဘတ်ကို ခပ်ကြမ်းကြမ်းဆွဲစေ့ကာ ကြိမ်းပြန်သည်။ လက်သီးတရွယ်ရွယ်ူဖြင့် တ ကယ့်ကိုမုဆိုးတစ်ပိုင်း ကြမ်းတမ်းကာနေသည်။

“ ဟကောင် စိုင်းလုံ အခုအချိန်ကစပြီး ငါ့ကို “ချစ်” လို့လည်းမခေါ်နဲ့၊ ယွန်းပွင့်ဖြူလို့လည်း မခေါ်နဲ့၊ “ကိုဖြူ” လို့ ခေါ်ရမယ် ကြားလား ”

“ အာ …”

“ မခေါ်ဘူး” ဟုလည်း အပြတ်မငြင်းရဲ တော် ကြာ နေရင်းထိုင်ရင်းနှင့် ဆွဲအထိုးခံရတတ် သေးသည်။ ရင်မှာ တစ်ဆို့ဆို့ဖြင့် သူမကိုဇဝေဇ၀ါကြည့် ဖြစ်တော့ အူကြောင်ကြောင် ဖြစ်နေသော သူ့ကို ချစ်သူက သဘောတကျဟန်ဖြင့် တဟားဟားရယ်သည်။

ချစ်သူ၏ သွားများ က ယခင်ကလို ပုလဲတစ်လုံး၊ ရွဲတစ်လုံးမဟုတ်တော့။ ကွမ်းချေးအထပ် ထပ်ဖြင့် မည်းညစ်ကာနေသည်။

“ ဟကောင် စိုင်းလုံ မင်းငါ့ကို ဘီယာလိုက်တိုက်စမ်း ”

“ ဘယ်လို ”

“ ဘီယာ လိုက်တိုက် ”

“ အာ မိန်းကလေးပီပီ နေစမ်းပါဟ၊ ဘယ့်နှယ်ဘီယာတုံး ”

“ ဘာကွ! ”

သူ့အပြောကြောင့် ဒေါပွသွားသော သူမ အဲ “ကိုဖြူ” က သူ့ရင်ဘတ်ကိုဒေါသတကြီး ဆောင့်တွန်းရင်း “ဘာကွ” ဟုဆိုသည်။ ပြီး …

“ ငါယောက်ျား ဖြစ်သွားပြီလို့ မင်းကိုဘယ်နှခါပြောရမှာ လဲ ”

ဟု ခပ်ဆောင့်ဆောင့်ဆိုသည်။

သူကလည်း အားကျမခံပင်။

“ ကဲ … ဟုတ်ပြီ၊ မင်းယောက်ျားဆို … ပြစမ်း ”

“ ဘာကွ! ”

“ သက်သေကိုပြောတာ ပြစမ်း၊ အဲ … သက်သေ ”

သူ့အပြောကြောင့် “ကိုဖြူ” ဟု သူ့ကိုယ်သူဆိုနေသော ချစ်သူ၏ မျက်နှာတစ်ခုလုံး နီတက် သွားခဲ့သည်။

ပြီးမျက်လုံးထောင့်ကပ်ကာ စဉ်းစားလိုက်သေးသည်။ ပြီးမှ …

“ မင်း … မင်းမျက်လုံး ကန်းနေလား၊ ဟော့ဒီမှာ ပါးမြိုင်းမွေး၊ နှုတ်ခမ်းမွေးတွေ မတွေ့ ဘူး လား၊ ဟော ဟောဒီမှာ ခြေသလုံးမွေးတွေ … တွေ့ လား ငကန်း ”

ချစ်သူတ ဖြစ်လဲ ကိုဖြူစကားကြောင့် သူအားရပါးရ ရယ်ပစ်လိုက်သည်။

“ ဟေ့ကောင် ဘာရယ်တာလဲ၊ ဒီကောင်နာချင်ပြီထင်တယ် ”

“ ဟား ဟား ဟား တချို့မိန်းကလေးတွေ လည်း ခြေသလုံးမွေးတွေ ၊ နှုတ်ခမ်းမွေးတွေ ရှိတာ ပဲ၊ နှုတ်ခမ်းမွေးရှိတာနဲ့ ယောက်ျား ဖြစ်ရောလား ဟား ဟား ဟား ရယ်ရတယ်ဟေ့ ဗြဲ …”

တမင်ပင် သမိန်ပေါသွပ်ရယ်သလို လှောင်ရယ်ရယ်ပစ်လိုက်သည်မို့ ချစ်သူမျက်နှာကြီးနီ သွားသည်။ ပြီး တစ်စုံတစ်ခုကို သတိရကာ ၀င့်ကြွားဟန်ဖြင့် …

“ ဟေ့ကောင် ဒါဘာလဲ ကြည့်စမ်း ”

သူမက ခေါင်းကိုမော့ကာ လည်မျိုမှလည်စေ့ (Adam’s apple) ကိုညွှန်ပြရင်း အထက်စီး လေသံဖြင့် မေးသည်။

“ အဲ … အဲဒါ .. အဲဒါလည်စေ့ ”

“ အေး မင်းဒါတော့မြင်သားပဲ … အဲဒီ လည်စေ့က မိန်းမဆိုရှိမလား ”

“ အဲ … လည်စေ့က … အဲ ”

သူမ၏ လည်စေ့ကိုကြည့်ရင်း သူတအဲအဲ ဖြစ်သွားရသည်။

“ ဟား ဟား ဟား မင်းကအခုဘာပြောချင်သေးလဲ … ငါ ယောက်ျား ဖြစ်သွားတာလက်ခံပြီ လား”

“ …. ”

“ ဟား ဟား ဟား ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းတဲ့၊ မင်းအခုတော့ ၀န်ခံရပြီပေါ့။ ဒီ တော့ မင်း ငါ့ကိုဘီယာလိုက်တိုက် ပေတော့ ”

“ ငါ့မှာ ပိုက်ဆံမရှိဘူး ”

“ ဘာကွ ”

သူတမင် ဘုတောပစ်လိုက်သည်။ ရှိသားပဲ ပိုက်ဆံတွေ အိပ်ကပ်ထဲမှာ အပြည့်။ တမင်အ ညင်ကပ်စွာ စေတနာမရှိ၍ မတိုက်ချင်၊ မတိုက်နိုင်။ ဒါကို ကိုဖြူကရိပ်မိသည်။

“ ဟုတ်ပြီလေ … မတိုက်လည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ငါမိန်းမဘ၀တုန်းက တောင်ကြီးကြိုး တံတားပေါ်မှာ ခိုးခိုးနမ်းခံသလိုမျိုး အခုငါ့ပါးကိုနမ်းရမယ် ဒါပဲ” ဟုဆိုသည်။

“ ဘာကွ! “ ဟု အလန့်တကြားရေရွတ်မိသည်။ ကြည့်စမ်း၊ ဒီပါးမြိုင်းမွေးတွေ နဲ့ အဆီပျံနေ တဲ့ မျက်ခွက်ကြီးကို နမ်းရမတဲ့။ ရွံစရာကောင်းလိုက်ပုံများ ။

“ သွားစမ်းပါကွာ၊ ရွံစရာကောင်းပါ့ ထွီ … ဒီပါးမြိုင်းမွေးတွေ နဲ့ အဆီပြန်နေတဲ့မျက်ခွက်ကို ငါကနမ်းရမှာ လား ဝေါ့ … အန်ချင်တာ ရွံတာ … ထွီ ”

“ ဟား ဟား ဟား အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ကွာ၊ အခုငါကယောက်ျား၊ မင်းကမိန်းမ ဖြစ်နေပြီလေကွာ ”

“ ဘာ … ဘာကွ မင်းရူးနေလား၊ ငါဒီမှာ ကျားကျားလျားလျားကြီး မင်းမမြင်ဘူးလား၊ ဒီမှာ ပါးမြိုင်းမွေးတွေ မင်းမမြင်ဘူးလား၊ ကန်းနေလား တောက်! ”

ဒေါသတကြီးဟစ်အော်တော့ ကိုဖြူက ဟက်ခနဲ လှောင်ရယ်ရယ်သည်။

“ နှုတ်ခမ်းမွေးပါတိုင်း ယောက်ျားလေးလေးလား ရယ်ရတယ်ဟေ့ … ဗြဲ ”

“ မင်း … မင်း တောက်! မင်းကမှမိန်းမ ငါက ယောက်ျားကွ ”

ဇောချွေးတွေ ပြန်ရင်း လက်ညှိုးထိုးကာပြော ဖြစ်သည်။

“ မင်းပြန်လည်းစမ်းကြည့်ပါဦး ”

“ ဘာစမ်းရမှာ တုံး ”

“ လည်စေ့လေ၊ လည်စေ့ မင်းမှာ လည်စေ့ရှိလို့လား ”

ကိုဖြူ၏ စကားကြောင့် သူ သူ၏ လည်စေ့ကို ကမန်းကတန်း စမ်းမိသည်။

“ ဟိုက် ”

မရှိတော့။ သူ၏ လညစေ့မရှိတော့။

“ ဟာ! ငါ့ … လည်စေ့ဘယ်ရောက်သွားပြီလဲ။ ငါ့ လည်စေ့ကြီးမရှိတော့ဘူး၊ ပြဿနာပဲ ”

“ ဟား ဟား ဟား မင်းမှာ လည်စေ့မရှိတော့ဘူး မဟုတ်လား … ဟား ဟား ”

“ ဟေ့ကောင် ဒါ … ဒါ မင်းလက်ချက်ပဲ ဖြစ်မယ်။ ပြန်ပေးစမ်း ငါ့လည်စေ့ပြန်ပေးစမ်း၊ ဟေ့ ကောင် မပြေးနဲ့သူခိုး ”

သွေးရူးသွေးတန်းအော်နေတုန်း သူမ (ကိုဖြူ)က လှစ်ခနဲ ပြေးထွက်သည်။ လိုက်မမီတော့ … ရွဲကုန်သည်ဇာတ်လမ်းထဲက ရွဲကုန်သည်လို သူရူးသွားရသည်။

“ မပေးပေးပေး ပေးပေးပေး ငါ့လည်စေ့ပြန်ပေး … အိုဘာတဲ့တုံး မပေးပေး ပေးပေး ငါ့ လည်စေ့ပြန်ပေး … ”

အလန့်တကြားဟစ်အော်ရင်းက အိပ်မက်က လန့်နိုးလာသည်။ ဇောချွေးတွေ ကြားထဲက ကမန်းကတန်း သူထစမ်း ဖြစ်သည်။ တော် သေးရဲ့ သူ့လည်စေ့ကြီးရှိနေလို့။

“ဟူး” ခနဲ သက်ပြင်းရှည်ကြီးကိုချရင်း … အေးမြလှသော ရာသီဥတုကြားက ဇောချွေးပြန် နေခဲ့သော ကိုယ့်ကိုယ်ကို ရယ်ချင်သွားခဲ့သည်။ အိပ်မက်ထဲမှာ အသည်းအသန်ချောက်ချား နေခဲ့ လိုက်ရပုံများ ။

•••


ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ လေအနှော့မှာ ခြေဆော့တဲ့လိပ်ပြာ နှင့် အခြားဝတ္ထုတိုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကုန်ကြမ်း

ရန်ကုန်သူနဲ့ တောင်ကြီးသား

အချစ်ကို အချစ်နဲ့ပေါင်းရင်…ဖြစ်တယ်