Cover

ရန်ကုန်သူနဲ့တောင်ကြီးသား

♥ ♥ ♥


ပန်းနုရေ…..

နင့်ဆီရောက်ဖို့ ငါဖြတ်ကူးခဲ့တဲ့

နင့်ရဲ့ ပင်လယ်က

ပန်းပင်လယ် မဟုတ်ရင်နေပါ

အလွမ်းပင်လယ် မဟုတ်ရင်နေပါ

အလွမ်းပင်လယ် မဟုတ်ရင်ဘဲ

ငါ…..

ကျေနပ်လှပါပြီ….

“ကိုစိုင်း မင်းပန်းအရမ်းကြိုက်တဲ့ ကောင်မလေးမျိုး….တွေ့ ဖူးလား…”

အဆက်အစပ်မရှိ ထမေးသော ရန်နောင်ကိုကြည့်ရင်း ကျွန်တော် ခေါင်းခါပြ ဖြစ်သည်။

“ဟင့်အင်း….ဘာ ဖြစ်လို့လဲကွ….”

“ငါတို့တွေ့ ထားလို့ကွ…..ကောင်မလေးက ချစ်စရာလေး..နေ့တိုင်း ပန်းတစ်ပွင့်မဟုတ် တစ်ပွင့်ပန်ထားတယ်၊။ ပန်းမပန်တဲ့နေ့ကို မရှိဘူး…။ ပြီးတော့ သူ့ဘေးမှာ ပါပါလာတဲ့ သူငယ်ချင်း နှစ် ယောက် ကလည်း တော် တော် လှကြတယ်…”

“အဲဒီ တော့….”

ရန်နောင့်စကားကို ကျွန်တော် ထောက်ပေး ဖြစ်သည်။

“သူတို့လည်း သုံးယောက် ၊ ငါတို့လည်း သုံးယောက် အဲဒီ မှာ စတွေ့ ကြတာပေါ့…”

တစ်ချိန်လုံး ထိုင်နေရင်း ဘာစကားမှမဆိုသော သူရကလက်ဖျောက်တီးရင်း အားပါးတရ ဆိုသည်။

“မင်းတို့အကွက်တွေ က ပျင်းစရာကြီး…ဒါမျိုးတွေ က ဓာတ်ရှင်တွေ ၊ ၀တ္ထုတွေ ထဲမှာ ရိုး တောင်နေပြီ…”

အရေး မစိုက်သလိုဆိုသော ကျွန်တော့် စကားကြောင့် သကောင့်သားနှစ် ကောင် ဒေါကန် သွားကြဟန်တူသည်။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြရင်း ရှူးရှူးရှဲရှဲ ဖြစ်သွားကြသည်။ ရန်နောင်က…..

“အေးပါ….ငါတို့က အဲဒီ ကောင်မလေးသုံးယောက် ထဲက အလှဆုံးကောင်မလေးကို မင်းအ တွက်ချန်ထားပေးတာ….စိတ်မ၀င်စားရင်လည်းနေပေါ့”

“ထားလိုက်ပါကွာ ဒီကောင်က ငါကြော်မကြိုက်တဲ့ကြောင်မိုက်”

“ဘာကွ….”

ရန်နောင့်စကားကို ထောက်ခံသလိုလိုနှင့် ဘလိုင်းကြီးဆော်သော သူရ၏ စကားကြောင့် ကျွန်တော် ဘာကွ ဟု ထအော် ဖြစ်သည်။

“မဟုတ်လို့လား၊ အသက်ပဲ နှစ် ဆယ်ပြည့်တော့မယ်….မင်း ရည်းစားထားဖူးလို့လား..”

လက်ညှိုးကြီးထိုးရင်းဆိုသော သူရ၏ စကားကြောင့် ကျွန်တော် ရယ်ချင်သွားရသည်။ ပြော သော စတိုင်လ်က သူကပဲ ထားဖူးနေသလိုလို ဘာလိုလို။

“နေပါဦးကွာ….မင်းတို့နှစ် ယောက် ကရော ထားဖူးလို့လား…တစ်ဖက်သားကိုပြောချင်ရင် ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ကြဦး….ဘယ့်နှယ် တစ်ဖက်သားကိုလည်း နှိပ်ကွပ်ချင်သေးတယ် ကိုယ်ကိုယ်တိုင်ကျတော့ အစွမ်းအစကမရှိဘူး။”

ကျွန်တော့် စကားကြောင့် အနာပေါ့တုတ်ကျဆိုသလို နှစ် ကောင်သား ပို၍ ရှူးရှူးရှဲရှဲတွေ ဖြစ်ကုန်သည်။

“မရလို့မထားတာ မဟုတ်ဘူးကွ….အကြိုက်မတွေ့ သေးလို့မထားတာ…”

“အေးလေ….”

ဆတ်ဆတ်ထိမခံသော သူရ၏ စကားကို ရန်နောင်က အေးလေ ဟု ထောက်ခံသည်။ ပြီး..ရန်နောင်က..

“မင်းလည်း အဲဒီ ကောင်မလေးကို မတွေ့ သေးလို့ပါ။ တွေ့ လို့ ကတော့ သဘောကျသွား မှာ မြင်ယောင်သေးတယ်….ကောင်မလေးက နှင်းဆီပန်းလေးတွေ ပန်လိုက်…တစ်ခါတစ်ခါကျတော့ လည်း သစ်ခွလေးတွေ ပန်လိုက်…တစ်ခါတလေကျပြန်တော့လည်း ဘာမှန်းမသိတဲ့ ပန်းလေး တွေ ပန်လိုက်နဲ့ အရမ်းယဉ်တာကွ…အဲနန်းဆန်တယ်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မယ်…”

“ညွန်းလှချည်လားကွ…”

ရန်နောင့်စကားကို ပခုံးတွန့်ရင်း ကျွန်တော် ဆို ဖြစ်သည် သူရက လက်ဖျောက်တီးရင်း..

“ညွန်းမညွန်းဆိုတာ သိရအောင်…မနက်ဖြန်မနက် သူတို့လာရင် ငါ မင်းကိုပြမယ်.. မင်း တစ်ချက်ကြည့်လိုက်…ငါတို့ပြောတာမလွန်ဘူးဆိုတာ မင်း လုံးဝ သဘောပေါက်သွားလိုက် မယ် Ok”

“စိန်လိုက်လေ…မဟုတ်တော့လည်း အပျင်းပြေပေါ့ကွာ”

ဆောင့်ကြွားကြွားဆိုသော ကျွန်တော့် စကားကြောင့် သကောင့်သားနှစ် ကောင်က အောင့် သက်သက် ဖြစ်သွားကြဟန်ဖြင့် အေးပါ ဟုဆိုသည်။

ဘာရယ်မဟုတ်…ကျွန်တော် သကောင့်သားနှစ် ကောင်၏ အောင့်သက်သက်အမူအရာကို ကြည့်ရင်း ရယ် ဖြစ်သည်။

♥ ♥ ♥


“ကိုစိုင်း အမြန်ထ ငါ့ကောင်….ထ…ထ”

သူရက ကျွန်တော့် ကို လှုပ်ကာ အတင်းနှိုးသည်။

“ဘာလဲကွ….အခုမှခုနှစ် နာရီပဲရှိသေးတယ်..အစေားကြီးထစရာလား…အေးဆေးနေစမ်း ငါအိပ်လိုက်ဦးမယ်”

တိုင်ကပ်နာရီဆိုသော်လည်း တိုင်မှာ မကပ်ရရှာသော နံရံပေါ်မှ နာရီကို မျက်လုံးဖြဲကာ လှမ်း ကြည့်ရင်း အိပ်ချင်မူးတူးဖြင့် ကျွန်တော် ဆို ဖြစ်သည်။

“ဟိုမှာ ..ပန်းကြိုက်မေ လာနေလို့…မင်းကို ပြမလို့ကွ..ထ..”

“ဘယ်က ပန်းကြိုက်မေလဲကွ…ငါ့အသိထဲမှာ အဲဒီ့ နာမည် မရှိဘူး…”

“အာ…မနေ့က ငါတို့ပြောတဲ့ ပန်းကြိုက်တဲ့ကောင်မလေးလေကွာ..”

“ငါအရမ်းအိပ်ချင်နေတယ်ကွာ…နောက်မှကြည့်တော့မယ်…”

“ပြီးတာပဲ”

အားကြိုးမာန်တက်ဆိုနေသော သူရ တစ်ယောက် ကျွန်တော့် ကိုကြည့်ရင်း စိတ်ပျက်သွား ဟန်ဖြင့် ပြီးတာပဲ ဟု ခပ်ဆောင့်ဆောင့်ဆိုရင်း ၀ရန်တာဘက်ကို ခပ်သုတ်သုတ်ထွက်သွား သည်။

အိပ်ရာထဲမှာ ကျန်ရစ်ခဲ့ရင်း ကျွန်တော် ပြုံး ဖြစ်သည် တကယ်တော့ ကျွန်တော် ထကြည့် ချင်ပါသည်။ သို့သော် ဟန်ကိုယ့်ဖို့ဆိုသလို နည်းနည်း တော့ အင်တင်တင်လုပ်ထားနိုင်မှ တော် ရုံ ကျမည် ။ သူတို့လာခေါ်တိုင်းသာ ထကြည့်လိုက်လို့ ကတော့ ပြောမဆုံးပေါင် တောသုံးတောင် ဆို သလိုမျိုး ဖြစ်သွားလိမ့်မည် ။ ကျွန်တော် သာ ၀ရုန်းသုန်းကားဖြင့် ထလိုက်သွားမိပါက စိတ်မ၀င်စား ဘူးသာဆိုတယ်။ ငေါက်ခနဲ ထလိုက်လာတာပဲ မဟုတ်လား ဆိုသော သရော်တော် တော် အကြည့် မျိုးနှင့် ခနဲ့တဲ့တဲ့ ၀ိုင်းကြည့်ကြလိမ့်ဦးမည် ။

ဘာပဲပြောပြော ပွဲစကတည်းက အသာစီးရဖို့ အောင့်အီးနိုင်မှတော် ရုံကျမည် ။ အခြား ကြောင့် တော့မဟုတ်။ မိန်းမနှင့် ပတ်သက်၍ စကားဆိုလေတိုင်း ကိုယ်ကချည်း အသာစီးရအောင် အမြဲငြင်းခုန်ထားသည်မို့ အလှည့်ကျလာလျှင် ထုထောင်းတော့မည့်  သကောင့်သားများ ၏ ရန်ကို ကြိုတင်ရှောင်ရှားရခြင်းသာ ဖြစ်သည်။

“ကိုယ့်ရှူးကိုယ်ပတ်၊ ကိုယ့်အတတ် ကိုယ်စူး ဆိုတာ ဒါများ လားတော့ ကျွန်တော် မသိ.. ထကြည့်ချင်နေတာ ကတော့အမှန်ပင်…”

♥ ♥ ♥


“မျက်မှန်းတော့ တန်းမိနေပြီကွ…ဘယ်လိုဝင်ရောရင်ကောင်းမလဲ သူရ”

“ငါလဲ အဲဒါပဲစဉ်းစားနေတာ…”

ရန်နောင့်အမေးကို သူရကတွေးတွေးဆဆဖြင့် ဖြေသည်။

သကောင့်သားနှစ် ကောင် အမေးအဖြေလုပ်နေကြသည်ကို နားထောင်ရင်း အိပ်ရာထဲမှ နေ ကျွန်တော် ပြုံး ဖြစ်သည်။

“စံပယ်တင်မဲ့နဲ့ ကောင်မလေးက ငါတို့အခန်းနဲ့မျက်စောင်းထိုးတိုက်ရဲ့ နှစ် လွှာမှာ နေတာ ကွ”

“အေး ငါပြောတဲ့ပါးချိုင့်နဲ့ကောင်မလေးကည်း အဲဒီ အခန်းရဲ့ အပေါ်ထပ် သုံးလွှာမှာ နေတာ၊ ဒါနဲ့ ဟိုကောင့်အတွက် ချန်ထားပေးတဲ့ မိပန်းကြိုက်က ဘယ်ကနေ ပေါ်ပေါ်လာတယ်မသိဘူး ကွနော်….ထွက်လာရင်တော့ အမြဲတမ်းသုံးယောက် အတူတူချည်းပဲ”

“အေးကွ ခုနစ်နာရီဝန်းကျင်ဆိုရင် ပုံမှန်ထွက်လာကြတယ်…ဧကန္တတော့ သင်တန်း တစ်ခု ခုတက်နေတာ ထင်တယ်…ဘာ ဖြစ်လို့လဲဆိုတော့ နေ့ခင်းပိုင်းလောက်ဆို ပြန်လာတတ်ကြတယ် ကွ..အလုပ်သွားလုပ်တာဆိုရင်ကွာ ညနေပိုင်းမှပဲ ပြန်လာမှာ ပေါ့ ဟုတ်တယ် မဟုတ်လား”

“အင်း..”

နှစ် ကောင်သားပြောလိုက်၊ ထောက်ခံလိုက်လုပ်နေကြသည်ကို အိပ်ရာထဲမှနေ နားထောင် ရင်း ကျွန်တော် စချင်လာသည်။

“မင်းတို့နှစ် ယောက် ကတော့ ၀ါဝါမြင်တိုင်း ရွှေထင်နြေ ကတော့တာပဲ။ မိန်းကလေးချော ချောလှလှမြင်တာနဲ့ အပျိုမှန်းမသိ အအိုမှန်းမသိ ငမ်းကြောထမယ်ဆိုတာချည်းပဲ။ ဣနြေ္ဒလေး သိက္ခာလေးလည်း ရှိကြပါဦးကွ..တစ်ခါတည်း မနက်အစေားကြီး ဆူညံပွက်လောကို ရိုက်နေ တော့တာပဲ တောက် ငါနဲ့များ ကွာပါ့”

ကျွန်တော့် စကားကြောင့် သကောင့်သားနှစ် ကောင်က အီးမှန်ထားသော မျက်နှာမျိုးဖြင့် တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်သည်။ ပြီး သူရက…

“ဘာကွာတာလဲ…လုပ်စမ်းပါဦး..”

သူရ၏ အီလည်လည်အမူအရာဖြင့် မေးသော အမေးကို ချက်ချင်း မဖြေသေးဘဲ..

“ဖြေရမှပျင်းစရာကောင်းတယ်..ဟူသော သဘောဖြင့် ၀ါး ခနဲအကြာကြီးလုပ်ကာ သမ်းပြပြီး တော့မှ”

“ကွာတယ်ဆိုတာက ဒီလိုကွာ“

“အင်း…ဆိုစမ်းပါဦး..”

စကားကိုအစပျိုးမည် ကြံရုံရှိသေး အင်း ဆိုစမ်းပါဦး..ဟုဆိုရင်း ရန်နောင်က သူ့အိပ်ရာပေါ်မှ သားရေခါးပတ်ကို လှမ်းယူပြီး ကျွန်တော့် ဆီလူမိုက်စတိုင်လ်ဖြင့် လျှောက်လာသည်။ သဘောက စကားပြောမှားလို့ ကတော့ သာရေခါးပတ်စာကျွေးမည် ဆိုသည့်သဘော…။

“ဆက်ပြောလေကွာ ဘာ ဖြစ်လို့ရပ်နေတာလဲကွ..”

သူရကပါ သူ့ခုတင်ဘေးရှိ စားပွဲပေါ်မှ လိမ္မော်သီးကို မြှော က်ကာ၊ မြှော က်ကာဆော့်ရင်း လူ ကြမ်းစတိုင်လ်ဖြင့် လှမ်းအော်သည်။

သဘောက ကျွန်တော့် စကားများ သိပ်အချိုးမပြေလျှင် လိမ္မော်သီးဖြင့် လှမ်းဆော်မည့်  သဘော။

“ဟိုကွာ ဘယ်လိုပြောရမလဲ…ငါနဲ့ကွာတယ်ဆိုတာက မင်းတို့နှစ် ကောင်က မိန်းမမြင်ရင် ငမ်းငမ်းတက်..”

“ဘာကွ ဆက်ပြောစမ်း”

ကျွန်တော့် စကားပင် မဆုံးသေး ရန်နောင်က ဘာကွ ဆက်ပြောစမ်း ဟုဆိုရင်း မှော က် အိပ် နေသော ကျွန်တော့် ခြေသလုံးကို ဖျန်းခနဲနေအောင်ရိုက်သည်။ သိပ်အနာလှကြီးမဟုတ်သော် လည်း၊ အမလေးဗျ ဟု ရိုက်သမားကျေနပ်အောင် အော်ပေး ဖြစ်သည်။ ပြီး…။

“ငမ်းငမ်းတက်မဟုတ်ကြဘူးလို့ ပြောမလို့ကွာ။ တစ်ခါတည်း မိန်းမရှေ့ဖြတ်သွားတာ မြင် ရင် တစ်ချက်ကလေးမှ လှန်မကြည့်ဘူး…”

“ဘာလှန်မကြည့်တာလဲကွ”

“မျက်လုံးကိုပြောတာပါကွာ…မျက်လွှာလေးကိုချပြီး ကိုယ့်ဘာသာကိုပဲ နေတတ်ကြ တာပါ။ ငါပဲ တစ်ခါတည်း မိန်းမ တစ်ယောက် ကိုမြင်ရင်…”

“လှန်လည်းကြည့်တယ် ဖြဲရဲပြီးတော့လည်း ကြည့်တယ် ပြုပြဲပြီးတော့လည်းကြည့်တယ် ဟုတ်တယ်မဟုတ်လား”

သားရေခါးပတ်ဖြင့် ရွယ်ကာမေးသော ရန်နောင့်စကားကို ဟုတ်ပါတယ် ခင်ဗျာဟု ကျွန်တော် ရွဲ့တဲ့တဲ့ဆို ဖြစ်သည်။ ထိုအခါမှ သူရကပါ တဟဲဟဲ သဘောကျရယ်ရင်း..

“အေး မြဲမြဲမှတ်ထား ငါတို့နှစ် ယောက် က ဣနြေ္ဒရှိရှိ သိက္ခာရှိရှိနေတဲ့ကောင်တွေ မင်းကျ တော့ ကုတ်ကမြင်း ဆတ်ဆလူး မိန်းမမြင်ရင် နန့်နန့်တက်နေတဲ့နှာဘူး..”

“ဘာ…ကွ”

ဘာကွ ဟုဆိုရင်း ကုန်းရုန်းထသော ကျွန်တော့် ကို ရန်နောင်က အထမခံ ကျွန်တော့် ခါးကို ကမန်းကတန်း တက်နင်းကာ ထားသည်။ ပြီး…

“ဟကောင် ၀န်ခံမလား…ခါးပတ်စာ အကျွေးခံမလား ကြိုက်တာရွေး”

“အဲဒါတော့ မင်းတို့မတရားဘူး…Sorry ပဲ…အမှန်ကိုပြောရမယ်ဆိုရင် နှစ် ယောက် တစ် ယောက် မကလို့ အယောက် နှစ် သိန်းနဲ့ တစ်ယောက် ဖြစ်နေပါစေ မပြောဘူးကွ မှတ်ထား”

အနင်းခံထားရသည့်ကြားက ကြုံးအော်သော ကျွန်တော့် ကို ရန်နောင်က..

“အေးလေ မင်းမပြောလဲ ကိစ္စတော့မရှိပါဘူး...မင်းဟာတဏှာရူးနှာဘူး တစ်ယောက် ဆိုတာ ဣနြေ္ဒသိက္ခာနဲ့နေတဲ့ လူရိုးလေး ငါနဲ့သူရနဲ့က သတ်မှတ်ထားပြီးသားပဲ။ ငါတို့က အမှန်တရားရဲ့ ဘက်တော် သားပီပီ၊ အမှန်တရားဘက်က ရဲရဲရင့်ရင့်ရပ်တည်သွားမယ်။ ဟုတ်တယ်မဟုတ်လား သူရ”

ရန်နောင့်အမေးကို သူရက စပ်ဖြဲဖြဲဖြင့် အေး ဟု ထောက်ခံသည်။

“အမှန်တရားရဲ့ ဘတ်တော် သားတွေ ဟုတ်လား…ဟားဟားဟား လို့တောင်မရယ်ချင်ဘူး. ဘယ့်နှယ် အစောကြီးထပြီး ကောင်မလေးတွေ အလာကို စောင့်ပြီးငမ်းတဲ့ မင်းတို့ကျတော့ဣနြေ္ဒ သိက္ခာနဲ့နေတဲ့ လူရိုးတွေ ၊ အိပ်ရာထဲမှာ ပဲ အေးအေးဆေးဆေးအိပ်နေတဲ့ ငါ့ကျတော့ တဏှာရှုး၊ နှာ ဘူးဟုတ်လား။ တော် တော် လည်း တရားတဲ့အမှန်တရားရဲ့ ဘတ်တော် သားတွေ ပါလား”

“ဟ ငါတို့ကောင်မလေးကိုကြည့်တယ်ဆိုတာက လမ်းသွားလမ်းလာတွေ ကို သမားရိုးကျ၊ သမာသမတ်ကျကျ ရိုးရိုးလေးကြည့်တာကွ…မင်းလိုမျိုး အိပ်ရာထဲက မထတမ်း သူများ သားပျို သမီးပျိုအကြောင်းကိုပဲ တွေးတောကြံစည်နေတဲ့ကောင် မဟုတ်ဘူး။ ငါတို့က ရိုးရိုးကျင့်ပြီး မြင့်မြင့် ကြံတဲ့ကောင်တွေ ကွ။ ပြောရမယ်ဆိုရင် ငါတို့က မကိစ္စနဲ့ပတ်သက်ရင် အင်မတန်သန့်ပြီး ရှာမှရှား တဲ့ လူရိုးလေးတွေ ။ ဟုတ်တယ်မဟုတ်လား…ရန်နောင်..”

“သိပ်ဟုတ် အားကြီးဟုတ်”

သူရ၏ စကားကို ရန်နောင်က လူရွှင်တော် စတိုင်လ်ဖြင့် မျက်ခုံးကိုပင့်ကာပင့်ကာ လုပ်ပြ ရင်း ထောက်ခံသည်။

သူတို့ကိုသူတို့ သူတော် ကောင်းကြီးတွေ လုပ်ကာ ကျွန်တော့ကို ဇွတ်ကြီး မသူတော် လုပ် ခိုင်းနေသော သကောင့်သားနှစ် ကောင်ကိုကြည့်ရင်း ကျွန်တော် အော်ရယ် ဖြစ်သည်။

“တွေ့ လား တွေ့ လား လူကြီးရှက်တော့ရယ်ဆိုတာ ဒါမျိုးပေါ့ကွ။ ကြည့်ပါလား…မှန်တာ အပြောခံရတော့ မဖုံးနိုင်မဖိနိုင် ဖြစ်နေတာ…တဟီးဟီးနဲ့ နည်းနည်း လေးမှကို ဣနြေ္ဒမရဘူး နန့် နန့်ကိုတက်နေတာပဲ လူဆိုး”

သူရက ကတော် စတိုင်လ်ဖြင့် ရှောက်သီးဆေးပြားသည်လေသံဖမ်းပြီး ကျွန်တော့် ကိုဆို သည်။

ဘာရယ်မဟုတ် သူရ ပုံစံကိုကြည့်ပြီး ကျွန်တော် ရော၊ ရန်နောင်ပါ အားရပါးရ အော်ရယ် ဖြစ်ကြသည်။

♥ ♥ ♥


“သုံးယောက် စလုံးက တောင်ကြီးသားတွေ လို့ပြောတာပဲ။ ကိုရီးယားမင်းသားလိုလို ဘာလို လိုနဲ့ စတိုင်လ်တွေ ကတော့ မဆိုးဘူး။”

“ဟိုတစ်နေ့က သူတို့တိုက်မြေညီထပ်က အစ်မ တစ်ယောက် ပြောတာ ကတော့ သူတို့ သုံးယောက် ပေါင်းပြီး မြို့ထဲမှာ ကွန်ပျူတာအရောင်းဆိုင် ဖွင့်ထားတယ်တဲ့ ဆိုင်နာမည် တောင် ပြောသေးတယ်…ငါမှတ်ထားတဲ့ကြားက မေ့သွားပြီဟာ…နေစမ်းပါဦး”

‘ကိုရီးယားမင်းသားတွေ နဲ့ တူတယ်ဆိုသော မူယာ၏ စကားအဆုံးမှာ ကေသီက မေးစေ့ကို လက်ညှိုးဖြင့်ထောက်ကာ ပွတ်ရင်း နေစမ်းပါဦး ဟုဆိုကာ စဉ်းစားခန်းကိုဖွင့်သည်။

“ငါ ကတော့ သတိကိုမထားမိဘူးဟယ်”

ပေါ့ရွှင်ရွှင်ပင်ဆို ဖြစ်သော သူမ၏ စကားကြောင့် မူယာမျက်လုံးကြီးပြူးကာ…

“အံ့ပါရဲ့ ဟယ်…ဒီသုံးယောက် ကိုလေ ဒီတစ်လမ်းလုံးကသိတယ်..ရုပ်ကလေးတွေ က လည်း သန့်သန့်ပြန့်ပြန့်လေးတွေ …စတိုင်လ်တွေ ကလည်းမိ၊ သောက်စားမူးရူးနေတာကလည်း မရှိတော့..ဟိုဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုတာမျိုးပေါ့ဟာ…။ လမ်းထဲက ကောင်မလေး တွေ ကိုမေးကြည့်…အဲဒီ သုံးယောက် ကို မသိဘူးဆိုတာ မရှိဘူး…”

“အဲဒီ လောက်တောင်ပဲလား..”

“ဒီထက်တောင်ပိုသေး”

သူမ၏ ငေါ့တော့တော့အမေးကို ကေသီက ဒီ့ထက်တောင်ပိုသေး ဟု ၀င်ကာဆိုသည်။ ပြီး ကေသီကပင် သူမကိုကြည့်လျက်…

“ဒီမှာ ပန်းနု…မပြောမရှိနဲ့..အဲဒီ သုံးယောက် ထဲက ဘယ်နှစ် ယောက် လည်းတော့မသိဘူး၊ ငါတို့သင်တန်းသွားတဲ့အချိန်ဆို ၀ရန်တာကနေ ခိုးခိုးကြည့်နေတယ်လို့ ငါထင်တယ်..ဘာ ဖြစ်လို့ လဲဆိုတော့..ငါတို့ထွက်တဲ့အချိန်မှပဲ သူတို့လည်း ထွက်ထွက်လာတာ…”

“ဟုတ်တယ်ဟုတ်တယ် ငါလည်းသတိထားမိတယ်..ဒါပေမယ့် ရှိစုမဲ့စု သိက္ခာလေးတွေ ကျကုန်မှာ စိုးလို့ မော့တော့မကြည့် ဖြစ်ဘူး..ဒါပေမယ့် သေချာပါတယ်..ငါတို့ထွက်တဲ့အချိန်မှာ တစ်လမ်းလုံးကြည့်စရာဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ ငါမတွေ့ ဘူး…လမ်းပေါ်မှာ လူက ကျဲတဲတဲရယ်။ ကြည့်တဲ့လူတော့မသိဘူး..အကြည့်ခံရတဲ့လူ ကတော့ ခြေလှမ်းတွေ တောင်ပျက် ချင်ချင်ပဲ…အဟက်…”

မူယာက ပြောင်ချော်ချော် အမူအရာဖြင့်ဆိုရင်း ‘အဟက်’ဟု ရှက်ကိုးရှက်ကန်းဖြင့်ရယ် သည်။

“မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး…နှုတ်ခမ်းတွေ က နာနေကြပြီပေါ့…”

ပြုံးစစဖြင့် မေးသော သူမ၏ အမေးကို မူယာနှင့် ကေသီတို့နှစ် ယောက် စလုံးက လက်ညှိုး ကိုယ်စီကိုက်ရင်း ပြောင်စပ်စပ်နှင့်ပင် ခေါင်းညိတ်ပြကြသည်။

“နင်တို့ကြည့်ရတာ ရည်းစားမထားချင်ကြသေးတဲ့ပုံပဲ..”

ရွဲ့တဲ့တဲ့ဆိုသော သူမ၏ စကားကြောင့် မူယာက မျက်နှာကို တမင်ချီရင်း…

“ကျောင်းပြီးတဲ့အထိ ရည်းစားမထားဘဲ နေလာတာဟဲ့။ ဒီလိုလွတ်လွတ်လပ်လပ် အချိန် မျိုးမှာ မှ ရည်းစားမထားရင် ဘယ်အချိန်သွားထားမလဲ”

“ဟုတ်တယ်…မိကေသီလည်းပဲ မူယာ့လိုပဲ တွေးထားတယ်…”

ရွှတ်နောက်နောက်တွေ လျှောက်ပြောနေသော သူငယ်ချင်းနှစ် ယောက် ကိုကြည့်ရင်း သူမ ရယ် ဖြစ်သည်။ တကယ်တော့ ကေသီးရော။ မူယာပါ ချဉ်းကပ်သူတွေ ဒုနဲ့ဒေးကြားမှပင် ရည်း စားမထားခဲ့ကြတာ ဖြစ်သည်။

“ငါတော့ မောင်းတင်ထားတယ်။ ဒီနေ့ကစပြီး ငါ့ကို ရည်းစားစကားပြောရဲတဲ့လူ ပြော ကြည့်..အင်္ကျီလက်မောင်းပင့်ပြီးတော့ကို…”

“ပါးရိုက်ပစ်မှာ လား..”

ကေသီက အင်္ကျီလက်မောင်းကို တကယ်ပင့်ရင်းဆိုသော အဆိုကို မူယာက ပါးရိုက်ပစ်မှာ လား ဟု ၀င်ထောက်ပေးသည်။ ကေသီက ခပ်တည်တည်ဖြင့်ပင်…

“အေး ရိုက်ပစ်မှာ ”

“ဘာ ဖြစ်လို့လဲ…”

အရယ်တစ်ဝက်ဖြင့် သူမ ၀င်မေး ဖြစ်သည်။ ကေသီက..

“အခုမှ ပြောရလားဆိုပြီးတော့ ပြောတာနောက်ကျလို့ ရိုက်မှာ ..”

ပြောရင်း ကေသီက တဟီးဟီးဖြင့် ရယ်သည်။ မူယာက…

“အေး ငါလည်းပဲ ကြိမ်းထားတယ်။ ဒီနေ့ကစပြီး ရည်းစားစကားပြောရဲတဲ့လူ ပြောကြည့်.. မိမူယာတို့ကလည်းပဲ အင်္ကျီလက်မောင်းပင့်ထားပြီးသား…”

“ပါးရိုက်ဖို့ပဲလား…”

ကေသီက အရယ်တစ်ဝက်ဖြင့်ပင် စကားကိုဝင်ထောက်သည်။ မူယာက…

“ဟင့်အင်း…လက်ချိတ်ပြီး တစ်ခါတည်းလိုက်သွားမလို့”

သုံးယောက် သား ရယ် ဖြစ်ကြသည်။ကေသီက…သူမကိုပခုံးဖြင့်အသာတွန်းရင်း ရယ်ကြဲကြဲ ဖြင့်…

“ဟဲ့…ပန်းနု…နင်ကျတော့ရော…အင်္ကျီလက်မောင်းပင့်မယ့် အစီအစဉ်မရှိဘူးလား..”

“အမလေး ငါတို့ကမှ အင်္ကျီလက်မောင်းပင့်နေဦးမယ်။ သူက အင်္ကျီလက်မောင်းတောင် ပင့်မနေဘဲ တည်ခါးတည်းလိုက်သွားမယ့်ရုပ်…”

ကေသီအမေးကို သူမ မဖြေခင်မှာ ပင် မူယာက ၀င်၍ ဖြေသည်။ ဘာစကားမှမဆိုဘဲ ရယ် နေသော သူမကိုကြည့်ရင်းကေသီက

“သူလည်း အင်္ကျီလက်မောင်း မပင့်ပေမယ့် တစ်ခုတော့ ပင့်မှာ ပါ…”

“ဟဲ့…ဘာပင့်မှာ တုံး…”

“မျက်ခုံးလေ….မျက်ခုံး”

“တော် ပါသေးရဲ့ မျက်ခုံးမို့လို့…ဒါနဲ့ဘာကိစ္စ မျက်ခုံးက ပင့်ရတာ တုံး…”

“ဘယ်တော့လဲ…ဘယ်တော့လဲ…ဆိုတဲ့ သဘောပေါ့ဟာ…ဒီလိုမျိုး…”

ပြောရင်း ကေသီက မျက်ခုံးကိုပင့်ပြသည်။ ကေသီ၏ အိုဗာအက်တင်ကိုကြည့်ရင်း သူမ ရော၊ မူယာပါ ရယ် ဖြစ်ကြသည်။

“တော် စမ်းပါဟယ်…ငါတို့သုံးယောက် ပြောနေတာတွေ များ တစ်ယောက် ယောက် က ကြား သွားရင် အလကားထင်နေပါဦးမယ်…”

“အာ…တကယ်ထင်နေပါဦးမယ် လုပ်ပါ..”

“သြော်….အေး…Sorry အဟီး…”

သုံးယောက် သား ရယ်မော ဖြစ်ကြပြန်သည်။

ရယ်မောခြင်းသည် အမှန်တကယ်တော့လည်း အသက်ရှည်စေရုံသာမက နုပျိုခြင်းကိုပါ ပေးစွမ်းနိုင်သည်ကိုး…။

♥ ♥ ♥


“အဲဒီ ကောင်မလေးက ပန်းအမြဲတမ်း ပန်တယ်ကွ။ ငါသတိထားမိသလောက် ကတော့ ပန်းမပန်ဘဲ အပြင်ထွက်တဲ့ရက်ကို မရှိဘူး”

သူရက သူ၏ ခုတင်ပေါ်မှနေ လှမ်း၍ ဆိုသည်။ အလယ်ခုတင်မှာ အိပ်သော ရန်နောင် ကလည်း…

“ယတြာချေနေတာများ လား…မသိဘူးကွနော်”

“ပန်းစားဘီလူးမ မယ်ကုဝဏ်ဝင်စားထားလားမှ မသိတာကွာ…ကြားဖူးတယ် မဟုတ်လား ပန်းစားဘီလူးမ…မယ်ကုဝဏ်လေ…”

ကျွန်တော့်စကားကြောင့် သရဲကြောက်တတ်၍ အလယ်ခုတင်မှာ အိပ်သော ရန်နောင်က ငေါက်ခနဲထထိုင်သည်။ ပြီး…

“ပေါက်ပေါက်ရှာရှာကွာ…ဘယ်ကဘီလူးမရမှာ လဲ။ ဘာတွေ လျှောက်ပြောမှန်းလည်း မသိ ဘူး”

“အေး ဘီလူးမမဟုတ်ရင်လည်း ဥစ္စာစောင့်မလား ဘာလားတစ်ခုခုပေါ့။ ကြားဖူးတယ် မဟုတ်လား…သိုက်ကလာတာတို့ ဘာတို့…တစ်ခါတည်း လပြည့်ညဆို ဆံပင်ဖားလျားကြီးချပြီး တော့…”

“တော် …တော် စမ်းပါ ကိုစိုင်းရာ…”

ဒီအရွယ်ကြီးရောက်သည်အထိ တစ်ယောက် တည်း ညအပြင်မထွက်ရဲသော ရဲနောင် တစ်ယောက် ပခုံးတွေ ကျုံ့သွားရင်းကဆိုသည်။ မီးရောင် မှိန်ပျပျသာ ထွန်းထားသော မှော င်မည်း နေသည့်အခန်းထဲမှာ အသံတွေ က တိတ်ဆိတ်ကာသွားသည်။ နာရီသံတချက်ချက်မှတစ်ပါး အခြားအသံဗလံများ မရှိ။

“ပြောလို့မရဘူး..အခုတောင် ငါတို့အခန်းထဲရောက်ချင်ရောက်နေမှာ …”

မီးလောင်ရာလေပင့်ဆိုသလို သူရက ကြောက်နေသော ရန်နောင့်ကိုဖြဲ၍ ခြောက်သည်၊ ထိုအချိန်မှာ ပင် ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးတစ်ကောင်၏ အသံကြောင့် ရန်နောင် တစ်ယောက် ကြောက်သွေးတွေ တက်လာသည်ထင့်၊သူ့ခေါင်းရင်းမှမီးခလုတ်ကိုပါ ဖွင့်ပစ်သည်။

ဖျတ်ခနဲ လင်းလာသော မီးကြောင့် ကျွန်တော့် မျက်လုံးတွေ စူးခနဲ ဖြစ်သွားရသည်။

“အာ ဘာလုပ်တာလဲကွ..”

“ခွေး အူနေတာမကြားဘူးလား။ မှော င်မှော င်မည်းမည်းကြီးထဲမှာ ကြက်သီးထစရာကြီးကွ။ မီးဖွင့်ထားတော့ ခွေးဘယ်လောက်အူအူ ကိစ္စမရှိတော့ဘူးပေါ့ကွာ။ ဟုတ်ဘူးလား”

သူရ၏ အမေးကို ရန်နောင်က အကျယ်တ၀င့်ရှင်းသည်။

“မီးဖွင့်ပြီးတော့ မအိပ်တတ်ဘူးကွ။ ခုပိတ်စမ်း အလကား ကြောက်စရာမရှိ ကြောက်နေ တယ်။ ဘယ်လိုကောင်မှန်းကို မသိဘူး”

ပွစိပွစိ ရွတ်နေသော ကျွန်တော့်စကားကို ရန်နောင်က မကြားယောင်ပြုသည်။

“ဟကောင်ရန်နောင် ကိုစိုင်းပြောနေတာ မကြားဘူးလား…ငါလည်း မီးလင်းနေရင် မအိပ် တတ်ဘူး။ ပိတ်ပိတ်ဘာသရဲမှမလားဘူး…ဒီအချိန်သူတို့လည်း အိပ်လောက်ပြီ”

“အာခွေးတွေ အူနေတာမကြားဘူလား ခွေးတွေ က အကြောင်းမဲ့သက်သက် မအူတတ် ဘူးကွ…ဟောဟော အူပြန်ပြီ…ကြားတယ်မဟုတ်လား…”

သူရ စကားကို ရန်နောင်က စောဒကတက်သည်။

“ကြားနေရင် မကြားချင်ရင် နားပိတ်ထားလိုက်ပေါ့ကွာ”

“အေး မင်းတို့လည်း အလင်းရောင် လင်းနေရင် မျက်လုံးမှိက်ထားလိုက်ပေါ့ကွ..”

ကျွန်တော့် စကားကို ရန်နောင်က ချက်ချင်း တုံ့ပြန်သည်။

“ဟ မျက်လုံးမိုက်ထားပေမယ့် မီးလင်းနေတာကြီးက သိသာတယ်ကွ…”

“အေး ငါလည်း နားပိတ်ထားပေမယ့် ခွေးအူးသံမဟုတ်ရင်တောင် တချွတ်ချွတ်အသံတွေ ကြားနေရတယ်ကွ..”

သူရ လှမ်းအော်သည်ကို ရန်နောင်က ကန့်လန့်တိုက်သည်။

“တောက်…သူရဲကောင်း ဟာကျူးလီသေလို့ ၀င်စားထားတာလား မသိဘူး…ဒီလောက် ကြောက်တတ်နေရင် ထဘီဝတ်ထားပါလား..”

ဒေါကန်ကန်ဖြင့် ဆိုသော သူရ၏ စကားအဆုံးမှာ သွေးရှုးသွေးတန်းနှင့် ထမေးသော ရန် နောင်၏ အမေးကြောင့် ကျွန်တော် ရယ်ချင်သွားရသည်။ သူမေးလိုက်ပုံက…

“ထ ထဘီဝတ်ထားရင် နာနာဘာဝတွေ ကပ်လို့မရဘူးပေါ့…အဲဒီ လိုလား…”

“အာ…အဲဒီ လိုလဲ မဟုတ်သေးပါဘူး…”

ထဘီဝတ်လို့များ နာနာဘာဝတွေ ကပ်၍ ပြု၍ မရရိုးမှန်ပါက ဆရာသမား ရန်နောင် ထဘီ ၀တ်အိပ်မည့် သဘောရှိသည်။

♥ ♥ ♥


“ပန်းနု နင့်ဘာသာနင့်စတိုင်လ်ထွင်တာ ကိစ္စမရှိဘူး ငါ့သစ်ခွတွေ ကိုတော့ မျက်စောင်း မထိုးနဲ့နော်…ငါ့ပန်းတစ်ပွင့်ပျောက်တာနဲ့ နင်နဲ့ငါ အသိပဲ”

ဘလိုင်းကြီး ထကောနေသော စန္ဒီ့ကိုကြည့်ရင်း သူမနည်းနည်း တော့ စိတ်လေသွားရ သည်။

“ဘာ….ငါ့သစ်ခွလဲ…နင် ၀ယ်လာတဲ့သစ်ခွပင်က လက်ချိုးရေလို့တောင်ရတယ်…လာဖိန့် မနေနဲ့…ပြီးတော့ နင့်အပင်တွေ လည်း ငါရေလောင်းထားပေးလို့ အသက်ရှင်နေတာ။ နင့်လိုသာ ဆို သေတာကြာပြီ။ မြေသြဇာဆေးလေး ဘာလေး ကျွေးဖို့နေနေသာသာ ရေတောင်လောင်းဖူးတာ မဟုတ်ဘဲနဲ့ အသံကောင်း ဟစ်မနေနဲ့…”

ကင်ခနဲပြန်၍ ဆိုသော သူမ စကားကြောင့် စန္ဒီ တစ်ယောက် အောင့်သက်သက်ဖြင့် ငြိမ် ကျသွားသည်။ အတန်ကြာတော့မှ…

“တစ်နေ့တစ်နေ့ လမ်းထွက်ရင်ပန်းပန်ရတာ အမော။ ပန်းပန်တဲ့စတိုင်လ်တွေ က ကျောက် ခေတ်မှာ ကျန်ခဲ့ပြီ ပန်းနုရဲ့ ။ နင့် Idea တွေ က ခေတ်နောက်ပြန်ဆွဲနေပြီ။ ကြည့်လဲထွင်ဦး..တော် ကြာ…စိတ် ရောဂါ အထူးကူဆီ သွားနေရဦးမယ်..”

မဲ့ကာရွဲ့ကာဖြင့်ဆိုနေသော စန္ဒီ့ကိုကြည့်ရင်း သူမတင်းလာသည်။ ကြည်ဦး သူမ၏ သူငယ် ချင်းများ ဖြစ်သော မူယာနှင့် ကေသီတို့ရှေ့မှာ မှ မဆီမဆိုင်လာပြီး ဒေါက်ဖြုတ်နေသည်။

“အေး…ငါက စိတ် ရောဂါ အထူးကုဆီ သွားပြတဲ့အချိန်ကရင် နင်က စိတ် ရောဂါ အထူးကု ဆေးရုံမှာ အတွင်းလူနာအ ဖြစ်နဲ့ တက်နေရလောက်ပြီ။ နင် သူတစ်ဖက်သားကို လိုက်ကြည့်ပြီး ပေါက်ပေါက်ဖောက်နေရတာ မပျင်းဘူးလား။ သိပ်အားနေရင်လည်း တရားလေးဘာလေး ထိုင် စန္ဒီ။ မကောင်းမြင်စိတ်များ လွန်းလို့ နင်ဂေါက်သွားနိုင်တယ်…”

“မကောင်းမြင်တာမဟုတ်ပါဘူး…နင်တစ်နေ့ပန်းတစ်မျိုးပန်ပြီး စတိုင်လ်ထွင်နေမယ့်အစား ဘုရားလှူလိုက်ပါလား။ ကိုသိုလ်ရအောင် အလကားရှုးကြောင်ကြောင်နဲ့။ ပန်းမကုန်ကုန်အောင် လုပ်နေတယ်။ ပေါလည်းပေါရဲ့ ပါ့…”

စန္ဒီက သူမကို ပိုးစိုးပက်စက်ကြီးဆိုရင်း သူမအခန်းထဲမှ ထွက်ကာသွားသည်။

“ဟဲ့…ငါ့လောက်ဘုရားပန်းလှူတာငါပဲရှိတယ်…ဘုရားခန်းထဲမရောက်တဲ့ နင် ကတော့ ဘယ်သိပါ့မလဲ ဒိဋ္ဌိမရဲ့ ”

ကမန်းကတန်းအော်လိုက်သော စကားကို စန္ဒီက မကြားယောင်ပြုကာသွားသည်။ တံခါးကို ဆောင့်ပိတ်သွားသော စန္ဒီ့ကိုကြည့်ရင်း မူယာနှင့် ကေသီက ပခုံးကိုတွန့်ကြသည်။မနိုင်ဘူး ဆို သည့်သဘော။

“နင်တို့ ညီအစ်မနှစ် ယောက် ကလည်း တည့်တယ်ကိုမရှိဘူး”

“ဟုတ်ပ….အမြဲတမ်းကိုက်နေ…အဲလေ ဖိုက်နေတာချည်းပဲ”

“ငါက မဖိုက်ရပါဘူးဟယ်….မြင်တဲ့အတိုင်းပဲ သူကချည်းအမြဲတမ်းအပြစ်ရှာနေတာ။ အားရင် ပြဿနာရှာဖို့ ငါ့အခန်းကိုလာပြီး။တစ်နေ့တစ်နေ့ သုံးခေါက်လောက်ကို လာတာ”

“သြော်…နင်ကလည်းသူ့ညီမလေးကို ချစ်လွန်းလို့မျက်စိအောက်က အပျောက်မခံနိုင်လို့ လာလာကြည့်နေတာ နေမှာ ပေါ့။ တစ်နေကုန်ထို်င်ပြီး တစိမ့်စိမ့်ကြည့်…နဖူးက ခြေဖျားထိအောင် ချစ် တယ် ဆိုတဲ့ ဖိုးကာ သီချင်းလိုမျိုး”

ကေသီ့စကားကြောင့် သူမတို့သုံးယောက် ရယ် ဖြစ်ကြသည်။

“ပါးသေးတယ်လေဟာ မျက်စိအောက်က ပျောက်မသွားနဲ့ဦး…တစ်နေကုန်ထိုင်ပြီးကြည့်.. တဲ့ သူလည်းသူ့ညီမကို အဲဒီ သီချင်းထဲကလို မျက်စိအောက်က အပျောက်မခံနိုင်တာနေမှာ ပေါ့”

မူယာက ထိုသို့ ဆိုရင်း ရယ်ပြန်သည်။

“နင်ယောက်ျားရသွားရင်တော့ ဒုက္ခပဲ”

ကေသီ၏ စကားကြောင့် ဘာ ဖြစ်လို့လဲ ဟု သူမမေး ဖြစ်သည်။

“သြော်…အခုလိုမျိုးတစ်နေ့သုံးခါလောက် သူ့ညီမကို ၀င်ဝင်ကြည့်နေရင် ဘယ်လိုလုပ် မလဲ…”

“ဟဲ့….တံခါး Lock ချထားလိုက်မှာ ပေါ့။ ဒါများ အဆန်းလုပ်လို့”

သူမ ဘာမှမပြောရသေးခင်မှာ ပင် မူယာက ပြောင်ချော်ချော်ဖြင့် ၀င်၍ ဖြေသည်။

“သူက အပြင်ကနေ ညီမလေးရေဆိုပြီး တံခါးကို တဒုန်းဒုန်းထုပြီးခေါ်နေရင်ကော…”

မူယာ့ကို ကေသီက မျက်ခုံးပင့်ရင်းမေးသည်။

“ဟုတ်တယ်နော်…မဖွင့်မချင်း တဒုန်းဒုန်း လုပ်နေရင် ဒုက္ခ။ မထူးပါဘူး…ပန်းနုရယ်.. ယောက်ျားရရင် ဒီအိမ်မှာ ကို နေမနေနဲ့တော့။ အိမ်သာ ခွဲနေပစ်လိုက်။ အဲဒါ အကောင်းဆုံးပဲ”

မူယာ့စကားကြောင့် သူမ ဟက်ဟက်ပက်ပက်ထရယ် ဖြစ်သည်။

“ယောက်ျားယူရမယ့်အကြောင်း ပြောလိုက်တာနဲ့ ၀မ်းသာအားရရယ်နေလိုက်တာ ပါးစပ် ကိုမစိတော့ဘူး”

ဟု ကေသီက ရွဲ့တဲ့တဲ့ဖြင့် ဆိုသည်။

“မဟုတ်ပါဘူးဟယ်…မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး နင်တို့က နှုတ်ခမ်းကြို နာနေ ကြတာကို တွေးမိလို့ပါ။ ဘယ့်နှယ် ငါ့မှာ တော့ယောက်ျားယူဖို့ နေနေသာသာ ရည်းစားတောင် ရှိသေးတာ မဟုတ်ဘူး”

“ဟဲ့…မရှိရင်ထားပေါ့…”

“ထားပါဘူး ဘာကိစ္စထားရမှာ လဲ..သမီးက အခုမှအသက်ငယ်ငယ်လေးပဲရှိသေးတာ။ အဲဒီ ကိစ္စတွေ မစဉ်းစားသေးပါဘူး။ အနုပညာလုပ်ငန်းတွေ ကိုစိတ်ရှိလက်ရှိ လုပ်ဦးမယ်။ ပရိသတ်တွေ ကိုသမီးက အများ ကြီးပေးဆပ် ဦးမှာ ”

“ဟဲ့….အဲဒါ ဓာတ်ရှင်မင်းသမီးတွေ အင်တာဗျူး တွေ မှာ ပြောဖို့ အလွတ်ကျက်ထားကြတဲ့ ဒိုင်ယာလော့ခ်ဟဲ့။ နင်နဲ့ဘာဆိုင်လို့တုံး…”

သူမ၏ ပျောင်ပျောင်ချော်ချော်စကားကို ကေသီက မျက်လုံးကြီးပြူးရင်း အမေးရှိသည်။မူ ယာက အေးလေ ဟု ထောက်ခံသည်။

“သြော်…ဒီမေးခွန်းနဲ့ ဒီအဖြေနဲ့က ဖော်ဖြူလာလို ဖြစ်နေတာကိုး….”

“ပေါပါ့…”

မူယာက သူမ၏ စကားကို အထက်ပါအတိုင်း ကောက်ချက်ချသည်။

“ဒါနဲ့စကားမစပ်..နင့်ရဲ့ အစ်မရော…ယောက်ျားမယူသေးဘူးလား…ကြည့်ရတာ ဒီအိုဗာ တင်းမကို ဘယ်သူမှမကြိုက်ကြဘူးနဲ့တူပါတယ်”

ကေသီက လေသံကိုနှိမ့်ရင်း မဲ့ကာရွဲ့ကာဖြင့် ဆိုသည်။

“ရည်းစားတွေ တော့ တစ်ယောက် ပြီး တစ်ယောက် ထားနေတာပဲ။ သူပြောတာ ကတော့ ထက်ထက်မြက်မြက်ရှိတဲ့ ယောက်ျားမှယူမှာ တဲ့။ သူက တော် တန်ရုံအဆင့်လောက်ကို စိတ်မ၀င် စားတာ မဟုတ်ဘူးဟဲ့….အမြင့်ကြီးတွေ မှ မှန်းတာ…”

သူမ၏ အဆိုကြောင့် ကေသီးနှင့် မူယာက အဲဒီ လိုလား ဟု ခနဲ့တဲ့တဲ့ဆိုသည်။

♥ ♥ ♥


“သြော်..အဲဒီ လိုလား…”

“အေး…အဲဒီ လိုကွ….အဲဒီ လို…”

“ဒီလမ်းထဲမှာ ပဲ နေတယ်ဆိုသော ရန်နောင်၏ စကားကို သူရက သြော်…အဲဒီ လိုလား ဟု အမေးရှိသဖြင့် ရန်နောင်က အဲဒီ လို ဟု ပြန်ဖြေသည်။”

“သူ နာမည် က ပန်းနုတဲ့။ သူ့မှာ အစ်မ တစ်ယောက် လည်း ရှိသေးတယ်…”

“သူ့အစ်မ နာမည် က ပန်းဥမဟုတ်လား…”

ရုတ်တရက်ထ၍ ဆိုသော ကျွန်တော့်စကားကြောင့် ရန်နောင်က အာ ဘယ်ကလာဥရမှာ လဲ ဟု ခေါင်းခါ၍ ဆိုသည်။

“ဒါဆို ပန်းနုရဲ့ အစ်မက ပန်းတုပဲ ဖြစ်မယ်…”

အရယ်တစ်ဝက်ဖြင့် ထ၍ ဆိုသော ကျွန်တော့် စကားကို ရန်နောင်က…

“အသာလေးနားထောင်စမ်းပါကွာ…မနောက်စမ်းပါနဲ့ကွဟုဆိုသည်။ ပြီး…”

“သူ့အစ်မနာမည် က စန္ဒီတဲ့…”

“ဟ ဘယ်လိုကြီးတုံး။ ညီအစ်မနှစ် ယောက် ကလည်း နမည် က တခြားစီကြီးပါလား…”

သူရက ခေါင်းကုတ်ရင်းဆိုသည်။

“အေး နာမည် မတူဆို..သူတို့က ညီအစ်မ တစ်ဝမ်းကွဲတွေ ကိုးကွ…ပန်းနုရဲ့ မိဘတွေ က မရှိ တော့ဘူး၊ ဆုံးသွားကြပြီတဲ့…”

“ဘာလဲ…ဓာတ်ရှင်တွေ ထဲလို…ကားမှော က်ပြီး ဆုံးသွားကြတာလား..”

ကျွန်တော် ၏ ခပ်ရွတ်ရွတ်အဆိုကြောင့် သူရက ရယ်သည် ရန်နောင်က…

“ဘယ်လို ဆုံးတာလဲတော့ ကျွန်တော် မျိုးလည်း သံတော် ဦး မတင်တတ်ဘူး…”

“ဒါဆို အခု သူက သူ့အဒေါ်အိမ်မှာ နေတာပေါ့…”

ဒေါကန်နေသော ရန်နောင့်ကို သူရက စိတ်ဝင်စားစွာ ဖြင့် မေးသည်။

“သူ့အဖေနဲ့ အခု သူလက်ရှိနေတဲ့အိမ်က သူ့ဦးလေးနဲ့က ညီအစ်ကိုဆိုတော့ သူ့အဒေါ် ဘယ်ဟုတ်မလဲ။ သူ့ဦးလေးအိမ်ပေါ့ကွ။ အခုလက်ရှိနေတဲ့လုံးချင်းက ပန်းနုတစ်ဝက်၊ သူ့ဦးလေးက တစ်ဝက် အဲဒီ လို…”

“အမွေဆိုင်ပေါ့ကွာ…ဒါနဲ့ တခြားဦးလေးတွေ အဒေါ်တွေ မရှိတော့ဘူးတဲ့လား”

“အေး….ငါသိရသလောက်တော့ အမျိုးအရင်းက ဒီဦးလေး တစ်ယောက် ပဲရှိတယ်လို့ ပြောတာ”

“ဒါဆို သူ့ဦးလေးနဲ့ သူ့အဖေနဲ့က နှစ် ဦးတည်းသော သား ဖြစ်ရမယ်…”

သူရနှင့် ရန်နောင် အူကြောင်ကြောင်တွေ တစ်ယောက် တစ်လှည့်မေးကြ။ ဖြေကြ လုပ်နေ သည်ကို နားထောင်ရင်း ကျွန်တော် အိပ်ချင်လာသည်။

“ကဲ..ကဲ မီးပိတ်တော့ ငါ အိမ်ချင်လာပြီ…”

“အိပ်စရာလားကွ…ငါတို့နှစ် ကောင်က မင်းအတွက် ပန်းနုနဲ့ပတ်သက်တဲ့ အချက်အလက် တွေ စုဆောင်းပေးနေတာကွ ငါတို့နှစ် ကောင်တောင်မအိပ်သေးဘဲနဲ့ မင်းက အိပ်စရာလား”

ကျွန်တော့်စကားကို သူရကအထက်ပါအတိုင်းဆိုရင်း ကျွန်တော့်ကိုသူခေါင်းအုံးဖြင့် လှမ်း ပစ်သည်။ ၄င်းခေါင်းအုံးကို ကျွန်တော် ကမန်းကတန်းလှမ်းဖမ်း ဖြစ်သည်။

“မင်းကြီးများ ဒီခေါင်းအုံးက ငါကိုယ်တော် မြတ် ခြေတော် တင်ဖို့ ဆက်သလာတာလား..”

ရွှတ်နောက်နောက် ကျွန်တော့် စကားကြောင့် သူရက ခွေး ကောင်ဟု ရေရွတ်သည်။

“ငါနဲ့ ရန်နောင်နဲ့က မင်းအတွက် ခေါင်းတွေ အခဲခံပြီး စုံစမ်းနေသလောက် မင်း ကတော့ လှုပ်တောင်မလှုပ်ဘူး။ တော် တော် လည်း ဟုတ်တဲ့ကောင်…”

“ဟ ငါမှ မင်းတို့ပြောတဲ့ပန်းနုတွေ ၊ ပန်းတုတွေ ကို ငါမှ မမြင်ဖူးတာကွ။ မမြင်ဖူးတဲ့ မိန်းမ တစ်ယောက် ကို ငါက စိတ်ဝင်စားစရာလား။ ငါက မယားတရှုးမှ မဟုတ်တာ။ ကဲ ငါအဲဒီ လိုပဲ ဒဲ့ပဲ ပြောတော့မယ်…”

သူရကို ကျွန်တော် ကန့်လန့်တိုက် ဖြစ်သည်။ ရန်နောင်က…

“အဲဒါကြောင့် ပြောတာပေါ့…တစ်ရက်တလေလေး ခုနစ်နာရီလောက်ထကြည့်ပါလို့ ဆိုတာ မင်းက ထမှမထဘဲနဲ့။ မင်းမြင်ရင် သဘောကျသွားမှပါ။ မင်းတစ်ခါပဲ ကြည့်ကြည့်လိုက်…”

“ကဲ မနက်ဖြန် ထကြည့်မယ်ကွာ…မင်းတို့ ဒီလောက်မှ ညွန်းနေကြရင်တော့ မနက်ဖြန်မှာ ငါကိုယ်တော် မြတ် သေချာပေါက် ရှုစားတော် မူမယ် မင်းကြီးများ ”

ကျွန်တော့် စကားကြောင့် သကောင့်သားနှစ် ကောင် မျက်နှာကြီးတွေ ရှုံ့မဲ့သွားကြသည်။ တကယ်တော့ ပြီးပြီးရော ကျွန်တော် ကတိပေးလိုက် တာ ဖြစ်သည်။ သူတို့ညွန်းနေသော ကောင် မလေးကို သူတို့စိတ်ကျေနပ်အောင် ကြည့်ပေးလိုက် မည် ။ ပြီး ရစရာမရှိအောင်ကို ပြောပစ်ဦးမည် ဟု စိတ်မှာ တေးကာထား ဖြစ်သည်။

♥ ♥ ♥


“တောက်…ကြာလိုက်တာကွာ…မင်းတို့ရဲ့ ပန်းတုတွေ ၊ပန်းစစ်တွေ က မလာသေးဘူးလား. ငါက အစောကြီး မထဖူးဘဲနဲ့ ထထားရတာ နော်…မင်းတို့ငါ့ကို အာလူးဖုတ်ထားကြတာလား..ငါ တင်းလာပြီ…”

ပွစိပွစိ ရွတ်နေသော ကျွန်တော့် ကိုကြည့်ရင်း သကောင့်သားနှစ် က မျက်နှာငယ်လေးတွေ နှင့် ခေါင်းကိုယ်စိကုတ်သည်။ ပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ဘယ်လိုလဲဟူ သော သဘောဖြင့် မျက်ခုံးပင့်ပြနေကြသည်။

“ပွစိပွစိ လုပ်မနေနဲ့ ကိုစိုင်း…အရင်ရက်တွေ က…ဒီအချိန်ဆို ဒီလမ်းကနေ သွားနေကျ..ဒီ နေ့ မင်းစောင့်ကြည့်တဲ့နေ့မှ..ဘူပိတ်နေတာ..မင်းကိုက လာဘ်မကောင်းဘူး”

“အောင်မာမာ..ငါကပဲ ကြည့်ချင်လွန်းလို့ ထကြည့်နေတာမဟုတ်ဘူး…မင်းတို့နားပူနားဆာ လုပ်လွန်းလို့ ထကြည့်ပေးနေရတာ ကွ…ဒီမှာ သူရ ဒီနေ့ပြည်ထောင်စုနေ့ ရုံးပိတ်ရက် ဒီတော့ ဆက်အိပ် အိပ်..”

“အာ…ဟုတ်ပြီနေဦး”

ကျွန်တော့်စကားပင် မဆုံးသေး…သူရက အလန့်တကြားနှင့်လက်ကာကာ နေဦး ဟု ဆိုသည်။

“ဘာလဲကွ…အလန့်တကြားနဲ့…”

ရန်နောင်က သူရနားရင်းကို ဖုန်းခနဲနေအောင် ရိုက်ရင်းဆိုသည်။

“ဒီနေ့ ပြည်ထောင်စုနေ့လေကွာ”

“အဲဒါ ဘာ ဖြစ်လဲ”

“ဘာ ဖြစ်ရမှာ လဲ ပြည်ထောင်စုနေ့ဆိုတော့…သူတို့ရဲ့ သင်တန်းလည်း ပိတ်မှာ ပဲ။ ဒါကြောင့် ဒီနေ့မသွားကြတာပဲနေမှာ ပေါ့ကွ။”

“အာ..ဟုတ်သားပဲ…အဲဒါကို စောစောကမပြောဘူး”

ရန်နောင်က ပြောပြောဆိုဆိုပင် သူရ၏ ဇက်ပိုးကို ဖုန်းခနဲ ရိုက်သည်။

“အစောကြီးကတည်းက သိရင် ငါလည်း အိပ်ရေး ပျက်မှာ မဟုတ်ဘူး”

ကျွန်တော် လည်း ရန်အောင့်နည်းတူ သူရ၏ ဇက်ပိုးကို ဖုန်းခနဲ ရိုက်ရင်း ၀ရန်တာမှ အခန်းထဲပြန်ဝင်ခဲ့ ဖြစ်သည်။ ကျွန်တော် နှင့် လိုက်ဝင်လာသော ရန်နောင်၏ နောက်မှ ကပ်လိုက် လာရင်း သူရက…

“အစောကြီးကတည်းက သိရင် ငါလည်းဝရန်တာမှာ ခြေအညောင်းခံပြီး ထွက်စောင့်ပါ့ မလားကွ”

ဟု အောင့်သက်သက်ထအော်သည်။

“ဟဲ့…၀င်သွားပြီတော့…”

“ဘာဝင်သွားတာတုန်း အလန့်တကြားနဲ့…”

မှန်ဘီလူးတစ်လက်ဖြင့် ပြတင်ပေါက်ကြားမှ ချောင်းနေသော မူယာ့ကို ကေသီက အထက်ပါ အတိုင်းဆိုသည်။

“ဘာဝင်ရမှာ လဲ…သုံးယောက် စလုံး ၀ရန်တာကနေ အခန်းထဲဝင်သွားပြီလို့..ပြောတာ..”

“အစောကြီးကတည်းက အဲဒီ လိုပြောမှာ ပေါ့…အလန့်တကြားနဲ့ဆိုတော့ ဘာများ လဲလို့… ငါ့မှာ ကော်ဖီဗန်းတောင် ဖိတ်တော့မလို့..ကဲ.လာ..လာ ကော်ဖီသောက်”

ကေသီက သူမနှင့် မူယာ့ကိုခေါ်ရင်း ကော်ဖီခွက်များ ကို စားပွဲပေါ်ချသည်။

“ငါက ပန်းနုလက်ထဲ မှန်ဘီလူးထည့်ပေးဖို့ စက္ကန့်ပိုင်းအလိုမှာ သူတို့သုံးယောက် အိမ်ထဲ ၀င်သွားကြတာ..”

“အေးဟယ်…ပန်းနုကိုမြင်ဖူးစေချင်ပါတယ်ဆိုနေမှ”

ကော်ဖီကို ခပ်ဆောင့်ဆောင့်သောက်ရင်းက အားမလိုအားမရဖြင့် ဆိုသော သူငယ်ချင်းနှစ် ယောက် ကိုကြည့်ရင်း သူမ ရယ် ဖြစ်သည်။

“အရပ်အရှည်ဆုံးနဲ့ တစ်ယောက် ရဲ့ နာမည် က စိုင်းဆမ်ဖတဲ့။ သူက ရှမ်း၊ နောက်အရပ် သိပ်မရှည်တဲ့ နှစ် ယောက် ထဲက မျက်မှန်နဲ့ တစ်ယောက် က သူရတဲ့။သူကျတော့ ပလောင်လူမျိုး။ အဲ နောက်ကျန်တဲ့ တစ်ယောက် ကျတော့ ခွန်ရန်နောင်တဲ့။သူကကျတော့ ပအိုင့်…”

“သိလှချည်လား”

တစ်ယောက် ချင်းစီ၏ နာမည် တို့ကိုရှင်းပြနေသော ကေသီ့ကိုအရယ်တစ်ဝက်ဖြင့် သူမ စ ဖြစ်သည်။ ကေသီက ရယ်ကျဲကျဲဖြင့် ဒီလိုပဲလေ ဟုဆိုသည်။

“ဒါနဲ့စကားမစပ်…သန်ဘက်ခါဆို Valentines Day ရောက်ပြီနော်..ငါတို့သုံးယောက် မှာ သုံးယောက် စလုံးက ရည်းစားမရှိတော့ ချောကလပ်ကျွေးမယ့်သူမရှိ။ နှင်းဆီပန်းပေးမယ့်လူမရှိနဲ့၊ အားငယ်စရာတော့လည်း အကောင်းသား…”

မဆီမဆိုင် ထညည်းသော မူယာ့စကားကို ကေသီက အေး ဒါလည်းဟုတ်တာပဲဟုထောက် ခံသည်။

“အာ နင်တို့ကလည်း နှင်းဆီပန်းများ ငါ့အိမ်ကခြံမှာ ကြိုက်သလောက် လာခူးလို့ရတယ်၊ ချောကလပ်ကို Valentine sDay မှမဟုတ်ဘူး..အခုစားချင်လား အခုဝယ်ကျွေးမယ်။ နင်တို့ကို လေ ဖာလိုက်တောင် ၀ယ်ကျွေးလို့ရတယ်…ဘာရည်းစားမှမလိုဘူး..ဟုတ်ဘူးလား..”

“မဟုတ်ဘူး”

သူမ၏ စကားကို မူယာရော ကေသီကပါ မဟုတ်ဘူး ဟုငြင်းသည်။ကေသီ မတူဘူး ဟု ဆိုသည်။

“ဟဲ့ ဘာ ဖြစ်လို့မတူရမှာ လဲ။ ငါ့ပန်းခြံထဲက ပန်းကမှအခုခူး အခုရ ပိုတောင်လတ်ဆတ် သေးတယ်။ ချောကလက်ကလည်း ထိုနည်းလည်းကောင်းပဲ။ ဘာ Brand စားချင်လဲ။ လမ်းထိပ် ကမုန့်ဆိုင်မှာ အစုံရှိ…အကုန်ရှိ၊ကဲ…ပြော..ဘာမတူတာလဲ”

သူမ၏ စကားအဆုံးမှာ ကေသီနှင့် မူယာက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း ခေါင်းကို ဘယ်ပြန်ညာပြန်ခါသည်။

ပြီး မူယာက သူမကိုကြည့်ကာ…

“ပန်းနု…ပန်းနု…ဒီအတိုင်းသာဆို..ဗေဒင်ကြည့်စရာမလိုဘူး နင်အပျိုကြီး ဖြစ်လိမ့်မယ်”

“ဟဲ့ အပျိုကြီး ဖြစ်တော့လည်း ဘာ ဖြစ်လဲ…အပူအပင်တောင်ကင်းသေး”

ပက်ခနဲ ပြန်ပြောသော သူမကို ကေသီက ခေါင်းခါသည်။

“မဟုတ်သေးပါဘူးပန်းနုရဲ့ …ဘာတဲ့ လမှကင်းသော ညဥ့်သည် မတင့်တယ်ရာ။ လှိုင်းတံ ပိုးမှကင်းသော သမုဒ္ဒရာသည်မတင့်တယ်ရာ၊ ဟင်္သာမှကင်းသော ရေကန်သည်မတင့်တယ်ရာ။ လင်မှကင်းသော ကညာပျိုသည်လည်း မတင့်တယ်ရာ ဆိုတဲ့ လောကနီတိအဆိုကိုလည်း ကြားဖူး တယ်မဟုတ်လား”

“တံခွန်မရှိသော ဘုရား၊ အလံမရှိသော ရထား၊ နောက်ဘာဆိုလားပဲ။ မောင်တစ်ကျိပ်ပင် ရှိလင့်ကစား မတင့်တယ်ဘူးတဲ့။ ကြားဖူးတယ်မဟုတ်လား။ ရှေ့ထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့တဲ့”

ဆရာမ ကြီးတွေ စတိုင်လ်နှင့် ဆိုသော မူယာနှင့် ကေသီ့ကိုကြည့်ရင်း သူမ ဟက်ခနဲရယ် ဖြစ်သည်။

“ဟဲ့…နှစ် ထောင့်ရှစ်ရောက်နေပြီလေဟယ်…ရှေးထုံးကြီးက မပယ်နိုင်သေးဘူးပေါ့ ဟုတ် လား”

“ဟုတ်တယ် ရှေးတုံးကိုမပယ်ချင်လို့ ယောက်ျားကို ယူ ဖြစ်အောင် ယူ ဦး မှာ ..”

“ငါလည်း ယူ…ဦး…မှာ ”

မူယာနှင့် ကေသီ၏ စကားအဆုံးမှာ သူမတို့သုံးယောက် သား ရယ် ဖြစ်ကြသည်။

မုန့်ဆီကြော် ကတော့ ဘယ်နေမှန်းမသိ။

♥ ♥ ♥


လှစ်ခနဲ ပျောက်သွားသော ရန်နောင်နှင့် သူရကို Show Room ထဲမှာ များ ရှိနေမလားဟု ရုံး ခန်းထဲမှ ထွက်ကြည့် ဖြစ်သည်။

“ခဏလေး စောင့်ပေးပါလား ညီမ…ကားက အခုလေးတင် ထွက်သွားတာဆိုပေမယ့် သိပ်မကြာပါဘူး”

အရောင်းစာရေး မနှင့် စကားဆိုနေသော Customer၏ စကားသံချိုက ကျွန်တော့်နားစည်မှာ လာ၍ ရိုက်ခတ်သည်။ ညီမလေးက ပြန်ချင်နေပြီတော့ ဟူသော စကားသံလေး။

ကြည့်ရတာ Customer များ ကို အိမ်အရောက် လိုက်ပို့ပေးနေကျ ကားကအခြား Customer တစ်ဦးဦးကိုလိုက်ပို့ပေးနေသည်နှင့်တူသည်။ ဘာရယ်မဟုတ် စိတ် ကောင်း ၀င်နေ သလိုလိုရှိနေသည်မို့ အပျင်းပြေသဘောမျိုး လိုက်ပို့ပေးဖို့ ကျွန်တော် ဆုံးဖြတ် လိုက် သည်။

“Customer တွေ က အများ ကြီးပဲလား မယု….”

အရောင်းစာရေး မကို ကျွန်တော် လှမ်းမေး ဖြစ်သည်။ ရုတ်တရက် နောက်ကနေ လှမ်းမေး လိုက်သည်မို့ လန့်သွားဟန်တူသော Customerက ဆတ်ခနဲ ကျွန်တော့် ကို လှည့်ကြည့်သည်။ ဖွာ ခနဲလွင့်မျောသွားသော ဆံနွယ်များ အောက်မှာ ရှင်းသန့်နေသော မျက်နှာနုနုလေးတစ်ခုကို ကျွန် တော် ဖျတ်ခနဲ တွေ့ လိုက်ရသည် ကမ္ဘာတစ်ခုလုံး ခေတ္တမျှတိတ်ဆိတ်သွားသည်ဟု ကျွန်တော် ထင် မိသည်။ တော် တော် ကြီးကိုလှသော ကောင်မလေး။ ဆံပင်တွေ ဖွာခနဲလွင့်ဝဲအသွားမှာ သူမပန် ထားသော ပန်းပွင့်က လွင့်ပျံကျလာသည်မို့ ကမန်းကတန်းကျွန်တော် လှမ်းဖမ်းပေး ဖြစ်သည်။ အ၀ါရောင် နှင်းဆီပန်းကို ကျွန်တော် လက်ထဲမှာ တိကျစွာ ဖမ်းမိသည်။

“ရော့….”

လက်ထဲရောက်ရောက်ချင်း ပြန်ပေးသော ပန်းကို သူမက ရှက်ရှက်ဖြင့် ခေါင်းကို ငုံ့ထားရင် က လှမ်းယူသည်။

အို….ဘယ်လောက်တောင် အရှက်အကြောက်ကြီးပြီး ချစ်စရာကောင်းသည့် ကောင်မလေး ပါလိမ့်။ တောက်လျှောက်ကြီး ငမ်း…အဲလေ ငေးနေသော ကျွန်တော့် ကိုသတိဝင်စေခြင်းငှာ မယုက ချောင်းကိုဟန့်သည်။

“အဟမ်း…အဟမ်း….”

ပြီးမှ ကျွန်တော့် ကို ပြုံးစိစိဖြင့် ကြည့်ရင်း…

“Laptop တစ်လုံးနဲ့ Desktop တစ်လုံးတည်းပါ။ ကိုစိုင်း ပို့ပေးမလို့လား….”

“ဟုတ်ကဲ့….”

ကျွန်တော် နှင့် မယုပြောသော စကားများ ကြောင့် ကောင်မလေး ၀မ်းသာသွားပုံရသည်။ ဆတ်ခနဲ ကလေး တစ်ယောက် လို မျက်နှာမှာ ၀င်းပကာသွားသည်။

ကားနောက်ခန်းထဲသို့ Computer နှစ် လုံးစလုံးထည့်ပြီးသွားသော အခါ သူမက အားတုံ့ အားနာဟန်ဖြင့် ကားထဲမ၀င်သေးဘဲ ရပ်ကာနေသည်။

“လာတက် ညီမလေး…”

မယုက သွက်သည်။ ဖျက်ခနဲ ကားရှေ့ခန်းပြင်တင်းပေါက်ဆီရောက်သွားကာ ဆတ်ခနဲ ခပ်သွက်သွက်ဖွင့်ပေးသည်။

ကောင်မလေးက အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း ကားထဲမှာ မ၀ံ့မရဲ ၀င်ထိုင်သည်။

မယု ဆိုင်ထဲ ပြန်ဝင်သွားသည်ကို လိုက်ကြည့်နေသော ကောင်မလေးကို ငေးရင်း လိပ်စာ မေးဖို့ကို သတိရသည်။

“ဘယ်ကို ပို့ပေးရမလဲ မသိဘူး”

“….ကိုပါ”

သူမပြောနေရာက ကျွန်တော် ရင်းနှီးသော နေရာပင် ဖြစ်သည်။ ကားကိုပါကင်ထဲမှ မောင်း ထွက်ခဲ့ရင်း စိတ်တွေ က တောင်ရောက်မြောက်ရောက် ဖြစ်နေသည်။

ကောင်မလေးက ချစ်စရာကောင်းလွန်းနေသည်။ လိပ်စာသိထားရမှာ မို့ ဆိုးတော့မဆိုး။ ခက်တာက မိန်းကလေး တစ်ယောက် ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ ကျွန်တော် မကျွမ်း…

ထိုစဉ်မှာ ပင် ကျွန်တော့်ဖုန်းက ဘောင်းဘီအိတ်ကပ်ထဲမှ ထမြည် သည်။ တိုက်ဆိုင်စွာ ပင် ကောင်မလေး၏ ဖုန်းကလည်း သူမ၏ လက်ဆွဲအိတ်လေးထဲမှ ထ၍ မြည် သည်။

♥ ♥ ♥


“ဟဲလို”

နှစ် ယောက် သားပြိုင်တူ ဟဲလိုမိကြသည်မို့ တစ်ယောက် ကို တစ်ယောက် ပြူးတိပြူးကြောင် ဖြင့် ကြည့် ဖြစ်ကြသည်။

ကျွန်တော့် ကို ခေါ်သော ဖုန်းက ရန်နောင်၏ ဖုန်း ဖြစ်သည်။

“အေး ပြော သူငယ်ချင်း…”

“ဘာ….ပြော..သူငယ်ချင်းလဲ။ စိတ်မ၀င်စားဘူး ဘာဘူး ညာဘူးနဲ့ အခုတော့ ကားပေါ် တောင်တင်လို့”

“ဘာလဲကွ”

“ရှုးချင်ယောင်ဆောင်မနေနဲ့…ငါရောသူရပါ…သေသေချာချာမြင်လိုက်တာ မင်းတို့က အ ထွက်…ငါတို့ကအ၀င်..”

“အေးလေ…အဲဒါ ဘာ ဖြစ်လဲ..”

“ဘာ ဖြစ်ရမှာ လဲ…မင်းပြောတော့ ပန်းတုတွေ ၊ ပန်းစစ်တွေ စိတ်မ၀င်စားဘူးဆို..”

“အေးလေ…အဲဒါနဲ့ ဘာဆိုင်လို့လဲ…”

“ဆိုင်တာပေါ့ကွ…မင်းပဲ ပန်းနုကို ကားပေါ်တင်သွားပြီး…”

“ဘာ….”

“ကမ္ဘာကြီးက စက္ကန့်ပိုင်းမျှ ရပ်တန့်ကာတိတ်ဆိတ်လို့သွားသည်ဟု ကျွန်တော် ထင်နေမိ သည်။”

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ရန်ကုန်သူနဲ့ တောင်ကြီးသား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျူးပစ်(ဒ်)၏ ရင်ဖွင့်မြား

ချယ်ရီပွင့်ရန် တစ်လအလို

သင့်ကြောင့် သရဲ စိတ်မညစ်ပါစေနှင့်