စာဖတ်ပရိသတ်များ ခင်ဗျာ …
အခု ကျွန်တော့် ရဲ့ (၄၂)အုပ်မြောက် စာအုပ်ကို သရဲအကြောင်း အပြောင်းအလဲ ဖြစ်အောင် ရေး ထားပါတယ်။
သရဲဆိုပေမယ့် ကျွန်တော် ရေး ထားတဲ့ သရဲက သရဲဟာသ ဖြစ်ပါတယ်။ နောက်ထွက်မယ့် စာအုပ်များ မှာ တော့ သရဲဟာသ ဖြစ်ချင်မှ ဖြစ်တော့မှာ ပါ။
ဒီစာအုပ်ရဲ့ ပတ်သက်ပြီး ပရိသတ်များ ထံမှ ဝေဖန်မှု များ ကို ကျွန်တော် လိုချင်ပါတယ်။ ကျေးဇူးပြုပြီး အောက်ပါ လိပ်စာများ မှာ ကျွန်တော့် ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ဟာသ ဖြစ်ရန် ရေး သားထားသည်မို့ ဖြစ်နိုင်သည် မ ဖြစ်နိုင်သည်ထက် ရသတစ်ခုအနေဖြင့် သာ ဖတ်ရှုစေလိုပါသည် ခင်ဗျား။ လေးစားချစ်ခင်စွာ ဖြင့် …
ပြည်ပိုင်မှူးအိမ်
(Face book account:)
Pyaepaing hmueeain
ပြည်ပိုင်မှူးအိမ်
ဆ၊ ၁၆
ရွှေဥမင်ဘုရားလမ်း
ဆင်ခေါင်းရပ်ကွက်၊
ပင်းတယမြို့။
မှော င်ရိုးမှော င်ရီအချိန်။
“ဝါး”
“အမလေး … တော့”
ကားပေါ်တက်လာသော မင်းသမီး ဖြစ်သူ ယွန်းဆက်ပန်းကို မင်းသား ဖြစ်သူ ဘုန်းသူရက သရဲမျက်နှာဖုံးကိုစွပ်၍ ခြောက်သည်။
မင်းသမီးခမျာ မိန်းကလေးပီပီ ကြောက်ကာသွားသည်။ သရဲကားတွေ တောက်လျှောက်ရိုက်လာသော မင်းသမီး ဖြစ်သော်လည်း အသည်း ကတော့ ငယ်သည်။
“ကိုဘုန်းနော် … လာလာမစနဲ့၊ ယွန်းဆက်က ကြောက်တတ်ပါတယ်ဆိုနေမှ ဘာမှန်းလည်း မသိဘူး”
သရဲမျက်နှာဖုံးကို ချွတ်ရင်း ပြောင်စိစိလုပ်နေသော မင်းသား ဖြစ်သူကို မင်းသမီးက မျက်စောင်းထိုးပစ်ရင်းကဆိုသည်။
“ချစ်လို့စတာပါကွာ၊ ယွန်းဆက်ကလည်း”
“လာမချစ်နဲ့၊ လာလည်းမစနဲ့ ဒါပဲ”
မင်းသား propose လုပ်ထားသည်မို့ မိန်းကလေးပီပီ မင်းသမီးက အင်တင်တင်လုပ်သည်။ သူတို့နှစ် ယောက် ဖြစ်နေကြပြီဟု သတင်းတွေ ထွက်နေကြသော်လည်း တကယ်တမ်းကြ မင်းသားခမျာ အဖြေတောင်းနေရဆဲအဆင့်မှာ သာ ရှိသေးသည်။ နယ်တွင် သရဲကားသွားရိုက်ကြမည် မို့ တစ်စုတစည်းတည်း ဖြစ်စေရန် ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးနှင့် ဇာတ်ရံများ ၊ ကင်မရာမင်းနှင့် အခြား မီးထိုးမှန်ထိုးပါမကျန် ရှုတင်တစ်ဖွဲ့သားလုံး အဝေးပြေးကားတစ်စီးထဲတွင် အတူစီးလာကြခြင်း ဖြစ်သည်။
ဟိုင်းဝေးကားလမ်းဘေးရှိ စားသောက်ဆိုင်တွင် ညနေစာ ထမင်းစားနေတုန်း မင်းသားက ကားပေါ်အရင်ရောက်အောင် ပြန်လာကာ လာသမျှ ဘယ်သူ့ကိုမဆို ခြောက်မည် ဆိုသော အကြံဖြင့် စောင့်နေစဉ် မင်းသမီးက တိုက်တိုက်ဆိုင်ဆိုင် ပထမဦးဆုံး ဈေးဦးပေါက်ကာသွားခြင်း ဖြစ်သည်။
“ရော့”
“ဘာလုပ်ရမှာ လဲ”
မင်းသားက သူချွတ်ထားသော သရဲမျက်နှာဖုံးကို မင်းသမီးအား “ရော့”ဟု လှမ်းပေးသည်။ မင်းသမီးက အူကြောင်ကြောင်ဖြင့် “ဘာလုပ်ရမှာ လဲ”ဟု အမေးရှိသည်။
“ဒါ စွပ်ထားပြီးလာတဲ့ လူတွေ ကို စောင့်ပြီးခြောက်ရအောင်လေ၊ ကိုဘုန်းဆီမှာ တစ်ခုရှိသေးတယ်”
မင်းသားက ပြောင်ချော်ချော်ဖြင့် ဆိုသည်။
“သြော် … ဒီလိုလား၊ ပေး ပေး၊ ဟီးဟီး …. ဝါနုနဲ့ မေမေက အခုပဲ နောက်ကလိုက်လာနေပြီ၊ သူတို့ကိုခြောက်ရမယ်”
ပြောပြောဆိုဆိုပင် မင်းသမီးက မင်းသာထံမှ သရဲမျက်နှာဖုံးကိုယူကာ စွပ်သည်။ “ဝါနု”ဆိုသည်က မင်းသမီး၏ မိတ်ကပ်ဆရာ ကိုဘခက်ကို ပြောခြင်း ဖြစ်သည်။ ကိုဘခက်၏ မိတ်ကပ်အနုပညာ နာမည် က “ဝါနု”။
“အတူတူခြောက်ကြတာပေါ့”
မင်းသားက သရဲမျက်နှာဖုံးတစ်ခုကို ယူကာ စွပ်ရင်းဆိုသည်။
“ပုန်းနေရအောင်၊ လူသံကြားတယ်”
မင်းသမီးက ထိုင်ခုံနှစ် ခုကြားကို ဝင်သွားရင်းက ဆိုသည်။
“ယွန်းဆက်ခြောက်လို့ အကြောက်ပြေလောက်ပြီဆိုတော့မှ ကိုယ်က ဆက်ခြောက်မယ်၊ အဲဒါ မကောင်းဘူးလား”
“ကောင်းတယ်၊ ကောင်းတယ်”
မင်းသား၏ အဆိုကို မင်းသမီးက ထောက်ခံသည်။
မင်းသားကလည်း မလှမ်းမကမ်းရှိ ခုံနှစ် ခုံကြားကို ဝင်ကာ နေရာယူသည်။ ထိုစဉ်မှာ ပင် ကားတံခါးဝမှနေ လူ တစ်ယောက် တက်ကာလာသည်။
“ဟ … ဘယ်သူမှမရောက်သေးပါလား”
ရောက်လာသူက ဒါရိုက်တာကြီး ဖြစ်သည်။
“ရောက်နေပါပြီ၊ ဟီ ဟီ ဟီ”
အသံကို တုန်ရီအောင်လုပ်ရင်း ရုတ်တရက် ထရပ်သော မင်းသမီး၏ အသံကြောင့် “အောင်မလေးဗျ”ဟု ဒါရိုက်တာကြီးက လန့်ကာအော်သည်။
“ဘယ်ကောင်လဲကွ၊ ချွတ်စမ်း မျက်နှာဖုံး”
မျက်နှာဖုံးစွပ်ကာ ခြောက်မှန်းသိသည်နှင့် ဒါရိုက်တာကြီးက ရှက်ကိုးရှက်ကန်းဖြင့် အာခေါင်ခြစ်ကာအော်သည်။
“ဟီး ဟီး … သမီးပါဆရာရဲ့ ”
“ဟင် … မင်းသမီး၊ မင်းသမီးရယ် ခြောက်စရာရှားလို့ လူကိုတုန်သွားတာပဲ၊ ဒါနဲ့နေပါဦး မင်းသမီးက ကားပေါ်မှာ တစ်ယောက် တည်း မကြောက်ဘူးလား”
ဒါရိုက်တာကြီးက မင်းသမီးမို့ လေသံက ပျော့ကာသွားသည်။ ပခုံးကိုတွန့်ရင်း “မကြောက်ဘူးလား”ဟု မေးသည်။
“ကြောက်တော့ကြောက်တာပေါ့ ဆရာရယ်၊ ဒါပေမယ့် ကားပေါ် စောစောစီးစီးတက်လာမယ့် လူကို ခြောက်မယ်ဆိုပြီး ကြောက်ကြောက်နဲ့စောင့်နေတာ၊ ဆရာက ဈေးဦးစပေါက်တာပဲ”
“သြော် … ဒီလိုလား၊ လန့်လိုက်တာမင်းသမီးရယ်”
ဒါရိုက်တာကြီးက ရင်ဘတ်ကိုဖိကာ ဆိုသည်။ မင်းသမီးက ဒါရိုက်တာနောက်မှာ တရွေ့ရွေ့လာနေသော သရဲ မျက်နှာဖုံးစွပ်ထားသည့် မင်းသားကို မြင်နေရသည်။ မင်းသားက “ရှူး”ဟု တိတ်တိတ်နေရန် အမူအရာလုပ်ပြသည်။
“သရဲကားတွေ တောက်လျှောက်ရိုက်တဲ့ ဒါရိုက်တာ ဆိုပေမည့် လည်း အသည်း ကတော့ ငယ်တယ်မင်းသမီးရေ၊ လန့်လိုက်တာ လိပ်ပြာတောင် လွင့်သွားပြီလားမသိဘူး၊ ရေသောက်ဦးမှပဲ”
“ရေဗူးတွေ ကနောက်မှာ သွားယူလိုက်လေဆရာ”
မင်းသမီးက ဒါရိုက်တာကို နောက်သို့လှည့်စေရန် အကြံဖြင့် ဆိုသည်။
“ဟုတ်တယ်၊ ရေဗူးက နောက်မှာ ”
“ဝါး”
“အမလေးဗျ”
ဒါရိုက်တာကြီးက ရေဗူးယူရန် နောက်သို့ အလှည့် မင်းသားက “ဝါး”ခနဲ ခြောက်လိုက်သည်မို့ ဒါရိုက်တာကြီးခမျာ “အမလေး” တရင်း လန့်ကာသွားသည်။ ဒါရိုက်တာကြီး လန့်သွားသည်ကိုကြည့်ရင်း မင်းသားက တဟီးဟီးရယ်ကာ သရဲမျက်နှာဖုံးကို ချွတ်သည်။
“အမလေး မင်းသားရယ်၊ ဒီမှာ ဟိုကလေးမခြောက်လို့ လန့်တာ အကြောက်တောင် မပြေသေးဘူးကွ”
ဒါရိုက်တာကြီးက ငိုသံပါကြီးဖြင့် ဆိုသည်။
“ကြောက်သွားရင် ရေသောက်လိုက်ပေါ့ ဆရာရဲ့ ”
မင်းသမီးက ပြောပြောဆိုဆို ရေဗူးကို လှမ်းပေးသည်။ ဒါရိုက်တာကြီးက လှမ်းယူကာ မော့သောက်လိုက်ရင်း မျက်မှော င်ကြုတ်သည်။
“နေပါဦး … မင်းတို့နှစ် ယောက် က ဘာကိစ္စ ကားပေါ်မှာ အရင်ရောက်နေကြတာလဲ၊ ဧကန္တတော့ ဧကန္တပဲနော်”
ဒါရိုက်တာကြီးက ပြုံးစိစိဖြင့် ဆိုသည်။
“ဘာမှမဟုတ်ပါဘူးဗျာ၊ ဒီလိုပဲ ရောက်လာသမျှလူတွေ ကို ဒီမျက်နှာဖုံးတွေ စွပ်ပြီး စချင်လို့ပါ”
“ဟုတ်တယ်၊ ခြောက်ရတာ ပျော်စရာကြီးဆရာရဲ့ ”
မင်းသား၏ စကားအဆုံးမှာ မင်းသမီးက ဆိုသည်။
“အေးကွ … ငါ့လည်း သရဲမျက်နှာဖုံးတစ်ခု ပေးစမ်းပါဦး”
ဒါရိုက်တာကြီးကလည်း အစအနောက်သန်သူမို့ ရေဗူးကို တစ်ကြိုက်မော့ရင်းက ဆိုသည်။
“နေဦး …. ဇာတ်ကားအတွက်သုံးဖို့ ယူလာတဲ့ မျက်နှာဖုံးတွေ ကားနောက်ကအိတ်ထဲမှာ ရှိတယ်၊ သွားယူလိုက်ဦးမယ်ကွ”
ဒါရိုက်တာကြီးက ပြောပြောဆိုဆိုပင် ကားနောက်မှ အိတ်ကို ဖွင့်ပြီး သရဲမျက်နှာဖုံးကို ယူကာနေသည်။ မင်းသားနှင့် အသက်ငါးနှစ် ခန့်သာကွာပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဒါရိုက်တာ ဖြစ်နေသော ကြောင့် မင်းသားနှင့် ဒါရိုက်တာမှာ ညီအစ်ကိုကဲ့သို့ ဘော်ဒါကဲ့သို့ ပြောမနာ ဆိုမနာရှိကြသည်။
“ဒီမျက်နှာဖုံးဆို ပိုကြောက်ကြမယ်ကွ”
ဒါရိုက်တာကြီးက သရဲမျက်နှာဖုံးတစ်ခုကို မြောက်ပြရင်းကဆိုသည်။
“ဘာလဲ အစ်ကိုကလည်း ခြောက်ချင်တာပဲလား”
မင်းသားက ဒါရိုက်တာကြီးကို အစ်ကိုဟုခေါ်ရင်း ပြုံးစိစိဖြင့် ဆိုသည်။
“အေးလေ … ခြောက်ချင်တာပေါ့”
ဒါရိုက်တာကြီးက ဘုမသိဘမသိဖြင့် အူကြောင်ကြောင်ပင် ဆိုသည်။
“ထင်တယ် … ဆရာ့ကိုကြည့်ရတာ ခြောက်ချင်ချင်ကြီးပါလို့”
မင်းသမီး ကတော့ သူမခေါ်နေကြအတိုင်း “ဆရာ”ဟု ခေါ်ရင်းစသည်။ ဒါရိုက်တာကြီး ကတော့ ဘာမှမသိရှာသေး။ မင်းသားနှင့် မင်းသမီး ကတော့ ပြုံးစိစိ။
“အေးလေ … ခြောက်ချင်လို့ပဲ မျက်နှာဖုံးယူနေတာလေ”
“အာ … အစ်ကိုကလည်း ခြောက်ချင်ချင်ကြီး ဖြစ်နေတာများ မျက်နှာဖုံးစွပ်မနေပါနဲ့၊ စကားပြောရင်သာ ခပ်နွဲ့နွဲ့လေးသာပြော၊ ခြောက်မှန်းမသိ ခြောက်သွားလိမ့်မယ်၊ အဟီး”
မင်းသားကပြောပြီး မင်းသမီးနှင့်အတူ တခွီးခွီးရယ်တော့မှ သူ့ကိုစနေကြမှန်း ဒါရိုက်တာကြီးက သိတော့သည်။
“ဟာကွာ … အရေး ထဲမှာ ၊ အဲ နေဦး သီချင်းသံကြားတယ်၊ ဟိုကောင် ရှုတင်မန်နေဂျာရဲ့ အသံကွ၊ ကဲ ကဲ နေရာယူဝိုင်းခြောက် လိုက်ရအောင်”
ဒါရိုက်တာကြီးက ပြောပြောဆိုဆိုပင် သရဲမျက်နှာဖုံးကို ကမန်းကတန်းစွပ်ရင်း ခုံနှစ် ခုံကြားကို ပြေးဝင်သည်။
မင်းသားနှင့် မင်းသမီးကလည်း အသီးသီးနေရာယူကြသည်။
“ဟောဗျာ … ကားပေါ်မှာ ဘယ်သူမှလည်းမရှိပါလား၊ ကားဆရာကလည်း တော် တော် ပေါ့လျော့တာပဲ ကားတံခါးကို ပိတ်ထားတာမဟုတ်ဘူး၊ ပစ္စည်းတွေ ပျောက်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ သွားကိုပြောဦးမယ်”
ရှုတင်မန်နေဂျာက ဗျစ်တောက်ဗျစ်တောက် ရွတ်ရင်း ကားပေါ်မှဆင်းရန် ပြင်သည်မို့ ဒါရိုက်တာကြီးက ချောင်းကိုဟန့်သည်။
“အဟမ်း … ဟမ်း”
“ဟ”
ရှုတင်မန်နေဂျာက ချောင်းဟန့်သံကြောင့် ရုတ်တရက် ကြောင်သွားရင် “ဟ”ဟုဆိုကာ ကြောင်တောင်တောင်ဖြင့် ကားထဲသို့ ဝေ့ကာကြည့်သည်။ အားလုံး ပုန်းနေကြသည်မို့ သူ ဘာကိုမှမတွေ့ ။
“ငါ နားကြားလွဲတာထင်တယ်၊ ဘယ်သူမှလည်း မတွေ့ ပါဘူး”
“အဟမ်း”
ကားထဲသို့ ဝင်လာစေရန် ဒါရိုက်တာကြီးက ချောင်းဟန့်ပြန်သည်။
“ဘယ်သူလဲ၊ တောက် … သရဲကားရိုက်ဖို့လာပါတယ်ဆိုနေမှ၊ သရဲခြောက်နေတာလား မသိဘူး၊ ဘယ်သူလဲလို့ မေးနေတယ်လေ”
ရှုတင်မန်နေဂျာခမျာ ကြောက်ကြောက်လန့်လန့်ဖြင့် “ဘယ်သူလဲလို့မေးနေတယ်” ဟုဆိုကာ တရွေ့ရွေ့ဖြင့် ကားနောက်ဘက်ကို ဝင်လာသည်။
“ငါပဲကွ”
“အမလေးဗျ”
ရှုတင်မန်နေဂျာအနားကို ရောက်ခိုက် ဒါရိုက်တာကြီးက ရုတ်တရက်ထရပ်ကာ “ငါပဲကွ”ဟု ခြောက်လိုက်သော ကြောင့် သကောင့်သားခမျာ “အမလေး”တကာ လန့်၍ သွား၏ ။
“တော် တော် မှ လန့်သွားရဲ့ လားကွ”
ဒါရိုက်တာကြီးက မျက်နှာဖုံးကိုချွတ်ရင်း စပ်ဖြီးဖြီးဖြင့် ဆိုသည်။
“အာ … လန့်တာပေါ့ဆရာရယ်၊ တစ်ကိုယ်လုံးကို တုန်သွားတာဗျ”
ရှုတင်မန်နေဂျာက ကတုန်ကရီဖြင့် ဆိုသည်။
“မင်းလည်း နောက်ထပ်တက်လာတဲ့လူတွေ ကို သရဲမျက်နှာဖုံးစွပ်ပြီး ခြောက်ပါလား၊ အပျော်ပေါ့ကွာ”
“ကောင်းတယ်ဆရာ”
“အေး … ဟိုနောက်မှာ မျက်နှာဖုံးတွေ အများ ကြီးပဲ၊ မင်းကြိုက်တာကို သွားရွေးချည်၊ မြန်မြန်လုပ် လူသံကြားတယ်၊ လာနေပြီနဲ့တူတယ်”
တကယ်တော့ ဒါရိုက်တာက မင်းသားနှင့် မင်းသမီးက ကား၏ နောက်ပိုင်းမှာ ရှိသည်မို့ တမင်ဂွင်ဆင်ခြင်း ဖြစ်သည်။
“ဆံပင်စုတ်ဖွားနဲ့ မျက်နှာဖုံးကို ရွေးမယ်ဗျာ”
ပြောပြောဆိုဆိုပင် ရှုတင်မန်နေဂျာက မျက်နှာဖုံးစွပ်များ ရှိရာဆီကို တရွေ့ရွေ့လာသည်။ မင်းသားက မျက်နှာချင်းဆိုင်မှာ ရှိနေသော မင်းသမီးကို လှမ်း၍ အချက်ပြသည်။ တစ် … နှစ် … သုံး ဆိုသည်နှင့် ထရပ်ရန် ဖြစ်သည်။
ရှုတင်မန်နေဂျာက အနီးသို့ ရောက်အလာ မင်းသားနှင့် မင်းသမီးက ထရပ်ကာ “ဝါး”ခနဲ ခြောက်သည်။
“ဝါး”
“အမလေးဗျ … အောင်မလေးဗျ”
လက်တွေ ကားရားရားကြီး လုပ်ကာ ထရပ်သော မင်းသားနှင့် မင်းသမီးကိုကြည့်ပြီး ရှုတင်မန်နေဂျာခမျာ နောက်သို့ ဆုတ်ရင်း ထအော်သည်။
“နေပါဦး … ဒါက ဘယ်သူတွေ တုန်း”
“ကျွန်တော် တို့ပါဗျ”
ပြောပြောဆိုဆို မင်းသားက သရဲမျက်နှာဖုံးကို ချွတ်သည်။ မင်းသမီးကလည်း “ဒန် ဒန်း ဒန်”ဟုဆိုရင်း မျက်နှာဖုံးကို ချွတ်၏ ။
“အောင်မလေးဗျာ … ဘယ်သူတွေ များ လဲလို့ လန့်လိုက်တာဗျာ၊ ပြောပါဦး နောက်ထပ်ဘယ်နှယောက် ကျန်သေးလဲ၊ ကားနောက်ပိုင်းကိုတောင် မသွားရဲတော့ဘူး”
မျက်စိပျက် မျက်နှာပျက်ဖြင့် ၄င်းကဆိုသည်။
“ကဲပါဗျာ … ရော့ ကျွန်တော် က သွားရဲတယ်၊ ကျွန်တော့် ဘာသာကျွန်တော် ပဲ သွားယူတော့မယ်၊ ကဲ စွပ်ထား စွပ်ထား၊ နောက် ဘက်လာတဲ့လူတွေ ကို စရအောင်”
မင်းသားက ၄င်း၏ လက်ထဲမှ သရဲမျက်နှာဖုံးတစ်ခုကို လှမ်းပေးရင်း ဆိုသည်။ ရှုတင်မန်နေဂျာက “ခွီး”ခနဲရယ်ကာ လှမ်းယူရင်း “ကောင်းတယ်”ဟု ဆိုသည်။
သို့ နှင့် ကားပေါ် တစ်ယောက် တက်လာလိုက် ရောက်နှင့် ပြီးသားလူတွေ က စလိုက်၊ အုပ်စုလိုက်တက်လာပြန်လျှင်လည်း ကားပေါ်ရောက်နှင့် ပြီးသော လူများ က ခြောက်လိုက်နှင့် ကားပေါ်မှာ လူစုံကာသွားသည်။ ကားက ခရီးကိုဆက်စဉ် ကားဆရာနှင့် ကားစပယ် ယာမှလွဲ၍ ရှုတင်တစ်ဖွဲ့သားလုံးမှာ သရဲမျက်နှာဖုံးတွေ ကိုယ်စီစွပ်ထားကြရင်း တစ်ယောက် ကို တစ်ယောက် စနေကြသည်။
“ငါဘယ်သူလဲသိလား”
ဒါရိုက်တာကြီးက အသံကိုဖျက်ရင်း ဆိုသည်။
“ဒါရိုက်တာကြီးကို ကျွန်တော် တို့ မမှတ်မိပါဘူး”
ဇာတ်ပို့များ ဖြစ်သော ဖိုးနိုင်နှင့် ဝဏ္ဏတို့ နှစ် ကောင်နှင့် ကိုလတ်က ထ၍ အော်သည်။ ပြီး တခွီးခွီးရယ်ကြသည်။
ကားဆရာဘေးမှာ နေ နောက်သို့ လှည့်ကာ အော်နေသော ဒါရိုက်တာကြီးက သရဲမျက်နှာဖုံးကို ဆွဲချွတ်ရင်း …
“မမှတ်မိဘူးလည်းပြောသေး ဒါရိုက်တာကြီးကိုလို့လည်း ပြောသေး၊ မင်းတို့လည်း သရဲမျက်နှာဖုံးပဲစွပ်စွပ် ဘီလူးမျက်နှာဖုံးပဲ စွပ်စွပ် မင်းတို့အသံတွေ ကို ငါက ကျက်မိပြီးသားပါကွာ၊ စွပ်နေလည်း အပိုပါပဲ”
ဟု ရယ်ကျဲကျဲဖြင့် ဆိုသည်။ ပြီး ရုတ်တရက်ကြီး မျက်နှာကို တည်သည်။
“နေပါဦး … ရှုတင်မန်နေဂျာ၊ ငါတို့ ရှုတင်အဖွဲ့အားလုံး ဘယ်နှယောက် ပဲရှိတာလဲ”
“သုံးဆယ်လေး၊ ဘာ ဖြစ်လို့လဲ”
သရဲမျက်နှာဖုံး မချွတ်ထားသော ရှုတင်မန်နေဂျာက ဆိုသည်။
“အခု ကားပေါ်မှာ ပါလာတာ လေးဆယ်လောက်ရှိတယ်”
သွေးဆုတ်နေသော ၊ ကြောက်ရွံ့နေသော မျက်နှာကြီးဖြင့် ဒါရိုက်တာကြီးက အလန့်တကြား ဆိုသည်။ ကားသမားက ကျွီကနဲ ဘရိတ်အုပ်၍ ရပ်သည်။
“ကားပေါ်မှာ ဘာတွေ ပါလာတာလဲဗျ၊ ခင်ဗျားတို့ လူစစ်ကြည့်ဦး”
ကားဆရာက ကားကိုရပ်ရင်း မျက်စိမျက်နှာပျက်ဖြင့် ဆိုသည်။ အားလုံးကလည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း လန့်ကုန်ကြသည်။
ဒါရိုက်တာကြီးက ခွီးခနဲထ၍ ရယ်သည်။ လူရေတွက်နေသော ကားစပယ်ယာနှင့် အားလုံးက ဒါရိုက်တာကို ကြောင်တောင်တောင်ကြည့်သည်။
“ငါ မင်းတို့ကို နောက်တာပါကွာ၊ ကားပေါ်မှာ ဘာမှအပိုပါမလာပါဘူး”
ဒါရိုက်တာကြီး၏ စကားကြောင့် ကားပေါ်မှ လူများ ပွစိပွစိတွေ ဖြစ်ကုန်သည်။
“ကျွန်တော် ရှုတင်အဖွဲ့တွေ အများ ကြီးနဲ့ ကြုံဖူးပါတယ်ဗျာ၊ တစ်ယောက် မကျန် သရဲမျက်နှာဖုံးကြီးတွေ စွပ်ပြီးတော့ ကြက်သီးထ စရာကြီး”
ကားစပယ်ယာက မကျေမချမ်းဖြင့် ရေရွတ်သည်။
“ဟုတ်တယ်ဗျာ … ပျော်တာလည်း ပျော်ကြပေါ့၊ ခင်ဗျားတို့ဥစ္စာက ညကြီးမင်းကြီး ထိတ်လန့်စရာတွေ ထလုပ်နေတယ်၊ ကျွန်တော် ကားမောင်းရတာ အာရုံနောက်တယ်ဗျာ၊ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး အားလုံး မျက်နှာဖုံးတွေ ချွတ်ထားပေးကြပါဗျာ၊ ကျွန်တော် မေတ္တာရပ်ခံတာပါ”
ကားဆရာကပါ အီလည်လည်မျက်နှာကြီးဖြင့် ဆိုလာသော အခါ ဒါရိုက်တာကြီးက ခေါင်းကိုညိတ်သည်။
“sorry ပါ ကားဆရာရယ်၊ ဟုတ်တယ်ဟုတ်တယ်၊ ကဲ ကဲ ငါတို့ ရှုတင်အဖွဲ့တွေ ကိုယ့်မျက်နှာဖုံး ကိုယ်ချွတ်ပေးကြပါဗျာ၊ ဒီမှာ ကားဆရာကို အားနာစရာကြီး၊ ချွတ်ပြီးသား မျက်နှာဖုံးတွေ ကိုလည်း အိတ်ထဲ စနစ်တကျပြန်ထားပါ”
“ချွတ်မလို့ပါပဲဗျာ … သရဲမျက်နှာဖုံးက ရာဘာစွပ်ဆိုတော့ အနံ့က တော် တော် ဆိုးတယ်၊ မချွတ်နဲ့ဆိုလည်း ချွတ်မှာ ပါ”
မင်းသားက သရဲမျက်နှာဖုံးကို ချွတ်ရင်း ဆိုသည်။
“ဟုတ်တယ်၊ မျက်နှာဖုံးစွပ်ထားရင် အသက်ရှူလို့မဝသလိုပဲ၊ ကိုဘုန်းပြောသလို အနံ့က တော် တော် ဆိုးတယ်”
မင်းသမီးက မင်းသား၏ စကားကို ထောက်ခံစကားဆိုရင်း မျက်နှာဖုံးကို ချွတ်ကာသိမ်းသည်။
“အရေး ထဲမှာ သူတို့နှစ် ယောက် က အတိုင်အဖောက်တွေ ညီနေပြန်ပြီ၊ အဟမ်း … အဟမ်း လည်ချောင်းယားတယ် ဟေ့”
ဒါရိုက်တာကြီးက ပြုံးစိစိဖြင့် အရွန်းဖောက်သည်။ ကားဆရာက အားလုံး မျက်နှာဖုံးချွတ်ပြီးပြီမို့ ကားကို စ၍ မောင်းသည်။
မင်းသားနှင့် မင်းသမီး ကတော့ တစ်ယောက် ကို တစ်ယောက် ရှက်ကိုးရှက်ကန်းတွေ ကြည့်ကာနေကြသည်။ ကား ကတော့ ခရီးဆက်ဆဲ။ ကျန်လူများ ကတော့ သရဲမျက်နှာဖုံးများ ကို လူ တစ်ယောက် က လိုက်သိမ်းပေးသဖြင့် ယူထားသော အိတ်ကြီးထဲသို့ ပြန်ထည့်လိုက်ကြသော်လည်း မင်းသား ကတော့ မေ့ချင်ယောင်ဆောင်ကာ ၄င်းလက်ထဲမှ သရဲမျက်နှာဖုံးကို ဝှက်ကာထား၏ ။
နယ်မှ ရှုတင်အိမ်ရှိရာဆီ ကားက ညကြီးမင်းကြီးပင် ရောက်သည်။ တစ်အိမ်လုံးတွင် ခါးကုန်းကုန်းနှင့် ခြံစောင့်အဖိုး အိုမှလွဲ၍ ဘယ်သူမှမရှိ။ မြို့ထဲနှင့် အတော် လေးကို လှမ်းသော မြို့စွန်ခြံမို့ တိတ်ဆိတ်ကာ နေသည်။
မှော င်မှော င်မဲမဲမှာ ထီးထီးကြီးရှိနေသော အိမ်တွင် ရှုတင်အဖွဲ့သားများ ရောက်လာမှု ကြောင့် အသက်ဝင်ကာလာသည်။
“ကဲ ကဲ ဒီညတော့ ခရီးပန်းလာလို့ နားလိုက်မယ်၊ မနက်ဖြန်မှပဲ စရိုက်ကြတာပေါ့၊ ကားဆရာတို့လည်း ဒီမှာ တစ်ညလောက် အိပ် သွားပါဦး”
“အား … တော် ပါပြီဆရာ၊ ကားက ပြန်မောင်းသွားရမှာ ဗျ”
ကားဆရာက အိမ်ဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း ကြောက်နေဟန်ဖြင့် ဆိုသည်။ ကားစပယ်ယာက “ဟုတ်တယ် … ဟုတ်တယ်”ဟု ခပ်သုတ်သုတ် ထောက်ခံသည်။
ဒါရိုက်တာကြီး ကတော့ ခွီးခနဲ ရယ်သည်။
“ကဲ … ကောင်းပါပြီဗျာ၊ ခရီးဆက်မယ်ဆိုလည်း ဆက်လိုက်ပါဦး၊ ကျွန်တော် တို့တော့ နားလိုက်ဦးမယ်”
ကားဆရာက “ဟုတ်ကဲ့”ဟုဆိုကာ ကားပေါ်တက်ရင်း ကားကို မောင်းထွက်ကာသွားသည်။
ရှုတင်မန်နေဂျာ ကတော့ ဤအိမ်ကို ခဏခဏရိုက်ကူးရေး အဖွဲ့နှင့် လာနေကြမို့ ဘယ်အခန်းမှာ ဘယ်သူနေ စသည်ဖြင့် နေရာချပေးနေသည်။ Hotel များ မရှိသော နယ်မြို့လေးမို့ မင်းသား မင်းသမီးများ သည်လည်း ဤရှုတင်အိမ်မှာ ပင် တည်းကြရသည်။
“ယွန်းဆက်က ဘယ်အခန်းမှာ လဲ”
“ဘာလုပ်မလို့လဲ၊ ပြောပြဘူး”
မင်းသား၏ အမေးကို မင်းသမီးက ခပ်ချွဲချွဲပင် ငြင်းသည်။
“ကိုယ့်အခန်းနဲ့ကပ်လျက်ဆိုရင် ကောင်းမယ်နော်”
“ဘာ ဖြစ်လို့တုန်း”
မင်းသမီး၏ အမေ အလစ်မို့ မင်းသားက ကပ်၍ ကြောင်သည်။
“သြော် …. ညရေး ညတာကျတော့ စောင့်ရှောက်ရအောင်လို့ပါ”
“မလိုပါဘူး၊ အမေ တစ်ယောက် လုံးပါးနေတဲ့ဟာ ပြည့်စုံနေပြီးသား”
မင်းသမီးက ခေါင်းကိုမော့ရင်း ညစ်ကျယ်ကျယ်ဆိုသည်။
“သရဲတွေ ဘာတွေ ခြောက်ရင် ဘယ့်နှယ်လုပ်မလဲ”
“အမလေး … ယွန်းဆက်တို့က သရဲကားရိုက်နေတဲ့ မင်းသမီးပါနော်၊ သရဲလာခြောက်လို့ ကတော့ ခြောက်တဲ့သရဲကို ခါးချိုးပြီးသွားကြားထိုးပစ်လိုက်မယ်၊ ဘာမှတ်နေလဲ”
“ဟုတ်ပါပြီ၊ နောက်တော့မှ ကြောက်လို့ဆိုပြီး လူကို ညာပြီးတော့ လာမဖက်နဲ့၊ လုံးဝမရဘူး၊ လက်ဖျားနဲ့တောင် ထိဖို့မကြိုးစားနဲ့”
မင်းသားကလည်း ပြောင်စိစိဖြင့် ဆိုသည်။
“မထိတာ … မထိတာ”
မင်းသမီးက ခပ်ညုညုဆိုရင်း သူမ၏ အမေ လာနေသည်မို့ ထွက်ကာသွားသည်။ ပြီး မင်းသားကို လျှာထုတ်ကာ ပြောင်ပြသွားသည်။ မင်းသားရင်မှာ တလှပ်လှပ် ဖြစ်ကာ ကျန်ရစ်၏ ။
“သရဲမကြောက်ဘူးဆိုတဲ့ ယွန်းဆက်၊ ဒီနေ့ညတော့ တွေ့ ကြသေးတာပေါ့ကွာ၊ ကြောက်ပါပြီတော့လို့ကို အော်သွားစေရမယ်၊ အမလေးတောင်တဖို့ မေ့သွားစေရမယ် ဟွန်း”
မင်းသားက ပွစိပွစိဖြင့် ကြိမ်းဝါးသည်။
“မင်းသားရေ”
“အမလေးဗျ”
ပခုံးကို ဆတ်ခနဲလာပုတ်ရင်း ဒါရိုက်တာကြီး၏ နှုတ်မှ “မင်းသားရေ”ဟု ခေါ်လိုက်သည်မို့ မင်းသား လန့်ဖြန့်ကာသွားသည်။
“လန့်လိုက်တာဗျာ”
မင်းသားက နောက်ကိုလှည့်ကြည့်ရင်း ဆိုသည်။
“တည်းရမယ့်အခန်းကို ပြောပြမလို့ပါ၊ အိမ်ပေါ်ကိုတက်သွား၊ လှေကားအဆုံးမှာ ညာဘက်ကိုလှည့်လိုက်ရင် တွေ့ တဲ့အခန်းပဲ”
“ဟို … ယွန်းဆက်ရဲ့ အခန်းကရောဗျ”
“ခင်ဗျားအခန်းရဲ့ ကပ်လျက် ညာဘက်ကအခန်းပဲ၊ ဘာလဲ အောက်ထပ်ကို ရွှေ့ပေးရမလား”
“ဒါရိုက်တာကြီးကလည်း ခြိမ်းခြောက်တယ်ဗျာ သိရဲ့ သားနဲ့”
မင်းသားက ရှက်ကိုးရှက်ကန်းဖြင့် ဆိုရင်း ဟက်ခနဲ့ ရယ်သည်။ ၄င်း၏ စိတ်မှာ တော့ “ယွန်းဆက်ရေ ဒီညတော့ သရဲအခြောက်ခံရပြီသာ မှတ်တော့”ဟု ကြုံးဝါးကာနေသည်။
ရှုတင်ရိုက်မည့်  အိမ်ကြီးမှာ အတော် အသင့်ကြီးမားသည်မို့ ရှုတင်အဖွဲ့သားများ အားလုံး အဆင်ပြေပြေ ချောင်ချောင်ချိချိ တည်းခို၍ ရနေသည်။
တကယ်တမ်းကျ ဤအိမ်မှာ အလွန်အစအနောက်သန်သော သရဲတစ်ကောင်ရှိသည်ကို ရှုတင်အဖွဲ့သားများ မသိကြ။ မြို့ငယ်လေးမှာ တော့ ပြောင်ချော်ချော်သရဲတစ်ကောင် ရှိသည်ဟု သိသူလည်းရှိ မသိသူလည်းရှိဖြင့် ဟုတ်သလိုလို မဟုတ်သလိုလိုဖြင့် အမှု မဲ့အမှတ်မဲ့သာ နေကြ၏ ။
မင်းသားက အခန်းထဲရောက်ရောက်ချင်း ခုတင်ပေါ်မှာ နေရာယူ ဖြစ်သည်။ တစ်ဖက်ခုတင်ဘေးမှာ တော့ ၄င်း၏ တပည့်ကျော်ကြီး မောင်ထက်က ပစ္စည်းများ ကို ဟိုထုတ်ဒီချဖြင့် အလုပ်ရှုပ်ကာနေသည်။
“မောင်ထက်ရေ”
“ဗျာ …. ကိုဘုန်း”
“အဲဒီ မင်းဘေးက သရဲမျက်နှာဖုံးကို ငါ့ခေါင်းအုံးဘေးမှာ ချထားပေးကွာ၊ ငါ တစ်မှေးမှေးလိုက်ဦးမယ်”
“ဟုတ်ကဲ့”
ပြောပြီးပြီးချင်း မင်းသားက မောင်ထက်ကို ကျောပေးကာ ကိုယ်စောင်းလှည့်လျက် အိပ်ကာသွားသည်။
မောင်ထက်က ပျော့ဖတ်ဖတ်ကြီး ဖြစ်နေသော မျက်နှာဖုံးကို တောင့်တောင့်တင်းတင်း ဖြစ်စေရန် မင်းသားချွတ်ထားသော အနွေးထည်ပါးကို မျက်နှာဖုံးတွင်းသို့ သွပ်ထည့်လိုက်သည်။
ခေါင်းပြတ်သဖွယ် ပီပီပြင်ပြင်ကြီး အသက်ဝင်နေသော သရဲမျက်နှာဖုံးကို မင်းသား၏ ခေါင်းအုံးဘေး၌ မင်းသားဘက်ကို မျက်နှာမူကာ ထားလိုက်သည်။ ပြီး “ကိုဘုန်းတော့ ဒီဘက်ကို ရုတ်တရက်ကြီး လှည့်လိုက်ရင် လန့်သွားမှာ သေချာတယ်” ဟု တွေးရင်း ဟက်ခနဲရယ်သည်။
ထို့နောက် လက်မှနာရီကိုကြည့်ရင်း “အင်း … ဒီအချိန်ဆို ဖိုးနိုင်တို့ကောင်တွေ ခွက်ပုန်းဆွဲနေလောက်ပြီ၊ ငါလည်း ကိုဘုန်းမှေးနေတုန်း အမြန်ပြေးဆွဲဦးမှ”ဟု တွေးကာ ခြေကိုဖွနင်းရင်း အခန်းထဲမှ ထွက်ကာသွား၏ ။ မင်းသား ကတော့ ခပ်ကွေးကွေးအနေအထားဖြင့် အိပ်ပျော်သွားပြီး ဖြစ်သည်။
The sublime and the ridiculous are often so nearly related, that it is difficult to class them separately.
“ထူး”တာနဲ့ “ကြောင်”တာက တစ်ခါတစ်ခါ တော် တော် လေး နီးစပ်တယ်။ ဒါကြောင့် ဒီနှစ် ခု ကွဲပြားအောင် ခွဲခြားရခက်တယ်။
Thomas Paine
![]() ဖြစ်မှဖြစ်ရလေ | ![]() ငပလီက ခရု | ![]() မယားပြောတော့ တစ်ည |