ငပလီက ခရု
- Shakespeare
ဘော်ဒါတွေ က တစ်ယောက် မှမနိုးကြသေး ။ ကိုယ်လက်မျက်နှာ သန့်စင်ပြီး ဟိုတယ်အခန်းထဲမှ ထွက်ခဲ့ ဖြစ်သည် ။
ဟိုတယ်နှင့် ခပ်လှမ်းလှမ်းမှာ ရှိသော ကမ်းခြေဆီ ကင်မရာဆွဲရင်း ရောက်ရှိလာသော သူ့ကို ပင်လယ်ပြင်ကို ဖြတ်သန်းလာသော လေပြည်ညင်းက တိုးဝှေ့တိုက်ခတ်ရင်း ကြိုဆိုသည် ။
မကြာမီ နေထွက်တော့မည် ။
အဲဒီ အချိန်အခါကို စောင့်ရင်း သူဓာတ်ပုံရိုက်မည် ။ အရွယ်အစားမတူသော လှေများ က ပင်လယ်ထဲမှာ လှုပ်လှီလှုပ်လဲ့ဖြင့် လူးလွန့်ကာနေကြသည် ။
အချိန်က စောသေးသည်မို့လားတော့ မသိ ။ ကမ်းခြေမှာ လူသွားလူလာ မတွေ့ သေး ။ ကမ်းခြေ၏ သဲပြင်နုနုပေါ် ဖိနပ်မပါဘဲ လျှောက်ရသော အရသာကို သူခံစားရင်း ဟိုဘက်ဒီဘက် လျှောက်နေ ဖြစ်သည် ။
ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ဆတ်နေသော လေနုအေး ၊ အပျိုစင်တစ်ဦး၏ ပဝါစဖြူဖြူလေးကို လှုပ်ခတ်နေသော လှိုင်းလုံးများ နှင့် အုန်းပင်တို့ အနားသတ်ထားသော ဤသဲသော င်ပြင်ကမ်းစပ်ကို သွားလေရာရာ ဆွဲယူသွား၍ ရလျှင်လည်း ကောင်းသားဟု သူတွေး ဖြစ်သည် ။
'' ဟင် "
လျှောက်လာရင်းက သဲပြင်ပေါ်မှာ တွေ့ ရသောာ ဖြူဆွတ်နေသည့် ခရုနှစ် ခု ကို ကဗျာဆန်စွာ သူတွေ့ ရသည် ။
ကဗျာဆန်စွာ ဟု တင်စားရသော အကြောင်းက ရှိသည် ။ သဲပြင်၏ အရောင် နှင့် ဆန့်ကျင်စွာ ဖြူဆွတ်နေသော ခရုခွံနှစ် ခုက ခေါင်းချင်းဆိုင်ကာ တစ်ခုကိုတစ်ခု မှီနွဲ့နေသလိုမျိုး ဖြစ်ကာနေသည် ။ ယှဉ်ကာရှိနေခြင်းမျိုးလည် မဟုတ် ။
မြင်ကွင်းကို သဘောကျသည်မို့ သူ ကင်မရာဖြင့် Angle အမျိုးမျိုးမှနေ ရိုက်ယူ ဖြစ်သည် ။ ပြီး ခရုငယ်အချို့ကို ကောက်ယူကာ ဘေးမှာ အသည်းပုံဘောင်ခတ်ပြီး ရိုက် ဖြစ်သည် ။ ပြီး ၎င်းခရုဖြူနှစ် ခု ကိုကောက်ကာ သူချွတ်ထားခဲ့သော ဖိနပ်ဆီယူသွားကာ ကင်မရာအိတ်နှင့် ယှဉ်ကာချထား ဖြစ်သည် ။
နေလုံးကြီးက တဖြည်းဖြည်းမြင့်တက်လာပြီမို့ သူလိုချင်သော အနေအထား အရောက်မှာ ဓာတ်ပုံတို့ကို သူဆက်တိုက်ရိုက် ဖြစ်သည် ။
ကျေနပ်လောက်အောင် ရိုက်ယူပြီးခါမှ သူ ဟိုတယ်ကိုပြန်ရန် နောက်ကြောင်းလှည့် ဖြစ်သည် ။
ကမ်းခြေမှာ အခုတော့လည်း သူ့ တစ်ယောက် တည်းမဟုတ်တော့ ။ ခရုကောက်သော ကောင်မလေးတစ်သိုက်တို့ ရောက်ရှိလို့လာသည် ။
အသက်နှစ် ဆယ်စွန်းစွန်းသာ ရှိသေးဟန်တူသော ကောင်မလေးတစ်သိုက်က မူလတန်းကျောင်းသူလေးများ လို ဟိုပြေးသည်ပြေးဖြင့် ခရုတို့ကို အလုအယက်လိုက်ကောက် နေကြသည် ။
ထိုအထဲကမှ ကောင်မလေး တစ်ယောက် က ခရုကောက်ရင်း သူထားရစ် ခဲ့သော ကင်မရာအိတ်နှင့် ဖိနပ်ရှိရာဘက်ကို တရွေ့ရွေ့သွားနေသည် ။
ဖြူလွလွ ဂါဝန်ကို ဝတ်ဆင်ထားသော ကောင်မလေးကို ကြည့်ရင်းက စောစောက ကောက်ထားသော ခရုဖြူနှစ် ခုကို သူသတိရလိုက်သည် ။ တော် ကြာ သူ အမှတ်တရ ကောက်ယူထားသော ၎င်းခရုဖြူတို့ကို ကောက်ထားသည်ဟု မထင်ဘဲ အမှတ်တမဲ့ ကောက် သွားပါက မခက်လား ။
သူတွေးမိသည့်အတိုင်း ကောင်မလေးက သူဖိနပ်ချထားရာ နေရာမှ ကုန်းကောက်ဟန်ပြင်နေသည်ကို သူအလန့်တကြားဖြင့် လိုက်ရသည် ။
" ဟေ့ - ပိုင်ရှင်ရှိတယ်နော် "
ရုတ်တရက်အော်သော အသံကြောင့်  ကောက်ဟန်ပြင်နေသော ကောင်မလေး၏ လက်တို့က လေထဲမှာ ရပ်တန့်ကာသွားသည် ။
ထို့နောက်
အော်ရင်းပြေးလာသော သူ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်သည် ။
" အဲ့ဒါ ပိုင်ရှင်ရှိတယ် "
နောက်တစ်ခါထပ်ပြောသော သူ့စကားကြောင့် ထိုအဖြူရောင် အရိပ်လေးက ခါးထောက်သည် ။ ပြီး
" ကျွန်မ သူခိုးမဟုတ်ဘူး "
ရှက်ဝဲဝဲမျက်နှာပေါ်မှာ ပန်းရောင် ရဲရဲ ရှက်ရိပ်တွေ သန်းနေသော ကောင်မလေး ကနှုတ်ခမ်းကို အနည်းငယ်စူရင်း မျက်နှာကိုချီလျက်ဆိုသည် ။
လှပသော ကောင်မလေး တစ်ယောက် နှုတ်ခမ်းကို စူတူတူပြုရင်း ရှက်ဝဲဝဲ ဖြစ်နေသော ဟန်ကို ကြုံတောင့်ကြုံခဲမို့ သူကင်မရာဆီလက်က မသိစိတ်ဖြင့် ရောက်ကာသွားသည် ။ သို့သော် . . . မရိုက် ဖြစ် ။ ရိုက်ရန်လည်းမသင့်ဟု သူထင်သည် ။
" မင်းကိုလည်း ငါက သူခိုးလို့ တစ်ခွန်းမှမပြောသေးဘူး "
" ဒါပေမဲ့ ရှင်ကပိုင်ရှင်ရှိတယ်လို့ အော်တယ်လေ "
" ဟုတ်တယ်လေ . . . မင်းပဲ ယူမလို့လက်လှမ်းနေတဲ့ဥစ္စာ "
သူ့စကားကြောင့် သူမ၏ မျက်နှာပေါ်မှ ပန်းရောင် ရှက်ရိပ်တို့က နီရဲရဲ အရောင် သို့ ကူးပြောင်းကာသွားသည် ။
" ကျွန်မလက်လှမ်းတာက ရှင့်ဖိနပ်အစုတ်ကို လည်းမဟုတ်ဘူး . . . ကင်မရာ အိတ်ခွံအစုတ်ကိုလည်း မဟုတ်ဘူး . . . ဟို ခရုကို ရှင်သိလား "
" သိတယ် "
" ဘာ . . . သိတယ် ဟုတ်လား . . . သိရင် ဘာကိစ္စအော်လဲ "
" ပိုင်ရှင်ရှိလို့ပေါ့ "
နှုတ်ခမ်းတစ်လန် ပန်းတစ်လန်ဖြင့် ဆိုနေသော ကောင်မလေးကို ချစ်စနိုးဖြင့်  သူစ - နေမိသည် ။ စကားကို ကတ်သတ်၍ ဆိုနေသော သူ့ကို ကောင်မလေးက ခပ်စူးစူးဖြင့် ကြည့်နေစဉ်မှာ ပင် သူမ၏ သူငယ်ချင်းများ ရောက်ချလာသည် ။
" ဘာ ဖြစ်တာလဲဟေ့ . . . ဇာတ်လမ်းရှာနေတာလား "
ပြောင်စိစိမျက်နှာကို စွတ်အတင်းကြီး တည်ထားရဟန်တူသော သူမ၏ သူငယ်ချင်းများ က လုပ်ယူကာထားရသော မျက်နှာတည်ကြီးများ ဖြင့် သူ့ကိုကြည့်ရင်းက သူမကိုဆိုသည် ။
" ဒီမှာ ဟာ . . . ဟိုခရုနှစ် ခုကို ငါကကောက်မလို့ဥစ္စာ . . . အဲဒါ သူက ဖိနပ်ကို ယူတယ်ထင်ပြီး ငါ့ကို အဲဒါပိုင်ရှင်ရှိတယ်နော် လို့အော်တယ် "
" ဟင် - ဒါဆို နင်ကနေရင်းထိုင်ရင်းနဲ့ ဖိနပ်သူခိုး ဖြစ်သွားတယ်ပေါ့ "
" ဒါပေါ့ "
ထိုအူကြောင်ကြောင်မလေးက ကျွန်တော့် ကိုလှည့်ပြီး ဒေါနှင့်မောနှင့် ရန်ထောင် သည် ။ ဖြစ်ချင်တော့ ဒိုင်ယာလော့ခ်ကမှားနေသည် ။ ဘေးမှသူငယ်ချင်းများ က " မှားနေပြီ " ဟုဝိုင်းပြီး လက်တို့ကြသည် ။ အူကြောင်ကြားမလေးက " ယောင်လို့ . . . ယောင်လို့ " ဟုဆိုပြီး ကျွန်တော့် ဘက်ကို ခါးထောက်၍ မျက်နှာမူသည် ။ စတိုင်က ဖဲ့တော့မည့် စတိုင် ။
" ဒီမှာ ကျွန်မသူငယ်ချင်းက ဖိနပ်သူခိုးမဟုတ်ဘူး . . . သူက မလစ်ရင် ဘာမှမလုပ်ဘူး . . . လစ်မှလုပ်တာ . . . အဲလေ "
" ဟဲ့ - မှားကုန်ပြီ "
အူကြောင်ကြားမလေးကို သူငယ်ချင်းများ က " မှားကုန်ပြီ " ဟုဆိုရင်း သူမတို့အဖွဲ့၏ နောက်ကိုဆွဲကာသွားသည် ။ ထိုကောင်မလေးက
" ငါပြောဦးမယ် . . . ဒီတစ်ခါ မမှားစေရဘူး "
ဟုအော်ရင်း ယက်ကန်ယက်ကန်ဖြင့် နောက်ရောက်သွားသည် ။
နောက်ကောင်မလေး တစ်ယောက် က ရှေ့ထွက်လာသည် ။
" ဒီမှာ "
" ဟုတ်ကဲ့ ပြောပါ "
သူလည်း တမင်ပင် ပြန်၍ အူကြောင်ကြောင်လုပ်ပေးလိုက် သည် ။
" ကျွန်သူငယ်ချင်းက သူခိုးမဟုတ်ဘူး "
" အေး - ငါကလည်း မင်းတို့သူငယ်ချင်းကို သူခိုးလို့ . .. တစ် . . . ခွန်း . . . မှ မပြောရသေးဘူး "
သူ့စကားကြောင့်  ရှေ့ထွက်လာသော ကောင်မလေးက ကြောင်သွားသည် ။ ထိုအခါမှ ပြဿနာ၏ အစ ဖြစ်သူ ကောင်မလေးက ရှေ့ကို မျက်နှာနီစွေးစွေးဖြင့် ထွက်လာပြီး
" သူခိုးလို့ မပြောပေမယ့် အဲဒါပိုင်ရှင်ရှိတယ်လို့ပြောတယ် . . . ငါက ခရုကောက်မလို့ဟာကို . . . သူက သူ့ပစ္စည်းတွေ ယူတယ်ထင်ပြီးတော့ အော်တာ "
ကောင်မလေးက ကလေး တစ်ယောက် လို နှုတ်ခမ်းစူပြီး သူမ၏ သူငယ်ချင်းကို တိုင်သည် ။
" ဟုတ်သားပဲ . . . သူက ခရုကောက်မလို့လုပ်တာကို ရှင်က မမြင်မစမ်းနဲ့ ဘာကိစ္စ ထအော်ရတာ တုံး . . . ရှင် ဒီကပြန်ရင် မျက်စိ မျက်မှန်လေးဘာလေး စမ်းဦး . . . ကြားလား "
" ဟုတ်တယ် . . . ပြောပစ်လိုက် "
ဘေးမှ ကောင်မလေးတစ်သိုက်က ရှေ့ထွက်ကောင်မလေးကို ဝိုင်း၍ မြောက်ပေးကြသည် ။ အဖြူရောင် ကောင်မလေး ကတော့ သူ့ကို မျက်စောင်းထိုးသည် ။
" ငါကလည်း အဲဒီ သူကောက်မယ့်ခရုမှာ ပိုင်ရှင်ရှိတယ်လို့ ပြောတာ "
သူ့စကားကြောင့်  အဖြူရောင် ကောင်မလေးက " ဘာ " ဟုထအော်သည် ။ ကျန်ကောင်မလေးများ ကပါ ပွစိပွစိတွေ ဖြစ်ကုန်ကြသည် ။
" ရှင်ပြောသလိုသာဆို ကျွန်မတို့လက်ထဲက တစ်ချိန်လုံး ကောက်လာတဲ့ ခရုတွေ ပါ ရှင့်ပစ္စည်းလို့ပြောတာနဲ့ ပြန်ချပေးရမလို ဖြစ်နေပြီ . . . ဒီကမ်းခြေမှာ ရှိတဲ့ခရုတွေ အကုန်လုံး အရင်ဦးတဲ့လူယူရမှာ ပဲ "
" ဟုတ်တယ် . . . ယူ . . . ယူ . . . သူငယ်ချင်း ယူ "
ရှေ့ထွက်ကောင်မလေး၏ စကားအဆုံးမှာ အဖြူရောင် ကောင်မလေးကို ကျန်ကောင်မလေးများ က " ယူ . . . ယူ " ဟုမြှော က်ပေးသည် ။ ကောင်မလေးကလည်း အယောင်ယောင်အမှားမှားဖြင့် ခရုနှစ် ခုကိုကောက်သည် ။
ဖျတ်ဆို ကျွန်တော် က ခရုကိုင်ထားသော ကောင်မလေး၏ လက်ကို အပေါ်က မိုးကိုင်ရင်း " င့ါဟာလို့ ဘယ်နှခါပြောရမလဲ " ဟုဆို ဖြစ်သည် ။ လက်အကိုင်ခံရသော ကောင်မလေးက ခရုကို မရအရယူပြီး ၎င်းလက်ကို နောက်ပစ်ကာထားရင်းက
" ကမ်းခြေပေါ်မှာ ရှိတဲ့ခရုတိုင်း ရှင့်ခရုလို့ပြောချင်လို့ ဘယ်ရမလဲ . . . စောစောက သူငယ်ချင်းပြောသလိုပဲ ရှင့်ခရုပါဆိုတာနဲ့ အရင်ကောက်ထားတဲ့ခရုတွေ ပါ ထားခဲ့ရမလို ဖြစ်နေပြီ "
မျက်စောင်းတခဲခဲဖြင့် အဖြူရောင် ကောင်မလေးက ဆိုသည် ။ သူမ၏ သူငယ်ချင်းအုပ်စုထဲကပဲ " ဇာတ်လမ်းမရှာနဲ့ နော် " ဆိုသော အသံကို ကြားလိုက်ရသည် ။
" တကယ်ပြောတာ အဲဒီ ခရုက ငါကောက်ထားတာ "
" ဘာသက်သေရှိလဲ . . . သက်သေရှိရင် ပြန်ပေးမယ် "
အဖြူရောင် ကောင်မလေးက ညစ်ကျယ်ကျယ်ပြုံးရင်းဆိုသည် ။
" သက်သေ ဟုတ်လား "
" ဟုတ်တယ် . . . ရှင်ကောက်ထားပါတယ်ဆိုတဲ့ သက်သေရှိရင် ပြလေ . . . ဒီခရုနှစ် ခုပါမကဘူး . . . ကျွန်မတို့အားလုံးကောက်ထားတဲ့ ခရုတွေ ပါ . . . ရှင့်ကို Present ပေးခဲ့ဦးမှာ "
" ဟုတ်တယ် "
" မှန်တယ် "
" ထောက်ခံတယ် "
" အပျော်ပေါ့ "
အဖြူရောင် ကောင်မလေး၏ စကားအဆုံးမှာ ကျန်ကောင်မလေး လေးယောက် က ဝိုင်း၍ ခေါင်းညိတ်ထောက်ခံကြသည် ။ သူတို့စိတ်ထဲမှာ သူတို့ဘက်က အသာဟု တွက်ထားပုံရသည် ။
" ငါက သက်သေပြလို့ မင်းတို့က မလိုက်နာရင် ဘယ်လိုလုပ်မလဲ "
" ကျိန်မယ် . . . ဥပမာ ရှင်သက်သေပြနိုင်ရဲ့ သားနဲ့ ကျွန်မတို့က ခရုတွေ အကုန်လုံးမပေးခဲ့ဘူးဆိုရင် အပျိုကြီး ဖြစ်ပါစေ . . . ထီတစ်သက်လုံးမပေါက်ပါစေနဲ့ . . . အဲဒါမျိုး "
" သေချာတယ်နော် "
ပြောင်ချော်ချော် သူ့အမေးအဆုံးမှာ ကောင်မလေးများ က " စိန်လိုက် " ဟု ဆောင့်ကြွားကြွားဆိုကြသည် ။
သူပြုံးရင်း ကင်မရာ၏ power ကိုဖွင့်ကာ စောစောက သူ Angle အမျိုးမျိုးမှ ရိုက်ယူထားသော ခရုဖြူနှစ် ခု၏ ပုံအပြင် ခရုသေးသေးလေးများ ဖြင့် အသဲပုံဘော်ခတ်ကာ ရိုက်ထားသော ပုံကိုပါရှာပြီး ကင်မရာ၏ screen မှာ ပြပေးလိုက် သည် ။
" ဟယ် . . . ဟုတ်တယ်တော့ "
" မှန်းစမ်း . . . အယ် - ဟုတ်နေတယ် . . . ကြည့်စမ်း "
အဖြူရောင် ကောင်မလေးက လုံးဝမကြည့်သေး ။ အခြားကောင်မလေး လေးယောက် ကသာ screen မှာ လာကြည့်ပြီး မျက်စိပျက် ၊ မျက်နှာပျက်များ ဖြင့် အသီးသီး ရေရွတ်ကြသည် ။
" တစ်မနက်ခင်းလုံကောက်ထားတဲ့ ခရုတွေ တော့ သဲထဲရေ သွန် ဖြစ်ပါပြီ "
" ဟေ့ - မင်းလာကြည့်လေ "
" . . . . . . . . . . "
သူ၏ ပြုံးစိစိအဆိုကို ကောင်မလေးက ဘာမှပြန်မဆိုဘဲ သူမ၏ သူငယ်ချင်းများ ကို ကြောင်စိစိဖြင့် ကြည့်သည် ။ ပြီး သူမ၏ လက်ခုပ်ထဲမှ ခရုတို့ကို နှမြောတသစွာ ကြည့်သည် ။
" မင်းလာမကြည့်ရင်လည်း ငါလာပြရတာ ပေါ့ "
ပြောပြောဆိုဆိုပင် ခြေလှမ်းနှစ် လှမ်း ခန့်သာဝေးသော မျက်နှာချင်းဆိုင်မှာ ရပ်နေသည့် ကောင်မလေးဆီလျှောက်ရင်း camera screen ကိုပြ ဖြစ်သည် ။ ကောင်မလေးက screen ကို မရဲတရဲဖြင့် ဆတ်ခနဲကြည့်သည် ။ ပြီး မျက်စိမျက်နှာပျက်ဖြင့်
" ရော့ "
ဖြူဖွေးသော သူမ၏ လက်ခုပ်ထဲမှ ခရုတို့ကို သူမက " ရော့ " ဟုဆိုရင်း ခပ်ဆောင့်ဆောင့်ဖြင့် ပေးသည် ။ သူမမျက်နှာတစ်ခုလုံးက စတော် ဘယ်ရီသီးနီနီလို ချိတ်တက်နေအောင် နီရဲကာနေသည် ။ သူကလှမ်းယူရန် ပြင်စဉ်မှာ ပင် သူမက ဆတ်ခနဲလက်ကို ပြန်ရုပ်သည် ။
" ရှင် ဘယ်ဟိုတယ်မှတည်းတာလဲ "
" ဘာ ဖြစ်လို့လဲ "
ရုတ်တရက်မေးသော သူမ၏ အမေးကြောင့် သူကြောင်သွားရသည် ။ သူသာမက သူ့သူငယ်ချင်းများ ပါ ကြောင်သွားကြသည် ။
ပြန်၍ မေးသော သူ့အမေးကြောင့် သူမကခေါင်းကိုမော့သည် ။
" ရှင်ဖြေမှာ သာ ဖြေပါ "
" ( ---- ) ဟိုတယ်မှာ တည်းတာ . . . ဘာ ဖြစ်လို့လဲ "
" ဟယ် - ငါတို့နဲ့ အတူတူပဲတော့ "
သူ့အဖြေအဆုံးမှာ သူမ၏ သူငယ်ချင်းအူကြောင်ကြားမလေးက ထ၍ ဆိုသည် ။
" ဒါဆိုရင် အဲဒီ ဟိုတယ်ရဲ့ ဈေးအချိုဆုံးအခန်းတောင် တစ်သိန်းဝန်းကျင် ရှိတယ်ဆိုတာ ကျွန်မသိတယ် . . . ဒီလိုလုပ်ပါလား . . . ဒီခရုတွေ ကို ကျွန်မဝယ်လိုက်မယ် . . . ဈေးက ရှင်တည်းနေတဲ့ အခန်းခကို ကျွန်မတစ်ပတ်စာရှင်းပေးမယ် . . . တကယ်လို့ ရှင်ငါးရက်တည်းတည်းတယ်ဆိုရင်လည်း ပိုနေတဲ့နှစ် ရက်စာကို ဒီပို့စစ်တင်ထားတယ်လို့ သဘောထားပြီး ထုတ်သွားလို့ရတယ် . . . ကဲ - ဘယ်လိုလဲ "
ဝုန်းခနဲ သူ့ရင်ကို သူမ၏ စကားတို့က လာရိုက်ခတ်သည် ။ ကြောလှချည်လားဟု ။ ပစ္စည်းရှိလူတန်းစား ၊ လူကုံထံတို့၏ စတိုင်မျိုးချိုးနေသော သူမ၏ စကားအဆုံးမှာ သူမ၏ သူငယ်ချင်းများ က " ဟဲ့ - ဖြူမဉ္ဇူ " ဟုလှမ်းဟန့်သည် ။ " ဖြူမဉ္ဇူ " တဲ့လားဟု သူတွေး ဖြစ်သည် ။
" ကဲ - ဘယ်လိုလဲ "
သူမက မျက်ခုံးကိုပင့်ရင်း ခပ်ကြောကြောစတိုင်ဖြင့် ဆိုသည် ။
" ဒီလိုလုပ်ပါလား . . . အဲဒီ ခရုလို ပုံစံတူခရုကို ဒီကမ်းစပ်မှာ မင်းထပ်ရှာပေးနိုင်မလား . . . ဆိုလိုတာက အမှတ်တရာဆိုင်မှာ ပြေးဝယ်တာမျိုးမဟုတ်ဘဲနဲ့ ဒီကမ်းခြေမှာ ခု ချက်ချင်း ရှာရမှာ ကို ပြောတာ . . . အရေအတွက် နည်းနည်း ပဲရရင် မင်းတို့ တစ်အုပ်စုလုံးနေတဲ့ အခန်းခအတွက် တစ်လစာကို ငါရှင်းပေးမယ် . . . တစ်ရက်တည်းနေပြီး ပြန်တာဆိုရင်လည်း ပိုတဲ့နှစ် ဆယ့်ကိုးရက်စာကို ဒီပို့စစ်တင်ထားတယ်လို့ သဘောထားပြီး ထုတ်သွားလို့ရတယ် . . . ငါကျေနပ်လောက်တဲ့အထိ ခရုခပ်များများ ကို အခု ချက်ချင်း ရှာပေးနိုင်ရင် အခန်းခ နှစ် လစာဖိုး ငါရှင်းပေးမယ် . . . ဘယ်လိုလဲ ထပ်ရှာပေးနိုင်မလား "
သူ့စကားအဆုံးမှာ သူမက တက်ကိုခပ်ပြင်းပြင်းခေါက်သည် ။ ပြီးခရုတို့ကို သူ့ရှေ့သော င်ပြင်ပေါ်ပစ်ချရင်း
" မုန်းစရာကောင်းလိုက်တာ "
ဟု ခပ်ဆောင့်ဆောင့် အံကြိတ်ကာဆိုရင်း ထွက်ကာသွားသည် ။ သူမ၏ သူငယ်ချင်းများ ကပါ သူမလုပ်သလို ခရုတို့ကို သူ့ရှေ့ပစ်ချကြရင်း
" ရုပ်ကိုက မပြောလိုက်ချင်ဘူး "
" မာရေကြောရေနဲ့ "
" ဟွန်း - တွေ့ ဦးမယ် "
စသည်ဖြင့် တစ်ယောက် တစ်ပေါက် ရေရွတ်ရင်း ထောပနာပြုသွားကြသည် ။ ဖြူမဉ္ဇူဆိုသော အဖြူရောင် အရိပ်လေး ကတော့ ရှေ့ဆုံးမှနေ ဒေါသကြီးစွာ ဖြင့် ဆောင့်ကြီးအောင့်ကြီး ချီတက်သည် ။ ပြီး ခဏခဏနောက်ပြန်လှည့်ကြည့်သည် ။ စပ်ဖြီးဖြီးကြီး ကြည့်နေသော သူ့ကို တွေ့ ရသော အခါ နှုတ်ခမ်းကိုကိုက်ကာ မျက်စောင်းကို ဝုန်းခနဲလှိုင်းပုတ်သလို လှမ်းထိုးသည် ။
သူမပစ်ချခဲ့သော သူမ၏ ခရုဖြူနှစ် ခု ကတော့ သူမ၏ သူငယ်ချင်းများ ပစ်ချခဲ့သော ခရုများ ကြား၌ ငြိမ်သက်စွာ ပဲရှိလို့နေသည် ။
" မိုက်လား သူရ "
" ဘာကိုပြောတာလဲ "
" ဩော် - မင်းပြောတဲ့ဆတ်ဆတ်ကျဲမလေးက ချောလား ၊ မိုက်လားလို့ မေးတာ "
" မသိဘူးလေ . . . မင်းပြောတဲ့ပုံစံက ငါ့ကိုပဲ ရန်စနေသလို လိုဘာလိုလိုနဲ့ "
" ကဲပါ - အဲဒါတွေ အသာထားစမ်းပါ . . . မင်းတို့နှစ် ကောင်လုပ်နေတာနဲ့ လိုရင်းကပျောက်တော့မယ် . . . ကဲ ကဲ . . . သူရ . . . မင်း ဟိုကောင်ဌေးမောင်မေးတဲ့ မေးခွန်းကို မဖြေသေးဘူး . . . ဒီတော့ ငါကပါ ထပ်မေးဦးမယ် . . . မင်းပြောတဲ့ကောင်မလေးက ချောလား "
အေးကိုက သူ့ပခုံးကို ခပ်ဖွဖွပုတ်ရင်းမေးသည် ။
" အင်း - ဘယ်လိုပြောရမလဲ . . . ဆွဲဆောင်မှု ကတော့ တော် တော် ရှိတာကွ . . . ရုပ်လည်းချောတယ်ဆိုတာထက် နည်းနည်း ပိုတယ် . . . ဒါပေမဲ့ ငါမကြိုက်တဲ့အချက်က . . . "
" ရပြီ . . . ဘာမှလာရှင်းပြမနေနဲ့ . . . အဲဒီ ကောင်မလေးက လှလားလို့မေးတာ . . . မင်းရဲ့ ကြိုက်တဲ့အချက် မကြိုက်တဲ့အချက်ကို မမေးဘူး "
ပြောလက်စစကားကိုဖြတ်ကာ ပိတ်၍ ဆိုသော ဌေးမောင်၏ စကားကြောင့် သူနင်တင်တင်ကြီး ဖြစ်သွားရသည် ။ အေးကိုက
" ပြောပါစေ ဌေးမောင်ရာ . . . သူ့စကားကို မင်းက ရှေ့ပိတ်ထားတော့ သူ့ခမျာ " လင်းတ " အစာနင်သလို ဆန့်ငင်ငင်ကြီး ဖြစ်နေတယ် တွေ့ လား . . . ကဲ ကဲ . . . ငါပြောခွင့်ပြုတယ် သူရ . . . ပြော "
အေးကိုစကားကြောင့် ပို၍ ပင် အောင့်သက်သက်ကြီး ဖြစ်သွားရသည် ။ သို့သော်လည်း ကိုယ်ကပြောချင်နေသူမို့ သည်းခံလိုက်ရသည် ။
" ဒီလိုကွ "
" အေး - ပြောမှာ ဖြင့် လည်း တိုတိုနဲ့ လိုရင်းပြော . . . နားထောင်မယ့်လူ ရှိတယ်ဆိုတိုင်း ပိုက်ဆံမကုန်တိုင်း လျှာရှည်မနေနဲ့ ဦး . . . ဒီကကောင်တွေ က စိတ်ဝင်စားလွန်းလို့ နားထောင်ပေးနေတာ မဟုတ်ဘူး . . . ငပလီခရီးစဉ်တစ်လျှောက်လုံးရဲ့ ကုန်ကျစရိတ်မှန်သမျှကို ဒကာခံထားပေးတဲ့လူမို့လို့ အောင့်အီးသည်းခံပြီးတော့ နားထောင်ပေးရမှာ . . . ကဲ - ပြော "
ဌေးမောင်၏ စကားအဆုံးမှာ တော့ အေးကိုက ခွီးခနဲ ထရယ်သည် ။
ဌေးမောင်က အီလည်လည်ကြီး ဖြစ်သွားသော သူ့ကိုကြည့်ရင်း ရယ်ချင်ပက်ကျိဖြင့်
" ကဲ . . . ကဲ . . . ပြောလေ " ဟုဆိုသည် ။
" တော် ပြီကွာ . . . မပြောတော့ဘူး "
" ဟ - ဒါယောက်ျားကြီးတန်မဲ့နဲ့ စိတ်ဆိုးသွားတာလား . . . စိတ်တော့ လာမဆိုးနဲ့ ဆရာ . . . ငပလီခရီးစဉ်ရဲ့ ဒကာဆိုပြီး ချော့မယ်လို့တော့ မထင်နဲ့ . . . ဆောင့်ကန် . . . လိုက် . . . မှာ "
လူရွှင်တော် စတိုင်ဖြင့်  အိုဗာအက်တင်တွေ ပေးပြီး ဆိုသော အေးကို၏ စကားကြောင့် ဌေးမောင်ရော သူပါရယ် ဖြစ်ကြသည် ။
" ကဲပါ - ပြော ပြော "
အေးကိုက ရုပ်ကိုပြန်တည်ရင်း အပီနားထောင်ပေးတော့မည့်  အထာဖြင့် ဆိုသည် ။ ဌေးမောင်ကပါ ခေါင်းညိတ်သည် ။ ပြီး
" ကောင်မလေးမှာ မင်းမကြိုက်ဘူးဆိုတဲ့အချက်က ဘာလဲ "
ဟုစကားစကို ပြန်ကောက်ပေးသည် ။
" ငွေစကားပြောတာကို မကြိုက်ဘူး . . . သူ့စိတ်ထဲမှာ ငွေနဲ့ ပေါက်ရင် ဘာမဆိုရတယ်ဆိုတဲ့စိတ်တွေ ဝင်နေပုံရတယ် "
" ဒါနဲ့ ပဲ မင်းက သူတစ်ပတ်စာရှင်းပေးမယ်ဆိုတဲ့ Hotel ခကို တစ်လစာ . . . ဒါမှမဟုတ် နှစ် လစာရှင်းပေးမယ်လို့ပြောပြီး ချိုးခဲ့တာပေါ့ ဟုတ်လား "
" အေး "
ဌေးမောင်၏ အမေးကို သူကျေနပ်စွာ ခေါင်းညိတ်ရင်း ဖြေ ဖြစ်သည် ။
" မတော် လို့ ဟိုက ဒီလောက်တောင်လေကြီးလှတာဆိုပြီး လိုက်ရှာလို့ အဲဒီ ခရုသွားတွေ့ ရင်တော့ ငါတို့ကောင် " သူရ " တော့မွဲပြီ "
အေးကို၏ အဆိုကြောင့်  သူပြုံး ဖြစ်သည် ။ ပြီး ခေါင်းကို ခါပြ ဖြစ်သည် ။
" သူ့မျက်လုံးတွေ ထဲမှာ မာနအရောင် တွေ သိပ်တောက်ပြောင်နေတာကို ကြည့်ပြီး မြင်ပြီးကတည်းက သူ့မာနကို ကလိရမယ် စကားကို ငါ့ဘက်ကပြင်ပြီးသားပါ . . . ကဲ ကဲ . . . နေ့လယ်စာစားဖို့ အချိန်တန်ပြီကွ . . . ဟိုရောက်မှ ဆက်ပြောရအောင် . . . အခန့်သင့်ရင် အဲဒီ ဖြူမဉ္ဇူဆိုတဲ့ ဆတ်ဆတ်ကြဲနဲ့ တောင် တွေ့ ချင်တွေ့ နေဦးမှာ ကွ "
" ချစ်ခြင်းအစ ခရုလုခြင်းက ဇာတ်လမ်းပေါ့ ဟုတ်လား "
အေးကိုက မချိုမချဉ်ဖြင့် ဆိုသည် ။
" သွားစမ်းပါကွာ . . . မိဘချမ်းသာတိုင်း ကိုယ်ပိုင်အရည်အချင်း ဘာမှမရှိဘဲနဲ့ အခြောက်တိုက်ဘဝင်မြင့်ပြီး အောက်ခြေလွတ်တာလောက် ကြည့်မရတာ ဘာမှမရှိဘူး "
" အေးပါ - ဒါပေမဲ့ မတော် လို့ မင်းနဲ့ သူဖူးစာပါနေတယ်ဆိုရင်ကောကွာ "
ဌေးမောင်က ဇွတ်ကြီးကိုပေးစားနေတော့သည် ။
" ငါ့ကိုယ်ငါ သတ်သေလိုက်မယ်ကွာ . . . ကဲ "
သူ့အဖြေကြောင့် သကောင့်သားနှစ် ကောင်က ရယ်သည် ။ ပြီး အေးကိုက
" အေး - မင်း အဲဒီ လို ဖြစ်နေလို့လားတော့ မသိဘူး . . . အဟုတ်ကြီးညားမှာ မြင်ယောင်သေးတယ် "
ဟုနှိပ်ကွပ်သည် ။
" ကဲကွာ . . . မတော် လို့ မင်းနဲ့ ညားတော့မှ သူ့အချိုးတွေ ပြောင်းသွား ရင်ကောကွာ "
ဌေးမောင်က ဒုတိယမိကွန့်လာပြန်သည် ။
" မင်းတို့နှစ် ယောက် က ငါ့ဆို အတော် နှိပ်ကွပ်ချင်ကြတာပဲကွ . . . ဘယ့်နှယ့် ငါ့ကို ဇွတ်အတင်းကြီးကို ညားခိုင်းနေတာလဲ . . . ငါပြောပြီးသား . . . အဲဒီ လို မောက်မာတဲ့မိန်းမနဲ့ သာ ညားလို့ ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မှာ "
" အေး - အဲဒါကြောင့် ညားကိုညားဦး . . . မှာ . . . ဘယ်လိုနည်းနဲ့ ဖြစ် ဖြစ် အကြောင်းမရှိ အကြောင်းရှာပြီးတော့ကို ညားဦးမှာ "
အေးကိုက ဇွတ်ကြီးဆိုသည် ။
" ကြည့်ရတာ မင်းတို့ငါ့ကို အတော် သေစေချင်ပုံရတယ် ဟုတ်လား "
သူ့စကားကြောင့် သကောင့်သားနှစ် ကောင်က တခွီးခွီးဖြင့် ရယ်သည် ။ ဌေးမောင်က
" ဘယ်လိုလုပ်ပြီး ရိပ်မိသွားတာလဲ "
ဟု ပြန်နောက်သည် ။
အေးကိုက Hotel ၏ စားသောက်ခန်းမဆီ ဖုန်းခေါ်သည် ။
" ကျွန်တော် တို့ အခန်း ( -- ) ကပါ . . . စောစောက ကျွန်တော် တို့ မှာ ထားတာတွေ ပြင်ထားလိုက်တော့နော် . . . ဟုတ်ကဲ့ . . . ဟုတ်ကဲ့ . . . အခုပဲလာတော့မှာ . . . ဟုတ်ကဲ့ "
စားသောက်ခန်းမဆီခေါ်၍ ဖုန်းချအပြီး သူတို့ဘက်လှည့်ကာ " သွားရအောင် " ဟုဆိုသည် ။
သုံးကောင်သား အခန်းထဲမှအထွက် ဌေးမောင်က အခန်း Lock ကိုချသည် ။ ပြီးမှ အလန့်တကြားဖြင့်
" ဟိုက် - ပြဿနာပဲ "
" ဘာ ဖြစ်တာလဲ . . . မင်းအမြီး ငါနင်းထားလို့လား "
" ဘယ်ကလာ . . . အခန်းကို Lock သာချလိုက်တယ် . . . သော့ ယူမလာမိဘူး . . . သော့ က အခန်းထဲမှာ ကျန်ခဲ့ပြီ "
" အာ - ဒါဆို ဧည့်ကြိုကို အကြောင်းကြားမှ ဖြစ်မှာ ပေါ့ . . . ဧည့်ကြိုမှာ သာာ စပယ်ယာ Key မရှိလို့ ကတော့ ပြဿနာပဲ . . . သော့ ပိုမရှိလို့ ဖျက်ရရင်တော့ သော့ ဖိုးလျော်ရပြီသာမှတ် "
အေးကိုက ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း ဆိုသည် ။
" ဌေးမောင်ဆိုတဲ့ကောင် ဘာလုပ်လုပ်အရမ်းချည်းပဲ "
" ဟ - ငါက မင်းတို့ တစ်ယောက် ယောက် ယူသွားပြီထင်ပြီး Lock ချလိုက်တာလေကွာ . . . နောက်တော့မှ ငါ့ခေါင်းအုံးဘေးမှာ ချခဲ့မှန်း သတိရတာ "
" အေး ကောင်းတယ် . . . လာ - အစားကနောက်မှလုပ် . . . ဧည့်ကြိုကို အရင်သွားပြောရအောင် "
ပြောပြောဆိုဆို အေးကိုက ရှေ့မှချီတက်သည် ။ သုံးကောင်သား ဧည့်ကြိုကောင်တာဆီ ချီတက်လာကြရင်းက မြင်လိုက်ရသော မြင်ကွင်းကြောင့် သူအံ့အားသင့်သွားရသည် ။ တစ်ဖက်မှနေ ဧည့်ကြိုကောင်တာဆီ လာနေသော ဆတ်ဆတ်ကြဲမလေတို့ အုပ်စုကို တွေ့ လိုက်ရသော ကြောင့် ဖြစ်သည် ။
" ဟကောင်တွေ . . . ငါတို့ ရှေ့လာနေတာ ငါပြောတဲ့အဖွဲ့ပဲ . . . ရှေ့ဆုံးက လိမ်ကျစ်လိမ်ကျစ်နဲ့ လာနေတဲ့ တစ်ယောက် က ငါပြောတဲ့ ဖြူမဉ္ဇူဆိုတာပဲ "
ဌေးမောင်နှင့် အေးကိုကို လက်အသာတို့ရင်းဆိုသော သူ့စကားအဆုံးမှာ ဌေးမောင်က
" အကုန်လုံး အလန်းတွေ ချည်းပါလား . . . တော် တော် ညံ့တဲ့ သူရကွာ . . . ချစ်ကြည်ရေး ရအောင်လုပ်မထားဘဲ ပြဿနာရှာထားရတယ်လို့ "
အံကြီးကြိတ်ကာဆိုသော ဌေးမောင်၏ စကားကြောင့် သူပြုံး ဖြစ်သည် ။ နှစ် ဖွဲ့စလုံး ကောင်တာရှေ့မှာ ဆုံသော အခါ သူမတို့ အုပ်စုက သူ့ကိုမြင်သွားသည် ။ ပြီး အချင်းချင်းလက်တွေ တို့ကုန်ကြသည် ။
" ဘာများ ကူညီရမလဲခင်ဗျာ "
" သော့ ကျန်ခဲ့လို့ "
" သော့ ကျန်ခဲ့လို့ " ဆိုသော စကားကို ပြိုင်တူပြောမိသွားကြသည်မို့ သူမက သူ့မျက်နှာကို စူးခနဲကြည့်သည် ။
" လာမရိနဲ့ နော် "
ဒေါကြီးမောကြီးနှင့် ဆိုလာသည်မို့ သူရယ်ချင်သွားရသည် ။
" ဟောဗျာ "
" ဘာဟောဗျာလဲ . . . ရူးချင်ယောင်ဆောင်မနေနဲ့ . . . ကျွန်မပြောတဲ့စကားကို လိုက်မပြောနဲ့ "
" အံမာ - ဖြစ်ချင်း ဖြစ် မင်းကသာ ငါပြောမှ လိုက်ပြောတာပဲ ဖြစ်မယ် "
တစ်ယောက် တစ်ခွန်း စကားများ နေစဉ်မှာ ပင် ဧည့်ကြိုမှ ချာတိတ်က " ခဏလေး " ဟုဝင်၍ လက်ကာပြသည် ။
" ခဏလေးခင်ဗျာ . . . တကယ်တော့ နှစ် ယောက် စလုံး ပြိုင်တူပြောကြတာပါ . . . ဒီကိစ္စအတွက်နဲ့ တော့ မပူပါနဲ့ . . . ကျွန်တော် တို့ရဲ့ အခန်းတိုင်းမှာ " အရံသော့  " ရှိပါတယ် . . . ဘယ်သူ့ကြောင့် ပဲ သော့ ပျောက်ပျောက် တစ်ယောက် နဲ့ တစ်ယောက် သည်းခံပေါ့ "
" ဘာ "
ကြည့်ရသည်မှာ နည်းနည်း ရိုးအပုံရသော ဧည့်ကြိုမှ ချာတိတ်က သူတို့နှစ် ယောက် ကို တစ်ခန်းတည်းဟု ထင်နေဟန်တူသည် ။ ၎င်းပြောလိုက်သော စကားကြောင့် သူမက " ဘာ " ဟူသော အာမေဍိတ်အသံကိုပြုသည် ။ ချာတိတ်က
" ဘာ ဖြစ်လို့ အော်တာလဲဟင် "
မျက်လုံးလေးကလယ်ကလယ်နှင့် မရဲတရဲ မေးသော ချာတိတ်ကို သူမက
" ဘာ ဖြစ်ရမှာ လဲ . . . မင်းက သူနဲ့ ငါနဲ့ ကို တစ်ခန်းတည်းထင်နေလို့လား "
" နို့ မဟုတ်လို့လား "
" ဘာရယ် "
သူမမျက်နှာက ရှက်ဒေါသတို့ဖြင့်  နီချိတ်ကာသွားသည် ။ " ဘာရယ် " ဟုအော်လိုက်သော သူမအသံကျယ်ကြီးကို ကြားတော့မှ ချာတိတ်က ရုတ်တရက် သဘောပေါက်ပြီး
" ဟာ - sorry အစ်မ sorry . . . ကျွန်တော် က ခွင့်ယူထားပြီး အခုမှ ဂျူတီ စ - ဝင်တာ . . . ဘာ List မှမကြည့်ရသေးလို့ . . . sorry နော် အစ်ကို . . . ကျွန်တော် တောင်းပန်ပါတယ် "
ချာတိတ်က သူ့ကိုပါ လှည့်ပြီး တောင်းပန်သည် ။ သူသည်လည်း အနည်းနှင့်အများ တော့ မျက်နှာပူသလိုလို ရှိသွားသော်လည်း ဒေါသတကြီးဖြင့် သူ့ကိုခေါ်သည် ။ သူက ပြောင်ချော်ချော်ဖြင့် " ဗျာ " ဟုထူး ဖြစ်သည် ။
" ယောက်ျားကြီးတန်မဲ့နဲ့ . . . ရှင် စောင်းမပြောပါနဲ့ "
" မပြောပါဘူး . . . ငါ ဒီညီလေးကို ပြောတာပါ "
သူမ၏ စကားကို သူဆင်ခြင်တက် ဖြစ်သည် ။
" ဒါပေမဲ့ ရှင့်မျက်လုံးက ကျွန်မကို ကြည့်နေတယ်လေ . . . ဒီတော့ စောင်းပြောတာ မဟုတ်လို့ ဘာလဲ . . . ဒီမှာ - မနက်ခင်းတုန်းကလည်း မတောင်းပန်ခဲ့ဘူး . . . အခုလည်း မတောင်းပန်နိုင်ဘူး . . . နောက်လည်း မတောင်းပန်ဘူး . . . ရှင်းလား "
" မင်းတောင်းပန်တာ ၊ မတောင်းပန်တာ ပြဿနာမရှိပါဘူး . . . အဲဒါက မင်းရဲ့ သိက္ခာနဲ့ ပဲဆိုင်တယ် . . . ကဲ ကဲ . . . Lunch သွားစားလိုက်ဦးမယ် . . . တာ့တာ "
ပြောချင်သမျှတို့ကို စွတ်ပြောရင်း စကားစကို တိခနဲဖြတ်ကာ လှည့်ထွက်ခဲ့သော သူ့နောက်ကျောမှ သူမ၏ တက်ခေါက်သံခပ်ပြင်းပြင်းက ကပ်၍ ပါလာသည် ။ ထို့အတူ ဌေးမောင်တို့နှစ် ကောင်သည်လည်း ကပ်၍ ပါလာသည် ။
" မင်းကလဲကွာ . . . ငြိမ်းချမ်းရေး ချစ်ကြည်ရေး အတွက် မလုံးပမ်းဘူး . . . ယောက်ျားကြီးလုပ်ပြီးတော့ မိန်းမကောင်းရန်တွေ့  သွားလုပ်နေတယ် "
အေးကိုက သူ့ကိုအပြစ်တင်သည် ။
" ငါ ဒီကောင်မလေး ဒေါသထွက်တာကို မြင်ချင်လို့ကွ . . . သူဒေါသထွက်နေတဲ့ ပုံစံကို မင်းမမြင်ဘူးလား . . . ချစ်စရာလေး "
လွှတ်ခနဲ ထွက်သွားသော သူ့စကားကြောင့် အေးကိုနှင့် ဌေးမောင်က သူ့ကို မျက်လုံးပြူးကြီးများ ဖြင့် ကြည့်ကြသည် ။
" ဘာပြူးကြည့်နေကြတာလဲကွ "
" ဟ - မင်းဟာက အပြောင်းအလဲ မြန်လှချည်လားကွ . . . စောစောကပဲ မင်းပြောတော့ အဲဒီ လို မောက်မာတဲ့ မိန်းကလေးနဲ့ သာ ညားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့ဆို "
" အေးလေ . . . ငါပြောခဲ့တယ်လေ . . . အဲဒါ ဘာ ဖြစ်တုံး "
" ဒါဖြင့် ဘာကိစ္စ ဒေါသထွက်နေတဲ့ပုံစံကို ချစ်စရာလေးတွေ ဘာတွေ ပြောနေတာတုံး . . . ငါ့အထင်တော့ မင်းရဲ့ မသိစိတ်မှာ အဲဒီ ကောင်မလေးကို မင်းငြိနေပြီ ထင်တယ် "
သံသယမျက်လုံးဖြင့် ကြည့်ကာဆိုသော အေးကို၏ စကားကြောင့် သူတစ်ချက်တွေ သွား ဖြစ်သည် ။ သို့သော် မျက်လုံးစုံမှိတ်ပြီး " မဟုတ်ဘူး " ဟု သူဆို ဖြစ်သည် ။ ရင်ထဲမှာ တော့ . . . ဘာလိုလိုကြီး ဖြစ်ကာနေသည် ။
" ဗော " ငှားသော ဆိုင်လေးမှာ အုန်းရည်ပါတွဲ ၍ ရောင်းသည် ။ ပင်လယ်ထဲ မဆင်းခင် သဲသော င်ပြင်မှာ ထိုင်ရင်း သုံးယောက် သား အုန်းရည်သောက်နေခိုက် သူမတို့အုပ်စု " ဗော " ငှားရန် ရောက်လာကြသည် ။
ခပ်လှမ်းလှမ်းမှနေ သူ့ကိုမြင်သော အခါ သူမခြေလှမ်းတို့ ရပ်တန့်ကာ သွားသည် ။ ပြီး ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် ခေါင်းကိုမော့ပြီး " ဗော " ဆိုင်ဆီကို သွားသည် ။ ထိုအချိန်မှာ " ဗော " ငှားသည့် ချာတိတ်မလေးက သူတို့သုံးကောင်ဆီသို့ အုန်းရည်လာချပေးပြီး " ဗော " ဆိုင်ဘက်သို့ ပြန်သွားရန် ပြင်နေချိန် ဖြစ်သည် ။ ဖျတ်ခနဲ အကြံရသည်မို့ ချာတိတ်မလေးကို သူလှမ်းခေါ်လိုက်သည် ။
" ဘာလိုလို့လဲ အစ်ကို "
" သမီးရေ - သမီးဆိုင်ကဗောတွေ အကုန်လုံး အစ်ကိုငှားမယ်သိလား . . . တခြားလူတွေ ကို မငှားနဲ့ တော့ ကြားလား "
" ဟုတ် "
" ဟ - ဘာကြောင်တာလဲ သူရ . . . မင်းပြဿနာရှာပြန်ပြီလား "
" အေး - ကြည့်မရလွန်းလို့ပါကွာ "
" မင်း ကတော့ကွာ "
အေးကိုတို့နှစ် ယောက် က သူ့ကိုရေရွတ်ကြသည် ။ ထိုအချိန်မှာ ပင် သူမတို့အုပ်စု " ဗော " ဆိုင်က ကောင်မလေးနှင့် စကားတွေ ပြောနေကြသည် ။ " ဗော " ဆိုင်က ချာတိတ်မလေးက သူတို့သုံးယောက် ရှိရာ လက်ညှိုးထိုးပြနေသည်ကို သူမြင်လိုက်ရသည်မို့ ကြိတ်ပြုံးရင်း ဌေးမောင်တို့နှစ် ယောက် ဆီကို လက်မထောင်ပြ ဖြစ်သည် ။
သိပ်ကြာကြာမစောင့်လိုက်ရ ။ သူမတို့ တစ်သိုက် သူတို့ဆီ လျှောက်လာကြသည် ။ သူ့ရှေ့အရောက်မှာ သူမက ခြေစုံကိုရပ်သည် ။ ပြီး နေကာမျက်မှန်ကို ခပ်ကြမ်းကြမ်းဆွဲချွတ်သည် သူ ကတော့ နေကာမျက်မှန်ကို ခေါင်းပေါ်အထိ စိမ်ပြေနပြေတွန်းတင် ဖြစ်သည် ။
" ရှင် သိပ်တရားလွန်လာပြီနော် "
" မင်း ဘာတွေ လာပြောနေတာလဲ . . . ငါလည်း နားမလည်ပါလား "
ပခုံးတွန့်ရင်း အိုဗာအက်တင်ဖြင့် ဆိုသော သူ့စကားကြောင့်  သူမဆွေ့ဆွေ့ခုန် လုမတတ် ဒေါသထွက်ကာသွားသည် ။
" ရှင် ရူးချင်ယောင်ဆောင်မနေနဲ့ . . . " ဗော " ဆိုင်တွေ တစ်ဆိုင်နဲ့ တစ်ဆိုင် အဝေးကြီးမို့လို့ ရှင်တမင် လုပ်တာမဟုတ်လား . . . လူသုံးယောက် တည်းနဲ့ " ဗော " ဆိုင်တစ်ဆိုင်လုံး ငှားစရာလား "
" ငါ့ဘာသာငါ " ဗော " ဆိုင်တစ်ဆိုင်လုံးမကလို့ ဒီငပလီ ကမ်းခြေမှာ ရှိရှိသမျှ " ဗော " တွေ အကုန်လုံး ငှားတော့ရော မင်းအပူလား . . . မင်းငါ့ကို ဇွတ်အတင်းကြီးကို လိုက်ပတ်သက်နေပါလား "
" ဘာပြောတယ် "
" လာပါ ဖြူမဉ္ဇူရာ . . . သွားရအောင် . . . ပြောမနေနဲ့ "
သူမ၏ သူငယ်ချင်း တစ်ယောက် က သူမကို ခေါ်သည် ။
" တောက် - လူပါးကို ဝတယ် "
သူ့ကို စူးရဲစွာ ကြည့်ရင်း " လူပါးဝတယ် " ဟုဆိုလာသော သူမကို သူ တမင်ပင် ပါးဖောင်းပြလိုက်သည်မို့ သူမ၏ ဒေါသ ပိုထွက်သွားဟန်တူသည် ။ လက်သီးနှစ် ဖက်ကို ကျစ်နေအောင် ဆုပ်ပြီး ချာခနဲ လှည့်ထွက်ကာသွားသည် ။
" ဟေ့ - အုန်းရည်လေးသောက်သွားကြပါဦးလား "
အေးကိုက ကချော်ကချွတ်ဖြင့် လှမ်း၍ အော်သည် ။ ကောင်မလေးများ က နောက်သို့ လှည့်ကြည့်ပြီး မျက်စောင်းထိုးသွားကြသည် ။
" မင်းတို့တော့ မသိဘူး . . . ငါတော့ သူတို့လေးတွေ ကို မြင်ပါများ တော့ . . . ချစ်ကြည်ရေး လမ်းဖောက်ချင်လာတယ် "
ဌေးမောင်က ကောင်မလေးများ ကို လိုက်ငေးရင်းဆိုသည် ။
" အေးကွာ - တကယ်ဆို သူတို့လေးတွေ နဲ့ စိုပြည်နေရမယ့် ကိစ္စ . . . ဒီရန်လုံဆိုတဲ့ကောင်က ကိုက်ဖို့ကြီး (ချည်း) ပဲ ချောင်းနေတော့ ငါတို့နှစ် ယောက် မှာ နေရင်းထိုင်ရင်းနဲ့ ဘူပိတ်နေတယ် "
အေးကိုကပါ အပြစ်တင်ရင်း သူ့နားရင်းကို ခပ်ဖွဖွရိုက်သည် ။
" မင်းက ငါ့ကို ရန်လုံဆိုပြီးတော့ ခွေးနဲ့ နှိုင်းတယ်ပေါ့ . . . ကြည့်စမ်း . . . မ - ဘက်လိုက်ပြီး မိုက်ဘက်ပါနေလိုက်တာကွာ . . . ကိုယ့်ဘော်ဒါ အရင်းခေါက်ခေါက်ကြီး ကိုတောင် ဒီလိုပြောရက်နေပြီပေါ့ . . . ငါ ထပြီး ဆောင့်ကန်လိုက်ရ "
" တွေ့ လား . . . အမြဲတမ်း မာန်ဖီနေတာပါလို့ဆို "
" ဘာကွ - မင်းတော့လား "
သူကြိမ်းနေစဉ်မှာ ပင် အေးကိုက ထပြီးပြေးသည် ။ သူက " မိလို့ ကတော့ အသေပဲ " ဟုဆိုရင်း နောက်မှလိုက် ဖြစ်သည် ။
" ဘေးကို ဘေးကို "
ရှေ့မှသွားနေသော ဖြူမဉ္ဇူတို့အုပ်စုက တန်းစီကာ ဖြန့်ပြီး ပိတ်လျှောက်သလို ဖြစ်နေသည်မို့ အေးကိုက ကမန်းကတန်းအော်ရင်း ပြေးသည် ။ အလယ်ကောင်မလေးများ က ဘေးကို ရှဲပေးသည် ။ အေးကိုက သူမတို့အုပ်စုကြားမှ အရှိန်ဖြင့် ဖြတ်ပြေးသည် ။ နောက်မှလိုက်လာသော သူကလည်း အရှိန်ဖြင့် လိုက်သည် ။ သို့သော် တစ်ယောက် သော ကောင်မလေက ခြေထိုးခံလိုက်သဖြင့် သူ ကိုးယိုးကားယားဖြင့် သဲသော င်ပြင်ပေါ် မှော က်ရက်ကြီး လဲကျသွားသည် ။
" အွတ် "
အွတ်ခနဲ မြည် သွားသည်အထိ မှော က်ရက်ကြီးလဲသွားသော သူ့ဘေးမှာ ခြေထိုးခံလိုက်သော ကောင်မလေးက " နာသွားလား " ဟုမေးရင်း ထိုင်သည် ။ ကြည့်လိုက်တော့ ထိုကောင်မလေးက ဖြူမဉ္ဇူ ဖြစ်နေသည် ။
လူကို မေးထောက်ကာကြည့်ရင်း ပြုံးစိစိကြီးလုပ်နေသော သူမကိုကြည့်ရင်း ဒေါသတို့က ဝုန်းခနဲ ဆောင့်တက်သည် ။
" မင်း တော် တော် ညစ်ပတ်ပါလားကွ . . . လူ တစ်ယောက် လုံး အရှိန်နဲ့ ပြေးနေတာကို ခြေထိုးခံရသလား . . . မတော် လို့ ကျိုးသွားရင် ဘယ်လိုလုပ်မလဲ "
" ကျိုးသွားရင် ကုပေးမှာ ပေါ့ရှင် . . . ရှင်ကလဲ ယောက်ျားကြီးတန်မဲ့နဲ့ နုနေလိုက်တာ . . . သဲသော င်ပြင်ပေါ် ဖြည်းဖြည်းလေးကျတာကိုများ "
" ဘာကွ - မင်းကန်းနေလား . . . ဒီလောက်အရှိန်ကြီးနဲ့ ပစ်ကျတာ " အွတ် " ခနဲတောင် နေတဲ့ဟာကို မင်းမမြင်ဘူးလား . . . တမင်လည်း ခြေထိုးခံသေးတယ် "
သူ ဒေါသထွက်ထွက်ဖြင့် ကမန်းကတန်းထထိုင်ရင်း အော် ဖြစ်သည် ။ ဌေးမောင်နှင့် အေးကိုက မယောင်မလည်ဖြင့် ဘေးမှ ရပ်နေသည် ။
" ရှင် လာပြီး မစွပ်စွဲနဲ့ နော် . . . ကျွန်မက ဖြည်း . . . ဖြည်း . . . လေး အညောင်းဆန့်လိုက်တာ "
" ဘာကွ . . . ဖြည်း . . . ဖြည်း . . . လေး အညောင်းဆန့်လိုက်တာ . . . မင်း တော် တော် လည်း စကားတတ်ပါလား . . . အား ကျွတ် ကျွတ် . . . ဟာ - ဒီမှာ သွေးတောင်စို့လာပြီ . . . ကြည့်စမ်း . . . တောက် - ဒီအတိုင်းသာဆို ပင်လယ်ထဲဆင်းရင် စပ်တော့မှာ ပဲ "
တံတောင်ဆစ်မှ စို့နေသော သွေးတို့ကို ကြည့်ရင်း သူဆို ဖြစ်သည် ။
" စပ်မှာ ကြောက်ရင်လည်း မဆင်းနဲ့ ပေါ့ . . . ဗောတေ အများ ကြီးငှားထားတာ အလကားမ ဖြစ်အောင် . . . အဲဒီ ဗောတွေ နဲ့ သော င်ပြင်မှာ ဂွေလှိမ့်တမ်းကစားနေပေါ့ရှင့် . . . ဟုတ်ဘူးလား "
ပြောပြီး သူမက တခွီးခွီးဖြင့် ရယ်သည် ။ သူမ ဘော်ဒါများ ကပါ သူ့မျက်နှာအီလည်လည်ကြီးကို ကြည့်ရင်း ဝိုင်းရယ်ကြသည် ။ ပိုဆိုးတာက ဌေးမောင်တို့ နှစ် ယောက် ကပါ လိုက်ရယ်နေသော ကြောင့် ဖြစ်သည် ။
" မင်းတို့နှစ် ယောက် က ဘာလိုက်ရယ်တာလဲ "
" ကုလားမနိုင် ရခိုင်မဲ " ဆိုသလို ကောင်မလေးများ ကို ဟောက်ရန် မ ဖြစ်သည်မို့ သကောင့်သားနှစ် ကောင်ကို လှမ်း၍ မာန် ဖြစ်သည် ။
" ကဲ ကဲ . . . ဘာပဲ ဖြစ် ဖြစ် ကျွန်မကြောင့် ရှင်လဲသွားတာဆိုတော့ ကျွန်မစိတ်မကောင်းပါဘူး . . . ဒီတစ်ခါတော့ ကျွန်မ အသေအချာကို တောင်းပန်ပါတယ် . . . sorry နော် . . . သွားတော့မယ် . . . တာ့တာ "
ရှူးရှူးရှဲရှဲ ဖြစ်နေသော သူ့ကိုကြည့်ရင်း ဖြူမဉ္ဇူဆိုသော ငတိမလေးက ပြုံးဖြီးဖြီးဖြင့် တမင်ကလိသွားလိုက်သေးသည် ။
လမ်းကို ဆတ်တောက်ဆတ်တောက်ဖြင့်  တမင်လုပ်လျှောက်နေသော သူမကို လိုက်ကြည့်ရင်း ဒေါသတို့က အလိပ်လိုက်ထွက်လာသည်မို့ တက်ကိုသာ ခပ်ပြင်းပြင်းခေါက် ဖြစ်သည် ။
" ဟကောင် - သူရ "
" ဘာလဲကွာ "
နာနေရသည့်ကြားထဲ လာခေါ်နေသော ဌေးမောင်ကို သူ ခပ်ဆောင့်ဆောင့် ထူး ဖြစ်သည် ။
" ဒီကောင်မလေးကိုကြည့်ရတာ အရင်တစ်ခေါက်ကထက် ပျော့ပြောင်း လာတယ်ကွ "
" ပိုလီယို ဖြစ်လာလို့ နေမှာ ပေါ့ . . . ကြည့်ရတာ သူ့မိဘတွေ ကာကွယ်ဆေးမှန်မှန် မတိုက်ခဲ့ဘူးနဲ့ တူတယ် "
ဌေးမောင်၏ စကားကို သူ ဘုပြော ဖြစ်သည် ။
" ငါ အတည်ပြောနေတာကွ . . . ဒီကောင်မလေးရဲ့ မျက်လုံးတွေ ထဲမှာ မင်းကိုကြည့်တဲ့အကြည့်က အရင်ရက်ကနဲ့ မတူဘူး . . . ကြည့်ရတာ မင်းနဲ့ ချစ်ကြည်ရေး ရချင်နေပုံပဲ "
" ရချင်မှာ ပေါ့ကွာ . . . ငါတို့ကောင်က ရူပါက ဖြူးတော့ ကောင်မလေးတွေ က သူ့မြင်ရင် ခင်ချင်ချစ်ချင်ရတာ အမော . . . ဒီကောင်မလေးလည်း ဒီလိုပဲနေမှာ ပေါ့ "
" မင်းပြောသလိုဆိုရင်လည်း ကောင်းသားပဲ အေးကိုရာ "
ဟု သူ့စိတ်ထဲမှာ ဆို ဖြစ်သည် ။ သူသည်လည်း ၎င်းကောင်မလေးကို . . . . . . ။
" ဟုတ်တယ်ဟ . . . တော် တန်ရုံလူသာဆို နင် ဒီလိုခြေထိုးခံလို့ လဲတဲ့ကိစ္စကို ဒီလောက်နဲ့ ဘယ်ပြီးပါ့မလဲ . . . အခုတော့ သူ့ကိုကြည့်ရတာ နာကျင်နေတဲ့ကြားက ကြိတ်ပြီး ကျေနပ်နေတယ်ထင်တာပဲ "
" ငါလည်း အဲဒီ လိုပဲ မြင်တယ် "
ကြည်ပြာနှင် သက်နွယ်က ဆရာမ ကြီးများ အထာဖြင့် ဆိုသည် ။
" တော် စမ်းပါဟာ . . . ဒီလူ့မျက်နှာကြည့်ရတာ မာရေကြောရေနဲ့ လူမြင်ရင် အစိမ်းလိုက်ဝါးစားတော့မယ့်အတိုင်းပဲ . . . ငါလည်း ခပ်ချဉ်ချဉ်ရှိတာနဲ့ ခြေထိုးခံပစ်လိုက်တာ . . . သူတော့ မသိဘူး . . . ငါ့ခြေထောက်တော့ အခုထိ နာနေတုန်းပဲ "
" အမှတ်တရ ဒဏ်ရာပေါ့ဟာ . . . ဟုတ်ဘူးလား "
ပြုံးပြုံးဝေက သူမစကားကို အထအနကောက်သည် ။
" ဘာပြောပြော ရူပါ ကတော့ အတော် ဖြောင့်တာနော် . . . ငါ ကတော့ အဲဒီ လူနဲ့ ဖြူမဉ္ဇူကို သဘောတူတယ် . . . သူတို့နှစ် ယောက် ကလိုက်တယ် "
ထားထားက မချိုမချဉ်ပြုံးရင်း ဆိုလိုက်သော စကားကြောင့် သူမမျက်နှာ ပူခနဲ ဖြစ်သွားရသည် ။
" သွားစမ်းပါ . . . အဲဒီ ဦးဒေါသကို သူ့အသံကြားတာနဲ့ တင် ကြောက်လွန်းလို့ "
" ဒါနဲ့ များ သွားပြီး ခြေထိုးခံသေးတယ်နော် . . . ကြောက်များ မကြောက်လို့ ကတော့ မပြောတော့ဘူး "
" မပြောနဲ့ ပေါ့ "
" မပြောတော့ဘူး "
ဟုဆိုရင်း သူမကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေသော သက်နွယ်ကို
" မပြောနဲ့ ပေါ့ "
ဟုဆိုရင်း မျက်စောင်းထိုး ဖြစ်သည် ။
ဘာရယ်မဟုတ်သော်လည်း မျက်မှော င်ကြီးကုတ်ကာ ဒေါသထွက်တတ်သော ရယ်စရာကောင်းသည့် ဦးဒေါသ၏ ခပ်ဖြောင့်ဖြောင့်ရူပါကို သူမ ဖျတ်ခနဲမြင်ယောင်မိသည် ။ သူ့ခရုကို သူမ မသိဘဲကောက်ယူမိစဉ်က ခပ်တည်တည်ကြီးလုပ်ကာ အော်သော ထိုလူကို စ - မြင်လိုက်ကတည်းက ဆွဲဆောင်မှု ညှို့အား အတော် ပြင်းသော လူ တစ်ယောက် မှန်း သူမသိခဲ့သည်ပဲ ဖြစ်သည် ။
" ဟိုတစ်နေ့က Camera မေ့ခဲ့လို့ ရေသူမရုပ်နားမှာ ဓာတ်ပုံ မရိုက်ခဲ့ရဘူး . . . ဒီနေ့တော့ ရိုက် ဖြစ်အောင်ကို သွားရိုက်မယ် . . . ဘယ်လိုလဲ "
စကားလမ်းကြောင်းလွှဲကာ သူမ၏ စကားအဆုံးမှာ ကြည်ပြာတို့က " OK " ဟု ထအော်ကြသည် ။
" သွားမှာ ဖြင့် လည်း နေမတက်ခင်သွားရအောင်ဟာ . . . တော် ကြာ နေပူလာရင် ရေကစားဖို့ပဲ ကောင်းတော့မှာ ဟ . . . ကဲ ထ ထ . . . သွားကြမယ် "
သက်နွယ်က ဦးစွာ မတ်တတ်ရပ်ရင်း ဆော်ဩသည် ။ သူမတို့ အားလုံး အသီးသီး ပြင်ကြဆင်ကြဖြင့် အခန်းထဲမှ ထွက်လာကြသည်
Hotel ထဲမှ ထွက်လာကြရင်း သဲသော င်ပြင်ပေါ် ပြေးကြလွှားကြဖြင့် ရေသူမရုပ်ရှိရာဘက် ထွက်ခဲ့ကြသည် ။
" နေကြဦး "
ရေသူမရုပ်ဆီလှမ်းကြည့်ရင်း " နေကြဦး " ဟု ရုတ်တရက်ဆိုကာ ထားထား၏ ခြေလှမ်းတို့ ရပ်တန့်ကာသွားသည် ။
" အဲဒီ မှာ စတွေ့ တာပဲ "
ပြုံးပြုံးဝေက ရေသူမရုပ်ပေါ်မှာ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေကြသော ဦးဒေါသနှင့် သူ၏ ဘော်ဒါနှစ် ယောက် ကို ကြည့်ရင်း ရေရွတ်သည် ။
ဘာရယ်မဟုတ် ။ ဦးဒေါသကို တွေ့ သော အခါ သူမရင်ထဲ လှပ်ခနဲ ဝမ်းသာသွားသလို ကိုကြီး ဖြစ်သွားသည် ။ သို့သော် သူမ ထိုနေရာကို မသွားတော့ဖို့ ဆုံးဖြတ်လိုက်သည် ။
" ငါမလိုက်တော့ဘူးဟာ . . . နင်တို့ပဲ သွားတော့ "
" အာ - ဘာဆိုင်လဲ . . . သူတို့ရှိလို့ သူတို့ဆီလာတာမှ မဟုတ်တာ . . . ရေသူမဆီလာတာပဲ ဥစ္စာ . . . ဂရုစိုက်မနေနဲ့ . . . လာ သွားမယ် "
ပြောပြောဆိုဆို ကြည်ပြာက ရှေ့ဆုံးမှနေ ချီတက်သည် ။ ထားထားတို့ သုံးယောက် ကပါ " ဟုတ်တယ် " ဟုဆိုကြရင်း နောက်လိုက်သွားကြသည် ။ သူမ တစ်ယောက် တည်း ကျန်ခဲ့ရန်ကလည်း မ ဖြစ်သည်မို့ နောက်ကလိုက်ခဲ့ရတော့သည် ။
" ငါတစ်ခုတော့ ပြောထားမယ်နော် "
" ဘာလဲ ပြော "
" သူတို့ ရေသူမရုပ်ဆီကခွာတော့မှ ငါတို့သွားမယ် . . . ကမ်းစပ်မှာ ပဲ ငါတို့နေရအောင် "
" ပြီးရော "
သူမ၏ စကားကို သက်နွယ်က " ပြီးရော " ဟုဆိုသည် ။ သူမတို့အုပ်စု ကမ်းစပ်မှာ မယောင်မလည်လျှောက်ရင်း ဦးဒေါသတို့ ရေသူမရုပ်ဆီမှ အခွာကို စောင့်နေ ဖြစ်ကြသည် ။
" သူရရေ "
" ဘာလဲကွ "
ရေသူမရုပ်ဆီ လှိုင်းလှမ်းအပုတ်ကို အမိအရ ဓာတ်ပံရိုက်နေသော သူ့ကို လှမ်းခေါ်သည့် အေးကိုကို စိတ်မရှည်စွာ သူထူး ဖြစ်သည် ။
" ဟိုမှာ မင်းရဲ့ ဆတ်ဆတ်ကြဲမလေးတို့အုပ်စု ဒီဘက်လာနေတယ် "
" သူ့ဘာသာသူ လာလာပေါ့ကွ "
နှုတ်ကသာ ဂရုမစိုက်သလိုဆိုလိုက်ရသော်လည်း ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားမိသည် ကတော့ အမှန်ပဲ ဖြစ်သည် ။ ရုတ်တရက်လှည့်ကြည့်လိုက် ပြန်လျှင်လည်း ဆရာသမားများ က နှိပ်ကွပ်ကြလိမ့်ဦးမည် ။
" ကြည့်ရတာ ရေသူမဆီလာကြတာ ဖြစ်မယ် . . . ငါတို့ ရူးချင်ယောင်ဆောင်ပြီး ဖယ်မပေးဘဲနေရအောင် "
" အေး - ကောင်းတယ် "
စချင် နောက်ချင်စိတ်က မွေးကတည်းက တွဲ ကာပါလာသူမို့ ဆို ဖြစ်သော သူ့အကြံကို ဌေးမောင်တို့နှစ် ယောက် က " ကောင်းတယ် " ဟု ထောက်ခံကြသည် ။ ပြီး သုံးကောင်သား ရေသူမရှိရာ ကျောက်ဆောင်တစ်ဝိုက်မှာ ပင် ဟိုဘက်ကူးလိုက် ၊ သည်ဘက်ပတ်လိုက်ဖြင့် ဓာတ်ပုံတွေ လှည့်ရိုက်နေ ဖြစ်သည် ။
" ကမ်းစပ်မှာ ရစ်သီရစ်သီလုပ်နေကြတယ်ကွ . . . ဇွဲတော့ တော် တော် ကောင်းတာပဲ . . . လှည့်ပြန်သွားမယ်ထင်နေတာ မပြန်ဘူး . . . မလာရဲကြဘူးနဲ့ တူတယ် "
အတန်ကြသည်အထိ ဇွဲကောင်းနေသော သူမတို့ကိုကြည့်ရင်း ဌေးမောင်က ဆိုသည် ။
" ဟကောင် - စကားကို ကုန်အောင်မပြောသေးနဲ့ ဦး . . . ဘာမလာရဲရမှာ လဲ . . . ဟိုမှာ လာနေပြီ တွေ့ လား "
အေးကို၏ စကားကြောင့် သူကမ်းစပ်ဘက်လှမ်းကြည့် ဖြစ်သည် ။ မှန်သည် ။ သူမတို့အုပ်စု သူတို့သုံးကောင် တန်းစီထိုင်နေသော ရေသူမရုပ်ဆီ လာနေကြသည် ။
" ဟကောင်တွေ . . . ချစ်ကြည်ရေး ပဲ လုပ်နော် . . . ဒါပဲ "
ဌေးမောင်က ခပ်တည်တည်ဖြင့် ဆိုသည် ။ အတော် ကြီးကို သူမတို့အဖွဲ့နှင့်  အလွမ်းသင့်ချင်နေသော အေးကိုက သူ့ကိုကြည့်ရင်း
" ကြားတယ်နော် "
ဟုဆိုသည် ။
" မင်းတို့ပဲ ဖယ်မပေးဘဲနဲ့ နေမယ်ဆို "
" အဲဒါ စောစောက . . . အခုမဟုတ်တော့ဘူး "
ဌေးမောင်က သူ့စကားကို ချေပသည် ။
" ရှင်တို့က ရေသူမနားကကို မခွာတော့ဘူး . . . ဘာလဲ ဒီမှာ ဥစ္စာစောင့်လို ထိုင်စောင့်နေကြမလို့လား "
" မဟုတ်ပါဘူး "
ဟု တုံ့ပြန်သော အေးကို၏ စကားမဆုံးခင်မှာ ပင်
" ဘာမဟုတ်ဘူးလဲ . . . ကျွန်မတို့လာမယ်မှန်းသိလို့ တမင်ညစ်ပြီး ထိုင်နေကြတာမဟုတ်လား . . . ဟိုကူးလိုက် ဒီကူးလိုက်နဲ့ ရေသူမက အရုပ်မို့လို့ပေါ့ . . . သက်ရှိသာဆို မျက်စိနောက်လို့ အမြီးနဲ့ ရိုက်ချတာ ကြာပြီ "
အဖွဲ့ထဲမှ အစွာ ဆုံး ဖြစ်ဟန်တူသော ကောင်မလေး၏ အဆိုကြောင့် သုံးယောက် သား အောင့်သက်သက်တွေ ဖြစ်သွားရသည် ။ သို့သော် ဌေးမောင်က သွက်သည် ။
" အာ - တစ်မျိုးမထင်ပါနဲ့ . . . ညီမလေးတို့ကို တမင်စောင့်နေကြတာပါ "
" ဘာ - ဘာပြောတယ် "
ထိုကောင်မလေးကပင် ခါးထောက်ကာဆိုသည် ။ ရေက ဒူးလောက်ရှိနေ သည်မို့ ပင်လယ်မှလှိုင်းကလာသော အခါ လှိုင်းရိုက်သော အရှိန်ကြောင့် လူကောင်သေးသော ၎င်းကောင်မလေးက နောက်လန်လဲတော့မလို ဖြစ်သွားသည်မို့ နောက်မှ သူငယ်ချင်းများ က သူမကကို ကမန်းကတန်း တွန်းထားပေးရသည် ။ ရယ်စရာမြင်ကွင်းမို့ ဟားတိုက်ရယ်လိုက်ချင်သော်လည်း မရယ် ဖြစ် ။ ရယ်လိုက်ပါက ချစ်ကြည်ရေး လမ်းဖောက်မည့် ကိစ္စ အဟန့်အတား ဖြစ်သွားနိုင်သည်ကိုး ။ ဌေးမောင်က
" ဒီလိုပါ . . . အစ်ကိုတို့ သုံးယောက် စလုံး ဒီရေသူမရုပ်လေးနဲ့ ဓာတ်ပုံအမှတ်တရ ရိုက်မလို့ဥစ္စာ . . . ရိုက်ပေးမယ့်သူမရှိဘဲ ဖြစ်နေတယ် . . . လာတဲ့သူကို အကူအညီတောင်းမယ်လုပ်တော့လည်း ဘယ်သူမှ မလာကြဘူး . . . ညီမလေးတို့ကို လာမှာ လား မသိဘူးဆိုပြီး ကြည့်လိုက်တော့လည်း ကမ်းစပ်မှာ လေညှင်းခံနြေ ကတော့ "
" ပြောပြောကစောရောပေါ့ . . . ကျွန်မတို့က ရှင်တို့တမင်ညစ်နေတယ် ထင်လို့ မလာတာ . . . လေညှင်းခံနေကြတာမဟုတ်ဘူး . . . ဒီလိုလာမလို့ စောင့်နေကြတာ "
" ဩော် ဖြစ်မှ ဖြစ်ရလေ . . . ကဲ ကဲ . . . အစ်ကိုတို့သုံးယောက် ကို ဓာတ်ပုံနှစ် ပုံလောက် ရိုက်ပေး . . . ပြီးရင် အစ်ကိုတို့ သွားမှာ ပါ "
ဌေးမောင်၏ ဖောလုံးကြောင့် သူရောအေးကိုပါ ပါးစပ်ကြီးတွေ ဟသွားရသည် ။ ကောင်မလေးများ ကလည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်သည် ။
“ ရတယ်လေ . . . ပေး ပေး . . . camera ”
“ ဟကောင် ပေးလိုက် လေ ”
ဌေးမောင်က camera လွယ်ထားသော သူ့ကိုလက်တို့ရင်း ဆိုသည် ။
“ ပေး ပေး ”
ဟုဆိုရင်း လက်လှမ်းနေသော ကောင်မလေးဆီ သူ့လည်ပင်းမှ ကင်မရာကို ချွတ်ရင်းပေး ဖြစ်သည် ။
တစ်ယောက် ပခုံး တစ်ယောက် ဖက်ကာ ထိုင်နေသော သူတို့သုံးယောက် ကို ကောင်မလေးက
“ ပြုံးပြုံးလေးနော် ”
ဟုဆိုရင်း သုံးပုံလောက်ဆက်တိုက်ရိုက်ပေးသည် ။
“ ရော့ - အဆင်ပြေလား ကြည့်လိုက် . . . မပြေရင် ပြန်ရိုက်ပေးမယ် ”
ကောင်မလေးက ကင်မရာကို သူ့ဆီလှမ်းပေးရင်းဆိုသည် ။ သူပြန်ကြည့် လိုက်တော့ ပုံထွက်အားလုံးက good နေသည် ။
“ တကယ့် Pro လက်ရာအတိုင်းပဲ . . . မိုက်တယ် . . . Thank You နော် ”
သူဆိုသော ကျေှးဇူးစကားနှင့် ချီးမွမ်းစကားကြောင့် ကောင်မလေးရှယ်ဝဲဝဲ ဖြစ်သွားပြီး သူမနောက်မှ ဖြူမဉ္ဇူဆီ ဖျတ်ခနဲလှမ်းကြည့်သည် ။ ပြီး “ ရပါတယ် ” ဟုဆိုသည် ။
“ ကဲ - ဒါဆို အစ်ကိုတို့ ဂိုး ( Go ) ပြီနော် ”
အေးကိုက ပြောပြောဆိုဆိုဖြင့် ကျောက်ဆောင်ပေါ်မှဆင်း သည် ။ သူနှင့် ဌေးမောင်ပါ လိုက်ဆင်းသည် ။ သူတို့သုံးယောက် ဆင်းသည်နှင့် သူမတို့အုပ်စု ရေသူမရုပ်တုရှိသော ကျောက်ဆောင်ပေါ် အလုအယက်တက်ကြသည် ။ သို့သော် ယောက်ျားများ ကဲ့သို့ ကျော်ခွတက်၍ မရဘဲ ချော်နေကြသည် ။ ကောင်မလေး တစ်ယောက် ခပ်လှမ်းလှမ်းရောက်နေသော သူတို့ဘက်ကြည့်ကာ
“ ဒီမှာ ဒီမှာ ”
ဟုလှမ်းခေါ်သည် ။ သူတို့လှမ်းကြည့်သော အခါ အားတုံ့အားနာဟန်ဖြင့်
“ တစ်ယောက် ယောက် ဒီကျောက်ဆောင်ပေါ်တက်ပြီး ဆွဲတင်ပေးပါလား . . . တက်ရခက်နေလို့ ”
ဟုဆိုသည် ။
ကောင်မလေး၏ စကားအဆုံးမှာ သူတို့သုံးယောက် သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ဖြစ်ကြသည် ။
“ သူရ - မင်းက ဗလကောင်းတယ် . . . မင်းသွား ”
“ ဟုတ်တယ် . . . ပေး ပေး . . . camera ပေးခဲ့ ”
ဌေးမောင်၏ စကားကို အေးကိုက ထောက်ခံကာ ရေစိုမည် စိုး၍ လက်မြှော က်ကာ ကိုင်ထားသော camera ကို သူ့ဆီမှာ ဆတ်ခနဲယူသည် ။ ငြင်းလျှင်လည်း မကောင်းတော့သည်က တစ်ကြောင်း ၊ သူကိုယ်၌ ကလည်း ခပ်ကူညီချင်ချင်ဖြင့် သူကျောက်ဆောင်ပေါ် လွှားခနဲတက် ဖြစ်သည် ။
တစ်ယောက် ပြီး တစ်ယောက် သူဆွဲတင်ပေးနေစဉ်မှာ လှမ်းကြည့်တော့ သူမက ရှက်ရွံ့နေဟန်ဖြင့် ခေါင်းကြီးငုံ့ကာထားသည် ။ နောက်ဆုံး သူမအလှည့်ရောက်သော အခါ သူမက လက်ကို မရဲတရဲလှမ်းပေးသည် ။
“ သေသေချာချာဆွဲနော် . . . သယ်ဂျင်း ”
သူမတို့အုပ်စုထဲမှ ကောင်မလေး တစ်ယောက် က သူမကို လှမ်းနောက်သည် ။ ဘာရယ်တော့မဟုတ် ။ ရေစိုနေသော နူးညံ့သည့် သူမ၏ လက်ကလေးကို ဆွဲယူရသည်မှာ ရင်ခုန်စရာတော့ အတော် ကောင်းသည် ။ သူမ၏ လက်နှစ် ဖက်စလုံးကို ဆွဲရင်း ဆွဲတင်လိုက်ရာ သူမပါ ကျောက်ဆောင်ပေါ်ရောက်လာသည် ။
သို့သော် တစ်ယောက် ပြီး တစ်ယောက် ရေစိုအဝတ်ဖြင့် တက်ထားကြသည် မို့ ချော်နေသော ကျောက်ဆောင်ပေါ်မှာ သူမရပ်နေရာက ဟန်ချက်ပျက်ပြီး အောက်ချော်ကျမည် ပြုသည် ။
“ အမေ့ ”
ယိုင်ခနဲလဲကျသွားသော သူမက “ အမေ့ ” ဟု အာမေဍိတ်သံပြုသည် ။ ဖျက်ခနဲလှမ်းထိန်းပေးလိုက် သော ကြောင့် သူမပြုတ်ကျမသွား ။ သို့သော် သူ့ရင်ခွင်ထဲကိုတော့ အိခနဲ သူမ၏ ကိုယ်လုံးလေး ရောက်ရှိ၍ လာသည် ။ ခပ်ဖွဖွဖက်ထား ကာ ထိန်းထားပေးသော သူ့ကို သူမက ရှက်ရှက်ဖြင့် ဆောင့်တွန်းသည် ။ လျှပ်တစ်ပြက်အတွင်း တွန်းလိုက်သည်မို့ သူ့လက်က မလွှတ်မိ ။ နှစ် ယောက် စလုံး ဟန်ချက်ပျက်ကာ ရေထဲပြုတ်ကျကာသွားသည် ။
“ ဟော့တော် ”
“ ဖြူမဉ္ဇူ ”
ရင်စို့လောက်သာရှိသော ရေထဲပြုတ်အကျမှာ ထိတ်ခနဲလန့်သော စိတ်ဖြင့် တစ်ယောက် ကို တစ်ယောက် တင်းကျပ်စွာ ဖက်ထား ဖြစ်ကြသည် ။ သို့သော် ရေထဲကျသွားသော အခါ၌ မူ တစ်ယောက် ကို တစ်ယောက် အလိုလို လွှတ်မိရင်း ကားယားကြီး ကျသွားကြသည် ။
ရေအောက်ကြမ်းပြင်မှာ အသီးသီးရပ်ပြီးသွားသော အခါ ကြွက်စုတ် ရေမွမ်းသလို ဖြစ်နေကြသော နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် ကြည့် ဖြစ်ကြသည် ။
အားနာစွာ ကြည့် ဖြစ်သော သူ့အကြည့်ကို သူမက ဒေါကန်နေသော အကြည့်ဖြင့် တုံ့ပြန်သည် ။
![]() ဂျင်းအင်္ကျီရောင် အချစ်၏ လေညင်းများ | ![]() ကလောမြို့ နှင့် အနီးတစ်ဝိုက်တွင် ချစ်မည် | ![]() ခရီးဖော် |