Cover

ဂျင်းအကျီင်္ရောင် အချစ်၏ လေညင်းများ

“မင်း တို့ကောင်တွေ က မိန်းမမာယာ ဘယ်လောက်ရှိသလဲ သိလား”

ဆရာကြီး အထာဖြင့် ဆိုသော သူ့စကားကြောင့် သကောင့်သားများ က ‘ဒါလေးများ အဆန်းလုပ်ပြီး မေးနေသေးတယ်’ ဟူသော သဘောဖြင့် သူ့ကို မျက်မှု န်ကုတ်ကာဝိုင်း၍ ကြည့်ကြသည်။

“ဒါလေးများ ကွာ . . . မိန်းမမာယာ သဲကိုးဖြာဆိုတာ ကလေး သွားမေးရင်တောင် သိတယ် . . .”

“ဒါဖြင့် . . . အဲဒီ့  သဲကိုးဖြာက ဘာတွေ လဲဆိုတာ ပြောစမ်းပါဦး . . .”

“အင် . . .”

“ကလေး သွားမေးရင်တောင်သိတယ်”

ဟု ခပ်ကြွားကြွားဆိုတာ လှဦးက သူ၏ တန်ပြန်အမေးကြောင့် ‘အင်’ခနဲ ဖြစ်ကာသွားသည်။

စောစောက သူ့ကို မျက်မှု န်ကုတ်ကာဝိုင်းကြည့်နေကြသူများ ကိုပါ သူဝေ့ကာကြည့် ဖြစ်သည်။

ဘယ်သူကများ ထ၍ ဖြေမည် လဲဟု . . .

“ကဲ . . . ဒါဖြင့် မင်းပဲ ဖြီးစမ်းပါဦး . . .အဲလေ . . . ပြေစမ်းပါဦး . . .”

ထွဋ်မောင်က စကားမှားသလိုလိုဖြင့် တမင်နှိပ်ကွပ်ရင်း သူ့ကိုဆိုသည်။

“အေးပေါ့လေ . . . မသိတာကို မသိတဲ့အကြာင်း ၀န်ခံတဲ့အနေနဲ့ ငါ့လိုဗဟုသုတ ဂျင်နရယ်နောလစ်ရှ် ပြည့်စုံတဲ့လူကို ဆည်းကပ်ပြီး မေးမြန်းသမှု ပြုလာတော့လည်း ဖြေရှင်းပြောကြားပေးရသေးတာပေါ့ . . .”

မျက်စိကိုမှိတ်ကာ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြီး သူတို့ကို နှိပ်ကွပ်လိုက်သော သူ့စကားအဆုံးမှာ ထွဋ်မောင်က . . .

“အေးပါ . . ကိုဘ၀င်ရူးရယ် . . တံတွေးစင်လွန်းလို့ မြန်မာလိုပဲ ပြောမှာ သာ ပြောစမ်းပါ . . .”

ဟု နှိပ်ကွပ်သည်။

သူ ကတော့ မျက်နှာပြောင်သူပီပီ ဘယ်သူဘာပြောပြော မောရုံသာရှိမည် ဖြစ်သော ကြောင်တောင်တောင် ပြောင်တောင်တောင်မျက်နှာကို ဆရာကြီး စတိုလ်ဖမ်းကာ တည်ရင်း . . .

“အေး . . . မင်းတို့ရဲ့ ဗဟုသုတဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ မင်းတို့ပြောခဲ့သလို မိန်းမမာယာ သဲကိုးဖြာဆိုတာက ရှေးရှေးတုန်းက ပညာရှင်ကြီးတွေ စစ်တမ်းကောက်ပြီး စာရင်းပြုစုခဲ့တာကွ . . . အခုက ဂလိုဘယ်လိုက်ဇေးရှင်း . . .”

“ဟေ့ကောင် ဖြိုးတေဇ ဘိုလိုညှပ်ပြီး မပြောစမ်းနဲ့ကွာ . . တံတွေးစင်လွန်းလို့ . . .”

သူ့စကားမဆုံးခင်မှာ ပင် လှဦးက အလျဉ်းသင့်တုန်း အခါ အခွင့်ဆိုက်တုန်း ၀င်၍ နှိပ်ကွပ်သည်။

“ဒီမှာ . . . လှဦး . . .”

“အေး . . . ပြော . . .”

“အင် . . . တာ . . . နေရှင်နယ် . . လူ့ယဉ်ကျေးမှု အရ ပြောလက်စစကားမဆုံးခင်မှာ အဲဒီ့လိုဝင်ပြီး ဖြတ်ပြီးမပြောရဘူးဆိုတာ မင်းနားမလည်ဘူးလား . . . မင်း မသိဘူးလား . . .”

“သိသားပဲ . . ကြည့်မရလို့ ဖြတ်ပြောတာ ဘာ ဖြစ်လဲကွာ”

သူ့စကားကို လှဦးကပဲ ပတ်ခနဲ့ ပြန်၍ ဆိုသည်။

“အေးလေ . . . ငါဗဟုသုတဖြန့်ဝေပေးနေတာကို တစ်ပါးသော သူတွေ သိမှာ စိုးလို့ ၀င်ရောက်နှောင့်ယှက်စွက်ဖက်ပေမယ့်လည်း သူတော် ကောင်းထုံး နှလုံးမူပြီးတော့ ပေါစရာရှိတာ . . အဲလေ . . ပြောစရာရှိတာကိုတော့ ဆက်ပြောရမယ် . .အဲ . . စောစောကငါ ပြောတာ ဘယ်ရောက်သွားပြီးလဲ . . .”

“မိန်းမမာယာ သဲကိုးဖြာဆိုတာ ရှေးလူတွေ ရဲ့ သတ်မှတ်ချက်တဲ့ . . . အဲဒီ့  အထိ ရောက်ပြီ . . .”

ထွဋ်မောင်က ဆောင့်ကြီးအောင့်ကြီးပင် ၀င်၍ ထောင်သည်။

“လျှာမရှည်နဲ့ . . . ငါမှတ်မိတယ် . . .”

သူ့စကားကြောင့် ထွဋ်မောင်မျက်နှာကြီး ရှုံ့မဲ့ကာသွားသည်။

“အောင်မာမာ . . . မေးလို့လည်းဖြေရသေးတယ် . . ခွေးကောင် . . .”

“မေးတယ်ဆိုတာက ငါမမှတ်မိလို့ မေးတာမဟုတ်ဘူး . . ငါ့ရဲ့ စကားကို မင်းတို့ဘယ်လောက်စိတ်ဝင်စားလဲဆိုတာ Chacking , Chacking လိုက်ကြည့်တာ . . . OK ပါတယ် . . မင်းတို့ကို ငါ ဆရာလုပ်ရကျိုးနပ်တယ်လို့ဆိုရမယ် . . .မင်းတို့ ငါ့စကားတွေ ကိုမှတ်မိနေတယ် . . .OK ရှေ့ဆက်ရအောင် ”

တမင်ပင် ဆရာကြီး အထာဖမ်းနေသော သူ့စကားအဆုံးမှာ လှဦးက လူမိုက်အထာဖြင့် လက်ဆစ်ကိုတဖျောက်ဖျောက်ချိုးရင်း အံ့ကြီးကြိတ်ကာ ထွဋ်မောင်ကို ကြည့်သည်။ပြီး . . .

“ထွဋ်မောင်ရေ . . .”

“ဘာလဲ သယ်ဂျင်း . . .”

“ဒီဝိုင်း သူရှင်းမယ်လို့ပြောထားလို့သော . . ငါ အတော် ကြီး အောင့်အီးသည်းခံထားတာကွ . . အခု . . ငါ သည်းခံစိတ်တွေ အတော့် အတော် ကြီးကို ကုန်ခမ်းလာပြီကွ . . ဒီဝိုင်းကို ကိုယ့်ဘာသာ ကိုယ်ရှင်းပြီး ဒီကောင့်ကို ပါးပိတ်တီးလိုက်ရရင် မကောင်းဘူးလား”

“သိပ်ကောင်းတာပေါ့ကွာ . . . လုပ်လိုက်လေ ကြာသလား လို့ . . .”

အတိုင်အဖောက်ညီနေသော သကောင့်သားနှစ် ကောင်ကို ကြည့်ပြီး သူ ခွီးခနဲ ရယ် ဖြစ်သည်။ ပြီး . . .

“မင်းတို့လား ငါ့ကို အာခံရဲမှာ . . ငါက သိုင်းလောကမှာ ကျင်လည်လာတာ ဆယ်နှစ် ကျော်ပြီ . . .ကွ . . မင်းတို့လို အနက်ရောင် သိုင်းသမားတွေ ကို ပျင်းသနားတယ် . . မှတ်ထား . . .”

သူ့စကားအဆုံးမှာ လှဦးက . . . ‘အောင်မာမာ’ ဟု ရေရွတ်ရင်း ဟက်ခနဲ ရယ်သည်။

“ကဲပါ . . ပေါကြောင်ကြောင်တွေ ပြောမနေနဲ့ . . . မင်းရဲ့ စကားကို ဆုံးအောင်ပဲ ဆက်ပြော . . . ရှေးလူကြီးတွေ ပြောတဲ့ မိန်းမမာယာ သဲကိုးဖြာက ဘာပြုတယ် . . .”

ထွဋ်မောင်က စကားကို အစပြန်ကောက်ပေးသည်။

“အေး . . . သူတို့စစ်တမ်းကောက်ခဲ့တဲ့ သဲကိုးဖြာက အခုဆို နောက်တစ်ဖြာလောက် တိုးနေလောက်ပြီကွ . . အခုနေ မိန်းမမာယာ ဘယ်နှဖြာရှိလဲမေးရင် ပိုပိုလိုလို သဲဆယ်ဖြာ၊ ဆယ့်တစ်ဖြာလောက်ပြောမှ ဖြစ်မယ် . . . မင်းတို့ပဲ စဉ်းစားကြည့်လေ . . . အခုခေတ်ကောင်မလေး တွေ က တော် တော် ကြီး တိုးတက်နေကြတာ မဟုတ်လား . . . နောက်ပြီး မိန်းမတွေ ရဲ့ လက်နက် ဘယ်နှမျိုးရှိလဲ မင်းတို့သိလား . . .”

သူ၏ စကားအဆုံးမှာ လှဦးတို့နှစ် ကောင်က အသီးသီးခေါင်းခါပြကြသည်။ သူက ‘မင်းတို့ ဘယ်သိပါ့မလဲ’ ဟူသော သဘောဖြင့် သကောင့်သားများ ကို အထက်စီးဆန်ဆန်ကြည့်ရင်း ခေါင်းတဆက်ဆက်ညိတ် ဖြစ်သည်။ ပြီး . . .

“အေး . . .ငါ အလွတ်ကျက်ထားတဲ့ အဲလေ . . ငါဖတ်ဖူး၊ မှတ်ဖူးတဲ့ ကျမ်းဂန်စာအုပ်တွေ ထဲ မှာ တော့ မိန်းမတို့ရဲ့ ပရိယာယ် . . . တစ်နည်းပြောရရင် လက်နက်ပေါ့ကွာ . . . ရှစ်မျိုးရှိတယ်လို့ ဆိုတယ် . . .”

“အဲဒါက ဘာတွေ လဲ မင်းသိလို့လား . . .”

ထွဋ်မောင်က ‘မင်းမသိဘူးမဟုတ်လား’ ဆိုသော ပုံစံဖြင့် ပညာစမ်းသလို ဟန်ဖြင့် မေးသည်။

“သိပ်သိတာပေါ့ကွာ . . . ငါဆိုတဲ့ ဖြိုးတေဇရဲ့ ဗဟုသုတ စုံလင်မှု ကို သိရဲ့ သားနဲ့ မေးနေပြန်ပြီ . . အေး . . . အမေးရှိတော့လည်း အဖြေရှိတာပေါ့ . . . အဟမ်း . . .”

‘အဟမ်း’ ဟု ချောင်းဟန့်ဆိုးရင်းဆိုသော သူ့စကားကြောင့် လှဦးတို့နှစ် ကောင်က သူ့ကိုပေစောင်းပေစောင်းဖြင့် ကြည့်ကြသည်။

“မိန်းမတို့ရဲ့ လက်နက်ရှစ်မျိုးက . . .

၁။ ပြုံးစိစိလုပ်ခြင်း

၂။ အသံထွက်အောင်ရာယ်ပြခြင်း

၃။ ကြောက်ဟန်ဆောင်ခြင်း

၎။ ရှက်စနိုးဟန်ဆောင်ခြင်း

၅။ မပွင့်တစ်ပွင့်ပြောဆိုခြင်း

၆။ မျက်စောင်းထိုးခြင်း

၇။ ငိုပြခြင်း

၈။ ခနိုးခနဲ့ပြောခြင်း

တဲ့ မှတ်ထားကြ . . .”

သူ့စကားအဆုံးမှာ ထွဋ်မောင်တို့က ခေါင်းမညိတ်ချင်ညိတ်ချင်ဖြင့် ညိတ်ကြသည်။

“သူကနေ ထပ်ဆင့်ပေါက်ဖွားလာတဲ့ ဂျင်နရေး ရှင်တွေ လည်း အခုလောက်ဆို အတော် များ လောက်ပြီကွနော် . . .”

လှဦးက မေးစေ့ကိုပွတ်ရင်းက ဆိုသည်။

“ဒါပေါ့ . . . ဝေးဝေးရှာနေစရာမလိုဘူး . . ရှေ့ကဖုန်းပြောနေတဲ့ ကောင်မလေးကိုပဲ ကြည့် . . ငါတို့ဘတ်ကိုကြည့်လိုက် . . ပဲ တွေ များ ပြီး ခြေဟန်လက်ဟန်တွေ နဲ့ စကားပြောလိုက်နဲ့ လုပ်နေတယ် . . .

ဒါ . . . စောစောက ငါပြောတဲ့အချက်တွေ ထဲက နံပါတ်အတော် များများ နဲ့ အကျူံးဝင်နေတယ် . . . ဟောကြည့် ငါတို့ဘက်ကို ကြည့်ပြီးတော့ လက်တောင်ပြနေလိုက်သေးတယ် . . .တွေ့ လား”

သူ့စကားအဆုံးမှာ ထွဋ်မောင်တို့နှစ် ကောင်က သူ့အားထောက်ခံသည့်အနေဖြင့် . . .

“အေးကွာ”

ဟုဆိုသည်။

“ဒီမှာ . . .”

“အမလေးဗျ . . .လန့်တာ . . .”

ရုတ်တရက်ဆိုသလို သူတို့နောက်မှ ဆက်ခနဲ ထအော်လိုက်သော အသံကြီးကြောင့် သူတို့သုံးကောင်သား လန့်သွားရသည်။

လှည့်ကြည့်လိုက်တော့ ကောင်မလေးနှစ် ယောက် ကို ဒေါသမျက်လုံးများ ဖြင့် တွေ့ ရသည်။ ၎င်းနှစ် ယောက် အနက်မှ ကောင်မလေး တစ်ယောက် က ခါးပင်ထောက်ထားလိုက်သေးသည်။

“ဘာလဲကွာ . . အလန့်တကြားနဲ့ . . .”

သူ ခပ်တည်တည်ပင် မျက်မှု န်ကုတ်ကာ ခပ်ဆက်ဆက်ပင် ပြန်မေး ဖြစ်သည်။

“ဘာမှ မလဲဘူး . . ရှင်တို့ တရားကိုလွန်တယ် . . .”

“ဟ . . . ဘလိုင်းကြီးပါလား . . .”

လှဦးက ဓာတ်ရှင်မင်းသားစတိုင်လ်ဖြင့် ပခုံးတွန့်ရင်းဆိုသည်။

“ဘာဘလိုင်းကြီးရမှာ လဲ . . . ရှင်တို့စောစောကပြောနေတဲ့ လက်ပြနေတယ်ဆိုတဲ့ လက်ပြနေတယ်ဆိုတဲ့ ကောင်မလေးက ရှင်တို့ကို လက်ပြနေတာ မဟုတ်ဘူး . . ရှင်တို့ရဲ့ နောက်မှာ ရပ်နေတဲ့ ကျွန်မတို့ကို ပြနေတာ . . အရှက်လည်း မရှိဘူး . . ယောင်္ကျားကြီးတွေ တန်မဲ့ ကွယ်ရာမှာ အတင်းတုတ်နေကြတယ် . . .”

“လာပါ . . . ယွန်းရယ် . . . ပြောမနေပါနဲ့ . . .”

ခါးထောက်ကာ ကက်ကက်လန်အောင်ဆိုနေတာ ဆတ်ဆတ်ကြဲမလေးကို သူမ၏ သူငယ်ချင်း ကောင်မလေးက လက်ဆွဲရင်းက ဆိုသည်။

“ဟုတ်ပါတယ် ယွန်းရယ် ပြောမနေပါနဲ့ . . .”

ခပ်တည်တည်ပင် ‘ယွန်း’ ဆိုသော ကောင်းမလေးကို သံယောင်လိုက်ကာ သူမ၏ သူငယ်ချင်း ပြောသလို သူ လိုက်ပြော ဖြစ်သည်။

သူ့စကားအဆုံးမှာ ယွန်းဆိုသော ကောင်မလေးက အူကြောင်ကြောင် ဖြစ်ကာ သွားသည်။ ပြီးမှ ဒေါကန်ကန်ဖြင့် . . .

“ရှင်က ဘာကိစ္စ ၀ါဝါပြောသလို လိုက်ပြောနေရတာ လဲ”

“ရုတ်တရက်ဆို ယောင်တတ်လို့”

“ဘာမှ မုန်လာဥလုပ်မနေနဲ့ . . . ရုပ်ကိုက ကြောင်တောင်တောင်နဲ့ . . .”

“လာပါ ယွန်းရယ် . . . သွားရအောင် . . .”

“ဟုတ်ပါတယ် ယွန်းရယ် . . .သွားတော့လေ . . အဲ . . ယောင်လို့နော် . . ယောင်လို့ . . .”

ဝါ၀ါဆိုသော ကောင်မလေး၏ စကားအဆုံးမှာ ထွဋ်မောင်ကပါ စောစောက သူရွှတ်နောက်နောက်ဆိုသလိုမျိုး သံယောင်လိုက်ကာ ဆိုသည်။

ပြီး . . . တမင်ပင် ပြောင်ချော်ချော်ဖြင့် ‘ယောင်လို့ နော် . . ယောင်လို့’ ဟု စပ်ဖြီးဖြီးဆိုသည်။

“တောက် . . .”

ကောင်မလေးက ‘တက်’ ကို ခပ်ပြင်းပြင်းခေါက်ရင်း ချာခနဲလှည့်ထွက်ကာသည်။ သူမ၏ နောက်သို့ သူမ၏ သူငယ်ချင်းဝါ၀ါက ယောင်ပေ ယောင်ပေဖြင့် ကပ်လိုက်ကာသွားသည်။

“ဟကောင် တေဇာ . . မျက်တောင်လေးဘာလေး ခတ်ဦး”

ထွဋ်မောင်က ယွန်းဆိုသော ကောင်မလေး သွားရာဆီ လိုက်ငေးနေသော သူ့ကို ပခုံးပုတ်ရင်း ဆိုသည်။

“တောက် . . . တွေ့ ဆုံမှု ရဲ့ အစက မလှဘူးကွာ . .”

ရုတ်တရက်ကြီးဆိုသော သူ့စကားအဆုံးမှာ လှဦးက . . .

“မင်းက ဘယ်လိုတွေ့ ချင်လို့တုံး . . .”

ဟုဆိုသည်။

“တကယ် ဖြစ်သင့်တာက ဓာတ်ရှင်တွေ ထဲမှာ လို ယွန်းဆိုတဲ့ ကောင်မလေးက လမ်းလျောက်နေ . . . အဲဒီ့ အချိန်မှာ လူဆိုးရုပ်ပေါက်နေတဲ့ မင်းတို့နှစ် ကောင်က ယွန်းရဲ့ ပိုက်ဆံအိတ်ကို လုပြေး . . အဲဒါကို ငါက တွေ့  . . နောက်ပြီးတော့ မင်းတို့နှစ် ယောက် ကို ငါက အဆင့်မြင့်သိုင်းကွက်တွေ နဲ့ ချေမှု န်းတိုက်ခိုက် အနိုင်ရ . . .

အတုံးအရုံး အလူးအလိမ် လဲနေတဲ့ မင်းတို့လက်ထဲက ယွန်းရဲ့ ပိုက်ဆံအိတ်လေးကို ဟန်ပါပါလှမ်းယူ . . ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေတဲ့ပုံစံနဲ့ ယွန်းဆီကို လျောက်သွားပြီး ပိုက်ဆံအိတ်ကိုပြန်ပေး . . .

အဲဒီ့ မှာ ယွန်းက စိုးရိမ်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးနဲ့ ကြည့်နေရာက အထင်ကြီးလေးစား အားကိုးချင်တဲ့ အကြည့်တွေ နဲ့ . . . ရွှန်းလဲနေအောင် ကြည့်ပြီး . . .”

“တော် ပါတော့ကွာ . . . မင်းဘတ်က အရမ်းနစ်နာတဲ့ ဇာတ်ကွက်ကြီးကို ဆက်ပြောမနေပါနဲ့ တော့ . . . ငါတို့ မင်းကို အားနာလို့ပါ . . .”

သူ့စကားမဆုံးခင်မှာ ပင် ထွဋ်မောင်က ထိုသို့ ခပ်ထေ့ထေ့ပင်ဆိုသည်။ သူ ကတော့ ခပ်တည်တည်ပင် စကားကို ဆက် ဖြစ်သည်။

“တယ်တော် တဲ့ လူပါလားဆိုပြီးတော့ အရည်လဲ့နေတဲ့ မျက်ဝန်းတွေ နဲ့ ရွှန်းရွှန်း . . စားစား ကြည့်ပြီးတော့ ‘ဘာ . . . ဘာ ဖြစ်သွားသေးလဲဟင်’ ဆိုပြီးတော့ အထစ်ထစ်အငေါ့ငေါ့နဲ့ မေးတယ် . . မေးဆို သူက ငါ့ရဲ့ ခံ့ညားတဲ့သွင်ပြင် . . ဓာတ်ရှင်မင်းသား တစ်ယောက် ရဲ့ အက်တင်တွေ ကိုကြည့်ပြီး ရင်ခုန်သွားရှာတာကိုး . . .

ဒီလိုနဲ့ပဲ တစ်စထက်တစ်စ ရင်းနှီးသွား . .အဲ . . နောက်ဆုံး ဇာတ်သိမ်းလည်းရောက်ရော . .”

“မင်းက ကိုရီးယားကားတွေ ထဲကလို သွေးကင်ဆာနဲ့သေသွားတယ်ကွာ . . ကဲ . . .”

သူ့စကားပင်မဆုံးသေး . . . လှဦးက . . သူ့ဇာတ်သိမ်းကိုဝင်ကာ အဆုံးသတ်ပေးသည်။၏

အားရပါးရပင်ဆိုရင်း . . ‘ကဲ’ ဟု အရသာရှိရှိ အဆုံးသတ်ပစ်သည်။

သူ ဘာမှမဆို ဖြစ်။

လှဦး၏ စကားကို သဘောကျစွာ ပင် ရယ် ဖြစ်သည်။

ဒီခေတ်မှာ . . ယောင်္ကျားတွေ ရဲ့ မာယာက နင်တို့ပြောသလို မန်ကျည်းအပင်လေးဆယ် . . . ဘာညာ ဘာညာတွေ မ ကတော့ဘူး . . . ခေတ်နဲ့အပြိုင် တိုးတက်လာကြပြီ . . ငါတို့မိန်းမတွေ ကိုကျတော့ မာယာများ သလေး ဘာလေးနဲ့ . . သူတို့ ယောင်္ကျားတွေ ကမှ ရှေးတုန်းကဆို မာယာကို သင်ခန်းစာတစ်ခုအနေနဲ့ကို သင်ကြရတာ . . အခုလောက်ဆို သူတို့ရဲ့ မာယာက မန်းကျည်းပင်လေးရာစာရှိရော့မယ်”

“ဟုတ်လား . . .”

သူမ၏ စကားအဆုံးမှာ ၀ါဝါက ‘ဟုတ်လား’ ဟုဆိုသည်။ သင်းသင်းက . .

“ဆိုပါဦး”

ဟု စကားကိုထောက်သည်။

“နင်တို့လည်း ကြားဖူးတယ် မဟုတ်လား . . ရှေးတုန်းက မင်းညီမင်းသားတို့ ၊ ဘာတို့က တက္ကသိုလ်သွားပြီး အဌာရသဆယ့်ရှစ်ရပ်ကို သင်ကြရတယ်ဆိုတာ . . အဲဒီ့  အဌာရသဆယ့်ရှစ်ရပ် ထဲမှာ မာယာကလည်း ကို့စ်တစ်ခုအနေနဲ့ ပါတယ် . . . ”

“လုပ်ပါဦး . . အဲဒီ့  အဌာရသ ဆယ့်ရှစ်ရပ်ကို . .”

သင်းသင်းက သူမ၏ စကားကို ထောက်သည်။

“အစီအစဉ်တော့ ကျချင်မှကျမယ် . . ငါမှတ်မိသလောက် ပြန်ပြောပြရရင် . . .

၁။ အကြားအမြင်သုတအတတ်

၂။ ဓမ္မသတ် တတ်ကျွမ်းမှု အတတ်

၃။ သင်္ချာဆိုင်ရာအတတ်

၎။ စူး၊ ဆောက်အစရှိတဲ့ ဗိသုကာအတတ်

၅။ လောကနီတိအတတ်

၆။ ယတြာအတတ်

၇။ ကဗျာ၊ လင်္ကာ၊ ဂီတ၊ ပညာအတတ်

၈။ လက်ပစ်အတတ်

၉။ လေးမြားအတတ်

၁၀။ စကားဟောင်း ရှေးကျမ်းဂန်အတတ်

၁၁။ ဆေးပညာအတတ်

၁၂။ ရယ်ရွှင်ဖွယ်အတတ်

၁၃။ ဗေဒင်အတတ်

၁၄။ လှည့်ပတ်ဖြားယောင်းတတ်သော မာယာအတတ်

၁၅။ ဆန်းကျမ်းအတတ်

၁၆။ သံတမန်အတတ်

၁၇။ မန္တန်အတတ်

၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ် . . . . .

ဆိုပြီးတော့ ဆယ့်ရှစ်ခုရှိတယ် . . ငါပြောပြတဲ့ အဲဒီ့ မာယာ သင်ခန်းစာမှာ ကိုပဲ မာယာကိုးမျိုးကို ပြန်ခွဲထားသေးတယ် . .”

“ဟင် . . . ရှုပ်လှချည်လား . . .”

သူမ၏ စကားအဆုံးမှာ . . . ၀ါဝါက နှာခေါင်းရှုံ့ရင်းဆိုသည်။

“ဒါဖြင့် အဲဒီ့ ကိုးမျိုးကို ရှင်းပါဦးဟ”

သင်းသင်းက ထုံးစံအတိုင်း စကားထောက်ပေးသည်။

“ငါ သိထားသလောက် ပြန်ပြောပြမယ် . . . အဲ . . အစီအစဉ် ကတော့ ကျချင်မှ ကျမယ်နော် . . . .”

“ရပါတယ် . . . အရေအတွက် ကိုးခုပြည့်ရင်ပြီးရော . . .”

ဝါ၀ါက ဆရာမ ကြီးအထာဖြင့် ဆိုသည်။

“ယောင်္ကျားမာယာ ကိုးမျိုးက . . . နံပါတ်တစ်- အမျိုးဂုဏ်ကိုပြတတ်ခြင်း . . . ငါ့အဖေက ဆရာဝန်ကြီး . . . ကုမ္ပဏီပိုင်ရှင်ကြီး . . ဘာကြီးညာကြီး . . . ငါ့ဦးလေးက ဘာ . . . ငါ့အန်တီက နိုင်ငံခြားမှာ . . . အဲဒါမျိုးတွေ ပေါ့ဟာ . .”

“ဒါ ကတော့ ငါတို့မိန်းကလေးတွေ လည်း ကြွားတတ်ကြတာ ပါပဲ . . ကဲ . . နံပါတ်နှစ် ကို လုပ်ပါဦး . .”

သင်းသင်းက လက်နှစ် ချောင်းကို ထောင်ရင်းဆိုသည်။

“နံပါတ်နှစ် က ပညာ၏ ဂုဏ်ကိုပြတတ်ခြင်း . . အဲ . . ဒါ ကတော့ ရှင်းပါတယ် . . နံပါတ်သုံးက ပစ္စည်း၏ ဂုဏ်ကို ပြတတ်ခြင်းတဲ့ . . .”

“နင်ပြောသမျှတွေ အားလုံးနဲ့ ငါတို့သင်တန်းက ငကြွားတွေ နဲ့က တစ်ထပ်တည်းပဲ . . .”

ဝါ၀ါက ခေါင်းကိုညိတ်ရင်းကဆိုသည်။

“ကဲ . . . ဆက်ပါဦး . . .”

ဟု သင်းသင်းကဆိုသည်။

“နံပါတ်လေး . . . ၀မ်းနည်းဝမ်းသာ ပြုတတ်ခြင်း၊ နံပါတ်ငါး . . . အစဉ်မပြတ် နောက်ယောင် ခံခြင်း . . .”

“မှန်လိုက်လေ ယွန်းရယ် . . ကဲ . . နံပါတ်ခြောက် ဆက်ပါဦး . . .”

သင်းသင်းက အံကြိတ်ကာပြောင်ချော်ချော်ဖြင့် ဆိုသည်။

“နံပါတ်ခြောက်က မြှေက်ပင့်ချီးမွမ်းတတ်ခြင်းတဲ့ . .”

“ဟင် . . . ဒါဖြင့် ဟိုကောင် ငါ့ကို ဒီနေ့ပိုလှလာတယ်လို့ နေ့တိုင်း ဖုန်းဆက်ဆက်နေတာတွေ က မာယာတွေ ပေါ့ . . ဒါပေမယ့် ငါက တကယ့် တကယ်ကြီးလှနေတာဆိုတော့လည်း အမှန်တိုင်းချီးမွမ်းတာလည်း ဖြစ်မှာ ပါ . . . ကဲ ကဲ . . နံပါတ်ခုနစ်ကိုဆက်ပါဦး . . .”

ဝါ၀ါက ရွှတ်နောက်နောက်ဆိုသည်မို့ သူမ ပြုံး ဖြစ်သည်။

“နံပါတ်ခုနစ်က အ၀တ်အစားပြောင်းလဲ ၀တ်ဆင်တတ်ခြင်းတဲ့ . . .”

သူမ၏ စကားအဆုံးမှာ သင်းသင်းက ခေါင်းခါသည်။

“ဒီအချက်ကိုတော့ ငါ သိပ်သဘောမကျဘူး . . . နင်တို့ပဲ စဉ်းစားကြည့် . .လူပဲ အ၀တ်အစား မလဲလို့ရမလား . . ပေနေရင်လည်း ဒီအတိုင်း ဆက်ဝတ်ရမှာ လား . . .”

“အာ . . . သင်းသင်း နင်ကလည်း ဒုံးဝေးလိုက်တာဟာ . . တစ်နေ့တည်းနဲ့ Show ထုတ်ချင်လို့ အ၀တ်အစားသုံးလေးစုံလဲတဲ့လူတွေ ကို ပြောတာနေမှပေါ့ဟ . . ဥပမာဓာတ်ရှင်မင်းသား လို လူတွေ ပေါ့ . .”

“ဘယ်ကလာ ၀ါဝါရယ် . . သူတို့က အလုပ်သဘောအရ လဲရတာ ပါ . . အဲဒီ လို ပြောလို့တော့ ဘယ်ရမလဲ . . ကဲပါ . . အဲဒါအသာထား . . ယွန်း . . နံပါတ်ရှစ်နဲ့ကိုးကိုဆက်ဦး . . .”

တစ်ယောက် တစ်ပေါက် ငြင်းနေသော ၀ါဝါတို့နှစ် ယောက် ကိုကြည့်ရင်း သူမပြုံး ဖြစ်သည်။

“နံပါတ်ရှစ်က ကိုယ်ကာယ တောင့်တင်းမှု ကို ပြတတ်ခြင်း . . . နံပါတ်ကိုးက အစားအသောက် လက်ဆောင်များ ပေးကမ်းခြင်းတဲ့ . . . ငါပြောတဲ့ ကိုးချက်က ရိုးရိုးသားသားလုပ်တာ မျိုးကို ပြောတာမဟုတ်ဘူးနော် . . မရိုးမသားလုပ်တာမျိုးကို ပြောတာ . . .

ဥပမာ . . အစားအသောက် လက်ဆောင်ပေးတယ်ဆိုပါစို့ . . ရိုးရိုးပေးတာနဲ့ ဆန်းဆန်းပေးတာက ကွာပါတယ် . . ဟုတ်တယ် မဟုတ်လား . . .”

သူမ၏ စကားကို သင်းသင်းတို့နှစ် ယောက် ခေါင်းညိတ်သည်။ ၀ါဝါက . . .

“အင်း . . နင်က ယောင်္ကျားတွေ ကိုနင်သိထားသမျှ ပေတံကြီးတွေ နဲ့ တိုင်းတိုင်းနေတယ်နဲ့ တူတယ် . . နင်ဘာ ဖြစ်လို့ ယောင်္ကျားလေးသူငယ်ချင်း ရှားလဲဆိုတာ ငါသိပြီ . . နင်က ယောင်္ကျားလေးတွေ ကို အထင်မှမကြီးတာကိုး . . .”

“မှားတယ် ၀ါဝါ . . ငါက ယောင်္ကျားတွေ ကို အထင်မကြီးတာမဟုတ်ဘူး . . . အထင်ကြီးစရာ ယောင်္ကျားလေးကို မတွေ့ တာ”

သူမစကားကြောင့် ၀ါဝါက ပခုံးတွန့်သည်။

ပြီး တစ်နေရာ ကိုကြည့်ကာ မျက်လုံးပြူးရင်း သူမတို့နှစ် ဦးကို ‘ကြည့်ပါဦး’ ဆိုသည့် သဘောဖြင့် မေးငေါ့ပြသည်။

ဝါ၀ါ မေးငေါ့ ပြရာဆီကြည့်လိုက်တော့ ဟိုတစ်နေ့က သူမကို လှောင်လွှတ်လိုက်သော မျက်နှာပြောင်ချော်ချော်နှင့် လူကို သူ့ဘော်ဒါများ နှင့် သူမ တွေ့ လိုက်ရသည်။

“လူက ရွှတ်နောက်နောက်နေလို့သာ ခပ်တည်တည်နေရင် လုံးဝ မင်းသားပဲ . . .”

ဝါ၀ါက ချီးမွမ်းခန်းဖွင့်သည်။

“ရုပ်ဖြောင့်တာ မဖြောင့်တာတော့ မသိဘူး . . . လူ ကတော့မျက်နှာရူး . . ဟိုနေ့က ကိစ္စမှာ ပဲကြည့် . . ကြောင်တောင်တောင်နဲ့ ကြည့်လို့ကို မရဘူး . . .”

“မကြည့်ချင်လည်း မရဘူး ယွန်းရေ . . ဒီသင်တန်းတက်နေသရွေ့ ဒီလူနဲ့ဆုံနေမှာ ပဲ . . သူလည်း ငါတို့လိုပဲ သင်တန်းတက်နေတာ . . တစ်ခန်းတည်း ဖြစ်မနေတာကိုပဲ ကျေးဇူးတင် . . .”

သူမကို ဆိုလာသော သင်းသင်းကို သူမ ကြည့် ဖြစ်သည်။ ပြီး . . .

“သူ ဒီသင်တန်းတက်နေမှန်း နင်ဘယ်လိုလုပ်သိလဲ . .”

“ဒီလိုပဲ စုံစမ်းထားတာ . . .”

“ဘာရယ် . . . စုံစမ်းထားတာ . . ဒီလို အူကြောင်ကြောင်ရဲ့ အကြောင်းကိုများ နင်မို့လို့ စုံစမ်းတယ် သင်းသင်းရယ် . . အလကား ရှုပ်ရှုပ်ယှက်ယှက် . . .”

သူမ၏ အပြစ်တင်စကားကြောင့် သင်းသင်းက လျှာတစ်လစ်ဖြင့် ဇက်ကိုပုသည်။

ပြီး . . .

“အဟီး . . . တမင်စုံစမ်းတာတော့ မဟုတ်ဘူးပေါ့ဟာ . . ရုပ်ကလည်းဖြောင့် . . . စီးလာတဲ့ကားကလည်း မိုက်တော့ တခြား ကောင်မလေးတွေ နဲ့ စကားစပ်မိရင်းက သိတာ . . နာမည် တောင်ပြောပြရဦးမလား . . .”

“ပြောပြမနေနဲ့ . . . မသိချင်ဘူး . . .”

လက်ခါပြရင်း သူမ ဆို ဖြစ်သော်လည်း သင်းသင်းက . . .

“ဖြိုးတေဇတဲ့ . . . ယွန်းရဲ့ . . .”

ဟု ဆို ဖြစ်အောင် ဆိုသည်။ ၀ါဝါက . . .

“နာမည် ကလည်း မိုက်သားပဲ . . .”

ဟုဆိုသည်ကို သူမ ကတော့ နှာခေါင်းရှုံ့ ဖြစ်သည်။

If a woman speak two words,

Take one and leave the other.

မိန်းမ တစ်ယောက် စကားနှစ် ခွန်းဆိုလျှင်

တစ်ခွန်းကို လက်ခံယူ၍ တစ်ခွန်းကိုကားပယ်ပါ။

African Proverb

“အဲဒီ့  စကားပုံကို . . ငါထောက်ခံတယ် တေဇ”

သူရွတ်ဆိုပြသော စကားပုံကို ထွဋ်မောင်က ထိုသို့ အားတက် သရောဆိုရင်း ထောက်ခံသည်။

“ဘာ ဖြစ်လို့ ထောက်ခံတာတုံး . . .”

လှဦးက မျက်ခုံးပင့်ရင်း ထွဋ်မောင်ကိုမေးသည်။ ထွဋ်မောင်က . . . .

“ငါအရင် ရည်းစားနဲ့တုန်းက အဲဒီ့  စကားပုံလိုပဲ ကျင့်သုံးခဲ့တာကွ . . . ဥပမာကွာ . . ကောင်မလေးက ‘ကို့ကိုလက်ဆောင် တစ်ခုဝယ်လာပေးမယ် . . . ညီမလေးကိုလည်း လက်ဆောင်တစ်ခုခုပြန်ဝယ်ပေး’ လို့ပြောလာခဲ့ရင် ပထမတစ်ခုကို လက်ခံပြီး ဒုတိယ တစ်ခုကို ပယ်လိုက်တယ် . . . အဲဒီ့ လို . . . ”

“ဒါတော့ မင်းအကျင့်မကောင်းတာပေါ့ . . . သူများ ပေးတာကျတော့ယူပြီး ကိုယ်ကကျတော့ ပြန်မပေးဘူး . . . အဲဒါကြောင့် လည်း ဟိုက ထားခဲ့တာနေမှာ . . .”

လှဦးက အခွင့်အရေး ရတုန်း ထွဋ်မောင်ကို နှိပ်ကွပ်လိုက်သည်မို့ ထွဋ်မောင် တစ်ယောက် ငြိမ်ကျသွားသည်။

“ကိုယ်က လက်ဆောင်ပေးရဲ့ သားနဲ့ သူက ပြန်မပေးလို့ အရှုံးအမြတ်တွက်ပြီးဖြတ်သွားရင် တော့လည်း ကောင်းတာပေါ့ကွာ . . စောစောစီးစီးမပတ်သက် ဖြစ်တော့တာ ကောင်းတယ် . . . မိန်းကလေးတစ်ရာမှာ ကိုးဆယ့်ကိုးယောက် က ဒီလိုပါပဲကွာ . . . အချစ်စစ်နဲ့မဟုတ်ဘဲ စီးပွားတွက်တွက်ပြီး ရည်းစားထားကြတာများ တယ်”

သူ့စကားအဆုံးမှာ လှဦးက ခေါင်းခါသည်။

“ဒီလိုလည်း မဟုတ်သေးဘူးလေ တေဇရ . . . မိန်းကလေးတွေ လည်းသင်္ချာတတ်တာပဲ တွက်မှာ ပေါ့ . . . တစ်ဘ၀လုံးနဲ့ဆိုင်တဲ့ကိစ္စမှာ သူ့ဘတ်ကိုယ့်ဘတ် ကတော့ တွက်မှာ ပဲ . . ဒါ မဆန်းပါဘူး . . သူတို့တွက်တာက ပစ္စည်းဥစ္စာထက် ရည်းစား တစ်ယောက် ရဲ့ ယုယမှု ၊ ဂရုစိုက်မှု ကို ပိုလိုချင်ကြတာပေါ့ . . .”

လှဦး၏ စကားကို သူ ဟက်ခနဲ ရယ် ဖြစ်သည်။

“အေး . . . ငါ ကတော့ ဒီကနေ့အထိ မင်းပြောတဲ့ ကောင်မလေးမျိုး မကြုံဖူးသေးဘူး . . ”

“ဘယ်ကြုံမလဲ . . မင်းရည်းစားထားဖို့ တိုင်တဲ့ပေတံမှာ သံသယတွေ ပါနေတာကိုး . . . ဒီတော့လည်း တွေ့ သမျှအပြစ်တွေ ချည်းမြင်ပြီး ရည်းစား တစ်ယောက် မှ မထား ဖြစ်တာ . . .”

လှဦး၏ စကားက ဟုတ်သလိုလိုရှိသည်မို့ သူဘာမှပြန်မပြော ဖြစ်။ လမ်းကိုသာ ခပ်သွက်သွက် လျှောက် ဖြစ်သည်။

ထိုစဉ်မှာ ပင် စားပွဲမှထသွားသော ကောင်မလေးများ ကို ဘာရယ်မဟုတ် လိုက်ကြည့် ဖြစ်သည်။ မမှတ်မိစရာအကြောင်းတော့မရှိ။ ရုပ်ကလေးက ချစ်စရာကောင်းရက်နှင့် စွာ တေးလန်နေသော ဟို တစ်နေ့က ယွန်းဆိုသော ကောင်မလေး။ သူမတို့အုပ်စုက သူတို့ကိုမမြင်။

သူမတို့ထသွားသော ၀ိုင်းမှာ ပဲ သူတို့ဝင်ထိုင် ဖြစ်သည်။

“ဟာ . . . ဒီမှာ ဖုန်းကျန်ခဲ့ပါလား . . .”

ထိုင်ထိုင်ချင်းမှာ တွေ့ ရသော စားပွဲပေါ်မှဖုန်းကို သူကောက်ကိုင်ရင်းရေရွတ် ဖြစ်သည်။

ဖုန်းမှာ တွဲ လောင်းကျနေသည့် Yoon ဆိုသော Key Change ကိုကြည့်ပြီးယွန်းဆိုသော စွာ ကျယ်မလေး၏ ဖုန်းမှန်းသူ သိလိုက်ရသည်။ ‘အဲဒီ့ မှာ စတွေ့ တာပဲ ’ ဟု သူတွေးရင်း ပြုံး ဖြစ်သည်။

“ဟို အာကျယ်မလေး ဖုန်းကွ . . .”

“ဘာလဲ မင်းက ဇာတ်လမ်းရှာမလို့လား . . တေဇ”

လှဦးက ပြုံးစိစိဖြင့် သူ့ကိုမေးသည်။ သူ ခေါင်းခါပြ ဖြစ်သည်။

“ဟင့်အင်း ပြဿနာရှာမလို့ . . . အပျင်းပြေပေါ့ကွာ . . . ကဲ . . ကဲ . . . အမြန်ဝိုင်းပြောင်းရအောင် . . .”

သူ့စကားအဆုံးမှာ ချက်ဆိုနားခွက်က မီးတောက်နေသော ထွဋ်မောင်တို့နှစ် ကောင်က ဘေးတိုင်မှဝိုင်းကို ပြောင်း၍ ထိုင်သည်။ ယွန်း ဖုန်း၏ ပါဝါကို သူ ပိတ်ပစ်လိုက်သည်။

“အခုထိ သူ့ဖုန်းပျောက်နေတာ သိပုံမရဘူး . . .”

အတန်ကြာသည်အထိ တစ်ယောက် မှပေါ်မလာသော အခါ လှဦးက ဘေးဘီကို ကြည့်ရင်း ဆိုသည်။

ထိုစဉ်မှာ ပင် ပျာယီးပျာယာဖြင့် သူမတို့အုပ်စုရောက်လာ ကြသည်။ ဆိုင်မှာ လူရှင်းနေပြီး သူမတို့ထိုင်သွားသော ခုံ၏ ဘေးမှာ သူတို့ဝိုင်းနှင့် အခြားတစ်ဝိုင်း နှစ် ၀ိုင်းသာ ရှိသည်။

သူမတို့က သူမတို့ထိုင်ခဲ့သော ၀ိုင်းနှင့် အနီးဆုံးဝိုင်းမှာ ထိုင်နေသော သူတို့ဝိုင်းရှိရာကို စူးစမ်းသလိုကြည့်သည်။

ထိုအုပ်စုထဲမှာ မှ ၀ါဝါဆိုသော . . ကောင်မလေးက အနားမှဖြတ်သွားသော စားပွဲထိုးအား . . .

“ဟို . . . ဒီ . . . ၀ိုင်းမှာ လေ . . . ဖုန်းကျန်ခဲ့လို့ တွေ့ မိသေးလား . . .”

“မတွေ့ မိဘူး . . ခင်ဗျ . . .”

စားပွဲထိုးက ခေါင်းခါရင်း ဖြေသည်။

“ဒုက္ခပါပဲဟယ် . . .Hand Set က ၀ယ်ထားတာတောင် မကြာသေးဘူး . . .”

သူမက ခေါင်းကိုကုတ်ရင်း မျက်နှာငယ်လေးဖြင့် ဆိုသည်။

“အဟမ်း . . အဟမ်း . . ညီလေးရေ . . အစ်ကိုတို့ ဖုန်းတစ်လုံးကောက်ရထားတယ်ကွာ . . . လာစုံစမ်းတဲ့လူရှိရင် ကိုယ်တို့ဆီလွှတ်လိုက် . . .”

ခပ်လှမ်းလှမ်းမှနေ သူမတို့ဆိုနေသော စကားတို့ကို ကြားသော်လည်း တမင်မကြားယောင်ပြု ကာ စားပွဲဝိုင်းတစ်ဝိုင်းကို သန့်ရှင်းရေး လုပ်နေသော စားပွဲထိုးအား အသံမြှင့်ပြီး သူ လှမ်းအော် ဖြစ် သည်။

သူ့အသံအဆုံးမှာ သူမတို့အုပ်စုက တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်သည်။

ပြီး သူတို့ဝိုင်းရှိရာကို ဆတ်တောက်ဆတ်တောက်ဖြင့် လျှောက်လာကြသည်။

“ဒီမှာ ဒီက ကောက်ရထားတယ်ဆိုတဲ့ဖုန်းကလေ . . . အဲဒါ . . သူ့ဖုန်း . . .”

ဝါ၀ါဆိုသော ကောင်မလေးက သူ့ကိုစိုက်ကြည့်ရင်းဆိုသည်။

သူမ ကတော့ သူ့ကို ကောင်းကောင်းကြီးမှတ်မိနေ၍ လားတော့မသိ . . . တစ်ဖက်ကို မျက်နှာ လွှဲထားသည်။

“ကိုယ် စောစောက စားပွဲထိုးကို လှမ်းအော်လိုက်တာ ကြားလို့ရောက်လာတာ ထင်တယ် . .”

“ဟုတ်တယ် . . . ဟုတ်တယ် . . .”

သူ့စကားအဆုံးမှာ ၀ါဝါက ခေါင်းတဆတ်ဆတ်ညိတ်ရင်းဆိုသည်။

“ဒါပေမယ့် ကိုယ်ကောက်ရထားတဲ့ ဖုန်းပိုင်ရှင် ဟုတ်လား . . . မဟုတ်လား မသိဘဲနဲ့ ကိုယ် က ပြန်မပေးနိုင်ဘူး . . .”

“ဘာပြောတယ် . . .”

သူ့စကားအဆုံးမှာ တစ်ချိန်လုံးနှုတ်ပိတ်နေသော သူမက နီမြန်းသော မျက်နှာဖြင့် ခပ်ဆောင့် ဆောင့်ဆိုသည်။

ပြီး တစ်လက်စတည်းပင် . . .

“ရှင်ပြောတဲ့ပုံစံက ကျွန်မတို့ကပဲ ကိုယ်ဖုန်းမဟုတ်ဘဲနဲ့ လာတောင်းနေတဲ့ အတိုင်းပဲ . . . ကျွန်မတိုက လူလိမ်မဟုတ်ဘူး . . . နာလည်လား . . .”

သူမ၏ စကားကြောင့် သူ ဟက်ခနဲ ရယ် ဖြစ်သည်။

“သူခိုးက ခိုးပါတယ်လို့ မပြောသလို လူလိမ်ကလည်း သူ့ကိုယ်သူ လူလိမ်ပါလို့ ဘယ်ပြော မလဲ . . . လူလိမ်ဆိုတာ ချိုပေါက်နေတာမှမဟုတ်တာ . . .”

“ဘာ . . . .”

သူမက ဒေါသတကြီးဖြင့် ‘ဘာ’ ဟု ရေရွတ်သည်။

“မင်းရဲ့ ဖုန်းပါဆိုရင်လည်း ဖုန်း အမျိုးအစားရယ်၊ ဖုန်းမှာ ပါတဲ့ အမှတ်အသားပါခဲ့တယ်ဆိုရင် အဲဒီ့ အမှတ်အသားကို ပြောမှပေါ့ . . . ဒီအတိုင်းကြီး ကျွန်မရဲ့ ဖုန်းပါလို့ ပြောရုံနဲ့ထုတ်ပေးလိုက် ရင် ကျွန်မဖုန်းပါလို့ပြောတဲ့လူ ဆယ်ယောက် လာရင် ကောက်ရတဲ့လူက ကြားထဲကနေ ကိုးလုံးစိုက်နေရ မှာ ပေါ့ကွ . . .”

“ရှင် . . .ရှင် . . .”

သူ၏ ကပ်တီးကပ်ဖဲ့အဆိုကြောင့် သူမဒေါကန်ကန်ဖြင့် ‘ရှင်’ ဟုဆိုပြီး စကားမဆိုနိုင်ဘဲ မျက်နှာကြီးနီကာနေသည်။

“သြော် . . . သူ့ဖုန်းကလေ . . . Nokia အမျိုးအစားပါ . . . Hand Set ရဲ့ Model က . . N 97 အနက်ရောင် ကလေး . . .”

ဝါ၀ါဆိုသော ကောင်မလေးက ဘေးမှနေ၀င်၍ ပျာပျာသလဲပင် ဆိုသည်။

“အင်း . . . ဖုန်း Model ရော၊ ဖုန်းအရောင် ပါ မှန်ပါတယ် . . . ဒါပေမယ့် ဖုန်းမှာ ပါတဲ့ အမှတ် အသားရှိလား . . .”

သူ့အမေးကို သူမက မဖြေ။ သူ့ကိုသာ ခပ်စူးစူးစိုက်ကြည့်ကာနေသည်။

ဝါ၀ါဆိုတာ ကောင်မလေးကပင် . . .

“ရှိတယ် . . . ရှိတယ် . . . Yoon ယွန်းဆိုတဲ့ အင်္ဂလိပ်စာလုံးပါတဲ့ Key Change တပ်ထားတယ် . . .”

ဝါ၀ါ၏ စကားအဆုံးမှာ သူ ခေါင်းကိုညိတ်ပြ ဖြစ်သည်။

“မှန်ပါတယ် . . . Hand Set ရဲ့ Model ရော၊ အရောင် ရော . . Key Change ရော အကုန်မှန်တယ် . . .ဒါပေမယ့် . .”

“ဒီမှာ . . ဒါပေမယ့်တွေ ဘာတွေ လုပ်မနေနဲ့ . . ပိုင်ရှင်မှန်းလည်း သိနေပြီပဲ ပေးလိုက် တော့ပေါ့ . . . အခု ပြန်မပေးချင်လို့ . . တမင်ရစ်နေတာ မဟုတ်လား . . မပေးချင်ရင်လည်း မပေးဘူးလို့ ဗြောင်ပဲပြောလိုက် . . .”

သူ့စကားမဆုံးခင်မှာ သူမက ဆောင့်ကြီးအောင့်ကြီး ငိုသည်။

“ဟဲ့ . . . ယွန်း ဘယ်လိုပြောလိုက်တာလဲ . . . သူမေးတာလည်း မမှားဘူးလေဟာ . . . နင်ကလည်း . . .”

“အလကားပါဟာ . . . မပေးချင်လို့ ရစ်နေတာ . . မပေးချင်လည်း နေပလေ့စေ . . .”

“အာ . . . ဘယ်လိုနေလိုရမလဲ . . နင်ပဲ ဒီ Hand Set ကို လိုချင်လွန်းလို့ အိမ်က၀ယ်မပေး တဲ့ကြားက ငါ့ဆီက သုံးသိန်း . . သင်းသင်းဆီက သုံးသိန်း . . .ချေး . . ပြီး . . .တော့ . . .”

“၀ါဝါ . . . နင်ငါ့ကို အရှက်ခွဲနေတာလား . . .”

ဝါ၀ါဆိုသော ကောင်မလေး၏ အူကြောင်ကြောင်နှင့် ဆိုသော စကားမဆုံးခင်မှာ ပင် သူမက နီမြန်းနေသော ရှက်ဝဲ၀ဲမျက်နှာဖြင့် အာခေါင်ခြစ်ကာ အော်သည်။

ထိုအခါမှ ၀ါဝါက . . .

“အေး . . . ဟုတ်သားပဲ . . . ငါ ဘာတွေ ပြောနေပါလိမ့်”

ဟု ခေါင်းကုတ်ရင်း ရေရွတ်သည်။

“နင်တို့ ငါ့ပိုက်ဆံကို သိန်းဆယ်နဲ့ချေးတုန်းက ဘယ်သူမှ မသိလိုက်ကြဘူး . . နင်တို့ပိုက်ဆံ လေး သုံးသိန်းလောက် ယူမိကာမှ တစ်ကမ္ဘာလုံး သိတော့မယ် . . တော် ပြီ သွားတော့မယ် . . .”

အသားကုန်ရှက်နေတာ မျက်နှာဖြင့် ချာခနဲ့ သူမ လှည့်ထွက်ကာသွားသည်။

“ယွန်း . . . ယွန်း . . .”

သင်းသင်းဟု စောစောကမှ သိလိုက်ရသော ကောင်မလေးက သူမနာမည် ကိုခေါ်ရင်း လိုက် သွားသည်။ ၀ါဝါဆိုသော ကောင်မလေး ကတော့ ခေါင်းကိုကုတ်ရင်း သူတို့ဝိုင်းနားမှာ ကျန်ခဲ့သည်။

“ဒီမှာ ရှင်တို့ဖုန်းကို ပြန်ပေးမှာ လား . . မပေးဘူးလား . . ရှင်တို့လုပ်တာနဲ့ ရှုပ်ကုန်ပြီ . . .”

“ပေးမှာ ပါ . . .ရော့ . . . ရော့ . . .”

သူမတို့သူငယ်ချင်းတစ်စု၏ ကလေးဆန်မှု တို့ကို ကြည့်ပြီးသူ ရယ်ချင်ပက်ကျိနှင့် ပင် ဖုန်းကို ပြန်ပေးလိုက် သည်။

“စောစောကတည်းက ပေးလည်းရရဲ့ သားနဲ့ . . .”

ပြောပြောဆိုဆိုပင် ၀ါဝါက ဆတ်တောက် ဆတ်တောက်ဖြင့် ထွက်ကာသွားသည်။

“ဟေ့ . . . ကျေးဇူးတင်စကားလေးတောင် မပြောတော့ဘူးလား . . .”

လှဦးက နောက်မှနေလိုက်အော်သည်။ ၀ါဝါက ဆက်ခနဲ့လှည့်ပြီး မျက်စောင်းထိုးကာ ပွစိပွစိ ရွတ်ပြီး ဘောက်ဆက် ဘောက်ဆတ်ဖြင့် ထွက်ကာသွားသည်။

ဘာရယ်မဟုတ် သူတို့သုံးကောင်သား ရယ် ဖြစ်ကြသည်။

နောက်တစ်ခါ သူမနှင့် ဘုကျဖို့ ဆုံလာခဲ့သည်က ယုဇနပလာဇာမှာ ဖြစ်သည်။အမျိုးသားဝတ် ရော၊ အမျိုးသမီးဝတ်ပါ ရနိုင်သော ဖက်ရှင်ဆိုင်တစ်ဆိုင်မှာ သူမက အင်္ကျီတစ်ထည်ကို ကြည့်ကာနေ သည်။

ဘာရယ်မဟုတ် သူမကိုမြင်သည်နှင့် သူ အသည်းအသန် စချင်လာသည်။ သူကြည့်နေစဉ်မှာ ပင် သူမက ဖျက်ခနဲ လှည့်အကြည့်နှင့် အကြည့်ချင်းဆုံသည်။

သို့ သော် သူမက တည်ခနဲ ဖြစ်သွားပြီး ဆတ်ခနဲ မျက်စောင်းထိုးကာ မမြင်ချင်သလိုပုံစံ လုပ်ကာသွားသည်။

ထို့ကြောင့် ပင် သူမကို သူ ပို၍ စချင်လာသည်။သူမနှင့် မလှမ်းမကမ်းမှာ သူမ၏ သူငယ်ချင်းများ ဖြစ်သော ၀ါဝါနှင့် သင်းသင်းတို့ ရှိနေကြသည်။

သူ့ဘေးမှာ တော့ ထွဋ်မောင်တစ်ဦးတည်းသာ ပါသည်။ လှဦးက အလှူတစ်ခုသွားနေသည်မို့ ပါမလာခဲ့။

“လာ . . . ဟေ့ကောင် . . အဲဒီ့ ကလေးမကို ပညာပေးရအောင် . . .”

“အာ . . ဘာ ဖြစ်လို့လဲကွ . . သူ့ဘာသာသူ နေစမ်းပါစေ ”

သူ့အဆိုကို ထွဋ်မောင်က ငြင်းသည်။

“စောစောက မင်းမတွေ့ ဘူးလား . . ငါ့ကို ဘလိုင်းကြီး မျက်စောင်းထိုးသွားတာ . . . ဒါ တမင်စစ်ကြေညာတာကွ . . ရှောင်သွားရင် ကိုယ်ညံ့ရာကျသွားမှာ ပေါ့ . . လာပါ . . မင်းက ဘာမှ လုပ်စရာမလိုဘူး . . ငါပြောသမျှ ငါလုပ်သမျှကို ဖော်လိုလေးပဲ လိုက်ပေး . . .လာ . . .”

ယက်ကန် ယက်ကန်လုပ်နေသော ဆရာသမားကို ဇွတ်ဆွဲခေါ်ပြီး သူ သူမနှင့် မလှမ်းမကမ်းမှ ကျားဝတ်ဘောင်းဘီ တစ်ထည်ကို ကိုင်ကြည့်ဟူသော သဘောဖြင့် မျက်စပစ်ပြ ဖြစ်သည်။

ဆရာသမားက လက်တစ်ဖက်ဖြင့် ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း ကျန်လက်တစ်ဖက်က ဘောင်းဘီကို ကိုင်သည်။

သူမက သူတို့နှစ် ကောင်ကို ပေစောင်းပေစောင်းဖြင့် ကြည့်သည်မို့ အကွက်က အလိုလိုစိုက် ကာ သွားသည်။

“အဟမ်း . . . ဟေ့ကောင် ထွဋ်မောင် ဘာလဲ မင်းဘောင်းဘီဝယ်မလို့လား . . .”

“အေး . . .”

ထွဋ်မောင်ကလည်း ယောင်နနနှင့် ပင် ‘အေး’ ဟု ဆိုသည်။

“မင်းကလည်းကွာ . . ဖုန်း Handset ၀ယ်ထားတဲ့ အကြွေးတောင်မကျေသေးဘူး . . . အ၀တ်အစားတွေ ၀ယ်ဦးမလို့လား . . မင်း တော် တော် အသုံးအဖြုံးကြီးတဲ့ကောင်ပဲကွ . . .”

အနည်းငယ်ကျယ်သော သူ့စကားကြောင့် သူမက သူ့ကိုစူးခနဲကြည့်သည်။ သူ တမင်ပင် ပြော်ချော်ချော်ဖြင့် မသိသလို ဟိုကြည့် ဒီကြည့်လုပ်နေတုန်း သူမက သူ့ဆီတန်းတန်းကြီး ရောက်ချ လာသည်။

“ဒီမှာ . . .”

“သြော် . . . ခင်ဗျားပါလား . . . ဒါနဲ့ ဘယ်သူ့ကိုခေါ်တာလဲ . . .”

“ရှင်ကိုခေါ်တာ . . .”

အူကြောင်ကြာင်လုပ်သော သူ့ကို သူမက ခပ်ဆောင့်ဆောင့်ပင် ‘ရှင်ကိုခေါ်တာ ’ ဟု ဆိုသည်။

“ဘာလဲ ဖုန်းပျောက်ပြန်ပြီလား . . .”

သူ တမင်ပင် အူကြောင်ကြောင်ပုံလုပ်ကာ မေး ဖြစ်သည်။

“ရူးချင်ယောင်ဆောင်မနေနဲ့ . . .”

သူမက အံကိုကြိတ်ကာ ဒေါသဖြင့် ဆိုသည်။

“ဟောဗျာ . . . ဖုန်းပျောက်တာဆိုရင်တော့ ဒီတစ်ခါကောက်တွေ့ ထားတာ မရှိဘူးနော် . . အတည်ပြောတာ . . . အတည်”

ပြောင်ချော်ချော်ဖြင့် ဆိုသော သူ့စကားအဆုံးမှာ သူမကခါးကို ထောက်သည်။

ပြီး . . .

“ဒီမှာ ရှင်ယောက်ျားမဟုတ်ဘူးလား . . . စောစောက Handset ၀ယ်ထားတဲ့အကြွေးတွေ မကျေသေးဘူး . . ဘာ ဖြစ်တယ်ညာ ဖြစ်တယ်နဲ့ ရှင်ဘယ်သူ့ကို ပြောတာလဲ . . .”

“အဲဒါလား . . ဒီကောင့်ကိုပြောတာ . . ဟုတ်တယ်နော် . . ထွဋ်မောင် . . .”

“မဟုတ် . . အဲလေ . . . ဟုတ်တယ် . . ဟုတ်တယ်”

ထွဋ်မောင်က မျက်လုံးပေကလပ် ပေကလပ်ဖြင့် အထစ်ထစ် အငေါ့ငေါ့ဖြင့် ထောက်ခံသည်။

“ကြည့်ရတာ တိုက်ဆိုင်မှု တွေ ရှိသွားတယ်နဲ့တူတယ်”

“ဘာ . . . တိုက်ဆိုင်သွားတာ ဟုတ်လား . . .”

သူမ၏ ခပ်ဆောင့်ဆောင့်အမေးကို သူက စပ်ဖြဲဖြဲနှင့် ပင်

“ဟုတ်တယ်”

ဟု ဆို ဖြစ်သည်။ သူမက မျက်နှာကိုမဲ့သည်။ပြီး . . .

“တိုက်ဆိုင်တယ်ဆိုရင်တောင် အဲဒီ့ တိုက်ဆိုင်မှု က တော် တော် အံ့သြစရာကောင်းတာပဲ . . . သူ့ကို ပြောချင်ရင် ‘Handset ဖိုး အကြွေးတွေ မကျေသေးဘူး . . ’ ဆိုတဲ့စကားကို ဘာကိစ္စ သူ့ကိုကြည့်မပြောဘဲ ကျွန်မကို ကြည့်ပြောရတာ လဲ . . ကျွန်မကိုကြည့်ပြီး တမင်ပြောတာ . . . ဒါ တိုက်ဆိုင်တာလား . . . ”

“အဟော် . . . ဒါလား . . ဒါက ဒီလိုရှိပါတယ် . . အဲဒါ ကျွန်တော့် ရဲ့ အကျင့်ပါနေတဲ့ စရိုက်တစ်ခုပါ . . တစ်ခါတလေ . . ကျွန်တော် က စကားပြောရင်မျက်လုံးကို ဟိုကြည့်ဒီကြည့်နဲ့ ပြောတတ်ပြီးတော့ တစ်ခါတလေကျပြန်တော့လည်း မျက်လုံးစုံမှိတ်ပြီး ပြောတတ်ပါတယ် . . . ဟော ဒီလိုမျိုး . . .”

ဟောဒီလိုမျိုးဟု ဆိုရင်းက သူ့မျက်လုံးကို တစ်ဖက်မှိတ်ပြပြီးမှ နှစ် ဖက်စလုံးကို စုံမှိတ်ပြ ဖြစ်သည်။

သူမက သူမကိုယ်သူမ ကျွန်မဟု သုံးလာသော အခါ သူကလည်း ရွဲ့ပြီးသူ့ကိုယ်သူ ‘ကျွန်တော် ’ဟု တမင်သုံးပစ်လိုက်သည်။

“ယောက်ျားလုပ်ပြီး . . . စကားကို ဗလောင်းဗလဲ တော် တော် ပြောတတ်တာပဲ ”

“ဟုတ်တယ်ဗျ . . အားလုံးက ဒီလိုပဲ ချီးကျူးကြတယ် . . ”

သူမ၏ စကားကို ပြော်ချော်ချော်နှင့် ပင် လုပ်ပစ်လိုက်သည်မို့ သူမက ဒေါအကန်ကြီး ကန်သွား သည်ထင်၏ ။

“ရှင် . . . ရှင်”

ဟုသာ ရေရွတ်ပြီး စကားမဆက်နိုင်ဘဲ ဖြစ်ကာနေသည်။

“ဘာ ဖြစ်နေကြတာလဲ . . .”

တိုးတိုး . . . တိုးတိုးဖြင့် အံကြိတ်ကာ တခြားလူတွေ မရိပ်မိအောင် ရန် ဖြစ်နေကြတာ . . . သူတို့နားကို သင်းသင်းနှင့် ၀ါဝါတို့နှစ် ယောက် ရောက်လာကြကာ မျက်စိပျက် မျက်နှာပျက်ဖြင့် မေးသည်။

“ဘာမှမ ဖြစ်ဘူး . . လာ . . သွားမယ် . .”

ဒိုင်းခနဲ သူ့ကို မျက်စောင်းထိုးကာ သူငယ်ချင်းနှစ် ယောက် ၏ လက်ကိုဆွဲပြီး သူမ ဆောင့်ကြီးအောင့်ကြီးထွက်ချသွားသည်ကို ကြည့်ရင်း ထွဋ်မောင်က . . .

“အားနာစရာကြီးကွာ . . .”

ဟု ရေရွတ်သည်။

“ချစ်စရာကောင်းလို့ စတာပါကွာ . . .”

“ဟေ . . .”

သူ့စကားကြောင့် ထွဋ်မောင်က အံ့အားတသင့်ဖြင့် ‘ဟေ’ ဟု ရေရွတ်သည်။

“ဟုတ်လား . . . ငါ အဲဒီ့ လို ပြောခဲ့လား”

ထွဋ်မောင်၏ စကားကို သူ ထိုသို့ ပြန်မေးသည်။

“ဟုတ်တယ် . . ချစ်စရာကောင်းလို့စတာပါ . . ကွာတဲ့ . . တစ်လုံးမှ မလွှဲဘူး . . အဲဒီ့ အတိုင်း ပြောခဲ့တာ . . .”

ထွဋ်မောင်က မျက်လုံးကြီးပြူးကာထားရင်းက ဆိုသည်။

“ကြည့်ရတာ ငါ့ကောင် ဒီစွာ တေးမလေးကို ဈာန်လျှောပြီ နဲ့တူတယ် . . .”

လှဦးက သူ့ကိုပြုံးစိစိဖြင့် ကြည့်ရင်း ဆိုသည်။

“ဟုတ်ပါ့ကွာ . . ဘွဲ့သာရလာတယ် . . ဟိုကောင်မလေး ဆိုလည်းမကြိုက် . . ဒီကောင် မလေးဆိုလည်း ဘာပြုတယ်၊ ညာပြုတယ်နဲ့ အပြစ်ချည်းပြောနေတဲ့ကောင်က . . ဒီကက်ကက်လန် နေတဲ့ ကောင်မလေးနဲ့ကျမှ မပြောဖူးတဲ့စကားတွေ ပြောလို့ . . . အေးလေ . . ဟိုကလေးမကလည်း အတော် ချောတာကိုး . . .”

“ဟုတ်ပါ့ . . ထွဋ်မောင်ရာ . . မင်းပြောတော့မှ ငါလည်း သတိထားမိတယ် . . . ငါ့ကောင်က ယွန်းရဲ့ အကြောင်းများ ပြောနေတဲ့အချိန်ဆိုရင်လေ မျက်နှာကြီးကိုပြုံးလို့ . .

ဘုရားသိကြားမလို့ ဟိုကောင်မလေးမှာ ရည်းစားသနာရှိ နေပါစေဗျာ . . .”

လှဦး၏ စကားအဆုံးမှာ ထွဋ်မောင်က . . .

“ဘာ ဖြစ်လို့လဲကွ . . .”

ဟု ဆိုသည်။

လှဦးက . . .

“ဘာ ဖြစ်ရမှာ လည်းကွ . . တက္ကသိုလ်မှာ တုန်းကကျတော့ သူ့ကိုယ်သူပဲ သူတော် စင်လိုလို၊ မိန်းမတွေ နဲ့ပဲ မပတ်သက်ချင်သလိုလို ကောင်ကအခုမှလာပြီး ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတာကို ကြည့်မရ လို့ကွာ . . . ဟိုကသာရည်းစားဘာညာ ဘာညာရှိရင် ဒီကောင့်အသည်းကွဲပြီ . . . ကဲ . . . မကောင်း ဘူးလား . .”

“အေး . . . ကောင်းသားပဲကွ . . .”

အတိုင်အဖောက်ညီညီပင် သူ့ကိုဖဲ့နေကြသော ဘော်ဒါနှစ် ကောင်ဧ။် မေတ္တာစကားများ ကြောင့် သူ နင်တင်တင်ကြီး ဖြစ်သွားရသည်။

“ငါကချစ်စရာကောင်းတယ်လို့ပဲ ပြောတာပါကွာ . . ချစ်တယ် . . ချစ်မယ်လို့မှ မပြောသေးတာကွ . . .”

“ပြောလို့လည်းမရဘူးလေ . . ဟိုကောင်မလေးက ချောကချောနဲ့ . . . ဒီအချိန်အထိ ဘယ်နည်းနဲ့မဆို ရည်းစား ကတော့ ရှိမှာ သေချာတယ် . . .”

သူ့စကားကို လှဦးက ခပ်ငေါ့ငေါ့ပ်ငဆိုသည်။

“ဟုတ်တယ်ကွ . . အိမ်ထောင်ကျပြီးသားလည်း ဖြစ်နိုင်တာပဲ . . .”

နောက်ဆက်တွဲ ဆိုလိုက်သော ထွဋ်မောင်ဧ။်စကားက ပို၍ ပင် အောင့်သက်သက် ဖြစ်သွားစေသည်။

“မင်းတို့ကလည်းကွာ . . လူတစ်ဖက်သားကို လျှောက်ပြီးထင်ကြေးပေးနေကြတယ် . . မဟုတ် ရင် အားနာစရာကြီး . . .”

“အောင်မာ . . မာ . . အခုမှ အားနာစရာကြီးတွေ ဘာတွေ လုပ်နေတယ် . . .”

သူ့စကားကို လှဦးက ‘အောင်မာ’ ဟု အစချီကာဆိုရင်းရယ်သည်။

“နေပါဦး . . . မင်းက အဲဒီ့ ကောင်မလေးကို ဘာကြည့်ပြီး ချစ်စရာကောင်းတယ်လို့ ပြောရတာ တုံး . . .”

ထွဋ်မောင်က ရှက်ကိုးရှက်ကန်းဟန်ပေါက်နေသော သူ့ကို ကြည့်ရင်း ပြုံးစိစိဖြင့် မေးသည်။

“ငါနဲ့ စကားပြောတိုင်း ငါ သတိထားမိသလောက် သူ ဒေါသထွက်လာရင် မျက်နှာကလေးနီနီသွားပြီးတော့ ရှက်အမ်းအမ်းကြီး ဖြစ် ဖြစ်သွားတာကို သဘောကျတယ် . . . ငါ ကောင်မလေးတော် တော် များများ ရှက်ကိုးရှက်ကန်း ဖြစ်တာကို မြင်ဖူးတယ် . . ဒါပေမယ့် သူက ပိုထူး ခြားနေတယ်ကွ . . . ”

သူ့စကားအဆုံးမှာ လှဦးက . . .

“ငါ့ကောင်ကြီးတော့ သွားရှာပြီ”

ဟု ထောပနာပြုသည်။

ထွဋ်မောင် ကတော့ ‘ကျွတ် ကျွတ် ကျွတ်’ ဟု တမင်စုတ်သပ်ရင်း ခေါင်းကိုရမ်းသည်။ သူက တော့ပြောချင်သမျှကို ပြောလိုက်ရ၍ လားမသိ။ ရင်ထဲပေါ့ကာသွားသည် ကတော့ အမှန်။

“သူ့ကို နင်ဘယ်လိုသဘောရလဲ . . .”

“ဘာကို ဘယ်လိုသဘောရရမှာ လဲ”

ဝါ၀ါ၏ အမေးကို သူမ ဘုတော ဖြစ်သည်။

“အဲဒီ့ လူနဲ့ . . . နင်ပြဿနာနှစ် ခါလောက်တက်ပြီးတာ တစ်ပတ်လောက်ရှိပြီ . . . အခုတလော အဲဒီ့ လူရဲ့ ပုံစံက ထူးခြားနေသလားလို့ပါ . . .နင့်ကို လိုက်လိုက်ငေးနေပြီး မသိမသာများ လိုက်ကြည့်နေသလားလို့ . . နင့်ကို စိတ်ဝင်စားတယ်ထင်တာပဲ . . .”

သင်းသင်းက စဉ်းစားရင်းဆိုသည်။

“သူ့ဘာသာသူ အမှတ်တမဲ့ကြည့်ခိုက်နဲ့ကြုံလို့နေမှာ ပါဟာ . . ကဲ . . လိုက်ကြည့်တော့ရော ဘာ ဖြစ်လဲ . . ငါ့မှာ ကိုကြီးရှိပြီးသားပဲ . . ကိုကြီးကလွဲရင် ဘယ်သူကြည့်ကြည့် မကြည့်ကြည့် ဂရုကို မစိုက်တာ”

သူမ၏ စကားကြာင့် ၀ါဝါနှင့် သင်းသင်းက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်သည်။

“ငါတို့ ကတော့ နင့်ကို အဲဒီ့ ကိုကြီးဆိုတဲ့လူနဲ့ သဘောမတူဘူး . . .”

“ဘာ ဖြစ်လို့တုံး . . . ”

သင်းသင်း၏ စကားကို သူမက ပြန်၍ အမေးရှိသည်။

“ဘာ ဖြစ်လို့လဲဆိုတာကိုတော့ ပြောမပြတတ်ဘူး . . ဒါပေမယ့် အဲဒီ့ လူကိုကြည့်ရတာ မရိုး သားသလို ခံစားရတယ် . . အဲဒီ့ လူက မာယာများ နေသလိုပဲ ခံစားရတယ်”

ဝါ၀ါ၏ စကားကြောင့် သူမက . . .

“၀ါဝါနော် . . .”

ဟု နှုတ်ခမ်းစူရင်း ဟန့်သည်။ သဘောက ‘သူမ မကြိုက်ဘူး’ ဟုသော သဘော။ ၀ါဝါနှင့် သင်းသင်း ကတော့ ဒုတိယအကြိမ် တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်ကြသည်။

Computer သင်တန်းကို လှဦးတို့နှစ် ကောင်စလုံး မလာကြသည်မို့ တစ်ယောက် တည်း သူ ငေါင်နေရသည်။

သင်တန်းဆင်းချိန် အိမ်ပြန်ရန် သူကားရှိရာ ကားပါကင်သို့ အလာ ဘေးမှနေ သူမကိုယ်တိုင် မောင်းသော ကားက ပွတ်ကာသီကာ မောင်းထွက်၍ သွားသည်။

လူကို တိုက်မိသွားရလောက်အောင်နီးကပ်မနေသော်လည်း ရုတ်တရက်မို့ သူ လန့်ဖျပ်ပြီး ဘေးကို ကမန်းကတန်း ရှောင် ဖြစ်သည်။

ဤသည်ကိုပင် သူမတို့သုံးယောက် က ၀ါးခနဲ လှောင်ရယ် ရယ်သွားကြသည်။သူမတို့သည်လည်း ဤComputer သင်တန်းမှာ တက်နေကြသော်လည်း အခန်းမတူသည်မို့ မည် သည့် Course ကို တက်နေမှန်း သူမသိ။ သင်တန်းသို့ လာချိန်နှင့် ပြန်ချိန်များ တူနေသည်ကိုတော့ သတိထားမိသည်။

ဘာရယ်မဟုတ် သူမသည်လည်း သူ့အားနောက်ပြောင်ကာ သွားသည်ကိုတွေးရင်း ‘ကလဲ့စား ချေတတ်သားဟ’ဟု တွေးကာ ပြုံး ဖြစ်သည်။

ကားပေါ်တက်ကာမောင်းထွက်ခဲ့ရင်း အတော် လေးမောင်းမိသော အခါ ရှေ့မှာ ကားကိုရပ်ကာ ထားရင်း လမ်းပေါ်မှနေ သူ့ကားကို တားနေသော ၀ါဝါကို သူမြင်နေရသည်။

လှမ်းကြည့်လိုက်တော့ သူမတို့ကား၏ အနောက်ဘက်ရှိ ဘယ်ဘက်ဘီး ပြားကပ်ကာ ပေါက် နေသည်ကို တွေ့ လိုက်ရသည်။

ဘီးအပိုပါသော်လည်း မိန်းကလေးများ ဖြစ်သည်မို့ မဖြုတ်တတ် မပြုတတ် ဖြစ်နေဟန်တူသည်။

သူကားကိုရပ်ကာ ကားပြတင်းမှန်ကို ချလိုက်သော အခါ ၀ါဝါ တစ်ယောက် ‘ဟောတော် ’ ဟု ရေရွတ်ရင်း လျှာတစ်လစ် ဖြစ်ကာ သွားသည်။ သူ့ကားမှန်းမသိ၍ မို့ တားလိုက်ဟန်တူသော ၀ါဝါက စောစောကမှ လှောင်ကာပြောင်ခဲ့သော သူ့ကိုမှ အကူအညီတောင်းရန် တားလိုက်မိသည်မို့ အကူအညီ ပဲတောင်းရမလို မတောင်းရတော့မလို ဖြစ်သွားဟန်တူသည်။

“ဘာ ကူညီရမလဲ . . .”

မျက်မှန်ကိုချွတ်ရင်းမေးသော အခါ သူမတို့သုံးယောက် က ‘ဘယ်လိုလဲ’ ဟူသော သဘောဖြင့် တစ်ယောက် မျက်နှာကို တစ်ယောက် ပြူးတိပြူးကြောင်ဖြင့် ကြည့်ကြသည်။

ဝါ၀ါက ‘မထူးတော့ဘူး အကူအညီတောင်းလိုက်တော့မယ် ’ ဆိုသော သဘောဖြင့် မျက်စပစ်ပြ သည်။ သူမ ကတော့ မသိယောင်ပြုကာနေသည်။ သင်းသင်းက ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။

ဝါ၀ါက . . .

“ဟိုလေ . . . ကားဘီးပေါက်သွားတာ မလဲတတ်လို့ အဲဒါ”

“ကူညီပါဦးလို့ . . .”

ဝါ၀ါ၏ စကားမဆုံးခင်မှာ သင်းသင်းက ၀င်၍ ဆိုသည်။

“သြော် . . . ရပါတယ် . . .”

ပြောပြောဆိုဆိုပင် သူ သူ့ကားကို လမ်းဘေးချရပ်ကာ သူ့ကားထဲမှ Tools Box ကို တစ်ပါတည်း ယူလာကာ . . . သူမတို့ကားဘီးကို လဲတပ်ပေး ဖြစ်သည်။

သူ ကားဘီးလဲပေးနေစဉ် တစ်လျှောက်လုံး ဘေးမှနေ ၀ါဝါရော၊ သင်းသင်းပါ ကွင်းတွေ ၊ ခွတွေ ယူပေးပြုပေး လုပ်ကူနေသော်လည်း သူမ ကတော့ ခပ်လှမ်းလှမ်းမှာ မသိသလို လုပ်ကာနေသည်။

အားလုံးပြီးစီးသွားသော အခါ သင်းသင်းက . . .

“အားနာလိုက်တာရှင် . . . ကျေးဇူးပဲနော် . . ဒုက္ခပေး သလို ဖြစ်သွားတယ် . . ”

“ရပါတယ် . . . ခင်ဗျားတို့နှစ် ယောက် ကိုခင်လို့ တမင် ခင်ဗျားတို့မျက်နှာနဲ့ ကူညီတာပါ . . . ကဲ . . သွားပြီနော် . . .”

“ဟုတ်ကဲ့ . . .”

ဝါ၀ါနှင့် သင်းသင်းက ‘ဟုတ်ကဲ့’ ဟု ဆိုနေချိန်မှာ သူမ ကတော့ နှုတ်ခမ်းကိုကိုက်ကာ မျက်စောင်းကြီးခဲကာကြည့်ရင်း ရပ်ကျန်ခဲ့သည်။

သူကလည်း သူ။ တမင်ပင် သူမကိုစချင်စိတ်ဖြင့် နှိပ်ကွပ်ခဲ့သည်ကိုး။ ကားကိုမောင်းထွက်လာ ရင်းက ဟက်ခနဲ သူရယ် ဖြစ်သည်။

အနီးကပ်ကြည့်တော့မှ ပိုဖြောင့်တာပဲဟ . . . နင်ရော ဘယ်လို မြင်လဲ . . .

သင်းသင်းက ပြုံးစိစိဖြင့် သူမကိုမေးသည်။

“ဘယ်သူ့ကို ပြောတာလဲ . . .”

သူမတမင်ပင် မသိချင်ယောင်ဆောင်ကာ ပြန်မေး ဖြစ်သည်။

“အံမယ် မယ်….ရူးချင်ယောင်ကဆောင်နေသေတယ်…စောစောက နင့်ကားကို ကားဘီးလဲပေးတဲ့ဟိုလူကို ပြောတာ….ဘာတဲ့ သူ့သူငယ်ချင်းတွေ ခေါ်တာကြားဖူတယ်…တေဇဆိုလား…အဲဒီ လူကိုပြောတာ….”

ဝါဝါက အကျယ်တဝင့်ရှင်းပြရင်းက ဆိုသည်။

“သြော် စောစောက လူကိုပြောတာလား….အင်း….မဆိုးပါဘူး…….ရွက်ကြမ်းရေကျိုအဆင့်တော့ရှိသားပဲ……”

တမင်မျက်နှာကိုချီရင်းဆိုသော သူမ၏ စကားကြောင့် သင်းသင်းတို့နှစ်ယောက် ကတစ်ယေက်မျက်နှာ တစ်ယောက် ကြည့်ရင်း မျက်ခုံးပင့်ပြကြသည်။

“သေချာတာ ကတော့ နင့်ကိုကြီးဆိုတဲ့လူထက် အများ ကြီးချော လုံးဝကို ပြောနိုင်တယ်….”

ဝါဝါကတမင်စချင်ဟန်ဖြင့် သူမကို ပြုံးစိစိဖြင့် ဆိုသည်။သင်းသင်းကပါ“ဟုတ်ပ”ဟု ထောက်ခံသည်။

“နင်တို့ မကြားဘူးဖူးလား…..လှတာမက်ရင် ညစာခက်တယ်တဲ့…လောကကြီးမှာ ရုပ်ဖြောင့်ပြီး အသုံးမကျတဲ့ လူတွေ တစ်ပုံကြီး….ရုပ်အသင့်အတင့် ရှိပေမယ့် လူမူ့ရေး ၊ စီးပွားရေး တွေ မှာ အရည်အချင်းရှိရှိနဲ့ အောင်မြင်နေတဲ့သူတွေ လည်း တစ်ပုံကြီး ရှိနေတာပဲ…..ငါ ကတော့ ပထမလူမျိုးနဲ့ ဒုတိယလူကို ရွေးချယ်ဖို့ ဖြစ် လာရင် ဒုတိယလူမျိုးကိုပဲရွေးမယ်..”

“ဒါဖြင့် နင့်ရဲ့ ရွေးချယ်မူ့မှာ အချစ်မပါဘူးပေါ့….”

ဟု သင်းသင်းက ဆိုသည်။

“အေး…နင်တို့ပြောပြေနေတဲ့ အချစ်ဆိုတာကို ငါ အယုံအကြည်ကို မရှိတာ…ရှိတယ်လို့ကို မအောက်မေ့ဘူး…..”

သူမ၏ အဖြေကို ဝါဝါက “ဟောတော့” ဟု ရေရွတ်သည်။ သင်းသင်း ကတော့ ပခုံးတွန့်သည်။

* * * * ** * * * *




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ဂျင်းအင်္ကျီရောင် အချစ်၏ လေညင်းများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နဖူးရေ ဒူးရေ

စာရေးဆြာ

ပန်းနုရောင်ပြကွက်ထဲက ကကြိုးလှတဲ့ သတို့သမီး