Cover

နဖူးရေ ဒူးရေ


“ မင်းသား တစ်ယောက် လုပ်မယ်ဆိုရင်တော့ ပရိသတ်တွေ လက်ခံနိုင်တဲ့ General appe arance လည်းရှိမှ ဖြစ်မယ် ”

“ ဟုတ်ကဲ့ ”

“ ဘာဟုတ်ကဲ့လဲ ”

“ ဘာ … ဟုတ်ကဲ့လဲ” ဆိုသော ခပ်ဆတ်ဆတ်အမေးကြောင့် သူ၏ တပည့်ကျော် ဇော် ထွန်း တစ်ယောက် “ဗျာ” ဟု အူကြောင်ကြောင်ထူးရင်း မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ် သည်။

“ မင်းကလေ … နေရာတကာ ရောရောချတယ်၊ မသိတာကိုလည်း သိချင်ယောင်ဆောင် တယ်၊ ပြောစမ်း ငါပြောတဲ့ General appearance ဆိုတာ ဘာတုန်း ”

“ ဟို … ဟိုလေဆရာ ”

ခေါင်းကုတ်ကာ “ဟို” တွေ “ဒီ” တွေ လုပ်နေသော ဇော်ထွန်းကိုကြည့်ရင်း သူခေါင်း ဖြစ် သည်။

“ မသိဘူးမဟုတ်လား ”

“ အဟဲ … မေ့တေ့တေ့ ဖြစ်နေတယ် ”

“ တော် စမ်း … မသိရင်မသိဘူးပြော၊ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားနေစမ်းပါ ”

ခပ်ငေါက်ငေါက်ဆိုသော သူ့စကားအဆုံးမှာ ဆရာသမားက ဟုတ်ကဲ့ဟု ကြောင်တောင် တောင်ပင် ဆိုသည်။

“ မှတ်ထား … General appearance ဆိုတာ လူ တစ်ယောက် ရဲ့ နဖူးရေ ဒူးရေကိုပြော တာ ”

“ ဟုတ်ကဲ့ ”

“ ဒီတော့ ကိုယ်ပိုင်ဗွီဒီယိုထုတ်လုပ်ရေး ထောင်ပြီး ကိုယ့်ငွေနဲ့ကိုယ် မင်းသားလုပ်မယ်ဆိုတဲ့ မင်းပြောတဲ့ချာတိတ်က ငါပြောတဲ့ General appearance ရှိရဲ့ လား ”

“ ရှိပါတယ် ဆရာရဲ့ ၊ ဒီလူရဲ့ နဖူးရေဒူးရေကို ဆရာကိုယ်တိုင် နဖူးတွေ ဒူးတွေ့  တွေ့ ပြီး သုံး သပ်ကြည့်ပါလားဆရာ၊ အဲဒါက ပိုကောင်းတာပေါ့ ”

တပည့်ကျော်ကြီး ဇော်ထွန်းက အထက်ပါအတိုင်း အကြံပြုသည်။

“ တွေ့ ကြည့်ရမှာ ပေါ့၊ မတွေ့ ကြည့်လို့ရမလား၊ အလုပ်ပါးနေလို့ကတစ်ကြောင်း၊ မင်းသား သစ်တင်ပေးချင်တာကတစ်ကြောင်းကြောင့် သာ အလုပ်လပ်ခံရမှာ ၊ တော် ကြာ မင်းသား ဖြစ်ချင်ပါ တယ် ဆိုတဲ့လူက ဘီလူးနဲ့မှင်စာ Mixing ဆွဲထားသလို ရုပ်ကြီး ဖြစ်နေရင် ငါသိက္ခာကျမယ် ”

“ ဟုတ်ပါတယ် ဆရာ၊ ဆရာက ဒါရိုက်တာအ ဖြစ်နဲ့ ရိုက်ရမှာ ဆိုတော့ ကိုယ်ကိုင်တွယ်ရမဲ့ သရုပ်ဆောင်သစ်ရဲ့ စီးပွားရေး ကအစ၊ ငွေကြေးသုံးစွဲနိုင်မှု အလယ်၊ သရုပ်ဆောင်နိုင်မှု နဲ့ ရုပ်ရည် ရူပကာအဆုံး ဆရာကိုယ်တိုင် အကဲခတ်တာပဲကောင်းပါတယ်ဆရာ ”

တပည့်ကျော်ကြီးက သူ့စကားကိုနင်းကာ ဆိုသည်။

“ ဒါဖြင့် အဲဒီ မင်းသားသစ်ကို မနက်ဖြန် အိမ်ခေါ်ခဲ့လိုက်၊ ငါ အကဲခတ်ကြည့်ပြီး သိပ်ဆိုး ဆိုးရွားရွားမဟုတ်ရင် တင်ပြီးရိုက်ပေးလိုက် မယ်၊ အိမ်ငှားစာချုပ်ကလည်း ဒီတစ်ပတ်ထဲမှာ ပြည့် တော့မှာ ဆိုတော့ အိမ်ဆက်ငှားဖို့ကလည်း အရေး ကြီးလာပြီ မဟုတ်လား၊ မရိုက်လို့တော့ မရတော့ ဘူး ”

“ စိတ်ချပါဆရာ၊ စပါရှယ် ရိုက်ဖို့သာပြင်ထား၊ ရိုက်လို့အဆင်ပြေရစေ့မယ် ”

ဇော်ထွန်း၏ စကားကြောင့် သူ “ ဘာလဲကွ” ဟု ခပ်ငေါက်ငေါက်ဆို ဖြစ်သည်။

“ မင်းပြောတဲ့ပုံစံက ငါကပဲ အချဉ်ဖမ်းတော့မဲ့ပုံ ပေါက်နေတယ်၊ အနုပညာသမားကွ၊ ငွေ တစ်ခုထဲအတွက်နဲ့ ဘယ်တော့မှ မလုပ်မလုပ်ဘူး မှတ်ထား ”

“ ဟုတ်ကဲ့ပါဆရာ ”

သူ့စကားအဆုံးမှာ သူစိတ်တိုနေမှန်းသိသည်မို့ သကောင့်သားက ဟုတ်ကဲ့ပါဆရာဟု ရိုရို ကျိုးကျိုးပင်ဆိုသည်။

ဘာပဲပြောပြော ၄င်း၏ ကြိုးပမ်းရှာဖွေမှု ကြောင့် အလုပ်တစ်ခု ကတော့ ဖြစ်တော့မှာ အသေ အချာပဲ ဖြစ်သည်။

* * * * ** * * * *



အိမ်ရှေ့မှကားသံကြောင့် သူ ရင်ခုန်သလိုလိုပင် ဖြစ်ကာသွားသည်။ ပြတင်းလိုက်ကာစကို အသာဆွဲပြီး ချောင်းကြည့်သော အခါ ဘာအမျိုးစားဟုပင် သူမခွဲခြားတတ်သော ကားအကောင်း စားတစ်စီးကို သူတွေ့ လိုက်ရသည်။

ပြတင်းလိုက်ကာကို အသာပြန်ချရင်း ထိုင်ခုံမှာ အသာပြန်ထိုင်ကာ စာအုပ်တစ်အုပ်ကို အမြန်ကောင်ကိုင်ရင်း စာဖတ်ချင်ယောင်ဆောင်နေ ဖြစ်သည်။

သိပ်ကြာကြာတော့ သူ သရုပ်မဆောင်လိုက်ရ။ တပည့်ကျော်ကြီး ဇော်ထွန်းက “ဆရာ ဧည့်သည်ပါတယ်” ဟု လှမ်းကာဆိုသော ကြောင့် ဖြစ်သည်။

“ သြော် … အေး ”

စာအုပ်ကို စားပွဲပေါ်တင်ကာ ဧည့်သည်ကို လှမ်းကြည့်လိုက်သော အခါ ဧည့်သည်က သူ့ကို ပြုံးပြသည်။

“ လာ .. ထိုင် ညီလေး ”

ဧည့်သည်က သူ့ရှေ့ထိုင်ခုံမှာ ၀င်၍ ထိုင်သည်။ ဇော်ထွန်းကို သူလှမ်းကြည့်ရင်း “ ဇော်ထွန်း ရေ ကော်ဖီလေးလုပ်ကွာ” ဟု ခပ်တည်တည်ပင် ဆို ဖြစ်သည်။

အမှန်တော့ မနက်ကမှ လမ်းထိပ်ရှိ ကုန်စုံဆိုင်က သွားဝယ်ထားသည့် နှစ် ထုပ်တည်းသော ကော်ဖီမှလွဲ၍ အခြားဧည့်ခံစရာ ဘာမှမရှိ။ အဲ … မုန့်ပုံးထဲမှာ တော့ လက်ကျန်မုန့် ရှိကောင်းရှိလိမ့် ဦးမည် ။

“ မင်းသားလုပ်ဖို့ ၀ါသနာပါတာ ကောင်းပါတယ် ညီလေးရဲ့ ၊ ရုပ်ရည်ကြည့်ရတာ ဖြစ်နိုင်ချေ တွေ အစ်ကိုတွေ့ နေရတယ်၊ ဇော်ထွန်း ပြောပြတုန်း ကတော့ ပုကွကွကြီးများ လားဆိုပြီးတော့ စိုးရိမ် နေသေးတာ ”

အရွှန်းဖောက်သော သူ့စကားကြောင့် ဧည့်သည်က ရယ်သည်။

“ ဒါနဲ့ တစ်ယောက် တည်ပဲလား၊ ဒီကညီလေးရဲ့ နာမည် တောင် ဇော်ထွန်းက မိတ်မဆက် ပေးခဲ့ဘူး၊ အစ်ကိုက ဒါရိုက်တာ လင်းသူရပါ ”

လက်ကိုကမ်းပေးရင်း မိတ်ဆက် ဖြစ်သည်။

“ ဟုတ် … သူများ ရဲ့ နာမည် က ကျော်ဗလပါ ”

ကိုယ်ကယို့ပြီး လက်ဆွဲနှုတ်ဆက်သော သကောင့်သား၏ ပျော့နွဲ့နွဲ့အမူအရာကြောင့် သူ့ စိတ်ထဲမှာ နင်ခနဲ ဖြစ်သွားရသည်။

“ သြော် … ဟို … ဒင်း မင်းသားလုပ်ရင် ဒီနာမည် နဲ့ပဲ လုပ်မှာ လား၊ တခြားနာမည် တွေ ဘာ တွေ ရှိသေးလား ”

“ အိမ်ခန်းလခကိစ္စ ရှင်းရတော့မယ်” ဟူသော အသိဖြင့် ပျက်ယွင်းသွားသော သူ့အမူအရာ ကို သူပြန်ထိန်းရင်း ဆို ဖြစ်သည်။

“ သူများ ရဲ့ အိမ်နာမည် က ကျားကြီးလေ၊ ဒက်ဒီက သားအကြီးဆုံးမို့လို့ ချစ်စနိုးနဲ့ နာမည် ပေးထားတာ၊ သူများ က အဲဒီ နာမည် ကို ပိုကြိုက်တယ်သိလား၊ သူက ကျားကျားလျားလျားရှိလို့ လေ၊ ဒါပေမယ့် မင်းသားနာမည် ကကျတော့ ကျားကြီးဆိုရင် ကြောင်နေမှာ စိုးလို့ ကျော်ဗလနဲ့ပဲ လုပ်မယ်လို့ စိတ်ကူးထားတယ် ”

ခေါင်းခါကာခါကာနှင့် ဆိုနေသော ကျားကြီးကိုကြည့်ရင်း ရှာရှာဖွေဖွေခေါ်လာတတ်သော တပည့်ကျော်ကြီး ဇော်ထွန်းကို သူစိတ်ထဲမှ ပျစ်ပျစ်နှစ် နှစ် ကျိန်ဆဲ ဖြစ်သည်။

သို့ သော် လက်ရှိအ နေအထားအရ ကျားကြီးပဲ ဖြစ် ဖြစ် နွားကြီးပဲ ဖြစ် ဖြစ် အိမ်ကိုဆက် ငှားနိုင်ဖို့အတွက် အလုပ်ကို အ ဖြစ် ဖြစ်အောင် စီစဉ်ရတော့မှာ ပဲ ဖြစ်သည်။

ထို့ကြောင့် မျက်နှာ ကြောကို အတတ်နိုင်ဆုံး ဖြည် ရင်း ကျားကြီးကို မချိပြုံး ပြုံးပြ ဖြစ် သည်။

“ ဒါနဲ့ ဒီက သူများ … အဲလေ ညီလေးကျားကြီးက ဘယ်လိုဇာတ်ရုပ်မျိုးကို ရိုက်ဖို့အားသန် လဲ၊ ဥပမာ ဒရမ်မာလား၊ ဟာသလား စသဖြင့် ပေါ့ ”

“ အို … ဆရာကလည်း အဲဒါတွေ သူများ မကြိုက်ဘူး ”

သူ့စကားပင်မဆုံးသေး ကျားကြီးက ဖြတ်၍ ဆိုသည်။

“ သူများ ကပေါ့နော် … ယောက်ျားပီပီသသနဲ့ ထိုးကြိတ်သရုပ်ဆောင်ရတဲ့ ဖိုက်တင်ကားပဲ ရိုက်မှာ သိလား၊ ဒရမ်မာတွေ ရိုက်ပြီး ငိုရယိုရမှာ လည်း မကြိုက်ဘူး၊ ပြီးတော့ ပေါတောတောဟာသ တွေ လည်း သရုပ်မဆောင်ချင်ဘူး သိလား၊ သူများ ကလေ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့ နော်၊ အဲဒီ လို ရဲရဲရင့်ရင့်လေးပေါ့နော်၊ ကျားဆိုမှကျား၊ ကျားကျားလျားလျားပဲ သရုပ်ဆောင်ချင်တာ ဆရာရဲ့ ”

“ ဟင့် ”

“ဟင်” သည်ကား သူ၏ နှုတ်ခမ်းမှ ထွက်လာသော ရှိုက်သံ “ဟင့်” မဟုတ်၊ ရင်ထဲမှနေ လှိုက်လှိုက်လှဲလှဲကြီး “ဟင့်” သော ရင်ရှိုက်သံ ဖြစ်တော့သည်တမုံ့။

ကော်ဖီပန်းကန်များ ကို ယူလာနေသော တပည့်ကျော်ကြီးကို လှမ်းကြည့်သော အခါ သူ၏ တပည့်ကျော်ကြီးက “ဘာမှမတတ်နိုင်ဘူး” ဆိုသော သဘောဖြင့် ပခုံးကို မသိမသာ တွန့်ပြရင်း ပြုံး ပြရှာသည်။

“ ကဲ ကဲ ညီလေး သူများ တိုက်တဲ့၊ အဲလေ … ဆရာတိုက်တဲ့ ကော်ဖီလေး သောက်ပါဦး၊ ဟ ကောင် ဇော်ထွန်း မုန့်ပါယူခဲ့လေ ”

ဘေးမှာ ကြောင်တောင်တောင်ဖြင့် ရပ်နေသော ဇော်ထွန်းကိုသာ သူ ခပ်ငေါက်ငေါက်ဆို ရင်း ခေါင်းထဲမှာ ဒေါင်ချာတွေ စိုင်းကာ နေမိသည်။

ဒီပုံစံကြီးကိုသာ မင်းသားတင်ရိုက်လို့ ကတော့ သူ၏ မရှိတရှိသိက္ခာတွေ အကုန်သွားမှာ သေချာသည်။

သို့ သော် လက်ရှိအနေအထားအရ ငွေကလည်းလိုနေပြီ ဖြစ်သည်။ ရှေ့မှာ ထိုင်နေသော ကျားကြီးခေါ် သူများ ဆိုသူ၏ သရုပ်ဆောင်ချင်သော ကာရိုက်တာကလည်း ကျားကျားလျားလျား ဖိုက်တင်ဟု ဆိုနေသည်။

မတတ်နိုင် မီးစင်ကြည့်ကမှပဲ ဖြစ်လိမ့်မည် ။ ရှေ့မှ ကျားကျားလျားလျားကြီး ဖြစ်သော သူ များ ကို သူ တပည့်အ ဖြစ် လက်ခံကာ မင်းသားတင်ရိုက်မှ ဖြစ်မည် ။

သို့ မှသာ လက်တလော အိမ် ဆက်ငှားမည့် စရိုက်နှင့် ခက်ခဲစပြုနေပြီ ဖြစ်သော သူတို့ဆရာ တပည့်နှစ် ယောက် ၏ စားစရိတ်ကို ယာယီထောက်ပံ့ထားနိုင်လိမ့်မည် ။

“ ဘယ်လိုလဲဆရာ … သူများ ကို တပည့်လိုသဘောထားပြီး သူများ ရိုက်ချင်နေတဲ့ တုံး တိုက်တိုက် ကျားကိုက်ကိုက် ဖိုက်တင်ကားတွေ ရိုက်ပေးမယ်မဟုတ်လား ”

“ အာ … ရိုက်ပေးရမှာ ပေါ့၊ ဒီလိုလုပ်ရအောင်၊ ပထမဆုံး ရိုက်မဲ့ကားကို “ တုံးတိုက်တိုက် ကျားကိုက်ကိုက်” ဆိုပြီး နာမည် ပေးကြမယ်လေ၊ နောက်ပြီး လုံးဝကြမ်းသွားအောင် ဖိုက်တင်ကို စလယ်ဆုံး ထည့်ပစ်မယ် မကောင်းဘူးလား ”

ကျားကြီး၏ စကားအဆုံးမှာ သူ အားတက်သရောပင် ဆို ဖြစ်သည်။ မုန့်ပန်းကန်ကိုင်ကာ ၀င် လာသော တပည့်ကျော်က မုန့်ပန်းကန်ကို စားပွဲပေါ်ချရင်း “ဒါဆို OK သွားပြီးပေါ့နော်” ဟု ၀မ်းသာ အားရဆိုသည်။

တပည့်ကျော်ကြီး ဘာကိုဆိုလိုမှန်း သူကောင်းကောင်း သဘောပေါက်သည်။ ၄င်းဆိုလိုချင် သည်က လတ်တလော စားဝတ်နေရေး စရိတ်နှင့် အိမ်ဆက်ငှားမည့် စရိတ်ကို ဖြစ်သည်။

ကျားကြီး ကတော့ ဘာကိုသဘောပေါက်သည်မသိ။

“ အိုကေသွားပြီပေါ့ ကိုဇော်ထွန်းရဲ့ ၊ သူများ ကလေ သူများ ကို ဆရာက တပည့်အ ဖြစ်နဲ့ လက်ခံမှခ့ပါ့မလားလို့ တွေးပြီးကြောက်နေတာ၊ အခုတော့ အိုကေသွားပြီ၊ ကဲ ကဲ သူများ အိမ်ပြန်ပြီး အထိုးအကြိတ်တွေ လေ့ကျင့်လိုက်ဦးမယ်၊ ဇာတ်ကားအတွက် ကုန်ကျမယ့် စရိတ်တွေ လည်း၊ တွက်ထားနော်၊ သူများ မနက်ဖြန် ဖုန်းဆက်ပြီး လာပို့ပေးမယ်၊ သူများ သွားပြီနော် ဆရာ၊ တာ့တာ ”

“ အင်း … တာ့တာ … တာ့တာ ”

တပည့်အသစ်စက်စက် ကျားကြီး၏ ရေပက်မ၀င်စကားအဆုံးမှာ သူပြန်ပြီး “တာ့တာ” ဖြစ် သည်။

ကျားကြီး၏ ကား ၀ူးခနဲ မောင်းထွက်အသွားမှာ သူနှင့် တပည့်ကျော်ဇော်ထွန်းတို့ တစ် ယောက် ကို တစ်ယောက် ကြည့်ရင်း သက်ပြင်းကိုယ်စီ ချမိတော့သည်။

* * * * ** * * * *



“ နာမည် ကတော့ ကျားကြီး ခေါ် ကျော်ဗလတဲ့၊ လူကိုသာ နဖူးတွေ့ ဒူးတွေ့  မမြင်ဖူးရင် နာမည် ကြားရုံနဲ့ ဖျားသွားနိုင်တယ်၊ ဒါနဲ့ မင်း သူ့ကို ဘယ်ကနေဘယ်လိုများ ရှာရှာဖွေဖွေနဲ့ တွေ့  လာရတာ တုန်း ”

သူ့အမေးအဆုံးမှာ တပည့်ကျော်က “အဟီး” ဟု ရယ်ရင်းခေါင်းကိုကုတ်သည်။ ပြီး ရယ် ကျဲကျဲနှင့် …

“ ဒီလိုပါပဲဆရာရယ် … သူငယ်ချင်းတွေ နဲ့ စကားစပ်မိရင်းနဲ့” ဟု ဆိုသည်။

“ လူကသာနွဲ့နေတာ … ရိုက်ချင်တဲ့ကာရိုက်တာက ကျားကျားလျားလျားတဲ့၊ ဘာတဲ့ တုံး တိုက်တိုက် ကျားကိုက်ကိုက်ဆိုပဲ၊ အလုပ်က လက်ခံလိုက်ပြီဆိုတော့ လုပ်သလိုမ ဖြစ်ရင်တောင် ဖြစ်သလိုတော့ သွားလုပ်လို့မရဘူး၊ အရှည်သဖြင့် က ရှိသေးတယ် ”

ညည်းညည်းညူညူဆိုသော သူ့စကားကို တပည့်ကျော်ကြီးက အူကြောင်ကြောင်ပင် ခေါင်း ညိတ်သည်။

“ ဒီတော့ကွာ ကိုယ့်ဘက်က အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်အောင်ပဲလုပ်၊ ကားရိုက်ဖို့ အတွက် ကုန်ကျမဲ့စရိတ်တွေ ကို အတတ်နိုင်ဆုံး သက်သာအောင်လုပ်ပေးလိုက် ကြားလား ”

သူ့စကားကို ဇော်ထွန်းက ဟုတ်ကဲ့ဟုဆိုသည်။

“ အေး … ပြီးတာနဲ့ သူဆီဖုန်းဆက်ပေးလိုက် ၊ ဇာတ်လမ်းက ရှာလို့မရှိရင် ဆင်ပြီးရေရမှာ ဆိုတော့ ဘာပဲ ဖြစ် ဖြစ် ရက်နှစ် ဆယ် အစိတ်လောက်တော့ အချိန်ယူရမှာ ပဲ၊ သေသေချာချာလေး သူ့ကို ရှင်းပြပြီး မင်းကြည့်စီစဉ်လိုက်၊ ကြားလား၊ နောက်ပြီးတော့ သက်လုံကောင်းအောင် အားက စားလည်း လုပ်ထားလို့ ”

သူ့စကားအဆုံးမှာ ဇော်ထွန်းက ထုံးစံအတိုင်း “ဟုတ်ကဲ့” သည်။ သူ ကတော့ လေပူကိုသာ လေပူကိုသာ မှု တ်ထုတ်ရင်း သက်ပြင်းချ ဖြစ်သည်။

* * * * ** * * * *



A man of genius makes no mistakes.

His errors are the portals of discovery.

ပါရမီရှင်သည် အမှားများ ကိုမလုပ်။ ၄င်းတွင် ချွတ်ချော်မှားယွင်းမှု ရှိခဲ့လျှင်တောင်မှ လွဲမှား မှု တို့သည် အသစ်ရှာဖွေတွေ့ ရှိမှု ၏ တံခါးပေါက်များ ဖြစ်သည်။

James Joyce

* * * * ** * * * *





“ အဲဒီ စကားပုံလိုပေါ့ကွာ၊ ငါတင်လိုက်တဲ့မင်းသားက မှားယွင်းချွတ်ချော်မှု တစ်ခု ဆိုရင် တောင် ငါ့အတွက်တော့ တွေ့ ရှိမှု အသစ်လို့ပဲ ယူဆရမှာ ပဲ ”

သူ့စကားအဆုံးမှာ နားလည်လား မလည်လားမသိသော သူ၏ တပည့်ကျော် ဇော်ထွန်းက “ဟုတ်ကဲ့” ဟု ခေါင်းကိုညိတ်သည်။

ကျားကြီးလာ၍ ပေးသွားသော စရန်ငွေများ က စားပွဲပေါ်တွင် ခြေရာမပျက် လက်ရာမပျက် ရှိနေဆဲ။

“ အနုပညာအလုပ်တာကလည်း မှန်းချက်နဲ့ နှမ်းထွက်ကိုက်ချင်မှကိုက်တာ၊ ဒီတော့ အရမ်း ကြီး ကြိုးစားခဲ့ပေမဲ့လည်း မျှော်လင့်ထားသလို ဖြစ်လာချင်မှ ဖြစ်လာမယ်၊ အခု ကျားကြီးကိုသိပ်ပြီး ထင်မထားပေမဲ့လည်း သူ့ရဲ့ အတိတ်ကံအကျိုးပေးသန်လို့ စန်းထသွားရင်လည်း မအောင်မြင်လာ ဘူးလို့ မပြောနိုင်ဘူး ”

“ အောင်မြင်မှာ ပါဆရာ၊ ကျားကြီးက သိပ်ပြီးတော့ စိတ်အားထက်သန်နေတာ၊ လူ့ကံဆို တာက မြင်ရတာ မဟုတ်ပဲ ”

သူ့ကို တပည့် ဖြစ်သူက အားပေးစကားဆိုသည်။

“ ဆရာလင်းသူရ ရှိပါသလားခင်ဗျား ”

အိမ်ရှေ့မှ ခေါ်သံကြောင့် သူနှင့် ဇော်ထွန်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ဖြစ်ကြ သည်။ “ရှိပါတယ်ခင်ဗျ” ဟု ဇော်ထွန်းက ထူးသည်။

အိမ်တံခါးဝမှ ၀င်လာသူက ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခု၏ ပရိုဂျူဆာ ဖြစ်သည်။ နာမည် ကို တော့ သူသိပ်မမှတ်မိ။

“ ကျွန်တော် က ဦးဝင်းဇော်ပါ၊ ရွှေကတ္တီပါ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်ပါ ”

“ သြော် … ဟုတ်ကဲ့ ”

ရုပ်ရှင်ထုတ်ဝေသူ တစ်ယောက် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာသည်မို့ ပြေး ကြည့်ရန်မလို တွေးကြည့်ရုံနှင့် အလုပ်ကိစ္စဆိုသည်ကို သူသိလိုက်ပြီး ဖြစ်သည်။

ဘာရယ်မဟုတ် သူနှင့် တပည့်ကျော်တို့ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့် ဖြစ်ကြ သည်။

“ ဇော်ထွန်းရေ … အအေးလေးလုပ်ပါကွာ ”

“ ဟုတ်ကဲ့ ”

ဇော်ထွန်းက အလိုက်သိစွာ ပင် လမ်းထိပ်စတိုးဆိုင်သို့ ချီတက်ကာသွားသည်။ ဦးဝင်းဇော် က သူ့ကိုတစ်ချက်ကြည့်သည်။

“ လာရင်းကိစ္စ ကတော့ ဆရာလင်းသူရရေ ဒီလိုဗျ၊ ခင်ဗျားရဲ့ ဆရာ ဒါရိုက်တာ မင်းကျော်နဲ့ ကျွန်တော် တို့ ထုတ်လုပ်ရေး နဲ့ ရိုက်ဖို့ စီစဉ်ထားတဲ့ ဇာတ်ကားကြီးက သန်ဘက်ခါ ကန်တော့ပွဲပေး တော့မှာ ၊ အဲဒါ မနေ့ညကမှ ဆရာမင်းကျော်က အူအတက်ပေါက်လို့ ခွဲလိုက်ရတယ် ”

“ ဟောဗျာ … ဆရာ အူအတက်ပေါက်တာ ကျွန်တော် ဘာမှလည်း မကြားမိပါလား ” ဟု သူ စိတ်မကောင်းစွာ ရေရွတ် ဖြစ်သည်။

ဦးဝင်းဇော်က စကားကိုဆက်သည်။

“ အဲဒါဗျာ … ဆရာမင်းကျော်က သူစီစဉ်ထားပြီးသား ဇာတ်ကားကို ဆရာလင်းသူရနဲ့ ဆက်ရိုက်ဖို့ပြောလာတယ်၊ ဆရာမင်းကျော်နဲ့ ဆရာလင်းသူရနဲ့က တပည့်ရင်းချာတွေ ဆိုတော့ သူခွဲပြီးသားဇာတ်ညွှန်းကို ဆရာ့အနေနဲ့ အဆင်ပြေပြေ ဆက်ရိုက်နိုင်မှာ ပါတဲ့၊ အဲဒါ ဆရာရယ် ကျွန်တော် တို့ကို ကူညီပါဦး ”

“ ခက်တာပဲဗျာ … ကျွန်တော် ကလည်း ရိုက်ရက်တွေ ကို နောက်လထဲ အကုန်ရွှေ့ထား တယ်ဗျ၊ အလုပ်တွေ သိပ်များ လာတော့ အနားယူချင်လာတယ်လေ ”

သူခေါင်းကုတ်ကာ အိုက်တင်အပြည့်ဖြင့် ဆို ဖြစ်သည်။

“ အားနာနာနဲ့ပဲ အကူအညီတောင်းရတော့မှာ ပဲ ဆရာရယ်၊ ဆရာ့ရဲ့ အနားယူမဲ့ရက်တွေ ကို ကျွန်တော် တို့အတွက် ကူညီပေးပါလားဆရာ၊ ဆရာ့အတွက် အကျိုးမယုတ်စေရပါဘူး၊ ပြီးတော့ ဇာတ်လမ်းကလည်း ဆရာလင်းရရဲ့ Idea မဟုတ်လား ”

ဦးဝင်းဇော်က မျက်နှာငယ်လေးနှင့် ဆိုသည်။ အမှန်တော့ သူလက်ခံရန် အသင့်အနေအ ထား ဖြစ်သည်။ ဘာပဲပြောပြော သူ၏ ဇာတ်လမ်းမို့ တစ်ပြားမှမရလည်း သူကူညီရမှာ ပဲ ဖြစ်သည်။

လွယ်လွယ်ကူကူ ခေါင်းညိတ်လိုက်ပါက တန်ဖိုးမထားမည် စိုး၍ အိုက်တင်ခံရခြင်း ဖြစ် သည်။

“ ကဲပါလေ … တခြားလူရဲ့ ဇာတ်လည်း မဟုတ်ဘူး၊ ဆရာအရင်းကြီးရဲ့ ဇာတ်လမ်းဆိုတော့ ငြင်းလို့ဘယ်ကောင်းပါ့မလဲဗျာ၊ ဘာပဲ ဖြစ် ဖြစ် မအားအားအောင်ကိုလုပ်ပြီး ရိုက်ပေးရတော့မှာ ပဲ၊ ဒီ ကိစ္စအတွက် ဘာမှခေါင်းစားမနေတော့နဲ့ဗျာ၊ အဆင်ပြေပြီလို့သာ သဘောထားပြီး တခြားလုပ်စရာ ရှိတာသာ ဆက်လုပ် တော့၊ ဟုတ်ပြီလား ”

သူ့စကားအဆုံးမှာ ကိုဝင်းဇော်၏ မျက်နှာက ၀င်းပကာသွားသည်။ “ ကျေးဇူးပါပဲဆရာရယ်” ဟု ၀မ်းသာအားရပင်ဆိုသည်။

“ အစ်ကို … အအေးလေးသုံးဆောင်ပါဦး ”

လမ်းထိပ် ကုန်စုံဆိုင်မှပြန်လာသော ဇော်ထွန်းက ဦးဝင်းဇော်နှင့် သူ၏ ရှေ့မှာ အအေးတစ် ဖန်ခွက်စီ ချကာပေးသည်။

“ ကျေးဇူးပဲဗျာ၊ ရင်ပူနေတာနဲ့ အတော် ပဲ ”

ဦးဝင်းဇော်က အရွှန်းဖောက်ရင်း အအေးကိုသောက်သည်။ ပြီး ၄င်း၏ လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းအချို့ကို ထုတ်သည်။

“ ဒါက ဆရာ့ရဲ့ ဇာတ်လမ်းအကျဉ်းပါဆရာ၊ ဒါက အခန်းစဉ်၊ ဒါက ဇာတ်ညွှန်း၊ ရက်က သိပ်ကပ်နေပြီဆိုပေမဲ့ ဆရာ့ Idea နဲ့ ရတဲ့ဇာတ်ဆိုတော့ ဆရာ့အတွက်က ဒါတွေ တစ်ခါလောက် ဖတ်လိုက်ရင် အကုန်လုံးသဘောပေါက်မှာ ပါ ”

“ ရပါတယ်၊ ကျွန်တော် သေသေချာချာ ကြည့်လုပ်လိုက်ပါ့မယ် ”

ဦးဝင်းဇော်၏ စကားကို သူခေါင်းညိတ်ပြရင်း ဆို ဖြစ်သည်။

ဦးဝင်းဇော်က သူ၏ လက်ဆွဲအိတ်ထဲမှပင် ငွေအချို့ကို အထပ်လိုက်ထုတ်ကာ စားပွဲပေါ်သို့ စီစီရီရီတင်သည်။

“ ဒါက စရန်ပါဆရာ၊ နောက်ရက်မှ ကျန်ငွေကို ကျွန်တော် လာပို့ပေးပါ့မယ်၊ ကျွန်တော် လည်း ကမန်းကတန်း ထွက်လာခဲ့လို့ ငွေအလုံအလောက်မယူခဲ့ရဘူး ”

“ အာ … ရပါတယ်ဗျာ၊ ငွေရေး ကြေးရေး က အဓိကမကျပါဘူး၊ ဒါနဲ့ အစ်ကို ဒီကပြန်ရင် ဆရာမင်းကျော်ဆီ ၀င်ဦးမလား၊ ကျွန်တော် လမ်းကြုံလိုက်ခဲ့ချင်လို့၊ လူနာသတင်းသွားမေးရ အောင်လို့ပါ ”

သူ၏ စကားအဆုံးမှာ ဦးဝင်းဇော်က ခေါင်းကိုညိတ်သည်။

“ သွားမှာ ဆရာ၊ ဒါဖြင့် ဆရာတစ်ခါတည်းလိုက်ခဲ့လိုက်ပေါ့၊ ကဲ ပြောနေတာကြာတယ်၊ သွားကြမလား ”

ဦးဝင်းဇော်ကို ကြည့်ရသည်မှာ အတော် လေး စိတ်မြန်လက်မြန်ရှိပုံရသည်။ “သွားကြမ လား” ဟုဆိုကာ မေးဆတ်ပြသည်။

သူခေါင်းကိုပြန်ညိတ်ရင်း “သွားကြမယ်ဗျာ” ဟု ဆို ဖြစ်သည်။ ပြီး ဘေးမှာ ကြောင်တောင် တောင်ရပ်နေသော ဇော်ထွန်းကို …

“ ဇော်ထွန်းရေ … ငွေနဲ့ စာရွက်စာတမ်းတွေ အကုန် သေသေချာချာသိမ်းထားလိုက်ကွာ၊ ငါ ဆရာမင်းကျော်ဆီ တစ်ချက်သွားလိုက်ဦးမယ်” ဟု ဆို ဖြစ်သည်။

ဇော်ထွန်း ကတော့ ထုံးစံအတိုင်းပင် “ဟုတ်ကဲ့” ဟု ဆိုကာ ခေါင်းကိုညိတ်သည်။ မသိမသာ လက်မထောင်ပြရင်း အသားကုန် ပြုံဖြီးနေသော ဇော်ထွန်းကို သူပြန်ပြုံးပြမိသည်ထင်သည်။ “ဥစ္စာ ရင်းမှန်တော့ ပြန်ရ” ဆိုသလိုများ လားတော့ မသိ။ သူ Idea နှင့် ဖြစ်တည်ခဲ့သော ဇာတ်လမ်းကို သူကိုယ်တိုင်ရိုက်ဖို့ ဖြစ်လာခဲ့သည်ကိုး။

* * * * ** * * * *



‘ Class သွားကြမယ်ဟေ့’ ဟူသော တုန်ချိချိကြွေးကြော်သံအဆုံးမှာ “ဝေး”… “ဟေး” ဟူ ၍ ညာသံပေးကာ တောင်ဝှေးကိုယ်စီဖြင့် ကတုန်ကယင် ကင်မရာဘောင်းထဲ ၀င်လာကြသော ကွန်ပျူတာသင်တန်း ကျောင်းသူကျောင်းသားအ ဖြစ် သရုပ်ဆောင်ရသော ဇာတ်ဆောင်နှင့် ဇာတ် ပို့များ ၊ ဖြတ်လျှောက်များ အားလုံးမှာ အသက်ခြောက်ဆယ်အောက် တစ်ယောက် မှမပါ။

ယခု သူလက်ခံရိုက်ကူးနေသော ဇာတ်ကားရှိ ပါဝင်သူများ မှာ မြန်မာနိုင်ငံ၏ ဗွီဒီယိုရုပ်ရှင် ဈေးကွက်တွင် နံပါတ်တစ်နေရာကို ခိုင်မာစွာ ရပ်တည်ထားဆဲ ဖြစ်သော စူပါ့စူပါမင်းသားကြီး ဦးသီ ဟ နှင့် စူပါ့စူပါမင်းသမီးကြီး ဒေါ်ယမင်းနွယ်တို့ ဖြစ်သည်။

ဈေးကွက်၏ လိုအပ်မှု အရ မင်းသားကြီးနှင့် မင်းသမီးကြီးတို့မှာ ကာရိုက်တာအစုံကို သရုပ် ဆောင်ရသော အခါ ယခုတော့ ကျွန်ပျူတာသင်တန်းသူ သင်တန်းသားများ အ ဖြစ် သရုပ်ဆောင်ကြ ရလေသည်။

အသက်ခုနစ်ဆယ်ကျော်ကာ စိန်ရတုမွေးနေ့သဘင် ဆင်ယင်ကျင်းပရတော့မည့်  မင်းသား မင်းသမီးများ ကို ပံ့ပိုးပေးကြမည့်  ဇာတ်ရံများ သည်လည်း အမေများ အရွယ် ဖြစ်ကြကာ လူစုံတက်စုံ ပင် ဖြစ်သည်။

အလန်းစား အ၀တ်အစားများ ဖြင့် ကင်တင်းတွင် စားသောက်ကြ၊ ပြောင်ကြနောက်ကြသော အခန်းကို ဆက်လက်ရိုက်ကူးရန် ပြင်ဆင်နေသည်ကိုကြည့်ရင်း အခန်းကို ဆက်လက်ရိုက်ကူးရန် ပြင်ဆင်နေကြသည်ကိုကြည့်ရင်း လင်းသူရ တစ်ယောက် သူ့ကိုယ်သူ အိပ်မက်မက်နေသလို ခံစား နေရသည်။

သူ့လို တက်သစ်စလူငယ်ဒါရိုက်တာ တစ်ယောက် အနေဖြင့် ဤကဲ့သို့ သော နာမည် ရမင်းသ မီးများ ဖြင့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်မှာ အတော့် ကိုမလွယ်သော ကိစ္စ ဖြစ်သည်။

“ ဟင် … ရှုတင်ရှိလို့ ၀မ်းသာအားရ လာကြည့်မိတာ မှားပါတယ်၊ ဒီမင်းသားနဲ့ ဒီမင်းသမီး မှန်းသိရင် မလာပါဘူး ”

နောက်ကျောဘက်မှ ထွက်လာသော စကားကြောင့် သူ့စိတ်ထဲမှာ တင်းခနဲ ဖြစ်သွားရ သည်။ ဆက်ခနဲ လှည့်ကြည့်သော အခါ တော် တော် ကြီးကိုလှသော ကောင်မလေး တစ်ယောက် ကို နှုတ်ခမ်းစူလျက်နှင့် သူ တွေ့ ရသည်။

“ ဘာကြည့်တာလဲ ”

ရုတ်တရက် ဘုဆတ်ဆတ်လှည့်ကြည့်သော သူ့ကို မြင်မြင်ချင်းမှာ ပင် ကောင်မလေးက ခပ် ငေါက်ငေါက်ဆိုသည်။

“ သူက ဒီဇာတ်ကားရဲ့ ဒါရိုက်တာဗျ၊ ခင်ဗျားက သူ့မင်းသား မင်းသမီးတွေ ကိုပြောလို့ လှည့်ကြည့်တာ ”

အခြေအနေကို အစအဆုံး သဘောပေါက်သော တပည့်ကျော်ကြီး၏ ၀င်၍ ပြောဆိုမှု ကြောင့် ကောင်မလေးက အံ့အားတသင့်ဖြင့် လျှာလေးတစ်လစ် ဖြစ်ကာသွားသည်။ အားတုံ့အားနာ ဟန် ဖြစ်သွားသော်လည်း အလျှော့မပေးချင်ဟန်ဖြင့် …

“ သူ့ကိုပြောတာမှ မဟုတ်တာ၊ မကျေနပ်လည်း မတတ်နိုင်ဘူး ”

ဟု ပက်ခနဲဆိုရင်း လှည့်ထွက်ကာသွားသည်။

“ လန်းတော့ တော် တော် လန်းတယ်နော် ဆရာ ”

ကောင်မလေးကို သမင်လည်ပြန်လှည့်ကြည့်သော သူ့ကို ပြုံးစိစိဖြင့် ကြည့်ရင်း ဇော်ထွန်းက ပြောင်ချော်ချော်နှင့် ဆိုသည်။

“ နောက် scean ရိုက်ဖို့သာလုပ်စမ်းပါ၊ မင်းကတစ်မျိုး ”

ရှက်ရှက်ဖြင့် သကောင့်သားကို မဆီမဆိုင် ငေါက် ဖြစ်သည်။ ကောင်မလေးကို လိုက်၍ ရှိုး နေသော သူ့ကို သကောင့်သားက ပြောင်ချော်ချော်လာလုပ်နေသည်ကိုး။ သူခိုးလူမိမို့ ရှက်အမ်း အမ်း ဖြစ်သွားသော သူ့ကို တပည့်ကျော်ကြီးက ပြောင်စပ်စပ်ပင်ကြည့်ကာ ဇာတ်ရံများ ရပ်နေရာဆီ လျှောက်၍ သွားသည်။

ဘာရယ်တော့မဟုတ်။ ရှေ့တည့်တည့်မှာ အနားယူနေသော မင်းသားကြီး ဦးသီဟကို သူ လှမ်းကြည့် ဖြစ်သည်။ မင်းသားကြီး ဦးအောင်လွင်တို့လို ခန့်ညားမှု မျိုးဖြင့် ဦးသီဟသည် သွက်လက် ဆဲ၊ ခန့်ညားဆဲ ဖြစ်သည်။

၎င်းနှင့် အပြိုင် သရုပ်ဆောင်နေသော မင်းသမီးကြီး ဒေါ်ယမင်းနွယ်သည်လည်း မင်းသမီး ဒေါ်နွဲ့နွဲ့စမ်းတို့လို လှပနေဆဲ။

လန်းဆန်းတက်ကြွနေဆဲ ဖြစ်သည်။ ဇာတ်ပို့ဇာတ်ရံများ သည်လည်း သင်တန်းသား သင် တန်းသူများ စတိုင်လ်ဝတ်ကာ အပြိုင်လန်းလို့ကောင်းဆဲ။

ဘယ်သူဘာပြောပြော ဈေးကွက်မှာ ကတော့ ဦးသီဟနှင့် မင်းသမီးကြီး ဒေါ်ယမင်းနွယ်၏ ထွက်သမျှသော ဇာတ်ကားမှန်သမျှသည် Top 10 စာရင်းဝင်နေဆဲ ဖြစ်သည် ကတော့ အမှန်ပင် ဖြစ်သည်။

* * * * ** * * * *



“ အိမ်ရှင်တို့ … အိမ်ရှင်တို့ ”

နံနက်ခုနစ်နာရီအချိန်သည် သူ အိပ်ရာမှထလေ့ရှိသော အချိန်မဟုတ်။ တစ်ဖက်မှ ခုတင် ကိုလှမ်းကြည့်တော့ ဇော်ထွန်းကို မတွေ့ ။ လက်ဖက်ရည်ဆိုင်ဘက် ထွက်သွားဟန်တူသည်။

“ အိမ်ရှင်တို့ ”

ခပ်စူးစူးအော်သံကြောင့် သူ အိပ်ရာမှ ကုန်ရုန်းကာထပြီး အိမ်ရှေ့ဘက်ထွက်ခဲ့ ဖြစ်သည်။ အိမ်ရှေ့ဝင်းတံခါးဆီ လှမ်းအကြည့်မှာ သူ မျက်လုံးတွေ ပြူးကာ အိပ်ချင်ပြေသွားရသည်။

“ အိမ်ရှင်တို့” ဟု အော်ခဲ့ဟန်တူသော ၀င်းတံခါးပြင်ဘက်တွင် ရပ်နေသည့် ကလေးမက ရှေ့ရက်များ က ရှုတင်မှာ ဇော်ထွန်းကို ကက်ကက်လန်အောင် ပြန်ပြောသွားသော ကောင်မလေး။ တပည့်ကျော်ကြီးဆိုသလို ဆိုရသော် “အလန်းလေး” ဖြစ်ကာနေသည်။

“ ဟော့တော် ”

သူ့ကိုမြင်မြင်ချင်းမှာ ပင် ကောင်မလေးက “ဟော်တော် ” ဟုဆိုရင်း အံ့သြသွားသည်။ ပြီး ခေါင်းကိုကုတ်ကာ သူ့ဘေးမှ ချာတိတ်လေးကို လက်တို့ကာ “နင်ပြောလိုက်” ဟုဆိုသည်။

ချာတိတ်လေးက သူ့ကို ဟီးခနဲ ရယ်ပြသည်။

ပြီး …

“ဟိုလေ … အစ်ကိုကြီး သားတို့က ဒီနေ့မှ ဟိုဘက်ခြံကို ပြောင်းလာကြတာ၊ အဲဒါ သံရိုက် စရာတူပျောက်သွားလို့ အဲဒါ ငှားချင်လို့” ဟု ဆိုသည်။

“ ခဏလေးစောင့်နော် ညီလေး ”

သူ့ခေါင်းကို အသာညိတ်ပြရင်း သကောင့်သားချာတိတ်ကို “ညီလေး” ဟု စိတ်ပါလက်ပါ ကြီးကို ခေါ် ဖြစ်သည်။ ခေါ် ဖြစ်ဆို ၄င်း၏ အစ်မတော် လေးက လန်းလွန်းနေသည်ကိုး။

တူကို အိမ်ထဲပြန်ယူပြီး ပြန်ထွက်လာသော အခါ ချာတိတ်လေးသာရှိနေပြီး ကောင်မလေး ကို မတွေ့ ရတော့။ မျက်နှာပူပူဖြင့် သွားနှင့် သည်ထင်၏ ။ ဘာရယ်မဟုတ် သူ ဟက်ခနဲရယ် ဖြစ် သည်။

* * * * ** * * * *



When you don’t know what you want, you often end up where you don’t what to be.

ကိုယ်လိုချင်တာကို ဘာမှန်းမသိတဲ့လူက ကိုယ်မသွားချင်တဲ့နေရာလည်းရောက်ရော ရှေ့ မဆက်ဘဲ ရပ်ပစ်လိုက်တယ်။

BOBGREENE

* * * * ** * * * *







ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ နဖူးရေ ဒူးရေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေအနှော့မှာ ခြေဆော့တဲ့လိပ်ပြာ နှင့် အခြားဝတ္ထုတိုများ

ကြယ်စီးသံနားထောင်ရင်း လင်းခဲ့သောရင်ဘတ်များ

ကောင်းကင်ခြုံထားတဲ့ ညီမလေး