Cover

စာရေး ဆြာ


အရေး တကြီးရှုခင်းအတွက်

ကမန်းကတန်းပွင့်တဲ့ပန်းလို့ပဲဆိုဆို

စံပယ်တွေ ပွင့်ဖူးဖို့

တနင်္လာနေ့ကို

တံခါးခေါက်ဖို့ လိုလို့လား။





“ မင်း … ဒီနေ့ပန်းခြံထဲ မ

သွားဘူးလား … ”

“ ဘာလဲကွာ … အစမရှိ

အဆုံးမရှိနဲ့ … ”

ထွန်းဇော် ဘာကိုပြောတယ်

ဆိုတာ ကျွန်တော် သိတယ်။

ဒါပေမယ့် ရူးချင်ယောင်ဆောင်

ပြီး “ဘာလဲကွာ” လို့ ခပ်ခေါက်

ခေါက် ပြန်မေး ဖြစ်တယ်။


“ မင်း … ရူးချင်ယောင်ဆောင်မနေပါနဲ့ စာရေး ဆြာရယ် … ဒီနေ့ တနင်္ဂနွေလေ … တနင်္ဂ နွေဆိုရင် မင်းက မင်းကောင်မလေးနဲ့ ပန်းခြံထဲမှာ … အဟိ … ”

အောင်ဝင်းက ပြုံးစိစိမျက်နှာနဲ့ စကားကိုဆုံးအောင်မပြောဘဲ “အဟိ” ဆိုပြီးတော့ ကျွန် တော့် ကို ကလိတယ်။ ကလိရတဲ့ ရည်ရွယ်ချက်က ကျွန်တော် နေရထိုင်ရခက်အောင်လို့။

“ ဟကောင် … စကားကို ရှင်းအောင်ပြော … ရှုပ်အောင်မလုပ်နဲ့ … ပန်းခြံထဲက ကော်ဖီ ဆိုင်မှာ ထိုင်ကာ ဘာ ဖြစ်လဲကွာ … လူမြင်ကွင်းမှာ ချိန်းတာကွ … ”

“ လူမြင်ကွင်းလို့ပြောရအောင် အဲဒီ့ ဆိုင်က လူမှမရှိတာ ”

ထွန်းဇော်က ကျွန်တော့် စကားကို ပြန်ပက်သလိုလို၊ သူ့ တစ်ယောက် တည်းပဲ ဆိုသလိုလိုနဲ့ ရေရွတ်တယ်။ သူပြောတာဟုတ်နေတော့လည်း ကျွန်တော် တမင်ပဲ မကြားချင်ယောင်ဆောင်ပစ် လိုက်တယ်။

“ ကဲပါ … အဲဒါတွေ အသာထား … အဓိကလိုရင်း မပျောက်အောင် ထပ်မေးရဦးမယ် … မင်း ဒီနေ့ အဲဒီ့ ကို မသွားဘူးလား … ”

နောက်ဆုံးတော့ အောင်ဝင်းရဲ့ စကားက ဒီဘူတာကိုပဲ ပြန်ဆိုက်တယ်။ ဒီကောင်တွေ မ ပြောချင် ကျွန်တော့် ကို တဂျီဂျီနဲ့ မေးနေမယ်ဆိုတာ သိနေတော့ မပြောရင်လည်း ရမှာ မဟုတ်ဘူး … ဒါနဲ့ပဲ …

“ မသွားချင်လို့ပေါ့ကွာ ”

လို့ ခပ်မြန်မြန်ပဲ ဆို ဖြစ်တယ်။

“ အေး … အဲဒီ့ လို မသွားချင်ရတဲ့အကြောင်းရင်းကိုပဲ သိချင်နေတာ … ”

ဘယ်လိုရှောင်ရှောင် ထွန်းဇော် ကတော့ ဇွတ်ကြီးကိုမေးတယ်။

“ မင်းတို့ကောင်တွေ က ဘာလဲကွ … သူတစ်ပါးရည်းစားရဲ့ ကိစ္စကို ယောက်ျားကြီးတန်မဲ့ စပ်စုလှချည်လား … ”

“ ယောက်ျားကြီးတွေ က မစပ်စုရဘူးဆိုတဲ့ ဥပဒေရှိလို့လား ”

ပိုးစိုးပက်စက်ကြီးပြောတာတောင် မနာတတ်တဲ့ ထွန်းဇော်က “ဥပဒေရှိလို့လား” လို့ ပြန် ပက်တယ်။

“ မပြောဘူးကွာ … ကဲ … ဘာ ဖြစ်ချင်လဲ … ”

နောက်ဆုံးတော့ ကျွန်တော် တမင်ဘုတော ဖြစ်တယ်။ ဟုတ်တယ်လေ … ကိုယ်ပြောမှ သူ တို့သိမယ့်ကိစ္စကိုး။

ကျွန်တော် ဘုတောမှန်းသိတော့ သကောင့်သားနှစ် ကောင်က တစ်ယောက် မျက်နှာတစ် ယောက် ကြည့်ရင်း ပြုံးစိစိလုပ်ကြတယ်။ ဒီနှစ် ကောင်က ဒီလိုပဲ အားရင် ကျွန်တော့် ကို စိတ်တို အောင် အမြဲစနေကျ။ စကားနာထိုးနေကျ။ အခုလည်း ကျွန်တော် နဲ့ ကျွန်တော့် ကောင်မလေးနဲ့ ပြ ဿနာတက်ထားလို့ ပန်းခြံထဲမသွား ဖြစ်တဲ့ကိစ္စကို တမင်ဝိုင်းကျပ်နေကြတာ။

“ တော် ကြာ … ဟို စောင့်နေပါဦးမယ်ကွာ … သွားမှာ ဆိုရင်လည်း သွားမှပေါ့ … ”

“ အဲဒါ … မင်းတို့အပူမပါဘူး … ငါ့ဘာသာငါ သွားချင်သွားမယ် … မသွားချင် မသွားဘူး ကွာ … ကဲ … ”

ဆောင့်ကြီးအောင့်ကြီးပြောတဲ့ ကျွန်တော့် ရဲ့ ရှူးရှူးရှဲရှဲပုံစံကိုကြည့်ပြီး သကောင့်သားနှစ် ကောင်က တခွီးခွီးနဲ့ရယ်တယ်။

“ မင်း မှန်မှန်ပြောစမ်းပါ … မင်းတို့နှစ် ယောက် တစ်ယောက် နဲ့ တစ်ယောက် စိတ်ကောက် နေကြတယ် မဟုတ်လား ”

“ နေပါဦး … မင်းတို့က ဘာကိစ္စ ဒါတွေ လိုက်ပြီး စိတ်ဝင်စားနေရတာ တုံး … တော် တော် အားနေကြလား … ”

ကျွန်တော် စိတ်တိုတိုနဲ့မေးတဲ့ စကားအဆုံးမှာ သကောင့်သားနှစ် ကောင်က ရွဲ့တဲ့တဲ့နဲ့ပဲ “အေး” လို့ ပြိုင်တူခေါင်းညိတ်ပြတယ်။

ကျွန်တော် စိတ်ညစ်ညစ်နဲ့ သက်ပြင်းကို ဟင်းခနဲချရင်း ခေါင်းကိုခပ်ကြမ်းကြမ်းပဲ ကုတ် ဖြစ်တယ်။

ပြီး “မပြောဘူးဟေ့ သေတောင်မပြောဘူးကွ” လို့ စိတ်ထဲမှာ ကြုံးဝါး ဖြစ်တယ်။

* * * * ** * * * *



“ ပြောစမ်းပါဦး … နင်

နဲ့စာရေး ဆြာနဲ့ … ဘယ်လို

ဖြစ်ကြတာလဲ … ”

“ မပြောချင်ပါဘူးဟာ … ”

နုနုရဲ့ အမေးကို ကောင်မ

လေးက ရှက်ဝဲ၀ဲဟန်နဲ့ ခေါင်း

ခါရင်းဆိုတယ်။

“ မဟုတ်ဘူးလေ … ငါတို့

ကူညီသင့်ရင်လည်း ၀ိုင်းပြိး

ကူညီမလို့ပါ … ”


“ အေးလေ … နင့် တစ်ယောက် တည်း ကြိတ်ခံစားနေရတာ မျိုးတော့ ငါတို့က ဘယ်အ ဖြစ်ခံ မလဲ … စားရေး ဆြာဘက်က မတရားတာဆိုရင်တော့ ငါတို့နှစ် ယောက် အဲဒီ့ စာရေး ဆြာဆီကို ပွဲ သွားကြမ်းပေမယ် သူငယ်ချင်း … ”

နုနုရဲ့ စကားအဆုံးမှာ ကြည့်ပြာကပါဝင်ပြီး အင်အားဖြည့်တယ်။

“ ငါ ခံပြင်းတယ်ဟာ … ”

“ အေးလေ … အဲဒီ့ ခံပြင်းတဲ့ကိစ္စကိုပဲ မေးနေတာ … ”

“ ရင့်ဖွင့်လိုက် သူငယ်ချင်း … မင်း ရင်ဖွင့်စရာဆိုလို့ ကိုယ်နဲ့ကြည်ပြာပဲရှိတာ မဟုတ်လား … ”

နုနုက ကြည့်ပြာ့ကိုမျက်စိမှိတ်ပြရင်း ကောင်မလေးကို အစ်တယ်။ ကောင်မလေးဘက်က ရင်ဖွင့်လာတော့မယ်ဆိုတာ သူသိနေပြီကိုး။

“ နင်တို့သိတဲ့အတိုင်း တနင်္ဂနွေနေ့တိုင်း နေ့လယ်တစ်နာရီဆို ငါတို့ပန်းခြံထဲက ကော်ဖီ ဆိုင်မှာ အတူထိုင်နေကျ … ”

“ ဟုတ်တယ်လေ … အဲဒါ ငါတို့သိတယ်လေဟာ … ”

“ အဲဒီ့ ဆိုင်ကလည်း အဲဒီ့ အချိန်ဆိုရင် လူရှင်းတယ်မဟုတ်လား … ”

“ အဲဒါလည်း ငါတို့သိတယ်လေ … ”

ကြည်ပြာက မျက်လုံးကိုပြူးရင်း စကားကိုထောက်တယ်။

“ အဲဒီ့ လို လူရှင်းတာကို အခွင့်ကောင်းယူပြီးတော့ … သူ … ”

“ အဲဒါတော့ ငါတို့မသိဘူး … သူငယ်ချင်းရေ ဇာတ်ရှိန်က တက်လာပြီ … အဲဒါ ဇာတ်လမ်း ရဲ့ ပွိုင့်ပဲ ဖြစ်မယ် … ”

နုနုက လက်ဆစ်ကို တဖျောက်ဖျောက်ချိုးရင်း မချိုမချဉ်မျက်နှာနဲ့ စိတ်ဝင်တစားမေးတယ်။

“ အဲဒီ လို လူရှင်းတာကို အခွင့်ကောင်းယူပြီးတော့ သူ နင့်ကို ဘာလုပ်လဲ ပြော … ”

“ ငါတို့ ဘာမှမလုပ်ပါဘူး … သူ့ကိုလုပ်ခိုင်းတာ … ”

“ ဘာ … သူ့ကို ဘာ … ဘာလုပ်ခိုင်းတာလဲ ပြော ”

ကြည့်ပြာက အင်္ကျီစကိုပင့်ရင်း ရယ်ချင်ပက်ကျိပုံစံနဲ့ မေးတယ်။

“ တစ်ခါတလေဆို မပြောပါဘူး … အခုဟာက သူနဲ့တွေ့ တိုင်း ချိန်းလိုက်တိုင်းဆိုတော့ …”

“ ဟုတ်ပါပြီ … ဘာလုပ်ခိုင်းတာလဲဆိုတာသာပြော … ဒီစာရေး ဆြာကိုသွားပြီး ကောင်း ကောင်းကြီး ပညာပေးလိုက် မယ် ”

နုနုက လက်သီးကိုဆုပ်ရင်း ဆိုတယ်။ ကောင်မလေးက ရှက်ဝဲ၀ဲနဲ့ ခေါင်းကိုကုတ်ရင်း …

“ သူက င့ါကိုလေ … ”

“ အေး ပြော … သူငယ်ချင်း ပြော … ”

“ အေးပါ … ချိန်းတိုင်း ချိန်းတိုင်း … ဘာလုပ်ခိုင်းလို့ … နင် သူနဲ့ မတွေ့ ချင်ရတော့တာလဲ … ဧကန္တ ကတော့ ငါထင်သလို ဖြစ်နေပြီ ထင်တယ် … ”

ကြည့်ပြာ့ရဲ့ မချိုမချဉ်အပြောကြောင့် ကောင်မလေးက ခေါင်းခါတယ်။

“ မဟုတ်ဘူးဟ … နင်တို့ထင်သလို မဟုတ်ဘူး … ”

“ ဟဲ့ … ကြည့်ပြာက နင့်ကို ဘာပြောလို့ နင်က မဟုတ်ဘူးလို့ ဇွတ်ငြင်းနေရတာ တုံး … ဘာမဟုတ်တာလဲ ပြော … ”

“ နင်တို့ထင်တာ မဟုတ်တာ … ”

“ ရှုပ်နေတာပဲ … ”

ကောင်မလေးကိုကြည့်ပြီး နုနုက ရေရွတ်တယ်။

“ တကယ်တော့ သူက သူနဲ့ချိန်းတိုင်း ဟို … ငါတို့ … ငါ့ကို … ဆံပင်ဖြူချည်းပဲ နုတ် နုတ် ခိုင်းနေလို့ဟ … ”

“ ဟေ … ”

“ ကိုရီးယားကား ကျနေတာပဲ … ဇာတ်သိမ်းကျမှ အဖျားရှူးသွားတော့တယ် … ”

နုနုက “ဟေ” လို့ ရေရွတ်အပြီးမှာ ကြည့်ပြာက မချင့်မရဲနဲ့ မှတ်ချက်ချတယ်။ ကောင်မ လေး ကတော့ …

“ အဲဒီ့ လို နေ့တိုင်းပဲ ဆံပင်မွေးဖြူ နုတ် နုတ်ခိုင်းနေတော့ ငါက သွားရမှာ ပျင်းလာတာပေါ့ … စဉ်းစားကြည့်လေ … ပြောလိုက်ပြန်ရင်လည်း သူ့ဝတ္ထုအကြောင်းတွေ ချည်းပဲ … ငါ့ကို ရည်းစား လို့ရော … အောက်မေ့ရဲ့ လား မသိဘူး … အဲဒါနဲ့ ငါ စိတ်ကောက်ချင်ယောင် ဆောင်ထားလိုက် တယ် … ”

“ သြော် … သူငယ်ချင်းရယ် … ဒါ တိုင်ပင်တာလေ … သူ့ရဲ့ အလုပ်က စားရေး ဆြာပဲ … ဒီ တော့ သူ့အလုပ်တွေ နင့်ကို တင်ပြတာနေမှာ ပေါ့ … နင်က ဆွေးနွေးပေးလိုက် ပေါ့ … ”

“ တော် ပါပြီ … ပျင်းလွန်းလို့ ”

ကောင်မလေးက နုနုရဲ့ စကားကို ခေါင်းခါရင်းငြင်းတယ်။

“ ဟုတ်တယ် … ပျင်းစရာကောင်းတယ်ဆိုတာကို ငါ ထောက်ခံတယ် … ”

ကြည်ပြာက ခေါင်းကို ဆက်ကာ ဆက်ကာညိတ်ရင်း ဆိုတဲ့စကားကြောင့် နုနုက …

“ မီးလောင်ရာ လေပင့်ရုံတင်မကဘူး … အနုမြူပါ ပစ်ထည့်တော့မယ် ”

လို့ ခပ်ရိရိရွဲ့ပြီး ဆိုတယ်။

ကြည်ပြာ ကတော့ ဘာမှမကြားလိုက်သလိုပုံစံနဲ့ …

“ ငါက အမှန်အတိုင်းပြောတာ နုနုရဲ့ … ငါလိုမိန်းမမျိုးသာ သူ့နေရာမှာ ဆိုရင်လေ … အဲဒီ့  စားရေး ဆြာ ဆံပင်မွေးဖြူနှုတ်ခိုင်းတာနဲ့ ဂျုပ်ယူသွားပြီး အဖြူရော၊ အမည်းရော တစ်မွေးမှမကျန် အောင် ရိတ်ပစ်မှာ … ”

“ ထပ်မထွက်လာတော့မှာ ကျနေတာပဲ … ”

နုနုက ကြည်ပြာကို မဲ့ပြရင်းဆိုတယ်။

“ ထပ်ထွက်ရင် ထပ်ရိတ်မှာ ပေါ့ … ”

ကြည်ပြာကလည်း ချက်ချင်း ပြန်ပက်တယ်။ ပြီး ကြည်ပြာကပဲ …

“ နောက်ပြီးတော့ဟာ … တကယ်ဆို သူ့အသက်အရွယ်နဲ့ ဆံပင်က မဖြူသင့်သေးဘူး … ဖြူတယ်ပဲထား … အနက်ရောင် ဆိုးလိုက်ပေါ့ … အနက်ရောင် မဆိုးချင်ရင်လည်း ဒီခေတ်ကြီးထဲမှာ ဆံပင်ဆိုးဆေးအရောင် တွေ ကို စုံလို့ … အဲဒါကို မဆိုးဘဲ ရည်းစားကို နုတ်ခိုင်းတယ်ဆိုတော့ … ”

“ ရှင်းပါတယ် ကြည်ပြာရယ် … အယုယခံချင်လို့ပေါ့ … ”

ကြည်ပြာစကားမဆုံးခင်မှာ နုနုက စကားဖြတ်ပြီးဆိုတယ်။

“ အေး … ဖြစ်နိုင်တယ် … ဒါပေမယ့် တစ်ဖက်က ပြန်လှည့်တွေးရင် လူလည်ကျတာရော မ ဖြစ်နိုင်ဘူးလား … ”

ကြည်ပြာက ကောင်မလေးကို မေးငေါ့ရင်းဆိုတယ်။ ကောင်မလေးက …

“ မသိတော့ဘူးဟာ … ဘာပဲ ဖြစ် ဖြစ် ငါ ကတော့ … မသွားတော့ဘူး … သူ့ဘာသာသူ စိတ် ဆိုးချင်လည်း ဆိုးပါစေ ”

“ တကယ်လား … ”

“ တကယ် … ”

နုနုက ပြောင်ချော်ချော်နဲ့ မေးတဲ့အမေးကို ကောင်မလေးက ယတိပြတ်ဆုံးဖြတ်ထားတဲ့ပုံစံ နဲ့ “တကယ်လို့” ဆိုတယ်။

* * * * ** * * * *



“ မင်း မပြောလည်း ငါတို့က

သိပြီးပြီ … ”

အောင်ဝင်းရဲ့ အစမရှိ အ

ဆုံးမရှိစကားကြောင့် …

“ ဘာလဲကွာ … မင်းဥစ္စာက

အစမရှိအဆုံးမရှိနဲ့ … ”

လို့ ခပ်ငေါက်ငေါက်ဆို ဖြစ်

တယ်။


ထွန်းဇော်က …

“ ဘာကိစ္စရမှာ လဲ … မင်းချိန်းတဲ့ဆီ မင်းကောင်မလေး မလာတော့တဲ့ကိစ္စပေါ့ကွ …”

လို့ စပ်ဖြီးဖြီးနဲ့ ဆိုတယ်။

“ မင်းကွာ … သူများ သားသမီးကို ချိန်းတုန်းကချိန်းပြီး … ဟိုရောက်တော့မှ စိတ်ပါမှန်းမသိ၊ မပါမှန်းမသိ အလိုတူမှန်းမသိ … မလိုမတူမှန်းမသိ … ”

“ တော် တော့ … မင်းစကား အဲဒီ့ မှာ တင် ရပ်တော့ … ”

အောင်ဝင်းကို လက်ကာပြရင်း ကျွန်တော် ဆို ဖြစ်တယ်။ အောင်ဝင်းက …

“ ဘာ ဖြစ်လို့တုံး … ”

ဟု ပြူးကြောင်ကြောင်နဲ့ မေးတယ်။

“ မင်းက ငါ့စကားနွားရ ဆိုပြီး ပြောချင်ရာစွတ်ပြောတော့တာပဲ … အလိုတူမှန်းမသိ၊ အလို မတူမှန်းမသိ ဆိုတဲ့စကားလုံးရဲ့ အတိမ်အနက်က ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆို တာ မင်းမသိဘူးလား … တော် ကြာ ဘေးဘီက လူ တစ်ယောက် ကများ ကြားသွားရင် ငါ့ကို ဘယ် လိုကောင်လို့ တွေးသွားမယ်လို့ မင်းထင်လဲ … ”

မျက်နှာကြီးနီပြီး ရှက်အမ်းအမ်းနဲ့ပြောတဲ့ ကျွန်တော့် စကားကို သကောင့်သားက ဂရုတောင် မစိုက်ဘူး။

“ မင်း မလုပ်သင့်ဘူးကွာ … ”

လို့ ပြော ဖြစ်အောင် ဆက်ပြောတယ်။ အဲဒီ့ အချိန်မှာ ပဲ နုနုနဲ့ကြည်ပြာက ကျွန်တော် တို့ ထိုင် နေတဲ့ဆိုင်ထဲ ၀င်လာကြတယ်။ မျက်နှာတွေ ကလည်း ကိုယ်စီပြုံးစိစိနဲ့ …

“ စာရေး ဆြာ … ”

“ ဘာတုန်း … ”

ပြောင်စိစိနဲ့ခေါ်တဲ့ ကြည်ပြာကို ကျွန်တော် အဲဒီ့ လို ခပ်ဆောင့်ဆောင့် ထူး ဖြစ်တယ်။

“ ကြည့်စမ်း … ကြည့်စမ်း … လေသံကိုက … အဲဒါကြောင့် လည်း နင်ချိန်းတဲ့နေရာကို ဟို က ဟ၀ှာမပြုတာ … ”

နုနုက ကျွန်တော့် ပခုံးကို ဖျန်းခနဲရိုက်ထည့်ရင်းက ဆိုတော့ ကြည်ပြာက …

“ ဟ၀ှာမပြုတာ နည်းတောင်နည်းသေး … ဟိုဒင်းမ ဖြစ်တာပဲ ကံကောင်း … ”

လို့ ပြုံးစိစိနဲ့ ဆိုတယ်။

“ နင့်တို့စကားကလည်း ရှင်းနေတာကို ရှုပ်အောင်လုပ်နေပြန်ပါပြီ … ဟ၀ှာတွေ ကော … ဟိုဒင်းတွေ ရော … ရှုပ်ယှက်ကိုခတ်နေတာပဲ ”

အောင်ဝင်းက ခေါင်းကုတ်ရင်းဆိုသည်။

“ အေး … နင်တို့ နားမလည်ဘူး မဟုတ်လား … ”

“ မလည်ဘူး … ”

“ အေး … နင်တို့မလည်ပေမယ့် စာရေး ဆြာ နားလည်တယ် … နင်တို့သိချင်ရင် သူ့ကိုမေး ကြည့်ကြ … ”

ကြည်ပြာက ကျွန်တော့် ကို မေးငေါ့ရင်း ဆိုတယ်။

“ အရူးကွက်လာမနင်းနဲ့ … ငါလည်း မသိဘူး … ”

ကျွန်တော့် စကားကို နုနုက မျက်နှာမဲ့ရင်း နားထောင်တယ်။ ပြီး …

“ ဟဲ့ … နင်ချိန်းတဲ့နေရာကို ဟိုက … ဟ၀ှာမပြုတာဆိုတာက မလာတာကို ပြောတာ … ဟိုဒင်းမ ဖြစ်တာ ကံကောင်းဆိုတာက … ဖြစ်မသွားတာ ကံကောင်းလို့ပြောတာ … ”

လို့ ရှင်းပြတယ်။

“ အဲဒီ့ လို စောစောကတည်းက ရှင်းရှင်းလင်းလင်းပြောပါလား … ”

အောင်ဝင်းက ယောက်ျားကြီးတန်မဲ့ နုနုကို မျက်မှု န်ကြီးကုတ်ရင်း မျက်နှာကိုမဲ့ရင်းဆို တယ်။

“ နင်တို့သူငယ်ချင်းက ဖြတ်သွားတော့ရော လွမ်းစရာလား … ငါ့သူငယ်ချင်းက မင်းသား မလုပ်ချင်လို့ စာရေး ဆြာလုပ်နေတာ … ငါ့သူငယ်ချင်းလို ရုပ်ဖြောင့်တဲ့ကောင်အတွက် ရည်းစားမ ရှားဘူးဆိုတာ သဘောပေါက် … ”

ထွန်းဇော်က နုနုရဲ့ နဖူးကို လက်ညှိုးနဲ့တွန်းလွှတ်ရင်း “သဘောပေါက်” ဆိုပြီးတော့ ခပ် ကြွားကြွားဆိုတယ်။

“ အာ … အဲဒီ့ လို မဟုတ် … ”

ကျွန်တော့် စကားတောင် မဆုံးသေးဘူး။ နုနုက …

“ အံမယ်မယ် … ငါတို့သူငယ်ချင်းကလည်း မယ်စကြ၀ဠာတွေ ၊ မယ်ကမ္ဘာတွေ မလုပ်ချင် လို့ အိမ်ထဲမှာ မိဘအလုပ်ကို ကူနေတာ … သူ့ရုပ်သူ့ရည်နဲ့ဆိုရင် နင်တို့သူငယ်ချင်းထက် အဆ တစ်ရာလောက်သာတဲ့လူတွေ တန်းစီနေတယ် … သဘောပေါက် … ”

လို့ဆိုရင်း “ထွန်းဇော်” နဖူးကို လက်ညှိုးနဲ့ပြန်ပြီးတွန်းတယ်။

“ ၀မ်းဂိုးရင် တူးကမ်းပဲ … သဘောပေါက် … ”

ကြည်ပြာကပါ အောင်ဝင်းနဖူးကို လက်ညှိုးနဲ့တွန်းပြီး မဆီမဆိုင် တွန်းတယ်။

အောင်ဝင်းက …

“ ငါ့ဘာသာငါနေတာ တွန်းစရာလား … ”

လို့ပြောပြီး ကြည်ပြာနဖူးကို ပြန်တွန်းတယ်။ ပြီးတော့ ချက်ချင်း ပဲ …

“ အားလားလား … ကြည်ပြာ နင် လူမှဟုတ်ရဲ့ လား … ”

အလန့်တကြားနဲ့ ထအော်ရင်း ပြောတဲ့စကားကြောင့် အားလုံးက ကြောင်သွားတယ်။ လက် ညှိုးကိုကိုင်ရင်း အောင်ဝင်းက တကျွတ်ကျွတ်လုပ်နေတာကိုး။

“ ဘာ ဖြစ်တာလဲ … ငါက လူမဟုတ်လို့ နတ်သမီး ဖြစ်ရမှာ လား … ”

ကြည်ပြာကလည်း ပက်ခနဲ အောင်ဝင်းကို ပြန်ပြောတယ်။

“ နတ်သမီးလား ဘာလားတော့ မသိဘူး … နင့်နဖူးက တော် တော် ကြမ်းတာပဲ … နင့်နဖူး ကို ကိုင်လိုက်တာ … ငါ့လက်ညှိုးတောင် သွေးခြေဥတော့မလို … ဟကောင် ထွန်းဇော် … ငါတော့ ဆေးခန်းပြေးတာ ကောင်းမယ်ထင်တယ် … ”

“ အောင်မာမာ … ”

ပြောင်စိစိနဲ့ပြောတဲ့ အောင်ဝင်းရဲ့ စကားကို ကြည်ပြာက အောင်မာမာလို့ပြောပြီး ရယ် တယ်။ ပြီး …

“ ငါ့နဖူး ကတော့ ကြမ်းစရာအကြောင်းမရှိဘူး … နင့်လက် နူမှာ မို့လို့ … ပြတ်ကျတော့မှာ မို့ လို့ သွေးခြေဥတာပဲ ဖြစ်မယ် … ”

လို့ ပက်ခနဲ ဆိုတယ်။

“ အခု သူဘယ်မှာ လဲ … ”

စကားဝိုင်းကို လက်ကာပြရင်းမေးတဲ့ ကျွန်တော့် အမေးကြောင့် အားလုံးက “ဘာလဲ” ဆိုတဲ့ သဘောနဲ့ ကျွန်တော့် ကို နားမလည်သလို ၀ိုင်းကြည့်တယ်။

“ ငါ့ရဲ့ အသည်းကြော်လေး ဘယ်မှာ လဲလို့ မေးတာ … ”

ကျွန်တော့် ကောင်မလေးကို ရည်ရွယ်ပြီးပြောမှန်း အားလုံးက သိတယ်။

ဒါပေမယ့် ထွန်းဇော်က …

“ ဒယ်အိုးထဲမှာ ပဲ နေမှာ ပေါ့ … ”

လို့ ခပ်ရွဲ့ရွဲ့ဆိုတယ်။

“ မင်းကို မမေးဘူး … နုနုရေ … သူ အိမ်မှာ လား ”

ကျွန်တော် က နုနုကို မေးငေါ့ရင်းက မေး ဖြစ်တယ်။ နုနုက

“ ဘယ်သိမှာ လဲ … ငါက သူ့အိမ်က ဒရ၀မ်မှမဟုတ်တာ ”

လို့ ခပ်ဆောင့်ဆောင့် ပြန်ဖြေတယ်။

“ သူက ဒရ၀မ်မဟုတ်ဘူးလေ … စာရေး ဆြာရဲ့ … သူက အဲဒီ့ အိမ်မှာ အ၀တ်လျှော် ထမင်း ချက်” လို့ ရေရွတ်တယ်။ နုနုက ချက်ချင်း ပဲ …

“ ပါးစပ်ပိတ်ထား အောင်ဝင်း … ငါ့ကို ဘာမှတ်နေလဲ … ခါးချိုးပြီး သွားကြားထိုးပစ်လိုက် မယ် … ကိုင်ပေါက်လိုက်လို့ သုံးနှစ် တိတိ အိပ်ရာထဲ မထနိုင်ဘူး ဖြစ်သွားမယ် … လူဆတ် ဖြစ်ချင် သေးတယ်ဆိုရင် တိတ်တိတ်နေ … ”

လို့ ခပ်ငေါက်ငေါက်ဆိုတယ်။ အောင်ဝင်းက “တစ်ကိုယ်လုံး လေချည်းပဲ” လို့ မကြားတ ကြား ရွတ်တယ်။

“ ငါတို့ ပြောလိုက်တယ်လို့တော့ မပြောနဲ့ … သူ အခု သူ့အဒေါ်နေမကောင်းလို့ သူ့အဒေါ် ဆိုင်မှာ ကောင်တာသွားထိုင်ပေးနေတယ် … ”

ကြည်ပြာက လက်တို့ရင်း ခပ်တိုးတိုးဆိုတယ်။

“ OK ဒါဆို … ငါသွားပြီးချော့လိုက်ဦးမယ် … ”

ပြောပြောဆိုဆို ထရပ်ပြီး ထွက်လာခဲ့တဲ့ ကျွန်တော့် ကို ထွန်းဇော်က …

“ ဟကောင် … အရူးကွက်မနင်နဲ့ … လက်ဖက်ရည်ဖိုး ရှင်းခဲ့ဦး … ”

လို့ လိုက်အော်တယ်။

ကျွန်တော် လှည့်ကြည့်ပြီး မချိုမချဉ်နဲ့ တာ့တာလုပ်ပြတော့ သကောင့်သားက …

“ တွေ့ မယ် ”

လို့ လှမ်းကြိမ်းတယ်။

ကျွန်တော့် ရဲ့ ဦးတည်ရာ ကတော့ ကောင်မလေးရှိနေမယ့် ဆိုင်ရှိရာဆီ …

* * * * ** * * * *



ကျွန်တော် ၀င်လာတာကို မြင်တာ

နဲ့ ကောင်မလေးက တစ်ဖက်ကို လှည့်

သွားတယ်။ ရုပ်ကိုလည်း လိုအပ်တာ

ထက် ပိုပြီးတည်ပစ်လိုက်တယ်။

“ ညီမလေး … ”

ဒါ ကျွန်တော် ကောင်မလေးကို

ခေါ်နေကျ အခေါ်အဝေါ်။

“ စိတ်ဆိုးနေတာလား … ”

“ ……… ”

ကောင်မလေးက ဘာစကားမှ


ပြန်မပြောဘူး။ ဒါပေမယ့် စိတ်ဆိုးနေတယ်ဆိုတာကို သိသာစေတဲ့အနေနဲ့ နှုတ်ခမ်းတွေ ကို တင်းတင်းစေ့ထားတယ်။

အေးပေါ့လေ … စဉ်းစားလေ စိတ်ဆိုးလေပဲ နေမှာ ပေါ့ … ရည်းစားချိန်းလာသလောက် ဆံ ပင်မွေးဖြူနုတ်ပြီး ပြန်နေရတယ်ဆိုတော့လည်း …

အခုတော့ ကောင်မလေးက နုတ်ပေးချင်တယ်ဆိုရင်တောင် နုတ်စရာ ဆံပင်ဖြူ ကျွန်တော့်  မှာ မရှိတော့ပါဘူး။

ကြုံရင်ကြုံသလို အောင်ဝင်းကို နုတ်ခိုင်းလိုက်၊ ထွန်းဇော်ကို နုတ်ခိုင်းလိုက်နဲ့ ပြောင်သ လောက် ရှိသွားပြီဆိုတော့ …

“ ညီမလေး ကိုယ့်ကို စကားမပြောတာက ကိုယ့်ကို သေချင်စိတ်ပေါက်အောင် လုပ်နေတာ နဲ့ အတူတူပဲဆိုတာ ညီမလေးသိတယ်နော် … ”

“ …………. ”

ကျွန်တော့် ရဲ့ စကားကို ကောင်မလေးက မကြားသလိုလုပ်တယ်။ ကောင်တာဘေးက ထိုင် ခုံမှာ ထိုင်ပြီး တတွတ်တွတ်ဆိုနေတဲ့ ကျွန်တော့် ကိုကြည့်ပြီး အရောင်းစာရေး မတွေ က ပြုံးစိစိကြီး တွေ ဖြစ်နေကြတယ်။

“ ညီမလေး စကားမပြောဘဲတော့ မနေပါနဲ့ကွာ … ကိုယ့်ကိုတစ်ခုခုတော့ ပြောပါဦး … ညီ မလေးမကြိုက်ရင် နောက်ဆိုဆံပင်ဖြူ မနုတ်ခိုင်းတော့ပါဘူး … အဲ … နုတ်စရာလည်း မရှိတော့ ဘူး … ”

“ အဲဒါတစ်ခုတည်းကြောင့် စိတ်ဆိုးနေတယ်ထင်လို့လား ”

ပက်ခနဲ ပြန်ပြောလာတဲ့ ကောင်မလေးရဲ့ စကားကြောင့် ကောင်မလေးဘက်က တိုးတက်မှု ပြလာပြီလို့ ကျွန်တော် တွေး ဖြစ်တယ်။

ဟုတ်တယ်လေ။

စကားလုံးဝမပြောဘဲထားရာကနေ စကားစမြည်းလေး ဘာလေး ပြန်ပြောလာပြီဆိုတော့ … ဒါ တိုးတက်တာပဲ မဟုတ်လား။

“ အင်း … ပြောပါဦး … တခြားအပြစ်က ဘာလဲ ”

“ ဘာရမှာ လဲ … တစ်ချိန်လုံး သူ့ဝတ္ထုအကြောင်း၊ သူ့ဇာတ်ကောင်တွေ အကြောင်းချည်းပဲ ပြောနေတော့ ကိုယ့်ချစ်သူက ဘာထူးခြားနေတယ်ဆိုတာတောင် မသိဘူး မဟုတ်လား … ”

ကောင်မလေးရဲ့ စကားကြောင့် ကျွန်တော့် ခေါင်းတွေ ထူပူသွားမိတယ်။ ဟုတ်ပါရဲ့ အဲဒီ နေ့ က သူမ ဘာတွေ ထူးခြားခဲ့မိပါလိမ့်။

“ မသိဘူး မဟုတ်လား … ”

“ အဲ … ”

“ အဲဒါ ပြောတာပေါ့ … အခုထိလည်း မသိသေးဘူး မဟုတ်လား … သွား … ပြန်တော့ …”

“ အာ … ”

“ မအာနဲ့ … အတည်ပြောနေတာ … ပြန်တော့ … အဲဒီ့ ထူးခြားချက်လေးမှ မသိရင် လာမ နေနဲ့ … ”

“ နေ … နေဦးလေ … ကိုယ်တွေးကြည့် … ”

“ တွေးချင်ရင်လည်း အိမ်မှာ ပြန်တွေး … ”

“ ချစ်ရာ … ”

“ မခေါ်နဲ့ … ”

“ ညီမလေး … ကိုယ့်ကိုသေချင်စိတ်ပေါက်အောင် မလုပ်နဲ့နော် … ”

“ လဲသေလိုက်ပေါ့ … ”

“ ဟာကွာ … ”

“ သွား … ပြန် … ”

ဟုတ်ကဲ့ … နောက်ဆုံးမှာ ကျွန်တော် ပြန်ခဲ့ရတယ်။ မပြန်မချင်း ကောင်မလေးက နှင်နေ တာကိုး။

ထူးခြားချက်။

အင်း … ထူပူနေလို့လားတော့ မသိဘူး … ဘာမှကို တွေးလို့မရဘူး။ ကြည်ပြာနဲ့နုနုကိုပဲ အားကိုးရမယ်ထင်ရဲ့ ။

* * * * ** * * * *



“ သိချင်လား … ”

“ သိချင်လို့ လာမေးတာပေါ့ဟ …

အိုက်တင်ခံမနေနဲ့ … ပြောစရာရှိ

တာပြော … ”

“သိချင်လား” ဆိုပြီးတော့ ဆရာမ

ကြီးအထာလုပ်နေတဲ့ ကြည်ပြာ့ကို

ထွန်းဇော်က စိတ်မြန်လက်မြန်နဲ့ဆို

တယ်။

သူ့ထက်ပိုစိတ်မြန်တဲ့ နုနုက …

“ မပြောနဲ့ ”

ဆိုပြီးတော့ လှမ်းတားတယ်။


“ ဘာလဲဟ … ”

အောင်ဝင်းက နုနုကိုကြည့်ရင်းဆိုတယ်။

“ နင်တို့မေးမြန်းတဲ့ပုံက သဘာဝမကျဘူး … လေသံကို မကြိုက်ဘူး … ”

“ လေသံက ဘာ ဖြစ်နေလို့တုံး … ”

ထွန်းဇော်က မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်းမေးတယ်။

“ သိချင်နေတဲ့ကိစ္စတစ်ခုကို လာမေးတာပဲ … လေသံက အထက်စီးလေသံနဲ့ ကြိမ်းလား မောင်းလား ဖြစ်နေတယ် … လေသံကို ပျော့်ပျောင်းချိုသာအောင် အရင်ပြင်လိုက်ဦး … လေသံကို သဘောကျရင် … ဒီက ပြောပြမယ် … ”

ကြည်ပြာက လက်ကိုပိုက်။ ခေါင်းကိုမော့ရင်းဆိုတယ်။

ဒီအတိုင်းဆိုရင်တော့ ကြည်ပြာတို့နှစ် ယောက် နဲ့ အောင်ဝင်းတို့နှစ် ကောင် စကားနိုင်လုနေ တာနဲ့ လိုရင်းပျောက်ပြီး ကျွန်တော် ဒုက္ခရောက်နိုင်တယ်။

“ ကဲပါဟာ … ငါကပဲ ကြားကတောင်းပန်ပါတယ် … သူ ဘာတွေ ထူးခြားပြောင်းလဲထားလဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါ ”

မျက်နှာကို အကယ်ဒမီရှုံးအောင် ငယ်ပြရင်း လေသံကို ခပ်နှိမ့်နှိမ့်လေပြေနဲ့ အောက်ကျို့ပြီး ကျွန်တော် ပြောတော့မှ နုနုက …

“ တွေ့ လား … ထွန်းဇော်နဲ့အောင်ဝင်း ပညာရှိဆိုတာက လိုချင်တာကိုရအောင် ဘယ်လို ယူရမယ်ဆိုတာ သိတယ် … ”

“ နင်က ငါတို့ကိုပညာမရှိလို့ ပြောချင်တာလား … ”

“ အေး … ”

အောင်ဝင်းရဲ့ အမေးကို ကြည်ပြာက၀င်းပြီး “အေး” တယ်။

“ ကဲပါကွာ … စကားနိုင်လုချင်ရင် နောက်မှလြု ကတော့ … ကဲ … ကဲ … ကြည်ပြာနဲ့နုနု ပြောမှာ သာ ပြောကြပါတော့ဟာ … ”

“ ငါက ပြောမလို့ပဲ … ဒါပေမယ့် စာရေး ဆြာရဲ့ သူငယ်ချင်းတွေ က အချိုးမပြေတော့ … ”

“ ထားလိုက်ပါဟာ … ကဲ … ကဲ … ငါ့ကို ပြောမှာ သာပြော … ”

ကျွန်တော့် စကားတောင် မဆုံးသေးဘူး။ အောင်ဝင်းက …

“ ငါ့ကောင် … ဘာမှ သူတို့ကို အောက်ကျို့နေစရာအကြောင်း မရှိဘူး … မပြောချင်နေ … ဂရုမစိုက်ဘူး … ”

“ အေး … ဂရုမစိုက်ရင် မပြောဘူး … ”

အရေး ထဲမှာ အောင်ဝင်းနဲ့ကြည်ပြာက ထပ်ပြီးစကားနိုင်လုကြပြန်တယ်။

“ ကဲပါကွာ … မင်းပဲ စဉ်းစားကြည့် … ”

တော် တော့လို့ပြောတော့မှ ထပြီး “မတော် ဘူးကွာ” လုပ်နေတဲ့ ထွန်းဇော်ကို ကျွန်တော် လှမ်းအကြည့်မှာ ကြည်ပြာတို့ကို မျက်စိတစ်ဖက်လှမ်းမှိတ်ပြတယ်။

အဲဒီ့ တော့မှ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက် သွားတယ်။

သူတို့က ကျွန်တော့် ကို တမင်ဝိုင်းကျပ်နေကြတာကိုး။

“ သြော် … မင်းတို့က ပူလောင်ပြီး ပျာယာခတ်နေတဲ့ ငါ့ပုံစံကို ဟာသလုပ်နေကြတာ ကိုး …”

အဲဒီ့ လို ကျွန်တော် ဆိုတော့မှ လေးယောက် စလုံးက သဘောတကျနဲ့ တ၀ါးဝါးဝိုင်းရယ်ကြ တယ်။ အတော် လေးကြာအောင် ရယ်ပြီးတော့မှ နုနုက …

“ ဒီလို စာရေး ဆြာရေ … x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x ”

နုနုရဲ့ စကားအဆုံးမှာ “သြော်” လို့ ရေရွတ်ရင်း ကျွန်တော် ဖျတ်ခနဲ ပြုံး ဖြစ်သည်။

လက်စသတ်တော့ ဒီလိုကိုး။

* * * * ** * * * *







ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ စာရေးဆြာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်သူ့ဆံစမှာမှကြွေချင်တဲ့နှင်း

ပန်းနုရောင်ပြကွက်ထဲက ကကြိုးလှတဲ့ သတို့သမီး

အချစ်ကို ကြက်ချေ မခတ်ကြေး