Cover

ပြည့်ပိုင်မှူးအိမ်

ခရီးဖော်

သူခရီးသွားတိုင်း သူ့ဘေမှာ

အတူထိုင်ရသော သူများ က

များ သော အားဖြင့်

ယောက်ျားများ သာ

ကြုံရတတ်သည်။ အင်မတန်ဝ

သော သူများ နှင့်

တစ်ခုံတည်းကျလျှင် တစ်လမ်းလုံး

အဖီအညှစ်ခံကာ…

* * * * *

မည် သို့ မျှထင်မှတ်မထားသော ကိစ္စတစ်ခု၊ ဘယ်အချိန်ခရီးထသွားသွား သူ့ဘေးမှာ ဘယ် တုန်းကမှ မိန်းကလေးငယ်ငယ် ချောချောနှင့် တစ်ခုံတည်း အတူမထိုင်ခဲ့ဘူး။ ဒီတစ်ခေါက်တောင် ကြီးမှ ရန်ကုန်သွားမည့်  ခရီးစဉ် ကတော့ ထူးခြား၏ ။ စွေ့ခနဲ့သူ့ဘေးမှာ လာထိုင်သည်က တော် တော် ကိုလှပသော ကောင်မလေး တစ်ယောက် ။ အသက်အားဖြင့် သူ့ထက်မငယ်လျှင်တောင်မှ သူ့ထက်တော့ ကြီးမည် မထင်း ရွယ်တူ ဖြစ်နိုင်သည်။

ကားဂိတ်တော် တော် များများ ၏ ထုံးစံအရ မလိုလားအပ်သော ပြဿနာများ မရှိစေရန် မိန်း ကလေးအချင်းချင်း သို့ မဟုတ်ယောက်ျားအချင်းချင်းကိုသာ တွဲ ပအ၍ ထိုင်ခုံနံပါတ်များ ကို ရောင်းချလေ့ရှိသည်။

သို့ သော်လည်း ရှားရှားပါးပါး တစ်ခါတစ်ရံမှာ ယောက်ျားနှင့် မိန်းမကို မတတ်သည့်အဆုံးမှာ တော့ တစ်ခုံတည်းတွဲ လျက် ရောင်းချတတ်သည်။

သူ့ခရီးသွားတိုင်း သူ့ဘေး အတူထိုင်ရသော သူများ ကများ သော အားဖြင့် ယောက်ျားများ သာ ကြုံရတတ်သည်။ အင်မတန်ဝသော သူများ နှင့် တစ်ခုံတည်းကျလျှင် တစ်လမ်းလုံး အဖိအညှပ်ခံ ကာကျပ်ကျပ်သပ်သပ် စီးရသည်မှာ မသက်သာလှ။

တစ်ခါတစ်ရံကျပြန်တော့လည်း ဘေးမှာ အတူထိုင်ရသူကတစ်လမ်းလုံး ကားမူးကာ အန်နေ သည်မို့ ပခုံးနှိပ်ပေးရသည်လည်းရှိသည်။

အရက်ကို ခရီးစခရီးဆုံးထိ တစွပ်စွပ်သောက်သော သူများ နှင့် မတူ ထိုင်ရလျှင်တော့ ဘီယာ ကြိုက်သော သူ့အဖို့ အရက်နံသည်တစ်လမ်းလုံး ဒုက္ခပေးတော့သည်။

အချို့ခရီးသွားများ ကျပြန်တော့ နားချိန်မရအောင်ကိုစကားများ တတ်ကြသည်။ သူတစ်ဖက်သား စိတ်ဝင်စားမှန်းမသိ စိတ်မ၀င်စားမှန်းမသိ စကားတွေ မနားတမ်းလာပြောနေသည်မို့ အားနာပါးနာ ခေါင်းညိတ်ရင်း နားပူကာ လည်ပင်းညောင်ရသော အခါများ လည်းရှိသည်။ခရီးစဉ်အစအဆုံးကို အော်ကြီးဟစ်ကျယ်ဖုန်းပြောရင်းတစ်ကားလုံးမှာ တစ်ယောက် တည်းသာ ပါသလိုမျိုး ဘယ်သူ့ကိုမှဂရုမစိုက်သော သူများ နှင့် တစ်ခုံတည်းအတူကျပါက တစ်လမ်းလုံးနားညည်းရသည်လည်း ရှိသည်။

တချို့ကျပြန်တော့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းကာချွေးနံ့များ မွှန်ထူနေတတ်သလို တချို့ကျပြန်တော့လည်း ခေါင်းမူးနောက်လာသည်အထိ အနံ့ပြင်းသော ရေး မွှေးများ ကို မဟားတရားဆွတ်လာတတ်ကြသည်။ ထိုကဲ့သို့ သော သူများ နှင့် ဆုံရပါကတစ်လမ်းလုံး ၀င်လေထွက်လေမှတ်ကာ ၀င်သက်ထွက်သက် ရှူ၍ ရလောက်သည်အထိ ကြုံရတတ်သည်။

တချို့ကျပြန်တော့လည်း ဇွတ်အတင်းမိတ်ဖွဲ့ကာ ပိုင်သမျှဆိုင်သမျှကို ပေါ်တင်ကြီး ကြွား လုံးထုတ်ကာ လေယာဉ်လက်မှတ်မရ၍ အိမ်ကကားမအား၍ မတတ်သည်သည့်အဆုံး လိုင်းကား နှင့် လိုက်ရသည်ဆိုသော သူများ နှင့် လည်း ကြုံရသည်။

ကား Air con ကောင်းလွန်းပြန်လျှင်လည်း အေးလွန်းသည်ဟု အပြစ်ရှာကာ Air con မကောင်းပြန်လျှင်လည်း ထထအော်ကာတစ်လမ်းလုံး ကားသမား၊ ကားစပယ်ရာများ ကို ပြဿနာရှာကာရစ်တတ်သူများ နှင့် ကြုံရလျှင်တော့ တစ်ဖွဲ့ထဲထင်မှတ်ကာ ဘုကြည့်ဝိုင်းကြည့်ခံရသည်လည်းရှိသည်။

ကားပေါ်မှာ ဇာတ်လမ်းခွေထိုးလျှင် သီချင်းခွေထိုးခိုင်းကာ သီချင်းခွေထိုးလျှင် ဇာတ်လမ်းခွေ၊အငြိမ့်ခွေ စသည်ဖြင့် ရှာကြံပြီးကိုယ့်ဘိုးဘွားပိုင်ကားလိုအမိန့်ပေးတတ်သူများ နှင့် လည်း ကြုံဖူးသည်။

သူခရီးခဲ့သမျှယောက်ျားတွေ နဲ့ချည်း တစ်ခုံထဲထိုင်ရသည် ကတော့မဟုတ်။အမျိုးသမီးများ နှင့် လည်းတစ်ခါတစ်ရံထိုင်ရဖူးသည်။တစ်ခါကကလေးနှစ် ယောက် အမေနှင့် တစ်ခုံထဲကျဖူသည်ကလေးနှစ် ယောက် အနက် တစ်ယောက် က နှစ် နှစ် သားအရွယ်ကျန် တစ်ယောက် က နို့စို့လသားအရွယ်။ ထိုအခါ သူ့မှာ နေရင်းထိုင်ရင်းဖြင့် အကြီးကောင် (နှစ် နှစ် သားအရွယ်)ကို ချီပေးရတော့သည်

အားနာလိုက်တာမောင်လေးရယ်ဟူသော စကားကို တွင် တွင် သုံးကာ ကလေးနို့ဗူးကို ထုတ်ခိုင်းလိုက် ကလေးအနှီး ယူခိုင်းလိုက် ကလေးချီခိုင်လိုက် လုပ်ကာ တစ်လမ်းလုံး ကလေးထိန်းလုံးလုံး ဖြစ်ကာ တောက်တိုမယ်ရ လုပ်ပေးရသည် ကားပေါ်ရှိ လှတပတကောင်မလေးများ ကလည် လူကို ကလေးဖအေထင်ကာ ဘာသိဘာသာနေကြသည်မို့ သူ့မှာ ဘူပိတ်ရသည်မို့ စိတ်ညစ်ခဲ့ရသေးသည်။

လိမ်းဆေးတွေ မွှန်ထူနေအောင်လိမ်းရင် တစ်လမ်းလုံးချောင်းဆိုး၍ လိုက်ပါလာသူနှင့် ကြုံလို့ ကတော့ မအိပ်မနေ အသက်ရှည် ဟူသော မောင်ပေါက်ကျိုင်း၏ ထုံး နှလုံးမူကာ မိုးလင်းရသည်လည်းရှိရသည်။

တောင်ကြီးရန်ကုန်က သေချာပေါက် တစ်ညအိပ်ရသော ခရီး ဖြစ်သည်။ဘေးမှာ ခုံးချင်းကပ်လျက် ပါလာသူက အထက်ပါပြဿများ အနက်မှ တစ်ခုမဟုတ်တစ်ခုနှင့် အကြုံးဝင်နေပါကမိုးမြန်မြန်လင်းကာ ရန်ကုန်မြန်မြန်ရောက်ဖို့ ဆုတောင်းရင်း မိုးစင်စင်လင်းသည်အထိ တစ်မှေးမှ မမှေးရသည်လည်းရှိ၏ ။

ယခုခရီး ကတော့ ဘာပြောပြော မကြုံစဖူး အထူးကောင်းသော ခရီး ဖြစ်မည် ထင်သည်။ ကောင်မလေးထံမှ ရရှိသော ရေမွှေးနံ့က စူးရှသော ရနံ့မျိုးမဟုတ်။ သင်းပျံသော ရနံ့။ ဤသည်ကပင် ပထမဆုံး ကျေနပ်စရာကောင်းသော ခရီးစဉ်၏ အစ ဖြစ်ကာနေသည်။

ကားက မထွက်သေး။ သို့သော် ထုံစံအတိုင်း စက်နှိုးကာAir con ပေးထားသည်။ မသိမသာအကဲခတ်ကြည့်တော့ ကောင်မလေးက ပရိတ်ကြီး ဆယ့်တစ်သုတ်စာအုပ်ကိုကိုင်ကာ ရွတ်ပွားနေသည်။

ဘာသာရေး ကိုင်းရှိုင်းသူပါလားဟု တွေးရင်း ဘာရယ်မဟုတ် လေးစားကာသွားရသည်။ သူမကဲ့သို့ သော အရွယ် မတိမ်းမယိမ်းရှိမည့်  သူ့သူငယ်ချင်းကောင်မလေး အတော် များများ က ခရီးသွား၍ ကားမထွက်မီစပ်ကြား ဖုန်းတွေ ဟိုဆက်ဒီဆက်လုပ် လျှင်လုပ် မလုပ်ရင်တောင်မှMP3( သို့)i pod တို့ဖြင့် သီချင်းနားထောင်နေကြသည်က များ သည်ကိုး။

သူမကိုကြည့်ရင်း သူသည်လည်း အင်္ကျီ်ထူ အိတ်ကပ်ထဲမှ ပုတီးကိုထုတ်ကာ အာရုံယူပြီး ပုတီးစိပ် ဖြစ်သည်။ အိမ်မှာ ပဲနေနေ ခရီးပဲသွားသွား သူက ပုတီးသမား ဖြစ်သူကိုး။

ပုတီးစိတ်၍ ပြီးဆုံးပြီမို့ သူ မျက်လုံးကို ပြန်၍ ဖွင့် ဖြစ်သည်။ ကားက တောင်ကြီးမှစထွက်လာကာရွှေညောင်သို့ပင် ရောက်နေပြီ ဖြစ်သည်။

အင်းလေးကန်သို့ သွားသော ညောင်ရွှေလမ်းခွဲမှာ လမ်းစီးခရီးသည်နှစ် ယောက် ခန့် တက်လာကြသည်။ လမ်းစီးခရီးသည်တို့၏ ထုံစံအတိုင်း ပါလာသော လက်ဆွဲအိတ်တို့ထားရန် နေရာက အခက်အခဲ ဖြစ်နေဟန်ဖြင့် ဟိုကြည့်ဒီကြည့် ဖြစ်ကာနေသည်။ စပယ်ယာက ယင်းအိတ်တို့ကိုဆွဲကာ ကား၏ နောက်ဆုံးခုံဘက်မှာ ထားကာပေးသည်။ ယင်းခရီးသည်နှစ် ဦးက ၄င်းတို့ထိုင်သော ခုံနှင့် အဝေးကြီးမှာ ရောက်နေသော သူတို့၏ ခရီးဆောင်အိတ်ကို သံယောဇဉ်မပြတ်သော အကြည့်ဖြင့် လှမ်းကြည့်နေသည်ကိုသူမြင်နေရသည်။

သူ၏ ဘေးမှကောင်မလေးက သူမ၏ ဘေးလွယ်အိတ်ကိုဖွင့်ကာ ဘာရှာနေသည် မသိ အလုပ်ရှုပ်ကာနေသည်။စပ်စုသလိုထင်သွားမည် စိုး၍ သူမျက်လုံးစုံမှိတ်ကာထိုင်ခုံကိုမှီထား ဖြစ်သည်။

“အစ်ကို“

ဘေးကကောင်မလေးဆီကထွက်လာသော အသံ။မျက်လုံးဖွင့်ကာ လှည့်ကြည့် ဖြစ်တော့ သူမက သူ့ ကိုကြည့်ကာ ခေါ်နေခြင်း ဖြစ်သည်။

“ဟို…စိပ်ပုတီး ခဏငှားလို့ ရမလား”

သူ့လက်ထဲမှာ ကိုင်ထားဆဲ ဖြစ်သော ပုတီးကို တစ်ချက်လှမ်းကြည့်ရင်းက သူမဆိုသည်။

“ရပါတယ်”

ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြရင်း ပုတီးကို လှမ်းပေး ဖြစ်သည်။ပုတီးကိုလှမ်းယူသော သူမလက်၏ နူးညံ့မူကြောင့် ရင်ထဲမှာ ဘာလိုလိုကြီး ကတုန်ကယင် ဖြစ်သွားသော်လည်းသူ့ စိတ်ကို ကားပေါ်မှာ ဖွင့်ထားသော သီချင်းဆီ ချက်ချင်း ပို့  ဖြစ်သည်။

တော် တော် ကြီးလန်းသော ကောင်မလေးနှင့် တစ်ခုံတည်း အတူကိကာ ထိုင်ရသည့်အတွက်တစ်ဖက်မှာ ကြည်နူးမိသော်လည်း တစ်ဖက်မှာ တော့ စိတ်ကျဉ်းကျပ်သလို ခံစားရသည်။

ညောင်းညာ၍ နည်းနည်း လေး လှုပ်ရှားမိလျှင်ပင် တစ်ဖက်မှ ကောင်မလေးကို အားနာနေရသည်ကိုး။ထူးထူးခြားခြားကြီးလိမ်းခြယ်ထားခြင်းမရှိသော်လည်းတော် တော် ကြီးလှနေသော ကောင်မလေးနှင့် အတူ သွားရသော ဤတောင်ကြီး ရန်ကုန်ခရီးစဉ်အကြောင်းကို သော်ဇင်တို့ နှစ် ကောင်အား လှမ်းကြွားရန် တွေးမိသည်။

သို့ နှင့် ဖုန်းကိုအသာထုတ်ပြီး သကောင့်သားဆီ Messageလှမ်းပို့  ဖြစ်သည်။

“ဟကောင် သော်ဇင်၊ဒီတစ်ခေါက် ရန်ကုန်ဆင်းရတဲ့ခရီးစဉ် ကတော့ ငါ့အတွက်လုံးဝဂန္တ၀င်ခရီးစဉ်ပဲကွ သိလား၊ ငါ လုံးဝလန်းတဲ့ ကောင်မလေး တစ်ယောက် နဲ့  အတူတူထိုင်ပြီး ရန်ကုန်ကိုခရီးဆက်နေတယ်”

သူMessage လှမ်းပို့ ပြီး မကြာခင်မှာ ပင် ဝေဖြိုးအောင်ဆီမှMessageပြန်ဝင်လာသည်။

“တဏှာရူး၊ နှာဗူး၊ စိတ်ကူးတွေ ယဉ်ပြီး ရူးမနေနဲ့ ၊ မင်းလိုကောင်ဘေးမှာ အစဉ်လာမပျက် ကလေးမအေပဲကျမှာ ပါ၊ လာဖြီးမနေနဲ့ ”

သူMessageပို့ လိုက်သည်ကသော်ဇင်၏ ဖုန်း။ သူ့ ဆီMessageပြန်ပို့ လာသည်က ဝေဖြိုးအောင်၏ ဖုန်း ဖြစ်ကာနေသည်မို့  သကောင့်သားနှစ် ကောင် အတူရှိနေကြသည်ဟု သူသိလိုက်ရသည်။

“ငါတကယ်ပြောတာ၊ မယုံရင် မနက်ဖြန်ကားဂိတ်မှာ မင်းတို့လာကြိုရင်ကြည့်ထားလိုက်၊ မင်းတို့ နှစ် ကောင် လုံးဝဖျားသွားစေရမယ်”

သူ Message ပြန်ပို့ ဖြစ်သည်။ သိပ်မကြာလိုက် ဝေဖြိုးအောင်၏ ဖုန်းဖြင့် သူ့ဆီ Message ပြန်ဝင်လာသည်။

“မယုံတာ”

သကောင့်သားနှစ် ကောင်၏ Message ကိုဖက်ရင်း သူနည်းနည်း တော့ တင်းသွားရသည်။

ထို့ကြောင့် …

“တစ်ဝိုင်းကြေးလောင်းမလား”

ဟု စိန်ခေါ်သော Messge ပြန်ပို့ ဖြစ်သည်။

သိပ်ကြာကြာမစောင့်လိုက်ရ သော်ဇင်ဖုန်းနံပါတ်ဖြင့် Messge ပြန်ဝင်လာသည်။

‘စိန်လိုက်လေ’ ဟူ၍ ။

* * * * *

‘အပျိုကြီးလုပ်မှာ ပါဆိုနေမှ

ရည်းစားထားစရာလား ၊

ဘာကောင်လေးမှမရှိဘူး ၊

အေးဆေးပဲ၊ ဘာအပူမှ

မရှာဘူး၊ တစ်ယောက် တည်း

တောင် တစ်ခြမ်းများ နေလို့

* * * * *

သော်ဇင်တို့နှင့် စကားနိုင်လုကာ Message တွေ တဂွမ်ဂွမ်ပို့ရင်း ဘေးမှအလန်လေးကို တစ်ချက်လှည့်ကြည့် ဖြစ်သည်။

သူမက မျက်လုံးစုံမှိက်ကာနေသည်။ လက်ထဲသို့ မသိမသာကြည့်လိုက်တော့ပုတီးကိုဆုပ်ကိုင်ကာထားသည်။ ‘ပုတီးတောင်စိပ်ပြီးသွားပြီပဲ’ ဟု သူတွေးမီသည်။

သူမက မျက်လွှာချကာထားသည်မို့ သူ ခိုးကြည့်စရာမလိုဘဲပေါ်တင်ပင် မရဲတရဲကြည့် ဖြစ်သည်။

ကြည့်လေ ချစ်စရာကောင်းလေမို့ သူရင်ခုန်သံတွေ ပင်ဝုန်းဒိုင်းကျဲကာလာသည်။ သူဖုန်းကိုကိုင်ကာ Message ပို့ ဖြစ်ပြန်သည်။

“ငါတော့ ဒီတိုက်ပွဲမှာ ကျပြီထင်တယ်ကွာ၊ ကောင်မလေးကငါတွေ့ ဖူသမျှတွေ ထဲမှာ အလန်ဆုံးပဲ၊ ငါ ကတော့တကယ့်တကယ်ကြီးကို ကြွေချင်နေပြီ ”

သူ့ Message ကို သိပ်မကြာခင်မှာ သော်ဇင်တို့က တုံပြန်လာသည်။

“ကြွေပေါ့၊ မင်းက ချဉ်ချဉ်တူးတူး မူရင်ပြီးရော၊ မိန်ကလေးမြင်ရင် ဗူးချင်နေတဲ့ကောင်ပဲနှာဗူးရ” သော်ဇင်နှင့် ဝေဖြိုးအောင်တို့နှစ် ကောင်ကို စိတ်မှလှမ်း၍ မေတ္တာပို့ရင်း Message ကို ခပ်သွပ်သွပ်ပြန်ပို့ ဖြစ်သည်။ ‘ခွေးကောင်တေ’ဟု။

သကောင့်သားများ နှင့် Message ပို့ရသည်မှာ သိပ်လမ်းမတန်းတော့သည်မို့ ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့် ဖြစ်သည်။

“ရော့… အစ်ကို’’

ရုတ်တရက်ကြီး ပုတီးကိုမျက်နှာရှေ့ထိုးကာပေးသည်မို့ သူအမှတ်တမဲ့ပင် လန့်ကာသွားသည်။

တွန့်ခနဲ ဖြစ်သွားသော ကိုယ့်ကိုယ်ကို ဣနြေ္ဒပြန်ဆယ်ရင်း ကျေးဇူးပဲနော်ဟုဆိုလာသော သူမကို ပြန်ပြုံးပြ ဖြစ်ရင်း ‘ အာ…ရပါတယ်’ ဟုဆို ဖြစ်သည်။

ရုတ်တရက်လန့်သွားသော သူ့ကိုကြည့်ရင်း သူမကပြုံးသည်။ ပြုံးလိုက်သော ခဏမှာ ပေါ်လာသော ပါးချိုင့်တို့ကိုကြည့်ရင်း ‘ပါးချိုင့်လေးနဲ့ပါလား ’ ဟု စိတ်ထဲမှနေ မချင့်မရဲရေရွတ် ဖြစ်သည်။

“ပုတီးစိပ်ပြီးတာတော် တော် လေးကြာပြီ၊ပုတီးပြန်ပေးမလို့ဥစ္စာ၊ အစ်ကိုMessageပို့နေတာနဲ့”

သူမ၏ စကားကြောင့် သူ့ရင်မှာ ထိတ်ခနဲ ဖြစ်ကာသွားသည်။ တော် ကြာ ကောင်မလေးတွေ ဆီဒါမှမဟုတ် ရည်းစား တစ်ယောက် ယောက် ဆီ Message ပို့နေသည်ဟု ထင်းသွားမှဖြင့် ။

“သြော်…ဟုတ်တယ်၊ ဘော်ဒါဆီကို မနက်ဖြန် ကားဂိတ်မှာ လာကြိုဖို့ လှမ်းပို့နေတာ၊ ဖုန်းနဲ့ပြောနေရင် ညီမပုတီးစိပ်နေတာအနှောက်အယှက် ဖြစ်မှာ စိုးလို့”

“ သြော်…ရပါတယ် ”

သူမကပြုံးစိစိဖြင့် ‘သြော်’ဟု ရေရွတ်သည်။ သူမ၏ အပြုံးက ကောင်မလေး တစ်ယောက် ယောက် ဆီ ပို့နေခြင်းမဟုတ်ကြောင်း ဘယ်သူမှ ရိုက်မစစ်ဘဲ ဖြောင့်ချက်ပေးနေမိသော သူ့ကိုနည်းနည်း တော့ ကျောမလုံသလိုကြီး ဖြစ်သွားစေသည် ကတော့ အမှန်ပဲ ဖြစ်သည်။

“အဲဒါဘော်ဒါကရစ်နေလို့၊ လာမကြိုရင် အသိပဲဆိုပြီးလှမ်းကျိန်းနေတာ” သူစကားအဆုံးမှာ သူမက ခေါင်းညိတ်သည်။ ပြီး…

“တောင်ကြီးကပဲလား“

ဟု မေးသည်။

ဟုတ်တယ်၊ ညီမရော တောင်ကြီးကလား

“အင်”

ပြန်၍ မေးသော သူ့အမေးကို သူမက ‘အင်’ ဟု ဖြေသည်။

ဘာပဲပြောပြော ကမ္ဘာကြီးက ကျဉ်းသည်ဆိုသော စကားကို သူတော် တော် ကြီး သံသယဝင်သွားမိသည်။

ကမ္ဘာကြီးသာ ကျဉ်းရိုးမှန်လျှင် တစ်မြို့ထဲနေသော အလှအပလေးကို သူတွေ့  ကိုတွေ့ ဖူးရမည် ။

“ရန်ကုန်ကိုအလည်ပဲလား”

‘စပ်စုသလိုများ ဖြစ်သွားမလား’ ဟူသော အတွေးကိုတွေးရင်းက ခရီးသွားဖော်ချင်း အလ္လာပသလ္လာပပေါ့ဟု ဖြေတွေးတွေးကာ မေး ဖြစ်သည်။

“သူငယ်ချင်း တစ်ယောက် ရဲ့ အစ်မမင်္ဂလာဆောင်မှာ သတို့သမီးအရံသွားလုပ်မလို့၊မင်္ဂင်္လာဆောင်ပြီးရင် သတို့သမီးနဲ့သတို့သားက ငပလီကို ဟန်းနီးမွန်းထွက်ကြမှာ ၊ အဲဒါ လိုက်ရှုပ်မလို့ အဟီး”

ပြောပြီး သူမက ပါးချိုင့်များ ခွက်ခနဲ ပေါ်လာအောင်ရယ်သည်။

“သူများ ဟန်းနီးမွန်းကို လိုက်ရှုပ်တော့ ကိုယ့်ဟန်းနီးမွန်းကျဝဋ်လည်မှာ မကြောက်ဘူးလား”

သူ့မေးခွန်းကို ဘယ်အထိသွားမှန်း သူမက သိပုံရသည်။ ချက်ချင်း ဆိုသလို ဟက်ခနဲ ရှက်ရယ်ရယ်ရင်း…

“ညီမက အပျိုကြီးလုပ်မှာ လေ၊ ဒီတော့ ဝဋ်လည်စရာ ဟန်းနီးမွန်းလည်း ရှိလာမှာ မဟုတ်ပါဘူး”

ဟု ပြောင်ချော်ချော်ပင် ဆိုသည်။

“အစ်ကို ကြုံဖူးသလောက်တော့ အပျိုကြီး တကယ်လုပ်မဲ့သူက အပျိုကြီးလုပ်မယ်လို့မပြောဘူး၊ တကယ်တမ်း အပျိုကြီးလုပ်မယ်လို့ ကြွေးကြော်နေတဲ့သူတွေ က ဆိုင်းမဆင့်ဗုံမဆင့် အိမ်ထောင်ကျကျသွားတတ်တယ်”

ရွှတ်နောက်နောက်ဆိုသော သူ့စကားကြောင့် သူမက ရှက်ရယ်ရယ်ရင်း ညီမက အတည်ပြောတာ ဟု ဆိုသည်။

“ ပြောကြတယ်၊အဲဒီ လိုပဲ၊ အတည်ပြောတာ တကယ်ပြောတာနဲ့ပဲ ”

စကားကိုဆုံးအောင်မပြောဘဲတမင်ရပ်ပစ်ကာပခုံးကိုတွန့်ပြ ဖြစ်သည်။သူမကလည်းခေသူ ဟုတ်။

“ညီမ ကတော့ လုံးဝအမှန်အကန်အတည်”

အလျှော့မပေးဘဲ ရယ်ကျဲကျဲနှင့် ပင် အတည် ဟုဆိုသည်။

“ညီမရဲ့ ကောင်လေးကို သနားပါတယ်၊သူ့ခမျာ အပျိုကြီးလုပ်မဲ့သူကိုရည်းစားထားမိလို့ထားမိမှန်းလည်း သိမှာ မဟုတ်ဘူး”

စကားနှိုက်သော ။ ရည်းစားရှိလားဟု မမေးရုံတမယ် စကားကိုအစ်သော စကား သူဆို ဖြစ်သည်။

“အပျိုကြီးလုပ်မှာ ပါဆိုနေမှ ရည်းစားထားစရာလား၊ ဘာကောင်လေးမှမရှိဘူး၊ အေးဆေးပဲ၊ ဘာ အပူမှမရှာဘူး၊ တစ်ယောက် တည်းတောင် တစ်ခြမ်းများ နေလို့”

သူမ၏ စကားကသူကြားဖူးသမျှစကားတို့တွင် အချိုမြိန်ဆုံး ဖြစ်မည် ထင်သည်။ ဘာရယ်မဟုတ် ရင်ထဲမှာ မဆီမဆိုင် ကြည်နူးသွားမိသည် ကတော့ အမှန်ပဲ ဖြစ်သည်။

“ညီမကလေကိုယ်တိုင်ကသာ အပျိုကြီးလုပ်မယ်လို့ကြွေးကြော်နေတာ၊သူများ တွေ ကိုကျ အောင်သွယ်လုပ်ပေးရတာ ဝါသနာပါတယ်၊ အခုသွားမဲ့ မင်္ဂလာဆောင်က သတို့သမီးနဲ့ သတို့သားကိုလည်း ညီမပဲ အောင်သွယ်ပေးထားတာ အဟီး၊ အစ်ကိုလည်း အောင်သွယ်အလပ်အပ်ချင်ရင် ပြောနော်၊ ဘယ်လောက်မာနကြီးတဲ့ကောင်မလေးပဲ ဖြစ် ဖြစ် ရအောင်ကို ဂျိင်းပေးမယ်”

“တော် ပါပြီ၊ အစ်းကိုလည်း ညီမလိုပဲ အပူမရှာဘဲ လူပျိုကြီးလုပ်မှာ ၊ တစ်ယောက် တည်းတောင် တစ်ခြမ်းများ နေလို့”

သူမပြောခဲ့သော စကားကို လိုက်ပြောသော သူ့စကားကြောင့် သူမရှက်ဝဲဝဲဖြင့် ပြုံးသည်။

လူပျိုကြီးမလုပ်လို့လည်း မရဘူး၊ ကြိုက်မဲ့သူကလည်းမရှိဆိုတော့အဲဒါကြောင် ပြောတာပေါ့၊ ညီမကအောင်သွယ်လုပ်ပေးမယ်လို့၊ ညီမက ကိုယ်ကိုယ်တိုင်ကသာအ ဖြစ်မရှိတာ၊ သူများ ကို အောင်သွယ်ပေးရင် မ ဖြစ်တာမရှိဘူး

“အင်းလေ…လူပျိုကြီးဘဝက ကျွတ်ချင်ရင် ညီမကူညီမျပဲ၊ အိုရတော့မှာ ပဲ”

ကိုယ့်အဓိပ္ပာယ်နှင့် ကိုယ် ဆို ဖြစ်သော သူ့စကားကို သူမက’ရပါတယ်’ဟု ခပ်ကြွားကြွားဆိုသည်။

သူဆိချင်သော အဓိပ္ပာယ်က လူပျိုကြီးဘဝ ကျွတ်ချင်ရင် အိုချင်ရင် သူမက ကူညီပြီး သူမကိုယ်တိုင် သတို့သမီး လုပ်ပေးရမည့် သဘော။ သူမ ကတော့ ရိုးရိုးသဘောနှင့် ‘ရပါတယ်’ဟု ဆိုသည်။

“အောင်သွယ်ခ ကတော့ ဟန်းနီးမွန်းသွားရင် ခေါ်ရမှာ နော်”

“စိတ်ချ”

သူမကို နှုတ်ကသာ စိတ်ချဟုဆို ဖြစ်သော်လည်း စိတ်ထဲမှာ တော့‘အောင်သွယ်နဲ့ညားတဲ့ ဟန်းနီးမွန်းပေါ့’ ဟု ဆို ဖြစ်သည်။

“အစ်ကိုရော ရန်ကုန်ကို အလည်ပဲလား”

’အလည်တော့မဟုတ်ဘူး၊ ကိုယ့်ဘေးက ကောင်မလေးနဲ့ ဟန်းနီးမွန်းအကြိုသွားတာ’ဟု စိတ်မှဆို ဖြစ်သည်။ တကယ်ဆို ဖြစ်သည်။

“အင်း…အလည်တော့မဟုတ်ဘူး၊စိတ်ညစ်လို့ အိမ်ကနေအလုပ်အကြောင်းပြပြီး ထွက်လာတာ၊ အဲဒီ စိတ်ညစ်ရတဲ့ကိစ္စကိုသာ ညီမကြားရင် အော်ရယ်မှာ သေချာတယ်”

“အင်း…ဆိုပ်ဦး”

ရယ်ကျဲကျဲပြုံး၍ ဆိုသော သူ့စကားအဆုံးမှာ သူမကဆိုသည်။

“အိမ်က မိန်းမအတင်းပေးစားနေလို့”

“ခွီး”

သူ့စကားအဆုံးမှာ သူမက ခွီးခနဲရယ်သည်။

“အတည်ပြောတာ”

ရှက်အမ်းအမ်းဖြင့် သူဆို ဖြစ်သည်။ သူမက အရှိန်မသက်နိုင်ဘဲ တခွီးခွီးဖြင့် ရယ်၍ အတောမသက်နိုင် ဖြစ်ကာနေသည်။

အတန်ကြာအောင် ရယ်နေပြီးမှ

“ယောက်ျားပေးစားလို့ အိမ်ကပြေးတဲ့ မိန်းကလေးတွေ ပဲကြားဖူးပါတယ်၊ မိန်းမပေးစားလို့ အိမ်ကပြေးတဲ့ ယောက်ျားလေးမကြားဖူးသေးပါဘူး”

ဟု ဆိုရင်း ရယ်ပြန်သည်။ သူပါ ရှက်အမ်းအမ်းဖြင့် ရောရယ် ဖြစ်သည်။

“ဒါနဲ့ ပေးစားတဲကောင်မလေးက အသက်ကြီးနေလို့လား”

“မကြီးပါဘူး၊ အစ်ကိုထက်တောင် နှစ် နှစ် ငယ်သေးတယ်”

“ဒါဖြင့် မချော်လို့လား၊ အသာမဲမဲကြီး ဖြစ်နေလို့လား”

“ပြမယ်…အစ်ကိုသူငယ်ချင်တွေ ကိုပြဖို့ သူ့ဓာတ်ပုံကိုယူလာတယ်၊အသား ကတော့ဘာဖြူသလဲ

မမေးနဲ့၊ အဲ့…ရုပ် ကတော့လည်းချောပါတယ်၊ ဒါပေမယ့်”

“ဒါပေမယ့်“

“သူ့အိတ်ထဲမှ ဓာတ်ပုံကိုထုတ်ကာ သူမလက်ထဲထည့်ပေးရင်းကိုယ့်ဘာကိုပဲ ကြည့်တော့”ဟု ဆို ဖြစ်သည်။

သူမကသူပေးသော ဓာတ်ပုံကိုကြည့်ရင်း ဖွီးခနဲအောင့်ထား၍ မရတော့ဟန်ဖြင့် ရယ်သည်။

ပြီ တခွီးခွီးဖြင့် ရယ်က…

“တော် တော် ပိန်တယ်နော်၊ ပွင့်နဲ့ နင်လားငါလားပဲ”

ဟုဆိုသည်။ ဓာတ်ပုံထဲမှ အိမ်ကပေးစားသော သူ၏ ပုံက ပွင့်ထက်ပင် ဝကာနေသည်။ ပြီး ပွင့်လောက်ချစ်စရာမကောင်း။

“ဒီ ပစ်မလွဲကြီးကို သဘောမကျလို့ဆိုပြီး အိမ်ကအဒေါ်ကစိတ်ဆိုးတယ်”

သူ့စကားကို သူ့မက’ဘာ ဖြစ်လို့တဲတုန်း’ဟု ရယ်ကျဲကျဲဖြင့် မေးသည်။

“သူက ဇိကုပ်ပြီး နတ်ပြည်တင်တာကို အစ်ကိုက မြင့်တယ်ထင်ပြီးခုန်ချတာတဲ့ လေဒီပစ်မလွဲကြီးနဲ့တော့ အစ်ကို နတ်ပြည်လည်း မတက်ချင်တော့ပါဘူး၊ ညီမပဲ အစ်ကို့နေရာက စဉ်းစားကြည့်လေ၊ ဒီလိုဗလကြီးနဲ့ အားကောင်းမောင်းသန်ကြီးကို အစ်ကိုက ဟိုစကားပုံထဲကလို လုပ်နိုင်တော့မှာ မဟုတ်ဘူး”

သူ့စကားကိုသူမက’ဘယ်စကားပုံလ’ဟု ပြုံးစိစိဖြင့် မေးသည်။ ပြီးရယ်ရန်အသင့်အနေထားဖြင့် စောင့်ကာနေသည်။

“ကြီးရင်မှီ၊ ငယ်ရင်ချီဆိုတဲ့ စကားပုံလေ၊ အသက်ငယ်ပေမယ့်သူ့လိုဗလကြီးကို အသက်ကြီးတဲ့အစ်ကိုက ဘယ်လိုချီနိုင်မှာ တုန်း ဟုတ်ဘူးလား၊ ကျားကိုးစီးစားမကုန်တဲ့ အဲဒီ ခန္ဓာ ကိုယ်ကြီးကိုချီရရင် အသက်ဘယ်ကနေထွက်သွားမှန်တောင် ကိုယ့်ကိုယ်ကိုမသိဘဲ ဘဝကူးသွားနိုင်တယ်”

သူ့စကားအဆုံးမှာ သူမက တခွီးခွီးဖြင့် ရယ်သည်။

“ဒါနဲ့ အစ်ကိုက သူ့ဓာတ်ပုံကိုပဲ မြင်းဖူးတာလား၊ အပြင်မှာ မဆုံဖူးဘူးလား”

“ဘယ်မဆုံဘဲနေပါ့မလဲ၊ အစ်ကိုအဒေါ်က မဆုံဆုံအောင်ကိုမကွက်ချပေးတာ၊ ပြောရရင်တော့ အ ဖြစ်က ဒီလို…”

* * * * *

မင်းကလည်းကွာ ငါ့တူကို

အဲဒီ ဝတုတ်တုတ်ကြီးနဲ့ ဇွတ်

မလှော်စမ်ပါနဲ့၊ မင်းသား

ယောက်ျားဆိုရင်လည်း

အဲဒီ ပစ်မလွဲကြီးကို ကြိုက်မှာ

မဟုတ်ဘူး။

* * * * *

“သားရေ…ဒီနေ့ မီးမီးလေးလာမယ်နော်၊ အန်တီထမင်းစားဖိတ်ထားတယ်သိလား”

“ဗျာ”

“မဗျာနဲ့၊ ၁၅ မီနစ်ဆိုရောက်လာတော့မှာ ၊ အဆင်ပြေအောင်ကြည့်နေနော်၊ ဒါပဲ”

ဆိုင်းမဆင့် ဗုံမဆင့်ကြီးဗျာ

မချင်မရဲဖြင့် ဆိုသော သူ့စကားအဆုံးမှာ သူ့အဒေါ်က သူ့ကိုဒိုင့်ခနဲ မျက်စောင်းထိုးသည်။

“ဟဲ…ဆိုင်းတွေ ဗုံတွေ ဆင့်နေရင် မင်းကရှောင်နေတော့မှာ လေ၊ ဒီတော့ ငါလည်း လည်သလိုလုပ်ရတော့တာပဲ၊ ကဲ ကဲ မျက်နာကြီး ရှုံ့မဲ့မနေနဲ့၊ အဝတ်စားလေးဘာလေး သွားလဲထား”

အဒေါ် ဖြစ်သူက ပြောပြောဆိုဆိုပင် ဧည့်ခန်ထဲမှ ဆက်တီခုံများ ကို ကြက်တောင်မွှေးတစ်ချောင်းဖြင့် ဖုန်သုတ်ကာနေသည်။

“မင်းကလည်းကွာ ငါ့တူကို အဲဒီ ဝတုတ်တုတ်ကြီးနဲ့ ဇွတ်မလှော်စမ်းပါနဲ့၊ မင်းသား ယောက်ျားဆိုရင်လည်း အဲဒီ ပစ်မလွဲကြီးကိုကြိုက်မှာ မဟုတ်ဘူး၊ ပြီးတော့ အချစ်မရှိတဲ့ အိမ်ထောင်ရေး ဆိုတာ”

“တော် ပြီ ကိုကျော်ရင်၊ ဒီခေတ်ကြီးမှာ အလှအပဆိုတာ ပိုက်ဆံရှိရင် ပြင်လိုဆင်လို့ရတယ် နားလည်လား၊ အဓိကကမျိုးရိုသန့်ဖို့နဲ့ ငွေရှိဖို့ပဲလိုတယ်”

ဦးလေး ဖြစ်သူ၏ စကားပင်မဆုံးသေး ဦးလေးမိန်းမ ဖြစ်သူက တော် ပြီ ကိုကျော်ရင် ဟုဆိုကာ သူမလက်ခံကျင့်သုံးနေသော ဒဿနကို ရေရွတ်ပြသည်။

“အဲဒီ မစိန်ချစ် တော် တန်ရုံရုပ်မလှတာကို ပြုပြင်လို့ရချင်ရမယ်၊ အဲဒီ ပစ်မလွဲကြီးကို ပိန်သွားအောင်တော့ ငွေဘယ်လောက်ကုန်ကုန် လုပ်နိုင်မယ်မထင်ဘူး”

“မပိန်တော့ကော ဘာ ဖြစ့်လဲ၊ လောကကြီးမှာ လှတာကချက်စားလို့မရဘူး၊ ဝတာက ဖက်ထားလို့ရတယ်၊ ဒီတောင်ကြီးလိုအေးတဲ့ ရာသီဥတုနဲ့ မီးမီးလေးလို ဝဝလှလှလေးနဲ့က ငါ့တူအတွက်အံကိုက်ပဲ”

အဒေါ် ဖြစ်သူ၏ စကာအဆုံးမှာ ဦးလေးက တော် စမ်းပါ မစိန်ချစ်ရာ ဟု ဆိုသည်။ တကယ်တော့ဦးလေးမိန်းမ၏ နာမည် က ဒေါ်သိင်္ဂီချစ် ဖြစ်သည်။ ငွေပိုငွေလျှံရှိတိုင်း စိန်တွေ ချည်လှိမ့်ဝယ်တက်သဖြင့် ဦးလေးက ‘စိန်ချစ’် ဟု နာမည် ပြောင်ထားပေးသည်။

ဦးလေးဦးကျော်ရင်က မေမေ့မောင် ဖြစ်သည်။ သူ ၁၀နှစ် သားအရွယ် မေမေရော ဖေဖေပါ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားချိန်မှာ သားထောက်သမီးခံမရှိသော ဦးလေးတို့လင်မယားက သူ့ကိုမွေးစားထားခြင်း ဖြစ်သည်။ မေမေတို့ဘက်က ဦးလေးနှင့် မေမေတို့ မောင်နှမ နှစ် ယောက် တည်းသာရှိသော်လည်း ဒေါ်လေးတို့ဘက်ကမောင်နှမလေးယာက်ရှိသည်။ သို့သော် ဒေါ်လေးမှအပ ကျန်မောင်နှမသုံးယောက် ကလူပျိုကြီးအပျိုကြီးများ မို့ သွေးသားရင်းချာ တူ တူမအရင်းဟူ၍ ဒေါ်လေးမှာ မရှိ။ ထို့ကြောင့် ယောက်ျား ဖြစ်သူ၏ တူအရင်းကိုပဲ သားအရင်းလို မွေးစားလာခဲ့တာ ဖြစ်သည်။

ဦးလေးအရင်းထက်ပင် သူ့ ကိုချစ်သေးသော ဒေါ်လေး၏ ချို့ ယွင်းချက်က တစ်အိမ်သားလုံး၏ ကိစ္ဇအဝဝကို သူကစီမံကာဆရာမ ကြီးလုပ်ရမှ ကျေနပ်သည့်အကျင့် ဖြစ်သည်။

အခုလည်းသူ မိန်းမယူမည့် ကိစ္စကို မမေးမစမ်းတော့ဘဲစီစဉ်ချင်ရာ လျှောက်စီစဉ်ကာနေသည်။စီစဉ်မဲ့စီစဉ်ပြန်တော့လည်းစီစဉ်သမျှကတလွဲ။

“မင်း တစ်ဖက်ကိုစကားမကျွံစေနဲ့ နော် မစိန်ချစ်၊ ငါ့တူမကြိုက်လို့  ကတော့ ဘယ်လောက်ချမ်းသာချမ်းသာ မပေးစားနိုင်ဘူး၊ကျုပ်ပြောတာကြားတယ်မဟုတ်လား မစိန်ချစ်”

“ကြားတယ်…ကြားတယ်”

ဦးလေး၏ စကားအဆုံးမှာ ဒေါ်လေးက ‘ကြားတယ်’ ဟုဆောင့်ကြီးအောင့်ကြီး ရေရွတ်သည်။ ပြီးသူ့ဘက်လှည့်ကာ’ဘယ်မှထွက်မသွားသေးနဲ့ဦးနော်’ ဟု လှမ်း၍ ဆိုသည်။

သူ ခေါင်းကို ခပ်လေးလေးပင် ညိတ်ပြ ဖြစ်သည်။ ဒေါ်လေးက ‘ဘာပြောပြော တောင်ကြီးမှာ မီး မီးလေးတို့စိန်ဆိုင်က အကြီးဆုံးပဲ၊ မီးမီးလေးက ပြန်မကြိုက်လို့သာ သူ့ကိုလိုက်နေတဲ့ လူတွေ ကနည်းတာမဟုတ်ဘူး’ ဟု မကြားတကြားရေရွတ်သည်။

ဦးလေး ကတော့ ဒေါ်လေးစကားကို မကြားယောင်ပြုသည်။ သူ ကတော့ သက်ပြင်းကိုသာ ချ ဖြစ်သည်။

* * * * *


ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ခရီးဖော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်သူ့ဆံစမှာမှကြွေချင်တဲ့နှင်း

ချစ်သူကိုယ်တိုင် သွန်းခတ်ခဲ့သော သစ်သီးများ

မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး