Cover

ချစ်သူကိုယ်တိုင် သွန်းခတ်ခဲ့သော သစ်သီးများ

မြည်းကြည့်နေစရာ မလိုပါဘူး ။

ချစ်သူကိုယ်တိုင် သွန်းခတ်ထားခဲ့မယ်ဆိုရင် သစ်သီးတိုင်းဟာ

တစ်ဘဝစာ ချိုမြနေမှာ ပါ ။

♥ ♥ ♥


မျက်စိလျင်သူများ ကို စာရင်းပြုစုလျှင် ကားဒရိုင်ဘာများ က ရှေ့ဆုံးမှ ဖြစ်မည် ထင်သည် ။

ကောင်မလေးချောချောဆို ကိုယ်တွေ သတိမထားမိခင်မှာ ပင် ဆရာသမား တွေ က အရင်မြင်ပြီးသား . . .

“ ဟကောင်တွေ ရှေ့ကမဏ္ဍပ်မှာ ကျောက်ချရအောင် ” ဟု လှည့်ကာ ဆိုရင်း ကားပေါ်မှ ကားအောက်အရင် ရောက်သည်ကလည်း ကားဆရာပင် ။

“ ဟ . . မိုးအောင် မြန်လှချည်လား ”

“ ငါက မမြန်ဘူး ။ မင်းတို့ကိုက နှေးနေတာ ”

ဆရာသမားက ကျွန်တော့်ကို ခါးထောက်ကာဆိုရင်း . . . ကားပေါ်မှ လူများ ကို တစ်ချက်ဝေ့ကြည့်ကာ . . . .

“ မြန်မြန်ဆင်းကြလေကွာ . . . ”

ဟု စိတ်မရှည်သလို အော်သည် ။

တကယ်တမ်းကျ ကျန်လူများ လည်း နှေးသည်မဟုတ် ။ ကားပေါ်မှ မဆင်းသေးသည်က မဏ္ဍပ်၏ မည် သည့်နေရာ၌ အချောအလှများ သည်ကို ကင်းထောက်နေ ကြခြင်း ဖြစ်သည် ။

မဏ္ဍပ်သေးသေးလေး၏ မျက်နှာစာမှာ ရပ်နေသော ကျွန်တော် တို့ တစ်သိုက်ထံသို့ ကောင်မလေးတချို့က ရေပုံးကိုယ်စီ ၊ ရေခွက်ကိုယ်စီဖြင့် ဝေါခနဲပြေးချလာသည် ။

“ ဝေး ”

“ ဟေး ”

“ ဗွမ်း ”

“ အောင်မလေးဗျ ”

“ ဝေး ” ဟု အော်သော ကောင်မလေးတချို့က ရေပုံးများ ဖြင့် “ ဗွမ်း ” ခနဲနေအောင် လှမ်းပက်ကြသည် ။

တစ်ကိုယ်လုံးမှ ကြွက်သားများ ကျုံ့ဝင်သွားချိန်မှာ “ ဟေး ” ဟု အော်သော ကောင်မလေးအချို့က လက်သီးဆုပ်သာသာခွက်ကလေးများ ဖြင့် ဝိုင်းကာပက်ကြ၏ ။

“ အောင်မလေး . . . အေးလှချည်လား ”

“ ရေခဲရေလေ . . . ဟီ ဟီ ”

တောက်လျှောက်ရေပက်ခံလာရသဖြင့် ခိုက်ခိုက်တုန်နေသော အချိန်မှာ မှ အပက်ခံရသော ရေခဲရေ၏ အစွမ်းကြောင့် လူတစ်ကိုယ်လုံးခဲသွားပြီဟုပင် ထင်ရသည်အထိ ထုံကျဉ်အေးစက်သွားရသည် ။

“ ချမ်းသွားလား ”

ဂတ် ဂတ် ၊ ဂတ် ဂတ်ဖြင့် တုန်နေသည်ကို ကြည့်ရင်း မချိုမချဉ်မေးလာသော အနီရောင် မလေးကို နားရင်းအုပ်ချင်စိတ်ပေါက်သွားရသည် ။

“ မချမ်းဘူး ”

အညင်ကတ်ကတ်ဖြင့် ရွဲ့ကာဖြေသော ကျွန်တော့်စကားအဆုံးမှာ ကောင်မလေးက မိန့်မိန့်ကြီးပြုံးရင်း “ ဟတ်လား ” ဟုခနဲ့ တဲ့တဲ့ဆိုသည် ။ ပြီး သူမ၏ ဘော်ဒါများ ဘက် လှည့်ကာလက်ခုတ်တီးရင်း . . .

“ ဟေ့ . . . ဒီက တစ်ယောက် က မချမ်းသေးဘူးတဲ့ ၊ ကူညီလိုက်ကြဦးလေ ”

သူမ၏ စကားအဆုံးမှာ ပြေးလာသော အုပ်စုကြီးကိုကြည့်ရင်း ကျွန်တော် အသက်ရှူ ရန်ပင်မေ့ကာ မျက်လုံးတွေ ၊ အသားကုန်ပြူးလို့သွားရသည် ။ ကြည့်ဦး . . . တချို့လက်ထဲမှာ က ဆန်ကောကြီးတွေ ၊ တချို့လက်ထဲမှာ က ရေခွက်ပိစိကွေးလေးတွေ ။ ထို ရေခွက်ပိစိကွေးများ ထဲမှာ ပါလာသော ရေကား ရေခဲရေမှန်းမမေးဘဲသိပြီး ဖြစ်သည် ။

“ ဟိုက် . . . ငါတော့ ရေတိမ်နစ်တော့မယ်နဲ့ တူတယ် ”

ကောင်မလေးအုပ်စုကြီးက ရုပ်ရှင်တွေ ထဲကလို Slow Motion ဖြင့် လာနေသည်မဟုတ် ။ “ ဝုန်း ” ခနဲ “ လှစ် ” ခနဲ ရောက်လာကြပြီး “ ဖြန်း ” ဆို ရေခွက်ပိစိကွေးလေးများ မှရေတို့ဖြင့် ဝိုင်းပက်ကြသည် ။ ထိုမျှမကသေး ဆန်ကော နှစ် ချပ်ဖြင့် ဘယ်ညာဝိုင်းကာ လူကို “ ယပ် ” ခတ်ပေးကြပြန်သည် ။

“ ကဲ . . . ချမ်းပြီလား ၊ မချမ်းဘူးဆိုလို့ ကူညီတာနော် . . . ကူညီတာ ”

“ ဟ ဟ . . . ရပြီ ရပြီ ၊ နင်တို့က လူကိုလေဖြတ်ပြီး မြန်မြန်သေအောင် ဝိုင်းသတ်နေကြတာလား ၊ ငါတို့က မိန်းမရကြသေးတာမဟုတ်ဘူး ”

“ အောင်မာ . . . အရေး ထဲ ကြော်ငြာက ဝင်နေသေးတယ် ”

ကောင်မလေးများ က “ ဝါး ” ခနဲ လှောင်ရယ်ဝိုင်းရယ်ကြရင်း ရေခပ်ရန် အလို့ငှာ ရေတိုင်ကီများ ဆီ ပြန်သွားကြသည် ။ မဏ္ဍပ်ကပိုက်များ ဖြင့် ထိုးသော မဏ္ဍပ်ကြီးမဟုတ် မဏ္ဍပ်ငယ်လေး ဖြစ်သည် ။ ရေတိုင်ကီကြီးငယ်များ က မဏ္ဍပ်ပတ်ပတ်လည်မှာ စီတန်းလျက် . . .

“ ငါတို့က ကြော်ငြာမယုံဘူး ” ဟု နေရာမှာ ကျန်နေခဲ့သော စောစောက လက်ခုပ်တီး၍ ဘော်ဒါများ ကိုခေါ်သော ကောင်မလေးက ရယ်ချင်ပတ်ကျိမျက်နှာဖြင့် ကျွန်တော့် ကိုစသည် ။

“ ဟာ အတည်ပြောတာ . . . အတည် ။ ဘာလဲ မယုံလို့လား ။ အိမ်က အမေဆီလိုက်မေးပါလား ”

“ လဲ သေလိုက်ပါလား ။ မေးစရာလား ။ အရှက်ကိုမရှိဘူး ”

“ အဟဲဟဲ . . . အရှက်မရှိတဲ့လက်စနဲ့ မေးရဦးမယ် နာမည် ဘယ်လိုခေါ်လဲ ”

“ ပြောပြစရာလား ”

ဒိုင်းခနဲ မျက်စောင်းထိုးရင်းဆိုသော ကောင်မလေးများ ၏ အလှက တော် ရုံတန်ရုံ လူသာဆိုပစ်လဲ သွားလောက်သည် ။

စကားများ ရေပတ်မဝင်အောင်ဆိုနေသော ကျွန်တော့် လက်ထဲမှာ ကားပေါ်က ခက်လာခဲ့သော ရေခွက်က လုံးလုံးမလောင်းရသေး ။ အခုတော့ လောင်းရမည့်  ပိုင်ရှင်ကို တွေ့ ပြီ ဖြစ်သည် ။

“ ရေလောင်းမယ်နော် ”

“ လောင်း ” လို့တော့ ကောင်မလေးကမပြော ။ ဒီကောင်တွေ ကလည်း ကားပေါ်၌ ရေကို နှစ် မျိုးခွဲကာ တင်လာကြခြင်း ဖြစ်သည် ။ တစ်မျိုးက ရိုးရိုး ။ နောက်တစ်မျိုးက . . . ရှယ် ။ အဲလေ . . . ရေခဲရေ . . .

“ အကျင့်ကိုမကောင်းဘူး ”

သူမတို့အလှည့်တုန်း ကတော့ ရေခဲရေနှင့်လောင်းကာ ဆန်ကောဖြင့် ဝိုင်း၍ ယပ်ခတ်ပေးကြစဉ်က မိန့်မိန့်ကြီးလုပ်နေသော သူမက အခုတော့ နှုတ်ခမ်းကြီး စူကာ စိတ်ဆိုးသည် ။

“ နာမည် ပြောပြဦးလေဟာ ၊ သင်္ကြန်မှာ သူများ စိတ်ဆင်းရဲအောင်လုပ်ရင် ငရဲကြီး တတ်တယ်ဟ ”

“ မကြားဖူးပေါင် ”

ညစ်ကျယ်ဖြင့် ဆိုသော ကျွန်တော့် စကားအရှည်ကြီးကို သူမက စကားလေးလုံး တည်းဖြင့် တုံ့ပြန်သည် ။

“ ငါ့နာမည် က သက်ပိုင်ဖြိုး ”

“ ငါမမေးမိဘူးထင်တယ် ”

ကောင်မလေး၏ စကားကြောင့် ကျွန်တော့် မျက်နှာဖြန်းခနဲ နွေးနွေးကြီး ဖြစ်သွားရသည် ။ တကယ်တော့ ကျွန်တော် က Introduction လုပ်သည့်အနေဖြင့် ကိုယ့်နာမည် ကို ကိုယ်အရင်မိတ်ဆက်ပေးခြင်း ဖြစ်သည် ။ နောက်မှ သူမ၏ အမည် ကိုမေး ။ ယဉ်ကျေးမှု အရက ဤသို့ ဖြစ်သည်ကိုး . . .

သို့သော် . . .

ကျွန်တော့်၏ ပထမခြေလှမ်းသည် ကောင်မလေး၏ စကားကြောင့် အလိုလို ရိုက်ချိုးလိုက်ပြီးသား ဖြစ်၍ သွားသည် ။

“ သင်္ကြန်ပြီးလို့ တွေ့ ရင်ခေါ်လို့ရမလား ”

ကြိုက်မရှက် ငတ်မရှက်ဆိုသည့်အတိုင်း ငတ်နေပြီ ဖြစ်သော်လည်း အဲလေ . . . ကြိုက်ထိုက်ထိုက်ကြီး ဖြစ်နေပြီ ဖြစ်သော ကျွန်တော် အရှက်မရှိစွာ ပင် စကားကို ဆက် ဖြစ်သည် ။

“ ငါတို့က နှစ် ဆန်းတစ်ရက်နေ့ရောက်ရင် အတိတ်ကအကြောင်းအရာ တော် တော် များများ ကို Cancel လုပ်ပစ်တာ ”

“ ဟာ ဒီလိုဆို အရမ်းရက်စက်ရာကျတာပေါ့ ”

“ . . . . . . . . . . . ”

ကျွန်တော် ကရုပ်ကြမ်းကြီးနှင့် မည် မျှပင်နွဲ့စေကာမူ သူမထံမှ ခွန်းတုံ့မလာတော့ . . . သူမက လမ်းမဘက်ဆီမှ လက်ပြနေသော ကောင်မလေး တစ်သိုက်ကို ပြန်လည်လက်ပြနေသည် ။

မအောင်မြင်စွာ ပြန်လည်ဆုတ်ခွာရမည့်  အနေအထား ဖြစ်သော်လည်း ရင်ခုန် လှိုက်ဖိုဖွယ်ကောင်းလွန်းသော ကောင်မလေး၏ ဘေးမှ မခွာရက်နိုင်ဘဲ ဖြစ်ကာနေသည် ။

ကျွန်တော် ကသာ မခွာနိုင် ဖြစ်နေသော်လည်း ကျွန်တော့် ဘော်ဒါများ မှ ကားပေါ်သို့ ပင် ပြန်၍ နေရာယူပြီးနေလေပြီ ။ ဟွန်းရှည်ပင် တတီတီတီးလျက် ကျွန်တော့်ကိုခေါ်နေသည် ။

“ ငါ့ကောင်ကြီး . . . ရေတိမ်နစ်မယ် . . . အမြန်လာ ”

“ မယုံနဲ့ နော် . . . မယုံနဲ့ . . . မင်းကိုလိပ်စာမှားတွေ ၊ နာမည် မှားတွေ ပေးနေတာ ”

ကားပေါ်ကနေ အော်ချင်ရာအော်နေကြသော ငှက်ဆိုးထိုးသံများ ကြောင့် ကောင်မလေးက နီးစပ်ရာမှာ ရှိသော ကျွန်တော့် ကိုဘုကြည့်ကြည့်သည် ။

သဘောကမသွားသေးဘူးလား ဆိုသော သဘော ။

“ ဘော်ဒါတွေ ကတော့ ခေါ်နေကြပြီ ။ ကျန်နေခဲ့လို့ မရဘူးလား ”

“ မရဘူး ဒါအမှိုက်ပုံးမဟုတ်ဘူး ။ အရူးတွေ လက်မခံဘူး ”

“ ဟေ ”

ကျွန်တော့်ခမျာ အရှိုက်ကို အထိုးခံလိုက်ရသလို အီလည်လည်ကြီး ခံစားလိုက်ရသည် ။ ကောင်မလေးက ကျေနပ်သွားဟန်ဖြင့် တစ်ဖက်လှည့်ကာ ပြုံးသည် ။ ပြုံးဆို သူမက အထက်စီးက ဆိုလိုက်ရသူ ဖြစ်သည်ကိုး . . .

“ တီ တီ တီ ”

“ အာ . . . ဒီကောင် ကတော့ ”

ကားပေါ်မှဘော်ဒါများ က တစ်ယောက် တစ်ပေါက်စီ အပြစ်တင်ရင်း ခေါ်နေသလို ။ ကားဆရာမိုးအောင်ကလည်း ဟွန်းကို အဆက်မပြတ်တီးကာ ခေါ်နေသည် ။

“ သွားရတော့မလား ”

“ သွား . . . သွားသင့်တာကြာပြီ ”

“ ခွဲနိုင်လို့လား ”

“ အောင်မာ . . . မာ ၊ သေလိုက်ပါလား ”

“ နင်မသွားရင် ငါသွားမယ် ”

ကောင်မလေးက ပြောပြောဆိုဆိုဖြင့် ဇက်တောက် ၊ ဇက်တောက် လိမ်ကျစ်လိမ်ကျစ်နှင့် စတုဒီသာကျွေးသော ဘက်သို့ ယွန်း၏ ။

စောစောက ကားပေါ်မှနေ အသံကုန်အော်ကာ ခေါ်နေကြသော ဆရာသမားများ က အခုတော့လည်း “ လိုက်သွား လိုက်သွား ” ဟု အမူအရာလုပ်ပြကြသည် ။

ကျွန်တော် လည်း မထူးတော့ပြီမို့ ပခုံးပြန်တွန့်ပြလိုက်ရင်း ကောင်မလေး နောက်သို့ မယောင်မလည်ဖြင့် လိုက်သွား ဖြစ်သည် ။

ကျွန်တော် လိုက်လာမှန်း သူမ သိစေရန် အလို့ငှာ . . .

“ ဒီ မဏ္ဍပ်က မစွံပါဘူးကွာ ၊ ဘာမှလည်းမကျွေး ၊ ဘာမှလည်း မတိုက်နဲ့ တော် တော် ကပ်စေးနည်းတဲ့ မဏ္ဍပ် ”

ကျွန်တော့်အပြစ်တင်သံကြောင့် သူမ ဖျတ်ခနဲလှည့်ကြည့်သည် ။ ပြီးတော့ ငေါ့တော့တော့ လေသံဖြင့် . . .

“ မုန့်လုံးရေပေါ်ရှိသားပဲ . . . စေတနာမရှိလို့ မကျွေးတာ ”

“ အာ . . . ဘယ်လိုကြီးလဲဟ ”

“ ဟဲ့ မိနေ ၊ နင်ကလည်း အားနာစရာကြီး ”

သူမ၏ သူငယ်ချင်း တစ်ယောက် က ကျွန်တော့် ကိုအားနာစွာ ကြည့်ရင်း ဆိုသည် ။ သူမ သူငယ်ချင်း၏ စကားအရ “ မိနေ ” ဟူသော နာမည် တစ်စွန်းတစ်စကို သိလိုက်ရသည် ကတော့ အမြတ်ဟုဆိုရသည် ။

“ ဟိုမှာ ဟမ်ဘာဂါထည့်တဲ့ ဆိုဒ်နဲ့ ထည့်ထားတဲ့ မုန့်လုံးရေပေါ် နှစ် ဗူးလောက်ယူပေးလိုက် ”

“ . . . . . . . . . . . . . ”

သူမ သူငယ်ချင်းက “ မိနေ ” ဆိုသော သူမကို မုန့်လုံးရေပေါ်ယူပေးလိုက် ရန် ပြောသော်လည်း သူမ နှုတ်ခမ်းကြီးစူကာ မကြားယောင်ပြုသည် ။

“ ဟဲ့ မိနေ ”

သူမ၏ သူငယ်ချင်းက နောက်တစ်ခါ ခပ်ဆောင့်ဆောင့်ခေါ်လျက် ယူပေးလိုက် ရန် သတိပေးသည် ။ ကျွန်တော့် ကို အားနာဟန်ဖြင့် လည်း တစ်ချက်ကြည့်သည် ။ ကျွန်တော် ကလည်း ကျွန်တော် ။ အရှက်မရှိပင် သူမ မယူပေးမချင်းပေတေ၍ ရပ်နေရန် ဆုံးဖြတ်ကာနေရာမှ တစ်လက်မမှမရွေ့ဘဲ ကျောက်ချထားသလိုလို ရပ်နေခြင်း ဖြစ်သည် ။

ထိုအခါမှ သူမက ဘာစိတ်ကူးပေါက်သည်မသိ ။ မုန့်လုံးရေပေါ်ထည့်ထားသော ဗူးနှစ် ဗူးကို မယူချင့်ယူချင်ဖြင့် ခပ်ဆောင့်ဆောင့်ယူကာ . . .

“ ရော့ . . . ငရုတ်သီးကံစမ်းမဲပါတယ် ။ ကိုယ့်ဘာသာကိုယ်ကြည့်စား ”

ကလေး တစ်ယောက် လို နုရွယ်ကာ ချစ်စရာကောင်းသော သူမထံမှ ငရုပ်သီးစပ်မည် စိုး သော ဖြူစင်သည့်စေတနာတချို့ကို မြင်လိုက်ရသော အခါ ကျွန်တော် တော် တော် ကြီး ပီတိ ဖြစ်သွားရသည် ။

“ ကျေးဇူးပဲ . . . အခုလို စိုးရိမ်ပေးတဲ့အတွက်ပါ ”

“ . . . . . . . . . . . . . ”

ကျွန်တော့် စကားကို သူမဘာမှပြန်မပြော ၊ ရှက်ဝဲဝဲဟန်ဖြင့် ခေါင်းကြီး ငုံ့ကာထား၏ ။

အခုလိုဆိုပြန်တော့လည်း အရှက်အကြောက်ကြီးတတ်ပုံရသော ကောင်မလေးကို ကြည့်ရင်း ကျွန်တော် မချင့်မရဲကြီး ဖြစ်နေသည် ။ ခွာပင်မခွာချင်တော့ . . .

“ သွားပြီနော် ”

“ . . . . . . . . ”

သူမ ဘာမှပြန်မပြော ။ ကျွန်တော် သူမကို ကျောခိုင်းကာ ကားဆီသို့ အလာ ရင်မှာ ဟာတာတာကြီး ဖြစ်ကာနေသည် ။

“ ဟိုကောင် . . . အမြန်လာ . . . ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး ”

ကားပေါ်မှနေ စိတ်ရှည်ဟန်မတူသော မိုးအောင်က လှမ်းအော်သည် ။ ကျွန်တော် က လက်ထဲမှ မုန့်လုံးရေပေါ်ထည့်ထားသော ဗူးနှစ် ဗူးကို မြှော က်ပြရင်း “ တွေ့ တယ်မဟုတ်လား ” ဟူသော သဘောဖြင့် မိန့်မိန့်ကြီးလက်မထောင်ပြသည် ။

“ ဟာ . . . အရေး ထဲ . . . ကျန်ခဲ့ကွာ ”

ကားအနီးရောက်ကာမှ ဆရာသမားက ကားကို လှိမ့်ထွက်သည် ။ တကယ်တော့ ကျွန်တော့် ကို ကောင်မလေးတွေ ရှေ့မှာ ကားနောက်လိုက်ပြေးကာ အရှက်ရစေရန် ဖြစ်သည် ။

“ ဟာ . . . ဟကောင် နေဦးလေ ”

မိုးအောင်ဆင်ထားသော အကွက်ထဲ ကျွန်တော် ဝင်သွားသည် ။ ကားရားကြီး ကားနောက်လိုက်ပြေးသော ကျွန်တော့် နောက်မှ ရယ်သံက “ ဝေါခနဲ ” ကပ်ပါလာသည် ။

ကားပေါ်သို့ ပုံပျက်ပန်းပျက်ဖြင့် ရောက်သွားချိန်မှာ နောက်သို့ပြန်လှည့် ကြည့် ဖြစ်သည် ။ မဏ္ဍပ်ထဲမှသူမက လျှာကို “ ဆတ် ” ခနဲ ထုတ်ပြသည် ။

ကျွန်တော့် ရင်ဘတ်ထဲမှာ တော့ “ လှပ် ” ခနဲ ။

“ ဟ . . . ဒီကောင် တော် တော် တော် တဲ့ ကောင်ပါလားဟ ။ ပါဆယ်ဗူး နှစ် ဗူးကြီးများ တောင် အလစ်သုတ်လာနိုင်တယ် ”

“ အာ . . . မင်းမေကြီးတော် . . . ကောင်မလေးပေးလိုက် တာကွ . . . ရော့ မျိုကြ . . . စို့ကြ ”

ဆရာသမားများ က မုန့်လုံးရေပေါ်ဗူးကို ကမန်းကတမ်းဖွင့်သည် ။ တစ်ယောက် ကဗူးထဲမှ သွားကြားထိုးတံဖြင့် မုန့်လုံးရေပေါ် တစ်လုံးကို ထိုးယူရင်း

“ ရော့ . . . မင်းဦးဦးဖျားဖျားစား ကောင်မလေးတွေ ကြည့်တဲ့ အထိမ်းအမှတ်နဲ့ ဂုဏ်ပြုတာ . . . စား ”

ဆရာသမား၏ မြှော က်ပင့်သော စကားကို သိသိကြီးနှင့် ပီတိ ဖြစ်ကာ ပါးစပ်ကို အလိုက်သင့်ဟပေးလိုက် သည် ။ ပြီးမိန့်မိန့်ကြီးပြုံးကာ ပါးစပ်ထဲမှ မုန့်လုံးရေပေါ်ကို နှစ် ချက်ခန့်အဝါးမှာ . . .

“ င . . . ငရုတ်သီးတွေ ကွ . . . ထွီ ”

“ ဟား ဟား ဟား ”

“ ဟား ဟား ဟား ”

ဘော်ဒါများ ၏ ရယ်သံက ဝမ်းသာအားရသံများ စွက်လို့နေသည် ။ မျက်နှာကြီး ရှုံ့မဲ့ကာ “ တောက် ” ခေါက်လိုက်ရုံမှအပ ဘာမှမတတ်နိုင် ။

ကောင်မလေးဆီမှ ပထမဆုံးစတင်မြည်းစမ်းရသော သစ်သီး၏ အရသာမှာ စပ်တတ်တတ် . . . ပူထူထူကြီး ဖြစ်သည် ။

သို့သော် . . . . .

ရင်ကိုတော့ နွေးစေ၏ ။

♥ ♥ ♥


မြန်

မာ့ဆေးကျမ်းများ မှာ မှတ်သားခဲ့ရဖူးသလောက် “ ငရုတ်သီးသည် ဆီးနည်း၏ ။ ဝမ်းချုပ်၏ ။ ချွေးထွက်၏ ။ သွေးတက်၏ ” ဟုဆို၏ ။

ထိုနေ့က ကျွန်တော် ချွေးမထွက်သလို ။ သွေးလည်းမတက်ပါ ။ သို့သော် ယင်းကောင်မလေးကြောင့် အတွေးတော့ ခက်ခဲ့ပါသည် ။

“ ဘာ

မှ အတွေးခက်မနေနဲ့ ။ ဒီနေ့လည်း အဲဒီ မဏ္ဍပ်ကို သွားရအောင် ။ မင်းကို မမှတ်မိရင်တောင်မှ ငါတို့ကိုတော့ မှတ်မိမှာ ပါ အဟဲ ”

ခွန်ဇော်အေးက ကော်လံကို ခပ်ကြွားကြွားထောင်ရင်း တဟဲဟဲရယ်လျက်ဆိုသည် ။

“ ဒီနေ့ အင်းလေးခေါင်တိုင်ရေပူစမ်းကိုသွားမှာ ပါဆိုနေမှ ။ ချစ်သူကိစ္စကိုပဲ ရှေ့တန်းတင်ချင်နေတယ် ။ Sorry ပဲ ဒီနေ့တောင်ကြီးမှာ ရေလောင်းဖို့ ၊ ရေပက်ခံဖို့ ကိစ္စ လုံးဝမရှိဘူး ။ ဒါပဲ ”

“ ဝုတ်တယ် ။ ဒီနေ့ခေါင်တိုင်ကိုပဲသွားမယ် ”

“ It's Great idea ! Let's go . . . Come on ”

မိုးအောင်က ခွန်ဇော်အေးကိုဆိုအပြီးမှာ “ ခိုင်စိုး ” က “ ဝုတ်တယ် ” ဟု ထောင်ခံသည် ။

ကျွန်တော် နှင့် ခွန်ဇော်အေးဘာမှမပြောနိုင်သေးခင်မှာ ပင် ငြိမ်းအောင် က ငပိသံ စစ်စစ်ကြီးဖြင့် အထက်ပါအတိုင်း ဆိုရင်း စားပွဲထိုးကို လှမ်းခေါ်သည် ။ စဘောက အခုပဲ အင်းလေးခေါင်တိုင် ရေပူစမ်းကို သွားကြည့်ကြမည့်  သဘော ။ အားလုံး ကလည်း အဝတ်အစား လဲထားပြီးသား ဖြစ်သည် ။ သူ့အိမ် ကိုယ့်အိမ်ကနေ ကိုယ်စီထွက်လာကြပြီး ဤ “ အချစ်ရွာ ” ကဖေးမှာ နံနက်စာ ဝါးတီးလာဖွင့်ကြခြင်း ဖြစ်သည် ။

တောင်ကြီးတွင် လည်လိုသော မဲမှာ နှစ် မဲသာ ရှိသဖြင့် နောက်ဆုံး ခေါင်တိုင်ကိုသာ ဒိုးရတော့မည် ဖြစ်သည်မို့ ကျွန်တော် နှင့် ခွန်ဇော်အေး တစ်ယောက် ကို တစ်ယောက် ကြည့်ရင်း မျက်ခုံးပင့်ပြ ဖြစ်ကြသည် ။

“ ဟိုနှစ် ကောင် မျက်နှာက လင်းတဓါတ်ချုပ်နေတဲ့ ပုံစံ လုပ်မနေကြနဲ့ ။ သွား ကားပေါ်အရင်တက် ”

မိုးအောင်က ခွန်ဇော်အေး ၏ ဖင်ကို ဖတ်ခနဲ ဆောင့်ကန်ရင်း ခပ်ဆောင့်ဆောင့် ဆိုသည် ။ ပြီး ဆရာကြီး အထာဖြင့် . . . . .

“ ရေပူစမ်းမှာ ရေတစ်ခါမှ မချိုးဖူးတဲ့ လူဆိုလို့ မင်းတို့နှစ် ယောက် ပဲ ရှိတာ ။ ဒါတောင်မသွားချင်ဘူး လုပ်ရသေးတယ် ။ ဒီနေ့ပါ မင်းတို့ ရေအပက်ခံ ထွက်လို့ ကတော့ တောင့်ပြီးသေမှာ . . . ဒါ . . . တောင်ကြီးသင်္ကြန် ။ ရာသီဥတုက ရန်ကုန်တို့ မန္တလေးတို့လို ပူနေတာ မဟုတ်ဘူး ”

“ မင်း ငါ့ကို တော် တော် စိုးရိမ် ပေးသားပဲ ။ အေးလေ စိုးရိမ်မှာ ပေါ့ ။ ငါ့ကို သူ့ညီမနဲ့ ကြိတ်ပြီးသဘောတူ နေတာကိုး ”

မိုးအောင်ကို တစ်လှည့် ကျွန်တော် တို့ကို တစ်လှည့်ကြည့်ပြီး ခွန်ဇော်အေးက ခတ်ကြွားကြွားဖြင့် ဆိုသည် ။

“ ခွေးကောင် ၊ ငါ့ညီမနဲ့ မင်းနဲ့ အရပ်ချင်းတူရင်ယူ ၊ ငါပေးစားမယ် ။ အရပ်က ခွေးပစ်တဲ့ ဒုတ်လောက်နဲ့ ”

အရပ် မသိမသာပုသော ခွန်ဇော်အေး တစ်ယောက် မိုးအောင်၏ စကားကြောင့် မျက်နှာကြီး ရှုံ့မဲ့ကာ သွားသည်မို့ ကျန်လူများ ကပါ ဝိုင်းဟားကြသည် ။

အချစ်မှာ မျက်စိမရှိပါဘူးကွာ ။ ပုတယ် ၊ ရှည်တယ် ၊ မည်းတယ် ၊ ဖြူတယ် ဆိုတဲ့သတ်မှတ်ချက်တွေ အချစ်စစ်မှာ မရှိပါဘူး ”

အဟား ခံရသော်လည်း ဆရာသမားက သိပ်တော့မမှု ။ မျက်နှာကို မိုးပေါ်မော့ထားရင်း ဓါတ်ရှင်မင်းသား တစ်ယောက် ၏ Over အိုင်တင်ဖြင့် အံကြိတ်ကာ ဆိုသည် ။ ပြီး တက်ကို “ တောက် ” ခနဲ ခေါက်ကာ . . . .

“ တောက် ဒီ အမှု အရာနဲ့ ပြောလိုက်တဲ့ ဒီရင်ဘတ်ထဲက အချစ် အမှန်တရားတွေ ကိုသာ စု တစ်ယောက် ကြားရင် “ မောင် ” လို့ ငါ့ကို အံကြိတ်သံကြီးနဲ့ ခေါ်ကြီးတော့ . . . . . ”

“ ပါးကို ဖြောင်းကနဲ ဆော်ထည့်လိုက်မှာ မဟုတ်လား ”

ခွန်ဇော်အေး၏ စကားမဆုံးခင် ဝင်ပြောသော ငြမ်းအောင်၏ စကားကြောင့် အားလုံးက သကောင့်သားကို ဝိုင်း၍ ဟား ကြပြန်သည် ။ အနှိပ်ကွပ်ခံ လိုက်ရ သည်မို့ ဆရာသမားက ပေစောင်းပေစောင်းဖြင့် ကားပေါ်သို့ မကျေမနပ် တက် သည် ။

ကျွန်တော် တို့ တစ်အုပ်စုလုံးမှာ ညီမ ရှိသူဟူ၍ မိုးအောင် တစ်ယောက် သာ ပါသည် ။ ကျွန်တော် အပါအဝင် ကျန်လူများ မှာ တစ်ဦးတည်းသော သားနှင့် ညီ ( သို့ ) အစ်ကို ရှိသူများ သာ ပါသည် ။ ထို့ကြောင်း ကံထူးရှင် မောင်မိုးအောင် ခမျာ အမြဲ ကျိန်းရရှာလေသည် ။ သူ့ခမျာ ကျွန်တော် အပါအဝင် ဘော်ဒါများ ၏ တွတ်ထိုးမှု ကို အချိန်ပြည့် ခံနေရရှာသည်။

“ တောက် မိစုကို ငါတော့ နိုင်ငံခြားလွှတ်ရင်လွှတ် ၊ မလွှတ်ရင်လည်း မြန်မြန် ယောင်္ကျားပေးစားမှ ဖြစ်မယ် ”

ဒီနေ့အဖို့ ကားမောင်းသူမှာ ခိုင်စိုး ဖြစ်သည် ။ ကားရှေ့ခန်းမှာ သကောင့် သား တစ်ယောက် တည်း ကိုသာ ထားရစ်ပြီး ကျန်လူ အားလုံးက နောက်ခန်းမှာ . . . . ။ ကားက တောင်ကြီးမှာ နေ စတင်၍ တောင်အောက်အဆင်းမှာ ဆရာအောင်မိုးက ထိုသို့ ရင်ဖွင့်ခြင်း ဖြစ်သည် ။

“ မိစုနဲ့ သင့်တော် တဲ့ ယောင်္ကျားဆိုရင် ငါကလွဲပြီး အခြားမရှိဘူးနော် . . . . ဟကောင် ”

“ အား . . . . ယောက် ဖကြီး . . . . ငါက တစ်ဦးတည်းသော သားနော် ။ ငါ့ အမေက သမီးအရမ်းလိုချင်တာ မင်းသိပါတယ် ။ အဟဲ . . . . ငါ့အမေရဲ့ ဆန္ဒကို ဖြည့်ဆည်းပြီးသား ဖြစ်အောင် မင်းလည်း မင်းညီမလေးကို ယောင်္ကျားပေးစားချင်တဲ့ ဆန္ဒ ပြည့်သွားအောင် သူငယ်ချင်း ယောက် ဖ ကိုယ် ကူညီပါရစေကွာ . . . . . နော် . . . နော်လို့ . . . . .”

ခွန်ဇော်အေး၏ စကားအဆုံးမှာ ဝင်၍ ဆိုသော ငြိမ်းအောင်က ရုပ်ကြမ်းကြီးနဲ့ ဝင်၍ နွဲ့သည် ။

မိုးအောင်ခမျာ .. . . . မထွေးနိုင် မမျိုနိုင် အောင့်သက်သက် အမှု အရာကြီးနှင့် “ ခွေးကောင်တွေ ” ဟု ဆဲရေး သည် ။

ခိုင်စိုးက တောင်ကြီး တောင်ဆင်းလမ်း တစ်နေရာမှာ သစ်သားဖြင့် စင်ထိုးထားပြီး သစ်သားထီးကြီးဖြင့် View Point လုပ်ထားပေးသော သစ်သားလင့်စင်ဘေးမှာ ကားကို ကပ်ရပ်သည် ။ ပြီး . . . . .

“ ဟကောင်တွေ . . . လာ သဘာဝ အလှတရားတွေ ကို လူလိုခံစားတတ်အောင် ငါလေ့ကျင့်ပေးမယ် ။ ဆင်းခဲ့ကြ ။ လာ . . . မှီမှီမှီ . . . အို့ . . . အို ”

ကားအောက်အရင်ရောက်နေသော ခိုင်စိုးက ကျွန်တော် တို့အုပ်စုကို “ ခွေး ” ခေါ် “ ကြောင် ” ခေါ် ခေါ်ရင်းသစ်သားထီးကြီး၏ ထီးတိုင်ကို မီလျက် စတိုင်ထွင်ပြနေသည် ။

လမ်း၏ တစ်ဖက်ကား တောင်ကမ်းပါးယံ ၊ ကျန်တစ်ဖက်ကားချောက် ။ ထိုချောက်ကမ်းပါးပေါ်မေးတင်ကာ စင်ထိုးထားသည်မို့ ထိုစင်ပေါ်နင်းလျှောက်ရသည်မှာ ရင်ထဲတလှပ်လှပ် ။ “ ဝုန်း ” ခနဲပဲအောက်ပြုတ်ကျသွားတော့မှာ လိုလို မဝံ့မရဲ ခံစားမှု ကို ဖြစ်စေသည် ။

“ ဟား . . . တော် တော် သာယာပါလား ။ တောက် ! ကောင်မလေးနဲ့ သာဆို ဘယ်လောက်ခံစားလို့ကောင်းလိမ့်မလဲ ”

သစ်သားလက်ရမ်းပေါ်လက်ထောက်ရင်း တောင်အောက်မှ ရှုခင်းများ ကိုကြည့်ကာဆို သော ကျွန်တော့် စကားအဆုံးမှာ ခိုင်စိုးက . . .

“ ဟော . . . တစ်ယောက် တော့ သဘာဝ အလှအပကို လူလိုခံစားတတ်သွားပြီ ။ ကဲကဲ ကျန်တဲ့ဂုတ်ကျားလေးတွေ လာကြ ”

ခိုင်စိုး၏ စကားကြောင့် သူ့ဘေးမှာ ရှိနေသော မိုးအောက်ကဘာမပြော ၊ ညာမပြောဖြင့် သကောင့်သား၏ နားရင်းကို ဖြောင်းခနဲနေအောင် ဆော်သည် ။

“ ဟ . . . ဘာလဲကွ ”

ဆတ်ခနဲငိုက်ကျသွားသော ခေါင်းကို ပြန်မတ်ရင်း ဝူးဝူးဝါးဝါးရေရွတ် နေချိန်မှာ . . . ခွန်ဇော်အေးက ဖြောင်းခနဲနားရင်းကို ထပ်ဆင့်ဆော်လိုက်ပြန်သည် ။ “ ဘယ်လိုကောင်တွေ လဲ ” ဟု နားရင်းကိုပွတ်ရင်း ရှုံ့မဲ့မဲ့ဆိုနေစဉ်မှာ ပင် ငြိမ်းအောင်က သကောင့်သား၏ ဖင်ကို ဖုန်းခနဲပိတ်ကန်သည် ။ ပြီး . . .

“ မှတ်ထား ၊ စော်ကားဦး . . . အဲဒါ ”

ဟုဆိုသည် ။ နားရင်းနှစ် ချက်တိတိအရိုက်ခံရပြီး ဖင်တစ်ချက်ပိတ် အကန်ခံရသော ဆရာသမားက . . .

“ လူကိုလူလိုမဆက်ဆံတတ်တဲ့ကောင်တွေ ”

ဟု မကြားတကြားရေရွတ်သည် ။

“ ကျွတ် . . . မနေ့က ကောင်မလေးကို ပြင်းပြင်းထန်ထန် သတိရတယ်ကွာ ”

သစ်သားလက်ရမ်းကို လက်ဖြင့် ထောာက်ရင်း မျက်နှာကိုမိုးပေါ်မော့ကာဆိုသော ကျွန်တော့် စကားကြောင့် ခိုင်စိုးက ခွီးခနဲ ရယ်သည် ။

“ သက်ပိုင်ရာ . . . မင်းကောင်မလေးတွေ ကို အမြဲတမ်းလျှော့တွက်နေတော ၊ ဒီတစ်ချီတော့ခံရပြီ မဟုတ်လား ၊ ကိုယ့်ဘာသာကိုယ် တစ်ဦးတည်းသော သား ငွေရှိတယ် ။ ပညာရှိတယ် ။ ရုပ်ဖြောင့်တယ်ဆိုပြီး ဘယ်ကောင်မလေးကိုရောရော တောက်လျှောက် အောင်ပွဲခံလာတာ ။ မနေ့က ကောင်မလေးနဲ့ ကျမှ နာမည် လေးတောင် ပြည့်ပြည့်စုံစုံ မသိခဲ့ရဘူး မဟုတ်လား ”

“ ဒါ ကတော့ကွာ . . . မနေ့က တစ်ခါပဲ ငါနဲ့ ဆုံဖူးသေးတာကိုး ”

“ အဲဒါပြောတာပေါ့ သက်ပိုင်ရ ။ မင်းနဲ့ တွေ့ ရင် ဘယ်ကောင်မလေးက မှိုချိုး ၊ မျှစ်ချိုးဆက်ဆံကြလို့လဲ ။ မနေ့က ကောင်မလေး ကတော့ မင်းကို “ ဒါအမှိုက်ပုံးမဟုတ်ဘူး ၊ အရူးတွေ လက်မခံဘူး ” လို့ပေါ်တင်ကြီးဖြဲထားတယ် မဟုတ်လား ။ မင်းတစ်သက်လုံးကောင်မလေးတွေ နဲ့ ပတ်သက်ပြီး လက်မထောင်လာတာ ။ ဒီတစ်ခါတော့ ကျိုးပြီ ငါ့ဆရာ ဝန်ခံလိုက် ”

ဘယ်ကတည်းက လူကိုပြောချင်ဆိုချင်နေမှန်းမသိသော ငြိမ်းအောင်က မိန့်မိန့်ကြီးဝင်၍ ထည့်သည် ။ “ ဝန်ခံလိုက် ” ဟုပင် နှိမ်နှိမ်ချိုးချိုးဆိုလိုက်သေးသည် ။ “ မိနေ ” ဆိုသည်ကလွဲ၍ ဘာမှမသိရသေးသော ထိုကောင်မလေး၏ ရှက်ဝဲဝဲမာနမျက်နှာလေးကို မတွေးရပါဘဲ ပြန်မြင်ယောင်သည် ။ ခုချိန်ဆို ထိုရှစ်ခေါက်ချိုးမျက်နှာကြီးနှင့် ထိုမဏ္ဍပ်ငယ်လေးမှာ ရေကစားနေပြီထင်သည် ။

“ ကဲပါကွာ . . . ထားလိုက်ပါ ။ သွားရအောင် ။ အပြန်အချိန်ရရင်လည်း မဏ္ဍပ်ဆီ နောက်တစ်ခေါက်သွားရှာကြည့်ကြတာပေါ့ ”

“ ဝုတ်တယ် ။ ယောက် ဖပြောတာ သဘာဝ ကျတယ် ”

မိုးအောင်၏ စကားအဆုံးမှာ ခိုင်စိုးက ထောင်ခံသည် ။ မိုးအောင်က အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံဖြင့် ခိုင်စိုးကိုဆဲရေး သည် ။

“ ရွှေညောင်ကလည်း အတော် စည်တယ် ။ ရေကလည်း ပေါတော့ မင်းတို့ နောက်ခန်းကောင်တွေ ကြွက်စုပ် ဖြစ်ဖို့သာပြင်ပေတော့ ”

ခိုင်စိုးက ရှေ့ခန်းမှာ တစ်ယောက် တည်း ထိုင်ရမှာ ပျင်းသဖြင့် တစ်ယောက် ယောက် သူ့ဘေးလာထိုင်လိုထိုင်ငြား စကားစသည် ။ အားလုံးက မကြားယောင်ပြုနေသဖြင့် ဆောင့်ကြီးအောင့်ကြီးဖြင့် တံခါးကို ဝုန်းခနဲဆောင့်၍ ပိတ်ပြီး ကားကိုဆောင့်၍ ထွက်သည် ။

ရွှေညောင်လမ်းဘေးဝဲယာ တစ်လျှောက် မဏ္ဍပ်ကြီးငယ်တို့ဖြင့် အထူးစည်ကား နေသည် ။ သင်္ကြန်အတတ်နေ့မို့လားတော့မသိ ။ လူတွေ က အများ အပြား ။

“ ဟကောင် သက်ပိုင် ဒီနေ့ညလည်း ထုံးစံအတိုင်းပဲ မဟုတ်လား ”

ခွန်ဇော်အေးက ခိုက်ခိုက်တုန်နေသော ကျွန်တော့် ကို ပခုံးဖြင့် တိုက်ရင်းမေးသည် ။

“ အေးလေ . . . ငါတို့ ဂျစ်ကားမဏ္ဍပ်ကနေစကဲမယ်ကွာ ။ နောက်တိုင်းရင်းသား မဏ္ဍပ် ၊ နောက်ပြီးတော့ ဗဟိုမဏ္ဍပ်တစ်ဆင့်စီ ၊ တစ်ဆင့်စီပေါ့နောက် ကမ္ဘောဇမဏ္ဍပ်က I.C ရှိုးမှာ ထုံးစံအတိုင်းကျောက်ချတာပေါ့ ”

ကျွန်တော့်အစီအစဉ်ကို “ ချကွာ ” ဟူသော သဘောဖြင့် အားလုံးက မေးဆတ်သည် ။ ငြိမ်းအောင်က . . . .

“ နှစ် ထောင့်ခြောက်သင်္ကြန်ပြီးတာကလည်းကွာ . . . မြန်သလားမမေးနဲ့ ” ဟု ရေရွတ်သည် ။

ကျွန်တော် ကတော့ “ မိနေ ” ဆိုသော ကောင်မလေး၏ မာနတို့ဖြင့် ချစ်စရာကောင်းသော မျက်နှာနုနုကို မဆီမဆိုင်လွမ်းနေမိသည် ။

အင်း

လေးခေါင်တိုင် ရေပူစမ်းကို တောင်လေးလုံးဘက်မှနေ ပတ်သွားရန် ဆုံးဖြတ်ကြပြီး ထိုလမ်းအတိုင်းပင် မောင်း ဖြစ်ကြသည် ။ လမ်းမှာ ရွှဲရွှဲစိုလာသမျှအဝတ်တို့က ခေါင်တိုင် ရေပူစမ်းကိုရောက်သော အခါ ခြောက်သွေ့ကာ သွားပြီ ဖြစ်သည် ။

“ ရောက်ပြီကွ ”

“ ဟေး ”

ပါးစပ်မှ တွေ့ ကရာတွေ ဝူးဝူးဝါးဝါးအော်ကြရင်း ကားပေါ်မှဆင်းကြသည် ။ ရေပူစမ်းမှာ သူလိုကိုယ်လို ရေလာချိုးကြသူတွေ က အများ ကြီး ဖြစ်သည် ။ အချို့က ဆိုင်ကယ်များ ဖြင့် သူ့အတွဲ ကိုယ့်အတွဲ အုပ်စုလိုက်တွေ ဖြစ်သည် ။

“ ကြည့်စမ်းကွာ . . . ကောင်မလေးက ရှေ့က ဆိုင်ကယ်စီးနေတဲ့ သူ့ကောင်လေးကို ဖက်ထားတာ . . . ဘယ်လောက်အသက်ဝင်လဲ ၊ ဆံပင်တွေ ကလည်း လေထဲမှာ လွင့်လို့ အမှန်အကန် Love Scene ပဲ ။ ဟာ ဟိုမှာ လည်း တစ်တွဲ ၊ အဲ မဟုတ်ဘူး နှစ် တွဲ . . . အာ . . . အများ ကြီးဟ ”

ခွန်ဇော်အေးက မျက်လုံးကြီးပြူးရင်း စွတ်အော်သည် ။ ဆိုင်ကယ်များ က နည်းနည်း နောနောမဟုတ် ။ ဆိုင်ကယ်ပွဲတော် လုပ်နေသလားတောင် အောက်မေ့ရသည် ။

“ ကဲ . . . လာ ဒီဘက်က ငါတို့ယောက်ျားတွေ ချိုးတဲ့ကန် ၊ သွားရအောင် . . . ဟိုကောင် သက်ပိုင်က ရှေ့ကသွား လာဟေ့ ၊ လာဟေ့ ”

ငြိမ်းအောင်က ကျွန်တော့်ပခုံးကို တွန့်ရင်းရှေ့မှသွားစေသည် ။ ကျန်လူများ ကလည်း တစ်ယောက် ပခုံး တစ်ယောက် တွန်းကာ စီတန်းလျက် မီးရထားတွဲများ လို လိုက်ပါလာကြသည် ။

“ ဟ ရောက်ဖူးပြီးသားလူက ရှေ့ကသွားလေ ”

“ မင်းကို ရှေ့ကသွားခိုင်းတာ တခြားကြောင့် မဟုတ်ဘူး ။ ဝင်ကြေးရှင်းခိုင်းမလို့ ။ သဘောပေါက်လား ”

မိုးအောင်က ဟက်ခနဲရယ်ရင်းဆိုသည် ။ အခုမှ ကျွန်တော့် ပခုံးကို စွတ်တွန်းရင်းရှေ့မှ သွားခိုင်းရခြင်း၏ လျှို့ဝှက်ချက်ကိုနားလည်တော့သည် ။

“ မရှင်းဘူးကွာ . . . ဒါမျိုးတော့ ဘယ်ရမလဲ ”

ကျွန်တော် ဆတ်ခနဲရုန်းရင်း ပြေးရန်ပြင်သည် ။ သို့သော် မီတော့ ဆရာသမားများ က ဝိုင်းချုပ်ထားကြရင်း တဟေးဟေးအော်ကာ ဇွတ်ရှေ့ကို တွန်းသည် ။

နောက်ဆုံးတော့ အများ နှင့် တစ်ယောက် မို့ ဝင်ကြေးပေးရသည့်ဝင်ပေါက်မှာ ပိုက်ဆံအိတ်ကို ထုတ်လိုက်ရတော့သည် ။ ညစ်စရာမရှိ ရှာကြံညစ်ပတ်ကြသော သကောင့်သားများ ကို အသံတိတ်ဆဲရင်း . . .

“ ရော့ အစ်ကိုရေ . . . နောက်က သတ္တဝါလေးကောင်အတွက်ပါ ယူလိုက် ”

ငွေပေးရင်းဆိုသော ကျွန်တော့် စကားကြောင့် နားရင်းပေါ်ဘယ်ကောင်က သမလိုက်မှန်းမသိသော ရိုက်ချက်က ဖုန်းခနဲလာကျသည် ။

“ အစ်ကို ဟိုဘက်မိန်းကလေးတွေ ချိုးတဲ့ဘက်မှာ သွားချိုးချင်လို့မရဘူးလား ။ ဝင်ကြေးနှစ် ဆပေးးမယ်လေ ”

“ သြော် . . . ဒီကောင်ကအရေး ထဲ လေ့လာရေး ကသွားချင်သေးတယ် ။ မင်းတေသွားမယ်နော် ။ မီးများ တော့ မီးနိုင် ရေများ တော့ ရေနိုင် ဆိုတာ ကြားတယ် မဟုတ်လား ။ ဟင်း ဟင်း တေမယ်နော် . . . .တေမယ် ”

ငြိမ်းအောင်၏ စကားကြောင့် ဝင်ကြေးကောက်သော အစ်ကိုကြီးက ခွီးခနဲ ရယ်သည် ။ ခွန်ဇော်အေးက ပြောင်ချော် ပြက်ချော်ဖြင့် ငြိမ်းအောင်၏ ပခုံးကို ခပ်ဖွဖွ လှမ်းထိုးရင်း . . . . .

“ ဟား . . . ငါက ရုပ်ဖျက်ပြီးမှ ဝင်မှာ ပေါ့ကွ . . . . ”

“ လာသေးတယ် ။ မင်းဟာကြီးက မမြင်ချင်မှ အဆုံး ပြူးလို့ ၊ ဘယ်မရိပ်မိပဲ နေမှာ တုန်း ။ လည်စေ့ကို ပြောတာပါ ။ ပြူးလို့ ၊ ပြူးလို့ ”

ပြီးရောကွာ . . . . ပြီးရော ”

ငြိမ်းအောင်နဲ့ ခိုင်စိုးက သူတင်ကိုတင် ငြင်းသည်ကို နားထောင်ရင်း တဟားဟား ဖြစ်ကြသည် ။

“ ကဲကဲ . . . ရေချိုးကြရအောင် ကွာ . . . ၊ ခဏနေကြရင် ဟိုဘက်က စားသောက်ဆိုင်တန်းမှာ ရေကြက်ကျော်နဲ့ ဗိုက်ဖြည့်ကြရအောင် ”

“ OK ”

“ Come On, Let's Go ”

မိုးအောင်၏ စကားအဆုံးမှာ ခိုင်စိုးက အာခေါင်ခြစ်၍ OK ဟု အလန့်တကြား ထအော်သည် ။ အင်္ကျီ ချွတ်ထားပြီ ဖြစ်သော ခွန်ဇော်အေးက ငပိသံကြီးနှင့် အထက်ပါအတိုင်း ရေရွတ်ရင်း ရေကန်ငယ်ထဲ “ ဝုန်း ” ခနဲခုန်ချသည် ။

“ ဟာ . . . ဟေ့ကောင် နေဦး ”

“ သွားပြီ . . . ဒီကောင်တော့ ”

ခိုင်စိုးနှင့် မိုးအောင်တို့က တားချိန် မရလိုက်ချိန်မှာ ခုန်ချသွားသော ခွန်ဇော်အေး ကိုကြည့်ရင်း မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ရေရွတ်သည် ။ ရေရွတ်သံမှ မဆုံးသေး ခွန်ဇော်အေး တစ်ယောက် ဝူးဝူးဝါးဝါး အော်ရင်း ကန်ထဲမှ ပြေးတက်လာသည် ။

“ အောင်မလေး ဆီပူအိုးထဲ ကျလိုက်သလိုပဲ ပူတာကွာ . . . . . သွားပါပြီ ။ အားလားလား . . . . ပူတယ်ဟ . . . .အား ဝါး ”

ရေကန်ပေါင်မှာ ပတ်ပြေးရင်း ခုန်ဆွခုန်ဆွ လုပ်နေသော ခွန်ဇော်အေးကို ကြည့်ရင်း ရေကန်ထဲမှာ စိမ်နေကြသူများ က ဝါးကနဲ ရယ်သည် ။ ကျွန်တော် လည်း တစ်ခါမှ မချိုးဖူးသည်မို့ ခွန်ဇော်အေး ၏ အ ဖြစ်ကို နားမလည်နိုင် ။

“ ဟိုမှာ ရေချိုးခန်းတွေ ရှိတယ် ။ အဲဒီ ထဲမှာ အရင်ရေနွေးငွေ့နဲ့ ချိုးပြီးမှ ရေကန်ထဲကို ဖြေးဖြေးချင်း ဆင်းရတာ . . . . အဲဒါမှ အပူခံနိုင်တော့မှာ ပေါ့ ။ ဘယ့်နှယ် မပြောမဆိုနဲ့ မင်းက ခုန်ချတော့ ဆီပူအိုးထဲ ကျသလို ပူကျက် သွားတာပေါ့ ကွ . . . အထာလိုတယ် ။ သဘောပေါက် ”

“ ခွီးတဲ့မှပဲ . . . မင်းတို့က ကြိုပြောပါတော့လား ”

“ အား . . .မင်းက တားချိန်တောင်မရဘူး ။ ဝုန်းခနဲ ခုန်ချသွားတာကိုး ကွ ။ သူများ တွေ ရေကန်ထဲမှာ စိမ်နေတယ် ဆိုတာက ပြေးပြေးချင်း ဆင်းသွားတာ ”

ခွန်ဇော်အေး ကျွန်တော့နာမည် မှ လွဲ၍ အားလုံး၏ နာမည် ကို တစ်ယောက် စီ ခေါ်ရင်း ဆဲရေး သည် ။

“ ဟိုကောင် သက်ပိုင် ကတော့ မရောက်ဖူးလို့ ထားတော့ ရောက်ဖူးပြီးသား မင်းတို့က ငါနဲ့ သက်ပိုင်ကို သတိပေးထားသင့်တာပေါ့ ။ ဒါ သက်သက် ပညာ ပြတာ မဟုတ်လား ။ တွေ့ မယ် ။ ထင်းခွေမကြုံ ရေခပ်ကြုံ ဦးမှာ ပေါ့ ။ မင်းတို့ မှတ်ထား ”

တတွတ်တွတ်နှင့် ခွန်ဇော်အေး စိတ်တိုနေပုံကို ကြည့်ရင်း အားလုံး စိတ်မဆိုးသည့် အပြင် တခွီးခွီးနဲ့ ပွဲကျနေကြသည် ။ ထိုသို့ ရယ်လေ သကောင့် သားက ဒေါသထွက်လေ ။

“ အေးပါ . . . . အေးပါ . . . ဟားထားကြပါ ။ ခွေးကောင်တွေ ”

စိတ်ဆိုး မန်ဆိုးဖြင့် ရေရွတ်ရင်း ကန်ဘေးမှ လွတ်နေသော ရေချိုးခန်း ငယ်ထဲ ဆတ်တောက်ဆတ်တောက် ဖြင့် ဝင်သွားကာ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်သည် ။ ခိုင်စိုးက တခွီးခွီးဖြင့် ခွန်ဇော်အေးကို ရီနေရင်းက . . . .

“ ဟကောင် သက်ပိုင် တွေ့ တယ်နော် ။ ရေချိုးခန်းမှာ ရေနွေးနဲ့ ရေအရင်ချိုး ပြီးတော့မှ ရေပူကန်ထဲကို ဖြည်းဖြည်းချင်း ဆင်း နောက်မှ ဟိုကောင်လို ဗျစ်တောက် ဗျစ်တောက် မရွတ်နဲ့ ”

“ အေးပါကွာ . . . ဆရာကြီး လား မင်းက ”

“ အောင်မယ် အကောင်းလည်း ပြောရသေးတယ် ။ အင်မတန် ကျေးဇူးကန်းတဲ့ ကောင် ”

ကျွန်တော့စကားကြောင့် ခိုင်စိုးက မကျေမနပ် ရေရွတ်ကာ တစ်ချက် လှမ်းကန်သည် ။ မထိအောင် ဆတ်ကနဲ ရှောင်ရင်း ရေချိုးခန်းဆီ ပြေးဝင်ကာ တံခါးကို ပိတ်၍ စိမ်ချိုး ဖြစ်သော ရေနွေးကြောင့် လူက နွမ်းနယ်မှု တို့ ပြေပျောက်ကာ လန်ဆန်းလာသည် ။ ရေချိုးခန်းမှ ထွက်လာချိန်မှာ ငြိမ်းအောင်က ခေါင်းလျှော်ရည် ထုပ်ဝေနေသည်မို့ ပြေး၍ လက်ဖြန့် ဖြစ်သည် ။

ရေချိုးခန်းထဲ ပြန်ဝင်ကာ ခေါင်းလျှော်ပြီး ထိုခေါင်းလျှော်ရည် ဖြင့် ပင် ကိုယ်တိုက် ဆပ်ပြာ လုပ်တိုက်ကာ ရေဝင်ချိုး ဖြစ်သည် ။ ပြီးရေကန်ထဲ ဆင်းရန် ထွက်ခဲ့သည် ။

ရေကန်ထဲမှာ ဇိမ်ဖြင့် စိမ်နေသော ခွန်ဇော်အေး၏ မျက်နှာ စပ်ဖြီးဖြီး ကို လှမ်းမြင်နေရသည် ။ ဆရာသမားက ကျွန်တော့ကို လက်လှမ်းပြသည် ။

“ ဟကောင် သက်ပိုင် တဖြည်းဖြည်းချင်း ဆင်းနော် ”

“ အေးပါ မင်း အိုကေလား ”

ကျွန်တော့် အမေးကို ဆရာငမားက ခေါင်းညိတ်ပြရင်း လက်မထောင်ပြ သည် ။ ရေကန်စပ်ကို သွားကာ ခြေဖျားကို အရင်စိမ်ကြည့်သည် ။ သိပ်တော့ မပူလှ ။ ရေကန်ထဲ ဖြည်းဖြည်းချင်း ဆင်းကြည့်သော အခါ နွေးသော အဆင့်ထက် အနည်းငယ် ပိုပူသော ရေကန်အတွင်းမှာ စိမ်နေလို့ ရသွားသည် ။

ခဏအကြာမှာ . . . . မိုးအောင် ၊ ခိုင်စိုးနဲ့ ငြိမ်းအောင် တို့လည်း ရေကန်ထဲ ရောက်လာ ကြသည် ။

“ သဘာဝ ရေပူ မို့လို့လား မသိဘူးကွာ . . . . လူကို လန်းဆန်းသွားတာပဲ ”

“ မှန်လိုက်လေ ယောက် ဖရာ ”

လွှတ်ခနဲ ရေရွတ်မိသော မိုးအောင်ခမျာ . . . . ဘေးမှ ထောက်ခံစကားဆို သော ငြိမ်းအောင်၏ စကားကြောင့် မျက်နှာကြီး ရှုံ့မဲ့ကာ သွားသည် ။ ပြီး “မှားပါတယ်ကွာ ” ဟု မကျေမချမ်း ရေရွတ်သည်သည်။

သကောင့်သားတွေ တစ်ယောက် ကို တစ်ယောက် ရေတွေ ပက်ရင်း ပျော်နေချိန်မှာ ကျွန်တော် လိုက်ပျော်ကြည့်လို့ မရ ဖြစ်ကာနေသည် ။

ဒီအချိန်ဆို “ မိနေ ” ဆိုသော ကောင်မလေး မဏ္ဍပ်မှာ ရေကစားနေမည် ထင်သည် ။ မတော် တဆများ ကျွန်တော့ကို သတိရနေမလားတော့ မသိ ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ချစ်သူကိုယ်တိုင် သွန်းခတ်ခဲ့သော သစ်သီးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကုန်ကြမ်း

ခရီးဖော်

မိုးကောင်ကင်ကို လှည့်စားတဲ့ကြယ်