အခန်း(၁)
မိန်းကလေး တစ်ယောက် ကို ချစ်မိခြင်းသည် ကျောက်စိမ်းအရိုင်းတုံးကို ကြေးကြီးကြီးပေးကာ ဝယ်မိခြင်းနှင့် တူသည်။
ထိုကျောက်စိမ်း အရိုင်းတုံးကို အပေါ်ယံကြည့် ရွေးချယ်ခဲ့သော်လည်း တကယ်တမ်းခွဲခြမ်းစိတ် ဖြာသော အခါ၌ တစ်ပြားမှ မတန်သော သာမန်ကျောက်တုံး ဖြစ်သွားနိုင်သလို သိန်းပေါင်းများ စွာ တန် သော ရတနာကြီးလည်း ဖြစ်သွားနိုင်သည်။
“ကျောက်စိမ်းမှာ အနာ၊ မိန်းမမှာ မာယာ” ဆိုသော စကားပုံရှိသည်။
သို့သော်
မာယာရော အနာပါများ လှပါသည်ဆိုသော ကျောက်စိမ်းရိုင်းတစ်တုံးထက် မိန်းမ တစ်ယောက် က ပို၍ မာယာများ နေနိုင်သည်။
လင်းနောင်
မုန်းတကာ အမုန်းရဆုံးသော
ကျွန်မ ကျောခိုင်းထားသော လူ တစ်ယောက် က
ရင်ဘတ်ထဲကို အရှိန်ပြင်းပြင်းဖြင့် တစ် ချက်ချင်း ဝင်ရောက်လာသော စို့တစ်ချောင်း ဖြစ်နေခဲ့ သည်။
၎င်းစို့သည် တစ်ဝစာ အချစ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့လေသည်။
သီရိနှင်း
ဖွင့်စရက်ဆိုသော်လည်း တက္ကသိုလ်ကျောင်းတော် ကြီး၏ ရင်ခွင်၌ ကျောင်းသူ ကျောင်းသားအ သစ်များ က ရင်ခုန်သံအသစ်များ ဖြင့် တက်ကြွနေသလို ကျောင်းသူ ကျောင်းသားဟောင်းများ ကလည်း နုပျိုစွာ ။
ကျောင်းတော် ကြီး ကတော့ ကျောင်းသားအသစ် အဟောင်းမရွေး အားလုံးကို ခံညားစွာ ကြိုသည်။
တောင်ကြီးတက္ကသိုလ်ကို တောင်တန်းများ က ရစ်ခွေဝိုင်းပတ်ကာ ထွေးပွေ့ထားသည်။ အမိုးနီ နီများ ဖြင့် ကျောင်းဆောင်များ က အပေါ်စီးမှကြည့်လျှင် ပတ္တမြားခဲများ ကဲ့သို့။ တောင်တန်းများ နှင့် ဝိုင်း ပတ်နေသော ကျောင်းတော် အမိုးတို့ကို ပေါင်း၍ အပေါ်မှာ ကြည့်လျှင် နီရဲတောက်ပနေသော ပတ္တမြားကို ကျောက်စိမ်းရောင် နဂါးက ရစ်ခွေထားသည့်နှယ် ထင်ရသည်။
ရှမ်းပြည်နယ်မြို့တော် ဖြစ်သည်မို့ ကျောင်းသူ ကျောင်းသားတို့မှာ လူမျိုးစုံ၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်း၊ ပလောင်၊ လီဆူး၊ ဝ၊ လားဟူ၊ အခါနှင့် အခြားတိုင်းရင်းသားများ စွာ ၏ ရိုးသားဖြူစင်မှု နှင့် တောင်ကြီးတက္ကသိုလ်သည် ရောက်လာသူတိုင်းကို ပျော်ရွှင်စေသည်မို့ နှင်းဝေဝေဝါးဝါးကြားမှာ လွန်စွာ မင်္ဂလာရှိနေသည်။
အဆောင်နေ ကျောင်းသူကျောင်းသားတို့၏ ထုံးစံအတိုင်း ကျွန်တော် တို့သူငယ်ချင်း သုံးယောက် လည်း ကျောင်းကိုစောစောစီးစီး ရောက်နေကြသည်။
မိန်းရှေ့အုတ်ခုံဝိုင်လေးမှာ ချမ်းအေးသည့်ကြားမှ ထိုင်ကာ တိမ်များ လို နှင်းငွေ့များ ကြားမှ ကျောင်းဆီ ဘွားခနဲ ပေါ်ပေါ်လာသော ဆိုင်ကယ်မျိုးစုံနှင့် ကျောင်းသူ လှလှလေးများ ကို ကြည့်ကာ မျက်စိအားတိုးဆေး စားသုံးနေကြသည်။
ဝါးနှစ် ရိုက်စာလောက်ဆိုလျှင် ဘာမှသဲသဲကွဲကွဲ မမြင်ရသော ပိန်းပိတ်နေသည့် မြူနှင်းများ က ထွက်စ နေရောင် ခြည်အောက်၌ တစ်စထက် တစ်စလွင့်ပြယ်လာသည်။
“ဝုန်း”
“ဟာ”
“ဆော်ကုန်ပြီ”
“သွားကြည့်ရအောင်”
သုံးယောက် သား တစ်ယောက် တစ်ပေါက် ပြောကာ ဆိုင်ကယ်တိုက်မိရာနေရာကို အပြေးသွား ကြသည်။ ဆိုင်ကယ်လဲသဖြင့် နာကျင်သော ဒဏ်ကြောင့် ရှုံ့မဲ့နေသည့်ကြားမှ အလွန်ချစ်စရာကောင်း အောင် လှပသော နတ်သမီးလေးတစ်ပါး။ သူမ၏ ဘေးမှာ က သာမန်ထက်အနည်းငယ်ပိုသော ရုပ်ရည် ဖြင့် ကောင်မလေး တစ်ယောက် ။
“အား ကျွတ် ကျွတ် ၊ ဟင် ဘယ်သူများ လဲလို့ ကေသီရယ် နင်ဘယ်အငြိုးနဲ့ ဝင်တိုက်တာလဲ”
ဆည်းလည်းသံလေး
“ဟဲ့ မိနှင်း..နင့်ကိုး၊ ငါနင့်ကို လိုက်ရှာနေတာ ဒီနာလေးဆိုပြီး ပျောက်သွားပြီးတော့”
နာကျင်၍ မထနိုင်သည့်ကြားက မသဘာဝ စကားတတွတ်တွတ်ပြောနေကြသေးသည်။ ကျွန်တော် က “နှင်း” ဆိုသော နတ်မိမယ်ကလေး၏ ဆိုင်ကယ်ကို ဆွဲမပေးသည်။ ကောင်မလေးက ခွ ထားသော ခြေထောက်ကိုမဖြုတ်ဘဲကြောင်နေသည်။ ဆိုင်ကယ်ရော လူပါမရသော ကြောင့် မသက် သာလှ စိတ်ကတိုတိုရှိလာသည်။
“ဒီမှာ ကလေးမ..လက်သည်ကြီးပဲ အားကိုးမနေနဲ့ ကိုယ်တိုင်က ညှစ်အားပေးဦးမှပေါ့”
“ဘာရှင့် ဘာပြောတယ်”
ကလေးမွေးနေသော ကိုယ်ဝန်ဆောင်ကို ပြောရမည့် စကားမျိုး အပြောခံလိုက်ရသဖြင့် နာကျင် နေသည့်ကြားမှ ကလေး တစ်ယောက် လို လက်သီးဆုပ်လျက် အာခေါင်ခြစ်ကာ သူမအော်သည်။ မျက်နှာက ပန်းရောင် ရဲရဲ။ ဘာရယ်မဟုတ်။ ကျွန်တော် က လွှတ်ခနဲ ထွက်သည့်စကား။
“ဟဲ ဟဲ ဆောရီးနော် အပြောမှားလို့”
“မှားစရာလား”
သူမက ရှက်သွေးစိုသော မျက်နှာဖြင့် မျက်စောင်းထိုးရင်း ပြောသည်။ ခြေထောက်ကို လက်ဖြင့် အသာဖယ်တော့ သူမတွန့်ခနဲ။ ဆိုင်ကယ်ကို ဆွဲထောင်ပြီး စက်သတ်ပေးလိုက် သည်။
သိန်းလတ်က ကေသီဆိုသော ကောင်မလေး၏ ဆိုင်ကယ်ကို ကျွန်တော့် နည်းတူ ဆွဲထောင်ပြီး စက်သတ်ပေးလိုက် သည်။ နှစ် ယောက် စလုံး နာကျင်နေသဖြင့် ချက်ချင်း မထနိုင်ကြသေး။
“ကလေးမ ဆိုင်ကယ်ကိုပဲ ထူပေးနိုင်မှာ နော် လူကိုထူမပေးနိုင်ဘူး ကိုယ့်ဘာသာကိုယ်ထ”
“ဘာပြောတယ် ကျွန်မက ရှင်ထူပေးအောင် စောင့်နေတာမဟုတ်ဘူး မထနိုင်လို့”
သူမက လက်ညှိုးလေးထိုးကာ ခေါင်းကို စောင်းလျက်နာကျင်နေသည့်ကြားမှ ပြောသည်။ ခေါင်းအစောင်း ဆံနွယ်ရှည်တို့က ဝဲခနဲ၊
“ရှင်တို့ကို ဘယ်သူမှအတင်းမထူခိုင်းဘူး အား”
ကေသီဆိုသော ကောင်မလေးက ရန်စောင်ရင်းထအရပ် “အား” ခနဲအော်ကာ ပြန်ထိုင်ကျ သည်။
“စိတ်ထိန်းပါ ငါ့တူမတို့ရယ် အချင်းချင်းတွေ ကို”
သိန်းလတ်က စ ဖြစ်အောင်စသည်။ ကောင်မလေးနှစ် ယောက် စလုံး ဆိုင်ကယ်စီးဦးထုပ်တွေ ပက်လက်လှန်လိုက် ရှေ့ချကာ ဆောင့်ဆောင့်ထိုင်နေကြသဖြင့် ကျွန်တော် စ ချင်လာသည်။ အိတ်ကတ်ထဲမှ အကြွေတစ်ဆယ်တန်ကို ထုတ်ပြီး နှင်းဆိုသော ကောင်မလေး ရှေ့မှ ပက်လတ် ဖြစ်နေသော ဆိုင်ကယ်စီးဦးထုပ်ထဲ အသာထည့်လိုက်သည်။ ကောင်မလေးမျက်နှာရဲခနဲ။ သူမ ဆိုင်ကယ်စီး ဦးထုပ်ထဲဝင်ရောက်လာသော ဆယ်တန်ကို ကြည့်လျက် ဒေါသထွက်လာဟန်တူ သည်။
“ရှင် လွန်နေပြီနော် ကဲ ဟာ”
ပြောပြောဆိုဆို ထိုဆိုင်ကယ်စီးဦးထုပ်ဖြင့် ပစ်သည်မို့ လှမ်းဖမ်းရသည်။ ကေသီဆိုသော ကောင်မလေးက ဘေးမှ “ပစ် ပစ်လိုက်” ဟု နှုတ်မှ အားပေးသည်။ ဖမ်းထားသော ဦးထုပ်ကို သူမဆိုင် ကယ်ပေါ်တင်ကာ “သွားပြီနော် တာ့တာ” ဟု ပြောပြီး သုံးယောက် သား မိန်းထဲအပြေးတစ်ပိုင်း။ နောက်မှ “တောက်” ခတ်သံက ကပ်ပါလာသည်။
မိန်းထဲမှ သူမတို့နှစ် ယောက် ကို ကျွန်တော် တို့ ခိုးကြည့်ကြသည်။ အကွယ်တစ်ခုမှ သူမတို့က ထော့နဲ့ ထော့နဲ့ ဖြင့် ရပ်ကာ ဆိုင်ကပ်ကို စက်နှိုးရင်း ဆိုင်ကယ်ပတ်ကင်ရှိရာဘက်ဆီကို စီးသွားကြ သည်။ သူမတို့နှစ် ယောက် ကျွန်တော် တို့ထိုင်နေသော နေရာရှေ့မှ ဖြတ်သွားကြသည်။ ကျွန်တော် တို့ စောစောက သူမတို့ကို ချောင်းသော နေရာမှာ ပင် မှင်ဖြင့် ထိုင်နေကြခြင်း ဖြစ်သည်။ ကျွန်တော် တို့ကို မြင်တော့ ခြေလှမ်းတုံ့ခနဲ ဖြစ်ပြီးမှ တစ်ယောက် ကို တစ်ယောက် တို့ကာ အားပေးရင်း ဖြတ်သွားခြင်း ဖြစ်သည်။ ကျွန်တော် တို့သုံးယောက် လည်း နောက်မှမယောင်မလည်လိုက် သွားကြသည်။ ဒါကို သူမတို့ သိသော်လည်း ဂရုမစိုက်ဟန်ဖြင့်
“ကေသီရယ် တော် သေးတာပေါ့ လူကော ဆိုင်ကယ်ရော ဘာမှမ ဖြစ်လို့”
“အေး နှင်းရယ်၊ ဆိုင်ကပ်တိုက်မှန်းသိရင် မလွယ်ဘူး”
“ငှားစီးလာတာနဲ့ တူတယ်”
သူမတို့ ပြောနေသော အချိန် ကျွန်တော် ဖြတ်၍ နောက်မှနေပြောလိုက်သော ကြောင့် နှင်းဆို သော ကောင်မလေးနှင့် ကေသီဆိုသော ကောင်မလေးနှစ် ယောက် စလုံး ချာခနဲ လှည့်ကြည့်သည်။ မျက်နှာတွေ နီလို့။
“လူကို ဆိုင်ကယ် အငှားနဲ့ လာတယ်ထင်လို့လား”
“ဟုတ်ကဲ့”
ဒေါဖြင့် မောဖြင့် မေးသော ကေသီ၏ အမေးကို သိန်းလတ်က စကားတစ်ဝက်မှာ ပဲ ဝင်၍ “ဟုတ်ကဲ့” လိုက်သဖြင့် သူမတို့နှစ် ယောက် စလုံး ဆွေ့ဆွေ့ခုန်လုမတတ်။
“ရုပ်ကို သေသေချာချာကြည့်ထား၊ ဒီဆိုင်ကယ်လောက် ကတော့ အခုမီးနဲ့ ရှို့ပစ်လို့ရတယ်”
နှင်းဆိုသော တစ်ယောက် က ဆိုင်ကယ်သော့ လေးတန်းလန်းကိုင်ကာ ဆောင့်ကြွားကြွား ခပ်ထန်ထန်ပြောသည်။
“ဟေ့ကောင်တွေ ရုပ်ကိုသေသေချာချာ ကြည့်ထားတဲ့၊ ကြည့်ကြကွ”
ကျွန်တော့်  စကားကြောင့် သိန်းလတ်နှင့် စိုးမင်းက ရှေ့သို့တိုးသည်။ ကျွန်တော့် ကဲ့သို့ သူမကို အထက်အောက်ကြည့်သည်။
“မဆိုးဘူး”
“ဘာပြောတယ်”
ကျွန်တော့် စကားကြောင့် သူမ လွယ်အိတ်ကို လက်တွင် ပြောင်းသည်။ ဆော်တော့မည့်  သဘော။
“ဟေ့ကောင်တွေ ဆိုင်ကယ်မီးရှို့မလို့တဲ့၊ အကြမ်းစီးရအောင် တောင်းထားမလား”
ကျွန်တော် စိုးမင်းတို့ဘက်ကို လှည့်၍ အပြော သူမက ဒေါသမထိန်းနိုင်ဟန်ဖြင့် “ကဲဟယ်” ဟု ဆိုကာ လွှဲရိုက်သည်။ သိန်းလတ်က ကျွန်တော့် ကို လှမ်းဆွဲလိုက်သဖြင့် လွတ်သွားသည်။ သူမတို့ က ဒေါသမျက်လုံးဖြင့် ကြည့်ကာ “ဘယ်လိုဟာတွေ လဲ မသိဘူး” ဟု ပြောကာ ချာခနဲ လှည့်ထွက်သွားကြသည်။
“နောက်တစ်ခါဆို ကောင်းကောင်းစီးနော် ငါ့တူမတွေ အဘကရွာက လယ်တွေ ပေါင်ပြီးမှ ဝယ် ထားပေးရတာ ”
စိုးမင်း၏ မကြားတကြားအော်သံကြောင့် သူမတို့ မိုက်ကြည့် လှည့်ကြသည့်သည်။
“မင်းက ရှေ့မှာ ရှိတုန်း ကတော့ ဘာမှမပြောရဲဘူး”
ကျွန်တော် စိုးမင်းကို နားရင်းရိုက်ရင်း ပြောသည်။
“အေးလေ ဒီကောင် သူခိုး ပြေးမှနှာဘူးထ”
“ထိုးကွင်းထပါကွာ”
သိန်းလတ်၏ အဆိုကို စိုးမင်းကပြင်သည်။ သုံးယောက် သား ထိုအကြောင်းကို ရယ်စရာ ပြောရင်း အင်းလေးဆောင်သို့ ချီတက်ကြသည်။ လက်ချာချိန်ကို တက်ကြရန်။
******
ကျောင်းကြီးကျယ်သော်လည်း သူမတို့နှင့် မကြာမီ ပြန်ဆုံကြသည်။ “ပန်းနုရောင် ” ကင်တင်းမှာ ။ တက္ကသိုလ် ဘောလုံးကွင်းမှာ မိုးတွင်းရေကြီးကာ ရေကန်သေးလေး ဖြစ်လျက် အလွန်လှ သည်။ ထိုရေကန်ဘက် မျက်နှာမူသော ဝိုင်းမှာ ထိုင်နေသော သူမတို့ကို သိန်းလတ်က မြင်သည်။
“ဟေ့ကောင် လင်းနောင် ဟိုမှာ ဆိုင်ကယ်သူရဲမတို့ အုပ်စုတွေ့ လား”
“အေး ဟုတ်တယ်ဟ လာ ဘေးဝိုင်းမှာ သွားထိုင်ရအောင်”
ကျွန်တော် နှင့် သိန်းလတ်ကို စိုးမင်းက “ကြည့်လုပ်ကြနော် ငါမျက်ခုံးလှုတ်တယ်” ဟု ဆိုရင်း လိုက်လာသည်။
“ငါပါပါတယ်၊ စိုးမင်းရာ လက်ဖျားနဲ့ တောင် မထိစေရဘူး”
“ဘာလဲ..လက်ဝါးနဲ့ ပဲ ညှိစေရမယ်ပေါ့”
ကျွန်တော့် အပြောကို သိန်းလတ်က ဘုတေသည်။
သူမတို့ဘေးဝိုင်းမှာ ကျွန်တော် တို့ရှိနေတာ သူမတို့မသိကြ။
“ဟေ့ကောင် ဆရာကြီး လင်းနောင် ဟိုက ဖုတ်လေတဲ့ငပိ နံတယ်လို့တောင် မထင်ဘူး ဘယ်လိုလုပ်မလဲ”
“နံစေရမယ်စိတ်ချ စားပွဲထိုးသာ ခေါ်လိုက်”
မဆီမဆိုင် စိုးမင်းက စားပွဲထိုး ခေါ်ခိုင်းတာကို သိန်းလတ်က နှာခေါင်းပိတ်သည်။
“ညီလေး ထမင်းပေါင်း သုံးပွဲ ကြက်သားနဲ့ ဟိုဘက်ဝိုင်းကလို သက်သက်လွတ်မလုပ်နဲ့ ”
ကျွန်တော့်  အသံကြောင့် နားမလည်သလို ခေါင်းကုတ်သော စားပွဲထိုးက ဟိုဘက်ဝိုင်းကို ကြည့်ကာသဘောပေါက်သွားသည်။ အသံကြောင့် ဘေးလှည့်ကြည့်ကာ ကျွန်တော် တို့မှန်း သူမတို့ သိသွားသည်။ ကေသီက ထိုစားပွဲထိုးကိုပင် လှမ်းခေါ်သည်။
“မောင်လေး လာဦး”
စားပွဲထိုးခေါင်းကို ကုတ်ရင်း ရောက်သွားသည်။
“မောင်လေးရေ မင်းတို့ဆိုင်မှာ ထဘီမရောင်းဘူးလား”
“ခင်ဗျာ”
စားပွဲထိုး ကောင်လေးက ကြောင်နေသည်။ ကြောင်ပေမပေါ့ ကင်တင်းကို “ထဘီ” မရောင်း ဘူးလားမေးသည်ကိုး။
“ဒီလို မောင်လေးရဲ့ မိန်းမလို စောင်းပြောတတ်တဲ့ ရှောက်သီးဆေးပြားသည်တွေ ကို ဝယ်ပေး ချင်လို့”
နှင်းက ကေ့သီစကားကို ရှင်းပြသလိုလိုနှင့် ကျွန်တော် တို့ဘက်ဝိုင်းကို မျက်စပစ်ပြမှ စားပွဲထိုး က သဘောပေါက်ကာ ကျွန်တော် တို့ကို အားနာနာဖြင့် ပြုံးစိစိကြည့်သည်။ ခေါင်းကိုကုတ်၏ ။
“ဝယ်ပေး ဝယ်ပေး”
မထူးဇာတ်ခင်းကာ တီဗီကြော်ငြာထဲက မင်းသား “ဒွေး” လို ကျွန်တော် လှမ်းနောက်သော ပြောင်ချော်ချော်အမူအရာကြောင့် ကျွန်တော့် ကို ကြည့်ကာ သူမတို့ ရယ်ချင်ချင် ဖြစ်သွားကြသည်။ သို့သော် ဇွတ်ဖုံးဖိထားကြသည်။
“ကြည့်လုပ်ဦး လင်းနောင်၊ ငါတို့ကို ကိုင်ပေါက်လိုက် ပြန်ကောက်လိုက် အခါနှစ် ဆယ်လောက် လုပ်ထားဦးမယ်”
စိုးမင်းက ထိုဆူမိုနပန်းသမ ဟု တင်စားထားသော သူမကိုကြည့်ရင်း ပြောသည်။ သူမကိုလည်း “ဟီး” ခနဲ ရယ်ပြလိုက်သေးသည်။
သူမတို့ ပိုက်ဆံကို ရှင်းကာခပ်ဆောင့်ဆောင့် ထွက်သွားကြသည်။ မကြာမီ ထမင်းပေါင်း ပန်း ကန်များ ဖြင့် စားပွဲထိုး ရောက်လာသည်။
“လိုက်မမီဘူးဗျာ”
“အေး လိုက်မမီရင် ကျန်ခဲ့ ဒါ အင်တာနက်ခေတ်”
ကျွန်တော် ပြောရင်း စားပွဲထိုးထံမှ ပန်းကန်တို့ကို ယူကူသည်။
“အရှက်ကို မရှိဘူး”
ကေသီနှင့် ကြားမှာ ထိုင်နေသော ဆူမိုနပန်းသမား တစ်ယောက် လို ဝသော တစ်ယောက် က ခပ်တည်တည်ကြည့်ကာ ပြောသည်။
ဒုတိယအကြိမ်ဆုံတာက ဗန္ဓုလရုပ်ရှင်ရုံမှာ ရုံထဲဝင်ရန် တံခါးမဖွင့်သေးသဖြင့် သူမတို့ သုံး ယောက် လက်မှတ်လေးတွေ ကိုင်ကာ ထိုင်ခုံမှာ ထိုင်နေကြသည်။ ရုံပြင်မှာ ထိုင်ခုံပေါ်မှာ ထိုင်နေသော သူမတို့ကို ကြည့်ကာ ကျွန်တော် စချင်လာသည်။ သူမတို့ဆီကို တည့်တည့်ကြီးလျှောက်လာသော ကျွန်တော့် ကို ကြည့်ကာ တအံ့တသြ ဖြစ်နေကြသည်။
ကျွန်တော် က နှင်း၏ လက်ထဲမှ လက်မှတ်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။
“ဘယ်လောက်ပေးရမလဲ”
“ဘာ”
ကျွန်တော့် အမေးကြောင့် သူမဒေါသထွက်သွားသည်။
“နားကောင်းတယ်မဟုတ်လား..ဘယ်လောက်လဲလို့ မေးနေတာ၊ မှော င်ခိုလက်မှတ်ရောင်းနေ တာ မဟုတ်လား”
“အောင်မှာ ဒီရုပ်လား မှော င်ခိုလက်မှတ် ရောင်းမှာ ”
“အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ဘူးလေ”
ကျွန်တော့်  စကားကြောင့် သူမက လက်ထဲမှာ လက်မှတ်ကိုဆောင့်ဆွဲပြန်ယူသည်။ မျက်နှာကမူ နီရဲလျက်။
“အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပေမယ့် အလုပ်တိုင်းမကောင်းဘူး ကြားလား”
ဆရာကြီးပုံစံဖြင့် အားလုံးကို ကြည့်ကာပြောသော ကျွန်တော့် စကားကြောင့် ကေသီက လက်ထဲမှာ ဆီးထုပ်ဖြင့် လှမ်းပစ်သည်။ နှင်းက လက်ထဲမှ အိတ်ဖြင့် ထုံးစံအတိုင်း “ကဲဟယ်” ဟု ရွတ် ရင်းလွှဲရိုက်သည်။ ဝဝနှင့် တစ်ယောက် ကတော့ လက်သီးတစ်ဆုပ်ဆုပ်ဖြင့် ။
ကျွန်တော် ပြေးရသည်။ ဟိုနှစ် ကောင်က ရယ်လျက်။
ရုပ်ရှင်ရုံမှ ရုပ်ရှင်အပြီး ပြန်အထွက် သူမတို့နှင့် မဆုံဆုံအောင် စောင့်နေကြသော ကျွန်တော် တို့အုပ်စု။
အလွမ်းအဆွေးကားမို့ မိန်းကလေးတို့၏ ထုံးစံအတိုင်း မျက်ရည်လေးစမ်းစမ်း စမ်းစမ်းဖြင့် ပြန်ထွက်လာကြသည်။
“လက်မှတ်ရောင်းတာ တွက်ခြေမကိုက်လို့နဲ့ တူတယ် ခေါင်းမဖော်တမ်းကို ငိုနေကြပါလား”
ကျွန်တော် က မာမီးခေါက်ဆွဲ ကြော်ငြာထဲက စာသားတချို့ဖြင့် လှမ်းစတော့ ငိုတာလူမိလို့ ရှက်သွားကြတာ ရှက်မျက်စောင်းထိုး သွားကြသည်။ အဲဒီ မျက်စောင်းတွေ ထဲမှာ နှင်းမျက်စောင်းက အလှဆုံး။
အခန်း(၂)
တတိယအကြိမ် ဆုံတာ ကတော့ ဘုရားပေါ်မှာ စူဠာမုဏိ ဆုတောင်းပြည့်ဘုရားပေါ်မှာ ။ ဖိနပ် ထားရန် သေတ္တာနားတွင် သူမတို့ သုံးယောက် ရပ်နေကြသည်။ ကျွန်တော် က ဘေးမှဖြတ်သွားရင်း လှမ်းစသည်။ စချငအောင်လည်း သူမတို့က ကျွန်တော် တို့ကို မမြင်ချင်ယောင် ဆောင်နေသည်ကိုး။
“ဟေ့ကောင်တွေ တချို့တွေ က ဖိနပ်အလစ်သုတ်မလို့ ချောင်းနေကြတယ်ကွ”
“ဟုတ်တယ်၊ ဟုတ်တယ် အပြင်ပန်းသားနားပြီး၊ လစ်ရင်သုတ်တဲ့ လူတွေ က တစ်ပုံကြီး”
ကျွန်တော့် စကားကို စိုးမင်းက ခပ်သွက်သွက်ထောက်ခံသည်။ ဘုရားပေါ်မှာ မို့ စိတ်လျှော့ထား ဟန်ဖြင့် သူမတို့က တစ်ဖက်သို့လှည့်သည်။
“အဲ တချို့ကျတော့ တစ်ချက်ခုတ် နှစ် ချက်ပြတ် အတွဲ ချောင်းရင်း လာကြတာကွ”
“ဟာ ဂေါပကတွေ စည်းကမ်းထုတ်ထားလို့ အတွဲ မှမရှိတော့တာ”
“ရှိလိုရှိငြားပေါ့ကွာ ဝါသနာကိုးကွ”
ကျွန်တော့် စကားကြောင့် နှင်းလက်ထဲမှ ထီးက လေထံပျံဝဲလာသည်။ ကျွန်တော် လည်း တရုတ်သိုင်းကား ကြည့်နေကျမို့။ ကိုယ်ဖော့သိုင်းပင် သုံးစရာမလို လှမ်းဖမ်းလိုက်သည်။
ထီးလက်ထဲရောက်သည်နှင့် ကျွန်တော် ဆတ်ခနဲ လှည့်ကာ ဘုရားရင်ပြင် တစ်ဖက်သို့ ပြေးသည်။ စိုးမင်းနှင့် သိန်းလတ်လည်း ဘုမသိဘမသိ လိုက်ပြေးသည်။
“ဟဲ့ ဟဲ့ နှင်း..ထီးပါသွားပြီ..”
ကေသီက နှင်းကို လက်တို့သည်။
“နေပါစေဟာ”
နှင်းကနှမြောတသစွာ ပြောရင်း ဘုရားကို ဖူးကြသည်။ ချောင်းနေသော ကျွန်တော် တို့ကလည်း အေးဆေးပင်။
ဘုရားရင်ပြင်မှ တောင်ကြီးတစ်မြို့လုံးတွင် အမြင့်ဆုံး ဖြစ်သော တောင်ချွန်းကို ကြည့်ကြသည်။
ကျွန်တော် တို့ဆီသို့ ဝဝနှင့် “ဆူမိုနပမ်းသမားကြီး” လှုပ်လှုပ် လှုပ်လှုပ်ဖြင့် လာနေသည်။
ကျွန်တောတို့ထံရောက်လာသည် အထိ မျက်နှာက ပြောင်စပ်စပ်။
“ဟင်း ဟင်း ဟိုလေ ထီးလေ ထီး၊ ထီးပြန်လိုချင်လို့ ဟဲ ဟဲ”
“ရပါတယ် ရော့”
အသာတကြည်ပင် ကျွန်တော် ပေးလိုက် သည်။ လက်ထဲထီးရောက်သည်နှင့် စောစောက ရယ် ပြုံးနေသော မျက်နှာမှာ တည်ခနဲ ဖြစ်ကာ ချာခနဲ လှည့်ထွက်သွားသည်။
“စပရိန်မ၊ ထီးမရခင်က မျက်နှာလေးက ချိုလို့ ထီးလည်းပြန်ရရော မျက်နှာက ရှစ်ခေါက်ကို ချိုးရော”
စိုးမင်းက မကျေမနပ် ရေရွတ်သည်။
“ငါတော့သွားပြီနဲ့ တူတယ်”
“အမ် ဘာလဲ”
“အဝီစိလား”
ကျွန်တော့် စကားအဆုံးကို နှစ် ယောက် သား နှိပ်ကွပ်ကြသည်။
“နှင်းလေ နှင်း… နာမည် နဲ့ လိုက်အောင် အေးချမ်းတဲ့ ကောင်မလေးပေါ့ကွာ၊ ငါ့ရင်ဘတ်ကို ကောင်းကောင်းထိနေပြီ”
ကျွန်တော် အတည်ပေါက်နှင့် ပြောသည်မို့ နှစ် ကောင်သား တအံ့တသြ ကျွန်တော့် ကို ကြည့် သည်။
“မင်းအခု အီစီကလီလုပ်ထားတဲ့ သဲသဲကရော”
“ဟာ ဘာမှမ ဖြစ်ခဲ့ပါဘူးကွာ ဒီလိုပါပဲ”
သိန်းလတ် စကားကို ငြင်းရသည်။
“မင်းခံနေရမယ်နော် လင်းနောင် မင်းကဝင်ကတည်းက ဘီလူးဆိုင်းနဲ့ ဝင်ထားတာ”
ကျွန်တော် ပြောနေတာ နောက်နေခြင်းမဟုတ်ကြောင်း သိလိုက်သဖြင့် စိုးမင်းက စဉ်းစဉ်းစား စားဖြင့် ပြောသည်။
“သြော်… မုန်တိုင်းနဲ့ စပြီး လေညင်းနဲ့ ဆုံးနေကျပါကွာ ကျောင်းသူကျောင်းသားအချင်းချင်း စတာ ဒီလောက်တော့ ရှိမှာ ပေါ့၊ နှင်းကလည်း ဗွေယူမှာ မဟုတ်ပါဘူး”
“ဒီလိုဟဲ့..”
ကျူတိုရီရယ်ဆိုသော်လည်း တကယ့်စာမေးပွဲကြီးလို ဟောခန်းကြီးမှာ တိတ်ဆိတ်လျက်။ အား လုံးကကိုယ့်အတွေးနဲ့ ကိုယ်ငုံ့ဖြေနေကြသည်။
“ရွှတ် ရွှတ် ..လင်းနောင်”
ကျွန်တော့် နောက်ခုံမှ ခင်ခင်လှက တိုးညင်းသော အသံဖြင့် လှမ်းခေါ်သည်ကို ကျွန်တော် မကြား။ ကျွန်တော့် ဘေးမှ သိင်္ဂီက ကြားသည်။ ဆရာမ အခန်းအနှံ့ကြည့်စဉ် အလစ်ကိုခေါ် ရသဖြင့် ခင်ခင်လှအသံမှာ လေသံကိုမှ တိုးတိုးလေး။ ကျွန်တော် ကလည်း စာမေးပွဲဖြေလျှင် အချိန် ပြည့် ထိုင်ရမှာ ပျင်းသူပီပီ အမြန်ဖြေ၍ အမြန်ထွက်ရန်သာ စိတ်ကစောနေသည်။
“ဟေ့ လင်းနောင် ရွှတ် ရွှတ် ရွှတ် လင်းနောင်”
အသံမှာ တိုးလွန်းသဖြင့် လုံးဝမကြား။ ခင်ခင်လှကလည်း ရတောင့်ရခဲ ဆရာမ အလစ်ကို ကျွန်တော့်ထံစာမေးရန်။ ဘေးမှ သိင်္ဂီက ခေါ်ကူသေးသည်။ မကြားသော ကျွန်တော့် ကို ခင်ခင်လှ စိတ်အနည်းငယ် တိုလာသည်။ ဆရာမ နောက်တစ်ခါ အလစ်ကို စောင့်ကာ ရှေ့ကိုကိုင်းပြီး ကျွန်တော့်  ခါးကို ဘောပင်ဖြင့် ခင်ခင်လှက လှမ်း၍ ထိုးသည်။ ကျွန်တော့် မှာ တွန့်ခနဲ။ လက်ကားရား ခြေကားရား။ ပါးစပ်မှလည်း ကျယ်လောင်စွာ ယောင်ပြီး အော်လိုက်သည်။
“ကုလားမနှာခေါင်း”
ကျွန်တော့်  အလန့်တကြားအော်သံကြောင့် တိတ်ဆိတ်နေသော စာဖြေသူများ ကို လှုပ်နှိုးလိုက် သလို ဖြစ်သွားသည်။နောက်မှ ခင်ခင်လှမှာ ခေါင်းပင် မဖော်ရဲ။ (သူမက ကုလားဆင် ဖြစ်သည်လေ) ကျွန်တော် ကလည်း လှည့်မကြည့်ရဲ။ လှည့်ကြည့်လျှင် ဆရာမ က နှစ် ယောက် စလုံးကို ဆူမည် ။ ဆရာ မက “ဘာ ဖြစ်တာလဲ” ဟု ဆိုကာ အနားရောက်လာခဲ့သည်။ အမှန်အတိုင်းလည်း မပြောရဲ။ စာမေး မလို့ ခင်ခင်လှက ခါးကိုတို့သဖြင့် ယောင်ရပါသည်ဆိုလျှင် သူမမလွယ်။ “မေးနေတယ်လေ” ဟု ဆရာမ က ထပ်ဆိုသည်။
“ဟို ဟိုဒင်း အဲ ကြမ်းပိုးထိုးလို့ပါ တီချယ်”
ရယ်သံများ က ဝေါခနဲ လှိမ့်၍ နားထဲဝင်လာသည်။
“ဘာ… ဘာကြမ်းပိုးလဲ တီချယ် တောင်ကြီးတက္ကသိုလ်မှာ လုပ်လာသမျှ သက်တမ်းတစ် လျှောက် စာသင်ခန်းမှာ ကြမ်းပိုးရှိတယ်လို့ မကြားဖူးပါဘူး”
ကျွန်တော် ဘာပြန်ပြောရမှန်း မသိ ဖြစ်နေတုန်း ကျောင်းသား တစ်ယောက် က ထအော်သည်။
“သူ့ကိုယ်မှာ ပါလာတာပဲ ဖြစ်မယ် တီချယ်”
တစ်ခန်းလုံး ဝိုင်းကြည့်နေရာမှ ဝိုင်းရယ်ကြပြန်သည်။ ကျွန်တော် ရှက်ရှက်ဖြင့် ဘာပြောရမှန်း ပင် မသိ။
“တော် ပြီ တော် ပြီ ကိုယ်ဖြေစရာရှိတာဖြေကြ၊ ဘာဉာဏ်နီ ဉာဏ်နက်မှ မထုပ်ကြနဲ့ ”
အခန်းစောင့် ဆရာမ တစ်ယောက် က အော်တော့မှ ရယ်သံများ စူးစမ်းသံများ ပျောက်ကာ ပုံမှန် ပြန်လည်တိတ်ဆိတ်သွားသည်။ ကျွန်တော် ဆရာမ အလစ်ကို ခင်ခင်လှ ရှိရာနောက်သို့လှည့်ကြည့် သည်။ ခင်ခင်လှက မျက်နှာငယ်လေးဖြင့် “ရှူး” ဟု ခပ်တိုးတိုး။
ခင်ခင်လှက စာမေးပွဲဖြေပြီး ချက်ချင်း တောင်းပန်ပေမယ့် ယောင်တတ်သော ကျွန်တော့် အကျင့် က ဘူးပေါ်သလိုပေါ်သွားသည်။ သူငယ်ချင်းတချို့ကရယ်စရာအ ဖြစ် အလစ်မှာ ခါးဝင်ဝင်တို့တတ်ကြ သည်။
တစ်ခါတလေ စိတ်ထဲမှာ တစ်ခုခုကိုတွေးတုန်း လာတို့လျှင်ထိုအတွေးကို ထယောင်တတ်သည်။
စိုးမင်းနှင့် သိန်းလတ် ကတော့ ကျွန်တော့် နိုင်ကွက်ကို အညှာကိုင်မိပြီမို့ အခါခါ ညှဉ်းတတ်ကြ သည်။
ဒီတစ်ခါဆုံတာ ကတော့ သူမတို့ရှော့ပင်ထွက်နေတုန်း ဖြစ်သည်။ ယခုခေတ် မိန်းကလေးများ လွယ်ကြသော ဘေးလွယ်အိတ်ကို ပခုံးမှာ လွယ်ကြည့်နေသော သူမတို့ကို ထိုအိတ်များ ရောင်းနေ သော ကောင်တာရှေ့မှာ တွေ့ သည်။
အိတ်များ ကို တစ်လုံးရွေးလိုက် လွယ်ကြည့်လိုက် လုပ်နေကြသော သူမတို့နှင့် မလှမ်းမကမ်း သို့ ကျွန်တော် တို့ ရောက်သွားကြသည်။
“သတိထားဗျို့ ဟိုဟာကြည့်လိုက် ဒီဟာကြည့်လိုက်နဲ့ လစ်ရင်သုတ်တတ်တယ်”
“ရုပ် ကတော့ မထင်ချင်စရာပေါ့”
စိုးမင်းနှင့် သိန်းလတ်က အတိုင်အဖောက်ညီညီဖြင့် ။ ဘာမှမပြောသော ကျွန်တော့် ကို ခါးတို့၏ ။ “ဝယ်မှာ လည်း မဟုတ်ဘူး” ဟု ခပ်ချဉ်ချဉ်တွေးနေသော အချိန်တို့လိုက်သည်မို့ လွှတ်ခနဲ ယောင်ပုံက အသံကျယ်ကျယ်ဖြင့် ။
“ဝယ်မှာ လည်းမဟုတ်ဘူး။ ဟာ မင်းတို့ကွာ”
ယောင်သူတို့၏ ထုံးစံအတိုင်း ယောင်ပြီးတော့မှ ရှက်ရှက်ဖြင့် ဟိုနှစ် ကောင်ကို မာန်ရသည်။ နှင်းတို့က စိတ်ဆိုးတစ်ဝက် ရယ်ချင်တစ်ဝက်ဖြင့် မျက်စောင်းထိုးသည်။ ဘာမှတော့မပြော။နှင်းက အိတ်တစ်လုံးကို သဘောတကျဖြင့် ဘေးလွယ်ကြည့်လိုက် ကေသီနှင့် နုငယ်တို့ကို ကြည့်ခိုင်းလိုက် ဖြင့် ကျွန်တော် စချင်လာသည်။
“အဲဒီ အိတ်ကြီး ကတော့ အဆင်ပြေပါတယ်၊ နို့ဘူးတွေ ၊ ချိုလိမ်တွေ ၊ ကလေးအနှီးတွေ များများ ဆံ့တာပေါ့”
အိတ်ကိုကိုင်ထားသော နှင်း၏ လက်လွန့်ခနဲ ဖြစ်သွား၏ ။
ကျွန်တော့် စကားကြောင့် နှင်းက ရှက်ကာမျက်နှာရဲ သွားသည်။
“အဲဒါ ရှင့် မိန်းမကို သွားပြောပါလား၊ ကျွန်မတို့က အပျိုရှင့် အပျို”
ဆွံ့အနေသော နှင်းကိုယ်စား ကေသီက ဝင်ပြောသည်။
“ဟုတ်လား ဝမ်းသာလိုက်တာဗျာ ကျွန်တော် တို့ကလည်း လူပျိုတွေ ဗျ၊ ရည်းစားတောင်မထား ဖူးဘူး ဟဲ ဟဲ”
သိန်းလတ်၏ စကားအဆုံး “သေလိုက်ပါလား” ဟု ဆိုရင်းနှင်းက လက်ထဲမှ အိတ်ဖြင့် ပစ်လိုက်သည်။ သူမပစ်မှတ်က ကျွန်တော့် ထံသို့ ဘယ်တုန်းကတည်းက အခဲမကျေ ဖြစ်နေမှန်းမသိ။ ဖမ်းထားသော အိတ်ကို နီးရာ ကောင်တာမှာ ချပြီး ပြေးရသညည်။
ထိုမတ်ကတ်မှာ ပဲ သူမတို့ CD ခွေဝယ်နေကြသည်။
“အချစ်များ စွာ အတွက် ဝယ်ပေးချင်တယ်ကွာ”
ယင်းခွေသို့ လက်လှမ်းနေသော နှင်း၏ လက်တို့တန့်သွားကြသည်။ သူမက မသိ မကြားသ လိုဖြင့် 98 တုန်းက ထွက်ခဲ့သော ထွန်းအိန္ဒြာဗို၏ “ရည်းစားဦး” ခွေကို လက်လှမ်းသည်။
“ရည်းစားဦးဝယ်မှတော့ နားထောင်ကောင်းပြီးသား”
နှင်းကို ရည်းစားဦး လိုလိုဘာလိုလို ညွှန်းလိုက်ခြင်း။ ကျွန်တော် တမင် လိုက်စနေမှန်း သိသဖြင့် ခွေကောင်တာမှ ကောင်မလေးက ခစ်ခနဲ ရယ်သည်။
“ညီမလေးရေ ပရိတ်ကြီး (၁၁) သုတ်ခွေတစ်ခွေ ပေးပါကွယ် နာနာဘာဝတွေ လိုက်ကပ်လွန်း လို့”
ကျွန်တော် တို့ နာမည် ပင် မသိရသေးသော ဆူမိုနပန်းသမကြီးက ကျွန်တော် တို့ကို မျက်စောင်းထိုးရင်း ပြောသည်။ ကေသီက လက်ခုပ်တီးရင်း “နုငယ်ကွ” အားရဟန်ဖြင့် ဆို၏ ။
“သြော်..နာမည် လေးက နုငယ်တဲ့လား”
စိုးမင်း၏ အပြောကြောင့် ကျွန်တော် “ခွီး” ခနဲ ထိန်းထားသည့်ကြားက ရယ်မိသည်။ အရယ်သန်သော သိန်းလတ်က တဟားဟားဖြင့် ဗိုက်ကိုနှိပ်၍ ရယ်သည်။
လူကဝပြီး (ဝတာမှအင်မတန်ဝပြီး) ဆူမိုနပန်းသမားပုံပေါက်နေသော သူမနာမည် က “နုငယ်” ဆိုတော့ ရယ်ကြသည်ပေါ့။ နုငယ်က ရှက်ရှက်ဖြင့် လက်ထဲမှ အိတ်နှင့် လှမ်းရိုက်ရန်ပြင်သည်။ ထုံးစံ အတိုင်း ထွက်ပြေးရသည်။
“ဟား ဟားဟား နာမည် နဲ့ လူနဲ့ တော် တော် လေး လိုက်တယ်၊ လူက တကယ့် ဖက်တီး နာမည် က နုငယ်တဲ့ ဟီး ဟီး ဟီး”
သိန်းလတ်က အဆောင်ရောက်သည်အထိ ရယ်ကောင်းတုန်း။
“နုလည်းနု ငယ်လည်းငယ် ပါတယ်ကွာ နာမည် နာမည် ”
စိုးမင်းက ပြောရင်းဆိုသည်။ သူမတို့ ကတော့ ကျွန်တော် တို့အဖွဲ့ဆိုလျှင် ဒုံးကျည်ဖြင့် ပစ်ချင် လောက်အောင် မုန်းနေပေလိမ့်မည် ။
ဘာရယ်မဟုတ် နှင်းတို့ စာသင်ခန်းဘက်သွားသွား ကြည့် ဖြစ်သည်။ ကျွန်တော့် ကို မြင်တော့ နှင်းတို့က တစ်ယောက် ကို တစ်ယောက် တွတ်ထိုးရင်း ဘာပြောနေကြသည် မသိ။
“ဟေ့ကောင် မင်းကိုကြည့်ပြီး သုံးယောက် သား တတွတ်တွတ်နဲ့ ဘာအတင်းတုပ်နေလဲ မသိဘူး”
“ဟုတ်တယ် လင်းနောင် စာသင်တာတောင် အာရုံမစိုက်ဘူး”
သိန်းလတ်နှင့် စိုးမင်းက ကျွန်တော့် ဘက်ကို လှည့်ပြောသည်။
“အဲဒါကောင်းတယ်”
စိုးမင်းက “ဘာကောင်းတာလဲ” ဟု မေးသည်။
“ဆရာ စာသင်တာကို အာရုံမစိုက်နိုင်လောက်အောင် ငါ့ပစ်မှတ်က ထိနေပြီ၊ အဲဒါ အဓိကပဲ”
ဆရာကြီးလေသံဖြင့် ပြောကာ ကျွန်တော့် ကို ဟိုနှစ် ကောင်က အမြင်ကတ်ဟန်ဖြင့် ကြည့်သည်။
“မင်းက ဆရာကြီးလား ရည်းစားလည်း မရှိဘဲနဲ့ ”
ရည်းစားရှိသော စိုးမင်းက နယ်မှာ ကျန်ခဲ့သော ရည်းစားအားကိုးဖြင့် ဆောင့်ကြွားကြွား လုပ် ကာ စကားနာထိုးသည်။
“အေးပါ မင်းပြောထား”
“ပြောပြီးနေပြီလေ ငကြောင်ရ”
သိန်းလတ်ကပါဘေးကဝင်တီးသည်။ ကျွန်တော် သိန်းလတ်ကို ပြုံးစိစိကြည့်တော့ မလုံမလဲဖြင့် သူက “ဘာကြည့်တာလဲ” ဟု ခတ်ဆတ်ဆတ်မေးသည်။
“မင်းက စိုးမင်းနဲ့ ပေါင်းပြီး နှိပ်ကွပ်ရအောင် မင်းမှာ ကော ရည်းစားရှိလို့လား သိန်းလတ်”
အရှိုက်ထိသွားသဖြင့် သိန်းလတ်က မချိသွားဖြဲဖြင့်
“လာမယ်လေ၊ ငါကအချီကြီးမှမှန်းကာ ကြည့်ထား”
“နုငယ်လေးကိုလား၊ အဲဒါကမှ အချီကြီး”
စိုးမင်းက ဝင်၍ သမရတုန်း သမသည်။ သိန်းလတ်က ကြောင်တောင်တောင် ဖြစ်နေ၏ ။
“ငါသဘောပေါက်ပါတယ်ကွာ လှတာက ချက်စားလို့မရဘူး ဝတာက ဖက်ထားလို့ရတယ် ဟဲ ဟဲ”
ကာရန်ဖြင့် ကျွန်တော် က ဝင်၍ နှိပ်ကွပ်သည်။
“နုငယ်နဲ့ တော့ မလုပ်ပါနဲ့ ကွာ ကြက်သီးထလွန်းလို့”
သိန်းလတ်က ပြောရင်း ကိုယ်ကိုကျုံ့သည်။
“ကေသီလေးနဲ့ ဆို တော် သေး”
ဟန်တစ်လုံးပန်တစ်လုံးဖြင့် ခြေကားရားလတ်ကားရားပြောနေသော သိန်းလတ်နောက်မှာ ဆရာလာနေတာမသိ။ ကော်ရစ်တာက သူ့ကိုယ်ယိမ်းထိုးနေကာ လက်ကားရား ဖြစ်နေတာနဲ့ အပြည့်။
“ဟေ့ကောင် ဆရာ့ကို ဖယ်ပေးလိုက် ဦး..နောက်မှာ ”
ကျွန်တော် ပြောပေးတာကို “ရိုးနေပြီ” ဟူသော ပုံစံဖြင့် သိန်းလတ်က လှည့်ပင်မကြည့်။
“အခန်းထဲက မထွက်သေးတဲ့ နှာခေါင်းပွပွ၊ နားရွက်ကားကား နဖူးပြောင်ပြောင်၊ မျက်လုံးပြူး.. ပြူး”
“ဟိတ်ကောင်”
အမူအရာ အပြည့်ဖြင့် ပြောင်ချော်ချော် လုပ်နေပါသော သိန်းလတ် ဆရာ့ကို ဆတ်ခနဲ လှည့် ကြည့်ပြီး ကျွန်တော် တို့ဘက် ပြန်လှည့်ကာ မျက်နှာရှုံ့သည်။ ဆရာ့အသံ ကျယ်လွန်းသဖြင့် ကျောင်း သူ ကျောင်းသားတချို့ ဝိုင်းကြည့်နေကြသည်။ ကြုံချင်တော့ တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ အဆိုးဆုံးမို့ ဦးစိတ်တိုဟု လျှို့ဝှက်နာမည် ပေးထားသော ဆရာဦးတင်ဝေ။
“ဆက်ပြောပါဦး ပြောလေ”
ဆရာက မျက်နှာငယ်လေးဖြင့် ရှေ့မှာ ရပ်နေသော သိန်းလတ်ကို ကြည့်ရင်းမေးသည်။
“ပြောစမ်း မင်းဘယ်မေဂျာကလဲ ခုံနံပါတ်ပါ ပြောစမ်း”
ဧကန္တ ပါမောက္ခဆီ ရောက်တော့မည် ။ သိန်းလတ် မျက်နှာငယ်လေးဖြင့် တောင်းပန်သည်။
“ကျွန် ကျွန်တော် တောင်းပန်ပါတယ်ဆရာ၊ ဟိုဆရာ တကယ်မလာဘူးထင်လို့”
“ဘာတကယ် မလာရင်တော့ ပြောမယ်ပေါ့ ဟုတ်လား”
“ဟုတ်ကဲ့..အဲ..မဟုတ်ပါဘူး..ဆရာ”
သိန်းလတ်က စစ်ကူးတောင်းသလို ကျွန်တော် တို့ကို လှမ်းကြည့်ရှာသည်။ “ဘာမှမတတ်နိုင်” ဆိုသည့်သဘောဖြင့် ပခုံးကို တွန့်ပြရသည်။
“ပြောလေ မေဂျာနဲ့ ခုံနံပါတ်”
“ဟို ဇူး (Zoo) ပါ ဆရာ”
“ထင်သားပဲ တိရစ္ဆာန်မေဂျာကဆိုတာ၊ မင်းတို့ဇူးမေဂျာက နှစ် စဉ်ကျောင်းသားဆိုးတွေ ပေါ် နေကျ”
ဆရာက မေးစေ့ကို ပွတ်ရင်း သိန်းလတ်ကို မေဂျာနဲ့ ပါ ကိုင်ပြီးနှိပ်ကွပ်သည်။ နှိပ်ကွပ်ပေမပေါ့ သူကြိုက်သော ကျွန်တော် တို့ မေဂျာက ဆရာမ အပျိုကြီး ဒေါ်ဟန်နီနှင့် မှ အဆင်မပြေဘဲကိုး။ နဂိုရှိပြီး သား အမုန်းဓာတ်ခံဖြင့် ပေါင်းကာ သိန်းလတ်ကို ပြော၍ မပြီးတော့။
ကံကောင်းချင်တော့ ဆရာမ ဒေါ်ဟန်နီ NC 1 ဘက်သွားတာကို ကျွန်တော် လှမ်းတွေ့ လိုက်ရ သည်။ အမြန်ပြေးကာ ဆရာမ ကို နှုတ်ဆက်ရသည်။
“မင်္ဂလာပါ တီချယ်”
ဆရာမ က ရှေ့မှာ ပိတ်ကာ ရပ်ရင်းနှုတ်ဆက်သော ကျွန်တော့် ကို မျက်မှန်းတန်းမိသည်မို့ ပြုံးပြသည်။
“သြော် အေးကွယ် မင်္ဂလာပါ”
ဆရာမ က နှုတ်ဆက်အပြီး သွားရန်ပြင်သည်။
“တီချယ်”
ဆရာမ က ပြန်လှည့်ကြည့်သည်။ “ဘာလဲ” ဆိုသည့်သဘောဖြင့် မေးကိုဆတ်သည်။ အကျိုး အကြောင်း ရှင်းပြပြီး ဆရာနှင့် သိန်းလတ်ရှိရာ ညွှန်လိုက်သည်။ ဆရာက သြဝါဒပေး၍ ကောင်းတုန်း ဆရာမ နောက်မှာ ရောက်နေမှန်း ဆရာမ သိ။
“မင်းတို့ ဇူးမေဂျာက လူတွေ ပြောကိုမပြောချင် ချင်”
“ဆရာ”
ဆရာမ နောက်မှ ရုတ်တရက်ဆောင့်ခေါ်လိုက်သဖြင့် ဆရာ တွန့်ခနဲ လန့်သွားပြီး လှည့် ကြည့်သည်။ ဆရာမ ကို မြင်တော့ အံ့သြဝမ်းသာဖြင့် ဆရာ့မျက်နှာ ပြုံးဖြီးဖြီးကြီး ဖြစ်သွားသည်။
“ကျောင်းသားကိုပဲ ဆုံးမပါ ဆရာ..ဟန်နီတို့မေဂျာကိုတော့ မထိခိုက်ပါနဲ့ ”
“မဟုတ်ပါဘူး ဆရာမ ရယ်..ကျွန်တော် က”
“ရပါတယ်ဆရာ ကျွန်မရဲ့ ကျောင်းသားကလည်း အမှားမကင်းတော့ ရှိပါစေ”
“ဟဲ ဟဲ ရပါတယ် သား သွားတော့လေ”
ဆရာက သိန်းလတ်ကို ချိုရွှင်စွာ ကြည့်ရင်း ပြောသည်။ သိန်းလတ်ကလည်း ဆရာမ ကို ကိုယ် ကိုင်း၍ နှုတ်ဆက်ကာ ဆရာမ ခေါင်းညိတ်ပြသည်နှင့် တစ်ပြိုင်နက် ကျွန်တော် တို့ဆီ အပြေးလာသည်။ ဆရာက တဟဲဟဲဖြင့်
“ဟဲ ဟဲ ဆရာမ ဘယ်အတန်းလဲ”
“ဆရာပြောတဲ့ ဇူးအတန်းကို သွားမလို့ပါ ခွင့်ပြုပါဦး ဆရာ”
ဆရာ ဘာမှပြန်မပြောခင် ဆရာမ လှည့်ထွက်သွားသဖြင့် ဆရာ ရှက်သွားဟန်တူသည်။ “ဆရာ့ကို တောင်းပန်ခိုင်းဦးမှ” ဟု သိန်းလတ်ကို ကြည့်ရင်း ကျွန်တော် တွေးသည်။ ဆရာ ကျွန်တော် တို့ကို မမြင်ခင် “မိန်း” ဆီသို့ သုတ်ခြေတင်ရသည်။
![]() ယောက္ခကြီးကဆြာမဂျီး | ![]() မိန်းမယူမယ် | ![]() ဖူးစာအကြောင်း လာမပြောနဲ့ |