ယောက္ခကြီးကဆြာမဂျီး
A wife and oxen choose from your own country.
ဇနီးနှင့် နွားထီးကို မိမိဇာတိမှ ရွေးချယ်ပါ။
Italian Proverb
“မင်းနှယ်ကွယ် နေနိုင်လိုက်တာ”
မီးဖိုဆောင်ထဲမှထွက်လာသော ယောက္ခမကြီး၏ စကားအဆုံးမှာ ‘ဗျာ’ ဟု သူနာမလည်နိုင် စွာ ‘ဗျာ’ ဖြစ်သည်။ ယောက္ခမကြီးက အိမ်ထဲသို့ ၀င်ဝင်လာချင်း ‘သားရေ…သမီးကော’ ဟု မေးသည်မို့ ‘မီးဖိုဆောင်ထဲမှာ အမေ’ ဟု သူ ရိုသေစွာ ဖြေ ဖြစ်သည်။
ယောက္ခမကြီးကဘည်း ‘ဟုတ်လား ’ ဟု ညင်သာစွာ ဆိုရင်းမီးဖိုဆောင်ထဲ ၀င်သွားခဲ့သည်။ သိပ်မကြာခင်မှာ ပင် မီးဖိုဆောင်ထဲမှ ပျာယီးပျာယာဖြင့် ပြန်ထွက်လာကာ ‘မင်းနှယ်ကွယ် နေနိုင်လိုက်တာ’ ဟု သူ့ကိုဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ပင် သူ ‘ဗျာ’ ဖြစ်ခြင်း ဖြစ်သည်။
“မဗျာနဲ့… မင်းကကျတော့ ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီးတော့ ဂျာနယ်ဖက်နေတယ်၊ ငါ့ သမီးကကျတော့ မီးဖိုဆောင်ထဲမှာ ပန်းကန်တွေ ဆေးနေရတယ်၊ ပန်းကန်တွေ ကလည်း များ လိုက် တာကွယ်၊ ပုံထားလိုက်တာများ မြင်းမိုရ်တောင်လား အောက်မေ့ရတယ်”
အိုဗာအက်တင်ဖြင့် အိုဗာဒိုင်ယာလော့ခ်တွေ ဆိုနေသော ယောက္ခမကြီးကို သူ ဘာပြန်ပြော ရမှန်းတောင်မသိ ဖြစ်ကာသွားသည်။
“အမေရယ် သားနဲ့သူနဲ့ စားထားတဲ့ ထမင်းပန်းကန်လေးနှစ် ချပ်နဲ့ ဟင်းပန်းကန်လေး သုံး လေးချပ်ထဲပါဗျာ၊ အမေပြောတာကို ပတ်ဝန်းကျင်ကကြားရင် ၀ိုင်းရယ်ထားဦးမယ်၊ အမေ့သမီးေ ဆးနေတဲ့ ပန်းကန်အားလုံးပေါင်းကို မြန်မြန်ရေရင်တောင်ဆယ်ချပ်မပြည့်ဘူး”
“တော် စမ်း”
သူ့စကားမဆုံးခင်မှာ ပင် ယောက္ခမကြီးက ‘တော် စမ်း’ ဟု ဟန့်သည်မို့ သူ ပါးစပ်ကို အမြန်ပိ တ် ဖြစ်သည်။
“သူ့ဘာသာသူ ပန်းကန်တစ်ချပ်ထဲဆေးနေလည်း ငါ့မျက်စိထဲမှာ တော့ မြင်းမိုရ်တောင်ပဲ၊ ဘယ့်နှဲယ်ကွယ် မင်းရဲ့ လစာတွေ ဒီလောက်ကောင်းတာ အိမ်အကူလေးဘာလေးခေါ်ထားမှပေါ့၊ ငါ့သမီးမှာ အလုပ်လည်းသွားရသေး ပြန်လာတော့လည်း အိမ်အလုပ်တွေ က တန်းစီနေတာပဲ၊ ငါ့ သမီလေး သနားပါတယ်”
ရင်ဘတ်ကို ပုတ်ကာ ပုတ်ကာ ဆိုနေသော ယောက္ခမကြီးကို ကြည့်ရင်း သူတင်းလာသည် တကယ်တမ်းကျ အိမ်အလုပ်သည် ဘာမှမယ်မယ်ရရမရှိ။ ပြီး ညားခါစမို့ နှစ် ယောက် တည်းလွတ် လွတ်လပ်လပ်နေရရန်အတွက် အိမ်အကူကို တမင်းမခေါ်ခြင်း ဖြစ်သည်။
“အိမ်အကူမခေါ်တာက သမီးကြောင့် မေမေရေ”
မီးဖို့ဆောင်မှာ ပန်းကန်ဆေးပြီး ထွက်လာသော သူမက သူမ၏ အမေကို ဆိုသည်။ ယော က္ခမကြီးက ‘ဘာလို့လဲ သမီးရဲ့ ’ ဟု မကျေမနပ်ဆိုသည်။
“ကိုကိုနဲ့ သမီးနဲ့က လက်ထပ်ထားတာ ဘာမှမကြာသေးဘူးမဟုတ်လား၊ ဒီတော့ လွတ် လွတ်လပ်လပ်ပဲ နေချင်လို့လေ၊ သူစိမ်းရှိနေရင် စိတ်ရှုပ်လို့၊ အဲဒါကြောင့် ကိုကိုက ခေါ်ပေးမယ်ဆို တာကို သမီးက ငြင်းထားတာ”
သူမက သူမ၏ အမေကို ဖက်ထားရင်း ခပ်ချွဲချွဲဆိုသည်။
“ဒါပေမယ့်လည်း ဒီခေတ်ကြီးမှာ က ယောက်ျားအလုပ်၊ မိန်းမအလုပ်ဆိုတာ မရှိပါဘူးကွ ယ်၊ ပန်းကန်ဆေးတာ၊ တံမြက်စည်းလှည်းတာလောက် ကတော့ ကူချင်စိတ်ရှိရင် ကူလို့ရပါတယ်”
ယောက္ခမကြီးက အလျှော့မပေး။ သူ့ကို တမင်စောင်၍ ဆိုသည်။ သူမနှင့် မညားခင်ကတ ည်းက သဘောမတူဟုဆိုကာ ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည်မို့ ယောက္ခမကြီးကို သူ သိပ်ပြီး သံယော ဇဉ်မရှိလှ။ ယောက္ခမလည်း မိဘပဲမို့သာ သူ အရိုအသေပေးကာ လေးလေးစားစား ဆက်ဆံနေရခြ င်း ဖြစ်သည်။
“ကိုကိုက ကူဆေးပေးမယ်လို့ ပြောပါတယ် မေမေရဲ့ ၊ ပန်းကန်က သိပ်မများ တာနဲ့ သမီး တစ်ယောက် တည်းပဲ ဆေးလိုက်တာ”
“ငါ့သမီးလေး ပင်ပန်းလိုက်တာ”
သူ့ကို မကြားကြားအောင် ယောက္ခမကြီးက ဆောင့်ဆောင့်အောင့်အောင့် ဆိုသည်။ သူဆ က်ထိုင်နေသ၍ အိုဗာတင်းတွေ လုပ်နေဦးမည် မို့ သူထရပ် ဖြစ်သည်။
“မိန်းမရေ…မနက်ကလျှော်ထားတဲ့ အ၀တ်တွေ မောင်သွားခေါက်လိုက်ဦးမယ်၊ မိန်းမနား လိုက်ဦးကွာ၊ အမေ့ကိုလည်း အိုဗာတင်းလေးဘာလေး ဖျော်တိုက်လိုက်ဦး”
သူဘာကိုဆိုလိုမှန်း သိသည်မို့ သူမက စပ်ဖြီးဖြီးဖြင့် ‘ဟုတ်ကဲ့ ကိုကို’ ဟု လျှာထုပ်ရင်းဆို သည်။ ယောက္ခမကြီး ကတော့ ရွဲ့နေမှန်းသိသည်မို့ သူ့ကို ပေးစောင်းစောင်းဖြင့် လိုက်ကြည့်သည်။
တကယ်တော့ မနက်က ဘာအ၀တ်မှ လျှော်မထား။တမင်တကာ လျှောက်ပြောပြီး အိပ်ခ န်းထဲဝင်ခဲ့ခြင်း ဖြစ်သည်။
အိပ်ခန်းထဲတွင် ၀င်ကာ ခုတင်ပေါ် ပက်လက်ကြီးအိပ်ရင်း သူ ယောက္ခမကြီး၏ မိုင်ပိုမူတွေ ကို တွေးနေမိသည်။
သူ၏ မိန်းမက အရာရာ သည်းခံခွင့်လွှတ်ကာ နားအေးပါးအေးနေတက်သော သဘောမေ နာကောင်းသူ ဖြစ်သည်။ ယောက္ခမကြီးနှင့် သာအမိဆိုသည်ကိုပင် မယုံနိုင်စရာကြီး ဖြစ်နေသည်။
ယောက္ခမကြီး ကတော့ ပွစိပွစိရွတ်သည့်နေရာတွင် နှစ် ယောက် မရှိ။ အပြစ်ရှာသည့်နေရာတွ င် နံပါတ်တစ် ဖြစ်ကာ စောင်းမြောင်းပြောဆိုတတ်မူတွင် ပထမ ဖြစ်သည်။ တကယ်တမ်းကျ ယော က္ခကြီးက အပြောမတတ်ခြင်သာ ဖြစ်သည်။ စိတ်သဘောဆိုးသူတော့ မဟုတ်။ သို့ သော်လည်း အမြဲသည်းခံနိုင်ဖို့တော့ သိပ်မလွယ်လှ။ လူ တစ်ယောက် ၏ အကျင့်ဆိုသည်က ဖျောက်နိုင်ခဲ့ သည်ကိုး။
“ကိုကို”
လူကို လှုပ်ကာနှိုးသည်မို့ သူနိုးလာသည်။
“မိန်းမ…ကို မှေးခနဲအိပ်ပျော်သွားတာ ချစ်မေမေရော ပြန်သွားပြီးလား၊ ဘာတွေ မိန့်သွားသေးလဲ”
ဝါးခနဲသန်းကာ ထထိုင်ရင်း ဆို ဖြစ်သည်။ ယောက္ခမကြီးကို ကွယ်ရာမှာ ချစ်မေမေဟု နာမ ည်ပြောင်ပေးထား ဖြစ်သည်။
သူ့စကားကြောင့် သူမက ‘ပိုပြီ’ ဟု ဆိုရင်း သူ့ကိုမျက်စောင်းထိုးသည်။
“မအိန်းမ ရှေ့နည်းနည်း တိုး”
“ဘာ ဖြစ်လို့လဲ”
သူ၏ စကားကြောင့် သူမက ‘ဘာ ဖြစ်လို့လဲ’ ဟု မေးသည်။
“ချွေးသုတ်ပေးမလို့ မိန်းမရဲ၊ မိန်းမက ပန်းကန်တွေ မြင်းမိုရ်တောင်လောက်ကြီး ပုံနေတာ ကို ဆေးထားရတော့ နဖူးကချွေးတွေ ခြေမထိမကျခင် ချွေးသုတ်ပေးချင်းလို့ပါကွာ၊ ကိုကို့မိန်းမက တော့ အတော် ကြီး မောနေလောက်ပြီး”
သူ့စကားအဆုံးမှာ သူမက ခွီးခနဲရယ်သည်။
“ချစ်မေမေ့ကို ရွဲ့တာပေါ့ ဟုတ်လား”
“ချစ်မေမေကို ကိုကိုက ဘယ်ရွဲ့ရဲ့ ပါ့မလဲကွာ၊ စကားတွေ အများ ကြီးမပြောပါနဲ့ မိန်းမရယ်၊ မိန်းမမောနေပါ့မယ်”
“ကိုကိုနော်”
ခပ်ရွဲ့ရွဲ့ဆိုသော သူ့စကားကြောင့် သူမက သူ့ကို ဆွဲဆိတ်သည်။
“ငြိမ်ငြိမ်နေပါ မိန်းမရယ်၊ အသက်တောင် ပြင်းပြင်းမရှူနဲ့ ဖြည်းဖြည်းလေးပဲရှူ၊မိန်းမမော မှာ စိုးလို့”
အိုဗာစတိုင်ဖြင့် ဆိုသော သူ့စကားကြောင့် သူမက ခွီးခနဲရယ်သည်။ ပြီး ‘အပိုတွေ ’ ဟု ဆို သည်။ ထို့နောက် ရယ်ပြန်သည်။
“ဖြည်းဖြည်းရယ်ပါ မိန်းမရယ်၊ မောမယ် မိန်းမရ”
သူ တမင်ပင် ရွတ်၍ ဆို ဖြစ်သည်။ ထုံးစံအတိုင်း သူမ ကတော့ ခွီးခနဲရယ်သည်။ ဘာရယ်မ ဟုတ် သူပါရယ် ဖြစ်သည်။
“မိန်းမရေ…ချစ်မေမေလာနေပြီ၊ ပေး….ပေး တံမြက်စည်း”
အိမ်ရှေ့မှာ ယောက္ခမကြီးကို ရိပ်ခနဲ တွေ့ လိုက်ရသည်မို့ မိန်းမ ဖြစ်သူ၏ လက်ထဲမှ တံမြက်စည်းကိုလုကာ လှည်းချင်ယောင်ဆောင် ဖြစ်သည်။
“မိန်းမ… သွား သွား ထိုင်ခုံမှာ ထိုင်”
သူ့စကားကြောင့် သူမက အယောင်ယောင် အမှားမှားဖြင့် ထိုင်ခုံမှာ ဆတိခနဲထိုင်သည်။ ထို့စဉ်မှာ ပင် ဇာတ်တိုက်ထားသလို ယောက္ခမကြီးက ၀င်လာသည်။ ပြီး ထိုင်ခုံမှာ ထိုင်နေသော သ မီး ဖြစ်သူကိုတစ်လှည့် ကြည့်သည်။ ပြီး ကျေနပ်သွားဟန်ဖြင့် အိမ်ထဲသို့ လိမ်ကျစ်လိမ်ကျစ်ဖြင့် ၀င်လာသည်။ ပြီး တံမြက်စည်းကိုင်ထားသော သူ့ကို မိန့်မိန့်ကြီးကြည့်ကာ ပြုံးသည်။
“သမီးကလည်းကွယ် ကိုယ့်ယောက်ျား အလုပ်လုပ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေရ သလား”
“ဟိုဒင်း… သမီးကူလုပ်လိုက်ရမလား”
ယောက္ခမကြီး၏ စကားအဆုံးမှာ သူ၏ ချစ်ဇနီးက ခပ်သွက်သွက်ပင် မက်တပ်ရပ်ရင်း ဆိုသည်။ သူပင် ရင်ထဲ လှပ်ခနဲ ဖြစ်သွားရသည်။
“မေမေပြောချင်တာက ဒီအတိုင်းထိုင်ကြည့်မနေနဲ့၊ နောက်ထပ် ခိုင်းစရာရှိတာလေးတွေ ကြည့်ထားလို့ ပြောမလို့”
“အင်”
သူ့ရင်ထဲမှာ ‘အင်’ ခနဲ နင်သွားရသည်။ ဇနီး ဖြစ်သူ ကတော့ ‘မေမေကလည်း နောက်နေပြ န်ပြီ’ ဟု မျက်စိပျက်မျက်နှာပျက်ဖြင့် ဖာဖာထေးထေးဆိုသည်။
“ဟဲ့…နောက်စရာလား၊ ယောက်ျားဆိုတာ အိမ်ထောင်ဦးစီး၊ အိမ်ထဲက ကိစ္စအ၀၀မှ တာ ၀န်ရှိတယ်၊ လုပ်ပစေ”
ယောက္ခမကြီး ကတော့ ခပ်တည်တည်ဖြင့် ဆိုသည်။ သူတင်းသည်ထက် တင်းလာသည်။ ဘာလို့များ သူ့ကို နှိပ်ကွပ်ချင်နေသည်မသိ။
“အမေ့ကို အိုဗာတင်းလေး ဖျော်တိုက်လိုက်ဦးလေ မိန်းမရဲ့ ”
သူ အံကြိတ်ကာဆို ဖြစ်သည်။
“ဟဲ့ … မိန်းမကိုခိုင်းမနေနဲ့လေ၊ မင်းတိုက်ချင်တာ မဟုတ်လား၊ မင်းတိုက်ချင်တာဆိုရင် မင်းဘာသာမင်း သွားဖျော်ပြီး ယူလာခဲ့”
‘ဗျာ’ ဟုဆိုရင်း ‘မှားပြီး’ ဟု သူတွေးမိလိုက်သည်။
“မဗျာနဲ့၊ သွားဖျော်တော့၊ ဘီစကစ်လေးပါ နှစ် ချပ်လောက်ယူခဲ့၊ မင်းပြောမှ ဗိုက်ကဆာ လာတယ်၊…လာ သမီးက ဒီမှာ လာထိုင်၊ မေမေ ပြောစရာရှိတယ်”
နေရင်းထိုင်ရင်းနှင့် သူ အောင့်သက်သက်ကြီး ဖြစ်သွားရသည်။ သမက် ဖြစ်သော သူ့ကိုကျ တော့ အိမ်မှု ကိစ္စတွေ ခိုင်းကာ သမီး ဖြစ်သူကိုကျတော့ အထိုင်ခိုင်းနေသည်ကိုး။ ယောက္ခမကြီးကို သူ ရိချင်လာသည်။
“ဖြည်းဖြည်းထိုင် မိန်းမရေ၊ မြန်မြန်ထိုင်ရင် ကိုကို့မိန်းမ မောနေမှာ စိုးလို့၊ အမေရေ”
“ဘာတုန်း”
“နှစ် မိနစ်ပဲစောင့်နော်”
“လျှာမရှည်နဲ့၊ ဖျော်မှာ သာဖျော်ခဲ့၊ ဟဲ့…ဟဲ့ ရေနွေးမကျက်တာနဲ့လည်း ရွဲ့ပြီးမဖျော်ခဲ့နဲ့ဦး နော်၊ ငါက ဗိုက်သိပ်ကောင်းတာမဟုတ်ဘူး၊ အမလေး ပြောရတာ မောလိုက်ချက်”
အိုဗာတင်းကို သူမဖျော်ခင်မှာ ယောက္ခမကြီးက အရင်ဖျော်သည်။ အောင့်သီးအောင့်သက် နှင့် ပင် သူ မီးဖိုထဲဝင်ခဲ့ ဖြစ်သည်။
“တောက်…ယောက္ခမကြီးကလည်းကွာ ငါ့ကို ဘာလို့များ ဒီလောက်ထိမုန်းနေတာလည်းမ သိဘူး၊ ဒီလောက်မှ ဖြစ်တဲ့ ယောက္ခမကြီး မြန်မြန်ဆီးချို ဖြစ်ပြီး လျှောလည်အေးတာပဲ၊ သကြားကို နှစ် ဇွန်းပိုထည့်ပစ်ဦးမယ်”
‘ဟဲ့’
“အောင်မလေးဗျ”
နှုတ်မှ ပွစိပွစိရေရွတ်ရင်း သကြားပုလင်းကို ကိုင်တုန်းနောက်မှ ‘ဟဲ့’ ဟူသော ယောက္ခမ ကြီး၏ အသံကြောင့် သူလန့်ကာ အော် ဖြစ်သည်။
“ဘာတွေ ပွစိပွစိလုပ်နေတာတုန်း”
သူရေရွတ်သမျှကို ကြားလိုက်ဟန်မတူသော ယောက္ခမကြီးက အမေးရှိသည်မို့ သူ ‘တော် ပါသေးရဲ့ ’ဟု သက်ပြင်းကိုချ ဖြစ် သည်။
“သြော်…ဒီလို့ပါ အမေရဲ့ ၊ အမေ့ကို ဆီးချို ဖြစ်မှာ စိုးလို့ သကြားလျှော့ထည့်မှပဲလို့ တွေးပြီး သားက ပြောကြည့်နေတာ”
“အေး…တော် သေးတာပေါ့၊ ငါက မင်းသကြားထည့်မိမှာ စိုးလို့ လိုက်ပြောတာ၊ လုံးဝမထ ညိ့နဲ့၊ ဒီအတိုင်းပဲဖျော်၊ ငါကအချိုမကြိုက်ဘူး၊ ရှေ့လျှောက် မှတ်ထားနော်”
“ဟုတ်ကဲ့”
သူ အောင့်သီးအောင့်သက်နှင့် ပင် ‘ဟုတ်ကဲ့’ ဖြစ်သည်။
“ပြီရော…ဖျော်ပြီးရင် မြန်မြန်ယူခဲ့၊ ဗိုက်ကဆာနေပြီး”
ယောက္ခမကြီးက ခပ်ငေါက်ငေါက်ဆိုရင်း ချာခနဲလှည့်ကာသွားသည်။ မိန်းမရမှ ယောက်ျား လေးအိမ်ဖော် ဖြစ်ရသော ယောက္ခမကြီး၏ လက်တိုလက်တောင်းခိုင်းဖက် ဖြစ်သည့် သူ့ကိုယ်သူ သနားသွားမိသည်။
“ရမယ် အမေရေ၊ တစ်မိနစ်ပဲစောင့်”
သူ ၀မ်းနည်းသံ၊ ယူကြုံးမရသံကြီးဖြင့် ထအော် ဖြစ်သည်။ ပြီး အိုဗာတင်းခွက်နှင့် ဘီစကစ် မုန့်ပန်းကန်ကို လင်ဗန်းငယ်တွင် ထည့်ကာ လက်နှစ် ဖက်ဖြင့် ရိုသေစွာ ကိုင်ရင်း ဧည့်ခန်းဆီသို့ သူချီ တက် ဖြစ်သည်။
ဧည့်ခန်းတွင် ထိုင်နေသော ယောက္ခမကြီးကိုကြည့်ရင်း’ခလုတ်တိုက်ချင်ယောင်ဆောင်ကာ အိုဗာတင်းခွက်ကို ယောက္ခမကြီးပေါ် သွန်ချလိုက်ရ’ ဟု အရသာရျိရျိတွေးမိသည်။ အတွေးထဲမှာ ပင် ဆက်လက်၍ အိုဗာတင်းပူပူကြောင့် ထခုန်နေမည့်  ယောက္ခမကြီးကို မြင်ယောင်မိရင်း သူပြုံး ဖြစ်သည်။
“ဟဲ့” ဟု ယောက္ခမကြီးက ထ၍ ဆိုသည်။
“ဗျာ” ဟု သူ သတိဝင်သွား ဖြစ်၏ ။
“လင်ဗန်းကို ကိုင်ပြီး ဘာတွေ ပြုံးစိပြုံးစိ လုပ်နေတာလဲ၊ မြန်မြန်ယူခဲ့လေ၊ ဗိုက်ဆာပါတယ် ဆိုနေနမှ တစ်လှမ်းချင်း Slow motion နဲ့ လျှောက်နေပြန်ပြီး”
သူ ခပ်သွက်သွက်လျှောက်ကာ ယောက္ခမကြီးရှေ့မှာ ချ ဖြစ်သည်။
“ပြောပါဦး စောစောက ဘာတွေ တွေးပြီး ပြုါံ်နေတာတုန်း”
ယောက္ခမကြီးက ဘီစကစ်ကို မြိန်ယှက်စွာ စားရင်း ဆို၏ ။
“ဘာရယ်မဟုတ်ပါဘူး အမေရာ၊ အမေ့ကို သားကိုယ်တိုင်ကိုယ်ကျ ပြုစုရလို့ ကြည်နူးပြီး ပြုံးမိတဲ့ ကြည်နူးပြုံးပါ”
“ငါ့အမြင်ပြောရရင်တော့ မင်းရဲ့ အပြုံးက မချိတင်ကဲပြုံးတဲ့ မချိပြုံးလိုလို၊ မဲ့ပြီးပြုံးတဲ့ မဲ့ပြုံး လိုလိုပဲ”
ယောက္ခမကြီးက စားရင်းသောက်ရင်းနှင့် ပင် ပက်ခနဲဆိုသည်။
“မေမေ ကတော့လေ မေမေ့သမက်ကို နောက်နေပြန်ပြီ”
နောက်ဆုံးတော့ မိန်းမ ဖြစ်သူက ဖာဖာထေးထေး ၀င်၍ ဆိုသည်။
“နောက်နေတာမဟုတ်ဘူး သမီးရဲ့ ၊ အတည်ပြောနေတာ အတည်ပြောနေတာ”
အိုဗာတင်းကို ‘ဂွတ်’ ခနဲ မော့သောက်ရင်း ယောက္ခမကြီးက ‘အတည်ပြောနေတာ’ ဟု နှစ် ကြိမ်နှစ် ခါတိတိ အတည်ပြုပြောကြား၏ ။
“ကိုကို Golf ရိုက်သွားမလို့ဆို သွားတော့လေ၊ တော် ကြာနောက်ကျနေဦးမယ်၊ ကိုကို့သူ ငယ်ချင်းတွေ လည်း စောင့်နေလောက်ပြီး”
မိန်းမ ဖြစ်သူက သူ့ကို မျက်စိတစ်ဖက်မှိတ်ပြရင်းဆိုသည်။ သဘောက သူမ၏ အမေကို ရှော င်နိုင်ရန်အတွက် လမ်းဖွင့်ပေးခြင်း ဖြစ်သည်။ မိခင် ဖြစ်သူနှင့် ယောက်ျား ဖြစ်သူကြားမှာ မျက်စိမျက် နှာပျက်နေရရှာသော မိန်းမ ဖြစ်သူကို သူ သနားသွားမိသည်။ တစ်လက်စထဲ ယောက္ခမကြီးကိုလ ည်း အချစ်ပေါ့သွားမိသည်။
“သွား သွား၊ မင်းမိန်းမက မင်းအတွက် အရမ်းနားလည်ပေးတာနော်၊ အဲဒါကို ခေါင်းထဲမှာ ရော ရင်ဘက်ထဲမှာ ပါ ထည့်ထား၊ Golf အကြောင်းပြပြီး ခြေမရှုပ်နဲ့နော်၊ ငါ့သူငယ်ချင်းတွေ Golf ကစားနေတာ တစ်ပုံကြီး၊ ဘာသံမှ ပြန်မကြားချင်ဘူး၊ ဒါပဲ”
“စိတ်ချပါ အမေရာ၊ အမေ့သမက်ကလေ အမေ့သမီးကလွဲရင် အားလုံး ဖွဲနဲ့ဆန်ကွဲပဲ၊ ကဲ မိန်းမရေ ကိုကိုသွားပြီ၊ အမေစားထားတဲ့ပန်းကန်တွေ ဒီတိုင်းထားနော် ကိုကိုပြန်လာမှဆေးမယ်၊ တော် ကြာ မိန်းမမောနေမှာ စိုးလို့”
အိမ်အပြင်သို့ ထွက်ရင်း သူအော်ခဲ့ ဖြစ်သည်။ ယောက္ခမကြီး ကတော့ ကြားကြားချင်း ပွစိပွစိ ရွတ်နေမှာ မြင်ယောင်နေသေးသည်။
“အီတာလျံစကားပုံတစ်ခု ရှိတယ်ကွ၊ ဇနီးနဲ့နွားထီးကိုမိမိ ရဲ့ ဇာတိကပဲ ရွေးချယ်ပါတဲ့”
သူငယ်ချင်း ဖြစ်သူ ၀င်းခိုင်၏ စကားအဆုံးမှာ ‘ဘာ ဖြစ်လို့လဲ’ ဟု သူမေး ဖြစ်သည်။ ၀င်းခိုင် က ဟက်ခနဲရယ်သည်။
“မင်းရဲ့ အ ဖြစ်ကိုပဲ အခုကြည့်လေ၊ မင်းသာ မင်းရဲ့ မိန်းမကို မင်းတို့ရဲ့ မန္တလေးကနေ ယူ ထားရင် မင်းယောက္ခမကြီးရဲ့ အကြောင်းကို မင်း လေ့လာခွင့်ရှိမယ်လေ၊ အခုတော့ ရန်ကုန်သူကို ကောက်ယူပြီး ယောက္ခမကြီးအကောင်းစားကြီးနဲ့ တွေ့ နေပြီပေါ့”
“ဘာမှမဆိုင်ဘူး”
ဝင်းခိုင်၏ စကားကို သူငြင်း ဖြစ်သည်။
“ဘာမဆိုင်တာလဲ”
ဝင်းခိုင်က ပြန်၍ မေးသည်။
“သူဆိုလိုတာက ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့ ဇနီးနဲ့နွားထီးက အကြောင်းသိတယ်၊ ဒါ ကြောင့် ရွေးချယ်လို့ကောင်းတယ်ဆိုတဲ့သဘော၊ ဒါပေမယ့်ကွာ ဒီခေတ်ကြီးမှာ အဲဒီ လိုကြီးမျိုးရိုး တွေ ကအစ လိုက်လေ့လာစရာလို့သေးလို့လား”
သူမေးငေါ့ရင် ဆို ဖြစ်သည်။ ၀င်းခိုင်က ‘မပြောတတ်ဘူးလေ’ ဟုဆိုရင်း ပခုံးကိုတွန့်သည်။
“ပြီးတော့ကွာ ငါက ငါ့မိန်းမကို အရမ်းချစ်နေတော့ နောက်ပြန်လှည့်လို့ ရခဲ့ရင်တောင် ဒီ ယောက္ခမနဲ့ ကြုံရမယ်မှန်းသိခဲ့ရင်တောင် ငါဒီလမ်းကိုပဲ ရွေးချယ်မိမှာ ပဲ”
“အေးလေ… မကိုခင်ရင် ဥကိုခင်ရမယ်ဆိုတဲ့စကားလိုပဲ မိန်းမကိုချစ်မှတော့ ယောက္ခမ ကြီးကိုပါ ချစ်ရတော့မှာ ပေါ့”
ဝင်းခိုင်က တရားချသည်။
“အေးကွာ…ယောက္ခမဆိုတာလည်း မိဘပါပဲ၊ သူဘယ်လောက်ပဲ ကိုယ်အပေါ် အမြင်စော င်းနေနေ ဒီလိုပဲသည်းခံရတော့မှာ ပဲကွာ”
သူပြောရင်း သက်ပြင်းချ ဖြစ်သည်။ Golf ရိုက်ရန်ဟူသော အကြောင်းပြချက်ဖြင့် Golf set ကို ကားပေါ်တင်ကာ လက်ဖက်ရည်ဆိုင် လာထိုင်နေရသော ကိုယ့်ကိုယ်ကို တော် တော် ကြီး သ နားနေမိသည်။
“ဒါနဲ့ မင်းက ကံကောင်းပါတယ်ကွာ၊ ဘာပဲပြောပြော မင်းတို့လင်မယားနှစ် ယောက် ထဲ သီး သန့်နေရတာ မဟုတ်လား၊ ယောက္ခမကြီးနဲ့ တစ်အိမ်စီဆိုတော့ကွာ ဘာပဲပြောပြော တစ်အိမ်တ ည်း အတူနေရတာ နဲ့စာရင် တော် သေးတာပေါ့ကွာ”
ဝင်းခိုင်က အရယ်တစ်ဝက်ဖြင့် ဆိုသည်။
“အေးကွာ…ယောက္ခမကြီးနဲ့သာ တစ်အိမ်တည်းအတူတူနေရရင် ငါတော့ ယားလို့တောင် ကုတ်ဖို့ အချိန်ရမှာ မဟုတ်ဘူး”
“ဒါနဲ့ စကားမစပ် မင်းရဲ့ ယောက္ခမကြီးက ဘာလို့ မင်းနဲ့သဘောမတူတာလဲ၊ မင်းက ရုပ်လည်းဖြောင့်တယ်၊ လူပျိုလူလွတ်ကွာ၊ ပြီးတော့ အလုပ်နဲ့အကိုင်နဲ့ကွာ အရမ်းကြီး မချမ်းသာ ပေမယ့် လူလတ်တန်းစားတွေ ထက်တော့ ချမ်းသာတယ်ပြောရမယ်၊ ဘာချို့ယွင်းချက်ရှိလို့ သူက မင်းကို ကြည့်မရ ဖြစ်နေရတာ တုန်း”
ဝင်းခိုင်က စဉ်းစားမရဟန်ဖြင့် ဆိုသည်။
“မပြောတတ်ပါဘူးကွာ၊ သူသမီးနဲ့ ဘယ်သူနဲ့မှကို တူတယ်တန်တယ်လို့ မထင်တာနဲ့ တူပါ တယ်ကွာ”
သူ အရယ်တစ်ဝက်ဖြင့် ဆို ဖြစ်သည်။ ထို့စဉ်မှာ ပင် ဖုန်းဝင်လာသည်မို့ အိတ်ကပ်ထဲမှ ဖုန်းကို သူကိုင် ဖြစ်သည်။
“ဟဲလို”
“ကိုကိုရေ…မေမေ အခုပဲပြန်သွားပြီး”
“ယောက္ခမကြီး ပြန်ပြီးလား၊ ဒါနဲ့ ပြန်လာလို့ရပြီပေါ့၊ Ok ကိုကို အခုပဲပြန်ခဲ့မယ်”
ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်သော သူ့ကိုကြည့်ရင်း ၀င်းခိုင်က ဟက်ခနဲရယ်သည်။ ပြီ…
“အေးကွာ…ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့”
ဟု သူရှက်အမ်းအမ်းဖြင့် ဆို ဖြစ်သည်။
A woman will not lack an excuse.
မိန်းမ တစ်ယောက် အဖို့ ဘယ်တော့မှ ဆင်ခြေချို့တဲ့မည် မဟုတ်။
Welsh Proverd
“မေမေ ကတော့ သမီးတို့အိမ်မှာ ပဲ အတူတူလာနေတော့မယ်”
“ဗျာ”
ယောက္ခကြီး၏ စကားအဆုံးမှာ သူ ‘ဗျာ’ ဖြစ်သည်။ ချစ်ဇနီး ကတော့ မသိမသာ သူ့ဆွဲ ဆိတ်သည်။
“ကြည့်ပါဦး မေမေက အတူတူလာနေမယ်ပြောတာနဲ့ပဲ သမက်လုပ်တဲ့သူက ၀မ်းတွေ သာ နေလိုက်တာ၊ ဗျာခနဲကိုနေတယ်၊ မေမေ ဘယ်နေ့လောက် ပြောင်းခဲ့ရမလဲသား”
ယောက္ခမကြီးက သူ့ကိုကြည့်ကာ မေးသည်။ ထိတ်လန့်တကြားအော်မိသော ‘ဗျာ’ ကိုပင် ယောက္ခမကြီးက ‘၀မ်းသာသံ’ ဖြစ်အောင်ဆိုသည်။ ပြီး အပီအပြင် ‘ဘယ်နေ့ပြောင်းခဲ့ရမလဲ’ ဟု ဆိုသည်။
“ဟို… ဟိုဗျာ အမေ့အိမ်က ဘာ ဖြစ်လို့လဲ”
သူ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေး ဖြစ်သည်။
“ဘာမှမ ဖြစ်ပါဘူး သားရယ်၊ အိမ်မှာ က အိမ်ဖော်မလေး ဂျင်ဆန်းမီနဲ့ နှစ် ယောက် တည်း နေရတာ လေ၊ ဂျင်ဆန်းမီက မနေ့ကပဲ ယောက်ျားလိုက်သွားတော့ အမေ တစ်ယောက် တည်း ဖြစ် နေတာလေ၊ ဗေဒင်သွားမေးကြည့်တော့လည်း အိမ်မှာ နေရပ်မတော် ဘူးတဲ့၊ ဖြစ်နိုင်ရင် နှစ် နှစ် လောက်တခြားမှာ ပြောင်းနေသင့်တယ်ဆိုတာနဲ့ပဲ”
“ဒါဖြင့် ဒီလိုလုပ်လေ မေမေ၊ သားတို့လင်မယားက အမေ့အိမ်ကို ပြောင်းနေပေးမယ်၊ အမေ သားတို့အိမ်မှာ လာနေ၊ အဲဒီ လိုဆို ဖြစ်တာပဲ၊ အိမ်ဆိုတာမျိုးက ဒီအတိုင်းပစ်ထားရင် ပျက်စီး ကုန်မှာ ”
သူ ၀မ်းသာအားရပင် ဆို ဖြစ်သည်။ သို့သော် ယောက္ခမကြီးက ခေါင်းကို ဘယ်ညာရမ်း ပြသည်။
“မလိုပါဘူးကွယ်၊ အမေက အကုန်တွက်ထားပြီးသား၊ မနေ့ကလည်း အကုန်လုံးကို စဉ်း စားပြီး ပွဲစားကို လူငှားတင်ဖို့ အပ်ထားတယ်၊ အမေက သားတို့နဲ့ အတူနေ ဖြစ်မှာ ကျန်းမာရေး က လည်း အခုတလော ချူချာတယ်လေ သားရဲ့ ၊ အဟွတ်…ဟွတ်”
ပြောရင်းဆိုရင်း ချောင်းထဆိုးသော ယောက္ခမကြီးကို သူ အံ့သြစွာ ကြည့် ဖြစ်သည်။ အကောင်းကြီးကနေ ချောင်းလုပ်ဆိုးပြမှန်း အသိသာကြီးမို့ သူ အတော် ကြီး အောင့်သက်သက် ဖြစ် မိသည်။
“ကောင်းတာပေါ့ အမေရယ်၊ သမီးတို့လည်း လူကြီးသူမရှိတော့ အားရှိတာပေါ့၊ ဟုတ် တယ်နော် ကိုကို”
ချစ်ဇနီးက သူ့ထောက်ခံချက်ကို တောင်းသည်။
“ဟုတ်တာပေါ့၊ အရမ်းအရမ်းကို ကောင်းတာပေါ့ မေမေရယ်၊ သားကလေ မေမေရယ်၊ သားကလေ မေမေနဲ့ အတူတူနေချင်တာကြာ…လှပြီ”
သူတမင်ပင် အိုဗာ ဖြစ်နေသော စတိုင်ဖြင့် ဆို ဖြစ်သည်။ ရင်ထဲမှာ တော့ တော် တော် ကြီး ဆို့ နင့်နေမိသည်။
“ကဲ ကဲ ဒါဖြင့် အိမ်မှာ ပစ္စည်းပစ္စယတွေ ပြန်သိမ်းလိုက်ဦးမယ်၊ ပြီးတော့မှ မေမေဖုန်းဆ က်လိုက်မယ် သိလား”
“ဟုတ်ကဲ့ပါ မေမေရဲ့ ၊ မေမေ့ပစ္စည်းတွေ သယ်ဖို့ပိုးဖို့ကားနဲ့ အလုပ်သမား လွှတ်ပေးလိုက် မယ်နော်”
“အိုကွယ် သမီးကလည်း ဘာကိစ္စ အလုပ်သမားလွှတ်မှာ လဲ၊ မေမေ့သမက် တစ်ယောက် လုံး ရှိနေတဲ့ဥစ္စာ၊ သူပဲသယ်ပါစေ၊ သွေးပူလေ့ကျင့်ခန်းလေးပေါကွယ်၊ ဟုတ်တယ်နော် သား”
“ဟုတ်ကဲ့ပါ အမေ”
ရင်ထဲမှလာသော ၀မ်းနည်းသံကြီးဖြင့် သူ ‘ဟုတ်ကဲ့’ ဖြစ်သည်။ ယောက္ခကြီး ကတော့ လိမ် ကျစ်လိမ်ကျစ်ဖြင့် ပြန်ကာသွားသည်။
“ယမုံ ကတော့ မေမေနဲ့ အတူတူနေရမှာ ဆိုတော့ အလိုလိုနေရင်း အားတွေ ပြည့်လာသ လိုပဲ”
ချစ်ဇနီးက လက်သီးဆုပ်ကာ အားရ၀မ်းသာဆိုသည်။
“ကိုကိုကလည်းလေ ယောက္ခမကြီးနဲ့ တစ်အိမ်တည်းနေရတော့မှာ ဆိုတော့ကွာ ကြည်နူး လွန်လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး၊ ပျော်လိုက်ပုံများ မိန်းမရယ် ပြောကိုမပြောတတ် တော့ဘူး”
သူ အောင့်သီးအောင့်သက်ဖြင့် ခပ်ရွဲ့ရွဲ့ဆို ဖြစ်သည်။ ရွဲ့ပြောလို့မှန်း သိပုံရသော ယောက္ခမ ကြီး၏ သမီး သူ၏ ချစ်ဇနီး ကတော့ ပြုံးလို့သာနေတော့၏ ။ သူ ကတော့ ဝေလစကားပုံတစ်ခုကို ပြေး မြင်မိသည်။
“ဝေလစကားပုံတစ်ခုက မိန်း တစ်ယောက် အဖို့ကဘယ်တော့မှ ဆင်ခြေချို့တဲ့မှာ မဟုတ် ဘူးတဲ့။ ယောက္ခထီးက သင်္ဘောလိုက်၊ သမီး ဖြစ်သူက ငါနဲ့ညားဆိုတော့ကွာ သူ့ခမျာအိမ်အကူ ကောင်မလေးနဲ့ပဲ အဖော်ပြုနေရတာ ၊ အခုလို ဖြစ်သွားတော့ သူက ဆင်ခြေတွေ ပေးပြီး ငါတို့လင်မ ယားနဲ့ လာနေစရာ အကွက်ဆိုက်သွားရော၊ သူ့သားလင်မယားက တောင်ကြီးမှာ လေ”
သူ၏ ရှည်လျားသော စကားအဆုံးမှာ ၀င်းခိုင်နှင့် သန့်ဇော်က ပြုံးဖြီးဖြီးကြီးတွေ ဖြင့် သူ့ကို ကြည့်ကြသည်။
“ဘာပဲ ဖြစ် ဖြစ်ပေါ့ကွာ…ယောက္ခမဆိုတာကလည်း မိဘပါပဲကွာ၊ မင်းရဲ့ မိဘတွေ က မန္တ လေးမှာ ဆိုတော့ မင်းနဲ့လာမှနေမပေးနိုင်တာ၊ အိမ်မှာ လူကြီးသူမရှိတော့လည်း ကောင်းတာ ပေါ့ကွာ”
ဝင်းခိုင်၏ စကားအဆုံးမှာ သန့်ဇော်က ‘မှန်တာပေါ့’ ဟု ထောက်ခံသည်။ သူက ဟက်ခနဲ မ ချိရယ်ရယ် ဖြစ်သည်။
“သူရဲ့ တစ်ဦးတည်းသော သမီးကို သူ့ဆီကနေ ဆွဲထုတ်ခဲ့လို့ င့ါကိုမကြည်တာနဲ့ တူပါ တယ်ကွာ၊ ခိုင်းစရာရှိရင်တော့ သား…သားနဲ့ သူ့စိတ်အလိုမကျရင် မင်းနဲ့ငါနဲ့ ပြောရော၊ ငါ့မှာ ကွာ တစ်နေ့တစ်နေ့ ကိုယ့်အိမ်ပေါ်တတ်နေတဲ့ ယောက္ခမကြီးရဲ့ မျက်နှာကိုပဲ ကြည့်နေရတယ်”
သူ့စကားအဆုံးမှာ သန့်ဇော်က သက်ပြင်းကိုချသည်။ ပြီး
“မင်းယောက္ခထီး ပြန်လာရင်လည်း သူတို့အိမ်က လငှားတင်လိုက်ပြီဆိုတော့ မင်းအိမ်ပေါ် ပဲ ရောက်လာကြမှာ ပေါ့၊ ယောက္ခထီးကရော ဘယ်လိုလဲ မင်းရဲ့ ယောက္ခမကြီးအပေါ် သြဇာရှိ ရဲ့ လား”
“ယောက္ခထီးက သဘောကောင်းတယ်ကွ၊ လူအေးကြီး၊ ခတ်တာက ယောက္ခမကြီးက ဆြာမကြီးကွ၊ တစ်အိမ်လုံးက သူ့သဘောမှ သူ့သဘော ဖြစ်နေတယ်”
“မင်းအ ဖြစ်ကလည်းကွာ”
ဝင်းခိုင်က ခေါင်းကုတ်ရင်း ဆိုသည်။
“အခုလည်း ငါတို့လင်မယားနှစ် ယောက် အလုပ်သွားလုပ်ရင် သူ တစ်ယောက် တည်းပျင်း လို့တဲ့ အိမ်အကူခေါ်မလို့တဲ့ကွာ”
“မင်းဥစ္စာက အိမ်အကူခေါ်မှာ လား၊ သူ့နဲ့စကားပြောဖော်ခေါ်မှာ လား ကြည့်လည်းလုပ်ဦး နော်၊ မင်းပြောပုံအရဆိုရင် မင်းရဲ့ ယောက္ခမကြီးနဲ့ တော် တန်ရုံလူနဲ့ ဖြစ်မှာ မဟုတ်ဘူး”
သန့်ဇော်က စဉ်းစားရင်းဆိုသည်။
“မပြောတတ်ဘူးကွ၊ ဒါပေမယ့် မခေါ်ပြန်ရင်လည်း ငါပဲမောမှာ ကွ၊ ယောက္ခမကြီးက သူမီး အလုပ်လုပ်ရင် မကြိုက်ဘူး၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ငါ့ကိုပဲ အလုပ်တွေ ဖိခိုင်းတာ”
သူ ခေါင်းကုတ်ရင်းဆို ဖြစ်သည်။
“ဘာပဲပြောပြော လောလောဆယ်တော့ မင်းတို့အိမ်မှာ လူတွေ တိုးလာပြီပေါ့၊ ပျော်စရာ ကြီးနေမှာ ပဲ”
ဝင်းခိုင်က ရွှတိနောက်နောက်ဆိုသည်။
“ပျော်တာပေါ့ကွာ၊ ပျော်လွန်းလို့ ဘယ်အချိန် အိမ်ပြင်ထွက်ရမလဲ ချောင်းနေတာ၊ အခု လည်း ဟိုဟိုဒီဒီအကြောင်းပြပြီးလစ်ထွက်လာတာကွ၊ အိမ်မှာ နေရတာ အသက်ရှူကြပ်လွန်းလို့”
သူ ပခုံးတွန့်ပြရင်း ဆို ဖြစ်သည်။
“မင်းမှာ လည်း ဒုက္ခ”
သန့်ဇော်က ခေါင်းယမ်းရင်း ဆိုသည်။ သူဘာပြန်ပြောလိုက်ရမှန်းမသိ။ ‘အေးကွာ’ ဟုသာ ရေရွတ် ဖြစ်သည်။
Dauthers are easy to rear, but hard to marry.
သမီးများ သည် ပျိုးထောင်ရန် လွယ်ကူသလောက် အိမ်ထောင်ချပေးရန် ခတ်၏ ။
German Proverb
ယောက္ခမကြီး တစ်ယောက် သူတို့အိမ်ကို ရောက်သည့်နေ့ မှစ၍ ယောက္ခမကြီးနှင့် အတူ မကြာခဏ လာလည်ကြသော ဧည့်သည်များ ပါ ပါလာခဲ့သည်။
“သားရေ…အိုဗာတင်းလေးနှစ် ခွက် ဖျော်ခဲ့ပါဦး”
ဧည့်သည်များ ၏ ရှေ့မှာ ‘သားရေ’ ဟု ချိုသာစွာ ခေါ်သော စကားသံ၏ နောက်မှာ ခိုင်းစရာပါ လာမည် ကို သူကြိုသိပြီး ဖြစ်သည်။
“သမီးဖျော်နေပြီ မေမေရေ”
ချစ်ဇနီးလေးက အလိုက်သိစွာ ပင် ဖျော်နေပြီမို့ သူ ယောက္ခမကြီးဆီ ကြည့် ဖြစ်သည်။ သ လောက ‘ဘာခိုင်းစရာရှိသေးလဲ’ ဟူသော သဘော။
“သမီးက အိုဗာတင်းဖျော်နေပြီဆိုတော့ သားက မုန့်ပန်းကန်လေးယူခဲ့”
ချိုပျစ်နေသော ယောက္ခမကြီး၏ စကားသံအဆုံး
“တစ်ခါတည်းယူခဲ့ပါပြီ မေမေရဲ့ ”
ဟူသော ချစ်ဇနီး ဖြစ်သူ ယမုံဖြူ၏ စကားကို သူကြားရသည်။
“မမကြီးရဲ့ သမီးနဲ့သမက်က ချောလိုက်ကြတာ၊ ကိုရီးယားမင်းသား မင်းသမီးစုံတွဲ ကျနေ တာပဲ”
“ဟုတ်ပ…နုဖက်နေတာပဲ”
ယောက္ခမကြီး၏ ဧည့်သည်နှစ် ယောက် က သူတို့လင်မယားနှစ် ယောက် ကို ကြည့်ကာ ချီးမွ မ်းခန်းဖွင့်သည်။
“အန်တီတို့ မုန့်စားပါဦးခင်ဗျာ”
သူ အရယ်တစ်ဝက်ဖြင့် ဆို ဖြစ်သည်။
“ကြည့်စမ်းပါဦး စကားပြောတာကလည်း ယဉ်ကျေးလိုက်တာ”
အန်တီကြီး တစ်ယောက် က ထပ်မံ၍ ချီးမွမ်းခန်းဖွင့်ပြန်သည်။
“ကျွန်မသမီးက အမေတူသမီးဆိုတော့ အပြစ်ပြောစရာ မရှိအောင် လှတာ ကတော့လေ လူတိုင်းကပြောကြတယ်၊ သမက်ကကျတော့ နည်းနည်း လောက် ပိန်နေသလားလို့”
“မမကြီးကလည်း ဒီခေတ်ကြီးမှာ ယောက်ျားလေးတော် တော် များများ က ဘီယာတွေ သော က်ပြီး ဖောနေ၀နေကြတာများ တယ်၊ မမကြီးရဲ့ သမက်က မပိန်ပါဘူး၊အနေတော် ပါပဲ”
အန်တီကြီး တစ်ယောက် က ‘မပိန်ပါဘူး’ ဟု ဆိုသည်။
“အန်တီတို့ ဖြည်းဖြည်းလည်ကြဦးနော်၊ ကျွန်တော် အလုပ်သွားလိုက်ဦးမယ်၊ ယမုံရေ ကို ကို့ကို ကားသော့ လေးယူခဲ့ပါဦး”
ဧည့်သည်များ ကို ပြုံးပြနှုတ်ဆက်ရင်း ဇနီး ဖြစ်သူကို လှမ်းပြော ဖြစ်သည်။ ယောက္ခမကြီးက တော့ ဧည့်သည်များ ရှေ့မှာ မို့ပြုံးရင်း သူ့ကိုကြည့်သည်။ ဧည့်သည်များ သာမရှိပါက ‘ကားသော့  လေးတောင် ကိုယ့်ဘာသာကိုယ် သွားမယူနိုင်ဘူးလား’ ဟု ငေါက်မှာ သေချာသည်။
“သမက်က ဘာအလုပ်လုပ်တာလဲ မမကြီး”
“သူ့မိဘတွေ ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီမှာ လုပ်တာလေ”
မဖြေချင်ဖြေချင်ဖြင့် ယောက္ခမကြီးက ဖြေသည်။
“ရော့…ကိုကို”
ထိုစဉ်မှာ ပင် ဇနီး ဖြစ်သူက ကားသော့ ကို လှမ်း၍ ပေးသည်။
“သမီးတို့ သွားလိုက်ဦးမယ်နော်”
ယမုံက ဧည့်သည်ျနှစ် ယောက် ကို နှုတ်ဆက်သည်။ ဧည့်သည်များ က ‘အေး…အေး၊ သွား ကြ၊ သွားကြ’ ဟု ဆိုသည်။
“မမကြီးရဲ့ သမီးက တကယ်ချောတာပဲ၊ မပြင်မဆင်ဘဲနဲ့ကိုလှတာ၊ မမကြီး ကတော့ အရိပ် တကြည့်ကြည့်နဲ့ ပျိုးထောင်ခဲ့ရမှာ ပဲနော်”
ဧည့်သည်အန်တီကြီးက အိမ်ပြင်သို့ ထွက်နေပြီ ဖြစ်သော သူတို့နှစ် ယောက် ကိုကြည့်ရင်း ဆို လိုက်ဟန်တူသည်။
“ဂျာမန်စကားပုံတစ်ခုလုပေါ့ရှင် သမီးဟာ ပြုစုပျိုးထောင်ရလွယ်သလောက် အိမ်ထောင်ချ ပေးဖို့ ခက်တယ်ဆိုတာလေ၊ ကျွန်မယူစေချင်တဲ့ သူဌေးကိုမယူဘဲနဲ့ သူယူချင်တာကိုပဲယူတာ အခုတော့ မြင်တဲ့အတိုင်းပဲ သမက်က အလုပ်သွားလို့ သူ့မှာ မနားရဘူး၊ သူလည်းအလုပ်သွားနေ ရတယ်”
တမင် မကြားကြားအောင် ပြောသော စကားသံကြောင့် ဇနီး ဖြစ်သူကို သူကြည့် ဖြစ်သည်။ သူမက အားနာဟန်ဖြင့် သူ့ကိုကြည့်သည်။
“ယမံကို ကိုကိုပြောသားပဲ၊ အလုပ်မလုပ်ပါနဲ့လို့၊ အခုတော့ ပေါ်တင်ကြီး အပြောခံနေရ ပြီတွေ့ လား”
“အိမ်မှာ နေရတာ ပျင်းလို့ အလုပ်လုပ်တယ်ဆိုတာ ယမုံသေသေချာချာ ရှင်းပြထားပြီးသာပါ ကိုကိုရဲ့ ၊ ညနေ အလုပ်က ပြန်လာမှ ထပ်ပြီးတော့ ရှင်းပြထားလိုက်မယ် ဟုတ်ပြီလား”
သူမ၏ ခပ်ချွဲချွဲအဆိုအောက်မှာ သူဘာမှမဆိုတော့။
“မြန်မြန်ကလေးယူမှ ဖြစ်မယ်၊ ဒါမှ မိန်းမလည်း ကလေးတစ်ဖက်နဲ့ဆိုတော့ အလုပ်ထွက်ရ မှာ ယောက္ခမကြီးလည်း ကလေးနှီးလျှော်လိုက်၊ ကလေးထိန်းလိုက်နဲ့ မနားရတော့ဘူး၊ သမက်ကို နှိပ်ကွပ်ဖို့ အချိန်လည်းရတော့မှာ မဟုတ်ဘူး”
ပြောရင်း သူ သဘောကျစွာ ရယ် ဖြစ်သည်။
“ကိုကိုနော်…သူများ က ဗိုက်ကြီးရမှာ ရှက်ပါတယ်ဆိုနေမှ”
ချစ်ဇနီးက ရှကိဝဲ၀ဲဖြင့် ဆိုသည်။
“ယောက္ခမကြီးကို နိုင်အောင်တိုက်ဖို့က ဒီတစ်နည်းပဲရှိတော့တာမို့ပါ ယမုံရယ်၊ ဗိုက်လေး ကြီးပေးရတာ ဘာအပန်းကြီးလို့လဲ”
သူ ပြောင်စိစိဖြင့် ဆို ဖြစ်သည်။
“ဗိုက်လေးကြီးပေးရတာ ဘာအပန်းကြီးလို့လဲ ဟုတ်လား သူကြီးဖူးတာကျနေတာပဲ၊ မသူ သိ ဘူးကွာ ရှက်တယ်၊ မပြောနဲ့တော့၊ ဒါပဲ”
သူမက မျက်နှာကြီးနီရဲရင်း ‘ဒါပဲ’ ဟုဆိုသည်။ သူဘာရယ်မဟုတ် ‘ဟက်’ ခနဲရယ် ဖြစ်သည်။
![]() ခရီးဖော် | ![]() မျိုးစုံကြိုးခုန်တတ်သော | ![]() မိန်းမယူမယ် |