Cover

There are no substitute for talent industry and all the virtues are of no avail.

ပါရမီရှိရမယ့် နေရာ မှာ တခြားဟာနဲ့ အစားထိုးလို့မရဘူး။ ကြိုးစားတာ၊ ရိုးသားနိုးကြားတာတွေ ဘယ်လောက်ပဲရှိနေပါစေ အလုပ်မ ဖြစ်ဘူး။

Aldus Huxley

* * *


“မင်း မိန်းမ မယူသေးဘူးလား”

ဆိုင်းမဆင့် ဗုံမဆင့်ပင် ဖခင် ဖြစ်သူက သူ့ကို ခပ်ငေါက်ငေါက်ဆိုသည်။ ပင်စင်ယူပြီးသည်နှင့် မြေးထိန်းချင်သည်ဟူသော ဖေဖေ့ဆန္ဒကို သူက အခုထိ ဖြည့်ဆည်းမပေးနိုင်သေး။

“အချိန်တန်ရင်တော့ ယူမှာ ပေါ့ဗျာ၊ ဖေဖေကလည်း ဇွတ်”

သူခေါင်းကုတ်ရင်း ဆို ဖြစ်သည်။

“ဟကောင် . . . . အချိန်က တန်ရုံတင်မဟုတ်ဘူး၊ ဟိုဘက်ကိုတောင် ရောက်နေပြီ၊ တကယ်ဆိုရင် ဖေဖေ ပင်စင်ယူဖို့ က တစ်နှစ် တောင်မလိုတော့ဘူး၊ အခုထိ မင်းမှာ မိန်းမယူဖို့ မပြောနဲ့ ရည်းစားတောင် ဖြစ်မြောက်အောင်မတားနိုင်ဘူး။ ဖေဖေလူပျို တုန်းကဆိုရင်လေ ရည်းစားကို ဟော တစ်ယောက် ၊ ဟော တစ်ယောက် . . .အဲ . . . . ”

ဖေဖေက စကားကို စိတ်လိုလက်ရပြောနေရာမှ သတင်းစားဖတ်ရင်း မျက်လုံးလှန်ကြည့်သော မေမေ့အကြည့်ကြောင့် ` အဲ့´ ဟုဆိုရင်း ပြောလက်စ စကားကို ရပ်ကာသွား၏ ။

“အဲ . . . ဟော တစ်ယောက် ဟော တစ်ယောက် ထားနိုင်ပေမယ့် မင်းအမေ တစ်ယောက် ကိုပဲ ထားခဲ့တာကွ”

စကားကို အဖျားရှုးအောင် လျှော့ချကာသွားသော ဖေဖေ့စကားကြောင့် သူရယ်ချင်သွားရသော်လည်း မရယ်ရဲ။

မေမေ ကတော့ သတင်းစားကိုကွယ်ရင်း တစ်ချက်ပြုံးသည်။ ပြီး သတင်းစာကိုချကာ သားအဖနှစ် ယောက် ပြောချင်တာပြောပါစေဟူသော သဘောဖြင့် ရှောင်ထွက်ကာသွားသည်။

ဧည့်ခန်းထဲတွင် သူနှင့် ဖေဖေသာ ကျန်ခဲ့သည်။

“မင်းအမေ မရှိတော့လို့ ပြောတာတော့မဟုတ်ဘူး၊ ဖေဖေ့မှာ မိန်းမတွေ ၀ိုင်းဝိုင်းလည် နေတဲ့ထဲကနေပြီးတော့ မင်းအမေ က ကံကောင်းထောက်မစွာ နဲ့ ဖေဖေကို ရလိုက်တာ၊ တကယ်တမ်း ကျတော့ ဖေဖေ့ဘေးမှာ က မင်းအမေထက် ချောတာတွေ က တစ်ပုံကြီး”

“အဟမ်း . . . . . အဟမ်း”

ဖေဖေ့စကားအဆုံးမှာ မီးဖိုခန်းဘက်မှ ချောင်းဟန့်လာသော မေမေ့ ချောင်းဟန့်သံကြောင့် ဖေဖေက မျက်နျာတစ်ချက် ပျက်သွားရင်းစကား ကို ဆက်သည်။

“ဘယ်သူတွေ ဘယ်လောက်ပဲချောချော မိန်းမဆိုတာ ချောနေရုံ လှနေရုံနဲ့ မပြီးဘူးလေ၊ မင်းရဲ့ မေမေလို ဘက်စုံတော် တဲ့ မိန်းမမျိုးကျတော့ ရှာမှရှား မဟုတ်လား . . . အဟမ်း”

အရေး ထဲ ကြော်ငြာကဖြတ်ဝင်နေသေးသည်မို့ သူ တစ်ချက်ပြုံး ဖြစ်သည်။ ဖေဖေက မေမေကြားအောင် အသံကိုမြင့် ကာပြောရင်း ချောင်းကို ဟန့်သည်။ ပြီးစကားကို ဆက်ပြန်သည်။

“အဲဒါနဲ့ ပဲ လိုရင်းက ပျောက်တော့မယ်၊ မင်းမေမေရဲ့ ကောင်းကြောင်းတွေ ဆက်ပြောနေရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့ကွာ၊ ဒီတော့ မင်းမိန်းမ ယူဖို့ကိုပဲ ဥိးတည်ပြီး ပြောရတော့မှာ ပဲ”

“သား ပြောပြီးပြီလေ ဖေဖေကလည်း ၊ သား သေချာ ပေါက်မိန်းမ ယူမှာ ၊ မယူဘူးလို့ မပြောဘူး၊ လူပျိုးကြီးလုပ်ဖို့ အစီအစဉ်ကလည်း လုံးဝလုံးဝ မရှိဘူး၊ ဒါပေမဲ့ လောလောဆယ် သားရဲ့ ရည်းစားနဲ့ ပြတ်သွားလို့ အာရုံနောက်နေပာတယ်ဆိုမှပဲဗျာ”

သူခေါင်းကို ကုတ်ရင်း ဆို ဖြစ်သည်။

“အေး . . . . ရည်းစားနဲ့ ပြတ်တာ ဆန်းလား၊ ဖေဖေတို့ တုန်းကလည်း . . .”

ဖေဖေက စကားကို မဆက်သေးဘဲ မေမေ့အရိပ်အခြည်ကို အကဲခတ်သည်။ ပြီးအသံကို နှိမ့်ကာ . . . .

“ရည်းစားတွေ တစ်ယောက် ပြီး တစ်ယောက် ပြတ်ခဲ့တာပဲ”

ဟုဆိုသည်။

“အေး . . . ဖေဖေတို့ခေတ်တုန်း ကတော့ ၀မ်းဂိုးရင် တူး ကမ်းပဲ”

ဖေဖေအသံက ပြန်၍ မြင်လာပြန်သည်။

“မင်းတို့ခေတ်က အင်တာနက်ခေတ်၊ ၀မ်းဂိုးရင် Ten come ဖြစ်ရမှာ ၊ ငါ့သားရာ အသည်းကွဲသလိုလို ရင်ကွဲနာကျသလိုလိုတော့ ဖေဖေ့ရှေ့မှာ လာမလုပ်နဲ့ နော်၊ ဆောင့်ကန်ခံရမယ် ၊ ဒါ့ပဲ”

“အသည်းမကွဲပါဘူး ဖေဖေရာ၊ ဒီလိုပါပဲ မချစ်ရင်လစ်သား ကတော့ အေးဆေးပဲ”

“အေး . . . ဒါမှ ငါ့သား၊ ထားပစ်လိုက်စမ်းပာကွာ၊ ရည်းစားတွေ ကို ဟော တစ်ယောက် ဟော တစ်ယောက် ”

“ကိုသန့်မောင်”

“ဟေ”

မီးဖိုခန်းမှ ထွက်လာသော မေမေ့အခေါ်ကို ဖေဖေက ` ဟေ´ ဟု ထူးသည်။

“ကလေး ကို မဟုတ်တာတွေ မသင်စမ်းပါနဲ့ ၊ ဒီမှာ သား ”

“ဟုတ်ကဲ မေမေ”

“ရည်စားကို မထားခင်ကတည်းက လေ့လာစဉ်စားပြီးမှထား၊ တစ်ဦးတည်းသော သားမို့ အစ်မ၊ ညီမ မရှိပေမယ့် လည်း ကိုယ်ချင်းစာ စိတ်ထားရမယ်၊ ယောကျာ်းဆိုတာ တည်ကြည်ရတယ်၊ လစ်ရင်လစ်သလို မလစ်ရင်မလစ်သလို မပြောင်းလဲရဘူး၊ ရည်းစား ဘယ်နှယ်ယောက် ထးထား ကိစ္စမရှိပေမယ့် သူများ သားသမီးကို တန်ဖိုးထားရမယ် ကြားလား ”

“ဟုတ်”

သူ မေမေ့စကားကို ` ဟုတ်´ ဟု ဆို ဖြစ်သည်။ ` လစ်ရင် လစ်သလို မလစ်ရင်မလစ်သလို ´ ဟူ သော စကားကို ဆိုနေချိန်မှာ မေမေက ဖေဖေ့ကို ကြည့်ရင်းဆိုသည်။ ဖေဖေ ကတော့ မျက်နှာ ကြက်ကိုပဲ မော့ကြည့်သလိုလိုဖြင့် သူ မကြားသလိုလုပ်သည်။

“အခု သား ရည်းစားမထားခင်စပ်ကြားမှာ မေမေ့မိတ်ဆွေ ရဲ့ သမီးနဲ့ တွေ့ ကြည့်စမ်းပါ၊ မေမေက ဓာတ်ရှင်တွေ ထဲကလို ဘုတ်အုပ်တွေ ထဲကလို မင်းတို့မမွေးခင်ကတည်းက ကြိုစီစဉ်ထားတာ မဟုတ်ပေမယ့် ဟိုတစ်လောကမှ စကားစပ်မိလို့ ပြော ဖြစ်ရင်း က သားသမီးချင်းတွေ ဖြစ်ဖို့ ပြော ဖြစ်ကြတာ”

“အဲဒီ တစ်ယောက် က လန်းလား မေမေ”

“ဖေဖေ လေ့လာပေးရမလား”

“ရှင်နော်”

`လန်းလား´ ဟူ သော သူ့စကားအဆုံးမှာ ဖေဖေက ရယ်ကျဲကျဲဖြင့် ဆိုသည်မို့ မေမေက ` ရှင်နော် ´ ဟုဟ န့်သည်။

“နောက်တာပါကွ”

ဖေဖေက စကားကို ပြန်လျှော့ချသည်။

“အဲဒါ သန်ဘက်ခါ အိမ်မှာ ထမင်းစားဖိတ်ထားတယ် လန်းမလန်းဆိုတာ လေ့လာကြည့် ၊ မင်းတို့ချင်းအဆင်ပြင်ရင် မိဘတွေ က ဘာမှ ပြောစရာမရှိ၊ အေး . . . ဓာတ်ရှင်တွေ ထဲက လိုတော့ အတင်းကြီး ပေးစားဖို့ အစီအစဉ်မရှိဘူး”

“ဓာတ်ရှင်တွေ ထဲကလို နှစ် ဖက်စလုံးက မိဘတွေ မှာ နှလုံး ရောဂါ သွေးကင်ဆာ။ ဘာဘာညာညာ ဘာမှမရှိဘူးနော် ဘာကိုမှ အကြောင်းပြပြီး မပေးစားဘူး၊ သာသာယာယာပဲ ”

မေမေ့စကားအဆုံးမှာ ဖေဖေက ၀င်၍ ဆိုသည်။

“တွေ့ ကြည့်လိုက်တာပေါ့ မေမေရာ”

သူအံကြိတ်ကာပင် ဆို ဖြစ်သည်။ ဖေဖေ ကတော့

“အေး . . . . . ဖေဖေတို့ကျတော့လည်း မိန်းမယူဖို့ ကို ကိုယ့်ပါရမီနဲ့ ကိုယ် ဖြစ်ခဲ့တာကွ၊ မိဘက ဘာမှမကူညီခဲ့ရဘူး၊ အေးပေါ့လေ အဲ့ဒါကြောင့် လည်း Aldus Huxeley က ပါရမီရှိရ မယ့် နေရာမှာ တခြားဟာနဲ့ အစားထို့လို့မရဘူး၊ ကြိုးစားတာ ရိုးသားနိုးကြားတာတွေ ဘယ်လောက်ပဲ ရှိနေနေ အလုပ်မ ဖြစ်ဘူးလို့ ဆိုတာကိုး ” ဟု မှတ်ချက် ပြု၏ ။

* * *


Ugly wives and stupid maids are priceless treasures.

ရုပ်ဆိုးသော ဇနီးများ နှင့် ထုံအသော မိန်းမပျိုများ သည် တန်ဖိုး မဖြတ်နိုင်သော ရတနာများ ဖြစ်ကြ၏ ။

Chinese Proverb

* * *


“ငါ့ အမေ စီစဉ်ထားတဲ့သူက ရုပ်ဆိုးဆိုးကြီး ဖြစ်နေရင်တော့ ကွိုင်ပဲကွာ”

သူခေါင်းကို ကုတ်ရင်း ဆို ဖြစ်သည်။

“ရဲရင့်ခေတ်သစ်ရယ် ရုပ်ဆိုးရင် ကောင်းတာပေါ့ဟ ”

သူ့ကို သူငယ်ချင်း သူဇာဝင်းက အရယ်တစ်ဝက်ဖြင့် ဆိုသည်။

“အေးလေ . . . တရုတ်စကားပုံတစ်ခုမှာ ရုပ်ဆိုးသော ဇနိးများ နှင့် ထုံအသော မိန်းမပျိုများ သည် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြ၏ လို့ ဆိုထားတယ်၊ ရုပ်ဆိုးကြီးဆိုတော့လည်း တန်ဖိုးကြီးကြီးလို့ပဲ ယူဆပြီး ချစ်ပစ်လိုက်ပေါ့ ကွာ၊ အဟီး ”

အာကာက အခွီးခွီး ရယ်ရင်း အရောက်ပို့သည်။

“မင်းကျမှ ရုပ်ဆိုးတဲ့ မိန်းမကိုယူ၊ ငါ ကတော့ ရူပါအလန်းစားနဲ့ စိတ်ဓာတ်အလန်းစားမှ ယူမှာ ”

သူ လက်မထောင်ကာ ခပ်ကြွားကြွားပင်ဆို ဖြစ်သည်။

“အာကာ ပြောတဲ့ တရုတ်စကားပုံက သူဇာဝင်းအတွက် ကျမမှန်းဘူးလို့ဆိုရမယ်”

ယုယမာလာက သူဇာဝင်းကို လှမ်းကြည့်၍ ဆိုသည်။

“ဘာမှားတာလဲ”

သူဇာဝင်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဆို၏ ။

“ဟဲ့ . . . ရုပ်ဆိုးဆိုးနဲ့ ထုံအအ မိန်းမပျိုတွေ က တန်ဖိုး မဖြတ်နိုင်ဘူးဆိုပြီး နင်က အခုထိ မစွံသေးဘူးလေ၊ ခွီး . . .”

“အောင်မာမာ . . . ငါ့ကိုများ ရုပ်ဆိုးတယ်လို့ပြောတာ ပေါ့လေ၊ ဟဲ့ . . . ငါက မရတာ မဟုတ်ဘူး၊ မယူတာ၊ ငါကိုမှမရရင် အဆိပ်သောက်သေမယ်ဆိုတဲ့သူတွေ တစ်သိန်းလောက်ရှိတယ် ဟဲ့ မှတ်ထား ”

ယုယ ၏ စကားကို သူဇာက ပက်ခနဲ တုံ့ပြန်၏ ။

“သူငယ်ချင်း တစ်သိန်းလောက်တော့ မလုပ်နဲ့ လေ၊ များ နေပြီထင်တယ် ၊ နည်းနည်း လျှော့ပါလား”

သူ ရယ်ကျဲကျဲဖြင့် ဆို ဖြစ်သည်။

“အေးလေ တစ်ယောက် အကြောင်း တစ်ယောက် လည်း သိနေကြတာဆိုတော့ ”

အာကာက ပါဝင်၍ ပြောင်ချော်ချော် ဖြင့် ဆိုသည်။

“အောင်မယ်မယ် . . . ဒီမှာ ဒီကနေ့နံနက် ၆ နာရီ အချိန်ထိ ကောက်ယူရရှိတဲ့ စာရင်းဇယားများ အရ တစ်သိန်းကို အကျော် ဘက်မှာ ပဲ ရှိတယ်၊ ကြွားသလို ဖြစ်နေမှာ စိုးလို့ လျှော့ပြောထားတာ”

သူဇာက မျက်နှာကို မော့ရင်း ခပ်တင်းတင်း ပင်ဆိုသည်။

“ဒီရုပ်ကြီးနဲ့ . . . ဒီအရပ်အမောင်းနဲ့ ”

အာကာက ခွီးခနဲရယ်ရင်းဆို၏ သူဇာက အတော် လေး အရပ်ပုသည်ကိုး။

“ဟုတ်တယ် ၊ ဒီမှာ ငါ့လောက်ရုပ်ချောတာ ငါပဲ ရှိတယ်၊ နင်တို့လာပြီး မတိုက်ခိုက်ကြနဲ့ ၊ ငါကုသိုလ်ကံနဲ့ ငါ လှချင်တိုင်း လှနေတာ အပြစ်လား၊ လူတွေ ကလည်း ခက်ပါတယ်၊ သစ်ပင့်မြင်တာနဲ့ လေတိုက်ချင်ြ ကတော့တာပဲ”

“အရပ်က တစ်ထောင့်ထွာလောက်ရှိတာကို သစ်ပင်မြင့် က ဖြစ်ချင်သေးတယ် အံ့သြပါ့”

ယုယက ပြောင်ချော်ချော်ဖြင့် နှိပ်ကွပ်သည်။

“ပုလို့ နုတာပဲရှိတယ်၊ ရှည်လို့နုလို့ဆိုတာ မကြားဖူးဘူး၊ ငါက ပုပုရွရွ လှလှပပလေးမို့လို့ ဂင်းနစ်မှတ်းတမ်းစာအုပ်မှာ ထည့်ချင်နေတာကိုတောင် အပြတ်ငြင်းလိုက်တာ၊ လက်ရှိမယ်ကမ္ဘာတွေ မယ်စကြ၀ဌာတွေ ကို သနားလို့ ၊ အဟတ် . . . .”

သူဇာက ပုသလောက် လေကြီးလေကျယ်ဆိုသည်။

“မြန်မာနိုင်ငံက မင်းသမီးတွေ တောင် သူဇာ မင်းသမီး မလုပ်ချင်လို့ မင်းသမီး ဖြစ်နေကြတာ”

သူပါ ရောယောင်ပြီး သူဇာ့ကို အချွန်ဖြင့် မ ဖြစ်သည်။

“ဒါပေါ့ ။ မြန်မာနိုင်ငံက မင်းသမီး မပြောနဲ့ ၊ ကိုးရီးယား ၊ ဟောင်ကောင်၊ ဂျပန်၊ အို . . . အာရှက မင်းသမီးတွေ ကို သနားလို့ သူဇာတို့က မင်းသမီးမလုပ်တာ။ ကိုယ်က မင်းသမီးထလုပ်လိုက်ရင် သူ့တို့ အတွက်နေရာမရှိလို့ ဘ၀ပျက်ကုန် . . . မှာ . . . ပေါ့၊ ဟောလိဝုဒ်တို့ ဘောလီးဝုဒ်တို့က မင်းသမီးတွေ ဆိုရင်လေ ကန်ထရိုက်တိုက်တွေ မှာ မဆလာရွက်တဲ့ နေ့စားဘ၀တွေ တောင် ရောက်သွားဦးမယ်၊ ဟင်းသီးဟင်းရွက် ရောင်းသူကရောင်း ၊အိမ်တွေ မှာ အ၀တ်လျှော်ထမင်းချက် လိုက်လုပ်သူကလုပ်နဲ့ ဘ၀ တွေ စုံ ကုန်မှာ ပေါ့ သူတိုလေးတွေ ကိုသနားလို့ သူဇာက ငြိမ်နေပေးတာ၊ ဟွန်း ”

သူဇာက အားရပါးရ ရှည်လျားစွာ ဆိုသည်။

“လူပုတော့ စွာ ကျယ် ခွေးပုတော့ ရွာလည်တဲ့၊ နင်တော် တော် လေး ရွာလည်တာပဲ”

“ဘာပြောတယ် ၊ နင် ပြောပုံက ငါက ဘာ ဖြစ်သွားပြီလဲ”

အာကာ၏ ရွတ်နောက်နောက်စကားကို သူဇာက ပက်ခနဲဆိုသည်။

“ခွေး ဖြစ်သွားတာဟေ့ မခံနဲ့ ”

ယုယက မီးလောင်ရာ လေပင့်၍ ဆိုသည်။

“Sorry . . . .Sorry . . . နင်တော် တော် စွာ ကျယ်တာပဲလို့ ပြောမလို့”

အာကာက စကားကို ပြင်သည်။

“ရပါတယ် ၊ သစ်ပင်မြင့်တော့လည်း လေတိုက်တာပေါ့ ကိုယ့်ထက်နိမ်ကျတဲ့ လူတွေ က ပြောတာဆိုတော့လည်း ကိုယ်က မြင်းမားတဲ့လူပီပီ သည်းခံရမှာ ပေါ့”

မျက်တောင်ကို ပုတ်ခတ်ပုတ်ခက် လုပ်ရင်း ခေါင်းကို မော့ကာ သူဇာက ဆိုသည်။ သူ ဇာကိုကြည့်ရင်း သူတို့ သုံးယောက် ရယ် ဖြစ်ကြသည်။ အရပ်တော် တော် ပုသော သူဇာက လေကြီးသည့်နေရာမှာ တော့ ဘယ်သူမှ မယှဉ်နိုင်ကြ။

“အဲ့ဒါနဲ့ ပဲ လိုရင်းက ပျောက်တော့မယ်၊ ရဲရင့်ခေတ်သစ် ရဲ့ မိဘတွေ က ငါ့မိဘတွေ နဲများ ကွာပ့ါကွာ”

အာကာက ခေါင်းခါရင်းဆိုသည်။

“ဘာ ဖြစ်လို့တုန်းကွ”

သူ အာကာ့ကို မေး ဖြစ်သည်။

“မင်းမိဘတွေ ကျတော့လည်း မိန်းမယူစေချင်ရတာ ကို ပျာလို့၊ ငါ့မိဘတွေ ကျတော့လည်း မိန်းမ မယူခင် အိုးပိုင်အိမ်ပိုင် ဖြစ်အောင်လုပ်ဥိးဆိုတာကြီးပဲ ပြောနေတာာ၊ ဧကန္တတော့ မိန်းမယူပြိးရင် မိဘအိမ်က ဆင်းလို့ ပြောတဲ့အတိုင်းပဲ ”

“အံမယ် . . . မိန်းမ ယူမှာ က အသာထား၊ ရည်းစား တောင် မရှိဘဲနဲ့ ”

သူဇာက အရာသာရှိရှိပင် ပက်ခနဲဆိုသည်။

“အဲဒါပြောတာပေါ၊ Dount က ဘယ်နေမှန်းမသိဘေးဘူး၊ နှုတ်ခမ်းနဲ့ တည့်ပ့ါမလားလို့ ပူပန်နေတယ်”

ယုယက ၀င်ဆိုသည်။

“မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး လုပ်ပါ၊ ဘယ်က Donut က ပါလာရတာ လဲ”

ဟု သူ ဆြို့ဖစ်သည်။

“ဒီခေတ်မှာ Donut ဆိုင်တွေ ပဲ နေရာတကာ ရှိတာ လေ၊ မုန်ဆီကြော်က ရှားတယ်လေဟာ ၊ ခေတ်နဲ့ အညီ စကားပုံပြင်ရတာ ”

ယုယက ခပ်တည်တည်ပင်ဆိုသည်။ အာကာက

“ငါ့မှာ ရည်းစားမရှိဘူးလို့ ဘယ်သူပြောလဲ”

ဟု မကျေမနပ် ပင်ဆို၏ ။

“ငါပြောတာ နင့်မှာ ရှိလို့လား”ဟု သူဇာက ဆိုသည်။

“မရှိဘူး”

အာကာက အောင့်သက်သက်ဖြင့် ` မရှိဘူး´ ဟု ၀န်ခံသည်။ သူတို့အားလုံး ၀ါးခနဲ ရယ် ဖြစ်ကြသည်။

* * *


“ဟား ဟား . . . ဟား ဟား”

ရှေးဟောင်းနှောင်း ဖြစ်တွေ ဆိုရင်း ဖေဖေတို့ လူကြီးတွေ ရယ်နေကြသည်။ လူတွေ အားလုံး စုံလင်ပြီ ဖြစ်သော်လည်း မေမေတို့ပြောသည့် ကောင်မလေးက ရောက်မလာသေး။ အကြမ်းဖျင်း အားဖြင့် နာမည် ကို သော်တာဖူးဟု သာ သိထားပြီး ဖြူလား မဲလား ပင် သူမသိသေး။ မိဘနှစ် ယောက် စလုံးက ဥပဓိရုပ်က ကောင်းကြသည်မို့ သမီး ဖြစ်သူလ ည်း အခြေအနေဆိုးမည် မဟုတ်ဟု သူတွေးမိသည်။

“ဒါနဲ့ သမီးလေးလည်း ရောက်မလာသေးပါလား၊ နေ့လယ်စာစားချိန်တောင် ရောက်နေပြီ၊ ဖုန်းဆက်ကြည့်ဦးမှပဲ”

သော်တာဖူး၏ အဖေက ပြောပြောဆိုဆို ဖုန်းလှမ်းဆက်၏ ။

“ဘာလဲ သမီး၊ သြော် . . . ရောက်တော့မယ်လား၊ ဟုတ်ပြီဟုတ်ပြီ ၊ ဒီမှာ စောင့်နေရတာ အားနာစရာကြီး ဟုတ်ပြီ . . ဒါပဲနော် သမီး”

သော်တာဖူး၏ အဖေက ပြုံးရင်း ဖုန်းကိုချသည်။

“ရောက်တော့မယ်တဲ့၊ သမီးက ဒီလိုပဲ၊ စာရေး ဆရာမ ဆိုတော့”

အားနာဟန်ဖြင့် စကားကို ` ဒီလိုပဲ ´ ဟု သာ ဆိုသည်။ တွေ ရတော့မည် ဟူသော အသိဖြင့် ရင်ခုန်ခြင်း မရှိသော်လည်းမျှော်နေမိသည် ကတော့ အမှန်ပဲ ဖြစ်သည်။ စားရေး ဆရာမ ဆိုပါလားဟု တွေးမိသည်။

“ရောက်တေ့မယ်ဆိုရင် ထမင်းတွေ ခူးထားလိုက်တော့လေ”

ဖေဖေက မေမေ့ကို မေးဆတ်ပြရင်း ဆိုသည်။

“ကျွီ”

ထိုစဉ်မှာ ပင် အိမ်ရှေ့မှာ ကားရပ်သံကြားသည်။

“ကဲ . . . မောင်ရဲရင့်ရေ သားပဲ သွားကြိုလိုက်တော့”

သော်တာဖူး၏ ဖခင်က သူ့ကို ကြည့်ရင်းဆိုသည်မို့ သူ ဟုတ်ကဲ့ ဟု ဆိုရင်း အိမ်ရှေ့ထွက်ခဲ့ ဖြစ်သည်။

ကားပေါ်မှ ဆင်းလာသူက ခပ်လန်းလန်းထဲက ဖြစ်သည်။ စို့သော် ပုလင်း ဖင်လောက်ထူသော မျက်မှန်ကြီးကြောင့် လန်းချင်သလောက် မလန်းဘဲ ဖြစ်ကာနေသည်။

“သော်တာဖူး ထင်တယ်”

“ဟုတ်ပါတယ်”

“သြော် . . . အိမ်ထဲမှာ ထမင်းစားကြဖို့ ပြင်နေကြပြီ”

“ဟုတ်လား ၊ Sorry နော်၊ နောက်ကျသွားတယ်ထင်တယ်”

“ရပါတယ် ၊ လာပါ”

သူရှေ့မှ ဦးဆောင်ရင်း ထမင်းစားခန်းဆီလာ ဖြစ်သည်။ မျက်နှာရော ကိုယ်လုံးကိုယ်ပေါက်ရော အသက်အရွယ်ရော အမှတ့်ပြည့်မဟုတ်သော်လည်း အောင်မှတ်တော့ရသည်။ ခက်နေသည်က မျက်မှန်အထူကြီးပဲ ဖြစ်၏

“အင်း . . . မျက်မှန်က ပြသနာတော့လည်း မဟုတ်ပါဘူးလေ”

သူ စိတ်ထဲကနေ ဆို ဖြစ်သည်။

“ဟော . . . .သမီးရောက်ပြီ၊ လာ သမီး တစ်ခါတည်း ၀င်ထိုင်လိုက်”

“ဟုတ်ကဲ့”

မေမေက သော်တာဖူးကို ဖော်ဖော် ရွေရွေပင် ဆိုသည်။ သူမက ဟုတ်ကဲ့ ဟု ဆိုရင်း ၀င်၍ ထိုင်သည်။

“ထည့်စားနော် ၊ အားမနာနဲ့ ”

ဖေဖေက ပြောပြောဆိုဆိုပင် ဟင်းများ ကို ဧည့်သည် များ ၏ ပန်းကန်များ ထဲ ထည့်၍ ပေးသည်။ သော်တာဖူး၏ ဖခင်ရော မိခင်ပါ ဖေဖေထည့်ပေးသည်ကို ဘာမှမပြော။ သော်တာဖူးက တော့ သူမ၏ ပန်းကန်ထဲ ပုဇွန်ဆီပြန်ကို ထည့်အပေးမှာ ထ၍ အော်သည်။

“သမီး မစားဘူး ”

“ဘာ ဖြစ်လို့လဲ သမီးရဲ့ ”

ဖေဖေက သက်သက်လွတ်များ လားဟူသော သဘောဖြင့် မေးသည်။

“သမီးက ဆီတွေ ဒီလောက်များ နေတဲ့ဟင်းကို မစားဘူး ဥိးရဲ့ ”

“သြော်”

ဖေဖေက ` သြော် ´ ဟု ဆိုရင်း အားနာကာသွားသည်။ မေမေ ကတော့ သော်တာဖူးကို အံ့သြသလို ရှိသည်။

“ကဲပါ သမီးရယ်၊ ပန်းကန်ထဲရောက်ပြီးသားကိုတော့ စားလိုက်ပါ၊ ထည့်ပေးတဲ့လူကို အားနာစရာကြီး ”

သော်တာဖူး၏ မိခင်က အားနာနာဖြင့် ၀င်၍ ဆိုသည်။

“သမီး မေမေတို့ကို ခဏခဏပြောဖူးတယ်လေ၊ အစား အသောက်နဲ့ ပတ်သက်လာရင် အားနာစာနဲ့ နှမြောစာကို ရှောင်ရမယ်လို့၊ တစ်လက်တည်း ရဲရင့်ခေတ်သစ်တို့ကို ပါ စေတနာနဲ့ ပြောပြဥိးမယ်၊ ဘယ်သူတွေ ပဲကျွေးကျွေး ဘာကြောင့် ပဲ ဖြစ် ဖြစ်ပေါ့လေ အားနာပြီးတော့ပဲ ဖြစ် ဖြစ် နှမြောပြီး တော့ပဲ ဖြစ် ဖြစ် မစားရဘူးတဲ့၊ ရောဂါ ဆိုတာက ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်လေ ၊ ကိုယ်နဲ့ မတည့်တာ ဒါမှမဟုတ် ကိုယ်မကြိုက်တာကို ငြင်းပယ်ရဲရမယ်၊ အားနာပြီးတော့လည်း မစားရဘူး၊ နှမြောပြီးတော့လည်း မစားရဘူးတဲ့ ”

“အေးပါကွယ်၊ ကဲ . . . ကဲ . . . သမီးကြိုက်တာသာထည့်စား”

ဖေဖေက မျက်နှာပျက်သွားရာက ဆိုသည်။ မေမေနှင့် သူနှင့် က အကြည့်ချင်းဆုံသည်။ သော်တာဖူး၏ မိခင်နှင့် ဖခင်က တော့ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်သည်။

သော်တာဖူး ကတော့ ခပ်တည်တည်ပင်။ အသိးအရွက်များ ဖြင့် သာ ဆက်၍ စားသည်။ ` ကဲ . . . မှတ်ကရော´ ဟု သူတွေးရင်း မသိမသာပြုံုး ဖြစ်သည်။

“သမီး ကတော့ စာရေး ဆရမပီပီ အတွေးများ တယ်၊ အဟင်း . . . ဟင်း”

သော်တာဖူး၏ မေမေက ` တဟင်းဟင်း ´ ရယ်ရင်းသော်တာဖူးကို မျက်မှော က်ကြုတ်ပြသည်။ သော်တာဖူး ကတော့ ခပ်တည်တည်ပင် ဆက်၍ စားကာနေသည်။

စိုစိုပြည်ပြည်ရှိမည် ဟု ထင်ထားသော စကားဝိုင်းက အနည်းငယ် ခြောက်ကပ်ကပ်နိုင်ကာ ပြီးသွားသည်။

“မောင်ရဲရင့်ခေတ်သစ်ရေ သမီးက ပန်းပင်တွေ ကို အရမ်းသဘောကျတာ၊ သူက ဒီအိမ်ကို အခုမှရောက်ဖူးတာဆိုတော့ သားကပဲ လိုက်ပြလိုက်ပါဥိး”

သော်တာဖူး၏ မိခင်က သူ့ကို ကြည့်ရင်းဆိုသည်။ သဘောက လူငယ်ချင်း စကားပြောကြဆိုသည့်သဘော သူခေါင်းညိတ်ပြ ဖြစ်၏ ။

“ဟုတ်ကဲ့ ၊ လာလေ . . . သော်တာဖူး”

“ဟုတ်”

သူမက ဟုတ်ဟုဆိုရင်း သူနောက်လိုက်လာသည်။

* * *




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မိန်းမယူမယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သူမက… တစ်ဘ၀လုံး ချစ်သွားမည်ဟု…..ဆို

မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး

ကျူးပစ်(ဒ်)၏ ရင်ဖွင့်မြား