Cover

အခန်း(၁)

ပြည့်ပိုင်မှူးအိမ်

ကျူးပစ်(ဒ်)၏ ရင်ဖွင့်မြား

“မင်း မိန်းမရတော့မယ်ဆို”

“အေး”

“မင်းအမေက ဇွတ်ပေးစားတာတဲ့..ဟုတ်လား”

“အေး”

“မင်းကိုကြည့်ရတာ ၊ မိန်းမရမယ့်ကိစ္စကြီးကို သိပ်သဘောကျပုံမရဘူး၊ ဘာလဲ အဆက်ဟောင်းကြီးကို သတိရနေတာလား၊ ဟိုက လင်နဲ့ သားနဲ့ ဖြစ်နေပြီနော်။ မင်း ဒု.သ.န.သော မကြောက်ဘူးလား”

ဌေးနိုင်၏ မေးခွန်းကို သူမဖြေ ဖြစ်။ ခိုင်အောင်သန့်ကလည်း သူဘာပြောမလဲဆိုသော ပုံစံဖြင့် ကြည့်နေဆဲ။ သူ စာကြည့်စားပွဲပေါ်မှ ဓာတ်ပုံအယ်(လ်)ဘမ်ကို သွားယူပြီး သကောင့်သားနှစ် ယောက် ဆီ ပစ်ချပေးလိုက် သည်။

“အဲဒီ မှာ ကြည့်၊ အဲဒါ ငါယူရမယ့် မိန်းမ .. ” တဲ့။

သူ့စကားကြောင့် သူ့ခုတင်ပေါ်တုံးလုံးပက်ခေါက် အိပ်နေသော ဆရာသမားနှစ် ယောက် စလုံး အယ်(လ်)ဘမ်စာအုပ်ကို အလုအယက်ကြည့်သည်။

ပထမတစ်မျက်နှာက ဓာတ်ပုံကိုကြည့်သော သကောင့်သားနှစ် ယောက် ၏ မျက်မှော င်ကြုတ် သွားမှု ကို သူ စိတ်မသက်သာစွာ မြင်နေရသည်။

ဒုတိယတစ်ပုံကိုကြည့်ပြီး ချိန်မှာ တော့ သကောင့်သားနှစ် ကောင်က တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်သည်။ အင်မတန်ရယ်ချင်နေသော်လည်း သူ့ကိုအားနာသော ကြောင့် အတော် ကြီး အောင့်ထားဟန်ပေါ်သည်။

သူသာအခုချိန်မှာ - တစ်ဖက်လှည့်လိုက်လို့ ကတော့ “ခွီး” ခနဲ ထရယ်ကြမှာ သေချာသည်။ အခုတော့ နှစ် ကောင်သား ရယ်ချင်စိတ်ကို ဇွတ်မျိုသိပ်ကာ ပုံပျက်ပန်းပျက်ကြီး ဖုံးဖိထားကြပုံကိုက သူ့ကိုခနဲ့ နေသလိုမျိုး ခံစားနေရသည်။ ရယ်ချင်လိုက်ကြတာကမှ ခံသာဦးမည် ။

တတိယတစ်ပုံကို ကြည့်ပြီးချိန်မှာ တော့ သကောင့်သားနှစ် ကောင် ရယ်ချင်စိတ်ကို မည် သို့မျှ ဖုံးဖိမရတော့ဟန်ဖြင့် “ခွီး” ခနဲ အောင့်လုံးကွဲကာ ရယ်ချလိုက်ကြသည်။

“ဟား ဟား ဟား ဟကောင် ဌေးနိုင် မင်းက ဘာရယ်တာတုံး”

“အဟွတ် အဟွတ် … မင်းကရော ဘာရယ်တာတုံး။ ငါကမင်းရယ်တာကိုကြည့်ပြီး ရယ်ချင်လွန်းလို့ကို ရယ်တာ”

နှစ် ယောက် သား သူတို့နှစ် ယောက် ကို အပြစ်ဆိုမည် စိုး၍ တစ်ယောက် ကို တစ်ယောက် အူကြောင်ကြောင်လုပ်နေကြသည်။

“ကဲ မင်းတို့နှစ် ယောက် ငါ့နေရာမှာ ဝင်ပြီး ခံစားကြည့်ပါဦး”

သူစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချရင်း ပြောသော စကားကို ဆရာသမားနှစ် ယောက် က ချက်ချင်း မတုံ့ပြန်ကြသေးဘဲ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ..

တဝါးဝါး တဟားဟား အူနှိပ်ကာ ရယ်ကြပြန်သည်။

သူတို့နှစ် ယောက် က ထိုသို့ရယ်လေလေ သူ့အဖို့ ကတော့ ငိုချင်လေလေပဲ ဖြစ်သည်။ ဌေးနိုင် ကရယ်လို့အားရသွားဟန်ဖြင့် ရယ်လက်စ အရယ်ကို မရပ်ချင်ရပ်ချင် ရပ်သည်။

“ဟုတ်ပါတယ် .. မင်းနေရာမှာ ငါသာဆိုရင်လည်း မင်းလိုပဲ ခံစားရမှာ ပေါ့”

“အေးကွာ မင်းမိန်းမယူရတော့မယ်ဆိုလို့ ငါက ဝမ်းသာနေတာ မင်းယူရမှာ က ဒါကြီးတဲ့လား”

ခိုင်အောင်သန့်က ဓာတ်ပုံအယ်(လ်)ဘမ်စာအုပ်ကို ထောင်ပြရင်းပြောကာ “တဟားဟား” ရယ်ပြန်သည်။

“တကယ့် ကျားကျားလျားလျားကြီးထွာ မိန်းကလေးပုံစံကို တစ်စက် ကလေးမှမထွက်ဘူး၊ မင်းအမေကလည်း ဒီလိုပုံစံကို ဘယ်ကများ ခဲခဲယဉ်းယဉ်း ရှာလာတယ်မသိဘူး။ မင်းကံကိုက ဒီအတိုင်းဖန်လာတာပဲ ဖြစ်မယ်”

ဌေးနိုင်က ရယ်ချင်ပက်ကျိပုံစံဖြင့် ဆိုသည်။

“ဘယ်ကတဲ့လဲ မင်းရဲ့ Wife in Law က”

ဇနီးလောင်းဟု တဲ့တိုးမပြောဘဲ “Wife in Law” ဟု ဆိုလိုက်တာကိုက သူ့အတွက် ကတော့ စိတ်ပျက်စရာပိုကောင်းသည်။

“ဒီတောင်ကြီးကပဲတဲ့”

စိတ်ပျက်လက်ပျက်သူ့အဖြေကို ခိုင်အောင်သန့်က

“ငါတော့မတွေ့ ဖူးပါဘူး”

ဟုဆိုရင်း ဓာတ်ပုံကိုနောက်တစ်ခေါက်ထပ်ကြည့်သည်။ ထပ်ကြည့်ပြီး “ခွီး” ခနဲ ထပ်ရယ်ပြန် သည်။

“ငါသာဆို မယားစိတ်သားစိတ်ကုန်ပြီး လူ့ဘောင်မှာ နေချင်တော့မှာ မဟုတ်ဘူး”

“လူ့ဘောင်မနေလို့ မင်းကသေမှာ မို့လား”

ခိုင်အောင်သန့်၏ အဖြေကို ဌေးနိုင်က ရွဲ့တဲ့တဲ့ဆိုသည်။ ခိုင်အောင်သန့်ပြောသော “သားစိတ် မယားစိတ်” ဆိုတာကို အခုမှသူတွေး ဖြစ်သည်။

ဟုတ်ပါ့။

ဒီလို ကျားကျားလျားလျားပုံစံကြီးကို မိန်းမတော် ရမှာ က တော် တော် ဆိုးသော ကိစ္စ ဖြစ်သည်။ စိတ်ကူးယဉ်ကြည့်ရုံနဲ့ တင် ဖျားလောက်သည်။

အယ်(လ်)ဘမ်တစ်အုပ်လုံးမှာ မှ ဓာတ်ပုံဟူ၍ သုံးပုံသာပါသည်။ ထိုဓာတ်ပုံသုံးပုံကလည်း မရိုက်ချင်ရိုက်ချင် ဖလင်စမ်းထားသော ပုံမျိုး။ မိန်းမပီပီ ဓာတ်ပုံရိုက်ဝါသနာပါပုံ မရသော သူမ၏ ပထမတစ်ပုံက တိုက်ကွမ်ဒိုဝတ်စုံဖြင့် ဝတ်စုံပြည့် ဆင်ယင်ကာ ကီသွင်းနေသော ပုံ။ ဆံပင်က ကတုံးသာသာကို လက်ရှိခေတ်စားနေသော “ဓားခြစ်-ကေ” ပုံစံ။ အထောင်အချွန် အတက်များ စွာ ဖြင့် ရှုပ်ပွနေသော ဒီဇိုင်းမျိုး။

ကင်မရာကို ကြည့်ထားသည့်မျက်လုံးကလည်း တရုတ်သိုင်းဝတ္ထုများ ထဲက စကားကိုငှားပြောရ လျှင် သိန်းငှက်တစ်ကောင်၏ စူးရှမှု မျိုး။ အဆင့်မြင့် သိုင်းသမား တစ်ယောက် ၏ အတွင်းအားအပြည့်ဖြင့် ရန်သူကို ခပ်စူးစူးကြည့်နေသလိုမျိုး။

ဒုတိယတစ်ပုံ ကတော့ ကင်မရာပဲစမ်းထားလေသလား။ ဖလင်ပဲ ဖြုန်းထားလေသလားမသိ။ သူမ၏ ဘော်ဒါများ နှင့် အားပါးတရ ရယ်နေဟန်ကို မှု န်တိမှု န်ဝါးရိုက်ကာထားသည်။ သူမဘော်ဒါများ အားလုံးကလည်း တကယ့်ကျားကျားလျားလျားတွေ ချည်း။ ဆံပင်ပုံစံကအစ အဝတ်အစားတွေ အဆုံး မကွာ့တကွာတွေ ပဲ ဖြစ်သည်။

ထိုပုံထဲမှာ သူမက ဘော်ဒါ တစ်ယောက် ကို ဖက်ကာထားရင်း လက်တစ်ဖက်က ကိုင်ထားလက်စအရာကို မိုးပေါ်ထောင်ကာထားသည်။ ဂျာနယ်တစ်စောင် ဖြစ်သည်။ မှု န်တိမှု န်ဝါး ကြားက ဘောလုံးဂျာနယ်ဆိုတာ သူသိသည်။

နောက်ဆုံး တတိယတစ်ပုံ ကတော့ ဘွဲ့ဓာတ်ပုံ ဖြစ်သည်။ မိန်းမ တစ်ယောက် လိုဆင်ယင်ကာ မိတ်ကပ်တွေ ဘာတွေ ပြင်ကာထားသော်လည်း နည်းနည်း မှအချိုးပြေပြေမရှိ။

ဆိုင်မှာ သွားပြင်ထားသည်ထင့်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ စတာတွေ ကတော့ အဆင်ပြေပြေရှိလှ သော်လည်း ရပ်နေသော ပုံစံက နွဲ့နွဲ့နှောင်းနှောင်းမရှိ။ မိန်းကလေး Rocker တစ်ယောက် လို ကားတားတားကြီး။ ထဘီကလည်း အနည်းငယ် ဖရိုဖရဲ ဖြစ်ကာနေသည်။

သူမအနေနှင့် မိန်းကလေးတစ်ဦးကဲ့သို့ကြိုးစားပြီး ကိုယ်ဟန်ပြထားရဟန်တူသည်။ သို့သော် လည်း ပုံထဲမှာ ရှောက်သီးဆေးပြားသည်လောက်ပင် မနွဲ့မနှောင်း မတည့်မစောင်း။ တောင့်တောင့်ကြီးမှ တကယ့် တောင့်တောင့်ကြီးမို့ သူမ၏ ပုံကမရယ်မိဘဲ မနေနိုင်လောက်အောင် ရယ်ချင်စရာ ကောင်းလွန်းနေသည်။

ထိုဓာတ်ပုံသုံးပုံထဲနှင့် တင် ပွဲသိမ်းသွားသည်က စောစောကမှ ခိုင်အောင်သန့်ပြောသော “မယားစိတ် သားစိတ်”။

“ဒါနဲ့ နာမည် က ဘာတဲ့လဲ”

ဌေးအောင်အမေးက သူ့အရှိုက်ကို ဆင့်ကာဆင့်ကာ အထိုးခံရသလို မွန်းကြပ်သွားစေသည်။ “နာမည် တဲ့” လား။ သူ သက်ပြင်းကို မျှင်းကာ ချသည်။

“သူ့နာမည် လား။ မေ . .. နွဲ့ . .. နှောင်း တဲ့”

“ဘာ မေနွဲ့နှောင်း”

“ဒါကြီးလို့လား။ မေနွဲ့နှောင်း ဟားဟားဟား”

မြေကြီးလက်ခတ်မလွဲ ရယ်ြ ကတော့မည် ဆိုတာသိသော်လည်း သူအမှန်အတိုင်းပြောပြ ဖြစ် သည်။ တွေးထင်ထားသည့်အတိုင်းလည်းပဲ သကောင့်သားနှစ် ယောက် အားရပါးရ အားမနာ ပါးမနာ အူနှိပ်ကာ “တခွီးခွီး တဟီးဟီး” ဖြင့် ရယ်သည်။ “တဟားဟား” ဖြင့် ထိုင်ထားကြသော ခုတင်ကို ရိုက် ကာ ရိုက်ကာရယ်သည်။

ဌေးနိုင်ကဆိုလျှင် “သေပါပြီ အမေရဲ့ ”ဟု ဗိုက်ကိုနှိပ်ကာနှိပ်ကာရယ်သည်။ ရယ်ရလွန်းသည့် အခါ နာသော ဗိုက်က အောင့်တောင့်တောင့် ဝေဒနာကလည်းဆိုးသည်ကိုး။

“အမလေး ဒီပုံစံကြီးကိုများ “မေ” . . .ဟားဟားဟား”

ခိုင်အောင်သန့်က “မေနွဲ့နှောင်း” နာမည် ကိုတောင် ပြည့်စုံအောင် မခေါ်နိုင်။ တစ် “မေ” “မေ” နှင့် တစ်ဆို့တစ်ဆို့ ပြောလိုက်ရယ်လိုက်ပြီးကာမှ “မေနွဲ့နှောင်း” တဲ့လားဟုဆိုကာ လက်နှစ် က်က အူကိုနှိပ်ရင်း ညာဘက်ခြေဖနှောင့်ဖြင့် ထိုင်ထားသော ခုတင်ကို တဒုန်းဒုန်းဆောင့်ကာရယ်သည်။

နှစ် ကောင်သား အားရ .. . ပါးရ ရယ်နေတာကိုကြည့်ပြီးလိုက် ရယ်ချင်သော်လည်း သူ့မှာ မရယ်နိုင်။ နင်တင်တင် တစ်ဆို့ဆို့ကြီး ဖြစ်နေသည်။

“မင်းတို့ အိမ်နာမည် သိလို့ ကတော့ အူတက်သွားနိုင်တယ်”

သူ့အပြောကြောင့် ဌေးနိုင်က လက်ဝါးကာ ကာထားသည်။ ခိုင်အောင်သန့်တော့ “တော် ပါတော့” ဟု ကုန်းအော်သည်။ ပြီး ရယ်ဖြဲဖြဲဖြင့်

“ဒါနဲ့ စကားမစပ် အသက် ကတော့ မင်းထက်ငယ်မယ်ထင်တယ်”

“အေး”

ခိုင်အောင်သန့် အမေးကိုသူတစ်ခွန်းတည်းဖြေ ဖြစ်သည်။ “ငယ်တာပေါ့ကွာ - ဘာညာ” စကားကြောရှည်ရအောင်ကလည်း ရှည်ချင်စရာတစ်စက်ကလေးမှ မရှိသည်ကိုး။

“ကွက်တိပဲ”

“ဘာ ကွက်တိလဲ”

ခိုင်အောင်သန့်စကားကို သူခပ်ဆောင့်ဆောင့်မေး ဖြစ်သည်။

“ကြီးရင်မှီ ငယ်ရင်ချီ” လို့ စာဆိုရှိတာကိုးကွ မင်း ကတော့ “ချီ” ဖို့သာပြင်ပေတော့၊ အားမွေးထားငါ့ကောင်…”

ခိုင်အောင်သန့်က စကားအဆုံးသတ် “အားမွေးထား ငါ့ကောင်” ဆိုတာကို လက်မောင်းကိုပုတ်ပြရင်းဆိုတာမို့ “ခွေးကောင်” ဟု သူလှမ်းရေရွတ် ဖြစ်သည်။

“တော် တော် ကြမ်းမဲ့ပုံကွ… အဟီး”

ဌေးနိုင်ကပြောရင်း တဟီးဟီးဖြင့် ရယ်သည်။ “ဘာကွ” ဟု သူထရွယ်တော့ သကောင့်သားက “စိတ်ဓာတ်ကိုပြောတာပါကွာ” ဟုဆိုရင်း ရယ်ပြန်သည်။

“သြော် .. ငါတို့သူငယ်ချင်း တစ်ယောက် ဖူးစာဆုံမယ့်ဆုံတော့လည်း မေနွဲ့နှောင်းလေးနဲ့ မှ လာဆုံတော့သကိုး”

ခိုင်အောင်သန့်က ပြောရင်းတဟားဟားရယ်ပြန်သည်။

“တော် ကြပါတော့ကွာ မင်းတို့ကလည်း မင်းတို့ကို .. ဟဒယရွှင်ဆေးတိုက်ကျွေးနေတယ် များ အောက်မေ့နေလား တဟီးဟီးတဟားဟားနဲ့ ၊ ငါ့ကို အကြံလေး ဘာလေးပေးကြပါဦးကွ၊ ငါတော့ စဉ်းစားရလွန်းလို့ ပူနေပြီ”

သူ့အပြေကြောင့် ဆရာသမားနှစ် ယောက် က တစ်ယောက် မျက်နှာ တစ်ယောက် ပြုံးစိစိဖြင့် ကြည့်ကြသည်။ ပြီး လေသံကိုနှိမ့်ကာ ပြုံးဖြီးဖြီးကြီးဖြင့်

“ဘာအကြံပေးရမှာ လဲ၊ ဟိုကိစ္စအတွက်လား”

“ဘာကွ မင်းကြီးဒေါ်”

သူမျက်နှာ နီမြန်းစွာ ဖြင့် စပ်ဖြီးဖြီးလုပ်နေသော သကောင့်သားနှစ် ကောင်၏ ပခုံးကို “တဖုန်းဖုန်း” ဆွဲထိုး ဖြစ်သည်။

“ဟ .. ဟ . .ဘာလဲကွ”

“အေးလေ ဘလိုင်းကြီး လူကိုထိုးနေတယ် ဘယ်လိုကောင်လဲ”

“အောင်မာ မင်းတို့ကောင်တွေ ငါသိတယ်နော် မင်းတို့”

“အာ ဘာသိတာလဲ ငါတို့နှစ် ယောက် ဘာမှလည်း မပြောရသေးပါဘူး”

“မင်းတို့ ငါ.. ငါသိတယ်နော်”

“ငါသိတယ်နော်” ဟုကြိမ်းရင်း ခေါင်းကိုသာကုတ် ဖြစ်သည်။

ပါးစပ်ကမပြော ဖြစ်သော်လည်း သူသိသည်။ ဒီကောင်တွေ ကလည်း လူကိုချောက်ချဖို့ဆို သွက်သည်။

“မနောက်ကြပါနဲ့ ကွာ ငါ့နေရာမှာ မင်းတို့နေကြည့်ဦး”

“တော် ပါပြီ မနေတော့ပါဘူး”

“အေးလေ အားနာစရာကြီး မနေတော့ပါဘူး၊ မင်းနေရာပဲမင်းနေပါပြီးတော့ မင်းရဲ့ မေနွဲ့နှောင်း လေးနဲ့ ရေလှည့်ရောင်း အဲလေ လေထည့်ဖောင်း အဲဒါလည်းမဟုတ်သေးပါဘူး။ မေနွဲ့နှောင်းနဲ့ အဖြေမဲ့ပေါင်းလိုက်စမ်းပါ။ အလဲ့ တယ်ဟုတ်တဲ့ငါ ကာရံလေးကို ဟတ်နေတာပဲ”

အရေး ထဲ ဌေးနိုင်က ကာရံတွေ ဘာတွေ ချိတ်ဆက်ကာ ဟာသလုပ်နေသေးသည်။ အေးလေ။ လုပ်နိုင်ပေမည် ပေါ့။ အပူက သူတို့အပူမှမဟုတ်တာကိုး။

“တောင်တွေး မြောက်တွေးနဲ့ ၊ စိတ်မလေးပါနဲ့ ငါ့ကောင်ရာ အချိန်တန်တော့လည်း နွားပိန်ကန်သွားမှာ ပါ”

“အေးလေ ဖြစ်သမျှအကြောင်း အကောင်းပဲ မှတ်လိုက်စမ်းပါ”

“ဘာကွ မင်းတို့တွေ အဲဒါကြီးနဲ့ ယူရမယ့် ငါ့နေရာမှာ နေကြည့်စမ်းပါ”

“မနေတော့ပါဘူးလို့ဆို”

“အားနာစရာကြီး မင်းနေရာမင်းပဲနေပါ ငါတို့ကိုဆွဲဆွဲမထည့်စမ်းပါနဲ့ ”

“မင်းတို့ကလည်းကွာ”

သူ့ဘက်က Feel အပြည့်ဖြင့် ကြေကွဲနေသော်လည်း သကောင့်သားနှစ် ကောင် ကတော့ “အပြုံးကို မပျက်ဘူး” ဆိုတဲ့ အထဲက စပ်ဖြီးဖြီးဖြင့် သူအ ဖြစ်ကိုပဲ အင်မတန်ဝမ်းသာအားရ နေသလိုမျိုးကြီး လုပ်နေကြသည်။

“အင်း .. မင်းအ ဖြစ်ကလည်း စားရမှာ ကလည်း သဲတရှပ်ရှပ်ပစ်ရမှာ ကလည်း…”

“အာ ပစ်တယ်ပစ်တယ် အဆီမဝင်းဘူးစိတ်ချ …”

ဌေးနိုင်၏ စကားကို သူဖြတ်ပြီးပြော ဖြစ်သည်။

“မင်းအမေကို မင်းခါးခါးသီးသီးကြီး မငြင်းဘူးလား”

“အာ မငြင်းဘဲဘယ်နေမလဲကွာ ငြင်းလိုက်သမှ ငြင်းငြင်းနဲ့ တောင် နေတယ် မရဘူးဆရာ ငါတို့အမေကလည်း ဘူးဆို ဖရုံမသီးဘူးကွ”

သူစိတ်ပျက် လက်ပျက် ညည်း ဖြစ်သည်။

“အိမ်ထောင်မပြုချင်သေးဘူး။ အမေရာ ဘာညာ”

“ဘာညာတင်ဘယ်ကမလဲ သရကာတေင်ပါသေး မရပါဘူး”

“လူပျိုကြီးပဲလုပ်တော့မယ်လို့ .. ဘာတို့”

“မရပါဘူးလို့ဆို…”

သူ့အပြောကြောင့် ဌေးနိုင်ရော ခိုင်အောင်သန့်ပါငိုင်သွားကြသည်။ ပြီး ဌေးနိုင်ကသူ့ကို မသင်္ကာသလို ကြည့်သည်။ ပြီး . .

“သေသေချာချာကော ငြင်းရဲ့ လားကွာ”

“အာ ငြင်းပါတယ်ဆိုကွာ အသေအလဲကိုငြင်းတာ ဘာ ဖြစ်လို့လဲ”

“မင်းဘက်ကလည်း ပါချင်ချင်နဲ့ ကိုပါချင် ဖြစ်နေသလားလို့လေ”

“ပါချင်စရာလား ဒါကြီးကို”

“မပြောနိုင်ဘူးလေ”

ခိုင်အောင်သန့်ကပါ အထွန့်တက်သည်။

သူသက်ပြင်းကိုသာချ ဖြစ်သည်။

“ဒီကိစ္စကြီးကို တွေးမိတိုင်း၊ အရမ်းစိတ်ညစ်တယ်ကွာ”

“မညစ်ပါနဲ့ ကွာ မင်း ကုသိုလ်ရမှာ ပါ”

အရေး ထဲ ခိုင်အောင်သန့်က အရွှန်းဖောက်နေပြန်သည်။

“မင်းမိဘရဲ့ စကားကိုမင်းနားထောင်တော့။ ဘာလိုပြောမလဲ အဲ ကျေးဇူးဆပ်ရာရောက်တယ် လေ။ ဒီတော့ ကုသိုလ်ရမှာ ကတော့ သေချာတယ်”

“ကုသိုလ်လည်းရ ဝမ်းလည်းဝ မဟုတ်ဘူး၊ ကုသိုလ်လည်းရ မိန်းမလည်းရ”

“တော် ပါ့တော့ကွာ”

သူစိတ်ညစ်စွာ တား ဖြစ်သည်။ အရွှန်းဖောက်နေမှန်းသိသော်လည်း သူ မရယ်နိုင်။ ပြုံးပင်မပြုံးနိုင်။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ကြီးကိုး။

•••

အခန်း(၂)

“မင်းသက်ဟန်”

စူးရှသော ခေါ်သံကြောင့် သူလှည့်ကြည့် ဖြစ်တော့ ကျောင်းတုန်းက သူငယ်ချင်း “မစွာ တေး” တို့အုပ်စု။

“နင်တို့ ဘယ်သွားကြမလို့တုံး”

“ဒီလိုပေါ့ဟာ”

“ဒါနဲ့ ဌေးနိုင် နင်တို့ မင်းသက်ဟန် တစ်ယောက် စွံတော့မယ် ကြားတယ်မဟုတ်လား”

နီလာ၏ အမေးကြောင့် သူ့ရင်ဆို့သွားရသည်။ ဌေးနိုင်က သူ့ကိုကြည့်ရင်း ပြုံးစိစိဖြင့် “အေး” ဟု ဖြေသည်။

“ဘယ်ကလဲ ဒီ တောင်ကြီး ကပဲလား”

“အေး”

နန်းဆမ်ဟွမ်က သူ့ကိုတည့်တည့်ကြည့်ရင်းမေးသည်မို့ “အေး” ဟု စိတ်မသက်မသာ ပြန်ဖြေ ဖြစ်သည်။

“ရွှေမင်းသူ” လက်ဖက်ရည်ဆိုင်မှာ လေးယောက် သားမျက်နှာချင်း ဆိုင်ထိုင်ကြရင်း စားသောက်စရာတို့ကို တစ်ယောက် တစ်ပေါက်မှာ ကြသည်။

“ဟိုကောင် ခိုင်အောင်သန့်ကော”

“ဒီကောင်အလုပ်ရှုပ်နေလို့ လိုက်မလာဘူး”

နန်းဆမ်ဟွမ်၏ အမေးကို ဌေးနိုင်ကဖြေသည်။

“ကိုရွှေချော ငိုင်လှချည်လား”

စကားတွေ ဖောင်ဖွဲ့နေကြသော သူတို့ဝိုင်းမှာ ငူငူငိုင်ငိုင်ထိုင်နေသော သူ့ကို မေးငေါ့ရင်း နီလာက ဖျတ်ခနဲလှမ်းမေးသည်။

“နေပါဦး ပြောလက်စ စကားမေ့သွားတယ်။ နင့်ကောင်မလေးက နင်နဲ့ ရွယ်တူလား၊ ဘယ်ရပ် ကွက်ကတုံး”

“ငါ့ထက်တော့ ငယ်မယ်ဟ .. ဟို . . ဘယ်ရပ်ကွက်ကလဲတော့ မသိဘူး”

“ဟောတော် နင်ပြောတော့ တောင်ကြီးသူပဲဆို”

“အေးလေ တောင်ကြီးသူလေ”

“ဟဲ့ ဒါဆို ဘယ်မှာ နေမှန်းသိရမှာ ပေါ့တဲ့”

“ဒီလိုဟ . . .”

ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ဘော်ဒါရင်းများ မို့ ဘာမှဖုံးကွယ်မနေဘဲ အကုန်လုံးနီးပါး သူရှင်းပြလိုက်သည်။ အဲ - သူမက ကျားကျားလျားလျားကြီးဆိုသည်ကလွဲ၍ သူရှင်းပြသမျှကို နီလာရော နန်းဆွမ်ဟွမ်ပါ ပြုံးစိစိဖြင့် နားထောင်ကြသည်။ ရှင်းပြ၍ ဆုံးသည်နှင့် နီလာက -

“အေး ငါထင်တော့ထင်သား ဒီလို ဝုန်းဒိုင်းကြီး နင်မင်္ဂလာဆောင်တော့မယ်ကြားတော့ အံ့သြနေတာ၊ ငါ့အထင်က နင် - နင် အဆက်ဟောင်းကြီးပေးတဲ့ ဒဏ်ရာကိုကုစားချင်လို့လားပေါ့။ နင်တို့ပြဿနာပြီးသွားတာကလည်း တစ်နှစ် ခွဲနှစ် နှစ် လောက်ပဲရှိသေးတာကိုး”

“အေးလေ နင်ရည်းစားထားရင်လည်း ငါတို့သိမှာ ပါပေါ့။ အခုလို ဗြုန်းစားကြီးဆိုတော့ ငါတို့ မယုံဘူး ဖြစ်နေတာ”

နန်းဆမ်ဟွမ်ကပါ ပြုံးစိစိနှင့် ဝင်ဆိုသည်။

“ဒါနဲ့ နာမည် ကဘာတဲ့လဲ”

နီလာ၏ အမေးကို သူ ချက်ချင်း မဖြေ ဖြစ်။ ဆိုင်ကယ်ကို “ကျွီ” ခနဲထိုးရပ်ကြကာ ဆိုင်ထဲဝင် လာသော အုပ်စုထဲမှ တစ်ယောက် ကို အံ့အားသင့်စွာ ကြည့်နေမိသည်။

အဝေးကလာနေစဉ် ကတော့ ဟုတ်မဟုတ် မရေရာသော်လည်း အနီးကပ်ရောက်လာသော အခါ “မေနွဲ့နှောင်း” ဆိုတာ သေချာသွားခဲ့သည်။

သူ အံ့အားတသင့်ဖြင့် ပါးစပ်ကြီးဟကာ ကြည့်နေရာဆီကို ဌေးနိုင်တို့ သုံးယောက် ကပါလိုက် ကြည့်ကြသည်။

ခေါင်းပြန်လှည့်လာသော ဌေးနိုင်နှင့် သူအကြည့်ချင်းဆုံသည်။ဌေးနိုင်ရယ်ချင်စိတ်ကို ဖုံးဖိထား ရသော စပ်ဖြီးဖြီးဟန်က အထင်းသားပေါ်နေသည်။

“ဟဲ့ နင်တို့နှစ် ယောက် တစ်ခုခုတော့ တစ်ခုခုပဲ၊ ငါတို့ကိုလည်း ပြောပြဦး”

ချက်ဆိုတားခွက်က မီးတောက်သော နန်းဆမ်ဟွမ်က အမူအရာပျက်နေသော သူတို့နှစ် ယောက် ကို သံသယဖြင့် ကြည့်ရင်းမေးသည်။ သူတို့လေးယောက် ထိုင်နေပုံ အနေအထား အရ သူနှင့် ဌေးနိုင်က မျက်နှာချင်းဆိုင်၊ နီလာနှင့် နန်းဆမ်ဟွမ်ကလည်း မျက်နှာချင်းဆိုင်။ သူနှင့် နန်းဆမ်ဟွမ်က သူမတို့ ဝိုင်းကိုဒီအတိုင်းမြင်နေရသော်လည်း ဌေးနိုင်တို့နှစ် ယောက် က နောက်လှည့် ကြည့်မှ မေနွဲ့နှောင်းတို့ကို မြင်ရမှာ ဖြစ်သည်။

သီချင်းသံကတိုးညင်းစွာ ဖွင့်ထားသည်မို့ တစ်ဝိုင်းကျော်မှာ ထိုင်နေသော သူမတို့အုပ်စု၏ စကားများ ကို ဆူညံစွာ အတိုင်းသားကြားနေရသည်။

“ဟဲ့ ပြောပြဦးလို့”

နန်းဆမ်ဟွမ်က မိန်းကလေးပီပီစပ်စပ်စုစုဖြင့် နောက်တစ်ခေါက်ထပ်မေးသည်မို့ ဌေးနိုင်က “အသာနေ” ဆိုသော ပုံစံဖြင့် လက်ဝါးကာပြသည်။ ပြီး နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ -

“ရှူး တိုးတိုး ဒီကောင့် Wife in Law ငါတို့နဲ့ တစ်ဝိုင်းကျော်မှာ ရှိနေတယ်။ နီလာ နင် ချက်ချင်း ကြီးလှည့်မကြည့်နဲ့ နော်”

ဌေးနိုင်၏ အပြောကြောင့် ဆမ်ဟွမ်က ဌေးနိုင်၏ နောက်ဘက်ရှိတစ်ဝိုင်းကျော်စားပွဲဆီ ကြည့်ရင်း “ဘယ်တစ်ကောင်လဲ” ဟု ကြိတ်၍ မေးသည်။

ဘောင်းဘီရှော့ပင် (န) နှင့် တီရှပ်အမည်းကိုတွဲ ဝတ်ကာ နေကာမျက်မှန်ကို တပ်ထားသော သူမကို ရုတ်တရက်ကြည့်လျှင် မိန်းကလေးဟု ထင်မိမှာ မဟုတ်။ မိန်းမချောချောသော ကောင်လေး တစ်ယောက် ဟု ထင်နေပေလိမ့်မည် ။

“ဟဲ့ ဘယ် တစ်ယောက် လဲ၊ ငါလှည့်ကြည့်ချင်နေပြီ”

နီလာကပြင်းပြသော သူမ၏ သိလိုစိတ်ကို ရှေ့တန်းတင်ရင်း မေးသည်။ သူ့မှာ တော့ဖြင့် “မထွေးနိုင် မမျိုနိုင်” ဆိုတာမျိုးကြီးခံစားနေရသည်။ သူ့အနေနှင့် သူ၏ ဇနီးလောင်းကိုရဲရဲဝံ့ဝံ့မပြရဲ မပြောရဲ ဖြစ်နေမိသည်။ အရယ်သန်သော နီလာတို့အကြောင်းကိုလည်း သူကောင်းကောင်းကြီးသိ ထားသည်ကိုး။

“ဟဲ့ ဘယ် တစ်ယောက် လဲ”

နန်းဆမ်ဟွမ်က သူမ၏ ဘေးမှာ ရှိနေသော သူ့ကိုတံတောင်ဖြင့် တွက်ရင်းမေးသည်။ သူ့လက်ထဲမှ တူဖြင့် ညှပ်ထားသော အီကြာကွေးအစာသွပ်က “ဖလွတ်” ဆို လွတ်ထွက်ကာ ဌေးနိုင် ၏ ကော်ဖီပန်းကန်ထဲ “ပလုံ” ခနဲနေအောင် ကွက်တိကျသည်။

“ဟ ဟကောင်”

“sorry sorry”

ဌေးနိုင်က သူ့ကိုအော်သည်။ နန်းဆမ်ဟွမ်က သူ့အမှားမို့ ပျာပျာသလဲပင် “sorry” နှစ် ခါ တိတိတောင်းပန်သည်။ ဌေးနိုင်နှင့် နန်းဆမ်ဟွမ်၏ အသံကအနည်းငယ်ကျယ်သည်မို့ တစ်ဖက်ကဝိုင်း များ နှင့် တစ်ဝိုင်းကျော်က မေနွဲ့နှောင်းတို့ဝိုင်းကပါ အသံလာရာ (သူတို့)ဝိုင်းကို လှမ်းကြည့်ကြသည်။

လှမ်းကြည့်သော မေနွဲ့နှောင်း၏ အကြည့်က သူ့ဆီကိုစူးခနဲကျရောက်သည်။ အတန်ကြသည် အထိ တစ်ဦးကိုတစ်ဦးကြည့်နေ ဖြစ်ကြပြီး ဆတ်ခနဲ သူမဘက်ကစလွှဲသွားသည်။

“ဌေးနိုင် သူငါ့ကိုသိတယ်ကွ”

သူ က္ကနြေ္ဒမပျက်အောင် ထိန်းရင်းခပ်တည်တည်ဖြင့် ဌေးနိုင်ကိုလှမ်းပြော ဖြစ်သည်။ သူ့စကား ကြောင့် နီလာက ပါးစပ်ကိုလက်သုံးလုံးစာလောက်ဟသည်။

“ဟယ်တော် … သူကနင့်ကို အရင်ကမသိလို့လား”

“နင်ကလည်း ပိန်းလိုက်တာ၊ သူတို့မိဘတွေ ကဇွတ်ပေးစားလို့ မယူချင် ယူချင်နဲ့ ယူရတာ ပါ လို့ဆို၊ ရုပ်ရှင်တွေ ထဲကလို တစ်ယောက် နဲ့ တစ်ယောက် မသိကြဘူးနေမှာ ပေါ့”

နီလာ၏ အမေးကို သူမဖြေလိုက်ရ။

ဆရာမ ကြီး နန်းဆမ်ဟွမ်က ဝင်ဖြေပေးသည်။ ပြီး “ဟဲ့ ဘယ် တစ်ယောက် လဲ၊ ပြဦးလေဟာ” ဟု မမေ့မလျော့ဆိုပြန်သည်။

မပြလို့ ကတော့ မပြမချင်းတဂျီဂျီမေးနေမှာ မှန်းသူသိသည်။

“ဖြည်းဖြည်းချင်းကြည့်ကြနော်၊ တစ်ဝိုင်းကျော်က မျက်မှန်နဲ့ တီရှပ်အမည်းရောင် ဝတ်ထားတဲ့ တစ်ယောက် ”

အီကြာကွေးအစာသွပ်ကို အချဉ်ရည်မှာ နှစ် ရင်း စောစောကလို တူဖြင့် ညှပ်ကာစားရန်ပြင်သည်။

“ဟဲ့ အသားဖြူဖြူနဲ့ တစ်ယောက် နော်”

နန်းဆမ်ဟွမ်က တိုးတိုးကြိတ်ကြိတ် ဟန်ဖြင့် လေသံကို နှိမ့်ရင်းမေးသည်။ လေသံကနှိမ့်ထား တာက ကိစ္စမရှိ၊ သူမ၏ အကျင့်ပါနေသော တံတောင် ကတော့ ဆတ်ခနဲတူကိုင်ထားသော သူ့လက်မ ဆီဒိုင်းခနဲဝင်လာသည်။

တူဖြင့် ညှပ်ထားသော အချဉ်ရည်နှစ် ထားပြီးသား အီကြာကွေးအစာသွက်က “ဖလွတ်” ခနဲ စောစောကလို လွတ်ထွက်ကာ ဆေးလိပ်ပြာခံခွက်ထဲ “ဖတ်” ခနဲ နေအောင်ကျသည်။

“ကျွတ်”

စိတ်မရှည်စွာ သူစုတ်သပ် ဖြစ်သည်။

“sorry ဟယ် sorry”

နန်းဆမ်ဟွမ်ကလည်း စောစောကလို အလန့်တကြားအသံကျယ်ကြီးဖြင့် ပျာပျာလဲတောင်း ပန်ပြန်သည်။ “ဒီဝိုင်း ကတော့ . .. ” ဟူသော အကြည့်ဖြင့် ဘေးဝိုင်းများ က ဘုကြည့်ကြည့်ကြသည်။

မေနွဲ့နှောင်းတို့ဝိုင်းကပါ သူတို့ဆီလှမ်းကြည့်သည်။

ဖြစ်ချင်တော့ သူတို့လေးယောက် စလုံးက မေနွဲ့နှောင်းဆီလှမ်းကြည့်ခိုက်နှင့် သူမက သူတို့ ဝိုင်းဆီသို့လှမ်းကြည့်ခိုက်ဆုံသည်။

သူတို့လေးယောက် စလုံးကိုကြည့်ပြီး သူမက ဆတ်ခနဲအကြည့်လွှဲသွားသည်။ အကြည့်လွှဲတာ က ရိုးရိုးလွှဲသွားသည်မဟုတ်။ မျက်မှန်ကိုချွတ်ကာ မျက်မှော င်ကြုတ်ရင်း လွှဲသွားတာ ဖြစ်သည်။

သူမ၏ အတွေးမှာ သူမ၏ အကြောင်းကို သူမကောင်းပြောနေသည်ဟု ထင်နေသလားမသိ။

“ဘာကြီးလဲဟ နင့်အမေကလည်း ရှာတတ်ပါ့”

“ဟဲ့ နီလာ”

အားရပါးရ နောက်လှည့်ကြည့်မိကာမှ မျက်မှော င်ကြုတ်ကာ အကြည့်ခံရသည်မို့ မကျေမနပ်ဖြင့် နီလာက ပျစ်ပျစ်နှစ် နှစ် ရေရွတ်သည်။ နန်းဆမ်ဟွမ်က သူ့ကိုအားနာဟန်ဖြင့် “ဟဲ့ နီလာ” ဟု ရေရွတ်သည်။

“ဘာကြီးလဲဟ” ဆိုသော နီလာ၏ အသုံးအနှုန်းက သူ့ရင်ကိုလာထိသည်။ အဓိပ္ပာယ် ကတော့ ရှင်းသည်။ “စိတ်ပျက်စရာကြီး” ဆိုတာနှင့် မကွာ့တကွာပဲ ဖြစ်မည် ။

ခဏကြာတော့ သူမတို့ဝိုင်းငွေရှင်းကာ ထထွက်သွားကြသည်။ အထွက်မှာ သူတို့ဝိုင်းဆီ မကြည် ကြည့်ကြည့်သွားသေးသည်။

“အံမာမာ၊ လူကိုများ ချိုကြည့်ကြည့်သွားသေးတယ်”

နန်းဆမ်ဟွမ်က သတိထားမိသည်မို့ မကျေမနပ်ပင်ရေရွတ်သည်။

“ပုံစံ ကတော့ ကျွတ်ဆတ်ဆတ်ကြီးကွ၊ ပျော်ပျော်နေတတ်တဲ့မင်းနဲ့ ဘယ်လိုနှစ် ပါးသွားကြမလဲတော့ မသိဘူး”

“ဘယ်ကနှစ် ပါးသွားရမှာ တုံး၊ ငါ ကတော့ နှစ်ပါးသွားကကြမှာ မမြင်ဘူး။ နပမ်းလုံးကြမှာ ပဲ မြင်တယ်”

ချိုကြည့် အကြည့်ခံရသည်မို့ မကျေမနပ် ဖြစ်နေသော နန်းဆမ်ဟွမ်က ခပ်ဆောင့်ဆောင့်ရေ ရွတ်သည်။

“နေဦး၊ နင့်ရဲ့ ဇနီးလောင်းနာမည် နင်မပြောပြသေးဘူး”

နီလာက ခပ်ရွဲ့ရွဲ့မေးသည်။

“မေနွဲ့နှောင်းတဲ့”

ဌေးနိုင်က သူ့ကိုယ်စားဝင်ဖြေပေးသည်။

“ဘာ .. မေနွဲ့နှောင်း ?”

“အဲဒါကြီးလား မေနွဲ့နှောင်း”

နီလာနှင့် နန်းဆမ်ဟွမ် တစ်ယောက် တစ်ပေါက်စီရေရွတ်ရင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ “ခွီး” ခနဲ အားပါးတရရယ်ကြသည်။

ဌေးနိုင် ကတော့ ဒီကိစ္စကို အာအပြဲရယ်ခဲ့ပြီးသားမို့ ပြုံးရုံလိုက်ပြုံးသည်။

သူ ကတော့ အားပါးတရရယ်ရသော နီလာတို့နှစ် ယောက် တို့ နှစ် ယောက် ကို မချိသွားဖြဲကြည့် နေ ဖြစ်သည်။

“အမလေး . .. နွဲ့နှောင်းလိုက်ချက် ကတော့ ရှယ်ပဲ၊ အဟက်”

“လမ်းလျှောက်တာကလည်း ဆင်မယဉ်သာပဲ၊ တဝုန်းဝုန်းနဲ့ ကိုနေတယ် ဟီး ဟီး”

ရွှတ်နောက်နောက်ပြောကာ တဟက်ဟက်ရယ်နေသော နီလာနှင့် ဝစ္စနှစ် လုံးပေါက်သံပါ အောင်မရယ်ဘဲ တဟီဟီရယ်သော နန်းဆမ်ဟွမ်တို့ကို ကြည့်ကာ မချိတင်ကဲ ခံစားနေရသည်။

“နင် မင်္ဂလာဆောင်ရင် ငါတို့ကိုဖိတ်ဖို့မမေ့နဲ့ နော်”

“ဘာ ဖြစ်လို့လဲ”

နီလာ၏ အပြောကြောင့် သူမေးခွန်းပြန်ထုတ် ဖြစ်သည်။

“ဟဲ့ ဒီပုံစံကြီးနဲ့ ထိုင်မသိမ်းနဲ့ ဘယ်လိုတွေ များ ကမောက်ကမ ဖြစ်နေမလဲဆိုတာ လာကြည့် ရင်း ရယ်ရအောင်လို့၊ ကားယားယားကြီး ဖြစ်နေမှာ မြင်ယောင်သေးတယ်”

“အေးလေ ဆံပင်ကဖြင့် လက်နှစ် လုံးလောက်နဲ့ ၊ ကတုံးပေါ် ဆံထုံးတင်ထားလို့ ကတော့ လဲနံပကိုသင့်နေမှာ ပဲ မျက်လုံးက ပေကလပ် ပေကလပ်နဲ့ ‘လေ’ ”

နီလာ၏ စကားကို နန်းဆမ်ဟွမ်က ထောက်ခံရင်းဆိုသည်။ ဌေးနိုင် ကတော့ “ခွီး” ခနဲရယ်ရင်း

“တော် ကြပါတော့ဟာ ငါ့ကောင် ထ ငိုလာပါဦးမယ် ” ဟု တားသည်။ အတန်ကြာတော့ “ပြန်ကြရအောင်” ဆိုသော စကားကို သက်ပြင်းချရင်း သူဆို ဖြစ်သည်။

•••

အခန်း(၃)

“ငါ့ကောင် မင်းရင်တွေ ဘာတွေ မခုန်ဘူးလား”

“မွေးကတည်းက ရင်ခုန်နေတာပဲ၊ ဒါများ အဆန်းလုပ်ပေးနေတယ်”

ဌေးနိုင်၏ အမေးကို သူရွဲ့ကာဖြေလိုက်သည်။ ဌေးနိုင်၏ ဆိုလိုရင်းကို သူမသိမဟုတ်။ သိသည်။

ရင်ခုန်စရာလား။ ဒီလိုဟာကြီးကို။

“မင်းစိတ်ထဲမှာ ဘယ်လိုမှကို မခံစားရတာ လား”

ခိုင်အောင်သန့်ကလည်း သူ့ကိုသေချာစွာ ကြည့်ရင်းမေးခွန်းထုတ်ပြန်သည်။ သူခေါင်းကို ဘယ်ညာရမ်းပြလိုက်သည်။

“နည်းနည်း လောက်တော့ စိတ်လှုပ်ရှားနေမှာ ပါကွာ။မင်းမညာစမ်းပါနဲ့ ။ ငါတို့တောင် တစ်မျိုးကြီး ဖြစ်နေသေးတာ”

ဌေးနိုင်က လေပြည်လေးဖြင့် သူ့ပခုံးကိုပုတ်ရင်းဆိုသည်။

“ငါတကယ်ပြောတာပါကွာ ဘယ်လိုမှကို မခံစားရဘူး၊ နည်းနည်း လေးမှကို စိတ်မလှုပ်ရှားဘူး၊ ငါ့ကိုယ်ငါတောင်အံ့သြမိတယ်”

စတစ်ကော်လံအဖြူပေါ် တိုက်ပုံကိုထပ်ဝတ်ရင်း သူပြော ဖြစ်သည်။ တကယ်လည်း သူ့စိတ်မှာ ဘာဆိုဘာမှ ထူးခြားမှု မရှိ။

သူ့ကိုကြည့်ရင်း ဌေးနိုင်ကပြုံးသည်။

“ဘာပြုံးတာလဲ” ဟု ခိုင်အောင်သန့်ကမေးသည်။

“ငါတို့ကောင်ကဖြင့် တိုက်ပုံတွေ ဘာတွေ နဲ့ ၊ ဟို ကတော့ ဘယ်လိုဝတ်စားပြီး၊ ဘာလိုများ ကားကားရားရားကြီးကြိုမှာ ပါလိမ့်လို့ တွေးမိလို့ပါကွာ”

“တိုက်ကွမ်ဒို ဝတ်စုံဝတ်ပြီး လက်သီးနဲ့ တော့ မကြိုလောက်ပါဘူး”

ဌေးနိုင်၏ အပြောကြောင့် သူရယ်ရင်းဆို ဖြစ်သည်။

“အဲဒါက တော် သေးတယ်၊ တိုက်ကွမ်ဒိုဝတ်စုံနဲ့ ကမှ ကြည့်ပျော်ရှုပျော်ရှိဦးမယ်။ တော် ကြာ ဟိုဝတ်စုံဝတ်ပြီးကြိုနေမှဒုက္ခ”

“ ဘာဝတ်စုံလဲ”

ခိုင်အောင်သန့်၏ ဟိုဝတ်စုံဆိုတာကို ဌေးနိုင်က စိတ်ဝင်တစားဖြင့် မေးသည်။ ခိုင်အောင်သန့်က ခွီးခနဲရယ်သည်။ ပြီးမှ ..

“သူ့ပုံစံက ကျားကျားလျားလျားကြီးနဲ့ အဲဒီ ဝတ်စုံသာဝတ်ထားလို့ ကတော့၊ ငါ အူနှိပ်ပြီး ရယ်မိမှာ သေချာတယ်”

“ဘာဝတ်စုံလဲ”

ခိုင်အောင်သန့်ကို ဌေးနိုင်က နောက်တစ်ခေါက်မေးပြန်သည်။ သူလည်း သူမဘာဝတ်စုံဝတ်ပြီး ကြိုနေမလဲဆိုတာ သိချင်သလိုလိုတော့ ရှိသည်။ ခိုင်အောင်သန့်ပြောမည့်  ဝတ် စုံ ကတော့ ကိုးရိုးကားယားဝတ်စုံတွေ ထဲက တစ်ခုခုဆိုတာ ကြိုတွက်မိနေသည်။ သို့သော် ဘယ်လို ဝတ်စုံမျိုးကို ပြောမှာ ပါလိမ့်ဟု ဌေးနိုင်နည်းတူသူလည်းပဲ သိချင်နေမိသည်။ ခိုင်အောင်သန့်က “ဟတ်” ခနဲ ရယ်ရင်း . .

“ရေကူးဝတ်စုံလေကွာ အဟီး”

“ခွေးကောင်”

ကြံကြံဖန်ဖန်တွေးလည်းတွေးတတ်သော ခိုင်အောင်သန့်၏ အတွေးကို သူရယ်ချင်ချင်နှင့် “ခွေးကောင်” ဟု ကြိမ်း ဖြစ်သည်။ ရေကူးဝတ်စုံ .. တဲ့။ ဘယ့်နှယ် ကတုံးဆံပင်တောက်နဲ့ ကျားကျားလျားလျား သူမဟန်ကို ရေကူးဝတ်စုံနှင့် စိတ်ကူးထဲမှာ တောင် ဆက်စပ်ပေးကြည့်လို့မရ။ ဌေးအောင် ကတော့ တခွီးခွီးရယ်သည်။ ခိုင်အောင်သန့်လည်း တဟားဟားရယ်ရင်း ..

“မျက်စိထဲမြင်ကြည့်တာနဲ့ တင်ကို ဒီကောင် ရင်ခုန်နေလောက်တယ်။ အဟီး”

“တော် ပါတော့ကွာ ရင်ခုန်ဖို့နေနေသာသာ မယားစိတ်သားစိတ်တောင် ကုန်ချင်လာပြီ”

ခိုင်အောင်သန့်ကို ပြောရင်းခေါင်းကို တဗျင်းဗျင်းကုတ် ဖြစ်သည်။

“ဒေါက် - ဒေါက် - ဒေါက်”

တံခါးခေါက်သံနှင့် အတူ “သားရေ ပြီးပြီလား” ဆိုသော မေ့မေ့အသံက တစ်ပြိုင်တည်း ထွက်လာသည်။

“ပြီးပါပြီ ခင်ညာ”

ဌေးနိုင်က ညောင်နာနာအသံဖြင့် ဝင်ကာဖြေပေးသည်။ထိုင်ခုံမှာ စိတ်ပျက်လက်ပျက်ကြီး ထိုင် နေသော သူ့ကို ခိုင်အောင်သန့်က “သွားကြရအောင်” ဟု မျက်စပစ်ပြသည်။

သူ့အကြောင်း ကိုယ့်အကြောင်းဂဃနဏ မသိသော ကောင်မလေး တစ်ယောက် ကို ဘုမသိ ဘမသိကြီး လက်ထပ်လိုက်ရမှာ ကိုတွေးရင်း စိတ်ဓာတ်ကျချင်ချင် ဖြစ်လာသည်။ ဘုမသိဘမသိ မိန်းမ ရတာ ကထား။ ရသော မိန်းမက လှတပတ နွဲ့နွဲ့နှောင်းနှောင်းလေးဆို တော် သေးသည်။ ခုဟာက ရင်ခုန်စရာ တစ်ကွက်မှမရှိသော . .တွေးတောင်မတွေးချင်တော့။

သူ့ကိုဒီလို မိန်းမမျိုးနှင့် ကြုံအောင်ဆုံအောင် ဖန်လည်းဖန်တီးတတ်သော စာရေး ဆရာ “အဲလေ၊ ယောင်လို့” ကံ ဇာတ်ဆရာကို သူစိတ်နာမိသည်။

အခန်းတံခါးကိုဖွင့်ရင်း ခေါင်းငိုက်စိုက်ဖြင့် သူငယ်ချင်းနှစ် ယောက် ကြားမှာ “ကုပ် - ကုပ်” - “ကုပ် - ကုပ်” ဖြစ်ပါလာသော သူ့ကိုကြည့်ရင်း ဖေဖေက ခေါင်းကို ဘယ်ညာရမ်းတာကို သူစိတ်မသက်သာစွာ မြင်နေရသည်။

“ငါ့ သား ဖြစ်နေပုံကလည်းကွာ - ဖေဖေ့တုန်းကနဲ့ များ ကွာပါ့ မင်းမေမေကို သွားတောင်းမယ့် နေ့က ဖေဖေပျော်နေလိုက်ပုံများ မင်းမေမေကို မေးကြည့်”

“ဘာတော့ … ကလေးတွေ ရှေ့မှာ ရှင်နော်”

ဖေဖေ့စကားပင် မဆုံးသေး မေမေက ရှက်ဝဲဝဲဖြင့် ဟန့်သည်။

“မင်းအမေကလည်း အဲဒီ နေ့က တော် တော် ကိုပျော်နေတာ ငါ့သားရ”

“ကဲကဲ သွားကြမယ်”

ဖေဖေ့စကားကို ဖြတ်ကာမေမေက “သွားကြမယ်” ဟု ဆိုရင်း အိမ်ရှေ့ကနေဦးဆောင်ကာ ထွက်သည်။ ရှက်တက်တက် ဖြစ်နေသော မေမေ့ကို ကြည့်ရင်း ဖေဖေကတဟဲဟဲရယ်သည်။

“ကဲ သွားရအောင် မောင်ဌေးနိုင်တို့နှစ် ယောက် က ဆိုင်ကယ်နဲ့ လိုက်ခဲ့မှာ လား”

“ဟုတ်ကဲ့”

“အေးအေး ဆိုင်ကယ်နဲ့ မလိုက်ချင်ရင်လည်း ကိုလှမောင်တို့ Townace နဲ့ လိုက်ရင်လိုက်ခဲ့”

“ရပါတယ်ဦး ဆိုင်ကယ်နဲ့ ပဲလိုက်ခဲ့မယ်”

“အေး ၊ ဒါဆိုသွားရအောင်”

ဒုတိယမ္ပိ “သွားရအောင်” ဟု ဖေဖေ ပြောပြီးချိန်မှာ သူတို့အားလုံး အိမ်ထဲက ထွက်ခဲ့ကြ သည်။

“သတို့သားလောင်းကလည်း ကြာလှချည်လား”

မိန်းမတောင်းလိုက်ပေးကြမည့်  ဖေဖေ့မိတ်ဆွေ တစ်ယောက် က သူ့ကို လှမ်းစသည်မို့ ရှက် တက်တက်ဖြင့် သူရယ်ပြမိသည်။

“ကျုပ်တို့တုန်းကလည်း ဒီလိုပါပဲဗျာ”

ဖေဖေ့သူငယ်ချင်း ဦးလှမောင်က ထိုသို့ဆိုရင်း တဟားဟားဖြင့် ရယ်သည်။ မိန်းမတောင်းလိုက်ကြမည့်  လူတော် တော် များများ ကလည်း လိုက်ရယ်ကြသည်။ ရယ်တာကကိစ္စမရှိ။ သူတို့ဝိုင်းကြည့်ရင်းရယ်နေကြသည်မို့ ရှက်ရှက်ဖြင့် သူပါရောယောင်ပြီး ရယ် ဖြစ်သည်။ စိတ်ထဲမှာ တော့ အားလုံးက သူ့ကို ဝိုင်းလှောင်ရသလိုမျိုးကြီး ခံစားနေရသည်။

ဖေဖေနှင့် မေမေက ကားနောက်ခန်းမှာ ရောက်နေကြပြီမို့ သူကားရှေ့ခန်းမှ ဒရိုင်ဘာနေရာမှာ ဝင်ထိုင်သည်။

“ဟ ဟ အဲဒီ ကားက မောင်းမဲ့လူမရှိဘူးလားကွ၊ ဘယ့်နှယ်သတို့သားလောင်း ကိုယ်တိုင် မောင်းရတယ်လို့”

ဦးလှမောင်၏ အလန့်တကြားပြောသံကြောင့် ကားစက်နှိုးရန် သော့ ကိုကိုင်လျက်က သူကြောင်သွားရသည်။ ဒီကိစ္စကိုသူရော ဖေဖေတို့ပါ ခေါင်းထဲမထည့်ခဲ့ကြ။ အရေး မကြီးဟု ယူဆသော ကြောင့် ဖြစ်သည်။

“ငါမောင်းပေးမယ် မင်းသက်”

ဌေးနိုင်ကစိတ်မြန်သူပီပီ ခိုင်အောင်သန့်ဆိုင်ကယ်ပေါ်ခွ နေရာက ပြောရင်းဆိုရင်း ဆင်းလာသည်။ ဘာမှမဟုတ်တာကို ဇာချဲ့နေသေးသည်ဟု တွေးရင်း ကားပေါ်ကဆင်းကာ ဒရိုင်ဘာ ဘေးနေရာမှာ ပြန်ဝင်ထိုင်လိုက်သည်။

ဌေးနိုင်က ကားစက်နှိုးရင်းရှေ့ဆုံးကထွက်သည်။

သူတို့ကား၏ နောက်မှ ကျန်ကားများ က တန်းစီကာလိုက်ကြသည်။

ခိုင်အောင်သန့်၏ ဆိုင်ကယ် ကတော့ နောက်ဆုံးမှာ ။

“မောင်ဌေးနိုင်ကရော ဘယ်လိုလဲဟေ့၊ မိန်းမ မယူသေးဘူးလား”

ဖေဖေက ကားထဲမှတိတ်ဆိတ်မှု ကို ဖြိုခွင်းရင်း ဌေးနိုင်ကို မေးခွန်းထုတ်သည်။ ဌေးနိုင်က ကားမောင်းနေရာမှ “ဟက်” ခနဲ ရှက်သယောင်ယောင်ဖြင့် တစ်ချက်ရယ်သည်။

“ကျွန်တော် ရွေးနေတုန်းပဲခင်ဗျာ အဟီး”

ဌေးနိုင်၏ အဖြေကြောင့် သူအောင့်သက်သက် ဖြစ်သွားရသည်။ သူက ဌေးနိုင် အကြောင်းသိ ဓာတ်သိကြီးကိုး။ ဒီကောင် မူးလို့တောင် ရှူစရာမရှိသော ရည်းစားလက်မဲ့ဘဝကို သူက ကောင်းကောင်းကြီးသိထားသည်ကိုး။ မရှိတာကို အရှိလုပ်ကာ ခပ်တည်တည်နှင့် ကြွားနေသည်။

“အလဲ့… မောင်ဌေးနိုင်က တယ်ဟုတ်ပါလား”

ဖေဖေ၏ ချီးကျူးစကားကြောင့် ဌေးနိုင်က အမှန်တကယ်ပဲ သူ့မှာ ရည်းစားများ လွန်းနေ၍ ရွေးချယ်ရခက်နေသယောင်ယောင်ဖြင့် မိန့်မိန့်ကြီးလုပ်ကာ ချော်လဲရောထိုင်သည်။

“သူပြောတာက ရည်းစားထားဖို့ ရွေးနေတာကိုပြောတာ ဖေဖေရ ၊ ဒီကောင်က ဟိုကောင်မ လေးစရမလိုလို ဒီကောင်မလေးစရမလိုလိုနဲ့ ချိန်ပါကြီး ဖြစ်နေတာကြာပြီ”

“ဟေ”

သူ့စကားကြောင့် ဖေဖေက “ဟေ” ဟု ရေရွတ်သည်။ ပြီး

“ညံ့ပါကွာ မင်းတို့အုပ်စုနှယ် ရည်းစားတောင် ဖြစ် ဖြစ်မြောက်မြောက် မထားနိုင်ဘူးလို့၊ ဦးတို့ လူငယ်ဘဝတုန်းကနဲ့ များ ကွာပါ့”

ဖေဖေ့စကားကြောင့် မေမေက ဖေဖေ့ကိုဆတ်ခနဲကြည့်တာကို ဘက်မှန်ထဲကနေ သူမြင်နေရသည်။ မကြာလိုက် ဖေဖေ့မျက်နှာကြီးရဲခနဲ ဖြစ်ကာ ရှုံ့မဲ့သွားသည်။ ဆွဲအလိမ်ခံရပြီဆိုတာ မမေးဘဲလည်း သူသိလိုက်သည်။

စိတ်မသက်မသာကြားကပဲ သူပြုံး ဖြစ်သည်။

•••

“သား”

“ဗျာ…မေမေ”

“သားရင်ထဲမှာ ဘာတွေ ရှိမယ်ဆိုတာ မေမေခန့်မှန်းမိပါတယ်။ တကယ်တော့ ကောင်မလေးက သဘောဖြူ မနောဖြူလေးကွယ်။ ဂျစ်ကန်ကန်နေပေမယ့် သူမှာ နူးညံ့တဲ့ စိတ်ဓာတ်ရှိတာကို မေမေသိတယ်”

“စိတ်ချ ငါ့သား မင်းမေမေ အောင်သွယ်အလုပ်ကောင်းလို့ ညားခဲ့တာတွေ မနည်းတော့ဘူး။ သူက ဒီဘက်မှာ Expert ပဲ။ သူ့သားကျမှ နာမည် အပျက်မခံဘူး စိတ်သာချ”

မေမေစကားကို ဖေဖေကဝင်၍ အရွှန်းဖောက်သည်။

“တော် အသာနေပါ”

“နေပါတယ်ကွာ နေပါတယ် ”

မေမေကဟန့်တော့ ဖေဖေကပခုံးတွန့်ရင်း ပြောင်ပျက်ပျက်ဆိုသည်။

“နွဲ့နှောင်းလေးကို မိန်းမပီသလာအောင် ဖြည်းဖြည်းချင်းမေမေပြင်သွားပေးမယ် သိလား”

ခေါင်းမညိတ်မိ။ မေမေ့ကိုမယုံလို့မဟုတ်။ လွယ်ပါ့မလား။ ဒီလို ကျားကျားလျားလျား ပုံစံကြီး ကို မယားအ ဖြစ်နှင့် မည် မျှကြာအောင် နှစ် ပါးသွားရမည် ကိုမသိ။

“သားစိတ်ထဲမှာ မေမေတို့အစီအစဉ်ကို သဘောမတွေ့ ဘူးဆိုတာ။ မေမေသိပါတယ်။ ဘာပဲ ပြောပြောလေ။ ခေါင်းညိတ်ပေးခဲ့တာကိုပဲ မေမေတို့က ကျေးဇူးတင်လှပြီ။ စိတ်ချပါသားရယ် မေမေတို့သားကို ပစ်မထားပါဘူး”

မေမေ့စကားကြောင့် သူခပ်မဲ့မဲ့ပြုံး ဖြစ်သည်။ မင်္ဂလာဆောင်ပြီးတာနဲ့ သူတို့လင်မယားနှစ် ယောက် က အိမ်ခွဲနေကြရမှာ ဖြစ်သည်။ ဟိုဘက်အိမ်မှာ မနေရသလို ဒီဘက်အိမ်မှာ လည်း နေကြရမှာ မဟုတ်။ တကယ်တော့ နေမကောင်းမကျန်းမာဟု သိထားသော သူမ၏ မိဘများ အိမ်မှာ နေသင့်ပါသည်။ သို့သော် လူမမာ ဖြစ်သော သူမ၏ မေမေကိုယ်တိုင်ကိုက မနေစေခဲ့ တာ ဖြစ်သည်။

ကားထဲမှာ တိတ်ဆိတ်မှု က ဖုံးလွှမ်းသွားပြန်သည်။

•••

အခန်း(၄)

သူမတို့ဆီ သွားရာလမ်းကို ဌေးနိုင်က ကောင်းကောင်းမသိသည်မို့ မေမေကနောက်ကနေ တောက်လျှောက်ပြောပေးနေသည်။ ဌေးနိုင်မပြောနှင့် ၊ သူတောင် သူမတို့အိမ်ကို သေသေချာချာမသိ။

လမ်းသွယ်တစ်ခုထဲ ချိုးကွေ့ကာဝင်လိုက်ချိန်မှာ မြင်ရသော ဝိုင်းခြင်းခတ် ကစားနေသည့်က လေးအုပ်စုကို အမှတ်တမဲ့ကြည့်ရင်း ပေါ့ပါးပျော်ရွှင်နေသော ယင်းတို့၏ ဘဝမျိုးကို သူ အားကျနေမိ သည်။

“ဟိုးရှေ့က ခရစ်စမတ် ပန်းပင်တွေ စိုက်ထားတဲ့ အိမ်ပဲ”

မေမေပြောပြသော အိမ်ထဲကို ဌေးနိုင်က ညင်သာစွာ ကွေ့ဝင်လိုက်သည်။ နောက်မှာ ပါလာကြ သော ကားများ ကလည်း အလိုက်သင့် လိုက်ဝင်ကြသည်။

သူမတို့ရပ်ကွက်က တောင်ခြေလိုနေရာမျိုးမှာ မို့ အင်မတန်ကဗျာဆန်သည်။ အိမ်ရှေ့မှကြည့် လျှင် စိမ်းညို့နေသော တောင်တန်းမြင့်မြင့်ကို နီးကပ်စွာ မြင်နေရသည်။ မြို့တောင်ကြီး၏ အေးစိမ့်လှ သော ဆောင်းတွင်းလို ရာသီဥတုမျိုးမှာ ဆိုလျှင်တော့ သူမတို့ရပ်ကွက်လေးသည် နေရောင် ခြည်ကို စောစောစီးစီး ထိတွေ့ ခွင့်ရမှာ မဟုတ်။ အရှေ့ဘက်မှာ ရှိသော ဤတောင်တန်းကြီးက နံနက်ခင်းနေရောင် ခြည်ကို ကာဆီးကာနေမည် ကိုး။

ကားပေါ်ကဆင်းရင်း သူတို့အားလုံးအိမ်ထဲကို ဝင်ကြသည်။

“လာကြ လာကြ ဟယ် သတို့သားလောင်းလေးက ချောလိုက်တာ”

ဧည့်သည်များ ကို လာကြိုသော အန်တီကြီးနှစ် ယောက် အနက်မှ တစ်ယောက် က သူ့အားစူးခနဲကြည့်ရင်း ချီးမွမ်းသည်။

အရင်တုန်းကသာဆို ကော်လံထောင်ရင်း “ဘာစားမလဲခင်ဗျ” ဘာညာ သူပြန်ပြီး အရွှန်းဖောက် ဖြစ်မှာ ပဲ ဖြစ်သည်။ ခင်တာမခင်တာ ကတော့ ဘေးချိတ်၊ အခုတော့ သူ့နှုတ်တွေ အလိုလို ဆွံ့အကာနေသည်။

ဧည့်ခန်းထဲမှာ ခပ်နွမ်းနွမ်းအမူအရာဖြင့် ထိုင်နေသော လူမမာမိန်းမကြီးကိုကြည့်ရင်း ဒါ သူမတို့မေမေပဲ ဖြစ်မည် ဟု တွေး ဖြစ်သည်။ ထိုမိန်းမကြီး၏ ဘေးမှာ သူတစ်ခါနှစ် ခါခန့်တွေ့ ဖူးသော သူမ၏ အဖေကို ခပ်ယဲ့ယဲ့ပြုံးနေသည်ကို တွေ့ ရသည်။ မေမေ ပြောပြဖူး၍ သူမ၏ အမေက နာတာရှည် လူမမာ တစ်ယောက် ဆိုတာလောက်ကိုတော့ သူသိထားသည်။ “လာသား” ဟု သူမဘေးက ဆိုဖာကို ဖြည်းညင်းစွာ ပုတ်ပြရင်းဆိုသော သူမတို့အမေ၏ ဘေးမှထိုင်ခုံမှာ သူဝင်ထိုင် ဖြစ်သည်။

“ငါ့သားက အရမ်းကိုချောမောခန့်ညားတာပဲကွယ်၊ သားရဲ့ သွင်ပြင်မှာ ကြင်နာတတ်မယ့် ဟန်တွေ ပေါ်နေတယ်။ အန်တီ ကတော့ သမီးကိုသားဆီမှာ စိတ်ချလက်ချအပ်နှံထားဖို့ တွေးမိခဲ့တာ မမှားဘူးထင်တယ်”

အားအင်ရှိပုံမရသော သူမမေမေက ဖြည်းညင်းစွာ တစ်ခွန်းချင်းဖြင့် စကားအရှည်ကြီးကို ပြောရင်းမောသွားဟန်ဖြင့် ရင်ဘတ်ကိုအသာဖိသည်။

သူမပြောသော စကားက သူမဘာသာရေရွတ်နေသယောင်ယောင်၊ သူ့ကိုပဲမေးခွန်းထုတ်နေ သလိုလိုမို့ ဘာပြန်ပြောလိုက်ရမှန်းမသိ ဖြစ်သွားရသည်။

ထိုအချိန်မှာ မျက်စိပျက်၊ မျက်နှာပျက်ဖြင့် သူမတို့အိမ်မှာ ခိုင်းနေဟန်တူသော ကောင်မလေးက မေနွဲ့နှောင်း၏ ဖခင် ဖြစ်သူဆီခပ်တိုးတိုးဖြင့် “မမလေးကိုမတွေ့ ဘူး ဦးလေး” ဟု ကပ်ပြောသည်။ ခပ်တိုးတိုးပြောခြင်း ဖြစ်သော်လည်း ဆူဆူညံညံမရှိလှသော အခန်းထဲရှိ လူတချို့ကြား ရလောက်အောင်တော့ ထိုအသံက လုံလောက်နေသည်မို့ သူကောင်းကောင်းကြားသည်။

မေမေ့ဆီရုတ်တရက်လှည့်ကြည့်တော့ ကွက်ခနဲမျက်နှာပျက်သွားသော မေမေ့ကိုတွေ့ ရသည်။

သူ့ရင်မှာ လည်း ဘာရယ်မဟုတ် ထိတ်သွားရသည်။

“လိုက်ရှာကြည့်စမ်း၊ တစ်ခါတလေ သူအားကစားခန်းမှာ ရှိတတ်တယ်”

“ရှာပြီးပြီ ဦးလေး၊ တစ်အိမ်လုံး နှံ့ပြီးပြီ”

တိုးတိုး တိုးတိုးဖြင့် ကြိတ်ကာပြောသော်လည်း သူကောင်းကောင်းကြားနေရသည်။ သူကြားသ လို သူနှင့် ကပ်ထိုင်နေသော မေမေလည်းကြားမည် ထင်သည်။

လူမမာ ဖြစ်သော သူမအမေက ဆိုဖာကို လျော့တိလျော့ရဲမှီထားရာက ငေါက်ခနဲ ကိုယ်ကို မတ်သည်။

“သေသေချာချာ ပြောထားရဲ့ သားနဲ့ ” ဟု ရေရွတ်ရင်း မေနွဲ့နှောင်း၏ ဖခင်လုပ်သူက ဆတ်ခနဲထကာ သမီးရှာရန်အလို့ငှာ ထထွက်သွားသည်။

“ဘယ်လို ဖြစ်တာပါလိမ့်” ဟု တွေးရင်း မေမေ့ဘက်လှည့်ကြည့်တော့ မေမေ့မျက်နှာက အကြီး အကျယ်ပျက်ကာနေသည်။ ဖြစ်ပျက်နေသော လက်ရှိအနေအထားကို သဘောပေါက်ဟန်တူသော် လည်း ဦးလှမောင်တို့ အုပ်စု ကတော့ ဟန်မပျက် စကားဆက်ပြောနေကြကာ သူနှင့် မေမေတို့ဘက် ကို ကွက်ကြည့်ကွက်ကြည့်လုပ်သည်။

ယောက်ျားယူရန် ဆန္ဒမရှိသော သူမသည် မိဘများ ၏ စီစဉ်မှု ကို ထွက်ပြေးခြင်းဖြင့် ဆန့်ကျင် လေသည်လားမသိ။ ရင်တို့က ပူကာနေသည်။

မိန်းမအတောင်းလာကာမှ တောင်းစရာ မိန်းမမရှိပါ၍ လှည့်ပြန်ရသော အ ဖြစ်မျိုး ကြုံရတော့မည် ထင်သည်။

“အားနာစရာကောင်းလိုက်တာရှင်၊ သမီးလေးက အလှပြင်နေတာ မပြီးသေးဘူးနဲ့ တူပါရဲ့ ”

သတို့သမီးလောင်းပျောက်နေတယ်ဆိုတာ အားလုံးနီးပါး သိနေကြပြီ ဖြစ်သော်လည်း မေနွဲ့နှောင်း၏ မိခင် လူမမာက ခပ်တည်တည်ဖြင့် ထဖြီးသည်။ စကားကသာ ဖြီးသည်မဟုတ် သွားကပါ ဖြီးသည်။ လူမမာ ရုပ်လုံးလုံးပေါက်နေပြီ ဖြစ်သော ယောက္ခမလောင်း၏ မချိပြုံးကိုမြင်ရသော အခါ သူ တရားရချင်ချင်ပင် ဖြစ်သွားရသည်။ အနိစ္စ ဒုက္ခ အနတ္တ စသော လက္ခဏာရေး သုံးပါးစလုံး ဖုံး မရအောင် ပေါ်နေပါသော ယောက္ခမလောင်းကြီးက လှချင်ပချင် စိတ်တော့ ကုန်သေးဟန်မတူ၊ နှုတ် ခမ်းနီကိုတော့ ရဲနေအောင် ဆိုးထားရှာသေးသည်။ အသားဖြူသူမို့ နဂိုက ဖြူနေပြီးသား မျက်နှာက နာတာရှည်လူမမာ၏ သွေး ဆုတ်ဖြူရော်နေမှု နှင့် ပေါင်းလိုက်သော အခါ ယောက္ခမလောင်းကြီး၏ မျက်နှာက တရုတ်သရဲကားများ ထဲက သရဲမကြီးနှင့် သူမသာကိုယ်အသုဘ ဖြစ်သွားတော့သည်။ ထိုသွေးဆုတ်နေသော ဖြူရော်ရော်မျက်နှာမှာ နီရဲနေသော နှုတ်ခမ်းနီကို ရဲပတောင်းခတ်နေအောင် ဆိုးထားလိုက်သော အခါ မြင်ရသူ အပေါင်းအဖို့ တရားရှုမှတ်ချင်စိတ်ပေါက်လာအောင်ပဲ ဖြစ်နေရတော့သည်။

လူကဖြင့် နေ့လား၊ ညလား ဖြစ်နေသော်လည်း မုသာဝါဒတို့ဖြင့် “ငေါက်” ခနဲ ထကာ ပြောနိုင်နေသေးသော ယောက္ခမလောင်းကြီးကိုကြည့်ကာ သူတော် တော် တရားကျနေမိသည်။

မိန်းမတောင်း အဖော်လိုက်လာကြသူတွေ ရော အိမ်ရှင်ဘက်မှ ဧည့်ခံနေသူတွေ ပါ အလွန် အမင်း ဟန်ဆောင်ကောင်းကြလေသည်။ သတို့သမီးလောင်း ဘယ်ရောက်လို့ ဘယ်ပေါက်သွားသည်ကို သိချင်နေကြသော်လည်း ဘာမှမ ဖြစ်သလို ဖုံးဖိကာ ရောက်တတ်ရာရာကို ပြောကြရင်း ဟန်လုပ်နေကြသော်လည်း မျက်လုံးများ ကတော့ဖြင့် အိမ်အဝင်တံခါးဝဆီကြည့်လိုက် အိမ်အတွင်းဘက်ကိုကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။

“လာနေပြီ .. .လာနေပြီ”

ဝမ်းသာအားရ ဆိုရင်း အိမ်ဧည့်ခန်းထဲဝင်လာသော ကလေးမဆီကို အားလုံးကြည့် ဖြစ်ကြ သည်။ ကလေးမ၏ နောက်မှာ မျက်နှာကြီး စူပုတ်နေသော သူမနှင့် ဒေါသကို ထိန်းထားဟန်ပေါ်နေ သော သူမ၏ ဖခင်က ကပ်ပါလာသည်။ သူ့ရင်လှပ်ခနဲခုန်သည်။

သူမ၏ ဝတ်စားဆင်ယင်မှု ကိုကြည့်ရင်း ဧည့်ခန်းထဲရှိ ဧည့်သည်များ အားလုံး မျက်လုံးပြူးကုန် ကြသည်။ ကြည့်ဦး သူမဝတ်ထားသည့် အင်္ကျီက အင်္ဂလန်ဘောလုံးအသင်း၏ ဂျာစီ၊ အောက်ပိုင်းက ရှော့ပင်ကို ဝတ်လို့။ အမူအရာကလည်း ထုံးစံအတိုင်း ကျားကျားလျားလျားကြီးနှင့် ပင်။

“အဟီး Sorry နော် မလာကြသေးဘူးထင်လို့”

အားလုံးကို ဝေ့ကာမျက်နှာချိုသွေးသော သူမကိုကြည့်ရင်း မိန်းမတောင်းလိုက်လာကြသူ တွေ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကုန်ကြသည်။ ပါးစောင်တစ်ဖက်မှာ ကွမ်းငုံထားဟန်တူသော သူမကို သူကြည့်ရင်း သူ ထွက်ပြေးချင်စိတ်ပေါက်လာသည်။ ကြည့်ပါဦး “အဟီး” ဟု ရယ်သွမ်းလိုက် စဉ်က သူမ၏ သွားတွေ က ရဲတောက်နေသော လက်သည်းနီဆိုးထားသည့် အရူးမ ခြေသည်းတွေ ကောက်စီထားသည်နှင့် ပင် တူနေသေးတော့။

“သွား အဝတ်သွားလဲစမ်း”

သူမ၏ အဖေက ဧည့်သည်များ ကို အားနာစွာ ဖြင့် သူမကို ခပ်ငေါက်ငေါက်ဆိုသည်။ သူမက ကားတား ကားတားဖြင့် အိမ်ထဲဝင်ကာသွားသည်။ မေမေ့ထံမှ သက်ပြင်းချသံကို သူကောင်းစွာ ကြား လိုက်ရသည်။ စိတ်ညစ်ညူးနေသည့်ကြားက သူပါရောယောင်ကာ သက်ပြင်းချ ဖြစ်သည်။ ဌေးနိုင်နှင့် ခိုင်အောင်သန့် ကတော့ သူ့ကို မျက်ခုံးလှမ်းပင့်ပြသည်။ ဘာအဓိပ္ပါယ်မှန်းမသိသော်လည်း စိတ်ထဲမှာ တော့ သိပ်မကောင်းလှ။

ခဏကြာတော့ မေနွဲ့နှောင်းအိမ်ခန်းထဲက ထွက်လာသည်။ ထဘီကို ကလေးအမေ တစ်ယောက် လို ပိုသီဖတ်သီ ဝတ်ကာထားရင်း ထွက်လာခြင်း ဖြစ်သည်။

နဂိုကမှ (လူမမာမို့) မျက်နှာသိပ်မလှရှာသော သူမ၏ အမေက မျက်နှာပျက်သွားသည်။ သို့ သော် အော်စကာဆုအပြွတ်လိုက် ရဖူးသော ဝါရင့် သရုပ်ဆောင်လို ချက်ချင်း မျက်နှာကို ပြင်သည်။

“သမီးကလည်းလေ ဘယ်တွေ လျှောက်သွားနေတာလဲ၊ ဒီမှာ အားနာစရာကြီး”

ပြုံးရင်းခပ်တိုးတိုးဆိုသော သူမအမေ၏ စကားကို တုံ့ပြန်ရန် သူမခမျာအဆင့်သင့်မ ဖြစ်၊ မ ဖြစ်ဆို ပါးစပ်ထဲ ကွမ်းက အပြည့်ရှိနေသည်ကိုး။ လပ်နေသော ဆိုဖာတစ်ခုမှာ တောင့်တောင့်ကြီးဝင် ထိုင်ရင်း စားပွဲအောက်ခြေမှ ထွေးခံကိုယူကာ “ကွမ်း” ကို “ပျစ်” ခနဲနေအောင် ထွေးသည်။ ပြီး သူမ၏ အမေတစ်ဦးတည်းကိုသာ တည့်တည့်ကြီးကြည့်လျက်

“ဝိုင်းခြင်းသွားခတ်နေတာ အဟက်”

သူမ၏ ဟန်၊ သူမ၏ အသံတို့ကို မြင်နေရသော သူ့အဖို့တော့ တဖြည်းဖြည်းအော်ဂလီဆန် ကာ လာသည်။ ကြည့်ပါဦးလား။ ကဗျာမဆန်လိုက်ပုံများ သူ့နားထဲမှာ ရယ်သံသဲ့သဲ့ ကြားရသလိုလို ရှိသည်။

သူမကို လာပြီးတောင်းရမ်းတဲ့ အချိန်ကြီးမှာ တောင် ဝိုင်းခြင်းသွားခတ်နေသတဲ့။ မိန်းမပီသပြ နေလိုက်ပုံများ စကား၏ အဆုံးသတ်မှာ ရယ်လိုက်သော “အဟက်” ဆိုသော ကြို့ကြီးထိုးသံနှင့် ပင် ဆက်နေသေးတော့၏ ။ ကတုံးဘာသာဆံပင်ကလည်း ကျိုးတို့ကျဲတဲနှင့် မျက်နှာပေးကလည်း မထီတ ရီပုံ။ “ခွီး” ခနဲရယ်သံကို သူကြားလိုက်ရပြန်သည်။

သူ ဖေဖေ့ဆီအမှတ်တမဲ့ လှည့်ကြည့်တော့ ဖေဖေက အားနာပြုံးပြုံး ပြရှာသည်။

မေမေ့ကိုကြည့်မိပြန်တော့ ဒီချွေးမလောင်းလေးကိုပဲ ကမ္ဘာပတ်ရှာပေးထားရသလိုမျိုး ဂုဏ်ယူဝင့်ကြွားစွာ ဘာမှမ ဖြစ်သလို မိန့်မိန့်ကြီးပြုံးပြသည်။

စိတ်ပျက်လက်ပျက်ကြီး ဖြစ်နေသော အီးမှန်ထားသော မျက်နှာကြီးနှင့် သူ့ကို ဌေးနိုင်တို့ နှစ် ကောင် ကတော့ ရယ်ချင်ပက်ကျိဖြင့် ကြည့်နေကြသည်။ သကောင့်သားနှစ် ကောင်ခမျာ ခေါင်းကြီးဇွတ် ငုံ့ကာ အားပါးတရ ရယ်ပစ်လိုက်ချင်စိတ်ကို တော် တော် ကြီး အောင့်အီးထားရပုံပေါက်နေသည်။ မိန်း မတောင်းလိုက်လာကြသော ဦးလှမောင်တို့ကလည်း သူ့ဆီ မကြာခဏဆိုသလို ပြုံးဖြီးဖြီးကြီးတွေ နှင့် လှမ်းလှမ်းကြည့်သည်။ သူအနေရခက်လာရသည်ကား အမှန်။

“ကဲကဲ စလိုက်ရအောင်.. ဒီက သားလေး မင်းသက်ဟန်နဲ့ သမီးလေး မေနွဲ့နှောင်း .. .ခ ခ ဇ ခ ….”

ဘာတွေ ပြောနေကြသည်ကို မကြားမိတော့။ ခေါင်းကိုသာ တွင် တွင် ငုံ့ထား ဖြစ်သည်။

ခဏကြာတော့ မေမေ့အသံကိုပါ မကြားတစ်ချက် ကြားတစ်ချက်ကြားရသည်။ “နွဲ့နှောင်းလေး” ဆိုတာကို မေမေ့နှုတ်ကကို မချ။

ထိုင်ခုံမှာ ထိုင်နေသော်လည်း သူ့စိတ် ကတော့ ထွက်ပြေးကာနေသည်။ အချိန်တွေ ရယ် ကုန်ပါတော့လား။

•••


ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ကျူးပစ်(ဒ်)၏ ရင်ဖွင့်မြား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မယားပြောတော့ တစ်ည

ခြံခုန်တဲ့ ကြယ်

ချယ်ရီပွင့်ရန် တစ်လအလို