Cover

ချယ်ရီပွင့်ရန် တစ်လအလို

ဆိုရိုးတစ်ခုရှိပါတယ် ။

အဲဒီ ဆိုရိုးမှာ

“ ရယ်နေတဲ့မိန်းမနဲ့

ငိုနေတဲ့ ယောက်ျားဟာ

ယုံကြည်ဖို့ မသင့်ဘူး ”

လို့ ဆိုတယ် ။

♥ ♥ ♥


“ မနေ့က စိမ်းနု Shopping သွားဖို့ခေါ်တာကို မင်းလိုက်မသွားဘူးဆို ”

မေမေ့အမေးကြောင့် သူတော် တော် စိတ်ညစ်သွားရသည် ။ အမှန်အတိုင်း ဖြေပြန်လျှင်လည်း မေမေက ထပ်ကောတော့မည် ။

ညာမည် ဆိုပြန်တော့လည်း မေမေယုံတော့မည် မဟုတ် ။ မေခွန်းကို အထက်ပါအတိုင်း မေးလာသည်ကို ကြည့်ခြင်းအားဖြင့် ဟိုကလေးမ စိမ်းနု မေမေ့ထံကို “ ဖြစ်ကြောင်းရယ် စုံလင် ” အား သံတော် ဦးတင်ထားပြီး ဖြစ်လိမ့်မည် ။

“ ဟဲ့ သား . . . မေမေမေးနေတယ်လေ ”

“ . . . . . . . . . . . . . . . . ”

ဒုတိယမွိဆိုသော မေမေ့စကားကြောင့် တွေးလက်စ သူ့အတွေးတို့ ရပ်တန့်ကာသွားသည် ။ သို့သော် ဘာကိုမှတော့ သူပြန်၍ မဆို ဖြစ်သေး ။

“ ဟုတ်တယ် . . . သား သူနဲ့ လိုက်မသွား ဖြစ်ဘူး ”

မဖြေလို့လည်း ရမည် မထင်သည်မို့ သူသက်ပြင်းချရင်းနှင့် ပင် ဆို ဖြစ်သည် ။

“ သနားပါတယ် သားရယ် . . . သူ့ခမျာ သားကိုအတော် လေးအားကိုး ရှာတာ . . . သားအပေါ်မှာ လည်း သံယောဇဉ်က ကြီးပါဘိသနဲ့ . . . နောက်ဆို လိုက်ကူလိုက်ပါ သားရယ် . . . တစ်မြို့တည်းသားချင်း စောင့်ရှောက်ရမယ့် ဝတ္တရားကလည်း ရှိသေးတယ် မဟုတ်လား ”

“ သားမှမအားတာ . . . မေမေက ဘာမှမသိနဲ့  စွတ်ကောနေပြန်ပြီ ”

“ မလိုက်ချင်လို့  မအားတာမဟုတ်လား ”

“ ပြောပြဘူး ”

ရယ်ကျဲကျဲ ပြန်ဆိုဖြစ်သော် သူ့ စကားကြောင့် မေမေ့ထံမှ စကားသံတို့  တိတ်ဆတ်ကာသွားသည် ။

“ တော် ကြာ ရန်ကုန်မှာ တခြားမတော် တရော်တွေ နဲ့  တွေ သွားပါဦးမယ် သားရယ် . . . စိမ်းနုက သားသိတဲ့အတိုင်း အရမ်းရိုးတာဆိုတော့ . . . ”

“ မေမေကလဲဗျာ . . . ပူစရာမရှိ ရှာကြံပြီးပူနေပြန်ပြီ . . . မေမေစိတ်ပူကမှာ က သားကိုပူရမှာ . . . စိမ်းနုက သူ့ အဒေါ်အိမ်မှာ နေတာ . . . မေမေပူကမှာ က သူငယ်ချင်းတွေ နဲ့  စုနေတဲ့သားကိုပဲပူကမှာ ”

“ ဒါပေမဲ့ သားကယောင်္ကျားလေးလေ . . . နောက်ပြီးတော့သားက သောက်စားမူးရုတဲ့လူမှမဟုတ်တာ . . . လိမ္မာတဲ့မေမေ့သားကို မေမေကစိတ်ချပြီးသား . . . စိတ်မချတာဆိုလို့  တစ်ခုပဲရှိတယ် . . . စိမ်းနုမဟုတ်တဲ့ တခြားခပ်လည်လည်ကောင်မလေးတွေ နဲ့  . . . ”

“ မေမေ . . ဒီဓာတ်ပြားဟောင်ကြီးကိုပဲ ဆက်ဖွင့်နေမယ်ဆိုရင်တော် မေမေဆက်ပြီး အမောမခံနဲ့ တော့ . . . သားကြားရလွန်းလို့  အလွတ်ကို ရနေပြီ . . . မေမေ့စကားအသွားအလာတွေ က နောက်ဆုံတော့ ဓာတ်ရှင်တွေ ထဲက အကွက်တွေ ချည်းပဲ . . . ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကဖိတ်တာတွေ ရော ၊ အကြောင်းသိဆိုတော့ ကောင်းတာပေါ့ ဆိုတာတွေ ရော ရှုပ်နေတာပဲ . . . မိဘချင်းသဘောတူလို့  ဇွတ်ပေးစားတယ်ဆိုတဲ့ အကွက်တွေ က ဓာတ်ရှင်တွေ ထဲမှာ တောင် သိပ်ခေတ်မရှိတော့ဘူး မေမေရာ . . . ပြက္ခဒိန်လေးဘာလေးလည်း ပြန်လှန်ကြည့်လိုက်ဦး မေမေရာ . . . အခုက နှစ်ထောင့်ရှစ်ခုနှစ် ရောက်နေပြီ . . . မေမေတို့  နိုင်တီးဂွမ်တီးတုန်းက ဖော်မြူလာတွေ . . . အခုဒိတ်အောက်ကုန်ပြီ် ”

“ ဘာ . . . ဘာပြောတယ် ”

တမင်သက်သက် စ-လိုက်သည် ဆိုသော်လည်း မေမေ ကတော့ စကားတွေ ထစ်ယူ သည်အထိပင် ဒေါကန်ကာသွားလည် ။

“ မင်းကို ဘယ်သူက ဇွတ်ပေးစားနေလို့လဲ . . . စိမ်းနုကို ယူပါ . . . ယူပါလို့ ငါကဘယ်တုန်းက ဇွတ်တိုက်တွန်းဖူးလို့လဲ . . . သင့်တော် တယ်ဆိုတာကိုပဲ . . . ပြော . . . တာ . . . ယူရမယ်လို့ တစ်ခွန်းမှ မဟဖူးဘူး . . . မင်း စကားပြောတာ ကြည့်ပြော ”

ဒေါသတွေ ထွက်တာ “ သားတွေ ၊ မေမေတွေ ” သုံးနေရာက “ မင်း ” တွေ ၊ “ ငါ ” တွေ ဖြစ်သွားသော မေမေ့စကားကို နားထောင်ရင်း သူရယ်ချင်သွားရသည် ။

“ စိမ်းနုကို ယူမယ့်အစားတော့ ရန်ကုန်သူလေးပဲ ယူတော့မယ် မေမေရာ . . . မေမေ့မှာ ရန်ကုန်သူချွေးမမရှိသေးဘူး မဟုတ်လား . . . ကိုကြီးက မန္တလေးသူကို ယူထားတယ် . . . ကိုလတ်က တောင်ကြီးသူ . . . ကိုငယ်က မော်လမြိုင်သူ . . . အဲဒီ လို ယူထာြး ကတော့ မေမေ့မှာ ချွေးမတွေ က စုံသလောက်ရှိနေပြီ . . . လိုတာဆိုလို့ ရန်ကုန်သူတို့ ၊ မြစ်ကြီးနားသူတို့ ၊ ဟားခါးသူတို့ပဲ ရှိတော့တာ မဟုတ်လား . . . သား အခုနေတာကရန်ကုန်မှာ ဆိုတော့ . . . ”

“ မသိဘူးဟေ့ . . . မသိဘူး . . . မင်းဘာသာမင်း ဘယ်ဆီကနဲ့ ပဲ ယူယူ . . . မင်းနဲ့ ပေါင်းရမှာ . . . ငါနဲ့ ပေါင်းရမှာ မဟုတ်ဘူး . . . အေး . . . တစ်ခုတော့ ပြောလိုက်မယ် . . . စိမ်းနုကို မင်းငြင်းရင် မင်းယူတဲ့ မိန်းမက စိမ်းနုထက်တော့ သာမှ ဖြစ်လိမ့်မယ် . . . ဒါပဲ ”

မေမေက “ ဒါပဲ ” ဟု ခပ်ဆောင့်ဆောင့် အမိန့်ချသည် ။

“ စိတ်ချ မေမေရေ . . . မေမေ့ရဲ့ စိမ်းနုထက် အများ ကြီးလှ ၊ အများ ကြီး လိမ္မာပြီးတော့ အများ ကြီးချစ်စရာကောင်းတဲ့ ချွေးမလှလှလေး တစ်ယောက် မေမေ့အတွက် သားမရအရရှာခဲ့မယ် . . . အရိုး ကြေကြေ ၊ အရေခမ်းခမ်း . . . ကို ရှာခဲ့ . . . ဦး . . . မှာ ”

“ ရှာ ရှာ . . . အဲဒီ မှာ အရှာမှားပြီး မိန်းမလည် သိန်းကြွယ်နဲ့ တွေ့ လို့ ကတော့ ထိုင်ကိုရယ်ပစ်ဦးမယ် ”

မေမေဆိုသော ခပ်ရိရိစကားကြောင့် သူရယ် ဖြစ်ပြန်သည် ။

“ မိန်းမလည် သိန်းကြွယ်နဲ့ တော့ အခုထိမတွေ့ သေးဘူး မေမေရ . . . အခုသားတွေ့ နေတာက အဲဒီ မိန်းမလည် သိန်းကြွယ်ရဲ့ ညီမ မိန်းမလှ သိန်းမြတဲ့ . . . ချောမှချော ”

“ အေးပါ . . . အေးပါ . . . မင်း ကိုယ့်အမေကို ကိုယ်ရိထားဦး . . . မိန်းမရတော့မှ ဘယ်လိုမိန်းမမျိုးလဲဆိုတာ ကြည့်ဦးမယ်ဟေ့ . . . ကြည့်ဦးမယ် ”

ပြောရင်း ဂွပ်ခနဲ ဖုန်းချကာသွားသော မေမေ့စကားတို့ကြောင့် သူရယ်၍ သာနေ ဖြစ်သည် ။

ခုချိန်ဆို မေမေ တစ်ယောက် စိတ်မကြည့်တကြည်ဖြင့် နီးစပ်ရာလူများ ကို ငေါက်ငမ်းချင် ငေါက်ငမ်းနေလိမ့်မည် ။

♥ ♥ ♥


တကယ်

တော့ သူရန်ကုန်၌ ရှိနေသည်ကို မေမေသိပ်သဘောမတွေ့ လှ ။ မေမေက အငယ်ဆုံးသား ဖြစ်သော သူ့ကို သူမနှင့်အတူ ညောင်ရွေမှာ သာ နေစေချင်သည် ။ ရံဖန်ရံခါ ကလောမှာ သွားနေသော အခါ သူမနှင့်အတူ အငယ်ဆုံးသား ဖြစ်သော သူ့ကိုသာလျှင် ခေါ်သွားချင်သည် ။ သူ ကတော့ ကလောနှင့် ညောင်ရွှေကို ကူးနေရသည်ကို ကြာတော့ငြီးငွေ့လာသည်မို့ ရန်ကုန်ကို အကြောင်းမရှိ အကြောင်းရှာကာ လာနေနေခြင်း ဖြစ်သည် ။

ဝယ်ယူထားသည့်အချိန်မှစ၍ သိပ်မနေ ဖြစ်ခဲ့သော ကွန်ဒိုသည် အခုတော့ သူနှင့်သူ့သူငယ်ချင်းများ အတွက် အလွန်အသုံးဝင် နေခဲ့သည် ။ မေမေ ကတော့ ဤကွန်ဒို ဝယ်မိသည်ကို နောင်တရနေ မည် လားမသိ ။

“ ဟကောင် မင်းမင်း . . . ဘာတွေ တွေးနေတာလဲ ”

ရုတ်တရက် ပခုံးကို ပုတ်ရင်းဆိုလိုက်သော “ သက်နိုင် ” ၏ အမေးကြောင့် တွေးလက်စသူ့အတွေးတို့ လက်စသတ်ကာသွားသည် ။

“ ငါ့မားသားကြီးဆီက ဖုန်းလာလို့ကွ ”

“ ထုံးစံအတိုင်းပဲလား ”

“ အေးကွာ . . . မနေ့က စိမ်းနုကို Shopping မလိုက်ကူလို့ ဖုန်းနဲ့ လှမ်းကောတာ . . . ဟိုကလေးမကလည်း အမြဲတမ်း ကွိုင်ရှာနေတော့တာပဲ . . . ကြည့်လို့ကို မရဘူး ”

စိတ်တိုတိုဖြင့် စိမ်းနုကို မေတ္တာလှမ်းပို့ ဖြစ်တယ် ။

“ မင်းကလဲကွာ . . . သူကလည်း ပြ ဿနာရှာတယ်လို့လည်း ဘယ်ဟုတ် မလဲ . . . မင်းမလိုက်လို့ မလိုက်ဘူးပြောတဲ့ဟာ . . . မင်းကလည်း မင်းပဲ . . . ဒီလောက်လှပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ Shopping အတူသွားရမယ့်ကိစ္စကို အင်တင်တင် လုပ်နေတယ် . . . တောက် ! နေရာချင်းတောင် လဲလိုက်ချင်တယ် ”

သက်နိုင်က တက်ကိုခေါက်ရင်း မချင့်မရဲဖြင့်ဆိုသည် ။

“နေရာချင်းလဲတော့ကော မင်းကို ဟိုကကြိုက်မှာ လား . . . မင်းမင်းကို ဟိုကခိုက်တယ်ဆိုတာက မင်းမင်းမှာ က ညောင်ရွှေမြို့ ပေါ်မှာ ဟိုတယ်တစ်လုံး ၊ အင်းလေးရေထဲမှာ ဟိုတယ်တစ်လုံး ၊ ကလောမှာ က ဟိုတယ်တစ်လုံး . . . ဟိုတယ် သုံးလုံးကြီးများ တောင်ရှိတယ် . . . မင်းမှာ က ဟိုတယ်မပြောနဲ့  . . . ပိုက်ဆံတောင် တစ်သိန်းပြည့်အောင်ရှိတာ မဟုတ်ဘူး . . . ပြီးတော့ မင်းမင်းရုပ်က အခုမင်းသား ထလုပ်လို့ ရအောင် ရူပါကဖြောင့်တယ် . . . မင်းက ဗေလုဝ ရဲ့  အပုံတစ်ရာပုံ တစ်ပုံလောက်တောင် တစ်ပုံလောက်တောင် ပုံလာတာမဟုတ်ဘူး . . . ဒီတော့ နေရာချင်းလဲထားလည်း စိမ်းနုက မင်းကိုရင်ခုန်မှာ မဟုတ်ဘူး ”

“ မင်းပြောလိုက်မှပဲ ငါ့ကိုယ်ငါ ဘဝင်တွေ တောင် မြင့်ချင်လာပြီ ”

ပယ်ပယ်နယ်နယ်ကြီး အပြောခံလိုက်ရသော်လည်း စိတ်မဆိုးတတ်သော “ သက်နိုင် ” က အားမနာတမ်းဆိုသော ဘော်ဒါ ဖြစ်သူ “ အောင်ရဲ ” ကို အထက်ပါအတိုင်း ပြန်၍ ဆိုသည် ။

သန်းမောင် ကတော့ . . .

“ တိတ်တိတ်နေကြစမ်း ”

ဟု ဆရာကြီး လေသံဖြင့် ၎င်း၏ အိပ်ရာပေါ်မှ လှမ်း၍ အော်သည် ။ ပြီး . . .

“ မင်းတို့ ဒီလိုဆူညံနေတော့ ငါက ဘယ်လိုအနားယူလို့ ရမှာ လဲ . . . ထယ်စောက် စိတ်ညစ်တယ် ”

သန်းမောင်၏ အဆိုကြောင့် အောင်ရဲမျက်နှာကြီး ရှုံ့မဲ့ကာသွားသည် ။ ပြီး . . .

“ ဒီဗေလုဝရဲ့ ရင်ချင်းဆက်အမြွှာညီက တစ်မျိုး ”

အောင်ရဲ၏ အဆိုကြောင့် သန်းမောင်က . . .

“ ဘာကွ ”

ဟု ခပ်ဆတ်ဆတ်ရေရွတ်သည် ။

“ သေသေချာချာကြည့်ရင်တော့ ဒီကောင်က ဗေလုဝနဲ့ မတူ နှာကြီးတည်ကာ စိတ်ဆိုးချင်ယောင်ဆောင်ထားရာက ဆက်မတည်နိုင်တော့ဘဲ “ ခွီး ” ခနဲ ထရယ်သည် ။

“ ဘယ်သူ ဘာပြောပြော . . . ငါ ကတော့ ထယ်စောက်ပဲ . . . ထယ်စောက်ကနေ တစ်ပြားမှ မလျှော့ဘူး ”

“ အေး . . . ငါတို့ကလည်း မင်းကို ဗေလုဝရဲ့ ရင်ချင်းဆက် အမြွှာညီအ ဖြစ်ကနေ တစ်ပြားမှ မလျှော့ဘူး ”

သက်နိုင်နှင့် သန်းမောင်တို့ တစ်လှည့်စီ ငြင်းခုန်နေကြသည်ကိုကြည့်ရင်း သူတို့ အားလုံးရယ် ဖြစ်ကြသည် ။

ထိုစဉ်မှာ ပင် သူ့အိတ်ကပ်ထဲမှဖုန်းက မြည် လာသည်မို့ ဖုန်းကို ကမန်းကတန်း ထုတ်ယူကာ ကြည့် ဖြစ်သည် ။ ဖုန်းက စိမ်းနုထံမှ ဖုန်း ဖြစ်နေသည် ။

“ ပြော ”

“ ကိုမင်းရဲ့ အသံကလည်း ဆောင့်ဆောင့်အောင့်အောင့် ကြီးပါလား ”

ငွေဆည်းလည်းသံများ ထက် ပိုပြီးချိုသာသော အသံ ဖြစ်သည် ။ သူ့အတွက် ကတော့ ကြားနေကျမို့လို့လားတော့ မသိ ။ သိပ်မထူးခြားလှ ။

“ အေး . . . ငါ ကတော့ ဆောင့်သင့်ရင် ဆောင့်ရမှာ ပဲ . . . ခပ် ဆောင့်ဆောင့်မှ မကြိုက်ရင်လည်း မတတ်နိုင်ဘူး ”

“ ဘာလဲ . . . အန်တီ ဆူထားလို့လား ”

“ သိပြီးသားကိစ္စကို မသိချင်ယောင် ဆောင်မနေပါနဲ့ ဟာ . . . နင်ကလေ တော် တော် ကို အတိုင်အတောထူတာပဲ ”

“ အံမယ် စိမ်းနုက မတိုင်ပါဘူးနော် . . . အန်တီ့ဆီ ဖုန်းဆက် ဖြစ်တော့ အန်တီက ကိုမင်းနဲ့ တွေ့  ဖြစ်သေးလားလို့မေးတာ . . . စိမ်းနုကလည်း မတွေ့  ဖြစ်ဘူးလို့ . . . Shopping သွားချင်လို့ ဖုန်းဆက်ခေါ်တာတောင် လိုက်မကူဘူး . . . မအားဘူး ထင်တယ်လို့ ပြောပြလိုက်တာ . . . စိမ်းနုစကားထဲမှာ မေးလို့ဖြေတာပဲရှိတယ် . . . အပိုချွန်တာ ၊ တွန်းတာပါလို့လား ”

“ တော် စမ်းပါ စိမ်းနုရာ . . . ကလေးအကွက်တွေ နင်းမနေနဲ့ . . . နင် ဒီယုန်မြင်လို့ ဒီချုံထွင်တာပါ . . . နင် မေမေ့ဆီဖုန်းဆက် ရင် မေမေက ဒါမေးမယ်ဆိုတာ နင်သိပြီးသား . . . ဒီလိုသိပြီးသား မို့လည်း နင်ဆက်တာ မဟုတ်လား ”

“ မဟုတ်ဘူး . . . အတည်ပြောတာ ”

အရယ်တစ်ဝက်ဖြင့် ငြင်းနေသော စိမ်းနုကို အနီးအနားမှ ရှိနေပါက သူကိုင်ဆောင့်မိလိမ့်မည် ထင်သည် ။

“ ဒါနဲ့ ငါ့ဆီဘာကိစ္စနဲ့ ဖုန်းဆက်တာလဲ ”

သိပ်စိတ်မရှည်တော့သည်မို့ သူခပ်ဆတ်ဆတ်ပင် မေးခွန်းထုတ် ဖြစ်သည် ။

“ Shopping သွားတာ . . . လိုက်ကူခိုင်းမလို့ ”

“ ဘာ ”

“ စိတ်မလျှော့သေးပါလား ”

ဟု သူတွေး ဖြစ်သည် ။ ဘယ်လို ဂျစ်ကန်ကန်ကောင်မလေးပါလိမ့် ။

“ နေ့လယ်စာ ကျွေးပါ့မယ် . . . ဒီမှာ သူငယ်ချင်းနဲ့ နှစ် ယောက် တည်း ဖြစ်နေလို့ ”

“ နင့်စကားက ဘာလဲဟ . . . နင်ကျွေးမှ နေ့လည်စာကို ငါက စားနိုင်မှာ မို့လား . . . မလိုက်ဘူးဟာ ”

တမင်ပင် အပြစ်မရှိအပြစ်ရှာကာ စိတ်ဆိုးချင်ယောင်ဆောင်ပြီး ငြင်း ဖြစ်သည် ။ သူငယ်ချင်းနှင့် နှစ် ယောက် တည်း ဖြစ်နေလို့တဲ့ ။ အကြောင်းပြချက်က အဓိပ္ပာယ်ကို မရှိ ။ တစ်ယောက် တည်းဈေးဝယ်ထွက်နေသူတွေ ဒီခေတ်မှာ တစ်ပုံကြီး ။

“ အဲဒီ သဘောမျိုး မဟုတ်ပါဘူး . . . ကိုမင်းကလည်း ယောက်ျားလုပ်ပြီး တော့ စိတ်ကောက်တတ်လိုက်တာ . . . အဲဒါကြောင့် လည်း ကိုမင်း မစွံတာ ”

မဆီမဆိုင်ပင် ထဖဲ့သော စိမ်းနု၏ စကားကြောင့် “ အောင်မာ ” ဟု သူရေရွတ် ဖြစ်သွားသည် ။ အဖေက အင်းသား ၊ အမေက ကလောသူမို့ သူငယ်ငယ်လေး ကတည်းက ညောင်ရွှေအင်းလေးမှာ တစ်လှည့် ကလောမှ တစ်လှည့် နေခဲ့ရသည် ။ စိမ်းနုက ကလောသူ ။ စိမ်းနုတို့ တစ်အိမ်ကျော်က အစ်မကြီး တစ်ယောက် ကို သူစ ဖူးသည် ။ ထိုစဉ်က အသက်သုံး ၊ လေးနှစ် ခန့်ကွာသော ထိုအစ်မကြီးမှာ ဆိုင်သူရှိပြီးသားမို့ သူနောက်ကောက်ကျခဲ့ဖူးသည် ။ ထိုဆယ်တန်းအောင်ခါစက ခဲမှန်ဖူးသော ကိစ္စကြီးကြောင့် သူရည်းစားမထား ဖြစ်ခဲ့သည်မှာ အခုဘွဲ့ရသည်အထိပင် ဖြစ်သည် ။

ဤကိစ္စများ အားလုံးကို စိမ်းနုကသိသည် ။ ထို့ကြောင့် လည်း တမင် သူ့ကို နှိပ်ကွပ်ခြင်း ဖြစ်သည် ။

“ နောက်တာပါ . . . အဟဲ . . . Shopping လိုက်ပို့ပေးမယ် မဟုတ်လား . . . မပို့ရင်လည်း ကိစ္စမရှိပါဘူး . . . Shopping မသွား ဖြစ်ရင်လည်း အန်တီနဲ့ ဖုန်းပြောဖို့ အချိန်ပိုရတာ ပေါ့ ”

သူမက စကားမစပ်ဆိုသလိုလို ဘာလိုလိုနဲ့ သူ့ကိုတမင် ခြိမ်းခြောက်စကား ဆိုသည် ။ သဘောက ကွန်တော် လိုက်မပို့လျှင် မေမေ့ဆီချွန်မည် ဆိုသည့်သဘော ။ သူမချွန်လျှင် မေမေက ကောပြန်လိမ့်ဦးမည် ။ နားကပူရလိမ့်ဦးမည် ။ ပို့ပြန်လျှင်လည်း သူမ သွားလေရာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ခြေတိုအောင်လျှောက်ရလိမ့်ဦးမည် ။

“ လိုက်ကူမယ် မဟုတ်လား ”

ဒီတစ်ခါတော့ အပီပဲဟု တွက်ထားဟန်တူသော သူမက အပိုင်ကြီး မေးလို့လာသည် ။ သူ မအင်းချင် အင်းချင်ဖြင့် အင်းလိုက်ရသည် ။

“ အစောကြီးကတည်းက “ အင်း ” ချင်နေတာကို အင်းလိုက်တာ မဟုတ်ဘူး ”

စိမ်းနုက သူ့ကို မကြားတကြားဖြင့် ငေါ့တော့တော့ဆိုသည် ။

“ ဒါဆို ဆယ်နာရီလောက်လာကြိုမယ်နော် ”

“ အင်း ”

“ ဒါပဲနော် ”

ဟုဆိုရင်း သူမ ဖုန်းချကာသွားသည် ။

“ အင်း . . . ပြီးရင်း အင်းနေတော့တာပဲ . . . ကံကောင်းတယ်ကွာ . . . မင်းမင်းတို့များ ကျတော့လည်း ရေကန်အသင့် ကြာအသင့် . . . ငါတို့များ ကျတော့လည်း Shopping ကို ခြေတိုအောင်လိုက် ကူချင်တာတောင် ခေါ်မယ့်လူကမရှိဘူး . . . တောက် ! စိတ်နာတာ ”

သန်းမောင်၏ စကားကြောင့် မရယ်ချင် ရယ်ချင်ဖြင့် ဟက်ခနဲ သူရယ် ဖြစ်သည် ။ သန်းမောင်တို့အမြင်မှာ ကံကောင်းခြင်းဟု ဆိုသော်လည်း သူ့အတွက်မူ ကံဆိုးခြင်းတစ်ခုမျှသာ ဖြစ်သည် ။

“ ကဲ ကဲ . . . . အရှုပ်ထုပ်က ဆယ်နာရီလာကြိုမှာ ဆိုတော့ ရေချိုးတော့မှ ဖြစ်မယ် ”

ကိုးနာရီခွဲနေပြီ ဖြစ်သော တိုင်ကပ်နာရီကို လှမ်းကြည့်ရင်း ဆိုသော သူ့စကားကြောင့် သက်နိုင်တို့ သုံးကောင်ကြောင့် နှာခေါင်းရှုံ့သွားကြသည်ကို သူ မမြင်ချင်ယောင်ပင် ဆောင်လိုက်သည် ။ သူတို့ အမြင်မှာ တော့ “ ဒီကောင် ပဲများ နေတယ် ” ဟု ထင်ကောင်းထင်လိမ့်မည် ။ တကယ်တမ်းကျတော့ သူတကယ်ပင် စိမ်းနုအပေါ် ဘာခံစားချက်မှ မရှိ ။

ရေချိုးရင်း သက်ပြင်းကိုသာ ခပ်ကြမ်းကြမ်း ဆောင့်ချ ဖြစ်သည် ။

♥ ♥ ♥


ဆယ်

နာရီ အတိမှာ ဖုန်းက မြည် လာသည် ။ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ကြည့်လိုက်တော့ သူမ၏ ဖုန်း ဖြစ်ကာ နေသည် ။

“ ဟဲလို ”

“ ကိုမင်း . . . . စိမ်းနုတို့ အောက်မှာ ရောက်နေပြီ ”

“ သြော် . . . အေး . . . . ငါ ဆင်းခဲ့မယ် ”

သင့်တင်တဲ့ အဝတ်အစားတို့ကို ဝတ်ထာသော သူ့ကို ကြည့်ရင်း အောင်ရဲက ကျန်နှစ် ယောက် ကို လက်တို့ရင်း မေးငေါ့ ပြသည် ။

“ မလိုချင်လို့သာ တော် တော့တယ် . . . . . ဝတ်ထား စားထားတာ မင်းသားရှုံးတယ် ”

အောင်ရဲ၏ အဆိုကို သက်နိုင်က “ ဟုတ်ပ ” ဟု ထောက်ခံ သည် ။

“ ဟ . . . . ငါက ဒီလိုမဝတ်လို့ စွပ်ကျယ်နဲ့ ဘောင်းဘီတို ဝတ်သွားရမှာ လား . . . . ငါဝတ်တတ်သလို ဝတ်တာကွ . . . . . လိုက် အာမနေနဲ့ အာရုံနောက်တယ် ”

တမင်ပင် မျက်နှာကို တည်ရင်း ဟောက်လိုက်သော အခါ သကောင့်သား သုံးကောင်က . . . . .

“ လေသံက . . . . လေသံက ”

ဟု ရွတ်သည် ။ သူ ၎င်းသကောင့်သား သုံးကောင်ကို ကြည့်မနေတော့ပဲ တိုက်ရှေ့ကို ထွက်ခဲ့ ဖြစ်သည် ။

“ ကြာလိုက်တာ ”

ကားအနီးကို ရောက်ရောက်ချင်း စိမ်းနုက အပြစ်တင် စကားဆို သည် ။

“ တိုက်ရဲ့ လေးလွှာကနေ ဆင်းလာရတာ ဟ . . . . ငါတို့ ကွန်ဒိုရဲ့ ဓါတ်လှေကား ပျက်နေလို့ . . . . ဘာကြောင့် လဲ ဆိုတာ မမေးတော့ဘူး . . . . တစ်ခါတည်း အပြစ်တင်ဖို့ပဲ သိတယ် ”

“ အစောကြီး ကတည်းက မြေညီထပ် ဝယ်ထားပါလား ”

စိမ်းနုကလည်း ကက်ကက်လန်အောင် ပြန်၍ ဆိုသည် ။

“ နင်တို့လို ပိုက်ဆံမရှိလို့ပေါ့ ဟ . .. . တတ်နိုင်ရင် လုံးချင်းနဲ့ ပဲ ဘယ်သူမဆို နေချင်တာပေါ့ ”

“ ကိုယ့်ဘာသာကိုယ် ကပ်စေးနဲရင် နဲတယ်ပေါ့ ”

“ စိမ်းနု . . . . နင် ငါ့ကို ကန့်လန့်တိုက် စကားတွေ ပြောချင်လို့ ခေါ်တာလား . . . . အဲဒါကြောင့် နင့်နောက် ငါမလိုက်ချင်တာ ”

စိတ်ခပ် တိုတိုဖြင့် သူရေရွတ်တော့မှ စိမ်းနုက “ ဟီး ” ခနဲ ထရယ်သည် ။ ပြီးတော့မှ ဇက်ကိုပုရင်း . . . . .

“ ကိုမင်း . . . . အဲဒီ လို စိတ်တိုနေရင် ကြည့်ကောင်းလို့ တမင် စတာ ”

သူမ ကြည့်ကောင်းအောင်လို့ ပဲ သူက စိတ်အမြဲ တိုပြရမလို ဖြစ်ကာ နေသည်မို့ စိမ်းနုကို “ အရူးမ ” ဟု သူရေရွတ် ဖြစ်သည် ။

ကားတံခါးကို ဖွင့်ရင်း သူဝင်ထိုင်သော အခါမှ ကားနောက်ခန်းမှာ လူ တစ်ယောက် ရှိနေသည်ကို သတိထားမိသည် ။ ချာခနဲ လှည့်ကြည့်လိုက် တော့မှ ကောင်မလေး တစ်ယောက် မျက်လုံးပြူလေးဖြင့် သူ့ကိုပြန်ကြည့်နေတာ တွေ့ ရသည် ။ စိမ်းနုက ထိုကောင်မလေး၏ ဘေးမှာ ဝင်ထိုင်ရင်း မျက်လုံး အပြူးသာ ကိုယ်စီဖြင့် တစ်ယောက် ကို တစ်ယောက် ကြောင်ပြီး စိုက်ကြည့်နေ ဖြစ်ကြသော သူးတို့ နှစ် ယောက် ကို ကြည့်ကာ “ အဟမ်း အဟမ်း ” ဟု ချောင်းကို လုပ်ဆိုးသည် ။

“ ငါက နင် တစ်ယောက် တည်း အောက်မေ့လို့ . . . . ကားနောက်ခန်းမှာ လူရှိနေတော့ အံ့သြသွားတာ ”

မျက်နှာကို ရှေ့တူရှုသို့ ပြန်လှည့်ရင်း ဘာရယ်မဟုတ်ပဲ ဆို ဖြစ် သည် ။

“ ကားအပြင်ဘက်မှာ လူ တစ်ယောက် ထွက်ရပ်နေတာနဲ့ ပဲ ကားထဲမှာ လူမရှိတော့ဘူး ထင်နေလို့လား . . . . အဲဒါကြောင့် ပြောတာပေါ့ . . . . လေ့လာပါ . . လို့ ”

“ နင်က ကားရှေ့မှာ ပိတ်ရပ်ထားပြီး ငါ့ကိုဆီးပြီး ရန်လုပ်နေတော့ ငါလည်း သတိမထားလိုက် မိဘူးပေါ့ဟ ”

“ တော် ပါ . . . . ပတ်ဝန်းကျင် လေ့လာမှု အားနည်းရင် နည်းတယ် ပေါ့ ”

“ အေးပါဟာ . . . . ပြော ပြော . . . . နင်ပြောချင်သလိုသာ ပြောတော့ ”

တမင်ပင် လူကို ကန့်လန့် တိုက်နေသည်မို့ ခပ်ရွတ်ရွတ် ဆို ဖြစ်သည် ။

“ တွေ့ လား တွေ့ လား . . . . ကိုမင်းက စိတ်တိုရင် ပိုကြည့် ကောင်းတယ် ”

စိမ်းနု၏ စကားကို ကြားရတော့မှ . . . .

“ သြော . . . . တမင်ငါ့ကို ဆွနေတာကိုး ” ဟု တွေး ဖြစ်တော့သည် ။

စိမ်းနုက သူ့စကားနှင့် သူ သဘောကျကာ “ ခွီး ” ခနဲ ရယ်သည် ။ ပြီးမှ . . . .

“ သြော် . . . . မိတ်ဆက်ပေးဖို့ မေ့နေတယ် . . . . . ကိုမင်း . . . ဒါ စိမ်းနုရဲ့ သူငယ်ချင်း မိုးယုနွေးတဲ့ . . . . မိုးယု . . . . ဒါ ကိုမင်းမင်း တဲ့ . . . . နင် စိတ်တိုနဲ့ မျောက်ညို ကာတွန်း ဖတ်ဖူးတယ် မဟုတ်လား . . . . သူက အဲဒီ ထဲက ဦးစိတ်တို ပေါ့ဟာ . . . . . ဘာ ဖြစ်လိုကလဲ ဆိုတော့ . . . . မြင်တဲ့အတိုင်း ပဲ . . . . အမြဲတန်း စိတ်တိုနေတာ ”

ပြောရင်း စိမ်းနုက ရယ်သည် ။

“ မိုးယုရေ . . . . အစ်ကိုက ဦးစိတ်တို ဆိုရင် သူက မျောက်ညို ဆိုတာ သိတယ်မို့လား ”

“ အောင်မာမာ . . . . ကိုမင်းနော် ”

သူ့စကားကြောင့် မိုးယုနွေးက ရယ်သည် ။ စိမ်းနုက စိတ်ဆိုးချင် ယောင် ဆောင်သည်လား ၊ တကယ်စိတ်ဆိုး သည်လား မသိသော အမူအရာဖြင့် သူ့ကို နောက်ခန်းမှ လှမ်းဆိတ်သည် ။

“ အား. . . . နာတယ်ဟ . . . ငါ လိုက်မကူပဲ နေလိုက်မှာ နော် ”

သူ့စကားကြောင့် စိမ်းနု ဟက်ခနဲ ရယ်သည် ။

“ လိုက်မကူရင် အန်တီ့ဆီ လှမ်းတိုင်မှာ ပေါ့ . . . ကဲပါ . . . . ဒဂုံစင်တာကို မောင်း . . . . ကိုမင်းကို ဘာမှ မပြောတော့ဘူး . . . ဟုတ်ပြီ လား ”

ကလေး တစ်ယောက် ကို လူကြီး တစ်ယောက် က ဆိုသလို လေသံမျိုး ဖြင့် သူမက ဆိုသည် ။ သူ့ကားကို ပြည်လမ်းပေါ်မှာ စိတ်အိုက်အိုက် ဖြင့် မောင်းနေရင်း “ မျက်ဝန်း ခပ်လက်လက် တစ်စုံ “ ကို ထပ်လှည့် မကြည့်ရပါဘဲ မှတ်မိကာ သွားသည် ။

ဒဂုံ

စင်တာ သို့ ရောက်သော အခါ ကားကို ပါကင်ထိုးပြီး သုံးယောက် သား စင်တာထဲ ဝင်ခဲ့ကြသည် ။

တစ်ဆိုင်ဝင် ၊ တစ်ဆိုင်ထွက် ဝယ်နေကြသော သူမတို့ နှစ် ယောက် နောက်ကို လိုက်နေရသည်ကို ပျင်းရိလာသည် ။ မိန်းကလေး အယတ်အစား ဆိုင်ရှေ့ တစ်ခါတစ်ရံ ဆိုင်ထဲထိ ဝင်ရသည်က သူ့အတွက် စိတ်မသန့်လှ ။

ဆိုင်တစ်ဆိုင်ကို အရောက်မှာ တော့ စိမ်းနုရော ၊ မိုးယုနွေးပါ ဂါဝန် အင်္ကျီ တစ်ထည်ကို ပြိုင်တူ လက်ညှိုးထိုးရင်း “ လှတယ်တော့ ” ဟု လှတယ် တော့ဟု ဆိုသည် ။

သူမတို့ နှစ် ယောက် လက်ညှိုးထိုးသည့် အင်္ကျီ ကို သူ လှမ်းကြည့် မိတော့ သိပ်မထူးခြားသလို ခံစားရသည် ။

“ မိုးယု . . . နင်ကြိုက်တယ် မဟုတ်လား ”

“ အေး ”

“ ငါလည်း ကြိုက်တယ် . . . . ဒီလိုလုပ် . . . .ငါတို့ ဝတ်ကြည့်ရ အောင် . . . အဆင်ပြေတယ် ဆိုရင် ဟိုကောင် ဒေလီ့မွေးနေ့မှာ ငါတို့နှစ် ယောက် ဆင်တူ ဝတ်သွားလို့ ရတာ ပေါ့ ”

“ ကောင်းသားပဲ ”

နှစ် ယောက် သား အတိုင်အဖောက် ညီစွာ ဖြင့် ဆိုကြရင်း သူ့ကို နှစ် ယောက် စလုံးက အားနာသလို လှည့်ကြည့်သည် ။ ပြီး မိုးယုကပင် . . . . .

“ ဒီတစ်ထည် ဝယ်ပြီးရင်တော့ ပြီးပါပြီ . . . . . ပျင်းနေပြီလား ” ဟု မေးသည်မို့ . . . . .

“ ရပါတယ် ”

ဟု သူ ဖြေ ဖြစ်သည် ။

“ မေးမှ မေးရက် ပလေတယ်ဟ ” သူတွေးမိသည် ။ စိတ်မပါသော အလုပ်တစ်ခုကို လုပ်နေရသည်ထက် ပျင်းစရာကောင်းသော ကိစ္စ မရှိမှန်း မသိ၍ မေးသည်လား ။ သိသိနှင့် မကောင်းတတ်၍ မေးသည်လား မသိ ။ စိတ်ချဉ် ပေါက် သွားသည် ကတော့ အမှန် ။

“ ငါ အရင် ဝတ်ကြည့်လိုက် မယ်နော် ”

ဟု ဆိုရင်း စိမ်းနုက ဂါဝတ်ကို ကိုယ်ရင်း Fitting room ( အဝတ်လဲခန်း ) ထဲဝင်ကာ သွားသည် ။

“ ကိုမင်း ခဏလေးနော် ”

ဟု သူ့ကိုပါ လှည့်ပြီး ဆိုသွားသော စိမ်းနုဝင်သွားသည့် အခန်း၌ တံခါးမှ “ စီစီတီဗီ ( CCTV ) ကင်မရာ လုံးဝ တပ်မထားပါ ” ဆိုသော စာတမ်းကို ဘာရယ်မဟုတ် ကြည့် ဖြစ်သည် ။

ခဏကြာတော့ စိမ်းနုက စောစောက သူမ ယူဝင်သွားသော ဂါဝန်ကို ဝတ်ထားလျှက်နှင့် ပင် Fitting room တံခါးကိုဖွင့်ကာ မိုးယုနွေးကို လှမ်းခေါ် သည် ။

လိုက်ကြည့်နေခြင်း မဟုတ်သော်လည်း Fitting room ဘက် မျက်နှာမူ၍ မနေသင့်သည်မို့ ဆိုင်မှ စာရေး မလေး လာချပေးသော ထိုင်ခုံမှာ ပင် Fitting room ကို ကျောပေး၍ ထိုင်နေ ဖြစ်သည် ။

အချိန် အတော် ကြာတော့ စိမ်းနု သူ့ရှေ့ကို ရောက်ကာလာ သည် ။

“ ပျင်းနေပြီလား ကိုမင်း ”

“ လာပြန်ပြီ တစ်ယောက် “ ဟု သူတွေး ဖြစ်သည် ”

“ ပျင်းတာပေါ့ဟ . . . . . ပျင်းတာမှ ပြောမပြတတ်အောင်ကို ပျင်းနေတာ ”

ခပ်ဆောင့်ဆောင့် ပင် ဆို ဖြစ်သော သူ့စကားကို စိမ်းနုက “ ပြက်လုံး” တစ်ခု ကြားလိုက်ရ သလိုမျိုး သဘောထားဟန် တူသည် ။ ဟက်ခနဲ ရယ်ရင်း . . . .

“ ပြီးတော့မှာ ပါ ”

ဟု ဆိုသည် ။

ခဏ ကြာသော အခါ မိုးယုနွေးပါ သူတို့ နှစ် ယောက် နားကို ရောက်ကာ လာသည် ။ စိမ်းနုက . . . . .

“ OK လား ”

ဟု လှည့်ကာ မေးသည် ။ သူ၏ ကျောဘက်မှာ ရှိနေသော မိုးယုထံမှ . . . . .

“ အင်း ” ဟုသော အဖြေကို ကြားရသည် ။

မီးပုံးပျံ လိုလို လုံးတုံးတုံးကြီးဟု သူမြင်သော ၎င်း ဂါဝန်နှစ် ထည်ကို “လှလှချည်ရဲ့ ” ဟု ဆိုကာ သူမတို့နှစ် ယောက် ဝယ်ကြသည်။

“ ဒီဂါဝန် နဲ့ ဝတ်ဖို့ ဖန်စီ ဆွဲကြိုးလေးတွေ ရှာဦးမှပဲ ”

စိမ်းနုထံမှ ထွက်လာသော စကားကြောင့် သူ စိတ်လေကာ သွားရ သည် ။ စောစောကပဲ သူမက “ ပြီးတော့မှာ ပါ “ ဟု ဆိုခဲ့သည်ကိုး ။ ပြီးတော့ မယ် ဆို၍ ဝမ်းသာသွားမိသော စိတ်တို့က ဝုန်းခနဲ အပေါ်ရောက်ပြီးမှ ပြန် ပြုတ်ကျသည် ။ စင်တာ တစ်ခုလုံးလည်း နှံ့ နေပြီမို့ ဝင်စရာဆိုင်က မရှိ တော့ ။

မျက်နှာကြီး ရှုံ့မဲ့ကာသွားသော သူ့ကိုကြည့်ရင်း စိမ်းနုက ဟီးခနဲ ရယ်ကာ မျက်နှာချို သွေးသည် ။

“ ဒီ စင်တာမှာ ကတော့ ပြီးသွားပြီ . . . . ဟိုလေ . . . . ယုဇန ပလာဇာ မှာ ဖန်စီဆွဲကြိုးလေးတွေ ဝယ်ပြီးရင်တော့ ပြီးပြီသိလား ”

“ မသိဘူးဟေ့ . . . .မသိဘူးဟ ”

ဟု ထအော်ချင်စိတ် ပေါက်သွားရသည် ။

“ ဒီနေ့ ဈေးဝယ်လို့ရော ပြီးဦးမှာ လား စိမ်းနု . . . . . နင်တိုနှစ် ယောက် ကြည့်ရတာ ပါတဲ့ပိုက်ဆံ ကုန်မှ ဈေးဝယ်ရပ်မယ့် သဘော လား”

ဟု ခပ်ဆတ်ဆတ် မေးသော အခါ စိမ်းနုက . . . . . .

“ အဟဲ ”

ဟု ရယ်သည် ။ မိုးယုနွေးလည်း စိမ်းနုကဲ့သို့ ခက်ရှက်ရှက်ဖြင့် ပင် ရယ်သည် ။ ခွက်ခနဲ ဝင်သွားသော မိုးယုနွေး၏ ဘယ်ဘက်ပါးပြင်မှ ပါးချိုင့်ကို ဖျက်ခနဲ သူမြင်လိုက်ရသည် ။ “ လှတော့ အတော် လှတယ် ဟ ” ဟု သူတွေး ဖြစ်သည် ။ စောစော ကတော့ ၎င်းပါးချိုင့်ငယ်လေး သူမမှာ ရှိမှန်း သူ သတိမထားမိခဲ့ ။

ယုဇနပလာဇာဆီ ကားကိုမောင်းလာရင်း ဘာရယ်မဟုတ် လက်မှနာရီကို ပင့်ကာ ကြည့် ဖြစ်သည် ။

“ ကိုမင်း ဗိုက်ဆာနေပြီလား ”

စိမ်းနု၏ အမေးကို . . . . .

“ မဆာပါဘူး ”

ဟု သူဖြေ ဖြစ်သည် ။

“ မသိပါဘူး . . . . . နာရီကြည့်နေတော့ ဗိုက်များ ဆာနေပြီလာလို့ ”

“ နာရီကြည့်တိုင်း ဗိုက်ဆာရမှာ လား ” ဟု သူစိတ်ပေါက်ပေါက် ဖြင့် တွေး ဖြစ်သည် ။ အလကားနေရင်း မိဘပိုက်ဆံ ဖြုန်းနေကြသော စိမ်းနု တို့ နှစ် ယောက် ကို ဘယ်လိုများ နှိပ်ကွပ်လိုက်ရပါ့ဟု သူတွေး ဖြစ်သည် ။

“ နင်တို့ ပိုက်ဆံကို ဒီလိုသုံးပုံ ဖြုန်းပုံနဲ့ ကတော့ . . . . . . ယောင်္ကျား ရရင် အရိုက်ခံရမှာ ကျိန်းသေတယ် ”

“ သြော် . . . . . ဒါလေးများ . . . . . ရိုက်တတ်တဲ့ လူမျိုးဆို မယူဘူးပေါ့ ”

မိုးယုနွေးက မျက်နှာကို ချီရင်း ရွှတ်နောက်နောက် ဖြေသည် ။

“ မိုးယုကလဲ . . . . အဲဒါတွေ ကြိုတွေးမိလို့ ယောင်္ကျားမယူ ဘူး . . . . . အပျိုကြီးပဲလုပ်မှာ လို့ ဖြေလိုက်တာ မဟုတ်ဘူး . . . . ဘာရယ်ညာရယ် တော့မဟုတ်ဘူး . . . . . လူရှိန်တာပေါ့ ”

စိမ်းနုက “ ခွီး ” ခနဲ ရယ်ရင်း ဆိုသည် ။

“ သဘော ကတော့ နင်တို့နှစ် ယောက် အပျိုကြီး လုပ်မယ့် အစီ အစဉ် မရှိဘူး ဆိုပါတော့ ”

“ မရှိတာ ”

သူ့အမေးကို သူမတို့နှစ် ယောက် က ပြိုင်တူဖြေသည် ။ ပြီး သူမတို့ဘာသာ သူမတို့ သဘောကျကာ ရယ်ကြသည် ။

“ ဒါပေမယ့် နင်တို့နှစ် ယောက် ရဲ့ နှဖူးရေ ၊ ဒူးရေကြည့်ရတာ အပျိုကြီး ဖြစ်ကြမယ့် လက္ခဏပဲဟ . . . . . . သေချာတယ် . . . . နင်တို့ နှစ် ယောက် ကို ကြိုက်မယ့်သူ ရှိမှာ မဟုတ်ဘူး . . . . . ရှိခဲ့ရင်တောင် နင်တို့ရဲ့ အသုံးအဖြုန်းကို ကြည့်ပြီးတော့ ထားခဲ့မှာ သေချာတယ် ”

“ ဘယ်ကလာ ကြိုက်မယ့်လူ မရှိရမှာ လဲ . . . . . စိမ်းနု ငါတို့ ဘယ်လောက်စွံလဲ ဆိုတာ ပြောပြလိုက်စမ်းပါဟာ ”

မိန်းကလေးများ ၏ ထုံးစံအတိုင်း “ ကြိုက်မယ့်လူမရှိဘူး ” ဟု အပြောခံရသည်နှင့် ဆတ်ဆတ်ထိ မခံတတ်သူများ ထဲတွင် သူမတို့ နှစ် ယောက် လည်း ပါသည် ။

မိုးယုနွေးက စိမ်းနုကို “ ပြောပြလိုက်စမ်းပါ ” ဟု မခံချိ မခံသာဖြင့် ဆိုသည် ။

“ ပြောရင်လည်း ကြွားရာကျဦးမယ် . . . . . . စိမ်းနုနဲ့ မိုးယုတို့ဆီ Propose လုပ်လို့ ရောက်လာကြတဲ့ စာတွေ ကို ပိဿာချိန်နဲ့ ရောင်းစား ရင်တောင် စီးပွား ဖြစ်လောက်တယ် . . . . . တစ်နေ့တစ်နေ့ လာလာပို့ကြတဲ့ ပန်းစည်းတွေ ကို ဖြန့်လိုက်ရင် ပြင်ဦးလွင်က ကန်တော် ကြီးပန်းခြံ ထဲက ပန်းခင်းလောက် များ တာ ”

“ ဒါတောင် နင်တစ်ဝက် လျှော့ပြောထား သေးတယ် မဟုတ်လား ”

တမင်ပင် ရွဲ့၍ ဆိုလိုက်သော သူ့စကားကြောင့် စိမ်းနုရော မိုးယုနွေးပါ ရယ်သည် ။ နောက်ကြည့်မှန်မှ မြင်နေရသော မိုးယု၏ ဘယ်ဖက်မှ ပါးချိုင့်သည် ဖျတ်ခနဲ သူ့ရင်ကို ခုန်သွားစေသည်မို့ သူ ကမန်းကတန်း အာရုံကို ပြောင်း ဖြစ်သည် ။

“ တကယ်တော့ နင်တို့ အမြင်မှားနေကြတာဟ ”

“ ဘယ်လိုမှားတာလဲ ”

သူ့အဆိုကြောင့် မိုးယုနွေးက ဘယ်လိုမှားတာလဲ ဟု ထောက် သည် ။

“ နင်တို့နေတဲ့ အိမ်က အမှိုက်ပုံနဲ့ နီးတော့ အမှိုက်ကားတွေ က အမှိုက် လာပစ်ကြရော . . . . . အဲဒီ မှာ နင်တို့က အမှိုက်ပုံထဲက စာတွေ အိပ် တွေ ပန်းခြောက်တွေ ကို ကြည့်ပြီး စိတ်ကူးယဉ် ရာကနေ တကယ့် အ ဖြစ်အပျက်လို့ ထင်သွားကြရော . . . . . နောက်ပိုင်းတော့ အမှိုက်ကားက အမှိုက်လာပြစ်တိုင်း နင်တို့က နင်တို့အတွက် Propose လုပ်တဲ့ စာအိပ်တွေ ၊ ပန်းစည်းတွေ လို့ ထင်ပြီး ဘဝင်တွေ မြင့်ကုန်ကြရော . . . . . .တကယ်တော့ နင်တို့က အမြင်မှားနေရုံတင် မဟုတ်ဘူး . . . . . . ဘဝင်ရူးပါ ရူးနေကြတာ . . . . . အခုအချိန်မှာ စိတ် ရောဂါ အထူးကုနဲ့ ပြရင်ပြ မပြရင် ပိုဆိုသွားနိုင်တယ် ”

“ ကိုမင်းနော် ”

ပြောရင်း တဟားဟားရယ်သော သူ့စကားကြောင့် စိမ်းနုက “ ကိုမင်းနော် ” ဟု ထအော်သည် ။

“ မ ဖြစ်နိုင်တာတွေ ကို စိတ်ကူးယဉ်တယ် ဆိုပေမယ့် သိပ် စိတ် ကူးယဉ် လွန်းရင်လည်း ဂေါက်သွားရော . . . . ဒီတော့ အမှန်တရားကို အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားကြ . . . . . ဥပမာ သြော် . . . . ငါတို့ နှစ် ယောက် Shopping တွေ ထွက် . . . . . အဝတ်အစားသစ် ၊ အသုံး အဆောင်သစ်တွေ နဲ့ လှအောင် ဘယ်လောက်ပဲ နေနေ . . . . . ဘယ်သူမှလဲ မကြိုက်ကြပါလား . . . . . အေးလေ . . . . . ဘယ်လောက်ပဲ ပြင်ပြင် နဂိုမရှိ တော့လည်း နဂိုင်း မထွက် ဘူး ဆိုတာမျိုးပေါ့ဟာ ”

ပြောရင်းက တခွီးခွီးရယ်သော သူ့ကိုကြည့်ရင်း သူမတို့နှစ် ယောက် ပါ အောင့်သက်သက်ဖြင့် လိုက်ရယ်ကြသည် ။

“ ဒါနဲ့ စကားမစပ် စိမ်းနုသာ မခေါ် ဖြစ်ရင် ကိုမင်း ဘယ်သွားဖို့ စီစဉ်ထားလဲ ”

ရုတ်တရက် ဖြတ်မေးသော စိမ်းနု၏ ရှေ့စကားနှင့် အဆက်အစပ် မရှိတဲ့ မေးခွန်းကြောင့် သူကြောင့် သွားရသည် ။

စကားလမ်းကြောင်း ပြောင်းတာလား ဟု တွေးရင်း နှိပ်ကွပ်ရန် စကားလုံးတွေ ကို အပြေးအလွှား စဉ်းစား ဖြစ်သည် ။

ဖျက်ခနဲဆို အင်တာနက်ထဲမှ ဟာသတစ်ခုကို သူ သတိရမိ သည်မို့ . . . . .

“ ငါ ဒီနေ့ တိရစ္ဆာန်ရုံ သွားမလို့ စဉ်းစားထားတာ ”

“ တိရစ္ဆာန်ရုံ ”

“ ဘာလဲ အမျိုးတွေ ကို သွားကြည့်မလို့လား ”

သူ့စကားအဆုံးမှာ စိမ်းနုက တိရစ္ဆာန်ရုံဟု သံယောင်လိုက်သည် ။ မိုးယုနွေးက အမျိုးတွေ သွားကြည့်မလို့လားဟု ဆိုသည် ။

ခွင်က အထူးတလည် ပြင်ဆင်စရာ မလိုဘဲ ဝင်ကာလာ သည် ။

“ ငါက တိရစ္ဆာန်ရုံ သွားပြီး မျောက်ကြည့်မလို့ ဟ . . . . . ဒါပေ မယ့် အခုတော့ သွားစရာ မလိုတော့ဘူး . . . . . နင်တို့နှစ် ကောင် မြင်နေရတာ နဲ့ ငါ့ အာသီသ ပြေသွားပြီ ”

“ ဘာ ”

“ မိုးယုတို့ကို မျောက်နဲ့ နှိုင်းလိုက်တာလား ”

စိမ်းနုက “ ဘာ ” ခနဲဆိုရင်း ဒေါသတပိုင်းဖြင့် ကြောင်အအ ဖြစ်သွားချိန်မှာ မိုးယုက အထက်ပါအတိုင်း အောင့်သက်သက်ဖြင့် ထမေး သည် ။

“ နှိုင်းစရာလား ဟ နင်တို့နဲ့ မျောက်နဲ့ နှိုင်းလို့ ဘယ် ဖြစ်ပါမ လဲ ”

ရယ်ကျဲကျဲ ဖြင့် ဆိုသော သူ့စကားကြောင့် “ အခုမှ လာဖားမနေ နဲ့ ” ဟူသော သဘောဖြင့် စိမ်းနုတို့ နှစ် ယောက် က မျက်စောင်းထိုးသည် ။

တကယ်တော့ သူ့စကားက ဆုံးသေးသည် မဟုတ် ။

“ နင်တို့ကို မျောက်နဲ့ နှိုင်းရင် မျောက်သိက္ခာ ကျမှာ ပေါ့ ဟ”

“ ဘာ ”

“ ကိုမင်း စုတ်နော် ”

မိုးယုနွေး၏ “ ဘာ ” ဆိုသော အာမေဍိတ် သံအဆုံးမှာ စိမ်းနုက “ ကိုမင်း စုတ်နော် ” ဟု ဆိုရင်း ရှေ့မှကားမောင်းနေသော သူ့ကို ဆွဲကာ ဆိတ်သည် ။ ပြီး နှစ် ယောက် စလုံး နှုတ်ခမ်းကြီး စူကာ သူ့ကို စကားမပြော တော့ ။

“ နင်တို့နှစ် ယောက် ကို တစ်ခုခု ကျွေးဦးမှပဲ . . . . . . တိရစ္ဆာန်ရုံ သွားစရာ မလိုတော့ ငွေကုန် ၊ အချိန်ကုန် သက်သာသွားတဲ့ အထိမ်းအမှတ်ပေါ့ ဟာ ”

ရယ်ကြဲကြဲဖြင့် ဆိုသော သူ့စကားကို သူမတို့ နှစ် ယောက် လုံး မတုန့်ပြန်ြ ကတော့ ။

ယုဇနပလာဇာမှာ ကားပတ်ကင် ထိုးပြီးသည်နှင့် တပြိုင်နက် သူမတို့နှစ် ယောက် က ဆတ်ခနဲ ဆင်းကြသည် ။

“ ကိုမင်း စောင့်နေမှာ လား . . . . . လိုက်ခဲ့မှာ လား ”

မလိုက်တော့ ပါဘူး . . . .နင်တို့ ဘယ်အချိန် ပြန်ရောက်မယ် ဆိုတာပဲ ပြောခဲ့လေ .. . . . ငါ ငါ့သူငယ်ချင်းဆိုင် သွားလည်စရာ ရှိသေး တယ် ”

စိမ်းနု၏ ဘောက်ဆတ်ဆတ် အမေးကို သူ ပြန်၍ ဖြေ ဖြစ်သည် ။ သူ့စကားကြောင့် မိုးယုနဲ့ စိမ်းနုက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် သည် ။ ပြီး စိမ်းနုက သူ၏ လက်မှ နာရီကို ပင့်ကြည့်ရင်း . . . . . .

“ နာရီဝက်လောက် ပြန်ဆုံ မယ်လေ စိမ်းနု ဖုန်းဆက် လိုက် မယ် ”

“ အေး ဟုတ်ပြီ ”

စိတ်ဆိုးပြေသေးဟန် မတူသော စိမ်းနုတို့ နှစ် ယောက် က မျက်စောင်း ကိုယ်စီ ထိုးရင်း ကျောခိုင်းကာ ထွက်သွားသည် ။

♥ ♥ ♥


သူလည်း ဘော်ဒါ၏ Handset ဆိုင်ဘက်ထွက်ခဲ့ ဖြစ်သည် ။ ဘော်ဒါနှင့်အတူ အသစ်ရောက်သော GSM - WCDMA - CDMA - Handsetများ အကြောင်း ထိုင်ပြောနေကြရင်းက အချိန်က ကုန်မှန်းမသိ ကုန်ကာလာသည် ။

“ ဒါနဲ့ အခုတလော အရောင်းအဝယ်ဘယ်လိုလဲကွ ”

“ မဆိုးပါဘူး . . . ရောင်းအား နည်းနည်း လေးတက်လာတယ် ”

ဘော်ဒါက မေးစေ့ကိုပွတ်ကာ စဉ်းစားရင်းဆိုသည် ။ ပြီး

“ အခု မင်း တစ်ယောက် တည်းလာတာလား . . . ဟိုကောင် သက်နိုင်တို့ မပါဘူးလား ”

သူငယ်ချင်း၏ အမေးကို သူခေါင်းရမ်းပြ ဖြစ်သည် ။ ဟိုကောင်တွေ မပါဟူသော သဘော ။

“ တစ်ယောက် တည်းလာတာတော့ မဟုတ်ဘူး . . . ကောင်မလေး နှစ် ယောက် ကို လိုက်ကူတာ ”

“ ဟိုက်ရှားပါး . . . ကောင်မလေးနှစ် ယောက် ဟုတ်လား . . . ငါ့ကောင် တယ်ကြီးပွားနေပါလား ”

သူငယ်ချင်း၏ စကားကြောင့် သူရယ်ချင်သွားရသည် ။

“ ကြီးပွားလား ၊ မကြီးပွားလားတော့ မသိဘူးဟေ့ . . . ဒဂုံစင်တာမှာ ခြေတိုအောင်လိုက်နေရလို့ . . . ဒီရောက်တော့ အလိမ္မာ သုံးပြီး မင်းဆိုင်မှာ လာနှပ်နေတာ . . . သူတို့ ဈေးဝယ်သလောက်သာ လိုက်နေရလို့ ကတော့ ညောင်းလိုက်မယ့် ဖြစ်ခြင်း ”

“ ဟ . . . မင်းကလဲ . . . သူတို့ကြောင့် ညောင်းတာဆိုတော့ သူတို့ပြန်နှိပ်ခိုင်း ၊ နင်းခိုင်းပေါ့ကွ ”

“ မလုပ်ပါနဲ့ ကွာ . . . လည်မျိုကိုတက်နင်းလိုက်လို့ မင်း သူငယ်ချင်း မိန်းမ မရဘဲ ဘဝကူးနေရဦးမယ် ”

ပြောရင်းဆိုရင်း နှစ် ယောက် သားရယ်နေကြတုန်းမှာ သူ့အိတ်ကပ်ထဲမှ ဖုန်းကထမြည် သည် ။ ကြည့်လိုက်တော့ စိမ်းနု၏ ဖုန်း ။

“ ဟဲလို . . . ကိုမင်း ”

“ အေး ပြော ”

“ စိမ်းနုတို့ . . . ဆိုင်ကစောင့်နေမယ် . . . သိတယ် မဟုတ်လား . . . ဟိုတစ်ခေါက်ကထိုင်တဲ့ ဆိုင်လေ ”

“ အေး . . . သိတယ် ”

“ ဟုတ်ပြီ . . . ဒါဆို အဲဒီ ဆိုင်မှာ ပဲ စောင့်မယ်နော် ”

“ အေး အေး ”

ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်သော အခါ သူငယ်ချင်းက ပြုံးစိစိဖြင့် ကြည့်သည် ။

“ ဘယ်လိုလဲ သက်တော် စောင့်ကြီး ”

“ ငါ ဒိုးတော့မယ် ”

“ အေးပါကွာ . . . ဟိုက ဖုန်းနဲ့ လှမ်းခေါ်နေပြီဆိုတော့ ငါ့ဆိုင်မှာ ဘယ်ဆက်ထိုင်ချင်တော့မှာ လဲ ”

“ မဟုတ်ပါဘူးကွာ . . . ကဲ ကဲ ငါလစ်ပြီ ”

“ အေး အေး ”

ဘော်ဒါကို နှုတ်ဆက်ပြီး သူ စိမ်းနုတို့စောင့်နေမည် ဆိုသော စားသောက်ဆိုင်ဆီ လျှောက်ခဲ့ ဖြစ်သည် ။

ဆိုင်ရှေ့ကို ရောက်တော့ မရွှေချောက လက်လှမ်းပြသည် ။

“ ကဲ . . . ကိုမင်း ဘာစားမလဲ . . . စိမ်းနုတို့က မှာ ပြီးပြီ ”

ထိုင်ခုံမှာ ထိုင်သော သူ့ကို စိမ်းနုကဆိုသည် ။

“ နင်တို့ ဘာမှာ ထားလဲ ”

“ မြေအိုးထမင်း . . . ဘာ ဖြစ်လို့လဲ ”

စိမ်းနုက သူ့အမေးကိုဖြေပြီး မေးခွန်းပြန်ထုတ်သည် ။

“ ငှက်ပျောသီးဖျော်ရည် ၊ ငှက်ပျောကြော်တို့ ၊ ငှက်ပျောသီး ဆနွင်းမကင်းတို့များ မှာ ထားသလားလို့ ”

“ ဘာကိစ္စမှာ ရမှာ လဲ ”

သူ့စကားအဓိပ္ပာယ်ကို နားလည်ဟန်မတူသော စိမ်းနုက အူကြောင်ကြောင် ဖြင့် ပြန်၍ မေးသည် ။ မိုးယုနွေ ကတော့ သဘောပေါက်ဟန်တူသည် ။ စိမ်းနုကို အသာလက်ကုတ်ရင်း . . .

“ ငါတို့ကို Monkey လို့ပြောတာ ”

“ ဩော် ”

ထိုအခါမှ သဘောပေါက်တာ မရွှေချောက “ ဩော် ” ဟုရေရွတ်ရင်း ရယ်ကျဲကျဲလုပ်နေသော သူ့ကို မျက်စောင်းထိုးကာ ပွစိပွစိရွတ်သည် ။

“ ဒါနဲ့ . . . နင်တို့လိုချင်တာတွေ ရော ရခဲ့ရဲ့ လား ”

“ ရတယ် ”

ပြေရာပြေကြောင်းမေးတော့ သူ့အမေးကိုစိမ်းနုက “ ရတယ် ” ဟု ခပ်ပြတ်ပြတ်ဖြေသည် ။

“ နင်တို့ရဲ့ အဲဒီ ဖန်စီဆွဲကြိုးတွေ ဘာတွေ က ပြန်ရောင်းစားလို့ရတာ လည်း မဟုတ်ဘဲနဲ့ . . . တော် တော် ဝယ်ကြတာပဲဟ နော် . . . ငွေမနှမြောဘူးလား ”

“ မိုးယုတို့က တစ်နေ့တစ်သိန်းဖိုးလောက် ဝယ်နေတာမှ မဟုတ်တာ . . . တစ်လမှတစ်ခါ ၊ နှစ် လမှ တစ်ခါလောက်ပဲဝယ်တာ . . . ဒီလောက်နဲ့ ကတော့ စီးပွားမပျက်လောက်ဘူး ထင်တာပဲ . . . ဒါပေမဲ့ မိုးယုတို့တွေ ဖန်စီပစ္စည်းတွေ ဝယ်တယ် ဆိုတာက ပွဲလေးဘာလေး သွားစရာရှိမှ ဝယ်တာပါ . . . အလကားနေရင်းနဲ့ ကတော့ မဝယ်ပါဘူး . . . မိုးယုတို့လည်း ငွေနှမြောတတ်ပါတယ် ”

နှုတ်ခမ်းအနည်းငယ်စူရင်း ဆိုနေသော မိုးယုနွေကိုကြည့်ရင်း သူပို၍ ပို၍ စချင်လာသည် ။ ဆတ်ဆတ်ထိမခံသော မိန်းကလေး မျိုးဆို သူအားကြီး စချင်သည် ။ ထိုကလေးမ မိုးယုနွေကပင် စကားကို ဆက်သည် ။

“ ပြီးတော့ မိုးယုတို့ ဒီဖန်စီပစ္စည်းတွေ ဝယ်တယ်ဆိုတာ တကယ်တော့ အနုပညာဆန်ဆန် တန်ဖိုးထားပြီးတော့ ဝယ်တာ . . . ဒီဖန်စီပစ္စည်းတွေ က တစ်ခါတလေ ပန်းချီကားတစ်ချပ်လို ကြည့်လို့မဝအောင် အဓိပ္ပာယ်တွေ နဲ့ ပြည့်လျှမ်းနေတတ်တာလေ ”

“ အလာကြီးပါလား ”

ဟု သူတွေး ဖြစ်သည် ။ ဒီရှုပ်ယှက်ခတ်နေသော ဆွဲကြိုးတွေ ၊ နားကွင်းတွေ ၊ လက်ကောက်တွေ ကလည်း ပန်းချီကားတစ်ချပ် ဖြစ်နေပြန်သည် ။ သူမပြောသလို ပန်းချီကားဆိုလျှင်တောင် ဤပန်းချီကားက စိတ္တဇပန်းချီကားပဲ ဖြစ်လိမ့်မည် ။

“ ပြောမယ့် ဘာပြောနေရတာ ပါ . . . ကိုမင်းတို့ယောက်ျားလေး တော် တော် များများ က ပန်းချီမပြောနဲ့ . . . သာမည အနုပညာတွေ ကိုတောင် ခံစားတတ်တာမဟုတ်ဘူး . . . အလွန်ဆုံးခံစားတတ်ရင် သီချင်းတို့ ၊ ရုပ်ရှင်တို့လောက်ပဲ နေမှာ ပေါ့ . . . သီချင်းဆိုရင်တောင် Orchestra ( အော်ခက်စ်ထရာ ) လိုတီးဝိုင်းကြီးနဲ့ ဂီတသံ သက်သက်ဖျော်ဖြေတာမျိုးဆို ခံစားတတ်တော့မှာ မဟုတ်ဘူး . . . ဘာ ဖြစ်လို့လဲဆိုတော့ ယောက်ျားလေးတော် တော် များများ ရဲ့ အနုပညာ ခံစားတတ်မှု အဆင့်က နိမ့်တယ်လေ ”

အင့်ခနဲနေသွားသော မိုးယု၏ ထိုးနှက်သည့်စကားလုံးများ က သူ့ရင်ကို နင်တင်တင်ကြီး ဖြစ်သွားစေသည် ။ သူချေပဖို့ပြင်ဆင်ရန် စကားလုံးရှာနေဆဲမှာ မိုးယုက . . .

“ ဟာသတစ်ခု ပြောပြဦးမယ် . . . ပန်းချီနဲ့ ပတ်သက်ပြီး ယောက်ျားတွေ ဘယ်လောက်ညံ့လဲဆိုတာလေ ”

“ အင်း ဖဲ့ပါဦး . . . အဲလေ ဆိုပါဦး ”

သူ တမင်ပင်ဆို ဖြစ်သည် ။

“ တစ်နေ့မှာ ပန်းချီစတူဒီယိုထဲကို ယောက်ျား တစ်ယောက် ရောက်လာပြီး ပန်းချီဆရာကို ချီးမွမ်းသတဲ့ . . . “ ခင်ဗျားရဲ့ ဒီပန်းချီကားက လက်ရာမြောက်လိုက်တာများ ကျွန်တော် တွေ့ ဖူးသမျှထဲမှာ တော့ ဒီပန်းချီကားက ခေတ်ရှေ့အပြေးဆုံး မော်ဒန်ပန်းချီကားပဲဗျ ” ဆိုပြီးတော့ပေါ့ . . . အဲဒီ မှာ ပန်းချီဆရာက ကောင်းကောင်းကြီး စိတ်ပိန်သွားတယ်တဲ့ ”

“ ဘာ ဖြစ်လို့လဲ ”

မိုးယု၏ စကားကို စိမ်းနုကဝင်ထောက်ပေးသည် ။ မိုးယုက သူ့ကို ဝေ့ခနဲ တစ်ချက်ကြည့်ရင်း . . .

“ အဲဒီ ယောက်ျား လက်ညှိုးထိုးပြီးပြောနေတာက ပန်းချီကားမဟုတ်ဘဲနဲ့ . . . ပန်းချီဆရာ ဆေးစပ်တဲ့ဘုတ်ပြားကြီး ဖြစ်နေတာကိုး . . . ဒီတော့ ပန်းချီဆရာခမျာ စိတ်လေပြီပေါ့ . . . ယောက်ျားလေး တော် တော် များများ က ဒီလိုပါပဲ . . . သူတို့အသိ ၊ သူတို့အတတ် သိပ်လုပ်ချင်ကြတာ . . . ပြီးတော့ လုပ်သမျှက တလွဲတွေ ချည်းပဲ ”

မိုးယုက စကားအဆုံးမှာ သူ့ကို နှိပ်ကွပ်ရခြင်းအတွက် အတော် ကြီးအားရ သွားဟန်ဖြင့် ရယ်သည် ။ စိမ်းနုကလည်း အတော် ကြီးကျေနပ်သွားဟန်ဖြင့် . . .

“ နောက်ထပ်ဥပမာ မရှိတော့ဘူးလားဟဲ့ ”

“ ရှိသေးတာပေါ့ ”

သူမတို့အတိုင်အဖောက်ညီနေစဉ်မှာ ပင် စားပွဲထိုးက “ ဘာစားမလဲ ” ဟုသူ့ကိုမေးသည် ။ “ မြေအိုးမြီးရှည် Seafood နဲ့ ” ဟု သူမှာ ပြီး မိုးယုတို့ဘက်ပြန်လှည့်ပေးရသည် ။ နှိပ်ကွပ်လက်စနဲ့ နှိပ်ကွပ်ခွင့်ပြုသည့်သဘော ။ သူတို့ပြီးပြီဆိုမှ သူကောင်းကောင်းကြီး ပြန်နှိပ်ကွပ်ပစ်မည် ဟု စိတ်မှာ တေးထား ဖြစ်သည် ။

“ ဒီလိုဟ ”

“ ဟိုလိုဟလို့ မရဘူးလား ”

“ ဒီလိုဟ ” ဟု အစချီကာ မိုးယုနွေ၏ စကားကို သူ Moodပျက်အောင်ဝင်နောက် ဖြစ်သည် ။ သို့သော် မိုးယုက အရှိန်မပျက်ပင် စကားကို ဆက်သည် ။ သူ့စကားကို သူမ မကြားယောင်ပြုသည် ။

“ တစ်နေ့မှာ ကားတစ်စီးက လမ်းချော်ပြီးတော့ လမ်းဘေးက သစ်ပင်တစ်ပင်ကို ဝင်ကျုံးတယ်တဲ့ . . . အဲဒီ အချိန်မှာ လမ်းဘေးမှာ ရှိနေတဲ့ လူတွေ အုံလာပြီး အဲဒီ ကားကို မောင်းလာတဲ့ ဒရိုင်ဘာကို ကူညီမလို့လုပ်ကြတယ်တဲ့ . . . အဲဒီ မှာ ကားသမားဆီ ခပ်သုတ်သုတ်ပဲ အရင်ဆုံးရောက်သွားတာက ငါတို့လို ထက်မြက်သွက်လက်တဲ့ မိန်းကလေး တစ်ယောက် ဆိုပဲ ”

ပြောပြီး မိုးယုက ပြောလက်စစကားကိုရပ်ကာ ဟက်ခနဲရယ်သည် ။ ဘယ်ဘက်ပါးပေါ်မှာ ပေါ်လာသော ပါးချိုင့်ကိုကြည့်ရင်း “ အနှိပ်ကွပ်ခံရသမျှ တန်သည် ” ဟု သူတွေးနေ ဖြစ်သည် ။

“ အဲဒီ အချိန်မှာ ပဲ ကိုမင်းလိုပဲ သူ့ကိုယ်သူအထင်ကြီးပြီး မိန်းကလေးတွေ ကို အထင်သေးတတ်တဲ့ လူ တစ်ယောက် က အဲဒီ ကားသမားရှေ့မှာ ရောက်နေတဲ့ မိန်းကလေးကို တွန်းဖယ်သတဲ့ . . . နှုတ်ကလည်း ပြောသေးတယ် . . . “ ခင်ဗျား ဘေးဖယ်နေစမ်းပါ . . . ကျုပ်က ရှေးဦးသူနာပြုသင်တန်းဆင်းဗျ ” ဆိုပြီးတော့ပေါ့ . . . အဲဒီ မှာ အတွန်းခံလိုက်ရတဲ့ မိန်းကလေးက အောင့်သက်သက် ဖြစ်သွားတာပေါ့ . . . ပြီးတော့ ရှေးဦးသူနာပြုသင်တန်းဆင်း ဆိုတဲ့လူရဲ့ ပခုံးကို ခပ်ဆတ်ဆတ်ပုတ်ပြီး ဒီလိုပြောလိုက်သတဲ့ . . . “ ဒီမှာ ဒီမှာ . . . ကိုမင်း မင်း . . . ဆရာဝန်ခေါ်ဖို့လိုလာရင် ကျွန်မကိုပြော သိလား . . . ကျွန်မက ဆရာဝန် တစ်ယောက် ရှင့် ” ဆိုပြီးတော့ပေါ့ ”

မိုးယုက သူမစကားအဆုံးမှာ တခွီးခွီးဖြင့် သူ့ကိုကြည့်ကာ ရယ်သည် ။

“ နောက်ဥပမာ ရှိရင်လည်း ပြောပါဦးဟယ် . . . နင့်ဥပမာလေးတွေ က ထိထိမိမိနဲ့ ရယ်ရတယ်ဟဲ့ ”

စိမ်းနုက သူ့ကိုကြည့်ကာရယ်ရင်း မိုးယုနွေကို မြှော က်ပေးသည် ။

“ ဒါဆို မိုးယုက စောစောကပြောတဲ့ ဥပမာမှာ . . . ဆရာဝန်ပေါ့ ဟုတ်လား ”

“ ဒါပေါ့ . . . ဆရာဝန်တောင်မှ ရိုးရိုး ဆရာဝန်မဟုတ်ဘူး . . . ထက်ထက်မြက်မြက်ရှိတဲ့ ဆရာဝန် ”

မိုးယုက မျက်နှာကိုချီရင်း သူ့ကိုဆိုသည် ။ ထိုစဉ်မှာ ပင် မှာ ထားသော အစားအသောက်တို့က ရောက်လာသည် ။

“ ကဲ ကဲ . . . စားလိုက်ကြဦး . . . ကားပေါ်ရောက်တော့မှ ဆရာဝန်မတွေ နဲ့ ပတ်သက်တဲ့ ဥပမာတွေ ပြန်ပြောပြရသေးတာပေါ့ ”

သူ့စကားကြောင့် စိမ်းနုနှင့် မိုးယုက တစ်ယောက် ကို တစ်ယောက် ပြုံးကာ ကြည့်ကြသည် ။ သဘောက “ ကိုမင်း ” တစ်ယောက် တော့ ဆွေ့ဆွေ့ခုန်သွားပြီဆိုသည့် သဘော ။

သူ ကတော့ စားရင်းသောက်ရင်းနှင့်ပင် နှိပ်ကွပ်ရန် ဟာသ Plot တို့ကို ရွေးနေ ဖြစ်သည် ။

ယု

ဇနပလာဇာ ကားပတ်ကင်မှ စတင်ထွက်ခွာလာချိန်မှာ စိမ်းနုက . . .

“ ကိုမင်း ဆရာဝန်နဲ့ ပတ်သက်တဲ့ဟာသ ပြောပြမယ်ဆို ”

ဟု အစပျိုးသည် ။

“ ဒီလိုဟ ”

“ ဟိုလိုဟလို့ မရဘူးလား ”

သူ၏ စကား အစပျိုးလျှင် ပျိုးချင်းမှာ ပင် မိုးယုက နှိပ်ကွပ်သည် ။ စောစောက သူနှိပ်ကွပ်ထားသလို ပြန်နှိပ်ကွပ်သည်မို့ “ အမှတ်သည်းခြေကြီးလှချည်လား ” ဟု သူတွေး ဖြစ်သည် ။

“ ဘယ်လိုပဲ ဟ - ဟပေါ့ . . . တစ်နေ့မှာ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ဆရာဝန်များ နားနေခန်းမှာ စိမ်းနုလိုပဲ ထုံတဲ့ဆရာဝန်မ တစ်ယောက် က စကားစသတဲ့ . . . “ အခန်းနံပါတ် ငါးရာ့ငါးက လက်ကျိုးထားတဲ့ လူနာသစ်က တော် တော် ဖြောင့်တာပဲနော် ” ဆိုပြီး တော့ . . . အဲဒီ မှာ မိုးယုလိုပဲ ပဲခပ်များများ ဆရာဝန်မက “ ဟုတ်ပ စိမ်းနုရေ . . . အဲဒီ လက်ကျိုးထားတဲ့လူနာသစ်က တော် တော် ဖြောင့်တာပဲ . . . ဒါနဲ့ နင်ရော သူ့ကိုမျက်နှာသစ်မပေးဘူးလား . . . ဒီမနက်ခင်းမှာ သူနာပြုဆရာမ တွေ ၊ လက်ထောက်ဆရာဝန်မတွေ ၊ တစ်ယောက် ပြီး တစ်ယောက် မျက်နှာသစ်ပေးကြတာ . . . အခုဆို ကျွန်မအပါအဝင် ငါးယောက် တောင်ရှိပြီ ” ဆိုပြီးတော့ ပြန်ပြောသတဲ့ဟ . . . ကြည့်ရတာ အဲဒီ လူနာကလည်း ငါ့လိုရူပါ ခပ်ဖြောင့်ဖြောင့်ထဲက နေမှာ ပေါ့ဟာ . . . ဒီတော့လည်း နင်တို့လို အူကြောင်ကြောင် ဖြစ်နေတဲ့ ဆရာဝန်မတွေ က ပြုစုချင်ကြတာပေါ့ ”

“ အောင်မာ မာ . . . ဝေးပါသေးတယ်နော် ”

သူ့စကားအဆုံးမှာ ပင် စိမ်းနုက နှုတ်ခမ်းတလန် ပန်းတလန်ဖြင့် ပက်ခနဲဆိုသည် ။ မိုးယုက . . .

“ သူ့ဟာသကလည်း ရယ်လည်းမရယ်ရဘူးနော် စိမ်းနု . . . ဒါပေမဲ့ အားနာပါးနာနဲ့ ရယ်ပေးလိုက် ပါဟာ . . . တော် ကြာနေ ပြောရသမားက ပြောအားမရှိဘဲနေမယ် ”

ဟုဆိုရင်း တဟက်ဟက်ဖြင့် ချောင်းဆိုးသလိုလိုပုံစံနှင့် လုပ်ကာရယ်သည် ။ စိမ်းနုကလည်း . . .

“ ရယ်ရတယ်ဟေ့ . . . ဗြဲ ”

ဟု သမိန်ပေါသွပ်လိုရယ်သည် ။ ပြီး . . .

“ လုပ်ပါဦး . . . အမှန်တကယ်ရယ်ရတဲ့ ဟာသတစ်ခုလောက် ”

စိမ်းနု၏ ပွဲကောင်းပုံက သိပ်တော့အချိုးမပြေလှ ။ သို့သော် နှိပ်ကွပ်ချင်နေသေးသည်မို့ သူ စကားကို ဆက် ဖြစ်သည် ။

“ တစ်နေ့မှာ ဆရာဝန် လင်မယားနှစ် ယောက် က ခရီးသွားရင်းနဲ့ သွားဆေးခန်းဝင်ဖို့ကိစ္စက ကြုံလာတယ်တဲ့ . . . အဲဒီ မှာ ပဲ ဆေးခန်းထဲဝင်လာတဲ့ နှစ် ယောက် ထဲက ဆရာဝန်မက “ ဒေါက်တာရယ် သွားတစ်ချောင်းနုတ်ချင်လို့ပါ . . . ခရီးဆက်ဖို့က အရေး ကြီးနေလို့ ဘာထုံဆေးမှမပေးဘဲ နဲ့ နုတ်လို့ရမလား ” လို့ သွားဆရာဝန်ကို ပြောသတဲ့ . . . ဆရာဝန်ကလည်း တအံ့တဩနဲ့ ဖြစ်သွားပြီးတော့ “ ထုံဆေးမပေးဘဲ အစိမ်းလိုက်နုတ်တာကို ခံနိုင်ရည်ရှိတယ်ပေါ့ ” လို့ပြန်မေးတော့ . . . နင့်လိုပဲ ခပ်ထုံထုံဆရာဝန်မက “ ဟုတ်ကဲ့ . . . ခရီးက အရေး ကြီးလို့ ခပ်သွက်သွက်လေး နုတ်ပေးပါ ” လို့ ဆိုသတဲ့ . . . ဆရာဝန်ကလည်း “ ကဲ ကဲ . . . ဘယ်သွားနုတ်မှာ လဲ ပြပါဦး ” လို့ ပြန်မေးတာပေါ့ . . . အဲဒီ မှာ ဆရာဝန်မက သူ့ယောက်ျားဆရာဝန်ဘက်ကို လှည့်ပြီးတော့ “ ကဲ ကိုဟဝှာ . . . ရှင့်ရဲ့ နာနေတဲ့သွား ဆရာ့ကိုပြလိုက်လေ ” လို့ ပြောသတဲ့ ”

သူ့စကားအဆုံးမှာ မိုးယုတို့နှစ် ယောက် ခွီးခနဲ ရယ်သည် ။

“ အဲဒီ စောစောကပြောခဲ့တဲ့ အင်တာနက်ဟာသတွေ လိုပဲ ခင်ပွန်းအပေါ်မှာ စာနာစိတ်မရှိတဲ့ မိန်းကလေးအကြောင်း ဟာသရှိသေးတယ် . . . အဲဒီ မိန်းကလေးက အသုံးအဖြုန်းကြီးတဲ့ နင်တို့နဲ့ ပိုတောင်တူသေးတယ် ”

“ အင်း . . . ပြောပါဦး ”

စိမ်းနုက “ ပြောပါဦး ” ဟု ဝင်၍ ဆိုသည် ။

“ တစ်နေ့မှာ နင်တို့လိုပဲ အသုံးအဖြုန်းကြီးတဲ့ ရှင်မ တစ်ယောက် နဲ့ နင်တို့ဖြုန်းသမျှကို ကုန်းရုန်းပြီးငွေရှာပေးနေရတဲ့ ခင်ပွန်း တစ်ယောက် တို့က ခရီးတစ်ခုထွက်လာရင်းနဲ့ ဓားပြအတိုက်ခံ ရပါလေရောတဲ့ . . . အဲဒီ မှာ Lady First ဆိုတဲ့အတိုင်း ဓားပြခေါင်းဆောင်က အမျိုးသမီးကိုဦးစားပေးပြီး အခွင့်အရေး ပေးသတဲ့ . . . သူမေးလိုက်တာက “ ကဲ ကဲ အစ်မကြီး . . . ခင်ဗျားရဲ့ ယောက်ျားနဲ့ ငွေမှာ ဘာကိုအဆုံးခံမလဲ ” ဆိုပြီးတော့ပေါ့ . . . အဲဒီ မှာ နင်တို့လို ကိုယ်ချင်းစာစိတ်မရှိတဲ့ မငွေခင်က ဒီလိုမျိုးခေါင်းဆောင်ကို ပြန်ဖြေသတဲ့ . . . “ အောင်မလေး . . . မမေးမှ မေးတတ်ပလေတယ်ရှင် . . . ကျွန်မက အရူးမှမဟုတ်တာ . . . အဆုံးခံချင်းခံ ယောက်ျားကိုပဲ အဆုံးခံမှာ ပေါ့ရှင် ” တဲ့ ”

သူ့စကားအဆုံးမှာ မိုးယုတို့နှစ် ယောက် က တခွီးခွီးဖြင့် ရယ်ကြသည် ။ စိမ်းနုက

“ ကုန်ပြီလား ” ဟု သူ့ကိုအရယ်တစ်ဝက်ဖြင့် မေးသည် ။

“ ဘယ်ကုန်ဦးမလဲ . . . ကျန်ဘေးတယ် ”

“ လုပ်ပါဦး ”

ဒီတစ်ခါတော့ မိုးယုကိုယ်တိုင်က ပွဲတောင်းကာလာသည် ။

“ မိန်းကလေးနဲ့ ယောက်ျားလေးက တွေးခေါ်ပုံချင်းမတူကြတာကို ပြောပြမယ် . . . ငါတို့ယောကျာ်းတွေ က ရဲရင့်တယ် . . . ဒီတော့ ပြဿနာတစ်ခု ဖြစ်ရင် ကိုယ့်တာဝန်ကိုယ်ယူတယ် . . . မိန်းကလေးတွေ ကျတော့ ပြဿနာ ဖြစ်ရင် တစ်ဖက်သားကိုပဲ အပြစ်ပုံချတတ်တယ် . . . တစ်နေ့မှာ ကုမ္ပဏီတစ်ခုရဲ့ အစည်းအဝေးမှာ အမူဆောင်အရာရှိနှစ် ယောက် က စကားများ ကြတယ် . . . အမူဆောင် အမျိုးသမီးက “ ဒီကိစ္စဟာ ရှင့်ကြောင့် . . . ရှင်ဟာ တော် တော် တုံးတာပဲ . . . ရှင်သာ ကျွန်မရဲ့ ခင်ပွန်းဆိုရင်လေ ရှင့်ကိုကျွန်မ အဆိပ်ခတ်သတ်မိမှာ သေချာတယ် ” လို့ အပြစ်တင်သတဲ့ . . . အဲဒီ မှာ အမူဆောင်အရာရှိကလည်း ယောက်ျားကြီးတန်မဲ့ အပြောခံလိုက်ရတော့ စိတ်တိုပြီး “ ဘယ်ကလာဗျာ . . . ခင်ဗျားကြီးလို သူတစ်ပါးကိုပဲ အပြစ်ပုံချတတ်တဲ့သူသာ ကျုပ်ရဲ့ မိန်းမဆိုရင်လေ ကျုပ်ဘာသာကျုပ် အဆိပ်သောက်ပြီးကို သေပစ်လိုက်မှာ . . . စိတ်ချ ” တဲ့ ”

စိမ်းနုက ခွီးခနဲရယ်သည် ။ မိုးယု ကတော့ ခပ်မဲ့မဲ့ပြုံးသည် ။

“ အဲဒီ ဥပမာမှာ ဘာကိုပြလဲဆိုတော့ . . . မိန်းမတွေ ဟာ ရက်စက်တတ်တဲ့ သဘောကိုပြပြီး . . . ယောက်ျားတွေ ကတော့ နားအေးပါးအေးနေချင်ပြီး သူတစ်ဖက်သားကို သတ်လို ၊ သေလိုစိတ်မရှိတာကို ပြတယ် ”

“ ဒါ ကတော့ လက်ဖမိုးနဲ့ လက်ဖဝါးပဲ ”

သူ့စကားအဆုံးမှာ မိုးယုက ပက်ခနဲထ၍ ဆိုသည် ။

“ ကဲ ကဲ . . . စကားကောင်းနေတာနဲ့ ကိုမင်းတို့ကွန်ဒိုရှေ့ကို ရောက်တော့မယ် . . . ဘာပဲပြောပြော ကျေးဇူးပဲနော် ကိုမင်းနောက်လည်း လိုက်ကူဦး ”

“ ဟုတ်တယ် . . . ကိုမင်းပါလာတော့ မိုးယုတို့ ကိုယ့်ကိုယ် ကိုယ်တော် မှန်းတတ်မှန်း ပိုပြီးခံစားရတယ် . . . ဟိုရှေးဦးသူနာပြု ဥပမာ ထဲက ဆရာဝန်မလိုပေါ့ ”

စိမ်းနု၏ စကားအဆုံးမှာ မိုးယုကပါ ခပ်ထေ့ထေ့ဖြင့် နှိပ်ကွပ်သည် ။ သူဘာစကားမှ မဆို ဖြစ်သေးဘဲ ကားကိုကွန်ဒိုရှေ့မှာ ရပ် ဖြစ်သည် ။ သူမတို့နှစ် ယောက် က ရှေ့ခန်းဆီသို့ နောက်ခန်းမှရွှေ့ကာ နေရာယူကြသည် ။

သူက ကားရှေ့ခန်းမှ မိုးယုထိုင်နေသော ကားပြတင်းပေါက်ဆီ လက်ထောက်ရင်း ဆိုလိုက်သော စကားကြောင့် သူမတို့နှစ် ယောက် ဒေါထပြီး ကျန်ခဲ့ကြသည် ။

“ အေး - ငါကလည်း ကျေးဇူးတင်တယ် . . . ဒီနေ့ တိရစ္ဆာန်ရုံမသွားဘဲ မျောက်ပြပွဲကြည့်လိုက်ရလို့ . . . သွားပြီ . . . တာ့ တာ ”

လှည့်မကြည့်သော်လည်း သူမတို့ ပွစိပွစိရွတ်ကျန်ခဲ့မှန်းသူသိတယ် ။

ပြန်ကောင်းနေပြီ ဖြစ်သော ဓာတ်လှေကားအတိုင်း သူအခန်းဆီတက်ခဲ့ ဖြစ်သည် ။ အခန်းတံခါးသော့ ကိုဖွင့်ကာ ဝင်သွားသော သူ့ကို ဆရာသမားသုံးကောင်က ပြုံးစိစိကြည့်ရင်း ဆီး၍ ကြိုကြသည် ။

“ ဘယ်လိုလဲ ငါ့ကောင် . . . ပြုံးပြုံး ပြုံးပြုံးနဲ့ . . . ပျော်စရာ တွေ တစ်ထောကြီးတွေ့ လာတယ်ပေါ့လေ ”

သက်နိုင်၏ အမေးကို သူ ချက်ချင်း မဖြေ ဖြစ် ။ တမင်အိုက်တင်ခံကာ ဆောင့်ကြွားကြွားစတိုင်ဖြင့် လမ်းလျှောက်ပြ ဖြစ်သည် ။

“ ကြည့် ကြည့် . . . မျက်ခွက်က . . . ဖြတ်ရိုက်ချင်စရာ ဘယ်လောက်ကောင်းထားတုန်း ”

“ အေးလေ . . . ဆောင့်မကန်ဘဲ ကန်ချင်အောင်လုပ်ပြနေသေးတယ် . . . ကဲ ကဲ . . . မေးတာဖြေပါဦး . . . ပျော်စရာတွေ တွေ့ ခဲ့ရဲ့ လား ”

သန်းမောင်က သူ့ကိုကြည့်ရင်းမေးပြန်သည် ။

“ အေး . . . ပျော်စရာတွေ တွေ့ ခဲ့တယ် . . . ဒါပေမဲ့ စိမ်းနုနဲ့ မဟုတ်ဘူး . . . အချစ်ကိုလည်း ငါတွေ့ ခဲ့တယ် . . . အဲဒီ အချစ်ကလည်း စိမ်းနုမဟုတ်ဘူး ”

“ ဟေ ”

သူ့စကားအဆုံးမှာ သက်နိုင်တို့သုံးကောင်သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ “ ဟေ ” ဟု ရေရွတ်ကြသည် ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ချယ်ရီပွင့်ရန် တစ်လအလို ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျူးပစ်(ဒ်)၏ ရင်ဖွင့်မြား

မှတ်ပြီလား အခုတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီ

ကလောမြို့ နှင့် အနီးတစ်ဝိုက်တွင် ချစ်မည်