Cover

"မှတ်ပြီလား . . . အခုတော့ မျောက်သစ်ကိုင်းလွတ်ဖြစ်ပြီ"

"မှတ်ပြီလား . . ."

"အခုတော့ . . ."

"မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီ"

စာရေး မယ်လို့ကြံလိုက်တိုင်း ရှော့(ခ်) ရှိတတ်ပါတယ်။ကျွန်တော် အနေနဲ့ "ဝတ္တုအသစ်ရေး တော့မယ်ကွ" လို့ကြုံးဝါးလိုက်တာနဲ့ကိစ္စဝိစ္စတွေ ကတစ်ခုမဟုတ်တစ်ခု ပေါ်လာတတ်ပါတယ်။ဥပမာ - မင်္ဂဆောင်၊သာရေး ၊နာရေး ၊မိသားစုရေး ၊ ဘော်ဒါများ အရေး စသည်ဖြင့် ရှောင်လို့လွှဲလို့မရတဲ့ကိစ္စတွေ က ပေါ်ပေါ်လာတတ်ပါတယ်။စာကလည်းရေး ချင်၊အချိန်ကလည်းမရ ဖြစ်ခဲ့ရပေမယ့်ကြုံလာတဲ့ကိစ္စတွေ ၊ ပြဿနာတွေ နဲ့အ ဖြစ်အပျက်တိုင်းက နောက်တော့လည်းဝတ္တုရေး ဖို့ ဖြစ်လာပါတယ်။ဒီစာအုပ်ရဲ့ ရာခိုင်နှုန်းအတော် များများ ကကျွန်တော် ရဲ့ ဖြစ်ရပ်မှန်ကုန်ကြမ်းတွေ ပါ။ဘာပဲ ဖြစ် ဖြစ်ဒီစာအုပ်လေးဖတ်ပြီးဘဝအမောတွေ ခဏတာပြေပျောက်သွားခဲ့ရင်လည်းကျွန်တော် အတွက်တော့ကြည်နူးစရာပါ။

ကျွန်တော် ရဲ့ လေးစားမြတ်နိုးရပါသော ပရိသတ်များ

အားလုံးအားလုံး တစ်ယောက် မကျန်

ကျန်းမာချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ။

ပြည့်ပိုင်မှူးအိမ်

အခန်း(၁)

"မင်းဝတ္တုစာအုပ်လေးတစ်အုပ်၊နှစ် အုပ်လောက်ငါ့လက်ဆောင်ပေးပါလားကွာ၊ ဖြစ်နိုင်ရင်ဒီနေ့ဒီနေ့လိုချင်တယ်"

ဘော်ဒါအရင်းခေါက်ခေါက် ဖြစ်သူကိုထွဋ်၏ စကားကြောင့် သူအံ့အားတသင့် ဖြစ်သွားရသည်။အံ့အားသင့်ဆိုသကောင့်သားကစာဖတ်ဝါသနာလုံးဝလုံးဝဝါသနာပါသူမဟုတ်။သူ့စာအုပ်ကိုဖတ်ဖို့အကြံပြုဖို့တောင်အတော် တိုက်တွန်းရသူ။

"မင်းနေကောင်းပါတယ်နော်သူငယ်ချင်း၊ ဆေးစားတာတွေ ဘာတွေ တော့မမှားဘူးမဟုတ်လား၊ဘယ်တုန်းကမှစာဖတ်ဝါသနာမပါတဲ့မင်းကဒီကောင့်ဆီကနေစာအုပ်လက်ဆောင်လိုချင်တယ်ဟုတ်လား၊ငါပဲနားကြားမှားတာများ လား"

ကိုထွဋ်ကိုတစ်လှည့်၊သူ့ကိုတစ်လှည့်ကြည့်ရင်း မြင့်ဦးကဆိုသည်။

"မင်းလည်းအဲဒီ လိုပဲကြားလိုက်တယ်ပေါ့။ငါလည်းပဲငါ့ကိုယ်ငါနားကြားမှားတယ်ထင်နေတာ။ဒါနဲ့ နေပါဦး၊မင်းကငါ့စာအုပ်ကိုဘာလုပ်မလို့လဲ၊ဖတ်မှာ လား . . . ဒါမှမဟုတ် . . ."

"ဖတ်စရာလားမင်းစာအုပ်ကို"

သူ့စကားမဆုံးခင်မှာ ကိုထွဋ်က ဖြတ်၍ ဆိုသည်။ပြီးတစ်လက်စတည်း . . .

"ငါ့ကောင်မလေးရဲ့ ညီမနှစ် ယောက် ကို ပေးဖတ်ချင်လို

ဟုဆိုသည်။

"ဪ . . . သိပြီ၊တစ်ချက်ခုတ်နှစ် ချက်ပြက်မင်းစီစဉ်တာကိုး၊တစ်အချက်မင်းကမတော် ရသေးတဲ့မင်းရဲ့ ခယ်မလေးတွေ ကိုလက်ဆောင်ပေးပြီးဖားချင်လို့၊နှစ် အချက်ကငါနဲ့မင်းခယ်မလေးတွေ နဲ့ အောင်သွယ်ပေးချင်လို့ . . . အဲသလိုမဟုတ်လား"

"ဘယ်ကလာ"

သူ့စကားအဆုံးမှာ ကိုထွဋ်က "ဘယ်ကလာ" ဆိုရင်းခေါင်းကိုခါသည်။

"ငါ့ရဲ့ မတော် ရသေးတဲ့ခယ်မနှစ် ယောက် ကသိပ်အချိုးမပြေဘူး"

ကိုထွဋ်ကအံ့ကြိတ်ကာဆိုသည်။

"အဲဒီ တော့"

မြင့်ဦးကသူ့ကိုယ်စား "အဲဒီ့ တော့" ဟုစကားထောက်ပေးသည်။

"အဲဒီ တော့ဒီကောင်ရေး ထားတဲ့စာအုပ်တွေ ထဲကဘယ်စာအုပ်ပဲ ဖြစ် ဖြစ်အဲဒီ မတော် ရသေးတဲ့ခယ်မနှစ် ယောက် ကိုဖတ်စေချင်တယ်၊ရည်ရွယ်ချက်ကဒီကောင့်ရဲ့ ဘယ်စာအုပ်ပဲဖတ်ဖတ်ဒီကောင်မလေးနှစ် ယောက် ပက်ပက်စက်စက်စိတ်ညစ်သွားရင်ပြီးရော"

"ဘာကွ . . ."

ကိုထွဋ်၏ စကားအဆုံးမှာ ဘာကွဟုသူထအော် ဖြစ်သည်။

"ဟုတ်တယ်မင်းရဲ့ လက်ရာစာအုပ်တွေ ဖတ်ရတာ ငါအရမ်းစိတ်ညစ်တယ်ကွ၊အဲဒီ ကောင်မလေးနှစ် ယောက် ကိုလည်းငါစိတ်ညစ်ရစလိုမျိုးစိတ်ညစ်သွားအောင်လို့ . . . ဟီး"

ပြောပြီးသကောင့်သားကခွီးခနဲရယ်သည်။

"ခွေးကောင်"

သူရေရွတ်ရင်းရှက်အမ်းအမ်းဖြင့် ရယ် ဖြစ်သည်။ မြင့်ဦးက "ကြံကြံဖန်ဖန်ကွာ" ဟုဆိုရင်းတခွီးခွီးရယ်သည်။

"လုပ်ပါကွာ . . . စာအုပ်လေးနှစ် အုပ်သုံးအုပ်လောက်"

ကိုထွဋ်ကမျက်နှာပိုးသတ်ရင်းရုပ်တည်ကြီးနှင့် ဆိုသည်။

"မင်းသူတို့နှစ် ယောက် ကိုစိတ်ညစ်အောင်လုပ်ဖို့ငါ့စာအုပ်တွေ မလိုပါဘူးကိုထွဋ်ရာ၊မင်းတို့ရဲ့ ခဲအိုလောင်းဆိုတာငါပဲဆိုပြီးတော့ခဏခဏမျက်နှာသွားသွားပြပေး။ တော် တန်ရုံစိတ်ခိုင်တယ်ဆိုရင်အဲဒီ ကောင်မလေးနှစ် ယောက် လင်စိတ်၊သားစိတ်ကုန်ပြီးတရားဘောင်၊သာသနာ့ဘောင်ကိုအပြီးဝင်သွားလိမ့်မယ်။စိတ်မခိုင်တဲ့လူဆိုရင်တော့မင်းမျက်နှာခဏခဏမြင်ပြီး အော်ဂလီတွေ ဘာတွေ ဆန်၊အစားအသောက်တွေ ပျက်ပြီးမအိပ်မစားနိုင်နဲ့တမြေ့မြေ့ချင်းဘဝကူးသွားမှာ ပါ . . . ဟက် . . . ဟက်"

ကိုထွဋ်ကိုမခံချင်အောင်သူတမင်ဆို ဖြစ်သည်။

"အဲဒီ လောက်ထိမမြှော က်နဲ့လေ"

မြင့်ဦးကအချွန်ဖြင့် ဝင်မသည်။ကိုထွဋ် ကတော့ "တော် စမ်း၊ တော် စမ်း" ဟုအရှက်ပြေဆိုရင်း ခေါင်းကိုကုတ်သည်။

"လူကိုယ်တိုင်မျက်နှာမပြချင်လည်းဓာတ်ပုံလေးရိုက်ပြီးမင်းကောင်မလေးနဲ့ထည့်ပေးလိုက် ပေါ့ကွာ။မထူးပါဘူး . . . မတော် ရသေးတဲ့မင်းရဲ့ ယောက္ခမလောင်းနှစ် ယောက် ကိုပါ ပြခိုင်းလိုက်၊စိတ်မခိုင်လို့တစ်အိမ်လုံးမင်းဓာတ်ပုံကြည့်ပြီးနှလုံး ရောဂါ စွဲသွားလည်း အေးတာပဲ . . . ဟီး"

ပြောရင်းသူရယ် ဖြစ်သည်။ မြင့်ဦးကသူ့စကားကြောင့် ခွက်ထိုးခွက်လန်ရယ်သည်။ကိုထွဋ် ကတော့ "အဲလောက်တောင်ပဲလားကွာ၊မင်းတို့ပြောတာနဲ့ဘဝင်တွေ မြင့်ချင်လာပြီ" ဟုရယ်ကြဲကြဲဖြင့် ဆိုသည်။

"ဘဝင်တွေ မြင့်ပြီးဘဝင်ရူးရူးမသွားနဲ့ဦး၊ဘဝမေ့ရင်ဘဝပျက်ဖို့နီးစပ်လာတတ်တယ်"

မြင့်ဦးကဝင်ကာအရွှန်းဖောက်သည်။ကိုထွဋ် ကတော့ ခေါင်းကိုကုတ်ကာရယ်သည်။

"စာရေး ဆရာကိုပစ်လိုက်တဲ့ မြားဦးကငါ့ဘက်ပြန်လှည့်လာတယ်ကွ" ဟုဆိုရင်းဟက်ခနဲရယ်သည်။

"ဒါနဲ့မင်းနဲ့ကလျာသွယ်ရဲ့ အခြေအနေကရောဘယ်လိုလဲကွ၊ဘယ်အခြေအနေရောက်ပြီလဲ"

မြင့်ဦးကသူ့ဘက်လှည့်ကာဆိုသည်။

"ဘာလဲကွ . . . ဘာကိစ္စငါနဲ့ကလျာသွယ်နဲ့ကဘယ်လိုအခြေအနေရောက်ရမှာ တုံး"

ဟုဆိုရင်းရပ်ကွက်ထဲကဖက်တီးမကြီးကလျာသွယ်ကိုသတိရသည်။

"သိဘူးလေ . . . မင်းကစာရေး ဆရာ၊ဟိုကလျာသွယ်ကလည်းစာရေး ဆရာကတော် ဖြစ်ချင်၊အဲလေ . . . စာရေး ဆရာမ ဖြစ်ချင်ဆိုတော့ဝါသနာတွေ လေကွာ၊ဆရာတပည့်ဆိုလည်းဟုတ်၊ရဲဘောရဲဘက်ဆိုလည်းဟုတ်၊မိဘချင်းသဘောတူထားတဲ့ဖူးစာဖက်ဆိုလည်း . . ."

"တော် စမ်းပါကွာ၊မနေ့ကလည်းအိမ်ကို ရောက်လာသေးတယ်"

သူခေါင်းကိုကုတ်ကာစိတ်လေလေဖြင့် ဆို ဖြစ်သည်။

"အဆင်ပြေနေတယ်ဆိုပါတော့"

ဟူကိုထွဋ်၏ ရယ်ကြဲကြဲစကားအဆုံးမှာ မြင့်ဦးက -

"ရွှေလမ်းငွေလမ်းတွေ ဖောက်နေကြတာ . . . ဖောက်နေကြတာ"

ဟုမချိုမချဉ်ဖြင့် ဆိုသည်။

"တော် ကြစမ်းပါကွာ . . . မနေ့ကဒီလိုကွ . . . . . . . . . . ."

သက်ပြင်းချရင်း 'ဒီလိုကွ' ဟုသူအစချီ ဖြစ်သည်။

***

အခန်း(၂)

အိမ်ရှေ့ပန်းခြံထဲမှာ သူစာရေး နေတုန်း . . .

"ကိုကိုဆရာ"

"ဗျာ . . . အဲလေ . . ."

ချွဲပျစ်ပျစ်ကြီးခေါ်လာသော ကိုကိုဆရာဆိုသည့် ခေါ်သံကိုသူယောင်ကာ 'ဗျာ' ဖြစ်သည်။ လောကကြီးမှာ သူ့ကို 'ကိုကိုဆရာ' ဟုခေါ်သူမှာ ကလျာသွယ်ဟူသော နာမည် ကသာသွယ်၍ လူကဖက်တီးကြီး ဖြစ်နေသော သူမ တစ်ယောက် သာရှိသည်။လူကဝသလောက်ချွဲပျစ်ပျစ်စကားဆိုပုံနှင့် မလိုက်။

"ကိုကိုဆရာဘာလုပ်နေတာလဲဟင်"

"စာရေး နေတာ၊အမေအိမ်ထဲမှာ ရှိတယ်"

လေသံခပ်ပြတ်ပြတ်နှင့် သူဆို ဖြစ်သည်။

"အာ . . . ကိုကိုဆရာကလဲအန်တီ့ဆီလာတာမှမဟုတ်တာ၊ကိုကိုဆရာဆီကိုလာတာပဲဟာကို"

ချွဲပျစ်နေသော လေသံကြီးကြောင့် သူအာရုံနောက်ကာလာသည်။

"ဒီမှာ ကလျာသွယ်"

"အာ . . . ကိုကိုဆရာကလည်းဘာကိစ္စနာမည် ကိုအပြည့်အစုံခေါ်တာလဲ၊သွယ့်ကိုသွယ်လိုခေါ်ချင်ရင်ခေါ်၊ဒါမှမဟုတ် ဘော်ဒါတွေ ခေါ်ကြသလို၊သွယ်သွယ်လို့ခေါ်ပါဆိုတဲ့ဟာ၊ကလျာသွယ်ကလျာသွယ်နဲ့အရမ်းသူစိမ်းဆန်တာပဲ"

ပွပွစိစိဖက်တီးမကြီးကသူမကိုယ်သူမတသွယ်တည်းသွယ်နေတာကြောင့် သူ့ခေါင်းကိုကုတ် ဖြစ်သည်။

"အေး . . . သွယ်ဆိုလည်းသွယ်ပေါ့ဟာ၊နင်ငါ့ကိုဆရာဆိုလည်းဆရာခေါ်၊ဒါမှမဟုတ်ရင်လည်းငါ့နာမည် ရဲရင့်တေဇကိုကိုတပ်ပြီး 'ကိုရဲရင့်' လို့ခေါ်ခေါ်၊ 'ကိုရဲရင့်တေဇ' ပဲခေါ်ခေါ်၊ ခေါ်လို့ရတယ်။အခုက 'ကိုကိုဆရာ'၊ 'ကိုကိုဆရာ' နဲ့ဘာမှန်းလည်းမသိဘူး။ကြားရတာ အာရုံနောက်တယ်"

သူကခပ်တည်တည်ပင်ခပ်ငေါက်ငေါက်ဆို ဖြစ်သည်။

"သွယ့်ထက်အသက်ကြီးလို့ 'ကိုကို' လို့ခေါ်မယ်ဆိုတော့လည်း 'ကိုကို' လို့မခေါ်ရဘူးဆို။ဒီလောက်ထိရင်းနှီးနေတဲ့လူအချင်းချင်းကို 'ဆရာ' လို့ခေါ်ရင်လည်းဘယ်ကောင်းပါ့မလဲကိုကိုစာရေး ဆရာရဲ့ "

သွယ်ဆိုသော ဖက်တီးမကြီး၏ ခပ်ညုညုစကားကြောင့် သူခေါင်းကုတ် ဖြစ်ပြန်သည်။ဒီလိုအိမ်နီးနားချင်းသာဆယ်ယောက် လောက်ရှိရင်သူအလုပ်ပျက်၊အကိုင်ပျက်ဖြင့် စာရေး ရတော့မည် မဟုတ်။

"ကိုကိုလို့မခေါ်ခိုင်းတာတခြားကြောင့် မဟုတ်ဘူးဟ၊ကမ္ဘာပေါ်မှာ ငါ့ရည်စား၊ငါ့ကောင်မလေးကလွဲရင်ဘယ်သူမှငါ့ကို 'ကိုကို' လို့မခေါ်စေချင်လို့ပါ"

တမင်ပင် ပေါ်တင်ကြွားသော သူ့စကားကြောင့် 'သွယ်' ကကွက်ခနဲမျက်နှာပျက်သည်။ပြီးမျက်နှာကိုတမင်ကိုချပစ်လိုက်ရင်း . . .

"ကိုကိုဆရာကအနိစ္စဆိုတဲ့မမြဲခြင်းဒုက္ခကိုသဘောမပေါက်သေးပဲကိုး၊ချစ်တိုင်းလည်းမညားကြတာတစ်ပုံကြီး"

"ဖွ . . . ဖွ . . . လွဲပါစေ၊ဖယ်ပါစေဗျာ၊ဘယ့်နှယ်ဟာကြီးတုန်းဟ၊မပြောကောင်းမဆိုကောင်းဘာကိစ္စငါနဲ့ငါ့ရည်စားကချစ်တိုင်းမညားရမှာ တုန်း၊ဘာတွေ လာနိမိတ်ဖတ်နေမှန်းမသိဘူး"

သွယ်၏ စကားမဆုံးခင်မှာ သူ့စကားကိုဖြတ်ကာဝင်၍ ဆို ဖြစ်သည်။ 'သွယ်' ကအလျှော့မပေး၊ ' ဖြစ်တတ်တဲ့သဘောကိုပြောပြတာပါ' ဟုအတွန့်တတ်သည်။

" ဖြစ်တတ်တယ်မတတ်တတ်ဟာငါနဲ့ငါ့ကောင်မလေးက တစ်ယောက် ကို တစ်ယောက် တအားချစ်ကြလို့ဘယ်တော့မှခွဲရမှာ မဟုတ်ဘူး"

သူတမင်ပင် ငြင်း ဖြစ်သည်။

"ဪ . . . ကိုကိုဆရာကမမြဲသော အနိစ္စကို 'နိစ္စ' မြဲတယ်၊ 'အနတ္တ' ဆိုတဲ့အစိုးမရတဲ့သဘောကို 'အတ္တ' အစိုးရတယ် 'ဒုက္ခ' ဆိုတဲ့ဆင်းရဲခြင်းသဘောကို 'သုခ' ချမ်းသာတယ်လို့ထင်နေတာကိုး။တကယ်တော့ လောကကြီးမှာ ဘယ်လောက်ပဲချစ်ကြချစ်ကြမမြဲတတ်တာတွေ တစ်ပုံကြီး၊ဥပမာ - ကိုရီးယားတွေ ထဲကလို တစ်ယောက် ယောက် က သွေးကင်ဆာ၊အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာ၊အရိုးကင်ဆာ၊ရှိရှိသမျှကင်ဆာရောပါတွေ နဲ့ သေသွားနိုင်တယ်လေ။ဥပမာကိုကိုဆရာကကျန်းမာပေမယ့်ကိုကိုဆရာနဲ့ ကောင်မလေးက စောစောက 'သွယ်' ပြောခဲ့တဲ့ကင်ဆာတွေ ထဲကတစ်ခု၊ဒါမှမဟုတ်အကုန်လုံးမ ဖြစ်ဘူးလို့မှမပြောနိုင်တာ''

သွယ်ကပျစ်ပျစ်နှစ် နှစ် ကြီးကိုဆိုသည်မို့သူမျက်နှာကြီးကိုအသားကုန်ရှုံ့မဲ့ပြစ်သည်။

"နင် . . . ငါ့ကောင်မလေးကို တော် တော် ကင်ဆာ ဖြစ်စေချင်နေတယ်ဟုတ်လား၊နင်ပဲအဆီတွေ ပိတ်ပြီးမသေအောင်ကြိုးစားငါ့ကောင်မလေးကကျန်းမာလွန်းလို့ ခေါင်းတောင်တစ်ချက်ကိုက်ဖူးတာမဟုတ်ဘူး"

သူအာခေါင်ခြစ်ကာဆို ဖြစ်သည်။

"ကျန်းမာတယ်ဆိုတာကလည်းမမြဲသော တရားတွေ ပါကိုကိုဆရာရယ်"

ဖက်တီးမလေး 'သွယ်' ကတော့မျက်လွှာကိုချကာတရားထူးရကာနေဟန်ဖြင့် ဆိုသည်မို့သူတင်းကာလာသည်။

"အေး . . . နင်သာ ကွေးသော လက်မဆန့်မီဆန့်သော လက်မကွေးမီအဆီပိတ်ပြီးမသေအောင်အထူးကြိုးစား၊ငါ့ကောင်မလေးအတွက်လိုက်ပြီးမပူပင်နဲ့၊ငါအခုလက်ဖက်ရည်ဆိုင်သွားမလို့နင်အိမ်ထဲဝင်မှာ ဖြင့် ဝင်၊မဝင်ဘူးဆိုရင်လည်း ပြန်တော့"

သူ ဒေါကန်ကန်ဖြင့် ဆိုရင်းထွက်ပေါက်ရှာကာအပြင်ထွက်ရန်အိမ်ပြင်သို့ ခြေဦးလှည့် ဖြစ်သည်။အပြင်ရောက်မှပဲ 'မေမေ့' ဆီဖုန်းဆက်ပြောတော့မည် ။

"အို . . . ဘာကိစ္စပြန်ရမှာ လဲ၊သွယ်ကကိုကိုဆရာရဲ့ အမေနဲ့လက်ဖက်သုတ်တွေ စားပြီးစကားတွေ ပြောဦးမှာ ဒါနဲ့ကိုကိုဆရာအပြင်မှာ အကြာကြီးအချိန်တွေ ဖြုန်းမနေနဲ့နော်"

အိမ်အပြင်သို့ ရောက်လုလုသူ့ကို 'သွယ်' ဟုခေါ်သော ဖက်တီးမလေးကပိုင်စိုးပိုင်နင်းလှမ်း၍ ဆိုသည်

"ငါ့ဘာသာငါညပဲ ပြန်မအိပ်အိပ်နင့်အပူမပါဘူးလူဝသလောက်လျှာကိုရှည်တယ်"

သူသူမကိုမကြားကြားအောင် ပြန်၍ ရေရွတ် ဖြစ်သည်။

"ကိုကိုဆရာအဲသလိုစိတ်တိုနေတာလေးကချစ်စရာလေးတော့၊အဟင်း . . . ဟင်း . . . ဟင်း"

သွယ်၏ တဟင်းဟင်းရယ်ရင်းဆိုသော စကားသံကိုသူကြား ဖြစ်အောင်ကြားလိုက်ရသေးသည်မို့နင့်ခနဲပင် ဖြစ်ကာသွား၏ ။လှမ်းလက်စခြေလှမ်းများ ပင်မှားချင်ချင်။

***



ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မှတ်ပြီလား အခုတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မင်္ဂလာဦးညဆိုသည်မှာ

မြို့ကြီးသား

အလုပ်သင်နှင်းဆီ